500) Days of Summer ဆိုတဲ့ ရုပ်ရှင်ကားဟာ ပရိသတ်တော်တော်များများ သိပြီးသားဖြစ်တဲ့ 2009 ခုနှစ်ရဲ့Sleeper Hit Movie ဖြစ်လာတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ ကျွန်တော်တို့လို အသည်းကွဲခဲ့ဖူးတဲ့ ယောင်္ကျားလေးတွေအတွက်တော့ ဒီဇာတ်ကားလေးဟာ ခံစားချက်တွေ တိုက်ဆိုင်နိူင်ပြီး ခံစားမှုအပြည့်ကို ပေးနိူင်ပါတယ်။ ကျွန်တောိ ဒီဇာတ်ကားကိုကြည့်ပြီး မငိုခဲ့ပါဘူး။ ဒါပေမဲ့ တော်တော်ခံစားခဲ့ရပါတယ်။ ခံစားချက်မျိုးစုံ နဲ့ခံစားခဲ့ရတာကြောင့် ဘာကြောင့် ခံစားခဲ့ရတာလဲ ဆိုတာတောင် မသိခဲ့ရပါဘူး။ဘာကြောင့် ကျွန်တော် ထိုရုပ်ရှင်ကို အရမ်းနှစ်သက်ရပါသလဲ?
ကျွန်တော် စောစောက ပြောခဲ့သလိုပဲ။ အချစ်ကားတွေသည် အမျိုးသမီးတွေအကြိုက်ဖြစ်အောင် အမျိုးသမီးတွေရဲ့အမြင်တွေဘက်ကပဲ ရိုက်ပြခဲ့ကြသည်။ ကျွန်တော်တို့လို အမျိူးသားတွေ ဘက်ကကြတော့ ဘာကြောင့် မတင်ပြခဲ့ကြတာလည်း။ ဒါမေးခွန်းကို တော်လှန်ခဲ့တဲ့ သာမာန်အချစ်ကားတွေရဲ့ရေးစီးကြောင်းကို တော်လှန်ခဲ့တဲ့ တစ်ကားတည်းသော ကျွန်တော်ကြည့်ဖူးသော အချစ်ရုပ်ရှင်သည် (500) Days of Summer ပင်ဖြစ်သည်။ ထိုအချက်သည် ထိုရုပ်ရှင်ကို နှစ်သက်မိတဲ့ ပထမဆုံးသော အချက်ပင်ဖြစ်သည်။ မိန်းကလေးတွေသည် အချစ်ကို စိတ်ကူးပိုယဉ်တတ်ကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ယောင်္ကျားလေးတွေက အချစ်ကို ပိုခံစားတတ်ကြပါတယ်။ထိုရုပ်ရှင်ထဲက Tom ဆိုသော လူငယ်လေးရဲ့ ဇာတ်ကောင်ကို ကျွန်တော်ကြည့်နေရင်း ကျွန်တော့်ကိုယ် ကျွန်တော် ပြန်မြင်ယောင်လာမိတယ်။ ကျွန်တော့်ဘဝရဲ့အဖြစ်အပျက်တစ်ခုကို ကျွန်တော်ပြန်မြင်ယောင် လာမိတယ်။ ကျွန်တော် Summer ဆိုသော မိန်းကလေးတစ်ယောက်နှင့် ဘဝတွင် တွေ့ဆုံခဲ့ဖူးပါတယ်။ ဒါဆိုရင် ခံစားချက်ခြင်း တူညီတယ်ဆိုသော ခေါင်းစဉ်နဲ့ဒီရုပ်ရှင်နှစ်သက်မိတဲ့ ဒုတိယ အချက်ပင်ဖြစ်ပါတယ်။တတိယ အချက်ကို ပြောကြည့်ရအောင်။ ဒီကားသည် သာမာန်ရုပ်ရှင်တွေလို တင်ဆက်ထားခြင်းမဟုတ်။ 99% သော အချစ်ကားတိုင်းသည် Timeline ကို Linear Style ဖြင့် တင်ပြလေ့ရှိသည်။ ဘာကြောင့်လဲ? တင်ပြရတာ လွယ်ကူတာကိုး။ ဒါပေမဲ့ (500) Days of Summer ကတော့ ဇာတ်ကြောင်းပြောပြချက်ကို Non-Linear Storytelling Style ဖြင့် တင်ပြထားတယ်။ ဒီအချက်က ပေါ့ပျက်ပျက်ကြည့်ရင် ရုပ်ရှင်ကို ရှုပ်ထွေးသွားစေပေမဲ့ သေသေချာချာ စိတ်ဝင်စားစွာ ကြည့်ပါက ရုပ်ရှင် ဇာတ်ကြောင်းကို ပိုမိုလွယ်ကူစွာ နားလည်စေခဲ့တယ်။ ဇာတ်ညွှန်းသည် အလွန်ကို Smart ဖြစ်လွန်းသော ဇာတ်ညွှန်း။ ကျွန်တော် အကြိုက်ဆုံး ဇာတ်ညွှန်း။ ဘာကြောင့် non-linear နဲ့တင်ပြခဲ့သလဲလို့ဆိုရင် အတိတ်နဲ့ပစ္စပ္ပန် ကို ယှဉ်ပြချင်တဲ့ သဘော။ ဟိုး တစ်ချိန်က ဒီလို ဖြစ်ခဲ့ပေမဲ့ ယခုအခါ ထိုကဲ့သို့သော မဟုတ်။ ပြောင်းလဲတတ်တဲ့ လူသားတွေရဲ့ဖြစ်စဉ်တွေကို မြင်သာစေခဲ့တယ်။ ထို့အပြင် ထို Timeline နှစ်ခု အမြဲ ယှဉ်ပြချက်များသည် Tom ရဲ့ခံစားချက်တွေကို ကျွန်တော်တို့ပို၍ မြင်သာစေခဲ့တယ်။ ဒါက တတိယ အချက်။နောက်တစ်ချက်က ဇာတ်ကောင်များ။ ဇာတ်ရံများကို ကျွန်တော် မပြောလို။ ဒါပေမဲ့ Tom နဲ့Summer တို့အကြောင်းကို တော့ ကျွန်တော် ပြောချင်ပါတယ်။ ပြောရမယ်ဆိုရင် ဇာတ်လမ်းကို ပြောင်းလဲပစ်စေခဲ့တဲ့ Character Developments တွေ တွေ့ခဲ့ရတယ်။ ဒီအချက်တွေကပဲ ရုပ်ရှင်ရဲ့ပင်မပဲဖြစ်တယ်။ Summer သည် အချစ်ကို မယုံကြည်ခဲ့သူ။ အချစ်ဆိုတာ လက်တွေ့လောကတွင် မရှိ။ စိတ်ကူးယဉ် Fantasy သက်သက်ပဲဟု ငယ်ရွယ်စဉ်က အိမ်ထောင်ရေး အဆင်မပြေဖြစ်ခဲ့သော သူမရဲ့မိဘနှစ်ပါးကို ကြည့်ပြီး အချစ်ကိုထိုကဲ့သို့သတ်မှတ်ခဲ့သူ။ Tom ကတော့ သူမနှင့် ဆန့်ကျင်ဘက်။ ငယ်ရွယ်စဉ် ကလေးဘဝတုန်းက British Pop Songs တွေနဲ့ရုပ်ရှင်တွေကို ကြည့်ပြီး အချစ်စစ်ဆိုသော အရာကို ယုံကြည်သူတစ်ဦး။ ဒါပေမဲ့ လောကမှာ သိတဲ့အတိုင်း အရာအားလုံးဟာ ပြောင်းလဲတတ်တဲ့ သဘောသဘာဝရှိသည့် အားလျော်စွာ သူတို့နှစ်ယောက်ရဲ့ဇာတ်ကောင်စရိုက် ပြောင်းလဲမှုသည် ဇာတ်လမ်းကို ပို၍ အားသာစေခဲ့ပြန်သည်။ Summer ကို ကျွန်တော် မမုန်း။ သူမသည် လက်တွေ့ဆန်သော မိန်းကလေးတစ်ဦး။ သူမသည် အေးစက်သော နှလုံးသား ပိုင်ရှင် မိန်းကလေးတစ်ဦးဖြစ်ခဲ့ပေမဲ့ သူမသည် Tom ကို ဘယ်တုန်းကမှ လိမ်လည်လှည့်ဖြားခဲ့သောသူ မဟုတ်ခဲ့။ ရိုးသားသော သူတစ်ယောက် ဖြစ်ခဲ့သည်။ Tom ကိုလည်း ကျွန်တော်မမုန်း။ သူသည် ကျွန်တော့်ရဲ့ဆင်တူ Fictional Character တစ်ဦး။ ဒါသည် စတုတ္ထအချက်။ပဉ္စမအချက်ကို ပြောရမည်ဆိုရင် ဇာတ်လမ်းမှာ သူတို့ပြောသွားကြတဲ့ စကားတွေ။ အပြင်လောက နဲ့အရမ်းကို စက်နွယ်နေသော အကြောင်းအရာ ဖြစ်ရပ်မှန်တွေကို လှပ၍ ထိမိသော စကားလုံးများဖြင့် တန်ဆာဆင်ကာ ပြောဆိုသွားခဲ့ကြသည်။ ထိုစကားလုံးတွေနှင့်ပဲ ကျွန်တော်ရယ်မောခဲ့ရသည်။ ထိုစကားလုံးတွေနဲ့ပဲ ကျွန်တော် တစ်ကိုယ်တည်း သဘောတူ၍ ခေါင်းတွေ ငြိမ့်ခဲ့ရသည်။ ထို့အပြင် ထိုစကားလုံးတွေနဲ့ပဲ တစ်ကိုယ်တည်း ငိုကြွေးခဲ့ရသည်။ဥပမာ… “Some people are meant to fall in love with each other, but not meant to be together.” ဆိုတဲ့ စာသားလေးသည် ရင်ကို ခွဲကာ နှလုံးသားကို ဆောက်နဲ့ထွင်းခံရသလို့အောင့်သက်သက်ဖြစ်သေခဲ့တယ်။“I need to know that you’re not gonna wake up in the morning and feel differently.” ဒါကိုလည်း စဉ်းစားကြည့်မယ်ဆိုရင် သူ့ကို အချစ်စစ်နဲ့မချစ်ဘူးဆိုတာကို သိတဲ့ Tom က သိသိရက်နဲ့မသေချာတတ်တဲ့ အနာဂတ်နဲ့ပြောင်းလဲတတ်တဲ့ လူသားတွေရဲ့စရိုက်ကို သိသောကြောင့် သေချာအောင် မေးခဲ့တဲ့ အမေးလေး တစ်ခု။“Either she’s an evil, emotionless, miserable human being, or she’s a robot.” မည်မျျလောက် အသည်းကွဲကာ နာကျည်းနေသလဲဆိုတဲ့ ခံစားချက်တွေ။“Do you ever do this, you think back on all the times you’ve had with someone and you just replay it in your head over and over again and you look for those first signs of trouble?” ဒီစကားလေးကတော့ Relationship တစ်ခုမှ ရှိနေတဲ့ ယောင်္ကျားလေးတိုင်းရဲ့ စဉ်ဆက်မပြတ် မေးမြန်းနေတဲ့ မေးခွန်းလေးတစ်ခု။ မိမိနဲ့ပတ်သက်ပြီး တစ်ဘက်လူရဲ့ပြောင်းလဲလာတဲ့ ဆက်ဆံမှုတွေကို ကြုံတွေ့လာရတဲ့ အခါ ကျွန်တော်တို့တွေ အမြဲ ထိုကဲ့သို့လုပ်လေ့ရှိတတ်ကြပါတယ်။” Just because she likes the same bizzaro crap you do doesn’t mean she’s your soul mate.” ဒီစကားကို Tom ရဲ့ half younger sister က Tom ကို အမှန်တရားကို မြင်စေတဲ့ ရုတ်တရက် ပြောလိုက်တဲ့ စကား။ အရမ်းမှန်တယ်။ ကျွန်တော်တို့တွေ ငယ်စဉ်က ” ဟာ.. ဒီကောင်မလေးနဲ့ငါနဲ့အရာအားလုံးနီးပါး အကြိုက်ချင်းတူတယ်။ ငါတို့တွေ တစ်နေ့မှာ ရည်းစားဖြစ်ကြလိမ့်မယ်ဆိုပြီး ကိုယ့်ရဲ့Crush နဲ့ ကိုယ် အကြိုက်ချင်းတူရင် တွေးမိတဲ့ စိတ်ကူးလေးတွေပါ။ တစ်ကယ်တော့ ထိုအရာဟာ ဟာသပျက်လုံးတစ်ခုသာသာပါပဲ။“I don’t want to get over her. I want to get her back.” Tom ရဲ့ မောျ်လင့်ချက်နဲ့ရှင်သန်ပုံကို သူ့ရဲ့စကားတွေကနေပြီး ကျွန်တော်တို့ဝိုင်းခံစားပေးခဲ့ကြတယ်။ တစ်ခါတစ်ရံ ကျွန်တော်တို့ချစ်သူတွေနဲ့ပြတ်စဲသွားပြီးကြတဲ့အခါ ယောင်္ကျားလေး အများစုဟာ ထို မိန်းကလေးတွေကို တော်ရုံနဲ့မမေ့နိုင်ကြပါဘူး။ ဝေးကွာသွားမှ ပို၍ တမ်းတလာတတ် ကြ ပါတယ်။ ဒါကြောင့် ထိုမိန်းကလေးတွေကို ပြန်လည် ရရှိအောင် ကြိုးစားတတ်ကြပြန်ပါတယ်။“Look, I know you think she was the one, but I don’t. Now, I think you’re just remembering the good stuff. Next time you look back, I, uh, I really think you should look again.” ဒီစကားလေးကိုလည်း ထိုကလေးမလေးက Tom ကို အားပေးတဲ့ စကားပြောခဲ့တာပါပဲ။ ကျွန်တော် အကြိုက်ဆုံးစကားတွေမှာ ဒီစကားလေး ပါဝင်နေတယ်။ တစ်ခါတစ်ရံ ကျွန်တော်တို့မိမိကို ထားသွားတဲ့ ချစ်သူတွေကို တမ်းတနေမိတဲ့အခါ သူတို့ရဲ့ကောင်းကွက်တွေကိုပဲ ရွေးပြီးစဉ်းစားမိနေလု့ိ ကျွန်တော်တို့လူသားတွေ ခံစားနေ အသည်းကွဲနေရတာပါ။ တစ်ကယ်လို့သာ ဖြစ်ရပ်တွေ အကုန်လုံးသာ ကျွန်တော်တို့ပြန်မြင်ယောင် စဉ်းစားခြင်းဟာ ထိုထားသွားတဲ့ လူတွေကို မေ့ပျောက်နိုင်ဆုံး ဖြေဆေးတစ်ခုပါပဲ။“Robin is better than the girl of my dreams. She’s real.” ဒီစကားသည် မှန်သလားဆိုရင် အရမ်းမှန်တယ်။ မိမိစိတ်ကူးထဲက ဖြစ်ချင်တဲ့ မိန်းကလေးတွေထက် မိမိနဲ့ယခုချစ်သူဖြစ်နေတဲ့ မိန်းကလေးက ပို၍ သာပါတယ်။ ဟုတ်တယ်လေ။ သူမက စိတ်ကူးထဲက မဟုတ်ပဲ ပြင်ပလောကမှာ ရှိနေသည့်အတွက်။ တွေးကြည့်လေ နားလည်လာစေပဲ။“I love us.” ဒီစာသားလေးက မိမိကိုယ်ကို ချစ်ခြင်းလည်း မဟုတ်။ မိမိရဲ့ကောင်မလေးကိုချစ်ခြင်းလည်း မဟုတ်။ မိမိတို့နှစ်ဦးအတူတကွ ရှိနေခြင်း မိမိတို့နှစ်ယောက်ရဲ့အချစ်ကို ချစ်မြတ်နိုးခြင်းဆိုတာကို အရိုးရှင်းဆုံးနဲ့အလှပဆုံး အဓိပ္ပာယ် ဖွင့်ဆိုခဲ့တယ်။“So, what if I’d gone to the movies? What if I had gone somewhere else for lunch? What if I’d gotten there 10 minutes later? It was – it was meant to be. And… I just kept thinking… Tom was right.” အချစ်ဆိုတာ ဖူးစာဆိုတာ ရှိတယ်ဆိုတဲ့ စကားကို ပြောကြားသွားခဲ့တဲ့ Summer ရဲ့ပြောင်းလဲသွားခဲ့တဲ့ အမြင်ကို သူမ ပြောကြားသွားခဲ့တဲ့ စကားလေးတစ်ခွန်း။” Most days of the year are unremarkable. They begin, and they end, with no lasting memories made in between. Most days have no impact on the course of a life. May 23rd was a Wednesday.”
“Tom walked to her apartment, intoxicated by the promise of the evening. He believed that this time his expectations would align with reality…”“There’s only two kinds of people in the world. There’s women, and there’s men. Summer Finn was a woman.”“If Tom had learned anything… it was that you can’t ascribe great cosmic significance to a simple earthly event. Coincidence, that’s all anything ever is, nothing more than coincidence… Tom had finally learned, there are no miracles. There’s no such thing as fate, nothing is meant to be. He knew, he was sure of it now.”ဒါတွေက Narrator ဆိုသော ဇာတ်ကြောင်းပြောသူရဲ့စာသားတွေ။ အရမ်းလှပြီး အရမ်းလည်း ကြိုက်တဲ့ စာသားတွေ။“People change, feelings change, it doesn’t mean that the love once shared wasn’t true and real. It simply means that sometimes, when people grow, they grow apart.” ခံစားတတ်သူတွေအတွက် မျက်ရည်လွယ်စေတဲ့ စာသားလေးတစ်ခု။ ဒီရုပ်ရှင်ဟာ အရမ်းကို သဘာဝကျပြီး အရမ်းကို မှန်လွန်းတဲ့ ရုပ်ရှင်တစ်ခု။“I just woke up one day, and I knew. What I was never sure of with you.” ဒီစကားလေးက Summer က Tom ကို နောက်ဆုံးတွေ့ကြတဲ့ အချိန်မှာ သူမကိုယ်တိုင်လည်း အဖြစ်မှန်ကို နားလည်သွားစေခဲ့တဲ့ စကား။ Tom ကိုလည်း အမှန်တရားကို သိသွားစေခဲ့တဲ့ စကား။ သူမဘာကို ပြောတယ်ဆိုတာ ကြည့်ဖူးသူတိုင်းသိကြပါတယ်။ ဒီအခန်းလေးမှာ သူမ ဒီစကားကို ပြောထွက်သွားတဲ့ အချိန်မှာ မျက်နှာတစ်ဘက်ကို လွှဲပြီး မျက်လုံးအိမ်မှ မျက်ရည်တွေ ဝဲသွားတဲ့ Tom လိုပဲ ကျွန်တော်လည်း မျက်ရည်တွေ ဝဲခဲ့ရပါတယ်။ ပြောင်းလဲသွားခဲ့သော Summer သည် နောက်ဆုံးဇာတ်သိမ်းအထိ Tom အပေါ်ခံစားချက်ကို မပြောင်းလဲသွားခဲ့ပေ။ဆဌမ အချက်ကိုပြောရမယ်ဆိုရင် Expectation နဲ့Reality ကို ယှဉ်ပြသွားတဲ့ scene လေး။ အရမ်းကို ထိမိပြီး အရမ်းကို ယုတ္တိဆန်ပြီး အလွန် ခံစားစေတဲ့ scene လေး။ ရုပ်ရှင်သမိုင်းမှာ ဘယ်တော့မှ မေ့ပျောက်မရတဲ့ scene လေးတစ်ခု။ လူတိုင်းဟာ အရာတစ်ခု လုပ်တော့မယ်ဆိုရင် မျှော်လင့်ချက်ကလေးတွေ ရှိတတ်ကြပါတယ်။ ရည်မှန်းချက်မဟုတ်ပါဘူး။ ရည်မှန်းချက်က အလုပ်တစ်ခုကို မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုတဲ့အရာ။ ဒါပေမဲ့ နေ့စဉ်ကြုံတွေ့နေရတဲ့ ကိစ္စလေးတွေမှာတော့ ကျွန်တော်တို့လူသားတွေက မျှော်လင့်ချက်ကလေးတွေနဲ့ရှင်သန်တတ်ကြတယ်။ ဒါကို ဒီရုပ်ရှင်က ပြသသွားခဲ့တယ်။ ဒါပေမဲ့ မျှော်လင့်ချက်ကလေးတွေတိုင်းဟာ လက်တွေ့ဘဝတွေမှာ တစ်ခါတစ်ရံ ကွဲပြားသွားတတ်ကြတယ်ဆိုတာ ဒီကားမှာ ပြထားတဲ့ scene လေးက အရမ်းကို ဝမ်းနည်းစရာ ကောင်းလှပါတယ်။သတ္တမ နှစ်သက်မိတဲ့ အချက်ကတော့ နောက်ခံ Soundtracks တွေ။ တစ်ကားလုံးကို Soundtracks ကောင်းကောင်းတွေနဲ့တင်ဆက်ထားတဲ့ ရုပ်ရှင်တွေကို မှတ်မိသလောက် ပြောရမယ်ဆိုရင် ဒီ (500) Days of Summer ရယ် The Boat that Rocked aka. Pirate Radio ရယ် Forrest Gump လောက်ရယ်ပဲ မှတ်မိတယ်။ Soundtracks တွေကို အရမ်းကြိုက်လို့Soundtracks အခွေကို ဝယ်ပြီး နားထောင်လာတယ်။ The Smiths, Regina Spektor, The Temper Trap, Simon & Garfunkel နဲ Carla Bruni တို့ဟာ ကျွန်တော့်ရဲ့Favorite အဆိုတော်တွေ စာရင်းထဲကို ဝင်မှန်းမသိ ဝင်ရောက်လာမိကြတယ်။ ထို့အပြင် The Graduate ရုပ်ရှင်ကို မကြည့်ရသေးတဲ့ ကျွန်တော့်ကို ထိုရုပ်ရှင်နဲ့မိတ်ဆက်ပေးကာ မဖြစ်မနေ ရှာကြည့်စေခဲ့တဲ့ အထိပါ။အဠမအချက် နှစ်သက်မိတဲ့ အချက်ကတော့ Locations ရွေးချယ်တဲ့ သူတွေပဲ တော်တာလား? Cinematographer ကပဲ တော်တာလား? Director ကပဲ တော်တာလားတော့ မသိပါ။ Downtown Los Angles ကို လှအောင် ရိုက်ကူးနိုင်ခဲ့ကြပြန်ပါသေးတယ်။ အခန်းတိုင်း အခန်းတိုင်းသည် လှပသေသပ်ကာ စကားလုံးများဖြင့် မဖော်ပြနိုင်လောက်အောင် အမြင်ဆန်းသစ်နေလွန်းသည်။နဝမ အချက်ကတော့ ဒီရုပ်ရှင်ကို ထပ်ခါထပ်ခါ သေသေချာချာ ကြည့်လာရင် သတိထားမိမှာကတော့ scenes တော်တော်များများမှာ Director သုံးထားသော အရောင်သည် အပြာရောင်များလွန်းသည်။ Wardrobe တွေမှာ ပိုများပါတယ်။ ပြချင်တာကတော့ ထိုအရောင်က Summer ရဲ့မျက်လုံးအရောင် အပြာရောင်ကို ဆက်စပ်စေနေတာဖြစ်ပြီး သဘောကတော့ Tom ရဲ့သူမအပေါ်ထားရှိတဲ့ ခံစားချက်တွေကို ကြည့်ရှုသူ ပရိသတ်တွေ နားလည်စေချင်တဲ့သဘောပါ။ Tom ရဲ့နေရာမှာ ဝင်ပြီး မသိမသာ ခံစားလာစေတဲ့ သဘောပါပဲ။နောက်ဆုံး ဒသမ အချက်ကတော့ ဒီဇာတ်ကားသည် အချစ်ဇာတ်လမ်းတစ်ခုမဟုတ်ပါဘူး။ အချစ် အကြောင်း ဇာတ်လမ်းတစ်ခုပဲဖြစ်တယ်ဆိုတဲ့ “This is not a love story, this is a story about love.” ဆိုတဲ့ ရုပ်ရှင် Poster မှာဖော်ပြထားတဲ့ စာတန်းကလေးကိုပဲ။ လေးလေးနက်နက်တွေးတော ကြည့်ရင် ဘာကို ဆိုလိုချင်သလဲဆိုတာ နားလည်လာပါလိမ့်မယ်။Director Marc Webb ရဲ့ပထမဆုံး Director အဖြစ်ပွဲဦးထွက် ဇာတ်ကားလေးဖြစ်ပြီး ကျွန် တော့်အမြင်မှာ ထို Director ရော မင်းသား Joseph Gordon-Levitt ရော မင်းသမီးဖြစ်သူ Zooey Deschanel တို့ရဲ့အကောင်းဆုံးဇာတ်ကားလေး ပဲဖြစ်ပါတယ်။ Rotten Tomatoes မှာလည်း 86% တောင် ရရှိခဲ့ပါတယ်။ထိုအချက်တွေကြောင့် (500) Days of Summer သည် ကျွန်တော့်ရဲ့Personally အရ အနှစ်သက်ဆုံး Romantic Comedy ဇာတ်ကားလေးတစ်ကားဖြစ်လာပါတော့တယ်။
IMDb rating : : 7.6ဒီတစ်ခေါက် ပရိတ်သတ်ကြီးကိုအိန္ဒိယနိုင်ငံရဲ့ အကျော်အမော် သရုပ်ဆောင်ကြီး အမီတာဘဂျမ်းရဲ့ အသစ်စက်စက် ရုပ်ရှင်ကားကြီး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ. . .ဒီကားရဲ့ ထူးခြားချက်ကလေးတွေကို အရင်ဆုံး ကောက်နှုတ်ဖော်ပြပေးပါရစေဇာတ်လမ်းထဲက အမီတာဘဂျမ်းရဲ့ အသက်က 102 နှစ်ရီရှီးကပူးရ်ရဲ့ အသက်က 75 နှစ်27 နှစ် ကွာခြားပာတယ်
တကယ့်အပြင်မှာတော့ မင်းသားကြီး ရီရှီးကပူးရ်က အမီတာဘဂျမ်းထက် ၇ နှစ်သာ ငယ်ပါသတဲ့ဒီအချက်ကိုတော့ မင်းသားကြီး အမီတာဘဂျမ်းနဲ့ ရီရှီးကပူးရ်တို့ Ajooba 1991 ဆိုတဲ့ ဇာတ်ကားရဲ့ နောက် နှစ်ပောင်း ၂၇ နှစ်ကြာမှရုပ်ရှင်ဖန်သားပြင်မှာ အတူတကွ တွဲဖက်ပြီး ပြန်လည်သရုပ်ဆောင်တဲ့အမှတ်အသားတစ်ခုအဖြစ် ထည့်သွင်းထားတာ ဖြစ်ပါတယ်
တိုက်ဆိုင်စွာပဲ ဒီကားရိုက်ကူးစဉ်မှာမင်းသားကြီး အမီတာဘဂျမ်းဟာ အသက် 75 နှစ်ရှိနေပါပြီဒီကားကို 2016 ခုနှစ် အလယ်လောက်မှာ ရိုက်ကူးဖို့ လျာထားခဲ့ပေမယ့် ဇာတ်ညွှန်းအပြောင်းအလဲကြောင့် 2018 ခုနှစ်ကျမှ ရိုက်ကူးပြီးစီးခဲ့ပါတယ်ရီရှီးကပူးရ်ရဲ့ ဇာတ်ကောင်ဖြစ်တဲ့ ဘာဘူလားနေရာမှာ မူလက ပါရက်ရှ်ရာဝဲလ်ကို ထည့်သွင်းရိုက်ကူးဖို့ စီစဉ်ထားခဲ့ပေမယ့် ဖြစ်မလာခဲ့ပါဘူးဒီကားကို Saumya Joshi ရဲ့ Gujrati ဆိုတဲ့ ပြဇာတ်ကို အခြေခံကာ အပြောင်းအလဲ
အနည်းငယ်ဖြင့် ရိုက်ကူးပုံဖော်ခဲ့ခြင်း ဖြစ်ပါတယ်လူ့ဘဝဆိုတာဟာ အသက်အရွယ်ကြီးလာချိန်မှာ မိသားစုသိုက်သိုက်ဝန်းဝန်းနဲ့ သားသမီးတွေမြေးတွေဝန်းရံပြီးပျော်စရာစိတ်ချမ်းသာစရာတွေနဲ့ နေရရင်အတော့်ကို ကံကောင်းပါတယ်ဒီထက်ပိုပြီး ကိုယ်အသက်အရွယ်ရလာချိန်ကိုယ့်မှာ ဖခင် သော်လည်းကောင်းမိခင်သော်လည်းကောင်း သက်ရှိထင်ရှားရှိနေသေးရင်
ပိုလို့တောင် ကံကောင်းတယ်လို့ ပြောနိုင်ပါတယ်ဘာဘူဆိုတဲ့ အဘိုးကြီးက အသက် 75 နှစ်အသက်နဲ့စိတ်က အတူတူပဲ 75 နှစ်သူ့ဇနီးသည်ကဆုံးပါးသွားပြီဖြစ်သလိုတစ်ဦးတည်းသောသားကလည်းအမေရိကားမှာ အိမ်ထောင်ကျ အခြေချသွားပြီစိတ်ထောင်းလို့ ကိုယ်ကြေဆိုတဲ့စကားလိုပဲအိမ်အိုကြီးတစ်လုံးထဲမှာ
သူ့ဖခင်ဖြစ်သူရယ်ဆွေမျိုးမကင်းတဲ့ ကောင်လေးတစ်ယောက်ရယ်နဲ့ အတူနေပေမယ့်သူ့ဘဝဟာ ခြောက်သွေ့လွန်းလှတယ်ကိုယ်တိုင်က ဇီဇာကြောင်တတ်သလိုစိတ်တိုလွယ် စိတ်ထိခိုက်လွယ်တယ်အစွဲအလန်းကလည်း ကြီးတတ်သေးသူ့ဖခင်ကြီးနာမည်က ဒတ္တထရီတဲ့ အသက် 102 နှစ် လူအသက်က 102 စိတ်အသက်က 26 နှစ်ဒီအသက်အရွယ်အထိ နှစ်ပေါင်းများစွာ နေလာနိုင်တဲ့ သူ့ရဲ့ လိျှု့ဝှက်ချက်က ပျော်ပျော်နေတတ်တဲ့ အကျင့်ကြောင့်များလား မသိ. .
.အကျဉ်းကျနေတဲ့ သားဖြစ်သူရဲ့ စိတ်ကိုအရင်အတိုင်း ပြန်ဖြစ်သွားအောင် လုပ်ပေးဖို့ဒတ္တထရီ စဉ်းစားတယ်အိမ်ကိုတွယ်တာလွန်းတဲ့ သူ့သားဘာဘူ့ကို ဂင်းနစ်မှတ်တမ်းအကြောင်းပြပြီး ဘိုးဘွားရိပ်သာပို့ဖို့ ခြိမ်းခြောက်တယ်ဒါမှ ကမ္ဘာပေါ်မှာ သားဖြစ်သူကို ဘိုးဘွားရိပ်သာပို့တဲ့ ပထမဆုံးဖခင် ဖြစ်လာမှာကိုးဒီအကြောင်းကို သိသွားတဲ့ ဘာဘူ့ခမျာဖခင်ကြီး တကယ်လုပ်မှာကို ကြောက်နေတယ်ဒတ္တထရီကလည်း အလျှော့မပေးသူခိုင်းတဲ့ စမ်းသပ်မှုတွေ မအောင်ရင် တကယ်ပို့မယ် တကဲကဲပထမ
ဒုတိယ
တတိယ စမ်းသပ်မှုတွေကို ကျော်ဖြတ်အပြီးနောက်ဆုံးသော စမ်းသပ်မှုမှာဘာဘူရင်ကွဲရပြီနှစ်ပေါင်းများစွာ ကွဲကွာနေပြီးအခုမှ ပြန်တွေ့ရမယ့်သူ့သားဖြစ်သူအာမိုးနဲ့ သူ့အဖေက မတွေ့ရဘူးတဲ့လေဘာကြောင့်များပါလိမ့်အနှစ်ချုပ် ပြောရရင်”မင့်သားက ငါ့သားကို အနိုင်ယူအလဲထိုးသွားတာမျိုးငါခွင့်မပြုနိုင်ဘူး”တဲ့ဖခင်တစ်ယောက်က ပြောတဲ့နှုတ်ထွက်စကားဟာ ဒီကားလေးရဲ့ အသက်ဖြစ်သွားတယ်အစကနေ အလယ်လောက်အထိစိတ်ဝင်စားစရာတွေနဲ့အဘိုးကြီးနှစ်ယောက်ကြား
က အလွဲတွေကြောင့် တသောသော ရယ်မောခဲ့ရပြီးနောက်ပိုင်းရောက်လေလေစိတ်ထိခိုက်ရလေလေပါဖခင်တစ်ယောက်ရဲ့ မေတ္တာနဲ့လူအိုကြီးတစ်ယောက်ရဲ့ မျှော်လင့်ချက်ကြားက လွန်ဆွဲတဲ့ပွဲမှာဖခင်ဖြစ်သူရဲ့ စမ်းသပ်မှုတွေကို
ကျော်ဖြတ်နိုင်ဖို့ ကြိုးစားရင်း ဘာဘူတစ်ယောက် ဘာတွေဆက်ဖြစ်မလဲဘိုးဘွားရိပ်သာကိုပဲ ရောက်သွားမလား…???ဖခင်ဖြစ်သူကို အဆင်ပြေအောင် လုပ်ပေးနိုင်မလား..ဆိုတာကိုတော့…ဇာတ်ကာားလေးကို ဆက်လက်ကြည့်ရှု ခံစား
လိုက်ပါ.. (ဇာတ်လမ်းအညွှန်းကိုတော့ Movie Like Movie Choice FB page မှ ကူးယူဖော်ပြထားတာဖြစ်ပြီး ဘာသာပြန်သူကတော့ကိုဇော်ထူးပါ)
21 Jump Street (2012) မြန်မာစာတန်းထိုး
ဟာသအက်ရှင်ဇာတ်ကားပါ……
ဇာတ်လမ်းဇာတ်အိမ် ဖန်တီးထားတာ သေသပ်သလို ဟာသလဲတော်တော်မြှောက်ပါတယ်…
ကျောင်းတုန်းက မတည့်တဲ့ သူငယ်ချင်းနှစ်ယောက် ကျောင်းပြီးလို့ ရဲထဲဝင်တဲ့အခါ
အလုပ်အတူတူ တွဲလုပ်ကြရင်း ထူးခြားတဲ့ အမှုတစ်ခုအတွက် ကျောင်းပြန်တက်ရပါတယ်…
ကျောင်းတက်ရင်း ဘယ်လို တလွဲတွေနဲ့ အမှုလိုက်ကြမလဲဆိုတာ ခံစားကြည့်ကြပါဦးခင်ဗျာ…။
ဘောလိဝုဒ်ကားတွေရဲ့ထုံးစံအတိုင်းပရိသတ်မထင်ထားလောက်အောင်လှည့်ကွက်လေးတွေကဆရာကျတတ်ကြပါတယ်။ဇာတ်ကြောင်းဇာတ်အိမ်တည်ဆောက်ပုံကလည်းတောင့်တင်းတယ်ဆိုတာ ဘောလိဝုဒ်ပရိသတ်ကြီးလည်းသိပြီးသားပါ။ဘောလိဝုဒ်ကားအများစုဟာ ဟာသ/ အချစ် / အလွမ်း /ဇာတ်ကြမ်း /လှည့်ကွက် စတဲ့ ရသတွေထောင့်စေ့အောင် တည်ဆောက်ထားလေ့ရှိပါတယ်။ဒီကားလေးရဲ့အညွှန်းကိုမျှဝေရမယ်ဆိုရင်ဖြင့် အိန္ဒိယနိုင်ငံရဲ့လျှို့ဝှက်အေးဂျင့်အဖွဲ့တစ်ခုဖြစ်တဲ့ အဖွဲ့ X အကြောင်းလေးနဲ့ပဲစချင်ပါတယ်အဖွဲ့ X ရဲ့ခေါင်းဆောင် ကာနယ်ဟာဆိုရင်ဖြင့့်အာဏာကိုအလွဲသုံးစားလုပ်ပြီး’ရလေလိုလေအိုတစ္ဆေဆိုသလို’ကိုယ်ကျိုးရှာလောဘသားခေါင်းဆောင်တစ်ယောက်ပါအဖွဲ့ X ရဲ့ခေါင်းဆောင်ကတော့ ရှရီဆိုတဲ့အရည်အချင်းရှိအေးဂျင့်ပါသူကတော့ မတရားမှုတွေလုပ်နေတဲ့ခေါင်းဆောင်ရဲ့လက်အောက်ကနေလွတ်မြောက်ခွင့်ရဖို့ခက်ခဲနေတဲ့သူတစ်ယောက်ပါ သူ့သဘောထားကိုသိသွားတဲ့ကာနယ်ကနောက်ဆုံးအနေနဲ့မစ်ရှင်တစ်ခုလုပ်ပေးဖို့တောင်းဆိုလိုက်ပါတယ်ဒါကိုသဘောတူပြီးနောက်ပိုင်းဘာတွေဖြစ်လာမလဲ တစ်ဖက်မှာလည်းဒါရိုက်တာပုံဖော်ပြီးရိုက်ပြထားတဲ့ ဂေါ်ရဗ် ဆိုတဲ့ဝန်ထမ်းလေးတစ်ယောက်အကြောင်းလေးလည်းပြောချင်ပါသေးတယ် သူကတော့ ဘဝကိုအရှုပ်အရှင်းကင်းကင်းနဲ့ရိုးသားစွာဖြတ်သန်းချင်တဲ့သူပါကုမ္ပဏီမှာအလုပ်ကြိုးစားတယ်အိမ်ကောင်းကောင်းတစ်လုံးနဲ့နေချင်တယ် သာမန်နေထိုင်မှုလို့ပဲဆိုရမှာပါ မင်းသမီးကလည်းနာမည်ရေးပြစရာမလိုလောက်အောင် ဘောလိဝုဒ်ပရိသတ်တွေအကြိုက် ဇာတ်ကြမ်း/ အချစ်/အလွမ်း /ဟာသ ဘက်စုံရတဲ့သမီးတစ်လက်ပါ ဒီ character တွေစုပေါင်းလိုက်တဲ့ဇာတ်လမ်းအသွားအလာဘယ်လိုပီပြင်လာမလဲဆိုတာတော့ ဇာတ်ကားပြီးခါနီးလေးမှပဲသိရမှာပါ ဇာတ်အိမ်/ ဇာတ်ကြောင်း/ သရုပ်ဆောင်/ နောက်ခံသီချင်း အပြစ်ပြောရာမရှိအောင်ကောင်းတဲ့ ဇာတ်ကားလေးဖြစ်ပြီးဟာသလေးတွေလည်းပါဝင်ထားလို့ကြိုက်နှစ်သက်ကြမယ်လို့ ယူဆမိပါကြောင်း…….
ဒီ ပြင်သစ် 3D animation ရုပ်ရှင်က ဒါရိုက်တာ Bibo Bergeron ရဲ့လက်ရာတစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာဆိုရင် ရုပ်ရှင်ပြစားတဲ့ အေမီယိုနဲ့ ကုန် ပစ္စည်းတွေလိုက်ပို့တဲ့ အလုပ်ကို လုပ်တဲ့ ရာအိုသူငယ်ချင်းနှစ်ယောက်ဟာ မမျှော်လင့်ပဲ ဓာတ်ခွဲခန်းထဲမှာ မကောင်းဆိုးဝါးတစ်ကောင်ကို ဖန်တီးမိခဲ့ပါတယ်။ ပြီးတော့အဲ့ဒီမကောင်းဆိုးဝါးကောင်ဟာ ပဲရစ်မှာလျှောက်သွားပါတော့တယ်။ တွေ့တဲ့လူတိုင်းကသူ့ရဲ့ပုံပန်းသဏ္ဌန်ကြောင့် ကြောက်လန့်တကြားဖြစ်ကြတာပေါ့။ အဲ့ဒီမကောင်းဆိုးဝါးကို ဖမ်းဆီးဖို့အတွက် ကောက်ကျစ်တဲ့ ကော်မရှင်နာ မေနာက စတင်ပြီးလုပ်ပါတော့တယ်။ ရေကြီးမှုပြဿနာကို ဘာမှအကူအညီမပေးတဲ့အတွက်သူ့ကို ပြည်သူတွေအထင်လွဲမုန်းတီးနေတာကနေ ဖြေရှင်းဖို့အကြောင်းရှာတာပါ။ ဒါပေမယ့်လည်း အဲ့ဒီမကောင်းဝါးကောင်လေးမှာ ထူးခြားတဲ့စွမ်းရည်တစ်ခုရှိပါတယ်။ အဲ့ဒီစွမ်းရည်လေးကြောင့်ပဲ မကောင်းဆိုးဝါးကောင်လေးက ပဲရစ်မှာရှိတဲ့ သူဌေးတွေသာ လာလို့ရတဲ့ ကပွဲရုံတစ်ခုကိုရောက်သွားပါတယ်။ အဲ့ဒီမှာ အဆိုတော်မလေး လူစီလီနဲ့တွေ့ဆုံရပါတော့တယ်။ လူစီလီက သူ့ကိုနာမည်လေးတစ်ခုပေးပြီး ကပွဲရုံမှာ တိတ်တဆိတ်ခေါ်ထားပေးပါတယ်။ သူဟာ ပုံသဏ္ဌာန်ကသာမကောင်းဆိုးဝါးဖြစ်နေပေမယ့် လူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်စေတာမျိုးမလုပ်ခဲ့ပါဘူး။ တခြားအမြတ်ကြီးစား ကိုယ်ကျိုးကြည့်တဲ့လူသားတွေလိုမျိုး မဟုတ်ခဲ့ပါဘူး။ ဒီဇာတ်ကားလေးက ခံစားကြည့်မိမယ်ဆိုရင် တကယ့်မကောင်းဆိုးဝါးဆိုတာ ဘယ်လိုမျိုးလဲ အပြင်ပန်းကိုသာ ကြည့်ပြီး ဆုံးဖြတ်လို့မရတဲ့ ကိစ္စတွေ အဖြစ်အပျက်တွေကို တွေ့ရမှာပါ ဒါ့အပြင်ဇာတ်လမ်းထဲမှာ ပါတဲ့သီချင်းလေးတွေကလဲကောင်းတာမို့ စာသားတွေကိုလည်း ဘာသာပြန်ပေးထားပါတယ်။
ဒီကားလေးကတော့ မိသားစုနဲ့ကြည့်ရန်အထူးသင့်တော်တဲ့ဟာသကားလေးပဲဖြစ်ပါတယ်…စကားအပြောအဆိုချိုသာတဲ့ Jenny တစ်ယောက်ကလေးထိန်းအလုပ်ကိုလုပ်ရာကနေ Lola ဆိုတဲ့သူ့အကျင့်နဲ့ဆန့်ကျင်ဘက်ရွယ်တူကောင်မလေးတစ်ယောက်ကိုတွေ့ခဲ့ပါတယ်..Jenny ထိန်းရတဲ့ကလေးတွေကလည်း တစ်ယောက်တစ်မျိုး ဆိုးကြတဲ့ကလေးတွေပါပဲ….နောက်ပိုင်းမှာမျှော်လင့်မထားတဲ့ အကြောင်းရာတွေကြောင့် သူထိန်းနေတဲ့ကောင်လေးတစ်ယောက်ပျောက်သွားခဲ့ပါ
တယ်….ပိုက်ဆံအခက်ခဲကြောင့် သူမနေရာဝင်နေတဲ့ Lola နဲ့အတူ သူမတာဝန်ယူထားတဲ့ကလေး မပျောက်သွားစေရန် ကျန်တဲ့ကလေးများနဲ့အတူ လိုက်လံရှာဖွေရှာတာပဲဖြစ်ပါတယ်…အဲလိုလိုက်ရှာရင်ကနေ အမှတ်မထင် လူဆိုးတွေနဲ့ပတ်သတ်မိသွားပြီး လူဆိုးတွေရန်ကနေ လွတ်အောင် ကလေးတွေနဲ့အတူပြေးရင်းလွှားရင်းနဲ့ ဇာတ်လမ်းကိုသွက်သွက်လေးတင်ဆက်ထားပါတယ်…Jenny ကထိုပျောက်သွားတဲ့ကောင်လေးကို မိဘတွေပြန်မလာရင် ညအချိန်အရောက်အမှီရှာဖွေရမှာပဲဖြစ်ပါတယ်…
သူတို့တွေရှာဖွေနိုင်မလား…လမ်းမှာတွေ့တဲ့လူဆိုးတွေရဲ့ရန်ကနေ လွတ်အောင်ဘယ်လိုထောင်ချောက်တွေသုံးပြီးထွက်ပြေးကြမလဲဆိုတာကတော့ ဒီဇာတ်ကားလေးထဲကိုကြည့်ရှု့ရမှာပဲဖြစ်ပါတယ်….(ဒီကားကို Thin Zaly Kyaw နဲ့ Pyae Phyo Hein တို့မှဘာသာပြန်တင်ဆက်ပေးထားပါတယ်)….
