500) Days of Summer ဆိုတဲ့ ရုပ်ရှင်ကားဟာ ပရိသတ်တော်တော်များများ သိပြီးသားဖြစ်တဲ့ 2009 ခုနှစ်ရဲ့Sleeper Hit Movie ဖြစ်လာတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ ကျွန်တော်တို့လို အသည်းကွဲခဲ့ဖူးတဲ့ ယောင်္ကျားလေးတွေအတွက်တော့ ဒီဇာတ်ကားလေးဟာ ခံစားချက်တွေ တိုက်ဆိုင်နိူင်ပြီး ခံစားမှုအပြည့်ကို ပေးနိူင်ပါတယ်။ ကျွန်တောိ ဒီဇာတ်ကားကိုကြည့်ပြီး မငိုခဲ့ပါဘူး။ ဒါပေမဲ့ တော်တော်ခံစားခဲ့ရပါတယ်။ ခံစားချက်မျိုးစုံ နဲ့ခံစားခဲ့ရတာကြောင့် ဘာကြောင့် ခံစားခဲ့ရတာလဲ ဆိုတာတောင် မသိခဲ့ရပါဘူး။ဘာကြောင့် ကျွန်တော် ထိုရုပ်ရှင်ကို အရမ်းနှစ်သက်ရပါသလဲ?
ကျွန်တော် စောစောက ပြောခဲ့သလိုပဲ။ အချစ်ကားတွေသည် အမျိုးသမီးတွေအကြိုက်ဖြစ်အောင် အမျိုးသမီးတွေရဲ့အမြင်တွေဘက်ကပဲ ရိုက်ပြခဲ့ကြသည်။ ကျွန်တော်တို့လို အမျိူးသားတွေ ဘက်ကကြတော့ ဘာကြောင့် မတင်ပြခဲ့ကြတာလည်း။ ဒါမေးခွန်းကို တော်လှန်ခဲ့တဲ့ သာမာန်အချစ်ကားတွေရဲ့ရေးစီးကြောင်းကို တော်လှန်ခဲ့တဲ့ တစ်ကားတည်းသော ကျွန်တော်ကြည့်ဖူးသော အချစ်ရုပ်ရှင်သည် (500) Days of Summer ပင်ဖြစ်သည်။ ထိုအချက်သည် ထိုရုပ်ရှင်ကို နှစ်သက်မိတဲ့ ပထမဆုံးသော အချက်ပင်ဖြစ်သည်။ မိန်းကလေးတွေသည် အချစ်ကို စိတ်ကူးပိုယဉ်တတ်ကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ယောင်္ကျားလေးတွေက အချစ်ကို ပိုခံစားတတ်ကြပါတယ်။ထိုရုပ်ရှင်ထဲက Tom ဆိုသော လူငယ်လေးရဲ့ ဇာတ်ကောင်ကို ကျွန်တော်ကြည့်နေရင်း ကျွန်တော့်ကိုယ် ကျွန်တော် ပြန်မြင်ယောင်လာမိတယ်။ ကျွန်တော့်ဘဝရဲ့အဖြစ်အပျက်တစ်ခုကို ကျွန်တော်ပြန်မြင်ယောင် လာမိတယ်။ ကျွန်တော် Summer ဆိုသော မိန်းကလေးတစ်ယောက်နှင့် ဘဝတွင် တွေ့ဆုံခဲ့ဖူးပါတယ်။ ဒါဆိုရင် ခံစားချက်ခြင်း တူညီတယ်ဆိုသော ခေါင်းစဉ်နဲ့ဒီရုပ်ရှင်နှစ်သက်မိတဲ့ ဒုတိယ အချက်ပင်ဖြစ်ပါတယ်။တတိယ အချက်ကို ပြောကြည့်ရအောင်။ ဒီကားသည် သာမာန်ရုပ်ရှင်တွေလို တင်ဆက်ထားခြင်းမဟုတ်။ 99% သော အချစ်ကားတိုင်းသည် Timeline ကို Linear Style ဖြင့် တင်ပြလေ့ရှိသည်။ ဘာကြောင့်လဲ? တင်ပြရတာ လွယ်ကူတာကိုး။ ဒါပေမဲ့ (500) Days of Summer ကတော့ ဇာတ်ကြောင်းပြောပြချက်ကို Non-Linear Storytelling Style ဖြင့် တင်ပြထားတယ်။ ဒီအချက်က ပေါ့ပျက်ပျက်ကြည့်ရင် ရုပ်ရှင်ကို ရှုပ်ထွေးသွားစေပေမဲ့ သေသေချာချာ စိတ်ဝင်စားစွာ ကြည့်ပါက ရုပ်ရှင် ဇာတ်ကြောင်းကို ပိုမိုလွယ်ကူစွာ နားလည်စေခဲ့တယ်။ ဇာတ်ညွှန်းသည် အလွန်ကို Smart ဖြစ်လွန်းသော ဇာတ်ညွှန်း။ ကျွန်တော် အကြိုက်ဆုံး ဇာတ်ညွှန်း။ ဘာကြောင့် non-linear နဲ့တင်ပြခဲ့သလဲလို့ဆိုရင် အတိတ်နဲ့ပစ္စပ္ပန် ကို ယှဉ်ပြချင်တဲ့ သဘော။ ဟိုး တစ်ချိန်က ဒီလို ဖြစ်ခဲ့ပေမဲ့ ယခုအခါ ထိုကဲ့သို့သော မဟုတ်။ ပြောင်းလဲတတ်တဲ့ လူသားတွေရဲ့ဖြစ်စဉ်တွေကို မြင်သာစေခဲ့တယ်။ ထို့အပြင် ထို Timeline နှစ်ခု အမြဲ ယှဉ်ပြချက်များသည် Tom ရဲ့ခံစားချက်တွေကို ကျွန်တော်တို့ပို၍ မြင်သာစေခဲ့တယ်။ ဒါက တတိယ အချက်။နောက်တစ်ချက်က ဇာတ်ကောင်များ။ ဇာတ်ရံများကို ကျွန်တော် မပြောလို။ ဒါပေမဲ့ Tom နဲ့Summer တို့အကြောင်းကို တော့ ကျွန်တော် ပြောချင်ပါတယ်။ ပြောရမယ်ဆိုရင် ဇာတ်လမ်းကို ပြောင်းလဲပစ်စေခဲ့တဲ့ Character Developments တွေ တွေ့ခဲ့ရတယ်။ ဒီအချက်တွေကပဲ ရုပ်ရှင်ရဲ့ပင်မပဲဖြစ်တယ်။ Summer သည် အချစ်ကို မယုံကြည်ခဲ့သူ။ အချစ်ဆိုတာ လက်တွေ့လောကတွင် မရှိ။ စိတ်ကူးယဉ် Fantasy သက်သက်ပဲဟု ငယ်ရွယ်စဉ်က အိမ်ထောင်ရေး အဆင်မပြေဖြစ်ခဲ့သော သူမရဲ့မိဘနှစ်ပါးကို ကြည့်ပြီး အချစ်ကိုထိုကဲ့သို့သတ်မှတ်ခဲ့သူ။ Tom ကတော့ သူမနှင့် ဆန့်ကျင်ဘက်။ ငယ်ရွယ်စဉ် ကလေးဘဝတုန်းက British Pop Songs တွေနဲ့ရုပ်ရှင်တွေကို ကြည့်ပြီး အချစ်စစ်ဆိုသော အရာကို ယုံကြည်သူတစ်ဦး။ ဒါပေမဲ့ လောကမှာ သိတဲ့အတိုင်း အရာအားလုံးဟာ ပြောင်းလဲတတ်တဲ့ သဘောသဘာဝရှိသည့် အားလျော်စွာ သူတို့နှစ်ယောက်ရဲ့ဇာတ်ကောင်စရိုက် ပြောင်းလဲမှုသည် ဇာတ်လမ်းကို ပို၍ အားသာစေခဲ့ပြန်သည်။ Summer ကို ကျွန်တော် မမုန်း။ သူမသည် လက်တွေ့ဆန်သော မိန်းကလေးတစ်ဦး။ သူမသည် အေးစက်သော နှလုံးသား ပိုင်ရှင် မိန်းကလေးတစ်ဦးဖြစ်ခဲ့ပေမဲ့ သူမသည် Tom ကို ဘယ်တုန်းကမှ လိမ်လည်လှည့်ဖြားခဲ့သောသူ မဟုတ်ခဲ့။ ရိုးသားသော သူတစ်ယောက် ဖြစ်ခဲ့သည်။ Tom ကိုလည်း ကျွန်တော်မမုန်း။ သူသည် ကျွန်တော့်ရဲ့ဆင်တူ Fictional Character တစ်ဦး။ ဒါသည် စတုတ္ထအချက်။ပဉ္စမအချက်ကို ပြောရမည်ဆိုရင် ဇာတ်လမ်းမှာ သူတို့ပြောသွားကြတဲ့ စကားတွေ။ အပြင်လောက နဲ့အရမ်းကို စက်နွယ်နေသော အကြောင်းအရာ ဖြစ်ရပ်မှန်တွေကို လှပ၍ ထိမိသော စကားလုံးများဖြင့် တန်ဆာဆင်ကာ ပြောဆိုသွားခဲ့ကြသည်။ ထိုစကားလုံးတွေနှင့်ပဲ ကျွန်တော်ရယ်မောခဲ့ရသည်။ ထိုစကားလုံးတွေနဲ့ပဲ ကျွန်တော် တစ်ကိုယ်တည်း သဘောတူ၍ ခေါင်းတွေ ငြိမ့်ခဲ့ရသည်။ ထို့အပြင် ထိုစကားလုံးတွေနဲ့ပဲ တစ်ကိုယ်တည်း ငိုကြွေးခဲ့ရသည်။ဥပမာ… “Some people are meant to fall in love with each other, but not meant to be together.” ဆိုတဲ့ စာသားလေးသည် ရင်ကို ခွဲကာ နှလုံးသားကို ဆောက်နဲ့ထွင်းခံရသလို့အောင့်သက်သက်ဖြစ်သေခဲ့တယ်။“I need to know that you’re not gonna wake up in the morning and feel differently.” ဒါကိုလည်း စဉ်းစားကြည့်မယ်ဆိုရင် သူ့ကို အချစ်စစ်နဲ့မချစ်ဘူးဆိုတာကို သိတဲ့ Tom က သိသိရက်နဲ့မသေချာတတ်တဲ့ အနာဂတ်နဲ့ပြောင်းလဲတတ်တဲ့ လူသားတွေရဲ့စရိုက်ကို သိသောကြောင့် သေချာအောင် မေးခဲ့တဲ့ အမေးလေး တစ်ခု။“Either she’s an evil, emotionless, miserable human being, or she’s a robot.” မည်မျျလောက် အသည်းကွဲကာ နာကျည်းနေသလဲဆိုတဲ့ ခံစားချက်တွေ။“Do you ever do this, you think back on all the times you’ve had with someone and you just replay it in your head over and over again and you look for those first signs of trouble?” ဒီစကားလေးကတော့ Relationship တစ်ခုမှ ရှိနေတဲ့ ယောင်္ကျားလေးတိုင်းရဲ့ စဉ်ဆက်မပြတ် မေးမြန်းနေတဲ့ မေးခွန်းလေးတစ်ခု။ မိမိနဲ့ပတ်သက်ပြီး တစ်ဘက်လူရဲ့ပြောင်းလဲလာတဲ့ ဆက်ဆံမှုတွေကို ကြုံတွေ့လာရတဲ့ အခါ ကျွန်တော်တို့တွေ အမြဲ ထိုကဲ့သို့လုပ်လေ့ရှိတတ်ကြပါတယ်။” Just because she likes the same bizzaro crap you do doesn’t mean she’s your soul mate.” ဒီစကားကို Tom ရဲ့ half younger sister က Tom ကို အမှန်တရားကို မြင်စေတဲ့ ရုတ်တရက် ပြောလိုက်တဲ့ စကား။ အရမ်းမှန်တယ်။ ကျွန်တော်တို့တွေ ငယ်စဉ်က ” ဟာ.. ဒီကောင်မလေးနဲ့ငါနဲ့အရာအားလုံးနီးပါး အကြိုက်ချင်းတူတယ်။ ငါတို့တွေ တစ်နေ့မှာ ရည်းစားဖြစ်ကြလိမ့်မယ်ဆိုပြီး ကိုယ့်ရဲ့Crush နဲ့ ကိုယ် အကြိုက်ချင်းတူရင် တွေးမိတဲ့ စိတ်ကူးလေးတွေပါ။ တစ်ကယ်တော့ ထိုအရာဟာ ဟာသပျက်လုံးတစ်ခုသာသာပါပဲ။“I don’t want to get over her. I want to get her back.” Tom ရဲ့ မောျ်လင့်ချက်နဲ့ရှင်သန်ပုံကို သူ့ရဲ့စကားတွေကနေပြီး ကျွန်တော်တို့ဝိုင်းခံစားပေးခဲ့ကြတယ်။ တစ်ခါတစ်ရံ ကျွန်တော်တို့ချစ်သူတွေနဲ့ပြတ်စဲသွားပြီးကြတဲ့အခါ ယောင်္ကျားလေး အများစုဟာ ထို မိန်းကလေးတွေကို တော်ရုံနဲ့မမေ့နိုင်ကြပါဘူး။ ဝေးကွာသွားမှ ပို၍ တမ်းတလာတတ် ကြ ပါတယ်။ ဒါကြောင့် ထိုမိန်းကလေးတွေကို ပြန်လည် ရရှိအောင် ကြိုးစားတတ်ကြပြန်ပါတယ်။“Look, I know you think she was the one, but I don’t. Now, I think you’re just remembering the good stuff. Next time you look back, I, uh, I really think you should look again.” ဒီစကားလေးကိုလည်း ထိုကလေးမလေးက Tom ကို အားပေးတဲ့ စကားပြောခဲ့တာပါပဲ။ ကျွန်တော် အကြိုက်ဆုံးစကားတွေမှာ ဒီစကားလေး ပါဝင်နေတယ်။ တစ်ခါတစ်ရံ ကျွန်တော်တို့မိမိကို ထားသွားတဲ့ ချစ်သူတွေကို တမ်းတနေမိတဲ့အခါ သူတို့ရဲ့ကောင်းကွက်တွေကိုပဲ ရွေးပြီးစဉ်းစားမိနေလု့ိ ကျွန်တော်တို့လူသားတွေ ခံစားနေ အသည်းကွဲနေရတာပါ။ တစ်ကယ်လို့သာ ဖြစ်ရပ်တွေ အကုန်လုံးသာ ကျွန်တော်တို့ပြန်မြင်ယောင် စဉ်းစားခြင်းဟာ ထိုထားသွားတဲ့ လူတွေကို မေ့ပျောက်နိုင်ဆုံး ဖြေဆေးတစ်ခုပါပဲ။“Robin is better than the girl of my dreams. She’s real.” ဒီစကားသည် မှန်သလားဆိုရင် အရမ်းမှန်တယ်။ မိမိစိတ်ကူးထဲက ဖြစ်ချင်တဲ့ မိန်းကလေးတွေထက် မိမိနဲ့ယခုချစ်သူဖြစ်နေတဲ့ မိန်းကလေးက ပို၍ သာပါတယ်။ ဟုတ်တယ်လေ။ သူမက စိတ်ကူးထဲက မဟုတ်ပဲ ပြင်ပလောကမှာ ရှိနေသည့်အတွက်။ တွေးကြည့်လေ နားလည်လာစေပဲ။“I love us.” ဒီစာသားလေးက မိမိကိုယ်ကို ချစ်ခြင်းလည်း မဟုတ်။ မိမိရဲ့ကောင်မလေးကိုချစ်ခြင်းလည်း မဟုတ်။ မိမိတို့နှစ်ဦးအတူတကွ ရှိနေခြင်း မိမိတို့နှစ်ယောက်ရဲ့အချစ်ကို ချစ်မြတ်နိုးခြင်းဆိုတာကို အရိုးရှင်းဆုံးနဲ့အလှပဆုံး အဓိပ္ပာယ် ဖွင့်ဆိုခဲ့တယ်။“So, what if I’d gone to the movies? What if I had gone somewhere else for lunch? What if I’d gotten there 10 minutes later? It was – it was meant to be. And… I just kept thinking… Tom was right.” အချစ်ဆိုတာ ဖူးစာဆိုတာ ရှိတယ်ဆိုတဲ့ စကားကို ပြောကြားသွားခဲ့တဲ့ Summer ရဲ့ပြောင်းလဲသွားခဲ့တဲ့ အမြင်ကို သူမ ပြောကြားသွားခဲ့တဲ့ စကားလေးတစ်ခွန်း။” Most days of the year are unremarkable. They begin, and they end, with no lasting memories made in between. Most days have no impact on the course of a life. May 23rd was a Wednesday.”
“Tom walked to her apartment, intoxicated by the promise of the evening. He believed that this time his expectations would align with reality…”“There’s only two kinds of people in the world. There’s women, and there’s men. Summer Finn was a woman.”“If Tom had learned anything… it was that you can’t ascribe great cosmic significance to a simple earthly event. Coincidence, that’s all anything ever is, nothing more than coincidence… Tom had finally learned, there are no miracles. There’s no such thing as fate, nothing is meant to be. He knew, he was sure of it now.”ဒါတွေက Narrator ဆိုသော ဇာတ်ကြောင်းပြောသူရဲ့စာသားတွေ။ အရမ်းလှပြီး အရမ်းလည်း ကြိုက်တဲ့ စာသားတွေ။“People change, feelings change, it doesn’t mean that the love once shared wasn’t true and real. It simply means that sometimes, when people grow, they grow apart.” ခံစားတတ်သူတွေအတွက် မျက်ရည်လွယ်စေတဲ့ စာသားလေးတစ်ခု။ ဒီရုပ်ရှင်ဟာ အရမ်းကို သဘာဝကျပြီး အရမ်းကို မှန်လွန်းတဲ့ ရုပ်ရှင်တစ်ခု။“I just woke up one day, and I knew. What I was never sure of with you.” ဒီစကားလေးက Summer က Tom ကို နောက်ဆုံးတွေ့ကြတဲ့ အချိန်မှာ သူမကိုယ်တိုင်လည်း အဖြစ်မှန်ကို နားလည်သွားစေခဲ့တဲ့ စကား။ Tom ကိုလည်း အမှန်တရားကို သိသွားစေခဲ့တဲ့ စကား။ သူမဘာကို ပြောတယ်ဆိုတာ ကြည့်ဖူးသူတိုင်းသိကြပါတယ်။ ဒီအခန်းလေးမှာ သူမ ဒီစကားကို ပြောထွက်သွားတဲ့ အချိန်မှာ မျက်နှာတစ်ဘက်ကို လွှဲပြီး မျက်လုံးအိမ်မှ မျက်ရည်တွေ ဝဲသွားတဲ့ Tom လိုပဲ ကျွန်တော်လည်း မျက်ရည်တွေ ဝဲခဲ့ရပါတယ်။ ပြောင်းလဲသွားခဲ့သော Summer သည် နောက်ဆုံးဇာတ်သိမ်းအထိ Tom အပေါ်ခံစားချက်ကို မပြောင်းလဲသွားခဲ့ပေ။ဆဌမ အချက်ကိုပြောရမယ်ဆိုရင် Expectation နဲ့Reality ကို ယှဉ်ပြသွားတဲ့ scene လေး။ အရမ်းကို ထိမိပြီး အရမ်းကို ယုတ္တိဆန်ပြီး အလွန် ခံစားစေတဲ့ scene လေး။ ရုပ်ရှင်သမိုင်းမှာ ဘယ်တော့မှ မေ့ပျောက်မရတဲ့ scene လေးတစ်ခု။ လူတိုင်းဟာ အရာတစ်ခု လုပ်တော့မယ်ဆိုရင် မျှော်လင့်ချက်ကလေးတွေ ရှိတတ်ကြပါတယ်။ ရည်မှန်းချက်မဟုတ်ပါဘူး။ ရည်မှန်းချက်က အလုပ်တစ်ခုကို မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုတဲ့အရာ။ ဒါပေမဲ့ နေ့စဉ်ကြုံတွေ့နေရတဲ့ ကိစ္စလေးတွေမှာတော့ ကျွန်တော်တို့လူသားတွေက မျှော်လင့်ချက်ကလေးတွေနဲ့ရှင်သန်တတ်ကြတယ်။ ဒါကို ဒီရုပ်ရှင်က ပြသသွားခဲ့တယ်။ ဒါပေမဲ့ မျှော်လင့်ချက်ကလေးတွေတိုင်းဟာ လက်တွေ့ဘဝတွေမှာ တစ်ခါတစ်ရံ ကွဲပြားသွားတတ်ကြတယ်ဆိုတာ ဒီကားမှာ ပြထားတဲ့ scene လေးက အရမ်းကို ဝမ်းနည်းစရာ ကောင်းလှပါတယ်။သတ္တမ နှစ်သက်မိတဲ့ အချက်ကတော့ နောက်ခံ Soundtracks တွေ။ တစ်ကားလုံးကို Soundtracks ကောင်းကောင်းတွေနဲ့တင်ဆက်ထားတဲ့ ရုပ်ရှင်တွေကို မှတ်မိသလောက် ပြောရမယ်ဆိုရင် ဒီ (500) Days of Summer ရယ် The Boat that Rocked aka. Pirate Radio ရယ် Forrest Gump လောက်ရယ်ပဲ မှတ်မိတယ်။ Soundtracks တွေကို အရမ်းကြိုက်လို့Soundtracks အခွေကို ဝယ်ပြီး နားထောင်လာတယ်။ The Smiths, Regina Spektor, The Temper Trap, Simon & Garfunkel နဲ Carla Bruni တို့ဟာ ကျွန်တော့်ရဲ့Favorite အဆိုတော်တွေ စာရင်းထဲကို ဝင်မှန်းမသိ ဝင်ရောက်လာမိကြတယ်။ ထို့အပြင် The Graduate ရုပ်ရှင်ကို မကြည့်ရသေးတဲ့ ကျွန်တော့်ကို ထိုရုပ်ရှင်နဲ့မိတ်ဆက်ပေးကာ မဖြစ်မနေ ရှာကြည့်စေခဲ့တဲ့ အထိပါ။အဠမအချက် နှစ်သက်မိတဲ့ အချက်ကတော့ Locations ရွေးချယ်တဲ့ သူတွေပဲ တော်တာလား? Cinematographer ကပဲ တော်တာလား? Director ကပဲ တော်တာလားတော့ မသိပါ။ Downtown Los Angles ကို လှအောင် ရိုက်ကူးနိုင်ခဲ့ကြပြန်ပါသေးတယ်။ အခန်းတိုင်း အခန်းတိုင်းသည် လှပသေသပ်ကာ စကားလုံးများဖြင့် မဖော်ပြနိုင်လောက်အောင် အမြင်ဆန်းသစ်နေလွန်းသည်။နဝမ အချက်ကတော့ ဒီရုပ်ရှင်ကို ထပ်ခါထပ်ခါ သေသေချာချာ ကြည့်လာရင် သတိထားမိမှာကတော့ scenes တော်တော်များများမှာ Director သုံးထားသော အရောင်သည် အပြာရောင်များလွန်းသည်။ Wardrobe တွေမှာ ပိုများပါတယ်။ ပြချင်တာကတော့ ထိုအရောင်က Summer ရဲ့မျက်လုံးအရောင် အပြာရောင်ကို ဆက်စပ်စေနေတာဖြစ်ပြီး သဘောကတော့ Tom ရဲ့သူမအပေါ်ထားရှိတဲ့ ခံစားချက်တွေကို ကြည့်ရှုသူ ပရိသတ်တွေ နားလည်စေချင်တဲ့သဘောပါ။ Tom ရဲ့နေရာမှာ ဝင်ပြီး မသိမသာ ခံစားလာစေတဲ့ သဘောပါပဲ။နောက်ဆုံး ဒသမ အချက်ကတော့ ဒီဇာတ်ကားသည် အချစ်ဇာတ်လမ်းတစ်ခုမဟုတ်ပါဘူး။ အချစ် အကြောင်း ဇာတ်လမ်းတစ်ခုပဲဖြစ်တယ်ဆိုတဲ့ “This is not a love story, this is a story about love.” ဆိုတဲ့ ရုပ်ရှင် Poster မှာဖော်ပြထားတဲ့ စာတန်းကလေးကိုပဲ။ လေးလေးနက်နက်တွေးတော ကြည့်ရင် ဘာကို ဆိုလိုချင်သလဲဆိုတာ နားလည်လာပါလိမ့်မယ်။Director Marc Webb ရဲ့ပထမဆုံး Director အဖြစ်ပွဲဦးထွက် ဇာတ်ကားလေးဖြစ်ပြီး ကျွန် တော့်အမြင်မှာ ထို Director ရော မင်းသား Joseph Gordon-Levitt ရော မင်းသမီးဖြစ်သူ Zooey Deschanel တို့ရဲ့အကောင်းဆုံးဇာတ်ကားလေး ပဲဖြစ်ပါတယ်။ Rotten Tomatoes မှာလည်း 86% တောင် ရရှိခဲ့ပါတယ်။ထိုအချက်တွေကြောင့် (500) Days of Summer သည် ကျွန်တော့်ရဲ့Personally အရ အနှစ်သက်ဆုံး Romantic Comedy ဇာတ်ကားလေးတစ်ကားဖြစ်လာပါတော့တယ်။
IMDb rating : : 7.6ဒီတစ်ခေါက် ပရိတ်သတ်ကြီးကိုအိန္ဒိယနိုင်ငံရဲ့ အကျော်အမော် သရုပ်ဆောင်ကြီး အမီတာဘဂျမ်းရဲ့ အသစ်စက်စက် ရုပ်ရှင်ကားကြီး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ. . .ဒီကားရဲ့ ထူးခြားချက်ကလေးတွေကို အရင်ဆုံး ကောက်နှုတ်ဖော်ပြပေးပါရစေဇာတ်လမ်းထဲက အမီတာဘဂျမ်းရဲ့ အသက်က 102 နှစ်ရီရှီးကပူးရ်ရဲ့ အသက်က 75 နှစ်27 နှစ် ကွာခြားပာတယ်
တကယ့်အပြင်မှာတော့ မင်းသားကြီး ရီရှီးကပူးရ်က အမီတာဘဂျမ်းထက် ၇ နှစ်သာ ငယ်ပါသတဲ့ဒီအချက်ကိုတော့ မင်းသားကြီး အမီတာဘဂျမ်းနဲ့ ရီရှီးကပူးရ်တို့ Ajooba 1991 ဆိုတဲ့ ဇာတ်ကားရဲ့ နောက် နှစ်ပောင်း ၂၇ နှစ်ကြာမှရုပ်ရှင်ဖန်သားပြင်မှာ အတူတကွ တွဲဖက်ပြီး ပြန်လည်သရုပ်ဆောင်တဲ့အမှတ်အသားတစ်ခုအဖြစ် ထည့်သွင်းထားတာ ဖြစ်ပါတယ်
တိုက်ဆိုင်စွာပဲ ဒီကားရိုက်ကူးစဉ်မှာမင်းသားကြီး အမီတာဘဂျမ်းဟာ အသက် 75 နှစ်ရှိနေပါပြီဒီကားကို 2016 ခုနှစ် အလယ်လောက်မှာ ရိုက်ကူးဖို့ လျာထားခဲ့ပေမယ့် ဇာတ်ညွှန်းအပြောင်းအလဲကြောင့် 2018 ခုနှစ်ကျမှ ရိုက်ကူးပြီးစီးခဲ့ပါတယ်ရီရှီးကပူးရ်ရဲ့ ဇာတ်ကောင်ဖြစ်တဲ့ ဘာဘူလားနေရာမှာ မူလက ပါရက်ရှ်ရာဝဲလ်ကို ထည့်သွင်းရိုက်ကူးဖို့ စီစဉ်ထားခဲ့ပေမယ့် ဖြစ်မလာခဲ့ပါဘူးဒီကားကို Saumya Joshi ရဲ့ Gujrati ဆိုတဲ့ ပြဇာတ်ကို အခြေခံကာ အပြောင်းအလဲ
အနည်းငယ်ဖြင့် ရိုက်ကူးပုံဖော်ခဲ့ခြင်း ဖြစ်ပါတယ်လူ့ဘဝဆိုတာဟာ အသက်အရွယ်ကြီးလာချိန်မှာ မိသားစုသိုက်သိုက်ဝန်းဝန်းနဲ့ သားသမီးတွေမြေးတွေဝန်းရံပြီးပျော်စရာစိတ်ချမ်းသာစရာတွေနဲ့ နေရရင်အတော့်ကို ကံကောင်းပါတယ်ဒီထက်ပိုပြီး ကိုယ်အသက်အရွယ်ရလာချိန်ကိုယ့်မှာ ဖခင် သော်လည်းကောင်းမိခင်သော်လည်းကောင်း သက်ရှိထင်ရှားရှိနေသေးရင်
ပိုလို့တောင် ကံကောင်းတယ်လို့ ပြောနိုင်ပါတယ်ဘာဘူဆိုတဲ့ အဘိုးကြီးက အသက် 75 နှစ်အသက်နဲ့စိတ်က အတူတူပဲ 75 နှစ်သူ့ဇနီးသည်ကဆုံးပါးသွားပြီဖြစ်သလိုတစ်ဦးတည်းသောသားကလည်းအမေရိကားမှာ အိမ်ထောင်ကျ အခြေချသွားပြီစိတ်ထောင်းလို့ ကိုယ်ကြေဆိုတဲ့စကားလိုပဲအိမ်အိုကြီးတစ်လုံးထဲမှာ
သူ့ဖခင်ဖြစ်သူရယ်ဆွေမျိုးမကင်းတဲ့ ကောင်လေးတစ်ယောက်ရယ်နဲ့ အတူနေပေမယ့်သူ့ဘဝဟာ ခြောက်သွေ့လွန်းလှတယ်ကိုယ်တိုင်က ဇီဇာကြောင်တတ်သလိုစိတ်တိုလွယ် စိတ်ထိခိုက်လွယ်တယ်အစွဲအလန်းကလည်း ကြီးတတ်သေးသူ့ဖခင်ကြီးနာမည်က ဒတ္တထရီတဲ့ အသက် 102 နှစ် လူအသက်က 102 စိတ်အသက်က 26 နှစ်ဒီအသက်အရွယ်အထိ နှစ်ပေါင်းများစွာ နေလာနိုင်တဲ့ သူ့ရဲ့ လိျှု့ဝှက်ချက်က ပျော်ပျော်နေတတ်တဲ့ အကျင့်ကြောင့်များလား မသိ. .
.အကျဉ်းကျနေတဲ့ သားဖြစ်သူရဲ့ စိတ်ကိုအရင်အတိုင်း ပြန်ဖြစ်သွားအောင် လုပ်ပေးဖို့ဒတ္တထရီ စဉ်းစားတယ်အိမ်ကိုတွယ်တာလွန်းတဲ့ သူ့သားဘာဘူ့ကို ဂင်းနစ်မှတ်တမ်းအကြောင်းပြပြီး ဘိုးဘွားရိပ်သာပို့ဖို့ ခြိမ်းခြောက်တယ်ဒါမှ ကမ္ဘာပေါ်မှာ သားဖြစ်သူကို ဘိုးဘွားရိပ်သာပို့တဲ့ ပထမဆုံးဖခင် ဖြစ်လာမှာကိုးဒီအကြောင်းကို သိသွားတဲ့ ဘာဘူ့ခမျာဖခင်ကြီး တကယ်လုပ်မှာကို ကြောက်နေတယ်ဒတ္တထရီကလည်း အလျှော့မပေးသူခိုင်းတဲ့ စမ်းသပ်မှုတွေ မအောင်ရင် တကယ်ပို့မယ် တကဲကဲပထမ
ဒုတိယ
တတိယ စမ်းသပ်မှုတွေကို ကျော်ဖြတ်အပြီးနောက်ဆုံးသော စမ်းသပ်မှုမှာဘာဘူရင်ကွဲရပြီနှစ်ပေါင်းများစွာ ကွဲကွာနေပြီးအခုမှ ပြန်တွေ့ရမယ့်သူ့သားဖြစ်သူအာမိုးနဲ့ သူ့အဖေက မတွေ့ရဘူးတဲ့လေဘာကြောင့်များပါလိမ့်အနှစ်ချုပ် ပြောရရင်”မင့်သားက ငါ့သားကို အနိုင်ယူအလဲထိုးသွားတာမျိုးငါခွင့်မပြုနိုင်ဘူး”တဲ့ဖခင်တစ်ယောက်က ပြောတဲ့နှုတ်ထွက်စကားဟာ ဒီကားလေးရဲ့ အသက်ဖြစ်သွားတယ်အစကနေ အလယ်လောက်အထိစိတ်ဝင်စားစရာတွေနဲ့အဘိုးကြီးနှစ်ယောက်ကြား
က အလွဲတွေကြောင့် တသောသော ရယ်မောခဲ့ရပြီးနောက်ပိုင်းရောက်လေလေစိတ်ထိခိုက်ရလေလေပါဖခင်တစ်ယောက်ရဲ့ မေတ္တာနဲ့လူအိုကြီးတစ်ယောက်ရဲ့ မျှော်လင့်ချက်ကြားက လွန်ဆွဲတဲ့ပွဲမှာဖခင်ဖြစ်သူရဲ့ စမ်းသပ်မှုတွေကို
ကျော်ဖြတ်နိုင်ဖို့ ကြိုးစားရင်း ဘာဘူတစ်ယောက် ဘာတွေဆက်ဖြစ်မလဲဘိုးဘွားရိပ်သာကိုပဲ ရောက်သွားမလား…???ဖခင်ဖြစ်သူကို အဆင်ပြေအောင် လုပ်ပေးနိုင်မလား..ဆိုတာကိုတော့…ဇာတ်ကာားလေးကို ဆက်လက်ကြည့်ရှု ခံစား
လိုက်ပါ.. (ဇာတ်လမ်းအညွှန်းကိုတော့ Movie Like Movie Choice FB page မှ ကူးယူဖော်ပြထားတာဖြစ်ပြီး ဘာသာပြန်သူကတော့ကိုဇော်ထူးပါ)
13-Beloved (2006)
IMDb Rating (6.8)
၂၀၀၆ ခုနှစ်က ရိုက်ကူးခဲ့တဲ့ ထိုင်း Horror ဇာတ်လမ်းတစ်ပုဒ်ပါ။ ထိုင်း Horror ကားတွေရဲ့ထုံးစံအတိုင်း ဟာသလေးနည်းနည်းနှောပြီး ရိုက်ထားပါတယ်။ တခြား ထိုင်း Horror တွေထက် ပိုထူးတာက သရဲကားမဟုတ်သလို လူသတ်ကားစစ်စစ်ကြီးလည်း မဟုတ်ဘဲ ထူးခြားဆန်းကြယ်တဲ့ လက်တွေ့ဂိမ်းကစားပွဲကြီးတစ်ခုကို အခြေခံထားပါတယ်။ ရက်စက်မှုတွေရော လျှို့ဝှက်နက်နဲမှုတွေပါ ပြည့်နေတဲ့ စိတ်ဝင်စားစရာ Reality Game Show တစ်ခုပါ။
ဇာတ်လမ်းမှာ အချစ်ရေးကံမကောင်းခဲ့သလို အကြွေးတွေလည်း ဝိုင်းနေတဲ့ ကုမ္ပဏီအရောင်းဝန်ထမ်း ပူးချစ်ဟာ အလုပ်ကထုတ်ခံလိုက်ရတဲ့အခါ စိတ်ဓာတ်ကျစရာ အဆိုးဆုံး အခြေအနေကို ရောက်ရှိသွားပါတယ်။ အဲဒီအချိန်က အမည်မသိဖုန်းတစ်ခုကို လက်ခံခဲ့ရရှိခဲ့ပြီး သူ့အတွက် ပိုက်ဆံရ အခွင့်အရေးတစ်ခု ရရှိခဲ့ပါတယ်။ အဲဒါကတော့ စိန်ခေါ်မှု ၁၃ ခု ရင်ဆိုင်ကျော်ဖြတ်ရမယ့် လျှို့ဝှက်တဲ့ လက်တွေ့ဘဝဂိမ်းကစားပွဲပါပဲ။
စိန်ခေါ်မှုတစ်ခုအောင်မြင်တိုင်း သူရဲ့ဘဏ်စာရင်းထဲ ငွေအမြောက်အများ ဝင်ဝင်လာတာကြောင့် ပူးချစ်တစ်ယောက် မရပ်တန့်နိုင်ဘဲ ရှေ့ဆက်တိုးခဲ့ပါတယ်။ နောက်ပိုင်းမှာ အကြမ်းဖက်မှုတွေဖြစ်လာပြီး ရက်စက်ကြမ်းကြုတ်တဲ့ လူလတ်မှုတွေအထိ ပါဝင်ပတ်သက်လာရပါတယ်။ ရဲက အလိုရှိတဲ့ တရားခံပြေးတစ်ယောက်ဖြစ်လာတဲ့ ပူးချစ်ကို ကူညီပေးဖို့ ကြိုးစားလာသူက သူ့အလုပ်က လုပ်ဖော်ကိုင်ဖက် တွန်ဆိုတဲ့ ကွန်ပျူ တာသမား ကောင်မလေးတစ်ယောက်။
ဒီလိုနဲ့ ဝဘ်ဆိုဒ်လိပ်စာကတဆင့် ပူးချစ်ကစားနေတဲ့ ဂိမ်းအကြောင်း တစ်စွန်းတစသိသွားရာကနေ ဂိမ်းရဲ့ တစ်စိတ်တစ်ပိုင် ဖြစ်မှန်းမသိဖြစ်လာတဲ့ တွန်ကရော ပူးချစ်ကို ကူညီနိုင်မှာလား၊ ပူးချစ်ကရော ငွေရဲ့လှည့်ဖြားမှု ဂိမ်းရဲ့ဖြားယောင်းမှုတွေနဲ့
ဘယ်လောက်ထိ ဆိုးရွားတဲ့အမှုတွေကို ဆက်လက်ကြူးလွန်ဦးမှာလဲ၊ ငယ်ဘဝက ပူးချစ်ကို စိတ်ဒဏ်ရာရအောင် အမြဲနှိပ်စက်ခဲ့တဲ့ ဖခင်ဖြစ်သူကရော ဂိမ်းမှာ ဘယ်လိုပါဝင်ပတ်သက်လာမှာလဲ၊ ဂိမ်းရဲ့နောက်ကွယ်မှာ ချုပ်ကိုင်နေတာက ဘယ်သူတွေလဲ၊ ပူးချစ်က ဂိမ်းကို အဆုံးသတ်နိုင်မှာလား ဆိုတာကို စိတ်ဝင်စားစရာ ကြည့်ရှုရမှာပါ။
တစ်ခုတော့ ကြိုသတိပေးပါရစေ။ ထမင်းစားရင်တော့ မကြည့်ပါနဲ့နော်။ ဇာတ်ဝင်ခန်းတချို့မှာ စားရင်းသောက်ရင်း မကြည့်သင့်တာတွေ ပါလို့ပါ ??
