500) Days of Summer ဆိုတဲ့ ရုပ်ရှင်ကားဟာ ပရိသတ်တော်တော်များများ သိပြီးသားဖြစ်တဲ့ 2009 ခုနှစ်ရဲ့Sleeper Hit Movie ဖြစ်လာတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ ကျွန်တော်တို့လို အသည်းကွဲခဲ့ဖူးတဲ့ ယောင်္ကျားလေးတွေအတွက်တော့ ဒီဇာတ်ကားလေးဟာ ခံစားချက်တွေ တိုက်ဆိုင်နိူင်ပြီး ခံစားမှုအပြည့်ကို ပေးနိူင်ပါတယ်။ ကျွန်တောိ ဒီဇာတ်ကားကိုကြည့်ပြီး မငိုခဲ့ပါဘူး။ ဒါပေမဲ့ တော်တော်ခံစားခဲ့ရပါတယ်။ ခံစားချက်မျိုးစုံ နဲ့ခံစားခဲ့ရတာကြောင့် ဘာကြောင့် ခံစားခဲ့ရတာလဲ ဆိုတာတောင် မသိခဲ့ရပါဘူး။ဘာကြောင့် ကျွန်တော် ထိုရုပ်ရှင်ကို အရမ်းနှစ်သက်ရပါသလဲ?
ကျွန်တော် စောစောက ပြောခဲ့သလိုပဲ။ အချစ်ကားတွေသည် အမျိုးသမီးတွေအကြိုက်ဖြစ်အောင် အမျိုးသမီးတွေရဲ့အမြင်တွေဘက်ကပဲ ရိုက်ပြခဲ့ကြသည်။ ကျွန်တော်တို့လို အမျိူးသားတွေ ဘက်ကကြတော့ ဘာကြောင့် မတင်ပြခဲ့ကြတာလည်း။ ဒါမေးခွန်းကို တော်လှန်ခဲ့တဲ့ သာမာန်အချစ်ကားတွေရဲ့ရေးစီးကြောင်းကို တော်လှန်ခဲ့တဲ့ တစ်ကားတည်းသော ကျွန်တော်ကြည့်ဖူးသော အချစ်ရုပ်ရှင်သည် (500) Days of Summer ပင်ဖြစ်သည်။ ထိုအချက်သည် ထိုရုပ်ရှင်ကို နှစ်သက်မိတဲ့ ပထမဆုံးသော အချက်ပင်ဖြစ်သည်။ မိန်းကလေးတွေသည် အချစ်ကို စိတ်ကူးပိုယဉ်တတ်ကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ယောင်္ကျားလေးတွေက အချစ်ကို ပိုခံစားတတ်ကြပါတယ်။ထိုရုပ်ရှင်ထဲက Tom ဆိုသော လူငယ်လေးရဲ့ ဇာတ်ကောင်ကို ကျွန်တော်ကြည့်နေရင်း ကျွန်တော့်ကိုယ် ကျွန်တော် ပြန်မြင်ယောင်လာမိတယ်။ ကျွန်တော့်ဘဝရဲ့အဖြစ်အပျက်တစ်ခုကို ကျွန်တော်ပြန်မြင်ယောင် လာမိတယ်။ ကျွန်တော် Summer ဆိုသော မိန်းကလေးတစ်ယောက်နှင့် ဘဝတွင် တွေ့ဆုံခဲ့ဖူးပါတယ်။ ဒါဆိုရင် ခံစားချက်ခြင်း တူညီတယ်ဆိုသော ခေါင်းစဉ်နဲ့ဒီရုပ်ရှင်နှစ်သက်မိတဲ့ ဒုတိယ အချက်ပင်ဖြစ်ပါတယ်။တတိယ အချက်ကို ပြောကြည့်ရအောင်။ ဒီကားသည် သာမာန်ရုပ်ရှင်တွေလို တင်ဆက်ထားခြင်းမဟုတ်။ 99% သော အချစ်ကားတိုင်းသည် Timeline ကို Linear Style ဖြင့် တင်ပြလေ့ရှိသည်။ ဘာကြောင့်လဲ? တင်ပြရတာ လွယ်ကူတာကိုး။ ဒါပေမဲ့ (500) Days of Summer ကတော့ ဇာတ်ကြောင်းပြောပြချက်ကို Non-Linear Storytelling Style ဖြင့် တင်ပြထားတယ်။ ဒီအချက်က ပေါ့ပျက်ပျက်ကြည့်ရင် ရုပ်ရှင်ကို ရှုပ်ထွေးသွားစေပေမဲ့ သေသေချာချာ စိတ်ဝင်စားစွာ ကြည့်ပါက ရုပ်ရှင် ဇာတ်ကြောင်းကို ပိုမိုလွယ်ကူစွာ နားလည်စေခဲ့တယ်။ ဇာတ်ညွှန်းသည် အလွန်ကို Smart ဖြစ်လွန်းသော ဇာတ်ညွှန်း။ ကျွန်တော် အကြိုက်ဆုံး ဇာတ်ညွှန်း။ ဘာကြောင့် non-linear နဲ့တင်ပြခဲ့သလဲလို့ဆိုရင် အတိတ်နဲ့ပစ္စပ္ပန် ကို ယှဉ်ပြချင်တဲ့ သဘော။ ဟိုး တစ်ချိန်က ဒီလို ဖြစ်ခဲ့ပေမဲ့ ယခုအခါ ထိုကဲ့သို့သော မဟုတ်။ ပြောင်းလဲတတ်တဲ့ လူသားတွေရဲ့ဖြစ်စဉ်တွေကို မြင်သာစေခဲ့တယ်။ ထို့အပြင် ထို Timeline နှစ်ခု အမြဲ ယှဉ်ပြချက်များသည် Tom ရဲ့ခံစားချက်တွေကို ကျွန်တော်တို့ပို၍ မြင်သာစေခဲ့တယ်။ ဒါက တတိယ အချက်။နောက်တစ်ချက်က ဇာတ်ကောင်များ။ ဇာတ်ရံများကို ကျွန်တော် မပြောလို။ ဒါပေမဲ့ Tom နဲ့Summer တို့အကြောင်းကို တော့ ကျွန်တော် ပြောချင်ပါတယ်။ ပြောရမယ်ဆိုရင် ဇာတ်လမ်းကို ပြောင်းလဲပစ်စေခဲ့တဲ့ Character Developments တွေ တွေ့ခဲ့ရတယ်။ ဒီအချက်တွေကပဲ ရုပ်ရှင်ရဲ့ပင်မပဲဖြစ်တယ်။ Summer သည် အချစ်ကို မယုံကြည်ခဲ့သူ။ အချစ်ဆိုတာ လက်တွေ့လောကတွင် မရှိ။ စိတ်ကူးယဉ် Fantasy သက်သက်ပဲဟု ငယ်ရွယ်စဉ်က အိမ်ထောင်ရေး အဆင်မပြေဖြစ်ခဲ့သော သူမရဲ့မိဘနှစ်ပါးကို ကြည့်ပြီး အချစ်ကိုထိုကဲ့သို့သတ်မှတ်ခဲ့သူ။ Tom ကတော့ သူမနှင့် ဆန့်ကျင်ဘက်။ ငယ်ရွယ်စဉ် ကလေးဘဝတုန်းက British Pop Songs တွေနဲ့ရုပ်ရှင်တွေကို ကြည့်ပြီး အချစ်စစ်ဆိုသော အရာကို ယုံကြည်သူတစ်ဦး။ ဒါပေမဲ့ လောကမှာ သိတဲ့အတိုင်း အရာအားလုံးဟာ ပြောင်းလဲတတ်တဲ့ သဘောသဘာဝရှိသည့် အားလျော်စွာ သူတို့နှစ်ယောက်ရဲ့ဇာတ်ကောင်စရိုက် ပြောင်းလဲမှုသည် ဇာတ်လမ်းကို ပို၍ အားသာစေခဲ့ပြန်သည်။ Summer ကို ကျွန်တော် မမုန်း။ သူမသည် လက်တွေ့ဆန်သော မိန်းကလေးတစ်ဦး။ သူမသည် အေးစက်သော နှလုံးသား ပိုင်ရှင် မိန်းကလေးတစ်ဦးဖြစ်ခဲ့ပေမဲ့ သူမသည် Tom ကို ဘယ်တုန်းကမှ လိမ်လည်လှည့်ဖြားခဲ့သောသူ မဟုတ်ခဲ့။ ရိုးသားသော သူတစ်ယောက် ဖြစ်ခဲ့သည်။ Tom ကိုလည်း ကျွန်တော်မမုန်း။ သူသည် ကျွန်တော့်ရဲ့ဆင်တူ Fictional Character တစ်ဦး။ ဒါသည် စတုတ္ထအချက်။ပဉ္စမအချက်ကို ပြောရမည်ဆိုရင် ဇာတ်လမ်းမှာ သူတို့ပြောသွားကြတဲ့ စကားတွေ။ အပြင်လောက နဲ့အရမ်းကို စက်နွယ်နေသော အကြောင်းအရာ ဖြစ်ရပ်မှန်တွေကို လှပ၍ ထိမိသော စကားလုံးများဖြင့် တန်ဆာဆင်ကာ ပြောဆိုသွားခဲ့ကြသည်။ ထိုစကားလုံးတွေနှင့်ပဲ ကျွန်တော်ရယ်မောခဲ့ရသည်။ ထိုစကားလုံးတွေနဲ့ပဲ ကျွန်တော် တစ်ကိုယ်တည်း သဘောတူ၍ ခေါင်းတွေ ငြိမ့်ခဲ့ရသည်။ ထို့အပြင် ထိုစကားလုံးတွေနဲ့ပဲ တစ်ကိုယ်တည်း ငိုကြွေးခဲ့ရသည်။ဥပမာ… “Some people are meant to fall in love with each other, but not meant to be together.” ဆိုတဲ့ စာသားလေးသည် ရင်ကို ခွဲကာ နှလုံးသားကို ဆောက်နဲ့ထွင်းခံရသလို့အောင့်သက်သက်ဖြစ်သေခဲ့တယ်။“I need to know that you’re not gonna wake up in the morning and feel differently.” ဒါကိုလည်း စဉ်းစားကြည့်မယ်ဆိုရင် သူ့ကို အချစ်စစ်နဲ့မချစ်ဘူးဆိုတာကို သိတဲ့ Tom က သိသိရက်နဲ့မသေချာတတ်တဲ့ အနာဂတ်နဲ့ပြောင်းလဲတတ်တဲ့ လူသားတွေရဲ့စရိုက်ကို သိသောကြောင့် သေချာအောင် မေးခဲ့တဲ့ အမေးလေး တစ်ခု။“Either she’s an evil, emotionless, miserable human being, or she’s a robot.” မည်မျျလောက် အသည်းကွဲကာ နာကျည်းနေသလဲဆိုတဲ့ ခံစားချက်တွေ။“Do you ever do this, you think back on all the times you’ve had with someone and you just replay it in your head over and over again and you look for those first signs of trouble?” ဒီစကားလေးကတော့ Relationship တစ်ခုမှ ရှိနေတဲ့ ယောင်္ကျားလေးတိုင်းရဲ့ စဉ်ဆက်မပြတ် မေးမြန်းနေတဲ့ မေးခွန်းလေးတစ်ခု။ မိမိနဲ့ပတ်သက်ပြီး တစ်ဘက်လူရဲ့ပြောင်းလဲလာတဲ့ ဆက်ဆံမှုတွေကို ကြုံတွေ့လာရတဲ့ အခါ ကျွန်တော်တို့တွေ အမြဲ ထိုကဲ့သို့လုပ်လေ့ရှိတတ်ကြပါတယ်။” Just because she likes the same bizzaro crap you do doesn’t mean she’s your soul mate.” ဒီစကားကို Tom ရဲ့ half younger sister က Tom ကို အမှန်တရားကို မြင်စေတဲ့ ရုတ်တရက် ပြောလိုက်တဲ့ စကား။ အရမ်းမှန်တယ်။ ကျွန်တော်တို့တွေ ငယ်စဉ်က ” ဟာ.. ဒီကောင်မလေးနဲ့ငါနဲ့အရာအားလုံးနီးပါး အကြိုက်ချင်းတူတယ်။ ငါတို့တွေ တစ်နေ့မှာ ရည်းစားဖြစ်ကြလိမ့်မယ်ဆိုပြီး ကိုယ့်ရဲ့Crush နဲ့ ကိုယ် အကြိုက်ချင်းတူရင် တွေးမိတဲ့ စိတ်ကူးလေးတွေပါ။ တစ်ကယ်တော့ ထိုအရာဟာ ဟာသပျက်လုံးတစ်ခုသာသာပါပဲ။“I don’t want to get over her. I want to get her back.” Tom ရဲ့ မောျ်လင့်ချက်နဲ့ရှင်သန်ပုံကို သူ့ရဲ့စကားတွေကနေပြီး ကျွန်တော်တို့ဝိုင်းခံစားပေးခဲ့ကြတယ်။ တစ်ခါတစ်ရံ ကျွန်တော်တို့ချစ်သူတွေနဲ့ပြတ်စဲသွားပြီးကြတဲ့အခါ ယောင်္ကျားလေး အများစုဟာ ထို မိန်းကလေးတွေကို တော်ရုံနဲ့မမေ့နိုင်ကြပါဘူး။ ဝေးကွာသွားမှ ပို၍ တမ်းတလာတတ် ကြ ပါတယ်။ ဒါကြောင့် ထိုမိန်းကလေးတွေကို ပြန်လည် ရရှိအောင် ကြိုးစားတတ်ကြပြန်ပါတယ်။“Look, I know you think she was the one, but I don’t. Now, I think you’re just remembering the good stuff. Next time you look back, I, uh, I really think you should look again.” ဒီစကားလေးကိုလည်း ထိုကလေးမလေးက Tom ကို အားပေးတဲ့ စကားပြောခဲ့တာပါပဲ။ ကျွန်တော် အကြိုက်ဆုံးစကားတွေမှာ ဒီစကားလေး ပါဝင်နေတယ်။ တစ်ခါတစ်ရံ ကျွန်တော်တို့မိမိကို ထားသွားတဲ့ ချစ်သူတွေကို တမ်းတနေမိတဲ့အခါ သူတို့ရဲ့ကောင်းကွက်တွေကိုပဲ ရွေးပြီးစဉ်းစားမိနေလု့ိ ကျွန်တော်တို့လူသားတွေ ခံစားနေ အသည်းကွဲနေရတာပါ။ တစ်ကယ်လို့သာ ဖြစ်ရပ်တွေ အကုန်လုံးသာ ကျွန်တော်တို့ပြန်မြင်ယောင် စဉ်းစားခြင်းဟာ ထိုထားသွားတဲ့ လူတွေကို မေ့ပျောက်နိုင်ဆုံး ဖြေဆေးတစ်ခုပါပဲ။“Robin is better than the girl of my dreams. She’s real.” ဒီစကားသည် မှန်သလားဆိုရင် အရမ်းမှန်တယ်။ မိမိစိတ်ကူးထဲက ဖြစ်ချင်တဲ့ မိန်းကလေးတွေထက် မိမိနဲ့ယခုချစ်သူဖြစ်နေတဲ့ မိန်းကလေးက ပို၍ သာပါတယ်။ ဟုတ်တယ်လေ။ သူမက စိတ်ကူးထဲက မဟုတ်ပဲ ပြင်ပလောကမှာ ရှိနေသည့်အတွက်။ တွေးကြည့်လေ နားလည်လာစေပဲ။“I love us.” ဒီစာသားလေးက မိမိကိုယ်ကို ချစ်ခြင်းလည်း မဟုတ်။ မိမိရဲ့ကောင်မလေးကိုချစ်ခြင်းလည်း မဟုတ်။ မိမိတို့နှစ်ဦးအတူတကွ ရှိနေခြင်း မိမိတို့နှစ်ယောက်ရဲ့အချစ်ကို ချစ်မြတ်နိုးခြင်းဆိုတာကို အရိုးရှင်းဆုံးနဲ့အလှပဆုံး အဓိပ္ပာယ် ဖွင့်ဆိုခဲ့တယ်။“So, what if I’d gone to the movies? What if I had gone somewhere else for lunch? What if I’d gotten there 10 minutes later? It was – it was meant to be. And… I just kept thinking… Tom was right.” အချစ်ဆိုတာ ဖူးစာဆိုတာ ရှိတယ်ဆိုတဲ့ စကားကို ပြောကြားသွားခဲ့တဲ့ Summer ရဲ့ပြောင်းလဲသွားခဲ့တဲ့ အမြင်ကို သူမ ပြောကြားသွားခဲ့တဲ့ စကားလေးတစ်ခွန်း။” Most days of the year are unremarkable. They begin, and they end, with no lasting memories made in between. Most days have no impact on the course of a life. May 23rd was a Wednesday.”
“Tom walked to her apartment, intoxicated by the promise of the evening. He believed that this time his expectations would align with reality…”“There’s only two kinds of people in the world. There’s women, and there’s men. Summer Finn was a woman.”“If Tom had learned anything… it was that you can’t ascribe great cosmic significance to a simple earthly event. Coincidence, that’s all anything ever is, nothing more than coincidence… Tom had finally learned, there are no miracles. There’s no such thing as fate, nothing is meant to be. He knew, he was sure of it now.”ဒါတွေက Narrator ဆိုသော ဇာတ်ကြောင်းပြောသူရဲ့စာသားတွေ။ အရမ်းလှပြီး အရမ်းလည်း ကြိုက်တဲ့ စာသားတွေ။“People change, feelings change, it doesn’t mean that the love once shared wasn’t true and real. It simply means that sometimes, when people grow, they grow apart.” ခံစားတတ်သူတွေအတွက် မျက်ရည်လွယ်စေတဲ့ စာသားလေးတစ်ခု။ ဒီရုပ်ရှင်ဟာ အရမ်းကို သဘာဝကျပြီး အရမ်းကို မှန်လွန်းတဲ့ ရုပ်ရှင်တစ်ခု။“I just woke up one day, and I knew. What I was never sure of with you.” ဒီစကားလေးက Summer က Tom ကို နောက်ဆုံးတွေ့ကြတဲ့ အချိန်မှာ သူမကိုယ်တိုင်လည်း အဖြစ်မှန်ကို နားလည်သွားစေခဲ့တဲ့ စကား။ Tom ကိုလည်း အမှန်တရားကို သိသွားစေခဲ့တဲ့ စကား။ သူမဘာကို ပြောတယ်ဆိုတာ ကြည့်ဖူးသူတိုင်းသိကြပါတယ်။ ဒီအခန်းလေးမှာ သူမ ဒီစကားကို ပြောထွက်သွားတဲ့ အချိန်မှာ မျက်နှာတစ်ဘက်ကို လွှဲပြီး မျက်လုံးအိမ်မှ မျက်ရည်တွေ ဝဲသွားတဲ့ Tom လိုပဲ ကျွန်တော်လည်း မျက်ရည်တွေ ဝဲခဲ့ရပါတယ်။ ပြောင်းလဲသွားခဲ့သော Summer သည် နောက်ဆုံးဇာတ်သိမ်းအထိ Tom အပေါ်ခံစားချက်ကို မပြောင်းလဲသွားခဲ့ပေ။ဆဌမ အချက်ကိုပြောရမယ်ဆိုရင် Expectation နဲ့Reality ကို ယှဉ်ပြသွားတဲ့ scene လေး။ အရမ်းကို ထိမိပြီး အရမ်းကို ယုတ္တိဆန်ပြီး အလွန် ခံစားစေတဲ့ scene လေး။ ရုပ်ရှင်သမိုင်းမှာ ဘယ်တော့မှ မေ့ပျောက်မရတဲ့ scene လေးတစ်ခု။ လူတိုင်းဟာ အရာတစ်ခု လုပ်တော့မယ်ဆိုရင် မျှော်လင့်ချက်ကလေးတွေ ရှိတတ်ကြပါတယ်။ ရည်မှန်းချက်မဟုတ်ပါဘူး။ ရည်မှန်းချက်က အလုပ်တစ်ခုကို မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုတဲ့အရာ။ ဒါပေမဲ့ နေ့စဉ်ကြုံတွေ့နေရတဲ့ ကိစ္စလေးတွေမှာတော့ ကျွန်တော်တို့လူသားတွေက မျှော်လင့်ချက်ကလေးတွေနဲ့ရှင်သန်တတ်ကြတယ်။ ဒါကို ဒီရုပ်ရှင်က ပြသသွားခဲ့တယ်။ ဒါပေမဲ့ မျှော်လင့်ချက်ကလေးတွေတိုင်းဟာ လက်တွေ့ဘဝတွေမှာ တစ်ခါတစ်ရံ ကွဲပြားသွားတတ်ကြတယ်ဆိုတာ ဒီကားမှာ ပြထားတဲ့ scene လေးက အရမ်းကို ဝမ်းနည်းစရာ ကောင်းလှပါတယ်။သတ္တမ နှစ်သက်မိတဲ့ အချက်ကတော့ နောက်ခံ Soundtracks တွေ။ တစ်ကားလုံးကို Soundtracks ကောင်းကောင်းတွေနဲ့တင်ဆက်ထားတဲ့ ရုပ်ရှင်တွေကို မှတ်မိသလောက် ပြောရမယ်ဆိုရင် ဒီ (500) Days of Summer ရယ် The Boat that Rocked aka. Pirate Radio ရယ် Forrest Gump လောက်ရယ်ပဲ မှတ်မိတယ်။ Soundtracks တွေကို အရမ်းကြိုက်လို့Soundtracks အခွေကို ဝယ်ပြီး နားထောင်လာတယ်။ The Smiths, Regina Spektor, The Temper Trap, Simon & Garfunkel နဲ Carla Bruni တို့ဟာ ကျွန်တော့်ရဲ့Favorite အဆိုတော်တွေ စာရင်းထဲကို ဝင်မှန်းမသိ ဝင်ရောက်လာမိကြတယ်။ ထို့အပြင် The Graduate ရုပ်ရှင်ကို မကြည့်ရသေးတဲ့ ကျွန်တော့်ကို ထိုရုပ်ရှင်နဲ့မိတ်ဆက်ပေးကာ မဖြစ်မနေ ရှာကြည့်စေခဲ့တဲ့ အထိပါ။အဠမအချက် နှစ်သက်မိတဲ့ အချက်ကတော့ Locations ရွေးချယ်တဲ့ သူတွေပဲ တော်တာလား? Cinematographer ကပဲ တော်တာလား? Director ကပဲ တော်တာလားတော့ မသိပါ။ Downtown Los Angles ကို လှအောင် ရိုက်ကူးနိုင်ခဲ့ကြပြန်ပါသေးတယ်။ အခန်းတိုင်း အခန်းတိုင်းသည် လှပသေသပ်ကာ စကားလုံးများဖြင့် မဖော်ပြနိုင်လောက်အောင် အမြင်ဆန်းသစ်နေလွန်းသည်။နဝမ အချက်ကတော့ ဒီရုပ်ရှင်ကို ထပ်ခါထပ်ခါ သေသေချာချာ ကြည့်လာရင် သတိထားမိမှာကတော့ scenes တော်တော်များများမှာ Director သုံးထားသော အရောင်သည် အပြာရောင်များလွန်းသည်။ Wardrobe တွေမှာ ပိုများပါတယ်။ ပြချင်တာကတော့ ထိုအရောင်က Summer ရဲ့မျက်လုံးအရောင် အပြာရောင်ကို ဆက်စပ်စေနေတာဖြစ်ပြီး သဘောကတော့ Tom ရဲ့သူမအပေါ်ထားရှိတဲ့ ခံစားချက်တွေကို ကြည့်ရှုသူ ပရိသတ်တွေ နားလည်စေချင်တဲ့သဘောပါ။ Tom ရဲ့နေရာမှာ ဝင်ပြီး မသိမသာ ခံစားလာစေတဲ့ သဘောပါပဲ။နောက်ဆုံး ဒသမ အချက်ကတော့ ဒီဇာတ်ကားသည် အချစ်ဇာတ်လမ်းတစ်ခုမဟုတ်ပါဘူး။ အချစ် အကြောင်း ဇာတ်လမ်းတစ်ခုပဲဖြစ်တယ်ဆိုတဲ့ “This is not a love story, this is a story about love.” ဆိုတဲ့ ရုပ်ရှင် Poster မှာဖော်ပြထားတဲ့ စာတန်းကလေးကိုပဲ။ လေးလေးနက်နက်တွေးတော ကြည့်ရင် ဘာကို ဆိုလိုချင်သလဲဆိုတာ နားလည်လာပါလိမ့်မယ်။Director Marc Webb ရဲ့ပထမဆုံး Director အဖြစ်ပွဲဦးထွက် ဇာတ်ကားလေးဖြစ်ပြီး ကျွန် တော့်အမြင်မှာ ထို Director ရော မင်းသား Joseph Gordon-Levitt ရော မင်းသမီးဖြစ်သူ Zooey Deschanel တို့ရဲ့အကောင်းဆုံးဇာတ်ကားလေး ပဲဖြစ်ပါတယ်။ Rotten Tomatoes မှာလည်း 86% တောင် ရရှိခဲ့ပါတယ်။ထိုအချက်တွေကြောင့် (500) Days of Summer သည် ကျွန်တော့်ရဲ့Personally အရ အနှစ်သက်ဆုံး Romantic Comedy ဇာတ်ကားလေးတစ်ကားဖြစ်လာပါတော့တယ်။
IMDb rating : : 7.6ဒီတစ်ခေါက် ပရိတ်သတ်ကြီးကိုအိန္ဒိယနိုင်ငံရဲ့ အကျော်အမော် သရုပ်ဆောင်ကြီး အမီတာဘဂျမ်းရဲ့ အသစ်စက်စက် ရုပ်ရှင်ကားကြီး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ. . .ဒီကားရဲ့ ထူးခြားချက်ကလေးတွေကို အရင်ဆုံး ကောက်နှုတ်ဖော်ပြပေးပါရစေဇာတ်လမ်းထဲက အမီတာဘဂျမ်းရဲ့ အသက်က 102 နှစ်ရီရှီးကပူးရ်ရဲ့ အသက်က 75 နှစ်27 နှစ် ကွာခြားပာတယ်
တကယ့်အပြင်မှာတော့ မင်းသားကြီး ရီရှီးကပူးရ်က အမီတာဘဂျမ်းထက် ၇ နှစ်သာ ငယ်ပါသတဲ့ဒီအချက်ကိုတော့ မင်းသားကြီး အမီတာဘဂျမ်းနဲ့ ရီရှီးကပူးရ်တို့ Ajooba 1991 ဆိုတဲ့ ဇာတ်ကားရဲ့ နောက် နှစ်ပောင်း ၂၇ နှစ်ကြာမှရုပ်ရှင်ဖန်သားပြင်မှာ အတူတကွ တွဲဖက်ပြီး ပြန်လည်သရုပ်ဆောင်တဲ့အမှတ်အသားတစ်ခုအဖြစ် ထည့်သွင်းထားတာ ဖြစ်ပါတယ်
တိုက်ဆိုင်စွာပဲ ဒီကားရိုက်ကူးစဉ်မှာမင်းသားကြီး အမီတာဘဂျမ်းဟာ အသက် 75 နှစ်ရှိနေပါပြီဒီကားကို 2016 ခုနှစ် အလယ်လောက်မှာ ရိုက်ကူးဖို့ လျာထားခဲ့ပေမယ့် ဇာတ်ညွှန်းအပြောင်းအလဲကြောင့် 2018 ခုနှစ်ကျမှ ရိုက်ကူးပြီးစီးခဲ့ပါတယ်ရီရှီးကပူးရ်ရဲ့ ဇာတ်ကောင်ဖြစ်တဲ့ ဘာဘူလားနေရာမှာ မူလက ပါရက်ရှ်ရာဝဲလ်ကို ထည့်သွင်းရိုက်ကူးဖို့ စီစဉ်ထားခဲ့ပေမယ့် ဖြစ်မလာခဲ့ပါဘူးဒီကားကို Saumya Joshi ရဲ့ Gujrati ဆိုတဲ့ ပြဇာတ်ကို အခြေခံကာ အပြောင်းအလဲ
အနည်းငယ်ဖြင့် ရိုက်ကူးပုံဖော်ခဲ့ခြင်း ဖြစ်ပါတယ်လူ့ဘဝဆိုတာဟာ အသက်အရွယ်ကြီးလာချိန်မှာ မိသားစုသိုက်သိုက်ဝန်းဝန်းနဲ့ သားသမီးတွေမြေးတွေဝန်းရံပြီးပျော်စရာစိတ်ချမ်းသာစရာတွေနဲ့ နေရရင်အတော့်ကို ကံကောင်းပါတယ်ဒီထက်ပိုပြီး ကိုယ်အသက်အရွယ်ရလာချိန်ကိုယ့်မှာ ဖခင် သော်လည်းကောင်းမိခင်သော်လည်းကောင်း သက်ရှိထင်ရှားရှိနေသေးရင်
ပိုလို့တောင် ကံကောင်းတယ်လို့ ပြောနိုင်ပါတယ်ဘာဘူဆိုတဲ့ အဘိုးကြီးက အသက် 75 နှစ်အသက်နဲ့စိတ်က အတူတူပဲ 75 နှစ်သူ့ဇနီးသည်ကဆုံးပါးသွားပြီဖြစ်သလိုတစ်ဦးတည်းသောသားကလည်းအမေရိကားမှာ အိမ်ထောင်ကျ အခြေချသွားပြီစိတ်ထောင်းလို့ ကိုယ်ကြေဆိုတဲ့စကားလိုပဲအိမ်အိုကြီးတစ်လုံးထဲမှာ
သူ့ဖခင်ဖြစ်သူရယ်ဆွေမျိုးမကင်းတဲ့ ကောင်လေးတစ်ယောက်ရယ်နဲ့ အတူနေပေမယ့်သူ့ဘဝဟာ ခြောက်သွေ့လွန်းလှတယ်ကိုယ်တိုင်က ဇီဇာကြောင်တတ်သလိုစိတ်တိုလွယ် စိတ်ထိခိုက်လွယ်တယ်အစွဲအလန်းကလည်း ကြီးတတ်သေးသူ့ဖခင်ကြီးနာမည်က ဒတ္တထရီတဲ့ အသက် 102 နှစ် လူအသက်က 102 စိတ်အသက်က 26 နှစ်ဒီအသက်အရွယ်အထိ နှစ်ပေါင်းများစွာ နေလာနိုင်တဲ့ သူ့ရဲ့ လိျှု့ဝှက်ချက်က ပျော်ပျော်နေတတ်တဲ့ အကျင့်ကြောင့်များလား မသိ. .
.အကျဉ်းကျနေတဲ့ သားဖြစ်သူရဲ့ စိတ်ကိုအရင်အတိုင်း ပြန်ဖြစ်သွားအောင် လုပ်ပေးဖို့ဒတ္တထရီ စဉ်းစားတယ်အိမ်ကိုတွယ်တာလွန်းတဲ့ သူ့သားဘာဘူ့ကို ဂင်းနစ်မှတ်တမ်းအကြောင်းပြပြီး ဘိုးဘွားရိပ်သာပို့ဖို့ ခြိမ်းခြောက်တယ်ဒါမှ ကမ္ဘာပေါ်မှာ သားဖြစ်သူကို ဘိုးဘွားရိပ်သာပို့တဲ့ ပထမဆုံးဖခင် ဖြစ်လာမှာကိုးဒီအကြောင်းကို သိသွားတဲ့ ဘာဘူ့ခမျာဖခင်ကြီး တကယ်လုပ်မှာကို ကြောက်နေတယ်ဒတ္တထရီကလည်း အလျှော့မပေးသူခိုင်းတဲ့ စမ်းသပ်မှုတွေ မအောင်ရင် တကယ်ပို့မယ် တကဲကဲပထမ
ဒုတိယ
တတိယ စမ်းသပ်မှုတွေကို ကျော်ဖြတ်အပြီးနောက်ဆုံးသော စမ်းသပ်မှုမှာဘာဘူရင်ကွဲရပြီနှစ်ပေါင်းများစွာ ကွဲကွာနေပြီးအခုမှ ပြန်တွေ့ရမယ့်သူ့သားဖြစ်သူအာမိုးနဲ့ သူ့အဖေက မတွေ့ရဘူးတဲ့လေဘာကြောင့်များပါလိမ့်အနှစ်ချုပ် ပြောရရင်”မင့်သားက ငါ့သားကို အနိုင်ယူအလဲထိုးသွားတာမျိုးငါခွင့်မပြုနိုင်ဘူး”တဲ့ဖခင်တစ်ယောက်က ပြောတဲ့နှုတ်ထွက်စကားဟာ ဒီကားလေးရဲ့ အသက်ဖြစ်သွားတယ်အစကနေ အလယ်လောက်အထိစိတ်ဝင်စားစရာတွေနဲ့အဘိုးကြီးနှစ်ယောက်ကြား
က အလွဲတွေကြောင့် တသောသော ရယ်မောခဲ့ရပြီးနောက်ပိုင်းရောက်လေလေစိတ်ထိခိုက်ရလေလေပါဖခင်တစ်ယောက်ရဲ့ မေတ္တာနဲ့လူအိုကြီးတစ်ယောက်ရဲ့ မျှော်လင့်ချက်ကြားက လွန်ဆွဲတဲ့ပွဲမှာဖခင်ဖြစ်သူရဲ့ စမ်းသပ်မှုတွေကို
ကျော်ဖြတ်နိုင်ဖို့ ကြိုးစားရင်း ဘာဘူတစ်ယောက် ဘာတွေဆက်ဖြစ်မလဲဘိုးဘွားရိပ်သာကိုပဲ ရောက်သွားမလား…???ဖခင်ဖြစ်သူကို အဆင်ပြေအောင် လုပ်ပေးနိုင်မလား..ဆိုတာကိုတော့…ဇာတ်ကာားလေးကို ဆက်လက်ကြည့်ရှု ခံစား
လိုက်ပါ.. (ဇာတ်လမ်းအညွှန်းကိုတော့ Movie Like Movie Choice FB page မှ ကူးယူဖော်ပြထားတာဖြစ်ပြီး ဘာသာပြန်သူကတော့ကိုဇော်ထူးပါ)
ဒီတစ်ခါ ထုံးစံအတိုင်းအဟောင်းထဲက ဇာတ်ကားကောင်းလေးတစ်ကားကိုပြန်ခံစားကြည့်ကြတာပေါ့ မင်းသားကြီး Bruce Willis ရဲ့ဇာတ်ကားကောင်းတွေထဲက တစ်ကားဖြစ်တဲ့ 16 Blocks ပါတဲ့ဗျာ
IMDb 6.6 ဆိုတော့ အကြမ်းအားဖြင့်ကောင်းတဲ့စာရင်းထဲ ထည့်လို့ရပါတယ် ဇာတ်လမ်း အကျဉ်းကိုပြောရရင်တော့ အလုပ်ချိန်အပြည့်ဆက်တိုက်ဝင်ထားရလို့ ပင်ပန်းနေပြီဖြစ်တဲ့
စုံထောက် ဂျက်မိုစလေ တရားရုံးမှာ သက်သေသွားထွက်ဆိုပေးရမယ့်စကားအလွန်အင်မတန်မှ များလှသောအချုပ်သား အယ်ဒီသူထွက်ဆိုပေးရမယ့် အမှုကဘာလဲ ဘယ်လိုစွဲချက်တွေကို သက်သေထွက်ဆိုပေးရမှာလဲ
အချုပ်ခန်းနဲ့ တရားရုံးတို့ရဲ့ ၁၆ ဘလောက်သောအကွာအဝေးအတွင်းမှာ ဘာတွေဖြစ်မလဲ
သူကရော ရုံးကိုအသက်ပါပြီး ရောက်နိုင်ပါ့မလား အရက်စွဲနေ ပင်ပန်းနေပြီးခြေထောက်တစ်ဖက် ဒါဏ်ရာကြီးနဲ့ စုံထောက်မိုစလေကရောအဲ့ဒီ့နေဟာ သူနားရမယ့် နေ့တစ်နေဖြစ်ခဲ့ပါ့မလား ဇာတ်လမ်းစပြီး သိပ်မကြာခင်အချိန်မှာပဲ ရင်တစ်ဖိုဖိုနဲ့ နောက်ဆုံးပိုင်းအထိ ဆွဲခေါ်သွားနိုင်မယ့်
ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်
ဖြစ်ရပ်မှန် Survivalကားကောင်းလေးတွေကြိုက်တဲ့ ပရိသတ်ကြီးအတွက် 6 Below Miracle on the Mountain(2017)ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။အရာအားလုံးဆုံးရှုံးပြီးမျှော်လင့်ချက်ကင်းမဲ့သွားတဲ့အချိန်မှာ အတော်မျာ
းများကတော့ လက်လျှော့အရှုံးပေးလိုက်ကြတာပါပဲ။ဒါကပဲ အောင်မြင်သူ နဲ့ ရှုံးနိမ့်သူဆိုတဲ့စည်းတစ်ခုဖြစ်လာစေတယ်ပြောရမှာပဲ။ငယ်စဉ်ကတည်းကဝါသနာပါခဲ့တဲ့ ဟော်ကီအားကစားလောကမှာရှုံးနိမ့်ခဲ့တဲ့Ericတစ်ယောက် နှင်းလျှောစီးဖို့တောင်တစ်ခုမှာအနားယူနေခဲ့တာပါ။သူနှင်းလျှောစီးထွက်လာတဲ့အချိန်မှာနှင်းမုန်တိုင်းကျလာခဲ့ပါတော့တယ်။
လမ်းပျောက်သွားခဲ့ပြီးခက်ခက်ခဲခဲ အသက်ရှင်ဖို့ကြိုးစားခဲ့တာကိုရိုက်ပြထားတဲ့ကားကောင်းလေးပါ။စိတ်ဓါတ်ကျနေချိန် ဒီကားလေးနဲ့ ခွန်အားယူလို့ရပါတယ်လို့ပဲ ညွှန်းလိုက်ပါရစေ။
mmbusticketမိန်းမတိုင်းဟာ
တစ်သက်မှာ တစ်ခါတော့ သူတို့ ယောကျ်ားတွေကို သတ်ပစ်ဖို့ စဉ်းစားဖူးတယ် တဲ့ …..ခင်ဗျားဟာ အိမ်ထောင်သည်ဆိုရင် ခင်ဗျားရဲ့မိန်းမကို မေးကြည့်ပါ ။
အနည်းဆုံး တစ်ကြိမ်တော့ ခင်ဗျားကို သတ်ဖို့ နည်းလမ်းတစ်ခုတော့ သူစဉ်းစားဖူးလိမ့်မယ်တဲ့ …..ကဲ .. ဒါဆို ဘာလို့ ခင်ဗျား အခုထိ အသက်ရှင်နေလဲ သိလား?“ကလေး”ကလေးတစ်ယောက်လောက် ရလိုက်ရင်
မိန်းမတွေဟာ ယောကျ်ားကို ပိုပြီး သည်းခံလာနိုင်လာတယ်တဲ့ … ဒါကြောင့် ခင်ဗျား အခုချိန်အထိ အသက်ရှင်နေတာပေါ့ …..
ဆူဆန်နာ အန်နာမရင်း ဂျိုဟန်နာ ဆိုတဲ့
သူဌေးမ တစ်ယောက် ယောကျ်ား ၆ ယောက်ထိ ယူခဲ့တယ် အကုန်သေကုန်တယ် ။တကယ်တော့ ဆူဆန်နာဟာ
သူ့ဘဝသက်တမ်း တစ်လျှောက်လုံး ထာဝရအချစ်ကို ရှာဖွေခဲ့တာပါ ၊ အရမ်းအထီးကျန်ခဲ့ရပါတယ် ။ သူ မွေးကင်းစအရွယ်မှာပဲ သူအမေ ဆုံးပါးသွားခဲ့တယ် ။ ပြီးတော့ သူအရွယ်မရောက်ခင်မှာဘဲ သူ့အဖေ ထပ်ဆုံးသွားခဲ့ပါတယ် ။ သူ့အဖေက သူအတွက်တော့ အရာရာပါပဲ သူငယ်ချင်းလို.. အမေလို.. အဖေလို.. အစ်ကိုလို ဖြစ်နေခဲ့တယ် ။ သူအဖေဆုံးသွားတဲ့နောက်ပိုင်းမှာ သူ့အဖေလို ယောက်ျားမျိုးကိုတွေ့ဖို့ ကြိုးစားခဲ့ပါတယ် ။တကယ်တော့ ဆူဆန် ဘဝက
မကောင်းတဲ့ ယောကျ်ားတွေနဲ့ပဲ ဆုံဖို့ ကံပါလာတယ် ထင်ပါတယ် ။ဆူဆန်နာမှာ သိပ်ချစ်တတ်တဲ့ နှလုံးသားရှိတယ်
အဲဒိနှလုံးသားကြောင့်ပဲ လူ ၆ ယောက်ကို သေနေ့မစေ့ပဲ ကောင်းကင်ဘုံကို စောစောစီးစီး ပို့ပစ်လိုက်တယ်လေ ….ဆူဆန်ရဲ့ အလှက ကြောက်စရာကောင်းတယ်
ဒါပေမယ့် သူ့ကို အရှိအတိုင်း လက်ခံနိုင်မယ့်သူမျိုး …. သူ့ရဲ့ဒုစရိုက်တွေ သုစရိုက်တွေနဲ့ ဒီကြောက်စရာမျက်နှာကြီးကို လက်ခံနိုင်မယ် လူမျိုးကို သူရွေးချယ်တော့မယ် ။အဲဒါကတော့ သူ့ရဲ့ ၇ ယောက်မြောက် ယောကျ်ားပါပဲ ….. (ဇာတ်လမ်းအညွှန်းကို DMO Entertainment Page (https://www.facebook.com/DMO-Entertainment-171295570154166/) မှကူးယူဖော်ပြပါသည်)
’71(2014)IMDb….7.2,,,Rotten….95(((ဆုပေါင်း (၁၂)ဆု ရရှိခဲ့ပြီး အခြားဆုများအတွက် ဆန်ကာတင်(၂၅)ဆုစာရင်းဝင်ခဲ့….)))ကျွန်တော်တို့အားလုံးဟာ တိုက်လိုခိုက်လိုစိတ်ပျင်းပြပြီးရန်လိုတဲ့သူတွေမဟုတ်တဲ့အပြင် တခြားသူဒုက္ခရောက်နေမှပျော်နေတဲ့သူတွေမဟုတ်ကြဘူး…သို့ပေမယ့် ဒီလိုအရာတွေနဲ့မကင်းတဲ့ စစ်ကားတွေကို လူကြီးလူငယ်မရွေးဘာကြောင့်ကြိုက်ကြတာပါလိမ့်……
တခြားနိုင်ငံမှရိုက်သည့်စစ်ကားအများစုသည် အဆဲမျိုးစုံပါဝင်သလို အထက်အောက် ပုံစံပေးနည်းမျိုးစုံပါဝင်လေသည်…သို့ပေမယ့် စစ်မြေပြင်ရောက်လျှင်သော်လည်းကောင်း ဒုက္ခမျိုးစုံသော်လည်းကောင်းကြုံသည့်အချိန်မျိုးတွေ အတူပူပေါင်းဖြေရှင်းသည့်ပုံစံများမှာကျွန်တော်တို့ကို လွန်စွာမှဆွဲဆောင်နိုင်ပါသည်…ဥပမာ Jarhead (2005) တပ်သားသစ်ဘဝကိုစရိုက်ပြတာ ..ဆဲတာလည်းစုံ ပညာပေးနည်းလည်းစုံ မီးကြောင့်ရဲရဲနီသည့် သံကွင်းနဲ့တောင်ထိုးကြသေးတယ်..သို့ပေ
မယ့် နောက်ဆုံးခန်းရောက်တော့ ကျွန်တော်တို့မျက်ရည်စို့ရတယ်..နောက် Fury (2014) အချင်းချင်းမှဆဲချက်ပေါက်ကရပြောချက်..အသစ်ကောင်လေးကိုလည်းပုံစံပေးချက်က မညှာတာ….သို့ပေမယ့် ဒီလူ့အရိုင်းအစိုင်းလို စစ်သားကြီးတွေက ကျွန်တော်တို့ကိုမျက်ရည်စို့ခဲ့ရတယ်..အခြားစစ်ကားကောင်းများစွာရှိပါသေးသည်…မည်သို့ပင်ဆိုစေ ကျွန်တော်တို့ဆီက စစ်ကားရိုက်ပြီဟေ့ဆိုရင်လည်း တခြားမြန်မာကားများထက် စိတ်ဝင်တစ်စားစောင့်ကြည့်ရတာ
အမော….အားမလိုအားမရဖြစ်ခဲ့ကြတာကလည်းတစ်ပိုင်းပေါ့လေ..ခုလည်း စစ်ကိုမုန်း၍ တိုက်ခဲ့သည်နောက်ပိုင်း ရေတပ်နှင့်ဆိုင်သည့် စစ်ကားတစ်ကားရိုက်နေသည်ဟုကြားသိရသည်…ထားတော့….’71(2014)ဇာတ်လမ်းအညွှန်းကိုအတိုချုံးပြောရမယ်ဆိုရင် တပ်ရင်းတစ်ရင်းဟာ ကက်သလစ်ဂိုဏ်းအဖွဲ့အထိကရုဏ်းဖြစ်တဲ့ Belfast မြို့ကို အရေးပေါ်လုံခြုံရေးသွားယူရတယ်..အဲ့ဒီလုံခြုံရေးယူတဲ့ထဲမှာ သင်တန်းဆင်းခါစ ရဲဘော်သစ်တွေပါတယ်…တစ်နေ့လုံခြုံရေးယူပေးနေရင်း
စစ်သည်တစ်ယောက် အသတ်ခံလိုက်ရတယ်….တခြားသူတွေတော့ ထွက်ပြေးလွတ်မြောက်သွားတယ်..လွတ်မြောက်သွားတဲ့အထဲမှာ တပ်သားသစ် ဟွတ်ခ်ဆိုတဲ့သူလည်းပါတယ်..သူဟာ ထွက်ပြေးနေတုန်းမှာ သူလုံးဝမမျှော်လင့်ထားတဲ့ အဖွဲ့အစည်းတွေနဲ့တွေ့ခဲ့ရတယ်..ကိုင်း သူတွေ့ခဲ့တဲ့အဖွဲ့အစည်းတွေက ဘာတွေဖြစ်မလဲ…ဒီရဲဘော်သစ်လေး ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး…..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့Zwel Zan Aung ပဲဖြစ်ပါတယ်…
ဇာတ်လမ်းနာမည်ကိုက ခပ်ဆန်းဆန်းနဲ့။ကျွန်တော်လည်း ဒီဇာတ်လမ်းစကြည့်တော့ ဘာကားပါလိမ့်ပေါ့။96 ရဲ့ အရှည်က 1996 Batch။၁၉၉၆ မှာ ဆယ်တန်းတက်ခဲ့ကြတဲ့ သူငယ်ချင်းတွေရဲ့ Reunion အကြောင်း။80 Born. 90 Born တွေဆိုရင် ဒီဇာတ်လမ်းကြည့်ရင် အခြားသူတွေထက် ပိုပြီးတော့ ရင်ခုန်ရမယ်။ ကြည်နူးရမယ်။ လွမ်းဆွတ်ရမယ်။
ဘာလို့လဲဆိုတော့ 90’s Kids တွေကိုး။ကိုယ်ကိုယ်တိုင်လည်း ဒီကားကြည့်တာ တကယ်ရင်ခုန်ရတယ်။ခုနေများ သူငယ်ချင်းတွေ အကုန်ပြန်ဆုံဖို့ဆိုတာ လွယ်မှမလွယ်ဘဲကိုး။သူငယ်ချင်းတွေပြန်ဆုံဖြစ်တာနဲ့အတူတူ ရည်းစားဟောင်းတွေလည်း ပြန်ဆုံနိုင်ကြသေးတယ်။ရည်းစားဦးနဲ့လည်း ပြန်ဆုံနိုင်သေးတယ်။ဖွင့်မပြောဖြစ်တဲ့ Crush များရှိလို့ရှိရင် သူသာ အပျိုကြီးဆိုရင် ရင်ခုန်ခွင့်ရှိသေးတယ်နော့။ဒီဇာတ်ကားကြည့်ပြီး သူငယ်ချင်းတွေ ပြန်ဆုံဖို့တောင် စိတ်ကူးယဉ်မိတယ်။
ငယ်ချစ်နဲ့များ ပြန်ဆုံရလေမလားပေါ့။ဒီဇာတ်လမ်းမှာ မင်းသားက ဓာတ်ပုံဆရာ လူပျိုကြီး၊ မင်းသမီးက သူ့ရဲ့ Crush လက်ရှိမှာ အိမ်ထောင်သည် ကလေးတစ်ယောက်အမေ။သူတို့နှစ်ယောက် ပြန်ဆုံဖို့ ဒီ Reunion က ဖန်တီးလာခဲ့တဲ့အခါ…. အချစ်ဆိုတာ ဘယ်လောက်နူးညံ့သိမ်မွေ့ကြောင်း၊ ဘယ်လောက်ကြည်နူးဆွတ်ပျံ့ဖွယ်ကောင်းကြောင်း၊ မေတ္တာစစ်စစ်နဲ့ ချစ်တဲ့အချစ်တွေရဲ့ တန်ဖိုးက ဘယ်လောက်မြင့်မားကြောင်း ဒီဇာတ်လမ်းထဲမှာ တွေ့ရပါမယ်။အချစ်ဇာတ်လမ်း
ကောင်းကောင်းလည်း ကြည့်ချင်ရင်၊ ဆယ်တန်းတုန်းက ကျောင်းသားဘဝ နဲ့ ကိုယ့်သူငယ်ချင်းကြီးတွေကို လွမ်းတယ်ဆိုရင် ဒီဇာတ်လမ်းက လက်မလွှတ်သင့်တဲ့ကားကောင်းတစ်ကားထဲမှာ ပါပါတယ်ဗျ။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ပေးထားသူကတော့ Ko Myo Nyunt ပါ)
A Brand New Life ဇာတ်ကားဟာဆိုရင် IMDb ratting 7.6 အထိ
ရရှိထားပါတယ်…မိဘရဲ့ စွန့်ပစ်ခြင်းကိုခံရပြီး မေတ္တတရားငတ်မတ်နေတဲ့
ကလေးတယောက်ရဲ့အကြောင်းကိုရိုက်ကူးထားတာပါ…
ဇာတ်လမ်းအစမှာတော့ ဖခင်ဖြစ်သူက သူ့သမီးလေးဂျင်ဟီးကို မိဘမဲ့ဂေဟာမှာ
သွားပို့လိုက်ပါတယ်…ပတ်ဝန်းကျင်အသစ်ဖြစ်တဲ့ မိဘမဲ့ဂေဟာမှာ
ဂျင်ဟီးတယောက်တခြားကလေးအဆင်ပြေနိုင်ပါ့မလား…ဖခင်ဖြစ်သူက
တနေ့ကျရင် ပြန်လာခေါ်မယ်လို့ တထစ်ချယုံကြည်နေတဲ့ ဂျင်ဟီး
သူ့အဖေကရောသူ့ကိုပြန်လာခေါ်ပါ့မလား…ကလေးဘဝကတည်းက ကတိဆိုတဲ့
စကားတလုံးကို ယုံကြည်နေတဲ့ဂျင်ဟီးရဲ့ မျော်လင့်ချက်တွေဖြစ်လာပါ့မလား…
မိဘမဲ့ဂေဟာမှာ လာရောက် မွေးစားမယ့်သူကို စောင့်နေကြတဲ့ကလေးတွေများနေပေမယ့်
ဂျင်ဟီးတယောက်ကတော့ သူ့အဖေတယောက်တည်းကိုသာ စောင့်မျော်နေရင်း….
