13-Beloved (2006)
IMDb Rating (6.8)
၂၀၀၆ ခုနှစ်က ရိုက်ကူးခဲ့တဲ့ ထိုင်း Horror ဇာတ်လမ်းတစ်ပုဒ်ပါ။ ထိုင်း Horror ကားတွေရဲ့ထုံးစံအတိုင်း ဟာသလေးနည်းနည်းနှောပြီး ရိုက်ထားပါတယ်။ တခြား ထိုင်း Horror တွေထက် ပိုထူးတာက သရဲကားမဟုတ်သလို လူသတ်ကားစစ်စစ်ကြီးလည်း မဟုတ်ဘဲ ထူးခြားဆန်းကြယ်တဲ့ လက်တွေ့ဂိမ်းကစားပွဲကြီးတစ်ခုကို အခြေခံထားပါတယ်။ ရက်စက်မှုတွေရော လျှို့ဝှက်နက်နဲမှုတွေပါ ပြည့်နေတဲ့ စိတ်ဝင်စားစရာ Reality Game Show တစ်ခုပါ။
ဇာတ်လမ်းမှာ အချစ်ရေးကံမကောင်းခဲ့သလို အကြွေးတွေလည်း ဝိုင်းနေတဲ့ ကုမ္ပဏီအရောင်းဝန်ထမ်း ပူးချစ်ဟာ အလုပ်ကထုတ်ခံလိုက်ရတဲ့အခါ စိတ်ဓာတ်ကျစရာ အဆိုးဆုံး အခြေအနေကို ရောက်ရှိသွားပါတယ်။ အဲဒီအချိန်က အမည်မသိဖုန်းတစ်ခုကို လက်ခံခဲ့ရရှိခဲ့ပြီး သူ့အတွက် ပိုက်ဆံရ အခွင့်အရေးတစ်ခု ရရှိခဲ့ပါတယ်။ အဲဒါကတော့ စိန်ခေါ်မှု ၁၃ ခု ရင်ဆိုင်ကျော်ဖြတ်ရမယ့် လျှို့ဝှက်တဲ့ လက်တွေ့ဘဝဂိမ်းကစားပွဲပါပဲ။
စိန်ခေါ်မှုတစ်ခုအောင်မြင်တိုင်း သူရဲ့ဘဏ်စာရင်းထဲ ငွေအမြောက်အများ ဝင်ဝင်လာတာကြောင့် ပူးချစ်တစ်ယောက် မရပ်တန့်နိုင်ဘဲ ရှေ့ဆက်တိုးခဲ့ပါတယ်။ နောက်ပိုင်းမှာ အကြမ်းဖက်မှုတွေဖြစ်လာပြီး ရက်စက်ကြမ်းကြုတ်တဲ့ လူလတ်မှုတွေအထိ ပါဝင်ပတ်သက်လာရပါတယ်။ ရဲက အလိုရှိတဲ့ တရားခံပြေးတစ်ယောက်ဖြစ်လာတဲ့ ပူးချစ်ကို ကူညီပေးဖို့ ကြိုးစားလာသူက သူ့အလုပ်က လုပ်ဖော်ကိုင်ဖက် တွန်ဆိုတဲ့ ကွန်ပျူ တာသမား ကောင်မလေးတစ်ယောက်။
ဒီလိုနဲ့ ဝဘ်ဆိုဒ်လိပ်စာကတဆင့် ပူးချစ်ကစားနေတဲ့ ဂိမ်းအကြောင်း တစ်စွန်းတစသိသွားရာကနေ ဂိမ်းရဲ့ တစ်စိတ်တစ်ပိုင် ဖြစ်မှန်းမသိဖြစ်လာတဲ့ တွန်ကရော ပူးချစ်ကို ကူညီနိုင်မှာလား၊ ပူးချစ်ကရော ငွေရဲ့လှည့်ဖြားမှု ဂိမ်းရဲ့ဖြားယောင်းမှုတွေနဲ့
ဘယ်လောက်ထိ ဆိုးရွားတဲ့အမှုတွေကို ဆက်လက်ကြူးလွန်ဦးမှာလဲ၊ ငယ်ဘဝက ပူးချစ်ကို စိတ်ဒဏ်ရာရအောင် အမြဲနှိပ်စက်ခဲ့တဲ့ ဖခင်ဖြစ်သူကရော ဂိမ်းမှာ ဘယ်လိုပါဝင်ပတ်သက်လာမှာလဲ၊ ဂိမ်းရဲ့နောက်ကွယ်မှာ ချုပ်ကိုင်နေတာက ဘယ်သူတွေလဲ၊ ပူးချစ်က ဂိမ်းကို အဆုံးသတ်နိုင်မှာလား ဆိုတာကို စိတ်ဝင်စားစရာ ကြည့်ရှုရမှာပါ။
တစ်ခုတော့ ကြိုသတိပေးပါရစေ။ ထမင်းစားရင်တော့ မကြည့်ပါနဲ့နော်။ ဇာတ်ဝင်ခန်းတချို့မှာ စားရင်းသောက်ရင်း မကြည့်သင့်တာတွေ ပါလို့ပါ ??
ဒီဇာတ်လမ်းက ထိုင်းမှာ ဆုတွေအများကြီး ရရှိခဲ့ပြီး
အမေရိကန်အခြေစိုက် ရုပ်ရှင်ကုမ္ပဏီတစ်ခုက ပြန်လည်ဝယ်ယူခဲ့ရလောက်အောင် ပေါက်ခဲ့ပါတယ်။
၂၀၀၆ ခုနှစ်က ဇာတ်လမ်းဆိုပေမဲ့ အခုအချိန်ကာလနဲ့လည်း အံဝင်ပြီး စိတ်ဝင်စားစရာကောင်းပါတယ်။ ဇာတ်လမ်းမှာ ထိုင်း-အမေရိကန်ကပြား အဆိုတော်မင်းသား Krissada Sukosol Clapp က အဓိကနေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။
(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Cherry Mon မှ တင်ဆက်ထားတာပါ။)
ဒီတစ်ခါ ထုံးစံအတိုင်းအဟောင်းထဲက ဇာတ်ကားကောင်းလေးတစ်ကားကိုပြန်ခံစားကြည့်ကြတာပေါ့ မင်းသားကြီး Bruce Willis ရဲ့ဇာတ်ကားကောင်းတွေထဲက တစ်ကားဖြစ်တဲ့ 16 Blocks ပါတဲ့ဗျာ
IMDb 6.6 ဆိုတော့ အကြမ်းအားဖြင့်ကောင်းတဲ့စာရင်းထဲ ထည့်လို့ရပါတယ် ဇာတ်လမ်း အကျဉ်းကိုပြောရရင်တော့ အလုပ်ချိန်အပြည့်ဆက်တိုက်ဝင်ထားရလို့ ပင်ပန်းနေပြီဖြစ်တဲ့
စုံထောက် ဂျက်မိုစလေ တရားရုံးမှာ သက်သေသွားထွက်ဆိုပေးရမယ့်စကားအလွန်အင်မတန်မှ များလှသောအချုပ်သား အယ်ဒီသူထွက်ဆိုပေးရမယ့် အမှုကဘာလဲ ဘယ်လိုစွဲချက်တွေကို သက်သေထွက်ဆိုပေးရမှာလဲ
အချုပ်ခန်းနဲ့ တရားရုံးတို့ရဲ့ ၁၆ ဘလောက်သောအကွာအဝေးအတွင်းမှာ ဘာတွေဖြစ်မလဲ
သူကရော ရုံးကိုအသက်ပါပြီး ရောက်နိုင်ပါ့မလား အရက်စွဲနေ ပင်ပန်းနေပြီးခြေထောက်တစ်ဖက် ဒါဏ်ရာကြီးနဲ့ စုံထောက်မိုစလေကရောအဲ့ဒီ့နေဟာ သူနားရမယ့် နေ့တစ်နေဖြစ်ခဲ့ပါ့မလား ဇာတ်လမ်းစပြီး သိပ်မကြာခင်အချိန်မှာပဲ ရင်တစ်ဖိုဖိုနဲ့ နောက်ဆုံးပိုင်းအထိ ဆွဲခေါ်သွားနိုင်မယ့်
ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်
21 Jump Street (2012) မြန်မာစာတန်းထိုး
ဟာသအက်ရှင်ဇာတ်ကားပါ……
ဇာတ်လမ်းဇာတ်အိမ် ဖန်တီးထားတာ သေသပ်သလို ဟာသလဲတော်တော်မြှောက်ပါတယ်…
ကျောင်းတုန်းက မတည့်တဲ့ သူငယ်ချင်းနှစ်ယောက် ကျောင်းပြီးလို့ ရဲထဲဝင်တဲ့အခါ
အလုပ်အတူတူ တွဲလုပ်ကြရင်း ထူးခြားတဲ့ အမှုတစ်ခုအတွက် ကျောင်းပြန်တက်ရပါတယ်…
ကျောင်းတက်ရင်း ဘယ်လို တလွဲတွေနဲ့ အမှုလိုက်ကြမလဲဆိုတာ ခံစားကြည့်ကြပါဦးခင်ဗျာ…။
A Hard Day (ကိုရီးယားအမည်-Take it to the End) ဆိုတဲ့ရုပ်ရှင်လေးဟာ တောင်ကိုရီးယားနိုင်ငံ မှ ၂၀၁၄ခုနှစ်မှာရိုက်ကူးထားတဲ့ မှုခင်းဇာတ်ကြောင်းအခြေခံ ထိတ်လန့်ဖွယ်ရာ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ရုပ်ရှင်ရဲ့ဇာတ်ညွှန်းနဲ့ဒါရိုက်တာအဖြစ် Kim Seong-hun က ဖန်တီးရိုက်ကူးထားပြီးတော့ Lee Sun-kyun နဲ့Cho Jin-Woong တို့ကအဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ A Hard Day ရုပ်ရှင်ကားဟာ Cannes Film Festival ရဲ့ Directors’ Fortnight Sectionမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ရွေးချယ်ခဲ့ရပါတယ်။ Cannes ရုပ်ရှင်ပွဲတော်မှာ May 18,2014 မှာပြသခဲ့ပြီး တောင်ကိုရီးယားနိုင်ငံမှာတော့ May 29, 2014မှာပြသခဲ့ပါတယ်။ ဇာတ်လမ်းလေးကတော့ လာဘ်စားအကျင့်ပျက် စုံထောက်ရဲတစ်ဦးဟာ သူ့ရဲ့မိခင် မကြာသေးမီက ကွယ်လွန်သွားတဲ့အတွက် အရေးတကြီးနဲ့ လှိုဏ်ခေါင်းလမ်းတွေကနေ အမြန်ကားမောင်းလာပါတယ်။ သူ့ရဲ့အဖွဲ့ဟာလည်း လာဘ်စားခြင်းကိစ္စအတွက်နဲ့ စစ်ဆေးမှုတွေ ခံယူနေရပါတယ်။ ရဲဟာ လမ်းပေါ်မှာ သွားနေတဲ့လူတစ်ယောက်ကိုကားနဲ့တိုက်မိသွားပြီးတော့ လူသတ်မိသွားပါတယ် ။သူဟာကြောက်ရွံ့ပြီး အလောင်းကို တိတ်တဆိတ်သယ်ဆောင်လာခဲ့ပါတယ်။ ထို့နောက် ဘာတွေဆက်ဖြစ်ကြမလဲ? လူသတ်မှုကကောအမှုမှန်ပေါ်ပေါက်ပါမလား? ဘယ်လိုတွေဆက်ပြီးတော့ကြုံတွေ့လာရနိုင်မလဲ ဆိုတာတွေကို စိတ်ဝင်စားဖွယ် မှုခင်းတစ်ခုအနေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။ မင်းသား Lee Sun-kyun ကိုတော့ရဲအရာရှိ Ko Gun-su အနေနဲ့ မြင်တွေ့ရမှာဖြစ်ပြီးတော့ Cho Jin-woong ကိုတော့ Lieutenant Park Chang-minအဖြစ် ရှုစားကြရပါမယ်။ ဇာတိကားဟာ ၁၁၁ မိနစ်ခန့် ကြာမြင့်မှာဖြစ်ပြီးတော့ Crime Action Thriller ရုပ်ရှင်ကားကောင်းများကို နှစ်ခြိုက်ကြသူတို့သဘောတွေ့စေမယ့် ရုပ်ရှင်ကားကောင်းလေးပဲ ဖြစ်ပါတယ်။
mmbusticketဘောလီးဝုဒ်ဇာတ်ကားကိုမှကြိုက်နှစ်သက်တယ်ဆိုတဲ့ CM ပရိသတ်တွေအတွက် 2018 ခုနှစ်ထွက် Aiyaary ဆိုတဲ့ Action, Thriller
ဇာတ်ကားကောင်းလေးတင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားကို Neeraj Pandey ကဇာတ်ညွှန်းရေးသားပြီး သူကိုယ်တိုင်ကပဲရိုက်ကူးထားပါတယ်။အဓိကဇာတ်ဆောင်များဖြစ်ကြတဲ့ Major Jai Bakshi နဲ့ Colonel Abhay Singh တို့နေရာမှာ Sidharth Malhotraနဲ့ Manoj Bajpayee တို့က အသီးသီး ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်း
==========
စစ်တပ်မှာအရာရှိနှစ်ဦးဖြစ်ကြတဲ့ ကာနယ် Abhay Singh နဲ့မေဂျာ Jai Bakshi တို့ဟာ ဆရာတပည့်နှစ်ဦးဖြစ်ပြီးတော့ အမိမြေကိုချစ်မြတ်နိုးကြတဲ့ စစ်သားကောင်းများဖြစ်ပါတယ်။ကာနယ်Abhay Singh ဟာ တိုင်းပြည်ရဲ့အုပ်ချုပ်ရေးကို ချွင်းချက်မရှိ သက်ဝင်ယုံကြည်သူတစ်ဦးဖြစ်ပါတယ်။
သို့ပေမယ့် တပည့်ဖြစ်သူ မေဂျာJai Bakshi ဟာတိုင်းပြည်ရဲ့အုပ်ချုပ်သူပိုင်းမှာဖြစ်ပျက်နေတဲ့ လျှို့ဝှက်ချက်တစ်ခုကို သိသွားတဲ့အခါမှာတော့…..။ (ဘာသာပြန်ပေးထားသူကတော့ ကိုရဲမာန်အောင်ပါ)
Tommy O’Haver ရိုက်ကူးတင်ဆက်ထားပြီးDecember 7, 2007 မှာ ရုံတင်ခဲ့တဲ့ အမေရိကန် တစ်နိုင်ငံလုံးကိုတုန်လှုပ်စေခဲ့တဲ့ ဖြစ်ရပ်မှန် မှုခင်း ရုပ်ရှင်ဖြစ်ပါတယ်…ဒီဇတ်ကားကို ကျနော် တောင်းဆိုသဖြင့် Channel Myanmar ရဲ့ Admin တစ်ဦးဖြစ်သူLittle Neo မှ အချိန်ပေး အသေးစိတ်က အစ ဘာသာပြန်ခဲ့တာဖြစ်ပြီး
ဘာသာပြန်နေစဉ် အချိန်အတွင်း ဇတ်ကားအတွင်းက ရက်စက်မှုတွေကြောင့်စိတ်မကောင်းဖြစ်ပြီး ရက်အနည်းငယ် အချိန်ထပ်ယူပြီးမှ ဘာသာပြန်ခဲ့ရပါတယ်အလွန်တရာ စိတ်ထိခိုက်စရာတွေ မြင်ရလို့ပဲ ဖြစ်ပါတယ်==================
ဇတ်လမ်း အကျဉ်း
==============နယ်လှည့်ပွဲဈေး ရောင်းသူ လင်မယား နှစ်ယောက်ရှိပါတယ်သူတို့မှာ သမီးကြီး ဆလ်ဗီယာ နဲ့ သမီးငယ် ဂျန်းနီ ဆိုတဲ့ သမီးနှစ်ယောက်ရှိပါတယ်သမီးကြီး ဆလ်ဗီယာ မှာ စိတ်ထားရိုးဖြောင့်လှသူဖြစ်ပြီး ခြေထောက်မသန် ပိုလီယို ဖြစ်နေသောညီမဖြစ်သူ ဂျန်းနီ အပေါ်တွင်လဲ အနွံတာ ခံသူ တစ်ယောက်ပါ…တစ်ရက်မှာတော့ သူမ တို့ မိဘ တွေနဲ့ မြို့တစ်မြို့က ခရစ်ယာန် ဘုရားကျောင်းတွင်တရားဟော သွားနားထောင်စဉ် ဂါထရု ရဲ့ သမီးတွေ နဲ့ တွေ့ပြီးသူတို့ ညီအစ်မ နှစ်ယောက်ဟာ ဂါထရု တို့ အိမ်ကို အလည်လိုက်သွားပါတော့တယ်ကလေးတွေ နဲ့ ပတ်သက်ပြီး အမျိုးသမီးကြီး ဂါထရု နှင့် ဆလ်ဗီယာ ရဲ့ အဖေ တို့တွေ့ဆုံကြပြီ ကလေးတွေ ကျောင်းပြောင်းပြောင်းနေရတာ မလွယ်ကြောင်းအိမ်မှာလဲ သမီးတွေ ရှိလို့ ဆလ်ဗီယာ နဲ့ ဂျန်းနီ ကို စိတ်ချ လက်ချ အပ်ခဲ့ပါတစ်ပတ် ကို ဒေါ်လာ ၂၀ ပဲ ပေးပါလို့ နားချတော့ ဆလ်ဗီယာ အမေနဲ့ တိုင်ပင်ပြီးကလေးတွေကို ဂါထရု တို့ အိမ်မှာ အပ်ခဲ့တယ်…တစ်ရက်သော နေ့မှာ
တော့ ဆလ်ဗီယာ အဖေ ငွေပို့တာ ရောက်မလာသေးလို့ ဆိုပြီးဆလ်ဗီယာ နဲ့ ဂျန်းနီ ကို မြေအောက်ခန်းထဲ ခေါ်သွားပြီး တစ်ယောက် ၃ ချက်ကြာပွတ်နဲ့ ရိုက်တယ် ဂျန်းနီ မှာ မကျန်းမာသူမို့ တစ်ချက်အရိုက်ခံရပြီး ငိုနေလို့ဆလ်ဗီယာ က ဂျန်းနီ အစား အရိုက်ခံပါ့မယ် ဆိုပြီး အရိုက်ခံလိုက်ရပါတယ်…နောက်နေ့ ဆလ်ဗီယာ နဲ့ ဂျန်းနီ တို့ဟာ ကျောင်းနားက အမှိုက်တစ်ချို့ ကောက်ရောင်းပြီးရတဲ့ ပိုက်ဆံလေးနဲ့ သူတို့ မိဘ တွေဆီ သွားဖုန်းဆက်ပါတယ်နေရတာ အဆင်မပြေဘူး ဂါထရုက ပိုက်ဆံပို့ နောက်ကျလို့ စိတ်ဆိုးတယ် ဆိုပြီးမိဘ တွေကို ပြောပြပေမယ့် အလုပ်ရှုပ်နေတဲ့ မိဘတွေဟာ အဆုံးထိ သေချာနားမထောင်ပါဘူးနောက် လဆို လာခေါ်ပါမယ် လိမ်လိမ်မာမာ နေကြပါဆိုပြီး ပြန်ပြောလွှတ်လိုက်တယ်ဖုန်းဆက်တာကို မြင်သွားတဲ့ ဂါထရု ရဲ့ သမီးတွေက သူတို့ အမေကို ပြန်တိုင်တဲ့အခါဂါထရုက ပိုက်ဆံခိုးပါတယ်လို့ စွပ်ဆွဲပြီး ဆလ်ဗီယာ ကို ဆေးလိပ်မီး နဲ့ တစ်ကိုယ်လုံးကိုတို့ပြီး နှိပ်စက်ပါတယ် နောက်ရက်များမှာလဲ ပြသနာမျိုးစုံရှာပြီး နည်းမျိုးစုံနဲ့ဆလ်ဗီယာ ကို နှိပ်စက်ပြန်ပါတယ် ဂျန်းနီ အစား သူပဲ ခံတဲ့ အတွက်ဂျန်းနီ အနှိပ်စက်မခံရပေမယ့် ဆလ်ဗီယာ တစ်ယောက်မျာတော့ သေလုမျှောပါးပါပဲ…တစ်ရက်မှာတော့ ဂါထရု ရဲ့ သမီးကြီး ကိုယ်ဝန်ရှိနေတယ်လို့ လူတကာကို
လိုက်ပြောပါတယ်ဆိုပြီးဆလ်ဗီယာ ကို စွပ်ဆွဲပါတယ် အပြစ်ပေးတယ်ဆိုပြီး တစ်စိမ်းယောင်္ကျားလေးတွေ ရှေ့နဲ့တစ်အိမ်သားလုံးရှေ့မှာ အပျိုလေး ဆလ်ဗီယာ ကို မဖွယ်မရာ လုပ်ခိုင်းခဲ့ပြီးမြေအောက်ခန်းထဲ တွန်းချပီး အစာရေစာ မကျွေးပဲ ကြိုးဖြင့် ချည်နှောင်ထားခဲ့ပါတယ်..အော်သံတွေကို အိမ်နီးနားချင်းတွေက ကြားပေမယ့် သူများကိစ္စဝင်မပါတာကောင်းတယ်ဆိုပြီးမသိကျိုးကျွန်သာ ပြုနေခဲ့ပါတော့တယ်..ဂျန်းနီမှာလဲ ဂါထရုက ချောက်ထားသဖြင့် မည်သူ့ကိုမျှ မပြောရဲပဲ ကျိတ်ငိုနေခဲ့ပါတော့တယ်…ဆလ်ဗီယာ ကို ချုပ်ထားသည့် ရက်များအတွင် ဂါထရု ၏ အငယ်ဆုံးသား ဂျွန်နီ မှာကျောင်းက ကလေးတစ်ချို့ကို ခေါ်လာပြီး မြေအောက်ခန်းတွင်း ဆလ်ဗီယာ အားခြေထောက်ဖြင့် ကန်ချင်း လက်သီးဖြင့် ထိုးချင်း ရေဖြင့် ပတ်ချင်း ဖြင့် လူပေါင်းစုံဖြင့်မျိုးစုံ နှိပ်စက်လျက် ရှိပါတော့တယ်..ဆလ်ဗီယာ မှာ တောင်းပန်ပါတယ် ဆိုတဲ့ စကားသာ အသံတိုးတိုးလေးပြောနိုင်ပြီးမျက်ရည်များသာ စီးကျပြီး ဒုက္ခက လွတ်မြောက်ဖို့ ဘုရားမှာသာ ဆုတောင်းနေမိပါတော့တယ်..============================
စာရေးသူ အမြင်
=============================
ဒီဇတ်ကားလေးဟာ ဖြစ်ရပ်မှန်ဖြစ်ပြီး မိဘ များသည် စိတ်ကွယ်ရာတွင် အရွယ်မရောက်သေးသောမိမိ တို့၏ သားသမီးများကို ယုံကြည်စိတ်ချစွာ အပ်နှံထားကြတာ အတော်များလာပါသည်စီးပွားရေးတစ်ခုသာ သိပြီး မိဘမေတ္တာမပေးနိုင်ချင်း ဂရုမစိုက်နိုင်ချင်းတွေကြောင့်ယခု ဇတ်ကားပါ ဆလ်ဗီယာ ကဲ့သို့ နှိပ်စက်မှုများ ရာဇဝတ်မှုတွေ ဖြစ်ပေါ်နေပါတယ်အိမ်နီးချင်းတွေ ဆိုသည်မှာလဲ ကလေးသူငယ်နှိပ်စက်ညှင်းပန်းခံရရင် ကိုယ်နဲ့ မဆိုင်သကဲ့သို့မနေသင့်ပါကြောင်း ဒီရုပ်ရှင်လေးက သက်သေပြနေပါတယ်…ဒီဇတ်ကား ကြည့်ရင်း မျက်ရည်တွေ ကျမိတယ် ငါ့ နှမ ငါ့သမီး သာဆိုဘယ်လိုလုပ်မလဲလို့ ဒီဖြစ်ရပ်မှန် မှုခင်းဟာ Time သတင်းစာမှာပါ ပါလာခဲ့ပါတယ်..အောက်က ပုံကတော့ သနားစရာ
နှိပ်စက်ညှင်းပန်းခံရတဲ့ ဆလ်ဗီယာ ရဲ့ ပုံပါ ဆလ်ဗီယာ လိုအပ်ခဲ့တာ သူ့မိဘ အရိပ်အာဝါသ ပါ သူစိမ်းတွေနဲ့ အတူနေခဲ့ရပြီးနှိပ်စက်ခံခဲ့ရလဲ သူ့မှာ သူ့ညီမလေးကို ကာကွယ်လိုစိတ် အပြည့်ရှိခဲ့ပါတယ်…အောက်က ပုံကတော့ နှိပ်စက်ခံရတဲ့ ဆလ်ဗီယာ ကို ရဲတွေ ရှာတွေ့ခဲ့တဲ့ ပုံစံပါတကိုယ်လုံး ဆေးလိပ်မီးတို့ထားတာတွေ အပ်နဲ့ ဖောက်ထားတာတွေ ဒါးနဲ့ ခြစ်ထားတာတွေ အစုံအလင်ပါ ဒီဇတ်ကားလေးကို ရုပ်ရှင်သက်သက် အနေနဲ့ ကြည့်တာအပြင် မိမိ ပတ်ဝန်းကျင်မှာနှိပ်စက်ညှင်းပန်းခံရတယ်လို့ သံသယ ရှိလာခဲ့ရင်လဲ တာဝန်ရှိသူတွေကို တိုင်ကြားတာဖြစ်ဖြစ်ကိုယ်တိုင်ပါဝင် တားဆီးတာ ဖြစ်ဖြစ် ပြုလုပ်သင့်ပါတယ်မိမိ တို့ သားသမီးတွေကိုလဲ အရွယ်မရောက်သေးရင် အဝေးကြီးမှာ စိတ်ချယုံကြည်စွာမ
ထားသင့်ပါကလေးတွေ စိတ်ထဲ အရိပ်မည်းကြီးတွေ မဝင်အောင် ဂရုစိုက်ပေးကြပါ…လူတွေရဲ့ ရက်စက်တက်မှု ဟာလဲ အသက်အရွယ် နဲ့ နေရာဒေသ မရွေးပါဘူးသူများအနှိပ်စက်ခံနေရတာကိုလဲ မသနားတက်ကြပါဘူး ပုန်းကွယ်နေခဲ့တာမျိုးပါပဲလူလူချင်း စာနာသနားတက်ကြပါစေဗျာ…
Rating 6 ရရှိထားတဲ့ စော်ချောချောလေးတွေပါဝင်ထားတဲ့အက်ရှင်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်…လီလီတို့ သူငယ်ချင်းလေးယောက်ဟာ ဆီလမ်မြို့လေးမှာ ကျောင်းတက်နေတဲ့ ဆယ်ကျော်သက်မိန်းခလေးတွေ ဖြစ်ပါတယ်။ တစ်နေ့မှာတော့ အွန်လိုင်းပေါ်မှာ ဆီလမ်မြို့ မြို့တော်ဝန်ရဲ့ အတွင်းရေး၊
မက်ဆေ့ချ်နဲ့ ဓာတ်ပုံတွေဟာ ဟက်ကာတစ်ယောက်ရဲ့ လက်ချက်ကြောင့် အင်တာနက်ပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။ ဒီလိုနဲ့ လူတွေရဲ့ ဆူပူမှုတွေဖြစ်ပေါ်လာခဲ့ပြီး သတင်းစာရှင်းလင်းပွဲမှာပဲ မြို့တော်ဝန်ဟာ ကိုယ့်ကိုကိုယ် သတ်သေသွားခဲ့ပါတယ်။ ထိုဖြစ်ရပ်ကြောင့် ဆီလမ်မြို့လေးဟာ တုန်လှုပ်နေတုန်းမှာပဲ အထက်တန်းကျောင်းအုပ်ရဲ့ လူသိမခံနိုင်တဲ့ အတွင်းရေးအချက်အလက်တွေဟာ အင်တာနက်ပေါ်မှာ ထပ်မံပေါ်ထွက်လာခဲ့ပါတယ်။ မြို့သူမြို့သားတွေရဲ့ အုံကြွမှုတွေက ပိုမိုများပြားလာ
ခဲ့ပြီး ဆူပူလှုပ်ရှားမှုတွေလည်း စတင်ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒီလိုနဲ့ ဟက်ကာသမားရဲ့ ပစ်မှတ်က လီလီဖြစ်လာတဲ့အခါမှာတော့ ဘယ်လိုတွေ ဆက်ဖြစ်လာမလဲ၊ ဟက်ကာသမားကကော ဘယ်သူဖြစ်နေမလဲ၊ ဆီလမ်မြို့လေးကော ဘယ်လိုအခြေအနေနဲ့ ကြုံတွေ့ရမလဲဆိုတာ စိတ်ဝင်စားဖို့ အရမ်းကောင်းတာမို့ ကြည့်ရှုအားပေးကြပါဦးဗျာ….
ဝါကင်းဟာ အောက်ပိုင်းသေနေတဲ့ လူတစ်ယောက်ပါ….တစ်နေ့တော့သူအလုပ် လုပ်တဲ့မြေအောက်ခန်းရဲ့ဘေးကို ဘဏ်ဖောက်မဲ့ရောက်လာတာကိုသိလိုက်ရပါတယ်…တစ်ချိန်တည်းမှာပဲ သူ့အိမ်ကအခန်းကိုငှားဖို့လာတဲ့ “ဘတ” တို့သားအမိပါရောက်လာပါတယ်ဘဏ်ဖောက်မဲ့သူတွေကို”ဝါကင်း”ဟာသူတို့တွေရဲ့နာမည်နဲ့အချက်အလက်တွေကိုပါ
video recorded နဲ့အကုန်လိုက်မှတ်ထားပါတယ်…အဲဒီအချက်အလက်တွေကသူနောက်မှာအသုံးဝင်လာမယ့် တကယ့်မှတ်တမ်းတွေပါ…ဒီမှာတော့ ဝါကင်းဟာ ပိုက်ဆံလိုနေတာကတစ်ကြောင်း ပြီးတော့ ဘာတ”တိ့ုသားအမိကိုပါသံယောဇဉ်ဖြစ်ပြီး ထောက်ပံ့ကာကွယ်ပေးချင်တာတွေဖြစ်လာပါတယ်… သူပါ ဘဏ်ကပိုက်ဆံတွေကိုခိုးဖို့အကြံဖြစ်လာပါတယ်….နောက်ပိုင်းမှာတော့ ဘဏ်ဖောက်မဲ့လူတွေဟာဝါကင်းဆီရောက်လာပြီးသတ်တော့မဲ့ဆဲဆဲအခြေအနေမှာ ဝါကင်းရဲ့ စကား
ကြောင့် အချင်းချင်းသတ်ကြကုန်ပါတယ်….ကဲ…”သူဘာပြောလိုက်တာလဲ”ဘယ်လိုတွေဉာဏ်ကစားလိုက်တာလဲ” ဒီနေရာမှာ မေးခွန်းတစ်ခုရှိနေပါတယ်….”ဘာတ”ကသူ့အိမ်ကိုရိုးရိုးရောက်လာတာဟုတ်ရဲ့လား…ဘဏ်ဖောက်တဲ့သူတွေနဲ့ပက်သက်နေတာဆိုရင်ရော…..ဝါကင်း ကရော သူ့အကြံတိုင်းဘဏ်ဖောက်နိုင်မှာလား အောက်ပိုင်းသေနေတဲ့သူမို့.. မလုပ်နိုင်ဘဲဖြစ်နေမှာလား “အပေါ်ယံကြည့်ပြီးဆုံးဖြတ်ရင်ဒူးရင်းသီးဟာစားစရာမဖြစ်လာနိုင်ပါဘူး” ဆိုသလိုပေါ့ဘယ်ဟာကိုမှအပေါ်ယံကြည့်ပြီးဆုံးဖြတ်လို့မရနိုင်ပါဘူး..
IMDb Rating -7/10 Google User – 86% Genre – Crime/Thriller Duration – 2hr2mins ဒီတစ်ခေါက် တင်ဆက်ပေးလိုက်တဲ့ ဇာတ်ကားက ချန်နယ်မြန်မာမှာ တောင်းဆိုမှုအများဆုံးဇာတ်ကား တစ်ကားဆိုရင် မမှားပါဘူး။ အချစ်အတွက်နဲ့ တောင်ဖြိုပြခဲ့တဲ့ မြန်မာပရိသတ်တွေရဲ့ အကြိုက်မင်းသားကြီး Nawazuddin Siddiqui ရဲ့ 2017 က ထွက်တဲ့ ဂန်းစတား ဘဝ သရုပ်ဖော် ဘောလိဝုဒ်ဇာတ်ကားဖြစ်ပါတယ်။ (2017 ကားက 2018နှစ်ကုန်ပိုင်းမှ ကြည်တောက်ရှင်းထွက်လာပြီး 2019နှစ်သစ်မှာ စာဖိုင် ထွက်လာလို့ပါ။) သဘာဝကျတဲ့ ဇာတ်ရုပ်တွေကိုအပိုအလိုမရှိ သရုပ်ဆောင်တတ်တဲ့မင်းသားကြီးရဲ့ ကားဆိုတော့မကောင်းမှာ မပူရသလို၊လူ့သဘာဝနဲ့ လူ့စိတ်ကို အကောင်းဆုံး ပြသပေးတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။ အပစ်အခတ် အသတ်အပုတ်တွေ ကြမ်းသလို၊ အချစ်ခန်းတွေကလည်း ကြမ်းပါတယ်။ ဒါ့အပြင် ဒီကားက မင်းသမီး Bidita Bag လက်စွမ်းပြလိုက်တဲ့ဇာတ်ကားဆိုရင်လည်း မမှားပါဘူး။ ပီပြင်လှတဲ့ သရုပ်ဆောင်ချက်တွေကို လက်ဖျားခါရပါတယ်။ ဇာတ်ကားအကြောင်းအရာကို မညွှန်းတော့ပါဘူး။ တစ်ခါတစ်လေဇာတ်လမ်းအကြောင်းအရာကို ဖတ်ကြည့်တာထက်ကိုယ်တိုင်ကြည့်လိုက်တာက ပိုကောင်းလို့ပါ။ ပြောလိုတာကတော့မြန်မာပြည်က ဂန်းစတားတွေလိုစကားတွေအများကြီး မပြောပါဘူး။ မျက်နှာတွေ ရှုံ့မပြပါဘူး။ မျက်နှာ အမူအရာတွေ ၊မျက်လုံးအကြည့်တွေ၊သီချင်းတွေနဲ့တင် မြိုင်ဆိုင်ပြည့်စုံနေတဲ့ကြေးစားလူသတ်သမား၂ယောက်ရဲ့ ကစားပွဲပါ။ ဒီကစားပွဲကို ပြည့်စုံစေဖို့ နိုင်ငံရေးလောကထဲဝင်မယ့် လူမိုက်ကြီးတွေကလည်း အားဖြည့်ထားပါတယ်။ “ရသမပါတဲ့ အနုပညာက ဆားမပါတဲ့ဟင်းနဲ့တူတယ်၊ဘဝအမောတွေ ပြေပျောက်စေသည်မှာ ရသပင်ဖြစ်သည်” တဲ့။ဆရာဇော်ဂျီရဲ့ အဆိုအမိန့်ကလည်း ရှိခဲ့တယ်။ ဒီတော့ ဘဝအမောတွေကို ပြေပျောက်စေဖို့သဘာဝစစ်စစ်ကို ရသလေး ဖြည့်ပြီးကျွန်တော်တို့ရဲ့ နှလုံးသားကို အဟာရလေး ရစေမှာပါ။ ရေခဲသေတ္တာထဲက အအေးဘူးထက်ကမ်းခြေက အုန်းသီးရေက ပိုပြီး အရသာရှိသလိုမျိုး။ အကောင်းစားအရက်ကို အကောင်းဆုံးအမြည်းနဲ့နာမည်ကြီး ဆိုင်မှာ သောက်ရတာထက်တခါတလေ နားအေးပါးအေးကွင်းလယ်က ဖျာစုတ်တစ်ချပ်ပေါ်ထိုင်ပြီး ထန်းရေကို ပဲလှော်နဲ့ မြည်းကြရအောင်လားဗျာ….။ ဒီဇာတ်ကားလေးကို ကြည့်ရှုပြီးကြရင် ခံစားမိသမျှကို ကျွန်တော်တို့ထက်ပိုကောင်းတဲ့Reviews လေးတွေ ရေးဖြစ်ကြမယ်လို့မျှော်လင့်ပါတယ်၊ စောင့်မျှော်လျက်ပါပဲဗျာ။ (အရွယ်မရောက်သေးသူတွေ၊မိသားစုနဲ့အတူကြည့်မယ့်သူတွေ အတွက်တော့ တချို့ဇာတ်ဝင်ခန်းတွေနဲ့ ပြောစကားတွေဟာ ကြမ်းတမ်းမယ် ထင်ပါတယ်)
2017 ရဲ့ အလန်းဆုံး ရေပန်းအစားဆုံး Action Triller Comedy Crime Music ဇာတ်ကားလေး လာပါပြီ။ နိုင်ငံတကာရုပ်ရှင် ဝေဖန်သူတွေကြားမှာလည်း နာမည်ကောင်းရထားပြီး ပရိသတ်အများအပြား ချီးမွမ်းနေကြတဲ့ဇာတ်ကားလေးပါ။ Rating အနေနဲ့လည်းIMDb Rating …8.1 Rotten Tomattoes Rating…. 94% အထိ ရထားပြီး Box offices မှာလည်း ရင်းနှီးမြုပ်နှံငွေ USD 34 million သာရှိခဲ့ပေမယ့် အမြတ်ငွေ USD 213.7 million ရတဲ့အထိကို အောင်မြင်ခဲ့ပါတယ်။ Baby Driver အောင်မြင်ရခြင်းကလည်း Computer Generated Image (CGI) effect တွေနဲ့ ဇာတ်ကားအများအပြားကြားမှာ CGI effect အနည်းဆုံးနဲ့ တကယ့် စတန့်သမားတွေနဲ့ အပီပြင်ဆုံး ရိုက်ကူးထားနိုင်လို့ပါပဲ။ ဒီဇာတ်ကားကို ဒါရိုက်တာ Edgar Wright ကိုယ်တိုင် ဇာတ်လမ်းရေးသားပြီး ကိုယ်တိုင်ဒါရိုက်တာလုပ် ရိုက်ကူးခဲ့တာပါ။ Music အမျိုးအစားကားဖြစ်လို့လည်း ဇာတ်ဝင်တေးပေါင်း ၃၀ တိတိနဲ့ အသုံးပြုထားပြီး အမြဲတန်းလိုလို သီချင်းသံလေးတွေ ကြားနေရမှာပါ။ ( သီချင်းတွေများလွန်းလို့ထင်တယ် မင်းသမီးအတွက် အသုံးပြုထားတဲ့ T.rex သီဆိုထားတဲ့ Debora ဆိုတဲ့သီချင်းကို CopyRight ခွင့်မတောင်းမိလို့ ထုတ်လုပ်တဲ့ Sony ကုမ္ပဏီက တရားရင်ဆိုင်ရမှာ ဖြစ်ပါတယ်) ဆုတွေအနေနဲ့လည်း Golden Trailer Award 2017 မှာ Best Action ဇာတ်ကားဆု၊ International Online Cinema Awards 2017 မှာ Best Editing ဆု Best Song Mixingဆု Best Song Editing ဆု SXSW Flim Festival 2017 မှာ ဒါရိုက်တာ Edgar Wright က Headliner ဆုတွေရခဲ့ပါတယ်။ ဒါ့အပြင် ငယ်ငယ်ကတည်းက ကားအက်ဆီးဒင့်ဖြစ်ပြီး စိတ်ဒဏ်ရာရှိထားတဲ့ သီချင်းတွေကို ရူးသွပ်တဲ့ ကောင်လေးနေရာကနေ ပီပီမြင်မြင်သရုပ်ဆောင်သွားတဲ့ မင်းသားလေး Ansel Egort လည်း Cinemacon က ချီးမြှင့်တဲ့ Male Star of Tomorrow award ကို ထိုက်ထိုက်တန်တန် ဆွတ်ခူးထားပြီးပါပြီ။ ဇာတ်လမ်းကိုတော့ မပြောပြတော့ပါဘူး ပထမတစ်ခန်းထဲနဲ့ကို ပရိသတ်ကို ဆွဲယူခေါ်ဆောင်သွားမယ့် စောင့်ရကျိုးနပ်တဲ့ ဇာတ်ကားလေးပါပဲ