ဒီဇာတ်လမ်းက ထိုင်းမှာ ဆုတွေအများကြီး ရရှိခဲ့ပြီး
အမေရိကန်အခြေစိုက် ရုပ်ရှင်ကုမ္ပဏီတစ်ခုက ပြန်လည်ဝယ်ယူခဲ့ရလောက်အောင် ပေါက်ခဲ့ပါတယ်။
၂၀၀၆ ခုနှစ်က ဇာတ်လမ်းဆိုပေမဲ့ အခုအချိန်ကာလနဲ့လည်း အံဝင်ပြီး စိတ်ဝင်စားစရာကောင်းပါတယ်။ ဇာတ်လမ်းမှာ ထိုင်း-အမေရိကန်ကပြား အဆိုတော်မင်းသား Krissada Sukosol Clapp က အဓိကနေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။
(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Cherry Mon မှ တင်ဆက်ထားတာပါ။)
အဆင့် ၁၃ ခုပါတဲ့ ရက်ရက်စက်စက် ကစားပွဲတစ်ခု ..
တစ်ဆင့်နိုင်တိုင်း ငွေတွေ အများကြီးပေးတယ် ။ ၁၃ ဆင့်လုံးနိုင်ရင်တော့ သန်းကြွယ်သူဌေး ဖြစ်ပြီပဲ ။ ခိုင်းသူက ဖုန်းနဲ့ ကြံကြံဖန်ဖန် ခိုင်းတယ် ၊ လုပ်ရသူက ခက်ခက်ခဲခဲ အရူးတစ်ယောက်လို လုပ်ရတယ် ။
အဲလစ် ဘရန်ဒယ် …
အလုပ်ကပြုတ် ၊ ညီဖြစ်သူက ဉာဏ်ရည်မမှီ ၊ မိန်းမက တစ်ဘက်နဲ့ ငွေကြေးမပြေလည်ဘူး ။ ဘရန်ဒယ်က ငွေလိုတော့ ကစားပွဲကို ဝင်ကစားမိတယ် ။ ကစားပွဲကြောင့် တစ်ဆင့်အောင်တိုင်း ပြစ်မှုအကြီးစား ကျုးလွန်မိတာအကြိမ်ကြိမ် ။ ဘရန်ဒယ် ၁၃ ဆင့်လုံး အောင်ပါ့မလား ။ သူနဲ့ အတူ ဘယ်သူတွေ ကစားနေမလဲ ။
ဒီတစ်ခါ ထုံးစံအတိုင်းအဟောင်းထဲက ဇာတ်ကားကောင်းလေးတစ်ကားကိုပြန်ခံစားကြည့်ကြတာပေါ့ မင်းသားကြီး Bruce Willis ရဲ့ဇာတ်ကားကောင်းတွေထဲက တစ်ကားဖြစ်တဲ့ 16 Blocks ပါတဲ့ဗျာ
IMDb 6.6 ဆိုတော့ အကြမ်းအားဖြင့်ကောင်းတဲ့စာရင်းထဲ ထည့်လို့ရပါတယ် ဇာတ်လမ်း အကျဉ်းကိုပြောရရင်တော့ အလုပ်ချိန်အပြည့်ဆက်တိုက်ဝင်ထားရလို့ ပင်ပန်းနေပြီဖြစ်တဲ့
စုံထောက် ဂျက်မိုစလေ တရားရုံးမှာ သက်သေသွားထွက်ဆိုပေးရမယ့်စကားအလွန်အင်မတန်မှ များလှသောအချုပ်သား အယ်ဒီသူထွက်ဆိုပေးရမယ့် အမှုကဘာလဲ ဘယ်လိုစွဲချက်တွေကို သက်သေထွက်ဆိုပေးရမှာလဲ
အချုပ်ခန်းနဲ့ တရားရုံးတို့ရဲ့ ၁၆ ဘလောက်သောအကွာအဝေးအတွင်းမှာ ဘာတွေဖြစ်မလဲ
သူကရော ရုံးကိုအသက်ပါပြီး ရောက်နိုင်ပါ့မလား အရက်စွဲနေ ပင်ပန်းနေပြီးခြေထောက်တစ်ဖက် ဒါဏ်ရာကြီးနဲ့ စုံထောက်မိုစလေကရောအဲ့ဒီ့နေဟာ သူနားရမယ့် နေ့တစ်နေဖြစ်ခဲ့ပါ့မလား ဇာတ်လမ်းစပြီး သိပ်မကြာခင်အချိန်မှာပဲ ရင်တစ်ဖိုဖိုနဲ့ နောက်ဆုံးပိုင်းအထိ ဆွဲခေါ်သွားနိုင်မယ့်
ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်
2018 ခုနှစ်ထွက်ရှိထားပြီး အခုလောလောလတ်လတ် ရုံတင်နေဆဲဖြစ်တဲ့၁၉၂၁ ဆိုတဲ့ အိန္ဒိယ အချစ်သရဲ သဲထိပ်ရင်ဖိုကားကြီးကိုတင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းလေးက အချစ်ကြီးရင် အမျက်ကြီးတယ်ဆိုတဲ့ အတိုင်းပဲ
အချစ်ကို ကိုးကွယ်မိရာမှ တဏှာ လွန်တော့ အရူးဖြစ်ပြီးသေပြီးတာတောင် စွဲလမ်းစိတ်ကြောင့် မကျွတ်လွတ်နိုင်ပဲသရဲဘ၀ နဲ့ ချစ်ရသူကို တပါးသူ မိန်းကလေးလက်ထဲ မပါသွားအောင်လိုက်လံ နှောင့်ယှက်ပုံ တွေကို ရိုက်ကူးပြထားတာပါဇာတ်လမ်း အကျဉ်းလေးကတော့ – အိန္ဒိယမှ ထူးချွန်တဲ့ ပီယာနိုပညာရှင်လေး အာရွတ်ရှ်ကိုသူ့ရဲ့သူဌေးက လန်ဒန်ကို ဂီတပညာသင်ဖို့စေလွှတ်ခံခဲ့ရတယ်။လန်ဒန်မှာရှိတဲ့သူ့အိမ်ကိုလည်း စောင့်ရှောက်စေရင်းနဲ့ပေါ့။ ဒါပေမယ့် တစ်နေ့မှ
ာ အာရွတ်ရှ်ကအမှားတစ်ခုလုပ်မိသွားပါတယ်။ အဲ့ဒီအမှားကြောင့် သူနေနေတဲ့အိမ်ကြီးမှာသရဲတစ္ဆေတွေရဲ့ခြောက်လှန့်ခြင်းကို ခံရပါတော့တယ်။ သူတစ်ယောက်တည်းဒီပြဿနာတွေကြုံနေရင်းမှတစ်နေ့သတင်းစာထဲမှာ ဝိဉာဉ်တွေနဲ့စကားပြောတတ်တဲ့ ရို့စ်ဆိုတဲ့ ကောင်မလေးတစ်ယောက်အကြောင်းဖတ်မိတဲ့အချိန်မှာ သူ့အတွက် မျှော်လင့်ချက်တွေရှိလာပါတယ်။ဘောလိဝုဒ်ရဲ့ နာမည်ကြီးသရဲကားရိုက်တဲ့ဒါရိုက်တာ Vikram Bhatt ရိုက်ကူးထားတာပါ။သရဲကားကြိုက်သူတွေ
အတွက် တကယ်ကိုထိန်လန့်မှုတွေပေးစွမ်းစေမယ့် ဇာတ်ကားကောင်းတစ်ကားပါ။အသံချဲ့ပြီး အိမ်ထဲမှာ တစ်ယောက်တည်းကြည့်မယ်ဆိုရင်ပိုပြီးကြောက်စရာကောင်းမယ်ဆိုတာကြေငြာလိုက်ပါတယ်။
မေးခွန်းလေးတစ်ခုလောက်မေးပါရစေဒီမေးခွန်းက သိပ်ကိုရိုးရှင်းပေမဲ့ တကယ်တမ်းပြန်ဖြေဖို့ရယ် လက်တွေ့လုပ်ဖို့ရယ်က မရိုးရှင်းတော့ဘူး မေးခွန်းလေးကတော့……သင့်ရဲ့ အသက်ရှင်သန်ခွင့်၂၄နာရီပဲ ရှိတော့မယ်ဆိုရင် ဘာလုပ်မလဲ….ရင်ဆိုင်ရမဲ့ အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်မလဲ
အဓိက နဲ့ သာမညဆိုတာ ဘယ်လိုခွဲမလဲဒီကားက ကြေးစားလူသတ်သမားတစ်ယောက်အကြောင်းကို ရိုက်ပြထားတယ် သူဟာ ကြေးစားပီပီ ထက်မြက်တယ် တိုက်ရည်ခိုက်ရည်ကျွမ်းကျင်တယ် တစ်နေ့တော့ ကြေးစားအလုပ်တစ်ခုကို လုပ်ဆောင်နေစဉ်မှာ တစ်ဘက်အဖွဲ့အစည်းရဲ့ တုန့်ပြန်မှုကြောင့် သူသေဆုံးသွားတယ် ဒါပေမဲ့ ဆန်းကြယ်တာကသူ့အလုပ်ရှင်က သူ့ကို အသက် ၂၄ နာရီပြန်ရှင်အောင်လုပ်ပေးလိုက်တယ်…. ကဲ သူဘာတွေဆက်လုပ်မလဲ… ဘယ်လိုတွေရင်ဆိုင်မလဲ …..
21 Jump Street (2012) မြန်မာစာတန်းထိုး
ဟာသအက်ရှင်ဇာတ်ကားပါ……
ဇာတ်လမ်းဇာတ်အိမ် ဖန်တီးထားတာ သေသပ်သလို ဟာသလဲတော်တော်မြှောက်ပါတယ်…
ကျောင်းတုန်းက မတည့်တဲ့ သူငယ်ချင်းနှစ်ယောက် ကျောင်းပြီးလို့ ရဲထဲဝင်တဲ့အခါ
အလုပ်အတူတူ တွဲလုပ်ကြရင်း ထူးခြားတဲ့ အမှုတစ်ခုအတွက် ကျောင်းပြန်တက်ရပါတယ်…
ကျောင်းတက်ရင်း ဘယ်လို တလွဲတွေနဲ့ အမှုလိုက်ကြမလဲဆိုတာ ခံစားကြည့်ကြပါဦးခင်ဗျာ…။
ကိုရီးယားကားတွေမှာ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းတွေကြည့်ဖူးကြတယ်ဟုတ်…ဒီကားမှာလည်း သုံးပွင့်ဆိုင်ဇာတ်လမ်းမျိုးကိုဘာဆက်ဖြစ်လာမလဲဆိုတဲ့ ဖီလင်မျိုးနဲ့ စိတ်ဝင်တစားကြည့်ရှုရမှာပါ…ကာရာ ဆိုတဲ့အမျိုးသမီးလေးဟာ
စိတ်ကျန်းမာရေးတိုင်ပင်ဆွေးနွေးပေးသူတစ်ယောက်ဖြစ်ပြီးလူတွေကိုကူညီတတ်တဲ့ စိတ်သဘောထားကောင်းတဲ့ကောင်မလေးတစ်ယောက်ပါ..သူ့ရဲ့ရည်းစားကတော့ တိုင်လာ ဆိုတဲ့အမျိုးသားဖြစ်ပြီး တိုင်လာ့ကိုလဲ မူးယစ်ဆေးစွဲနေတဲ့ဘဝက
နေ ကာရာ ကကယ်တင်ထားတာပါ…သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်အချစ်စစ်တွေနဲ့အရမ်းချစ်ကြပြီး လက်ထပ်ကြဖို့ဆုံးဖြတ်လိုက်တဲ့အချိန်မှာတိုင်လာ့ရဲ့အရင်ရည်းစားဖြစ်တဲ့ အစ္စဘယ်လာ ဟာသူတို့ရဲ့ဘဝထဲကိုဝင်
ရောက်လာပါတော့တယ်…ကဲသူတို့သုံးယောက်ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့..စိတ်ဝင်စားစရာပါပဲနော်..ဤဇာတ်ကားကို May Thu မှဘာသာပြန်ပေးပြီးအညွှန်းကိုလဲ ကိုယ်တိုင်ပဲရေးပေးထားပါတယ်
mmbusticket
လွန်ခဲ့တဲ့ 6 နှစ်ဝန်းကျင်လောက်တုန်းက DC 2 က ရုပ်ရှင်ရုံမှာ 3D ပြသခဲ့တုန်းကဝက်ဝက်ကွဲကိုအောင်မြင်ခဲ့တဲ့ ထိုင်းသရဲကားတစ်ကားပါ..အခုချိန်မှာရော ရုံမှာပြန်ကြည့်သလိုမျိုးအသံကွာလတီ ကောင်းကောင်းနဲ့ ခံစားချင်သေးလား..ခံစားချင်သူများအတွက် Bluray 720p 5.1CHနဲ့ ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်
ဇာတ်လမ်းအညွှန်းကတော့ 407 လေယာဉ်ကြီးဟာ မတော်တဆအကြီးကြီးဖြစ်ပြီးတော့ပျက်ကျဖူးပြီးသားလေယဉ်ကြီးပေါ့..တာဝန်ရှိသူက ပေါ့ပေါ့ဆဆ နဲ့ပဲ လေယာဉ်ကိုအသစ်ပြန်ရွိုင်းဆေးပြန်မုတ် ဂျင်းထည့်ပြီး နောက်တစ်ကြိမ်ထပ်မံပြန်သန်းဖို့ လုပ်ကြပါတယ်ဖြစ်ချင်တော့လည်း အရင်တစ်ခေါက်မတော်တဆမှုမှာ အသက်ရှင်ကျန်ခဲ့တဲ့ နယူးဆိုတဲ့လေယာဉ်မယ်လေးကလည်း အဲ့လေယာဉ်မှာပဲတာဝန်ကျပြန်တယ်..အရင်လေယာဉ်ဟောင်းဆိုတာ
ဆေးပြန်မှုတ်ထားတော့သူလည်းမသိဘူးပေါ့..ဒီလိုနဲ့ လေယာဉ်မယ်လေး..စက်ပြင်ဆရာခရီးသည်တစ်ခု..မကျွတ်လွတ်သေးတဲ့ သရဲတွေတအုပ် ဘယ်လိုဆက်ပြီးစခန်းသွားကြမလဲဆိုတာရင်ခုန်စွာနဲ့ နားကြပ်တပ်ပြီး ကောင်းကောင်း ကြည့်လိုက်ပါ
ဖြစ်ရပ်မှန် Survivalကားကောင်းလေးတွေကြိုက်တဲ့ ပရိသတ်ကြီးအတွက် 6 Below Miracle on the Mountain(2017)ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။အရာအားလုံးဆုံးရှုံးပြီးမျှော်လင့်ချက်ကင်းမဲ့သွားတဲ့အချိန်မှာ အတော်မျာ
းများကတော့ လက်လျှော့အရှုံးပေးလိုက်ကြတာပါပဲ။ဒါကပဲ အောင်မြင်သူ နဲ့ ရှုံးနိမ့်သူဆိုတဲ့စည်းတစ်ခုဖြစ်လာစေတယ်ပြောရမှာပဲ။ငယ်စဉ်ကတည်းကဝါသနာပါခဲ့တဲ့ ဟော်ကီအားကစားလောကမှာရှုံးနိမ့်ခဲ့တဲ့Ericတစ်ယောက် နှင်းလျှောစီးဖို့တောင်တစ်ခုမှာအနားယူနေခဲ့တာပါ။သူနှင်းလျှောစီးထွက်လာတဲ့အချိန်မှာနှင်းမုန်တိုင်းကျလာခဲ့ပါတော့တယ်။
လမ်းပျောက်သွားခဲ့ပြီးခက်ခက်ခဲခဲ အသက်ရှင်ဖို့ကြိုးစားခဲ့တာကိုရိုက်ပြထားတဲ့ကားကောင်းလေးပါ။စိတ်ဓါတ်ကျနေချိန် ဒီကားလေးနဲ့ ခွန်အားယူလို့ရပါတယ်လို့ပဲ ညွှန်းလိုက်ပါရစေ။
mmbusticket ဒီဇာတ်ကားလေးကတော့ အက်ရှင်ကားကောင်းလေးပါ နာမည်ကြီး London has fallen တို့လို ဇာတ်ကားလေးတွေကြည့်ဖူးရင်သိကြမှာပါအဲ့လိုအကြမ်းဖက်အက်ရှင်ဆန်ဆန်လေးပါပဲဗျ
ဒီထဲမှာတော့ အာရပ် အကြမ်းဖက်သမားတွေက ဗြိတိန်နိုင်ငံက အီရန်သံရုံးကို ဝင်စီးတာဗျ အာရပ်ကော ဗြိတိန်ကော အီရန်သံရုံးကောဆိုတော့ခေါင်းရှုပ်သွားလားတော့ မသိ?
အာရပ် တွေကတကယ်တော့အီရန်မှာ မတရားဖမ်းဆီးထားတဲ့အာရပ်တွေကိုပြန်လွှတ်ပေးရေး အာရပ်ဒေသမှာအီရန်ပါရှားတွေရဲ့မတရားဖိနှပ်မှုတွေကို လျော့ချပေးရေးစတဲ့တောင်းဆိုမှုတွေ အတွက် ဗြိတိန်အီရန်သံရုံးက အီရန်လူမျိုးဝန်ထမ်းတွေကိုဓားစာခံဖမ်းပြီး ဗြိတိန်အစိုးကနေတစ်ဆင့်အီရန်ကိုလှမ်းညှိခိုင်းတဲ့သဘောမျိုးပါ သူတို့ကိုယ်တိုင်ကအင်အားမကြီးတော့အင်အားကြီးနိုင်ငံဖြစ်တဲ့ဗြိတိန်ကိုကြားဝင်စေ့စပ်ပေးလိုတဲ့ပုံစံမျိုးပါ ဗြိတိန်ကိုနစ်နာစေလိုတဲ့ပုံစံမျိုးတော့မဟုတ်ဘူးပေါ့
ဗြိတိန်က အဲ့တော့ကိုယ့်နိုင်ငံထဲဖြစ်တာဆိုတော့လဲအရှုပ်တော်ပုံထဲဝင်ရှင်းပေးရတော့တာပေါ့ ဇာတ်ကားTITLE ပေးထားတဲ့အတိုင်း6ရက်အတွင်းဘယ်လို ဖြေရှင်းကြမလဲဆိုတာကတော့ …..ဘာသာပြန် အညွန်းကတော့ Pyae Xein Sett ပါ
mmbusticketမိန်းမတိုင်းဟာ
တစ်သက်မှာ တစ်ခါတော့ သူတို့ ယောကျ်ားတွေကို သတ်ပစ်ဖို့ စဉ်းစားဖူးတယ် တဲ့ …..ခင်ဗျားဟာ အိမ်ထောင်သည်ဆိုရင် ခင်ဗျားရဲ့မိန်းမကို မေးကြည့်ပါ ။
အနည်းဆုံး တစ်ကြိမ်တော့ ခင်ဗျားကို သတ်ဖို့ နည်းလမ်းတစ်ခုတော့ သူစဉ်းစားဖူးလိမ့်မယ်တဲ့ …..ကဲ .. ဒါဆို ဘာလို့ ခင်ဗျား အခုထိ အသက်ရှင်နေလဲ သိလား?“ကလေး”ကလေးတစ်ယောက်လောက် ရလိုက်ရင်
မိန်းမတွေဟာ ယောကျ်ားကို ပိုပြီး သည်းခံလာနိုင်လာတယ်တဲ့ … ဒါကြောင့် ခင်ဗျား အခုချိန်အထိ အသက်ရှင်နေတာပေါ့ …..
ဆူဆန်နာ အန်နာမရင်း ဂျိုဟန်နာ ဆိုတဲ့
သူဌေးမ တစ်ယောက် ယောကျ်ား ၆ ယောက်ထိ ယူခဲ့တယ် အကုန်သေကုန်တယ် ။တကယ်တော့ ဆူဆန်နာဟာ
သူ့ဘဝသက်တမ်း တစ်လျှောက်လုံး ထာဝရအချစ်ကို ရှာဖွေခဲ့တာပါ ၊ အရမ်းအထီးကျန်ခဲ့ရပါတယ် ။ သူ မွေးကင်းစအရွယ်မှာပဲ သူအမေ ဆုံးပါးသွားခဲ့တယ် ။ ပြီးတော့ သူအရွယ်မရောက်ခင်မှာဘဲ သူ့အဖေ ထပ်ဆုံးသွားခဲ့ပါတယ် ။ သူ့အဖေက သူအတွက်တော့ အရာရာပါပဲ သူငယ်ချင်းလို.. အမေလို.. အဖေလို.. အစ်ကိုလို ဖြစ်နေခဲ့တယ် ။ သူအဖေဆုံးသွားတဲ့နောက်ပိုင်းမှာ သူ့အဖေလို ယောက်ျားမျိုးကိုတွေ့ဖို့ ကြိုးစားခဲ့ပါတယ် ။တကယ်တော့ ဆူဆန် ဘဝက
မကောင်းတဲ့ ယောကျ်ားတွေနဲ့ပဲ ဆုံဖို့ ကံပါလာတယ် ထင်ပါတယ် ။ဆူဆန်နာမှာ သိပ်ချစ်တတ်တဲ့ နှလုံးသားရှိတယ်
အဲဒိနှလုံးသားကြောင့်ပဲ လူ ၆ ယောက်ကို သေနေ့မစေ့ပဲ ကောင်းကင်ဘုံကို စောစောစီးစီး ပို့ပစ်လိုက်တယ်လေ ….ဆူဆန်ရဲ့ အလှက ကြောက်စရာကောင်းတယ်
ဒါပေမယ့် သူ့ကို အရှိအတိုင်း လက်ခံနိုင်မယ့်သူမျိုး …. သူ့ရဲ့ဒုစရိုက်တွေ သုစရိုက်တွေနဲ့ ဒီကြောက်စရာမျက်နှာကြီးကို လက်ခံနိုင်မယ် လူမျိုးကို သူရွေးချယ်တော့မယ် ။အဲဒါကတော့ သူ့ရဲ့ ၇ ယောက်မြောက် ယောကျ်ားပါပဲ ….. (ဇာတ်လမ်းအညွှန်းကို DMO Entertainment Page (https://www.facebook.com/DMO-Entertainment-171295570154166/) မှကူးယူဖော်ပြပါသည်)
’71(2014)IMDb….7.2,,,Rotten….95(((ဆုပေါင်း (၁၂)ဆု ရရှိခဲ့ပြီး အခြားဆုများအတွက် ဆန်ကာတင်(၂၅)ဆုစာရင်းဝင်ခဲ့….)))ကျွန်တော်တို့အားလုံးဟာ တိုက်လိုခိုက်လိုစိတ်ပျင်းပြပြီးရန်လိုတဲ့သူတွေမဟုတ်တဲ့အပြင် တခြားသူဒုက္ခရောက်နေမှပျော်နေတဲ့သူတွေမဟုတ်ကြဘူး…သို့ပေမယ့် ဒီလိုအရာတွေနဲ့မကင်းတဲ့ စစ်ကားတွေကို လူကြီးလူငယ်မရွေးဘာကြောင့်ကြိုက်ကြတာပါလိမ့်……
တခြားနိုင်ငံမှရိုက်သည့်စစ်ကားအများစုသည် အဆဲမျိုးစုံပါဝင်သလို အထက်အောက် ပုံစံပေးနည်းမျိုးစုံပါဝင်လေသည်…သို့ပေမယ့် စစ်မြေပြင်ရောက်လျှင်သော်လည်းကောင်း ဒုက္ခမျိုးစုံသော်လည်းကောင်းကြုံသည့်အချိန်မျိုးတွေ အတူပူပေါင်းဖြေရှင်းသည့်ပုံစံများမှာကျွန်တော်တို့ကို လွန်စွာမှဆွဲဆောင်နိုင်ပါသည်…ဥပမာ Jarhead (2005) တပ်သားသစ်ဘဝကိုစရိုက်ပြတာ ..ဆဲတာလည်းစုံ ပညာပေးနည်းလည်းစုံ မီးကြောင့်ရဲရဲနီသည့် သံကွင်းနဲ့တောင်ထိုးကြသေးတယ်..သို့ပေ
မယ့် နောက်ဆုံးခန်းရောက်တော့ ကျွန်တော်တို့မျက်ရည်စို့ရတယ်..နောက် Fury (2014) အချင်းချင်းမှဆဲချက်ပေါက်ကရပြောချက်..အသစ်ကောင်လေးကိုလည်းပုံစံပေးချက်က မညှာတာ….သို့ပေမယ့် ဒီလူ့အရိုင်းအစိုင်းလို စစ်သားကြီးတွေက ကျွန်တော်တို့ကိုမျက်ရည်စို့ခဲ့ရတယ်..အခြားစစ်ကားကောင်းများစွာရှိပါသေးသည်…မည်သို့ပင်ဆိုစေ ကျွန်တော်တို့ဆီက စစ်ကားရိုက်ပြီဟေ့ဆိုရင်လည်း တခြားမြန်မာကားများထက် စိတ်ဝင်တစ်စားစောင့်ကြည့်ရတာ
အမော….အားမလိုအားမရဖြစ်ခဲ့ကြတာကလည်းတစ်ပိုင်းပေါ့လေ..ခုလည်း စစ်ကိုမုန်း၍ တိုက်ခဲ့သည်နောက်ပိုင်း ရေတပ်နှင့်ဆိုင်သည့် စစ်ကားတစ်ကားရိုက်နေသည်ဟုကြားသိရသည်…ထားတော့….’71(2014)ဇာတ်လမ်းအညွှန်းကိုအတိုချုံးပြောရမယ်ဆိုရင် တပ်ရင်းတစ်ရင်းဟာ ကက်သလစ်ဂိုဏ်းအဖွဲ့အထိကရုဏ်းဖြစ်တဲ့ Belfast မြို့ကို အရေးပေါ်လုံခြုံရေးသွားယူရတယ်..အဲ့ဒီလုံခြုံရေးယူတဲ့ထဲမှာ သင်တန်းဆင်းခါစ ရဲဘော်သစ်တွေပါတယ်…တစ်နေ့လုံခြုံရေးယူပေးနေရင်း
စစ်သည်တစ်ယောက် အသတ်ခံလိုက်ရတယ်….တခြားသူတွေတော့ ထွက်ပြေးလွတ်မြောက်သွားတယ်..လွတ်မြောက်သွားတဲ့အထဲမှာ တပ်သားသစ် ဟွတ်ခ်ဆိုတဲ့သူလည်းပါတယ်..သူဟာ ထွက်ပြေးနေတုန်းမှာ သူလုံးဝမမျှော်လင့်ထားတဲ့ အဖွဲ့အစည်းတွေနဲ့တွေ့ခဲ့ရတယ်..ကိုင်း သူတွေ့ခဲ့တဲ့အဖွဲ့အစည်းတွေက ဘာတွေဖြစ်မလဲ…ဒီရဲဘော်သစ်လေး ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး…..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့Zwel Zan Aung ပဲဖြစ်ပါတယ်…
When 9 (Elijah Wood) springs to life, it finds itself in a post-apocalyptic world where humans no longer exist, and the only signs of life are sentient rag dolls like itself and the machines that hunt them. Though it is the youngest of the group, 9 convinces comrades that the only way to survive aga
Director: Rapeepimol Chaiyasena ရိုက်ကူးတင်ဆက်ထားပြီး
13 September 2012 (Thailand) မှာ ရုံတင်ခဲ့တဲ့ ထိုင်းသရဲကားဖြစ်ပါတယ်… ဇတ်လမ်း ပုံစံကတော့ လက်ထပ်မယ် ပြောထားတဲ့ ချစ်သူက ကားမှောက်သေပြီလို့ ကြားပြီး တိုက်ပေါ်က ခုန်ချသွားတဲ့ မိန်းမချောလေး…. မသေခင်က သူမ
ကို ကျိတ်ကြွေနေတဲ့ ထမင်းဆိုင်က ကောင်လေးကတော့ ကောင်မလေး တိုက်ပေါ်က ခုန်ချ သေသွားပြီးနောက်မှာ သူမ ရဲ့ အတွင်းခံ အဝတ်ကို ခိုးယူထားတာ စိတ်မသန့်လို့ ပြန်သွားအထား အခန်းရှေ့မှာပဲ ပျောက်ဆုံးသွားတယ်…. သေခါနီး
ကင်ဆာ ရောဂါသယ် တစ်ယောက်ကလဲ ထိုအခန်းကို လာအငှား မစားသင့်တဲ့ သေသူကို ပူဇော်တဲ့ အစား စားမိလို့ အသေဆိုးနဲ့ သေရပြန်… ချစ်သူ ဆိုတဲ့ လူရဲ့ အလိမ်စကား ကို ပြောပေးတဲ့ သူငယ်ချင်း ဆိုတဲ့ မိန်းမလဲ ကားမှောက်ပြီး သေပြန်တယ်…. နောက်ဆုံး သူ လိမ်ညာမိလို့ သေသွားတဲ့ ကောင်မလေး အသုဘ ကို ရောက်လာတွေ့တဲ့ ကောင်လေးလဲ နောက်နေ့ မနက် ကားပဲ မြင်ရပြီး လူကတော့ ထူးဆန်းစွာ ပျောက်ဆုံးသွားပြန်တယ်….
ဇာတ်လမ်းနာမည်ကိုက ခပ်ဆန်းဆန်းနဲ့။ကျွန်တော်လည်း ဒီဇာတ်လမ်းစကြည့်တော့ ဘာကားပါလိမ့်ပေါ့။96 ရဲ့ အရှည်က 1996 Batch။၁၉၉၆ မှာ ဆယ်တန်းတက်ခဲ့ကြတဲ့ သူငယ်ချင်းတွေရဲ့ Reunion အကြောင်း။80 Born. 90 Born တွေဆိုရင် ဒီဇာတ်လမ်းကြည့်ရင် အခြားသူတွေထက် ပိုပြီးတော့ ရင်ခုန်ရမယ်။ ကြည်နူးရမယ်။ လွမ်းဆွတ်ရမယ်။
ဘာလို့လဲဆိုတော့ 90’s Kids တွေကိုး။ကိုယ်ကိုယ်တိုင်လည်း ဒီကားကြည့်တာ တကယ်ရင်ခုန်ရတယ်။ခုနေများ သူငယ်ချင်းတွေ အကုန်ပြန်ဆုံဖို့ဆိုတာ လွယ်မှမလွယ်ဘဲကိုး။သူငယ်ချင်းတွေပြန်ဆုံဖြစ်တာနဲ့အတူတူ ရည်းစားဟောင်းတွေလည်း ပြန်ဆုံနိုင်ကြသေးတယ်။ရည်းစားဦးနဲ့လည်း ပြန်ဆုံနိုင်သေးတယ်။ဖွင့်မပြောဖြစ်တဲ့ Crush များရှိလို့ရှိရင် သူသာ အပျိုကြီးဆိုရင် ရင်ခုန်ခွင့်ရှိသေးတယ်နော့။ဒီဇာတ်ကားကြည့်ပြီး သူငယ်ချင်းတွေ ပြန်ဆုံဖို့တောင် စိတ်ကူးယဉ်မိတယ်။
ငယ်ချစ်နဲ့များ ပြန်ဆုံရလေမလားပေါ့။ဒီဇာတ်လမ်းမှာ မင်းသားက ဓာတ်ပုံဆရာ လူပျိုကြီး၊ မင်းသမီးက သူ့ရဲ့ Crush လက်ရှိမှာ အိမ်ထောင်သည် ကလေးတစ်ယောက်အမေ။သူတို့နှစ်ယောက် ပြန်ဆုံဖို့ ဒီ Reunion က ဖန်တီးလာခဲ့တဲ့အခါ…. အချစ်ဆိုတာ ဘယ်လောက်နူးညံ့သိမ်မွေ့ကြောင်း၊ ဘယ်လောက်ကြည်နူးဆွတ်ပျံ့ဖွယ်ကောင်းကြောင်း၊ မေတ္တာစစ်စစ်နဲ့ ချစ်တဲ့အချစ်တွေရဲ့ တန်ဖိုးက ဘယ်လောက်မြင့်မားကြောင်း ဒီဇာတ်လမ်းထဲမှာ တွေ့ရပါမယ်။အချစ်ဇာတ်လမ်း
ကောင်းကောင်းလည်း ကြည့်ချင်ရင်၊ ဆယ်တန်းတုန်းက ကျောင်းသားဘဝ နဲ့ ကိုယ့်သူငယ်ချင်းကြီးတွေကို လွမ်းတယ်ဆိုရင် ဒီဇာတ်လမ်းက လက်မလွှတ်သင့်တဲ့ကားကောင်းတစ်ကားထဲမှာ ပါပါတယ်ဗျ။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ပေးထားသူကတော့ Ko Myo Nyunt ပါ)
A Brand New Life ဇာတ်ကားဟာဆိုရင် IMDb ratting 7.6 အထိ
ရရှိထားပါတယ်…မိဘရဲ့ စွန့်ပစ်ခြင်းကိုခံရပြီး မေတ္တတရားငတ်မတ်နေတဲ့
ကလေးတယောက်ရဲ့အကြောင်းကိုရိုက်ကူးထားတာပါ…
ဇာတ်လမ်းအစမှာတော့ ဖခင်ဖြစ်သူက သူ့သမီးလေးဂျင်ဟီးကို မိဘမဲ့ဂေဟာမှာ
သွားပို့လိုက်ပါတယ်…ပတ်ဝန်းကျင်အသစ်ဖြစ်တဲ့ မိဘမဲ့ဂေဟာမှာ
ဂျင်ဟီးတယောက်တခြားကလေးအဆင်ပြေနိုင်ပါ့မလား…ဖခင်ဖြစ်သူက
တနေ့ကျရင် ပြန်လာခေါ်မယ်လို့ တထစ်ချယုံကြည်နေတဲ့ ဂျင်ဟီး
သူ့အဖေကရောသူ့ကိုပြန်လာခေါ်ပါ့မလား…ကလေးဘဝကတည်းက ကတိဆိုတဲ့
စကားတလုံးကို ယုံကြည်နေတဲ့ဂျင်ဟီးရဲ့ မျော်လင့်ချက်တွေဖြစ်လာပါ့မလား…
မိဘမဲ့ဂေဟာမှာ လာရောက် မွေးစားမယ့်သူကို စောင့်နေကြတဲ့ကလေးတွေများနေပေမယ့်
ဂျင်ဟီးတယောက်ကတော့ သူ့အဖေတယောက်တည်းကိုသာ စောင့်မျော်နေရင်း….