ဒီဇာတ်ကားမှာ ကလေးတွေရဲ့ ပီပြင်စွာသရုပ်ဆောင်ထားချက်ကြောင့်
ဇာတ်လမ်းရဲ့ ရသရော ပေးချင်တဲ့ မတ်ဆေ့ရောကို ထင်ထင်ရှားရှားတွေ့မြင်ရမှာပါ(ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော. Aung Pyay ဖြစ်ပါတယ်)
mmbusticket ဒီကားလေးဟာကိုရီးယားအက်ရှင်ကားတွေထဲမှာတည်တည်ငြိမ်ငြိမ်နဲ့သရုပ်ဆောင်တတ်တဲ့တောင်ကိုရီးယားဝါရင့်မင်းသားSo-Ji_Subပါဝင်သရုပ်ဆောင်ထားတဲ့၂၀၁၂ထွက်ကားလေးဖြစ်ပါတယ်။ဇာတ်ကားလေးကိုကြေးစားလူသတ်သမားအဖွဲ့အစည်းတစ်ခုနဲ့စတင်ထားပါတယ်။
Heyong-Doဟာအပြင်ပန်းကကြည့်ရင်တော့သတ္တုလုပ်ငန်းတစ်ခုရဲ့ဝန်ထမ်းတစ်ယောက်လို့ပဲမြင်ရမှာပါတယ်။တကယ်တော့အဲဒီသတ္တုလုပ်ငန်းဆိုတာကိုအယောင်ပြပြီးအဖွဲ့အစည်းအလိုက်အလုပ်လုပ်တဲ့ကြေးစားလူသတ်သမားအဖွဲ့တစ်ခုရဲ့အဖွဲ့ဝင်တစ်ပါပဲ။မိမိလုပ်ငန်းမှာကျွမ်းကျင်ပိုင်နိုင်စွာသွေးအေးစွာလုပ်ဆောင်နိုင်ပြီးအတော်ဆုံးကြေးစားလူသတ်သမားဖြစ်ပေမယ့်အချစ်ဆိုတဲ့အရာသူ့ဘဝထဲကိုဝင်လာချိန်မှာတော့အရာအားလုံးပြောင်းလဲကုန်ပါတော့တယ်။Single
motherတစ်ယောက်ဖြစ်သူMi-Yeonနဲ့တွေ့ကာချစ်မိပြီးတဲ့နောက်Heyongဟာသူ့ရဲ့အတိတ်ကမကောင်းမှုတွေကိုစက်ဆုပ်လာပါတော့တယ်။အဲဒါနဲ့အခိုင်အမာတည်ရှိနေတဲ့သူ့ရဲ့ကြေးစားလူသတ်ဂိုဏ်းကနေထွက်ဖို့ကြိုးစားတဲ့နောက်မှာတော့ အဖြစ်အပျက်တွေဟာမုဆိုးဘဝကနေသားကောင်ဘဝအဖြစ်သို့နေ့ချင်းညချင်းရောက်သွားသလိုပါပဲ။Heyongတစ်ယောက်နွံထဲကနေရုန်းထွက်နိုင်မလား။သူမျှော်လင့်တဲ့ငြိမ်းချမ်းတဲ့ဘဝလေးထူထောင်နိုင်မလား။အတိတ်အရိပ်ဆိုးကိုကျော်ဖြတ်
နိုင်မလားဆိုတာတော့ဇာတ်ကားလေးကိုဆက်ကြည့်ကြတာပေါ့ဗျာ။မင်းသားကောင်းတလက်ဖြစ်တဲ့အတွက်အက်ရှင်ကားကောင်းတစ်ကားကိုစိတ်ကျေနပ်မှုအပြည့်အဝနဲ့အားလပ်ချိန်စိတ်အပန်းပြေကြည့်နိုင်မှာဖြစ်ပါတယ်။Ratingအနေနဲ့လည်း6.7ထိရထားတဲ့ကားလေးဖြစ်ပါတယ်။
IMDb 6.8 ရထားပြီး ၂၀၁၇ ခုနှစ်ထွက် သဲထိပ်ရင်ဖို ဒရာမာကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားတွေကတော့အရင် မြဝတီကလွင့်တဲ့ ရုပ်သံစီးရီးတွေမှာ ပါဝင်သရုပ်ဆောင်နေကျ မင်းသားတွေဖြစ်တာကြောင့် ပရိတ်သတ်ကြီးနဲ့ စိမ်းမှာ မဟုတ်ပါဘူးဇာတ်လမ်းအကျဉ်းလေးကတော့ နှလုံးအထူးကု ပါမောက္ခဒေါက်တာ ကင်ဂျွန်ယောင်းဟာနိုင်ငံခြားမှာ ပရဟိတလုပ်ငန်းများအတွက်လုပ်အားပေးလုပ်ကိုင်ပြီးတဲ့အတွက် ကိုရီးယားသို့ပြန်လာပြီးသမီးလေးအင်ဂျွန်နှင့် ချိန်းထားသောနေရာကိုသွားတဲ့လမ်းမှာကားမတော်တဆမှုတစ်ခုကိုတွေ့ပြီးဝင်ကူညီရာ ကားဖြင့်အတိုက်ခံရသောသူမှာသူ့သမီးလေးဖြစ်နေပါတယ် သို့သော် ရုတ်တရက် အိပ်မက်မက်သလိုဖြစ်ပြီး့ နိုးထလာကာ ခုနက အဖြစ်အပျက်များအတိုင်း အဖန်တလဲလဲ ဖြစ်ပေါ်နေပါတော့တယ်သူ့သမီးကားတိုက်ခံရသည်ကိုခဏတိုင်း တွေ့မြင်နေရသောကြောင့် ငရဲကျနေသကဲ့သို့ခံစားချက်များဖြင့် ပူပင်သောကရောက်နေရပါတော့တယ်ကဲ ဒေါက်တာကင်တစ်ယောက် ဒီဖြစ်ရပ်ဆန်းကနေ ဘယ်လို ရုန်းထွက်မလဲဒီဖြစ်ရပ်ဆန်းကြီးကကော ဘာကြောင့်ထပ်တလဲလဲ ဖြစ်နေတာလဲဒေါက်တာကင်ကတော့ ဒီဖြစ်ရပ်ဆန်းကနေ ရုန်းထွက်နိုင်ပါ့မလား ဆိုတာကိုတော့ပရိတ်သတ်ကြီးကဆက်လက်ကြည့်ကြရမှာပါ
ဒီတစ်ခေါက် မိတ်ဆက်ပေးချင်တာကတော့ “A Man and a Woman” ဆိုတဲ့ ရိုမတ်တစ် ဇာတ်ကားလေးပါ… အညွှန်းဆိုတော့ ညွှန်းပါရစေ…ဒီဇာတ်ကားကို ကြည့်သင့်တဲ့ သူတွေက တော့ လက်ထပ်ထားကြတဲ့ ဇနီးမောင်နှံတွေ အိမ်ထောင်ပြုဖို့ စဉ်းစားထားတဲ့ လူငယ်တွေ ကြည့်သင့်ပါတယ် တစ်ခုတော့ပြောပါရစေ… ဟာသကား ဇာတ်မြူးကားမှ ကြိုက်တဲ့ ပရိတ်သတ် ဆိုရင်တော့ ဒီကားကို မကြည့်ပါနဲ့လို ့ ကြိုသတိပေးပါရစေ ..ကျွန်မ တောင် ကြည့်စ တုန်းက ဘယ်လိုတောင်လား ဆိုပြီး ပြောရတဲ့အထိပါ ဒါပေမယ့် ဒီဇာတ်လမ်းက သင့်ကို message တစ်ခုတော့ ပေးနိုင်မှာပါ ဇာတ်အေးအမျိုးအစားဖြစ်ပြီး လွမ်းစရာ တီးလုံးလေးနဲ့ ဇာတ်လမ်းကို အသက်သွင်းထားပါတယ် နောက်တစ်ခုက ရှက်တတ်သူတွေ မကြည့်ပါနဲ့ 18+ အခန်းတွေ ပါပါတယ်… မင်းသားကိုတော့ အထူးမိတ်ဆက်စရာ မလို တော့ဘူးထင်ပါတယ်.. Goblin မှင်စာ မင်းသား အာဂျူးရှီး Gong Yoo က ကင်ကီဟုန်အနေနဲ့ သရုပ်ဆောင်ထားပြီး ရိုးရိုးလေးနဲ့ လှနေတတ်တဲ့ Jeon Do Yeon က လီဆန်းမင်း အနေနဲ့ သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအကြောင်း- ဖင်လန်နိုင်ငံ ကလေးလေ့ကျင့်ရေးစခန်းမှာ သားဖြစ်သူကို ကျောင်းလာအပ်တဲ့ လီဆန်းမင်းဆိုတဲ့ အမျိုးသမီး နဲ့ သမီးဖြစ်သူကို ကျောင်းလာအပ်တဲ့ ကင်ကီဟုန်ဆိုတဲ့အမျိုးသားအကြောင်းပါ… သူတို့နှစ်ယောက်ဟာ ကလေးကိစ္စကို အကြောင်းပြုပြီး ရင်းနှီးခဲ့ကြပါတယ်.. ရင်းနှီးတာက တစ်ဆင့် မေတ္တာပေါင်းကူးတဲ့အဆင့်ထိ ရောက်ခဲ့ကြပါတယ်.. ကာမပိုင်ယောကျာ်းနဲ့ သားလေး ရှိတဲ့ လီဆန်းမင်းတစ်ယောက် သမီးရည်းစားထက်ပိုတဲ့ အချစ်ရေး အတွက် စွန့်စားမလား… သမီးလေးနဲ့ မိန်းမကို ထားခဲ့ပြီး ကင်ကီဟုန် တစ်ယောက်ကော နှလုံးသားကို ဦးစားပေးမလား …. သူတို့နှစ်ယောက်နောက်ဆုံးမှာ ဆုံစည်းခွင့် ရမလား.. ပရိတ်သတ် ကဘဲဆက်ကြည့်လိုက်ပါတော့ ….
A Melody to Remember ခေါ်တဲ့ကိုရီးယား ကားလေးပါ။ IMDb Rating ၇.၂ ၊ MyDrama List ၈.၆ ရရှိထားတယ့် Rating အမြင့်ပိုင်းတွေ ရရှိထားတယ့်ကာားလေးပါ။ Action/ Drama အမျိုးအစားဖြစ်ပြီး ၂၀၁၆ ခုနှစ် ကဖြန့်ချီထားခဲ့ပါတယ်။ တစ်ကားလုံး ကို ၁၂၄ မနစ်ကြာပါတယ်။ ဒီကားကို နာမည်အမျိုးမျိုးနဲ့လဲ ခေါ်ကြပါတယ်။ သူ့ရဲ ကိုးရီယား ပြည်တွင်းမှာ ( 임시완 )오빠생각 မြန်မာလို အဓိပ္ပယ်က အစ်ကိုကြီးရဲ့ ဆန္ဒ ဖြစ်ပြီး နိုင်ငံတကာ မှ A Melody to Remember လို့ခေါ်ကြပါတယ်။ ဒီကားလေးက Box Office ဝင်ငွေကိုကြည့်ရင် ပြည်တွင်းမှာအောင်မြင်မှုမရပေမယ့် နိုင်ငံတကာမှာအောင်မြင်မှုပိုရရှိခဲ့တယ်ကားပါ။ ရိုက်ကူးတယ့် စရိတ်ကိုမသိရပေမယ့် ဝင်ငွေ ကန်ဒေါ်လာ ၇ သန်းကျော်ရှိခဲ့ပါတယ်။ ရှာလို့ရသလောက်က Far East Flim Festival မှာ ပရိတ်သတ်အကြိုက်ဆုံး ဆုကို ရရှိထားပြီး ဇကာတင်စာရင်းဝင်ထားတာနည်းနည်းတော့ရှိပါတယ်။ ဒီကားရဲ့အဓီကမင်းသားအဖြစ်ပါဝင် ထားတယ့် Siwan အဓီကနေရာမှာ သရုပ်ဆောင် တယ့် သူရဲ့ပွဲဦးထွက် ဇာတ်ကားလဲဖြစ်ပါတယ်။ ကလေး သရုပ်ဆောင် နှစ်ယောက်က Jung Joon နဲ့Lee Re တို့ဖြစ်ပြီး တော်တော်လေးသရုပ် ဆောင်ကောင်းပါကြပါတယ် ။ Rating များပြီး ဇာတ်ကားနဲ့ပတ်သတ် တွေကရှာရတာ မလွယ်ပါဘူး။ဇာတ်လမ်းက ကောင်းပါတယ်။ ဒီဇာတ်ကားလေးရဲ့ Theme က မိဘမဲ့ ကလေး တွေ ရဲ စစ်အတွင်းက ဘ၀ နဲ့ဂီတပါရမီ ကိုပြချင်တာဖြစ်ပါတယ်။ ဝေဖန်ချက်ကောင်းကောင်းတွေ ရရှိထားပြီး ပရိတ်သတ် တွေ ကိုဆွဲဆောင်ထားနိုင်ပါတယ်။ ကလေးနှစ်ယောကို အဓီက ထားပြီး ဇာတ်အိမ် တည်ထားပါတယ်။ ဇာတ်ကားနာမည်အတိုင်း မောင်နှမ နှစ်ယောက် ရဲ့မေတ္တာကို ဖော်ကျူး ထားပါတယ်။ ကိုးရီယား ကားတွေ မှာ ချီးကျူးချင်တာက ကလေးသရုပ်ဆောင်တွေ ပါ။ တကယ်သူတို့ပေးချင်တယ့် ခံစားချက်ကို တစ်ဖက်သားဆီရောက်အောင်ပေးနိုင်ပါတယ်။ လွန်ခဲ့တယ့် နှစ်၅၀ ကျော်က ကိုးရီယားနိုင်ငံအခြေနေကိုလဲ အထင်သားတွေ မြင်ရပါတယ်။ စစ်ကြောင့်မိဘမဲ့ဖြစ်သွားတယ့် ကလေးတွေ ရဲ့ဘဝဖြတ်သန်းရှင်သန်ရပုံတွေ ၊ တောင်နဲ့ မြောက်ရဲ့အမုန်းတရားတွေ ကိုတွေ့ရမှာပါ။ နောက်ပြီးဒီ ဇာတ်ကားမှာပါတဲ့ သီချင်းဆိုရတဲ့ အခန်းတွေ ကို ကလေးတွေ တကယ်သီဆို ထားတာပါ။အဲ့ဒီမှာ သရုပ်ဆောင်နဲ့ဆွေးရုံတင် မဟုတ်ဘဲ အသံကိုနားထောင်ပြီးတော့ပါ ဆွေးနိုင် ပါတယ်။ အသံမှာကိုက သူတို့ခံစားနေတဲ့ ခံစားချက်ကို ပါ အောင်သီဆိုနိုင်တာ ပိုပြီးနားထောင်လို့ကောင်းပါတယ်။ အခု ဒီကားရဲ့ဇာတ်လမ်းပိုင်းကိုပြောပြမှာပါ။ ဇာတ်လမ်းအစမှာ တိုက်ပွဲတစ်ခုအတွင်း တပ်ရင်း တစ်ခုလုံး သေပြီး ဗိုလ်ကြီးတစ်ယောက်ဘဲအသက်ရှင်ကျန်ခဲ့ပါတယ်။ တောင်နဲ့မြောက် ကိုနှစ်ပိုင်းပိုင်းလိုက်ပြီးနောက်မှာ နှစ်ဖက်စစ်စဖြစ်ပါတယ်။ စစ်အတွင်းမှာ တောင်ဘက်ကလူဆို မြောက်ကလူကို သတ် မြောက်ကလူဆိုရင် တောင်ကလူကိုသက် ဖြစ်နေကြတဲ့ အချိန်မှာ အခြေနေကြောင့် မြောက်ပိုင်းအလိုတော်ရိ လုပ် နေတယ့် တောင်ပိုင်းသားတစ်ယောက်က လမ်း ခရီတစ်ခုမှာ တောင်ပိုင်း စစ်တပ် နဲ့တွေ့ပါတယ် အဲ့ဒီမှာ သူ့ရဲ့သမီးလေးက မြောက်ပိုင်းသီချင်း ဆိုပြလိုက်မီလို့သူ့အဖေဖမ်းခံရပြီး ရွှာက လူတွေ ဝိုင်းသတ်လို့သေသွားပါတယ်။ အဲ့ဒီနောက်မှာ မောင်နှစ်မ နှစ်ယောက် ကမိဘမဲ့ ဖြစ်သွားပြီး ရွှာကေနေထွက်လာခဲ့ကြပါတယ်။ အစ်ကို ကသူ့ညီမကိုအရမ်းချစ်ပြီး ဂရုစိုက်ပါတယ်။ အဲ့ဒီအချိန်တိုက်ပွဲတုန်းက အသက်ရှင် ခဲ့တယ့် ဗိုလ်ကြီးက ဘူဆန်ကိုဂီတဆရာ နေနဲ့ ပြောင်းလာရပါတယ်။ မိဘမဲ့ ကျောင်းအုပ်က အမေရိကပညာသင်လာ တယ့် စေတနာဝန်ထမ်း ကောင်မလေးပါ။ အဲ့ဒီအချိန် မိဘမဲ့ ကလေးတွေ ကို သီချင်းသင်ပေးပြီး အဖွဲ့တစ်ခုလုပ်လိုက်ပါတယ်။ သူတို့ပထမဆုံး အမေရိကန်က ဗိုလ်မှုးကြီးကို ဆိုပြတာကနေ လူတွေကြိုက်သွားပြီး သူတို့ကို ရှေ့တန်းက စစ်သားတွေ ကိုဖျော်ဖြေဖို့တာဝန်ပေးလိုက်ပါတယ်။ အဲဒီ မောင်နှစ်မ နှစ်ယောက်မှာ ညီမဖြစ် တယ့် သူက သီချင်းမဆိုဘဲ သူ့အကိုနဲ့မခွဲနိုင် လို့လိုက်လာခဲ့ပါတယ်။ တောတစ်နေရာမှာ နားနေကြရင်း မောင်နှစ်မနှစ်ယောက် အပေါ့သွားဖို့ထွက်လာခဲ့တာမှာ မြောက်ပိုင်း တပ်နဲ့တွေ့ ကြတုန်း သူတို့ကိုမတွေ့လို့လိုက် ရှာနေကြတယ့် တောင်ပိုင်းတပ်တိုက်ပွဲစဖြစ်ကြပါတယ်။ အဲ့တိုက်ပွဲနောက်ပိုင်းဘယ်သူကသေပြီး ဇာတ်လမ်းကို ဘယ်လို ဆက်ထားလဲ ၊ ကောင်မ လေးရရောဘာလို့သီချင်းမဆိုတာလဲ ၊ ဘယ်လို စိတ်ဝင်စားစရာ ဝမ်းနည်းစရာတွေ ရှိမလဲဆို တာဇာတ်ကားကြည့်ပြီးခံစားကြည့်လိုက်ပါ။ ဒီဇာတ်ကားကိုကြည့်မိပြီး တသသဆွဲနေမယ့် အထဲပါပါတယ်။အတက်နိုင်ဆုံး ဇာတ်လမ်းထဲမှာ ခံစားမှုပိုပြီး စီးမျောသွားနိုင်အောင် ဘာသာပြန် ပေးထားပါတယ်။ ဂီတ အကြောင်းကို ဒရာမာ နဲ ရိုက်ပြထားပြီး တစ်ရှုးဆောင်ထားရမယ့် ကားပါ။ ကလေးနှစ်ယောက်ရဲ့သရုပ်ဆောင်နဲ့အဆိုပိုင်း ကို ကောင်းကောင်းကြီး ခံစားရမှာပါ။ ကြိုက်တာ မကြိုက်တာက ကြည့်တယ့်သူပေါ်မှာဘဲမှုတည်မှာပါ။
အသစ်စက်စက် A Monster Calls လေး ရပါပြီ CM fan အပေါင်းတို့ရေ.. ဒါနဲ့CM ပိတ်သတ်ကြီးရော.. ကိုယ့်စိတ်ကူးအိပ်မက်တစ်ခုခုကို စွဲစွဲမြဲမြဲယုံကြည်ဖူးပါသလား.. ဒီကားထဲက ကော်နာ အိုမယ်လီဆိုတဲ့ ကလေးလေးကတော့ အသက်အရွယ်နဲ့မလိုက်အောင် ရင့်ကျက်ပြီး ယုံကြည်သက်ဝင်မှု ပြင်းထန်လှပါတယ်. . သူနဲ့ သူရဲ့ သေလုမြောပါးနာမကျန်းဖြစ်နေတဲ့ အမေ ကြားမှာ စိတ်ကူးယဉ် ကမ္ဘာလေးတစ်ခုရှိပါတယ်. . တစ်ညမှာတော့ ကော်နာလေးရဲ့ စိတ်ကူးထဲက tree monster ကြီးဟာ တောင်ကုန်းပေါ်ကနေ နိုးထလာခဲ့ပြီး.. ကော်နာလေးကို ပုံပြင် 3ပုဒ် စတင်ပြောပြပါတော့တယ်. . သူ ကော်နာလေးကို ပြောပြနေတာ အကြောင်းပြချက်ရှိလို့ပါ.. အဲ့ဒါက ဘာအတွက်လဲဆိုတော့… …. … ကျွန်တော် ဇာတ်လမ်းလေးပေါ့သွားမှာစိုးလို့ ဒီ့ထက်ပိုပြီးမပြောပြတော့ပါဘူး.. ဒီ Fantasy | Drama ကားလေးက စာရေးဆရာ Patrick Ness ရဲ့ “A Monster Calls” စာအုပ်ကို အသက်သွင်းထားတာဖြစ်ပါတယ်.. Budget $43M နဲ့ ရိုက်ကူးထားတဲ့ဒီကားလေးဟာ Worldwide Gross အနေနဲ့ $37M ကျော် ရရှိထားပါပြီ.. Tree Monster ကြီးရဲ့ အသံသရုပ်ဆောင်ကတော့ Taken မင်းသားကြီး Liam Neeson ဖြစ်ပါတယ်.. ကော်နာလေးရဲ့ အမေနေရာမှာတော့ The Theory of Everything, Inferno, Rogue One;A Star Wars Story ကားတို့ရဲ့ မင်းသမီးချော Felicity Jones က သရုပ်ဆောင်ပေးထားတာဖြစ်ပါတယ် (သူမက ဒီကားမှာ မျက်ရည်တွေခြွေမှာမို့ ဒီကားမကြည့်ခင်တစ်ရှူးလေးတော့ဆောင်ထားကြပါ..ဘာသာပြန်ရင်းငိုနေရတယ်.. အပိုမပြောပါဘူး) ကျွန်တော်ကတော့ သူမကို ဒီကားနဲ့ပဲ စကြည့်မိတာပါ… ကဲ.. စကားရှည်မနေတော့ဘူး.. IMDb 7.7 ထိရထားတဲ့ ဒီကားလေးကို ကြည့်ပြီးရင်.. (ကြည့်နေရင်းနဲ့ကို)… ရင်ထဲမှာ တစ်ခုခုရှိနေမှာပါ.. ????
ဒီတစ်ခါတော့ ၂၀၁၂ ခုနှစ်က ထွက်ခဲ့တဲ့ A Muse ဆိုတဲ့တောင်ကိုရီးယားကားလေးကို တင်ဆက်ပေးလိုက်ပါတယ် စာရေးဆရာ Park Bum-shin ရဲ့ Eun-gyo ဆိုတဲ့ ဝတ္ထုကို ဇာတ်လမ်းအဖြစ် ဒါရိုက်တာ Ji-woo Jung ကရိုက်ကူးထားတာပါ အဓိက သရုပ်ဆောင်တွေ အနေနဲ့တော့ Park Hae-il, Kim Mu-yeol နဲ့ Goblin ကားရဲ့ မင်းသမီးလေး Kim Go-eun တို့က ပါဝင်သရုပ်ဆောင်ပေးထားပါတယ် ဇာတ်လမ်းလေးကတော့ အသက် ၇၀ အရွယ် ကဗျာဆရာအိုကြီးရဲ့ အချစ်ဇာတ်လမ်းလေးပါ သူ့မှာ အသက် ၃၀ အရွယ် သူ့အချစ်ဆုံးသဘောအကျရဆုံး တပည့်တစ်ယောက်ရှိပါတယ် တစ်နေ့မှာ ကဗျာဆရာကြီးဟာ မမျှော်လင့်ဘဲ အသက် ၁၇ နှစ်အရွယ် အထက်တန်းကျောင်းသူလေးနဲ့ ချစ်မိသွားပြီး သူ့အကြောင်းကို ဝတ္ထုတိုလေးရေးဖို့ စိတ်အားထက်သန်နေပါတယ် သူ့တပည့်က မနာလိုဖြစ်ပါတော့တယ် ဒီလိုနဲ့ သူတို့နှစ်ယောက်ရဲ့ဘဝထဲကို အထက်တန်းကျောင်းသူလေး ဝင်ရောက်လာချိန်မှာ သူတို့ရဲ့စိတ်တွေ လိင်အာသီသတွေဟာ နိုးကြားလာခဲ့ရာက ဘာတွေဆက်ဖြစ်ဦးမလဲဆိုတာတော့ စောင့်မျှော်ကြည့်ရှုကြပါဦး (18+ အခန်းအချို.ပါဝင်တာကြောင့်မိသားစုနဲ့အတူကြည့်ဖို့မသင့်တော်ပါဘူး)
mmbusticket
Blu-Ray 1080p 5.1 CH x264
အသံကြားတာနဲ့ ရုတ် တရက် ပေါ်လာပြီး တိုက်ခိုက် သတ်ဖြတ်တဲ့ သတ္တဝါတွေရန်က နေ ကာကွယ်ဖို့ အသံမထွက် အောင် တိတ်တိတ်ဆိတ်ဆိတ် နေထိုင်နေရတဲ့ မိသားစုလေးရဲ့ ထိတ်လန့်စရာ အတွေ့အကြုံ တွေကို ဇာတ်အိမ်ဖွဲ့ထားတာ ဖြစ် ပါတယ်။လီနဲ့အီဗလင်းတို့ မိသားစု ဟာ မြို့စွန်က ယာတောအိမ် လေးမှာ နေထိုင်ပြီး တစ်ရက်မှာ တော့ ကမ္ဘာပေါ်ကို အမျိုးအမည် မသိတဲ့ သတ္တဝါတွေ ရောက်လာ ကာ လူတွေကို သတ်ဖြတ်ပစ်နေ တာကြောင့် ကမ္ဘာ့နေရာအနှံ့မှာ
အပျက်အစီးတွေ ဖြစ်ခဲ့ပါတယ်။ နောက်ပြီး စစ်တပ်ကတောင်ထိန်း ချုပ်နိုင်စွမ်း မရှိတော့သလို အ ဆက်အသွယ်ကွန်ရက်တွေ အ ကုန်လုံး ပြတ်တောက်ခဲ့ပါတယ်။အီဗလင်းတို့မှာ သမီးတစ် ယောက်၊ သားနှစ်ယောက်ရှိပြီး သမီးကြီးရီဂန်က နားမကြားသူ လေးမို့ တခြားအိမ်သားတွေ အ ကုန်လုံးက လက်ဟန်ခြေဟန် အချက်ပြစကားနဲ့ပဲ အချင်းချင်း ပြောရပါတယ်။ဘာမှန်းမသိတဲ့ သတ္တဝါတွေ ဟာ အသံကြားတာနဲ့ရောက်လာ ပြီး အန္တရာယ်ပြုတာမို့ ဘာသံမှ မထွက်အောင်
သတိထားပြီး နေရတာလည်း လွယ်ကူတဲ့ကိစ္စ တော့ မဟုတ်ပါဘူး။ အီဗလင်း တို့ဟာလည်း ဘာပဲလုပ်လုပ် အသံလုံးဝမထွက်အောင်လို့ နေ ကြရပြီး သူတို့ ယာတောနားက မြို့ဟာလည်း လူသူတစ်ယောက် မှမရှိ၊ အသံဗလံတွေ တိတ်ဆိတ် နေတဲ့ မြို့ပျက်တစ်ခုလိုဖြစ်နေပါ တယ်။
အဲဒါနဲ့ပဲ လမ်းလျှောက်ရင် တောင် ဖိနပ်သံထွက်မှာစိုးလို့ မြေကြီးပေါ်ကို ဘိလပ်မြေမှုန့်တွေ ခင်းထားပြီး ခြေဗလာနဲ့ သွားကြ ရတာပါ။တစ်ရက်မှာတော့ မြို့ပျက် ထဲကဆိုင်မှာ စားစရာတို့၊ အသုံး အဆောင်တို့ယူပြီး ပြန်လာတုန်း သားငယ်လေးက ဆိုင်ကယူလာ တဲ့ ကစားစရာအရုပ်ကို ကစား လိုက်တဲ့အခါမှာ အသံမြည်သွား တာကြောင့် လီကတားဆီးဖို့ ကြံခဲ့ပေမယ့် အချိန်နှောင်းသွားပြီး သတ္တဝါကြီးတွေ လက်ချက်နဲ့ မျက်စိရှေ့တင် သားဖြစ်သူကို ဆုံးရှုံးခဲ့ရပါတယ်။ဒီလိုနဲ့ ရက်တွေကြာ
လာပြီး တဲ့နောက် အီဗလင်းဟာ နောက် ထပ် ရင်သွေးလေးကို ကိုယ်ဝန် လွယ်ထားခဲ့ပါတယ်။ တစ်ရက် မှာတော့ အိမ်မှာခင်ပွန်းရောသား နဲ့သမီးရောမရှိချိန် အီဗလင်းဟာ ကိုယ်ဝန်အရင့်အမာနဲ့ အပြင်း အထန် ဗိုက်နာနေတဲ့အခါမှာ သတ္တဝါတွေကလည်း အသံ ကြားလို့ ရောက်လာတဲ့အခါ ဘာ တွေဆက်ဖြစ်မလဲဆိုတာကို ရင် တထိတ်ထိတ်နဲ့ ဆက်ကြည့်ဖို့ ဖော်ပြလိုက်ပါတယ်။ဒီဇာတ်ကားမှာ အီဗလင်း အဘော့အဖြစ် အမ်မလီဘလန့်၊ လီအဘော့အဖြစ် ဂျွန်ကရာဆင်
စကီ၊ ရီဂန်အဘော့အဖြစ် မီလီ ဆန့်ဆင်မွန်၊ မားကက်စ်အဘော့ အဖြစ် နိုအာဂျူတို့က သရုပ် ဆောင်ထားပါတယ်။ (ဇာတ်လမ်းအညွှန်းကို 7daily website မှကူးယူဖော်ပြထားတာဖြစ်ပြီး ဘာသာပြန်သူကတော့ ကိုသူရပါ)
ဒီဇာတ်ကားကတော့ A Silent Voice ဖြစ်ပါတယ်။ Yoshitoki Ōimaကရေးသားခဲ့ပြီးတော့ 2016 ခုနှစ်မှာ ထုတ်ဝေခဲ့တာပါ။ ဇာတ်လမ်းအမျိုးအစားကတော့Drama အမျိုးအစားပဲဖြစ်ပါတယ်။
ရှိုးရက အမြဲတမ်းကျောင်းမှာ သူငယ်ချင်းတွေကို အနိုင်ကျင့်တတ်တဲ့ကျောင်းသားတစ်ယောက်ပေါ့။
တစ်ရက် ရှိုးရ ရဲ့ကျောင်းကို နားမကြားတဲ့ ကျောင်းသူသစ်တစ်ယောက်ရောက်လာတဲ့အချိန်မှာတော့သူမက သူ့အတွက် အနိုင်ကျင့်ချင်စရာ ပစ်မှတ်တစ်ခုဖြစ်လာတယ်။
ဒီလိုနဲ့ ရှိုးရ နဲ့ သူ့သူငယ်ချင်းတွေက သူမကို တစ်ရက်တစ်ရက် နည်းလမ်းပေါင်းမျိုးစုံနဲ့အနိုင်ကျင့်ကြတာပေါ့။ဒါပေမဲ့ ရှိုးကိုက ကျောင်းကထွက်သွားပြီးနောက်တော့ အားလုံးက သူ့ကိုဝိုင်းအပြစ်တင်ကြရော။
သူ့သူငယ်ချင်းတွေဆိုတဲ့လူတွေဘယ်သူမှ သူ့ဖက်မှ မရှိခဲ့ဘူးလေ။ ဒီလိုနဲ့ သူ့အပြစ်တွေနောင်တရပြီးတော့ လက်ဟန်သင်္ကေတဘာသာစကားကို သူသင်ခဲ့တယ်။
နောက် ၆ နှစ်ကြာပြီးတဲ့အချိန်မှာတော့ သူတို့နှစ်ယောက် ပြန်ဆုံကြတယ်။ ပြန်ဆုံပြီးနောက်ပိုင်းသူ့အတိတ်က အမှားတွေကို သူပြန်ပြင်နိုင်မလား ဒါမှမဟုတ် သူ့အတွက် နောက်ကျသွားပြီလား ဆိုတာကတော့…
mmbusticket IMDb Rating 7.9Rotten Tomattoes 94% အထိ ရထားတဲ့ တောင်ကိုရီးယားရဲ့သမိုင်းဝင် ဒီမိုကရေစီအသွင် ကူးပြောင်းရေးအတွက် အရမ်း အရေးပါတဲ့ ဖြစ်ရပ်မှန် ဇာတ်ကားကောင်းလေးပါ။သမိုင်းဝင်ဖြစ်ရပ်မှန် ဇာတ်လမ်းမို့ ကိုးရီးယားမှာ သမ္မတကိုယ်တိုင် လာရောက်ကြည့်ရှုအားပေးခဲ့သလို ကိုးရီးယားလူဦးရေရဲ့ ၅ပုံ၁ပုံလောက်ကို ရုပ်ရှင်ရုံမှာ လာရောက်အားပေးလို့ ရုံတင်ချိန် အကြာဆုံး ဇာတ်ကားလေးဖြစ်ခဲ့ပါတယ်။ဒီကားအကြောင်းမပြောခင် ကိုးရီးယားသမိုင်းကြောင်းလေး အနည်းငယ် ပြောပြချင်ပါတယ်။
ဂျပန်လက်အောက်က လွတ်လပ်ရေးရပြီး 16 နှစ်တိုင်တိုင် စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ခဲ့တယ်။ ၁၉၇၉ အောက်တိုဘာမှာ အရင်သမ္မတ လုပ်ကြံပြီးဒီဇင်ဘာမှာ စစ်တပ်ကပဲ စစ်အာဏာသိမ်းလိုက်ပါတယ်။ဒီနောက်ပိုင်း နိုင်ငံရေးသမားတွေ တက္ကသိုလ်ကျောင်းသားတွေနဲ့ နိုင်ငံသူနိုင်ငံသားတွေ တဖြည်းဖြည်းနဲ့ ဒီမိုကရေစီ အုပ်ချုပ်ရေးပေးဖို့ လှုပ်ရှားဆန္ဒပြလာကြလာကြလို့ အခြေအနေတင်းမာလာလို့ Martial law ပြဌာန်းပြီး အကြမ်းဖက်နှိမ်နှင်းခဲ့သလို တက္ကသိုလ်ကျောင်း
တွေ ယာယီပိတ်ထားလိုက်ပါတယ်။သတင်းတွေလည်း အမှောင်ချထားလိုက်ပါတယ်။ ကျန်တဲ့မြို့တွေ အလွယ်တကူ ထိန်းချုပ်နိုင်ပေမယ့် ဂွမ်ဂျူးမြို့က တစ်မြို့လုံး စည်းလုံးညီညွှတ်တာကြောင့် ထိန်းချုပ်ရခက်နေပါတယ်။ဒါကြောင့် မြို့ကို ဖုန်းလိုင်းတွေဖြတ် မြို့အဝင်အထွက်ကိုပိတ် သတင်းတွေအမှောင်ချထားခဲ့ပါတယ်။မြို့က ဆန္ဒပြသူတွေနဲ့ကျောင်းသားတွေကိုလည်း အကြမ်းဖက်စစ်အင်အားသုံးဖြေရှင်းပေးခဲ့ပါတယ်။ ဒါပေမယ့် ဂွမ်ဂျူးမြို့သူမြို့သားတွေကတော့ အရံှူးမပေး ရဲရဲတောက် မြို့
လုံးကျွတ်မျှ အသေခံ ဆန္ဒပြဆန့်ကျင်ခဲ့ပါတယ်။ ဒီမြို့က သတင်းကို ကမ္ဘာသိအောင် ဂျာမန်သတင်းထောက် သက်စွန့်ဆံဖျားလာပြီး တက္ကစီသမားတစ်ယောက် အကူအညီနဲ့ ရိုက်ကူးမှတ်တမ်းတင်ပြီး သတင်းထုတ်လွှင့်နိုင်ခဲ့ပါတယ်။ ဒီသတင်းကြောင့် ကျန်တဲ့ပြည်သူတစ်ရပ်လုံးလည်း ပါဝင်လာတာကြောင့်နောင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် တွန်းအားပေးခဲ့သည့်မြို့လေးဖြစ်ခဲ့သည်။အခု ဒီဇာတ်ကားလေးကတော့ တက္ကစီသမား မစ္စတာကင်က ဂျာမန်
သတင်းထောက်ကို ဂွမ်ဂျူးမြို့ဆီ လိုက်ပို့ပေးခဲ့တဲ့ဖြစ်ရပ်ကို ရိုက်ကူးထားတာပါ။နိုင်ငံရေးစိတ်မဝင်စားတဲ့ ကိုယ့်မိသားစု ကိုယ့်အလုပ်အကြောင်းသာ စိတ်ဝင်စားတဲ့ကားသမားတစ်ယောက်တက်တက်ကြွကြွနဲ့ သတင်းအမှန်တွေတင်ဆက်ပေးဖို့ စိတ်ထက်သန်တဲ့ ဂျာမန်သတင်းထောက်တစ်ယောက်ကို ပိုက်ဆံအများကြီးရမှာမို့ အော်ဒါမှာထားတဲ့ကားလိုလိုနဲ့ ဖြတ်ခုတ်ပြီးနိုင်ငံခြားသားကို အင်္ဂလိပ်စာ မတတ်တခေါက်နဲ့ ဂွမ်ဂျူးကို လိုက်ပို့ပေးရင်း…………………..ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ စောင့်ကြည့်လိုက်ပါသင်ခန်းစာယူတတ်ရင် အများကြီးကို ပေးသွားတဲ့ဇာတ်ကားကောင်းလေးပါ
1987ခုနှစ်ရဲ့ကျောင်းသားတစ်ယောက်လက်တွေ့ဘဝထဲကိုဝင်ပါတော့မယ်ပြသနာကတော့မပြောင်းသွားပါဘူး ဘာအရာမှလည်းမလွယ်ကူခဲ့ပါဘူးသမီးရည်းစားရေးမှာလည်းအသည်းကွဲနေတဲ့ကွဲဘဲလေးဖြစ်ပြီးလုပ်ငန်းခွင်မှာဆိုလည်းဘာအတွေ့အကြုံမှာမရှိတဲ့ငပေါသာသာပါမိဘတွေကလည်းကျောင်းစရိတ်မပြောနဲ့ မုန့်ဖိုးတောင်မပေးတော့တဲ့အခြေအနေကိုရောက်နေပါပြီ
ပိုက်ဆံရှာဖိုလိုလာတဲ့အချိန်မှာ သူ့အားလပ်ရက်တွေကိုAdventurelandလို့ခေါ်တဲ့ကစားကွင်းမှာလုပ်ဖို့အကြောင်းဖန်လာပါတယ်စုတ်ပြတ်နာကျင်ပြီးအတွင်းပိုင်းသေဆုံးမတတ်ဖြစ်နေတဲ့လူငယ်တစ်ယောက်ကလူတွေအပန်းဖြေ ပျော်ရွှင်ဖို့လာတဲ့ကစားကွင်းမှာအလုပ်လုပ်တယ်ဆိုတာအရမ်းကြီးဆန့်ကျင်ဘက်ဖြစ်နေသလိုပါပဲသူ့စိတ်အခြေအနေနဲ့လူမှုရေး၊အချစ်ရေးတွေကိုကစားကွင်းမှာအလုပ်လုပ်ရင်းဘယ်လိုကျော်ဖြတ်သွားမလဲပုံမှန်ကားဖြစ်တဲ့အတွက်ပိုကြည့်သင်တယ်လို့ထင်ပါ
တယ်Sci-fiတွေFantasyတွေထက်စာရင်ဒီလိုကားတွေကပေးတဲ့messageကလက်တွေ့ဘဝမှာတကယ်အထောက်အကူဖြစ်ပါတယ်ဘာသာပြန်ပေးထားတာတော့Dollyဖြစ်ပြီးကျွန်တော်sithuကencodeပေးထားပါတယ်
mmbusticketနိုင်ငံရေးအရှုပ်တော်ပုံထဲမှာမှ အချစ်ဒရာမာ ကားလေးကို ခံစားချင်တဲ့သူအတွက် Affairs of State ကိုမိတ်ဆက်ပေးပါရစေ။June လထဲမှာ ထွက်ထားတာသိပ်မကြာသေးပေမယ့် Rating ကတော့ 5.4အထိ ရထားတဲ့ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ နိုင်ငံရေးမှာ အာဏာရတဲ့သူအဖြစ်ကြိုးစားချင်နေတဲ့ အလုပ်လက်မဲ့ လူငယ်တစ်ယောက်အကြောင်းကို ရိုက်ပြထားတာပါ။သူကတော့ Michael ပဲဖြစ်ပါတယ်။သူဟာ နိုင်ငံရေးမှာ အရေးပါတဲ့ Mary ဆိုတဲ့ အသက်ကြီးကြီး အမျိုးသမီးနဲ့ Sex လုပ်ပြီး အလုပ်အကိုင် အခွင့်ကောင်းကို ရအောင်ကြိုးစားရှာနေတဲ့ သူဖြစ်နေပါတယ်။
ထိုအမျိုးသမီးကြောင့်နဲ့ပဲ လွှတ်တော်အမတ် တစ်ယောက်ဆီမှာ အလုပ်ရခဲ့ပါတယ်။ထိုနည်းလည်းကောင်း လွှတ်တော်အမတ်ရဲ့အမျိုးသမီး Judith ဆီမှာ ခြိမ်းခြောက်ခံရပြီး Michael ဟာ Judith ရဲ့ လိင်ဆဒ္ဒကို ပြည့်ဝအောင်လုပ်ပေးရပါတော့တယ်။တနေ့မှာတော့ လွှတ်တော်အမတ်ရဲ့ သမီး Darcy ကို တွေ့သွားတဲ့အခါမှာတော့ Micheal ဟာ အချစ်ဆိုတဲ့အရာကို ရှာတွေ့သွားပေမယ့် Michael ဟာ Darcy လေးကို ချစ်တယ်လို့ ပြောခွင့်မသာခဲ့ပါဘူးကံကြမ္မာက Micheal နဲ့ Darcy ကို ပေါင်းစည်းခွင့်ပေးမလားရက်စက်စွာနဲ့ သူတို့နှစ်ယောက်ကို ကွဲကွာခိုင်းမလားဆိုတာကို ရသတစ်မျိုးနဲ့ အဆုံးထိ ဆွဲခေါ်သွားနိုင်တဲ့ကားလေးပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Brilliant Star ဖြစ်ပါတယ်)
ကျနော်တို့တွေအားလုံး နေ့စဉ်ဘဝမှာ ရှင်သန်နေကြတာ ဘ ာရည်ရွယ်ချက်နဲ့လဲ မရှင်သန်ဖူးသေးလို့ ရှင်သန်ကြည့်နေကြတာလား?? မနက်ဖြန်အတွက်ဆိုတဲ့ မျှော်လင့်ချက်လေးတွေနဲ့လား?? ရှင်သန်နေဆဲ မှာရော ရှင်သန်ဖော်ရှင်သန်ဖက်တွေကို ဘယ်လောက်အကျိုးပြုခဲ့ပြီလဲ??
လူတွေက ဘာလို့ ဆုံးရှူံးပြီးသားကိုမှ တန်ဖိုးထားကြတာလဲ?? အချစ်ဟာ အချိန်တွေကြာလာရင် သံယောဇဉ်ဖြစ်ရဲ့လား?? သံယောဇဉ်နဲ့ပဲနေနေတဲ့ အချိန်တွေကြာလာရင်ကော.. အချစ်ဆိုတာကျန်သေးရဲ့လား?? အဆုံးမဲ့စြင်္ကာဝဠာကြီးထဲမှာ မိမိဆိုတာကရော ဘယ်လောက်ထိအရေးပါနေလဲ?? ကျနော်တို့ဟာ ကိုယ်ဖြစ်ချင်တဲ့သူတစ်ယောက်ဖြစ်ဖို့ဘဝမှာကြိုးစားကြတယ် ဖြစ်သွားရင်ကော..ဘဝကြီးကနေပျော်သွားပြီလား?? ဖြစ်ဖို့ကြိုးစားနေဆဲကာလကရော ဘဝမဟုတ်ဘူးလား?? စ
တဲ့ mindblowingဖြစ်စေမယ့် မေးခွန်းလေးတွေ ကိုယ့်ကိုယ်ကိုပြန်မေးရင်း ခပ်ငြိမ့်ငြိမ့်ဇာတ်ကားလေးထဲမှာ စီးမျောသွားပါလိမ့်မယ်.. မိန်းမရပြီးမှ မကြိုးစားခဲ့လို့ မိန်းမက ထားသွားခဲ့တဲ့လူတစ်ယောက်. ..သူသိပ်ချစ်တဲ့သူ့သားလေးကိုလဲ ထောက်ပံ့ကြေးပေးရဦးမယ်(သူတို့နိုင်ငံရဲ့ဥပဒေအရ) ပင်စင်စားအမေကြီးကိုလဲ ထောက်ပံ့ချင်သေးတဲ့ သားလိမာဖြစ်ချင်တဲ့ လူတစ်ယောက်… စုံထောက်ကိုယ်စားလှယ်ရုံးမှာအလုပ်လုပ်ပြီး ဝတုတစ်ပုဒ်နဲ့ဆုရဖူးတဲ့ အရည်အချင်းနဲ့လူတစ်
ယောက် ဖြစ်ချင်တာတွေဖြစ်မလာတဲ့ ဘဝတစ်ခုမှာ အဓိပါယ်ရှာနေတဲ့လူတစ်ယောက်အကြောင်းဇာတ်ကားကောင်းတစ်ကားပါ(ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ အောင်ချမ်းငြိမ်း ပဲဖြစ်ပါတယ်)
mmbusticketဘောလီးဝုဒ်ဇာတ်ကားကိုမှကြိုက်နှစ်သက်တယ်ဆိုတဲ့ CM ပရိသတ်တွေအတွက် 2018 ခုနှစ်ထွက် Aiyaary ဆိုတဲ့ Action, Thriller
ဇာတ်ကားကောင်းလေးတင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားကို Neeraj Pandey ကဇာတ်ညွှန်းရေးသားပြီး သူကိုယ်တိုင်ကပဲရိုက်ကူးထားပါတယ်။အဓိကဇာတ်ဆောင်များဖြစ်ကြတဲ့ Major Jai Bakshi နဲ့ Colonel Abhay Singh တို့နေရာမှာ Sidharth Malhotraနဲ့ Manoj Bajpayee တို့က အသီးသီး ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်း
==========
စစ်တပ်မှာအရာရှိနှစ်ဦးဖြစ်ကြတဲ့ ကာနယ် Abhay Singh နဲ့မေဂျာ Jai Bakshi တို့ဟာ ဆရာတပည့်နှစ်ဦးဖြစ်ပြီးတော့ အမိမြေကိုချစ်မြတ်နိုးကြတဲ့ စစ်သားကောင်းများဖြစ်ပါတယ်။ကာနယ်Abhay Singh ဟာ တိုင်းပြည်ရဲ့အုပ်ချုပ်ရေးကို ချွင်းချက်မရှိ သက်ဝင်ယုံကြည်သူတစ်ဦးဖြစ်ပါတယ်။
သို့ပေမယ့် တပည့်ဖြစ်သူ မေဂျာJai Bakshi ဟာတိုင်းပြည်ရဲ့အုပ်ချုပ်သူပိုင်းမှာဖြစ်ပျက်နေတဲ့ လျှို့ဝှက်ချက်တစ်ခုကို သိသွားတဲ့အခါမှာတော့…..။ (ဘာသာပြန်ပေးထားသူကတော့ ကိုရဲမာန်အောင်ပါ)
mmbusticketဂျီနာဆိုတဲ့ မိန်းကလေးက မတော်တဆမှုကြောင့် မျက်စိကွယ်ခဲ့ရတဲ့ ကောင်မလေးတစ်ယောက်ပါ။သူ့ယောက်ျားဂျိမ်းစ်နဲ့အတူ ဘန်ကောက်မှာနေတာဖြစ်ပြီး ဂျိမ်းစ်ရဲ့စိတ်ရှည်သည်းခံစောင့်ရှောက်မှုတွေကြောင့် မျက်စိပြန်မြင်ခဲ့
ရပါတယ်။ဒါပေမဲ့ ဂျီနာမျက်စိပြန်မြင်တဲ့အချိန်မှာတော့ သူ့ရဲ့ လွတ်လပ်မှုတွေက ဂျိမ်းစ်ကို သဝန်တိုမှုတွေဖြစ်စေခဲ့ပါတော့တယ်။တချိန်လုံးသူ့ဘေးမှာပဲ သူ့ကိုအားကိုးပြီးနေခဲ့ရတဲ့ မိန်းမ မျက်စိမြင်ပြီး လောကကြီးထဲ ပုံမှန်နေထိုင်ဖို့ကြိုးစားချိန်မှ
ာ ယောက်ျားတစ်ယောက်အနေနဲ့ မိန်းမကိုဆုံးရှုံးရမှာ ကြောက်နေပုံကို ဒရမ်မာဆန်ဆန်ရိုက်ကူးထားတာဖြစ်လို့ ဒရမ်မာပရိသတ်တွေအတွက်တော့ ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပါလို့ ညွှန်းလိုက်ပါရစေ……..(ဘာသာပြန်သူကတော့ မေသူရလွင်ပါ)
All Is Lost(2013)IMDB…6.9,,,,Rotten…94ဒီကားက ဆန်းတယ်လို့ပဲပြောရမလား မသိဘူး တစ်ကားလုံးမှာ သရုပ်ဆောင်တစ်ယောက်ထဲရယ်…ပြီးတော့ နောက်ခံစကားလေးအနည်းငယ်ကလွဲလို့ တစ်ကားလုံးဘာမှကိုမပြောဘူး….လှေတစ်စီးပေါ်မှာလူတစ်ယောက် အိပ်နေတယ်…ဗြုန်းဆို လှေထဲကိုရေဝင်သံကြောင့်သူနိုးလာတယ်….
