ဒီတစ်ခါ ထုံးစံအတိုင်းအဟောင်းထဲက ဇာတ်ကားကောင်းလေးတစ်ကားကိုပြန်ခံစားကြည့်ကြတာပေါ့ မင်းသားကြီး Bruce Willis ရဲ့ဇာတ်ကားကောင်းတွေထဲက တစ်ကားဖြစ်တဲ့ 16 Blocks ပါတဲ့ဗျာ
IMDb 6.6 ဆိုတော့ အကြမ်းအားဖြင့်ကောင်းတဲ့စာရင်းထဲ ထည့်လို့ရပါတယ် ဇာတ်လမ်း အကျဉ်းကိုပြောရရင်တော့ အလုပ်ချိန်အပြည့်ဆက်တိုက်ဝင်ထားရလို့ ပင်ပန်းနေပြီဖြစ်တဲ့
စုံထောက် ဂျက်မိုစလေ တရားရုံးမှာ သက်သေသွားထွက်ဆိုပေးရမယ့်စကားအလွန်အင်မတန်မှ များလှသောအချုပ်သား အယ်ဒီသူထွက်ဆိုပေးရမယ့် အမှုကဘာလဲ ဘယ်လိုစွဲချက်တွေကို သက်သေထွက်ဆိုပေးရမှာလဲ
အချုပ်ခန်းနဲ့ တရားရုံးတို့ရဲ့ ၁၆ ဘလောက်သောအကွာအဝေးအတွင်းမှာ ဘာတွေဖြစ်မလဲ
သူကရော ရုံးကိုအသက်ပါပြီး ရောက်နိုင်ပါ့မလား အရက်စွဲနေ ပင်ပန်းနေပြီးခြေထောက်တစ်ဖက် ဒါဏ်ရာကြီးနဲ့ စုံထောက်မိုစလေကရောအဲ့ဒီ့နေဟာ သူနားရမယ့် နေ့တစ်နေဖြစ်ခဲ့ပါ့မလား ဇာတ်လမ်းစပြီး သိပ်မကြာခင်အချိန်မှာပဲ ရင်တစ်ဖိုဖိုနဲ့ နောက်ဆုံးပိုင်းအထိ ဆွဲခေါ်သွားနိုင်မယ့်
ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်
မေးခွန်းလေးတစ်ခုလောက်မေးပါရစေဒီမေးခွန်းက သိပ်ကိုရိုးရှင်းပေမဲ့ တကယ်တမ်းပြန်ဖြေဖို့ရယ် လက်တွေ့လုပ်ဖို့ရယ်က မရိုးရှင်းတော့ဘူး မေးခွန်းလေးကတော့……သင့်ရဲ့ အသက်ရှင်သန်ခွင့်၂၄နာရီပဲ ရှိတော့မယ်ဆိုရင် ဘာလုပ်မလဲ….ရင်ဆိုင်ရမဲ့ အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်မလဲ
အဓိက နဲ့ သာမညဆိုတာ ဘယ်လိုခွဲမလဲဒီကားက ကြေးစားလူသတ်သမားတစ်ယောက်အကြောင်းကို ရိုက်ပြထားတယ် သူဟာ ကြေးစားပီပီ ထက်မြက်တယ် တိုက်ရည်ခိုက်ရည်ကျွမ်းကျင်တယ် တစ်နေ့တော့ ကြေးစားအလုပ်တစ်ခုကို လုပ်ဆောင်နေစဉ်မှာ တစ်ဘက်အဖွဲ့အစည်းရဲ့ တုန့်ပြန်မှုကြောင့် သူသေဆုံးသွားတယ် ဒါပေမဲ့ ဆန်းကြယ်တာကသူ့အလုပ်ရှင်က သူ့ကို အသက် ၂၄ နာရီပြန်ရှင်အောင်လုပ်ပေးလိုက်တယ်…. ကဲ သူဘာတွေဆက်လုပ်မလဲ… ဘယ်လိုတွေရင်ဆိုင်မလဲ …..
21 Jump Street (2012) မြန်မာစာတန်းထိုး
ဟာသအက်ရှင်ဇာတ်ကားပါ……
ဇာတ်လမ်းဇာတ်အိမ် ဖန်တီးထားတာ သေသပ်သလို ဟာသလဲတော်တော်မြှောက်ပါတယ်…
ကျောင်းတုန်းက မတည့်တဲ့ သူငယ်ချင်းနှစ်ယောက် ကျောင်းပြီးလို့ ရဲထဲဝင်တဲ့အခါ
အလုပ်အတူတူ တွဲလုပ်ကြရင်း ထူးခြားတဲ့ အမှုတစ်ခုအတွက် ကျောင်းပြန်တက်ရပါတယ်…
ကျောင်းတက်ရင်း ဘယ်လို တလွဲတွေနဲ့ အမှုလိုက်ကြမလဲဆိုတာ ခံစားကြည့်ကြပါဦးခင်ဗျာ…။
mmbusticket ဒီဇာတ်ကားလေးကတော့ အက်ရှင်ကားကောင်းလေးပါ နာမည်ကြီး London has fallen တို့လို ဇာတ်ကားလေးတွေကြည့်ဖူးရင်သိကြမှာပါအဲ့လိုအကြမ်းဖက်အက်ရှင်ဆန်ဆန်လေးပါပဲဗျ
ဒီထဲမှာတော့ အာရပ် အကြမ်းဖက်သမားတွေက ဗြိတိန်နိုင်ငံက အီရန်သံရုံးကို ဝင်စီးတာဗျ အာရပ်ကော ဗြိတိန်ကော အီရန်သံရုံးကောဆိုတော့ခေါင်းရှုပ်သွားလားတော့ မသိ?
အာရပ် တွေကတကယ်တော့အီရန်မှာ မတရားဖမ်းဆီးထားတဲ့အာရပ်တွေကိုပြန်လွှတ်ပေးရေး အာရပ်ဒေသမှာအီရန်ပါရှားတွေရဲ့မတရားဖိနှပ်မှုတွေကို လျော့ချပေးရေးစတဲ့တောင်းဆိုမှုတွေ အတွက် ဗြိတိန်အီရန်သံရုံးက အီရန်လူမျိုးဝန်ထမ်းတွေကိုဓားစာခံဖမ်းပြီး ဗြိတိန်အစိုးကနေတစ်ဆင့်အီရန်ကိုလှမ်းညှိခိုင်းတဲ့သဘောမျိုးပါ သူတို့ကိုယ်တိုင်ကအင်အားမကြီးတော့အင်အားကြီးနိုင်ငံဖြစ်တဲ့ဗြိတိန်ကိုကြားဝင်စေ့စပ်ပေးလိုတဲ့ပုံစံမျိုးပါ ဗြိတိန်ကိုနစ်နာစေလိုတဲ့ပုံစံမျိုးတော့မဟုတ်ဘူးပေါ့
ဗြိတိန်က အဲ့တော့ကိုယ့်နိုင်ငံထဲဖြစ်တာဆိုတော့လဲအရှုပ်တော်ပုံထဲဝင်ရှင်းပေးရတော့တာပေါ့ ဇာတ်ကားTITLE ပေးထားတဲ့အတိုင်း6ရက်အတွင်းဘယ်လို ဖြေရှင်းကြမလဲဆိုတာကတော့ …..ဘာသာပြန် အညွန်းကတော့ Pyae Xein Sett ပါ
’71(2014)IMDb….7.2,,,Rotten….95(((ဆုပေါင်း (၁၂)ဆု ရရှိခဲ့ပြီး အခြားဆုများအတွက် ဆန်ကာတင်(၂၅)ဆုစာရင်းဝင်ခဲ့….)))ကျွန်တော်တို့အားလုံးဟာ တိုက်လိုခိုက်လိုစိတ်ပျင်းပြပြီးရန်လိုတဲ့သူတွေမဟုတ်တဲ့အပြင် တခြားသူဒုက္ခရောက်နေမှပျော်နေတဲ့သူတွေမဟုတ်ကြဘူး…သို့ပေမယ့် ဒီလိုအရာတွေနဲ့မကင်းတဲ့ စစ်ကားတွေကို လူကြီးလူငယ်မရွေးဘာကြောင့်ကြိုက်ကြတာပါလိမ့်……
တခြားနိုင်ငံမှရိုက်သည့်စစ်ကားအများစုသည် အဆဲမျိုးစုံပါဝင်သလို အထက်အောက် ပုံစံပေးနည်းမျိုးစုံပါဝင်လေသည်…သို့ပေမယ့် စစ်မြေပြင်ရောက်လျှင်သော်လည်းကောင်း ဒုက္ခမျိုးစုံသော်လည်းကောင်းကြုံသည့်အချိန်မျိုးတွေ အတူပူပေါင်းဖြေရှင်းသည့်ပုံစံများမှာကျွန်တော်တို့ကို လွန်စွာမှဆွဲဆောင်နိုင်ပါသည်…ဥပမာ Jarhead (2005) တပ်သားသစ်ဘဝကိုစရိုက်ပြတာ ..ဆဲတာလည်းစုံ ပညာပေးနည်းလည်းစုံ မီးကြောင့်ရဲရဲနီသည့် သံကွင်းနဲ့တောင်ထိုးကြသေးတယ်..သို့ပေ
မယ့် နောက်ဆုံးခန်းရောက်တော့ ကျွန်တော်တို့မျက်ရည်စို့ရတယ်..နောက် Fury (2014) အချင်းချင်းမှဆဲချက်ပေါက်ကရပြောချက်..အသစ်ကောင်လေးကိုလည်းပုံစံပေးချက်က မညှာတာ….သို့ပေမယ့် ဒီလူ့အရိုင်းအစိုင်းလို စစ်သားကြီးတွေက ကျွန်တော်တို့ကိုမျက်ရည်စို့ခဲ့ရတယ်..အခြားစစ်ကားကောင်းများစွာရှိပါသေးသည်…မည်သို့ပင်ဆိုစေ ကျွန်တော်တို့ဆီက စစ်ကားရိုက်ပြီဟေ့ဆိုရင်လည်း တခြားမြန်မာကားများထက် စိတ်ဝင်တစ်စားစောင့်ကြည့်ရတာ
အမော….အားမလိုအားမရဖြစ်ခဲ့ကြတာကလည်းတစ်ပိုင်းပေါ့လေ..ခုလည်း စစ်ကိုမုန်း၍ တိုက်ခဲ့သည်နောက်ပိုင်း ရေတပ်နှင့်ဆိုင်သည့် စစ်ကားတစ်ကားရိုက်နေသည်ဟုကြားသိရသည်…ထားတော့….’71(2014)ဇာတ်လမ်းအညွှန်းကိုအတိုချုံးပြောရမယ်ဆိုရင် တပ်ရင်းတစ်ရင်းဟာ ကက်သလစ်ဂိုဏ်းအဖွဲ့အထိကရုဏ်းဖြစ်တဲ့ Belfast မြို့ကို အရေးပေါ်လုံခြုံရေးသွားယူရတယ်..အဲ့ဒီလုံခြုံရေးယူတဲ့ထဲမှာ သင်တန်းဆင်းခါစ ရဲဘော်သစ်တွေပါတယ်…တစ်နေ့လုံခြုံရေးယူပေးနေရင်း
စစ်သည်တစ်ယောက် အသတ်ခံလိုက်ရတယ်….တခြားသူတွေတော့ ထွက်ပြေးလွတ်မြောက်သွားတယ်..လွတ်မြောက်သွားတဲ့အထဲမှာ တပ်သားသစ် ဟွတ်ခ်ဆိုတဲ့သူလည်းပါတယ်..သူဟာ ထွက်ပြေးနေတုန်းမှာ သူလုံးဝမမျှော်လင့်ထားတဲ့ အဖွဲ့အစည်းတွေနဲ့တွေ့ခဲ့ရတယ်..ကိုင်း သူတွေ့ခဲ့တဲ့အဖွဲ့အစည်းတွေက ဘာတွေဖြစ်မလဲ…ဒီရဲဘော်သစ်လေး ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး…..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့Zwel Zan Aung ပဲဖြစ်ပါတယ်…
When 9 (Elijah Wood) springs to life, it finds itself in a post-apocalyptic world where humans no longer exist, and the only signs of life are sentient rag dolls like itself and the machines that hunt them. Though it is the youngest of the group, 9 convinces comrades that the only way to survive aga
mmbusticket ဒီကားလေးဟာကိုရီးယားအက်ရှင်ကားတွေထဲမှာတည်တည်ငြိမ်ငြိမ်နဲ့သရုပ်ဆောင်တတ်တဲ့တောင်ကိုရီးယားဝါရင့်မင်းသားSo-Ji_Subပါဝင်သရုပ်ဆောင်ထားတဲ့၂၀၁၂ထွက်ကားလေးဖြစ်ပါတယ်။ဇာတ်ကားလေးကိုကြေးစားလူသတ်သမားအဖွဲ့အစည်းတစ်ခုနဲ့စတင်ထားပါတယ်။
Heyong-Doဟာအပြင်ပန်းကကြည့်ရင်တော့သတ္တုလုပ်ငန်းတစ်ခုရဲ့ဝန်ထမ်းတစ်ယောက်လို့ပဲမြင်ရမှာပါတယ်။တကယ်တော့အဲဒီသတ္တုလုပ်ငန်းဆိုတာကိုအယောင်ပြပြီးအဖွဲ့အစည်းအလိုက်အလုပ်လုပ်တဲ့ကြေးစားလူသတ်သမားအဖွဲ့တစ်ခုရဲ့အဖွဲ့ဝင်တစ်ပါပဲ။မိမိလုပ်ငန်းမှာကျွမ်းကျင်ပိုင်နိုင်စွာသွေးအေးစွာလုပ်ဆောင်နိုင်ပြီးအတော်ဆုံးကြေးစားလူသတ်သမားဖြစ်ပေမယ့်အချစ်ဆိုတဲ့အရာသူ့ဘဝထဲကိုဝင်လာချိန်မှာတော့အရာအားလုံးပြောင်းလဲကုန်ပါတော့တယ်။Single
motherတစ်ယောက်ဖြစ်သူMi-Yeonနဲ့တွေ့ကာချစ်မိပြီးတဲ့နောက်Heyongဟာသူ့ရဲ့အတိတ်ကမကောင်းမှုတွေကိုစက်ဆုပ်လာပါတော့တယ်။အဲဒါနဲ့အခိုင်အမာတည်ရှိနေတဲ့သူ့ရဲ့ကြေးစားလူသတ်ဂိုဏ်းကနေထွက်ဖို့ကြိုးစားတဲ့နောက်မှာတော့ အဖြစ်အပျက်တွေဟာမုဆိုးဘဝကနေသားကောင်ဘဝအဖြစ်သို့နေ့ချင်းညချင်းရောက်သွားသလိုပါပဲ။Heyongတစ်ယောက်နွံထဲကနေရုန်းထွက်နိုင်မလား။သူမျှော်လင့်တဲ့ငြိမ်းချမ်းတဲ့ဘဝလေးထူထောင်နိုင်မလား။အတိတ်အရိပ်ဆိုးကိုကျော်ဖြတ်
နိုင်မလားဆိုတာတော့ဇာတ်ကားလေးကိုဆက်ကြည့်ကြတာပေါ့ဗျာ။မင်းသားကောင်းတလက်ဖြစ်တဲ့အတွက်အက်ရှင်ကားကောင်းတစ်ကားကိုစိတ်ကျေနပ်မှုအပြည့်အဝနဲ့အားလပ်ချိန်စိတ်အပန်းပြေကြည့်နိုင်မှာဖြစ်ပါတယ်။Ratingအနေနဲ့လည်း6.7ထိရထားတဲ့ကားလေးဖြစ်ပါတယ်။
ဘောလိဝုဒ်ကားတွေရဲ့ထုံးစံအတိုင်းပရိသတ်မထင်ထားလောက်အောင်လှည့်ကွက်လေးတွေကဆရာကျတတ်ကြပါတယ်။ဇာတ်ကြောင်းဇာတ်အိမ်တည်ဆောက်ပုံကလည်းတောင့်တင်းတယ်ဆိုတာ ဘောလိဝုဒ်ပရိသတ်ကြီးလည်းသိပြီးသားပါ။ဘောလိဝုဒ်ကားအများစုဟာ ဟာသ/ အချစ် / အလွမ်း /ဇာတ်ကြမ်း /လှည့်ကွက် စတဲ့ ရသတွေထောင့်စေ့အောင် တည်ဆောက်ထားလေ့ရှိပါတယ်။ဒီကားလေးရဲ့အညွှန်းကိုမျှဝေရမယ်ဆိုရင်ဖြင့် အိန္ဒိယနိုင်ငံရဲ့လျှို့ဝှက်အေးဂျင့်အဖွဲ့တစ်ခုဖြစ်တဲ့ အဖွဲ့ X အကြောင်းလေးနဲ့ပဲစချင်ပါတယ်အဖွဲ့ X ရဲ့ခေါင်းဆောင် ကာနယ်ဟာဆိုရင်ဖြင့့်အာဏာကိုအလွဲသုံးစားလုပ်ပြီး’ရလေလိုလေအိုတစ္ဆေဆိုသလို’ကိုယ်ကျိုးရှာလောဘသားခေါင်းဆောင်တစ်ယောက်ပါအဖွဲ့ X ရဲ့ခေါင်းဆောင်ကတော့ ရှရီဆိုတဲ့အရည်အချင်းရှိအေးဂျင့်ပါသူကတော့ မတရားမှုတွေလုပ်နေတဲ့ခေါင်းဆောင်ရဲ့လက်အောက်ကနေလွတ်မြောက်ခွင့်ရဖို့ခက်ခဲနေတဲ့သူတစ်ယောက်ပါ သူ့သဘောထားကိုသိသွားတဲ့ကာနယ်ကနောက်ဆုံးအနေနဲ့မစ်ရှင်တစ်ခုလုပ်ပေးဖို့တောင်းဆိုလိုက်ပါတယ်ဒါကိုသဘောတူပြီးနောက်ပိုင်းဘာတွေဖြစ်လာမလဲ တစ်ဖက်မှာလည်းဒါရိုက်တာပုံဖော်ပြီးရိုက်ပြထားတဲ့ ဂေါ်ရဗ် ဆိုတဲ့ဝန်ထမ်းလေးတစ်ယောက်အကြောင်းလေးလည်းပြောချင်ပါသေးတယ် သူကတော့ ဘဝကိုအရှုပ်အရှင်းကင်းကင်းနဲ့ရိုးသားစွာဖြတ်သန်းချင်တဲ့သူပါကုမ္ပဏီမှာအလုပ်ကြိုးစားတယ်အိမ်ကောင်းကောင်းတစ်လုံးနဲ့နေချင်တယ် သာမန်နေထိုင်မှုလို့ပဲဆိုရမှာပါ မင်းသမီးကလည်းနာမည်ရေးပြစရာမလိုလောက်အောင် ဘောလိဝုဒ်ပရိသတ်တွေအကြိုက် ဇာတ်ကြမ်း/ အချစ်/အလွမ်း /ဟာသ ဘက်စုံရတဲ့သမီးတစ်လက်ပါ ဒီ character တွေစုပေါင်းလိုက်တဲ့ဇာတ်လမ်းအသွားအလာဘယ်လိုပီပြင်လာမလဲဆိုတာတော့ ဇာတ်ကားပြီးခါနီးလေးမှပဲသိရမှာပါ ဇာတ်အိမ်/ ဇာတ်ကြောင်း/ သရုပ်ဆောင်/ နောက်ခံသီချင်း အပြစ်ပြောရာမရှိအောင်ကောင်းတဲ့ ဇာတ်ကားလေးဖြစ်ပြီးဟာသလေးတွေလည်းပါဝင်ထားလို့ကြိုက်နှစ်သက်ကြမယ်လို့ ယူဆမိပါကြောင်း…….
A Hard Day (ကိုရီးယားအမည်-Take it to the End) ဆိုတဲ့ရုပ်ရှင်လေးဟာ တောင်ကိုရီးယားနိုင်ငံ မှ ၂၀၁၄ခုနှစ်မှာရိုက်ကူးထားတဲ့ မှုခင်းဇာတ်ကြောင်းအခြေခံ ထိတ်လန့်ဖွယ်ရာ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ရုပ်ရှင်ရဲ့ဇာတ်ညွှန်းနဲ့ဒါရိုက်တာအဖြစ် Kim Seong-hun က ဖန်တီးရိုက်ကူးထားပြီးတော့ Lee Sun-kyun နဲ့Cho Jin-Woong တို့ကအဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ A Hard Day ရုပ်ရှင်ကားဟာ Cannes Film Festival ရဲ့ Directors’ Fortnight Sectionမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ရွေးချယ်ခဲ့ရပါတယ်။ Cannes ရုပ်ရှင်ပွဲတော်မှာ May 18,2014 မှာပြသခဲ့ပြီး တောင်ကိုရီးယားနိုင်ငံမှာတော့ May 29, 2014မှာပြသခဲ့ပါတယ်။ ဇာတ်လမ်းလေးကတော့ လာဘ်စားအကျင့်ပျက် စုံထောက်ရဲတစ်ဦးဟာ သူ့ရဲ့မိခင် မကြာသေးမီက ကွယ်လွန်သွားတဲ့အတွက် အရေးတကြီးနဲ့ လှိုဏ်ခေါင်းလမ်းတွေကနေ အမြန်ကားမောင်းလာပါတယ်။ သူ့ရဲ့အဖွဲ့ဟာလည်း လာဘ်စားခြင်းကိစ္စအတွက်နဲ့ စစ်ဆေးမှုတွေ ခံယူနေရပါတယ်။ ရဲဟာ လမ်းပေါ်မှာ သွားနေတဲ့လူတစ်ယောက်ကိုကားနဲ့တိုက်မိသွားပြီးတော့ လူသတ်မိသွားပါတယ် ။သူဟာကြောက်ရွံ့ပြီး အလောင်းကို တိတ်တဆိတ်သယ်ဆောင်လာခဲ့ပါတယ်။ ထို့နောက် ဘာတွေဆက်ဖြစ်ကြမလဲ? လူသတ်မှုကကောအမှုမှန်ပေါ်ပေါက်ပါမလား? ဘယ်လိုတွေဆက်ပြီးတော့ကြုံတွေ့လာရနိုင်မလဲ ဆိုတာတွေကို စိတ်ဝင်စားဖွယ် မှုခင်းတစ်ခုအနေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။ မင်းသား Lee Sun-kyun ကိုတော့ရဲအရာရှိ Ko Gun-su အနေနဲ့ မြင်တွေ့ရမှာဖြစ်ပြီးတော့ Cho Jin-woong ကိုတော့ Lieutenant Park Chang-minအဖြစ် ရှုစားကြရပါမယ်။ ဇာတိကားဟာ ၁၁၁ မိနစ်ခန့် ကြာမြင့်မှာဖြစ်ပြီးတော့ Crime Action Thriller ရုပ်ရှင်ကားကောင်းများကို နှစ်ခြိုက်ကြသူတို့သဘောတွေ့စေမယ့် ရုပ်ရှင်ကားကောင်းလေးပဲ ဖြစ်ပါတယ်။
A Melody to Remember ခေါ်တဲ့ကိုရီးယား ကားလေးပါ။ IMDb Rating ၇.၂ ၊ MyDrama List ၈.၆ ရရှိထားတယ့် Rating အမြင့်ပိုင်းတွေ ရရှိထားတယ့်ကာားလေးပါ။ Action/ Drama အမျိုးအစားဖြစ်ပြီး ၂၀၁၆ ခုနှစ် ကဖြန့်ချီထားခဲ့ပါတယ်။ တစ်ကားလုံး ကို ၁၂၄ မနစ်ကြာပါတယ်။ ဒီကားကို နာမည်အမျိုးမျိုးနဲ့လဲ ခေါ်ကြပါတယ်။ သူ့ရဲ ကိုးရီယား ပြည်တွင်းမှာ ( 임시완 )오빠생각 မြန်မာလို အဓိပ္ပယ်က အစ်ကိုကြီးရဲ့ ဆန္ဒ ဖြစ်ပြီး နိုင်ငံတကာ မှ A Melody to Remember လို့ခေါ်ကြပါတယ်။ ဒီကားလေးက Box Office ဝင်ငွေကိုကြည့်ရင် ပြည်တွင်းမှာအောင်မြင်မှုမရပေမယ့် နိုင်ငံတကာမှာအောင်မြင်မှုပိုရရှိခဲ့တယ်ကားပါ။ ရိုက်ကူးတယ့် စရိတ်ကိုမသိရပေမယ့် ဝင်ငွေ ကန်ဒေါ်လာ ၇ သန်းကျော်ရှိခဲ့ပါတယ်။ ရှာလို့ရသလောက်က Far East Flim Festival မှာ ပရိတ်သတ်အကြိုက်ဆုံး ဆုကို ရရှိထားပြီး ဇကာတင်စာရင်းဝင်ထားတာနည်းနည်းတော့ရှိပါတယ်။ ဒီကားရဲ့အဓီကမင်းသားအဖြစ်ပါဝင် ထားတယ့် Siwan အဓီကနေရာမှာ သရုပ်ဆောင် တယ့် သူရဲ့ပွဲဦးထွက် ဇာတ်ကားလဲဖြစ်ပါတယ်။ ကလေး သရုပ်ဆောင် နှစ်ယောက်က Jung Joon နဲ့Lee Re တို့ဖြစ်ပြီး တော်တော်လေးသရုပ် ဆောင်ကောင်းပါကြပါတယ် ။ Rating များပြီး ဇာတ်ကားနဲ့ပတ်သတ် တွေကရှာရတာ မလွယ်ပါဘူး။ဇာတ်လမ်းက ကောင်းပါတယ်။ ဒီဇာတ်ကားလေးရဲ့ Theme က မိဘမဲ့ ကလေး တွေ ရဲ စစ်အတွင်းက ဘ၀ နဲ့ဂီတပါရမီ ကိုပြချင်တာဖြစ်ပါတယ်။ ဝေဖန်ချက်ကောင်းကောင်းတွေ ရရှိထားပြီး ပရိတ်သတ် တွေ ကိုဆွဲဆောင်ထားနိုင်ပါတယ်။ ကလေးနှစ်ယောကို အဓီက ထားပြီး ဇာတ်အိမ် တည်ထားပါတယ်။ ဇာတ်ကားနာမည်အတိုင်း မောင်နှမ နှစ်ယောက် ရဲ့မေတ္တာကို ဖော်ကျူး ထားပါတယ်။ ကိုးရီယား ကားတွေ မှာ ချီးကျူးချင်တာက ကလေးသရုပ်ဆောင်တွေ ပါ။ တကယ်သူတို့ပေးချင်တယ့် ခံစားချက်ကို တစ်ဖက်သားဆီရောက်အောင်ပေးနိုင်ပါတယ်။ လွန်ခဲ့တယ့် နှစ်၅၀ ကျော်က ကိုးရီယားနိုင်ငံအခြေနေကိုလဲ အထင်သားတွေ မြင်ရပါတယ်။ စစ်ကြောင့်မိဘမဲ့ဖြစ်သွားတယ့် ကလေးတွေ ရဲ့ဘဝဖြတ်သန်းရှင်သန်ရပုံတွေ ၊ တောင်နဲ့ မြောက်ရဲ့အမုန်းတရားတွေ ကိုတွေ့ရမှာပါ။ နောက်ပြီးဒီ ဇာတ်ကားမှာပါတဲ့ သီချင်းဆိုရတဲ့ အခန်းတွေ ကို ကလေးတွေ တကယ်သီဆို ထားတာပါ။အဲ့ဒီမှာ သရုပ်ဆောင်နဲ့ဆွေးရုံတင် မဟုတ်ဘဲ အသံကိုနားထောင်ပြီးတော့ပါ ဆွေးနိုင် ပါတယ်။ အသံမှာကိုက သူတို့ခံစားနေတဲ့ ခံစားချက်ကို ပါ အောင်သီဆိုနိုင်တာ ပိုပြီးနားထောင်လို့ကောင်းပါတယ်။ အခု ဒီကားရဲ့ဇာတ်လမ်းပိုင်းကိုပြောပြမှာပါ။ ဇာတ်လမ်းအစမှာ တိုက်ပွဲတစ်ခုအတွင်း တပ်ရင်း တစ်ခုလုံး သေပြီး ဗိုလ်ကြီးတစ်ယောက်ဘဲအသက်ရှင်ကျန်ခဲ့ပါတယ်။ တောင်နဲ့မြောက် ကိုနှစ်ပိုင်းပိုင်းလိုက်ပြီးနောက်မှာ နှစ်ဖက်စစ်စဖြစ်ပါတယ်။ စစ်အတွင်းမှာ တောင်ဘက်ကလူဆို မြောက်ကလူကို သတ် မြောက်ကလူဆိုရင် တောင်ကလူကိုသက် ဖြစ်နေကြတဲ့ အချိန်မှာ အခြေနေကြောင့် မြောက်ပိုင်းအလိုတော်ရိ လုပ် နေတယ့် တောင်ပိုင်းသားတစ်ယောက်က လမ်း ခရီတစ်ခုမှာ တောင်ပိုင်း စစ်တပ် နဲ့တွေ့ပါတယ် အဲ့ဒီမှာ သူ့ရဲ့သမီးလေးက မြောက်ပိုင်းသီချင်း ဆိုပြလိုက်မီလို့သူ့အဖေဖမ်းခံရပြီး ရွှာက လူတွေ ဝိုင်းသတ်လို့သေသွားပါတယ်။ အဲ့ဒီနောက်မှာ မောင်နှစ်မ နှစ်ယောက် ကမိဘမဲ့ ဖြစ်သွားပြီး ရွှာကေနေထွက်လာခဲ့ကြပါတယ်။ အစ်ကို ကသူ့ညီမကိုအရမ်းချစ်ပြီး ဂရုစိုက်ပါတယ်။ အဲ့ဒီအချိန်တိုက်ပွဲတုန်းက အသက်ရှင် ခဲ့တယ့် ဗိုလ်ကြီးက ဘူဆန်ကိုဂီတဆရာ နေနဲ့ ပြောင်းလာရပါတယ်။ မိဘမဲ့ ကျောင်းအုပ်က အမေရိကပညာသင်လာ တယ့် စေတနာဝန်ထမ်း ကောင်မလေးပါ။ အဲ့ဒီအချိန် မိဘမဲ့ ကလေးတွေ ကို သီချင်းသင်ပေးပြီး အဖွဲ့တစ်ခုလုပ်လိုက်ပါတယ်။ သူတို့ပထမဆုံး အမေရိကန်က ဗိုလ်မှုးကြီးကို ဆိုပြတာကနေ လူတွေကြိုက်သွားပြီး သူတို့ကို ရှေ့တန်းက စစ်သားတွေ ကိုဖျော်ဖြေဖို့တာဝန်ပေးလိုက်ပါတယ်။ အဲဒီ မောင်နှစ်မ နှစ်ယောက်မှာ ညီမဖြစ် တယ့် သူက သီချင်းမဆိုဘဲ သူ့အကိုနဲ့မခွဲနိုင် လို့လိုက်လာခဲ့ပါတယ်။ တောတစ်နေရာမှာ နားနေကြရင်း မောင်နှစ်မနှစ်ယောက် အပေါ့သွားဖို့ထွက်လာခဲ့တာမှာ မြောက်ပိုင်း တပ်နဲ့တွေ့ ကြတုန်း သူတို့ကိုမတွေ့လို့လိုက် ရှာနေကြတယ့် တောင်ပိုင်းတပ်တိုက်ပွဲစဖြစ်ကြပါတယ်။ အဲ့တိုက်ပွဲနောက်ပိုင်းဘယ်သူကသေပြီး ဇာတ်လမ်းကို ဘယ်လို ဆက်ထားလဲ ၊ ကောင်မ လေးရရောဘာလို့သီချင်းမဆိုတာလဲ ၊ ဘယ်လို စိတ်ဝင်စားစရာ ဝမ်းနည်းစရာတွေ ရှိမလဲဆို တာဇာတ်ကားကြည့်ပြီးခံစားကြည့်လိုက်ပါ။ ဒီဇာတ်ကားကိုကြည့်မိပြီး တသသဆွဲနေမယ့် အထဲပါပါတယ်။အတက်နိုင်ဆုံး ဇာတ်လမ်းထဲမှာ ခံစားမှုပိုပြီး စီးမျောသွားနိုင်အောင် ဘာသာပြန် ပေးထားပါတယ်။ ဂီတ အကြောင်းကို ဒရာမာ နဲ ရိုက်ပြထားပြီး တစ်ရှုးဆောင်ထားရမယ့် ကားပါ။ ကလေးနှစ်ယောက်ရဲ့သရုပ်ဆောင်နဲ့အဆိုပိုင်း ကို ကောင်းကောင်းကြီး ခံစားရမှာပါ။ ကြိုက်တာ မကြိုက်တာက ကြည့်တယ့်သူပေါ်မှာဘဲမှုတည်မှာပါ။
mmbusticket IMDb Rating 7.9Rotten Tomattoes 94% အထိ ရထားတဲ့ တောင်ကိုရီးယားရဲ့သမိုင်းဝင် ဒီမိုကရေစီအသွင် ကူးပြောင်းရေးအတွက် အရမ်း အရေးပါတဲ့ ဖြစ်ရပ်မှန် ဇာတ်ကားကောင်းလေးပါ။သမိုင်းဝင်ဖြစ်ရပ်မှန် ဇာတ်လမ်းမို့ ကိုးရီးယားမှာ သမ္မတကိုယ်တိုင် လာရောက်ကြည့်ရှုအားပေးခဲ့သလို ကိုးရီးယားလူဦးရေရဲ့ ၅ပုံ၁ပုံလောက်ကို ရုပ်ရှင်ရုံမှာ လာရောက်အားပေးလို့ ရုံတင်ချိန် အကြာဆုံး ဇာတ်ကားလေးဖြစ်ခဲ့ပါတယ်။ဒီကားအကြောင်းမပြောခင် ကိုးရီးယားသမိုင်းကြောင်းလေး အနည်းငယ် ပြောပြချင်ပါတယ်။
ဂျပန်လက်အောက်က လွတ်လပ်ရေးရပြီး 16 နှစ်တိုင်တိုင် စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ခဲ့တယ်။ ၁၉၇၉ အောက်တိုဘာမှာ အရင်သမ္မတ လုပ်ကြံပြီးဒီဇင်ဘာမှာ စစ်တပ်ကပဲ စစ်အာဏာသိမ်းလိုက်ပါတယ်။ဒီနောက်ပိုင်း နိုင်ငံရေးသမားတွေ တက္ကသိုလ်ကျောင်းသားတွေနဲ့ နိုင်ငံသူနိုင်ငံသားတွေ တဖြည်းဖြည်းနဲ့ ဒီမိုကရေစီ အုပ်ချုပ်ရေးပေးဖို့ လှုပ်ရှားဆန္ဒပြလာကြလာကြလို့ အခြေအနေတင်းမာလာလို့ Martial law ပြဌာန်းပြီး အကြမ်းဖက်နှိမ်နှင်းခဲ့သလို တက္ကသိုလ်ကျောင်း
တွေ ယာယီပိတ်ထားလိုက်ပါတယ်။သတင်းတွေလည်း အမှောင်ချထားလိုက်ပါတယ်။ ကျန်တဲ့မြို့တွေ အလွယ်တကူ ထိန်းချုပ်နိုင်ပေမယ့် ဂွမ်ဂျူးမြို့က တစ်မြို့လုံး စည်းလုံးညီညွှတ်တာကြောင့် ထိန်းချုပ်ရခက်နေပါတယ်။ဒါကြောင့် မြို့ကို ဖုန်းလိုင်းတွေဖြတ် မြို့အဝင်အထွက်ကိုပိတ် သတင်းတွေအမှောင်ချထားခဲ့ပါတယ်။မြို့က ဆန္ဒပြသူတွေနဲ့ကျောင်းသားတွေကိုလည်း အကြမ်းဖက်စစ်အင်အားသုံးဖြေရှင်းပေးခဲ့ပါတယ်။ ဒါပေမယ့် ဂွမ်ဂျူးမြို့သူမြို့သားတွေကတော့ အရံှူးမပေး ရဲရဲတောက် မြို့
လုံးကျွတ်မျှ အသေခံ ဆန္ဒပြဆန့်ကျင်ခဲ့ပါတယ်။ ဒီမြို့က သတင်းကို ကမ္ဘာသိအောင် ဂျာမန်သတင်းထောက် သက်စွန့်ဆံဖျားလာပြီး တက္ကစီသမားတစ်ယောက် အကူအညီနဲ့ ရိုက်ကူးမှတ်တမ်းတင်ပြီး သတင်းထုတ်လွှင့်နိုင်ခဲ့ပါတယ်။ ဒီသတင်းကြောင့် ကျန်တဲ့ပြည်သူတစ်ရပ်လုံးလည်း ပါဝင်လာတာကြောင့်နောင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် တွန်းအားပေးခဲ့သည့်မြို့လေးဖြစ်ခဲ့သည်။အခု ဒီဇာတ်ကားလေးကတော့ တက္ကစီသမား မစ္စတာကင်က ဂျာမန်
သတင်းထောက်ကို ဂွမ်ဂျူးမြို့ဆီ လိုက်ပို့ပေးခဲ့တဲ့ဖြစ်ရပ်ကို ရိုက်ကူးထားတာပါ။နိုင်ငံရေးစိတ်မဝင်စားတဲ့ ကိုယ့်မိသားစု ကိုယ့်အလုပ်အကြောင်းသာ စိတ်ဝင်စားတဲ့ကားသမားတစ်ယောက်တက်တက်ကြွကြွနဲ့ သတင်းအမှန်တွေတင်ဆက်ပေးဖို့ စိတ်ထက်သန်တဲ့ ဂျာမန်သတင်းထောက်တစ်ယောက်ကို ပိုက်ဆံအများကြီးရမှာမို့ အော်ဒါမှာထားတဲ့ကားလိုလိုနဲ့ ဖြတ်ခုတ်ပြီးနိုင်ငံခြားသားကို အင်္ဂလိပ်စာ မတတ်တခေါက်နဲ့ ဂွမ်ဂျူးကို လိုက်ပို့ပေးရင်း…………………..ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ စောင့်ကြည့်လိုက်ပါသင်ခန်းစာယူတတ်ရင် အများကြီးကို ပေးသွားတဲ့ဇာတ်ကားကောင်းလေးပါ
mmbusticketCurse Accident ဇာတ်ကားဟာ 2017၊ ဒီဇင်ဘာလထဲမှာထွက်ရှိခဲ့တဲ့ သည်းထည်းရင်ဖိုစရာဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းကလေးကတော့ မိန်းမချောလေးနှစ်ယောက်ဖြစ်တဲ့ ဂျက်ဇ်နဲ့ကယ်လ်ရိုလင်းတို့ သူငယ်ချင်းနှစ်ယောက်ဟာ ဂီတပွဲတော်တစ်ခုကိုသွားဖို့အတူတူထွက်ခွာလာခဲ့ကြပါတယ်။ဂီတပွဲတော်ကိုသွားဖို့ ဘတ်စ်ကားနဲ့မသွားပဲ သူငယ်ဖြစ်သူတွေရဲ့ကားနဲ့လမ်းကြုံလိုက်ဖို့စီစဉ်ခဲ့ပေမယ့် တကယ်တမ်းသူငယ်ချစ်ဖြစ်သူတွေက မလာခဲ့တဲ့
အခါမှာတော့ ဂျက်ဇ်နဲ့ကယ်လ်ရိုလင်းတို့နှစ်ယောက် အခက်တွေ့ရပါတော့တယ်။ဒီလိုနဲ့ နှစ်ယောက်သား ကြုံရာကားနဲ့သာလမ်းကြုံလိုက်ဖို့စီစဉ်ရပါတော့တယ်။အဲ့မှာ မထင်မှတ် ကားအကောင်းစားကြီးစီးလာတဲ့ ကောင်လေးချောချောနှစ်ယောက်နဲ့တွေ့ပါတော့တယ်။
ဒီလိုနဲ့ မိချောတို့နဲ့ကိုယ်လူချောတို့တစ်သိုက် အဝေးပြေးလမ်းမကြီးအတိုင်းခရီးနှင်လာရာမှာတော့ လမ်းမှာမမျှော်လင့်ပဲယာဉ်မတော်တဆဖြစ်ပြီး ကယးဟာလမ်းဘေးက ချောက်ထဲထိုးကြသွားပါတော့တယ်။အဲ့မှာအကူအညီတောင်းစရာလူလည်းမရှိ၊ အကူအညီပေးနိုင်မယ့်သူတွေနဲ့လည်းအဆက်အသွယ်ပြတ်တောက်သွားကာ တောင်စောင်းအောက်ထဲမှာ ပိတ်မိနေပါတော့တယ်။အဲ့လို အကူအညီမယ့်ကယ်ရာမဲ့ဘဝက သူငယ်ချင်းတွေ ဘယ်လိုရုန်းထွက်ကြမယ်၊မိချောတို့တွေ့ခဲ့တဲ့
ကိုယ်လူချောတို့နှစ်ယောက်ကရော..လူကောင်းတွေမှဖြစ်နိုင်ပါ့မလား…..၊တစ်ခါသာဆုံဖူးသေးတဲ့ မိန်းကလေးနှစ်ယောက်ကို သဘောထားကြီးစွာနဲ့ကူညီနိုင်ပါ့မလား….၊ဒီလိုအခက်ခဲတွေထဲကဘယ်လိုရအောင် အသက်ဆက်မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းလေးထဲမှာ ရင်ဖိုစွာရှု့စားရမှာဖြစ်ပါတယ်
mmbusticketဘောလီးဝုဒ်ဇာတ်ကားကိုမှကြိုက်နှစ်သက်တယ်ဆိုတဲ့ CM ပရိသတ်တွေအတွက် 2018 ခုနှစ်ထွက် Aiyaary ဆိုတဲ့ Action, Thriller
ဇာတ်ကားကောင်းလေးတင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားကို Neeraj Pandey ကဇာတ်ညွှန်းရေးသားပြီး သူကိုယ်တိုင်ကပဲရိုက်ကူးထားပါတယ်။အဓိကဇာတ်ဆောင်များဖြစ်ကြတဲ့ Major Jai Bakshi နဲ့ Colonel Abhay Singh တို့နေရာမှာ Sidharth Malhotraနဲ့ Manoj Bajpayee တို့က အသီးသီး ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်း
==========
စစ်တပ်မှာအရာရှိနှစ်ဦးဖြစ်ကြတဲ့ ကာနယ် Abhay Singh နဲ့မေဂျာ Jai Bakshi တို့ဟာ ဆရာတပည့်နှစ်ဦးဖြစ်ပြီးတော့ အမိမြေကိုချစ်မြတ်နိုးကြတဲ့ စစ်သားကောင်းများဖြစ်ပါတယ်။ကာနယ်Abhay Singh ဟာ တိုင်းပြည်ရဲ့အုပ်ချုပ်ရေးကို ချွင်းချက်မရှိ သက်ဝင်ယုံကြည်သူတစ်ဦးဖြစ်ပါတယ်။
သို့ပေမယ့် တပည့်ဖြစ်သူ မေဂျာJai Bakshi ဟာတိုင်းပြည်ရဲ့အုပ်ချုပ်သူပိုင်းမှာဖြစ်ပျက်နေတဲ့ လျှို့ဝှက်ချက်တစ်ခုကို သိသွားတဲ့အခါမှာတော့…..။ (ဘာသာပြန်ပေးထားသူကတော့ ကိုရဲမာန်အောင်ပါ)
ပထမဆုံးပြောရမယ်ဆိုရင် ကျွန်တော်ဂျပန်ကားတွေကိုမကြိုက်ပါဘူး..မကြိုက်ဘူးဆိုတာထက် အမြဲကြားနေကျဘာသာစကားမဟုတ်တဲ့အတွက်ကြောင့်စိမ်းနေတာလည်းပါတာပေါ့..ဒါပေမယ့် ဒီကားလေးကိုတော့ Encode လုပ်ဖို့အတွက်စစ်ရင်းအစမ်းကြည့်ပါတယ်…ကြည့်နေရင်းနဲ့ကောင်းတဲ့ကားလေးတစ်ကားဖြစ်တာကြောင့် အားလုံးလည်းခံစားလို့ရအောင်
တင်ဆက်ပေးလိုက်ပါတယ်…အညွှန်းလေးကိုဖတ်ကြည့်ရအောင်…ဒီကားမှာ အာဂျင်းဆိုတဲ့ ဇာတ်ကောင်အကြောင်းကိုပြောပြထားတာပဲဖြစ်ပါတယ်…အာဂျင်းကို ဂျပန်ရဲ့မန်ဂါစီးရီးကနေပြန်လည်အသက်သွင်ပြီးရိုက်ကူးခဲ့ပါတယ်…အာဂျင်းဆိုတာက မသေတဲ့လူမျိုးတွေပါ…ပြောရမယ်ဆိုရင်တော့ လူတပိုင်း မိစ္ဆာတစ်ပိုင်းအရာတွေပဲဖြစ်ပါတယ်….ဒီအာဂျင်းတွေဟာ လူတွေကိုဒုက္ခပေးတဲ့အရာတွေမဟုတ်ပါဘူး…ဒါပေမယ့်တိုးတက်ပြောင်းလဲလာတဲ့ နည်းပညာတွေအရ အာဂျင်းရဲ့မ
သေနိုင်တဲ့အစွမ်းတွေကို လူသားတွေဟာ စိတ်ဝင်စားလာကြပြီးအာဂျင်းတွေကို ဖမ်းဆီးကာ အမျိုးမျိုးနှိပ်စက်ပြီး သုတေသနတွေလုပ်ကြပါတော့တယ်….ဒါကြောင့်လည်းအာဂျင်းတွေကို ခြေထောက်ဖြတ်လိုက် ဓားနဲ့ဖြတ်လိုက်နဲ့နောက်ဆုံး မြင်မကောင်းတဲ့ ဒဏ်ရာတွေ ဖြစ်လာရင် reset လို့သူတို့ခေါ်ဝေါ်ကြတဲ့အာဂျင်းတွေကိုသတ်လိုက်ပါတော့တယ်…ခဏကြာရင် အသတ်ခံလိုက်ရတဲအာဂျင်းဟာ ပြန်လည်ရှင်သန်လာပါတယ်…အာဂျင်းရဲ့ အစွမ်းတွေကတော့ ဘယ်လောက်ပဲဒဏ်
တွေရရ လက်ပြတ် ခြေပြတ် သေနတ်မှန် ဘယ်လိုပဲဖြစ်ဖြစ်သူ့ကိုသတ်လိုက်တာနဲ့ခဏအတွင်းမှာ ပြန်လည်ရှင်သန်လာတာပဲဖြစ်ပါတယ်…နောက်ပြီးတော့ အာဂျင်းတွေမှာ ကိုယ်ပိုင် အရိပ်လို့ခေါ်တဲ့ မိစ္ဆာတွေတစ်ယောက်ချင်းစီမှာရှိပါတယ်…အဲဒီမိစ္ဆာတွေကို သူတို့ဟာ ထိန်းချုပ်နိုင်ကြပါတယ်…ဒီလိုမျိုးအနှိပ်စက်ခံရတဲ့အာဂျင်းတွေဟာ လူတွေကိုမုန်းတီးလာကြပါတယ်…သူတို့ဟာအစမ်းသပ်ခံမဟုတ်ဘူးဆိုတာလည်း လူတွေသိအောင်ပြချင်လာကြပါတယ်…ဒါကြောင့် သူတို့
ဟာ လူသားတွေကို ကိုယ်ပိုင်အုပ်ချုုပ်ခွင့်နယ်မြေတွေတောင်းပြီးတော့နောက်ဆုံးမှာ လူသားတွေကို မျိုးတုန်းသတ်ဖြတ်စတင်ပါတော့တယ်…အာဂျင်းတွေအားလုံးမဆိုးသွမ်းကြပါဘူး…ဒါပေမယ့် တစ်ယောက်တည်းသောအာဂျင်းကတော့စိတ်မနာနိုင်ပဲ လူသားတွေဘက်ကရပ်တည်ပြီးသူရဲ့မျိုးနွယ်တူ အာဂျင်းတွေကို ပြန်လည်ရင်ဆိုင်ဖို့ အခြေနေဖြစ်လာခဲ့ပါတော့တယ်…..အားလုံးပဲ ကျန်တဲအရာတွေကိုတော့ စိတ်လှုပ်ရှားဖွယ်ကြည့်လိုက်ရအောင်လား…
All Is Lost(2013)IMDB…6.9,,,,Rotten…94ဒီကားက ဆန်းတယ်လို့ပဲပြောရမလား မသိဘူး တစ်ကားလုံးမှာ သရုပ်ဆောင်တစ်ယောက်ထဲရယ်…ပြီးတော့ နောက်ခံစကားလေးအနည်းငယ်ကလွဲလို့ တစ်ကားလုံးဘာမှကိုမပြောဘူး….လှေတစ်စီးပေါ်မှာလူတစ်ယောက် အိပ်နေတယ်…ဗြုန်းဆို လှေထဲကိုရေဝင်သံကြောင့်သူနိုးလာတယ်….