ဒီဇာတ်ကားမှာ ကလေးတွေရဲ့ ပီပြင်စွာသရုပ်ဆောင်ထားချက်ကြောင့်
ဇာတ်လမ်းရဲ့ ရသရော ပေးချင်တဲ့ မတ်ဆေ့ရောကို ထင်ထင်ရှားရှားတွေ့မြင်ရမှာပါ(ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော. Aung Pyay ဖြစ်ပါတယ်)
mmbusticket ဒီကားလေးဟာကိုရီးယားအက်ရှင်ကားတွေထဲမှာတည်တည်ငြိမ်ငြိမ်နဲ့သရုပ်ဆောင်တတ်တဲ့တောင်ကိုရီးယားဝါရင့်မင်းသားSo-Ji_Subပါဝင်သရုပ်ဆောင်ထားတဲ့၂၀၁၂ထွက်ကားလေးဖြစ်ပါတယ်။ဇာတ်ကားလေးကိုကြေးစားလူသတ်သမားအဖွဲ့အစည်းတစ်ခုနဲ့စတင်ထားပါတယ်။
Heyong-Doဟာအပြင်ပန်းကကြည့်ရင်တော့သတ္တုလုပ်ငန်းတစ်ခုရဲ့ဝန်ထမ်းတစ်ယောက်လို့ပဲမြင်ရမှာပါတယ်။တကယ်တော့အဲဒီသတ္တုလုပ်ငန်းဆိုတာကိုအယောင်ပြပြီးအဖွဲ့အစည်းအလိုက်အလုပ်လုပ်တဲ့ကြေးစားလူသတ်သမားအဖွဲ့တစ်ခုရဲ့အဖွဲ့ဝင်တစ်ပါပဲ။မိမိလုပ်ငန်းမှာကျွမ်းကျင်ပိုင်နိုင်စွာသွေးအေးစွာလုပ်ဆောင်နိုင်ပြီးအတော်ဆုံးကြေးစားလူသတ်သမားဖြစ်ပေမယ့်အချစ်ဆိုတဲ့အရာသူ့ဘဝထဲကိုဝင်လာချိန်မှာတော့အရာအားလုံးပြောင်းလဲကုန်ပါတော့တယ်။Single
motherတစ်ယောက်ဖြစ်သူMi-Yeonနဲ့တွေ့ကာချစ်မိပြီးတဲ့နောက်Heyongဟာသူ့ရဲ့အတိတ်ကမကောင်းမှုတွေကိုစက်ဆုပ်လာပါတော့တယ်။အဲဒါနဲ့အခိုင်အမာတည်ရှိနေတဲ့သူ့ရဲ့ကြေးစားလူသတ်ဂိုဏ်းကနေထွက်ဖို့ကြိုးစားတဲ့နောက်မှာတော့ အဖြစ်အပျက်တွေဟာမုဆိုးဘဝကနေသားကောင်ဘဝအဖြစ်သို့နေ့ချင်းညချင်းရောက်သွားသလိုပါပဲ။Heyongတစ်ယောက်နွံထဲကနေရုန်းထွက်နိုင်မလား။သူမျှော်လင့်တဲ့ငြိမ်းချမ်းတဲ့ဘဝလေးထူထောင်နိုင်မလား။အတိတ်အရိပ်ဆိုးကိုကျော်ဖြတ်
နိုင်မလားဆိုတာတော့ဇာတ်ကားလေးကိုဆက်ကြည့်ကြတာပေါ့ဗျာ။မင်းသားကောင်းတလက်ဖြစ်တဲ့အတွက်အက်ရှင်ကားကောင်းတစ်ကားကိုစိတ်ကျေနပ်မှုအပြည့်အဝနဲ့အားလပ်ချိန်စိတ်အပန်းပြေကြည့်နိုင်မှာဖြစ်ပါတယ်။Ratingအနေနဲ့လည်း6.7ထိရထားတဲ့ကားလေးဖြစ်ပါတယ်။
IMDb 6.8 ရထားပြီး ၂၀၁၇ ခုနှစ်ထွက် သဲထိပ်ရင်ဖို ဒရာမာကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားတွေကတော့အရင် မြဝတီကလွင့်တဲ့ ရုပ်သံစီးရီးတွေမှာ ပါဝင်သရုပ်ဆောင်နေကျ မင်းသားတွေဖြစ်တာကြောင့် ပရိတ်သတ်ကြီးနဲ့ စိမ်းမှာ မဟုတ်ပါဘူးဇာတ်လမ်းအကျဉ်းလေးကတော့ နှလုံးအထူးကု ပါမောက္ခဒေါက်တာ ကင်ဂျွန်ယောင်းဟာနိုင်ငံခြားမှာ ပရဟိတလုပ်ငန်းများအတွက်လုပ်အားပေးလုပ်ကိုင်ပြီးတဲ့အတွက် ကိုရီးယားသို့ပြန်လာပြီးသမီးလေးအင်ဂျွန်နှင့် ချိန်းထားသောနေရာကိုသွားတဲ့လမ်းမှာကားမတော်တဆမှုတစ်ခုကိုတွေ့ပြီးဝင်ကူညီရာ ကားဖြင့်အတိုက်ခံရသောသူမှာသူ့သမီးလေးဖြစ်နေပါတယ် သို့သော် ရုတ်တရက် အိပ်မက်မက်သလိုဖြစ်ပြီး့ နိုးထလာကာ ခုနက အဖြစ်အပျက်များအတိုင်း အဖန်တလဲလဲ ဖြစ်ပေါ်နေပါတော့တယ်သူ့သမီးကားတိုက်ခံရသည်ကိုခဏတိုင်း တွေ့မြင်နေရသောကြောင့် ငရဲကျနေသကဲ့သို့ခံစားချက်များဖြင့် ပူပင်သောကရောက်နေရပါတော့တယ်ကဲ ဒေါက်တာကင်တစ်ယောက် ဒီဖြစ်ရပ်ဆန်းကနေ ဘယ်လို ရုန်းထွက်မလဲဒီဖြစ်ရပ်ဆန်းကြီးကကော ဘာကြောင့်ထပ်တလဲလဲ ဖြစ်နေတာလဲဒေါက်တာကင်ကတော့ ဒီဖြစ်ရပ်ဆန်းကနေ ရုန်းထွက်နိုင်ပါ့မလား ဆိုတာကိုတော့ပရိတ်သတ်ကြီးကဆက်လက်ကြည့်ကြရမှာပါ
ဘောလိဝုဒ်ကားတွေရဲ့ထုံးစံအတိုင်းပရိသတ်မထင်ထားလောက်အောင်လှည့်ကွက်လေးတွေကဆရာကျတတ်ကြပါတယ်။ဇာတ်ကြောင်းဇာတ်အိမ်တည်ဆောက်ပုံကလည်းတောင့်တင်းတယ်ဆိုတာ ဘောလိဝုဒ်ပရိသတ်ကြီးလည်းသိပြီးသားပါ။ဘောလိဝုဒ်ကားအများစုဟာ ဟာသ/ အချစ် / အလွမ်း /ဇာတ်ကြမ်း /လှည့်ကွက် စတဲ့ ရသတွေထောင့်စေ့အောင် တည်ဆောက်ထားလေ့ရှိပါတယ်။ဒီကားလေးရဲ့အညွှန်းကိုမျှဝေရမယ်ဆိုရင်ဖြင့် အိန္ဒိယနိုင်ငံရဲ့လျှို့ဝှက်အေးဂျင့်အဖွဲ့တစ်ခုဖြစ်တဲ့ အဖွဲ့ X အကြောင်းလေးနဲ့ပဲစချင်ပါတယ်အဖွဲ့ X ရဲ့ခေါင်းဆောင် ကာနယ်ဟာဆိုရင်ဖြင့့်အာဏာကိုအလွဲသုံးစားလုပ်ပြီး’ရလေလိုလေအိုတစ္ဆေဆိုသလို’ကိုယ်ကျိုးရှာလောဘသားခေါင်းဆောင်တစ်ယောက်ပါအဖွဲ့ X ရဲ့ခေါင်းဆောင်ကတော့ ရှရီဆိုတဲ့အရည်အချင်းရှိအေးဂျင့်ပါသူကတော့ မတရားမှုတွေလုပ်နေတဲ့ခေါင်းဆောင်ရဲ့လက်အောက်ကနေလွတ်မြောက်ခွင့်ရဖို့ခက်ခဲနေတဲ့သူတစ်ယောက်ပါ သူ့သဘောထားကိုသိသွားတဲ့ကာနယ်ကနောက်ဆုံးအနေနဲ့မစ်ရှင်တစ်ခုလုပ်ပေးဖို့တောင်းဆိုလိုက်ပါတယ်ဒါကိုသဘောတူပြီးနောက်ပိုင်းဘာတွေဖြစ်လာမလဲ တစ်ဖက်မှာလည်းဒါရိုက်တာပုံဖော်ပြီးရိုက်ပြထားတဲ့ ဂေါ်ရဗ် ဆိုတဲ့ဝန်ထမ်းလေးတစ်ယောက်အကြောင်းလေးလည်းပြောချင်ပါသေးတယ် သူကတော့ ဘဝကိုအရှုပ်အရှင်းကင်းကင်းနဲ့ရိုးသားစွာဖြတ်သန်းချင်တဲ့သူပါကုမ္ပဏီမှာအလုပ်ကြိုးစားတယ်အိမ်ကောင်းကောင်းတစ်လုံးနဲ့နေချင်တယ် သာမန်နေထိုင်မှုလို့ပဲဆိုရမှာပါ မင်းသမီးကလည်းနာမည်ရေးပြစရာမလိုလောက်အောင် ဘောလိဝုဒ်ပရိသတ်တွေအကြိုက် ဇာတ်ကြမ်း/ အချစ်/အလွမ်း /ဟာသ ဘက်စုံရတဲ့သမီးတစ်လက်ပါ ဒီ character တွေစုပေါင်းလိုက်တဲ့ဇာတ်လမ်းအသွားအလာဘယ်လိုပီပြင်လာမလဲဆိုတာတော့ ဇာတ်ကားပြီးခါနီးလေးမှပဲသိရမှာပါ ဇာတ်အိမ်/ ဇာတ်ကြောင်း/ သရုပ်ဆောင်/ နောက်ခံသီချင်း အပြစ်ပြောရာမရှိအောင်ကောင်းတဲ့ ဇာတ်ကားလေးဖြစ်ပြီးဟာသလေးတွေလည်းပါဝင်ထားလို့ကြိုက်နှစ်သက်ကြမယ်လို့ ယူဆမိပါကြောင်း…….
A Hard Day (ကိုရီးယားအမည်-Take it to the End) ဆိုတဲ့ရုပ်ရှင်လေးဟာ တောင်ကိုရီးယားနိုင်ငံ မှ ၂၀၁၄ခုနှစ်မှာရိုက်ကူးထားတဲ့ မှုခင်းဇာတ်ကြောင်းအခြေခံ ထိတ်လန့်ဖွယ်ရာ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ရုပ်ရှင်ရဲ့ဇာတ်ညွှန်းနဲ့ဒါရိုက်တာအဖြစ် Kim Seong-hun က ဖန်တီးရိုက်ကူးထားပြီးတော့ Lee Sun-kyun နဲ့Cho Jin-Woong တို့ကအဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ A Hard Day ရုပ်ရှင်ကားဟာ Cannes Film Festival ရဲ့ Directors’ Fortnight Sectionမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ရွေးချယ်ခဲ့ရပါတယ်။ Cannes ရုပ်ရှင်ပွဲတော်မှာ May 18,2014 မှာပြသခဲ့ပြီး တောင်ကိုရီးယားနိုင်ငံမှာတော့ May 29, 2014မှာပြသခဲ့ပါတယ်။ ဇာတ်လမ်းလေးကတော့ လာဘ်စားအကျင့်ပျက် စုံထောက်ရဲတစ်ဦးဟာ သူ့ရဲ့မိခင် မကြာသေးမီက ကွယ်လွန်သွားတဲ့အတွက် အရေးတကြီးနဲ့ လှိုဏ်ခေါင်းလမ်းတွေကနေ အမြန်ကားမောင်းလာပါတယ်။ သူ့ရဲ့အဖွဲ့ဟာလည်း လာဘ်စားခြင်းကိစ္စအတွက်နဲ့ စစ်ဆေးမှုတွေ ခံယူနေရပါတယ်။ ရဲဟာ လမ်းပေါ်မှာ သွားနေတဲ့လူတစ်ယောက်ကိုကားနဲ့တိုက်မိသွားပြီးတော့ လူသတ်မိသွားပါတယ် ။သူဟာကြောက်ရွံ့ပြီး အလောင်းကို တိတ်တဆိတ်သယ်ဆောင်လာခဲ့ပါတယ်။ ထို့နောက် ဘာတွေဆက်ဖြစ်ကြမလဲ? လူသတ်မှုကကောအမှုမှန်ပေါ်ပေါက်ပါမလား? ဘယ်လိုတွေဆက်ပြီးတော့ကြုံတွေ့လာရနိုင်မလဲ ဆိုတာတွေကို စိတ်ဝင်စားဖွယ် မှုခင်းတစ်ခုအနေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။ မင်းသား Lee Sun-kyun ကိုတော့ရဲအရာရှိ Ko Gun-su အနေနဲ့ မြင်တွေ့ရမှာဖြစ်ပြီးတော့ Cho Jin-woong ကိုတော့ Lieutenant Park Chang-minအဖြစ် ရှုစားကြရပါမယ်။ ဇာတိကားဟာ ၁၁၁ မိနစ်ခန့် ကြာမြင့်မှာဖြစ်ပြီးတော့ Crime Action Thriller ရုပ်ရှင်ကားကောင်းများကို နှစ်ခြိုက်ကြသူတို့သဘောတွေ့စေမယ့် ရုပ်ရှင်ကားကောင်းလေးပဲ ဖြစ်ပါတယ်။
ဒီတစ်ခေါက် မိတ်ဆက်ပေးချင်တာကတော့ “A Man and a Woman” ဆိုတဲ့ ရိုမတ်တစ် ဇာတ်ကားလေးပါ… အညွှန်းဆိုတော့ ညွှန်းပါရစေ…ဒီဇာတ်ကားကို ကြည့်သင့်တဲ့ သူတွေက တော့ လက်ထပ်ထားကြတဲ့ ဇနီးမောင်နှံတွေ အိမ်ထောင်ပြုဖို့ စဉ်းစားထားတဲ့ လူငယ်တွေ ကြည့်သင့်ပါတယ် တစ်ခုတော့ပြောပါရစေ… ဟာသကား ဇာတ်မြူးကားမှ ကြိုက်တဲ့ ပရိတ်သတ် ဆိုရင်တော့ ဒီကားကို မကြည့်ပါနဲ့လို ့ ကြိုသတိပေးပါရစေ ..ကျွန်မ တောင် ကြည့်စ တုန်းက ဘယ်လိုတောင်လား ဆိုပြီး ပြောရတဲ့အထိပါ ဒါပေမယ့် ဒီဇာတ်လမ်းက သင့်ကို message တစ်ခုတော့ ပေးနိုင်မှာပါ ဇာတ်အေးအမျိုးအစားဖြစ်ပြီး လွမ်းစရာ တီးလုံးလေးနဲ့ ဇာတ်လမ်းကို အသက်သွင်းထားပါတယ် နောက်တစ်ခုက ရှက်တတ်သူတွေ မကြည့်ပါနဲ့ 18+ အခန်းတွေ ပါပါတယ်… မင်းသားကိုတော့ အထူးမိတ်ဆက်စရာ မလို တော့ဘူးထင်ပါတယ်.. Goblin မှင်စာ မင်းသား အာဂျူးရှီး Gong Yoo က ကင်ကီဟုန်အနေနဲ့ သရုပ်ဆောင်ထားပြီး ရိုးရိုးလေးနဲ့ လှနေတတ်တဲ့ Jeon Do Yeon က လီဆန်းမင်း အနေနဲ့ သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအကြောင်း- ဖင်လန်နိုင်ငံ ကလေးလေ့ကျင့်ရေးစခန်းမှာ သားဖြစ်သူကို ကျောင်းလာအပ်တဲ့ လီဆန်းမင်းဆိုတဲ့ အမျိုးသမီး နဲ့ သမီးဖြစ်သူကို ကျောင်းလာအပ်တဲ့ ကင်ကီဟုန်ဆိုတဲ့အမျိုးသားအကြောင်းပါ… သူတို့နှစ်ယောက်ဟာ ကလေးကိစ္စကို အကြောင်းပြုပြီး ရင်းနှီးခဲ့ကြပါတယ်.. ရင်းနှီးတာက တစ်ဆင့် မေတ္တာပေါင်းကူးတဲ့အဆင့်ထိ ရောက်ခဲ့ကြပါတယ်.. ကာမပိုင်ယောကျာ်းနဲ့ သားလေး ရှိတဲ့ လီဆန်းမင်းတစ်ယောက် သမီးရည်းစားထက်ပိုတဲ့ အချစ်ရေး အတွက် စွန့်စားမလား… သမီးလေးနဲ့ မိန်းမကို ထားခဲ့ပြီး ကင်ကီဟုန် တစ်ယောက်ကော နှလုံးသားကို ဦးစားပေးမလား …. သူတို့နှစ်ယောက်နောက်ဆုံးမှာ ဆုံစည်းခွင့် ရမလား.. ပရိတ်သတ် ကဘဲဆက်ကြည့်လိုက်ပါတော့ ….
A Melody to Remember ခေါ်တဲ့ကိုရီးယား ကားလေးပါ။ IMDb Rating ၇.၂ ၊ MyDrama List ၈.၆ ရရှိထားတယ့် Rating အမြင့်ပိုင်းတွေ ရရှိထားတယ့်ကာားလေးပါ။ Action/ Drama အမျိုးအစားဖြစ်ပြီး ၂၀၁၆ ခုနှစ် ကဖြန့်ချီထားခဲ့ပါတယ်။ တစ်ကားလုံး ကို ၁၂၄ မနစ်ကြာပါတယ်။ ဒီကားကို နာမည်အမျိုးမျိုးနဲ့လဲ ခေါ်ကြပါတယ်။ သူ့ရဲ ကိုးရီယား ပြည်တွင်းမှာ ( 임시완 )오빠생각 မြန်မာလို အဓိပ္ပယ်က အစ်ကိုကြီးရဲ့ ဆန္ဒ ဖြစ်ပြီး နိုင်ငံတကာ မှ A Melody to Remember လို့ခေါ်ကြပါတယ်။ ဒီကားလေးက Box Office ဝင်ငွေကိုကြည့်ရင် ပြည်တွင်းမှာအောင်မြင်မှုမရပေမယ့် နိုင်ငံတကာမှာအောင်မြင်မှုပိုရရှိခဲ့တယ်ကားပါ။ ရိုက်ကူးတယ့် စရိတ်ကိုမသိရပေမယ့် ဝင်ငွေ ကန်ဒေါ်လာ ၇ သန်းကျော်ရှိခဲ့ပါတယ်။ ရှာလို့ရသလောက်က Far East Flim Festival မှာ ပရိတ်သတ်အကြိုက်ဆုံး ဆုကို ရရှိထားပြီး ဇကာတင်စာရင်းဝင်ထားတာနည်းနည်းတော့ရှိပါတယ်။ ဒီကားရဲ့အဓီကမင်းသားအဖြစ်ပါဝင် ထားတယ့် Siwan အဓီကနေရာမှာ သရုပ်ဆောင် တယ့် သူရဲ့ပွဲဦးထွက် ဇာတ်ကားလဲဖြစ်ပါတယ်။ ကလေး သရုပ်ဆောင် နှစ်ယောက်က Jung Joon နဲ့Lee Re တို့ဖြစ်ပြီး တော်တော်လေးသရုပ် ဆောင်ကောင်းပါကြပါတယ် ။ Rating များပြီး ဇာတ်ကားနဲ့ပတ်သတ် တွေကရှာရတာ မလွယ်ပါဘူး။ဇာတ်လမ်းက ကောင်းပါတယ်။ ဒီဇာတ်ကားလေးရဲ့ Theme က မိဘမဲ့ ကလေး တွေ ရဲ စစ်အတွင်းက ဘ၀ နဲ့ဂီတပါရမီ ကိုပြချင်တာဖြစ်ပါတယ်။ ဝေဖန်ချက်ကောင်းကောင်းတွေ ရရှိထားပြီး ပရိတ်သတ် တွေ ကိုဆွဲဆောင်ထားနိုင်ပါတယ်။ ကလေးနှစ်ယောကို အဓီက ထားပြီး ဇာတ်အိမ် တည်ထားပါတယ်။ ဇာတ်ကားနာမည်အတိုင်း မောင်နှမ နှစ်ယောက် ရဲ့မေတ္တာကို ဖော်ကျူး ထားပါတယ်။ ကိုးရီယား ကားတွေ မှာ ချီးကျူးချင်တာက ကလေးသရုပ်ဆောင်တွေ ပါ။ တကယ်သူတို့ပေးချင်တယ့် ခံစားချက်ကို တစ်ဖက်သားဆီရောက်အောင်ပေးနိုင်ပါတယ်။ လွန်ခဲ့တယ့် နှစ်၅၀ ကျော်က ကိုးရီယားနိုင်ငံအခြေနေကိုလဲ အထင်သားတွေ မြင်ရပါတယ်။ စစ်ကြောင့်မိဘမဲ့ဖြစ်သွားတယ့် ကလေးတွေ ရဲ့ဘဝဖြတ်သန်းရှင်သန်ရပုံတွေ ၊ တောင်နဲ့ မြောက်ရဲ့အမုန်းတရားတွေ ကိုတွေ့ရမှာပါ။ နောက်ပြီးဒီ ဇာတ်ကားမှာပါတဲ့ သီချင်းဆိုရတဲ့ အခန်းတွေ ကို ကလေးတွေ တကယ်သီဆို ထားတာပါ။အဲ့ဒီမှာ သရုပ်ဆောင်နဲ့ဆွေးရုံတင် မဟုတ်ဘဲ အသံကိုနားထောင်ပြီးတော့ပါ ဆွေးနိုင် ပါတယ်။ အသံမှာကိုက သူတို့ခံစားနေတဲ့ ခံစားချက်ကို ပါ အောင်သီဆိုနိုင်တာ ပိုပြီးနားထောင်လို့ကောင်းပါတယ်။ အခု ဒီကားရဲ့ဇာတ်လမ်းပိုင်းကိုပြောပြမှာပါ။ ဇာတ်လမ်းအစမှာ တိုက်ပွဲတစ်ခုအတွင်း တပ်ရင်း တစ်ခုလုံး သေပြီး ဗိုလ်ကြီးတစ်ယောက်ဘဲအသက်ရှင်ကျန်ခဲ့ပါတယ်။ တောင်နဲ့မြောက် ကိုနှစ်ပိုင်းပိုင်းလိုက်ပြီးနောက်မှာ နှစ်ဖက်စစ်စဖြစ်ပါတယ်။ စစ်အတွင်းမှာ တောင်ဘက်ကလူဆို မြောက်ကလူကို သတ် မြောက်ကလူဆိုရင် တောင်ကလူကိုသက် ဖြစ်နေကြတဲ့ အချိန်မှာ အခြေနေကြောင့် မြောက်ပိုင်းအလိုတော်ရိ လုပ် နေတယ့် တောင်ပိုင်းသားတစ်ယောက်က လမ်း ခရီတစ်ခုမှာ တောင်ပိုင်း စစ်တပ် နဲ့တွေ့ပါတယ် အဲ့ဒီမှာ သူ့ရဲ့သမီးလေးက မြောက်ပိုင်းသီချင်း ဆိုပြလိုက်မီလို့သူ့အဖေဖမ်းခံရပြီး ရွှာက လူတွေ ဝိုင်းသတ်လို့သေသွားပါတယ်။ အဲ့ဒီနောက်မှာ မောင်နှစ်မ နှစ်ယောက် ကမိဘမဲ့ ဖြစ်သွားပြီး ရွှာကေနေထွက်လာခဲ့ကြပါတယ်။ အစ်ကို ကသူ့ညီမကိုအရမ်းချစ်ပြီး ဂရုစိုက်ပါတယ်။ အဲ့ဒီအချိန်တိုက်ပွဲတုန်းက အသက်ရှင် ခဲ့တယ့် ဗိုလ်ကြီးက ဘူဆန်ကိုဂီတဆရာ နေနဲ့ ပြောင်းလာရပါတယ်။ မိဘမဲ့ ကျောင်းအုပ်က အမေရိကပညာသင်လာ တယ့် စေတနာဝန်ထမ်း ကောင်မလေးပါ။ အဲ့ဒီအချိန် မိဘမဲ့ ကလေးတွေ ကို သီချင်းသင်ပေးပြီး အဖွဲ့တစ်ခုလုပ်လိုက်ပါတယ်။ သူတို့ပထမဆုံး အမေရိကန်က ဗိုလ်မှုးကြီးကို ဆိုပြတာကနေ လူတွေကြိုက်သွားပြီး သူတို့ကို ရှေ့တန်းက စစ်သားတွေ ကိုဖျော်ဖြေဖို့တာဝန်ပေးလိုက်ပါတယ်။ အဲဒီ မောင်နှစ်မ နှစ်ယောက်မှာ ညီမဖြစ် တယ့် သူက သီချင်းမဆိုဘဲ သူ့အကိုနဲ့မခွဲနိုင် လို့လိုက်လာခဲ့ပါတယ်။ တောတစ်နေရာမှာ နားနေကြရင်း မောင်နှစ်မနှစ်ယောက် အပေါ့သွားဖို့ထွက်လာခဲ့တာမှာ မြောက်ပိုင်း တပ်နဲ့တွေ့ ကြတုန်း သူတို့ကိုမတွေ့လို့လိုက် ရှာနေကြတယ့် တောင်ပိုင်းတပ်တိုက်ပွဲစဖြစ်ကြပါတယ်။ အဲ့တိုက်ပွဲနောက်ပိုင်းဘယ်သူကသေပြီး ဇာတ်လမ်းကို ဘယ်လို ဆက်ထားလဲ ၊ ကောင်မ လေးရရောဘာလို့သီချင်းမဆိုတာလဲ ၊ ဘယ်လို စိတ်ဝင်စားစရာ ဝမ်းနည်းစရာတွေ ရှိမလဲဆို တာဇာတ်ကားကြည့်ပြီးခံစားကြည့်လိုက်ပါ။ ဒီဇာတ်ကားကိုကြည့်မိပြီး တသသဆွဲနေမယ့် အထဲပါပါတယ်။အတက်နိုင်ဆုံး ဇာတ်လမ်းထဲမှာ ခံစားမှုပိုပြီး စီးမျောသွားနိုင်အောင် ဘာသာပြန် ပေးထားပါတယ်။ ဂီတ အကြောင်းကို ဒရာမာ နဲ ရိုက်ပြထားပြီး တစ်ရှုးဆောင်ထားရမယ့် ကားပါ။ ကလေးနှစ်ယောက်ရဲ့သရုပ်ဆောင်နဲ့အဆိုပိုင်း ကို ကောင်းကောင်းကြီး ခံစားရမှာပါ။ ကြိုက်တာ မကြိုက်တာက ကြည့်တယ့်သူပေါ်မှာဘဲမှုတည်မှာပါ။
အသစ်စက်စက် A Monster Calls လေး ရပါပြီ CM fan အပေါင်းတို့ရေ.. ဒါနဲ့CM ပိတ်သတ်ကြီးရော.. ကိုယ့်စိတ်ကူးအိပ်မက်တစ်ခုခုကို စွဲစွဲမြဲမြဲယုံကြည်ဖူးပါသလား.. ဒီကားထဲက ကော်နာ အိုမယ်လီဆိုတဲ့ ကလေးလေးကတော့ အသက်အရွယ်နဲ့မလိုက်အောင် ရင့်ကျက်ပြီး ယုံကြည်သက်ဝင်မှု ပြင်းထန်လှပါတယ်. . သူနဲ့ သူရဲ့ သေလုမြောပါးနာမကျန်းဖြစ်နေတဲ့ အမေ ကြားမှာ စိတ်ကူးယဉ် ကမ္ဘာလေးတစ်ခုရှိပါတယ်. . တစ်ညမှာတော့ ကော်နာလေးရဲ့ စိတ်ကူးထဲက tree monster ကြီးဟာ တောင်ကုန်းပေါ်ကနေ နိုးထလာခဲ့ပြီး.. ကော်နာလေးကို ပုံပြင် 3ပုဒ် စတင်ပြောပြပါတော့တယ်. . သူ ကော်နာလေးကို ပြောပြနေတာ အကြောင်းပြချက်ရှိလို့ပါ.. အဲ့ဒါက ဘာအတွက်လဲဆိုတော့… …. … ကျွန်တော် ဇာတ်လမ်းလေးပေါ့သွားမှာစိုးလို့ ဒီ့ထက်ပိုပြီးမပြောပြတော့ပါဘူး.. ဒီ Fantasy | Drama ကားလေးက စာရေးဆရာ Patrick Ness ရဲ့ “A Monster Calls” စာအုပ်ကို အသက်သွင်းထားတာဖြစ်ပါတယ်.. Budget $43M နဲ့ ရိုက်ကူးထားတဲ့ဒီကားလေးဟာ Worldwide Gross အနေနဲ့ $37M ကျော် ရရှိထားပါပြီ.. Tree Monster ကြီးရဲ့ အသံသရုပ်ဆောင်ကတော့ Taken မင်းသားကြီး Liam Neeson ဖြစ်ပါတယ်.. ကော်နာလေးရဲ့ အမေနေရာမှာတော့ The Theory of Everything, Inferno, Rogue One;A Star Wars Story ကားတို့ရဲ့ မင်းသမီးချော Felicity Jones က သရုပ်ဆောင်ပေးထားတာဖြစ်ပါတယ် (သူမက ဒီကားမှာ မျက်ရည်တွေခြွေမှာမို့ ဒီကားမကြည့်ခင်တစ်ရှူးလေးတော့ဆောင်ထားကြပါ..ဘာသာပြန်ရင်းငိုနေရတယ်.. အပိုမပြောပါဘူး) ကျွန်တော်ကတော့ သူမကို ဒီကားနဲ့ပဲ စကြည့်မိတာပါ… ကဲ.. စကားရှည်မနေတော့ဘူး.. IMDb 7.7 ထိရထားတဲ့ ဒီကားလေးကို ကြည့်ပြီးရင်.. (ကြည့်နေရင်းနဲ့ကို)… ရင်ထဲမှာ တစ်ခုခုရှိနေမှာပါ.. ????
ဒီ ပြင်သစ် 3D animation ရုပ်ရှင်က ဒါရိုက်တာ Bibo Bergeron ရဲ့လက်ရာတစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာဆိုရင် ရုပ်ရှင်ပြစားတဲ့ အေမီယိုနဲ့ ကုန် ပစ္စည်းတွေလိုက်ပို့တဲ့ အလုပ်ကို လုပ်တဲ့ ရာအိုသူငယ်ချင်းနှစ်ယောက်ဟာ မမျှော်လင့်ပဲ ဓာတ်ခွဲခန်းထဲမှာ မကောင်းဆိုးဝါးတစ်ကောင်ကို ဖန်တီးမိခဲ့ပါတယ်။ ပြီးတော့အဲ့ဒီမကောင်းဆိုးဝါးကောင်ဟာ ပဲရစ်မှာလျှောက်သွားပါတော့တယ်။ တွေ့တဲ့လူတိုင်းကသူ့ရဲ့ပုံပန်းသဏ္ဌန်ကြောင့် ကြောက်လန့်တကြားဖြစ်ကြတာပေါ့။ အဲ့ဒီမကောင်းဆိုးဝါးကို ဖမ်းဆီးဖို့အတွက် ကောက်ကျစ်တဲ့ ကော်မရှင်နာ မေနာက စတင်ပြီးလုပ်ပါတော့တယ်။ ရေကြီးမှုပြဿနာကို ဘာမှအကူအညီမပေးတဲ့အတွက်သူ့ကို ပြည်သူတွေအထင်လွဲမုန်းတီးနေတာကနေ ဖြေရှင်းဖို့အကြောင်းရှာတာပါ။ ဒါပေမယ့်လည်း အဲ့ဒီမကောင်းဝါးကောင်လေးမှာ ထူးခြားတဲ့စွမ်းရည်တစ်ခုရှိပါတယ်။ အဲ့ဒီစွမ်းရည်လေးကြောင့်ပဲ မကောင်းဆိုးဝါးကောင်လေးက ပဲရစ်မှာရှိတဲ့ သူဌေးတွေသာ လာလို့ရတဲ့ ကပွဲရုံတစ်ခုကိုရောက်သွားပါတယ်။ အဲ့ဒီမှာ အဆိုတော်မလေး လူစီလီနဲ့တွေ့ဆုံရပါတော့တယ်။ လူစီလီက သူ့ကိုနာမည်လေးတစ်ခုပေးပြီး ကပွဲရုံမှာ တိတ်တဆိတ်ခေါ်ထားပေးပါတယ်။ သူဟာ ပုံသဏ္ဌာန်ကသာမကောင်းဆိုးဝါးဖြစ်နေပေမယ့် လူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်စေတာမျိုးမလုပ်ခဲ့ပါဘူး။ တခြားအမြတ်ကြီးစား ကိုယ်ကျိုးကြည့်တဲ့လူသားတွေလိုမျိုး မဟုတ်ခဲ့ပါဘူး။ ဒီဇာတ်ကားလေးက ခံစားကြည့်မိမယ်ဆိုရင် တကယ့်မကောင်းဆိုးဝါးဆိုတာ ဘယ်လိုမျိုးလဲ အပြင်ပန်းကိုသာ ကြည့်ပြီး ဆုံးဖြတ်လို့မရတဲ့ ကိစ္စတွေ အဖြစ်အပျက်တွေကို တွေ့ရမှာပါ ဒါ့အပြင်ဇာတ်လမ်းထဲမှာ ပါတဲ့သီချင်းလေးတွေကလဲကောင်းတာမို့ စာသားတွေကိုလည်း ဘာသာပြန်ပေးထားပါတယ်။
ဒီတစ်ခါတော့ ၂၀၁၂ ခုနှစ်က ထွက်ခဲ့တဲ့ A Muse ဆိုတဲ့တောင်ကိုရီးယားကားလေးကို တင်ဆက်ပေးလိုက်ပါတယ် စာရေးဆရာ Park Bum-shin ရဲ့ Eun-gyo ဆိုတဲ့ ဝတ္ထုကို ဇာတ်လမ်းအဖြစ် ဒါရိုက်တာ Ji-woo Jung ကရိုက်ကူးထားတာပါ အဓိက သရုပ်ဆောင်တွေ အနေနဲ့တော့ Park Hae-il, Kim Mu-yeol နဲ့ Goblin ကားရဲ့ မင်းသမီးလေး Kim Go-eun တို့က ပါဝင်သရုပ်ဆောင်ပေးထားပါတယ် ဇာတ်လမ်းလေးကတော့ အသက် ၇၀ အရွယ် ကဗျာဆရာအိုကြီးရဲ့ အချစ်ဇာတ်လမ်းလေးပါ သူ့မှာ အသက် ၃၀ အရွယ် သူ့အချစ်ဆုံးသဘောအကျရဆုံး တပည့်တစ်ယောက်ရှိပါတယ် တစ်နေ့မှာ ကဗျာဆရာကြီးဟာ မမျှော်လင့်ဘဲ အသက် ၁၇ နှစ်အရွယ် အထက်တန်းကျောင်းသူလေးနဲ့ ချစ်မိသွားပြီး သူ့အကြောင်းကို ဝတ္ထုတိုလေးရေးဖို့ စိတ်အားထက်သန်နေပါတယ် သူ့တပည့်က မနာလိုဖြစ်ပါတော့တယ် ဒီလိုနဲ့ သူတို့နှစ်ယောက်ရဲ့ဘဝထဲကို အထက်တန်းကျောင်းသူလေး ဝင်ရောက်လာချိန်မှာ သူတို့ရဲ့စိတ်တွေ လိင်အာသီသတွေဟာ နိုးကြားလာခဲ့ရာက ဘာတွေဆက်ဖြစ်ဦးမလဲဆိုတာတော့ စောင့်မျှော်ကြည့်ရှုကြပါဦး (18+ အခန်းအချို.ပါဝင်တာကြောင့်မိသားစုနဲ့အတူကြည့်ဖို့မသင့်တော်ပါဘူး)
Horror ကားကြိုက်သူတွေအတွက် အိပ်မက်ထဲက
လူသတ်သမားကြီးဖရက်ဒီဆိုရင် လူသိများကြမယ်ထင်ပါတယ်
ဖရက်ဒီအကြောင်းပြောရမယ်ဆိုရင်တော့ သူဟာသူသတ်ချင်တဲ့သူကို
အိပ်မက်ထဲမှာသတ်လိုက်ဆိုရင်
အပြင်မှာ တကယ်သေသွားရတယ်….
သူသည်ဘာလို့ အဲ့ဒီလိုမျိုးဘာလို့လိုက်သတ်ရသလဲ….
အဲ့ဒီမြုပ်ကွက်ကိုက စိတ်ဝင်စားစရာကောင်းပါတယ်
သူသည် အလကားသက်သက် ဖရက်ဒီဆိုတဲ့ နာမည်ကြီး
လူသတ်သမားတယောက်ဖြစ်ခဲ့တာမဟုတ်ပါဘူးဇာတ်လမ်းအကျဉ်း :
ဇာတ်လမ်းအစကတည်းက အိမ်မက်တခုနဲ့အစပျိုးထားပြီး
ကော်ဖီဆိုင်တခုထဲမှာအိမ်မက်မက်နေတဲ့ ဒင်းန် တယောက်
လန့်နိုးသွားပါတယ်..သူ့သူငယ်ချင်းရောက်လာတော့
ဒီအိမ်မက်တွေအကြောင်းကိုပြောပြဖြစ်တယ်..
တကယ်လိုခံစားနေရတဲ့အကြောင်း
လုံးဝမအိပ်ရဲတော့တဲ့အကြောင်းကိုပြောပြပေမယ့်
သူ့သူငယ်ချင်းခရစ်က ဒါတွေဟာ
အိမ်မက်သက်သက်သာဖြစ်ပြီး စိတ်မပူဖို့ပြောပြီး
သန့်စင် ခန်းထသွားခဲ့တယ်
တချက်ပြန်ပြီးအိပ်ပျော်သွားတဲ့အခါမှာတော့
ဒင်းန်တစ်ယောက်အသက်ပါပေးလိုက်ရပါတော့တယ်
နောက်ပိုင်းမှာ ခရစ်ကလည်း ထိုအိမ်မက်တွေမြင်မက်..
တစ်ယောက်ပြီးတစ်ယောက်သေဆုံးပြီးတော့
ဘာကြောင့်ဒီလိုအိမ်မက်တွေသူတို့မှလာဖြစ်ရတာလဲ..