1987ခုနှစ်ရဲ့ကျောင်းသားတစ်ယောက်လက်တွေ့ဘဝထဲကိုဝင်ပါတော့မယ်ပြသနာကတော့မပြောင်းသွားပါဘူး ဘာအရာမှလည်းမလွယ်ကူခဲ့ပါဘူးသမီးရည်းစားရေးမှာလည်းအသည်းကွဲနေတဲ့ကွဲဘဲလေးဖြစ်ပြီးလုပ်ငန်းခွင်မှာဆိုလည်းဘာအတွေ့အကြုံမှာမရှိတဲ့ငပေါသာသာပါမိဘတွေကလည်းကျောင်းစရိတ်မပြောနဲ့ မုန့်ဖိုးတောင်မပေးတော့တဲ့အခြေအနေကိုရောက်နေပါပြီ
ပိုက်ဆံရှာဖိုလိုလာတဲ့အချိန်မှာ သူ့အားလပ်ရက်တွေကိုAdventurelandလို့ခေါ်တဲ့ကစားကွင်းမှာလုပ်ဖို့အကြောင်းဖန်လာပါတယ်စုတ်ပြတ်နာကျင်ပြီးအတွင်းပိုင်းသေဆုံးမတတ်ဖြစ်နေတဲ့လူငယ်တစ်ယောက်ကလူတွေအပန်းဖြေ ပျော်ရွှင်ဖို့လာတဲ့ကစားကွင်းမှာအလုပ်လုပ်တယ်ဆိုတာအရမ်းကြီးဆန့်ကျင်ဘက်ဖြစ်နေသလိုပါပဲသူ့စိတ်အခြေအနေနဲ့လူမှုရေး၊အချစ်ရေးတွေကိုကစားကွင်းမှာအလုပ်လုပ်ရင်းဘယ်လိုကျော်ဖြတ်သွားမလဲပုံမှန်ကားဖြစ်တဲ့အတွက်ပိုကြည့်သင်တယ်လို့ထင်ပါ
တယ်Sci-fiတွေFantasyတွေထက်စာရင်ဒီလိုကားတွေကပေးတဲ့messageကလက်တွေ့ဘဝမှာတကယ်အထောက်အကူဖြစ်ပါတယ်ဘာသာပြန်ပေးထားတာတော့Dollyဖြစ်ပြီးကျွန်တော်sithuကencodeပေးထားပါတယ်
အခုဇာတ်ကားလေးကတော့ဟောင်ကောင်ဇာတ်လမ်းတွေကိုကြိုက်နှစ်သက်တဲ့ပရိတ်သတ်တွေအတွက် ကြည့်သင့်တဲ့ action-comedy အမျိုးအစားဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့အေးဂျင့်မစ္စတာချန်ဟာ နိုင်ငံတကာအေဂျင်စီတစ်ခုမှာအလုပ်လုပ်နေတဲ့ထိပ်တန်းစုံထောက်တစ်ယောက်ပါ။ကံဆိုးစွာနဲ့ပဲသူကတာဝန်တစ်ခုမှာကျရှုံးခဲ့လို့အဖွဲ့ကနေပြီးထုတ်ပယ်ခြင်းခံလိုက်ရတယ်။အဲ့ဒီလိုနဲ့ လွန်ခဲ့တဲ့နှစ်၂၀လောက်က တာဝန်တစ်ခုကိုထမ်းဆောင်ရင်း သူအသုံးချခဲ့တဲ့အမျိုးသမီးမမျှော်လင့်ဘဲပြန်တွေ့ခဲ့တဲ့အခါ ထိုအမျိုးသမီးဟာရဲအရာရှိတစ်ယောက်ဖြစ်နေပါပြီ။
အဲ့ဒီအမျိုးသမီးအတွက် ထူးဆန်းတဲ့အမှုတွေကိုလိုက်လံဖြေရှင်းပေးရပုံကို ဇာတ်လမ်းဆင် ရိုက်ကူးထားတဲ့ဟာသဆန်ဆန်စုံထောက်ကားတစ်ကားဖြစ်ပါတယ် ။ဟောင်ကောင်ကားလည်းဖြစ် အရှေ့တိုင်းဆန်ဆန်ပျက်လုံးတွေကြောင့်IMDB ratingနည်းပေမဲ့ အားလပ်ရက်မှာ အနားယူရင်းပေါ့ပေါ့ပါးပါးဇာတ်လမ်းလေးကြည့်ချင်တဲ့ပရိသတ်တွေအတွက်လက်လွှတ်မခံသင့်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ် (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုမျိုးခန့် ပါ)
June 8, 2018 ကထွက်ရှိခဲ့တဲ့Alex Strangelove ဆိုတဲ့ဒီကားလေးကတော့Teen film/ Comedy ကားလေးဖြစ်ပါပြီးတော့ အလွန်လူကြိုက်များခဲ့တဲ့ကားလေးဖြစ်ပါတယ်။ဒီကားလေးကိုရိုက်ကူးပေးခဲ့တဲ့ဒါရိုက်တာကတော့ Director Craig Johnsonဖြစ်ပြီးတော့
ဇာတ်ညွန်းကိုလည်းသူကိုယ်တိုင်ပဲရေးသားခဲ့တာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းအဲလက်ထရူးလပ်ဆိုတဲ့ကောင်လေးတစ်ယောက်ဟာအထက်တန်းကျောင်းသားတစ်ယောက်ဖြစ်ပြီးတော့ သူနဲ့ကြိုက်နေတဲ့ကောင်မလေးကလယ်ရာဆိုတဲ့ရည်းစားတစ်ယောက်ရှိပါတယ်။ကျောင်းမပြီးခင်သူတို့ရဲ့planကတော့ အဲလက်ရဲ့virginity ကိုသူရည်းစားကောင်မလေးနဲ့အတူဖြတ်သန်းကုန်ဆုံးနေဖို့ဖြစ်ပါတယ်။
ဒါပေမဲ့ တစ်နေ့မှာတော့ တခြားမြို့က ချောမော်ပြီးဆွဲဆောင်မှုရှိတဲ့ ဂေးကောင်လေးဖြစ်တဲ့ အဲလီယက်ဆိုတဲ့တစ်ယောက်နဲ့တွေ့ဆုံးပြီးမှတော့ သူတို့ရဲ့Relationship တွေဘာတွေဆက်လိုရှုတ်ထွေးပြီးဖြစ်လာသလဲဆိုတာကို ဟာသနဲ့ လူငယ်သဘာဝဆန်ဆန်ရောနှောရိုက်ကူးထားတာဖြစ်လို့ လက်လွတ်မခံသင့်တဲ့ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Nyi Nyi Lwin ပါ)
အခု မိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ 2017 ခုနှစ်မှာ ထွက်ထားတဲ့ Anna and the Apocalypse ဆိုတဲ့ ဇွန်ဘီ comedy ဇာတ်ကားလေးပါ John Mcphail က ရိုက်ကူးထားပြီး IMDB 6.4 ထိ ရထားတဲ့ ဇာတ်ကားလေးပါ အန်နာဆိုတဲ့ ကောင်မလေးရယ် ဂျွန်ဆိုတဲ့ကောင်လေးရယ်က အချစ်ဆုံးသူငယ်ချင်းတွေပါ ကျောင်းပြီးရင် ဂျွန်က အနုပညာတက္ကသိုလ်တက်မယ် အန်နာကတော့ ခရီးထွက်မယ်ဆိုပြီး ကိုယ်စီ စိတ်ကူးယဉ်အိပ်မက်လေးတွေနဲ့ ပျော်ရွှင်စရာမြို့လေးမှာ နေထိုင်ကြပါတယ် တစ်နှစ်တော့ ခရစ်စမတ်ချိန်မှာတော့ ခါတိုင်းနှစ်နဲ့ မတူဘဲ ပြဿနာတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်
အဲဒါကတော့ ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် မြို့ထဲက လူတွေဟာ ဇွန်ဘီတွေ ဖြစ်ကုန်ပြီး သူတို့ကို ရင်ဆိုင်တိုက်ခိုက်ရတာပါ သူတို့သူငယ်ချင်းတွေဟာ မိသားစုတွေနဲ့ တကွဲတပြားဖြစ်နေကြပြီး သူတို့ချစ်ရတဲ့ မိဘတွေ မိသားစုတွေရှိတဲ့ဆီကို ရောက်ဖို့ မျှော်လင့်ချက်တွေကိုယ်စီနဲ့ ဇွန်ဘီတွေကို ရဲရဲဝံ့ဝံ့ရင်ဆိုင်တိုက်ခိုက်ကြတာလေးတွေကို ရိုက်ပြထားတာပါ ဒီဇာတ်ကားမှာ ထူးခြားတာကတော့ ဒိုင်ယာလော့တွေထဲမှာ သီချင်းလေးတွေ ညှပ်ပြီး သီဆိုပြထားတာပါ တစ်ကားလုံးလိုလိုမှာ ပျော်စရာ
ဇာတ်ဝင်သီချင်းလေးတွေနဲ့ လူငယ်ဆန်ဆန် ရိုက်ကူးထားတဲ့ ဇွန်ဘီကားကောင်းလေးပါ စိတ်လှုပ်ရှားရသလို မိသားစုစိတ်ဓာတ် သူငယ်ချင်းတွေကြားက မေတ္တာတရားတွေကို ပေါ်လွင်အောင် ရိုက်ကူးပြထားတာမို့ လက်မလွတ်တမ်း ကြည့်သင့်တဲ့ ပေါ့ပေါ့ပါးပါး ဇာတ်ကားလေးပါ နောက်ဆုံးမှာ အန်နာတို့ သူငယ်ချင်းတွေ သူတို့ချစ်ရတဲ့ မိသားစုတွေနဲ့ ပြန်ုဆုံကြရလား မတွေ့ခင်မှာရော ဘယ်လိုအခက်အခဲတွေကို ကြုံရလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားရင်း စောင့်ကြည့်ကြပါလို့
ဒီစူပါဟီးရိုး ရုပ်ရှင်ဟာ DCEU ရဲ့ ၆ ကားမြောက်ရုပ်ရှင်ပဲ ဖြစ်ပါတယ်။
သူ့ရဲ့ရှေ့မှာတော့ Man of Steel, Batman vs Superman, Suicide Squad, Wonder Woman, Justice League တို့ ထွက်ရှိထားပြီးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း
============ အတ္တလန်တစ်နိုင်ငံရဲ့ မင်းသမီးဟာ ကုန်းမြေပေါ်က မီးပြတိုက်စောင့်တစ်ယောက်နဲ့ ချစ်မိပြီး အာသာ(အကွာမန်းကို) မွေးဖွားခဲ့ပါတယ်။သူကြီးပြင်းလာချိန်မှာ အတ္တလန်တစ်ရဲ့ ဘုရင် အွန်းမ်ဟာ နိုင်ငံ ၇ ခု ကို စုစည်းပြီး ကုန်းမြေကမ္ဘာကို စစ်တိုက်ဖို့ ပြင်ဆင်လာပါတယ်။ ဒီစစ်ပွဲကိုတားဖို့ အတွက် အာသာဟာ သူ့ရဲ့ဆရာ ဗော်ကို၊ မင်းသမီး မယ်ရာ တို့ရဲ့ အကူအညီနဲ့ စွမ်းအားအကြီးဆုံး သုံးခွခရင်း ထရိင်းဒန့်ကို ရှာပြီး အတ္တလန်တစ်ရဲ့ ထီးနန်းကို ရယူဖို့ ကြိုးစားရပါတော့တယ်………
CM Fan တွေ အတွက် ဒီတစ်ခေါက်မှာတော့မတင်ဖြစ်တာ ကြာပြီ ဖြစ်တဲ့ ဆိုက်ကို လူသတ်သမား ရုပ်ရှင်ကားလေးပါဇတ်လမ်းပုံစံကတော့ ခေတ်မှီတိုးတက်လာတဲ့ လူနေမှု စနစ် မှာ
သိသိသာသာ ဂျင်းထည့်နေတဲ့ အိမ်ခြံမြေ ပွဲစားတွေ အကြောင်းပါတိုးချဲ့ မြို့သစ် တစ်ခုမှာ အိမ်ဈေးတွေ တက်လာမယ် ခြံဈေးတွေတက်လာမယ်ဆိုပြီး ဂျင်းလိုက်ထည့်နေတဲ့ ကတ်ဆီ ဆိုတဲ့အိမ်ပွဲစားမလေး ရှိပြီး သူကိုယ်တိုင်ကလဲ အိမ်ပွဲစားမဖြစ်ခင်အိမ်ပွဲစား လူလည်တစ်ယောက်ဖြစ်သူ သူ့သူဌေးဆီက ဂျင်းမိပြီးမဖြစ်ထွန်းတဲ့ ခေါင်တဲ့ မြို့မှာ အိမ်ဝယ်မိသူ တစ်ယောက်ပါလောလောဆယ် လတ်တလော အကျွေးတွေ ပိပြီး သမီးတစ်ယောက်ရှိတဲ့အိမ်ထောင်ကွဲ အမျိုးသမီးတစ်ယောက်
ပေါ့…. Phone အားကုန်နေပြီလား XP Power Bank ရှိတယ်… သူ ဂျင်းထည့်ခံရသလို သူများကိုလဲ ဂျင်းလိုက်ထည့်တဲ့ ပညာကိုကတ်ဆီ တစ်ယောက် ရရှိသွားပြီး သူ့သူဌေး နဲ့ ပေါင်းကာပိုက်ဆံရှိသူတွေကို မက်လုံးပေး ခေါင်တဲ့နေရာက အိမ်ခြံမြေတွေကိုမတန်တဆ ဈေးတွေနဲ့ ရောင်းထုတ်ခဲ့ပါတယ်…တစ်ရက်မှာတော့ သူတို့ ဂျင်းထည့်ခဲ့တဲ့ Customer တစ်ဦး ဖြစ်သူမော်ရမ် မှ ကတ်ဆီ ရဲ့ သူဌေး ကို သတ်ဖြတ်ပြီး ကတ်ဆီကိုပြန်ပေးဆွဲခဲ့ပါတော့တယ် ရဲရော ဘယ်အဖွဲ့
အစည်းကိုမှဆက်သွယ်မရအောင် ခေါင်တဲ့ ဒီတိုးချဲ့မြို့သစ်ကနေသူမ ဘယ်လိုလွတ်မြောက်နိုင်မလဲဆိုတာသည်းထိတ်ရင်ဖို ကြည့်ရှုနိုင်ပါပြီ….ဒီရုပ်ရှင်ကားကိုဘာသာပြန်ပေးထားတာကတော့May Thu ဖြစ်ပြီး Thit San Khant မှတင်ဆက်ပေးထားပါတယ်
Rating 6 ရရှိထားတဲ့ စော်ချောချောလေးတွေပါဝင်ထားတဲ့အက်ရှင်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်…လီလီတို့ သူငယ်ချင်းလေးယောက်ဟာ ဆီလမ်မြို့လေးမှာ ကျောင်းတက်နေတဲ့ ဆယ်ကျော်သက်မိန်းခလေးတွေ ဖြစ်ပါတယ်။ တစ်နေ့မှာတော့ အွန်လိုင်းပေါ်မှာ ဆီလမ်မြို့ မြို့တော်ဝန်ရဲ့ အတွင်းရေး၊
မက်ဆေ့ချ်နဲ့ ဓာတ်ပုံတွေဟာ ဟက်ကာတစ်ယောက်ရဲ့ လက်ချက်ကြောင့် အင်တာနက်ပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။ ဒီလိုနဲ့ လူတွေရဲ့ ဆူပူမှုတွေဖြစ်ပေါ်လာခဲ့ပြီး သတင်းစာရှင်းလင်းပွဲမှာပဲ မြို့တော်ဝန်ဟာ ကိုယ့်ကိုကိုယ် သတ်သေသွားခဲ့ပါတယ်။ ထိုဖြစ်ရပ်ကြောင့် ဆီလမ်မြို့လေးဟာ တုန်လှုပ်နေတုန်းမှာပဲ အထက်တန်းကျောင်းအုပ်ရဲ့ လူသိမခံနိုင်တဲ့ အတွင်းရေးအချက်အလက်တွေဟာ အင်တာနက်ပေါ်မှာ ထပ်မံပေါ်ထွက်လာခဲ့ပါတယ်။ မြို့သူမြို့သားတွေရဲ့ အုံကြွမှုတွေက ပိုမိုများပြားလာ
ခဲ့ပြီး ဆူပူလှုပ်ရှားမှုတွေလည်း စတင်ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒီလိုနဲ့ ဟက်ကာသမားရဲ့ ပစ်မှတ်က လီလီဖြစ်လာတဲ့အခါမှာတော့ ဘယ်လိုတွေ ဆက်ဖြစ်လာမလဲ၊ ဟက်ကာသမားကကော ဘယ်သူဖြစ်နေမလဲ၊ ဆီလမ်မြို့လေးကော ဘယ်လိုအခြေအနေနဲ့ ကြုံတွေ့ရမလဲဆိုတာ စိတ်ဝင်စားဖို့ အရမ်းကောင်းတာမို့ ကြည့်ရှုအားပေးကြပါဦးဗျာ….
ဒီနေ့တော့ CM ပရိတ်သတ်တွေအတွက်IMDb Rate မှာ 6.4 ရရှိထားတဲ့ Astro Boy လို့ခေါ်တဲ့Animation ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်…ဘယ်လိုသဘောမျိုးနဲ့နေနေကြည့်သင့်တဲ့ Animation ကားကောင်းလေးဖြစ်ကြောင်းတော့အသိပေးပါရစေ
Dr. Tenma ဆိုတာ Toby ကို သိပ်ချစ်တဲ့ ဖခင်ကောင်း တစ်ယောက် ဖြစ်သလိုRobot တည်ထွင် ရာမှာလဲ နာမည်ကြီးတဲ့ သိပ္ပံ ပညာ ရှင်တစ်ယောက် ဖြစ်ပါတယ်။Dr. Tenma ရဲ့ သားပီပီ သိပ္ပံပညာ တွေကို စိတ်ဝင်စားတဲ့ Toby ဟာDr. Tenma ရဲ့ ခွင့်ပြုချက် မပါပဲ နည်းပညာသစ် Red Core နဲ့ Blue Core တို့စမ်းသပ်တဲ့ ပြပွဲကို ခိုးပြီး သွားရောက် ခဲ့ပါတယ်။ Red Core ထဲ့သွင်း စမ်းသပ်တဲ့ စက်ရုပ်ဟာထိန်းချုပ်မှု လွတ်ထွက်သွားပြီး ပုံကန်တဲ့ အချိန်မှာ မ
ထင်မှတ်ပဲ Toby တစ်ယောက် ပိတ်မိပြီးRed Core ထဲ့သွင်း ထားတဲ့ စက်ရုပ် ရဲ့ လက်နက် စမ်းကြောင့် သေဆုံးသွား ခဲ့ပါတယ်။သားကို သိပ်ချစ်တဲ့ အဖေ Dr. Tenma တစ်ယောက် ရူးသွပ် မတတ် ခံစား ရပြီး Toby နဲ့ တူတဲ့ စက်ရုပ် တစ်ရုပ်ကို တည်ဆောက်ပြီး Toby ရဲ့ DNA က တဆင့် မှတ်ဉာဏ်တွေ ထဲ့သွင်း ပေးခဲ့ပါတယ်။လူသား တစ်ယောက် ကဲ့သို အသိဉာဏ်တွေ ရှိဖိုနဲ့ ပိုမို အစွမ်း ထပ်စေဖို့ကျန်ရှိနေတဲ့ Blue Core ကို Toby နဲ့ တူတဲ့ စက်ရုပ် Astro Boy ထဲမှာ
ထည့်သွင်း အသုံးပြု ခဲ့ပါတယ်။စစချင်းမှာ သားရဲ့ နေရာအကို အစားထိုး နိုင်မယ်လို့မျှော်လင့် ထားပေမယ့် အသိစိတ်က သားအရင်း မဟုတ်ပဲစက်ရုပ် တစ်ရုပ် ဖြစ်တယ်ဆိုတာ အသိပေး နေတော့ သားအရင်း တစ်ယောက်လို ချစ်လို့ မရခဲ့ပါဘူး။ထို့အတူ Toby ရဲ့ အသိဉာဏ်တွေ ရောက်နေတဲ့ Astro Boy ဟာလဲသူ့ကိုယ့်သူ Toby လို့ပဲ ထင်မှတ်ပြီး ဖခင်ရဲ့ မေတ္တာ ငတ်နေသလို ခံစား ခဲ့ရပါတယ်။မထင်မှတ်ပဲ Red Core အသုံးပြုခဲ့တဲ့ စက်ရုပ်ကို အသက်သွင်းချင်း ခံရ
တော့Dr. Tenma တို့ရဲ့ မြို့ဖြစ်တဲ့ Metro City မှာRed Core စက်ရုပ်ရဲ့ ဖြတ်စီးမှုတွေကို တားစီး နိုင်မယ့်လူမရှိခဲ့ပါဘူး။ ဒီအချိန်မှာ Blue Core ထည့်သွင်းပြီးတည်ထွင်ထားတဲ့ Astro Boy ဟာ သူ့ကိုယ်သူ စက်ရုပ်လို့ သိသွား ပြီးရန်သူတော် Red Core ကို ဘယ်လို နှိပ်နင်းမလဲ ဆိုတာ…..
ဒါရိုက်တာ David Bowers ရဲ့ 94 မိနစ် ရှည်တဲ့ Animated Comedy ဇာတ်ကား ဖြစ်ပါတယ်။အသံ သရုပ်ဆောင်တွေ အဖြစ် Dr. Tenma (voice of Nicolas Cage),Toby & Astro Boy (voice of Freddie Highmore) တို့က အဓိက ပါဝင် သရုပ်ဆောင် ထားပါတယ်။ရုပ်ရှင်အညွှန်းကိုတော့ moviereview ygn မှ ကူးယူဖေါ်ပြပါတယ်
လူတိုင်းမှာ ဘဝရဲ့တမ်းတမက်မောစရာ ဇာတ်လမ်းလေးတွေရှိကြမယ်….တခြားလူတွေအတွက်တော့ ပုံပြင်လေးတွေပေါ့…ဒီဇာတ်လမ်းက ပုံပြင်တချို့ကိုပြောပြနေလိမ့်မယ်…တိုက်ဆိုင်ရင်တော့ ကိုယ့်ရင်တစ်ခုလုံး ပျော်ဝင်သွားနိုင်တယ်…
အချစ်ကိုအပ်ဖျားမှာတပ်ပြီး မျှားနေတယ်လို့ ကျွန်တော်တို့ ပေါ့ပေါ့တန်တန်တွေးမိလိမ့်မယ်…..တကယ်က အချစ်က ကျွန်တော်တို့ကို အပ်ဖျားမှာတပ်ပြီး မျှားနေတာ။လွမ်းမောဖွယ် ကြမ်းရှရှတချို့နဲ့ ဒီဇာတ်လမ်းလေးဟာ IMDb (6.1) ရရှိထားတဲ့ ထိုင်ဝမ်ဇာတ်ကားလေးပါ။နူးညံ့လိုက်ဖို့ စိတ်မရှိဘူးဆိုရင် ကြည့်ရှုခံစားသင့်ပါတယ်။
ဒီဇာတ်လမ်းလေးဟာ ဒုတိယကမ္ဘာစစ်အတွင်း waterကို အသံမထွက်တတ်ဘဲ warလို့မှားထွက်မိလို့စစ်တပ်ထဲရောက်လာတဲ့အူကြောင်ကြောင်အီတလီစစ်သားလေးတစ်ယောက်အကြောင်းပါ …ဒါပေမယ့်လည်းဖြစ်ပုံက အဲ့ဒီနေ့က သူ့ကောင်မလေးကိုလက်ထပ်ခွင့်ရဖို့အတွက်
ပင်လယ်ခြားနေတဲ့စီစလီမြို့ကသူမရဲ့အဖေဆီ သွားပြီးခွင့်တောင်းရမှာပါ…ဒါပေမယ့် စားပွဲထိုးငမွဲလေးဖြစ်တဲ့အာတူရိုဟာ သွားဖို့ရာ ကားခသင်္ဘောခလေးတောင်မတတ်နိုင်တဲ့အတွက် စိတ်ညစ်ညစ်နဲ့ ဘားသွားပါလေရော…ဘားလည်းရောက်ရော ရေတောင်းတာ Waterကိုအသံမထွက်တတ်ဘဲ warလို့ထွက်မိတဲ့အတွက် စစ်တပ်ထဲအူကြောင်ကြောင်နဲ့ရောက်သွားပါတယ်…ဒါပေမယ့်လည်း စစ်တပ်က စီစလီမြို့ကိုတပ်ကူလွှတ်လိုက်တဲ့အတွက် ရေငတ်တုန်းရေတွင်းထဲကျပြီး စီစလီမြို့
ကိုဆိုက်ဆိုက်မြိုက်မြိုက်ကြီးကိုရောက်သွားပါတော့တယ်…စီစလီမြို့အရောက်မှာတော့ သူ့ချစ်သူရဲ့ဖခင်ကိုရှာဖွေရင်း ဘာတွေဆက်ဖြစ်ကြမလဲ……နိုင်ငံကိုပေးဆပ်ဖို့စစ်တပ်ထဲဝင်လာတဲ့သူရဲကောင်းအရာရှိကြီးဖီးလစ်…ဗုံးစောင့်ကြည့်ပေးရတဲ့ မျက်မမြင်နဲ့ ထော့ကျိုးအတွဲ…စစ်တိုက်ထွက်သွားတဲ့ခင်ပွန်းဖြစ်သူကိုစောင့်မျှော်နေတဲ့မိသားစုလေး…စတဲ့သူတို့ရဲ့စစ်အတွင်း ဘဝလေးတွေကိုဟာသနှောလိုက် ငိုချင်အောင်လုပ်လိုက်နဲ့ ပရိသတ်ကိုနည်းမျိုးစုံနဲ့စိတ်ကျေနပ်မှုပေးထားတဲ့ကားလေးပါ…သဘာဝကျကျ ခွီရတဲ့အခန်းတွေတော့ သိပ်ကိုသဘောကျရပါတယ်……အနှစ်ချုပ်ပြောရင်တော့ တကယ်ကြည့်လို့အရမ်းကောင်းတဲ့ကားလေးတစ်ကားပါ…
မင်းသား Chantavit Dhanasevi နှင့် I Fine..Thank You..Love You မင်းသမီးချော Preechaya Pongthananikorn တို့
အဓိက ပါဝင်ထားကြပြီး အခြားဟာသသရုပ်ဆောင်များစွာနဲ့ရိုက်ကူးထားတဲ့
Comedy, Romance အမျိုးအစား နာမည်ကြီးထိုင်းဇာတ်ကားဖြစ်ပါတယ်။
တစ်ခုနဲ့တစ်ခုကိုချိတ်ဆက်ပြီး ဟာသရသမြောက်အောင် စိတ်ကူးကောင်းကောင်းနဲ့ပုံဖော်ထားပါတယ်။
IMDb Rating (7.2/10) အထိရရှိထားပြီး ထိုင်းဇာတ်ကားတွေလဲ နိုင်ငံတကာရုပ်ရှင်ဈေးကွက်ကို
ထိုးဖောက်နိုင်ခဲ့ပြီဆိုတာ တွေ့ရမှာပါ။
မိသားစုနဲ့ အနားယူရင်း အပန်းဖြေ ကြည့်ရှုသင့်တဲ့ ဟာသဇာတ်ကားကောင်းလေးပါ။
(မြန်မာစာတန်းထိုးကိုတော့ ကိုမိုးစက် မှ ကိုယ်တိုင်ဘာသာပြန်တင်ဆက်ပေးထားတာပါ။
pk (2014) မြန်မာစာတန်းထိုးဇာတ်ကားကို ကြည့်ဖူးသူတွေကတော့ “မိုးစက် ရမ်းသမ်းဘာသာပြန်သည်။” ဆိုတာကိုရင်းနှီးနေကြမှာပါ။ ရှုစားအားပေးကြပါဦး။)ဖေဖော်ဝါရီ ၁၄ ရက်နေ့ (V-Day နေ့)ဟာဆိုရင် ဇာတ်ကားထဲက အဓိကမင်းသမီးလေး
Preechaya Pongthananikorn ရဲ့ မွေးနေ့လည်းဖြစ်ပါတယ်…
အဆင်ပြေရင် “Happy Birthday ပါ….Ice” ဆိုပြီးမန့်သွားပေးကြပါ ..
သူ့ရဲ့ Nickname က Ice Preechaya ဖြစ်ပါတယ်။
(စကားမစပ်….ပျော်ရွှင်စရာ ချစ်သူများနေ့ဖြစ်ပါစေ………။)
James Mcavoy ,Keira Knightley, Lady Bird (ဝါ) Saoirse Ronan နဲ့ Benedict Cumberbatch တို့လို နာမည်ကြီးမင်းသားမင်းသမီးတွေ အစုံအလင်နဲ့ရိုက်ကူးထားတဲ့ဇာတ်ကားပါ။အဆုံးသတ် မတိုင်ခင် အထိတော့ ဒီ ဇာတ်လမ်းလေး တစ်ပုဒ်လုံးက သိပ်မထူးခြားသလိုပါပဲ။ ဒီဇာတ်လမ်းရဲ့ ထူးခြားချက်ကို ကျွန်တော် ချရေးခဲ့ရင်လည်း spoil ပြီးသား ဖြစ်သွားပါမယ်။အချိန်ကာလအားဖြင့် Dunkrik မဖြစ်မှီ….. အထက်တန်းလွှာ အမျိုးသမီးတစ်ယောက်နဲ့
အိမ်ဖော်တစ်ယောက်ရဲ့သား…..ချစ်ကြိုက်မိခဲ့ကြတယ်…။ မှားယွင်းသွားတဲ့ စာတစ်စောင်က မထင်မှတ်ပဲ ယူလာခဲ့တဲ့ ဂြိုလ်ဆိုးတွေကြားမှာ..သူတို့ ဝေးသွားခဲ့ကြတယ်…။
စစ်တပ်ထဲ ရောက်နေတဲ့ ကောင်ကလေးနဲ့… အိမ်ကနေ ပြေးထွက်ခဲ့တဲ့ ကောင်မလေး.. စစ်မထွက်မှီမှာ ပြန်တွေ့ကြတဲ့အချိန်… နေသာ လေလာမဲ့ တစ်နေ့တော့ကို သူတို့ ပြန် ယုံကြည်မျှော်လင့်ခဲ့ကြတယ်…။ စစ်ရဲ့ အနိဋ္ဌာရုံတွေကြားကနေ ဒဏ်ရာအထပ်ထပ်နဲ့ မျှော်လင့်နေတဲ့ လူငယ်လေးတစ်ယောက်နဲ့ အချစ်အတွက် အရာရာကို ကျောခိုင်းခဲ့တဲ့ လူကုံထံ မလေးတစ်ယောက်ရဲ့ ယုံကြည်..မျှော်လင့်ခြင်းတွေ…. သူတို့ အတူနေချင်ခဲ့ကြတဲ့ ကမ်းခြေ ဘေးက အိမ်ကလေးတစ်လုံးမှာ
ပြန်ဆုံတွေ့ကြမဲ့ တစ်နေ့နေ့.. အဆုံးသတ်မှာ ဘာတွေများ ဖြစ်သွားသလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲ စီးမျောကြည့်ကြပါ။အော်စကာ Nomi အတော်ဝင်ထားပြီး Best Achievement in Music Written for Motion Pictures, Original Score ဆုလည်းရထားတဲ့အပြင် တခြားက ဆုတွေလည်း အတော်ရထားတဲ့ ကားပါ။ Genreကတာ့ Romance and Drama ပါ။
mmbusticket Crazy Little Thing Called Love ဇာတ်ကားထဲမှာ မင်းသားမာရီယိုနဲ့ လိုက်ဖက်လွန်းစွာ သရုပ်ဆောင်ခဲ့တဲ့ ထိုင်းမင်းသမီးချောလေးPimchanok Luevisadpaibul (Baifern) ကို အားလုံးသိကြမယ်ထင်ပါတယ်..ဟုတ်ပါတယ်…Back to the 90s (2015) ဒီဇာတ်ကားဟာလဲ သူလေး အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားမှာလဲ သူလေးရဲ့ လှပသေသပ်တဲ့ သရုပ်ဆောင်မှုတွေနဲ့ ကြည့်ရှုသူတိုင်းကို စွဲဆောင်သွားဦးမှာပါ။မင်းသားတွေလဲ ဇာတ်ရုပ်နဲ့ကွက်တိကျတာကြောင့် ဒီဇာတ်ကားဟာ Rating မြင့်မားပြီး ကြည့်ရှုသူတိုင်း ကြိုက်နှစ်သက်တဲ့ ဇာတ်ကားဖြစ်လာပါတယ်။ ကျွန်တော်တို့မှာ မပြုပြင်နိုင်ခဲ့တဲ့ အတိတ်တွေရှိကြပါတယ်…ချစ်ခြင်းမေတ္တာရဲ့ ဆန်းကြယ်မှုမှာ မျက်စိသူငယ် နားသူငယ်ဖြစ်ဖူးခဲ့ကြမယ်…အသက်အရွယ်နဲ့ ရူးမိုက်မှုတို့ အချိုးကျနေတုန်းမှာ ခပ်မိုက်မိုက် လေလွင့်ဖူးခဲ့မယ်..ဒါတွေကို ကျွန်တော်တို့ မပြုပြင်နိုင်တော့ဘူး.. နောင်တဆိုတာပဲ ပွေ့ဖက်နေကြရတာမလား…။ ဒါပေမယ့် အတိတ်ကိုပြန်သွားလို့ရမယ်….ဒါတွေကို ပြုပြင်ဖို့ အခွင့်အရေးကို တစ်စုံတစ်ယောက်က ရခဲ့မယ်ဆိုရင်..ကျွန်တော်တို့ မြင်တွေ့ရမယ့် အရာတွေက ငယ်ရွယ်ပျိုမြစ်မှုတစ်ခုထဲလို့ ခပ်လွယ်လွယ်မထင်လိုက်ပါနဲ့။အစဉ်အဆက် ခမ်းနားခဲ့သလိုပဲ ချစ်ခြင်းက ဒေသမရွေး ကာလမရွေး ခမ်းနားနေခဲ့တာ ထင်ရှားပြခဲ့တယ်။
ဖြစ်ရပ်မှန်အပေါ်အခြေခံထားတဲ့ နာမည်ကြီးထိုင်းကားတစ်ကား တင်ပေးလိုက်ပါတယ်။၂၀၁၇ မှာ ထိုင်းနိုင်ငံရဲ့ ဝင်ငွေအကောင်းဆုံး ဇာတ်ကားပါ။ စပြတဲ့အဖွင့် ၂ပါတ်မှာ ဘတ် သန်း ၁၀၀ ကျော်ရရှိခဲ့ပြီး တရုတ်နိုင်ငံမှာလည်း ဒေါ်လာ သန်း ၃၀ လောက် ရရှိသွားခဲ့ပါတယ် မျက်နှာသစ်မင်းသားမင်းသမီးတွေကို သုံးပြီး နိုင်ငံတကာက ရုပ်ရှင်ဆုတွေ အမြောက်အများကို သိမ်းပိုက်သွားနိုင်ခဲ့တာပါ။ ဇာတ်လမ်း၊ တင်ဆက်ပုံ၊ သရုပ်ဆောင်ချက် အားလုံးက ပြည့်စုံလွန်းတယ်လို့ ပြောလို့ရပါတယ်။ ထိုင်းနဲ့မြန်မာ ရုပ်ရှင်အဆင့်အတန်း မိုးနဲ့မြေလို ကွာနေတာကို တွေ့နိုင်သလို၊ သရုပ်ဆောင်တယ်ဆိုတာ ဘယ်လိုလေးလဲ တွေ့နိုင်ပါလိမ့်မယ်။ CGI တွေ နည်းပညာတွေအကြောင်းပဲ ဆင်ခြေတက်နေတဲ့ အနုပညာရှင်ကြီးများကို ထိပ်ပုတ်သွားတဲ့ ကားမျိုးတွေထဲမှာ ပါပါလိမ့်မယ်။ဇာတ်လမ်းအကျဉ်းကတော့ လင်းဆိုတဲ့ ဉာဏ်ကြီးရှင် ကျောင်းသူလေးတစ်ယောက်ဟာ ဆင်းရဲပေမယ့် ဈေးကြီးတဲ့ ကျောင်းကောင်းကြီးတစ်ခုမှာ ပညာသင်ဆုနဲ့ တက်ရောက်နေပါတယ်။ သူနဲ့ခင်မင်မိတဲ့သူငယ်ချင်းတွေကတော့ ချမ်းသာပေမယ့် စာညံ့ကြပါတယ်။ အဲဒီတော့ သူတို့တွေဆီကနေ ပိုက်ဆံယူပြီး ဘယ်သူမှ မရိပ်မိနိုင်တဲ့ နည်းလမ်းတွေနဲ့ အဖြေတွေကို စာမေးပွဲမှာ ပြပေးပါတယ်။ ဒါပေမယ့် ကံဆိုးစွာပဲ သူ့ရဲ့ ပညာသင်ဆု ပယ်ချခံလိုက်ရတဲ့အခါ သူ့အလုပ်ကို ကမ္ဘာလုံးဆိုင်ရာ စာမေးပွဲကြီးတစ်ခုဆီ သယ်လာပါတော့တယ်။ အမေရိကန်တက္ကသိုလ်တွေ ဝင်ခွင့်အတွက်စစ်တဲ့ STIC စာမေးပွဲကြီးကို ထိုင်းဘတ် သန်းနဲ့ချီအမြတ်ရလောက်အောင်အထိ ကြံစည်ပြီး အင်မတန်လှပတဲ့နည်းလမ်းတွေနဲ့ စွန့်စားပြီး အဖြေတွေ ခိုးယူပေးဖို့ ကြံစည်တဲ့အခါ…တစ်ကားလုံး မျက်တောင်မခတ်ဘဲ ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့်ကားအမျိုးအစားပါပဲ
mmbusticketIMDb 8.2/10 Rotten Tomatoes 86%Badhaai Ho (ဂုဏ်ယူဝမ်းမြောက်ပါတယ်) ဒီစကားလုံးကို ကြောက်လွန်းလို့ ပတ်ဝန်းကျင်ကနေထွက်ပြေးနေရသူ တစ်ယောက်ရှိပါတယ်သူ့နာမည်က နာခူ(လ်)ပါအသက်အရွယ်ရ ၂၀ ကျော်၊ ၁၅ နှစ်သာသာညီတစ်ယောက်ရှိတယ်ချစ်စရာကောင်းတဲ့ ရည်းစားတစ်ယောက်ရယ်၊ တည်တည်တံ့တံ့ အလုပ်အကိုင်လည်း ရှိတယ် ဒါဖြင့် ဘာကြောင့်များ ပတ်ဝန်းကျင်က ဂုဏ်ပြုစကားကို ကြောက်နေရတာလဲဂုဏ်ပြုပါတယ်ဆိုတာက သူ့အနေအထားကိုလားဘာကို ဂုဏ်ပြုတာလည်းအဖြစ်ကတော့ ဒီလိုပါဗျာ …တနေ့ ၅၀ ကျော်၊ ၆၀ အရွယ်မိခင်ကြီး နေထိုင်မကောင်းဖြစ်လို့ ဆေးခန်းသွားပြရပါတယ်ဆေးခန်းမှ အိမ်ပြန်ရောက်တော့နာခူလ် – အမေ့ကျန်းမာရေးနဲ့ပတ်သတ်ပြီး ဆရာဝန် ဘာပြောလိုက်လဲ အဖေအဖေ – ဆရာဝန်ပြောတာက၊ ဆရာဝန်ပြောတာကလေအိ်မ်ကို ဧည့်သည်တစ်ယောက် ရောက်လာမယ်တဲ့အငယ်ကောင် – ဧည့်သည်လာရင် သားအခန်းတော့ ပြောင်းမပေးနိုင်ဘူးနော် အဖေ၊ ကြိုပြောထားတာအဖေ – ဧည့်သည်သေးသေးလေးပါကိုယ်က ၂၀ ကျော်အရွယ်ရောက်နေမှ အသက် ၅၀ ကျော် အမေက ကိုယ်ဝန်ရှိနေတယ်ဆို ခင်ဗျားဘာလုပ်မလဲ မိတ်ဆွေဒီလောက်ပဲညွှန်းတော့မယ် ကောင်းမကောင်းကတော့ အဆင့်သတ်မှတ်ချက်တွေသာကြည့်လိုက်တော့ Top Ten India Movies of 2018 မှာလည်း ပါဝင်ထားတယ်မိသားစုဇာတ်လမ်းဖြစ်တာနဲ့အညီ ဟာသ၊ ဒရာမာ ကောင်းကောင်းဇာတ်ကားတစ်ကားမို့ လက်လွတ်မခံသင့်ပါဘူ
Batman Vs Two Face (2017)IMDb….6.1,,,,,Rotten…100%Batman Vs Two Faceကတော့ 2017 မှာထွက်ခဲ့ပေမဲ့…1960 ပြည့်နှစ်များက Batman Theme ကိုပဲသုံးထားတာဖြစ်ပါတယ်။Batman ရဲ့ Detective Skill တွေကို တစ်ကားလုံးလိုလို တွေ့ရမှာပါ။ ဒီကားဟာ 2016မှာထွက်ခဲ့တဲ့The Return of the caped Crusaderရဲ့ Sequel ဖြစ်တဲ့အပြင်1966 တုန်းက Batman မင်းသား Adam Westကပဲ Batman အဖြစ်အသံ သရုပ်ဆောင်ပေးထားပါတယ်။Batman ဝါ The Caped Crusaderနဲ့Robin ဝါ The Boy Wonder တို့နဲTwo- Faceတို့ ညဏ်ကစားကြမဲ့Batman ကားကောင်း တစ်ခုဖြစ်ပြီး။ဝေဖန်ရေးဆရာတွေပေးပါတယ်ဆိုတဲ့Rotten Tomatoes ရဲ့ Rating မှာ 100 အတိရထားတဲ့Super Hero..ကားကောင်းပါ။Dark Knight ကြီးကို ခဏရပ်ပြီး Caped Crusaderကိုခံစားကြည့်ကြပါစို့…Detective Comic ဝါ Dc fan Guy တို့…..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aung ဖြစ်ပါတယ်….
တရုတ် ပာာသ သရဲကားပါ ၂၀၁၅ လောက်ကထွက်ခဲ့တာပါ ဇာတ်ကားကပုံစံကတော့ မလေးရှားမှာ ကောင်လေးတယောက်လှည့်လည်ရင်းနဲ့ ဆီဒစ် ဆိုတဲ့သရဲမလေးနဲ့တွေ့ဆုံခဲ့ပါတယ် ဆီဒစ် ဆိုတဲ့သရဲမချောလေးပာာဆိုရင်ဖြင့် လွန်ခဲ့တဲ့နှစ် ၃၀ က အသတ်ခံခဲ့ရတာပါ လက်စားချေလိုသေးတာကြောင့် သရဲမဖြစ်နေသေးတာပါ ကောင်လေးနဲ့ သူ့သူငယ်ချင်းတွေအကူအညီနဲ့ ဆီဒစ်သူ့ကိုသတ်တဲ့တရားခံကိုရှာတွေ့သွားနိုင်မလား? မျက်စိရှေ့မှာမြင်တာအားလုံးကရော အမှန်ဖြစ်နိုင်ပါ့မလား? အမှုကိုဖော်သွားရင်း ဇာတ်ကားကို မပျင်းရအောင် ဟာသလေးတွေနဲ့တည်ဆောက်ထားတာပါ သရဲမလေးကလည်းအရမ်းချောတော့ ကြည့်ရတာပိုမိုက်တာပေါ့ဗျာ ပင်ပန်းနေတဲ့နေ့လေးမှာ ဟာသကားလေးကြည့်ပြီး အပန်းဖြေလိုက်ပါ
အိမ်ခြံမြေအကျိုးတော်ဆောင်တယောက်ဖြစ်တဲ့စတန်မင်တန်တယောက်လိမ်လည်မှုနဲ့ထောင်နန်းစံရမယ့်အဖြစ်ကိုရောက်လာခဲ့ပါတယ်။ ထောင်ထဲမှာထောင်သားအချင်ချင်းမုဒိန်းကျင့်တဲ့အကြောင်းတွေကြားဖူးနေတဲ့စတန်ဟာသူ့ထောင်ကျရတော့မှာ ကိုတွေးပြီးကြောက်နေပါတော့တယ်။ထောင်မကျမှီအချိန်အတွင်းကြံမိကြံရာကြံရင်းစတန်တယောက်သူ. ကိုဘက်စုံတိုက်ခိုက်ရေးကျွမ်းကျင်သူအဖြစ်သင်ပေးမယ့်ဆရာတယောက်နဲ့တွေ့ခဲ့ပါတယ်။ အဲဒီဆရာကျေးဇူးနဲ့ပဲထောင်ထဲရောက်တဲ့အခါအားနည်းသူတွေအကူအညီလိုသူတွေကိုကူညီတိုက်ခိုက်ပေးရင်းဆရာကြီး တပါးဖြစ်လာပါတယ်။ ထောင်တွင်းအနိုင်ကျင့်မှုတွေကိုကာကွယ်ရင်းထောင်သားတွေရဲ့လေးစားမှုကိုရလာခဲ့ပါတယ်။ ဒါပေမယ့်တဖက်မှာလည်းအကျင့်ပျက်ထောင်ဝန်ထမ်းတဦးရဲ့အမြတ်ထုတ်ဖို့ကြံစည်နေတာကလည်းစတန် အတွက်ဘေးကြပ်နံကြပ်ဖြစ်နေပါတယ်။ အဲတော့စတန်တယောက်ဘယ်လိုေ့ရှဆက်နိုင်မလဲဆိုတာကတော့ပေါ့ပေ့ါပါးပါးနဲ့ဟာသလေးတွေနှောထားတဲ့ BigStanဇာတ်ကားလေးကိုကြည့်လိုက်ရအောင်ဗျာ။ ထောင်တွင်းအနိုင်ကျင့်မှုအထူးသဖြင့်မုဒိန်းကျင့်မှုကိုရှုံ့ချဖို့ဦးတည်ပြီးဟာသလေးတွေနဲ့တင်ဆက်ထားတာပါ။ ညအားလပ်ချိန်တွေကိုရယ်ရင်းမောရင်းအပန်းဖြေလိုက်ရအောင်ပါ။ ဒီကားလေးကို၂၀၀၇ခုနှစ်မှာထုတ်ဝေခဲ့ပြီးဝင်ငွေ၈.၇သန်းရရှိခဲ့ပါတယ်။ ညစ်ညမ်းတဲ့အသုံးအနူန်းတွေပါရှိလို. မိသားစုနဲ.အတူကြည့်ဖို့မသင့်တော်ပါဖူးခင်ဗျာ
ဒီကားလေးအကြောင်းစမပြောခင် Blood Fest ဆိုတဲ့နာမည်အကြောင်းကို အရင်စပြောလိုက်ရအောင်…. Blood Fest ဆိုတာ သွေးသံရဲရဲနဲ့ကစားရတဲ့ ကစားနည်းတစ်မျိုးဖြစ်ပြီးတော့ ဒီကစားနည်းဟာ အရမ်းကိုကျယ်ဝန်းလှတဲ့ ဧက၂၀ မြေကွက်ကြီးတစ်ခုမှာပြုလုပ်တဲ့ ဆယ်စုနှစ်ရဲ့အကောင်းဆုံးသော ” သွေးသံရဲရဲ ဧည့်ခံပွဲ ” ကစားနည်းလို့လည်း နာမည်ပေးထားပါတယ်….. အဲကွင်းကြီးထဲမှာ နာမည်ကြီး Horror ရုပ်ရှင်တွေထဲက လူသတ်သမားတွေရဲ့ ပုံစံသရုပ်ဆောင်တွေကိုထည့်သွင်းထားပြီးတော့ ပါဝင်ကစားတဲ့ လူတွေကို ခြောက်လှန့်စေတာဖြစ်ပါတယ်… Vampire , Zombie , Clown , The Arborist , Red အစရှိတဲ့ နာမည်ကျော်မကောင်းဆိုးဝါးတွေကို ဒီ Horror ကားထဲမှာမြင်တွေ့ရမှာဖြစ်ပါတယ်…. ဟောလိုဝင်းညပါတီပွဲကို ပျော်ချင်လို့ဆိုပြီး ဒီကွင်းကြီးထဲကို ဂိမ်းကစားဖို့ရောက်လာကြတဲ့ ဆယ်ကျော်သက်လေးသုံးယောက်ဟာ တကယ်တမ်း ဂိမ်းမဟုတ်ပဲ ကြမ်းတမ်းတဲ့အရာတွေနဲ့တွေ့ကြုံလာရတဲ့အခု လွတ်မြောက်ဖို့ကြိုးစားရပါတော့တယ်… တစ်ကွင်းလုံးမှာလည်း အတုအယောင်တွေပြုလုပ်ထားတဲ့ သရဲကားတွေထဲကလို စိတ္တဆေးရုံတွေ သချိၤုင်းတွေနဲ့ နာမည်ကြီးရုပ်ရှင်တွေထဲက နာမည်ကျော်လူသတ်သမားတွေနဲ့ ဂိမ်းကစားနေတာမဟုတ်တော့ပဲ သေရေးရှင်ရေးအတွက် အဲကွင်းထဲကနေလွတ်မြောက်နိုင်အောင်ကြိုးစားရတော့မှာပါ…. Horror ကားဆိုပေမယ့် ဒီကားဟာ ဟာသလေးတွေနှောပြီးရိုက်ပြထားတာပါ…. ဒါပေမယ့် Horror ကားရဲ့အနှစ်အရသာကိုတော့ ပျောက်ပျက်သွားတာမျိုး မဟုတ်ပါဘူး… တချို့အခန်းတွေက ကြောက်စရာကောင်းသလို တချို့အခန်းတွေမှာလည်း စိတ်ပေါ့ပါးစွာနဲ့ရယ်မောမိကြမှာပါ….. ဒါကြောင့် ဒီဇာတ်ကားလေးကို ကြည့်သင့်မကြည့်သင့်ကိုကတော့ သင်တို့ကိုယ်တိုင်ပဲဆုံးဖြတ်လိုက်ကြပါ….