Backtrace ဆိုတဲ့အက်ရှင်ကားလေးကို စရေးတုန်းကပျင်းဖို့ကောင်းမယ်လို့ တွေးထားခဲ့မိတယ်။ ဘာလို့ဆိုတော့ စတားလုံးဇာတ်ကားတွေက များသောအားဖြင့် bcoz i’m stallone ဆိုတဲ့ပုံစံတွေ များလို့ပါ။ ဒါပေမယ့် ဒီကားလေးကတော့ ရေးနေရင်းနဲ့ကို ခဏရပ်ပြီး ဘာကြောင့်လဲဆိုတာ သိချင်လို့ ဆက်ကြည့်မိတဲ့ကားတစ်ကားပါ။ လှည့်ကွက်လေးတွေပါတာကိုကြိုက်တဲ့ ရုပ်ရှင်ချစ်သူတွေ အကြိုက်တွေ့စေမယ့်ကားတစ်ကားပေါ့။ ဇာတ်လမ်းကတော့ ဘဏ်တစ်ဘဏ်ကို ဓားပြတိုက်လာခဲ့ကြတဲ့ လူသုံးယောက်မှာ နှစ်ယောက်ကသေဆုံးခဲ့ပြီး ကျန်တဲ့တစ်ယောက်က သေနတ်ဒဏ်ရာကြောင့် မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားခဲ့တယ်။ ဒါပေမယ့် သူ့မှတ်ဉာဏ်တွေ မပျောက်ဆုံးခင်မှာ ငွေတွေကို ဖွက်ထားခဲ့ပြီး ခုနှစ်နှစ်ကြာတဲ့အချိန်မှာ လူတစ်စုက အစောင့်အကြပ်တွေကြားက သူ့ကိုကယ်ထုတ်ပြီး ပိုက်ဆံတွေကိုပြန်ရှာတဲ့အကြောင်း ဇာတ်လမ်းဆင်ထားတာ ဖြစ်ပါတယ်။ အေးမယ်လို့ ထင်ရပေမယ့် စတားလုံးရဲ့ စူပါဟီးရိုးဆန်တဲ့အခန်းတစ်ချို့ကလွဲရင် တစ်ကားလုံးစိတ်ဝင်စားစရာ ပြည့်နှက်နေတဲ့ ကားကောင်းတစ်ကား ဖြစ်ပါတယ်။ အားပေးကြပါဦးဗျာ…
ဖြစ်ရပ်မှန်အပေါ်အခြေခံထားတဲ့ နာမည်ကြီးထိုင်းကားတစ်ကား တင်ပေးလိုက်ပါတယ်။၂၀၁၇ မှာ ထိုင်းနိုင်ငံရဲ့ ဝင်ငွေအကောင်းဆုံး ဇာတ်ကားပါ။ စပြတဲ့အဖွင့် ၂ပါတ်မှာ ဘတ် သန်း ၁၀၀ ကျော်ရရှိခဲ့ပြီး တရုတ်နိုင်ငံမှာလည်း ဒေါ်လာ သန်း ၃၀ လောက် ရရှိသွားခဲ့ပါတယ် မျက်နှာသစ်မင်းသားမင်းသမီးတွေကို သုံးပြီး နိုင်ငံတကာက ရုပ်ရှင်ဆုတွေ အမြောက်အများကို သိမ်းပိုက်သွားနိုင်ခဲ့တာပါ။ ဇာတ်လမ်း၊ တင်ဆက်ပုံ၊ သရုပ်ဆောင်ချက် အားလုံးက ပြည့်စုံလွန်းတယ်လို့ ပြောလို့ရပါတယ်။ ထိုင်းနဲ့မြန်မာ ရုပ်ရှင်အဆင့်အတန်း မိုးနဲ့မြေလို ကွာနေတာကို တွေ့နိုင်သလို၊ သရုပ်ဆောင်တယ်ဆိုတာ ဘယ်လိုလေးလဲ တွေ့နိုင်ပါလိမ့်မယ်။ CGI တွေ နည်းပညာတွေအကြောင်းပဲ ဆင်ခြေတက်နေတဲ့ အနုပညာရှင်ကြီးများကို ထိပ်ပုတ်သွားတဲ့ ကားမျိုးတွေထဲမှာ ပါပါလိမ့်မယ်။ဇာတ်လမ်းအကျဉ်းကတော့ လင်းဆိုတဲ့ ဉာဏ်ကြီးရှင် ကျောင်းသူလေးတစ်ယောက်ဟာ ဆင်းရဲပေမယ့် ဈေးကြီးတဲ့ ကျောင်းကောင်းကြီးတစ်ခုမှာ ပညာသင်ဆုနဲ့ တက်ရောက်နေပါတယ်။ သူနဲ့ခင်မင်မိတဲ့သူငယ်ချင်းတွေကတော့ ချမ်းသာပေမယ့် စာညံ့ကြပါတယ်။ အဲဒီတော့ သူတို့တွေဆီကနေ ပိုက်ဆံယူပြီး ဘယ်သူမှ မရိပ်မိနိုင်တဲ့ နည်းလမ်းတွေနဲ့ အဖြေတွေကို စာမေးပွဲမှာ ပြပေးပါတယ်။ ဒါပေမယ့် ကံဆိုးစွာပဲ သူ့ရဲ့ ပညာသင်ဆု ပယ်ချခံလိုက်ရတဲ့အခါ သူ့အလုပ်ကို ကမ္ဘာလုံးဆိုင်ရာ စာမေးပွဲကြီးတစ်ခုဆီ သယ်လာပါတော့တယ်။ အမေရိကန်တက္ကသိုလ်တွေ ဝင်ခွင့်အတွက်စစ်တဲ့ STIC စာမေးပွဲကြီးကို ထိုင်းဘတ် သန်းနဲ့ချီအမြတ်ရလောက်အောင်အထိ ကြံစည်ပြီး အင်မတန်လှပတဲ့နည်းလမ်းတွေနဲ့ စွန့်စားပြီး အဖြေတွေ ခိုးယူပေးဖို့ ကြံစည်တဲ့အခါ…တစ်ကားလုံး မျက်တောင်မခတ်ဘဲ ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့်ကားအမျိုးအစားပါပဲ
ဒီကားလေး လုံးဝကို crimeနဲ့ actionကို ကြိုက်နှစ်သက်တဲ့သူတွေအတွက် တကယ်ကိုထိမိစေမယ့်ကားလေးပါ ကားအစမှာတော့ ဆရာလီဆိုတဲ့ မူးယစ်ရာဇာကိုလိုက်စုံစမ်းနေတဲ့စုံထောက်နဲ့ သူရဲ့သတင်းပေး ဆေးဆွဲနေတဲ့ကလေးမလေး ချာဆူဂျောင်းတို့နဲ့စထားပါတယ် ချာဆူဂျောင်းက သတင်းယူပေးရင်း မိသွားပြီး အသတ်ခံလိုက်ရတဲ့အခါမှာတော့ စုံထောက်ခင်ဗျာ ကြေကွဲပြီး မူးယစ်ရာဇာကို လိုက်ဖမ်းဖို့ မရရအောင် နည်းမျိုးစုံနဲ့ကြိုးစားပါတော့တယ် အဲ့လိုကြိုးစားရင်း ပုံစံမျိုးစုံ အခြေအနေမျိုးစုံ လူပေါင်းစုံနဲ့ပါကြုံတွေ့လာရပြီး ရင်ဆိုင်ဖြေရှင်းပုံတွေက ရယ်ရမလို ငိူရမလိုနဲ့ တော်တော်ကို လှိုက်ဖိုငေးမောပြီး ကြည့်ရှူရမယ့်ကားလေးပါ နောက်ဆုံးကျပြန်တော့ ဆရာလီဆိုတော့လူက ဘယ်သူဖြစ်မလဲ သူ့ကိုတကယ်ရော ရှာတွေ့ပါ့မလား ဖမ်းလို့ရောရဲ့လားဆိူတာကိုတော့ Believer (2018)ဆိုတဲ့ဇာတ်ကားလေးမှာ ကြည့်လိုက်ပါနော်
ဒီကားရိုက်ရဲ့ ဒါရိုက်တာ Tim Burton ရိုက်ထားတဲ့ Big Fish, Alice In Wonderland, Edward scissorhands တို့ Charlie and the chocolate Factoryတို့လို ဇာတ်ကားကောင်းတွေကို ကြည့်ဖူးကြမှာပါ။ Tim Burtonရဲ့ ကားတွေဟာ ရိုက်ဟန်ထူးခြားပြီး ပစ်ရတဲ့ကားလည်း မရှိသလောက်ပါပဲ။ အခု Big Eye ကလည်း သူရိုက်ခဲ့တဲ့ Biography ကားတစ်ကားပါပဲ။ အနုပညာဆိုတာ ကိုယ်ရေးကိုယ်တာ အရမ်းဆန်ပါတယ်။ ကိုယ်ပိုင်ခံစားချက်ကို စကားလုံး ရုပ်ပုံ နိမိတ်ပုံ သံစဉ် အစရှိသဖြင့်ကူးပြောင်းရတာမျိုးပါ။ နှလုံးသားထဲက ထွက်လာတယ်ဆိုလည်း မမှားဘူးပေါ့ဗျာ။ Margaretဆိုတဲ့ ပန်းချီဆရာမ တစ်ယောက်ဟာ သူ့ခံစားချက်တွေကို ပန်းချီဆွဲတဲ့ အခါတိုင်း မျက်လုံးကို အရှိတရားထက် ကြီးအောင် ရေးဆွဲပြီး ခံစားချက်ပေါ်လွင်အောင် ဆွဲလေ့ရှိတယ်။ သူ့စကားအတိုင်းဆို ” မျက်လုံးဆိုတာ စိတ်ဝိညာဉ်ရဲ့ တံခါးပေါက်တွေ” ပေါ့ဗျာ အနုပညာသမားတစ်ယောက်အတွက် အဆိုးရွားဆုံး ခံစားချက်က ဘာများဖြစ်မလဲ။ သူ့ရဲ့အနုပညာကို ခိုးယူခံရပြီး တခြားသူတစ်ယောက်ရဲ့ နာမည် တပ်ခံရတာပါပဲ… လူမသိ သူမသိ မြုံနေခဲ့ရတဲ့ သူ့ ရဲ့ ထူးခြားတဲ့ ပန်းချီဟန်တွေဟာ နာမည်ကြီးမဲ့ တစ်နေ့ကို ရောက်လာခဲ့တယ်။ ဒါပေမဲ့ပေါ့… သူဆွဲတဲ့ အနေနဲ့ မဟုတ်ပဲ အနုပညာဂုတ်သွေးစုပ်သူတစ်ယောက်ရဲ့ အမည်နာမ အောက်မှာ ကျော်ကြားသွားခဲ့ပါတယ်။ အဲ့ဒီ ဂုတ်သွေးစုပ်သူကလည်း အနုပညာရဲ့ တန်ဖိုးကို နားလည်ပေမဲ့ ကိုယ်တိုင်မဖန်ဆင်းနိုင်တဲ့ လူတစ်ယောက်ပါ။ ကြားဖူးတဲ့ စကားလေးလိုပေါ့ “အနုပညာဆိုတာ မှော်ဆရာတိုင်း ကလို့ရတဲ့ ဓားပညာမှ မဟုတ်ပဲ” ဒီလိုဆိုးရွားလွန်းတဲ့ အနုပညာ ဂုတ်သွေးစုပ်ခံရတဲ့ အဖြစ်အပျက်ဟာ ဆယ်နှစ်တာ ကြာခဲ့ပါတယ်။ ဘာရယ် ဘယ်လိုတွေကြောင့် Margaret ဒီလောက် သည်းသီးခံခဲ့လည်းဆိုတာကိုတော့ Big Eye ဆိုတဲ့ ဖြစ်ရပ်မှန် ကားလေးကို ခံစားကြည့်ကြပါ။ Margaret အဖြစ်နဲ့တော့ Amy Aadam သရုပ်ဆောင်ထားပြီး အတော်လည်း ပီပြင်ခဲ့တဲ့အပြင် Imdb 7 နဲ့ ခရမ်းချဉ်သီး 72လုံးရထားပါတယ်။
ဘော့စတွန်တောင်ပိုင်းကဖြစ်ရပ်မှန်ကိုရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။ IMDB rating 6.9ရထားတဲ့ကားလေးဖြစ်ပါတယ်။ ဘော့စတွန်တောင်းပိုင်းမှာကြီးစိုးနေတဲ့ဝင်းတဟေးဂိုဏ်းရဲ့ဘယ်လိုလုပ်ခဲ့တာတွေ လူတွေဘယ်လိုသတ်ခဲ့တာတွေ FBIနဲ့ဘယ်လိုပေါင်းပြီးလုပ်တာတွေကိုရိုက်ထားတာပါ။ ဘော့စတွန်လူမိုက်ဘုရင်ဂျိမ်းဝှိုက်တီဘောင်ဂျာရဲ့ညီကမြို့လွတ်တော်အမတ် FBIကကော်နယ်လီ ညီကဒုစရိုက်လောကကိုမလုပ်ပေမယ့် ကော်နယ်လီတို့ကတော့ဘော့စတွန်မှာစိတ်ကြိုက်ချယ်လှယ်တော့တာပဲ။ ဇာတ်ဆောင်တွေကတော့ ဂျက်စပဲရိုးလို့လူသိများတဲ့ Jonny Depp Dr.Strange ဒါမှမဟုတ် ရှားလော့ခ်ဟုမ်းလို့လူသိများတဲ့ Benedict ၊ Fifty shade of Greyဇာတ်ကားထဲကမင်းသမီး Dakota၊ နောက်တစ်ယောက်ကလက်တလော၂၀၁၈မှာထွက်ထားတဲ့ Gringoဇာတ်ကားမှာပါဝင်သရုပ်ဆောင်ထားတဲ့ Joel Edgerton တို့ကပါဝင်သရုပ်ဆောင်ထားပါတယ် ဒီလိုနာမည်ကြီးဇာတ်ဆောင်တွေပါဝင်ထားတဲ့အတွက်အရမ်းညွှန်းတော့ပါဘူး တကယ့်ဇာတ်ကားကောင်းလေးမို့လို့တင်ဆက်ပေးလိုက်ပါတယ်
ဆာဗိတ်”မိသားစုရဲ့ရင်နင့်ဖွယ်ရာ ဖြစ်ရပ်လေးအကြောင်းရိုက်ထားတဲ့ ၁၅၀၀အချစ် ,၅၂၈အချစ် လျှို့ဝှက်ဆန်းကြယ် စတဲ့ရသအစုံပါတဲ့ ပါတဲ့ဇာတ်ကားလေးတစ်ကားပါ တစ်နည်းပြောရရင်တော့ဗျာ နှင်းတောင်တွေကြားမှာနေတဲ့အမဲလိုက်မုဆိုးမိသားစုဘဝလေးကနေစခဲ့တယ်ပြောရမှာပဲ ကံဆိုးချင်တော့ မထင်မှတ်ပဲ အမဲလိုက်ရင်း အကိုအကြီးဆုံးဖြစ်တဲ့ ဆာဗာဒါက သူ့ညီအငယ်ဆုံးဂျူအန်ကို မတော်တဆသေနတ်နဲ့ပစ်မိသွားရာကနေ သူ့ဘဝရဲ့ဆေးကြောလို့မရတဲ့အမှားလို့ခံယူပြီး သူ့တစ်သက်လုံး နှင်းတောင်တွေကြားမှာဘဲနေထိုင်ရင်းဇာတ်မြုှပ်နေတာပေါ့ သို့ပေမယ့်လဲကြမ္မာတစ်ပတ်ပြန်လည်စေခဲ့တဲ့တရားခံကအမွေကိစ္စ ဒါကြောင့်လဲသူ့ညီဖြစ်တဲ့မားကို့စ်က သူ့ဆီကို အမွေကိစ္စတိုင်ပင်ဖို့ နဲ့သူ့အဖေရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပေးဖို့ လာခဲ့တာပေါ့ နောက်ပိုင်းညီအစ်ကို၂ယောက်ကြားဘယ်လိုတွေဖြေရှင်းကြမလဲ သူတို့ရဲ့ညီအငယ်ဆုံးဖြစ်တဲ့ ဂျူအန်ရဲ့သေဆုံးမှုကကောသွေးရိုုးသားရိုးဟုတ်ရဲ့လား ဂျူအန်သေသွားပီးနောက်ပိုင်း ဆာဗာဒါ မားကို့စ် ဆာဘရီနာတို့မောင်နှမ ၃ယောက်ကကောဘယ်လိုတွေတောင်တွေ့ကြုံကြရမလဲဆိုတာတော့……. ဆက်ကြည့့်ကြပါစို့ဗျာ
ကျွန်တော်တို့နိုင်ငံအပါအဝင် လူ့အဖွဲ့အစည်းတော်တော်များများမှာ ခြားနားမှုနဲ့ပတ်သက်ပြီး ခွဲခြားဆက်ဆံခံရမှုတွေတော်တော်များများရှိပါတယ်။ အမေရိကန်လိုနိုင်ငံမျိုးမှာတောင် ဒီလိုအဖြစ်အပျက်တွေရှိခဲ့ပါတယ်။ လူတော်တော်များများက အသွင်အပြင် ဝတ်စားဆင်ယင်မှု နေထိုင်မှုဘဝပုံစံတွေဟာ အများနဲ့မတူတဲ့အခါ လှောင်ပြောင်ရယ်မော အပြစ်တင်တတ်ကြတာတွေရှိပါတယ်။ အသားအရောင်ခွဲခြားမှုတွေ၊ လိင်စိတ်တိမ်းညွတ်မှုတွေ၊ လူမျိုးမတူညီတာတွေ ကစလို့ ကိုးကွယ်ယုံကြည်မှုမတူတာတွေအထိပေါ့ဗျာ။ ဒီဇာတ်လမ်းကလေးကတော့ ၁၉၉၀ပတ်ဝန်းကျင် အမေရိကန်နိုင်ငံတက္ကဆက်ပြည်နယ်ကမြို့လေးတစ်မြို့မှာဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်တစ်ခုကိုရိုက်ထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးတစ်ခုပါ။အဲ့ဒီမြို့မှာနေထိုင်ကြတဲ့ ပန့်ခ်လူငယ်တွေရဲ့ဘဝနေထိုင်မှုနဲ့ပတ်ဝန်းကျင်ကလူတွေရဲ့အမြင်တွေ ပွတ်တိုက်မှုဖြစ်တဲ့အခါ တရားဥပဒေဟာ သူတို့ဖက်မှာရှိမနေကြောင်းကို ရိုက်ပြထားပါ။ တရားဥပဒေဟာလူအများစုရဲ့လက်ထဲမှာပဲရှိတယ်ဆိုတာဖြစ်သင့်ပါသလား။ ဒီဇာတ်ကားဟာ လူ့အဖွဲ့အစည်းနဲ့ပတ်သက်ပြီး မက်ဆေ့တော်တော်များများပေးထားတဲ့ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ အညွှန်းမှာရေးထားတာက အဲ့ဒီမက်ဆေ့တွေရဲ့အပိုင်းအစသေးသေးလေးပဲရှိပါသေးတယ်။ နောက်ထပ်ထူးခြားတာတစ်ခုက ကမ္ဘာကျော်အဆိုတော်ကြီး Marilyn Manson လည်းဒီထဲမှာပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ ဒီကားလေးဟာ လူကြီးမင်းတို့ရဲ့ နှလုံးသားနဲ့ဦးနှောက်တစ်နေရာရာကို ထိသွားလိမ့်မယ်လို့ယုံကြည်ပါတယ်။
ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်လူ့ဘဝအောက်ခြေနင်းပြားအောက် ပြည့်တန်ဆာမိခင်က မွေးဖွားလာတဲ့ လူတစ်ယောက်ရှိတယ် ။ သူအိပ်မက်က ဘယ်လိုနည်းနဲပဖြစ်ဖြစ် ချမ်းသာဖို့ပဲ ။ သူဟာ သူဌေးသိပ်ဖြစ်ချင်တယ် ။ တစ်နေ့ သူဖြစ်တဲ့သူဌေးဘဝကို ရဖို့ သူကြိုးစားနေတုန်းမှာပဲ ကလပ်တစ်ခုက အဆိုတော်မလေးအပေါ် သံယောဇဉ် ငြိတွယ်မိတယ် ။ အဲဒိ ကလပ်အဆိုတော်မလေးဟာ သူ့ဘဝလို မထူးခြားနား ဘဝကနေ လာတယ်ဆိုတာ သူသိသွားတော့ ကောင်မလေးအပေါ် အရာရာ ပေးဆပ်ချင်စိတ်တွေဖြစ်ပေါ်လာတယ် ။ ဒါပေမယ့်သူတို့နှစ်ဦးရဲ့ ဆရာ နှစ်ဦးက အချင်းချင်း ယှဉ်ပြိုင်မှုတွေရှိနေတော့ သူတို့ နှစ်ဦးကြားက အနှောက်အယှက် နဲ့ ကြမ်းတမ်းတဲ့ခရီးလမ်း စိန်ခေါ်မှုတွေကို သူတို့ ဘယ်လိုရှင်းမလဲ ဆိုတာ အန္ဒိယရုပ်ရှင် ထုံးစံအတိုင်း အချစ် အလွမ်း အကြမ်း ဟန်မူရာမျိုးစုံနဲ့ ပုံဖော်ထားတတ်တော့ ရုပ်ရှင် ချစ်သူတွေအတွက်တော့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ခုပါပဲ ။ အထူးညွှန်းချင်တာကတော့ချစ်စကား ကြိုက်စကား ပြောခန်းတွေမှာ အသေအချာ နှလုံးသားနဲ့ ခံစားသက်ဝင်ပြီး အထူးဘာသာပြန်ထားတဲ့အတွက် ရုပ်ရှင်ချစ်ပရိတ်သတ်များရဲ့ ရည်းစားကို အတုယူ ပြောပြလို့ရကြောင်း အာမခံပြောပြလိုက်ပါရစေ …..
Bon Cop Bad Cop 1 ဟာ 2006ခုနှစ်မှာထွက်ရှိခဲ့တဲ့ ပြင်သစ်စုံထောက်-ဟာသဇာတ်ကားလေးပါ။ IMDB rating 7.1/10 နဲ့ Rotten Tomatoes 78% ရရှိထားပါတယ်။ အဓိကဇာတ်ဆောင်တွေကတော့ ပြင်သစ်ရဲ့နာမည်ကျော်အက်ရှင်-ဟာသမင်းသား Patrick Huard ၊ The Amazing Spider Man, Thor(2011), Face/Off ဇာတ်ကားတွေအပါအဝင်ဇာတ်ကားတော်တော်များများမှာ ဇာတ်ပို့အဖြစ်သရုပ်ဆောင်တဲ့ မင်းသားကြီး Colm Feore တို့ဖြစ်ပါတယ် မင်းသားနှစ်ယောက်လုံးဟာ ဒီဇာတ်ကားကြောင့် ကနေဒါရုပ်ရှင်အစည်းအရုံးကပေးအပ်တဲ့ အကောင်းဆုံးအမျိူးသားဇာတ်ဆောင်ဆုအတွက် လျာထားခြင်းခံထားခဲ့ရပါတယ်။ ကနေဒါနိုင်ငံ အွန်တာရီယို-ကွေဘက် နယ်မြေနယ်ခုကြားတည့်တည့်မှာထောင်ထားတဲ့ ဆိုင်းဘုတ်ပေါ်မှာခါးအလယ်တည့်တည့်ကနေ တွဲလောင်းကျသေနေတဲ့ လူသေအလောင်းတစ်ခုကို တွေ့တာကစပါတယ်။ ဒီတော့ နယ်မြေတစ်ဖက်စီကအထက်လူကြီးတွေဟာ လူသတ်မှုကိုပူးပေါင်းဖြေရှင်းကြဖို့ဆုံးဖြတ်လိုက်ကြပြီး အွန်တာရီယိုက စာအုပ်ကြီးအတိုင်းလုပ်တဲ့စုံထောက်မာတင်ဝါ့ဒ် ၊ကွေဘက်က စည်းမျဉ်းစည်းကမ်းတွေကို သိပ်အလေးမထားတဲ့ စုံထောက်ဒေးဗစ်ဘူရှားတို့ နှစ်ယောက်ကိုတွဲပေးလိုက်ပါတယ်။ အားနေရင် အချင်းချင်းစကားနာထိုးကြတဲ့ စုံထောက်နှစ်ယောက်ဟာ လုပ်ဖော်ကိုင်ဖက်တွေအဖြစ် အလုပ်လုပ်ကြရပါတော့တယ်။ လူသတ်သမားဟာ ဟော်ကီအသိုင်းအဝိုင်းကလူတွေကို သတ်လေ့ရှိပြီး နောက်ထပ်ဘယ်သူ့အလှည့်ဆိုတာကိုပါသဲလွန်စချန်ချန်ထားပါတယ်။ ဟော်ကီအားကစားကို စွဲစွဲလန်းလန်းဖြစ်နေတဲ့လူသတ်သမားကို မတည့်အတူနေစုံထောက်နှစ်ယောက်ကြိုးပမ်းဖော်ထုတ်ကြပုံကို ဟာသဆန်ဆန်ရိုက်ကူးထားပါတယ် နောက်ဆုံးမှာ လူသတ်သမားဟာ သူလိုချင်တာရဖို့ စုံထောက်တို့ရဲ့မိသားစုကိုပါထိပါးလာတဲ့အခါမှာတော့….. ဇာတ်ကားရဲ့ကြာချိန်ကတော့ ၁၁၆ မိနစ်ပါ။ ဇာတ်လမ်းပိုင်းကိုတော့ အများကြီးမပြောတော့ပါဘူး အချိန်ပေးကြည့်ရတာတန်တဲ့ စုံထောက်ကားကောင်းလေးပါ။
Bon Cop Bad Cop 2 ရုပ်ရှင်ဇာတ်ကားဟာ ခုမှပူပူနွေးနွေးထွက်ရှိထားတဲ့ Action/ Comdy/ Crime အမျိုးအစားဇာတ်ကားအမျိုးအစားတစ်ပုဒ်ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ မင်းသားကြီး Colm Feore နဲ့ Patrick Huard က အဓိက ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ ထူးခြားချက်က မင်းသား Partrick Huard ကိုယ်တိုင် ဒီဇာတ်ကားရဲ့ ဝတ္ထုကိုရေးသားထားတာပါ။ ဒါရိုက်တာ အနေနဲ့ကတော့ Alain Desrochersကရိုက်ကူးပေးထားပါတယ်။ ဒီဇာတ်ကားက 2006 ကထွက်ရှိခဲ့တဲ့ Bon Cop Bad Cop ထွက်ရှိပြီး ၁၁ နှစ်အကြာမှာ ပြန်လည်ထွက်ရှိခဲ့တာပါ။ Imdb Rating 7.2/10 Rotten Tomatoes 71% The Globe and Mail 3/4 ဒီ rating တွေကို ကြည့်ခြင်းအားဖြင့် ဇာတ်ကားကောင်းတစ်ကားဆိုတာပြောဖို့တောင်မလိုဘူးထင်ပါတယ်။ ဒီဇာတ်ကားထဲမှာ ပြင်သစ် ကနေဒီယန် ရဲအဖြစ် ဟာသဆန်ဆန် သရုပ်ဆောင်ချက်တွေနဲ့ အက်ရှင် ဇာတ်ကွက်တွေကြောင့် ပရိတ်သတ်တွေအကြိုက်တွေ့မယ်ဆိုတာ သေချာပါတယ်။
breathless ကိုရီးယားရုပ်ရှင်ဟာ ကျွန်တော်တို့ရဲ့ မိဘနဲ့သားသမီးတွေအကြားမှာ ဖြစ်တတ်တဲ့ ပဋိပက္ခတွေ ။ယင်းသို့မဟုတ်လျှင် အခြားတစ်ဖက်မှာ ဖေးပိတ်လှောင်ပိတ်ထားတဲ့ ခါးသီးရက်စက်မှု တွေကို သကာခဲ ရွရွကလေးဆမ်းထားသလိုမျိုး နုနုရွရွကလေး ရိုက်ပြတာမျို းမဟုတ်ဘဲ အတွင်းသားထဲအထိ ဘာမှမခြွင်းမချန်ဘဲ အမြစ်လှန် ရိုက်ပြထားတဲ့ ရုပ်ရှင်ကားတစ်ကားလို့ ပြောရပါလိမ့်မယ်။ လူသားစာမျက်နှာကြီးရဲ့ ရှေ့မျက်နှာဖုံးမျက်နှာစာတွေကတော့ လှပတဲ့အပြုံ းတွေ။ဆေးရောင်စုံခြယ်သထားတဲ့ ရှူ မျှော်ခင်းတွေနဲ့ အားကျစရာရှိကောင်းရှိလိမ့်မယ်။အတွင်းမျက်နှာစာကိုတော့ ဘယ်သူမှ ထဲထဲဝင်ဝင် မသိနိုင်ကြသူတွေများပါတယ်။ဆန်းဟွမ်းဆိုတဲ့ ကောင်က ကိုရီးယားရဲ့လူလတ်တန်းစားလောကထဲမှာ ကျင်လည်ကျက်စားနေတဲ့ လူမိုက်တစ်ယောက်လို့ပြောရပါ့မယ်။သူ့အလုပ်က သူငယ်ချင်းဖြစ်သူရဲ့ ချေးငွေလုပ်ငန်းမှာ လာမဆပ်တဲ့ လူတွေကို ရိုက်နှက်ပြီးအကြွေးတောင်းပေးရတာတို့နဲ့ ခွင့်ပြု ချက်မရှိဘဲ ဖွင့်လှစ်ရောင်းချတဲ့ ဆိုင်လေးတွေတို့။ဆန္နပြပွဲတွေကို ဖြို ခွင်းတဲ့လုပ်ငန်းတွေမှာ ရိုက်နှက်ပေးတတ်တဲ့ လူမိုက်ခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်။ သူရဲ့နေထိုင်မှု ကလည်း ခေါင်းထဲမှာ ရိုက်ဖို့နှက်ဖို့နဲ့ ဆဲဖို့ ဆိုဖို့လောက်ပဲ အာရုံထားသူပါ။အကြွေးတောင်းမယ်။မပေးရင် ရိုက်မယ် နှက်မယ်။ဆဲမယ် ဒါပါပဲ။အပြင်မှာတွေ့ဘူးတဲ့ စရိုက်ဆန်တဲ့လူမိုက်ပုံစံပေါ့။လူလတ်တန်းစားရပ်ကွက်တွေထဲက တိုက်ခန်းကလေးတွေမှာ မှီခိုနေကြတဲ့ အိမ်ထောင်စုတွေမှာလည်း ပြသာနာတွေပေါင်းစုံရှိကြပါတယ်။အလုပ်အကိုင်ရေရေရာရာ မရှိဘဲ လေလွင့်နေကြတဲ့လူငယ်တွေ။ပျက်စီးနေတဲ့လူငယ်တွေနဲ့ စုံလို့ပါပဲ။ဆန်းဟွမ်းမှာ ညီမတစ်ယောက်တော့ရှိပါတယ်။ညီမကမွေးထားတဲ့ တူကလေးကိုတော့ သံယောဇဉ်ရှိပုံပါ။သွားပြီး စားစရာကလေးတွေ သွားကျွေးတတ်တယ်။တူကလေးကိုကြည့်ပြီး သူ့ရင်ထဲက ပျောက်ဆုံးမွန်းပိတ်ခဲ့တဲ့ ငယ်ဘဝအိပ်မက်ဆိုးတွေကို ရီဝေနေတဲ့ မျက်ဝန်းတွေကနေ မြင်နေရတယ်။လူတိုင်းဟာ ဘဝတစ်ခုဆောက်တည်လာတဲ့နေရာမှာ အံဝင်ခွင်ကျ ဖြစ်မှု မဖြစ်မှု ဆိုတာ ငယ်ဘဝ ကနဦးနဲ့လည်း အများကြီးသက်ဆိုင်တယ်ဆိုတာကို ဆန်းဟွမ်းကနေ တစ်ဆင့်ပြသွားပါတယ်။သူတို့ငယ်ဘဝဟာ အတော်ကိုဆိုးဝါးလွန်းလှပါတယ်။ဖခင်ဖြစ်သူက မူးလာတဲ့အချိန်မှာ မိခင်ဖြစ်သူကို ရိုက်နှက်နှိပ်စက်လေ့ရှိသလို တစ်နေ့မှာတော့ ဓါးနဲ့ ထိုးမယ့်လုပ်တုန်းကနေ ညီမလေးဖြစ်သူမှာ အထိုးခံရပြီး မိခင်ဖြစ်သူကတော့ ကားတိုက်ခံရပြီး သေသွားခဲ့ရတယ်။အဲဒီလို ဘဝမျို းနဲ့ ကြီးပြင်းလာခဲ့တဲ့ ဆန်းဟွမ်းအတွက် အနာမြုံ တစ်ခုလိုပဲ အမျက်တွေ။ဒေါသတွေ ။နာကျင်မှု တွေနဲ့ ပဲ ဘဝကို ရပ်တည်ဖြစ်လာတာ အဆန်းမှမဟုတ်တော့တာပဲ။ဘာပဲဖြစ်ဖြစ် ဆန်းဟွမ်းဆိုတာလည်း လူသားတစ်ယောက်ပဲလေ။သူ့ဘဝမှာ အခြားသောမိသားစုတွေလို ပျော်ပျော်ရွှင်ရွှင်ကြည်ကြည်နူးနူးနေပဲ နေချင်တာပေါ့။သူ့ဘဝလိုပဲ စိတ္တဇဖြစ်နေတဲ့ ဗီယက်နမ်စစ်ပြန်ကြီးဆိုတဲ့ ဖခင်ရဲ့နှိပ်စက်မှု အောက်မှာ ကြီးလာရတဲ့ ကောင်မလေးလေးတစ်ယောက်လည်း ရှိတယ်။အဲဒီကောင်မလေးရဲ့ ရင်ခွင်ကလေးပေါ်မှာ မှေးစက်ပြီး သူ ဘဝရဲ့ မေ့မရတဲ့ ငယ်ဘဝဒဏ်ရာတွေကို မျက်ရည်သွန်ချ ပြီး အချို းမကျနတဲ့ စကားလုံးတွေနဲ့ ရင်ဖွင့်ချင်မှာပဲပေါ့ ။ထောင်ကလွတ်လာတဲ့ ဖခင်ကို မြင်ရတိုင်း သူ့ငယ်ဘဝက ဒဏ်ရာတွေဟာ တစ်ဖန်ပြန်သစ်လာရပြန်တယ်။အမှောင်ထောင့်ကနေ ကြိမ်ဖန်များစွာမြင်ခဲ့ရတဲ့ မိခင်ဖြစ်သူကို စိတ်တိုင်းကျ နှိပ်စက်နေတာတွေ။ရိုက်နှက်နေတာတွေ။ညီမလေးဖြစ်သူကို ဓါးနဲ့ ထိုးပစ်လိုက်တာတွေ။အဲဒါတွေမြင်လာပြီဆိုရင် ဆန်ဟွမ်းဟာ သူ့စိတ်ကို ထိန်းမနေတော့ဘူး။ဖခင်ဖြစ်သူကို ဆောင့်ကန်တယ်။အားပါတရဆဲတယ်။ရိုက်ပစ်တယ်။အရက်တွေကို နင်းခွပြီး တိုက်ပစ်တယ်။ဟုတ်ပါတယ်။ယခု ရုပ်ရှင်ဟာ အကြောင်းမကောင်းခဲ့ကြတဲ့ မြေစာပင်ကလေးတွေရဲ့ ဘဝကို သရုပ်မှန်နဲ့အနီးကပ်ဆုံးဖြစ်အောင် ရိုက်ပြထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ။ဆန်ဟွမ်းနဲ့သူသူငယ်ချင်းဖြစ်သူတို့ ပြောတဲ့စကားက ခုရုပ်ရှင်ရဲ့ ဖြစ်တည်မှု ကိုတကယ်ပဲ ပေါ်လွင်စေခဲ့ပါတယ်။ဆန်ဟွမ်း သူငယ်ချင်းက “ငါလို မိဘမဲ့တစ်ယောက်အနေနဲ့ မင်းရဲ့ဖခင်မျို းတစ်ယောက်လောက်လိုချင်လိုက်တာကွာတဲ့။ဆန်ဟွမ်းက ပြန် ပြောပါတယ်။“ဒီလိုဖခင်မျို းနဲ့ ဆိုရင်တော့ မင်းရဲ့ဘဝကိုပဲ ပိုပြီးအားကျပါတယ် “တဲ့။ယခုရုပ်ရှင်မှာ အဓိကသရုပ်ဆောင်ဖြစ်တဲ့ Yang Ik-june ကပဲ ဝတ္ထု ရောဇာတ်ညွှန်းရောဒါရိုက်တာအဖြစ်ပါ ရိုက်ကူးထုတ်လုပ်ခဲ့ခြင်းဖြစ်ပါတယ်။သူဟာ လမ်းဘေကလေကချေ လူမိုက်တွေရဲ့ဘဝကို သဘာဝအကျဆုံး ပူးကပ်တင်ဆက်နိုင်ခဲ့တာကို တွေ့ရသလို အထူးသဖြင့်ကတော့ မိဘတွေရဲ့မကောင်းမွန်တဲ့ ပုံရိပ်အောက်မှာ ကြီးပြင်းလာရတဲ့ သားသမီးတွေဟာ ယင်းပုံရိပ်အတိုင်းပဲ လမ်းပျောက်သွားရတယ်ဆိုတာကို အကောင်းဆုံး မီးမောင်းထိုး ရိုက်ပြသွားးတာတွေကို တွေ့ကြရမှာ ဖြစ်ပါတယ်။ကိုရီယားရုပ်ရှင်ကားကောင်းတွေနှစ်သက်ကြတဲ့ ပရိသတ်တွေအနေနဲ့ ယခုရုပ်ရှင်ကို လက်မလွတ်ကြဖို့ ပြောလိုပါတယ်။
ကမ္ဘာကြီးရဲ့ Alternate Timeline တစ်ခုမှာ လူတွေဟာOrcs တွေ Elves တွေ အစရှိတဲ့ ဒဏ္ဏာရီထဲကသတ္တဝါတွေနဲ့အတူ ကမ္ဘာဦးအစကတည်းက နေထိုင်ပါတယ်။ ဒီဇာတ်ကားမှာတော့Ward (Will Smith) ဟာ လော့အိန်ဂျလိစ်က ဝါရင့်ရဲအရာရှိတစ်ယောက်ဖြစ်ပြီး လော့အိန်ဂျလိစ်ရဲဌာနရဲ့ ပထမဆုံး Orcs ရဲအရှာရှိဖြစ်တဲ့ Jakoby နဲ့အတူ တာဝန်ထမ်းဆောင်နေရတာဖြစ်ပါတယ်။ လူတွေနဲ့ Orc တွေကလဲ သိပ်မတည့်ကြသလို Jakoby နဲ့လဲ ဘယ်သူကမှ အလုပ်တွဲမလုပ်ချင်ကြပါဘူး။ တစ်ညမှာတော့Ward နဲ့ Jakoby တို့ Tikka လို့ခေါ်တဲ့ Elf တစ်ယောက်ကို တွေ့ရှိခဲ့ပြီး သူ့ဆီမှာ ကမ္ဘာကို အမှောင်ခေတ်ပြန်ရောက်သွားအောင်လုပ်နိုင်စွမ်းရှိနေတဲ့ မှော်တုတ်တံတစ်ချောင်းရှိနေတာကို သိလိုက်ရပါတယ်။ အဲ့ဒီ မှော်တုတ်တံကို လူမျိုးစုအားလုံး သတ္တဝါအားလုံးကအလိုရှိနေတာဖြစ်ပြီး မှော်တုတ်တံပိုင်ရှင်အစစ်ဖြစ်တဲ့ Leilah ကိုယ်တိုင်ကလဲ လိုက်ရှာဖွေနေတာဖြစ်ပါတယ်။ ကမ္ဘာကြီး မပျက်စီးအောင်Ward နဲ့ Jakoby တို့ ဘယ်လိုတားဆီးမလဲ ဆိုတာတော့ ရုပ်ရှင်ထဲမှာ ဆက်လက်စီးမျောခံစားလိုက်ပါ။ ဒီကားကို ဝေဖန်သူတွေက ၂၀၁၇ ခုနှစ်ရဲ့ အဆိုးဝါးဆုံးရုပ်ရှင်လို့ မှတ်ချက်ပေးနေပေမယ့် တကယ်တော့ အဲ့လောက်မဆိုးဝါးပါဘူး။ Imdb 6.7, Rotten Tomatoes 30% ရရှိထားတဲ့အပြင် David Ayer ရဲ့ အမြင်ဆန်းသစ်တဲ့ရုပ်ရှင်တစ်ကားဖြစ်တာမို့ကြည့်သင့်တဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။