ဆိုပြီး ကြားထဲက ဆက်နွယ်မှုတစ်ခုကို
နောက်ဆုံးကျန်နေတဲ့ ကွမ်တင် နဲ့ နန်စီ တို့
စုံစမ်းရင်းနဲ့ကနေပြီးတော့ ရလာတဲ့ရလဒ်ကတော့
ဆက်လက်ကြည့်ရှုခံစားကြပါ
mmbusticket
Blu-Ray 1080p 5.1 CH x264
အသံကြားတာနဲ့ ရုတ် တရက် ပေါ်လာပြီး တိုက်ခိုက် သတ်ဖြတ်တဲ့ သတ္တဝါတွေရန်က နေ ကာကွယ်ဖို့ အသံမထွက် အောင် တိတ်တိတ်ဆိတ်ဆိတ် နေထိုင်နေရတဲ့ မိသားစုလေးရဲ့ ထိတ်လန့်စရာ အတွေ့အကြုံ တွေကို ဇာတ်အိမ်ဖွဲ့ထားတာ ဖြစ် ပါတယ်။လီနဲ့အီဗလင်းတို့ မိသားစု ဟာ မြို့စွန်က ယာတောအိမ် လေးမှာ နေထိုင်ပြီး တစ်ရက်မှာ တော့ ကမ္ဘာပေါ်ကို အမျိုးအမည် မသိတဲ့ သတ္တဝါတွေ ရောက်လာ ကာ လူတွေကို သတ်ဖြတ်ပစ်နေ တာကြောင့် ကမ္ဘာ့နေရာအနှံ့မှာ
အပျက်အစီးတွေ ဖြစ်ခဲ့ပါတယ်။ နောက်ပြီး စစ်တပ်ကတောင်ထိန်း ချုပ်နိုင်စွမ်း မရှိတော့သလို အ ဆက်အသွယ်ကွန်ရက်တွေ အ ကုန်လုံး ပြတ်တောက်ခဲ့ပါတယ်။အီဗလင်းတို့မှာ သမီးတစ် ယောက်၊ သားနှစ်ယောက်ရှိပြီး သမီးကြီးရီဂန်က နားမကြားသူ လေးမို့ တခြားအိမ်သားတွေ အ ကုန်လုံးက လက်ဟန်ခြေဟန် အချက်ပြစကားနဲ့ပဲ အချင်းချင်း ပြောရပါတယ်။ဘာမှန်းမသိတဲ့ သတ္တဝါတွေ ဟာ အသံကြားတာနဲ့ရောက်လာ ပြီး အန္တရာယ်ပြုတာမို့ ဘာသံမှ မထွက်အောင်
သတိထားပြီး နေရတာလည်း လွယ်ကူတဲ့ကိစ္စ တော့ မဟုတ်ပါဘူး။ အီဗလင်း တို့ဟာလည်း ဘာပဲလုပ်လုပ် အသံလုံးဝမထွက်အောင်လို့ နေ ကြရပြီး သူတို့ ယာတောနားက မြို့ဟာလည်း လူသူတစ်ယောက် မှမရှိ၊ အသံဗလံတွေ တိတ်ဆိတ် နေတဲ့ မြို့ပျက်တစ်ခုလိုဖြစ်နေပါ တယ်။
အဲဒါနဲ့ပဲ လမ်းလျှောက်ရင် တောင် ဖိနပ်သံထွက်မှာစိုးလို့ မြေကြီးပေါ်ကို ဘိလပ်မြေမှုန့်တွေ ခင်းထားပြီး ခြေဗလာနဲ့ သွားကြ ရတာပါ။တစ်ရက်မှာတော့ မြို့ပျက် ထဲကဆိုင်မှာ စားစရာတို့၊ အသုံး အဆောင်တို့ယူပြီး ပြန်လာတုန်း သားငယ်လေးက ဆိုင်ကယူလာ တဲ့ ကစားစရာအရုပ်ကို ကစား လိုက်တဲ့အခါမှာ အသံမြည်သွား တာကြောင့် လီကတားဆီးဖို့ ကြံခဲ့ပေမယ့် အချိန်နှောင်းသွားပြီး သတ္တဝါကြီးတွေ လက်ချက်နဲ့ မျက်စိရှေ့တင် သားဖြစ်သူကို ဆုံးရှုံးခဲ့ရပါတယ်။ဒီလိုနဲ့ ရက်တွေကြာ
လာပြီး တဲ့နောက် အီဗလင်းဟာ နောက် ထပ် ရင်သွေးလေးကို ကိုယ်ဝန် လွယ်ထားခဲ့ပါတယ်။ တစ်ရက် မှာတော့ အိမ်မှာခင်ပွန်းရောသား နဲ့သမီးရောမရှိချိန် အီဗလင်းဟာ ကိုယ်ဝန်အရင့်အမာနဲ့ အပြင်း အထန် ဗိုက်နာနေတဲ့အခါမှာ သတ္တဝါတွေကလည်း အသံ ကြားလို့ ရောက်လာတဲ့အခါ ဘာ တွေဆက်ဖြစ်မလဲဆိုတာကို ရင် တထိတ်ထိတ်နဲ့ ဆက်ကြည့်ဖို့ ဖော်ပြလိုက်ပါတယ်။ဒီဇာတ်ကားမှာ အီဗလင်း အဘော့အဖြစ် အမ်မလီဘလန့်၊ လီအဘော့အဖြစ် ဂျွန်ကရာဆင်
စကီ၊ ရီဂန်အဘော့အဖြစ် မီလီ ဆန့်ဆင်မွန်၊ မားကက်စ်အဘော့ အဖြစ် နိုအာဂျူတို့က သရုပ် ဆောင်ထားပါတယ်။ (ဇာတ်လမ်းအညွှန်းကို 7daily website မှကူးယူဖော်ပြထားတာဖြစ်ပြီး ဘာသာပြန်သူကတော့ ကိုသူရပါ)
ဒီဇာတ်ကားကတော့ A Silent Voice ဖြစ်ပါတယ်။ Yoshitoki Ōimaကရေးသားခဲ့ပြီးတော့ 2016 ခုနှစ်မှာ ထုတ်ဝေခဲ့တာပါ။ ဇာတ်လမ်းအမျိုးအစားကတော့Drama အမျိုးအစားပဲဖြစ်ပါတယ်။
ရှိုးရက အမြဲတမ်းကျောင်းမှာ သူငယ်ချင်းတွေကို အနိုင်ကျင့်တတ်တဲ့ကျောင်းသားတစ်ယောက်ပေါ့။
တစ်ရက် ရှိုးရ ရဲ့ကျောင်းကို နားမကြားတဲ့ ကျောင်းသူသစ်တစ်ယောက်ရောက်လာတဲ့အချိန်မှာတော့သူမက သူ့အတွက် အနိုင်ကျင့်ချင်စရာ ပစ်မှတ်တစ်ခုဖြစ်လာတယ်။
ဒီလိုနဲ့ ရှိုးရ နဲ့ သူ့သူငယ်ချင်းတွေက သူမကို တစ်ရက်တစ်ရက် နည်းလမ်းပေါင်းမျိုးစုံနဲ့အနိုင်ကျင့်ကြတာပေါ့။ဒါပေမဲ့ ရှိုးကိုက ကျောင်းကထွက်သွားပြီးနောက်တော့ အားလုံးက သူ့ကိုဝိုင်းအပြစ်တင်ကြရော။
သူ့သူငယ်ချင်းတွေဆိုတဲ့လူတွေဘယ်သူမှ သူ့ဖက်မှ မရှိခဲ့ဘူးလေ။ ဒီလိုနဲ့ သူ့အပြစ်တွေနောင်တရပြီးတော့ လက်ဟန်သင်္ကေတဘာသာစကားကို သူသင်ခဲ့တယ်။
နောက် ၆ နှစ်ကြာပြီးတဲ့အချိန်မှာတော့ သူတို့နှစ်ယောက် ပြန်ဆုံကြတယ်။ ပြန်ဆုံပြီးနောက်ပိုင်းသူ့အတိတ်က အမှားတွေကို သူပြန်ပြင်နိုင်မလား ဒါမှမဟုတ် သူ့အတွက် နောက်ကျသွားပြီလား ဆိုတာကတော့…
mmbusticket IMDb Rating 7.9Rotten Tomattoes 94% အထိ ရထားတဲ့ တောင်ကိုရီးယားရဲ့သမိုင်းဝင် ဒီမိုကရေစီအသွင် ကူးပြောင်းရေးအတွက် အရမ်း အရေးပါတဲ့ ဖြစ်ရပ်မှန် ဇာတ်ကားကောင်းလေးပါ။သမိုင်းဝင်ဖြစ်ရပ်မှန် ဇာတ်လမ်းမို့ ကိုးရီးယားမှာ သမ္မတကိုယ်တိုင် လာရောက်ကြည့်ရှုအားပေးခဲ့သလို ကိုးရီးယားလူဦးရေရဲ့ ၅ပုံ၁ပုံလောက်ကို ရုပ်ရှင်ရုံမှာ လာရောက်အားပေးလို့ ရုံတင်ချိန် အကြာဆုံး ဇာတ်ကားလေးဖြစ်ခဲ့ပါတယ်။ဒီကားအကြောင်းမပြောခင် ကိုးရီးယားသမိုင်းကြောင်းလေး အနည်းငယ် ပြောပြချင်ပါတယ်။
ဂျပန်လက်အောက်က လွတ်လပ်ရေးရပြီး 16 နှစ်တိုင်တိုင် စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ခဲ့တယ်။ ၁၉၇၉ အောက်တိုဘာမှာ အရင်သမ္မတ လုပ်ကြံပြီးဒီဇင်ဘာမှာ စစ်တပ်ကပဲ စစ်အာဏာသိမ်းလိုက်ပါတယ်။ဒီနောက်ပိုင်း နိုင်ငံရေးသမားတွေ တက္ကသိုလ်ကျောင်းသားတွေနဲ့ နိုင်ငံသူနိုင်ငံသားတွေ တဖြည်းဖြည်းနဲ့ ဒီမိုကရေစီ အုပ်ချုပ်ရေးပေးဖို့ လှုပ်ရှားဆန္ဒပြလာကြလာကြလို့ အခြေအနေတင်းမာလာလို့ Martial law ပြဌာန်းပြီး အကြမ်းဖက်နှိမ်နှင်းခဲ့သလို တက္ကသိုလ်ကျောင်း
တွေ ယာယီပိတ်ထားလိုက်ပါတယ်။သတင်းတွေလည်း အမှောင်ချထားလိုက်ပါတယ်။ ကျန်တဲ့မြို့တွေ အလွယ်တကူ ထိန်းချုပ်နိုင်ပေမယ့် ဂွမ်ဂျူးမြို့က တစ်မြို့လုံး စည်းလုံးညီညွှတ်တာကြောင့် ထိန်းချုပ်ရခက်နေပါတယ်။ဒါကြောင့် မြို့ကို ဖုန်းလိုင်းတွေဖြတ် မြို့အဝင်အထွက်ကိုပိတ် သတင်းတွေအမှောင်ချထားခဲ့ပါတယ်။မြို့က ဆန္ဒပြသူတွေနဲ့ကျောင်းသားတွေကိုလည်း အကြမ်းဖက်စစ်အင်အားသုံးဖြေရှင်းပေးခဲ့ပါတယ်။ ဒါပေမယ့် ဂွမ်ဂျူးမြို့သူမြို့သားတွေကတော့ အရံှူးမပေး ရဲရဲတောက် မြို့
လုံးကျွတ်မျှ အသေခံ ဆန္ဒပြဆန့်ကျင်ခဲ့ပါတယ်။ ဒီမြို့က သတင်းကို ကမ္ဘာသိအောင် ဂျာမန်သတင်းထောက် သက်စွန့်ဆံဖျားလာပြီး တက္ကစီသမားတစ်ယောက် အကူအညီနဲ့ ရိုက်ကူးမှတ်တမ်းတင်ပြီး သတင်းထုတ်လွှင့်နိုင်ခဲ့ပါတယ်။ ဒီသတင်းကြောင့် ကျန်တဲ့ပြည်သူတစ်ရပ်လုံးလည်း ပါဝင်လာတာကြောင့်နောင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် တွန်းအားပေးခဲ့သည့်မြို့လေးဖြစ်ခဲ့သည်။အခု ဒီဇာတ်ကားလေးကတော့ တက္ကစီသမား မစ္စတာကင်က ဂျာမန်
သတင်းထောက်ကို ဂွမ်ဂျူးမြို့ဆီ လိုက်ပို့ပေးခဲ့တဲ့ဖြစ်ရပ်ကို ရိုက်ကူးထားတာပါ။နိုင်ငံရေးစိတ်မဝင်စားတဲ့ ကိုယ့်မိသားစု ကိုယ့်အလုပ်အကြောင်းသာ စိတ်ဝင်စားတဲ့ကားသမားတစ်ယောက်တက်တက်ကြွကြွနဲ့ သတင်းအမှန်တွေတင်ဆက်ပေးဖို့ စိတ်ထက်သန်တဲ့ ဂျာမန်သတင်းထောက်တစ်ယောက်ကို ပိုက်ဆံအများကြီးရမှာမို့ အော်ဒါမှာထားတဲ့ကားလိုလိုနဲ့ ဖြတ်ခုတ်ပြီးနိုင်ငံခြားသားကို အင်္ဂလိပ်စာ မတတ်တခေါက်နဲ့ ဂွမ်ဂျူးကို လိုက်ပို့ပေးရင်း…………………..ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ စောင့်ကြည့်လိုက်ပါသင်ခန်းစာယူတတ်ရင် အများကြီးကို ပေးသွားတဲ့ဇာတ်ကားကောင်းလေးပါ
ချစ်စရာ ကာတွန်းကားလေးလာပါပြီအရမ်းရယ်ရသလိုအနှစ်သာရရှိတဲ့ကားလေးဆိုရင်လည်းမမှားပါဘူးနော် ဇာတ်လမ်းအကျဉ်းကတော့ကြောင်တစ်ကောင်ကြောင့်စာကလေးမိသားစုအသိုက်အမြုံလေးပြိုကွဲခဲ့ရပြီးတော့ တစ်ကောင်ငှက်ဘဝရောက်ဖို့လက်တစ်လမ်းအလိုမှာပဲရစ်ချက်လို့ခေါ်တဲ့စာကလေးငချွတ်လေးက ငှက်ကျားတွေရဲ့မွေးစားခြင်းကိုခံခဲ့ရပါတယ် ဘယ်လောက်ပဲ အံဝင်ကျအောင်နေနေ အချိန်ကစကးပြောလာတဲ့တစ်နေ့မှာတော့ ငှက်တို့ရဲ့ဘာသာဘာဝမတူညီတာ
ကြောင့်ငှက်ကျားမိသားစုက အာဖရိကကိုပြောင်းရွှေ့ဖို့ဖြစ်လာခဲ့ပါတယ် အဲ့ဒီအချိန်မှာ စာကလေးဆိုတဲ့အမျိုးက ရွှေ့ပြောင်းတတ်တဲ့အမျိုးမဟုတ်တာကြောင့်ရစ်ချက်လေးကိုထားခဲ့ရတော့တာပေါ့ အရူးမီးဝိုင်းပြီးကျန်ခဲ့တာက ချာတိတ်လေးရစ်ချက်ပါ မိသားစုနဲ့ခွဲနိုင်တဲ့အင်အားမရှိတာကြောင့်ငှက်ကျားမိသားစုကိုရှာဖို့အာဖရိကကိုအမှီလိုက်လာခဲ့ပါတယ်
အာ့လိုနဲ့လမ်းမှာမုန်တိုင်းမိပြီး အိုဂါဆိုတဲ့ဘဝတူဇီးကွက်မလေးနဲ့ဆုံပြီးအဖာ်ရသွားခဲ့ပါတယ် အိုဂါလေးအကြောင်းအနည်းငယ်ပြောရမယ်ဆိုရင်ဖြင့် အထီးကျန်ရင်းစိတ်မမှန်တဲ့ဝေဒနာကိုယဉ်ယဉ်ကျေးခံစားနေရတဲ့ဇီးကွက်သေးမျိုးရင်းဝင်တစ်ကောင်ပါ ဒီလိုနဲ့ရှေ့ဆက် လမ်းမှာဘယ်လိုတွေတိုင်ပတ်မလဲ ဘယ်လိုဗရုတ်ကျတဲ့ဘော်ဒါတွေနဲ့ဆုံလာဦးမလဲ ရစ်ချက်လေးကကောသူသွားချင်တဲ့မိသားစုဆီသွားခွင့့်ရမလားဆိုတာကတော့ စိတ်မကောင်းစရာဇာတ်ကြောင်းလေးကိုဟာသလေးတွေနဲ့ဖြေဖျောက်ရင်းကြည့်ကြရအောင်ဗျာ…
mmbusticketCurse Accident ဇာတ်ကားဟာ 2017၊ ဒီဇင်ဘာလထဲမှာထွက်ရှိခဲ့တဲ့ သည်းထည်းရင်ဖိုစရာဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းကလေးကတော့ မိန်းမချောလေးနှစ်ယောက်ဖြစ်တဲ့ ဂျက်ဇ်နဲ့ကယ်လ်ရိုလင်းတို့ သူငယ်ချင်းနှစ်ယောက်ဟာ ဂီတပွဲတော်တစ်ခုကိုသွားဖို့အတူတူထွက်ခွာလာခဲ့ကြပါတယ်။ဂီတပွဲတော်ကိုသွားဖို့ ဘတ်စ်ကားနဲ့မသွားပဲ သူငယ်ဖြစ်သူတွေရဲ့ကားနဲ့လမ်းကြုံလိုက်ဖို့စီစဉ်ခဲ့ပေမယ့် တကယ်တမ်းသူငယ်ချစ်ဖြစ်သူတွေက မလာခဲ့တဲ့
အခါမှာတော့ ဂျက်ဇ်နဲ့ကယ်လ်ရိုလင်းတို့နှစ်ယောက် အခက်တွေ့ရပါတော့တယ်။ဒီလိုနဲ့ နှစ်ယောက်သား ကြုံရာကားနဲ့သာလမ်းကြုံလိုက်ဖို့စီစဉ်ရပါတော့တယ်။အဲ့မှာ မထင်မှတ် ကားအကောင်းစားကြီးစီးလာတဲ့ ကောင်လေးချောချောနှစ်ယောက်နဲ့တွေ့ပါတော့တယ်။
ဒီလိုနဲ့ မိချောတို့နဲ့ကိုယ်လူချောတို့တစ်သိုက် အဝေးပြေးလမ်းမကြီးအတိုင်းခရီးနှင်လာရာမှာတော့ လမ်းမှာမမျှော်လင့်ပဲယာဉ်မတော်တဆဖြစ်ပြီး ကယးဟာလမ်းဘေးက ချောက်ထဲထိုးကြသွားပါတော့တယ်။အဲ့မှာအကူအညီတောင်းစရာလူလည်းမရှိ၊ အကူအညီပေးနိုင်မယ့်သူတွေနဲ့လည်းအဆက်အသွယ်ပြတ်တောက်သွားကာ တောင်စောင်းအောက်ထဲမှာ ပိတ်မိနေပါတော့တယ်။အဲ့လို အကူအညီမယ့်ကယ်ရာမဲ့ဘဝက သူငယ်ချင်းတွေ ဘယ်လိုရုန်းထွက်ကြမယ်၊မိချောတို့တွေ့ခဲ့တဲ့
ကိုယ်လူချောတို့နှစ်ယောက်ကရော..လူကောင်းတွေမှဖြစ်နိုင်ပါ့မလား…..၊တစ်ခါသာဆုံဖူးသေးတဲ့ မိန်းကလေးနှစ်ယောက်ကို သဘောထားကြီးစွာနဲ့ကူညီနိုင်ပါ့မလား….၊ဒီလိုအခက်ခဲတွေထဲကဘယ်လိုရအောင် အသက်ဆက်မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းလေးထဲမှာ ရင်ဖိုစွာရှု့စားရမှာဖြစ်ပါတယ်
ဒီကားလေးကတော့ မိသားစုနဲ့ကြည့်ရန်အထူးသင့်တော်တဲ့ဟာသကားလေးပဲဖြစ်ပါတယ်…စကားအပြောအဆိုချိုသာတဲ့ Jenny တစ်ယောက်ကလေးထိန်းအလုပ်ကိုလုပ်ရာကနေ Lola ဆိုတဲ့သူ့အကျင့်နဲ့ဆန့်ကျင်ဘက်ရွယ်တူကောင်မလေးတစ်ယောက်ကိုတွေ့ခဲ့ပါတယ်..Jenny ထိန်းရတဲ့ကလေးတွေကလည်း တစ်ယောက်တစ်မျိုး ဆိုးကြတဲ့ကလေးတွေပါပဲ….နောက်ပိုင်းမှာမျှော်လင့်မထားတဲ့ အကြောင်းရာတွေကြောင့် သူထိန်းနေတဲ့ကောင်လေးတစ်ယောက်ပျောက်သွားခဲ့ပါ
တယ်….ပိုက်ဆံအခက်ခဲကြောင့် သူမနေရာဝင်နေတဲ့ Lola နဲ့အတူ သူမတာဝန်ယူထားတဲ့ကလေး မပျောက်သွားစေရန် ကျန်တဲ့ကလေးများနဲ့အတူ လိုက်လံရှာဖွေရှာတာပဲဖြစ်ပါတယ်…အဲလိုလိုက်ရှာရင်ကနေ အမှတ်မထင် လူဆိုးတွေနဲ့ပတ်သတ်မိသွားပြီး လူဆိုးတွေရန်ကနေ လွတ်အောင် ကလေးတွေနဲ့အတူပြေးရင်းလွှားရင်းနဲ့ ဇာတ်လမ်းကိုသွက်သွက်လေးတင်ဆက်ထားပါတယ်…Jenny ကထိုပျောက်သွားတဲ့ကောင်လေးကို မိဘတွေပြန်မလာရင် ညအချိန်အရောက်အမှီရှာဖွေရမှာပဲဖြစ်ပါတယ်…
သူတို့တွေရှာဖွေနိုင်မလား…လမ်းမှာတွေ့တဲ့လူဆိုးတွေရဲ့ရန်ကနေ လွတ်အောင်ဘယ်လိုထောင်ချောက်တွေသုံးပြီးထွက်ပြေးကြမလဲဆိုတာကတော့ ဒီဇာတ်ကားလေးထဲကိုကြည့်ရှု့ရမှာပဲဖြစ်ပါတယ်….(ဒီကားကို Thin Zaly Kyaw နဲ့ Pyae Phyo Hein တို့မှဘာသာပြန်တင်ဆက်ပေးထားပါတယ်)….
1987ခုနှစ်ရဲ့ကျောင်းသားတစ်ယောက်လက်တွေ့ဘဝထဲကိုဝင်ပါတော့မယ်ပြသနာကတော့မပြောင်းသွားပါဘူး ဘာအရာမှလည်းမလွယ်ကူခဲ့ပါဘူးသမီးရည်းစားရေးမှာလည်းအသည်းကွဲနေတဲ့ကွဲဘဲလေးဖြစ်ပြီးလုပ်ငန်းခွင်မှာဆိုလည်းဘာအတွေ့အကြုံမှာမရှိတဲ့ငပေါသာသာပါမိဘတွေကလည်းကျောင်းစရိတ်မပြောနဲ့ မုန့်ဖိုးတောင်မပေးတော့တဲ့အခြေအနေကိုရောက်နေပါပြီ
ပိုက်ဆံရှာဖိုလိုလာတဲ့အချိန်မှာ သူ့အားလပ်ရက်တွေကိုAdventurelandလို့ခေါ်တဲ့ကစားကွင်းမှာလုပ်ဖို့အကြောင်းဖန်လာပါတယ်စုတ်ပြတ်နာကျင်ပြီးအတွင်းပိုင်းသေဆုံးမတတ်ဖြစ်နေတဲ့လူငယ်တစ်ယောက်ကလူတွေအပန်းဖြေ ပျော်ရွှင်ဖို့လာတဲ့ကစားကွင်းမှာအလုပ်လုပ်တယ်ဆိုတာအရမ်းကြီးဆန့်ကျင်ဘက်ဖြစ်နေသလိုပါပဲသူ့စိတ်အခြေအနေနဲ့လူမှုရေး၊အချစ်ရေးတွေကိုကစားကွင်းမှာအလုပ်လုပ်ရင်းဘယ်လိုကျော်ဖြတ်သွားမလဲပုံမှန်ကားဖြစ်တဲ့အတွက်ပိုကြည့်သင်တယ်လို့ထင်ပါ
တယ်Sci-fiတွေFantasyတွေထက်စာရင်ဒီလိုကားတွေကပေးတဲ့messageကလက်တွေ့ဘဝမှာတကယ်အထောက်အကူဖြစ်ပါတယ်ဘာသာပြန်ပေးထားတာတော့Dollyဖြစ်ပြီးကျွန်တော်sithuကencodeပေးထားပါတယ်
mmbusticketနိုင်ငံရေးအရှုပ်တော်ပုံထဲမှာမှ အချစ်ဒရာမာ ကားလေးကို ခံစားချင်တဲ့သူအတွက် Affairs of State ကိုမိတ်ဆက်ပေးပါရစေ။June လထဲမှာ ထွက်ထားတာသိပ်မကြာသေးပေမယ့် Rating ကတော့ 5.4အထိ ရထားတဲ့ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ နိုင်ငံရေးမှာ အာဏာရတဲ့သူအဖြစ်ကြိုးစားချင်နေတဲ့ အလုပ်လက်မဲ့ လူငယ်တစ်ယောက်အကြောင်းကို ရိုက်ပြထားတာပါ။သူကတော့ Michael ပဲဖြစ်ပါတယ်။သူဟာ နိုင်ငံရေးမှာ အရေးပါတဲ့ Mary ဆိုတဲ့ အသက်ကြီးကြီး အမျိုးသမီးနဲ့ Sex လုပ်ပြီး အလုပ်အကိုင် အခွင့်ကောင်းကို ရအောင်ကြိုးစားရှာနေတဲ့ သူဖြစ်နေပါတယ်။
ထိုအမျိုးသမီးကြောင့်နဲ့ပဲ လွှတ်တော်အမတ် တစ်ယောက်ဆီမှာ အလုပ်ရခဲ့ပါတယ်။ထိုနည်းလည်းကောင်း လွှတ်တော်အမတ်ရဲ့အမျိုးသမီး Judith ဆီမှာ ခြိမ်းခြောက်ခံရပြီး Michael ဟာ Judith ရဲ့ လိင်ဆဒ္ဒကို ပြည့်ဝအောင်လုပ်ပေးရပါတော့တယ်။တနေ့မှာတော့ လွှတ်တော်အမတ်ရဲ့ သမီး Darcy ကို တွေ့သွားတဲ့အခါမှာတော့ Micheal ဟာ အချစ်ဆိုတဲ့အရာကို ရှာတွေ့သွားပေမယ့် Michael ဟာ Darcy လေးကို ချစ်တယ်လို့ ပြောခွင့်မသာခဲ့ပါဘူးကံကြမ္မာက Micheal နဲ့ Darcy ကို ပေါင်းစည်းခွင့်ပေးမလားရက်စက်စွာနဲ့ သူတို့နှစ်ယောက်ကို ကွဲကွာခိုင်းမလားဆိုတာကို ရသတစ်မျိုးနဲ့ အဆုံးထိ ဆွဲခေါ်သွားနိုင်တဲ့ကားလေးပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Brilliant Star ဖြစ်ပါတယ်)
ကျနော်တို့တွေအားလုံး နေ့စဉ်ဘဝမှာ ရှင်သန်နေကြတာ ဘ ာရည်ရွယ်ချက်နဲ့လဲ မရှင်သန်ဖူးသေးလို့ ရှင်သန်ကြည့်နေကြတာလား?? မနက်ဖြန်အတွက်ဆိုတဲ့ မျှော်လင့်ချက်လေးတွေနဲ့လား?? ရှင်သန်နေဆဲ မှာရော ရှင်သန်ဖော်ရှင်သန်ဖက်တွေကို ဘယ်လောက်အကျိုးပြုခဲ့ပြီလဲ??
လူတွေက ဘာလို့ ဆုံးရှူံးပြီးသားကိုမှ တန်ဖိုးထားကြတာလဲ?? အချစ်ဟာ အချိန်တွေကြာလာရင် သံယောဇဉ်ဖြစ်ရဲ့လား?? သံယောဇဉ်နဲ့ပဲနေနေတဲ့ အချိန်တွေကြာလာရင်ကော.. အချစ်ဆိုတာကျန်သေးရဲ့လား?? အဆုံးမဲ့စြင်္ကာဝဠာကြီးထဲမှာ မိမိဆိုတာကရော ဘယ်လောက်ထိအရေးပါနေလဲ?? ကျနော်တို့ဟာ ကိုယ်ဖြစ်ချင်တဲ့သူတစ်ယောက်ဖြစ်ဖို့ဘဝမှာကြိုးစားကြတယ် ဖြစ်သွားရင်ကော..ဘဝကြီးကနေပျော်သွားပြီလား?? ဖြစ်ဖို့ကြိုးစားနေဆဲကာလကရော ဘဝမဟုတ်ဘူးလား?? စ
တဲ့ mindblowingဖြစ်စေမယ့် မေးခွန်းလေးတွေ ကိုယ့်ကိုယ်ကိုပြန်မေးရင်း ခပ်ငြိမ့်ငြိမ့်ဇာတ်ကားလေးထဲမှာ စီးမျောသွားပါလိမ့်မယ်.. မိန်းမရပြီးမှ မကြိုးစားခဲ့လို့ မိန်းမက ထားသွားခဲ့တဲ့လူတစ်ယောက်. ..သူသိပ်ချစ်တဲ့သူ့သားလေးကိုလဲ ထောက်ပံ့ကြေးပေးရဦးမယ်(သူတို့နိုင်ငံရဲ့ဥပဒေအရ) ပင်စင်စားအမေကြီးကိုလဲ ထောက်ပံ့ချင်သေးတဲ့ သားလိမာဖြစ်ချင်တဲ့ လူတစ်ယောက်… စုံထောက်ကိုယ်စားလှယ်ရုံးမှာအလုပ်လုပ်ပြီး ဝတုတစ်ပုဒ်နဲ့ဆုရဖူးတဲ့ အရည်အချင်းနဲ့လူတစ်
ယောက် ဖြစ်ချင်တာတွေဖြစ်မလာတဲ့ ဘဝတစ်ခုမှာ အဓိပါယ်ရှာနေတဲ့လူတစ်ယောက်အကြောင်းဇာတ်ကားကောင်းတစ်ကားပါ(ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ အောင်ချမ်းငြိမ်း ပဲဖြစ်ပါတယ်)
အခုဇာတ်ကားလေးကတော့ဟောင်ကောင်ဇာတ်လမ်းတွေကိုကြိုက်နှစ်သက်တဲ့ပရိတ်သတ်တွေအတွက် ကြည့်သင့်တဲ့ action-comedy အမျိုးအစားဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့အေးဂျင့်မစ္စတာချန်ဟာ နိုင်ငံတကာအေဂျင်စီတစ်ခုမှာအလုပ်လုပ်နေတဲ့ထိပ်တန်းစုံထောက်တစ်ယောက်ပါ။ကံဆိုးစွာနဲ့ပဲသူကတာဝန်တစ်ခုမှာကျရှုံးခဲ့လို့အဖွဲ့ကနေပြီးထုတ်ပယ်ခြင်းခံလိုက်ရတယ်။အဲ့ဒီလိုနဲ့ လွန်ခဲ့တဲ့နှစ်၂၀လောက်က တာဝန်တစ်ခုကိုထမ်းဆောင်ရင်း သူအသုံးချခဲ့တဲ့အမျိုးသမီးမမျှော်လင့်ဘဲပြန်တွေ့ခဲ့တဲ့အခါ ထိုအမျိုးသမီးဟာရဲအရာရှိတစ်ယောက်ဖြစ်နေပါပြီ။
အဲ့ဒီအမျိုးသမီးအတွက် ထူးဆန်းတဲ့အမှုတွေကိုလိုက်လံဖြေရှင်းပေးရပုံကို ဇာတ်လမ်းဆင် ရိုက်ကူးထားတဲ့ဟာသဆန်ဆန်စုံထောက်ကားတစ်ကားဖြစ်ပါတယ် ။ဟောင်ကောင်ကားလည်းဖြစ် အရှေ့တိုင်းဆန်ဆန်ပျက်လုံးတွေကြောင့်IMDB ratingနည်းပေမဲ့ အားလပ်ရက်မှာ အနားယူရင်းပေါ့ပေါ့ပါးပါးဇာတ်လမ်းလေးကြည့်ချင်တဲ့ပရိသတ်တွေအတွက်လက်လွှတ်မခံသင့်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ် (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုမျိုးခန့် ပါ)
mmbusticketဘောလီးဝုဒ်ဇာတ်ကားကိုမှကြိုက်နှစ်သက်တယ်ဆိုတဲ့ CM ပရိသတ်တွေအတွက် 2018 ခုနှစ်ထွက် Aiyaary ဆိုတဲ့ Action, Thriller
ဇာတ်ကားကောင်းလေးတင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားကို Neeraj Pandey ကဇာတ်ညွှန်းရေးသားပြီး သူကိုယ်တိုင်ကပဲရိုက်ကူးထားပါတယ်။အဓိကဇာတ်ဆောင်များဖြစ်ကြတဲ့ Major Jai Bakshi နဲ့ Colonel Abhay Singh တို့နေရာမှာ Sidharth Malhotraနဲ့ Manoj Bajpayee တို့က အသီးသီး ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်း
==========
စစ်တပ်မှာအရာရှိနှစ်ဦးဖြစ်ကြတဲ့ ကာနယ် Abhay Singh နဲ့မေဂျာ Jai Bakshi တို့ဟာ ဆရာတပည့်နှစ်ဦးဖြစ်ပြီးတော့ အမိမြေကိုချစ်မြတ်နိုးကြတဲ့ စစ်သားကောင်းများဖြစ်ပါတယ်။ကာနယ်Abhay Singh ဟာ တိုင်းပြည်ရဲ့အုပ်ချုပ်ရေးကို ချွင်းချက်မရှိ သက်ဝင်ယုံကြည်သူတစ်ဦးဖြစ်ပါတယ်။
သို့ပေမယ့် တပည့်ဖြစ်သူ မေဂျာJai Bakshi ဟာတိုင်းပြည်ရဲ့အုပ်ချုပ်သူပိုင်းမှာဖြစ်ပျက်နေတဲ့ လျှို့ဝှက်ချက်တစ်ခုကို သိသွားတဲ့အခါမှာတော့…..။ (ဘာသာပြန်ပေးထားသူကတော့ ကိုရဲမာန်အောင်ပါ)
ပထမဆုံးပြောရမယ်ဆိုရင် ကျွန်တော်ဂျပန်ကားတွေကိုမကြိုက်ပါဘူး..မကြိုက်ဘူးဆိုတာထက် အမြဲကြားနေကျဘာသာစကားမဟုတ်တဲ့အတွက်ကြောင့်စိမ်းနေတာလည်းပါတာပေါ့..ဒါပေမယ့် ဒီကားလေးကိုတော့ Encode လုပ်ဖို့အတွက်စစ်ရင်းအစမ်းကြည့်ပါတယ်…ကြည့်နေရင်းနဲ့ကောင်းတဲ့ကားလေးတစ်ကားဖြစ်တာကြောင့် အားလုံးလည်းခံစားလို့ရအောင်
တင်ဆက်ပေးလိုက်ပါတယ်…အညွှန်းလေးကိုဖတ်ကြည့်ရအောင်…ဒီကားမှာ အာဂျင်းဆိုတဲ့ ဇာတ်ကောင်အကြောင်းကိုပြောပြထားတာပဲဖြစ်ပါတယ်…အာဂျင်းကို ဂျပန်ရဲ့မန်ဂါစီးရီးကနေပြန်လည်အသက်သွင်ပြီးရိုက်ကူးခဲ့ပါတယ်…အာဂျင်းဆိုတာက မသေတဲ့လူမျိုးတွေပါ…ပြောရမယ်ဆိုရင်တော့ လူတပိုင်း မိစ္ဆာတစ်ပိုင်းအရာတွေပဲဖြစ်ပါတယ်….ဒီအာဂျင်းတွေဟာ လူတွေကိုဒုက္ခပေးတဲ့အရာတွေမဟုတ်ပါဘူး…ဒါပေမယ့်တိုးတက်ပြောင်းလဲလာတဲ့ နည်းပညာတွေအရ အာဂျင်းရဲ့မ
သေနိုင်တဲ့အစွမ်းတွေကို လူသားတွေဟာ စိတ်ဝင်စားလာကြပြီးအာဂျင်းတွေကို ဖမ်းဆီးကာ အမျိုးမျိုးနှိပ်စက်ပြီး သုတေသနတွေလုပ်ကြပါတော့တယ်….ဒါကြောင့်လည်းအာဂျင်းတွေကို ခြေထောက်ဖြတ်လိုက် ဓားနဲ့ဖြတ်လိုက်နဲ့နောက်ဆုံး မြင်မကောင်းတဲ့ ဒဏ်ရာတွေ ဖြစ်လာရင် reset လို့သူတို့ခေါ်ဝေါ်ကြတဲ့အာဂျင်းတွေကိုသတ်လိုက်ပါတော့တယ်…ခဏကြာရင် အသတ်ခံလိုက်ရတဲအာဂျင်းဟာ ပြန်လည်ရှင်သန်လာပါတယ်…အာဂျင်းရဲ့ အစွမ်းတွေကတော့ ဘယ်လောက်ပဲဒဏ်
တွေရရ လက်ပြတ် ခြေပြတ် သေနတ်မှန် ဘယ်လိုပဲဖြစ်ဖြစ်သူ့ကိုသတ်လိုက်တာနဲ့ခဏအတွင်းမှာ ပြန်လည်ရှင်သန်လာတာပဲဖြစ်ပါတယ်…နောက်ပြီးတော့ အာဂျင်းတွေမှာ ကိုယ်ပိုင် အရိပ်လို့ခေါ်တဲ့ မိစ္ဆာတွေတစ်ယောက်ချင်းစီမှာရှိပါတယ်…အဲဒီမိစ္ဆာတွေကို သူတို့ဟာ ထိန်းချုပ်နိုင်ကြပါတယ်…ဒီလိုမျိုးအနှိပ်စက်ခံရတဲ့အာဂျင်းတွေဟာ လူတွေကိုမုန်းတီးလာကြပါတယ်…သူတို့ဟာအစမ်းသပ်ခံမဟုတ်ဘူးဆိုတာလည်း လူတွေသိအောင်ပြချင်လာကြပါတယ်…ဒါကြောင့် သူတို့
ဟာ လူသားတွေကို ကိုယ်ပိုင်အုပ်ချုုပ်ခွင့်နယ်မြေတွေတောင်းပြီးတော့နောက်ဆုံးမှာ လူသားတွေကို မျိုးတုန်းသတ်ဖြတ်စတင်ပါတော့တယ်…အာဂျင်းတွေအားလုံးမဆိုးသွမ်းကြပါဘူး…ဒါပေမယ့် တစ်ယောက်တည်းသောအာဂျင်းကတော့စိတ်မနာနိုင်ပဲ လူသားတွေဘက်ကရပ်တည်ပြီးသူရဲ့မျိုးနွယ်တူ အာဂျင်းတွေကို ပြန်လည်ရင်ဆိုင်ဖို့ အခြေနေဖြစ်လာခဲ့ပါတော့တယ်…..အားလုံးပဲ ကျန်တဲအရာတွေကိုတော့ စိတ်လှုပ်ရှားဖွယ်ကြည့်လိုက်ရအောင်လား…
June 8, 2018 ကထွက်ရှိခဲ့တဲ့Alex Strangelove ဆိုတဲ့ဒီကားလေးကတော့Teen film/ Comedy ကားလေးဖြစ်ပါပြီးတော့ အလွန်လူကြိုက်များခဲ့တဲ့ကားလေးဖြစ်ပါတယ်။ဒီကားလေးကိုရိုက်ကူးပေးခဲ့တဲ့ဒါရိုက်တာကတော့ Director Craig Johnsonဖြစ်ပြီးတော့
ဇာတ်ညွန်းကိုလည်းသူကိုယ်တိုင်ပဲရေးသားခဲ့တာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းအဲလက်ထရူးလပ်ဆိုတဲ့ကောင်လေးတစ်ယောက်ဟာအထက်တန်းကျောင်းသားတစ်ယောက်ဖြစ်ပြီးတော့ သူနဲ့ကြိုက်နေတဲ့ကောင်မလေးကလယ်ရာဆိုတဲ့ရည်းစားတစ်ယောက်ရှိပါတယ်။ကျောင်းမပြီးခင်သူတို့ရဲ့planကတော့ အဲလက်ရဲ့virginity ကိုသူရည်းစားကောင်မလေးနဲ့အတူဖြတ်သန်းကုန်ဆုံးနေဖို့ဖြစ်ပါတယ်။
ဒါပေမဲ့ တစ်နေ့မှာတော့ တခြားမြို့က ချောမော်ပြီးဆွဲဆောင်မှုရှိတဲ့ ဂေးကောင်လေးဖြစ်တဲ့ အဲလီယက်ဆိုတဲ့တစ်ယောက်နဲ့တွေ့ဆုံးပြီးမှတော့ သူတို့ရဲ့Relationship တွေဘာတွေဆက်လိုရှုတ်ထွေးပြီးဖြစ်လာသလဲဆိုတာကို ဟာသနဲ့ လူငယ်သဘာဝဆန်ဆန်ရောနှောရိုက်ကူးထားတာဖြစ်လို့ လက်လွတ်မခံသင့်တဲ့ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Nyi Nyi Lwin ပါ)
mmbusticketဂျီနာဆိုတဲ့ မိန်းကလေးက မတော်တဆမှုကြောင့် မျက်စိကွယ်ခဲ့ရတဲ့ ကောင်မလေးတစ်ယောက်ပါ။သူ့ယောက်ျားဂျိမ်းစ်နဲ့အတူ ဘန်ကောက်မှာနေတာဖြစ်ပြီး ဂျိမ်းစ်ရဲ့စိတ်ရှည်သည်းခံစောင့်ရှောက်မှုတွေကြောင့် မျက်စိပြန်မြင်ခဲ့
ရပါတယ်။ဒါပေမဲ့ ဂျီနာမျက်စိပြန်မြင်တဲ့အချိန်မှာတော့ သူ့ရဲ့ လွတ်လပ်မှုတွေက ဂျိမ်းစ်ကို သဝန်တိုမှုတွေဖြစ်စေခဲ့ပါတော့တယ်။တချိန်လုံးသူ့ဘေးမှာပဲ သူ့ကိုအားကိုးပြီးနေခဲ့ရတဲ့ မိန်းမ မျက်စိမြင်ပြီး လောကကြီးထဲ ပုံမှန်နေထိုင်ဖို့ကြိုးစားချိန်မှ
ာ ယောက်ျားတစ်ယောက်အနေနဲ့ မိန်းမကိုဆုံးရှုံးရမှာ ကြောက်နေပုံကို ဒရမ်မာဆန်ဆန်ရိုက်ကူးထားတာဖြစ်လို့ ဒရမ်မာပရိသတ်တွေအတွက်တော့ ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပါလို့ ညွှန်းလိုက်ပါရစေ……..(ဘာသာပြန်သူကတော့ မေသူရလွင်ပါ)
All Is Lost(2013)IMDB…6.9,,,,Rotten…94ဒီကားက ဆန်းတယ်လို့ပဲပြောရမလား မသိဘူး တစ်ကားလုံးမှာ သရုပ်ဆောင်တစ်ယောက်ထဲရယ်…ပြီးတော့ နောက်ခံစကားလေးအနည်းငယ်ကလွဲလို့ တစ်ကားလုံးဘာမှကိုမပြောဘူး….လှေတစ်စီးပေါ်မှာလူတစ်ယောက် အိပ်နေတယ်…ဗြုန်းဆို လှေထဲကိုရေဝင်သံကြောင့်သူနိုးလာတယ်….