၂၀၁၇ လို့နာမည်တပ်ထားပေမယ့် ၂၀၁၈ နိုဝင်ဘာ၂ရက်နေ့ မှထွက်လာတဲ့ကားဖြစ်ပါတယ်… ဒီကားဟာ တကယ့် Hip Hop ဂီတကို မီးမောင်းထိုးပြမယ့် ကားဖြစ်မှာ ပြီးတော့ producer ကလဲ Rap God ကြီးဖြစ်တဲ့ Eminem ပါ အဲ့တော့ rhyme တွေ rap တွေ ကအလန်းတွေ ပဲဖြစ်မယ်ဆိုတာ သံသယ ဝင်စရာမရှိပါဘူး ဒီကားကို Eminem ရဲ့ အောင်လံတစ်ခုလို့ကင်ပွန်းတပ်ရမလိုပါပဲ Bodied အပြတ်သတ်အနိုင်ပိုင်းခြင်း Rap ရွတ်တယ်ဆိုတာ ဘယ်လိုဘယ်ပုံ ဒီဇိုင်းကာလာရှိလဲ အာရှတိုက်သားတွေ ရင်းနှီးလာကြပါပြီ တစ်ယောက်နဲ့တစ်ယောက်အားနည်းချက် တွေကို စကားလုံးကာရန်အချိတ်ဆက်မိမိ နဲ့တင်ပြခြင်းလို့အဓိပ္ပာယ်ဖွင့်ဆိုရပါလိမ့်မယ် များသောအားဖြင့် ဒီ Rap Battle တွေကို လူမဲ အသိုင်းဝိုင်းကပဲ အစဉ်ဆက်ရွတ်ကြ တာများပါတယ် ဆိုတော့ကာ လူဖြူတွေပေါ် ထားတဲ့ အမုန်းတရားတွေ မခံချင်စိတ်တွေ အရိုင်းဆန်တဲ့ အတွေးအခေါ်တွေက သူတို့ နှုတ်ဖျားမှာကာရန်တွေ အကူညီနဲ့ ပွင့်ထွက် ကျလာပါတယ် ဒါ့ကြောင့် Rapper ဖြစ်နေတဲ့ သူတွေရဲ့ background က အများထင်သလို ရေပေါ်ဆီဘဝတွေ မဟုတ်ခဲ့ပါဘူး ဇာတ်လမ်းအကျဉ်းလေးကတော့ ကျောင်းမှာ N စာလုံးအသုံးပြု ပုံနဲ့ ပတ်သတ်ပြီး လူဖြူ တစ်ယောက်ဖြစ်တဲ့ အဒမ်စာတမ်းတင်ဖို့ လုံးပန်းနေပါတယ် သူ့ခေါင်းစဉ်ကလဲ ထူးထူးဆန်းဆန်း N စာလုံးဘယ်လို သုံး ရမလဲ တဲ့ N စာလုံးဆိုတာတော့ Nigga ကိုပြော တာပါ လူဖြူတွေက Nigga ဆိုတဲ့စာ လုံးကို တရားဝင်သုံးပိုင်ခွင့် မရှိပါဘူး ဒါ underground အသိုင်းဝိုင်းရဲ့ လူမျိုးစွဲ ကန့်သတ်ချက်တွေ ထဲက တစ်ခုပေါ့ ဒီတော့ အဒမ်က သူ့ စာတမ်းကိစ္စဖြစ် မြောက်ဖို့ သူကိုယ်တိုင်ကွင်းဆင်းတဲ့ အနေနဲ့ underground ပွဲတွေသွားလေ့ လာပါတော့တယ် အဲ့မှာ သူ့အကြီးစားဖန် ဖြစ်တဲ့ ဘန် ဂရင်းနဲ့ တွေ့ခဲ့တာပေါ့ ဘန်ဂရင်းကို N စာလုံးအသုံးပြုပုံအကြောင်း မေးရင်း သူဘယ်တုန်းက မှ မတွေးဖူးအိပ်မက်မမက်ဖူးတဲ့ Rap ရွတ်တဲ့ ကိစ္စကို လူတစ်ယောက်နဲ့ ရွတ်ရဖို့ အကြောင်းဖန်လာပါတယ် အဲ့ကစပြီးအဒမ် တစ်ယောက်ပြောင်း လဲ လာတော့တာပေါ့ ဆိုတော့ကာ ဒီကားလေးမှာ reference တွေ တော်တာ်များများထည့်ထားတာတွေ့ရ ပါတယ် ပြီးတော့ underground rap battle တွေက type အမျိုးမျိုး ရှိပါတယ် 1 vs 1 ရွတ်တာ 2 vs 2 ရွတ်တာ freestyle ရွတ်တာတွေပေါ့ ဒါပေမယ့် cypher ရွတ်တာ တော့မတွေ့ခဲ့ပါဘူး မလိုလို့ မထည့်တာလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ဒါပေမယ့် cypher သဘောမျိုးကို final battle မှာ 2 vs 2 ရွတ်တဲ့အခါ အရိပ်အမွက်တော့တွေ့မြင်ရမှာ ပါ အဓိက ဒီကားမှာပြထားတာက black culture ကို white people တွေဘယ်လို သဘောထားလဲ ပြီးတော့ 21 ရာစုရဲ့ ပူပူနွေးနွေး 2017-18 ဗားရှင်းမှာ ဘယ်လို Rap Battle မျိုးတွေပဲဖြစ်သင့်လဲဆိုတာကို မီးမောင်းထိုးပြသွားတဲ့ သဘောပါ တကယ့် underground အကြမ်းအရမ်း Rap Battle တွေလုပ်ထားတာကျက်သီး ထစရာကောင်းလောက်အောင် သဘာဝဆန်လွန်းပါတယ်… ဒါကြောင့် လူငယ်အများစု ကြိုက်နှစ်သက်မဲ့ကားတစ်ကားဆိုရင် မှားဖွယ်ရာမရှိပါဘူး…
Bon Cop Bad Cop 1 ဟာ 2006ခုနှစ်မှာထွက်ရှိခဲ့တဲ့ ပြင်သစ်စုံထောက်-ဟာသဇာတ်ကားလေးပါ။ IMDB rating 7.1/10 နဲ့ Rotten Tomatoes 78% ရရှိထားပါတယ်။ အဓိကဇာတ်ဆောင်တွေကတော့ ပြင်သစ်ရဲ့နာမည်ကျော်အက်ရှင်-ဟာသမင်းသား Patrick Huard ၊ The Amazing Spider Man, Thor(2011), Face/Off ဇာတ်ကားတွေအပါအဝင်ဇာတ်ကားတော်တော်များများမှာ ဇာတ်ပို့အဖြစ်သရုပ်ဆောင်တဲ့ မင်းသားကြီး Colm Feore တို့ဖြစ်ပါတယ် မင်းသားနှစ်ယောက်လုံးဟာ ဒီဇာတ်ကားကြောင့် ကနေဒါရုပ်ရှင်အစည်းအရုံးကပေးအပ်တဲ့ အကောင်းဆုံးအမျိူးသားဇာတ်ဆောင်ဆုအတွက် လျာထားခြင်းခံထားခဲ့ရပါတယ်။ ကနေဒါနိုင်ငံ အွန်တာရီယို-ကွေဘက် နယ်မြေနယ်ခုကြားတည့်တည့်မှာထောင်ထားတဲ့ ဆိုင်းဘုတ်ပေါ်မှာခါးအလယ်တည့်တည့်ကနေ တွဲလောင်းကျသေနေတဲ့ လူသေအလောင်းတစ်ခုကို တွေ့တာကစပါတယ်။ ဒီတော့ နယ်မြေတစ်ဖက်စီကအထက်လူကြီးတွေဟာ လူသတ်မှုကိုပူးပေါင်းဖြေရှင်းကြဖို့ဆုံးဖြတ်လိုက်ကြပြီး အွန်တာရီယိုက စာအုပ်ကြီးအတိုင်းလုပ်တဲ့စုံထောက်မာတင်ဝါ့ဒ် ၊ကွေဘက်က စည်းမျဉ်းစည်းကမ်းတွေကို သိပ်အလေးမထားတဲ့ စုံထောက်ဒေးဗစ်ဘူရှားတို့ နှစ်ယောက်ကိုတွဲပေးလိုက်ပါတယ်။ အားနေရင် အချင်းချင်းစကားနာထိုးကြတဲ့ စုံထောက်နှစ်ယောက်ဟာ လုပ်ဖော်ကိုင်ဖက်တွေအဖြစ် အလုပ်လုပ်ကြရပါတော့တယ်။ လူသတ်သမားဟာ ဟော်ကီအသိုင်းအဝိုင်းကလူတွေကို သတ်လေ့ရှိပြီး နောက်ထပ်ဘယ်သူ့အလှည့်ဆိုတာကိုပါသဲလွန်စချန်ချန်ထားပါတယ်။ ဟော်ကီအားကစားကို စွဲစွဲလန်းလန်းဖြစ်နေတဲ့လူသတ်သမားကို မတည့်အတူနေစုံထောက်နှစ်ယောက်ကြိုးပမ်းဖော်ထုတ်ကြပုံကို ဟာသဆန်ဆန်ရိုက်ကူးထားပါတယ် နောက်ဆုံးမှာ လူသတ်သမားဟာ သူလိုချင်တာရဖို့ စုံထောက်တို့ရဲ့မိသားစုကိုပါထိပါးလာတဲ့အခါမှာတော့….. ဇာတ်ကားရဲ့ကြာချိန်ကတော့ ၁၁၆ မိနစ်ပါ။ ဇာတ်လမ်းပိုင်းကိုတော့ အများကြီးမပြောတော့ပါဘူး အချိန်ပေးကြည့်ရတာတန်တဲ့ စုံထောက်ကားကောင်းလေးပါ။
Bon Cop Bad Cop 2 ရုပ်ရှင်ဇာတ်ကားဟာ ခုမှပူပူနွေးနွေးထွက်ရှိထားတဲ့ Action/ Comdy/ Crime အမျိုးအစားဇာတ်ကားအမျိုးအစားတစ်ပုဒ်ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ မင်းသားကြီး Colm Feore နဲ့ Patrick Huard က အဓိက ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ ထူးခြားချက်က မင်းသား Partrick Huard ကိုယ်တိုင် ဒီဇာတ်ကားရဲ့ ဝတ္ထုကိုရေးသားထားတာပါ။ ဒါရိုက်တာ အနေနဲ့ကတော့ Alain Desrochersကရိုက်ကူးပေးထားပါတယ်။ ဒီဇာတ်ကားက 2006 ကထွက်ရှိခဲ့တဲ့ Bon Cop Bad Cop ထွက်ရှိပြီး ၁၁ နှစ်အကြာမှာ ပြန်လည်ထွက်ရှိခဲ့တာပါ။ Imdb Rating 7.2/10 Rotten Tomatoes 71% The Globe and Mail 3/4 ဒီ rating တွေကို ကြည့်ခြင်းအားဖြင့် ဇာတ်ကားကောင်းတစ်ကားဆိုတာပြောဖို့တောင်မလိုဘူးထင်ပါတယ်။ ဒီဇာတ်ကားထဲမှာ ပြင်သစ် ကနေဒီယန် ရဲအဖြစ် ဟာသဆန်ဆန် သရုပ်ဆောင်ချက်တွေနဲ့ အက်ရှင် ဇာတ်ကွက်တွေကြောင့် ပရိတ်သတ်တွေအကြိုက်တွေ့မယ်ဆိုတာ သေချာပါတယ်။
စားသောက်ဆိုင် ကျမ်းတော်ကြီး “‘ လူတွေ အပြင်မှာ ရောင်းတဲ့ ၅ ဒေါ်လာတန် ကို ဘာလို့ ငါတို့ဆိုင်မှာ ဒေါ်လာ ၅၀၀ ပေးပြီး လာစားကြလဲသိလား ”’ ”’ လက်မလောက်လေး အသားတုံးလေး ၂ခု ပန်းကန်ထဲထည့်ထားတာကို ဘာလို့ ဈေး၅သောင်း ၆ သောင်းပေးစားနေကြတာလဲ”’ ဋီး ဋချီး သံတွေ မိုးပျံ ၊ ပန်းကန်တွေ ဇွန်းတွေ ရိုက်ခွဲကောက်ပေါက်သံတွေ ဆူညံနေ အပူနဲ့ အလုပ်လုပ်နေရတဲ့ကြားထဲ မီးပူတာတစ်မျိုးနားပူ တာတစ်မျိုး နဲ့ စိတ်မထိန်းနိုင်ရင် မျက်ခွက်ဆုတ် ပျက်သတ်သွားမယ့် စားဖိုဆောင်………… ဒီရုပ်ရှင်က IMDb Rating ၊ 6.6 Rotten Tomatoes 29% ၊ Metacritic score 42 ၊ CinemaScore B- တို့ရရှိထားပါတယ်။ ဝေဖန်မှု တွေ အဆိုးအကောင်းရောနှောရရှိထားတဲ့ ရုပ်ရှင် တစ်ခုလဲဖြစ်ပါတယ်။ R Rating Movie အမျိုးအစား ဖြစ်လို့ ၁၇ နှစ်အောင်တွေ အုပ်ထိန်းသူတွေ နဲ့ ကြည့်ဖို့ပြောချင်ပါတယ်။ လိင်ကိစ္စတွေပါလို့ မဟုတ်ပါဘူး စကားပြောကြမ်းတာတွေ ကြမ်း တမ်းတဲ့အပြုအမှုတွေပါလို့ပါ။ဒီ ရုပ်ရှင်ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ နယူးယောက်မှာ အကြိုပြသခဲ့ပြီး နောက်ရက်အနည်းငယ်အကြာမှာ အမေရိကန်မှာ The Weinstein Company ကစတင်ဖြန့်ချီထားခဲ့ပါ တယ်။ အင်္ဂလိပ် ၊ ပြင်သစ် စကားပြောရုပ်ရှင်ဖြစ် ပါတယ်။ တစ်ကားလုံးကြာချိန် မိနစ် ၁၀၀ ရှိပါတယ်။ Budget ကန်ဒေါ်လာ ၂၀ မီလီယံ နဲ့ရိုက် ကူးထားပြီး Box Office မှာ ကန်ဒေါ်လာ ၃၆.၆ မီလီယံ ပြန်လည်ရရှိထားပါတယ်။ ဒါရိုက်တာ John Wells ရိုကူးထားပြီး၊ သူက ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ရုပ်ရှင်တွေ တွေ ရိုက်ကူး တဲ့အပြင် ရုပ်သံထုတ်လုပ်သူအနေနဲ့ ရော စာရေး ဆရာအနေနဲ့ပါ လုပ်ပါတယ်။ ဒီကားက သူရိုက်ကူး ထားတဲ့နောက်ဆုံး ရုပ်ရှင်ကားဖြစ်ပါတယ်။ အဓီကပါဝင်သရုပ်ဆောင်ထားတဲ့သူတွေ ကတော့ မင်းသား Bardley Cooper နဲ့ Sienna Miller ဖြစ်ပါတယ်ပါတယ်။ မင်းသား Bardley ကတော့လူုတောတောများများသိရှိပြီးဖြစ်မယ်ထင် ပါတယ်။သူ့အကြောင်းနည်းနည်းပြောပြပါမယ်။ သူက အော်စကာဆုပေးပွဲက နေစပြီး တစ်ခြား သောရုပ်ရှင်စပေးပွဲတွေအထိဇကာတင်စာရင်းနဲ့ ဆုတွေ ယူထားတဲ့သူဖြစ်ပါတယ်။ ၃ နှစ်ဆက် တိုက် အမြင့်ဆုံး အနုပညာကြေးရတဲ့ မင်းသား ဖြစ်ပြီး ၂၀၁၅ ခုနှစ် တိုင်မ်း မဂ္ဂဇင်းရဲ့ လွှမ်းမိုးမှု ရှိဆုံးအယောက် ၁၀၀ စာရင်းမှာပါဝင်ထားနိုင်တဲ့ အထိကို အရှိန်အဝါကြီးပါတယ်။ Hangover ကတော့ ကျွန်တော်အကြိုက်ဆုံးပေါ့။ ဗြိတိန် အမေရိကန်စပ် မင်းသမီး Sienna ကလဲ BAFTA ၊ Golden Globe Award တို့လို ဆုပေးပွဲတွေအထိခြေဆန့်ထားနိုင်ယ်မင်းသမီးဖြစ်ပါတယ် American Sniper မှာလဲ မင်းသားBardley နဲ့ အတူတူသရုပ်ဆောင်ခဲ့ဖူးပါတယ်။ ကဲဟုတ်ပါပြီ ဒါတွေက ရုပ်ရှင်ထုတ်လုပ်မှုပိုင်းဆိုင်ရာတွေပေါ့။ နောက်ဆုံးမှာထည့်ထားတဲ့ သီချင်းနာမည်က Barns Courteny ရဲ့ Fire ဆိုတဲ့သီချင်းပါ။ ဒီကားကို ရွှေးရတဲ့အကြောင်းအရင်း က ဒီကားကို ကြည့်မယ့်သူတွေထဲမှာ စားသောက်ဆိုင် လိုဟိုတယ်လိုဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်နေတဲ့ သူတွေ ကိုပြောချင်တာ စားသောက်ဆိုင်ဆိုတာ ဟင်းရောင်းရုံနေရာမဟုတ်ဘူး ၊ တာဝန်ယူမှုတာဝန်ခံမှု ကို သဘော ပေါက်ပြီး professionalဆန်စေချင်တာရယ် ၊ ခေါင်းဆောင်ဆိုတဲ့ အဓီပယ် ကို ပိုနားလည်သွားစေချင်တာရယ်၊ အသင်းအဖွဲ့ နဲ့ လုပ်ဆောင်ခြင်းTeam Work က နေရာတိုင်းမှာဘယ်လောက်အရေးပါတယ်ဆိုတာကို ပိုပြီးသိသွားစေချင်တာကြောင့်ပါ။ ဒီနေ့ခေတ်က IT ခေတ်ပါ အရင် Facebook မပေါ်ခင်တုန်းကလို လာစားတဲ့သူတွေကို သမ္မတအိမ်တော် ထမင်းချိုင့် ပို့နေရတဲ့မျက်နှာ နဲ့ ရောင်းလို့မရတော့ပါဘူး။ ဒီဇာတ်လမ်းက အပြင်က Gordon Ramsay ပုံစံ နဲ့ တော်တော်တူပါတယ်။ အခု MRTV 4 မှာပြနေ တဲ့ MasterChef ရဲ့မှုရင်းထုတ်လုပ်သူ လဲဖြစ် သူကိုယ်တိုင်လဲ Michaellin ကြယ်၃ ပွင့်တွေ၊ ၂ ပွင့်တွေ ၊ ၁ ပွင့်တွေရထား တဲ့ စားသောက်ဆိုင်တွေရဲ့ ပိုင်ရှင်ဖြစ်တဲ့သူပါ။ သူ့ကိုတော်တော်များများသိကြမှာပါ Facebook ပေါ်မှာ စားဖိုမှုးတွေ ကို ပျစ်ပျစ်နှစ်နှစ် ရစရာ မရှိအောင် ပြောတက်တဲ့ video ကိုတွေ့ဖူးကြမှာပါ။ မတွေ့ဖူးလဲ ရိုက်ရှာလိုက်။ ဒီကားထဲမှာ ရိုက်ပြထားတဲ့ ဟင်းချက်တဲ့ပြကွက် တွေမှာ ဟင်းချက်ပုံချက်နည်းကို သေချာရိုက် မပြဘဲ တစ်ဝက်တစ်ပျက်နဲ့လောက်ပဲပြပြ သွားတာ က ဇာတ်လမ်းအရှိန်ကို လျော့သွားစေပါတယ်။ ဒီဇာတ်လမ်းထဲမှာပါ တယ် Michaellin star ဆို တာဘာလဲ ဘယ်လဲ ဆိုတာ ဟိုစပ်စပ်ဒီစပ် လျောက်ရှာကြည့်လိုက်တယ်။ ဒီ Michaellin star ဆိုတာ က စားသောက်ဆိုင်တွေကို starတွေပေးပြီး အဆင့်သတ်မှတ်ပေး တဲ့ စားသောက်ဆိုင်လမ်းညွှန်စာအုပ်ပေါ့ တစ်ချို့သူတွေခေါ်ကြတာတော့ စားသောက် ဆိုင် လောက က ကျမ်းစာအုပ်တော် ပေါ့။ ထူးတာက အဲ့ဒီအဖွဲ့အစည်းက အရမ်းကိုလျှိုဝှက် လွန်းတယ်။ ရုပ်ရှင်ဆန်ဆန်ကို လုပ်ဆောင်တဲ့ အဖွဲ့အစည်းပါ။ ဒီအဖွဲ့အစည်းစတင် တည်ဆောက် ခဲ့တာ ၁၉၀၀ ခုနှစ်လောက်မှာ Michaellin တာယာ တွေထုတ်လုပ်တဲ့ လုပ်ငန်း ရဲ့ ညီအကို နှစ်ယောက် Andreနဲ့ Edourad က စပြီးတည် ထောင်ခဲ့တယ်။ အစက သူတို့ ထုတ်တဲ့စာအုပ်က ပြင်သစ်နိုင်ငံ အတွင်းက တာယာတွေ ဘယ်ဆိုင်မှာကောင်းတယ် ဘာညာ တာယာနယ်ပယ်နဲ့ ဆိုင်တာ ကိုပဲလမ်းညွန်ထုတ်ပေးခဲ့တာနောက်ပိုင်း ၁၉၂၆ မှာစပြီး စားသောက်ဆိုင်လမ်းညွန်ဆိုပြီး ပြင်သစ်နိုင်ငံက စားသောက်ဆိုင်တွေကို အဆင့်သတ်မှတ်တာတွေလုပ်လာတယ်။ နောက် ပြင်သစ်အပြင် တစ်ခြားသောနိုင်ငံတွေ ကိုပါ ရောက်လာတယ်ပေါ့။ အဲ့ဒီအဖွဲ့အစည်းမှာ ရှိတဲ့ အကဲဖြတ်ဝန်ထမ်း တွေ ဘယ်လောက်ရှိတယ် ၊ ဘယ်လို ပုံစံ၊ ဘယ်သူတွေလဲ ဆိုတာ ဘယ်သူမှမသိကြဘူး။ အဲ့မှာ လုပ်တဲ့အကဲဖြတ်သူတွေက သူတို့ဘာလုပ် နေတယ်ဆိုတာသူတို့ မိဘတွေကိုတောင်ပြောပြခွင့်မရှိဘူးတဲ့။ သူတို့စားသောက်ဆိုင်တစ်ဆိုင်ကို အမှတ်ပေးတဲ့ ပုံစံက အကဲဖြတ်တဲ့သူတွေ တစ် ယောက်ပြီးတစ်ယောက် သွားစားကြည့်ပြီးသူတို့ တွေ့တာအားလုံးကို အသေးစိတ်မှတ်သားလာ တယ် နောက်ပြီး အားလုံးပြန်စုပြီး အစည်းဝေး ထိုင်တယ် နောက် အဆင့်သတ်မှတ်ပေးလိုက် တယ်ပေါ့။အဲ့တော့ လာဘ်ထိုးဖို့ မလွယ်ဘူး။ အဲ့ဒီအဖွဲ့အစည်းက ဖြုတ်ခံလိုက် ရတဲ့ သူတစ်ယောက် ၂၀၀၃ ခုနှစ်မှာ ထုတ်ပြီး ပြောပြထားတာက အဲ့ဒီအဖွဲ့အစည်းထဲ သူတို့ တွေ က အရမ်းကို အထီးကျန်ကြတယ် ၊ တစ်ယောက်တည်းပဲ စားသောက် ကြရတယ်၊ နောက်အသေးစိတ်ကို မှတ်သားပြီး ပြန်တင်ပြရတယ်၊ ပြီးတော့ လုပ်အားခငွေက ကလဲ နည်းနည်းပဲရကြတယ်လို့ ပြောပြထားတယ်။ သူတို့ အားလုံး ၂၅ ယောက်ရှိတယ်လို့ပြောတယ်။ ဒါပေမယ့် Michaellin တို့ဘက်က မဟုတ်ဘူးလို့ သာငြင်းဆိုထားပါတယ်။ သူတို့ စားသောက်ဆိုင်တွေကို လာတာဘယ်သူမှ လဲ မသိလိုက်ဘူး၊ ဘယ်အချိန်လာသွားတယ်မှန်း လဲမသိလိုက်ကြဘူး၊ဘယ်လိုအမှတ်အသားမျိုး ဘယ်လို မှလဲ မလုပ်ပြကြဘူး၊ စားပြီးပြန်သွား ကြတယ်၊ နောက်တော့မှ အဆင့် သတ်မှတ်တဲ့စာအုပ်ထွက်လာမှသိကြရတယ်။ အဆင့်တွေကို ကြယ် ၁ ပွင့် ကြယ် ၂ ပွင့် အမြင့်ဆုံး ကြယ် ၃ ပွင့် နဲ့ ဘာကြယ်မှမပေးတာ မျိူးသတ်မှတ်ပေးကြတယ်။ ကြယ်ရတာ တွေက ဥရောပ အမေရိက ဘက်ကဆိုင်တွေ နဲ့ ပြင်သစ်ပုံစံ ပြင်ဆင်ထားတဲ့ ဆိုင်တွေ ရတာများတယ်။ဒါပေမယ့် ဂျပန်ကို Michaellin တွေ စပြီး အဆင့်သတ်မှတ်ပေး တော့ ဆိုင်တွေတော်တော်များများ ကြယ်ရကြ တာတွေ့ရတယ် ။ စားဖိုမှုးတွေလဲ သူတို့ ကိုယ် သူတို့ အံ့သြနေကြတယ် ။ တစ်ခြားနိုင်ငံတွေထက် ဂျပန်ကိုပေးတာများ တယ်ပေါ့။ တစ်ချို့ဝေဖန်ကြတာက Michaellin က သူ့ ကားတာယာ company ဂျပန်နိုင်ငံကိုဖြန့်ဖို့ နာမည်ကောင်းရချင်လို့ ဘာလို့ ပြောကြတယ်။ တစ်ချို့က လဲ ဂျပန်အစားစာ တွေက သန့်ရှင်းတယ် လတ်ဆတ်တယ် ကျန်းမာရေးနဲ့ညီညွှတ်လို့ ရတာလို့ပြောကြတယ်။ မှာ ကြယ်၃ ပွင့်ရသွားတဲ့ ဆိုင် ဆို သူ့ မီနှုးက ပြင်သစ် ပုံစံ ဘက်ကိုရောက် ရောက်သွားကြတယ်တဲ့။ အရှေ့တောင်အာရှမှာ ကြယ်ရတဲ့ ဆိုင် သိပ်မရှိဘူး။ ဝေဖန်သူတွေပြော ကြတာ အာရှအစားအစာက ပြင်သစ်အစားအစာ တွေလိုမဟုတ်လို့လို့ ပြောကြတယ်။ Michaellin ကြယ်ရပြီးဆိုလဲ တစ်ကမ္ဘာလုံးက လာစားမဲ့ ဧည့်သည်တွေ ရောက်လာကြတော့ မှာပါ။ ကြယ် ၁ ပွင့်ရဲ့အဓီပယ်က လမ်းကြုံရင်သွားစား သင့်တယ် အဆင့်မှီတယ်။ နိုင်ငံရပ်ခြားကို sponsor နဲ့ shopping ထွက်တာဖြစ်ဖြစ် ကင်ဆာတို့ ဘာတို့ ညာတို့ဖြစ်လို ဆေး့သွားကု ရင်း၆ လလောက်ပဲ ခံတော့မယ် ဆိုရင် ဖြင့် သွားစားကြည့်ပေါ့။ စင်ကာပူမှာ ကြယ် ၃ပွင့် ဆိုင်ရှိပါတယ်။ ကြယ် ၂ ပွင့်ရဲ့ အဓီပယ်က သွားစားဖို့ကောင်းတဲ့ ဆိုင် အဆင်ကျော်တယ်။ ကိုယ့် ATM Card ထဲ တစ်ယောက်ယောက်ဆီက မှားနိုပ်မီပြီး သိန်း ၅ ရာ ၁ ထောင်လောက် ဝင်လာရင် ဘာမှပြောမနေနဲ့ ကဒ်ကိုင်ပြီးစားသောက်ဆိုင် ကိုဒိုးတော့။ ကြယ် ၃ ပွင့်ရဲ့ အဓီပယ်က လုံးဝပြီးပြည့်စုံနေ မယ်။ လာချပေးတဲ့ ပန်းကန်ပြားကို ဓာတ်မီးနဲ့ ထိုးကြည့်လက်ဗွေရာတောင်မတွေ့ရဘူး။ သိန်း ၁ ထောင်ကောက်ရရင်ဖြစ်ဖြစ် သိန်း ၁ သောင်း ကို၂ နှစ်ဆက် တိုက်ပေါက်ရင် ဖြစ်ဖြစ် တစ်နေ့ ၁ထောင်စုပြီး လန်လိုဂီနီတို့ ဖာရာရီ တို့ ဝယ်နိုင်တဲ့နေ့သွားကြည့်ပေါ့။ ပိုက်ဆံမရှိလဲ မှာပြီး ဟင်းက အရောင်တွေနဲ့ဆိုပြီး compalin တက် ပိုက်ဆံမပေးပဲ ထထွက်လာခဲ့လိုက် ငိငိ ကြယ် ၃ ပွင့်ရထားတဲ့ဆိုင် ကအရှေ့တောင်အာရှ နဲ့ အာရှမှာဆို မှာဆို စင်ကာပူ၊ ဂျပန် ၊ ကိုးရီးယား၊ မကာအို တို့မှာရှိတယ်။ ဈေးက ဒေါ်လာ ၅၀၀ လောက်က နေအမျိုးမျိုးရှိတာတွေ့ရပါတယ်။ မြန်မာနိုင်ငံမှာလဲ Michaellin star ရစားဖိုမှုးတွေ ရှိတာကိုတွေ့ရတယ်။ ဟိုနိုင်ငံတွေက ပြောင်းလာပြီးဒီမှာဆိုင်လာဖွင့်နေကြတာ ၃ ဆိုင် ရှိတာကို စုံစမ်းတွေ့ရှိရပါတယ်။ ပထမဆုံးဆိုင်က ၂၀၁၅ လား ၂၀၁၆ လာမသိ နှစ်ယောက် သွားစားတာ ၁၆ သိန်းကုန်တယ်ဆိုပြီး Facebook ပေါ်မှာ ပလူပျံသွားတဲ့ Le Planteur ဆိုတဲ့ဆိုင် ။ နောက် The Seedနဲ့ Shwe Sa Bwe တွေပါ။ဈေးကတစ်ယောက်ကို ၈ သောင်းဝန်ကျင်လောက်ရှိပါတယ်။ဝိုင်ပါတာ မပါတာ ဆိုင်ခြင်းမတူကြဘူး။ ! ဘေဘီတို့ ကိုကိုတို့ ကိုခေါ်သွားကြတော့ ငိငိ! ဒီကြယ်ကို စားဖိုမှုးလောက မှာဆို အော်စကာရ တယ်လို့ တင်စားခေါ်ကြတယ်။ ကြယ်က ရပြီးသွား ရင် အသေရသွားတာမျိုးမဟုတ်ဘူး ပြန်ရုပ်သိမ်း ခံရတက်တယ် ။ ဒီကြယ်မှာ ကောင်းတာရှိသလို တစ်ချို့ ကြတော့ ဒီကြယ်ရဲ့ ဒဏ်ကို မခံနိုင်ကြဘူး။ ဒီလိုပါ ဒီကြယ်က ရထားတဲ့ အပွင့်ကိုလိုက် ပြီး ဝန်ထုပ်ကလဲပိလာကြတယ်။ စားဖိုမှုးတစ် ယောက် ပြောထားတာ သူ့ရထားတဲ့ကြယ်ကို ပြန် သိမ်းခိုင်းတယ် ဘာလို့ ဆို ကြယ်ရထားတော့ သူ့စံနှုန်းအတိုင်း တစ်သမတ်တည်းလုပ်နေရတယ် နောက်ပြီး အမှားခံလို့ကိုမရဘူး ၊လာစားတဲ့သူတွေ က အခြေနေအကုန်လုံးကို စောင့်ကြည့်နေကြတဲ့ ဒဏ်တွေ မခံနိုင်ဘူးတဲ့။ ကြယ်က လွယ်လွယ်ပေးတာမျိုးမဟုတ်ဘူး ကြယ် ၃ပွင့်ရတဲ့ဆိုင်ဆို ၁ နှစ်မှာ လက်ချိုးရေလို့ တောင်ရတယ် ၃ ၊ ၄ ဆိုင်ဒီလောက်ပဲ။ ဒီစာတွေကို မနက် ၂နာရီမှာ ခေါက်ဆွဲပြုတ် လေးစားနေရင်း ရေးလိုက်ပါတယ်။ ကျွန်တော်HLKပါ။
“အသက်မွေးဝမ်းကြောင်းအလုပ်အကိုင်လမ်းကြောင်းကိုမှ ချမပေးနိုင်ဘဲ တက္ကသိုလ်တွေက ဘာတွေများပေးနေပါသလဲ? …” ” ကျွန်မတို့ဟာ ကျောင်းသားတွေမဟုတ်တော့ပါဘူး စက်ရုပ်တွေပါ…” “အသက် ၁၆နှစ်မှာငယ်သေးလို့ဆိုပြီး မဲပေးခွင့်မရ အရက်သောက်ခွင့်မရပေမယ့် ဘဝတစ်ခုလုံးအတွက်အရေးအကြီးဆုံး လမ်းကြောင်းကိုတော့ ၁၆နှစ်မှာပဲရွေးခိုင်းလိုက်ကြတယ်… ရှင်တို့ လာနောက်နေတာလား? ” အပေါ်ကစာသားတွေဟာ ကိုယ်နှစ်သက်ပြီး ရင်ထဲထိမိတဲ့ ရုပ်ရှင်ထဲက ဒိုင်ယာလော့တွေပါ… ဒီကားလေးကို NetFlix ရုပ်သံလိုင်းကနေထုတ်လွင့်ပြသပေးခဲ့တာဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံရဲ့ ပညာရေးစနစ်နဲ့ တော်တော်လေး ပဏာသွားပါတယ် မသိရင် မြန်မာ့ပညာရေးကိုလှောင်ပြောင်ထားသလားတောင်ထင်ရပါတယ် တက္ကသိုလ်တစ်ခုကို ၅နှစ် ၆နှစ်တက် အလုပ်အကိုင်အခွင့်အလမ်းက မရှိ သူများနိုင်ငံကကျောင်းတွေမှာ တက္ကသိုလ်တွေမှာ Job Fair တွေ Job Hunting အတွက် ဘယ်လိုတွေ လုပ်ရတယ်ဆိုတာတွေကို သင်ကြာပေးပါတယ် မြန်မာကကျောင်းတွေမှာတော့ နတ္တိပါ အဆံမရှိပဲမြေပဲတောင့်လိုပါပဲ အပြင်ပန်းကတော ဟုတ်နေတာပဲ လက်တွေကမှာတော့ အလုပ်မရှိယောင်၆၀ လူငယ်တွေဟာ ဒု နဲ့ ဒေးပါပဲဗျာ ကဲ ဇာတ်လမ်းအကျဉ်းလေးကိုသွားလိုက်ရအောင် “Candy Jar”ဟာ အထက်တန်းကျောင်းတစ်ကျောင်းရဲ့ Debate ပြိုင်ပွဲတစ်ခုကို အခြေပြုပြီး လက်ရှိပညာရေးစနစ်ကို သုံးသပ်မိစေဖို့ မီးမောင်းထိုးပြထားတဲ့ဇာတ်ကားကောင်းလေးမို့ အထွေအထူးမညွှန်းတော့ပဲ ကြည့်ဖြစ်အောင်ကြည့်လိုက်ပါလို့ CM ပရိသတ်များအတွက် လက်တို့ အသိပေးလိုက်ပါတယ် ဒီကားထဲမှာ ပြောတဲ့စကားတွေကတော့ တော်တော် လေးထိမိပါတယ်လို့ပြောလိုက်ချင်ပါတယ်
ကလေး-လူကြီး။ ကျား-မ မရွေးကြည့်လို့ရတဲ့ ဇာတ်ကားလေးလာပါပြီ။ ဇာတ်ကားတစ်ကားရဲ့ အရသာကို အပြည့်အ၀ ပေးစွမ်းနိုင်မဲ့ကား… သိင်္ဂါရ ရသ၊ ဂရုဏာရသတွေ ထုံမွှမ်းထားတဲ့ကား… အများနဲ့ မတူတစ်မူထူးနေတာကတော့ ဇာတ်လိုက်ကျော်က ချစ်စဖွယ် ဝက်ကလေးဖြစ်နေတာပါပဲ။ ဒီဇာတ်ကားလေးက အကယ်ဒမီ ၁၁ ဆု လျာထားခံရပြီး.. ၉ ဆုရရှိခဲ့တဲ့ အကယ်ဒမီများရှင် ဇာတ်ကားလေးဖြစ်ပါတယ် အဓိက ကတော့.. 2006 ခုနှစ်ရဲ့ အကောင်းဆုံး… မိသားစု ရုပ်ရှင်ဆု အကောင်းဆုံး ကလေးသရုပ်ဆောင်ဆု အကောင်းဆုံး ဇာတ်ဝင်တေးဆု စသည့်ဆု တွေကို တစ်ပွေ့တစ်ပိုက်ကြီးသိမ်းခဲ့ပါတယ်။ ဇာတ်လမ်းကြောရိုးကတော့ နွေဦးပေါက်ဝက်ကလေးရဲ့ ရာသီကုန်မှာ ရောက်ရှိလာမဲ့ ကံကြမ္မာဆိုး ကြီးကို သူငယ်ချင်းတွေနဲ့ ဘယ်လိုကျော်ဖြတ်ကြမလဲဆိုတာ..ဆက်လက်ရှု့စားပေးပါဦး။
ဒီတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ Chasing လို့ အမည်ရပါတယ် ညတစ်ညမှာပဲ ကြုံတွေ့ရတဲ့ ပြသာနာပေါင်းများစွာကို CEO တစ်ယောက်နဲ့ စုံထောက်တစ်ယောက်က တစ်ဖွဲ့ ကျောင်းသားလေးတွေက တစ်ဖွဲ့ အပြိုင်ပုံဖော်ပေးထားတဲ့ Comedy အသားပေး Action ဇာတ်လမ်းလေးပါ… ရယ်ရတဲ့အပြင် ကိုရီးယားဇာတ်လမ်းတို့ရဲ့ထုံးစံအတိုင်း လူမှုရေးပညာပေးလေးလည်း ယူတတ်ရင် ရမယ့်ကားလေးပါ အဓိက သရုပ်ဆောင် တွေ အနေနဲ့ကတော့ မင်းသားကြီးတွေဖြစ်တဲ့ Kim Seung woo နဲ့ Kim Jung Tae သူတို့ရဲ့ အပြိုင် အထက်တန်းကျောင်းသားလေးတွေအဖြစ်Vixx အဖွဲ့မှ Hyuk အပါအဝင် Shin Kangwoo, Kim Min Gyoo နဲ့ Moon Yong Seok တို့လေးယောက်က ပါဝင်အားဖြည့်ထားပါတယ်
ဒီတစ်ခါ ပရိတ်သတ်ကြီးကို တင်ဆက်ပေးချင်တဲ့ ကားလေးကတော့ disney Cinderellaမဟုတ်တဲ့ မင်သားမင်းသမီးချောချောလေးတွေပါတဲ့ Cinderellaကားလေးပေါ့နော် ဒီကားလေးထဲမှာတော့ ကောင်မလေးဟာ သူ့အဖေဆုံးပြီးနောက်မှာ သူ့မိထွေးသားအမိနဲ့နေတယ် သူ့မိထွေးက သူတို့နေနေတဲ့အိမ်ကြီးကို ရောင်းဖို့ လုပ်နေတယ် သူ့မိထွေးက အိမ်ကြီးကို တကယ်ပဲရောင်းဖြစ်သွားလား သူတို့သားအမိသုံးယောက်က ကောင်မလေးကိုရော ဘယ်လိုတွေ ဆက်ဆံကြလဲ မင်းသားနဲ့ မင်းသမီးကရော ဘယ်လို တွေ့ကြလဲ မသိချင်ကြဖူးလား ဒီကားလေးက ကိုယ်တွေကြည့်ဖူးတဲ့disney Cinderellaနဲ့လည်း မတူတဲ့အပြင် ချစ်စရာလည်းကောင်းတာမလို့ အားလုံးပဲ ကြည့်ကြည့်ကြပါလို့ ပြောချင်ပါတယ်နော်
ရေချယ်ချုဟာ နယူး ယောက်တက္ကသိုလ်က စီးပွား ရေးပါမောက္ခတစ်ယောက်ဖြစ်ပြီး သူ့မှာ နစ်ခ်ရန်းဆိုတဲ့ ချစ်သူတစ်ယောက်ရှိပါတယ်။ တစ်ရက်မှာတော့ နစ်ခ်က သူ့အခင်ဆုံးသူငယ်ချင်း ကောလင်းရဲ့ မင်္ဂလာပွဲမှာ လူပျိုရံလုပ်ဖို့ရှိတဲ့အတွက်ရယ်၊ သူ့မိသားစုနဲ့ မိတ်ဆက်ပေးဖို့အ တွက်ရယ်ဆိုပြီး ရေချယ်ကိုသူနဲ့ အတူ စင်ကာပူကို လိုက်ခဲ့ဖို့ ခေါ် ခဲ့ပါတယ်။ အထက်တန်းလွှာတွေစီးတဲ့ လေယာဉ်လက်မှတ်ဝယ်ထား တာကို တွေ့လိုက် တာ နဲ့ ရေချယ်တစ်ယောက် နစ်ခ်ဟာ ချမ်းသာတဲ့မိသားစုကလာတာလားလို့မေး ပေမယ့် နစ်ခ်ကတော့ သိပ်ထူး ဆန်းဟန်မပြဘဲ မိသားစုက အိမ် ခြံမြေလုပ်ငန်းလုပ်တယ်လောက်ပဲ ပြောပြခဲ့ပါတယ်။ စင်ကာပူကိုရောက်တဲ့အခါ မှာ ရေချယ်ဟာ နစ်ခ်ရဲ့ သူငယ်ချင်းကောလင်းနဲ့ သူ့ချစ်သူအရာ မင်တာလီတို့ စုံတွဲနဲ့ခင်မင်ခဲ့ပြီးနစ်ခ်တို့မိသားစုနဲ့တွေ့ဖို့အတွက်စိတ်မပူဖို့ ရေချယ်ကိုအားပေးခဲ့ ကြပါတယ်။ ရေချယ်ကလည်း စင်ကာပူကိုရောက်တုန်းရောက်ခိုက် ကောလိပ်တုန်းက သူ့အခန်းဖော် ဂိုပိတ်လင်နဲ့ဆုံဖို့စီစဉ်ခဲ့ပါတယ်။ ပိတ်လင်နဲ့ ဆုံတဲ့အခါမှာ တော့ ပိတ်လင်ဟာအရမ်းကို ချမ်းသာသူတစ်ယောက်ဖြစ်ပြီး ရွှေနဲ့ တည်ဆောက်ထားတဲ့ အိမ်ကြီးရခိုင်မှာ နေတယ်ဆိုတာသိလိုက်ရ လို့ အရမ်းကိုအံ့အားသင့်ခဲ့ရပါ တယ်။ ရေချယ်က ပိတ်လင်ရဲ့ မိသားစုနဲ့ စကားပြောဆိုရင်း သူသွားတွေ့ရမယ့် သူ့ချစ်သူနစ်ခ် ရန်းရဲ့ မိသားစုဟာ ဂိုမိသားစုထက်အဆပေါင်း များစွာချမ်းသာ သလို သြဇာလည်းကြီးတဲ့မိသားစု ဆိုတာ ရုတ်တရက်သိခဲ့ရတဲ့အ တွက် စိုးရွံ့သွားခဲ့ပါတယ်။ ရေချယ်ဟာ ကြီးကျယ်ခမ်း နားတဲ့ ပါတီကြီးတစ်ခုဆီကိုနစ်ခ် နဲ့ လိုက်သွားခဲ့ရပြီး သူကသာအခြေအနေအရပ်ရပ်ကိုမသိ ပေမယ့် သူ့ကိုတော့ လူတွေကသိနေပြီး သတိထားကြည့်နေခဲ့ကြပါ တယ်။ နစ်ခ်တို့အိမ်ကအထိန်းကို နစ်ခ်ရဲ့ အဘွားထင်ပြီး မှားနှုတ် ဆက်ခဲ့သလို နစ်ခ်ပေါ်ကိုလည်း ဝိုင်ခွက်မှောက်အောင်လုပ်မိတဲ့ ရေချယ်တစ်ယောက် သတိထား ကြည့်ခံနေရပါတယ်ဆိုမှ တလွဲ တွေချည်းလုပ်မိခဲ့ပါတယ်။ ရေချယ်ကို နစ်ခ်ရဲ့အမေအယ်လီနောက သဘောမကျတဲ့ပုံစံပြခဲ့ပေမယ့် နစ်ခ်အဘွားက တော့ ရေချယ်ကို အိမ်ကိုလာလည်ဖို့ဖိတ်ခဲ့ပါတယ်။ နစ်ခ်ကိုလိုချင် နေတဲ့ အမန်ဒါဆိုတဲ့မိန်းကလေး ကလည်း သူနဲ့ နစ်ခ်က လက်တွဲ တော့မှာလိုလို ရေချယ်သိအောင် လုပ်ပြခဲ့ပါတယ်။ တစ်ဖက်အသိုင်းအဝိုင်းက လူတွေက ရေချယ့်ကို ငွေကြောင့်နစ်ခ်ကို အပိုင်ကြံသလိုလို စကားတွေ၊ အပြုအမူတွေနဲ့ ထိုးနှက်ကြပေမယ့် သနားစရာရေချယ်က တော့ နစ်ခ်နဲ့ပတ်သက်လို့ ဘာဆိုဘာမှသိမထားဘဲ ရုတ်တရက်ကြုံရတဲ့ဒဏ်ကို အလူးအလဲခံခဲ့ရ ပါတယ်။ ရေချယ်တစ်ယောက် ကြီးကျယ်ခမ်းနားလွန်းတဲ့ မိသားစုထဲကို ဝင်မှာလား၊ နစ်ခ်ကကောရေချယ့်အပေါ် ဘယ်လိုသဘော ထားတာလဲ၊ အလွှာမတူတဲ့ချစ် သူနှစ်ဦးရဲ့ အချစ်ခရီးလမ်းက ဘယ်လိုဇာတ်သိမ်းမလဲဆိုတာ တော့ ဆက်ကြည့်လိုက်ဦးနော်။ ဒီဇာတ်ကားမှာ Constance Wu , Henry Golding , Michelle Yeoh,Gemma Chan , Lisa Lu၊ Nico Santos, Ronny Chieng စတဲ့သရုပ်ဆောင်တွေ ပါဝင်ပါ တယ်။