Bullet Head ဇာတ်ကားဟာ ၂၀၁၇ခုနှစ်ကထွက်ရှိထားတဲ့ အမေရိကန် မှုခင်းအက်ရှင်ကားတစ်ကားဖြစ်ပါတယ် Imdb rating 5.2/10 နဲ့ rotten tomatoes 57% အသီးသီးရရှိထားပါတယ် ပါဝင်သရုပ်ဆောင်ထားသူတွေက တော့ Adrien Brody, John Malkovich နဲ့ Antonio Banderas တို့ဖြစ်ပါတယ် ကြာချိန် ၉၃မိနစ်ပဲရှိပေမယ့် ဇာတ်လမ်းအလှည့်အပြောင်းနဲ့ စိတ်ဝင်စားဖွယ်ရာဇာတ်ကွက်တွေ ပြည့်နေတဲ့ ဇာတ်ကားကောင်းလေးပါ ဇာတ်လမ်းအကျဉ်းကတော့ Career (ကယ်ရီ) သမား ၃ယောက်ဖြစ်တဲ့သူတို့ဟာ တစ်နေ့မှာ အလုပ်လုပ်ရင်းချွတ်ချော်မှုကြောင့် ဂိုထောင်တစ်ခုထဲမှာပိတ်မိသွားပါတော့တယ် ဂိုထောင်အပြင်မှာအသင့်စောင့်နေသူတွေလည်းရှိနေပါတယ် ဥပဒေဘက်တော်သားရဲတွေပါ….. ဒါပေမယ့်ဂိုထောင်ထဲမှာလည်း ကြောက်ရွံ့ဖွယ်ကောင်းတဲ့ အန္တရာယ်ကြီးကစောင့်ကြိုနေပါတယ်…. သူတို့ ၃ယောက် ကျဉ်းထဲကျပ်ထဲကနေ အလွတ်ရုန်းနိုင်မှာလား…. အသက်ရှင်လျက်ထွက်လာပြီး ရဲလက်ထဲကပါလွတ်အောင်ပြေးနိုင်မလားဆိုတာ….ပရိတ်သတ်ကြီးပဲကြည့်လိုက်တော့နော်
ဒီတစ်ခါ ကျွန်တော်တို့ မိတ်ဆက်ပေးချင်တဲ့ကားကတော့ cast တွေ အရမ်းကြမ်းတဲ့ R rate ရထားတဲ့ Crime Drama ရုပ်ရှင် တစ်ကားပါ။ Castတွေကတော့ ဟောလိဝုဒ်ရဲ့ Legendတွေဖြစ်ခဲ့တဲ့ George Clooney, Brad Pitt နဲ့Tilda Swinton တို့ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့အစမှာတော့.. CIA အေးဂျင့်ပြုတ် တစ်ယောက်ဟာ အရေးကြီးတဲ့ ပဟေဋ္ဌိဆန်တဲ့ အချက်အလက်တွေပါတဲ့ CD တစ်ချပ်ကို မှတ်တမ်းအနေနနဲ့လုပ်ခဲ့ပါတယ်။ ကံဆိုးချင်တော့ ဒီCDဟာ Georgetwon Gymမှာ ကျန်ခဲ့ပြီး အလုပ်သမား နှစ်ယောက် လက်ထဲရောက်သွားခဲ့ပါတယ်။ အဲ့ဒီ အလုပ်သမား ၂ယောက်ကတော့ Lindaလို့ ခေါ်တဲ့ အလှပိုင်းဆိုင်ရာ ခွဲစိတ်ပြုပြင်ဖို့ ငွေလိုနေတဲ့ အမျိုးသမီးတစ်ယောက်နဲ့ Chad ဆိုတဲ့ လူအတစ်ယောက်ဖြစ်ပြီး ဒီ CDကို ရောင်းဖို့ ကြိုးစားတဲ့အခါမှာတော့….. ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဟာသတစ်ပိုင်း ရင်ဖိုစရာတစ်ပိုင်းနဲ့ ခံစားရမဲ့ Imdb rating 7 တိတိရထားတဲ့ မှုခင်း ဒရာမာ ကားကောင်းတစ်ခုပါ။
Rating 7.2 ရရှိထားတဲ့ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်… လူဆိုတာတစ်နေ့ကျရင် အသက်ကြီး အိုမင်းရမှာပါပဲ အသက်ကြီးလာတဲ့အခါ စုထား ဆောင်းတာတွေမရှိရင် စားဝတ်နေရေး အတော်ခက်ခဲရနိုင်ပါတယ် အဲဒီလိုဖြစ်တတ်တဲ့အခြေအနေတွေ အကြောင်းကို ရိုက်ကူးတင်ဆင်ထားတဲ့ ကားလေးပဲဖြစ်ပါတယ် လီအစ္စရယ်ဟာ အရောင်းရဆုံးစာရင်းဝင်ဖူးတဲ့ ဖန်နီဘရိုက်အတ္ထုပတ္ထိကို ရေးခဲ့တဲ့ စာရေးဆရာမပဲ ဖြစ်ပါတယ်။ သူ့စာအုပ်တွေဟာ တချိန်တုန်းက လူကြိုက်များခဲ့ပေမယ့် နောက်ပိုင်း စိတ်မဝင်စားကြတော့တဲ့အခါ ထုတ်လုပ်သူကလည်း မထုတ်ပေးတော့ပါဘူး။ စားဝတ်နေရေး ကြပ်တည်းလာလို့ ရရာအလုပ်ဝင်လုပ်ပေမယ့်လည်း သူ့အပြုအမူတွေကြောင့် ဘယ်အလုပ်မှ တာရှည်မခံခဲ့ပါဘူး နောက်ဆုံးကြံရာမရဖြစ်လာတဲ့အခါမှာ တခြားနာမည်ကြီး စာရေးဆရာတစ်ယောက် သူ့ကိုပေးဖူးတဲ့ လက်ရေးမူကို ရောင်းချခဲ့ပါတယ်.. မထင်မှတ်ပဲ ငွေအများကြီးရလိုက်တဲ့အခါမှာ သူက ငွေကိုယစ်မူးပြီးတော့ စာရွက်တွေအတုလုပ် ရောင်းချတဲ့အထိ ဖြစ်လာပါတော့တယ်။ သူကိုယ်တိုင်မသိလိုက်ပဲနဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေမိနေလျက်သား ဖြစ်နေပါတော့တယ်… နောက်ဆုံးလူတွေသိသွားတဲ့အခါ ရဲတွေသိသွားတဲ့အခါမှာ သူ့အနေနဲ့ရှေ့ဆက်တိုးစရာလမ်းလည်း မရှိတော့ပါဘူး အမြဲသူ့ဘေးမှာနေခဲ့တဲ့သူငယ်ချင်းကလည်း သူ့ရဲ့တစ်ကိုယ်ကောင်းဆန်မှုတွေကြောင့် သူ့ကိုစွန့်ခွာသွားခဲ့ပါသေးတယ်.. ဒီလိုအကျပ်အတည်းတွေကို သူဘယ်လိုရင်ဆိုင်မလဲ.. ပျက်စီးသွားတဲ့ယုံကြည်မှုတွေ ပြိုကွဲသွားတဲ့ ချစ်ခြင်းမေတ္တာတရားတွေကို သူပြန်လည် တည်ဆောက်နိုင်ပါ့မလား…. ဒီကားက ရိုးရိုးစင်းစင်း ဇာတ်ကားတစ်ကားဖြစ်ပေမယ့် သူငယ်ချင်းတွေကြားက ချစ်ခြင်းမေတ္တာတွေ၊ အိုမင်းလာတဲ့အခါ ကြုံရမယ့်ဒုက္ခတွေ၊ ကိုယ့်အပြုအမှုတွေကြောင့်ခံစားရတဲ့ ပတ်ဝန်းကျင်ရဲ့လျစ်လျူရှုမှုတွေ၊ နောင်တတရားရတဲ့အချိန်မှာ လူ့အသိုင်းအဝိုင်းရဲ့ ဖေးမကယ်တင်မှုတွေကို ခံစားရမှာပဲဖြစ်ပါတယ်။
အားလပ်ရက်လေးမှာဇာတ်ကားသစ်အလန်းစားလေးကြည့်ရအောင် အမြန်ဆုံးဘာသာပြန်တင်ဆက်ပေးထားတဲ့ နာမည်ကြီး မင်းသားတွေဖြစ်တဲ့ Donnie Yen နဲ့ Andy Lau တို့ရဲ့ အက်ရှင်ဇာတ်ကားကောင်းလေးကိုတင်ပေးလိုက် ပါတယ်။ ဒီဇာတ်ကားဟာ ဟောင်ကောင်-တရုတ် Action/Crime/Drama ကားလေးတစ်ကားဖြစ်ပြီး တကယ့်အပြင်က ဂိုဏ်းစတားတစ်ဦးဖြစ်တဲ့ Ng-Sekho ဆိုတဲ့သူရဲ့ဇာတ်ရုပ်ကို Donnie Yen ကပါဝင်သရုပ်ဆောင်ပေးထားတာဖြစ်ပြီး Andy Lua ကတော့ Lee Rock ဆိုတဲ့ဇာတ်ကားလေးထဲကဇာတ်ရုပ်အတိုင်း အကျင့်ပျက်ရဲလောကကသူတစ်ယောက်ဖြစ် သရုပ်ဆောင်ထားတာပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ ၁၉၆၃ခုနှစ်တွင် ဝူရှစ်ဟောင်ဆိုတဲ့လူတစ်ယောက်ဟာ တရုတ်ပြည်မကြီးကနေ ဗြိတိသျှကိုလိုနီတစ်ခုဖြစ်တဲ့ ဟောင်ကောင်ကိုတရားမဝင်ခိုးဝင်လာရကစပြီး မူးယစ်ပွဲစားတွေ အကျင့်ပျက်ရဲဝန်ထမ်းတွေ နဲ့ပြည့်နှက်နေတဲ့ မြေအောက်ကမ္ဘာက မူးယစ်ရာဇာကြီးတစ်ဦး ဖြစ်လာခဲ့ပါတယ်။ အဲဒီခေတ်ကာလအတွင်းက မူးယစ်ဆေးပြဿနာတွေ ပြည့်တန်ဆာမှုတွေ ဂိုဏ်းစတားတွေရဲ့အကွဲအပြဲဇာတ်လမ်းတွေကို အဓိကထားပြီးဇာတ်လမ်းကြောရိုးယူထားပါတယ်။ အဲဒီခေတ်ကာကတွင်းက ရဲတွေနဲ့ဂိုဏ်းတွေကြားကရင်းနှီးတဲ့ ဆက်ဆံရေးအရ ဝူရှစ်ဟောင်နဲ့ လေလော့ဆိုတဲ့ရဲအရာရှိတို့ဟာ တွဲဖော်တွဲဖက်တွေဖြစ်လာရုံသာမက မြို့တွင်းဂိုဏ်းတွေကြားတိုက်ခိုက်မှုတစ်ခုမှာ လေလော့ကို ဝူရှစ်ဟောင်တစ်ယောက်အသက်ဘေးကနေကယ်တင်ခဲ့တဲ့ နောက်တော့ သွေးသောက်ညီအစ်ကိုတွေအဖြစ်ထိရင်းနှီးလာခဲ့ကြပါတယ်။ ဝူရှစ်ဟောင်တစ်ယောက် သူ့ရဲ့မူးယစ်ဆေးနယ်ပယ်ကိုပိုမိုချဲ့ထွင်လာနိုင်ခဲ့ပြီး လေလော့နဲ့လည်းဆက်ဆံရေးကျဲလာပါတယ်။ အထူးသဖြင့် ရဲတွေထိန်းသိမ်းလို့မနိုင်တော့တဲ့ လူမိုက်ဂိုဏ်းတွေကြားစစ်ပွဲတွေကိုရပ်တန့်နိုင်ဖို့ ဝူရှစ်ဟောင်ကိုတိုက်တွန်းလိုက်တဲ့ အချိန်မှာပါပဲ။ သူတို့နှစ်ယောက်သား ပြိုင်ဖက်ဂိုဏ်းစတားတွေ၊ တရုတ်အကျင့်ပျက်ရဲဝန်ထမ်းတွေ၊ ဗြိတိသျှဆိုးသွမ်းအရာရှိတွေ ကိုယှဉ်ပြိုင်တိုက်ခိုက်ကြပါတော့တယ်။ ဒီလိုယှဉ်ပြိုင်နှိမ်နင်းကြရမှာ တစ်ဦးကရဲဝန်ထမ်း ၊ တစ်ဦးကမူးယစ်ရာဇာတစ်ဦးအနေနဲ့ နှစ်ယောက်သားသဘောထားကွဲလွဲမှုတွေ၊ အယူအဆမတူမှုတွေနဲ့ ဘယ်လိုမတူညီတဲ့နည်းလမ်းတွေနဲ့ နှိမ်နင်းသွားကြမလဲဆိုတာတော့ ပရိသတ်တွေကပဲဆက်ကြည့်လိုက်ကြပါဦး။ နာမည်ကြီးမင်းသားနှစ်ယောက်၊ မတူညီတဲ့ခေတ်ပြိုင်ဇာတ်ကောင်နှစ်ခုနဲ့ အပြိုင်အဆိုင်သရုပ်ဆောင်ထားကြတာဆိုတော့ ကြည့်မကောင်းစရာကိုမရှိပါဘူး။ Rating အနေနဲ့ကလည်း 7.1 ထိရှိထားတာဖြစ်တဲ့အတွက် အားလပ်ရက်မှာဘယ်မှ မသွားဖြစ်တဲ့သူတွေအတွက်ရာသီဥတုအေးအေးလေးနဲ့ ဇာတ်ကားကောင်းကောင်းလေးကြည့်ပြီး ဇိမ်ယူသင့်တာပေါ့ဗျာ။
ယန် ဂျီအန် ဆိုတဲ့လူငယ်လေးပြိုင်ပွဲတွေကိုအနိုင်ရဖို့အတွက်အလုပ်လုပ်ပြီးတော့ မြောက် အာဖရိက ကိုသွားပြီးလုပ်အားပေးကူညီတဲ့ တရုတ် အိုင်တီ အင်ဂျင်နီယာ တစ်ယောက်ပါ။တောင်နဲ့မြောက်ကြားမှာရှိတဲ့ဆက်သွယ်ရေးတွေကိုအနိုင်ရသူကပဲထိန်းချုပ်ခွင့်ရတယ်။ပြင်သစ် လျှို့ဝှက်စုံထောက် မိုက်ကယ် ကအနောက်ဘက်အတွက်အလုပ်လုပ်ပေးတယ်။မြောက်ဘက်ကိုသွားပြီးပြိုင်ပွဲတွေကိုအနိုင်ရဖို့အတွက်သူ့ရဲ့သူဌေးကအမိန့်ပေးခဲ့တယ်။ပြီးတော့သူတို့က အာဖရိက ရဲ့ကြီးမားတဲ့တွင်းထွက်ပစ္စည်းတွေကိုထိန်းချုပ်နိုင်တယ်။သူကကြေးစားနိုင်ငံခြားသားစစ်သား အာဖရိက မှာရှိတဲ့ လာဒါ လို့ခေါ်တဲ့လူနဲ့အရင်ဗိုလ်ချုပ် ကက်ဘား ကိုငှါးခဲ့ပြီးသူ့ကိုကူညီဖို့ခေါ်ခဲ့တယ်။ယန် ကသူတို့တွေရဲ့လျှို့ဝှက်ပူးပေါင်းကြံစည်မှုတွေကိုစုံစမ်းခဲ့တယ်။အဲ့ဒီလူတွေကိုသူတစ်ယောက်ပဲတားဆီးလို့ရတယ်။…
ခုတလော ရေပန်းစားပြီး တောင်းဆိုသူတွေများလာတဲ့ ဇာတ်ကြမ်းကားလေးပါ။ Marvel Universe ထဲက ဂါမိုရာလို့ လူသိများတဲ့ မင်းသမီး Zoe Saldana ရဲ့ နာမည်ကျော်ဇာတ်ကားပါ။ မျက်စိရှေ့မှာ သတ်ခံလိုက်ရတဲ့ မိဘနှစ်ပါးကြောင့် ကလေးအရွယ်ပဲရှိသေးတဲ့ ကောင်မလေးရဲ့ ရင်ထဲဘယ်လောက်ထိ ဒဏ်ရာတွေ ပြင်းထန်ခဲ့မလဲ… ဒီကလေးမလေး အရွယ်ရောက်လာတော့ ဒဏ်ရာတွေကို ကိုယ့်ဖာသာ ကုစားတာတွေက ပြင်းချက်တွေ…. သွေးအေးရက်စက်တဲ့ လူ့အသိုင်းအဝိုင်းထဲ သူမ ဘယ်လိုတွေ ရုန်းကန်လှုပ်ရှားမလဲဆိုတာ…။ တခါတလေမှာ လက်စားချေတာ ခါးသီးတဲ့ ရသဆိုပေမယ့် အခါးကြိုက်တတ်တဲ့ လူအဖို့မှာတော့….။
မှုခင်းကားတွေကို ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်ကြီးအတွက် ၂၀၁၈ ခုနှစ်ထွက် One Two Jaga ဆိုတဲ့ မလေးရှား ကားသစ်လေး တင်ဆက်ပေးလိုက်ပါတယ် IMDb 6.7/10 ရရှိထားပြီး စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ကားတစ်ကားပါ။ ဒီဇာတ်ကားထဲမှာ မလေးရှားနိုင်ငံက တရားမဝင်ပြောင်းရွေ့နေထိုင်သူတွေရဲ့ ဘဝကို ရိုက်ပြထားပြီး မလေးရဲတွေရဲ့ လာဘ်စားပုံတွေကိုလည်း ရိုက်ပြထားပါတယ် ဇာတ်လမ်းအကျဉ်းကတော့ အင်ဒိုနီးရှားကလာရောက်အလုပ်လုပ်တဲ့ ကလေးတစ်ယောက်ဖခင်လည်းဖြစ်တဲ့ အလုပ်သမားတစ်ဦးဟာ ဆောက်လုပ်ရေးလုပ်ငန်းမှာ အလုပ်လုပ်နေရင်းကနေ သူ့လိုပဲ အင်ဒိုကနေ လာရောက်အလုပ်လုပ်တဲ့ သူ့ညီမဟာ အလုပ်ခွင်မှာ ပြဿနာဖြစ်ပြီး အင်ဒိုနီးရှားကိုပြန်ဖို့ သူ့ဆီကို အကူအညီလာတောင်းပါတော့တယ်…။ သူှုညီမရဲ့ နိုင်ငံကူးလက်မှတ်တွေအားလုံးဟာ အလုပ်ရှင်ဆီမှာကျန်ခဲ့တဲ့အတွက် လေလောဆယ်တရားမဝင်နေထိုင်သူလိုဖြစ်နေတဲ့အတွက်ကြောင့် သူ့ကို အင်ဒိုပြန်ပို့ဖို့ ဘယ်လိုတွေကြိုးစားရုန်းကန်ကြမလဲ ပရိသတ်ကြီးကိုယ်တိုင်ပဲ ကြည့်ရှုခံစားတော်မူပါ။
ဂျိုး(နီကိုလတ်ကေ့ဂ်ျ) ဟာဆိုရင် ကြေးစားလူသတ်သမားတစ်ယောက်ပါ သူဟာ စည်းကမ်းတကျ လုပ်တက်သူဖြစ်ပြီး ပြင်ပ ဆက်ဆံရေး ဆိုတာ လည်းမရှိပါဘူး။ပုံမှန်တော့သူက သူခိုးကြမ်းပိုးလေးတွေကို သူ့အတွက် သတင်းပေး အကူအဖြစ်ငှားရမ်းပြီးပဲ လှုပ်ရှားတက်ပါတယ်။ဒီလိုနဲ့ တစ်ရက်မှာ သူ့ရဲ့ အလုပ်အတွက် ဘန်ကောက်မှာ လုပ်ကြံဖို့ အတွက် သွားပါတော့တယ် အဲ့မှာထုံးစံအတိုင်း ဒေသခံ လူငယ်တစ်ယောက်ကို သူ့အတွက် သတင်းပေးအကူ အဖြစ် ငှားရမ်းပါတော့တယ်။ဒါ့အပြင် ဂျိုးဟာ ဘန်ကောက်မှာ ဆွံအနားမကြားတဲ့ ကောင်မလေးတစ်ယောက်နဲ့တွေ့ဆုံခဲ့ပြီးသူနဲ့ အချိန်ဖြုန်းလေ့ ရှိပါတယ်။ ဒါပေမဲ့ ဂျိုးကိုငှားရမ်းထားတဲ့ လူဆိုးခေါင်းဆောင်က ဂျိုးဟာသူတို့ကို သိနေတယ် ဆိုတာကို သိပြီးတဲ့နောက်မှာ ဂျိုးအပါအ၀င် အကုန်လုံးကိုရှင်းပစ်ဖို့ လုပ်ပါတော့တယ်။ ဂျိုးတစ်ယောက် လုပ်ကြံ မှု့တွေ အပြင် လူဆိုးခေါင်းဆောင်ရဲ့ ကောက်ကျစ်ယုတ်မာ မှု့တွေကိုပါ ရင်ဆိုင်နိုင်မလား ဆိုတာ ကို စိတ်ဝင်စားစွာ ကြည့်ရှု့ရမှာပါ။
ရဲဌာနကတစ်ယောက်အသတ်ခံရမှုနဲ့ပက်သက်ပြီးအမှုပြန်လိုက်တဲ့ကားလေးပါ ပြည့်တန်ဆာအိမ်ကိုခဏခဏသွားပြီးတစ်ရက်မှာအသတ်ခံလိုက်ရပါတယ် သတ်တဲ့တရားခံကိုလဲမသိလိုက်ရဘဲအမှုပိတ်လိုက်ရတယ် အဲံ့ဒါကိုတစ်နှစ်ကအမှုလိုက်ရာပြသနာရှိခဲ့တဲ့တက်ဒက်ခ်ကဘာကြောင့်အသတ်ခံတယ်ဆိုတာသိလိုအမှုပြန်ဖွင့်လိုက်ပါတယ် BDSMတွေကိုအသားပေးရေးတဲ့စာရေးဆရာကသတ်တယ်လို့ထင်လို့အမှုကိုပြန်လိုက်ပါတယ် စာရေးဆရာနဲ့အသတ်ခံရတဲ့ရဲကအတူတူအဲ့ပြည့်တန်ဆာအိမ်ကိုသွားနေကြတာပါ စာရေးဆရာရေးထားတဲ့အကြောင်းအရာဟာ သူတို့ရဲဌာနကတစ်ယောက်သေတာနဲ့တူနေလို့စာရေးဆရာကိုခေါ်ပြီးစစ်ပါတယ် ခေါ်ပြီးစစ်တဲ့အချိန်မှာဘာမှမထူးခြားခဲ့ပါဘူး ရဲတွေနဲ့လူသတ်သမားကိုယ်တိုင်ပဲသိတဲ့ဒီလိုအချက်အလက်ကို စာရေးဆရာကဘယ်လိုလုပ်သိတာလဲလိမ်မှာပေါ့ မုသားဖော်စက်နဲ့လဲစစ်တယ်ဒါပေမယ့်မထူးခြားပါဘူး သူများကိုသတ်ခိုင်းမှာပေါ့ အဲ့ဒါလဲစစ်ပါတယ် သူမခိုင်းခဲ့ပါဘူး ဒါဆိုအဲ့ရဲကိုဘယ်သူသတ်တာလဲနည်းနည်းတော့စိတ်ဝင်စားစရာကောင်းလာပါတယ် အဲ့တော့တက်ဒက်ခ်ဟာစာရေးဆရာရဲ့အိမ်ကိုစောင့်ကြည်တော့တာပဲ အဲ့မှာအခြားပက်သက်တဲ့သူတွေကိုတွေ့တယ် စာရေးဆရာရဲ့ကောင်မလေး ဒီအမှုကိုအရင်ကစုံစမ်းတဲ့ရဲချုပ်အာဒမ်တွေ့တယ် အိမ်မှာအမြဲအနိုင်ကျင့်ခံရတဲ့စာရေးဆရာရဲ့ကောင်မလေးသတ်တာလား ရဲချုပ်ကပဲသတ်တာလားဆိုတာသူသိအောင်လိုက်စုံစမ်းတယ် လိုအပ်တဲ့အချက်အလက်စုံးစမ်းပြီးနောက်ဆုံးကောင်မလေးကိုခြိမ်းခြောက်အကြပ်ကိုင်ပြီးစာရေးဆရာလူသတ်ဆိုတာဝန်ခံခဲ့တယ် သူသတ်ပါတယ်လို့သတင်းရှာရှင်းလင်းပွဲလဲလုပ်ပြီးရောစာရေးဆရာကမှုခင်းဖြစ်နေချိန်မှာခရီးထွက်နေပါတယ် ဒါဆိုဘယ်သူသတ်တာပါလဲ သိချင်ရင်ဇာတ်လမ်းလေးကိုကြည့်လိုက်ပါလို့ပြောပါရစေ IMDB rating 5.1ရထားတဲ့ဇာတ်ကားလေးပါ
ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်ရေးတဲ့ မိုးညအိပ်မက်မြူဝတ္ထုထဲက ဘဝပေါင်းများစွာနဲ့ ကျင်လည်ခဲ့ရတဲ့ မောင်ညိုမှိုင်း…. ငယ်ငယ်တုန်းက မိုးတွေရွာတဲ့ညတွေမှာ ချစ်ရတဲ့အရာတွေ ဆုံးရှုံးလိုက်ရတော့ မိုးရွာတဲ့ညတွေဟာ သူ့အတွက်ဆိုက်ကိုတစ်ခုလို…. မိုးတွေရွာရင်ဘာတွေများဆုံးရှုံးလေမလဲလို့…မိုးညနဲ့ ဆုံးရှုံးရမှုကို မကွဲပြားလေတော့ရှာဘူး…. လူတိုင်းလောကဓံတရားနှင့်ရင်ဆိုင်ရသည်။ တချို့ကကြံ့ကြံ့ခံပြီးဆက်သွားနိုင်သည်၊ တချို့က ကံဆိုးနှိပ်စက်ခြင်းကြောင့် စိတ်သော်လည်းကောင်း ကိုယ်သော်လည်းကောင်း ပျက်စီးကြရသည်။ ထိုသို့ပျက်စီးမှုသည် ဒီလောကတွင် တကယ်ရှိသည်။ ထိုအကြောင်းကို ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်က ဇာတ်လမ်းဖွဲ့သည်။ စိတ်ကူးယဉ်ဇာတ်လမ်းဖြစ်သည်..။ ဆရာကြီးက မောင်ညိုမှိုင်းကို သနားစဖွယ် ဖွဲ့သည်။မောင်ညိုမှိုင်းသည် လူကောင်းပေကိုး…။ မိုးညအိပ်မက်မြူသည် စိတ်ကူးယဉ်ဇာတ်လမ်းဖြစ်သော်လည်း ယခုတင်ဆက်မည့် ဇာတ်လမ်းမှာ ကိုရီးယားနိုင်ငံတွင်တကယ်ဖြစ်ပျက်ခဲ့သော ဖြစ်ရပ်တစ်ခုဖြစ်သည်..။ သူသည်မောင်ညိုမှိုင်းလို လောကဓံအထုအထောင်းခံရသည်။ စိတ်၏ပျက်စီးခြင်းခံရသည်။ အတွဲလိုက်လူတွေသတ်သည်။ဇာတ်လမ်းနှစ်ခုစလုံးတွင် ပရိတ်သတ်ယူစရာမှာကား သင်ခန်းစာနှင့် ရသသာဖြစ်တော့သတည်း။
Death Noteဆိုရင်တော့မသိသူမရှိပါဘူး။ သေမင်းရဲ့စာအုပ်ထဲမှာကိုယ်သတ်ချင်တဲ့သူရဲ့နာမည်နဲ့သေရတဲ့အကြောင်းအရင်းကိုရေးလိုက်ရုံနဲ့ ထိုသူရုတ်တရတ်သေဆုံးသွားရတဲ့စာအုပ်လေးကိုအခြေခံထားတဲ့ဇာတ်ကားလေးပါ။ ယခင်ထွက်ခဲ့ပြီးတဲ့ကားတွေရဲ့နောက်ဆယ်နှစ်ကိုအစပြုပြီးဒီကားလေးကိုဇာတ်အိမ်ဖွဲ့ထားတာပါ။ လူ့လောကကိုအနောက်ထပ်Death note၆အုပ်ပို့ပြီးတော့Shinigami ကကီရာရဲ့စာအုပ်ကိုကိုင်ဆိုင်သူကိုရှာဖို့အမိန့်ပေးခဲ့ပါတယ်။ ၂၀၁၆ခုနှစ်လူ့လောကမှာဆိုင်ဘာတိုက်ခိုက်မှုတွေကြီးစိုးနေချိန်မှာပဲကမ္ဘာတဝန်းမှာကီရာအသစ်ပေါ်ထွက်လာတယ်ဆိုတဲ့ ကောလဟာလတွေနဲ့အတူလူသတ်မှုတွေဆက်တိုက်ဖြစ်လာခဲ့ပါတယ်။လူသတ်မှုတွေကိုခြေရာခံရင်း Death Note Task Forceဆိုတဲ့ဆုကုရာမိရှိမာဦးဆောင်တဲ့အဖွဲ့ထွက်ပေါ်လာပါတယ်။ အဲဒီအဖွဲ့ကိုအယ်လ်(L)ရဲ့အမွေဆက်ခံသူယုဇာကီကထောက်ပံပေးထားတာပါ။အဖွဲ့ဟာလူသတ်မှုတွေကိုလိုက်လံစုံစမ်းရင်း ဆာကုရာအိုင်ဆိုသူပိုင်ဆိုင်တဲ့Death Noteစာအုပ်တခုကိုရရှိခဲ့ပါတယ်။ အဲဒီစာအုပ်ပိုင်ရှင်ကိုနောက်ထပ်DeathNoteyပိုင်ရှင်တဦးဖြစ်တဲ့ဆိုင်ဘာအကြမ်းဖက်သမားယုကီရှိန်းကသတ်ခဲ့တာပါ။ ယုဇာကီနဲ့အဖွဲ့ဟာသူတို့ရရှိခဲ့တဲ့စာအုပ်ကိုပိုင်ဆိုင်သူသေမင်းဘီပိုကိုစစ်မေးတဲ့အခါမှာတော့ လူ့လောကမှာDeathNoteစာအုပ်၆အုပ်ရှိကြောင်းသိခဲ့ရတာပါ။ ရှိန်းကလည်းတဖက်မှာမီဆာအာမန်နဲ့ဆက်သွယ်ပြီးသူ့ရဲ့မှတ်ဉာဏ်တွေကိုပြန်ဖော်ပေးခဲ့ပါတယ်။ နောက်ပိုင်းမှာဆိုင်ဘာတိုက်ခိုက်မှုတွေနဲ့ပဲရှိန်းတယောက်ဘယ်လိုတွေလုပ်သွားမလဲ။ ယုဇာကီနဲ့အဖွဲ့ကရောဘယ်လိုတွေရင်ဆိုင်သွားမလဲဆိုတာကြည့်လိုက်ရအောင်ဗျာ။
2018 ခုနှစ်ထွက် အက်ရှင်ဇာတ်ကားသစ် Death Wish ကိုတော့အထူးတလည်မိတ်ဆက်ပေးနေစရာ မလိုဘူးလို့ထင်ပါတယ်။ ဒီဇာတ်ကားကို1972 ခုနှစ်မှာထွက်ရှိခဲ့တဲ့ စာရေးဆရာ Brian Garfield ရဲ့စာအုပ်ကိုအခြေခံပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒါရိုက်တာကတော့ Eli Roth ဖြစ်ပြီး၊Die Hard Franchise မှာဇာတ်ဆောင်အဖြစ်သရုပ်ဆောင်ခဲ့သူ ဖြစ်ပြီး အက်ရှင်မင်းသားတစ်ဦးအဖြစ် လူအများသိကြတဲ့ မင်းသားကြီး Bruce Willis က ခေါင်းဆောင်မင်းသားနေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားဟာ Box Office မှာ ထင်သလောက် မအောင်မြင်ခဲ့ပေမယ့်လည်း IMDb rating 6.5 ရှိတာကြောင့် တော်တော်ကြည့်လို့ကောင်းတဲ့ အက်ရှင်ကားတစ်ကားလို့ဆိုရမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း ========== ပေါလ်ကာစီဟာ ခွဲစိတ်ဆရာဝန်တစ်ဦးဖြစ်ပြီး ဇနီးဖြစ်သူ လူစီသမီးဖြစ်သူ ဂျော်ဒန်တို့နဲ့အတူ မိသားစုဘဝလေးကိုပျော်ရွှင်စွာဖြတ်သန်းနေတဲ့လူအေးကြီးတစ်ယောက်လည်းဖြစ်ပါတယ်။ တစ်ရက်မှာတော့ သူတို့မိသားစုအပေါ်ကံဆိုးမိုးမှောင်ကျရောက်ခဲ့ရပါတော့တယ်။ ဓားပြတွေရဲ့လက်ချက်နဲ့ ဇနီးဖြစ်သူ လူစီသေဆုံးပြီး သမီးဖြစ်သူဂျော်ဒန်ဟာမသေရုံတမယ်ဘဝမျိုးကိုရောက်ရှိသွားပါတော့တယ်။ အဆိုပါမှုခင်းဖြစ်ပြီး ရက်အတော်ကြာတဲ့အထိ ဘာသတင်းမှမထူးတာကြောင့် ရဲတွေကို အားကိုးလို့မရဘူးဆိုတာကို ဒေါက်တာကာစီတစ်ယောက် သဘောပေါက်သွားပြီး သူ့မိသားစုအတွက် တရားမျှတမှုကို သူကိုယ်တိုင်ဆောင်ကြဉ်းဖို့ ကြိုးစားပါတော့တယ်……..။ မင်းသားကြီး ဘရုစ်ဝီလီရဲ့အက်ရှင်ဇာတ်ကားကောင်းဖြစ်တဲ့အတွက် လက်မလွှတ်တမ်းကြည့်ရှုသင့်တဲ့ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။
ဒီဇာတ်ကားကတော့ So-yeon နဲ့ Joon-sik ဆိုတဲ့ ညားခါစလင်မယားနှစ်ယောက် အကြောင်းကနေစပြီး ဇာတ်လမ်းဖော်ရိုက်ကူးထားသောဇာတ်ကားဖြစ်ပါတယ်။ So-yeonဆိုတဲ့ကောင်မလေးက သားလျောပြဿနာကြောင့် ကိုယ်ဝန်မရနိုင်ဖူးလို့ထင်တာကြောင့် ဆရာဝန်ဆီသွားပြခဲ့ပါတယ်။ ဆရာဝန်က စိတ်ရှင်းအောင်နေပြီး သေချာကြိုးစားရင်ရနိုင်ပါတယ် ဆိုသောကြောင့် သူတို့လင်မယားနှစ်ယောက် အင်တာနက်မှရှာတွေ့သော ကျွန်းတစ်ကျွန်းပေါ်က စားသောက်ဆိုင်ကို စိတ်အပန်းဖြေရန်သွားခဲ့ပါတယ်။ သူတို့သွားတည်းခိုမယ့် စားသောက်ဆိုင်ကလင်မယားနှစ်ယောက်က သဘောကောင်းပေမယ့် အနည်းငယ်ထူးဆန်းနေကြပါတယ်။ ထိုညမှာ အရက်အရမ်းမူးနေတာကြောင့် ပြန်မရဘဲ ထိုနေရာတွင်သာအိပ်ခဲ့ရပါတယ်။ ထိုစားသောက်ဆိုင်ပိုင်ရှင်ကြီးက Joon-sik ကို သူ့မိန်းမအလှပဂေးနဲ့ အိပ်ချင်အိပ်ဆိုပြိး သဘောကောင်းနေတာကြောင့် Joon-sik မထိန်းနိုင်ဘဲ အိပ်မိသွားခဲ့ပြီးနောက် ဘာတွေဆက်ဖြစ်သွားမလဲ….. စားသောက်ဆိုင်ပိုင်ရှင်ကြီးရဲ့တစ်ကယ့်ပုံစံအမှန်ကဘာလဲ… . နောက်နေ့ညတွင် စားသောက်ဆိုင်ရှင်ကြီးက လူသတ်ကောင်ဆိုတာ မထင်မှတ်ဘဲ သိလိုက်ရပြီးနောက် သူတို့လင်မယား ထိုကျွန်းပေါ်မှ ဘယ်လို လွတ်မြောက်အောင်လုပ်လဲဆိုတာကတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ရှု့စားကြပါတော့…။ ဒီဇာတ်ကားဟာဆိုရင် 18+ဆန်ဆန် အခန်းတွေလည်းပါပြီး စိတ်လှုပ်ရှားရင်သက်ရှု့မောဖွယ် ကြည့်ရှု့ရမယ့် ကိုရီးယားဇာတ်ကားတစ်ကားဖြစ်ပါတယ်။
CM ပရိတ်သတ်တွေအတွက် ဒီတစ်ခါ မိတ်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့ “Detective K: Secret of the living dead”ဆိုတဲ့ ကိုးရီးယား adventure comedy ဇာတ်လမ်းလေးဖြစ်ပါတယ်.. starring အနေနဲ့တော့ “Descendants of the Sun” “Fight for my way”စတဲ့ဇာတ်လမ်းတွေနဲ့ နာမည်ရလာတဲ့ မင်းသမီးချောလေး Kim Ji Won ဖြစ်ပါတယ်.. ဇာတ်အိမ်က သရဲသွေးစုပ်ဖုတ်ကောင်အကြောင်းတည်ထားပြီး လူသတ်မှုသဲလွန်စကို စုံစမ်းရတဲ့ Crime အမျိူးအစားဆိုတော့ ပရိတ်သတ်စိတ်ဝင်စားမယ်လို့ အာမခံပါတယ်..အညွှန်းဖတ်ရှူကြပါဦး… အညွှန်း- မှောင်မိုက်တဲ့ညတစ်ည လူတစ်ယောက် စာအုပ်တစ်အုပ်ကိုင်ပြီး တောနက်ထဲ ထွက်ပြေးလာပါတယ်… သူ့နောက်လိုက်လာတဲ့ လူတွေကလဲ အများကြီးရယ်… ဒီလူကမြေတူးပြီး အလောင်းတစ်လောင်းဖော်လိုက်တယ်.. ဒီအလောင်းက နှစ်ပေါင်းများစွာကြာပြီမို့ ဆွေးမြေ့ပြီး အရိုးခြောက်ဖြစ်နေပါပြီ..အဲ့လူက သူ့လက်ကို သူကိုယ်တိုင်ဓားနဲ့လှီးပြီး သွေးတွေကို အရိုးခြောက်အလောင်းပေါ်မှာ စီးစေတယ်…ဒီအချိန်မှာပဲ သူ့နောက်ကလိုက်တဲ့သူတွေသူ့ကို မိသွားပါတယ်… သူသတ်ခံလိုက်ရပါပြီ… ဇာတ်လမ်းက အဲ့မှာစတာပါ…သူ့သွေးတွေနဲ့ ထားခဲ့တဲ့ အလောင်းဟာ ရှင်သန်လာပြီး သွေးစုပ်ဖုတ်ကောင်ဖြစ်သွားပါတယ်.. သူဘာလို့ လူတွေကို ဒုက္ခပေးမယ့် သွေးစုပ်ဖုတ်ကောင်တစ်ကောင်ကို အသက်သွင်းရတာလဲ… ဒီအချိန်ကာလမှာပဲ ဂျိူဆောင်းတိုင်းပြည်တွင်းမှာ မင်းမျိူးနွယ်တစ်စုဟာ လျို့ဝှက်ဆန်းကြယ်စွာ သတ်ခံရပါတယ်. သတ်ခံရသူတွေဟာ မသေခင် သွေးစုပ်ဖုတ်ကောင်အရင်ဖြစ်ပြီး မီးနဲ့ရှို့ခံရတာပါ… ဂျိူဆောင်းမှာ ဟိုယခင်က နာမည်ကျော်စုံထောက်တွေရှိပါတယ်..ဒီထဲမှာ ပါဝင်သူတစ်ယောက်က ကင်မင်းဆိုတဲ့ တလွဲကျော်စုံထောက်တစ်ယောက်…ကင်မင်းဟာ မင်းမျိူးနွယ်တွေ သတ်ခံရတဲ့ အကြောင်းအရင်းကို ဖော်ထုတ်မယ့်တာဝန်ရခဲ့ပါတယ်…ကင်မင်းဖော်ထုတ်နေတဲ့အချိန်မှာပဲ သူသွားတဲ့နေရာတိုင်း နောက်ကလိုက်တဲ့ မိန်းကလေးတစ်ယောက်ရှိပါတယ်… ဒီမိန်းကလေးက ခွန်အားကြီးပါတယ်… လှလဲလှတယ်.. သူနဲ့တိုက်မိရင် လူတွေလွင့်ထွက်သွားတယ်…သူကပျံနိုင်တယ်… သူ့ဒဏ်ရာရရင်လဲ အမြန်ပျောက်သွားတယ်.ကင်မင်းထင်တာက ဒီမိန်းကလေးဟာ မင်းမျိုးနွယ်သတ်ခံရမှုနဲ့ ဆက်နွယ်နေတယ်ဆိုတာပါပဲ… မိန်းကလေးရဲ့ ထူးဆန်းတဲ့ပုံစံတွေကို မြင်တဲ့ ကင်မင်းဟာ သွေးစုပ်ဖုတ်ကောင်လေလားလို့ သံသယဝင်ခဲ့ပါတယ်… ထူးဆန်းတဲ့မိန်းကလေးနဲ့ ကင်မင်းဟာ မင်းမျိူးနွယ်ဘာကြောင့် သေရတာလဲ…လူသတ်တရားခံကဘယ်သူလဲ…သေတဲ့သူတွေက ဘာလို့မသေခင် သွေးစုပ်ဖုတ်ကောင်ဖြစ်ပြီး မီးရှို့ခံရတာလဲ…ဘယ်သူကမီးရှို့တာလဲစတဲ့ မေးခွန်းတွေကို ကင်မင်းနဲ့ ထူးဆန်းတဲ့မိန်းကလေးဘယ်လိုဖြေရှင်းသွားမယ်ဆိုတာ CM ပရိတ်သတ်ကပဲ ဆက်လက်ကြည့်ရှုကြပါဦး….