.ပင်လယ်ပြင်ထဲက သူ့လှေကိုထူးထူးခြားခြား ဘယ်သင်္ဘောပေါ်ကျခဲ့မှန်းမသိတဲ့ကွန်တိန်နာရဲ့ထောင့်နဲ့လှေရဲ့ဘေးနံရံနဲ့တိုက်မိပြီးပေါက်သွားတယ်…..လှေကိုဖာတယ် ..ရေတွေကိုပြန်ထုတ်တယ်….ဒီကားက imdb ရော rotten ရောအတော်ကောင်းပါတယ်…
ဘာကြောင့်ြ မင့်ရလဲဆိုတော့ အသက်၇၇နှစ်အရွယ် အဘိုးကြီးတစ်ယောက်ရဲ့ အသက်ရှင်သန်ရေးရုန်းကန်မှုကို ပီပီပြင်ပြင်ပြနိုင်လို့ လိုဆိုပါတယ်…အချစ်တွေ အလွမ်းတွေ အဆွေးတွေ တော့မပါပါဘူး…
အားလုံးစောင့်မျှော်နေကြတဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ စိတ်ကူးယဉ်အက်ရှင်ဒရာမာဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်….. မြန်မာပရိသတ်သဘောကျခဲ့တဲ့ Along With The Gods ဇာတ်ကားရဲ့ အဆက်အဖြစ် ထွက်ရှိလာတာ လည်း ဖြစ်ပါတယ်။ဒီဇာတ်ကားမှာ အဓိကပါဝင်ထားသူတွေကHa Jung Woo, Ju Ji Hoon, Kim Hyang Gi, Ma Dong Seok, Kim Dong Wookစသူတွေပဲဖြစ်ပါတယ်။မရဏတိုင်းပြည်က အ စောင့်အရှောက်သုံးဦးဖြစ်တဲ့ ဂမ် ရင်း၊ ဟယ်ဝန်မက်နဲ့ လီဒေါ့ချွန်း တို့ဟာ သူတို့ရဲ့ ၄၉ ဦးမြောက် ဝိညာဉ်ဖြစ်တဲ့ကင်ဆိုဟုန်ကို မြေ အောက်ကမ္ဘာကို လမ်းပြပို့ဆောင် ပေးရမယ့်အကြောင်း တင်ဆက် ထားတာပါ။
ကင်ဆိုဟုန်ဟာ အရင်ဇာတ် ကားထဲက မီးသတ်သမား ဂျာဟုန် ရဲ့ ညီတပ်သားဆိုဟုန်ဖြစ်ပြီးဂမ် ရင်းဦးဆောင်တဲ့ အစောင့်အ ရှောက်သုံးဦးဟာ ဆိုဟုန်ရဲ့ ဝိညာဉ်ကိုလည်းမရဏကမ္ဘာမှာ တရားစီရင်ဖို့အတွက် ပို့ဆောင် ပေးခဲ့ပြန်ပါတယ်။ဒီလိုနဲ့ မရဏကမ္ဘာမှာ အ ဆင့်ဆင့်ဖြတ်သန်းရင်း ဆိုဟုန် ဟာ God of House နဲ့ ဆုံခဲ့ပါ တယ်။ အဲဒီနတ်ဘုရားကလူတွေ ရဲ့ အတိတ်ကို သိနိုင်ပြီးနှစ်ပေါင်း ၁,၀၀၀ ကျော်ကာလအထိကို သိနိုင်တာပါ။လက်ရှိကမ္ဘာ၊ နောက်သွား ရမယ့်
ကမ္ဘာနဲ့ ပြီးခဲ့တဲ့အတိတ် ကမ္ဘာတွေကို ခရီးနှင်ရင်း မရဏ အစောင့်အရှောက်တွေဟာ သူ တို့တွေရဲ့ အတိတ်ဘဝက လျှို့ ဝှက်ချက်တွေကိုပါ သိရှိခဲ့ပါ တယ်။လူသားတွေအပေါ် ကြင်နာ တတ်တဲ့ အစောင့်အရှောက်သုံးဦး ဟာ ဒီတစ်ခါမှာလည်း ဝိညာဉ် ဆိုဟုန် ငရဲမကျဖို့အတွက် ကူညီ ဖြေရှင်းပေးပြန်ပါတယ်။အရင်ဇာတ်လမ်းနဲ့ ပုံစံခပ် ဆင်ဆင်ဖြစ်နေပေမယ့်လို့ တပ် သားဆိုဟုန်ရဲ့ မရဏတိုင်းပြည် က ၄၉ ရက်တာ စွန့်စားခန်းကို ဘယ်လိုခွဲထွက်ထားသလဲဆိုတာ ကြည့်ဖို့ဖော်ပြလိုက်ပါတယ်…(ဒီဇာတ်ကားရဲ့အညွှန်းကိုတော့ 7DayDaily မှ ကူးယူတင်ပြပါတယ်…)
mmbusticketဒီတစ်ခေါက်တော့ မင်းသားချောလေး Brenton Thwaites ရဲ့ဇာတ်လမ်းကောင်းလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းလေးနာမည်က An Interview with God (2018)ပါ။ဘာသာရေးဆိုင်ရာကားကောင်းလေးတစ်ကားဖြစ်ပြီး ဘုရားသခင်နဲ့ အပြန်အလှန် အင်တာဗျူးလုပ်နေသလို ဇာတ်အိမ်တည်ထားပါတယ်။
ဇာတ်လမ်းလေးအကျဉ်းကတော့အာဖဂန်နစ္စတန်စစ်မြေပြင်မှာ သတင်းသွားယူနေတဲ့သတင်းတပ်သားလေး ပေါလ်အာရှာ…ဘာသာတရားလိုက်စားသူဖြစ်ပေမယ့် စစ်မြေပြင်ရဲ့ကြမ်းတမ်းတဲ့အတွေ့အကြုံတွေကနေ ဘုရားသခင်အပေါ်ယုံမှားသံသယဝင်လာပါတော့တယ်။စစ်မြေပြင်ကနေ အိမ်ပြန်ရောက်ချိန်မှာလဲ အိမ်ထောင်ရေးကအဆင်မပြေဖြစ်နေချိန်မှာ သူ့ဆီကို အင်တာဗျူးတစ်ခုလုပ်ဖို့ကမ်းလှမ်းလာပါတော့တယ်။အဲဒီအင်တာဗျူးမှာ ဘုရားသခင်နဲ့မေးခွန်းထုတ်ကြမှာပါ။လူသား
တိုင်းသိချင်နေတဲ့မေးခွန်းတွေကိုပေါလ်တစ်ယောက်မေးပေမယ့် ဘုရားသခင်ကတော့ပေါလ်ရဲ့ဘဝကိုပဲအခြေခံကာ မေးခွန်းတွေကိုပညာသားပါပါဖြေဆိုပုံတွေကို ဒီကားလေးထဲမှာတွေ့မြင်ရမှာပါ။Imdb 5.4/10 ရရှိထားတဲ့ ဒီကားလေးနာမည်ကတော့ An Interview with God (2018) ပါ။ရှားရှားပါးပါးဘာသာရေးကားလေးကို Channel Myanmarပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။
mmbusticketBollywood ရုပ်ရှင်လောကမှာ နာမည်ကြီး သရုပ်ဆောင်တွေ အလှိုင်လှိုင်နဲ့ တခမ်းတနားတင်ဆက် ရိုက်းကူးတင်ဆက်ထားတဲ့ ဇာတ်ကားတွေရှိသလိုနာမည်သိပ်မကြီး ဇာတ်ပို့ဇာတ်ရံအဆင့်သာသာပဲရှိတဲ့ သရုပ်ဆောင်အများစုနဲ့ ကုန်ကျစရိတ်နည်းနည်းသာ အကုန်ခံပြီး တင်ဆက်ထားတဲ့ ဇာတ်ကားတွေလည်း ရှိပါတယ်။အဲဒါကြောင့်ပဲ ရုပ်ရှင်ကားကောင်းတကားဖြစ်ဖို့ဆိုတာကုန်ကျစရိတ်တွေအများကြီးမလိုဘူးနည်းပညာအကူအညီမလိုဘူးလူအင်အားအမျာ
းကြီးမလိုဘူး ဇာတ်လမ်း ဇာတ်ညွှန်းကောင်းကောင်းနဲ့ စေတနာပါဖို့ပဲလိုပါတယ်ဒီလိုကားတွေက သက်သေပါပဲဘာနာမည်ကြီး သရုပ်ဆောင်မှမပါဘဲစရိတ်နည်းနည်းနဲ့ ကားကောင်းတစ်ကား ဖြစ်ကြောင်း ပြသနိုင်ခဲ့ပါတယ်ဇာတ်လမ်းကို ပြောရမယ်ဆိုရင် အာရာက ကချေသည်မလေး အနာကလီရဲ့အကြောင်းပါပဲ
ကချေသည်ဆိုတာ သူတို့အိန္ဒိယမှာ ဘယ်လိုသတ်မှတ်သလဲဆိုရင် ပြည့်တန်ဆာနဲ့ ထူးမခြားနားပါပဲသူတို့ဖျော်ဖြေတဲ့သီချင်းတွေက လိင်စိတ်ကြွအောင် အသားပေးထားပြီး လာအားပေးကြတဲ့သူတွေကလည်း မူးမူးရူးရူးနဲ့ အော်ဟစ်ကခုန်နေကြတဲ့သူတွေပါပဲဘောက်ဆူးချသလိုနဲ့ ဟိုနှိုက်၊ ဒီဆွဲနဲ့ အဲဒီဒဏ်တွေကိုလည်း ခံရပါတယ်တနေ့တော့ ရဲစခန်းတစ်ခုမှာ ကပြဖျော်ဖြေတဲ့ပွဲမှာ ပွဲလာအားပေးတဲ့ VIPလို့ပြောလို့ရသူ ခရိုနီဘဲတပွေက မူးရူးနဲ့စင်ပေါ်တက်ပြီး အတင်းအဓ္ဓမဆွဲလားရမ်း
လား လုပ်ပါတယ်လူအများရှေ့မှာဆိုတော့ အနာကလီကလည်း ငြိမ်မနေဘဲ အဲဒီဘဲကို ပါးပြန်ချလိုက်ပါတယ်အဲဒီအချိန်မှာ ပြသနာပေါင်းစုံစ,တတ်တော့တာပါပဲအနာကလီတစ်ယောက် ဘာတွေ ဆက်ဖြစ်မလဲဒီဘဲကရောဘယ်သူလဲ ဆိုတာကို ….
IMDb rating 8.6 ရရှိထားပြီး ၂၀၁၅ ခုနှစ်က ထွက်ခဲ့တဲ့အချစ် နဲ့ ဘ၀ အခြေအနေ ဇာတ်ကြောင်းလွန်ဆွဲကြပုံကိုရိုက်ပြထားပြီး လူငယ်လေးတယောက်က မိမိဘဝအခြေအနေနဲ့အချစ်ရေး ၂ခုကြားထဲမှာ ဘယ်ဟာကို ရွေးချယ်ရမလဲဆိုတာကို
ဒွိဟဖြစ်ပုံကို ပညာသားပါပါ ရိုက်ကူးပြသပေးထားပြီးယခုခေတ်လူငယ်တွေ အတုယူကြည့်ရှူသင့်တဲ့ ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးခြင်ပါတယ်ဇာတ်လမ်း လေးကတော့ ယခုခေတ် ပါကစ္စတန်ကောင်လေးတစ်ယောက်နဲ့အစပြုထားပြီး သူ့ကောင်မလေးဟာ နိုင်ငံခြား လူနေမှုဘဝကို အထင်ကြီးသူတယောက်ပါတနေ့မှာ ကောင်မလေးက ကောင်လေးကို လက်ဆောင်ပစ္စည်းတစ်ခုဝယ်ပေးဖို့ပူဆာရာမှ ကောင်လေးက သူ့အဖေရဲ့ စကူတာလေးကို ရောင်းလိုက်ပြီး ဝယ်ပေးခဲ့ပါ
တယ်ဒီလိုနဲ့ အဲ့ကောင်လေးဟာ အိန္ဒိယ ကောင်လေးတစ်ဖြစ်လဲ Angrej နဲ့မိတ်ဆွေဖြစ်မိပြီး ပါတီပွဲတစ်ခုမှာခင်မင်ခဲ့ပါတယ် ဒီလိုနဲ့ Angrej နဲ့ ကောင်လေးစကားပြောကြရင်း Angrej ကိုကောင်လေးက သူ့စကူတာပျောက်သွားတဲ့ အကြောင်းပြောပါတော့တယ် အဲ့မှာ Angrej က ကောင်လေးကို မင်းစကူတာက ပျောက်သွားတာမဟုတ်တဲ့ အကြောင်း ကောင်မလေးကို လက်ဆောင်ဝယ်ပေးလိုက်တာဖြစ်ကြောင်းပြောရင်းAngrej က သူ့ရဲ့ အချစ်ဇာတ်လမ်းလေးကို ပြောပြပါတော့တယ်ကဲ ပရိတ်သတ်ကြီးရေ Angrej ရဲ့ အချစ်ဇာတ်လမ်းလေးက လွမ်းမောစရာကောင်းမလားပျော်ရွင်စရာတွေနဲ့ ပြည့်နက်နေမလားဆိုတာကိုတော့ ပရိတ်သတ်ကြီးကပဲဆက်လက် ရှူစားကြည့်လိုက်ပါတော့ ဗျာ
Antichrist ဆိုတာ၂၀၀၉ခုနှစ်မှာထွက်ရှိထားတဲ့ horror ဇာတ်ကားတစ်ကားဖြစ်ပါတယ်သားလေးတစ်ယောက်ကိုဆုံးရှုံးလိုက်ရတဲ့လင်မယားနှစ်ယောက်ရဲ့အကြောင်းလေးကိုရိုက်ကူးထားတာဖြစ်ပါတယ်သားလေးကိုဆုံးရှုံးလိုက်ရလို့ ကြေကွဲခံစားနေရတဲ့ဇနီးသည်ရဲ့ဝမ်းနည်းပူဆွေးသောကတွေကိုယောကျာ်းဖြစ်သူကကုစားပေးနိုင်ဖို့အတွက်ကုထုံးနည်းလမ်းနဲ့ပဲ ကုသပေးဖို့စီစဉ်လိုက်ပါတယ်မိန်းမဖြစ်သူရဲ့စိတ်အတွင်းကအကြောက်ရွံ့ဆုံးနေရာကိုသွားနေထိုင်ရင်းနဲ့
ဒီကုထုံးကိုစတင်မှာဖြစ်တာကြောင့် သစ်တောထဲကသစ်လုံးအိမ်လေးကိုသွားရောက်ခဲ့ကြပါတယ်အဲ့ဒီသစ်လုံးအိမ်လေးမှာ သားလေးဖြစ်သူနစ်ခ်နဲ့ သူ့မိန်းမတို့သွားရောက်ဖူးခဲ့တဲ့နေရာလေးပါသူတို့သွားရောက်နေထိုင်တဲ့အချိန်ကနေစပြီးတော့ အဲ့ဒီပတ်ဝန်းကျင်ကတကယ့်ကိုငရဲတစ်ခုအလားမြင်ယောင်လာမိပါတော့တယ်ဆိုးရွားလွန်းတဲ့ပုံစံတွေ အနေအထားတွေကိုမြင်တွေ့ခံစားနေခဲ့ရပေမယ့်သူ့မိန်းမအတွက်ကြိုးစားပြီးတော့နေထိုင်ခဲ့ပါတယ်တကယ်တမ်း သူကိုယ်တိုင် သူ့မိန်းမရဲ့
စာတမ်းတွေကိုတွေ့ရှိပြီးတဲ့နောက်ပိုင်းမှာဘာတွေဖြစ်သွားတယ်ဆိုတာကိုတော့ဇာတ်လမ်းကိုကြည့်ရှုရင်းနဲ့ပဲရင်ခုန်လိုက်ရအောင်ပါတကယ်တော့ ဒီကားကတော်တော်လေးကိုအာရုံစားတဲ့ကားပါအတွေးပိုင်းကိုလုံးဝအကျယ်ချဲ့ပြီးတော့ စဉ်းစားစေတဲ့ဇာတ်ကားလိုပုံစံမျိုးမလို့ ကြည့်ရတာ စိတ်ဝင်စားစရာတော့ကောင်းလှပါတယ်
ရုပ်ရှင်နာမည်က Apprentice တဲ့ …Apprentice ဆိုတာခပ်လွယ်လွယ်ဘာသာပြန်ရင် အလုပ်သင် လို့ ဆိုသော်ငြား အတိအကျပြောရရင်ရှုပ်တယ်ဗျ။ ကျွန်တော်ပဲဝေါဟာရဆင်းရဲတာလားတော့ မသိဘူး။
ဥပမာပေးရရင် ကားဝပ်ရှော့က ကောင်လေးတွေကို Apprentice လို့ခေါ်လို့ရမယ်။ ပညာသင်အလုပ်သမားပုံစံ …
ဆရာက ပညာသင်ပေးရတဲ့အတွက် လစာတော့ လျှော့ပေးထားတာမျိုးပေါ့ ..
ဟီး …
A person who is learning a trade from a skilled employer, having agreed to work for a fixed period at low wages ဆိုတဲ့ဖွင့်ဆိုချက်ကပဲ ပိုထိရောက်မယ်ထင်တယ်။Apprentice က စင်္ကာပူ/မလေးရှားရုပ်ရှင်ပါ။
စင်္ကာပူ/မလေးရုပ်ရှင်တွေကိုအထင်မကြီးတဲ့အတွက် တခါမှမကြည့်ဖူးဘူး။ ကိန်းရုပ်ရှင်ပွဲတော်အထိတက်ရောက်အောင်မြင်ခဲ့သလို၊ ဆီလိုအပြစ်ရှာပြောတတ်တဲ့ ဟောလိဝုဒ် ဝေဖန်ရေးသမားတွေကပါ မှတ်ချက်ကောင်းကောင်းတွေပေးထားတာဆိုတော့ ကြည့်ဖြစ်လိုက်တယ်။
ဇာတ်လမ်းက ရှင်းလွန်းတယ်။
စစ်သားတစ်ယောက် တပ်မတော်နဲ့ စာချုပ်ပြည့်ပြီးအပြင်ထွက်လာတဲ့အချိန်မှာ ထောင်ကိုအလုပ်ဝင်လျှောက်တော့ အလုပ်ရတယ်။
အဲဒီထောင်မှာ သေဒဏ်ကျအပြစ်သားတွေကို ကြိုးပေးဖို့အတွက်(အမှန်က ကြိုးစင်မောင်းခလုတ်ဖြုတ်တာ၊ ကြိုးကျစ်တာ) အလုပ်နေရာကို ဘယ်သူမှမလုပ်ချင်လို့ အခက်တွေ့နေချိန်ပေါ့။
သွေးအေးလွန်းတဲ့ အဲဒီစစ်ထွက်ကို ကြိုးမိန့်ပေးတဲ့နေရာမှာ အလုပ်သင် Apprentice အဖြစ်ထားလိုက်တာ။ အဲဒီအကြောင်းလေးကိုပဲရိုက်ပြတာ အရမ်းရမ်းကောင်းတယ်ဗျာ။စကားသိပ်မပြောပဲ ဇာတ်ကောင်စရိုက်တွေတင်ပြတာ အရမ်းကောင်းတယ်။
အစွန်းတွေလွတ်အောင်ချပြနိုင်တယ်။
အထူးတလည်ချီးကျူးချင်တာကတော့ ထောင်ရဲ့လုပ်ငန်းစဉ်တွေကို သေချာလေ့လာပြီးမှ ရိုက်ထားတာကိုပဲ ..
ဥပမာ – ကိုယ်အလေးချိန်ဘယ်လောက်ရှိရင် ကြိုးထုံးကို ဘယ်လောက်ထုံးရမယ်၊ ကြိုးအရှည်ဘယ်လောက်ထားရမယ်။ ကြိုးပေးခံရမယ့်သူကို ကြိုးကွင်းစွပ်ပြီးရင် ကြိုးရဲ့အထုံးကို ဘာကြောင့် ဘယ်ဘက်နားရွက်အောက်မှာပဲထားရတယ်စသဖြင့်ပေါ့ဗျာ။
တော်တော်လေးကို ထောင့်စေ့နေအောင်ကြိုးစားထားကြတာ။တင်ဆက်ပုံကလည်းလေးစားစရာပါ။
ဘယါလောက်သတ္တိကောင်းတဲ့သူပဲဖြစ်ဖြစ် ကြိုးပေးမယ့်နေရာထိခပ်တင်းတင်းလျှောက်လာနိုင်တယ်ထားဦး၊ ခေါင်းစွပ်စွပ်ပေးပြီး ကြိုးစင်ပေါ်လည်းတင်ရော သွေးပျက်ကုန်တာတွေကအစ ဒါရိုက်တာဟာ ပညာသားပါပါချပြနိုင်လွန်းတယ်။ဒိုင်ယာလော့တွေနည်းတယ်ဆိုပေမယ့် ပြောလိုက်တဲ့ စကားလုံးတွေကလည်း အရမ်းထိတယ်။ ဆရာက သူ့တပည့်ကို သင်ပေးနေတဲ့စကားကိုပဲကြည့် …My job is to make sure he dies instantly. Make sure there’s no pain. In some countries they use the short drop. It’s pitiful, you know. The guy really suffers. They’ll let him struggle for 30 minutes until he turns blue and soils his pants before he dies. But here, we are humane. We make sure it is quick and painless.
အနှစ်ချုပ်ပြောရရင် Apprentice ဆိုတဲ့ရုပ်ရှင်လေးကို တနေရာရာမှာ အမှတ်တမဲ့တွေ့ရင် ကြည့်ဖြစ်အောင်ကြည့်ပါ။ ရသ စာအုပ်တစ်အုပ်ဖတ်လိုက်ရသလိုပဲလို့ လက်တို့ပါရစေ …နိုင်ငံတကာကပေးတဲ့ဆုတွေလည်း တသီကြီးရထားတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းပါဗျာ။(ရုပ်ရှင်အညွှန်းကို Ko Aung Zaw Oo Facebook မှကူးယူဖော်ပြပါသည်။)
ဒီစူပါဟီးရိုး ရုပ်ရှင်ဟာ DCEU ရဲ့ ၆ ကားမြောက်ရုပ်ရှင်ပဲ ဖြစ်ပါတယ်။
သူ့ရဲ့ရှေ့မှာတော့ Man of Steel, Batman vs Superman, Suicide Squad, Wonder Woman, Justice League တို့ ထွက်ရှိထားပြီးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း
============ အတ္တလန်တစ်နိုင်ငံရဲ့ မင်းသမီးဟာ ကုန်းမြေပေါ်က မီးပြတိုက်စောင့်တစ်ယောက်နဲ့ ချစ်မိပြီး အာသာ(အကွာမန်းကို) မွေးဖွားခဲ့ပါတယ်။သူကြီးပြင်းလာချိန်မှာ အတ္တလန်တစ်ရဲ့ ဘုရင် အွန်းမ်ဟာ နိုင်ငံ ၇ ခု ကို စုစည်းပြီး ကုန်းမြေကမ္ဘာကို စစ်တိုက်ဖို့ ပြင်ဆင်လာပါတယ်။ ဒီစစ်ပွဲကိုတားဖို့ အတွက် အာသာဟာ သူ့ရဲ့ဆရာ ဗော်ကို၊ မင်းသမီး မယ်ရာ တို့ရဲ့ အကူအညီနဲ့ စွမ်းအားအကြီးဆုံး သုံးခွခရင်း ထရိင်းဒန့်ကို ရှာပြီး အတ္တလန်တစ်ရဲ့ ထီးနန်းကို ရယူဖို့ ကြိုးစားရပါတော့တယ်………
Architecture 101 ဇာတ်ကားဟာဆိုရင်တော့
ကိုရီးယား Drama , Romance ဇာတ်ကားလေးဖြစ်ပြီး
Director: Yong-Joo Lee က ရိုက်ကူးထားတာဖြစ်ပါတယ်။ှ >IMDb Rating – 7.2/10
>Asianwiki Rating – 90%
သရုပ်ဆောင်များအနေနဲ့လည်း
မင်းသားကြီးTae-woong Eom,မင်းသမီးချောGa-in-Hanနဲ့
မင်းသား Je-hoon Lee တို့အပြင်
Korean Kpop အဖွဲ့တွေထဲကတစ်ဖွဲ့ဖြစ်တဲ့
Miss A အဖွဲ့ထဲက ကောင်လေးတွေရဲ့အသည်းစွဲ
(Adminရဲ့ရည်းစား :3)
Suzy Bae လေး တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းလေးကတော့ ကိုရီးယားဆိုးလ်မြို့မှာနေတဲ့
ဆိုယွန်းတစ်ယောက် သူ့ရဲ့မိသားစုနဲ့အနှစ်သုံးဆယ်ကြာနေခဲ့တဲ့
ဂျယ်ဂျူကျွန်းက အိမ်လေးကို ပြင်ဖို့အတွက် ဆောက်လုပ်ရေးကုမ္ပဏီသို့ သွားရာမှ
လွန်ခဲ့တဲ့ ၁၇နှစ်လောက်က သူနဲ့အတူ
ဗိသုကာသင်တန်း အတူတူတက်ခဲ့တဲ့
ဆောင်မင်း နဲ့မထင်မှတ်ဘဲတွေ့ခဲ့ကြပါတယ်။
အဲ့လိုနဲ့သူတို့နှစ်ယောက်တွေ့မိပြီး အရင်ကသူတို့အကြောင်းတွေကို
ပြန်ပြောဖြစ်ခဲ့ကြပါတယ်။
၁၉၉၀ခုနှစ်လောက်တုန်းကအချိန်တွေကို ပြန်ပြောရင်း
နောက်ကြောင်းပြန်ကြည့်ရမယ့်ဇာတ်ကားလည်းဖြစ်ပါတယ်။ဒီကားဟာဆိုရင် ကိုရီးယားအချစ်ဇာတ်လမ်းလေးဖြစ်ပြိး
ကိုရီးယားဆန်ဆန် Ro ရတဲ့အပြင် ကြေကွဲစရာ လွမ်းဆွတ်မှုအရသာပါ
ခံစားရမည်ဖြစ်တာကြောင့် ကြည့်ရှု့သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။
CM Fan တွေ အတွက် ဒီတစ်ခေါက်မှာတော့မတင်ဖြစ်တာ ကြာပြီ ဖြစ်တဲ့ ဆိုက်ကို လူသတ်သမား ရုပ်ရှင်ကားလေးပါဇတ်လမ်းပုံစံကတော့ ခေတ်မှီတိုးတက်လာတဲ့ လူနေမှု စနစ် မှာ
သိသိသာသာ ဂျင်းထည့်နေတဲ့ အိမ်ခြံမြေ ပွဲစားတွေ အကြောင်းပါတိုးချဲ့ မြို့သစ် တစ်ခုမှာ အိမ်ဈေးတွေ တက်လာမယ် ခြံဈေးတွေတက်လာမယ်ဆိုပြီး ဂျင်းလိုက်ထည့်နေတဲ့ ကတ်ဆီ ဆိုတဲ့အိမ်ပွဲစားမလေး ရှိပြီး သူကိုယ်တိုင်ကလဲ အိမ်ပွဲစားမဖြစ်ခင်အိမ်ပွဲစား လူလည်တစ်ယောက်ဖြစ်သူ သူ့သူဌေးဆီက ဂျင်းမိပြီးမဖြစ်ထွန်းတဲ့ ခေါင်တဲ့ မြို့မှာ အိမ်ဝယ်မိသူ တစ်ယောက်ပါလောလောဆယ် လတ်တလော အကျွေးတွေ ပိပြီး သမီးတစ်ယောက်ရှိတဲ့အိမ်ထောင်ကွဲ အမျိုးသမီးတစ်ယောက်
ပေါ့…. Phone အားကုန်နေပြီလား XP Power Bank ရှိတယ်… သူ ဂျင်းထည့်ခံရသလို သူများကိုလဲ ဂျင်းလိုက်ထည့်တဲ့ ပညာကိုကတ်ဆီ တစ်ယောက် ရရှိသွားပြီး သူ့သူဌေး နဲ့ ပေါင်းကာပိုက်ဆံရှိသူတွေကို မက်လုံးပေး ခေါင်တဲ့နေရာက အိမ်ခြံမြေတွေကိုမတန်တဆ ဈေးတွေနဲ့ ရောင်းထုတ်ခဲ့ပါတယ်…တစ်ရက်မှာတော့ သူတို့ ဂျင်းထည့်ခဲ့တဲ့ Customer တစ်ဦး ဖြစ်သူမော်ရမ် မှ ကတ်ဆီ ရဲ့ သူဌေး ကို သတ်ဖြတ်ပြီး ကတ်ဆီကိုပြန်ပေးဆွဲခဲ့ပါတော့တယ် ရဲရော ဘယ်အဖွဲ့
အစည်းကိုမှဆက်သွယ်မရအောင် ခေါင်တဲ့ ဒီတိုးချဲ့မြို့သစ်ကနေသူမ ဘယ်လိုလွတ်မြောက်နိုင်မလဲဆိုတာသည်းထိတ်ရင်ဖို ကြည့်ရှုနိုင်ပါပြီ….ဒီရုပ်ရှင်ကားကိုဘာသာပြန်ပေးထားတာကတော့May Thu ဖြစ်ပြီး Thit San Khant မှတင်ဆက်ပေးထားပါတယ်
ကျွန်တော်တို့တွေ လိပ်ပြာလွှင့်တယ်ဆိုတဲ့အရပ်သုံးစကားကို တော်တော်များများကြားဖူးကြမှာပါဒီဇတ်ကားလေးကတော့ ငယ်ငယ်လေးထဲကမိခင်ဟာကိုယ့်ကိုယ်ကိုသတ်သေသွားတာကိုအခုမှသိလိုက်ရတဲ့ တက္ကသိုလ်ကျောင်းသား
အဲလက်စ် တစ်ယောက် ကျောင်းလက်ချာချိန်မှာလိပ်ပြာလွှင့်တာနှင့်ပတ်သတ်ပြီး သင်ကြားမိတာကနေ စပြီးသူ့အမေရဲ့ ဝိညာဉ်နှင့် အဆက်အသွယ်ရဖ်ု့လိပ်ပြာလွှင့်တဲ့အတတ်ကို စမ်းကြည့်ရာကနေမမျှော်လင့်ထားတဲ့ ပရလောကကံကြမ္မာဆိုး
ကြီးနှင့်တွေ့ပြီးဘယ်လိုဖြေရှင်းသွားမလဲဆိုတာသည်းတထ်တ်ထိတ်ရင်တဖိုဖိုစောင်ကြည့်ရမယ့် horror ဇတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်ရုပ်ရှင်ကားကို ကောင်းမြတ်သူ က ဘာသာပြန်ပေးထားပြီးအညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်
လူတိုင်းမှာ ဘဝရဲ့တမ်းတမက်မောစရာ ဇာတ်လမ်းလေးတွေရှိကြမယ်….တခြားလူတွေအတွက်တော့ ပုံပြင်လေးတွေပေါ့…ဒီဇာတ်လမ်းက ပုံပြင်တချို့ကိုပြောပြနေလိမ့်မယ်…တိုက်ဆိုင်ရင်တော့ ကိုယ့်ရင်တစ်ခုလုံး ပျော်ဝင်သွားနိုင်တယ်…
အချစ်ကိုအပ်ဖျားမှာတပ်ပြီး မျှားနေတယ်လို့ ကျွန်တော်တို့ ပေါ့ပေါ့တန်တန်တွေးမိလိမ့်မယ်…..တကယ်က အချစ်က ကျွန်တော်တို့ကို အပ်ဖျားမှာတပ်ပြီး မျှားနေတာ။လွမ်းမောဖွယ် ကြမ်းရှရှတချို့နဲ့ ဒီဇာတ်လမ်းလေးဟာ IMDb (6.1) ရရှိထားတဲ့ ထိုင်ဝမ်ဇာတ်ကားလေးပါ။နူးညံ့လိုက်ဖို့ စိတ်မရှိဘူးဆိုရင် ကြည့်ရှုခံစားသင့်ပါတယ်။
ဒီဇာတ်လမ်းလေးဟာ ဒုတိယကမ္ဘာစစ်အတွင်း waterကို အသံမထွက်တတ်ဘဲ warလို့မှားထွက်မိလို့စစ်တပ်ထဲရောက်လာတဲ့အူကြောင်ကြောင်အီတလီစစ်သားလေးတစ်ယောက်အကြောင်းပါ …ဒါပေမယ့်လည်းဖြစ်ပုံက အဲ့ဒီနေ့က သူ့ကောင်မလေးကိုလက်ထပ်ခွင့်ရဖို့အတွက်
ပင်လယ်ခြားနေတဲ့စီစလီမြို့ကသူမရဲ့အဖေဆီ သွားပြီးခွင့်တောင်းရမှာပါ…ဒါပေမယ့် စားပွဲထိုးငမွဲလေးဖြစ်တဲ့အာတူရိုဟာ သွားဖို့ရာ ကားခသင်္ဘောခလေးတောင်မတတ်နိုင်တဲ့အတွက် စိတ်ညစ်ညစ်နဲ့ ဘားသွားပါလေရော…ဘားလည်းရောက်ရော ရေတောင်းတာ Waterကိုအသံမထွက်တတ်ဘဲ warလို့ထွက်မိတဲ့အတွက် စစ်တပ်ထဲအူကြောင်ကြောင်နဲ့ရောက်သွားပါတယ်…ဒါပေမယ့်လည်း စစ်တပ်က စီစလီမြို့ကိုတပ်ကူလွှတ်လိုက်တဲ့အတွက် ရေငတ်တုန်းရေတွင်းထဲကျပြီး စီစလီမြို့
ကိုဆိုက်ဆိုက်မြိုက်မြိုက်ကြီးကိုရောက်သွားပါတော့တယ်…စီစလီမြို့အရောက်မှာတော့ သူ့ချစ်သူရဲ့ဖခင်ကိုရှာဖွေရင်း ဘာတွေဆက်ဖြစ်ကြမလဲ……နိုင်ငံကိုပေးဆပ်ဖို့စစ်တပ်ထဲဝင်လာတဲ့သူရဲကောင်းအရာရှိကြီးဖီးလစ်…ဗုံးစောင့်ကြည့်ပေးရတဲ့ မျက်မမြင်နဲ့ ထော့ကျိုးအတွဲ…စစ်တိုက်ထွက်သွားတဲ့ခင်ပွန်းဖြစ်သူကိုစောင့်မျှော်နေတဲ့မိသားစုလေး…စတဲ့သူတို့ရဲ့စစ်အတွင်း ဘဝလေးတွေကိုဟာသနှောလိုက် ငိုချင်အောင်လုပ်လိုက်နဲ့ ပရိသတ်ကိုနည်းမျိုးစုံနဲ့စိတ်ကျေနပ်မှုပေးထားတဲ့ကားလေးပါ…သဘာဝကျကျ ခွီရတဲ့အခန်းတွေတော့ သိပ်ကိုသဘောကျရပါတယ်……အနှစ်ချုပ်ပြောရင်တော့ တကယ်ကြည့်လို့အရမ်းကောင်းတဲ့ကားလေးတစ်ကားပါ…
မင်းသား Chantavit Dhanasevi နှင့် I Fine..Thank You..Love You မင်းသမီးချော Preechaya Pongthananikorn တို့
အဓိက ပါဝင်ထားကြပြီး အခြားဟာသသရုပ်ဆောင်များစွာနဲ့ရိုက်ကူးထားတဲ့
Comedy, Romance အမျိုးအစား နာမည်ကြီးထိုင်းဇာတ်ကားဖြစ်ပါတယ်။
တစ်ခုနဲ့တစ်ခုကိုချိတ်ဆက်ပြီး ဟာသရသမြောက်အောင် စိတ်ကူးကောင်းကောင်းနဲ့ပုံဖော်ထားပါတယ်။
IMDb Rating (7.2/10) အထိရရှိထားပြီး ထိုင်းဇာတ်ကားတွေလဲ နိုင်ငံတကာရုပ်ရှင်ဈေးကွက်ကို
ထိုးဖောက်နိုင်ခဲ့ပြီဆိုတာ တွေ့ရမှာပါ။
မိသားစုနဲ့ အနားယူရင်း အပန်းဖြေ ကြည့်ရှုသင့်တဲ့ ဟာသဇာတ်ကားကောင်းလေးပါ။
(မြန်မာစာတန်းထိုးကိုတော့ ကိုမိုးစက် မှ ကိုယ်တိုင်ဘာသာပြန်တင်ဆက်ပေးထားတာပါ။
pk (2014) မြန်မာစာတန်းထိုးဇာတ်ကားကို ကြည့်ဖူးသူတွေကတော့ “မိုးစက် ရမ်းသမ်းဘာသာပြန်သည်။” ဆိုတာကိုရင်းနှီးနေကြမှာပါ။ ရှုစားအားပေးကြပါဦး။)ဖေဖော်ဝါရီ ၁၄ ရက်နေ့ (V-Day နေ့)ဟာဆိုရင် ဇာတ်ကားထဲက အဓိကမင်းသမီးလေး
Preechaya Pongthananikorn ရဲ့ မွေးနေ့လည်းဖြစ်ပါတယ်…
အဆင်ပြေရင် “Happy Birthday ပါ….Ice” ဆိုပြီးမန့်သွားပေးကြပါ ..