အရွယ်ရောက်လာတဲ့ယောက်ျားဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ်တော်တော်များများမှာ အိပ်မက်တစ်ခုရှိတယ်အရွယ်ရောက်လာတဲ့ယောက်ျားဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ်တော်တော်များများမှာ အိပ်မက်တစ်ခုရှိတယ်ပြီးပြည့်စုံတဲ့ family life တစ်ခုဖန်တီးဖို့ပဲ…ဒါကြောင့်အချစ်စစ်တစ်ခုရှာဖွေတယ် အိမ်ထောင်ပြုတယ်ဒါမှမဟုတ်သင့်တော်တဲ့သူလို့ထင်တဲ့သူနဲ့အိမ်ထောင်ပြုကြတယ်..ပြီးတော့.. မျိုးဆက်လေးတွေမွေးဖွားရင်း သိပ်တော်တဲ့ကလေးတွေအဖြစ်ပြုစုပျိုးထောင်ဖို့ ကြိုးစားအားထုတ်ကြတယ် …အလုပ်တစ်ဖက် သားသမီးတစ်ဘက်နဲ့ဆိုတော့ လင်မယားအကြားဆက်ဆံရေးကိုမေ့လျော့နေမိတတ်တယ်….အနုပညာမြောက်လှပါတယ်ဆိုတဲ့ဆိုတဲ့သီချင်းတစ်ပုဒ်တောင်ဖွင့်ဖန်များ ကြားရဖန်များလာရင် ညည်းငွေ့တတ်တဲ့သဘောရှိတယ်ကျွန်တော်တို့ရဲ့နှစ်သက်ခြင်းကို နှစ်သက်ခြင်းကပဲဖျက်ဆီးသွားတတ်တယ်…..အိမ်ထောင်ရေးမှာလည်း ဒီလိုပဲထင်ပါ့ တစ်ယောက်ရဲ့အပြုအမူတွေဟာ နှစ်သက်ခြင်းကြိမ်ဖန်များစွာဆောင်ခဲ့ပေမဲ့ကြာလာတော့ညည်းငွေ့တတ်တဲ့အဆင့်ရောက်သွားတယ် နှလုံးသားဟာ အဟာရမဲ့လေတော့ ကလေးတွေရဲ့သံယောဇဉ် နှောင်ဖွဲ့ခြင်းအသိအမှတ်ပြုလက်ထပ်စာချုပ်တွေဟာ အဓိပါယ်မဲ့သွားတတ်တယ်….ကျွန်တော်ပြောတာတွေက ယေဘူယျအမှန်တရားဖြစ်နိုင်သလို ချွင်းချက်အမှန်တရားလည်းဖြစ်နိုင်ပါတယ်….ဒီကားလေးက ကလေး ၃ယောက်ရှိတဲ့မိခင်နဲ့မိခင်ကြားအဆင်မပြေပုံတွေနဲ့ မြှာပွေတတ်တဲ့ကောင်လေးတစ်ယောက်အချစ်ကြောင့်ပြောင်းလဲသွားတတ်ပုံလေးကိုရိုက်ပြထားတာပါ…..ကျွန်တော်ပြောတာနဲ့တင်ဒီကားရဲ့Plotကိုသဘောပေါက်လောက်ပြီထင်ပါတယ် ပြီးတော့ ဒီကားက သရုပ်ဆောင်တွေကလည်း နာမည်ကြီးတွေပါပဲ …… Steve Carell,Ryan Gosling,Julianne Moore,Emma Stone,Marisa Tomei,Kevin Bacon …LALALAND က Ryan Goslin နဲ့ ကျော့်အချစ်တော်လေး Emma Stoneလေးတော့အနည်းဆုံးသိကြမယ်ထင်ပါတယ်……ကိုင်းခံစားကြည့်လိုက်ပါဦးဗျ
ဂျိုး(နီကိုလတ်ကေ့ဂ်ျ) ဟာဆိုရင် ကြေးစားလူသတ်သမားတစ်ယောက်ပါ သူဟာ စည်းကမ်းတကျ လုပ်တက်သူဖြစ်ပြီး ပြင်ပ ဆက်ဆံရေး ဆိုတာ လည်းမရှိပါဘူး။ပုံမှန်တော့သူက သူခိုးကြမ်းပိုးလေးတွေကို သူ့အတွက် သတင်းပေး အကူအဖြစ်ငှားရမ်းပြီးပဲ လှုပ်ရှားတက်ပါတယ်။ဒီလိုနဲ့ တစ်ရက်မှာ သူ့ရဲ့ အလုပ်အတွက် ဘန်ကောက်မှာ လုပ်ကြံဖို့ အတွက် သွားပါတော့တယ် အဲ့မှာထုံးစံအတိုင်း ဒေသခံ လူငယ်တစ်ယောက်ကို သူ့အတွက် သတင်းပေးအကူ အဖြစ် ငှားရမ်းပါတော့တယ်။ဒါ့အပြင် ဂျိုးဟာ ဘန်ကောက်မှာ ဆွံအနားမကြားတဲ့ ကောင်မလေးတစ်ယောက်နဲ့တွေ့ဆုံခဲ့ပြီးသူနဲ့ အချိန်ဖြုန်းလေ့ ရှိပါတယ်။ ဒါပေမဲ့ ဂျိုးကိုငှားရမ်းထားတဲ့ လူဆိုးခေါင်းဆောင်က ဂျိုးဟာသူတို့ကို သိနေတယ် ဆိုတာကို သိပြီးတဲ့နောက်မှာ ဂျိုးအပါအ၀င် အကုန်လုံးကိုရှင်းပစ်ဖို့ လုပ်ပါတော့တယ်။ ဂျိုးတစ်ယောက် လုပ်ကြံ မှု့တွေ အပြင် လူဆိုးခေါင်းဆောင်ရဲ့ ကောက်ကျစ်ယုတ်မာ မှု့တွေကိုပါ ရင်ဆိုင်နိုင်မလား ဆိုတာ ကို စိတ်ဝင်စားစွာ ကြည့်ရှု့ရမှာပါ။
ကျွန်မတို့ဘဝမှာ တစ်ခါတစ်ရံ ငါသာဒီလိုမလုပ်ခဲ့ရင် ဘာဖြစ်နေမှာလဲ အဲ့ဒီတုန်းကသာဟိုလိုရွေးခဲ့မိရင် ခုချိန်တော့ ဘယ်လိုတွေဖြစ်နေမှာ အစရှိသည်ဖြင့်ကိုယ့်ဘဝနောက်ကြောင်းကိုပြန်သုံးသပ်ရင်းကြိတ်မနိုင်ခဲမရ(သို့)ကျေနပ်နေရမယ့်အခိုက်အတန့်တွေ ကြုံခဲ့ဖူးကြမှာပါ အကြောင်းသေးသေးလေးတစ်ခုကနေ အပြောင်းအလဲအများကြီးထိဦးတည်သွားနိုင်တာမဟုတ်လား… ဒါကို ဖိလစ်ပိုင်ဇာတ်လမ်းလေးကစိတ်ဝင်စားဖွယ်ပုံဖော်ပေးထားပါတယ်… ဘက်ကီဟာသာမန်ကုမ္ပဏီဝန်ထမ်းလေးတစ်ဦးပါ တစ်နေ့မှာတော့ ကုမ္ပဏီအတွက်အရေးကြီးတဲ့စာတမ်းတွေပြင်ဆင်နေတဲ့အချိန် ဘေးအိမ်ကသောင်းကျန်းနေတဲ့ကာရာအိုကေသံတွေကြောင့်အိပ်ရေးပျက်ခဲ့ရပါတယ် မနက်ကျကော်ဖီဆိုင်အဝင်မှာလက်တော့ပေါ်ကော်ဖီခွက်မှောက်ကျပြီး ဘက်ကီပြင်ဆင်ထားသမျှအချက်အလက်အားလုံးပျက်စီးသွားပါတော့တယ်… ညကအိပ်ရေးပျက်ရာကနေ နောက်ဆုံးကုမ္ပဏီကနေတောင်အလုပ်ထွက်လိုက်ရတဲ့အထိပါပဲ… အလုပ်ထွက်ပြီးဘက်ကီတစ်ယောက်မိသားစုကိုထားခဲ့ပြီးကမ္ဘာပတ်ခရီးထွက်ဖို့ပြင်ပါတော့တယ်… ဒီနေရာမှာစဉ်းစားစရာက တကယ်လို့များသာ အခြားတစ်ဖက်ကဘက်ကီဟာ အဲ့ဒီညမှာအိပ်ရေးမပျက်ခဲ့ဘဲ အလုပ်မှာအောင်မြင်မှုရှိသွားခဲ့မယ်… မိသားစုကိုပိုအချိန်ပေးဂရုစိုက်မိခဲ့မယ်ဆိုရင်ရော… ဘက်ကီ့ဘဝဘယ်လိုတွေများဆက်ဖြစ်မှာလဲ? အိပ်ရေးပျက်ခဲ့ရတဲ့ဘက်ကီလည်းခရီးတွေထွက်ပြီး ဘယ်လိုတွေများဆက်ဖြစ်မှာလဲ? သင်တို့သာ ရွေးချယ်ခွင့်ရခဲ့ရင်ရော ဘယ်လိုဘဝမျိုးကိုရွေးချယ်မှာလဲဆိုတာတွေကို… ဘဝနှစ်ခု အပြိုင်ယှဉ်ပြပြီးတင်ဆက်ထားတဲ့စိတ်ဝင်စားစရာဖိလစ်ပိုင်ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်
ဒီရုပ်ရှင်ကားဟာ ဆုပေါင်း ၆ ဆုလောက် ရထားတဲ့ ရုပ်ရှင်ဖြစ်ပြီး ဆုရဖို့ စကာတင် ၃ ခါ လောက် ရှိခဲ့ပါသေးတယ် အသက် ၁၃ နှစ်လောက်ပဲ ရှိသေးတဲ့ ကေလာဒေး ဆိုတဲ့ ၈ တန်းကျောင်းသူ ဆယ်ကျော်သက် ရဲ့ ဘ၀ ဖြတ်သန်းမှု လေးကို ပုံဖော်ထားတာပါ ကေလာ မှာ သူ့ကို ချစ်ပေးမဲ့ အဖေသာ ရှိပြီး အမေ မရှိတော့ပါ ဒီတော့ ကာ တိုင်ပင်ရလောက်တဲ့ အနေအထားတစ်ချို့ အဖေဆီမှာ မရှိတဲ့ အတွက် အဖေက ဘယ်လိုပဲ အမေနေရာက ဂရုစိုက်စိုက် ကေလာ အတွက် တစ်ချို့ ကိစ္စတွေမှာ သင်ကြားပြသပေးမဲ့သူ မရှိပါဘူး ကေလာ ဟာ ရုပ်နည်းနည်းဆိုးပြီး ဗိုက်ပူပူ ခါးတုတ်တုတ် ကလေးမလေးပါ ဒါကြောင့် ကျောင်းမှာ သူဟာ အပယ်ခံလိုလို ဘာလိုလိုတွေ ဖြစ်ပြီး ကျောင်းရဲ့ ဆယ်လီတွေကြား သူ့ကိုကြိုက်မယ့် ကောင်လေးလဲ မရှိပါဘူး သူ့မှာ အဖော်ကောင်းဆိုလို့ သူပိုင်တဲ့ Youtube Channel လေး တစ်ခုရှိပါတယ် အဲ့ဒီမှာ သူတင်တဲ့ အကြောင်းအရာတွေက လူတစ်ယောက် ရဲ့ စိတ်နေစိတ်ထား ဘယ်လို လေ့ကျင့်ပြင်ဆင်ရမယ် ဘာညာတွေ လျှောက်ပြော လျှောက်လုပ်ပြ နေပေမဲ့ အပြင်က လက်တွေ့ ဘ၀ မှာတော့ သူက လူကြောက်တက်ပြီး လူတွေနဲ့ ခပ်ဝေးဝေး နေချင်သူ တစ်ယောက်သာ ဖြစ်နေခဲ့ပါတယ်…. ကေလာ အနေနဲ့ နောက်ဆုံးမှာ သူငယ်ချင်းတစ်ချို့ ထားကြည့်မယ် လူငယ်တွေ လုပ်နေကြ အရာတစ်ချို့ လုပ်မယ် ကစားပွဲတွေ ပါတီတွေ တက်မယ် ရည်းစားထားကြည့်မယ် လို့ ဆုံးဖြတ်ပြီး အကုန်လျှောက်လုပ်ဖို့ ဆုံးဖြတ်ပါတယ် ဒါပေမဲ့ သူလုပ်လိုက်တိုင်း အရာရာတိုင်း တလွဲတွေ ဖြစ်ဖြစ်သွားတာပါပဲ…. ဆယ်ကျော်သက် တစ်ယောက်ရဲ့ အလွဲလေးတွေ စိတ်တိုင်းမကျတာတွေက ကျနော်တို့လို့ ငယ်ဘ၀ ကို ပြန်သတိရစေပါတယ် ဒီဗီဒီယို ကိုသားသမီး အငယ်လေးတွေ ရှိတဲ့ မိဘတွေ လဲ ကြည့်သင့်ပါတယ်…
ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်က စာအုပ်တစ်အုပ်မှာ ယောကျာ်းကောင်းတွေက မိန်းမကြောက်ကြတယ်လို့ရေးဖူးတယ်….. မည်သို့ပင်ဆိုစေကာမူ ကျွန်တော်တို့ပတ်ဝန်းကျင်မှာတော့ ယောက်ျားအားလုံးနီးပါး မိန်းမကြောက်ကြပါတယ်… ဒီကုလားကားကတော့ မိန်းမစိတ်ကိုနားလည်ဖို့ကြိုးစားကြတဲ့ မယားညီအစ်ကိုနှစ်ကောင်နဲ့ သူ့တို့မိန်းမတွေ အကြောင်းပေါ့။ ယေဘုယျဆန်ဆန်ပြောရမယ်ဆိုရင် ဒီကားထဲက ညီအကို(၂)ယောက်ဟာ ယောင်္ကျားထုအားလုံးကို ကိုယ်စားပြုပြီး မိန်းကလေး(၂)ယောက်ကတော့ မိန်းမထုအားလုံးကို ကိုယ်စားပြုနေပါတယ်… အချို့ ကုလားကားတွေလို Over actionတွေမပါတဲ့အပြင် Over actionတွေကို သရော်သွားပြီး သမီးရည်းစားအနေအထား အိမ်ထောင်သည်အနေအထား နှစ်ဘက်မိဘဆွေမျိုးတွေကိုပတ်သက်ရတဲ့အနေအထားအားလုံးကို ပညာသားပါပါလေးနဲ့ ဟာသလေးတွေစွက်ပြီး ပြသွားပါတယ်…. မိန်းမနိုင်ဖို့ကြိုးစားနေတဲ့သူတွေအဖို့ ရှောင်ရန်ပညာလေးတွေရနိုင်သလို မိန်းမကြောက်ရသူတို့အဖို့ ငါတို့သည် ယောင်္ကျားသားများသာလို့ ခပ်တည်တည်တွေးရမယ့် ကားလေးပါ.. အမျိုးသမီးတို့အဖို့တော့ ကမ္ဘာဦးကထဲက ရှိခဲ့တဲ့ နိယာမကို ဘယ်သူကများ တွန်းလှန်နိုင်ပါ့မလဲလို့ ပီတီဟန်တွေအပြည့်နဲ့ ပြုံးနိုင်မယ့်ကားဆိုပါတော့… ပေါ့ပေါ့ပါးပါးလေးနဲ့ ရယ်မောပျော်ရွှင်ရသလို ပညာလည်းရတဲ့ ကောင်းလည်းကောင်းတဲ့ ကုလားကားတွေမှ သဘောကျတဲ့သူတွေအဖို့ ခံစားကြည့်ကြပါလို့ တိုက်တွန်းအပ်ပါတယ်… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ အိမ်ထောင်မကျသေးတဲ့ WiRa Aung ပဲဖြစ်ပါတယ်…
2017 ထွက် အချစ်ဟာသဇာတ်မြူးလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းလေးက ပေါ့ပေါ့ပါးပါး နဲ့ အေးအေးဆေးဆေးလေးကြည့်ရတာကို ကြိုက်နှစ်သက်တဲ့သူတွေအတွက်ကြိုက်တွေ့မယ့်ကားလေးပါ ဒီဇာတ်ကားလေးထဲက အကြိုက်တွေ့မိတဲ့ စကားလေးကတော့ “အချစ်ဆိုတာ နောက်တခါအခွင့်အရေးပေးဖို့ထိုက်တန်တယ် တဲ့ပြီးတော့ အချစ်စစ်ဆိုနောက်တခါ အခွင့်အရေးထပ်ပေးနိုင်တယ်တဲ့ ” ဇာတ်လမ်း အကျဉ်းကတော့ aprilynn ဟာ သူ့ မင်္ဂလာပွဲလေးရဲ့ သူတို့သားဖြစ်တဲ့ Randy နဲ့ လွဲချော်သွားတယ်ဆိုတဲ့ သတင်းဟာ အွန်လိုင်းမှ တဆင့်ပျံနှံသွားပါတယ်မြို့တော်ဝန်ရဲ့သားဖြစ်တဲ့ Randy ဟာမြို့တော်ဝန်အဖြစ်ဝင်ပြိုင်မှာ ဖြစ်တာကြောင့် Aprilynn ကိုပစ်ထားခဲ့တာက သူ့ရဲ့ Image ကိုထိခိုက်စေပြီးထောက်ခံမဲတွေလျော့လာစေပါတယ် ပိုပြီးဝမ်းနည်းစရာ ကောင်းတာက သူဟာ သူတို့သားရဲ့အဖေက ငှားထားတဲ့ Public Relation agency က raffy နဲ့ ဆုံတွေ့မိပြီး raffy ရဲ့ အကြံပေးချက်တွေနဲ့ သူဟာ Randy ကို သိက္ခာမကျစေဖို့အတွက် ဟန်ဆောင်နေရပါတယ် ဒီလိုနဲ့အနေခြင်းနီးလာတဲ့ Aprilynn ဟာ Raffy ကိုချစ်မိသွားတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမယ် ဆိုတာကိုတော့ ပရိတ်သတ်ကြီးက ဆက်လက်ကြကြရမှာပါ
၁၉၈၇ တုန်းကထွက်ရှိခဲ့တဲ့ Three O’Clock High ဆိုတဲ့ လူငယ်ဟာသဇာတ်ကားကို မှီ ငြမ်းပြီး ဆန်းသစ်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အန်ဒီကန့်ဘဲလ်ဟာ အနေ အေးတဲ့ အထက်တန်းကျောင်း အင်္ဂလိပ်ဆရာတစ်ယောက်ဖြစ် ပြီး စီနီယာလုပ်ဖော်ကိုင်ဖက်တွေ ရဲ့ နောက်ပြောင်ကျီစယ်မှုတွေ၊ ဒုက္ခပေးမှုတွေကြားမှာ လိုက် လျောညီထွေဖြစ်အောင် ကြိုးစား နေထိုင်သူ တစ်ယောက်ဖြစ်ပါ တယ်။ အန်ဒီ အဲဒီလိုနေနေတဲ့ ကြားက တစ်ရက်မှာတော့ အခြေ အနေတွေက အဆိုးဘက်ကို ရောက်သွား ခဲ့ပါတယ်။ ဘာ ကြောင့်လဲဆိုရင် အန်ဒီကြောက် ရတဲ့ခပ်ဆိုးဆိုးဆရာတစ်ယောက် ကို အလုပ်ပြုတ်အောင် လုပ်မိသ လိုဖြစ်ခဲ့လို့ပဲဖြစ်ပါတယ်။ အဲဒီ ခပ်ဆိုးဆိုးပုဂ္ဂိုလ် ရွန်စထရစ်လန်း ဟာ ရှေးရိုးဆန်တဲ့ အလေ့အထ တွေကိုစွန့်လွှတ်ဖို့အတွက် အန်ဒီ ကိုကျောင်းပြီးချိန်မှာ မကျေပွဲဆင် နွှဲဖို့ စိန်ခေါ်ခဲ့ပါတယ်။ ဆရာနှစ်ယောက်ရဲ့ တိုက်ပွဲ ဟာ ကျောင်းသားတွေကြားမှာ ရော အွန်လိုင်းမှာပါ ပျံ့နှံ့သွားခဲ့ ပြီး လူစိတ်ဝင်စားစရာအကြောင်း အရာတစ်ခုဖြစ်ခဲ့ပါတော့တယ်။ နဂိုကတည်းက ကြောက်လည်း ကြောက်တတ်၊ အေးလည်းအေး တဲ့ အန်ဒီအဖို့ ဒီလိုစိန်ခေါ်မှုကြီး က အရမ်းထိတ်လန့်စရာတစ်ခု လည်းဖြစ်ပါတယ်။ အဲဒါနဲ့ အန်ဒီ ဟာ ဘယ်လိုတုံ့ပြန်တိုက်ခိုက်ရ မယ်ဆိုတာကို အခြားဆရာ၊ဆရာ မတွေဆီက အကြံတောင်းပြီး တိုက်ခိုက်ဖို့ ပြင်ဆင်ခဲ့ပါတော့ တယ်။ ဒီကြားထဲမှာလည်း ရွန်စထ ရစ်လန်းရဲ့ ပြဿနာရှာမှုတွေ ကြောင့် အန်ဒီဒုက္ခရောက်ခဲ့ပြီး နောက်ဆုံးစိန်ခေါ်တဲ့နေ့မှာ ထိပ် တိုက်ရင်ဆိုင်မှာလား။ ဘာတွေ ဆက်ဖြစ်ကြမလဲ ဆိုတာတော့ ရယ်ရင်းမောရင်း ကိုယ်တိုင်သာ ဆက်ကြည့်လိုက်တော့နော်။ ရုပ် ရှင်ဝေဖန်သူတွေကတော့ စကား လုံးကြမ်းကြမ်းတွေသုံးထားလို့၊ ဆရာတွေက ဆယ်ကျော်သက် တွေလို ပြုမူလို့စသဖြင့် ဝေဖန် ထားမှုတွေတော့ ရှိထားပါတယ်။ ဒီဇာတ်ကားမှာ အန်ဒီကန့် ဘဲလ်အဖြစ် ချာလီဒေး၊ ရွန်စထ ရစ်လန်းအဖြစ် အိုက်စ်ကျူဘ်၊ မစ္စမိုနက်အဖြစ် ခရစ္စတီးနား ဟန် ဒရစ်စတဲ့ သရုပ်ဆောင်တွေပါဝင် ထားကြပါတယ်။
ဒီတစ်ခါမှာတော့ 2006 ခုနှစ်ကထွက်ရှိခဲ့တဲ့ ကာတွန်းကားကောင်းလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ IMDB 6.6 အထိရရှိထားပြီး မင်းသားကြီး Hugh Jackman နဲ့ Kate Winslet တို့က အဓိကအသံသရုပ်ဆောင်တွေအဖြစ် ပါဝင်ထားပါတယ် ရော်ဒီဆိုတဲ့ အိမ်မွေးကြွက်ကလေးတစ်ကောင်ဟာ မိတ်ဆွေအပေါင်းအသင်းမရှိပဲ အထီးကျန်စွာနေရသူတစ်ယောက်ပါ တစ်နေ့မှာတော့ ထူးဆန်းတဲ့ကြွက်တစ်ကောင်က သူ့ဆီရောက်လာပြီး သူ့နေရာကိုအပိုင်စီးလိုက်ပါတော့တယ် အဲ့ဒီနောက်မှာတော့ ရော်ဒီဟာ ရေဆိုးမြောင်းထဲကို နှင်ချခံရပြီး မြေအောက်မြို့တစ်မြို့ကိုရောက်ရှိသွားပါတယ် အိမ်ပြန်လမ်းကိုရှာဖွေရာမှ ‘ရီတာ’ ဆိုတဲ့ကြွက်မလေးတစ်ကောင်နဲ့ဆုံတွေ့မိတယ် ရီတာဟာ လူဆိုးအဖွဲ့တစ်ဖွဲ့နဲ့ပြဿနာရှိထားသူတစ်ဦးဖြစ်ပြီး ရော်ဒီပါဝင်ပတ်သက်မိတဲ့နောက်ပိုင်း ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်ရမလဲ အိမ်ပြန်ဖို့ကြိုးစားနေတဲ့ ရော်ဒီတစ်ယောက် အန္တရာယ်တွေကြားကနေ လွတ်မြောက်နိုင်ပါ့မလား… ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ ဖန်တီးထားတာမို့ အချိန်ပေးရကျိုးနပ်မဲ့ ကာတွန်းကားကောင်းလေး တစ်ကားပါပဲ
Arendelle နိုင်ငံက မင်းသမီးငယ်လေး Anna ဟာ သူ့အစ်မ Elsa ကို ညဘက်ကစားဖို့ သွားနှိုးပါတယ်။ ဒါပေမယ့် မင်းသမီး Elsa မှာ ထူးဆန်းတဲ့ စွမ်းအားတစ်ခု ရှိနေပါတယ်။ နှင်းတွေ၊ ရေခဲတွေကို လိုသလိုဖန်တီးနိုင်တဲ့ Elsa ဟာ သူ့ညီမလေးကို မတော်တဆ ရိုက်မိသွားပါတယ်။ Elsa မှာ ရှိနေတဲ့ စွမ်းအားတွေအကြောင်း ဘယ်သူမှမသိအောင် မိဘတွေက ဖုံးကွယ်ထားပြီး Elsa ရဲ့ စွမ်းအားတွေအကြောင်း Anna ရဲ့ မှတ်ဉာဏ်ထဲက ပျောက်သွားအောင်Troll ခေါင်းဆောင်
ကြီး Grand Pabbie ထံ သွားပြီး အကူအညီတောင်းရပါတယ်။ အကယ်၍ Elsa သာ Anna ရဲ့ နှလုံးသားနေရာကို ရိုက်မိသွားရင် နှလုံးခဲပြီး သေသွားနိုင်တယ်လို့ Grand Pabbie က သတိပေးလိုက်ပါတယ်။ အဲဒီအဖြစ်အပျက်ကြောင့် သူတို့ရဲ့ မိဘတွေဟာ Elsa နဲ့ Anna ကို သပ်သပ်ဆီခွဲထားလိုက်ပါတယ်။ကံကြမ္မာဆိုးတွေဆိုတာ ဒီလိုနဲ့ ရပ်မနေပါဘူး။ သူတို့လေးတွေ အရွယ်မရောက်ခင်မှာပဲ သူတို့ရဲ့ မိဘတွေဟာ ပင်လယ်ထဲမှာ မုန်တိုင်းမိပြီး ဆုံးပါးသွားကြပါတယ်။ သူတို့မိဘ
တွေ ဆုံးပါးသွားပြီးတဲ့နောက် ၃နှစ်အကြာမှာ အရွယ်ရောက်လာပြီ ဖြစ်တဲ့ Elsa ကို Arendelle နိုင်ငံရဲ့ ဘုရင်မအဖြစ် ဘိသက်သွန်းဖို့ စီစဉ်ကြပါတယ်။ အဓိက စီစဉ်သူကတော့ Weselton နယ်စားကြီး ဖြစ်ပြီး Arendelle နိုင်ငံကနေ အကျိုးအမြတ်တွေ မျှော်ကိုးနေတဲ့သူပါ။ နန်းတော်ကြီးကို အများပြည်သူအတွက် ဖွင့်လှစ်ပေးလိုက်တဲ့အချိန်မှာ Anna တစ်ယောက် မြို့တော်ကြီးရဲ့ လမ်းတွေကြားထဲ လျှောက်သွားရင်း တောင်ပိုင်းကျွန်းတွေက မင်းသား Hans နဲ့ တွေ့သွားပါ
တယ်။ သူတို့နှစ်ဦး အဆင်ပြေပြီး Elsa ရဲ့ နန်းတက် ညစာစားပွဲမှာ Hans က Anna ကို ချစ်ခွင့်ပန်ခဲ့ပါတယ်။ ဒါပေမယ့် Elsa က သူ့ညီမကို Hans နဲ့ သဘောမတူတာကြောင့် ညီအစ်မနှစ်ယောက် ပြဿနာဖြစ်ကြပြီး ဒေါသကြောင့် Elsa ရဲ့ စွမ်းအားတွေ ပေါ်သွားပါတယ်။
သူ့မိဘမှာခဲ့တဲ့ အမှာစကားကို ချိုးဖောက်ပြီး သူ့ရဲစွမ်းအားတွေကို လူကြားထဲမှာ ပြလိုက်မိတဲ့ Elsa ဟာ တုန်လှုပ်သွားပြီး ရှိရှိသမျှ စွမ်းအားတွေ အကုန်ထုတ်လွှတ်လိုက်မိပါတယ်။ သူ့ရဲ့ စွမ်းအားတွေကြောင့် Arendelle ဟာ တစ်နှစ်ပတ်လုံး နှင်းတွေနဲ့ ဖုံးအုပ်နေတဲ့ ထာဝရဆောင်းရာသီကို ကြုံတွေ့ရပါတော့တယ်။ သူကိုယ်တိုင်လည်း မြောက်ဖက်က တောင်တန်းတွေပေါ်ကို ထွက်ပြေးသွားပြီး ရေခန်းနန်းတော်တစ်ခု ဖန်တီးနေထိုင်ပါတယ်။ သူ့ရဲ့ အစေအပါးတွေအဖြစ် နှင်းရုပ်တစ်
ရုပ်ကို ဖန်တီးထားလိုက်ပါတယ်။ Anna ကတော့ သူ့အစ်မဖြစ်သူကို ပြန်လည်ခေါ်ယူဖို့ မြောက်ပိုင်းဒေသကို လိုက်လာပါတယ်။ လမ်းမှာ ရေခဲရောင်းတဲ့ Kristoff နဲ့ သူ့ရဲ့ သမင်ကြီး Sven တို့ရဲ့ အကူအညီနဲ့ ဝံပုလွေအုပ်လက်က လွတ်အောင် ထွက်ပြေးခဲ့ရပါတယ်။ Anna ဟာ Elsa ဖန်တီးထားတဲ့ နှင်းရုပ်ကြီး Olaf နဲ့ တွေ့ပြီး Elsa ရဲ့ နန်းတော်ကို လိုက်သွားပါတယ်။Annaကရော သူ့အစ်မကို ပြန်ရှာတွေ့နိူင်ပမှာလား၊ သူ့အစ်မကရော တိုင်းပြည်ကို ပြန်လိုက်ပမှာလား၊ Aredelle နိူင်
ငံကရော တစ်နှင်းပတ်လုံး နှင်းတွေ လွမ်းမိုးနေတဲ့ ကျိန်စာက လွတ်နိူင်ပါ့မှာလား၊ Annaအတွက် ချစ်သူအစစ်ကရော ဘယ်သူဖြစ်နေမှာလဲဆိုတာတွေကို စိတ်ဝင်စားစွာ ကြည့်ရမဲ့ နာမည်ကျော်ကာတွန်းကားဖြစ်ပါတယ်။ Disney ရဲ့ ထုံးစံအတိုင်း ဇာတ်ပို့ဇာတ်ကောင်တွေ၊ လှလှပပ မြင်ကွင်းတွေနဲ့ ချစ်စရာ ဇာတ်ကောင်တွေကို အားပြုပြီး အကောင်းဆုံးဖြစ်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။ IMDB Rating 7.5 ရရှိထားပြီး Rotten Tomatoes မှာ Tomatometer 90% ရရှိထားတဲ့ ဇာတ်ကားကောင်း တစ်ကား ဖြစ်ပါတယ်။(ရုပ်ရှင်အညွှန်းကို Movie Guide Facebook မှကူးယူဖော်ပြပါသည်။)
mmbusticketဒီတစ်ခါမှာတော့စီအမ်ပရိတ်သတ်တွေအတွတ်ဘောလိဝုကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။Fukrey Returns (2017) ဆိုတဲ့ ဟာသကားလေးပါ။IMDb rating 6.8/10 ရထားတာဆိုတော့ဒီလောက်ကြီးညွှန်းစရာမလိုတော့ပါဘူး။ဒါပေမယ့်ဘောလိဝုပေါကားလေးတစ်ကားလို့လည်းသတ်မှတ်လို့တော့ရပါတယ်။ပေါကားဆိုပေမယ့်ဇာတ်လမ်းထဲမှာပြောတဲ့စကားလုံးတွေကမြန်မာပေါကားတွေလိုအောက်ပိုင်းပြက်လုံးတွေနဲ့ရူးတူးတူးစကားလုံးတွေမဟုတ်ပါဘူး။
ဇာတ်လမ်းရဲ့ဖြစ်စဉ်ထဲမှာပဲအလွဲလွဲအချော်ချော်လေးတွေဖြစ်သွားရင်းနဲ့ရယ်ရမယ့်ဟာသမျိုးတွေပါ။မြန်မာတွေအတိုင်းပဲအိမ်မက် မက်တဲ့ဟာလေးကိုအတိတ်ကောက်ပြီး၂လုံး၃လုံးထိုးကြသလိုဒီဇာတ်လမ်းလေးထဲမှာလည်းကောင်လေးတစ်ယောက်ရဲ့အိမ်မက်နဲ့လူငယ်လေးယောက်ကံစမ်းရင်းပိုက်ဆံတွေအများကြီးရလာပါတယ်။အဲ့အချိန်ကောင်မလေးတစ်ယောက်ကလည်းသူတို့လေးယောက်နဲ့ပူးပေါင်းပြီးအလုပ်အတူတူလုပ်ခဲ့ကြပေမယ့်ကောင်လေး၄ယောက်ရဲ့ထောင်ချောက်
ဆင်ခံရမှုကြောင့်ထောင်ကျသွားခဲ့ပါတယ်။ထောင်ကလွတ်ဖို့နိုင်ငံရေးသမားတစ်ယောက်နဲ့ကတိလုပ်ပြီးပြန်လွတ်လာချိန်မှာကောင်လေး၄ယောက်ဆီကနေအကြွေးပြန်တောင်းပါတော့တယ်။တစ်ဖက်ကကောင်လေးတွေမှာလည်းလုပ်ငန်းတစ်ခုလုပ်ကိုင်ရင်းနဲ့မီလီယံပေါင်းများစွာအရှုံးပေါ်နေခဲ့ပါတယ်။အဲ့အချိန်မှာပဲအိမ်မက် မက်တဲ့ကောင်လေးကရတနာပစ္စည်းတွေကိုမြင်မက်လာပါတယ်။ဒီရတနာပစ္စည်းတွေကသူတို့အတွတ်ရည်မှန်းချက်တစ်ခုဖြစ်လာပါတယ်။ဒါပေမယ့်တစ်ဖက်
မှာလည်းအကြွေးတွေပေးဖို့ရှိနေတော့ဒီရတနာတွေကိုရှာဖို့အကြောင်းဖန်လာပါတော့တယ်။ဒီရတနာတွေရဖို့ကိုတော့ဘယ်လိုဆက်ကြိုးစားမလဲဒီရတနာတွေကဘယ်လောက်တောင်အဖိုးတန်နေလဲဒီရတနာတွေကိုရောတကယ်ပဲရလာပါ့မလားဘယ်လိုအန္တရာယ်မျိုးတွေနဲ့ရင်ဆိုလာရမလဲ စတဲ့မေးခွန်းတွေကိုတော့ဇာတ်လမ်းအဆုံးမှာပရိသတ်ကြီးကအဖြေရှာတွေ့ကြမှာပါ။ဇာတ်လမ်းလေးကိုပေါ့ပေါ့ပါးပါးနဲ့ကြည့်ရှုခံစားရင်းရယ်မောလိုက်ကြပါဦး (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုနေမျိုးပါ)
ဒီတစ်ခါတော့ CM Fan တွေကို Netflix ကဟာသ ကားလေး တစ်ခု နဲ့ မိတ်ဆက်ပေးချင်ပါတယ်ဒါပေမယ့် ကြိုသတိပေးချင်တာကတော့18+ အဆင့် R- Rated အဆင့်ပါလိင်အင်္ဂါ ပုံတွေ အထင်းသား ပြထားတဲ့အပြင်
သွေးထွက်သံယုံ အပြင်းစားတွေ နဲ့လူကြီး နဲ့ ကလေး အတူတူ မကြည့်သင့်တဲ့ဆဲဆိုတဲ့ အသုံးအနှုန်းတွေ အများကြီးပါဝင်တဲ့အတွက်အသက်မပြည့်သေးတဲ့ သူများ ၊ မိသားစု နဲ့ အတူကြည့်သော သူများကြည့်ရှုရန် မသင့်တော်ပါ နှလုံးရောဂါရှိ
သူများ မကြည့်သင့်ပါဇတ်လမ်းပုံစံကတော့ ထောင့်မကျိုး အပျင်းထူ လူတွေနဲ့အစေးမကပ် တဲ့ ဟိုတယ်တစ်ခုရဲ့ အခန်းရှင်း ဝိတ်တာဘွိုင်း ၃ ယောက်နဲ့ဇတ်လမ်း စထားပါတယ်…သူတို့ ၃ ယောက်က မကောင်းတဲ့ အကျင့်တစ်မျိုးစီ ရှိပြီးဘာလုပ်လုပ် တလွဲတွေပဲ ဖြစ်နေပေမယ့် တူညီတဲ့အကြံတစ်ခုတော့ ရှိပါတယ် အဲ့ဒါကတော့ချမ်းသာချင်တဲ့ စိတ်ပါပဲ 😛တစ်ရက်မှာတော့ သူတို့ ဟိုတယ် ကိုVIP တစ်ယောက်လာတည်းပါတယ်အဲ့ဒီအတွက်လဲ ဟိုတယ်တစ်ခုလုံး တာဝန်တွေခွဲဝေ
ယူရရင်း အလုပ်ရှုပ်နေတာပေါ့အဲ့ဒီ VIP ကတော့ Online မှာ ပိုက်ဆံအကုန်ခံပြီးပေါက်ကရတွေ အကုန်လျှောက်လုပ်နေတဲ့လူမဲ သူဌေးလေး တစ်ဦးဖြစ်ပြီး သူ့ဘ၀ တစ်လျှောက်လိင်ဆက်ဆံတာ နဲ့ အပျော်ကြူးတာတွေ အတွက်ပိုက်ဆံအကုန်ခံပြီး လုပ်နေတာဖြစ်ပြီး အားကျတဲ့Follower တွေ အများကြီးရထားတဲ့ နာမည်ကြီးတစ်ဦး ဖြစ်ပါတယ်…ဝိတ်တာ ၃ ယောက်လဲ ထိုအကြောင်း သိထားတော့သူတို့ရေးထားတဲ့ ဂိမ်းပလန် ကို ပြပြီး ပရောဂျက်တောင်းဖို့ကြံစည်ကြတော့တာပါ
ပဲ…ဒါပေမယ့် ကံမကောင်းချင်တော့ သူတို့ထက် အရင်အဲ့ဒီသူဌေးကို ပြန်ပေးဆွဲပြီး ငွေညှစ်ဖို့ ကြံနေတဲ့အဖွဲ့ကဟိုတယ်ကို ရောက်နှင့်နေပါပြီ ဒီတော့ကာဘယ်လို သည်းထိတ်ရင်ဖို တလွဲတွေကြီးလုပ်ပြီးဟိုတယ် နဲ့ VIP ကို ကယ်မလဲဆိုတာရယ်မောရင်း ကြည့်ရှုလိုက်ကြပါအုံး….ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားတာကတော့CM Translator ဖြစ်သူ Shain Htet Naing ဖြစ်ပါတယ်
mmbusticketInstant family ဇာတ်ကားဟာ IMDB 7.5 အထိရထားပြီး ဇာတ်အိမ်ဆန်းသစ်စွာနဲ့ ဟာသရသ မိသားစုချစ်ခြင်းဖွဲ့ရသ ကြည်နူးဖွယ်ရသနဲ့ စိတ်နှလုံးကို တိမ်းးညွှတ်အောင်ဖမ်းစားနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ မွေးကင်းစကလေးကိုပြုစုပျိုးထောင်ဖို့အတွက် အရွယ်လွန်သွားပြီလို့ယူဆထားကြတဲ့ အကြင်လင်မယားတွေဟာ မိသားစုဘဝရဲ့အနှစ်သာရကို ကျန်ရှိနေတဲ့
ဘဝတစ်လျှောက်လုံး ခံစားခွင့်မရှိတော့ဘူးလား…. အကြောင်းအမျိုးမျိုးကြောင့် မိဘအရင်းတွေရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရတဲ့ ကလေးတွေကရော မေတ္တာအငွေ့အသက်တွေ လုံခြုံမှုတွေကို မရရှိနိုင်တော့ဘူးလား….. မိသားစုဆိုတဲ့စကားလုံးဟာ အင်မတန်ရိုးရှင်းပေမဲ့ သံယောဇဉ်တွေ နားလည်မှုတွေ ချစ်ခြင်းမေတ္တာတွေ အပြန်အလှန်လေးစားမှုတွေဆိုတဲ့ နက်နဲလှတဲ့သဘောတရားတွေနဲ့ ဖွဲ့စည်းထားတဲ့ ဒီကမ္ဘာမြေကြီးပေါ်က သေးငယ်တဲ့ကမ္ဘာလေးတစ်ခုဆိုရင်လည်းမမှားပါဘူး….. လူတစ်ယောက်ရဲ့ လက်တစ်ဖက်တည်းက လက်ချောင်းတွေ အတိုအရှည်မညီကြသလို…. သွေးရင်းဖြစ်တဲ့ မိသားစုတွေတောင် နားလည်မှုအမြဲထားနိုင်ကြတာမဟုတ်ပါဘူး….. ကိုယ်တိုင်ရွေးချယ်ဖန်တီးတော့မယ့် သွေးမတော်သားမ
စပ်မိသားစုတစ်ခုအတွက် အကောင်းဆုံးကြိုးစားပြီးပြင်ဆင်ထားပေမဲ့ တကယ်တန်းလက်တွေ့ကတော့ ထင်သလောက်မလွယ်လှဘူးလေ….. အကြင်လင်မယားနှစ်ယောက်ဟာ မိမိတို့ရဲ့ကလေးကို ကိုယ်ဝန်လွယ်ထားချိန်ကစလို့ မိဘစိတ်ကို တဖြည်းဖြည်းမွေးမြူလို့ရပေမဲ့….. ရုတ်တရက်ရောက်လာမယ့် ကလေးတွေအပေါ်မှာရော ချစ်ခြင်းမေတ္တာအပြင် မိဘပီသတဲ့စောင့်ရှောက်မှုတွေ နားလည်မှုတွေ အပြည့်အဝထားရှိနိုင်ပါ့မလား…… ဒီမေးခွန်းတွေအားလုံးရဲ့ သံသယတွေကို ဒီဇာတ်လမ်းလေးက ဖြေရှင်းပေးသွားမှာပါ….. ချစ်တာကလွဲပြီး ကျန်တာတွေကို နားမလည်နိုင်သေးတဲ့ မွေးစားမိဘနှစ်ပါးနဲ့…. မောင်လေးနဲ့ညီမလေးကို စောင့်ရှောက်ရင်း….. သူ့ကို ချစ်တဲ့လူ ဒီကမ္ဘာပေါ်မှာမရှိဘူးလို့ ထင်နေတဲ့
ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်တို့ နားလည်မှုတည်ဆောက်ကြတာကို ကြည်နူးမှုနဲ့ ဝမ်းနည်းမှုရသမြောက်အောင် ရိုက်ပြထားတာကိုတွေ့ရမှာပါ….. ငယ်ရွယ်တဲ့ကလေးတွေကို ချစ်ခြင်းမေတ္တာဂရုစိုက်မှုတွေပေးရုံနဲ့မိဘနေရာကို ခံယူလို့ရပေမယ့်…မိခင်အရင်းကိုသိပ်ချစ်တဲ့ ၁၅ နှစ်အရွယ်ကောင်မလေးရဲ့ မိဘအဖြစ်အသိအမှတ်ပြုခြင်းကို ရဖို့ဆိုတာတော့ ချစ်ခြင်းတစ်ခုတည်းနဲ့ မဖြစ်နိုင်တော့ပါဘူး….. သူ့ဘဝကို လုံခြုံနွေးထွေးစေပြီး နားလည်မှုအပြည့်ပေးတဲ့ မိဘတွေကိုပဲ
ပိုပြီးမက်မောတတ်တဲ့ အရွယ်ပေါ့…… စမ်းသပ်ကာလတစ်ခုအထိ အတူနေပြီး တရားဝင်မိသားစုဖြစ်လာဖို့ ကြိုးစားကြတဲ့ ပိ(ထ်)နဲ့အယ်လ်တို့ဟာ လစ်ဇီ ၊ ဂွမ်နဲ့ လီတာတို့ရဲ့ မိဘအဖြစ်အသိအမှတ်ပြုမှုကို နောက်ဆုံးမှာ ရရှိသွားပါ့မလားဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ အဖြေရှာရင်း လုံးဝကိုအကြိုက်တွေ့စေမယ့် ဇာတ်ကားလေးလို့ပဲ ညွှန်းဆိုပါရစေ……
