ဖြစ်ရပ်မှန် Survivalကားကောင်းလေးတွေကြိုက်တဲ့ ပရိသတ်ကြီးအတွက် 6 Below Miracle on the Mountain(2017)ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။အရာအားလုံးဆုံးရှုံးပြီးမျှော်လင့်ချက်ကင်းမဲ့သွားတဲ့အချိန်မှာ အတော်မျာ
းများကတော့ လက်လျှော့အရှုံးပေးလိုက်ကြတာပါပဲ။ဒါကပဲ အောင်မြင်သူ နဲ့ ရှုံးနိမ့်သူဆိုတဲ့စည်းတစ်ခုဖြစ်လာစေတယ်ပြောရမှာပဲ။ငယ်စဉ်ကတည်းကဝါသနာပါခဲ့တဲ့ ဟော်ကီအားကစားလောကမှာရှုံးနိမ့်ခဲ့တဲ့Ericတစ်ယောက် နှင်းလျှောစီးဖို့တောင်တစ်ခုမှာအနားယူနေခဲ့တာပါ။သူနှင်းလျှောစီးထွက်လာတဲ့အချိန်မှာနှင်းမုန်တိုင်းကျလာခဲ့ပါတော့တယ်။
လမ်းပျောက်သွားခဲ့ပြီးခက်ခက်ခဲခဲ အသက်ရှင်ဖို့ကြိုးစားခဲ့တာကိုရိုက်ပြထားတဲ့ကားကောင်းလေးပါ။စိတ်ဓါတ်ကျနေချိန် ဒီကားလေးနဲ့ ခွန်အားယူလို့ရပါတယ်လို့ပဲ ညွှန်းလိုက်ပါရစေ။
ဒီ ပြင်သစ် 3D animation ရုပ်ရှင်က ဒါရိုက်တာ Bibo Bergeron ရဲ့လက်ရာတစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာဆိုရင် ရုပ်ရှင်ပြစားတဲ့ အေမီယိုနဲ့ ကုန် ပစ္စည်းတွေလိုက်ပို့တဲ့ အလုပ်ကို လုပ်တဲ့ ရာအိုသူငယ်ချင်းနှစ်ယောက်ဟာ မမျှော်လင့်ပဲ ဓာတ်ခွဲခန်းထဲမှာ မကောင်းဆိုးဝါးတစ်ကောင်ကို ဖန်တီးမိခဲ့ပါတယ်။ ပြီးတော့အဲ့ဒီမကောင်းဆိုးဝါးကောင်ဟာ ပဲရစ်မှာလျှောက်သွားပါတော့တယ်။ တွေ့တဲ့လူတိုင်းကသူ့ရဲ့ပုံပန်းသဏ္ဌန်ကြောင့် ကြောက်လန့်တကြားဖြစ်ကြတာပေါ့။ အဲ့ဒီမကောင်းဆိုးဝါးကို ဖမ်းဆီးဖို့အတွက် ကောက်ကျစ်တဲ့ ကော်မရှင်နာ မေနာက စတင်ပြီးလုပ်ပါတော့တယ်။ ရေကြီးမှုပြဿနာကို ဘာမှအကူအညီမပေးတဲ့အတွက်သူ့ကို ပြည်သူတွေအထင်လွဲမုန်းတီးနေတာကနေ ဖြေရှင်းဖို့အကြောင်းရှာတာပါ။ ဒါပေမယ့်လည်း အဲ့ဒီမကောင်းဝါးကောင်လေးမှာ ထူးခြားတဲ့စွမ်းရည်တစ်ခုရှိပါတယ်။ အဲ့ဒီစွမ်းရည်လေးကြောင့်ပဲ မကောင်းဆိုးဝါးကောင်လေးက ပဲရစ်မှာရှိတဲ့ သူဌေးတွေသာ လာလို့ရတဲ့ ကပွဲရုံတစ်ခုကိုရောက်သွားပါတယ်။ အဲ့ဒီမှာ အဆိုတော်မလေး လူစီလီနဲ့တွေ့ဆုံရပါတော့တယ်။ လူစီလီက သူ့ကိုနာမည်လေးတစ်ခုပေးပြီး ကပွဲရုံမှာ တိတ်တဆိတ်ခေါ်ထားပေးပါတယ်။ သူဟာ ပုံသဏ္ဌာန်ကသာမကောင်းဆိုးဝါးဖြစ်နေပေမယ့် လူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်စေတာမျိုးမလုပ်ခဲ့ပါဘူး။ တခြားအမြတ်ကြီးစား ကိုယ်ကျိုးကြည့်တဲ့လူသားတွေလိုမျိုး မဟုတ်ခဲ့ပါဘူး။ ဒီဇာတ်ကားလေးက ခံစားကြည့်မိမယ်ဆိုရင် တကယ့်မကောင်းဆိုးဝါးဆိုတာ ဘယ်လိုမျိုးလဲ အပြင်ပန်းကိုသာ ကြည့်ပြီး ဆုံးဖြတ်လို့မရတဲ့ ကိစ္စတွေ အဖြစ်အပျက်တွေကို တွေ့ရမှာပါ ဒါ့အပြင်ဇာတ်လမ်းထဲမှာ ပါတဲ့သီချင်းလေးတွေကလဲကောင်းတာမို့ စာသားတွေကိုလည်း ဘာသာပြန်ပေးထားပါတယ်။
ချစ်စရာ ကာတွန်းကားလေးလာပါပြီအရမ်းရယ်ရသလိုအနှစ်သာရရှိတဲ့ကားလေးဆိုရင်လည်းမမှားပါဘူးနော် ဇာတ်လမ်းအကျဉ်းကတော့ကြောင်တစ်ကောင်ကြောင့်စာကလေးမိသားစုအသိုက်အမြုံလေးပြိုကွဲခဲ့ရပြီးတော့ တစ်ကောင်ငှက်ဘဝရောက်ဖို့လက်တစ်လမ်းအလိုမှာပဲရစ်ချက်လို့ခေါ်တဲ့စာကလေးငချွတ်လေးက ငှက်ကျားတွေရဲ့မွေးစားခြင်းကိုခံခဲ့ရပါတယ် ဘယ်လောက်ပဲ အံဝင်ကျအောင်နေနေ အချိန်ကစကးပြောလာတဲ့တစ်နေ့မှာတော့ ငှက်တို့ရဲ့ဘာသာဘာဝမတူညီတာ
ကြောင့်ငှက်ကျားမိသားစုက အာဖရိကကိုပြောင်းရွှေ့ဖို့ဖြစ်လာခဲ့ပါတယ် အဲ့ဒီအချိန်မှာ စာကလေးဆိုတဲ့အမျိုးက ရွှေ့ပြောင်းတတ်တဲ့အမျိုးမဟုတ်တာကြောင့်ရစ်ချက်လေးကိုထားခဲ့ရတော့တာပေါ့ အရူးမီးဝိုင်းပြီးကျန်ခဲ့တာက ချာတိတ်လေးရစ်ချက်ပါ မိသားစုနဲ့ခွဲနိုင်တဲ့အင်အားမရှိတာကြောင့်ငှက်ကျားမိသားစုကိုရှာဖို့အာဖရိကကိုအမှီလိုက်လာခဲ့ပါတယ်
အာ့လိုနဲ့လမ်းမှာမုန်တိုင်းမိပြီး အိုဂါဆိုတဲ့ဘဝတူဇီးကွက်မလေးနဲ့ဆုံပြီးအဖာ်ရသွားခဲ့ပါတယ် အိုဂါလေးအကြောင်းအနည်းငယ်ပြောရမယ်ဆိုရင်ဖြင့် အထီးကျန်ရင်းစိတ်မမှန်တဲ့ဝေဒနာကိုယဉ်ယဉ်ကျေးခံစားနေရတဲ့ဇီးကွက်သေးမျိုးရင်းဝင်တစ်ကောင်ပါ ဒီလိုနဲ့ရှေ့ဆက် လမ်းမှာဘယ်လိုတွေတိုင်ပတ်မလဲ ဘယ်လိုဗရုတ်ကျတဲ့ဘော်ဒါတွေနဲ့ဆုံလာဦးမလဲ ရစ်ချက်လေးကကောသူသွားချင်တဲ့မိသားစုဆီသွားခွင့့်ရမလားဆိုတာကတော့ စိတ်မကောင်းစရာဇာတ်ကြောင်းလေးကိုဟာသလေးတွေနဲ့ဖြေဖျောက်ရင်းကြည့်ကြရအောင်ဗျာ…
ဒီကားလေးကတော့ မိသားစုနဲ့ကြည့်ရန်အထူးသင့်တော်တဲ့ဟာသကားလေးပဲဖြစ်ပါတယ်…စကားအပြောအဆိုချိုသာတဲ့ Jenny တစ်ယောက်ကလေးထိန်းအလုပ်ကိုလုပ်ရာကနေ Lola ဆိုတဲ့သူ့အကျင့်နဲ့ဆန့်ကျင်ဘက်ရွယ်တူကောင်မလေးတစ်ယောက်ကိုတွေ့ခဲ့ပါတယ်..Jenny ထိန်းရတဲ့ကလေးတွေကလည်း တစ်ယောက်တစ်မျိုး ဆိုးကြတဲ့ကလေးတွေပါပဲ….နောက်ပိုင်းမှာမျှော်လင့်မထားတဲ့ အကြောင်းရာတွေကြောင့် သူထိန်းနေတဲ့ကောင်လေးတစ်ယောက်ပျောက်သွားခဲ့ပါ
တယ်….ပိုက်ဆံအခက်ခဲကြောင့် သူမနေရာဝင်နေတဲ့ Lola နဲ့အတူ သူမတာဝန်ယူထားတဲ့ကလေး မပျောက်သွားစေရန် ကျန်တဲ့ကလေးများနဲ့အတူ လိုက်လံရှာဖွေရှာတာပဲဖြစ်ပါတယ်…အဲလိုလိုက်ရှာရင်ကနေ အမှတ်မထင် လူဆိုးတွေနဲ့ပတ်သတ်မိသွားပြီး လူဆိုးတွေရန်ကနေ လွတ်အောင် ကလေးတွေနဲ့အတူပြေးရင်းလွှားရင်းနဲ့ ဇာတ်လမ်းကိုသွက်သွက်လေးတင်ဆက်ထားပါတယ်…Jenny ကထိုပျောက်သွားတဲ့ကောင်လေးကို မိဘတွေပြန်မလာရင် ညအချိန်အရောက်အမှီရှာဖွေရမှာပဲဖြစ်ပါတယ်…
သူတို့တွေရှာဖွေနိုင်မလား…လမ်းမှာတွေ့တဲ့လူဆိုးတွေရဲ့ရန်ကနေ လွတ်အောင်ဘယ်လိုထောင်ချောက်တွေသုံးပြီးထွက်ပြေးကြမလဲဆိုတာကတော့ ဒီဇာတ်ကားလေးထဲကိုကြည့်ရှု့ရမှာပဲဖြစ်ပါတယ်….(ဒီကားကို Thin Zaly Kyaw နဲ့ Pyae Phyo Hein တို့မှဘာသာပြန်တင်ဆက်ပေးထားပါတယ်)….
All Is Lost(2013)IMDB…6.9,,,,Rotten…94ဒီကားက ဆန်းတယ်လို့ပဲပြောရမလား မသိဘူး တစ်ကားလုံးမှာ သရုပ်ဆောင်တစ်ယောက်ထဲရယ်…ပြီးတော့ နောက်ခံစကားလေးအနည်းငယ်ကလွဲလို့ တစ်ကားလုံးဘာမှကိုမပြောဘူး….လှေတစ်စီးပေါ်မှာလူတစ်ယောက် အိပ်နေတယ်…ဗြုန်းဆို လှေထဲကိုရေဝင်သံကြောင့်သူနိုးလာတယ်….
.ပင်လယ်ပြင်ထဲက သူ့လှေကိုထူးထူးခြားခြား ဘယ်သင်္ဘောပေါ်ကျခဲ့မှန်းမသိတဲ့ကွန်တိန်နာရဲ့ထောင့်နဲ့လှေရဲ့ဘေးနံရံနဲ့တိုက်မိပြီးပေါက်သွားတယ်…..လှေကိုဖာတယ် ..ရေတွေကိုပြန်ထုတ်တယ်….ဒီကားက imdb ရော rotten ရောအတော်ကောင်းပါတယ်…
ဘာကြောင့်ြ မင့်ရလဲဆိုတော့ အသက်၇၇နှစ်အရွယ် အဘိုးကြီးတစ်ယောက်ရဲ့ အသက်ရှင်သန်ရေးရုန်းကန်မှုကို ပီပီပြင်ပြင်ပြနိုင်လို့ လိုဆိုပါတယ်…အချစ်တွေ အလွမ်းတွေ အဆွေးတွေ တော့မပါပါဘူး…
ဒီစူပါဟီးရိုး ရုပ်ရှင်ဟာ DCEU ရဲ့ ၆ ကားမြောက်ရုပ်ရှင်ပဲ ဖြစ်ပါတယ်။
သူ့ရဲ့ရှေ့မှာတော့ Man of Steel, Batman vs Superman, Suicide Squad, Wonder Woman, Justice League တို့ ထွက်ရှိထားပြီးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း
============ အတ္တလန်တစ်နိုင်ငံရဲ့ မင်းသမီးဟာ ကုန်းမြေပေါ်က မီးပြတိုက်စောင့်တစ်ယောက်နဲ့ ချစ်မိပြီး အာသာ(အကွာမန်းကို) မွေးဖွားခဲ့ပါတယ်။သူကြီးပြင်းလာချိန်မှာ အတ္တလန်တစ်ရဲ့ ဘုရင် အွန်းမ်ဟာ နိုင်ငံ ၇ ခု ကို စုစည်းပြီး ကုန်းမြေကမ္ဘာကို စစ်တိုက်ဖို့ ပြင်ဆင်လာပါတယ်။ ဒီစစ်ပွဲကိုတားဖို့ အတွက် အာသာဟာ သူ့ရဲ့ဆရာ ဗော်ကို၊ မင်းသမီး မယ်ရာ တို့ရဲ့ အကူအညီနဲ့ စွမ်းအားအကြီးဆုံး သုံးခွခရင်း ထရိင်းဒန့်ကို ရှာပြီး အတ္တလန်တစ်ရဲ့ ထီးနန်းကို ရယူဖို့ ကြိုးစားရပါတော့တယ်………
James Mcavoy ,Keira Knightley, Lady Bird (ဝါ) Saoirse Ronan နဲ့ Benedict Cumberbatch တို့လို နာမည်ကြီးမင်းသားမင်းသမီးတွေ အစုံအလင်နဲ့ရိုက်ကူးထားတဲ့ဇာတ်ကားပါ။အဆုံးသတ် မတိုင်ခင် အထိတော့ ဒီ ဇာတ်လမ်းလေး တစ်ပုဒ်လုံးက သိပ်မထူးခြားသလိုပါပဲ။ ဒီဇာတ်လမ်းရဲ့ ထူးခြားချက်ကို ကျွန်တော် ချရေးခဲ့ရင်လည်း spoil ပြီးသား ဖြစ်သွားပါမယ်။အချိန်ကာလအားဖြင့် Dunkrik မဖြစ်မှီ….. အထက်တန်းလွှာ အမျိုးသမီးတစ်ယောက်နဲ့
အိမ်ဖော်တစ်ယောက်ရဲ့သား…..ချစ်ကြိုက်မိခဲ့ကြတယ်…။ မှားယွင်းသွားတဲ့ စာတစ်စောင်က မထင်မှတ်ပဲ ယူလာခဲ့တဲ့ ဂြိုလ်ဆိုးတွေကြားမှာ..သူတို့ ဝေးသွားခဲ့ကြတယ်…။
စစ်တပ်ထဲ ရောက်နေတဲ့ ကောင်ကလေးနဲ့… အိမ်ကနေ ပြေးထွက်ခဲ့တဲ့ ကောင်မလေး.. စစ်မထွက်မှီမှာ ပြန်တွေ့ကြတဲ့အချိန်… နေသာ လေလာမဲ့ တစ်နေ့တော့ကို သူတို့ ပြန် ယုံကြည်မျှော်လင့်ခဲ့ကြတယ်…။ စစ်ရဲ့ အနိဋ္ဌာရုံတွေကြားကနေ ဒဏ်ရာအထပ်ထပ်နဲ့ မျှော်လင့်နေတဲ့ လူငယ်လေးတစ်ယောက်နဲ့ အချစ်အတွက် အရာရာကို ကျောခိုင်းခဲ့တဲ့ လူကုံထံ မလေးတစ်ယောက်ရဲ့ ယုံကြည်..မျှော်လင့်ခြင်းတွေ…. သူတို့ အတူနေချင်ခဲ့ကြတဲ့ ကမ်းခြေ ဘေးက အိမ်ကလေးတစ်လုံးမှာ
ပြန်ဆုံတွေ့ကြမဲ့ တစ်နေ့နေ့.. အဆုံးသတ်မှာ ဘာတွေများ ဖြစ်သွားသလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲ စီးမျောကြည့်ကြပါ။အော်စကာ Nomi အတော်ဝင်ထားပြီး Best Achievement in Music Written for Motion Pictures, Original Score ဆုလည်းရထားတဲ့အပြင် တခြားက ဆုတွေလည်း အတော်ရထားတဲ့ ကားပါ။ Genreကတာ့ Romance and Drama ပါ။
mmbusticket1080p BluRay 5.1 DTS Quality ဖြင့် Marvel Cinematic Universe (MCU) Collection ကိုစုပေါင်းတင်ဆက်ပါသည်။MCU ဇာတ်ကားအားလုံးကို https://channelmyanmar.org/category/marvel-universe/ မှာ Download နိုင်ပါသည်။++++++++++++++++++++++++++++
Marvel Cinematic Universe Intro=======================
Marvel ထုတ်လုပ်ရေးမှ Marvel Cinematic Universe(MCU) ကို လွန်ခဲ့တဲ့ ၁၀ နှစ်က စပြီးတည်ဆောက်ခဲ့ပါတယ်။
ပထမဆုံး ဇာတ်လမ်းဖြစ်တဲ့ Iron Man-1 နဲ့ဖြစ်ပါတယ်။ နောက်ဆုံးအပိတ်ကတော့ Endgame (2019) ဖြစ်ပါတယ်။Marvel Universe မှာ Infinity Stone လို့ ခေါ်တဲ့ စွမ်းအား အကြီးဆုံး ကျောက်တုံး(၆) လုံးရှိပါတယ်။
အဲဒီကျောက်တုံးတွေဟာ စကြဝဠာအနှံ့မှာ ပြန့်ကျဲနေတယ် ဆိုပါတော့။
ကျောက်တုံးတစ်တုံးချင်းစီမှာ သီးခြားအစွမ်းတွေ ရှိပြီး သာမာန်လူတွေ ကိုင်တွယ်သုံးစွဲဖို့ မဖြစ်နိုင်သလောက်ပါပဲ။
Infinity War ရဲ့ အဓိက ဗီလိန်ဖြစ်တဲ့ Mad titan လို့ခေါ်ကြတဲ့ Thanos က ဒီကျောက်တုံးတွေကို စုစည်းပြီး
စကြဝဠာကို သူ့သဘောအတိုင်းဖန်တီးဖို့ကြိုးစားပါလိမ့်မယ်။
ဒါကို Avengers( Captain America, Iron Man, Hulk, Thor, Black Widow, Hawkeye, Vision,Scarlet Witch,Antman,Falcon) တို့နဲ့
Spiderman, Doctor Strange, Black Panther, Guardians of the Galaxy အဖွဲ့တို့ ပူးပေါင်းတားဆီးကြရင်း ဖြစ်လာတဲ့ စစ်ပွဲပါ။Infinity Stones 6 လုံးရဲ့ တည်နေရာတွေကတော့၁. Space Stone aka Tesseract (Blue)
(Captain America: the first avenger ဇာတ်ကားမှာ နာဇီတွေဆီက လုယူရတဲ့ ကျောက်တုံးဖြစ်ပြီး
Avengers ဇာတ်ကားမှာ လိုကီက ဂြိုလ်သားတွေကို ကမ္ဘာကိုခေါ်ဖို့ ဝင်ပေါက်ဖွင့်တဲ့နေရာမှာ အသုံးပြုခဲ့ပါတယ်၊
လက်ရှိကတော့ Asgard ဂြိုလ်ပေါ်မှာ သိမ်းဆည်းခဲ့ရင်း Thor: Ragnarok ကားအဆုံးမှာ လိုကီ ခိုးယူခဲ့တာကို တွေ့ရမှာပါ)၂။ Reality Stone aka Aether (Red)
( စကြဝဠာကို Big Bang မတိုင်ခင်အထိတောင် ပြန်ပြောင်းပစ်နိုင်ပါတယ်။
Thor 2: The Dark World မှာ ပါလာခဲ့ပြီး နောက်ဆုံး credit scene မှာ Collector ဆိုသူဆီမှာ သိမ်းဆည်းထားပါတယ်)၃။ Power Stone (Purple Orb)
( ဂြိုလ်တစ်ခုလုံးကို အသာလေးဖျက်ပစ်လို့ရတဲ့ raw power တွေပါပါတယ်။
Guardian of the Galaxy 1 မှာ ပါဝင်ခဲ့ပြီး Xander က Nova Corps စစ်တပ်လက်ထဲမှာ သိမ်းဆည်းထားပါတယ်။)၄။ The Time Stone ( The Eye of Agomotto, Green)
( အချိန်ကို လိုသလိုအသုံးချနိုင်ပါတယ်။ Doctor Starnge ဇာတ်လမ်းမှာ ပါဝင်လာပြီး လက်ရှိ ဒေါက်တာ စထ်ရိန့်က စောင့်ရှောက်ထားပါတယ်)၅။ Mind Stone (Yellow)
( ဉာဏ်ရည်ကို မြှင့်တင်ခြင်းနဲ့ စိတ်ညို့ခြင်းတွေ ပြုလုပ်နိုင်ပါတယ်။ Avengers 1 မှာ ပါဝင်ခဲ့ပြီး လက်ရှိ Vision ရဲ့ နဖူးထဲမှာ မြှပ်ထားတာပါ)၆။ Soul Stone (Orange)
( သက်ရှိ သက်မဲ့ အခြေအနေတွေကို ထိန်းချုပ်နိုင်ပါတယ်။ Planet Vormir မှာရှိပါတယ်။ )အဆိုပါ ကျောက်တုံး ၆ တုံးကို သုံးနိုင်ဖို့ Infinity Gauntlet ဆိုတဲ့ လက်အိတ်ကို လိုပါတယ်။ အဲဒီလက်အိတ်ကိုတော့ Thanos ပိုင်ဆိုင်ထားပါတယ်။
ဒီလောက်ဆို Marvel Universe ကိုကြည့်ဖို့ အကြမ်းဖျဉ်းလုံလောက်ပြီ ထင်ပါတယ်။
1975-1977 နှစ်တွေမှာ အိန္ဒိယနိုင်ငံဟာ အရေးခင်းကာလဖြစ်ပြီး အရေးပေါ်ထုတ်ပြန်ချက်တွေ ထုတ်ပြန်ထားပြီး တိုင်းပြည်ရဲ့ လူဦးရေ တစ်ဝက်လောက်က ဆန္ဒတွေပြ သပိတ်တွေ မှောက်ပြီး ထောင်ထဲတွေ ရောက်နေပါတယ်။အစိုးရဆိုတာ နာမည်သာ ရှိပြီး ပြည်သူလူထုကို ကြည့်ရှုစောင့်ရှောက်နိုင်တာကလည်း ဆိုင်ရာ ဆိုင်ရာ အကြီးအကဲတွေ ဘုရင်မျိုးရိုးဟောင်းတွေပဲ တာဝန်ယူစောင့်ရှောက်ပေးနေတာပါ။ရာဂျစ်တန် မြို့ကိုလည်း ဘုရင်ကြီး ဆုံးပါးသွားပေမယ့်
အသက်အရွယ်နဲ့ မလိုက်အောင် ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ မင်းသမီး ဂီတန်ဂျလီက ကူညီပေးနေပါတယ်။ဘုရင်စနစ်က ဖြတ်သိမ်းလိုက်ပြီ့ ဘုရင့်အခွန်ထမ်း စနစ်လည်း မရှိတောပေမယ့် မျိုးရိုးစဉ်ဆက် ပိုင်ဆိုင်လာတဲ့ ဘဏ္ဍာတွေနဲ့ပဲ ပြည်သူတွေကို ထောက်ပံ့နေပါတယ်
ပြသနာရဲ့ အစပဲ ပြောရမလား ပါတီတစ်ခုမှာ အစိုးရအာဏာကို လွဲအပ်ထားတဲ့ ဆန်ဂျီးဒ်ဆိုတဲ့ အာဏာပိုင်က အမျိုးသမီးတစ်ဦးတည်း ဖြစ်တဲ့ ဂီတန်ဂျလီကို ထိကပါးယိကပါးလုပ်မယ်ကြံပေမယ့် ဘုရင့်သွေးဖြစ်တဲ့ ဂီတန်ဂျလီကို ထိလို့တောင် မရခဲ့ပါဘူး့ပါတီပွဲက လူပုံအလယ်မှာ အရှက်ကွဲခဲ့ရတဲ့ ဆန်ဂျီးဒ်က ရှက်ရမ်းရမ်းပြီး ယုတ်မာဖို့ ကြံစည်ပါတော့တယ့်ဘုရင်စနစ်ဖြတ်သိမ်းပြီး ဘုရင့်အခွန်စနစ် ဖြတ်သိမ်းလိုက်ရင် ဘုရင်မျိုးရိုးတွေက ပိုင်ဆိုင်သမျှ ဘဏ္ဍာအားလုံးကို အစိုးရလက်
ထဲကို ပြန်အပ်ရပါတယ်။ဂီတန်ဂျလီကတော့ တိုင်းရေးပြည်ရေး အခက်အခဲတွေမှာ သူ့လက်အောက်က ပြည်သူတွေ အတွက် အသုံးချဖို့ ဘဏ္ဍာတွေကို မအပ်ခဲ့ပါဘူးဒီဘဏ္ဍာတွေရှိတာကို သိပြီး ဆန်ဂျီးဒ် ယုတ်မာပါတော့တယ့်အာဏာကို အလွဲသုံးစားလုပ်ပြီး ဘဏ္ဍာတွေကို အပိုင်သိမ်းပြီး ဂီတန်ဂျလီကို ဖမ်းချုပ်ခဲ့ပါတော့တယ့် ဘဏ္ဍာအားလုံးကို ဒေလီက ဆန်ဂျီးဒ်ဆီကို ပို့ပေးဖို့ တာဝန်ပေးခဲ့ပါတယ့်ဒီအချိန်မှာတော့ ဂီတန်ဂျလီရဲ့ အခက်အခဲဖြေရှင်းပေးဖို့ ဘဝါးနီးဆင့် တစ်
ယောက် ရောက်လာခဲ့ပါတော့တယ့်” လေးရက်တာ ဘဝပဲ့ ဒီနေ့က လေးရက်မြှောက်နေ့ ဒီလို တွေးခေါ်ပြီး နေထိုင်တာ “ဘဝါးနီးဆင့်ဆိုတာ ဂီတန်ဂျလီရဲ့ သက်တောင်စောင့်ဟောင်း တစ်ယောက်နုနယ်တဲ့ အတွေ့အကြုံနဲ့ သူ(မ)ကို အကောင်းဆုံး ကူညီပေးပြီး အဖက်ဖက်က ပံ့ပိုးပေးခဲ့သူ အကြောင်းအမျိုးအမျိုးကြောင့် ဂီတန်ဂျလီနားက ထွက်သွားခဲ့ရပေမယ့် သူ(မ) ဒုက္ခရောက်နေတော့ အပြေးရောက်လာတဲ့ လူမျိုးဂီတန်ဂျလီက သူ့လွတ်ဖို့ထက့် ဒေလီကို ပို့မယ့် ဘဏ္ဍာတွေကိုသာ
ပြန်အရယူခိုင်းခဲ့ပါတယ့်ဘဝါးနီးတစ်ယောက် ဘဏ္ဍာတွေကို လမ်းက ဖြတ်လုဖို့ အစီအစဉ်ဆွဲရပါတော့တယ့် ဒီအချိန်မှာတော့ သူ့ရဲ့ ဘော်ဒါတွေ ဖြစ်တဲ့ ဂူရုကြီးနဲ့ ဒလီယားတို့နဲ့ အတူ ဘဏ္ဍာတွေကို ပြန်လုပါတော့တယ်ဘဝါးနီး ဂူရုကြီးနဲ့ ဒလီးယားတို့ အပြင် ဂီတန်ဂျလီရဲ့ လူယုံတစ်ယောက်ဖြစ်တဲ့ ဆန်ဂျနာကပါ ဝင်ရောက်ကူညီပေးခဲ့ပြီး ဘဏ္ဍာတွေသယ်သွားတဲ့ကို လုဖို့ ဖြစ်လာပါတော့တယ့်သူတို့စီစဉ်ထားသလို အလွယ်တကူပဲ ဖြစ်မလားး့ဒါပေမဲ့ ဒီကားကို တာဝန်ယူ ပို့ဆောင်ပေး
မယ့်သူကတော့ မေဂျာ ဆဟဲရ် ဆင့်
့
ဘဝါနီး(အဂျေးဒီဗန်) , ဒလီယား (အင်မရန်းဟက်ရှ်မီး) မေဂျာဆဟဲရ်ဆင့် (ဗစ်ဒ်ရွှတ်ဂျမာဝဲလ်) တို့ရဲ့ ထိပ်တိုက်တွေ့မှုကြီးကို အက်ရှင်အလန်းစားတွေနောက်ခံအသံအမှန်အကန်ကြီးတွေနဲ့ ခံစားကြည့်လိုက်ပါဦး။
1975-1977 နှစ်တွေမှာ အိန္ဒိယနိုင်ငံဟာ အရေးခင်းကာလဖြစ်ပြီး အရေးပေါ်ထုတ်ပြန်ချက်တွေ ထုတ်ပြန်ထားပြီး တိုင်းပြည်ရဲ့ လူဦးရေ တစ်ဝက်လောက်က ဆန္ဒတွေပြ သပိတ်တွေ မှောက်ပြီး ထောင်ထဲတွေ ရောက်နေပါတယ်။အစိုးရဆိုတာ နာမည်သာ ရှိပြီး ပြည်သူလူထုကို ကြည့်ရှုစောင့်ရှောက်နိုင်တာကလည်း ဆိုင်ရာ ဆိုင်ရာ အကြီးအကဲတွေ ဘုရင်မျိုးရိုးဟောင်းတွေပဲ တာဝန်ယူစောင့်ရှောက်ပေးနေတာပါ။ရာဂျစ်တန် မြို့ကိုလည်း ဘုရင်ကြီး ဆုံးပါးသွားပေမယ့်
အသက်အရွယ်နဲ့ မလိုက်အောင် ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ မင်းသမီး ဂီတန်ဂျလီက ကူညီပေးနေပါတယ်။ဘုရင်စနစ်က ဖြတ်သိမ်းလိုက်ပြီ့ ဘုရင့်အခွန်ထမ်း စနစ်လည်း မရှိတောပေမယ့် မျိုးရိုးစဉ်ဆက် ပိုင်ဆိုင်လာတဲ့ ဘဏ္ဍာတွေနဲ့ပဲ ပြည်သူတွေကို ထောက်ပံ့နေပါတယ်
ပြသနာရဲ့ အစပဲ ပြောရမလား ပါတီတစ်ခုမှာ အစိုးရအာဏာကို လွဲအပ်ထားတဲ့ ဆန်ဂျီးဒ်ဆိုတဲ့ အာဏာပိုင်က အမျိုးသမီးတစ်ဦးတည်း ဖြစ်တဲ့ ဂီတန်ဂျလီကို ထိကပါးယိကပါးလုပ်မယ်ကြံပေမယ့် ဘုရင့်သွေးဖြစ်တဲ့ ဂီတန်ဂျလီကို ထိလို့တောင် မရခဲ့ပါဘူး့ပါတီပွဲက လူပုံအလယ်မှာ အရှက်ကွဲခဲ့ရတဲ့ ဆန်ဂျီးဒ်က ရှက်ရမ်းရမ်းပြီး ယုတ်မာဖို့ ကြံစည်ပါတော့တယ့်ဘုရင်စနစ်ဖြတ်သိမ်းပြီး ဘုရင့်အခွန်စနစ် ဖြတ်သိမ်းလိုက်ရင် ဘုရင်မျိုးရိုးတွေက ပိုင်ဆိုင်သမျှ ဘဏ္ဍာအားလုံးကို အစိုးရလက်
ထဲကို ပြန်အပ်ရပါတယ်။ဂီတန်ဂျလီကတော့ တိုင်းရေးပြည်ရေး အခက်အခဲတွေမှာ သူ့လက်အောက်က ပြည်သူတွေ အတွက် အသုံးချဖို့ ဘဏ္ဍာတွေကို မအပ်ခဲ့ပါဘူးဒီဘဏ္ဍာတွေရှိတာကို သိပြီး ဆန်ဂျီးဒ် ယုတ်မာပါတော့တယ့်အာဏာကို အလွဲသုံးစားလုပ်ပြီး ဘဏ္ဍာတွေကို အပိုင်သိမ်းပြီး ဂီတန်ဂျလီကို ဖမ်းချုပ်ခဲ့ပါတော့တယ့် ဘဏ္ဍာအားလုံးကို ဒေလီက ဆန်ဂျီးဒ်ဆီကို ပို့ပေးဖို့ တာဝန်ပေးခဲ့ပါတယ့်ဒီအချိန်မှာတော့ ဂီတန်ဂျလီရဲ့ အခက်အခဲဖြေရှင်းပေးဖို့ ဘဝါးနီးဆင့် တစ်
ယောက် ရောက်လာခဲ့ပါတော့တယ့်” လေးရက်တာ ဘဝပဲ့ ဒီနေ့က လေးရက်မြှောက်နေ့ ဒီလို တွေးခေါ်ပြီး နေထိုင်တာ “ဘဝါးနီးဆင့်ဆိုတာ ဂီတန်ဂျလီရဲ့ သက်တောင်စောင့်ဟောင်း တစ်ယောက်နုနယ်တဲ့ အတွေ့အကြုံနဲ့ သူ(မ)ကို အကောင်းဆုံး ကူညီပေးပြီး အဖက်ဖက်က ပံ့ပိုးပေးခဲ့သူ အကြောင်းအမျိုးအမျိုးကြောင့် ဂီတန်ဂျလီနားက ထွက်သွားခဲ့ရပေမယ့် သူ(မ) ဒုက္ခရောက်နေတော့ အပြေးရောက်လာတဲ့ လူမျိုးဂီတန်ဂျလီက သူ့လွတ်ဖို့ထက့် ဒေလီကို ပို့မယ့် ဘဏ္ဍာတွေကိုသာ
ပြန်အရယူခိုင်းခဲ့ပါတယ့်ဘဝါးနီးတစ်ယောက် ဘဏ္ဍာတွေကို လမ်းက ဖြတ်လုဖို့ အစီအစဉ်ဆွဲရပါတော့တယ့် ဒီအချိန်မှာတော့ သူ့ရဲ့ ဘော်ဒါတွေ ဖြစ်တဲ့ ဂူရုကြီးနဲ့ ဒလီယားတို့နဲ့ အတူ ဘဏ္ဍာတွေကို ပြန်လုပါတော့တယ်ဘဝါးနီး ဂူရုကြီးနဲ့ ဒလီးယားတို့ အပြင် ဂီတန်ဂျလီရဲ့ လူယုံတစ်ယောက်ဖြစ်တဲ့ ဆန်ဂျနာကပါ ဝင်ရောက်ကူညီပေးခဲ့ပြီး ဘဏ္ဍာတွေသယ်သွားတဲ့ကို လုဖို့ ဖြစ်လာပါတော့တယ့်သူတို့စီစဉ်ထားသလို အလွယ်တကူပဲ ဖြစ်မလားး့ဒါပေမဲ့ ဒီကားကို တာဝန်ယူ ပို့ဆောင်ပေး
မယ့်သူကတော့ မေဂျာ ဆဟဲရ် ဆင့်
့
ဘဝါနီး(အဂျေးဒီဗန်) , ဒလီယား (အင်မရန်းဟက်ရှ်မီး) မေဂျာဆဟဲရ်ဆင့် (ဗစ်ဒ်ရွှတ်ဂျမာဝဲလ်) တို့ရဲ့ ထိပ်တိုက်တွေ့မှုကြီးကို အက်ရှင်အလန်းစားတွေနောက်ခံအသံအမှန်အကန်ကြီးတွေနဲ့ ခံစားကြည့်လိုက်ပါဦး။
ဘုရင့် သက်တော်စောင့် ကက်တာပါးက မဟစ်ရှ်မာတီ နိုင်ငံတော်က ထီးညွန့်နန်းလျာ အမန်ဒရာဘာဟုဘာလီကို သူ ကိုယ်တိုင် ဘာကြောင့်သတ်ဖြတ် ပစ်ရတဲ့အကြောင်းကို သားဖြစ်သူ မဟင်ဒရာဘာဟုဘာလီကို ရှင်းပြတဲ့ပုံစံနဲ့ ဇာတ်လမ်းဆက်ထား တာပါ။ဆူပူသောင်းကျန်းတဲ့ မ ကောင်းဆိုးဝါးတွေ နှိမ်နင်းအပြီး မှာတော့ ဘုရင်မကြီးဆီဗာဂါမိ ဟာ သားဖြစ်တဲ့ အမန်ဒရာဘာဟု ဘာလီကို ထီးနန်းဆက်ခံမယ့်သူ အဖြစ် ကြေညာခဲ့ပြီး တူဖြစ်တဲ့ ဘာလာကိုတော့ စစ်သူကြီးအဖြစ်
ကြေညာခဲ့ပါတယ်။ ဘုရင်မကြီး က အမန်ဒရာကို တပ်မှူးကက် တာပါးနဲ့အတူ အနီးဝန်းကျင်က နိုင်ငံတွေနဲ့ ပြည်သူတွေကြားကို လေ့လာဖို့ စေလွှတ်ခဲ့ပါတယ်။အဲဒီလိုသွားရင်းနဲ့ တစ်နေ ရာအရောက်မှာတော့ တိုက်ရေး ခိုက်ရေးကျွမ်းကျင်ပြီး ထက်မြက် တဲ့ ကန်တာလာနိုင်ငံက မင်းသမီး ဒီဗာဆီနာနဲ့ဆုံခဲ့ပြီး မင်းသမီးကို သဘောကျမိတဲ့အတွက် အမန် ဒရာဟာ သာမန်လူတစ်ဦးပုံစံနဲ့ ချဉ်းကပ်ကာ မင်းသမီးရဲ့နိုင်ငံကို ကက်တာပါးနဲ့အတူ လိုက်သွားခဲ့ ပါတယ်။
တစ်ဖက်မှာလည်း ဘုရင်မ ကြီး ဆီဗာဂါမိဟာ ရန်သူနိုင်ငံက မင်းသမီး ဒီဗာဆီနာနဲ့ တူတော် ဘာလာကို နှစ်နိုင်ငံငြိမ်းချမ်းရေး အတွက် လက်ဆက်ဖို့ ကမ်းလှမ်း စာပို့ခဲ့ပါတယ်။ မင်းသမီးက ငြင်း ဆန်ခဲ့တဲ့အတွက် ဘုရင်မကြီး အမျက်ထွက်ပြီး ကန်တာလာကို တိုက်ခိုက်ဖို့ အမိန့်ပေးခဲ့ပါတော့ တယ်။ မင်းသမီး ဒီဗာဆီနာတို့ နိုင်ငံကို ရန်သူတွေကျူးကျော်ဝင် လာတဲ့အခါမှာ အမန်ဒရာက ကူညီတိုက်ခိုက်ပေးခဲ့ပြီး သူ့ရဲ့ အံ့မခန်းစွမ်းအားတွေကြောင့် မင်းသမီးရော၊ ဟန်တာလာဘုရင်ကြီး