သူ့ရဲ့ Nickname က Ice Preechaya ဖြစ်ပါတယ်။
(စကားမစပ်….ပျော်ရွှင်စရာ ချစ်သူများနေ့ဖြစ်ပါစေ………။)
ဘုရင့် သက်တော်စောင့် ကက်တာပါးက မဟစ်ရှ်မာတီ နိုင်ငံတော်က ထီးညွန့်နန်းလျာ အမန်ဒရာဘာဟုဘာလီကို သူ ကိုယ်တိုင် ဘာကြောင့်သတ်ဖြတ် ပစ်ရတဲ့အကြောင်းကို သားဖြစ်သူ မဟင်ဒရာဘာဟုဘာလီကို ရှင်းပြတဲ့ပုံစံနဲ့ ဇာတ်လမ်းဆက်ထား တာပါ။ဆူပူသောင်းကျန်းတဲ့ မ ကောင်းဆိုးဝါးတွေ နှိမ်နင်းအပြီး မှာတော့ ဘုရင်မကြီးဆီဗာဂါမိ ဟာ သားဖြစ်တဲ့ အမန်ဒရာဘာဟု ဘာလီကို ထီးနန်းဆက်ခံမယ့်သူ အဖြစ် ကြေညာခဲ့ပြီး တူဖြစ်တဲ့ ဘာလာကိုတော့ စစ်သူကြီးအဖြစ်
ကြေညာခဲ့ပါတယ်။ ဘုရင်မကြီး က အမန်ဒရာကို တပ်မှူးကက် တာပါးနဲ့အတူ အနီးဝန်းကျင်က နိုင်ငံတွေနဲ့ ပြည်သူတွေကြားကို လေ့လာဖို့ စေလွှတ်ခဲ့ပါတယ်။အဲဒီလိုသွားရင်းနဲ့ တစ်နေ ရာအရောက်မှာတော့ တိုက်ရေး ခိုက်ရေးကျွမ်းကျင်ပြီး ထက်မြက် တဲ့ ကန်တာလာနိုင်ငံက မင်းသမီး ဒီဗာဆီနာနဲ့ဆုံခဲ့ပြီး မင်းသမီးကို သဘောကျမိတဲ့အတွက် အမန် ဒရာဟာ သာမန်လူတစ်ဦးပုံစံနဲ့ ချဉ်းကပ်ကာ မင်းသမီးရဲ့နိုင်ငံကို ကက်တာပါးနဲ့အတူ လိုက်သွားခဲ့ ပါတယ်။
တစ်ဖက်မှာလည်း ဘုရင်မ ကြီး ဆီဗာဂါမိဟာ ရန်သူနိုင်ငံက မင်းသမီး ဒီဗာဆီနာနဲ့ တူတော် ဘာလာကို နှစ်နိုင်ငံငြိမ်းချမ်းရေး အတွက် လက်ဆက်ဖို့ ကမ်းလှမ်း စာပို့ခဲ့ပါတယ်။ မင်းသမီးက ငြင်း ဆန်ခဲ့တဲ့အတွက် ဘုရင်မကြီး အမျက်ထွက်ပြီး ကန်တာလာကို တိုက်ခိုက်ဖို့ အမိန့်ပေးခဲ့ပါတော့ တယ်။ မင်းသမီး ဒီဗာဆီနာတို့ နိုင်ငံကို ရန်သူတွေကျူးကျော်ဝင် လာတဲ့အခါမှာ အမန်ဒရာက ကူညီတိုက်ခိုက်ပေးခဲ့ပြီး သူ့ရဲ့ အံ့မခန်းစွမ်းအားတွေကြောင့် မင်းသမီးရော၊ ဟန်တာလာဘုရင်ကြီး
ရော အံ့အားသင့်ခဲ့ကြပါတယ်။ထူးခြားအစွမ်းတွေကြောင့် သာမန်လူ မဟုတ်တန်ရာတဲ့အ တွက် မေးမြန်းရင်း ဘုရင်မကြီးရဲ့ သားတော်ဆိုတာ သိသွားခဲ့ကြပြီး အမန်ဒရာက မင်းသမီးကို သ ဘောကျကြောင်း ဖွင့်ပြောခဲ့သလို ဘုရင်မကြီးကလည်း လက်ထပ်ဖို့ ကမ်းလှမ်းထားတာလည်း ရှိတဲ့အ တွက် မင်းသမီးကို တစ်ပါတည်း ခေါ်သွားခဲ့ပါတယ်။ဟိုဘက်နိုင်ငံရောက်တဲ့အ ခါမှာ မင်းသမီးဒီဗာဆီနာကို ဘာ လာနဲ့ပေးစားဖို့ ကမ်းလှမ်းတာဖြစ် နေတဲ့အတွက် ဘုရင်မကြီး၊ အမန်ဒရာနဲ့
မင်းသမီးတို့ အချေအတင် တွေဖြစ်ကာ အမန်ဒရာက သူ့ မယ်တော်ကို ဆန့်ကျင်ပြီး သူ့ လမ်းသူလျှောက်ခဲ့တဲ့အတွက် ရာထူးအသိမ်းခံခဲ့ရပါတယ်။ဘာလာက ရှင်ဘုရင်ဖြစ် သွားခဲ့ပေမယ့် လူထုကတော့ စစ်သူကြီးဖြစ်သွားတဲ့ အမန်ဒရာဘက်ကသာ ရပ်တည်ပြီး ထောက်ခံအားပေးခဲ့ကြပါတယ်။ အဲဒီအခါမှာ အမန်ဒရာအပေါ် မရှုဆိတ်တဲ့ဘာလာဟာအမျိုးမျိုးဒုက္ခတွေပေးခဲ့သလို ပြဿနာတွေဖြေရှင်းမှုမှာ လည်း ထိပ်တိုက်တွေ့ပြီး အသက်အန္တရာယ်အထိပါ ဒုက္ခပေးဖို့လုပ်ခဲ့ပါတော့
တယ်။ပြည်သူတွေဘက်က ရပ်တည်တဲ့ အမန်ဒရာနဲ့ မဟုတ်မခံမင်းသမီး ဒီဗာဆီနာတို့ ဘယ်လိုအန္တရာယ်တွေ ရင်ဆိုင် ရမှာလဲ၊ ဘုရင်မကြီးနဲ့ ဘာလာက တစ်ဖက်၊ အမန်ဒရာတို့ က တစ်ဖက်ဖြစ်လာတဲ့အခါမှာ ဘာတွေဆက်ဖြစ်ကြမှာလဲ၊ အမန်ဒရာရဲ့ ဖြစ်ကြောင်းကုန်စင်ကိုသိသွားတဲ့ သားဖြစ်သူ မဟင်ဒရာဘာဟုဘာလီတစ်ယောက် ဘယ်လိုလက်တုံ့ပြန် မှာလဲဆိုတာ ကြည့်လိုက်ဦးနော်။ဒီဇာတ်ကားမှာ အမန်ဒရာ ဘာဟုဘာလီ၊ မဟင်ဒရာ ဘာဟု ဘာလီအဖြစ် ပရာဘက်စ်၊
ဘာလာအဖြစ် ရာနာ ဒက်ဂူဘာတီ၊ ဒီဗာဆီနာအဖြစ် အနွတ်ရှ်ကာ ရှက်တီ၊ ဘုရင်မကြီး ဆီဗာဂါမိ အဖြစ် ရမ်ရာခရစ်ရှ်နာ၊ ကက်တာပါးအဖြစ် ဆက်သ်ရာရာ့ဂျ်တို့ သရုပ်ဆောင်ထားပါတယ်။
(ရုပ်ရှင်အညွှန်းကိုတော့ 7Daydaily မှကူးယူဖော်ပြထားတာဖြစ်ပြီး ဘာသာပြန်ကတော့
IMDb Rating (8.8/10) ထိရရှိထားတဲ့ Action, Adventure, History အမျိုးအစား Bollywood ရာဇဝင်ဇာတ်ကားပါ။ရှေးခေတ်အိန္ဒိယတိုင်းပြည် က အင်အားကြီးဘုရင်တွေနဲ့ ဒဏ္ဍာရီဆန်တဲ့ ဇာတ်လမ်းတွေကို ဖော်ကျူးရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ရှီဗာဆိုတဲ့ မွေး ကင်းစကလေးငယ်လေးနဲ့ သူ့ရဲ့ အထိန်းတော်ဖြစ်သူတို့ကို ဘုရင့် မှူးမတ်တွေက လိုက်ပြီးတော့ သုတ်သင်ပါတယ်။ ထွက်ပြေးရင်း လမ်းခုလတ်အရောက်မှာ သူ့ရဲ့ အထိန်းတော်ဖြစ်သူက ကွယ်လွန်
သွားခဲ့ပြီး ရှီဗာဆိုတဲ့ ကလေးလေးကို ဒေသခံရွာသားတွေက စောင့်ရှောက်ခဲ့ပါတယ်။ရှီဗာ တဖြည်းဖြည်းကြီးလာ တဲ့အခါ တခြားလူငယ်တွေနဲ့မတူ ဘဲ သန်မာပြီးရဲရင့်တဲ့လူငယ်တစ် ယောက်ဖြစ်လာတယ်။ သူကြီး ပြင်းခဲ့တဲ့ရွာနဲ့ မနီးမဝေး တောင် ပေါ်မှာ ရှေးဟောင်းဘုရင့် တိုင်း ပြည်တစ်ခုရှိပြီး အဲဒီတိုင်းပြည်မှာ အကျဉ်းကျနေတဲ့ ဘုရင်မတစ် ပါးရှိတယ်။ တစ်ရက်မှာ ရှီဗာက တောင်ပေါ်တက်ဖို့ ကြိုးစားရင်း အရမ်းလှတဲ့ အမျိုးသမီး တစ် ယောက်ကို တွေ့ခဲ့တယ်။ ဒီအမျိုး သမီးနောက်ကို
လိုက်ဖို့ကြိုးစား ရင်းနဲ့ပဲ တောင်ပေါ်အထိ ရောက် ခဲ့ပြီး တောင်ပေါ်မှာ မျိုးနွယ်စုတစ် စုကို တွေ့ရတယ်။အဲဒီမျိုးနွယ်စုက ဘုရင့်တိုင်း ပြည်က အကျဉ်းကျနေတဲ့ ဘုရင် မကို ကယ်ဖို့ ကြိုးစားနေတာဖြစ် တယ်။ တိုတိုပြောရရင် ရှီဗာက သူကြိုက်တဲ့ ကောင်မလေးကို ကူ ညီဖို့ကြိုးစားရင်း အကျဉ်းကျနေ တဲ့ ဘုရင်မကို ကယ်ဖို့ဖြစ်လာ တယ်။ အဲဒီဘုရင်မက တကယ် တော့ ရှီဗာရဲ့ မိခင်အရင်းဖြစ်ပါ တယ်။ ဇာတ်ကားက တော်တော် ပေရှည်ပါတယ်။ အဲဒီနောက်မှာ ဒီတိုင်းပြည်ကြီးမှာ ရှီဗာမ
သိတဲ့ ဇာတ်ကြောင်းတွေ ကျန်ပါတယ်။ သူ့အဖေ၊ အမေ၊ တိုင်းပြည်ကြီး အကြောင်း၊ စစ်ပွဲတွေအကြောင်း တွေ အများကြီးပါ။ နောက်ဆက်တွဲအကြောင်းတွေနဲ့ ဒီဇာတ်ကားရဲ့ အဆက်ကိုတော့ ၂၀၁၆ မှာရုံတင်မယ်လို့လဲ ကြေငြာထားပါတယ်။(ရုပ်ရှင်အညွှန်းကို 7Daydaily မှကူးယူဖော်ပြပါသည်။)
-
“မိတ်ဆွေ မိန်းကလေးတယောက်နဲ့ လက်ထပ်တော့မယ်
စိတ်ကူးထားလား ဒါဆို မြန်မြန်သာ လက်ထပ်လိုက်ပေတော့
နောက်အနာဂတ်မှာ ဘာတွေလုပ်ရမလဲ မနက်ဖြန် ဘာစီစဉ်ရမလဲ
မစဉ်းစားနေနဲ့တော့ လက်ရှိကိုပဲကြည့်ပြီး ရဲရဲကြီးသာ ဆုံးဖြတ်လိုက်”ဒီဇာတ်လမ်းလေးကလည်း ဒီလိုပါပဲ သင်္ချာပညာမှာ သိပ်တောတဲ့#ဂျေးဟာ
သူ့ငယ်ချစ် ဒီယားနဲ့လက်ထပ်ချင်ပေမဲ့ သူ့ဘဝတတ်လမ်းအတွက်လည်း
အင်္ဂလန်နိုင်ငံက ကမ်းဘရိချ်တက္ကသိုလ်ကို ပြောင်းချင်နေခဲ့ပါတယ်။ဒါပေမဲ့ ဒီယားက မသွားချင်တော့ ဒီမင်္ဂလာပွဲကို
စိတ်ပျက်နေတဲ့ ဂျေးတယောက် သူ့ဘဝမှာ အပြောင်းလဲကြီးတခု ဝင်လာပါတော့တယ်ဒီအပြောင်းလဲက ဘာဖြစ်မလဲ ဒီယားကို သူလက်ထပ်ဖြစ်လိုက်လား
ရှေ့လျောက် သူတို့နှစ်ယောက်ဘဝကို
ဘယ်လိုဖြတ်သန်းသွားကြမလဲဆိုတာကိုတော့
ပရိတ်သတ်ကြီးပဲ ဆက်လက်ခံစားလိုက်ပါဦး့
Bollywood Drama ကောင်းကောင်းလေးတွေ ကြည့်ချင်တယ်ဆိုရင်တော့
ဒီကားလေးကို လက်အလွတ်မခံပါနဲ့ဗျာ့
ရုပ်ရှင်ကားလေးက ပညာသားပါပါနဲ့ ကျနော်တို့ဘဝတွေမှာ
ဘယ်အရာက အရေးကြီဆုံးလည်းဆိုတာ တွေးသွားစေနိုင်လောက်တဲ့
မက်ဆေ့ချ်လေးတော့ ချန်ခဲ့ပါတယ့်“ကိုယ်ချစ်တဲ့သူတွေဟာ တနေ့ကျရင်
ကိုယ့်ကို ခွဲသွားကြမှာပဲ့
့ဒီအချိန်မရောက်ခင်တော့ ကိုယ်ချစ်တဲ့သူတွေနဲ့
အချိန်ကြာကြာလေး ပိုရှိနေပေးခဲ့ရင် ကျနော်တို့ သိပ်ဝမ်းနည်းမိမှာ
မဟုတ်ပါဘူး ”ဘာသာပြန်သူကတော့ ကိုဇော်ထူးပဲဖြစ်ပါတယ်
Baazaar ဆိုတာ အိန္ဒိယအခေါ်အရ ဈေး ၊ ဈေးကွက်ပေါ့…. ဟုတ်ပါတယ် ဈေးဆိုတဲ့အတိုင်း ရောင်းသူရှိမယ် ဝယ်သူရှိမယ် ဈေးအပြိုင်တင်တာ ချတာတွေ အပြင်ရောင်းသူ ဝယ်သူနှစ်ဦးကြားက ပင်မဦးတည်ရာ အရှုံးနဲ့အမြတ်ဆိုတာလည်း ရှိမှာပေါ့…. ဒီဇာတ်ကားကြည့်ပြီးတော့ တွေးစရာတွေက ခေါင်းထဲမှာ အစပေါင်းများစွာ ထွက်လာတယ်… ဘဝသရုပ်ဖော်လို့ပြောရမလား စီးပွားရေးလောက အကြောင်း ၊ စတော့ရှယ်ယာဈေးကွက်အကြောင်းလား ဒါမှမဟုတ် ကြီးပွားချမ်းသာချင်တဲ့ လူငယ်လေးတစ်ယောက်အကြောင်းပဲလား… ကိုယ်လိုချင်သလို ယူလို့ရပေမယ့်ကျွန်တော့်အတွက်က ရသစုံ ပါဝင်နေတဲ့ ဟင်းလေးအိုးကြီးတစ်ခုလိုပါပဲ…. ဟိုးငယ်စဉ်ကတည်းက ဘဝကို ချို့ချို့တဲ့တဲ့ နေလာခဲ့ရတဲ့ရှာကွန်းကိုသာရီ….. မိဘရဲ့လောင်းရိပ်အောက်ကနေ ထိုးထွက်ပြီးအလင်းရောင်ရှိမယ်ထင်တဲ့ မွန်ဘိုင်းမှာ အခြေချပြီးဘဝကို တက်လမ်းရှာချင်နေသူ လူငယ်လေး ရီဇ်ဝမ်အာမက်…. မြို့ပြရဲ့လူနေမှုစရိုက်တွေကြားမှာသိက္ခာနဲ့ငွေကို အလဲအထပ်လုပ်နေမိတဲ့ မိန်းကလေး ပရီယာရိုင်း… ဒီဇာတ်ကောင် သုံးခုက ဒီဇာတ်လမ်းရဲ့ပင်စည်ဆိုရင်ပြိုင်ဘက်ကုမဏီအုပ်စုတွေ ၊ သူတို့မိသားစုတွေအကြောင်းနဲ့စတော့ရှယ်ယာဈေးကွက်အကြောင်းတွေက ဒီဇာတ်လမ်းရဲ့အကိုင်းအခက်တွေလို့ပြောရမှာပါ…. ကျွန်တော်ဒီလောက်ပဲ ညွှန်းပါရစေ…. ၂၀၁၈ ခုနှစ်ထွက် ဘောလိဝုဒ်ကားတွေထဲမှာဒီကားဟာ မကြည့်မဖြစ် ကြည့်သင့်တဲ့ကားစာရင်းမှာပါတယ်လို့ပြောရင်တောင် လွန်မယ် မထင်ပါဘူး ခင်ဗျာ။
mmbusticket Crazy Little Thing Called Love ဇာတ်ကားထဲမှာ မင်းသားမာရီယိုနဲ့ လိုက်ဖက်လွန်းစွာ သရုပ်ဆောင်ခဲ့တဲ့ ထိုင်းမင်းသမီးချောလေးPimchanok Luevisadpaibul (Baifern) ကို အားလုံးသိကြမယ်ထင်ပါတယ်..ဟုတ်ပါတယ်…Back to the 90s (2015) ဒီဇာတ်ကားဟာလဲ သူလေး အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားမှာလဲ သူလေးရဲ့ လှပသေသပ်တဲ့ သရုပ်ဆောင်မှုတွေနဲ့ ကြည့်ရှုသူတိုင်းကို စွဲဆောင်သွားဦးမှာပါ။မင်းသားတွေလဲ ဇာတ်ရုပ်နဲ့ကွက်တိကျတာကြောင့် ဒီဇာတ်ကားဟာ Rating မြင့်မားပြီး ကြည့်ရှုသူတိုင်း ကြိုက်နှစ်သက်တဲ့ ဇာတ်ကားဖြစ်လာပါတယ်။ ကျွန်တော်တို့မှာ မပြုပြင်နိုင်ခဲ့တဲ့ အတိတ်တွေရှိကြပါတယ်…ချစ်ခြင်းမေတ္တာရဲ့ ဆန်းကြယ်မှုမှာ မျက်စိသူငယ် နားသူငယ်ဖြစ်ဖူးခဲ့ကြမယ်…အသက်အရွယ်နဲ့ ရူးမိုက်မှုတို့ အချိုးကျနေတုန်းမှာ ခပ်မိုက်မိုက် လေလွင့်ဖူးခဲ့မယ်..ဒါတွေကို ကျွန်တော်တို့ မပြုပြင်နိုင်တော့ဘူး.. နောင်တဆိုတာပဲ ပွေ့ဖက်နေကြရတာမလား…။ ဒါပေမယ့် အတိတ်ကိုပြန်သွားလို့ရမယ်….ဒါတွေကို ပြုပြင်ဖို့ အခွင့်အရေးကို တစ်စုံတစ်ယောက်က ရခဲ့မယ်ဆိုရင်..ကျွန်တော်တို့ မြင်တွေ့ရမယ့် အရာတွေက ငယ်ရွယ်ပျိုမြစ်မှုတစ်ခုထဲလို့ ခပ်လွယ်လွယ်မထင်လိုက်ပါနဲ့။အစဉ်အဆက် ခမ်းနားခဲ့သလိုပဲ ချစ်ခြင်းက ဒေသမရွေး ကာလမရွေး ခမ်းနားနေခဲ့တာ ထင်ရှားပြခဲ့တယ်။
ဒီဇာတ်လမ်းက တကယ့်ဖြစ်ရပ်မှန်အခြေခံပြီးရိုက်ထားတဲ့ကားဖြစ်ပါတယ်….ဘာလို့လဲလို့ပြောရရင်ကမ္ဘာကုလသမဂ္ဂအဖွဲ့ရဲ့ 1996 ခုနှစ်မှာစပြီးလုပ်ခဲ့တဲ့ အီရတ်နိုင်ငံမှာ ငတ်မွတ်နေတဲ့သူတွေကို အစားအစာနဲ့ ရေနံလဲလှယ်ရေး (Oil-for-Food Program) အစီအစဉ်ကြီးမှာ ကမ္ဘာ့နိုင်ငံပေါင်းများစွာက အစိုးရရာထူးကြီးတွေနဲ့
နာမည်ကျော်ကုမ္ပဏီကြီးပေါင်းများစွာရဲ့ ဒေါ်လာဘီလျံနဲ့ချီတဲ့ လာဘ်စားမှု၊ ချစားမှုတွေအပြည့်နဲ့ ပါဝင်ပတ်သက်မှုတွေကို ဖေါ်ထုတ်ခဲ့တဲ့ ကုလသမ္မဂ္ဂဝန်ထမ်းတစ်ယောက်အကြောင်းပါ။ဒီအမှုဟာ ကုလသမ္မဂ္ဂသက်တမ်းတစ်လျှောက် အပြောင်းအလဲအကြီးမားဆုံးဖြစ်စေခဲ့တဲ့ အမှုလဲဖြစ်တယ်။ဇာတ်လမ်းရိုက်ကူးထားပုံက ကြည့်ပျော်ရှုပျော်အဆင့်ပဲရှိပါတယ်၊ ဆွဲဆောင်မှုမကောင်းသလို အရမ်းစိတ်ဝင်စားဖို့ကောင်းလာတဲ့ အခြေအနေမျိုးလဲ တွေ့ရမှာမဟုတ်ပါဘူး။ဒါပေမယ့် ဘာလို့ ကြည့်သင့်တယ်လို့ ညွှန်းချင်တာလဲဆိုတော့ UN အပါအဝင် INGO အဖွဲ့အစည်းတွေရဲ့ အတွင်းရေးတွေနဲ့ လုပ်စားပုံတွေ၊ အလှူငွေတွေရအောင် ဘယ်လိုတွေ ဟန်ပြလုပ်ကြပြီး အိတ်ထဲဘယ်လိုထည့်တယ်ဆိုတာတွေကို ကွက်ကွက်ကွင်းကွင်းမြင်နိုင်တဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းဖြစ်နေလို့ပါ။ ၁၀၈ ခုနှစ်အတွင်း ထွက်ရှိထားတဲ့ နိုင်ငံရေးဆက်နွယ်မှုပါတဲ့ဇာတ်ကားကောင်းတစ်ကောင်းပဲဖြစ်ပါတယ် သံတမန်တစ်ဦးရဲ့သားဖြစ်သူ မိုက်ကယ်ဆာလဗန်ဟာ ကုလသမဂ္ဂမှာအလုပ်ဝင်ဖို့ ဘဝတစ်လျှောက်လုံး ကြိုးစားခဲ့ပါတယ်.. မမျှော်လင့်ထားပဲ ကုလသမဂ္ဂအတွင်းဝန်ရဲ့လက်ထောက်နေရာ ခန့်ထားခံလိုက်ရပါတယ်.. သူတာဝန်ယူရတဲ့ပရိုဂရမ်ဟာ လူသားချင်းစာနာထောက်ထားမှုအခြေခံတဲ့ ပရိုဂရမ်ပေမယ့် အကျင့်ပျက်ခြစားမှုကြီးကြီးမားမားဖြစ်နေပြီး အာဏာရှင်တစ်ယောက် အမြတ်ထုတ်စရာ ပရိုဂရမ်တစ်ခု သာဖြစ်နေခဲ့ပါတယ်.. ဖော်ထုတ်ဖို့ကြိုးစားတဲ့သူတွေအနေနဲ့လည်း လက်စဖျောက်သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်.. သူ့အရင်ဝန်ထမ်းဟောင်းသေဆုံးမှုဟာ မရိုးရှင်းမှန်းသူသွားပြီး.. ကုလသမဂ္ဂအတွင်းခြစားမှုကို လိုက်လံဖော်ထုတ်ရင်းနဲ့ သူ့ရဲ့ဆရာကိုယ်တိုင် ဒီအရှုပ်တော်ပုံထဲ ပါဝင်ပတ်သက်နေတာ သူသိသွားတဲ့အခါ သူဘယ်လိုဖြေရှင်းမလဲ ခက်ခက်ခဲခဲကြားထဲက ချစ်ခဲ့ရတဲ့ သူ့ချစ်သူကိုရော အန္တရာယ်ကြားထဲက သူကယ်တင်နိုင်ပါ့မလား ထိပ်တန်းခေါင်းဆောင်တွေပါ ပါဝင်ပတ်သက်နေတဲ့ ဒီခြစားမှုကြီးကို တစ်ကမ္ဘာလုံးသိအောင် သူချပြနိုင်ပါ့မလားဆိုတာကိုတော့ စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်…ကုလသမ္မဂ္ဂအဖွဲ့ဆိုတာနဲ့ အရမ်းကောင်းတဲ့အဖွဲ့ကြီးမဟုတ်ဘူးဆိုတာ သိသွားနိုင်စေတဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်…UN အပါအဝင် INGO တွေနဲ့ ပတ်သက်ပြီး ဒါမျိုးရိုက်ထားတဲ့ရုပ်ရှင် အရမ်းရှားပါတယ်။ ဒီကားကိုတော့ ရိုက်ထားတာရိုးရှင်းပြီး ဆွဲဆောင်မှုမရှိပေမယ့် သမိုင်းနဲ့ပတ်သက်တဲ့ တန်ဖိုးကြီးကြီးမားမားရှိတဲ့အတွက် ကြည့်ဖူးသင့်ကြောင်းညွှန်းလိုက်ပါတယ်။
Backtrace ဆိုတဲ့အက်ရှင်ကားလေးကို စရေးတုန်းကပျင်းဖို့ကောင်းမယ်လို့ တွေးထားခဲ့မိတယ်။ ဘာလို့ဆိုတော့ စတားလုံးဇာတ်ကားတွေက များသောအားဖြင့် bcoz i’m stallone ဆိုတဲ့ပုံစံတွေ များလို့ပါ။ ဒါပေမယ့် ဒီကားလေးကတော့ ရေးနေရင်းနဲ့ကို ခဏရပ်ပြီး ဘာကြောင့်လဲဆိုတာ သိချင်လို့ ဆက်ကြည့်မိတဲ့ကားတစ်ကားပါ။ လှည့်ကွက်လေးတွေပါတာကိုကြိုက်တဲ့ ရုပ်ရှင်ချစ်သူတွေ အကြိုက်တွေ့စေမယ့်ကားတစ်ကားပေါ့။ ဇာတ်လမ်းကတော့ ဘဏ်တစ်ဘဏ်ကို ဓားပြတိုက်လာခဲ့ကြတဲ့ လူသုံးယောက်မှာ နှစ်ယောက်ကသေဆုံးခဲ့ပြီး ကျန်တဲ့တစ်ယောက်က သေနတ်ဒဏ်ရာကြောင့် မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားခဲ့တယ်။ ဒါပေမယ့် သူ့မှတ်ဉာဏ်တွေ မပျောက်ဆုံးခင်မှာ ငွေတွေကို ဖွက်ထားခဲ့ပြီး ခုနှစ်နှစ်ကြာတဲ့အချိန်မှာ လူတစ်စုက အစောင့်အကြပ်တွေကြားက သူ့ကိုကယ်ထုတ်ပြီး ပိုက်ဆံတွေကိုပြန်ရှာတဲ့အကြောင်း ဇာတ်လမ်းဆင်ထားတာ ဖြစ်ပါတယ်။ အေးမယ်လို့ ထင်ရပေမယ့် စတားလုံးရဲ့ စူပါဟီးရိုးဆန်တဲ့အခန်းတစ်ချို့ကလွဲရင် တစ်ကားလုံးစိတ်ဝင်စားစရာ ပြည့်နှက်နေတဲ့ ကားကောင်းတစ်ကား ဖြစ်ပါတယ်။ အားပေးကြပါဦးဗျာ…
ဖြစ်ရပ်မှန်အပေါ်အခြေခံထားတဲ့ နာမည်ကြီးထိုင်းကားတစ်ကား တင်ပေးလိုက်ပါတယ်။၂၀၁၇ မှာ ထိုင်းနိုင်ငံရဲ့ ဝင်ငွေအကောင်းဆုံး ဇာတ်ကားပါ။ စပြတဲ့အဖွင့် ၂ပါတ်မှာ ဘတ် သန်း ၁၀၀ ကျော်ရရှိခဲ့ပြီး တရုတ်နိုင်ငံမှာလည်း ဒေါ်လာ သန်း ၃၀ လောက် ရရှိသွားခဲ့ပါတယ် မျက်နှာသစ်မင်းသားမင်းသမီးတွေကို သုံးပြီး နိုင်ငံတကာက ရုပ်ရှင်ဆုတွေ အမြောက်အများကို သိမ်းပိုက်သွားနိုင်ခဲ့တာပါ။ ဇာတ်လမ်း၊ တင်ဆက်ပုံ၊ သရုပ်ဆောင်ချက် အားလုံးက ပြည့်စုံလွန်းတယ်လို့ ပြောလို့ရပါတယ်။ ထိုင်းနဲ့မြန်မာ ရုပ်ရှင်အဆင့်အတန်း မိုးနဲ့မြေလို ကွာနေတာကို တွေ့နိုင်သလို၊ သရုပ်ဆောင်တယ်ဆိုတာ ဘယ်လိုလေးလဲ တွေ့နိုင်ပါလိမ့်မယ်။ CGI တွေ နည်းပညာတွေအကြောင်းပဲ ဆင်ခြေတက်နေတဲ့ အနုပညာရှင်ကြီးများကို ထိပ်ပုတ်သွားတဲ့ ကားမျိုးတွေထဲမှာ ပါပါလိမ့်မယ်။ဇာတ်လမ်းအကျဉ်းကတော့ လင်းဆိုတဲ့ ဉာဏ်ကြီးရှင် ကျောင်းသူလေးတစ်ယောက်ဟာ ဆင်းရဲပေမယ့် ဈေးကြီးတဲ့ ကျောင်းကောင်းကြီးတစ်ခုမှာ ပညာသင်ဆုနဲ့ တက်ရောက်နေပါတယ်။ သူနဲ့ခင်မင်မိတဲ့သူငယ်ချင်းတွေကတော့ ချမ်းသာပေမယ့် စာညံ့ကြပါတယ်။ အဲဒီတော့ သူတို့တွေဆီကနေ ပိုက်ဆံယူပြီး ဘယ်သူမှ မရိပ်မိနိုင်တဲ့ နည်းလမ်းတွေနဲ့ အဖြေတွေကို စာမေးပွဲမှာ ပြပေးပါတယ်။ ဒါပေမယ့် ကံဆိုးစွာပဲ သူ့ရဲ့ ပညာသင်ဆု ပယ်ချခံလိုက်ရတဲ့အခါ သူ့အလုပ်ကို ကမ္ဘာလုံးဆိုင်ရာ စာမေးပွဲကြီးတစ်ခုဆီ သယ်လာပါတော့တယ်။ အမေရိကန်တက္ကသိုလ်တွေ ဝင်ခွင့်အတွက်စစ်တဲ့ STIC စာမေးပွဲကြီးကို ထိုင်းဘတ် သန်းနဲ့ချီအမြတ်ရလောက်အောင်အထိ ကြံစည်ပြီး အင်မတန်လှပတဲ့နည်းလမ်းတွေနဲ့ စွန့်စားပြီး အဖြေတွေ ခိုးယူပေးဖို့ ကြံစည်တဲ့အခါ…တစ်ကားလုံး မျက်တောင်မခတ်ဘဲ ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့်ကားအမျိုးအစားပါပဲ
mmbusticketIMDb 8.2/10 Rotten Tomatoes 86%Badhaai Ho (ဂုဏ်ယူဝမ်းမြောက်ပါတယ်) ဒီစကားလုံးကို ကြောက်လွန်းလို့ ပတ်ဝန်းကျင်ကနေထွက်ပြေးနေရသူ တစ်ယောက်ရှိပါတယ်သူ့နာမည်က နာခူ(လ်)ပါအသက်အရွယ်ရ ၂၀ ကျော်၊ ၁၅ နှစ်သာသာညီတစ်ယောက်ရှိတယ်ချစ်စရာကောင်းတဲ့ ရည်းစားတစ်ယောက်ရယ်၊ တည်တည်တံ့တံ့ အလုပ်အကိုင်လည်း ရှိတယ် ဒါဖြင့် ဘာကြောင့်များ ပတ်ဝန်းကျင်က ဂုဏ်ပြုစကားကို ကြောက်နေရတာလဲဂုဏ်ပြုပါတယ်ဆိုတာက သူ့အနေအထားကိုလားဘာကို ဂုဏ်ပြုတာလည်းအဖြစ်ကတော့ ဒီလိုပါဗျာ …တနေ့ ၅၀ ကျော်၊ ၆၀ အရွယ်မိခင်ကြီး နေထိုင်မကောင်းဖြစ်လို့ ဆေးခန်းသွားပြရပါတယ်ဆေးခန်းမှ အိမ်ပြန်ရောက်တော့နာခူလ် – အမေ့ကျန်းမာရေးနဲ့ပတ်သတ်ပြီး ဆရာဝန် ဘာပြောလိုက်လဲ အဖေအဖေ – ဆရာဝန်ပြောတာက၊ ဆရာဝန်ပြောတာကလေအိ်မ်ကို ဧည့်သည်တစ်ယောက် ရောက်လာမယ်တဲ့အငယ်ကောင် – ဧည့်သည်လာရင် သားအခန်းတော့ ပြောင်းမပေးနိုင်ဘူးနော် အဖေ၊ ကြိုပြောထားတာအဖေ – ဧည့်သည်သေးသေးလေးပါကိုယ်က ၂၀ ကျော်အရွယ်ရောက်နေမှ အသက် ၅၀ ကျော် အမေက ကိုယ်ဝန်ရှိနေတယ်ဆို ခင်ဗျားဘာလုပ်မလဲ မိတ်ဆွေဒီလောက်ပဲညွှန်းတော့မယ် ကောင်းမကောင်းကတော့ အဆင့်သတ်မှတ်ချက်တွေသာကြည့်လိုက်တော့ Top Ten India Movies of 2018 မှာလည်း ပါဝင်ထားတယ်မိသားစုဇာတ်လမ်းဖြစ်တာနဲ့အညီ ဟာသ၊ ဒရာမာ ကောင်းကောင်းဇာတ်ကားတစ်ကားမို့ လက်လွတ်မခံသင့်ပါဘူ
mmbusticketသွေးအေးအေးနဲ့ကြမ်းတဲ့ကားလေးလာပါပြီအငြိုးအတေးနဲ့ကလဲ့စားကားတွေဆို ပီပီပြင်ပြင်ရိုက်တတ်တဲ့ဘောလိဝုဒ်ရဲ့အထာအတိုင်း ဒီကားလေးထဲမှာလည်းရင်နင့်ဖွယ်ရာအဖြစ်အပျက်ကိုတွေ့ရမှာပါဇာတ်လမ်းအညွှန်းကတော့ ရက်ဂျ်ဟူးနဲ့မီရှာတို့ဟာ ရော်ဘင်ဆိုတဲ့သားလေးတစ်ယောက်ပိုင်ဆိုင်ထားတဲ့ပျော်ရွှင်စရာမိသားစုလေးတစ်ခုပါ အနိစ္စဆိုတဲ့သဘောအတိုင်းကံကြမ္မာမုန်တိုင်းတစ်ခုကြောင့့်တစ်နေ့မှာ ဘဏ်ဓားပြတိုက်မှုတစ်ခုကနေ ကားယူပြေးတဲ့ဓားပြတွေကြောင့်မီရှာနဲ့ရော်ဘင်တို့သေဆုံးသွားခဲ့ရပါတယ် လိုက်ရက်ခ်လို့ခေါ်တဲ့ရာဇဝတ်ကောင်တစ်ယောက်ကိုဖမ်းမိခဲ့ပေမယ့် ကြံရာပါတစ်ယောက်ကတော့ငွေတွေနဲ့အတူအစအနပျောက်သွားပါတယ် ဖမ်းမိခဲ့တဲ့လိုက်ရက်ခ်ကလည်းသူ့ကြံရာပါနာမည်ကိုရေငုံနှုတ်ပိတ်နေခဲ့ပြီးထောင်အကျခံခဲ့ပါတယ် ဒီလိုရင်နင့့်ဖွယ်ဖြစ်ရပ်မျိုးဟာသေသွားတဲ့ သူအတွက်တော့ဘဝကူးရုံပဲဆိုပေမယ့် ကျန်နေခဲ့တဲ့ရက်ဂျ်ဟူးအတွက်တော့ကမ္ဘာပျက်နေတဲ့အရူးတစ်ယောက်လိုပါပဲ သားသေ/ မယားသေလို့ အမုန်းတရားတွေနဲ့ပြည့်နှက်နေခဲ့တဲ့ ရက်ဂျ်ဟူးတစ်ယောက် အမုန်းတရားတွေကိုဘယ်လိုချေဖျက်သွားမလဲ တရားခံဆိုတဲ့သူတွေကကော ဘယ်လိုဆက်ဖြစ်ကြမလဲ စတဲ့ ဇာတ်ရှိန်အလှည့်အပြောင်းလေးတွေကိုတော့ ဇာတ်သိမ်းပိုင်းကျမှပဲ နားလည်သဘောပေါက်ကြမှာဖြစ်တဲ့အတွက် ပြီးအောင်ကြည့်ရမှာတော့ကျွန်တော်တို့အပိုင်းပေါ့ဗျာ…
ဖိလစ်ပိုင်အချစ်ဇာတ်ကားကောင်းကောင်းလေးတစ်ကားကိုညွှန်းပါရစေ..ကိစ္စတစ်ခုကြောင့် မိသားစုကိုအရှက်ရစေပြီးနောက် မီယာဟာဖခင်ဆီကချီးမွှမ်းခြင်းခံရတဲ့ သမီးတစ်ယောက်ဖြစ်ဖို့ပြန်လည်ကြိုးစားချင်တဲ့အတွက်စပိန်နိုင်ငံဘာစီလိုနာမြို့ကိုအလုပ်ရှာဖွေဖို့စွန့်စွန့်စားစားထွက်လာခဲ့ပါတယ်…. တစ်ဖက်မှာ အယ်လီဟာလည်းသူ့ရဲ့ပယောဂကြောင့် ချစ်သူသေဆုံးခဲ့ရတယ်ဆိုတဲ့နောင်တကိုရင်မှာပိုက်ပြီး ချစ်သူရဲ့ဆန္ဒကိုဖြည့်ဆည်းဖို့အတွက် ကာတွန်းတွေရုပ်ရှင်တွေဖန်တီးချင်တဲ့ဝါသနာကိုစွန့်ပြီး ကမ္ဘာ့ဗိသုကာမြို့တော်ဘာစီလိုနာမှာဗိသုကာပညာလာရောက်သင်ကြားရင်းမီယာဆိုတဲ့ကောင်မလေးနဲ့နှစ်ဦးသားတွေ့ဆုံခဲ့ကြပါတယ်….မီယာဟာ တိုက်ဆိုင်စွာပဲ အယ်လီချစ်သူဟောင်းစီလင်းနဲ့ရုပ်ချင်းခွဲမရအောင်တူနေတဲ့အတွက်အယ်လီဟာမီယာကိုဘာစီလိုနာမှာကူညီစောင့်ရှောက်ပေးရင်းချစ်ကြိုးသွယ်သွားခဲ့တဲ့ လူငယ်သဘာချစ်ခြင်းမေတ္တာတရားတွေကိုဖော်ပြထားတဲ့ကားလေးတစ်ကားဖြစ်ပါတယ်….ဒီဇာတ်လမ်းလေးမှာလူတိုင်းဟာအချစ်ခံရဖို့ထိုက်တန်ပါသလား ????ကျူးလွန်ခဲ့အပြစ်တစ်ခုကြောင့်တစ်သက်လုံးပြန်လည်ပေးဆပ်စရာလိုပါသလား ???လဲကျနေရာကနေပြန်လည်ရှင်သန်ဖို့ ဘယ်လိုခွန်အားတွေပေးခဲ့သလဲဆိုတဲ့မေးခွန်းလေးတွေကို တပြိုင်နက် အဖြေထုတ်ပေးခဲ့ပါတယ်….တကယ်ဆိုရင်တော့ ပရိတ်သတ်ကြီးအနေနဲ့ ဇာတ်ညွှန်းတောင်ဖတ်စရာမလိုပဲနာမည်ကြီးဖိလစ်ပိုင်စုံတွဲ Cathniel ပါတယ်ဆိုရုံနဲ့တင် ကြည့်ကောင်းမယ့်ဇာတ်ကားကောင်းတစ်ကားဆိုတာ သိကြမှာပဲဖြစ်ပါတယ်…
ဒီကားလေးကိုထွေလာကြည့်ပြီးထင်သလောက်မကောင်းဘူးလို့ထင်ထားခဲ့ပေမယ့်ပျင်းနေတာနဲ့ ဇာတ်ကားစစ်ရင်းကြည့်လိုက်မိတဲ့အခါသေချာကြည့်မိလာတဲ့အထိ အဆုံးထိဆွဲဆောင်မှု့ရှိသွားခဲ့တဲ့ကားကောင်းလေးတစ်ကားဖြစ်နေခဲ့ပါတယ်…Netflix ကနေပြသပြီးတော့ ဇာတ်လမ်းဇာတ်အိမ်ကတော့ ရိုးရိုးရှင်းရှင်းလေးပါပဲ..ချမ်းသာကြွယ်ဝတဲ့သူဌေးသမီးလေး အမာလျာတစ်ယောက်ကံအကောင်းမလှလို့ဆင်းရဲသွားတဲ့အခါမှာသူရဲ့ပတ်ဝန်းကျင်ပါ ပြောင်းလဲသွားခဲ့ရပါတယ်..သူမဟာ အကဝါသနာပါတဲ့ကောင်မလေးတစ်ယောက်ဖြစ်သလိုနာမည်ကြီးဖို့လည်း အရမ်းကိုစိတ်အားထက်သန်နေတဲ့ကောင်မလေးပေါ့….သူမဘဝပြောင်းလဲသွားတဲ့အခါမှာတော့ ရပ်ကွက်ထဲမှာအပျော်တမ်း Battle Dance ကတဲ့ မီကာအဲဆိုတဲ့ကောင်လေးတစ်ယောက်နဲ့တွေ့ဆုံမိပါသွားပါတယ်…ထူးခြားတာက သူမတို့နှစ်ယောက်ရဲ့အကတွေဟာမတူညီကြပါဘူး…သူမရဲ့အကပုံစံက နူးညံ့သိမ်မွေ့သလောက်အဲဒီကောင်လေးရဲ့အကကတော့ Battle ဆန်ဆန်ကရတဲ့မြူးကြွတဲ့ကကွက်တွေဖြစ်ပါတယ်….သူမတို့နှစ်ယောက်အတွက်ညှိယူဖို့ဖြစ်လာတဲ့အရာကတော့ကကွက်တွေပဲဖြစ်ပါတယ်…မီကာအဲရဲ့ကကွက်တွေ နဲ့လိုက်ညှိယူနေရာကနေပြီးတော့ Battle Dance ကိုစပြီးသူ့ဆီကနေသင်ယူခဲ့ပါတယ်..အနေနီးလာတဲ့ သူမတို့နှစ်ယောက်ကြားသံယောဇဉ်တွေများလာခဲ့ပြီးတော့နောက်ဆုံး သူမချမ်းသာစဉ်က ချစ်သူကောင်လေး အက်ဆဲလ်နဲ့ပြသနာဖြစ်ဖို့အကြောင်းဖန်လာပါတော့တယ်…ဒီကားလေးဟာ ချမ်းသာတဲ့ကောင်လေး နဲ့ ရိုးရိုးသာမာန်Underground Battle Dancer ကောင်လေး နှစ်ယောက်ကြားဗျာများနေရတဲ့ ကောင်မလေးတစ်ယောက်ရဲ့ဇာတ်လမ်းလေးကိုအလန်းစား Battle Dance ကကွက်တွေနဲ့ ဖော်ကြူးထားပါတယ်…ဒရမ်မာကြိုက်တဲ့လူတွေအတွက် အစပ်တည့်မှာဖြစ်သလို အရမ်းကိုရိုချင်ပါတယ်ဆိုတဲ့လူတွေအတွက် အကိုက်ပါပဲ….မြူးကြွတဲ့ Beat တွေနားထောင်ရင်းကကွက်တွေကိုကြည့်မယ်ဆိုရင်လည်းဒီကားလေးက သင်တို့အတွက် အံဝင်ခွင်ကျဖြစ်နေဦးမှာပါပဲ…ဒါကြောင့် အခုပဲကြည့်ဖို့ပြင်လိုက်ရအောင်လား…..
Bayou Caviar(2018)ဒီကားဟာ Rotten Tomatoesက ဆရာကြီးတွေ Rate လုံးဝမပေးထားပဲ Audience Score 100% အတိရထားတဲ့ကားပါ။ Tom Cruise ရဲ့ Jerry Maguireကားမှာ Supporting Role အော်စကာရထားတဲ့ မင်းသား Cuba Gooding Jr. ကိုယ်တိုင်ဇာတ်ညွှန်းရေး ကိုယ်တိုင်ရိုက် ကိုယ်တိုင် သရုပ်ဆောင်ထားပါတယ်။ Old X men timeline က Attractive အပြည့်နဲ့ မမ ဂျင်း Famke Janssenကို တစ်ဖန်မြင်ရဦးမဲ့ ကားလည်း ဟုတ်ပါတယ်။ ှဇာတ်လမ်းသွားမှာတော့ ဘောက်ဆင် ချန်ပီယံဟောင်း တစ်ယောက်နဲ့ ရုရှ လူဆိုးဂိုဏ်းတစ်ခုရဲ့ အဖြစ်အပျက်တွေကို ကို ပြထားပြီး လိင်ကိစ္စ အာဏာ ငွေ အကြမ်းဖက်မှုတွေကြားမှာ မိသားစုအတွက် တိုက်ခိုက်နေတဲ့ လူတစ်ယောက်အကြောင်း ဒရာမာ အပြည့်ခင်းပြသွားမှာပါ.. ဘယ်လိုခင်းမလဲတော့ ကိုယ်တိုင်ပဲ ခံစားကြည့်ပါ။ဒီကားမှာ မတ်မတ် Famke Janssenကြီးရဲ့ ခပ်မိုက်မိုက်စတိုင်လေးတွေကို အတော်ကြွေချင်စရာကောင်းအောင် မြင်ကြရမှာပါ။ ဒီတော့ကာ Old X men fan တွေ ကြည့်ကို ကြည့်သင့်တယ်လို့ Recommand ပေးပါတယ်။ထပ်ဆောင်းပြောရရင် Richard Dreyfuss ကြီးဟာလည်း Leading Role Oscar ပိုင်ရှင်ကြီးပါ။ ကဲ..Oscar Winner နှစ်ယောက်နဲ့ ဒီကားက ကြည့်ဖို့တန်လား မတန်လားတော့ ကိုယ့်ဘာသာ ကိုယ်ပဲ ဆုံးဖြတ်ကြပါတော…ဇာတ်လမ်းအညွှန်းကို Wira Aung မှရေးသားပေးပြီး ဘာသာပြန်သူကတော့ Nay Chi ပဲဖြစ်ပါတယ်…
ကျွန်မတို့က အက်မွန့်ဟေးက အမှတ် ၃၁၁ လီနော့ခြံမှာ Video ရိုက်ခွင့်လာယူတာပါ …” – ” မင်းတို့အဲအိမ်ကိုမသွားသင့်ဘူးနော်….ကြောက်ဖို့ကောင်းတယ်..” ”မီးတွေ ပိတ်သွားတာတောင် သီချင်းပွင့်နေသလိုမျိုး ကြောက်ဖို့ကောင်းတာလား ” ” မီးတွေမှောင်လိုက် လင်းလိုက် ပုံစံမျိုးလား” -” လူတွေအပိုင်းပိုင်းခုတ်ခံရပြီး နံရံပေါ်မှာ လက်ဝါးကပ်ပုံစံမျိုးထားခံရတာ အဲလိုကြောက်စရာကောင်းတာမျိုး” ”မင်းတစ်ယောက်တည်းနေတုန်းက ဘာမြင်ခဲ့တာလဲ” – ”ငါပြောတာကိုယုံလိုက် မင်းမသိချင်ပါဘူး….” ”ဘေလီလုပ်ပါကွာ…” – ”ငါ အလောင်းတွေအများကြီးတွေ့ခဲ့တယ်ကွာ… ” ” တကယ်လား…” ” ဘယ်သူတွေလဲကွ ” – ” မင်းလည်းပါတယ်…..” Horror ပရိတ်သတ်တွေအတွက် “Before someone gets hurt”ဆိုတဲ့ဇာတ်လမ်းနဲ့ မိတ်ဆက်ပေးချင်ပါတယ်… သရဲရှာဖွေရေးခေါင်းစဉ်နဲ့ အင်တာနက်ပေါ် အထိုက်အလျောက် နာမည်ရထားတဲ့ သူငယ်ချင်းအဖွဲ့တစ်ဖွဲ့… စနောက်တာ ဝါသနာပါတဲ့ သူငယ်ချင်းတွေ.. တစ်နေ့ သူတို့သရဲရှာဖွေရေးအဖွဲ့ ရိုက်ကူးရေးလုပ်မဲ့ နေရာက အရင်နေရာတွေနဲ့ မတူတဲ့ အိမ်တစ်အိမ်ဖြစ်ခဲ့ပါတယ်…. ဒီအိမ်မှာပဲ လူသတ်မှုပေါင်း အများအပြားဖြစ်ခဲ့ပါတယ်… သေဆုံးတဲ့လူတွေကလဲ ထူးဆန်းတဲ့ပုံသဏ္ဍာန်တွေနဲ့ သေဆုံးခဲ့ကြတာပါ… သူတို့အဖွဲ့ဟာ အရင်ကထက် နာမည်ပိုရချင်တာနဲ့ ဒီအိမ်ကို စွန့်စားရွေးချယ်ခဲ့ကြပါတယ်… သူတို့ အဲ့အိမ်ကို ရောက်သွားတဲ့အချိန်မှာတော့…. သူတို့အတွက် နောက်ကျသွားခဲ့ပါပြီ…. ကံဆိုးစွာနဲ့ ဒီအဖွဲ့ဟာ အဲ့အိမ်မှာ ပိတ်မိခဲ့ကြပါတယ်… သူတို့ဘယ်လို ကြောက်စရာတွေနဲ့ တွေ့ပြီး ဘယ်သူတွေ လွတ်မြောက်နိုင်မလဲဆိုတာ ပရိတ်သတ်ကပဲ စိတ်လှုပ်ရှားစွာ ကြည့်ရှုပါဦးနော်…
ဒီတစ်ခါတော့ ဘောလီဝုဒ်ဖန်တွေအတွက် ၂၀၁၇ထွက် အလန်းစား တစ်ကားကို တင်ဆက်ပေးထားပါတယ်။ #ဒီဇာတ်ကားက အက်ရှင်ဇာတ်ကား တစ်ကား မဟုတ်ပါဘူး #ဒီဇာတ်ကားက အနုအရွလေးတွေပါတဲ့ ဒရာမာကား တစ်ကား မဟုတ်ပါဘူး။ #နှစ်ချို့ဝိုင်လို စူးရှရှ ခပ်ပြင်းပြင်းနဲ့ တကယ့် အနှစ်တွေပါတဲ့ ဇာတ်ကားတစ်ကားပါ (ဝိုင်ဘယ်လို အရသာရှိလဲ မသိဘူးနော် :p) ဒီဇာတ်ကားဟာ ၁၉၄၇ ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဖြစ်ရပ်မှန် အဖြစ်အပျက်တစ်ခုကို အခြေခံရိုက်ကူးထားတာပါ။ ၁၉၄၇ ခုနှစ်မှာ အိန္ဒိယကို အုပ်ချူပ်နေတဲ့ ဗြိတိသျှနောက်ဆုံး ဘုရင်ခံဟာ အိန္ဒိယ နိုင်ငံကြီးကို အိန္ဒိယ-ပါကစ္စတန် ဆိုပြီး နှစ်နိုင်ကွဲထွက်သွားအောင် နှစ်ခြမ်းခွဲခဲ့ပါတယ်။ နိုင်ငံ တစ်နိုင်ငံကနေ အစစအရာရာဟာ နှစ်ပိုင်းဖြစ်ပြီး နယ်စပ်မျဉ်း နှစ်ကြောင်းရေးဆွဲကာ သံဆူးကြိုးတွေကာရံခဲ့ပါတယ်။ အရာရာကို နှစ်ခြမ်းခွဲခဲ့ပေမယ့် နယ်စပ်မျဉ်း နှစ်ကြောင်းလုံးပေါ်မှာ တည်ရှိနေတဲ့ အိမ်တစ်ခု ရှိနေပါတယ် အဲ့ဒါကတော့ #ဘေဂွန်ဂျမ်းရဲ့ ဆောင်ကြာမြိုင်ပါပဲ။ #ဘေဂွန်ဂျမ်းဆိုတာ ငယ်ဘဝကတည်းက ဒုက္ခကို မိတ်ဖွဲ့ပြီး ဘဝကို ဒေါင်ကျကျပြားကျကျ ဒူပေဒဏ်ပေခံလာသူ တစ်ယောက်။ #ဘေဂွန်ဂျမ်းဆိုတာ သတို့သမီးဘဝနဲ့ မွေးရပ်မြေက စွန့်ခွာသွားခဲ့ရပေမယ့် ကံကြမ္မာဆိုးကြောင့် ပြည်တန်ဆာခေါင်း တစ်ယောက်အဖြစ်နဲ့ ဇာတိကို ပြန်လာခဲ့ရသူတစ်ယောက်။ #ဘေဂွန်ဂျမ်းဆိုတာ ဥပဒေက သူ့ကို ပြန်ကြောက်နေရတဲ့သူ တစ်ယောက်။ #ဘေဂွန်ဂျမ်းဆိုတာ ဘုရင်ကိုယ်တိုင်က ကောင်းချီးပေးထားရသူ တစ်ယောက်။ အဲ့ဒီလို ဘေဂွန်ဂျမ်းလို လူမျိုးရဲ့ ဆောင်ကြာမြိုင်ဟာ နယ်စပ် စစ်ဆေးရေးဂိတ်တွေ ဆောက်လုပ်မှာမို့ မဖြစ်မနေ နှစ်ခြမ်းခွဲမှကို ဖြစ်လာတဲ့အခါ ဘေဂွန်ဂျမ်းနဲ့ ပြည်တန်ဆာ ၁၁ယောက် ဘယ်လို ရင်ဆိုင်ဖြေရှင်းမလဲဆိုတာကတော့ ……… ့ ( ဇာတ်လမ်းကတော့ Age Rating က 15+လို့တော့ ပြောထားပေမယ့် ဇာတ်လမ်းထဲမှာ အသုံးအနှုန်းတွေ ကြမ်းပါတယ် တချို့ဇာတ်ဝင်ခန်းတွေ လန်းပါတယ် မိသားစုနဲ့ ကြည့်ဖို့ ကိုယ်တိုင်အရင်ကြည့်ပြီးမှ ဆုံးဖြတ်ကြပါလို့ ???? )
ဒီတစ်ခါတော့ ဘောလီဝုဒ်ဖန်တွေအတွက် ၂၀၁၇ထွက် အလန်းစား တစ်ကားကို တင်ဆက်ပေးထားပါတယ်။ #ဒီဇာတ်ကားက အက်ရှင်ဇာတ်ကား တစ်ကား မဟုတ်ပါဘူး #ဒီဇာတ်ကားက အနုအရွလေးတွေပါတဲ့ ဒရာမာကား တစ်ကား မဟုတ်ပါဘူး။ #နှစ်ချို့ဝိုင်လို စူးရှရှ ခပ်ပြင်းပြင်းနဲ့ တကယ့် အနှစ်တွေပါတဲ့ ဇာတ်ကားတစ်ကားပါ (ဝိုင်ဘယ်လို အရသာရှိလဲ မသိဘူးနော် :p) ဒီဇာတ်ကားဟာ ၁၉၄၇ ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဖြစ်ရပ်မှန် အဖြစ်အပျက်တစ်ခုကို အခြေခံရိုက်ကူးထားတာပါ။ ၁၉၄၇ ခုနှစ်မှာ အိန္ဒိယကို အုပ်ချူပ်နေတဲ့ ဗြိတိသျှနောက်ဆုံး ဘုရင်ခံဟာ အိန္ဒိယ နိုင်ငံကြီးကို အိန္ဒိယ-ပါကစ္စတန် ဆိုပြီး နှစ်နိုင်ကွဲထွက်သွားအောင် နှစ်ခြမ်းခွဲခဲ့ပါတယ်။ နိုင်ငံ တစ်နိုင်ငံကနေ အစစအရာရာဟာ နှစ်ပိုင်းဖြစ်ပြီး နယ်စပ်မျဉ်း နှစ်ကြောင်းရေးဆွဲကာ သံဆူးကြိုးတွေကာရံခဲ့ပါတယ်။ အရာရာကို နှစ်ခြမ်းခွဲခဲ့ပေမယ့် နယ်စပ်မျဉ်း နှစ်ကြောင်းလုံးပေါ်မှာ တည်ရှိနေတဲ့ အိမ်တစ်ခု ရှိနေပါတယ် အဲ့ဒါကတော့ #ဘေဂွန်ဂျမ်းရဲ့ ဆောင်ကြာမြိုင်ပါပဲ။ #ဘေဂွန်ဂျမ်းဆိုတာ ငယ်ဘဝကတည်းက ဒုက္ခကို မိတ်ဖွဲ့ပြီး ဘဝကို ဒေါင်ကျကျပြားကျကျ ဒူပေဒဏ်ပေခံလာသူ တစ်ယောက်။ #ဘေဂွန်ဂျမ်းဆိုတာ သတို့သမီးဘဝနဲ့ မွေးရပ်မြေက စွန့်ခွာသွားခဲ့ရပေမယ့် ကံကြမ္မာဆိုးကြောင့် ပြည်တန်ဆာခေါင်း တစ်ယောက်အဖြစ်နဲ့ ဇာတိကို ပြန်လာခဲ့ရသူတစ်ယောက်။ #ဘေဂွန်ဂျမ်းဆိုတာ ဥပဒေက သူ့ကို ပြန်ကြောက်နေရတဲ့သူ တစ်ယောက်။ #ဘေဂွန်ဂျမ်းဆိုတာ ဘုရင်ကိုယ်တိုင်က ကောင်းချီးပေးထားရသူ တစ်ယောက်။ အဲ့ဒီလို ဘေဂွန်ဂျမ်းလို လူမျိုးရဲ့ ဆောင်ကြာမြိုင်ဟာ နယ်စပ် စစ်ဆေးရေးဂိတ်တွေ ဆောက်လုပ်မှာမို့ မဖြစ်မနေ နှစ်ခြမ်းခွဲမှကို ဖြစ်လာတဲ့အခါ ဘေဂွန်ဂျမ်းနဲ့ ပြည်တန်ဆာ ၁၁ယောက် ဘယ်လို ရင်ဆိုင်ဖြေရှင်းမလဲဆိုတာကတော့ ……… ့ ( ဇာတ်လမ်းကတော့ Age Rating က 15+လို့တော့ ပြောထားပေမယ့် ဇာတ်လမ်းထဲမှာ အသုံးအနှုန်းတွေ ကြမ်းပါတယ် တချို့ဇာတ်ဝင်ခန်းတွေ လန်းပါတယ် မိသားစုနဲ့ ကြည့်ဖို့ ကိုယ်တိုင်အရင်ကြည့်ပြီးမှ ဆုံးဖြတ်ကြပါလို့ ???? )
၂၁ပက်လက်လိုချင်တဲ့ ဘရိုများ Beirut နဲ့မိတ်ဆက်ပေးပါမယ်။ အရှေ့အလည်ပိုင်းကအရှုပ်အထွေးတွေကြားထဲမှာ ဇာတ်အိမ်တည်ပြီးရိုက်ထားတဲ့ဇာတ်လမ်းအေးအေးလေးနဲ့စိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်ကားမို့ အဲဒီ၂၁ပက်လက် ကွီးတွေကြိုက်တတ်တဲ့ကားမျိုးပါလို့ 😛 ၂၀၁၈ ကမှထွက်ထားတဲ့ Espionge thriller ဇာတ်ကားလေးပါ။ Negotiator လို့ UK မှာတော့နာမည်ကြီးပါတယ်တဲ့။ IMDB Rating 6.5 နဲ့ Rotten Tomatoes 77% ပဲရရှိထားတာ ရသင့်တာထက်နည်းတယ်လို့ထင်မိပါတယ်။ ဒီဇာတ်ကားလေးက အရှေ့အလည်ပိုင်းဒေသ Lebanon က Beirut မြို့မှာ နေတဲ့သံတမာန်ရေးရာမှာဆရာတစ်ဆူဖြစ်တဲ့ Mason Skiles တစ်ယောက် နာမည်ကြီးရာဇဝတ်ကောင်တစ်ယောက်ရဲ့ ညီကိုမွေးစားထားမိပါတယ်။ အဲဒီကလေးကို သူ့အစ်ကိုပြန်လာခေါ်တဲ့အချိန်မှာတော့ သူ့ရဲ့ကမ္ဘာတစ်ခုဖြစ်တဲ့သူ့ချစ်ဇနီးကိုဆုံးရှုံးခဲ့ရပါတယ်။ ဘဝကိုအမိမြေပြန်ပြီး အဓိပ္ပါယ်မရှိဖြတ်သန်းနေရင်း Beirut မှာအရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ Cal Riley တစ်ယောက်ပြန်ပေးဆွဲခံရတာနဲ့ပတ်သက်ပြီးညှိုနှိုင်းပေးဖို့ ပြန်လာရတဲ့အချိန်မှာတော့… ဖြစ်နေတဲ့စစ်ပွဲတွေသူငယ်ချင်းကို အန္တရယ်ကင်းကင်းကယ်ထုတ်နိုင်မှာလား သူကိုယ်တိုင်ရောအန္တရယ်ကင်းမှာလား လုပ်ဖော်ကိုင်ဖက်တွေကရောယုံကြည်ရရဲ့လား အရှုပ်အထွေးတွေလှည့်ကွက်တွေနဲ့တင်ဆက်ထားတာကို ဇာတ်ကားမှာပဲကြည့်ရအောင်ဗျာ
Ben is Back (2018) ဒီဇာတ်လမ်းက ၂၀၁၉မှာ တန်ဖိုးအရှိဆုံးဇာတ်ကား (Cinema for Peace) အဖြစ် သတ်မှတ်ခံထားရတဲ့ဒရမ်မာကားတစ်ကားပါ ဆေးစွဲနေတဲ့သားကို လူကောင်းတစ်ယောက်အဖြစ်ပြန်လာနိုင်အောင် ကြိုးစားနေတဲ့မိခင်မေတ္တာအကြောင်းဖော်ကျူးထားတဲ့ဇာတ်လမ်းလေး ဖြစ်ပါတယ် ဘန် တစ်ယောက် ဆေးပြတ်ပြီးအိမ်ကို သန့်သန့်ရှင်းရှင်းပြန်လာခဲ့ပေမယ့် မိသားစုရဲ့ငြိုငြင်မှုတွေ မယုံကြည်မှုတွေကြားမှာ စိတ်ပင်ပန်းစွာဖြတ်သန်းနေရတဲ့အချိန် အမေဖြစ်သူက ၂၄နာရီစောင့်ကြည့်ပြီး စစ်ဆေးမှုအောင်မြင်တယ်ဆိုရင် အရင်လိုပြန်နေနိုင်မယ်ဆိုတဲ့သဘောတူညီမှုတစ်ခုလုပ်လိုက်တယ် ဘန်တစ်ယောက် စစ်ဆေးမှုကိုအောင်မြင်ပါ့မလား ဘယ်လိုအနှောင့်အယှက်တွေဝင်လာဦးမလဲ ဘန်တစ်ယောက် မိခင်ရဲ့ကြိုးစားမှုတွေကြားမှာ လူကောင်းတစ်ယောက်လို ပြန်လာခွင့်ရနိုင်ဖို့ဖြစ်နိုင်ပါ့မလား