.ပင်လယ်ပြင်ထဲက သူ့လှေကိုထူးထူးခြားခြား ဘယ်သင်္ဘောပေါ်ကျခဲ့မှန်းမသိတဲ့ကွန်တိန်နာရဲ့ထောင့်နဲ့လှေရဲ့ဘေးနံရံနဲ့တိုက်မိပြီးပေါက်သွားတယ်…..လှေကိုဖာတယ် ..ရေတွေကိုပြန်ထုတ်တယ်….ဒီကားက imdb ရော rotten ရောအတော်ကောင်းပါတယ်…
ဘာကြောင့်ြ မင့်ရလဲဆိုတော့ အသက်၇၇နှစ်အရွယ် အဘိုးကြီးတစ်ယောက်ရဲ့ အသက်ရှင်သန်ရေးရုန်းကန်မှုကို ပီပီပြင်ပြင်ပြနိုင်လို့ လိုဆိုပါတယ်…အချစ်တွေ အလွမ်းတွေ အဆွေးတွေ တော့မပါပါဘူး…
အားလုံးစောင့်မျှော်နေကြတဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ စိတ်ကူးယဉ်အက်ရှင်ဒရာမာဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်….. မြန်မာပရိသတ်သဘောကျခဲ့တဲ့ Along With The Gods ဇာတ်ကားရဲ့ အဆက်အဖြစ် ထွက်ရှိလာတာ လည်း ဖြစ်ပါတယ်။ဒီဇာတ်ကားမှာ အဓိကပါဝင်ထားသူတွေကHa Jung Woo, Ju Ji Hoon, Kim Hyang Gi, Ma Dong Seok, Kim Dong Wookစသူတွေပဲဖြစ်ပါတယ်။မရဏတိုင်းပြည်က အ စောင့်အရှောက်သုံးဦးဖြစ်တဲ့ ဂမ် ရင်း၊ ဟယ်ဝန်မက်နဲ့ လီဒေါ့ချွန်း တို့ဟာ သူတို့ရဲ့ ၄၉ ဦးမြောက် ဝိညာဉ်ဖြစ်တဲ့ကင်ဆိုဟုန်ကို မြေ အောက်ကမ္ဘာကို လမ်းပြပို့ဆောင် ပေးရမယ့်အကြောင်း တင်ဆက် ထားတာပါ။
ကင်ဆိုဟုန်ဟာ အရင်ဇာတ် ကားထဲက မီးသတ်သမား ဂျာဟုန် ရဲ့ ညီတပ်သားဆိုဟုန်ဖြစ်ပြီးဂမ် ရင်းဦးဆောင်တဲ့ အစောင့်အ ရှောက်သုံးဦးဟာ ဆိုဟုန်ရဲ့ ဝိညာဉ်ကိုလည်းမရဏကမ္ဘာမှာ တရားစီရင်ဖို့အတွက် ပို့ဆောင် ပေးခဲ့ပြန်ပါတယ်။ဒီလိုနဲ့ မရဏကမ္ဘာမှာ အ ဆင့်ဆင့်ဖြတ်သန်းရင်း ဆိုဟုန် ဟာ God of House နဲ့ ဆုံခဲ့ပါ တယ်။ အဲဒီနတ်ဘုရားကလူတွေ ရဲ့ အတိတ်ကို သိနိုင်ပြီးနှစ်ပေါင်း ၁,၀၀၀ ကျော်ကာလအထိကို သိနိုင်တာပါ။လက်ရှိကမ္ဘာ၊ နောက်သွား ရမယ့်
ကမ္ဘာနဲ့ ပြီးခဲ့တဲ့အတိတ် ကမ္ဘာတွေကို ခရီးနှင်ရင်း မရဏ အစောင့်အရှောက်တွေဟာ သူ တို့တွေရဲ့ အတိတ်ဘဝက လျှို့ ဝှက်ချက်တွေကိုပါ သိရှိခဲ့ပါ တယ်။လူသားတွေအပေါ် ကြင်နာ တတ်တဲ့ အစောင့်အရှောက်သုံးဦး ဟာ ဒီတစ်ခါမှာလည်း ဝိညာဉ် ဆိုဟုန် ငရဲမကျဖို့အတွက် ကူညီ ဖြေရှင်းပေးပြန်ပါတယ်။အရင်ဇာတ်လမ်းနဲ့ ပုံစံခပ် ဆင်ဆင်ဖြစ်နေပေမယ့်လို့ တပ် သားဆိုဟုန်ရဲ့ မရဏတိုင်းပြည် က ၄၉ ရက်တာ စွန့်စားခန်းကို ဘယ်လိုခွဲထွက်ထားသလဲဆိုတာ ကြည့်ဖို့ဖော်ပြလိုက်ပါတယ်…(ဒီဇာတ်ကားရဲ့အညွှန်းကိုတော့ 7DayDaily မှ ကူးယူတင်ပြပါတယ်…)
Rating 6 ရရှိထားတဲ့ စော်ချောချောလေးတွေပါဝင်ထားတဲ့အက်ရှင်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်…လီလီတို့ သူငယ်ချင်းလေးယောက်ဟာ ဆီလမ်မြို့လေးမှာ ကျောင်းတက်နေတဲ့ ဆယ်ကျော်သက်မိန်းခလေးတွေ ဖြစ်ပါတယ်။ တစ်နေ့မှာတော့ အွန်လိုင်းပေါ်မှာ ဆီလမ်မြို့ မြို့တော်ဝန်ရဲ့ အတွင်းရေး၊
မက်ဆေ့ချ်နဲ့ ဓာတ်ပုံတွေဟာ ဟက်ကာတစ်ယောက်ရဲ့ လက်ချက်ကြောင့် အင်တာနက်ပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။ ဒီလိုနဲ့ လူတွေရဲ့ ဆူပူမှုတွေဖြစ်ပေါ်လာခဲ့ပြီး သတင်းစာရှင်းလင်းပွဲမှာပဲ မြို့တော်ဝန်ဟာ ကိုယ့်ကိုကိုယ် သတ်သေသွားခဲ့ပါတယ်။ ထိုဖြစ်ရပ်ကြောင့် ဆီလမ်မြို့လေးဟာ တုန်လှုပ်နေတုန်းမှာပဲ အထက်တန်းကျောင်းအုပ်ရဲ့ လူသိမခံနိုင်တဲ့ အတွင်းရေးအချက်အလက်တွေဟာ အင်တာနက်ပေါ်မှာ ထပ်မံပေါ်ထွက်လာခဲ့ပါတယ်။ မြို့သူမြို့သားတွေရဲ့ အုံကြွမှုတွေက ပိုမိုများပြားလာ
ခဲ့ပြီး ဆူပူလှုပ်ရှားမှုတွေလည်း စတင်ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒီလိုနဲ့ ဟက်ကာသမားရဲ့ ပစ်မှတ်က လီလီဖြစ်လာတဲ့အခါမှာတော့ ဘယ်လိုတွေ ဆက်ဖြစ်လာမလဲ၊ ဟက်ကာသမားကကော ဘယ်သူဖြစ်နေမလဲ၊ ဆီလမ်မြို့လေးကော ဘယ်လိုအခြေအနေနဲ့ ကြုံတွေ့ရမလဲဆိုတာ စိတ်ဝင်စားဖို့ အရမ်းကောင်းတာမို့ ကြည့်ရှုအားပေးကြပါဦးဗျာ….
ဒီနေ့တော့ CM ပရိတ်သတ်တွေအတွက်IMDb Rate မှာ 6.4 ရရှိထားတဲ့ Astro Boy လို့ခေါ်တဲ့Animation ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်…ဘယ်လိုသဘောမျိုးနဲ့နေနေကြည့်သင့်တဲ့ Animation ကားကောင်းလေးဖြစ်ကြောင်းတော့အသိပေးပါရစေ
Dr. Tenma ဆိုတာ Toby ကို သိပ်ချစ်တဲ့ ဖခင်ကောင်း တစ်ယောက် ဖြစ်သလိုRobot တည်ထွင် ရာမှာလဲ နာမည်ကြီးတဲ့ သိပ္ပံ ပညာ ရှင်တစ်ယောက် ဖြစ်ပါတယ်။Dr. Tenma ရဲ့ သားပီပီ သိပ္ပံပညာ တွေကို စိတ်ဝင်စားတဲ့ Toby ဟာDr. Tenma ရဲ့ ခွင့်ပြုချက် မပါပဲ နည်းပညာသစ် Red Core နဲ့ Blue Core တို့စမ်းသပ်တဲ့ ပြပွဲကို ခိုးပြီး သွားရောက် ခဲ့ပါတယ်။ Red Core ထဲ့သွင်း စမ်းသပ်တဲ့ စက်ရုပ်ဟာထိန်းချုပ်မှု လွတ်ထွက်သွားပြီး ပုံကန်တဲ့ အချိန်မှာ မ
ထင်မှတ်ပဲ Toby တစ်ယောက် ပိတ်မိပြီးRed Core ထဲ့သွင်း ထားတဲ့ စက်ရုပ် ရဲ့ လက်နက် စမ်းကြောင့် သေဆုံးသွား ခဲ့ပါတယ်။သားကို သိပ်ချစ်တဲ့ အဖေ Dr. Tenma တစ်ယောက် ရူးသွပ် မတတ် ခံစား ရပြီး Toby နဲ့ တူတဲ့ စက်ရုပ် တစ်ရုပ်ကို တည်ဆောက်ပြီး Toby ရဲ့ DNA က တဆင့် မှတ်ဉာဏ်တွေ ထဲ့သွင်း ပေးခဲ့ပါတယ်။လူသား တစ်ယောက် ကဲ့သို အသိဉာဏ်တွေ ရှိဖိုနဲ့ ပိုမို အစွမ်း ထပ်စေဖို့ကျန်ရှိနေတဲ့ Blue Core ကို Toby နဲ့ တူတဲ့ စက်ရုပ် Astro Boy ထဲမှာ
ထည့်သွင်း အသုံးပြု ခဲ့ပါတယ်။စစချင်းမှာ သားရဲ့ နေရာအကို အစားထိုး နိုင်မယ်လို့မျှော်လင့် ထားပေမယ့် အသိစိတ်က သားအရင်း မဟုတ်ပဲစက်ရုပ် တစ်ရုပ် ဖြစ်တယ်ဆိုတာ အသိပေး နေတော့ သားအရင်း တစ်ယောက်လို ချစ်လို့ မရခဲ့ပါဘူး။ထို့အတူ Toby ရဲ့ အသိဉာဏ်တွေ ရောက်နေတဲ့ Astro Boy ဟာလဲသူ့ကိုယ့်သူ Toby လို့ပဲ ထင်မှတ်ပြီး ဖခင်ရဲ့ မေတ္တာ ငတ်နေသလို ခံစား ခဲ့ရပါတယ်။မထင်မှတ်ပဲ Red Core အသုံးပြုခဲ့တဲ့ စက်ရုပ်ကို အသက်သွင်းချင်း ခံရ
တော့Dr. Tenma တို့ရဲ့ မြို့ဖြစ်တဲ့ Metro City မှာRed Core စက်ရုပ်ရဲ့ ဖြတ်စီးမှုတွေကို တားစီး နိုင်မယ့်လူမရှိခဲ့ပါဘူး။ ဒီအချိန်မှာ Blue Core ထည့်သွင်းပြီးတည်ထွင်ထားတဲ့ Astro Boy ဟာ သူ့ကိုယ်သူ စက်ရုပ်လို့ သိသွား ပြီးရန်သူတော် Red Core ကို ဘယ်လို နှိပ်နင်းမလဲ ဆိုတာ…..
ဒါရိုက်တာ David Bowers ရဲ့ 94 မိနစ် ရှည်တဲ့ Animated Comedy ဇာတ်ကား ဖြစ်ပါတယ်။အသံ သရုပ်ဆောင်တွေ အဖြစ် Dr. Tenma (voice of Nicolas Cage),Toby & Astro Boy (voice of Freddie Highmore) တို့က အဓိက ပါဝင် သရုပ်ဆောင် ထားပါတယ်။ရုပ်ရှင်အညွှန်းကိုတော့ moviereview ygn မှ ကူးယူဖေါ်ပြပါတယ်
mmbusticket1080p BluRay 5.1 DTS Quality ဖြင့် Marvel Cinematic Universe (MCU) Collection ကိုစုပေါင်းတင်ဆက်ပါသည်။MCU ဇာတ်ကားအားလုံးကို https://channelmyanmar.org/category/marvel-universe/ မှာ Download နိုင်ပါသည်။++++++++++++++++++++++++++++
Marvel Cinematic Universe Intro=======================
Marvel ထုတ်လုပ်ရေးမှ Marvel Cinematic Universe(MCU) ကို လွန်ခဲ့တဲ့ ၁၀ နှစ်က စပြီးတည်ဆောက်ခဲ့ပါတယ်။
ပထမဆုံး ဇာတ်လမ်းဖြစ်တဲ့ Iron Man-1 နဲ့ဖြစ်ပါတယ်။ နောက်ဆုံးအပိတ်ကတော့ Endgame (2019) ဖြစ်ပါတယ်။Marvel Universe မှာ Infinity Stone လို့ ခေါ်တဲ့ စွမ်းအား အကြီးဆုံး ကျောက်တုံး(၆) လုံးရှိပါတယ်။
အဲဒီကျောက်တုံးတွေဟာ စကြဝဠာအနှံ့မှာ ပြန့်ကျဲနေတယ် ဆိုပါတော့။
ကျောက်တုံးတစ်တုံးချင်းစီမှာ သီးခြားအစွမ်းတွေ ရှိပြီး သာမာန်လူတွေ ကိုင်တွယ်သုံးစွဲဖို့ မဖြစ်နိုင်သလောက်ပါပဲ။
Infinity War ရဲ့ အဓိက ဗီလိန်ဖြစ်တဲ့ Mad titan လို့ခေါ်ကြတဲ့ Thanos က ဒီကျောက်တုံးတွေကို စုစည်းပြီး
စကြဝဠာကို သူ့သဘောအတိုင်းဖန်တီးဖို့ကြိုးစားပါလိမ့်မယ်။
ဒါကို Avengers( Captain America, Iron Man, Hulk, Thor, Black Widow, Hawkeye, Vision,Scarlet Witch,Antman,Falcon) တို့နဲ့
Spiderman, Doctor Strange, Black Panther, Guardians of the Galaxy အဖွဲ့တို့ ပူးပေါင်းတားဆီးကြရင်း ဖြစ်လာတဲ့ စစ်ပွဲပါ။Infinity Stones 6 လုံးရဲ့ တည်နေရာတွေကတော့၁. Space Stone aka Tesseract (Blue)
(Captain America: the first avenger ဇာတ်ကားမှာ နာဇီတွေဆီက လုယူရတဲ့ ကျောက်တုံးဖြစ်ပြီး
Avengers ဇာတ်ကားမှာ လိုကီက ဂြိုလ်သားတွေကို ကမ္ဘာကိုခေါ်ဖို့ ဝင်ပေါက်ဖွင့်တဲ့နေရာမှာ အသုံးပြုခဲ့ပါတယ်၊
လက်ရှိကတော့ Asgard ဂြိုလ်ပေါ်မှာ သိမ်းဆည်းခဲ့ရင်း Thor: Ragnarok ကားအဆုံးမှာ လိုကီ ခိုးယူခဲ့တာကို တွေ့ရမှာပါ)၂။ Reality Stone aka Aether (Red)
( စကြဝဠာကို Big Bang မတိုင်ခင်အထိတောင် ပြန်ပြောင်းပစ်နိုင်ပါတယ်။
Thor 2: The Dark World မှာ ပါလာခဲ့ပြီး နောက်ဆုံး credit scene မှာ Collector ဆိုသူဆီမှာ သိမ်းဆည်းထားပါတယ်)၃။ Power Stone (Purple Orb)
( ဂြိုလ်တစ်ခုလုံးကို အသာလေးဖျက်ပစ်လို့ရတဲ့ raw power တွေပါပါတယ်။
Guardian of the Galaxy 1 မှာ ပါဝင်ခဲ့ပြီး Xander က Nova Corps စစ်တပ်လက်ထဲမှာ သိမ်းဆည်းထားပါတယ်။)၄။ The Time Stone ( The Eye of Agomotto, Green)
( အချိန်ကို လိုသလိုအသုံးချနိုင်ပါတယ်။ Doctor Starnge ဇာတ်လမ်းမှာ ပါဝင်လာပြီး လက်ရှိ ဒေါက်တာ စထ်ရိန့်က စောင့်ရှောက်ထားပါတယ်)၅။ Mind Stone (Yellow)
( ဉာဏ်ရည်ကို မြှင့်တင်ခြင်းနဲ့ စိတ်ညို့ခြင်းတွေ ပြုလုပ်နိုင်ပါတယ်။ Avengers 1 မှာ ပါဝင်ခဲ့ပြီး လက်ရှိ Vision ရဲ့ နဖူးထဲမှာ မြှပ်ထားတာပါ)၆။ Soul Stone (Orange)
( သက်ရှိ သက်မဲ့ အခြေအနေတွေကို ထိန်းချုပ်နိုင်ပါတယ်။ Planet Vormir မှာရှိပါတယ်။ )အဆိုပါ ကျောက်တုံး ၆ တုံးကို သုံးနိုင်ဖို့ Infinity Gauntlet ဆိုတဲ့ လက်အိတ်ကို လိုပါတယ်။ အဲဒီလက်အိတ်ကိုတော့ Thanos ပိုင်ဆိုင်ထားပါတယ်။
ဒီလောက်ဆို Marvel Universe ကိုကြည့်ဖို့ အကြမ်းဖျဉ်းလုံလောက်ပြီ ထင်ပါတယ်။
1975-1977 နှစ်တွေမှာ အိန္ဒိယနိုင်ငံဟာ အရေးခင်းကာလဖြစ်ပြီး အရေးပေါ်ထုတ်ပြန်ချက်တွေ ထုတ်ပြန်ထားပြီး တိုင်းပြည်ရဲ့ လူဦးရေ တစ်ဝက်လောက်က ဆန္ဒတွေပြ သပိတ်တွေ မှောက်ပြီး ထောင်ထဲတွေ ရောက်နေပါတယ်။အစိုးရဆိုတာ နာမည်သာ ရှိပြီး ပြည်သူလူထုကို ကြည့်ရှုစောင့်ရှောက်နိုင်တာကလည်း ဆိုင်ရာ ဆိုင်ရာ အကြီးအကဲတွေ ဘုရင်မျိုးရိုးဟောင်းတွေပဲ တာဝန်ယူစောင့်ရှောက်ပေးနေတာပါ။ရာဂျစ်တန် မြို့ကိုလည်း ဘုရင်ကြီး ဆုံးပါးသွားပေမယ့်
အသက်အရွယ်နဲ့ မလိုက်အောင် ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ မင်းသမီး ဂီတန်ဂျလီက ကူညီပေးနေပါတယ်။ဘုရင်စနစ်က ဖြတ်သိမ်းလိုက်ပြီ့ ဘုရင့်အခွန်ထမ်း စနစ်လည်း မရှိတောပေမယ့် မျိုးရိုးစဉ်ဆက် ပိုင်ဆိုင်လာတဲ့ ဘဏ္ဍာတွေနဲ့ပဲ ပြည်သူတွေကို ထောက်ပံ့နေပါတယ်
ပြသနာရဲ့ အစပဲ ပြောရမလား ပါတီတစ်ခုမှာ အစိုးရအာဏာကို လွဲအပ်ထားတဲ့ ဆန်ဂျီးဒ်ဆိုတဲ့ အာဏာပိုင်က အမျိုးသမီးတစ်ဦးတည်း ဖြစ်တဲ့ ဂီတန်ဂျလီကို ထိကပါးယိကပါးလုပ်မယ်ကြံပေမယ့် ဘုရင့်သွေးဖြစ်တဲ့ ဂီတန်ဂျလီကို ထိလို့တောင် မရခဲ့ပါဘူး့ပါတီပွဲက လူပုံအလယ်မှာ အရှက်ကွဲခဲ့ရတဲ့ ဆန်ဂျီးဒ်က ရှက်ရမ်းရမ်းပြီး ယုတ်မာဖို့ ကြံစည်ပါတော့တယ့်ဘုရင်စနစ်ဖြတ်သိမ်းပြီး ဘုရင့်အခွန်စနစ် ဖြတ်သိမ်းလိုက်ရင် ဘုရင်မျိုးရိုးတွေက ပိုင်ဆိုင်သမျှ ဘဏ္ဍာအားလုံးကို အစိုးရလက်
ထဲကို ပြန်အပ်ရပါတယ်။ဂီတန်ဂျလီကတော့ တိုင်းရေးပြည်ရေး အခက်အခဲတွေမှာ သူ့လက်အောက်က ပြည်သူတွေ အတွက် အသုံးချဖို့ ဘဏ္ဍာတွေကို မအပ်ခဲ့ပါဘူးဒီဘဏ္ဍာတွေရှိတာကို သိပြီး ဆန်ဂျီးဒ် ယုတ်မာပါတော့တယ့်အာဏာကို အလွဲသုံးစားလုပ်ပြီး ဘဏ္ဍာတွေကို အပိုင်သိမ်းပြီး ဂီတန်ဂျလီကို ဖမ်းချုပ်ခဲ့ပါတော့တယ့် ဘဏ္ဍာအားလုံးကို ဒေလီက ဆန်ဂျီးဒ်ဆီကို ပို့ပေးဖို့ တာဝန်ပေးခဲ့ပါတယ့်ဒီအချိန်မှာတော့ ဂီတန်ဂျလီရဲ့ အခက်အခဲဖြေရှင်းပေးဖို့ ဘဝါးနီးဆင့် တစ်
ယောက် ရောက်လာခဲ့ပါတော့တယ့်” လေးရက်တာ ဘဝပဲ့ ဒီနေ့က လေးရက်မြှောက်နေ့ ဒီလို တွေးခေါ်ပြီး နေထိုင်တာ “ဘဝါးနီးဆင့်ဆိုတာ ဂီတန်ဂျလီရဲ့ သက်တောင်စောင့်ဟောင်း တစ်ယောက်နုနယ်တဲ့ အတွေ့အကြုံနဲ့ သူ(မ)ကို အကောင်းဆုံး ကူညီပေးပြီး အဖက်ဖက်က ပံ့ပိုးပေးခဲ့သူ အကြောင်းအမျိုးအမျိုးကြောင့် ဂီတန်ဂျလီနားက ထွက်သွားခဲ့ရပေမယ့် သူ(မ) ဒုက္ခရောက်နေတော့ အပြေးရောက်လာတဲ့ လူမျိုးဂီတန်ဂျလီက သူ့လွတ်ဖို့ထက့် ဒေလီကို ပို့မယ့် ဘဏ္ဍာတွေကိုသာ
ပြန်အရယူခိုင်းခဲ့ပါတယ့်ဘဝါးနီးတစ်ယောက် ဘဏ္ဍာတွေကို လမ်းက ဖြတ်လုဖို့ အစီအစဉ်ဆွဲရပါတော့တယ့် ဒီအချိန်မှာတော့ သူ့ရဲ့ ဘော်ဒါတွေ ဖြစ်တဲ့ ဂူရုကြီးနဲ့ ဒလီယားတို့နဲ့ အတူ ဘဏ္ဍာတွေကို ပြန်လုပါတော့တယ်ဘဝါးနီး ဂူရုကြီးနဲ့ ဒလီးယားတို့ အပြင် ဂီတန်ဂျလီရဲ့ လူယုံတစ်ယောက်ဖြစ်တဲ့ ဆန်ဂျနာကပါ ဝင်ရောက်ကူညီပေးခဲ့ပြီး ဘဏ္ဍာတွေသယ်သွားတဲ့ကို လုဖို့ ဖြစ်လာပါတော့တယ့်သူတို့စီစဉ်ထားသလို အလွယ်တကူပဲ ဖြစ်မလားး့ဒါပေမဲ့ ဒီကားကို တာဝန်ယူ ပို့ဆောင်ပေး
မယ့်သူကတော့ မေဂျာ ဆဟဲရ် ဆင့်
့
ဘဝါနီး(အဂျေးဒီဗန်) , ဒလီယား (အင်မရန်းဟက်ရှ်မီး) မေဂျာဆဟဲရ်ဆင့် (ဗစ်ဒ်ရွှတ်ဂျမာဝဲလ်) တို့ရဲ့ ထိပ်တိုက်တွေ့မှုကြီးကို အက်ရှင်အလန်းစားတွေနောက်ခံအသံအမှန်အကန်ကြီးတွေနဲ့ ခံစားကြည့်လိုက်ပါဦး။
1975-1977 နှစ်တွေမှာ အိန္ဒိယနိုင်ငံဟာ အရေးခင်းကာလဖြစ်ပြီး အရေးပေါ်ထုတ်ပြန်ချက်တွေ ထုတ်ပြန်ထားပြီး တိုင်းပြည်ရဲ့ လူဦးရေ တစ်ဝက်လောက်က ဆန္ဒတွေပြ သပိတ်တွေ မှောက်ပြီး ထောင်ထဲတွေ ရောက်နေပါတယ်။အစိုးရဆိုတာ နာမည်သာ ရှိပြီး ပြည်သူလူထုကို ကြည့်ရှုစောင့်ရှောက်နိုင်တာကလည်း ဆိုင်ရာ ဆိုင်ရာ အကြီးအကဲတွေ ဘုရင်မျိုးရိုးဟောင်းတွေပဲ တာဝန်ယူစောင့်ရှောက်ပေးနေတာပါ။ရာဂျစ်တန် မြို့ကိုလည်း ဘုရင်ကြီး ဆုံးပါးသွားပေမယ့်
အသက်အရွယ်နဲ့ မလိုက်အောင် ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ မင်းသမီး ဂီတန်ဂျလီက ကူညီပေးနေပါတယ်။ဘုရင်စနစ်က ဖြတ်သိမ်းလိုက်ပြီ့ ဘုရင့်အခွန်ထမ်း စနစ်လည်း မရှိတောပေမယ့် မျိုးရိုးစဉ်ဆက် ပိုင်ဆိုင်လာတဲ့ ဘဏ္ဍာတွေနဲ့ပဲ ပြည်သူတွေကို ထောက်ပံ့နေပါတယ်
ပြသနာရဲ့ အစပဲ ပြောရမလား ပါတီတစ်ခုမှာ အစိုးရအာဏာကို လွဲအပ်ထားတဲ့ ဆန်ဂျီးဒ်ဆိုတဲ့ အာဏာပိုင်က အမျိုးသမီးတစ်ဦးတည်း ဖြစ်တဲ့ ဂီတန်ဂျလီကို ထိကပါးယိကပါးလုပ်မယ်ကြံပေမယ့် ဘုရင့်သွေးဖြစ်တဲ့ ဂီတန်ဂျလီကို ထိလို့တောင် မရခဲ့ပါဘူး့ပါတီပွဲက လူပုံအလယ်မှာ အရှက်ကွဲခဲ့ရတဲ့ ဆန်ဂျီးဒ်က ရှက်ရမ်းရမ်းပြီး ယုတ်မာဖို့ ကြံစည်ပါတော့တယ့်ဘုရင်စနစ်ဖြတ်သိမ်းပြီး ဘုရင့်အခွန်စနစ် ဖြတ်သိမ်းလိုက်ရင် ဘုရင်မျိုးရိုးတွေက ပိုင်ဆိုင်သမျှ ဘဏ္ဍာအားလုံးကို အစိုးရလက်
ထဲကို ပြန်အပ်ရပါတယ်။ဂီတန်ဂျလီကတော့ တိုင်းရေးပြည်ရေး အခက်အခဲတွေမှာ သူ့လက်အောက်က ပြည်သူတွေ အတွက် အသုံးချဖို့ ဘဏ္ဍာတွေကို မအပ်ခဲ့ပါဘူးဒီဘဏ္ဍာတွေရှိတာကို သိပြီး ဆန်ဂျီးဒ် ယုတ်မာပါတော့တယ့်အာဏာကို အလွဲသုံးစားလုပ်ပြီး ဘဏ္ဍာတွေကို အပိုင်သိမ်းပြီး ဂီတန်ဂျလီကို ဖမ်းချုပ်ခဲ့ပါတော့တယ့် ဘဏ္ဍာအားလုံးကို ဒေလီက ဆန်ဂျီးဒ်ဆီကို ပို့ပေးဖို့ တာဝန်ပေးခဲ့ပါတယ့်ဒီအချိန်မှာတော့ ဂီတန်ဂျလီရဲ့ အခက်အခဲဖြေရှင်းပေးဖို့ ဘဝါးနီးဆင့် တစ်
ယောက် ရောက်လာခဲ့ပါတော့တယ့်” လေးရက်တာ ဘဝပဲ့ ဒီနေ့က လေးရက်မြှောက်နေ့ ဒီလို တွေးခေါ်ပြီး နေထိုင်တာ “ဘဝါးနီးဆင့်ဆိုတာ ဂီတန်ဂျလီရဲ့ သက်တောင်စောင့်ဟောင်း တစ်ယောက်နုနယ်တဲ့ အတွေ့အကြုံနဲ့ သူ(မ)ကို အကောင်းဆုံး ကူညီပေးပြီး အဖက်ဖက်က ပံ့ပိုးပေးခဲ့သူ အကြောင်းအမျိုးအမျိုးကြောင့် ဂီတန်ဂျလီနားက ထွက်သွားခဲ့ရပေမယ့် သူ(မ) ဒုက္ခရောက်နေတော့ အပြေးရောက်လာတဲ့ လူမျိုးဂီတန်ဂျလီက သူ့လွတ်ဖို့ထက့် ဒေလီကို ပို့မယ့် ဘဏ္ဍာတွေကိုသာ
ပြန်အရယူခိုင်းခဲ့ပါတယ့်ဘဝါးနီးတစ်ယောက် ဘဏ္ဍာတွေကို လမ်းက ဖြတ်လုဖို့ အစီအစဉ်ဆွဲရပါတော့တယ့် ဒီအချိန်မှာတော့ သူ့ရဲ့ ဘော်ဒါတွေ ဖြစ်တဲ့ ဂူရုကြီးနဲ့ ဒလီယားတို့နဲ့ အတူ ဘဏ္ဍာတွေကို ပြန်လုပါတော့တယ်ဘဝါးနီး ဂူရုကြီးနဲ့ ဒလီးယားတို့ အပြင် ဂီတန်ဂျလီရဲ့ လူယုံတစ်ယောက်ဖြစ်တဲ့ ဆန်ဂျနာကပါ ဝင်ရောက်ကူညီပေးခဲ့ပြီး ဘဏ္ဍာတွေသယ်သွားတဲ့ကို လုဖို့ ဖြစ်လာပါတော့တယ့်သူတို့စီစဉ်ထားသလို အလွယ်တကူပဲ ဖြစ်မလားး့ဒါပေမဲ့ ဒီကားကို တာဝန်ယူ ပို့ဆောင်ပေး
မယ့်သူကတော့ မေဂျာ ဆဟဲရ် ဆင့်
့
ဘဝါနီး(အဂျေးဒီဗန်) , ဒလီယား (အင်မရန်းဟက်ရှ်မီး) မေဂျာဆဟဲရ်ဆင့် (ဗစ်ဒ်ရွှတ်ဂျမာဝဲလ်) တို့ရဲ့ ထိပ်တိုက်တွေ့မှုကြီးကို အက်ရှင်အလန်းစားတွေနောက်ခံအသံအမှန်အကန်ကြီးတွေနဲ့ ခံစားကြည့်လိုက်ပါဦး။
ဒီတခါဘောလီဝုဒ်ပရိတ်သတ်ကြီးအတွက် အက်ရှင်ခပ်ကြမ်းကြမ်းကားတစ်ကားတင်ဆက်ပေးလိုက်ပါတယ် ရုပ်ရှင်ကားကထွက်တာကြာပြီဆိုပေမယ့်စာဖိုင်အမှန်မထွက်သေးလို့ မတင်ပေးနိုင်ဖြစ်နေတာပါ အခုဟာကလည်းအမှန်ဆုံးလို့ထင်ရတဲ့ အင်္ဂလိပ်စာဖိုင်ကို နားထောင်ကြည့်ပြီးအမှန်ဆုံးဖြစ်အောင်ရေးပေထားပါတယ် ဟန္ဒီ/အူရ်ဒူစကေးသိပ်မကောင်းတော့
အမှားတွေလိုအပ်ချက်တွေပါရင် သည်းခံပေးကြဖို့ မေတ္တာရပ်ခံထားပါရစေ။—————————————————————————-ဇာတ်လမ်းကတော့ နီဟာဆိုတဲ့မိန်းကလေးတစ်ဦးဟာ သူ့သမီးလေးကို ကျောင်းသွားပို့ရင်းကလေးကို ပြန်ပေးဆွဲခံလိုက်ရပါတယ်။ အချိန်အတော်ကြာအောင် နည်းလမ်းမျိုးစုံနဲ့ကြိုးစားခဲ့ပေမယ့်သူ့သမီးကို လုံးဝရှာမတွေ့ခဲ့ပါဘူး အဲ့ဒီအချိန်မှာ လွန်ခဲ့တဲ့ ၄နှစ်ကျော်ကရည်းစားဟောင်း ရောနီဆီကိုအကူအညီတောင်းခဲ့ပါတယ် ရော်နီတစ်ယောက်
ကလေးလေးကို ရှာတွေ့မလား နီဟာဘာကြောင့်ရော်နီကို အကူအညီတောင်းခဲ့တာလဲ နောက်ကွယ်မှာ ဘာပြသနာတွေရှိနေမလဲဆိုတာပရိတ်သတ်ကြီးကပဲ ဆက်လက်ကြည့်ရှု့လိုက်ကြပါဦး#အက်ရှင်ခပ်ကြမ်းကြမ်းမှကြိုက်တဲ့လူူတွေလုံးဝကို လက်အလွတ်မခံသင့်ပါဘူး
ဘုရင့် သက်တော်စောင့် ကက်တာပါးက မဟစ်ရှ်မာတီ နိုင်ငံတော်က ထီးညွန့်နန်းလျာ အမန်ဒရာဘာဟုဘာလီကို သူ ကိုယ်တိုင် ဘာကြောင့်သတ်ဖြတ် ပစ်ရတဲ့အကြောင်းကို သားဖြစ်သူ မဟင်ဒရာဘာဟုဘာလီကို ရှင်းပြတဲ့ပုံစံနဲ့ ဇာတ်လမ်းဆက်ထား တာပါ။ဆူပူသောင်းကျန်းတဲ့ မ ကောင်းဆိုးဝါးတွေ နှိမ်နင်းအပြီး မှာတော့ ဘုရင်မကြီးဆီဗာဂါမိ ဟာ သားဖြစ်တဲ့ အမန်ဒရာဘာဟု ဘာလီကို ထီးနန်းဆက်ခံမယ့်သူ အဖြစ် ကြေညာခဲ့ပြီး တူဖြစ်တဲ့ ဘာလာကိုတော့ စစ်သူကြီးအဖြစ်
ကြေညာခဲ့ပါတယ်။ ဘုရင်မကြီး က အမန်ဒရာကို တပ်မှူးကက် တာပါးနဲ့အတူ အနီးဝန်းကျင်က နိုင်ငံတွေနဲ့ ပြည်သူတွေကြားကို လေ့လာဖို့ စေလွှတ်ခဲ့ပါတယ်။အဲဒီလိုသွားရင်းနဲ့ တစ်နေ ရာအရောက်မှာတော့ တိုက်ရေး ခိုက်ရေးကျွမ်းကျင်ပြီး ထက်မြက် တဲ့ ကန်တာလာနိုင်ငံက မင်းသမီး ဒီဗာဆီနာနဲ့ဆုံခဲ့ပြီး မင်းသမီးကို သဘောကျမိတဲ့အတွက် အမန် ဒရာဟာ သာမန်လူတစ်ဦးပုံစံနဲ့ ချဉ်းကပ်ကာ မင်းသမီးရဲ့နိုင်ငံကို ကက်တာပါးနဲ့အတူ လိုက်သွားခဲ့ ပါတယ်။
တစ်ဖက်မှာလည်း ဘုရင်မ ကြီး ဆီဗာဂါမိဟာ ရန်သူနိုင်ငံက မင်းသမီး ဒီဗာဆီနာနဲ့ တူတော် ဘာလာကို နှစ်နိုင်ငံငြိမ်းချမ်းရေး အတွက် လက်ဆက်ဖို့ ကမ်းလှမ်း စာပို့ခဲ့ပါတယ်။ မင်းသမီးက ငြင်း ဆန်ခဲ့တဲ့အတွက် ဘုရင်မကြီး အမျက်ထွက်ပြီး ကန်တာလာကို တိုက်ခိုက်ဖို့ အမိန့်ပေးခဲ့ပါတော့ တယ်။ မင်းသမီး ဒီဗာဆီနာတို့ နိုင်ငံကို ရန်သူတွေကျူးကျော်ဝင် လာတဲ့အခါမှာ အမန်ဒရာက ကူညီတိုက်ခိုက်ပေးခဲ့ပြီး သူ့ရဲ့ အံ့မခန်းစွမ်းအားတွေကြောင့် မင်းသမီးရော၊ ဟန်တာလာဘုရင်ကြီး
ရော အံ့အားသင့်ခဲ့ကြပါတယ်။ထူးခြားအစွမ်းတွေကြောင့် သာမန်လူ မဟုတ်တန်ရာတဲ့အ တွက် မေးမြန်းရင်း ဘုရင်မကြီးရဲ့ သားတော်ဆိုတာ သိသွားခဲ့ကြပြီး အမန်ဒရာက မင်းသမီးကို သ ဘောကျကြောင်း ဖွင့်ပြောခဲ့သလို ဘုရင်မကြီးကလည်း လက်ထပ်ဖို့ ကမ်းလှမ်းထားတာလည်း ရှိတဲ့အ တွက် မင်းသမီးကို တစ်ပါတည်း ခေါ်သွားခဲ့ပါတယ်။ဟိုဘက်နိုင်ငံရောက်တဲ့အ ခါမှာ မင်းသမီးဒီဗာဆီနာကို ဘာ လာနဲ့ပေးစားဖို့ ကမ်းလှမ်းတာဖြစ် နေတဲ့အတွက် ဘုရင်မကြီး၊ အမန်ဒရာနဲ့
မင်းသမီးတို့ အချေအတင် တွေဖြစ်ကာ အမန်ဒရာက သူ့ မယ်တော်ကို ဆန့်ကျင်ပြီး သူ့ လမ်းသူလျှောက်ခဲ့တဲ့အတွက် ရာထူးအသိမ်းခံခဲ့ရပါတယ်။ဘာလာက ရှင်ဘုရင်ဖြစ် သွားခဲ့ပေမယ့် လူထုကတော့ စစ်သူကြီးဖြစ်သွားတဲ့ အမန်ဒရာဘက်ကသာ ရပ်တည်ပြီး ထောက်ခံအားပေးခဲ့ကြပါတယ်။ အဲဒီအခါမှာ အမန်ဒရာအပေါ် မရှုဆိတ်တဲ့ဘာလာဟာအမျိုးမျိုးဒုက္ခတွေပေးခဲ့သလို ပြဿနာတွေဖြေရှင်းမှုမှာ လည်း ထိပ်တိုက်တွေ့ပြီး အသက်အန္တရာယ်အထိပါ ဒုက္ခပေးဖို့လုပ်ခဲ့ပါတော့
တယ်။ပြည်သူတွေဘက်က ရပ်တည်တဲ့ အမန်ဒရာနဲ့ မဟုတ်မခံမင်းသမီး ဒီဗာဆီနာတို့ ဘယ်လိုအန္တရာယ်တွေ ရင်ဆိုင် ရမှာလဲ၊ ဘုရင်မကြီးနဲ့ ဘာလာက တစ်ဖက်၊ အမန်ဒရာတို့ က တစ်ဖက်ဖြစ်လာတဲ့အခါမှာ ဘာတွေဆက်ဖြစ်ကြမှာလဲ၊ အမန်ဒရာရဲ့ ဖြစ်ကြောင်းကုန်စင်ကိုသိသွားတဲ့ သားဖြစ်သူ မဟင်ဒရာဘာဟုဘာလီတစ်ယောက် ဘယ်လိုလက်တုံ့ပြန် မှာလဲဆိုတာ ကြည့်လိုက်ဦးနော်။ဒီဇာတ်ကားမှာ အမန်ဒရာ ဘာဟုဘာလီ၊ မဟင်ဒရာ ဘာဟု ဘာလီအဖြစ် ပရာဘက်စ်၊
ဘာလာအဖြစ် ရာနာ ဒက်ဂူဘာတီ၊ ဒီဗာဆီနာအဖြစ် အနွတ်ရှ်ကာ ရှက်တီ၊ ဘုရင်မကြီး ဆီဗာဂါမိ အဖြစ် ရမ်ရာခရစ်ရှ်နာ၊ ကက်တာပါးအဖြစ် ဆက်သ်ရာရာ့ဂျ်တို့ သရုပ်ဆောင်ထားပါတယ်။
(ရုပ်ရှင်အညွှန်းကိုတော့ 7Daydaily မှကူးယူဖော်ပြထားတာဖြစ်ပြီး ဘာသာပြန်ကတော့
IMDb Rating (8.8/10) ထိရရှိထားတဲ့ Action, Adventure, History အမျိုးအစား Bollywood ရာဇဝင်ဇာတ်ကားပါ။ရှေးခေတ်အိန္ဒိယတိုင်းပြည် က အင်အားကြီးဘုရင်တွေနဲ့ ဒဏ္ဍာရီဆန်တဲ့ ဇာတ်လမ်းတွေကို ဖော်ကျူးရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ရှီဗာဆိုတဲ့ မွေး ကင်းစကလေးငယ်လေးနဲ့ သူ့ရဲ့ အထိန်းတော်ဖြစ်သူတို့ကို ဘုရင့် မှူးမတ်တွေက လိုက်ပြီးတော့ သုတ်သင်ပါတယ်။ ထွက်ပြေးရင်း လမ်းခုလတ်အရောက်မှာ သူ့ရဲ့ အထိန်းတော်ဖြစ်သူက ကွယ်လွန်
သွားခဲ့ပြီး ရှီဗာဆိုတဲ့ ကလေးလေးကို ဒေသခံရွာသားတွေက စောင့်ရှောက်ခဲ့ပါတယ်။ရှီဗာ တဖြည်းဖြည်းကြီးလာ တဲ့အခါ တခြားလူငယ်တွေနဲ့မတူ ဘဲ သန်မာပြီးရဲရင့်တဲ့လူငယ်တစ် ယောက်ဖြစ်လာတယ်။ သူကြီး ပြင်းခဲ့တဲ့ရွာနဲ့ မနီးမဝေး တောင် ပေါ်မှာ ရှေးဟောင်းဘုရင့် တိုင်း ပြည်တစ်ခုရှိပြီး အဲဒီတိုင်းပြည်မှာ အကျဉ်းကျနေတဲ့ ဘုရင်မတစ် ပါးရှိတယ်။ တစ်ရက်မှာ ရှီဗာက တောင်ပေါ်တက်ဖို့ ကြိုးစားရင်း အရမ်းလှတဲ့ အမျိုးသမီး တစ် ယောက်ကို တွေ့ခဲ့တယ်။ ဒီအမျိုး သမီးနောက်ကို
လိုက်ဖို့ကြိုးစား ရင်းနဲ့ပဲ တောင်ပေါ်အထိ ရောက် ခဲ့ပြီး တောင်ပေါ်မှာ မျိုးနွယ်စုတစ် စုကို တွေ့ရတယ်။အဲဒီမျိုးနွယ်စုက ဘုရင့်တိုင်း ပြည်က အကျဉ်းကျနေတဲ့ ဘုရင် မကို ကယ်ဖို့ ကြိုးစားနေတာဖြစ် တယ်။ တိုတိုပြောရရင် ရှီဗာက သူကြိုက်တဲ့ ကောင်မလေးကို ကူ ညီဖို့ကြိုးစားရင်း အကျဉ်းကျနေ တဲ့ ဘုရင်မကို ကယ်ဖို့ဖြစ်လာ တယ်။ အဲဒီဘုရင်မက တကယ် တော့ ရှီဗာရဲ့ မိခင်အရင်းဖြစ်ပါ တယ်။ ဇာတ်ကားက တော်တော် ပေရှည်ပါတယ်။ အဲဒီနောက်မှာ ဒီတိုင်းပြည်ကြီးမှာ ရှီဗာမ
သိတဲ့ ဇာတ်ကြောင်းတွေ ကျန်ပါတယ်။ သူ့အဖေ၊ အမေ၊ တိုင်းပြည်ကြီး အကြောင်း၊ စစ်ပွဲတွေအကြောင်း တွေ အများကြီးပါ။ နောက်ဆက်တွဲအကြောင်းတွေနဲ့ ဒီဇာတ်ကားရဲ့ အဆက်ကိုတော့ ၂၀၁၆ မှာရုံတင်မယ်လို့လဲ ကြေငြာထားပါတယ်။(ရုပ်ရှင်အညွှန်းကို 7Daydaily မှကူးယူဖော်ပြပါသည်။)
IMDb Rating -7/10 Google User – 86% Genre – Crime/Thriller Duration – 2hr2mins ဒီတစ်ခေါက် တင်ဆက်ပေးလိုက်တဲ့ ဇာတ်ကားက ချန်နယ်မြန်မာမှာ တောင်းဆိုမှုအများဆုံးဇာတ်ကား တစ်ကားဆိုရင် မမှားပါဘူး။ အချစ်အတွက်နဲ့ တောင်ဖြိုပြခဲ့တဲ့ မြန်မာပရိသတ်တွေရဲ့ အကြိုက်မင်းသားကြီး Nawazuddin Siddiqui ရဲ့ 2017 က ထွက်တဲ့ ဂန်းစတား ဘဝ သရုပ်ဖော် ဘောလိဝုဒ်ဇာတ်ကားဖြစ်ပါတယ်။ (2017 ကားက 2018နှစ်ကုန်ပိုင်းမှ ကြည်တောက်ရှင်းထွက်လာပြီး 2019နှစ်သစ်မှာ စာဖိုင် ထွက်လာလို့ပါ။) သဘာဝကျတဲ့ ဇာတ်ရုပ်တွေကိုအပိုအလိုမရှိ သရုပ်ဆောင်တတ်တဲ့မင်းသားကြီးရဲ့ ကားဆိုတော့မကောင်းမှာ မပူရသလို၊လူ့သဘာဝနဲ့ လူ့စိတ်ကို အကောင်းဆုံး ပြသပေးတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။ အပစ်အခတ် အသတ်အပုတ်တွေ ကြမ်းသလို၊ အချစ်ခန်းတွေကလည်း ကြမ်းပါတယ်။ ဒါ့အပြင် ဒီကားက မင်းသမီး Bidita Bag လက်စွမ်းပြလိုက်တဲ့ဇာတ်ကားဆိုရင်လည်း မမှားပါဘူး။ ပီပြင်လှတဲ့ သရုပ်ဆောင်ချက်တွေကို လက်ဖျားခါရပါတယ်။ ဇာတ်ကားအကြောင်းအရာကို မညွှန်းတော့ပါဘူး။ တစ်ခါတစ်လေဇာတ်လမ်းအကြောင်းအရာကို ဖတ်ကြည့်တာထက်ကိုယ်တိုင်ကြည့်လိုက်တာက ပိုကောင်းလို့ပါ။ ပြောလိုတာကတော့မြန်မာပြည်က ဂန်းစတားတွေလိုစကားတွေအများကြီး မပြောပါဘူး။ မျက်နှာတွေ ရှုံ့မပြပါဘူး။ မျက်နှာ အမူအရာတွေ ၊မျက်လုံးအကြည့်တွေ၊သီချင်းတွေနဲ့တင် မြိုင်ဆိုင်ပြည့်စုံနေတဲ့ကြေးစားလူသတ်သမား၂ယောက်ရဲ့ ကစားပွဲပါ။ ဒီကစားပွဲကို ပြည့်စုံစေဖို့ နိုင်ငံရေးလောကထဲဝင်မယ့် လူမိုက်ကြီးတွေကလည်း အားဖြည့်ထားပါတယ်။ “ရသမပါတဲ့ အနုပညာက ဆားမပါတဲ့ဟင်းနဲ့တူတယ်၊ဘဝအမောတွေ ပြေပျောက်စေသည်မှာ ရသပင်ဖြစ်သည်” တဲ့။ဆရာဇော်ဂျီရဲ့ အဆိုအမိန့်ကလည်း ရှိခဲ့တယ်။ ဒီတော့ ဘဝအမောတွေကို ပြေပျောက်စေဖို့သဘာဝစစ်စစ်ကို ရသလေး ဖြည့်ပြီးကျွန်တော်တို့ရဲ့ နှလုံးသားကို အဟာရလေး ရစေမှာပါ။ ရေခဲသေတ္တာထဲက အအေးဘူးထက်ကမ်းခြေက အုန်းသီးရေက ပိုပြီး အရသာရှိသလိုမျိုး။ အကောင်းစားအရက်ကို အကောင်းဆုံးအမြည်းနဲ့နာမည်ကြီး ဆိုင်မှာ သောက်ရတာထက်တခါတလေ နားအေးပါးအေးကွင်းလယ်က ဖျာစုတ်တစ်ချပ်ပေါ်ထိုင်ပြီး ထန်းရေကို ပဲလှော်နဲ့ မြည်းကြရအောင်လားဗျာ….။ ဒီဇာတ်ကားလေးကို ကြည့်ရှုပြီးကြရင် ခံစားမိသမျှကို ကျွန်တော်တို့ထက်ပိုကောင်းတဲ့Reviews လေးတွေ ရေးဖြစ်ကြမယ်လို့မျှော်လင့်ပါတယ်၊ စောင့်မျှော်လျက်ပါပဲဗျာ။ (အရွယ်မရောက်သေးသူတွေ၊မိသားစုနဲ့အတူကြည့်မယ့်သူတွေ အတွက်တော့ တချို့ဇာတ်ဝင်ခန်းတွေနဲ့ ပြောစကားတွေဟာ ကြမ်းတမ်းမယ် ထင်ပါတယ်)
2017 ရဲ့ အလန်းဆုံး ရေပန်းအစားဆုံး Action Triller Comedy Crime Music ဇာတ်ကားလေး လာပါပြီ။ နိုင်ငံတကာရုပ်ရှင် ဝေဖန်သူတွေကြားမှာလည်း နာမည်ကောင်းရထားပြီး ပရိသတ်အများအပြား ချီးမွမ်းနေကြတဲ့ဇာတ်ကားလေးပါ။ Rating အနေနဲ့လည်းIMDb Rating …8.1 Rotten Tomattoes Rating…. 94% အထိ ရထားပြီး Box offices မှာလည်း ရင်းနှီးမြုပ်နှံငွေ USD 34 million သာရှိခဲ့ပေမယ့် အမြတ်ငွေ USD 213.7 million ရတဲ့အထိကို အောင်မြင်ခဲ့ပါတယ်။ Baby Driver အောင်မြင်ရခြင်းကလည်း Computer Generated Image (CGI) effect တွေနဲ့ ဇာတ်ကားအများအပြားကြားမှာ CGI effect အနည်းဆုံးနဲ့ တကယ့် စတန့်သမားတွေနဲ့ အပီပြင်ဆုံး ရိုက်ကူးထားနိုင်လို့ပါပဲ။ ဒီဇာတ်ကားကို ဒါရိုက်တာ Edgar Wright ကိုယ်တိုင် ဇာတ်လမ်းရေးသားပြီး ကိုယ်တိုင်ဒါရိုက်တာလုပ် ရိုက်ကူးခဲ့တာပါ။ Music အမျိုးအစားကားဖြစ်လို့လည်း ဇာတ်ဝင်တေးပေါင်း ၃၀ တိတိနဲ့ အသုံးပြုထားပြီး အမြဲတန်းလိုလို သီချင်းသံလေးတွေ ကြားနေရမှာပါ။ ( သီချင်းတွေများလွန်းလို့ထင်တယ် မင်းသမီးအတွက် အသုံးပြုထားတဲ့ T.rex သီဆိုထားတဲ့ Debora ဆိုတဲ့သီချင်းကို CopyRight ခွင့်မတောင်းမိလို့ ထုတ်လုပ်တဲ့ Sony ကုမ္ပဏီက တရားရင်ဆိုင်ရမှာ ဖြစ်ပါတယ်) ဆုတွေအနေနဲ့လည်း Golden Trailer Award 2017 မှာ Best Action ဇာတ်ကားဆု၊ International Online Cinema Awards 2017 မှာ Best Editing ဆု Best Song Mixingဆု Best Song Editing ဆု SXSW Flim Festival 2017 မှာ ဒါရိုက်တာ Edgar Wright က Headliner ဆုတွေရခဲ့ပါတယ်။ ဒါ့အပြင် ငယ်ငယ်ကတည်းက ကားအက်ဆီးဒင့်ဖြစ်ပြီး စိတ်ဒဏ်ရာရှိထားတဲ့ သီချင်းတွေကို ရူးသွပ်တဲ့ ကောင်လေးနေရာကနေ ပီပီမြင်မြင်သရုပ်ဆောင်သွားတဲ့ မင်းသားလေး Ansel Egort လည်း Cinemacon က ချီးမြှင့်တဲ့ Male Star of Tomorrow award ကို ထိုက်ထိုက်တန်တန် ဆွတ်ခူးထားပြီးပါပြီ။ ဇာတ်လမ်းကိုတော့ မပြောပြတော့ပါဘူး ပထမတစ်ခန်းထဲနဲ့ကို ပရိသတ်ကို ဆွဲယူခေါ်ဆောင်သွားမယ့် စောင့်ရကျိုးနပ်တဲ့ ဇာတ်ကားလေးပါပဲ
mmbusticketသွေးအေးအေးနဲ့ကြမ်းတဲ့ကားလေးလာပါပြီအငြိုးအတေးနဲ့ကလဲ့စားကားတွေဆို ပီပီပြင်ပြင်ရိုက်တတ်တဲ့ဘောလိဝုဒ်ရဲ့အထာအတိုင်း ဒီကားလေးထဲမှာလည်းရင်နင့်ဖွယ်ရာအဖြစ်အပျက်ကိုတွေ့ရမှာပါဇာတ်လမ်းအညွှန်းကတော့ ရက်ဂျ်ဟူးနဲ့မီရှာတို့ဟာ ရော်ဘင်ဆိုတဲ့သားလေးတစ်ယောက်ပိုင်ဆိုင်ထားတဲ့ပျော်ရွှင်စရာမိသားစုလေးတစ်ခုပါ အနိစ္စဆိုတဲ့သဘောအတိုင်းကံကြမ္မာမုန်တိုင်းတစ်ခုကြောင့့်တစ်နေ့မှာ ဘဏ်ဓားပြတိုက်မှုတစ်ခုကနေ ကားယူပြေးတဲ့ဓားပြတွေကြောင့်မီရှာနဲ့ရော်ဘင်တို့သေဆုံးသွားခဲ့ရပါတယ် လိုက်ရက်ခ်လို့ခေါ်တဲ့ရာဇဝတ်ကောင်တစ်ယောက်ကိုဖမ်းမိခဲ့ပေမယ့် ကြံရာပါတစ်ယောက်ကတော့ငွေတွေနဲ့အတူအစအနပျောက်သွားပါတယ် ဖမ်းမိခဲ့တဲ့လိုက်ရက်ခ်ကလည်းသူ့ကြံရာပါနာမည်ကိုရေငုံနှုတ်ပိတ်နေခဲ့ပြီးထောင်အကျခံခဲ့ပါတယ် ဒီလိုရင်နင့့်ဖွယ်ဖြစ်ရပ်မျိုးဟာသေသွားတဲ့ သူအတွက်တော့ဘဝကူးရုံပဲဆိုပေမယ့် ကျန်နေခဲ့တဲ့ရက်ဂျ်ဟူးအတွက်တော့ကမ္ဘာပျက်နေတဲ့အရူးတစ်ယောက်လိုပါပဲ သားသေ/ မယားသေလို့ အမုန်းတရားတွေနဲ့ပြည့်နှက်နေခဲ့တဲ့ ရက်ဂျ်ဟူးတစ်ယောက် အမုန်းတရားတွေကိုဘယ်လိုချေဖျက်သွားမလဲ တရားခံဆိုတဲ့သူတွေကကော ဘယ်လိုဆက်ဖြစ်ကြမလဲ စတဲ့ ဇာတ်ရှိန်အလှည့်အပြောင်းလေးတွေကိုတော့ ဇာတ်သိမ်းပိုင်းကျမှပဲ နားလည်သဘောပေါက်ကြမှာဖြစ်တဲ့အတွက် ပြီးအောင်ကြည့်ရမှာတော့ကျွန်တော်တို့အပိုင်းပေါ့ဗျာ…
Batman Vs Two Face (2017)IMDb….6.1,,,,,Rotten…100%Batman Vs Two Faceကတော့ 2017 မှာထွက်ခဲ့ပေမဲ့…1960 ပြည့်နှစ်များက Batman Theme ကိုပဲသုံးထားတာဖြစ်ပါတယ်။Batman ရဲ့ Detective Skill တွေကို တစ်ကားလုံးလိုလို တွေ့ရမှာပါ။ ဒီကားဟာ 2016မှာထွက်ခဲ့တဲ့The Return of the caped Crusaderရဲ့ Sequel ဖြစ်တဲ့အပြင်1966 တုန်းက Batman မင်းသား Adam Westကပဲ Batman အဖြစ်အသံ သရုပ်ဆောင်ပေးထားပါတယ်။Batman ဝါ The Caped Crusaderနဲ့Robin ဝါ The Boy Wonder တို့နဲTwo- Faceတို့ ညဏ်ကစားကြမဲ့Batman ကားကောင်း တစ်ခုဖြစ်ပြီး။ဝေဖန်ရေးဆရာတွေပေးပါတယ်ဆိုတဲ့Rotten Tomatoes ရဲ့ Rating မှာ 100 အတိရထားတဲ့Super Hero..ကားကောင်းပါ။Dark Knight ကြီးကို ခဏရပ်ပြီး Caped Crusaderကိုခံစားကြည့်ကြပါစို့…Detective Comic ဝါ Dc fan Guy တို့…..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aung ဖြစ်ပါတယ်….