Sulu Chnar _ အိမ်ထောင်ရှင်မတစ်ယောက် ၊ အိမ်မှုကိစ္စရပ်တွေမှာ စေ့ငှပြီး ခင်ပွန်းဖြစ်သူကို ဇနီးကောင်းတစ်ယောက်လို ၊ သူငယ်ချင်းတစ်ယောက်ကဲ့သို့ူ သတ်မှတ်ပြီးပျော်ပျော်ရွှင်ရွှင်ဘဝကိုဖြတ်သန်းနေသူ ။ မူလတန်းအရွယ် ကလေးတစ်ယက်၏ မိခင် ။ ခင်ပွန်းဖြစ်သူရဲ့ အသိုင်းအဝန်း စူလိုချနားရဲ့အိမ်ကို မကြာဆိုသလို လာရောက်လည်ပတ်တတ်ပြီး သူတို့ အလုပ်အကိုင်အကြောင်းတွေကို ကြွားလုံးထုတ် စူလိုချနား မခံချင်အောင် မီးမွှေးကြတဲ့သူတွေပေါ့ ။ အသိုင်းအဝန်းမှာ သူမပညာမတတ်တာကိုဘဲ အမြဲ ရမယ်ရှာပြီး အပြစ်ပြောခံနေရတတ်သူ ၊ စူလိုချနားဟာ ဒီလိုအချိန်တွေမှာ နားထောင်ကောင်းကောင်းနဲ့ အမြဲတမ်းအငြိမ်နေသည်းခံတတ်သူတော့မဟုတ်ပါဘူး။ တစ်ခွန်းဆိုရင် ဆယ်ခွန်းပြန်ဆိုလိုက်ရမှ နေသာထိုင်သာရှိသူတစ်ယောက် အိမ်ထောင်ရှင်မ စူလိုချနားမှာ ကောင်းတဲ့အကျင့်စရိုက်လေးတစ်ခုက ဘယ်အလုပ်ကိုမဆို ငါလုပ်နိင်တယ် ဆိုတဲ့ ခံယူချက်လေးပါဘဲ ။ လင်ယောက်ျားဖြစ်သူ အရိူ့က် တစ်ယောက်တည်းဝင်ငွေနဲ့ ရပ်တည်နေတာကို တစ်ဖက်တစ်လမ်းကကူညီဖြေရှင်းပေးချင်တဲ့ စိတ်လေးက စူလိုချနားမှာရှိနေတယ်။ စိတ်ထဲရှိတာတင်မဟုတ် အိမ်တစ်ဆောင်ရဲ့ လိုအပ်ချက်ဖြစ်တဲ့ မီးဖိုချောင်သုံးပစ္စည်း ပန်းကန် ခွက်ယောက်မကျန် တီဗီအဆုံး စူလိုချနား ဖြည့်ဆည်းထားတာချည်း ။ ယောက်ျားအသုံးစရိတ်နဲ့ အိမ်မှာထိုင်နေတဲ့ အိမ်ထောင်ရှင်မတစ်ယောက် _ ဘယ်လိုပုံစံနဲ့ ဘယ်ကဝင်ငွေနဲ့ အိမ်တစ်ဆောင်ရဲ့ လိုအပ်ချက်တွေကို ဘယ်လိုဖြည့်ဆည်းတာလဲ ? အဲဒီ့အတွက် စူလိုချနားမှာ နည်းလမ်းတွေရှိပါတယ်။ သူ့ရဲ့နည်းလမ်းတွေကတော့ : – လွတ်လပ်ရေးနေ့ ပြိုင်ပွဲလို ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခြင်း – လက်ကမ်းအစီအစဉ်တွေရဲ့ ပြိုင်ပွဲတွေမှာ ပြိုင်ပွဲဝင်ခြင်း တို့ပါဘဲ။ ရေဒီယိုအစီအစဉ်တစ်ခုရဲ့ ပြိုင်ပွဲတစ်ခုမှာ ပြိုင်ပွဲဝင်ရင်း စူလိုချနား ဟင်းပေါင်းအိုးတစ်လုံးလက်ဆောင်ရလိုက်ပါတယ်။ ဒီဆုလက်ဆောင်ကို Radio Station မှာ သွားရောက်ထုတ်ယူချိန်မှာဘဲ မထင်မှတ်ဘဲ Radio Jockey ! တစ်ယောက်လိုအပ်တယ်ဆိုတဲ့ အလုပ်ခေါ်ဆိုင်းဘုတ်ကို စူလိုချနားမြင်ရာမှ Radio Station ဝန်ထမ်းများကို သူလုပ်နိင်ကြောင်း နားပူနားဆာလုပ်ရင်း အသံစမ်းသပ်ခွင့်ရရှိလိုက်ပါတော့တယ်။ စူလိုချနား ရဲ့အလုပ်ကတော့ တခြားမဟုတ်ပါ ညဘက်ပိုင်း အသံလွှင့် အစီအစဉ်မှာ ဝင်လာသမျှ အမျိူ းသားများရဲ့ Phone Call မှန်သမျှကို လက်ခံပြောကြားပေးရခြင်းပါ။ ဲ့Radio Jokey ! RJ တစ်ယောက်အတွက်လိုအပ်တဲ့ အရည်အသွေးတွေကတော့ – စကားပြောတဲ့အခါမှာ sexy ကျကျပြောဆိုနိင်ရမယ် – အထူးသဖြင့် အမျိူ းသားအများစုကို ဆွဲဆောင်မှုရှိတဲ့ အသံမျိူ း ဖြစ်နေရမယ်။ – မေးလာတဲ့အမေးအပေါ် ပရိယာယ်ဆင်ပြီး ပြောဆိုတတ်ရမယ် စတဲ့အချက်တွေပါဘဲ ။ တချိူ့က စိတ်အားဖြည့်မေးခွန်းတွေ မေးတတ်သလိုပရိယာယ်ဆင်ပြီး ရှောင်လွဲတတ်ဖို့ဆိုတာကလည်း RJ တစ်ယောက်ရဲ့ အရည်အချင်းတစ်ခုပါ။ အိန္ဒိယလို နိင်ငံမျိူ းမှာ ဒီလိုအလုပ်အကိုင်မျိူ းကို အိမ်ထောင်ရှိ အမျိူ းသမီး တစ်ယောက်အနေနဲ့ လုပ်နိင်ဖို့ဆိုတာဟာ အမှန်ဆိုရင်တကယ်မလွယ်တဲ့ ကိစ္စရပ်တစ်ခုပါ။ သို့ပေမယ့် စူလိုချနားဟာ အစစအရာရာ နာလည်ပေးတတ်တဲ့ ခင်ပွန်းကောင်းတစ်ယောက်ကို ပိုင်ဆိုင်ထားတယ်မဟုတ်ပေဖူးလား။ Sulo Chana မှ Sulu သို့ အစီအစဉ်အမည် Tumhari Sulu … ( မင်းတို့အားလုံးရဲ့ စူလူးးး ) Ha~loo…. ခင်ဗျားတို့ ညဘက်ကို နှိုးကြားစေဖို့အတွက် ခင်ဗျားတို့အိပ်မက်တွေကို လှပအောင်လုပ်ပေးဖို့အတွက် ကျွန်မ.. ဆူလူးးး အသင့်ရှိနေတယ်။ နှလုံးသားခလုပ်ကိုနှိပ်ပြီး ဖုန်းဆက်လိုက်ပါ ကျွန်မနဲ့ စကားပြော ပြောမယ်မဟုတ်လားး ? ဆက်ရေးချင်ပေမယ့် ဒီတင်ဘဲရပ်လိုက်တာ အဆင်ပြေမယ်ထင်တယ်။ ဆက်စပ်ပြီး တွေးလို့ရနိင်မယ်ထင်ပါတယ်။ အခုလိုအလုပ်မျိူ းရလိုက်ပြီးနောက်ပိုင်းမှာ ခင်ပွန်းဖြစ်သူရဲ့ စိတ်အလှည့်အပြောင်း ။ လစ်လပ်သွားတဲ့ သူမရဲ့ သားသမီးအပေါ် ဂရုစိုက်မှု အခြေအနေ ။ အိမ်ထောင်ရေးအခြေအနေတစ်ရပ် ၊ ပတ်ဝန်းကျင်ရဲ့ အပြစ်တင်ရှုံူ့ချမှုတွေကတစ်ဖုံ ဒီလိုဖြစ်ပေါ်လာတဲ့ အကျိူ းဆက်တွေကို Sulu တစ်ယောက် ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ ? ။ အကျိူ းပြု ဇာတ်ကားလေးလည်းဖြစ်နေတာမို့ ဘယ်လိုနေရာလေးတွေမှာ အသိပညာပေး မက်ဆေ့ချ်တွေ ထည့်သွင်းသွားမလဲ ။? Tumhari Sulu ဇာတ်ကားဟာ Budget 17 Crore နဲ့ ရိုက်ကူးထားတဲ့ Small Budget Film ဇာတ်ကားလေးပါဘဲ ။ Small Budget Film ဆိုပေမယ့်လည်း Tumhari Sulu ဇာတ်ကားဟာ Award များစွာ ၊ Nomination များစွာ ရရှိဝင်ရောက်ခဲ့တဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။ ဘာကြောင့်များ ဒီလို Small Budget Film လေးဟာ အောင်မြင်မှုများစွာ ဆွတ်ခူးရတာလည်း ဆိုတာကတော့ Tumhari Sulu ဇာတ်ကားကြည့်ပြီးမှသာ ဆုံးဖြတ်လိုက်ပါ။ ဒီဇာတ်ကားရဲ့ အဓိကသရုပ်ဆောင် Vidya Balam ဟာလည်း Tumhari Sulu ဇာတ်ကားနဲ့အတူ ၄ ကြိမ်မြှောက် Filmfare Award ကိုရရှိခဲ့ပါတယ်။ Alia Bhatt ၊ Sri Devi တို့ကို နောက်ကောက်ချပြီး Vidya Balam Filmfare Award ဆွတ်ခူးခဲ့တဲ့ အပေါ်မှာလည်း ဒီဇာတ်ကားလေးကြည့်ပြီးတဲ့အခါမှာ သင်လက်ခံနိင်မယ်ဆိုတာသေအချာပါဘဲ ။
“Toilet”လို့ပြောလိုက်တာနဲ့ပရိသတ်ကြီးပိုပြီးစိတ်ဝင်စားလာသလိုနည်းနည်းလည်းကြောင်သွားမယ်ထင်တယ်ဗျ မြန်မာလိုအဓိပ္ပာယ်ပြန်ရရင်တော့သန့်စင်ခန်း (သို့)ရေအိမ်ပေါ့ဗျာအရပ်အခေါ်တော့”အိမ်သာ”ပေါ့ ဇာတ်ကားနာမည်ထက်ပိုအံ့သြဖို့ကောင်းတာက အိန္ဒိယနိုင်ငံမှာသန့်စင်ခန်းတစ်ခုကြောင့့်အစိုးရအထိဂယက်ရိုက်ခဲ့ရတယ်ဆိုတာပါပဲ ဇာတ်လမ်းအကျဉ်းကတော့ မန်ဂါဝန်ဆိုတဲ့ရွာတစ်ရှာမှာ ဓလေ့တစ်ခုရှိပါတယ် အဲ့ဒါကဘာလဲဆိုတော့ မနက်အစောအာရုဏ်မတက်ခင် အမျိုးသမီးတွေစုပြီးလိုတာပါတီလို့ခေါ်တဲ့ရွာနဲ့ခပ်လှမ်းလှမ်းကိုရေအိမ်စုဝေးသွားကြတဲ့ဓလေ့ပါ အမျိုးသားတွေကတော့ကြုံရာကျပန်းပေါ့ဗျာ သူတို့ရဲ့အယူသည်းတဲ့ယဉ်ကျေးမှုရအိမ်တိုင်းမှာသန့်စင်ခန်းဆိုတာမရှိကြပါဘူး သန့်စင်ခန်းတွေကိုအိမ်ထဲမှာဆောက်ရင် နိမိတ်မရှိဘူး ညစ်ပတ်တယ် ရွံစရာကောင်းတယ်စသဖြင့်အယူအစွဲတွေနဲ့သမုတ်ထားကြတာပါ ရွာထဲက Akshay Kumar (Kesav)ကတော့စက်ဘီးရောင်းတဲ့သူပါ တစ်နေ့စက်ဘီးမှာတာသွားပို့ရင်း Jaya လို့ခေါ်တဲ့BCAကျောင်းသူ(ကွန်ပြူတာကောလိပ်ကျောင်းသူ)လေးတစ်ယောက်နဲ့ဆုံခဲ့ပါတယ် ဒီမိန်းကလေးနဲ့တွေ့မှသူ့ရဲ့နှလုံးသားဟာပြန်အသက်ဝင်လာခဲ့ပါတယ် သူဘာလို့ အသက်၃၆နှစ်ထိမိန်းမမရတာလဲဆိုတာတော့စိတ်ဝင်စားစရာတစ်ပိုင်းပေါ့ဗျာ ဒီလိုနဲ့အသက်ကြီးပေမယ့်မပျက်စီးသေးတဲ့သူ့ရဲ့အချစ်တွေကနှလုံးသားကနေတစ်ဆင့်ပါးစပ်ဖျားကတော်ကီတွေအဖြစ်ရောက်လာလို့နောက်ဆုံးကောင်မလေးနဲ့ညားသွားပါတယ်( တကယ်တော့ချစ်တတ်ဖို့ပဲလိုတာပါဗျာ…..ငိငိ ) မင်္ဂလာဦးညမှာတင်အခက်တွေ့တာတစ်ခုက အစောကကျွန်တော်ပြောခဲ့တဲ့လိုတာပါတီပဲကောင်မလေးက ကီရှက်ဖ်နဲ့အိမ်မှာ သန့်စင်ခန်းမရှိတာမသိဘူးဗျ လူကလည်းပညာတတ်/ အယူမသည်းတဲ့သူ /ဒီလိုအပြင်ထွက်ပြီးကိစ္စဝိစ္စရှင်းရတော့မယ်ဆိုတော့သူလည်း ပျားတုတ်တော့တာပဲ ဒီလိုနဲ့အချစ်တွေပြည့်ဝနေတဲ့သူတို့ရဲ့အိမ်ထောင်ရေးက သန့်စင်ခန်းဆိုတဲ့ဗီလိန်ကြောင့်အချိန်ကြာလာတော့လည်းမကျေနပ်စရာတွေဖြစ်လာတာပေါ့ အရေးပေါ်အစီအစဉ်တွေနဲ့ ဖြေရှင်းခဲ့ပေမယ့်လည်းအဆင်မပြေခဲ့ပါဘူး နောက်ပိုင်း သူတို့လင်မယားကွဲရမယ့်အခြေအနေအထိဖြစ်သွားခဲ့ပါတယ် ဒီသန့်စင်ခန်းမရှိတာနဲ့ပတ်သတ်ပြီး လင်မယားကွဲရတယ်လို့ပြောရင်ဘယ်သူယုံမှာလဲဗျာ သန့်စင်ခန်းမရှိတာများဆောက်လိုက်ပေါ့လို့ဖြေကြမှာပါ ဒီဇာတ်ကားလေးကြည့်လိုက်ရင်တော့ယုံသွားမှာအသေအချာပါပဲ ဒါပေမယ့်အဲ့ဒီသန့်စင်ခန်းလေးတစ်ခုဆောက်ရဖို့အရေးတစ်ဖက်ကလည်း မိန်းမ တဖက်ကလည်းရှေးရိုးစွဲနေတဲ့ရွာခံတွေနဲ့ကီရှက်ဖ်ရဲ့အဖေ ဒီကိစ္စတွေကြားမှာတိုင်ပတ်သွားတာက ကီရှက်ဖ်နဲ့ဂျာရာပေါ့သူတို့၂ယောက်ပေါင်းပြီးဒီလိုမှားယွင်းနဲ့အယူအဆရှေးရိုးအစဉ်အလာတွေကိုဘယ်လိုအတူရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာကတော့………………., ပညာပေးဇာတ်ကားဖြစ်သလို ဟာသ/ အချစ်/ အလွမ်းတွေပြည့်နှက်နေတဲ့ဇာတ်ကားကောင်းလေးတစ်ကားပါ
Jussi Adler-Olsen ရေးသားခဲ့တဲ့ The Purity of Vengeance: A Department Q ဆိုတဲ့ နာမည်ကျော် ဝတ္ထုကိုအခြေခံပြီး ပြန်လည် ရိုက်ကူးထားတာပါ…. ကိုပန်ဟေဂန်မြို့မှာ ထူးဆန်းတဲ့(၃)လောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့တယ်… လူသတ်သမားဟာ အဆောက်အဦးတစ်ခုထဲမှာ လူသေအလောင်းတွေကို မံမီရုပ်အလောင်းဖြစ်အောင် စီမံထားပြီး စားပွဲဝိုင်း တစ်ခုမှာ နေရာချထားခဲ့တယ်… ထူးဆန်းတဲ့ ဒီအမှုကြောင့် ရဲတွေလည်း ခေါင်းမီးတောက်ကုန်တယ်… စုံထောက်တွေလည်း (၃)လောင်းတောင်ဆိုတော့ သဲလွန်စတွေ ရနိုင်သမျှာရှာဖွေကြတယ်.. ရရှိတဲ့ သဲလွန်စတွေအရ စုံထောက်တွေဟာ တရားခံနောက်ကိုလိုက်တဲ့အခါမှာတော့ သူတို့ထင်သလောက်ရိုးရှင်းမနေသလို တခြား လျှို့ဝှက်ချက်တွေကပါ သူတို့ကို စောင့်ကြိုနေတယ်… ကိုင်း ဘာကြောင့်လူတွေသတ်တာလဲ…. လှည့်ကွက်တွေက ဘာတွေဖြစ်မလဲ… လျှို့ဝှက်ချက်တွေကရော ဘာတွေဖြစ်မလဲ.. စုံထောက်မှုခင်းကားကောင်းကြိုက်သူတို့အဖို့ ခံစားကြည့်လိုက်ပါဦး
mmbusticket The film is a sequel to Tanu Weds Manu (2011), in which stars Kangana Ranaut (Tanu) and R. Madhavan (Manu) reprise their roles from the original. Tanu and Manu’s marriage collapses. What happens when Manu meets Tanu’s lookalike Kusum – and when Tanu returns? Kangana Ranaut also portrays the additional role of a Haryanvi athlete Kusum in the film. Tanuနဲ့ Manu တို့ဟာ လက်ထပ်ပြီးလေးနှစ်ကြာတဲ့အထိ လန်ဒန်မှာနေကြပါတယ်။ Tanu ဟာ သူ့သူငယ်ချင်းကလေးမွေးလို့ ဇာတိပြန်သွားခဲ့ပါတယ်။ Manu ကလည်း ကောလိပ်တစ်ခုမှာ ဆေးပညာမိန့်ခွန်းပြောဖို့ သွားတဲ့အခါ Tanu နဲ့ တူတဲ့ မိန်းကလေးတစ်ယောက်ကိုတွေ့ခဲ့ပါတယ်။ ပျက်စီးသွားတဲ့ အိမ်ထောင်ရေးနဲ့ အတူ Manu ဟာလည်း Tanu နဲ့တူတဲ့ Kussumနဲ့ လက်ထက်ဖို့ လုပ်တဲ့အခါ လက်ထက်ဖြစ်မလား။ Tanuကရော ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရှု့ခံစားကြည့်ကြပါ။ အမျိုးအစားက Comedy, Romance ဖြစ်ပေမဲ့ IMdb Rating အမြင့်စားဖြစ်လို့ ကားကောင်းလေးတစ်ခုဖြစ်မှာ သေချာပါတယ်။
အကောင်းဆုံးထဲမပါပေမယ့် ၂ မိနစ်ခြားတစ်ခါ ရယ်ပြီး တစ်ကြိမ်ကို ၅၈ စက္ကန့် လောက်ရယ်ရ စေမယ် ဒီကားကြည့်နေရင်း စင်ကာပူကိုကျော်မည်နှင့် ထူးဆန်းသော မြေအောက်မြို့တော်ကြီး ဇာတ် လမ်းလိုခွီကနဲ ခွီကနဲ ဖြစ်သွားစေမယ့် ကားပါ။ “- လက်ဝှေ့ချန်ပီယံနဲ့ ဝူရှုးချန်ပီယံ ဖိုက်ရင် ဘယ်သူနိုင်မလဲ ” ဒီကားကို ၂၀၀၇ ခုနှစ် အောက်တိုဘာမှစပြသခဲ့ပြီး တစ်ကားလုံးကို ၁၀၂ မိနစ်ကြာမြင့်ပါတယ်။ IMDb Rating 7.4 ၊ AsianWiKi 93 ရရှိထားပါ တယ်။ CJ Entertatinment ကထုတ်လုပ်ထား ုပြီး ကိုရီးယား ဘာသာစကားပြောရုပ်ရှင်ဖြစ်ပါတယ်။ Box office မှာ ကန်ဒေါ်လာ ၁၄ သန်းကျော်ရရှိခဲ့ပါတယ်။ mmbusticket အကောင်းဆုံးထဲမပါပေမယ့် ၂ မိနစ်ခြားတစ်ခါ ရယ်ပြီး တစ်ကြိမ်ကို ၅၈ စက္ကန့် လောက်ရယ်ရ စေမယ် ဒီကားကြည့်နေရင်း စင်ကာပူကိုကျော်မည်နှင့် ထူးဆန်းသော မြေအောက်မြို့တော်ကြီး ဇာတ် လမ်းလိုခွီကနဲ ခွီကနဲ ဖြစ်သွားစေမယ့် ကားပါ။ “- လက်ဝှေ့ချန်ပီယံနဲ့ ဝူရှုးချန်ပီယံ ဖိုက်ရင် ဘယ်သူနိုင်မလဲ ” ဒီကားကို ၂၀၀၇ ခုနှစ် အောက်တိုဘာမှစပြသခဲ့ပြီး တစ်ကားလုံးကို ၁၀၂ မိနစ်ကြာမြင့်ပါတယ်။ IMDb Rating 7.4 ၊ AsianWiKi 93 ရရှိထားပါ တယ်။ CJ Entertatinment ကထုတ်လုပ်ထား ုပြီး ကိုရီးယား ဘာသာစကားပြောရုပ်ရှင်ဖြစ်ပါတယ်။ Box office မှာ ကန်ဒေါ်လာ ၁၄ သန်းကျော်ရရှိခဲ့ပါတယ်။ ဒီကားစတင်ပြသတဲ့ အပတ်မှာ ဝင်ငွေအကောင်းဆုံး ကားအဖြစ်ရပ်တည်ခဲ့ပါ တယ်။ ဒီကားမှာ ဆုတွေရထားတာတော့မတွေ့ ရှိပါဘူး။ ဒီဇာတ်လမ်း ရဲ့ script က တော်တော်လေးကောင်းပါတယ်။ script ကောင်းလို့ ကြည့်ရတာ ပိုပြီးအရသာရှိသွားတာပါ။ sex အသားပေးဟာသ ၊ လူငယ်တွေဘဲနားလည် နိုင်တဲ့ ဟာသ၊ စူပါဟီးရိုးတွေ ကို သောက်တစ်လွဲ ပြန်ရိုက်ထားတဲ့ ဟာသ ၊အချစ်ဟာသ ဒီလို ဟာသတွေနဲ့ မဟုတ်ဘဲ မိသားစုလိုက် လူကြီး တွေနဲ့ ပါကြည့်လို့ရတဲ့ ဟာသကားမျိုးပါ။ မကျေနပ်သေးရင် ဘုန်းကြီး တွေ နဲ့ ပါတူတူကြည့်လို့ရပါတယ်။ ရိုင်းတဲ့ ဟာသမပါဘူးလို့ ပြောချင်တာပါ။ နောက်တစ်ခုက ရိုင်းမှရယ်ရတာမဟုတ်ဘူး ဆိုတဲ့ sex comedy တော်လှန်ရေးထဲမှာ ဒီ ဟာသကားလဲ ပါပါတယ်။ Hangover ဇာတ် လမ်းတွေ နဲ့ ကျောရိုးခြင်းတူပါတယ် ဟာသဇာတ် ကွက် ကို ဇာတ်လမ်းသွားတဲ့ ထဲမှာဘဲ လုပ်ပြ သွားပြီး ထိထိမိမိရယ်ရပါတယ်။ Hangover တို့ American Pie တို့ ပြီးရင် ကြည့်သင့်တယ်လိုထင်ပါတယ်။ကြောင်တောင် တောင် စရိုက်တစ်ယောက်တစ်မျိုးစီနဲ့ဇာတ်ဆောင်တွေ အပြင် ဒါပြီးရင်ဘာလုပ်မလဲဆိုတဲ့ ခံစားမှုနဲ့ ပါဝင်ထားတဲ့ ဇာတ်ဆောင်တွေ ရဲ့ အသက်ဝင်မှု တေ ကြောင့် ဆွဲဆောင်မှုလေးတစ်မျိုးရှိနေပါ တယ်။ မင်းသားက က အဓိက ပါဘဲ ဒီဇာတ်ကားတစ်ခု လုံးမှာ သူ့နေရာက ကဇာတ်လမ်းထဲမှာ အခရာ ဖြစ်နေပြီး သူ့ ဇာတ်ကောင်ကလဲ စာအုပ်ကြီး ဝါ ဂေါက်သီး ဖြစ်နေပါတယ်။ တစ်ကားလုံးမှာ သူရယ်တာ တစ်နေရာမှမတွေ့ ပါဘူး။ကြည့်တဲ့သူဘဲရယ်သွားရပါတယ်။ ဒီလို ဂေါက်သီး ပုံနဲ့ ဇာတ်ကောင်ကြောင့် ဟာသက ပိုပြီးထိမီသွားပါတယ်။ ဒီကားက ဟာသ ဆိုပေမယ့် လူ့အဖွဲ့အစည်းထဲက နားခါးတဲ့ အမှန်တရားကို သိအောင် ထုတ်ပြပေး ပြီး လူ့အဖွဲ့အစည်းထဲက ဖရိုဖရဲဖြစ်နေတဲ့ နေရာ တွေကို သရောပြီး ထောက်ပြထားပါသေးတယ်။ မှန်တာပြောရင် ရွှာပြင်ထုတ်ခံရ ဆိုတဲ့အတိုင်း ကိုယ်မှန်ကြီး ဖြစ်လွန်းနေတာကလဲ ၂၁ ရာစု အပြစ်ကြီး ဆိုတာကို မင်းသားဇာတ် ကောင်နေရာကနေ ထောက်ပြထားပါတယ်။ ဒီဇာတ်ကားမှာအကောင်းဆုံး က ဇာတ်ညွှန်းလို့ ထင်ပါတယ်။ ဟာသဇာတ်ကွက်တွေကို လုပ်ထားတာ တမင် ဟာက ဇာတ်ကွက်ဖန်တီးထားတာမဟုတ်ဘဲ ဇာတ်လမ်းအတိုင်းဘဲ လုပ်ပြသွားပါတယ်။ ပြောချင်တာကအနှစ်သာရရှိတဲ့ ဟာသဖြစ်တယ်ဆိုတာပါ။ တစ်ချို့ အနောက်တိုင်း ဟာသတွေ ကတော်တော် ကြည့်လို့ကောင်းပေမယ့် ဟာသဖြစ်အောင် မဖြစ်နိုင်တဲ့ ဇာတ်ကွက်ကြီး တွေ ကောင်းကင် ပေါ်သေနတ်ထောင်ပစ်လိုက်ရင် စန်တာ ကလော့ ဘိုးဘိုးကြီး ထိပြီး ပြုတ်ကျလာတို့ လို over ဆန် တဲ့ ဟာကွက်တွေ မဟုတ်ဘဲ သူဘာများ ထပ်လုပ်ဦးမှာပါလိမ့် ဆိုပြီး မြင့်မြတ်အကယ်ဒမီ အထိမ်းအမှတ် ဆော်လေး သူ့ပိုင့်လယ်ကွက် လေးကို Live လွှင့်ဂုဏ်ပြုတာကိုကြည့်သလို ဇာတ်ရှိန်က ကြာလေမြင့်လာလေပါဘဲ။ ဒါပေမယ့် နောက် ဆုံးမှာသူ့လိုတော့ ဂျင်းမထည့်ပါဘူး။ ကိုရီးယား ဟာသ အများစုက ဇာတ်သိမ်းပိုင်း ရောက်လေ ဒရာမာ ချိုးလေ လုပ်တက်ပါတယ် ဒီကားမှာလဲ နောက်ဆုံး ပိုင်းလောက်မှာဒရာမာ နည်းနည်းဖြစ်ချင်ပေမယ့် ဇာတ်မအေးသွားပါဘူး။ သူ့ပုံစံက ဇာတ်လဲသိမ်း ဟာသလဲ သိမ်း နောက်ဆုံးအထိဟာသ ဇာတ်ကွက်ကို ထည့်ထား ပါတယ်။ ဒီဇာတ်လမ်း က လက်ရှိလောက(အစိုးရဌာန) မှာဖြစ်နေတဲ့အထက်လူကြီး နဲ့အောက်ပိုင်းက လူတွေ ကြားက ဆက်ဆံရေးတွေ ၊ အထက်ပိုင်း ရောက်ရင် အချိုးပြောင်းပြီး ဖော်ရှိုးမုန့် တို့ ရှီုရှောင် အချိုရည်တို့ကို သိပ်ကြိုက်ပြီး ဒီကအခေါ်ဝေါ်အရဆို ကွီးတို့ ဘဘတို့ လို ကိုယ်တော်ကြီး ကိုယ်တော်လေးတွေ ရဲ့ မကောင်းကွက်ကို ဦးတည်ဖော်ပြထားတာပါ။ ဒါတွေဟာသအနေနဲ့ ရိုက်ထားပြီး ကို နရင်းကို လက်ဖျားနဲ့ အုပ်သလိုခပ်ပါးပါးလေးပုတ်ထားပါတယ်။ ဒီကားကြည့်နေ ရင် ဝင်လာတဲ့အတွေးက ရိုးသားရင် စံမဟုတ်ဘူး ခံဆိုတဲ့ သဘာ၀ ပါဘဲလား။ မရိုးသားနဲ့ လို့ ဆို လိုချင်တာမဟုတ်ပါဘူး။သူတစ်ပါးကို မထိခိုက်ဘူး ဆိုရင် လိမ်သင့်လိမ်ရမယ် အဲ့လိုဆိုလိုချင်တာပါ။ ဟာသကကောင်းကောင်းလေးတွေ ကို စနေနေ့ အလုပ်ပိတ်တဲ့ သူတွေ ဆို Friday မှာညမှာ ကြည့်ဖို့ အသင့်တော်ဆုံးပါဘဲ။ ဘာလို့ဆို တစ်ပတ်လုံး ပင်ပန်းလာသမျှ အလုပ်ကပြန်ရင် မနက်ဖြန်အလုပ်ပိတ်ပြီ ဆိုတဲ့ ခံစားချက်အသိ ရှိနေတော့ စိတ်ထဲမှာ တစ်ခြားနေ့တွေ ထပ် လွတ်လပ်မှုကို ရရှိနေပါမယ်။ နောက် သွားစရာ လာစရာတွေ ရှိရင်လဲ စနေနေ့ သို့ တနင်္ဂနွေ ကို ရွှေးချယ်ကြတာများတာမို့ Friday ညကမှာလုပ် စရာ သိပ်မရှိတက်ဘဲ ငါဘာလုပ်ရမလဲ စဉ်းစားနေ တက်တာမို့ အဲ့လို အချိန်မျိုးမှာ ဟာသကားကြည့် ရတာ သြင်္ကန် မဖလန်းရဘဲ တရားစခန်းဝင်ပြီး ုပြန် ထွက်လာရသလိုခံစားချက်လို နေတိုင်းရှုနေကြ လေတောင် အရသာရှိသွားတဲ့ ခံစားချက် မျိုးပါ ။ ပင်ပန်းလာသမျှ ကို ဇာတ်လမ်းနဲ့ ရောပြီ ရယ်ချပလိုက်ရင် စိတ်လဲပေါ့ပါး သွားပါတယ်။ပြီးတော့ဇာတ်ကားတွေ ကိုကြည့်ရင် ညဘက် ကြည့်တာ ဇာတ်လမ်းကို ပိုခံစားမိစေပြီး ဇာတ်လမ်းက ပိုစိတ်ဝင်စားစရာ ကောင်းနေမှာပါ။
ဒီကားလေးကဘယ်လိုကားလေးလဲဆိုတာမမေးခင်ပါဝင်သရုပ်ဆောင်ထားတဲ့သူတွေကိုပဲအရင်ကြည့်လိုက်ပါ။ စိတ်ဝင်စားစရာဖြစ်မယ်ဆိုတာသိသာပါတယ်ဗျာ။ Now You See Meဇာတ်ကားတွေမှာအပြင်ဇာတ်ကားတော်တော်များများမှာပါဝင်တဲ့ဝါရင့်သရုပ်ဆောင်ကြီးMorgan Freeman၊ အဲဒီNUSMကားထဲမှာပဲMorganနဲ့အတူပါဝင်ခဲ့တဲ့Micheal Caineနှင့် နောက်ထပ်ဝါရင့်သရုပ်ဆောင်Alan Arkinတို့ပါဝင်ပါတယ်။ အဖိုးကြီးသုံးယောက်ပေါင်းလောင်းကျော်ပွဲကြမ်းထားကြတဲ့2017ထွက်ဟာသကားကောင်းလေးဖြစ်ပါတယ်။ ဇာတ်ကြောင်းလေးကတော့အသက်အရွယ်ထောက်လာပြီဖြစ်တဲ့ဝီလီ၊ဂျိုးနဲ့အယ်ဘာ့တ်တို့ သူငယ်ချင်းတတွေငွေကြေးအခက်အခဲတွေနဲ့ရင်ဆိုင်လာရပြီးဘဏ်တွေရဲ့နှိပ်စက်မှုတွေကိုခံနေရပါတယ်။ အဲဒီနောက်သူတို့နှစ်ပေါင်းများစွာအလုပ်လုပ်ပေးခဲ့တဲ့companyဟာပိုင်ရှင်အသစ်လက်ထဲရောက်ပြီးနောက် သူတို့ခံစားနေရတဲ့ပင်စာလစာလေးတွေကိုပါဖျက်သိမ်းတော့မယ်လို့သိလိုက်ရတဲ့အခါမှာတော့ သူတို့ချစ်တဲ့မိသားစုတွေအပေါင်းအသင်းတွေဒုက္ခနဲ့လှလှနဲ့တွေ့ရတော့မယ်ဆိုတာသဘောပေါက်လာကြပါတယ်။ အဲဒီတော့အဖိုးကြီးသုံးယောက်သားဘဏ်ကိုဓါးပြတိုက်ဖို့ဆုံးဖြတ်လိုက်ကြပါတော့တယ်။ အသက်အရွယ်တွေကြီးနေကြပြီဆိုပေမယ့် သုံးယောက်သားဘယ်လိုအချက်ကျကျသေချာစီစဉ်ပြီးပွဲကြမ်းကြမလဲဆိုတာကတော့စိတ်ဝင်စားစရာပါပဲ။ အဲတော့သူတို့သုံးယောက်ဘယ်လိုအခက်အခဲတွေကိုတူတူရင်ဆိုင်ကြမလဲ။ ဘယ်လိုဖြေရှင်းကြမလဲ။ သူတို့လုပ်ဆောင်မယ့်အကြံအစည်တွေအောင်မြင်ပါ့မလား။ ရဲတွေစုံထောက်တွကိုဘယ်လိုနှစ်ကျပ်ကွက်နင်းသွားမလဲဆိုတာကိုဟာသအမြူးလေးတွေနဲ့ရှုစားရမှာဖြစ်ပါတယ်။ တကယ်ကြည့်လို့ကောင်းပြီးစိတ်အမောပြေစေမယ့်ကားကောင်းလေးဖြစ်မယ်ဆိုတာအသေအချာပဲဖြစ်တာမို့ လက်မလွတ်စေဖို့တိုက်တွန်းချင်ပါတယ်။ Ratingအနေနဲ့လဲ6.7ထိရထားပြီးရုံဝင်ငွေဒေါ်လာ82.1သန်းထိရရှိထားတဲ့ကားလေးဖြစ်ပါတယ်။ ကဲအဖိုးကြီးတွေလေးတေးတေးနဲ့ဘယ်လိုလက်စွမ်းပြကြမလဲဆိုတာတော့ရယ်ရင်းမောရင်းကြည့်လိုက်ရအောင်ဗျာ။
မွေးရပ်မြေနေရာဟောင်းဆီ ကို ပြန်လာကြတဲ့ ဂိုပဲလ်၊ မာဒက်ဗ်၊လပ်ကီး၊ လက်စ်မန်ပရာဆပ်နဲ့ လက်စ်မန်တို့ဟာ အသစ်ပြန် လည်မွမ်းမံထားတဲ့ မိသားစုပိုင်အိမ်ကြီးမှာ နေကြပါတယ်။ ဂိုပဲလ်တို့မှာ ကလေးဘဝကတည်းက မတည့်ကြတဲ့ အဖွဲ့တစ်ဖွဲ့ရှိပြီး အရွယ်ရောက်လာတဲ့အချိန်ထိ မတည့်ကြဘဲ ပြန်ရောက်လာတဲ့ ဂိုပဲလ်တို့နဲ့ တွေ့တာနဲ့ကို ရန်ဖြစ် ကြပါတော့တယ်။ တစ်ရက်မှာတော့ ဂိုပဲလ် တစ်ယောက် အိမ်ကြီးမှာနေရင်း ထူးဆန်းတဲ့ အဖြစ်အပျက်တွေကြုံ ရလို့ တခြားသူတွေကို ပြောပြပေမယ့် ဂိုပဲလ်ကို တစ်ယောက်မှ မယုံပါဘူး။ ဒါပေမဲ့ နောက်တော့ အိမ်ကြီးထဲက ဆန်းကြယ်မှုတွေကို အကုန်ကြုံရတဲ့အခါမှာတော့ အ ခြောက်အလှန့်တွေရှိ တယ်ဆို တာ သဘောပေါက်ခဲ့ပါတယ်။ ဒါနဲ့ သရဲတစ္ဆေတွေမောင်း ထုတ်ဖို့ဆိုပြီး ဆရာတွေ မျိုးစုံခေါ် လုပ်ပေမယ့် ထူးခြားမှုမရှိဘဲ အ ခြောက်အလှန့်မျိုးစုံနဲ့သာ ကြုံရပါတယ်။ ဂိုပဲလ်တို့ရဲ့ အဖြစ်အပျက်တွေကို ဟာသဇာတ်ကွက် လေးတွေနဲ့ တင်ဆက်ထားတာမို့ ရယ်မောရဦးမှာပါ။ အိမ်ကြီးထဲက အခြောက်အ လှန့်တွေနောက်ကွယ်မှာ ဘယ်လိုအကြောင်းရင်းတွေရှိနေလဲ၊ ဂို ပဲလ်တို့အဖွဲ့က ဒီပြဿနာကို ဘယ်လိုနည်းလမ်းတွေနဲ့ ရှင်းထုတ်မှာလဲဆိုတာတော့ ဘောလိဝုဒ်ဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း ကကွက်အလှ၊ ရိုက်ချက်အလှတွေနဲ့အတူ ဆက်ကြည့်ဖို့ ဖော်ပြလိုက်ပါတယ်။ ပါဝင်ထားသူတွေကတော့ Ajay Devgn၊ ParineetiChopra၊ Tabu ၊ Arshad Warsi၊ Tushar Kapoor၊ ShreyasTalpade၊ Kunal Khemu စသူတွေဖြစ်ပါတယ်။
သာမန်လူတန်းစား တူနှစ်ကိုယ် ဘဝတစ်ခု၊ဒီနေ့ ရှာ ဒီနေ့စားရတဲ့ လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ အကြင်လင်မယားနှစ်ယောက် အကြောင်းလေးပေါ့ဗျာ။ မိဘတွေနဲ့ အတူနေနေပြီး သားသမီး မရှိသေးတဲ့ သူတို့ နှစ်ယောက်။ အိမ်ရှင်မက အိမ်အလုပ်တွေကို တနေကုန်လုပ်ပြီးလင်ယောကျ်ားကတော့ နေ့စဉ် အလုပ်သွားတဲ့ပုဂ္ဂလိက အပ်ချုပ်စက်ဆိုင် ဝန်ထမ်းတစ်ယောက်ပါ။ ဒီနေ့မှာ အဆင်ပြေပေမဲ့ မနက်ဖြန် ဘာဖြစ်မလဲ မသိရတဲ့ လူသားတွေမို့အနာဂတ်အတွက် ပြင်ဆင်ထားခြင်း မရှိခဲ့။ တနေ့မှာ ဆိုင်ပိုင်ရှင်သားရဲ့ မင်္ဂလာဆောင်ကိုသူတို့မိသားစုတွေ ဖိတ်ကြားခံခဲ့ရပါတယ်။ မိသားစုတွေ စုံစုံလင်လင်နဲ့ ပွဲကိုရောက်သွားတော့အမြဲအနိုင်ကျင့်တတ်တဲ့ သူတို့သားကခွေးလို သရုပ်ပြခိုင်းပါတယ်။ မိသားစုတွေနဲ့အတူ ဇနီးမယားကကိုယ့်ယောကျ်ား ခွေးလို သရုပ်ဆောင်နေရတာကိုမြင်တော့ အရှက်ရပြီး အလုပ်က ထွက်ခိုင်းပါတယ်။ ဒီလိုနဲ့ အလုပ်အကိုင် မရှိတဲ့အချိန်…..သူတို့တွေ ပြဿနာကို တစ်ခုကို ရင်ဆိုင်တွေ့ခဲ့ရပါတယ်။ ဒီပြဿနာကိုသူတို့ ဘယ်လိုရင်ဆိုင်ကြမလဲ။ မုန်းတိုင်းတစ်ခုသာဆိုရင်မုန်တိုင်းပြီးရင် လေပြေလာဦးမှာပေါ့? ဘဝအခြေအနေအရ ကြုံတွေ့ရတဲ့ ပြဿနာတွေကိုဘယ်လို ရင်ဆိုင်ကြမလဲ ဆိုတာကို ခံစားကြည့်ကြပါဦးဗျာ။ “အပ်နှင့်အပ်ချည်:အိန္ဒိယတွင်ပြုလုပ်သည်”ဆိုတဲ့ ဇာတ်ကားနာမည်အရသူတို့ကို ပြဿနာတွေထဲက အပ်နဲ့အပ်ချည်ကြိုးကဘယ်လို ဆွဲတင်ကယ်မလဲဆိုတာကိုကြည့်ရှုရင်း သန္တရသနဲ့ အဆုံးသတ်စေမှာပါ။ ———————————————- သရုပ်ဆောင်တွေကတော့ ဘောလိဝုဒ်မင်းသားချောVarun Dhawan နဲ့သရုပ်ဆောင်ကောင်းတဲ့ မင်းသမီးချောထဲကAnushka Sharma တို့ကအဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။ ဘဝသရုပ်ဖော် ဒရာမာဇာတ်လမ်းတစ်ခုမို့ဒရာမာကြိုက်နှစ်သက်သူများ အကြိုက်တွေ့စေမယ့်ဇာတ်ကားတစ်ကားပါ။
Rating မြင့် Comedy/Fantasy ဇာတ်ကားဖြစ်ပြီး အပြောင်အပျက်တွေနဲ့ ရယ်ရယ်မောမောကြည့်ရမယ့်ဇာတ်ကားပဲဖြစ်ပါတယ်။ ဖုန်းနဲ့ပစ္စည်းအရောင်းဝန်ထမ်းတစ်ယောက်ရဲ့ အလွဲအကွဲတွေကိုပေါ့ပေါ့ပါးပါးရိုက်ကူးထားတာပါ။ အလုပ်မှာသိပ်အဆင်မပြေရာမှာ အောင်မြင်နိုင်မယ့် Magic Key တစ်ခုတွေ့ရှိသွားပြီးနောက် ဘယ်လိုတွေထူးခြားလာမလဲ၊ ဘယ်လိုတွေအောင်မြင်ပြီး ဟာသတွေလုပ်မလဲဆိုတာတော့ ရုံးပိတ်ရက်တွင်းပေါ့ပေါ့ပါးပါးနားရင်းကြည့်လိုက်စေချင်ပါတယ်။
ဒီတစ်ခါတော့အိန္ဒိယလူငယ်ဟာသကားပေါ့ပေါ့ပါးပါးလေးတင်ပေးချင်ပါတယ်။ ဒီဇာတ်ကားဟာ Rating ကောင်းကောင်းရရှိထားရုံသာမက ပေါ့ပေါ့ပါးပါးနဲ့ရယ်ရယ်မောမောကြည့်ရမယ့် ဇာတ်ကားကောင်းလေးပါ။ ဇာတ်လမ်းအကျဉ်းကတော့ တီတူးနဲ့ဆွန်နူးတို့ဆိုတာက မူကြိုအရွယ်လောက်ကတည်းက ပေါင်းလာတဲ့သူငယ်ချင်းတွေဖြစ်ပြီး တီတူးတို့အိမ်နဲ့ ဆွန်နူးတို့အိမ်ဆိုတာကလည်း အလွန်ရင်းနှီးကြပါတယ်။ ငယ်ကတည်းတစ်ပူးတွဲတွဲ လည်ပင်းဖက်ပေါင်းလာကြတဲ့ သူငယ်ချင်း၂ယောက်မှာ တစ်ယောက်ကတော့ လည်လည်ဝယ်ဝယ် သွက်သွက်လက်လက်ရှိသလောက် နောက်တစ်ယောက်က အူတူတူ ရိုးရိုးစင်းစင်းနေတတ်တဲ့သူဖြစ်နေပါတယ်။ ဒါပေမယ့် နှစ်ဦးသားအရမ်းချစ်ကြတဲ့သူငယ်ချင်းတွေဖြစ်ပြီး အမြဲဘာလုပ်လုပ် တပူးတွဲတွဲပါပဲ။ တီတူးဟာ အမြဲရည်းစားထားရင် အဆင်မပြောတာတွေပဲဖြစ်တတ်ပြီး ဆွန်နူးကတော့ အမြဲနောက်ကနေလိုက်ရှင်းပေးရတတ်ပါတယ်။ တစ်နေ့ အိမ်က လက်ထပ်ပေးဖို့စီစဉ်ပေးတဲ့အခါမှာ တီတူးတစ်ယောက် ဆွီတီဆိုတဲ့မိန်းကလေးသဘောကျပြီးနောက် ဆွန်နူးအလုပ်ရှုပ်ရပြန်ပါပြီ။ ဒါပေမယ့် ဒီတစ်ခါသူရှင်းရမယ့်ကိစ္စက အရင်တစ်ခေါက်တွေလိုလွယ်ကူပါ့မလား။ ဘယ်လိုကမောက်ကမလေးတွေဖြစ်လာမလဲ ဆိုတာကိုဟာသလေးတွေနဲ့ အူနှိပ်ပြီးကြည့်ရမယ့်ဇာတ်ကားလည်းဖြစ်ပါတယ်။ အိန္ဒိယကားကြိုက်တဲ့သူတွေရော မကြည့်ဖြစ်တဲ့သူတွေအတွက်ပါ Comdey ဇာတ်ကားကောင်းဖြစ်တာကြောင့် ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
ဒွန်ဝဲလေ့စ်ဟာ ကျောင်းသားသစ်အနေနဲ့Slaughterhouseကိုရောက်လာခဲ့ပါတယ် ကျောင်းဟာစာပဲသင်တဲ့ကျွန်တော်တို့သိနေကျစာသင်ကျောင်းတော့မဟုတ်ပါဘူး အသက်ရှင်ကျန်နေဖို့သင်ထားသင့်တဲ့အရာအားလုံးကိုသင်ပေးတဲ့ကျောင်းပါ အနိုင်ကျင့်တာတွေကကျောင်းသားတွေသတ်သေတာမျိုးအထိပါဖြစ်လေ့ဖြစ်ထရှိပါတယ် ကျောင်းအုပ်ကပိုက်ဆံကလွဲပြီးအခြားအရာတွေကိုသိပ်ဂရုမစိုက်တတ်ပေမယ့် အများအမြင်မှာတော့စည်းကမ်းကြီးတဲ့ကျောင်းအုပ်ကြီးဆိုတဲ့မျက်နှာဖုံးနဲ့ သူ့ကိုယ်သူဖုံးထားပါတယ် ကျောင်းဝင်အတွင်းရဲ့ အောက်ခြေမှာရှိတဲ့မီသိန်းဓာတ်ငွေ့သိုက်ကို ပြင်ပအဖွဲ့အစည်းတစ်ခုဆီရောင်းစားလိုက်ပြီး စိတ်ကြိုက်လုပ်ခိုင်းပါတော့တယ် မီသိန်းယိုစိမ့်မှုဖြစ်ပြီးမြို့ပြင်ရောက်နေတဲ့စာသင်ကျောင်းမှာ ဘယ်လိုမျိုးူပြသနာတွေနဲ့ဒွန်တစ်ယောက်ရင်ဆိုင်ရမလဲဆိုတာ မကြာသေးခင်ကမှnetflixကထွက်ရှိထားတဲ့sex educationရဲ့ဇာတ်ကောင်အိုတစ်အဖြစ် သရုပ်ဆောင်ထားတဲ့Asa Butterfieldကို မတူညီတဲ့ကျောင်းသားပုံစံနဲ့လည်းမြင်ရမှာပဲဖြစ်ပါတယ်