ဒီဇာတ်ကားလေးကြည့်ပြီးတော့အတွေးတစ်ခုဝင်လာတယ် လီနင်တို့ အိုဘားမားတို့လိုကမ္ဘာကျော်ပုဂ္ဂိုလ်တွေ , အူစိန်ဘော့လိုအပြေးချန်ပီယံတစ်ယောက်, ကမ္ဘာကျော်လူမည်းအထင်ကရပုဂ္ဂိုလ်တွေဘာကြောင့်ရှမ်းရှမ်းတောက်အောင်မြင်လာရသလဲဆိုတာသဘောပေါက်လာတယ် လူတစ်ယောက်ရဲ့တိုးတက်လာလမ်းကြောင်းမှာ “မခံချင်စိတ်”ဆိုတာ အရေးကြီးတဲ့ ဖောင်ဒေးရှင်းတစ်ခုပါ မခံချင်စိတ်နဲ့ရုန်းကန်လှုပ်ရှားရတဲ့မထင်မှတ်တဲ့အောင်မြင်မှုတွေရလာကြစမြဲပါ ဒီကားလေးကတော့ လူဖြူ/လူမည်းခွဲခြားရေးဝါဒကနေ သင်ခန်းစာရပြီးထိုးထွက်အောင်မြင်အောင်လုပ်ခဲ့တဲ့ဇာတ်ကြောင်းလေးပါ အမေရိကန်နိုင်ငံ Detroit မြို့က ကလပ်တစ်ခုမှာတရားမဝင်အုပ်စုဖွဲ့သောက်စားပျော်ပါးမှုကြောင့်လူမည်းတော်တော်များများဖမ်းဆီးခံခဲ့ရပါတယ် ဒါကိုမကျေနပ်နပ်တဲ့ပတ်ဝန်းကျင်ကလူတွေကရဲတွေနဲ့ကတောက်ကဆဖြစ်ရင်း ”တောမီးလောင်တောကြောင်လက်ခမောင်းခတ် ” ဆိုသလို အဓိကရုဏ်းကိုအကြောင်းပြပြီးကိုယ်ကျိုးရှာအကြမ်းဖက်မှုတွေလုပ်ခဲ့လို့ပြည်တွင်းစစ်အခြေအနေအထိပါဂယက်ရိုက်သွားခဲ့ပါတယ် ဒီအကြမ်းဖက်မှုတွေထဲမှာ ရိုးသားတဲ့ဘာမဆိုင်ညာမဆိုင် တက်သစ်စလူမည်းအဆိုတော်အဖွဲ့ဖြစ်တဲ့ Dramatics အဖွဲ့ပါ ရောယောင်ထိန်းသိမ်းခံခဲ့ရပါတယ် ဒီလိုနဲ့ရဲတွေရဲ့ထိန်းကွပ်မှုကြမ်းတမ်းတဲ့စိတ်တွေရယ် လူမျိုးရေးခွဲခြားမှုစိတ်အခံတွေကြောင့်ဓားစာခံအချို့ကိုမတော်တဆသတ်မိသွားပါတယ် ရှေ့ဆက်ပြီးကောဒီဖမ်းဆီးခံလူမည်းတွေနဲ့တရားစီရင်ရေးမှာဘာတွေဆက်ဖြစ်ကြမလဲ လူမည်းတွေရဲ့မခံချင်စိတ်ကြောင့်ကမ္ဘာတစ်ဝှမ်းအသိအမှတ်ပြုခံလာရအောင်ဘယ်လိုတွေအစပျိုးမလဲဆိုတာကတော့…
လော့အိန်ဂျယ်လိမှာ အမည်မသိရတဲ့… လျှို့ဝှက်သိုသိပ်တဲ့ လူတစ်ယောက်ရှိပါတယ်။ သူ့ရဲအလုပ်က ကားပြင်တယ် .. ဟောလိဝုဒ်မှာ စတန့် ကားသမားလုပ်တယ်.. အထူးခြားဆုံးက ဓားပြတိုက်တဲ့သူတွေကို ကားလိုက်မောင်းပေးတာပဲ… ဓားပြတိုက်ဖို့ ကားငှားရင် သူပြောလေ့ရှိတဲ့စကားရှိတယ်…အဲ့ဒါက “ကျွန်တော့်ကို အချိန်နဲ့နေရာကိုသာပြော ခင်ဗျားကို ၅မိနစ်နဲ့ အရောက်ပို့ပေးမယ် ဒီ ၅မိနစ်အတွင်းမှာ ဘာပဲဖြစ်လာကျွန်တော့် တာဝန်ထား ငါးမိနစ်ကျော်သွားတဲ့အချိန်မှာ ဖြစ်လာတာကတော့ ခင်ဗျား ကိစ္စပဲ” ….. ဒီကားရဲ့ Rating တွေကတော့မြင်တဲ့အတိုင်းပါပဲ… မင်းသားကလည်း လက်ရှိ Active Actor ကောင်းတွေထဲမှာ Ryan Glosing အဓိက သရုပ်ဆောင်ထားတယ်. ..ဇာတ်လမ်းက အစကထဲက ဆွဲဆောင်မှုရှိတယ်… Ryan Glosing ကသွားကြားထိုးတံကိုအမြဲကိုက်ထားပြီး အရယ်အပြုံးကင်းမဲ့လွန်းတဲ့မျက်နှာပေးနဲ့ .. …စကားပြောရင်လည်း လိုတာထက်ပိုမပြောတတ်တဲ့သူ… ဇာတ်လမ်းက ဇာတ်ကွက်ပိုင်းရော ကောင်းတဲ့အပြင် Sound Editing ပိုင်းကလည်း အော်စကာဆန်ကာတင်စာရင်းတောင်ပါခဲ့သေးတယ်… ဒီကားက နည်းနည်းလေးတောင် spoiler လာမလုပ်သင့်တဲ့ကားမို့ ဒီမှာတင်ရပ်ပါရစေ…တစ်ခုတော့ပြောချင်တယ်…ဒီလိုကားမျိုးတွေကိုမျက်နှာကြီးရှုံပြီးဖိုက်တာကျပြတဲ့သူတွေကိုကြည့်စေချင်တယ်…
ငါ မုဒိန်းကျင်ခံလိုက်ရတယ် ဘာ… နင် ရဲကိုအကြောင်းကြားပြီးသွားပြီလား ဘာလို့ အကြောင်းကြားရမှာလဲ ” ရုပ်ရှင်ဝေဖန်ရေးလောကမှာ လေးစားမှုအများ ဆုံးရယူထားနိုင်ခဲ့သောအနုပညာ ဖန်တီးမှု ဒီဇာတ်ကား ရဲ့ အမျိုးအစားက Crime ၊ Drama Thriller ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်က ထွက်ရှိ ထားခဲ့ပြီးတော့ တစ်ကား ကြာချိန် ၁၃၀ မိနစ် ရှိပါတယ်။ IMDb Rating 7.2 ၊ Rotten Tomatoes average rating 8/10 ၊ Metacritic 89/100 ရရှိထားပါတယ်။ ဘာလို့ ဒီလောက် Rating တွေမြင့်နေရတာလဲ ဆိုတာကို ဇာတ်ကားကြည့်ပြီးမှ ဝေဖန်လိုက်ပါ။ ဒီဇာတ်ကား က ပြင်သစ်စကားပြော ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားက Phillippe Djian ရဲ့ Oh ဆိုတယ့် ဝတ္တုကို ပြန်လည်ရိုက်ကူးထားတယ့် ကားပါ။ ဒီဝတ္တုက ၂၀၁၂ ခုနှစ်ကထွက်ရှိထားပြီး အမျိုးသားစာပေဆုကိုရရှိခဲ့တယ့် ဝတ္ထုပါ။ ဝတ္တု မှာကတည်းက အရှိန်အဝါကြီးခဲ့တာပါ။ ဒီဝတ္တု ကို ဒါရိုက်တာ Paul Verhoeven က ပြန်လည်ရိုက်ကူးခဲ့ပါတယ်။ဒီဒါရိုက်တာက ၂၀၀၆ ခုနှစ်တုန်းက Black Book ဇာတ်ကားရိုက်ကူး ခဲ့ပြီး ပထမဆုံးပြန်လည်ရိုက်ကူးထားတယ့် Masterpiece ပါဘဲ။ ဒီရုပ်ရှင်ကားက ရုပ်ရှင်ဆုပေးပွဲတော်တော်များများ ကို ကြီးကြီး မားမားဝင်ရောက်ချယ်လှဲခဲ့ပါသေးတယ် Cannes Flim Festival ၊ Academy Awards ၊ Cesar Award တို့လို သြဇာကြီးမားတယ့် ဆုပေးပွဲ တွေ အပါအဝင် အမေရိက ၊ ဥရောပတစ်လွှား က ရုပ်ရှင် ဆုပေးပွဲပေါင်း ၄၀ မှာ ဆုအားလုံး ပေါင်း ၇၈ ခုထိ ဇကာတင်စာရင်း ဝင်ထားခဲ့ပြီး ဆု ၃၅ ဆု ကို ရရှိထားခဲ့ပါတယ်။ ဝေဖန်ရေး စာရင်း ၄၉ ခုမှာ ထိပ်ဆုံး ၁၀ နေရာထဲကို ဝင် ရောက်နေရာယူထားခဲ့ပါတယ်။ ဆုတွေ ကြည့် ရုံနဲ့ရှိန်ပြီး အဖျားပါတက်သွားလောက်တယ်။ အဓီက ကတော့ ဝေဖန်ရေးဆရာတွေ ပါးစပ်ဖျား မှာ တသသဖြစ်သွားစေနိုင်ခဲ့တယ်ဆိုတာပါဘဲ။ အဓိက သရုပ်ဆောင်တွေ က မင်းသမီးကြီး lsabelle Huppert ၊ မင်းသား Laurent Lafitte ၊ Anne Consigny ၊ Charles Berling တို့အပြင်တစ်ခြားဇာတ်ဆောင် တွေ ပါပါတယ်။အဓီက ကတော့ မင်းသမီး Huppert ရဲ့ဇာတ်ကားဆိုလဲ မမှားပါဘူး ၊ဒီ ကားမှာ သူက main role အနေနဲ့သရုပ်ဆောင် ထားပြီး အနုပညာဖန်တီး အရသာစစ်တွေ ကိုချပြလိုက်ထားပါတယ်။ဒီတော့ဒီဇာတ်ကားရဲ့ အဓီက ပဲ့ကိုင်ရှင်တစ်ယောက်ဖြစ်နေတယ့် မင်း သမီးကြီအကြောင်းကိုနည်းနည်းလောက်ပြောပြ ပေးပါမယ်။ ဒီမင်းသမီးကြီးက ပြင်သစ်နွယ်ဖွားရုပ်ရှင်မင်းသမီးဖြစ်ပြီး အသက် ၆၄ နှစ်ရှိပြီးဖြစ် ပြီး သူမပထမဆုံးရုပ်ရှင် ကို ၁၉၇၁ မှာထွက်ရှိ ခဲ့ပြီး များမကြာမီမှာဘဲ ထိပ်တန်း သရုပ်ဆောင် စာရင်းဝင်လာခဲ့ပါတယ်။ သူမရိုက်ကူးခဲ့တယ့် ဇာတ်လမ်းတွေ က ဒီဇာတ်ကားလို ဘဲ လူ့အသိုင်းဝိုင်းထဲမှာ ပုန်းအောင်းနေတက် တယ့် စန်းကျယ်တယ့် လူ့သဘာဝတွေ အကြောင်းကို ဘဲရိုက်ကူးထားတယ့် ကားတွေ ဖြစ်ပါတယ်။ psycho ဆန်ပြီး လိင်မှုကိစ္စတွေ နဲ့ ဆက်နွယ်နေတယ့်ကားတွေ ပေါ့။ သူမသရုပ် ဆောင်ထားတယ့် ဇာတ်ကားတွေက အပြင်လော ကမှာ လူတွေ စပ်စုချင်ကြပြီး အတင်းပြောလို့ ကောင်းတယ့် ဇာတ်ကောင်မျိုးတွေပါ။ သူမဟာကိန်းရုပ်ရှင်ပွဲတော်မှာ ဆု အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု ၂ ဆုရရှိထားပြီး တစ်ခြားဆုတွေ တော်တော်များများလဲရရှိထားပါတယ်။ သူမမှာ သားသမီး ၃ ယောက်ရှိပြီး တစ်ယောက်က မင်းသမီးဖြစ်ပါတယ်။ဟုတ်ပါပြီ ဒါကတော့ ဇာတ်ကားနောက်ခံသမိုင်းကြောင်း နဲ့ဆက်စပ်တာတွေ တစ်စိတ်တစ်ဒေသဖြစ်ပါတယ်။ အခု ဇာတ်လမ်းပိုင်းကို သွားပါမယ်။ဒီဇာတ်ကား က လူတွေ ကို super heros ဇာတ်လမ်းမျိုးတို့ Action ဇာတ်လမ်းမျိုးတို့လိုလူအများစုကို အာရုံစိုက်စရာဖြစ်နေချင်မှဖြစ်နေပါလိမ့်မယ် ၊ ဒီဇာတ်ကားအမျိုးအစားက ရုပ်ရှင်ဇာတ်ကား ကိုတွေ အေးဆေးကြည့်ပြီး ထဲထဲဝင်ဝင် ခံစား တက်တယ့် သူမျိုးတွေ အတွက်ကြည့်သင့် တယ့် ဇာတ်ကားမျိုးပါ။ တစ်နည်းပြောရရင် ရုပ်ရှင်ဇာတ်ကားတွေ ကို pro ဆန်ဆန်ကြည့် တက်တယ့် သူတွေ အတွက်ပါ။ဒီလို ဇာတ်ကား မျိုးကို ၁၈+ ဆန်တယ့် လို့ခေါ်တာတက် ရုပ်ရှင်ကို အချိန်ဖြုန်းဖို့ ကြည့်တယ့် သူတွေ အတွက် မဟုတ်ဘူး လို့ဆိုရင်ပိုမှန်ပါလိမ့်မယ်။ ဒီဇာတ်ကားက Crime လို့ပြောတာထက် လူတွေ ရဲ့တဏာရမက် အာသီသ ကိုခေါ်ထုတ် ဆွဲခေါ်ပြီး စင်ပေါ်တင်ပေးလိုက်တယ့် ဇာတ်လမ်း မျိုးပါ။ ဒီဇာတ်ကားကို အပေါ်ယံကြည့်ရင်တော့ လိင်ကိစ္စ အကြောင်းလို့ထင်ရနိုင်ပါတယ်။ လူ့တွေ ရဲ့ထူးဆန်းတယ့် တပ်မက်မှု တွေ၊ စိတ်ပိုင်းဆိုင်ရာပြသာနာတွေ ၊ ခွင့်လွှတ်ခြင်းတွေ၊ လစ်လျူ မှုတွေ ၊ အသိုင်းဝိုင်းတစ်ခုရဲ့ဆက်ဆံ ရေးတွေ ကို ထဲထဲဝင်ဝင် ပွင့်ပွင့်လင်းလင်း ရိုက်ကူးထားတယ့် ကားပါ။ ဇာတ်လမ်းတည်းဆောက်ထားပုံက တစ်ချို့ အခန်းတွေ မှာတစ်ချက်တစ်ချက် လန့်သွားစေပြီး၊ မင်းသမီးအပေါ်သနားစိတ် ၊ သူ့မရဲ့ တပ်မက်မှု အာသီသ တွေ ၊ ခန့်မှန်းလို့မရတယ့် လူ တွေ စိတ်သဘောထားတွေ ၊ ဆန်းကျယ်တယ့် လူ့စိတ်သဘာ၀ ၊ မြုပ်ကွက်တွေ နဲ့ တည် ဆောက်ထားတာတွေ့ရပါတယ်။ ဒီဇာတ်ကားထဲက ဇာတ်ကောင်တစ်ယောက်ချင်းစီမှာ မတူညီတယ့် စိတ်နေအခြေနေနဲ့ သူ့တို့ရဲ့ဖုံးကွယ်နေထားအနက်ရောင် စိတ်အခြေနေတွေ ပိုင်ဆိုင် ထားတယ့် ဝတ္တုဖွဲ့ စည်းထားမှုက လေးစား လောက်စရာပါ။ ကိုယ်ပတ်ဝန်းကျင်မှာလဲ သူတို့ဖုံးကွယ်ထားတယ့် အနက်ရောင် စိတ် အခြေနေတစ်ခု စီရှိကြပါတယ်။ အဲ့ဒီအခြေနေကို အများစုက တစ်ကိုယ်တည်းရှိနေတယ့် အခါ မျိုးမှာ ဖော်ထုတ်ပြတက်ကြပါတယ်။ ပြင်သစ်စကားပြောဇာတ်လမ်းဖြစ်လို့ အင်္ဂလိပ် အသံထွက်ထက်စာရင် ဇာတ်ကားရဲ့အရသာကို အပြည့်အဝမခံစား ရဘူးလို့ ထင်မိပါတယ်။ ဒါပေမယ့် လက်ရာမြောက်တယ့် ဒါရိုက်တာနဲ့ ဆရာကျတယ့် သရုပ်ဆောင်ချက်တွေ နဲ့ ချပြသွားတယ့် မင်းသမီး နဲ့ တစ်ခြားသရုပ် ဆောင်တွေ ကြောင့် ဇာတ်လမ်းအရသာပျက် မသွားခဲ့ပါဘူး။ စရိုက်တစ်မျိုးစီပိုင်ဆိုင်ထားကြတယ် ဇာတ်ဆောင်တွေ က ခံစားမှု ရသတစ်မျိုး စီပေးနေပါတယ်။ တစ်ချို့ သူတွေ အတွက် ဒီထဲမှာပါတယ် ဇာတ်ကွက်တွေ က မဖြစ်နိုင် စရာလို့ ယူဆနိုင်ပေမယ့် အပြင်လောကမှာ တစ်ကယ်ရှိနေပါတယ်။ ပိန်ပိန်ပါးပါး အသက် ၅၀ ကျော် အိမ်ထောင်ကွဲ ၊ လူလွတ် ၊ဂိမ်းကုမ္မဏီ ပိုင်ရှင် တဏာ ရမက်ပြင်းထန်ပြီး စိတ်ဒဏ်ရာရနေတယ့် အမျိုးသမီး မီရှယ်၊ သူ့ကိုကြည့်ပြီး သနားစိတ် ဖြစ်မိသလို အားမရတာတွေ ငါသာ သူ့နေရာမှာဆို ဘယ်လိုလုပ်မလိုက်မှာ ဆိုပြီး မချင့်မရဲ့ဖြစ်မိပါတယ် ၊ သန့်သန့်ပြန့် ပြန့်ရုပ်ရည်နဲ့ ဘာသာရေးလိုက်စားတယ့် အမျိုးသမီးနဲ့ အမျိုးသမီးတွေ ကြွေလောက်တယ့် တည်ကြည်တယ့်အနေအထိုင် ခန့်ညားမှုတွေ နဲ့ အတူ ထင်မှတ်မထားလောက်တယ့် စရာ စရိုက်ရှိတယ့် ပတ်ထရစ် သူ့စိတ်အခြေနေက ထူးဆန်းတယ် တစ်ချို့ဇာတ်ကွက်တွေ မှာ ဗိုက်အရမ်းဆာနေတယ့်အချိန် မျော်လင့်ချက် အပြည့်နဲ့ ထမင်းဆိုင်သွားခါမှာ အားလုံးကုန် သွားပြီလို့ပြောခံလိုက်ရတယ့် ခံစားချက်ကို ကို ပေးအောင်လုပ်နိုင်တယ့် သူ ၊ မီရှဲ အမေဖြစ် ပြီး သမိုင်းမှာ လူတွေ မမေ့နိုင်လောက်စရာ လူသတ်မှုကိုလုပ်သွားတယ့် အမျိုးသားရဲ့ မိန်းမ အသက်ကြီးပိုင်းအရွှယ်မှာ ဖြစ်ပေါ်လာတယ် တဏှာအာသီသ ကို ဖြစ်ချင်တယ့်အတိုင်း လုပ်ပြီး တစ်ခြားသူအမြင်ထက် ကိုယ်ပျော်ဖို့ သာအရေကြီးတယ် လို့ ခံယူထားတယ့် အီရမ် ၊ သူကဇာတ်ကောင်စရိုက်ကိုကြည့်ပြီး အပြစ်အရင်ဆုံးပြောကြလိမ့်မယ်ဆိုတာ သိပါတယ် ၊ ဒါပေမယ့် သူနေရာသူဘာလို့ဒီလိုလုပ် တာလဲ ဆိုတယ့် သူ့ဘက်ကဖြစ်နေတယ့် စိတ် လေးကိုဝင်ကြည့်ပြီး နားလည်းနိုင်မှပြောတာ ပိုကောင်းပါတယ် အသက်ကြီးသူတွေနဲ့ လိင်ကိစ္စ သက်ဆိုင်မှုမရှိဘူး လို့ မြင်နေကြတယ့် လူအဖွဲ့အစည်းအတွက်တော့ အငြင်းပွားစရာပါဘဲ ၊ ေ နာက်တစ်ယောက်ထပ်ပြောချင်တာက မီရှဲ ရဲ့သား ကြောင်တောင်တောင် နှုံတုံတုံ ပုံစံနဲ့ အလုပ်အကိုင်အတည်တကျမရှိဘဲ မိန်းကလေးတစ်ယောက်ကို ကြိုက်ပြီး ဘာမှမမြင်တော့တယ့် သောက်ငနွား ဗင်ဆင့် ၊ သူ့နဲ့ကြိုက်တယ့် မိန်းကလေးက လူဖြူ သူလဲ လူဖြူ သူကောင်မလေးမွေးလာတော့ ကပ္ပလီလေး အားလုံးကနင့်သာမဟုတ်ဘူးလို့ ဝိုင်းပြော သူလဲမဖြစ်နိုင်မှန်းသိပေမယ့် ဇွတ် သူ့သားဆိုပြီး စရိုက်ဆန်တယ့် အမျိုးသမီးတစ် ယောက် ကြောင့် ဘာကိုမှမမြင်တော့တယ် ဇာတ် ကောင်ကို ကြည့်ပြီး သူ့ကိုမြင်မီတိုင်း ငနွားကြီး ငနွားကြီးလို့စိတ်ထဲမှာ မရိုးမရွှဖြစ်လာပါတယ် ၊ သူ ပဲ သရုပ်ဆောင်ကောင်းလို့လား တော့မသိပါဘူး ၊ သူ့နေရာက ဝင်ကြည့်မယ် ဆိုရင် သူ့ကိုနားလည်ပေးလို့ရပါတယ် အချစ် စစ်လို့ခေါ်မလား ဘာလားပေါ့ ၊ နောက်ဆုံးတစ် ယောက်ကို မိတ်ဆက်ပေးချင်တာကတော့ မီရှဲ ရဲ့အရင်းနှီးဆုံးသူငယ်ချင်း အလုပ်လဲ တူတူ လုပ်ကြတယ် ခင်မင်လာတာလဲ တော်တော်ကြာ နေပြီး စိတ်ကောင်းအရှိဆုံး အမျိုးသမီးအန်နာ၊ သူကတော့အေးအေးဆေးဆေးနဲ့ပျော်ပျော်နေပြီး သူငယ်ချင်းကောင်းတစ်ယောက် ဒါပေမယ့် ကံကြမ္မာက သူ့ကိုလွှတ်ငြိမ်းချမ်းသာခွင့်မပေးပါဘူး၊ သူ့ယောကျာ်း ဖောက်ပြန်နေတာကို ရိပ်မိ ပြီး နောက်ဆုံးသူ့ယောကျာ်ဖောက်ပြန် နေတယ့်သူ့ကို သိလိုက်ချိန်မှာ သာမန်သူဆို ရင် နင်လာငါလား တစ်ပွဲတစ်လမ်းတော့လုပ်မိ မှာပါ ၊ ဒါပေမယ့် သူ့ရဲ့ ခွင့်လွှတ်နိုင်မှု လား စိတ်ကောင်းရှိတာလား တော့မသိဘူး အံ့သြ လောက်စရာကောင်းတယ့် စိတ်ဓာတ်ကို နောက် ဆုံးပိုင်းမှာတွေ့ရပါတယ်။ ဒီဇာတ်ကားက လူတွေ ရဲ့ဆန်းကျယ်တယ့် လိင်စိတ်ခံစားမှုတွေ ၊ သူတို့ရဲ့ခံယူချက်တွေ ၊ လူ့အဖွဲ့အစည်းအတွင်းမှာအမှန်တကယ်ရှိ တယ့် လူတွေ ရဲ့ဆန်ပြားတယ့် စိတ်အာသီသ တွေ ကို တွေ့မြင်ရမှာပါ။ ဒီဇာတ်ကားတစ်ခုလုံးကို ခြုံကြည့်လိုက်ရင် ဇာတ်ကားထဲမှာပါတယ့် အမျိုးသားအားလုံးက တစ်ယောက်တစ်မျိုး မကောင်းဘူးဆိုပြီးညွှန်းဆိုနေသလို ပါဘဲ။ အဲ့ဒါတော့ မမျှတဘူးလို့ထင်ပါတယ်။ ဒီဇာတ်ကားထဲ က ဇာတ်ကွက်တိုင်းကို IQ level ၁၂၀ လောက် ခဏထားပြီးကြည့်ပါလို့ပြောချင်ပါတယ်။ ရိုင်းရိုင်းပြောရရင် လူတွေ မှာဒီလိုစိတ်မျိုးမရှိကြ ဘူးဆိုရင် pron sites တွေမှာ Ugly ၊ Granny child ၊ Slave ၊ Animals တို့လို categories တွေရှိနေစရာအကြောင်းမရှိပါဘူး။ ကျွန်တော် H.L.K ပါ။
ဒီတစ်ခါတော့ Channel Myanmar ပရိတ်သတ်တွေအတွက် ကြမ်းကြမ်းရမ်းရမ်း အက်ရှင်ကား တစ်ကားကို မိတ်ဆက်ပေးချင်ပါတယ် Extraordinary mission ဆိုတာကတော့ ရဲအရာရှိ လင်ခိုင် ရဲ့ မစ်ရှင် တစ်ခုပါ… သူ့ရဲ့ မစ်ရှင်က တော့ မူးယစ်ဆေးဝါးဂိုဏ်းအကြီးစား တစ်ခုကို နှိမ်နင်းဖို့ပါ ဒီဂိုဏ်းကို လက်ပူးလက်ကြပ် ဖမ်းဖို့က မလွယ်တဲ့ ကိစ္စတစ်ခုပါ ဒီတော့ ရဲအရာရှိကြီး ဟာ မူးယစ် ဆေးဝါး ဂိုဏ်းထဲကို သူလျိုတစ်ယောက် အနေနဲ့ ဝင် ဖို့ ဆုံးဖြတ်လိုက်ပါတယ် လူအသစ် တစ်ယောက်ကို ဘယ်သူက ကော လွယ်လွယ်ယုံမှာလဲ… ဂိုဏ်းအကြီးစား ဆိုတော့ ပိုဆိုးပြီပေါ့.. ဒါနဲ့ လင်ခိုင် ဟာ သူ့ကိုယ်သူ မူးယစ်ဆေး အစွဲ ခံပြီး မူးယစ်ဆေးဝါးဂိုဏ်းက ယုံအောင် သက်သေ ပြရပါတယ် ( extraordinary ဘဲဗျာ ???? ) သူ့ရဲ့ ကြိုးပမ်းမှု ဟာ အရာထင်မလား??? ဂိုဏ်းက သူ့ရဲ့ အကြံကို ရိပ်မိသွားမလား ဆိုတာတော့ ရင်တထိတ်ထိတ် နဲ့ ကြည့်ရမှာပါ.. အက်ရှင်ကြိုက်သူများအတွက် ကြည့်ရကျိုးနပ်မယ့် ဇာတ်ကားကောင်းတစ်ခုပါဗျား…
ဒီဇာတ်ကားဟာ Force ပြီးလို့နောက်ငါးနှစ်ကြာမှ ထွက်ခဲ့တာဆိုပေမယ့် အောင်မြင်မှု့အနေနဲ့IMDB 6.5/10 နဲ့ RT90% အထိရရှိထား ပါတယ်။ အထူးသဖြင့် အက်ရှင်ခန်းတွေဟာ ဘောလီဝုဒ်ကားဆိုပေမယ့် ဟော်လီးဝုဒ်ကို တင်ဆက်ထားပါတယ်။ ဇာတ်လမ်းကတော့ တရုတ်နိုင်ငံမှာ အိန္ဒိယတွက် သူလျှိုလုပ်ပေးနေတယ့် RAW အေးဂျင့်တွေကို တစုံတယောက်ရဲ့ သတင်းပေးမှု့ကြောင့် တရုတ်အစိုးရက သိခဲ့ပြီး အေးဂျင့်တွေကို လိုက်လံနှိမ်နင်းပါတော့တယ့် ဒီအေးဂျင့်တွေထဲမှာ ရဲဝန်ထမ်း ရက်ရှ်ဗါဒန် ငယ်သူငယ်ချင်း ဟရေ့ရှ်လည်းပါဝင်နေပါတယ်။့ ဟရေ့ရှ်က သူ့သူငယ်ချင်းစီကို စာအုပ်တအုပ်ကနေတဆင့် သတင်းပေးကို ဖော်ထုတ်ပြီး အကြောင်းကြားခဲ့ပါတယ်။ ဒီအချိန်မှာတော့ ရာရှ်ဗါဒန်အနေဲ့ သူငယ်ချင်းရဲ့ ကိစ္စကို ကိုယ်တိုင်ဝင်ပါဖြေရှင်းဖို့ဖြစ်လာရပါတော့တယ်။ ဒီဇာတ်ကားဟာလည်း Mystery / Crime အမျိုးအစားဖြစ်သလို တကားလုံးကို လှည့်ကွက်အပြည့်နဲ့ အချိန်ပေးရတာ တန်တယ့် ဇာတ်ကားကောင်းတကားပဲဖြစ်ပါတယ်။ အားလုံးပဲ လက်အလွတ်မခံပါနဲ့လို့ပဲ ထပ်ပြောချင်ပါတယ်။
IMDB 7.3 ရရှိထားပြီး အင်မတန်မှ ကောင်းမွန်တဲ့ ဘောလီးဝုဒ်
ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။
ဒီကားလေးထဲမှာ နာမည်ကျော်မင်းသား
အက်ခ်ရှေးကူမားရ်ကို ဂတ်ဘာ အဖြစ်တွေ့မြင်ရမှာပါ။
ညတစ်ညမှာ အိန္ဒိနိုင်ငံ မဟာရှက်ထရာ ခရိုင် အတွင်းမှာရှိတဲ့
မတူညီတဲ့ မြို့တွေက အခွန်ကောက်သမားဆယ်ယောက်ဟာ
ပြန်ပေးဆွဲခံလိုက်ရပါတယ်။ ဒီလိုနဲ့ ရဲတွေက အပူတပြင်း ရှာဖွေ
နေစဉ်မှာပဲ ထိုဝန်ထမ်း ဆယ်ယောက် အနက် တစ်ယောက်ကလွဲလို့
အကုန်ပြန်ရောက်လာပါတယ်။ တစ်ယောက်ကတော့ အသတ်ခံလိုက်ရပါတယ်
ထိုအသတ်ခံလိုက်ရတဲ့သူက လာဘ်အစားဆုံး အခွန်သမားပါပဲ။ထို အခွန်သမားရဲ့
အလောင်းနဲ့ အတူ ဂတ်ဘားကိုယ်တိုင် လာဘ်စားလို့ သတ်ရတာဖြစ်တယ်
ဆိုပြီး ခြိမ်းခြောက်ထားပါတယ်။ ဒီလိုနဲ့ လာဘ် အစားဆုံး အစိုးရာအရာရှိတွေ
ပြန်ပေးဆွဲ ခံရ အသတ်ခံရတာတွေ ဆက်တိုက် ဖြစ်လာပါတယ်။
ဂတ်ဘားကဒီလိုဘာလို့ လိုက်သတ်နေရတာလဲ …. သူ့ကို ရဲတွေက ဖမ်းမိမှာလား
လာဘ်ပေးလာဘ်ယူ လုပ်တာတွေကို အချက်အလက်သေးသေးလေးက အစ
တိတိကျကျ သူဘယ်လိုများမှတ်တမ်းတွေ ယူနိုင်တာလဲ ခြေရာလက်ရာ
မပေါ်အောင်ဘယ်လိုများ လုပ်ဆောင်ခဲ့တာလဲ စတာတွေကို စိတ်ဝင် စားစွာ
ဆက်လက်စောင့်ကြည့်ရမှာပါ။စလယ်ဆုံး ဆွဲဆောင်နိုင်တဲ့ ဇာတ်ကားကောင်း
တစ်ကားဖြစ်လို့ ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေTariq L Walker
မင်းသမီးချော Elle Fanning ရဲ့ ဇာတ်ကားသစ်ပါ။ညတစ်ညမှာ လူမိုက် ၂ ယောက်က ခေါင်းဆောင်ခိုင်းတဲ့အတိုင်း အိမ်တစ်အိမ်ကိုဝင်စီးတယ်။အိမ်ထဲရောက်တော့မှ ခေါင်းဆောင်က အကွက်ဆင်လုပ်ကြံထားကြောင်း သူတို့သိလိုက်ရတယ်။အဆုပ်ရောဂါဖြစ်နေတဲ့ Royတစ်ယောပ်တည်းပဲအသက်ရှင် ကျန်ရစိခဲ့တယ်အိမ်ထဲမှာလည်း ကြိုတုပ်ထားတဲ့ကောင်မလေးတစ်ယောက်ကို တွေ့တဲ့အခါ Roy က ကယ်တင်သွားခဲ့တယ်။
သာမန်ဇာတ်ကားတစ်ကားထက် နက်ရှိုင်းမှုတွေအများကြီးပါဝင်တဲ့ဇာတ်ကားတစ်ကားပါ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ရဲမာန်အောင် ပါ)
ဒီ ရုပ်ရှင်လေး အကြောင်း မပြောမှီ ကျနော်တို့ ဆယ်ကျော်သက်တွေ
ကစားလေ့ ရှိတဲ့ ဂိမ်းတွေ အကြောင်းအရင် ပြောရမယ်ဆိုရင်
ဖဲရိုက်မယ် ၊ မိုနိုပိုလီဆော့မယ် ၊ ဒိုးဇက်ဆော့မယ် ၊ ဒီလောက်တွေပဲ ဆော့ဖြစ်မယ်ထင်တယ်
ဒါပေမယ့် ဒီ ရုပ်ရှင်ထဲက လူတွေကတော့ သူတို့ အားလပ်ချိန်တွေကို ဂိမ်းအသစ်အဆန်းတွေနဲ့
ဆော့ပြီး ပျော်ရွှင်စွာ အချိန်ဖြုန်းလေ့ ရှိပါတယ် ကိုယ်မသိသေးတဲ့ ဂိမ်းကစားနည်းတွေပါ
အတော်များများ သိလိုက်ရပါတယ်…
ရုပ်ရှင်ကား အစမှာ ပေါတောတော ဖြစ်မယ်လို့ ထင်ထားမိပြီး သရုပ်ဆောင်တွေရဲ့
သရုပ်ဆောင်ချက် နဲ့ ဟာသ ဒိုင်ယာလော့ခ် တွေက ကောင်းလွန်းတော့
လုံးဝ ကို ဇတ်လမ်း အဆုံးထိ စွဲဆောင်သွားခဲ့ပါတယ်…
February 22, 2018 မှာ ရုံစတင်ခဲ့ပြီး Budget ကို37 million USD လောက်သုံးခဲ့ပြီး
Box office မှာ $108.5 million ထိ ပြန်ဝင်ခဲ့ပါတယ်…
IMDb မှာ 7.2 လောက်ရထားပြီး rottentomatoes မှာတော့ 82% လောက်ထိ အမှတ်ရထားပါတယ်
ဇတ်ကားအမျိုးအစားကတော့ အဓိက Comedy ဖြစ်ပါတယ်
ထူးခြားချက်ကတော့ နည်းနည်းအပြောအဆိုလေးတွေ ကြမ်းတာကလွဲရင်
မိသားစု နဲ့ အတူကြည့်ပြီး ဟေးဟေး ဟားဟား ဆိုပြီး ရယ်နိုင်မောနိုင်မယ့်
ရုပ်ရှင်ကားမျိုး ဖြစ်ပါတယ်
ကဲ ရုပ်ရှင် အကြောင်း စပါမယ်
မတ် နဲ့ အန်နီ ဟာ ဂိမ်းကစားရတာ အရမ်းဝါသနာပါပြီး အဖွဲ့ထဲမှာလဲ
အရမ်းထူးချွန်သူတွေပါ တစ်နေ့မှာတော့ Game ကစားတဲ့
ဘားတစ်ခုမှာ ဆုံစည်းရင်း ချစ်ကြိုက်သွားရာကနေ လက်ထပ်ယူတဲ့
အဆင့်ထိ ဖြစ်သွားခဲ့ပြီး ဘ၀ ကို ၂ ယောက်ထဲ ပျော်ရွှင်စွာ ဖြတ်သန်းလေသတည်းပေါ့
ဒီမှာတင်ပဲလား ?….
မဟုတ်သေးပါဘူး သူတို့မှာ Game Night ဆိုတာ ရှိပါတယ်
သူငယ်ချင်းတွေ စုကြ သောက်ကြ ပြီး Game တွေ အပြိုင်ဆော့တဲ့
Game Night Party လေးပေါ့ အရမ်းကို ပျော်ဖို့ ကောင်းပါတယ်..
မတ် နဲ့ အန်နီ တို့ မှာ အိမ်နီးချင်း တစ်ဦး ရှိပါတယ်
ဂယ်ရီ လို့ ခေါ်တဲ့ ရဲ တစ်ဦးပါ သူ့ပုံစံက နည်းနည်း
ကြောင်တောင်တောင် နိုင်ပြီး မိန်းမ နဲ့လဲ ကွဲထားသူပါ
ဂယ်ရီ က မတ် တို့ လုပ်တဲ့ Game Night ကို အမြဲတမ်း
ပါချင်သူ ဖြစ်ပေမယ့် မတ် နဲ့ အန်နီ ကတော့ ဂယ်ရီလို
အူကြောင်ကြား ဥာဏ်ရည်မမှီတဲ့ ပုံစံမျိုး ကို ဘယ်တော့မှ
သူတို့ အိမ်ရဲ့ Game Night Party ကို အ၀င်မခံခဲ့ပါဘူး
အကြောင်းပြချက် အမျိုးမျိုး နဲ့ ဖယ်ထုတ်ခဲ့စမြဲပါပဲ…
ဒီလိုနဲ့ တစ်နေ့မှာတော့ မတ် ရဲ့ အကိုအရင်း ဖြစ်သူ
ဘရော့ဘ် ဟာ အလုပ်ကိစ္စတစ်ခုနဲ့ မတ်တို့ နေတဲ့ မြို့လေးကို
ရောက်ရှိလို့လာခဲ့ပါတယ်…
မတ် နဲ့ အန်နီ တို့ ကျင်းပတဲ့ Game Night ပွဲလေးဟာ
အရမ်းကို ပျင်းဖို့ ကောင်းတယ် ဒီတော့ သူကိုယ်တိုင်
Leader လုပ်ပြီး အိမ်အကြီးကြီး တစ်ခုမှာ
ဘယ်သူတစ်ဦး တစ်ယောက်နဲ့မှ မတူတဲ့
Game တစ်ခုကို ကစားကြမယ်လို့ ပြောပြီး
ညီဖြစ်သူ မတ် နဲ့ သူငယ်ချင်းတွေကို Invite လုပ်ခဲ့ပါတယ်
ဒီလိုနဲ့ မတ် နဲ့ အန်နီ ဟာ သူငယ်ချင်းတွေ ကို ခေါ်ပြီး
အကိုဖြစ်သူ ဘရော့ဘ် ရဲ့ အိမ်တော်ကြီးသို့ ရောက်ရှိခဲ့ပြီး
အကိုဖြစ်သူ ဆော့မယ့် Game ဟာ သူတို့ တစ်ခါမှ
မကြုံဖူးသေးတဲ့ ထူးထူးဆန်းဆန်း အမျိုးအစား တစ်ခု
ဖြစ်ကြောင်း သိရှိသွားခဲ့သော် အခါ…..
ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူတွေကတော့
May Myat Thu & Myo Thant Kyaw တို့ဖြစ်ပြီး
Thit San Khant မှ အညွှန်းရေးပေးထားပါတယ်
Bollywood ပရိတ်သတ်ကြီးတွေအတွက် အကောင်းဆုံးစာရင်းဝင် Bollywoodကားတွေကို တင်ဆက်ပေးလိုက်ပါတယ်။
IMDB 8.6/10 နဲ့Rotten Tomatoes 96% ထိရရှိထားပါတယ်မှတ်မှတ်ရရပဲ ဒီကားတွေကို Oscar ရထိုက်သော Bollywoodကားများစာရင်းထဲမှာ ထိပ်ဆုံးက ပါဝင်နေပါတယ်။2012လိုခုနှစ်မျိုးမှာ ဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေကြားထဲကမှ မျက်နှာသစ်အများစုနဲ့ပွဲထုတ်ခဲ့ပြီး အမှန်အကန် အောင်မြင်မှုတွေရရှိခဲ့ကာ
Bollywood ရုပ်ရှင်လောကကို တစ်ဆင့်မြှင့်တင်ပေးနိုင်ခဲ့တယ်လို့ပဲ ပြောရပါမယ်။ဒီဇာတ်လမ်းမှာ သရုပ်ဆောင်ပိုင်းတွေ၊ ဇာတ်လမ်းအသွားအလာတွေ
နောက်ခံသီချင်းတွေ၊ သွေးအေးအေးနဲ့ လူသတ်ရဲတဲ့ အက်ရှင်ခန်းတွေ၊
အထူးသဖြင့် Casting ပိုင်းပေါ့======================================================
1942 ကနေ 2004 ခုနှစ်ထိ အိန္ဒိယနဲ့ဘင်္ဂလားနယ်စပ်က Wasseypur မြို့မှာ
ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားပြီး အကောင်းဆုံး ပုံဖေါ်ခဲ့တာဖြစ်ပါတယ်။ကမ္ဘာမီးလောင် သားကောင်ချနင်းဆိုတဲ့ စကားပုံအတိုင်း အင်္ဂလိပ်အစိုးရလက်ထက်မှာ
ကျောက်မီးသွေးတွေက အဓိကသွင်းအားစုဖြစ်နေတဲ့ အချိန် နေရာတကာမှာ
ကျောက်မီးသွေးလုပ်ငန်းတွေ ကျယ်ကျယ်ပြန်ပြန့်လုပ်ကိုင်နေကြပြီးတောမီးလောင် တောကြောင် လက်ခမောင်းခက်ဆိုတဲ့အတိုင်း တောပုန်းဓားပြတွေ ပေါများတဲ့ခေတ်မှာ အဆိုးရွားဆုံး ဓားပြဗိုလ်က ဆူလ်တာနာ့ဆူလ်တာနာ နာမည်ကိုအသုံးချပြီး လက်တလုံးခြား ဆူလ်တာနာကို မလိမ့်တပ်လုပ်ကာ ဖြတ်လုနေတာက ရှဟီးဒ်ခန်းမ်
အလည်လွန်တဲ့ဘီး ချေးနင်းမိဆိုသလို ဆူလ်တာနာနဲ့ ထိပ်တိုက်တွေ့တဲ့အခါ
အသက်လုပြေးလာခဲ့ရတယ်နောက်မွေးလာမယ့်ကလေးအတွက် ဒီလိုခိုးဆိုးနှိုက်အလုပ်ကို မလုပ်တော့ဘဲ
ရှဟီးဒ်ခန်းမ် တစ်ယောက် တခြားနေရာကို ပြောင်းသွားခဲ့ပေမယ့်
အကြောင်းအမျိုးမျိုးကြောင့် ရာမာဒီးရ်ဆိုတဲ့ ခရိုနီတစ်ယောက်ရဲ့ တိုက်ခိုက်ရေးသမား ဖြစ်လာခဲ့တယ့်” ဒီခွေးအင်္ဂလိပ်တွေက ရိုတီတစ်ချပ်လောက်ကို ပစ်ကျွေးခဲ့တာ
ဒီကမျောက်အုပ်လိုက်က လုနေကြတယ်၊ ရာမာဒီးရ်ကိုရော ဒီပိုင်ဆိုင်မှုတွေ သူ့အဖေပေးခဲ့တာလား သူလည်း ဒီအတိုင်းယူလိုက်တာပဲ
မနက်ဖြန်ဆို သူ့အလောင်းပေါ်ကနေ ရှဟီးဒ်ခန်းမ်ဆီ ရောက်လာလိမ့်မယ်”သူ့အကြံအကောင်ထည်မဖေါ်နိုင်ခဲ့ပေ
ရာမာဒီးရ်ရဲ့ အလုပ်တစ်ခုကို လုပ်ပေးရင်း ရှဟီးဒ်ခန်းမ် ပြန်ရောက်မလာတော့ဘူးသူ့သား ဆဒါးရ်ခန်းမ်ကို တပည့်ဖြစ်သူ နဆီးရ်က စောင့်ရှောက်ခဲ့ပြီး
အဖေ့အတွက်အကြွေးကို သားတစ်ယောက်က ပြန်သိမ်းဖို့အထိ ဖြစ်လာခဲ့ပါတယ်” ငါ့ဘဝမှာ ရည်မှန်းချက်တစ်ခုပဲရှိတယ် … ကလဲ့စားချေဖို့ “သူ့ရည်မှန်းချက်က ပြည့်ဝပါ့မလားဆိုတာကိုတော့
=======================================================ဇာတ်လမ်းကို ဒီလောက်ပဲပြောထားတာ အကြောင်းရှိပါတယ်၊ ကိုယ်တိုင်ခံစားကြည့်ကြပါခင်ဗျာသရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်မှုက အားကောင်းလှသလို
ဇာတ်လမ်းကလည်း အစအဆုံးဆွဲခေါ်သွားနိုင်တဲ့ ဇာတ်ကားမျိုးဖြစ်ပါတယ်Castတွေအနေနဲ့
ဆဒါးရ်ခန်းမ် အနေနဲ့ Manoj Bajpayee
ဖိုက်ဇဲလ်ခန်းမ် အနေနဲ့ Nawazuddin Siddiqui
နဂ်မား ခါတွန် အနေနဲ့ Richa Chadda
မိုဟ်ဆီးနား အနေနဲ့ Huma Qureshi
ရာမာဒီးရ်ဆင့် အဖြစ် Tigmanshu Dhulia နဲ့
တခြားနာမည်ကျော် သရုပ်ဆောင်များလည်း ပါဝင်ထားကြပါတယ်။
Bollywood ပရိတ်သတ်ကြီးတွေအတွက် အကောင်းဆုံးစာရင်းဝင် Bollywoodကားတွေကို တင်ဆက်ပေးလိုက်ပါတယ်။
IMDB 8.6/10 နဲ့Rotten Tomatoes 96% ထိရရှိထားပါတယ်မှတ်မှတ်ရရပဲ ဒီကားတွေကို Oscar ရထိုက်သော Bollywoodကားများစာရင်းထဲမှာ ထိပ်ဆုံးက ပါဝင်နေပါတယ်။2012လိုခုနှစ်မျိုးမှာ ဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေကြားထဲကမှ မျက်နှာသစ်အများစုနဲ့ပွဲထုတ်ခဲ့ပြီး အမှန်အကန် အောင်မြင်မှုတွေရရှိခဲ့ကာ
Bollywood ရုပ်ရှင်လောကကို တစ်ဆင့်မြှင့်တင်ပေးနိုင်ခဲ့တယ်လို့ပဲ ပြောရပါမယ်။ဒီဇာတ်လမ်းမှာ သရုပ်ဆောင်ပိုင်းတွေ၊ ဇာတ်လမ်းအသွားအလာတွေ
နောက်ခံသီချင်းတွေ၊ သွေးအေးအေးနဲ့ လူသတ်ရဲတဲ့ အက်ရှင်ခန်းတွေ၊
အထူးသဖြင့် Casting ပိုင်းပေါ့======================================================
1942 ကနေ 2004 ခုနှစ်ထိ အိန္ဒိယနဲ့ဘင်္ဂလားနယ်စပ်က Wasseypur မြို့မှာ
ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားပြီး အကောင်းဆုံး ပုံဖေါ်ခဲ့တာဖြစ်ပါတယ်။ကမ္ဘာမီးလောင် သားကောင်ချနင်းဆိုတဲ့ စကားပုံအတိုင်း အင်္ဂလိပ်အစိုးရလက်ထက်မှာ
ကျောက်မီးသွေးတွေက အဓိကသွင်းအားစုဖြစ်နေတဲ့ အချိန် နေရာတကာမှာ
ကျောက်မီးသွေးလုပ်ငန်းတွေ ကျယ်ကျယ်ပြန်ပြန့်လုပ်ကိုင်နေကြပြီးတောမီးလောင် တောကြောင် လက်ခမောင်းခက်ဆိုတဲ့အတိုင်း တောပုန်းဓားပြတွေ ပေါများတဲ့ခေတ်မှာ အဆိုးရွားဆုံး ဓားပြဗိုလ်က ဆူလ်တာနာ့ဆူလ်တာနာ နာမည်ကိုအသုံးချပြီး လက်တလုံးခြား ဆူလ်တာနာကို မလိမ့်တပ်လုပ်ကာ ဖြတ်လုနေတာက ရှဟီးဒ်ခန်းမ်
အလည်လွန်တဲ့ဘီး ချေးနင်းမိဆိုသလို ဆူလ်တာနာနဲ့ ထိပ်တိုက်တွေ့တဲ့အခါ
အသက်လုပြေးလာခဲ့ရတယ်နောက်မွေးလာမယ့်ကလေးအတွက် ဒီလိုခိုးဆိုးနှိုက်အလုပ်ကို မလုပ်တော့ဘဲ
ရှဟီးဒ်ခန်းမ် တစ်ယောက် တခြားနေရာကို ပြောင်းသွားခဲ့ပေမယ့်
အကြောင်းအမျိုးမျိုးကြောင့် ရာမာဒီးရ်ဆိုတဲ့ ခရိုနီတစ်ယောက်ရဲ့ တိုက်ခိုက်ရေးသမား ဖြစ်လာခဲ့တယ့်” ဒီခွေးအင်္ဂလိပ်တွေက ရိုတီတစ်ချပ်လောက်ကို ပစ်ကျွေးခဲ့တာ
ဒီကမျောက်အုပ်လိုက်က လုနေကြတယ်၊ ရာမာဒီးရ်ကိုရော ဒီပိုင်ဆိုင်မှုတွေ သူ့အဖေပေးခဲ့တာလား သူလည်း ဒီအတိုင်းယူလိုက်တာပဲ
မနက်ဖြန်ဆို သူ့အလောင်းပေါ်ကနေ ရှဟီးဒ်ခန်းမ်ဆီ ရောက်လာလိမ့်မယ်”သူ့အကြံအကောင်ထည်မဖေါ်နိုင်ခဲ့ပေ
ရာမာဒီးရ်ရဲ့ အလုပ်တစ်ခုကို လုပ်ပေးရင်း ရှဟီးဒ်ခန်းမ် ပြန်ရောက်မလာတော့ဘူးသူ့သား ဆဒါးရ်ခန်းမ်ကို တပည့်ဖြစ်သူ နဆီးရ်က စောင့်ရှောက်ခဲ့ပြီး
အဖေ့အတွက်အကြွေးကို သားတစ်ယောက်က ပြန်သိမ်းဖို့အထိ ဖြစ်လာခဲ့ပါတယ်” ငါ့ဘဝမှာ ရည်မှန်းချက်တစ်ခုပဲရှိတယ် … ကလဲ့စားချေဖို့ “သူ့ရည်မှန်းချက်က ပြည့်ဝပါ့မလားဆိုတာကိုတော့
=======================================================ဇာတ်လမ်းကို ဒီလောက်ပဲပြောထားတာ အကြောင်းရှိပါတယ်၊ ကိုယ်တိုင်ခံစားကြည့်ကြပါခင်ဗျာသရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်မှုက အားကောင်းလှသလို
ဇာတ်လမ်းကလည်း အစအဆုံးဆွဲခေါ်သွားနိုင်တဲ့ ဇာတ်ကားမျိုးဖြစ်ပါတယ်Castတွေအနေနဲ့
ဆဒါးရ်ခန်းမ် အနေနဲ့ Manoj Bajpayee
ဖိုက်ဇဲလ်ခန်းမ် အနေနဲ့ Nawazuddin Siddiqui
နဂ်မား ခါတွန် အနေနဲ့ Richa Chadda
မိုဟ်ဆီးနား အနေနဲ့ Huma Qureshi
ရာမာဒီးရ်ဆင့် အဖြစ် Tigmanshu Dhulia နဲ့
တခြားနာမည်ကျော် သရုပ်ဆောင်များလည်း ပါဝင်ထားကြပါတယ်။
ဒီတစ်ခါတော့ ကမ္ဘာမှာ အရမ်းကိုအောင်မြင်ကျော်ကြားခဲ့တဲ့ Rocky ဆိုတဲ့ရုပ်ရှင်ရဲ့ မူလဇစ်မြစ်အကြောင်းကို ရိုက်ကူးထားတဲ့ ကားလေးတစ်ကို တင်ဆက်ပေးချင်ပါတယ်။ ချက်ခ်ဝက်ပ်နာလို့ခေါ်တဲ့လူတစ်ယောက်ဟာ ဘေယွန်မှာနေထိုင်ခဲ့ပြီးတော့ ငယ်ငယ်လေးကတည်းက လက်ဝှေ့ထိုးသတ်ရတာကို ဝါသနာကြီးခဲ့တဲ့သူတစ်ယောက်ပါ။ ဒီလိုနဲ့ သူ့ရဲ့ကြိုးစားမှုကြောင့် တစ်နေ့မှာတော့ လက်ဝှေ့လောကရဲ့ ဘုရင်တစ်ပါးဖြစ်တဲ့ မိုဟာမက်အလီနဲ့ ထိုးသတ်ခွင့်ရတဲ့အခါမှာ ဘယ်လိုရလာဒ်တွေဖြစ်ပေါ်ခဲ့ပြီး သူ့ဘဝဘယ်လိုတွေ ဆက်ဖြစ်သွားမလဲဆိုတာကို စိတ်ဝင်စားသဖွယ်ရိုက်ပြထားတဲ့ The Browlerဆိုတဲ့ ဇာတ်ကားမှာ ကြည့်ရှုပြီး အားပေးလိုက်ကြပါဦးဗျာ….
ဇာတ်လမ်းကို မညွှန်းခင် Rating လေးတစ်ချက်ကြည့်လိုက်ပါဦး IMDB 9.0/10 တဲ့ဗျာ
ဒီကားကို စကြည့်ဖြစ်တုန်းကတော့ Tollywood ကားဆိုတော့ ထုံးစံအတိုင်း တစ်ချက်ထိုးလိုက်ရင် လေပေါ်ပျံတာတို့ အားအားနေကနေတို့ ဒါတွေပဲ ဖြစ်မှာပါလို့ ထင်ထားမိတာ
အမှားကြီးမှားတာပဲ အိန္ဒိယရုပ်ရှင်ကား တစ်ကားလို့တောင် မထင်ရက်ဘူး
ဒီကားကို Bollywood က Reboot ပြန်ရိုက်ဖို့အထိ မျှော်လင့်မိတယ်ဗျာ
ကောင်းလား မကောင်းလား မညွှန်းတော့ဘူး တန်းသာဒေါင်းလိုက်တော့
ဒေါင်းရကျိုးနပ်စေရမည်ဗျာ့ဒုစရိုက်ကားဆိုတော့ ကြည့်ဖူးနေကျ ရုပ်ရှင်ကားတွေလို မှောင်ခိုတွေလုပ် ရဲကဖမ်း ရဲကို ပြန်သတ် သူသေ ကိုယ်သေ ဒါမျိုးလာလိမ့်မယ် ထင်ထားတာ
ဒါရိုက်တာက အလှည့်အပြောင်းတွေနဲ့ Crime ကားကို Mystery ဆန်ဆန်လေး တင်ပြသွားတယ်ရဲနဲ့ရာဇာဝတ်ကောင်ကြားကို ယှဉ်ပြတဲ့ အခါမှာလည်း ရဲတစ်ယောက်ရဲ့သားဟာ ရဲဖြစ်သလို အဖေရိုးသားသလို သားဖြစ်သူကလည်း ရိုးရိုးသားသားနဲ့ အမှန်တရားရဲ့ ဘက်တော်သားပီပီ ပုံဖေါ်ထားပြီး
လူဆိုးလူမိုက်ကိုလည်း ကျွန်တော်တို့ဆီက ၁ရာဖိုးသုံးပုဒ်တွေလို အထိုးခံခါနီး လူဆိုးပေါ်လာ
မိုက်ချင်ရင် စွတ်မိုက် ကြမ်းချင်ရင် စွတ်ကြမ်း မျက်နှာကြီးတွေ ရှုံမဲ့ထားပြီး ငါလူဆိုးပါဆိုတာ နဖူးမှာစာရေးထားသလို ဖြစ်နေအောင် လုပ်ထားမယ်လို့ မျှော်လင့်ထားတာ
အိန္ဒိယ ဒါရိုက်တာတွေညံ့ချက် လူမိုက်ရဲ့ ငယ်ဘဝတွေ ညီအစ်ကို သံယောဇဉ်တွေနဲ့ လူမိုက်မှာလည်း ဘဝရှိကြောင်းကို အချိန်ကုန်ခံတင်ဆက်ပေးထားသေးတယ် ?