ရော အံ့အားသင့်ခဲ့ကြပါတယ်။ထူးခြားအစွမ်းတွေကြောင့် သာမန်လူ မဟုတ်တန်ရာတဲ့အ တွက် မေးမြန်းရင်း ဘုရင်မကြီးရဲ့ သားတော်ဆိုတာ သိသွားခဲ့ကြပြီး အမန်ဒရာက မင်းသမီးကို သ ဘောကျကြောင်း ဖွင့်ပြောခဲ့သလို ဘုရင်မကြီးကလည်း လက်ထပ်ဖို့ ကမ်းလှမ်းထားတာလည်း ရှိတဲ့အ တွက် မင်းသမီးကို တစ်ပါတည်း ခေါ်သွားခဲ့ပါတယ်။ဟိုဘက်နိုင်ငံရောက်တဲ့အ ခါမှာ မင်းသမီးဒီဗာဆီနာကို ဘာ လာနဲ့ပေးစားဖို့ ကမ်းလှမ်းတာဖြစ် နေတဲ့အတွက် ဘုရင်မကြီး၊ အမန်ဒရာနဲ့
မင်းသမီးတို့ အချေအတင် တွေဖြစ်ကာ အမန်ဒရာက သူ့ မယ်တော်ကို ဆန့်ကျင်ပြီး သူ့ လမ်းသူလျှောက်ခဲ့တဲ့အတွက် ရာထူးအသိမ်းခံခဲ့ရပါတယ်။ဘာလာက ရှင်ဘုရင်ဖြစ် သွားခဲ့ပေမယ့် လူထုကတော့ စစ်သူကြီးဖြစ်သွားတဲ့ အမန်ဒရာဘက်ကသာ ရပ်တည်ပြီး ထောက်ခံအားပေးခဲ့ကြပါတယ်။ အဲဒီအခါမှာ အမန်ဒရာအပေါ် မရှုဆိတ်တဲ့ဘာလာဟာအမျိုးမျိုးဒုက္ခတွေပေးခဲ့သလို ပြဿနာတွေဖြေရှင်းမှုမှာ လည်း ထိပ်တိုက်တွေ့ပြီး အသက်အန္တရာယ်အထိပါ ဒုက္ခပေးဖို့လုပ်ခဲ့ပါတော့
တယ်။ပြည်သူတွေဘက်က ရပ်တည်တဲ့ အမန်ဒရာနဲ့ မဟုတ်မခံမင်းသမီး ဒီဗာဆီနာတို့ ဘယ်လိုအန္တရာယ်တွေ ရင်ဆိုင် ရမှာလဲ၊ ဘုရင်မကြီးနဲ့ ဘာလာက တစ်ဖက်၊ အမန်ဒရာတို့ က တစ်ဖက်ဖြစ်လာတဲ့အခါမှာ ဘာတွေဆက်ဖြစ်ကြမှာလဲ၊ အမန်ဒရာရဲ့ ဖြစ်ကြောင်းကုန်စင်ကိုသိသွားတဲ့ သားဖြစ်သူ မဟင်ဒရာဘာဟုဘာလီတစ်ယောက် ဘယ်လိုလက်တုံ့ပြန် မှာလဲဆိုတာ ကြည့်လိုက်ဦးနော်။ဒီဇာတ်ကားမှာ အမန်ဒရာ ဘာဟုဘာလီ၊ မဟင်ဒရာ ဘာဟု ဘာလီအဖြစ် ပရာဘက်စ်၊
ဘာလာအဖြစ် ရာနာ ဒက်ဂူဘာတီ၊ ဒီဗာဆီနာအဖြစ် အနွတ်ရှ်ကာ ရှက်တီ၊ ဘုရင်မကြီး ဆီဗာဂါမိ အဖြစ် ရမ်ရာခရစ်ရှ်နာ၊ ကက်တာပါးအဖြစ် ဆက်သ်ရာရာ့ဂျ်တို့ သရုပ်ဆောင်ထားပါတယ်။
(ရုပ်ရှင်အညွှန်းကိုတော့ 7Daydaily မှကူးယူဖော်ပြထားတာဖြစ်ပြီး ဘာသာပြန်ကတော့
IMDb Rating (8.8/10) ထိရရှိထားတဲ့ Action, Adventure, History အမျိုးအစား Bollywood ရာဇဝင်ဇာတ်ကားပါ။ရှေးခေတ်အိန္ဒိယတိုင်းပြည် က အင်အားကြီးဘုရင်တွေနဲ့ ဒဏ္ဍာရီဆန်တဲ့ ဇာတ်လမ်းတွေကို ဖော်ကျူးရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ရှီဗာဆိုတဲ့ မွေး ကင်းစကလေးငယ်လေးနဲ့ သူ့ရဲ့ အထိန်းတော်ဖြစ်သူတို့ကို ဘုရင့် မှူးမတ်တွေက လိုက်ပြီးတော့ သုတ်သင်ပါတယ်။ ထွက်ပြေးရင်း လမ်းခုလတ်အရောက်မှာ သူ့ရဲ့ အထိန်းတော်ဖြစ်သူက ကွယ်လွန်
သွားခဲ့ပြီး ရှီဗာဆိုတဲ့ ကလေးလေးကို ဒေသခံရွာသားတွေက စောင့်ရှောက်ခဲ့ပါတယ်။ရှီဗာ တဖြည်းဖြည်းကြီးလာ တဲ့အခါ တခြားလူငယ်တွေနဲ့မတူ ဘဲ သန်မာပြီးရဲရင့်တဲ့လူငယ်တစ် ယောက်ဖြစ်လာတယ်။ သူကြီး ပြင်းခဲ့တဲ့ရွာနဲ့ မနီးမဝေး တောင် ပေါ်မှာ ရှေးဟောင်းဘုရင့် တိုင်း ပြည်တစ်ခုရှိပြီး အဲဒီတိုင်းပြည်မှာ အကျဉ်းကျနေတဲ့ ဘုရင်မတစ် ပါးရှိတယ်။ တစ်ရက်မှာ ရှီဗာက တောင်ပေါ်တက်ဖို့ ကြိုးစားရင်း အရမ်းလှတဲ့ အမျိုးသမီး တစ် ယောက်ကို တွေ့ခဲ့တယ်။ ဒီအမျိုး သမီးနောက်ကို
လိုက်ဖို့ကြိုးစား ရင်းနဲ့ပဲ တောင်ပေါ်အထိ ရောက် ခဲ့ပြီး တောင်ပေါ်မှာ မျိုးနွယ်စုတစ် စုကို တွေ့ရတယ်။အဲဒီမျိုးနွယ်စုက ဘုရင့်တိုင်း ပြည်က အကျဉ်းကျနေတဲ့ ဘုရင် မကို ကယ်ဖို့ ကြိုးစားနေတာဖြစ် တယ်။ တိုတိုပြောရရင် ရှီဗာက သူကြိုက်တဲ့ ကောင်မလေးကို ကူ ညီဖို့ကြိုးစားရင်း အကျဉ်းကျနေ တဲ့ ဘုရင်မကို ကယ်ဖို့ဖြစ်လာ တယ်။ အဲဒီဘုရင်မက တကယ် တော့ ရှီဗာရဲ့ မိခင်အရင်းဖြစ်ပါ တယ်။ ဇာတ်ကားက တော်တော် ပေရှည်ပါတယ်။ အဲဒီနောက်မှာ ဒီတိုင်းပြည်ကြီးမှာ ရှီဗာမ
သိတဲ့ ဇာတ်ကြောင်းတွေ ကျန်ပါတယ်။ သူ့အဖေ၊ အမေ၊ တိုင်းပြည်ကြီး အကြောင်း၊ စစ်ပွဲတွေအကြောင်း တွေ အများကြီးပါ။ နောက်ဆက်တွဲအကြောင်းတွေနဲ့ ဒီဇာတ်ကားရဲ့ အဆက်ကိုတော့ ၂၀၁၆ မှာရုံတင်မယ်လို့လဲ ကြေငြာထားပါတယ်။(ရုပ်ရှင်အညွှန်းကို 7Daydaily မှကူးယူဖော်ပြပါသည်။)
mmbusticket Bruce Wayne ရဲ့သား Damian Wayne က သူ့အဖေရဲ့လူမသတ်ရစည်းမျဉ်းကို သဘောမကျဖြစ်နေချိန်မှာ လျှို့ဝှက်အဖွဲ့အစည်းတစ်ခုက သူ့ကိုကမ်းလှမ်းခဲ့ပါတယ်။ သူ့ရဲ့အနာဂတ်ကို အဲ့ဒီလျှို့ဝှက်အဖွဲ့အစည်းထဲမှာ နှစ်မြုပ်လို့ရပြီလို့ထင်မိတဲ့အခါမှာ …… (အိမ်း ကွကိုကြိကြပါ)?Gotham မြို့မှာပျောက်ဆုံးနေတဲ့ကလေးတွေနဲ့ပတ်သက်ပြီး Damian က Doll Maker ကိုရှာခဲ့ပါတယ်။ Damian က သူ့ရဲ့ပင်ကိုဗီဇအတိုင်း Doll Maker ကိုသတ်ဖို့အထိစဉ်းစားခဲ့ပေမဲ့ သူ့အဖေ Batman ရဲ့ လူမသတ်ရတဲ့ စည်းမျဉ်းကိုတော့ မတွန်းလှန်နိုင်ခဲ့ပါဘူး။ အဲ့အချိန်မှာ Damian ကိုအမြဲစောင့်ကြည့်နေတဲ့ Talon က Damian ကို လူမသတ်ရစည်းမျဉ်းကိုကျော်လွန်နိုင်ဖို့နဲ့ ပင်ကိုဗီဇကိုသာ အလေးပေးဖို့ပြောကြားခဲ့တယ်။ ပြီးတော့ Talon က Damian ကို ကမ်းလှမ်းမှုတစ်ခုပြုလုပ်ခဲ့တယ် ……. ?Gotham မြို့ရဲ့ အခမ်းနားဆုံးမိသားစုနှစ်ခုဖြစ်တဲ့ Wayne family နဲ့ Vanaver family ရဲ့ မျိုးဆက်ဖြစ်တဲ့ Bruce Wayne နဲ့ Samantha Vanaver နှစ်ယောက်အကြား သံယောဇဉ်လေးကိုလည်း ရှုစားကြပါခင်ဗျ ငိငိ …..?? Teen Titans မှာရောက်နေပေမဲ့ အကူအညီလိုရင် လိုသလိုသိတတ်တဲ့ First Robin:Dick Grayson လဲပါပါတယ် ….?Bruce Wayne ငယ်ငယ်က အခန်းတွေလည်းပါတာမို့ ငယ်ငယ်က Bruce ဟာအခုလိုမာမာထန်ထန်မဟုတ်တာကိုလည်းကြည့်ခွင့်ရမှာပါ Bruce သိမ်ငယ်စိတ်တွေဖြစ်တဲ့အခါ ဖခင်တစ်ယောက်လိုအားကိုးလို့ရတဲ့ Alfred … အိမ်သန့်ရှင်းရေးကအစ Technology အဆုံးအားကိုးရတဲ့ Alfred … သူငယ်ချင်းတစ်ယောက်လိုနေပေးနိုင်တဲ့ Alfred …. ကျွန်တော်တို့အချစ်တော်Alfred ရဲ့ဇာတ်ကောင်ကလည်းပေါ်လွင်ပါတယ်။Damian က Bruce Wayne ရဲ့သွေးအရင်းပေမဲ့ Ra’s al ghul က လေ့ကျင့်ပေးထားတာကြောင့် သူ့ရဲ့စိတ်ပိုင်းက မာကျောတယ်၊ လက်စားချေချင်တယ်၊လူသတ်ချင်တယ်၊ သို့ပေမဲ့ Bruce အပေါ်မှာတော့ ဘယ်လောက်ထိသံယောဇဉ်ရှိတယ်ဆိုတာကိုတော့ …..ဒီ Animation ကို Scott Snyder ရေးသားခဲ့တဲ့ Batman:The Court of Owls story arc ပေါ်အခြေခံထားပြီး ဒီဇာတ်လမ်းရဲ့နောက်ဆက်တွဲအနေနဲ့ Batman:Bad Blood animation ကိုထုတ်ခဲ့ပါတယ်။ Batman vs Robin animation က ကျွန်တော်တို့ DC animated movie တွေရဲ့ထုံးစံမပြတ်အခန်းဆက်တွေထဲကတစ်ခုပါပဲ။Series ပုံစံနဲ့ပြောရမယ်ဆိုရင်တော့ Son of Batman(2014)—->Batman vs Robin(2015)—–>Batman:Bad Blood(2016) တွေပါ။
သူရဲကောင်းတို့ ခေတ်ကောင်းချိန်… Beowulf လို့ ခေါ်တဲ့ သူရဲကောင်းရဲ့ နာမည် ထွန်းထွန်းတောက်နေချိန်… တစ်ချိန်တည်းမှာပဲ ဘုရင် Hrothgar ရဲ့ တိုင်းပြည်မှာ မိစ္ဆာဆိုး တစ်ကောင်မွှေလို့ တစ်တိုင်းပြည်လုံး အစည်းပြေ မီးသေနေတဲ့ အချိန်… ကြံရာမရတဲ့ အဆုံး ဘုရင်ခမျာ Beowulf ကို ရှေ့တော်တင်သွင်းပြီး မိစ္ဆာကို တိုက်ထုတ်ခိုင်းရတော့တယ်… အောင်အောင်မြင်မြင်နဲ့ တိုက်ထုတ်ပြီးနောက် ဒီအောင်မြင်မှုဟာ ဒီ့ထက်ပိုကြီးမားတဲ့ အမျက်ဒေါသနဲ့ လက်စားချေမှုကြီးတစ်ခုဆီကို ဦးတည်သွားတော့တယ်… မိစ္ဆာရဲ့ မိခင်ပါပဲ… ဆွဲဆောင်မှုရှိလွန်းခြင်းရဲ့ နောက်ကွယ်မှ တစ်ဆက်တည်းဆိုသလို ပျက်ဆီးခြင်းတရားတွေပါ ပါလာတဲ့ မကောင်းဆိုးဝါးမပေါ့… သူမဟာ Beowulf အတွက် အနိစ္စတရားလေလား… IMDB – 6.2/10, RT – 71% Back to the Future နဲ့ Forrest Gumps တို့ရဲ့ ဒါရိုက်တာဖြစ်ပြီး Visual ရိုက်ချက်တွေကို ကျွမ်းကျင်လွန်းတဲ့ Robert Zemeckis ရဲ့ လက်ရာဖြစ်ပါတယ်။ ဒါရိုက်တာတင် နာမည်ကျော်မဟုတ်ပဲ ပါဝင်တဲ့ Cast တွေထဲမှာ Antony Hopkins, Angelina Jolie တို့လို ဒိတ်ဒိတ်ကြဲ Cast တွေ ပါပါသေးတယ်။ ရှေးဟောင်းအင်္ဂလိပ် ကဗျာရှည်ကြီး တစ်ပုဒ်ဖြစ်တဲ့ Beowulf ကို အမျိုးမျိုး ပုံသွင်းခဲ့ကြတဲ့ထဲမှာ ဒီ Animation ကားက နာမည်ကောင်းတွေနဲ့အတူ ထိပ်ဆုံးတစ်နေရာမှာ ရှိနေတာကတော့ ဒါရိုက်တာရဲ့ အကျွမ်းကျင်ဆုံး Visual Effect တွေကို ပါဝင်တဲ့ Cast တွေနဲ့ ပေါင်းစပ်လိုက်ခြင်းကြောင့်ပါပဲ…။
လွန်ခဲ့သောနှစ်ပေါင်းများစွာကြာက ဘာသာရေးယုံကြည်မှုများ မထွန်းကားချိန်အခါတုန်းက ဘီလာနဲ့ဂူဖိုးယားတို့မောင်နှမနှစ်ယောက်ဟာ ရွာလေးတစ်ရွာမှာ သူတို့အမေနဲ့အတူ ငြိမ်းငြိမ်းချမ်းချမ်းနေနေခဲ့ကြတယ် ဘီလာဟာငယ်ငယ်လေးထဲက မြင့်မြတ်တဲ့စစ်သည်တော်ကြီးတစ်ယောက်ဖြစ်ချင်ခဲ့သူတစ်ယောက်ပါ ခေတ်အခါကလဲ မှောင်ခေတ်ကလဲ မှောင်ခေတ်လို့ပြောရလောက်အောင် သက်ဦးဆံပိုင်ကျွန်ခေတ်ဖြစ်နေတော့ တစ်ရက်မှာ သူတို့ရွာလေးကို အင်အားကြီးနယ်မြေက သိမ်းသွားပြီး သူတို့အမေလဲသေ သူတို့ကိုလဲ ကျွန်အဖြစ်နဲ့ဖမ်းသွားခဲ့ပါတယ် အဲ့ဒီလိုနဲ့ဘီလာတို့မောင်နှနှစ်ယောက် ကျွန်အဖြစ်နဲ့နေလာရင်း ဘာသာရေးကိုခုတုံးလုပ်ပြီး စီးပွားရှာနေတဲ့သူဌေးကြီးရဲ့ အစေခံမဖြစ်နေခဲ့ရပါတယ် ဒီလိုနဲ့ပါ နှစ်တွေကြာလာတဲ့အချိန်မှာ ဘာသာရေးရဲ့အနှစ်သာရကို တကယ်သိရှိတဲ့လူနဲ့တွေ့ပြီး ဘီလာတစ်ယောက် မှန်ကန်တဲ့လမ်းကိုရွေးပြီး လွတ်လပ်ပြီးတန်းတူအခွင့်အရေးရရှိဖို့အတွက် ကြိုးစားလာပါတော့တယ် ဒီအချိန်မှာ ဘာသာရေးကိုခုတုံးလုပ်အမြတ်ထုတ်နေသူတွေနဲ့ ယုံကြည်သူတွေကြားထဲ ဘယ်လိုအားပြိုင်မှုတွေဖြစ်လာမလဲဆိုတာကိုတော့ ဒီဇာတ်ကားကိုသာဆက်ကြည့်လိုက်ကြပါ ပြီးတော့ ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန်ဇာတ်ကားတစ်ခုလည်းဖြစ်ပါတယ်… Rating 8.5 ရရှိထားတဲ့ ဒီကားလေးဟာ ကြည့်တဲ့လူတွေအဖို့ အတိုင်းတာတစ်ခုထိကျေနပ်စေမှာပါ….
တစ်လောကမှထွက်ရှိထားတဲ့ဂျပန်live action ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် ဂျပန်အန်နီမေးရှင်းကိုပြန်ပြောင်းရိုက်ကူးထားတဲ့ဒီကားလေးဟာဂျပန်မှာတော့အတော်ရေပန်းစားသွားပါတယ် ငယ်ငယ်လေးကတည်းကမိခင်ဖြစ်သူမတော်တဆမှုတစ်ခုကြောင့်သေဆုံးသွားတဲ့ကောင်လေးခုယိုစကိထို မတော်တဆမှုကြောင့်သူဟာမကောင်းဆိုးဝါးတွေကိုမြင်တွေ့လာနိုင်ခဲ့တယ် ကောင်းမွန်တဲ့မကောင်းဆိုးဝါးတွေကိုလမ်းမှန်သွားနိုင်အောင်သူသင်ပြပြောပြပေးခဲ့တယ် လောကမှာကောင်းတဲ့မကောင်းဆိုးဝါးတွေရှိသလိုမကောင်းတဲ့မကောင်းဆိုးဝါးတွေလည်းရှိနေခဲ့တယ် ကောင်းမွန်တဲ့သရဲတစ္ဆေတွေကိုဝိညာဉ်လောကကိုကောင်းကောင်းမွန်မွန်သွားနိုင်အောင်လုပ်ဆောင်ပေးသူတွေကတော့သေမင်းနတ်ဘုရားတွေပါပဲဝိညာဉ်ဖမ်းသူတွေလို့လည်းအလွယ်ခေါ်နိုင်ပါတယ် သူတို့ဟာမကောင်းတဲ့သရဲတစ္ဆေတွေကိုလည်းနှိမ်နင်းနိုင်တဲ့အစွမ်းရှိသူတွေပါ သူတို့ဟာနှစ်ပေါင်းရှည်ကြာပြီးအလွန်အစွမ်းထက်တဲ့မကောင်းဆိုးဝါးးတစ်ကောင်ကိုနှိမ်နင်းဖို့သေမင်းနတ်ဘုရားမလေးကိုလူ့လောကကိုစေလွတ်လိုက်ပါတယ် လူသာမာန်တွေမမြင်နိုင်တဲ့ထိုသေမင်းနတ်ဘုရားမလေးကိုခုယိုစကိကမြင်တွေ့နိုင်တဲ့အခါမှာတော့ဘာတွေဆက်ဖြစ်မလဲ သူတို့နှစ်ယောက်ပေါင်းပြီးမကောင်းဆိုးဝါးတွေကိုဘယ်လိုနှိမ်နင်းမလဲဆိုတာကိုကြည့်လိုက်ကြပါ ဒီဇတ်ကားကိုအမျိူးမျိူးဝေဖန်ကြပါတယ် မူရင်းကိုမမှီဘူးဆိုတာတွေ မုူရင်းထက်ကောင်းတယ်လို့ပြောသူတွေအမျိူးမျိူးပါပဲကြည့်ပြီးမှဆုံးဖြတ်ကြပါလို့ပဲပြောချင်ပါတယ်
အမ်မာနဲ့ ဒင်းဆိုတဲ့အထက်တန်းကျောင်းသူလေးနဲ့ကျောင်းသားလေးနှစ်ယောက်ဟာ အတန်းကလိုက်ပို့တဲ့ခရီးစဉ်တစ်ခုမှာကံဆိုးမိုးမှောင်ကျတဲ့သူနှစ်ယောက်ပဲဖြစ်ပါတယ် အရမ်းကိုတော်ပြီးတော့ ကျောင်းရဲ့အပျိုစင်ကြယ်ပွင့်လေး အမ်မာနဲ့ ကျောင်းမှာဆို ဘယ်သူနဲ့အဆက်အဆံမရှိတဲ့ဒင်းတို့ဟာ ကျောင်းသားတွေခိုးပြီးတော့ကဲကြတဲ့သဘောၤပေါ်ကပါတီကနေ ပင်လယ်ထဲကိုပြုတ်အကျပြီးမှာတော့ သူတို့တွေနိုးထလာတဲ့အချိန်မှာ ကမ်းမမြင်လမ်းမမြင်အနေအထားကိုရောက်ရှိနေပါပြီ။ အရာရာကိုပြီးပြည့်စုံတဲ့စီစဉ်ထားတတ်တဲ့အမ်မာအတွက်ကတော့ ကျွန်းပေါ်မှာဘာမှမရှိပဲနေရထိုင်ရတာတော်တော်လေးကိုစိတ်ညစ်စရာကောင်းပေမယ့် သဘာဝကိုတန်ဖိုးထားပြီးတော့အေးဆေးနေတတ်တဲ့ဒင်းအတွက်ကတော့ ပျော်စရာခရီးစဉ်တစ်ခုဖြစ်လို့နေပါတယ်။ ကျွန်းပေါ်မှာနေထိုင်ရင်းနဲ့ တစ်ယောက်ကိုတစ်ယောက်အားကိုးနေထိုင်ရင်းနဲ့ပဲ အမ်မာနဲ့ဒင်းတို့ကြားမှာရင်းနှီးမှုထက်ကျော်လွန်တဲ့စိတ်တွေပိုလာခဲ့ပါတော့တယ် ဒီတော့ အမ်မာနဲ့ဒင်းနဲ့သူတို့ဘဝတစ်လျှောက်လုံးကိုကျွန်းပေါ်မှာပဲနေထိုင်ရင်းနဲ့ကုန်ဆုံးသွားမလား ကယ်တင်မဲ့သူတွေပဲရောက်ရှိလာနိုင်မလား သူတို့မြို့ကိုပြန်ရောက်သွားရင်တောင် သူတို့နှစ်ယောက်ကြားကဆက်ဆံရေးကဘယ်လိုတွေဆက်ဖြစ်လာနိင်မလဲဆိုတာ ကြည့်ရှုလို့ကောင်းတဲ့ဇတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်
Rating 7.1 ရရှိထားပြီး Disney မှထုတ်လုပ်တဲ့ဇာတ်ကားဖြစ်ပါတယ်… ဒီဝတ္တု ဟာ အမေရိကန်နိုင်ငံသား အမျိုးသားစာပေဆုရ စာရေးဆရာ ကက်သရင်း ပါတာဆန် ရေးသားထုတ်ဝေခဲ့တဲ့ အအောင်မြင်ဆုံးဝတ္တုထဲက တစ်ခုပါ။ ဒီဝထ္ထုက နှစ်ကြိမ်ဆက် အသက်သွင်းဖို့အကမ်းလှမ်းခံခဲ့ရတာပါ။ နာမည်ကျော် Disney က 2007 ခုနှစ်မှာရရှိခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ (၄)တန်းကျောင်းသားလေးနှင့် ကျောင်းသူလေးတို့ စတင်တွေ့ဆုံမိရာမှစတာပါ။ တစ်ယောက်အခက်ခဲကို တစ်ယောက်ကူညီရင်း အပြန်ပြန်အလှန်လှန်ချစ်ခင်ကြပုံ နှစ်ယောက်သား အကြောင်းအမျိုးမျိုးကြောင့် ထွက်ပေါက်ရှာရင်း မှော်တိုင်းပြည်တစ်ခုကို ဖန်တီးပြီးရောက်ရှိသွားပါတော့တယ်။ ကလေးတွေဆိုပေမဲ့ ဇာတ်လေးလေးက ကလေးလူကြီးမရွေး ကြည့်မိသူတိုင်း တသသ ဖြစ်စေမိမှာပါလို့ပြောရင်း သိပ်အများကြီးညွှန်းနေရင် ပေါ့သွားမှာစိုးလို့…ဒီလောက်ပဲ ညွန်းပါရစေ.
mmbusticketPredominantly set during World War II, Steve Rogers is a sickly man from Brooklyn who’s transformed into super-soldier Captain America to aid in the war effort. Rogers must stop the Red Skull – Adolf Hitler’s ruthless head of weaponry, and the leader of an organization that intends to use a mysterious device of untold powers for world domination. 1080p BluRay 5.1 DTS Quality ဖြင့် Marvel Cinematic Universe (MCU) Collection ကိုစုပေါင်းတင်ဆက်ပါသည်။MCU ဇာတ်ကားအားလုံးကို https://channelmyanmar.org/category/marvel-universe/ မှာ Download နိုင်ပါသည်။++++++++++++++++++++++++++++ Marvel Cinematic Universe Intro=======================Marvel ထုတ်လုပ်ရေးမှ Marvel Cinematic Universe(MCU) ကို လွန်ခဲ့တဲ့ ၁၀ နှစ်က စပြီးတည်ဆောက်ခဲ့ပါတယ်။ ပထမဆုံး ဇာတ်လမ်းဖြစ်တဲ့ Iron Man-1 နဲ့ဖြစ်ပါတယ်။ နောက်ဆုံးအပိတ်ကတော့ Endgame (2019) ဖြစ်ပါတယ်။Marvel Universe မှာ Infinity Stone လို့ ခေါ်တဲ့ စွမ်းအား အကြီးဆုံး ကျောက်တုံး(၆) လုံးရှိပါတယ်။ အဲဒီကျောက်တုံးတွေဟာ စကြဝဠာအနှံ့မှာ ပြန့်ကျဲနေတယ် ဆိုပါတော့။ ကျောက်တုံးတစ်တုံးချင်းစီမှာ သီးခြားအစွမ်းတွေ ရှိပြီး သာမာန်လူတွေ ကိုင်တွယ်သုံးစွဲဖို့ မဖြစ်နိုင်သလောက်ပါပဲ။ Infinity War ရဲ့ အဓိက ဗီလိန်ဖြစ်တဲ့ Mad titan လို့ခေါ်ကြတဲ့ Thanos က ဒီကျောက်တုံးတွေကို စုစည်းပြီး စကြဝဠာကို သူ့သဘောအတိုင်းဖန်တီးဖို့ကြိုးစားပါလိမ့်မယ်။ ဒါကို Avengers( Captain America, Iron Man, Hulk, Thor, Black Widow, Hawkeye, Vision,Scarlet Witch,Antman,Falcon) တို့နဲ့ Spiderman, Doctor Strange, Black Panther, Guardians of the Galaxy အဖွဲ့တို့ ပူးပေါင်းတားဆီးကြရင်း ဖြစ်လာတဲ့ စစ်ပွဲပါ။Infinity Stones 6 လုံးရဲ့ တည်နေရာတွေကတော့၁. Space Stone aka Tesseract (Blue) (Captain America: the first avenger ဇာတ်ကားမှာ နာဇီတွေဆီက လုယူရတဲ့ ကျောက်တုံးဖြစ်ပြီး Avengers ဇာတ်ကားမှာ လိုကီက ဂြိုလ်သားတွေကို ကမ္ဘာကိုခေါ်ဖို့ ဝင်ပေါက်ဖွင့်တဲ့နေရာမှာ အသုံးပြုခဲ့ပါတယ်၊ လက်ရှိကတော့ Asgard ဂြိုလ်ပေါ်မှာ သိမ်းဆည်းခဲ့ရင်း Thor: Ragnarok ကားအဆုံးမှာ လိုကီ ခိုးယူခဲ့တာကို တွေ့ရမှာပါ)၂။ Reality Stone aka Aether (Red) ( စကြဝဠာကို Big Bang မတိုင်ခင်အထိတောင် ပြန်ပြောင်းပစ်နိုင်ပါတယ်။ Thor 2: The Dark World မှာ ပါလာခဲ့ပြီး နောက်ဆုံး credit scene မှာ Collector ဆိုသူဆီမှာ သိမ်းဆည်းထားပါတယ်)၃။ Power Stone (Purple Orb) ( ဂြိုလ်တစ်ခုလုံးကို အသာလေးဖျက်ပစ်လို့ရတဲ့ raw power တွေပါပါတယ်။ Guardian of the Galaxy 1 မှာ ပါဝင်ခဲ့ပြီး Xander က Nova Corps စစ်တပ်လက်ထဲမှာ သိမ်းဆည်းထားပါတယ်။)၄။ The Time Stone ( The Eye of Agomotto, Green) ( အချိန်ကို လိုသလိုအသုံးချနိုင်ပါတယ်။ Doctor Starnge ဇာတ်လမ်းမှာ ပါဝင်လာပြီး လက်ရှိ ဒေါက်တာ စထ်ရိန့်က စောင့်ရှောက်ထားပါတယ်)၅။ Mind Stone (Yellow) ( ဉာဏ်ရည်ကို မြှင့်တင်ခြင်းနဲ့ စိတ်ညို့ခြင်းတွေ ပြုလုပ်နိုင်ပါတယ်။ Avengers 1 မှာ ပါဝင်ခဲ့ပြီး လက်ရှိ Vision ရဲ့ နဖူးထဲမှာ မြှပ်ထားတာပါ)၆။ Soul Stone (Orange) ( သက်ရှိ သက်မဲ့ အခြေအနေတွေကို ထိန်းချုပ်နိုင်ပါတယ်။ Planet Vormir မှာရှိပါတယ်။ )အဆိုပါ ကျောက်တုံး ၆ တုံးကို သုံးနိုင်ဖို့ Infinity Gauntlet ဆိုတဲ့ လက်အိတ်ကို လိုပါတယ်။ အဲဒီလက်အိတ်ကိုတော့ Thanos ပိုင်ဆိုင်ထားပါတယ်။ ဒီလောက်ဆို Marvel Universe ကိုကြည့်ဖို့ အကြမ်းဖျဉ်းလုံလောက်ပြီ ထင်ပါတယ်။
အခုမိတ်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ ၂၀၀၆ ခုနှစ်ထွက် IMDB rating 7.1/10 ရထားတဲ့ animation ဇာတ်ကားကောင်းလေးတစ်ကားပါ။ ဒီဇာတ်ကားထဲမှာဆိုရင်Lightning McQueen ဆိုတဲ့ပြိုင်ကားလေးဟာကယ်လီဖိုးနီးယားမှာပြိုင်မယ့်ပစ္စတင်ဖလားပြိုင်ပွဲကိုသွားတဲ့လမ်းက Radiator Springs ဆိုတဲ့မြို့ငယ်လေးရဲ့လမ်းမကိုမတော်တဆပျက်ဆီးအောင်လုပ်မိသွားပြီးတော့ပြန်လည်ပြင်ဆင်ဖို့အတွက်အပြစ်ပေးခံရပါတယ်။ သူဟာ Radiator Springs ဆိုတဲ့မြို့လေးမှာဘယ်လိုတွေကြိုးစားပြီးတော့ ပြိုင်ပွဲမှာအနိုင်ရရှိမလဲဆိုတာတော့စိတ်ဝင်စားဖွယ်တွေ့မြင်ရမှာဖြစ်ပါတယ်။
CM ပရိတ်သတ်ကြီးအတွက် ဒီတစ်ခေါက်ကတော့ ပေါ့ပေါ့ပါးပါးကာတွန်းလေးပါ ကမ္ဘာပေါ်က လူတိုင်းကတော့ ချောမောလှပမှုကို အနည်းနဲ့အများ မက်မောကြတာပါပဲ ဒီကားထဲက မင်းသားလေးကတော့ ကျိန်စာကြောင့် အရမ်းကိုချောမောခန့်ညားပြီး မိန်းကလေးတိုင်းက ကြွေရလို့ အချစ်စစ်ဆိုတာကိုတောင် မခံစားနားမလည်နိုင်ဖြစ်နေရတာပေါ့ ဒါပေမဲ့ကျိန်စာက ချောမောဖို့ တစ်ခုထဲမဟုတ်ဘဲ နောက်ကွယ်မှာ ကံဆိုးမှုတွေရှိနေသေးတော့ ဒီကျိန်စာပြယ်အောင် မင်းသားက ဘယ်လိုကြိုးစားမလဲ သူ့အတွက်အချစ်စစ်ဆိုတာကိုရော ရှာတွေ့နိုင်မှာလားဆိုတာကတော့ ဒီကားလေးထဲမှာကြည့်လိုက်ရအောင်လား…
2017ထွက် အိန္ဒိယဇာတ်ကားကောင်းလေးပါ… ရိုရှန်ဆိုတဲ့ စားဖိုမှူးက သူ့ရဲ့ ဒေါသကို မထိန်းနိုင်ပဲ စားသုံးသူနဲ့ရန်ဖြစ်ခဲ့တဲ့အတွက် အလုပ်ထုတ်ခံခဲ့ရပါတယ်.. သူ့ကိုထုတ်ရင် သူ့နောက်လိုက်တွေလဲ လိုက်ထွက်လိမ့်မယ်လို့ သူထင်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ လူတွေက ကိုယ့်အကျိုးပဲကိုယ်ကြည့်ကြတာပါပဲ အလုပ်ထုတ်ခံလိုက်ရတဲ့ ရိုရှန်က နောက်ထက်အလုပ်တစ်ခုထပ်ရှာဖို့ အဆင်မပြေဖြစ်နေချိန် သူ့ရဲ့ကွာရှင်းထားပြီးတဲ့ဇနီးနဲ့သားဆီကို ပြန်ဖို့အကြောင်းပေါ်လာခဲ့ပါတယ်… အိန္ဒိယကို ပြန်ရောက်လာတဲ့အချိန်မှာတော့ ဇနီးဟောင်းရဲ့အကူညီနဲ့ ဘက်စ်ကားပေါ်မှာ စားသောက်ဆိုင်လေးဖွင့်ဖို့ စိတ်ကူးရခဲ့ပါတော့တယ်… ရိုရှန်ရဲ့သားလေးက အဖေ့ရဲ့မေတ္တာကို ငတ်မွတ်နေခဲ့တော့ အဖေနဲ့အတူရှိနေရချိန်တွေက သူ့အတွက် အရမ်းကိုပျော်စရာကောင်းခဲ့ပါတယ်… ဘက်စ်ကားစားသောက်ဆိုင်လေးဖွင့်ဖို့ပြင်ဆင်ရင်း အဖေနဲ့ရင်းနှီးမှုတွေ ပိုလာနေတဲ့အချိန်မှာပဲ ရိုရှန်က အလုပ်သစ်ကမ်းလှမ်းခံခဲ့ရပါတော့တယ် ဒီအချိန်မှာ ရိုရှန်က သူ့ရဲ့သားလေးအနားမှာပဲနေမှာလား သူ့ရဲ့ဝါသနာအရင်းခံတဲ့အလုပ်ရှိရာဆီကိုပဲ ပြန်သွားမှာလားဆိုတာကိုတော့..ဇာတ်လမ်းလေးဆုံးသည်ထိ ခံစားပေးကြပါဦး.. မိဘနဲ့သားသမီးကြားသံယောဇဉ်မေတ္တာအကြောင်း အိမ်မက်နောက်ကို လိုက်ခဲ့လို့ခက်ခဲခဲ့ပေမယ့် အောင်မြင်ခဲ့တဲ့အကြောင်း သီချင်းလေးတွေရော အိန္ဒိယစားစရာလေးတွေနဲ့ပါ တင်ဆက်ပေးထားလို့ ကြည်နူးစရာဇာတ်ကားလေးပါလို့ ညွှန်းပေးပါရစေ….