Rang De Basanti (2006)- ပါဝင်သူများ- Aamir Khan, Sharman Joshi, Kunal Kapoor, Siddharth Narayan, Atul Kulkarni, R.Madhavan, Soha Ali Khan “သေခြင်းတရားကို ပက်ပင်းတိုး ရင်ဆိုင်ရတဲ့အခါ တုန့်ပြန်တာချင်း မတူတာမှာ လူနှစ်မျိုးပဲ ကြုံဖူးတယ်… ပထမတစ်မျိုးက အသံ တစ်ချက်မှမထွက်ပဲ တည်ငြိမ်စွာ အသေခံတာရယ် ဒုတိယ တစ်မျိုးကျတော့ သေခြင်းတရားကို မချိတင်ကဲ ပြင်းထန်တဲ့ ဝေဒနာနဲ့ အော်ဟစ်ငိုယိုပြီး အသေခံသွားကြတာပဲ ရှိတယ်… ကျုပ်တစ်ဘဝစာ အတွေ့အကြုံကို လှုပ်ခါပစ်ခဲ့တဲ့ တတိယ တစ်မျိုး ကြုံတွေ့လိုက်ရတဲ့အခါ…” ဆိုပြီး အစချီထားတဲ့ အိန္ဒိယမှာ အင်္ဂလိပ်တွေ အုပ်စိုးတုန်းက ထောင်မှူး Mr. McKinley တစ်ယောက် သူ့ ဒိုင်ယာရီထဲမှာ ရေးထားခဲ့တဲ့ ထောင်မှာ ကြိုးမိန့်ကျနေတဲ့ နိုင်ငံရေး အကျဉ်းသား သုံးယောက်ကို ထိန်းသိမ်းခဲ့ရစဉ်နဲ့ ကြိုးပေးခါနီး အဖြစ်သနစ်တွေကို ဖတ်ရတဲ့ သူ့သမီး Sue McKinley (တက်သစ်စ ရုပ်ရှင်ရိုက်ကူးသူ) တစ်ယောက်က ဒီ နိုင်ငံရေး အကျဉ်းသား ဆိုသူတွေဟာ အိန္ဒိယ တော်လှန်ရေး သမိုင်းမှာ အထင်ကရ နာမည်ကြီး ကျော်ကြားခဲ့သူ တော်လှန်ရေး သူရဲကောင်းသုံးယောက် အကြောင်း Documentry ရိုက်ကူးမယ်လို့ စိတ်ပိုင်းဖြတ်ပြီး အိန္ဒိယမှာ နေတဲ့ သူ့သူငယ်ချင်း ဆိုနီယာဆီ ထွက်လာခဲ့တယ်။ (အခုဒီမှာ ဗိုလ်ချုပ် အကြောင်းဇာတ်ကား ရိုက်မယ် ဆိုသလိုပေါ့ဗျာ) အိန္ဒိယရောက်တော့ သူရိုက်မယ့် ဇာတ်ကား အတွက် ဇာတ်ကောင်နဲ့ ကိုက်ညီမယ့် သရုပ်ဆောင် ရှာတော့ ထင်သလောက် မလွယ်၊ ဒါနဲ့ စိတ်ပျက်လက်လျှော့ဖို့ ကြံနေတုန်း ဆိုနီယာ့ ကျောင်းနေဘက် သူငယ်ချင်းတွေကို သုံးပြီး ရိုက်ပါလားလို့ အကြံပေးတယ်။ ဒါနဲ့ သူက ဇာတ်ညွှန်းတွေ ရှင်းပြ ဇာတ်ဝင်ခန်းတွေကို အစမ်းလေ့ကျင့်တဲ့အခါ ဒီလူတွေက ဘယ်လိုမှ ဈာန်မဝင်စားဘူး၊ လမိုင်းမကပ်ဘူးပေါ့ဗျာ။ အဲဒီအပြင် သူလာရိုက်တဲ့ ဇာတ်ကားဆိုတာ အပိုအလုပ်… သူ ‘သူရဲကောင်း’ တင်ရိုက်နေတဲ့ ပုဂ္ဂိုလ်တွေဟာ တကယ့်တကယ်ဘဝမှာ ဒီလိုလုပ်ခဲ့တယ် ဆိုတာ မခံစားတတ်ဘူး။ တိုင်းပြည် လွတ်လပ်ရေးအတွက် အသက်ပေး စွန့်လွှတ် စွန့်စားတယ် ဆိုတာက စာအုပ်ထဲက တော်ကီတွေ… ဘာအတွက် ဒီလောက် ရူးရူးမိုက်မိုက် လုပ်ခဲ့ကြသလဲ? ကဲတကယ် စွန့်လွှတ်ခဲ့သည်ပဲထားဦး သူတို့ အားထုတ်မှုရလဒ်က ဘာလဲ? အခုလို တိုင်းပြည် ဆင်းရဲတွင်းထဲ ရောက်အောင် ပို့ခဲ့တဲ့ သမိုင်းက အဖြေလား? ရမ်းချင်တိုင်းရမ်း ခိုးချင်တိုင်း ခိုးနေတဲ့ ဝန်ကြီးတွေ၊ အသုံးမကျတဲ့ အုပ်ချုပ်ရေးစံနစ် တခု ဖြစ်လာဖို့ လုပ်ခဲ့တာ သူတို့ပဲ မဟုတ်လား… အဲသလို တွေဝေဖန်ပြီး ဟားတိုက်တာ ခံလိုက်ရရော။ ဒါက အစချီထားတဲ့ မိတ်ဆက်ဗျာ… ဇာတ်လမ်းကို ပြောပြဖို့ စိတ်ကူးမရှိပါဘူး… ကိုယ်တိုင်ကြည့်တဲ့အခါ ခံစားဖို့ ချန်ခဲ့ပါရစေ။ မှာချင်တာက ဒီဇာတ်ကား စကြည့်ဖြစ်ခဲ့ရင် အဆုံးထိအောင် ကြည့်စေချင်တယ်။ အစချီတာမှာ စိတ်ပျက်မသွားဖို့ပါပဲ။ ဒီဇာတ်ကား ရိုက်ကူးစဉ်နဲ့ ရိုက်ကူးပြီး နိုင်ငံရေးမှာ လှုတ်ခတ်သွားခဲ့တာတွေ အများကြီးပါ အဲဒီထဲက ထင်ရှားတာကတော့ မနေ့က ရန်ကုန် မြို့တော်ခန်းမရှေ့က Candle Campagne တွေလို Campagne တွေ အစပြုစေခဲ့တာ တစ်ခု အပါအဝင်ပါ။ ဇာတ်လမ်းက အသင့်ရှိနေတဲ့ ဝတ္တုတစ်ပုဒ်ကို ဟိုဒီ တည်းဖြတ် ဇာတ်ညွှန်းရေးပြီး ရိုက်ခဲ့တာ မဟုတ်ပါဘူး။ ဇာတ်လမ်း ဖန်တီးဖို့ကို ၇နှစ်ကျော် ကြာခဲ့ပါတယ် ဆိုပါတယ်။ ဖန်တီးခဲ့တဲ့သူဟာ အပြင်မှာ ခေတ်လူငယ်တွေနဲ့ ထိတွေ့ဆက်ဆံ ၇နှစ်ကြာ သုတေသနပြုရင်း ဒီဇာတ်လမ်းကို တဖြည်းဖြည်းချင်း အဆင့်ဆင့် ပြင်ဆင်တည်းဖြတ် ရေးသားခဲ့ရတယ်လို့ မှတ်ဖူးပါတယ်။ ဒီဇာတ်ကား အကြောင်း ပြောရင် ပြောစရာတွေ အများကြီးပါ… ပြောလို့ ကုန်မှာ မဟုတ်တော့ပါဘူး။ မကြည့်ရသေးရင် ကြည့်စေချင်တဲ့ စေတနာရယ် ပြီးတော့ အခု လက်ရှိ မြန်မာနိုင်ငံက အဖြစ်တွေနဲ့ တိုက်ဆိုင်တဲ့ အချက်တွေ တော်တော်များများ တွေ့မိတာရယ်ပါ။ အဲ.. ဒီဇာတ်ကားထဲ ဇာတ်တည်ထားတဲ့ နိုင်ငံရေး သူရဲကောင်း Bhagat Singh အကြောင်းသီးသန့် ကြည့်ချင်သပဆိုရင်တော့ 2002 မှာ ရိုက်ထားတဲ့ The Legend of Bhagat Singh ဆိုတဲ့ကားက သိပ်ပြောင်မြောက်ပါကြောင်း။
Bollywood ပရိတ်သတ်တွေအတွက် ၂၀၁၇ထွက် အလန်စားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ Magdheera , Anegan တို့လို ဇာတ်လမ်းတွေကို စိတ်ဝင်စားတဲ့ လူတွေအတွက် အကြိုက်တွေ့စေမှာပါ။ Raabta ဆိုတော့ မြန်မာလို
ဆိုရင် ဆက်နွယ်မှု ညညဆို အိပ်မရပဲ အိပ်မက်ဆိုးတွေကနေလန့်လန့်နိုးနေတတ်တဲ့ ကောင်မလေး တစ်ယောက်သူ့အိပ်မက်ထဲမှာတော့ လူတစ်ယောက်ကို ကြိုးတုပ်ပြီး ရေထဲ ပစ်ချလိုက်သလိုလို
သူကိုယ်တိုင်ပဲ ရေနစ်နေသလိုလိုနဲ့ အိပ်နေရင်း လန့်လန့်နိုးတတ်တဲ့ ဆိုင်ရာ ဆိုတဲ့ ကောင်မလေး ပျော်ပျော်နေတတ်ပြီး တွေ့မရှောင် ဆော်ကြောင်တတ်တဲ့ ဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းနေတဲ့ လူငယ်တစ်ယောက် ဖြစ်တဲ့ ရှိဗ် ရှိဗ်ရဲ့
အကျင့်အတိုင်း ဆော်လိုက်ကြောင်ရင်း ဆိုင်ရာကို မြင်တွေ့ပြီး လိုက်ရင်းကနေ အမှန်တကယ် သံယောဇဉ်တွေ ဖြစ်လာတဲ့အခါမှာတော့ ဒီနှစ်ယောက်ရဲ့ ကြားကို ဇခ် ဆိုတဲ့ သူ တစ်ယောက် ရောက်လာတဲ့ အခါ့ ဇာတ်လမ်းက သာမန် သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းတွေလို မဟုတ်ပဲ အတိတ်ကအကြောင်းတွေ အလှည့်အပြောင်းတွေနဲ့ တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတဲ့ ဇာတ်ကားတစ်ခုလို့ ညွှန်းလိုက်ပါတယ်။
မင်းသား Uday Chopra နဲ့မင်းသမီး Priyanka Chopra တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့
Comedy / Romance အမျိုးအစား Bollywood ဇာတ်ကားတစ်ကားပါ။
ဒီဇာတ်ကားထဲက တချို့ အသုံးအနှုန်းလေးတွေကို သဘောကျမိပြီး
ကလေးသရုပ်ဆောင်ကလဲပိုင်နိုင်စွာဇာတ်ပို့ပေးထားနိုင်ပါတယ်။
ပေါ့ပေါ့ပါးပါးခံစားချင်သူတွေအတွက် ရသမြောက်ဇာတ်ကားတစ်ကားပါ။
Connection မကောင်းသူများအတွက် Small File Size(355MB)ကိုပါတင်ဆက်ထားပါတယ်။
ကျွန်တော်တို့ဆိုဒ်က တင်သမျှ Movie Download Link ကို ပြန်တင်နေသည့် Blogger များ www.channelmyanmar.com ဟုပြည့်စုံစွာ Credit ပေးရန်ပန်ကြားအပ်ပါတယ်။
mmbusticket
9f58d6502667fab2d425c8ffa832cd14Screen Shots
IMDb (8.2/10)Rotten Tomatoes (93%)
ဒီဇာတ်ကားကတော့ ၂၀၁၄ ခုနှစ်ရဲ့ အကောင်းဆုံး ဘောလိဝုဒ်ဇာတ်ကားအဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။ကမ္ဘာနှင့်အဝှမ်း ဝင်ငွေများစွာရရှိခဲ့ပြီး စံချိန်တွေလဲချိုးခဲ့တဲ့ နာမည်ကြီးဇာတ်ကားပါ။ဘာသာတရား အယူဝါဒတွေနဲ့ပတ်သက်လို့ မေးခွန်းထုတ်ခဲ့ပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ ပွက်လောရိုက်အောင်ကိုငြင်းခုန်ခဲ့ကြပါတယ်။မင်းသား Aamir Khan ရဲ့မှတ်တိုင်ဖြစ်ခဲ့ပြီး မင်းသမီးကတော့ Anushka Sharma ဖြစ်ပါတယ်။
ကျွန်တော်တို့ အိန္ဒိယဟာ ပြသနာပေါင်းသောင်းခြောက်ထောင်နဲ့ နိုင်ငံပါကျွန်တော်ရှာတွေ့ခဲ့တဲ့ပြသနာက အမျိုးသမီးတွေဓမ္မတာလာတဲ့ ၅ရက်တာ ပြသနာပါဓမ္မတာလာပြီဆိုရင် အမျိုးသမီးတွေဟာ ဘာအလုပ်မှလုပ်ခွင့်မရှိဘဲ အိမ်အပြင်ထွက်ထိုင်နေရပါတယ်သန့်ရှင်းရေးအတွက်ကျလည်း အဝတ်စုတ်တွေသုံးနေကြတယ်ဒီကိစ္စကို ကျွန်တော့်မိန်းမလည်းလုပ်နေတာမြင်တော့ တခုခုလုပ်ဖို့ကြံမိပါတယ်။ အမျိုးသမီးတယောက်ကို ပဒ်အသုံးပြုခိုင်းခြင်းဟာ သူ့အတွက် အချိန် ၂လထပ်အပိုပေးလိုက်သလိုပါပဲ ရှင်းပြပါမယ်၁လကို ၅ရက်၊ ၁၂လဆို ရက် ၆၀၊ တနှစ်မှာ ၂လပါ။အမျိုးသားတွေကျတော့ တနှစ်မှာ ၁၂လရပြီး အမျိုးသမီးတွေမှ ဘာကြောင့် ၁၀လပဲ ရ,ရမှာလဲနာရီဝက်လောက်ပဲ အမျိုးသားတစ်ယောက်က အမျိုးသမီးတွေလိုသွေးထွက်ကြည့်လိုက်၊ တန်းသေပြီပဲ ”ဒီမိန့်ခွန်းကို အင်္ဂလိပ်ဝေါဟာရမကြွယ်မဝနဲ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာဟောပြောခဲ့သူကတော့ ပဒ်မန်းလို့ အမည်တွင်ခဲ့တဲ့ လက်(ရှ်)မီးကန့် ချော်ဟန့်ပဲဖြစ်ပါတယ်။သူ့ဘဝဇာတ်ကြောင်းကို ပုံဖေါ်ထားပြီး အိမ်ထောင်ကျပြီးချိန်မှသိပ်ချစ်လွန်းတဲ့ဇနီးဖြစ်သူရဲ့ ဒီဒုက္ခကိုဖြေရှင်းပေးဖို့ကြိုးစားရင်းအရူး၊ တဏှာရူး၊ လူညစ်ပတ် စသဖြင့်ပေါင်းစုံဝေဖန်အပြစ်တင်မှုတွေခံခဲ့ရပြီးနောက်ဆုံး သိပ်ချစ်ရတဲ့ဇနီးနဲ့ပါ ကွဲရတဲ့အထိဖြစ်ခဲ့ရပါတယ်ဒါလည်း သူ့ယုံကြည်ရာကို ဇွဲမလျော့ဘဲ ကြိုးစားမှုကြောင့်လက်(ရှ်)မီးဟာ ပဒ်မန်းဖြစ်လာခဲ့ပါတယ်။သူဘဝမှာဘယ်လိုတွေ ခက်ခဲကြိုးပမ်းခဲ့ရလဲဘယ်သူတွေက အပြစ်တင်ကြပြီးဘယ်သူတွေက ကူညီပေးခဲ့လဲဆိုတာ သူ့ဘဝဇာတ်ကားကြီးမှာ ခံစားမှုပေါင်းစုံနဲ့ စီးမျောလိုက်ကြပါဦးဗျာ(#ဒီကားက အကြည်ထွက်တာကြာပြီဆိုပေမယ့် စာဖိုင်အမှန်မထွက်သေးလို့ မတင်ပေးနိုင်တာပါ အခုလည်း နားထောင်ပြီး ဘာသာပြန်ထားတာဖြစ်လို့လိုအပ်ချက်တွေရှိရင် သည်းခံပေးကြပါကုန်)
ဒီကာတွန်းကားလေးကတော့ Oggy နဲ့ ပိုးဟပ်များ ဆိုတဲ့ကာတွန်းစီးရီး ရဲ့ 2013 က ထွက်ရှိထားတဲ့ The Movie ပါOggy ဆိုတာ ဘာနဲ့ သွားတူလဲဆိုတော့ ကြောင် နဲ့ ကြွက် လိုပါပဲတစ်ခု ထူးခြားတာကတော့ Copy ထားတယ်လို့ မခံစားရပဲ တကယ်ကို အူလိုက် သည်းလိုက် ကို ရယ်ရပါတယ်ဇတ်လမ်းဇတ်ကွက်ကလဲ အပြောင်အလှော် တွေနဲ့မထစတမ်း ကြည့်ချင်လောက်ပါတယ်…Oggy က ဉာဏ်ကောင်းပြီး ရိုးသားတဲ့ ကြောင်သူ့အကို ခပ်တုံးတုံးခပ်အအ တစ်ကောင်လဲ ရှိတယ်သူတို့ ညီအကို ကို ဒုက္ခမတရားပေးတဲ့ ပိုးဟပ် ညီအကို၃ ကောင်လဲ ရှိတယ် အကုန် တလွဲတွေ လုပ်ပြီးကြောင်တွေကို ဒုက္ခမပေးရင် စားမဝင် အိပ်မပျော်တဲ့တကယ့် ငပြောင်တွေပေါ့…ဒီကာတွန်း ရုပ်ရှင်ကို စာတမ်းထိုးပေးချင်ပေမဲ့ဘာစကားမှ မပြောတဲ့ အတွက် ဘာစာမှ မထိုးပေးထားပါဘူးCM က ပထမ ဆုံးအကြိမ် မြန်မာစာတန်း မထိုးပဲ တင်ပေးတဲ့Animation ရုပ်ရှင်ပါပဲ 😀ဒီရုပ်ရှင်မှာ အပိုင်း ၄ ပိုင်း ပါဝင်ပါတယ်…၁။ ကမ္ဘာဦးခေတ် မီးကို ရှာဖွေတဲ့ အပိုင်း၂။ ဘုရင့်သားတော်လေး ရဲ့ ကြင်ယာတော် ကယ်တင်ခန်း၃။ ရှားလော့ဟုမ်း နဲ့ ဒေါက်တာဝပ်ဆန် ရဲ့ သော့ရှာပုံတော်၄။ အာကာသ စတားဝါး စစ်ပွဲကဲ နာမည်လေးတွေ သိရပြီဆိုတော့အိမ်က ကလေးတွေကိုပဲ ပြပြကိုယ်တိုင်ပဲ မိသားစု နဲ့ ကြည့်ကြည့်ခွီနိုင်ပါပြီ….
2014 မှာ ထွက်ရှိထားတဲ့ ထိုင်းသရဲကားတစ်ကားဖြစ်ပါတယ်..3AM ထဲမှာပါတဲ့ ဇာတ်ကားအပိုင်း 3ခုထဲကတစ်ခုရဲ့ အဆက်အဖြစ် ဆက်လက်ရိုက်ကူးထားခြင်းဖြစ်ပါတယ်..3AM ထဲမှာ အချိန်ပိုဆင်းတဲ့ ရည်းစား၂ယောက်ကို သရဲအဖြစ်ခြောက်လှန့်ပြီးတော့ စနောက်တဲ့ သူ2ယောက်အကြောင့် ထွက်ပြေးသွားကြရတဲ့ရည်းစား၂ဦးလုံး လှေကားပေါ်ကနေ ပြုတ်ကျသွားပြီးသေဆုံးသွားပါတယ်..အဲ့ဇာတ်ကားကိုမှတ်မိကြမယ်ထင်ပါတယ်..အခုဒီဇာတ်ကားရဲ့အစမှာလည်း ထိုဇာတ်ကားကအပိုင်းအစ လေးတွေကိုပြန်ပြီးတော့ပြထားပေးပါတယ်..Ghost Over Time ဇာတ်ကားမှာတော့အစအနောက်သန်တဲ့ လူတစ်စုနဲ့အတူသရဲအယောင်ဆောင်တာတွေမှာ..တကယ့်သရဲအစစ်ပါလာတဲ့အခါဘယ်လိုတွေကြုံတွေ့ကြရမလဲဆိုတာကိုဆက်လက်စောင့်ကြည့်ကြပါ
အားလုံးစောင့်မျှော်နေတဲ့ ၂၀၁၆ ရဲ့ နာမည်ကြီး ဇာတ်ကား တစ်ကားဖြစ်တဲ့ Now You See Me 2 ဆိုတဲ့ စိတ်ဝင်စားစရာ ပဉ္စလက်ပညာရှင်လေးဦး ရဲ့ မျက်လှည့် ပြကွက်တွေကို တင်ဆက်ထားတဲ့ ရုပ်ရှင်ကားကို အခုလေးပဲ ဘာသာပြန်ဆိုမှု ပြီးသွားတဲ့အတွက် CM ချစ်သူတွေကြည့်လို့ရပါပြီ ရှင်ဒီကားရဲ့ ပထမဆုံးကား Now You See Me မှာ တုန်းက အရမ်းကို စိတ်ဝင်စားစရာကောင်းတဲ့ မြင်းစီးသမားလေးယောက်တို့ ရဲ့ မျက်လှည့်ပြကွက်တွေနဲ့ ပရိသတ်ကို ဖမ်းစားနိုင်ခဲ့ပြီးတော့ အခု ဒုတိယမြောက်ကားမှာလဲ မြင်းစီသမား လေးယောက်လုံးပြန်လည် သရုပ်ဆောင်ထားပါတယ်ပထမကားမှာတုန်းက မိန်းကလေးမျက်လှည့် ဆရာအနေနဲ့ ဟန်လေပါဝင်ခဲ့ ပေမဲ့ အခုတော့ ဟန်လေ အစား ငပြောင်မလေး လူလာက ပါဝင်ထားပါတယ်.. မြင်းစီးသမားတွေနဲ့ အက်ဖ်ဘီအိုင် အေးဂျင့် ဒိုင်လန်တို့ ဆော့ဖ်ဝဲ ကုမ္ဗဏီ အော့တ်တာ ရဲ့ စီအီးအို အိုဝင်အကြောင်းကို ဖော်ထုတ်ဖို့ လုပ်ဆောင်ခဲ့တဲ့ ပွဲမှာ မမျှော်လင့်ဘဲ မြင်းစီးသမားတွေအားလုံးရဲ့ ကိုယ်ရေးအချက်အလက်တွေ အားလုံး ဖော်ထုတ်ခံလိုက်ရပါတယ် ပထမကားမှာ သေသွားတဲ့ ဂျက် ဝိုင်းလ်ဒါ တစ်ယောက်က တကယ်မသေသေးတဲ့ အကြောင်း.. အက်ဖ်ဘီအိုင် အေးဂျင့် ဒိုင်လန် ရုဒ်စ် ဟာ မြင်းစီးသမားအဖွဲ့ ဝင် တစ်ဦး ဖြစ်ကြောင်း ဖော်ထုတ်ခံရပြီးနောက် သူတို့တွေ ဝရုန်းသုန်းကားနဲ့ ပြေးကြရရင်း လူဆိုးတွေ ဆင်ထားတဲ့ ထောင်ချောက်ထဲ တည့်တည့် တိုးဝင်မိရင်း မကာအိုကို ရောက်သွားပါတော့တယ်မကာအိုမှာ သူတို့ ဘယ်သူနဲ့ တွေ့ ပြီး ဘယ်လို အစီအစဉ် ဘယ်လို လှည့်ကွက်တွေနဲ့ လူဆိုးတွေကို အနိုင်ပိုင်းမလဲ ဆိုတာရယ်…ဒိုင်လန်နဲ့ မြင်းစီးသမား အဖွဲ့ သားတွေ ရဲ့ စိတ်ဝင်စားစရာ ဟာမိုနီကျကျ အကွက်ကျကျနဲ့ နောက်ဆုံးမျက်လှည့် အကွက်အတွက် ဘယ်လိုတွေ ခေါ်ဆောင်သွားမယ်ဆိုတာကိုတော့….. Now You See Me 2 ဇာတ်ကားမှာ ဆက်လက် ကြည့်ရှု ပေးကြပါလို့…ဘာသာပြန်ဖို့ အတွက် ပါဝင်ကူညီပေးတဲ့ ကျော်ကျော်ဇင်ဖြိုး (Little Neo) နဲ့ ကောင်းမြတ်သူ(seniorkaung)ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်
ဒီရုပ်ရှင်ကားလေးဟာ နာမည်ကျော် ရုပ်ရှင်မင်းသား မင်းသမီးများစွာပါဝင်သရုပ်ဆောင်ပေးထားပြီး အကောင်းဆုံး သီချင်းတွေ နဲ့ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပါတယ်…ပိုပြီးထူးခြားတာက မကြာသေးခင်ကမှ နတ်ရွာစံတော်မူသွားတဲ့ ထိုင်းဘုရင်မင်းမြတ် ဘူမိဘော ရေးထားတဲ့ သီချင်းတွေကိုဒီရုပ်ရှင်မှာ ထည့်သွင်း အသုံးပြုပြီး ထည့်ထားလို့ရုပ်ရှင်ကားကို ပိုပြီး အသက်ဝင်စေပါတယ်…နှစ်သစ်ကူးတော့မယ် ဒီဇင်ဘာ လမှာ ဖြစ်ပျက်ခဲ့တဲ့အချစ်ဇတ်လမ်းလေး ၃ ခု ကို ဒီရုပ်ရှင်ကားတစ်ခုထဲမှာ ချိတ်ဆက်ပေးထားပါတယ်…ဒီရုပ်ရှင်ကားထဲက မင်းသမီးလေးတွေကချစ်ဖို့ကောင်းလွန်းလို့ ၂ ခါပြန်တောင် ကြည့်ရပါတယ် မင်းသားတွေဆိုရင်လဲ ATM ရုပ်ရှင်ကားထဲက မင်းသားI Fine..Thank You..Love You ရုပ်ရှင်ကားထဲက မင်းသား တို့ပါဝင်ပါတယ် သူတို့ကတော့ CM Fan တွေ နဲ့ မစိမ်းလောက်ပါဘူးနော်…ကဲပါ ကျနော် ဇတ်လမ်းကို ပြောမပြချင်ပါဘူး ကိုယ်တိုင်ကြည့်လိုက်ပါသင့်ဘ၀ မှာ ကြည့်ရလို့ နောင်တ မရစေမယ့် ရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်
2013 ခုနှစ်ကထွက်ရှိခဲ့တဲ့ ဖိလစ်ပိုင် အချစ်ဟာသ ဖန်စီ ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားကိုတော့ CM ပရိတ်သတ်ကြီးအနေနဲ့ သိပ်စိမ်းမှာ မဟုတ်ပါဘူး ဘာလို့ဆို သူ့ကားတွေကြီးပဲ တင်ဆက်ပေးလာလို့ပါ ဇာတ်လမ်းလေးကတော့ အချစ်ဦးဆိုတာ ဘယ်လောက်ပင်ကြာကြာ မမေ့ဘူးလို့ဆိုပါတယ်ငယ်စဉ်ကထဲက ကစားအတူသွားအတူ နေခဲ့ကြတဲ့ သူတွေ ချစ်ကြပြီဆိုရင်တော့ဖြင့်ဘယ်လောက်တောင်ချစ်ကြမယ်ဆိုတာကတော့ပြောနေစရာမလိုလောက်တော့ဘူးထင်ပါတယ် ဒီကားလေးထဲမှာတော့ ငယ်စဉ်ကထဲကခင်မင်ရင်းနှီးကြတဲ့ သူငယ်ချင်းနှ်စ်ယောက်တစ်ယောက်က တိတ်တခိုးလေးချစ်မိနေတဲ့အခါမှာ ကျန်တဲ့တစ်ယောက်ကမသိပဲ လျှောက်ပွေးဒါကို ဖွင့်မပြောရဲတော့ ကြိတ်ခံစား နေရင်း အခွင့်အရေးရတဲ့ တစ်နေ့မှာတော့ …………………ကဲ ပရိတ်သတ်ကြီးလဲ တိတ်တခိုးချစ်ပြီး ကြိတ်ပိုးနေရင်တော့ ရဲရဲသာဖွင့်ပြောလိုက်ပါနော်ကောင်လေးတစ်ယောက်က ကောင်မလေးတစ်ယောက်ကို ချစ်တာဟာ အပြစ်မဟုတ်သလိုကောင်မလေးတစ်ယောက်ကလဲ ကောင်လေးတစ်ယောက်ကို ချစ်မိနေတာက အပြစ်တစ်ခုမဟုတ်ပါဘူးချစ်မိနေရင်တော့ Gender တွေကိုဘေးချိတ်ပြီး ရဲရဲသာဖွင့်ပြောလိုက်ပါကောင်မလေးဆိုလဲ ကြောက်မနေပဲ ရဲရဲသာကို ကြိတ်ခွက်နေတဲ့ကောင်လေးကို သွားဖွင့်ပြောလိုက်ပါနော့သူလဲ ကိုယ့်ကြိတ်ခွက်ရင် ခွက်နေမှာပေါ့ ဟုတ်တယ်မလား ဘာမှ ဂရုစိုက်မနေနဲ့ပတ်ဝန်းကျင်ဆိုတာ တကယ်တော့ထင်သလောက်ကြီး သက်ရောက်မှုမရှိပါဘူး neglect လုပ်တတ်ဖို့ပဲလိုတာပါ :p ဇာတ်လမ်း အကျဉ်းလေးကတော့ Patricia နဲ့ Ivan သူငယ်ချင်းနှစ်ယောက် ကောင်မလေးဖြစ်သူ Patricia ကသူ့သူငယ်ချင်း ကို ချစ်မိသွားတဲ့အခါမှာ သူ့သူငယ်ချင်း ကောင်လေး Ivan ကခံစားလို့မရပဲ ချေထားခဲ့ပါတယ်ကဲ Patricia တစ်ယောက် သူ့သူငယ်ချင်းရဲ့ အချစ်ကို ရဖို့ မိန်းကလေးတန်မဲ့ ဘယ်လိုတွေကြိုးစားမလဲဘယ်လို အလွဲတွေတွေ့ရမလဲဆိုတာကိုတော့ ပရိတ်သတ်ကြီးက ဆက်လက် ကြည့်ကြရမှာဖြစ်ပါတယ်ကဲ ဒီဇာတ်ကားလေးကိုကြည့်ပြီးရင် ကောင်မလေးတွေ ရှက်မနေနဲ့ ရဲရဲ သာဖွင့်ပြောလိုက် တော့ ဗျ 😛
>>> Do not watch with Family due to sexual content<<<Rating လဲမကောင်း.. 18+ တွေလဲပါတဲ့ ဇာတ်ကားကို ဘာလို့တင်တာလဲလို့ မေးစရာရှိပါတယ်…
တစ်ခါတစ်လေမှာ စိတ်ရှုပ်ထွေးစရာတွေအပြင်လောကမှာကြုံဆုံနေတဲ့အခါမျိုးမှာ.. လက်တွေ့မှာဘယ်လိုမှမဖြစ်နိုင်တဲ့ ဇာတ်လမ်းဇာတ်ကွက်တွေ ညစ်တီးညစ်ပတ်စကားလုံးတွေ ခွတီးခွကျပေါက်ကရဖြစ်ရပ်တွေက အံ့သြသင့်ဖို့လဲကောင်းသလို ရီဖို့လဲကောင်းလွန်းတဲ့ ဒီလိုဇာတ်ကားမျိုးကြည့်ခြင်းက သင့်ဦးနှောက်ကို အသစ်အဆန်းတစ်မျိုးနဲ့ မိတ်ဆက်ပေးရာရောက်လိမ့်မယ်လို့ ထင်မိလို့ပါ…ဒီဇာတ်ကားကို နာမည်ကြီးသရုပ်ဆောင်ပေါင်းများစွာနဲ့ ဒါရိုက်တာပေါင်းများစွာက ဆယ်စုနှစ်တစ်ခုစာလောက်ကြာအောင် ရိုက်ကူးထုတ်လုပ်ခဲ့ပါတယ်။ကဲ… rating ကတော့မြင်တဲ့အတိုင်းပဲ (Rating- IMDb : 4.3/10 , RT:4 , Matacritis : 18%) ဖြစ်ပါတယ်…
အဲ့ဒီရုပ်ရှင်ထဲက Cast တွေအနေနဲ့ကတော့….…Kate Winslet , Emma Stone , Naomi Watts , Kate Bosworth , Chloe Grace Moretz , Helle Berry , Anna Faris (Scary Movie) , Elizabeth Banks , Uma Thurman , Kristen Bell , Leslie Bibb အစရှိတဲ့ နာမည်ကြီး အမျိုးသမီးသရုပ်ဆောင်တွေအပြင် Richard Gere , Gerard Butler , Hugh Jackman , Chris Pratt , Terrence Howard , Josh Duhamel , Dannis Quaid ,Gerg Kinner , Jeremy Allen , Stephen merchant , Christopher Mintz-Plasse , Justin Long , Kieran Culkin , Jason Sudeikis , Jimmy Bennet စတဲ့နာမည်ကြီး အမျိုးသားသရုပ်ဆောင်တွေပါဝင်ထားပါတယ်။ဒါတင်မကသေးပါဘူး ၊ ဒါရိုက်တာအနေနဲ့လည်း Steven Brill, Peter Farrelly, Elizabeth Banks စသည်တို့အပါအဝင် စုစုပေါင်းဒါရိုက်တာ 13ဦးရိုက်ကူးပြီး ဇာတ်ညွှန်းပိုင်းမှာလဲ ဇာတ်ညွှန်းရေးဆရာ အယောက် 20အထိပါဝင်ထားတဲ့ဒီရုပ်ရှင်ကိုရိုက်ကူးထုတ်လုပ်ရာမှာ အစောကပြောခဲ့သလို ဆယ်စုနှစ်တစ်ခုစာလောက်ကြာမြင့်ခဲ့ပါတယ်။ဇာတ်ညွှန်းကိုထုတ်ဝေသူအများစုကငြင်းပယ်ခြင်း၊ ကမ်းလှမ်းတဲ့သရုပ်ဆောင်တွေကသရုပ်ဆောင်ရန် ငြင်းဆန်ခြင်း ၊ ရိုက်လက်စသူအချို့ကလဲ ဆက်မရိုက်တော့ဘူးဆိုကာ ရိုက်ကူးရေးမှထွက်ချင်ခြင်း စတဲ့အခက်အခဲပေါင်းများစွာရင်ဆိုင်ခဲ့ပြီးနောက် 2013 Junuary 25 မှာထွက်လာခဲ့တဲ့ Movie 43 ဟာ 34ကြိမ်မြောက် Golden Raspberry ဆုပေးပွဲမှာ Worst Picture, Worst Director, Worst Screenplay စတဲ့ဆုသုံးဆုကိုဆွတ်ခူးရရှိခဲ့ပါတယ်။ ထို့အပြင် one of the worst films of all time ရဲ့စာရင်းထဲကိုလဲဝင်သွားခဲ့ပါသေးတယ်။ ကြာမြင့်ချိန် 98 မိနစ်ရှိပြီး Indie / Comedy အမျိုးအစားဖြစ်တဲ့ ဒီရုပ်ရှင်ရဲ့ထူးခြားချက်ကတော့ ရိုက်ကူးရေးအတွက် စုစုပေါင်းကန်ဒေါ်လာ 6 မီလီယံ ကုန်ကျခဲ့ပြီး Box office မှာ 32.4 မီလီယံဒေါ်လာထိပြန်ရခဲ့ပါတယ်။ဇာတ်လမ်းလေးကတော့ ……
Calvin Culter နဲ့သူ့သူငယ်ချင်း JJ တို့ဟာ သူတို့ရိုက်ကူးထားတဲ့ပေါကြောင်ကြောင် Video တစ်ခုကို Youtube မှာ တင်လိုက်ပြီး မိနစ်ပိုင်းတွင်းမှာပဲ သူတို့ရဲ့ Video ဟာ 1,000,000 view ရသွားတဲ့အခါ အကြီးအကျယ်ပျော်ရွှင်နေကြပါတယ်။ ဒါပေမဲ့ သူတို့ရဲ့အပျော်ဟာကြာကြာမခံလိုက်ပါဘူး…ဘာဖြစ်လို့ဆိုတော့ အဲ့ဒိ့viewer အများကြီးတိုးလာတာက Calvin ရဲ့ညီ ကွန်ပျူတာကျွမ်းကျင် Baxter ရဲ့ April Fool’s Prank ဖြစ်နေလို့ပါ…အရမ်းစိတ်ဆိုးသွားတဲ့ Calvin Culter နဲ့ JJတို့ဟာ Baxter ကိုပြန်ကလဲ့စားချေဖို့ကြံစည်ပါတော့တယ်။ သူတို့ရဲ့အကြံအစည်က Baxter ရဲ့ laptop ထဲကို Virus တွေထည့်ဖို့ပါပဲ….. သူတို့လက်စားချေခြင်းရဲ့ပထမအဆင့်အနေနဲ့ကတော့ Baxter ရဲ့ Laptop ကိုခိုးဖို့ပါ..အဲ့လိုခိုးဖို့အတွက် Baxter ကိုသူ့အခန်းထဲကနေအောင် Movie 43 အကြောင်းလုပ်ကြံပြီးပြောရာကနေပြီး ဇာတ်လမ်းလေးဖြစ်လာခဲ့တာပါ….ဒီရုပ်ရှင်ကိုကြည့်ချင်မိသွားတာက 24 Bad Movies You Forgot Starred Some of Today’s Greatest Actors ဆိုတဲ့ ဆောင်းပါးကိုစဖတ်မိရကပါ။ အဲ့ဒိဆောင်းပါးမှာ moviefone က အဲ့ဒီရုပ်ရှင်အတွက် အားနာမိတဲ့သရုပ်ဆောင်တွေကို ဖော်ပြရမှာ “Kate Winslet & Everyone else” လို့ဖော်ပြခဲ့လို့ပါ။ Rating နည်းနည်းလေးပဲရထားပြီး နာမည်ကြီးသရုပ်ဆောင်ပေါင်းများစွာ ပါဝင်ထားတဲ့ဒီရုပ်ရှင်ဟာ စကြည့်လိုက်တာနဲ့ဆက်ကြည့်ချင်သွားအောင်ဆွဲဆောင်နိုင်ပါတယ်…. လက်တွေ့မှာဘယ်လိုမှမဖြစ်နိုင်တဲ့ ဇာတ်လမ်းဇာတ်ကွက်တွေ ညစ်တီးညစ်ပတ်စကားလုံးတွေ ခွတီးခွကျပေါက်ကရဖြစ်ရပ်တွေက အံ့သြသင့်ဖို့လဲကောင်းသလို ရီဖို့လဲကောင်းလွန်းပါတယ်။ (ကျနော်ဆို ကြည့်နေရင်းနဲ့ပါးစပ်အဟောင်းသားဖြစ်မိပါတယ်… သူ့ဇာတ်လမ်းတွေက အံ့သြသင့်စရာကောင်းလွန်းလို့ပါ)..
ဘယ်လိုပဲဖြစ်ဖြစ် သင်ဟာ ရုပ်ရှင်ဝါသနာအိုးတစ်ယောက်ဆိုရင်တော့ ဒီကားလေးကိုလက်လွတ်မခံပဲကြည့်ဖို့တိုက်တွန်းပါရစေ….။
Moon lover ထဲက နံပါတ် ၈ မင်းသားလေး Kang Ha Neul ရဲ့ သူရဲကားလေးပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ ကန်အင်ဆိုး ဆိုတဲ့ကောင်လေးက ငယ်ငယ်လေးကတည်းက တစ္ဆေသူရဲတွေကို မြင်နိုင်တဲ့သူပါ။ သူက သတ္တိမရှိကြောက်တတ်တဲ့သူငယ်လေး ဆိုတော့ အမြဲကြောက်ရွံထိတ်လန့်နေရတဲ့သူတစ်ယောက်ပါ။ တစ္ဆေသူရဲတွေကတော့ သူတို့ မကျွတ်မလွတ်တာကို အကူအညီတောင်းဖို့လာကြပေမယ့် သူကကြောက်တတ်တော့ မမြင်ချင်ယောင်ဆောင်တတ်ပါတယ် ။တစ်နေ့မှာတော့ သူမြို့မှာ တစ်ယောက်တည်း အထီးကျန်တဲ့အတွက် ငယ်ငယ်က သူနေခဲ့ဖူးတဲ့မြို့ကလေးမှာဦးလေးဖြစ်တဲ့သူနဲ့အတူ နေထိုင်ရအောင် ပြန်လာခဲ့ရင်း သူရဲမချောချောလေးတစ်ယောက်ကိုတွေ့ခဲ့ပါတယ်။ ဒီသူရဲမလေးကတော့ သူခါတိုင်းမြင်နေကျ သူရဲတွေနဲ့ မတူဘဲသူ့ကို ခင်ခင်မင်မင် မိတ်ဖွဲ့လာလို့ မမြင်ချင်ယောင်ဆောင်ရင်းကနေပဲ ခင်မင်သွားခဲ့ပါတယ်။ ဒီလို သူတို့ကျောင်းလေးမှာ သူငယ်ချင်းတွေ တစ်ယောက်ပြီးတစ်ယောက်ပျောက်သွားကြပါတယ်။ ကျောင်းထဲမှာ သွေးအလိမ်းလိမ်းနဲ့ ဆေးဟီးဆိုတဲ့ သူရဲတစ်ယောက်ရယ် CM ကမိုးမြင့်လွင်လို ဆံပင်အလွာလိုက်မျက်နှာဖုံးနေတဲ့ သူရဲမတစ်ကောင်ရယ်လည်း ရှိပါသေးတယ်။ “ ဆေးဟီး” ကတော့ ဒီကျောင်းမှာပဲ ကျောင်းသူကျောင်းသားအချင်းချင်း မတရားအနိုင်ကျင့်လို့ ကိုယ့်ကိုယ်ကို သတ်သေသွားတဲ့ သူရဲတစ်ယောက်ပါ။ ဒီမျက်နှာဖုံး နဲ့ သူရဲဟာ တဖြည်းဖြည်း စွမ်းအားထက်လာပြီး သူ့ကို အနိုင်ကျင့်ခဲ့သူတွေကို တခြားလူတစ်ယောက်ကို ဝင်ပူးရင်းနဲ့ လိုက်ပြီးလက်စားချေနေပါတယ်။ တစ်နေ့မှာတော့ ကန်အင်ဆိုး တစ်ယောက် မျက်နှာဖုံးနဲ့ သူရဲက သူခင်မင်နေတဲ့ သူရဲမချောချောလေး မှန်း သိလိုက်ရတဲ့အခါမှာတော့ဘာလို့ ဆေးဟီးက ဒီလိုတွေ လုပ်နေရတာလဲ။ဘာလို့ သူရဲမလေးက စိတ်နှစ်ခွ ဖြစ်နေတာလဲသူ ခင်မင်နေရတဲ့ ဆေးဟီးလေး လွတ်ကျွတ်သွားအောင် ဘယ်လိုလုပ်ပေးမှာလဲ ဆိုတာကို ရင်ခုန်လှုပ်ရှား စွာနဲ့ ခံစားကြည့်ရှုလိုက်ပါနော်ဒီကားလေးကြည့်ရင်း သူငယ်ချင်းတွေရဲ့ ခင်မင်မှုနဲ အားပေးမှုက ဘယ်လောက် အရေးပါတယ်ဆိုတာ သိမြင်နိုင်ပါတယ်..သူငယ်ချင်းတွေရဲ့ အားပေးကူညီမှုဟာ လူတစ်ယောက်အတွက်ရော တစ္ဆေသူရဲတွေအတွက်ပါ အရေးပါသလို သူငယ်ချင်းတွေရဲ့လျစ်လျူရှုမှုဟာလည်း လူတစ်ယောက်ကို လမ်းဆုံးတွန်းပို့ပေးနိုင်ပါတယ်။ အကြောက်တရားကြောင့် သူငယ်ချင်းကို မပစ်ပယ်သင့်သလို အကြောက်တရားကို သူငယ်ချင်းတွေရဲ့ အားပေးကူညီမှုကသာကျော်လွားနိုင်တာကိုသိမြင်နိုင်မှာပါ။
ဒီတစ်ခါတော့ ဘောလီဝုဒ်ဖန်တွေအတွက် ဟာသ ဒရာမာကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်ရယ်ရယ်မောမောနဲ့ ပေါ့ပေါ့ပါးပါးလေးမို့ မိသားစုနဲ့အတူ ခွီလို့ကောင်းမယ့် ဇာတ်ကားတစ်ကားပါပဲနိုင်ငံတကာ အဆင့်သတ်မှတ်ချက်တွေအရလည်း IMDb 7/ 10 အထိရရှိထားလို့ မဆိုးဘူးလို့ ပြောရပါမယ်ဇာတ်လမ်းလေးကတော့အရှုံးသမား၊ ငတုံး ငအလို့ အသတ်မှတ်ခံထားရတဲ့ ဂျေးဆိုတဲ့ကောင်လေးနဲ့ အရည်အချင်းရှိပြီး ထက်မြတ်တဲ့ အဗ်နီးဆိုတဲ့ကောင်မလေးတို့ဟာမိဘချင်းသဘောတူလို့ မင်္ဂလာကိစ္စနဲ့ မမျှော်လင့်ပဲ ဆုံတွေ့ခဲ့ကြတာပါတယ်သူတို့နှစ်ဦးစလုံးမှာလည်း အိပ်မက်ကိုယ်စီရှိကြတာမို့ အိမ်ထောင်ချပေးမယ့်အရေးကနေ သူတို့အိပ်မက်တွေကို ဘယ်လိုအကောင်ထည်ဖေါ်ကြမလဲဆိုတာ ဆက်လက်ကြည့်ရှု့လိုက်ကြပါဦး
CM ပရိတ်သတ်တွေထဲမှာ ကိုးရီးယားဇာတ်လမ်းကိုမှ နှစ်ခြိုက်ပြီး စွဲစွဲမြဲမြဲအားပေးနေတဲ့သူတွေရှိလား…ဒီတခေါက်တင်ဆက်ပေးချင်တဲ့ ကိုးရီးယားဇာတ်လမ်းကတော့ ပျင်းလဲမပျင်းရဘူး ရယ်နေရမယ် ငိုရမယ့်ဇာတ်ဝင်ခန်းလဲပါမယ်.. စိတ်ဝင်စားဖို့လဲကောင်းမယ် ဒီဇာတ်လမ်းကို Chinese က Remake ပြန်လုပ်ထားတဲ့ version တောင်ရှိပါတယ်…ကဲ စိတ်ဝင်စားသွားကြပြီထင်ပါတယ်.. ဇာတ်လမ်းနာမည်ကတော့ “Miss Granny”တဲ့..အညွှန်းလေးကို ဖတ်ကြည့်ပါဦး..အသက် ၇၄ နှစ်အရွယ် အဖွား အိုမယ်ဆွန်းဟာ တစ်ကိုယ်တည်း ရပ်တည်ပြီးသားဖြစ်သူကို ပြုစုပျိုးထောင်ခဲ့သူပါ..သူဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျခဲ့ပါတယ် ကံဆိုးချင်တော့ သူချစ်ရတဲ့ ခင်ပွန်းဟာလဲ စစ်တိုက်ရင်း စစ်ပွဲကျကာ အသက်ငယ်ငယ်နဲ့ မုဆိုးမ ဖြစ်သွားပါတော့တယ်…ကလေးတစ်ယောက်နဲ့ အားကိုးမယ့်သူမရှိ ငွေကြေးကလဲအဆင်မပြေ အသက်ကလဲငယ်သေးတော့ မယ်ဆွန်းအတွက် ဘဝဟာခက်ခဲပင်ပန်းခဲ့ပါတယ်..သူ့ရဲ့ ငယ်ရွယ်မှုတွေ ဝါသနာတွေကို သားလေးအတွက် မြှုပ်နှံပေးဆပ်ခဲ့ပါတယ်…သူ့ရဲ့ သားလေးအပေါ်သွန်သင်ဆုံးမမှုတွေက အချည်းနှီးမဖြစ်ခဲ့ပါဘူး..သားဖြစ်သူဟာ ပါမောက္ခတစ်ယောက်ဖြစ်ခဲ့ပြီး အိမ်ထောင်ကျကာ သမီးတစ်ယောက် သားတစ်ယောက်ပိုင်ဆိုင်ခဲ့ပါတယ်..မယ်ဆွန်းဟာ အဖိုးကြီးအဖွားကြီးထုံးစံအတိုင်း ချွေးမဖြစ်သူကို နေ့စဉ်ပွစိပွစိ ပြောတတ်ပါတယ်..ချွေးမဖြစ်သူဟာ ကျန်းမာရေးကောင်းမွန်သူတော့မဟုတ်ပါဘူး ယောက္ခမ ပူညံသံကတစ်မျိုး ကျန်းမာရေးက တမျိုးနဲ့ တစ်နေ့အိပ်ရာထဲလဲပါတော့တယ်..ယောက္ခမ ကြောင့်စိတ်ဖိစီးနေတဲ့ ချွေးမဟာ မယ်ဆွန်းအဖွားကြီးကို မတွေ့ချင်တော့တဲ့အထိဖြစ်ခဲ့ရပါတယ်..ဒါကိုသိတဲ့ အဖွားမယ်ဆွန်းဟာ သူ့သားဖွင့်ပေးထားတဲ့ ကဖေးဆိုင်မှာသာ သွားနေပါတော့တယ်…တစ်နေ့ မယ်ဆွန်းဟာ ချုံချွန်းဓာတ်ပုံစတူဒီယိုဆိုပြီး ဆိုင်တစ်ဆိုင်ကိုတွေ့ခဲ့ပါတယ်..ဓာတ်ပုံဆိုင်က ထွက်လာချိန်မှာတော့ သူဟာ အသက် ၂၀ ၂၁ အရွယ် မိန်းမပျိုလေးအဖြစ် ပြောင်းလဲသွားပါတော့တယ်…ဒီနောက်ပိုင်းဘာတွေဆက်ဖြစ်မလဲ CM ပရိတ်သတ်တွေကပဲ ကြည့်ရှုခံစားကြပါဦး..