GghjuBeyond the Clouds(2017) မှောင်မိုက်နေတဲ့ တိမ်တိုက်တွေရဲ့အလွန်မှာဘာတွေရှိနေသလဲ။နေရောင်ခြည်ပြပြလေးတော့ရှိနေမှာပဲ ဆိုတဲ့မျှော်လင့်ချက်နဲ့အသက်ဆက်ရှင်နေရတဲ့ လူ့ဘဝကြီးကိုပေါ်လွင်အောင်ရိုက်ပြထားတဲ့ အိန္ဒိယကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လန်းလေးနာမည်ကတော့ Beyond the Clouds (2017)ပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ … မွမ်ဘိုင်းမြို့ရဲ့လမ်းမတွေပေါ်မှာ ဆေးဝါးတွေကိုလိုက်လံပို့ဆောင်ပေးနေတဲ့ ကောင်လေး Amir… အကိုဖြစ်သူAmirကို ရဲလက်ထဲကနေကယ်တင်ဖို့ အကူအညီယူလိုက်ရတဲ့ Taara… Taara ကိုအကူအညီပေးရာမှ အခွင့်အရေးယူစော်ကားဖို့ကြိုးစားရင်း comaဖြစ်သွားခဲ့ရတဲ့ Akshi… ကိုယ့်ကိုထိပါးတဲ့လူကိုပြန်ခုခံခဲ့ရာကနေ Taari တစ်ယောက်ထောင်ကျဖို့ဖြစ်လာရပါတော့တယ်။ အဲ့အချိန်မှာ ဆင်းရဲနွမ်းပါးသူသူတို့မောင်နှမ ဘာဆက်လုပ်ကြမလဲ။ လုံးဝအမှောင်အတိဒုက္ခရောက်တဲ့အချိန်မှာ ရောက်လာနိုင်စရာမရှိတဲ့ အလင်းရောင်လေးကရောရောက်နိုင်ပါ့မလားဆိုတာ ဆက်လက်ကြည့်ရှုဖို့တော်တော်လေးတန်တဲ့ကားလေးတစ်ကားပါ။
ဒီကားလေးကတော့ rating 7.7ထိရရှိထားတဲ့ Bollywood Action, dramaဇာတ်ကားလေး ဖြစ်ပါတယ် ဇာတ်ကားအစမှာတော့ Ra-oneကားလေးအကြောင်း စပြောထားတာပေါ့ Ra-oneကားလေး အားလုံးကြည့်ဖူးကြတယ်မလား မကြည့်ဖူးသေးရင် ဆက်ဆက်ကြည့်လိုက်ပါလို့ တိုက်တွန်းပါရစေနော် ဒီကားလေးကတော့နိုင်ငံရေးဆန်ပါတယ် တိုင်းပြည်ကြီးကလာဘ်စားမှုတွေပြည့်နေတဲ့သကာလပေါ့ အစိုးရရုံးတွေမှာဘာသွားလုပ်လုပ်ငွေမပေးရင် ဘာမှမလုပ်ပေးဘဲရစ်နေတဲ့အချိန်အဲ့မှာ မင်းသားတို့၃ယောက်ကဒါတွေကိုစိတ်ကုန်ပြီး တိုင်းပြည်ကိုပြောင်းလဲမယ်ဆိုပြီး အစီစဉ်တွေဆွဲခဲ့တယ် ဒါပေမယ့်လည်း သူတို့အရာရာမှာ အားနည်းတာကြောင့်အစီစဉ်ဖြစ်မမြောက်ခဲ့ဘူး အဲ့တော့ရှေးရိုးစွဲတဲ့ပုံစံပဲလုပ်ရတာပေါ့ Robin hoodပုံစံလေ ဝတ်စုံပြည့် မျက်နှာဖုံးနဲ့ ခပ်လန်းလန်းပစ္စည်းတွေသုံးမိုက်တယ်မလား အဲ့ထဲကရုံးတွေရစ်ချက်ဆိုပတ်စ်ပို့ထောက်ခံစာရဖို့ ၁လကျော်တယ် ပထမတစ်ခေါက်မင်းသားလာတယ်ကျွန်တော့်ကိုဒါလေးလုပ်ပေးပါတဲ့ မူရင်းဖိုင်လိုတယ် ဒီမှာပါ မင်းရဲ့မွေးရပ်ကရုံးမှာ သွားလုပ်မှရမှာ အာ့နဲ့သွားလုပ်ရတယ် နောက်တစ်ခေါက်ပြန်လာတော့ ဆရာတောင်းထားတာရပြီ ဒါကိုလုပ်ဖို့ဆို မင်းအိမ်ကိုလိုက်စစ်ဆေးပြီး အတည်ပြုရမှာ ပြုပြီးပြီလေဗျာ မပြုရသေးပါဘူး အဲ့အရာရှိပြောတာတော့ မင်းအိမ်လာတော့သော့ခတ်ထားတယ်တဲ့ မခတ်ထားပါဘူးဗျကျွန်တော်နဲ့တွေ့ခဲ့ပါတယ်ရေတောင်ခပ်တိုက်လိုက်သေးတယ် ဟုတ်လား ဘာရေလဲ ရေခဲရေ အာ့ဆိုမင်းအိမ်မှာ ရေခဲသေတ္တာရှိတယ်ပေါ့ အဲ့လိုကိုရစ်တာဗျာ နောက်ဘာတွေဆက်ဖြစ်မလဲသိချင်ရင်တော့ ဆက်ကြည့်လိုက်ပါတော့နော်
Bhoomi ဆိုတာ့ အာဂ်ရမြို့ရဲ့ ဖိနပ်ဆိုင်လေး တစ်ဆိုင်ရဲ့ နာမည်။ ဆိုင်ပိုင်ရှင်နာမည်က အာရွှန်ဆိုတဲ့ အသက်ကြီးပိုင်း လူကြီးတစ်ယောက် ဆိုင်နာမည်ကိုတော့ သူအချစ်ဆုံး မိတဆိုး သမီးလေးရဲ့ နာမည်ကို ပေးထားတာ Bhoomi ဆိုတဲ့ကောင်မလေးကတော့ ပညာတတ်ငယ်ငယ်ရွယ်ရွယ်နဲ့ အချောအလှလေး အဖေဖြစ်သူက ဖိနပ်ဆိုင်ပိုင်ပေမယ့် ကိုယ့်အလုပ်ကိုယ်လုပ်တယ် ချစ်သူကလည်း ရှိတော့ မကြာခင်မှာ လက်ထပ်ဖို့ ရည်ရွယ်ထားတယ်။ သာသာယာယာ ဘဝလေးထဲကို ဝင်လာတဲ့ ပြသနာကတော့ ဗီရှဲလ့် အင်း့ ဗီရှဲလ်ဆိုတာ ဘူမီတို့ ပတ်ဝန်းကျင်က ရွယ်တူ ကောင်လေးတစ်ယောက့် ဘူမီကို ချစ်ခွှင့်အကြိမ်ကြိမ်ပန်ခဲ့ပေမယ့့် ဘူမီက သူငယ်ချင်းတစ်ယောက်လိုပဲ သတ်မှတ်ပြီး ငြင်းခဲ့တယ့် အယုတ်တမာ ဗီရှဲလ်က လက်မခံပဲ့ သူ့အစ်ကို ဝမ်းကွဲဖြစ်တဲ့ ဒိုလီဆီက အကူအညီတောင်းခဲတယ့် ဒိုလီ့ ” လွယ်လွယ်နဲ့နိုင်မယ့် ကစားပွဲတွေကို ငါဝင်မဆော့ဘူး အရှုံးဆိုတဲ့ အငွေ့အသက်ပါမှ အနိုင်ဆိုတာ ချိုမြိန်တာကွ့” ဒိုလာပူးရ်ရဲ့ လူဆိုးလူမိုက် ဖြစ်တဲ့ ဒိုလီရဲ့ အကူအညီနဲ့ ဗီရှဲလ်ဟာ ဘူမီကို မင်္ဂလာမဆောင်ခင်ညမှာ အုပ်စုဖွဲ့ အဓမ္မကျင့်လိုက်ပါတယ်။ အဲ့ဒီညမှာ ဖြစ်ခဲ့တဲ့ အဖြစ်တွေကို ဘာဖြစ်လို့ ဖြစ်နေမှန်း ရေရေရာရာ မသိခဲ့ဘူး သတိမေ့နေခဲ့တယ် သူကိုယ်သူ ဘာဖြစ်သွားလဲ သိပေမယ့် ဘယ်သူ့လက်ချက်လဲ မသိခဲ့ဘူး့ မင်္ဂလာဆောင်မှာ အားလုံးပျော်ပျော်ရွှင်ရွှင်ဖြစ်နေပေမယ့် အသက်မဲ့နေတဲ့ ဘူမီဟာ သူ့ချစ်သူကို အကြောင်းစုံ ပြောပြခဲ့ပါတယ့် ဒီအချိန်မှာ ချစ်လှပါတယ်ဆိုတဲ့ ချစ်သူက မင်္ဂလာပွဲကို ဖျက်ပြီး ပြန်သွားလိုက်တော့တယ့် ရဲစခန်းမှာ အမှုဖွှင့် တရားရုံးထိရောက်ခဲ့ပေမယ့် တရားခံတွေကို ဖမ်းမိခဲ့ပေမယ့် သက်သေအထောက်အထား မပြနိုင်လို့ ပြန်လွတ်သွားခဲ့တယ် တရှက်က နှစ်ရှက်ဆိုသလို အရှက်ကွဲ အကျိုးနည်း ဖြစ်ခဲ့ပြီး ပတ်ဝန်းကျင်မှာ မျက်နှာမပြနိုင်အောင် ဖြစ်ခဲ့တယ် နောက်ဆုံး အာရွန်အနေနဲ့ လူယုတ်မာတွေကို သမီးအတွက် ကိုယ်တိုင်အပြစ်ပေးဖို့ ဖြစ်လာခဲ့ပါတော့တယ့် (#သမီးတစ်ယောက် အပေါ်မှာထားတဲ့ အဖေတစ်ယောက်ရဲ့ မေတ္တာတရားကို အကောင်းဆုံး ဖေါ်ကြူးတင်ဆက်ထားပါတယ်။ ၁၅၀၀မေတ္တာနဲ့ ၅၂၈ရဲ့ ကွာခြားမှု၊ အရေးအကြောင်းဆို ကိုယ့်ဘေးမှာ ရပ်တည်ပေးနိုင်တာ ကိုယ့်မိဘပဲဆိုတာ အကောင်းဆုံး ပြသသွားပါတယ်။ မင်းသားကြီး ဆန်ဂျေးဒက် နဲ့ မင်းသမီး အဒီသီရာဟို ကလည်း အကောင်းဆုံး ပါဝင်သရုပ်ဆောင်ထားပါတယ်။ အကြိုက်ဆုံးကတော့ လူယုတ်မာကောင်တွေကို အားရပါးရ နွှာတာပါပဲ့ #Bollywood ကားကောင်းကောင်းတွေ ကြည့်ချင်တယ်ဆို ဒီဇာတ်ကားကို လုံးဝ လက်လွတ်မခံပါနဲ့လို ပြောချင်တယ်။)
Bhoomi ဆိုတာ့ အာဂ်ရမြို့ရဲ့ ဖိနပ်ဆိုင်လေး တစ်ဆိုင်ရဲ့ နာမည်။ ဆိုင်ပိုင်ရှင်နာမည်က အာရွှန်ဆိုတဲ့ အသက်ကြီးပိုင်း လူကြီးတစ်ယောက် ဆိုင်နာမည်ကိုတော့ သူအချစ်ဆုံး မိတဆိုး သမီးလေးရဲ့ နာမည်ကို ပေးထားတာ Bhoomi ဆိုတဲ့ကောင်မလေးကတော့ ပညာတတ်ငယ်ငယ်ရွယ်ရွယ်နဲ့ အချောအလှလေး အဖေဖြစ်သူက ဖိနပ်ဆိုင်ပိုင်ပေမယ့် ကိုယ့်အလုပ်ကိုယ်လုပ်တယ် ချစ်သူကလည်း ရှိတော့ မကြာခင်မှာ လက်ထပ်ဖို့ ရည်ရွယ်ထားတယ်။ သာသာယာယာ ဘဝလေးထဲကို ဝင်လာတဲ့ ပြသနာကတော့ ဗီရှဲလ့် အင်း့ ဗီရှဲလ်ဆိုတာ ဘူမီတို့ ပတ်ဝန်းကျင်က ရွယ်တူ ကောင်လေးတစ်ယောက့် ဘူမီကို ချစ်ခွှင့်အကြိမ်ကြိမ်ပန်ခဲ့ပေမယ့့် ဘူမီက သူငယ်ချင်းတစ်ယောက်လိုပဲ သတ်မှတ်ပြီး ငြင်းခဲ့တယ့် အယုတ်တမာ ဗီရှဲလ်က လက်မခံပဲ့ သူ့အစ်ကို ဝမ်းကွဲဖြစ်တဲ့ ဒိုလီဆီက အကူအညီတောင်းခဲတယ့် ဒိုလီ့ ” လွယ်လွယ်နဲ့နိုင်မယ့် ကစားပွဲတွေကို ငါဝင်မဆော့ဘူး အရှုံးဆိုတဲ့ အငွေ့အသက်ပါမှ အနိုင်ဆိုတာ ချိုမြိန်တာကွ့” ဒိုလာပူးရ်ရဲ့ လူဆိုးလူမိုက် ဖြစ်တဲ့ ဒိုလီရဲ့ အကူအညီနဲ့ ဗီရှဲလ်ဟာ ဘူမီကို မင်္ဂလာမဆောင်ခင်ညမှာ အုပ်စုဖွဲ့ အဓမ္မကျင့်လိုက်ပါတယ်။ အဲ့ဒီညမှာ ဖြစ်ခဲ့တဲ့ အဖြစ်တွေကို ဘာဖြစ်လို့ ဖြစ်နေမှန်း ရေရေရာရာ မသိခဲ့ဘူး သတိမေ့နေခဲ့တယ် သူကိုယ်သူ ဘာဖြစ်သွားလဲ သိပေမယ့် ဘယ်သူ့လက်ချက်လဲ မသိခဲ့ဘူး့ မင်္ဂလာဆောင်မှာ အားလုံးပျော်ပျော်ရွှင်ရွှင်ဖြစ်နေပေမယ့် အသက်မဲ့နေတဲ့ ဘူမီဟာ သူ့ချစ်သူကို အကြောင်းစုံ ပြောပြခဲ့ပါတယ့် ဒီအချိန်မှာ ချစ်လှပါတယ်ဆိုတဲ့ ချစ်သူက မင်္ဂလာပွဲကို ဖျက်ပြီး ပြန်သွားလိုက်တော့တယ့် ရဲစခန်းမှာ အမှုဖွှင့် တရားရုံးထိရောက်ခဲ့ပေမယ့် တရားခံတွေကို ဖမ်းမိခဲ့ပေမယ့် သက်သေအထောက်အထား မပြနိုင်လို့ ပြန်လွတ်သွားခဲ့တယ် တရှက်က နှစ်ရှက်ဆိုသလို အရှက်ကွဲ အကျိုးနည်း ဖြစ်ခဲ့ပြီး ပတ်ဝန်းကျင်မှာ မျက်နှာမပြနိုင်အောင် ဖြစ်ခဲ့တယ် နောက်ဆုံး အာရွန်အနေနဲ့ လူယုတ်မာတွေကို သမီးအတွက် ကိုယ်တိုင်အပြစ်ပေးဖို့ ဖြစ်လာခဲ့ပါတော့တယ့် (#သမီးတစ်ယောက် အပေါ်မှာထားတဲ့ အဖေတစ်ယောက်ရဲ့ မေတ္တာတရားကို အကောင်းဆုံး ဖေါ်ကြူးတင်ဆက်ထားပါတယ်။ ၁၅၀၀မေတ္တာနဲ့ ၅၂၈ရဲ့ ကွာခြားမှု၊ အရေးအကြောင်းဆို ကိုယ့်ဘေးမှာ ရပ်တည်ပေးနိုင်တာ ကိုယ့်မိဘပဲဆိုတာ အကောင်းဆုံး ပြသသွားပါတယ်။ မင်းသားကြီး ဆန်ဂျေးဒက် နဲ့ မင်းသမီး အဒီသီရာဟို ကလည်း အကောင်းဆုံး ပါဝင်သရုပ်ဆောင်ထားပါတယ်။ အကြိုက်ဆုံးကတော့ လူယုတ်မာကောင်တွေကို အားရပါးရ နွှာတာပါပဲ့ #Bollywood ကားကောင်းကောင်းတွေ ကြည့်ချင်တယ်ဆို ဒီဇာတ်ကားကို လုံးဝ လက်လွတ်မခံပါနဲ့လို ပြောချင်တယ်။)
မကြာခင်ကထွက်ရှိထားတဲ့ မင်းသားကြီး Donnie Yang ရဲ့ဇာတ်ကားသစ် Big Brother နဲ့ မိတ်ဆက်ပေးချင်ပါတယ်.. ဒီဇာတ်ကားထဲမှာတော့ Donnie Yang က ကျောင်းဆရာ အဖြစ်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းသဘောက တဲကျင့်အလယ်တန်းကျောင်းဟာ အောင်ချက်ကျရံှူးနေတဲ့ကျောင်းဖြစ်သလို ထောက်ပံ့ကြေးအနည်းငယ်သာရခဲ့တယ် အဲ့အချိန် ကျောင်းဆရာအဖြစ် Donnie Yang က ရောက်ရောက်ချင်းမှာပဲ ဆိုးသွမ်းပြီးစာမလုပ်တဲ့ကလေးတွေအခန်းကို ကိုင်တွယ်ရတယ် ကလေးတွေမှာလည်း သူတို့အခက်အခဲနဲ့သူတို့ရှိကြတာကို ဆရာက သိသွားတဲ့အခါ ဘယ်လိုကိုင်ကွယ်ဖြေရှင်းမလဲ ဆရာကလည်း အရင်ကတည်းက အဲ့ကျောင်းမှာတက်ခဲ့ပြီး ဘယ်လိုသမိုင်းကြောင်းရှိခဲ့လဲ ကျောင်းကြီးကလည်း ထောက်ပံ့ကြေးမရတော့ရင် ပိတ်ခံရတော့မဲ့အချိန် ဘယ်လိုကြိုးစားကြမလဲဆိုတာ ဇာတ်ကားမှာပဲ ဆက်လက်ကြည့်ရှုခံစားလိုက်ပါလို့ ပြောချင်ပါတယ် ဇာတ်လမ်းထဲမှာ Donnie Yang ရဲ့ ဖိုက်တင်အခန်းတွေလည်း ပါဝင်ပါသေးတယ်
ဒီကားရိုက်ရဲ့ ဒါရိုက်တာ Tim Burton ရိုက်ထားတဲ့ Big Fish, Alice In Wonderland, Edward scissorhands တို့ Charlie and the chocolate Factoryတို့လို ဇာတ်ကားကောင်းတွေကို ကြည့်ဖူးကြမှာပါ။ Tim Burtonရဲ့ ကားတွေဟာ ရိုက်ဟန်ထူးခြားပြီး ပစ်ရတဲ့ကားလည်း မရှိသလောက်ပါပဲ။ အခု Big Eye ကလည်း သူရိုက်ခဲ့တဲ့ Biography ကားတစ်ကားပါပဲ။ အနုပညာဆိုတာ ကိုယ်ရေးကိုယ်တာ အရမ်းဆန်ပါတယ်။ ကိုယ်ပိုင်ခံစားချက်ကို စကားလုံး ရုပ်ပုံ နိမိတ်ပုံ သံစဉ် အစရှိသဖြင့်ကူးပြောင်းရတာမျိုးပါ။ နှလုံးသားထဲက ထွက်လာတယ်ဆိုလည်း မမှားဘူးပေါ့ဗျာ။ Margaretဆိုတဲ့ ပန်းချီဆရာမ တစ်ယောက်ဟာ သူ့ခံစားချက်တွေကို ပန်းချီဆွဲတဲ့ အခါတိုင်း မျက်လုံးကို အရှိတရားထက် ကြီးအောင် ရေးဆွဲပြီး ခံစားချက်ပေါ်လွင်အောင် ဆွဲလေ့ရှိတယ်။ သူ့စကားအတိုင်းဆို ” မျက်လုံးဆိုတာ စိတ်ဝိညာဉ်ရဲ့ တံခါးပေါက်တွေ” ပေါ့ဗျာ အနုပညာသမားတစ်ယောက်အတွက် အဆိုးရွားဆုံး ခံစားချက်က ဘာများဖြစ်မလဲ။ သူ့ရဲ့အနုပညာကို ခိုးယူခံရပြီး တခြားသူတစ်ယောက်ရဲ့ နာမည် တပ်ခံရတာပါပဲ… လူမသိ သူမသိ မြုံနေခဲ့ရတဲ့ သူ့ ရဲ့ ထူးခြားတဲ့ ပန်းချီဟန်တွေဟာ နာမည်ကြီးမဲ့ တစ်နေ့ကို ရောက်လာခဲ့တယ်။ ဒါပေမဲ့ပေါ့… သူဆွဲတဲ့ အနေနဲ့ မဟုတ်ပဲ အနုပညာဂုတ်သွေးစုပ်သူတစ်ယောက်ရဲ့ အမည်နာမ အောက်မှာ ကျော်ကြားသွားခဲ့ပါတယ်။ အဲ့ဒီ ဂုတ်သွေးစုပ်သူကလည်း အနုပညာရဲ့ တန်ဖိုးကို နားလည်ပေမဲ့ ကိုယ်တိုင်မဖန်ဆင်းနိုင်တဲ့ လူတစ်ယောက်ပါ။ ကြားဖူးတဲ့ စကားလေးလိုပေါ့ “အနုပညာဆိုတာ မှော်ဆရာတိုင်း ကလို့ရတဲ့ ဓားပညာမှ မဟုတ်ပဲ” ဒီလိုဆိုးရွားလွန်းတဲ့ အနုပညာ ဂုတ်သွေးစုပ်ခံရတဲ့ အဖြစ်အပျက်ဟာ ဆယ်နှစ်တာ ကြာခဲ့ပါတယ်။ ဘာရယ် ဘယ်လိုတွေကြောင့် Margaret ဒီလောက် သည်းသီးခံခဲ့လည်းဆိုတာကိုတော့ Big Eye ဆိုတဲ့ ဖြစ်ရပ်မှန် ကားလေးကို ခံစားကြည့်ကြပါ။ Margaret အဖြစ်နဲ့တော့ Amy Aadam သရုပ်ဆောင်ထားပြီး အတော်လည်း ပီပြင်ခဲ့တဲ့အပြင် Imdb 7 နဲ့ ခရမ်းချဉ်သီး 72လုံးရထားပါတယ်။
ဒီကားလေးကတော့ ယူကရိန်းနိုင်ငံသားလေး ယူရီ ရဲ့ ဘဝဇာတ်ကြောင်းလေးဖြစ်ပါတယ် သူရဲ့ လက်အောက်ခံဖိနှိပ်ခံဘဝမှာ တွေ့ကြုံခဲ့ရတဲ့ အခက်အခဲအတွေ့အကြုံတွေကို တွေ့မြင်ရမှာဖြစ်ပါတယ် သူငယ်စဉ်ကတည်းက ချစ်ခဲ့ရတဲ့ နာတာလ်ကာလို့ခေါ်တဲ့ကောင်မလေး တစ်ယောက်ရှိတယ် လူတွေပြောပြောနေကြတဲ့ မြင်မြင်ချင်းအချစ်ပေါ့ ယူရီတို့နေတဲ့ရွာဟာ ယူရီ ငယ်စဉ်ကလေးကတည်းက ‘ဇာ’လို့ခေါ်တဲ့ ရုရှားလူမျိုးရဲ့ လက်အောက်ခံဘဝမှာနေခဲ့ရပါတယ် နောက် သူအရွယ်ရောက်လာတဲ့ အခါမှာတော့ ‘ဇာ’ဟာ ဘိုးလ်ရှစ်ဗစ်တွေ သတ်တာခံလိုက်ရပါတယ် လက်အောက်ခံဘဝကလွတ်မြောက်သွားတဲ့သဘောပေါ့ ဒါပေမယ့် မကြာခင်မှာပဲ ဆိုဗီယက်တွေ ယူကရိန်းနိုင်ငံကို တိုက်ခိုက်လာပါတော့တယ် ယူရီဟာ ပန်းချီအနုပညာပါရမီပါတဲ့သူတစ်ယောက် ဖြစ်ပါတယ် သူ့ရဲ့ပါရမီနဲ့နိုင်ငံ့အတွက် လွတ်လပ်မှုကိုရယူနိုင်ရန် ကီရပ်မှာရှိတဲ့ သူ့သူငယ်ချင်းတွေဆီ လွတ်လပ်ရေးအတွက် အတူတိုက်ခိုက်ဖို့ ရွာကနေထွက်သွားခဲ့ပါတယ် ယူရီဟာသူ့ရဲ့ပါရမီကိုအသုံးချပြီး သူလိုချင်တဲ့လွတ်လပ်မှုကို အရယူနိုင်မှာလား… သူဘာတွေကြုံတွေ့ရဦးမှာလဲ ရွာမှာကျန်ခဲ့တဲ့ နာတာလ်ကာနဲ့ရော ပြန်လည်ဆုံစည်းနိုင်ပါ့မလားဆိုတာတော့ ဒီကားလေးမှာ စိတ်ဝင်တစားနဲ့ကြည့်ရမှာပဲဖြစ်ပါတယ်…
Drama မင်းသားကြီး အမီတာဘဂျမ်း ပါဝင်သရုပ်ဆောင်ထားတဲ့BLACK ကားဟာဆိုရင် ညီမတို့တွေ ဆယ်တန်းတုန်းက သင်ခဲ့ရတဲ့Hellen Keller ရဲ့ ဇာတ်လမ်းကို ပြန်လည်စိတ်ကူးယဉ်ပြီး ရိုက်ကူးထားခြင်းဖြစ်ပါတယ် ဒီဇာတ်လမ်းဟာ 2005 အိန္ဒိယနိုင်ငံ ရုပ်ရှင်လောကမှာ ဒုတိယဝင်ငွေအကောင်းဆုံးကားတစ်ကားအဖြစ် ရပ်တည်ခဲ့ပြီး2006 ရုပ်ရှင်ပွဲတော်မှာလည်း အကောင်းဆုံး အမျိုးသား အမျိုးသမီး ဇာတ်ဆောင်ဆု၊ ဇာတ်ပို့ဆုနဲ့ အကောင်းဆုံးရုပ်ရှင်ဆုတွေကိုလည်း ရရှိခဲ့တယ် နိုင်ငံတကာထိပါ ဆုတွေရပြီး အောင်မြင်မှုတွေရခဲ့တဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပါပဲ ထူးခြားချက်ကတော့ ပုံမှန် Bollywood ကားတွေလို သီချင်းဆိုပြီး ကတဲ့အခန်းတွေ မပါတာပါ မက်ဂ်နယ်လီ မိသားစုရဲ့ သမီးအကြီးဆုံးလေး မီရှဲလ်လေး (Rani Mukerj) လူမမယ်အရွယ်လေးမှာအပြင်းအထန်ဖျားနာပြီး အကြားအာရုံဆုံးရှုံးပြီးမျက်စိကွယ်သွားခဲ့ပါတယ် မီရှဲလ်ရဲ့ ဘဝဟာ ဘယ်အရာကိုမှ မမြင်ဖူးမကြားဖူးပဲဘာသံမှမကြားရတဲ့အမှောင်ထုကြီးထဲမှာ အဓိပ္ပါယ်မဲ့ အသက်ရှုင်နေရတဲ့ဘဝ မိဘတွေကလည်း ဒီလို Deaf-Blind ကလေးတစ်ယောက်ကို ဘယ်လိုပြုစုရမယ်ဆိုတာ မသိပဲ မီရှဲလ်ကို ရူးနေတယ်ထင်ပြီးစိတ်ကျန်းမာရေးဆေးရုံကို ပို့ဖို့တောင် ကြံနေကြပါတယ် အဲ့ဒီအချိန်မှာ နောက်ဆုံးမျှော်လင့်ချက်အနေနဲ့ မီရှဲလ်လေးကိုသင်ပေးဖို့ ဆွံ့အနားမကြားကျောင်းကဆရာတစ်ယောက်ဖြစ်တဲ့ မစ္စတာဆာဟန် ကိုငှါးရမ်းလိုက်ပါတော့တယ် ဘာသံမှမကြားဖူးတော့ စကားဘယ်လိုပြောရမယ်ဆိုတာတောင်မသိပဲအပြုအမူတွေကအရမ်းရိုင်းစိုင်းကြမ်းတမ်းနေတဲ့ မီရှဲလ်ကို အမီတာဘဂျမ်းတစ်ယောက် ဘယ်လိုကြိုးစားပြီး ပြုပြင်မလည်း သာမာန်လူတွေတက်တဲ့ တက္ကသိုလ်ကို တက်ခွင့်ရအောင် မီရှဲလ်ဘယ်လိုကြိုးစားမလည်း အဲ့ဒီ့အချိန်မှာပဲ ဆရာဆာဟန်က အယ်လ်ဇိုင်းမားရောဂါဝင်ပြီး အရာအားလုံးကိုမေ့သွားတဲ့အချိန်မှာ မီရှဲလ်တစ်ယောက် သူ့ဆရာကို ဘယ်လိုကယ်မလည်းဆိုတာ ဆရာတပည့်နှစ်ယောက်ရဲ့ အောင်မြင်မှုတွေကိုရသပေါင်းစုံနဲ့ကြည့်ရှုရမှာဖြစ်လို့ BLACK ကားလေးကို ညွှန်းပေးလိုက်ပါတယ်နော်
ဘော့စတွန်တောင်ပိုင်းကဖြစ်ရပ်မှန်ကိုရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။ IMDB rating 6.9ရထားတဲ့ကားလေးဖြစ်ပါတယ်။ ဘော့စတွန်တောင်းပိုင်းမှာကြီးစိုးနေတဲ့ဝင်းတဟေးဂိုဏ်းရဲ့ဘယ်လိုလုပ်ခဲ့တာတွေ လူတွေဘယ်လိုသတ်ခဲ့တာတွေ FBIနဲ့ဘယ်လိုပေါင်းပြီးလုပ်တာတွေကိုရိုက်ထားတာပါ။ ဘော့စတွန်လူမိုက်ဘုရင်ဂျိမ်းဝှိုက်တီဘောင်ဂျာရဲ့ညီကမြို့လွတ်တော်အမတ် FBIကကော်နယ်လီ ညီကဒုစရိုက်လောကကိုမလုပ်ပေမယ့် ကော်နယ်လီတို့ကတော့ဘော့စတွန်မှာစိတ်ကြိုက်ချယ်လှယ်တော့တာပဲ။ ဇာတ်ဆောင်တွေကတော့ ဂျက်စပဲရိုးလို့လူသိများတဲ့ Jonny Depp Dr.Strange ဒါမှမဟုတ် ရှားလော့ခ်ဟုမ်းလို့လူသိများတဲ့ Benedict ၊ Fifty shade of Greyဇာတ်ကားထဲကမင်းသမီး Dakota၊ နောက်တစ်ယောက်ကလက်တလော၂၀၁၈မှာထွက်ထားတဲ့ Gringoဇာတ်ကားမှာပါဝင်သရုပ်ဆောင်ထားတဲ့ Joel Edgerton တို့ကပါဝင်သရုပ်ဆောင်ထားပါတယ် ဒီလိုနာမည်ကြီးဇာတ်ဆောင်တွေပါဝင်ထားတဲ့အတွက်အရမ်းညွှန်းတော့ပါဘူး တကယ့်ဇာတ်ကားကောင်းလေးမို့လို့တင်ဆက်ပေးလိုက်ပါတယ်
ဆာဗိတ်”မိသားစုရဲ့ရင်နင့်ဖွယ်ရာ ဖြစ်ရပ်လေးအကြောင်းရိုက်ထားတဲ့ ၁၅၀၀အချစ် ,၅၂၈အချစ် လျှို့ဝှက်ဆန်းကြယ် စတဲ့ရသအစုံပါတဲ့ ပါတဲ့ဇာတ်ကားလေးတစ်ကားပါ တစ်နည်းပြောရရင်တော့ဗျာ နှင်းတောင်တွေကြားမှာနေတဲ့အမဲလိုက်မုဆိုးမိသားစုဘဝလေးကနေစခဲ့တယ်ပြောရမှာပဲ ကံဆိုးချင်တော့ မထင်မှတ်ပဲ အမဲလိုက်ရင်း အကိုအကြီးဆုံးဖြစ်တဲ့ ဆာဗာဒါက သူ့ညီအငယ်ဆုံးဂျူအန်ကို မတော်တဆသေနတ်နဲ့ပစ်မိသွားရာကနေ သူ့ဘဝရဲ့ဆေးကြောလို့မရတဲ့အမှားလို့ခံယူပြီး သူ့တစ်သက်လုံး နှင်းတောင်တွေကြားမှာဘဲနေထိုင်ရင်းဇာတ်မြုှပ်နေတာပေါ့ သို့ပေမယ့်လဲကြမ္မာတစ်ပတ်ပြန်လည်စေခဲ့တဲ့တရားခံကအမွေကိစ္စ ဒါကြောင့်လဲသူ့ညီဖြစ်တဲ့မားကို့စ်က သူ့ဆီကို အမွေကိစ္စတိုင်ပင်ဖို့ နဲ့သူ့အဖေရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပေးဖို့ လာခဲ့တာပေါ့ နောက်ပိုင်းညီအစ်ကို၂ယောက်ကြားဘယ်လိုတွေဖြေရှင်းကြမလဲ သူတို့ရဲ့ညီအငယ်ဆုံးဖြစ်တဲ့ ဂျူအန်ရဲ့သေဆုံးမှုကကောသွေးရိုုးသားရိုးဟုတ်ရဲ့လား ဂျူအန်သေသွားပီးနောက်ပိုင်း ဆာဗာဒါ မားကို့စ် ဆာဘရီနာတို့မောင်နှမ ၃ယောက်ကကောဘယ်လိုတွေတောင်တွေ့ကြုံကြရမလဲဆိုတာတော့……. ဆက်ကြည့့်ကြပါစို့ဗျာ
မင်းသားကြီးဗန်ဒိန်းနဲ့ ရုရှားအာနိုးလို့လူသိများကြတဲ့ Dolph Lundgrenတို့ပါဝင်ထားတဲ့အက်ရှင်ကားသစ်လေးပါ ဗန်ဒိန်းက စီအိုင်အေအေးဂျင့်စကော့ဝီလ်လာအဖြစ်၊ ရုရှားအာနိုးက ဂျာမန်သူလျိုအဖြစ်သရုပ်ဆောင်ထားပါတယ် စကော့ဝီလ်လာ စီအိုင်အေကအထူးလေ့ကျင့်ပေးထားတဲ့အေးဂျင့်အရေးကြီးဟာ့ဒ်ဒရိုက်ဖ်တစ်ခုအတွက် လျို့ဝှက်တာဝန်ထမ်းဆောင်နေရသူ ဒါပေမယ့် သစ္စာဖောက်လို့အထင်မြင်မှားခံရပြီး ရေငုပ်သဘောၤထဲမှာ အကျဉ်းချခံလိုက်ရတယ် အကျဉ်းထောင်မှာပဲ မာကို(ရုရှားအာနိုး)နဲ့တွေ့ဆုံပြီး ဘယ်လိုများ လွတ်မြောက်အောင်လုပ်ဆောင်ကြမလဲ သူ့ကိုသစ္စာဖောက်သွားသူကိုရောဖော်ထုတ်နိုင်မလား သက်စွန့်ဆံဖျားထိန်းသိမ်းနေရတဲ့ဟာ့ဒ်ဒရိုက်ဖ်ကရော ဘာကြောင့်များအရေးကြီးနေရတာလဲ ဇာတ်လမ်းကတော့ ရိုးရှင်းပေမယ့် အက်ရှင်ကားကြိုက်သူတွေ ဗန်ဒိန်း Fanတွေအတွက်တော့ အကြိုက်တွေ့နိုင်ပါတယ် ********တစ်ခုမေတ္တာရပ်ခံချင်တာကတော့ ဒီကားရဲ့ မူရင်းEng subtitle မှာကတည်းက တစ်ကားလုံးနီးပါးလွဲနေတာကြောင့်အသံနားထောင်ပြီးဘာသာပြန်ရတာများနေပါတယ်။ တတ်နိုင်သမျှအကောင်းဆုံး အနီးစပ်ဆုံးဘာသာပြန်ပေးထားပါတယ်။ အဲ့ဒါကြောင့် မှားယွင်းမှုများရှိခဲ့ပါက ခွင့်လွှတ်သည်းခံကြည့်ရှုပေးကြပါလို့ တောင်းဆိုချင်ပါတယ် ခင်ဗျ*******
နာမည်ကြီး Manga series ဖြစ်တဲ့ Blade of the Immortal ကို live action ပြန်ရိုက်ထားတာပါ Manga series ကို ကြည့်ဖူးသူတွေကို အထွေအထူးမိတ်ဆက်ပေးစရာ မလိုပေမဲ့ မကြည့်ဖူးတဲ့သူတွေအတွက် အတိုချုပ် ပြီး ပြောပြပါမယ်နော် ကိုယ့်ဆရာနဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုပြန်သတ်မိပြီး ထွက်ပြေးနေတဲ့ Manji ဟာ တိုက်ပွဲတစ်ခုမှာ ဒဏ်ရာရပြီး သေလုမျောပါးဖြစ်နေတဲ့အချိန်မှာ Yaobikuni ဆိုတဲ့အဖွားကြီးက သူ့ရဲ့ ခန္ဓာကိုယ်ထဲကို ထူးဆန်းတဲ့တီကောင်လိုအကောင်တွေ ထည့်ပေးလိုက်လို့ Immortal တစ်ယောက်ဖြစ်လာခဲ့တယ် နောက်နှစ်ပေါင်းကြာလာတဲ့အခါ Itto-Ryu လို့ခေါ်တဲ့ ဓားပညာရှင်တွေစုစည်းထားတဲ့ အဖွဲ့တစ်ဖွဲ့ကြောင့် မိဘနှစ်ပါးလုံးကို ဆုံးရှုံးသွားတဲ့ Rinn ဆိုတဲ့ ကောင်မလေး သူ့ရဲ့ကလဲ့စားချေလိုစိတ်ကြောင့် Rinn က Manji ကို လိုက်ရှာပြီး အကူအညီတောင်းခဲ့တယ် Manji က သူ့ကို ကူညီပြီးတော့ ဘယ်လိုကလဲ့စားချေကြမလဲ သူတို့ နှစ်ယောက်ပေါင်းပြီး Itto-Ryu ကို ကလဲ့စားချေနိုင်မှာလား ကြားထဲမှာ ဘယ်လိုအခက်အခဲတွေ တွေ့ရဦးမှာလဲ ဆိုတာကိုတော့ အသတ်အဖြတ်တွေကြားထဲက ကြည့်ရမှာပါ IMDb 7.2 တောင်ရထားတာမို့ Manga ကြည့်ပြီးသားသူတွေရော မကြည့်ထားတဲ့သူတွေရော သဘောကျနှစ်သက်လိမ့်မယ်လို့ ထင်ပါတယ်
အမ်မာနဲ့ ဒင်းဆိုတဲ့အထက်တန်းကျောင်းသူလေးနဲ့ကျောင်းသားလေးနှစ်ယောက်ဟာ အတန်းကလိုက်ပို့တဲ့ခရီးစဉ်တစ်ခုမှာကံဆိုးမိုးမှောင်ကျတဲ့သူနှစ်ယောက်ပဲဖြစ်ပါတယ် အရမ်းကိုတော်ပြီးတော့ ကျောင်းရဲ့အပျိုစင်ကြယ်ပွင့်လေး အမ်မာနဲ့ ကျောင်းမှာဆို ဘယ်သူနဲ့အဆက်အဆံမရှိတဲ့ဒင်းတို့ဟာ ကျောင်းသားတွေခိုးပြီးတော့ကဲကြတဲ့သဘောၤပေါ်ကပါတီကနေ ပင်လယ်ထဲကိုပြုတ်အကျပြီးမှာတော့ သူတို့တွေနိုးထလာတဲ့အချိန်မှာ ကမ်းမမြင်လမ်းမမြင်အနေအထားကိုရောက်ရှိနေပါပြီ။ အရာရာကိုပြီးပြည့်စုံတဲ့စီစဉ်ထားတတ်တဲ့အမ်မာအတွက်ကတော့ ကျွန်းပေါ်မှာဘာမှမရှိပဲနေရထိုင်ရတာတော်တော်လေးကိုစိတ်ညစ်စရာကောင်းပေမယ့် သဘာဝကိုတန်ဖိုးထားပြီးတော့အေးဆေးနေတတ်တဲ့ဒင်းအတွက်ကတော့ ပျော်စရာခရီးစဉ်တစ်ခုဖြစ်လို့နေပါတယ်။ ကျွန်းပေါ်မှာနေထိုင်ရင်းနဲ့ တစ်ယောက်ကိုတစ်ယောက်အားကိုးနေထိုင်ရင်းနဲ့ပဲ အမ်မာနဲ့ဒင်းတို့ကြားမှာရင်းနှီးမှုထက်ကျော်လွန်တဲ့စိတ်တွေပိုလာခဲ့ပါတော့တယ် ဒီတော့ အမ်မာနဲ့ဒင်းနဲ့သူတို့ဘဝတစ်လျှောက်လုံးကိုကျွန်းပေါ်မှာပဲနေထိုင်ရင်းနဲ့ကုန်ဆုံးသွားမလား ကယ်တင်မဲ့သူတွေပဲရောက်ရှိလာနိုင်မလား သူတို့မြို့ကိုပြန်ရောက်သွားရင်တောင် သူတို့နှစ်ယောက်ကြားကဆက်ဆံရေးကဘယ်လိုတွေဆက်ဖြစ်လာနိင်မလဲဆိုတာ ကြည့်ရှုလို့ကောင်းတဲ့ဇတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်
လောကကြီးမှာ ရှင်သန် ကြီးပျင်းရတာ ခက်ခဲလိုက်တာ ကျွန်မဖြစ်ချင်တဲ့ဆန္ဒတွေကို တားဆီးပိတ်ပင်ခံရပြီး သူတို့လိုချင်တဲ့ ပုံစံခွက်ထဲမှာနေထိုင်ရတာ မုန်းဖို့အလွန်ကောင်းပါတယ် …. ကျွန်မအသက်က ၁၅နှစ်ရှိနေပါပြီ ကျွန်မရဲ့မိဘတွေက ကြွယ်ဝပြည့်စုံတဲ့ လူတန်းစားထဲကပါပဲ…. ဒါပေမယ့် အဆင်မပြေတာက ကျွန်မရဲ့ အသွေးအသားပြောင်းလဲလာမှုပါ အပျိုဖော်ဝင်ခါစအရွယ် ခန္ဓာကိုယ်ရဲ့ဟော်မုန်းဓာတ်တွေပြောင်းလဲလာတော့ လိုချင်တပ်မက်တဲ့အရာတွေ လဲ ပြောင်းလဲလာတယ်လေ………. အဲ့အချိန်မှာ မိဘတွေရဲ့အလုပ်အကိုင်နယ်မြေပြောင်းတော့ ကျွန်မလဲ ကျောင်းအသစ်ကိုလိုက်ပြောင်းခဲ့ရတယ် လူအသစ်တွေနဲ့ ပေါင်းသင်းဆက်ဆံဖို့က အရမ်းခက်ခဲပါတယ် သူတို့တွေရဲ့ လူရာမသွင်းသလို ဆက်ဆံပုံက ကျွန်မရဲ့ သိမ်ငယ်စိတ်ကို နှိုးဆွသလိုဖြစ်နေတယ် လောကကြီးကို အရွဲ့တိုက်ချင်စိတ်တွေလည်း ပြည့်နှက်နေပါပြီ အဲ့ဒါတွေအပြင် ကျွန်မရဲ့သဘာဝတရားနဲ့ လူအများရဲ့သဘာဝတရားက အံဝင်ခွင်ကျဖြစ်တယ်လို့လည်း မခံစားရဘူး ကျွန်မရဲ့ခြေထောက်တွေကိုလဲ မုန်းတယ် ကျွန်မရဲ့ခြေထောက်တွေက သူများတွေလိုလဲ မလှပဘူးလေ လှီးထုတ်ပစ်ချင်တဲ့အထိ စိတ်ရူးပေါက်လာတယ် နောက်ဆုံး ကျွန်မရဲ့မိဘတွေကိုပါ ကိုယ့်မိဘအရင်းမဟုတ်ဘူးလို့ ခံစားလာရတယ် အဲ့ဒါတွေအတွက် ကျွန်မ ဘယ်လိုဆုံးဖြတ်ချက်ချသင့်လဲ ကျွန်မကိုရော ဘယ်သူက ကူညီပေးနိုင်မှာလဲ ဆရာဝန်တွေနဲ့ရော တိုင်ပင်သင့်လား သူတို့ကရော ကူညီပေးနိုင်မှာလား……………… ဒီဇာတ်ကားလေးမှာ ဆယ်ကျော်သက်တစ်ယောက်ရဲ့ ခံစားချက်တွေကို မြင်ယောင်မိသွားအောင် ရိုက်ပြထားပါတယ် အများနဲ့တန်းတူဖြစ်နေအောင် အများနဲ့အံဝင်ခွင်ကြဖြစ်အောင် ကြိုးစားရုန်းကန်နေပေမယ့် သူမရဲ့ပြောင်းလဲလာတဲ့ သဘာဝတရားကို လွန်ဆန်နိုင်ခြင်းမရှိခဲ့တဲ့ ကောင်မလေးတစ်ယောက်ရဲ့ ဇာတ်လမ်းကို ရိုက်ကူးပြထားတာပါ…….. ဒီဇာတ်ကားရဲ့ထူးခြားချက်ကတော့ နောက်ဆုံးမှ ချပြခဲ့တဲ့ လျှို့ဝှက်ချက်လေးတစ်ခုပါပဲ…. သူမဘာကို ရင်ဆိုင်ကြုံတွေ့နေရတာလဲ လူအများထက်ပိုပြီး ဘာကြောင့် စိတ်ဖိစီးမှုများနေရတာလဲ ဆိုတာကတော့………… အားပေးကြည့်ရှုပေးကြပါဦး…. မိဘများအတွက် လမ်းညွှန်ချက် (Parents Guide)……… ယောကျာၤးနှင့်မိန်းမ Sex ကိစ္စ ဆက်ဆံကြသည့် အခန်းများပါဝင်ပါတယ် အသက်မပြည့်သေးသည့်သူများ ကြည့်ရှုရန် မသင့်တော်ပါ ခင်ဗျာ
၂၀၁၇ လို့နာမည်တပ်ထားပေမယ့် ၂၀၁၈ နိုဝင်ဘာ၂ရက်နေ့ မှထွက်လာတဲ့ကားဖြစ်ပါတယ်… ဒီကားဟာ တကယ့် Hip Hop ဂီတကို မီးမောင်းထိုးပြမယ့် ကားဖြစ်မှာ ပြီးတော့ producer ကလဲ Rap God ကြီးဖြစ်တဲ့ Eminem ပါ အဲ့တော့ rhyme တွေ rap တွေ ကအလန်းတွေ ပဲဖြစ်မယ်ဆိုတာ သံသယ ဝင်စရာမရှိပါဘူး ဒီကားကို Eminem ရဲ့ အောင်လံတစ်ခုလို့ကင်ပွန်းတပ်ရမလိုပါပဲ Bodied အပြတ်သတ်အနိုင်ပိုင်းခြင်း Rap ရွတ်တယ်ဆိုတာ ဘယ်လိုဘယ်ပုံ ဒီဇိုင်းကာလာရှိလဲ အာရှတိုက်သားတွေ ရင်းနှီးလာကြပါပြီ တစ်ယောက်နဲ့တစ်ယောက်အားနည်းချက် တွေကို စကားလုံးကာရန်အချိတ်ဆက်မိမိ နဲ့တင်ပြခြင်းလို့အဓိပ္ပာယ်ဖွင့်ဆိုရပါလိမ့်မယ် များသောအားဖြင့် ဒီ Rap Battle တွေကို လူမဲ အသိုင်းဝိုင်းကပဲ အစဉ်ဆက်ရွတ်ကြ တာများပါတယ် ဆိုတော့ကာ လူဖြူတွေပေါ် ထားတဲ့ အမုန်းတရားတွေ မခံချင်စိတ်တွေ အရိုင်းဆန်တဲ့ အတွေးအခေါ်တွေက သူတို့ နှုတ်ဖျားမှာကာရန်တွေ အကူညီနဲ့ ပွင့်ထွက် ကျလာပါတယ် ဒါ့ကြောင့် Rapper ဖြစ်နေတဲ့ သူတွေရဲ့ background က အများထင်သလို ရေပေါ်ဆီဘဝတွေ မဟုတ်ခဲ့ပါဘူး ဇာတ်လမ်းအကျဉ်းလေးကတော့ ကျောင်းမှာ N စာလုံးအသုံးပြု ပုံနဲ့ ပတ်သတ်ပြီး လူဖြူ တစ်ယောက်ဖြစ်တဲ့ အဒမ်စာတမ်းတင်ဖို့ လုံးပန်းနေပါတယ် သူ့ခေါင်းစဉ်ကလဲ ထူးထူးဆန်းဆန်း N စာလုံးဘယ်လို သုံး ရမလဲ တဲ့ N စာလုံးဆိုတာတော့ Nigga ကိုပြော တာပါ လူဖြူတွေက Nigga ဆိုတဲ့စာ လုံးကို တရားဝင်သုံးပိုင်ခွင့် မရှိပါဘူး ဒါ underground အသိုင်းဝိုင်းရဲ့ လူမျိုးစွဲ ကန့်သတ်ချက်တွေ ထဲက တစ်ခုပေါ့ ဒီတော့ အဒမ်က သူ့ စာတမ်းကိစ္စဖြစ် မြောက်ဖို့ သူကိုယ်တိုင်ကွင်းဆင်းတဲ့ အနေနဲ့ underground ပွဲတွေသွားလေ့ လာပါတော့တယ် အဲ့မှာ သူ့အကြီးစားဖန် ဖြစ်တဲ့ ဘန် ဂရင်းနဲ့ တွေ့ခဲ့တာပေါ့ ဘန်ဂရင်းကို N စာလုံးအသုံးပြုပုံအကြောင်း မေးရင်း သူဘယ်တုန်းက မှ မတွေးဖူးအိပ်မက်မမက်ဖူးတဲ့ Rap ရွတ်တဲ့ ကိစ္စကို လူတစ်ယောက်နဲ့ ရွတ်ရဖို့ အကြောင်းဖန်လာပါတယ် အဲ့ကစပြီးအဒမ် တစ်ယောက်ပြောင်း လဲ လာတော့တာပေါ့ ဆိုတော့ကာ ဒီကားလေးမှာ reference တွေ တော်တာ်များများထည့်ထားတာတွေ့ရ ပါတယ် ပြီးတော့ underground rap battle တွေက type အမျိုးမျိုး ရှိပါတယ် 1 vs 1 ရွတ်တာ 2 vs 2 ရွတ်တာ freestyle ရွတ်တာတွေပေါ့ ဒါပေမယ့် cypher ရွတ်တာ တော့မတွေ့ခဲ့ပါဘူး မလိုလို့ မထည့်တာလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ဒါပေမယ့် cypher သဘောမျိုးကို final battle မှာ 2 vs 2 ရွတ်တဲ့အခါ အရိပ်အမွက်တော့တွေ့မြင်ရမှာ ပါ အဓိက ဒီကားမှာပြထားတာက black culture ကို white people တွေဘယ်လို သဘောထားလဲ ပြီးတော့ 21 ရာစုရဲ့ ပူပူနွေးနွေး 2017-18 ဗားရှင်းမှာ ဘယ်လို Rap Battle မျိုးတွေပဲဖြစ်သင့်လဲဆိုတာကို မီးမောင်းထိုးပြသွားတဲ့ သဘောပါ တကယ့် underground အကြမ်းအရမ်း Rap Battle တွေလုပ်ထားတာကျက်သီး ထစရာကောင်းလောက်အောင် သဘာဝဆန်လွန်းပါတယ်… ဒါကြောင့် လူငယ်အများစု ကြိုက်နှစ်သက်မဲ့ကားတစ်ကားဆိုရင် မှားဖွယ်ရာမရှိပါဘူး…
Bodyguard 2011 Hindi ဒီဇာတ်ကားကကတော့၂၀၁၁မှာမင်းသားဗီဂျေးရဲ့The Bodyguard နဲ့အပြိုင်ထွက်ရှိခဲ့တဲ့မင်းသားဆလ်မန်ခန်းရဲ့နုနုရွရွဇာတ်ကားလေးပါ ကျွန်တော်တို့ဘော်ဒီဂတ်ဇာတ်ကားတွေကြည့်ဖူးသမျှ ကားတွေအားလုံးမှာမင်းသမီးကိုစောင့်ရှောက်ရတာတွေပါပဲ ဒါမှလည်းဘော်ဒီဂတ်ပီသမှာကိုး ဘော်ဒီဂတ်လောင်လီဆင်းဂ်ဟာသူ့တာဝန်တွေကိုထမ်းဆောင်ရင် ဘယ်တော့မှမချိုးဖြတ်ပါဘူး ဂျေဆင်ပူးနားရ်စံအိမ်ရဲ့သခင်မစ္စတာဆတာဂျေဟာတရားမျှတမှုကိုလုပ်ဆောင်သူတစ်ဦးပါ တရားမျှတမှုပေါ်အောင်မကောင်းမှုကိုဖယ်ရှားရတာနဲ့အညီ လူဆိုးခေါင်းဆောင်ရန်ဂျန်မဟ်ထွီနဲ့ရန်သူတွေဖြစ်သွားပါတော့တယ် ဒါကြောင့်သမီးဖြစ်သူဒေဗီရာကိုစောင့်ရှောက်ဖို့ဘော်ဒီဂတ်လောင်လီဆင်းဂ်ကိုတာဝန်ပေးလိုက်တာပါတယ် ဒီလိုနဲ့ဒေဗီရာကောလိပ်တက်တဲ့အခါလိုက်စောင့်ရှောက်ရပါတယ် ဒါပေမဲ့လောင်လီဆင်းဂ်လုပ်ခိုင်းတဲ့လေ့ကျင့်ခန်းကိုလုပ်နေတဲ့ ဒေဗီရာနဲ့မာရာဟာစိတ်လွတ်လမ်းဖြစ်တဲ့ ဘော်ဒီဂတ်ကြီးကိုနောက်ဖို့လုပ်ပါတော့တယ် ဒေဗီရာဟာလောင်လီဆင်းဂ်နဲ့ဖုန်းထဲမှာချာရာဆိုတဲ့နာမည်နဲ့နီးစပ်သွားပါတော့တယ် အချိန်တွေကြာလာတာနဲ့အမျှချာရာဟာလောင်လီဆင်းဂ်ကိုချစ်မိသွားတယ် တကယ်တော့ချာရာဆိုတာဒေဗီရာဆိုတာလောင်လီဆင်းဂ်မသိရှာပါဘူး လောင်လီဆင်းဂ်ကိုခွဲနိုင်မခွာရက်ဖြစ်နေတဲ့ဒေဗီရာဟာခိုးရာလိုက်ပြေးဖို့လုပ်ပါတော့တယ်… ဒီအကြောင်းတွေသိသွားတဲ့မစ္စတာဆတာဂျေဟာသမီးဖြစ်သူကိုလောင်လီဆင်းဂ်နဲ့သဘောတူပါ့မလား သတ်တော်စောင့်နဲ့သူဋ္ဌေးသမီးချစ်တိုင်းညားကြပါ့မလား…
ပရိတ်သတ်ကြီးအတွက် တရုတ်သမိုင်းကားတစ်ကား တင်ဆက်လိုက်ပါတယ်။ ဒီဇာတ်ကားက သာမညဇာတ်ကားတစ်ကား မဟုတ်ပါဘူး တရုတ်ပြည်ရဲ့ သမိုင်းကြောင်းကို ဒီမိုကရေစီလမ်းကြောင်းပေါ်တွန်းတင်ခဲ့တဲ့ စာရေးဆရာ, ဒေါက်တာအတွေးခေါ်ပညာရှင် ဒေါက်တာ ဆန်း(Dr.Sun Wen) ကိုအခြေပြု ရိုက်ကူးထားတာပါ။ ဒေါက်တာဆန်း တစ်ယောက် ဖရိုဖရဲဖြစ်နေတဲ့တရုတ်ပြည်ကြီးကို ကယ်တင်ဖို့ ဂျပန်ကနေ ဟောင်ကောင်ကို ခရီးထွက်ခဲ့ပါတယ်။ သူခရီးထွက်လာတဲ့ရည်ရွယ်ချက်ကတော့ ပြိုကွဲနေတဲ့ ဂိုဏ်းဃန တွေကို ပြည်လည်စည်းရုံးပြီး Qing မျိုးဆက်ကို အမျိုးဖြုတ်ဖို့ပါ။ ဒီထဲမှာ China Daily သတင်းစာတိုက်ကလည်း ကုလားကာနောက်ကွယ်ကနေပံ့ပိုးနေခဲ့တာပါ။ ဒေါက်တာဆန်း ရဲ့ဟောင်ကောင်ခရီးစဉ်ကရော ချောမွေ့ပါ့မလား သတင်းစာတိုတ်ကလည်း ဘယ်လိုမျိုး နောက်ကွယ်ကနေဘယ်လိုအထောက်ပံ့တွေပေးမှာလဲ လူတစ်ယောက်ကရော နိုင်ငံတစ်နိုင်ငံကောင်းစားရေးအတွက် ဘယ်လောက်ထိ စွန့်လွှတ်ရမှာလဲဆိုတာ ဆက်လက်အားပေးကြည့်ရှု့ကြပါရန်…။
ကျွန်တော်တို့နိုင်ငံအပါအဝင် လူ့အဖွဲ့အစည်းတော်တော်များများမှာ ခြားနားမှုနဲ့ပတ်သက်ပြီး ခွဲခြားဆက်ဆံခံရမှုတွေတော်တော်များများရှိပါတယ်။ အမေရိကန်လိုနိုင်ငံမျိုးမှာတောင် ဒီလိုအဖြစ်အပျက်တွေရှိခဲ့ပါတယ်။ လူတော်တော်များများက အသွင်အပြင် ဝတ်စားဆင်ယင်မှု နေထိုင်မှုဘဝပုံစံတွေဟာ အများနဲ့မတူတဲ့အခါ လှောင်ပြောင်ရယ်မော အပြစ်တင်တတ်ကြတာတွေရှိပါတယ်။ အသားအရောင်ခွဲခြားမှုတွေ၊ လိင်စိတ်တိမ်းညွတ်မှုတွေ၊ လူမျိုးမတူညီတာတွေ ကစလို့ ကိုးကွယ်ယုံကြည်မှုမတူတာတွေအထိပေါ့ဗျာ။ ဒီဇာတ်လမ်းကလေးကတော့ ၁၉၉၀ပတ်ဝန်းကျင် အမေရိကန်နိုင်ငံတက္ကဆက်ပြည်နယ်ကမြို့လေးတစ်မြို့မှာဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်တစ်ခုကိုရိုက်ထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးတစ်ခုပါ။အဲ့ဒီမြို့မှာနေထိုင်ကြတဲ့ ပန့်ခ်လူငယ်တွေရဲ့ဘဝနေထိုင်မှုနဲ့ပတ်ဝန်းကျင်ကလူတွေရဲ့အမြင်တွေ ပွတ်တိုက်မှုဖြစ်တဲ့အခါ တရားဥပဒေဟာ သူတို့ဖက်မှာရှိမနေကြောင်းကို ရိုက်ပြထားပါ။ တရားဥပဒေဟာလူအများစုရဲ့လက်ထဲမှာပဲရှိတယ်ဆိုတာဖြစ်သင့်ပါသလား။ ဒီဇာတ်ကားဟာ လူ့အဖွဲ့အစည်းနဲ့ပတ်သက်ပြီး မက်ဆေ့တော်တော်များများပေးထားတဲ့ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ အညွှန်းမှာရေးထားတာက အဲ့ဒီမက်ဆေ့တွေရဲ့အပိုင်းအစသေးသေးလေးပဲရှိပါသေးတယ်။ နောက်ထပ်ထူးခြားတာတစ်ခုက ကမ္ဘာကျော်အဆိုတော်ကြီး Marilyn Manson လည်းဒီထဲမှာပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ ဒီကားလေးဟာ လူကြီးမင်းတို့ရဲ့ နှလုံးသားနဲ့ဦးနှောက်တစ်နေရာရာကို ထိသွားလိမ့်မယ်လို့ယုံကြည်ပါတယ်။
ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်လူ့ဘဝအောက်ခြေနင်းပြားအောက် ပြည့်တန်ဆာမိခင်က မွေးဖွားလာတဲ့ လူတစ်ယောက်ရှိတယ် ။ သူအိပ်မက်က ဘယ်လိုနည်းနဲပဖြစ်ဖြစ် ချမ်းသာဖို့ပဲ ။ သူဟာ သူဌေးသိပ်ဖြစ်ချင်တယ် ။ တစ်နေ့ သူဖြစ်တဲ့သူဌေးဘဝကို ရဖို့ သူကြိုးစားနေတုန်းမှာပဲ ကလပ်တစ်ခုက အဆိုတော်မလေးအပေါ် သံယောဇဉ် ငြိတွယ်မိတယ် ။ အဲဒိ ကလပ်အဆိုတော်မလေးဟာ သူ့ဘဝလို မထူးခြားနား ဘဝကနေ လာတယ်ဆိုတာ သူသိသွားတော့ ကောင်မလေးအပေါ် အရာရာ ပေးဆပ်ချင်စိတ်တွေဖြစ်ပေါ်လာတယ် ။ ဒါပေမယ့်သူတို့နှစ်ဦးရဲ့ ဆရာ နှစ်ဦးက အချင်းချင်း ယှဉ်ပြိုင်မှုတွေရှိနေတော့ သူတို့ နှစ်ဦးကြားက အနှောက်အယှက် နဲ့ ကြမ်းတမ်းတဲ့ခရီးလမ်း စိန်ခေါ်မှုတွေကို သူတို့ ဘယ်လိုရှင်းမလဲ ဆိုတာ အန္ဒိယရုပ်ရှင် ထုံးစံအတိုင်း အချစ် အလွမ်း အကြမ်း ဟန်မူရာမျိုးစုံနဲ့ ပုံဖော်ထားတတ်တော့ ရုပ်ရှင် ချစ်သူတွေအတွက်တော့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ခုပါပဲ ။ အထူးညွှန်းချင်တာကတော့ချစ်စကား ကြိုက်စကား ပြောခန်းတွေမှာ အသေအချာ နှလုံးသားနဲ့ ခံစားသက်ဝင်ပြီး အထူးဘာသာပြန်ထားတဲ့အတွက် ရုပ်ရှင်ချစ်ပရိတ်သတ်များရဲ့ ရည်းစားကို အတုယူ ပြောပြလို့ရကြောင်း အာမခံပြောပြလိုက်ပါရစေ …..