ဒီတစ်ခါ မိတ်ဆက်ပေးမှာကတော့ လူကြီးတွေကော ကလေးတွေပါမကျန် အားလုံး မသိသူမရှိကြိုက်ကြတဲ့ မင်း%RF1GҚچ\JҶ:Vdžز/o/8EToE5$00@0*a {ye)Sp$809 %A88%E-3e95%3/(0%7%U%85AC%M1′(0%0%<0%B=$=ceE1%9 းလေးပါ။ တရုတ်သမိုင်းမှာ အစဉ်လာကြီးမားed-Ǖ5Z%d}| UאjV0k gDU1-D#E1'B05E1%(p%9K82%"l$Ape80-Bᥘ07B1%Eq%3%F898'84'A1e1%1%@:*z!%=C%Eq!80-@C$D15(%{U%9!84%A%:0%8q%_1e0$BC51804$A$90B)%U1ax0d%1%8D-80%)Be88-QD!U%(0'85E1eQ7E!!0%AQ5G0%
ဒေ့ဗ် ဝင်္ကဘာတစ်ခုတည်ဆောက်နေသည် ၂၀၁၇ ခုနှစ်ထွက် ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းလေးက တော့ Adventure Comedy Horror အမျိုးအစားဖြစ်ပြီး ရသပေါင်းစုံကိုခံစားချင်ရင်တော့ ဒီကားလေးက ကြည့်သင့်တဲ့ကားလေးတစ်ကားပါ ပြီးတော့ ဒီကားလေးက Dave Made a Maze ဆိုတဲ့ ၁၉၈၀ လောက်က ဇာတ်ကားကို အခုခေတ် အမြင်တွေနဲ့ ပြန်လည်ဆန်းသစ်ရိုက်ကူးထားတာဖြစ်ပြီး အဲ့ဒီခေတ် အဲ့ဒီအခါတုန်းကလည်း ကျော်ကြားခဲ့တဲ့ကားလေးပါ ဇာတ်လမ်း အကျဉ်းလေးကတော့ ဒေ့ဗ်ဆိုတဲ့ အနုပညာရှင်တစ်ယောက် သူ့ အသက်မွေးတဲ့ ပညာရပ်နဲ့ တခုခု ကို အသိအမှတ်ပြုခံချင်နေတဲ့သူ တနေ့မှာ သူဟာသူတတ်တဲ့ ပညာရပ်နဲ့ ဝင်္ကဘာ တစ်ခုကိုတည်ဆောက်ဖို့ အကြံရခဲ့ပြီး သူ့စိတ်ထဲမှာ ရူးသွပ်နေတဲ့ လူတိုင်းက သူ့ကို အမြဲတမ်းစိတ်ထဲမှာ အမှတ်ထင်ကျန်နေခြင်တဲ့ စိတ်ရူးပေါက်မှုှုတွေနဲ့ ပေါင်းစပ်မိတဲ့ အခါမှာတော့ ဒေ့ဗ် တစ်ယောက် သူလိုချင်နေတဲ့ ပန်းတိုင်ကို ရောက်မလား သူတည်ဆောက်နေတဲ့ ဝင်္ကဘာကကော ဘာတွေ ဖြစ်လာမလဲ ဆိုတာကိုတော့
Digimon Series တွေကိုကြိုက်နှစ်သက်တဲ့လူတွေအတွက် အခုတင်ဆက်ပေးမယ့် ကားကတော့ Rating 7.5 ရရှိထားပြီးတော့ ၂၀၁၈ ကထွက်ရှိခဲ့ပါတယ်… ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင် ကမ္ဘာကြီးဟာ ပျက်ကိန်းနဲ့ဆိုက်လာရပါပြီ… ဘယ်လိုပျက်ကိန်းနဲ့ဆိုက်လာရတယ်ဆိုရင် လူသားတွေရဲ့ကမ္ဘာကြီးနဲ့ Digimon တွေနေထိုင်တဲ့ ကမ္ဘာကြီး ပေါင်းစပ်ဖို့ဖြစ်လာတာပါ…. အဲလိုဖြစ်လာတဲ့ အချိန်မှာ ဆယ်ကျော်သက်လူငယ်လေးတွေက ဒီလိုဖြစ်လာတဲ့ အဖြစ်ဆိုးကြီးကိုတားဆီးဖို့အတွက် သူတို့ရဲ့ ချစ်စရာ Digimon လေးတွေနဲ့အတူတူရင်ဆိုင်ကြမှာဖြစ်ပါတယ်… ဒီ Movie လေးဟာ Digimon Series တွေကြည့်နေကျလူတွေအတွက် စိမ်းမှာမဟုတ်သလို အခုမှစကြည့်မယ့်လူတွေအတွက်လည်း ကြည့်လို့ကောင်းမယ့် Animation ကားတစ်ကားဖြစ်ပါတယ်…
ဒီကားလေးဟာဆိုရင် 1960 တုန်းကထုတ်လွှင့်ခဲ့တဲ့ Manga series လေးကို 2007 မှာပြန်ပြီး အသက်သွင်းရိုက်ကူးထားတဲ့ ဆာမူရိုင်း ကားလေးပဲဖြစ်ပါတယ်… အကျဉ်းချုံးလေးပြောရမယ်ဆိုရင်တော့ ဆယ်စုနှစ်ကြာအောင်ဖြစ်ပွားနေတဲ့ စစ်ပွဲကြီးမှာ စစ်ရှုံးလာတဲ့ စစ်သူကြီးတစ်ယောက်ဟာ တိုင်းပြည်ကို အုပ်စိုးချင်တဲ့အတွက် နတ်ဆိုးတွေနဲ့ ကြောက်မယ်ဖွယ်အပေးအယူကြီးတစ်ခုပြုလုပ်ခဲ့ပါတယ် အဲ့ဒါကတော့ သူ့မိန်းမကိုယ်ဝန်ဆောင်ထားတဲ့ သားရဲ့ ခန္ဓာကိုယ်ကို 48 ပိုင်းပိုင်းပြီး နတ်ဆိုးတွေကို ပူဇော်လိုက်တာပဲဖြစ်ပါတယ်… မမွေးခင်ထဲက ယစ်ပူဇော်ခံရတဲ့ ကလေးဟာ အသားလုံးလေးအဖြစ်မွေးဖွားလာပြီး ရေထဲမျှောခံလိုက်ရပါရော မှော်ဆေးဆရာကြီးက ဆယ်ယူမွေးစားပြီး ကိုယ်လက်အင်္ဂါအတုတွေတပ်ပေးလိုက်ပါတယ် အရွယ်ရောက်လာတော့ အဖြစ်မှန်တွေအကုန်သိပြီး ဟိရခိမာယု ဓားနဲ့ နတ်ဆိုးတွေကိုသုတ်သင်ပြီး သူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ပြန်လည်ရယူပါတော့တယ် သူ့လက်ထဲမှာတပ်ထားတဲ့ ဟီရခိမာယုဓားကို လိုချင်နေတာကတော့ သူ့ကိုယ်သူယောကျ်ားလေးလိုနေထိုင်တဲ့ အလစ်သုတ်သမလေးပဲဖြစ်ပါတယ် သူတို့နှစ်ယောက်ပေါင်းပြီး နတ်ဆိုးတွေသတ်ရာမှာ ခြေထောက်ယူထားတဲ့ နတ်ဆိုးကိုသတ်ပြီးတာနဲ့ ခြေထောက်အတုကပြတ်ကျပြီး အစစ်ပြန်ထွက်လာတာတွေကတော်တော်မိုက်ပါတယ် အခွေခေတ် စာတန်းထိုးတွေမပါတုန်းကတောင် တော်တော်ကြည့်လို့မိုက်တဲ့ကားလေးမို့ မင်းသားလေးကလည်း အရမ်းချောလို့ Dororo ကားလေးကို ညွှန်းလိုက်ရပါတယ်နော်။
အခုတစ်ခါတော့ ၂၀၁၈ ခုနှစ်ထွက်ထားတဲ့ Early Man ဆိုတဲ့ ကျောက်ခေတ်ကာလကို နောက်ခံထားပြီးရိုက်ကူးထားတဲ့ Animation ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ဒီကားလေးကို ဒါရိုက်တာ Nick Park ကရိုက်ကူးခဲ့တာဖြစ်ပြီး Aardman Animation က နေထုတ်လုပ်ဖြန့်ချီထားတာဖြစ်ပါတယ် ဒီကားလေးက ကျောက်ခေတ်ကာလကနေကြေးခေတ်ပြောင်းတဲ့ကာလမှာ ကျောက်ခေတ်မှာ အေးဆေးနေခြင်တဲ့ ကျောက်ခေတ်လူသားလေး Dug က သူ့အိမ်ကို အနှောက်အယှက်ပေးဖျက်ဆီး မယ့် လူဆိုးကြီး Nooth ရဲ့ရန်ကနေကာကွယ်တာကို ရိုက်ကူးပြထားတာဖြစ်ပါတယ် ဇာတ်ကားလေးကတော်တော် ကောင်းပြီး ဒီကားထဲမှာပါတဲ့ သီချင်းလေးတွေကလဲ တော်တော် ကောင်းပါတယ် ဒီကားလေးထဲမှာ Dug အဖြစ် Eddie Redmayne က သရုပ်ဆောင်ထားပြီး Goona အဖြစ် Maisie Willians နဲ့ လူဆိုးကြီး Lord Noothဖြစ် Tom Hiddlestom က အသံသရုပ်ဆောင်ပေးထားတာဖြစ်ပါတယ် ကဲ Animation ပရိတ်သတ်ကြီးအနေနဲ့ကတော့လက်လွတ်မခံသင့်တဲ့ကားလေး ဆိုတာပြောလိုက်ပါရစေ
Ender’s Game (2013)ကတော့ ၁၉၈၅ ခုနှစ် ထုတ် စိတ်ကူးယဉ် သိပ္ပံ ဝတ္ထု ကို ရုပ်ရှင် ပြန်ရိုက်ကူးထားတာပါ။ ဇာတ်လမ်းကတော့ ၂၀၈၆ ခုနှစ်မှာ ကမ္ဘာကို Formics လို့ခေါ်တဲ့ ဂြိုလ်သားတွေက တိုက်ခိုက်လာပါတယ်။ အဲ့ဒီစစ်ပွဲမှာ လေတပ်ဗိုလ်ချုပ်တစ်ယောက်ရဲ့ စွမ်းဆောင်မှုကြောင့် ဂြိုလ်သားတွေရဲ့ အားနည်းချက်ကိုသိလိုက်ပြီး သူတို့ကို အနိုင်တိုက်နိုင်ခဲ့ပါတယ်။ လူသားတွေ အနိုင်ရခဲ့ပေမယ့် လူသန်းပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ နိုင်ငံတကာ လေတပ်အဖွဲ့ကနေပြီး လူကြီးတွေအစား လူငယ်တွေကို လေ့ကျင့်ပေးပြီး Formics တွေပြန် ပြီးတိုက်ခိုက်လာရင် ကာကွယ်နိုင်အောင်ဖြစ်ပါတယ်။ လေ့ကျင့်ပေးရာမှာလည်း Simulation တွေ ဂိမ်းတွေ အပေါ် အခြေခံပြီး လူငယ်တွေကို ရွေးချယ်တာဖြစ်ပါတယ်။ နှစ်ငါးဆယ် ကြာသွားပြီးတဲ့အချိန်မှာ Formics တွေရဲ့ဂြိုလ်ပေါ်မှာ စစ်တပ်အင်အား အဆမတန် တိုးပွားလာကို လူတွေက သတိထားမိပြီး သူတို့ နောက်တစ်ကြိမ် ကမ္ဘာကို လာပြီး ရန်မစရဲအောင် သူတို့ ရဲ့ ဂြိုလ်အထိ လိုက်ပြီး တိုက်ခိုက် နှိမ်နင်းဖို့ ကြိုးပမ်းနေကြပါတယ်။ အဲ့ဒီမှာ Ender Wiggin လို့ခေါ်တဲ့ လူငယ်လေးတစ်ယောက် ကို Colonel Hyrum Graff (Harrison Ford) က မြေတောင်မြှောက်ပေးပြီး သူတို့ တပ်ဖွဲ့ကို ဦးဆောင်ဖို့ လေ့ကျင့်ပေးပါတယ်။ Ender က ဂိမ်းတွေမှာလည်း တော်သလို ရန်သူကို တိုက်ခိုက်ဖို့ ပြင်ဆင်ရာမှာလည်း ထူးချွန်သူတစ်ဦးဖြစ်ပါတယ်။ ဒီလူငယ်လေးရဲ့ ဦးဆောင်မှုနဲ့ လူသားတွေ စစ်ပွဲကို အနိုင်ရမလား၊ လူသားတွေရဲ့ တွက်ကိန်းတွေက ဘာတွေ လွဲချော်မှုတွေဖြစ် မလည်းဆိုတာ ပိတ်ကားပြင်ပေါ်မှာပဲ ဆက်လက်ကြည့်ရှု ကြပါခင်ဗျာ။ ဒီကားကတော့ မျှော်လင့်ထားသလောက် ဖြစ်မလာတဲ့ကားတွေထဲက တစ်ကားဖြစ်ပါတယ်။ ဒီလိုပြောလို့မကောင်းဘူးလားဆိုတော့လည်း မဟုတ်ပါဘူး။ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ သူက ဟယ်ရီပေါ်တာကားတွေလိုပဲ စာအုပ်ဖတ်ဖူးတဲ့သူတွေအတွက်က ဇာတ်ကောင်တွေနဲ့ ရင်းနှီးနေတော့ ဇာတ်လမ်းအသွားအလာကို အလွယ်တကူ သိနိုင်ပေမယ့် လုံး၀ မဖတ်ဖူးတဲ့ သူတွေကတော့ ဘာဖြစ်လို့ ဖြစ်နေမှန်းမသိသလိုပါပဲ။ ဇာတ်ကားတစ်ကားလုံးကိုလည်း လူလေး ၁၀ ယောက်လောက်နဲ့ ရိုက်သွားတာဖြစ်ပြီး ကျန်တာတွေကတော့ ကွန်ပျူတာ Effect တွေပဲဖြစ်ပါတယ်။ Ender’s Game ဝတ္ထု ဖတ်ဖူးတဲ့ ပရိတ်သတ်တွေ အတွက်ကတော့ ကားကောင်းတစ်ကားဖြစ်ပြီး ကျန်တဲ့သူတွေအတွက်ကတော့ အပျင်းပြေပဲ ကြည့်သင့်တဲ့ ကားပါ။ ဇာတ်သိမ်းပိုင်းက စိတ်ဝင်စားဖို့ကောင်းပေမယ့် ဇာတ်မသိမ်းခင်မှာ ထဲက အနည်းငယ်ခန့်မှန်းမိနေပါတယ်။ ဇာတ်ရှိန်တက်တာ နှေးသလို ဇာတ်လမ်းကလည်း Training တွေနဲ့တင်အချိန်ကုန်နေ လို့ အနည်းငယ် ပျင်းဖို့ကောင်းပါတယ်။ Action/Sci-Fi မဟုတ်ပဲ Drama/Sci-Fi လို့ပြောလို့ရပါတယ်။ ဇာတ်လမ်း အသွားအလာ နှေးပေမယ့် ဇာတ်လမ်းဆင်ထားတာကောင်းပါတယ်။ စာအုပ်ထဲက အကြောင်း အရာတွေလည်း အတတ်နိုင်ဆုံး စုံလင်အောင်ထည့်ထားသလို၊ ထူးခြားတဲ့ ဇာတ်သိမ်း၊ Effect ကောင်းကောင်းနဲ့ ရိုက်ထားလို့ အပျင်းပြေမိသားစုနဲ့တူတူ ရုံမှာသွားကြည့်သင့်တဲ့ ကားမျိုးပါ။ ဝါရင့်သရုပ်ဆောင် အကယ်ဒမီ ဆုရှင်နှစ်ဦးဖြစ်တဲ့ Harrison Ford နဲ့ Ben Kingsly တို့နှစ်ဦးနဲ့အပြိုင် Ender Wiggin အဖြစ်သရုပ်ဆောင်ထားတဲ့ Asa Butterfield က လည်း ဒီနှစ်ထွက်တဲ့ကားတွေထဲက ကလေးသရုပ်ဆောင်တွေထဲမှာ အကောင်းဆုံးလို့တောင်ပြောလို့ရပါတယ်။ ကလေးသရုပ်ဆောင်တွေဖြစ်လို့ သရုပ်ဆောင်မကောင်းသေးပေမယ့် အတော် ကြိုးစားထားကြပါတယ်။
အမေရိကန် သိပ္ပံအဖွဲ့အစည်းတစ်ခုက လူသားတွေကို ကာကွယ်စောင့်ရှောက်ဖို့အတွက် ဖရက်ဒီဆိုတဲ့ စက်ရုပ်လေးကို ဖန်တီးတီထွင်ခဲ့ကြပါတယ်။ ဒါပေမယ့် အဖွဲ့အစည်းခေါင်းဆောင် အကြီးအကဲက ဖရက်ဒီကို စစ်ပွဲတွေမှာ တိုက်ခိုက်ရေးစက်ရုပ်အဖြစ် အသုံးချဖို့ ပြင်ဆင်နေတာကို တီထွင်သူ သိပ္ပံပညာရှင် ဒေါက်တာပါမာ သိသွားတဲ့အချိန်မှာတော့ ဖရက်ဒီ့ကို ယူပြီး အဝေးကိုထွက်ပြေးလာခဲ့ပါတယ်။ သူမကိုလိုက်ရှာနေတဲ့သူတွေ ရှိတာကြောင့် ဒေါက်တာပါမာဟာ ဖရက်ဒီကို တောတွင်းတစ်နေရာမှာ ဖွက်ထားခဲ့ရင်း အထက်တန်းကျောင်းသားလေးနှစ်ယောက်က တွေ့ရှိသွားတဲ့အခါမှာတော့ အိမ်ကို ယူသွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဖရက်ဒီနဲ့ ကောင်လေးတွေ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ။ လိုက်ရှာတဲ့အဖွဲ့အစည်းလက်ကရော ဖရက်ဒီတို့ ထွက်ပြေးလွတ်မြောက်နိုင်ကြမှာလားဆိုတာတော့ F.R.E.D.I ဆိုတဲ့ စက်ရုပ်ကားလေးကို ပိတ်ရက်မှာ အေးအေးဆေးဆေးဒေါင်းလုတ်ချယူရင်း ကြည့်ရှုလိုက်ကြပါဦးဗျာ….
ဒီဇာတ်လမ်းဟာ ဟယ်ရီပေါ်တာဇာတ်လမ်းတွေရဲ့ မှော်လောကထဲမှာ ဖြစ်ပျက်ခဲ့တဲ့အကြောင်းတွေပါပဲ။ ဒါပေမယ် ဖြစ်ပျက်နေတဲ့ကာလဟာ ၁၉၂၆ ဖြစ်ပြီး ကျောင်းအုပ်ဆရာကြီး အဲဘတ်စ် ဒန်ဘယ်လ်ဒိုးရဲ့လူငယ်ကာလဖြစ်ပါတယ်။ အဲဒီကာလရဲ့ နာမည်ကြီးမှော်နက်ဆရာကတော့ ဟယ်ရီစာအုပ်ထဲမှာ နာမည်ဖော်ပြခဲ့တဲ့ ဂရင်ဒီဝေါလ်ပါ။ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကောင်ကတော့ မှော်ပညာ နဲ့ မှော်သတ္တဗေဒ ပညာရှင် နျု စကန်မန်ဒါပါ(ဟယ်ရီတို့ ကာလမှာ နျုရဲ့စာအုပ်တွေဟာ ကျောင်းအတွက် ပြဌာန်းစာအုပ်ဖြစ်လာခဲ့ပါတယ် ဟက်ဂရစ်လက်စွဲပေါ့)။ နျုဟာ လန်ဒန်ကနေ နယူးယောက်ကို မှော်သတ္တဝါဆန်းတွေ အပြည့်ပါတဲ့ လက်ဆွဲအိတ်တစ်လုံးနဲ့ ရောက်လာခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ နယူးယောက်မှာ အဖြေရှာမရတဲ့ ထူးဆန်းတဲ့တိုက်ခိုက်မှုတွေ ပေါ်ပေါက်နေပါတယ်။ အမေရိကန်အခေါ် No-Maj (ဗြိတိန်အခေါ် မက်ဂယ်) မှော်ပညာမတတ်တဲ့ သာမာန်လူသားတစ်ဦးနဲ့ မတော်တဆအလွဲတွေ ဖြစ်ရင်း သူ့ရဲ့သေတ္တာထဲကနေ သတ္တဝါအချို့လွတ်မြောက်သွားတဲ့အခါ တိုက်ခိုက်မှုတွေရဲ့အကြောင်းရင်းဟာ သူ့ကြောင့်လို့ သံသယဖြစ်စရာတွေပေါ်လာပြီး ဖြေရှင်းဖို့ကြိုးစားရပါတော့တယ်။ ဒီဇာတ်ကားဟာ ၅ ကားအထိ ဆက်ရိုက်ဖို့ သတင်းထုတ်ပြန်ထားတာမို့ ဒီကားလေးကြည့်ပြီးရင် နောက်နှစ်တွေအတွက် ဆက်ပြီး စောင့်မျှော်ကြတာပေါ့ဗျာ။
018 ခုနှစ်ထွက်ထားတဲ့ သားသားမီးမီးတို့ အကြိုက် အင်နီမေးရှင်းကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားလေးကတော့ Oz ဆိုတဲမှော်တိုင်းပြည်ကြီးကို အလည်သွားရောက်တာကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပြီးတော့ သားသားမီးမီးတို့ အကြိုက် မျောက်ကလေးတွေ ငှက်ကလေးတွေ နဲ့ ဝက်ဝံကြီးလဲပါပါတယ် ဇာတ်လမ်းလေးက ကတော့ Urfin ဟာ Oz ဆိုတဲ့ မှော်တိုင်းပြည်ကြီးကို မတော်မတရားသိမ်းပိုက်ပြီး အုပ်ချုုပ်ဘုရင်လုပ်ချင်တာပါ ဒါ့ကြောင့် သူဟာ သူ့ရဲ့ သစ်သားစက်ရုပ်တွေနဲ့ တက်ပြီးတော့ သိမ်းပိုက်ပြီးတော့ ဒီမှော်တိုင်းပြည်ကြီးရဲ့ နာမည်ကို Urfinville ဆိုပြီးနာမည်ပါပြောင်းလိုက်ပါတယ် ဒီလိုနဲ့ သူဟာ သူ့နန်းတက်ပွဲအတွက် ကျင်းပဖို့ အဆင်သင့်ဖြစ်နေချိန်မှာ သူ့အတွက် အနှောက်အယှက်ဝင်လာတာကတော့ တခြားတိုင်းပြည်ကနေ သောက်ကမျင်းကြောထပြီး ရောက်လာတဲ့ ဒေါ်ရိုသီ ဆိုတဲ့ ကောင်မလေးပါ သူနဲ့ အတူ သူ့သူငယ်ချင်းတွေကတော့ ခြင်္သေ့ကြီး ၊စာခြောက်ရုပ်လေးနဲ့ သံပတ်ရုပ်လေး တို့ဖြစ်ပါတယ် ကဲ သူ့သူငယ်ချင်းတွေကကော ဒေါ်ရသီကို အိမ်ပြန်ဖို့ ကူညီပေးနိုင်မှာလား ဒေါ်ရသီကကော မှော်တိုင်းပြည်ကြီးကိုကယ်တင်နိုင်ပါ့မလားဆိုတာကိုတော့ ပရိတ်သတ်ကြီးက အဆ ကြည့်ကြရမှာဖြစ်ပါတယ်
ဒီတစ်ခါမှာတော့ 2006 ခုနှစ်ကထွက်ရှိခဲ့တဲ့ ကာတွန်းကားကောင်းလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ IMDB 6.6 အထိရရှိထားပြီး မင်းသားကြီး Hugh Jackman နဲ့ Kate Winslet တို့က အဓိကအသံသရုပ်ဆောင်တွေအဖြစ် ပါဝင်ထားပါတယ် ရော်ဒီဆိုတဲ့ အိမ်မွေးကြွက်ကလေးတစ်ကောင်ဟာ မိတ်ဆွေအပေါင်းအသင်းမရှိပဲ အထီးကျန်စွာနေရသူတစ်ယောက်ပါ တစ်နေ့မှာတော့ ထူးဆန်းတဲ့ကြွက်တစ်ကောင်က သူ့ဆီရောက်လာပြီး သူ့နေရာကိုအပိုင်စီးလိုက်ပါတော့တယ် အဲ့ဒီနောက်မှာတော့ ရော်ဒီဟာ ရေဆိုးမြောင်းထဲကို နှင်ချခံရပြီး မြေအောက်မြို့တစ်မြို့ကိုရောက်ရှိသွားပါတယ် အိမ်ပြန်လမ်းကိုရှာဖွေရာမှ ‘ရီတာ’ ဆိုတဲ့ကြွက်မလေးတစ်ကောင်နဲ့ဆုံတွေ့မိတယ် ရီတာဟာ လူဆိုးအဖွဲ့တစ်ဖွဲ့နဲ့ပြဿနာရှိထားသူတစ်ဦးဖြစ်ပြီး ရော်ဒီပါဝင်ပတ်သက်မိတဲ့နောက်ပိုင်း ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်ရမလဲ အိမ်ပြန်ဖို့ကြိုးစားနေတဲ့ ရော်ဒီတစ်ယောက် အန္တရာယ်တွေကြားကနေ လွတ်မြောက်နိုင်ပါ့မလား… ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ ဖန်တီးထားတာမို့ အချိန်ပေးရကျိုးနပ်မဲ့ ကာတွန်းကားကောင်းလေး တစ်ကားပါပဲ
ဒီကားကိုမကြည့်ခင် ခင်ဗျားတို့ သတိလေးပေးချင်တယ်… ဥပမာ အိမ်မှာ မိသားစုဝင် ၅ယောက်လုံးရှိတယ်ထား..ခင်ဗျားက ဒီကားကိုကြည့်ဖို့ပြင်ဆင်ပြီဆိုရင် ကျန်တဲ့ ၄ယောက်ပါ TVရှေ့ကိုခေါ်ကြည့်သင့်တယ်….လင်မယား ၂ ယောက်ထဲဆိုလည်း ၂ယောက်လုံးကြည့်ဖြစ် အောင်ကြည့် တစ်ယောက်ထဲကြည့်မိရင် အံကြိတ်ပြီး တခိခိရယ်တဲ့ကိုယ့်ကို ကျန်တဲ့သူတွေက ရူးများသွားတာလား ခေါင်းချောင်သွားတာလားဆိုတဲ့အတွေးနဲ့ကြည့်တာခံရလိမ့်မယ် ကျွန်တော့ချစ်သူလေးကတော့
ကိုကိုတော့ရူးသွားပြီ တံတားလေးပို့ရတော့မယ်လို့ပြောသွားတယ်…… ဒီကားရဲ့မင်းသား Steve Carell ကိုတော့အားလုံးရင်းနှီးပြီးသားဖြစ်မှာပါ…မင်းသမီးချောလေး Hathaway ရယ် Dwayne Jonson(The rock)ရယ်ပါဝင်ထားလေတယ်…မျက်နှာတွေပြူးပြဲပြ ရွံ့စရာအကွက်တွေနဲ့ပြ အိုဗာတင်းဟာသကွက်တွေ လို့မထင်လိုက်နဲ့ … Steve carell က အထူးအေးဂျင့်တွေအတွက်သတင်းစုဆောင်းတဲ့သူတစ်ယောက် ပြောရရင် ရုံးစာရေးဆိုပါတော့ ဒါပေမဲ့ သူ့ရဲ့ အိပ်မက်က အေးဂျင့်ဖြစ်ချင်တာပဲ….တစ်နေ့တော့ နျူကလီးယားလက်နက်အတွက် အရေးကြီးယူရေနီယမ်တွေအခိုးခံရတော့ အကြမ်းဖက်အဖွဲ့တွေမရိပ်မိအောင် တစ်ခါမှ လူဆိုးတွေနဲ့မဆက်ဆံဖူးတဲ့Steve Carell နဲ့ မျက်နှာခွဲစိတ်ပြုပြင်ထားတဲ့ မင်းသမီးချော
Hathaway ရယ်ကိုလွှတ်လိုက်တယ်….. ခင်ဗျားတို့ကတော့ ထင်လိမ့်မယ် ရုံးစာရေးကိုလွှတ်တယ်ဆိုတော့ ဘာစကေးမှမရှိဘူး အလွဲတွေနဲ့ကြည့်ရဆိုးမယ်လို့ပေါ့ အာ့ဆိုလုံးဝလွဲသွားလိမ့်မယ် သူက အေးဂျင့်ဖြစ်ချင်တာဆိုတော့ အကုန်လေ့ကျင့်ထားတယ် တိုက်ရည်ခိုက်ရည်တွေနဲ့ အားလုံးကို မှတ်မိတတ်တဲ့ သူ့ဦးနှောက်ကို ပေါင်းစပ်လိုက်တော့ အတော်လေးအလုပ်ဖြစ်တယ်…. ရယ်စရာတွေကလည်း သဲထိတ်ရင်ဖိုခန်းလေး တွေမှာ အပိုအလိုမရှိထည့်ထားလေတော့ တခွီ
းခွီးရယ်ရတာ.ရိုက်ချက်တွေကလည်း အတော်လန်းတယ်…. ကိုင်း ခံစားကြည့်လိုက်ဦးဗျ မောပန်းနွမ်းနယ်နေတဲ့ခင်ဗျားတို့ နှလုံးသားနဲ့ ဦးနှောက်ကို လန်းဆန်းစေချင်ရင်တော့ ဒီကားကိုကြည့်လိုက် ကျွန်တော်ပြောတာ မလွန်ဘူးဆိုတာ ခင်ဗျားတို့ ဇာတ်ကားအစ ၁၀မိနစ်လောက်ကထဲက သဘောပေါက်သွားလိမ့်မယ်……
ဒီဇာတ်လမ်း ဟာ ၂၀၁၀ ခုနှစ်ကထွက်ရှိထားတဲ့ Detective Dee and the Mystery of the Phantom Flame ရုပ်ရှင်ရဲ့ Prequel ဖြစ်ပါတယ် …ဒါကြောင့် စုံထောက်တီ(ဒီး)ကိုငယ်စဉ်ဘဝကပုံစံနဲ့တွေ့ရမှာပါ။မင်းသား Mark Chao ကစုံထောက်တီ(ဒီး)အဖြစ်ပါဝင်ထားပြီး မင်းသမီးကတော့ Angelababy ဖြစ်ပါတယ်။ ကိုရီးယားမင်းသား Kim Bum လဲအရံပါဝင်ထားပါတယ်။တီ(ဒီး)တစ်ယောက် စုံထောက်မဖြစ်ခင် အလုပ်လာလျှောက်ကတည်းက တိုင်းပြည်ရဲ့
သေရေးရှင်ရေးပြသနာတစ်ခုကို ဖြေရှင်းဖို့တိုက်ဆိုင်လာတဲ့အခါမှာ……..။ဇာတ်လမ်းကတော့ အဆန်းကြီးဖြစ်ပြီး နဂါးတွေ အဆိပ်ကောင်တွေ ကိုယ်ဖော့သိုင်းတွေ ရေထဲသွားမြင်းတွေ လျှို့ဝှက်ချက်တွေနဲ့ကြည့်ရမှာပါ။
ဒီဇာတ်လမ်းကို ကျွန်တော်ကတော့ ကြိုက်ပါတယ်။ ကင်မရာရိုက်ချက်တွေ Special Effects ကလဲ ကြည့်ရှုသူတွေကို တဝိုးဝိုးဖြစ်ရမှာပါ….IMDb Rating (6.5/10) ရရှိထားပြီး Action,Adventure စုံထောက်ဇာတ်ကားကြိုက်သူတွေ လက်မလွတ်သင့်ပါ။
၂၀၁၂ တုန်းက Ek Tha Tiger ဆိုတဲ့ သူလျှိုအက်ရှင်ကားအပြီး ဒုတိယမြောက် Tiger ရုပ်ရှင်အဖြစ် ထွက်ရှိလာတာဖြစ် ပြီး စူပါစပိုင်နှစ်ယောက်ဖြစ်တဲ့ တိုက်ဂါးနဲ့ဇိုရာ သူလျှိုဇာတ် လမ်းကို ဆက်လက်ရှုစားရမှာပါ။ ဖြစ်ရပ်မှန်အကြောင်းအရာဖြစ်တဲ့ ၂၀၁၄ တုန်းက အိုင် အက်စ်အဖွဲ့က ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ သူနာပြု ၄၆ ယောက်ကို ကယ်ဆယ်တဲ့အကြောင်း အဓိက ဇာတ်အိမ်တည်ထားတာဖြစ်ပါတယ်။ ပထမဇာတ်လမ်းရဲ့ အဆက်အနေနဲ့ RAW အေးဂျင့်တိုက်ဂါးနဲ့ သူ့ချစ်သူ ISI အေးဂျင့်ဇိုရာတို့ဟာ လက်ထပ်ခဲ့ကြပြီး သားလေးနဲ့အ တူ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းခဲ့ကြပါတယ်။ ဒီလိုနဲ့ ရှစ်နှစ်လောက်ကြာခဲ့အပြီးမှာ တော့ အချစ်ကိုဦးစားပေးပြီး မိသားစုအရေးပဲ အာရုံစိုက်ခဲ့ကြ တဲ့ တိုက်ဂါးတို့စုံတွဲအတွက် မစ် ရှင်တစ်ခုပေါ်လာခဲ့ပါတယ်။ တိုက်ဂါးရဲ့ အလုပ်ရှင် ဟောင်းဖြစ်တဲ့ ရှီနွိုင်က အီရတ် မှာ အကြမ်းဖက်သမားတွေရဲ့ ပြန်ပေးဆွဲခြင်းခံရတဲ့ အိန္ဒိယသူနာပြု ၂၅ ယောက်ကို ပြန်ကယ်စေချင် ခဲ့ပါတယ်။ အကြမ်းဖက်သမား တွေလက်ထဲမှာ အိန္ဒိယသူနာပြု တွေအပြင် ပါကစ္စတန်သူနာပြု ၁၅ ယောက်လည်း ပါနေသေးတဲ့ အတွက် အိန္ဒိယသူလျှိုတိုက်ဂါးနဲ့ ပါကစ္စတန်သူလျှိုဇိုရာတို့စုံတွဲ စစ် ဆင်ရေးကို အတူလှုပ်ရှားခဲ့ကြပါ တယ်။ အတိုက်အခိုက်၊ အပစ်အ ခတ်တွေနဲ့မို့ အက်ရှင်ဇာတ်ကြမ်း ကြိုက်ပရိသတ်အကြိုက်တွေ့ မယ့် ဇာတ်ကွက်တွေ အများကြီး ပါသလို ဂီတ၊ အကနဲ့ ဒရာမာ တွေလည်း ပါတာမို့ ရသစုံပေး စွမ်းတဲ့ ဇာတ်ကားဆိုရင်လည်း မမှားပါဘူး။ အကြမ်းဖက်သမားတွေရဲ့ နယ်မြေထဲကို တိုက်ဂါးတို့စုံတွဲ ဘယ်လိုအစီအမံတွေနဲ့ ဝင်ကြမှာ လဲ။ ဓားစာခံသူနာပြုတွေကို ဘယ်လိုကယ်တင်ကြမှာလဲဆိုတာ ဆက်ကြည့်ဖို့ ဖော်ပြလိုက်ပါ တယ်။ ဒီဇာတ်ကားမှာ ဝါရင့်သရုပ်ဆောင်မင်းသား ဆယ်လ်မန်ခန်း နဲ့ မင်းသမီး ကက်ထရီနာကိတ်ဖ် တို့ကပဲ အဓိကဇာတ်ကောင်အ ဖြစ် သရုပ်ဆောင်ထားကာ ဆာဂျက်ဒယ်ဖရူဇ်၊ ဆူဒိ၊ အန်ဂက် ဘီဒီ၊ ကူမွတ်မစ်ရှ်ရာ စတဲ့သူတွေအားဖြည့်ထားပါတယ်။
နည်းပညာတွေတိုးတက်လာတဲ့ ခေတ်မှာ လူနဲ့လုပ်ဆောင်သောအရာတွေကို စက်တွေအစားထိုးပြီးလုပ်ဆောင်လာကြပါပြီ…. အထူးသဖြင့် စစ်မြေပြင်တိုက်ပွဲတွေမှာ လူသားစစ်သားတွေ အသေကြေနည်းပါးအောင်လျော့ချဖို့အတွက် အသုံးပြုလာကြပါတယ်… ဒီထဲမှာမှ ရေတပ်စစ်သဘောၤၤအုပ်စုတစ်ခုမှာ အသံထက်မြန်အောင် မောင်းနှင်နိုင်တဲ့ ဂျက်လေယာဉ်အုပ်စုတစ်ခုရဲ့ ၄ ယောက်မြောက်အဖွဲ့ဝင်အဖြစ် လူသားကဲ့သို့အသိဉာဏ်ရှိတဲ့ မောင်းသူမဲ့တိုက်လေယာဉ်တစ်စင်းကို အသုံးပြုဖို့အတွက် အကြောင်းဖန်လာပါတော့တယ်…. EDI လို့အမည်ပေးထားတဲ့ စွမ်းအားမြင့်မောင်းသူမဲ့လေယာဉ်ဟာ အနာဂါတ်စစ်ပွဲတွေမှာ စိုးမိုးနိုင်ဖို့အတွက် ဖန်တီးထားတာဖြစ်ပြီးတော့ သူ့အတွက်လိုအပ်တဲ့တိုက်ခိုက်ရေးအချက်လက်တွေကို ထည့်ပေးလိုက်ရုံနဲ့ သူကိုယ်တိုင် ရှာဖွေဝင်ရောက်နိုင်စွမ်းလည်းရှိပါတယ်…. တခြားတိုက်လေယာဉ်တွေနဲ့မတူတာကတော့ သူဟာ လူသားတစ်ယောက်နီးပါး ခံစားတတ်ပါတယ်… သို့ပါသော်ငြားလည်း သူဟာ လူသားတွေဖန်တီးတီထွင်ထားတဲ့ စက်ပစ္စည်းတစ်ခုသာဖြစ်ပါတယ်… စက်ပစ္စည်းတစ်ခုဖြစ်တာကြောင့် နည်းပညာပိုင်းအခက်ခဲတွေရှိတယ်လို့ မထင်စေလိုပါဘူး…ဘာလို့လဲဆိုတော့ သူဟာ အမိန့်ကိုတိကျစွာလိုက်နာနိုင်ပါတယ်… ဒါကြောင့်လည်း စစ်ဆင်ရေးတစ်ခုမှာ ချပေးလိုက်တဲ့အမိန့်တစ်ခုကို တိကျစွာလိုက်နာဆောင်ရွက်နေရင်းကနေ သူ့ရဲ့တွဲဖက်လေယာဉ်မှုးသုံးယောက်လုံး ကံကြမ္ပာဆိုးကျရောက်ဖို့စတင်လာပါတော့တယ်…. အသေးစိတ်ကိုတော့ ကိုယ်တိုင်ကြည့်ရင်းခံစားကြပါ… ဒီကားရဲ့ထူးခြားချက်ကတော့ မြန်မာဆိုတဲ့ ကျွန်တော်တို့ရဲ့နိုင်ငံလည်းပါနေတာပါပဲ… ကားတိုင်းကားတိုင်းမှာ ကိုယ့်နိုင်ငံပါနေရင်ပဲလူတိုင်းကကြည့်ချင်နေကြပါပြီ… Rating 5 ၂၀၀၅ ခုနှစ်ကထွက်ထားတဲ့ကားမို့အထင်မသေးစေချင်ပါဘူး… ဇာတ်ကားတစ်ကားရဲ့ကောင်းကွက်ဆိုးကွက်တွေကို ကြည့်သူတွေကပဲ ဆုံးဖြတ်ပေးလိုက်ကြပါဦး…… ကားကောင်းလေးတစ်ကားလို့ထင်မြင်မိပါတယ်……
With great power comes great responsibility ကြီးမားတဲ့စွမ်းအားမှာကြီးမားတဲ့ဝတ္တရားရှိတယ် ဒီစကားပုံလေးကိုမြင်တာနဲ့ long long agoSpiderma movie ထဲက Uncle Ben ပြောတာကို ပြန်မြင်ယောင်မိကြမှာပါ Spiderman ဆိုတဲ့ comic character ကို Tobey Magurie နဲ့ triology ရိုက်ခဲ့သလို Andrew Garfield နဲ့လဲ ၂ ကားထပ်ရိုက်ခဲ့ပါတယ် Tobey ရော Andrew ရော အတော်အောင်မြင်ခဲ့တယ်ပြောရမှာပါ အခု Into thespiderverse ဆိုပြီး Animation တစ်ကားထပ်ထွက်လာပါတယ် ဒီ Spiderverse မှာ ကျွန်တော်တို့အချစ်တော် ပီတာပါကာ အပါဝင် မိုင်းစ်မိုရဲလတ်စ် ဆိုတဲ့ လူမဲ စပိုက်ဒါမန်းလေး ပါမြင်ရမှာပါ အခုကားက Comic timeline နဲ့လုံးဝကွဲထွက်ပါတယ် အခြား comic game reference တွေယူပြီး သူ့ဘာသူတည်ဆောက်သွားတယ် spiderman 6 ယောက်ထည့်သွင်းထားတယ် spiderverse ဆိုတဲ့အတိုင်း multiverse တွေကလာတဲ့အခြား spiderman တွေပါလာတယ် ဇာတ်လမ်းအကျဉ်းကတော့ villain ဖြစ်တဲ့ ကင်းပင်က အမှုန်အရှိန်ပေးစက်သုံးပြီး portal တွေဖွင့် အခြားuniverse က သူ့မိသားစုကိုပြန်ခေါ်ဖို့လုပ်ပါတော့တယ် ဒါပေမယ့် အမှုန်အရှိန်ပေးစက်ရဲ့ side effect ကြောင့် reality တွေပျက်စီးပြီး မြို့ပျက်တော့မှာသိလို့ ပီတာပါကာက ဝင်တားတယ် အဲ့အချိန်မှာပဲ မိုင်းစ်မိုရဲလတ်စ်က ပင့်ကူကိုက်ခံရပြီး spider man အစွမ်းတွေရခါစ ဒီလိုနဲ့ multiverse တွေက portal တွေပွင့်ပြီး မိုင်းစ်မိုရဲလတ်စ် တို့ universe ကို အခြား universe တွေက Peter Parker, Spider Gwen, Peni Parker, Spiderman Noir နဲ့ PeterPorker တို့ရောက်လာပါတယ် အတော်လေးကိုပြီးပြည့်စုံတဲ့ story lineလို့မြင်မိပါတယ် Animationပိုင်းတွေကတော့ပြောစရာကိုမလိုဘူး Peni Parker တို့ Peter Porker (SpiderHam) တို့ပါထည့်ထားတာ စိတ်ဝင်စားဖို့ကောင်းတယ် အကောင်းဆုံးလို့ဆိုရမှာက theme song နဲ့ background music ပဲ theme song တွေက unique ဖြစ်တယ် ဥပမာ Prowler လာတဲ့အခန်းတွေမှာဆို သူလာမှန်းသိရတဲ့ theme song မျိုးတွေ Spiderman ဇာတ်ရုပ်တိုင်းမြူ းမြူ းကြွကြွ theme song တွေက ကြည့်ရတာ တကယ်မိုက်တယ် အားတက်စရာကောင်းတယ် plot ကလဲအတော်လေးကိုကွဲထွက်တယ် ပြီးတော့အခြား spiderman game တွေ ထဲက villain တွေပါတွဲမြင်ရတာအားရစရာပါ ကျွန်တော် Marvel ရော DC fan ပါ ဒါပေမယ့်အဲ့ထဲမှာ အသနားမိဆုံးက spiderman ပဲ အခြား superhero တွေလိုမချမ်းသာဘူး နာမည်မကြီးဘူး သာမန်ဓာတ်ပုံဆရာလေးတစ်ယောက် နေ့စဉ်အလုပ်တွေနဲ့ ရုန်းကန်နေတဲ့ကြားက အသက်ကယ်ဖို့ နှစ်ခါပြန်မစဉ်းစားတဲ့ Super strength နဲ့သာမညလူသား သူ့အတွေးကရိုးစင်းတယ်ဒါပေမယ့် သူ့ အပြုအမူနဲ့ဆုံးဖြတ်ချက်ကအောချရတယ် ဘယ်အခြေနေမှာဖြစ်ဖြစ် spiderman ဆိုတာစိတ်ဓာတ်ကျတတ်တဲ့ hero မဟုတ်ဘူး သူ့ကြည့်လိုက်ရင်အမြဲပျော်ရွှင်နေတတ်တဲ့ကျွန်တော်တို့ရဲ့ friendly neighbourhood spiderman Animation ကားလို့ဆိုပေမယ့် Tobey ရဲ့ spiderman တုန်းကလိုဖီလ်းမျိုးအငွေ့အသက်မျိုး ပြန်ခံစားလိုက်ရတယ် ကြည့်ရတာတော်တော်တန်ပါတယ်
olis ဆိုတဲ့ဇာတ်ကားလေးကတော့ space science ကားတွေကြိုက်တဲ့ပရိသတ်တွေအတွက် ကြည့်လို့ကောင်းမဲ့ scifi ဇာတ်ကားလေးတစ်ခုပဲဖြစ်ပါတယ်. ဇာတ်လမ်းတစ်ခုလုံးမှာဇာတ်ဆောင်အနေနဲ့ မင်းသားကြီး steven ogg တစ်ယောက်တည်းအစအဆုံးသရုပ်ဆောင်ထားတဲ့ low cost scifiကားလေးလည်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ဂြိုလ်တွေပေါ်မှာ သတ္တုတွေကိုရှာဖွေဖို့ လွှတ်တင်ခဲ့တဲ့ အာကာသယာဉ်တစ်စင်းဟာ ဂြိုလ်သိမ်ဂြိုလ်မွှားတစ်ခုနဲ့တိုက်မိခဲ့ပြီးပျက်စီးသွားခဲ့ပါတယ်။ အဲ့ဒီမှာ ဟော်လိုဝေးဆိုတဲ့အင်ဂျင်နီယာတစ်ယောက်ပဲကျန်ရစ်ခဲ့ပြီး သူ့ရဲ့ရှင်သန်မှု အတွက်ကြိုးစားရုန်းကန်ရတဲ့ survival scenes တွေကိုတစ်ဝကြီးကြည့်ရှုရမဲ့ဇာတ်ကားလေးတစ်ကားပဲဖစ်ပါတယ်။ သရုပ်ဆောင်အနေနဲ့ မင်းသားကြီး steven oggနဲအသံသရုပ်ဆောင်အနေနဲ့ မင်သမီးAlice loweတို့၂ယောက်တည်းပါဝင်သရုပ်ဆောင်ထားပေမဲ့လုံးဝပျင်းစရာမကောင်းတဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။
ပရိတ်သတ်နဲ့ရင်းနှီးပြီးသားဖြစ်တဲ့ Scooby Doo ကာတွန်းဇာတ်လမ်းလေးပါ ဒီဇာတ်လမ်းမှာတော့ စကူးဘီဒူးတို့သူငယ်ချင်း တစ်စု နံပါတ် ၁၃ လို့ အမည်ပေးထားတဲ့ စွမ်းအားကြီးတဲ့သူရဲတစ်ကောင်နဲ့ ယှဉ်ပြိုင်တိုက်ခိုက်ကြရမှာပါ။ ဒဏ္ဍာ ရီလိုလို တကယ့်ဖြစ်ရပ်လိုလိုနဲ့ ရင်ခုန်စိတ်လှုပ်ရှားရမယ့် ဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်။ သူတို့ရဲ့မိတ်ဆွေ ကြီး ဗင်းဆင့်ရဲ့ပြဿနာကို သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ကြတဲ့ ဖရက်၊ ဒက်ဖနီ၊ဗယ်လ်မာ၊ ရှက်ဂီ၊ စကူးဘီ ဒူးနဲ့ မိတ်ဆွေလေး ဖလင်းဖလမ်းတို့ရဲ့ စွန့်စားခန်းတွေကို အားပါးတရ တွေ့မြင်ကြရဦးမှာဖြစ်ပါတယ်။ Animation တွေကိုမှကြိုက်တဲ့လူတွေအတွက် ကြည့်လို့ကောင်းမယ့် ကားလေးတစ်ကားဖြစ်ပါတယ်….