နောက်ဆုံး အကြိုက်တွေ့မိတဲ့ စကားလုံးလေးတစ်ခုလည်း ပြောသွားသေးတယ်ဗျ” ဘဝဆိုတာ ငရဲထဲက ဟာသ တစ်ခု မဟုတ်လား “ဇာတ်လမ်းလေး နည်းနည်း ညွှန်းရအောင်Vikram – ရိုးသားပြီး တာဝန်ကျေပွန်တဲ့ ရဲတစ်ယောက် လူဆိုးမှန်သမျှကို အရှင်ဖမ်းဖို့ အခွှင့်ရေးရရက်တောင် Encoder ဆိုပြီး အသေတွယ်တဲ့ရဲငါလူဆိုးမှန်သမျှကို သတ်ပြီးတိုင်း ဘာကြောင့် အိပ်ပျော်လဲသိလား ငါသတ်လိုက်တဲ့ကောင်တွေဟာ အပြစ်ရှိတဲ့ကောင်တွေ ဖြစ်တဲ့အတွက်ရဲဆိုတာ
လူတစ်ယောက်ရဲ့ မျက်လုံးခြေအနေကိုကြည့်ရုံနဲ့ လူဆိုးလား လူကောင်းလား ခွဲခြားတတ်သင့်တယ်လူဆိုးမှန်သမျှကိုခြေရာခံလိုက်ပြီး သေပစ်တဲ့ Vikram ရဲ့ အဓိက ပစ်မှတ်ကVedha – လက်ဆလက်နပြင်းတယ် မိုက်တယ် မလိမ်ဘူး မညာဘူး မလှိမ့်တပတ် မလုပ်ဘူး ဗြောင်ရှင်း ဗြောင်ဗြင်းတဲ့လူစားကိုယ်တိုင် ရာဇဝတ်ကောင်ဖြစ်ပေမဲ့ ညီဖြစ်သူကို သူ့ပတ်ဝန်းကျင်ကိုတောင် မလာခိုင်းပဲ ပညာသင်ပေးထားတဲ့ လူစားတခြား မှောင်ခိုကောင်တွေက ကလေးတွေကို အသုံးချ
ပြီး ပစ္စည်းတွေ အရောင်းအဝယ်လုပ်တာကို မကြိုက်ဘူး အမြဲတန်း ပြသနာတတ်ရတဲ့ လက်မရွံလူစား (စကားလုံးနဲ့ မပြောဘူး လုပ်ရပ်နဲ့ပြသွားတယ် ? )အဲ့ဒီလို ဗီဒဟ် ဘယ်ရဲမှ သူ့ကို ဖမ်းဖို့မပြောနဲ့ အနံ့တောင် ခံလို့ မရတဲ့အကောင်က ရဲစခန်းကို ကိုယ်တိုင်လာပြီး အဖမ်းခံလိုက်တယ်
ဘာကြောင့်ပါလဲ့Vikram နောက်ဆုံး စီနင်းမှုမှာ ပစ်သတ်လိုက်တဲ့ အထဲမှာ သူ့ညီပါသွားလို့ပဲ
ဒုစရိုက်မှုတွေနဲ့ ဝေးဝေးမှာနေတဲ့ Vedha ရဲ့ညီ ဘာကြောင့် လူမိုက်တွေကြားထဲ အသတ်ခံလိုက်ရတာလဲ
ဘာကြောင့် သူရှိတဲ့နေရာကို ရဲတွေသိသွားတာလဲ့Vikram နဲ့ Vedha တို့ ထိပ်တိုက်တွေ့မှုက ဘာတွေ ဖြစ်လာမလဲဆိုတာကိုတော့” ကျူးလွန်တဲ့သူကို အပစ်ပေးမလား့ စေခိုင်းတဲ့သူကို အပစ်ပေးမလား “ #ဇာတ်ဝင်တေး အကြွကြီးကလည်း အားရစရာပါပဲ
လီဒူဆမ် ဆိုတဲ့လူတစ်ယောက် က ၁၉၇၀ ပြည့်နှစ်တွေမှာ ရွှေထည်နဲ့ တန်ဖိုးကြီးနာရီတွေ မှောင်ခိုတင်သွင်းတဲ့ အဖွဲ့အစည်းတစ်ခုမှာ အလုပ်လုပ်ခဲ့တယ် ရဲတွေက မှောင်ခိုသမားတွေကို ဖြိုခွင်းတဲ့အချိန်မှာတော့ လီဒူဆမ် တစ်ယောက် သူ့သူဌေးရဲ့ ကောက်ကျစ်မှုခံရပြီး သူတစ်ယောက်သာ ထောင်ကျခဲ့ပါတယ်….. ထောင်က ပြန်လွတ်လာပြီးချိန်မှာတော့ လီဒူဆမ် ဟာ မူးယဇ်မှောင်ခိုလောကထဲ ခြေစုံပစ်ဝင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်….. ဖြတ်သန်းခဲ့တဲ့ မကောင်းမှုလောကရဲ့ သင်ကြားမှုကြောင့် မူးယစ်မှောင်ခိုလုပ်ချိန်မှာတော့ သူဟာ အရင်လို နုံအတဲ့သူ မဟုတ်တော့ပါဘူး…..အရာရာကိုပါးပါးနပ်နပ်နဲ့ ကိုင်တွယ်တတ်လာတယ်… သူမူးယစ်မှောင်ခိုလောကမှာ အောင်မြင်လာ မလား …ဘယ်လိုအန္တရယ်တွေကရော သူ့ကိုဆီးကြိုနေမလဲ… ရဲတွေရဲ့ အန္တရယ်ကရော ရှောင်တိမ်းနိုင်ပါ့မလား…အချိန်မရွေးနောက်ကျောဓားနဲ့ထိုးနိုင်တဲ့ ဒုစရိုက်လောကသားချင်းတွေနဲ့ရော ဘယ်လိုရှေ့ဆက်မလဲ… ကိုင်း ခံစားကြည့်လိုက်ပါဦး…. မင်းသားကြီး Kang-ho Song နဲ့Jung-suk Joတို့ အဓိကသရုပ်ဆောင်ထားပြီး ခပ်ကြမ်းကြမ်းအက်ရှင်တွေနဲ့ မူးယစ်ဆေးဝါးဒုစရိုက်လောကနဲ့ပတ်သက်တဲ့ ကားမျိုးမှ သဘောကျတဲ့သူတွေအဖို့ ကြည့်ကိုကြည့်ရမယ့် ကားဖြစ်ပါကြောင်း ညွှန်းဆိုပါရစေ… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ SCRN ပဲဖြစ်ပါတယ်…
ဒီကားလေးကတော့2008 ခုနှစ်မှာထွက်ရှိခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ Action Crime ဇာတ်ကားမျိုးဖြစ်ပါတယ်။ The Chaser ဆိုတဲ့ဇာတ်ကားလေးမှာတော့ သရုပ်ဆောင်မင်းသားကောင်းတွေဖြစ်တဲ့ Kim Yoon Seok နဲ့ Ha Jung Woo တို့ပါဝင်ထားပြီး ဒါရိုက်တာ Na Hong Jin ရိုက်ကူးထားတဲ့ Serial Killer Yoo Young Chul ရဲ့ ဖြစ်ရပ်မှန်ကို ရိုက်ကူးပုံဖော်ထားတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ကြည့်ရှူသူတွေမပျင်းရဘဲ ရဲဝန်ထမ်းဟောင်းတစ်ဖြစ်လဲ ပြည့်တန်ဆာခေါင်းအဖြစ်လုပ်နေတဲ့ ဂျွန်ဟိုရဲ့ သူ့ဆီမှာအလုပ်လုပ်တဲ့ ပြည့်တန်ဆာမလေးတွေပျောက်ပျောက်နေတာကို ထွက်ပြေးတာအမှတ်နဲ့ လိုက်စုံစမ်းရင်း နောက်ဆုံးပို့လိုက်တဲ့မီဂျင်းကို စုံစမ်းခိုင်းရာမှ ထပ်မံပျောက်ဆုံးသွားလို့ လိုက်လံစုံစမ်းရာမှ ဘယ်လိုတွေထွက်ပေါ်လာမလဲ။ ပြည်တန်စာတွေကရော ဘာကြောင့် ပျောက်သွားရတာလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာပါ သွေးသန်ရဲရဲတွေပါတာမို့ ရင်တထိပ်ထိပ်နဲ့ ကြည့်ရှုရမှာပါ။
ဒီကားလေးကဘယ်လိုကားလေးလဲဆိုတာမမေးခင်ပါဝင်သရုပ်ဆောင်ထားတဲ့သူတွေကိုပဲအရင်ကြည့်လိုက်ပါ။ စိတ်ဝင်စားစရာဖြစ်မယ်ဆိုတာသိသာပါတယ်ဗျာ။ Now You See Meဇာတ်ကားတွေမှာအပြင်ဇာတ်ကားတော်တော်များများမှာပါဝင်တဲ့ဝါရင့်သရုပ်ဆောင်ကြီးMorgan Freeman၊ အဲဒီNUSMကားထဲမှာပဲMorganနဲ့အတူပါဝင်ခဲ့တဲ့Micheal Caineနှင့် နောက်ထပ်ဝါရင့်သရုပ်ဆောင်Alan Arkinတို့ပါဝင်ပါတယ်။ အဖိုးကြီးသုံးယောက်ပေါင်းလောင်းကျော်ပွဲကြမ်းထားကြတဲ့2017ထွက်ဟာသကားကောင်းလေးဖြစ်ပါတယ်။ ဇာတ်ကြောင်းလေးကတော့အသက်အရွယ်ထောက်လာပြီဖြစ်တဲ့ဝီလီ၊ဂျိုးနဲ့အယ်ဘာ့တ်တို့ သူငယ်ချင်းတတွေငွေကြေးအခက်အခဲတွေနဲ့ရင်ဆိုင်လာရပြီးဘဏ်တွေရဲ့နှိပ်စက်မှုတွေကိုခံနေရပါတယ်။ အဲဒီနောက်သူတို့နှစ်ပေါင်းများစွာအလုပ်လုပ်ပေးခဲ့တဲ့companyဟာပိုင်ရှင်အသစ်လက်ထဲရောက်ပြီးနောက် သူတို့ခံစားနေရတဲ့ပင်စာလစာလေးတွေကိုပါဖျက်သိမ်းတော့မယ်လို့သိလိုက်ရတဲ့အခါမှာတော့ သူတို့ချစ်တဲ့မိသားစုတွေအပေါင်းအသင်းတွေဒုက္ခနဲ့လှလှနဲ့တွေ့ရတော့မယ်ဆိုတာသဘောပေါက်လာကြပါတယ်။ အဲဒီတော့အဖိုးကြီးသုံးယောက်သားဘဏ်ကိုဓါးပြတိုက်ဖို့ဆုံးဖြတ်လိုက်ကြပါတော့တယ်။ အသက်အရွယ်တွေကြီးနေကြပြီဆိုပေမယ့် သုံးယောက်သားဘယ်လိုအချက်ကျကျသေချာစီစဉ်ပြီးပွဲကြမ်းကြမလဲဆိုတာကတော့စိတ်ဝင်စားစရာပါပဲ။ အဲတော့သူတို့သုံးယောက်ဘယ်လိုအခက်အခဲတွေကိုတူတူရင်ဆိုင်ကြမလဲ။ ဘယ်လိုဖြေရှင်းကြမလဲ။ သူတို့လုပ်ဆောင်မယ့်အကြံအစည်တွေအောင်မြင်ပါ့မလား။ ရဲတွေစုံထောက်တွကိုဘယ်လိုနှစ်ကျပ်ကွက်နင်းသွားမလဲဆိုတာကိုဟာသအမြူးလေးတွေနဲ့ရှုစားရမှာဖြစ်ပါတယ်။ တကယ်ကြည့်လို့ကောင်းပြီးစိတ်အမောပြေစေမယ့်ကားကောင်းလေးဖြစ်မယ်ဆိုတာအသေအချာပဲဖြစ်တာမို့ လက်မလွတ်စေဖို့တိုက်တွန်းချင်ပါတယ်။ Ratingအနေနဲ့လဲ6.7ထိရထားပြီးရုံဝင်ငွေဒေါ်လာ82.1သန်းထိရရှိထားတဲ့ကားလေးဖြစ်ပါတယ်။ ကဲအဖိုးကြီးတွေလေးတေးတေးနဲ့ဘယ်လိုလက်စွမ်းပြကြမလဲဆိုတာတော့ရယ်ရင်းမောရင်းကြည့်လိုက်ရအောင်ဗျာ။
အခု မိတ်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ Rating တွေကလည်း အလန်း သရုပ်ဆောင်တွေကလည်းနာမည်ကြီးပြီး အက်ရှင်ကားကောင်းကောင်း ငတ်နေသူတွေအတွက် အကြိုက်တွေ့စေမယ့် Crime,Action ဇာတ်ကားလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ နာမည်ကတော့ Golden Job(2018) ပါ။ IMDB Rating ကတော့ 6.2 ထိရရှိထားပါတယ်။ ဇာတ်လမ်း အကျဉ်းလေးကတော့ ဆိုးတေသောင်းကြမ်းလို့ ဝသွားကြတဲ့ လူမိုက်ကြီး ငါးယောက် အငြိမ်းစားယူသွားကြပါတယ်။ အဲ့နောက်မှာခေါင်းဆောင်ဖြစ်သူက ဒုက္ခသည်ကလေးတွေအတွက် အကူအညီပေးဖို့ ဆေးကုမ္ပဏီတစ်ခုက ဆေးသယ်လာတဲ့ကားကို ခိုးလိုက်ပါတယ်။ နောက်တော့ဆေးဝါးဖြန့်ဖြူးပေးဖို့ လူပြန်စုပြီး အလုပ်ပြန်လုပ်ကြတဲ့အချိန် ဆေးသယ်လာတဲ့ကားကို ခိုးလာခဲ့ပြီးမှ ကားပေါ်မှာ ပါလာတာ ဆေးတွေမဟုတ်ဘဲ ရွှေတွေဖြစ်နေချိန်မှာတော့….. ဘာတွေကြောင့်ဒီလိုဖြစ်ရတာလဲ သူတို့ရဲ့အတိတ်ဆိုးတွေကို သူတို့ချန်ထားနိုင်တာသေချာရဲ့လား ဆိုတာ အက်ရှင် ကြမ်းကြမ်းလေးတွေနဲ့ ကြည့်ရမှာဖြစ်ပါတယ်။
Rating 7.6ထိရထားတဲ့Crime/Thillerကားသစ်လေးညွန်းချင်ပါတယ်။ Twilightကားထဲကမင်းသားRobertPattison ရဲ့တမူထူးခြားတဲ့သရုပ်ဆောင်ဟန်ကိုခံစားရစေမယ့်ကားလေးပါ။ ဇာတ်လမ်းအကျဉ်လေးကတော့ အူတူတူညီတစ်ယောက်နဲ့အတူRobert တစ်ယောက်ဓားပြတိုက်ရာကစတာပါပဲ။ ဇာတ်လမ်းအစလေးမှာကိုပဲသူတို့ညီအစ်ကို၂ယောက်ရဲ့ကြားကသံယာဇဉ်ကိုသိရမှာပါ။ ညီဖြစ်သူကလည်းအစ်ကိုကိုအားကိုးယုံကြည်သလိုအစ်ကိုဖြစ်သူကလည်းညီဖြစ်သူကိုအမြဲဂရုစိုက်စောင့်ရှောက်ဖို့ကြိုးစားပါတယ်။ ညီအစ်ကို၂ယောက်ဘတ်ဓားပြတိုက်ပြီးနောက်ကိုယ်ယောက်ဖျောက်ဖို့ကြိုးစားနေစဉ်မှာပဲရုတ်တရက်ရဲတပ်ဖွဲ့ရဲ့မသင်္ကာမှုခံလိုက်ရပြီးညီဖြစ်သူအဖမ်းခံရပါတော့တယ်။ ဒီလိုတဲ့ညီကိုချစ်တဲ့အစ်ကိုတစ်ယောကအနေနဲ့တတ်နိုင်သလောက်တစ်ညလုံးညီကိုပြန်ထုတ်ယူကြိုးစားနေပုံကတော့တကယ်ကိုအသက်ဝင်ပြီးလက်တွေ့ကျပါတယ်။ ညီဖြစ်သူကိုကယ်နိုင်သွားမလား။ သသရောဘယ်လိုအခက်အခဲတွေနဲ့ကြုံတွေ့ရမလဲဆိုတာလက်တွေ့ကျကျတွေ့ရမှာဖြစ်ပါတယ်။ Ratingလည်းမြင့်တာမို့ကားကောင်းလေးတစ်ကားဖြစ်မှအမှန်ပါပဲ။
အားလပ်ချိန်မှာ ပေါ့ပေါ့ပါးပါးလေးနဲ့ Bollywood ဇာတ်ကားကောင်းကို ကြည့်ရှုခံစားချင်ရင်တော့ IMDB 8/10 အထိရရှိထားတဲ့ ဒီဇာတ်ကားလေးကို မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားမှာတော့ အဂျေး နဲ့ အပေါင်းအပါတွေရဲ့ လိမ်လည်မှုပညာ တွေကို အဓိက တင်ဆက်ထားပြီး လူလိမ်နဲ့ ရဲကြား အားပြိုင်မှုကို ဖော်ပြထားပါတယ်။ ဒီနေရာမှာ အဂျေးနဲ့ အပေါင်းအပါတွေဟာ ခေသူတွေမဟုတ်ပါဘူး။ ဝန်ကြီးချုပ်ကိုတောင် လိမ်လည်နိုင်စွမ်းရှိခဲ့သူတွေပါ။ သူတို့တွေ ဘယ်သူတွေကို ဘယ်လို လိမ်ခဲ့ကြမှာလဲ။ ရဲတွေလက်ကနေ ဘယ်လောက် ဖောက်ထွက်နိုင်မလဲ / အလွန်တော်တဲ့ စုံထောက်တွေကရော ဖမ်းဆီးနိုင်မလား ဆိုတာ ရင်ခုန်ခံစားရမှာပါ။ အဂျေး အဖြစ် မင်းသားကြီး အရှေးကူးမားက ပါဝင်သရုပ်ဆောင်ထားပြီး Bollywood ဇာတ်ကားကောင်းတို့၏ ထုံးစံအတိုင်း ပဉ္စလက်ဆန်ဆန် လှည့်ကွက်တွေနဲ့ ဆွဲဆောင်သွားစေမှာ ဖြစ်လို့ ကြည့်ရှုအားပေး ခံစားကြည့်ကြစို့လားခင်ဗျာ။
IMDb Rating (6.5) ရရှိထားတဲ့ တမီးလ်ဇာတ်ကားလေးပါ။ ဆတ္တယာ(Sathya) ဟာ သြစတေးလျက အဆင့်မြင့်ကုမ္ပဏီတစ်ခုမှာ အဆင့်မြင့်အရာရှိတစ်ယောက်အနေနဲ့ လုပ်ကိုင်နေတဲ့ သူတစ်ယောက်ဖြစ်ပြီးတော့ အချစ်ရေးရာကိစ္စဆိုလို့ ဘာမှကိုစိတ်မဝင်စားတတ်တဲ့သူပါ။ တစ်နေ့မှာတော့ အိန္ဒိယနိုင်ငံချင်နိုင်းမှာရှိနေတဲ့ သူ့ရည်းစားဟောင်းဖြစ်တဲ့ (Swetha) ဆွီသာ့ဆီကနေ အကူအညီတောင်းတဲ့ ဖုန်းအသံမက်ဆေ့တစ်ခုရပါတယ်။ လွန်ခဲ့နှစ်လလောက်က ဆွီသာရဲ့ ငါးနှစ်အရွယ်သမီးလေးကို လူစိမ်းနှစ်ယောက်က ဖမ်းဆီးခေါ်သွားခဲ့တယ်လို့ ဆွီသာကပြောဆိုပြီး သူ့သမီးလေးကို ပြန်ပြီးရှာပေးဖို့အတွက် အကူအညီတောင်းတာပါပဲ။ ချန်နိုင်းမှာရှိနေတဲ့ ရဲတွေက ဒီအမှုကို ရေရေရာရာစုံစမ်းစစ်ဆေးတာမလုပ်ခဲ့ကြပဲ အမှုကိုပိတ်ပစ်လိုက်ကြပြီးတဲ့နောက် ငါးနှစ်အရွယ်ကလေးမလေးတစ်ယောက်ဆိုတာ တကယ်မရှိတဲ့အကြောင်းနဲ့ ဆွီသာ့အနေနဲ့ ထင်ယောင်ထင်မှာဖြစ်နေတာသာဖြစ်ပြီး စိတ်ရောဂါကုဆရာဝန်ဆီကို သွားတွေ့သင့်ကြောင်းကိုပဲ ရဲတွေက တုန့်ပြန်ကြပါတယ်။ ဆွီသာရဲ့ အမျိုးသားဖြစ်သူနဲ့ အိမ်နီးချင်းတွေကိုယ်တိုင်ကလည်း ဆွီသာဟာ ကလေးမရနိုင်တဲ့သူဖြစ်တဲ့အကြောင်းနဲ့ ဒီလိုဖြစ်ပျက်နေတာဟာ ဆွီသာရဲ့စိတ်ကူးယဉ်မှုတစ်ခုသာဖြစ်တဲ့အကြောင်း ဆတ္တယာကို ရှင်းပြကြပါတယ်။ နောက်ပိုင်းမှာတော့ ဆတ္တယာ ကိုယ်တိုင်ကလည်း ဆွီသာ့ စကားတွေကို မယုံမကြည်ဖြစ်လာပြီးတဲ့နောက် ဆွီသာဟာ အထပ်မြင့်တိုက်တစ်ခုနေခုန်ချပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့ပါတော့တယ်။ ဒါပေမယ့်… အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ ချန်နိုင်းမြို့ရဲတပ်ဖွဲ့မှူး နဲ့ ရဲတပ်ဖွဲ့ဝင်တွေ…. ဆွီသာ့ရဲ့ အမျိုးသား နဲ့ ဆေးစွဲနေတဲ့ ညီဖြစ်သူ…. ဆတ္တယာကို အနီးကပ်အကူအညီပေးနေတဲ့ ဘာဘူခန်…. သူတို့တွေ အားလုံးက ဒီဖြစ်ရပ်တစ်ခုလုံးရဲ့နောက်ကွယ်မှာရှိနေတာကို ဆတ္တယာ သိလိုက်ရတဲ့အခါ……..
IMDb Rating (7.2) ရရှိထားတဲ့ တမီးလ်ဇာတ်ကားပါ။ထူးခြားချက်ကတော့ မြန်မာပြည်ကို အခြေခံပြီးရိုက်ကူးထားတာပါ။ ဇာတ်လမ်းအညွှန်းကိုတော့ ဒီဇာတ်ကားကိုကြည့်ဖြစ်စေခဲ့တဲ့ ဗြိတိသျှကိုကိုမောင် Kyaw Swa Naing ရဲ့ Facebook ကနေကူးယူဖော်ပြညွှန်းပေးချင်ပါတယ်။ Rangoon ဆိုတဲ့ ကုလားကား။ ၁၉၈၈ မှာ မြန်မာပြည်ကနေ အိန္ဒိယကို ပြောင်းလာတဲ့ တမီလ်မိသားစုတစ်စုက ကောင်လေး။ အရွယ်ရောက်ပြီး ရပ်ကွက်ထဲ ဇ ရှိတဲ့ ဇိုးပေါက်စဖြစ်လာတဲ့အခါ ရွှေမှောင်ခိုလုပ်ငန်းရှင်ကြီးက ဆွဲစားလိုက်တယ်။ လုပ်ငန်းရှင်ကြီးရဲ့ လက်ရုံးဖြစ်လာတဲ့ သူတို့ သူငယ်ချင်းသုံးယောက်ဟာ ရန်ကုန်ကို ရွှေမှောင်ခို သွင်းဖို့…မိုးရေး-တမူးနယ်စပ်ကနေ တဆင့် ဝင်လာခဲ့တယ်။ ဇာတ်လိုက်ရဲ့ အဖေက တချိန်က ရွှေဘုံသာလမ်းက ရွှေပွဲစား ဆိုတော့ အခက်အခဲမရှိပဲ…ရန်ကုန်က သူတို့ ပို့ရမယ့် ရွှေ ဆိုင်ရာအဖွဲ့အစည်းရဲ့ ဥက္ကဌ ဆီ ရွှေတွေပို့နိုင်ခဲ့တယ်။ ဒါပေမယ့်..ရန်ကုန် က သူတို့တည်းတဲ့ ဟိုတယ်ကနေ ပြန်အထွက်မှာ..မြန်မာရွှေကုန်သည်ဘက်က လက်ငင်း ချေလိုက်တဲ့ ငွေသား သိန်း ၆၀၀ ပါတဲ့အိတ်ထဲမှာ စက္ကူတွေချည်းဖြစ်နေတဲ့အခါ….. ဇာတ်လမ်းကတော့ ဆက်ကြည့်ပေါ့ဗျာ။ ဒါပေမယ့်…ဒီဇာတ်ကားမှာ ထူးခြားတာက…သူတို့ အိန္ဒိယပြန်ရောက်လို့ သူတို့သူဌေးကို သတင်းပို့တဲ့အခါ….ရန်ကုန်က လုပ်ငန်းရှင်က ပြန်ခိုးသွားတာဖြစ်မယ်လို့ပြောတယ်။ အဲ့ဒီမှာ သူဌေးက ဘာပြောလဲဆိုတော့… မင်းတို့ အခုပျောက်တယ်ဆိုတဲ့ သိန်း ၆၀၀ ဟာ မြန်မာပြည်က အဲ့ဒီသူဌေးရဲ့ မုန့်ဖိုးပဲ ရှိတာ..ဟိုက..လုပ်မလားတဲ့။ ကိုင်း…မြန်မာပြည်က သူဌေးတွေ ချမ်းသာချက်…ဘောလီးဝုဒ်ကတောင် ဂုဏ်ပြုရတယ်..။ Rangoon ဟာ ဟိုနေ့က ငွေခြောက်ထောင်ကုန်ခံပြီး ကျွန်တော်တို့ လင်မယားနှစ်ယောက်ကြည့်ခဲ့တဲ့ မြန်မာဂိုဏ်းစတားကားထက်တော့…စိတ်လှုပ်ရှားမှုပေးတာအမှန်ပဲ။ ဆူးလေ..ပန်းဆိုးတန်း…မဂိုလမ်း မြင်ကွင်းတွေနဲ့ မြန်မာစကားပြောပီပီသသတွေပါ…ကြားရမယ့်…ဇာတ်ကားပါပဲဗျိုး။
ဒီဇာတ်ကားလေးဟာ ၁၉၈၀ခုနှစ်များဆီက အိန္ဒိယနိုင်ငံမှ အခွန်ဦးစီးဌာနအရာရှိတစ်ယောက်ရဲ့ အဖြစ်အပျက်ကိုအခြေခံရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဆင်းရဲသားတွေဆီကခေါင်းပုံဖြတ်၊ လာဘ်ပေးလာဘ်ယူမှုတွေနဲ့ချမ်းသာလာပြီး တစ်ဖက်မှာလူအများအမြင်ကြည်အောင်ဘီလူးခေါင်းကွယ်ထားတတ်တဲ့ လူချမ်းသာတွေ၊ ပြည်သူတွေကိုအသုံးချပြီး ကိုယ်ကျိုးရှာတဲ့နိုင်ငံရေးသမားတွေကို သူတို့ဆီမှာအမှန်တကယ် တရားဘောင်အတွင်းကနှိပ်ကွပ်ခဲ့တဲ့အဖြစ်အပျက်လေးကိုအခြေတည်ထားတာပါ။ရိုးသားပြီးကိုယ့်ခံယူချက်အတိုင်းလုံးဝတရားမပျက်တဲ့ အစိုးရအရာရှိတစ်ယောက်သူတို့ဆီမှာရှိဖူးတယ်ဆိုတာကို ရိုက်ကူးပြထားတာဖြစ်ပါတယ်။ဘယ်သူတရားပျက်ပျက်ကိုယ်မပျက်ဘူးဆိုတဲ့သတ္တိနဲ့ အဆိုပါအခွန်ဦးစီးဌာနကအရာရှိတစ်ယောက် လက်နောင်းမြို့ကို၄၉ကြိမ်မြောက် ရာထူးပြောင်းရွေ့ခြင်းခံရပြီးရောက်လာတာကစတာပါပဲ။အရင်အရာရှိတွေနဲ့မတူပဲ အလုပ်ကိုအမှန်အကန်လုပ်တဲ့သူနဲ့တွေ့တဲ့အခါမှာတော့ ဂုတ်သွေးစုပ်နေတဲ့ သွေးစုပ်ဖုတ်ကောင်ကြီးတွေ မျက်ဖြူလန်တော့တာပါပဲ။ ဇာတ်လမ်းလေးကိုဆက်မပြောတော့ဘဲကိုယ်တိုင်ပဲကြည့်လိုက်စေချင်ပါတယ်။နိုင်ငံရေးသဘောသဘာဝတွေ၊ ရိုးသားတဲ့အစိုးရဝန်ထမ်းတွေနှိပ်ကွက်ခံရမှုတွေ၊ လူထုကိုနိုင်ငံရေးသမားတွေဘယ်လို ဦးနှောက်အဆိပ်ခတ်ထားသလဲဆိုတာတွေကို ကွက်ကွက်ကွင်းကွင်းရိုက်ကူးပြသပုံဖော်ထားတာကိုတွေ့ရမှာပါ။Rating အနေနဲ့လည်း 7.6 အထိရရှိထားပြီး ငွေကြေးအရလည်းအောင်မြင်ထားတဲ့ဖြစ်ရပ်မှန်ဇာတ်ကားလေးဖြစ်ပါတယ်
mmbusticketRace Film Seriesက အခုဆို Race 3 အထိရောက်ရှိလို့လာခဲ့ပါပြီ(2008)မှာ Race 1 ထွက်ခဲ့ပြီး (2013)မှာ Race 2 ထွက်ခဲ့၍ ယခု (2018)မှာတော့ Race 3 ထပ်မံထွက်ရှိခဲ့ပါတယ်ဇာတ်ကားတွေကတော့ Crime, Action, Drama ကားကောင်းတွေဖြစ်ပြီး အထူးသဖြင့် 1, 2က Ratingsပိုင်းလည်းကောင်းသလို ဇာတ်လမ်းလည်းဆွဲဆောင်မှုရှိလှပါတယ်။Race 3ကတော့ မကြည့်ရသေးလို့ ဘာမှမပြောလိုပါ။1,2 မှာတော့ ဆေ့ဖ်အလီခန်း၊ အနီလ်ကပူးရ်
တို့က အဓိကပါဝင်ခဲ့ပြီး ဇာတ်လမ်းကလည်း အလှည့်အပြောင်းများနဲ့ ဂျင်ပေါ်ကထုံးဆိုသလို
တယောက်နဲ့တယောက် ကျော်ခွရင်းအပြိုင်ဆိုင်ချဲကြတဲ့ ဇာတ်ကားကောင်းတွေပါ။
ဇာတ်ဝင်သီချင်းခပ်မြူးမြူးတွေ၊ အက်ရှင်ခပ်လန်းလန်းတွေစတန့်အကွတ်တွေကိုမှ ကြိုက်နှစ်သက်တဲ့ပရိတ်သတ်ကြီးအတွက်Race 1, 2ကို တင်ဆက်ပေးလိုက်ပါတယ်။Race 3ကတော့ ရုံတင်ထားတာသိပ်မကြာသေးတဲ့အတွက် အကြည်ထွက်ဖို့ကြာဦးမှာမို့လို့ အကြည်၊ စာအမှန်ထွက်လာတာနဲ့ တင်ဆက်ပေးမှာပါ။အခုတော့ Race 1, 2ကိုပဲ ပြန်လည်ခံစားကြည့်လိုက်ကြပါဦး။
MDB 7.5/ 10 &&& Rotten Tomatoes 100%2018 ထဲမှာ RT 100 အပြည့်ထိရထားတဲ့ ဘောလီဝုဒ်ကားဆိုလို့ Padman(2018)တကားပဲလားမသိဘူး ရှိသေးတယ်ဒီအချိန်မှာ ဒုတိယမြောက် RT 100% အပြည့်ရတဲ့ နောက်တစ်ကားနဲ့ ပရိတ်သတ်ကြီးကို မိတ်ဆက်ပေးပါရစေRaazi ဒီကားမထွက်ခင်ကတည်းက ဒါရိုက်တာက Talvar(2015)ကိုရိုက်ထားတဲ့ Meghna Gulzar ဆို တော့ အရမ်းကိုစိတ်ဝင်စားခဲ့တာအလီယာကိုကြိုက်တာကလည်း တကြောင်းကြောင့်ဒီကားလေးကို ဒီမှာရုံတင်မလားလို့ မျှော်လင့်ခဲ့ရပေမယ့်လည်း===========================================
ဇာတ်လမ်းလေးကတော့ 1971 ခုနှစ် အန္ဒိယ-ပါကစ္စတန်စစ်ပွဲကာလမှာ အိန္ဒိယကို အဖက်ဖက်ကကူညီပေးခဲ့တဲ့ သူလျို၊ စုံထောက်များစွာရှိခဲ့ပါတယ်
အဲဒီထဲမှာ ပါကစ္စတန်ကို သတင်းပေးတဲ့ပုံစံံနဲ့ အိန္ဒိယရဲ့သူလျို ဟေဒါယက်ခန်းလည်း အပါအဝင်ပါ ဟေဒါယသ်ကဘယ်လောက်ထိ အရည်ချင်းရှိလဲဆိုရင် ပါကစ္စတန်တပ်မတော်ကဗိုလ်ကြီး ဆိုင်ယစ်(ဒ်)နဲ့ပါ မိတ်ဆွေတွေဖြစ်နေတဲ့အထိပါသူ့ကျန်းမာရေးကြောင့် နောက်ဆုံးသူမစွမ်းဆောင်နိုင်တော့တဲ့တာဝန်တစ်ခုကို သူ့သမီးဖြစ်သူ ဆဲ(ဟ်)မသ်ကို ပေးအပ်ခဲ့ပါတယ်။ဒါပေမဲ့ ဖခင်တစ် ယောက်အနေနဲ့ သမီးကိုဒီအလုပ်ခိုင်းလို့ဖြစ်ပါ့မလားဆိုပြီး ဒွိဟဖြစ်နေပြန်ပါတယ်“တိုင်းပြည်
ထက်အရေးကြီးတာ ဘာမှမရှိဘူး ကိုယ်ကိုယ်တိုင်လည်း မပါဘူး ”အသက် ၂၀ ကျော်အရွယ်မိန်းကလေးတစ်ယောက်က ဒီလိုပြန်ဖြေပြီး အိန္ဒိယအတွက် ပါကစ္စန်မှာသွားနေကာ သူလျိုလုပ်ပေးခဲ့ပါတယ်ဗိုလ်ကြီး ဆိုင်ယစ်(ဒ်)ရဲ့သားအငယ် အစ်ဗလ်နဲ့ လက်ထပ်ပြီး အိန္ဒယသူအဖြစ်ကန ေ ပါကစ္စတန်သူအဖြစ် ပြောင်းလဲကာ တိုင်းပြည်အတွက် သူလျိုလုပ်ပေးခဲ့ပါတယ်သူလျိုတစ်ယောက်ဖြစ်ဖို့ ခက်ခဲတဲ့လေ့ကျင့်ခန်းတွေဆင်းရကိုယ့်မိဘ၊ အမိမြေနဲ့ခွဲကာ ပါကစ္စတန်မှာနေရ
တစ်ခါမှမဖြင်ဖူးမတွေ့ဖူးတဲ့လူနဲ့ လက်ထပ်လိုက်ရတဲ့ ဆဲဟ်မသ်ရဲ့ ဖြစ်ရပ်မှန်ဘဝဇာတ်ကြောင်းကို အမှန်အကန်တင်ဆက်ပေးထားလို့ကြည့်ဖြစ်အောင်ကြည့်လိုက်ဖို့ တိုက်တွန်းပါရစေတကယ့်ကို Biography, Thriller တစ်ကားပြီပြီ ရင်တမမနဲ့ ဘောလီဝုဒ်ရဲ့ ထိပ်တန်း စုံထောက်ကားတစ်ကားလည်း ဖြစ်ပါတယ်။ (ဇာတ်လမ်းအညွန်းနဲ့ဘာသာပြန်သူကတော့ ကိုဇော်ထူးပါ)
mmbusticketRace Film Seriesက အခုဆို Race 3 အထိရောက်ရှိလို့လာခဲ့ပါပြီ(2008)မှာ Race 1 ထွက်ခဲ့ပြီး (2013)မှာ Race 2 ထွက်ခဲ့၍ ယခု (2018)မှာတော့ Race 3 ထပ်မံထွက်ရှိခဲ့ပါတယ်ဇာတ်ကားတွေကတော့ Crime,
Action, Drama ကားကောင်းတွေဖြစ်ပြီး အထူးသဖြင့် 1, 2က Ratingsပိုင်းလည်းကောင်းသလို ဇာတ်လမ်းလည်းဆွဲဆောင်မှုရှိလှပါတယ်။Race 3ကတော့ မကြည့်ရသေးလို့ ဘာမှမပြောလိုပါ။1,2 မှာတော့ ဆေ့ဖ်အလီခန်း၊ အနီလ်ကပူးရ်တို့က အဓိကပါဝင်ခဲ့ပြီး ဇာတ်လမ်းကလည်း အလှည့်အပြောင်းများနဲ့ ဂျင်ပေါ်ကထုံးဆိုသလို
တယောက်နဲ့တယောက် ကျော်ခွရင်းအပြိုင်ဆိုင်ချဲကြတဲ့ ဇာတ်ကားကောင်းတွေပါ။
ဇာတ်ဝင်သီချင်းခပ်မြူးမြူးတွေ၊ အက်ရှင်ခပ်လန်းလန်းတွေစတန့်အကွတ်တွေကိုမှ ကြိုက်နှစ်သက်တဲ့ပရိတ်သတ်ကြီးအတွက်Race 1, 2ကို တင်ဆက်ပေးလိုက်ပါတယ်။Race 3ကတော့ ရုံတင်ထားတာသိပ်မကြာသေးတဲ့အတွက် အကြည်
ထွက်ဖို့ကြာဦးမှာမို့လို့ အကြည်၊ စာအမှန်ထွက်လာတာနဲ့ တင်ဆက်ပေးမှာပါ။အခုတော့ Race 1, 2ကိုပဲ ပြန်လည်ခံစားကြည့်လိုက်ကြပါဦး။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုဇော်ထူး ပါ)
Comic Series တစ်ခုကိုအခြေခံရိုက်ကူးထားတာမို့ ကြည့်ရတာ အမြင်ဆန်းနေစေမယ့် အက်ရှင်ဇာတ်ကြမ်းကားဖြစ်ပါတယ်၁၈+ခန်းတစ်ချို့နဲ့ ကြမ်းတမ်းတဲ့အသုံးအနှုန်းတွေ သွေးသံတရဲရဲ Gore တွေပါဝင်တာမို့ မိသားစုနဲ့မကြည့်ရှုသင့်
ကြောင်းကိုတော့ စကားခံထားပါရစေဇာတ်လမ်းအကျဉ်းကတော့ ရရှားကြေးစားလူသတ်သမားအငှားဝန်ဆောင်မှုလုပ်ငန်းတစ်ခုမှာ အသက် ၅၀ ပြည့်ရင် ဘယ်လောက်လက်စွမ်းထက်နေပါစေ ပင်စင်ယူကိုယူရတဲ့စည်းမျဉ်းတစ်ခုရှိပါတယ်ဘလက်ကိုင်ဇာလို့နာမည်ကြီးတဲ့ ဒန်ကန်ဗစ်ဇလာက မကြာခင် အသက် ၅ဝပြည့်တော့မယ့် ထိပ်ထိပ်ကြဲ ကြေးစားတစ်ယောက်ဖြစ်ပါတယ်
တစ်နေ့မှာတော့ သူ့လိုသက်တူရွယ်တူတွေ တစ်ယောက်ပြီးတစ်ယောက်အသတ်ခံရနေတာ ကြားလိုက်ရတဲ့အခါ…သက်ကြီးဝါကြီးကြေးစားတွေကို လိုက်သတ်နေတာဘယ်သူဖြစ်မလဲဆိုတာကို ဖော်ထုတ်ရပါတော့တယ်…ဒန်ကန်ဗစ်ဇလာအဖြစ်
Mads Mikkelsen နဲ့အတူ High school musical ထဲကမင်းသမီး Vanessa Hudgens တို့ကပါဝင်သရုပ်ဆောင်ထားပါတယ်
mmbusticketIMDb (8.2)..Rotten Tomatoes (100%)အမျိုးသမီးတွေရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်..အခွင့်အရေးတွေကို ပညာသားပါပါထည့်သွင်းရိုက်ကူးထားလို့ နာမည်ကြီးတဲ့Bollywood ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီး Rating တွေလဲကောင်းမွန်လှပါတယ်။ဇာတ်လမ်းကတော့…… မီနယ်အရိုရာ၊ ဖယ်လက်အ လီနဲ့ အန်ဒရီယာတို့ သုံးယောက် ဟာ ဒေလီတောင်ပိုင်းက လူကုံ ထံရပ်ကွက်တစ်ခုမှာ အိမ်ငှားနေ ကြပြီး လုပ်ငန်းခွင်တွေမှာ အလုပ်ဝင်နေကြသူတွေပါ။တစ်ညမှာ တော့ ရော့ခ်ဂီတပွဲကြည့်အပြီးမှာ ရာ့ဂျ်ဗီးရားဆိုသူက ညစာစားပွဲ ဖိတ်ကြားတဲ့အတွက် သွားခဲ့ကြပါ တယ်။ ရာ့ဂျ်ဗီးရားက ဒေလီတောင်ပိုင်းက အာဏာရှိနိုင်ငံရေး သမားရဲ့တူပါ။ ဒီလိုနဲ့ အပန်းဖြေအိမ်တစ်ခု မှာ မင်နယ်တို့ သုံးယောက်ရယ်၊ ရာ့ဂျ်ဗီးရားနဲ့ သူ့အပေါင်းအသင်း နှစ်ယောက်ရယ် စားကြသောက် ကြပြီး အခွင့်အရေးကို စောင့်နေ တဲ့ အမျိုးသားသုံးယောက်ဟာ ကောင်မလေးသုံးယောက်နဲ့ တစ် တွဲစီဖြစ်အောင် ကြံဖန်ခဲ့ကြပါ တယ်။ တကယ်တော့ မင်နယ်နဲ့ ရာ့ဂျ်ဗီးရားတို့ဟာ သာမန်မိတ် ဆွေအဆင့်သာ ခင်မင်ကြတာဖြစ် ပြီး ရာ့ဂျ်ဗီးရားက မင်နယ်ကို ဗလက္ကာရလုပ်ဖို့ ကြိုးစားခဲ့တာ ကြောင့် မင်နယ်က အနားက ပုလင်းကို ရိုက်ခွဲပြီး ရာ့ဂျ်ဗီးရားရဲ့ မျက်လုံးကို ထိုးခဲ့ပါတယ်။ မင်နယ်ရဲ့ သူငယ်ချင်းနှစ်ယောက်ကလည်း ကိုယ်ထိလက်ရောက်စော်ကားတာကို လက်မခံခဲ့ကြပါဘူး။ရာ့ဂျ်ဗီးရားနဲ့ သူ့သူငယ်ချင်း တွေဟာ ဖြစ်ခဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကောင်မလေးသုံးယောက်ဆီကို ဖုန်းဆက်ပြီး ခြိမ်းခြောက်တာတွေ လုပ်ခဲ့ပါတယ်။ အဲဒါနဲ့ မင်နယ်ဟာ ရဲဌာနကိုသွားပြီး ရာ့ဂျ်ဗီးရား နဲ့ သူ့သူငယ်ချင်းတွေရဲ့ လုပ်ရပ်ကို အမှုဖွင့်တိုင်ကြားခဲ့ပါတယ်။ ရာ့ဂျ်ဗီးရားရဲ့ မိသားစု နောက်ခံအနေအထားကိုသိတဲ့ အမျိုးသမီးရဲအရာရှိဟာ မင်နယ်အမှုဖွင့်တာကို လက်မခံခဲ့ပါဘူး။ ရာ့ဂျ်ဗီးရားကလည်း ဦးလေးရဲ့ အာဏာပါဝါကိုသုံးပြီး အမှန်ကို အမှားဖြစ်အောင် ဖန်တီးကာ မင်နယ်တို့သုံးယောက်ကို မိန်းမပျက်တွေလို့ စွပ်စွဲပြီး မင်နယ်ကို အသက်ကိုရန်ရှာမှုနဲ့ တရားစွဲခဲ့ပါ တယ်။ အကယ်၍သာ အမှုရှုံးသွားခဲ့ရင် မင်နယ်ဟာ ထောင် ၁၀ နှစ်လောက် ကျခံရဖို့ရှိနေပါတယ်။စိတ်ကျရောဂါခံစားနေရတဲ့ အငြိမ်းစားရှေ့နေကြီး ဒီပက်ဆာဂေါလ်ဟာ မင်နယ်တို့သုံးယောက်ရဲ့ အိမ်နီးချင်းဖြစ်ပြီး သူတို့ရဲ့ ပြဿနာအစအဆုံးကို သိရှိသူလည်းဖြစ်ပါတယ်။ ဒါကြောင့်မို့ ရှေ့နေကြီးက သူ့ဇနီးနဲ့တိုင်ပင်ပြီး ဒုက္ခတွေ့နေတဲ့ မိန်းကလေး သုံးယောက်ရဲ့အမှုကို လိုက်ဖို့ဆုံး ဖြတ်ခဲ့ပါတယ်။မိသားစုနောက်ခံအင်အားသုံးပြီး မတရားမှုလုပ်နေတဲ့ ရာ့ဂျ်ဗီးရားတို့အမှုပေါ်အောင် မစ္စတာ ဒီပက်က ဘယ်လိုလုပ်မှာလဲ။ မင်နယ်တို့သုံးယောက်အတွက် အမှန်တရားကို ဖော်ထုတ်ခွင့်ရမှလားဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါဦးနော်။ တရားခွင်မှာ အမှန်တရားထွက်လာအောင် စစ်ဆေးဖော်ထုတ်တာတွေကို ရှုစား ရမှာဖြစ်လို့ ပရိသတ်တွေအတွက် စိတ်ဝင်စားဖို့ကောင်းမယ့် ဇာတ်ကားလေးလို့ ထင်ပါတယ်။ ဒီဇာတ်ကားမှာ အဓိကသရုပ်ဆောင်ထားသူတွေက အမီတာဘက်ချန်း၊ တာ့ပ်ဆီပန်နူး၊ ကာတီကာလ်ဟာရီ၊ အန်ဒရီရာတာရီအန်း၊ အန်ဂတ်ဘီဒီ စသူတွေပဲ ဖြစ်ပါတယ်။
IMDb 7.6 ရထားတဲ့ ဇာတ်လမ်းကောင်းတစ်ခုပါ။ ရုပ်ရှင်ဆန်ကာတင်ဆုတွေရော ရထားတဲ့ ဆုတွေရော အပုံလိုက်ပါပဲ။ ရဲတွေနဲ့ လူဆိုးဂိုဏ်းတွေကြားက ပဠိပက္ခတွေကို အသွင်ယူထားတဲ့ Undercover တစ်ယောက်ရဲ့ အမြင်ကနေ ပြသွားတာပါ။ ခံစားစရာ တွေးစရာတွေ ကျန်ပါလိမ့်မယ်။ ကိုရီးယားကားများစွာထဲက အကောင်းတွေထုတ်နှုတ်ပြီးဘာသာပြန်ပေးနေတဲ့ ကို Htet Linn Kyaw လက်ရာပါ။
Miami Vice(2006)IMDb…6.0စုံထောက် ဆိုနီနဲ့ ရီကာဒိုတို့ဟာ ဖလော်ရီဒါက မူးယစ်ဆေးမှောင်ခိုအဖွဲ့ကို ဖမ်းဆီးနိုင်ရေးအတွပ် သူလျှိုလုပ်ခဲ့ကြပါတယ်..မူးယစ်လောကဟာ သူတို့ထင်ထားတာထက်ရှုတ်ထွေးနေသလို လျှို့ဝှက်မှုတွေလည်းရှိနေခဲ့တယ်…ဒီကြားထဲ မှောင်ခိုမူးယစ်ခေါင်းဆောင်အမျိုးသမီးကလည်း လှသလောက် အလုပ်လုပ်တဲ့နေရာမှာတော်တယ်…. စုံထောက် ဆိုနီဟာ မှောင်ခိုဂိုဏ်းခေါင်းဆောင်ရဲ့ အမျိုုးသမီးရဲ့အလှမှာ ယစ်မူးသွားခဲ့တယ်….မူးယစ်ဆေးဝါးလောကရဲ့ အရှုပ်အထွေးတွေကြားမှာ စုံထောက်ဆိုနီနဲ့ ရီကာဒိုတို့ မူးယစ်အဖွဲ့ကို ဖမ်းဆီးနိုင်မလား….အချစ်နွံထဲနစ်ပြီး ဆိုနီတစ်ယောက် ဗျာများနေမလား…. Action နဲ့ Crime ကြိုက်သူတွေအတွက်တော့ခံစားကြည့်လိုက်ပါဦး…Miami Vice(2006)ဇာတ်ကားမှာ မင်းသားCollin Farrellနဲ့ Jamie Foxxတို့အဓိကသရုပ်ဆောင်ထားပြီးတရုတ်မင်းသမီး ချောGaung Liလည်း ပါဝင်ထားပါတယ်…