ဖြစ်ရပ်မှန် ဇာတ်လမ်းလေးပါ။ ပရိသတ်တွေကော ဒါမျိုးလေးဖြစ်ဖူးလား “ပိတ်လှောင်ခံခဲ့ရဖူးလား…….ကိုယ့်ခန္ဓာကိုယ်ထဲမှာကိုယ်လမ်းပျောက်နေဖူးလား……………… ကိုယ့်စိတ်ထဲမှာကိုယ် ပျောက်ဆုံးနေဖူးလား……..အချိန်တွေထဲမှာပျောက်ဆုံးဖူးလား………………… ထွက်မြောက်ခွင့်လေးရဖို့ လွတ်မြောက်ဖို့ကို…..အရမ်းကို ရုန်းကန်ကြိုးစားနေရတယ်……………….. လွတ်လမ်းမမြင်တော့အခြေအနေ……ကိုယ်ကိုတိုင် ဘာမှမတတ်နိုင်တော့အခြေအနေမျိုး…….” ဆူဇန်နာကေ့ချ်လန်ဆိုတာ မိန်းမချောလေး နယူးယောက်ပို့စ် သတင်းစာတိုက်က ဂျာနယ်နစ်လေးတစ်ယောက် ကိုယ့်ဘဝကို စိတ်ကြိုက်တည်ဆောက်နေရင်း တက်သစ်စ အညွန့်တလူလူနဲ့ ပျော်ရွင်နေတဲ့မိန်းမပျိုလေးတစ်ယောက်ပါ။ ဒီလိုနဲ့ မမျှော်လင့်ဘဲ သူ့ဘဝမှာ ခုနကပြောထားတဲ့အခြေအနေမျိုးနဲ့ ကြုံတွေ့လာရတဲ့အခါမှာတော့ -အများ ပတ်ဝန်းကျင်ကလည်း စိတ်ဝေဒနာရှင်လို့ မြင်လာတယ် -ဆရာဝန်အများစုကလည်း စိတ်ရောဂါအမျိုးမျိုးကို တစ်ယောက်တစ်မျိုးစီ ရောဂါနာမည်တပ်ပြီးတော့ စိတ္တဇဆေးရုံသာပို့စေချင်ပေမယ့် တကယ်တော့ သူကစိတ်ဝေဒနာရှင်တစ်ယောက် မဟုတ်ခဲ့ဘူး။ ဒီလိုအခြေအနေကို ဘယ်လိုရုန်းကန်ခဲ့ရလဲဆိုတာကို ကြည့်ကြည့်လိုက်ကြပါ။ PS..ဒါက တကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းလေးမှာ။ “ဆူှဇန်နာ့ကေ့ချ်လန်” ဆိုတဲ့ ဂျာနယ်လစ်စာရေးဆရာမလေးဟာ နယူးယောက်ပို့စ်မှာ အမှန်တကယ် အလုပ်လုပ်နေရင်း ကြုံတွေ့လာရတဲ့ အဖြစ်အပျက်ပါ။ သူ့ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်ကို ကိုယ်ကိုတိုင် Personal information အပြည့်အစုံနဲ့ကို Brain on Fire ဆိုတဲ့စာအုပ်ကို ရေးသားထုတ်ဝေခဲ့ပါတယ်။ ဒီစာအုပ်ဟာ အရောင်းရဆုံးစာအုပ်ဖြစ်ခဲ့သလို သူရဲ့စာအုပ်ကြောင့် ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ သူ့လိုရောဂါရှင်ပေါင်း မြောက်မြားစွာကို ကယ်တင်ကုသနိုင်ခဲ့ပါတယ်။ ဒီစာအုပ်ကြောင့်ပဲ ဒီလိုရှားပါးတဲ့ ရောဂါအကြောင်းကို ပိုမိုသိရှိလာပြီး ဒီရောဂါနဲ့ပတ်သတ်တဲ့ ကုသမှုနည်းပညာတွေကို Research လုပ်ရင်း ဒီရှားပါးတဲ့ရောဂါ ကုသရေးစင်တာတောင် ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ဒါကြောင့်ဇာတ်လမ်းထဲက ဇာတ်ကောင်နာမည်နေရာမှာပါ သူ့နာမည်အတိုင်း ရိုက်ကူးထားပြီး ဂုဏ်ပြုထားတာပါ။
2018, February 2ရက်နေ့ကထွက်ရှိခဲ့တဲ့ နာမည်ကြီးမင်းသား Jason Momoa ရိုက်ကူးထားတဲ့ Braven ဇာတ်ကားဟာ ထွက်ရှိပြီးရက်ပိုင်းအတွင်းမှာပဲ လူကြိုက်အရမ်းများပြားခဲ့တဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးထဲမှာတော့ မင်းသား Jason Momoaက သစ်လုပ်ငန်းလုပ်ကိုင်တဲ့ Joeအဖြစ်သရုပ်ဆောင်ထားပါတယ်။ Joe ဟာမှတ်ဉာဏ်မကောင်းတော့တဲ့ သူ့ရဲ့ဖခင်ကြီးရယ်၊ သူဇနီးနဲ့ သမီးလေးတစ်ယောက်တို့နဲ့ အတူတူအေးချမ်းတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားသူပဲဖြစ်ပါတယ်။ တနေ့မှာတော့ သူ့တပည့်တစ်ယောက်ဟာ သစ်တွေကိုတင်ပို့ရင်း မူးယစ်ဆေးဝါးတွေ မှောင်ခိုတင်ပို့ပါတော့တယ်။ အဲ့လိုမှောင်ခိုပို့ရင်းနဲ့ မမျှော်လင့်ပဲလမ်းခုလတ်မှာ ကားမတော်တဆဖြစ်ပြီး၊ ရဲတွေကားိတော်တဆဖြစ်တဲ့နေရာကိုရောက်လာရင် မူးယစ်ဆေးတွေမိသွားမှာစိုးတဲ့အတွက် Joeရဲ့ ပစ္စည်းတွေထားတဲ့ သစ်သားအိမ်လေးထဲမှာ သွားဖွက်ထားလိုက်ပါတယ်။ အဲ့ဒီလိုနဲ့ Joeတစ်ယောက် ဘာမှမသိလိုက်ရဘဲ မူးယစ်ဆေးဝါးဂိုဏ်းတွေနဲ့ ပတ်သက်မိသွားပါတော့တယ်။ နောက့်နေ့ အဲ့ဒီမူးယစ်ဆေးတွေကို လာပြန်ယူတဲ့အခါမှာတော့ အဲ့ဒီ မူးယစ်ဆေးဂိုဏ်းအဖွဲ့နဲ့ Joeရဲ့မိသားစုတို့ထိပ်တိုက်တိုးပါတော့တယ်။ Joeတစ်ယောက်ဟာ သူရဲ့မှတ်ဉာဏ်မကောင်းတော့တဲ့ ဖခင်ကြီး၊ ချစ်လှစွာသောဇနီးသည်နဲ့ သမီးငယ်လေးတို့ကို အဲ့ဒီ ဂိုဏ်းသားတွေနဲ့သူ့တို့လက်ကလွတ်အောင်ဘယ်လို ကယ်တင်မလဲ၊ ဘယ်လိုစွန့်စားခန်းတွေနဲ့ကြုံတွေ့မလဲ၊ ဘယ်လိုကြေကွဲစရာအဖြစ်အပျက်တွေဖြစ်မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းလေးထဲမှာရှု့စားရမှာပဲဖစ်ပါတယ်။ Family/Drama/Action ဇာတ်ကားကောင်းလေးဖြစ်တာကြောင့် ပရိတ်သတ်တွေအကြိုက်တွေ့စေမယ့်ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်
breathless ကိုရီးယားရုပ်ရှင်ဟာ ကျွန်တော်တို့ရဲ့ မိဘနဲ့သားသမီးတွေအကြားမှာ ဖြစ်တတ်တဲ့ ပဋိပက္ခတွေ ။ယင်းသို့မဟုတ်လျှင် အခြားတစ်ဖက်မှာ ဖေးပိတ်လှောင်ပိတ်ထားတဲ့ ခါးသီးရက်စက်မှု တွေကို သကာခဲ ရွရွကလေးဆမ်းထားသလိုမျိုး နုနုရွရွကလေး ရိုက်ပြတာမျို းမဟုတ်ဘဲ အတွင်းသားထဲအထိ ဘာမှမခြွင်းမချန်ဘဲ အမြစ်လှန် ရိုက်ပြထားတဲ့ ရုပ်ရှင်ကားတစ်ကားလို့ ပြောရပါလိမ့်မယ်။ လူသားစာမျက်နှာကြီးရဲ့ ရှေ့မျက်နှာဖုံးမျက်နှာစာတွေကတော့ လှပတဲ့အပြုံ းတွေ။ဆေးရောင်စုံခြယ်သထားတဲ့ ရှူ မျှော်ခင်းတွေနဲ့ အားကျစရာရှိကောင်းရှိလိမ့်မယ်။အတွင်းမျက်နှာစာကိုတော့ ဘယ်သူမှ ထဲထဲဝင်ဝင် မသိနိုင်ကြသူတွေများပါတယ်။ဆန်းဟွမ်းဆိုတဲ့ ကောင်က ကိုရီးယားရဲ့လူလတ်တန်းစားလောကထဲမှာ ကျင်လည်ကျက်စားနေတဲ့ လူမိုက်တစ်ယောက်လို့ပြောရပါ့မယ်။သူ့အလုပ်က သူငယ်ချင်းဖြစ်သူရဲ့ ချေးငွေလုပ်ငန်းမှာ လာမဆပ်တဲ့ လူတွေကို ရိုက်နှက်ပြီးအကြွေးတောင်းပေးရတာတို့နဲ့ ခွင့်ပြု ချက်မရှိဘဲ ဖွင့်လှစ်ရောင်းချတဲ့ ဆိုင်လေးတွေတို့။ဆန္နပြပွဲတွေကို ဖြို ခွင်းတဲ့လုပ်ငန်းတွေမှာ ရိုက်နှက်ပေးတတ်တဲ့ လူမိုက်ခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်။ သူရဲ့နေထိုင်မှု ကလည်း ခေါင်းထဲမှာ ရိုက်ဖို့နှက်ဖို့နဲ့ ဆဲဖို့ ဆိုဖို့လောက်ပဲ အာရုံထားသူပါ။အကြွေးတောင်းမယ်။မပေးရင် ရိုက်မယ် နှက်မယ်။ဆဲမယ် ဒါပါပဲ။အပြင်မှာတွေ့ဘူးတဲ့ စရိုက်ဆန်တဲ့လူမိုက်ပုံစံပေါ့။လူလတ်တန်းစားရပ်ကွက်တွေထဲက တိုက်ခန်းကလေးတွေမှာ မှီခိုနေကြတဲ့ အိမ်ထောင်စုတွေမှာလည်း ပြသာနာတွေပေါင်းစုံရှိကြပါတယ်။အလုပ်အကိုင်ရေရေရာရာ မရှိဘဲ လေလွင့်နေကြတဲ့လူငယ်တွေ။ပျက်စီးနေတဲ့လူငယ်တွေနဲ့ စုံလို့ပါပဲ။ဆန်းဟွမ်းမှာ ညီမတစ်ယောက်တော့ရှိပါတယ်။ညီမကမွေးထားတဲ့ တူကလေးကိုတော့ သံယောဇဉ်ရှိပုံပါ။သွားပြီး စားစရာကလေးတွေ သွားကျွေးတတ်တယ်။တူကလေးကိုကြည့်ပြီး သူ့ရင်ထဲက ပျောက်ဆုံးမွန်းပိတ်ခဲ့တဲ့ ငယ်ဘဝအိပ်မက်ဆိုးတွေကို ရီဝေနေတဲ့ မျက်ဝန်းတွေကနေ မြင်နေရတယ်။လူတိုင်းဟာ ဘဝတစ်ခုဆောက်တည်လာတဲ့နေရာမှာ အံဝင်ခွင်ကျ ဖြစ်မှု မဖြစ်မှု ဆိုတာ ငယ်ဘဝ ကနဦးနဲ့လည်း အများကြီးသက်ဆိုင်တယ်ဆိုတာကို ဆန်းဟွမ်းကနေ တစ်ဆင့်ပြသွားပါတယ်။သူတို့ငယ်ဘဝဟာ အတော်ကိုဆိုးဝါးလွန်းလှပါတယ်။ဖခင်ဖြစ်သူက မူးလာတဲ့အချိန်မှာ မိခင်ဖြစ်သူကို ရိုက်နှက်နှိပ်စက်လေ့ရှိသလို တစ်နေ့မှာတော့ ဓါးနဲ့ ထိုးမယ့်လုပ်တုန်းကနေ ညီမလေးဖြစ်သူမှာ အထိုးခံရပြီး မိခင်ဖြစ်သူကတော့ ကားတိုက်ခံရပြီး သေသွားခဲ့ရတယ်။အဲဒီလို ဘဝမျို းနဲ့ ကြီးပြင်းလာခဲ့တဲ့ ဆန်းဟွမ်းအတွက် အနာမြုံ တစ်ခုလိုပဲ အမျက်တွေ။ဒေါသတွေ ။နာကျင်မှု တွေနဲ့ ပဲ ဘဝကို ရပ်တည်ဖြစ်လာတာ အဆန်းမှမဟုတ်တော့တာပဲ။ဘာပဲဖြစ်ဖြစ် ဆန်းဟွမ်းဆိုတာလည်း လူသားတစ်ယောက်ပဲလေ။သူ့ဘဝမှာ အခြားသောမိသားစုတွေလို ပျော်ပျော်ရွှင်ရွှင်ကြည်ကြည်နူးနူးနေပဲ နေချင်တာပေါ့။သူ့ဘဝလိုပဲ စိတ္တဇဖြစ်နေတဲ့ ဗီယက်နမ်စစ်ပြန်ကြီးဆိုတဲ့ ဖခင်ရဲ့နှိပ်စက်မှု အောက်မှာ ကြီးလာရတဲ့ ကောင်မလေးလေးတစ်ယောက်လည်း ရှိတယ်။အဲဒီကောင်မလေးရဲ့ ရင်ခွင်ကလေးပေါ်မှာ မှေးစက်ပြီး သူ ဘဝရဲ့ မေ့မရတဲ့ ငယ်ဘဝဒဏ်ရာတွေကို မျက်ရည်သွန်ချ ပြီး အချို းမကျနတဲ့ စကားလုံးတွေနဲ့ ရင်ဖွင့်ချင်မှာပဲပေါ့ ။ထောင်ကလွတ်လာတဲ့ ဖခင်ကို မြင်ရတိုင်း သူ့ငယ်ဘဝက ဒဏ်ရာတွေဟာ တစ်ဖန်ပြန်သစ်လာရပြန်တယ်။အမှောင်ထောင့်ကနေ ကြိမ်ဖန်များစွာမြင်ခဲ့ရတဲ့ မိခင်ဖြစ်သူကို စိတ်တိုင်းကျ နှိပ်စက်နေတာတွေ။ရိုက်နှက်နေတာတွေ။ညီမလေးဖြစ်သူကို ဓါးနဲ့ ထိုးပစ်လိုက်တာတွေ။အဲဒါတွေမြင်လာပြီဆိုရင် ဆန်ဟွမ်းဟာ သူ့စိတ်ကို ထိန်းမနေတော့ဘူး။ဖခင်ဖြစ်သူကို ဆောင့်ကန်တယ်။အားပါတရဆဲတယ်။ရိုက်ပစ်တယ်။အရက်တွေကို နင်းခွပြီး တိုက်ပစ်တယ်။ဟုတ်ပါတယ်။ယခု ရုပ်ရှင်ဟာ အကြောင်းမကောင်းခဲ့ကြတဲ့ မြေစာပင်ကလေးတွေရဲ့ ဘဝကို သရုပ်မှန်နဲ့အနီးကပ်ဆုံးဖြစ်အောင် ရိုက်ပြထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ။ဆန်ဟွမ်းနဲ့သူသူငယ်ချင်းဖြစ်သူတို့ ပြောတဲ့စကားက ခုရုပ်ရှင်ရဲ့ ဖြစ်တည်မှု ကိုတကယ်ပဲ ပေါ်လွင်စေခဲ့ပါတယ်။ဆန်ဟွမ်း သူငယ်ချင်းက “ငါလို မိဘမဲ့တစ်ယောက်အနေနဲ့ မင်းရဲ့ဖခင်မျို းတစ်ယောက်လောက်လိုချင်လိုက်တာကွာတဲ့။ဆန်ဟွမ်းက ပြန် ပြောပါတယ်။“ဒီလိုဖခင်မျို းနဲ့ ဆိုရင်တော့ မင်းရဲ့ဘဝကိုပဲ ပိုပြီးအားကျပါတယ် “တဲ့။ယခုရုပ်ရှင်မှာ အဓိကသရုပ်ဆောင်ဖြစ်တဲ့ Yang Ik-june ကပဲ ဝတ္ထု ရောဇာတ်ညွှန်းရောဒါရိုက်တာအဖြစ်ပါ ရိုက်ကူးထုတ်လုပ်ခဲ့ခြင်းဖြစ်ပါတယ်။သူဟာ လမ်းဘေကလေကချေ လူမိုက်တွေရဲ့ဘဝကို သဘာဝအကျဆုံး ပူးကပ်တင်ဆက်နိုင်ခဲ့တာကို တွေ့ရသလို အထူးသဖြင့်ကတော့ မိဘတွေရဲ့မကောင်းမွန်တဲ့ ပုံရိပ်အောက်မှာ ကြီးပြင်းလာရတဲ့ သားသမီးတွေဟာ ယင်းပုံရိပ်အတိုင်းပဲ လမ်းပျောက်သွားရတယ်ဆိုတာကို အကောင်းဆုံး မီးမောင်းထိုး ရိုက်ပြသွားးတာတွေကို တွေ့ကြရမှာ ဖြစ်ပါတယ်။ကိုရီယားရုပ်ရှင်ကားကောင်းတွေနှစ်သက်ကြတဲ့ ပရိသတ်တွေအနေနဲ့ ယခုရုပ်ရှင်ကို လက်မလွတ်ကြဖို့ ပြောလိုပါတယ်။
Rating 7.1 ရရှိထားပြီး Disney မှထုတ်လုပ်တဲ့ဇာတ်ကားဖြစ်ပါတယ်… ဒီဝတ္တု ဟာ အမေရိကန်နိုင်ငံသား အမျိုးသားစာပေဆုရ စာရေးဆရာ ကက်သရင်း ပါတာဆန် ရေးသားထုတ်ဝေခဲ့တဲ့ အအောင်မြင်ဆုံးဝတ္တုထဲက တစ်ခုပါ။ ဒီဝထ္ထုက နှစ်ကြိမ်ဆက် အသက်သွင်းဖို့အကမ်းလှမ်းခံခဲ့ရတာပါ။ နာမည်ကျော် Disney က 2007 ခုနှစ်မှာရရှိခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ (၄)တန်းကျောင်းသားလေးနှင့် ကျောင်းသူလေးတို့ စတင်တွေ့ဆုံမိရာမှစတာပါ။ တစ်ယောက်အခက်ခဲကို တစ်ယောက်ကူညီရင်း အပြန်ပြန်အလှန်လှန်ချစ်ခင်ကြပုံ နှစ်ယောက်သား အကြောင်းအမျိုးမျိုးကြောင့် ထွက်ပေါက်ရှာရင်း မှော်တိုင်းပြည်တစ်ခုကို ဖန်တီးပြီးရောက်ရှိသွားပါတော့တယ်။ ကလေးတွေဆိုပေမဲ့ ဇာတ်လေးလေးက ကလေးလူကြီးမရွေး ကြည့်မိသူတိုင်း တသသ ဖြစ်စေမိမှာပါလို့ပြောရင်း သိပ်အများကြီးညွှန်းနေရင် ပေါ့သွားမှာစိုးလို့…ဒီလောက်ပဲ ညွန်းပါရစေ.
ဒီဇာတ်လမ်းကတော့ ဂိမ်းတစ်ခုကို ဆော့နေသလို ရိုက်ကူးထားတာကြောင့် ထူးခြားတဲ့ဇာတ်လမ်းဖြစ်ပြီး Sexy မိန်းမတစ်ယောက်ရဲ့ဇာတ်ကြမ်းကလည်း စိတ်လှုပ်ရှားဖွယ်ရသကို ပေးစွမ်းမှာဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အသက်၁၉နှစ်အရွယ် Actionဂိမ်းဆော့ရတာကြိုက်သော ကောင်လေးတစ်ယောက်က Dance Club တစ်ခုမှာ အိမ်သာတက်နေတုန်း လူဆိုးဂိုဏ်တစ်ခုရဲ့ လျို့ဝှက်ပြောနေတာကို မထင်မှတ်ပဲ ကြားလိုက်မိပါတယ်။ အဲ့ဒါကတော့ စက်သေနတ်နဲ့မိန်းမကို အသေရရ အရှင်ရရ ဖမ်းမိရင် ဒေါ်လာ၃၀၀မီလီယမ်ပေးမယ်ဆိုတဲ့သတင်းပါ။ မထင်မှတ်ပဲ သူအိမ်သာထဲမှာ ရှိနေတာကို လူဆိုးဂိုဏ်းကသိသွားခဲ့ပါတယ်။ ဒါကြောင့် ၁၉နှစ်အရွယ်ကောင်လေးက အခြေအနေအချိန်အခါအရ ထိုမိန်းမကို ဖမ်းပေးဖို့ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ထိုလူဆိုးဂိုဏ်းက ထိုမိန်းမကိုဖမ်းမိရင်ဖမ်းမိ မဖမ်းမိရင် သူသေမှာဆိုတာကို သိလိုက်ရချိန်မှာတော့ သူဘာတွေဆက်လုပ်မလဲ…. စက်သေနတ်နဲ့မိန်းမကိုရော ဘာလို့ဖမ်းချင်နေတာလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာဆက်လက်ရှု့စားကြပါတော့..။
တလောလေးက ရုံတင်သွားတဲ့ ထိုင်း ဒရာမာကားလေးတစ်ကားတင်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်း ဂျိန်းဆိုတဲ့ အလုပ်ကြိုးစားပြီး လှပတဲ့မိန်းမငယ်လေးမှာ ဘာမှမလုပ်တတ် မလုပ်ချင် ဖြစ်သလိုနေတတ်တဲ့ ရှက် ဆိုတဲ့ အစ်ကိုတစ်ယောက် ရှိနေပါတယ်။ ငယ်ငယ်ကတည်းက အိမ်ကိစ္စတွေရော ညီမအတွက်ရော ဘာတာဝန်မှမယူတဲ့ အစ်ကိုဖြစ်သူဟာ ညီမကိုကြိုက်တဲ့ကောင်လေးတွေကို တွေ့လာရင်တော့ လုံးဝတာဝန်ယူပြီး ချိန်းခြောက်လွှတ်လေ့ရှိပါတယ်။ နောက်ဆုံးတစ်ခေါက်မှာ ဂျိန်းနဲ့ကြိုက်မိသွားတဲ့ ထိုင်းဂျပန် ကပြားကောင်လေး မိုဂျီက လပ်ထပ်ခွင့်တောင်းလာချိန်၊ ညီမရယ် အစ်ကိုရယ် ယောက်ဖလောင်းရယ် အလုပ်တစ်ခုထဲမှာ တွေ့ရချိန်မှာ…….