“Batman ရဲ့ဇာတ်လမ်းအားလုံးကို သင်ကြားဖူးလား။အားလုံးကိုမကြားဖူးတာတော့သေချာပါတယ်။”တကယ်လည်းအကုန်မကြားဖူး မမြင်ဖူးဆိုတာကို သက်သေပြတဲ့အနေနဲ့ Warner Bros. ကနေပြီးတော့ ဂျပန်ဒါရိုက်တာ Junpei Mizusaki နဲ့အတူပေါင်းပြီး Batman ကို ဂျပန် Anime ပုံစံထုတ်လိုက်ပါပြီ။Trailer ထွက်တုန်းက Superhero fan တွေကြားမှာအရမ်းရေပန်းစားခဲ့ပြီးတော့ Series အဖြစ်ထွက်ရှိမယ်လို့ အများထင်ကြေးပေးခဲ့ပေမယ့် တကယ်ထွက်လာတဲ့အခါမှာ Movie အဖြစ်သာထွက်ရှိလာခဲ့ပါတယ်။Animation ဇာတ်ကောင်တွေကို Anime ဇာတ်ကောင်အဖြစ် ဖန်တီးထားတာကြောင့် အမြင်ဆန်းသစ်နေမှာဖြစ်ပြီးတော့ Anime တို့ရဲ့ထုံးစံအတိုင်း Fight Scene တွေဟာလည်း သာမန် Animation ကားတွေနဲ့မတူပဲ သာလွန်ပြီး ကွဲထွက်နေပါတယ်။ ဇာတ်လမ်းအကျဉ်း —————— Batman ဟာ Gotham မြို့မှာ Gorila Grodd ကိုတိုက်ခိုက်နေပါတယ်။ ထိုအချိန်မှာ Grodd ရဲ့ အချိန်ယန္တရားအသက်ဝင်သွားတာကြောင့် ထိုအနီးအနားတစ်ဝိုက်မှာရှိတဲ့လူတွေအားလုံး ဂျပန်ပဒေသရာဇ်ခေတ်ကိုရောက်သွားကြပါတယ်။Batman ဂျပန်ပဒေသရာဇ်ခေတ်ကို ရောက်ရောက်ချင်းမှာပဲ ဆာမူရိုင်းတွေလိုက်ဖမ်းခြင်းကိုခံရကြောင့် ထွက်ပြေးရင်း တောထဲအရောက်မှာ Selina Kyle aka Catwoman နဲ့တွေ့ပါတော့တယ်။Selina Kyle အကြောင်းစုံရှင်းပြတဲ့အခါမှာ Batman ဟာ ဂျပန်ပဒေသရာဇ်ခေတ်ကို သူများတွေထက် ၂နှစ်ကြာနောက်ကျပြီးမှ ရောက်ခဲ့တယ်ဆိုတာ သိခဲ့ရပါတယ်။သူရောက်သွားတဲ့အချိန်မှာပဲ Time Jump နဲ့အတူ ပါလာတဲ့ Gotham ရဲ့ Villain တွေဖြစ်တဲ့ Joker, Penguin, Two Faces, Deathstroke, Poison Ivy တို့ဟာ ပိုင်ဆိုင်ရာနယ်မြေအသီးသီးဆီမှာ အုပ်ချုပ်နေပြီးတော့ Grodd တစ်ကောင်ကတော့ အချိန်ယန္တရားနဲ့အတူပျောက်နေပါတယ်။ထိုခေတ်ကနေ ထွက်နိုင်မယ့်တစ်ခုတည်းသော သော့ချက်ဖြစ်တဲ့ အချိန်ယန္တရားကို Batman တစ်ယောက် ရှာဖွေရင်း ဘယ်လိုအခက်အခဲတွေတွေ့ရမလဲဆိုတာတော့ ကိုယ်တိုင်ပဲဆက်လက်ရှုစားလိုက်ကြပါ။
mmbusticket Bruce Wayne ရဲ့သား Damian Wayne က သူ့အဖေရဲ့လူမသတ်ရစည်းမျဉ်းကို သဘောမကျဖြစ်နေချိန်မှာ လျှို့ဝှက်အဖွဲ့အစည်းတစ်ခုက သူ့ကိုကမ်းလှမ်းခဲ့ပါတယ်။ သူ့ရဲ့အနာဂတ်ကို အဲ့ဒီလျှို့ဝှက်အဖွဲ့အစည်းထဲမှာ နှစ်မြုပ်လို့ရပြီလို့ထင်မိတဲ့အခါမှာ …… (အိမ်း ကွကိုကြိကြပါ)?Gotham မြို့မှာပျောက်ဆုံးနေတဲ့ကလေးတွေနဲ့ပတ်သက်ပြီး Damian က Doll Maker ကိုရှာခဲ့ပါတယ်။ Damian က သူ့ရဲ့ပင်ကိုဗီဇအတိုင်း Doll Maker ကိုသတ်ဖို့အထိစဉ်းစားခဲ့ပေမဲ့ သူ့အဖေ Batman ရဲ့ လူမသတ်ရတဲ့ စည်းမျဉ်းကိုတော့ မတွန်းလှန်နိုင်ခဲ့ပါဘူး။ အဲ့အချိန်မှာ Damian ကိုအမြဲစောင့်ကြည့်နေတဲ့ Talon က Damian ကို လူမသတ်ရစည်းမျဉ်းကိုကျော်လွန်နိုင်ဖို့နဲ့ ပင်ကိုဗီဇကိုသာ အလေးပေးဖို့ပြောကြားခဲ့တယ်။ ပြီးတော့ Talon က Damian ကို ကမ်းလှမ်းမှုတစ်ခုပြုလုပ်ခဲ့တယ် ……. ?Gotham မြို့ရဲ့ အခမ်းနားဆုံးမိသားစုနှစ်ခုဖြစ်တဲ့ Wayne family နဲ့ Vanaver family ရဲ့ မျိုးဆက်ဖြစ်တဲ့ Bruce Wayne နဲ့ Samantha Vanaver နှစ်ယောက်အကြား သံယောဇဉ်လေးကိုလည်း ရှုစားကြပါခင်ဗျ ငိငိ …..?? Teen Titans မှာရောက်နေပေမဲ့ အကူအညီလိုရင် လိုသလိုသိတတ်တဲ့ First Robin:Dick Grayson လဲပါပါတယ် ….?Bruce Wayne ငယ်ငယ်က အခန်းတွေလည်းပါတာမို့ ငယ်ငယ်က Bruce ဟာအခုလိုမာမာထန်ထန်မဟုတ်တာကိုလည်းကြည့်ခွင့်ရမှာပါ Bruce သိမ်ငယ်စိတ်တွေဖြစ်တဲ့အခါ ဖခင်တစ်ယောက်လိုအားကိုးလို့ရတဲ့ Alfred … အိမ်သန့်ရှင်းရေးကအစ Technology အဆုံးအားကိုးရတဲ့ Alfred … သူငယ်ချင်းတစ်ယောက်လိုနေပေးနိုင်တဲ့ Alfred …. ကျွန်တော်တို့အချစ်တော်Alfred ရဲ့ဇာတ်ကောင်ကလည်းပေါ်လွင်ပါတယ်။Damian က Bruce Wayne ရဲ့သွေးအရင်းပေမဲ့ Ra’s al ghul က လေ့ကျင့်ပေးထားတာကြောင့် သူ့ရဲ့စိတ်ပိုင်းက မာကျောတယ်၊ လက်စားချေချင်တယ်၊လူသတ်ချင်တယ်၊ သို့ပေမဲ့ Bruce အပေါ်မှာတော့ ဘယ်လောက်ထိသံယောဇဉ်ရှိတယ်ဆိုတာကိုတော့ …..ဒီ Animation ကို Scott Snyder ရေးသားခဲ့တဲ့ Batman:The Court of Owls story arc ပေါ်အခြေခံထားပြီး ဒီဇာတ်လမ်းရဲ့နောက်ဆက်တွဲအနေနဲ့ Batman:Bad Blood animation ကိုထုတ်ခဲ့ပါတယ်။ Batman vs Robin animation က ကျွန်တော်တို့ DC animated movie တွေရဲ့ထုံးစံမပြတ်အခန်းဆက်တွေထဲကတစ်ခုပါပဲ။Series ပုံစံနဲ့ပြောရမယ်ဆိုရင်တော့ Son of Batman(2014)—->Batman vs Robin(2015)—–>Batman:Bad Blood(2016) တွေပါ။
Battle Drone ရုပ်ရှင်ဇာတ်ကားဟာ ၂၀၁၈ခုနှစ်ထွက် အမေရိကန်အက်ရှင်ကားတစ်ကားဖြစ်ပါတယ်အခုလက်ရှိမှာ Imdb rating 4.6/10 ရရှိထားပြီး ဇာတ်လမ်းကြာမြင့်ချိန်ကတော့ ၁နာရီခွဲပါပါဝင်သရုပ်ဆောင်ထားသူတွေကတော့ မင်းသမီးချော Dominique Swain…..Natashia Malthe…..မင်းသား Michael Pare….Louis Mandylor စတဲ့သူတွေဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့အမေရိကန်ထိပ်တန်းလျှို့ဝှက်အဖွဲ့ စီအိုင်အေနှင့်အလုပ်လုပ်နေတဲ့ ကြေးစားလူသတ်သမားတစ်ဖွဲ့ဟာ ယူကရိန်းနိုင်ငံ ချာနိုဘီမှာ တာဝန်ထမ်းဆောင်ဖို့ကမ်းလှမ်းချက်ကိုလက်ခံလိုက်ပါတယ်….. သို့ရာတွင် အမေရိကန်အစိုးရဘက်မှသစ္စာဖောက်ခြင်းကိုခံရပြီး သူတို့ကိုချောင်းမြောင်းတိုက်ခိုက်မယ့် ကြောက်မယ်ဖွယ်ရာ အရာတွေက စောင့်ကြိုနေပါတော့တယ်…..သူတို့တစ်တွေ လွတ်အောင်ပြေးနိုင်ပါ့မလား…..ဘယ်လိုမျိုးစိတ်ဝင်စားဖွယ်ရာ အက်ရှင်ခန်းတွေမြင်တွေ့ရမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါဦး
စစ်ကားတွေထဲမှာမှ အမေရိကန်နဲ့ ဂြိုလ်သားတွေရဲ့စစ်ပွဲတွေဟာမဆန်းတော့ပါဘူး..ဒါကြောင့် ဒီကားကလည်း Independence Day တို့လိုပဲ ကမ္ဘာမြေပေါ်ကိုကျူူးကျော်နယ်ချဲ့ထွင်လာတဲ့ ဂြိုလ်သားတွေနဲ့အမေရိကန်စစ်တပ်တို့ရဲ့အပြင်းအထန်တိုက်ခိုက်တာတွေကို ဖော်ပြထားပါတယ်…စစ်တစ်ခုဖြစ်လာတဲ့အခါအများဆုံးထိခိုက်ရတာကတော့ပြည်သူတွေပဲဖြစ်ပါတယ်…နောက်ပြီးတော့ ဒီလူတွေကိုကာကွယ်ဖို့အတွက်သစ္စာဆိုထားတဲ့ စစ်သားတွေရဲ့ရင်းနှီးမှု့တွေကလည်းမသေးပါဘူး…ဒါပေမယ့် သူတို့ရင်ဆိုင်နေတဲ့အရာတွေက သာမာန်ထက်လွန်ကဲနေတဲ့သတ္တဝါတွေဖြစ်နေတဲ့အတွက်ကြောင့် အမေရိကန်လိုစစ်အင်အားကြီးခေတ်မီလက်နက်တွေတပ်ဆင်သုံးစွဲနေတဲ့ နိုင်ငံတောင်ဆုံးရှုံးမှု့တွေကြီးလှပါတယ်…အမည်မသိ ဘာအမျိုးအစားမှန်းလည်းမသိတဲ့ သတ္တဝါတွေကြောင့်ပြည်သူတွေကို ကယ်ဆယ်ထုတ်ဖို့သွားရန်အတွက်အမိန့်ပေးခြင်းခံရတဲ့ တပ်စုတစ်စု ကယ်ဆယ်ဖို့သွားရင်းကနေသူတို့ပါ ရန်သူတွေရဲ့ သတ်ကွင်းမှာ ဓားစားခံတွေလိုပိတ်မိနေကြပါတယ်…အချက်ပေါင်းများစု ပစ်သတ်လည်း မသေတဲ့ ဒီသတ္တဝါတွေကြောင့်ဒီတပ်စုလေးတစ်စုဟာ ဒီအန္တရာယ်တွေကြားထဲကနေ ပြည်သူတွေကိုအသက်ရှင်လျက်နဲ့ဘယ်လိုကယ်ဆယ်ထုတ်မလဲဆိုတာ စိတ်ဝင်စားစရာပါပဲ…စတေးမှု့တွေမရှိပဲ စစ်ဆိုတာ ပြီးဆုံးသွားမှာမဟုတ်ပါဘူး…ဒီကားလေးထဲမှာလည်း စစ်တကယ်တမ်းဖြစ်လာရင် ဘယ်လိုဆုံးရှုံးမှု့တွေဖြစ်လာတယ်ဆိုတာကို ရိုက်ပြထားတာကြောင့်စစ်ကားကြိုက်သူများလက်လွတ်မခံသင့်တဲ့ ကားကောင်းလေးတစ်ကားလို့ပြောပါရစေ…
ဒီတစ်ခါတော့ ဘောလီဝုဒ်ဖန်တွေအတွက် ၂၀၁၇ထွက် အလန်းစား တစ်ကားကို တင်ဆက်ပေးထားပါတယ်။ #ဒီဇာတ်ကားက အက်ရှင်ဇာတ်ကား တစ်ကား မဟုတ်ပါဘူး #ဒီဇာတ်ကားက အနုအရွလေးတွေပါတဲ့ ဒရာမာကား တစ်ကား မဟုတ်ပါဘူး။ #နှစ်ချို့ဝိုင်လို စူးရှရှ ခပ်ပြင်းပြင်းနဲ့ တကယ့် အနှစ်တွေပါတဲ့ ဇာတ်ကားတစ်ကားပါ (ဝိုင်ဘယ်လို အရသာရှိလဲ မသိဘူးနော် :p) ဒီဇာတ်ကားဟာ ၁၉၄၇ ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဖြစ်ရပ်မှန် အဖြစ်အပျက်တစ်ခုကို အခြေခံရိုက်ကူးထားတာပါ။ ၁၉၄၇ ခုနှစ်မှာ အိန္ဒိယကို အုပ်ချူပ်နေတဲ့ ဗြိတိသျှနောက်ဆုံး ဘုရင်ခံဟာ အိန္ဒိယ နိုင်ငံကြီးကို အိန္ဒိယ-ပါကစ္စတန် ဆိုပြီး နှစ်နိုင်ကွဲထွက်သွားအောင် နှစ်ခြမ်းခွဲခဲ့ပါတယ်။ နိုင်ငံ တစ်နိုင်ငံကနေ အစစအရာရာဟာ နှစ်ပိုင်းဖြစ်ပြီး နယ်စပ်မျဉ်း နှစ်ကြောင်းရေးဆွဲကာ သံဆူးကြိုးတွေကာရံခဲ့ပါတယ်။ အရာရာကို နှစ်ခြမ်းခွဲခဲ့ပေမယ့် နယ်စပ်မျဉ်း နှစ်ကြောင်းလုံးပေါ်မှာ တည်ရှိနေတဲ့ အိမ်တစ်ခု ရှိနေပါတယ် အဲ့ဒါကတော့ #ဘေဂွန်ဂျမ်းရဲ့ ဆောင်ကြာမြိုင်ပါပဲ။ #ဘေဂွန်ဂျမ်းဆိုတာ ငယ်ဘဝကတည်းက ဒုက္ခကို မိတ်ဖွဲ့ပြီး ဘဝကို ဒေါင်ကျကျပြားကျကျ ဒူပေဒဏ်ပေခံလာသူ တစ်ယောက်။ #ဘေဂွန်ဂျမ်းဆိုတာ သတို့သမီးဘဝနဲ့ မွေးရပ်မြေက စွန့်ခွာသွားခဲ့ရပေမယ့် ကံကြမ္မာဆိုးကြောင့် ပြည်တန်ဆာခေါင်း တစ်ယောက်အဖြစ်နဲ့ ဇာတိကို ပြန်လာခဲ့ရသူတစ်ယောက်။ #ဘေဂွန်ဂျမ်းဆိုတာ ဥပဒေက သူ့ကို ပြန်ကြောက်နေရတဲ့သူ တစ်ယောက်။ #ဘေဂွန်ဂျမ်းဆိုတာ ဘုရင်ကိုယ်တိုင်က ကောင်းချီးပေးထားရသူ တစ်ယောက်။ အဲ့ဒီလို ဘေဂွန်ဂျမ်းလို လူမျိုးရဲ့ ဆောင်ကြာမြိုင်ဟာ နယ်စပ် စစ်ဆေးရေးဂိတ်တွေ ဆောက်လုပ်မှာမို့ မဖြစ်မနေ နှစ်ခြမ်းခွဲမှကို ဖြစ်လာတဲ့အခါ ဘေဂွန်ဂျမ်းနဲ့ ပြည်တန်ဆာ ၁၁ယောက် ဘယ်လို ရင်ဆိုင်ဖြေရှင်းမလဲဆိုတာကတော့ ……… ့ ( ဇာတ်လမ်းကတော့ Age Rating က 15+လို့တော့ ပြောထားပေမယ့် ဇာတ်လမ်းထဲမှာ အသုံးအနှုန်းတွေ ကြမ်းပါတယ် တချို့ဇာတ်ဝင်ခန်းတွေ လန်းပါတယ် မိသားစုနဲ့ ကြည့်ဖို့ ကိုယ်တိုင်အရင်ကြည့်ပြီးမှ ဆုံးဖြတ်ကြပါလို့ ???? )
ဒီတစ်ခါတော့ ဘောလီဝုဒ်ဖန်တွေအတွက် ၂၀၁၇ထွက် အလန်းစား တစ်ကားကို တင်ဆက်ပေးထားပါတယ်။ #ဒီဇာတ်ကားက အက်ရှင်ဇာတ်ကား တစ်ကား မဟုတ်ပါဘူး #ဒီဇာတ်ကားက အနုအရွလေးတွေပါတဲ့ ဒရာမာကား တစ်ကား မဟုတ်ပါဘူး။ #နှစ်ချို့ဝိုင်လို စူးရှရှ ခပ်ပြင်းပြင်းနဲ့ တကယ့် အနှစ်တွေပါတဲ့ ဇာတ်ကားတစ်ကားပါ (ဝိုင်ဘယ်လို အရသာရှိလဲ မသိဘူးနော် :p) ဒီဇာတ်ကားဟာ ၁၉၄၇ ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဖြစ်ရပ်မှန် အဖြစ်အပျက်တစ်ခုကို အခြေခံရိုက်ကူးထားတာပါ။ ၁၉၄၇ ခုနှစ်မှာ အိန္ဒိယကို အုပ်ချူပ်နေတဲ့ ဗြိတိသျှနောက်ဆုံး ဘုရင်ခံဟာ အိန္ဒိယ နိုင်ငံကြီးကို အိန္ဒိယ-ပါကစ္စတန် ဆိုပြီး နှစ်နိုင်ကွဲထွက်သွားအောင် နှစ်ခြမ်းခွဲခဲ့ပါတယ်။ နိုင်ငံ တစ်နိုင်ငံကနေ အစစအရာရာဟာ နှစ်ပိုင်းဖြစ်ပြီး နယ်စပ်မျဉ်း နှစ်ကြောင်းရေးဆွဲကာ သံဆူးကြိုးတွေကာရံခဲ့ပါတယ်။ အရာရာကို နှစ်ခြမ်းခွဲခဲ့ပေမယ့် နယ်စပ်မျဉ်း နှစ်ကြောင်းလုံးပေါ်မှာ တည်ရှိနေတဲ့ အိမ်တစ်ခု ရှိနေပါတယ် အဲ့ဒါကတော့ #ဘေဂွန်ဂျမ်းရဲ့ ဆောင်ကြာမြိုင်ပါပဲ။ #ဘေဂွန်ဂျမ်းဆိုတာ ငယ်ဘဝကတည်းက ဒုက္ခကို မိတ်ဖွဲ့ပြီး ဘဝကို ဒေါင်ကျကျပြားကျကျ ဒူပေဒဏ်ပေခံလာသူ တစ်ယောက်။ #ဘေဂွန်ဂျမ်းဆိုတာ သတို့သမီးဘဝနဲ့ မွေးရပ်မြေက စွန့်ခွာသွားခဲ့ရပေမယ့် ကံကြမ္မာဆိုးကြောင့် ပြည်တန်ဆာခေါင်း တစ်ယောက်အဖြစ်နဲ့ ဇာတိကို ပြန်လာခဲ့ရသူတစ်ယောက်။ #ဘေဂွန်ဂျမ်းဆိုတာ ဥပဒေက သူ့ကို ပြန်ကြောက်နေရတဲ့သူ တစ်ယောက်။ #ဘေဂွန်ဂျမ်းဆိုတာ ဘုရင်ကိုယ်တိုင်က ကောင်းချီးပေးထားရသူ တစ်ယောက်။ အဲ့ဒီလို ဘေဂွန်ဂျမ်းလို လူမျိုးရဲ့ ဆောင်ကြာမြိုင်ဟာ နယ်စပ် စစ်ဆေးရေးဂိတ်တွေ ဆောက်လုပ်မှာမို့ မဖြစ်မနေ နှစ်ခြမ်းခွဲမှကို ဖြစ်လာတဲ့အခါ ဘေဂွန်ဂျမ်းနဲ့ ပြည်တန်ဆာ ၁၁ယောက် ဘယ်လို ရင်ဆိုင်ဖြေရှင်းမလဲဆိုတာကတော့ ……… ့ ( ဇာတ်လမ်းကတော့ Age Rating က 15+လို့တော့ ပြောထားပေမယ့် ဇာတ်လမ်းထဲမှာ အသုံးအနှုန်းတွေ ကြမ်းပါတယ် တချို့ဇာတ်ဝင်ခန်းတွေ လန်းပါတယ် မိသားစုနဲ့ ကြည့်ဖို့ ကိုယ်တိုင်အရင်ကြည့်ပြီးမှ ဆုံးဖြတ်ကြပါလို့ ???? )
ဒီကားလေး လုံးဝကို crimeနဲ့ actionကို ကြိုက်နှစ်သက်တဲ့သူတွေအတွက် တကယ်ကိုထိမိစေမယ့်ကားလေးပါ ကားအစမှာတော့ ဆရာလီဆိုတဲ့ မူးယစ်ရာဇာကိုလိုက်စုံစမ်းနေတဲ့စုံထောက်နဲ့ သူရဲ့သတင်းပေး ဆေးဆွဲနေတဲ့ကလေးမလေး ချာဆူဂျောင်းတို့နဲ့စထားပါတယ် ချာဆူဂျောင်းက သတင်းယူပေးရင်း မိသွားပြီး အသတ်ခံလိုက်ရတဲ့အခါမှာတော့ စုံထောက်ခင်ဗျာ ကြေကွဲပြီး မူးယစ်ရာဇာကို လိုက်ဖမ်းဖို့ မရရအောင် နည်းမျိုးစုံနဲ့ကြိုးစားပါတော့တယ် အဲ့လိုကြိုးစားရင်း ပုံစံမျိုးစုံ အခြေအနေမျိုးစုံ လူပေါင်းစုံနဲ့ပါကြုံတွေ့လာရပြီး ရင်ဆိုင်ဖြေရှင်းပုံတွေက ရယ်ရမလို ငိူရမလိုနဲ့ တော်တော်ကို လှိုက်ဖိုငေးမောပြီး ကြည့်ရှူရမယ့်ကားလေးပါ နောက်ဆုံးကျပြန်တော့ ဆရာလီဆိုတော့လူက ဘယ်သူဖြစ်မလဲ သူ့ကိုတကယ်ရော ရှာတွေ့ပါ့မလား ဖမ်းလို့ရောရဲ့လားဆိူတာကိုတော့ Believer (2018)ဆိုတဲ့ဇာတ်ကားလေးမှာ ကြည့်လိုက်ပါနော်
သူရဲကောင်းတို့ ခေတ်ကောင်းချိန်… Beowulf လို့ ခေါ်တဲ့ သူရဲကောင်းရဲ့ နာမည် ထွန်းထွန်းတောက်နေချိန်… တစ်ချိန်တည်းမှာပဲ ဘုရင် Hrothgar ရဲ့ တိုင်းပြည်မှာ မိစ္ဆာဆိုး တစ်ကောင်မွှေလို့ တစ်တိုင်းပြည်လုံး အစည်းပြေ မီးသေနေတဲ့ အချိန်… ကြံရာမရတဲ့ အဆုံး ဘုရင်ခမျာ Beowulf ကို ရှေ့တော်တင်သွင်းပြီး မိစ္ဆာကို တိုက်ထုတ်ခိုင်းရတော့တယ်… အောင်အောင်မြင်မြင်နဲ့ တိုက်ထုတ်ပြီးနောက် ဒီအောင်မြင်မှုဟာ ဒီ့ထက်ပိုကြီးမားတဲ့ အမျက်ဒေါသနဲ့ လက်စားချေမှုကြီးတစ်ခုဆီကို ဦးတည်သွားတော့တယ်… မိစ္ဆာရဲ့ မိခင်ပါပဲ… ဆွဲဆောင်မှုရှိလွန်းခြင်းရဲ့ နောက်ကွယ်မှ တစ်ဆက်တည်းဆိုသလို ပျက်ဆီးခြင်းတရားတွေပါ ပါလာတဲ့ မကောင်းဆိုးဝါးမပေါ့… သူမဟာ Beowulf အတွက် အနိစ္စတရားလေလား… IMDB – 6.2/10, RT – 71% Back to the Future နဲ့ Forrest Gumps တို့ရဲ့ ဒါရိုက်တာဖြစ်ပြီး Visual ရိုက်ချက်တွေကို ကျွမ်းကျင်လွန်းတဲ့ Robert Zemeckis ရဲ့ လက်ရာဖြစ်ပါတယ်။ ဒါရိုက်တာတင် နာမည်ကျော်မဟုတ်ပဲ ပါဝင်တဲ့ Cast တွေထဲမှာ Antony Hopkins, Angelina Jolie တို့လို ဒိတ်ဒိတ်ကြဲ Cast တွေ ပါပါသေးတယ်။ ရှေးဟောင်းအင်္ဂလိပ် ကဗျာရှည်ကြီး တစ်ပုဒ်ဖြစ်တဲ့ Beowulf ကို အမျိုးမျိုး ပုံသွင်းခဲ့ကြတဲ့ထဲမှာ ဒီ Animation ကားက နာမည်ကောင်းတွေနဲ့အတူ ထိပ်ဆုံးတစ်နေရာမှာ ရှိနေတာကတော့ ဒါရိုက်တာရဲ့ အကျွမ်းကျင်ဆုံး Visual Effect တွေကို ပါဝင်တဲ့ Cast တွေနဲ့ ပေါင်းစပ်လိုက်ခြင်းကြောင့်ပါပဲ…။
ကဲဒီတစ်ခါတော့ ၂၀၁၆ ခုနှစ်ထွက်ရှိထားတဲ့ IMDb rating 6.8 ထိ ရရှိထားတဲ့ ဇာတ်ကားလေးတစ်ကားကိုတင်ပေးလိုက်ပါတယ်ဗျ ဇာတ်ကားလေးက အက်ရှင်ကားကြိုက်တဲ့ သဲထိပ်ရင်ဖို ကားတွေကိုမှ နှစ်သက်ကြတဲ့ ပရိတ်သတ်တွေအတွက် အကြိုက်တွေ့မယ်ဆိုတာ အာမခံပါတယ် အရင် NErve ကိုကြည့်လို့ကြိုက်နှစ်သက်ခဲ့တယ်ဆို ဒီဇာတ်ကားလေးကို လဲကြိုက်နှစ်သက်မယ်ဆိုတာ ပြောနေစရာမလိုတော့ပါဘူး ဇာတ်လမ်းအကျဉ်းလေးကတော့ ဂိမ်းချန်ပီယံတွေကိုဆို ဂိမ်းကုမ္ပဏီတွေက သူတို့ရဲ့ဂိမ်းရဲက အမှားတွေ ပြစ်ချက်တွေကိုရှာဖို့ Beta version ကို ပေးဆော့လေ့ရှိပါတယ် ပြီးမှ လုံးဝအဆင်ပြေပြီဆိုမှ Publication လုပ်ကြတာပါ ဒီဇာတ်ကားလေးထဲမှာလဲ ဂိမ်းချန်ပီယံ မက်စ်ဟာ မကြာမီမှာဖြန့်ချီတော့မယ် ဂိမ်းတစ်ခုကို အစမ်းဆော့ရာမှ မထင်မှတ်ပဲ ဂိမ်းဟာ အပြင်လောကမှာပါ ဂိမ်းထဲက အတိုင်းလိုက်ပါဖြစ်ပျက်နေတာကိုတွေ့လိုက်ရတဲ့ အခါမှာတော့ ကဲ ဗျာ ပရိတ်သတ်ကြီးကပဲဆက်လက်ကြည့်လိုက်ပါတော့ ဗျို့ ဘာကြည့်နေတာလဲ မြန်မြန်သွားဒေါင်းတော့လေ 😛
မင်းသားကြီး Nicolas Cage ရဲ့ Action, Mystery, Thriller ဇာတ်ကားသစ်လေးပါ။ သေပြီးသူတွေကို ပြန်အသက်သွင်းနိုင်တဲ့ အစွမ်းဆိုတာမျိုးကို ရှိသင့်တယ်ထင်ပါသလား။ ရှိရင်လည်း အဲဒါက ကောင်းမလား ဆိုးမလား။ အလုပ်ရောဖြစ်ပါမလား။ ဒီဇာတ်ကားထဲမှာတော့ အဓိကဇာတ်ဆောင် Julie က သူကိုယ်တိုင် သေလုမြောပါးဖြစ်နေတဲ့အချိန်မှာ တခြားတစ်ဖက်ကိုကူးသွားပြီးတော့ ဝိညာဉ်တွေကို ပြန်ခေါ်နိုင်စွမ်းရှိပါတယ်။ သူ့ရဲ့သမီးဖြစ်သူ Billie တစ်ယောက် ဆိုင်ကယ်မတော်တဆမှုဖြစ်ပြီး ဝိညာဉ်ထွက်သွားတော့မယ့်အချိန်မှာ မိသားစုမရှိ ဦးတည်ချက်မရှိ ဘဝသေနေတဲ့ Truck ကားမောင်းသမား Joe ရဲ့အကူအညီကိုယူပြီးတော့ ပြန်ခေါ်လာနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့သမီးက သူ့နဲ့စိမ်းနေသလိုဖြစ်ပြီးတော့ အခုမှမြင်ဖူးတဲ့ Joe ကိုတော့ ရင်းနှီးနေသလိုဖြစ်နေတာကနေ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ကြည့်လိုက်ကြပါတော့။ ကြမ်းခန်းရမ်းခန်းတွေပါတဲ့အတွက် မိသားစုနဲ့ကြည့်ဖို့တော့ အဆင်မပြေနိုင်ပါဘူး။
၂၀၁၈ ခုနှစ်ထွက် အလန်းစား တမီလ်ကားလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် နိုင်ငံရေး ဇာတ်ရှုပ်တွေ အရမ်းခေတ်စားတဲ့ ဘောလီးဝု၊ သောလီးဝု ဇာတ်ကားတွေထဲမှာ ရှုပ်ထွေးလှတဲ့ နိုင်ငံရေး လုပ်စားကွက်တွေကို ဟော်ရာ(horror) ထည့်ရိုက်ထားတဲ့၊ နိုင်ငံရေးနဲ့ ဟော်ရာပေါင်းစပ်ရိုက်ကူးထားတဲ့၊ ဇာတ်ကားကောင်းတစ်ကားပါ… အခုခေတ် ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေ ကြားထဲမှာ အရင်ခေတ်က မိဘုရား တစ်ပါးက ဘယ်ကနေ ဘယ်လို ပါဝင်လာသလဲ? ဘုရင်တစ်ပါးရဲ့ အင်အားသုံးခုဖြစ်တဲ့ ငွေရယ်၊ လူထုထောက်ခံမှုရယ်၊ ဦးဏှောက်ရယ်ကို ဘယ်လိုမျိုး ကစားသွားသလဲ? စတာတွေကို ကြည့်ရှုရမဲ့ ဇာတ်ကားကောင်း တစ်ကားပါ ရိုက်ချက်ကောင်းကောင်း၊ ဇာတ်လမ်းကောင်းကောင်း ကြည့်ချင်တဲ့သူတွေအတွက် ရည်ရွယ်ထားတဲ့ ဇာတ်ကားတစ်ကားဆိုလည်း မမှားပါဘူး India တောင်ပိုင်းဇာတ်ကားတွေက ဇာတ်လမ်းပိုင်းနဲ့ ပတ်သတ်ရင်တော့ ဆရာကြီးတွေပါ သူတို့ရဲ့ကားတိုင်းလိုလို double twist တွေနဲ့လာပါတယ် ဒါပေမဲ့ မင်းသားတွေက over action တွေကြောင့် ကြည့်ရတာနည်နည်း ဖီလင်အောက်သွားတတ်တာပါ ဒါကြောင့် ဒီဇာတ်ကားကိုလည်း အဲ့လိုဖီလင်အောင်မလားလို့ စိုးတထင့်ထင့်နဲ့ ဘာဟူဘာလီမင်းသမီးခေါင်းဆောင်ပါဝင်လို့ သွားကြည့်မိတာပါ မန်မာပရိသတ်တွေအကြိုက် နှစ်ဘဝကလဲ့စားမင်းသမီးပေါ့၊ ဒါရိုက်တာက ဒီဇာတ်လမ်းကို ဒီမင်းသမီးနဲ့ရိုက်ချင်လို့ ၄နှစ်စောင့်လိုက်ရပါတယ်၊ မင်းသမီးကရိုက်ရက်မအားလို့ပါတဲ့၊ ထူးထူးခြားခြား တောင်ပိုင်းဇာတ်ကားတွေထဲမှာမှ သီချင်းက တစ်ပုဒ်ထဲပဲပါပါတယ်၊ ဇာတ်လမ်းကထွေလာကြည့်ပြီးတော့ သရဲကားလို့ထင်နေမိတာ၊ ဒါပေမဲ့ သရဲကားမဟုတ်ပါဘူး၊ ပြောချင်တာက သရဲတော့ခြောက်ပါတယ်၊ အကြမ်းကြီးမဟုတ်ပဲနဲ့ အနုခြောက်ခြောက်တာပါ၊ ဒါပေမဲ့ ဇာတ်လမ်းပိုင်းမှာအရမ်းမိုက်သွားပြီး Plot Twist တွေကအလန်းပြီး ခန့်မှန်းရခက်တာမို့ ရုပ်ရှင်ကြည့်ရင်းနဲ့ ကိုယ်ထင်ထားတာဖြစ်မလာတာက လဲ ရုပ်ရှင်ကြည့်တဲ့သူကို ဆွဲဆောင်တဲ့ စိတ်လှုပ်ရှားမှုတစ်ရပ်ပါပဲ ကဲဗျာ ဇာတ်လမ်းပိုင်းလေးကို သွားလိုက်ရအောင် ဇာတ်လမ်းအကျဉ်းလေးကတော့ တောထဲမှာရှိတဲ့ သရဲအရမ်းခြောက်တယ်လို့ နာမည်ကြီးတဲ့ ဘာဂါမသီ ဆိုတဲ့ အိမ်ကြီးရှိပါတယ်၊ ချန်ချလာ ဆိုတဲ့ကောင်မလေးက အာဏာရဝန်ကြီးရဲ့ ညာလက်ရုံး၊ ဒါပေမဲ့ သူ့ယောကျာ်းကိုသတ်တဲ့အမှုနဲ့ထောင်ထဲရောက်သွားပါတယ်၊ အဲ့အချိန်မှာပဲ အနီးအနားရွာတွေမှာရှိတဲ့ ရှေးဟောင်းစာရင်းဝင် တန်ဖိုးဖြတ်လို့မရတဲ့ ဘုရားဆင်းတုတော်တွေကခဏခဏပျာက်ဆုံးနေပါတယ် ထောက်လှမ်းရေးတွေ သံသယရှိတာက အာဏာရဝန်ကြီးက ဒီပျောက်ဆုံးမှုက ပါဝင်နေတယ်လို့ထင်နေတာပါ ဒီတော့ ထောက်လှမ်းရေးက ထောင်ထဲရောက်နေတဲ့ ဝန်ကြီးရဲ့ ညာလက်ရုံး ချန်ချလာကို ထောင်ထဲကထုတ်ပြီး ဝန်ကြီးမသိအောင် တောထဲက ဘာဂါမသီ အိမ်ကြီးမှာ စစ်ဆေးလုပ်ဖို့ ချန်ချလာကို အဲ့ဒီ့အိမ်ကြီးမှာထားလိုက်ပါတယ်၊ သရဲအလွန်ခြောက်တယ်လို့ အိမ်ကြီးထဲရောက်သွားတဲ့ ချန်ချလာတစ်ယောက် ဘယ်လို အခက်အခဲတွေကြုံရမလည်း…. ဝန်ကြီးကကော လက်ရှိအမှုမှာ တကယ်ပဲ ပါဝင်ပတ်သတ်နေလား….. ချန်ချလာကကော သူ့ယောကျာ်းကို ဘာကြောင့်သတ်ပစ်လိုက်ရတာလည်း…… တစ်ခြားနောက်ကွယ်မှာ ဘယ်လိုခြောက်လန့်မှုတွေက ရှိနေသေးလည်းဆိုတာ….. ကိုတော့ ပရိတ်သတ်ကြီးကဆက်လက်ကြည့်ကြရမှာပါ ဒီဇာတ်ကားမှာ အရေးကြီးဆုံးအချက်တစ်ခုက အသံပါပဲ၊ ဒီဇာတ်ကားမှာ အသံဖန်တီးမှုတွေက အရမ်းကောင်းပါတယ်၊နောက်ပြီး တော့ ဘာဂါမသီဆိုတဲ့အိမ်ကြီး၊ ဇာတ်ကားပြီးတော့ ရိုက်ကွင်းပြတော့ လုံးဝအံသြသွားမိပါတယ်၊ နောက်ကွယ်ကဘယ်လိုပြင်ဆင်ရလည်းဆိုတာကိုလည်း ပညာရခဲ့ပါတယ်၊ ဒါကြောင့်လည်း ဟောလိဝု သောလိဝုကားတွေက နော်ကပိုင်းမှာအောင်မြင်လာတာပါ မင်းသမီးကတော့ရင်းနှီးထားပြီးသားဆိုတော့ သရုပ်ဆောင်ကောင်းပြီးသားဆိုတာကိုပြောစရာမလိုပါဘူး၊ နည်းနည်းဝတယ်လို့ထင်ရပေမယ့် ချစ်စရာလေးပါ တစ်ခြား တောင်အိန္ဒိယကားတွေလို အိုဗာတွေမပါတော့ ကြည့်ရတာအဆင်ပြေပါတယ် ဖီလင် မအောက်ပါဘူး ကလေးဘဝတုန်းက ဒီဇာတ်လမ်းနဲ့ဆင်တဲ့ကာတွန်းတစ်ပုဒ်ဖတ်ဖူးတယ်၊ ဒိရဲဂျာကာတွန်းပါ၊ ဒါပေမဲ့ ဇာတ်သိမ်းမတူပါဘူး ၊ဒီကားထဲမှာကြိုက်တာက ဇာတ်သိမ်းခန်းပါပဲ ၊တကယ်ကြမ်းတာပါ၊ ရုံမှာကြည့်ရင်တော့ အသံစနစ်ကောင်းတော့ရှယ်ပါ ၊ အခွေမှာကြည့်ရင်လဲ အဆင်ပြေမှာပါ ပြီးတော့ ဒီကားက သရဲကားကြိုက်တဲ့သူတွေတော့ အကြိုက်တွေ့မှာလို့ပြောလိုက်ပါရစေဗျ
ဒီကားလေးကတော့ rating 7.7ထိရရှိထားတဲ့ Bollywood Action, dramaဇာတ်ကားလေး ဖြစ်ပါတယ် ဇာတ်ကားအစမှာတော့ Ra-oneကားလေးအကြောင်း စပြောထားတာပေါ့ Ra-oneကားလေး အားလုံးကြည့်ဖူးကြတယ်မလား မကြည့်ဖူးသေးရင် ဆက်ဆက်ကြည့်လိုက်ပါလို့ တိုက်တွန်းပါရစေနော် ဒီကားလေးကတော့နိုင်ငံရေးဆန်ပါတယ် တိုင်းပြည်ကြီးကလာဘ်စားမှုတွေပြည့်နေတဲ့သကာလပေါ့ အစိုးရရုံးတွေမှာဘာသွားလုပ်လုပ်ငွေမပေးရင် ဘာမှမလုပ်ပေးဘဲရစ်နေတဲ့အချိန်အဲ့မှာ မင်းသားတို့၃ယောက်ကဒါတွေကိုစိတ်ကုန်ပြီး တိုင်းပြည်ကိုပြောင်းလဲမယ်ဆိုပြီး အစီစဉ်တွေဆွဲခဲ့တယ် ဒါပေမယ့်လည်း သူတို့အရာရာမှာ အားနည်းတာကြောင့်အစီစဉ်ဖြစ်မမြောက်ခဲ့ဘူး အဲ့တော့ရှေးရိုးစွဲတဲ့ပုံစံပဲလုပ်ရတာပေါ့ Robin hoodပုံစံလေ ဝတ်စုံပြည့် မျက်နှာဖုံးနဲ့ ခပ်လန်းလန်းပစ္စည်းတွေသုံးမိုက်တယ်မလား အဲ့ထဲကရုံးတွေရစ်ချက်ဆိုပတ်စ်ပို့ထောက်ခံစာရဖို့ ၁လကျော်တယ် ပထမတစ်ခေါက်မင်းသားလာတယ်ကျွန်တော့်ကိုဒါလေးလုပ်ပေးပါတဲ့ မူရင်းဖိုင်လိုတယ် ဒီမှာပါ မင်းရဲ့မွေးရပ်ကရုံးမှာ သွားလုပ်မှရမှာ အာ့နဲ့သွားလုပ်ရတယ် နောက်တစ်ခေါက်ပြန်လာတော့ ဆရာတောင်းထားတာရပြီ ဒါကိုလုပ်ဖို့ဆို မင်းအိမ်ကိုလိုက်စစ်ဆေးပြီး အတည်ပြုရမှာ ပြုပြီးပြီလေဗျာ မပြုရသေးပါဘူး အဲ့အရာရှိပြောတာတော့ မင်းအိမ်လာတော့သော့ခတ်ထားတယ်တဲ့ မခတ်ထားပါဘူးဗျကျွန်တော်နဲ့တွေ့ခဲ့ပါတယ်ရေတောင်ခပ်တိုက်လိုက်သေးတယ် ဟုတ်လား ဘာရေလဲ ရေခဲရေ အာ့ဆိုမင်းအိမ်မှာ ရေခဲသေတ္တာရှိတယ်ပေါ့ အဲ့လိုကိုရစ်တာဗျာ နောက်ဘာတွေဆက်ဖြစ်မလဲသိချင်ရင်တော့ ဆက်ကြည့်လိုက်ပါတော့နော်