.ပင်လယ်ပြင်ထဲက သူ့လှေကိုထူးထူးခြားခြား ဘယ်သင်္ဘောပေါ်ကျခဲ့မှန်းမသိတဲ့ကွန်တိန်နာရဲ့ထောင့်နဲ့လှေရဲ့ဘေးနံရံနဲ့တိုက်မိပြီးပေါက်သွားတယ်…..လှေကိုဖာတယ် ..ရေတွေကိုပြန်ထုတ်တယ်….ဒီကားက imdb ရော rotten ရောအတော်ကောင်းပါတယ်…
ဘာကြောင့်ြ မင့်ရလဲဆိုတော့ အသက်၇၇နှစ်အရွယ် အဘိုးကြီးတစ်ယောက်ရဲ့ အသက်ရှင်သန်ရေးရုန်းကန်မှုကို ပီပီပြင်ပြင်ပြနိုင်လို့ လိုဆိုပါတယ်…အချစ်တွေ အလွမ်းတွေ အဆွေးတွေ တော့မပါပါဘူး…
Rating 6.1 ရရှိထားတဲ့ Horror ကားတစ်ကားဖြစ်ပါတယ်…အညွှန်းကိုအနည်းငယ်ပြောပြရမယ်ဆိုရင်ငယ်ရွယ်ပြီးအောင်မြင်တဲ့ Horror ဝတ္တုတွေရေးသားလေ့ရှိတဲ့ ဆာဗန်းနားဟာ မကြာခနအိပ်မက်ဆိုးတွေမက်ပြီး စိတ်ခြောက်ခြားနေရတဲ့သူတစ်ယောက်ဖြစ်ပါတယ် တစ်နေ့မှာတော့ နယ်မြို့လေးမှာနေတဲ့ သူ့ဖခင်က သူ့ရဲ့မောင်လေးဖြစ်သူ
လီလန်းဘွဲ့ယူမှာမို့ ပြန်လာခဲ့ဖို့ခေါ်သည့်အတွက် ဆာဗန်းနားဟာ သူ့ချစ်သူဂျက်အပြင် ကျန်တဲ့သူငယ်ချင်းနှစ်ယောက်နဲ့အတူ အပန်းဖြေအနားပါယူမယ်ဆိုပြီး သူ့မွေးရပ်မြေလေးကိုပြန်လာခဲ့ပါတယ်… ဒါပေမယ့်လဲ သူတို့ရဲ့အပန်းဖြေအနားယူမည့် ခရီးစဉ်လေးဟာ ဆာဗန်းနားရဲ့ဆိုးရွာပြီးခြောက်ခြားဖို့ကောင်းတဲ့လျှို့ဝှက်ချက်တွေပေါ်ပေါက်လာသည်နှင့်အမျှ ဘယ်လိုတွေ ထိတ်လန့်ဖွယ်ရာဖြစ်သွားမယ်ဆိုတာကိုတော့စောင့်ကြည့်လိုက်ပါ…
အားလုံးစောင့်မျှော်နေကြတဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ စိတ်ကူးယဉ်အက်ရှင်ဒရာမာဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်….. မြန်မာပရိသတ်သဘောကျခဲ့တဲ့ Along With The Gods ဇာတ်ကားရဲ့ အဆက်အဖြစ် ထွက်ရှိလာတာ လည်း ဖြစ်ပါတယ်။ဒီဇာတ်ကားမှာ အဓိကပါဝင်ထားသူတွေကHa Jung Woo, Ju Ji Hoon, Kim Hyang Gi, Ma Dong Seok, Kim Dong Wookစသူတွေပဲဖြစ်ပါတယ်။မရဏတိုင်းပြည်က အ စောင့်အရှောက်သုံးဦးဖြစ်တဲ့ ဂမ် ရင်း၊ ဟယ်ဝန်မက်နဲ့ လီဒေါ့ချွန်း တို့ဟာ သူတို့ရဲ့ ၄၉ ဦးမြောက် ဝိညာဉ်ဖြစ်တဲ့ကင်ဆိုဟုန်ကို မြေ အောက်ကမ္ဘာကို လမ်းပြပို့ဆောင် ပေးရမယ့်အကြောင်း တင်ဆက် ထားတာပါ။
ကင်ဆိုဟုန်ဟာ အရင်ဇာတ် ကားထဲက မီးသတ်သမား ဂျာဟုန် ရဲ့ ညီတပ်သားဆိုဟုန်ဖြစ်ပြီးဂမ် ရင်းဦးဆောင်တဲ့ အစောင့်အ ရှောက်သုံးဦးဟာ ဆိုဟုန်ရဲ့ ဝိညာဉ်ကိုလည်းမရဏကမ္ဘာမှာ တရားစီရင်ဖို့အတွက် ပို့ဆောင် ပေးခဲ့ပြန်ပါတယ်။ဒီလိုနဲ့ မရဏကမ္ဘာမှာ အ ဆင့်ဆင့်ဖြတ်သန်းရင်း ဆိုဟုန် ဟာ God of House နဲ့ ဆုံခဲ့ပါ တယ်။ အဲဒီနတ်ဘုရားကလူတွေ ရဲ့ အတိတ်ကို သိနိုင်ပြီးနှစ်ပေါင်း ၁,၀၀၀ ကျော်ကာလအထိကို သိနိုင်တာပါ။လက်ရှိကမ္ဘာ၊ နောက်သွား ရမယ့်
ကမ္ဘာနဲ့ ပြီးခဲ့တဲ့အတိတ် ကမ္ဘာတွေကို ခရီးနှင်ရင်း မရဏ အစောင့်အရှောက်တွေဟာ သူ တို့တွေရဲ့ အတိတ်ဘဝက လျှို့ ဝှက်ချက်တွေကိုပါ သိရှိခဲ့ပါ တယ်။လူသားတွေအပေါ် ကြင်နာ တတ်တဲ့ အစောင့်အရှောက်သုံးဦး ဟာ ဒီတစ်ခါမှာလည်း ဝိညာဉ် ဆိုဟုန် ငရဲမကျဖို့အတွက် ကူညီ ဖြေရှင်းပေးပြန်ပါတယ်။အရင်ဇာတ်လမ်းနဲ့ ပုံစံခပ် ဆင်ဆင်ဖြစ်နေပေမယ့်လို့ တပ် သားဆိုဟုန်ရဲ့ မရဏတိုင်းပြည် က ၄၉ ရက်တာ စွန့်စားခန်းကို ဘယ်လိုခွဲထွက်ထားသလဲဆိုတာ ကြည့်ဖို့ဖော်ပြလိုက်ပါတယ်…(ဒီဇာတ်ကားရဲ့အညွှန်းကိုတော့ 7DayDaily မှ ကူးယူတင်ပြပါတယ်…)
Tommy O’Haver ရိုက်ကူးတင်ဆက်ထားပြီးDecember 7, 2007 မှာ ရုံတင်ခဲ့တဲ့ အမေရိကန် တစ်နိုင်ငံလုံးကိုတုန်လှုပ်စေခဲ့တဲ့ ဖြစ်ရပ်မှန် မှုခင်း ရုပ်ရှင်ဖြစ်ပါတယ်…ဒီဇတ်ကားကို ကျနော် တောင်းဆိုသဖြင့် Channel Myanmar ရဲ့ Admin တစ်ဦးဖြစ်သူLittle Neo မှ အချိန်ပေး အသေးစိတ်က အစ ဘာသာပြန်ခဲ့တာဖြစ်ပြီး
ဘာသာပြန်နေစဉ် အချိန်အတွင်း ဇတ်ကားအတွင်းက ရက်စက်မှုတွေကြောင့်စိတ်မကောင်းဖြစ်ပြီး ရက်အနည်းငယ် အချိန်ထပ်ယူပြီးမှ ဘာသာပြန်ခဲ့ရပါတယ်အလွန်တရာ စိတ်ထိခိုက်စရာတွေ မြင်ရလို့ပဲ ဖြစ်ပါတယ်==================
ဇတ်လမ်း အကျဉ်း
==============နယ်လှည့်ပွဲဈေး ရောင်းသူ လင်မယား နှစ်ယောက်ရှိပါတယ်သူတို့မှာ သမီးကြီး ဆလ်ဗီယာ နဲ့ သမီးငယ် ဂျန်းနီ ဆိုတဲ့ သမီးနှစ်ယောက်ရှိပါတယ်သမီးကြီး ဆလ်ဗီယာ မှာ စိတ်ထားရိုးဖြောင့်လှသူဖြစ်ပြီး ခြေထောက်မသန် ပိုလီယို ဖြစ်နေသောညီမဖြစ်သူ ဂျန်းနီ အပေါ်တွင်လဲ အနွံတာ ခံသူ တစ်ယောက်ပါ…တစ်ရက်မှာတော့ သူမ တို့ မိဘ တွေနဲ့ မြို့တစ်မြို့က ခရစ်ယာန် ဘုရားကျောင်းတွင်တရားဟော သွားနားထောင်စဉ် ဂါထရု ရဲ့ သမီးတွေ နဲ့ တွေ့ပြီးသူတို့ ညီအစ်မ နှစ်ယောက်ဟာ ဂါထရု တို့ အိမ်ကို အလည်လိုက်သွားပါတော့တယ်ကလေးတွေ နဲ့ ပတ်သက်ပြီး အမျိုးသမီးကြီး ဂါထရု နှင့် ဆလ်ဗီယာ ရဲ့ အဖေ တို့တွေ့ဆုံကြပြီ ကလေးတွေ ကျောင်းပြောင်းပြောင်းနေရတာ မလွယ်ကြောင်းအိမ်မှာလဲ သမီးတွေ ရှိလို့ ဆလ်ဗီယာ နဲ့ ဂျန်းနီ ကို စိတ်ချ လက်ချ အပ်ခဲ့ပါတစ်ပတ် ကို ဒေါ်လာ ၂၀ ပဲ ပေးပါလို့ နားချတော့ ဆလ်ဗီယာ အမေနဲ့ တိုင်ပင်ပြီးကလေးတွေကို ဂါထရု တို့ အိမ်မှာ အပ်ခဲ့တယ်…တစ်ရက်သော နေ့မှာ
တော့ ဆလ်ဗီယာ အဖေ ငွေပို့တာ ရောက်မလာသေးလို့ ဆိုပြီးဆလ်ဗီယာ နဲ့ ဂျန်းနီ ကို မြေအောက်ခန်းထဲ ခေါ်သွားပြီး တစ်ယောက် ၃ ချက်ကြာပွတ်နဲ့ ရိုက်တယ် ဂျန်းနီ မှာ မကျန်းမာသူမို့ တစ်ချက်အရိုက်ခံရပြီး ငိုနေလို့ဆလ်ဗီယာ က ဂျန်းနီ အစား အရိုက်ခံပါ့မယ် ဆိုပြီး အရိုက်ခံလိုက်ရပါတယ်…နောက်နေ့ ဆလ်ဗီယာ နဲ့ ဂျန်းနီ တို့ဟာ ကျောင်းနားက အမှိုက်တစ်ချို့ ကောက်ရောင်းပြီးရတဲ့ ပိုက်ဆံလေးနဲ့ သူတို့ မိဘ တွေဆီ သွားဖုန်းဆက်ပါတယ်နေရတာ အဆင်မပြေဘူး ဂါထရုက ပိုက်ဆံပို့ နောက်ကျလို့ စိတ်ဆိုးတယ် ဆိုပြီးမိဘ တွေကို ပြောပြပေမယ့် အလုပ်ရှုပ်နေတဲ့ မိဘတွေဟာ အဆုံးထိ သေချာနားမထောင်ပါဘူးနောက် လဆို လာခေါ်ပါမယ် လိမ်လိမ်မာမာ နေကြပါဆိုပြီး ပြန်ပြောလွှတ်လိုက်တယ်ဖုန်းဆက်တာကို မြင်သွားတဲ့ ဂါထရု ရဲ့ သမီးတွေက သူတို့ အမေကို ပြန်တိုင်တဲ့အခါဂါထရုက ပိုက်ဆံခိုးပါတယ်လို့ စွပ်ဆွဲပြီး ဆလ်ဗီယာ ကို ဆေးလိပ်မီး နဲ့ တစ်ကိုယ်လုံးကိုတို့ပြီး နှိပ်စက်ပါတယ် နောက်ရက်များမှာလဲ ပြသနာမျိုးစုံရှာပြီး နည်းမျိုးစုံနဲ့ဆလ်ဗီယာ ကို နှိပ်စက်ပြန်ပါတယ် ဂျန်းနီ အစား သူပဲ ခံတဲ့ အတွက်ဂျန်းနီ အနှိပ်စက်မခံရပေမယ့် ဆလ်ဗီယာ တစ်ယောက်မျာတော့ သေလုမျှောပါးပါပဲ…တစ်ရက်မှာတော့ ဂါထရု ရဲ့ သမီးကြီး ကိုယ်ဝန်ရှိနေတယ်လို့ လူတကာကို
လိုက်ပြောပါတယ်ဆိုပြီးဆလ်ဗီယာ ကို စွပ်ဆွဲပါတယ် အပြစ်ပေးတယ်ဆိုပြီး တစ်စိမ်းယောင်္ကျားလေးတွေ ရှေ့နဲ့တစ်အိမ်သားလုံးရှေ့မှာ အပျိုလေး ဆလ်ဗီယာ ကို မဖွယ်မရာ လုပ်ခိုင်းခဲ့ပြီးမြေအောက်ခန်းထဲ တွန်းချပီး အစာရေစာ မကျွေးပဲ ကြိုးဖြင့် ချည်နှောင်ထားခဲ့ပါတယ်..အော်သံတွေကို အိမ်နီးနားချင်းတွေက ကြားပေမယ့် သူများကိစ္စဝင်မပါတာကောင်းတယ်ဆိုပြီးမသိကျိုးကျွန်သာ ပြုနေခဲ့ပါတော့တယ်..ဂျန်းနီမှာလဲ ဂါထရုက ချောက်ထားသဖြင့် မည်သူ့ကိုမျှ မပြောရဲပဲ ကျိတ်ငိုနေခဲ့ပါတော့တယ်…ဆလ်ဗီယာ ကို ချုပ်ထားသည့် ရက်များအတွင် ဂါထရု ၏ အငယ်ဆုံးသား ဂျွန်နီ မှာကျောင်းက ကလေးတစ်ချို့ကို ခေါ်လာပြီး မြေအောက်ခန်းတွင်း ဆလ်ဗီယာ အားခြေထောက်ဖြင့် ကန်ချင်း လက်သီးဖြင့် ထိုးချင်း ရေဖြင့် ပတ်ချင်း ဖြင့် လူပေါင်းစုံဖြင့်မျိုးစုံ နှိပ်စက်လျက် ရှိပါတော့တယ်..ဆလ်ဗီယာ မှာ တောင်းပန်ပါတယ် ဆိုတဲ့ စကားသာ အသံတိုးတိုးလေးပြောနိုင်ပြီးမျက်ရည်များသာ စီးကျပြီး ဒုက္ခက လွတ်မြောက်ဖို့ ဘုရားမှာသာ ဆုတောင်းနေမိပါတော့တယ်..============================
စာရေးသူ အမြင်
=============================
ဒီဇတ်ကားလေးဟာ ဖြစ်ရပ်မှန်ဖြစ်ပြီး မိဘ များသည် စိတ်ကွယ်ရာတွင် အရွယ်မရောက်သေးသောမိမိ တို့၏ သားသမီးများကို ယုံကြည်စိတ်ချစွာ အပ်နှံထားကြတာ အတော်များလာပါသည်စီးပွားရေးတစ်ခုသာ သိပြီး မိဘမေတ္တာမပေးနိုင်ချင်း ဂရုမစိုက်နိုင်ချင်းတွေကြောင့်ယခု ဇတ်ကားပါ ဆလ်ဗီယာ ကဲ့သို့ နှိပ်စက်မှုများ ရာဇဝတ်မှုတွေ ဖြစ်ပေါ်နေပါတယ်အိမ်နီးချင်းတွေ ဆိုသည်မှာလဲ ကလေးသူငယ်နှိပ်စက်ညှင်းပန်းခံရရင် ကိုယ်နဲ့ မဆိုင်သကဲ့သို့မနေသင့်ပါကြောင်း ဒီရုပ်ရှင်လေးက သက်သေပြနေပါတယ်…ဒီဇတ်ကား ကြည့်ရင်း မျက်ရည်တွေ ကျမိတယ် ငါ့ နှမ ငါ့သမီး သာဆိုဘယ်လိုလုပ်မလဲလို့ ဒီဖြစ်ရပ်မှန် မှုခင်းဟာ Time သတင်းစာမှာပါ ပါလာခဲ့ပါတယ်..အောက်က ပုံကတော့ သနားစရာ
နှိပ်စက်ညှင်းပန်းခံရတဲ့ ဆလ်ဗီယာ ရဲ့ ပုံပါ ဆလ်ဗီယာ လိုအပ်ခဲ့တာ သူ့မိဘ အရိပ်အာဝါသ ပါ သူစိမ်းတွေနဲ့ အတူနေခဲ့ရပြီးနှိပ်စက်ခံခဲ့ရလဲ သူ့မှာ သူ့ညီမလေးကို ကာကွယ်လိုစိတ် အပြည့်ရှိခဲ့ပါတယ်…အောက်က ပုံကတော့ နှိပ်စက်ခံရတဲ့ ဆလ်ဗီယာ ကို ရဲတွေ ရှာတွေ့ခဲ့တဲ့ ပုံစံပါတကိုယ်လုံး ဆေးလိပ်မီးတို့ထားတာတွေ အပ်နဲ့ ဖောက်ထားတာတွေ ဒါးနဲ့ ခြစ်ထားတာတွေ အစုံအလင်ပါ ဒီဇတ်ကားလေးကို ရုပ်ရှင်သက်သက် အနေနဲ့ ကြည့်တာအပြင် မိမိ ပတ်ဝန်းကျင်မှာနှိပ်စက်ညှင်းပန်းခံရတယ်လို့ သံသယ ရှိလာခဲ့ရင်လဲ တာဝန်ရှိသူတွေကို တိုင်ကြားတာဖြစ်ဖြစ်ကိုယ်တိုင်ပါဝင် တားဆီးတာ ဖြစ်ဖြစ် ပြုလုပ်သင့်ပါတယ်မိမိ တို့ သားသမီးတွေကိုလဲ အရွယ်မရောက်သေးရင် အဝေးကြီးမှာ စိတ်ချယုံကြည်စွာမ
ထားသင့်ပါကလေးတွေ စိတ်ထဲ အရိပ်မည်းကြီးတွေ မဝင်အောင် ဂရုစိုက်ပေးကြပါ…လူတွေရဲ့ ရက်စက်တက်မှု ဟာလဲ အသက်အရွယ် နဲ့ နေရာဒေသ မရွေးပါဘူးသူများအနှိပ်စက်ခံနေရတာကိုလဲ မသနားတက်ကြပါဘူး ပုန်းကွယ်နေခဲ့တာမျိုးပါပဲလူလူချင်း စာနာသနားတက်ကြပါစေဗျာ…
mmbusticketဒီတစ်ခေါက်တော့ မင်းသားချောလေး Brenton Thwaites ရဲ့ဇာတ်လမ်းကောင်းလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းလေးနာမည်က An Interview with God (2018)ပါ။ဘာသာရေးဆိုင်ရာကားကောင်းလေးတစ်ကားဖြစ်ပြီး ဘုရားသခင်နဲ့ အပြန်အလှန် အင်တာဗျူးလုပ်နေသလို ဇာတ်အိမ်တည်ထားပါတယ်။
ဇာတ်လမ်းလေးအကျဉ်းကတော့အာဖဂန်နစ္စတန်စစ်မြေပြင်မှာ သတင်းသွားယူနေတဲ့သတင်းတပ်သားလေး ပေါလ်အာရှာ…ဘာသာတရားလိုက်စားသူဖြစ်ပေမယ့် စစ်မြေပြင်ရဲ့ကြမ်းတမ်းတဲ့အတွေ့အကြုံတွေကနေ ဘုရားသခင်အပေါ်ယုံမှားသံသယဝင်လာပါတော့တယ်။စစ်မြေပြင်ကနေ အိမ်ပြန်ရောက်ချိန်မှာလဲ အိမ်ထောင်ရေးကအဆင်မပြေဖြစ်နေချိန်မှာ သူ့ဆီကို အင်တာဗျူးတစ်ခုလုပ်ဖို့ကမ်းလှမ်းလာပါတော့တယ်။အဲဒီအင်တာဗျူးမှာ ဘုရားသခင်နဲ့မေးခွန်းထုတ်ကြမှာပါ။လူသား
တိုင်းသိချင်နေတဲ့မေးခွန်းတွေကိုပေါလ်တစ်ယောက်မေးပေမယ့် ဘုရားသခင်ကတော့ပေါလ်ရဲ့ဘဝကိုပဲအခြေခံကာ မေးခွန်းတွေကိုပညာသားပါပါဖြေဆိုပုံတွေကို ဒီကားလေးထဲမှာတွေ့မြင်ရမှာပါ။Imdb 5.4/10 ရရှိထားတဲ့ ဒီကားလေးနာမည်ကတော့ An Interview with God (2018) ပါ။ရှားရှားပါးပါးဘာသာရေးကားလေးကို Channel Myanmarပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။
mmbusticketBollywood ရုပ်ရှင်လောကမှာ နာမည်ကြီး သရုပ်ဆောင်တွေ အလှိုင်လှိုင်နဲ့ တခမ်းတနားတင်ဆက် ရိုက်းကူးတင်ဆက်ထားတဲ့ ဇာတ်ကားတွေရှိသလိုနာမည်သိပ်မကြီး ဇာတ်ပို့ဇာတ်ရံအဆင့်သာသာပဲရှိတဲ့ သရုပ်ဆောင်အများစုနဲ့ ကုန်ကျစရိတ်နည်းနည်းသာ အကုန်ခံပြီး တင်ဆက်ထားတဲ့ ဇာတ်ကားတွေလည်း ရှိပါတယ်။အဲဒါကြောင့်ပဲ ရုပ်ရှင်ကားကောင်းတကားဖြစ်ဖို့ဆိုတာကုန်ကျစရိတ်တွေအများကြီးမလိုဘူးနည်းပညာအကူအညီမလိုဘူးလူအင်အားအမျာ
းကြီးမလိုဘူး ဇာတ်လမ်း ဇာတ်ညွှန်းကောင်းကောင်းနဲ့ စေတနာပါဖို့ပဲလိုပါတယ်ဒီလိုကားတွေက သက်သေပါပဲဘာနာမည်ကြီး သရုပ်ဆောင်မှမပါဘဲစရိတ်နည်းနည်းနဲ့ ကားကောင်းတစ်ကား ဖြစ်ကြောင်း ပြသနိုင်ခဲ့ပါတယ်ဇာတ်လမ်းကို ပြောရမယ်ဆိုရင် အာရာက ကချေသည်မလေး အနာကလီရဲ့အကြောင်းပါပဲ
ကချေသည်ဆိုတာ သူတို့အိန္ဒိယမှာ ဘယ်လိုသတ်မှတ်သလဲဆိုရင် ပြည့်တန်ဆာနဲ့ ထူးမခြားနားပါပဲသူတို့ဖျော်ဖြေတဲ့သီချင်းတွေက လိင်စိတ်ကြွအောင် အသားပေးထားပြီး လာအားပေးကြတဲ့သူတွေကလည်း မူးမူးရူးရူးနဲ့ အော်ဟစ်ကခုန်နေကြတဲ့သူတွေပါပဲဘောက်ဆူးချသလိုနဲ့ ဟိုနှိုက်၊ ဒီဆွဲနဲ့ အဲဒီဒဏ်တွေကိုလည်း ခံရပါတယ်တနေ့တော့ ရဲစခန်းတစ်ခုမှာ ကပြဖျော်ဖြေတဲ့ပွဲမှာ ပွဲလာအားပေးတဲ့ VIPလို့ပြောလို့ရသူ ခရိုနီဘဲတပွေက မူးရူးနဲ့စင်ပေါ်တက်ပြီး အတင်းအဓ္ဓမဆွဲလားရမ်း
လား လုပ်ပါတယ်လူအများရှေ့မှာဆိုတော့ အနာကလီကလည်း ငြိမ်မနေဘဲ အဲဒီဘဲကို ပါးပြန်ချလိုက်ပါတယ်အဲဒီအချိန်မှာ ပြသနာပေါင်းစုံစ,တတ်တော့တာပါပဲအနာကလီတစ်ယောက် ဘာတွေ ဆက်ဖြစ်မလဲဒီဘဲကရောဘယ်သူလဲ ဆိုတာကို ….
ဒီဇာတ်ကားကတော့ လျှို့ဝှက်သည်းဖိုဇာတ်ကားဖြစ်ပြီး
မင်းသားကြီး Tom Hanks အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။
ဒီထဲမှာ သိဒ္ဓိဆန်းဂိုဏ်းလို့ဘာသာပြန်ထားတဲ့ Illuminati ဂိုဏ်းကိုအကြောင်းပြု ပြီး
ဇာတ်လမ်းကို ဖန်တီးတည်ဆောက်ထားကာ သမိုင်အချက်အလက်တွေစုံလင်စွာထည့်ထားနိုင်လို့
တကယ်ဖြစ်ပျက်နေသလား အောက်မေ့ရပါတယ်။
ထိုင်ရာမထ ကြည့်ရှုမိမယ့်ဇာတ်ကားမျိုးပါ။
ဇာတ်လမ်းဖန်တီးသူ စာရေးဆရာက Da Vinci Code ကိုရေးသားတဲ့
နာမည်ကြီးစာရေးဆရာ Dan Brown ဖြစ်ပါတယ်။
Angels&Demons နဲ့ Da Vinci Code ကရုပ်ရှင်တစ်ကားစီဖြစ်ပေမယ့် ဆက်စပ်မှုရှိပါတယ်။
နှစ်ကားလုံးကို ကျွန်တော်အရမ်းနှစ်သက်မိပါတယ်။
သူငယ်ချင်းတို့နဲ့ အကြိုက်ချင်းတူမယ်လို့မျှော်လင့်မိပါတယ်။
IMDb rating 8.6 ရရှိထားပြီး ၂၀၁၅ ခုနှစ်က ထွက်ခဲ့တဲ့အချစ် နဲ့ ဘ၀ အခြေအနေ ဇာတ်ကြောင်းလွန်ဆွဲကြပုံကိုရိုက်ပြထားပြီး လူငယ်လေးတယောက်က မိမိဘဝအခြေအနေနဲ့အချစ်ရေး ၂ခုကြားထဲမှာ ဘယ်ဟာကို ရွေးချယ်ရမလဲဆိုတာကို
ဒွိဟဖြစ်ပုံကို ပညာသားပါပါ ရိုက်ကူးပြသပေးထားပြီးယခုခေတ်လူငယ်တွေ အတုယူကြည့်ရှူသင့်တဲ့ ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးခြင်ပါတယ်ဇာတ်လမ်း လေးကတော့ ယခုခေတ် ပါကစ္စတန်ကောင်လေးတစ်ယောက်နဲ့အစပြုထားပြီး သူ့ကောင်မလေးဟာ နိုင်ငံခြား လူနေမှုဘဝကို အထင်ကြီးသူတယောက်ပါတနေ့မှာ ကောင်မလေးက ကောင်လေးကို လက်ဆောင်ပစ္စည်းတစ်ခုဝယ်ပေးဖို့ပူဆာရာမှ ကောင်လေးက သူ့အဖေရဲ့ စကူတာလေးကို ရောင်းလိုက်ပြီး ဝယ်ပေးခဲ့ပါ
တယ်ဒီလိုနဲ့ အဲ့ကောင်လေးဟာ အိန္ဒိယ ကောင်လေးတစ်ဖြစ်လဲ Angrej နဲ့မိတ်ဆွေဖြစ်မိပြီး ပါတီပွဲတစ်ခုမှာခင်မင်ခဲ့ပါတယ် ဒီလိုနဲ့ Angrej နဲ့ ကောင်လေးစကားပြောကြရင်း Angrej ကိုကောင်လေးက သူ့စကူတာပျောက်သွားတဲ့ အကြောင်းပြောပါတော့တယ် အဲ့မှာ Angrej က ကောင်လေးကို မင်းစကူတာက ပျောက်သွားတာမဟုတ်တဲ့ အကြောင်း ကောင်မလေးကို လက်ဆောင်ဝယ်ပေးလိုက်တာဖြစ်ကြောင်းပြောရင်းAngrej က သူ့ရဲ့ အချစ်ဇာတ်လမ်းလေးကို ပြောပြပါတော့တယ်ကဲ ပရိတ်သတ်ကြီးရေ Angrej ရဲ့ အချစ်ဇာတ်လမ်းလေးက လွမ်းမောစရာကောင်းမလားပျော်ရွင်စရာတွေနဲ့ ပြည့်နက်နေမလားဆိုတာကိုတော့ ပရိတ်သတ်ကြီးကပဲဆက်လက် ရှူစားကြည့်လိုက်ပါတော့ ဗျာ
အခု မိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ 2017 ခုနှစ်မှာ ထွက်ထားတဲ့ Anna and the Apocalypse ဆိုတဲ့ ဇွန်ဘီ comedy ဇာတ်ကားလေးပါ John Mcphail က ရိုက်ကူးထားပြီး IMDB 6.4 ထိ ရထားတဲ့ ဇာတ်ကားလေးပါ အန်နာဆိုတဲ့ ကောင်မလေးရယ် ဂျွန်ဆိုတဲ့ကောင်လေးရယ်က အချစ်ဆုံးသူငယ်ချင်းတွေပါ ကျောင်းပြီးရင် ဂျွန်က အနုပညာတက္ကသိုလ်တက်မယ် အန်နာကတော့ ခရီးထွက်မယ်ဆိုပြီး ကိုယ်စီ စိတ်ကူးယဉ်အိပ်မက်လေးတွေနဲ့ ပျော်ရွှင်စရာမြို့လေးမှာ နေထိုင်ကြပါတယ် တစ်နှစ်တော့ ခရစ်စမတ်ချိန်မှာတော့ ခါတိုင်းနှစ်နဲ့ မတူဘဲ ပြဿနာတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်
အဲဒါကတော့ ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် မြို့ထဲက လူတွေဟာ ဇွန်ဘီတွေ ဖြစ်ကုန်ပြီး သူတို့ကို ရင်ဆိုင်တိုက်ခိုက်ရတာပါ သူတို့သူငယ်ချင်းတွေဟာ မိသားစုတွေနဲ့ တကွဲတပြားဖြစ်နေကြပြီး သူတို့ချစ်ရတဲ့ မိဘတွေ မိသားစုတွေရှိတဲ့ဆီကို ရောက်ဖို့ မျှော်လင့်ချက်တွေကိုယ်စီနဲ့ ဇွန်ဘီတွေကို ရဲရဲဝံ့ဝံ့ရင်ဆိုင်တိုက်ခိုက်ကြတာလေးတွေကို ရိုက်ပြထားတာပါ ဒီဇာတ်ကားမှာ ထူးခြားတာကတော့ ဒိုင်ယာလော့တွေထဲမှာ သီချင်းလေးတွေ ညှပ်ပြီး သီဆိုပြထားတာပါ တစ်ကားလုံးလိုလိုမှာ ပျော်စရာ
ဇာတ်ဝင်သီချင်းလေးတွေနဲ့ လူငယ်ဆန်ဆန် ရိုက်ကူးထားတဲ့ ဇွန်ဘီကားကောင်းလေးပါ စိတ်လှုပ်ရှားရသလို မိသားစုစိတ်ဓာတ် သူငယ်ချင်းတွေကြားက မေတ္တာတရားတွေကို ပေါ်လွင်အောင် ရိုက်ကူးပြထားတာမို့ လက်မလွတ်တမ်း ကြည့်သင့်တဲ့ ပေါ့ပေါ့ပါးပါး ဇာတ်ကားလေးပါ နောက်ဆုံးမှာ အန်နာတို့ သူငယ်ချင်းတွေ သူတို့ချစ်ရတဲ့ မိသားစုတွေနဲ့ ပြန်ုဆုံကြရလား မတွေ့ခင်မှာရော ဘယ်လိုအခက်အခဲတွေကို ကြုံရလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားရင်း စောင့်ကြည့်ကြပါလို့
Antichrist ဆိုတာ၂၀၀၉ခုနှစ်မှာထွက်ရှိထားတဲ့ horror ဇာတ်ကားတစ်ကားဖြစ်ပါတယ်သားလေးတစ်ယောက်ကိုဆုံးရှုံးလိုက်ရတဲ့လင်မယားနှစ်ယောက်ရဲ့အကြောင်းလေးကိုရိုက်ကူးထားတာဖြစ်ပါတယ်သားလေးကိုဆုံးရှုံးလိုက်ရလို့ ကြေကွဲခံစားနေရတဲ့ဇနီးသည်ရဲ့ဝမ်းနည်းပူဆွေးသောကတွေကိုယောကျာ်းဖြစ်သူကကုစားပေးနိုင်ဖို့အတွက်ကုထုံးနည်းလမ်းနဲ့ပဲ ကုသပေးဖို့စီစဉ်လိုက်ပါတယ်မိန်းမဖြစ်သူရဲ့စိတ်အတွင်းကအကြောက်ရွံ့ဆုံးနေရာကိုသွားနေထိုင်ရင်းနဲ့
ဒီကုထုံးကိုစတင်မှာဖြစ်တာကြောင့် သစ်တောထဲကသစ်လုံးအိမ်လေးကိုသွားရောက်ခဲ့ကြပါတယ်အဲ့ဒီသစ်လုံးအိမ်လေးမှာ သားလေးဖြစ်သူနစ်ခ်နဲ့ သူ့မိန်းမတို့သွားရောက်ဖူးခဲ့တဲ့နေရာလေးပါသူတို့သွားရောက်နေထိုင်တဲ့အချိန်ကနေစပြီးတော့ အဲ့ဒီပတ်ဝန်းကျင်ကတကယ့်ကိုငရဲတစ်ခုအလားမြင်ယောင်လာမိပါတော့တယ်ဆိုးရွားလွန်းတဲ့ပုံစံတွေ အနေအထားတွေကိုမြင်တွေ့ခံစားနေခဲ့ရပေမယ့်သူ့မိန်းမအတွက်ကြိုးစားပြီးတော့နေထိုင်ခဲ့ပါတယ်တကယ်တမ်း သူကိုယ်တိုင် သူ့မိန်းမရဲ့
စာတမ်းတွေကိုတွေ့ရှိပြီးတဲ့နောက်ပိုင်းမှာဘာတွေဖြစ်သွားတယ်ဆိုတာကိုတော့ဇာတ်လမ်းကိုကြည့်ရှုရင်းနဲ့ပဲရင်ခုန်လိုက်ရအောင်ပါတကယ်တော့ ဒီကားကတော်တော်လေးကိုအာရုံစားတဲ့ကားပါအတွေးပိုင်းကိုလုံးဝအကျယ်ချဲ့ပြီးတော့ စဉ်းစားစေတဲ့ဇာတ်ကားလိုပုံစံမျိုးမလို့ ကြည့်ရတာ စိတ်ဝင်စားစရာတော့ကောင်းလှပါတယ်
သရဲကား တွေ တော်တော်များများ ကြည့်ဖူးပါတယ် အကောင်လိုက်ပြတောင်ကြောက်ဖို့ မကောင်းတာတွေ ကြုံဖူးတယ် ဒါပေမယ့်ဒီ Apartment 1303 ဆိုတဲ့ Japan Horror Movie ကတော့သင့်စိတ်ကို အကောင်းဆုံး ချောက်လှန့်မှု အပေးနိုင်ဆုံး ရုပ်ရှင်ကားလို့ ညွှန်းဆိုချင်ပါတယ်တစ်ယောက်ထဲ တိုက်ခန်းတစ်ခုထဲ နေတက်တဲ့သူတွေ
တိုက်တွေရဲ့ အပေါ်ဆုံး ထပ်မှာ နေတဲ့ သူတွေ နဲ့ ကိုယ်နေတဲ့ တိုက်ခန်းမှာ ခြေရာလက်ရာ ပျက်ယွင်းနတာကြုံရတဲ့ သူတွေ အတွက် ဒီရုပ်ရှင်ကားက ထိတ်လန့်တုန်လှုပ်ဖွယ် အတိနဲ့ပါပဲ…ဒီဇတ်လမ်းထဲမှာတော့ ပင်လယ်နဲ့ နီးပြီး ဈေးအရမ်းတန်တဲ့ တိုက်ခန်း ကို ငှားနေကြသူတွေဝယ်ကြသူတွေဟာ အမြဲတမ်း အဲ့ဒီတိုက်ပေါ်ကနေ ခုန်ချပြီး သက်သေသွားတက်ကြပါတယ်ဘယ်လောက်ပဲ မယုံကြည်တဲ့သူဖြစ်ပါစေ ဘယ်လောက် သတ္တိကောင်းတဲ့သူဖြစ်ပါစေအဲ့ဒီ တိုက်ခန်းမှာ မနေ
ရဲလောက်အေအာင် ဆိုးဝါးလွန်းတဲ့ ဖြစ်ရပ်ဆန်းတွေ ကြုံတွေ့ရမှာဖြစ်ပြီးရုပ်ရှင်ကြည့်သူတွေလဲ ညဘက်မှာ စောင်လေးခြုံပြီး မီးတွေ အကုန်မှိတ် တိတ်တိတ်လေးဒီရုပ်ရှင်ကို ကြည့်ကြရအောင်…ကဲ.. သေချာပြီ ဆိုရင် အလွှာ ၁၃ ဓါတ်လှေကားနံပါတ် ၁၃ အခန်းနံပါတ် ၁၃၀၃ ကို ခဏလောက်အလည်သွားရအောင် သင် တစ်ယောက် ထဲ မသွားရဲဘူးဆိုရင် သင့် သူငယ်ချင်း တစ်ချို့ပါအခုပဲ Mention ခေါ်ပြီး အတူသွားဖို့ ပြင်လိုက်ကြရအောင်… 😀 ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေး
ထားသူကတော့ Thin Zar Htet ဖြစ်ပြီးThit San Khant မှ Encode ၍ တင်ဆက်ပေးထားပါတယ်… ဒီရုပ်ရှင်ကားဟာ အတော်ကြာပြီ ဖြစ်ပြီး၍ Quality မှာ အနည်းငယ်မှုန်ဝါးနေပါသဖြင့်သည်းခံကြည့်ရှုပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ရုပ်ရှင်နာမည်က Apprentice တဲ့ …Apprentice ဆိုတာခပ်လွယ်လွယ်ဘာသာပြန်ရင် အလုပ်သင် လို့ ဆိုသော်ငြား အတိအကျပြောရရင်ရှုပ်တယ်ဗျ။ ကျွန်တော်ပဲဝေါဟာရဆင်းရဲတာလားတော့ မသိဘူး။
ဥပမာပေးရရင် ကားဝပ်ရှော့က ကောင်လေးတွေကို Apprentice လို့ခေါ်လို့ရမယ်။ ပညာသင်အလုပ်သမားပုံစံ …
ဆရာက ပညာသင်ပေးရတဲ့အတွက် လစာတော့ လျှော့ပေးထားတာမျိုးပေါ့ ..