မင်းသား Tobey Maguire , Jake Gyllenhaal , မင်းသမီး နာတာလီပေါ့ထ်မန်းတို့ပါဝင်ထားတဲ့ စစ်ပွဲအခြေပြု Drama,Thriller,War အမျိုးအစား ဇာတ်ကားဖြစ်ပါတယ်။ IMDb Rating (7.1) ရရှိထားတဲ့ဇာတ်ကားပါ။ Tobey နဲ့ နာတာလီပေါ့ထ်မန်း က လင်မယား….ကလေးနှစ်ယောက်လဲရှိတယ်….Jake နဲ့ Tobey က ညီအစ်ကိုတွေ… Tobey ကတော့ အမေရိကန်မရိန်းတပ်ကဗိုလ်ကြီး… Jake ကတော့ ထောင်ထွက်အပေအတေ… အာဖဂန်နစ်စတန်ကစစ်ဆင်ရေးတစ်ခုမှာ Tobey တစ်ယောက် အဖမ်းခံလိုက်ရပြီး ပျောက်ဆုံးသွားတဲအခါမှာတော့……….။
ဒီတစ်ခါ ကျွန်တော်တို့ မိတ်ဆက်ပေးချင်တဲ့ကားကတော့ cast တွေ အရမ်းကြမ်းတဲ့ R rate ရထားတဲ့ Crime Drama ရုပ်ရှင် တစ်ကားပါ။ Castတွေကတော့ ဟောလိဝုဒ်ရဲ့ Legendတွေဖြစ်ခဲ့တဲ့ George Clooney, Brad Pitt နဲ့Tilda Swinton တို့ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့အစမှာတော့.. CIA အေးဂျင့်ပြုတ် တစ်ယောက်ဟာ အရေးကြီးတဲ့ ပဟေဋ္ဌိဆန်တဲ့ အချက်အလက်တွေပါတဲ့ CD တစ်ချပ်ကို မှတ်တမ်းအနေနနဲ့လုပ်ခဲ့ပါတယ်။ ကံဆိုးချင်တော့ ဒီCDဟာ Georgetwon Gymမှာ ကျန်ခဲ့ပြီး အလုပ်သမား နှစ်ယောက် လက်ထဲရောက်သွားခဲ့ပါတယ်။ အဲ့ဒီ အလုပ်သမား ၂ယောက်ကတော့ Lindaလို့ ခေါ်တဲ့ အလှပိုင်းဆိုင်ရာ ခွဲစိတ်ပြုပြင်ဖို့ ငွေလိုနေတဲ့ အမျိုးသမီးတစ်ယောက်နဲ့ Chad ဆိုတဲ့ လူအတစ်ယောက်ဖြစ်ပြီး ဒီ CDကို ရောင်းဖို့ ကြိုးစားတဲ့အခါမှာတော့….. ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဟာသတစ်ပိုင်း ရင်ဖိုစရာတစ်ပိုင်းနဲ့ ခံစားရမဲ့ Imdb rating 7 တိတိရထားတဲ့ မှုခင်း ဒရာမာ ကားကောင်းတစ်ခုပါ။
Burning (2018)ဆိုတဲ့ကားလေးကတော့ Rating 7.8ထိ ရရှိထားတဲ့ Drama, Mystery ကားလေးတစ်ကားဖြစ်ပါတယ် ဇာတ်လမ်းအစမှာတော့ လီဂျောင်ဆူနဲ့ ရှင်းဟဲမီဆိုတဲ့ ငယ်သူငယ်ချင်းနှစ်ယောက်အမှတ်မထင်ပြန်တွေ့ကြပြီး တယောက်နဲ့တယောက် မသိလိုက်ချိန်မှာပဲ ချစ်သွားခဲ့ကြတယ် အဲ့လိုနဲ့ တရက်ကောင်မလေးက အာဖရိကကို ခရီးသွားရင်း အကိုဘန်ဆိုတဲ့လူနဲ့ သိကျွမ်းလာခဲ့ပြီး အရမ်းရင်းနှီးသွားရင်း ကောင်လေးနဲ့လည်း အသိအကိုဆိုပြီး မိတ်ဆက်ပေးခဲ့တယ် အဲ့လိုနဲ့ အကိုဘန်နဲ့ ကောင်မလေးက ရင်းနှီးလွန်လာပြီး တပူးပူးတတွဲတွဲဖြစ်လာတော့ ကောင်လေးခင်မျာ ပြောလဲမပြောရဲ ခံလဲခံစားရရင်း ကြိတ်ခံနေလာခဲ့တယ် အဲ့လိုနဲ့ အကိုဘန်ဆိုတဲ့လူက ကောင်မလေူတွေနဲ့ ပက်သက်ပြီး သတ်သတ်နေခဲ့တယ်ဆိုတာကို သိသွားတဲ့အချိန်မှာတော့ ရှင်းဟဲမီတယောက်ပျောက်ဆုံးနေခဲ့ပါပြီ ဒါပေမယ့်လည်း မသေချာသေးတာမို့ ကောင်လေးက ကြိတ်ခံစားရင်း လိုက်လဲရှာ စုံစမ်းရင်း သေမတတ်ခံစားပြီး လျှောက်သွားနေခဲ့ပါတယ် နောက်ဆုံးမှာတော့ ကောင်လေးက ကောင်မလေးကို ရှာတွေ့သွားမှာလား ဒါမှမဟုတ် တကယ်ပဲ အကိုဘန်က ကောင်မလေးကို သတ်လိုက်တာလား ကောင်လေးကရော ဘာတွေဆက်လုပ်မှာလဲဆိုတဲ့ ဆန်းကြယ်လှပြီး စိတ်ဝင်စားစရာဇာတ်လမ်းလေးကို Burning (2018)ဆိုတဲ့ ဇာတ်ကားလေးမှာ ကြည့်လိုက်ရအောင်နော်
စားသောက်ဆိုင် ကျမ်းတော်ကြီး “‘ လူတွေ အပြင်မှာ ရောင်းတဲ့ ၅ ဒေါ်လာတန် ကို ဘာလို့ ငါတို့ဆိုင်မှာ ဒေါ်လာ ၅၀၀ ပေးပြီး လာစားကြလဲသိလား ”’ ”’ လက်မလောက်လေး အသားတုံးလေး ၂ခု ပန်းကန်ထဲထည့်ထားတာကို ဘာလို့ ဈေး၅သောင်း ၆ သောင်းပေးစားနေကြတာလဲ”’ ဋီး ဋချီး သံတွေ မိုးပျံ ၊ ပန်းကန်တွေ ဇွန်းတွေ ရိုက်ခွဲကောက်ပေါက်သံတွေ ဆူညံနေ အပူနဲ့ အလုပ်လုပ်နေရတဲ့ကြားထဲ မီးပူတာတစ်မျိုးနားပူ တာတစ်မျိုး နဲ့ စိတ်မထိန်းနိုင်ရင် မျက်ခွက်ဆုတ် ပျက်သတ်သွားမယ့် စားဖိုဆောင်………… ဒီရုပ်ရှင်က IMDb Rating ၊ 6.6 Rotten Tomatoes 29% ၊ Metacritic score 42 ၊ CinemaScore B- တို့ရရှိထားပါတယ်။ ဝေဖန်မှု တွေ အဆိုးအကောင်းရောနှောရရှိထားတဲ့ ရုပ်ရှင် တစ်ခုလဲဖြစ်ပါတယ်။ R Rating Movie အမျိုးအစား ဖြစ်လို့ ၁၇ နှစ်အောင်တွေ အုပ်ထိန်းသူတွေ နဲ့ ကြည့်ဖို့ပြောချင်ပါတယ်။ လိင်ကိစ္စတွေပါလို့ မဟုတ်ပါဘူး စကားပြောကြမ်းတာတွေ ကြမ်း တမ်းတဲ့အပြုအမှုတွေပါလို့ပါ။ဒီ ရုပ်ရှင်ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ နယူးယောက်မှာ အကြိုပြသခဲ့ပြီး နောက်ရက်အနည်းငယ်အကြာမှာ အမေရိကန်မှာ The Weinstein Company ကစတင်ဖြန့်ချီထားခဲ့ပါ တယ်။ အင်္ဂလိပ် ၊ ပြင်သစ် စကားပြောရုပ်ရှင်ဖြစ် ပါတယ်။ တစ်ကားလုံးကြာချိန် မိနစ် ၁၀၀ ရှိပါတယ်။ Budget ကန်ဒေါ်လာ ၂၀ မီလီယံ နဲ့ရိုက် ကူးထားပြီး Box Office မှာ ကန်ဒေါ်လာ ၃၆.၆ မီလီယံ ပြန်လည်ရရှိထားပါတယ်။ ဒါရိုက်တာ John Wells ရိုကူးထားပြီး၊ သူက ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ရုပ်ရှင်တွေ တွေ ရိုက်ကူး တဲ့အပြင် ရုပ်သံထုတ်လုပ်သူအနေနဲ့ ရော စာရေး ဆရာအနေနဲ့ပါ လုပ်ပါတယ်။ ဒီကားက သူရိုက်ကူး ထားတဲ့နောက်ဆုံး ရုပ်ရှင်ကားဖြစ်ပါတယ်။ အဓီကပါဝင်သရုပ်ဆောင်ထားတဲ့သူတွေ ကတော့ မင်းသား Bardley Cooper နဲ့ Sienna Miller ဖြစ်ပါတယ်ပါတယ်။ မင်းသား Bardley ကတော့လူုတောတောများများသိရှိပြီးဖြစ်မယ်ထင် ပါတယ်။သူ့အကြောင်းနည်းနည်းပြောပြပါမယ်။ သူက အော်စကာဆုပေးပွဲက နေစပြီး တစ်ခြား သောရုပ်ရှင်စပေးပွဲတွေအထိဇကာတင်စာရင်းနဲ့ ဆုတွေ ယူထားတဲ့သူဖြစ်ပါတယ်။ ၃ နှစ်ဆက် တိုက် အမြင့်ဆုံး အနုပညာကြေးရတဲ့ မင်းသား ဖြစ်ပြီး ၂၀၁၅ ခုနှစ် တိုင်မ်း မဂ္ဂဇင်းရဲ့ လွှမ်းမိုးမှု ရှိဆုံးအယောက် ၁၀၀ စာရင်းမှာပါဝင်ထားနိုင်တဲ့ အထိကို အရှိန်အဝါကြီးပါတယ်။ Hangover ကတော့ ကျွန်တော်အကြိုက်ဆုံးပေါ့။ ဗြိတိန် အမေရိကန်စပ် မင်းသမီး Sienna ကလဲ BAFTA ၊ Golden Globe Award တို့လို ဆုပေးပွဲတွေအထိခြေဆန့်ထားနိုင်ယ်မင်းသမီးဖြစ်ပါတယ် American Sniper မှာလဲ မင်းသားBardley နဲ့ အတူတူသရုပ်ဆောင်ခဲ့ဖူးပါတယ်။ ကဲဟုတ်ပါပြီ ဒါတွေက ရုပ်ရှင်ထုတ်လုပ်မှုပိုင်းဆိုင်ရာတွေပေါ့။ နောက်ဆုံးမှာထည့်ထားတဲ့ သီချင်းနာမည်က Barns Courteny ရဲ့ Fire ဆိုတဲ့သီချင်းပါ။ ဒီကားကို ရွှေးရတဲ့အကြောင်းအရင်း က ဒီကားကို ကြည့်မယ့်သူတွေထဲမှာ စားသောက်ဆိုင် လိုဟိုတယ်လိုဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်နေတဲ့ သူတွေ ကိုပြောချင်တာ စားသောက်ဆိုင်ဆိုတာ ဟင်းရောင်းရုံနေရာမဟုတ်ဘူး ၊ တာဝန်ယူမှုတာဝန်ခံမှု ကို သဘော ပေါက်ပြီး professionalဆန်စေချင်တာရယ် ၊ ခေါင်းဆောင်ဆိုတဲ့ အဓီပယ် ကို ပိုနားလည်သွားစေချင်တာရယ်၊ အသင်းအဖွဲ့ နဲ့ လုပ်ဆောင်ခြင်းTeam Work က နေရာတိုင်းမှာဘယ်လောက်အရေးပါတယ်ဆိုတာကို ပိုပြီးသိသွားစေချင်တာကြောင့်ပါ။ ဒီနေ့ခေတ်က IT ခေတ်ပါ အရင် Facebook မပေါ်ခင်တုန်းကလို လာစားတဲ့သူတွေကို သမ္မတအိမ်တော် ထမင်းချိုင့် ပို့နေရတဲ့မျက်နှာ နဲ့ ရောင်းလို့မရတော့ပါဘူး။ ဒီဇာတ်လမ်းက အပြင်က Gordon Ramsay ပုံစံ နဲ့ တော်တော်တူပါတယ်။ အခု MRTV 4 မှာပြနေ တဲ့ MasterChef ရဲ့မှုရင်းထုတ်လုပ်သူ လဲဖြစ် သူကိုယ်တိုင်လဲ Michaellin ကြယ်၃ ပွင့်တွေ၊ ၂ ပွင့်တွေ ၊ ၁ ပွင့်တွေရထား တဲ့ စားသောက်ဆိုင်တွေရဲ့ ပိုင်ရှင်ဖြစ်တဲ့သူပါ။ သူ့ကိုတော်တော်များများသိကြမှာပါ Facebook ပေါ်မှာ စားဖိုမှုးတွေ ကို ပျစ်ပျစ်နှစ်နှစ် ရစရာ မရှိအောင် ပြောတက်တဲ့ video ကိုတွေ့ဖူးကြမှာပါ။ မတွေ့ဖူးလဲ ရိုက်ရှာလိုက်။ ဒီကားထဲမှာ ရိုက်ပြထားတဲ့ ဟင်းချက်တဲ့ပြကွက် တွေမှာ ဟင်းချက်ပုံချက်နည်းကို သေချာရိုက် မပြဘဲ တစ်ဝက်တစ်ပျက်နဲ့လောက်ပဲပြပြ သွားတာ က ဇာတ်လမ်းအရှိန်ကို လျော့သွားစေပါတယ်။ ဒီဇာတ်လမ်းထဲမှာပါ တယ် Michaellin star ဆို တာဘာလဲ ဘယ်လဲ ဆိုတာ ဟိုစပ်စပ်ဒီစပ် လျောက်ရှာကြည့်လိုက်တယ်။ ဒီ Michaellin star ဆိုတာ က စားသောက်ဆိုင်တွေကို starတွေပေးပြီး အဆင့်သတ်မှတ်ပေး တဲ့ စားသောက်ဆိုင်လမ်းညွှန်စာအုပ်ပေါ့ တစ်ချို့သူတွေခေါ်ကြတာတော့ စားသောက် ဆိုင် လောက က ကျမ်းစာအုပ်တော် ပေါ့။ ထူးတာက အဲ့ဒီအဖွဲ့အစည်းက အရမ်းကိုလျှိုဝှက် လွန်းတယ်။ ရုပ်ရှင်ဆန်ဆန်ကို လုပ်ဆောင်တဲ့ အဖွဲ့အစည်းပါ။ ဒီအဖွဲ့အစည်းစတင် တည်ဆောက် ခဲ့တာ ၁၉၀၀ ခုနှစ်လောက်မှာ Michaellin တာယာ တွေထုတ်လုပ်တဲ့ လုပ်ငန်း ရဲ့ ညီအကို နှစ်ယောက် Andreနဲ့ Edourad က စပြီးတည် ထောင်ခဲ့တယ်။ အစက သူတို့ ထုတ်တဲ့စာအုပ်က ပြင်သစ်နိုင်ငံ အတွင်းက တာယာတွေ ဘယ်ဆိုင်မှာကောင်းတယ် ဘာညာ တာယာနယ်ပယ်နဲ့ ဆိုင်တာ ကိုပဲလမ်းညွန်ထုတ်ပေးခဲ့တာနောက်ပိုင်း ၁၉၂၆ မှာစပြီး စားသောက်ဆိုင်လမ်းညွန်ဆိုပြီး ပြင်သစ်နိုင်ငံက စားသောက်ဆိုင်တွေကို အဆင့်သတ်မှတ်တာတွေလုပ်လာတယ်။ နောက် ပြင်သစ်အပြင် တစ်ခြားသောနိုင်ငံတွေ ကိုပါ ရောက်လာတယ်ပေါ့။ အဲ့ဒီအဖွဲ့အစည်းမှာ ရှိတဲ့ အကဲဖြတ်ဝန်ထမ်း တွေ ဘယ်လောက်ရှိတယ် ၊ ဘယ်လို ပုံစံ၊ ဘယ်သူတွေလဲ ဆိုတာ ဘယ်သူမှမသိကြဘူး။ အဲ့မှာ လုပ်တဲ့အကဲဖြတ်သူတွေက သူတို့ဘာလုပ် နေတယ်ဆိုတာသူတို့ မိဘတွေကိုတောင်ပြောပြခွင့်မရှိဘူးတဲ့။ သူတို့စားသောက်ဆိုင်တစ်ဆိုင်ကို အမှတ်ပေးတဲ့ ပုံစံက အကဲဖြတ်တဲ့သူတွေ တစ် ယောက်ပြီးတစ်ယောက် သွားစားကြည့်ပြီးသူတို့ တွေ့တာအားလုံးကို အသေးစိတ်မှတ်သားလာ တယ် နောက်ပြီး အားလုံးပြန်စုပြီး အစည်းဝေး ထိုင်တယ် နောက် အဆင့်သတ်မှတ်ပေးလိုက် တယ်ပေါ့။အဲ့တော့ လာဘ်ထိုးဖို့ မလွယ်ဘူး။ အဲ့ဒီအဖွဲ့အစည်းက ဖြုတ်ခံလိုက် ရတဲ့ သူတစ်ယောက် ၂၀၀၃ ခုနှစ်မှာ ထုတ်ပြီး ပြောပြထားတာက အဲ့ဒီအဖွဲ့အစည်းထဲ သူတို့ တွေ က အရမ်းကို အထီးကျန်ကြတယ် ၊ တစ်ယောက်တည်းပဲ စားသောက် ကြရတယ်၊ နောက်အသေးစိတ်ကို မှတ်သားပြီး ပြန်တင်ပြရတယ်၊ ပြီးတော့ လုပ်အားခငွေက ကလဲ နည်းနည်းပဲရကြတယ်လို့ ပြောပြထားတယ်။ သူတို့ အားလုံး ၂၅ ယောက်ရှိတယ်လို့ပြောတယ်။ ဒါပေမယ့် Michaellin တို့ဘက်က မဟုတ်ဘူးလို့ သာငြင်းဆိုထားပါတယ်။ သူတို့ စားသောက်ဆိုင်တွေကို လာတာဘယ်သူမှ လဲ မသိလိုက်ဘူး၊ ဘယ်အချိန်လာသွားတယ်မှန်း လဲမသိလိုက်ကြဘူး၊ဘယ်လိုအမှတ်အသားမျိုး ဘယ်လို မှလဲ မလုပ်ပြကြဘူး၊ စားပြီးပြန်သွား ကြတယ်၊ နောက်တော့မှ အဆင့် သတ်မှတ်တဲ့စာအုပ်ထွက်လာမှသိကြရတယ်။ အဆင့်တွေကို ကြယ် ၁ ပွင့် ကြယ် ၂ ပွင့် အမြင့်ဆုံး ကြယ် ၃ ပွင့် နဲ့ ဘာကြယ်မှမပေးတာ မျိူးသတ်မှတ်ပေးကြတယ်။ ကြယ်ရတာ တွေက ဥရောပ အမေရိက ဘက်ကဆိုင်တွေ နဲ့ ပြင်သစ်ပုံစံ ပြင်ဆင်ထားတဲ့ ဆိုင်တွေ ရတာများတယ်။ဒါပေမယ့် ဂျပန်ကို Michaellin တွေ စပြီး အဆင့်သတ်မှတ်ပေး တော့ ဆိုင်တွေတော်တော်များများ ကြယ်ရကြ တာတွေ့ရတယ် ။ စားဖိုမှုးတွေလဲ သူတို့ ကိုယ် သူတို့ အံ့သြနေကြတယ် ။ တစ်ခြားနိုင်ငံတွေထက် ဂျပန်ကိုပေးတာများ တယ်ပေါ့။ တစ်ချို့ဝေဖန်ကြတာက Michaellin က သူ့ ကားတာယာ company ဂျပန်နိုင်ငံကိုဖြန့်ဖို့ နာမည်ကောင်းရချင်လို့ ဘာလို့ ပြောကြတယ်။ တစ်ချို့က လဲ ဂျပန်အစားစာ တွေက သန့်ရှင်းတယ် လတ်ဆတ်တယ် ကျန်းမာရေးနဲ့ညီညွှတ်လို့ ရတာလို့ပြောကြတယ်။ မှာ ကြယ်၃ ပွင့်ရသွားတဲ့ ဆိုင် ဆို သူ့ မီနှုးက ပြင်သစ် ပုံစံ ဘက်ကိုရောက် ရောက်သွားကြတယ်တဲ့။ အရှေ့တောင်အာရှမှာ ကြယ်ရတဲ့ ဆိုင် သိပ်မရှိဘူး။ ဝေဖန်သူတွေပြော ကြတာ အာရှအစားအစာက ပြင်သစ်အစားအစာ တွေလိုမဟုတ်လို့လို့ ပြောကြတယ်။ Michaellin ကြယ်ရပြီးဆိုလဲ တစ်ကမ္ဘာလုံးက လာစားမဲ့ ဧည့်သည်တွေ ရောက်လာကြတော့ မှာပါ။ ကြယ် ၁ ပွင့်ရဲ့အဓီပယ်က လမ်းကြုံရင်သွားစား သင့်တယ် အဆင့်မှီတယ်။ နိုင်ငံရပ်ခြားကို sponsor နဲ့ shopping ထွက်တာဖြစ်ဖြစ် ကင်ဆာတို့ ဘာတို့ ညာတို့ဖြစ်လို ဆေး့သွားကု ရင်း၆ လလောက်ပဲ ခံတော့မယ် ဆိုရင် ဖြင့် သွားစားကြည့်ပေါ့။ စင်ကာပူမှာ ကြယ် ၃ပွင့် ဆိုင်ရှိပါတယ်။ ကြယ် ၂ ပွင့်ရဲ့ အဓီပယ်က သွားစားဖို့ကောင်းတဲ့ ဆိုင် အဆင်ကျော်တယ်။ ကိုယ့် ATM Card ထဲ တစ်ယောက်ယောက်ဆီက မှားနိုပ်မီပြီး သိန်း ၅ ရာ ၁ ထောင်လောက် ဝင်လာရင် ဘာမှပြောမနေနဲ့ ကဒ်ကိုင်ပြီးစားသောက်ဆိုင် ကိုဒိုးတော့။ ကြယ် ၃ ပွင့်ရဲ့ အဓီပယ်က လုံးဝပြီးပြည့်စုံနေ မယ်။ လာချပေးတဲ့ ပန်းကန်ပြားကို ဓာတ်မီးနဲ့ ထိုးကြည့်လက်ဗွေရာတောင်မတွေ့ရဘူး။ သိန်း ၁ ထောင်ကောက်ရရင်ဖြစ်ဖြစ် သိန်း ၁ သောင်း ကို၂ နှစ်ဆက် တိုက်ပေါက်ရင် ဖြစ်ဖြစ် တစ်နေ့ ၁ထောင်စုပြီး လန်လိုဂီနီတို့ ဖာရာရီ တို့ ဝယ်နိုင်တဲ့နေ့သွားကြည့်ပေါ့။ ပိုက်ဆံမရှိလဲ မှာပြီး ဟင်းက အရောင်တွေနဲ့ဆိုပြီး compalin တက် ပိုက်ဆံမပေးပဲ ထထွက်လာခဲ့လိုက် ငိငိ ကြယ် ၃ ပွင့်ရထားတဲ့ဆိုင် ကအရှေ့တောင်အာရှ နဲ့ အာရှမှာဆို မှာဆို စင်ကာပူ၊ ဂျပန် ၊ ကိုးရီးယား၊ မကာအို တို့မှာရှိတယ်။ ဈေးက ဒေါ်လာ ၅၀၀ လောက်က နေအမျိုးမျိုးရှိတာတွေ့ရပါတယ်။ မြန်မာနိုင်ငံမှာလဲ Michaellin star ရစားဖိုမှုးတွေ ရှိတာကိုတွေ့ရတယ်။ ဟိုနိုင်ငံတွေက ပြောင်းလာပြီးဒီမှာဆိုင်လာဖွင့်နေကြတာ ၃ ဆိုင် ရှိတာကို စုံစမ်းတွေ့ရှိရပါတယ်။ ပထမဆုံးဆိုင်က ၂၀၁၅ လား ၂၀၁၆ လာမသိ နှစ်ယောက် သွားစားတာ ၁၆ သိန်းကုန်တယ်ဆိုပြီး Facebook ပေါ်မှာ ပလူပျံသွားတဲ့ Le Planteur ဆိုတဲ့ဆိုင် ။ နောက် The Seedနဲ့ Shwe Sa Bwe တွေပါ။ဈေးကတစ်ယောက်ကို ၈ သောင်းဝန်ကျင်လောက်ရှိပါတယ်။ဝိုင်ပါတာ မပါတာ ဆိုင်ခြင်းမတူကြဘူး။ ! ဘေဘီတို့ ကိုကိုတို့ ကိုခေါ်သွားကြတော့ ငိငိ! ဒီကြယ်ကို စားဖိုမှုးလောက မှာဆို အော်စကာရ တယ်လို့ တင်စားခေါ်ကြတယ်။ ကြယ်က ရပြီးသွား ရင် အသေရသွားတာမျိုးမဟုတ်ဘူး ပြန်ရုပ်သိမ်း ခံရတက်တယ် ။ ဒီကြယ်မှာ ကောင်းတာရှိသလို တစ်ချို့ ကြတော့ ဒီကြယ်ရဲ့ ဒဏ်ကို မခံနိုင်ကြဘူး။ ဒီလိုပါ ဒီကြယ်က ရထားတဲ့ အပွင့်ကိုလိုက် ပြီး ဝန်ထုပ်ကလဲပိလာကြတယ်။ စားဖိုမှုးတစ် ယောက် ပြောထားတာ သူ့ရထားတဲ့ကြယ်ကို ပြန် သိမ်းခိုင်းတယ် ဘာလို့ ဆို ကြယ်ရထားတော့ သူ့စံနှုန်းအတိုင်း တစ်သမတ်တည်းလုပ်နေရတယ် နောက်ပြီး အမှားခံလို့ကိုမရဘူး ၊လာစားတဲ့သူတွေ က အခြေနေအကုန်လုံးကို စောင့်ကြည့်နေကြတဲ့ ဒဏ်တွေ မခံနိုင်ဘူးတဲ့။ ကြယ်က လွယ်လွယ်ပေးတာမျိုးမဟုတ်ဘူး ကြယ် ၃ပွင့်ရတဲ့ဆိုင်ဆို ၁ နှစ်မှာ လက်ချိုးရေလို့ တောင်ရတယ် ၃ ၊ ၄ ဆိုင်ဒီလောက်ပဲ။ ဒီစာတွေကို မနက် ၂နာရီမှာ ခေါက်ဆွဲပြုတ် လေးစားနေရင်း ရေးလိုက်ပါတယ်။ ကျွန်တော်HLKပါ။
BvS ရဲ့ Lex Luthor ကြီး ..မင်းသား Jesse Eisenberg နဲ့ Twilight မင်းသမီး Kristen Stewart တို့အပြင် Age of Adaline ရဲ့မင်းသမီး ..Deadpool မင်းသားကြီးရဲ့ ချစ်ဇနီးချော Blake Lively တို့ပါဝင်ထားတဲ့ဒီဇာတ်ကားကို နာမည်ကျော်ဒါရိုက်တာကြီး Woody Allen မှရိုက်ကူးထားပါတယ်။ ၁၉၃၀ ပြည့်နှစ်လောက်က Hollywood အငွေ့အသက်ကိုအခြေခံလို့ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ Drama /Romance ကိုနှစ်သက်သူတွေ ကြည့်ရှုခံစားဖို့ အတော်ပဲသင့်တော်တဲ့ဇာတ်ကားဖြစ်ပါတယ်။
Rating 7.2 ရရှိထားတဲ့ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်… လူဆိုတာတစ်နေ့ကျရင် အသက်ကြီး အိုမင်းရမှာပါပဲ အသက်ကြီးလာတဲ့အခါ စုထား ဆောင်းတာတွေမရှိရင် စားဝတ်နေရေး အတော်ခက်ခဲရနိုင်ပါတယ် အဲဒီလိုဖြစ်တတ်တဲ့အခြေအနေတွေ အကြောင်းကို ရိုက်ကူးတင်ဆင်ထားတဲ့ ကားလေးပဲဖြစ်ပါတယ် လီအစ္စရယ်ဟာ အရောင်းရဆုံးစာရင်းဝင်ဖူးတဲ့ ဖန်နီဘရိုက်အတ္ထုပတ္ထိကို ရေးခဲ့တဲ့ စာရေးဆရာမပဲ ဖြစ်ပါတယ်။ သူ့စာအုပ်တွေဟာ တချိန်တုန်းက လူကြိုက်များခဲ့ပေမယ့် နောက်ပိုင်း စိတ်မဝင်စားကြတော့တဲ့အခါ ထုတ်လုပ်သူကလည်း မထုတ်ပေးတော့ပါဘူး။ စားဝတ်နေရေး ကြပ်တည်းလာလို့ ရရာအလုပ်ဝင်လုပ်ပေမယ့်လည်း သူ့အပြုအမူတွေကြောင့် ဘယ်အလုပ်မှ တာရှည်မခံခဲ့ပါဘူး နောက်ဆုံးကြံရာမရဖြစ်လာတဲ့အခါမှာ တခြားနာမည်ကြီး စာရေးဆရာတစ်ယောက် သူ့ကိုပေးဖူးတဲ့ လက်ရေးမူကို ရောင်းချခဲ့ပါတယ်.. မထင်မှတ်ပဲ ငွေအများကြီးရလိုက်တဲ့အခါမှာ သူက ငွေကိုယစ်မူးပြီးတော့ စာရွက်တွေအတုလုပ် ရောင်းချတဲ့အထိ ဖြစ်လာပါတော့တယ်။ သူကိုယ်တိုင်မသိလိုက်ပဲနဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေမိနေလျက်သား ဖြစ်နေပါတော့တယ်… နောက်ဆုံးလူတွေသိသွားတဲ့အခါ ရဲတွေသိသွားတဲ့အခါမှာ သူ့အနေနဲ့ရှေ့ဆက်တိုးစရာလမ်းလည်း မရှိတော့ပါဘူး အမြဲသူ့ဘေးမှာနေခဲ့တဲ့သူငယ်ချင်းကလည်း သူ့ရဲ့တစ်ကိုယ်ကောင်းဆန်မှုတွေကြောင့် သူ့ကိုစွန့်ခွာသွားခဲ့ပါသေးတယ်.. ဒီလိုအကျပ်အတည်းတွေကို သူဘယ်လိုရင်ဆိုင်မလဲ.. ပျက်စီးသွားတဲ့ယုံကြည်မှုတွေ ပြိုကွဲသွားတဲ့ ချစ်ခြင်းမေတ္တာတရားတွေကို သူပြန်လည် တည်ဆောက်နိုင်ပါ့မလား…. ဒီကားက ရိုးရိုးစင်းစင်း ဇာတ်ကားတစ်ကားဖြစ်ပေမယ့် သူငယ်ချင်းတွေကြားက ချစ်ခြင်းမေတ္တာတွေ၊ အိုမင်းလာတဲ့အခါ ကြုံရမယ့်ဒုက္ခတွေ၊ ကိုယ့်အပြုအမှုတွေကြောင့်ခံစားရတဲ့ ပတ်ဝန်းကျင်ရဲ့လျစ်လျူရှုမှုတွေ၊ နောင်တတရားရတဲ့အချိန်မှာ လူ့အသိုင်းအဝိုင်းရဲ့ ဖေးမကယ်တင်မှုတွေကို ခံစားရမှာပဲဖြစ်ပါတယ်။
ဒီတစ်ခါတော့ rating အမြင့် ဇာတ်ကာား တစ်ကားနဲ့ မိတ်ဆက်ပေးခြင်ပါတယ် ဇာတ်ကား လေးကတော့ ၁၉၅၀ ကာလကို အခြေခံရိုက်ကူးထားပြီး အသက်အလယ်အလတ်မိန်းမတစ်ယောက်နဲ့ Relation ဖြစ်တဲ့ ဓါတ်ပုံဆရာတယောက်အကြောင်းနဲ့ လွမ်းမောဖွယ်ရာ အချစ်ဇာတ်လမ်းလေးကို ရိုက်ပြထားတာဖြစ်ပါတယ် ကဲ ဇာတ်ကားလေးကို အောက်မှဘဲ ဒေါင်းကြည့်လိုက်တော့နော် ထပ်မညွှန်းတော့ ဘူး Download & Watch
ဒီတစ်ခေါက် တင်ပေးမှာကတော့ Castaway on the moon ဇာတ်ကားလေးပါ။ ဒီကားလေးက Tom Hank သရုပ်ဆောင်ခဲ့ပြီး oscar ရခဲ့တယ့် Castaway လိုဇာတ်လမ်းမျိုးလေးပါ။ ဒါပေမယ့်ဒီကားက ဟာသနဲ့ပေါင်းထားပါတယ်။ ဒီဇာတ်ကားက IMDb Rating 8.1 ၊ Rotten Tommatoes 93%၊ AsiaWiki Rating 93% တို့နဲ့Rating အမြင့်ကြီးတွေရရှိထားပါတယ်။ Tom Hant ကားထက် IMDb Rating ပိုမြင့်ပါတယ်။ ဒီကားကို ၂၀၀၉ ခုနှစ်ကပြသခဲ့ပြီး အဓိက မင်းသားဂျောင်ဂျေရောင်း နဲ့ အဓီကမင်းသမီး ဂျောင်းယိုဝန်း တို့ကသရုပ်ဆောင်ထားပါတယ်။ Budget 5မီလီယံ နဲ့ရိုက်ကူူးခဲ့ပြီး Box Officeမှာ ၃၇ မီလီယံ ပြန် လည်ရရှိခဲ့ပါတယ်။ တစ်ကားလုံးကု ၁၁၆ မိနစ်ကြာ ပြီး တစ်မှုထူးခြားတယ့် ဇာတ်ကောင်စရိုက်တွေနဲ့ ဖွဲ့ စည်းထားပါတယ်။ နိုင်ငံတကာနာမည်ကြီးတယ့် ရုပ်ရှင်ပွဲတော်တွေအပါဝင် ရုပ်ရှင်ဆုပေးပွဲ ၈ခုမှာ ဇကာတင်ဆုအတွက် ဆု ၁၁ ဆု ဝင်ထားနိုင်ခဲ့ပြီး ၆ ခုကိုတော့ ရရှိခဲ့ပါတယ်။ အနုပညာပိုင်းမှာ အတော် လေးအောင်မြင်ခဲ့တဲ့ဇာတ်ကားပါ။ ဒီဇာတ်ကားကို မှာအဓိကသရုပ်ဆောင်ထားတဲ့ မင်းသားကတော်တော်လေး သရုပ်ဆောင်ကောင်းပါတယ်။ Tom Hank ရိုက်ထားတယ့် Castaway လိုကားမျိုးကိုကြိုက်ဒီကားကိုကြည့်ပါလို့ပြောချင်ပါ တယ်။ဒီဇာတ်ကားက ယနေ့ဇာတ်လူ မှု့ဘဝတွေ မှာတွေ့ကြုံနေရတယ့် ပြသနာ နဲ့ လူတွေ သတိမထားမိပေမယ့် အမှန်တကယ် ထူးဆန်းပြီး ရုပ်ရှင် ဆန်ဆန် ဘဝတွေ ရှိနေသေးတယ်ဆိုတာကိုဖော်ထုတ်ပြသပေးထားပါတယ်။ သူတို့ဘဝလေးနဲ့ သူတို့တော့အဆင်ပြေပြီး အေးအေးချမ်းချမ်း ရှင်သန်ပုံနေတွေ ၊ လူဆိုတယ့် သတ္တဝါတွေက နောက်ဆုံး ဘာမှအားကိုးစရာမရှိတော့ဘူးဆိုရင် ကိုယ်စွမ်းကိုယ်စ တွေ သူ့အလိုလို ထွက်ပေါ်လာ တက်ပုံတွေကို တွေ့မြင်ခဲ့ရပါတယ်။ နောက်တစ်ချက် ဒီဇာတ်ကားရဲ့ Hiigh light လို့ပြောလို့ရမယ် ဇာတ်ဝင်ခန်းကတော့ ကျွန်တော်လဲ သဘောကျမိတယ့် အတွေးခေါ်လေးတွေကို ပြသထားပါတယ်။ မင်းသားက သူ ပဲခေါက်ဆွဲ အသေအလဲစားချင် နေတာကို မင်းသမီးကတွေ့သွားတော့ ပဲခေါက်ဆွဲ delievery ကို သွားပို့ခိုင်းလိုက်ပါတယ်။ဒါပေမယ့် မင်းသားက အမျိုးမျိုးပဲခေါက်ဆွဲတွေ ကိုတွေ့ပြီး မစားဘဲ အကုန်ပြန်ပေးလိုက်ပါတယ်။ ကောင်မလေးဆီ ပြန်ပြောလိုက်တယ့် စကားကတော့” ပဲခေါက်ဆွဲဆိုတဲ့ မျော်လင့်ချက်နဲ့ဒီနေ့အထိရှင်သန်ရပ်တည်နေတာပါ ၊ သူ့မျော်လင့်ချက်ကိုဘဲ ဆက်လုပ်သွားမယ်” ဆိုပြီး ပြန်ပေးလိုက်ပါတယ်။ လူတိုင်က မျော်လင့်ချက်ကိုစီနဲ့ ရှင်သန်နေကြပြီး မျော်လင့်ချက်တွေ ကုန်ဆုံးသွားတယ့် တစ်နေ့မှာ လမ်းပျော်ကသလို ခံစားရနိုင်တာကိုလဲ တွေ့ရပါတယ်။ မျော်လင့်ချက် ရှိနေသရွှေ့အသက်ရှင်ရတာ အဓိပ္ပယ်ရှိပါတယ်။ မျော်လင့်ချက်ဆိုတာကလဲ သေခါမှာပျောက်ကြမှာပါ။ ဒီကားရဲ့ဇာတ်လမ်းပိုင်းက မင်းသားက အကြွေးလည်ပင်းနစ်လာ တော့ ကိုယ်ကိုကိုယ်သတ်သေဖို့ လုပ်ပါတယ်။သတ်သေဖို့အတွက် ဟန်မြစ်တံတား ပေါ်က ခုန်ချလိုက် ကံကောင်းချင်တော့ မသေဘဲ ကျွန်းတစ်ကျွန်းပေါ်ရောက်သွားပါတယ်။ အဲဒီကျွန်းကလဲ တစ်ခြားဇာတ်ကားတွေကလို သုမုဒ္ဒရာအလယ် မှာတော့မဟုတ်ပါဘူး။ဆိုးလ်မြို့ ဟန်မြစ်ပေါ်မှာ သောင်ထွန်းနေတယ့် ကျွန်းလေးတစ်ခုဘဲဖြစ်ပါတယ်။ မြို့ထဲမှာဘဲ ရှိနေပေမယ့် အော်လဲ ဘယ်သူမှမကြားရ ပါဘူး။ အဲ့လိုနဲ့ပြန်ဖို့လမ်းစမြင်တော့ သတ်သေဖို့ အကြိမ်ကြိမ်ပြန်ကြိုးစားပြီး မလုပ်နိုင်ခဲ့ပါဘူး။ မသေတော့ အသက်ရှင်ဖို့လုပ်ရပါတော့တယ်။ ရှင်သန်ဖို့ အတွက်ဝမ်းစာရှာပုံတော်ဖွင့်ရပါတယ်။ တစ်နေ့မှာ သူအသင့်စားပဲခေါက်ဆွဲထုပ်အခွံကိုတွေ့ပြီး ကတည်းက ပဲခေါက်ဆွဲစားရဖို့ရေးအကြံပေါင်စုံ ထုတ်ပါတော့တယ်။ အဲ့လို လူစည်ကားတယ့်မြို့အနားမှာရှိတဲ့ ကျွန်းလေးပေါ်မှာ ထူးထူးဆန်းဆန်း သူများနဲ့ မတူလုပ်နေတာကို ကောင်မလေး တစ်ယောက်က ကင်မရာကနေတွေ့သွားပါတယ်။ ကောင်မလေးကလဲ ထူးဆန်းတယ့် သူပါဘဲ။ သူထူးဆန်းပုံကတစ်မျိုးပါ၊ အခန်းထဲကအပြင်မအထွက်၊လူတွေနဲ့ မတွေ့တာ ၃ နှစ် ကြာခဲ့ပါပြီ။ ဘယ်သူဆိုဘယ်သူနဲ့မှမတွေ့ဘဲ အခန်းထဲမှာ သူ့တစ်နေ့တာ အစီစဉ်တွေအတိုင်းဖြတ်သန်းပြီး အချိန်တွေ ကိုကုန်ဆုံးနသူပါ။သူမှာဘယ်လို အတိတ်ရှိခဲ့လဲမသိပေမယ့် လူကြားထဲမသွားရဲ တော့တယ့်အရာတစ်ခု ဖြစ်နေလို့ ဘယ်သူနဲ့မှမတွေ့တော့ဘဲအမှိုက်ပုံလို အခန်းထဲမှာ နေထိုင်နေသူလေးပါ။ တစ်နေ့တော့သူတို့ ကောင်မလေးက ဂြိုလ်သားလို့ခေါ်တယ့် ထူးထူးဆန်းဆန်း ကျွန်းပေါ်ကလူကိုတွေ့သွားပြီး စာနဲ့ဆက်သွယ်ဖို့ စလုပ်ပါတယ် ။အဲလို့နဲ့ ထူးထူးဆန်းဆန်းလူနှစ်ယောက်ရဲ့ ဖော်ပြလို့မရတဲ့ သံယောဇဉ် ခေါ်မလား မေတ္တာစစ် ခေါ်မလား အချစ်စစ်ခေါ်မလား ဖြစ်မိသွားနေကြပါတယ်။ကျွန်း ပေါ်သောင်တင်နေတယ့် လူထူးဆန်း ကပဲခေါက် ဆွဲကိုလုပ်နိုင်သွားမလား ၊ အကူအညီရပြီး မြို့ပေါ် ရောက်သွားမလာ၊ ကျွန်းပေးမှာ သေသွားမလား၊ ကောင်မလေးကရော သူ့တစ်နေ့တာကိုဘယ်လို ထူးထူးဆန်းဆန်းနေထိုင်ပြီး ကျွန်းပေါ်ကလူနဲ့ တွေ့ဆုံနိုင်မလား၊ ကွဲကွာသွားမလား ၊ တစ်ခြား ဘယ်လို ဟာသတွေ ၊စိတ်ဝင်စားစရာတွေ ၊ တွေးတောစရာ တွေ တွေ့နိုင်မလဲဆိုတာ ရုပ်ရှင်ထဲမှာကိုယ်တိုင်ခံ စားပြီး စဉ်းစားကြည့်လိုက်ပါ။ P.S / Rating များဒါရယ် ၊ ဇာတ်အိမ်က ကောင်းတာရယ် ၊ သရုပ်ဆောင်ပီပြင်တာရယ်၊ ပေးချင်တယ့် အချက်ကို ထိထိမိမိပြနိုင်တာရယ်ကြောင့်ကြည့်သင့် တယ့်ကားပါ။ တစ်ကားလုံးမှာ လူ နှစ်ယောက်တစ် ပိုင်းဘဲ သရုပ်ဆောင်သုံးထားပါတယ်။
ကဲ ဒီတစ်ခါတော့ Cell ဆိုတဲ့ Horror/Si-Fi တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ Horror တို့ရဲ့ ထုံးစံ အတိုင်းပဲ rating နည်းနေတာကတော့ ပြောစရာ မလိုလောက်ပါဘူး ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်တွေကလည်း ပရိတ်သတ်ကြီးနဲ့ မစိမ်းတဲ့ မင်းသား/မင်းသမီးတွေပါ ဇာတ်လမ်း ကလည်း ပုံမှန် Zombie ကားတွေလိုမဟုတ်ပဲ ဇာတ်လမ်းစပြီးကတည်းက ဇာတ်လမ်းရဲ့ Tempo ကိုမြင့်လိုက်တာက ကြည့်ရှူ သူတွေအတွက် တမူထူးခြားနေမှာပါ ဇာတ်လမ်းအကျဉ်းလေးကတော့ ပြပွဲအတွက် ခရီးထွက်နေရတဲ့ မင်းသားကြီး ဟာ လေဆိပ်မှာ ခနနားနေတုန်း အိမ်က သားဖြစ်သူကို ဖုန်းဆက်နေရာမှ ထူးဆန်းတဲ့ Signal ကြောင့် ဖုန်းပြောနေသူအားလုံး စိတ်ရိုင်းဝင် အသိစိတ်လွတ်ပြီး အချင်းချင်း သတ်ဖြတ်ကုန်တဲ့အခါမှာတော့ ဘယ်လိုများ ရင်ဆိုငိထွက်ပြေးမလဲ သားဖြစ်သူဆီကိုကောပြန်လည်ရောက်ရှိနိုင်ပါ့မလား ဆိုတာတွေကိုတော့ ဒေါင်းယူကြည့်ရှူလိုက်ပါအုံး
ဒီနေ့တော့ IMDb 8.4 ရထားတဲ့ ဘောလိဝုဒ်ဇာတ်ကားကောင်းလေးတင်ဆက်ပေးလိုက်ပါတယ် မင်းသားကလည်း ပရိတ်သတ်တွေကြိုက်နှစ်သက်တဲ့ ရှာရွတ်ခန် ပဲဖြစ်ပါတယ် ဇာတ်လမ်းအညွှန်း ကာဘာရ်ခန် ဟာ အိန္ဒိယအမျိုးသားဟော်ကီအသင်းရဲ့ခေါင်းဆောင်တစ်ဦးလည်းဖြစ်သလို နာမည်ကျော်ကစားသမားလည်းတစ်ဦးလည်းဖြစ်ပါတယ်..ပထမဆုံးမှာ အိန္ဒိယနဲ့ပါကစ္စတန်တို့ ကမ္ဘာ့ ချန်ပီယံ အမျိုးသားဟော်ကီပွဲကိုယှဉ်ပြိုင်နေကြတာပါ..နောက်ဆုံးမိနစ် ပင်နယ်တီမှာ ကာဘာရ်ခန် တစ်ယောက် လွဲချော်သွားလို့ ရှုံးနိမ့်ခဲ့ပေမယ့် ပွဲပြီးတဲ့အခါ ပါကစ္စတန်က ကစားသမားတစ်ဦးကလာရောက်နှုတ်ဆက်လို့ရယ်ပြုံးနှုတ်ဆက်မိတာကို သတင်းထောက် တစ်ယောက်ကဓါတ်ပုံအတိအကျရိုက်ပြီး အမျိုးသားသစ္စာဖောက်ခဲ့တာလားဆိုတဲ့ နာမည်ဆိုးနဲ့ ဖွပါတော့တယ်..ဒီလိုနဲ့ ကာဘာရ်ခန် ဟာပြသနာတွေတက် ပြည်သူတွေကလည်း အမျိုးသား သစ္စာဖောက်အနေနဲ့ ဝိုင်းဝန်းစွပ်စွဲလို့ နေထိုင်ရတဲ့အိမ်ကနေတောင်ပြောင်းပြေးခဲ့ရပြီး နေရာခြားမှာသွားရောက်နေထိုင်ခဲ့ရပါတယ်..ဒီလိုနာမည်ပျက်တွေကြား…အရှုံးတွေကြား သူ့ဂုဏ်အပြင် အိန္ဒိယ နိုင်ငံရဲ့ ဂုဏ်သိက္ခာ ပြန်တက်အောင်..ဘယ်လိုလုပ်မလဲ လူအများထင်ခဲ့တဲ့အမျိုးသားသစ္စာဖောက် ဘဝကနေ ဘယ်လိုမျိုးရုန်းထွက်ကြိုးစားမလဲ ဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်
Chalk N Duster ဇာတ်ကားမှ ဖောက်ထွက်လာသော အတွေးများ ” ••••••••••••••••••••••••••• “ငါတို့တတွေဟာ ပညာရေးရဲ့ လင်းရောင်တန်ဆာ ဖြစ်ခဲ့တာမို့ ကမ္ဘာတစ်လွှမ်းလုံးထိ တိုင်အောင် တတ်စွမ်းသမျှလေး လင်းလက်ခဲ့ပါ့မယ် ” [ Song lyrics] ကျွန်မတို့က မြေဖြူတွေ။ ကျွန်မတို့က သင်ပုန်းဖျက် ပစ္စည်းတွေ။ မီးအိမ်ငယ်ငယ် ကို ကိုင်ဆောင်သူတွေ။ တစ်နည်းအားဖြင့် ခြင်းတောင်းလေး ကိုင်ရင်း ဝါသနာလမ်းပေါ် လျှောက်လှမ်းလာကြတဲ့သူတွေ။ “ကျွန်မတို့က ဆရာမတွေ ” ______________________________ အမှန်ပြောရရင် ဒီလို ဇာတ်ကားမျိုးက ကြည့်ချင်လာအောင် ရေးပြရမယ့် Review မျိုးမဟုတ်ပါ။ ဇာတ်ဝင်ခန်း တစ်ခန်းချင်း ကို ကိုယ့်ငယ်ဘဝနဲ့ ပြန်တွေးရမယ့် ပုံပြင်ဆန်နေခြင်းမျိုးပါ။ ဒီပုံပြင်တွေထဲက သူရဲကောင်းတချို့ဟာ အပြင်လောကမှာ ရှိခဲ့ပါကြောင်း နားလည်ခဲ့ရမယ့် အတွေးမျိုးပါ။ ဒါပေမဲ့ ဇာတ်လမ်းအကျဉ်း ကို ပြောပါစို့ ။ KB ဆိုတဲ့ ကျောင်းတစ်ကျောင်းမှာ အုပ်ချုပ်ရေးမှူး အသစ် ဖြစ်တည်လာတဲ့ အချိန်ကစလို့ အုပ်ချုပ်သူနဲ့ ဆရာမတွေ ကြား မသင့်မြတ်မှုလေးတွေက တစ်စ တစ်စ ကြီးထွားလာခဲ့တယ်။ စာသင်ခန်းမှာ ဆရာမ ထိုင်ခုံတွေ မထားရှိမှုတွေ။ ဆရာမ ရဲ့ သားသမီးဖြစ်လင့်ကစား ကျောင်းလခ ပြန်လည် ကောက်ခံမှုတွေက အချို့ဆရာမ များအား အခက်တွေ့စေခဲ့ပါတယ်။ တစ်နေ့မှာတော့ ဆရာမ Vidya ဟာ ကျောင်းသားတွေကို စာကူးခိုင်းနေတုန်း ခဏ နားနေမိခဲ့တယ်။ အဲ့ဒီနေ့က သူမဟာ နာမကျန်းဖြစ်နေသော်လည်း တကယ် စေတနာပါပါ သင်ကြားနေခဲ့တာပါ။ ဒါပေမဲ့ ကျောင်းအုပ်ချုပ်ရေးမှူး က Vidya ကို အပြစ်ဆိုခဲ့ပါတယ်။ Vidya ရဲ့ မှတ်မိလွယ် သော သင်ကြားနည်းတွေက ရှေးရိုးဆန် လှကြောင်း / အင်တာနေရှင်နယ် မဆန်ကြောင်း ပြစ်တင်ပါတော့တယ်။ ဒီလိုနဲ့ အချေအတင်ဖြစ်ပြီး မကြာမီ Vidya ဆီ အလုပ်ထုတ်စာ ရောက်လာခဲ့တယ်။ အကြောင်းပြချက် က ဆရာမအရည်အသွေး မပြည့်မီတဲ့ အတွက်ပါတဲ့ ဒီစာဟာ Vidya အတွက် စိတ်ထိခိုက်စေခဲ့ပါတယ်။ ယခင်ကတည်းက နှလုံးရောဂါ အခံရှိသူမို့ Shock ပါရသွားခဲ့ပါတယ်။ ဒီလို အခြေအနေမှာတော့ ဆရာမ Jyoti ကပဲ ကူညီစောင့်ရှောက်ခဲ့ရပါတယ်။ တစ်ဖက်မှာလဲ Vidya ရဲ့ သမီးငယ် ရယ် ခြေမသန်ခဲ့တဲ့ တွန်းလှည်းပေါ်က ခင်ပွန်းရယ် က ဆုတောင်းပေးရုံသာ တတ်နိုင်ခဲ့ကြပါတယ်။ ဒါတွေဟာ တချို့ဆရာမတွေရဲ့ အခြေခံ ဘဝတွေပါ။စာသင်လာကြတဲ့ ကလေးတွေကို ပြုံးပြတဲ့အခိုက်မှာမိသားစု ပြဿနာတွေကို သူတို့ခမျာ ခေါက်ရိုးချိုး ထားတတ်ကြပါတယ်။ အဆင်မပြေပေမယ့် အဆင်ပြေပြေ နေခဲ့ကြတယ်။ ဒါ့အတွက် ဆရာ / ဆရာမတွေ မည်သည်များ ပြန်လည် ရရှိခဲ့ပါသလဲ။ ချမ်းသာလောက်တဲ့ ငွေကြေးလား။ တပည့်တွေ မမေ့ကြတဲ့ ပြန်လည်သတိရမှု မျိုးလား။ လေးစားမှုတရားလား။ ဒီဇာတ်ကားဟာ အတွေးပေါင်းများစွာနဲ့ပါ။ ဆရာမတွေအတွက်ရော တပည့် ဖြစ်ခဲ့ဖူးတဲ့ ကျွန်တော်တို့အားလုံး အတွက်တစ်ခါတည်းပစ်လိုက်တဲ့ ခဲလုံးလေးပါ။ အခုလည်း ဆရာမ Vidya ရဲ့ အလုပ်ထုတ်ခံရမှုက မီဒီယာထက်မှာပဲ ဟိုးလေးတကျော် ဖြစ်ခဲ့ရပါပြီ။ 28 နှစ်ကျော် လုပ်သက်ရှိတဲ့ Vidya ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ နဲ့ တပည့်တွေက ဆရာမအပေါ် ပြန်သိတတ်ပုံတွေကလည်း တမျိုးလေး ချစ်စရာကောင်းနေပါတယ်။ ဒီလိုနဲ့ အိန္ဒိယပညာရေးအပေါ် မေးခွန်းထုတ်လာမှုတွေကြားမှာ Vidya နဲ့ Jyoti တို့ အတူလက်တွဲပြီး ဖြေရှင်းခဲ့ကြပါတယ်။ ဆရာမတစ်ယောက်ရဲ့ ပြင်ပ ဗဟုသုတ ပြည့်ဝမှု / အရည်အချင်း ပြည့်စုံနေမှု ကို လည်း သက်သေပြဖို့ ကြိုးစားခဲ့ပါတယ်။ ဒီဇာတ်ကား ရဲ့ ပြင်ပဗဟုသုတ စမ်းသပ်ပုံတွေကလည်း စိတ်ကူးဆန်းလှပါတယ်။ ” ဒလိုင်းလားမား ရဲ့ နာမည်အဓိပါ္ပယ်” “Yahoo ရဲ့ အရှည်ကောက် ” ” လွတ်လပ်ရေး သီချင်းအကြောင်း ” အစရှိတဲ့ မေးခွန်းတွေပါ။ဇာတ်ကားကြည့်ရင်း ဗဟုသုတလည်း ရခဲ့ပါတယ်။ ဒါ့အပြင် ဒိုင်ယာလော့တွေကလည်း ရိုးရိုးရှင်းရှင်းလေးနဲ့ ထိမိစေခဲ့တာပါပဲ။ ” မင်းတို့ကို ABC သင်ပေးတဲ့ ဆရာမ နာမည်တွေ မှတ်မိကြပါရဲ့လား ” ဒီ ဒိုင်ယာလော့ဟာ အများကြီး တည်ဆောက်ခဲ့တာ မဟုတ်ပါဘူး။ ဒါပေမဲ့ အများကြီး တွေးမိစေခဲ့တယ်။ မင်းသားဆိုလို့လည်း အဓိက မရှိ။ မင်းသမီးနေရာက ဆိုလို့လည်း နှင်းဆီပန်းနီနီနဲ့ ဆရာမ လည်း မဟုတ်ခဲ့။ “ငွေသော်တာ ရောင်ခြည် ” သီချင်းဆိုမယ့် သူလည်း မရှိခဲ့။ ဒါဆို ဒီဇာတ်ကား ကြည့်ရင်း ဘာရမလဲ။ အဓိက ကတော့ “ကျင့်ဝတ်နဲ့ လောဘတရားတွေ အကြောင်း ” ။ ” အိန္ဒိယ ကိုယ်ပိုင်ကျောင်း စနစ်တွေ ” ” ဆရာ တပည့် လေးစားမှုတွေ ” ” ဆရာစစ် ဆရာမှန်တစ်ယောက် ရဲ့ ဂုဏ်ဒြပ် တရား တွေ ” ကိုပဲ သိမြင်ရရှိစေမှာပါ။ #အကယ်၍ ဒါတွေမရခဲ့ရင်တောင် ငယ်စဉ်ဘဝက ဆရာ / ဆရာမ တစ်ယောက်ကို တော့ သတိရစေမှာတော့ အမှန်ပင် ဖြစ်ပါကြောင်း ။
ကိုရီးယား ဒရာမာဆန်ဆန် ဇာတ်လမ်းကောင်းတွေကို ကြည့်ရှူချင်ကြသူတွေအတွက် ဝတုတ်မင်းသားလို့ခေါ်ကြတဲ့ ကိုရီယားမင်းသား Ma Dong-Seok ရဲ့ ၂၀၁၈ ထွက်ကားကောင်းတစ်ကားတင်ဆက်ပေးလိုက်ပါတယ်… မာ့ခ် လို့ခေါ်တဲ့ ကိုရီယားလူမျိုး တစ်ယောက်ဟာ အကြောင်းတစ်ခုကြောင့် အမေရိကန်လူမျိုးမိသားတစ်စုရဲ့ မွေးစားခြင်းကိုခံရပြီး အမေရိကန် နိုင်ငံမှာပဲ ကြီးပြင်းခဲ့ပါတယ်.. သူဟာငယ်စဉ်ကတည်းက လက်မောင်းလှဲအားကစားကို ရူးသွပ်ပြီး ချန်ပီယံတစ်ယောက် ဖြစ်ချင်ခဲ့တာပါ… ဒီလိုနဲ့အရွယ်ရောက်လာချိန်မှာ အမေရိကန် လက်မောင်းလှဲ အားကစားအသင်းတစ်ခုမှာ ဝင်ရောက်ကစားကာ အောင်ပွဲတွေဆက်တိုက်ယူနေရင်း အကြောင်းတစ်ခုကြောင့် ထုတ်ပယ်ခံခဲ့ရပြီးနောက်မှာ သူဟာ ကလပ်တွေ ဘားတွေ ဈေးဆိုင်တွေမှာ လုံခြုံရေးအဖြစ် ကြုံရာ လုပ်ကိုင်နေထိုင်ခဲ့ရပါတယ် တစ်ရက်တော့ ညီအစ်ကိုလိုချစ်ခင်ရတဲ့ သူငယ်ချင်းတစ်ယောက်က ကိုရီးယားမှာ လက်မောင်းလှဲပြိုင်ပွဲကြီးရှိတဲ့အတွက် သူ့ကို ကိုရီးယားကိုခေါ်ပါတော့တယ်…. မာ့ခ်တစ်ယောက် ပြိုင်ပွဲဝင်ဖို့ကိုရီးယားရောက်လာပြီး သူ့ရဲ့ပျောက်ဆုံးနေတဲ့မိသားစုကို ပြန်လည်ရှာဖွေရင်း ချန်ပီယံတစ်ယောက်ဖြစ်လာနိုင်ပါမလား….။ အရမ်းကိုကြည့်ကောင်းတဲ့ဇာတ်ကားလေးဖြစ်ပြီး အသည်းနုသူတွေအတွက် မျက်ရည်ဝဲစေမယ့်ကားလေးတစ်ကားဖြစ်ပါတယ်လို့ အာမခံပေးပါရစေ။
အားလပ်ရက်လေးမှာဇာတ်ကားသစ်အလန်းစားလေးကြည့်ရအောင် အမြန်ဆုံးဘာသာပြန်တင်ဆက်ပေးထားတဲ့ နာမည်ကြီး မင်းသားတွေဖြစ်တဲ့ Donnie Yen နဲ့ Andy Lau တို့ရဲ့ အက်ရှင်ဇာတ်ကားကောင်းလေးကိုတင်ပေးလိုက် ပါတယ်။ ဒီဇာတ်ကားဟာ ဟောင်ကောင်-တရုတ် Action/Crime/Drama ကားလေးတစ်ကားဖြစ်ပြီး တကယ့်အပြင်က ဂိုဏ်းစတားတစ်ဦးဖြစ်တဲ့ Ng-Sekho ဆိုတဲ့သူရဲ့ဇာတ်ရုပ်ကို Donnie Yen ကပါဝင်သရုပ်ဆောင်ပေးထားတာဖြစ်ပြီး Andy Lua ကတော့ Lee Rock ဆိုတဲ့ဇာတ်ကားလေးထဲကဇာတ်ရုပ်အတိုင်း အကျင့်ပျက်ရဲလောကကသူတစ်ယောက်ဖြစ် သရုပ်ဆောင်ထားတာပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ ၁၉၆၃ခုနှစ်တွင် ဝူရှစ်ဟောင်ဆိုတဲ့လူတစ်ယောက်ဟာ တရုတ်ပြည်မကြီးကနေ ဗြိတိသျှကိုလိုနီတစ်ခုဖြစ်တဲ့ ဟောင်ကောင်ကိုတရားမဝင်ခိုးဝင်လာရကစပြီး မူးယစ်ပွဲစားတွေ အကျင့်ပျက်ရဲဝန်ထမ်းတွေ နဲ့ပြည့်နှက်နေတဲ့ မြေအောက်ကမ္ဘာက မူးယစ်ရာဇာကြီးတစ်ဦး ဖြစ်လာခဲ့ပါတယ်။ အဲဒီခေတ်ကာလအတွင်းက မူးယစ်ဆေးပြဿနာတွေ ပြည့်တန်ဆာမှုတွေ ဂိုဏ်းစတားတွေရဲ့အကွဲအပြဲဇာတ်လမ်းတွေကို အဓိကထားပြီးဇာတ်လမ်းကြောရိုးယူထားပါတယ်။ အဲဒီခေတ်ကာကတွင်းက ရဲတွေနဲ့ဂိုဏ်းတွေကြားကရင်းနှီးတဲ့ ဆက်ဆံရေးအရ ဝူရှစ်ဟောင်နဲ့ လေလော့ဆိုတဲ့ရဲအရာရှိတို့ဟာ တွဲဖော်တွဲဖက်တွေဖြစ်လာရုံသာမက မြို့တွင်းဂိုဏ်းတွေကြားတိုက်ခိုက်မှုတစ်ခုမှာ လေလော့ကို ဝူရှစ်ဟောင်တစ်ယောက်အသက်ဘေးကနေကယ်တင်ခဲ့တဲ့ နောက်တော့ သွေးသောက်ညီအစ်ကိုတွေအဖြစ်ထိရင်းနှီးလာခဲ့ကြပါတယ်။ ဝူရှစ်ဟောင်တစ်ယောက် သူ့ရဲ့မူးယစ်ဆေးနယ်ပယ်ကိုပိုမိုချဲ့ထွင်လာနိုင်ခဲ့ပြီး လေလော့နဲ့လည်းဆက်ဆံရေးကျဲလာပါတယ်။ အထူးသဖြင့် ရဲတွေထိန်းသိမ်းလို့မနိုင်တော့တဲ့ လူမိုက်ဂိုဏ်းတွေကြားစစ်ပွဲတွေကိုရပ်တန့်နိုင်ဖို့ ဝူရှစ်ဟောင်ကိုတိုက်တွန်းလိုက်တဲ့ အချိန်မှာပါပဲ။ သူတို့နှစ်ယောက်သား ပြိုင်ဖက်ဂိုဏ်းစတားတွေ၊ တရုတ်အကျင့်ပျက်ရဲဝန်ထမ်းတွေ၊ ဗြိတိသျှဆိုးသွမ်းအရာရှိတွေ ကိုယှဉ်ပြိုင်တိုက်ခိုက်ကြပါတော့တယ်။ ဒီလိုယှဉ်ပြိုင်နှိမ်နင်းကြရမှာ တစ်ဦးကရဲဝန်ထမ်း ၊ တစ်ဦးကမူးယစ်ရာဇာတစ်ဦးအနေနဲ့ နှစ်ယောက်သားသဘောထားကွဲလွဲမှုတွေ၊ အယူအဆမတူမှုတွေနဲ့ ဘယ်လိုမတူညီတဲ့နည်းလမ်းတွေနဲ့ နှိမ်နင်းသွားကြမလဲဆိုတာတော့ ပရိသတ်တွေကပဲဆက်ကြည့်လိုက်ကြပါဦး။ နာမည်ကြီးမင်းသားနှစ်ယောက်၊ မတူညီတဲ့ခေတ်ပြိုင်ဇာတ်ကောင်နှစ်ခုနဲ့ အပြိုင်အဆိုင်သရုပ်ဆောင်ထားကြတာဆိုတော့ ကြည့်မကောင်းစရာကိုမရှိပါဘူး။ Rating အနေနဲ့ကလည်း 7.1 ထိရှိထားတာဖြစ်တဲ့အတွက် အားလပ်ရက်မှာဘယ်မှ မသွားဖြစ်တဲ့သူတွေအတွက်ရာသီဥတုအေးအေးလေးနဲ့ ဇာတ်ကားကောင်းကောင်းလေးကြည့်ပြီး ဇိမ်ယူသင့်တာပေါ့ဗျာ။
2017ထွက် အိန္ဒိယဇာတ်ကားကောင်းလေးပါ… ရိုရှန်ဆိုတဲ့ စားဖိုမှူးက သူ့ရဲ့ ဒေါသကို မထိန်းနိုင်ပဲ စားသုံးသူနဲ့ရန်ဖြစ်ခဲ့တဲ့အတွက် အလုပ်ထုတ်ခံခဲ့ရပါတယ်.. သူ့ကိုထုတ်ရင် သူ့နောက်လိုက်တွေလဲ လိုက်ထွက်လိမ့်မယ်လို့ သူထင်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ လူတွေက ကိုယ့်အကျိုးပဲကိုယ်ကြည့်ကြတာပါပဲ အလုပ်ထုတ်ခံလိုက်ရတဲ့ ရိုရှန်က နောက်ထက်အလုပ်တစ်ခုထပ်ရှာဖို့ အဆင်မပြေဖြစ်နေချိန် သူ့ရဲ့ကွာရှင်းထားပြီးတဲ့ဇနီးနဲ့သားဆီကို ပြန်ဖို့အကြောင်းပေါ်လာခဲ့ပါတယ်… အိန္ဒိယကို ပြန်ရောက်လာတဲ့အချိန်မှာတော့ ဇနီးဟောင်းရဲ့အကူညီနဲ့ ဘက်စ်ကားပေါ်မှာ စားသောက်ဆိုင်လေးဖွင့်ဖို့ စိတ်ကူးရခဲ့ပါတော့တယ်… ရိုရှန်ရဲ့သားလေးက အဖေ့ရဲ့မေတ္တာကို ငတ်မွတ်နေခဲ့တော့ အဖေနဲ့အတူရှိနေရချိန်တွေက သူ့အတွက် အရမ်းကိုပျော်စရာကောင်းခဲ့ပါတယ်… ဘက်စ်ကားစားသောက်ဆိုင်လေးဖွင့်ဖို့ပြင်ဆင်ရင်း အဖေနဲ့ရင်းနှီးမှုတွေ ပိုလာနေတဲ့အချိန်မှာပဲ ရိုရှန်က အလုပ်သစ်ကမ်းလှမ်းခံခဲ့ရပါတော့တယ် ဒီအချိန်မှာ ရိုရှန်က သူ့ရဲ့သားလေးအနားမှာပဲနေမှာလား သူ့ရဲ့ဝါသနာအရင်းခံတဲ့အလုပ်ရှိရာဆီကိုပဲ ပြန်သွားမှာလားဆိုတာကိုတော့..ဇာတ်လမ်းလေးဆုံးသည်ထိ ခံစားပေးကြပါဦး.. မိဘနဲ့သားသမီးကြားသံယောဇဉ်မေတ္တာအကြောင်း အိမ်မက်နောက်ကို လိုက်ခဲ့လို့ခက်ခဲခဲ့ပေမယ့် အောင်မြင်ခဲ့တဲ့အကြောင်း သီချင်းလေးတွေရော အိန္ဒိယစားစရာလေးတွေနဲ့ပါ တင်ဆက်ပေးထားလို့ ကြည်နူးစရာဇာတ်ကားလေးပါလို့ ညွှန်းပေးပါရစေ….