ဒီဇာတ်ကားလေးကတော့
စိတ်ကူးကောင်းမွန်လှတဲ့ဇာတ်ကားလေးဖြစ်ပြီး
အားလပ်ရက်မှာ အချိန်ကုန်လွန်ကောင်းတဲ့
ဇာတ်ကားကောင်းတစ်ခုပေါ့။ဂိမ်း ပရိုဂရမ်ရေးဆွဲသူ
ရှီကာဟာ သားကိုချစ်တတ်လွန်းတဲ့ အဖေတစ်ယောက်ပါ။သူ့သားလေးနာမည်က
ပါတိ။ ပါတိ ဟာ ဂိမ်းချစ်တတ်သူတစ်ဦးဖြစ်ပြီး
ရိုးအီလှသော ဇာတ်အိမ်မှခွဲထွက်လိုသူဖြစ်သည်။
သူရဲ့စိတ်မှာတော့ မသေဆုံးနိုင်သည့် လူဆိုးဇာတ်ကောင်ပေါ်ထွန်းစေချင်ပြီး သူ့အဖေ
ရှီကာကတော့ သူရဲကောင်းကိုသာ အလေးထားလေသည်။ဒီလိုနဲ့ ရှီကာဟာ
နောက်တစ်ခါ တီထွင်သည့် ဂိမ်းတွင် ရာဝမ်း ဟူသော ဇာတ်ကောင်ကို ပုံဖော်ပေးခဲ့သည်။ရာဝမ်းဟာ စွမ်းအားမြင့် လူဆိုးဖြစ်ပြီး သူနဲ့
ယှဉ်ပြိုင်ရမည့် သူရဲကောင်းကား ဂျီဝမ်း။
ထိုသို့နှင့် ဂိမ်း အား ပွဲဦးမိတ်ဆက်ပွဲနေ့မှာတော့
ပါတိ ဟာ လူစီဖာ နာမည်ဖြင့် ဂျီဝမ်းဇာတ်ကောင်နေရာမှဝင်ကစားပြီး
ရာဝမ်းနှင့် တိုက်ခိုက်ပွဲ ဆင်နွှဲခဲ့သည်။ ဂိမ်းပွဲကား
ခက်ခဲလှသော်လည်း လူစီဖာ ပင် အနိုင်ရခဲ့သည်။ထိုအချိန်အခါသည် အိန္ဒိယပြည်၏ သိပ္ပံနည်းပညာလောကသည် ထွန်းကားနေပြီဖြစ်သည်။ ရောင်ခြည်စွမ်းအားတို့
အသုံးပြု၍ သက်မဲ့ကိုပင် ရုပ်လုံးဖော်နိုင်ခဲ့သည်။
တစ်ဖက်တွင်လည်း ရှီကာတို့ဂိမ်းဌာနတွင်လည်း
ရောင်ခြည်တန်းများဖြင့် ဂိမ်းကို ထိန်းချုပ်ထားခဲ့သည်။ သို့သော် မမျှော်လင့်ဘဲ
ရောင်ခြည်တန်းတို့၏ စွမ်းအားဖြင့် ရာဝမ်း
ဇာတ်ကောင်အရုပ်သည်လည်း အသက်ဝင်လာသည်။ထို့နောက် ရာဝမ်းသည် လူစီဖာ Player အား ပြန်လည်ရှာဖွေပြီး အဆုံးသတ်မယ့်
ကြိုးစားချိန်တွေမှာတော့ ?????ဘာတွေဆက်ဖြစ်မလဲ။ ရာဝမ်း အသက်ဝင်ပြီးနောက် ရှီကာတို့မိသားစု
ဘယ်လို အဖြစ်မျိုး ကြုံတွေ့ရမလဲ။
ရာဝမ်းကရော လူစီဖာ ကို တွေ့အောင်
ဘယ်လိုများ ကြိုးစားမလဲ။ ရာဝမ်းကိုရော
ဘယ်သူက တားဆီးမလဲ စတာတွေကိုတော့
ပရိသတ်ကြီး ရင်ခုန်ကြည့်လိုက်ပါဦး။ဒီဇာတ်ကားမှာတော့ စိတ်ကူးယဉ်ဆန်ပေမယ့်
လူသားတွေရဲ့ သဘာဝကိုတော့ မသွေဖယ်စေပါဘူး။ နိဂုံးလေးမှာတော့
သက်ရှိ နဲ့ သက်မဲ့ ကြား မေတ္တာတရားကို
ဖော်ကျူးထားပုံက ကျွန်တော်တို့စိတ်ကို
ခေတ္တမျှ ငေးငိုင်စေတတ်သည် အထိ ကောင်းလှပါတယ်။ ကျွန်တော်တစ်ဦးတည်း
အမြင်ဖြစ်ပေမဲ့ ပရိသတ်လည်း ထပ်တူကျမလား
ဆိုတာတော့ ဒီကားလေးကြည့်ပြီးနောက် အဆုံးအဖြတ်ပေးကြစို့လားခင်ဗျာ။(ဇာတ်ကားအညွန်းကတော့ လင်းခယံ မှတင်ဆက်ထားတာပါ။)ဒီရုပ်ရှင်ကားကို CM Translator ကိုဟေဒိစ် မှ ဘာသာပြန်ပေးထားပါတယ်
Pacific Rim ရဲ့ ဒုတိယမြောက်ကားလေး ၅နှစ်ကြာတဲ့အခါ ပရိသတ်ရှေ့ ရောက်လာပါပြီ။ IMDb Ratinf 6/10 ရထားပြီးတော့ ဘတ်ဂျပ် $ ၁၇၀millionကျော် အကုန်အကျခံပြီး ရိုက်ကူးတင်ဆက်ထားတာပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ Pacifim Rim တုန်းက ကိုင်ဂျူးလို့ခေါ်တဲ့ ဂြိုလ်သားတွေရဲ့ ကျူးကျော်မှုကိုတိုက်ခိုက်မှုကို ယေဂါလို့ခေါ်တဲ့ ဧရာမစက်ရုပ်ကြီးတွေနဲ့ တန်ပြန်တိုက်ခိုက် လို့အောင်မြင်ခဲ့ပြီး ကမ္ဘာနှစ်ခုဆက်သွယ်ထားတဲ့ တွင်းပေါက်ကြီးကို ဖျက်ဆီးပစ်နိုင်ခဲ့တာ ၁၀ နှစ်ကျော်ကာလကို ရောက်ရှိနေပါပြီ။ ဒါပေမယ့် ယေဂါတွေရဲ့ အားနည်းချက်ကတော့ စက်ရုပ်ရဲ့ တိုက်ခိုက်နိုင်စွမ်းဟာ သူ့ကိုမောင်းနှင်တဲ့ ပိုင်းလော့ဒ်နှစ်ယောက်ရဲ့ သဟဇာတဖြစ်မှု ပိုင်းလော့ဒ်တွေရဲ့ ကျွမ်းကျင်မှုအပေါ်မူတည်နေသလို ကျူးကျော်လာတဲ့ကိုင်ဂျူးဆီကို သွားတိုက်တဲ့အခါမှာ စက်ရုပ်အကြီးကြီးမို့ သယ်ယူပို့ဆောင်ရေးမှာ ကြံ့ကြာနေတဲ့အချက်ပါပဲ။ ဒါကြောင့် ပိုင်းလော့ဒ်ကောင်းတွေရအောင် ငယ်စဉ်ကတည်းက လေ့ကျင့်ပေးရပါတယ်။ ဒါကြောင့် လူသားတွေအနေနဲ့ ဒါတွေကို ဖြေရှင်းနိုင်ဖို့နည်းလမ်းတွေ ကြံစည်လာပါတယ်။ ဒီမှာ တရုတ်နိုင်ငံ “ရှောင်-စက်မှုလုပ်ငန်း” ကနေ နည်းပညာအသစ်တွေနဲ့ ရှာကြံပြီး လူတစ်ယောက်တည်းကသာ မောင်းနှင်နိုင်ပြီး အဝေးထိန်းနဲ့ ထိန်းချုပ်နိုင်တဲ့ ယေဂါဒရုန်းစက်ရုပ်ကြီးတွေကို ပိုင်းလော့ဒ်တွေရှာရတဲ့ဒုက္ခ ကိုင်ဂျူးတွေနဲ့ တိုက်ခိုက်ရင်း ပိုင်းလော့ဒ်တွေမသေအောင်ဆိုပြီး တီထွင်နိုင်လိုက်ပြီး တစ်ကမ္ဘာလုံးအနှံ့တပ်ဖြန့်ထားနိုင်အောင် လုပ်ဆောင်နေပါပြီ……. -ဒီလိုအဖက်ဖက် အဆင်သင့်ပြင်ထားပေမယ့် ကိုင်ဂျူးတွေဖက်ကရော ကျူးကျော်ဖို့ ဘာတွေဘယ်လိုပြင်ဆင်နေကြသလဲ -ကို င်ဂျူးတွေအရင်က အကောင်သေးတွေကနေ တဖြည်းဖြည်း ဆင့်ကဲတိုးတက်လာလို့ အရင်က အဆင့်-၄ အဆင့်-၅ လောက်ရှိတဲ့အကောင်ကြီးတွေက အခုရောဘယ်အဆင့်ထိ သတ်မှတ်နိုင်တဲ့ ကိုင်ဂျူးအကောင်ကြီးမျိုးတွေဖြစ်လာမှာလဲ -ဒီကားထဲမှာ ယေဂါတွေထဲက နာမည်ကျော်စက်ရုပ်တွေဖြစ်တဲ့ ဂျစ်ပစီအဗန်းဂျား…နိုဝင်ဘာအေဂျက်….ဆေဗာအသီနာ…..ဂါးဒီးယမ်းဘရာဗို….ဘရေဇာဖီးနစ် အစရှိတဲ့ဧရာမစက်ရုပ်ကြီးတွေက ဘယ်လိုအစွမ်းအစရှိသလဲတာကို ကြည့်လိုက်ကြရအောင်…..
ဇွန်လ ၁၁ ရက် ဒုတိယကမ္ဘာစစ်အတွင်းမှာ စေလွှတ်ခြင်းခံရတဲ့အမေရိကန်စစ်သားတပ်စုတစ်စုရင်ဆိုင်တွေ့ရတဲ့ ကြောက်စရာအဖြစ်ဆိုးကြီးအကြောင်းရိုက်ပြထားတဲ့ ၂၀၁၈ ထွက်ရုံတင်ကားသစ်တစ်ကားဖြစ်ပါတယ်…Rating 7.1 ရရှိထားတဲ့ဒီကားဟာ Action , Adventure , Horror ပုံစံဖြစ်ပါတယ်… ဒုတိယကမ္ဘာစစ်ကာလမှာ ဟစ်တလာရဲ့ဂျာမနီအင်ပါယာကိုဖျက်စီးဖို့အတွက် ပြင်သစ်နဲ့ဗြိတိသျှတို့ပူးပေါင်းခဲ့ပါတယ် ဂျာမန်တို့ခြေကုန်ယူထားတဲ့ ကမ်းခြေဆီကို ရှေ့ပြေးစစ်ဆင်ရေးလုပ်ဖို့ မဟာမိတ်တပ်တစ်ခုစေလွှတ်ခဲ့ပြီး သူတို့အနေနဲ့ ခက်ခက်ခဲခဲ ထိုးဖောက်ဝင်ရောက်ခဲ့ပင်မယ့်လည်း မိမိတို့ကြုံရတဲ့အရာမှာ ဂျာမန်စစ်သားတွေသာမဟုတ်မှန်းသိခဲ့လိုက်ရတဲ့အခါ မထင်မှတ်ပဲစခန်းတွင်းဝင်မိပြီး ဂျာမန်တို့စမ်းသပ်နေတဲ့အရာတွေကို တွေ့လိုက်ရတဲ့အခါ.. ဘာတွေဖြစ်ကုန်မလဲ သူတို့ရဲ့တာဝန်ကိုကျေပြွန်နိုင်ပါ့မလား လူသားမဟုတ်တဲ့အရာတွေကို ကျော်ဖြတ်နိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမယ့်ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်
ဒီကာတွန်းကားလေးကတော့ Oggy နဲ့ ပိုးဟပ်များ ဆိုတဲ့ကာတွန်းစီးရီး ရဲ့ 2013 က ထွက်ရှိထားတဲ့ The Movie ပါOggy ဆိုတာ ဘာနဲ့ သွားတူလဲဆိုတော့ ကြောင် နဲ့ ကြွက် လိုပါပဲတစ်ခု ထူးခြားတာကတော့ Copy ထားတယ်လို့ မခံစားရပဲ တကယ်ကို အူလိုက် သည်းလိုက် ကို ရယ်ရပါတယ်ဇတ်လမ်းဇတ်ကွက်ကလဲ အပြောင်အလှော် တွေနဲ့မထစတမ်း ကြည့်ချင်လောက်ပါတယ်…Oggy က ဉာဏ်ကောင်းပြီး ရိုးသားတဲ့ ကြောင်သူ့အကို ခပ်တုံးတုံးခပ်အအ တစ်ကောင်လဲ ရှိတယ်သူတို့ ညီအကို ကို ဒုက္ခမတရားပေးတဲ့ ပိုးဟပ် ညီအကို၃ ကောင်လဲ ရှိတယ် အကုန် တလွဲတွေ လုပ်ပြီးကြောင်တွေကို ဒုက္ခမပေးရင် စားမဝင် အိပ်မပျော်တဲ့တကယ့် ငပြောင်တွေပေါ့…ဒီကာတွန်း ရုပ်ရှင်ကို စာတမ်းထိုးပေးချင်ပေမဲ့ဘာစကားမှ မပြောတဲ့ အတွက် ဘာစာမှ မထိုးပေးထားပါဘူးCM က ပထမ ဆုံးအကြိမ် မြန်မာစာတန်း မထိုးပဲ တင်ပေးတဲ့Animation ရုပ်ရှင်ပါပဲ 😀ဒီရုပ်ရှင်မှာ အပိုင်း ၄ ပိုင်း ပါဝင်ပါတယ်…၁။ ကမ္ဘာဦးခေတ် မီးကို ရှာဖွေတဲ့ အပိုင်း၂။ ဘုရင့်သားတော်လေး ရဲ့ ကြင်ယာတော် ကယ်တင်ခန်း၃။ ရှားလော့ဟုမ်း နဲ့ ဒေါက်တာဝပ်ဆန် ရဲ့ သော့ရှာပုံတော်၄။ အာကာသ စတားဝါး စစ်ပွဲကဲ နာမည်လေးတွေ သိရပြီဆိုတော့အိမ်က ကလေးတွေကိုပဲ ပြပြကိုယ်တိုင်ပဲ မိသားစု နဲ့ ကြည့်ကြည့်ခွီနိုင်ပါပြီ….
အားလုံးစောင့်မျှော်နေတဲ့ ၂၀၁၆ ရဲ့ နာမည်ကြီး ဇာတ်ကား တစ်ကားဖြစ်တဲ့ Now You See Me 2 ဆိုတဲ့ စိတ်ဝင်စားစရာ ပဉ္စလက်ပညာရှင်လေးဦး ရဲ့ မျက်လှည့် ပြကွက်တွေကို တင်ဆက်ထားတဲ့ ရုပ်ရှင်ကားကို အခုလေးပဲ ဘာသာပြန်ဆိုမှု ပြီးသွားတဲ့အတွက် CM ချစ်သူတွေကြည့်လို့ရပါပြီ ရှင်ဒီကားရဲ့ ပထမဆုံးကား Now You See Me မှာ တုန်းက အရမ်းကို စိတ်ဝင်စားစရာကောင်းတဲ့ မြင်းစီးသမားလေးယောက်တို့ ရဲ့ မျက်လှည့်ပြကွက်တွေနဲ့ ပရိသတ်ကို ဖမ်းစားနိုင်ခဲ့ပြီးတော့ အခု ဒုတိယမြောက်ကားမှာလဲ မြင်းစီသမား လေးယောက်လုံးပြန်လည် သရုပ်ဆောင်ထားပါတယ်ပထမကားမှာတုန်းက မိန်းကလေးမျက်လှည့် ဆရာအနေနဲ့ ဟန်လေပါဝင်ခဲ့ ပေမဲ့ အခုတော့ ဟန်လေ အစား ငပြောင်မလေး လူလာက ပါဝင်ထားပါတယ်.. မြင်းစီးသမားတွေနဲ့ အက်ဖ်ဘီအိုင် အေးဂျင့် ဒိုင်လန်တို့ ဆော့ဖ်ဝဲ ကုမ္ဗဏီ အော့တ်တာ ရဲ့ စီအီးအို အိုဝင်အကြောင်းကို ဖော်ထုတ်ဖို့ လုပ်ဆောင်ခဲ့တဲ့ ပွဲမှာ မမျှော်လင့်ဘဲ မြင်းစီးသမားတွေအားလုံးရဲ့ ကိုယ်ရေးအချက်အလက်တွေ အားလုံး ဖော်ထုတ်ခံလိုက်ရပါတယ် ပထမကားမှာ သေသွားတဲ့ ဂျက် ဝိုင်းလ်ဒါ တစ်ယောက်က တကယ်မသေသေးတဲ့ အကြောင်း.. အက်ဖ်ဘီအိုင် အေးဂျင့် ဒိုင်လန် ရုဒ်စ် ဟာ မြင်းစီးသမားအဖွဲ့ ဝင် တစ်ဦး ဖြစ်ကြောင်း ဖော်ထုတ်ခံရပြီးနောက် သူတို့တွေ ဝရုန်းသုန်းကားနဲ့ ပြေးကြရရင်း လူဆိုးတွေ ဆင်ထားတဲ့ ထောင်ချောက်ထဲ တည့်တည့် တိုးဝင်မိရင်း မကာအိုကို ရောက်သွားပါတော့တယ်မကာအိုမှာ သူတို့ ဘယ်သူနဲ့ တွေ့ ပြီး ဘယ်လို အစီအစဉ် ဘယ်လို လှည့်ကွက်တွေနဲ့ လူဆိုးတွေကို အနိုင်ပိုင်းမလဲ ဆိုတာရယ်…ဒိုင်လန်နဲ့ မြင်းစီးသမား အဖွဲ့ သားတွေ ရဲ့ စိတ်ဝင်စားစရာ ဟာမိုနီကျကျ အကွက်ကျကျနဲ့ နောက်ဆုံးမျက်လှည့် အကွက်အတွက် ဘယ်လိုတွေ ခေါ်ဆောင်သွားမယ်ဆိုတာကိုတော့….. Now You See Me 2 ဇာတ်ကားမှာ ဆက်လက် ကြည့်ရှု ပေးကြပါလို့…ဘာသာပြန်ဖို့ အတွက် ပါဝင်ကူညီပေးတဲ့ ကျော်ကျော်ဇင်ဖြိုး (Little Neo) နဲ့ ကောင်းမြတ်သူ(seniorkaung)ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်
နောက်ဆုံးထွက်ဇာတ်ကားလေးနဲ့တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်နဲ့ စွန့်စားခန်းတွေကြိုက်နှစ်သက်သူတွေအတွက်သဘောကျမယ့်ဇာတ်လမ်းလေးဖြစ်ပါတယ်အညွှန်းကတော့…လူတစ်စုဟာ နဂါးလိုဏ်ဂူထဲကနေနဂါးအရိုးစုမှတ်တမ်းကို ယူဖို့သွားရင်းသူတို့ရဲ့ပခုံးပေါ်မှာသရဲမျက်လုံးကျိန်စာအသီးသီးပေါ်လာကြတယ်…ဒီကျိန်စာပြယ်ပျောက်ဖို့ဆိုရင်နဂါးအရိုးစုမှတ်တမ်းနဲ့အတူမုချိန်ပုလဲလုံးကိုရမှသာကျိန်စာပြယ်ပျောက်နိုင်မဲ့နည်းလမ်းကိုရနိုင်မယ်..ဒီနဂါးအရိုးစုမှတ်တမ်းကနေမုချိန်ပုလဲလုံးလေးရှိရာနဂါးဝှက်တောင်ကိုဆက်ပြီးချီတက်ကြတယ်…ဒီခရီးလမ်းတစ်လျှောက်မှာဘယ်လိုအန္တရာယ်တွေကစောင့်ကြိုနေမှာလဲ..သူတို့နောက်ဆုံးမှာမုချိန်ပုလဲလုံးလေးကိုယူလာနိုင်ပါ့မလား..ရင်တစ်ထိတ်ထိတ်နဲ့စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်
မွန်းစတားလေးတွေနဲ့ စွန့်စားခန့်ဖွင့်တဲ့စိတ်ကူးယဉ်ကားတွေကို နှစ်သက်ပါသလား။ဒါဆိုရင် ဒီကားဟာ သင်တို့အတွက်ပါ။ဇာတ်လမ်းအကျဉ်းမှာတော့ ရေနံကုမ္မဏီကြီးတစ်ခုဟာ ရေနံတူးရင်းနဲ့မြေအောက်နက်တစ်နေရာက ရှေးဦးကုန်းနေရေနေသတ္တဝါဆန်းတွေ နေတဲ့နေရာကို တူးမိသွားပြီး အကောင်ဆန်းအချို့ မြေပေါ်ကို လွတ်လာခဲ့ပါတယ်။ဒါပေမယ့် ရေနံတူးခွင့်ပိတ်သွားပြီ စီးပွားရေးထိခိုက်မခံနိုင်တာကြောင့်မြေအောက်က သက်ရှိတွေရှိတဲ့အကြောင်းကို ဘယ်သူမှမသိနိုင်အောင်အဲဒီ သတ္တဝါဆန်းကြီးတွေကို နှုတ်ပိတ်ရှင်းလင်းဖို့ကြိုးစားပါတော့တယ်။လွတ်သားတဲ့ အကောင်လေးဟာ ကားဝါသနာအိုး ထရစ် နဲ့တွေ့ပြီးမိတ်ဆွေတွေဖြစ်လာခဲ့ပါတယ်။ ထရစ်ရဲ့ ကားအစုတ်ဟာလည်းသတ္တဝါလေးရဲ့ ထူးဆန်းတဲ့အစွမ်းကြောင့်ဘယ်ကားနဲ့မှ မတူတဲ့ ကားတစ်စီးဖြစ်လာခဲ့ပြီး သူတို့တွေပူးပေါင်းပြီး ရေနံကုမ္မဏီကဖမ်းထားတဲ့ အကောင်တွေကို ကယ်ဖို့နဲ့သူတို့အားလုံး အိမ်ကိုပြန်နိုင်ဖို့ ကြိုးစားကြပုံလေးပါ။
Mirai(2018)IMDb…..7.2,,,Rotten….92%”ကွန်” ဆိုတဲ့ ၄ နှစ်သားအရွယ်ကလေးလေးတစ်ယောက်၊ မိဘမေတ္တာတွေကို ပုံပြီးရနေတဲ့အချိန်မျိုးမှာမှ သူ့ဘဝထဲကို “မိရိုင်” ဆိုတဲ့ညီမလေးတစ်ယောက် ဝင်ရောက်လာတဲ့အခါ အဖေနဲ့အမေဆီကရနေကြ အာရုံစိုက်မှု အလိုလိုက်မှု စတဲ့ဂရုစိုက်ခံရမှုအားလုံးကလည်း ညီမလေးဖြစ်သူ “မိရိုင်”ဆီအလိုလိုရောက်ရှိသွားပါတယ်… ၄နှစ်သားအရွယ်ကလေးတစ်ယောက်ရဲ့ မနာလိုမှု ဝမ်းနည်းကြေကွဲရမှုတွေက ညီမလေး “မိရိုင်” ဆီ ဒေါသအဖြစ်ရောက်သွားပါတော့တယ်။ ဒီလိုမျိုး တစ်ယောက်တည်းအထီးကျန်နေတဲ့ “ကွန်” ဆီကို ညီမဖြစ်သူ “မိရိုင်” ကအနာဂတ်ကနေ လူငယ်အသွင်ရောက်ရှိလာတဲ့အခါ “ကွန်”တစ်ယောက်ဘယ်လိုထူးဆန်းမှုတွေရဲ့ကြုံလာရမလဲ “မိရိုင်” ကရော ဘာလို့အနာဂတ်ကနေ ရောက်လာရတာလဲ တစ်အိမ်လုံးရဲ့ဖူးဖူးမှုတ်ခံထားရတဲ့အချိန် ရုတ်တရက် လျစ်လျူရှုခြင်းခံလိုက်ရတဲ့ကလေးတစ်ယောက်ကရော အနာဂတ်မှာ ဘယ်လိုတွေဖြစ်လာမလဲ စတဲ့မေးခွန်းပေါင်းများစွာနဲ့ ဒါရိုက်တာ“Mamoru Hosoda” ရဲ့ ဇတ်ကားအသစ်ဖြစ်တဲ့ “Mirai” ဆိုတဲ့ ရုပ်ရှင်က အခုဆိုရင် Best Animation Film nomineeအဖြစ် ၉၁ ကြိမ်မြောက် Oscar ဆန်ကာတင်စာရင်းမှာလည်း ပါနေပါသေးတယ်…ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Megumiပဲဖြစ်ပါတယ်…
Director: Zack Snyder ရိုက်ကူးတင်ဆက်ထားပြီးJune 14, 2013 (USA) မှာ ရုံတင်ပြသခဲ့တဲ့ Super Man ဇာတ်ကားအသစ်ဖြစ်ပါတယ်…Super Man ဆိုတိုင်း ထူးမခြားနား ပုံစံအတိုင်းထူးဆန်းတဲ့ မိုးကောင်းကင်ကနေကျလာတဲ့ လူသားလေးကို ရိုးသားတဲ့ တောသူတောင်သူ လင်မယားကမွေးစားလိုက်တဲ့ ဇတ်လမ်းပါပဲဒါပေမယ့် ထူးခြားနေပါတယ်….Super Man ခေါ် ခါအလ် ရဲ့ မွေးဖွားခြင်းနဲ့ သူ နေထိုင်ရာ ဂြိုလ်ပျက်စီးခြင်းကိုတွဲမြင်ရမှာဖြစ်ပါတယ် ဂြိလ်ပြန်လည်တည်ထောက်ဖို့ ပင်မ သော့ကိုတော့Super Man ရဲ့ ဖခင် ဂျိုအယ် နဲ့ မိခင် လာရာ က သူ့သား ရဲ့ယဉ်ငယ်ကိုယ်ထဲကို ထည့်သွင်းပေးပြီးတော့ကမ္ဘာဂြိုလ်ဆီသို့ ယဉ်ငယ်လေးနဲ့ ပို့လွှတ်လိုက်ပါတယ်….အရင်လို မဟုတ်ပဲ ထူးခြားတာကတော့ Super Man ရဲ့ငယ်ဘ၀ မှာ လူတွေနဲ့ အဆင်မပြေနေထိုင်ခဲ့ရပါတယ်ကျနော်တို့ ထင်သလို ငယ်စဉ်ကတည်းက Hero လူစွမ်းကောင်းမဟုတ်ခဲ့ပါဘူးလူတိုင်းရဲ့ အထူးအဆန်းအဖြစ် ကြည့်ရှုမြင်နေမှုကိုရရှိခဲ့ရတာပါ…ဒီလိုနဲ့ တစ်ရက် ကျောင်းကား မတော်တဆ ဖြစ်ပြီး ရေနစ်တဲ့အချိန်မှာSuper Man က ရေထဲကနေ ကားကို ကုန်းပေါ်ပြန်တွန်းတင်ခဲ့ပါတယ်..ဒါကို မြင်လိုက်တဲ့ ကျောင်းသား အချို့က ပြန်ပြောပြတော့ မွေးစားဖခင်ကSuper Man ကို ခေါ်ပြီး ဘယ်သူ သေသေ ဒုက္ခရောက်ရောက်အစွမ်းကို ဘယ်တော့မှ ထုတ်မပြပါနဲ့လို့ ကတိတောင်းခဲ့တယ်…ဒီလိုနဲ့ Super Man လဲ တည်ငြိမ်စွာနဲ့ ဘ၀ ကို ဖြတ်သန်းလာပြီးနောက်လူပျိုပေါက်အရွယ်မှာပဲ မွေးစား အဖေ အမေ နဲ့ အတူ ခရီးထွက်လာရင်းလမ်းတဝက်မှာ လေမုန်တိုင်း ရုတ်တရက်ဝင်လာပါတော့တယ်…လူတွေကို သားအမိသားအဖ သုံးယောက်လိုက်ကူပြီး နေရာရွှေ့ပေးနေတဲ့အချိန်မှာပဲ ကားထဲမှာ ခွေးလေး ကျန်နေခဲ့လို့ ဖခင်ဖြစ်သူက သွားကယ်တဲ့အချိန်မှာပဲ ခွေးလေးကို ကယ်လို့ လွှတ်ပေးအပြီး လေမုန်တိုင်းက အဲ့ဒီနေရာကို ဝင်လာခဲ့ပါတော့တယ်အကာအကွယ်ရှိတဲ့နေရာကနေ ဖခင်ကိုကယ်ဖို့ ထွက်ဖို့လုပ်နေတဲ့ Super Man ကို ဖခင်က ခေါင်းတစ်ချက်ခါပြခဲ့တယ် မလာနဲ့ သား မင်းကတိကို မင်းတည်ပါ ဆိုတဲ့ အဓိပ္ပါယ်တစ်ခု သက်ရောက်နေခဲ့မှာပါ….ဒီလိုနဲ့ ဂြိုလ်ပျက်စီးခဲ့စဉ်က ထိန်းသိမ်းထားခဲ့တဲ့ သစ္စာဖောက်အကျဉ်းသားတွေလဲ Super Man ရဲ့ အနံ့ကို ခံပြီး ကမ္ဘာမြေပေါ် ရောက်လာတဲ့အချိန်မှာတော့…. ဇာတ်လမ်းက ပိုကြည့်လို့ကောင်းသွားပါပြီဆက်ပြောချင်ပေမယ့် အညွှန်းက ရှည်နေမှာဆိုးလို့ဘရိတ်ပါပြီ ကျနော် အကြိုက်ဆုံး Super Man ဇတ်ကားတစ်ခုပါလို့ညွှန်းဆိုပါရစေဗျာ…
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက လူသားမျိုးနွယ်နဲ့ တောင်ပံလူသားမျိုးနွယ်တို့ စစ်ပွဲတွေဆင်နွှဲခဲ့ကြပါတယ်။ ဒီလိုအငြိုးအတေးတွေနဲ့တိုက်ခိုက်မှုတွေရှိခဲ့ဲတဲ့အတွက်ကြောင့်တောင်ပံလူသားတွေဟာ သူတို့ရဲ့ အသက်ဖြစ်တဲ့ ကြယ်ကြွေပန်းကို ဆုံးရှူံးခဲ့ရပြီး မပျံသန်းနိုင်တော့တဲ့အထိဖြစ်ခဲ့ရပါတယ်။အဲ့ဒါကြောင့် တောင်ပံလူသားတစ်ဦးဖြစ်တဲ့ရွှယ်လျဲ့ဟာနာကြည်းမုန်တီးမှုရန်ငြိုးတွေကြောင့်ငါးမန်းပုလဲကို ရယူပြီး လူသားတွေရဲ့ ကမ္ဘာကို ပျက်စီးအောင် ကြိုးစားပါတော့တယ်။ အဲ့ဒါတွေကို ဓားပြကြီးနီခုံးခုံး၊ မိန်းမလှလေးတောင်ပံမည်းနဲ့ ဘုရင့်သားတော်ဟော့လိတို့စုပေါင်းပြီးတားဆီးရွယ်လျဲ့ကိုတားဆီးဖို့ကြိုးစားကြမှာပါ။ ဘယ်လိုတားဆီးကြမလဲဆိုတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကိုတော့ပရိသတ်တွေရင်သတ်ရှုမောစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အချစ်ရသအနေနဲ့ကတော့ဓားပြကြီးနီခုံးခုံးနဲ့ မိန်းမလှလေးတောင်ပံမည်းတို့ရဲ့ မေတ္တာရေးဇာတ်လမ်းကိုလည်းရိုမတ်တစ်ဆန်ဆန်လေးခံစားကြရမှာပါ။သူတို့ရဲ့တိုက်ပွဲကဘယ်လိုတွေတောင်ပြင်းထန်သွားမလဲ ဆိုတဲ့Action တွေ အချစ်ရေးဖြစ်တဲ့ Drama တွေကကောဘယ်လိုတွေရင်ခုန်မျှော်လင့်ကြရမလဲဆိုတာကတော့……
Kung Fu Panda ဆိုရင် မသိတဲ့လူမရှိသလောက်ပဲကမ္ဘာမှာအောင်မြင်ခဲ့တဲ့ဒီ Animation ကားလေးဟာMovie လောကမှာသာမက Game လောကမှာရော ဒိတ်ဒိတ်ကြဲကိုအောင်မြင်ခဲ့ပါတယ်။1 နဲ့ 2 ကို ကြည့်ရှုခဲ့ကြပြီး ဇာတ်လမ်းဆုံးသွားပြီထင်နေခဲ့တုန်းမှာပဲ 2015 ခုနှစ်ရဲ့ Movie review တွေမှာ စတင်ကြော်ငြာပါလာခဲ့တော့အရမ်းကိုမျှော်လင့်ပျော်ရွှင်စောင့်စားခဲ့ရတယ်။အခုတော့ ကျွန်တော်တို့အချိန် CM အချိန်ရောက်ခဲ့ပြီ။ဒီဇာတ်ကားဟာ အရင်ကားတွေထက်ပိုအောင်မြင်ခဲ့ပြီးIMDb rating 7.8/10 ထိရရှိအောင်မြင်ခဲ့ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကိုအနည်းငယ်ပဲပြောပြချင်ပါတယ်။ပိုရဲ့ ဆရာဖိုးဖိုးလိပ် ရဲ့ တိုက်ဖော်တိုက်ဖက် ကိုင် ဟာ ဝိညာဉ်ကမ္ဘာကသိုင်းဆရာတွေအားလုံးရဲ့ စွမ်းအင်တွေကို သိမ်းပိုက်ပြီးလူ့ပြည်ကိုပြန်ဝင်ရောက်လာပါတယ်။ ပြီးတော့ လူ့ပြည်ကဆရာတွေအားလုံးရဲ့ စွမ်းအင် ချီ တွေကိုပါ သိမ်းပိုက်လိုက်ပါတယ်။ဒါကို တားဆီးနိုင်ဖို့အတွက် ပို တစ်ယောက်လက်ရှိအင်အားနဲ့မဖြစ်နိုင်တော့ပါဘူး။သူကိုယ်တိုင် ချီရဲ့ အရှင်သခင် ဖြစ်အောင်လုပ်ရပါတော့မယ်။ဒီအဆင့်ကိုရောက်ဖို့ ဆရာလိပ်က နှစ် ၃၀ လောက် တရားထိုင်ခဲ့ရပြီးဆရာရှီဖူမှာလဲ အဲ့အစွမ်းတောင် မရှိသေးတဲ့အတွက် ပိုတစ်ယောက်လမ်းစပျောက်နေချိန်မှာ သူ့ရဲ့ပျောက်ဆုံးနေတဲ့ ဖခင်ကသူ့ကို ချီရဲ့လျို့ဝှက်ချက်တွေ သင်ပေးဖို့ဆိုပြီးပန်ဒါရွာကို ပြန်ခေါ်သွားပါတော့တယ်။ဘာတွေဆက်ဖြစ်လဲဆိုတာတော့ဒီMovie ကိုDownload ဆွဲပြီးသာဆက်ကြည့်ကြပါတော့
2017 မှာထွက်မယ့် Justice League ရုပ်ရှင်အတွက် မေးခွန်းတွေ စိတ်ထဲမှာ များနေတယ်ဆိုရင် ဒီဟာလေးကို ကြည့်ကြည့်လိုက်ပါ။ rating 7.3 ရထားပြီး အတော်လေးကောင်းတဲ့ animation ပါပဲ။ Batman နဲ့ GL တွေ့ဆုံခန်း၊ Cyborg ဖြစ်လာပုံ နဲ့ ရုပ်ရှင်ထဲမှာ မပါသေးမယ့် Shzam ကိုလည်း တွေ့ရပါလိမ့်မယ်။ ဗီလိန်ကလည်း Darkseid ဖြစ်ပြီး Parademon တွေပါတာမို့ အားလုံး ရင်းနှီးသွားပါလိမ့်မယ်။ ဒါ့အပြင် စူပါဟီးရိုးဖန်တွေတိုင်း အမှတ်တရဖြစ်ကျန်ခဲ့မယ် Darkseid ကို JL အကုန်ပေါင်းဆော်တဲ့ epic fighting scene လည်း ဒီကားထဲမှာ ပါဝင်နေပါတယ်။ ကြည့်ကြည့်လိုက်ပါ။
ပုံပြင်လေးတစ်ပုဒ် ပြောပြချင်တယ်ဗျာ့ ဟိုးရှေးရှေးတုန်းကပေါ့ မူဟီနာဂူရီလို့ ခေါ်တဲ့ မြို့လေးရဲ့ ဆေးရုံလေးတစ်ခုမှာ ကလေးငယ်တစ်ယောက် ဖွားမြင်လေခဲ့တယ်။ကလေးရဲ့ ကံဆိုးမှုလားပဲ သူ့ကို မွေးဖွားပြီး သိပ်မကြာခင်မှာပဲ အက်ဆီဒန့် တစ်ခုပြီး မိဘနှစ်ပါးလုံး သေဆုံးခဲ့ကြတယ်။သူ့ကို လာခေါ်မယ့်ဆွေမျိုးသားခြင်း ဘယ်သူမှ မရှိလေဘူး့ ဒီဆေးရုံလေးကပဲ သူ့ကမ္ဘာလေးဖြစ်ခဲ့ရတယ့်နှစ်တွေအလီလီ ဆေးရုံမှာ ဖြတ်သန်းနေထိုင်ရင်းတနေ့မှာတော့ ရထားပေါ်က ခုန်ချလိုက်တဲ့ လူတစ်ယောက်ကို မြင်သွားပြီး အပြေးသွားကြည့်တဲ့အချိန်မှာ အဲ့ဒီလူကြီးက ဒဏ်ရာတွေ အများကြီးနဲ့ သတိလစ်မေ့မျောနေတယ် ဒီလူကြီးသတိရလာတော့ ဆေးရုံပေါ်ရောက်နေပြီ ဘေးနားမှာ ကောင်လေးတစ်ယောက် ဆေးပုလင်းလာချိတ်ပေးတယ် ” မင်းနာမည် ဘယ်လိုခေါ်လဲ “ ဘာမှ မဖြေပဲ ကောင်လေးပြန်ထွက်သွားတယ်နောက်နေ့ ဆေးပုလင်းထပ်လာချိတ်ပေးတယ် “မင်းနာမည် ဘယ်လို ခေါ်လဲ” ထပ်မေးတယ် ကောင်လေးလှည့်ပြန်သွားလိုက်တယ် ဘေးနားက ဆရာဝန်မကြီးက ပြောမှ သိရတယ် ကောင်လေးက စကားထစ်နေလို့ စကားမပြောဘူးတဲ့စကားထစ်နေတဲ့ ကောင်လေးဟာ ဆေးရုံပေါ်က လူကြီး အကူအညီနဲ့ စကားပြောနိုင်ခဲ့တယ် သူပြောတဲ့ စကားလုံးတိုင်းဟာ သံစဉ်လေးတွေနဲ့ သီချင်သီဆိုနေသလိုပဲ ဒါဆို စကားမထစ်တော့ဘူးအဲ့ဒီအချိန်မှာ သိလိုက်ရတာ ကောင်လေး နာမည်က ဂျဂ္ဂ တဲ့သူဆေးရုံကို ပို့ပေးလိုက်တဲ့ လူကြီးက ကောင်လေးကို သံယောဇဉ်ဖြစ်ပြီး သားအဖြစ်မွေးစားဖို့ ခေါ်သွားလိုက်တယ်ပျော်ရွှင်နေတဲ့ ဂျဂ္ဂနဲ့ မွေးစာစအဖေရဲ့ ဘဝထဲကို ဒုက္ခဆိုးကြီးက ဝင်လာပါလေရောတစ်နေ့ ဂျဂ္ဂတို့သားဖကို ဘယ်ကမှန်းမသိတဲ့ လူတစ်စု လိုက်ဖမ်းပါလေရော ဖမ်းမမိတော့ စာလေးတစ်ဆောင် ချန်ခဲ့တယ့် အဲ့ဒီစာထဲမှာ ဘာတွေပါလဲ ဂျဂ္ဂတော့ မသိနိုင်ဘူးသူ့အဖေက သူ့ကို ကျောင်းတစ်ကျောင်းနဲ့ ဘော်ဒါ်ဆောင်တစ်ခုမှာ ထားခဲ့ပြီး ထွက်သွားလိုက်တော့တယ်ဂျဂ္ဂ ခမျှာ ဘာကြောင့်သူ့ကိုထားခဲ့တာလဲ ဆိုတဲ့ မေးခွန်နဲ့ပဲ ကျန်ခဲ့ရတယ် ငယ်ဗီဇအတိုင်း စူးစမ်းလိုစိတ်ပြင်းပြတဲ့ ဂျဂ္ဂတစ်ယောက် ဒီမေးခွန်းအတွက်အဖြေရှာဖို့ ကြိုးစားရင်း့မွေးစာ အဖေဆီက နှစ်စဉ် ကျောင်းစရိတ်နဲ့ မွေးနေ့အတွက် ဗီဒီယို တိပ်ခွေလေး တစ်ခုပဲ ရနေကျ့ဒီနှစ်မွေးနေ့မှာ အဖေ့ တိပ်ခွေလေးကို မျှော်ရင်း့ကျောင်းက ဆရာမတစ်ယောက်ရဲ့ သေဆုံးမှု့သူစိမ်း မိန်းကလေးတစ်ယောက်ရဲ့ ခြောက်ချခံလိုက်ရတဲ့ အဖြစ်တွေကို ကူညီရင်း ဂျဂ္ဂဂျာဆူး ဆိုတဲ့ စုံထောက်လေး ဂျဂ္ဂ ဖြစ်လာပါတော့တယ့်ဂျဂ္ဂ သူ့အဖေနဲ့ ပြန်တွေ့ရပါမလားး့ တိပ်ခွေလေးကော ရောက်လာပါ့မလား့ ဟိုမိန်းကလေးကရော ဘယ်သူလဲဆိုတာကိုတော့#ဇာတ်လမ်းလေးက ခပ်မြူးမြူးလေးနဲ့ Mystery / Adventure အမျိုးအစားဖြစ်လို့ ဘောလီဝုဒ် ကောင်းကောင်းတွေ မျှော်လင့်နေရင် လက်လွတ်မခံလိုက်ပါနဲ့။ပြီးတော့ မင်းသား ရန်ဘီးကပူးရ် စကားပြောလိုက်တိုင်း သံစဉ်လေးတွေနဲ့ဆိုတော့ လန်ထွက်နေတာပါပဲ။