ဟီး …
A person who is learning a trade from a skilled employer, having agreed to work for a fixed period at low wages ဆိုတဲ့ဖွင့်ဆိုချက်ကပဲ ပိုထိရောက်မယ်ထင်တယ်။Apprentice က စင်္ကာပူ/မလေးရှားရုပ်ရှင်ပါ။
စင်္ကာပူ/မလေးရုပ်ရှင်တွေကိုအထင်မကြီးတဲ့အတွက် တခါမှမကြည့်ဖူးဘူး။ ကိန်းရုပ်ရှင်ပွဲတော်အထိတက်ရောက်အောင်မြင်ခဲ့သလို၊ ဆီလိုအပြစ်ရှာပြောတတ်တဲ့ ဟောလိဝုဒ် ဝေဖန်ရေးသမားတွေကပါ မှတ်ချက်ကောင်းကောင်းတွေပေးထားတာဆိုတော့ ကြည့်ဖြစ်လိုက်တယ်။
ဇာတ်လမ်းက ရှင်းလွန်းတယ်။
စစ်သားတစ်ယောက် တပ်မတော်နဲ့ စာချုပ်ပြည့်ပြီးအပြင်ထွက်လာတဲ့အချိန်မှာ ထောင်ကိုအလုပ်ဝင်လျှောက်တော့ အလုပ်ရတယ်။
အဲဒီထောင်မှာ သေဒဏ်ကျအပြစ်သားတွေကို ကြိုးပေးဖို့အတွက်(အမှန်က ကြိုးစင်မောင်းခလုတ်ဖြုတ်တာ၊ ကြိုးကျစ်တာ) အလုပ်နေရာကို ဘယ်သူမှမလုပ်ချင်လို့ အခက်တွေ့နေချိန်ပေါ့။
သွေးအေးလွန်းတဲ့ အဲဒီစစ်ထွက်ကို ကြိုးမိန့်ပေးတဲ့နေရာမှာ အလုပ်သင် Apprentice အဖြစ်ထားလိုက်တာ။ အဲဒီအကြောင်းလေးကိုပဲရိုက်ပြတာ အရမ်းရမ်းကောင်းတယ်ဗျာ။စကားသိပ်မပြောပဲ ဇာတ်ကောင်စရိုက်တွေတင်ပြတာ အရမ်းကောင်းတယ်။
အစွန်းတွေလွတ်အောင်ချပြနိုင်တယ်။
အထူးတလည်ချီးကျူးချင်တာကတော့ ထောင်ရဲ့လုပ်ငန်းစဉ်တွေကို သေချာလေ့လာပြီးမှ ရိုက်ထားတာကိုပဲ ..
ဥပမာ – ကိုယ်အလေးချိန်ဘယ်လောက်ရှိရင် ကြိုးထုံးကို ဘယ်လောက်ထုံးရမယ်၊ ကြိုးအရှည်ဘယ်လောက်ထားရမယ်။ ကြိုးပေးခံရမယ့်သူကို ကြိုးကွင်းစွပ်ပြီးရင် ကြိုးရဲ့အထုံးကို ဘာကြောင့် ဘယ်ဘက်နားရွက်အောက်မှာပဲထားရတယ်စသဖြင့်ပေါ့ဗျာ။
တော်တော်လေးကို ထောင့်စေ့နေအောင်ကြိုးစားထားကြတာ။တင်ဆက်ပုံကလည်းလေးစားစရာပါ။
ဘယါလောက်သတ္တိကောင်းတဲ့သူပဲဖြစ်ဖြစ် ကြိုးပေးမယ့်နေရာထိခပ်တင်းတင်းလျှောက်လာနိုင်တယ်ထားဦး၊ ခေါင်းစွပ်စွပ်ပေးပြီး ကြိုးစင်ပေါ်လည်းတင်ရော သွေးပျက်ကုန်တာတွေကအစ ဒါရိုက်တာဟာ ပညာသားပါပါချပြနိုင်လွန်းတယ်။ဒိုင်ယာလော့တွေနည်းတယ်ဆိုပေမယ့် ပြောလိုက်တဲ့ စကားလုံးတွေကလည်း အရမ်းထိတယ်။ ဆရာက သူ့တပည့်ကို သင်ပေးနေတဲ့စကားကိုပဲကြည့် …My job is to make sure he dies instantly. Make sure there’s no pain. In some countries they use the short drop. It’s pitiful, you know. The guy really suffers. They’ll let him struggle for 30 minutes until he turns blue and soils his pants before he dies. But here, we are humane. We make sure it is quick and painless.
အနှစ်ချုပ်ပြောရရင် Apprentice ဆိုတဲ့ရုပ်ရှင်လေးကို တနေရာရာမှာ အမှတ်တမဲ့တွေ့ရင် ကြည့်ဖြစ်အောင်ကြည့်ပါ။ ရသ စာအုပ်တစ်အုပ်ဖတ်လိုက်ရသလိုပဲလို့ လက်တို့ပါရစေ …နိုင်ငံတကာကပေးတဲ့ဆုတွေလည်း တသီကြီးရထားတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းပါဗျာ။(ရုပ်ရှင်အညွှန်းကို Ko Aung Zaw Oo Facebook မှကူးယူဖော်ပြပါသည်။)
ဒီစူပါဟီးရိုး ရုပ်ရှင်ဟာ DCEU ရဲ့ ၆ ကားမြောက်ရုပ်ရှင်ပဲ ဖြစ်ပါတယ်။
သူ့ရဲ့ရှေ့မှာတော့ Man of Steel, Batman vs Superman, Suicide Squad, Wonder Woman, Justice League တို့ ထွက်ရှိထားပြီးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း
============ အတ္တလန်တစ်နိုင်ငံရဲ့ မင်းသမီးဟာ ကုန်းမြေပေါ်က မီးပြတိုက်စောင့်တစ်ယောက်နဲ့ ချစ်မိပြီး အာသာ(အကွာမန်းကို) မွေးဖွားခဲ့ပါတယ်။သူကြီးပြင်းလာချိန်မှာ အတ္တလန်တစ်ရဲ့ ဘုရင် အွန်းမ်ဟာ နိုင်ငံ ၇ ခု ကို စုစည်းပြီး ကုန်းမြေကမ္ဘာကို စစ်တိုက်ဖို့ ပြင်ဆင်လာပါတယ်။ ဒီစစ်ပွဲကိုတားဖို့ အတွက် အာသာဟာ သူ့ရဲ့ဆရာ ဗော်ကို၊ မင်းသမီး မယ်ရာ တို့ရဲ့ အကူအညီနဲ့ စွမ်းအားအကြီးဆုံး သုံးခွခရင်း ထရိင်းဒန့်ကို ရှာပြီး အတ္တလန်တစ်ရဲ့ ထီးနန်းကို ရယူဖို့ ကြိုးစားရပါတော့တယ်………
Architecture 101 ဇာတ်ကားဟာဆိုရင်တော့
ကိုရီးယား Drama , Romance ဇာတ်ကားလေးဖြစ်ပြီး
Director: Yong-Joo Lee က ရိုက်ကူးထားတာဖြစ်ပါတယ်။ှ >IMDb Rating – 7.2/10
>Asianwiki Rating – 90%
သရုပ်ဆောင်များအနေနဲ့လည်း
မင်းသားကြီးTae-woong Eom,မင်းသမီးချောGa-in-Hanနဲ့
မင်းသား Je-hoon Lee တို့အပြင်
Korean Kpop အဖွဲ့တွေထဲကတစ်ဖွဲ့ဖြစ်တဲ့
Miss A အဖွဲ့ထဲက ကောင်လေးတွေရဲ့အသည်းစွဲ
(Adminရဲ့ရည်းစား :3)
Suzy Bae လေး တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းလေးကတော့ ကိုရီးယားဆိုးလ်မြို့မှာနေတဲ့
ဆိုယွန်းတစ်ယောက် သူ့ရဲ့မိသားစုနဲ့အနှစ်သုံးဆယ်ကြာနေခဲ့တဲ့
ဂျယ်ဂျူကျွန်းက အိမ်လေးကို ပြင်ဖို့အတွက် ဆောက်လုပ်ရေးကုမ္ပဏီသို့ သွားရာမှ
လွန်ခဲ့တဲ့ ၁၇နှစ်လောက်က သူနဲ့အတူ
ဗိသုကာသင်တန်း အတူတူတက်ခဲ့တဲ့
ဆောင်မင်း နဲ့မထင်မှတ်ဘဲတွေ့ခဲ့ကြပါတယ်။
အဲ့လိုနဲ့သူတို့နှစ်ယောက်တွေ့မိပြီး အရင်ကသူတို့အကြောင်းတွေကို
ပြန်ပြောဖြစ်ခဲ့ကြပါတယ်။
၁၉၉၀ခုနှစ်လောက်တုန်းကအချိန်တွေကို ပြန်ပြောရင်း
နောက်ကြောင်းပြန်ကြည့်ရမယ့်ဇာတ်ကားလည်းဖြစ်ပါတယ်။ဒီကားဟာဆိုရင် ကိုရီးယားအချစ်ဇာတ်လမ်းလေးဖြစ်ပြိး
ကိုရီးယားဆန်ဆန် Ro ရတဲ့အပြင် ကြေကွဲစရာ လွမ်းဆွတ်မှုအရသာပါ
ခံစားရမည်ဖြစ်တာကြောင့် ကြည့်ရှု့သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။
CM Fan တွေ အတွက် ဒီတစ်ခေါက်မှာတော့မတင်ဖြစ်တာ ကြာပြီ ဖြစ်တဲ့ ဆိုက်ကို လူသတ်သမား ရုပ်ရှင်ကားလေးပါဇတ်လမ်းပုံစံကတော့ ခေတ်မှီတိုးတက်လာတဲ့ လူနေမှု စနစ် မှာ
သိသိသာသာ ဂျင်းထည့်နေတဲ့ အိမ်ခြံမြေ ပွဲစားတွေ အကြောင်းပါတိုးချဲ့ မြို့သစ် တစ်ခုမှာ အိမ်ဈေးတွေ တက်လာမယ် ခြံဈေးတွေတက်လာမယ်ဆိုပြီး ဂျင်းလိုက်ထည့်နေတဲ့ ကတ်ဆီ ဆိုတဲ့အိမ်ပွဲစားမလေး ရှိပြီး သူကိုယ်တိုင်ကလဲ အိမ်ပွဲစားမဖြစ်ခင်အိမ်ပွဲစား လူလည်တစ်ယောက်ဖြစ်သူ သူ့သူဌေးဆီက ဂျင်းမိပြီးမဖြစ်ထွန်းတဲ့ ခေါင်တဲ့ မြို့မှာ အိမ်ဝယ်မိသူ တစ်ယောက်ပါလောလောဆယ် လတ်တလော အကျွေးတွေ ပိပြီး သမီးတစ်ယောက်ရှိတဲ့အိမ်ထောင်ကွဲ အမျိုးသမီးတစ်ယောက်
ပေါ့…. Phone အားကုန်နေပြီလား XP Power Bank ရှိတယ်… သူ ဂျင်းထည့်ခံရသလို သူများကိုလဲ ဂျင်းလိုက်ထည့်တဲ့ ပညာကိုကတ်ဆီ တစ်ယောက် ရရှိသွားပြီး သူ့သူဌေး နဲ့ ပေါင်းကာပိုက်ဆံရှိသူတွေကို မက်လုံးပေး ခေါင်တဲ့နေရာက အိမ်ခြံမြေတွေကိုမတန်တဆ ဈေးတွေနဲ့ ရောင်းထုတ်ခဲ့ပါတယ်…တစ်ရက်မှာတော့ သူတို့ ဂျင်းထည့်ခဲ့တဲ့ Customer တစ်ဦး ဖြစ်သူမော်ရမ် မှ ကတ်ဆီ ရဲ့ သူဌေး ကို သတ်ဖြတ်ပြီး ကတ်ဆီကိုပြန်ပေးဆွဲခဲ့ပါတော့တယ် ရဲရော ဘယ်အဖွဲ့
အစည်းကိုမှဆက်သွယ်မရအောင် ခေါင်တဲ့ ဒီတိုးချဲ့မြို့သစ်ကနေသူမ ဘယ်လိုလွတ်မြောက်နိုင်မလဲဆိုတာသည်းထိတ်ရင်ဖို ကြည့်ရှုနိုင်ပါပြီ….ဒီရုပ်ရှင်ကားကိုဘာသာပြန်ပေးထားတာကတော့May Thu ဖြစ်ပြီး Thit San Khant မှတင်ဆက်ပေးထားပါတယ်
Rating 6 ရရှိထားတဲ့ စော်ချောချောလေးတွေပါဝင်ထားတဲ့အက်ရှင်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်…လီလီတို့ သူငယ်ချင်းလေးယောက်ဟာ ဆီလမ်မြို့လေးမှာ ကျောင်းတက်နေတဲ့ ဆယ်ကျော်သက်မိန်းခလေးတွေ ဖြစ်ပါတယ်။ တစ်နေ့မှာတော့ အွန်လိုင်းပေါ်မှာ ဆီလမ်မြို့ မြို့တော်ဝန်ရဲ့ အတွင်းရေး၊
မက်ဆေ့ချ်နဲ့ ဓာတ်ပုံတွေဟာ ဟက်ကာတစ်ယောက်ရဲ့ လက်ချက်ကြောင့် အင်တာနက်ပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။ ဒီလိုနဲ့ လူတွေရဲ့ ဆူပူမှုတွေဖြစ်ပေါ်လာခဲ့ပြီး သတင်းစာရှင်းလင်းပွဲမှာပဲ မြို့တော်ဝန်ဟာ ကိုယ့်ကိုကိုယ် သတ်သေသွားခဲ့ပါတယ်။ ထိုဖြစ်ရပ်ကြောင့် ဆီလမ်မြို့လေးဟာ တုန်လှုပ်နေတုန်းမှာပဲ အထက်တန်းကျောင်းအုပ်ရဲ့ လူသိမခံနိုင်တဲ့ အတွင်းရေးအချက်အလက်တွေဟာ အင်တာနက်ပေါ်မှာ ထပ်မံပေါ်ထွက်လာခဲ့ပါတယ်။ မြို့သူမြို့သားတွေရဲ့ အုံကြွမှုတွေက ပိုမိုများပြားလာ
ခဲ့ပြီး ဆူပူလှုပ်ရှားမှုတွေလည်း စတင်ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒီလိုနဲ့ ဟက်ကာသမားရဲ့ ပစ်မှတ်က လီလီဖြစ်လာတဲ့အခါမှာတော့ ဘယ်လိုတွေ ဆက်ဖြစ်လာမလဲ၊ ဟက်ကာသမားကကော ဘယ်သူဖြစ်နေမလဲ၊ ဆီလမ်မြို့လေးကော ဘယ်လိုအခြေအနေနဲ့ ကြုံတွေ့ရမလဲဆိုတာ စိတ်ဝင်စားဖို့ အရမ်းကောင်းတာမို့ ကြည့်ရှုအားပေးကြပါဦးဗျာ….
ကျွန်တော်တို့တွေ လိပ်ပြာလွှင့်တယ်ဆိုတဲ့အရပ်သုံးစကားကို တော်တော်များများကြားဖူးကြမှာပါဒီဇတ်ကားလေးကတော့ ငယ်ငယ်လေးထဲကမိခင်ဟာကိုယ့်ကိုယ်ကိုသတ်သေသွားတာကိုအခုမှသိလိုက်ရတဲ့ တက္ကသိုလ်ကျောင်းသား
အဲလက်စ် တစ်ယောက် ကျောင်းလက်ချာချိန်မှာလိပ်ပြာလွှင့်တာနှင့်ပတ်သတ်ပြီး သင်ကြားမိတာကနေ စပြီးသူ့အမေရဲ့ ဝိညာဉ်နှင့် အဆက်အသွယ်ရဖ်ု့လိပ်ပြာလွှင့်တဲ့အတတ်ကို စမ်းကြည့်ရာကနေမမျှော်လင့်ထားတဲ့ ပရလောကကံကြမ္မာဆိုး
ကြီးနှင့်တွေ့ပြီးဘယ်လိုဖြေရှင်းသွားမလဲဆိုတာသည်းတထ်တ်ထိတ်ရင်တဖိုဖိုစောင်ကြည့်ရမယ့် horror ဇတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်ရုပ်ရှင်ကားကို ကောင်းမြတ်သူ က ဘာသာပြန်ပေးထားပြီးအညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်
ဒီနေ့တော့ CM ပရိတ်သတ်တွေအတွက်IMDb Rate မှာ 6.4 ရရှိထားတဲ့ Astro Boy လို့ခေါ်တဲ့Animation ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်…ဘယ်လိုသဘောမျိုးနဲ့နေနေကြည့်သင့်တဲ့ Animation ကားကောင်းလေးဖြစ်ကြောင်းတော့အသိပေးပါရစေ
Dr. Tenma ဆိုတာ Toby ကို သိပ်ချစ်တဲ့ ဖခင်ကောင်း တစ်ယောက် ဖြစ်သလိုRobot တည်ထွင် ရာမှာလဲ နာမည်ကြီးတဲ့ သိပ္ပံ ပညာ ရှင်တစ်ယောက် ဖြစ်ပါတယ်။Dr. Tenma ရဲ့ သားပီပီ သိပ္ပံပညာ တွေကို စိတ်ဝင်စားတဲ့ Toby ဟာDr. Tenma ရဲ့ ခွင့်ပြုချက် မပါပဲ နည်းပညာသစ် Red Core နဲ့ Blue Core တို့စမ်းသပ်တဲ့ ပြပွဲကို ခိုးပြီး သွားရောက် ခဲ့ပါတယ်။ Red Core ထဲ့သွင်း စမ်းသပ်တဲ့ စက်ရုပ်ဟာထိန်းချုပ်မှု လွတ်ထွက်သွားပြီး ပုံကန်တဲ့ အချိန်မှာ မ
ထင်မှတ်ပဲ Toby တစ်ယောက် ပိတ်မိပြီးRed Core ထဲ့သွင်း ထားတဲ့ စက်ရုပ် ရဲ့ လက်နက် စမ်းကြောင့် သေဆုံးသွား ခဲ့ပါတယ်။သားကို သိပ်ချစ်တဲ့ အဖေ Dr. Tenma တစ်ယောက် ရူးသွပ် မတတ် ခံစား ရပြီး Toby နဲ့ တူတဲ့ စက်ရုပ် တစ်ရုပ်ကို တည်ဆောက်ပြီး Toby ရဲ့ DNA က တဆင့် မှတ်ဉာဏ်တွေ ထဲ့သွင်း ပေးခဲ့ပါတယ်။လူသား တစ်ယောက် ကဲ့သို အသိဉာဏ်တွေ ရှိဖိုနဲ့ ပိုမို အစွမ်း ထပ်စေဖို့ကျန်ရှိနေတဲ့ Blue Core ကို Toby နဲ့ တူတဲ့ စက်ရုပ် Astro Boy ထဲမှာ
ထည့်သွင်း အသုံးပြု ခဲ့ပါတယ်။စစချင်းမှာ သားရဲ့ နေရာအကို အစားထိုး နိုင်မယ်လို့မျှော်လင့် ထားပေမယ့် အသိစိတ်က သားအရင်း မဟုတ်ပဲစက်ရုပ် တစ်ရုပ် ဖြစ်တယ်ဆိုတာ အသိပေး နေတော့ သားအရင်း တစ်ယောက်လို ချစ်လို့ မရခဲ့ပါဘူး။ထို့အတူ Toby ရဲ့ အသိဉာဏ်တွေ ရောက်နေတဲ့ Astro Boy ဟာလဲသူ့ကိုယ့်သူ Toby လို့ပဲ ထင်မှတ်ပြီး ဖခင်ရဲ့ မေတ္တာ ငတ်နေသလို ခံစား ခဲ့ရပါတယ်။မထင်မှတ်ပဲ Red Core အသုံးပြုခဲ့တဲ့ စက်ရုပ်ကို အသက်သွင်းချင်း ခံရ
တော့Dr. Tenma တို့ရဲ့ မြို့ဖြစ်တဲ့ Metro City မှာRed Core စက်ရုပ်ရဲ့ ဖြတ်စီးမှုတွေကို တားစီး နိုင်မယ့်လူမရှိခဲ့ပါဘူး။ ဒီအချိန်မှာ Blue Core ထည့်သွင်းပြီးတည်ထွင်ထားတဲ့ Astro Boy ဟာ သူ့ကိုယ်သူ စက်ရုပ်လို့ သိသွား ပြီးရန်သူတော် Red Core ကို ဘယ်လို နှိပ်နင်းမလဲ ဆိုတာ…..
ဒါရိုက်တာ David Bowers ရဲ့ 94 မိနစ် ရှည်တဲ့ Animated Comedy ဇာတ်ကား ဖြစ်ပါတယ်။အသံ သရုပ်ဆောင်တွေ အဖြစ် Dr. Tenma (voice of Nicolas Cage),Toby & Astro Boy (voice of Freddie Highmore) တို့က အဓိက ပါဝင် သရုပ်ဆောင် ထားပါတယ်။ရုပ်ရှင်အညွှန်းကိုတော့ moviereview ygn မှ ကူးယူဖေါ်ပြပါတယ်
လူတိုင်းမှာ ဘဝရဲ့တမ်းတမက်မောစရာ ဇာတ်လမ်းလေးတွေရှိကြမယ်….တခြားလူတွေအတွက်တော့ ပုံပြင်လေးတွေပေါ့…ဒီဇာတ်လမ်းက ပုံပြင်တချို့ကိုပြောပြနေလိမ့်မယ်…တိုက်ဆိုင်ရင်တော့ ကိုယ့်ရင်တစ်ခုလုံး ပျော်ဝင်သွားနိုင်တယ်…
အချစ်ကိုအပ်ဖျားမှာတပ်ပြီး မျှားနေတယ်လို့ ကျွန်တော်တို့ ပေါ့ပေါ့တန်တန်တွေးမိလိမ့်မယ်…..တကယ်က အချစ်က ကျွန်တော်တို့ကို အပ်ဖျားမှာတပ်ပြီး မျှားနေတာ။လွမ်းမောဖွယ် ကြမ်းရှရှတချို့နဲ့ ဒီဇာတ်လမ်းလေးဟာ IMDb (6.1) ရရှိထားတဲ့ ထိုင်ဝမ်ဇာတ်ကားလေးပါ။နူးညံ့လိုက်ဖို့ စိတ်မရှိဘူးဆိုရင် ကြည့်ရှုခံစားသင့်ပါတယ်။
ဝါကင်းဟာ အောက်ပိုင်းသေနေတဲ့ လူတစ်ယောက်ပါ….တစ်နေ့တော့သူအလုပ် လုပ်တဲ့မြေအောက်ခန်းရဲ့ဘေးကို ဘဏ်ဖောက်မဲ့ရောက်လာတာကိုသိလိုက်ရပါတယ်…တစ်ချိန်တည်းမှာပဲ သူ့အိမ်ကအခန်းကိုငှားဖို့လာတဲ့ “ဘတ” တို့သားအမိပါရောက်လာပါတယ်ဘဏ်ဖောက်မဲ့သူတွေကို”ဝါကင်း”ဟာသူတို့တွေရဲ့နာမည်နဲ့အချက်အလက်တွေကိုပါ
video recorded နဲ့အကုန်လိုက်မှတ်ထားပါတယ်…အဲဒီအချက်အလက်တွေကသူနောက်မှာအသုံးဝင်လာမယ့် တကယ့်မှတ်တမ်းတွေပါ…ဒီမှာတော့ ဝါကင်းဟာ ပိုက်ဆံလိုနေတာကတစ်ကြောင်း ပြီးတော့ ဘာတ”တိ့ုသားအမိကိုပါသံယောဇဉ်ဖြစ်ပြီး ထောက်ပံ့ကာကွယ်ပေးချင်တာတွေဖြစ်လာပါတယ်… သူပါ ဘဏ်ကပိုက်ဆံတွေကိုခိုးဖို့အကြံဖြစ်လာပါတယ်….နောက်ပိုင်းမှာတော့ ဘဏ်ဖောက်မဲ့လူတွေဟာဝါကင်းဆီရောက်လာပြီးသတ်တော့မဲ့ဆဲဆဲအခြေအနေမှာ ဝါကင်းရဲ့ စကား
ကြောင့် အချင်းချင်းသတ်ကြကုန်ပါတယ်….ကဲ…”သူဘာပြောလိုက်တာလဲ”ဘယ်လိုတွေဉာဏ်ကစားလိုက်တာလဲ” ဒီနေရာမှာ မေးခွန်းတစ်ခုရှိနေပါတယ်….”ဘာတ”ကသူ့အိမ်ကိုရိုးရိုးရောက်လာတာဟုတ်ရဲ့လား…ဘဏ်ဖောက်တဲ့သူတွေနဲ့ပက်သက်နေတာဆိုရင်ရော…..ဝါကင်း ကရော သူ့အကြံတိုင်းဘဏ်ဖောက်နိုင်မှာလား အောက်ပိုင်းသေနေတဲ့သူမို့.. မလုပ်နိုင်ဘဲဖြစ်နေမှာလား “အပေါ်ယံကြည့်ပြီးဆုံးဖြတ်ရင်ဒူးရင်းသီးဟာစားစရာမဖြစ်လာနိုင်ပါဘူး” ဆိုသလိုပေါ့ဘယ်ဟာကိုမှအပေါ်ယံကြည့်ပြီးဆုံးဖြတ်လို့မရနိုင်ပါဘူး..
ဒီဇာတ်လမ်းလေးဟာ ဒုတိယကမ္ဘာစစ်အတွင်း waterကို အသံမထွက်တတ်ဘဲ warလို့မှားထွက်မိလို့စစ်တပ်ထဲရောက်လာတဲ့အူကြောင်ကြောင်အီတလီစစ်သားလေးတစ်ယောက်အကြောင်းပါ …ဒါပေမယ့်လည်းဖြစ်ပုံက အဲ့ဒီနေ့က သူ့ကောင်မလေးကိုလက်ထပ်ခွင့်ရဖို့အတွက်
ပင်လယ်ခြားနေတဲ့စီစလီမြို့ကသူမရဲ့အဖေဆီ သွားပြီးခွင့်တောင်းရမှာပါ…ဒါပေမယ့် စားပွဲထိုးငမွဲလေးဖြစ်တဲ့အာတူရိုဟာ သွားဖို့ရာ ကားခသင်္ဘောခလေးတောင်မတတ်နိုင်တဲ့အတွက် စိတ်ညစ်ညစ်နဲ့ ဘားသွားပါလေရော…ဘားလည်းရောက်ရော ရေတောင်းတာ Waterကိုအသံမထွက်တတ်ဘဲ warလို့ထွက်မိတဲ့အတွက် စစ်တပ်ထဲအူကြောင်ကြောင်နဲ့ရောက်သွားပါတယ်…ဒါပေမယ့်လည်း စစ်တပ်က စီစလီမြို့ကိုတပ်ကူလွှတ်လိုက်တဲ့အတွက် ရေငတ်တုန်းရေတွင်းထဲကျပြီး စီစလီမြို့
ကိုဆိုက်ဆိုက်မြိုက်မြိုက်ကြီးကိုရောက်သွားပါတော့တယ်…စီစလီမြို့အရောက်မှာတော့ သူ့ချစ်သူရဲ့ဖခင်ကိုရှာဖွေရင်း ဘာတွေဆက်ဖြစ်ကြမလဲ……နိုင်ငံကိုပေးဆပ်ဖို့စစ်တပ်ထဲဝင်လာတဲ့သူရဲကောင်းအရာရှိကြီးဖီးလစ်…ဗုံးစောင့်ကြည့်ပေးရတဲ့ မျက်မမြင်နဲ့ ထော့ကျိုးအတွဲ…စစ်တိုက်ထွက်သွားတဲ့ခင်ပွန်းဖြစ်သူကိုစောင့်မျှော်နေတဲ့မိသားစုလေး…စတဲ့သူတို့ရဲ့စစ်အတွင်း ဘဝလေးတွေကိုဟာသနှောလိုက် ငိုချင်အောင်လုပ်လိုက်နဲ့ ပရိသတ်ကိုနည်းမျိုးစုံနဲ့စိတ်ကျေနပ်မှုပေးထားတဲ့ကားလေးပါ…သဘာဝကျကျ ခွီရတဲ့အခန်းတွေတော့ သိပ်ကိုသဘောကျရပါတယ်……အနှစ်ချုပ်ပြောရင်တော့ တကယ်ကြည့်လို့အရမ်းကောင်းတဲ့ကားလေးတစ်ကားပါ…
မင်းသား Chantavit Dhanasevi နှင့် I Fine..Thank You..Love You မင်းသမီးချော Preechaya Pongthananikorn တို့
အဓိက ပါဝင်ထားကြပြီး အခြားဟာသသရုပ်ဆောင်များစွာနဲ့ရိုက်ကူးထားတဲ့
Comedy, Romance အမျိုးအစား နာမည်ကြီးထိုင်းဇာတ်ကားဖြစ်ပါတယ်။
တစ်ခုနဲ့တစ်ခုကိုချိတ်ဆက်ပြီး ဟာသရသမြောက်အောင် စိတ်ကူးကောင်းကောင်းနဲ့ပုံဖော်ထားပါတယ်။
IMDb Rating (7.2/10) အထိရရှိထားပြီး ထိုင်းဇာတ်ကားတွေလဲ နိုင်ငံတကာရုပ်ရှင်ဈေးကွက်ကို
ထိုးဖောက်နိုင်ခဲ့ပြီဆိုတာ တွေ့ရမှာပါ။
မိသားစုနဲ့ အနားယူရင်း အပန်းဖြေ ကြည့်ရှုသင့်တဲ့ ဟာသဇာတ်ကားကောင်းလေးပါ။
(မြန်မာစာတန်းထိုးကိုတော့ ကိုမိုးစက် မှ ကိုယ်တိုင်ဘာသာပြန်တင်ဆက်ပေးထားတာပါ။
pk (2014) မြန်မာစာတန်းထိုးဇာတ်ကားကို ကြည့်ဖူးသူတွေကတော့ “မိုးစက် ရမ်းသမ်းဘာသာပြန်သည်။” ဆိုတာကိုရင်းနှီးနေကြမှာပါ။ ရှုစားအားပေးကြပါဦး။)ဖေဖော်ဝါရီ ၁၄ ရက်နေ့ (V-Day နေ့)ဟာဆိုရင် ဇာတ်ကားထဲက အဓိကမင်းသမီးလေး
Preechaya Pongthananikorn ရဲ့ မွေးနေ့လည်းဖြစ်ပါတယ်…
အဆင်ပြေရင် “Happy Birthday ပါ….Ice” ဆိုပြီးမန့်သွားပေးကြပါ ..