Message Man(2018)IMDb….7.6အက်ရှင်ကား ကြမ်းကြမ်းကြီးတွေမှ ကြည့်ချင်သူတွေအတွက်…မင်းသားဆို နုံနုံအအ ကြီးတွေမကြိုက်ဘူး…မင်းသားဆို ကြမ်းနေမှဆိုတဲ့သူတွေအတွက် ဒီဇာတ်ကားလေးကို တင်ပေးလိုက်ပါပြီ…ကြေးစားလူသတ်သမားတစ်ယောက်ဖြစ်တဲ့ Ryan(Paul O’Brien) ဟာ လူသတ်ကျွမ်းကျင်တဲ့သူတစ်ယောက်ပါ...သို့ပေမယ့် နောက်ပိုင်းမှာတော့ လူသတ်ခြင်းအလုပ်က အနားယူကာ တစ်ယောက်တည်း အေးအေးဆေးဆေးဇာတ်မြှုပ်သွားဖို့အတွက် အင်ဒိုနီးရှားနိုင်ငံက ကျွန်းတစ်ကျွန်းကို ထွက်ခွာလာခဲ့ပါတယ်...အဲ့ဒီမှာ သားအမိနှစ်ယောက်နဲ့ ရင်းနှီးမိရာကနေ ကျွန်းပေါ်မှာ အဖော်ရလာခဲ့ပါတယ်...ဒါပေမဲ့ သူ့ရဲ့အတိတ်ကအရိပ်ဆိုးတွေက သူနဲ့ သူ့မိတ်ဆွေသားအမိကိုပါသက်ရောက်လာခဲ့တဲ့အခါမှာတော့ Ryan တစ်ယောက် သူနှစ်သက်တဲ့လူသတ်ခြင်းအလုပ်ကို ပြန်စလာခဲ့တဲ့အခါမှာတော့……
သက္ကရာဇ်ကာလအားဖြင့် ၁၈၈၀ကျော်.. ဒီကာလမှာ အပြောင်းအလဲတွေ အရမ်းများခဲ့တယ်။ သရုပ်မှန်ပန်းချီကနေ သင်္ကေတဗေဒ (symbolism) ဘက် အချို့တွေ ကူးပြောင်းလာကြတယ်…။ အရောင်အယူအဆ အသစ်တွေလည်း ပေါ်ပေါက်လာခဲ့တယ်။ ပန်းချီရဲ့ တော်လှန်ရေးကာလတစ်ခုလို့ ဆိုလို့ရတယ်။ဒါပေမဲ့ သရုပ်မှန်ကလည်း မပျက်သုဉ်းသေးပါဘူး။ မပျက်သုဉ်းသေးတဲ့အပြင် သရုပ်မှန်တွေပဲ ဈေးရတဲ့ ကာလဆိုရင်လည်း မမှားသေးပါဘူး။ယုံကြည်ချက် အနုပညာနဲ့ မသေရုံတမယ် ရှင်သန်ကြရတဲ့ခေတ်.. ဂေါ်ဂင် ဗန်ဂိုးတို့မှာ ဒုက္ခအနာတွေ ပင်လယ်ဝေ ခဲ့တဲ့ခေတ်..။ ဒီခေတ်ကြီးမှာ အဆန်းသစ်ဆုံး အနုပညာအမြင်ရှိခဲ့တဲ့ ဗင်းဆင့်ကတော့ သူတို့ နားမလည်နိုင်တာကို မနှစ်မြို့ကြတဲ့ လူတကာရဲ့ တံတွေးခွက်မှာ ပက်လက်ကို မျောခဲ့ပါတယ် အရှုံးလဲများခဲ့ပါတယ်..ဗန်ဂိုးရဲ့ အနုပညာဟာ.. သူ့ခေတ်သူ့အခါနဲ့ဆို ကြောင်တောင်တောင်တွေပါပဲ။ ဒါပေမဲ့ အနုပညာတော့ စစ်မှန်ခဲ့တယ်။သူ့ခေတ် သူ့ ကာလအကြောင်းပြောပြီးတော့.. ဗန်ဂိုးဆိုတာကရော ဘယ်သူလဲ…ဝယ်သူမရှိတဲ့ ပန်းချီကားတွေအတွက် တပြားတစ်ချပ်မှ ဝင်ငွေမရပဲ ပန်းချီပစ္စည်းတွေအတွက် ငွေကုန်ပေါက် အပြည့်နဲ့ ပေမဲ့ သူချစ်တဲ့ အနုပညာကို ဆယ်နှစ်တိုင် သူသေသည်အထိ မစွန့်လွှတ်ခဲ့တဲ့ အခမ်းနားဆုံး အနုပညာရှင်….။ကိုယ့်နားရွက် ကိုယ်ဖြတ်ပြီး ပြည့်တန်ဆာမတစ်ယောက်ကို လက်ဆောင်ပေးခဲ့တဲ.. ကိုယ့်ကို သတ်သေခဲ့တဲ့ စိတ္တဇပန်းချီဆရာ..။” လက်ထဲ ငွေရှိရင် အရင်ဆုံး ဆာလောင်တာ အစာစားဖို့ မဟုတ်ပဲ ပန်းချီဆွဲဖို့ စာလောင်တယ်” ဆိုတဲ့ ပန်းချီဆရာ…ကိုးနှစ်တာ ပန်းချီဆွဲသက်အတွင်း ပန်းချီကား ၉၀၀ ပုံကြမ်းနဲ့ ရုပ်ပုံ ၁၁၀၀ နေ့မနား ညမနား ဆွဲသွားတဲ့ ပန်းချီဆရာ..အဆုံးသတ်တစ်နေ့မှာ.. ပန်းချီဆရာတစ်ယောက်အတွက် သေခြင်းက ဆိုးဝါး ပြင်းထန်လောက်အောင် ခံရခက်တဲ့ အရာဟုတ်ဘူးဆိုတဲ့ သူ့ စကားအတိုင်း သေပြခဲ့သူ။ဗင်းဆင်းရဲ့ ပန်းချီကားတွေဟာ.. အပေါ်ယံအမြင်နဲ့ ရေးဆွဲထားတာ မဟုတ်ပါဘူး။ မြင်ရတဲ့ အရာတွေပေါ် ခံစား သိရှိနားလည် သလို ရေးဆွဲထား၏။ စိတ်ကူးယဉ်ရေးဆွဲထားဟန် ရှိပေမဲ့ နားလည်နိုင်အောင် ရေးထားသည်။ သဘာဝနဲ့ကင်းကွာခြင်းမရှိ။ ထိုကဲ့သို့ ဝေဖန်သူများက သုံးသပ်ကြ၏၊ဗင်းဆင့်ဗန်ဂိုးဟာ အနုပညာကို ခံစားတက်သူတိုင်းရဲ့ သူငယ်ချင်းပါပဲ…။ ဒီတော့ ဒီကားမှာ သူ့ဘဝ သူ့အနုပညာ သူ့အခက်အခဲ သူ့အတွေးအခေါ်တွေကို သူငယ်ချင်းတစ်ယောက်ရဲ့ အကြောင်းလို ကျွန်တော်တို့ ခံစားကြရမှာပါ။တစ်ချို့ မရေရောတဲ့ အချက်တွေကို ဒွိဟ ပြသွားပေမဲ့.. သေချာတာကတော့ ဗင်းဆင့်ကို ကျွန်တော်တို့ လုံးဝ ခံစားမိစေမှာပါ။ဒီ ဇာတ်လမ်းရဲ့ ဇာတ်လိုက်က ဗင်းဆင့် ဗန်ဂိုး မဟုတ်ပါဘူး။ ဗင်းဆင့် သေပြီး ကာလတစ်ခုမှာ… ဗင်းဆင့်ကို နားမလည်တဲ့ ကောင်လေးတစ်ယောက် သူ့အဖေ ဆန္ဒအရ..ဗင်းဆင့် ကျန်ခဲ့တဲ့စာကို ပို့်ရာက ဗင်းဆင့်ကို စာနာသွားတာကို ဇာတ်အိမ်တည်ထားတာပါ။ ဒီဇာတ်ကားမှာ ဗင်းဆင်းရဲ့ ပန်းချီဟန်တွေ အပြင် ဗင်းဆင့်ရဲ့ တကယ့် ပန်းချီကားတွေ အများကြီး ထည့််သုံးထားပါတယ်..ကြယ်တွေစုံတဲ့ည.. ဂျုံခင်းထဲက ကျီးကန်းများ.. ပန်းအိုးထဲက နေကြာ၁၂ပွင့် ညလုံးပေါက်ကဖေး တဲရေ့စ်ကဖေးရဲ့ ညရှုခင်း အစရှိတဲ့ နာမည်ကျော် ပန်းချီတွေ ပါပါတယ်..။ ထူးခြားတာကတော့ ဒီကားကို အစအဆုံး ဆီဆေးပန်းချီကားပေါင်း ၆၅၀၀၀ကို Animationအနေနဲ့လုပ်ထားပြီး အဲ့ဒီပန်းချီကားတွေကို ကမ္ဘာအနှံ့ကအနုပညာရှင် တစ်ရာကျော်က ရေးဆွဲပေးခဲ့ပါတယ်။ ဒီကားရဲ့ အဓိက ဇာတ်ကောင် အာမန်ရော်လင် အပါအဝင် ဒေါက်တာ ဂါးချက်.. ပီရီ တန်ဂျိုင်း ဇာတ်ကောင်တွေဟာလည်း ဗင်းဆင့် ဆွဲခဲ့တဲ့ ပုံတူတွေကို သုံးထားတာပါ..။ဗင်းဆင့် ဘာကြောင့် သေဆုံးသွားရခဲ့သလဲ.. အဖြေရှာနေတဲ့ ကောင်လေးတစ်ယောက်နဲ့ အတူ ဗင်းဆင့် ဘဝကို ရှာပုံတော် ဖွင့်ရမှာပါ..Live Longer.. You’ll see.. Life can even bring down the strong..ဘဝမှာ အနေကြာလာရင် ဘဝဟာ အခိုင်အမာဆုံး စိတ်ဓာတ်တွေကိုတောင် ပြိုလဲစေနိုင်ပါတယ်…ဗင်းဆင့်ရဲ့ ရင်နင့်စရာ ပြိုလဲမှု အကြီးကျယ်ဆုံး အနုပညာရှင်တစ်ယောက်ရဲ့ ပြိုလဲမှုကို ခြေရာကောက် ကြည့်ချင်ရင် ဒီကားထက် ပိုပြောပြနိုင်မဲ့ကား ရှိမယ် မထင်ပါဘူး။
Rotten Tomatoes… 67%ဒီအရေ ဒီအသား ဒီအသွေးနဲ့ပဲ တည်ဆောက်ထားကြတဲ့ အသက်တစ်ချောင်းစီရှိကြတဲ့ လူချင်းအတူတူ ဘယ်သူမဆို သတ်ရင်သေကြတာပါပဲ။ အကြောက်တရား ရှိကြတာပါပဲ။ ဒါပေမဲ့ ဒီဇာတ်လမ်းထဲမှာ ကိုယ့်အကြောက်တရားကို ကိုယ်ထိန်းချုပ်နိုင်တဲ့လူ ၊ ဒဏ်ရာတွေကြား ရှင်သန်ဖို့ အားတင်းနိုင်တဲ့လူ ၊ မသေမျိုးအထင်ခံရတဲ့လူတစ်ယောက် ပါဝင်ထားပါတယ်။ အဲ့ဒီလူနေရာက သရုပ်ဆောင်ထားတာကလည်း Tom Hardy ပါ။ ဒီဇာတ်လမ်းဟာ… 1920 ကနေ 30 အတွင်း အရက်ပုန်းတားမြစ် ဥပဒေကာလမှာ အမေရိကန်ပြည်ထောင်စု Franklin ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက အရက်မှောင်ခိုသမားတွေနဲ့ ဥပဒေကြားက ထိပ်တိုက်ယှဉ်ပြိုင်မှူတွေအကြောင်း.. ဖြစ်ရပ်မှန် အခြေခံ ဇာတ်လမ်း ဖြစ်ပါတယ်။ ဒီ ရုပ်ရှင်ရဲ့ ဝတ္တုကို Matt Bondurant ရေးသားပြီး သူ့အဘိုး Jack Bondurant ပြောပြခဲ့တဲ့ ဖြစ်ရပ်မှန်ပါတဲ့။ ဒီဇာတ်လမ်းရဲ့ တစ်ပါးသော ဆွဲဆောင်မှုကတော့ Memento ရဲ့Lead Actor Guy Pearce ပါ။ (အညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aung ဖြစ်ပါတယ်)
ဒီတစ်ခါတော့ Bollywoodဖန်တွေအတွက် Hrithik Roshan ကို လက်ပွားမင်းသားဆိုပြီးကမ္ဘာတွင်မက မြန်မာပါကျော်စေတဲ့ Kaho Naa Pyaar Hai ဆိုတဲ့ ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကား ဘယ်လောက်နာမည်ကြီးလဲဆိုတာ ပြောစရာ မလိုလောက်အောင်ပါပဲ့ သရုပ်ဆောင် အသစ်တွေသုံးပြီး ပွဲဦးထွက် ရိုက်ခဲ့တဲ့ ဒါရိုက်တာကြီး Rakesh Roshan ရဲ့ အစွမ်းကတော့ ၂၀၀၀ခုနှစ်မှာ ရုပ်ရှင်ကားထွက်ခဲ့ပြီး ၂၀၀၀၁မှာတော့ Best Actor Best Male Debut Best Female Debut Best Film Best Music Director Best Director အစရှိတဲ့ ဆုပေါင်းများစွားနဲ့ အိန္ဒိယမှာကော နိုင်ငံတကာမှာပါ အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ရိုးသားကြိုးစားပြီး အောင်မြင်တဲ့ အဆိုတော် တစ်ယောက် ဖြစ်ဖို့ အိပ်မက်နဲ့ လူငယ်တစ်ယောက် ဖြစ်တဲ့ ရိုဟစ်ဟာ ကြီးကြီးတက်ချမ်းသာပြီး လိုလေသည့်မရှိ သူဌေးသမီး တစ်ဦး ဖြစ်သူ ဆိုနီယား နှင့် မထင်မှတ်ပဲ ဆုံတွေ့ပြီး ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။ အဆင့်တန်းကွာခြားမှုကြောင့် သူတို့ချစ်ခရီးဟာ မဖြောင့်ဖြူးခဲ့ပါဘူး ရိုဟစ် အောင်မြင်တဲ့ အဆိုတော် တစ်ယောက် ဖြစ်ခါနီးမှ ကံကြမ္မာဆိုး တစ်ခုနဲ့ ကြုံတွေ့လာရသောအခါ့ #တေးသီချင်း အလန်းစားတွေနဲ့ ဇာတ်လမ်း ဇာတ်အိမ် ခိုင်ခိုင်နဲ့ ပီတီဖြာစရာ အခန်းလေးတွေဆို ကိုယ်တိုင် ပြုံးမိသလို တချို့တချို့ လွမ်းခံလေးတွေကလည်း မျက်ရည်ဝဲစေလောက်ပါတယ်။ (မိုးအေးအေးလေးမှာ ကော်ဖီခါးခါ တစ်ခွက်နဲ့ ခံစားကြည့်လိုက်ကြပါဦး ခင်ဗျ)
ခပ်ကြမ်းကြမ်းအက်ရှင်ကားတွေကြိုက်နှစ်သက်သူတွေအတွက်တင်ဆက်ပေးလိုက်ရပါတယ်..IMDb ကတော့ 6.4 ပဲဖြစ်ပါတယ်သူ့နာမည်က ကာဘာလီ..လူတိုင်းလေးစားရတဲ့သူတစ်ဦး…ဂိုဏ်းစတားတစ်ဦးလည်းဖြစ်ပြန်တယ်..သူဟာ လူအများကြီးရုန်းရင်းဆန်ခတ် ဖြစ်တဲ့နေရာမှာ မတရားစွပ်စွဲခံရပြီး ထောင်ဒဏ် ၂၅ နှစ်တိတိချမှတ်ခြင်းခံခဲ့ရတယ်သူ့မိသားစုတစုလုံးဟာလည်း..အဲ့ရုန်းရင်းဆန်ခတ်ဖြစ်တဲ့နေရာမှာအကုန်လုံးသေဆုံးခဲ့တယ်..လူမသေပေမယ့် ဘဝသေသွားတဲ့ကာဘာလီ..ကံကောင်းထောက်မစွာနဲ့ ပြန်လွတ်လာတဲ့အခါမှာသူချစ်ရတဲ့မိသားစု..အတွက်..သူ့ကိုမကောင်းကြံခဲ့တဲ့သူတွေကိုပြန်လည်ရှာဖွေရေးစတင်ပါတော့တယ်..ဒီလိုနဲ့နောက်ကွယ်က အဖွဲ့အစည်းကြီးတခုနဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါမှာတော့……………
၂၀၁၄ခုနှစ်ထွက်အိန္ဒိယကားကောင်းလေးတစ်ကားတင်ဆက်ပေးချင်ပါတယ်။Ratingအနေနဲ့8.2အထိရရှိထားတယ်ဆိုတော့တော်ရုံဇာတ်ကားတစ်ကားမဟုတ်တာတော့အသေအချာပါပဲ။ဆုပေါင်းများစွာဆွတ်ခူးနိုင်ခဲ့တဲ့Action/Crimeအမျိုးအစားကားကောင်းလေးပါ။ဒီကားလေးဟာဆိုရင်စာရေးဆရာကြီးဝီလီယံရှိတ်စပီးယားရဲ့”Helmet”ဆိုတဲ့ဇာတ်လေးကိုကျောရိုးကိုယူပြီးပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်အိမ်ကိုတော့၁၉၉၅ခုနှစ်ကတ်ရှမီးယားဒေသကိုအခြေပြုထားပါတယ်။ လူငယ်လေးတစ်ယောက်သူ့ဖခင်ရုတ်တရက်ပျောက်ဆုံးသွားတဲ့အကြောင်းသိလိုက်ရတဲ့အချိန်မှာပဲအဲဒီကတ်ရှမီးယားဒေသကိုသွားရောက်ခဲ့တာကစတင်ထားပါတယ်။ဇာတ်လမ်းလေးမှာအချိုးအကွေ့လေးတွေစိတ်ဝင်စားဖို့ကောင်းတာမို့ဇာတ်ကြောင်းကိုသိပ်မပြောပြတော့ပါဘူး။ကိုယ်တိုင်အပြည့်အဝခံစားကြည့်တာပိုကောင်းမယ်ထင်ပါတယ်။ဒီလူငယ်လေးအနေနဲ့ဘယ်လိုမြုပ်ကွက်တွေကိုဖော်ထုတ်လိုက်နိုင်မလဲ။သူ့ဖခင်ကိုရောပြန်တွေ့နိုင်မှာလား။ဘယ်လိုပျောက်ဆုံးသွားတာလဲ။နောက်ကွယ်ကဘယ်လိုအကြောင်းတရားတွေရှိနေလည်းဆိုတာတော့ အပြည့်အဝဇာတ်ကားလေးကြည့်ရင်းရင်တမမနဲ့ခံစားကြည့်လိုက်ပါဦး။နိုင်ငံတကာမှာလည်းမှတ်ချက်ကောင်းတွေရထားတဲ့ကားလေးဖြစ်ပါတယ်။ကတ်ရှမီးယားဒေသကိုအခြေတည်ထားတာကလည်းစိတ်ဝင်စားစရာအချက်တချက်ပါပဲ။ကဲRatingမြင့်တာနဲ့အညီဘယ်လိုကြောင့်မြင့်ရသလဲဆိုတာတော့ကိုယ်တိုင်ပဲကြည့်ရှုဝေဖန်လိုက်ပါဦးလို့။
၂၀၁၃ တုန်း က ထွက်ရှိခဲ့တဲ့ Jolly LLB ဆိုတဲ့ ဇာတ်ကားလေးရဲ့ အဆက်အဖြစ် ထွက်ရှိလာတာဖြစ်ပြီး အိန္ဒိယ နိုင်ငံရဲ့ ဥပဒေစနစ်ကို သရော်ပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ဂျက်ဒစ်ရှ်ဝါမစ်ရှရာ (ခေါ်) ဂျော်လီဟာ တဲ့ထိုးပြောတတ်ပြီး ခက်ထန်ကြမ်းတမ်းသူ ဖြစ်ပေ မယ့်လည်း စာနာစိတ်ရှိတဲ့ ရှေ့ နေ တစ်ယောက် ဖြစ်ပါတယ်။ ဂျော်လီဟာ ဘဝကိုရုန်းကန်နေရ သူတစ်ယောက်ဖြစ်ပြီး သူ့စိတ်ကူး အိပ်မက်တွေ အကောင်အထည် ဖော်နိုင်ဖို့အတွက် ကန်ပါမြို့က နေ နာဝက်ဘ်မြို့ကို ရွှေ့ပြောင်း ခဲ့ပါတယ်။ငွေလေးကြေးလေးဝင်ဖို့အ တွက် ဂျော်လီဟာ အသေးအမွှား အမှုတွေကအစ လိုက်ခဲ့ပြီး ဘဝ ကို သင့်တင့်လျောက်ပတ်အောင် နေနိုင်ဖို့ ကြိုးပမ်းခဲ့ရပါတယ်။ ဂျော်လီဟာ နှစ်အတော်ကြာကြာ တိုင်အောင် တရားရုံးစြင်္ကံလမ်းမှာ ပဲ အမှုလိုက်ဖို့ ကြိုးပမ်းနေရတဲ့ အခြေအနေကနေ ရှေ့နေရုံးခန်း ကနေ အမှုလိုက်ရတဲ့၊ အတောင် အလက်စုံတဲ့ ရှေ့နေတစ်ယောက် ဖြစ်လာဖို့ အခွင့်အရေးကို ရှာဖွေ နေခဲ့ပါတယ်။တစ်ရက်မှာတော့ သူလိုချင် နေတဲ့ အခွင့်အလမ်းလေး အစ ပေါ်လာချိန်မှာတော့ ဂျော်လီဟာ အချိန်မဆိုင်းဘဲ အပြည့်အဝအ သုံးချခဲ့ပါတယ်။ အဲဒီအခါမှာ အ ကြင်နာတရားမရှိတဲ့ ဗဟိုတရား ရုံးရှေ့နေ မာသာနဲ့ အကြီးအ ကျယ် ထိပ်တိုက်တွေ့ပြီး ရင်ဆိုင် ရပါတော့တယ်။ အခက်အခဲတွေကြားက အမှုလိုက်ရင်း ဘဝကိုဖြတ်သန်းနေရတဲ့ ဂျော်လီတစ်ယောက် စိတ်ကူးအိပ်မက်တွေ အကောင်အထည်ဖော်မယ်ကြံကာရှိသေး ဘယ်လိုပြဿနာတွေက စောင့်ကြိုနေမှာလဲ၊ အိန္ဒိယနိုင်ငံရဲ့ ဥပဒေစနစ်ကို ဘယ်လိုဇာတ်ကွက်တွေနဲ့ သရော်ပြီး တင်ဆက်မှာလဲဆိုတာ ကိုယ်တိုင်ကြည့်ပြီး အကဲဖြတ်လိုက်ဦးနော်။ ဒီဇာတ်ကားမှာ ဂျက်ဒစ်ရှ်ဝါ မစ်ရှရာ (ဂျော်လီ)အဖြစ် အက်ရှေးကူးမားက အဓိကပါဝင်သရုပ်ဆောင်ထားပြီး ဟူမာကူရက်ရှီ၊ အန်နူးကာပူး၊ ဆာရက်ဘ်ရှူကလာ စတဲ့သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။
Inside or Outside ဇာတ်ကားဟာ 2016ခုနှစ်တွင်ဖြန့်ချိခဲ့တဲ့တရုတ်အက်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် IMDB rating 6.3 ရရှိထားပြီး Action Comedy အမျိုးအစားဇာတ်ကားကောင်းဖြစ်ပါတယ် ပါဝင်သရုပ်ဆောင်ထားသူများကတော့ကိုးရီးယားနာမည်ကြီးမင်းသား Jang Hyuk တရုတ်မင်းသား Wallace Huo,Simon Yam စသည့်သရုပ်ဆောင်တို့ပါဝင်ထားပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့ နာမည်ကြီးအိုင်တီပညာရှင် အိုးကျန့်တစ်ယောက်သူ့မိန်းမကလေးမွေးတဲ့အခါမှာ သူ့ကလေးမဟုတ်ဘူလို့ သံသယဝင်နေပါတယ် မိန်းမဖြစ်သူကလည်း စိမ်းကားသွားပြီး့ အပြင်မှာဖောက်ပြန်နေတယ်လို့လဲသံသယဝင်နေပါတယ်ထို့ပြင်အိုးကျန့်တစ်ယောက် မကြာခဏလုပ်ကြံမှုများကြုံလာရသောအခါ…..ဘယ်သူနောက်ကွယ်မှာရှိနေလဲ…….စုံထောက်ဖေ့ရှင်းနှင့်မိတ်ဆွေအငြိမ်းစားရဲချိုလာ့တို့ကို အိုးကျန့်ရဲ့မိန်းမဖြစ်သူက သူ့ခင်ပွန်းသည်အားစုံစမ်းပေးဖို့ငှါးရမ်းလာသောအခါ ဘယ်လိုဖုံးကွယ်ထားတာတွေသိလာရမလဲ……နောက်ကွယ်က အမှန်တရားပေါ်ပေါက်လာမှာလားဆိုတာကိုတော့ ……..ကဲ ပရိတ်သတ်ကြီးကပဲ ဆက်လက်ကြည့်လိုက်ပါတော့နော်
ထိပ်တန်း ကြော်ငြာအေဂျင်စီတစ်ခုရဲ့ CEO ဖြစ်တဲ့ ရာဟူးဗာမာ ဟာအရည်အချင်းရှိတဲ့လူငယ်တွေကို ပျိုးထောင်ပေးရာမှာ အလွန်ကျော်ကြားသူပါ မာယာ ဆိုတဲ့ အမျိုးသမီးဟာလည်း သူ ပျိုးထောင်သင်ကြားပေးရင်းကနေမှလုပ်ငန်းပိုင်ဆိုင်ရာမှာ အတော်အတန်ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာပါတယ် သူတို့နှစ်ဦးဟာ တွဲဖက်ညီစွာ အလုပ်လုပ်ကိုင်ရင်း အောင်မြင်မှုတွေအတူတူရယူနိုင်ခဲ့ကြပါတယ် ဒါပေမဲ့လည်း အခြေအနေအရပ်ရပ်ကြောင့် နှစ်ယောက်သားကြာမှာသဘောထားကွဲလွဲမှုတွေ ရှိလာတဲ့အခါမှာတော့ ရာဟူးက သူ့ကို မဖွယ်မရာပြုမူပါတယ်ဆိုပြီး မာယာက တိုင်တန်းပါတော့တယ် ကုမ္ပဏီဘက်ကတော့ ကော်မတီဖွဲ့ပြီး သူတို့အရေးကိစ္စကိုဖြေရှင်းဖို့ကြိုးစားပေးတဲ့အခါမှာ အမှန်တကယ်အပြစ်ရှိသူက ဘယ်သူဖြစ်မလဲဆိုတာကိုဇာတ်လမ်းကြည့်ရှုရင်း အဖြေဖော်ထုတ်ကြရအောင်ဗျာ
အက်ရှင်ကြမ်းကြမ်းကြိုက်တဲ့သူတွေအတွက်Imdb 6.5 ရရှိထားတဲ့ဇာတ်ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်တရုတ်နိုင်ငံမှာဂျပန်တွေအုပ်စိုးစဉ်ကာလကျူးချန်းလုံဟာသူ့ကိုယ်ကျိုးအတွက်သူ့သူငယ်ချင်းကိန်းပိန်ရိလန်နဲ့ပူးပေါင်းပြီးသူ့ဆရာရဲ့စံအိမ်တော်ကိုဘိန်းစိုက်ဖို့တောင်းဝယ်ရာကနေ
တင်းမာမှုတွေဖြစ်လာပြီး သူ့ဆရာတစ်မိသားစုလုံးကိုသတ်ဖြတ်ပြီးမီးရှို့ခဲ့ပါတယ်..ဒီလိုမီးရှို့ခံရတဲ့ကြားထဲကနေသူ့ဆရာရဲ့တပည့်ငယ်လေးလီထျန်းရန်ဟာအမေရိကန်ဆရာဝန်Dr.Handalaရဲ့ကယ်တင်ခြင်းခံရပြီးအသက်ရှင်ခွင့်ရခဲ့ပါတယ်.သူဟာအမေရိကားကိုပို့ဆောင်ခြင်းခံရပြီးDr.Bruce Handalaဖြစ်လာခဲ့ပါတယ်..တစ်နေ့မှာတော့သူဟာတရုတ်ပြည်ကိုပြန်လာပြီးသူရဲ့ရန်သူတွေဖြစ်တဲ့ကျူးချန်းလုံနဲ့ကိန်းပိန်ရိလန်တို့ကိုကလဲ့စားချေဖို့အခွင့်ရလာတဲ့အခါ..ဘယ်လိုတွေဆက်ဖြစ်လာမှာလဲ..လှည့်ကွက်မျိုးစုံနဲ့စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ..တရုတ်ပြည်ကိုဂျပန်အုပ်စိုးစဉ်ကာလရဲ့ပုံရိပ်တွေကိုလည်းတွေ့မြင်နိုင်မှာဖြစ်ပါတယ်..တိုက်ခိုက်ရေးခပ်ကြမ်းကြမ်းတွေလဲပါတာမို့အက်ရှင်ကြိုက်သူတွေအတွက်လည်းအကြိုက်တွေ့စေမှာပါ..
အက်ရှင်ကြမ်းကြမ်းကြိုက်တဲ့သူတွေအတွက်Imdb 6.5 ရရှိထားတဲ့ဇာတ်ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်တရုတ်နိုင်ငံမှာဂျပန်တွေအုပ်စိုးစဉ်ကာလကျူးချန်းလုံဟာသူ့ကိုယ်ကျိုးအတွက်သူ့သူငယ်ချင်းကိန်းပိန်ရိလန်နဲ့ပူးပေါင်းပြီးသူ့ဆရာရဲ့စံအိမ်တော်ကိုဘိန်းစိုက်ဖို့တောင်းဝယ်ရာကနေ တင်းမာမှုတွေဖြစ်လာပြီး သူ့ဆရာတစ်မိသားစုလုံးကိုသတ်ဖြတ်ပြီးမီးရှို့ခဲ့ပါတယ်..ဒီလိုမီးရှို့ခံရတဲ့ကြားထဲကနေသူ့ဆရာရဲ့တပည့်ငယ်လေးလီထျန်းရန်ဟာအမေရိကန်ဆရာဝန်Dr.Handalaရဲ့ကယ်တင်ခြင်းခံရပြီးအသက်ရှင်ခွင့်ရခဲ့ပါတယ်.သူဟာအမေရိကားကိုပို့ဆောင်ခြင်းခံရပြီးDr.Bruce Handalaဖြစ်လာခဲ့ပါတယ်..တစ်နေ့မှာတော့သူဟာတရုတ်ပြည်ကိုပြန်လာပြီးသူရဲ့ရန်သူတွေဖြစ်တဲ့ကျူးချန်းလုံနဲ့ကိန်းပိန်ရိလန်တို့ကိုကလဲ့စားချေဖို့အခွင့်ရလာတဲ့အခါ..ဘယ်လိုတွေဆက်ဖြစ်လာမှာလဲ..လှည့်ကွက်မျိုးစုံနဲ့စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ..တရုတ်ပြည်ကိုဂျပန်အုပ်စိုးစဉ်ကာလရဲ့ပုံရိပ်တွေကိုလည်းတွေ့မြင်နိုင်မှာဖြစ်ပါတယ်..တိုက်ခိုက်ရေးခပ်ကြမ်းကြမ်းတွေလဲပါတာမို့အက်ရှင်ကြိုက်သူတွေအတွက်လည်းအကြိုက်တွေ့စေမှာပါ..
<p>စုံထောက်ကားမှုခင်းကားတွေစိတ်ဝင်စားတဲ့ ပရိတ်သတ်တွေအတွက်တော့အကြိုက်တွေ့နိုင်တဲ့ဇာတ်ကားမျိုးပါပဲ…ဇာတ်လမ်းအကျဉ်းကတော့လူသတ်တရားခံကသူလူသတ်တော့မယ်ဆိုရင် မှုခင်းရဲဌာနအဖွဲ့ဆီကိုLive video
ပါဝင်တဲ့ e-mailတွေကိုပို့လေ့ရှိပါတယ်.. ဒါကိုရဲငှာနကတားဆီးဖို့ကြိုးစားကြတယ်..လူသတ်သမားကလည်းဉာဏ်ပြေးလွန်းလှတယ်ဒီလိုအချိန်မှာ ရဲအဖွဲ့တွင်းကလည်းမတူညီတဲ့အရည်အချင်းရှိသူအဖွဲ့သားချင်းစုပေါင်းပြီး ပဟေဌိလိုဖြစ်နေတဲ့
လူသတ်မှုကိုဖြေးဖြေးချင်းစုံစမ်းဖော်ထုတ်နေခဲ့သလို…..လူသတ်သမားလက်ချက်ကြောင့်မသေခဲ့တဲ့လူတစ်ဦးဟာလည်းလူသတ်သမားကိုပြန်ပြီးလက်စားချေဖို့ဖြစ်လာပါတော့တယ်ရဲ …လူသတ်သမား နဲ့ ပြန်လက်စားချေဖို့ကြိုးစားသူတို့ရဲ့သုံးပွင့်ဆိုင်အားပြိုင်မှုကြားမှာဘာတွေဆက်ဖြစ်မယ်ဆိုတာကိုတော့ဆက်လက်စောင့်ကြည့်ခံစားပါ</p>
mmbusticketရူဒီဒွန်ကန်နဲ့ နစ်ခ်ဟာ တစ်ခန်းတည်း အတူကျနေသလို လွတ်ရက်ကလဲ နှစ်ရက်လောက်ပဲလိုတော့တဲ့ အခန်းဖော် အကျဉ်းသား
သူငယ်ချင်းနှစ်ယောက်ပါ။ ထောင်ကနေလွတ်တဲ့အခါ ရူဒီက မွေးရပ်မြေကိုပြန်ပြီး သူ့အဖေနဲ့ ဘောလုံးပွဲကြည့် ခရစ်စမတ် ညစာစားဖို့
စိတ်ကူးယဉ်သလို နစ်ခ်ကလဲ သူနဲ့ လူချင်းမတွေ့ဖူးပဲ စာတွေနဲ့ပဲ ရင်းနှီးနေတဲ့ မိန်းမလှလေး အက်ရှ်လေနဲ့ တွေ့ဆုံ ဘဝခရီးဆက်ဖို့ မျှော်လင့်ထားပါတယ်။
သူ့အခန်းနံရံတွေပေါ်မှာလဲ အက်ရှ်လေ ပုံတွေချည်းပါပဲ။
တကယ်တမ်းထောင်ကလွတ်ဖို့ ရက်ပိုင်းအလိုမှာတော့ ထောင်တွင်းအကြမ်းဖက်မှုတစ်ခုမှာ ရူဒီကိုယ်စားဝင်ခံရင်း နစ်ခ် အသက်ဆုံးရှုံးခဲ့ရတယ်။
ရူဒီ ထောင်ကအထွက် နစ်ခ်ကိုလာကြိုနေတဲ့ အက်ရှ်လေ အလှမှာ မိန်းမောရာကနေ နစ်ခ်အယောင်ဆောင်ဝင်ရောမိပါတော့တယ်။
သူ ပျော်ရွှင်နေသေးလို့မဝခင်မှာပဲ လက်နက်ကိုင် လူတစ်စုက သူတို့တည်းခိုတဲ့အခန်းကို ဝင်စီးပြီး သူနဲ့အက်ရှ်လေကို ဖမ်းခေါ်သွားတဲ့အချိန်ကျမှ သိလိုက်ရတာက
နစ်ခ်နဲ့ အက်ရှ်လေဟာ ထောင်ကလွတ်ရင် နစ်ခ် အရင်က အလုပ်လုပ်ဖူးတဲ့
ကတ်စီနို တစ်ခုကို ဝင်စီးဖို့ တိုင်ပင်ထားတယ်။
သူတို့ကိုဖမ်းဆီးခေါ်ဆောင်သွားတဲ့ လက်နက်ကိုင်ခေါင်းဆောင်ဟာ အက်ရှ်လေ အစ်ကို
ဖြစ်ပြီး ကတ်စီနိုကို ဝင်စီးတဲ့အခါကျရင် အဲ့ဒီနေရာကိုရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်တဲ့ နစ်ခ်က ဦးဆောင်ဖို့ သဘောတူထားတယ်ဆိုတာပါ။
အဲ့ဒီအချိန်ကျမှ သူဟာ နစ်ခ်မဟုတ်ကြောင်း ဖွင့်ပြောပေမယ့် နောက်ကျသွားပါပြီ။
သူ့အသက်ကို ငဲ့ကွက်ရင်း နစ်ခ်အဖြစ်
ဆက်ဟန်ဆောင်နေလိုက်ရပေမယ့် တကယ်တမ်း သူမရောက်ဖူးတဲ့နေရာတစ်ခုကို ဝင်လုယက်ဖို့ သူ ဘယ်လိုလမ်းပြမလဲ?
သူကိုယ်တိုင်အတွေ့အကြုံမရှိတဲ့ လုယက်မှုကို ကျူးလွန်ဖို့ ဘယ်လိုဦးဆောင်မလဲ?
နည်းနည်းလေးဆက်ပြောရင်တောင် spoiler ဖြစ်သွားရလောက်အောင်
လှည့်ကွက်တွေအပြည့်နဲ့ဇာတ်လမ်းပါ။
ရူဒီတစ်ဖြစ်လဲ နစ်ခ်အဖြစ် ပရိသတ်အချစ်တော် Ben Affleck က သရုပ်ဆောင်ထားပြီး
မိန်းမလှလေး အက်ရှ်လေအဖြစ် မမကြီး Charlize Theron ကဦးဆောင်ပါဝင်ထားပါတယ်။
Mad Max: Fury Road (2015) ထဲမှာကြမ်းကြမ်းတမ်းတမ်းပုံစံနဲ့ပါဝင်ထားတဲ့ Charlize Theron ကို
ဒီကားထဲမှာ မမှတ်မိနိုင်စရာ နုနုငယ်ငယ် ကောင်မလေးတစ်ယောက်အဖြစ်တွေ့ရပါလိမ့်မယ်။
<p>2017 တုန်းက ထွက်ခဲ့တဲ့ The Devotion of Suspect X ဇာတ်ကားဖြစ်ပါတယ်သူများနဲ့မတူ တမူထူးခြားတဲ့ ဉာဏ်ကြီးရှင်တွေ မြင်ဖူး ကြားဖူးကြမယ် ထင်ပါရဲ့…တကယ်လို့များ ဒီလိုလူတွေက ပြစ်မှု ကျူးလွန်မယ်ဆိုရင်…ဘယ်လိုတွေ ထူးခြားပြောင်မြောက်တဲ့ ပြစ်မှုကြီး ဖြစ်သွားမယ်ထင်လဲ…အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ သင်္ချာပါရမီရှင်ကြီးရဲ့</p>
<p>ကာကွယ်ပေးချင်တဲ့သူကို ကာကွယ်ဖို့ အမှုဆင်ပုံနဲ့ဒီဆင်ထားတာတွေကို ပြန်ဖြေရှင်းမယ့် မိတ်ဆွေဟောင်းပရော်ဖက်ဆာတို့ရဲ့ သူမတူတဲ့ တွက်ချက်မှန်းဆတတ်ပုံတွေစဉ်းစားပုံတွေကို ဒီကားလေးထဲမှာ ခံစားမိမှာပါဇာတ်လမ်းထဲမှာမျောပြီးအတော်ကြည့်ကောင်းတဲ့ဇာတ်ကားမျိုးပါပဲ</p>
နက်ဖလစ်ကနေ ဆမ်မြူရယ် ဂျက်ဆန် ကားတစ်ကား အသစ်ထွက်လာပါတယ်။ Hitman bodyguard တုန်းက ရခဲ့တဲ့ ရသမျိုး ပြန်ရတာပါပဲ။ အခွီတွေရယ် အက်ရှင်ရယ် ပေါင်းထားတာပါ။ တကယ်ကို ကြည့်လို့ကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်း ရှက်ဖ်ထ်ဆိုတဲ့ ရဲဟောင်းကြီးဟာ ပေပေတေတေ လူ့ခွစာ အလွတ်စုံထောက်အဖြစ် အသက်မွေးပါတယ်။
သူ့ကို သည်းမခံနိုင်တော့လို့ စွန့်ပစ်သွားတဲ့ သူ့မိန်းမနဲ့အတူ သူ့သားလေး ပါသွားခဲ့တယ်။ ၂၅ နှစ်လောက် ကြာချိန်မှာတော့ သူ့ရဲ့ သားက အက်ဖ်ဘီအိုင်မှာ အလုပ်ရသွားပါတယ်။ တစ်နေ့မှာတော့ အက်ဖ်ဘီအိုင်ကရော ရဲတွေရော မလိုက်နိုင် အမှုကြီးတစ်ခုကို ရှက်ဖ်ထ်ရဲ့ သားက ကိုယ်တိုင်လိုက်ဖို့ ရှက်ဖ်ထ်ကို အကူအညီလာတောင်းပါတော့တယ်။ သူတို့ သားအဖနှစ်ယောက် နယူးယောက် ဟာလမ်မှာ ဘယ်လိုတွေသောင်းကျန်းပြီး ဘယ်လိုတလွဲတွေ လုပ်ကြမလဲ ကြည့်ရမှာပါ။ (Littleneo ဘာသာပြန်ပေးထားပါတယ်)
ဒီတစ်ခါတော့ အမြင်တစ်မျိုးနဲ့ရိုက်ထားတဲ့ crime, action ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ဘိုးဘေးဘီဘင်ကစပြီး ဒုစရိုက်သမားမျိုးဆက် ခိုးတယ် ဓားပြတိုက် တယ် လိုအပ်ရင်လူပါသတ်တယ် အဘိုးက ထောင်ထဲမှာ တစ်သက် တစ်ကျွန်းကျနတော။
အဖေဖြစ်သူက ရဲနဲ့သူပစ်ကိုပစ် ပစ်ပြီးသေသွား ခဲ့တယ်။ အဘိုးက နာမည်ကြီး သူခိုးဓားပြကြီး အသက် ၇၀ ပြည့်လို့ ထောင်ကခံဝန်နဲ့လွှတ်ပေးလိုက်တဲ့အခါ မြေးဖြစ်သူက အင်တာနက် သတင်းမှာတွေ့လိုက်ရတော့ … ဒုစရိုက်သမားတွေဘက်ခြမ်းကနေရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားတစ်ကားပါ ပေးချင်တဲ့မက်ဆေ့ချ် ကလည်း ကောင်းပါတယ်။ အားပေးလိုက်ကြပါဦး။
Detroit ရဲဋ္ဌာနက Alex Foley ဟာထက်မြက်တဲ့အမူလိုက်တစ်ယောက်ဖြစ်ပေမဲ့ပြဿနာခဏခဏရှာတက်လွန်းလို့အထက်လူကြီးရဲ့ချဉ်ဖက်ဖြစ်နေသူပါ။တစ်ညမှာတော့ သူ့ဆီလာလည်တဲ့
အချစ်ဆုံးသူငယ်ချင်းသေနက်နဲ့ပစ်သတ်ခံလိုက်ရတဲ့အခါသူငယ်ချင်းအတွက်တရားမျှတမူကိုရှာဖွေဖို့California ပြည်နယ် Beverly Hills ဆီခရီးဆန့်ခဲ့ပါတယ်။တစ်ခြားရဲကားတွေလိုမဟုတ်ဘဲအမူဖော်ထုတ်ပုံကို ဟာသနှောတင်ဆက်ထား
တာကြောင့်ပရိသတ်ကြီးအကြိုက်တွေ့မှာသေချာပါတယ်။ရုပ်ရှင်ကားကို Archi Thang Gyi မှ ဘာသာပြန်တင်ဆက်ပေးထားပါတယ်
ပြစ်မူကျူးလွန်တဲ့နေရာတိုင်းမှာအက္ခရာကုဒ်တွေချန်ထားတဲ့ဓါးပြတွေကြောင့်Beverly Hills တစ်မြို့လုံးအုတ်အော်သောင်းနင်းဖြစ်နေပါတယ်။ဓါးပြတွေကပိုမိုအတင့်ရဲလာပြီး
Beverly Hills ရဲဋ္ဌာနရဲ့ကပ္ပတိန်Bogomil ကိုပါ လုပ်ကြံဖို့ကြိုးစားခဲ့ပါတယ်။အမူလိုက် Alex Foley တစ်ယောက်ဒီသတင်းကိုကြားကြားချင်းပဲ Detroit ကနေBeverly Hills ကိုအရောက်လာပြီးအက္ခရာကုဒ်ဓါးပြမူကိုစလိုက်ပါတော့
တယ်။ပထမကားလိုပဲ အမူလိုက်ပုံတွေကိုဟာသနှောတင်ဆက်ထားတဲ့ ရဲဇာတ်မြူးကားလေးပါ။ရုပ်ရှင်ကားကို Archi Thang Gyi မှဘာသာပြန်တင်ဆက်ပေးထားပါတယ်
မနက်က ဒီရုပ်ရှင်လေးအကြောင်းကို M-MDB Page မှာ ဆရာမနိုင်းနိုင်းစနေရဲ့ post ကနေcredit ပေးတင်ပေးထားတာကို ဖတ်မိတော့ ကြည့်လိုက်မိတယ်။တကယ်ပဲ အောက်မှာ ဆရာမညွှန်းခဲ့သလိုပါပဲ ခံစားချက်အပြည့်ပေးပါတယ်။ဒီနေ့လည်း group ထဲမှာ လူတွေအများကြီး လာတောင်းနေတော့ ဘာသာပြန်ပြီး တင်ပေးထားလိုက်ပါတယ်။
ဒီဇာတ်ကားဟာ ကြည့်ဖူးနေကြကားတွေလို တရားမျှတမှုက အနိုင်ရတာကို မပြပါဘူး၊ပရိသတ်တွေကို မပျော်စေချင်ပါဘူး။ ဒီဇာတ်ကားမှာ အမှန်တရားရှုံးပါတယ်။ဒါပေမယ့် ဒီအဖြစ်မှန်ကို ရေးခဲ့၊ရိုက်ပြခဲ့တဲ့အနုပညာသမားတွေကြောင့် အပြင်လောကမှာ တရားမျှတမှုအနိုင်ရသွားခဲ့တယ်လို့ပြောရမယ်ထင်ပါတယ်။ဇာတ်လမ်းအောင်မြင်မှုနဲ့ အညွှန်းကိုတော့ အောက်ကမူရင်းပို့စ်မှာပဲ ဖတ်ကြည့်ကြပါ။ဖြစ်ရပ်မှန်ကို ရိုက်ထားတဲ့ဒီကားမှာ နှစ်သက်မိတာတစ်ခုထပ်ပြောရမယ်ဆိုရင်ကြီးကြီးကျယ်ကျယ်စကားလုံးတွေ ပြောရတော့မယ်လို့ထင်မိတဲ့အခန်းတွေမှာ အရိုးရှင်းဆုံးစကားလုံးတွေကိုပဲ သုံးသွားပြီးခံစားချက်ပေါ်အောင်ပြသွားနိုင်တဲ့အချက်လေးကိုလည်း ချီးကျူးရမှာပါပဲ။ရုပ်ရှင်ကားတစ်ကား ဘယ်လောက်ထိသြဇာလွှမ်းမိုးနိုင်သလဲ
—————————————————————–မနေ့ညနေက ကျွန်မ ကိုးရီးယားကားတစ်ကားကြည့်ဖြစ်တယ်။အဲဒီကားကို ခုထိကြည့်လို့ မပြီးသေးဘူး။ရုပ်ရှင်က ရှည်လို့မဟုတ်ဘူး..တစ်ကားပြီးပါပဲ။ဒါပေမယ့် အဲဒီရုပ်ရှင်ကို ကျွန်မကြည့်လိုက် ဆက်မကြည့်ရက်လို့နားထားလိုက်၊ ပြန်ကြည့်လိုက် ဆက်မကြည့်ရက်လို့ နားထားလိုက် လုပ်နေခဲ့လို့ပါ။
.