With the world now aware of his dual life as the armored superhero Iron Man, billionaire inventor Tony Stark faces pressure from the government, the press and the public to share his technology with the military. Unwilling to let go of his invention, Stark, with Pepper Potts and James ‘Rhodey’ Rhodes at his side, must forge new alliances – and confront powerful enemies. 1080p BluRay 5.1 DTS Quality ဖြင့် Marvel Cinematic Universe (MCU) Collection ကိုစုပေါင်းတင်ဆက်ပါသည်။MCU ဇာတ်ကားအားလုံးကို https://channelmyanmar.org/category/marvel-universe/ မှာ Download နိုင်ပါသည်။++++++++++++++++++++++++++++ Marvel Cinematic Universe Intro=======================Marvel ထုတ်လုပ်ရေးမှ Marvel Cinematic Universe(MCU) ကို လွန်ခဲ့တဲ့ ၁၀ နှစ်က စပြီးတည်ဆောက်ခဲ့ပါတယ်။ ပထမဆုံး ဇာတ်လမ်းဖြစ်တဲ့ Iron Man-1 နဲ့ဖြစ်ပါတယ်။ နောက်ဆုံးအပိတ်ကတော့ Endgame (2019) ဖြစ်ပါတယ်။Marvel Universe မှာ Infinity Stone လို့ ခေါ်တဲ့ စွမ်းအား အကြီးဆုံး ကျောက်တုံး(၆) လုံးရှိပါတယ်။ အဲဒီကျောက်တုံးတွေဟာ စကြဝဠာအနှံ့မှာ ပြန့်ကျဲနေတယ် ဆိုပါတော့။ ကျောက်တုံးတစ်တုံးချင်းစီမှာ သီးခြားအစွမ်းတွေ ရှိပြီး သာမာန်လူတွေ ကိုင်တွယ်သုံးစွဲဖို့ မဖြစ်နိုင်သလောက်ပါပဲ။ Infinity War ရဲ့ အဓိက ဗီလိန်ဖြစ်တဲ့ Mad titan လို့ခေါ်ကြတဲ့ Thanos က ဒီကျောက်တုံးတွေကို စုစည်းပြီး စကြဝဠာကို သူ့သဘောအတိုင်းဖန်တီးဖို့ကြိုးစားပါလိမ့်မယ်။ ဒါကို Avengers( Captain America, Iron Man, Hulk, Thor, Black Widow, Hawkeye, Vision,Scarlet Witch,Antman,Falcon) တို့နဲ့ Spiderman, Doctor Strange, Black Panther, Guardians of the Galaxy အဖွဲ့တို့ ပူးပေါင်းတားဆီးကြရင်း ဖြစ်လာတဲ့ စစ်ပွဲပါ။Infinity Stones 6 လုံးရဲ့ တည်နေရာတွေကတော့၁. Space Stone aka Tesseract (Blue) (Captain America: the first avenger ဇာတ်ကားမှာ နာဇီတွေဆီက လုယူရတဲ့ ကျောက်တုံးဖြစ်ပြီး Avengers ဇာတ်ကားမှာ လိုကီက ဂြိုလ်သားတွေကို ကမ္ဘာကိုခေါ်ဖို့ ဝင်ပေါက်ဖွင့်တဲ့နေရာမှာ အသုံးပြုခဲ့ပါတယ်၊ လက်ရှိကတော့ Asgard ဂြိုလ်ပေါ်မှာ သိမ်းဆည်းခဲ့ရင်း Thor: Ragnarok ကားအဆုံးမှာ လိုကီ ခိုးယူခဲ့တာကို တွေ့ရမှာပါ)၂။ Reality Stone aka Aether (Red) ( စကြဝဠာကို Big Bang မတိုင်ခင်အထိတောင် ပြန်ပြောင်းပစ်နိုင်ပါတယ်။ Thor 2: The Dark World မှာ ပါလာခဲ့ပြီး နောက်ဆုံး credit scene မှာ Collector ဆိုသူဆီမှာ သိမ်းဆည်းထားပါတယ်)၃။ Power Stone (Purple Orb) ( ဂြိုလ်တစ်ခုလုံးကို အသာလေးဖျက်ပစ်လို့ရတဲ့ raw power တွေပါပါတယ်။ Guardian of the Galaxy 1 မှာ ပါဝင်ခဲ့ပြီး Xander က Nova Corps စစ်တပ်လက်ထဲမှာ သိမ်းဆည်းထားပါတယ်။)၄။ The Time Stone ( The Eye of Agomotto, Green) ( အချိန်ကို လိုသလိုအသုံးချနိုင်ပါတယ်။ Doctor Starnge ဇာတ်လမ်းမှာ ပါဝင်လာပြီး လက်ရှိ ဒေါက်တာ စထ်ရိန့်က စောင့်ရှောက်ထားပါတယ်)၅။ Mind Stone (Yellow) ( ဉာဏ်ရည်ကို မြှင့်တင်ခြင်းနဲ့ စိတ်ညို့ခြင်းတွေ ပြုလုပ်နိုင်ပါတယ်။ Avengers 1 မှာ ပါဝင်ခဲ့ပြီး လက်ရှိ Vision ရဲ့ နဖူးထဲမှာ မြှပ်ထားတာပါ)၆။ Soul Stone (Orange) ( သက်ရှိ သက်မဲ့ အခြေအနေတွေကို ထိန်းချုပ်နိုင်ပါတယ်။ Planet Vormir မှာရှိပါတယ်။ )အဆိုပါ ကျောက်တုံး ၆ တုံးကို သုံးနိုင်ဖို့ Infinity Gauntlet ဆိုတဲ့ လက်အိတ်ကို လိုပါတယ်။ အဲဒီလက်အိတ်ကိုတော့ Thanos ပိုင်ဆိုင်ထားပါတယ်။ ဒီလောက်ဆို Marvel Universe ကိုကြည့်ဖို့ အကြမ်းဖျဉ်းလုံလောက်ပြီ ထင်ပါတယ်။
ဒီနေ့ခေတ်လူသားတွေရဲ့ အသက်ရှင်နေထိုင်ပုံ စားသောက်ပုံနဲ့အသုံးအဆောင်ပစ္စည်းတွေဟာကျွန်တော်တို့ရဲ့ကမ္ဘာမြေကြီးကိုများစွာ ထိခိုက်ပျက်စီးစေပါတယ်ဒီဇာတ်ကားက လူသားအများစုဟာ ပျက်စီးနေပြီဖြစ်ပြီးအဆိပ်သင့်နေတဲ့လေထုကြောင့် လူသားတွေ နေထိုင်လို့မရတော့ဘူးယာယီ လွန်းပျံယာဉ်တွေအသုံးပြုပြီး အာကာသထဲထွက်ကာလူနေလို့ရမဲ့ ဂြိုလ်ကို စူးစမ်းရှာဖွေနေကြပါတယ် ဒါပေမဲ့လည်း ဆမ်ဝယ်လ်ဒန် တစ်ယောက်ကတော့ သူ့အဖေရဲ့ထင်မြင်ချက် မှန်ကန်တယ်ဆိုတာကိုသက်သေပြဖို့ကမ္ဘာမြေမှာ ကျန်ရစ်ခဲ့ပြီး သုတေသနဆက်လုပ်ကာပြောင်းလဲသွားတဲ့ ကမ္ဘာမြေကြီးမှာ လူသားတွေပြန်လည်ရှင်သန်ရပ်တည်နိုင်ဖို့ နည်းလမ်းတွေရှာဖွေနေတဲ့အကြောင်းရိုက်ကူးထားတာဖြစ်ပါတယ်
ငယ်ငယ်တုန်းကစွဲလမ်းခဲ့ရတဲ့ အိပ်ယာဝင်ပုံပြင်တွေကိုအကုန်ချိတ်ဆက်ပြီးစိတ်ကူးယဉ်မိတဲ့အခိုက်အတန့် အားလုံးရဲ့ကလေးဘဝမှာ ရှိခဲ့ဖူးကြမှာပါ။ဒီလိုအချိတ်အဆက်မိမိ Fairytalesတွေကို ဇာတ်လမ်းကျောရိုးတစ်ခုထဲမှာ ပေါင်းစုဖို့ဆိုတာလွယ်တော့မလွယ်ပေမယ့် ဒါကပဲ ဒီကားလေးရဲ့ထူးခြားချက်လို့ပဲပြောပါရစေ။Johny Deep,Anna Kendrick,Emily Bluntစတဲ့နာမည်ကျော်တွေအများအပြား ပါဝင်ထားတဲ့ ဒီကားလေးကတော့ မှော်ဆန်ဆန်ကားလေးတွေကို သဘာဝကျကျကြည့်ချင်သူတွေအဖို့တော့အံကိုက်ပါပဲ။Musical Dramaသဘောမျိုးလေးလဲပါလို့ မပျင်းမရိမြူးမြူးကြွကြွကြည့်ရှုခံစားရမှာပါ။
IMDb Rating (8.8/10)Rotten Tomatoes (86%)ဒီကားကို စကြည့်တုန်းက သူ့ဘာပြောချင်တာလည်း ဆိုတာ ချက်ချင်း သဘောမပေါက်ဘူး – မပေါက်ဆို ကိုယ်တွေ နေ့စဉ် ဖြတ်သန်းတွေ့ထိနေတဲ့ အတွေးအခေါ်တွေနဲ့ လုံးလုံးကို တူမှ မတူတာ – နောက်ပိုင်းကို ရောက်သွားတော့မှ တဖြေးဖြေး သဘောပေါက်လာတယ် – ခုဆို ပြန်ကြည့်တာ လေးခေါက်မြောက်သွားပြီ – ဘာရယ်တော့ မဟုတ်ဘူး – သူတို့ရဲ့ အတွေးနဲ့ ဖန်တီးနိုင်စွမ်းကို သဘောကျမိလို့ပါ – ကိုယ်မတွေးမိတဲ့ အတွေးကို သူတို့တွေးမိတယ် – မဖြစ်နိုင်ဘူးလို့ လူတိုင်း သိထားတဲ့ စိတ်ကူးတစ်ခုကို တစ်ခြားသူတစ်ယောက်ဆီ လက်ဆင့်ကမ်းတဲ့ အချိန်မှာ အဲ့ဒီလူ မှင်သတ်လက်ခံနိုင်အောင် ပုံဖော်ပြတဲ့ ရိုက်ချက်တွေက အကွက်စေ့လွန်းတယ် –လူတစ်ယောက်ရဲ့ စိတ်ကူးထဲမှာ ရှိနေတဲ့ Idea ကို အိပ်မက်ဖြစ်ရပ် တစ်ခုအဖြစ် ဖန်တီးပြီး ခိုးဝင်တူးဖော်ကြသတဲ့ – အဲ့ထက် ပိုအံ့သြဖို့ ကောင်းတာက အိပ်မက် ဖြစ်ရပ် တစ်ခုထဲမှာပဲ နောက် အိပ်မက် တစ်ခုရှိရာ – ( Dream state တစ်ခုကနေ နောက် Dream state တစ်ခုဆီ ) ဆက်ကူးသွားကြတာ – Dream state တစ်ခုကနေ နောက် Dream state တစ်ခုဆီ ကူးတယ်ဆိုတာ မြန်မာလို နားလည်လွယ်အောင် ပြောရရင် အိပ်မက်တစ်ခုထဲမှာပဲ နောက်အိပ်မက်တစ်ခု ဆက်မက်ကြတာမျိုးပေါ့ – Dream state တစ်ခုကနေ နောက် Dream state တစ်ခုဆီ ကူးတဲ့ အချိန်မှာလည်း နောက် Dream state တစ်ခုဆီ ကူးသွားတဲ့ လူတွေကို လက်ရှိ Dream state ရှိရာဆီ ပြန်ခေါ်ဖို့ လူတစ်ယောက်ဆီ ချန်ခဲ့ရတယ် – လက်ရှိ Dream state မှာ ထိန်းမထားနိုင်တဲ့ အခြေအနေ တစ်ခုခု ရှိလာရင် နောက် Dream state တစ်ခုမှာ ရောက်နေတဲ့ သူတွေကို လက်ရှိ Dream state ရှိရာဆီ ပြန်ရောက်လာဖို့ ကျန်ခဲ့တဲ့ သူက အားလုံးကို kick လုပ်ရတယ် – ( kick လုပ်တယ် ဆို နောက် Dream state တစ်ခုဆီ ဆင်းသွားတဲ့ သူတွေကို လက်ရှိ Dream state ကို ပြန်ခေါ်တော့မယ်လို့ အသိပေးတာမျိုးပေါ့ ) နောက်ပြီး အဲလို kick လုပ်တော့မယ် ဆိုတာကိုလည်း နောက် Dream state တစ်ခုမှာ ရောက်နေတဲ့ သူတွေကို လက်ရှိ Dream state မှာ ကျန်ရစ်ခဲ့တဲ့ သူက Music ဖွင့်ပြီး အသိပေးရတယ် – အဲမှာ ချွင်းချက် ရှိသွားတာက Dream state သုံးဆင့် ရှိတယ် ဆိုရင် ပထမဆုံး Dream state မှာ ကျန်ခဲ့တဲ့ သူက kick လုပ်လို့ မရဘူး – အဆင့်တစ်ဆင့်ချင်းမှာ ပြန်ခေါ်ဖို့ ကျန်ခဲ့တဲ့ သူတွေက နောက်ဆုံး အဆင့်မှာ ရောက်နေတဲ့ သူတွေအားလုံးကို သက်ဆိုင်ရာ Dream state ဆီ ပြန်ရောက်လာအောင် ခေါ်ပြီးမှ kick ရတယ် –ကားထဲမှာ လီယိုနာဒို က Dream state တစ်ခုကို ဖွဲ့စည်းတဲ့ အဖွဲ့ရဲ့ ခေါင်းဆောင်ပေါ့ – သူက အိပ်မက်ကို ဖန်တီးတယ် – အိပ်မက်ထဲက ဇာတ်ကောင်တွေကို ဖန်တီးတယ် – ဒါပေမယ့် အဲ့ဒီ့ အိပ်မက်ကို အကွက်ချဖို့ကိုကျတော့ Architect တစ်ယောက် သပ်သပ်ထပ်ပါတယ် – သူ့လောက်နီးပါးတော်တဲ့ ကောင်မလေးတစ်ယောက်ပေါ့ – ဇာတ်ကားထဲက ဒီအောက်က နေရာမှာ လီယိုနာဒိုက Dream state တစ်ခု ဖွဲ့စည်းတဲ့သဘောတရားကို ရှင်းပြနေတာ – လီယိုနာဒို က ဒီ Dream state တစ်ခု ဖွဲ့စည်းတဲ့သဘောတရားကို သူ့ ဇနီးကိုရင်းပြီး လေ့လာခဲ့တာ – ရလာဒ်ကတော့ ဆိုးသွားတယ် – သူ့မိန်းမက Dream state နဲ့ Reality ကို ကွဲကွဲခြားခြား မသိတော့ဘူး – Dream state နဲ့ Reality ကို ခွဲခြားနိုင်တဲ့ totem ဆိုတာလေးကို သူ့မိန်းမကို လီယိုနာဒို က ပေးထားပေမယ့် သူ့ဇနီးက အဲတာလေးကို သော့ခေတ် သိမ်းထားလိုက်ပြီး Dream state နဲ့ Reality ရဲ့ ကွာခြားချက်ကို မစမ်းဖြစ်ခဲ့ဘူး – အဲ့မှာ သူတို့ နှစ်ယောက်လုံး Dream state ကို Reality နဲ့ အထင်မှားသွားတယ် – ( totem ဆိုတာလေးက သူ့ကို လှည့်လိုက်ရင် Dream state ထဲမှာဆို Gravity မရှိလို့ ဘယ်တော့မှ လဲ မသွားဘူး – လက်တွေ့ဘဝမှာ လှည့်လိုက်ရင် လဲတယ် – အဲတာလေးကိုလှည့်ပြီး သူတို့က ငါတို့ Dream state မှာလား Reality မှာလား ဆိုတာ ခဲြွခားကြတာ ) သူ့မိန်းမက Dream state ကိုပဲ Reality ထင်နေတာ – ဒါကို နောက်ပိုင်း လီယိုနာဒို က totem လေးလိုက်ရှာ ပြန်စစ်ကြည့်ပြီး သိသွားတော့ ငါတို့ ရောက်နေတာ Dream state ဆိုပြီး သူ့မိန်းမကို ပြောပြ – လက်တွေ့ဘဝကို ပြန်ခေါ်တော့မှ သူတို့နှစ်ယောက်လုံး Dream state ကနေ ပြန်ထွက်လာကြတယ် – ဒါပေမယ့် ခက်သွားတာ လီယိုနာဒို က Dream state နဲ့ Reality ကို ခွဲခြား သိပေမယ့် သူ့ဇနီးက လက်တွေ့ဘဝကို ရောက်နေတာတောင် သူ့ကိုယ်ကိုယ်သူ Dream state ဘဝမှာပဲ ရှိနေသေးတယ် ထင်ပြီး သူ့ကလေးတွေဆီ ပြန်ချင်တဲ့ ဇောနဲ့ လက်တွေ့ဘဝကို ပြန်မယ် ဆိုပြီး တိုက်ပေါ်က ခုန်ချပြီး သေသွားတယ် –ဒီကားက ပထမစကြည့်ရင် တော်တော်ရှုပ်မယ် – ဘာလို့လည်း ဆို ကိုယ်နေ့တိုင်း ဖြတ်သန်းကြုံတွေ့နေရတဲ့ အတွေးအခေါ် မျိုးနဲ့ ဖွဲ့စည်းထားတာ မဟုတ်လို့ – ဒါပေမယ့် သူဖော်ပြချင်တဲ့ သဘောတရားကို သိရင် တော်တော်ကြိုက်သွား လိမ့်မယ်။ သြော် နောက်တစ်ချက် ရှိသေးတယ် – အဲတာကတော့ ကားထဲမှာ လီယိုနာဒို ပြောသွားတဲ့ စကား –” In a dream your mind functions more quickly, therefore time seems to feel more slow. ”ဆိုလိုတာက ကျွန်တော်တို့တွေ အိပ်မက် မက်ကြတဲ့ အခြေအနေ တစ်ခုမှာ စိတ်ရဲ့ လှုပ်ရှားမှုက ပိုပြီး မြန်ဆန်တယ် – ဥပမာ ရန်ကုန်ကနေ ကျိုင်းတုံ သွားမယ် – အပြင်မှာဆို လေယာဉ်နဲ့ သွားရင်တောင် တစ်နာရီခွဲလောက် အချိန်ပေးရင် ပေးရမယ် – အိပ်မက်ထဲမှာကျတော့ seconds ပိုင်းအတွင်း ရောက်နိုင်တယ် – ဒါကြောင့်မို့ In a dream your mind functions more quickly လို့ သူက ပြောတာ – အဲလို mind functions က ပိုမြန်သွားတော့ ဘာထူးခြား သွားလဲ ဆိုရင် real world မှာ ၅ မိနစ်ရတဲ့ အချိန် တစ်ခုက dream state ထဲကို ရောက်သွားရင် တစ်နာရီလောက် ပို အချိန်ရသွားတာနဲ့တူသွားတယ် – ဒါကိုပဲ Five minutes in the real world gives you an hour in the dream. ဆိုပြီး ပြောသွားတာ – ဒီ သဘောတရားကို ဒီဇာတ်ကားက အပြည့်အဝ အသုံးချသွားတယ် – ဒါကို မချိတ်ဆက်မိရင်ပဲ ဖြစ်ဖြစ် အပေါ်မှာ ဖော်ပြခဲ့တာတွေကို နားမလည်ခဲ့ရင် ဖြစ်ဖြစ် ဒီဇာတ်ကားရဲ့ အနှစ်သာရကို ဘယ်လိုမှ သဘောမပေါက်နိုင်ဘူး –နောက်ဆုံး ပြောချင်တာကတော့ Inception ဇာတ်ကားဟာ တော်တော်ကောင်းပါတယ် – ကြည့်စေချင်ပါတယ် – သာမန်နဲ့ မတူတဲ့ အတွေးအခေါ်သစ်ထဲ ကို ဆွဲခေါ်သွားမယ့် ဇာတ်ကားကောင်း တစ်ခုကို ခံစားကြည့်ကြပါဦး – မောင်ဇင်။(ရုပ်ရှင်အညွှန်းကို techsectors.blogspot.com မှကူးယူဖော်ပြပါသည်။)တကယ်လို့ပိုသိချင်တာများရှိသေးတယ်ဆိုရင် http://www.datshin.com/special/inception-explained/ မှာသွားရောက်ဖတ်ရှုလို့ရပါတယ်။
<p>The Lego Movie 2: The Second Part (2019)အားလုံးသဘောကျကျတဲ့ lego တုံးလေးဇာတ်ကောင်တွေနဲ့ရိုက်ကူးထားတဲ့ဇာတ်ကားလေးရဲ့ ဒုတိယမြောက်ကားလေးပဲဖြစ်ပါတယ်။ဒီကားလေးမှာတော့ အမ်နက်ဆိုတဲ့ အရာရာကိုအကောင်းမြင်တတ်တဲ့စိတ်ရှိသူလေးတစ်ယောက် သူတို့ရဲ့ကမ္ဘာကို ဒပ်ပလိုဂြိုလ်သားတွေလာရောက်တိုက်ခိုက်တဲ့နေရာကနေစတင်ထားပါတယ်။အရာရာမှာအကောင်းမြင်စိတ်ရှိပြီးတော့သဘောကောင်းတဲ့သူလေးဆိုတော့ငါတို့တွေက
သူငယ်ချင်းတွေပါဘာညာပြီးတော့စကားလေးနဲ့ဖောပြီးတော့ပြေငြိမ်းမယ်ကြံတာဟိုကလဲမရပါဘူး ဖိုက်ခံရတာပါပဲ။ဒီလိုနဲ့ သူတို့ကမ္ဘာမှာအရာအားလုံးပျက်သုဉ်းနီးပါးဖြစ်နေတဲ့အချိန်မှာသူ့ရဲ့သူငယ်ချင်းတွေကို စင်စတာအဖွဲ့အစည်းကဖမ်းခေါ်
သွားပါလေရော။ဒီတော့ အမ်နက်တစ်ယောက် သူ့သူငယ်ချင်းတွေနောက်ကိုကယ်တင်မယ်ဆိုတဲ့စိတ်နဲ့အာကာသယာဉ်လေးဆောက်ပြီး အမှီလိုက်ပါတော့တယ်။ဆိုတော့ အမ်နက်တစ်ယောက်သူငယ်ချင်းတွေကို ကယ်တင်နိုင်ပါ့မလားသူ့
သူငယ်ချင်းတွေကိုရော စင်စတာ အဖွဲ့အစည်းကဘာကြောင့်ခေါ်ဆောင်သွားရတယ်ဆိုတာကိုဆက်လက်သိရှိဖို့အတွက် ဇာတ်ကားကိုဆက်ပြီးတော့ ကြည့်လိုက်ရအောင်နော်။Legoဆိုတဲ့အတိုင်းဇာတ်ကောင်လေးတွေကတော်တော်လေးကိုချစ်စရာကောင်းတဲ့အပြင်ဘတ်မန်းရဲ့ပုံစံကတကယ့်ကိုအသဲယားစရာလေးပါ(ကိုယ်တိုင်လဲချစ်လို့နေမှာပေါ့နော် ဟီး..ဟီးး..)</p>
<p>ဒီကာတွန်းကားလေးကတော့ အံ့သြဖွယ်ရာတွေနဲ့ ပြည့်နှက်နေတဲ့ ဝမ်းဒါးလန်းဆိုတဲ့ ပန်းခြံလေးအကြောင်း တင်ဆက်ထားတာပဲဖြစ်ပါတယ် ဂျွန်ဘယ်လီဆိုတဲ့ကလေးမလေးက စိတ်ကူးပုံဖော်တဲ့နေရာမှာ အရမ်းကို ဉာဏ်ကောင်းပြီး အိုင်ဒီယာအသစ်အဆန်းတွေထွက်တတ်ပါတယ် သူ့အမေရယ် သူ့မျောက်ကလေး ပီးနပ်ရယ်နဲ့ ကစားကွင်းကြီးဖန်တီးတိုင်း တူတူဆော့နေကြပါပဲ</p>
<p>ကစားကွင်းပုံစံငယ်လေးတောင် အိမ်မှာဆောက်ထားတဲ့အထိ ခိုင်ခိုင်မာမာစွဲနစ်ဆော့ခဲ့တာပါ ဒါပေမယ့်တစ်နေ့မှာတော့ သူ့မိခင်နေမကောင်းတဲ့အတွက် အဝေးမှာ ဆေးကုသမှုခံယူရပါတော့တယ် အဲဒီအခါမှာပဲ သူ့အမေကိုဆုံးရှုံးရမှာကြောက်စိတ်နဲ့ ပန်းခြံကိုလည်းဂရုမစိုက်နိုင် မဆော့နိုင်ဘဲ ပစ်ထားလိုက်မိပါတော့တယ် စိတ်ကူးထဲကကစားကွင်းလေးဆိုပေမယ့် အမှတ်မထင် အဲဒီကစားကွင်းက အပြင်မှာရှိနေခဲ့မှန်း..
သူ့အရုပ်လေးတွေ အသက်ရှိနေခဲ့မှန်းကို သူသိသွားခဲ့ရပြီး ကစားကွင်းကြီးပျက်စီးတော့မယ့်ကိန်း သူ့အရုပ်လေးတွေ သေရတော့မယ့်ကိန်း ဆိုက်နေတာကိုလည်း သူမြင်တွေ့လိုက်ရပါတော့မယ် ဘာတွေဖြစ်နေမှန်းမသိဘဲ ဒီကစားကွင်းကြီးတစ်ခုလုံးကို သူ့အနေနဲ့ ပြန်လည်ကယ်တင်ရပုံကို
ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ် ကာတွန်းကားဆိုပေမယ့် အချိတ်အဆက်မိမိနဲ့ သူငယ်ချင်းသံယောဇဉ်တွေ ယုံကြည်မှုတွေ ချစ်ခြင်းမေတ္တာတွေကိုပါ ထည့်ပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ်</p>
<p>The Kid(2019)IMDb….6.2မိဘဆိုတာ တုနှိုင်းမဲ့တဲ့မေတ္တာတရားရှိကြလို့ အနွေးထွေးဆုံးသောအရိပ်အဖြစ်တင်စားကြတယ်…. သို့ပေမယ့် နေရာတိုင်းမှာ ချွင်းချက်ဆိုတာရှိသလို အချို့သောမိဘတွေကြတော့လည်း
အထူးသဖြင့် ဖခင်ဖြစ်သူဟာ မိန်းမကိုအားတိုင်းနှိပ်စက် သားသမားတွေကို ညှင်းပန်းတတ်ကြတဲ့ လူသားမဆန်လွန်းတဲ့သူမျိုးတွေရှိကြတယ်…. ဒီလိုဖခင်မျိုးရှိတဲ့မိသားစုအဖို့တော့ တကယ့်လောကငရဲပါပဲ….. ရီယိုတို့မောင်နှမ (၂)ယောက်လုံးအတွက်လည်း အထက်ကပြောသလို ဖခင်မျိုးပိုင်ဆိုင်ထားရလေတော့ နေ့စဉ်အမျှတကယ့်ငရဲခန်းပါပဲ…. တစ်နေ့တော့ မိခင်ကို နှိပ်စက်လွန်းတဲ့ဖခင်ကိုမမျှော်လင့်ဘဲ ရီယိုဟာ သတ်မိသွားတယ်….. ဒီလိုနဲ့ ဒီ
မောင်နှမ (၂)ယောက်ဟာ အိမ်ကနေထွက်ပြေးခဲ့တယ်…. ဖခင်ရဲ့ညီဖြစ်သူကလည်း အမဲလိုက်သလို သူတို့ မောင်နှမ(၂)ယောက်နောက်ကိုလိုက်ပါတော့တယ်…. ဒီမောင်နှမ (၂)ယောက် လွတ်မြောက်မလား
…ထွက်ပြေးစဉ်အတွင်း ဘယ်လိုအခက်အခဲတွေကြုံရမလဲ…. ရာဇဝတ်သားတွေပေါ်လွန်းတဲ့ခေတ်ဖြစ်တဲ့အပြင် ပြသနာတစ်ခုကြုံတိုင်း သေနတ်ဖောက်ပြီးဖြေရှင်းတဲ့ခေတ်မို့ သူတို့ဘယ်လိုကြုံရမလဲ….. တခြားကောင်းဘွိုင် ဂိုဏ်းအဖွဲ့တွေနဲ့ရော ကြုံရမှာလား…ခံစားကြည့်လိုက်ပါဦး…</p>
<p>90’s born အစောပိုင်း ကလေးတွေ ကာတွန်းကားအဖြစ် ခဏခဏ ပြန်ကြည့်ပြီး အသည်းစွဲကြိုက်ခဲ့ရသလို၊ အရမ်းချစ်စရာကောင်းတဲ့ 1941 ခုနှစ်ကထွက်ထားတဲ့ Disney’s Dumbo ကိုအခြေခံပြီး ယခုလက်ရှိမှ
ာတော့ ဒါရိုက်တာ Tim Burton ကနေပြန်လည်အသက်သွင်းထားပါတယ်။1941 ခုနှစ်တုန်းက Dumbo ကားဟာ ကာတွန်းအနေနဲ့အောင်မြင်မှုတွေရယူခဲ့ပြီး ယခု Dumbo (2019) ဇာတ်ကားကိုတော့ 3D Animation ရယ် Human Characters တွေရယ် ပေါင်းစပ်ထားပြီး Live Action အနေနဲ့</p>
<p>Walt Disney Studios Motion Pictures ကနေ ဇာတ်လမ်းအတွက် US 170 milion လောက်ကို သုံးထားပြီး ရိုက်ကူးဖြန့်ချီထားတယ်လို့လည်းသိရပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Colin Farrell, Michael Keaton,
Danny DeVito နဲ့ Eva Green တို့က အဓိကပါဝင်ထားပြီး ဇာတ်လမ်းကြာချိန်ကတော့ 112 minutes လောက် ကြာမြင့်မှာဖြစ်တဲ့ စိတ်ကူးယဉ်ဆန်ဆန် ဇာတ်ကားလေးပဲဖြစ်ပါတယ်။</p>
<p>Dumbo လေးကို အမှတ်မထင်ရထားပေါ်မှာတွေ့မိပြီး မွေးကတည်းက နားရွက်ကလေးက ကြီးနေလို့ အထူးအဆန်း ဆင်ပေါက်ကလေးအနေနဲ့ မိခင်နဲ့ခွဲခံရကာ ဆပ်ကပ်အဖွဲ့ထဲရောက်ခဲ့ရပါတယ်။</p>
<p>အဲ့အချိန်မှာ Dumbo လေးက သူ့ဟာသူရော ဘယ်သူကမှပါ ပျံသန်းတတ်တာမသိကြသေးပါဘူး… Dumbo လေးက ချစ်စရာလေးမို့ကလေးလေးတွေနဲ့ဆော့ရင်း မတော်တဆပျံသန်းမိခဲ့သလို့ဖြစ်ခဲ့ရာကနေ Dumbo ရှိတဲ့ဆပ်ကပ်လေးက လူသိများလာတဲ့အခါ…ဆပ်ကပ်အဖွဲ့ရဲ့နောက်ကွယ်ဇာတ်လမ်းတွေအပေါ်မှာ Dumbo လေး ဘာတွေဆက်ဖြစ်သွားမယ်ဆိုတာကိုတော့။</p>
mmbusticketရူဒီဒွန်ကန်နဲ့ နစ်ခ်ဟာ တစ်ခန်းတည်း အတူကျနေသလို လွတ်ရက်ကလဲ နှစ်ရက်လောက်ပဲလိုတော့တဲ့ အခန်းဖော် အကျဉ်းသား
သူငယ်ချင်းနှစ်ယောက်ပါ။ ထောင်ကနေလွတ်တဲ့အခါ ရူဒီက မွေးရပ်မြေကိုပြန်ပြီး သူ့အဖေနဲ့ ဘောလုံးပွဲကြည့် ခရစ်စမတ် ညစာစားဖို့
စိတ်ကူးယဉ်သလို နစ်ခ်ကလဲ သူနဲ့ လူချင်းမတွေ့ဖူးပဲ စာတွေနဲ့ပဲ ရင်းနှီးနေတဲ့ မိန်းမလှလေး အက်ရှ်လေနဲ့ တွေ့ဆုံ ဘဝခရီးဆက်ဖို့ မျှော်လင့်ထားပါတယ်။
သူ့အခန်းနံရံတွေပေါ်မှာလဲ အက်ရှ်လေ ပုံတွေချည်းပါပဲ။
တကယ်တမ်းထောင်ကလွတ်ဖို့ ရက်ပိုင်းအလိုမှာတော့ ထောင်တွင်းအကြမ်းဖက်မှုတစ်ခုမှာ ရူဒီကိုယ်စားဝင်ခံရင်း နစ်ခ် အသက်ဆုံးရှုံးခဲ့ရတယ်။
ရူဒီ ထောင်ကအထွက် နစ်ခ်ကိုလာကြိုနေတဲ့ အက်ရှ်လေ အလှမှာ မိန်းမောရာကနေ နစ်ခ်အယောင်ဆောင်ဝင်ရောမိပါတော့တယ်။
သူ ပျော်ရွှင်နေသေးလို့မဝခင်မှာပဲ လက်နက်ကိုင် လူတစ်စုက သူတို့တည်းခိုတဲ့အခန်းကို ဝင်စီးပြီး သူနဲ့အက်ရှ်လေကို ဖမ်းခေါ်သွားတဲ့အချိန်ကျမှ သိလိုက်ရတာက
နစ်ခ်နဲ့ အက်ရှ်လေဟာ ထောင်ကလွတ်ရင် နစ်ခ် အရင်က အလုပ်လုပ်ဖူးတဲ့
ကတ်စီနို တစ်ခုကို ဝင်စီးဖို့ တိုင်ပင်ထားတယ်။
သူတို့ကိုဖမ်းဆီးခေါ်ဆောင်သွားတဲ့ လက်နက်ကိုင်ခေါင်းဆောင်ဟာ အက်ရှ်လေ အစ်ကို
ဖြစ်ပြီး ကတ်စီနိုကို ဝင်စီးတဲ့အခါကျရင် အဲ့ဒီနေရာကိုရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်တဲ့ နစ်ခ်က ဦးဆောင်ဖို့ သဘောတူထားတယ်ဆိုတာပါ။
အဲ့ဒီအချိန်ကျမှ သူဟာ နစ်ခ်မဟုတ်ကြောင်း ဖွင့်ပြောပေမယ့် နောက်ကျသွားပါပြီ။
သူ့အသက်ကို ငဲ့ကွက်ရင်း နစ်ခ်အဖြစ်
ဆက်ဟန်ဆောင်နေလိုက်ရပေမယ့် တကယ်တမ်း သူမရောက်ဖူးတဲ့နေရာတစ်ခုကို ဝင်လုယက်ဖို့ သူ ဘယ်လိုလမ်းပြမလဲ?
သူကိုယ်တိုင်အတွေ့အကြုံမရှိတဲ့ လုယက်မှုကို ကျူးလွန်ဖို့ ဘယ်လိုဦးဆောင်မလဲ?
နည်းနည်းလေးဆက်ပြောရင်တောင် spoiler ဖြစ်သွားရလောက်အောင်
လှည့်ကွက်တွေအပြည့်နဲ့ဇာတ်လမ်းပါ။
ရူဒီတစ်ဖြစ်လဲ နစ်ခ်အဖြစ် ပရိသတ်အချစ်တော် Ben Affleck က သရုပ်ဆောင်ထားပြီး
မိန်းမလှလေး အက်ရှ်လေအဖြစ် မမကြီး Charlize Theron ကဦးဆောင်ပါဝင်ထားပါတယ်။
Mad Max: Fury Road (2015) ထဲမှာကြမ်းကြမ်းတမ်းတမ်းပုံစံနဲ့ပါဝင်ထားတဲ့ Charlize Theron ကို
ဒီကားထဲမှာ မမှတ်မိနိုင်စရာ နုနုငယ်ငယ် ကောင်မလေးတစ်ယောက်အဖြစ်တွေ့ရပါလိမ့်မယ်။
Men In Black ရဲ့ပထမ အစ ကားကို ပြန်တင်ပေးလိုက်ပါတယ်ဒီရုပ်ရှင်ကားမှာဆိုရင် လူသားတွေ နဲ့အတူမသိမသာ နေထိုင်နေတဲ့ ဂြိုလ်သားတွေကိုစည်းကမ်းထိန်းသိမ်းပြီး စောင့်ကြည့်နေတဲ့ MIB အဖွဲ့ အကြောင်း ပါ
ဂျေ ဟာ နယူးရော့ခ် ရဲဌာနက သာမန် အရာရှိ တစ်ယောက်ပါတစ်ရက်မှာတော့ ရာဇဝတ်သား တစ်ဦးကို မရမက လိုက်ဖမ်းရင်းရာဇဝတ်သားက သတ်သေသွားပါတယ် ဂျေ လဲ ဒီကိစ္စကို လိုက်လံစုံစမ်းရင်းMIB က အေးဂျင့် ကေ နဲ့ စသိပါတယ်…ပုံမှန်အနေနဲ့ကတော့ ကေ ဟာ အမှုကိစ္စတွေ လက်စသတ်ပြီးရင်လူတွေရဲ့ မှတ်ဉာဏ်ကို ဖျောက်ပြီး ဘာမှမဖြစ်ခဲ့သလို ပုံစံဖန်တီးတက်ပေမဲ့ဂျေ ကိုတော့ MIB ကို လာပြီး အလုပ်လုပ်ဖို့ စည်းရုံးခဲ့ပါတယ်…အဲဒီအချိန်မှာပဲ ကမ္ဘာကို ဖျက်ဆီးချင်တဲ့ ပိုးဟပ်ဂြိုလ်သား တစ်ကောင်ကလဲကမ္ဘာပေါ်ကို ရောက်လာခဲ့သော အခါမှာတော့…အေးဂျင့် ကေ နဲ့ အေးဂျင့် ဂျေ တို့ ရဲ့ တွဲဖက်ညီညီ အက်ရှင်ဇတ်ကြမ်းဟာသ ဇတ်လမ်းလေးမို့ အတောမသတ်နိုင် တခွီခွီ ရယ်နိုင်ကြမှာပါရုပ်ရှင်ကားကိုတော့ Archi Thang Gyi မှ ဘာသာပြန်ပေးထားပြီးThit San Khant မှ Encode ၍ တင်ဆက်ပေးထားပါတယ်
ပြီးခဲ့တဲ့ MIB ပထမ ရုပ်ရှင်ကားမှာတုန်းကအေးဂျင့် ကေ ဟာ အေးဂျင့် ဂျေ ကို သူသိသမျှ တက်သမျှ တွေအကုန်သင်ပေးခဲ့ပြီး Men In Black အဖွဲ့အစည်းကနေအနားယူခဲ့ပါတယ် ပိုပြီး ထူးခြားတာက သူအနားယူတဲ့အခါဘာမှ မမှတ်မိချင်လို့ ဒီအလုပ်လုပ်ခဲ့သမျှ ကာလပတ်လုံး
မေ့သွားအောင် အေးဂျင့် ဂျေ ကို မှတ်ဉာဏ်ဖျက်ပေးဖို့တောင်းဆိုခဲ့ပြီး ထွက်ခွာသွားခဲ့တာပါ…MIB 2 မှာတော့ ကေ မရှိတဲ့တဲ့ အေးဂျင့် ဂျေ တစ်ယောက်အလုပ်မှာ တလွဲတွေ လုပ်တဲ့ ပါတနာ အသစ်နဲ့ အတော်လေးအဆင်မပြေ ကို ဖြစ်နေပါတယ်…အဲ့ဒီလို အချိန်ကိုက်မှာပဲ ကမ္ဘာပေါ်ကို ပထမတစ်ခါလာဖူးပြီးMIB အဖွဲ့ကို ရင်ဆိုင်ရှုံးနိမ့်သွားတဲ့ ဆယ်လီနာ ဆိုတဲ့ဂြိုလ်သားမ ဟာ နောက်တစ်ခါ ထပ်မံ ရောက်ရှိလာပါတော့တယ်သူလာရှာတာကတော့ ဇာသန် တွေ ရဲ့ အလင်းရောင် စွမ်းအားပါလွန်ခဲ့တဲ့ နှစ်တွေတုန်းက အေးဂျင့် ကေ ငယ်ရွယ်တဲ့ အချိန်ဇာသန် တွေဟာ သူတို့ ဂြိုလ်ရဲ့ တန်ဖိုးရှိ အရာကို စောင့်ရှောက်ပေးဖို့အေးဂျင့် ကေ နဲ့ MIB ကို အပ်ထားခဲ့တာ ဖြစ်ပြီးထိုအရာကို လုယူဖို့ ဆယ်လီနာ ပြန်လာခဲ့တာပါ…ဒီသမိုင်းတွေကို သိတဲ့ အေးဂျင့် ကေ ကို ပြန်ခေါ်ဖို့အေးဂျင့် ဂျေ မှာ တာဝန်ရှိလာတဲ့ အခါမှာတော့…ဒီရုပ်ရှင်ကားကို Archi Thang Gyi မှ ဘာသာပြန်ပေးထားပြီးThit San Khant မှ Encode ၍ တင်ဆက်ပေးထားပါတယ်
ဒီ MIB 3 မှာလဲ အရင်လို Agent K နဲ့ J ကို ပြန်မြင်ကြရအုံးမှာပါပဲအရမ်းဆိုးရွားလွန်းလို့ အာကသ ထဲမှာ အဆင့်ဆင့် ပိတ်လှောင်ထားတဲ့အကျဉ်းထောင်ထဲက ဘိုးရစ် ဆိုတဲ့ ဂြိုလ်သားတစ်ကောင် ရှိပါတယ်သူနဲ့ အေးဂျင့် ကေ မှာ ရန်ညိုး ရန်စ တစ်ခု ရှိနေတယ်…အေးဂျင့် ကေ ကြောင့် ဘိုးရစ် ရဲ့ လက်တစ်ဖက် ပြတ်သွားဖူးပါတယ်
နောက်ဆုံးမှာ အေးဂျင့်ကေ က မသတ်ပဲ အရှင်ဖမ်းပြီး အကျဥ်းထောင်မှာလုံခြုံရေး တင်းကျပ်စွာ ချူပ်နှောင်ထားခဲ့တာ ဖြစ်ပါတယ်…တစ်ရက်မှာတော့ ဘိုးရစ် တစ်ယောက် အပြင်က အကူအညီ နဲ့အကျဉ်းထောင်က လွတ်မြောက်သွားပြီး အေးဂျင့် ကေ ကိုလက်စားချေဖို့ ကြံစည်ပါတော့တယ်…သူလက်စားချေမယ့် အစီအစဉ်ကတော့ အေးဂျင့် ကေဘိုးရစ်ကို မဖမ်းခင် အချိန်ကို ပြန်သွားပြီး သတ်ဖို့ပါပဲ…ဘိုးရစ် ရဲ့ အစီအစဉ် အောင်မြင်သွားတယ် ထင်တာပါပဲအေးဂျင့်ကေ ကို သတ်လိုက်နိုင်ပြီး အချိန်စက်ဝိုင်းကပြောင်းလဲသွားခဲ့ပါတယ်….အေးဂျင့် ကေ ကို လူတိုင်းက မေ့သွားပေမဲ့အေးဂျင့် ဂျေ တစ်ယောက်ထဲ မှတ်မိနေပါတော့တယ်အချိန်စက်ဝိုင်း ထဲ ပြန်သွားပြီး ပြုပြင်ဖို့ အေးဂျင့် ဂျေ မှာတာဝန်ရှိလာခဲ့သော အခါ….ဒီရုပ်ရှင်ကားကို Archi Thang Gyi မှဘာသာပြန်ပေးထားပြီးThit San Khant မှ တင်ဆက်ပေးထားပါတယ်
ကော်စတာရီကာရဲ့ဟိုတယ်တစ်ခုမှာCIA အေးဂျင့်၂ယောက်တည်းခိုနေတယ်…ဒီသတင်းကိုဘယ်ကဘယ်လိုရတယ်မသိ..အကြမ်းဖက်သမားများရောက်ရှိလာပြီးအမျိုးသားအေးဂျင့်ကိုတော့နဖူးကိုကျည်တစ်တောင့်ပစ်ကျွေးပြီးအမျိုးသမီးအေးဂျင့်ဖြစ်သူကိုတော့ဖမ်းဆီးခေါ်ဆောင်သွားတယ်….ဒီနောက်မှာတော့အမျိုးသမီးအေးဂျင့်ကိုပြန်လည်ခေါ်ယူဖို့
မရိန်းစစ်သားတွေကိုအမေရိကန်တို့စုစည်းခဲ့တယ်…
အေးဂျင့်အမျိုးသမီးကိုဖမ်းဆီးခေါ်ဆောင်သူဟာတကယ့်ထိပ်သီးဒုစရိုက်ခေါင်းဆောင်ဖြစ်နေတဲ့အပြင်ခေတ်မှီလက်နက်ကြေးစားလက်နက်ကိုင်စစ်သည်တို့အပြည့်နဲ့ရပ်တည်နေတဲ့သူပဲဖြစ်ပါတယ်…ဒီအမှုမှာမူးယစ်ရာဇာတွေအကြမ်းဖက်သမားတွေနဲ့တကယ့်ကိုကြောက်စရာအရှုတ်အထွေးကြီးပါပဲ…ကိုင်းမရိန်းတပ်သားတွေဘယ်လိုအစီအစဉ်တွေဆွဲကြလဲ…
.သူတို့အကုန်လုံးအသက်ပျောက်သွားနိုင်လား…အောင်မြင်ကြပါ့မလား…CIA အေးဂျင့်အမျိုးသမီးကိုရောကယ်တင်နိုင်ပါ့မလား….ထင်ထားတာထက်တိုက်ပွဲတွေကြမ်းနေမလား…ခံစားကြည့်လိုက်ပါဦးဗျို့…စစ်ကားကြိုက်သူတို့အဖို့နင်းကန်ကြည့်သင့်ပါကြောင်း…….