Bhoomi ဆိုတာ့ အာဂ်ရမြို့ရဲ့ ဖိနပ်ဆိုင်လေး တစ်ဆိုင်ရဲ့ နာမည်။ ဆိုင်ပိုင်ရှင်နာမည်က အာရွှန်ဆိုတဲ့ အသက်ကြီးပိုင်း လူကြီးတစ်ယောက် ဆိုင်နာမည်ကိုတော့ သူအချစ်ဆုံး မိတဆိုး သမီးလေးရဲ့ နာမည်ကို ပေးထားတာ Bhoomi ဆိုတဲ့ကောင်မလေးကတော့ ပညာတတ်ငယ်ငယ်ရွယ်ရွယ်နဲ့ အချောအလှလေး အဖေဖြစ်သူက ဖိနပ်ဆိုင်ပိုင်ပေမယ့် ကိုယ့်အလုပ်ကိုယ်လုပ်တယ် ချစ်သူကလည်း ရှိတော့ မကြာခင်မှာ လက်ထပ်ဖို့ ရည်ရွယ်ထားတယ်။ သာသာယာယာ ဘဝလေးထဲကို ဝင်လာတဲ့ ပြသနာကတော့ ဗီရှဲလ့် အင်း့ ဗီရှဲလ်ဆိုတာ ဘူမီတို့ ပတ်ဝန်းကျင်က ရွယ်တူ ကောင်လေးတစ်ယောက့် ဘူမီကို ချစ်ခွှင့်အကြိမ်ကြိမ်ပန်ခဲ့ပေမယ့့် ဘူမီက သူငယ်ချင်းတစ်ယောက်လိုပဲ သတ်မှတ်ပြီး ငြင်းခဲ့တယ့် အယုတ်တမာ ဗီရှဲလ်က လက်မခံပဲ့ သူ့အစ်ကို ဝမ်းကွဲဖြစ်တဲ့ ဒိုလီဆီက အကူအညီတောင်းခဲတယ့် ဒိုလီ့ ” လွယ်လွယ်နဲ့နိုင်မယ့် ကစားပွဲတွေကို ငါဝင်မဆော့ဘူး အရှုံးဆိုတဲ့ အငွေ့အသက်ပါမှ အနိုင်ဆိုတာ ချိုမြိန်တာကွ့” ဒိုလာပူးရ်ရဲ့ လူဆိုးလူမိုက် ဖြစ်တဲ့ ဒိုလီရဲ့ အကူအညီနဲ့ ဗီရှဲလ်ဟာ ဘူမီကို မင်္ဂလာမဆောင်ခင်ညမှာ အုပ်စုဖွဲ့ အဓမ္မကျင့်လိုက်ပါတယ်။ အဲ့ဒီညမှာ ဖြစ်ခဲ့တဲ့ အဖြစ်တွေကို ဘာဖြစ်လို့ ဖြစ်နေမှန်း ရေရေရာရာ မသိခဲ့ဘူး သတိမေ့နေခဲ့တယ် သူကိုယ်သူ ဘာဖြစ်သွားလဲ သိပေမယ့် ဘယ်သူ့လက်ချက်လဲ မသိခဲ့ဘူး့ မင်္ဂလာဆောင်မှာ အားလုံးပျော်ပျော်ရွှင်ရွှင်ဖြစ်နေပေမယ့် အသက်မဲ့နေတဲ့ ဘူမီဟာ သူ့ချစ်သူကို အကြောင်းစုံ ပြောပြခဲ့ပါတယ့် ဒီအချိန်မှာ ချစ်လှပါတယ်ဆိုတဲ့ ချစ်သူက မင်္ဂလာပွဲကို ဖျက်ပြီး ပြန်သွားလိုက်တော့တယ့် ရဲစခန်းမှာ အမှုဖွှင့် တရားရုံးထိရောက်ခဲ့ပေမယ့် တရားခံတွေကို ဖမ်းမိခဲ့ပေမယ့် သက်သေအထောက်အထား မပြနိုင်လို့ ပြန်လွတ်သွားခဲ့တယ် တရှက်က နှစ်ရှက်ဆိုသလို အရှက်ကွဲ အကျိုးနည်း ဖြစ်ခဲ့ပြီး ပတ်ဝန်းကျင်မှာ မျက်နှာမပြနိုင်အောင် ဖြစ်ခဲ့တယ် နောက်ဆုံး အာရွန်အနေနဲ့ လူယုတ်မာတွေကို သမီးအတွက် ကိုယ်တိုင်အပြစ်ပေးဖို့ ဖြစ်လာခဲ့ပါတော့တယ့် (#သမီးတစ်ယောက် အပေါ်မှာထားတဲ့ အဖေတစ်ယောက်ရဲ့ မေတ္တာတရားကို အကောင်းဆုံး ဖေါ်ကြူးတင်ဆက်ထားပါတယ်။ ၁၅၀၀မေတ္တာနဲ့ ၅၂၈ရဲ့ ကွာခြားမှု၊ အရေးအကြောင်းဆို ကိုယ့်ဘေးမှာ ရပ်တည်ပေးနိုင်တာ ကိုယ့်မိဘပဲဆိုတာ အကောင်းဆုံး ပြသသွားပါတယ်။ မင်းသားကြီး ဆန်ဂျေးဒက် နဲ့ မင်းသမီး အဒီသီရာဟို ကလည်း အကောင်းဆုံး ပါဝင်သရုပ်ဆောင်ထားပါတယ်။ အကြိုက်ဆုံးကတော့ လူယုတ်မာကောင်တွေကို အားရပါးရ နွှာတာပါပဲ့ #Bollywood ကားကောင်းကောင်းတွေ ကြည့်ချင်တယ်ဆို ဒီဇာတ်ကားကို လုံးဝ လက်လွတ်မခံပါနဲ့လို ပြောချင်တယ်။)
Bhoomi ဆိုတာ့ အာဂ်ရမြို့ရဲ့ ဖိနပ်ဆိုင်လေး တစ်ဆိုင်ရဲ့ နာမည်။ ဆိုင်ပိုင်ရှင်နာမည်က အာရွှန်ဆိုတဲ့ အသက်ကြီးပိုင်း လူကြီးတစ်ယောက် ဆိုင်နာမည်ကိုတော့ သူအချစ်ဆုံး မိတဆိုး သမီးလေးရဲ့ နာမည်ကို ပေးထားတာ Bhoomi ဆိုတဲ့ကောင်မလေးကတော့ ပညာတတ်ငယ်ငယ်ရွယ်ရွယ်နဲ့ အချောအလှလေး အဖေဖြစ်သူက ဖိနပ်ဆိုင်ပိုင်ပေမယ့် ကိုယ့်အလုပ်ကိုယ်လုပ်တယ် ချစ်သူကလည်း ရှိတော့ မကြာခင်မှာ လက်ထပ်ဖို့ ရည်ရွယ်ထားတယ်။ သာသာယာယာ ဘဝလေးထဲကို ဝင်လာတဲ့ ပြသနာကတော့ ဗီရှဲလ့် အင်း့ ဗီရှဲလ်ဆိုတာ ဘူမီတို့ ပတ်ဝန်းကျင်က ရွယ်တူ ကောင်လေးတစ်ယောက့် ဘူမီကို ချစ်ခွှင့်အကြိမ်ကြိမ်ပန်ခဲ့ပေမယ့့် ဘူမီက သူငယ်ချင်းတစ်ယောက်လိုပဲ သတ်မှတ်ပြီး ငြင်းခဲ့တယ့် အယုတ်တမာ ဗီရှဲလ်က လက်မခံပဲ့ သူ့အစ်ကို ဝမ်းကွဲဖြစ်တဲ့ ဒိုလီဆီက အကူအညီတောင်းခဲတယ့် ဒိုလီ့ ” လွယ်လွယ်နဲ့နိုင်မယ့် ကစားပွဲတွေကို ငါဝင်မဆော့ဘူး အရှုံးဆိုတဲ့ အငွေ့အသက်ပါမှ အနိုင်ဆိုတာ ချိုမြိန်တာကွ့” ဒိုလာပူးရ်ရဲ့ လူဆိုးလူမိုက် ဖြစ်တဲ့ ဒိုလီရဲ့ အကူအညီနဲ့ ဗီရှဲလ်ဟာ ဘူမီကို မင်္ဂလာမဆောင်ခင်ညမှာ အုပ်စုဖွဲ့ အဓမ္မကျင့်လိုက်ပါတယ်။ အဲ့ဒီညမှာ ဖြစ်ခဲ့တဲ့ အဖြစ်တွေကို ဘာဖြစ်လို့ ဖြစ်နေမှန်း ရေရေရာရာ မသိခဲ့ဘူး သတိမေ့နေခဲ့တယ် သူကိုယ်သူ ဘာဖြစ်သွားလဲ သိပေမယ့် ဘယ်သူ့လက်ချက်လဲ မသိခဲ့ဘူး့ မင်္ဂလာဆောင်မှာ အားလုံးပျော်ပျော်ရွှင်ရွှင်ဖြစ်နေပေမယ့် အသက်မဲ့နေတဲ့ ဘူမီဟာ သူ့ချစ်သူကို အကြောင်းစုံ ပြောပြခဲ့ပါတယ့် ဒီအချိန်မှာ ချစ်လှပါတယ်ဆိုတဲ့ ချစ်သူက မင်္ဂလာပွဲကို ဖျက်ပြီး ပြန်သွားလိုက်တော့တယ့် ရဲစခန်းမှာ အမှုဖွှင့် တရားရုံးထိရောက်ခဲ့ပေမယ့် တရားခံတွေကို ဖမ်းမိခဲ့ပေမယ့် သက်သေအထောက်အထား မပြနိုင်လို့ ပြန်လွတ်သွားခဲ့တယ် တရှက်က နှစ်ရှက်ဆိုသလို အရှက်ကွဲ အကျိုးနည်း ဖြစ်ခဲ့ပြီး ပတ်ဝန်းကျင်မှာ မျက်နှာမပြနိုင်အောင် ဖြစ်ခဲ့တယ် နောက်ဆုံး အာရွန်အနေနဲ့ လူယုတ်မာတွေကို သမီးအတွက် ကိုယ်တိုင်အပြစ်ပေးဖို့ ဖြစ်လာခဲ့ပါတော့တယ့် (#သမီးတစ်ယောက် အပေါ်မှာထားတဲ့ အဖေတစ်ယောက်ရဲ့ မေတ္တာတရားကို အကောင်းဆုံး ဖေါ်ကြူးတင်ဆက်ထားပါတယ်။ ၁၅၀၀မေတ္တာနဲ့ ၅၂၈ရဲ့ ကွာခြားမှု၊ အရေးအကြောင်းဆို ကိုယ့်ဘေးမှာ ရပ်တည်ပေးနိုင်တာ ကိုယ့်မိဘပဲဆိုတာ အကောင်းဆုံး ပြသသွားပါတယ်။ မင်းသားကြီး ဆန်ဂျေးဒက် နဲ့ မင်းသမီး အဒီသီရာဟို ကလည်း အကောင်းဆုံး ပါဝင်သရုပ်ဆောင်ထားပါတယ်။ အကြိုက်ဆုံးကတော့ လူယုတ်မာကောင်တွေကို အားရပါးရ နွှာတာပါပဲ့ #Bollywood ကားကောင်းကောင်းတွေ ကြည့်ချင်တယ်ဆို ဒီဇာတ်ကားကို လုံးဝ လက်လွတ်မခံပါနဲ့လို ပြောချင်တယ်။)
မကြာခင်ကထွက်ရှိထားတဲ့ မင်းသားကြီး Donnie Yang ရဲ့ဇာတ်ကားသစ် Big Brother နဲ့ မိတ်ဆက်ပေးချင်ပါတယ်.. ဒီဇာတ်ကားထဲမှာတော့ Donnie Yang က ကျောင်းဆရာ အဖြစ်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းသဘောက တဲကျင့်အလယ်တန်းကျောင်းဟာ အောင်ချက်ကျရံှူးနေတဲ့ကျောင်းဖြစ်သလို ထောက်ပံ့ကြေးအနည်းငယ်သာရခဲ့တယ် အဲ့အချိန် ကျောင်းဆရာအဖြစ် Donnie Yang က ရောက်ရောက်ချင်းမှာပဲ ဆိုးသွမ်းပြီးစာမလုပ်တဲ့ကလေးတွေအခန်းကို ကိုင်တွယ်ရတယ် ကလေးတွေမှာလည်း သူတို့အခက်အခဲနဲ့သူတို့ရှိကြတာကို ဆရာက သိသွားတဲ့အခါ ဘယ်လိုကိုင်ကွယ်ဖြေရှင်းမလဲ ဆရာကလည်း အရင်ကတည်းက အဲ့ကျောင်းမှာတက်ခဲ့ပြီး ဘယ်လိုသမိုင်းကြောင်းရှိခဲ့လဲ ကျောင်းကြီးကလည်း ထောက်ပံ့ကြေးမရတော့ရင် ပိတ်ခံရတော့မဲ့အချိန် ဘယ်လိုကြိုးစားကြမလဲဆိုတာ ဇာတ်ကားမှာပဲ ဆက်လက်ကြည့်ရှုခံစားလိုက်ပါလို့ ပြောချင်ပါတယ် ဇာတ်လမ်းထဲမှာ Donnie Yang ရဲ့ ဖိုက်တင်အခန်းတွေလည်း ပါဝင်ပါသေးတယ်
တရုတ် ပာာသ သရဲကားပါ ၂၀၁၅ လောက်ကထွက်ခဲ့တာပါ ဇာတ်ကားကပုံစံကတော့ မလေးရှားမှာ ကောင်လေးတယောက်လှည့်လည်ရင်းနဲ့ ဆီဒစ် ဆိုတဲ့သရဲမလေးနဲ့တွေ့ဆုံခဲ့ပါတယ် ဆီဒစ် ဆိုတဲ့သရဲမချောလေးပာာဆိုရင်ဖြင့် လွန်ခဲ့တဲ့နှစ် ၃၀ က အသတ်ခံခဲ့ရတာပါ လက်စားချေလိုသေးတာကြောင့် သရဲမဖြစ်နေသေးတာပါ ကောင်လေးနဲ့ သူ့သူငယ်ချင်းတွေအကူအညီနဲ့ ဆီဒစ်သူ့ကိုသတ်တဲ့တရားခံကိုရှာတွေ့သွားနိုင်မလား? မျက်စိရှေ့မှာမြင်တာအားလုံးကရော အမှန်ဖြစ်နိုင်ပါ့မလား? အမှုကိုဖော်သွားရင်း ဇာတ်ကားကို မပျင်းရအောင် ဟာသလေးတွေနဲ့တည်ဆောက်ထားတာပါ သရဲမလေးကလည်းအရမ်းချောတော့ ကြည့်ရတာပိုမိုက်တာပေါ့ဗျာ ပင်ပန်းနေတဲ့နေ့လေးမှာ ဟာသကားလေးကြည့်ပြီး အပန်းဖြေလိုက်ပါ
အိမ်ခြံမြေအကျိုးတော်ဆောင်တယောက်ဖြစ်တဲ့စတန်မင်တန်တယောက်လိမ်လည်မှုနဲ့ထောင်နန်းစံရမယ့်အဖြစ်ကိုရောက်လာခဲ့ပါတယ်။ ထောင်ထဲမှာထောင်သားအချင်ချင်းမုဒိန်းကျင့်တဲ့အကြောင်းတွေကြားဖူးနေတဲ့စတန်ဟာသူ့ထောင်ကျရတော့မှာ ကိုတွေးပြီးကြောက်နေပါတော့တယ်။ထောင်မကျမှီအချိန်အတွင်းကြံမိကြံရာကြံရင်းစတန်တယောက်သူ. ကိုဘက်စုံတိုက်ခိုက်ရေးကျွမ်းကျင်သူအဖြစ်သင်ပေးမယ့်ဆရာတယောက်နဲ့တွေ့ခဲ့ပါတယ်။ အဲဒီဆရာကျေးဇူးနဲ့ပဲထောင်ထဲရောက်တဲ့အခါအားနည်းသူတွေအကူအညီလိုသူတွေကိုကူညီတိုက်ခိုက်ပေးရင်းဆရာကြီး တပါးဖြစ်လာပါတယ်။ ထောင်တွင်းအနိုင်ကျင့်မှုတွေကိုကာကွယ်ရင်းထောင်သားတွေရဲ့လေးစားမှုကိုရလာခဲ့ပါတယ်။ ဒါပေမယ့်တဖက်မှာလည်းအကျင့်ပျက်ထောင်ဝန်ထမ်းတဦးရဲ့အမြတ်ထုတ်ဖို့ကြံစည်နေတာကလည်းစတန် အတွက်ဘေးကြပ်နံကြပ်ဖြစ်နေပါတယ်။ အဲတော့စတန်တယောက်ဘယ်လိုေ့ရှဆက်နိုင်မလဲဆိုတာကတော့ပေါ့ပေ့ါပါးပါးနဲ့ဟာသလေးတွေနှောထားတဲ့ BigStanဇာတ်ကားလေးကိုကြည့်လိုက်ရအောင်ဗျာ။ ထောင်တွင်းအနိုင်ကျင့်မှုအထူးသဖြင့်မုဒိန်းကျင့်မှုကိုရှုံ့ချဖို့ဦးတည်ပြီးဟာသလေးတွေနဲ့တင်ဆက်ထားတာပါ။ ညအားလပ်ချိန်တွေကိုရယ်ရင်းမောရင်းအပန်းဖြေလိုက်ရအောင်ပါ။ ဒီကားလေးကို၂၀၀၇ခုနှစ်မှာထုတ်ဝေခဲ့ပြီးဝင်ငွေ၈.၇သန်းရရှိခဲ့ပါတယ်။ ညစ်ညမ်းတဲ့အသုံးအနူန်းတွေပါရှိလို. မိသားစုနဲ.အတူကြည့်ဖို့မသင့်တော်ပါဖူးခင်ဗျာ
လွန်ခဲ့သောနှစ်ပေါင်းများစွာကြာက ဘာသာရေးယုံကြည်မှုများ မထွန်းကားချိန်အခါတုန်းက ဘီလာနဲ့ဂူဖိုးယားတို့မောင်နှမနှစ်ယောက်ဟာ ရွာလေးတစ်ရွာမှာ သူတို့အမေနဲ့အတူ ငြိမ်းငြိမ်းချမ်းချမ်းနေနေခဲ့ကြတယ် ဘီလာဟာငယ်ငယ်လေးထဲက မြင့်မြတ်တဲ့စစ်သည်တော်ကြီးတစ်ယောက်ဖြစ်ချင်ခဲ့သူတစ်ယောက်ပါ ခေတ်အခါကလဲ မှောင်ခေတ်ကလဲ မှောင်ခေတ်လို့ပြောရလောက်အောင် သက်ဦးဆံပိုင်ကျွန်ခေတ်ဖြစ်နေတော့ တစ်ရက်မှာ သူတို့ရွာလေးကို အင်အားကြီးနယ်မြေက သိမ်းသွားပြီး သူတို့အမေလဲသေ သူတို့ကိုလဲ ကျွန်အဖြစ်နဲ့ဖမ်းသွားခဲ့ပါတယ် အဲ့ဒီလိုနဲ့ဘီလာတို့မောင်နှနှစ်ယောက် ကျွန်အဖြစ်နဲ့နေလာရင်း ဘာသာရေးကိုခုတုံးလုပ်ပြီး စီးပွားရှာနေတဲ့သူဌေးကြီးရဲ့ အစေခံမဖြစ်နေခဲ့ရပါတယ် ဒီလိုနဲ့ပါ နှစ်တွေကြာလာတဲ့အချိန်မှာ ဘာသာရေးရဲ့အနှစ်သာရကို တကယ်သိရှိတဲ့လူနဲ့တွေ့ပြီး ဘီလာတစ်ယောက် မှန်ကန်တဲ့လမ်းကိုရွေးပြီး လွတ်လပ်ပြီးတန်းတူအခွင့်အရေးရရှိဖို့အတွက် ကြိုးစားလာပါတော့တယ် ဒီအချိန်မှာ ဘာသာရေးကိုခုတုံးလုပ်အမြတ်ထုတ်နေသူတွေနဲ့ ယုံကြည်သူတွေကြားထဲ ဘယ်လိုအားပြိုင်မှုတွေဖြစ်လာမလဲဆိုတာကိုတော့ ဒီဇာတ်ကားကိုသာဆက်ကြည့်လိုက်ကြပါ ပြီးတော့ ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန်ဇာတ်ကားတစ်ခုလည်းဖြစ်ပါတယ်… Rating 8.5 ရရှိထားတဲ့ ဒီကားလေးဟာ ကြည့်တဲ့လူတွေအဖို့ အတိုင်းတာတစ်ခုထိကျေနပ်စေမှာပါ….
IMbD Rating 6.0 ရထားတဲ့ဗီယက်နမ် Action/comedy ဇာတ်ကားကောင်းလေးတစ်ခုပါ ဇာတ်လမ်းအကျဉ်းလေးကတော့ ဘစ်ကွိုင်း ဆိုတဲ့ ဒစ်ဂျစ်တယ် ငွေကြေးက ခေတ်စားနေတဲ့ ၂၀၂၀ ခုနှစ်အချိန်လေးပါ၊ ဒါပေမယ့် ဘစ်ကွိုင်းကို တရားမဝင်ငွေကြေးအဖြစ် သတ်မှတ်ထားကြပါတယ်။ ဘာလို့လဲဆိုတာ့ ဒီငွေကြေးကအလွယ်တကူ အင်တာနက်ပေါ်မှာ ဘဏ်တွေနဲ့ချိတ်ဆက်စရာမလိုဘဲ လွဲနိုင်လို့ပါ၊။ ဗီယက်နမ် ဆိုင်ဘာပြစ်မှုစုံစမ်းရေးကို ခေါင်းစားစေသလို နိုင်ငံတကာရဲတပ်ဖွဲ့ကလည်း ဝိညာဉ်ဆိုတဲ့ ဟက်ကာကို အပူတပြင်းလိုက်ရှာဖမ်းနေကြပါတယ်၊ ဘာလို့လဲဆိုတော့ ဝိညာဉ်ဆိုတဲ့ ဟက်ကာ ကွန်ပျူတာတွေကို အွန်လိုင်းကနေ အုတ်ဂူလို့နာမည်ပေးထားတဲ့ဗိုင်းရပ်တစ်မျိုးဖြန့်ပြီး ဘစ်ကွိုင်းငွေကြေးတွေ အကြပ်ကိုင် တောင်းခံနေလို့ပါ ဒီလိုခြေရာဖျောက်ကောင်းတဲ့ ဝိညာဉ်ဆိုတဲ့ ဟက်ကာကို ဗီယက်နမ် ဆိုင်ဘာပြစ်မှုစုံစမ်းရေးကို ဘယ်လိုများနည်းလမ်းတွေနဲ့ ဖမ်းဖို့ကြံစည်ခဲ့သလဲ ဖမ်းမိမှာလဲ လွတ်သွားမှာလဲ ဝိညာဉ်ကဘယ်သူလဲဆိုတာကို မထင်မှတ်တဲ့ဇာတ်လမ်းအလှည့်အပြောင်းတွေနဲ့ ဘယ်လိုဖြစ်သွားသလဲဆိုတာကို စောင့်ကြည့်ုလိုက်ကြပါ
မင်းသားကြီးဗန်ဒိန်းနဲ့ ရုရှားအာနိုးလို့လူသိများကြတဲ့ Dolph Lundgrenတို့ပါဝင်ထားတဲ့အက်ရှင်ကားသစ်လေးပါ ဗန်ဒိန်းက စီအိုင်အေအေးဂျင့်စကော့ဝီလ်လာအဖြစ်၊ ရုရှားအာနိုးက ဂျာမန်သူလျိုအဖြစ်သရုပ်ဆောင်ထားပါတယ် စကော့ဝီလ်လာ စီအိုင်အေကအထူးလေ့ကျင့်ပေးထားတဲ့အေးဂျင့်အရေးကြီးဟာ့ဒ်ဒရိုက်ဖ်တစ်ခုအတွက် လျို့ဝှက်တာဝန်ထမ်းဆောင်နေရသူ ဒါပေမယ့် သစ္စာဖောက်လို့အထင်မြင်မှားခံရပြီး ရေငုပ်သဘောၤထဲမှာ အကျဉ်းချခံလိုက်ရတယ် အကျဉ်းထောင်မှာပဲ မာကို(ရုရှားအာနိုး)နဲ့တွေ့ဆုံပြီး ဘယ်လိုများ လွတ်မြောက်အောင်လုပ်ဆောင်ကြမလဲ သူ့ကိုသစ္စာဖောက်သွားသူကိုရောဖော်ထုတ်နိုင်မလား သက်စွန့်ဆံဖျားထိန်းသိမ်းနေရတဲ့ဟာ့ဒ်ဒရိုက်ဖ်ကရော ဘာကြောင့်များအရေးကြီးနေရတာလဲ ဇာတ်လမ်းကတော့ ရိုးရှင်းပေမယ့် အက်ရှင်ကားကြိုက်သူတွေ ဗန်ဒိန်း Fanတွေအတွက်တော့ အကြိုက်တွေ့နိုင်ပါတယ် ********တစ်ခုမေတ္တာရပ်ခံချင်တာကတော့ ဒီကားရဲ့ မူရင်းEng subtitle မှာကတည်းက တစ်ကားလုံးနီးပါးလွဲနေတာကြောင့်အသံနားထောင်ပြီးဘာသာပြန်ရတာများနေပါတယ်။ တတ်နိုင်သမျှအကောင်းဆုံး အနီးစပ်ဆုံးဘာသာပြန်ပေးထားပါတယ်။ အဲ့ဒါကြောင့် မှားယွင်းမှုများရှိခဲ့ပါက ခွင့်လွှတ်သည်းခံကြည့်ရှုပေးကြပါလို့ တောင်းဆိုချင်ပါတယ် ခင်ဗျ*******
နာမည်ကြီး Manga series ဖြစ်တဲ့ Blade of the Immortal ကို live action ပြန်ရိုက်ထားတာပါ Manga series ကို ကြည့်ဖူးသူတွေကို အထွေအထူးမိတ်ဆက်ပေးစရာ မလိုပေမဲ့ မကြည့်ဖူးတဲ့သူတွေအတွက် အတိုချုပ် ပြီး ပြောပြပါမယ်နော် ကိုယ့်ဆရာနဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုပြန်သတ်မိပြီး ထွက်ပြေးနေတဲ့ Manji ဟာ တိုက်ပွဲတစ်ခုမှာ ဒဏ်ရာရပြီး သေလုမျောပါးဖြစ်နေတဲ့အချိန်မှာ Yaobikuni ဆိုတဲ့အဖွားကြီးက သူ့ရဲ့ ခန္ဓာကိုယ်ထဲကို ထူးဆန်းတဲ့တီကောင်လိုအကောင်တွေ ထည့်ပေးလိုက်လို့ Immortal တစ်ယောက်ဖြစ်လာခဲ့တယ် နောက်နှစ်ပေါင်းကြာလာတဲ့အခါ Itto-Ryu လို့ခေါ်တဲ့ ဓားပညာရှင်တွေစုစည်းထားတဲ့ အဖွဲ့တစ်ဖွဲ့ကြောင့် မိဘနှစ်ပါးလုံးကို ဆုံးရှုံးသွားတဲ့ Rinn ဆိုတဲ့ ကောင်မလေး သူ့ရဲ့ကလဲ့စားချေလိုစိတ်ကြောင့် Rinn က Manji ကို လိုက်ရှာပြီး အကူအညီတောင်းခဲ့တယ် Manji က သူ့ကို ကူညီပြီးတော့ ဘယ်လိုကလဲ့စားချေကြမလဲ သူတို့ နှစ်ယောက်ပေါင်းပြီး Itto-Ryu ကို ကလဲ့စားချေနိုင်မှာလား ကြားထဲမှာ ဘယ်လိုအခက်အခဲတွေ တွေ့ရဦးမှာလဲ ဆိုတာကိုတော့ အသတ်အဖြတ်တွေကြားထဲက ကြည့်ရမှာပါ IMDb 7.2 တောင်ရထားတာမို့ Manga ကြည့်ပြီးသားသူတွေရော မကြည့်ထားတဲ့သူတွေရော သဘောကျနှစ်သက်လိမ့်မယ်လို့ ထင်ပါတယ်
တစ်လောကမှထွက်ရှိထားတဲ့ဂျပန်live action ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် ဂျပန်အန်နီမေးရှင်းကိုပြန်ပြောင်းရိုက်ကူးထားတဲ့ဒီကားလေးဟာဂျပန်မှာတော့အတော်ရေပန်းစားသွားပါတယ် ငယ်ငယ်လေးကတည်းကမိခင်ဖြစ်သူမတော်တဆမှုတစ်ခုကြောင့်သေဆုံးသွားတဲ့ကောင်လေးခုယိုစကိထို မတော်တဆမှုကြောင့်သူဟာမကောင်းဆိုးဝါးတွေကိုမြင်တွေ့လာနိုင်ခဲ့တယ် ကောင်းမွန်တဲ့မကောင်းဆိုးဝါးတွေကိုလမ်းမှန်သွားနိုင်အောင်သူသင်ပြပြောပြပေးခဲ့တယ် လောကမှာကောင်းတဲ့မကောင်းဆိုးဝါးတွေရှိသလိုမကောင်းတဲ့မကောင်းဆိုးဝါးတွေလည်းရှိနေခဲ့တယ် ကောင်းမွန်တဲ့သရဲတစ္ဆေတွေကိုဝိညာဉ်လောကကိုကောင်းကောင်းမွန်မွန်သွားနိုင်အောင်လုပ်ဆောင်ပေးသူတွေကတော့သေမင်းနတ်ဘုရားတွေပါပဲဝိညာဉ်ဖမ်းသူတွေလို့လည်းအလွယ်ခေါ်နိုင်ပါတယ် သူတို့ဟာမကောင်းတဲ့သရဲတစ္ဆေတွေကိုလည်းနှိမ်နင်းနိုင်တဲ့အစွမ်းရှိသူတွေပါ သူတို့ဟာနှစ်ပေါင်းရှည်ကြာပြီးအလွန်အစွမ်းထက်တဲ့မကောင်းဆိုးဝါးးတစ်ကောင်ကိုနှိမ်နင်းဖို့သေမင်းနတ်ဘုရားမလေးကိုလူ့လောကကိုစေလွတ်လိုက်ပါတယ် လူသာမာန်တွေမမြင်နိုင်တဲ့ထိုသေမင်းနတ်ဘုရားမလေးကိုခုယိုစကိကမြင်တွေ့နိုင်တဲ့အခါမှာတော့ဘာတွေဆက်ဖြစ်မလဲ သူတို့နှစ်ယောက်ပေါင်းပြီးမကောင်းဆိုးဝါးတွေကိုဘယ်လိုနှိမ်နင်းမလဲဆိုတာကိုကြည့်လိုက်ကြပါ ဒီဇတ်ကားကိုအမျိူးမျိူးဝေဖန်ကြပါတယ် မူရင်းကိုမမှီဘူးဆိုတာတွေ မုူရင်းထက်ကောင်းတယ်လို့ပြောသူတွေအမျိူးမျိူးပါပဲကြည့်ပြီးမှဆုံးဖြတ်ကြပါလို့ပဲပြောချင်ပါတယ်
Bodyguard 2011 Hindi ဒီဇာတ်ကားကကတော့၂၀၁၁မှာမင်းသားဗီဂျေးရဲ့The Bodyguard နဲ့အပြိုင်ထွက်ရှိခဲ့တဲ့မင်းသားဆလ်မန်ခန်းရဲ့နုနုရွရွဇာတ်ကားလေးပါ ကျွန်တော်တို့ဘော်ဒီဂတ်ဇာတ်ကားတွေကြည့်ဖူးသမျှ ကားတွေအားလုံးမှာမင်းသမီးကိုစောင့်ရှောက်ရတာတွေပါပဲ ဒါမှလည်းဘော်ဒီဂတ်ပီသမှာကိုး ဘော်ဒီဂတ်လောင်လီဆင်းဂ်ဟာသူ့တာဝန်တွေကိုထမ်းဆောင်ရင် ဘယ်တော့မှမချိုးဖြတ်ပါဘူး ဂျေဆင်ပူးနားရ်စံအိမ်ရဲ့သခင်မစ္စတာဆတာဂျေဟာတရားမျှတမှုကိုလုပ်ဆောင်သူတစ်ဦးပါ တရားမျှတမှုပေါ်အောင်မကောင်းမှုကိုဖယ်ရှားရတာနဲ့အညီ လူဆိုးခေါင်းဆောင်ရန်ဂျန်မဟ်ထွီနဲ့ရန်သူတွေဖြစ်သွားပါတော့တယ် ဒါကြောင့်သမီးဖြစ်သူဒေဗီရာကိုစောင့်ရှောက်ဖို့ဘော်ဒီဂတ်လောင်လီဆင်းဂ်ကိုတာဝန်ပေးလိုက်တာပါတယ် ဒီလိုနဲ့ဒေဗီရာကောလိပ်တက်တဲ့အခါလိုက်စောင့်ရှောက်ရပါတယ် ဒါပေမဲ့လောင်လီဆင်းဂ်လုပ်ခိုင်းတဲ့လေ့ကျင့်ခန်းကိုလုပ်နေတဲ့ ဒေဗီရာနဲ့မာရာဟာစိတ်လွတ်လမ်းဖြစ်တဲ့ ဘော်ဒီဂတ်ကြီးကိုနောက်ဖို့လုပ်ပါတော့တယ် ဒေဗီရာဟာလောင်လီဆင်းဂ်နဲ့ဖုန်းထဲမှာချာရာဆိုတဲ့နာမည်နဲ့နီးစပ်သွားပါတော့တယ် အချိန်တွေကြာလာတာနဲ့အမျှချာရာဟာလောင်လီဆင်းဂ်ကိုချစ်မိသွားတယ် တကယ်တော့ချာရာဆိုတာဒေဗီရာဆိုတာလောင်လီဆင်းဂ်မသိရှာပါဘူး လောင်လီဆင်းဂ်ကိုခွဲနိုင်မခွာရက်ဖြစ်နေတဲ့ဒေဗီရာဟာခိုးရာလိုက်ပြေးဖို့လုပ်ပါတော့တယ်… ဒီအကြောင်းတွေသိသွားတဲ့မစ္စတာဆတာဂျေဟာသမီးဖြစ်သူကိုလောင်လီဆင်းဂ်နဲ့သဘောတူပါ့မလား သတ်တော်စောင့်နဲ့သူဋ္ဌေးသမီးချစ်တိုင်းညားကြပါ့မလား…
ပရိတ်သတ်ကြီးအတွက် တရုတ်သမိုင်းကားတစ်ကား တင်ဆက်လိုက်ပါတယ်။ ဒီဇာတ်ကားက သာမညဇာတ်ကားတစ်ကား မဟုတ်ပါဘူး တရုတ်ပြည်ရဲ့ သမိုင်းကြောင်းကို ဒီမိုကရေစီလမ်းကြောင်းပေါ်တွန်းတင်ခဲ့တဲ့ စာရေးဆရာ, ဒေါက်တာအတွေးခေါ်ပညာရှင် ဒေါက်တာ ဆန်း(Dr.Sun Wen) ကိုအခြေပြု ရိုက်ကူးထားတာပါ။ ဒေါက်တာဆန်း တစ်ယောက် ဖရိုဖရဲဖြစ်နေတဲ့တရုတ်ပြည်ကြီးကို ကယ်တင်ဖို့ ဂျပန်ကနေ ဟောင်ကောင်ကို ခရီးထွက်ခဲ့ပါတယ်။ သူခရီးထွက်လာတဲ့ရည်ရွယ်ချက်ကတော့ ပြိုကွဲနေတဲ့ ဂိုဏ်းဃန တွေကို ပြည်လည်စည်းရုံးပြီး Qing မျိုးဆက်ကို အမျိုးဖြုတ်ဖို့ပါ။ ဒီထဲမှာ China Daily သတင်းစာတိုက်ကလည်း ကုလားကာနောက်ကွယ်ကနေပံ့ပိုးနေခဲ့တာပါ။ ဒေါက်တာဆန်း ရဲ့ဟောင်ကောင်ခရီးစဉ်ကရော ချောမွေ့ပါ့မလား သတင်းစာတိုတ်ကလည်း ဘယ်လိုမျိုး နောက်ကွယ်ကနေဘယ်လိုအထောက်ပံ့တွေပေးမှာလဲ လူတစ်ယောက်ကရော နိုင်ငံတစ်နိုင်ငံကောင်းစားရေးအတွက် ဘယ်လောက်ထိ စွန့်လွှတ်ရမှာလဲဆိုတာ ဆက်လက်အားပေးကြည့်ရှု့ကြပါရန်…။
ကျွန်တော်တို့နိုင်ငံအပါအဝင် လူ့အဖွဲ့အစည်းတော်တော်များများမှာ ခြားနားမှုနဲ့ပတ်သက်ပြီး ခွဲခြားဆက်ဆံခံရမှုတွေတော်တော်များများရှိပါတယ်။ အမေရိကန်လိုနိုင်ငံမျိုးမှာတောင် ဒီလိုအဖြစ်အပျက်တွေရှိခဲ့ပါတယ်။ လူတော်တော်များများက အသွင်အပြင် ဝတ်စားဆင်ယင်မှု နေထိုင်မှုဘဝပုံစံတွေဟာ အများနဲ့မတူတဲ့အခါ လှောင်ပြောင်ရယ်မော အပြစ်တင်တတ်ကြတာတွေရှိပါတယ်။ အသားအရောင်ခွဲခြားမှုတွေ၊ လိင်စိတ်တိမ်းညွတ်မှုတွေ၊ လူမျိုးမတူညီတာတွေ ကစလို့ ကိုးကွယ်ယုံကြည်မှုမတူတာတွေအထိပေါ့ဗျာ။ ဒီဇာတ်လမ်းကလေးကတော့ ၁၉၉၀ပတ်ဝန်းကျင် အမေရိကန်နိုင်ငံတက္ကဆက်ပြည်နယ်ကမြို့လေးတစ်မြို့မှာဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်တစ်ခုကိုရိုက်ထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးတစ်ခုပါ။အဲ့ဒီမြို့မှာနေထိုင်ကြတဲ့ ပန့်ခ်လူငယ်တွေရဲ့ဘဝနေထိုင်မှုနဲ့ပတ်ဝန်းကျင်ကလူတွေရဲ့အမြင်တွေ ပွတ်တိုက်မှုဖြစ်တဲ့အခါ တရားဥပဒေဟာ သူတို့ဖက်မှာရှိမနေကြောင်းကို ရိုက်ပြထားပါ။ တရားဥပဒေဟာလူအများစုရဲ့လက်ထဲမှာပဲရှိတယ်ဆိုတာဖြစ်သင့်ပါသလား။ ဒီဇာတ်ကားဟာ လူ့အဖွဲ့အစည်းနဲ့ပတ်သက်ပြီး မက်ဆေ့တော်တော်များများပေးထားတဲ့ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ အညွှန်းမှာရေးထားတာက အဲ့ဒီမက်ဆေ့တွေရဲ့အပိုင်းအစသေးသေးလေးပဲရှိပါသေးတယ်။ နောက်ထပ်ထူးခြားတာတစ်ခုက ကမ္ဘာကျော်အဆိုတော်ကြီး Marilyn Manson လည်းဒီထဲမှာပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ ဒီကားလေးဟာ လူကြီးမင်းတို့ရဲ့ နှလုံးသားနဲ့ဦးနှောက်တစ်နေရာရာကို ထိသွားလိမ့်မယ်လို့ယုံကြည်ပါတယ်။
ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်လူ့ဘဝအောက်ခြေနင်းပြားအောက် ပြည့်တန်ဆာမိခင်က မွေးဖွားလာတဲ့ လူတစ်ယောက်ရှိတယ် ။ သူအိပ်မက်က ဘယ်လိုနည်းနဲပဖြစ်ဖြစ် ချမ်းသာဖို့ပဲ ။ သူဟာ သူဌေးသိပ်ဖြစ်ချင်တယ် ။ တစ်နေ့ သူဖြစ်တဲ့သူဌေးဘဝကို ရဖို့ သူကြိုးစားနေတုန်းမှာပဲ ကလပ်တစ်ခုက အဆိုတော်မလေးအပေါ် သံယောဇဉ် ငြိတွယ်မိတယ် ။ အဲဒိ ကလပ်အဆိုတော်မလေးဟာ သူ့ဘဝလို မထူးခြားနား ဘဝကနေ လာတယ်ဆိုတာ သူသိသွားတော့ ကောင်မလေးအပေါ် အရာရာ ပေးဆပ်ချင်စိတ်တွေဖြစ်ပေါ်လာတယ် ။ ဒါပေမယ့်သူတို့နှစ်ဦးရဲ့ ဆရာ နှစ်ဦးက အချင်းချင်း ယှဉ်ပြိုင်မှုတွေရှိနေတော့ သူတို့ နှစ်ဦးကြားက အနှောက်အယှက် နဲ့ ကြမ်းတမ်းတဲ့ခရီးလမ်း စိန်ခေါ်မှုတွေကို သူတို့ ဘယ်လိုရှင်းမလဲ ဆိုတာ အန္ဒိယရုပ်ရှင် ထုံးစံအတိုင်း အချစ် အလွမ်း အကြမ်း ဟန်မူရာမျိုးစုံနဲ့ ပုံဖော်ထားတတ်တော့ ရုပ်ရှင် ချစ်သူတွေအတွက်တော့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ခုပါပဲ ။ အထူးညွှန်းချင်တာကတော့ချစ်စကား ကြိုက်စကား ပြောခန်းတွေမှာ အသေအချာ နှလုံးသားနဲ့ ခံစားသက်ဝင်ပြီး အထူးဘာသာပြန်ထားတဲ့အတွက် ရုပ်ရှင်ချစ်ပရိတ်သတ်များရဲ့ ရည်းစားကို အတုယူ ပြောပြလို့ရကြောင်း အာမခံပြောပြလိုက်ပါရစေ …..