“ဇာတ်လမ်းအညွှန်း” ဆယ်နာပသီ ဆိုတဲ့ ဩဇာကြီးတဲ့ ဒုစရိုက်သမားကြီးဟာဘုရားက အပြန်မှာ လူမိုက်တချို့ရဲ့ လုပ်ကြံခြင်းကိုခံလိုက်ရပါတယ်။ ဒီသတင်းကို ကြားတော့…သားသုံးယောက်ဖြစ်တဲ့ချန်နိုင်းရာဇာ “ဗာရာဒန် “၊ဒူဘိုင်းမှာ အခြေချနေကြတဲ့ သားလတ် “သီယာဂူ”၊သားငယ် “အီသီ”တို့ ရောက်လာကြပါတယ်။ ဖခင်ကို လုပ်ကြံသူအား လက်စားချေဖို့ပါ။ ဖခင်ဆုံးသွားရင် နေရာဆက်ခံဖို့လည်း ပါတာပေါ့။ ဖခင်ကတော့ ဘယ်သူလက်ချက်လဲဆိုတာသိတယ်တဲ့။ ဒါပေမဲ့ မပြောပြခဲ့ပါဘူး။ တနေ့မှာတော့ ဖခင်ဟာ အကြောင်းမဲ့ သေဆုံးသွားခဲ့ပါတယ်။အဲ့ဒီနေ့မှာပဲ သားတွေရဲ့ ဇနီးမယားတွေလည်းလုပ်ကြံခံရတယ်။ တရားခံက ဘယ်သူလဲ? ဒုစရိုက်လောက တစ်ခုလုံး ကြောက်ရတဲ့သူတို့ကို ဘယ်အဖွဲ့က လုပ်ကြံသလဲ? ဘာကြောင့်လုပ်ကြံလဲ ဆိုတာကို ကြည့်ရှုခံစားကြပါဦးဗျာ….။ —————————————- လူတွေရဲ့ အတွင်းစိတ်ဟာ အင်မတန်ကြောက်ဖို့ ကောင်းတယ် . . . ပိုပြီးကြောက်ဖို့ကောင်းတာက အပေါ်ယံဟန်ဆောင်ပြုံးပြပြီး နောက်ကျောကို ဓားနဲ့ ထိုးတဲ့သူတွေ။. . . သူတစ်လူ ငါတစ်မင်းဆိုတဲ့စကားရယ်ငဖြူသေရင် ငမည်းပေါ်လိမ့်မယ်ဆိုတဲ့စကားရယ်. . . ဒီဇာတ်ကားထဲက အဖြစ်အပျက်တွေဟာ ကွက်တိတွေ။ ဇာတ်လမ်းက ရိုးမလိုနဲ့ ဆန်းပြားပြီးကြည့်ရင်းနဲ့ ကြက်သီးထလောက်အောင်ကို လူ့စရိုက်တွေကို အော်ဂလီဆန်လာစေတာမျိုးပါ။ ဒီကားထဲမှာတော့ဂန်းစတားလောကရဲ့ လည်သူစားစတမ်းလှည့်ကွက်တွေကြားက သွေးသားတော်စပ်မှုကို ဘေးချိတ်ပြီး ကိုယ့်အတွက်ဆို ဘယ်သူ့ကိုမှ အရှင်မထားတတ်တဲ့ ရွံရှာဖွယ်ရာ စိတ်ဓာတ်တွေ၊ကိုယ့်မှာ ဇနီးသည်နဲ့ ကလေးတွေ ရှိနေပါလျက် ဖောက်ပြားတတ်တဲ့ ယောက်ျား၊ကိုယ့်ခေတ် ဘယ်လောက်ပဲ ကောင်းခဲ့ကောင်းခဲ့ ခြသေ့ၤမင်းပဲ ဖြစ်ခဲ့စေဦးအသက်အရွယ်ရလာချိန် အားမတန်လို့ မာန်လျှော့ရတဲ့ ဂိုဏ်းဂုရုကြီး တစ်ယောက်၊ဂန်းစတားတွေရဲ့ အပူသည် ဇနီးသည်တွေအကြောင်း စသဖြင့် ဇာတ်ရုပ် ဇာတ်ကွက် စုံလင်လှပါတယ်။ တမီးလ်မင်းသား ဗီဂျေးစည်သူပသီ၊အာရ်ဗင်းဆွာမိတို့နဲ့ အတူမြောက်ပိုင်းက ဘောလိဝုဒ်မင်းသမီး အာဒီတီးရိုဟိုက်ဒါရီ(Bhoomi 2017 ထဲက မင်းသမီး)တို့ အဓိက ပါဝင်ထားပါတယ်။ အကြမ်းဖျင်းအားဖြင့် ပြောရရင်ဂန်းစတားလောက အကြောင်းကိုရိုက်ထားတယ်လို့ ပြောလို့ ရပေမယ့်. . . တကယ့်တကယ်တော့လူ့သဘာဝကို လှလှပပ သရုပ်ဖော်ပြသွားတဲ့ ပညာပေး ဇာတ်ကားတစ်ကားသာ ဖြစ်ပါကြောင်း. . .။ ။
ဒီကားက ဇာတ်လမ်းဇာတ်ကွက်ဆန်းပြားသလို IMDbနဲ့RTကလည်း အမြင့်ဆုံးအနေအထားလောက်မှာရှိတယ်… လူသားတို့တွင် ကလေးမရနိုင်တော့သည်မှာ ၁၈ နှစ်ပင် ရှိပြီဖြစ်သည်။ ကမ္ဘာကြီးသည်လည်း ပြဿနာပေါင်းများစွာနှင့် ဖြစ်နေပြီး အင်္ဂလန်သို့ ရွှေ့ပြောင်းဝင်ရောက်လာသော ဒုက္ခသည်မှာလည်း အင်မတန်များနေသည်။ အင်္ဂလန်ကလည်း ဒုက္ခသည်များကို လက်မခံနိုင်၊ ရှိပြီးသား ဒုက္ခသည်များကိုလည်း ဖိနိပ်လေသည်။ ဖိနိပ်မှုကို မခံနိုင်သူများကလည်း တော်လှန်ရေးကြိုးစားနေကြသည်။ ထိုအချိန်တွင် ဒုက္ခသည် ကောင်မလေးတွင် ကိုယ်ဝန်ရှိလာသည်။ နေ့စေ့လစေ့။ ထိုကိုယ်ဝန်ကို နိုင်ငံရေးအရအသုံးချချင်သူများလည်း ရှိလာသည်။ ထိုသူများလက်မှ လွတ်ပြီး လုံခြုံရာသို့ ကိုယ်ဝန်သည်မလေး မည်သို့မည်ပုံ သွားမည်ဆိုသည်ကို စိတ်လှုပ်ရှားဖွယ် ခံစားလှည့်ပါဟု ရုပ်ရှင်ကြည့်ပရိသတ်ကို ဖိတ်ခေါ်အပ်ပါသည်။ ဒီကားထဲက အဓိက သရုပ်ဆောင်မင်းသားကြီး Clive Owen ကိုတော့ တော်တော်များများရင်းနှီးပြီးသားဖြစ်ပါလိမ့်မယ်…
ယန် ဂျီအန် ဆိုတဲ့လူငယ်လေးပြိုင်ပွဲတွေကိုအနိုင်ရဖို့အတွက်အလုပ်လုပ်ပြီးတော့ မြောက် အာဖရိက ကိုသွားပြီးလုပ်အားပေးကူညီတဲ့ တရုတ် အိုင်တီ အင်ဂျင်နီယာ တစ်ယောက်ပါ။တောင်နဲ့မြောက်ကြားမှာရှိတဲ့ဆက်သွယ်ရေးတွေကိုအနိုင်ရသူကပဲထိန်းချုပ်ခွင့်ရတယ်။ပြင်သစ် လျှို့ဝှက်စုံထောက် မိုက်ကယ် ကအနောက်ဘက်အတွက်အလုပ်လုပ်ပေးတယ်။မြောက်ဘက်ကိုသွားပြီးပြိုင်ပွဲတွေကိုအနိုင်ရဖို့အတွက်သူ့ရဲ့သူဌေးကအမိန့်ပေးခဲ့တယ်။ပြီးတော့သူတို့က အာဖရိက ရဲ့ကြီးမားတဲ့တွင်းထွက်ပစ္စည်းတွေကိုထိန်းချုပ်နိုင်တယ်။သူကကြေးစားနိုင်ငံခြားသားစစ်သား အာဖရိက မှာရှိတဲ့ လာဒါ လို့ခေါ်တဲ့လူနဲ့အရင်ဗိုလ်ချုပ် ကက်ဘား ကိုငှါးခဲ့ပြီးသူ့ကိုကူညီဖို့ခေါ်ခဲ့တယ်။ ယန် ကသူတို့တွေရဲ့လျှို့ဝှက်ပူးပေါင်းကြံစည်မှုတွေကိုစုံစမ်းခဲ့တယ်။အဲ့ဒီလူတွေကိုသူတစ်ယောက်ပဲတားဆီးလို့ရတယ်။…
with great power comes great responsibility’ဒီစကားစုနဲ့အားလုံးမစိမ်းပါဘူး ဒါပေမယ့်အဲ့လိုအစွမ်းတွေရလာတဲ့အခါလက်တွေ့ဆန်ဆန်စဉ်းစားလိုက်ရင် သင်ဟာဂေဟစနစ်ရဲ့အပေါ်ဆုံးနီးပါးကိုရောက်နေပါလိမ့်မယ် အဲ့လိုဆိုရင်တော့ဇာတ်လမ်းကမတူတော့ပါဘူး ဒီကားဟာပုံမှန်ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ရဲ့မတူတဲ့ဇာတ်လမ်းတစ်ခုပါပဲ အန်ဒရူးဟာကျောင်းမှာလုံးဝအရှုံးသမားဖြစ်သလို အိမ်မှာလည်းအဖေဖြစ်သူအရက်သမားအနိုင်ကျင့်ရသမျှခံနေရတဲ့ ဆယ်ကျော်သက်ကောင်လေးပါ သူ့မှာအသက်ရှင်နေရတဲ့အကြောင်းရင်းဆိုလို့အိပ်ယာထဲ ဗုန်းဗုန်းလဲနေတဲ့သူ့အမေသာရှိပါတယ် ဆေးဖိုးလည်းမတတ်နိုင်အတွက်ရောဂါကဆိုးသထက်သာဆိုးလာပါတော့တယ် အန်ဒရူးနဲ့သူ့ဝမ်းကွဲမတ်တ်နဲ့သူငယ်ချင်းစတိဗ်တို့ဟာ ရုတ်တရတ်မြေအောက်ကရေဒီယိုသတ္တိကြွအရာတစ်ခုကို ပါတီပွဲသွားရင်းတွေ့သွားတဲ့အခါမှာတော့… ကိုယ်ပိုင်အရှုံးသမားဘဝနဲ့စွမ်းအားတွေရောယှက်လာမိရင်း ဘယ်လောက်ထိပြသနာတွေတက်ကြမလဲဆိုတာ…
ဒီတစ်ခါ ပရိတ်သတ်ကြီးကို တင်ဆက်ပေးချင်တဲ့ ကားလေးကတော့ disney Cinderellaမဟုတ်တဲ့ မင်သားမင်းသမီးချောချောလေးတွေပါတဲ့ Cinderellaကားလေးပေါ့နော် ဒီကားလေးထဲမှာတော့ ကောင်မလေးဟာ သူ့အဖေဆုံးပြီးနောက်မှာ သူ့မိထွေးသားအမိနဲ့နေတယ် သူ့မိထွေးက သူတို့နေနေတဲ့အိမ်ကြီးကို ရောင်းဖို့ လုပ်နေတယ် သူ့မိထွေးက အိမ်ကြီးကို တကယ်ပဲရောင်းဖြစ်သွားလား သူတို့သားအမိသုံးယောက်က ကောင်မလေးကိုရော ဘယ်လိုတွေ ဆက်ဆံကြလဲ မင်းသားနဲ့ မင်းသမီးကရော ဘယ်လို တွေ့ကြလဲ မသိချင်ကြဖူးလား ဒီကားလေးက ကိုယ်တွေကြည့်ဖူးတဲ့disney Cinderellaနဲ့လည်း မတူတဲ့အပြင် ချစ်စရာလည်းကောင်းတာမလို့ အားလုံးပဲ ကြည့်ကြည့်ကြပါလို့ ပြောချင်ပါတယ်နော်
Valley of Tears 2020
Wu Assassins
War & Peace
Watchmen
Warrior Nun
When They See Us
Freakish
Treadstone
Truth Be Told
Unbelievable
Victoria
Watership Down
Drama, Horror, Mystery
ဒီဇာတ်ကားကတော့ crime ဆန်ဆန်အက်ရှင်ကားမှ ကြိုက်သူများအတွက်အကြိုက်တွေ့မယ့်ဇာတ်ကားဖြစ်ပါတယ်
မိုက်ဟာ အမည်ခံကုမ္ပဏီတည်ထောင်ပြီး စတော့ရှယ်ယာကစားတဲ့တရားမဝင်အလုပ်ကိုလုပ်ကိုင်တဲ့သူဖြစ်ပါတယ်
မိုက်ရဲ့လုပ်ကိုင်ပုံကျွမ်းကျင်မှုကြောင့် သူ့ရဲ့အလုပ်သူဌေးတွေသဘောကျခြင်းခံတဲ့သူပေါ့
တစ်နေ့မှာတော့ မိုက်ဟာအလုပ်ကိစ္စသွားရင်းလူသတ်မှုနဲ့ထောင်ချောက်ဆင်ခံလိုက်ရကာ ထောင်ကျခဲ့ရပါတယ်
မိုက်ရဲ့ဘဝဟာလုပ်ငန်းရှင်ထောင်ထွက်တစ်ယောက်ဘဝရာက်သွားရပါတော့တယ်
မိုက်တစ်ယောက်ဘာကြောင့်သူ့ကိုထောင်ချောက်ဆင်တယ်
ဘယ်သူကသူ့ကို ဒုက္ခပေးနေတယ်ဆိုတာကို လက်စားချေဖို့ လိုက်လံစုံစမ်းပါတော့တယ်
မိုက်တစ်ယောက်နောက်ဆုံးမှာသူ့ရဲ့ရန်သူတွေကိုအောင်အောင်မြင်မြင် လက်စားချေသွားနိုင်ပါ့မလားဆိုတာကို
ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုလိုက်ကြပါဦး
Thriller
Below Zero (2021)
===============
IMDb Rating – 6.3/10
CM ပရိသတ်ကြီး အကြိုက်တွေ့မယ့် Action, Crime ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။
မာတင်ဟာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာတတ်တဲ့ ရဲတစ်ဦးပါ။ တစ်နေ့ သူပြောင်းတဲ့ ရဲဌာနမှ
ပထမဆုံးတာ တာ၀န်အနေနဲ့ အကျဉ်းသားတွေကို နေရာပြောင်းရွှေ့တဲ့ တာ၀န်ကို ထမ်းဆောင်ရပါတော့
တယ်။ ဒီလိုနဲ့ပဲ မာတင်ဟာ သူအပါအ၀င် နောက်ထပ် ရဲ ၃ ယောက်နဲ့အတူ အကျဉ်းသား ၆ ယောက်ပါတဲ့
အချုပ်ကားကို မောင်းပြီး မြူဆိုင်းတဲ့ ညဘက်မှာ တာ၀န်ထမ်းဆောင်ရပါတော့တယ်။
ဒီလိုနဲ့ မောင်းလာရင်း လမ်းခုလတ်မှာ ကားဘီးကလည်းပေါက် အရံလိုက်လာတဲ့ ရဲနှစ်ယောက်ရဲ့ကားနဲ့လည်း
အဆက်ပြတ်သွားတဲ့အတွက် သူကိုယ်တိုင် မောင်းလာတဲ့ ကားပေါ်က ဆင်းကြည့်တဲ့အခါ ခြုံခိုတိုက်ခိုက်ခံ
နေရပြီဆိုတာ သိလိုက်ရပါတော့တယ်။ အရံပါလာတဲ့ ရဲ ၃ ယောက်ကလည်း ကျ အချုပ်ကားထဲက အကျဉ်း
သား ၆ ယောက်ကလည်း စပြီး ပုန်ကန် အပြင်ကရန်သူတွေက တစ်ဖက်နဲ့ မှောင်မဲပြီး လူသူကင်းတဲ့ လမ်းမပေါ်မှာ
မာတင်တစ်ယောက် ဘယ်လို နှစ်ပါးသွားမလဲဆိုတာကို စိတ်၀င်စားဖွယ် မြင်တွေ့ရမှာဖြစ်ပါတယ်။
မနေ့ကမှ ထွက်ရှိလာတဲ့ Action ကားသစ်ဖြစ်ပြီး IMDb Rating 6.3/10 ရရှိထားတဲ့ ကားကောင်း ကားသစ်
လေးဖြစ်ပါတယ်။
Action, Adventure, Crime
Krack(2021) အညွှန်း
******************
တီလူဂူးဇာတ်ကားလေးတွေကို မျှော်နေကြတဲ့ အိန္ဒိယတောင်ပိုင်းရုပ်ရှင် ပရိတ်သတ်တွေအတွက် မနေ့ကထွက်တဲ့
Ravi Teja နဲ့ Shruti Haasan တို့ရဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။
Krack ဆိုတဲ့အဓိပ္ပါယ်ကိုက သူတို့ဘာသာစကားမှာ “ခေါင်းမာတဲ့သူ”ပါ။
ဒီတော့ ဒီရုပ်ရှင်ထဲက အဓိကဇာတ်ကောင်ဖြစ်တဲ့ ဗီရားရှန်ကာဆိုတဲ့ ရဲအရာရှိဟာ မတရားမှုတွေကို
ကိုင်တွယ်ရာမှာ ကြမ်းတမ်းတယ် ၊ သက်ညှာမှုကင်းမဲ့တယ်။
ဘယ်အရာကိုမှ မကြောက်တတ်ဘဲ လုပ်စရာရှိတာကို ခေါင်းကြောမာမာနဲ့ တဇွတ်ထိုးလုပ်တတ်သူပေါ့။
ဇာတ်လမ်းအစအစမှာ ပြသွားတဲ့ သံတစ်ချောင်း ၊ ၅၀တန် အကြွေတစ်ရွက်နဲ့ သရက်သီးတစ်လုံးဟာ ဗီရားရှန်ကာကိုင်တွယ်ခဲ့တဲ့
ဒိတ်ဒိတ်ကြဲလူဆိုး လူရမ်းကားသုံးယောက်ကို ကိုယ်စားပြုတယ်ဆိုတာ ဇာတ်လမ်းအလယ်လောက်ရောက်မှ နားလည်မယ်။
တစ်ယောက်ချင်းစီကို ကိုယ်တွယ်ပုံဟာ ဒီဇာတ်လမ်းရဲ့ frame ဖြစ်ပြီး ၊
တောင်ပိုင်းရုပ်ရှင်အထွက်နည်းလှတဲ့ အခုလိုအချိန်မျိုးမှာ ရဲကားကောင်းကောင်းကြည့်လိုသူတွေအဖို့
ကျေနပ်ကြလိမ့်မယ်ထင်ပါတယ်။
Action, Thriller
Pirates of the Caribbean: On Stranger Tides(2011)[1080P5.1CH]
((((ဒီဇာတ်ကားတွေက ဘယ်အချိန်ပြန်ကြည့်ကြည့် မရိုးနိုင်တဲ့ စာရင်းထဲပါလေတော့ Pirates of the Caribbean ပရိတ်သတ်တွေအတွက် HEVC,1080P5.1CH,720Pြ ဖင့် ရသမြောက်စွာ
ခံစားနိုင်စေရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်))))
ဂျက်နဲ့ လူမှားပြီး ဂစ်ဘ်ကို ကြိုးပေးမယ့်အရေးမှာ ဝင်ကယ်ပေးလိုက်ရပြီးတဲ့နောက် တစ်ကိုယ်တည်းကောင်းစားနေတဲ့ ဘာဘိုဆာဆီ
ရောက်သွားကြပြန်တယ်။ ဒါပေမယ့် ဂစ်ဘ်ပဲကျန်ခဲ့ပြီး ဂျက်ကတော့ သူ အချစ်ဟောင်း အန်ဂျလီကာကောင်းမှုနဲ့
မုတ်ဆိတ်နက်ဆီရောက်သွားတဲ့နောက် စပိန်တွေက တပန်းသာနေတဲ့ ထာဝရသက်ရှည်ရေပန်းကို ရှာနိုင်ဖို့ စိုင်းပြင်းရပြန်တယ်…
Pirates of the Caribbean On Stranger Tides(2011)
Action, Adventure, Fantasy
Pirates of the Caribbean: At World’s End(2007)[1080p5.1ch]
IMDb…7.1
((((ဒီဇာတ်ကားတွေက ဘယ်အချိန်ပြန်ကြည့်ကြည့် မရိုးနိုင်တဲ့ စာရင်းထဲပါလေတော့ Pirates of the Caribbean ပရိတ်သတ်တွေအတွက် HEVC,1080P5.1CH,720Pြ ဖင့် ရသမြောက်စွာ
ခံစားနိုင်စေရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်))))
သူရဲကောင်းဆန်ဆန်နဲ့ ကရာကန်ကြီး ပါးစပ်ထဲ ဓားတစ်ချောင်းနဲ့ ဝင်ပြီး အားလုံးကို ပေးဆပ်သွားတဲ့နောက်တော့ ဝီလ်တန်နာနဲ့
အဲလိဇဘက်တို့နှစ်ယောက်သား ကပ္ပတိန် ဘာဘိုဆာနဲ့ ပူးပေါင်းပြီး ဂျက်ကို ဒေဗီဂျုန်းဆီကနေ လွတ်အောင် ကယ်ဖို့ ကြိုးစားရတော့တယ်။
ဒါပေမယ့် နှစ်ယောက်မရှိတဲ့ ဂျက်စပဲရိုးက သူ ဘာကောင်လဲဆိုတာကို ဂဏန်းတွေနဲ့ ပုလဲနက်နဲ့ ပြလိုက်တယ်
ဒေဗီဂျုန်းကိုလည်း လော့ဒ် ဘက်ကပ်တ်က ထိန်းချုပ်ထားပြီး ပင်လယ်ပြင်တခွင်တစ်ခုလုံးရဲ့ သင်္ဘောတွေအကုန်ကို
ဖျက်ဆီးခိုင်းတဲ့နောက်တော့ ဝီလ်၊ အဲလိဇဘက်နဲ့ ဘာဘိုဆာတို့နဲ့ အတူ ကပ္ပတိန် ဂျက်စပဲရိုးပါ တိုက်ပွဲထဲ ဝင်ပါလာရတော့တယ်…
Pirates of the Caribbean At World’s End(2007)
Action, Adventure, Fantasy
Space Jam (1996)
===============
မိုက်ကယ်ဂျော်ဒန်ဆိုတဲ့ ဘတ်စ်ကတ်ဘောဘုရင်ဟာ ငယ်စဉ်ကတည်းက ဖခင်ဖြစ်သူလိုမျိုး ဘေ့စ်ဘောကစားသမား ဖြစ်ချင်ခဲ့တာပါ။ သူအရွယ်ရောက်ပြီ ဘတ်စ်ကတ်ဘောအားကစားလောကမှာ အထွဋ်ထိပ်ထိ တက်လှမ်းပြီးသွားတဲ့နောက် ဘတ်စ်ကတ်ဘောလောကကနေ ရုတ်တရက်ရပ်နားပြီး ကလေးဘဝကဆန္ဒကို အကောင်အထည်ဖော်ဖို့ ဘေ့စ်ဘောလောကထဲကို ခြေစုံပစ်ဝင်လိုက်ပါတယ်။
ဘေ့စ်ဘောမှာအဆင်မပြေပေမယ့် ဘတ်စ်ကတ်ဘောဘုရင်ဖြစ်တဲ့သူ့ကို အဖွဲ့သားတွေကအပြစ်မမြင်ပေမယ့် ပရိတ်သတ်တွေနဲ့မီဒီယာကတော့ ကြိတ်မနိုင်ခံမရဖြစ်နေကြတာပေါ့။ ဒီအချိန်မှာ မိုရွန်တောင်ကဂြိုလ်သားတွေက ဝယ်သူတွေကိုဆွဲဆောင်ဖို့ Looney Tunesတစ်ဖွဲ့လုံးကို ဖမ်းဆီးဖို့လွှတ်လိုက်ပါတယ်။ သေးကွေးနှေးကွေးတဲ့ဒီဂြိုလ်သားတွေနဲ့ ဘတ်စ်ကတ်ဘောပြိုင်ဆော့ဖို့စိန်ခေါ်လိုက်ပြီးမှ ဂြိုလ်သားတွေဘာလို့ကြီးထွားကုန်တာလဲ။ သူတို့တွေကမိုက်ကယ်ကိုအကူအညီတောင်းတဲ့အခါ ဘေ့စ်ဘောကစားသမားဖြစ်နေတဲ့သူကရော ကူညီပါ့မလား။ Looney Tunesတစ်ဖွဲ့လုံးနဲ့အတူတူ မိုက်ကယ်ပါ ဂြိုလ်သားတွေရဲ့ အကျဉ်းသားဘဝရောက်သွားမလားဆိုတာကိုတော့… နာမည်ကျော်မိုက်ကယ်ဂျော်ဒန်ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားပြီး IMDb 6.4 ရထားတဲ့ ဒီကာတွန်းလေးက ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရွှင်မြူးစေမှာဖြစ်လို့ ကြည့်ရှုဖို့လက်တို့လိုက်ရပါတယ်။
Adventure, Animation, Comedy, Family, Science Fiction
Experimenter (2015)
ဒီကားက
ကျွန်တော်တို့ဟာ တစ်ခါတစ်ရံမှာ ကြိုးတွေကို တွေ့ကောင်းတွေ့နိုင်ပေမယ့်
သတိပြုမိတဲ့စိတ် ကသာလျှင် ကျွန်တော်တို့အတွက် လွတ်မြောက်ခြင်းရဲ့ ဦးဆုံးခြေလှမ်း ဖြစ်ရမှာပါ။”
IMDb – 6.6/10 ရရှိထားတဲ့ ကားကောင်းတစ်ကား ဖြစ်တာမို့ ကြည့်ရှုစေချင်ပါတယ်။
ဆု ၂ ဆု နဲ့ တစ်ကြို ၅ ကြိမ် ဝင်ခဲ့တဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။
Los Angeles Film Festival 2015 နဲ့ Political Film Society, USA 2015
တို့မှာ ဆု ရရှိခဲ့ပြီးတော့
တော့ နိုင်ငံရေးနဲ့ နှီးနွယ်တဲ့ စိတ်ပညာကို လေ့လာချင်တဲ့လူတွေ စိတ်ဝင်စားမယ့် ဇာတ်ကားကောင်းတစ်ကားပါပဲ။
တကယ့်အဖြစ်အပျက်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။
လူမှု စိတ်ပညာရှင် စတန်လေ မီလ်ဂရမ် ရဲ့ ၁၉၆၁ မီလ်ဂရမ် စမ်းသပ်ချက်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။
ဒီစမ်းသပ်ချက်ကတော့ လူတွေရဲ့နာခံမှု(Obedience) ကို စမ်းသပ်ချက်ပဲ ဖြစ်ပါတယ်။
လူစိမ်းနှစ်ယောက်ကို ခေါ်ပြီး တစ်ဘက်က သင်ယူသူ တစ်ဘက်က သင်ကြားသူအနေနဲ့ ထားပြီးတော့
မှားရင် လျှပ်စစ်ရှော့တိုက်တဲ့နည်းနဲ့ နာခံမှု ဘယ်လောက်ရှိတယ်ဆိုတာကို စမ်းသပ်တာပဲ ဖြစ်ပါတယ်။
ဒီတော့ ကျွန်တော်တို့ Obedience ကို သိပ္ပံနည်းကျကျ အချက်အလက်တွေနဲ့ လေ့လာကြည့်ရအောင်။
ကောင်းတာတစ်ခုကတော့ ဒါက ဇာတ်လမ်းသဘောဖြစ်နေတဲ့အတွက် လုံးဝ ပျင်းအိုင်သွားခြင်း မရှိတာပါပဲ။
မီလ်ဂရမ် ဟာ အခြားစမ်းသပ်ချက်တွေဖြစ်တဲ့ Small World Experiment နဲ့ Lost letter experiment တို့ကိုလည်း လုပ်ခဲ့ပါသေးတယ်။
“ကျွန်တော်တို့က ရုပ်သေးရုပ်တွေလို့ ခင်ဗျား ဆိုလို့ ရပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ဟာ အသိဉာဏ် နဲ့ သိတတ်နားလည်မှုတွေပါ ပါဝင်တဲ့ ရုပ်သေးရုပ်တွေပါလို့ ကျွန်တော်ကတော့ လက်ခံယုံကြည်ထားပါတယ်။
Biography, Drama, History
ဇာတ်လမ်းအကျဉ်း
ဒီဇာတ်ကားလေးကတော Song Joong Ki ရဲ့ ၂၀၂၁ ကမှအသစ်စက်စက်ထွက်ရှိထားတဲ့ Sci-Fic ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်
အနာဂတ်ကမ္ဘာကိုစိတ်ကူးယဉ်ပုံဖော်ထားတာဖြစ်လို့စိတ်ဝင်စားဖို့ကောင်းပြီး Setting ချပုံကအစထူးခြားတဲ့ကားလေးဖြစ်ပါတယ်
ကင်ထယ်ဟို (Song Join Ki) ဟာတစ်ချိန်တုန်းကအာကာသစောင့်ကြပ်သူတွေရဲ့ ကွန်မန်ဒါခေါင်းဆောင်ဖြစ်ခဲ့ပေမယ့်
အကြောင်းအမျိုးမျိုးကြောင့် လက်ရှိမှာတော့ရာထူးကချခံလိုက်ရပြီးအာကာသထဲလွင့်စင်သွားတဲ့
မွေးစားသမီးလေးကိုလိုက်ရှာနေတဲ့ဆင်းရဲသားတစ်ယောက်ဖြစ်နေပါတယ်
တစ်နေ့မှာတော့ ပေါက်ကွဲနိုင်တယ်လို့ကြေငြာထားတဲ့ နာနိုဘော့နည်းပညာသုံးကလေးပုံစံစက်ရုပ်လေးဟာ
ထယ်ဟိုဆီကိုရောက်လာပါတယ်ပိုက်ဆံလိုနေတဲ့ထယ်ဟိုကတော့ စက်ရုပ်ကိုအသုံးချပြီးငွေရအောင်
်ကြိုးစားပါတော့တယ် ဒါပေမယ့်စက်ရုပ်လို့ထင်ထားခဲ့တဲ့ကလေးလေးဟာလူသားတစ်ယောက်ဖြစ်နေတဲ့အခါမှာတော့
ထယ်ဟိုတစ်ယောက်ဘယ်လိုဆက်လုပ်သွားမလဲ
ကလေးမလေးနောက်ကွယ်မှာရောဘယ်လိုလျှို့ ဝှက်ချက်တွေရှိနေတာလဲဆိုတာကို
ဇာတ်လမ်းထဲမှာဆက်လက်ရှုစားလိုက်ကြပါဦး
Action, Adventure, Drama
ဒီတစ်ခေါက် Netflix မှာအသစ်ထွက်ရှိလာတဲ့ တရုတ်သိုင်းကားဆန်ဆန်ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးချင်ပါတယ်
ဒီဇာတ်ကားက တရုတ်ပြည်ကမိုဘိုင်းဂိမ်းတစ်ခုကိုအခြေခံပြီးရိုက်ကူးထားတာလို့လည်းသိရှိရပါတယ်
effectတွေလည်းကောင်းကောင်းသုံးထားပြီးတော့ ကြည့်ရတာ တကယ်မိုက်မယ့်ဇာတ်ကားကောင်းတစ်ကားပါ
ဇာတ်လမ်းအကျဉ်းချုပ်ကတော့ မကောင်းဆိုးဝါးမြွေဆိုးကိုနှိမ်နင်းဖို့အတွက် ကျင်မင်ဆိုတဲ့ဘုန်းတော်ကြီးက မြို့တော်ကိုလာခဲ့ပါတယ်
မြွေဆိုးရဲ့အရိပ်တွေက ခဏခဏ လူတွေကြားထဲကိုထွက်လာလေ့ရှိပါတယ်
တကယ့်ခန္ဓာကိုယ်အစစ်ကတော့ ဘုရင်မကြီးရဲ့ခန္ဓာကိုယ်ထဲမှာ ထိန်းသိမ်းထားတာပါ
ဒီလိုအန္တရာယ်ကျရောက်လာပြီဆိုရင် ဂိုဏ်းကြီးလေးဂိုဏ်းကဆရာလေးဆူ စုပြီးတော့ မြွေဆိုးကိုနှိမ်နင်းရပါတယ်
ဒါပေမယ့် ဒီတစ်ခေါက်မှာတော့ မြွေဆိုးရဲ့ခန္ဓာကိုယ်အစစ်ထွက်လာတော့မှာပါ
ဒါကို ဆရာတွေဘယ်လိုကာကွယ်ကြမလဲဆိုတာ ရင်ခုန်ဖွယ်ကြည့်ရူရမယ့် ဇာတ်ကားကောင်းတစ်ကားပါ
တရုတ်သိုင်းကားတွေနှစ်သက်သူအတွက်တော့ ကြည့်သင့်တဲ့ကားကောင်းတစ်ကားဖြစ်လို့ ညွှန်းပေးလိုက်ရပါတယ်
The Yin Yang Master Dream of Eternity (2021)
Action, Drama, Fantasy
Agent Revelation 2021 ကတော့ Action/Sci-fic/Thriller ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ IMDb rating ကတော့ 6.2/10 ရထားပါတယ် ။
ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် ကင်နီယန်းလို့ခေါ်တဲ့ ဂြိုဟ်သားမျိုးနွယ်ဟာလူသားတွေကို အက်ရှ်(Ash) ဆိုတဲ့စွမ်းအင်တစ်မျိုးကိုအသုံးချပြီးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကထိန်းချုပ်လာခဲ့တာပါ၊၊ ဒါပေမဲ့ လူသားတွေရဲ့ လောဘကို သဘောပေါက်သွားတဲ့ ဂြိုလ်သားတွေဟာ အက်ရှ်စွမ်းအင်ကို မသုံးပဲ လောဘတရားတွေနဲ့သာ လူသားတွေကို ထိန်းချုပ်ခဲ့ပါတယ်။ ကမ္ဘာပေါ်က အက်ရှ်စွမ်းအင်သွေးနှောသူတွေကိုအကုန်ရှင်းခဲ့ကြပါတယ်။ မတော်တဆဖြစ်ရပ်တစ်ခုကြောင့် ကမ္ဘာပေါ်မှာဖွက်ထားတဲ့ အက်ရှ် စွမ်းအင်တွေထွက်လာပြီးတော့
ဂျင်မ်တို့သူငယ်ချင်းတွေကိုထိန်းချုပ်ခံလိုက်ရတယ်၊၊ အက်ရှ်ကြောင့် သူ့ငယ်ချင်းတွေကို ဆုံးရှံးခဲ့ရတဲ့ ဂျင်မ် ဟာ သူကိုယ်တိုင်တော့ အက်ရှ်ကြောင့် ဘာမှမဖြစ်ခဲ့ပါဘူး ။ အက်ရှ်ရဲ့စွမ်းအင်တွေဟာ သူ့ကိုယ်ထဲစီးဝင်ပြီး သူ့အသွေးအသားနဲ့ တစ်သားထဲ ဖြစ်ပြီး ဂျင်မ်ဟာစွမ်းအားတွေပိုင်ဆိုင်လာခဲ့ပါတယ်။
ကမ္ဘာပေါ်ကိုဂြိုဟ်သားတွေ ကြီးစိုးထိန်းချုပ်လာမှာကိုကာကွယ်နေတဲ့လျို့ဝှက်အဖွဲ့အစည်းကတော့ ဂျင်မ် ကဘာကြောင့် အက်ရှ်ရဲ့ ထိန်းချုပ်ခြင်းမခံရတာလဲဆိုတာကိုစမ်းသပ်ရှာဖွေရင်းနဲ့ ဘာတွေ ဘယ်လိုတွေဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။
Action, Science Fiction, Thriller
ဒီတစ်ခေါက်တင်ဆက်ပေးချင်တဲ့ဇာတ်ကားကတော့ အင်ဒိုနီးရှားဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်နော်
အင်ဒိုနီးရှားနိုင်ငံမှာ သိုင်းအားကစားတစ်ခုရှိပါတယ် လုံချည်တစ်ကွင်းထဲမှာလူနှစ်ယောက်ဝင်ပြီး
သိုင်းချတဲ့ ဆာရွန်သိုင်းချနည်းလို့ခေါ်တဲ့အားကစားတစ်ခုပါ ဒီကားမှာတော့ သိုင်းအားကစားနည်းကိုအခြေခံပြီး
ရိုက်ကူးထားတဲ့ဇာတ်ကားကောင်းပါ
ဇာတ်လမ်းကတော့ ဒန်နီက ဂျာကာတာက ဆိုးသွမ်းတဲ့သူဌေးသားတစ်ယောက်ပါ
သူ့အမေက သူ့ကိုလိမ္မာလာအောင် မာကာစတာမြို့ကိုပို့လိုက်ပါတယ်
ဆာရွန်သိုင်းအားကစားက အဲဒီမြို့မှာပိုပြီးတော့ထင်ရှားနေတဲ့အချိန်ပေါ့ ဒန်နီက တန်ရီဆိုတဲ့ကောင်မလေးနဲ့တွေ့ခဲ့ပြီး
တန်ရီကိုတော့ ဆာရွန်သိုင်းချန်ပီယံတစ်ယောက်က အတင်းလိုက်ကြိုက်နေတာပါ
ဒီလိုနဲ့ ဒန်နီနဲ့ ဆာရွန်သိုင်းချန်ပီယံတို့ ပြဿနာတတ်ကြပါတော့တယ် ဒါကြောင့် ဒန်နီက ဆာရွန်သိုင်းသင်ပါတော့တယ်
ဘယ်လိုတွေဆက်ဖြစ်ကြမလဲကတော့ ဆက်ကြည့်လိုက်ကြပါတော့…………………
အရင်တုန်းက ကရာတေးဇာတ်ကားကောင်းတွေကြိုက်နှစ်ခြိုက်သူတွေ
ဒီဇာတ်ကားလေးကိုလည်း ကြိုက်မယ်လို့မျှော်လင့်တာမို့ ကြည့်သင့်တဲ့ကားလေးအဖြစ် ညွှန်းပေးလိုက်ရပါတယ်
Action, Adventure, Drama
ဒီဇာတ်ကားကတော့ လူငယ်တွေ ငယ်တုန်းမှာ လမ်းမှားရောက်တတ်ကြောင်းကို
ပညာပေးရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်
၂၀၁၂ကထွက်ခဲ့တာဖြစ်ပြီး ဟောင်းပေမယ့်ကောင်းသေးတဲ့ဇာတ်ကားတစ်ကားလို့ပြောလို့ရပါတယ်
ဇာတ်လမ်းအကျဉ်းချုပ်ကတော့ ကျင်ဟွာဆိုတဲ့ ၁၇နှစ်အရွယ်ကောင်လေးက မဟုတ်မခံစိတ်ဓာတ်ရှိပြီး
ရန်ပွဲတွေမှာလည်းဝင်ပါလေ့ရှိပါတယ် တစ်နေ့ လူရိုက်မိပြီး လူငယ်ထိန်းသိမ်းရေးကျောင်းကို ၆လသွားနေခဲ့ရပါသေးတယ်
ပြန်ထွက်လာတော့ သူ့အမေက သူ့ကိုဘဝသစ်စစေချင်ပါတယ် ဒီလိုဘဝသစ်စဖို့ကြိုးစားမယ်ဆိုပြီး
သူက စာမေးပွဲပြန်ဖြေဖို့လုပ်ပါတော့တယ် ဒါပေမယ့် အပေါင်းအသင်းကြောင့်မို့လို့ ဂိုဏ်းတစ်ခုထဲကို ဝင်မိသွားပါတယ်
ထို့နောက် သူ့ရဲ့ဘဝသစ်စမယ့်အစီအစဉ်က မအောင်မြင်ခဲ့ဘူးဆိုပါတော့
သူဘယ်လိုပြဿနာတွေကြားထဲကိုရောက်သွားမယ်ဆိုတာ
ပညာပေးရိုက်ကူးထားတဲ့ကားကောင်းလေးဖြစ်လို့ ညွှန်ပေးလိုက်ရပါတယ်
drama အမျိုးအစားဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်
Action, Crime
ဒီတစ်ခါတော့ IMDb rating 7.1/10အထိရရှိထားတဲ့ Crime, Dramaအမျိုးအစား ရုပ်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဇာတ်လမ်းအကျဥ်းကတော့ ဂျိုဝီဆိုတဲ့ ကြေးစားလူသတ်သမားတစ်ယောက်ဟာ လူသတ်တဲ့နေရာမှာ လက်ယဥ်ပြီးကျွမ်းကျင်ပါတယ်။ တစ်နေ့မှာတော့ သူ့ကိုအပ်ထားတဲ့ အလုပ်တစ်ခုကိုကိုင်တွယ်နေတုန်း သူလူသတ်လိုက်တာကို သေဆုံးသူရဲ့လက်ထောက်ဖြစ်သူကောင်မလေး မြင်သွားပါတယ်။ သူကလည်း မလှုပ်ရှားခင်ကတည်းက ပစ်မှတ်အခြေအနေကိုလေ့လာရင်း အဲဒီကောင်မလေးကိုမြင်မြင်ချင်း ကြွေမိနေတာပါ။ ပုံမှန်ဆိုရင် မျက်မြင်သက်သေကိုပါ လက်စဖျောက်ရမှာဆိုပေမဲ့ သူ့ခံစားချက်ကိုမထိန်းချုပ်နိုင်တဲ့ ဂျိုဝီတစ်ယောက် ကောင်မလေးကိုဖမ်းပြီး သူ့အိမ်ခေါ်လာပါတယ်။ ပြီးတော့ သူ့အိမ်မှာဘဲမသတ်ရက်လို့ ဆက်ဖမ်းထားပါတယ်။
လူသတ်သမားနဲ့ မျက်မြင်သက်သေကြားက ထူးခြားတဲ့အချစ်ပုံစံကရော ဘယ်လိုဖြစ်မလဲ။ သာမန်အချစ်ဇာတ်လမ်းနဲ့ ထူးထူးခြားခြားကွဲပြားနေပြီးတော့ သူတို့ကြားကဆက်ဆံရေးက ညင်သာမှုတွေ၊ မယုံကြည်မှုတွေနဲ့ပြည့်နှက်နေပြီး သူတို့ဘဝတွေကို ဘယ်လိုပုံစံရိုက်ခတ်သွားမလဲ။ ဇာတ်လမ်းလေးက အလောတကြီးမဟုတ်ဘဲ ပုံမှန်လေးဇာတ်ရှိန်တက်သွားပြီး အဝေးကြီးထိကြိုမမြင်နိုင်တဲ့ လှည့်ကွက်လေးတွေနဲ့ရိုက်ကူးထားတာကြောင့် ကြည့်လို့ကောင်းတဲ့ကားလေးပါပဲ။
Crime
ဒီဇာတ်ကားကတော့ ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ အိန္ဒိယအက်ရှင်ကားတစ်ကားဖြစ်ပါတယ်။
မင်းသား အာဂျေးလ်ဒေ့ဂမ်၊ အနီးလ်ကပူးရ်၊ မင်းသမီးကန်ဂနာရာနွတ်တို့ ပါဝင်သရုပ်ဆောင်ထားပါတဲ့
ရထား ဗုံးထောင်ပြီး ခြိမ်းခြောက်ငွေတောင်းတဲ့ ကားလေးပါ။
မင်းသားအာဂျေးလ်က အိန္ဒိယကနေ လန်ဒန်ကို အလုပ်လာလုပ်တဲ့အင်ဂျင်နီယာတစ်ယောက်ပါ..
ဘဝတူရွေ့ပြောင်းလုပ်သားတွေရဲ့ဘဝကို ကူညီကယ်ဆယ်ဖို့ ကြိုးစားရင်း.. သူကိုယ်တိုင်လည်း အဖမ်းခံ.. နှင်ထုတ်ခံခဲ့ရပါတယ်။
ချစ်ရတဲ့ မိသားစုကို လန်ဒန်မှာထားရစ်ခဲ့ရပြီး တစ်ကွဲတစ်ပြားဖြစ်ခဲ့ရတဲ့အတွက် လက်စားချေဖို့
လန်ဒန်ကိုရအောင် ပြန်လာခဲ့ပါတယ်။ ပြီးတော့ ရထားပေါ်မှာ ဗုံးထောင်ပြီး ခြိမ်းခြောက်ငွေတောင်းခံမှုတွေ
လုပ်ခဲ့ရာက ဒီဇာတ်လမ်း ဖြစ်ပေါ်လာခဲ့တာပါ။
တောင်းတဲ့ငွေတွေ ရမှာလား.. ခရီးသည်တွေရဲ့ အသက်အန္တရာယ်က
ဘယ်လို ကယ်ထုတ်မှာလဲ စိတ်ဝင်စားဖွယ်၊ ကြည့်ရှုအားပေးလိုက်ပါဦး
Action, bollywood, Crime, Drama