ဒီဟီးရိုးကတော့ မှော်အစွမ်းကို အခြေခံထားတာပါပဲ။ Shazam လို့အော်လိုက်ရင် 14 နှစ်သားကောင်လေးအဖြစ်ငးကနေ လူကြီးအရွယ် စူပါဟီးရိုးအဖြစ် ပြောင်းလဲသွားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ မှော်ဆရာအဖွဲ့ကြီးတစ်ခုရဲ့ နောက်ဆုံးကျန်တဲ့ မှော်ဆရာဟာ ကမ္ဘာကြီးကို နတ်ဆိုး ၇ ပါးရန်ကနေ ကာကွယ်ထားရပါတယ်။
သူ့ရဲ့အစွမ်းတွေ အားနည်းလာချိန်မှာတော့ သူ့နေရာကိုဆက်ခံဖို့ စိတ်ထားကောင်းမွန်တဲ့ လူတစ်ယောက်ကို ရှာဖွေရပါတော့တယ်။ ဒီဟီးရိုးကတော့ Justice League သာ ဆက်ထွက်ခဲ့ရင် ပါလာနိုင်တာမို့ သူ့ရဲ့ မူလဇစ်မြစ်ကို ဒီကားမှာ သေချာတွေ့ရမှာပါ။ (Littleneo ဘာသာပြန်သည်)
အရှေ့တောင်အာရှရုပ်ရှင်ဈေးကွက်မှာ ထိုင်း၊အင်ဒိုနီးရှား နိုင်ငံများရဲ့ရုပ်တွေက တော်တော်လေးလေးပေါက်ပေါက်ရောက်ရောက်ရှိပါတယ်။ သရဲကားဆိုရင်လည်း ထိုင်း၊ အင်ဒို၊ မလေးရှား အစရှိတဲ့ဇာတ်ကားတွေသာ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။ ဒီတစ်ခါမှာတော့ မကြာခင်ကမှထွက်ရှိထားတဲ့ အင်ဒိုနီးရှားသရဲကား DreadOut ကိုတင်ဆက်ပေးချင်ပါတယ်။ Jump scare တွေများများစားစားမပါဘဲ အဆုံးထိ စိတ်ဝင်တစားကြည့်ရှုရမယ့် Horror ကားမျိုး ကြည့်ချင်သူတွေဆို
ရင် ဒီကားကိုကြည့်ဖို့ လက်တို့ပါရစေ။ ဇာတ်လမ်းအကျဉ်းကတော့… Jessica, Beni, Dian တို့သုံးယောက်က အထက်တန်းကျောင်းသူ/သား တွေပါ။
မျက်မှောက်ခေတ်ဆယ်ကျော်သက်တွေရဲ့ထုံးစံအတိုင်း Social Network တွေရဲ့လွှမ်းမိုးမှုကို အကြီးအကျယ်ခံထားရတဲ့သူတွေပေါ့။ သူတို့သုံးယောက်က Social Network ပေါ်မှာ ပေါ်ပြူလာဖြစ်ချင်တာကြောင့် နှစ်အတော်ကြာစွန့်ပစ်ထားတဲ့ တိုက်အိုကြီးပေါ်သွားပြီး Live လွှင့်ကာ Follower ရှာဖို့ကြံကြပါတယ်။ အဲဒီမှာ Alex ဆိုတဲ့ခပ်ရမ်းရမ်းကျောင်းသားတစ်ယောက်ရယ်၊ Erik ဆိုတဲ့စော်ကြည်ဘဲတစ်ယောက်ကိုပါ ချောဆွဲကြပါတယ်။ နောက်ထပ်ချောဆွဲခံလိုက်ရတာက Linda၊
Linda က သူတို့တွေရဲ့ ဂျူနီယာတစ်ယောက်၊ မိသားစုအဆင်မပြေလို့ စတိုးဆိုင်မှာ ကျောင်းတစ်ဖက်နဲ့အလုပ်လုပ်နေရတဲ့သူ။ သူ့ကိုခေါ်ရတဲ့အကြောင်းအရင်းက တိုက်အိုကြီးရဲ့အစောင့်နဲ့ ရင်းနှီးတာကြောင့် သူတို့အသာတကြည်ဝင်ခွင့်ရအောင် ခေါ်ချင်တာ။ Linda က အစကတော့ ငြင်းပေမယ့် နောက်ပိုင်း လိုက်လာခများများစားစားရမယ်လည်းဆိုရော ခေါင်းညှိတ်ပြီးလက်ခံလိုက်တယ်။ ဒီလိုနဲ့တိုက်အိုကြီးဆီရောက်ပြီး အစပိုင်းကတော့ အေးအေးဆေးဆေးပဲ၊ မျက်နှာပြောင်လိုက်၊
သရဲအခြောက်ခံရချင်ယောင်ဆောင်လိုက်နဲ့ပေါ့။ ဖြစ်ချင်တော့ သူတို့လွှင့်နေတဲ့ Live က လိုင်းကျပြီး ပျောက်သွားတယ်။ Viewer လေးကလည်း နည်းနည်းများလာပြီဆိုတော့ စိတ်ကလည်းခပ်ပါပါနဲ့ တိုက်စောင့်ရော ရဲတွေကကြိုးတားပြီး တားမြစ်ထားတဲ့ဘက်ကို လိုင်းမိလိုမိငြားနဲ့ အဖွဲ့လိုက်သွားကြတဲ့အချိန်မှာ စတော့တာပါပဲ။အဲဒီဘက်အခြမ်းမှာ ချိတ်ပိတ်ထားတဲ့အခန်းတစ်ခန်းရှိတယ်။ သူတို့ထဲမှာ ကြောက်တဲ့သူကကြောက်နေပေမယ့် အဖွဲ့လိုက်ဆိုတော့ စိတ်ကြွပြီးအခန်းထဲဝင်
သွားတဲ့အခါမှာတော့ သူတို့ဘဝရဲ့မမေ့နိုင်စရာ ညတစ်ညနဲ့ကြုံတွေ့ဖို့ အကြောင်းဖန်လာခဲ့တော့တယ်။ ဒီဇာတ်ကားက ထွက်တာလည်းတစ်ရက်တောင်မပြည်သေးဘူးဆိုပေမယ့် IMDB မှာတော့ 5.6 Rating ကိုရထားပါတယ်။ Horror တွေဆို Rating စုတ်တာထုံးစံလိုဖြစ်နေကြောင့် 5.6 လောက်ဟာ Entertain ဖြစ်ပြီး ကြည့်လို့ကောင်းတဲ့အနေအထားမှာရှိတယ်လို့ ပြောလို့ရပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားမှာ သိပ်ထင်မထားကြတဲ့ Plot Twist တချို့လည်းပါတာကြောင့် စိတ်ဝင်တ
စားကြည့်ရှုရမယ့် ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ Myo Thant Kyaw ပါ)
The Lord of the rings နဲ့ The hobbit ရုပ်ရှင်တွေဟာ Fantasy လို့ခေါ်တဲ့ စိတ်ကူးယဉ် ရုပ်ရှင်အမျိုးအစားတွေ ဖြစ်ပါတယ်။
အပြင်လောကမှာ မရှိတဲ့ ပုံပြင်တွေ ဒဏ္ဍာရီတွေ ဇာတ်ကောင်တွေနဲ့ တည်ဆောက်ထားတာပါ။
ဒါပေမယ့် အချို့ Fantasy ရုပ်ရှင် စာအုပ်တွေဟာ အပြင်လောကနဲ့ ရောမွှေထားတာမျိုး ရှိတတ်ပါတယ်။
ဥပမာ – နာနီယာ၊ ဟယ်ရီပေါ်တာ၊ ပါစီဂျက်ဆန် စသည်ဖြင့်ပါ။ဒါပေမယ့် ဒီ ဇာတ်လမ်းတွေကိုတော့ စာရေးဆရာကြီး J.R.R.Tolkien ကအစအဆုံး ကိုယ်ပိုင်စိတ်ကူးနဲ့ ရေးသားခဲ့တာပါ။
နတ်သူငယ်တွေ၊ လူပုတွေ၊ ဘီလူးတွေရဲ့ ကိုယ်ပိုင်ဘာသာစကားကို တီထွင်ခဲ့တယ်။
မူရင်းစာအုပ်တွေမှာ မြေပုံအပြည့်အစုံနဲ့ ရေးသားခဲ့တယ်။ သမိုင်းတစ်ခုလုံးကို ပြက္ခဒိန်ပါ ဖန်တီးပြီး ရေးသားခဲ့တာဖြစ်ပါတယ်။
စာသားတင်မက ကဗျာတွေ သီချင်းတွေပါ ရေးဖွဲ့ခဲ့တာပါ။
လူတစ်ယောက်ရဲ့ ဦးဏှောက်တစ်ခုထဲကနေ စကြဝဠာတစ်ခု ပေါ်ထွက်လာတယ်လို့ ပြောလို့ရပါတယ်။စာအုပ်ကိုအသာထားပြီး ရုပ်ရှင်အကြောင်းကိုပဲ ပြောကြပါစို့။
The Lord of the rings (LotR) ရုပ်ရှင်တွေဟာ ၂၀၀၁ ကနေ စတင်ပြီးထွက်ရှိခဲ့တာဖြစ်ပါတယ်။
ပထမဆုံး LotR ရုပ်ရှင် သုံးကားဟာ စုစုပေါင်း Oscar 17 ဆု ရရှိခဲ့ပါတယ်။
ပထမကားက ၄ ဆု၊ ဒုတိယကားက ၂ ဆု နဲ့ သုံးကားမြောက်က ၁၁ ဆု ရရှိခဲ့တာပါ။သူ့နောက်မှ ထွက်ရှိလာတဲ့ Hobbit သုံးကားကတော့ Oscar တစ်ဆုသာ ရခဲ့ပါတယ်။
LotR ရုပ်ရှင်တွေရဲ့ အောင်မြင်မှုဟာ ကာလအကန့်အသတ်မရှိ timeless လို့ပဲ ပြောရမှာဖြစ်ပါတယ်။၂၀၀၁ တုန်းက လူတွေကြိုက်ခဲ့သလို ၃၀၀၁ ခုနှစ်မှာလည်း ကြိုက်ကြဦးမှာပါပဲ။
အဓိကကတော့ ဇာတ်လမ်းအတွက် ဝတ်စုံ၊ရိုက်ကွင်းပြင်ဆင်မှုတွေ၊ ရိုက်ချက်တွေ၊ သရုပ်ဆောင်တွေ အသေးစိတ်ကျခဲ့တယ်၊ ခမ်းနားခဲ့တယ်လို့ပြောရမှာပါပဲ။
နောက်ထပ် ချီးကျူးရမှာကတော့ ဇာတ်ညွှန်းပါ။ စာအုပ်ပါ ဖတ်ဖူးတဲ့သူတွေ ပိုသိပါလိမ့်မယ်။
အရမ်းကိုကောင်းတဲ့ ဝတ္ထုရှည်ကြီးတစ်ခုကို ကြည့်လို့လည်းကောင်းအောင် အခန်းတွေဖြတ်တောက်ရ၊ ဇာတ်ကောင်တွေ ဖယ်ထုတ်ရတာ မလွယ်လှပါဘူး။
ဒါပေမယ့် အကောင်းဆုံး လုပ်နိုင်ခဲ့ပါတယ်။ ဒိုင်ယာလော့တွေ ဇာတ်လမ်းအနိမ့်အမြင့်တွေကိုလည်း အရှိန်တင်ပေးသွားတာ အံ့သြလောက်ပါတယ်။
ဥပမာ – လက်စွပ်ကို ဖျက်ဆီးဖို့ ဆွေးနွေးကြတဲ့အခန်းမှာ ဝတ္ထုအတိုင်းဆို အယ်ရွန်က အားလုံးကို ကြိုတင်မိတ်ဆက်၊ သမိုင်းကို ပြောပြပြီးမှ စတင်ဆွေးနွေးကြတာဖြစ်ပါတယ်။
ဇာတ်လမ်းထဲမှာတော့ ဒီအတိုင်း ဆွေးနွေးကြရင်း ဘိုမီရာက အာရာဂွန်ကို အထင်သေးစကားပြောချိန်မှာ
လီဂိုးလက်စ်က ထပြောလိုက်တဲ့အခန်းမျိုး ပြင်လိုက်ခြင်းအားဖြင့် ဇာတ်ရှိန် တက်သွားတာ ရှိပါတယ်။
ပြီးတော့ အာရာဂွန်ဟာ ထီးနန်းကို ဆက်တိုက်ငြင်းပယ်ခဲ့တာ၊ Andúril ဓားကို နောက်ဆုံးအချိန်မှ ပြန်ပြင်တာတွေဟာ ဇာတ်ရှိန်ပိုတက်စေတဲ့ ပညာပါပဲ။
ပြီးတော့ ဆာရူးမန်းကို သေခိုင်းတဲ့ ဇာတ်ညွှန်းမျိုးဟာ အတော်လေးကို ရဲတင်းရာကျပါတယ်၊
ဘာကြောင့်လဲ ဆိုတော့ စာအုပ်ထဲမှာ ဆာရူးမန်းဟာ ထွက်ပြေးသွားခဲ့ပါတယ်။
လက်စွပ်ကိုဖျက်ဆီးပြီးလို့ ဟော့ဘစ်တွေ ရှိုင်းယားကို ပြန်လာချိန်မှာ ဆာရူးမန်းနဲ့ ထပ်ပြီးရင်ဆိုင်ကြရပါသေးတယ်။
ဒါတွေကို ဖျက်ပစ်လိုက်ပေမယ့် ရုပ်ရှင်က ညံ့မသွားခဲ့တာကို တွေ့မှာပါ။
ဒါကတော့ ဇာတ်ညွှန်းဆရာတွေရဲ့ အရည်အချင်းတွေပါပဲ။
၁ မျက်နှာ ဖန်တရာတေ ဇာတ်ညွှန်းဆရာတွေ လေ့လာသင့်ပါတယ်။
The Lord of the rings နဲ့ The hobbit ရုပ်ရှင်တွေဟာ Fantasy လို့ခေါ်တဲ့ စိတ်ကူးယဉ် ရုပ်ရှင်အမျိုးအစားတွေ ဖြစ်ပါတယ်။ အပြင်လောကမှာ မရှိတဲ့ ပုံပြင်တွေ ဒဏ္ဍာရီတွေ ဇာတ်ကောင်တွေနဲ့ တည်ဆောက်ထားတာပါ။ ဒါပေမယ့် အချို့ Fantasy ရုပ်ရှင် စာအုပ်တွေဟာ အပြင်လောကနဲ့ ရောမွှေထားတာမျိုး ရှိတတ်ပါတယ်။ ဥပမာ – နာနီယာ၊ ဟယ်ရီပေါ်တာ၊ ပါစီဂျက်ဆန် စသည်ဖြင့်ပါ။ဒါပေမယ့် ဒီ ဇာတ်လမ်းတွေကိုတော့ စာရေးဆရာကြီး J.R.R.Tolkien ကအစအဆုံး ကိုယ်ပိုင်စိတ်ကူးနဲ့ ရေးသားခဲ့တာပါ။ နတ်သူငယ်တွေ၊ လူပုတွေ၊ ဘီလူးတွေရဲ့ ကိုယ်ပိုင်ဘာသာစကားကို တီထွင်ခဲ့တယ်။ မူရင်းစာအုပ်တွေမှာ မြေပုံအပြည့်အစုံနဲ့ ရေးသားခဲ့တယ်။ သမိုင်းတစ်ခုလုံးကို ပြက္ခဒိန်ပါ ဖန်တီးပြီး ရေးသားခဲ့တာဖြစ်ပါတယ်။ စာသားတင်မက ကဗျာတွေ သီချင်းတွေပါ ရေးဖွဲ့ခဲ့တာပါ။ လူတစ်ယောက်ရဲ့ ဦးဏှောက်တစ်ခုထဲကနေ စကြဝဠာတစ်ခု ပေါ်ထွက်လာတယ်လို့ ပြောလို့ရပါတယ်။စာအုပ်ကိုအသာထားပြီး ရုပ်ရှင်အကြောင်းကိုပဲ ပြောကြပါစို့။ The Lord of the rings (LotR) ရုပ်ရှင်တွေဟာ ၂၀၀၁ ကနေ စတင်ပြီးထွက်aရှိခဲ့တာဖြစ်ပါတယ်။ ပထမဆုံး LotR ရုပ်ရှင် သုံးကားဟာ စုစုပေါင်း Oscar 17 ဆု ရရှိခဲ့ပါတယ်။ ပထမကားက ၄ ဆု၊ ဒုတိယကားက ၂ ဆု နဲ့ သုံးကားမြောက်က ၁၁ ဆု ရရှိခဲ့တာပါ။သူ့နောက်မှ ထွက်ရှိလာတဲ့ Hobbit သုံးကားကတော့ Oscar တစ်ဆုသာ ရခဲ့ပါတယ်။ LotR ရုပ်ရှင်တွေရဲ့ အောင်မြင်မှုဟာ ကာလအကန့်အသတ်မရှိ timeless လို့ပဲ ပြောရမှာဖြစ်ပါတယ်။၂၀၀၁ တုန်းက လူတွေကြိုက်ခဲ့သလို ၃၀၀၁ ခုနှစ်မှာလည်း ကြိုက်ကြဦးမှာပါပဲ။ အဓိကကတော့ ဇာတ်လမ်းအတွက် ဝတ်စုံ၊ရိုက်ကွင်းပြင်ဆင်မှုတွေ၊ ရိုက်ချက်တွေ၊ သရုပ်ဆောင်တွေ အသေးစိတ်ကျခဲ့တယ်၊ ခမ်းနားခဲ့တယ်လို့ပြောရမှာပါပဲ။ နောက်ထပ် ချီးကျူးရမှာကတော့ ဇာတ်ညွှန်းပါ။ စာအုပ်ပါ ဖတ်ဖူးတဲ့သူတွေ ပိုသိပါလိမ့်မယ်။ အရမ်းကိုကောင်းတဲ့ ဝတ္ထုရှည်ကြီးတစ်ခုကို ကြည့်လို့လည်းကောင်းအောင် အခန်းတွေဖြတ်တောက်ရ၊ ဇာတ်ကောင်တွေ ဖယ်ထုတ်ရတာ မလွယ်လှပါဘူး။ ဒါပေမယ့် အကောင်းဆုံး လုပ်နိုင်ခဲ့ပါတယ်။ ဒိုင်ယာလော့တွေ ဇာတ်လမ်းအနိမ့်အမြင့်တွေကိုလည်း အရှိန်တင်ပေးသွားတာ အံ့သြလောက်ပါတယ်။ ဥပမာ – လက်စွပ်ကို ဖျက်ဆီးဖို့ ဆွေးနွေးကြတဲ့အခန်းမှာ ဝတ္ထုအတိုင်းဆို အယ်ရွန်က အားလုံးကို ကြိုတင်မိတ်ဆက်၊ သမိုင်းကို ပြောပြပြီးမှ စတင်ဆွေးနွေးကြတာဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ ဒီအတိုင်း ဆွေးနွေးကြရင်း ဘိုမီရာက အာရာဂွန်ကို အထင်သေးစကားပြောချိန်မှာ လီဂိုးလက်စ်က ထပြောလိုက်တဲ့အခန်းမျိုး ပြင်လိုက်ခြင်းအားဖြင့် ဇာတ်ရှိန် တက်သွားတာ ရှိပါတယ်။ ပြီးတော့ အာရာဂွန်ဟာ ထီးနန်းကို ဆက်တိုက်ငြင်းပယ်ခဲ့တာ၊ Andúril ဓားကို နောက်ဆုံးအချိန်မှ ပြန်ပြင်တာတွေဟာ ဇာတ်ရှိန်ပိုတက်စေတဲ့ ပညာပါပဲ။ ပြီးတော့ ဆာရူးမန်းကို သေခိုင်းတဲ့ ဇာတ်ညွှန်းမျိုးဟာ အတော်လေးကို ရဲတင်းရာကျပါတယ်၊ ဘာကြောင့်လဲ ဆိုတော့ စာအုပ်ထဲမှာ ဆာရူးမန်းဟာ ထွက်ပြေးသွားခဲ့ပါတယ်။ လက်စွပ်ကိုဖျက်ဆီးပြီးလို့ ဟော့ဘစ်တွေ ရှိုင်းယားကို ပြန်လာချိန်မှာ ဆာရူးမန်းနဲ့ ထပ်ပြီးရင်ဆိုင်ကြရပါသေးတယ်။ ဒါတွေကို ဖျက်ပစ်လိုက်ပေမယ့် ရုပ်ရှင်က ညံ့မသွားခဲ့တာကို တွေ့မှာပါ။ ဒါကတော့ ဇာတ်ညွှန်းဆရာတွေရဲ့ အရည်အချင်းတွေပါပဲ။ ၁ မျက်နှာ ဖန်တရာတေ ဇာတ်ညွှန်းဆရာတွေ လေ့လာသင့်ပါတယ်။ ဇာတ်လမ်းအကျဉ်း ===========Three Rings for the Elven-kings under the sky, Seven for the Dwarf-lords in their halls of stone, Nine for Mortal Men doomed to die, One for the Dark Lord on his dark throne In the Land of Mordor where the Shadows lie. One Ring to rule them all, One Ring to find them, One Ring to bring them all, and in the darkness bind them, In the Land of Mordor where the Shadows lie.ဒါကတော့ LotR ဇာတ်လမ်းကြီးကို စတင်ခဲ့တဲ့ ဂန္ဓဝင်ကဗျာကြီးပါပဲ။ Dark Lord ဆော်ရွန်ဟာ နတ်သူငယ်တွေအတွက် လက်စွပ် ၃ ကွင်း၊ လူပု ဘုရင် ၇ ပါးအတွက် လက်စွပ် ၇ ကွင်း၊ လူတွေအတွက် ၉ ကွင်းကို ထုလုပ်စေခဲ့ပြီး ပေးအပ်ခဲ့ပါတယ်။ လက်စွပ်ကိုယ်စီဟာ စွမ်းအားရှိတာမို့ သူတို့တွေ လက်ခံခဲ့ကြတယ်။ ဒါပေမယ့် ဆော်ရွန်ဟာ လက်စွပ်ရှင်အားလုံးကို လွှမ်းမိုးနိုင်တဲ့ လက်စွပ်အားလုံးရဲ့ ဘုရင် တစ်ခုတည်းသော လက်စွပ်ကို ထုလုပ်ခဲ့ပြီး အားလုံးကိုချုပ်ကိုင်ဖို့ ကြိုးစားပါတော့တယ်။ ဒါပေမယ့် မဟာမိတ်တွေနဲ့ နောက်ဆုံးစစ်ပွဲမှာ ရှုံးနိမ်ခဲ့ပြီး လက်စွပ်ကိုလည်းလက်လွှတ်လိုက်ရပါတယ်။ နှစ်ပေါင်းများစွာကြာပြီးနောက် လက်စွပ်ပြန်ပေါ်လာချိန် ဆော်ရွန်လည်းအင်အားကြီးလာချိန်မှာ နတ်သူငယ်တွေ၊ လူတွေ၊ လူပုတွေ၊ ဟော့ဘစ်လေးတွေဟာ ဆော်ရွန်ကို တားဆီးဖို့နဲ့ လက်စွပ်ဖို့ ဖျက်ဆီးဖို့ ကြိုးစားကြရပါတော့တယ်………. ဒီလောက်ဆို ဒီရုပ်ရှင်တွေကို ဆက်ပြီးခံစားဖို့ လုံလောက်မှာပါ။ LotR ဇာတ်လမ်းမှာ အရေးပါခဲ့တဲ့ ကဗျာတစ်ခုကိုလည်း ဖော်ပြပေးလိုက်ပါတယ်။All that is gold does not glitter Not all those who wander are lost; The old that is strong does not wither, Deep roots are not reached by the frost. From the ashes, a fire shall be woken, A light from the shadows shall spring; Renewed shall be blade that was broken, The crownless again shall be kingရွှေအဆင်းအတိနဲ့အရာဟာ တစ်လက်လက် တောက်ပမနေတတ်ပါဘူး လှည့်လည်နေသူတိုင်းဟာလည်း လမ်းပျောက်နေကြတာမဟုတ်ပါ အိုမင်းပေမယ့် ကြံ့ခိုင်သူဟာ ဆွေးမြေ့မလာတတ်ပါ နက်ရှိုင်းလွန်းတဲ့ အမြစ်တွေဟာ သစ်တောနဲ့ အလှမ်းကွာစမြဲ ပြာပုံကြားကနေ မီးတောက်နိုးထလာချိန် အမှောင်တွေထဲက အလင်းတန်းတစ်ခု ဖြန်းပက်လာရင်း ကျိုးပဲ့သွားခဲ့တဲ့ဓားကို ပြန်လည်ပြုပြင်ပြီးချိန်မှာ သရဖူမဲ့နေခဲ့သူဟာ ဘုရင်ပြန်လည်ဖြစ်လာမှာပါ။(1) The Fellowship of The Ring(အော်စကာ ဆန်ကာတင် ၁၃ နေရာရရှိပြီး အော်စကာ ၄ဆု ရရှိခဲ့)(မူရင်းရုပ်ရှင်ဗားရှင်းမှာ ၃နာရီ ကြာမြင့်ပြီး လက်ရှိ Extended Versionမှာ ၃ နာရီခွဲ ကြာမြင့်)(2) The Two Towers (အော်စကာ ဆန်ကာတင် ၆ နေရာရရှိပြီး ၂ ဆု ရရှိခဲ့)(မူလဗားရှင်းမှာ ၃ နာရီကြာမြင့်ပြီး Ext.version မှာ ၃ နာရီ ၄၀ မိနစ် ကြာမြင့်)(3) The Return of The King (အော်စကာ ဆန်ကာတင် ၁၁ နေရာရရှိခဲ့ရာတွင် ၁၁ ဆုလုံးအား စံချိန်တင်ရရှိသွားခဲ့)(မူလဗားရှင်းမှာ ၃ နာရီ မိနစ် ၂၀ ဖြစ်ပြီး ext.version မှာ ၄ နာရီ ၁၁ မိနစ်ကြာမြင့်)The Lord of the Rings ဟာ ရုပ်ရှင်သမိုင်းရဲ့ အကြီးကျယ်ဆုံး အအောင်မြင်ဆုံးရုပ်ရှင်တွေထဲက တစ်ခုဖြစ်ပါတယ်။ အောင်မြင်မှုတွေကိုကတော့ တွေ့တဲ့အတိုင်းဖြစ်ပြီး RT မှာ rating 90% အထက် IMDb မှာ 8 အထက်တွေချည်းပဲဖြစ်ပါတယ်။ ကျွန်တော်တို့ ငယ်ငယ်ကတည်းက ခဏဏကြည့်ခဲ့ရပေမယ့် Thea.version နဲ့ Extended Version ၂ ခုလုံးကိုတော့ လူတိုင်းကြည့်ဖြစ်မယ်မထင်သေးပါဘူး။ တကယ်လို့ မိတ်ဆွေဟာ LOTR ကို ၉နာရီအစအဆုံးပဲ runကြည့်ဖူးတယ်ဆိုမပြည့်စုံသေးဘူးလို့ ပြောလိုက်ပါရစေ။ တစ်ခေါက်လောက် ၁၂ နာရီ ဗားရှင်းလေး runကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
The Lord of the rings နဲ့ The hobbit ရုပ်ရှင်တွေဟာ Fantasy လို့ခေါ်တဲ့ စိတ်ကူးယဉ် ရုပ်ရှင်အမျိုးအစားတွေ ဖြစ်ပါတယ်။ အပြင်လောကမှာ မရှိတဲ့ ပုံပြင်တွေ ဒဏ္ဍာရီတွေ ဇာတ်ကောင်တွေနဲ့ တည်ဆောက်ထားတာပါ။ ဒါပေမယ့် အချို့ Fantasy ရုပ်ရှင် စာအုပ်တွေဟာ အပြင်လောကနဲ့ ရောမွှေထားတာမျိုး ရှိတတ်ပါတယ်။ ဥပမာ – နာနီယာ၊ ဟယ်ရီပေါ်တာ၊ ပါစီဂျက်ဆန် စသည်ဖြင့်ပါ။ဒါပေမယ့် ဒီ ဇာတ်လမ်းတွေကိုတော့ စာရေးဆရာကြီး J.R.R.Tolkien ကအစအဆုံး ကိုယ်ပိုင်စိတ်ကူးနဲ့ ရေးသားခဲ့တာပါ။ နတ်သူငယ်တွေ၊ လူပုတွေ၊ ဘီလူးတွေရဲ့ ကိုယ်ပိုင်ဘာသာစကားကို တီထွင်ခဲ့တယ်။ မူရင်းစာအုပ်တွေမှာ မြေပုံအပြည့်အစုံနဲ့ ရေးသားခဲ့တယ်။ သမိုင်းတစ်ခုလုံးကို ပြက္ခဒိန်ပါ ဖန်တီးပြီး ရေးသားခဲ့တာဖြစ်ပါတယ်။ စာသားတင်မက ကဗျာတွေ သီချင်းတွေပါ ရေးဖွဲ့ခဲ့တာပါ။ လူတစ်ယောက်ရဲ့ ဦးဏှောက်တစ်ခုထဲကနေ စကြဝဠာတစ်ခု ပေါ်ထွက်လာတယ်လို့ ပြောလို့ရပါတယ်။စာအုပ်ကိုအသာထားပြီး ရုပ်ရှင်အကြောင်းကိုပဲ ပြောကြပါစို့။ The Lord of the rings (LotR) ရုပ်ရှင်တွေဟာ ၂၀၀၁ ကနေ စတင်ပြီးထွက်ရှိခဲ့တာဖြစ်ပါတယ်။ ပထမဆုံး LotR ရုပ်ရှင် သုံးကားဟာ စုစုပေါင်း Oscar 17 ဆု ရရှိခဲ့ပါတယ်။ ပထမကားက ၄ ဆု၊ ဒုတိယကားက ၂ ဆု နဲ့ သုံးကားမြောက်က ၁၁ ဆု ရရှိခဲ့တာပါ။သူ့နောက်မှ ထွက်ရှိလာတဲ့ Hobbit သုံးကားကတော့ Oscar တစ်ဆုသာ ရခဲ့ပါတယ်။ LotR ရုပ်ရှင်တွေရဲ့ အောင်မြင်မှုဟာ ကာလအကန့်အသတ်မရှိ timeless လို့ပဲ ပြောရမှာဖြစ်ပါတယ်။၂၀၀၁ တုန်းက လူတွေကြိုက်ခဲ့သလို ၃၀၀၁ ခုနှစ်မှာလည်း ကြိုက်ကြဦးမှာပါပဲ။ အဓိကကတော့ ဇာတ်လမ်းအတွက် ဝတ်စုံ၊ရိုက်ကွင်းပြင်ဆင်မှုတွေ၊ ရိုက်ချက်တွေ၊ သရုပ်ဆောင်တွေ အသေးစိတ်ကျခဲ့တယ်၊ ခမ်းနားခဲ့တယ်လို့ပြောရမှာပါပဲ။ နောက်ထပ် ချီးကျူးရမှာကတော့ ဇာတ်ညွှန်းပါ။ စာအုပ်ပါ ဖတ်ဖူးတဲ့သူတွေ ပိုသိပါလိမ့်မယ်။ အရမ်းကိုကောင်းတဲ့ ဝတ္ထုရှည်ကြီးတစ်ခုကို ကြည့်လို့လည်းကောင်းအောင် အခန်းတွေဖြတ်တောက်ရ၊ ဇာတ်ကောင်တွေ ဖယ်ထုတ်ရတာ မလွယ်လှပါဘူး။ ဒါပေမယ့် အကောင်းဆုံး လုပ်နိုင်ခဲ့ပါတယ်။ ဒိုင်ယာလော့တွေ ဇာတ်လမ်းအနိမ့်အမြင့်တွေကိုလည်း အရှိန်တင်ပေးသွားတာ အံ့သြလောက်ပါတယ်။ ဥပမာ – လက်စွပ်ကို ဖျက်ဆီးဖို့ ဆွေးနွေးကြတဲ့အခန်းမှာ ဝတ္ထုအတိုင်းဆို အယ်ရွန်က အားလုံးကို ကြိုတင်မိတ်ဆက်၊ သမိုင်းကို ပြောပြပြီးမှ စတင်ဆွေးနွေးကြတာဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ ဒီအတိုင်း ဆွေးနွေးကြရင်း ဘိုမီရာက အာရာဂွန်ကို အထင်သေးစကားပြောချိန်မှာ လီဂိုးလက်စ်က ထပြောလိုက်တဲ့အခန်းမျိုး ပြင်လိုက်ခြင်းအားဖြင့် ဇာတ်ရှိန် တက်သွားတာ ရှိပါတယ်။ ပြီးတော့ အာရာဂွန်ဟာ ထီးနန်းကို ဆက်တိုက်ငြင်းပယ်ခဲ့တာ၊ Andúril ဓားကို နောက်ဆုံးအချိန်မှ ပြန်ပြင်တာတွေဟာ ဇာတ်ရှိန်ပိုတက်စေတဲ့ ပညာပါပဲ။ ပြီးတော့ ဆာရူးမန်းကို သေခိုင်းတဲ့ ဇာတ်ညွှန်းမျိုးဟာ အတော်လေးကို ရဲတင်းရာကျပါတယ်၊ ဘာကြောင့်လဲ ဆိုတော့ စာအုပ်ထဲမှာ ဆာရူးမန်းဟာ ထွက်ပြေးသွားခဲ့ပါတယ်။ လက်စွပ်ကိုဖျက်ဆီးပြီးလို့ ဟော့ဘစ်တွေ ရှိုင်းယားကို ပြန်လာချိန်မှာ ဆာရူးမန်းနဲ့ ထပ်ပြီးရင်ဆိုင်ကြရပါသေးတယ်။ ဒါတွေကို ဖျက်ပစ်လိုက်ပေမယ့် ရုပ်ရှင်က ညံ့မသွားခဲ့တာကို တွေ့မှာပါ။ ဒါကတော့ ဇာတ်ညွှန်းဆရာတွေရဲ့ အရည်အချင်းတွေပါပဲ။ ၁ မျက်နှာ ဖန်တရာတေ ဇာတ်ညွှန်းဆရာတွေ လေ့လာသင့်ပါတယ်။ ဇာတ်လမ်းအကျဉ်း ===========Three Rings for the Elven-kings under the sky, Seven for the Dwarf-lords in their halls of stone, Nine for Mortal Men doomed to die, One for the Dark Lord on his dark throne In the Land of Mordor where the Shadows lie. One Ring to rule them all, One Ring to find them, One Ring to bring them all, and in the darkness bind them, In the Land of Mordor where the Shadows lie.ဒါကတော့ LotR ဇာတ်လမ်းကြီးကို စတင်ခဲ့တဲ့ ဂန္ဓဝင်ကဗျာကြီးပါပဲ။ Dark Lord ဆော်ရွန်ဟာ နတ်သူငယ်တွေအတွက် လက်စွပ် ၃ ကွင်း၊ လူပု ဘုရင် ၇ ပါးအတွက် လက်စွပ် ၇ ကွင်း၊ လူတွေအတွက် ၉ ကွင်းကို ထုလုပ်စေခဲ့ပြီး ပေးအပ်ခဲ့ပါတယ်။ လက်စွပ်ကိုယ်စီဟာ စွမ်းအားရှိတာမို့ သူတို့တွေ လက်ခံခဲ့ကြတယ်။ ဒါပေမယ့် ဆော်ရွန်ဟာ လက်စွပ်ရှင်အားလုံးကို လွှမ်းမိုးနိုင်တဲ့ လက်စွပ်အားလုံးရဲ့ ဘုရင် တစ်ခုတည်းသော လက်စွပ်ကို ထုလုပ်ခဲ့ပြီး အားလုံးကိုချုပ်ကိုင်ဖို့ ကြိုးစားပါတော့တယ်။ ဒါပေမယ့် မဟာမိတ်တွေနဲ့ နောက်ဆုံးစစ်ပွဲမှာ ရှုံးနိမ်ခဲ့ပြီး လက်စွပ်ကိုလည်းလက်လွှတ်လိုက်ရပါတယ်။ နှစ်ပေါင်းများစွာကြာပြီးနောက် လက်စွပ်ပြန်ပေါ်လာချိန် ဆော်ရွန်လည်းအင်အားကြီးလာချိန်မှာ နတ်သူငယ်တွေ၊ လူတွေ၊ လူပုတွေ၊ ဟော့ဘစ်လေးတွေဟာ ဆော်ရွန်ကို တားဆီးဖို့နဲ့ လက်စွပ်ဖို့ ဖျက်ဆီးဖို့ ကြိုးစားကြရပါတော့တယ်………. ဒီလောက်ဆို ဒီရုပ်ရှင်တွေကို ဆက်ပြီးခံစားဖို့ လုံလောက်မှာပါ။ LotR ဇာတ်လမ်းမှာ အရေးပါခဲ့တဲ့ ကဗျာတစ်ခုကိုလည်း ဖော်ပြပေးလိုက်ပါတယ်။All that is gold does not glitter Not all those who wander are lost; The old that is strong does not wither, Deep roots are not reached by the frost. From the ashes, a fire shall be woken, A light from the shadows shall spring; Renewed shall be blade that was broken, The crownless again shall be kingရွှေအဆင်းအတိနဲ့အရာဟာ တစ်လက်လက် တောက်ပမနေတတ်ပါဘူး လှည့်လည်နေသူတိုင်းဟာလည်း လမ်းပျောက်နေကြတာမဟုတ်ပါ အိုမင်းပေမယ့် ကြံ့ခိုင်သူဟာ ဆွေးမြေ့မလာတတ်ပါ နက်ရှိုင်းလွန်းတဲ့ အမြစ်တွေဟာ သစ်တောနဲ့ အလှမ်းကွာစမြဲ ပြာပုံကြားကနေ မီးတောက်နိုးထလာချိန် အမှောင်တွေထဲက အလင်းတန်းတစ်ခု ဖြန်းပက်လာရင်း ကျိုးပဲ့သွားခဲ့တဲ့ဓားကို ပြန်လည်ပြုပြင်ပြီးချိန်မှာ သရဖူမဲ့နေခဲ့သူဟာ ဘုရင်ပြန်လည်ဖြစ်လာမှာပါ။The Hobbit ကိုလဲ Extended Version နဲ့ မြန်မာစာတန်းထိုးအမှန်နဲ့ပြန်လည်တင်ဆက်လိုက်ပါတယ်။
The Lord of the rings နဲ့ The hobbit ရုပ်ရှင်တွေဟာ Fantasy လို့ခေါ်တဲ့ စိတ်ကူးယဉ် ရုပ်ရှင်အမျိုးအစားတွေ ဖြစ်ပါတယ်။ အပြင်လောကမှာ မရှိတဲ့ ပုံပြင်တွေ ဒဏ္ဍာရီတွေ ဇာတ်ကောင်တွေနဲ့ တည်ဆောက်ထားတာပါ။ ဒါပေမယ့် အချို့ Fantasy ရုပ်ရှင် စာအုပ်တွေဟာ အပြင်လောကနဲ့ ရောမွှေထားတာမျိုး ရှိတတ်ပါတယ်။ ဥပမာ – နာနီယာ၊ ဟယ်ရီပေါ်တာ၊ ပါစီဂျက်ဆန် စသည်ဖြင့်ပါ။ဒါပေမယ့် ဒီ ဇာတ်လမ်းတွေကိုတော့ စာရေးဆရာကြီး J.R.R.Tolkien ကအစအဆုံး ကိုယ်ပိုင်စိတ်ကူးနဲ့ ရေးသားခဲ့တာပါ။ နတ်သူငယ်တွေ၊ လူပုတွေ၊ ဘီလူးတွေရဲ့ ကိုယ်ပိုင်ဘာသာစကားကို တီထွင်ခဲ့တယ်။ မူရင်းစာအုပ်တွေမှာ မြေပုံအပြည့်အစုံနဲ့ ရေးသားခဲ့တယ်။ သမိုင်းတစ်ခုလုံးကို ပြက္ခဒိန်ပါ ဖန်တီးပြီး ရေးသားခဲ့တာဖြစ်ပါတယ်။ စာသားတင်မက ကဗျာတွေ သီချင်းတွေပါ ရေးဖွဲ့ခဲ့တာပါ။ လူတစ်ယောက်ရဲ့ ဦးဏှောက်တစ်ခုထဲကနေ စကြဝဠာတစ်ခု ပေါ်ထွက်လာတယ်လို့ ပြောလို့ရပါတယ်။စာအုပ်ကိုအသာထားပြီး ရုပ်ရှင်အကြောင်းကိုပဲ ပြောကြပါစို့။ The Lord of the rings (LotR) ရုပ်ရှင်တွေဟာ ၂၀၀၁ ကနေ စတင်ပြီးထွက်ရှိခဲ့တာဖြစ်ပါတယ်။ ပထမဆုံး LotR ရုပ်ရှင် သုံးကားဟာ စုစုပေါင်း Oscar 17 ဆု ရရှိခဲ့ပါတယ်။ ပထမကားက ၄ ဆု၊ ဒုတိယကားက ၂ ဆု နဲ့ သုံးကားမြောက်က ၁၁ ဆု ရရှိခဲ့တာပါ။သူ့နောက်မှ ထွက်ရှိလာတဲ့ Hobbit သုံးကားကတော့ Oscar တစ်ဆုသာ ရခဲ့ပါတယ်။ LotR ရုပ်ရှင်တွေရဲ့ အောင်မြင်မှုဟာ ကာလအကန့်အသတ်မရှိ timeless လို့ပဲ ပြောရမှာဖြစ်ပါတယ်။၂၀၀၁ တုန်းက လူတွေကြိုက်ခဲ့သလို ၃၀၀၁ ခုနှစ်မှာလည်း ကြိုက်ကြဦးမှာပါပဲ။ အဓိကကတော့ ဇာတ်လမ်းအတွက် ဝတ်စုံ၊ရိုက်ကွင်းပြင်ဆင်မှုတွေ၊ ရိုက်ချက်တွေ၊ သရုပ်ဆောင်တွေ အသေးစိတ်ကျခဲ့တယ်၊ ခမ်းနားခဲ့တယ်လို့ပြောရမှာပါပဲ။ နောက်ထပ် ချီးကျူးရမှာကတော့ ဇာတ်ညွှန်းပါ။ စာအုပ်ပါ ဖတ်ဖူးတဲ့သူတွေ ပိုသိပါလိမ့်မယ်။ အရမ်းကိုကောင်းတဲ့ ဝတ္ထုရှည်ကြီးတစ်ခုကို ကြည့်လို့လည်းကောင်းအောင် အခန်းတွေဖြတ်တောက်ရ၊ ဇာတ်ကောင်တွေ ဖယ်ထုတ်ရတာ မလွယ်လှပါဘူး။ ဒါပေမယ့် အကောင်းဆုံး လုပ်နိုင်ခဲ့ပါတယ်။ ဒိုင်ယာလော့တွေ ဇာတ်လမ်းအနိမ့်အမြင့်တွေကိုလည်း အရှိန်တင်ပေးသွားတာ အံ့သြလောက်ပါတယ်။ ဥပမာ – လက်စွပ်ကို ဖျက်ဆီးဖို့ ဆွေးနွေးကြတဲ့အခန်းမှာ ဝတ္ထုအတိုင်းဆို အယ်ရွန်က အားလုံးကို ကြိုတင်မိတ်ဆက်၊ သမိုင်းကို ပြောပြပြီးမှ စတင်ဆွေးနွေးကြတာဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ ဒီအတိုင်း ဆွေးနွေးကြရင်း ဘိုမီရာက အာရာဂွန်ကို အထင်သေးစကားပြောချိန်မှာ လီဂိုးလက်စ်က ထပြောလိုက်တဲ့အခန်းမျိုး ပြင်လိုက်ခြင်းအားဖြင့် ဇာတ်ရှိန် တက်သွားတာ ရှိပါတယ်။ ပြီးတော့ အာရာဂွန်ဟာ ထီးနန်းကို ဆက်တိုက်ငြင်းပယ်ခဲ့တာ၊ Andúril ဓားကို နောက်ဆုံးအချိန်မှ ပြန်ပြင်တာတွေဟာ ဇာတ်ရှိန်ပိုတက်စေတဲ့ ပညာပါပဲ။ ပြီးတော့ ဆာရူးမန်းကို သေခိုင်းတဲ့ ဇာတ်ညွှန်းမျိုးဟာ အတော်လေးကို ရဲတင်းရာကျပါတယ်၊ ဘာကြောင့်လဲ ဆိုတော့ စာအုပ်ထဲမှာ ဆာရူးမန်းဟာ ထွက်ပြေးသွားခဲ့ပါတယ်။ လက်စွပ်ကိုဖျက်ဆီးပြီးလို့ ဟော့ဘစ်တွေ ရှိုင်းယားကို ပြန်လာချိန်မှာ ဆာရူးမန်းနဲ့ ထပ်ပြီးရင်ဆိုင်ကြရပါသေးတယ်။ ဒါတွေကို ဖျက်ပစ်လိုက်ပေမယ့် ရုပ်ရှင်က ညံ့မသွားခဲ့တာကို တွေ့မှာပါ။ ဒါကတော့ ဇာတ်ညွှန်းဆရာတွေရဲ့ အရည်အချင်းတွေပါပဲ။ ၁ မျက်နှာ ဖန်တရာတေ ဇာတ်ညွှန်းဆရာတွေ လေ့လာသင့်ပါတယ်။ ဇာတ်လမ်းအကျဉ်း ===========Three Rings for the Elven-kings under the sky, Seven for the Dwarf-lords in their halls of stone, Nine for Mortal Men doomed to die, One for the Dark Lord on his dark throne In the Land of Mordor where the Shadows lie. One Ring to rule them all, One Ring to find them, One Ring to bring them all, and in the darkness bind them, In the Land of Mordor where the Shadows lie.ဒါကတော့ LotR ဇာတ်လမ်းကြီးကို စတင်ခဲ့တဲ့ ဂန္ဓဝင်ကဗျာကြီးပါပဲ။ Dark Lord ဆော်ရွန်ဟာ နတ်သူငယ်တွေအတွက် လက်စွပ် ၃ ကွင်း၊ လူပု ဘုရင် ၇ ပါးအတွက် လက်စွပ် ၇ ကွင်း၊ လူတွေအတွက် ၉ ကွင်းကို ထုလုပ်စေခဲ့ပြီး ပေးအပ်ခဲ့ပါတယ်။ လက်စွပ်ကိုယ်စီဟာ စွမ်းအားရှိတာမို့ သူတို့တွေ လက်ခံခဲ့ကြတယ်။ ဒါပေမယ့် ဆော်ရွန်ဟာ လက်စွပ်ရှင်အားလုံးကို လွှမ်းမိုးနိုင်တဲ့ လက်စွပ်အားလုံးရဲ့ ဘုရင် တစ်ခုတည်းသော လက်စွပ်ကို ထုလုပ်ခဲ့ပြီး အားလုံးကိုချုပ်ကိုင်ဖို့ ကြိုးစားပါတော့တယ်။ ဒါပေမယ့် မဟာမိတ်တွေနဲ့ နောက်ဆုံးစစ်ပွဲမှာ ရှုံးနိမ်ခဲ့ပြီး လက်စွပ်ကိုလည်းလက်လွှတ်လိုက်ရပါတယ်။ နှစ်ပေါင်းများစွာကြာပြီးနောက် လက်စွပ်ပြန်ပေါ်လာချိန် ဆော်ရွန်လည်းအင်အားကြီးလာချိန်မှာ နတ်သူငယ်တွေ၊ လူတွေ၊ လူပုတွေ၊ ဟော့ဘစ်လေးတွေဟာ ဆော်ရွန်ကို တားဆီးဖို့နဲ့ လက်စွပ်ဖို့ ဖျက်ဆီးဖို့ ကြိုးစားကြရပါတော့တယ်………. ဒီလောက်ဆို ဒီရုပ်ရှင်တွေကို ဆက်ပြီးခံစားဖို့ လုံလောက်မှာပါ။ LotR ဇာတ်လမ်းမှာ အရေးပါခဲ့တဲ့ ကဗျာတစ်ခုကိုလည်း ဖော်ပြပေးလိုက်ပါတယ်။All that is gold does not glitter Not all those who wander are lost; The old that is strong does not wither, Deep roots are not reached by the frost. From the ashes, a fire shall be woken, A light from the shadows shall spring; Renewed shall be blade that was broken, The crownless again shall be kingရွှေအဆင်းအတိနဲ့အရာဟာ တစ်လက်လက် တောက်ပမနေတတ်ပါဘူး လှည့်လည်နေသူတိုင်းဟာလည်း လမ်းပျောက်နေကြတာမဟုတ်ပါ အိုမင်းပေမယ့် ကြံ့ခိုင်သူဟာ ဆွေးမြေ့မလာတတ်ပါ နက်ရှိုင်းလွန်းတဲ့ အမြစ်တွေဟာ သစ်တောနဲ့ အလှမ်းကွာစမြဲ ပြာပုံကြားကနေ မီးတောက်နိုးထလာချိန် အမှောင်တွေထဲက အလင်းတန်းတစ်ခု ဖြန်းပက်လာရင်း ကျိုးပဲ့သွားခဲ့တဲ့ဓားကို ပြန်လည်ပြုပြင်ပြီးချိန်မှာ သရဖူမဲ့နေခဲ့သူဟာ ဘုရင်ပြန်လည်ဖြစ်လာမှာပါ။The Hobbit ကိုလဲ Extended Version နဲ့ မြန်မာစာတန်းထိုးအမှန်နဲ့ပြန်လည်တင်ဆက်လိုက်ပါတယ်။