Bon Cop Bad Cop 1 ဟာ 2006ခုနှစ်မှာထွက်ရှိခဲ့တဲ့ ပြင်သစ်စုံထောက်-ဟာသဇာတ်ကားလေးပါ။ IMDB rating 7.1/10 နဲ့ Rotten Tomatoes 78% ရရှိထားပါတယ်။ အဓိကဇာတ်ဆောင်တွေကတော့ ပြင်သစ်ရဲ့နာမည်ကျော်အက်ရှင်-ဟာသမင်းသား Patrick Huard ၊ The Amazing Spider Man, Thor(2011), Face/Off ဇာတ်ကားတွေအပါအဝင်ဇာတ်ကားတော်တော်များများမှာ ဇာတ်ပို့အဖြစ်သရုပ်ဆောင်တဲ့ မင်းသားကြီး Colm Feore တို့ဖြစ်ပါတယ် မင်းသားနှစ်ယောက်လုံးဟာ ဒီဇာတ်ကားကြောင့် ကနေဒါရုပ်ရှင်အစည်းအရုံးကပေးအပ်တဲ့ အကောင်းဆုံးအမျိူးသားဇာတ်ဆောင်ဆုအတွက် လျာထားခြင်းခံထားခဲ့ရပါတယ်။ ကနေဒါနိုင်ငံ အွန်တာရီယို-ကွေဘက် နယ်မြေနယ်ခုကြားတည့်တည့်မှာထောင်ထားတဲ့ ဆိုင်းဘုတ်ပေါ်မှာခါးအလယ်တည့်တည့်ကနေ တွဲလောင်းကျသေနေတဲ့ လူသေအလောင်းတစ်ခုကို တွေ့တာကစပါတယ်။ ဒီတော့ နယ်မြေတစ်ဖက်စီကအထက်လူကြီးတွေဟာ လူသတ်မှုကိုပူးပေါင်းဖြေရှင်းကြဖို့ဆုံးဖြတ်လိုက်ကြပြီး အွန်တာရီယိုက စာအုပ်ကြီးအတိုင်းလုပ်တဲ့စုံထောက်မာတင်ဝါ့ဒ် ၊ကွေဘက်က စည်းမျဉ်းစည်းကမ်းတွေကို သိပ်အလေးမထားတဲ့ စုံထောက်ဒေးဗစ်ဘူရှားတို့ နှစ်ယောက်ကိုတွဲပေးလိုက်ပါတယ်။ အားနေရင် အချင်းချင်းစကားနာထိုးကြတဲ့ စုံထောက်နှစ်ယောက်ဟာ လုပ်ဖော်ကိုင်ဖက်တွေအဖြစ် အလုပ်လုပ်ကြရပါတော့တယ်။ လူသတ်သမားဟာ ဟော်ကီအသိုင်းအဝိုင်းကလူတွေကို သတ်လေ့ရှိပြီး နောက်ထပ်ဘယ်သူ့အလှည့်ဆိုတာကိုပါသဲလွန်စချန်ချန်ထားပါတယ်။ ဟော်ကီအားကစားကို စွဲစွဲလန်းလန်းဖြစ်နေတဲ့လူသတ်သမားကို မတည့်အတူနေစုံထောက်နှစ်ယောက်ကြိုးပမ်းဖော်ထုတ်ကြပုံကို ဟာသဆန်ဆန်ရိုက်ကူးထားပါတယ် နောက်ဆုံးမှာ လူသတ်သမားဟာ သူလိုချင်တာရဖို့ စုံထောက်တို့ရဲ့မိသားစုကိုပါထိပါးလာတဲ့အခါမှာတော့….. ဇာတ်ကားရဲ့ကြာချိန်ကတော့ ၁၁၆ မိနစ်ပါ။ ဇာတ်လမ်းပိုင်းကိုတော့ အများကြီးမပြောတော့ပါဘူး အချိန်ပေးကြည့်ရတာတန်တဲ့ စုံထောက်ကားကောင်းလေးပါ။
Bon Cop Bad Cop 2 ရုပ်ရှင်ဇာတ်ကားဟာ ခုမှပူပူနွေးနွေးထွက်ရှိထားတဲ့ Action/ Comdy/ Crime အမျိုးအစားဇာတ်ကားအမျိုးအစားတစ်ပုဒ်ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ မင်းသားကြီး Colm Feore နဲ့ Patrick Huard က အဓိက ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ ထူးခြားချက်က မင်းသား Partrick Huard ကိုယ်တိုင် ဒီဇာတ်ကားရဲ့ ဝတ္ထုကိုရေးသားထားတာပါ။ ဒါရိုက်တာ အနေနဲ့ကတော့ Alain Desrochersကရိုက်ကူးပေးထားပါတယ်။ ဒီဇာတ်ကားက 2006 ကထွက်ရှိခဲ့တဲ့ Bon Cop Bad Cop ထွက်ရှိပြီး ၁၁ နှစ်အကြာမှာ ပြန်လည်ထွက်ရှိခဲ့တာပါ။ Imdb Rating 7.2/10 Rotten Tomatoes 71% The Globe and Mail 3/4 ဒီ rating တွေကို ကြည့်ခြင်းအားဖြင့် ဇာတ်ကားကောင်းတစ်ကားဆိုတာပြောဖို့တောင်မလိုဘူးထင်ပါတယ်။ ဒီဇာတ်ကားထဲမှာ ပြင်သစ် ကနေဒီယန် ရဲအဖြစ် ဟာသဆန်ဆန် သရုပ်ဆောင်ချက်တွေနဲ့ အက်ရှင် ဇာတ်ကွက်တွေကြောင့် ပရိတ်သတ်တွေအကြိုက်တွေ့မယ်ဆိုတာ သေချာပါတယ်။
နာမည်ကျော် ကြေးစား လူမုဆိုး ဘွန်းန် တစ်ယောက် သူတို့ရဲ့ Rating ကျဆင်းလာတဲ့ Boone: The Bounty Hunter ရုပ်သံအစီအစဉ်ကို တာဝန်ရှိသူတွေက ရပ်တန့်ပစ်လိုက်ဖို့ပြောတဲ့အခါမှာ ဘွန်းန် တစ်ယောက် သူ့အဖွဲ့သားတွေရဲ့အလုပ်အာမခံချက်အတွက် မူးယစ်ရာဇာ တစ်ယောက်ရဲ့ အမှုကို လက်ခံခဲ့ပါတယ် တရားခံက မက္ကဆီကို ဘက်ကိုထွက်ပြေးတိမ်းရှောင်သွားတဲ့အချိန်မှာ ဘွန်းန် လည်း အဲ့ဒီနောက်ကိုလိုက်ပြီး တရားခံဖမ်းဖို့ကြိုးစားခဲ့ပါတယ် ဒါပေမဲ့ မက္ကဆီကို မှာ ဘွန်းန် ကိုထောက်ခံသူဟာ မရှိသလောက်ကိုနည်းပါးပါတယ် ကံဆိုးချင်တော့ အဲ့ဒီဒေသလေးဟာလည်း မူးယစ်ရာဇာ ကြီးဆိုးနေတဲ့ ဒေသဖြစ်နေပြန်တယ် ဒီလိုအခြေအနေတွေမှာ ဘွန်းန် တစ်ယောက် သူတို့အလုပ်ကို ဘယ်လိုကယ်တင်မလဲ ဒုက္ခရောက်နေတဲ့ သူ့မိတ်ဆွေတွေကို ဘယ်လိုကယ်တင်မလဲဆိုတာ တွေကို စိတ်ဝင်စားဖွယ်ရိုက်ကူး တင်ဆက်ထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်
ဒီတစ်ခါမှာတော့ Rating 6.7 ရရှိထားတဲ့ ဂျပန် Sci-Fi ကားလေးတစ်ကား ကြည့်လိုက်ရအောင်လား… ကမ္ဘာကြီးရဲ့တခြားနေရာက ဂြိုလ်သားတွေကသူတို့တီထွင်ထားတဲ့ Back Baron စက်ရုပ်ကြီးတွေနဲ့ကျူးကျော်စစ်ပွဲတွေ ဖန်တီးပြီး လူသားတွေရဲ့ကမ္ဘာကြီးကို သိမ်းပိုက်ဖို့ကြံစည်ခဲ့ကြပါတယ်.. လူသားမျိုးနွယ်တွေရဲ့ ၉၆ ရာခိုင်နှုန်းဟာ သုတ်သင်ခြင်းခံလိုက်ရပါတယ်… ဒီအသက်ရှင်ကျန်ရစ်တဲ့အထဲမှာမှ မောင်နှမ၅ယောက်က ဒီဂြိုလ်သားတွေရဲ့ လက်ထဲကနေ ကမ္ဘာကိုပြန်လည်ရရှိအောင် တိုက်ခိုက်ဖို့အစီစဉ်တွေချခဲ့ကြပါတယ်… အဲဒါကတော့အတိတ်ကာလကိုပြန်လည်သွားဖို့ပဲဖြစ်ပါတယ်.. ဘာလို့လဲဆိုတော့ အနာဂါတ်မှာ သူတို့လူသားမျိုးနွယ်တွေ ပျက်သုဉ်းသွားပြီး ဂြိုလ်သားတွေရဲ့စစ်ပွဲဟာ အောင်နိုင်သွားလို့ဖြစ်ပါတယ်… ဒါကြောင့် သူတို့တွေဟာ အတိတ်ကိုပြန်လည်သွားရင်း အနာဂါတ်မှာဖြစ်လာမယ့် အရာတွေကို ပြန်လည်တားဆီးဖို့ ကြိုးစားကြတော့မှာဖြစ်ပါတယ်… Sci-Fi Movie တွေမှကြိုက်တဲ့လူတွေအတွက် ဒီကားလေးကိုကြည့်ဖို့ တိုက်တွန်းချင်ပါတယ်…
2018, February 2ရက်နေ့ကထွက်ရှိခဲ့တဲ့ နာမည်ကြီးမင်းသား Jason Momoa ရိုက်ကူးထားတဲ့ Braven ဇာတ်ကားဟာ ထွက်ရှိပြီးရက်ပိုင်းအတွင်းမှာပဲ လူကြိုက်အရမ်းများပြားခဲ့တဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးထဲမှာတော့ မင်းသား Jason Momoaက သစ်လုပ်ငန်းလုပ်ကိုင်တဲ့ Joeအဖြစ်သရုပ်ဆောင်ထားပါတယ်။ Joe ဟာမှတ်ဉာဏ်မကောင်းတော့တဲ့ သူ့ရဲ့ဖခင်ကြီးရယ်၊ သူဇနီးနဲ့ သမီးလေးတစ်ယောက်တို့နဲ့ အတူတူအေးချမ်းတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားသူပဲဖြစ်ပါတယ်။ တနေ့မှာတော့ သူ့တပည့်တစ်ယောက်ဟာ သစ်တွေကိုတင်ပို့ရင်း မူးယစ်ဆေးဝါးတွေ မှောင်ခိုတင်ပို့ပါတော့တယ်။ အဲ့လိုမှောင်ခိုပို့ရင်းနဲ့ မမျှော်လင့်ပဲလမ်းခုလတ်မှာ ကားမတော်တဆဖြစ်ပြီး၊ ရဲတွေကားိတော်တဆဖြစ်တဲ့နေရာကိုရောက်လာရင် မူးယစ်ဆေးတွေမိသွားမှာစိုးတဲ့အတွက် Joeရဲ့ ပစ္စည်းတွေထားတဲ့ သစ်သားအိမ်လေးထဲမှာ သွားဖွက်ထားလိုက်ပါတယ်။ အဲ့ဒီလိုနဲ့ Joeတစ်ယောက် ဘာမှမသိလိုက်ရဘဲ မူးယစ်ဆေးဝါးဂိုဏ်းတွေနဲ့ ပတ်သက်မိသွားပါတော့တယ်။ နောက့်နေ့ အဲ့ဒီမူးယစ်ဆေးတွေကို လာပြန်ယူတဲ့အခါမှာတော့ အဲ့ဒီ မူးယစ်ဆေးဂိုဏ်းအဖွဲ့နဲ့ Joeရဲ့မိသားစုတို့ထိပ်တိုက်တိုးပါတော့တယ်။ Joeတစ်ယောက်ဟာ သူရဲ့မှတ်ဉာဏ်မကောင်းတော့တဲ့ ဖခင်ကြီး၊ ချစ်လှစွာသောဇနီးသည်နဲ့ သမီးငယ်လေးတို့ကို အဲ့ဒီ ဂိုဏ်းသားတွေနဲ့သူ့တို့လက်ကလွတ်အောင်ဘယ်လို ကယ်တင်မလဲ၊ ဘယ်လိုစွန့်စားခန်းတွေနဲ့ကြုံတွေ့မလဲ၊ ဘယ်လိုကြေကွဲစရာအဖြစ်အပျက်တွေဖြစ်မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းလေးထဲမှာရှု့စားရမှာပဲဖစ်ပါတယ်။ Family/Drama/Action ဇာတ်ကားကောင်းလေးဖြစ်တာကြောင့် ပရိတ်သတ်တွေအကြိုက်တွေ့စေမယ့်ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်
ကမ္ဘာကြီးရဲ့ Alternate Timeline တစ်ခုမှာ လူတွေဟာOrcs တွေ Elves တွေ အစရှိတဲ့ ဒဏ္ဏာရီထဲကသတ္တဝါတွေနဲ့အတူ ကမ္ဘာဦးအစကတည်းက နေထိုင်ပါတယ်။ ဒီဇာတ်ကားမှာတော့Ward (Will Smith) ဟာ လော့အိန်ဂျလိစ်က ဝါရင့်ရဲအရာရှိတစ်ယောက်ဖြစ်ပြီး လော့အိန်ဂျလိစ်ရဲဌာနရဲ့ ပထမဆုံး Orcs ရဲအရှာရှိဖြစ်တဲ့ Jakoby နဲ့အတူ တာဝန်ထမ်းဆောင်နေရတာဖြစ်ပါတယ်။ လူတွေနဲ့ Orc တွေကလဲ သိပ်မတည့်ကြသလို Jakoby နဲ့လဲ ဘယ်သူကမှ အလုပ်တွဲမလုပ်ချင်ကြပါဘူး။ တစ်ညမှာတော့Ward နဲ့ Jakoby တို့ Tikka လို့ခေါ်တဲ့ Elf တစ်ယောက်ကို တွေ့ရှိခဲ့ပြီး သူ့ဆီမှာ ကမ္ဘာကို အမှောင်ခေတ်ပြန်ရောက်သွားအောင်လုပ်နိုင်စွမ်းရှိနေတဲ့ မှော်တုတ်တံတစ်ချောင်းရှိနေတာကို သိလိုက်ရပါတယ်။ အဲ့ဒီ မှော်တုတ်တံကို လူမျိုးစုအားလုံး သတ္တဝါအားလုံးကအလိုရှိနေတာဖြစ်ပြီး မှော်တုတ်တံပိုင်ရှင်အစစ်ဖြစ်တဲ့ Leilah ကိုယ်တိုင်ကလဲ လိုက်ရှာဖွေနေတာဖြစ်ပါတယ်။ ကမ္ဘာကြီး မပျက်စီးအောင်Ward နဲ့ Jakoby တို့ ဘယ်လိုတားဆီးမလဲ ဆိုတာတော့ ရုပ်ရှင်ထဲမှာ ဆက်လက်စီးမျောခံစားလိုက်ပါ။ ဒီကားကို ဝေဖန်သူတွေက ၂၀၁၇ ခုနှစ်ရဲ့ အဆိုးဝါးဆုံးရုပ်ရှင်လို့ မှတ်ချက်ပေးနေပေမယ့် တကယ်တော့ အဲ့လောက်မဆိုးဝါးပါဘူး။ Imdb 6.7, Rotten Tomatoes 30% ရရှိထားတဲ့အပြင် David Ayer ရဲ့ အမြင်ဆန်းသစ်တဲ့ရုပ်ရှင်တစ်ကားဖြစ်တာမို့ကြည့်သင့်တဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။
ဒီဇာတ်လမ်းကတော့ ပြီးခဲ့တဲ့ သြဂုတ်လကမှ ရုံတင်ခဲ့တဲ့ ဖိလစ်ပိုင်အက်ရှင်ဇာတ်ကြမ်း အသစ်စက်စက်ပါ။ ဇာတ်ကြမ်းလို့ဆိုနိုင်ပေမဲ့ မင်းသမီးကို အသားပေးထားတာမို့ မြင်နေကျ မင်းသားဟီးရိုးလုပ်တဲ့ အက်ရှင်ကားတွေနဲ့တော့ နည်းနည်းကွာမှာပါ။ ဇာတ်လမ်းကျောရိုးက လက်ရှိဖိလစ်ပိုင်ရဲ့ နာမည်ကျော် မူးယစ်ဆေးနှိမ်နင်းရေးတိုက်ပွဲကြီးကို အခြေခံထားတယ်ဆိုရင်လည်း မမှားပါဘူး။ ဇာတ်လမ်းမှာ ဖိလစ်ပိုင်မူးယစ်ဆေးဝါးနှိမ်နင်းရေး အထူးတပ်ဖွဲ့က အဖွဲ့တစ်ဖွဲ့ဟာ ဖမ်းဆီးရခက်တဲ့ နာမည်ကျော် မူးယစ်ရာဇာတစ်ယောက်ရဲ့ စခန်းကို ဝင်စီးပြီး မူးယစ်ရာဇာကိုပါ ဖမ်းဆီးမယ့် စစ်ဆင်ရေးတစ်ခု အစပြုခဲ့ကြပါတယ်။ စစ်ဆင်ရေးနာမည်က Buy-Bust… သူလျိုတစ်ယောက်ရဲ့ အကူအညီနဲ့ ဝင်စီးဖို့ ထွက်လာတဲ့ သူတို့အဖွဲ့ဟာ စစ်ဆင်ရေးအစမှာပဲ ထောင်ချောက်ဆင်ခံရပြီဆိုတာ သိလိုက်ရပါတယ်။ အချိန်ယူပြီးစနစ်တကျလေ့ကျင့်ထားခဲ့ကြတဲ့ သူတို့အဖွဲ့ဝင်တွေ ဘယ်လိုရင်ဆိုင်တိုက်ခိုက်ကြမလဲ၊ ကျွမ်းကျင်ထက်မြတ်တဲ့ မန်နင်းဆိုတဲ့ အဓိကဇာတ်ကောင် အမျိုးသမီးတပ်ဖွဲ့ဝင်ကရော ဘယ်လိုတွေ ရုန်းကန်ရှင်သန်သွားမလဲ၊ မူးယစ်ရာဇာရဲ့ အာဏာစက်ထဲရောက်နေတဲ့ ဒေသခံတွေနဲ့ရော ဘယ်လို ပဋိပက္ခဖြစ်ကြမလဲ၊ သူတို့ဘက်က အကျင့်ပျက်ခြစားနေတဲ့ သူလျိုကရော ဘယ်သူဖြစ်မလဲ၊ နောက်ဆုံး ဘယ်သူတွေ အသက်ရှင်ကျန်ရစ်ခဲ့မလဲ ဆိုတာကို ရင်တထိတ်ထိတ် ကြည့်ရူရမှာပါ။ ဇာတ်ကြမ်းဆိုတဲ့အတိုင်း အပစ်အခတ် အသတ်အဖြတ်တော့ နည်းနည်းတော့ ကြမ်းပါတယ်နော်။ ကြိုသတိပေးထားတာ ? ဇာတ်လမ်းမှာ ဖိလစ်ပိုင်က နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်တဲ့ Anne Curtis နဲ့ မင်းသား Branton Vera တို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။
mmbusticketPredominantly set during World War II, Steve Rogers is a sickly man from Brooklyn who’s transformed into super-soldier Captain America to aid in the war effort. Rogers must stop the Red Skull – Adolf Hitler’s ruthless head of weaponry, and the leader of an organization that intends to use a mysterious device of untold powers for world domination. 1080p BluRay 5.1 DTS Quality ဖြင့် Marvel Cinematic Universe (MCU) Collection ကိုစုပေါင်းတင်ဆက်ပါသည်။MCU ဇာတ်ကားအားလုံးကို https://channelmyanmar.org/category/marvel-universe/ မှာ Download နိုင်ပါသည်။++++++++++++++++++++++++++++ Marvel Cinematic Universe Intro=======================Marvel ထုတ်လုပ်ရေးမှ Marvel Cinematic Universe(MCU) ကို လွန်ခဲ့တဲ့ ၁၀ နှစ်က စပြီးတည်ဆောက်ခဲ့ပါတယ်။ ပထမဆုံး ဇာတ်လမ်းဖြစ်တဲ့ Iron Man-1 နဲ့ဖြစ်ပါတယ်။ နောက်ဆုံးအပိတ်ကတော့ Endgame (2019) ဖြစ်ပါတယ်။Marvel Universe မှာ Infinity Stone လို့ ခေါ်တဲ့ စွမ်းအား အကြီးဆုံး ကျောက်တုံး(၆) လုံးရှိပါတယ်။ အဲဒီကျောက်တုံးတွေဟာ စကြဝဠာအနှံ့မှာ ပြန့်ကျဲနေတယ် ဆိုပါတော့။ ကျောက်တုံးတစ်တုံးချင်းစီမှာ သီးခြားအစွမ်းတွေ ရှိပြီး သာမာန်လူတွေ ကိုင်တွယ်သုံးစွဲဖို့ မဖြစ်နိုင်သလောက်ပါပဲ။ Infinity War ရဲ့ အဓိက ဗီလိန်ဖြစ်တဲ့ Mad titan လို့ခေါ်ကြတဲ့ Thanos က ဒီကျောက်တုံးတွေကို စုစည်းပြီး စကြဝဠာကို သူ့သဘောအတိုင်းဖန်တီးဖို့ကြိုးစားပါလိမ့်မယ်။ ဒါကို Avengers( Captain America, Iron Man, Hulk, Thor, Black Widow, Hawkeye, Vision,Scarlet Witch,Antman,Falcon) တို့နဲ့ Spiderman, Doctor Strange, Black Panther, Guardians of the Galaxy အဖွဲ့တို့ ပူးပေါင်းတားဆီးကြရင်း ဖြစ်လာတဲ့ စစ်ပွဲပါ။Infinity Stones 6 လုံးရဲ့ တည်နေရာတွေကတော့၁. Space Stone aka Tesseract (Blue) (Captain America: the first avenger ဇာတ်ကားမှာ နာဇီတွေဆီက လုယူရတဲ့ ကျောက်တုံးဖြစ်ပြီး Avengers ဇာတ်ကားမှာ လိုကီက ဂြိုလ်သားတွေကို ကမ္ဘာကိုခေါ်ဖို့ ဝင်ပေါက်ဖွင့်တဲ့နေရာမှာ အသုံးပြုခဲ့ပါတယ်၊ လက်ရှိကတော့ Asgard ဂြိုလ်ပေါ်မှာ သိမ်းဆည်းခဲ့ရင်း Thor: Ragnarok ကားအဆုံးမှာ လိုကီ ခိုးယူခဲ့တာကို တွေ့ရမှာပါ)၂။ Reality Stone aka Aether (Red) ( စကြဝဠာကို Big Bang မတိုင်ခင်အထိတောင် ပြန်ပြောင်းပစ်နိုင်ပါတယ်။ Thor 2: The Dark World မှာ ပါလာခဲ့ပြီး နောက်ဆုံး credit scene မှာ Collector ဆိုသူဆီမှာ သိမ်းဆည်းထားပါတယ်)၃။ Power Stone (Purple Orb) ( ဂြိုလ်တစ်ခုလုံးကို အသာလေးဖျက်ပစ်လို့ရတဲ့ raw power တွေပါပါတယ်။ Guardian of the Galaxy 1 မှာ ပါဝင်ခဲ့ပြီး Xander က Nova Corps စစ်တပ်လက်ထဲမှာ သိမ်းဆည်းထားပါတယ်။)၄။ The Time Stone ( The Eye of Agomotto, Green) ( အချိန်ကို လိုသလိုအသုံးချနိုင်ပါတယ်။ Doctor Starnge ဇာတ်လမ်းမှာ ပါဝင်လာပြီး လက်ရှိ ဒေါက်တာ စထ်ရိန့်က စောင့်ရှောက်ထားပါတယ်)၅။ Mind Stone (Yellow) ( ဉာဏ်ရည်ကို မြှင့်တင်ခြင်းနဲ့ စိတ်ညို့ခြင်းတွေ ပြုလုပ်နိုင်ပါတယ်။ Avengers 1 မှာ ပါဝင်ခဲ့ပြီး လက်ရှိ Vision ရဲ့ နဖူးထဲမှာ မြှပ်ထားတာပါ)၆။ Soul Stone (Orange) ( သက်ရှိ သက်မဲ့ အခြေအနေတွေကို ထိန်းချုပ်နိုင်ပါတယ်။ Planet Vormir မှာရှိပါတယ်။ )အဆိုပါ ကျောက်တုံး ၆ တုံးကို သုံးနိုင်ဖို့ Infinity Gauntlet ဆိုတဲ့ လက်အိတ်ကို လိုပါတယ်။ အဲဒီလက်အိတ်ကိုတော့ Thanos ပိုင်ဆိုင်ထားပါတယ်။ ဒီလောက်ဆို Marvel Universe ကိုကြည့်ဖို့ အကြမ်းဖျဉ်းလုံလောက်ပြီ ထင်ပါတယ်။
ဒီတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ Chasing လို့ အမည်ရပါတယ် ညတစ်ညမှာပဲ ကြုံတွေ့ရတဲ့ ပြသာနာပေါင်းများစွာကို CEO တစ်ယောက်နဲ့ စုံထောက်တစ်ယောက်က တစ်ဖွဲ့ ကျောင်းသားလေးတွေက တစ်ဖွဲ့ အပြိုင်ပုံဖော်ပေးထားတဲ့ Comedy အသားပေး Action ဇာတ်လမ်းလေးပါ… ရယ်ရတဲ့အပြင် ကိုရီးယားဇာတ်လမ်းတို့ရဲ့ထုံးစံအတိုင်း လူမှုရေးပညာပေးလေးလည်း ယူတတ်ရင် ရမယ့်ကားလေးပါ အဓိက သရုပ်ဆောင် တွေ အနေနဲ့ကတော့ မင်းသားကြီးတွေဖြစ်တဲ့ Kim Seung woo နဲ့ Kim Jung Tae သူတို့ရဲ့ အပြိုင် အထက်တန်းကျောင်းသားလေးတွေအဖြစ်Vixx အဖွဲ့မှ Hyuk အပါအဝင် Shin Kangwoo, Kim Min Gyoo နဲ့ Moon Yong Seok တို့လေးယောက်က ပါဝင်အားဖြည့်ထားပါတယ်
“ဇာတ်လမ်းအညွှန်း” ဆယ်နာပသီ ဆိုတဲ့ ဩဇာကြီးတဲ့ ဒုစရိုက်သမားကြီးဟာဘုရားက အပြန်မှာ လူမိုက်တချို့ရဲ့ လုပ်ကြံခြင်းကိုခံလိုက်ရပါတယ်။ ဒီသတင်းကို ကြားတော့…သားသုံးယောက်ဖြစ်တဲ့ချန်နိုင်းရာဇာ “ဗာရာဒန် “၊ဒူဘိုင်းမှာ အခြေချနေကြတဲ့ သားလတ် “သီယာဂူ”၊သားငယ် “အီသီ”တို့ ရောက်လာကြပါတယ်။ ဖခင်ကို လုပ်ကြံသူအား လက်စားချေဖို့ပါ။ ဖခင်ဆုံးသွားရင် နေရာဆက်ခံဖို့လည်း ပါတာပေါ့။ ဖခင်ကတော့ ဘယ်သူလက်ချက်လဲဆိုတာသိတယ်တဲ့။ ဒါပေမဲ့ မပြောပြခဲ့ပါဘူး။ တနေ့မှာတော့ ဖခင်ဟာ အကြောင်းမဲ့ သေဆုံးသွားခဲ့ပါတယ်။အဲ့ဒီနေ့မှာပဲ သားတွေရဲ့ ဇနီးမယားတွေလည်းလုပ်ကြံခံရတယ်။ တရားခံက ဘယ်သူလဲ? ဒုစရိုက်လောက တစ်ခုလုံး ကြောက်ရတဲ့သူတို့ကို ဘယ်အဖွဲ့က လုပ်ကြံသလဲ? ဘာကြောင့်လုပ်ကြံလဲ ဆိုတာကို ကြည့်ရှုခံစားကြပါဦးဗျာ….။ —————————————- လူတွေရဲ့ အတွင်းစိတ်ဟာ အင်မတန်ကြောက်ဖို့ ကောင်းတယ် . . . ပိုပြီးကြောက်ဖို့ကောင်းတာက အပေါ်ယံဟန်ဆောင်ပြုံးပြပြီး နောက်ကျောကို ဓားနဲ့ ထိုးတဲ့သူတွေ။. . . သူတစ်လူ ငါတစ်မင်းဆိုတဲ့စကားရယ်ငဖြူသေရင် ငမည်းပေါ်လိမ့်မယ်ဆိုတဲ့စကားရယ်. . . ဒီဇာတ်ကားထဲက အဖြစ်အပျက်တွေဟာ ကွက်တိတွေ။ ဇာတ်လမ်းက ရိုးမလိုနဲ့ ဆန်းပြားပြီးကြည့်ရင်းနဲ့ ကြက်သီးထလောက်အောင်ကို လူ့စရိုက်တွေကို အော်ဂလီဆန်လာစေတာမျိုးပါ။ ဒီကားထဲမှာတော့ဂန်းစတားလောကရဲ့ လည်သူစားစတမ်းလှည့်ကွက်တွေကြားက သွေးသားတော်စပ်မှုကို ဘေးချိတ်ပြီး ကိုယ့်အတွက်ဆို ဘယ်သူ့ကိုမှ အရှင်မထားတတ်တဲ့ ရွံရှာဖွယ်ရာ စိတ်ဓာတ်တွေ၊ကိုယ့်မှာ ဇနီးသည်နဲ့ ကလေးတွေ ရှိနေပါလျက် ဖောက်ပြားတတ်တဲ့ ယောက်ျား၊ကိုယ့်ခေတ် ဘယ်လောက်ပဲ ကောင်းခဲ့ကောင်းခဲ့ ခြသေ့ၤမင်းပဲ ဖြစ်ခဲ့စေဦးအသက်အရွယ်ရလာချိန် အားမတန်လို့ မာန်လျှော့ရတဲ့ ဂိုဏ်းဂုရုကြီး တစ်ယောက်၊ဂန်းစတားတွေရဲ့ အပူသည် ဇနီးသည်တွေအကြောင်း စသဖြင့် ဇာတ်ရုပ် ဇာတ်ကွက် စုံလင်လှပါတယ်။ တမီးလ်မင်းသား ဗီဂျေးစည်သူပသီ၊အာရ်ဗင်းဆွာမိတို့နဲ့ အတူမြောက်ပိုင်းက ဘောလိဝုဒ်မင်းသမီး အာဒီတီးရိုဟိုက်ဒါရီ(Bhoomi 2017 ထဲက မင်းသမီး)တို့ အဓိက ပါဝင်ထားပါတယ်။ အကြမ်းဖျင်းအားဖြင့် ပြောရရင်ဂန်းစတားလောက အကြောင်းကိုရိုက်ထားတယ်လို့ ပြောလို့ ရပေမယ့်. . . တကယ့်တကယ်တော့လူ့သဘာဝကို လှလှပပ သရုပ်ဖော်ပြသွားတဲ့ ပညာပေး ဇာတ်ကားတစ်ကားသာ ဖြစ်ပါကြောင်း. . .။ ။
ယန် ဂျီအန် ဆိုတဲ့လူငယ်လေးပြိုင်ပွဲတွေကိုအနိုင်ရဖို့အတွက်အလုပ်လုပ်ပြီးတော့ မြောက် အာဖရိက ကိုသွားပြီးလုပ်အားပေးကူညီတဲ့ တရုတ် အိုင်တီ အင်ဂျင်နီယာ တစ်ယောက်ပါ။တောင်နဲ့မြောက်ကြားမှာရှိတဲ့ဆက်သွယ်ရေးတွေကိုအနိုင်ရသူကပဲထိန်းချုပ်ခွင့်ရတယ်။ပြင်သစ် လျှို့ဝှက်စုံထောက် မိုက်ကယ် ကအနောက်ဘက်အတွက်အလုပ်လုပ်ပေးတယ်။မြောက်ဘက်ကိုသွားပြီးပြိုင်ပွဲတွေကိုအနိုင်ရဖို့အတွက်သူ့ရဲ့သူဌေးကအမိန့်ပေးခဲ့တယ်။ပြီးတော့သူတို့က အာဖရိက ရဲ့ကြီးမားတဲ့တွင်းထွက်ပစ္စည်းတွေကိုထိန်းချုပ်နိုင်တယ်။သူကကြေးစားနိုင်ငံခြားသားစစ်သား အာဖရိက မှာရှိတဲ့ လာဒါ လို့ခေါ်တဲ့လူနဲ့အရင်ဗိုလ်ချုပ် ကက်ဘား ကိုငှါးခဲ့ပြီးသူ့ကိုကူညီဖို့ခေါ်ခဲ့တယ်။ ယန် ကသူတို့တွေရဲ့လျှို့ဝှက်ပူးပေါင်းကြံစည်မှုတွေကိုစုံစမ်းခဲ့တယ်။အဲ့ဒီလူတွေကိုသူတစ်ယောက်ပဲတားဆီးလို့ရတယ်။…
ဒီတစ်ခါ မိတ်ဆက်ပေးမှာကတော့ လူကြီးတွေကော ကလေးတွေပါမကျန် အားလုံး မသိသူမရှိကြိုက်ကြတဲ့ မင်း%RF1GҚچ\JҶ:Vdžز/o/8EToE5$00@0*a {ye)Sp$809 %A88%E-3e95%3/(0%7%U%85AC%M1′(0%0%<0%B=$=ceE1%9 းလေးပါ။ တရုတ်သမိုင်းမှာ အစဉ်လာကြီးမားed-Ǖ5Z%d}| UאjV0k gDU1-D#E1'B05E1%(p%9K82%"l$Ape80-Bᥘ07B1%Eq%3%F898'84'A1e1%1%@:*z!%=C%Eq!80-@C$D15(%{U%9!84%A%:0%8q%_1e0$BC51804$A$90B)%U1ax0d%1%8D-80%)Be88-QD!U%(0'85E1eQ7E!!0%AQ5G0%
ယန် ဂျီအန် ဆိုတဲ့လူငယ်လေးပြိုင်ပွဲတွေကိုအနိုင်ရဖို့အတွက်အလုပ်လုပ်ပြီးတော့ မြောက် အာဖရိက ကိုသွားပြီးလုပ်အားပေးကူညီတဲ့ တရုတ် အိုင်တီ အင်ဂျင်နီယာ တစ်ယောက်ပါ။တောင်နဲ့မြောက်ကြားမှာရှိတဲ့ဆက်သွယ်ရေးတွေကိုအနိုင်ရသူကပဲထိန်းချုပ်ခွင့်ရတယ်။ပြင်သစ် လျှို့ဝှက်စုံထောက် မိုက်ကယ် ကအနောက်ဘက်အတွက်အလုပ်လုပ်ပေးတယ်။မြောက်ဘက်ကိုသွားပြီးပြိုင်ပွဲတွေကိုအနိုင်ရဖို့အတွက်သူ့ရဲ့သူဌေးကအမိန့်ပေးခဲ့တယ်။ပြီးတော့သူတို့က အာဖရိက ရဲ့ကြီးမားတဲ့တွင်းထွက်ပစ္စည်းတွေကိုထိန်းချုပ်နိုင်တယ်။သူကကြေးစားနိုင်ငံခြားသားစစ်သား အာဖရိက မှာရှိတဲ့ လာဒါ လို့ခေါ်တဲ့လူနဲ့အရင်ဗိုလ်ချုပ် ကက်ဘား ကိုငှါးခဲ့ပြီးသူ့ကိုကူညီဖို့ခေါ်ခဲ့တယ်။ယန် ကသူတို့တွေရဲ့လျှို့ဝှက်ပူးပေါင်းကြံစည်မှုတွေကိုစုံစမ်းခဲ့တယ်။အဲ့ဒီလူတွေကိုသူတစ်ယောက်ပဲတားဆီးလို့ရတယ်။…
Action Thriller ပရိတ်သတ်တွေအတွက် Jacquie Davis ဆိုတဲ့သက်တော်စောင့်အမျိုးသမီးကိုအခြေခံပြီးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ကိုတင်ဆက်ပေးလိုက်ပါတယ် အတိတ်တွေကနေ ရှောင်ပုန်းနေတဲ့ အမျိုးသမီးသက်တော်စောင့်ဆမ် ဖခင်ဖြစ်သူသေဆုံးသွားပြီးနောက် အမွေတွေအားလုံးကိုပိုင်ဆိုင်ရမယ့် ခပ်ဆိုးဆိုးသူဌေးသမီးလေးဇိုဝီကို ပြန်ပေးဆွဲဖို့ကြိုးစားကြတဲ့အခါ ဇိုဝီအမွေအားလုံးရသွားတာကြောင့် မကျေမနပ်ဖြစ်နေတဲ့ မိထွေးရီမာရဲ့လက်ချက်လား ပြိုင်ဘက်လုပ်ငန်းရှင်တွေကြားက အရှုပ်တော်ပုံတွေနဲ့အတူ ကြမ်းကြမ်းရမ်းရမ်း Action Scenes တွေကို ဝေဝေဆာဆာကြည့်ရှုရမှာမို့ အကြိုက်တွေ့စေမှာအမှန်ပါပဲ IMDB ၅.၆ ရရှိထားပါတယ်
ဒီတခါတော့ Bollywoodပရိတ်သတ်တွေအတွက် အလန်းစား စတန့်တွေနဲ့ အက်ရှင်ခပ်ကြမ်းကြမ်းလေးကို တင်ဆက်ပေးထားပါတယ်။ ဒီကားတွေရဲ့ မင်းသား ဗီရွတ်ဂျမာဝဲလ်က စတန့်ခန်းတွေကို ကိုယ်တိုင်ကြိုးစားသရုပ်ဆောင်ထားတာလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အိန္ဒိယစစ်တပ်ရဲ့ အထူးတပ်သားတွေဟာ လေ့ကျင့်ရေးဆင်းရင်း မုန်တိုင်းမိပြီး တရုတ်နယ်စပ်မှာ လေယာဉ်ပျက်ကျခဲ့ပါတယ်။ တပ်သားတွေထဲက ကရန်ဟာ တရုတ်စစ်တပ်ရဲ့ ဖမ်းစီးခြင်းကိုခံခဲ့ရပြီး တရုတ်အစိုးရကလည်း သူ့ကို စပိုင်တယောက်လို့ထင်ပြီး အမျိုးမျိုးညဉ်းပန်းနှိပ်စက်ပြီး စစ်ကြောပါတော့တယ့် တဖက်မှာလည်း အိန္ဒိယအစိုးရက နိုင်ငံရေးပြသနာတွေတက်မှာစိုးလို့ သူ့ကို မကယ်တော့ပါဘူး့ တရုတ်လက်လွတ်မြောက်ဖို့ ကြိုးစားခဲ့ရတယ့် ကွန်မန်ဒို တပ်သားကရန်ဟာ နယ်စပ်မှာ ဂိုဏ်းစတားတယောက်လက်က ထွက်ပြေးနေရတယ့် မိန်းကလေးတယောက်ကို ကူညီပေးလိုက်ရင်း ပြသနာအကြီးအကျယ်တတ်ပါတော့တယ်။ ဂိုဏ်စတားတွေလက်ထဲက မိန်းကလေးကို ကရန်တယောက် ဘယ်လိုကယ်တင်မလဲဆိုတာတော့ ပရိတ်သတ်ကြီးပဲ ကြည့်လိုက်ပါတော့ အက်ရှင်ကြိုက် ပရိတ်သတ်တွေအနေနဲ့ လက်အလွတ်မခံသင့်ပါဘူး့
ကန် ဒေါ်လာ တရားမဝင်ထုတ်လုပ်နေတဲ့ မြောက်ကိုရီးယား နိုင်ငံမှာ ချာ ဂီဆန်း လို့ခေါ်တဲ့ အကြီးတန်း ဗိုလ်မှူးကြီးတစ်ယောက်က နိုင်ငံတော်ကို သစ္စာဖောက်ပြီး ဒေါ်လာထုတ်တာမှာ သုံးတဲ့ သတ္တုပြားတွေကို ခိုးယူဖို့ကြိုးစားပါတော့တယ် ဒီအခြေအနေမှာ ဗိုလ်မှူး အင် ချွဲယောင်း က တာဆီးနိုင်ခဲ့ပေမဲ့ သူ့ဇနီးဖြစ်တဲ့ ရဲဘော် ဟွာယောင်းကို ဓားစာခံလုပ်ပြီး အကျပ်ကိုင်လာတဲ့အခါမှာတော့ သူ လက်နက်ချလိုက်ရတယ် ဒါပေမဲ့ ချာ ဂီဆန်း က သူပြောတဲ့အတိုင်း ကတိမတည်ပဲ အားလုံးကို သတ်ခဲ့တယ် ဒါပေမဲ့လည်း အင် ချွဲယောင်း ကိုမသတ်ခဲ့မိတဲ့ သူ့ရဲ့အမှားက … သူ တောင်ကိုရီးယား ကို တိမ်းရှောင်နေတဲ့အချိန်မှာ ဒုက္ခပေးပါတော့တယ် ချွဲ အင်ယောင်းက တောင်ကိုရီးယား ရဲစုံထောက် ဂန် ရှင်းထယ် နဲ့ပူးပေါင်းပြီး ချာ ဂီဆန်း ကို ဖမ်းဆီးနိုင်ဖို့ကြိုးစားပါတော့တယ် ဒီလို တစ်ဖက်နဲ့တစ်ဖက် မယုံကြည်ပေးနိုင်တဲ့အချိန်မှာ လုပ်ဆောင်ရတဲ့ တောင်-မြောက် ပူးပေါင်းစစ်ဆင်ရေးက အောင်မြင်ပါ့မလား ဘယ်လို အခက်အခဲတွေ ထပ်ပြီးကြုံတွေ့ရဦးမလဲ အင် ချွဲယောင်း နဲ့ဂန် ရှင်းထယ် တို့ကော အသက်အန္တရာယ် ကင်းလွတ်ပါ့ဦးမလားဆိုတာကတော့ ရုပ်ရှင်ထဲမှာ ကြည့်ရှုခံစားနိုင်ပါတယ်ခင်ဗျာ Drama/Action အမျိုးအစားဖြစ်ပြီး IMDB rating လည်း 6.4 အထိရထားတဲ့အပြင် Girls’ Generation ရဲ့အလှပဂေး Im Yoon-ah ကပါ အားဖြည့်ကူညီပေးထားတာကြောင့် CM ပရိသတ်ကြီးတို့ အကြိုက်တွေ့ကြဦးမယ်လို့မျှော်လင့်မိပါတယ်
မင်းသားကြီး Jason Statham ရဲ့အမိုက်စား ခပ်ကြမ်းကြမ်းဇာတ်ကားပါ။ ကြေးစားလူသတ်သမားအချင်းချင်း အောက်လမ်းနည်းပေါင်းစုံနဲ့လုပ်ကြံကြတဲ့ ကစားပွဲမှာ အသက်ရှင်ဖို့ အရာအားလုံးကို ဖြတ်ကျော်မယ့် Chev Chelios အဖြစ် Jason Statham ကို အမိုက်စားမြင်တွေ့ရမှာပါ။ IMDb (7) ထိရရှိထားတဲ့ Action , Crime , Thriller အမျိုးအစားဇာတ်ကားဖြစ်ပြီး မင်းသမီး Amy Smart မှလဲ ဇာတ်လမ်းနဲ့အပြိုင် ခပ်ကြမ်းကြမ်း ပါဝင်အားဖြည့်ထားပါတယ်။
Crank (2006) ဇာတ်ကားရဲ့နောက်ဆက်တွဲဇာတ်ကားဖြစ်ပြီး မင်းသားကြီး Jason Statham ရဲ့အမိုက်စား ခပ်ကြမ်းကြမ်းဇာတ်ကားပါ။ ကြေးစားလူသတ်သမားအချင်းချင်း အောက်လမ်းနည်းပေါင်းစုံနဲ့လုပ်ကြံကြတဲ့ ကစားပွဲမှာ အသက်ရှင်ဖို့ အရာအားလုံးကို ဖြတ်ကျော်မယ့် Chev Chelios အဖြစ် Jason Statham ကို အမိုက်စားမြင်တွေ့ရမှာပါ။ IMDb (6.2) ထိရရှိထားတဲ့ Action , Crime , Thriller အမျိုးအစားဇာတ်ကားဖြစ်ပြီး မင်းသမီး Amy Smart မှလဲ ဇာတ်လမ်းနဲ့အပြိုင် ခပ်ကြမ်းကြမ်း ပါဝင်အားဖြည့်ထားပါတယ်။
အချိန်ခရီးသွားပြီးပြန်လည်တဲ့ စက်ရုပ်မလေး ဟာ 2008 ခုနှစ်က ဂျီရို ဆီကို လာပြီး ဂျီရို ဖြစ်လာမယ့် အန္တရာယ်တွေကြားမှာ ပြန်ကယ်..ဖြစ်လာမယ့်စိတ်ထိခိုက်စရာတွေကို လိုက်လံဖယ်ရှားပြင်ဆင်ပေးရင်ကနေ..ဂျီရိုတစ်ယောက် စက်ရုပ်မလေးအပေါ်ကို သံယောဇဉ်တွေ တွယ်လာပါတယ်..စက်ရုပ်တစ်ရုပ်ကို ချစ်မိတဲ့ ဂျီရို .. နှလုံးသားဆိုတာမပါပဲ..စက်ချည်းသက်သက်သာဖြစ်တည်နေတဲ့ စက်ရုပ်မလေး ဒီ၂ဦးကြားမှာဘာတွေဖြစ်မလဲ..အချစ်ဇာတ်လမ်းတွေဘယ်လိုရှေ့ဆက်မလဲဆိုတာ ကြည့်လိုက်ဦးနော်..ဇာတ်သိမ်းမှာလည်းသပ်ရပ်စွာသိမ်းသွားပြီး..ဘယ်လိုမှမထင်ထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်..အကြိုက်ဆုံး ဂျပန်ကားတွေထဲက တစ်ကားလို့သာဆိုပါရစေ
ဂျိုး(နီကိုလတ်ကေ့ဂ်ျ) ဟာဆိုရင် ကြေးစားလူသတ်သမားတစ်ယောက်ပါ သူဟာ စည်းကမ်းတကျ လုပ်တက်သူဖြစ်ပြီး ပြင်ပ ဆက်ဆံရေး ဆိုတာ လည်းမရှိပါဘူး။ပုံမှန်တော့သူက သူခိုးကြမ်းပိုးလေးတွေကို သူ့အတွက် သတင်းပေး အကူအဖြစ်ငှားရမ်းပြီးပဲ လှုပ်ရှားတက်ပါတယ်။ဒီလိုနဲ့ တစ်ရက်မှာ သူ့ရဲ့ အလုပ်အတွက် ဘန်ကောက်မှာ လုပ်ကြံဖို့ အတွက် သွားပါတော့တယ် အဲ့မှာထုံးစံအတိုင်း ဒေသခံ လူငယ်တစ်ယောက်ကို သူ့အတွက် သတင်းပေးအကူ အဖြစ် ငှားရမ်းပါတော့တယ်။ဒါ့အပြင် ဂျိုးဟာ ဘန်ကောက်မှာ ဆွံအနားမကြားတဲ့ ကောင်မလေးတစ်ယောက်နဲ့တွေ့ဆုံခဲ့ပြီးသူနဲ့ အချိန်ဖြုန်းလေ့ ရှိပါတယ်။ ဒါပေမဲ့ ဂျိုးကိုငှားရမ်းထားတဲ့ လူဆိုးခေါင်းဆောင်က ဂျိုးဟာသူတို့ကို သိနေတယ် ဆိုတာကို သိပြီးတဲ့နောက်မှာ ဂျိုးအပါအ၀င် အကုန်လုံးကိုရှင်းပစ်ဖို့ လုပ်ပါတော့တယ်။ ဂျိုးတစ်ယောက် လုပ်ကြံ မှု့တွေ အပြင် လူဆိုးခေါင်းဆောင်ရဲ့ ကောက်ကျစ်ယုတ်မာ မှု့တွေကိုပါ ရင်ဆိုင်နိုင်မလား ဆိုတာ ကို စိတ်ဝင်စားစွာ ကြည့်ရှု့ရမှာပါ။
ပထမတင်ပေးခဲ့တဲ့ Watch Tower ရဲ့အဆက် ဇွန်ဘီပုရိသတ်တွေအတွက် ရင်တဖိုဖိုနဲ့ကြည့်ရမဲ့ အက်ရှင်ကားကောင်းလေးပါ Horror,Thriller ကားတွေက Rating နည်းလေ့နည်းထ ရှိပေမဲ့ ဒီကားက ၄.၇ ရထားပါတယ် ဒီဇာတ်ကားက နဲနဲလေးနိုင်ငံရေးနဲ့လည်းဆက်နွယ်နေတယ်… သတင်းထောက်သမားနှစ်ဦး က အမေရိကန်မှာ ပြန်ဦးမော့လာတဲ့ဇွန်ဘီပိုး နဲ့ပက်သက်ပြီး ဇာတ်လမ်း(သတင်း)ယူဖို့ရောက်သွားရာကနေ ဒုက္ခစက်ကွင်းထဲရောက်ရှိသွားပါတယ် တစ်ယောက်ကတော့ဘေးကင်းရာရောက်ရှိသွားပေမဲ့ ကျန်တစ်ယောက်ကတော့….ဇွန်ဘီတောထဲမှာ တလည်လည်နဲ့ ဘယ်လိုရုန်းထွက်မလဲ…. ဘေးကင်းရာကို ရောက်ရှိသွားတဲ့သူကရော တကယ်ဘေးကင်းလား ဆိုတာ..ပရိတ်သတ်ကြီး ကပဲဆက်ကြည့်လိုက်ပါတော့လို့ ပြောပါရစေ….။
Dead Race ဆိုတဲ့ Movie ကို အများကြီးညွှန်းစရာမလိုတော့ပါဘူး… Dead Race ပြိုင်ပွဲမှာထောင်ထဲမှာပြုလုပ်တဲ့ တရားဝင်ပြိုင်ပွဲဖြစ်ပြီးတော့ အဲပြိုင်ပွဲမှာဝင်ပြိုင်တဲ့ အကျဉ်းသားတွေအကုန်လုံးကလည်းထောင်ဒဏ်တသက်တကျွန်းကျထားပြီးတဲ့ သေမထူးနေ့မထူး အရက်စက်ဆုံး လူမဆန်ဆုံးနဲ့ လူသတ်သမားတွေ ရာဇဝတ်သားတွေပဲဖြစ်ပါတယ်…. ဒီလိုအကျဉ်းသားတွေကို သူတို့လွတ်မြောက်ဖို့အတွက်အခွင့်ရေးတစ်ခုရောက်လာပါတယ်… အဲဒါကတော့ ထောင်ထဲမှာကားပြိုင်ရင်းနဲ့ တစ်ယောက်နဲ့တစ်ယောက်သတ်ရတာပဲဖြစ်ပါတယ်… ဒီလိုပြိုင်ရင်းကနေ ပြိုင်ပွဲတိုင်းရဲ့ ဘုရင်တစ်ပါးပေါ်လာပါတယ်… သူကတော့ Frankenstein ပဲဖြစ်ပါတယ်… အခုတင်ဆက်ပေးမယ့် Dead Race 4 မှာကတော့ နိုင်ပွဲတွေဆက်လာနေတဲ့ Frank ကို အစိုးရကနေ ထောင်ထဲမှာပဲ ကားပြိုင်ရင် သုတ်သင်ရှင်းလင်းဖို့အတွက် လုပ်မယ့်အစီအစဉ်ဖြစ်ပါတယ်…… ဒါကြောင့် နိုင်ပွဲတွေဆက်နေတဲ့ ပြိုင်ပွဲတိုင်းရဲ့ဘုရင် Frank ကိုရှင်းနိုင်မလားဆိုတာ စိတ်ဝင်စားဖွယ်ရာကြည့်ရမှာပဲဖြစ်ပါတယ်… ဒီ Dead Race ဆိုတဲ့ Movie အမျိုးစားဟာ ထောင်ထဲမှာစရိုက်ဆန်ဆန်နဲ့ရိုက်ထားတဲ့ Action Movie အမျိုးအစားဖြစ်ပြီး အရွယ်မရောက်သေးသူများနဲ့မိသားစုနဲ့ကြည့်ရှု့ဖို့မသင့်တဲ့ အခန်းအတော်များများပါဝင်ပါတယ်….. လူသတ်ကားဖြစ်ပြီးတော့ သွေးထွက်သံယိုတွေ ရက်ရက်စက်စက်သတ်ဖြတ်တဲ့အခန်းတွေလည်းအများဆုံးပါဝင်ပါတယ်…. ကြမ်းကြမ်းမှကြိုက်တယ်ဆိုတဲ့ပရိတ်သတ်တွေအတွက်အကြိုက်တွေ့စေမယ့် ကားကောင်းတစ်ကားဖြစ်ပါတယ်…
ချင်းဖောင်ဆိုတဲ့ ကျောင်းသားလေးက Crimemaster လို့ခေါ်တဲ့ App တစ်ခုမှာ အဆင့်နှစ်ချိတ်ထားသူဖြစ်ပါတယ်… Crimemasterဆိုတာက စုံထောက်ဂိမ်းတစ်ခုပါပဲ၊ ဒါပေမယ့်ထူးခြားတာက တကယ်ဖြစ်နေတဲ့အမှုတွေကို စုံစမ်းဖော်ထုတ်ရတာပဲဖြစ်ပါတယ်။ ချင်းဖောင်က အဲ့ဂိမ်းမှာ အဆင့်နှစ်ဆိုတော့ နယ်နယ်ရရတော့မဟုတ်ဘူးပေါ့… အဆင့်တစ်ကတာ့ “Q” ဆိုတဲ့လူဖြစ်ပြီး ဘယ်သူဘယ်ဝါဆိုတာတော့ ဘယ်သူမှမသိကြပါဘူး။ ဦးလေးဖြစ်သူရဲ့ မင်္ဂလာပွဲကိုတက်ဖို့ အမေရိက ကို ချင်းဖောင်တစ်ယောက်ရောက်ရှိလာပါတယ်။ တကယ်တော့ဦးလေးဖြစ်သူက ချင်းဖောင်ကို ညာခေါ်လိုက်တာပါ။ တရုတ်တန်းက ဆရာကြီးတစ်ယောက်ရဲ့ မြေးဖြစ်သူအသတ်ခံရမှုကိုဖော်ထုတ်ပေးနိုင်ရင် ဒေါ်လာငါးသန်း ပေးမယ်ဆိုတဲ့အတွက်ကြောင့် ချင်းဖောင်ကို လိမ်ပြီးခေါ်လိုက်တာဖြစ်ပါတယ်။ အဲ့အမှုကိုဖော်ထုတ်ဖို့ရောက်လာတဲ့တခြားလူတွေကလဲ Crimemaster app ထဲက ချင်းဖောင်ရဲ့ ပြိုင်ဖက်တွေပဲဖြစ်ပါတယ်။ အဲ့တော့ ချင်းဖောင်တို့တူဝရီးနှစ်ယောက် အမှုကို ဖော်ထုတ်ပုံတွေ၊ အမှုက ထင်ထားသလိုမရိုးရှင်းပဲ ကွင်းဆက်လူသတ်သမားဖြစ်နေတာကြောင့် လှည့်ကွက်များစွာရှိနေပုံတွေကို ဟာသဆန်ဆန်နဲ့ရိုက်ကူးထားပါတယ်။ ဟာသဆန်ဆန်ဆိုပေမယ့် အမှုအကြောင်း သဲလွန်စရှာပုံတွေ၊ ကောက်ချက်ချပုံတွေကလဲ စိတ်ဝင်စားစရာကောင်းပါတယ်။ အဲ့ဒါကြောင့် စုံထောက်ကားကြိုက်သူတွေ ဟာသကောင်းကြိုက်သူတွေ လက်မလွှတ်သင့်တဲ့ တရုတ်ကားကောင်းတစ်ကားဖြစ်ကြောင်း လက်တို့လိုက်ရပါတယ်။ ဂိမ်မာတွေဆိုတာ ဘာညာအထှာတော့ရှိတယ်ဗျ…. တစ်ချို့သော ပုတ်ခတ်သူတွေအတွက် တစ်ချို့သော ဂိမ်မာသမားများက ဂိမ်ကစားရင်း လက်တွေ့ဘဝမှာ ဒီလိုဟိုလို ဉာဏ်သုံးဖြေရှင်းပြီး လုပ်ငန်းအောင် မြင်အောင် သက်သေပြတဲ့ကားလေးဆိုလည်းမမှားဘူးပေါ့ဗျာ…ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hein Min Tun ဖြစ်ပါတယ်….