mmbusticketဒီဇာတ်ကားလေးကတော့ 2016 မှာထွက်ရှိထားတဲ့ အလယ်တန်းကျောင်းသားဟာသကားလေးပဲ ဖြစ်ပါတယ်ဒီဇာတ်လမ်းထဲမှာတော့ ‘ရေးဖ်’ဆိုတဲ့ကောင်လေးဟာ စိတ်ကူးယဉ်ဆန်တတ်ပြီး အမွှေဇယားတွေဖန်တီးတတ်တဲ့ ကောင်လေးတစ်ယောက်ပါအရင်ကျောင်းတွေကနေ ကျောင်းထုတ်ခံရပြီးနောက် စည်းကမ်းတင်းကျပ်တဲ့ ကျောင်းတစ်ကျောင်းကို’ရေးဖ်’တစ်ယောက် ရောက်ရှိသွားရာမှစပြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ကြည့်ရှူ့ရမှာပဲဖြစ်ပါတယ်ဟာသအမျိုးအစားလေးဖြစ်ပေမဲ့ မိသားစုပြဿနာများ ညီအစ်ကိုမောင်နှမသံယောဇဉ်များကို ရိုက်ကူးဖော်ပြထားသဖြင့် လက်မလွှတ်တမ်းကြည့်ရှူ့ရမည့် ရုပ်ရှင်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်
မင်းသား Varun Dhawan နဲ့ မင်းသမီး Ileana D’Cruz , Nargis Fakhri တို့အဓိကပါဝင်ထားပြီး မင်းသားကြီး Salman Khan တို့နဲ့လဲ အားဖြည့်ထားတဲ့ Action, Comedy, Romance အမျိုးအစား Bollywood ဇာတ်ကားပါ။ဇာတ်လမ်းကတော့…….Sreenath Prasad (ခေါ်) Seenu ဟာ Ooty တစ်ဝိုက်မှာတော့ လူဆိုးလေးအဖြစ်နာမည်အကြီးဆုံးလူပေါ့။ သူဟာ ဘန်ဂလော ကောလိပ်မှာ ပညာဆက်သင်ဖို့အတွက် Ooty ကောလိပ်ကနေ ထွက်လာခဲ့တယ်။ ဒီရောက်တော့ Sunaina နဲ့ ချစ်သူဖြစ်သွားရော။ ဒါပေမယ့် Sunaina ဟာ ဒေသခံရဲအရာရှိဖြစ်သူ Angad (တကယ်တော့ သူက ကြောက်စရာပိုကောင်းတဲ့ ဂိုဏ်းစတားကြီး)နဲ့ လက်ထပ်ရဖို့ စီစဉ်ထားပြီးသား။ Seenu မှာ Ayesha ဆိုတဲ့ အသွင်နဲ့ ချစ်သူနောက်တစ်ယောက်ရှိသေးပေမယ့် သူကိုယ်တိုင်တောင် သတိမထား မိခဲ့ပါဘူး။ တစ်ခါက သူ့သူငယ်ချင်းတွေကို ကယ်လိုက်ကတည်းက Ayesha ဟာ သူ့အတွက်ပြီးပြည့်စုံတဲ့ေယောကျ်ားတစ်ယောက်တွေ့ပြီ ဆိုတာ ချက်ချင်းသိလိုက်တယ်။ Ayesha ရဲ့အဖေဟာ ဂိုဏ်းစတားကြီး တစ်ယောက်ဖြစ်တော့ Seenu ကို သူ့သမီးနဲ့ အတင်းအကျပ်လက်ထပ် စေဖို့အတွက် Suanaina ကို ပြန်ပေးဆွဲလိုက်တဲ့အခါ….။
မို့ပြတစ်ခုမှာ နေရပြီဆိုရင် လူတိုင်း ကြောက်တဲ့၊ ဒါမှမဟုတ် ကြောက်ရတဲ့ အရာတစ်ခု ရှိပါတယ်။ အဲဒါကတော့ နေစရာ အိမ်တစ်ဆောင်ပါ။ ဘာကြောင့် မြို့ပြမှာ နေချင်ရတာလဲ ဆိုတာတော့ အကြောင်းပြချက် အများကြီး ရှိပါတယ်၊ အဲဒီ အကြောင်းပြချက်တွေထဲမှာ အရေးကြီးဆုံး တစ်ချက်ကတော့ အမိုးအကာရှိတဲ့ အိမ်တစ်ဆောင်မှာ လုံလုံခြုံခြုံ ဇိမ်ကျကျနဲ့ နေရဖို့ပါပဲ။နေစရာ အိမ်အတွက် ပိုက်ဆံကလည်း မရှိမဖြစ် လိုတာပေါ့လေ။ ရေချိုးခန်း၊ အိမ်သာ၊ အိပ်ခန်းပါတဲ့ အိမ်ကို ငှားပြီးနေမယ်ဆိုရင် သာမန်လက်လုပ်လက်စားတွေအတွက် ရှာသမျှ အိမ်ရှင်ကိုပဲ ပေးရလို့ သမင်မွေးရင်း ကျားစားရင်း ဆိုသလို ဖြစ်နေတော့မှာလေ။ ဒီတော့ အဆောင်တွေမှာ စုတ်စုတ်ကပ်ကပ်နေရင်နေ၊ မနေရင် လူတွေအများကြီးပေါင်းနေမှ ပိုက်ဆံရှာတာ အဆင်ပြေပါတယ်။ ဝန်ထမ်းဆိုလည်း အစိုးရက ပေးထားတဲ့ အိမ်လေးမှာ ဖြစ်သလိုနေပြီး အလုပ်လုပ်ရတာပေါ့။ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ သာမန်လူတန်းစားတွေအဖို့ မြို့မှာနေမယ်ဆိုရင် ထောင်ကျကျ ပြားကျကျ နေမှပဲ ရနိုင်ပါလိမ့်မယ်။ ဒါက အိမ်ငှားဖို့ပဲ ရှိပါသေးတယ်။ အိမ်ဝယ်ဖို့ဆိုတာတော့ စဉ်းစားလို့တောင် မရပါဘူး။ စဉ်းစားရင် စိတ်ကျရောဂါ ရဖို့ပဲ ရှိပါတယ်။ ဒီတော့ နေစရာအိမ်ဆိုတာ အိမ်မက်ဆိုးကြီး တစ်ခုပါပဲ။ဒီကိစ္စဖြေရှင်းဖို့ အစိုးရက တန်ဖိုးနည်းအိမ်ယာတွေကို အရစ်ကျစနစ်နဲ့ ဝယ်ခွင့်ပေးပါတယ်။ အဲဒီလိုဝယ်ဖို့အတွက် အရင်ဆုံး ပုံမှန်ဝင်ငွေရှိတဲ့ အလုပ်တစ်ခု လိုအပ်ပါတယ်။ ဒါမှ ဘဏ်ကနေ ချေးငွေယူလို့ရပါတယ်။ ပြီးရင် ရတဲ့လစာထဲကနေ တစ်လတစ်ခါ ဆပ်သွားယုံပေါ့။ ဒါပေမဲ့ ပြဿနာက ရှိပါသေးတယ်။ အဲဒါက လစာနည်းတဲ့ လူတွေကို ဘဏ်က ချေးငွေ အများကြီး မထုတ်ပေးပါဘူး။ လစာနည်းတဲ့လူတွေက အခုနပြောတဲ့ ကိုယ်ပိုင်ရေချိုးခန်း၊ အိမ်သာ၊ အိပ်ခန်း စတာတွေပါတဲ့ တိုက်ခန်းရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ရမယ်ဆိုရင်လည်း မြို့ထဲမှာ မရနိုင်ပါဘူး။ မြို့ထဲမှာလည်း နေချင်တယ်၊ ခုနလို တိုက်ခန်းမှာလည်း နေချင်တယ်ဆိုရင်တော့ ဘဏ်ကနေ ပိုက်ဆံများများ ချေးမှ ရပါမယ်။ ဒါပေမဲ့ ဝင်ငွေနည်းရင် ပိုက်ဆံ အများကြီး ချေးလို့မရပါဘူး။ အဲဒါက ဒီဇာတ်ကားရဲ့ အဓိက ပြဿနာပါပဲ။ဇာတ်လိုက်က မြို့ပြမှာ ဇိမ်ရှိတဲ့ တိုက်ခန်းလေးနဲ့၊ တီဗွီအပြားကြီး တစ်ခုနဲ့၊ အဲယားကွန်းနဲ့၊ ကိုယ်ပိုင် ရေချိုးခန်း၊ ကိုယ်ပိုင်အိမ်သာနဲ့၊ အတော်အတန် ကျယ်တဲ့ နေအိမ်မှာ နေချင်တာဆိုတော့ သူရတဲ့ လစာက၊ သူလိုချင်တဲ့ ပိုက်ဆံကို ချေးမပေးနိုင်ပါဘူး။ ဒီတော့ ဒီဇာတ်ကားထဲမှာ မင်းသားက အဲဒီ အိမ်ကိုရဖို့အတွက် ကြိုးစားနေတဲ့အချိန်မှာ ကောင်မလေးနဲ့တွေ့ပြီး ဘယ်လို အချစ်ဇာတ်လမ်းတွေကြားထဲကနေ တိုက်ခန်းကို ရအောင် ဘယ်လိုလုပ်ယူနိုင်မလဲ ဆိုတဲ့ မေးခွန်းတွေကိုတော့ ဇာတ်ကားကြည့်ရင်းနဲ့ပဲ အဖြေရှာကြပါတော့လို့ တင်ပြရင်း ဒီဇာတ်ကားလေးကို ညွှန်းလိုက်ပါရစေ…။ဒီဇာတ်ကားနာမည်မှာ မေးထားပါတယ်။ တစ်စတုရန်းပေ အကျယ်မှာ အချစ်ဘယ်လောက်ရှိပါသလဲတဲ့?
ittle Miss Sunshine(2006)IMDb…7.8,,,,Rotten….91%ဒီကားက ဇာတ်ပို့နဲ့ ဇာတ်ညွှန်းအော်စကာဆုတွေရရှိခဲ့တဲ့ကားပါ…ဟာသကားတွေကြိုက်နှစ်သက်တဲ့သူတွေအဖို့ Steve Carell ကိုနာမည်သာမမှတ်မိတာ လူမြင်လိုက်ရုံနဲ့ ဒီဘိုးတော်ကားတွေကရယ်လည်းရယ်ရသလို တွေးစရာ မှတ်သားစရာလေးတွေပေးပြီးရင်ထဲကျန်အောင်လုပ်နိုင်တယ်လို့ တွေးစေနိုင်လောက်သည့်အထိ သူ့ကားတွေတော်တော်များများက ကောင်းခဲ့တာပါ….IMDb တွေ Rotten တွေကလည်း ကြွရွလို့…ကလေးမလေးတစ်ယောက်ရှိတယ်..သူက မိုင် (၈၀၀)လောက်ဝေးတဲ့နေရာမှာ အလှမယ်ပြိုင်ဖို့ရှိတယ်…အဘိုး၊ဦးလေး ၊အမေနဲ့အမေတို့က ဆင်းရဲလေတော့ ကားစုတ်လေးငှားပြီးသွားကြတယ်..လမ်းမှာ ဒုက္ခမျိုးစုံတွေကြသလို ..အလွဲလွဲအချောချောပေါင်းစုံနဲ့ပေါ့…တွေးစရာမှတ်သားစရာလေးတွေ ဘယ်လောက်ပါလဲဆိုတာတော့
Let the Bullet Fly (2010) ရုပ်ရှင်ဟာ ၂၀၁၀ခုနှစ်ကစတင်ဖြန့်ချိခဲ့တဲ့တရုတ်အက်ရှင်ဇာတ်ကားဖြစ်ပါတယ် IMDB အနေနဲ့7.3/10 ကိုရယူထားပြီး Rotten Tomato မှာတော့ 72%ပါ အဓိကဇာတ်ကောင်တွေအဖြစ်နာမည်ကြီးသရုပ်ဆောင်နှစ်ယောက်ဖြစ်တဲ့ Chow Yun-fat(ချောင်ယွန်ဖတ်) Jiang Wen(ကျန်းဝမ်)တိုပါဝင်သရုပ်ဆောင်အားပြိုင်ထားပါတယ် ဇာတ်လမ်းကြာချိန်ကတော့ ၂ နာရီပါ ဇာတ်လမ်းအကျဉ်းကတော့ ၁၉၂၀ပြည့်နှစ်အချိန်ကာလတရုတ်နိုင်ငံတွင်ကျာက်ပေါက်မာဓားပြကျန်းခေါင်းဆောင်တဲ့ဓားပြအဖွဲ့ရှိခဲ့ပါတယ် တစ်နေ့အရာရှိမင်းမာပန်းတယ်စီးနင်းလိုက်ပါလာသောရထားအားလုယက်မှုပြုရင်း ဓားပြဗိုလ်မှအရာရှိယောင်ဆောင်ကာအနီးနားရှိအယ်ချန်မြို့လေးသို့သွားရောက်ကာမြို့ဝန်မင်းရာထူးရယူပြီးကြီးပွားချမ်းသာဖို့ကြံစည်ပါတယ် သို့သော်ထိုမြို့တွင်ကြီးစိုးနေသော သူဌေးဟွမ်စစ်လန်နှင့်ရင်ဆိုင်ရပါတော့တယ် သူတို့နှစ်ယောက်အပြန်အလှန် အကောက်ဉာဏ်တွေနဲ့ရင်ဆိုင်တိုက်ခိုက်ရင်း ဘယ်လိုတွေဖြစ်ပျက်လာမလဲ ဘယ်သူရှုံးနိမ့်ပြီးဘယ်သူနိုင်သွားမလဲဆိုတာ…….. အက်ရှင် ဟာသ ဒရာမာပေါင်းစပ်ထားသောဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက လူသားမျိုးနွယ်နဲ့ တောင်ပံလူသားမျိုးနွယ်တို့ စစ်ပွဲတွေဆင်နွှဲခဲ့ကြပါတယ်။ ဒီလိုအငြိုးအတေးတွေနဲ့တိုက်ခိုက်မှုတွေရှိခဲ့ဲတဲ့အတွက်ကြောင့်တောင်ပံလူသားတွေဟာ သူတို့ရဲ့ အသက်ဖြစ်တဲ့ ကြယ်ကြွေပန်းကို ဆုံးရှူံးခဲ့ရပြီး မပျံသန်းနိုင်တော့တဲ့အထိဖြစ်ခဲ့ရပါတယ်။အဲ့ဒါကြောင့် တောင်ပံလူသားတစ်ဦးဖြစ်တဲ့ရွှယ်လျဲ့ဟာနာကြည်းမုန်တီးမှုရန်ငြိုးတွေကြောင့်ငါးမန်းပုလဲကို ရယူပြီး လူသားတွေရဲ့ ကမ္ဘာကို ပျက်စီးအောင် ကြိုးစားပါတော့တယ်။ အဲ့ဒါတွေကို ဓားပြကြီးနီခုံးခုံး၊ မိန်းမလှလေးတောင်ပံမည်းနဲ့ ဘုရင့်သားတော်ဟော့လိတို့စုပေါင်းပြီးတားဆီးရွယ်လျဲ့ကိုတားဆီးဖို့ကြိုးစားကြမှာပါ။ ဘယ်လိုတားဆီးကြမလဲဆိုတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကိုတော့ပရိသတ်တွေရင်သတ်ရှုမောစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အချစ်ရသအနေနဲ့ကတော့ဓားပြကြီးနီခုံးခုံးနဲ့ မိန်းမလှလေးတောင်ပံမည်းတို့ရဲ့ မေတ္တာရေးဇာတ်လမ်းကိုလည်းရိုမတ်တစ်ဆန်ဆန်လေးခံစားကြရမှာပါ။သူတို့ရဲ့တိုက်ပွဲကဘယ်လိုတွေတောင်ပြင်းထန်သွားမလဲ ဆိုတဲ့Action တွေ အချစ်ရေးဖြစ်တဲ့ Drama တွေကကောဘယ်လိုတွေရင်ခုန်မျှော်လင့်ကြရမလဲဆိုတာကတော့……
မနက်ကမှအော်စကာရသွားတဲ့ ရုပ်ရှင်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ 1962ခုနှစ်ဆိုတာလူမည်းတွေအတွက်တော့အရမ်းကောင်းတဲ့ခေတ်မဟုတ်ပါဘူး ဘတ်စ်ကားကအစ၊အိမ်သာကအဆုံးခွဲခြားဆက်ဆံတာခံနေရတဲ့အချိန်မှာ အီတာလီလျံဖြစ်တဲ့တိုနီလစ်နဲ့လူမည်းစန္ဒယားပညာရှင်ဒွန်တို့ဟာ အကြောင်းအမျိုးမျိုးကြောင့်အလုပ်ရှင်နဲ့အလုပ်သမားအဖြစ်တွေ့ကြရပါတော့တယ် ဒွန်ဟာလူမည်းဖြစ်ပေမယ့်လူဖြူစရိုက်အပြည့်နဲ့ဖြစ်ပြီး တိုနီဟာလည်းလူဖြူဖြစ်နေပေမယ့်လူမည်းစရိုက်နဲ့ဘဲဆိုးကြီးပါ သူတို့နှစ်ယောက်ရဲ့အလုပ်ကတော့ဒွန်ရဲ့နယ်လှည့်ဖျော်ဖြေပွဲကို တိုနီကကားမောင်းပြီးလိုက်ပို့ရတာပဲဖြစ်ပါတယ် စရိုက်ချင်းဆန့်ကျင်ဘက်ဖြစ်နေတဲ့အရောင်မတူတဲ့လူ၂ယောက်ဟာ ခရစ်စ်မတ်မတိုင်ခင်အမှီအိမ်ပြန်ရောက်ပါတော့မလားဆိုတာကိုတော့ အခုပဲဒေါင်းလုပ်ဆွဲပြီးကြည့်လို့ရပါပြီ
mmbusticketBollywood ပရိသတ်တွေအတွက် မင်းသားကြီး အစ်ဖန်းခန်း(မ်)ရဲ့ ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်IMDb 8/10 နှင့် Rotten 71%ထိရရှိထားပြီး အမှန်အကန် ဟာသ, ဒရာမာ ဇာတ်လမ်းကောင်း တစ်ပုဒ်လည်းဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ …အဗီနက်(ရှ်) ========= လောကမှာ ဆန္ဒနဲ့ဘဝတစ်ထပ်တည်းကျတယ်ဆိုတာ အင်မတန်ပြီးပြည့်ဆုံတဲ့ တောင်းဆုတစ်ခုမဟုတ်လားဒါပေမဲ့ ကံကြမ္မာမျက်နှာသာမပေးတဲ့အခါတွေမှာ ကိုယ့်ဆန္ဒတွေ ဝါသနာတွေကို ဘေးချထားပြီး ပျော်ရာမနေ တော်ရာမှာနေရတဲ့သူတွေ ဒုနဲ့ဒေးပါ ဝါသနာပါရာကိုလျှောက်လှမ်းခွင့်မပြုခဲ့တဲ့အဖေကြောင့်စိတ်မပါတဲ့အလုပ်တစ်ကိုလုပ်လူသာရှင်ပြီး ဘဝသေဆုံးသူတစ်ယောက် မျက်နှာအပျော်အပြုံးဆိုတာ မမြင်ရသလောက်ပဲတနေ့အလုပ်ကအပြန်မှာ ဖုန်းတစ်ခုဝင်လာခဲ့တယ်သူ့အဖေ ဘုရားဖူးသွားရင်း ယာဉ်မတော်တဆမှုကြောင့် ဆုံးသွားပြီတဲ့အလောင်းကို နီးစပ်ရာလေယာဉ်ကွင်းကာဂိုမှာ သွားထုတ်လိုက်ပါဆိုပြီး လှမ်းပြောခဲ့တယ် …—————————————————————————–ရှောကတ် ======= ပျော်ပျော်နေတတ်ပြီး ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းနေသူ အဗီနက်(ရှ်)ရဲ့ သူငယ်ချင်းသူ့အဖေသတင်းကို ရှောကတ်ကိုပြောပြပြီး ဗန်ကားလာဌားတဲ့ အဗီနက်(ရှ်)ကို မင်းအဖေက ငါ့အဖေပါပဲဆိုပြီး ကိုယ်တိုင် အလောင်းသယ်ဖို့ နှစ်ယောက်သား သွားခဲ့ကြတယ်——————————————————————————အဲဒီမှာပြဿနာတစ်ခုတက်တော့တာပဲအလောင်းသွားထုတ်တဲ့အချိန်မှာ အဗီနက်(ရှ်)အဖေရဲ့ အလောင်းမဟုတ်ဘဲ အမျိုးသမီးအလောင်းကြီး တစ်ခုဖြစ်နေတယ်အဗီနက်(ရှ်)အဖေရဲ့အလောင်းကမှားပြီး ကိုချီကိုရောက်သွားပြီး ကိုချီကအဖွားကြီးတစ်ယောက် အလောင်းက သူ့ဆီရောက်လာတယ်မှားသွားတဲ့အလောင်းအတွက် အလောင်းလဲလှယ်ရေးလုပ်ဖို့ အဗီနက်(ရှ်)နဲ့ ရှောကတ်တို့ ခရီးထွက်ခဲ့ကြတဲ့အခါမှာတော့ဘယ်လို အခက်အခဲတွေ၊ အလွဲလွဲတွေနဲ့ ကြုံတွေ့ရဦးမလဲဆိုတာကိုတော့ ဆက်လက်ရှု့စားလိုက်ကြပါခင်ဗျတမူထူးခြားတဲ့ဇာတ်လမ်းလေးကို ဟာသ၊ ဒရာမာ အချိုးကျကျပေါင်းစပ်ထားတဲ့ ဘောလီဝုဒ်ကားကောင်း တစ်ကားဖြစ်ကြောင်း ပြောကြားရင်းနဲ့ပဲ …
ဒီတခါတော့ Bollywood ပရိတ်သတ်ကြီးအတွက် Hangover Trilogy, Superbad အစရှိတဲ့ကားတွေလိုပဲ Black Comedy ကားကောင်းတကားကို တင်ဆက်ပေးလိုက်ပါတယ်Saif Ali Khan နဲ့အတူ တခြားသရုပ်ဆောင်ပေါင်းများစွာ ပါဝင်သရုပ်ဆောင်ထားတဲ့ ကားကောင်းတကားပါဇာတ်လမ်းလေးကတော့အစာအိမ်ကင်ဆာရောဂါကျွမ်းနေလို့ သုံးလလောက်သာ နေရတော့မယ်လို့သိလိုက်ရတဲ့ ရီလန်ဒါပေမဲ့ တအိမ်လုံးကတော့ ညီဖြစ်သူမင်္ဂလာဆောင်ကြောင့် သူ့ဝမ်းနည်းမှုကိုမသိနိုင်ဘဲ ပျော်ပွဲရွှင်ပွဲတွေလုပ်နေတဲ့အချိန်မှာသူကိုယ်တိုင်လည်း မပြောပြတော့ဘဲ တသက်နဲ့တခါ လုံးဝမသုံးဖူးတဲ့ မူးယစ်ဆေးသုံးပြီး စိတ်ထွက်ပေါက်ရှာပါတော့တယ် မင်္ဂလာဆောင်ခါနီးနီး ရည်စားဟောင်းက ပြန်ဆက်သွယ်လာလို့ ခိုးတွေ့ဖို့ကြံနေတဲ့ အန်ဂတ်အမေရိကန်ကို ပညာတော်သင်သွားဖို့ပြင်ဆင်ပြီးနေမှ သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့ပွဲကိုသွားရင်း မူးယစ်ဆေးဝါးဝင်စစ်တဲ့ရဲတွေကြောင့် ကလပ်ထဲပိတ်မိနေတဲ့ တရာ၁၅ နှစ်တာ ရာဇာဘိုင်ဆိုတဲ့ဂိုဏ်းစတားခိုင်းသမျှလုပ်ခဲ့ကြပြီးဒီတကြိမ်မှာတော့ ကွက်ကျော်ရိုက်ဖို့ကြံနေတဲ့ လူဆိုးနှစ်ကောင်ဒီလိုမတူညီတဲ့ အခြေအနေတွေဟာ ဘယ်ကိစ္စကြောင့် ထိပ်တိုက်တွေ့ဖို့ ကံဖန်လာခဲ့ပါသလဲဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကိုတော့ …..( ရုပ်ရှင်ကားက Adults Rated ဖြစ်တဲ့အတွက် စကားလုံးအသုံးနှုန်းတွေ ကြမ်းတမ်းသည်ကို သတိပြုပါခင်ဗျာ )
၂၀၁၃ တုန်း က ထွက်ရှိခဲ့တဲ့ Jolly LLB ဆိုတဲ့ ဇာတ်ကားလေးရဲ့ အဆက်အဖြစ် ထွက်ရှိလာတာဖြစ်ပြီး အိန္ဒိယ နိုင်ငံရဲ့ ဥပဒေစနစ်ကို သရော်ပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ဂျက်ဒစ်ရှ်ဝါမစ်ရှရာ (ခေါ်) ဂျော်လီဟာ တဲ့ထိုးပြောတတ်ပြီး ခက်ထန်ကြမ်းတမ်းသူ ဖြစ်ပေ မယ့်လည်း စာနာစိတ်ရှိတဲ့ ရှေ့ နေ တစ်ယောက် ဖြစ်ပါတယ်။ ဂျော်လီဟာ ဘဝကိုရုန်းကန်နေရ သူတစ်ယောက်ဖြစ်ပြီး သူ့စိတ်ကူး အိပ်မက်တွေ အကောင်အထည် ဖော်နိုင်ဖို့အတွက် ကန်ပါမြို့က နေ နာဝက်ဘ်မြို့ကို ရွှေ့ပြောင်း ခဲ့ပါတယ်။ငွေလေးကြေးလေးဝင်ဖို့အ တွက် ဂျော်လီဟာ အသေးအမွှား အမှုတွေကအစ လိုက်ခဲ့ပြီး ဘဝ ကို သင့်တင့်လျောက်ပတ်အောင် နေနိုင်ဖို့ ကြိုးပမ်းခဲ့ရပါတယ်။ ဂျော်လီဟာ နှစ်အတော်ကြာကြာ တိုင်အောင် တရားရုံးစြင်္ကံလမ်းမှာ ပဲ အမှုလိုက်ဖို့ ကြိုးပမ်းနေရတဲ့ အခြေအနေကနေ ရှေ့နေရုံးခန်း ကနေ အမှုလိုက်ရတဲ့၊ အတောင် အလက်စုံတဲ့ ရှေ့နေတစ်ယောက် ဖြစ်လာဖို့ အခွင့်အရေးကို ရှာဖွေ နေခဲ့ပါတယ်။တစ်ရက်မှာတော့ သူလိုချင် နေတဲ့ အခွင့်အလမ်းလေး အစ ပေါ်လာချိန်မှာတော့ ဂျော်လီဟာ အချိန်မဆိုင်းဘဲ အပြည့်အဝအ သုံးချခဲ့ပါတယ်။ အဲဒီအခါမှာ အ ကြင်နာတရားမရှိတဲ့ ဗဟိုတရား ရုံးရှေ့နေ မာသာနဲ့ အကြီးအ ကျယ် ထိပ်တိုက်တွေ့ပြီး ရင်ဆိုင် ရပါတော့တယ်။ အခက်အခဲတွေကြားက အမှုလိုက်ရင်း ဘဝကိုဖြတ်သန်းနေရတဲ့ ဂျော်လီတစ်ယောက် စိတ်ကူးအိပ်မက်တွေ အကောင်အထည်ဖော်မယ်ကြံကာရှိသေး ဘယ်လိုပြဿနာတွေက စောင့်ကြိုနေမှာလဲ၊ အိန္ဒိယနိုင်ငံရဲ့ ဥပဒေစနစ်ကို ဘယ်လိုဇာတ်ကွက်တွေနဲ့ သရော်ပြီး တင်ဆက်မှာလဲဆိုတာ ကိုယ်တိုင်ကြည့်ပြီး အကဲဖြတ်လိုက်ဦးနော်။ ဒီဇာတ်ကားမှာ ဂျက်ဒစ်ရှ်ဝါ မစ်ရှရာ (ဂျော်လီ)အဖြစ် အက်ရှေးကူးမားက အဓိကပါဝင်သရုပ်ဆောင်ထားပြီး ဟူမာကူရက်ရှီ၊ အန်နူးကာပူး၊ ဆာရက်ဘ်ရှူကလာ စတဲ့သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။
မင်းသားရှာရွတ်ခန်းနဲ့ မင်း သမီး အနွတ်ရှ်ကာရှားမားတို့က ခေါင်းဆောင် ပါဝင်ထားတာဖြစ်ပြီး သူတို့နှစ်ယောက် ပူးတွဲသရုပ်ဆောင်တဲ့ တတိယမြောက်ဇာတ်ကားဖြစ်သလို ပါရာဂွေး၊ အမ်စတာဒမ်၊ ဗီယင်နာ၊ လစ္စ ဘွန်းနဲ့ ဘူဒါပက်စ်က ရှုခင်းအလှ အပတွေကိုပါ ခံစားကြည့်ရှုရမှာပါ။ဟာရင်ဒါဟယ်ရီဆင်းန်နီ ဟာရာဟာ အမ်စတာဒမ်က ဧည့် လမ်းညွှန်တစ်ယောက်ဖြစ်ပြီး စန်းပွင့်သူ ဖြစ်သလို ခင်မင်တတ်၊ ကူညီတတ်သူတစ်ယောက်ဖြစ်ပါ တယ်။ တစ်ရက်မှာတော့ သူဂိုက်လုပ်ပေးနေတဲ့ ဂူဂျာရာတီမိသားစု ကို လေဆိပ်လိုက်ပို့အပြီးမှာတော့ ပြဿနာလေးတစ်ခု စပါတော့ တယ်။ဂူဂျာရာတီ မိသားစုဝင်တစ် ယောက်ဖြစ်တဲ့ ဆီဂျယ်ဇာဗာရီ ဟာ ခရီးစဉ်မှာ သူ့ရဲ့စေ့စပ်လက် စွပ်ပျောက်သွားလို့ပဲ ဖြစ်ပါတယ်။ လက်စွပ်ပြန်ရှာချင်တဲ့ ဆီဂျယ်ကို ဟယ်ရီက ကူညီပေးဖို့ အင်တင် တင်ဖြစ်နေပေမယ့်လည်း အတူ လိုက်ရှာပေးခဲ့ပါတယ်။ ဟယ်ရီဟာဂူဂျာရာတီ မိသားစုကို လိုက်ပို့ခဲ့တဲ့ နေရာ တွေအကုန်လုံးကို ဆီဂျယ်နဲ့အတူ ပြန်သွားပြီး လက်စွပ်လိုက်ရှာခဲ့ ကြပါတယ်။ အဲဒီလိုသွားရင်းနဲ့ ဟယ်ရီဟာ ဆီဂျယ်ကို စိတ်ဝင် စားခဲ့ပေမယ့် စေ့စပ်လက်စွပ်ရှိ နေတာမို့ ပိုင်ရှင်ရှိနေတယ်ဆိုပြီး ဖွင့်မပြောခဲ့ပါဘူး။နောက်တော့ လက်စွပ်ကို ဂက်စ်ဆိုတဲ့ လူဆိုးတစ်ယောက် က ခိုးယူသွားတယ်လို့ ယူဆပြီး ဂက်စ်ဆီမှာ လက်စွပ်ပြန်တောင်း ရင်း လူဆိုးအဖွဲ့တွေရဲ့ တိုက်ခိုက်ခြင်းခံခဲ့ရပါတယ်။ ဟယ်ရီဒဏ် ရာရသွားတဲ့အတွက် ဆီဂျယ်က သူ့အိတ်ထဲကဆေး သွားယူရင်း လက်စွပ်က အိတ်ထဲမှာရှိနေတာ တွေ့ခဲ့ပြီး ဟယ်ရီကိုတော့ လက် စွပ်ပြန်တွေ့တဲ့အကြောင်း မပြော ခဲ့ပါဘူး။နောက်ရက်မှာတော့ ဖရန့်စ် ဖတ်မှာလုပ်မယ့် ဟယ်ရီ့သူငယ် ချင်း မင်္ဂလာဆောင်ကို ဟယ်ရီနဲ့ ဆီဂျယ်အတူ သွားခဲ့ကြပြီး မင်္ဂလာပွဲအပြီးမှာ အချေအတင်တစ်ခုဖြစ် ကြကာ ဆီဂျယ်အိန္ဒိယကို ပြန်သွားခဲ့ပါတယ်။ လေဆိပ်ကိုရောက် တော့မှ ဆီဂျယ်က သူ့လက်စွပ်က အိတ်ထဲမှာ အထားမှားပြီး ပျောက်နေတာဖြစ်တယ်လို့ ဟယ်ရီကို အသိပေးခဲ့ပါတယ်။ဒီလိုနဲ့ ဆီဂျယ်လည်း အိန္ဒိယကို ပြန်သွားပြီး ဟယ်ရီလည်း သူ့အလုပ်သူ ပြန်လုပ်နေပေမယ့် ဆီဂျယ်ကို မေတ္တာရှိနေတာ ကြောင့် တစ်ချိန်လုံး သတိရနေ သလို ဆီဂျယ်ရဲ့ မင်္ဂလာပွဲသွား မယ်ဆိုပြီး ဟယ်ရီတစ်ယောက် အိန္ဒိယကို လိုက်သွားခဲ့ပါတယ်။ ဆီဂျယ်က အိန္ဒိယမှာ တကယ်ကော မင်္ဂလာဆောင်ဖြစ် ရဲ့လား။ ဟယ်ရီကကော ဆီဂျယ် အပေါ် မေတ္တာရှိနေတဲ့အကြောင်း ပြောဖို့ အခွင့်ကြုံပါ့မလား။ သူတို့ နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်း က ဘယ်လိုပုံစံနဲ့ အဆုံးသတ်မလဲ ဆိုတာတော့ ရုပ်ရှင်ပိတ်ကားပေါ် မှာ ကိုယ်တိုင်ကြည့်လိုက်ကြပါ။
အိန္ဒိယနိုင်ငံမွန်ဘိုင်းမြို့မှာ မိုးတွေသည်းနေပါတယ်…မိုးရေထဲမှာပဲ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုနှစ်ခု…ဗစ်ကရမ်စီသီးဟာ ယူကေနိုင်ငံမှာ လူကြိုက်များတဲ့ ဝတ္ထုရေးဆရာတစ်ယောက်ပါ… သူဟာ ကတ်သရင်းဆိုတဲ့ foreigner အမျိုးသမီးနဲ့ အိမ်ထောင်တစ်ခုတည်ထောင်ခဲ့ပါတယ်… တစ်နေ့ သူပြန်လာတဲ့အချိန်မှာတော့ ကတ်သရင်း သေဆုံးနေခဲ့ပါတယ်… ချက်ချင်းပဲ သူရဲကိုဖုန်းဆက်တယ်… ရဲတွေက သူသတ်တယ်ဆိုပြီး ခြိမ်းခြောက်ပါတယ်…ဗစ်ကရမ်ဟာ ကြောက်ကြောက်လန့်လန့်နဲ့ ခြေဦးတည့်ရာကားမောင်းပြေးပါတော့တယ်…. ကားအရှိန်လွန်ပြီး တိမ်းမှောက်ခဲ့ပါတယ်… ဒဏ်ရာတွေနဲ့ ဗစ်ကရမ်ဟာ နီးစပ်ရာ အိမ်ထဲဝင်ပြီး အိမ်ပိုင်ရှင် မာယာဆိုတဲ့အမျိုးသမီးကို အကူအညီတောင်းခဲ့ပါတယ်… ဒီကူညီပေးတဲ့အိမ်မှာလဲ လူသတ်မှုဖြစ်နေခဲ့ပါတယ်… မာယာခင်ပွန်းဖြစ်သူ ရှက်ကာ ဆိုတဲ့ သူသေဆုံးနေတာပါ… ဗစ်ကရမ်အမှုကို မွန်ဘိုင်းထိပ်တန်းစုံထောက် ဒေ့ဗ် တာဝန်ယူရပါတယ်… ဒေ့ဗ်ဟာ မာယာနဲ့ ဗစ်ကရမ်ရဲ့ ထွက်ဆိုချက်များကို နားထောင်ရပါတယ်….ဗစ်ကရမ်ထွက်ဆိုချက် ================ကျွန်တော် အိမ်ပြန်ရောက်တော့ ကတ်သရင်း အသက်မရှိတော့ပါဘူး…ကျွန်တော်ရဲကို ချက်ချင်းအကြောင်းကြားခဲ့တယ်..ဒါပေမဲ့ရဲတွေက ကျွန်တော့်ကို မိန်းမကို သတ်တယ် ရဲစခန်းလိုက်ခဲ့ဖို့ ခြိမ်းခြောက်ကြတယ်..ကျွန်တော်လဲ ကြောက်လန့်ပြီးထွက်ပြေးမိတယ်… ကျွန်တော် အိမ်တစ်အိမ်ကို အကူအညီတောင်းခဲ့တယ်..မာယာဆိုတဲ့အမျိုးသမီးကူညီပေးတယ်… သူ့ယောကျာ်းပြန်မရောက်သေးဘူးတဲ့..သူက အတော်ကူညီပေးရှာပါတယ်… ကျွန်တော့်ဒဏ်ရာကိုဆေးထည့်ပေးတယ်…သောက်စရာပေးတယ်… အဲ့အချိန်သူ့ခင်ပွန်းရှက်ကာ ရောက်လာတယ်...ရှက်ကာက ရှေ့နေတစ်ယောက်တဲ့ ကျွန်တော့်ကိုကူညီပေးနိုင်တယ်လို့ မာယာပြောခဲ့တယ်…ခဏကြာတော့ ကျွန်တော်ဘာဖြစ်သွားမှန်းမသိ…မေ့လဲသွားတယ်… ကျွန်တော်နိုးလာတော့ ရှက်ကာအလောင်းကိုတွေ့တယ်…မာယာထွက်ဆိုချက် ===============ကျွန်မ တံခါးဘဲလ်တီးသံကြားလိုက်တယ်… ဖွင့်ကြည့်တော့ တစ်ယောက်မှမရှိဘူး… တံခါးပြန်ပိတ်မယ့်အချိန်မှာပဲ လူတစ်ယောက် ကျွန်မကို အတင်းဖမ်းထားတယ်… ကျွန်မလဲ ကြောက်လန့်ခဲ့တယ်… သူက ကျွန်မ အိမ်မှာဘယ်သူရှိလဲမေးတယ်…ဓားနဲ့ခြိမ်းခြောက်တယ်…အဲ့အချိန်မှာ ရှက်ကာအလုပ်က ပြန်လာတယ်…ရုန်းရင်းဆန်ခတ်ဖြစ်ကြတယ်… ရှက်ကာနဲ့အဲ့လူလုံးထွေးနေတဲ့အချိန်မှာ ကျွန်မ ရဲကားအသံကြားတော့ အောက်ပြေးဆင်းပြီး အကူအညီတောင်းခဲ့တယ်…ကျွန်မပြန်ရောက်တဲ့အချိန်မှာ ရှက်ကာ အသက်မရှိတော့ဘူး….ဒေ့ဗ်ဟာ ထွက်ဆိုချက်နှစ်မျိုးလုံးကို နားထောင်ပြီး ဝေခွဲမရဖြစ်ခဲ့ပါတယ်… ဗစ်ကရမ်က ထွက်ပြေးပြီး မာယာအိမ်မှာ မေ့လဲသွားတာလား…. မာယာက သူ့ခင်ပွန်းကို သူကိုယ်တိုင်သတ်တာလား…ဗစ်ကရမ်က အပြစ်မရှိဘဲခံလိုက်ရတာလား… ကတ်သရင်းသေဆုံးမှုကကော ဖြစ်ရိုးဖြစ်စဉ်လို သေဆုံးမှုဟုတ်ရဲ့လား ဆိုတာကို… ပဟေဠိဆန်ဆန် ဖြေရှင်းချက် သုံးသပ်ချက်များနဲ့ ရိုက်ကူးထားပါတယ်… CM ပရိတ်သတ်ကလဲ ဘယ်သူက လူသတ်တရားခံလဲဆိုတာကို စိတ်ဝင်တစား ကြည့်ရှုရမှာဖြစ်တဲ့အတွက် လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားတစ်ကားပါ…
ငယ်ငယ်တုန်းကစွဲလမ်းခဲ့ရတဲ့ အိပ်ယာဝင်ပုံပြင်တွေကိုအကုန်ချိတ်ဆက်ပြီးစိတ်ကူးယဉ်မိတဲ့အခိုက်အတန့် အားလုံးရဲ့ကလေးဘဝမှာ ရှိခဲ့ဖူးကြမှာပါ။ဒီလိုအချိတ်အဆက်မိမိ Fairytalesတွေကို ဇာတ်လမ်းကျောရိုးတစ်ခုထဲမှာ ပေါင်းစုဖို့ဆိုတာလွယ်တော့မလွယ်ပေမယ့် ဒါကပဲ ဒီကားလေးရဲ့ထူးခြားချက်လို့ပဲပြောပါရစေ။Johny Deep,Anna Kendrick,Emily Bluntစတဲ့နာမည်ကျော်တွေအများအပြား ပါဝင်ထားတဲ့ ဒီကားလေးကတော့ မှော်ဆန်ဆန်ကားလေးတွေကို သဘာဝကျကျကြည့်ချင်သူတွေအဖို့တော့အံကိုက်ပါပဲ။Musical Dramaသဘောမျိုးလေးလဲပါလို့ မပျင်းမရိမြူးမြူးကြွကြွကြည့်ရှုခံစားရမှာပါ။
I, Tonya(2017)IMDb….7.5,,,,Rotten…89 Biography တွေကိုပြန်ရိုက်တဲ့ဇာတ်ကားတွေမှာ အထူးသဖြင့် ကြည့်ရှှုသူပရိတ်သတ်ကိုပြန်ပြောလေ့ရှိတဲ့ပုံစံမျိုးရိုက်တဲ့ဇာတ်ကားတွေဟာ ကျွန်တော့်အမြင်ပြောရရင် အများအားဖြင့် အတော်လေးပျင်းရိဖွယ်ကောင်းလှတယ်…ဖြစ်ရပ်မှန်ဆိုတဲ့ ဘောင်ကြီးကွပ်ထားလေတော့ဒါရိုက်တာက မူရင်းနဲ့ သွေဖီမသွားအောင်ရိုက်ရင်း ကြည့်ရှုသူအနေနဲ့ ပျင်းသွားတတ်တယ်…အဲ့လိုကားတွေထဲမှ ရေခဲစကိတ်စီးအားကစားမယ် Tonya Harding အကြောင်းကိုရိုက်ထားတဲ့ ယ္ခုဇာတ်ကားကတော့ ပျင်းရိစရာမကောင်းတဲ့အပြင် ဇာတ်လမ်းအစမှ အဆုံးထိ ဆွဲဆောင်မှုရှိလွန်းလှတယ်…Tonya ရဲ့ငယ်ဘဝ၊ မိခင်ဖြစ်သူရဲ့အကြင်နာမဲ့တဲ့ ဆက်ဆံရေးတွေကနေ စရိုက်ဆန်တဲ့ အပျိုပေါက်တစ်ယောက်ဖြစ်လာပုံတွေ၊ သူမဘဝတစ်ခုလုံးနီးပါးကို နောင်မှာ ဖျက်ဆီးပစ်လာမဲ့ ယောကျ်ားတစ်ယောက်နဲ့ချစ်ကြိုက်မိပြီး အိမ်ထောင်ကျကာ အိမ်ထောင်ရေးအဆင်မပြေဖြစ်ခဲ့ပုံတွေ၊ သူမအားကစားလောကရဲ့ဘဝအနိမ့်အမြင့်တွေ၊ အနိုင် အရှုံးတွေနဲ့သူမဘဝတစ်ခုလုံးကို အပြောင်းအလဲဖြစ်လာစေမဲ့ ဖြစ်ရပ်တစ်ခု ဖြစ်လာပုံတွေကို တင်ပြသွားခဲ့တယ်။ ရေခဲစကိတ်အကြောင်းကိုစိတ်မဝင်စား Tonya Harding ဆိုတာလည်းဘယ်သူမှန်းမသိတဲ့ကျွန်တော်ဟာ ဒီကားကြည့်ပြီး သူ့အကြောင်းတွေပြေးဖတ်ရ နီးစပ်ရာသူငယ်ချင်းတွေကိုကားကောင်းမို့ကြည့်ဖို့ ညွှန်းဆိုရနဲ့။ခင်ဗျားဟာ Drama ကြိုက်သူပဲဖြစ်ဖြစ် ဖိုက်တင်ကားတွေကြိုက်သူပဲဖြစ်ဖြစ် ဘယ်လိုရုပ်ရှင်အမျိုးအစကားကိုပဲကြိုက်ကြိုက်ဒီကားလေးကိုတော့ကြည့်စေချင်တယ်…မင်းသမီးချောMagot Robbie ရဲ့အကောင်းမွန်ဆုံးသောသရုပ်ဆောင်ချက်တွေကြောင့် အော်စကာဆန်ကာတင်စာရင်းလည်းဝင်ခဲ့တယ်…ဇာတ်လမ်းကို ၁၀မိနစ်လောက်လေးပဲမြည်းစမ်းစေချင်တယ်….ဆက်ကြည့်ဖို့မဆွဲဆောင်နိုင်ဘူးဆိုရင်တော့………
<p>IMDB 6/10 ရရှိထားတဲ့ Netflix Origin Comedy/Romance ဇာတ်ကားကောင်းလေးဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကိုမပြောခင် အချောလေး Noah Centineo ပါဝင်သရုပ်ဆောင်ထားကြောင်းပြောပြချင်ပါတယ် အဟွင်းဟွင်း
ကိုယ်တွေလို သြင်္ကန်မှာအိမ်တွင်းပုန်းတဲ့သူတွေအတွက်တော့ရှယ်ပဲဘရွတ်ရက်တီကန်ဆိုတဲ့ ၁၈နှစ်အရွယ်အထက်တန်းကျောင်းသားလေးရဲ့ဘဝကို အခြေပြုထားတာဖြစ်ပါတယ်မိတဆိုးလေးဘရွတ်ဟာ ဘဝကိုအရှုံးပေးထားတဲ့ဖခင်ဖြစ်သူနဲ့