အဲဒီရုပ်ရှင်ကားက “Silenced” (သို့) “The Crucible” လို့နာမည်ရတဲ့ကားဖြစ်တယ်။ဇာတ်ကားပါ အကြောင်းအရာက ဆွံ့အ နားမကြားကျောင်းတစ်ကျောင်းမှာနှစ်ကာလကြာရှည်စွာ မုဒိမ်းကျင့်၊ မတရားအနိုင်ကျင့်ခံနေရတဲ့ကျောင်းသူကျောင်းသားတွေဟာ အဲဒီကိုပြောင်းလာတဲ့ဆရာအသစ်တစ်ဦးရဲ့အကူအညီနဲ့ အဖြစ်ဆိုးကလွတ်မြောက်ပြီးကျောင်းအုပ်ကြီးအပါအဝင် ဆရာအချိုု့ကို တရားဥပဒေအတိုင်းအရေးယူနိုင်ခဲ့တဲ့အကြောင်းဖြစ်တယ်။ဒါပေမယ့် ရေများရေနိုင်၊ မီးများမီးနိုင်ဆိုသလို တရားခံတွေဟာကြေးရတတ်၊ အာဏာရှိသူတွေဖြစ်တာကြောင့် ထိုက်သင့်တဲ့ပြစ်ဒဏ်ကို မခံခဲ့ကြရပါဘူး။
.
ကျွန်မ အဲဒီကားကြည့်နေရင်းနဲ့ စိတ်နှလုံးမခိုင်လို့ခဏရပ်လိုက် ဆက်ကြည့်လိုက်လုပ်ဖြစ်ခဲ့တယ်။သရုပ်ဆောင်တွေရဲ့ ပီပြင်တဲ့သရုပ်ဆောင်ချက်ကြောင့်ဒါဟာ တကယ့်အဖြစ်အပျက်ကိုရုပ်ရှင်ပြန်ရိုက်ထားတာများလားဆိုပြီး စိတ်ထဲသံသယရှိလာတာနဲ့ရုပ်ရှင်ကိုဆက်မကြည့်တော့ဘဲ အဲဒီရုပ်ရှင်အကြောင်းကိုဝီကီမှာ ကျွန်မ အရင်ရှာကြည့်လိုက်တယ်။.
ဒီဇာတ်ကားက ကိုးရီးယားနာမည်ကြီး စာရေးဆရာမ Gong Ji-young ရဲ့နာမည်တူဝတ္ထုကို ရိုက်ကူးထားတာဖြစ်တယ်။အဲဒီဝတ္ထုက ၂ဝဝဝခုနှစ် တောင်ကိုးရီးယားနိုင်ငံ Gwangjuမှာ တကယ်ဖြစ်ပျက်ခဲ့ဖူးတဲ့ဆွံအနားမကြားကျောင်းတစ်ကျောင်းကအဖြစ်ကို အခြေခံထားတာဖြစ်တယ်။၂ဝဝ၈ ခုနှစ်မှာ စာရေးဆရာက အဲဒီအဖြစ်ကို တီဗွီသတင်းတိုတိုထွာထွာမှာအမှတ်မထင်ကြည့်လိုက်မိပြီး စိတ်ဝင်စားသွားခဲ့တယ်။Gwangju က ဆိုးလ်မြို့နဲ့ လေးနာရီလောက်ပဲကားမောင်းရတဲ့နေရာပါ။ဒါပေမယ့် ဆွံ့အနားမကြားကျောင်းသူတွေအနိုင်ကျင့်ခံရတာ၊ မုဒိမ်းကျင့်ခံရတာတွေအတွက် အဲဒီမှာလူတွေဆန္ဒပြနေတာ ၆နှစ်ရှိခဲ့ပါပြီ။သတင်းမီဒီယာကလည်း ကျယ်ကျယ်ပြန့်ပြန့်မလွှင့်ခဲ့တော့အဲဒီအကြောင်းကို လူသိနည်းခဲ့ပါတယ်။စစချင်းမှာ တရားခံလေးဦးကို ဖမ်းဆီးခဲ့ပေမယ့်ထိရောက်တဲ့ပြစ်ဒဏ်မပေးခဲ့တဲ့အပြင် တချို့တရားခံကိုတရားသေလွှတ်ပေးခဲ့တယ်။ဒါကို စာရေးဆရာက စိတ်ဝင်စားပြီး မတရားခံရတဲ့ကျောင်းသူတွေနဲ့ ၁ဝ ရက်တာအတူသွားနေပြီးတွေ့ဆုံမေးမြန်းခဲ့တယ်။အဲဒီနောက် အဲဒီဝတ္ထုကို ရေးသားခဲ့တယ်။
.
အဲဒီဝတ္ထုထုတ်ဝေလိုက်တာနဲ့ လူအများရဲ့အားပေးဖတ်ရှုခြင်းကို ခံခဲ့ရတယ်။ စာအုပ်ထွက်ပြီးသိပ်မကြာခင်မှာပဲ အဲဒီဇာတ်လမ်းကို ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းခံခဲ့ရတယ်။
.
၂ဝ၁၁ ခုနှစ်မှာ အဲဒီရုပ်ရှင်ကားကို ရုံတင်ခဲ့ပါတယ်။ရုံတင်လိုက်တာနဲ့တစ်ပြိုင်နက် ကိုးရီးယားတစ်နိုင်ငံလုံးအုံးအုံးကြွက်ကြွက်ဆူညံသွားခဲ့တယ်။အဲဒီရုပ်ရှင်ဟာ လက်မှတ်အရောင်းရဆုံးကားတစ်ကားအဖြစ် စံချိန်တင်ခဲ့ပါတယ်။ရုံတင်ပြီး ၃ပတ်အတွင်း ၁၉နှစ်အထက်ကြည့်ကားအဖြစ်လက်မှတ်စောင်ရေ ၃သန်းကျော်ရောင်းချခဲ့ရတယ်။၁ဝ ပတ်အတွင်းမှာ လက်မှတ်ရောင်းရငွေကိုးရီးယားငွေ ၃၅ ဘီလီယံ ရှိခဲ့ပါတယ်။
.
အဲဒီရုပ်ရှင်ကြောင့် ဆွံ့အ နားမကြား ကျောင်းသူကျောင်းသားတွေမတရားခံနေရတဲ့အဖြစ်ကို ကိုးရီးယားတစ်နိုင်ငံလုံး သိသွားခဲ့တယ်။လူ့အခွင့်အရေးအဖွဲ့အစည်းနဲ့ ပြည်သူတွေပူးပေါင်းပြီးတရားသေလွတ်လိုက်တဲ့ တရားခံကို ပြန်စစ်ဆေး၊စီရင်ချက်ပြန်ချဖို့ သောင်းချီလက်မှတ်ရေးထိုး တောင်းဆိုမှုတွေ ရှိလာခဲ့တယ်။
.နဂိုရှိတဲ့ ပေါ့လျော့တဲ့သက်ငယ်မုဒိမ်းမှုဥပဒေကိုကြီးလေးတဲ့ပြစ်ဒဏ်ပေးဖို့ ဥပဒေပြင်ဆင်ရေးဆွဲဖို့အထိ ဖြစ်လာခဲ့တယ်။နောက်ဆုံးမှာ လူတွေလျစ်လျူရှု့ခဲ့မိတဲ့ မတရားမှုဟာအမှန်တရားရုပ်လုံးပေါ်လာခဲ့ပါတယ်။နဂို တရားခံလေးယောက်ကနေ ကျောင်းအုပ်အပါအဝင်တရားခံဆယ်ယောက်အထိ ဖမ်းဆီး အပြစ်ပေးနိုင်ခဲ့တယ်။
.
ရုပ်ရှင်ကားရုံတင်ပြီး ၃၅ရက်နေ့မြောက်မှာကိုးရီးယားလွှတ်တော်က မဲ၂ဝ၇ မဲ နဲ့ နဂို ၇နှစ်သက်တမ်းအထက်ပြစ်ဒဏ်ဆိုတဲ့မသန်စွမ်းသူနဲ့ သက်ငယ်မုဒိမ်းမှုဥပဒေကို ပြောင်းလဲပြင်ဆင်နိုင်ခဲ့တယ်။အသစ်ပြင်ဆင်လိုက်တဲ့ ဥပဒေက မသန်စွမ်းအမျိုးသမီးကိုလည်းကောင်း၊အသက် ၁၃နှစ်အောက် ကလေးသူငယ်ကိုလည်းကောင်းအဓမ္မပြုလုပ် အနိုင်ကျင့်ရင် ကြီးလေးတဲ့ပြစ်ဒဏ်တစ်သက်တစ်ကျွန်းအဖြစ် ပြောင်းလဲပြင်ဆင်လိုက်ပါတယ်။
.
အဲဒီရုပ်ရှင်ဟာ ကိုးရီးယားနိုင်ငံရဲ့ တရားဥပဒေမမျှတမှု၊ လာဘ်စားမှုတွေကိုမီးမောင်းထိုးပြနိုင်ခဲ့သလို မသန်စွမ်းသူတွေ တန်းတူအခွင့်အရေး၊ကူညီစောင့်ရှောက်မှုရရှိရေးအတွက်လည်း ဆော်သြပေးနိုင်ခဲ့ပါတယ်။
.
(အခွင့်ရရင်တော့ ကြည့်ဖြစ်အောင် ကြည့်ဖို့ ညွှန်းလိုက်ပါတယ်။အဲဒီကားမှာ ဘာနည်းပညာ၊ ဘာထူးဆန်းတဲ့ သရုပ်ဆောင်ကွက်တွေမှ မပါပါဘူး။ဒါပေမယ့်ကိုးရီးယားတစ်မျိုးသားလုံးကို နိုးထစေနိုင်ခဲ့ပါတယ်)
Jackie Brown(1997) IMDb….7.5,,,,,,,Rotten…..87%ဂျက်ကီဘရောင်းဆိုတဲ့ အမေရိကန်လေယာဉ်မယ်တစ်ဦးဟာ လစာသိပ်မကောင်းတဲ့လေကြောင်းလိုင်းမှာ အလုပ်လုပ်ရင်း လက်နက်မှောင်ခိုသမားတစ်ယောက်ရဲ့ မက္ကဆီကိုကသန်းတစ်ဝက်လောက်ရှိတဲ့ငွေတွေကို နည်းနည်းစီ ခွဲပြီး မှောင်ခိုသယ်ပေးနေခဲ့ပါတယ် …… သူ့အတွက် အခက်အခဲ အနည်းငယ်လောက်သာရှိပြီး ငွေလေးလည်း မြိုးမြိုးမျက်မျက်ရလေတော့ ဂျက်ကီဘရောင်းအတွက် တကယ့်ကိုအဆင်ပြေနေတယ်…သူကူညီပေးနေတဲ့ လက်နက်မှောင်ခိုသမား ဟာ အနည်းဆုံး လူ ဆယ်ယောက်ခန့် သတ်ထားပြီးတော့ ပိုက်ဆံနဲ့ပတ်သက်ရင် လက်ရဲဇတ်ရဲ သတ်ဖြတ်တတ်သူပါ …ရဲတပ်ဖွဲ့ကလည်း ဘယ်သူမှန်းမသိသေးပေမယ့် အပူတပြင်းအလိုရှိနေတဲ့တစ်ယောက်ပေါ့ …….ဒီလက်နက်မှောင်ခိုသမားဟာ ရဲတွေကြားမှာ ဘယ်လိုအကွက်ရွှေ့ရမလဲသိသလိုအခက်အခဲကြုံလိုက်တိုင်းလည်း သွေးအေးအေးနဲ့ ဖြတ်သန်းတတ်သူပါ……အမှုလိုက်တဲ့ရဲတွေ မှောင်ခိုသမားတွေ လက်ရဲဇက်ရဲ လူသတ်သမားတွေနဲ့ဂျက်ကီဘရောင်းဆိုတဲ့လေယာဉ်မယ်အမျိုးသမီးတို့ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ခံစားကြည့်လိုက်ပါဦး……ဇာတ်ကားတစ်ကားလုံး နှစ်နာရီခွဲ သုံးနာရီခန့်ကြာမြင့်သော်လည်း စိတ်ဝင်စားစရာအပြည့်နဲ့ဖြစ်တာတစ်ကြောင်း ကြည့်ရှုသူပရိသတ်ပါ ဉာဏ်ကစားနိုင်အောင် မြှုပ်ကွက်လေးတွေနဲ့ရိုက်ထားတဲ့ကားဖြစ်လို့ ထိုင်ရာကမထချင်အောင် စွဲဆောင်မယ့် ဇာတ်ကားဖြစ်တဲ့အပြင် • နာမည်ကြီးသရုပ်ဆောင်တွေဖြစ်ကြတဲ့Pam Grier • Samuel L. Jackson • Robert Forster • Bridget Fonda • Michael Keaton • Robert De Niro တို့ကလည်း အပိုအလိုမရှိ ကျရာနေရာကနေပါဝင်သရုပ်ဆောင်ထားကြလို့ အော်စကာအပါအဝင် ဆု ၂၂ ဆု ဇကာတင်ပြီ း ဆု ၈ ဆုရရှိထားတာဆိုတော့ ကြည့်ရတာ တကယ်တန်မယ့်ဇာတ်ကားကြီးပါ…ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zuel Khant Thwin ပဲဖြစ်ပါတယ်
A Time to Kill(1996) IMDb….7.4အသက်(၁၀)နှစ်အရွယ် လူမဲကောင်မလေးတစ်ယောက်ဟာ ဈေးဝယ်ပြီးပြန်လာတယ်…. ဒီကလေးမလေးအိမ်ကိုပြန်ရောက်မသွားရှာဘူး….လူရမ်းကား (၂)ယောက်ဟာ ခေါင်းကိုဘီယာဗူးနဲ့ပစ်ပေါက်ပြီးကားပေါ်တင်ခေါ်ကာ မုဒိမ်းကျင့်တ ယ်…နည်းလမ်းမျိုးစုံနဲ့ ရက်စက်စွာနှိပ်စက်ခဲ့တယ်….. အသက်ပြင်းတယ်လို့ဆိုရမလားမသိ ဒီကောင်မလေး အသက်ရှင်နေခဲ့တယ်… မိဘတွေအတွက် ဖြေမဆည်နိုင်အောင်ခံစားကြေကွဲနေတယ်… ဒီလိုနဲ့ဖခင်ဖြစ်သူဟာ ရှေ့နေတစ်ယောက်ဆီသွားခဲ့တယ်… ” ရှေ့နေကြီး ကျွန်တော်ကျဉ်းထဲကြတ်ထဲရောက်နေတယ်ဗျာ…. မနှစ်ကလည်း လူမဲကောင်မလေးတစ်ယောက်ကို လူဖြူ(၄)ယောက်က မုဒိမ်းကျင့်တယ်..သူတို့ထောင်မကျတဲ့အပြင် လမ်းပေါ်မှာအေးအေးလူလူ လမ်းလျှောက်နေခဲ့တယ်မဟုတ်လား ရှေ့နေကြီး” ” ကျွန်တော် ဘယ်လိုကူညီရမလဲဗျ” ဆိုတဲ့ရှေ့နေကြီးရဲ့အမေးစကားကို ဖခင်ဖြစ်သူက ကြွေကွဲစွာပြန်ဖြေရှာတယ်… ” ရှေ့နေကြီးမှာလည်း သမီးတစ်ယောက်ရှိတာပဲဗျာ… ခင်ဗျားဆိုရင်ရော ဘာလုပ်မလဲ”တဲ့……… တကယ့်ကိုကောင်းမွန်တဲ့ကားမို့ ဘာတွေဖြစ်မလဲဆိုတာကို ခံစားကြည့်လိုက်ပါဦး…. သရုပ်ဆောင်တွေကလည်း တကယ့်နာမည်ကြီးသရုပ်ဆောင်တွေဖြစ်သလို IMDbလည်း 7.4 တောင်ရရှိထားလို့ ထွေထွေထူးထူးတော့ညွှန်းဆိုမနေတော့ပါဘူး… သက်ငယ်မုဒိမ်းမှုဆိုတာ တကယ့်ကိုစက်ဆုတ်စရာပါပဲ….နောက်ဆက်တွဲအနေနဲ့ ရက်စက်စွာ နှိပ်စက်သတ်ဖြတ်ဖို့ဝန်မလေးတဲ့သူတွေ… လူ့အသိုင်းအဝန်းမှာ တကယ့်ကိုမရှိသင့်တဲ့ အရိုင်းဆန်တဲ့လူသားတွေ… ဒီလိုအဖြစ်အပျက်မျိုး ကျွန်တော်တို့နိုင်ငံမှာလည်း မကြာခဏ ကြားနေရတယ်…. ဖမ်းဆီးဖို့ရာ အကြောင်းအမျိုးမျိုးကြောင့်လွတ်နေပြီး ကျွန်တော်တို့အားလုံးရော မိဘတွေရော စိုးတထင့်ထင့်နေရတဲ့အချိန် ဘယ်လောက်တောင်များနေပြီလဲ..
နာမည်ကြီးကိုရီးယား ဟာသနဲ့အက်ရှင်ပေါင်းထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်5 ကား ထွက်ရှိထားပြီးတော့ အခုပထမဆုံးကားကိုပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နောက်ထပ်ကားတွေလည်းဆက်လက်ပြီး တင်ဆက်ပေးသွားမှာပါIMDb Rate ကတော့ 6.1/10 ရရှိထားပါတယ်ဇာတ်လမ်းအညွှန်းလေးကိုဆက်လက်ဖတ်ရှုကြရအောင် ရှေ့နေဒယ်ဆွတ်တစ်ယောက်ကောင်မလေးတစ်ယောက်နဲ့မတော်တဆတစ်ညအတူအိပ်မိတယ် ပြဿနာကတော့အဲ့ဒီကောင်မလေးကဂန်းစတားမိသားစုရဲ့သမီးအငယ်ဆုံးဖြစ်နေတာပါပဲကောင်မလေးအစ်ကိုတွေနဲ့အဖေကဒယ်ဆွတ်ကိုအတင်းတာဝန်ယူလက်ထပ်ခိုင်းတယ် ငြင်းဆန်ရင်နဲ့ဘယ်လိုတွေဖြစ်လာမလဲဆိုတာဟာသလေးတွေနဲ့ကြည့်ရမှာပါရယ်ရတဲ့အပြင်ရိုလည်းရိုတယ်နော် တကယ်ကောင်းတဲ့အချစ်ဟာသကားလေးပါ
ဂျွန်ဝစ်ခ် ၂ မှာတော့ သူ့ရဲ့ကားကို လူဆိုးဂိုဏ်းဆိုကနေ မရရအောင် ပြန်လိုက်ယူတာကနေ စပါတယ်။ ကားပြန်ယူအပြီးမှာတော့ မူလရည်ရွယ်ချက်အတိုင်း အနားယူဖို့ အိမ်ပြန်လာပါတော့တယ်။ ဒါပေမယ့် အနားယူချိန်ဟာ မကြာခဲ့ပါဘူး။ သူအတိတ်က အနားယူခွင့်ရဖို့ လုပ်ပေးခဲ့တဲ့ နာက်ဆုံးအလုပ်ကို ကူညီပေးခဲ့တဲ့သူက သူ့အတွက် အလုပ်လုပ်ပေးဖို့ အကြွေးပြန်လာတောင်းပါတော့တယ်။ ဂျွန်ဝစ်ခ်ကို အကြပ်ကိုင်ပြီး လူသတ်ခိုင်းတဲ့အပြင် အလုပ်အပြီးမှာ ရှင်းပစ်ဖို့ပါ ကြိုးစားခဲ့ပေမယ့် ပန်လွတ်မြောက်သွားတဲ့ အချိန်မှာတော့ သိတဲ့အတိုင်းပဲ အဲ့ဘဲ အကြောင်း…… :3 :3 :3
ဒီကားလေးဟာ Imdb6.1ရရှိထားပြီး မင်းသားကြီး Nick Cheungနဲ ့ Richie Jenတို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့၂၀၁၉ထွက် Action,Crime,Mystery အမျိုးအစားဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်.. ဇာတ်လမ်းအကျဉ်းကတော့ မှုခင်းဆရာဝန်နဲ့ သူ့ရဲ့ လက်ထောက်တို့ဟာ ခရစ်စမတ်ညတစ်ညမှာ အလောင်းတွေကို ခွဲစိတ်ပြီးသေဆုံးရတဲ့အကြောင်းရင်းကိုရှာနေတုန်းမှာ မျက်နှာဖုံးစွပ်ထားတဲ့လူသုံးဦးရဲ့ ဝင်ရောက်တိုက်ခိုက်တာခံလိုက်ရပါတယ်..မျက်နှာဖုံးလူသုံးယောက် အလောင်းတွေကိုခွဲစိတ်ပြီးသေဆုံးရက်သေခံကျည်ဆန်တောင့်ကို ခြိမ်းခြောက်ပြီးထုတ်စေတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်လာမှာလဲ.. ဒီမိန်းမအလောင်းရဲ့နောက်ကွယ်မှာ ဘယ်လိုအဖြစ်အပျက်တွေရှိနေတာလဲ.. မျက်နှာဖုံးလူသုံးယောက်ကဘယ်သူတွေလဲ… မှုခင်းဆရာဝန်နဲ့ သူ့လက်ထောက်တို့က လွတ်မြောက်နိုင်ပါ့မလား ဇာတ်လမ်းတစ်ခုလုံးကို စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပါ..
ဖဲလ်လာဒဲဖီးယား မြို့က ရဲအရာရှိတစ်ယောက်ဟာ ၁၉၈၈ ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ကွင်းဆက်လူသတ်မှုတစ်ခုကို ဖော်ထုတ်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်…. ပြောရရင်ဒီလူသတ်မှုဟာဆန်းကြယ်မှုတွေပြည့်နေပါတယ်… ဒီကွင်းဆက်လူသတ်သမားကို ဖမ်းဆီးနိုင်ဖို့ အရမ်းခက်ခဲပါတယ်…ဘာကြောင့်လဲဆို သူသတ်ပြီးတိုင်းသဲလွန်စတွေ မချန်ခဲ့သလို အချိန်အကြာကြီးပျောက်ကွယ်နေတတ်လို့ပါ… ရဲအရာရှိဟာ ဒီလူသတ်သမားပေါ်တဲ့အချိန်တွေဟာ အချိန်ကိုက်ဖြစ်နေတတ်သလို တခြားသူတွေနဲ့မတူတဲ့သဘာဝလွန် စွမ်းအားတစ်ခုပိုင်ဆိုင်ထားတာကိုသိခဲ့ရပြီးတဲ့နောက်… ဒီလူသတ်သမားကို ဖမ်းဆီးနိုင်ပါ့မလား…. ဒီလူသတ်သမားကရော ဘယ်လိုစွမ်းအင်တွေပိုင်ဆိုင်ထားသလဲ… ခံစားကြည့်လိုက်ပါဦး….
မျက်လုံးခွဲစိတ်ထားရတဲ့ စိတ်မြန်လက်မြန်သမားရဲတစ်ယောက်နဲ့ အိစိစိနဲ့ စိတ်ပျော့လွယ်တဲ့ အူဘာတက္ကစီသမားတို့ ဘိန်းဖြူရောင်းဝယ်ရေးဂိုဏ်းကိုစုံစမ်းထောက်လှမ်းဖို့ အကြောင်းဖန်လာပါတယ် ဘယ်လိုမှကိုမကိုက်ညီကျတဲ့ သူတို့နှစ်ယောက် ကြမ်းပေ့ရမ်းပေ့ဆိုတဲ့လူဆိုးတွေ ကြားထဲမှာ သတ်လိုက်ဖြတ်လိုက် ပြေးလိုက်လွှားလိုက်နဲ့ပဲ ဘိန်းမှောင်ခိုသမားကိုဖမ်းမိနိုင်မလားဆိုတာကို စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ ကြယ်၅ပွင့်လေးလိုချင်လွန်းလို့ သူမှာ သေရေးရှင်ရေးကြားထဲအထိကို ရောက်သွားတဲ့ အူဘာသမားလေးရဲ့ ဟာသဇာတ်လမ်းလေးပဲဖြစ်ပါတယ်ဗျ။ တကယ့်ကိုပေါ့ပေါ့ပါးပါးနဲ့ရီနေရတဲ့ဇာတ်ကားလေးပါ။
ဒါကတော့ ပိုလန်လူဆိုးဂိုဏ်းမမတွေရဲ့ဇာတ်ကားပါ။ အကြမ်းအရမ်းတွေ ကိုကင်းရောင်းဝယ်နေတဲ့ ပိုလန်ဂိုဏ်းကမမရယ်၊ ကိုလမ်ဘီယာက ဉာဏ်နီဉာဏ်တွေများနေတဲ့စော်ကြီးရယ်၊ အကြမ်းဖက်သမားကိုချစ်မိနေသူရယ်၊ ထောင်ထွက်မာဖီးယားဘုရင်မဟောင်းတစ်ယောက်ရယ် ပွဲကြမ်းထားတဲ့ကားပါ။ violenceတွေမဟားဒရားပါပါတယ်။
ဟောငကြောငရြဲတပဖြှဲ့တဈခုလုံး နေ့စဉနြဲ့အမွှခေါငြးမီးတောကနြတယြေ…. အကှောငြးကတော့ မူးယဈရာဇာကှီး တဈယောကကြှောင့ပြါ….. မူးယဈရာဇာကှီးဟာ ဒီလောကမှာတော့ ဥပဒကေို လကတြဈလုံးခှားနတေဲ့သူပါ… အတှေ့အကှုံပေါငြးမွားစှာရှိတဲ့အပှငြ ပါးနပလြှနြးတဲ့ သူ့ကိုဖမြးဆီးဖို့ ရဲတှအတှေကြ နေ့စဉနြဲ့အမွှခေါငြးစားနရတေယြ.. ဒီမူးယဈရာဇာကှီးဟာ ကိဈစတဈခုကိုဖှရှငြေးဖို့ ငှကှေေး လူသတသြမားပေါငြးစုံအသုံးပှုပှီး ခှရောဖွောကပြှီး ဥပဒဘကေတြောသြားတှကေိုလှောငပြှုံးပှုံးနတတေတြယြ… တစနေ့တော့ ရဲတပဖြှဲ့က ထကမြှကတြဲ့ ရဲအရာရှိတဈယောကကြို စပိုငအြဖှဈ မူးယဈဂိုဏြးကို ဝငစြပှေီးတော့ သကသြတှနေေဲ့ ထောငဖြမြးဖို့ကှိုးစားပါတော့တယြ… ရဲတပဖြှ့ဲရဲ့အစီအစဉတြှအေောငမြှငမြလားဆိုတာကိုတော့ ခံစားကှည့ကြှပါဦး… ဒီတရုတကြားကတော့ နာမညကြှီးမငြးသားတှဖှဈေတဲ့ Jiang Du, Louis Koo, Ka Tung Lam တို့ ပါဝငထြားပါတယြ… ခုနောကထြှကတြဲ့တရုတကြားတှထေဲမှာ တောတြောကြှီးကိုမိုကတြဲ့အထဲမှာပါပါတယြ… Louis Koo ဆိုရငြ Line Walker ကှည့တြဲ့မှနမြာပရိတသြတတြှအဖေို့ မစိမြးလှပါဘူး.. အလနြးစားတရုတကြားမို့ခံစားကှည့ကြှပါဦး
DC comic တွေထဲက ဇာတ်ကောင်တစ်ကောင်ကို အခြေခံထားတဲ့ ရုပ်ရှင်ပါ။ ဂျိုကာကိုဆို စူပါဟီးရိုး ဖန်တိုင်း သိကြမှာပါ။ ခေတ်အဆက်ဆက် လင်းနို့လူသား ရုပ်ရှင်တွေမှာ အကောင်းဆုံးဗီလိန်တွေထဲက တစ်ယောက်အဖြစ် ပါနေကျပါပဲ။ ဒီကားကတော့ အရင်ဂျိုကာတွေ လင်းနို့လူသားတွေရဲ့ ဇာတ်လမ်းနဲ့ မဆက်စပ်ပါဘူး။ အာသာဖလက်ဆိုတဲ့ သာမန်လူတစ်ယောက်ကနေ ဂျိုကာဆိုပြီးဘယ်လိုဖြစ်လာလဲ ဆိုတာကို ဇာတ်ညွှန်းအသစ်နဲ့ ပြသထားတာပါ။ လက်ရှိ အအောင်မြင်ဆုံးနဲ့ ဝင်ငွေအကြမ်းဆုံး R rated ရုပ်ရှင်ပါ။ သရုပ်ဆောင်၊ ဒါရိုက်တာ အကုန်ကောင်းမွန်တဲ့အရှိန်ရယ်၊ ခေတ်အဆက်ဆက် ရှိလာခဲ့တဲ့ ပရိသတ်တွေရဲ့ အရှိန် ၂ ခုလုံးပေါင်းမိသွားတာပါပဲ။ စူပါဟီးရိုးဖန်တွေရော ရုပ်ရှင်ကောင်းကြိုက်တတ်တဲ့ သူတွေရော သဘောကျကြမှာပါ
Valley of Tears 2020
Wu Assassins
War & Peace
Watchmen
Warrior Nun
When They See Us
Freakish
Treadstone
Truth Be Told
Unbelievable
Victoria
Watership Down
Drama, Horror, Mystery
ဒီဇာတ်ကားကတော့ crime ဆန်ဆန်အက်ရှင်ကားမှ ကြိုက်သူများအတွက်အကြိုက်တွေ့မယ့်ဇာတ်ကားဖြစ်ပါတယ်
မိုက်ဟာ အမည်ခံကုမ္ပဏီတည်ထောင်ပြီး စတော့ရှယ်ယာကစားတဲ့တရားမဝင်အလုပ်ကိုလုပ်ကိုင်တဲ့သူဖြစ်ပါတယ်
မိုက်ရဲ့လုပ်ကိုင်ပုံကျွမ်းကျင်မှုကြောင့် သူ့ရဲ့အလုပ်သူဌေးတွေသဘောကျခြင်းခံတဲ့သူပေါ့
တစ်နေ့မှာတော့ မိုက်ဟာအလုပ်ကိစ္စသွားရင်းလူသတ်မှုနဲ့ထောင်ချောက်ဆင်ခံလိုက်ရကာ ထောင်ကျခဲ့ရပါတယ်
မိုက်ရဲ့ဘဝဟာလုပ်ငန်းရှင်ထောင်ထွက်တစ်ယောက်ဘဝရာက်သွားရပါတော့တယ်
မိုက်တစ်ယောက်ဘာကြောင့်သူ့ကိုထောင်ချောက်ဆင်တယ်
ဘယ်သူကသူ့ကို ဒုက္ခပေးနေတယ်ဆိုတာကို လက်စားချေဖို့ လိုက်လံစုံစမ်းပါတော့တယ်
မိုက်တစ်ယောက်နောက်ဆုံးမှာသူ့ရဲ့ရန်သူတွေကိုအောင်အောင်မြင်မြင် လက်စားချေသွားနိုင်ပါ့မလားဆိုတာကို
ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုလိုက်ကြပါဦး
Thriller
Below Zero (2021)
===============
IMDb Rating – 6.3/10
CM ပရိသတ်ကြီး အကြိုက်တွေ့မယ့် Action, Crime ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။
မာတင်ဟာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာတတ်တဲ့ ရဲတစ်ဦးပါ။ တစ်နေ့ သူပြောင်းတဲ့ ရဲဌာနမှ
ပထမဆုံးတာ တာ၀န်အနေနဲ့ အကျဉ်းသားတွေကို နေရာပြောင်းရွှေ့တဲ့ တာ၀န်ကို ထမ်းဆောင်ရပါတော့
တယ်။ ဒီလိုနဲ့ပဲ မာတင်ဟာ သူအပါအ၀င် နောက်ထပ် ရဲ ၃ ယောက်နဲ့အတူ အကျဉ်းသား ၆ ယောက်ပါတဲ့
အချုပ်ကားကို မောင်းပြီး မြူဆိုင်းတဲ့ ညဘက်မှာ တာ၀န်ထမ်းဆောင်ရပါတော့တယ်။
ဒီလိုနဲ့ မောင်းလာရင်း လမ်းခုလတ်မှာ ကားဘီးကလည်းပေါက် အရံလိုက်လာတဲ့ ရဲနှစ်ယောက်ရဲ့ကားနဲ့လည်း
အဆက်ပြတ်သွားတဲ့အတွက် သူကိုယ်တိုင် မောင်းလာတဲ့ ကားပေါ်က ဆင်းကြည့်တဲ့အခါ ခြုံခိုတိုက်ခိုက်ခံ
နေရပြီဆိုတာ သိလိုက်ရပါတော့တယ်။ အရံပါလာတဲ့ ရဲ ၃ ယောက်ကလည်း ကျ အချုပ်ကားထဲက အကျဉ်း
သား ၆ ယောက်ကလည်း စပြီး ပုန်ကန် အပြင်ကရန်သူတွေက တစ်ဖက်နဲ့ မှောင်မဲပြီး လူသူကင်းတဲ့ လမ်းမပေါ်မှာ
မာတင်တစ်ယောက် ဘယ်လို နှစ်ပါးသွားမလဲဆိုတာကို စိတ်၀င်စားဖွယ် မြင်တွေ့ရမှာဖြစ်ပါတယ်။
မနေ့ကမှ ထွက်ရှိလာတဲ့ Action ကားသစ်ဖြစ်ပြီး IMDb Rating 6.3/10 ရရှိထားတဲ့ ကားကောင်း ကားသစ်
လေးဖြစ်ပါတယ်။
Action, Adventure, Crime
Krack(2021) အညွှန်း
******************
တီလူဂူးဇာတ်ကားလေးတွေကို မျှော်နေကြတဲ့ အိန္ဒိယတောင်ပိုင်းရုပ်ရှင် ပရိတ်သတ်တွေအတွက် မနေ့ကထွက်တဲ့
Ravi Teja နဲ့ Shruti Haasan တို့ရဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။
Krack ဆိုတဲ့အဓိပ္ပါယ်ကိုက သူတို့ဘာသာစကားမှာ “ခေါင်းမာတဲ့သူ”ပါ။
ဒီတော့ ဒီရုပ်ရှင်ထဲက အဓိကဇာတ်ကောင်ဖြစ်တဲ့ ဗီရားရှန်ကာဆိုတဲ့ ရဲအရာရှိဟာ မတရားမှုတွေကို
ကိုင်တွယ်ရာမှာ ကြမ်းတမ်းတယ် ၊ သက်ညှာမှုကင်းမဲ့တယ်။
ဘယ်အရာကိုမှ မကြောက်တတ်ဘဲ လုပ်စရာရှိတာကို ခေါင်းကြောမာမာနဲ့ တဇွတ်ထိုးလုပ်တတ်သူပေါ့။
ဇာတ်လမ်းအစအစမှာ ပြသွားတဲ့ သံတစ်ချောင်း ၊ ၅၀တန် အကြွေတစ်ရွက်နဲ့ သရက်သီးတစ်လုံးဟာ ဗီရားရှန်ကာကိုင်တွယ်ခဲ့တဲ့
ဒိတ်ဒိတ်ကြဲလူဆိုး လူရမ်းကားသုံးယောက်ကို ကိုယ်စားပြုတယ်ဆိုတာ ဇာတ်လမ်းအလယ်လောက်ရောက်မှ နားလည်မယ်။
တစ်ယောက်ချင်းစီကို ကိုယ်တွယ်ပုံဟာ ဒီဇာတ်လမ်းရဲ့ frame ဖြစ်ပြီး ၊
တောင်ပိုင်းရုပ်ရှင်အထွက်နည်းလှတဲ့ အခုလိုအချိန်မျိုးမှာ ရဲကားကောင်းကောင်းကြည့်လိုသူတွေအဖို့
ကျေနပ်ကြလိမ့်မယ်ထင်ပါတယ်။
Action, Thriller
Pirates of the Caribbean: On Stranger Tides(2011)[1080P5.1CH]
((((ဒီဇာတ်ကားတွေက ဘယ်အချိန်ပြန်ကြည့်ကြည့် မရိုးနိုင်တဲ့ စာရင်းထဲပါလေတော့ Pirates of the Caribbean ပရိတ်သတ်တွေအတွက် HEVC,1080P5.1CH,720Pြ ဖင့် ရသမြောက်စွာ
ခံစားနိုင်စေရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်))))
ဂျက်နဲ့ လူမှားပြီး ဂစ်ဘ်ကို ကြိုးပေးမယ့်အရေးမှာ ဝင်ကယ်ပေးလိုက်ရပြီးတဲ့နောက် တစ်ကိုယ်တည်းကောင်းစားနေတဲ့ ဘာဘိုဆာဆီ
ရောက်သွားကြပြန်တယ်။ ဒါပေမယ့် ဂစ်ဘ်ပဲကျန်ခဲ့ပြီး ဂျက်ကတော့ သူ အချစ်ဟောင်း အန်ဂျလီကာကောင်းမှုနဲ့
မုတ်ဆိတ်နက်ဆီရောက်သွားတဲ့နောက် စပိန်တွေက တပန်းသာနေတဲ့ ထာဝရသက်ရှည်ရေပန်းကို ရှာနိုင်ဖို့ စိုင်းပြင်းရပြန်တယ်…
Pirates of the Caribbean On Stranger Tides(2011)
Action, Adventure, Fantasy
Pirates of the Caribbean: At World’s End(2007)[1080p5.1ch]
IMDb…7.1
((((ဒီဇာတ်ကားတွေက ဘယ်အချိန်ပြန်ကြည့်ကြည့် မရိုးနိုင်တဲ့ စာရင်းထဲပါလေတော့ Pirates of the Caribbean ပရိတ်သတ်တွေအတွက် HEVC,1080P5.1CH,720Pြ ဖင့် ရသမြောက်စွာ
ခံစားနိုင်စေရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်))))
သူရဲကောင်းဆန်ဆန်နဲ့ ကရာကန်ကြီး ပါးစပ်ထဲ ဓားတစ်ချောင်းနဲ့ ဝင်ပြီး အားလုံးကို ပေးဆပ်သွားတဲ့နောက်တော့ ဝီလ်တန်နာနဲ့
အဲလိဇဘက်တို့နှစ်ယောက်သား ကပ္ပတိန် ဘာဘိုဆာနဲ့ ပူးပေါင်းပြီး ဂျက်ကို ဒေဗီဂျုန်းဆီကနေ လွတ်အောင် ကယ်ဖို့ ကြိုးစားရတော့တယ်။
ဒါပေမယ့် နှစ်ယောက်မရှိတဲ့ ဂျက်စပဲရိုးက သူ ဘာကောင်လဲဆိုတာကို ဂဏန်းတွေနဲ့ ပုလဲနက်နဲ့ ပြလိုက်တယ်
ဒေဗီဂျုန်းကိုလည်း လော့ဒ် ဘက်ကပ်တ်က ထိန်းချုပ်ထားပြီး ပင်လယ်ပြင်တခွင်တစ်ခုလုံးရဲ့ သင်္ဘောတွေအကုန်ကို
ဖျက်ဆီးခိုင်းတဲ့နောက်တော့ ဝီလ်၊ အဲလိဇဘက်နဲ့ ဘာဘိုဆာတို့နဲ့ အတူ ကပ္ပတိန် ဂျက်စပဲရိုးပါ တိုက်ပွဲထဲ ဝင်ပါလာရတော့တယ်…
Pirates of the Caribbean At World’s End(2007)
Action, Adventure, Fantasy
Space Jam (1996)
===============
မိုက်ကယ်ဂျော်ဒန်ဆိုတဲ့ ဘတ်စ်ကတ်ဘောဘုရင်ဟာ ငယ်စဉ်ကတည်းက ဖခင်ဖြစ်သူလိုမျိုး ဘေ့စ်ဘောကစားသမား ဖြစ်ချင်ခဲ့တာပါ။ သူအရွယ်ရောက်ပြီ ဘတ်စ်ကတ်ဘောအားကစားလောကမှာ အထွဋ်ထိပ်ထိ တက်လှမ်းပြီးသွားတဲ့နောက် ဘတ်စ်ကတ်ဘောလောကကနေ ရုတ်တရက်ရပ်နားပြီး ကလေးဘဝကဆန္ဒကို အကောင်အထည်ဖော်ဖို့ ဘေ့စ်ဘောလောကထဲကို ခြေစုံပစ်ဝင်လိုက်ပါတယ်။
ဘေ့စ်ဘောမှာအဆင်မပြေပေမယ့် ဘတ်စ်ကတ်ဘောဘုရင်ဖြစ်တဲ့သူ့ကို အဖွဲ့သားတွေကအပြစ်မမြင်ပေမယ့် ပရိတ်သတ်တွေနဲ့မီဒီယာကတော့ ကြိတ်မနိုင်ခံမရဖြစ်နေကြတာပေါ့။ ဒီအချိန်မှာ မိုရွန်တောင်ကဂြိုလ်သားတွေက ဝယ်သူတွေကိုဆွဲဆောင်ဖို့ Looney Tunesတစ်ဖွဲ့လုံးကို ဖမ်းဆီးဖို့လွှတ်လိုက်ပါတယ်။ သေးကွေးနှေးကွေးတဲ့ဒီဂြိုလ်သားတွေနဲ့ ဘတ်စ်ကတ်ဘောပြိုင်ဆော့ဖို့စိန်ခေါ်လိုက်ပြီးမှ ဂြိုလ်သားတွေဘာလို့ကြီးထွားကုန်တာလဲ။ သူတို့တွေကမိုက်ကယ်ကိုအကူအညီတောင်းတဲ့အခါ ဘေ့စ်ဘောကစားသမားဖြစ်နေတဲ့သူကရော ကူညီပါ့မလား။ Looney Tunesတစ်ဖွဲ့လုံးနဲ့အတူတူ မိုက်ကယ်ပါ ဂြိုလ်သားတွေရဲ့ အကျဉ်းသားဘဝရောက်သွားမလားဆိုတာကိုတော့… နာမည်ကျော်မိုက်ကယ်ဂျော်ဒန်ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားပြီး IMDb 6.4 ရထားတဲ့ ဒီကာတွန်းလေးက ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရွှင်မြူးစေမှာဖြစ်လို့ ကြည့်ရှုဖို့လက်တို့လိုက်ရပါတယ်။
Adventure, Animation, Comedy, Family, Science Fiction
Experimenter (2015)
ဒီကားက
ကျွန်တော်တို့ဟာ တစ်ခါတစ်ရံမှာ ကြိုးတွေကို တွေ့ကောင်းတွေ့နိုင်ပေမယ့်
သတိပြုမိတဲ့စိတ် ကသာလျှင် ကျွန်တော်တို့အတွက် လွတ်မြောက်ခြင်းရဲ့ ဦးဆုံးခြေလှမ်း ဖြစ်ရမှာပါ။”
IMDb – 6.6/10 ရရှိထားတဲ့ ကားကောင်းတစ်ကား ဖြစ်တာမို့ ကြည့်ရှုစေချင်ပါတယ်။
ဆု ၂ ဆု နဲ့ တစ်ကြို ၅ ကြိမ် ဝင်ခဲ့တဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။