mmbusticket Before Charles Xavier and Erik Lensherr took the names Professor X and Magneto, they were two young men discovering their powers for the first time. Before they were arch-enemies, they were closest of friends, working together with other mutants (some familiar, some new), to stop the greatest threat the world has ever known. Xmen Universe ကို Extended Version 1080p BluRay 5.1 Audio နဲ့ တင်ဆက်လိုက်ပါတယ်….ယခင်တင်ဆက်ခဲ့တုန်းက လိုအပ်ချက်တချို့ရှိခဲ့တဲ့ စာတန်းထိုးတွေကိုလဲ ပြန်လည်ဖြည့်စွက်ပြင်ဆင်ထားပါတယ်။X-men ဇာတ်ကားအားလုံးကို https://channelmyanmar.org/category/x-men/ မှာဒေါင်းလို့ရပါတယ်။
mmbusticket Netflix ရဲ့ အက်ရှင် ကားအသစ်တင်ပေးထားပါတယ်။ မင်းသားကတော့ Avengers တွေထဲက Falcon ပါပဲ။ ဒီဇာတ်လမ်းမှာတော့ သူက သူနာပြု ပေါလ် ပါ။ ပေါလ်မှာ ကလေးမွေးခါနီး မိန်းမတစ်ယောက်ရှိပါတယ်။ လူသတ်ပြီး ဒဏ်ရာနဲ့ ဝရမ်းပြေးတစ်ယောက်ကို ပေါလ်ရဲ့ ဆေးရုံမှာ ရဲတွေက လာပို့ထားချိန် ပေါလ်ရဲ့ မိန်းမကို တရားခံရဲ့ ညီက ပြန်ပေးဆွဲသွားပါတယ်။ ပြီးတော့ သူ့အစ်ကိုကို ကယ်ထုတ်လာပေးဖို့ အကြပ်ကိုင်တဲ့အချိန်မှာ ပေါလ်တစ်ယောက် မထင်ထားဘဲ ဒုစရိုက်အဖွဲ့တွေနဲ့ ရဲတွေရဲ့ ကြားမှာ ညှပ်ပါတော့တယ်။ ပေါလ် နဲ့ ဝရမ်းပြေးအေ့ဘ်တို့ စွန့်စားခန်းတွေကို ကြည့်လို့ကောင်းအောင် ရိုက်ထားတာပါပဲ။
ကွမ်းလင် စစ်တပ်ဟာ ဒဏ္ဏာရီထဲမှာ နာမည်ကြီးနေတဲ့ တောင်များမြစ်များ မြေပုံကို မြို့တော်က ဘဏ္ဏာတိုက်ထဲကိုသယ်ဆောင်လာတဲ့အချိန် လီချူံးရဲ့ကြေးစားစစ်တပ်တွေကတိတ်တဆိတ် လုပ်ကြံသတ်ဖြတ်ခဲ့တယ် အဲဒီအချိန်မှာအလွတ်စုံထောက် တီဖာရိ ကအချိန်မီရောက်လာပီး ကြေးစားတွေနဲ့တိုက်ခိုက်ကာ မြေပုံကိုပြန်ယူနိုင်ခဲ့တယ်ဒါပေမယ့် နန်းတွင်းမှာထပ်လုပ်ကြံခံခဲ့ရတယ်အဲဒီလုပ်ကြံတဲ့အချိန်နဲ့ကြယ်စင်ကိုးလုံးထွက်ပေါ်လာတဲ့အချိန်တိုက်ဆိုင်သွားပီး မြေပုံကိုဖွင့်မိလိုက်တဲ့အချိန်မှာအချိန်ခရီးသွားအဖြစ် ခေတ်သစ်ကိုရောက်ရှိလာခဲ့တယ်ခေတ်သစ်မှာ ရဲမေ မြင်ထင် က အနက်ရောင်ဌက်မွေးကိုလိုက်လံဖမ်းဆီးနေတဲ့အချိန် တီဖာရိက အကြောင်းစုံမသိပဲဝင်နှောင့်ယှက်မိပီး အစီအစဉ်တွေလွဲချော်သွားတယ်ဒါကြောင့် ရဲမေမြင်ထင်က တီဖာရိကို သံသယဖြစ်ပီး စခန်းကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ် တီဖာရိက သူ ရှေးခေတ်ကလာတဲ့အကြောင်းရှင်းပြပေမယ့် ရဲမေ မြင်ထင်က အရူးလို့ထင်ခဲ့တယ်ဒါပေမယ့် နောက်ပိုင်းမှာ တီဖာရိ ပြောပြသမျှတွေကို ယုံကြည်လာပီးအချင်းချင်းသံဃောဇဉ်တွေဖြစ်လာကြတဲ့ နောက် ဘာတွေဆက်ဖြစ်မယ်ဆိုတာ ဆက်လက်ခံစားကြည့်ရှုပါ
mmbusticket
ပိတ်ရက်မှာကိုယ်တွေလိုစကြဝဠာကြီးထဲကနေ တိရစ္ဆာန်ဝဠာကြီးထဲခဏသွားလိုက်ကြရအောင်
ဒီကားထဲမှာတော့ သူတို့အခေါ်တိရစ္ဆာန်ဝဠာကြီးပေါ့
အဲဒီထဲကကောင်းတဲ့အခြမ်းနဲ့မကောင်းတဲ့အခြမ်းတို့ရဲ့မပြီးဆုံးနိုင်တဲ့စစ်ပွဲကြီး
သူတို့နဂါးငွေ့တန်းမှာရှိတဲ့ အကုန်လုံးကိုအမှုန့်ဖြစ်သွားအောင်လုပ်ပစ်နိုင်တဲ့
ဆော့စ်ဆိုတဲ့စွမ်းအားကြီးကို မကောင်းတဲ့အခြမ်းကခေါင်းဆောင်ကထိန်းချုပ်ပြီး
ဒီစကြဝဠာတစ်ခုလုံးကိုဖျက်ဆီးပစ်ဖို့ကြိုးစားနေတဲ့အချိန်
အဲဒါကိုတားဆီးနိုင်မယ့် ကောင်းတဲ့အခြမ်းရဲ့တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်တဲ့
ရွေးချယ်ထားတဲ့သူဆိုတာကြီးကိုရှာပုံတော်ဖွင့်ရင်း ဘယ်လိုအတားအဆီးတွေကိုကျော်ဖြတ်ကြမလဲ
စစ်ပွဲကြီးကရောဘယ်ကဘယ်လိုအစပြုလာလဲ...
နောက်ဆုံးသူတို့ရှာနေတဲ့သူကိုဘယ်မှာရှာတွေ့မလဲ(ရှာတွေ့တဲ့နေရာကအဆန်းကြီး)
မကောင်းတဲ့အခြမ်းကခေါင်းဆောင်ကိုဘယ်လိုတွေတိုက်မလဲဆိုတာကို
တော်တော်ကိုမထင်ထားတဲ့လှည့်ကွက်လေးတွေနဲ့ရယ်နေရမယ့်ကာတွန်းကားကောင်းလေးတစ်ကားပါ
Marrying The Mafia 1 ရဲ့ အဆက်ပဲဖြစ်ပါတယ် IMDb Rate ကတော့6.1 ပဲဖြစ်ပါတယ် Marrying the Mafia 2 ဇာတ်လမ်းလေးကတော့ဂန်းစတား မိသားစုထဲက သားကြီးရဲ့ အချစ်ဇာတ်လမ်းလေးကို ပုံဖော်ထားတာပါ မိရိုးဖလာ ဂန်းစတားလုပ်နေရာကနေပြည်သူ့ရှေ့နေမလေးတစ်ယောက်ကို ရင်ခုန်မိသွားတဲ့အချိန်မှာတော့ဘယ်လို အကွေ့အကောက် အဝှေ့အဝိုက်တွေနဲ့အချစ်ကို ရအောင်ကြိုးစားခဲ့ရတယ်ဆိုတာကိုဟာသလေးတွေနှောပြီး တင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးပါ…ဒီကားလေးကြည့်ရင် ပါးစပ်မစေ့ရမှာသေချာကြောင်းဟာသချစ်သူများကို သတင်းကောင်းပါးလိုက်ပါတယ်….
ဒီကားလေးကတော့ Marrying The Mafia ကားရဲ့ 3 ကားမြောက်ပဲဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းလေးကိုကြည့်လိုက်ရအောင်Marrying the Mafia 2 မှာ ဂန်းစတားနဲ့ ရှေ့နေရဲ့ အချစ်ဇာတ်လမ်းရဲ့ နောက်ဆက်တွဲ ဇာတ်လမ်းလေးပေါ့…ဂန်းစတားလောကက ထွက်ပြီး ကင်ချီလုပ်ငန်းကိုစတင်တဲ့ မူလဂန်းစတား မိသားစုတစ်စုကိုအငြိုးကြီးခဲ့တဲ့ ရှေ့နေဘုံတစ်ယောက် ဘယ်လိုလက်စားချေပြီးဘယ်လို ပြဿနာရှာမယ်ဆိုတာ မြင်တွေ့ရမှာပါ…ထုံးစံမပြတ် ဟာသနှောထားတဲ့အတွက် ဟာသချစ်သူတွေလက်မလွှတ်သင့်တဲ့ ဟာသဇာတ်ကားကောင်းတစ်ခုဖြစ်လို့ကြည့်ဖြစ်အောင် ကြည့်လိုက်ကြနော်
Marrying The Mafia ကားရဲ့ ၄ ကားမြောက်ဇာတ်ကားပဲဖြစ်ပါတယ်Marrying The Mafia 5 ကားလုံးကိုဒီမှာတခုချင်းစီဒေါင်းယူနိုင်ပါတယ်ကဲဒီတစ်ခါတော့မာဖီးယားမိသားစုဟာဂျပန်ရောက်သွားပါပြီအသက်၂၂နှစ်ကတည်းကပြည်ထွက်ခွင့်ပိတ်ခံထားရတဲ့ဟုန်ဒွတ်ဂျာနဲ့သားတွေဟာ ပြည်ထွက်ခွင့်ပြန်ရတော့ ဂျပန်ကိုဈေးကွက်လေ့လာတဲ့အနေနဲ့သွားလည်ကြပါတယ်ဘဏ်မှာငွေလဲတုန်းဘဏ်ဓားပြနဲ့ကြုံပြီး သူ့တို့ပိုက်ဆံတွေယူသွားတဲ့ဓားပြနောက်ကိုလိုက်ကြရင်း ဂျပန်မှာတစ်ဝေ့လည်လည်ဖြစ်ရင်ဘာတွေကြုံရမလဲဆိုတာကိုထုံးစံအတိုင်းပါးစပ်မပိတ်ရအောင်ရယ်စရာတွေနဲ့ကြည့်ရမှာပါ ဒီတစ်ခါတော့မိသားစုသံယောဇဉ်ကိုအသားပေးထားတာဖြစ်ပါတယ်
Marrying The Mafia ဇာတ်ကားတွေရဲ့နောက်ဆုံးကားဖြစ်ပါတယ်5 ကားလုံးကို ဒီမှာဒေါင်းကြည့်နိုင်ပါတယ်အရင်ကားတွေရဲ့အဆက်ပါပဲ..သရုပ်ဆောင်တွေတော့အပြောင်းအလဲရှိသွားပါတယ်သရုပ်ဆောင်တွေတော့ ပြောင်းသွားပေမယ့် ဘာမှန်းမသိတဲ့Mafia မိသားစုအရှုပ်တော်ပုံကတော့ အတူတူပါပဲ။ ဒီတစ်ခေါက်တော့ ဘက်လိုက်တတ်တဲ့ အဖေကြီးကြောင့်ညီအစ်ကိုတွေကြား မတည့်ကြတဲ့ Mafia မိသားစုအကြောင်းပါ။ဒီတော့ အနှိမ်ခံ ညီအစ်ကို ၃ ယောက်က ဘယ်လိုတွေ သင်ခန်းစာပေးပြီးဘယ်လိုတွေ ပြဿနာရှာမယ်ဆိုတာရယ်… ဒီ သင်းကွဲမိသားစုကြီးပြန်လည်သင့်မြတ်မလားဆိုတာရယ်ကို ရယ်မောရင်း ဇာတ်လမ်းထဲမှာ အဖြေရှာလိုက်ပါ…
High School Musical လို သီချင်းတွေဝေဝေဆာဆာနဲ့ဇာတ်ကားမျိုးကိုနှစ်သက်ရင်
ဒီဇာတ်ကားကိုနှစ်သက်မယ်ဆိုတာ အာမခံပါရစေ
ဇာတ်လမ်းလေးကတော့ ဒီကားလေးရဲ့ prequels ၂ကားကိုကြည့်ဖူးရင်သိကြမှာပါ
မယ်က ဗီလိန်မယ်လီဖီးဆန့်ရဲ့သမီးတော်ပါ
ဘန်ကတော့ beauty ဘဲလ် and the beast ရဲ့သားတော်ပါ
သူတို့နှစ်ယောက်က မတူညီတဲ့နေရာနှစ်ခုက ပေါက်ဖွားလာပေမယ့်
အကြောင်းအမျိုးမျိုးကြောင့်တွေ့ဆုံချစ်ကြိုက်ပြီး
အခုဇာတ်ကားမှာဆိုရင် လက်ထပ်မင်္ဂလာပွဲတောင်ကျင်းပတော့မှာဖြစ်ပါတယ်
အဲ့ဒါကိုမကျေနပ်နိုင်သူကတော့ Sleeping Beauty အော်ရိုရာရဲ့သမီးတော်ပါပဲ
ပင်ကိုတော်ဝင်သွေးပါသူဖြစ်ပေမယ့်
မနာလိုမုန်းတီးစိတ်တွေဖုံးလွှမ်းပြီး
ဗီလိန်တစ်ယောက်ဖြစ်သွားတဲ့အခါမှာတော့…
မယ်တို့သူငယ်ချင်းတွေဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာ
ကြည့်ရှုခံစားရမှာဖြစ်ပါတယ်
Valley of Tears 2020
Wu Assassins
War & Peace
Watchmen
Warrior Nun
When They See Us
Freakish
Treadstone
Truth Be Told
Unbelievable
Victoria
Watership Down
Drama, Horror, Mystery
ဒီဇာတ်ကားကတော့ crime ဆန်ဆန်အက်ရှင်ကားမှ ကြိုက်သူများအတွက်အကြိုက်တွေ့မယ့်ဇာတ်ကားဖြစ်ပါတယ်
မိုက်ဟာ အမည်ခံကုမ္ပဏီတည်ထောင်ပြီး စတော့ရှယ်ယာကစားတဲ့တရားမဝင်အလုပ်ကိုလုပ်ကိုင်တဲ့သူဖြစ်ပါတယ်
မိုက်ရဲ့လုပ်ကိုင်ပုံကျွမ်းကျင်မှုကြောင့် သူ့ရဲ့အလုပ်သူဌေးတွေသဘောကျခြင်းခံတဲ့သူပေါ့
တစ်နေ့မှာတော့ မိုက်ဟာအလုပ်ကိစ္စသွားရင်းလူသတ်မှုနဲ့ထောင်ချောက်ဆင်ခံလိုက်ရကာ ထောင်ကျခဲ့ရပါတယ်
မိုက်ရဲ့ဘဝဟာလုပ်ငန်းရှင်ထောင်ထွက်တစ်ယောက်ဘဝရာက်သွားရပါတော့တယ်
မိုက်တစ်ယောက်ဘာကြောင့်သူ့ကိုထောင်ချောက်ဆင်တယ်
ဘယ်သူကသူ့ကို ဒုက္ခပေးနေတယ်ဆိုတာကို လက်စားချေဖို့ လိုက်လံစုံစမ်းပါတော့တယ်
မိုက်တစ်ယောက်နောက်ဆုံးမှာသူ့ရဲ့ရန်သူတွေကိုအောင်အောင်မြင်မြင် လက်စားချေသွားနိုင်ပါ့မလားဆိုတာကို
ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုလိုက်ကြပါဦး
Thriller
Below Zero (2021)
===============
IMDb Rating – 6.3/10
CM ပရိသတ်ကြီး အကြိုက်တွေ့မယ့် Action, Crime ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။
မာတင်ဟာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာတတ်တဲ့ ရဲတစ်ဦးပါ။ တစ်နေ့ သူပြောင်းတဲ့ ရဲဌာနမှ
ပထမဆုံးတာ တာ၀န်အနေနဲ့ အကျဉ်းသားတွေကို နေရာပြောင်းရွှေ့တဲ့ တာ၀န်ကို ထမ်းဆောင်ရပါတော့
တယ်။ ဒီလိုနဲ့ပဲ မာတင်ဟာ သူအပါအ၀င် နောက်ထပ် ရဲ ၃ ယောက်နဲ့အတူ အကျဉ်းသား ၆ ယောက်ပါတဲ့
အချုပ်ကားကို မောင်းပြီး မြူဆိုင်းတဲ့ ညဘက်မှာ တာ၀န်ထမ်းဆောင်ရပါတော့တယ်။
ဒီလိုနဲ့ မောင်းလာရင်း လမ်းခုလတ်မှာ ကားဘီးကလည်းပေါက် အရံလိုက်လာတဲ့ ရဲနှစ်ယောက်ရဲ့ကားနဲ့လည်း
အဆက်ပြတ်သွားတဲ့အတွက် သူကိုယ်တိုင် မောင်းလာတဲ့ ကားပေါ်က ဆင်းကြည့်တဲ့အခါ ခြုံခိုတိုက်ခိုက်ခံ
နေရပြီဆိုတာ သိလိုက်ရပါတော့တယ်။ အရံပါလာတဲ့ ရဲ ၃ ယောက်ကလည်း ကျ အချုပ်ကားထဲက အကျဉ်း
သား ၆ ယောက်ကလည်း စပြီး ပုန်ကန် အပြင်ကရန်သူတွေက တစ်ဖက်နဲ့ မှောင်မဲပြီး လူသူကင်းတဲ့ လမ်းမပေါ်မှာ
မာတင်တစ်ယောက် ဘယ်လို နှစ်ပါးသွားမလဲဆိုတာကို စိတ်၀င်စားဖွယ် မြင်တွေ့ရမှာဖြစ်ပါတယ်။
မနေ့ကမှ ထွက်ရှိလာတဲ့ Action ကားသစ်ဖြစ်ပြီး IMDb Rating 6.3/10 ရရှိထားတဲ့ ကားကောင်း ကားသစ်
လေးဖြစ်ပါတယ်။
Action, Adventure, Crime
Krack(2021) အညွှန်း
******************
တီလူဂူးဇာတ်ကားလေးတွေကို မျှော်နေကြတဲ့ အိန္ဒိယတောင်ပိုင်းရုပ်ရှင် ပရိတ်သတ်တွေအတွက် မနေ့ကထွက်တဲ့
Ravi Teja နဲ့ Shruti Haasan တို့ရဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။
Krack ဆိုတဲ့အဓိပ္ပါယ်ကိုက သူတို့ဘာသာစကားမှာ “ခေါင်းမာတဲ့သူ”ပါ။
ဒီတော့ ဒီရုပ်ရှင်ထဲက အဓိကဇာတ်ကောင်ဖြစ်တဲ့ ဗီရားရှန်ကာဆိုတဲ့ ရဲအရာရှိဟာ မတရားမှုတွေကို
ကိုင်တွယ်ရာမှာ ကြမ်းတမ်းတယ် ၊ သက်ညှာမှုကင်းမဲ့တယ်။
ဘယ်အရာကိုမှ မကြောက်တတ်ဘဲ လုပ်စရာရှိတာကို ခေါင်းကြောမာမာနဲ့ တဇွတ်ထိုးလုပ်တတ်သူပေါ့။
ဇာတ်လမ်းအစအစမှာ ပြသွားတဲ့ သံတစ်ချောင်း ၊ ၅၀တန် အကြွေတစ်ရွက်နဲ့ သရက်သီးတစ်လုံးဟာ ဗီရားရှန်ကာကိုင်တွယ်ခဲ့တဲ့
ဒိတ်ဒိတ်ကြဲလူဆိုး လူရမ်းကားသုံးယောက်ကို ကိုယ်စားပြုတယ်ဆိုတာ ဇာတ်လမ်းအလယ်လောက်ရောက်မှ နားလည်မယ်။
တစ်ယောက်ချင်းစီကို ကိုယ်တွယ်ပုံဟာ ဒီဇာတ်လမ်းရဲ့ frame ဖြစ်ပြီး ၊
တောင်ပိုင်းရုပ်ရှင်အထွက်နည်းလှတဲ့ အခုလိုအချိန်မျိုးမှာ ရဲကားကောင်းကောင်းကြည့်လိုသူတွေအဖို့
ကျေနပ်ကြလိမ့်မယ်ထင်ပါတယ်။
Action, Thriller
Pirates of the Caribbean: On Stranger Tides(2011)[1080P5.1CH]
((((ဒီဇာတ်ကားတွေက ဘယ်အချိန်ပြန်ကြည့်ကြည့် မရိုးနိုင်တဲ့ စာရင်းထဲပါလေတော့ Pirates of the Caribbean ပရိတ်သတ်တွေအတွက် HEVC,1080P5.1CH,720Pြ ဖင့် ရသမြောက်စွာ
ခံစားနိုင်စေရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်))))
ဂျက်နဲ့ လူမှားပြီး ဂစ်ဘ်ကို ကြိုးပေးမယ့်အရေးမှာ ဝင်ကယ်ပေးလိုက်ရပြီးတဲ့နောက် တစ်ကိုယ်တည်းကောင်းစားနေတဲ့ ဘာဘိုဆာဆီ
ရောက်သွားကြပြန်တယ်။ ဒါပေမယ့် ဂစ်ဘ်ပဲကျန်ခဲ့ပြီး ဂျက်ကတော့ သူ အချစ်ဟောင်း အန်ဂျလီကာကောင်းမှုနဲ့
မုတ်ဆိတ်နက်ဆီရောက်သွားတဲ့နောက် စပိန်တွေက တပန်းသာနေတဲ့ ထာဝရသက်ရှည်ရေပန်းကို ရှာနိုင်ဖို့ စိုင်းပြင်းရပြန်တယ်…
Pirates of the Caribbean On Stranger Tides(2011)
Action, Adventure, Fantasy
Pirates of the Caribbean: At World’s End(2007)[1080p5.1ch]
IMDb…7.1
((((ဒီဇာတ်ကားတွေက ဘယ်အချိန်ပြန်ကြည့်ကြည့် မရိုးနိုင်တဲ့ စာရင်းထဲပါလေတော့ Pirates of the Caribbean ပရိတ်သတ်တွေအတွက် HEVC,1080P5.1CH,720Pြ ဖင့် ရသမြောက်စွာ
ခံစားနိုင်စေရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်))))
သူရဲကောင်းဆန်ဆန်နဲ့ ကရာကန်ကြီး ပါးစပ်ထဲ ဓားတစ်ချောင်းနဲ့ ဝင်ပြီး အားလုံးကို ပေးဆပ်သွားတဲ့နောက်တော့ ဝီလ်တန်နာနဲ့
အဲလိဇဘက်တို့နှစ်ယောက်သား ကပ္ပတိန် ဘာဘိုဆာနဲ့ ပူးပေါင်းပြီး ဂျက်ကို ဒေဗီဂျုန်းဆီကနေ လွတ်အောင် ကယ်ဖို့ ကြိုးစားရတော့တယ်။
ဒါပေမယ့် နှစ်ယောက်မရှိတဲ့ ဂျက်စပဲရိုးက သူ ဘာကောင်လဲဆိုတာကို ဂဏန်းတွေနဲ့ ပုလဲနက်နဲ့ ပြလိုက်တယ်
ဒေဗီဂျုန်းကိုလည်း လော့ဒ် ဘက်ကပ်တ်က ထိန်းချုပ်ထားပြီး ပင်လယ်ပြင်တခွင်တစ်ခုလုံးရဲ့ သင်္ဘောတွေအကုန်ကို
ဖျက်ဆီးခိုင်းတဲ့နောက်တော့ ဝီလ်၊ အဲလိဇဘက်နဲ့ ဘာဘိုဆာတို့နဲ့ အတူ ကပ္ပတိန် ဂျက်စပဲရိုးပါ တိုက်ပွဲထဲ ဝင်ပါလာရတော့တယ်…
Pirates of the Caribbean At World’s End(2007)
Action, Adventure, Fantasy
Space Jam (1996)
===============
မိုက်ကယ်ဂျော်ဒန်ဆိုတဲ့ ဘတ်စ်ကတ်ဘောဘုရင်ဟာ ငယ်စဉ်ကတည်းက ဖခင်ဖြစ်သူလိုမျိုး ဘေ့စ်ဘောကစားသမား ဖြစ်ချင်ခဲ့တာပါ။ သူအရွယ်ရောက်ပြီ ဘတ်စ်ကတ်ဘောအားကစားလောကမှာ အထွဋ်ထိပ်ထိ တက်လှမ်းပြီးသွားတဲ့နောက် ဘတ်စ်ကတ်ဘောလောကကနေ ရုတ်တရက်ရပ်နားပြီး ကလေးဘဝကဆန္ဒကို အကောင်အထည်ဖော်ဖို့ ဘေ့စ်ဘောလောကထဲကို ခြေစုံပစ်ဝင်လိုက်ပါတယ်။
ဘေ့စ်ဘောမှာအဆင်မပြေပေမယ့် ဘတ်စ်ကတ်ဘောဘုရင်ဖြစ်တဲ့သူ့ကို အဖွဲ့သားတွေကအပြစ်မမြင်ပေမယ့် ပရိတ်သတ်တွေနဲ့မီဒီယာကတော့ ကြိတ်မနိုင်ခံမရဖြစ်နေကြတာပေါ့။ ဒီအချိန်မှာ မိုရွန်တောင်ကဂြိုလ်သားတွေက ဝယ်သူတွေကိုဆွဲဆောင်ဖို့ Looney Tunesတစ်ဖွဲ့လုံးကို ဖမ်းဆီးဖို့လွှတ်လိုက်ပါတယ်။ သေးကွေးနှေးကွေးတဲ့ဒီဂြိုလ်သားတွေနဲ့ ဘတ်စ်ကတ်ဘောပြိုင်ဆော့ဖို့စိန်ခေါ်လိုက်ပြီးမှ ဂြိုလ်သားတွေဘာလို့ကြီးထွားကုန်တာလဲ။ သူတို့တွေကမိုက်ကယ်ကိုအကူအညီတောင်းတဲ့အခါ ဘေ့စ်ဘောကစားသမားဖြစ်နေတဲ့သူကရော ကူညီပါ့မလား။ Looney Tunesတစ်ဖွဲ့လုံးနဲ့အတူတူ မိုက်ကယ်ပါ ဂြိုလ်သားတွေရဲ့ အကျဉ်းသားဘဝရောက်သွားမလားဆိုတာကိုတော့… နာမည်ကျော်မိုက်ကယ်ဂျော်ဒန်ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားပြီး IMDb 6.4 ရထားတဲ့ ဒီကာတွန်းလေးက ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရွှင်မြူးစေမှာဖြစ်လို့ ကြည့်ရှုဖို့လက်တို့လိုက်ရပါတယ်။
Adventure, Animation, Comedy, Family, Science Fiction
Experimenter (2015)
ဒီကားက
ကျွန်တော်တို့ဟာ တစ်ခါတစ်ရံမှာ ကြိုးတွေကို တွေ့ကောင်းတွေ့နိုင်ပေမယ့်
သတိပြုမိတဲ့စိတ် ကသာလျှင် ကျွန်တော်တို့အတွက် လွတ်မြောက်ခြင်းရဲ့ ဦးဆုံးခြေလှမ်း ဖြစ်ရမှာပါ။”
IMDb – 6.6/10 ရရှိထားတဲ့ ကားကောင်းတစ်ကား ဖြစ်တာမို့ ကြည့်ရှုစေချင်ပါတယ်။
ဆု ၂ ဆု နဲ့ တစ်ကြို ၅ ကြိမ် ဝင်ခဲ့တဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။
Los Angeles Film Festival 2015 နဲ့ Political Film Society, USA 2015
တို့မှာ ဆု ရရှိခဲ့ပြီးတော့
တော့ နိုင်ငံရေးနဲ့ နှီးနွယ်တဲ့ စိတ်ပညာကို လေ့လာချင်တဲ့လူတွေ စိတ်ဝင်စားမယ့် ဇာတ်ကားကောင်းတစ်ကားပါပဲ။
တကယ့်အဖြစ်အပျက်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။
လူမှု စိတ်ပညာရှင် စတန်လေ မီလ်ဂရမ် ရဲ့ ၁၉၆၁ မီလ်ဂရမ် စမ်းသပ်ချက်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။
ဒီစမ်းသပ်ချက်ကတော့ လူတွေရဲ့နာခံမှု(Obedience) ကို စမ်းသပ်ချက်ပဲ ဖြစ်ပါတယ်။
လူစိမ်းနှစ်ယောက်ကို ခေါ်ပြီး တစ်ဘက်က သင်ယူသူ တစ်ဘက်က သင်ကြားသူအနေနဲ့ ထားပြီးတော့
မှားရင် လျှပ်စစ်ရှော့တိုက်တဲ့နည်းနဲ့ နာခံမှု ဘယ်လောက်ရှိတယ်ဆိုတာကို စမ်းသပ်တာပဲ ဖြစ်ပါတယ်။
ဒီတော့ ကျွန်တော်တို့ Obedience ကို သိပ္ပံနည်းကျကျ အချက်အလက်တွေနဲ့ လေ့လာကြည့်ရအောင်။
ကောင်းတာတစ်ခုကတော့ ဒါက ဇာတ်လမ်းသဘောဖြစ်နေတဲ့အတွက် လုံးဝ ပျင်းအိုင်သွားခြင်း မရှိတာပါပဲ။
မီလ်ဂရမ် ဟာ အခြားစမ်းသပ်ချက်တွေဖြစ်တဲ့ Small World Experiment နဲ့ Lost letter experiment တို့ကိုလည်း လုပ်ခဲ့ပါသေးတယ်။
“ကျွန်တော်တို့က ရုပ်သေးရုပ်တွေလို့ ခင်ဗျား ဆိုလို့ ရပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ဟာ အသိဉာဏ် နဲ့ သိတတ်နားလည်မှုတွေပါ ပါဝင်တဲ့ ရုပ်သေးရုပ်တွေပါလို့ ကျွန်တော်ကတော့ လက်ခံယုံကြည်ထားပါတယ်။
Biography, Drama, History
ဇာတ်လမ်းအကျဉ်း
ဒီဇာတ်ကားလေးကတော Song Joong Ki ရဲ့ ၂၀၂၁ ကမှအသစ်စက်စက်ထွက်ရှိထားတဲ့ Sci-Fic ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်
အနာဂတ်ကမ္ဘာကိုစိတ်ကူးယဉ်ပုံဖော်ထားတာဖြစ်လို့စိတ်ဝင်စားဖို့ကောင်းပြီး Setting ချပုံကအစထူးခြားတဲ့ကားလေးဖြစ်ပါတယ်
ကင်ထယ်ဟို (Song Join Ki) ဟာတစ်ချိန်တုန်းကအာကာသစောင့်ကြပ်သူတွေရဲ့ ကွန်မန်ဒါခေါင်းဆောင်ဖြစ်ခဲ့ပေမယ့်
အကြောင်းအမျိုးမျိုးကြောင့် လက်ရှိမှာတော့ရာထူးကချခံလိုက်ရပြီးအာကာသထဲလွင့်စင်သွားတဲ့
မွေးစားသမီးလေးကိုလိုက်ရှာနေတဲ့ဆင်းရဲသားတစ်ယောက်ဖြစ်နေပါတယ်
တစ်နေ့မှာတော့ ပေါက်ကွဲနိုင်တယ်လို့ကြေငြာထားတဲ့ နာနိုဘော့နည်းပညာသုံးကလေးပုံစံစက်ရုပ်လေးဟာ
ထယ်ဟိုဆီကိုရောက်လာပါတယ်ပိုက်ဆံလိုနေတဲ့ထယ်ဟိုကတော့ စက်ရုပ်ကိုအသုံးချပြီးငွေရအောင်
်ကြိုးစားပါတော့တယ် ဒါပေမယ့်စက်ရုပ်လို့ထင်ထားခဲ့တဲ့ကလေးလေးဟာလူသားတစ်ယောက်ဖြစ်နေတဲ့အခါမှာတော့
ထယ်ဟိုတစ်ယောက်ဘယ်လိုဆက်လုပ်သွားမလဲ
ကလေးမလေးနောက်ကွယ်မှာရောဘယ်လိုလျှို့ ဝှက်ချက်တွေရှိနေတာလဲဆိုတာကို
ဇာတ်လမ်းထဲမှာဆက်လက်ရှုစားလိုက်ကြပါဦး
Action, Adventure, Drama
ဒီတစ်ခေါက် Netflix မှာအသစ်ထွက်ရှိလာတဲ့ တရုတ်သိုင်းကားဆန်ဆန်ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးချင်ပါတယ်
ဒီဇာတ်ကားက တရုတ်ပြည်ကမိုဘိုင်းဂိမ်းတစ်ခုကိုအခြေခံပြီးရိုက်ကူးထားတာလို့လည်းသိရှိရပါတယ်
effectတွေလည်းကောင်းကောင်းသုံးထားပြီးတော့ ကြည့်ရတာ တကယ်မိုက်မယ့်ဇာတ်ကားကောင်းတစ်ကားပါ
ဇာတ်လမ်းအကျဉ်းချုပ်ကတော့ မကောင်းဆိုးဝါးမြွေဆိုးကိုနှိမ်နင်းဖို့အတွက် ကျင်မင်ဆိုတဲ့ဘုန်းတော်ကြီးက မြို့တော်ကိုလာခဲ့ပါတယ်
မြွေဆိုးရဲ့အရိပ်တွေက ခဏခဏ လူတွေကြားထဲကိုထွက်လာလေ့ရှိပါတယ်
တကယ့်ခန္ဓာကိုယ်အစစ်ကတော့ ဘုရင်မကြီးရဲ့ခန္ဓာကိုယ်ထဲမှာ ထိန်းသိမ်းထားတာပါ
ဒီလိုအန္တရာယ်ကျရောက်လာပြီဆိုရင် ဂိုဏ်းကြီးလေးဂိုဏ်းကဆရာလေးဆူ စုပြီးတော့ မြွေဆိုးကိုနှိမ်နင်းရပါတယ်
ဒါပေမယ့် ဒီတစ်ခေါက်မှာတော့ မြွေဆိုးရဲ့ခန္ဓာကိုယ်အစစ်ထွက်လာတော့မှာပါ
ဒါကို ဆရာတွေဘယ်လိုကာကွယ်ကြမလဲဆိုတာ ရင်ခုန်ဖွယ်ကြည့်ရူရမယ့် ဇာတ်ကားကောင်းတစ်ကားပါ
တရုတ်သိုင်းကားတွေနှစ်သက်သူအတွက်တော့ ကြည့်သင့်တဲ့ကားကောင်းတစ်ကားဖြစ်လို့ ညွှန်းပေးလိုက်ရပါတယ်
The Yin Yang Master Dream of Eternity (2021)
Action, Drama, Fantasy
Agent Revelation 2021 ကတော့ Action/Sci-fic/Thriller ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ IMDb rating ကတော့ 6.2/10 ရထားပါတယ် ။
ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် ကင်နီယန်းလို့ခေါ်တဲ့ ဂြိုဟ်သားမျိုးနွယ်ဟာလူသားတွေကို အက်ရှ်(Ash) ဆိုတဲ့စွမ်းအင်တစ်မျိုးကိုအသုံးချပြီးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကထိန်းချုပ်လာခဲ့တာပါ၊၊ ဒါပေမဲ့ လူသားတွေရဲ့ လောဘကို သဘောပေါက်သွားတဲ့ ဂြိုလ်သားတွေဟာ အက်ရှ်စွမ်းအင်ကို မသုံးပဲ လောဘတရားတွေနဲ့သာ လူသားတွေကို ထိန်းချုပ်ခဲ့ပါတယ်။ ကမ္ဘာပေါ်က အက်ရှ်စွမ်းအင်သွေးနှောသူတွေကိုအကုန်ရှင်းခဲ့ကြပါတယ်။ မတော်တဆဖြစ်ရပ်တစ်ခုကြောင့် ကမ္ဘာပေါ်မှာဖွက်ထားတဲ့ အက်ရှ် စွမ်းအင်တွေထွက်လာပြီးတော့
ဂျင်မ်တို့သူငယ်ချင်းတွေကိုထိန်းချုပ်ခံလိုက်ရတယ်၊၊ အက်ရှ်ကြောင့် သူ့ငယ်ချင်းတွေကို ဆုံးရှံးခဲ့ရတဲ့ ဂျင်မ် ဟာ သူကိုယ်တိုင်တော့ အက်ရှ်ကြောင့် ဘာမှမဖြစ်ခဲ့ပါဘူး ။ အက်ရှ်ရဲ့စွမ်းအင်တွေဟာ သူ့ကိုယ်ထဲစီးဝင်ပြီး သူ့အသွေးအသားနဲ့ တစ်သားထဲ ဖြစ်ပြီး ဂျင်မ်ဟာစွမ်းအားတွေပိုင်ဆိုင်လာခဲ့ပါတယ်။
ကမ္ဘာပေါ်ကိုဂြိုဟ်သားတွေ ကြီးစိုးထိန်းချုပ်လာမှာကိုကာကွယ်နေတဲ့လျို့ဝှက်အဖွဲ့အစည်းကတော့ ဂျင်မ် ကဘာကြောင့် အက်ရှ်ရဲ့ ထိန်းချုပ်ခြင်းမခံရတာလဲဆိုတာကိုစမ်းသပ်ရှာဖွေရင်းနဲ့ ဘာတွေ ဘယ်လိုတွေဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။
Action, Science Fiction, Thriller
ဒီတစ်ခေါက်တင်ဆက်ပေးချင်တဲ့ဇာတ်ကားကတော့ အင်ဒိုနီးရှားဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်နော်
အင်ဒိုနီးရှားနိုင်ငံမှာ သိုင်းအားကစားတစ်ခုရှိပါတယ် လုံချည်တစ်ကွင်းထဲမှာလူနှစ်ယောက်ဝင်ပြီး
သိုင်းချတဲ့ ဆာရွန်သိုင်းချနည်းလို့ခေါ်တဲ့အားကစားတစ်ခုပါ ဒီကားမှာတော့ သိုင်းအားကစားနည်းကိုအခြေခံပြီး
ရိုက်ကူးထားတဲ့ဇာတ်ကားကောင်းပါ
ဇာတ်လမ်းကတော့ ဒန်နီက ဂျာကာတာက ဆိုးသွမ်းတဲ့သူဌေးသားတစ်ယောက်ပါ
သူ့အမေက သူ့ကိုလိမ္မာလာအောင် မာကာစတာမြို့ကိုပို့လိုက်ပါတယ်
ဆာရွန်သိုင်းအားကစားက အဲဒီမြို့မှာပိုပြီးတော့ထင်ရှားနေတဲ့အချိန်ပေါ့ ဒန်နီက တန်ရီဆိုတဲ့ကောင်မလေးနဲ့တွေ့ခဲ့ပြီး
တန်ရီကိုတော့ ဆာရွန်သိုင်းချန်ပီယံတစ်ယောက်က အတင်းလိုက်ကြိုက်နေတာပါ
ဒီလိုနဲ့ ဒန်နီနဲ့ ဆာရွန်သိုင်းချန်ပီယံတို့ ပြဿနာတတ်ကြပါတော့တယ် ဒါကြောင့် ဒန်နီက ဆာရွန်သိုင်းသင်ပါတော့တယ်
ဘယ်လိုတွေဆက်ဖြစ်ကြမလဲကတော့ ဆက်ကြည့်လိုက်ကြပါတော့…………………
အရင်တုန်းက ကရာတေးဇာတ်ကားကောင်းတွေကြိုက်နှစ်ခြိုက်သူတွေ
ဒီဇာတ်ကားလေးကိုလည်း ကြိုက်မယ်လို့မျှော်လင့်တာမို့ ကြည့်သင့်တဲ့ကားလေးအဖြစ် ညွှန်းပေးလိုက်ရပါတယ်
Action, Adventure, Drama
ဒီဇာတ်ကားကတော့ လူငယ်တွေ ငယ်တုန်းမှာ လမ်းမှားရောက်တတ်ကြောင်းကို
ပညာပေးရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်
၂၀၁၂ကထွက်ခဲ့တာဖြစ်ပြီး ဟောင်းပေမယ့်ကောင်းသေးတဲ့ဇာတ်ကားတစ်ကားလို့ပြောလို့ရပါတယ်
ဇာတ်လမ်းအကျဉ်းချုပ်ကတော့ ကျင်ဟွာဆိုတဲ့ ၁၇နှစ်အရွယ်ကောင်လေးက မဟုတ်မခံစိတ်ဓာတ်ရှိပြီး
ရန်ပွဲတွေမှာလည်းဝင်ပါလေ့ရှိပါတယ် တစ်နေ့ လူရိုက်မိပြီး လူငယ်ထိန်းသိမ်းရေးကျောင်းကို ၆လသွားနေခဲ့ရပါသေးတယ်
ပြန်ထွက်လာတော့ သူ့အမေက သူ့ကိုဘဝသစ်စစေချင်ပါတယ် ဒီလိုဘဝသစ်စဖို့ကြိုးစားမယ်ဆိုပြီး
သူက စာမေးပွဲပြန်ဖြေဖို့လုပ်ပါတော့တယ် ဒါပေမယ့် အပေါင်းအသင်းကြောင့်မို့လို့ ဂိုဏ်းတစ်ခုထဲကို ဝင်မိသွားပါတယ်
ထို့နောက် သူ့ရဲ့ဘဝသစ်စမယ့်အစီအစဉ်က မအောင်မြင်ခဲ့ဘူးဆိုပါတော့
သူဘယ်လိုပြဿနာတွေကြားထဲကိုရောက်သွားမယ်ဆိုတာ
ပညာပေးရိုက်ကူးထားတဲ့ကားကောင်းလေးဖြစ်လို့ ညွှန်ပေးလိုက်ရပါတယ်
drama အမျိုးအစားဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်
Action, Crime
ဒီတစ်ခါတော့ IMDb rating 7.1/10အထိရရှိထားတဲ့ Crime, Dramaအမျိုးအစား ရုပ်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဇာတ်လမ်းအကျဥ်းကတော့ ဂျိုဝီဆိုတဲ့ ကြေးစားလူသတ်သမားတစ်ယောက်ဟာ လူသတ်တဲ့နေရာမှာ လက်ယဥ်ပြီးကျွမ်းကျင်ပါတယ်။ တစ်နေ့မှာတော့ သူ့ကိုအပ်ထားတဲ့ အလုပ်တစ်ခုကိုကိုင်တွယ်နေတုန်း သူလူသတ်လိုက်တာကို သေဆုံးသူရဲ့လက်ထောက်ဖြစ်သူကောင်မလေး မြင်သွားပါတယ်။ သူကလည်း မလှုပ်ရှားခင်ကတည်းက ပစ်မှတ်အခြေအနေကိုလေ့လာရင်း အဲဒီကောင်မလေးကိုမြင်မြင်ချင်း ကြွေမိနေတာပါ။ ပုံမှန်ဆိုရင် မျက်မြင်သက်သေကိုပါ လက်စဖျောက်ရမှာဆိုပေမဲ့ သူ့ခံစားချက်ကိုမထိန်းချုပ်နိုင်တဲ့ ဂျိုဝီတစ်ယောက် ကောင်မလေးကိုဖမ်းပြီး သူ့အိမ်ခေါ်လာပါတယ်။ ပြီးတော့ သူ့အိမ်မှာဘဲမသတ်ရက်လို့ ဆက်ဖမ်းထားပါတယ်။
လူသတ်သမားနဲ့ မျက်မြင်သက်သေကြားက ထူးခြားတဲ့အချစ်ပုံစံကရော ဘယ်လိုဖြစ်မလဲ။ သာမန်အချစ်ဇာတ်လမ်းနဲ့ ထူးထူးခြားခြားကွဲပြားနေပြီးတော့ သူတို့ကြားကဆက်ဆံရေးက ညင်သာမှုတွေ၊ မယုံကြည်မှုတွေနဲ့ပြည့်နှက်နေပြီး သူတို့ဘဝတွေကို ဘယ်လိုပုံစံရိုက်ခတ်သွားမလဲ။ ဇာတ်လမ်းလေးက အလောတကြီးမဟုတ်ဘဲ ပုံမှန်လေးဇာတ်ရှိန်တက်သွားပြီး အဝေးကြီးထိကြိုမမြင်နိုင်တဲ့ လှည့်ကွက်လေးတွေနဲ့ရိုက်ကူးထားတာကြောင့် ကြည့်လို့ကောင်းတဲ့ကားလေးပါပဲ။
Crime
ဒီဇာတ်ကားကတော့ ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ အိန္ဒိယအက်ရှင်ကားတစ်ကားဖြစ်ပါတယ်။
မင်းသား အာဂျေးလ်ဒေ့ဂမ်၊ အနီးလ်ကပူးရ်၊ မင်းသမီးကန်ဂနာရာနွတ်တို့ ပါဝင်သရုပ်ဆောင်ထားပါတဲ့
ရထား ဗုံးထောင်ပြီး ခြိမ်းခြောက်ငွေတောင်းတဲ့ ကားလေးပါ။
မင်းသားအာဂျေးလ်က အိန္ဒိယကနေ လန်ဒန်ကို အလုပ်လာလုပ်တဲ့အင်ဂျင်နီယာတစ်ယောက်ပါ..