သူ့ရဲ့ Nickname က Ice Preechaya ဖြစ်ပါတယ်။
(စကားမစပ်….ပျော်ရွှင်စရာ ချစ်သူများနေ့ဖြစ်ပါစေ………။)
James Mcavoy ,Keira Knightley, Lady Bird (ဝါ) Saoirse Ronan နဲ့ Benedict Cumberbatch တို့လို နာမည်ကြီးမင်းသားမင်းသမီးတွေ အစုံအလင်နဲ့ရိုက်ကူးထားတဲ့ဇာတ်ကားပါ။အဆုံးသတ် မတိုင်ခင် အထိတော့ ဒီ ဇာတ်လမ်းလေး တစ်ပုဒ်လုံးက သိပ်မထူးခြားသလိုပါပဲ။ ဒီဇာတ်လမ်းရဲ့ ထူးခြားချက်ကို ကျွန်တော် ချရေးခဲ့ရင်လည်း spoil ပြီးသား ဖြစ်သွားပါမယ်။အချိန်ကာလအားဖြင့် Dunkrik မဖြစ်မှီ….. အထက်တန်းလွှာ အမျိုးသမီးတစ်ယောက်နဲ့
အိမ်ဖော်တစ်ယောက်ရဲ့သား…..ချစ်ကြိုက်မိခဲ့ကြတယ်…။ မှားယွင်းသွားတဲ့ စာတစ်စောင်က မထင်မှတ်ပဲ ယူလာခဲ့တဲ့ ဂြိုလ်ဆိုးတွေကြားမှာ..သူတို့ ဝေးသွားခဲ့ကြတယ်…။
စစ်တပ်ထဲ ရောက်နေတဲ့ ကောင်ကလေးနဲ့… အိမ်ကနေ ပြေးထွက်ခဲ့တဲ့ ကောင်မလေး.. စစ်မထွက်မှီမှာ ပြန်တွေ့ကြတဲ့အချိန်… နေသာ လေလာမဲ့ တစ်နေ့တော့ကို သူတို့ ပြန် ယုံကြည်မျှော်လင့်ခဲ့ကြတယ်…။ စစ်ရဲ့ အနိဋ္ဌာရုံတွေကြားကနေ ဒဏ်ရာအထပ်ထပ်နဲ့ မျှော်လင့်နေတဲ့ လူငယ်လေးတစ်ယောက်နဲ့ အချစ်အတွက် အရာရာကို ကျောခိုင်းခဲ့တဲ့ လူကုံထံ မလေးတစ်ယောက်ရဲ့ ယုံကြည်..မျှော်လင့်ခြင်းတွေ…. သူတို့ အတူနေချင်ခဲ့ကြတဲ့ ကမ်းခြေ ဘေးက အိမ်ကလေးတစ်လုံးမှာ
ပြန်ဆုံတွေ့ကြမဲ့ တစ်နေ့နေ့.. အဆုံးသတ်မှာ ဘာတွေများ ဖြစ်သွားသလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲ စီးမျောကြည့်ကြပါ။အော်စကာ Nomi အတော်ဝင်ထားပြီး Best Achievement in Music Written for Motion Pictures, Original Score ဆုလည်းရထားတဲ့အပြင် တခြားက ဆုတွေလည်း အတော်ရထားတဲ့ ကားပါ။ Genreကတာ့ Romance and Drama ပါ။
ဒီတစ်ခါတော့ သိပ္ပံကားတွေ ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက် ဇာတ်အိမ်ကောင်းတဲ့ သိပ္ပံကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ကမ္ဘာကြီးမှာ ဘယ်အရာပဲဖြစ်ဖြစ် အမေရိကန်မှာပဲဖြစ်တယ်ဆိုပြီး အမြင်ကပ်နေတဲ့သူတွေ မပူပါနဲ့ ဒီတစ်ခါ ရုရှားမှာဖြစ်တဲ့အကြောင်း ဇာတ်အိမ်တည်ထားတာပါ။
ဇာတ်လမ်းလေးကတော့ လူသားတွေကို လေ့လာဖို့ ရောက်လာခဲ့တဲ့ ဂြိုလ်သားနဲ့ ဂြိုလ်သားတွေကို လေ့လာချင်နေတဲ့လူသားတို့ တွေ့ဆုံကြတဲ့အခါမှာ ဘာတွေဖြစ်လာမလဲဆိုတာကို ကြည့်ရှုကြရမှာဖြစ်ပါတယ်။ ဇာတ်လမ်းဇတ်အိမ်ကလည်း စိတ်ဝင်စားဖို့ကောင်းပြီး ချိမတို့အတွက် ဂြိုလ်သားလေးကလည်း ချောတော့ ဒေါင်းလုတ်ဆွဲပြီး ကြည့်ကြပါလို့ပဲ တိုက်တွန်းလိုက်ပါတယ်…
mmbusticket1080p BluRay 5.1 DTS Quality ဖြင့် Marvel Cinematic Universe (MCU) Collection ကိုစုပေါင်းတင်ဆက်ပါသည်။MCU ဇာတ်ကားအားလုံးကို https://channelmyanmar.org/category/marvel-universe/ မှာ Download နိုင်ပါသည်။++++++++++++++++++++++++++++
Marvel Cinematic Universe Intro=======================
Marvel ထုတ်လုပ်ရေးမှ Marvel Cinematic Universe(MCU) ကို လွန်ခဲ့တဲ့ ၁၀ နှစ်က စပြီးတည်ဆောက်ခဲ့ပါတယ်။
ပထမဆုံး ဇာတ်လမ်းဖြစ်တဲ့ Iron Man-1 နဲ့ဖြစ်ပါတယ်။ နောက်ဆုံးအပိတ်ကတော့ Endgame (2019) ဖြစ်ပါတယ်။Marvel Universe မှာ Infinity Stone လို့ ခေါ်တဲ့ စွမ်းအား အကြီးဆုံး ကျောက်တုံး(၆) လုံးရှိပါတယ်။
အဲဒီကျောက်တုံးတွေဟာ စကြဝဠာအနှံ့မှာ ပြန့်ကျဲနေတယ် ဆိုပါတော့။
ကျောက်တုံးတစ်တုံးချင်းစီမှာ သီးခြားအစွမ်းတွေ ရှိပြီး သာမာန်လူတွေ ကိုင်တွယ်သုံးစွဲဖို့ မဖြစ်နိုင်သလောက်ပါပဲ။
Infinity War ရဲ့ အဓိက ဗီလိန်ဖြစ်တဲ့ Mad titan လို့ခေါ်ကြတဲ့ Thanos က ဒီကျောက်တုံးတွေကို စုစည်းပြီး
စကြဝဠာကို သူ့သဘောအတိုင်းဖန်တီးဖို့ကြိုးစားပါလိမ့်မယ်။
ဒါကို Avengers( Captain America, Iron Man, Hulk, Thor, Black Widow, Hawkeye, Vision,Scarlet Witch,Antman,Falcon) တို့နဲ့
Spiderman, Doctor Strange, Black Panther, Guardians of the Galaxy အဖွဲ့တို့ ပူးပေါင်းတားဆီးကြရင်း ဖြစ်လာတဲ့ စစ်ပွဲပါ။Infinity Stones 6 လုံးရဲ့ တည်နေရာတွေကတော့၁. Space Stone aka Tesseract (Blue)
(Captain America: the first avenger ဇာတ်ကားမှာ နာဇီတွေဆီက လုယူရတဲ့ ကျောက်တုံးဖြစ်ပြီး
Avengers ဇာတ်ကားမှာ လိုကီက ဂြိုလ်သားတွေကို ကမ္ဘာကိုခေါ်ဖို့ ဝင်ပေါက်ဖွင့်တဲ့နေရာမှာ အသုံးပြုခဲ့ပါတယ်၊
လက်ရှိကတော့ Asgard ဂြိုလ်ပေါ်မှာ သိမ်းဆည်းခဲ့ရင်း Thor: Ragnarok ကားအဆုံးမှာ လိုကီ ခိုးယူခဲ့တာကို တွေ့ရမှာပါ)၂။ Reality Stone aka Aether (Red)
( စကြဝဠာကို Big Bang မတိုင်ခင်အထိတောင် ပြန်ပြောင်းပစ်နိုင်ပါတယ်။
Thor 2: The Dark World မှာ ပါလာခဲ့ပြီး နောက်ဆုံး credit scene မှာ Collector ဆိုသူဆီမှာ သိမ်းဆည်းထားပါတယ်)၃။ Power Stone (Purple Orb)
( ဂြိုလ်တစ်ခုလုံးကို အသာလေးဖျက်ပစ်လို့ရတဲ့ raw power တွေပါပါတယ်။
Guardian of the Galaxy 1 မှာ ပါဝင်ခဲ့ပြီး Xander က Nova Corps စစ်တပ်လက်ထဲမှာ သိမ်းဆည်းထားပါတယ်။)၄။ The Time Stone ( The Eye of Agomotto, Green)
( အချိန်ကို လိုသလိုအသုံးချနိုင်ပါတယ်။ Doctor Starnge ဇာတ်လမ်းမှာ ပါဝင်လာပြီး လက်ရှိ ဒေါက်တာ စထ်ရိန့်က စောင့်ရှောက်ထားပါတယ်)၅။ Mind Stone (Yellow)
( ဉာဏ်ရည်ကို မြှင့်တင်ခြင်းနဲ့ စိတ်ညို့ခြင်းတွေ ပြုလုပ်နိုင်ပါတယ်။ Avengers 1 မှာ ပါဝင်ခဲ့ပြီး လက်ရှိ Vision ရဲ့ နဖူးထဲမှာ မြှပ်ထားတာပါ)၆။ Soul Stone (Orange)
( သက်ရှိ သက်မဲ့ အခြေအနေတွေကို ထိန်းချုပ်နိုင်ပါတယ်။ Planet Vormir မှာရှိပါတယ်။ )အဆိုပါ ကျောက်တုံး ၆ တုံးကို သုံးနိုင်ဖို့ Infinity Gauntlet ဆိုတဲ့ လက်အိတ်ကို လိုပါတယ်။ အဲဒီလက်အိတ်ကိုတော့ Thanos ပိုင်ဆိုင်ထားပါတယ်။
ဒီလောက်ဆို Marvel Universe ကိုကြည့်ဖို့ အကြမ်းဖျဉ်းလုံလောက်ပြီ ထင်ပါတယ်။
EDM ကို ပေါ်ပင်ဂီတ၊ အပေါစားဂီတတစ်ခုလို့မြင်နေကြတဲ့ မြန်မာဂီတချစ်ပရိသတ်တွေအတွက် ပကာသနအကင်းဆုံးနဲ့ ဘဝကိုအရိုးရှင်းဆုံးဖြတ်သန်းခဲ့ပြီး
စောစီးစွာကြွေလွင့်သွားခဲ့ရတဲ့ ကမ္ဘာကျော် DJ တစ်ယောက်ဖြစ်တဲ့ Avicii အကြောင်း ရိုက်ကူးထားတဲ့ Avicii: True Stories ဆိုတဲ့ရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။စတော့ဟုမ်းမြို့က ချာတိတ်လေးတစ်ယောက်ဟာ အသက်
၁၇ နှစ်အရွယ်မှာ FL Studios ဆိုတဲ့ Software လေးတစ်ခုကနေ အစပြုပြီး House Music နဲ့ Dance Music လောကမှာ
အအောင်မြင်ဆုံးလူငယ်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့အသက်အရွယ်နဲ့ သူဖန်တီးခဲ့တဲ့ သီချင်းတွေဟာ မိုးနဲ့မြေလိုကွာခြားပြီး လူငယ်ပရိသတ်တွေရဲ့ ရင်ထဲကို Levels, Wake Me Up, The Nights
စတဲ့ သီချင်းတွေကို အရောက်ပို့ပေးခဲ့သူပါ။ နာမည်ကျော် DJ သမားတွေဖြစ်တဲ့ Laidback Luke, David Guetta လိုလူမျိုးတွေကပါ သူ့ကို ပါရမီရှိပြီး ရိုးရှင်းတဲ့ DJ သမားလို့ ချီးကျူးခဲ့ရတဲ့အထိ
သူ့ရဲ့ ဂုဏ်သတင်းက ကျော်ကြားခဲ့သလို အနုပညာသက်တမ်း ၇ နှစ်လောက်အတွင်းမှာ ပွဲပေါင်း ၈၀၀ ကျော်ဖျော်ဖြေခဲ့သူလဲဖြစ်ပါတယ်။Avicii ရဲ့ဘဝဟာ ပရိသတ်တော်တော်များများအတွက်တော့ အိပ်မက်တစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီ
လိုအောင်မြင်မှုတွေရဲ့ နောက်ကွယ်မှာ Avicii ဟာ ကျန်းမာရေးအခြေအနေဆိုးတွေနဲ့
ရုန်းကန်နေရတာကိုတော့ သူနဲ့ရင်းနှီးတဲ့လူနည်းစုကသာ သိရှိခဲ့တာပါ။ လူငယ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အပြင် ပွဲပေါင်းများစွာကို မမောမပန်းပဲဖျော်ဖြေနိုင်ဖို့၊ အလုပ်ကို အာရုံသေချာစိုက်နိုင်ဖို့အတွက်
အရက်သေစာကို ကုထုံးတစ်ခုအဖြစ်အသုံးပြုခဲ့တဲ့ Avicii ဟာ သိပ်မကြာခင်မှာပဲ အရက်အလွန်အကျွံသောက်ခြင်းရဲ့အကျိုးဆက်အဖြစ် ပန်ကရိယရောင်ရမ်းလာခဲ့ပါတယ်။ဒီဝေဒနာကြောင့် ရှိုးပွဲတွေလဲ ဖျက်ခဲ့ရတဲ့အပြင် အလုပ်တွေပါလစ်ဟင်းလာတဲ့အတွက် စိတ်ဓာတ်တွေကျခဲ့သလို အကိုက်အခဲပျောက်ဆေးဒဏ်တွေကြောင့် ပြန်လည်သက်သာဖို့ အတော်လေးအချိန်ယူခဲ့ရပါတယ်။
ဒါပေမယ့် သူဟာ ဆေးရုံတစ်ခါဆင်းတိုင်း အနားယူဖို့ထက် ပရိသတ်အတွက် သီချင်းအသစ်တွေဖန်တီးဖို့၊ ဖျော်ဖြေပွဲတွေလုပ်ဖို့သာ တာဆူခဲ့ပြီး ဒီဒဏ်တွေက သူ့ကိုတဖြေးဖြေးနှိပ်စက်လာတာကို လျစ်လျူရှှုနေခဲ့ပါတယ်။ဒီရုပ်ရှင်မှာဆိုရင် ၂၀၁၆ ခုနှစ်က သူ အနားယူပြီလို့ တရားဝင်မကြေငြာခင် နောက်ဆုံးဖျော်ဖြေခဲ့တဲ့ပွဲအထိ မှတ်တမ်းတင်ရိုက်ကူးထားတာဖြစ်ပါတယ်။ သူ့ရဲ့ဘ၀ အတက်အကျတွေ သီချင်းဖန်တီးမှုတွေအကုန်ပါဝင်ပြီး
Avicii ဆိုတာ ဘယ်လိုလူမျိုးလဲဆိုတာ သိလာစေရမယ်လို့ အာမခံရဲတဲ့ရုပ်ရှင်တစ်ကားပါ။
အခုဆိုရင်တော့ အားလုံးသိထားတဲ့အတိုင်းပဲ Avicii ကတော့ အကြွေစောတဲ့ပန်းကောင်းတစ်ပွင့်ဖြစ်ခဲ့ပါပြီ။ သူ့ရဲ့ စိုးရိမ်စိတ်တွေ၊ ဝေဒနာတွေကို မခံနိုင်တော့တဲ့အဆုံးမှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တယ်ဆိုပြီး
တရားဝင်ကြေငြာချက်လဲထွက်လာခဲ့ပါပြီ။ သူ ကွယ်လွန်သွားပေမယ့် သူ့ရဲ့ Levels နဲ့ Wake Me Up ကတော့ ပရိသတ်တွေရဲ့နှုတ်ဖျားမှာ စွဲနေဆဲဖြစ်ပါတယ်။ EDM သမားတွေဆို အမြင်စောင်းတတ်တဲ့၊
အထင်သေးတတ်တဲ့လူတွေအတွက်လဲ ဒီကားကိုကြည့်ပြီးရင် သူတို့ရဲ့ဘဝကို နားလည်လာမှာသေချာပါတယ်။ဒီလိုအနုပညာရှင်ကောင်းတွေ ဆက်ပြီးပေါ်ထွက်လာဖို့မျှော်လင့်ရင်း ကောင်းရာသုဂတိလားပါစေ Avicii လို့ဆုတောင်းပေးလိုက်ပါတယ်ဗျာ။ဆွီဒင်စကားပြောတစ်ချို့ဟာ English စာဖိုင်မှာမပါဝင်တဲ့အတွက် ချန်ထားခဲ့ရပါကြောင်းအသိပေးလိုပါတယ် (ဘာသာပြန်သူကတော့ ကိုအာကာနဲ့ ကမျိုးသန့်တို့ပါ)
Await Further Instructions(2018)ခရစ်စမတ်ကာလမှာ နစ်နဲ့ သူ့ကောင်မလေးအတွက် အပျော်ဆုံး အချိန်တွေပါပဲ…နစ်က အိမ်မှာ သူ့ကောင်မလေးကို ညစာစားဖို့ခေါ်လိုက်တယ်…
ကံကြမ္မာဆိုးရောက်မယ်မှန်းမသိတော့ နစ်တို့မိသားစုလူစုံတက်စုံတက်စုံနဲ့ပျော်နေကြတယ်…သူတို့အပျော်က သိပ်ကြာကြာမခံပါဘူး…
နောက်နေ့မနက်မှာတော့ သူ့တိုရဲ့အိမ်အပြင်မှာဘက်မှာထူးဆန်တာဖြစ်ပြီး တစ်အိမ်လုံး အပြင်လောကနဲ့ အဆက်သွယ်ပြတ်သွားတယ်..ဘာလို့ဆို အိမ်တစ်ခုလုံးကို သတ္တုလို အရာမျိုးကြီးနဲ့ဖုံးအုပ်ထားလို့ပါပဲ..အပြင်ထွက်ဖို့နေနေသာသာ..ဖုန်းလိုင်းတောင်ဆက်သွယ်လို့မရတဲ့အခြေအနေပါပဲ…ကိုင်း နစ်တို့မိသားစုတွေ တစ်အိမ်လုံးလွှတ်မြောက်နိုင်ပါ့မလား ဘယ်လိုအခက်အခဲတွေနဲ့ကြုံမလဲ ဘာတွေမထင်မှတ်ထားတာတွေဆက်ဖြစ်မလဲဆိုတာတော့ Horror ကားကြိုက်သူတို့
ခံစားကြည့်လိုက်ပါဦး…
အသက်အလတ်ပိုင်းအရွယ်ရှိတဲ့လူငယ်တစ်ယောက် အိမ်နဲ့အဆင်မပြောဖြစ်ပြီး အိမ်ကနေထွက်လာခဲ့ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ခဲ့တယ် ထိုလူအရွယ်ရောက် အိမ်ထောင်ရပ်သားကျပြီး မိသားစု ပျော်ပျော်ရွှင်ရွှင်နေထိုင်နေချိန်မှာ
ညီဖြစ်သူဆီက ဖုန်းလာပြီး အမေဖြစ်သူပျောက်နေတယ်ဆိုတဲ့သတင်းကို ကြားလိုက်ရတော့ အမေရှိတဲ့မြို့ဆီသွားပြီး အမေဖြစ်သူကို ရှာပါတော့တယ် အမေဖြစ်သူကိုရှာဖွေရင်း ထူးဆန်းတာတွေ တစ်ခုပြီးတစ်ခုဖြစ်လာပါတော့တယ် သူတို့ရဲ့အမေဖြစ်သူကို ရှာတွေနိုင်ပါ့မလား အဖြစ်ဆိုးတွေကနေ လွတ်မြောက်နိုင်ပါ့မလား ဆိုတာကတော့….
1975-1977 နှစ်တွေမှာ အိန္ဒိယနိုင်ငံဟာ အရေးခင်းကာလဖြစ်ပြီး အရေးပေါ်ထုတ်ပြန်ချက်တွေ ထုတ်ပြန်ထားပြီး တိုင်းပြည်ရဲ့ လူဦးရေ တစ်ဝက်လောက်က ဆန္ဒတွေပြ သပိတ်တွေ မှောက်ပြီး ထောင်ထဲတွေ ရောက်နေပါတယ်။အစိုးရဆိုတာ နာမည်သာ ရှိပြီး ပြည်သူလူထုကို ကြည့်ရှုစောင့်ရှောက်နိုင်တာကလည်း ဆိုင်ရာ ဆိုင်ရာ အကြီးအကဲတွေ ဘုရင်မျိုးရိုးဟောင်းတွေပဲ တာဝန်ယူစောင့်ရှောက်ပေးနေတာပါ။ရာဂျစ်တန် မြို့ကိုလည်း ဘုရင်ကြီး ဆုံးပါးသွားပေမယ့်
အသက်အရွယ်နဲ့ မလိုက်အောင် ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ မင်းသမီး ဂီတန်ဂျလီက ကူညီပေးနေပါတယ်။ဘုရင်စနစ်က ဖြတ်သိမ်းလိုက်ပြီ့ ဘုရင့်အခွန်ထမ်း စနစ်လည်း မရှိတောပေမယ့် မျိုးရိုးစဉ်ဆက် ပိုင်ဆိုင်လာတဲ့ ဘဏ္ဍာတွေနဲ့ပဲ ပြည်သူတွေကို ထောက်ပံ့နေပါတယ်
ပြသနာရဲ့ အစပဲ ပြောရမလား ပါတီတစ်ခုမှာ အစိုးရအာဏာကို လွဲအပ်ထားတဲ့ ဆန်ဂျီးဒ်ဆိုတဲ့ အာဏာပိုင်က အမျိုးသမီးတစ်ဦးတည်း ဖြစ်တဲ့ ဂီတန်ဂျလီကို ထိကပါးယိကပါးလုပ်မယ်ကြံပေမယ့် ဘုရင့်သွေးဖြစ်တဲ့ ဂီတန်ဂျလီကို ထိလို့တောင် မရခဲ့ပါဘူး့ပါတီပွဲက လူပုံအလယ်မှာ အရှက်ကွဲခဲ့ရတဲ့ ဆန်ဂျီးဒ်က ရှက်ရမ်းရမ်းပြီး ယုတ်မာဖို့ ကြံစည်ပါတော့တယ့်ဘုရင်စနစ်ဖြတ်သိမ်းပြီး ဘုရင့်အခွန်စနစ် ဖြတ်သိမ်းလိုက်ရင် ဘုရင်မျိုးရိုးတွေက ပိုင်ဆိုင်သမျှ ဘဏ္ဍာအားလုံးကို အစိုးရလက်
ထဲကို ပြန်အပ်ရပါတယ်။ဂီတန်ဂျလီကတော့ တိုင်းရေးပြည်ရေး အခက်အခဲတွေမှာ သူ့လက်အောက်က ပြည်သူတွေ အတွက် အသုံးချဖို့ ဘဏ္ဍာတွေကို မအပ်ခဲ့ပါဘူးဒီဘဏ္ဍာတွေရှိတာကို သိပြီး ဆန်ဂျီးဒ် ယုတ်မာပါတော့တယ့်အာဏာကို အလွဲသုံးစားလုပ်ပြီး ဘဏ္ဍာတွေကို အပိုင်သိမ်းပြီး ဂီတန်ဂျလီကို ဖမ်းချုပ်ခဲ့ပါတော့တယ့် ဘဏ္ဍာအားလုံးကို ဒေလီက ဆန်ဂျီးဒ်ဆီကို ပို့ပေးဖို့ တာဝန်ပေးခဲ့ပါတယ့်ဒီအချိန်မှာတော့ ဂီတန်ဂျလီရဲ့ အခက်အခဲဖြေရှင်းပေးဖို့ ဘဝါးနီးဆင့် တစ်
ယောက် ရောက်လာခဲ့ပါတော့တယ့်” လေးရက်တာ ဘဝပဲ့ ဒီနေ့က လေးရက်မြှောက်နေ့ ဒီလို တွေးခေါ်ပြီး နေထိုင်တာ “ဘဝါးနီးဆင့်ဆိုတာ ဂီတန်ဂျလီရဲ့ သက်တောင်စောင့်ဟောင်း တစ်ယောက်နုနယ်တဲ့ အတွေ့အကြုံနဲ့ သူ(မ)ကို အကောင်းဆုံး ကူညီပေးပြီး အဖက်ဖက်က ပံ့ပိုးပေးခဲ့သူ အကြောင်းအမျိုးအမျိုးကြောင့် ဂီတန်ဂျလီနားက ထွက်သွားခဲ့ရပေမယ့် သူ(မ) ဒုက္ခရောက်နေတော့ အပြေးရောက်လာတဲ့ လူမျိုးဂီတန်ဂျလီက သူ့လွတ်ဖို့ထက့် ဒေလီကို ပို့မယ့် ဘဏ္ဍာတွေကိုသာ
ပြန်အရယူခိုင်းခဲ့ပါတယ့်ဘဝါးနီးတစ်ယောက် ဘဏ္ဍာတွေကို လမ်းက ဖြတ်လုဖို့ အစီအစဉ်ဆွဲရပါတော့တယ့် ဒီအချိန်မှာတော့ သူ့ရဲ့ ဘော်ဒါတွေ ဖြစ်တဲ့ ဂူရုကြီးနဲ့ ဒလီယားတို့နဲ့ အတူ ဘဏ္ဍာတွေကို ပြန်လုပါတော့တယ်ဘဝါးနီး ဂူရုကြီးနဲ့ ဒလီးယားတို့ အပြင် ဂီတန်ဂျလီရဲ့ လူယုံတစ်ယောက်ဖြစ်တဲ့ ဆန်ဂျနာကပါ ဝင်ရောက်ကူညီပေးခဲ့ပြီး ဘဏ္ဍာတွေသယ်သွားတဲ့ကို လုဖို့ ဖြစ်လာပါတော့တယ့်သူတို့စီစဉ်ထားသလို အလွယ်တကူပဲ ဖြစ်မလားး့ဒါပေမဲ့ ဒီကားကို တာဝန်ယူ ပို့ဆောင်ပေး
မယ့်သူကတော့ မေဂျာ ဆဟဲရ် ဆင့်
့
ဘဝါနီး(အဂျေးဒီဗန်) , ဒလီယား (အင်မရန်းဟက်ရှ်မီး) မေဂျာဆဟဲရ်ဆင့် (ဗစ်ဒ်ရွှတ်ဂျမာဝဲလ်) တို့ရဲ့ ထိပ်တိုက်တွေ့မှုကြီးကို အက်ရှင်အလန်းစားတွေနောက်ခံအသံအမှန်အကန်ကြီးတွေနဲ့ ခံစားကြည့်လိုက်ပါဦး။
1975-1977 နှစ်တွေမှာ အိန္ဒိယနိုင်ငံဟာ အရေးခင်းကာလဖြစ်ပြီး အရေးပေါ်ထုတ်ပြန်ချက်တွေ ထုတ်ပြန်ထားပြီး တိုင်းပြည်ရဲ့ လူဦးရေ တစ်ဝက်လောက်က ဆန္ဒတွေပြ သပိတ်တွေ မှောက်ပြီး ထောင်ထဲတွေ ရောက်နေပါတယ်။အစိုးရဆိုတာ နာမည်သာ ရှိပြီး ပြည်သူလူထုကို ကြည့်ရှုစောင့်ရှောက်နိုင်တာကလည်း ဆိုင်ရာ ဆိုင်ရာ အကြီးအကဲတွေ ဘုရင်မျိုးရိုးဟောင်းတွေပဲ တာဝန်ယူစောင့်ရှောက်ပေးနေတာပါ။ရာဂျစ်တန် မြို့ကိုလည်း ဘုရင်ကြီး ဆုံးပါးသွားပေမယ့်
အသက်အရွယ်နဲ့ မလိုက်အောင် ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ မင်းသမီး ဂီတန်ဂျလီက ကူညီပေးနေပါတယ်။ဘုရင်စနစ်က ဖြတ်သိမ်းလိုက်ပြီ့ ဘုရင့်အခွန်ထမ်း စနစ်လည်း မရှိတောပေမယ့် မျိုးရိုးစဉ်ဆက် ပိုင်ဆိုင်လာတဲ့ ဘဏ္ဍာတွေနဲ့ပဲ ပြည်သူတွေကို ထောက်ပံ့နေပါတယ်
ပြသနာရဲ့ အစပဲ ပြောရမလား ပါတီတစ်ခုမှာ အစိုးရအာဏာကို လွဲအပ်ထားတဲ့ ဆန်ဂျီးဒ်ဆိုတဲ့ အာဏာပိုင်က အမျိုးသမီးတစ်ဦးတည်း ဖြစ်တဲ့ ဂီတန်ဂျလီကို ထိကပါးယိကပါးလုပ်မယ်ကြံပေမယ့် ဘုရင့်သွေးဖြစ်တဲ့ ဂီတန်ဂျလီကို ထိလို့တောင် မရခဲ့ပါဘူး့ပါတီပွဲက လူပုံအလယ်မှာ အရှက်ကွဲခဲ့ရတဲ့ ဆန်ဂျီးဒ်က ရှက်ရမ်းရမ်းပြီး ယုတ်မာဖို့ ကြံစည်ပါတော့တယ့်ဘုရင်စနစ်ဖြတ်သိမ်းပြီး ဘုရင့်အခွန်စနစ် ဖြတ်သိမ်းလိုက်ရင် ဘုရင်မျိုးရိုးတွေက ပိုင်ဆိုင်သမျှ ဘဏ္ဍာအားလုံးကို အစိုးရလက်
ထဲကို ပြန်အပ်ရပါတယ်။ဂီတန်ဂျလီကတော့ တိုင်းရေးပြည်ရေး အခက်အခဲတွေမှာ သူ့လက်အောက်က ပြည်သူတွေ အတွက် အသုံးချဖို့ ဘဏ္ဍာတွေကို မအပ်ခဲ့ပါဘူးဒီဘဏ္ဍာတွေရှိတာကို သိပြီး ဆန်ဂျီးဒ် ယုတ်မာပါတော့တယ့်အာဏာကို အလွဲသုံးစားလုပ်ပြီး ဘဏ္ဍာတွေကို အပိုင်သိမ်းပြီး ဂီတန်ဂျလီကို ဖမ်းချုပ်ခဲ့ပါတော့တယ့် ဘဏ္ဍာအားလုံးကို ဒေလီက ဆန်ဂျီးဒ်ဆီကို ပို့ပေးဖို့ တာဝန်ပေးခဲ့ပါတယ့်ဒီအချိန်မှာတော့ ဂီတန်ဂျလီရဲ့ အခက်အခဲဖြေရှင်းပေးဖို့ ဘဝါးနီးဆင့် တစ်
ယောက် ရောက်လာခဲ့ပါတော့တယ့်” လေးရက်တာ ဘဝပဲ့ ဒီနေ့က လေးရက်မြှောက်နေ့ ဒီလို တွေးခေါ်ပြီး နေထိုင်တာ “ဘဝါးနီးဆင့်ဆိုတာ ဂီတန်ဂျလီရဲ့ သက်တောင်စောင့်ဟောင်း တစ်ယောက်နုနယ်တဲ့ အတွေ့အကြုံနဲ့ သူ(မ)ကို အကောင်းဆုံး ကူညီပေးပြီး အဖက်ဖက်က ပံ့ပိုးပေးခဲ့သူ အကြောင်းအမျိုးအမျိုးကြောင့် ဂီတန်ဂျလီနားက ထွက်သွားခဲ့ရပေမယ့် သူ(မ) ဒုက္ခရောက်နေတော့ အပြေးရောက်လာတဲ့ လူမျိုးဂီတန်ဂျလီက သူ့လွတ်ဖို့ထက့် ဒေလီကို ပို့မယ့် ဘဏ္ဍာတွေကိုသာ
ပြန်အရယူခိုင်းခဲ့ပါတယ့်ဘဝါးနီးတစ်ယောက် ဘဏ္ဍာတွေကို လမ်းက ဖြတ်လုဖို့ အစီအစဉ်ဆွဲရပါတော့တယ့် ဒီအချိန်မှာတော့ သူ့ရဲ့ ဘော်ဒါတွေ ဖြစ်တဲ့ ဂူရုကြီးနဲ့ ဒလီယားတို့နဲ့ အတူ ဘဏ္ဍာတွေကို ပြန်လုပါတော့တယ်ဘဝါးနီး ဂူရုကြီးနဲ့ ဒလီးယားတို့ အပြင် ဂီတန်ဂျလီရဲ့ လူယုံတစ်ယောက်ဖြစ်တဲ့ ဆန်ဂျနာကပါ ဝင်ရောက်ကူညီပေးခဲ့ပြီး ဘဏ္ဍာတွေသယ်သွားတဲ့ကို လုဖို့ ဖြစ်လာပါတော့တယ့်သူတို့စီစဉ်ထားသလို အလွယ်တကူပဲ ဖြစ်မလားး့ဒါပေမဲ့ ဒီကားကို တာဝန်ယူ ပို့ဆောင်ပေး
မယ့်သူကတော့ မေဂျာ ဆဟဲရ် ဆင့်
့
ဘဝါနီး(အဂျေးဒီဗန်) , ဒလီယား (အင်မရန်းဟက်ရှ်မီး) မေဂျာဆဟဲရ်ဆင့် (ဗစ်ဒ်ရွှတ်ဂျမာဝဲလ်) တို့ရဲ့ ထိပ်တိုက်တွေ့မှုကြီးကို အက်ရှင်အလန်းစားတွေနောက်ခံအသံအမှန်အကန်ကြီးတွေနဲ့ ခံစားကြည့်လိုက်ပါဦး။
ဒီတခါဘောလီဝုဒ်ပရိတ်သတ်ကြီးအတွက် အက်ရှင်ခပ်ကြမ်းကြမ်းကားတစ်ကားတင်ဆက်ပေးလိုက်ပါတယ် ရုပ်ရှင်ကားကထွက်တာကြာပြီဆိုပေမယ့်စာဖိုင်အမှန်မထွက်သေးလို့ မတင်ပေးနိုင်ဖြစ်နေတာပါ အခုဟာကလည်းအမှန်ဆုံးလို့ထင်ရတဲ့ အင်္ဂလိပ်စာဖိုင်ကို နားထောင်ကြည့်ပြီးအမှန်ဆုံးဖြစ်အောင်ရေးပေထားပါတယ် ဟန္ဒီ/အူရ်ဒူစကေးသိပ်မကောင်းတော့
အမှားတွေလိုအပ်ချက်တွေပါရင် သည်းခံပေးကြဖို့ မေတ္တာရပ်ခံထားပါရစေ။—————————————————————————-ဇာတ်လမ်းကတော့ နီဟာဆိုတဲ့မိန်းကလေးတစ်ဦးဟာ သူ့သမီးလေးကို ကျောင်းသွားပို့ရင်းကလေးကို ပြန်ပေးဆွဲခံလိုက်ရပါတယ်။ အချိန်အတော်ကြာအောင် နည်းလမ်းမျိုးစုံနဲ့ကြိုးစားခဲ့ပေမယ့်သူ့သမီးကို လုံးဝရှာမတွေ့ခဲ့ပါဘူး အဲ့ဒီအချိန်မှာ လွန်ခဲ့တဲ့ ၄နှစ်ကျော်ကရည်းစားဟောင်း ရောနီဆီကိုအကူအညီတောင်းခဲ့ပါတယ် ရော်နီတစ်ယောက်
ကလေးလေးကို ရှာတွေ့မလား နီဟာဘာကြောင့်ရော်နီကို အကူအညီတောင်းခဲ့တာလဲ နောက်ကွယ်မှာ ဘာပြသနာတွေရှိနေမလဲဆိုတာပရိတ်သတ်ကြီးကပဲ ဆက်လက်ကြည့်ရှု့လိုက်ကြပါဦး#အက်ရှင်ခပ်ကြမ်းကြမ်းမှကြိုက်တဲ့လူူတွေလုံးဝကို လက်အလွတ်မခံသင့်ပါဘူး
ဘုရင့် သက်တော်စောင့် ကက်တာပါးက မဟစ်ရှ်မာတီ နိုင်ငံတော်က ထီးညွန့်နန်းလျာ အမန်ဒရာဘာဟုဘာလီကို သူ ကိုယ်တိုင် ဘာကြောင့်သတ်ဖြတ် ပစ်ရတဲ့အကြောင်းကို သားဖြစ်သူ မဟင်ဒရာဘာဟုဘာလီကို ရှင်းပြတဲ့ပုံစံနဲ့ ဇာတ်လမ်းဆက်ထား တာပါ။ဆူပူသောင်းကျန်းတဲ့ မ ကောင်းဆိုးဝါးတွေ နှိမ်နင်းအပြီး မှာတော့ ဘုရင်မကြီးဆီဗာဂါမိ ဟာ သားဖြစ်တဲ့ အမန်ဒရာဘာဟု ဘာလီကို ထီးနန်းဆက်ခံမယ့်သူ အဖြစ် ကြေညာခဲ့ပြီး တူဖြစ်တဲ့ ဘာလာကိုတော့ စစ်သူကြီးအဖြစ်
ကြေညာခဲ့ပါတယ်။ ဘုရင်မကြီး က အမန်ဒရာကို တပ်မှူးကက် တာပါးနဲ့အတူ အနီးဝန်းကျင်က နိုင်ငံတွေနဲ့ ပြည်သူတွေကြားကို လေ့လာဖို့ စေလွှတ်ခဲ့ပါတယ်။အဲဒီလိုသွားရင်းနဲ့ တစ်နေ ရာအရောက်မှာတော့ တိုက်ရေး ခိုက်ရေးကျွမ်းကျင်ပြီး ထက်မြက် တဲ့ ကန်တာလာနိုင်ငံက မင်းသမီး ဒီဗာဆီနာနဲ့ဆုံခဲ့ပြီး မင်းသမီးကို သဘောကျမိတဲ့အတွက် အမန် ဒရာဟာ သာမန်လူတစ်ဦးပုံစံနဲ့ ချဉ်းကပ်ကာ မင်းသမီးရဲ့နိုင်ငံကို ကက်တာပါးနဲ့အတူ လိုက်သွားခဲ့ ပါတယ်။
တစ်ဖက်မှာလည်း ဘုရင်မ ကြီး ဆီဗာဂါမိဟာ ရန်သူနိုင်ငံက မင်းသမီး ဒီဗာဆီနာနဲ့ တူတော် ဘာလာကို နှစ်နိုင်ငံငြိမ်းချမ်းရေး အတွက် လက်ဆက်ဖို့ ကမ်းလှမ်း စာပို့ခဲ့ပါတယ်။ မင်းသမီးက ငြင်း ဆန်ခဲ့တဲ့အတွက် ဘုရင်မကြီး အမျက်ထွက်ပြီး ကန်တာလာကို တိုက်ခိုက်ဖို့ အမိန့်ပေးခဲ့ပါတော့ တယ်။ မင်းသမီး ဒီဗာဆီနာတို့ နိုင်ငံကို ရန်သူတွေကျူးကျော်ဝင် လာတဲ့အခါမှာ အမန်ဒရာက ကူညီတိုက်ခိုက်ပေးခဲ့ပြီး သူ့ရဲ့ အံ့မခန်းစွမ်းအားတွေကြောင့် မင်းသမီးရော၊ ဟန်တာလာဘုရင်ကြီး
ရော အံ့အားသင့်ခဲ့ကြပါတယ်။ထူးခြားအစွမ်းတွေကြောင့် သာမန်လူ မဟုတ်တန်ရာတဲ့အ တွက် မေးမြန်းရင်း ဘုရင်မကြီးရဲ့ သားတော်ဆိုတာ သိသွားခဲ့ကြပြီး အမန်ဒရာက မင်းသမီးကို သ ဘောကျကြောင်း ဖွင့်ပြောခဲ့သလို ဘုရင်မကြီးကလည်း လက်ထပ်ဖို့ ကမ်းလှမ်းထားတာလည်း ရှိတဲ့အ တွက် မင်းသမီးကို တစ်ပါတည်း ခေါ်သွားခဲ့ပါတယ်။ဟိုဘက်နိုင်ငံရောက်တဲ့အ ခါမှာ မင်းသမီးဒီဗာဆီနာကို ဘာ လာနဲ့ပေးစားဖို့ ကမ်းလှမ်းတာဖြစ် နေတဲ့အတွက် ဘုရင်မကြီး၊ အမန်ဒရာနဲ့
မင်းသမီးတို့ အချေအတင် တွေဖြစ်ကာ အမန်ဒရာက သူ့ မယ်တော်ကို ဆန့်ကျင်ပြီး သူ့ လမ်းသူလျှောက်ခဲ့တဲ့အတွက် ရာထူးအသိမ်းခံခဲ့ရပါတယ်။ဘာလာက ရှင်ဘုရင်ဖြစ် သွားခဲ့ပေမယ့် လူထုကတော့ စစ်သူကြီးဖြစ်သွားတဲ့ အမန်ဒရာဘက်ကသာ ရပ်တည်ပြီး ထောက်ခံအားပေးခဲ့ကြပါတယ်။ အဲဒီအခါမှာ အမန်ဒရာအပေါ် မရှုဆိတ်တဲ့ဘာလာဟာအမျိုးမျိုးဒုက္ခတွေပေးခဲ့သလို ပြဿနာတွေဖြေရှင်းမှုမှာ လည်း ထိပ်တိုက်တွေ့ပြီး အသက်အန္တရာယ်အထိပါ ဒုက္ခပေးဖို့လုပ်ခဲ့ပါတော့
တယ်။ပြည်သူတွေဘက်က ရပ်တည်တဲ့ အမန်ဒရာနဲ့ မဟုတ်မခံမင်းသမီး ဒီဗာဆီနာတို့ ဘယ်လိုအန္တရာယ်တွေ ရင်ဆိုင် ရမှာလဲ၊ ဘုရင်မကြီးနဲ့ ဘာလာက တစ်ဖက်၊ အမန်ဒရာတို့ က တစ်ဖက်ဖြစ်လာတဲ့အခါမှာ ဘာတွေဆက်ဖြစ်ကြမှာလဲ၊ အမန်ဒရာရဲ့ ဖြစ်ကြောင်းကုန်စင်ကိုသိသွားတဲ့ သားဖြစ်သူ မဟင်ဒရာဘာဟုဘာလီတစ်ယောက် ဘယ်လိုလက်တုံ့ပြန် မှာလဲဆိုတာ ကြည့်လိုက်ဦးနော်။ဒီဇာတ်ကားမှာ အမန်ဒရာ ဘာဟုဘာလီ၊ မဟင်ဒရာ ဘာဟု ဘာလီအဖြစ် ပရာဘက်စ်၊
ဘာလာအဖြစ် ရာနာ ဒက်ဂူဘာတီ၊ ဒီဗာဆီနာအဖြစ် အနွတ်ရှ်ကာ ရှက်တီ၊ ဘုရင်မကြီး ဆီဗာဂါမိ အဖြစ် ရမ်ရာခရစ်ရှ်နာ၊ ကက်တာပါးအဖြစ် ဆက်သ်ရာရာ့ဂျ်တို့ သရုပ်ဆောင်ထားပါတယ်။
(ရုပ်ရှင်အညွှန်းကိုတော့ 7Daydaily မှကူးယူဖော်ပြထားတာဖြစ်ပြီး ဘာသာပြန်ကတော့