Detective Chinatown (2) (2018)ကို တင်ပြီးသားပါ…2018ခုနှစ်ထွက်တဲ့ နံပါတ်(၂)ကို အတော်များများက ကြိုက်ကြတယ်..ရယ်လည်းရယ်ရသလို အမှုမှန် ပေါ်ပေါက်ရေးအတွက် ဉာဏ်သုံးဖြေရှင်းသွားတာလေးတွေကလည်း ပညာတော်တော်ပါတဲ့အပြင် တင်ဆက်ပုံတွေကလည်း ဆွဲဆောင်မှုရှိတယ်..ဒါကြောင့် အတော်များများက (1)ကိုတင်ပေးဖို့တောင်းဆိုကြတယ်..(1)ကလည်း အတော်ရယ်ရသလို မျှော်လင့်နေတဲ့သူတွေအတွက် ကျေနပ်လိမ့်မယ်လို့ ထင်ပါတယ်… ချင်ဖုန်းဆိုတဲ့ စကားထစ်တတ်တဲ့ကောင်လေးတစ်ယောက်ဟာ စုံထောက်အလုပ်ကို ဝါသနာပါလွန်းလို့ ရဲကောလိပ်ကို တက်ဖို့ ကြိုးစားပေမယ့် ဝင်ခွင့်မရခဲ့ပါဘူး စိတ်ဓာတ်တွေ အလုံးအရင်းလိုက်ကျနေတဲ့ ချင်ဖုန်းကို သူ့အဘွားဖြစ်သူက ပျော်စေချင်တဲ့အတွက် သူနဲ့ အမျိုးဆယ့်နှစ်ဝမ်းကွဲလောက်တော်တဲ့ ဦးလေးထန်ရန်ရှိတဲ့ ထိုင်းနိုင်ငံကို အလည်အပတ်ခရီးထွက်ဖို့ စီစဉ်ပေးခဲ့ပါတယ် သူ့ဦးလေးထန်ရန်ဟာဆိုရင်တော့ဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တရုတ်တန်းမှာ နာမည်ကြီးစုံထောက်လို့ အဖွားကတော့ ဂုဏ်ယူဝင့်ကြွားစွာပြောခဲ့လေရဲ့… တကယ်တန်းမှာတော့ သူက လမ်းပေါ်မှာပဲ ပေတေလေလွင့်နေတဲ့ လောင်းကစားသမားပါ သူ့တူဖြစ်သူ ချင်ဖုန်းရောက်လာတဲ့အခါ သူကြိုဆိုဧည့်ခံပုံတွေကလဲ အတော်ခွီရတဲ့ ဇာတ်ဝင်ခန်းလေးတွေပါ အဲနောက်မှာတော့ ထန်ရန်ကို လူသတ်မှုတစ်ခုမှာ ချောက်တွန်းခံရတာကနေ သူတို့ တူဝရီးနှစ်ယောက် ပြေးရလွှားရနဲ့ အမှုဖော်တာတွေကို မြင်တွေ့ရမှာပါ ဉာဏ်ကောင်းပြီး စုံထောက်ဝတ္ထုတွေ ဇာတ်လမ်းတွေကနေ ထောက်လှမ်းနည်းတွေကို သင်ယူခဲ့တဲ့ ချင်ဖုန်းရဲ့ စကေးတွေကိုလည်း မြင်တွေ့ရမှာပါ ဒီ့အပြင် နောက်ဆုံးမှာတော့ ချင်ဖုန်း ဘာလို့ ရဲကောလိပ်ကို ဝင်ခွင့်မရလဲ ဆိုတဲ့ တကယ့်အကြောင်းရင်းကလည်း ရှိနေပြန်ပါသေးတယ်… ဒီတော့ ထန်ရန်နဲ့ ချင်ဖုန်း နှစ်ယောက်သား ဘယ်လိုအတွဲညီညီနဲ့ အမှုမှန်ဖော်မလဲ ဆိုတာကိုတော့ ဟာသဇာတ်ဝင်ခန်းလေးတွေကို ကြည့်လိုက်ကြပါ…
CM ပရိတ်သတ်တွေအတွက် ဒီတစ်ခါ မိတ်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့ “Detective K: Secret of the living dead”ဆိုတဲ့ ကိုးရီးယား adventure comedy ဇာတ်လမ်းလေးဖြစ်ပါတယ်.. starring အနေနဲ့တော့ “Descendants of the Sun” “Fight for my way”စတဲ့ဇာတ်လမ်းတွေနဲ့ နာမည်ရလာတဲ့ မင်းသမီးချောလေး Kim Ji Won ဖြစ်ပါတယ်.. ဇာတ်အိမ်က သရဲသွေးစုပ်ဖုတ်ကောင်အကြောင်းတည်ထားပြီး လူသတ်မှုသဲလွန်စကို စုံစမ်းရတဲ့ Crime အမျိူးအစားဆိုတော့ ပရိတ်သတ်စိတ်ဝင်စားမယ်လို့ အာမခံပါတယ်..အညွှန်းဖတ်ရှူကြပါဦး… အညွှန်း- မှောင်မိုက်တဲ့ညတစ်ည လူတစ်ယောက် စာအုပ်တစ်အုပ်ကိုင်ပြီး တောနက်ထဲ ထွက်ပြေးလာပါတယ်… သူ့နောက်လိုက်လာတဲ့ လူတွေကလဲ အများကြီးရယ်… ဒီလူကမြေတူးပြီး အလောင်းတစ်လောင်းဖော်လိုက်တယ်.. ဒီအလောင်းက နှစ်ပေါင်းများစွာကြာပြီမို့ ဆွေးမြေ့ပြီး အရိုးခြောက်ဖြစ်နေပါပြီ..အဲ့လူက သူ့လက်ကို သူကိုယ်တိုင်ဓားနဲ့လှီးပြီး သွေးတွေကို အရိုးခြောက်အလောင်းပေါ်မှာ စီးစေတယ်…ဒီအချိန်မှာပဲ သူ့နောက်ကလိုက်တဲ့သူတွေသူ့ကို မိသွားပါတယ်… သူသတ်ခံလိုက်ရပါပြီ… ဇာတ်လမ်းက အဲ့မှာစတာပါ…သူ့သွေးတွေနဲ့ ထားခဲ့တဲ့ အလောင်းဟာ ရှင်သန်လာပြီး သွေးစုပ်ဖုတ်ကောင်ဖြစ်သွားပါတယ်.. သူဘာလို့ လူတွေကို ဒုက္ခပေးမယ့် သွေးစုပ်ဖုတ်ကောင်တစ်ကောင်ကို အသက်သွင်းရတာလဲ… ဒီအချိန်ကာလမှာပဲ ဂျိူဆောင်းတိုင်းပြည်တွင်းမှာ မင်းမျိူးနွယ်တစ်စုဟာ လျို့ဝှက်ဆန်းကြယ်စွာ သတ်ခံရပါတယ်. သတ်ခံရသူတွေဟာ မသေခင် သွေးစုပ်ဖုတ်ကောင်အရင်ဖြစ်ပြီး မီးနဲ့ရှို့ခံရတာပါ… ဂျိူဆောင်းမှာ ဟိုယခင်က နာမည်ကျော်စုံထောက်တွေရှိပါတယ်..ဒီထဲမှာ ပါဝင်သူတစ်ယောက်က ကင်မင်းဆိုတဲ့ တလွဲကျော်စုံထောက်တစ်ယောက်…ကင်မင်းဟာ မင်းမျိူးနွယ်တွေ သတ်ခံရတဲ့ အကြောင်းအရင်းကို ဖော်ထုတ်မယ့်တာဝန်ရခဲ့ပါတယ်…ကင်မင်းဖော်ထုတ်နေတဲ့အချိန်မှာပဲ သူသွားတဲ့နေရာတိုင်း နောက်ကလိုက်တဲ့ မိန်းကလေးတစ်ယောက်ရှိပါတယ်… ဒီမိန်းကလေးက ခွန်အားကြီးပါတယ်… လှလဲလှတယ်.. သူနဲ့တိုက်မိရင် လူတွေလွင့်ထွက်သွားတယ်…သူကပျံနိုင်တယ်… သူ့ဒဏ်ရာရရင်လဲ အမြန်ပျောက်သွားတယ်.ကင်မင်းထင်တာက ဒီမိန်းကလေးဟာ မင်းမျိုးနွယ်သတ်ခံရမှုနဲ့ ဆက်နွယ်နေတယ်ဆိုတာပါပဲ… မိန်းကလေးရဲ့ ထူးဆန်းတဲ့ပုံစံတွေကို မြင်တဲ့ ကင်မင်းဟာ သွေးစုပ်ဖုတ်ကောင်လေလားလို့ သံသယဝင်ခဲ့ပါတယ်… ထူးဆန်းတဲ့မိန်းကလေးနဲ့ ကင်မင်းဟာ မင်းမျိူးနွယ်ဘာကြောင့် သေရတာလဲ…လူသတ်တရားခံကဘယ်သူလဲ…သေတဲ့သူတွေက ဘာလို့မသေခင် သွေးစုပ်ဖုတ်ကောင်ဖြစ်ပြီး မီးရှို့ခံရတာလဲ…ဘယ်သူကမီးရှို့တာလဲစတဲ့ မေးခွန်းတွေကို ကင်မင်းနဲ့ ထူးဆန်းတဲ့မိန်းကလေးဘယ်လိုဖြေရှင်းသွားမယ်ဆိုတာ CM ပရိတ်သတ်ကပဲ ဆက်လက်ကြည့်ရှုကြပါဦး….
ဒီကားလေးဟာဆိုရင် 1960 တုန်းကထုတ်လွှင့်ခဲ့တဲ့ Manga series လေးကို 2007 မှာပြန်ပြီး အသက်သွင်းရိုက်ကူးထားတဲ့ ဆာမူရိုင်း ကားလေးပဲဖြစ်ပါတယ်… အကျဉ်းချုံးလေးပြောရမယ်ဆိုရင်တော့ ဆယ်စုနှစ်ကြာအောင်ဖြစ်ပွားနေတဲ့ စစ်ပွဲကြီးမှာ စစ်ရှုံးလာတဲ့ စစ်သူကြီးတစ်ယောက်ဟာ တိုင်းပြည်ကို အုပ်စိုးချင်တဲ့အတွက် နတ်ဆိုးတွေနဲ့ ကြောက်မယ်ဖွယ်အပေးအယူကြီးတစ်ခုပြုလုပ်ခဲ့ပါတယ် အဲ့ဒါကတော့ သူ့မိန်းမကိုယ်ဝန်ဆောင်ထားတဲ့ သားရဲ့ ခန္ဓာကိုယ်ကို 48 ပိုင်းပိုင်းပြီး နတ်ဆိုးတွေကို ပူဇော်လိုက်တာပဲဖြစ်ပါတယ်… မမွေးခင်ထဲက ယစ်ပူဇော်ခံရတဲ့ ကလေးဟာ အသားလုံးလေးအဖြစ်မွေးဖွားလာပြီး ရေထဲမျှောခံလိုက်ရပါရော မှော်ဆေးဆရာကြီးက ဆယ်ယူမွေးစားပြီး ကိုယ်လက်အင်္ဂါအတုတွေတပ်ပေးလိုက်ပါတယ် အရွယ်ရောက်လာတော့ အဖြစ်မှန်တွေအကုန်သိပြီး ဟိရခိမာယု ဓားနဲ့ နတ်ဆိုးတွေကိုသုတ်သင်ပြီး သူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ပြန်လည်ရယူပါတော့တယ် သူ့လက်ထဲမှာတပ်ထားတဲ့ ဟီရခိမာယုဓားကို လိုချင်နေတာကတော့ သူ့ကိုယ်သူယောကျ်ားလေးလိုနေထိုင်တဲ့ အလစ်သုတ်သမလေးပဲဖြစ်ပါတယ် သူတို့နှစ်ယောက်ပေါင်းပြီး နတ်ဆိုးတွေသတ်ရာမှာ ခြေထောက်ယူထားတဲ့ နတ်ဆိုးကိုသတ်ပြီးတာနဲ့ ခြေထောက်အတုကပြတ်ကျပြီး အစစ်ပြန်ထွက်လာတာတွေကတော်တော်မိုက်ပါတယ် အခွေခေတ် စာတန်းထိုးတွေမပါတုန်းကတောင် တော်တော်ကြည့်လို့မိုက်တဲ့ကားလေးမို့ မင်းသားလေးကလည်း အရမ်းချောလို့ Dororo ကားလေးကို ညွှန်းလိုက်ရပါတယ်နော်။
အေးအေးနေတတ်တဲ့ ကော်ပီ ကူးတဲ့ အလုပ်သမား ဂျယ်ရီရှော တယောက် က အမေရိကန် လေ တပ်ကနေ ထွက်ခဲ့သူဖြစ်ပါတယ်၊ သူနဲ့ အရမ်းတူတဲ့ သူ့အကို အီသန်ရှော ဟာ ရုတ်တရက် ဆုံးပါးသွားတဲ့နောက် မှာ သူ့အရမ်း ပြောင်းလဲသွားပါတယ်။ အိမ်လခတောင် မှန်မှန်မပေးနိုင်တဲ့ ဂျယ်ရီရှော ရဲ့ ဘဏ်အကောင့်ထဲမှာ ဒေါ်လာ ၇ သိန်း ကျော်ရောက်ရှိလာပါတယ်။ အိမ်ပြန်ရောက်တဲ့အခါမှာတော့ သူ့အခန်းထဲမှာ လက်နှက်တွေ ၊ ခဲယမ်းမီးခြောက်တွေနဲ့ ပစ္စည်း ပစယတွေ မဖိတ်ခေါ်ဘဲ ရောက်ရှိလာပါတယ်။ သူသိပ်အံ့အားသင့်သွားတဲ့အချိန်မှာဘဲ သူ့လက်ကိုင်ဖုံးကို တဦးတယောက် က လှမ်းခေါ်ပါတယ်။ ကိုင်လိုက်တဲ့အခါမှာတော့ ဂျယ်ရီ့ အိမ့်ကို နောက် ၄ မိနစ်အတွင်း မှာဘဲ FBI က ဝင်ရောက်စီးနင်းတော့ မှာ ဖြစ်တယ်ဆိုတဲ့အကြောင်း ၊ ဒါကြောင့် အခုဘဲ လွတ်အောင်ပြေးဖို့နဲ့ ပြေးဖို့နေရာကို ညွှန်ကြားပါတော့တယ်။ ဂျယ်ရီတယောက် မယုံမရဲဖြစ်နေစဉ်မှာဘဲ ၄ မိနစ်ပြည့်သွားတဲ့အတွက် FBI ကနေ တရားမဝင်လက်နှက်တွေ သိုလှောင် ထားတဲ့ ဂျယ်ရီ့ကို ဝင်ရောက်ဖမ်းစီးပါတော့တယ်။ သူနဲ့တချိန်ထဲမှာဘဲ ရစ်ချယ် ဟောလိုမန်ဆို သူမိခင်တယောက် ကို သူ့ရဲ့ သားကလေး စီးနင်းလာတဲ့ ရထားကိုဖောက်ခွဲ ပြစ်တာမခံချင်ဘူးဆိုရင် ရှေ့နားက ဗန်ကားကို ဝင်ရောက်မောင်းနှင်ဖို့ ဖုန်းထဲ ကနေ အမိန့်ပေးခံရပါတော့တယ်။ ဘယ်သူကနေ ဒီလိုတွေ စီမံနေတယ်ဆိုတာကိုမသိရသေးပေမယ့် အခြေအနေအတွေကတော့ ဖြင့် ကမောက်ကမ ဖြစ်လို့နေ ပါတယ်။ ဒီအစီအစဉ်တွေကို ညွှန်ကြားသူနဲ့ လုပ်ကြံခံရမယ့်သူဟာ ဘယ်သူတွေဖြစ်လာမလဲဆိုတာကိုတော့ ရင်သပ်ရှုမော ဖွယ် တွေ့ရမှာဖြစ်ပါတယ်
ဒီကားလေးက IMDB 5.3 ရထားတဲ့ကားလေးပါမြန်မာလိုကတော့တစ်ခါတုန်းက ကျားတစ်ကောင် ရှိခဲ့သည်တဲ့ အိန္ဒိယ နဲ့ ပါကစ္စတန် သူလိျှုတွေကြားရိုက်ကူးပြထားတဲ့ဇာတ်ကားလေးပါ Tiger (ဆလက်မန်ခမ်း) ဟာအိန္ဒိယ အထူးစပိုင်တစ်ဦးဖြစ်ပြီးRAW အဖွဲ့အစည်းရဲ့ လက်အောက်မှာ လုပ်ကိုင်ရသူဖြစ်ပါတယ်။ သူရဲ့လုပ်ငန်းမှာ ပါကစ္စတန် သူလျို ISIS များအားနှိမ်နင်းရမည်ဖြစ်ပါတယ် တစ်နေ့မှာတော့ သူ့ဆရာ goyi ရဲ့Mission အရ ပါကစ္စတန် ရဲ့အကြောင်းအစကို လိုက်ပြီး ရှာဖွေရတော့တယ် ဒီတစ်ခါမှာတော့ Tiger ဟာ ပရော်ဖက်ဆာ တစ်ဦးဆီ သွားပြီးပါကစ္စတန် သမိုင်းကြောင်းကိုစတင်စုံးစမ်းခဲ့ပါတယ် ထိုပရော်ဖက်ဆာမှာ မည်သူ့မှ တပည့်အဖြစ် လက်မခံခဲ့သလိုTiger ဟာလည်း ငြင်းပယ်ခံခဲ့ပါတယ် Tiger ဟာ တပည့်အဖြစ် လက်ခံပေးရန်အကြိမ်ကြိမ်ကြိုးစားခဲ့ပြီးZoya ဆိုတဲ့မိန်းကလေးတစ်ဦးနှင့်လည်းတွေ့ဆုံခဲ့ပါသေးတယ် ဒီနေရာမှာတော့ zoya (ကတ်ထရီနာ ကေ့ဖ်)အကြောင်းလည်း ပြောပြချင်ပါတယ် Zoya ဟာ ပရော်ဖက်ဆာကို ပြုစုစောင့်ရှောက်နေသူတစ်ဦးဖြစ်ပြီးအက သင်တန်းတစ်ခုမှာ တက်ရောက်နေသူပါ ဒီဇာတ်လမ်းမှာတော့Tiger. တစ်ယောက် ပရော်ဖက်ဆာ တပည့်အဖြစ်တွေ့ရဦးမည်လောပါကစ္စတန် သမိုင်းကြောင်းကို စုံစမ်းနိုင်မည်လောTiger နှင့် zoya တို့၏ ဘဝတို့ရှေ့ဆက် မည်သို့ဖြစ်နေမည်နည်း ဟုလျှို့ဝှက်ဆန်ဆန် မေးထုတ်ရမှာပါ Imdb 5.3 ရထားသည့်အတွက်အတော်အသင့် ကောင်းမွန်တဲ့ ဇာတ်ကားကောင်းလို့ ပြောရမှာပါဒါကြောင့် channel. Myanmar ပရိသတ်ကြီးလည်းကြည့်ရှုုခံစားကြည့်ပါဦးလို့
Ender’s Game (2013)ကတော့ ၁၉၈၅ ခုနှစ် ထုတ် စိတ်ကူးယဉ် သိပ္ပံ ဝတ္ထု ကို ရုပ်ရှင် ပြန်ရိုက်ကူးထားတာပါ။ ဇာတ်လမ်းကတော့ ၂၀၈၆ ခုနှစ်မှာ ကမ္ဘာကို Formics လို့ခေါ်တဲ့ ဂြိုလ်သားတွေက တိုက်ခိုက်လာပါတယ်။ အဲ့ဒီစစ်ပွဲမှာ လေတပ်ဗိုလ်ချုပ်တစ်ယောက်ရဲ့ စွမ်းဆောင်မှုကြောင့် ဂြိုလ်သားတွေရဲ့ အားနည်းချက်ကိုသိလိုက်ပြီး သူတို့ကို အနိုင်တိုက်နိုင်ခဲ့ပါတယ်။ လူသားတွေ အနိုင်ရခဲ့ပေမယ့် လူသန်းပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ နိုင်ငံတကာ လေတပ်အဖွဲ့ကနေပြီး လူကြီးတွေအစား လူငယ်တွေကို လေ့ကျင့်ပေးပြီး Formics တွေပြန် ပြီးတိုက်ခိုက်လာရင် ကာကွယ်နိုင်အောင်ဖြစ်ပါတယ်။ လေ့ကျင့်ပေးရာမှာလည်း Simulation တွေ ဂိမ်းတွေ အပေါ် အခြေခံပြီး လူငယ်တွေကို ရွေးချယ်တာဖြစ်ပါတယ်။ နှစ်ငါးဆယ် ကြာသွားပြီးတဲ့အချိန်မှာ Formics တွေရဲ့ဂြိုလ်ပေါ်မှာ စစ်တပ်အင်အား အဆမတန် တိုးပွားလာကို လူတွေက သတိထားမိပြီး သူတို့ နောက်တစ်ကြိမ် ကမ္ဘာကို လာပြီး ရန်မစရဲအောင် သူတို့ ရဲ့ ဂြိုလ်အထိ လိုက်ပြီး တိုက်ခိုက် နှိမ်နင်းဖို့ ကြိုးပမ်းနေကြပါတယ်။ အဲ့ဒီမှာ Ender Wiggin လို့ခေါ်တဲ့ လူငယ်လေးတစ်ယောက် ကို Colonel Hyrum Graff (Harrison Ford) က မြေတောင်မြှောက်ပေးပြီး သူတို့ တပ်ဖွဲ့ကို ဦးဆောင်ဖို့ လေ့ကျင့်ပေးပါတယ်။ Ender က ဂိမ်းတွေမှာလည်း တော်သလို ရန်သူကို တိုက်ခိုက်ဖို့ ပြင်ဆင်ရာမှာလည်း ထူးချွန်သူတစ်ဦးဖြစ်ပါတယ်။ ဒီလူငယ်လေးရဲ့ ဦးဆောင်မှုနဲ့ လူသားတွေ စစ်ပွဲကို အနိုင်ရမလား၊ လူသားတွေရဲ့ တွက်ကိန်းတွေက ဘာတွေ လွဲချော်မှုတွေဖြစ် မလည်းဆိုတာ ပိတ်ကားပြင်ပေါ်မှာပဲ ဆက်လက်ကြည့်ရှု ကြပါခင်ဗျာ။ ဒီကားကတော့ မျှော်လင့်ထားသလောက် ဖြစ်မလာတဲ့ကားတွေထဲက တစ်ကားဖြစ်ပါတယ်။ ဒီလိုပြောလို့မကောင်းဘူးလားဆိုတော့လည်း မဟုတ်ပါဘူး။ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ သူက ဟယ်ရီပေါ်တာကားတွေလိုပဲ စာအုပ်ဖတ်ဖူးတဲ့သူတွေအတွက်က ဇာတ်ကောင်တွေနဲ့ ရင်းနှီးနေတော့ ဇာတ်လမ်းအသွားအလာကို အလွယ်တကူ သိနိုင်ပေမယ့် လုံး၀ မဖတ်ဖူးတဲ့ သူတွေကတော့ ဘာဖြစ်လို့ ဖြစ်နေမှန်းမသိသလိုပါပဲ။ ဇာတ်ကားတစ်ကားလုံးကိုလည်း လူလေး ၁၀ ယောက်လောက်နဲ့ ရိုက်သွားတာဖြစ်ပြီး ကျန်တာတွေကတော့ ကွန်ပျူတာ Effect တွေပဲဖြစ်ပါတယ်။ Ender’s Game ဝတ္ထု ဖတ်ဖူးတဲ့ ပရိတ်သတ်တွေ အတွက်ကတော့ ကားကောင်းတစ်ကားဖြစ်ပြီး ကျန်တဲ့သူတွေအတွက်ကတော့ အပျင်းပြေပဲ ကြည့်သင့်တဲ့ ကားပါ။ ဇာတ်သိမ်းပိုင်းက စိတ်ဝင်စားဖို့ကောင်းပေမယ့် ဇာတ်မသိမ်းခင်မှာ ထဲက အနည်းငယ်ခန့်မှန်းမိနေပါတယ်။ ဇာတ်ရှိန်တက်တာ နှေးသလို ဇာတ်လမ်းကလည်း Training တွေနဲ့တင်အချိန်ကုန်နေ လို့ အနည်းငယ် ပျင်းဖို့ကောင်းပါတယ်။ Action/Sci-Fi မဟုတ်ပဲ Drama/Sci-Fi လို့ပြောလို့ရပါတယ်။ ဇာတ်လမ်း အသွားအလာ နှေးပေမယ့် ဇာတ်လမ်းဆင်ထားတာကောင်းပါတယ်။ စာအုပ်ထဲက အကြောင်း အရာတွေလည်း အတတ်နိုင်ဆုံး စုံလင်အောင်ထည့်ထားသလို၊ ထူးခြားတဲ့ ဇာတ်သိမ်း၊ Effect ကောင်းကောင်းနဲ့ ရိုက်ထားလို့ အပျင်းပြေမိသားစုနဲ့တူတူ ရုံမှာသွားကြည့်သင့်တဲ့ ကားမျိုးပါ။ ဝါရင့်သရုပ်ဆောင် အကယ်ဒမီ ဆုရှင်နှစ်ဦးဖြစ်တဲ့ Harrison Ford နဲ့ Ben Kingsly တို့နှစ်ဦးနဲ့အပြိုင် Ender Wiggin အဖြစ်သရုပ်ဆောင်ထားတဲ့ Asa Butterfield က လည်း ဒီနှစ်ထွက်တဲ့ကားတွေထဲက ကလေးသရုပ်ဆောင်တွေထဲမှာ အကောင်းဆုံးလို့တောင်ပြောလို့ရပါတယ်။ ကလေးသရုပ်ဆောင်တွေဖြစ်လို့ သရုပ်ဆောင်မကောင်းသေးပေမယ့် အတော် ကြိုးစားထားကြပါတယ်။
CM ပရိတ်သတ်ကြီးအတွက် History/Action အမျိုးအစားIMDB 6.1 ရရှိထားတဲ့ ရရှားဇာတ်ကားလေးကို မိတ်ဆက်ပေးလိုက်ပါတယ်၁၃ ရာစုမှာ မွန်ဂိုစစ်အာဏာရှင် ဂျင်ဂစ်ခန်ဟာ အာရှနဲ့ ဥရောပ တစ်ခွင်လုံးကို ကျူးကျော်စစ်ခင်းပြီး သိမ်းပိုက်ခဲ့ပါတယ်ရရှားနိုင်ငံဟာလည်း တစ်ခုအပါအဝင်ပါပဲအဲ့ဒီကာလမှာ ရရှားကောင်လေးကိုလိုဗရတ်က ၁၃နှစ်သား စစ်တပ်ထဲဝင်ချင်တဲ့ သတ္တိခဲလေးပါဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ ရန်သူမွန်ဂိုတွေ လက်ချက်နဲ့ ခေါင်းထိပြီး မှတ်ဉာဏ်ထိခိုက်သွားပါတယ်
အသက်တွေကြီးလာပြီး စစ်သည်တွေကို လေ့ကျင့်ပေးရတဲ့ စစ်သားကောင်းတစ်ယောက်ဖြစ်လာခဲ့ပေမယ့် တစ်ညအိပ်ပြီး မနက်မိုးလင်းလာတိုင်း ၁၃နှစ်သားမှတ်ဉာဏ်ကိုပဲ ပြန်ပြန်ရောက်သွားပါတယ်ဒီလိုနဲ့ပဲ သူတို့နေတဲ့မြို့လေးကို ဂျင်ဂစ်ခန်ရဲ့ သား ဘာတူခန်က မီးရှို့ဖျက်ဆီးလိုက်တဲ့အခါမှာတော့…နောက်လိုက်စစ်သည် အယောက်နှစ်ဆယ်တည်းနဲ့ ကိုလိုဗရတ်တစ်ယောက် ထောင်သောင်းချီတဲ့ မွန်ဂိုစစ်တပ်ကြီးကို အညံ့မခံ အရှုံးမပေးပဲ ရဲရဲဝံ့ဝံ့ ဘယ်လိုရင်ဆိုင်တိုက်ခိုက်ခဲ့လဲ
မနက်လင်းတိုင်း မှတ်ဉာဏ်တွေ မပျောက်သွားအောင် သူဘယ်လိုကြိုးစားမလဲဆိုတာကို ဆက်လက်ကြည့်ရှုပေးကြပါဦး
***** Russia ကနေ English လို English ကနေ Myanmar ဘာသာပြန်ထားတာဖြစ်တဲ့အတွက်ကြောင့်ဘာသာပြန်လွဲမှားမှုတစ်ချို.ရှိနိုင်ပါတယ်*****
၂၀၁၈ထဲမှာထွက်တဲ့ကားတွေမှာ အနာဂတ်မှာဘာတွေဘယ်လိုဖြစ်နိုင်မလဲဆိုတာတွေးတောရိုက်ထားတဲ့ကားတွေအတော်များသားဗျအခု Future World ဆိုတဲ့ကားကလဲ နာမည်အတိုင်း အနာဂတ်ကမ္ဘာမှာ အခြေတည်ထားပါတယ်လူသားတွေအချင်းချင်းစစ်ပွဲတွေဖြစ်ခဲ့ကြတယ် သေကြေပျက်စီးကုန်ကြတယ်ဘယ်လောက်ထိအကြီးအကျယ်ဖြစ်ခဲ့သလဲဆိုရင် ပစ်စရာကျည်ဆံတောင်မရှိတဲ့ခေတ်ဖြစ်သွားတယ်အဲ့တော့ စစ်ပွဲကြီးအပြီးကျန်ခဲ့တဲ့လူတွေကရော ဘယ်လိုရှင်သန်နေထိုင်ကြလဲ
လောကကြီးရဲ့ထုံးစံအတိုင်း ကောင်းတာလုပ်တဲ့လူနဲ့ဆိုးတာလုပ်တဲ့လူပဲရှိတာဆိုတော့ သူ့ဘာသူအဖွဲ့လေးတွေနဲ့ဖွဲ့နေကြတယ်ပေါ့ဗျာဆိုးတဲ့လူတွေက အဖွဲ့လေးတွေနဲက သူ့တို့သူတို့ စစ်ခေါင်းဆောင်(warlord)လို့ခံယူပြီးသောင်းကျန်းနေကြတယ်ပေါ့ဒီဇာတ်ကားရဲ့ဇာတ်လိုက်ကတော့ အိုအေစစ်လို့ခေါ်တဲ့နေရာမှာနေကြတဲ့လူစုထဲက မင်းသားပေါ့သူ့အမေဖြစ်သူ စစ်ပွဲရဲ့အကျိုးဆက်ဖြစ်တဲ့ ရောဂါကိုခံစားနေရသူ သေလုမျောပါးဝေဒနာသည်အဖြစ် တရုတ်မင်းသမီး (Lucy Lui)က
သရုပ်ဆောင်ထားပါတယ်မင်းသားက အမေ့ကိုဆေးကုသဖို့အတွက် နတ်ပြည်ကမ်းခြေ(Paradise Beach)ကိုသွားချင်နေတယ် အဲ့နေရာမှာဆေးရတယ်ကြားထားတာကိုးအဲ့လိုနဲ့ မင်းသားရဲ့ဆေးရှာပုံတော်ခရီးစဉ်စရတော့တာပေါ့ဇာတ်လိုက်မင်းသမီးကတော့ အက်ရှ်လို့ခေါ်တဲ့ စက်ရုပ်မလေး သူကဟိုးစစ်ပွဲကြီးကတည်းက ရှိနေခဲ့တာ သူကသတ်ဖြတ်ရတာတွေကိုမုန်းတီးနေတယ် သူကိုယ်တိုင်ဘဝတစ်ခုပိုင်ဆိုင်ချင်နေတယ်မင်းသားတစ်ယောက် ဆေးကိုရှာတွေ့သွားမလားသူရှာနေ
တဲ့ဆေးကရောတကယ်ပဲရှိနေလို့လား စက်ရုပ်မလေးနဲ့ရောဘယ်လိုနှစ်ပါးသွားမလဲဆိုတာတွေကတော့ဇာတ်ကားဒေါင်းကြည့်ကြပါကုန်ဒီကားရဲ့ Cast List ကတော့ အလန်းဗျဗီလိန်အဖြစ် နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ James Franco, Resident Evil မင်းသမီး Milla Jovovich တို့ပါဝင်ထားတယ်ပြီးတော့ ထူးခြားချက်အနေနဲ့ Snoop Dogg တောင်ပါလိုက်သေးတယ်ဗျဒီဇာတ်ကားထဲမှာ အဖော်အချွတ်အခန်းအချို့နဲ့ စကားလုံးရိုင်းရိုင်းတချို့ပါဝင်နေတာကြောင့် ချင့်ချိန်ပြီးဒေါင်းနိုင်ပါတယ်ခင်ဗျ
ဒီတစ်ခါတော့ CM Fan တွေကို Netflix ကဟာသ ကားလေး တစ်ခု နဲ့ မိတ်ဆက်ပေးချင်ပါတယ်ဒါပေမယ့် ကြိုသတိပေးချင်တာကတော့18+ အဆင့် R- Rated အဆင့်ပါလိင်အင်္ဂါ ပုံတွေ အထင်းသား ပြထားတဲ့အပြင်
သွေးထွက်သံယုံ အပြင်းစားတွေ နဲ့လူကြီး နဲ့ ကလေး အတူတူ မကြည့်သင့်တဲ့ဆဲဆိုတဲ့ အသုံးအနှုန်းတွေ အများကြီးပါဝင်တဲ့အတွက်အသက်မပြည့်သေးတဲ့ သူများ ၊ မိသားစု နဲ့ အတူကြည့်သော သူများကြည့်ရှုရန် မသင့်တော်ပါ နှလုံးရောဂါရှိ
သူများ မကြည့်သင့်ပါဇတ်လမ်းပုံစံကတော့ ထောင့်မကျိုး အပျင်းထူ လူတွေနဲ့အစေးမကပ် တဲ့ ဟိုတယ်တစ်ခုရဲ့ အခန်းရှင်း ဝိတ်တာဘွိုင်း ၃ ယောက်နဲ့ဇတ်လမ်း စထားပါတယ်…သူတို့ ၃ ယောက်က မကောင်းတဲ့ အကျင့်တစ်မျိုးစီ ရှိပြီးဘာလုပ်လုပ် တလွဲတွေပဲ ဖြစ်နေပေမယ့် တူညီတဲ့အကြံတစ်ခုတော့ ရှိပါတယ် အဲ့ဒါကတော့ချမ်းသာချင်တဲ့ စိတ်ပါပဲ 😛တစ်ရက်မှာတော့ သူတို့ ဟိုတယ် ကိုVIP တစ်ယောက်လာတည်းပါတယ်အဲ့ဒီအတွက်လဲ ဟိုတယ်တစ်ခုလုံး တာဝန်တွေခွဲဝေ
ယူရရင်း အလုပ်ရှုပ်နေတာပေါ့အဲ့ဒီ VIP ကတော့ Online မှာ ပိုက်ဆံအကုန်ခံပြီးပေါက်ကရတွေ အကုန်လျှောက်လုပ်နေတဲ့လူမဲ သူဌေးလေး တစ်ဦးဖြစ်ပြီး သူ့ဘ၀ တစ်လျှောက်လိင်ဆက်ဆံတာ နဲ့ အပျော်ကြူးတာတွေ အတွက်ပိုက်ဆံအကုန်ခံပြီး လုပ်နေတာဖြစ်ပြီး အားကျတဲ့Follower တွေ အများကြီးရထားတဲ့ နာမည်ကြီးတစ်ဦး ဖြစ်ပါတယ်…ဝိတ်တာ ၃ ယောက်လဲ ထိုအကြောင်း သိထားတော့သူတို့ရေးထားတဲ့ ဂိမ်းပလန် ကို ပြပြီး ပရောဂျက်တောင်းဖို့ကြံစည်ကြတော့တာပါ
ပဲ…ဒါပေမယ့် ကံမကောင်းချင်တော့ သူတို့ထက် အရင်အဲ့ဒီသူဌေးကို ပြန်ပေးဆွဲပြီး ငွေညှစ်ဖို့ ကြံနေတဲ့အဖွဲ့ကဟိုတယ်ကို ရောက်နှင့်နေပါပြီ ဒီတော့ကာဘယ်လို သည်းထိတ်ရင်ဖို တလွဲတွေကြီးလုပ်ပြီးဟိုတယ် နဲ့ VIP ကို ကယ်မလဲဆိုတာရယ်မောရင်း ကြည့်ရှုလိုက်ကြပါအုံး….ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားတာကတော့CM Translator ဖြစ်သူ Shain Htet Naing ဖြစ်ပါတယ်
Bollywood ပရိတ်သတ်ကြီးတွေအတွက် အကောင်းဆုံးစာရင်းဝင် Bollywoodကားတွေကို တင်ဆက်ပေးလိုက်ပါတယ်။
IMDB 8.6/10 နဲ့Rotten Tomatoes 96% ထိရရှိထားပါတယ်မှတ်မှတ်ရရပဲ ဒီကားတွေကို Oscar ရထိုက်သော Bollywoodကားများစာရင်းထဲမှာ ထိပ်ဆုံးက ပါဝင်နေပါတယ်။2012လိုခုနှစ်မျိုးမှာ ဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေကြားထဲကမှ မျက်နှာသစ်အများစုနဲ့ပွဲထုတ်ခဲ့ပြီး အမှန်အကန် အောင်မြင်မှုတွေရရှိခဲ့ကာ
Bollywood ရုပ်ရှင်လောကကို တစ်ဆင့်မြှင့်တင်ပေးနိုင်ခဲ့တယ်လို့ပဲ ပြောရပါမယ်။ဒီဇာတ်လမ်းမှာ သရုပ်ဆောင်ပိုင်းတွေ၊ ဇာတ်လမ်းအသွားအလာတွေ
နောက်ခံသီချင်းတွေ၊ သွေးအေးအေးနဲ့ လူသတ်ရဲတဲ့ အက်ရှင်ခန်းတွေ၊
အထူးသဖြင့် Casting ပိုင်းပေါ့======================================================
1942 ကနေ 2004 ခုနှစ်ထိ အိန္ဒိယနဲ့ဘင်္ဂလားနယ်စပ်က Wasseypur မြို့မှာ
ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားပြီး အကောင်းဆုံး ပုံဖေါ်ခဲ့တာဖြစ်ပါတယ်။ကမ္ဘာမီးလောင် သားကောင်ချနင်းဆိုတဲ့ စကားပုံအတိုင်း အင်္ဂလိပ်အစိုးရလက်ထက်မှာ
ကျောက်မီးသွေးတွေက အဓိကသွင်းအားစုဖြစ်နေတဲ့ အချိန် နေရာတကာမှာ
ကျောက်မီးသွေးလုပ်ငန်းတွေ ကျယ်ကျယ်ပြန်ပြန့်လုပ်ကိုင်နေကြပြီးတောမီးလောင် တောကြောင် လက်ခမောင်းခက်ဆိုတဲ့အတိုင်း တောပုန်းဓားပြတွေ ပေါများတဲ့ခေတ်မှာ အဆိုးရွားဆုံး ဓားပြဗိုလ်က ဆူလ်တာနာ့ဆူလ်တာနာ နာမည်ကိုအသုံးချပြီး လက်တလုံးခြား ဆူလ်တာနာကို မလိမ့်တပ်လုပ်ကာ ဖြတ်လုနေတာက ရှဟီးဒ်ခန်းမ်
အလည်လွန်တဲ့ဘီး ချေးနင်းမိဆိုသလို ဆူလ်တာနာနဲ့ ထိပ်တိုက်တွေ့တဲ့အခါ
အသက်လုပြေးလာခဲ့ရတယ်နောက်မွေးလာမယ့်ကလေးအတွက် ဒီလိုခိုးဆိုးနှိုက်အလုပ်ကို မလုပ်တော့ဘဲ
ရှဟီးဒ်ခန်းမ် တစ်ယောက် တခြားနေရာကို ပြောင်းသွားခဲ့ပေမယ့်
အကြောင်းအမျိုးမျိုးကြောင့် ရာမာဒီးရ်ဆိုတဲ့ ခရိုနီတစ်ယောက်ရဲ့ တိုက်ခိုက်ရေးသမား ဖြစ်လာခဲ့တယ့်” ဒီခွေးအင်္ဂလိပ်တွေက ရိုတီတစ်ချပ်လောက်ကို ပစ်ကျွေးခဲ့တာ
ဒီကမျောက်အုပ်လိုက်က လုနေကြတယ်၊ ရာမာဒီးရ်ကိုရော ဒီပိုင်ဆိုင်မှုတွေ သူ့အဖေပေးခဲ့တာလား သူလည်း ဒီအတိုင်းယူလိုက်တာပဲ
မနက်ဖြန်ဆို သူ့အလောင်းပေါ်ကနေ ရှဟီးဒ်ခန်းမ်ဆီ ရောက်လာလိမ့်မယ်”သူ့အကြံအကောင်ထည်မဖေါ်နိုင်ခဲ့ပေ
ရာမာဒီးရ်ရဲ့ အလုပ်တစ်ခုကို လုပ်ပေးရင်း ရှဟီးဒ်ခန်းမ် ပြန်ရောက်မလာတော့ဘူးသူ့သား ဆဒါးရ်ခန်းမ်ကို တပည့်ဖြစ်သူ နဆီးရ်က စောင့်ရှောက်ခဲ့ပြီး
အဖေ့အတွက်အကြွေးကို သားတစ်ယောက်က ပြန်သိမ်းဖို့အထိ ဖြစ်လာခဲ့ပါတယ်” ငါ့ဘဝမှာ ရည်မှန်းချက်တစ်ခုပဲရှိတယ် … ကလဲ့စားချေဖို့ “သူ့ရည်မှန်းချက်က ပြည့်ဝပါ့မလားဆိုတာကိုတော့
=======================================================ဇာတ်လမ်းကို ဒီလောက်ပဲပြောထားတာ အကြောင်းရှိပါတယ်၊ ကိုယ်တိုင်ခံစားကြည့်ကြပါခင်ဗျာသရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်မှုက အားကောင်းလှသလို
ဇာတ်လမ်းကလည်း အစအဆုံးဆွဲခေါ်သွားနိုင်တဲ့ ဇာတ်ကားမျိုးဖြစ်ပါတယ်Castတွေအနေနဲ့
ဆဒါးရ်ခန်းမ် အနေနဲ့ Manoj Bajpayee
ဖိုက်ဇဲလ်ခန်းမ် အနေနဲ့ Nawazuddin Siddiqui
နဂ်မား ခါတွန် အနေနဲ့ Richa Chadda
မိုဟ်ဆီးနား အနေနဲ့ Huma Qureshi
ရာမာဒီးရ်ဆင့် အဖြစ် Tigmanshu Dhulia နဲ့
တခြားနာမည်ကျော် သရုပ်ဆောင်များလည်း ပါဝင်ထားကြပါတယ်။
Bollywood ပရိတ်သတ်ကြီးတွေအတွက် အကောင်းဆုံးစာရင်းဝင် Bollywoodကားတွေကို တင်ဆက်ပေးလိုက်ပါတယ်။
IMDB 8.6/10 နဲ့Rotten Tomatoes 96% ထိရရှိထားပါတယ်မှတ်မှတ်ရရပဲ ဒီကားတွေကို Oscar ရထိုက်သော Bollywoodကားများစာရင်းထဲမှာ ထိပ်ဆုံးက ပါဝင်နေပါတယ်။2012လိုခုနှစ်မျိုးမှာ ဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေကြားထဲကမှ မျက်နှာသစ်အများစုနဲ့ပွဲထုတ်ခဲ့ပြီး အမှန်အကန် အောင်မြင်မှုတွေရရှိခဲ့ကာ
Bollywood ရုပ်ရှင်လောကကို တစ်ဆင့်မြှင့်တင်ပေးနိုင်ခဲ့တယ်လို့ပဲ ပြောရပါမယ်။ဒီဇာတ်လမ်းမှာ သရုပ်ဆောင်ပိုင်းတွေ၊ ဇာတ်လမ်းအသွားအလာတွေ
နောက်ခံသီချင်းတွေ၊ သွေးအေးအေးနဲ့ လူသတ်ရဲတဲ့ အက်ရှင်ခန်းတွေ၊
အထူးသဖြင့် Casting ပိုင်းပေါ့======================================================
1942 ကနေ 2004 ခုနှစ်ထိ အိန္ဒိယနဲ့ဘင်္ဂလားနယ်စပ်က Wasseypur မြို့မှာ
ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားပြီး အကောင်းဆုံး ပုံဖေါ်ခဲ့တာဖြစ်ပါတယ်။ကမ္ဘာမီးလောင် သားကောင်ချနင်းဆိုတဲ့ စကားပုံအတိုင်း အင်္ဂလိပ်အစိုးရလက်ထက်မှာ
ကျောက်မီးသွေးတွေက အဓိကသွင်းအားစုဖြစ်နေတဲ့ အချိန် နေရာတကာမှာ
ကျောက်မီးသွေးလုပ်ငန်းတွေ ကျယ်ကျယ်ပြန်ပြန့်လုပ်ကိုင်နေကြပြီးတောမီးလောင် တောကြောင် လက်ခမောင်းခက်ဆိုတဲ့အတိုင်း တောပုန်းဓားပြတွေ ပေါများတဲ့ခေတ်မှာ အဆိုးရွားဆုံး ဓားပြဗိုလ်က ဆူလ်တာနာ့ဆူလ်တာနာ နာမည်ကိုအသုံးချပြီး လက်တလုံးခြား ဆူလ်တာနာကို မလိမ့်တပ်လုပ်ကာ ဖြတ်လုနေတာက ရှဟီးဒ်ခန်းမ်
အလည်လွန်တဲ့ဘီး ချေးနင်းမိဆိုသလို ဆူလ်တာနာနဲ့ ထိပ်တိုက်တွေ့တဲ့အခါ
အသက်လုပြေးလာခဲ့ရတယ်နောက်မွေးလာမယ့်ကလေးအတွက် ဒီလိုခိုးဆိုးနှိုက်အလုပ်ကို မလုပ်တော့ဘဲ