နေထိုင်ပေမယ့် သူ့ရဲ့ဘဝရည်မှန်းချက်တွေကတော့ ကြီးလှပါတယ် အကောင်းဆုံးကားကိုစီးချင်တယ်ပေါ်ပြူလာအဖြစ်ဆုံးကောင်မလေးနဲ့တွဲချင်တယ်ကောင်းပေ့ဆိုတဲ့ကျောင်းကိုမှတက်ချင်တယ် အစရှိသဖြင့်ပေါ့လေအဲ့ဒီရည်မှန်းချက်တွေ
အမှန်တကယ်ဖြစ်လာဖို့ ကြိုးစားရာမှ ဖြစ်လာတဲ့ကမောက်ကမပေါင်းစုံကို ကြည့်ရှုရမှာဖြစ်ပါတယ်Spoil သလိုဖြစ်သွားမှာစိုးလို့ ကိုယ်တိုင်ပဲဆက်လက်အားပေးလိုက်ပါဦးရှင်</p>
Valley of Tears 2020
Wu Assassins
War & Peace
Watchmen
Warrior Nun
When They See Us
Freakish
Treadstone
Truth Be Told
Unbelievable
Victoria
Watership Down
Drama, Horror, Mystery
ဒီဇာတ်ကားကတော့ crime ဆန်ဆန်အက်ရှင်ကားမှ ကြိုက်သူများအတွက်အကြိုက်တွေ့မယ့်ဇာတ်ကားဖြစ်ပါတယ်
မိုက်ဟာ အမည်ခံကုမ္ပဏီတည်ထောင်ပြီး စတော့ရှယ်ယာကစားတဲ့တရားမဝင်အလုပ်ကိုလုပ်ကိုင်တဲ့သူဖြစ်ပါတယ်
မိုက်ရဲ့လုပ်ကိုင်ပုံကျွမ်းကျင်မှုကြောင့် သူ့ရဲ့အလုပ်သူဌေးတွေသဘောကျခြင်းခံတဲ့သူပေါ့
တစ်နေ့မှာတော့ မိုက်ဟာအလုပ်ကိစ္စသွားရင်းလူသတ်မှုနဲ့ထောင်ချောက်ဆင်ခံလိုက်ရကာ ထောင်ကျခဲ့ရပါတယ်
မိုက်ရဲ့ဘဝဟာလုပ်ငန်းရှင်ထောင်ထွက်တစ်ယောက်ဘဝရာက်သွားရပါတော့တယ်
မိုက်တစ်ယောက်ဘာကြောင့်သူ့ကိုထောင်ချောက်ဆင်တယ်
ဘယ်သူကသူ့ကို ဒုက္ခပေးနေတယ်ဆိုတာကို လက်စားချေဖို့ လိုက်လံစုံစမ်းပါတော့တယ်
မိုက်တစ်ယောက်နောက်ဆုံးမှာသူ့ရဲ့ရန်သူတွေကိုအောင်အောင်မြင်မြင် လက်စားချေသွားနိုင်ပါ့မလားဆိုတာကို
ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုလိုက်ကြပါဦး
Thriller
Below Zero (2021)
===============
IMDb Rating – 6.3/10
CM ပရိသတ်ကြီး အကြိုက်တွေ့မယ့် Action, Crime ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။
မာတင်ဟာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာတတ်တဲ့ ရဲတစ်ဦးပါ။ တစ်နေ့ သူပြောင်းတဲ့ ရဲဌာနမှ
ပထမဆုံးတာ တာ၀န်အနေနဲ့ အကျဉ်းသားတွေကို နေရာပြောင်းရွှေ့တဲ့ တာ၀န်ကို ထမ်းဆောင်ရပါတော့
တယ်။ ဒီလိုနဲ့ပဲ မာတင်ဟာ သူအပါအ၀င် နောက်ထပ် ရဲ ၃ ယောက်နဲ့အတူ အကျဉ်းသား ၆ ယောက်ပါတဲ့
အချုပ်ကားကို မောင်းပြီး မြူဆိုင်းတဲ့ ညဘက်မှာ တာ၀န်ထမ်းဆောင်ရပါတော့တယ်။
ဒီလိုနဲ့ မောင်းလာရင်း လမ်းခုလတ်မှာ ကားဘီးကလည်းပေါက် အရံလိုက်လာတဲ့ ရဲနှစ်ယောက်ရဲ့ကားနဲ့လည်း
အဆက်ပြတ်သွားတဲ့အတွက် သူကိုယ်တိုင် မောင်းလာတဲ့ ကားပေါ်က ဆင်းကြည့်တဲ့အခါ ခြုံခိုတိုက်ခိုက်ခံ
နေရပြီဆိုတာ သိလိုက်ရပါတော့တယ်။ အရံပါလာတဲ့ ရဲ ၃ ယောက်ကလည်း ကျ အချုပ်ကားထဲက အကျဉ်း
သား ၆ ယောက်ကလည်း စပြီး ပုန်ကန် အပြင်ကရန်သူတွေက တစ်ဖက်နဲ့ မှောင်မဲပြီး လူသူကင်းတဲ့ လမ်းမပေါ်မှာ
မာတင်တစ်ယောက် ဘယ်လို နှစ်ပါးသွားမလဲဆိုတာကို စိတ်၀င်စားဖွယ် မြင်တွေ့ရမှာဖြစ်ပါတယ်။
မနေ့ကမှ ထွက်ရှိလာတဲ့ Action ကားသစ်ဖြစ်ပြီး IMDb Rating 6.3/10 ရရှိထားတဲ့ ကားကောင်း ကားသစ်
လေးဖြစ်ပါတယ်။
Action, Adventure, Crime
Krack(2021) အညွှန်း
******************
တီလူဂူးဇာတ်ကားလေးတွေကို မျှော်နေကြတဲ့ အိန္ဒိယတောင်ပိုင်းရုပ်ရှင် ပရိတ်သတ်တွေအတွက် မနေ့ကထွက်တဲ့
Ravi Teja နဲ့ Shruti Haasan တို့ရဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။
Krack ဆိုတဲ့အဓိပ္ပါယ်ကိုက သူတို့ဘာသာစကားမှာ “ခေါင်းမာတဲ့သူ”ပါ။
ဒီတော့ ဒီရုပ်ရှင်ထဲက အဓိကဇာတ်ကောင်ဖြစ်တဲ့ ဗီရားရှန်ကာဆိုတဲ့ ရဲအရာရှိဟာ မတရားမှုတွေကို
ကိုင်တွယ်ရာမှာ ကြမ်းတမ်းတယ် ၊ သက်ညှာမှုကင်းမဲ့တယ်။
ဘယ်အရာကိုမှ မကြောက်တတ်ဘဲ လုပ်စရာရှိတာကို ခေါင်းကြောမာမာနဲ့ တဇွတ်ထိုးလုပ်တတ်သူပေါ့။
ဇာတ်လမ်းအစအစမှာ ပြသွားတဲ့ သံတစ်ချောင်း ၊ ၅၀တန် အကြွေတစ်ရွက်နဲ့ သရက်သီးတစ်လုံးဟာ ဗီရားရှန်ကာကိုင်တွယ်ခဲ့တဲ့
ဒိတ်ဒိတ်ကြဲလူဆိုး လူရမ်းကားသုံးယောက်ကို ကိုယ်စားပြုတယ်ဆိုတာ ဇာတ်လမ်းအလယ်လောက်ရောက်မှ နားလည်မယ်။
တစ်ယောက်ချင်းစီကို ကိုယ်တွယ်ပုံဟာ ဒီဇာတ်လမ်းရဲ့ frame ဖြစ်ပြီး ၊
တောင်ပိုင်းရုပ်ရှင်အထွက်နည်းလှတဲ့ အခုလိုအချိန်မျိုးမှာ ရဲကားကောင်းကောင်းကြည့်လိုသူတွေအဖို့
ကျေနပ်ကြလိမ့်မယ်ထင်ပါတယ်။
Action, Thriller
Pirates of the Caribbean: On Stranger Tides(2011)[1080P5.1CH]
((((ဒီဇာတ်ကားတွေက ဘယ်အချိန်ပြန်ကြည့်ကြည့် မရိုးနိုင်တဲ့ စာရင်းထဲပါလေတော့ Pirates of the Caribbean ပရိတ်သတ်တွေအတွက် HEVC,1080P5.1CH,720Pြ ဖင့် ရသမြောက်စွာ
ခံစားနိုင်စေရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်))))
ဂျက်နဲ့ လူမှားပြီး ဂစ်ဘ်ကို ကြိုးပေးမယ့်အရေးမှာ ဝင်ကယ်ပေးလိုက်ရပြီးတဲ့နောက် တစ်ကိုယ်တည်းကောင်းစားနေတဲ့ ဘာဘိုဆာဆီ
ရောက်သွားကြပြန်တယ်။ ဒါပေမယ့် ဂစ်ဘ်ပဲကျန်ခဲ့ပြီး ဂျက်ကတော့ သူ အချစ်ဟောင်း အန်ဂျလီကာကောင်းမှုနဲ့
မုတ်ဆိတ်နက်ဆီရောက်သွားတဲ့နောက် စပိန်တွေက တပန်းသာနေတဲ့ ထာဝရသက်ရှည်ရေပန်းကို ရှာနိုင်ဖို့ စိုင်းပြင်းရပြန်တယ်…
Pirates of the Caribbean On Stranger Tides(2011)
Action, Adventure, Fantasy
Pirates of the Caribbean: At World’s End(2007)[1080p5.1ch]
IMDb…7.1
((((ဒီဇာတ်ကားတွေက ဘယ်အချိန်ပြန်ကြည့်ကြည့် မရိုးနိုင်တဲ့ စာရင်းထဲပါလေတော့ Pirates of the Caribbean ပရိတ်သတ်တွေအတွက် HEVC,1080P5.1CH,720Pြ ဖင့် ရသမြောက်စွာ
ခံစားနိုင်စေရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်))))
သူရဲကောင်းဆန်ဆန်နဲ့ ကရာကန်ကြီး ပါးစပ်ထဲ ဓားတစ်ချောင်းနဲ့ ဝင်ပြီး အားလုံးကို ပေးဆပ်သွားတဲ့နောက်တော့ ဝီလ်တန်နာနဲ့
အဲလိဇဘက်တို့နှစ်ယောက်သား ကပ္ပတိန် ဘာဘိုဆာနဲ့ ပူးပေါင်းပြီး ဂျက်ကို ဒေဗီဂျုန်းဆီကနေ လွတ်အောင် ကယ်ဖို့ ကြိုးစားရတော့တယ်။
ဒါပေမယ့် နှစ်ယောက်မရှိတဲ့ ဂျက်စပဲရိုးက သူ ဘာကောင်လဲဆိုတာကို ဂဏန်းတွေနဲ့ ပုလဲနက်နဲ့ ပြလိုက်တယ်
ဒေဗီဂျုန်းကိုလည်း လော့ဒ် ဘက်ကပ်တ်က ထိန်းချုပ်ထားပြီး ပင်လယ်ပြင်တခွင်တစ်ခုလုံးရဲ့ သင်္ဘောတွေအကုန်ကို
ဖျက်ဆီးခိုင်းတဲ့နောက်တော့ ဝီလ်၊ အဲလိဇဘက်နဲ့ ဘာဘိုဆာတို့နဲ့ အတူ ကပ္ပတိန် ဂျက်စပဲရိုးပါ တိုက်ပွဲထဲ ဝင်ပါလာရတော့တယ်…
Pirates of the Caribbean At World’s End(2007)
Action, Adventure, Fantasy
Space Jam (1996)
===============
မိုက်ကယ်ဂျော်ဒန်ဆိုတဲ့ ဘတ်စ်ကတ်ဘောဘုရင်ဟာ ငယ်စဉ်ကတည်းက ဖခင်ဖြစ်သူလိုမျိုး ဘေ့စ်ဘောကစားသမား ဖြစ်ချင်ခဲ့တာပါ။ သူအရွယ်ရောက်ပြီ ဘတ်စ်ကတ်ဘောအားကစားလောကမှာ အထွဋ်ထိပ်ထိ တက်လှမ်းပြီးသွားတဲ့နောက် ဘတ်စ်ကတ်ဘောလောကကနေ ရုတ်တရက်ရပ်နားပြီး ကလေးဘဝကဆန္ဒကို အကောင်အထည်ဖော်ဖို့ ဘေ့စ်ဘောလောကထဲကို ခြေစုံပစ်ဝင်လိုက်ပါတယ်။
ဘေ့စ်ဘောမှာအဆင်မပြေပေမယ့် ဘတ်စ်ကတ်ဘောဘုရင်ဖြစ်တဲ့သူ့ကို အဖွဲ့သားတွေကအပြစ်မမြင်ပေမယ့် ပရိတ်သတ်တွေနဲ့မီဒီယာကတော့ ကြိတ်မနိုင်ခံမရဖြစ်နေကြတာပေါ့။ ဒီအချိန်မှာ မိုရွန်တောင်ကဂြိုလ်သားတွေက ဝယ်သူတွေကိုဆွဲဆောင်ဖို့ Looney Tunesတစ်ဖွဲ့လုံးကို ဖမ်းဆီးဖို့လွှတ်လိုက်ပါတယ်။ သေးကွေးနှေးကွေးတဲ့ဒီဂြိုလ်သားတွေနဲ့ ဘတ်စ်ကတ်ဘောပြိုင်ဆော့ဖို့စိန်ခေါ်လိုက်ပြီးမှ ဂြိုလ်သားတွေဘာလို့ကြီးထွားကုန်တာလဲ။ သူတို့တွေကမိုက်ကယ်ကိုအကူအညီတောင်းတဲ့အခါ ဘေ့စ်ဘောကစားသမားဖြစ်နေတဲ့သူကရော ကူညီပါ့မလား။ Looney Tunesတစ်ဖွဲ့လုံးနဲ့အတူတူ မိုက်ကယ်ပါ ဂြိုလ်သားတွေရဲ့ အကျဉ်းသားဘဝရောက်သွားမလားဆိုတာကိုတော့… နာမည်ကျော်မိုက်ကယ်ဂျော်ဒန်ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားပြီး IMDb 6.4 ရထားတဲ့ ဒီကာတွန်းလေးက ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရွှင်မြူးစေမှာဖြစ်လို့ ကြည့်ရှုဖို့လက်တို့လိုက်ရပါတယ်။
Adventure, Animation, Comedy, Family, Science Fiction
Experimenter (2015)
ဒီကားက
ကျွန်တော်တို့ဟာ တစ်ခါတစ်ရံမှာ ကြိုးတွေကို တွေ့ကောင်းတွေ့နိုင်ပေမယ့်
သတိပြုမိတဲ့စိတ် ကသာလျှင် ကျွန်တော်တို့အတွက် လွတ်မြောက်ခြင်းရဲ့ ဦးဆုံးခြေလှမ်း ဖြစ်ရမှာပါ။”
IMDb – 6.6/10 ရရှိထားတဲ့ ကားကောင်းတစ်ကား ဖြစ်တာမို့ ကြည့်ရှုစေချင်ပါတယ်။
ဆု ၂ ဆု နဲ့ တစ်ကြို ၅ ကြိမ် ဝင်ခဲ့တဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။
Los Angeles Film Festival 2015 နဲ့ Political Film Society, USA 2015
တို့မှာ ဆု ရရှိခဲ့ပြီးတော့
တော့ နိုင်ငံရေးနဲ့ နှီးနွယ်တဲ့ စိတ်ပညာကို လေ့လာချင်တဲ့လူတွေ စိတ်ဝင်စားမယ့် ဇာတ်ကားကောင်းတစ်ကားပါပဲ။
တကယ့်အဖြစ်အပျက်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။
လူမှု စိတ်ပညာရှင် စတန်လေ မီလ်ဂရမ် ရဲ့ ၁၉၆၁ မီလ်ဂရမ် စမ်းသပ်ချက်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။
ဒီစမ်းသပ်ချက်ကတော့ လူတွေရဲ့နာခံမှု(Obedience) ကို စမ်းသပ်ချက်ပဲ ဖြစ်ပါတယ်။
လူစိမ်းနှစ်ယောက်ကို ခေါ်ပြီး တစ်ဘက်က သင်ယူသူ တစ်ဘက်က သင်ကြားသူအနေနဲ့ ထားပြီးတော့
မှားရင် လျှပ်စစ်ရှော့တိုက်တဲ့နည်းနဲ့ နာခံမှု ဘယ်လောက်ရှိတယ်ဆိုတာကို စမ်းသပ်တာပဲ ဖြစ်ပါတယ်။
ဒီတော့ ကျွန်တော်တို့ Obedience ကို သိပ္ပံနည်းကျကျ အချက်အလက်တွေနဲ့ လေ့လာကြည့်ရအောင်။
ကောင်းတာတစ်ခုကတော့ ဒါက ဇာတ်လမ်းသဘောဖြစ်နေတဲ့အတွက် လုံးဝ ပျင်းအိုင်သွားခြင်း မရှိတာပါပဲ။
မီလ်ဂရမ် ဟာ အခြားစမ်းသပ်ချက်တွေဖြစ်တဲ့ Small World Experiment နဲ့ Lost letter experiment တို့ကိုလည်း လုပ်ခဲ့ပါသေးတယ်။
“ကျွန်တော်တို့က ရုပ်သေးရုပ်တွေလို့ ခင်ဗျား ဆိုလို့ ရပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ဟာ အသိဉာဏ် နဲ့ သိတတ်နားလည်မှုတွေပါ ပါဝင်တဲ့ ရုပ်သေးရုပ်တွေပါလို့ ကျွန်တော်ကတော့ လက်ခံယုံကြည်ထားပါတယ်။
Biography, Drama, History
ဇာတ်လမ်းအကျဉ်း
ဒီဇာတ်ကားလေးကတော Song Joong Ki ရဲ့ ၂၀၂၁ ကမှအသစ်စက်စက်ထွက်ရှိထားတဲ့ Sci-Fic ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်
အနာဂတ်ကမ္ဘာကိုစိတ်ကူးယဉ်ပုံဖော်ထားတာဖြစ်လို့စိတ်ဝင်စားဖို့ကောင်းပြီး Setting ချပုံကအစထူးခြားတဲ့ကားလေးဖြစ်ပါတယ်
ကင်ထယ်ဟို (Song Join Ki) ဟာတစ်ချိန်တုန်းကအာကာသစောင့်ကြပ်သူတွေရဲ့ ကွန်မန်ဒါခေါင်းဆောင်ဖြစ်ခဲ့ပေမယ့်
အကြောင်းအမျိုးမျိုးကြောင့် လက်ရှိမှာတော့ရာထူးကချခံလိုက်ရပြီးအာကာသထဲလွင့်စင်သွားတဲ့
မွေးစားသမီးလေးကိုလိုက်ရှာနေတဲ့ဆင်းရဲသားတစ်ယောက်ဖြစ်နေပါတယ်
တစ်နေ့မှာတော့ ပေါက်ကွဲနိုင်တယ်လို့ကြေငြာထားတဲ့ နာနိုဘော့နည်းပညာသုံးကလေးပုံစံစက်ရုပ်လေးဟာ
ထယ်ဟိုဆီကိုရောက်လာပါတယ်ပိုက်ဆံလိုနေတဲ့ထယ်ဟိုကတော့ စက်ရုပ်ကိုအသုံးချပြီးငွေရအောင်
်ကြိုးစားပါတော့တယ် ဒါပေမယ့်စက်ရုပ်လို့ထင်ထားခဲ့တဲ့ကလေးလေးဟာလူသားတစ်ယောက်ဖြစ်နေတဲ့အခါမှာတော့
ထယ်ဟိုတစ်ယောက်ဘယ်လိုဆက်လုပ်သွားမလဲ
ကလေးမလေးနောက်ကွယ်မှာရောဘယ်လိုလျှို့ ဝှက်ချက်တွေရှိနေတာလဲဆိုတာကို
ဇာတ်လမ်းထဲမှာဆက်လက်ရှုစားလိုက်ကြပါဦး
Action, Adventure, Drama
ဒီတစ်ခေါက် Netflix မှာအသစ်ထွက်ရှိလာတဲ့ တရုတ်သိုင်းကားဆန်ဆန်ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးချင်ပါတယ်
ဒီဇာတ်ကားက တရုတ်ပြည်ကမိုဘိုင်းဂိမ်းတစ်ခုကိုအခြေခံပြီးရိုက်ကူးထားတာလို့လည်းသိရှိရပါတယ်
effectတွေလည်းကောင်းကောင်းသုံးထားပြီးတော့ ကြည့်ရတာ တကယ်မိုက်မယ့်ဇာတ်ကားကောင်းတစ်ကားပါ
ဇာတ်လမ်းအကျဉ်းချုပ်ကတော့ မကောင်းဆိုးဝါးမြွေဆိုးကိုနှိမ်နင်းဖို့အတွက် ကျင်မင်ဆိုတဲ့ဘုန်းတော်ကြီးက မြို့တော်ကိုလာခဲ့ပါတယ်
မြွေဆိုးရဲ့အရိပ်တွေက ခဏခဏ လူတွေကြားထဲကိုထွက်လာလေ့ရှိပါတယ်
တကယ့်ခန္ဓာကိုယ်အစစ်ကတော့ ဘုရင်မကြီးရဲ့ခန္ဓာကိုယ်ထဲမှာ ထိန်းသိမ်းထားတာပါ
ဒီလိုအန္တရာယ်ကျရောက်လာပြီဆိုရင် ဂိုဏ်းကြီးလေးဂိုဏ်းကဆရာလေးဆူ စုပြီးတော့ မြွေဆိုးကိုနှိမ်နင်းရပါတယ်
ဒါပေမယ့် ဒီတစ်ခေါက်မှာတော့ မြွေဆိုးရဲ့ခန္ဓာကိုယ်အစစ်ထွက်လာတော့မှာပါ
ဒါကို ဆရာတွေဘယ်လိုကာကွယ်ကြမလဲဆိုတာ ရင်ခုန်ဖွယ်ကြည့်ရူရမယ့် ဇာတ်ကားကောင်းတစ်ကားပါ
တရုတ်သိုင်းကားတွေနှစ်သက်သူအတွက်တော့ ကြည့်သင့်တဲ့ကားကောင်းတစ်ကားဖြစ်လို့ ညွှန်းပေးလိုက်ရပါတယ်
The Yin Yang Master Dream of Eternity (2021)
Action, Drama, Fantasy
Agent Revelation 2021 ကတော့ Action/Sci-fic/Thriller ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ IMDb rating ကတော့ 6.2/10 ရထားပါတယ် ။
ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် ကင်နီယန်းလို့ခေါ်တဲ့ ဂြိုဟ်သားမျိုးနွယ်ဟာလူသားတွေကို အက်ရှ်(Ash) ဆိုတဲ့စွမ်းအင်တစ်မျိုးကိုအသုံးချပြီးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကထိန်းချုပ်လာခဲ့တာပါ၊၊ ဒါပေမဲ့ လူသားတွေရဲ့ လောဘကို သဘောပေါက်သွားတဲ့ ဂြိုလ်သားတွေဟာ အက်ရှ်စွမ်းအင်ကို မသုံးပဲ လောဘတရားတွေနဲ့သာ လူသားတွေကို ထိန်းချုပ်ခဲ့ပါတယ်။ ကမ္ဘာပေါ်က အက်ရှ်စွမ်းအင်သွေးနှောသူတွေကိုအကုန်ရှင်းခဲ့ကြပါတယ်။ မတော်တဆဖြစ်ရပ်တစ်ခုကြောင့် ကမ္ဘာပေါ်မှာဖွက်ထားတဲ့ အက်ရှ် စွမ်းအင်တွေထွက်လာပြီးတော့
ဂျင်မ်တို့သူငယ်ချင်းတွေကိုထိန်းချုပ်ခံလိုက်ရတယ်၊၊ အက်ရှ်ကြောင့် သူ့ငယ်ချင်းတွေကို ဆုံးရှံးခဲ့ရတဲ့ ဂျင်မ် ဟာ သူကိုယ်တိုင်တော့ အက်ရှ်ကြောင့် ဘာမှမဖြစ်ခဲ့ပါဘူး ။ အက်ရှ်ရဲ့စွမ်းအင်တွေဟာ သူ့ကိုယ်ထဲစီးဝင်ပြီး သူ့အသွေးအသားနဲ့ တစ်သားထဲ ဖြစ်ပြီး ဂျင်မ်ဟာစွမ်းအားတွေပိုင်ဆိုင်လာခဲ့ပါတယ်။
ကမ္ဘာပေါ်ကိုဂြိုဟ်သားတွေ ကြီးစိုးထိန်းချုပ်လာမှာကိုကာကွယ်နေတဲ့လျို့ဝှက်အဖွဲ့အစည်းကတော့ ဂျင်မ် ကဘာကြောင့် အက်ရှ်ရဲ့ ထိန်းချုပ်ခြင်းမခံရတာလဲဆိုတာကိုစမ်းသပ်ရှာဖွေရင်းနဲ့ ဘာတွေ ဘယ်လိုတွေဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။
Action, Science Fiction, Thriller
ဒီတစ်ခေါက်တင်ဆက်ပေးချင်တဲ့ဇာတ်ကားကတော့ အင်ဒိုနီးရှားဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်နော်
အင်ဒိုနီးရှားနိုင်ငံမှာ သိုင်းအားကစားတစ်ခုရှိပါတယ် လုံချည်တစ်ကွင်းထဲမှာလူနှစ်ယောက်ဝင်ပြီး
သိုင်းချတဲ့ ဆာရွန်သိုင်းချနည်းလို့ခေါ်တဲ့အားကစားတစ်ခုပါ ဒီကားမှာတော့ သိုင်းအားကစားနည်းကိုအခြေခံပြီး
ရိုက်ကူးထားတဲ့ဇာတ်ကားကောင်းပါ
ဇာတ်လမ်းကတော့ ဒန်နီက ဂျာကာတာက ဆိုးသွမ်းတဲ့သူဌေးသားတစ်ယောက်ပါ
သူ့အမေက သူ့ကိုလိမ္မာလာအောင် မာကာစတာမြို့ကိုပို့လိုက်ပါတယ်
ဆာရွန်သိုင်းအားကစားက အဲဒီမြို့မှာပိုပြီးတော့ထင်ရှားနေတဲ့အချိန်ပေါ့ ဒန်နီက တန်ရီဆိုတဲ့ကောင်မလေးနဲ့တွေ့ခဲ့ပြီး
တန်ရီကိုတော့ ဆာရွန်သိုင်းချန်ပီယံတစ်ယောက်က အတင်းလိုက်ကြိုက်နေတာပါ
ဒီလိုနဲ့ ဒန်နီနဲ့ ဆာရွန်သိုင်းချန်ပီယံတို့ ပြဿနာတတ်ကြပါတော့တယ် ဒါကြောင့် ဒန်နီက ဆာရွန်သိုင်းသင်ပါတော့တယ်
ဘယ်လိုတွေဆက်ဖြစ်ကြမလဲကတော့ ဆက်ကြည့်လိုက်ကြပါတော့…………………
အရင်တုန်းက ကရာတေးဇာတ်ကားကောင်းတွေကြိုက်နှစ်ခြိုက်သူတွေ
ဒီဇာတ်ကားလေးကိုလည်း ကြိုက်မယ်လို့မျှော်လင့်တာမို့ ကြည့်သင့်တဲ့ကားလေးအဖြစ် ညွှန်းပေးလိုက်ရပါတယ်
Action, Adventure, Drama
ဒီဇာတ်ကားကတော့ လူငယ်တွေ ငယ်တုန်းမှာ လမ်းမှားရောက်တတ်ကြောင်းကို
ပညာပေးရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်
၂၀၁၂ကထွက်ခဲ့တာဖြစ်ပြီး ဟောင်းပေမယ့်ကောင်းသေးတဲ့ဇာတ်ကားတစ်ကားလို့ပြောလို့ရပါတယ်
ဇာတ်လမ်းအကျဉ်းချုပ်ကတော့ ကျင်ဟွာဆိုတဲ့ ၁၇နှစ်အရွယ်ကောင်လေးက မဟုတ်မခံစိတ်ဓာတ်ရှိပြီး
ရန်ပွဲတွေမှာလည်းဝင်ပါလေ့ရှိပါတယ် တစ်နေ့ လူရိုက်မိပြီး လူငယ်ထိန်းသိမ်းရေးကျောင်းကို ၆လသွားနေခဲ့ရပါသေးတယ်
ပြန်ထွက်လာတော့ သူ့အမေက သူ့ကိုဘဝသစ်စစေချင်ပါတယ် ဒီလိုဘဝသစ်စဖို့ကြိုးစားမယ်ဆိုပြီး
သူက စာမေးပွဲပြန်ဖြေဖို့လုပ်ပါတော့တယ် ဒါပေမယ့် အပေါင်းအသင်းကြောင့်မို့လို့ ဂိုဏ်းတစ်ခုထဲကို ဝင်မိသွားပါတယ်
ထို့နောက် သူ့ရဲ့ဘဝသစ်စမယ့်အစီအစဉ်က မအောင်မြင်ခဲ့ဘူးဆိုပါတော့
သူဘယ်လိုပြဿနာတွေကြားထဲကိုရောက်သွားမယ်ဆိုတာ
ပညာပေးရိုက်ကူးထားတဲ့ကားကောင်းလေးဖြစ်လို့ ညွှန်ပေးလိုက်ရပါတယ်
drama အမျိုးအစားဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်
Action, Crime
ဒီတစ်ခါတော့ IMDb rating 7.1/10အထိရရှိထားတဲ့ Crime, Dramaအမျိုးအစား ရုပ်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဇာတ်လမ်းအကျဥ်းကတော့ ဂျိုဝီဆိုတဲ့ ကြေးစားလူသတ်သမားတစ်ယောက်ဟာ လူသတ်တဲ့နေရာမှာ လက်ယဥ်ပြီးကျွမ်းကျင်ပါတယ်။ တစ်နေ့မှာတော့ သူ့ကိုအပ်ထားတဲ့ အလုပ်တစ်ခုကိုကိုင်တွယ်နေတုန်း သူလူသတ်လိုက်တာကို သေဆုံးသူရဲ့လက်ထောက်ဖြစ်သူကောင်မလေး မြင်သွားပါတယ်။ သူကလည်း မလှုပ်ရှားခင်ကတည်းက ပစ်မှတ်အခြေအနေကိုလေ့လာရင်း အဲဒီကောင်မလေးကိုမြင်မြင်ချင်း ကြွေမိနေတာပါ။ ပုံမှန်ဆိုရင် မျက်မြင်သက်သေကိုပါ လက်စဖျောက်ရမှာဆိုပေမဲ့ သူ့ခံစားချက်ကိုမထိန်းချုပ်နိုင်တဲ့ ဂျိုဝီတစ်ယောက် ကောင်မလေးကိုဖမ်းပြီး သူ့အိမ်ခေါ်လာပါတယ်။ ပြီးတော့ သူ့အိမ်မှာဘဲမသတ်ရက်လို့ ဆက်ဖမ်းထားပါတယ်။
လူသတ်သမားနဲ့ မျက်မြင်သက်သေကြားက ထူးခြားတဲ့အချစ်ပုံစံကရော ဘယ်လိုဖြစ်မလဲ။ သာမန်အချစ်ဇာတ်လမ်းနဲ့ ထူးထူးခြားခြားကွဲပြားနေပြီးတော့ သူတို့ကြားကဆက်ဆံရေးက ညင်သာမှုတွေ၊ မယုံကြည်မှုတွေနဲ့ပြည့်နှက်နေပြီး သူတို့ဘဝတွေကို ဘယ်လိုပုံစံရိုက်ခတ်သွားမလဲ။ ဇာတ်လမ်းလေးက အလောတကြီးမဟုတ်ဘဲ ပုံမှန်လေးဇာတ်ရှိန်တက်သွားပြီး အဝေးကြီးထိကြိုမမြင်နိုင်တဲ့ လှည့်ကွက်လေးတွေနဲ့ရိုက်ကူးထားတာကြောင့် ကြည့်လို့ကောင်းတဲ့ကားလေးပါပဲ။
Crime
ဒီဇာတ်ကားကတော့ ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ အိန္ဒိယအက်ရှင်ကားတစ်ကားဖြစ်ပါတယ်။
မင်းသား အာဂျေးလ်ဒေ့ဂမ်၊ အနီးလ်ကပူးရ်၊ မင်းသမီးကန်ဂနာရာနွတ်တို့ ပါဝင်သရုပ်ဆောင်ထားပါတဲ့
ရထား ဗုံးထောင်ပြီး ခြိမ်းခြောက်ငွေတောင်းတဲ့ ကားလေးပါ။
မင်းသားအာဂျေးလ်က အိန္ဒိယကနေ လန်ဒန်ကို အလုပ်လာလုပ်တဲ့အင်ဂျင်နီယာတစ်ယောက်ပါ..
ဘဝတူရွေ့ပြောင်းလုပ်သားတွေရဲ့ဘဝကို ကူညီကယ်ဆယ်ဖို့ ကြိုးစားရင်း.. သူကိုယ်တိုင်လည်း အဖမ်းခံ.. နှင်ထုတ်ခံခဲ့ရပါတယ်။
ချစ်ရတဲ့ မိသားစုကို လန်ဒန်မှာထားရစ်ခဲ့ရပြီး တစ်ကွဲတစ်ပြားဖြစ်ခဲ့ရတဲ့အတွက် လက်စားချေဖို့
လန်ဒန်ကိုရအောင် ပြန်လာခဲ့ပါတယ်။ ပြီးတော့ ရထားပေါ်မှာ ဗုံးထောင်ပြီး ခြိမ်းခြောက်ငွေတောင်းခံမှုတွေ
လုပ်ခဲ့ရာက ဒီဇာတ်လမ်း ဖြစ်ပေါ်လာခဲ့တာပါ။
တောင်းတဲ့ငွေတွေ ရမှာလား.. ခရီးသည်တွေရဲ့ အသက်အန္တရာယ်က
ဘယ်လို ကယ်ထုတ်မှာလဲ စိတ်ဝင်စားဖွယ်၊ ကြည့်ရှုအားပေးလိုက်ပါဦး
Action, bollywood, Crime, Drama
Palmer (2021)
============
IMDb Rating – 7.3/10
ဇာတ်ကားအကျဉ်းပြောရမယ်ဆိုရင်တော့ ထောင်ထွက်တစ်ဦးနဲ့ အိမ်တွင်းရေးအဆင်မပြေတဲ့ ကလေးတစ်ယောက်
ရဲ့အကြောင်းပေါ့။ ပါးလ်မာ က ထောင်ထဲ (၁၂)ကျော်နေခဲ့ပြီးမှ ခံဝန်နဲ့လွတ်လာသူဖြစ်ပြီး သူ့အဖွားအိမ်၊ သူ့ဇာတိမြို့မှာပဲ
ပြန်လာနေခဲ့တယ်။ ဆမ် ဆိုတာကတော့ ပါးလ်မာရဲ့အိမ်ဘေးမှာနေတဲ့ ကလေး။ ဆမ့်အမေက ဆေးသမား၊ ပထွေးဖြစ်သူ
ကလဲ အချိုးမပြေ။ မိသားစုအခြေအနေလုံးဝမကောင်းတဲ့ ကလေးတစ်ယောက်။ ထောင်ထွက် ပါးလ်မာနဲ့ အိမ်တွင်းရေး
အဆင်မပြေတဲ့ ဆမ် တို့နှစ်ယောက်ရဲ့အကြောင်းကို ခပ်ငြိမ့်ငြိမ့်လေးနဲ့ တင်ဆက်သွားတဲ့ Drama ဇာတ်ကားကောင်းလေး
တစ်ကားဖြစ်ပါတယ်။ ဒီလို Drama ကားမျိုးကြည့်ရတာ စိတ်ထဲအတော်လေး ကျေနပ်သွားမိတယ်။ IMDB rating (7.3/10)
၊ Rotten Tomato ကလည်း (74 %) ဆိုတဲ့အတွက်ကြောင့် ဇာတ်ကားကောင်းဖြစ်မယ်ဆိုတာတော့ ပြောစရာလိုမယ်မထင်ပါဘူး။
ပါးလ်မာ အဖြစ် သရုပ်ဆောင်ထားသူကတော့ အဆိုတော်/သရုပ်ဆောင် Justin Timberlake ပဲဖြစ်ပါတယ်။
Drama
ဒီတစ်ခါ comedy-drama ဇာတ်ကားအမျိုးအစားလေးကိုတင်ဆက်ပေးချင်ပါတယ် တကယ်ရယ်ရမဲ့ဇာတ်ကားကောင်းလေးပါနော်
ရုံကြီးကားတစ်ကားဖြစ်ပြီး ဟောင်ကောင်ရုပ်ရှင်ဆုပေးပွဲမှာလည်း ဇကာတင်ဝင်ခဲ့တဲ့ ဇာတ်ကားကောင်းလေးပါ
လတ်တလောမှာလဲ ထိုင်းကနေပြန် remark ရိုက်ထားတဲ့ My God! Father (2020)ရဲ့မူရင်းဇာတ်ကားလေးပါ
နောက်ခံတီးလုံးကလည်းကောင်း သရုပ်ဆောင်တွေကလည်း Eddie Peng (Operation Mekong) , Deng Chao (The Mermaid 2016),
Zanilia Zhao (လတ်တလောပြိးထားတဲ့ ဇာတ်လမ်းတွဲ Legend of fei) တို့တွေဆိုတော့ ထွေထွေထူးထူးပြောစရာလိုမယ်မထင်ပါဘူး
ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် လန်က ကားမောင်းချန်ပီယံတစ်ယောက်ပါ
တစ်နေ့သူ့အဖေနဲ့ ကားအတူတူမောင်းနေရင်း မတော်တဆမှုဖြစ်ခဲ့ပါတယ်
အဲဒီအချိန်မှာ သူက အချိန်နောက်ပြန် ခရီးသွားပြီး သူ့အဖေရဲ့ငယ်ဘဝကိုရောက်သွားပါတော့တယ်
လန်က အစက သူအဖေနဲ့အဆင်မပြေပါဘူး ဒါပေမယ့် သူ့အဖေငယ်ဘဝကိုပြန်ရောက်တဲ့အခါ
သားအဖ နှစ်ယောက်က သူငယ်ချင်းဖြစ်လာပါတော့တယ်
သားအဖနှစ်ယောက်ကြားကသံယောဇဉ်တွေအကြောင်းကို
ကြည့်ရမယ့် dramaကားကောင်းကောင်းလေးပဲဖြစ်လို့ ညွှန်းပေးလိုက်ရပါတယ်
Comedy, Drama, Fantasy
My Missing Valentine (2020)
****************************
ဒိတ်ပျောက်တယ် ဆိုတဲ့ စကားကို လူငယ်တွေ အရမ်းပြောလေ့ရှိပါတယ်
ဒါပေမယ့် တကယ် ဒိတ်ပျောက်သွားတဲ့လူတွေရှိပါ့မလား
ဒီဇာတ်လမ်းထဲက ကောင်မလေးကတော့ တကယ်ဒိတ်ပျောက်သွားခဲ့ပါတယ်
အရာရာကို မြန်မြန်ဆန်ဆန်လုပ်တတ်တဲ့ကောင်မလေးတစ်ယောက်
ခရာမတွတ်ခင် ပြေးတတ်တဲ့ သူများတွေထက် ရှေ့ကိုတစ်လှမ်းကြိုပြင်ဆင်တတ်သူလေးတစ်ယောက်ရှိသတဲ့။
ကမ္ဘာလောကကြီးနဲ့အဆက်သွယ်ပြတ်နေတဲ့သူတစ်ယောက်
အသက်ကလဲ ၃၀ နားကပ်နေပြီး အချစ်ရေးနဲ့ပါတ်သက်လို့ မူးလို့တောင်မရှုဖူးတဲ့သူမအနားကို
ခပ်ချောချောကောင်လေးတစ်ယောက်က ရောက်လာခဲ့ပါတယ်။
အဲ့ကောင်လေးနဲ့ ချစ်သူများနေ့မှာ အတူဖြတ်သန်းဖို့ စိတ်ကူးယဉ်
အပျော်တွေလွန်ပြီး အိပ်သွားခဲ့ပေမဲ့ နောက်တစ်နေ့ သူအိပ်ရာနိုးလာချိန်မှာတော့
သူ့ရဲ့ချစ်သူများနေ့ဟာ သူ့မှတ်ဉာဏ်ထဲကနေ ထူးဆန်းအံ့သြဖွယ်ရာ
ပျောက်ဆုံးနေခဲ့တာသိလိုက်ရပါတယ်။
သူ့ရဲ့ဘဝမှာ အပြောင်းလဲကြီးတစ်ခုလို့ဆိုရလောက်တဲ့နေ့တစ်နေ့ဟာ
ဘာလို့ပျောက်ဆုံးသွားရတာလဲ အဖြေရှာပါတော့တယ်။
ဘာကြောင့် နေ့ရက်တစ်ရက် ပျောက်ဆုံးသွားရတာလဲ
ပျောက်ဆုံးသွားတဲ့နေ့ရက်ကို ဘယ်လိုပြန်ရှာမလဲ
“ကိုယ့်ကိုယ်ချစ်ပါ တစ်နေရာမှာတော့
သင့်ကိုချစ်တဲ့သူတစ်ယောက်ရှိနေပါတယ်”
IMDb rating 7.4 ရရှိထားပြီး Golden Horse Film Festival တစ်ခုတည်းမှာတင်
Winner 5 ဆုရရှိပြီး Nomi 6 ဆု ၀င်ခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားလဲဖြစ်ပါတယ်။
Comedy, Drama, Mystery
ကျွန်တော်တို့ငယ်ငယ်တုန်းက လမ်းတစ်လမ်းဖောက်ဖို့ အဆောက်အဦပြောင်းဖို့
သင်္ချိုင်းရွေ့တယ်တို့ သင်္ချိုင်းပြောင်းတယ်တို့
ခဏခဏကြားဖူးကြတယ်မလား
ခွင့်တောင်းပြီးရွေ့ရတဲ့အခါ ကားထဲခေါ်တင်ပြီး
ပြောင်းရွေ့ပေးရတာတွေလေ
အခုလည်း ရှိချင်ရှိမှာပါ ဒါပေမယ့်ငယ်ငယ်တုန်းကတော့
ဒီလိုပြောင်းရွေ့မှုရဲ့ နောက်ဆက်တွဲဇာတ်လမ်းတွေကြားရတာနဲ့တင်
ကြက်သီးမွှေးညှင်းတွေ ထခဲ့ကြရတာပေါ့ဗျာ
ခေတ်ကာလတွေကူးပြောင်းလာတော့ ဒီခေတ်ကြီးထဲမယ်
သရဲတစ္ဆေတွေနဲ့ ပက်သက်ပြီး ကျွန်တော်တို့ငယ်ငယ်တုန်းကလောက်
အစွဲအလမ်းမရှိကြတော့တာကတော့ သေချာတယ်ဗျ
ဒါပေမယ့် သုသာန်မြေကိုတစ်ခုခုလုပ်ဖို့ဖယ်ရှားရတဲ့အချိန်မှာတော့
ရှေးဟောင်းအယူအဆတွေက မပစ်ပယ်ကောင်းပါဘူး
ရှေးထုံးလည်းမပယ်နဲ့ ဈေးသုံးလည်း မကြွယ်နဲ့ဆိုတဲ့ စကားတောင်ရှိသေးတယ်မို့လား
ဒီဇာတ်ကားက ကျွန်တော်အပေါ်ကပြောထားသလိုပဲ
သုသာန်မြေကိုမှ ခွင့်မတောင်းဘဲ
ပိုင်နက်ကျူးလွန်မိတဲ့အခါ ဖြစ်လာတဲ့နောက်ဆက်တွဲပြသနာပေါ့ဗျာ
ဇာတ်လမ်းက နည်းနည်းတော့ drama,thriller အမျိုးအစားဆိုပေမယ့် ဟာသဘက်လည်းနည်းနည်းရောက်တယ်ဗျ
ချစ်သူနှစ်ဦးအပြင် အကြောင်းကြောင်းကြောင့်
တစ်နေရာထဲလာဆုံကြရမယ့်လူတွေရဲ့
ကံကြမ္မာအလှည့်အပြောင်းကို ကြည့်ရမှာ
Tamil thriller ငတ်နေတဲ့သူတွေအဖို့တော့
သိပ်မဆိုးလှတဲ့ ဇာတ်ကားလို့ပြောပါရစေ
Horror, Thriller