Saving Mr Banks 2013

Genre: Biography, Comedy, Drama
Download 1088


mega 480 p ဖြင့်တိုက်ရိုက် ကြည့်ရှုနိုင်ပါသည်။


mega 720 p ဖြင့်တိုက်ရိုက် ကြည့်ရှုနိုင်ပါသည်။


Saving Mr. Banks ဇာတ်လမ်းကို ၁၉၆၄ ခုနှစ်က Walt Disney Pictures က ထုတ်လုပ်ခဲ့တဲ့ Merry Poppins ဆိုတဲ့ အရမ်းအောင်မြင်တဲ့ ရုပ်ရှင်ကား ရိုက်ကူးတဲ့အပေါ်မှာ အခြေခံထားတာဖြစ်ပါတယ်။ Walt Disney ရဲ့ သမီးနှစ်ယောက်က စာရေးဆရာမ P.L Travers ရေးတဲ့ Merry Poppins ဆိုတဲ့ ဇာတ်လမ်းလေးကို အရမ်းကြိုက်တဲ့အတွက် ကြောင့် ရုပ်ရှင်ရိုက်ပေးဖို့ Walt Disney က ကတိပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း Merry Poppins ကို ရုပ်ရှင်ရိုက်ခွင့်ကို P.L Travers က ငြင်းဆန် နေခဲ့ပါတယ်။ နှစ် ၂၀ လောက်ကြာတဲ့အခါမှ ငွေကြေးအခက်ခဲတွေ ကြောင့် ဇီဇာကြောင်တတ်တဲ့ အင်္ဂလိပ် အဖွားကြီး Travers တစ်ယောက် Walt Disney ရဲ့ ကမ်းလမ်းမှုကိုလက်ခံပြီး Walt Disney Studio ရှိတဲ့ Hollywood ကို ရောက်ရှိလာခဲ့ပါတယ်။ ဒါပေမယ့်လဲ အရာရာဟာ Disney တစ်ယောက် တွေးထားသလို မလွယ်ကူခဲ့ပဲ Merry Poppins ဆိုတဲ့ ရာဇဝင် တွင်မဲ့ Musical ကားတစ်ကားဖြစ်လာအောင် Disney Legend တွေဖြစ်တဲ့ Walt Disney, Sharman Brothers တို့ဟာ တစ်ယူသန်သန်၊ ဇီဇာကြောင် ကြောင် P.L Travers စိတ်ကြိုက်ဖြစ်လာအောင် ခက်ခက်ခဲခဲ ရုန်းကန် ကြိုးစားကြပုံကို ဇာတ်လမ်းဆင်ထားခြင်းဖြစ်ပါတယ်။ Walt Disney နေရာမှာ မင်းသားကြီး Tom Hanks က သရုပ်ဆောင်ထား ပြီး P.L Travers နေရာမှာလည်း အော်စကာနှစ်ဆုရှင် အင်္ဂလိပ်မင်းသမီး ကြီး Emma Thompson ကသရုပ်ဆောင်ထားပါတယ်။ P.L Travers ရဲ့ အဖေနေရာမှာတော့ Colin Farrell က သရုပ်ဆောင် ထားတာဖြစ်ပါတယ်။ Saving Mr. Banks ကို the Blind Side, Snow White and the Huntsman စတဲ့ကားတွေ ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ John Lee Hancock ကရိုက်ကူးထားတာ ဖြစ်ပါတယ်။ Disney က Disney အကြောင်း ရိုက်ထားတာဖြစ်တဲ့အတွက် American Film Industry ရဲ့ အရေးအပါဆုံးအဖြစ်အပျက်တစ်ခုကို မှတ်တမ်းတင်ထားတဲ့ ကား ဖြစ်ပေမယ့် သမိုင်းကြောင်းမှန်ကန်မှု မရှိသော်လည်း Disney ရဲ့အငွေ့အသက်တွေ အများကြီးခံစားရမှာဖြစ်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကား တစ်ကားဖြစ်ပါတယ်။

Credit -> Channel Myanmar

Channel Mandalay APK ကို downloadရန်နှိပ် ပါ။