ရှဟီးဒ်ခန်းမ် တစ်ယောက် တခြားနေရာကို ပြောင်းသွားခဲ့ပေမယ့်
အကြောင်းအမျိုးမျိုးကြောင့် ရာမာဒီးရ်ဆိုတဲ့ ခရိုနီတစ်ယောက်ရဲ့ တိုက်ခိုက်ရေးသမား ဖြစ်လာခဲ့တယ့်” ဒီခွေးအင်္ဂလိပ်တွေက ရိုတီတစ်ချပ်လောက်ကို ပစ်ကျွေးခဲ့တာ
ဒီကမျောက်အုပ်လိုက်က လုနေကြတယ်၊ ရာမာဒီးရ်ကိုရော ဒီပိုင်ဆိုင်မှုတွေ သူ့အဖေပေးခဲ့တာလား သူလည်း ဒီအတိုင်းယူလိုက်တာပဲ
မနက်ဖြန်ဆို သူ့အလောင်းပေါ်ကနေ ရှဟီးဒ်ခန်းမ်ဆီ ရောက်လာလိမ့်မယ်”သူ့အကြံအကောင်ထည်မဖေါ်နိုင်ခဲ့ပေ
ရာမာဒီးရ်ရဲ့ အလုပ်တစ်ခုကို လုပ်ပေးရင်း ရှဟီးဒ်ခန်းမ် ပြန်ရောက်မလာတော့ဘူးသူ့သား ဆဒါးရ်ခန်းမ်ကို တပည့်ဖြစ်သူ နဆီးရ်က စောင့်ရှောက်ခဲ့ပြီး
အဖေ့အတွက်အကြွေးကို သားတစ်ယောက်က ပြန်သိမ်းဖို့အထိ ဖြစ်လာခဲ့ပါတယ်” ငါ့ဘဝမှာ ရည်မှန်းချက်တစ်ခုပဲရှိတယ် … ကလဲ့စားချေဖို့ “သူ့ရည်မှန်းချက်က ပြည့်ဝပါ့မလားဆိုတာကိုတော့
=======================================================ဇာတ်လမ်းကို ဒီလောက်ပဲပြောထားတာ အကြောင်းရှိပါတယ်၊ ကိုယ်တိုင်ခံစားကြည့်ကြပါခင်ဗျာသရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်မှုက အားကောင်းလှသလို
ဇာတ်လမ်းကလည်း အစအဆုံးဆွဲခေါ်သွားနိုင်တဲ့ ဇာတ်ကားမျိုးဖြစ်ပါတယ်Castတွေအနေနဲ့
ဆဒါးရ်ခန်းမ် အနေနဲ့ Manoj Bajpayee
ဖိုက်ဇဲလ်ခန်းမ် အနေနဲ့ Nawazuddin Siddiqui
နဂ်မား ခါတွန် အနေနဲ့ Richa Chadda
မိုဟ်ဆီးနား အနေနဲ့ Huma Qureshi
ရာမာဒီးရ်ဆင့် အဖြစ် Tigmanshu Dhulia နဲ့
တခြားနာမည်ကျော် သရုပ်ဆောင်များလည်း ပါဝင်ထားကြပါတယ်။
GARO: Fang of God (2018) ဆိုတဲ့ ဇာတ်ကားလေးကတော့ ဂျပန် actionဇာတ်ကားတွေကို ကြိုက်နှစ်သက်တဲ့ fanတွေအတွက် အကြိုက်တွေ့စေမဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ကမ္ဘာပေါ်မှာမိစ္ဆာတွေက လူတွေနဲ့ရောနှောနေထိုင်ပြီးလူတွေကို သတ်ဖြတ်စားသောက်နေကြတယ်။မိစ္ဆာတွေရန်ကနေပြီးလူတွေကိုကာကွယ်ပေးနေတာကတော့ မီကာအိ သူရဲကောင်းတွေပဲဖြစ်ပါတယ်။မီကာအိ သူရဲကောင်းတွေထဲမှာဂါဘိုမျိုးဆက်ဖြစ်တဲ့
စုဂါရီဟာ နာမည်ကျော်ကြားတဲ့သူရဲကောင်းတစ်ယောက်ပေါ့။အဲဒီလိုနဲ့ မကာအိအဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ နန်ဘီဟာ သူ့ရဲ့သေဆုံးသွားတဲ့ချစ်သူ ဂျူဒိုကိုအသက်ပြန်သွင်းဖို့အတွက်မိစ္ဆာတွေနဲ့ပူးပေါင်းပြီး အဖွဲ့ကိုသစ္စာဖောက်တဲ့လုပ်ရပ်တွေလုပ်နေခဲ့တယါ။
ဂျူဒိုကရော တစ်ကယ်ပဲပြန်ရှင်လာမှာလားမိစ္ဆာတွေကရော နန်ဘီနဲ့ ဘာအတွက်ကြောင့်ပူးပေါင်းတာလဲစုဂါရီ တာကဲ အူဂါရီ နဲ့ရိုင်ရယ်တို့ သူရဲကောင်း လေးယောက်ကရောသူတို့ကို တားဆီးနှိမ်နင်းမှာလဲ ဆိုတာကိုကြည့်ရှုရမဲ့ action ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။IMDB rating လည်းမဆိုး လှတဲ့ ရရှိထားတဲ့မှော်ဆန်ဆန် action ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်
ဒီကားကိုမကြည့်ခင် ခင်ဗျားတို့ သတိလေးပေးချင်တယ်… ဥပမာ အိမ်မှာ မိသားစုဝင် ၅ယောက်လုံးရှိတယ်ထား..ခင်ဗျားက ဒီကားကိုကြည့်ဖို့ပြင်ဆင်ပြီဆိုရင် ကျန်တဲ့ ၄ယောက်ပါ TVရှေ့ကိုခေါ်ကြည့်သင့်တယ်….လင်မယား ၂ ယောက်ထဲဆိုလည်း ၂ယောက်လုံးကြည့်ဖြစ် အောင်ကြည့် တစ်ယောက်ထဲကြည့်မိရင် အံကြိတ်ပြီး တခိခိရယ်တဲ့ကိုယ့်ကို ကျန်တဲ့သူတွေက ရူးများသွားတာလား ခေါင်းချောင်သွားတာလားဆိုတဲ့အတွေးနဲ့ကြည့်တာခံရလိမ့်မယ် ကျွန်တော့ချစ်သူလေးကတော့
ကိုကိုတော့ရူးသွားပြီ တံတားလေးပို့ရတော့မယ်လို့ပြောသွားတယ်…… ဒီကားရဲ့မင်းသား Steve Carell ကိုတော့အားလုံးရင်းနှီးပြီးသားဖြစ်မှာပါ…မင်းသမီးချောလေး Hathaway ရယ် Dwayne Jonson(The rock)ရယ်ပါဝင်ထားလေတယ်…မျက်နှာတွေပြူးပြဲပြ ရွံ့စရာအကွက်တွေနဲ့ပြ အိုဗာတင်းဟာသကွက်တွေ လို့မထင်လိုက်နဲ့ … Steve carell က အထူးအေးဂျင့်တွေအတွက်သတင်းစုဆောင်းတဲ့သူတစ်ယောက် ပြောရရင် ရုံးစာရေးဆိုပါတော့ ဒါပေမဲ့ သူ့ရဲ့ အိပ်မက်က အေးဂျင့်ဖြစ်ချင်တာပဲ….တစ်နေ့တော့ နျူကလီးယားလက်နက်အတွက် အရေးကြီးယူရေနီယမ်တွေအခိုးခံရတော့ အကြမ်းဖက်အဖွဲ့တွေမရိပ်မိအောင် တစ်ခါမှ လူဆိုးတွေနဲ့မဆက်ဆံဖူးတဲ့Steve Carell နဲ့ မျက်နှာခွဲစိတ်ပြုပြင်ထားတဲ့ မင်းသမီးချော
Hathaway ရယ်ကိုလွှတ်လိုက်တယ်….. ခင်ဗျားတို့ကတော့ ထင်လိမ့်မယ် ရုံးစာရေးကိုလွှတ်တယ်ဆိုတော့ ဘာစကေးမှမရှိဘူး အလွဲတွေနဲ့ကြည့်ရဆိုးမယ်လို့ပေါ့ အာ့ဆိုလုံးဝလွဲသွားလိမ့်မယ် သူက အေးဂျင့်ဖြစ်ချင်တာဆိုတော့ အကုန်လေ့ကျင့်ထားတယ် တိုက်ရည်ခိုက်ရည်တွေနဲ့ အားလုံးကို မှတ်မိတတ်တဲ့ သူ့ဦးနှောက်ကို ပေါင်းစပ်လိုက်တော့ အတော်လေးအလုပ်ဖြစ်တယ်…. ရယ်စရာတွေကလည်း သဲထိတ်ရင်ဖိုခန်းလေး တွေမှာ အပိုအလိုမရှိထည့်ထားလေတော့ တခွီ
းခွီးရယ်ရတာ.ရိုက်ချက်တွေကလည်း အတော်လန်းတယ်…. ကိုင်း ခံစားကြည့်လိုက်ဦးဗျ မောပန်းနွမ်းနယ်နေတဲ့ခင်ဗျားတို့ နှလုံးသားနဲ့ ဦးနှောက်ကို လန်းဆန်းစေချင်ရင်တော့ ဒီကားကိုကြည့်လိုက် ကျွန်တော်ပြောတာ မလွန်ဘူးဆိုတာ ခင်ဗျားတို့ ဇာတ်ကားအစ ၁၀မိနစ်လောက်ကထဲက သဘောပေါက်သွားလိမ့်မယ်……
ဒီဇာတ်လမ်း ဟာ ၂၀၁၀ ခုနှစ်ကထွက်ရှိထားတဲ့ Detective Dee and the Mystery of the Phantom Flame ရုပ်ရှင်ရဲ့ Prequel ဖြစ်ပါတယ် …ဒါကြောင့် စုံထောက်တီ(ဒီး)ကိုငယ်စဉ်ဘဝကပုံစံနဲ့တွေ့ရမှာပါ။မင်းသား Mark Chao ကစုံထောက်တီ(ဒီး)အဖြစ်ပါဝင်ထားပြီး မင်းသမီးကတော့ Angelababy ဖြစ်ပါတယ်။ ကိုရီးယားမင်းသား Kim Bum လဲအရံပါဝင်ထားပါတယ်။တီ(ဒီး)တစ်ယောက် စုံထောက်မဖြစ်ခင် အလုပ်လာလျှောက်ကတည်းက တိုင်းပြည်ရဲ့
သေရေးရှင်ရေးပြသနာတစ်ခုကို ဖြေရှင်းဖို့တိုက်ဆိုင်လာတဲ့အခါမှာ……..။ဇာတ်လမ်းကတော့ အဆန်းကြီးဖြစ်ပြီး နဂါးတွေ အဆိပ်ကောင်တွေ ကိုယ်ဖော့သိုင်းတွေ ရေထဲသွားမြင်းတွေ လျှို့ဝှက်ချက်တွေနဲ့ကြည့်ရမှာပါ။
ဒီဇာတ်လမ်းကို ကျွန်တော်ကတော့ ကြိုက်ပါတယ်။ ကင်မရာရိုက်ချက်တွေ Special Effects ကလဲ ကြည့်ရှုသူတွေကို တဝိုးဝိုးဖြစ်ရမှာပါ….IMDb Rating (6.5/10) ရရှိထားပြီး Action,Adventure စုံထောက်ဇာတ်ကားကြိုက်သူတွေ လက်မလွတ်သင့်ပါ။
ကဲ စာမမှန်ရင် မကြည့်ဘူး၊ကွာလတီမကောင်းရင်မကြည့်ဘူး ဆိုသူတွေအတွက်စာအမှန်နဲ့ ကွာလတီကောင်းကောင်းနဲ့ ရပါပြီ။ပထမဗားရှင်းမှာ စာမပါဘဲ ရုပ်ထွက်လည်းခုဗားရှင်းလောက် မကောင်းခဲ့ပါ။စာအမှန်ကို စောင့်ပေးကြတဲ့အတွက်ကျေးဇူးအထူးပင် တင်ပါတယ်။တေလဂူးမင်းသားချော ရမ်ချာရန်း အများအခေါ် ဘိုင်ရာဗာရယ်လို့ လူကြိုက်များတဲ့ မင်းသားရဲ့ ၂၀၁၉ မှာ ထွက်လာခဲ့တဲ့ကား ဆိုတာကို အထူးတလည် မိတ်ဆက်ဖို့ လိုမယ်မထင်ပါ။——————–
သိပ်ကို ဆင်းရဲနွမ်းပါးတဲ့ မိဘမဲ့ကလေး၄ယောက်မှာတနေ့တော့ ရထားလမ်းဘေးမှာ ကလေးတစ်ယောက် ကောက်ရခဲ့ပါတယ်။ရမ်ချာရန်းပါပဲ။သူ့ကို မွေးစားခဲ့တဲ့ ကလေး၄ယောက်ကိုအစ်ကိုကြီးတွေအဖြစ် သိပ်ကို ချစ်ရပါတယ်။အိပ်မပျော်ခင် နောက်ဆုံးတွေးတဲ့ အတွေးနဲ့မနက်အိပ်ယာထချိန် အစောဆုံး တွေးတဲ့ အတွေးတောင်သူတို့ လေးယောက် အဖို့ပါ။အဲ့သလောက်ကို ချစ်ပါတယ်။သူတို့လေးယောက်ရဲ့ ဇနီးတွေနဲ့ အတူရမ်းချာရန်ဟာ နေထိုင်ခဲ့တယ်။မိန်းမလား… ဟင့်အင်း
စိတ်မဝင်စား ပညာရေးလား … ဟင့်အင်း စိတ်မဝင်စားဘာဆို ဘာမှ မစဉ်းစားဘဲ အစ်ကို လေးယောက်အတွက်ပဲစဉ်းစားတတ်သူပါ။သူတို့အတွက်ဆို အသက်တောင်ပေးမလောက်ပဲ။တနေ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် အစ်ကိုနဲ့လတ်တလော မဲဝင်ပြိုင်မယ့် ပါတီဝင်တွေနဲ့စကားများရာကစ…ပြဿနာတက်ခဲ့ရမှာတော့…..ကဲ ကိုယ်တိုင် ခံစားရမယ့် အချိန် ရောက်ရှိခဲ့ပါပြီဗျာ။—————————–ဇာတ်ကားထွက်ခဲ့စဉ်မှာတော့ ဝေဖန်မှု အမျိုးမျိုးနဲ့ ကြုံခဲ့ရပေမဲ့ဒီမင်းသားကားကို မဖြစ်မနေကြည့်ချင်သူတွေ အများကြီးပဲဆိုတာ ယုံကြည်ပါတယ်။
ဇာတ်လမ်းကို မညွှန်းခင် Rating လေးတစ်ချက်ကြည့်လိုက်ပါဦး IMDB 9.0/10 တဲ့ဗျာ
ဒီကားကို စကြည့်ဖြစ်တုန်းကတော့ Tollywood ကားဆိုတော့ ထုံးစံအတိုင်း တစ်ချက်ထိုးလိုက်ရင် လေပေါ်ပျံတာတို့ အားအားနေကနေတို့ ဒါတွေပဲ ဖြစ်မှာပါလို့ ထင်ထားမိတာ
အမှားကြီးမှားတာပဲ အိန္ဒိယရုပ်ရှင်ကား တစ်ကားလို့တောင် မထင်ရက်ဘူး
ဒီကားကို Bollywood က Reboot ပြန်ရိုက်ဖို့အထိ မျှော်လင့်မိတယ်ဗျာ
ကောင်းလား မကောင်းလား မညွှန်းတော့ဘူး တန်းသာဒေါင်းလိုက်တော့
ဒေါင်းရကျိုးနပ်စေရမည်ဗျာ့ဒုစရိုက်ကားဆိုတော့ ကြည့်ဖူးနေကျ ရုပ်ရှင်ကားတွေလို မှောင်ခိုတွေလုပ် ရဲကဖမ်း ရဲကို ပြန်သတ် သူသေ ကိုယ်သေ ဒါမျိုးလာလိမ့်မယ် ထင်ထားတာ
ဒါရိုက်တာက အလှည့်အပြောင်းတွေနဲ့ Crime ကားကို Mystery ဆန်ဆန်လေး တင်ပြသွားတယ်ရဲနဲ့ရာဇာဝတ်ကောင်ကြားကို ယှဉ်ပြတဲ့ အခါမှာလည်း ရဲတစ်ယောက်ရဲ့သားဟာ ရဲဖြစ်သလို အဖေရိုးသားသလို သားဖြစ်သူကလည်း ရိုးရိုးသားသားနဲ့ အမှန်တရားရဲ့ ဘက်တော်သားပီပီ ပုံဖေါ်ထားပြီး
လူဆိုးလူမိုက်ကိုလည်း ကျွန်တော်တို့ဆီက ၁ရာဖိုးသုံးပုဒ်တွေလို အထိုးခံခါနီး လူဆိုးပေါ်လာ
မိုက်ချင်ရင် စွတ်မိုက် ကြမ်းချင်ရင် စွတ်ကြမ်း မျက်နှာကြီးတွေ ရှုံမဲ့ထားပြီး ငါလူဆိုးပါဆိုတာ နဖူးမှာစာရေးထားသလို ဖြစ်နေအောင် လုပ်ထားမယ်လို့ မျှော်လင့်ထားတာ
အိန္ဒိယ ဒါရိုက်တာတွေညံ့ချက် လူမိုက်ရဲ့ ငယ်ဘဝတွေ ညီအစ်ကို သံယောဇဉ်တွေနဲ့ လူမိုက်မှာလည်း ဘဝရှိကြောင်းကို အချိန်ကုန်ခံတင်ဆက်ပေးထားသေးတယ် ?
နောက်ဆုံး အကြိုက်တွေ့မိတဲ့ စကားလုံးလေးတစ်ခုလည်း ပြောသွားသေးတယ်ဗျ” ဘဝဆိုတာ ငရဲထဲက ဟာသ တစ်ခု မဟုတ်လား “ဇာတ်လမ်းလေး နည်းနည်း ညွှန်းရအောင်Vikram – ရိုးသားပြီး တာဝန်ကျေပွန်တဲ့ ရဲတစ်ယောက် လူဆိုးမှန်သမျှကို အရှင်ဖမ်းဖို့ အခွှင့်ရေးရရက်တောင် Encoder ဆိုပြီး အသေတွယ်တဲ့ရဲငါလူဆိုးမှန်သမျှကို သတ်ပြီးတိုင်း ဘာကြောင့် အိပ်ပျော်လဲသိလား ငါသတ်လိုက်တဲ့ကောင်တွေဟာ အပြစ်ရှိတဲ့ကောင်တွေ ဖြစ်တဲ့အတွက်ရဲဆိုတာ
လူတစ်ယောက်ရဲ့ မျက်လုံးခြေအနေကိုကြည့်ရုံနဲ့ လူဆိုးလား လူကောင်းလား ခွဲခြားတတ်သင့်တယ်လူဆိုးမှန်သမျှကိုခြေရာခံလိုက်ပြီး သေပစ်တဲ့ Vikram ရဲ့ အဓိက ပစ်မှတ်ကVedha – လက်ဆလက်နပြင်းတယ် မိုက်တယ် မလိမ်ဘူး မညာဘူး မလှိမ့်တပတ် မလုပ်ဘူး ဗြောင်ရှင်း ဗြောင်ဗြင်းတဲ့လူစားကိုယ်တိုင် ရာဇဝတ်ကောင်ဖြစ်ပေမဲ့ ညီဖြစ်သူကို သူ့ပတ်ဝန်းကျင်ကိုတောင် မလာခိုင်းပဲ ပညာသင်ပေးထားတဲ့ လူစားတခြား မှောင်ခိုကောင်တွေက ကလေးတွေကို အသုံးချ
ပြီး ပစ္စည်းတွေ အရောင်းအဝယ်လုပ်တာကို မကြိုက်ဘူး အမြဲတန်း ပြသနာတတ်ရတဲ့ လက်မရွံလူစား (စကားလုံးနဲ့ မပြောဘူး လုပ်ရပ်နဲ့ပြသွားတယ် ? )အဲ့ဒီလို ဗီဒဟ် ဘယ်ရဲမှ သူ့ကို ဖမ်းဖို့မပြောနဲ့ အနံ့တောင် ခံလို့ မရတဲ့အကောင်က ရဲစခန်းကို ကိုယ်တိုင်လာပြီး အဖမ်းခံလိုက်တယ်
ဘာကြောင့်ပါလဲ့Vikram နောက်ဆုံး စီနင်းမှုမှာ ပစ်သတ်လိုက်တဲ့ အထဲမှာ သူ့ညီပါသွားလို့ပဲ
ဒုစရိုက်မှုတွေနဲ့ ဝေးဝေးမှာနေတဲ့ Vedha ရဲ့ညီ ဘာကြောင့် လူမိုက်တွေကြားထဲ အသတ်ခံလိုက်ရတာလဲ
ဘာကြောင့် သူရှိတဲ့နေရာကို ရဲတွေသိသွားတာလဲ့Vikram နဲ့ Vedha တို့ ထိပ်တိုက်တွေ့မှုက ဘာတွေ ဖြစ်လာမလဲဆိုတာကိုတော့” ကျူးလွန်တဲ့သူကို အပစ်ပေးမလား့ စေခိုင်းတဲ့သူကို အပစ်ပေးမလား “ #ဇာတ်ဝင်တေး အကြွကြီးကလည်း အားရစရာပါပဲ
DatShin Review: Venom (2018)
…
PlotEddie Brock ဆိုတဲ့ သတင်းထောက်တစ်ယောက်ဟာ လူတွေကို တရားမဝင်စမ်းသပ်မှုတွေလုပ်နေတဲ့ကုမ္ပဏီကြီးတစ်ခုကို ဝင်ထောက်လှမ်းရင်း ပြင်ပကမ္ဘာသက်ရှိ
တစ်ကောင်ဖြစ်တဲ့ Venom နဲ့ ထိတွေ့ ကူးစက်ခံခဲ့ရတယ်။ အဲအချိန်မှာပဲ ကုမ္ပဏီကြီးကသူ့အမြင် သူ့ရည်မှန်းချက်အတွက် တစ်ကမ္ဘာလုံးကို ဒုက္ခရောက်ဖို့ ကြိုးပမ်းလာတဲ့အခါမှာတော့ Eddie ဟာသူ့အပေါ်မှာ ကပ်မှီပြီး နေနေတဲ့ Venom နဲ့ အတူ ပူးါပေါင်းတားဆီးဖို့ ကြိုးပမ်းရပါတော့တယ်။ Review
.
Venom ရုပ်ရှင်ဟာ လတ်တလော controversial အဖြစ်ဆုံး ကားလို့ ပြောရမှာပါ။Critic အများစု မကြိုက်သလောက် Fan အများစု ကြိုက်ကြတယ်။ကျွန်တော့အနေနဲ့ကတော့ Venom character နဲ့ ပတ်သက်ပြီး အများကြီး မသိပါဘူး။Spider-Man video game တွေထဲမှာလောက်ပဲ တွေ့ဖူးတာ များတယ်။ဆိုတော့ ကျွန်တော့ အမြင်က နည်းနည်းကွဲရင် ကွဲနိုင်သပ။အရင်ဆုံး မကောင်းဘူး ထင်တာတွေ ပြောပါမယ်။မင်းသား Tom Hardy က Eddie အနေနဲ့ တော်တော်
လေးမိုက်ပေမဲ့ အစပိုင်းမှာတော့ Tom Hardy ပိုဆန်နေတယ်လို့ထင်တယ်။သူ့ ပုံမှန် acting စတိုင်နဲ့ တွေ့ရတာ များတယ်။ဒါပေမဲ့ နောက်ပိုင်း Venom နဲ့ တွေ့ပြီးနောက်ပိုင်းမှာတော့ တော်တော်မိုက်တယ်။နောက် ဇာတ်လမ်းနဲ့ဇာတ်ညွှန်းမှာ တစ်ခါတစ်လေ သိပ်အားမရဖြစ်ပါဘူး။တချို့ဇာတ်ဝင်ခန်းတွေက နည်းနည်းလေး ရှည်နေသလို သိပ်ပြီး မလိုအပ်သလို ခံစားရတယ်။နောက်ဆုံးတစ်ခုကတော့ Visual ပိုင်း။Venom နဲ့ Riot တို့ ဗြင်းကြတဲ့အခန်းတွေမှာ တော်တော်လေး
ကြည့်ရအဆင်မပြေဘူး။ညဘက်ကြီး မည်းမည်းအကောင် ၂ ကောင် ချတာကို 3D နဲ့အနီးကပ်မြင်ရတော့ ကြုံးတော့ ကြုံးနေတာပဲ ဒါပေမဲ့ဘာမှန်းညာမှန်း သိပ်မသဲကွဲဘူး။Venom Character ကြီးက ပုံဖော်ထားတာ မိုက်တော့ မိုက်ပေမဲ့စိတ်ထဲမှာ တစ်ခုခုလိုနေသလိုမျိုးပဲ။ (Spidey logo, maybe??) သဘောကျမိတာတွေဆိုရင်တော့ Venom ဟာ MCU ကားတွေလိုမဟုတ်ဘူး။Dark, brutal ဖြစ်တယ်။ PG-13 နဲ့ သွားတယ်ဆိုတော့ နောက်ပိုင်း Tom Holland ရဲ့Spider-
Man နဲ့ တွဲမတွဲ မပြောတတ်ပေမဲ့ ကျွန်တော့ စိတ်ထဲကတော့သွားမတွဲဘဲ သက်သက် ခွဲထွက်တာမျိုး ပိုလိုချင်မိတယ်။Venom နဲ့ Eddie တို့နှစ်ယောက်ကြားက ချိတ်ဆက်မှု နဲ့ တစ်ယောက်ကို တစ်ယောက်မှီတီနေမှုကို ပြသွားတာလည်း တော်တော်လေးကောင်းတယ်။တစ်ချက်တစ်ချက် ရယ်နေရတာများတော့ သိပ်ကြီးအဆင်မပြေပေမဲ့ still awesome ပဲ။ Visual တွေဆိုလည်းအများစု ကောင်းတယ်။ရဲတွေနဲ့ ဗြင်းတဲ့အခန်းဆို တော်တော်လေး အားရဖို့ကောင်းတယ်။
Venom ရဲ့ strength ကို တော်တော်လေးမြင်ရတယ်။Venom နဲ့ Eddie နေရာက Tom Hardy ကလည်း အစပိုင်းလေး နည်းနည်းအဆင်မပြေသလိုဖြစ်သလောက် နောက်ပိုင်းတွေမှာ တကယ့် perfect cast ပဲ။Venom ဟာ တကယ့် perfect ဖြစ်တဲ့ ကားတစ်ကားတော့ မဟုတ်ပါဘူး။ဒါပေမဲ့ ဆိုးဝါးနေတဲ့အထဲ ပါတဲ့ကားတစ်ကားလည်း မဟုတ်ဘူး။ကျွန်တော်တို့ကိုယ်တိုင်ကတော့ တစ်ကားလုံးနီးပါး enjoy ဖြစ်ခဲ့တဲ့ ကားတစ်ကားပါ။
ဒီကားက ဒုတိယ ကမ္ဘာစစ်တုန်းက မဟာမိတ် စစ်သင်္ဘောတွေကို တစ်ဒိန်းဒိန်းပစ်ခေတ်ပြီး ရောက်အောက်ကို နှစ်မြှုတ်ခဲ့တဲ့ ဂျမာန် u-571 စစ်သင်္ဘောအကြောင်းကို အဓိက ထားရိုက်ပြထားပါတယ်… ဂျာမန်စစ်သင်္ဘောတွေရဲ့ ပစ်ခတ်ဖျက်ဆီးခြင်းကို ဖွဲအိတ်ကြီးလို ခံနေရတဲ့ အဓိက အကြောင်းရင်းက Enigma ဆိုတဲ့ ဝှက်စာကြောင့်ပါ… ဒီကားအညွှန်းကို မပြောခင် အရေးကြီးဆုံးအကြောင်းအရာဖြစ်တဲ့ Enigma ဆိုတဲ့ ဝှက်စာ အကြောင်းကိုပြောပြပါ့မယ်… ဒါတွေမသိလည်း ကြည့်လို့ကောင်းတဲ့ စစ်ကားကြီးဖြစ်ပေမယ့် သိသွားတဲ့အခါမှာ ဗဟုသုတလည်းရတဲ့အပြင် ကြည့်ရတာ ဇာတ်ရှန်အမြင့်ဆုံးကိုရောက်သွားစေနိုင်တာကြောင့်ပါ.. Enigma ဆိုတာက ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်ကြားကာလမှာ ဂျာမန်တွေတီထွင်ခဲ့တဲ့ ဝှက်စာ စက်ဖြစ်ပါတယ်။ Mechanical နဲ့ electrical ကို ပေါင်းထားတဲ့ စက်ဖြစ်ပြီး U boat နဲ့ ၈ျာမန်စစ်သင်္ဘောတွေက ပင်နယံ ၄ ဆင့်နဲ့ အထက်ပါတဲ့ Enigma ကို သုံးခဲ့ပါတယ်။ ပင်နယံဝိုင်းတွေမျှားလေ ပိုလုံခြုံလေမို့ နောက်ပိုင်းမှာ ပင်နယံဝိုင်း ၈ ဆင့်အထိသုံးခဲ့ပါတယ်။ Enigma ဟာ လက်နှိပ်စက်လိုဖြစ်ပြီး ဝှက်စာစနစ်ထည့်သွင်းထားတဲ့အတွက် ခလုပ်တွေကို ရိုက်လိုက်ချိန်မှာ မူလ အက္ခရာမပေါ်ဘဲ ဝှက်စာသွင်းထားတဲ့ အက္ခရာသာ ပေါ်တာ ဖြစ်ပါတယ်။ ပင်နယံတွေကို စီစဉ်ထားသိုတာရယ်၊ ဝှက်စာထည့်သွင်းတာရယ်ပေါ်မူတည်ပြီး ဝှက်စာခက်ခဲမှုပြောင်းလဲပါတယ်။ ဝှက်စာဖော်တဲ့အခါမှာလည်း Enigma စက်ကထွက်လာတဲ့ code တွေကို ပြန်ရိုက်ပြီးဖော်ရတာ ဖြစ်ပါတယ်။ ယေဘူယျအားဖြင့် ပင်နယံဝိုင်း ၄ဝိုင်းပါတဲ့ Enigma စက်မှာဆိုရင် အက္ခရာတစ်လုံး မှန်ကန်စွာခန့်မှန်းနိုင်ဖို့ အကြိမ်ပါင်း ၄၅၆၉၇၆ ကြိမ် လိုပါတယ်။ ဒါဟာ “A” ဆိုတဲ့ အက္ခရာလိုမျိုး alphabet တစ်ခုအတွက်ဖြစ်ပါတယ်။ ဝါကျတစ်ကြောင်းအတွက်ခန့်မှန်းရပါက ဘယ်လောက်ခက်မည့်အကြောင်းပြောဖွယ်ရာမလိုတော့ပေ… ဒါကြောင့် codeဖော်တဲ့စက်ကို မရရင် ဖော်ဖို့ အရမ်းခကိပါတယ်။ ဒီ Enigma ကုတ်ကြောင့်ပဲ မဟာမိတ်တွေဟာ ဂျာမန်ကိုလုံးဝမယှဉ်နိုင်ခဲ့တာပါ… ဇာတ်ကားအကြောင်းကိုဆက်ပြောရမယ်ဆိုရင် ပစိဖိတ်ရေပြင်မှာ U-571 ဟာ ဗြိတိန်ရေတပ်ရဲ့ ရေမြှုပ်မိုင်းဒဏ်ထိပြီး အင်ဂျင်တွေသုံးမရ စက်ဆရာတွေကသေကုန်လို့ ရေထဲမျောနေရင်း တပ်ကူရေယာဉ်ကိုစောင့်နေရတဲ့အခြေအနေကို အမေရိကန်တွေသိသွားတယ်… ဒီတော့ အမေရိကန်ရဲ့ အစီအစဉ်က U-751 ကို နာဇီယူဘုတ်ပုံစံပြောင်းပြီး ဝင်စီးမယ် …Engima ကုတ်ဖော်စက်ကို ယူမယ် … U-751 ကို အစဖျောက်မယ်… ဒီစက်ရရင် ဂျာမန်ကို စစ်နိုင်ဖို့အဓိကအကြောင်းရင်းဖြစ်နေတာကိုးး…. သူတို့ရဲ့ အစီအစဉ်က တကယ့်ကိုခက်ခဲပါတယ်… အမေရိကန်တွေအောင်မြင်မလားဆိုတာကိုတော့ စစ်ကားကြိုက်တဲ့သူတွေအဖို့ နင်းကန်ကြည့်သင့်တယ်… ခင်ဗျားဟာ သမိုင်းနောက်ခံဇာတ်လမ်းမျိုးကိုကြိုက်တယ် ..အချက်အလက်တွေနဲ့ ရိုက်ကူးပုံတွေကလည်း Realism ဆန်တာမျိုးဖြစ်ရမယ် ..အပစ်အခတ်နဲ့ စစ်ကားမျိုးလည်းကြိုက်တယ်.. Rating တွေလည်း ကောင်းရမယ် ဆုတွေလည်းရတဲ့ကားမျိုးမှကြိုက်တော့ ဆိုရင်တော့ ခံစားကြည့်သင့်တယ်…
ပြိုင်ကားပွဲစဉ်နဲ့ဖန်တီးထားတဲ့ဇာတ်လမ်းလေးပါ။ နာမည်ကြီး ပြိုင်ကားသမား ဆမ်မွန်ရိုးရဲ့သား ကမ်မွန်ရိုးဟာ ခက်ခဲလှတဲ့ဘဝမှာ ရုန်းကန်ရင်းနဲ့ သူ့အဖေအတွက် ပြိုင်ကားပွဲစဉ်တွေမှာ ဝင်ပြိုင်ပါတယ်။ ဒါပေမယ့် ကားကိုပစ္စည်းအကောင်းစားတွေမဆင်နိုင်ခဲ့တဲ့အတွက် ပြိုင်ပွဲမှာ အနိုင်မရတဲ့အခါ သူ့ဘဝကို အလိုမကျဖြစ်လာခဲ့ပါတော့တယ်။ ဒါ့ကြောင့် သူ့အဖေရဲ့ပြိုင်ဘက်ဖြစ်တဲ့ ဘော့ဘ်လက်စကီရဲ့ကမ်းလှမ်းမှုကိုလက်ခံပြီး သူ့အတွက် ဝင်ပြိုင်လိုက်ပါတော့တယ်။ သားအဖ၂ယောက်ကြား ပဋိပက္ခတွေဖြစ်ကာ ဆမ်မွန်ရိုးကိုယ်တိုင် ပြိုင်ပွဲမှာဝင်ပါလာတဲ့အချိန်မှာတော့ ပွဲစဉ်က အရမ်းကိုကြမ်းတမ်းလာခဲ့ပါတော့တယ်။
၂၀၁၂ တုန်းက Ek Tha Tiger ဆိုတဲ့ သူလျှိုအက်ရှင်ကားအပြီး ဒုတိယမြောက် Tiger ရုပ်ရှင်အဖြစ် ထွက်ရှိလာတာဖြစ် ပြီး စူပါစပိုင်နှစ်ယောက်ဖြစ်တဲ့ တိုက်ဂါးနဲ့ဇိုရာ သူလျှိုဇာတ် လမ်းကို ဆက်လက်ရှုစားရမှာပါ။ ဖြစ်ရပ်မှန်အကြောင်းအရာဖြစ်တဲ့ ၂၀၁၄ တုန်းက အိုင် အက်စ်အဖွဲ့က ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ သူနာပြု ၄၆ ယောက်ကို ကယ်ဆယ်တဲ့အကြောင်း အဓိက ဇာတ်အိမ်တည်ထားတာဖြစ်ပါတယ်။ ပထမဇာတ်လမ်းရဲ့ အဆက်အနေနဲ့ RAW အေးဂျင့်တိုက်ဂါးနဲ့ သူ့ချစ်သူ ISI အေးဂျင့်ဇိုရာတို့ဟာ လက်ထပ်ခဲ့ကြပြီး သားလေးနဲ့အ တူ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းခဲ့ကြပါတယ်။ ဒီလိုနဲ့ ရှစ်နှစ်လောက်ကြာခဲ့အပြီးမှာ တော့ အချစ်ကိုဦးစားပေးပြီး မိသားစုအရေးပဲ အာရုံစိုက်ခဲ့ကြ တဲ့ တိုက်ဂါးတို့စုံတွဲအတွက် မစ် ရှင်တစ်ခုပေါ်လာခဲ့ပါတယ်။ တိုက်ဂါးရဲ့ အလုပ်ရှင် ဟောင်းဖြစ်တဲ့ ရှီနွိုင်က အီရတ် မှာ အကြမ်းဖက်သမားတွေရဲ့ ပြန်ပေးဆွဲခြင်းခံရတဲ့ အိန္ဒိယသူနာပြု ၂၅ ယောက်ကို ပြန်ကယ်စေချင် ခဲ့ပါတယ်။ အကြမ်းဖက်သမား တွေလက်ထဲမှာ အိန္ဒိယသူနာပြု တွေအပြင် ပါကစ္စတန်သူနာပြု ၁၅ ယောက်လည်း ပါနေသေးတဲ့ အတွက် အိန္ဒိယသူလျှိုတိုက်ဂါးနဲ့ ပါကစ္စတန်သူလျှိုဇိုရာတို့စုံတွဲ စစ် ဆင်ရေးကို အတူလှုပ်ရှားခဲ့ကြပါ တယ်။ အတိုက်အခိုက်၊ အပစ်အ ခတ်တွေနဲ့မို့ အက်ရှင်ဇာတ်ကြမ်း ကြိုက်ပရိသတ်အကြိုက်တွေ့ မယ့် ဇာတ်ကွက်တွေ အများကြီး ပါသလို ဂီတ၊ အကနဲ့ ဒရာမာ တွေလည်း ပါတာမို့ ရသစုံပေး စွမ်းတဲ့ ဇာတ်ကားဆိုရင်လည်း မမှားပါဘူး။ အကြမ်းဖက်သမားတွေရဲ့ နယ်မြေထဲကို တိုက်ဂါးတို့စုံတွဲ ဘယ်လိုအစီအမံတွေနဲ့ ဝင်ကြမှာ လဲ။ ဓားစာခံသူနာပြုတွေကို ဘယ်လိုကယ်တင်ကြမှာလဲဆိုတာ ဆက်ကြည့်ဖို့ ဖော်ပြလိုက်ပါ တယ်။ ဒီဇာတ်ကားမှာ ဝါရင့်သရုပ်ဆောင်မင်းသား ဆယ်လ်မန်ခန်း နဲ့ မင်းသမီး ကက်ထရီနာကိတ်ဖ် တို့ကပဲ အဓိကဇာတ်ကောင်အ ဖြစ် သရုပ်ဆောင်ထားကာ ဆာဂျက်ဒယ်ဖရူဇ်၊ ဆူဒိ၊ အန်ဂက် ဘီဒီ၊ ကူမွတ်မစ်ရှ်ရာ စတဲ့သူတွေအားဖြည့်ထားပါတယ်။
ဒီတစ်ခါမှာတော့ မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ Sci-fi, Drama, Action ဇာတ်ကားတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ နှစ်ထောင်ပေါင်းများစွာ လူသားတွေကြောင့် အစဉ်အဆက်တိုးတက်လာခဲ့တဲ့ ကမ္ဘာကြီးဟာ လပိုင်းလေးအတွင်းမှာ လူသန်းပေါင်းများစွာ အသက်သေဆုံးရပြီးပျက်စီးအံ့ဆဲဆဲအခြေအနေကိုရောက်ရှိလာပါတော့တယ်။ ရာသီဥတုတွေအကြီးအကျယ်ဖောက်ပြန်လာပြီး ကမ္ဘာ့စီးပွားရေးကလည်း ကယ်လို့မရအောင်ကို စုန်းစုန်းမြုပ်နေတဲ့ အခြေအနေကို ရောက်ရှိနေပါပြီ။ ကမ္ဘာမီးလောင် သားကောင်ချနင်း ဆိုတဲ့အတိုင်း ဒီဖြစ်ရပ်ကြီးကို အခွင့်ကောင်းယူပြီး ခိုးဆိုးလုနှိုက်နေတဲ့လူတွေ၊ ဘာသာရေးဂိုဏ်းဆန်ဆန်စည်းရုံးရေးဆင်းကြတဲ့သူတွေ စသဖြင့် လူတန်းစားပေါင်းများစွာလည်း ပေါ်ပေါက်လာပါတယ်။ အဲဒီထဲမှာမှ အရာအားလုံးနဲ့ကင်းကင်းရှင်းရှင်းနေနေတဲ့ ဇာတ်လိုက်ကြီးကတော့Kurt ၊ စစ်မှုထမ်းဟောင်းဖြစ်ပြီး အတိတ်ပုံရိပ်တွေရဲ့ခြောက်လှန့်မှုကြောင့် ကမ္ဘာကြီးမပျက်ခင်ကတည်းက သူတစ်ယောက်တည်း ကမ္ဘာပျက်နေတဲ့သူ။ တစ်ရက်မှာတော့အကြားအမြင်ဆရာဆန်ဆန်လူတစ်ယောက်နဲ့ လမ်းမှာတွေ့တယ်။ အဲဒီအကြားအမြင်ဆရာလို့ ဆိုနိုင်တဲ့သူက လျှပ်စစ်မုန်တိုင်းတွေကြောင့် ကမ္ဘာကြီးပျက်တော့မှာဖြစ်တဲ့အတွက်သူနဲ့အတူ ဘေးကင်းတဲ့နေရာလိုက်ခဲ့ပြီး အားလုံးပြီးဆုံးသွားတဲ့အချိန်မှ ကမ္ဘာကြီးကို ပြန်လည်တည်ဆောက်ကြမယ်ဆိုပြီး လူကြားထဲမှာ အာပေါင်ရင်းသန်သန်နဲ့ မဲဆွယ်နေတဲ့သူပေါ့။ အဲဒီအကြားအမြင်ဆရာက Kurt ကိုတွေ့တဲ့အခါမှာတော့ သူနဲ့အတူလိုက်ခဲ့ဖို့ အမှန်တရားမြင်အောင်ကြည့်ဖို့ တိုက်တွန်းတယ်။ အဲဒီအခါမှာတော့ တစ်ကိုယ်ရည်ကမ္ဘာပျက်နေတဲ့Kurt တစ်ယောက် ဘဝအပြောင်းအလဲကို ဖြစ်စေမယ့် ဆုံးဖြတ်ချက်ကို ချဖို့အကြောင်းဖန်လာပါတော့တယ်။ ဘာဆက်ဖြစ်မလဲသိချင်ရင်တော့ The Last Man ဆိုတဲ့ ဒီဇာတ်ကားလေးကို အမြန်ဆုံးပဲဒေါင်းကြည့်လိုက်ကြပါလို့တိုက်တွန်းချင်ပါတယ်။
Valley of Tears 2020
Wu Assassins
War & Peace
Watchmen
Warrior Nun
When They See Us
Freakish
Treadstone
Truth Be Told
Unbelievable
Victoria
Watership Down
Drama, Horror, Mystery
ဒီဇာတ်ကားကတော့ crime ဆန်ဆန်အက်ရှင်ကားမှ ကြိုက်သူများအတွက်အကြိုက်တွေ့မယ့်ဇာတ်ကားဖြစ်ပါတယ်
မိုက်ဟာ အမည်ခံကုမ္ပဏီတည်ထောင်ပြီး စတော့ရှယ်ယာကစားတဲ့တရားမဝင်အလုပ်ကိုလုပ်ကိုင်တဲ့သူဖြစ်ပါတယ်
မိုက်ရဲ့လုပ်ကိုင်ပုံကျွမ်းကျင်မှုကြောင့် သူ့ရဲ့အလုပ်သူဌေးတွေသဘောကျခြင်းခံတဲ့သူပေါ့
တစ်နေ့မှာတော့ မိုက်ဟာအလုပ်ကိစ္စသွားရင်းလူသတ်မှုနဲ့ထောင်ချောက်ဆင်ခံလိုက်ရကာ ထောင်ကျခဲ့ရပါတယ်
မိုက်ရဲ့ဘဝဟာလုပ်ငန်းရှင်ထောင်ထွက်တစ်ယောက်ဘဝရာက်သွားရပါတော့တယ်
မိုက်တစ်ယောက်ဘာကြောင့်သူ့ကိုထောင်ချောက်ဆင်တယ်
ဘယ်သူကသူ့ကို ဒုက္ခပေးနေတယ်ဆိုတာကို လက်စားချေဖို့ လိုက်လံစုံစမ်းပါတော့တယ်
မိုက်တစ်ယောက်နောက်ဆုံးမှာသူ့ရဲ့ရန်သူတွေကိုအောင်အောင်မြင်မြင် လက်စားချေသွားနိုင်ပါ့မလားဆိုတာကို
ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုလိုက်ကြပါဦး
Thriller
Below Zero (2021)
===============
IMDb Rating – 6.3/10
CM ပရိသတ်ကြီး အကြိုက်တွေ့မယ့် Action, Crime ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။
မာတင်ဟာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာတတ်တဲ့ ရဲတစ်ဦးပါ။ တစ်နေ့ သူပြောင်းတဲ့ ရဲဌာနမှ
ပထမဆုံးတာ တာ၀န်အနေနဲ့ အကျဉ်းသားတွေကို နေရာပြောင်းရွှေ့တဲ့ တာ၀န်ကို ထမ်းဆောင်ရပါတော့
တယ်။ ဒီလိုနဲ့ပဲ မာတင်ဟာ သူအပါအ၀င် နောက်ထပ် ရဲ ၃ ယောက်နဲ့အတူ အကျဉ်းသား ၆ ယောက်ပါတဲ့
အချုပ်ကားကို မောင်းပြီး မြူဆိုင်းတဲ့ ညဘက်မှာ တာ၀န်ထမ်းဆောင်ရပါတော့တယ်။