ဘဝတူရွေ့ပြောင်းလုပ်သားတွေရဲ့ဘဝကို ကူညီကယ်ဆယ်ဖို့ ကြိုးစားရင်း.. သူကိုယ်တိုင်လည်း အဖမ်းခံ.. နှင်ထုတ်ခံခဲ့ရပါတယ်။
ချစ်ရတဲ့ မိသားစုကို လန်ဒန်မှာထားရစ်ခဲ့ရပြီး တစ်ကွဲတစ်ပြားဖြစ်ခဲ့ရတဲ့အတွက် လက်စားချေဖို့
လန်ဒန်ကိုရအောင် ပြန်လာခဲ့ပါတယ်။ ပြီးတော့ ရထားပေါ်မှာ ဗုံးထောင်ပြီး ခြိမ်းခြောက်ငွေတောင်းခံမှုတွေ
လုပ်ခဲ့ရာက ဒီဇာတ်လမ်း ဖြစ်ပေါ်လာခဲ့တာပါ။
တောင်းတဲ့ငွေတွေ ရမှာလား.. ခရီးသည်တွေရဲ့ အသက်အန္တရာယ်က
ဘယ်လို ကယ်ထုတ်မှာလဲ စိတ်ဝင်စားဖွယ်၊ ကြည့်ရှုအားပေးလိုက်ပါဦး
Action, bollywood, Crime, Drama
Palmer (2021)
============
IMDb Rating – 7.3/10
ဇာတ်ကားအကျဉ်းပြောရမယ်ဆိုရင်တော့ ထောင်ထွက်တစ်ဦးနဲ့ အိမ်တွင်းရေးအဆင်မပြေတဲ့ ကလေးတစ်ယောက်
ရဲ့အကြောင်းပေါ့။ ပါးလ်မာ က ထောင်ထဲ (၁၂)ကျော်နေခဲ့ပြီးမှ ခံဝန်နဲ့လွတ်လာသူဖြစ်ပြီး သူ့အဖွားအိမ်၊ သူ့ဇာတိမြို့မှာပဲ
ပြန်လာနေခဲ့တယ်။ ဆမ် ဆိုတာကတော့ ပါးလ်မာရဲ့အိမ်ဘေးမှာနေတဲ့ ကလေး။ ဆမ့်အမေက ဆေးသမား၊ ပထွေးဖြစ်သူ
ကလဲ အချိုးမပြေ။ မိသားစုအခြေအနေလုံးဝမကောင်းတဲ့ ကလေးတစ်ယောက်။ ထောင်ထွက် ပါးလ်မာနဲ့ အိမ်တွင်းရေး
အဆင်မပြေတဲ့ ဆမ် တို့နှစ်ယောက်ရဲ့အကြောင်းကို ခပ်ငြိမ့်ငြိမ့်လေးနဲ့ တင်ဆက်သွားတဲ့ Drama ဇာတ်ကားကောင်းလေး
တစ်ကားဖြစ်ပါတယ်။ ဒီလို Drama ကားမျိုးကြည့်ရတာ စိတ်ထဲအတော်လေး ကျေနပ်သွားမိတယ်။ IMDB rating (7.3/10)
၊ Rotten Tomato ကလည်း (74 %) ဆိုတဲ့အတွက်ကြောင့် ဇာတ်ကားကောင်းဖြစ်မယ်ဆိုတာတော့ ပြောစရာလိုမယ်မထင်ပါဘူး။
ပါးလ်မာ အဖြစ် သရုပ်ဆောင်ထားသူကတော့ အဆိုတော်/သရုပ်ဆောင် Justin Timberlake ပဲဖြစ်ပါတယ်။
Drama
ဒီတစ်ခါ comedy-drama ဇာတ်ကားအမျိုးအစားလေးကိုတင်ဆက်ပေးချင်ပါတယ် တကယ်ရယ်ရမဲ့ဇာတ်ကားကောင်းလေးပါနော်
ရုံကြီးကားတစ်ကားဖြစ်ပြီး ဟောင်ကောင်ရုပ်ရှင်ဆုပေးပွဲမှာလည်း ဇကာတင်ဝင်ခဲ့တဲ့ ဇာတ်ကားကောင်းလေးပါ
လတ်တလောမှာလဲ ထိုင်းကနေပြန် remark ရိုက်ထားတဲ့ My God! Father (2020)ရဲ့မူရင်းဇာတ်ကားလေးပါ
နောက်ခံတီးလုံးကလည်းကောင်း သရုပ်ဆောင်တွေကလည်း Eddie Peng (Operation Mekong) , Deng Chao (The Mermaid 2016),
Zanilia Zhao (လတ်တလောပြိးထားတဲ့ ဇာတ်လမ်းတွဲ Legend of fei) တို့တွေဆိုတော့ ထွေထွေထူးထူးပြောစရာလိုမယ်မထင်ပါဘူး
ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် လန်က ကားမောင်းချန်ပီယံတစ်ယောက်ပါ
တစ်နေ့သူ့အဖေနဲ့ ကားအတူတူမောင်းနေရင်း မတော်တဆမှုဖြစ်ခဲ့ပါတယ်
အဲဒီအချိန်မှာ သူက အချိန်နောက်ပြန် ခရီးသွားပြီး သူ့အဖေရဲ့ငယ်ဘဝကိုရောက်သွားပါတော့တယ်
လန်က အစက သူအဖေနဲ့အဆင်မပြေပါဘူး ဒါပေမယ့် သူ့အဖေငယ်ဘဝကိုပြန်ရောက်တဲ့အခါ
သားအဖ နှစ်ယောက်က သူငယ်ချင်းဖြစ်လာပါတော့တယ်
သားအဖနှစ်ယောက်ကြားကသံယောဇဉ်တွေအကြောင်းကို
ကြည့်ရမယ့် dramaကားကောင်းကောင်းလေးပဲဖြစ်လို့ ညွှန်းပေးလိုက်ရပါတယ်
Comedy, Drama, Fantasy
My Missing Valentine (2020)
****************************
ဒိတ်ပျောက်တယ် ဆိုတဲ့ စကားကို လူငယ်တွေ အရမ်းပြောလေ့ရှိပါတယ်
ဒါပေမယ့် တကယ် ဒိတ်ပျောက်သွားတဲ့လူတွေရှိပါ့မလား
ဒီဇာတ်လမ်းထဲက ကောင်မလေးကတော့ တကယ်ဒိတ်ပျောက်သွားခဲ့ပါတယ်
အရာရာကို မြန်မြန်ဆန်ဆန်လုပ်တတ်တဲ့ကောင်မလေးတစ်ယောက်
ခရာမတွတ်ခင် ပြေးတတ်တဲ့ သူများတွေထက် ရှေ့ကိုတစ်လှမ်းကြိုပြင်ဆင်တတ်သူလေးတစ်ယောက်ရှိသတဲ့။
ကမ္ဘာလောကကြီးနဲ့အဆက်သွယ်ပြတ်နေတဲ့သူတစ်ယောက်
အသက်ကလဲ ၃၀ နားကပ်နေပြီး အချစ်ရေးနဲ့ပါတ်သက်လို့ မူးလို့တောင်မရှုဖူးတဲ့သူမအနားကို
ခပ်ချောချောကောင်လေးတစ်ယောက်က ရောက်လာခဲ့ပါတယ်။
အဲ့ကောင်လေးနဲ့ ချစ်သူများနေ့မှာ အတူဖြတ်သန်းဖို့ စိတ်ကူးယဉ်
အပျော်တွေလွန်ပြီး အိပ်သွားခဲ့ပေမဲ့ နောက်တစ်နေ့ သူအိပ်ရာနိုးလာချိန်မှာတော့
သူ့ရဲ့ချစ်သူများနေ့ဟာ သူ့မှတ်ဉာဏ်ထဲကနေ ထူးဆန်းအံ့သြဖွယ်ရာ
ပျောက်ဆုံးနေခဲ့တာသိလိုက်ရပါတယ်။
သူ့ရဲ့ဘဝမှာ အပြောင်းလဲကြီးတစ်ခုလို့ဆိုရလောက်တဲ့နေ့တစ်နေ့ဟာ
ဘာလို့ပျောက်ဆုံးသွားရတာလဲ အဖြေရှာပါတော့တယ်။
ဘာကြောင့် နေ့ရက်တစ်ရက် ပျောက်ဆုံးသွားရတာလဲ
ပျောက်ဆုံးသွားတဲ့နေ့ရက်ကို ဘယ်လိုပြန်ရှာမလဲ
“ကိုယ့်ကိုယ်ချစ်ပါ တစ်နေရာမှာတော့
သင့်ကိုချစ်တဲ့သူတစ်ယောက်ရှိနေပါတယ်”
IMDb rating 7.4 ရရှိထားပြီး Golden Horse Film Festival တစ်ခုတည်းမှာတင်
Winner 5 ဆုရရှိပြီး Nomi 6 ဆု ၀င်ခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားလဲဖြစ်ပါတယ်။
Comedy, Drama, Mystery
ကျွန်တော်တို့ငယ်ငယ်တုန်းက လမ်းတစ်လမ်းဖောက်ဖို့ အဆောက်အဦပြောင်းဖို့
သင်္ချိုင်းရွေ့တယ်တို့ သင်္ချိုင်းပြောင်းတယ်တို့
ခဏခဏကြားဖူးကြတယ်မလား
ခွင့်တောင်းပြီးရွေ့ရတဲ့အခါ ကားထဲခေါ်တင်ပြီး
ပြောင်းရွေ့ပေးရတာတွေလေ
အခုလည်း ရှိချင်ရှိမှာပါ ဒါပေမယ့်ငယ်ငယ်တုန်းကတော့
ဒီလိုပြောင်းရွေ့မှုရဲ့ နောက်ဆက်တွဲဇာတ်လမ်းတွေကြားရတာနဲ့တင်
ကြက်သီးမွှေးညှင်းတွေ ထခဲ့ကြရတာပေါ့ဗျာ
ခေတ်ကာလတွေကူးပြောင်းလာတော့ ဒီခေတ်ကြီးထဲမယ်
သရဲတစ္ဆေတွေနဲ့ ပက်သက်ပြီး ကျွန်တော်တို့ငယ်ငယ်တုန်းကလောက်
အစွဲအလမ်းမရှိကြတော့တာကတော့ သေချာတယ်ဗျ
ဒါပေမယ့် သုသာန်မြေကိုတစ်ခုခုလုပ်ဖို့ဖယ်ရှားရတဲ့အချိန်မှာတော့
ရှေးဟောင်းအယူအဆတွေက မပစ်ပယ်ကောင်းပါဘူး
ရှေးထုံးလည်းမပယ်နဲ့ ဈေးသုံးလည်း မကြွယ်နဲ့ဆိုတဲ့ စကားတောင်ရှိသေးတယ်မို့လား
ဒီဇာတ်ကားက ကျွန်တော်အပေါ်ကပြောထားသလိုပဲ
သုသာန်မြေကိုမှ ခွင့်မတောင်းဘဲ
ပိုင်နက်ကျူးလွန်မိတဲ့အခါ ဖြစ်လာတဲ့နောက်ဆက်တွဲပြသနာပေါ့ဗျာ
ဇာတ်လမ်းက နည်းနည်းတော့ drama,thriller အမျိုးအစားဆိုပေမယ့် ဟာသဘက်လည်းနည်းနည်းရောက်တယ်ဗျ
ချစ်သူနှစ်ဦးအပြင် အကြောင်းကြောင်းကြောင့်
တစ်နေရာထဲလာဆုံကြရမယ့်လူတွေရဲ့
ကံကြမ္မာအလှည့်အပြောင်းကို ကြည့်ရမှာ
Tamil thriller ငတ်နေတဲ့သူတွေအဖို့တော့
သိပ်မဆိုးလှတဲ့ ဇာတ်ကားလို့ပြောပါရစေ
Horror, Thriller
Haymaker (2021)
=============
IMDb Rating – 4.0/10
ပြိုင်ပွဲတစ်ပွဲမှာရှုံးနိမ့်ပြီးတဲ့နောက်ပိုင်း အနားယူသွားခဲ့တဲ့မွေထိုင်းဖိုက်တာနစ်တစ်ယောက်
transgenderမလေး နော်မီကို စော်ကားဖို့လုပ်တဲ့လူကို ထိုးကြိတ်ဆုံးမခဲ့ရာကနေဇာတ်လမ်း
စတာပဲ။ အဲ့ဒီမှာပဲ နော်မီက နစ်ခ်ကိုကိုယ်ရံတော်အနေ နဲ့အလုပ်ခန့်လိုက်ပြီး သူ့ဖျော်ဖြေပွဲတွေ
နောက်ကိုခေါ်သွားတာပေါ့။ နော်မီကလည်းအဆိုတော်ဆိုပေမဲ့ စပွန်ဆာတွေနဲ့ အရက်သောက်လိုက်
စကားပြောလိုက်လုပ်ပြီး အဆိုတော်အဖြစ်နဲ့ရပ်တည်နေရတဲ့လူ…………နစ်ခ်ကျတော့ ပြိုင်ပွဲမှာ
ရှုံးပြီး နောက်ပိုင်း ကြိုးဝိုင်းထဲကိုပြန်ဝင်ဖို့မဝံ့ရဲတော့တဲ့လူ…………ဒီလိုလူနှစ်ယောက်ဆုံစည်းပြီးတဲ့
နောက်ပိုင်းမှာ ဘာတွေ ဖြစ်လာမှာလဲဆိုတော့ကိုတော့ စိတ်ဝင်တစားကြည့်ရှုရမှာပါ။
Action, Drama
Killer Shark (2021)
“ကိုယ်…မင်းကိုအရမ်းချစ်တယ်
ဒီလိုပြောပြီး ကျွန်မကို ကျောခိုင်းသွားခဲ့တဲ့ရှင့်ကို ကျွန်မမုန်းတယ်…..
ပင်လယ်ကြီးရေ..ရှင်ဟာ စိတ်ပျက်စရာကောင်းလွန်းလှသလို နှစ်သက်စရာလည်းကောင်းပါတယ်
လူကို အံ့ဩစေနိုင်တဲ့ အစွမ်းတွေရှိတဲ့ သဘာဝကြီးတစ်ခုပေါ့…
ဒါပေမဲ့…. ကျွန်မတော့ ရှင့်ကိုမုန်းပါတယ်”
ပရိသတ်ကြီးအတွက် ဒီတစ်ခါတော့ အချိန်တစ်နာရီလောက် မထတမ်းကြည့်လို့ကောင်းမယ့် ကားလေးနဲ့ မိတ်ဆက်ပေးပါမယ် ။ ပိုစတာကိုကြည့်တာနဲ့ သောင်းကျန်းတော့မယ့် ငါးမန်းမှန်း သိပြီးသားဖြစ်မှာပါ ။ ဒါပေမဲ့ ပရိသတ်ကြီးမသိသေးတာက ဒီကားလေးထဲမှာ သံယောဇဉ်တွေ ၊ လူတွေရဲ့စိတ်နေသဘောထားတွေ ပြီးတော့ အရမ်းမိုက်တဲ့ ကွန်ပျူတာအဖက် တွေပါဝင်နေတယ်ဆိုတာပါပဲ ။
လူငယ်လေးတစ်စု အားလပ်ရက်မှာ ပင်လယ်ဘက်ကို အပန်းဖြေခရီးထွက်လာကြပါတယ် ။ ဘာပြသာနာမှမရှိပေမယ့် အုပ်စုထဲက စုံတွဲတစ်တွဲရဲ့ အချစ်စမ်းမှုတွေကြောင့် စီးလာတဲ့ သင်္ဘောက ကျောက်ဆောင်နဲ့ တိုက်မိသွားပါတယ် ။ ဇာတ်လမ်းက အဲ့ကစတာပေါ့နော် ။
ပင်လယ်ပြင်ကြီးထဲမှာ ကယ်မယ့်သူမရှိတုန်း တစ်ခုတည်းသော လုပ်စရာရှိတာက ကျွန်းငယ်လေးတစ်ခုဆီ လက်ပစ်ကူးသွားဖို့ပါ ။ အဲ့တော့ ဒီသူငယ်ချင်းတစ်သိုက် ကျွန်းငယ်လေးဆီရောက်အောင်ကူးနိုင်ပြီး ဘယ်နှစ်ယောက်များ ဇာတ်လမ်းအဆုံးမှာ အသက်ရှင်ကျန်မလဲ ကြည့်လိုက်ရအောင်နော်။
Asian, Thriller
Baby Done (2020)
==============
IMDb Rating – 6.2/10
ဘဝမှာ မိဘတစ်ယောက်ဖြစ်ဖို့ စိတ်ရောကိုယ်ပါ အစအစအရာရာ ပြင်ဆင်ကြရပါတယ်။
ဒီကားမှာတော့ ဇိုဝီဆိုတဲ့ကောင်မလေးက သူ့ကောင်လေး တင်မ်နဲ့ မထင်မှတ်ဘဲ ကိုယ်ဝန်
ရသွားပါတော့တယ်။ လွတ်လွတ်လပ်လပ်နဲ့ ဘဝကို စွန့်စွန့်စားစား ဖြတ်သန်းရတာကိ ကြိုက်တဲ့
သစ်ပင်တက်သမား ဇိုဝီတစ်ယောက်အဖို့ မထင်မှတ်ဘဲ ကိုယ်ဝန်ရသွားတာသိလိုက်ရတဲ့အချိန်
အကြီးအကျယ်ကို ရှော့ခ်ရသွားပါတော့တယ်။ ဇိုဝီကောင်လေး တင်မ်ကတော့ ကိုယ်ဝန်ရှိတာ
သိသွားတဲ့ အချိန်ကစပြီး ဖခင်ကောင်းတစ်ယောက်ဖြစ်ဖို့နဲ့ ဇိုဝီကို ဂရုစိုက်ဖို့အတွက် အစွန်းကုန်
ကြိုးစားပါတော့တယ်။ ဇိုဝီရဲ့ ဆန္ဒအရ သူတို့နှစ်ယောက်က ကလေးမမွေးခင်မှာ လုပ်ချင်တဲ့အရာ
တွေကို စပြီးချရေးပါတော့တယ်……သူတို့ကလေးမမွေးခင် သူတို့ဆန္ဒတွေ ပြီးမြောက်သွားမလား၊
မထင်မှတ်ဘဲ ကိုယ်ဝန်ရသွားတဲ့ ဇိုဝီတစ်ယောက် ဘယ်လိုကလေးမွေးဖို့ ရင်ဆိုင်မလဲဆိုတာကို
comedy ဆန်ဆန် ကြည့်ရှူရမှာဖြစ်ပါတယ်။
Comedy
ဒီဇာတ်ကားကတော့ Netflixကအသစ်ထွက်ရှိလာတဲ့ ဇာတ်ကားကောင်းလေးပါ
ပီလီနဲ့လိုအန်နီဆိုတဲ့ မောင်နှမနှစ်ယောက်က ဟာဝိုင်ရီမှာမွေးပေးမယ့်လည်း
နယူးယော့ခ်ကိုငယ်ငယ်ကတည်းက ပြောင်းခဲ့ရပြီး
သူတို့အဘိုးနေမကောင်းလို့ ဟာဝိုင်ရီကိုပြန်လာခဲ့ရပါတယ်
ပီလီကတော့ ရတနာသိုက်ရှာဖွေရေးဂိမ်းတွေကိုအရမ်းကြိုက်တာပါ
တစ်နေ့ သူ့အဘိုးရဲ့စာအုပ်တစ်အုပ်တွေ့ခဲ့ပြီး ဟာဝိုင်ရီကိုရောက်လာခဲ့တဲ့ ပင်လယ်ဓားပြတွေ
ရတနာတွေဝှက်ထားခဲ့ကြကြောင်းသိခဲ့ပါတယ် သူ့အဘိုးကလည်း ငွေရေးကြေးရေးပြဿနာတွေကြုံနေရလို့
သူတို့အမေက နယူးယော့ခ်ကအိမ်ကိုရောင်းပြီး ဟာဝိုင်ရီကိုပြောင်းလာမယ်လုပ်ပါတော့တယ်
အဲဒီအချိန်မှာ ပီလီက ပြဿနာတွေပြေလည်အောင်လုပ်ဖို့အတွက် ရတနာသိုက်ရှာမယ်လုပ်ပါတော့တယ်
အဲ့ဒီမှာ ရတနာသိုက်ရှာဖွေရေးထဲကို သူ့အစ်ကိုပါ ပါလာပါတော့တယ်
ရတနာသိုက်ကိုသူတို့ဘယ်လိုရှာဖွေကြမလဲဆိုတာကတာ့ ကြည့်ရူလိုက်ကြပါတော့နော်
Action, Adventure, Comedy
နာမည်ကြီးမင်းသား Denzel Washington , Rami Malek , jared letoတို့ရဲ့ကားသစ်လေးတင်ဆက်ပေးလိုက်ပါတယ်
လောကမှာ အိန်ဂျယ်လို့ခေါ်လို့ရတဲ့ အပြစ်ကင်းတဲ့လူတွေရော ရှိသေးရဲ့လား။
အမှန်တရားအတွက် ရာဇဝတ်သားတွေကို ဖမ်းဆီးမယ်လို့ကြွေးကြော်ထားတဲ့ ရဲတွေကရော
တကယ်ဘဲ အပြစ်ကင်းတဲ့လူတွေဟုတ်ကြရဲ့လား။
The Little Thingsဇာတ်ကားမှာတော့ ရဲအရာရှိ Joe Deaconက သူတို့မြို့က မိန်းကလေးတွေကို
သတ်တဲ့ ကွင်းဆက်လူသတ်မှုကို ဖော်ထုတ်ဖို့ ကြိုးပမ်းခဲ့သူပါ။
လက်ရှိမှာတော့ဒီအမှုကို တာဝန်ယူထားသူကတော့ စုံထောက် Jim Baxterဖြစ်တယ်။
အစပိုင်းမှာ သူတို့နှစ်ယောက်ကြား အဆင်မပြေမှုတွေရှိခဲ့ပေမဲ့ Joeနဲ့ Jimmyတို့နှစ်ယောက် ဒီကွင်းဆက်လူသတ်မှုကို
ရှာဖွေဖို့အတွက် အတူပူးပေါင်းခဲ့ကြတယ်။Jimmyအတွက်ကတော့ ဒီအမှုကသူတာဝန်ယူထားရတဲ့ အမှုအဖြစ်ပေမဲ့ Joeတစ်ယောက်
ဒီအမှုကိုလိုက်နေတဲ့အကြောင်းအရင်းကတော့ လွန်ခဲ့တဲ့၅နှစ်က သူဖုံးကွယ်ထားတဲ့ ရွံ့စရာအတိတ်နဲ့ပတ်သတ်နေလို့ဘဲဖြစ်ပါတယ်။
သက်သေလဲမရှိ သဲလွန်စလဲမရှိတဲ့ ဒီကွင်းဆက်လူသတ်မှုကို Joeနဲ့Jimတို့ဘယ်လိုဖော်ထုတ်ကြမလဲ။
Joeဖုံးကွယ်ထားချင်တဲ့ အတိတ်ကရောဘာလဲဆိုတာ ကြည့်ရှုကြပါအုံး။
ဒီဇာတ်ကားမှာ မင်းသား Denzel Washingtonက Joeအဖြစ်သရုပ်ဆောင်ထားပြီး မင်းသား Rami Malekကတော့ စုံထောက် Jimအဖြစ်သရုပ်ဆောင်ထားပါတယ်။
Crime, Drama, Thriller
Echo Boomers (2020)
=================
IMDb Rating – 6.1/10
ဒီဇာတ်လမ်းလေးက လူငယ်လေးတွေအကြောင်း အထူးသဖြင့်(၁၉၈၁)ကနေ(၁၉၉၆)ကြားမွေးဖွားခဲ့တဲ့
Generation Y ဒါမှမဟုတ် Millennials တွေအကြောင်းကို ဦးတည်ရိုက်ထားတဲ့ကားလေးပဲဖြစ်ပါတယ်။
ကြိုးစားရိုးသားပြီး ကိုယ်ပိုင်အရည်အချင်းနဲ့တရားဝင်အလုပ်ကိုလုပ်ချင်ခဲ့ပေမဲ့ စီးပွားရေးစနစ်ဆိုးကြောင့်
အလုပ်လက်မဲ့ဖြစ် နေခဲ့ရတဲ့ ကောလိပ်ကျောင်းသားတစ်စု၊ ချမ်းသာတဲ့လူလက်တစ်ဆုပ်ကပဲထပ်ပြီးချမ်းသာ
နေတဲ့စနစ်ဆိုးကြောင့် သူတို့နေချင်ခဲ့တဲ့ဘဝကိုနေချင်ခဲ့တဲ့ပုံစံအတိုင်းမနေခဲ့ရတဲ့လူငယ်တစ်စု၊ ချီကာဂိုက
အချမ်းသာဆုံးဆိုတဲ့လူတွေရဲ့အိမ်ကိုဝင် ပြီးပစ္စည်းတွေကိုခိုးယူပြီးတော့ နေချင်ခဲ့တဲ့ဘဝကိုဖန်တီးလာခဲ့တဲ့
အခါမှာတော့……..
ဒီဇာတ်ကားလေးထဲကအကြောင်းအရာ တွေက လူငယ်တွေရဲ့ခံစားချက် လူငယ်တွေရဲ့ဘဝကိုဖွင့်ဟပြနေတဲ့
ဇာတ်ကားတစ်ကားဖြစ်လို့ ထုံးစံအတိုင်းလေးပဲကိုယ်တိုင် ကြည့်ရှုခံစားဝေဖန်ကြည့်ကြပါအုံးလို့……….
Action, Crime, Drama
The Elfkins Baking a Difference (2019)
**************************************
=IMDB 6.0 =
ဂျာမန်ကာတွန်းကားလေးပါ
မြေအောက်မှာပဲ နှစ်ပေါင်းများစွာနေလာတဲ့ မှင်စာလေး အဲလ်ဖီဟာ
လူသားတွေနေတဲ့အပေါ်ကိုတက်လာပြီး ပညာရပ်တစ်ခုခုကိုသင်ချင်နေပါတယ်။
တက်လာပြီးနောက် မုန့်ဖုတ်ဆရာ သီအိုနဲ့တွေ့ခဲ့ပါတယ်
သူ့ရဲ့မုန့်တိုက်ကိုလိုချင်နေတဲ့ ညီဆီကနေကယ်တင်ဖို့လိုနေတဲ့သူပေါ့။မှင်စာလေးဟာ သူတက်ချင်တဲ့ပညာကိုတက်သွားနိုင်မလား
လူသား သီအိုကရော သူ့မုန့်တိုက်ကို ကယ်တင်နိုင်မလား
ဘာအပြောင်းအလဲတွေ လုပ်နိုင်သွားမလဲ
The Elfkins Baking a Difference (2019)
Action, Animation, Comedy
Transformers သိပ္ပံအက်ရှင်ဇာတ်လမ်းတွဲ၏ ဇာတ်လမ်းသစ်အဖြစ်
Transformers: The Last Knight ကို ကျူးဘားနိုင်ငံ မြို့တော် ဟာဗန်နာတွင်
စတင်ရိုက်ကူး ခဲ့သည်။
ယင်းဇာတ်ကားသည် Transformers ဇာတ် လမ်းတွဲ၏ ပ ဉ္စမမြောက် live-action
ဇာတ်ကား တစ်ကားဖြစ်ပြီး ၂ဝ၁၄ ခုနှစ်က ထွက်ရှိခဲ့သည့် Transformers:
Age of Extinction ဇာတ်ကား၏ နောက်ဆက်တွဲဇာတ်ကားလည်းဖြစ်သည်။
ယင်းဇာတ်ကားသစ်သည် Transformers ဇာတ်လမ်းတွဲများ၏ ပင်တိုင် ဖန်တီးရှင်
ဒါရိုက်တာမိုက်ကယ်ဘေးရဲ့ လက်ရာ ဇာတ်ကားတစ်ကားဖြစ်သည်။
Transformers: The Last Knight ဇာတ်ကား သစ်တွင် ပင်တိုင်မင်းသား
မာ့ခ်ဝဲလ်ဘတ်ခ်နှင့် သရုပ်ဆောင်အချို့လည်း ပြန်လည်ပါဝင်လာကြပါတယ် …
Transformers သိပ္ပံဇာတ်ကား၏ ဒုတိယ မြောက်ဇာတ်ကားဖြစ်သည့်
Revenge of the Fallen ကို ၂ဝဝ၉ ခုနှစ်ကလည်းကောင်း၊
တတိယ မြောက်ဇာတ်ကား Dark of the Moon ကို ၂ဝ၁၁ ခုနှစ်ကလည်းကောင်း၊
စတုတ္ထမြောက်ဇာတ်ကား Age of Extinction ကို ၂ဝ၁၄ ခုနှစ်က လည်းကောင်း
ဖြန့်ချိပြသခဲ့ပြီး ယခုအခါ ပ ဉ္စမမြောက်ဇာတ်ကားကို ယခုပြသ လျက်ရှိကာ
Transformers 6 ကို ၂ဝ၁၈ ခုနှစ်တွင် ပြသသွား မည်ဖြစ်ကြောင်း သိရသည်။
Transformers ဇာတ်ကားများအားလုံးသည် ဝေဖန်သူများ၏ အပြုသဘောမဆောင်သည့်
တုံ့ပြန်ချက်များကိုသာ လက်ခံရရှိခဲ့သော်လည်း ယနေ့ထက်တိုင် ရုံဝင်ငွေအားကောင်းလျက်ရှိပြီး
ဟောလိဝုဒ်ရုပ်ရှင်လောကတွင် အောင်မြင်နေဆဲ ဇာတ်ကားများဖြစ်ကြောင်း သိရသည်။
~Review Credit
Transformers The Last Knight (2017)
Action, Adventure, Sci-Fi, Transformers
Transformers တွေကြောင့် Chiacago မြို့ ပျက်ဆီးခဲ့ရတယ်လို့ အစိုးက အပြစ်တင်ပြီး၊
Autobots တွေရော Decepticons တွေကိုပါလိုက်ဖမ်းဆီးနေပါတယ်။
အဲ့ဒီအချိန်မှာ Mark Wahlberg က Optimus Prime ကိုအမှတ်မထင် ရှာတွေ့သွားရာက
သူ့ကို လိုက်ရှာနေတဲ့ အစိုးရအဖွဲအစည်းတွေနဲ့ အခြားဂြိုလ်သားတွေရဲ့ ပစ်မှတ်ဖြစ်လာပါတယ်။
အဲ့ဒီမှာ Mark Wahlberg တို့မိသားစုနဲ့ Autobots တွေပေါင်းပြီး အဖြစ်မှန်ကို စုံစမ်းရာမှာ၊
US အစိုးရက Transformer တွေကို ကိုယ်တိုင် တီထွင်နေပြီးတော့၊
Control လုပ်နိုင်ဖို့ ကြိုးစားနေသလို၊ Transformers Army လုပ်နေပါတယ်။
ဒါပေမယ့် သူတို့ယူသုံးနေတဲ့ Sample တွေက Megatron ရဲ့အစိတ်အပိုင်းနဲ့ ဦးနောက်တွေဖြစ်
နေပြီးတော့၊အမှတ်မထင်ပဲ Megatron ကို အသက်ပြန်သွင်း နေသလို ဖြစ်နေတဲ့အတွက် ဘယ်လို
တွေစခန်းသွားကြမယ်ဆိုတာ…….။
~ Review Credit
Transformers Age of Extinction (2014)
Action, Adventure, Sci-Fi, Transformers
ဇာတ်လမ်းအကျဉ်းကတော့…….. စိုင်ဘာထရွန် စစ်ပွဲများကြားကနေ ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ စိုင်ဘာထရွန်ဂြိုလ်က အာကာသယာဉ်ကြီးက လရဲ့အမှောင်ဘက်ခြမ်းကို ပျက်ကျသွားခဲ့တယ်။ ၁၉၆၉ ခုနှစ်မှာ အမေရိကန် အာကာသယာဉ် ‘အပိုလို ၁၁’က လကမ္ဘာပေါ်ကို ဆင်းသက်ပြီး The Ark ရဲ့နမူနာတွေကို ကောက်ယူခဲ့တယ်။ အော့(ပ်)တီးမတ် (စ်)ပရိုင်းက တိုင်လုံးတွေကို ရှာဖွေပြီး စင်တီနယ်ပရိုင်းကို အသက်ပြန်သွင်းဖို့ လပေါ်ကို သယ်ဆောင်သွားခဲ့တယ်။အခုလို သယ်ဆောင်ခြင်းက ကမ္ဘာမြေကို ကျူးကျော်တိုက်ခိုက် မယ့် ဂြိုလ်သားစစ်တပ်အတွက် ဆောင်ရွက်နေတယ် ဆိုတာကို အမေရိကန် ကာကွယ်ရေးဝန်ကြီး ရှားလော့(တ်)မီးရင်းသိရှိသွားတယ်။ ဒီဆက်(ပ်)တီကွန်က The Ark ယာဉ်ကိုပိုင်ဆိုင်ခွင့်ရဖို့ ဆယ်စုနှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့တယ်။ အော်တိုဘော့တွေက ကမ္ဘာမြေကနေ ပြည်နှင်ဒဏ် ပေးခံရတယ်။ အဲဒီအဖြစ်အပျက်တွေကို အခြေတည်ပြီး အက်ရှင်ဇာတ်ကား အဖြစ်ပုံဖော်ထားခြင်းဖြစ်ပါတယ်……..။~ Review Credit
Transformers Dark of the Moon (2011)
Action, Adventure, Sci-Fi, Transformers