Los Angeles Film Festival 2015 နဲ့ Political Film Society, USA 2015
တို့မှာ ဆု ရရှိခဲ့ပြီးတော့
တော့ နိုင်ငံရေးနဲ့ နှီးနွယ်တဲ့ စိတ်ပညာကို လေ့လာချင်တဲ့လူတွေ စိတ်ဝင်စားမယ့် ဇာတ်ကားကောင်းတစ်ကားပါပဲ။
တကယ့်အဖြစ်အပျက်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။
လူမှု စိတ်ပညာရှင် စတန်လေ မီလ်ဂရမ် ရဲ့ ၁၉၆၁ မီလ်ဂရမ် စမ်းသပ်ချက်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။
ဒီစမ်းသပ်ချက်ကတော့ လူတွေရဲ့နာခံမှု(Obedience) ကို စမ်းသပ်ချက်ပဲ ဖြစ်ပါတယ်။
လူစိမ်းနှစ်ယောက်ကို ခေါ်ပြီး တစ်ဘက်က သင်ယူသူ တစ်ဘက်က သင်ကြားသူအနေနဲ့ ထားပြီးတော့
မှားရင် လျှပ်စစ်ရှော့တိုက်တဲ့နည်းနဲ့ နာခံမှု ဘယ်လောက်ရှိတယ်ဆိုတာကို စမ်းသပ်တာပဲ ဖြစ်ပါတယ်။
ဒီတော့ ကျွန်တော်တို့ Obedience ကို သိပ္ပံနည်းကျကျ အချက်အလက်တွေနဲ့ လေ့လာကြည့်ရအောင်။
ကောင်းတာတစ်ခုကတော့ ဒါက ဇာတ်လမ်းသဘောဖြစ်နေတဲ့အတွက် လုံးဝ ပျင်းအိုင်သွားခြင်း မရှိတာပါပဲ။
မီလ်ဂရမ် ဟာ အခြားစမ်းသပ်ချက်တွေဖြစ်တဲ့ Small World Experiment နဲ့ Lost letter experiment တို့ကိုလည်း လုပ်ခဲ့ပါသေးတယ်။
“ကျွန်တော်တို့က ရုပ်သေးရုပ်တွေလို့ ခင်ဗျား ဆိုလို့ ရပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ဟာ အသိဉာဏ် နဲ့ သိတတ်နားလည်မှုတွေပါ ပါဝင်တဲ့ ရုပ်သေးရုပ်တွေပါလို့ ကျွန်တော်ကတော့ လက်ခံယုံကြည်ထားပါတယ်။
Biography, Drama, History
ဇာတ်လမ်းအကျဉ်း
ဒီဇာတ်ကားလေးကတော Song Joong Ki ရဲ့ ၂၀၂၁ ကမှအသစ်စက်စက်ထွက်ရှိထားတဲ့ Sci-Fic ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်
အနာဂတ်ကမ္ဘာကိုစိတ်ကူးယဉ်ပုံဖော်ထားတာဖြစ်လို့စိတ်ဝင်စားဖို့ကောင်းပြီး Setting ချပုံကအစထူးခြားတဲ့ကားလေးဖြစ်ပါတယ်
ကင်ထယ်ဟို (Song Join Ki) ဟာတစ်ချိန်တုန်းကအာကာသစောင့်ကြပ်သူတွေရဲ့ ကွန်မန်ဒါခေါင်းဆောင်ဖြစ်ခဲ့ပေမယ့်
အကြောင်းအမျိုးမျိုးကြောင့် လက်ရှိမှာတော့ရာထူးကချခံလိုက်ရပြီးအာကာသထဲလွင့်စင်သွားတဲ့
မွေးစားသမီးလေးကိုလိုက်ရှာနေတဲ့ဆင်းရဲသားတစ်ယောက်ဖြစ်နေပါတယ်
တစ်နေ့မှာတော့ ပေါက်ကွဲနိုင်တယ်လို့ကြေငြာထားတဲ့ နာနိုဘော့နည်းပညာသုံးကလေးပုံစံစက်ရုပ်လေးဟာ
ထယ်ဟိုဆီကိုရောက်လာပါတယ်ပိုက်ဆံလိုနေတဲ့ထယ်ဟိုကတော့ စက်ရုပ်ကိုအသုံးချပြီးငွေရအောင်
်ကြိုးစားပါတော့တယ် ဒါပေမယ့်စက်ရုပ်လို့ထင်ထားခဲ့တဲ့ကလေးလေးဟာလူသားတစ်ယောက်ဖြစ်နေတဲ့အခါမှာတော့
ထယ်ဟိုတစ်ယောက်ဘယ်လိုဆက်လုပ်သွားမလဲ
ကလေးမလေးနောက်ကွယ်မှာရောဘယ်လိုလျှို့ ဝှက်ချက်တွေရှိနေတာလဲဆိုတာကို
ဇာတ်လမ်းထဲမှာဆက်လက်ရှုစားလိုက်ကြပါဦး
Action, Adventure, Drama
ဒီတစ်ခေါက် Netflix မှာအသစ်ထွက်ရှိလာတဲ့ တရုတ်သိုင်းကားဆန်ဆန်ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးချင်ပါတယ်
ဒီဇာတ်ကားက တရုတ်ပြည်ကမိုဘိုင်းဂိမ်းတစ်ခုကိုအခြေခံပြီးရိုက်ကူးထားတာလို့လည်းသိရှိရပါတယ်
effectတွေလည်းကောင်းကောင်းသုံးထားပြီးတော့ ကြည့်ရတာ တကယ်မိုက်မယ့်ဇာတ်ကားကောင်းတစ်ကားပါ
ဇာတ်လမ်းအကျဉ်းချုပ်ကတော့ မကောင်းဆိုးဝါးမြွေဆိုးကိုနှိမ်နင်းဖို့အတွက် ကျင်မင်ဆိုတဲ့ဘုန်းတော်ကြီးက မြို့တော်ကိုလာခဲ့ပါတယ်
မြွေဆိုးရဲ့အရိပ်တွေက ခဏခဏ လူတွေကြားထဲကိုထွက်လာလေ့ရှိပါတယ်
တကယ့်ခန္ဓာကိုယ်အစစ်ကတော့ ဘုရင်မကြီးရဲ့ခန္ဓာကိုယ်ထဲမှာ ထိန်းသိမ်းထားတာပါ
ဒီလိုအန္တရာယ်ကျရောက်လာပြီဆိုရင် ဂိုဏ်းကြီးလေးဂိုဏ်းကဆရာလေးဆူ စုပြီးတော့ မြွေဆိုးကိုနှိမ်နင်းရပါတယ်
ဒါပေမယ့် ဒီတစ်ခေါက်မှာတော့ မြွေဆိုးရဲ့ခန္ဓာကိုယ်အစစ်ထွက်လာတော့မှာပါ
ဒါကို ဆရာတွေဘယ်လိုကာကွယ်ကြမလဲဆိုတာ ရင်ခုန်ဖွယ်ကြည့်ရူရမယ့် ဇာတ်ကားကောင်းတစ်ကားပါ
တရုတ်သိုင်းကားတွေနှစ်သက်သူအတွက်တော့ ကြည့်သင့်တဲ့ကားကောင်းတစ်ကားဖြစ်လို့ ညွှန်းပေးလိုက်ရပါတယ်
The Yin Yang Master Dream of Eternity (2021)
Action, Drama, Fantasy
Agent Revelation 2021 ကတော့ Action/Sci-fic/Thriller ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ IMDb rating ကတော့ 6.2/10 ရထားပါတယ် ။
ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် ကင်နီယန်းလို့ခေါ်တဲ့ ဂြိုဟ်သားမျိုးနွယ်ဟာလူသားတွေကို အက်ရှ်(Ash) ဆိုတဲ့စွမ်းအင်တစ်မျိုးကိုအသုံးချပြီးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကထိန်းချုပ်လာခဲ့တာပါ၊၊ ဒါပေမဲ့ လူသားတွေရဲ့ လောဘကို သဘောပေါက်သွားတဲ့ ဂြိုလ်သားတွေဟာ အက်ရှ်စွမ်းအင်ကို မသုံးပဲ လောဘတရားတွေနဲ့သာ လူသားတွေကို ထိန်းချုပ်ခဲ့ပါတယ်။ ကမ္ဘာပေါ်က အက်ရှ်စွမ်းအင်သွေးနှောသူတွေကိုအကုန်ရှင်းခဲ့ကြပါတယ်။ မတော်တဆဖြစ်ရပ်တစ်ခုကြောင့် ကမ္ဘာပေါ်မှာဖွက်ထားတဲ့ အက်ရှ် စွမ်းအင်တွေထွက်လာပြီးတော့
ဂျင်မ်တို့သူငယ်ချင်းတွေကိုထိန်းချုပ်ခံလိုက်ရတယ်၊၊ အက်ရှ်ကြောင့် သူ့ငယ်ချင်းတွေကို ဆုံးရှံးခဲ့ရတဲ့ ဂျင်မ် ဟာ သူကိုယ်တိုင်တော့ အက်ရှ်ကြောင့် ဘာမှမဖြစ်ခဲ့ပါဘူး ။ အက်ရှ်ရဲ့စွမ်းအင်တွေဟာ သူ့ကိုယ်ထဲစီးဝင်ပြီး သူ့အသွေးအသားနဲ့ တစ်သားထဲ ဖြစ်ပြီး ဂျင်မ်ဟာစွမ်းအားတွေပိုင်ဆိုင်လာခဲ့ပါတယ်။
ကမ္ဘာပေါ်ကိုဂြိုဟ်သားတွေ ကြီးစိုးထိန်းချုပ်လာမှာကိုကာကွယ်နေတဲ့လျို့ဝှက်အဖွဲ့အစည်းကတော့ ဂျင်မ် ကဘာကြောင့် အက်ရှ်ရဲ့ ထိန်းချုပ်ခြင်းမခံရတာလဲဆိုတာကိုစမ်းသပ်ရှာဖွေရင်းနဲ့ ဘာတွေ ဘယ်လိုတွေဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။
Action, Science Fiction, Thriller
ဒီတစ်ခေါက်တင်ဆက်ပေးချင်တဲ့ဇာတ်ကားကတော့ အင်ဒိုနီးရှားဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်နော်
အင်ဒိုနီးရှားနိုင်ငံမှာ သိုင်းအားကစားတစ်ခုရှိပါတယ် လုံချည်တစ်ကွင်းထဲမှာလူနှစ်ယောက်ဝင်ပြီး
သိုင်းချတဲ့ ဆာရွန်သိုင်းချနည်းလို့ခေါ်တဲ့အားကစားတစ်ခုပါ ဒီကားမှာတော့ သိုင်းအားကစားနည်းကိုအခြေခံပြီး
ရိုက်ကူးထားတဲ့ဇာတ်ကားကောင်းပါ
ဇာတ်လမ်းကတော့ ဒန်နီက ဂျာကာတာက ဆိုးသွမ်းတဲ့သူဌေးသားတစ်ယောက်ပါ
သူ့အမေက သူ့ကိုလိမ္မာလာအောင် မာကာစတာမြို့ကိုပို့လိုက်ပါတယ်
ဆာရွန်သိုင်းအားကစားက အဲဒီမြို့မှာပိုပြီးတော့ထင်ရှားနေတဲ့အချိန်ပေါ့ ဒန်နီက တန်ရီဆိုတဲ့ကောင်မလေးနဲ့တွေ့ခဲ့ပြီး
တန်ရီကိုတော့ ဆာရွန်သိုင်းချန်ပီယံတစ်ယောက်က အတင်းလိုက်ကြိုက်နေတာပါ
ဒီလိုနဲ့ ဒန်နီနဲ့ ဆာရွန်သိုင်းချန်ပီယံတို့ ပြဿနာတတ်ကြပါတော့တယ် ဒါကြောင့် ဒန်နီက ဆာရွန်သိုင်းသင်ပါတော့တယ်
ဘယ်လိုတွေဆက်ဖြစ်ကြမလဲကတော့ ဆက်ကြည့်လိုက်ကြပါတော့…………………
အရင်တုန်းက ကရာတေးဇာတ်ကားကောင်းတွေကြိုက်နှစ်ခြိုက်သူတွေ
ဒီဇာတ်ကားလေးကိုလည်း ကြိုက်မယ်လို့မျှော်လင့်တာမို့ ကြည့်သင့်တဲ့ကားလေးအဖြစ် ညွှန်းပေးလိုက်ရပါတယ်
Action, Adventure, Drama
ဒီဇာတ်ကားကတော့ လူငယ်တွေ ငယ်တုန်းမှာ လမ်းမှားရောက်တတ်ကြောင်းကို
ပညာပေးရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်
၂၀၁၂ကထွက်ခဲ့တာဖြစ်ပြီး ဟောင်းပေမယ့်ကောင်းသေးတဲ့ဇာတ်ကားတစ်ကားလို့ပြောလို့ရပါတယ်
ဇာတ်လမ်းအကျဉ်းချုပ်ကတော့ ကျင်ဟွာဆိုတဲ့ ၁၇နှစ်အရွယ်ကောင်လေးက မဟုတ်မခံစိတ်ဓာတ်ရှိပြီး
ရန်ပွဲတွေမှာလည်းဝင်ပါလေ့ရှိပါတယ် တစ်နေ့ လူရိုက်မိပြီး လူငယ်ထိန်းသိမ်းရေးကျောင်းကို ၆လသွားနေခဲ့ရပါသေးတယ်
ပြန်ထွက်လာတော့ သူ့အမေက သူ့ကိုဘဝသစ်စစေချင်ပါတယ် ဒီလိုဘဝသစ်စဖို့ကြိုးစားမယ်ဆိုပြီး
သူက စာမေးပွဲပြန်ဖြေဖို့လုပ်ပါတော့တယ် ဒါပေမယ့် အပေါင်းအသင်းကြောင့်မို့လို့ ဂိုဏ်းတစ်ခုထဲကို ဝင်မိသွားပါတယ်
ထို့နောက် သူ့ရဲ့ဘဝသစ်စမယ့်အစီအစဉ်က မအောင်မြင်ခဲ့ဘူးဆိုပါတော့
သူဘယ်လိုပြဿနာတွေကြားထဲကိုရောက်သွားမယ်ဆိုတာ
ပညာပေးရိုက်ကူးထားတဲ့ကားကောင်းလေးဖြစ်လို့ ညွှန်ပေးလိုက်ရပါတယ်
drama အမျိုးအစားဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်
Action, Crime
ဒီတစ်ခါတော့ IMDb rating 7.1/10အထိရရှိထားတဲ့ Crime, Dramaအမျိုးအစား ရုပ်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဇာတ်လမ်းအကျဥ်းကတော့ ဂျိုဝီဆိုတဲ့ ကြေးစားလူသတ်သမားတစ်ယောက်ဟာ လူသတ်တဲ့နေရာမှာ လက်ယဥ်ပြီးကျွမ်းကျင်ပါတယ်။ တစ်နေ့မှာတော့ သူ့ကိုအပ်ထားတဲ့ အလုပ်တစ်ခုကိုကိုင်တွယ်နေတုန်း သူလူသတ်လိုက်တာကို သေဆုံးသူရဲ့လက်ထောက်ဖြစ်သူကောင်မလေး မြင်သွားပါတယ်။ သူကလည်း မလှုပ်ရှားခင်ကတည်းက ပစ်မှတ်အခြေအနေကိုလေ့လာရင်း အဲဒီကောင်မလေးကိုမြင်မြင်ချင်း ကြွေမိနေတာပါ။ ပုံမှန်ဆိုရင် မျက်မြင်သက်သေကိုပါ လက်စဖျောက်ရမှာဆိုပေမဲ့ သူ့ခံစားချက်ကိုမထိန်းချုပ်နိုင်တဲ့ ဂျိုဝီတစ်ယောက် ကောင်မလေးကိုဖမ်းပြီး သူ့အိမ်ခေါ်လာပါတယ်။ ပြီးတော့ သူ့အိမ်မှာဘဲမသတ်ရက်လို့ ဆက်ဖမ်းထားပါတယ်။
လူသတ်သမားနဲ့ မျက်မြင်သက်သေကြားက ထူးခြားတဲ့အချစ်ပုံစံကရော ဘယ်လိုဖြစ်မလဲ။ သာမန်အချစ်ဇာတ်လမ်းနဲ့ ထူးထူးခြားခြားကွဲပြားနေပြီးတော့ သူတို့ကြားကဆက်ဆံရေးက ညင်သာမှုတွေ၊ မယုံကြည်မှုတွေနဲ့ပြည့်နှက်နေပြီး သူတို့ဘဝတွေကို ဘယ်လိုပုံစံရိုက်ခတ်သွားမလဲ။ ဇာတ်လမ်းလေးက အလောတကြီးမဟုတ်ဘဲ ပုံမှန်လေးဇာတ်ရှိန်တက်သွားပြီး အဝေးကြီးထိကြိုမမြင်နိုင်တဲ့ လှည့်ကွက်လေးတွေနဲ့ရိုက်ကူးထားတာကြောင့် ကြည့်လို့ကောင်းတဲ့ကားလေးပါပဲ။
Crime
ဒီဇာတ်ကားကတော့ ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ အိန္ဒိယအက်ရှင်ကားတစ်ကားဖြစ်ပါတယ်။
မင်းသား အာဂျေးလ်ဒေ့ဂမ်၊ အနီးလ်ကပူးရ်၊ မင်းသမီးကန်ဂနာရာနွတ်တို့ ပါဝင်သရုပ်ဆောင်ထားပါတဲ့
ရထား ဗုံးထောင်ပြီး ခြိမ်းခြောက်ငွေတောင်းတဲ့ ကားလေးပါ။
မင်းသားအာဂျေးလ်က အိန္ဒိယကနေ လန်ဒန်ကို အလုပ်လာလုပ်တဲ့အင်ဂျင်နီယာတစ်ယောက်ပါ..
ဘဝတူရွေ့ပြောင်းလုပ်သားတွေရဲ့ဘဝကို ကူညီကယ်ဆယ်ဖို့ ကြိုးစားရင်း.. သူကိုယ်တိုင်လည်း အဖမ်းခံ.. နှင်ထုတ်ခံခဲ့ရပါတယ်။
ချစ်ရတဲ့ မိသားစုကို လန်ဒန်မှာထားရစ်ခဲ့ရပြီး တစ်ကွဲတစ်ပြားဖြစ်ခဲ့ရတဲ့အတွက် လက်စားချေဖို့
လန်ဒန်ကိုရအောင် ပြန်လာခဲ့ပါတယ်။ ပြီးတော့ ရထားပေါ်မှာ ဗုံးထောင်ပြီး ခြိမ်းခြောက်ငွေတောင်းခံမှုတွေ
လုပ်ခဲ့ရာက ဒီဇာတ်လမ်း ဖြစ်ပေါ်လာခဲ့တာပါ။
တောင်းတဲ့ငွေတွေ ရမှာလား.. ခရီးသည်တွေရဲ့ အသက်အန္တရာယ်က
ဘယ်လို ကယ်ထုတ်မှာလဲ စိတ်ဝင်စားဖွယ်၊ ကြည့်ရှုအားပေးလိုက်ပါဦး
Action, bollywood, Crime, Drama
Palmer (2021)
============
IMDb Rating – 7.3/10
ဇာတ်ကားအကျဉ်းပြောရမယ်ဆိုရင်တော့ ထောင်ထွက်တစ်ဦးနဲ့ အိမ်တွင်းရေးအဆင်မပြေတဲ့ ကလေးတစ်ယောက်
ရဲ့အကြောင်းပေါ့။ ပါးလ်မာ က ထောင်ထဲ (၁၂)ကျော်နေခဲ့ပြီးမှ ခံဝန်နဲ့လွတ်လာသူဖြစ်ပြီး သူ့အဖွားအိမ်၊ သူ့ဇာတိမြို့မှာပဲ
ပြန်လာနေခဲ့တယ်။ ဆမ် ဆိုတာကတော့ ပါးလ်မာရဲ့အိမ်ဘေးမှာနေတဲ့ ကလေး။ ဆမ့်အမေက ဆေးသမား၊ ပထွေးဖြစ်သူ
ကလဲ အချိုးမပြေ။ မိသားစုအခြေအနေလုံးဝမကောင်းတဲ့ ကလေးတစ်ယောက်။ ထောင်ထွက် ပါးလ်မာနဲ့ အိမ်တွင်းရေး
အဆင်မပြေတဲ့ ဆမ် တို့နှစ်ယောက်ရဲ့အကြောင်းကို ခပ်ငြိမ့်ငြိမ့်လေးနဲ့ တင်ဆက်သွားတဲ့ Drama ဇာတ်ကားကောင်းလေး
တစ်ကားဖြစ်ပါတယ်။ ဒီလို Drama ကားမျိုးကြည့်ရတာ စိတ်ထဲအတော်လေး ကျေနပ်သွားမိတယ်။ IMDB rating (7.3/10)
၊ Rotten Tomato ကလည်း (74 %) ဆိုတဲ့အတွက်ကြောင့် ဇာတ်ကားကောင်းဖြစ်မယ်ဆိုတာတော့ ပြောစရာလိုမယ်မထင်ပါဘူး။
ပါးလ်မာ အဖြစ် သရုပ်ဆောင်ထားသူကတော့ အဆိုတော်/သရုပ်ဆောင် Justin Timberlake ပဲဖြစ်ပါတယ်။
Drama
ဒီတစ်ခါ comedy-drama ဇာတ်ကားအမျိုးအစားလေးကိုတင်ဆက်ပေးချင်ပါတယ် တကယ်ရယ်ရမဲ့ဇာတ်ကားကောင်းလေးပါနော်
ရုံကြီးကားတစ်ကားဖြစ်ပြီး ဟောင်ကောင်ရုပ်ရှင်ဆုပေးပွဲမှာလည်း ဇကာတင်ဝင်ခဲ့တဲ့ ဇာတ်ကားကောင်းလေးပါ
လတ်တလောမှာလဲ ထိုင်းကနေပြန် remark ရိုက်ထားတဲ့ My God! Father (2020)ရဲ့မူရင်းဇာတ်ကားလေးပါ
နောက်ခံတီးလုံးကလည်းကောင်း သရုပ်ဆောင်တွေကလည်း Eddie Peng (Operation Mekong) , Deng Chao (The Mermaid 2016),
Zanilia Zhao (လတ်တလောပြိးထားတဲ့ ဇာတ်လမ်းတွဲ Legend of fei) တို့တွေဆိုတော့ ထွေထွေထူးထူးပြောစရာလိုမယ်မထင်ပါဘူး
ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် လန်က ကားမောင်းချန်ပီယံတစ်ယောက်ပါ
တစ်နေ့သူ့အဖေနဲ့ ကားအတူတူမောင်းနေရင်း မတော်တဆမှုဖြစ်ခဲ့ပါတယ်
အဲဒီအချိန်မှာ သူက အချိန်နောက်ပြန် ခရီးသွားပြီး သူ့အဖေရဲ့ငယ်ဘဝကိုရောက်သွားပါတော့တယ်
လန်က အစက သူအဖေနဲ့အဆင်မပြေပါဘူး ဒါပေမယ့် သူ့အဖေငယ်ဘဝကိုပြန်ရောက်တဲ့အခါ
သားအဖ နှစ်ယောက်က သူငယ်ချင်းဖြစ်လာပါတော့တယ်
သားအဖနှစ်ယောက်ကြားကသံယောဇဉ်တွေအကြောင်းကို
ကြည့်ရမယ့် dramaကားကောင်းကောင်းလေးပဲဖြစ်လို့ ညွှန်းပေးလိုက်ရပါတယ်
Comedy, Drama, Fantasy
My Missing Valentine (2020)
****************************
ဒိတ်ပျောက်တယ် ဆိုတဲ့ စကားကို လူငယ်တွေ အရမ်းပြောလေ့ရှိပါတယ်
ဒါပေမယ့် တကယ် ဒိတ်ပျောက်သွားတဲ့လူတွေရှိပါ့မလား
ဒီဇာတ်လမ်းထဲက ကောင်မလေးကတော့ တကယ်ဒိတ်ပျောက်သွားခဲ့ပါတယ်
အရာရာကို မြန်မြန်ဆန်ဆန်လုပ်တတ်တဲ့ကောင်မလေးတစ်ယောက်
ခရာမတွတ်ခင် ပြေးတတ်တဲ့ သူများတွေထက် ရှေ့ကိုတစ်လှမ်းကြိုပြင်ဆင်တတ်သူလေးတစ်ယောက်ရှိသတဲ့။
ကမ္ဘာလောကကြီးနဲ့အဆက်သွယ်ပြတ်နေတဲ့သူတစ်ယောက်
အသက်ကလဲ ၃၀ နားကပ်နေပြီး အချစ်ရေးနဲ့ပါတ်သက်လို့ မူးလို့တောင်မရှုဖူးတဲ့သူမအနားကို
ခပ်ချောချောကောင်လေးတစ်ယောက်က ရောက်လာခဲ့ပါတယ်။
အဲ့ကောင်လေးနဲ့ ချစ်သူများနေ့မှာ အတူဖြတ်သန်းဖို့ စိတ်ကူးယဉ်
အပျော်တွေလွန်ပြီး အိပ်သွားခဲ့ပေမဲ့ နောက်တစ်နေ့ သူအိပ်ရာနိုးလာချိန်မှာတော့
သူ့ရဲ့ချစ်သူများနေ့ဟာ သူ့မှတ်ဉာဏ်ထဲကနေ ထူးဆန်းအံ့သြဖွယ်ရာ
ပျောက်ဆုံးနေခဲ့တာသိလိုက်ရပါတယ်။
သူ့ရဲ့ဘဝမှာ အပြောင်းလဲကြီးတစ်ခုလို့ဆိုရလောက်တဲ့နေ့တစ်နေ့ဟာ
ဘာလို့ပျောက်ဆုံးသွားရတာလဲ အဖြေရှာပါတော့တယ်။
ဘာကြောင့် နေ့ရက်တစ်ရက် ပျောက်ဆုံးသွားရတာလဲ
ပျောက်ဆုံးသွားတဲ့နေ့ရက်ကို ဘယ်လိုပြန်ရှာမလဲ
“ကိုယ့်ကိုယ်ချစ်ပါ တစ်နေရာမှာတော့
သင့်ကိုချစ်တဲ့သူတစ်ယောက်ရှိနေပါတယ်”
IMDb rating 7.4 ရရှိထားပြီး Golden Horse Film Festival တစ်ခုတည်းမှာတင်
Winner 5 ဆုရရှိပြီး Nomi 6 ဆု ၀င်ခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားလဲဖြစ်ပါတယ်။
Comedy, Drama, Mystery
ကျွန်တော်တို့ငယ်ငယ်တုန်းက လမ်းတစ်လမ်းဖောက်ဖို့ အဆောက်အဦပြောင်းဖို့
သင်္ချိုင်းရွေ့တယ်တို့ သင်္ချိုင်းပြောင်းတယ်တို့
ခဏခဏကြားဖူးကြတယ်မလား
ခွင့်တောင်းပြီးရွေ့ရတဲ့အခါ ကားထဲခေါ်တင်ပြီး
ပြောင်းရွေ့ပေးရတာတွေလေ
အခုလည်း ရှိချင်ရှိမှာပါ ဒါပေမယ့်ငယ်ငယ်တုန်းကတော့
ဒီလိုပြောင်းရွေ့မှုရဲ့ နောက်ဆက်တွဲဇာတ်လမ်းတွေကြားရတာနဲ့တင်
ကြက်သီးမွှေးညှင်းတွေ ထခဲ့ကြရတာပေါ့ဗျာ
ခေတ်ကာလတွေကူးပြောင်းလာတော့ ဒီခေတ်ကြီးထဲမယ်
သရဲတစ္ဆေတွေနဲ့ ပက်သက်ပြီး ကျွန်တော်တို့ငယ်ငယ်တုန်းကလောက်
အစွဲအလမ်းမရှိကြတော့တာကတော့ သေချာတယ်ဗျ
ဒါပေမယ့် သုသာန်မြေကိုတစ်ခုခုလုပ်ဖို့ဖယ်ရှားရတဲ့အချိန်မှာတော့
ရှေးဟောင်းအယူအဆတွေက မပစ်ပယ်ကောင်းပါဘူး
ရှေးထုံးလည်းမပယ်နဲ့ ဈေးသုံးလည်း မကြွယ်နဲ့ဆိုတဲ့ စကားတောင်ရှိသေးတယ်မို့လား
ဒီဇာတ်ကားက ကျွန်တော်အပေါ်ကပြောထားသလိုပဲ
သုသာန်မြေကိုမှ ခွင့်မတောင်းဘဲ
ပိုင်နက်ကျူးလွန်မိတဲ့အခါ ဖြစ်လာတဲ့နောက်ဆက်တွဲပြသနာပေါ့ဗျာ
ဇာတ်လမ်းက နည်းနည်းတော့ drama,thriller အမျိုးအစားဆိုပေမယ့် ဟာသဘက်လည်းနည်းနည်းရောက်တယ်ဗျ
ချစ်သူနှစ်ဦးအပြင် အကြောင်းကြောင်းကြောင့်
တစ်နေရာထဲလာဆုံကြရမယ့်လူတွေရဲ့
ကံကြမ္မာအလှည့်အပြောင်းကို ကြည့်ရမှာ
Tamil thriller ငတ်နေတဲ့သူတွေအဖို့တော့
သိပ်မဆိုးလှတဲ့ ဇာတ်ကားလို့ပြောပါရစေ
Horror, Thriller
Haymaker (2021)
=============
IMDb Rating – 4.0/10
ပြိုင်ပွဲတစ်ပွဲမှာရှုံးနိမ့်ပြီးတဲ့နောက်ပိုင်း အနားယူသွားခဲ့တဲ့မွေထိုင်းဖိုက်တာနစ်တစ်ယောက်
transgenderမလေး နော်မီကို စော်ကားဖို့လုပ်တဲ့လူကို ထိုးကြိတ်ဆုံးမခဲ့ရာကနေဇာတ်လမ်း
စတာပဲ။ အဲ့ဒီမှာပဲ နော်မီက နစ်ခ်ကိုကိုယ်ရံတော်အနေ နဲ့အလုပ်ခန့်လိုက်ပြီး သူ့ဖျော်ဖြေပွဲတွေ
နောက်ကိုခေါ်သွားတာပေါ့။ နော်မီကလည်းအဆိုတော်ဆိုပေမဲ့ စပွန်ဆာတွေနဲ့ အရက်သောက်လိုက်
စကားပြောလိုက်လုပ်ပြီး အဆိုတော်အဖြစ်နဲ့ရပ်တည်နေရတဲ့လူ…………နစ်ခ်ကျတော့ ပြိုင်ပွဲမှာ
ရှုံးပြီး နောက်ပိုင်း ကြိုးဝိုင်းထဲကိုပြန်ဝင်ဖို့မဝံ့ရဲတော့တဲ့လူ…………ဒီလိုလူနှစ်ယောက်ဆုံစည်းပြီးတဲ့
နောက်ပိုင်းမှာ ဘာတွေ ဖြစ်လာမှာလဲဆိုတော့ကိုတော့ စိတ်ဝင်တစားကြည့်ရှုရမှာပါ။
Action, Drama
Killer Shark (2021)
“ကိုယ်…မင်းကိုအရမ်းချစ်တယ်
ဒီလိုပြောပြီး ကျွန်မကို ကျောခိုင်းသွားခဲ့တဲ့ရှင့်ကို ကျွန်မမုန်းတယ်…..
ပင်လယ်ကြီးရေ..ရှင်ဟာ စိတ်ပျက်စရာကောင်းလွန်းလှသလို နှစ်သက်စရာလည်းကောင်းပါတယ်
လူကို အံ့ဩစေနိုင်တဲ့ အစွမ်းတွေရှိတဲ့ သဘာဝကြီးတစ်ခုပေါ့…
ဒါပေမဲ့…. ကျွန်မတော့ ရှင့်ကိုမုန်းပါတယ်”
ပရိသတ်ကြီးအတွက် ဒီတစ်ခါတော့ အချိန်တစ်နာရီလောက် မထတမ်းကြည့်လို့ကောင်းမယ့် ကားလေးနဲ့ မိတ်ဆက်ပေးပါမယ် ။ ပိုစတာကိုကြည့်တာနဲ့ သောင်းကျန်းတော့မယ့် ငါးမန်းမှန်း သိပြီးသားဖြစ်မှာပါ ။ ဒါပေမဲ့ ပရိသတ်ကြီးမသိသေးတာက ဒီကားလေးထဲမှာ သံယောဇဉ်တွေ ၊ လူတွေရဲ့စိတ်နေသဘောထားတွေ ပြီးတော့ အရမ်းမိုက်တဲ့ ကွန်ပျူတာအဖက် တွေပါဝင်နေတယ်ဆိုတာပါပဲ ။
လူငယ်လေးတစ်စု အားလပ်ရက်မှာ ပင်လယ်ဘက်ကို အပန်းဖြေခရီးထွက်လာကြပါတယ် ။ ဘာပြသာနာမှမရှိပေမယ့် အုပ်စုထဲက စုံတွဲတစ်တွဲရဲ့ အချစ်စမ်းမှုတွေကြောင့် စီးလာတဲ့ သင်္ဘောက ကျောက်ဆောင်နဲ့ တိုက်မိသွားပါတယ် ။ ဇာတ်လမ်းက အဲ့ကစတာပေါ့နော် ။
ပင်လယ်ပြင်ကြီးထဲမှာ ကယ်မယ့်သူမရှိတုန်း တစ်ခုတည်းသော လုပ်စရာရှိတာက ကျွန်းငယ်လေးတစ်ခုဆီ လက်ပစ်ကူးသွားဖို့ပါ ။ အဲ့တော့ ဒီသူငယ်ချင်းတစ်သိုက် ကျွန်းငယ်လေးဆီရောက်အောင်ကူးနိုင်ပြီး ဘယ်နှစ်ယောက်များ ဇာတ်လမ်းအဆုံးမှာ အသက်ရှင်ကျန်မလဲ ကြည့်လိုက်ရအောင်နော်။
Asian, Thriller
Baby Done (2020)
==============
IMDb Rating – 6.2/10
ဘဝမှာ မိဘတစ်ယောက်ဖြစ်ဖို့ စိတ်ရောကိုယ်ပါ အစအစအရာရာ ပြင်ဆင်ကြရပါတယ်။
ဒီကားမှာတော့ ဇိုဝီဆိုတဲ့ကောင်မလေးက သူ့ကောင်လေး တင်မ်နဲ့ မထင်မှတ်ဘဲ ကိုယ်ဝန်
ရသွားပါတော့တယ်။ လွတ်လွတ်လပ်လပ်နဲ့ ဘဝကို စွန့်စွန့်စားစား ဖြတ်သန်းရတာကိ ကြိုက်တဲ့
သစ်ပင်တက်သမား ဇိုဝီတစ်ယောက်အဖို့ မထင်မှတ်ဘဲ ကိုယ်ဝန်ရသွားတာသိလိုက်ရတဲ့အချိန်
အကြီးအကျယ်ကို ရှော့ခ်ရသွားပါတော့တယ်။ ဇိုဝီကောင်လေး တင်မ်ကတော့ ကိုယ်ဝန်ရှိတာ
သိသွားတဲ့ အချိန်ကစပြီး ဖခင်ကောင်းတစ်ယောက်ဖြစ်ဖို့နဲ့ ဇိုဝီကို ဂရုစိုက်ဖို့အတွက် အစွန်းကုန်
ကြိုးစားပါတော့တယ်။ ဇိုဝီရဲ့ ဆန္ဒအရ သူတို့နှစ်ယောက်က ကလေးမမွေးခင်မှာ လုပ်ချင်တဲ့အရာ
တွေကို စပြီးချရေးပါတော့တယ်……သူတို့ကလေးမမွေးခင် သူတို့ဆန္ဒတွေ ပြီးမြောက်သွားမလား၊
မထင်မှတ်ဘဲ ကိုယ်ဝန်ရသွားတဲ့ ဇိုဝီတစ်ယောက် ဘယ်လိုကလေးမွေးဖို့ ရင်ဆိုင်မလဲဆိုတာကို
comedy ဆန်ဆန် ကြည့်ရှူရမှာဖြစ်ပါတယ်။
Comedy
ဒီဇာတ်ကားကတော့ Netflixကအသစ်ထွက်ရှိလာတဲ့ ဇာတ်ကားကောင်းလေးပါ
ပီလီနဲ့လိုအန်နီဆိုတဲ့ မောင်နှမနှစ်ယောက်က ဟာဝိုင်ရီမှာမွေးပေးမယ့်လည်း
နယူးယော့ခ်ကိုငယ်ငယ်ကတည်းက ပြောင်းခဲ့ရပြီး
သူတို့အဘိုးနေမကောင်းလို့ ဟာဝိုင်ရီကိုပြန်လာခဲ့ရပါတယ်
ပီလီကတော့ ရတနာသိုက်ရှာဖွေရေးဂိမ်းတွေကိုအရမ်းကြိုက်တာပါ
တစ်နေ့ သူ့အဘိုးရဲ့စာအုပ်တစ်အုပ်တွေ့ခဲ့ပြီး ဟာဝိုင်ရီကိုရောက်လာခဲ့တဲ့ ပင်လယ်ဓားပြတွေ
ရတနာတွေဝှက်ထားခဲ့ကြကြောင်းသိခဲ့ပါတယ် သူ့အဘိုးကလည်း ငွေရေးကြေးရေးပြဿနာတွေကြုံနေရလို့
သူတို့အမေက နယူးယော့ခ်ကအိမ်ကိုရောင်းပြီး ဟာဝိုင်ရီကိုပြောင်းလာမယ်လုပ်ပါတော့တယ်
အဲဒီအချိန်မှာ ပီလီက ပြဿနာတွေပြေလည်အောင်လုပ်ဖို့အတွက် ရတနာသိုက်ရှာမယ်လုပ်ပါတော့တယ်
အဲ့ဒီမှာ ရတနာသိုက်ရှာဖွေရေးထဲကို သူ့အစ်ကိုပါ ပါလာပါတော့တယ်
ရတနာသိုက်ကိုသူတို့ဘယ်လိုရှာဖွေကြမလဲဆိုတာကတာ့ ကြည့်ရူလိုက်ကြပါတော့နော်
Action, Adventure, Comedy
နာမည်ကြီးမင်းသား Denzel Washington , Rami Malek , jared letoတို့ရဲ့ကားသစ်လေးတင်ဆက်ပေးလိုက်ပါတယ်
လောကမှာ အိန်ဂျယ်လို့ခေါ်လို့ရတဲ့ အပြစ်ကင်းတဲ့လူတွေရော ရှိသေးရဲ့လား။
အမှန်တရားအတွက် ရာဇဝတ်သားတွေကို ဖမ်းဆီးမယ်လို့ကြွေးကြော်ထားတဲ့ ရဲတွေကရော
တကယ်ဘဲ အပြစ်ကင်းတဲ့လူတွေဟုတ်ကြရဲ့လား။
The Little Thingsဇာတ်ကားမှာတော့ ရဲအရာရှိ Joe Deaconက သူတို့မြို့က မိန်းကလေးတွေကို
သတ်တဲ့ ကွင်းဆက်လူသတ်မှုကို ဖော်ထုတ်ဖို့ ကြိုးပမ်းခဲ့သူပါ။
လက်ရှိမှာတော့ဒီအမှုကို တာဝန်ယူထားသူကတော့ စုံထောက် Jim Baxterဖြစ်တယ်။
အစပိုင်းမှာ သူတို့နှစ်ယောက်ကြား အဆင်မပြေမှုတွေရှိခဲ့ပေမဲ့ Joeနဲ့ Jimmyတို့နှစ်ယောက် ဒီကွင်းဆက်လူသတ်မှုကို
ရှာဖွေဖို့အတွက် အတူပူးပေါင်းခဲ့ကြတယ်။Jimmyအတွက်ကတော့ ဒီအမှုကသူတာဝန်ယူထားရတဲ့ အမှုအဖြစ်ပေမဲ့ Joeတစ်ယောက်
ဒီအမှုကိုလိုက်နေတဲ့အကြောင်းအရင်းကတော့ လွန်ခဲ့တဲ့၅နှစ်က သူဖုံးကွယ်ထားတဲ့ ရွံ့စရာအတိတ်နဲ့ပတ်သတ်နေလို့ဘဲဖြစ်ပါတယ်။
သက်သေလဲမရှိ သဲလွန်စလဲမရှိတဲ့ ဒီကွင်းဆက်လူသတ်မှုကို Joeနဲ့Jimတို့ဘယ်လိုဖော်ထုတ်ကြမလဲ။
Joeဖုံးကွယ်ထားချင်တဲ့ အတိတ်ကရောဘာလဲဆိုတာ ကြည့်ရှုကြပါအုံး။
ဒီဇာတ်ကားမှာ မင်းသား Denzel Washingtonက Joeအဖြစ်သရုပ်ဆောင်ထားပြီး မင်းသား Rami Malekကတော့ စုံထောက် Jimအဖြစ်သရုပ်ဆောင်ထားပါတယ်။
Crime, Drama, Thriller
Echo Boomers (2020)
=================
IMDb Rating – 6.1/10
ဒီဇာတ်လမ်းလေးက လူငယ်လေးတွေအကြောင်း အထူးသဖြင့်(၁၉၈၁)ကနေ(၁၉၉၆)ကြားမွေးဖွားခဲ့တဲ့
Generation Y ဒါမှမဟုတ် Millennials တွေအကြောင်းကို ဦးတည်ရိုက်ထားတဲ့ကားလေးပဲဖြစ်ပါတယ်။
ကြိုးစားရိုးသားပြီး ကိုယ်ပိုင်အရည်အချင်းနဲ့တရားဝင်အလုပ်ကိုလုပ်ချင်ခဲ့ပေမဲ့ စီးပွားရေးစနစ်ဆိုးကြောင့်
အလုပ်လက်မဲ့ဖြစ် နေခဲ့ရတဲ့ ကောလိပ်ကျောင်းသားတစ်စု၊ ချမ်းသာတဲ့လူလက်တစ်ဆုပ်ကပဲထပ်ပြီးချမ်းသာ
နေတဲ့စနစ်ဆိုးကြောင့် သူတို့နေချင်ခဲ့တဲ့ဘဝကိုနေချင်ခဲ့တဲ့ပုံစံအတိုင်းမနေခဲ့ရတဲ့လူငယ်တစ်စု၊ ချီကာဂိုက
အချမ်းသာဆုံးဆိုတဲ့လူတွေရဲ့အိမ်ကိုဝင် ပြီးပစ္စည်းတွေကိုခိုးယူပြီးတော့ နေချင်ခဲ့တဲ့ဘဝကိုဖန်တီးလာခဲ့တဲ့
အခါမှာတော့……..
ဒီဇာတ်ကားလေးထဲကအကြောင်းအရာ တွေက လူငယ်တွေရဲ့ခံစားချက် လူငယ်တွေရဲ့ဘဝကိုဖွင့်ဟပြနေတဲ့
ဇာတ်ကားတစ်ကားဖြစ်လို့ ထုံးစံအတိုင်းလေးပဲကိုယ်တိုင် ကြည့်ရှုခံစားဝေဖန်ကြည့်ကြပါအုံးလို့……….
Action, Crime, Drama