Fly By Night 2019

Genre: Action, Asian, Crime, Drama
Download 2117


mega 480 p ဖြင့်တိုက်ရိုက် ကြည့်ရှုနိုင်ပါသည်။


mega 720 p ဖြင့်တိုက်ရိုက် ကြည့်ရှုနိုင်ပါသည်။


Crime/Action အမျိုးအစား မလေးရှားဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ IMDb rating 6.3 ထိရထားပြီး ကြည့်ရတာစိတ်၀င်စားဖို့ကောင်းတဲ့ဇာတ်ကားလေးပါ။ ဇာတ်လမ်းလေးကရိုးရှင်းပေမယ့်ကြည့်ကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ လေဆိပ်မှာခရီးကပြန်လာတဲ့ ခရီးသည်တွေကိုတက္ကစီငှားပေးရင်း ခရီးသည်တွေရဲ့ပုံစံအနေအထားကိုကြည့်ပြီး ငွေညစ်တာတွေ ခြိမ်းခြောက်ငွေတောင်းတာတွေလုပ်တဲ့ အဖွဲ့တစ်ဖွဲ့ရှိပါတယ်။ အဓိကဦးဆောင်သူကတော့ ဝါရင့်သဘာရင့်အရာရာကိုတည်တည်ငြိမ်ငြိမ်ဖြေရှင်းဖို့ကြိုးစားလေ့ရှိတဲ့ ကိုတရုတ်ကြီးဆိုတဲ့နာမည်ပြောင်နဲ့သူပဲဖြစ်ပါတယ်။ ခက်တာက ခေါင်းဆောင်သူကဟုတ်သလောက် နောက်လိုက်နှစ်ယောက်က လူငယ်လည်းဖြစ် ဘာမှမတွေးမတောလုပ်ချင်ရာလုပ်တတ်တဲ့သူတွေဖြစ်လေတော့ တစ်နေ့မှာအရင်းအနှီးအကြီးကြီးပေးဆပ်ရမယ့်အချိန်ရောက်လာချိန်မှာ သူတို့အဖွဲ့ပြေးလွတ်နိုင်ပါ့မလား။ သူတို့အဖွဲ့သားအချင်းချင်းမှာ ဘယ်လိုစိတ်နေသဘောထားတွေရှိလဲ။ ဘယ်လိုမိသားစုစိတ်ဓာတ်ထားသလဲဆိုတာတွေကိုတွေ့မြင်ရမှာပါ။ ဇာတ်လမ်းတျောက်လျောက်ကြည့်ရင်းကြည့်ရင်း စိတ်၀င်စားစေမှာဖြစ်ပြီး review ကောင်းတွေလည်းရထားသလို အဆုံးသတ်လေးကလည်းသို့လော သို့လောနဲ့ သိချင်စရာကောင်းတဲ့ မလေးရှား Crime ဇာတ်ကားလေးပဲဖြစ်ပါတယ်။

Credit -> Channel Myanmar

Channel Mandalay APK ကို downloadရန်နှိပ် ပါ။