ဒီလိုနဲ့ မောင်းလာရင်း လမ်းခုလတ်မှာ ကားဘီးကလည်းပေါက် အရံလိုက်လာတဲ့ ရဲနှစ်ယောက်ရဲ့ကားနဲ့လည်း
အဆက်ပြတ်သွားတဲ့အတွက် သူကိုယ်တိုင် မောင်းလာတဲ့ ကားပေါ်က ဆင်းကြည့်တဲ့အခါ ခြုံခိုတိုက်ခိုက်ခံ
နေရပြီဆိုတာ သိလိုက်ရပါတော့တယ်။ အရံပါလာတဲ့ ရဲ ၃ ယောက်ကလည်း ကျ အချုပ်ကားထဲက အကျဉ်း
သား ၆ ယောက်ကလည်း စပြီး ပုန်ကန် အပြင်ကရန်သူတွေက တစ်ဖက်နဲ့ မှောင်မဲပြီး လူသူကင်းတဲ့ လမ်းမပေါ်မှာ
မာတင်တစ်ယောက် ဘယ်လို နှစ်ပါးသွားမလဲဆိုတာကို စိတ်၀င်စားဖွယ် မြင်တွေ့ရမှာဖြစ်ပါတယ်။
မနေ့ကမှ ထွက်ရှိလာတဲ့ Action ကားသစ်ဖြစ်ပြီး IMDb Rating 6.3/10 ရရှိထားတဲ့ ကားကောင်း ကားသစ်
လေးဖြစ်ပါတယ်။
Action, Adventure, Crime
Krack(2021) အညွှန်း
******************
တီလူဂူးဇာတ်ကားလေးတွေကို မျှော်နေကြတဲ့ အိန္ဒိယတောင်ပိုင်းရုပ်ရှင် ပရိတ်သတ်တွေအတွက် မနေ့ကထွက်တဲ့
Ravi Teja နဲ့ Shruti Haasan တို့ရဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။
Krack ဆိုတဲ့အဓိပ္ပါယ်ကိုက သူတို့ဘာသာစကားမှာ “ခေါင်းမာတဲ့သူ”ပါ။
ဒီတော့ ဒီရုပ်ရှင်ထဲက အဓိကဇာတ်ကောင်ဖြစ်တဲ့ ဗီရားရှန်ကာဆိုတဲ့ ရဲအရာရှိဟာ မတရားမှုတွေကို
ကိုင်တွယ်ရာမှာ ကြမ်းတမ်းတယ် ၊ သက်ညှာမှုကင်းမဲ့တယ်။
ဘယ်အရာကိုမှ မကြောက်တတ်ဘဲ လုပ်စရာရှိတာကို ခေါင်းကြောမာမာနဲ့ တဇွတ်ထိုးလုပ်တတ်သူပေါ့။
ဇာတ်လမ်းအစအစမှာ ပြသွားတဲ့ သံတစ်ချောင်း ၊ ၅၀တန် အကြွေတစ်ရွက်နဲ့ သရက်သီးတစ်လုံးဟာ ဗီရားရှန်ကာကိုင်တွယ်ခဲ့တဲ့
ဒိတ်ဒိတ်ကြဲလူဆိုး လူရမ်းကားသုံးယောက်ကို ကိုယ်စားပြုတယ်ဆိုတာ ဇာတ်လမ်းအလယ်လောက်ရောက်မှ နားလည်မယ်။
တစ်ယောက်ချင်းစီကို ကိုယ်တွယ်ပုံဟာ ဒီဇာတ်လမ်းရဲ့ frame ဖြစ်ပြီး ၊
တောင်ပိုင်းရုပ်ရှင်အထွက်နည်းလှတဲ့ အခုလိုအချိန်မျိုးမှာ ရဲကားကောင်းကောင်းကြည့်လိုသူတွေအဖို့
ကျေနပ်ကြလိမ့်မယ်ထင်ပါတယ်။
Action, Thriller
Pirates of the Caribbean: On Stranger Tides(2011)[1080P5.1CH]
((((ဒီဇာတ်ကားတွေက ဘယ်အချိန်ပြန်ကြည့်ကြည့် မရိုးနိုင်တဲ့ စာရင်းထဲပါလေတော့ Pirates of the Caribbean ပရိတ်သတ်တွေအတွက် HEVC,1080P5.1CH,720Pြ ဖင့် ရသမြောက်စွာ
ခံစားနိုင်စေရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်))))
ဂျက်နဲ့ လူမှားပြီး ဂစ်ဘ်ကို ကြိုးပေးမယ့်အရေးမှာ ဝင်ကယ်ပေးလိုက်ရပြီးတဲ့နောက် တစ်ကိုယ်တည်းကောင်းစားနေတဲ့ ဘာဘိုဆာဆီ
ရောက်သွားကြပြန်တယ်။ ဒါပေမယ့် ဂစ်ဘ်ပဲကျန်ခဲ့ပြီး ဂျက်ကတော့ သူ အချစ်ဟောင်း အန်ဂျလီကာကောင်းမှုနဲ့
မုတ်ဆိတ်နက်ဆီရောက်သွားတဲ့နောက် စပိန်တွေက တပန်းသာနေတဲ့ ထာဝရသက်ရှည်ရေပန်းကို ရှာနိုင်ဖို့ စိုင်းပြင်းရပြန်တယ်…
Pirates of the Caribbean On Stranger Tides(2011)
Action, Adventure, Fantasy
Pirates of the Caribbean: At World’s End(2007)[1080p5.1ch]
IMDb…7.1
((((ဒီဇာတ်ကားတွေက ဘယ်အချိန်ပြန်ကြည့်ကြည့် မရိုးနိုင်တဲ့ စာရင်းထဲပါလေတော့ Pirates of the Caribbean ပရိတ်သတ်တွေအတွက် HEVC,1080P5.1CH,720Pြ ဖင့် ရသမြောက်စွာ
ခံစားနိုင်စေရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်))))
သူရဲကောင်းဆန်ဆန်နဲ့ ကရာကန်ကြီး ပါးစပ်ထဲ ဓားတစ်ချောင်းနဲ့ ဝင်ပြီး အားလုံးကို ပေးဆပ်သွားတဲ့နောက်တော့ ဝီလ်တန်နာနဲ့
အဲလိဇဘက်တို့နှစ်ယောက်သား ကပ္ပတိန် ဘာဘိုဆာနဲ့ ပူးပေါင်းပြီး ဂျက်ကို ဒေဗီဂျုန်းဆီကနေ လွတ်အောင် ကယ်ဖို့ ကြိုးစားရတော့တယ်။
ဒါပေမယ့် နှစ်ယောက်မရှိတဲ့ ဂျက်စပဲရိုးက သူ ဘာကောင်လဲဆိုတာကို ဂဏန်းတွေနဲ့ ပုလဲနက်နဲ့ ပြလိုက်တယ်
ဒေဗီဂျုန်းကိုလည်း လော့ဒ် ဘက်ကပ်တ်က ထိန်းချုပ်ထားပြီး ပင်လယ်ပြင်တခွင်တစ်ခုလုံးရဲ့ သင်္ဘောတွေအကုန်ကို
ဖျက်ဆီးခိုင်းတဲ့နောက်တော့ ဝီလ်၊ အဲလိဇဘက်နဲ့ ဘာဘိုဆာတို့နဲ့ အတူ ကပ္ပတိန် ဂျက်စပဲရိုးပါ တိုက်ပွဲထဲ ဝင်ပါလာရတော့တယ်…
Pirates of the Caribbean At World’s End(2007)
Action, Adventure, Fantasy
Space Jam (1996)
===============
မိုက်ကယ်ဂျော်ဒန်ဆိုတဲ့ ဘတ်စ်ကတ်ဘောဘုရင်ဟာ ငယ်စဉ်ကတည်းက ဖခင်ဖြစ်သူလိုမျိုး ဘေ့စ်ဘောကစားသမား ဖြစ်ချင်ခဲ့တာပါ။ သူအရွယ်ရောက်ပြီ ဘတ်စ်ကတ်ဘောအားကစားလောကမှာ အထွဋ်ထိပ်ထိ တက်လှမ်းပြီးသွားတဲ့နောက် ဘတ်စ်ကတ်ဘောလောကကနေ ရုတ်တရက်ရပ်နားပြီး ကလေးဘဝကဆန္ဒကို အကောင်အထည်ဖော်ဖို့ ဘေ့စ်ဘောလောကထဲကို ခြေစုံပစ်ဝင်လိုက်ပါတယ်။
ဘေ့စ်ဘောမှာအဆင်မပြေပေမယ့် ဘတ်စ်ကတ်ဘောဘုရင်ဖြစ်တဲ့သူ့ကို အဖွဲ့သားတွေကအပြစ်မမြင်ပေမယ့် ပရိတ်သတ်တွေနဲ့မီဒီယာကတော့ ကြိတ်မနိုင်ခံမရဖြစ်နေကြတာပေါ့။ ဒီအချိန်မှာ မိုရွန်တောင်ကဂြိုလ်သားတွေက ဝယ်သူတွေကိုဆွဲဆောင်ဖို့ Looney Tunesတစ်ဖွဲ့လုံးကို ဖမ်းဆီးဖို့လွှတ်လိုက်ပါတယ်။ သေးကွေးနှေးကွေးတဲ့ဒီဂြိုလ်သားတွေနဲ့ ဘတ်စ်ကတ်ဘောပြိုင်ဆော့ဖို့စိန်ခေါ်လိုက်ပြီးမှ ဂြိုလ်သားတွေဘာလို့ကြီးထွားကုန်တာလဲ။ သူတို့တွေကမိုက်ကယ်ကိုအကူအညီတောင်းတဲ့အခါ ဘေ့စ်ဘောကစားသမားဖြစ်နေတဲ့သူကရော ကူညီပါ့မလား။ Looney Tunesတစ်ဖွဲ့လုံးနဲ့အတူတူ မိုက်ကယ်ပါ ဂြိုလ်သားတွေရဲ့ အကျဉ်းသားဘဝရောက်သွားမလားဆိုတာကိုတော့… နာမည်ကျော်မိုက်ကယ်ဂျော်ဒန်ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားပြီး IMDb 6.4 ရထားတဲ့ ဒီကာတွန်းလေးက ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရွှင်မြူးစေမှာဖြစ်လို့ ကြည့်ရှုဖို့လက်တို့လိုက်ရပါတယ်။
Adventure, Animation, Comedy, Family, Science Fiction
Experimenter (2015)
ဒီကားက
ကျွန်တော်တို့ဟာ တစ်ခါတစ်ရံမှာ ကြိုးတွေကို တွေ့ကောင်းတွေ့နိုင်ပေမယ့်
သတိပြုမိတဲ့စိတ် ကသာလျှင် ကျွန်တော်တို့အတွက် လွတ်မြောက်ခြင်းရဲ့ ဦးဆုံးခြေလှမ်း ဖြစ်ရမှာပါ။”
IMDb – 6.6/10 ရရှိထားတဲ့ ကားကောင်းတစ်ကား ဖြစ်တာမို့ ကြည့်ရှုစေချင်ပါတယ်။
ဆု ၂ ဆု နဲ့ တစ်ကြို ၅ ကြိမ် ဝင်ခဲ့တဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။
Los Angeles Film Festival 2015 နဲ့ Political Film Society, USA 2015
တို့မှာ ဆု ရရှိခဲ့ပြီးတော့
တော့ နိုင်ငံရေးနဲ့ နှီးနွယ်တဲ့ စိတ်ပညာကို လေ့လာချင်တဲ့လူတွေ စိတ်ဝင်စားမယ့် ဇာတ်ကားကောင်းတစ်ကားပါပဲ။
တကယ့်အဖြစ်အပျက်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။
လူမှု စိတ်ပညာရှင် စတန်လေ မီလ်ဂရမ် ရဲ့ ၁၉၆၁ မီလ်ဂရမ် စမ်းသပ်ချက်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။
ဒီစမ်းသပ်ချက်ကတော့ လူတွေရဲ့နာခံမှု(Obedience) ကို စမ်းသပ်ချက်ပဲ ဖြစ်ပါတယ်။
လူစိမ်းနှစ်ယောက်ကို ခေါ်ပြီး တစ်ဘက်က သင်ယူသူ တစ်ဘက်က သင်ကြားသူအနေနဲ့ ထားပြီးတော့
မှားရင် လျှပ်စစ်ရှော့တိုက်တဲ့နည်းနဲ့ နာခံမှု ဘယ်လောက်ရှိတယ်ဆိုတာကို စမ်းသပ်တာပဲ ဖြစ်ပါတယ်။
ဒီတော့ ကျွန်တော်တို့ Obedience ကို သိပ္ပံနည်းကျကျ အချက်အလက်တွေနဲ့ လေ့လာကြည့်ရအောင်။
ကောင်းတာတစ်ခုကတော့ ဒါက ဇာတ်လမ်းသဘောဖြစ်နေတဲ့အတွက် လုံးဝ ပျင်းအိုင်သွားခြင်း မရှိတာပါပဲ။
မီလ်ဂရမ် ဟာ အခြားစမ်းသပ်ချက်တွေဖြစ်တဲ့ Small World Experiment နဲ့ Lost letter experiment တို့ကိုလည်း လုပ်ခဲ့ပါသေးတယ်။
“ကျွန်တော်တို့က ရုပ်သေးရုပ်တွေလို့ ခင်ဗျား ဆိုလို့ ရပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ဟာ အသိဉာဏ် နဲ့ သိတတ်နားလည်မှုတွေပါ ပါဝင်တဲ့ ရုပ်သေးရုပ်တွေပါလို့ ကျွန်တော်ကတော့ လက်ခံယုံကြည်ထားပါတယ်။
Biography, Drama, History
ဇာတ်လမ်းအကျဉ်း
ဒီဇာတ်ကားလေးကတော Song Joong Ki ရဲ့ ၂၀၂၁ ကမှအသစ်စက်စက်ထွက်ရှိထားတဲ့ Sci-Fic ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်
အနာဂတ်ကမ္ဘာကိုစိတ်ကူးယဉ်ပုံဖော်ထားတာဖြစ်လို့စိတ်ဝင်စားဖို့ကောင်းပြီး Setting ချပုံကအစထူးခြားတဲ့ကားလေးဖြစ်ပါတယ်
ကင်ထယ်ဟို (Song Join Ki) ဟာတစ်ချိန်တုန်းကအာကာသစောင့်ကြပ်သူတွေရဲ့ ကွန်မန်ဒါခေါင်းဆောင်ဖြစ်ခဲ့ပေမယ့်
အကြောင်းအမျိုးမျိုးကြောင့် လက်ရှိမှာတော့ရာထူးကချခံလိုက်ရပြီးအာကာသထဲလွင့်စင်သွားတဲ့
မွေးစားသမီးလေးကိုလိုက်ရှာနေတဲ့ဆင်းရဲသားတစ်ယောက်ဖြစ်နေပါတယ်
တစ်နေ့မှာတော့ ပေါက်ကွဲနိုင်တယ်လို့ကြေငြာထားတဲ့ နာနိုဘော့နည်းပညာသုံးကလေးပုံစံစက်ရုပ်လေးဟာ
ထယ်ဟိုဆီကိုရောက်လာပါတယ်ပိုက်ဆံလိုနေတဲ့ထယ်ဟိုကတော့ စက်ရုပ်ကိုအသုံးချပြီးငွေရအောင်
်ကြိုးစားပါတော့တယ် ဒါပေမယ့်စက်ရုပ်လို့ထင်ထားခဲ့တဲ့ကလေးလေးဟာလူသားတစ်ယောက်ဖြစ်နေတဲ့အခါမှာတော့
ထယ်ဟိုတစ်ယောက်ဘယ်လိုဆက်လုပ်သွားမလဲ
ကလေးမလေးနောက်ကွယ်မှာရောဘယ်လိုလျှို့ ဝှက်ချက်တွေရှိနေတာလဲဆိုတာကို
ဇာတ်လမ်းထဲမှာဆက်လက်ရှုစားလိုက်ကြပါဦး
Action, Adventure, Drama
ဒီတစ်ခေါက် Netflix မှာအသစ်ထွက်ရှိလာတဲ့ တရုတ်သိုင်းကားဆန်ဆန်ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးချင်ပါတယ်
ဒီဇာတ်ကားက တရုတ်ပြည်ကမိုဘိုင်းဂိမ်းတစ်ခုကိုအခြေခံပြီးရိုက်ကူးထားတာလို့လည်းသိရှိရပါတယ်
effectတွေလည်းကောင်းကောင်းသုံးထားပြီးတော့ ကြည့်ရတာ တကယ်မိုက်မယ့်ဇာတ်ကားကောင်းတစ်ကားပါ
ဇာတ်လမ်းအကျဉ်းချုပ်ကတော့ မကောင်းဆိုးဝါးမြွေဆိုးကိုနှိမ်နင်းဖို့အတွက် ကျင်မင်ဆိုတဲ့ဘုန်းတော်ကြီးက မြို့တော်ကိုလာခဲ့ပါတယ်
မြွေဆိုးရဲ့အရိပ်တွေက ခဏခဏ လူတွေကြားထဲကိုထွက်လာလေ့ရှိပါတယ်
တကယ့်ခန္ဓာကိုယ်အစစ်ကတော့ ဘုရင်မကြီးရဲ့ခန္ဓာကိုယ်ထဲမှာ ထိန်းသိမ်းထားတာပါ
ဒီလိုအန္တရာယ်ကျရောက်လာပြီဆိုရင် ဂိုဏ်းကြီးလေးဂိုဏ်းကဆရာလေးဆူ စုပြီးတော့ မြွေဆိုးကိုနှိမ်နင်းရပါတယ်
ဒါပေမယ့် ဒီတစ်ခေါက်မှာတော့ မြွေဆိုးရဲ့ခန္ဓာကိုယ်အစစ်ထွက်လာတော့မှာပါ
ဒါကို ဆရာတွေဘယ်လိုကာကွယ်ကြမလဲဆိုတာ ရင်ခုန်ဖွယ်ကြည့်ရူရမယ့် ဇာတ်ကားကောင်းတစ်ကားပါ
တရုတ်သိုင်းကားတွေနှစ်သက်သူအတွက်တော့ ကြည့်သင့်တဲ့ကားကောင်းတစ်ကားဖြစ်လို့ ညွှန်းပေးလိုက်ရပါတယ်
The Yin Yang Master Dream of Eternity (2021)
Action, Drama, Fantasy
Agent Revelation 2021 ကတော့ Action/Sci-fic/Thriller ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ IMDb rating ကတော့ 6.2/10 ရထားပါတယ် ။
ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် ကင်နီယန်းလို့ခေါ်တဲ့ ဂြိုဟ်သားမျိုးနွယ်ဟာလူသားတွေကို အက်ရှ်(Ash) ဆိုတဲ့စွမ်းအင်တစ်မျိုးကိုအသုံးချပြီးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကထိန်းချုပ်လာခဲ့တာပါ၊၊ ဒါပေမဲ့ လူသားတွေရဲ့ လောဘကို သဘောပေါက်သွားတဲ့ ဂြိုလ်သားတွေဟာ အက်ရှ်စွမ်းအင်ကို မသုံးပဲ လောဘတရားတွေနဲ့သာ လူသားတွေကို ထိန်းချုပ်ခဲ့ပါတယ်။ ကမ္ဘာပေါ်က အက်ရှ်စွမ်းအင်သွေးနှောသူတွေကိုအကုန်ရှင်းခဲ့ကြပါတယ်။ မတော်တဆဖြစ်ရပ်တစ်ခုကြောင့် ကမ္ဘာပေါ်မှာဖွက်ထားတဲ့ အက်ရှ် စွမ်းအင်တွေထွက်လာပြီးတော့
ဂျင်မ်တို့သူငယ်ချင်းတွေကိုထိန်းချုပ်ခံလိုက်ရတယ်၊၊ အက်ရှ်ကြောင့် သူ့ငယ်ချင်းတွေကို ဆုံးရှံးခဲ့ရတဲ့ ဂျင်မ် ဟာ သူကိုယ်တိုင်တော့ အက်ရှ်ကြောင့် ဘာမှမဖြစ်ခဲ့ပါဘူး ။ အက်ရှ်ရဲ့စွမ်းအင်တွေဟာ သူ့ကိုယ်ထဲစီးဝင်ပြီး သူ့အသွေးအသားနဲ့ တစ်သားထဲ ဖြစ်ပြီး ဂျင်မ်ဟာစွမ်းအားတွေပိုင်ဆိုင်လာခဲ့ပါတယ်။
ကမ္ဘာပေါ်ကိုဂြိုဟ်သားတွေ ကြီးစိုးထိန်းချုပ်လာမှာကိုကာကွယ်နေတဲ့လျို့ဝှက်အဖွဲ့အစည်းကတော့ ဂျင်မ် ကဘာကြောင့် အက်ရှ်ရဲ့ ထိန်းချုပ်ခြင်းမခံရတာလဲဆိုတာကိုစမ်းသပ်ရှာဖွေရင်းနဲ့ ဘာတွေ ဘယ်လိုတွေဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။
Action, Science Fiction, Thriller
ဒီတစ်ခေါက်တင်ဆက်ပေးချင်တဲ့ဇာတ်ကားကတော့ အင်ဒိုနီးရှားဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်နော်
အင်ဒိုနီးရှားနိုင်ငံမှာ သိုင်းအားကစားတစ်ခုရှိပါတယ် လုံချည်တစ်ကွင်းထဲမှာလူနှစ်ယောက်ဝင်ပြီး
သိုင်းချတဲ့ ဆာရွန်သိုင်းချနည်းလို့ခေါ်တဲ့အားကစားတစ်ခုပါ ဒီကားမှာတော့ သိုင်းအားကစားနည်းကိုအခြေခံပြီး
ရိုက်ကူးထားတဲ့ဇာတ်ကားကောင်းပါ
ဇာတ်လမ်းကတော့ ဒန်နီက ဂျာကာတာက ဆိုးသွမ်းတဲ့သူဌေးသားတစ်ယောက်ပါ
သူ့အမေက သူ့ကိုလိမ္မာလာအောင် မာကာစတာမြို့ကိုပို့လိုက်ပါတယ်
ဆာရွန်သိုင်းအားကစားက အဲဒီမြို့မှာပိုပြီးတော့ထင်ရှားနေတဲ့အချိန်ပေါ့ ဒန်နီက တန်ရီဆိုတဲ့ကောင်မလေးနဲ့တွေ့ခဲ့ပြီး
တန်ရီကိုတော့ ဆာရွန်သိုင်းချန်ပီယံတစ်ယောက်က အတင်းလိုက်ကြိုက်နေတာပါ
ဒီလိုနဲ့ ဒန်နီနဲ့ ဆာရွန်သိုင်းချန်ပီယံတို့ ပြဿနာတတ်ကြပါတော့တယ် ဒါကြောင့် ဒန်နီက ဆာရွန်သိုင်းသင်ပါတော့တယ်
ဘယ်လိုတွေဆက်ဖြစ်ကြမလဲကတော့ ဆက်ကြည့်လိုက်ကြပါတော့…………………
အရင်တုန်းက ကရာတေးဇာတ်ကားကောင်းတွေကြိုက်နှစ်ခြိုက်သူတွေ
ဒီဇာတ်ကားလေးကိုလည်း ကြိုက်မယ်လို့မျှော်လင့်တာမို့ ကြည့်သင့်တဲ့ကားလေးအဖြစ် ညွှန်းပေးလိုက်ရပါတယ်
Action, Adventure, Drama
ဒီဇာတ်ကားကတော့ လူငယ်တွေ ငယ်တုန်းမှာ လမ်းမှားရောက်တတ်ကြောင်းကို
ပညာပေးရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်
၂၀၁၂ကထွက်ခဲ့တာဖြစ်ပြီး ဟောင်းပေမယ့်ကောင်းသေးတဲ့ဇာတ်ကားတစ်ကားလို့ပြောလို့ရပါတယ်
ဇာတ်လမ်းအကျဉ်းချုပ်ကတော့ ကျင်ဟွာဆိုတဲ့ ၁၇နှစ်အရွယ်ကောင်လေးက မဟုတ်မခံစိတ်ဓာတ်ရှိပြီး
ရန်ပွဲတွေမှာလည်းဝင်ပါလေ့ရှိပါတယ် တစ်နေ့ လူရိုက်မိပြီး လူငယ်ထိန်းသိမ်းရေးကျောင်းကို ၆လသွားနေခဲ့ရပါသေးတယ်
ပြန်ထွက်လာတော့ သူ့အမေက သူ့ကိုဘဝသစ်စစေချင်ပါတယ် ဒီလိုဘဝသစ်စဖို့ကြိုးစားမယ်ဆိုပြီး
သူက စာမေးပွဲပြန်ဖြေဖို့လုပ်ပါတော့တယ် ဒါပေမယ့် အပေါင်းအသင်းကြောင့်မို့လို့ ဂိုဏ်းတစ်ခုထဲကို ဝင်မိသွားပါတယ်
ထို့နောက် သူ့ရဲ့ဘဝသစ်စမယ့်အစီအစဉ်က မအောင်မြင်ခဲ့ဘူးဆိုပါတော့
သူဘယ်လိုပြဿနာတွေကြားထဲကိုရောက်သွားမယ်ဆိုတာ
ပညာပေးရိုက်ကူးထားတဲ့ကားကောင်းလေးဖြစ်လို့ ညွှန်ပေးလိုက်ရပါတယ်
drama အမျိုးအစားဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်
Action, Crime
ဒီတစ်ခါတော့ IMDb rating 7.1/10အထိရရှိထားတဲ့ Crime, Dramaအမျိုးအစား ရုပ်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဇာတ်လမ်းအကျဥ်းကတော့ ဂျိုဝီဆိုတဲ့ ကြေးစားလူသတ်သမားတစ်ယောက်ဟာ လူသတ်တဲ့နေရာမှာ လက်ယဥ်ပြီးကျွမ်းကျင်ပါတယ်။ တစ်နေ့မှာတော့ သူ့ကိုအပ်ထားတဲ့ အလုပ်တစ်ခုကိုကိုင်တွယ်နေတုန်း သူလူသတ်လိုက်တာကို သေဆုံးသူရဲ့လက်ထောက်ဖြစ်သူကောင်မလေး မြင်သွားပါတယ်။ သူကလည်း မလှုပ်ရှားခင်ကတည်းက ပစ်မှတ်အခြေအနေကိုလေ့လာရင်း အဲဒီကောင်မလေးကိုမြင်မြင်ချင်း ကြွေမိနေတာပါ။ ပုံမှန်ဆိုရင် မျက်မြင်သက်သေကိုပါ လက်စဖျောက်ရမှာဆိုပေမဲ့ သူ့ခံစားချက်ကိုမထိန်းချုပ်နိုင်တဲ့ ဂျိုဝီတစ်ယောက် ကောင်မလေးကိုဖမ်းပြီး သူ့အိမ်ခေါ်လာပါတယ်။ ပြီးတော့ သူ့အိမ်မှာဘဲမသတ်ရက်လို့ ဆက်ဖမ်းထားပါတယ်။
လူသတ်သမားနဲ့ မျက်မြင်သက်သေကြားက ထူးခြားတဲ့အချစ်ပုံစံကရော ဘယ်လိုဖြစ်မလဲ။ သာမန်အချစ်ဇာတ်လမ်းနဲ့ ထူးထူးခြားခြားကွဲပြားနေပြီးတော့ သူတို့ကြားကဆက်ဆံရေးက ညင်သာမှုတွေ၊ မယုံကြည်မှုတွေနဲ့ပြည့်နှက်နေပြီး သူတို့ဘဝတွေကို ဘယ်လိုပုံစံရိုက်ခတ်သွားမလဲ။ ဇာတ်လမ်းလေးက အလောတကြီးမဟုတ်ဘဲ ပုံမှန်လေးဇာတ်ရှိန်တက်သွားပြီး အဝေးကြီးထိကြိုမမြင်နိုင်တဲ့ လှည့်ကွက်လေးတွေနဲ့ရိုက်ကူးထားတာကြောင့် ကြည့်လို့ကောင်းတဲ့ကားလေးပါပဲ။
Crime
ဒီဇာတ်ကားကတော့ ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ အိန္ဒိယအက်ရှင်ကားတစ်ကားဖြစ်ပါတယ်။
မင်းသား အာဂျေးလ်ဒေ့ဂမ်၊ အနီးလ်ကပူးရ်၊ မင်းသမီးကန်ဂနာရာနွတ်တို့ ပါဝင်သရုပ်ဆောင်ထားပါတဲ့
ရထား ဗုံးထောင်ပြီး ခြိမ်းခြောက်ငွေတောင်းတဲ့ ကားလေးပါ။
မင်းသားအာဂျေးလ်က အိန္ဒိယကနေ လန်ဒန်ကို အလုပ်လာလုပ်တဲ့အင်ဂျင်နီယာတစ်ယောက်ပါ..
ဘဝတူရွေ့ပြောင်းလုပ်သားတွေရဲ့ဘဝကို ကူညီကယ်ဆယ်ဖို့ ကြိုးစားရင်း.. သူကိုယ်တိုင်လည်း အဖမ်းခံ.. နှင်ထုတ်ခံခဲ့ရပါတယ်။
ချစ်ရတဲ့ မိသားစုကို လန်ဒန်မှာထားရစ်ခဲ့ရပြီး တစ်ကွဲတစ်ပြားဖြစ်ခဲ့ရတဲ့အတွက် လက်စားချေဖို့
လန်ဒန်ကိုရအောင် ပြန်လာခဲ့ပါတယ်။ ပြီးတော့ ရထားပေါ်မှာ ဗုံးထောင်ပြီး ခြိမ်းခြောက်ငွေတောင်းခံမှုတွေ
လုပ်ခဲ့ရာက ဒီဇာတ်လမ်း ဖြစ်ပေါ်လာခဲ့တာပါ။
တောင်းတဲ့ငွေတွေ ရမှာလား.. ခရီးသည်တွေရဲ့ အသက်အန္တရာယ်က
ဘယ်လို ကယ်ထုတ်မှာလဲ စိတ်ဝင်စားဖွယ်၊ ကြည့်ရှုအားပေးလိုက်ပါဦး
Action, bollywood, Crime, Drama
Palmer (2021)
============
IMDb Rating – 7.3/10
ဇာတ်ကားအကျဉ်းပြောရမယ်ဆိုရင်တော့ ထောင်ထွက်တစ်ဦးနဲ့ အိမ်တွင်းရေးအဆင်မပြေတဲ့ ကလေးတစ်ယောက်
ရဲ့အကြောင်းပေါ့။ ပါးလ်မာ က ထောင်ထဲ (၁၂)ကျော်နေခဲ့ပြီးမှ ခံဝန်နဲ့လွတ်လာသူဖြစ်ပြီး သူ့အဖွားအိမ်၊ သူ့ဇာတိမြို့မှာပဲ
ပြန်လာနေခဲ့တယ်။ ဆမ် ဆိုတာကတော့ ပါးလ်မာရဲ့အိမ်ဘေးမှာနေတဲ့ ကလေး။ ဆမ့်အမေက ဆေးသမား၊ ပထွေးဖြစ်သူ
ကလဲ အချိုးမပြေ။ မိသားစုအခြေအနေလုံးဝမကောင်းတဲ့ ကလေးတစ်ယောက်။ ထောင်ထွက် ပါးလ်မာနဲ့ အိမ်တွင်းရေး
အဆင်မပြေတဲ့ ဆမ် တို့နှစ်ယောက်ရဲ့အကြောင်းကို ခပ်ငြိမ့်ငြိမ့်လေးနဲ့ တင်ဆက်သွားတဲ့ Drama ဇာတ်ကားကောင်းလေး
တစ်ကားဖြစ်ပါတယ်။ ဒီလို Drama ကားမျိုးကြည့်ရတာ စိတ်ထဲအတော်လေး ကျေနပ်သွားမိတယ်။ IMDB rating (7.3/10)
၊ Rotten Tomato ကလည်း (74 %) ဆိုတဲ့အတွက်ကြောင့် ဇာတ်ကားကောင်းဖြစ်မယ်ဆိုတာတော့ ပြောစရာလိုမယ်မထင်ပါဘူး။
ပါးလ်မာ အဖြစ် သရုပ်ဆောင်ထားသူကတော့ အဆိုတော်/သရုပ်ဆောင် Justin Timberlake ပဲဖြစ်ပါတယ်။
Drama
ဒီတစ်ခါ comedy-drama ဇာတ်ကားအမျိုးအစားလေးကိုတင်ဆက်ပေးချင်ပါတယ် တကယ်ရယ်ရမဲ့ဇာတ်ကားကောင်းလေးပါနော်
ရုံကြီးကားတစ်ကားဖြစ်ပြီး ဟောင်ကောင်ရုပ်ရှင်ဆုပေးပွဲမှာလည်း ဇကာတင်ဝင်ခဲ့တဲ့ ဇာတ်ကားကောင်းလေးပါ
လတ်တလောမှာလဲ ထိုင်းကနေပြန် remark ရိုက်ထားတဲ့ My God! Father (2020)ရဲ့မူရင်းဇာတ်ကားလေးပါ
နောက်ခံတီးလုံးကလည်းကောင်း သရုပ်ဆောင်တွေကလည်း Eddie Peng (Operation Mekong) , Deng Chao (The Mermaid 2016),
Zanilia Zhao (လတ်တလောပြိးထားတဲ့ ဇာတ်လမ်းတွဲ Legend of fei) တို့တွေဆိုတော့ ထွေထွေထူးထူးပြောစရာလိုမယ်မထင်ပါဘူး
ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် လန်က ကားမောင်းချန်ပီယံတစ်ယောက်ပါ
တစ်နေ့သူ့အဖေနဲ့ ကားအတူတူမောင်းနေရင်း မတော်တဆမှုဖြစ်ခဲ့ပါတယ်
အဲဒီအချိန်မှာ သူက အချိန်နောက်ပြန် ခရီးသွားပြီး သူ့အဖေရဲ့ငယ်ဘဝကိုရောက်သွားပါတော့တယ်
လန်က အစက သူအဖေနဲ့အဆင်မပြေပါဘူး ဒါပေမယ့် သူ့အဖေငယ်ဘဝကိုပြန်ရောက်တဲ့အခါ
သားအဖ နှစ်ယောက်က သူငယ်ချင်းဖြစ်လာပါတော့တယ်
သားအဖနှစ်ယောက်ကြားကသံယောဇဉ်တွေအကြောင်းကို
ကြည့်ရမယ့် dramaကားကောင်းကောင်းလေးပဲဖြစ်လို့ ညွှန်းပေးလိုက်ရပါတယ်
Comedy, Drama, Fantasy
My Missing Valentine (2020)
****************************
ဒိတ်ပျောက်တယ် ဆိုတဲ့ စကားကို လူငယ်တွေ အရမ်းပြောလေ့ရှိပါတယ်
ဒါပေမယ့် တကယ် ဒိတ်ပျောက်သွားတဲ့လူတွေရှိပါ့မလား
ဒီဇာတ်လမ်းထဲက ကောင်မလေးကတော့ တကယ်ဒိတ်ပျောက်သွားခဲ့ပါတယ်
အရာရာကို မြန်မြန်ဆန်ဆန်လုပ်တတ်တဲ့ကောင်မလေးတစ်ယောက်
ခရာမတွတ်ခင် ပြေးတတ်တဲ့ သူများတွေထက် ရှေ့ကိုတစ်လှမ်းကြိုပြင်ဆင်တတ်သူလေးတစ်ယောက်ရှိသတဲ့။
ကမ္ဘာလောကကြီးနဲ့အဆက်သွယ်ပြတ်နေတဲ့သူတစ်ယောက်
အသက်ကလဲ ၃၀ နားကပ်နေပြီး အချစ်ရေးနဲ့ပါတ်သက်လို့ မူးလို့တောင်မရှုဖူးတဲ့သူမအနားကို
ခပ်ချောချောကောင်လေးတစ်ယောက်က ရောက်လာခဲ့ပါတယ်။
အဲ့ကောင်လေးနဲ့ ချစ်သူများနေ့မှာ အတူဖြတ်သန်းဖို့ စိတ်ကူးယဉ်
အပျော်တွေလွန်ပြီး အိပ်သွားခဲ့ပေမဲ့ နောက်တစ်နေ့ သူအိပ်ရာနိုးလာချိန်မှာတော့
သူ့ရဲ့ချစ်သူများနေ့ဟာ သူ့မှတ်ဉာဏ်ထဲကနေ ထူးဆန်းအံ့သြဖွယ်ရာ
ပျောက်ဆုံးနေခဲ့တာသိလိုက်ရပါတယ်။
သူ့ရဲ့ဘဝမှာ အပြောင်းလဲကြီးတစ်ခုလို့ဆိုရလောက်တဲ့နေ့တစ်နေ့ဟာ
ဘာလို့ပျောက်ဆုံးသွားရတာလဲ အဖြေရှာပါတော့တယ်။
ဘာကြောင့် နေ့ရက်တစ်ရက် ပျောက်ဆုံးသွားရတာလဲ
ပျောက်ဆုံးသွားတဲ့နေ့ရက်ကို ဘယ်လိုပြန်ရှာမလဲ
“ကိုယ့်ကိုယ်ချစ်ပါ တစ်နေရာမှာတော့
သင့်ကိုချစ်တဲ့သူတစ်ယောက်ရှိနေပါတယ်”
IMDb rating 7.4 ရရှိထားပြီး Golden Horse Film Festival တစ်ခုတည်းမှာတင်
Winner 5 ဆုရရှိပြီး Nomi 6 ဆု ၀င်ခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားလဲဖြစ်ပါတယ်။
Comedy, Drama, Mystery
ကျွန်တော်တို့ငယ်ငယ်တုန်းက လမ်းတစ်လမ်းဖောက်ဖို့ အဆောက်အဦပြောင်းဖို့
သင်္ချိုင်းရွေ့တယ်တို့ သင်္ချိုင်းပြောင်းတယ်တို့
ခဏခဏကြားဖူးကြတယ်မလား
ခွင့်တောင်းပြီးရွေ့ရတဲ့အခါ ကားထဲခေါ်တင်ပြီး
ပြောင်းရွေ့ပေးရတာတွေလေ
အခုလည်း ရှိချင်ရှိမှာပါ ဒါပေမယ့်ငယ်ငယ်တုန်းကတော့
ဒီလိုပြောင်းရွေ့မှုရဲ့ နောက်ဆက်တွဲဇာတ်လမ်းတွေကြားရတာနဲ့တင်
ကြက်သီးမွှေးညှင်းတွေ ထခဲ့ကြရတာပေါ့ဗျာ
ခေတ်ကာလတွေကူးပြောင်းလာတော့ ဒီခေတ်ကြီးထဲမယ်
သရဲတစ္ဆေတွေနဲ့ ပက်သက်ပြီး ကျွန်တော်တို့ငယ်ငယ်တုန်းကလောက်
အစွဲအလမ်းမရှိကြတော့တာကတော့ သေချာတယ်ဗျ
ဒါပေမယ့် သုသာန်မြေကိုတစ်ခုခုလုပ်ဖို့ဖယ်ရှားရတဲ့အချိန်မှာတော့
ရှေးဟောင်းအယူအဆတွေက မပစ်ပယ်ကောင်းပါဘူး
ရှေးထုံးလည်းမပယ်နဲ့ ဈေးသုံးလည်း မကြွယ်နဲ့ဆိုတဲ့ စကားတောင်ရှိသေးတယ်မို့လား
ဒီဇာတ်ကားက ကျွန်တော်အပေါ်ကပြောထားသလိုပဲ
သုသာန်မြေကိုမှ ခွင့်မတောင်းဘဲ
ပိုင်နက်ကျူးလွန်မိတဲ့အခါ ဖြစ်လာတဲ့နောက်ဆက်တွဲပြသနာပေါ့ဗျာ
ဇာတ်လမ်းက နည်းနည်းတော့ drama,thriller အမျိုးအစားဆိုပေမယ့် ဟာသဘက်လည်းနည်းနည်းရောက်တယ်ဗျ
ချစ်သူနှစ်ဦးအပြင် အကြောင်းကြောင်းကြောင့်
တစ်နေရာထဲလာဆုံကြရမယ့်လူတွေရဲ့
ကံကြမ္မာအလှည့်အပြောင်းကို ကြည့်ရမှာ
Tamil thriller ငတ်နေတဲ့သူတွေအဖို့တော့
သိပ်မဆိုးလှတဲ့ ဇာတ်ကားလို့ပြောပါရစေ
Horror, Thriller
Haymaker (2021)
=============
IMDb Rating – 4.0/10
ပြိုင်ပွဲတစ်ပွဲမှာရှုံးနိမ့်ပြီးတဲ့နောက်ပိုင်း အနားယူသွားခဲ့တဲ့မွေထိုင်းဖိုက်တာနစ်တစ်ယောက်
transgenderမလေး နော်မီကို စော်ကားဖို့လုပ်တဲ့လူကို ထိုးကြိတ်ဆုံးမခဲ့ရာကနေဇာတ်လမ်း
စတာပဲ။ အဲ့ဒီမှာပဲ နော်မီက နစ်ခ်ကိုကိုယ်ရံတော်အနေ နဲ့အလုပ်ခန့်လိုက်ပြီး သူ့ဖျော်ဖြေပွဲတွေ
နောက်ကိုခေါ်သွားတာပေါ့။ နော်မီကလည်းအဆိုတော်ဆိုပေမဲ့ စပွန်ဆာတွေနဲ့ အရက်သောက်လိုက်
စကားပြောလိုက်လုပ်ပြီး အဆိုတော်အဖြစ်နဲ့ရပ်တည်နေရတဲ့လူ…………နစ်ခ်ကျတော့ ပြိုင်ပွဲမှာ
ရှုံးပြီး နောက်ပိုင်း ကြိုးဝိုင်းထဲကိုပြန်ဝင်ဖို့မဝံ့ရဲတော့တဲ့လူ…………ဒီလိုလူနှစ်ယောက်ဆုံစည်းပြီးတဲ့
နောက်ပိုင်းမှာ ဘာတွေ ဖြစ်လာမှာလဲဆိုတော့ကိုတော့ စိတ်ဝင်တစားကြည့်ရှုရမှာပါ။
Action, Drama
Killer Shark (2021)
“ကိုယ်…မင်းကိုအရမ်းချစ်တယ်
ဒီလိုပြောပြီး ကျွန်မကို ကျောခိုင်းသွားခဲ့တဲ့ရှင့်ကို ကျွန်မမုန်းတယ်…..
ပင်လယ်ကြီးရေ..ရှင်ဟာ စိတ်ပျက်စရာကောင်းလွန်းလှသလို နှစ်သက်စရာလည်းကောင်းပါတယ်
လူကို အံ့ဩစေနိုင်တဲ့ အစွမ်းတွေရှိတဲ့ သဘာဝကြီးတစ်ခုပေါ့…
ဒါပေမဲ့…. ကျွန်မတော့ ရှင့်ကိုမုန်းပါတယ်”
ပရိသတ်ကြီးအတွက် ဒီတစ်ခါတော့ အချိန်တစ်နာရီလောက် မထတမ်းကြည့်လို့ကောင်းမယ့် ကားလေးနဲ့ မိတ်ဆက်ပေးပါမယ် ။ ပိုစတာကိုကြည့်တာနဲ့ သောင်းကျန်းတော့မယ့် ငါးမန်းမှန်း သိပြီးသားဖြစ်မှာပါ ။ ဒါပေမဲ့ ပရိသတ်ကြီးမသိသေးတာက ဒီကားလေးထဲမှာ သံယောဇဉ်တွေ ၊ လူတွေရဲ့စိတ်နေသဘောထားတွေ ပြီးတော့ အရမ်းမိုက်တဲ့ ကွန်ပျူတာအဖက် တွေပါဝင်နေတယ်ဆိုတာပါပဲ ။
လူငယ်လေးတစ်စု အားလပ်ရက်မှာ ပင်လယ်ဘက်ကို အပန်းဖြေခရီးထွက်လာကြပါတယ် ။ ဘာပြသာနာမှမရှိပေမယ့် အုပ်စုထဲက စုံတွဲတစ်တွဲရဲ့ အချစ်စမ်းမှုတွေကြောင့် စီးလာတဲ့ သင်္ဘောက ကျောက်ဆောင်နဲ့ တိုက်မိသွားပါတယ် ။ ဇာတ်လမ်းက အဲ့ကစတာပေါ့နော် ။
ပင်လယ်ပြင်ကြီးထဲမှာ ကယ်မယ့်သူမရှိတုန်း တစ်ခုတည်းသော လုပ်စရာရှိတာက ကျွန်းငယ်လေးတစ်ခုဆီ လက်ပစ်ကူးသွားဖို့ပါ ။ အဲ့တော့ ဒီသူငယ်ချင်းတစ်သိုက် ကျွန်းငယ်လေးဆီရောက်အောင်ကူးနိုင်ပြီး ဘယ်နှစ်ယောက်များ ဇာတ်လမ်းအဆုံးမှာ အသက်ရှင်ကျန်မလဲ ကြည့်လိုက်ရအောင်နော်။
Asian, Thriller