IMDb Rating (8.8/10) ထိရရှိထားတဲ့ Action, Adventure, History အမျိုးအစား Bollywood ရာဇဝင်ဇာတ်ကားပါ။ရှေးခေတ်အိန္ဒိယတိုင်းပြည် က အင်အားကြီးဘုရင်တွေနဲ့ ဒဏ္ဍာရီဆန်တဲ့ ဇာတ်လမ်းတွေကို ဖော်ကျူးရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ရှီဗာဆိုတဲ့ မွေး ကင်းစကလေးငယ်လေးနဲ့ သူ့ရဲ့ အထိန်းတော်ဖြစ်သူတို့ကို ဘုရင့် မှူးမတ်တွေက လိုက်ပြီးတော့ သုတ်သင်ပါတယ်။ ထွက်ပြေးရင်း လမ်းခုလတ်အရောက်မှာ သူ့ရဲ့ အထိန်းတော်ဖြစ်သူက ကွယ်လွန်
သွားခဲ့ပြီး ရှီဗာဆိုတဲ့ ကလေးလေးကို ဒေသခံရွာသားတွေက စောင့်ရှောက်ခဲ့ပါတယ်။ရှီဗာ တဖြည်းဖြည်းကြီးလာ တဲ့အခါ တခြားလူငယ်တွေနဲ့မတူ ဘဲ သန်မာပြီးရဲရင့်တဲ့လူငယ်တစ် ယောက်ဖြစ်လာတယ်။ သူကြီး ပြင်းခဲ့တဲ့ရွာနဲ့ မနီးမဝေး တောင် ပေါ်မှာ ရှေးဟောင်းဘုရင့် တိုင်း ပြည်တစ်ခုရှိပြီး အဲဒီတိုင်းပြည်မှာ အကျဉ်းကျနေတဲ့ ဘုရင်မတစ် ပါးရှိတယ်။ တစ်ရက်မှာ ရှီဗာက တောင်ပေါ်တက်ဖို့ ကြိုးစားရင်း အရမ်းလှတဲ့ အမျိုးသမီး တစ် ယောက်ကို တွေ့ခဲ့တယ်။ ဒီအမျိုး သမီးနောက်ကို
လိုက်ဖို့ကြိုးစား ရင်းနဲ့ပဲ တောင်ပေါ်အထိ ရောက် ခဲ့ပြီး တောင်ပေါ်မှာ မျိုးနွယ်စုတစ် စုကို တွေ့ရတယ်။အဲဒီမျိုးနွယ်စုက ဘုရင့်တိုင်း ပြည်က အကျဉ်းကျနေတဲ့ ဘုရင် မကို ကယ်ဖို့ ကြိုးစားနေတာဖြစ် တယ်။ တိုတိုပြောရရင် ရှီဗာက သူကြိုက်တဲ့ ကောင်မလေးကို ကူ ညီဖို့ကြိုးစားရင်း အကျဉ်းကျနေ တဲ့ ဘုရင်မကို ကယ်ဖို့ဖြစ်လာ တယ်။ အဲဒီဘုရင်မက တကယ် တော့ ရှီဗာရဲ့ မိခင်အရင်းဖြစ်ပါ တယ်။ ဇာတ်ကားက တော်တော် ပေရှည်ပါတယ်။ အဲဒီနောက်မှာ ဒီတိုင်းပြည်ကြီးမှာ ရှီဗာမ
သိတဲ့ ဇာတ်ကြောင်းတွေ ကျန်ပါတယ်။ သူ့အဖေ၊ အမေ၊ တိုင်းပြည်ကြီး အကြောင်း၊ စစ်ပွဲတွေအကြောင်း တွေ အများကြီးပါ။ နောက်ဆက်တွဲအကြောင်းတွေနဲ့ ဒီဇာတ်ကားရဲ့ အဆက်ကိုတော့ ၂၀၁၆ မှာရုံတင်မယ်လို့လဲ ကြေငြာထားပါတယ်။(ရုပ်ရှင်အညွှန်းကို 7Daydaily မှကူးယူဖော်ပြပါသည်။)
-
“မိတ်ဆွေ မိန်းကလေးတယောက်နဲ့ လက်ထပ်တော့မယ်
စိတ်ကူးထားလား ဒါဆို မြန်မြန်သာ လက်ထပ်လိုက်ပေတော့
နောက်အနာဂတ်မှာ ဘာတွေလုပ်ရမလဲ မနက်ဖြန် ဘာစီစဉ်ရမလဲ
မစဉ်းစားနေနဲ့တော့ လက်ရှိကိုပဲကြည့်ပြီး ရဲရဲကြီးသာ ဆုံးဖြတ်လိုက်”ဒီဇာတ်လမ်းလေးကလည်း ဒီလိုပါပဲ သင်္ချာပညာမှာ သိပ်တောတဲ့#ဂျေးဟာ
သူ့ငယ်ချစ် ဒီယားနဲ့လက်ထပ်ချင်ပေမဲ့ သူ့ဘဝတတ်လမ်းအတွက်လည်း
အင်္ဂလန်နိုင်ငံက ကမ်းဘရိချ်တက္ကသိုလ်ကို ပြောင်းချင်နေခဲ့ပါတယ်။ဒါပေမဲ့ ဒီယားက မသွားချင်တော့ ဒီမင်္ဂလာပွဲကို
စိတ်ပျက်နေတဲ့ ဂျေးတယောက် သူ့ဘဝမှာ အပြောင်းလဲကြီးတခု ဝင်လာပါတော့တယ်ဒီအပြောင်းလဲက ဘာဖြစ်မလဲ ဒီယားကို သူလက်ထပ်ဖြစ်လိုက်လား
ရှေ့လျောက် သူတို့နှစ်ယောက်ဘဝကို
ဘယ်လိုဖြတ်သန်းသွားကြမလဲဆိုတာကိုတော့
ပရိတ်သတ်ကြီးပဲ ဆက်လက်ခံစားလိုက်ပါဦး့
Bollywood Drama ကောင်းကောင်းလေးတွေ ကြည့်ချင်တယ်ဆိုရင်တော့
ဒီကားလေးကို လက်အလွတ်မခံပါနဲ့ဗျာ့
ရုပ်ရှင်ကားလေးက ပညာသားပါပါနဲ့ ကျနော်တို့ဘဝတွေမှာ
ဘယ်အရာက အရေးကြီဆုံးလည်းဆိုတာ တွေးသွားစေနိုင်လောက်တဲ့
မက်ဆေ့ချ်လေးတော့ ချန်ခဲ့ပါတယ့်“ကိုယ်ချစ်တဲ့သူတွေဟာ တနေ့ကျရင်
ကိုယ့်ကို ခွဲသွားကြမှာပဲ့
့ဒီအချိန်မရောက်ခင်တော့ ကိုယ်ချစ်တဲ့သူတွေနဲ့
အချိန်ကြာကြာလေး ပိုရှိနေပေးခဲ့ရင် ကျနော်တို့ သိပ်ဝမ်းနည်းမိမှာ
မဟုတ်ပါဘူး ”ဘာသာပြန်သူကတော့ ကိုဇော်ထူးပဲဖြစ်ပါတယ်
Baazaar ဆိုတာ အိန္ဒိယအခေါ်အရ ဈေး ၊ ဈေးကွက်ပေါ့…. ဟုတ်ပါတယ် ဈေးဆိုတဲ့အတိုင်း ရောင်းသူရှိမယ် ဝယ်သူရှိမယ် ဈေးအပြိုင်တင်တာ ချတာတွေ အပြင်ရောင်းသူ ဝယ်သူနှစ်ဦးကြားက ပင်မဦးတည်ရာ အရှုံးနဲ့အမြတ်ဆိုတာလည်း ရှိမှာပေါ့…. ဒီဇာတ်ကားကြည့်ပြီးတော့ တွေးစရာတွေက ခေါင်းထဲမှာ အစပေါင်းများစွာ ထွက်လာတယ်… ဘဝသရုပ်ဖော်လို့ပြောရမလား စီးပွားရေးလောက အကြောင်း ၊ စတော့ရှယ်ယာဈေးကွက်အကြောင်းလား ဒါမှမဟုတ် ကြီးပွားချမ်းသာချင်တဲ့ လူငယ်လေးတစ်ယောက်အကြောင်းပဲလား… ကိုယ်လိုချင်သလို ယူလို့ရပေမယ့်ကျွန်တော့်အတွက်က ရသစုံ ပါဝင်နေတဲ့ ဟင်းလေးအိုးကြီးတစ်ခုလိုပါပဲ…. ဟိုးငယ်စဉ်ကတည်းက ဘဝကို ချို့ချို့တဲ့တဲ့ နေလာခဲ့ရတဲ့ရှာကွန်းကိုသာရီ….. မိဘရဲ့လောင်းရိပ်အောက်ကနေ ထိုးထွက်ပြီးအလင်းရောင်ရှိမယ်ထင်တဲ့ မွန်ဘိုင်းမှာ အခြေချပြီးဘဝကို တက်လမ်းရှာချင်နေသူ လူငယ်လေး ရီဇ်ဝမ်အာမက်…. မြို့ပြရဲ့လူနေမှုစရိုက်တွေကြားမှာသိက္ခာနဲ့ငွေကို အလဲအထပ်လုပ်နေမိတဲ့ မိန်းကလေး ပရီယာရိုင်း… ဒီဇာတ်ကောင် သုံးခုက ဒီဇာတ်လမ်းရဲ့ပင်စည်ဆိုရင်ပြိုင်ဘက်ကုမဏီအုပ်စုတွေ ၊ သူတို့မိသားစုတွေအကြောင်းနဲ့စတော့ရှယ်ယာဈေးကွက်အကြောင်းတွေက ဒီဇာတ်လမ်းရဲ့အကိုင်းအခက်တွေလို့ပြောရမှာပါ…. ကျွန်တော်ဒီလောက်ပဲ ညွှန်းပါရစေ…. ၂၀၁၈ ခုနှစ်ထွက် ဘောလိဝုဒ်ကားတွေထဲမှာဒီကားဟာ မကြည့်မဖြစ် ကြည့်သင့်တဲ့ကားစာရင်းမှာပါတယ်လို့ပြောရင်တောင် လွန်မယ် မထင်ပါဘူး ခင်ဗျာ။
IMDb Rating -7/10 Google User – 86% Genre – Crime/Thriller Duration – 2hr2mins ဒီတစ်ခေါက် တင်ဆက်ပေးလိုက်တဲ့ ဇာတ်ကားက ချန်နယ်မြန်မာမှာ တောင်းဆိုမှုအများဆုံးဇာတ်ကား တစ်ကားဆိုရင် မမှားပါဘူး။ အချစ်အတွက်နဲ့ တောင်ဖြိုပြခဲ့တဲ့ မြန်မာပရိသတ်တွေရဲ့ အကြိုက်မင်းသားကြီး Nawazuddin Siddiqui ရဲ့ 2017 က ထွက်တဲ့ ဂန်းစတား ဘဝ သရုပ်ဖော် ဘောလိဝုဒ်ဇာတ်ကားဖြစ်ပါတယ်။ (2017 ကားက 2018နှစ်ကုန်ပိုင်းမှ ကြည်တောက်ရှင်းထွက်လာပြီး 2019နှစ်သစ်မှာ စာဖိုင် ထွက်လာလို့ပါ။) သဘာဝကျတဲ့ ဇာတ်ရုပ်တွေကိုအပိုအလိုမရှိ သရုပ်ဆောင်တတ်တဲ့မင်းသားကြီးရဲ့ ကားဆိုတော့မကောင်းမှာ မပူရသလို၊လူ့သဘာဝနဲ့ လူ့စိတ်ကို အကောင်းဆုံး ပြသပေးတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။ အပစ်အခတ် အသတ်အပုတ်တွေ ကြမ်းသလို၊ အချစ်ခန်းတွေကလည်း ကြမ်းပါတယ်။ ဒါ့အပြင် ဒီကားက မင်းသမီး Bidita Bag လက်စွမ်းပြလိုက်တဲ့ဇာတ်ကားဆိုရင်လည်း မမှားပါဘူး။ ပီပြင်လှတဲ့ သရုပ်ဆောင်ချက်တွေကို လက်ဖျားခါရပါတယ်။ ဇာတ်ကားအကြောင်းအရာကို မညွှန်းတော့ပါဘူး။ တစ်ခါတစ်လေဇာတ်လမ်းအကြောင်းအရာကို ဖတ်ကြည့်တာထက်ကိုယ်တိုင်ကြည့်လိုက်တာက ပိုကောင်းလို့ပါ။ ပြောလိုတာကတော့မြန်မာပြည်က ဂန်းစတားတွေလိုစကားတွေအများကြီး မပြောပါဘူး။ မျက်နှာတွေ ရှုံ့မပြပါဘူး။ မျက်နှာ အမူအရာတွေ ၊မျက်လုံးအကြည့်တွေ၊သီချင်းတွေနဲ့တင် မြိုင်ဆိုင်ပြည့်စုံနေတဲ့ကြေးစားလူသတ်သမား၂ယောက်ရဲ့ ကစားပွဲပါ။ ဒီကစားပွဲကို ပြည့်စုံစေဖို့ နိုင်ငံရေးလောကထဲဝင်မယ့် လူမိုက်ကြီးတွေကလည်း အားဖြည့်ထားပါတယ်။ “ရသမပါတဲ့ အနုပညာက ဆားမပါတဲ့ဟင်းနဲ့တူတယ်၊ဘဝအမောတွေ ပြေပျောက်စေသည်မှာ ရသပင်ဖြစ်သည်” တဲ့။ဆရာဇော်ဂျီရဲ့ အဆိုအမိန့်ကလည်း ရှိခဲ့တယ်။ ဒီတော့ ဘဝအမောတွေကို ပြေပျောက်စေဖို့သဘာဝစစ်စစ်ကို ရသလေး ဖြည့်ပြီးကျွန်တော်တို့ရဲ့ နှလုံးသားကို အဟာရလေး ရစေမှာပါ။ ရေခဲသေတ္တာထဲက အအေးဘူးထက်ကမ်းခြေက အုန်းသီးရေက ပိုပြီး အရသာရှိသလိုမျိုး။ အကောင်းစားအရက်ကို အကောင်းဆုံးအမြည်းနဲ့နာမည်ကြီး ဆိုင်မှာ သောက်ရတာထက်တခါတလေ နားအေးပါးအေးကွင်းလယ်က ဖျာစုတ်တစ်ချပ်ပေါ်ထိုင်ပြီး ထန်းရေကို ပဲလှော်နဲ့ မြည်းကြရအောင်လားဗျာ….။ ဒီဇာတ်ကားလေးကို ကြည့်ရှုပြီးကြရင် ခံစားမိသမျှကို ကျွန်တော်တို့ထက်ပိုကောင်းတဲ့Reviews လေးတွေ ရေးဖြစ်ကြမယ်လို့မျှော်လင့်ပါတယ်၊ စောင့်မျှော်လျက်ပါပဲဗျာ။ (အရွယ်မရောက်သေးသူတွေ၊မိသားစုနဲ့အတူကြည့်မယ့်သူတွေ အတွက်တော့ တချို့ဇာတ်ဝင်ခန်းတွေနဲ့ ပြောစကားတွေဟာ ကြမ်းတမ်းမယ် ထင်ပါတယ်)
2017 ရဲ့ အလန်းဆုံး ရေပန်းအစားဆုံး Action Triller Comedy Crime Music ဇာတ်ကားလေး လာပါပြီ။ နိုင်ငံတကာရုပ်ရှင် ဝေဖန်သူတွေကြားမှာလည်း နာမည်ကောင်းရထားပြီး ပရိသတ်အများအပြား ချီးမွမ်းနေကြတဲ့ဇာတ်ကားလေးပါ။ Rating အနေနဲ့လည်းIMDb Rating …8.1 Rotten Tomattoes Rating…. 94% အထိ ရထားပြီး Box offices မှာလည်း ရင်းနှီးမြုပ်နှံငွေ USD 34 million သာရှိခဲ့ပေမယ့် အမြတ်ငွေ USD 213.7 million ရတဲ့အထိကို အောင်မြင်ခဲ့ပါတယ်။ Baby Driver အောင်မြင်ရခြင်းကလည်း Computer Generated Image (CGI) effect တွေနဲ့ ဇာတ်ကားအများအပြားကြားမှာ CGI effect အနည်းဆုံးနဲ့ တကယ့် စတန့်သမားတွေနဲ့ အပီပြင်ဆုံး ရိုက်ကူးထားနိုင်လို့ပါပဲ။ ဒီဇာတ်ကားကို ဒါရိုက်တာ Edgar Wright ကိုယ်တိုင် ဇာတ်လမ်းရေးသားပြီး ကိုယ်တိုင်ဒါရိုက်တာလုပ် ရိုက်ကူးခဲ့တာပါ။ Music အမျိုးအစားကားဖြစ်လို့လည်း ဇာတ်ဝင်တေးပေါင်း ၃၀ တိတိနဲ့ အသုံးပြုထားပြီး အမြဲတန်းလိုလို သီချင်းသံလေးတွေ ကြားနေရမှာပါ။ ( သီချင်းတွေများလွန်းလို့ထင်တယ် မင်းသမီးအတွက် အသုံးပြုထားတဲ့ T.rex သီဆိုထားတဲ့ Debora ဆိုတဲ့သီချင်းကို CopyRight ခွင့်မတောင်းမိလို့ ထုတ်လုပ်တဲ့ Sony ကုမ္ပဏီက တရားရင်ဆိုင်ရမှာ ဖြစ်ပါတယ်) ဆုတွေအနေနဲ့လည်း Golden Trailer Award 2017 မှာ Best Action ဇာတ်ကားဆု၊ International Online Cinema Awards 2017 မှာ Best Editing ဆု Best Song Mixingဆု Best Song Editing ဆု SXSW Flim Festival 2017 မှာ ဒါရိုက်တာ Edgar Wright က Headliner ဆုတွေရခဲ့ပါတယ်။ ဒါ့အပြင် ငယ်ငယ်ကတည်းက ကားအက်ဆီးဒင့်ဖြစ်ပြီး စိတ်ဒဏ်ရာရှိထားတဲ့ သီချင်းတွေကို ရူးသွပ်တဲ့ ကောင်လေးနေရာကနေ ပီပီမြင်မြင်သရုပ်ဆောင်သွားတဲ့ မင်းသားလေး Ansel Egort လည်း Cinemacon က ချီးမြှင့်တဲ့ Male Star of Tomorrow award ကို ထိုက်ထိုက်တန်တန် ဆွတ်ခူးထားပြီးပါပြီ။ ဇာတ်လမ်းကိုတော့ မပြောပြတော့ပါဘူး ပထမတစ်ခန်းထဲနဲ့ကို ပရိသတ်ကို ဆွဲယူခေါ်ဆောင်သွားမယ့် စောင့်ရကျိုးနပ်တဲ့ ဇာတ်ကားလေးပါပဲ
Babysitter Wanted ရုပ်ရှင်ဇာတ်ကားလေးဟာ ၂၀၀၈ခုနှစ်ထွက် အမေရိကန် Horror ကားတစ်ကားဖြစ်ပါတယ် Imdb rating 5.5/10ရရှိထားပြီး ဇာတ်ကားကြာမြင့်ချိန်ကတော့ ၁နာရီခွဲပါ ပါဝင်သရုပ်ဆောင်ထားသူတွေက တော့ Sarah Thompson ,Bill Moseley, Kristen Dalton တို့ဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ကောလိပ်ကျောင်းသူလေးတစ်ဦးဖြစ်တဲ့ Angie ဟာ ကျောင်းစရိတ်ရရှိဖို့အတွက် ကလေးထိန်းအလုပ်လျှောက်ခဲ့ပါတယ် သူမထိန်းရမယ့်ကလေးလေးနာမည်က Sam ပါ Sam ရဲ့နေအိမ်ဖြစ်တဲ့လယ်တောအိမ်အကျယ်ကြီးမှာ ပထမဦးဆုံးအလုပ်ဆင်းတဲ့နေ့မှာတော့ Angie တစ်ယောက်ထူးဆန်းတာတွေနဲ့ကြုံတွေ့လာရပါတော့တယ် အမည်မသိဖုန်းခေါ်ဆိုမှုတွေ….. အိမ်တံခါးကိုဖျက်ပြီးဝင်ရောက်လာတဲ့လူတစ်ယောက်…… အလုပ်ရှင်မိသားစုရဲ့ ကြီးမားတဲ့လျှို့ဝှက်ချက်တစ်ခု…..စတဲ့သံသယဖြစ်ဖွယ်ခြောက်ခြားစရာတွေနဲ့အတူ Angie တစ်ယောက် ဘယ်လိုရှေ့ဆက်သွားမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်
IMDb 5.7 ……… ချာလေလိုင်နာဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ Alfred E.Groves အထက်တန်းကျောင်းမှာပညာသင်ကြားနေတဲ့ကျောင်းသူလေးတစ်ယောက်ပါ ကျောင်းတစ်ဘက်နဲ့အလုပ်တစ်ဘက်ပေါ့ တစ်နေ့တော့ ဘလ်ထရန်မိသားစုကနေ ကလေးထိန်းဖို့ သူမကိုငှားခဲ့တယ် ကလေးတွေထိန်းပေးတဲ့အလုပ် လုပ်ရင်းနဲ့ သူမအတွက် မမျှော်လင့်တဲ့အဖြစ်တစ်ခုကြုံရတယ် အဲ့ဒါကတော့ကလေးတွေရဲ့ဖခင် မစ္စတာ ဘယ်ထရန်နဲ့ သံယော်ဇဉ်တွယ်မိကြတယ် သူတို့က အပျော်ရှာကြရုံအဆင့်ဆိုပေမဲ့ တဖြည်းဖြည်းခံစား ချက်တွေကလေးနက်လာခဲ့တယ်…. 18+ခန်းတစ်ချို့အတော်လေးပါဝင်ပေမဲ့ သိပ်အဆိုးဝါးကြီးတော့ မဟုတ်ပါဘူး အိမ်ထောင်ရေးမှာ တစ်ချို့သောယောင်္ကျားတွေရဲ့အဖြစ်ကို ပုံဖော်ထားတဲ့ကားလေးပါ ဘဝရဲ့အနှစ်သာရဟာဘာလဲ ပျော်ရွှင်မှုဆိုတာဘာလဲ ေ၀ဝါးနေတဲ့အချိန် မိသားစုကိုရွေးမှာလား ငယ်ရွယ်လှပတဲ့မိန်းကလေးတစ်ယောက်ကိုရွေးချယ်ပြီး လက်ရှိပိုင်ဆိုင်တဲ့မိသားစုကိုစွန့်ပစ်မှာလားဆိုတာကို တော့ ခံစားကြည့်လိုက်ပါဦး အိမ်ထောင်ရေးပညာပေးကားလေးမို့ ခံစားကြည့်လိုက်ပါဦးခင်ဗျ…… ဇတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကို Pyae Xeinn Sett ပါ
mmbusticket Crazy Little Thing Called Love ဇာတ်ကားထဲမှာ မင်းသားမာရီယိုနဲ့ လိုက်ဖက်လွန်းစွာ သရုပ်ဆောင်ခဲ့တဲ့ ထိုင်းမင်းသမီးချောလေးPimchanok Luevisadpaibul (Baifern) ကို အားလုံးသိကြမယ်ထင်ပါတယ်..ဟုတ်ပါတယ်…Back to the 90s (2015) ဒီဇာတ်ကားဟာလဲ သူလေး အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားမှာလဲ သူလေးရဲ့ လှပသေသပ်တဲ့ သရုပ်ဆောင်မှုတွေနဲ့ ကြည့်ရှုသူတိုင်းကို စွဲဆောင်သွားဦးမှာပါ။မင်းသားတွေလဲ ဇာတ်ရုပ်နဲ့ကွက်တိကျတာကြောင့် ဒီဇာတ်ကားဟာ Rating မြင့်မားပြီး ကြည့်ရှုသူတိုင်း ကြိုက်နှစ်သက်တဲ့ ဇာတ်ကားဖြစ်လာပါတယ်။ ကျွန်တော်တို့မှာ မပြုပြင်နိုင်ခဲ့တဲ့ အတိတ်တွေရှိကြပါတယ်…ချစ်ခြင်းမေတ္တာရဲ့ ဆန်းကြယ်မှုမှာ မျက်စိသူငယ် နားသူငယ်ဖြစ်ဖူးခဲ့ကြမယ်…အသက်အရွယ်နဲ့ ရူးမိုက်မှုတို့ အချိုးကျနေတုန်းမှာ ခပ်မိုက်မိုက် လေလွင့်ဖူးခဲ့မယ်..ဒါတွေကို ကျွန်တော်တို့ မပြုပြင်နိုင်တော့ဘူး.. နောင်တဆိုတာပဲ ပွေ့ဖက်နေကြရတာမလား…။ ဒါပေမယ့် အတိတ်ကိုပြန်သွားလို့ရမယ်….ဒါတွေကို ပြုပြင်ဖို့ အခွင့်အရေးကို တစ်စုံတစ်ယောက်က ရခဲ့မယ်ဆိုရင်..ကျွန်တော်တို့ မြင်တွေ့ရမယ့် အရာတွေက ငယ်ရွယ်ပျိုမြစ်မှုတစ်ခုထဲလို့ ခပ်လွယ်လွယ်မထင်လိုက်ပါနဲ့။အစဉ်အဆက် ခမ်းနားခဲ့သလိုပဲ ချစ်ခြင်းက ဒေသမရွေး ကာလမရွေး ခမ်းနားနေခဲ့တာ ထင်ရှားပြခဲ့တယ်။
ဒီဇာတ်လမ်းက တကယ့်ဖြစ်ရပ်မှန်အခြေခံပြီးရိုက်ထားတဲ့ကားဖြစ်ပါတယ်….ဘာလို့လဲလို့ပြောရရင်ကမ္ဘာကုလသမဂ္ဂအဖွဲ့ရဲ့ 1996 ခုနှစ်မှာစပြီးလုပ်ခဲ့တဲ့ အီရတ်နိုင်ငံမှာ ငတ်မွတ်နေတဲ့သူတွေကို အစားအစာနဲ့ ရေနံလဲလှယ်ရေး (Oil-for-Food Program) အစီအစဉ်ကြီးမှာ ကမ္ဘာ့နိုင်ငံပေါင်းများစွာက အစိုးရရာထူးကြီးတွေနဲ့
နာမည်ကျော်ကုမ္ပဏီကြီးပေါင်းများစွာရဲ့ ဒေါ်လာဘီလျံနဲ့ချီတဲ့ လာဘ်စားမှု၊ ချစားမှုတွေအပြည့်နဲ့ ပါဝင်ပတ်သက်မှုတွေကို ဖေါ်ထုတ်ခဲ့တဲ့ ကုလသမ္မဂ္ဂဝန်ထမ်းတစ်ယောက်အကြောင်းပါ။ဒီအမှုဟာ ကုလသမ္မဂ္ဂသက်တမ်းတစ်လျှောက် အပြောင်းအလဲအကြီးမားဆုံးဖြစ်စေခဲ့တဲ့ အမှုလဲဖြစ်တယ်။ဇာတ်လမ်းရိုက်ကူးထားပုံက ကြည့်ပျော်ရှုပျော်အဆင့်ပဲရှိပါတယ်၊ ဆွဲဆောင်မှုမကောင်းသလို အရမ်းစိတ်ဝင်စားဖို့ကောင်းလာတဲ့ အခြေအနေမျိုးလဲ တွေ့ရမှာမဟုတ်ပါဘူး။ဒါပေမယ့် ဘာလို့ ကြည့်သင့်တယ်လို့ ညွှန်းချင်တာလဲဆိုတော့ UN အပါအဝင် INGO အဖွဲ့အစည်းတွေရဲ့ အတွင်းရေးတွေနဲ့ လုပ်စားပုံတွေ၊ အလှူငွေတွေရအောင် ဘယ်လိုတွေ ဟန်ပြလုပ်ကြပြီး အိတ်ထဲဘယ်လိုထည့်တယ်ဆိုတာတွေကို ကွက်ကွက်ကွင်းကွင်းမြင်နိုင်တဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းဖြစ်နေလို့ပါ။ ၁၀၈ ခုနှစ်အတွင်း ထွက်ရှိထားတဲ့ နိုင်ငံရေးဆက်နွယ်မှုပါတဲ့ဇာတ်ကားကောင်းတစ်ကောင်းပဲဖြစ်ပါတယ် သံတမန်တစ်ဦးရဲ့သားဖြစ်သူ မိုက်ကယ်ဆာလဗန်ဟာ ကုလသမဂ္ဂမှာအလုပ်ဝင်ဖို့ ဘဝတစ်လျှောက်လုံး ကြိုးစားခဲ့ပါတယ်.. မမျှော်လင့်ထားပဲ ကုလသမဂ္ဂအတွင်းဝန်ရဲ့လက်ထောက်နေရာ ခန့်ထားခံလိုက်ရပါတယ်.. သူတာဝန်ယူရတဲ့ပရိုဂရမ်ဟာ လူသားချင်းစာနာထောက်ထားမှုအခြေခံတဲ့ ပရိုဂရမ်ပေမယ့် အကျင့်ပျက်ခြစားမှုကြီးကြီးမားမားဖြစ်နေပြီး အာဏာရှင်တစ်ယောက် အမြတ်ထုတ်စရာ ပရိုဂရမ်တစ်ခု သာဖြစ်နေခဲ့ပါတယ်.. ဖော်ထုတ်ဖို့ကြိုးစားတဲ့သူတွေအနေနဲ့လည်း လက်စဖျောက်သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်.. သူ့အရင်ဝန်ထမ်းဟောင်းသေဆုံးမှုဟာ မရိုးရှင်းမှန်းသူသွားပြီး.. ကုလသမဂ္ဂအတွင်းခြစားမှုကို လိုက်လံဖော်ထုတ်ရင်းနဲ့ သူ့ရဲ့ဆရာကိုယ်တိုင် ဒီအရှုပ်တော်ပုံထဲ ပါဝင်ပတ်သက်နေတာ သူသိသွားတဲ့အခါ သူဘယ်လိုဖြေရှင်းမလဲ ခက်ခက်ခဲခဲကြားထဲက ချစ်ခဲ့ရတဲ့ သူ့ချစ်သူကိုရော အန္တရာယ်ကြားထဲက သူကယ်တင်နိုင်ပါ့မလား ထိပ်တန်းခေါင်းဆောင်တွေပါ ပါဝင်ပတ်သက်နေတဲ့ ဒီခြစားမှုကြီးကို တစ်ကမ္ဘာလုံးသိအောင် သူချပြနိုင်ပါ့မလားဆိုတာကိုတော့ စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်…ကုလသမ္မဂ္ဂအဖွဲ့ဆိုတာနဲ့ အရမ်းကောင်းတဲ့အဖွဲ့ကြီးမဟုတ်ဘူးဆိုတာ သိသွားနိုင်စေတဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်…UN အပါအဝင် INGO တွေနဲ့ ပတ်သက်ပြီး ဒါမျိုးရိုက်ထားတဲ့ရုပ်ရှင် အရမ်းရှားပါတယ်။ ဒီကားကိုတော့ ရိုက်ထားတာရိုးရှင်းပြီး ဆွဲဆောင်မှုမရှိပေမယ့် သမိုင်းနဲ့ပတ်သက်တဲ့ တန်ဖိုးကြီးကြီးမားမားရှိတဲ့အတွက် ကြည့်ဖူးသင့်ကြောင်းညွှန်းလိုက်ပါတယ်။
Backtrace ဆိုတဲ့အက်ရှင်ကားလေးကို စရေးတုန်းကပျင်းဖို့ကောင်းမယ်လို့ တွေးထားခဲ့မိတယ်။ ဘာလို့ဆိုတော့ စတားလုံးဇာတ်ကားတွေက များသောအားဖြင့် bcoz i’m stallone ဆိုတဲ့ပုံစံတွေ များလို့ပါ။ ဒါပေမယ့် ဒီကားလေးကတော့ ရေးနေရင်းနဲ့ကို ခဏရပ်ပြီး ဘာကြောင့်လဲဆိုတာ သိချင်လို့ ဆက်ကြည့်မိတဲ့ကားတစ်ကားပါ။ လှည့်ကွက်လေးတွေပါတာကိုကြိုက်တဲ့ ရုပ်ရှင်ချစ်သူတွေ အကြိုက်တွေ့စေမယ့်ကားတစ်ကားပေါ့။ ဇာတ်လမ်းကတော့ ဘဏ်တစ်ဘဏ်ကို ဓားပြတိုက်လာခဲ့ကြတဲ့ လူသုံးယောက်မှာ နှစ်ယောက်ကသေဆုံးခဲ့ပြီး ကျန်တဲ့တစ်ယောက်က သေနတ်ဒဏ်ရာကြောင့် မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားခဲ့တယ်။ ဒါပေမယ့် သူ့မှတ်ဉာဏ်တွေ မပျောက်ဆုံးခင်မှာ ငွေတွေကို ဖွက်ထားခဲ့ပြီး ခုနှစ်နှစ်ကြာတဲ့အချိန်မှာ လူတစ်စုက အစောင့်အကြပ်တွေကြားက သူ့ကိုကယ်ထုတ်ပြီး ပိုက်ဆံတွေကိုပြန်ရှာတဲ့အကြောင်း ဇာတ်လမ်းဆင်ထားတာ ဖြစ်ပါတယ်။ အေးမယ်လို့ ထင်ရပေမယ့် စတားလုံးရဲ့ စူပါဟီးရိုးဆန်တဲ့အခန်းတစ်ချို့ကလွဲရင် တစ်ကားလုံးစိတ်ဝင်စားစရာ ပြည့်နှက်နေတဲ့ ကားကောင်းတစ်ကား ဖြစ်ပါတယ်။ အားပေးကြပါဦးဗျာ…
ဖြစ်ရပ်မှန်အပေါ်အခြေခံထားတဲ့ နာမည်ကြီးထိုင်းကားတစ်ကား တင်ပေးလိုက်ပါတယ်။၂၀၁၇ မှာ ထိုင်းနိုင်ငံရဲ့ ဝင်ငွေအကောင်းဆုံး ဇာတ်ကားပါ။ စပြတဲ့အဖွင့် ၂ပါတ်မှာ ဘတ် သန်း ၁၀၀ ကျော်ရရှိခဲ့ပြီး တရုတ်နိုင်ငံမှာလည်း ဒေါ်လာ သန်း ၃၀ လောက် ရရှိသွားခဲ့ပါတယ် မျက်နှာသစ်မင်းသားမင်းသမီးတွေကို သုံးပြီး နိုင်ငံတကာက ရုပ်ရှင်ဆုတွေ အမြောက်အများကို သိမ်းပိုက်သွားနိုင်ခဲ့တာပါ။ ဇာတ်လမ်း၊ တင်ဆက်ပုံ၊ သရုပ်ဆောင်ချက် အားလုံးက ပြည့်စုံလွန်းတယ်လို့ ပြောလို့ရပါတယ်။ ထိုင်းနဲ့မြန်မာ ရုပ်ရှင်အဆင့်အတန်း မိုးနဲ့မြေလို ကွာနေတာကို တွေ့နိုင်သလို၊ သရုပ်ဆောင်တယ်ဆိုတာ ဘယ်လိုလေးလဲ တွေ့နိုင်ပါလိမ့်မယ်။ CGI တွေ နည်းပညာတွေအကြောင်းပဲ ဆင်ခြေတက်နေတဲ့ အနုပညာရှင်ကြီးများကို ထိပ်ပုတ်သွားတဲ့ ကားမျိုးတွေထဲမှာ ပါပါလိမ့်မယ်။ဇာတ်လမ်းအကျဉ်းကတော့ လင်းဆိုတဲ့ ဉာဏ်ကြီးရှင် ကျောင်းသူလေးတစ်ယောက်ဟာ ဆင်းရဲပေမယ့် ဈေးကြီးတဲ့ ကျောင်းကောင်းကြီးတစ်ခုမှာ ပညာသင်ဆုနဲ့ တက်ရောက်နေပါတယ်။ သူနဲ့ခင်မင်မိတဲ့သူငယ်ချင်းတွေကတော့ ချမ်းသာပေမယ့် စာညံ့ကြပါတယ်။ အဲဒီတော့ သူတို့တွေဆီကနေ ပိုက်ဆံယူပြီး ဘယ်သူမှ မရိပ်မိနိုင်တဲ့ နည်းလမ်းတွေနဲ့ အဖြေတွေကို စာမေးပွဲမှာ ပြပေးပါတယ်။ ဒါပေမယ့် ကံဆိုးစွာပဲ သူ့ရဲ့ ပညာသင်ဆု ပယ်ချခံလိုက်ရတဲ့အခါ သူ့အလုပ်ကို ကမ္ဘာလုံးဆိုင်ရာ စာမေးပွဲကြီးတစ်ခုဆီ သယ်လာပါတော့တယ်။ အမေရိကန်တက္ကသိုလ်တွေ ဝင်ခွင့်အတွက်စစ်တဲ့ STIC စာမေးပွဲကြီးကို ထိုင်းဘတ် သန်းနဲ့ချီအမြတ်ရလောက်အောင်အထိ ကြံစည်ပြီး အင်မတန်လှပတဲ့နည်းလမ်းတွေနဲ့ စွန့်စားပြီး အဖြေတွေ ခိုးယူပေးဖို့ ကြံစည်တဲ့အခါ…တစ်ကားလုံး မျက်တောင်မခတ်ဘဲ ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့်ကားအမျိုးအစားပါပဲ
mmbusticketIMDb 8.2/10 Rotten Tomatoes 86%Badhaai Ho (ဂုဏ်ယူဝမ်းမြောက်ပါတယ်) ဒီစကားလုံးကို ကြောက်လွန်းလို့ ပတ်ဝန်းကျင်ကနေထွက်ပြေးနေရသူ တစ်ယောက်ရှိပါတယ်သူ့နာမည်က နာခူ(လ်)ပါအသက်အရွယ်ရ ၂၀ ကျော်၊ ၁၅ နှစ်သာသာညီတစ်ယောက်ရှိတယ်ချစ်စရာကောင်းတဲ့ ရည်းစားတစ်ယောက်ရယ်၊ တည်တည်တံ့တံ့ အလုပ်အကိုင်လည်း ရှိတယ် ဒါဖြင့် ဘာကြောင့်များ ပတ်ဝန်းကျင်က ဂုဏ်ပြုစကားကို ကြောက်နေရတာလဲဂုဏ်ပြုပါတယ်ဆိုတာက သူ့အနေအထားကိုလားဘာကို ဂုဏ်ပြုတာလည်းအဖြစ်ကတော့ ဒီလိုပါဗျာ …တနေ့ ၅၀ ကျော်၊ ၆၀ အရွယ်မိခင်ကြီး နေထိုင်မကောင်းဖြစ်လို့ ဆေးခန်းသွားပြရပါတယ်ဆေးခန်းမှ အိမ်ပြန်ရောက်တော့နာခူလ် – အမေ့ကျန်းမာရေးနဲ့ပတ်သတ်ပြီး ဆရာဝန် ဘာပြောလိုက်လဲ အဖေအဖေ – ဆရာဝန်ပြောတာက၊ ဆရာဝန်ပြောတာကလေအိ်မ်ကို ဧည့်သည်တစ်ယောက် ရောက်လာမယ်တဲ့အငယ်ကောင် – ဧည့်သည်လာရင် သားအခန်းတော့ ပြောင်းမပေးနိုင်ဘူးနော် အဖေ၊ ကြိုပြောထားတာအဖေ – ဧည့်သည်သေးသေးလေးပါကိုယ်က ၂၀ ကျော်အရွယ်ရောက်နေမှ အသက် ၅၀ ကျော် အမေက ကိုယ်ဝန်ရှိနေတယ်ဆို ခင်ဗျားဘာလုပ်မလဲ မိတ်ဆွေဒီလောက်ပဲညွှန်းတော့မယ် ကောင်းမကောင်းကတော့ အဆင့်သတ်မှတ်ချက်တွေသာကြည့်လိုက်တော့ Top Ten India Movies of 2018 မှာလည်း ပါဝင်ထားတယ်မိသားစုဇာတ်လမ်းဖြစ်တာနဲ့အညီ ဟာသ၊ ဒရာမာ ကောင်းကောင်းဇာတ်ကားတစ်ကားမို့ လက်လွတ်မခံသင့်ပါဘူ
mmbusticketသွေးအေးအေးနဲ့ကြမ်းတဲ့ကားလေးလာပါပြီအငြိုးအတေးနဲ့ကလဲ့စားကားတွေဆို ပီပီပြင်ပြင်ရိုက်တတ်တဲ့ဘောလိဝုဒ်ရဲ့အထာအတိုင်း ဒီကားလေးထဲမှာလည်းရင်နင့်ဖွယ်ရာအဖြစ်အပျက်ကိုတွေ့ရမှာပါဇာတ်လမ်းအညွှန်းကတော့ ရက်ဂျ်ဟူးနဲ့မီရှာတို့ဟာ ရော်ဘင်ဆိုတဲ့သားလေးတစ်ယောက်ပိုင်ဆိုင်ထားတဲ့ပျော်ရွှင်စရာမိသားစုလေးတစ်ခုပါ အနိစ္စဆိုတဲ့သဘောအတိုင်းကံကြမ္မာမုန်တိုင်းတစ်ခုကြောင့့်တစ်နေ့မှာ ဘဏ်ဓားပြတိုက်မှုတစ်ခုကနေ ကားယူပြေးတဲ့ဓားပြတွေကြောင့်မီရှာနဲ့ရော်ဘင်တို့သေဆုံးသွားခဲ့ရပါတယ် လိုက်ရက်ခ်လို့ခေါ်တဲ့ရာဇဝတ်ကောင်တစ်ယောက်ကိုဖမ်းမိခဲ့ပေမယ့် ကြံရာပါတစ်ယောက်ကတော့ငွေတွေနဲ့အတူအစအနပျောက်သွားပါတယ် ဖမ်းမိခဲ့တဲ့လိုက်ရက်ခ်ကလည်းသူ့ကြံရာပါနာမည်ကိုရေငုံနှုတ်ပိတ်နေခဲ့ပြီးထောင်အကျခံခဲ့ပါတယ် ဒီလိုရင်နင့့်ဖွယ်ဖြစ်ရပ်မျိုးဟာသေသွားတဲ့ သူအတွက်တော့ဘဝကူးရုံပဲဆိုပေမယ့် ကျန်နေခဲ့တဲ့ရက်ဂျ်ဟူးအတွက်တော့ကမ္ဘာပျက်နေတဲ့အရူးတစ်ယောက်လိုပါပဲ သားသေ/ မယားသေလို့ အမုန်းတရားတွေနဲ့ပြည့်နှက်နေခဲ့တဲ့ ရက်ဂျ်ဟူးတစ်ယောက် အမုန်းတရားတွေကိုဘယ်လိုချေဖျက်သွားမလဲ တရားခံဆိုတဲ့သူတွေကကော ဘယ်လိုဆက်ဖြစ်ကြမလဲ စတဲ့ ဇာတ်ရှိန်အလှည့်အပြောင်းလေးတွေကိုတော့ ဇာတ်သိမ်းပိုင်းကျမှပဲ နားလည်သဘောပေါက်ကြမှာဖြစ်တဲ့အတွက် ပြီးအောင်ကြည့်ရမှာတော့ကျွန်တော်တို့အပိုင်းပေါ့ဗျာ…
Barbie: Star Light Adventure (2016) မြန်မာစာတန်းထိုးIMDb rating – 5.6/10ဘာဘီကားလေးတွေကိုမှ ကြိုက်တယ်၊ ဘာဘီရုပ်လေးတွေကိုမှ ချစ်တတ်တဲ့ မိန်းကလေးတွေအတွက် ဘာဘီရုပ်ရှင်စီးရီးရဲ့ စတုတ္ထမြောက်စီးဆင်းထဲက ဒုတိယမြောက်ရုပ်ရှင်ဖြစ်တဲ့ 2016ခုနစ်ထွက် ဘာဘီကားလေးကို ဘာဘီချစ်သူအားလုံးတို့အတွက် မြန်မာစာတန်းထိုးနဲ့ တင်ဆက်ပေးလိုက်ပါတယ်။ဘာသာပြန်ပေးတဲ့သူကိုယ်တိုင်ငယ်ငယ်လေးကတည်းက ဘာဘီ ကမ္ဘာထဲမှာ Barbieကားတွေကြည့်ရင်းကြီးခဲ့သူဆိုတော့ကား၊ နောက်ခုထိလည်း ကလေးဆန်ဆန်ဘာဘီကားတွေကြည့်နေဆဲမို့လို့ ကိုယ့်လိုဘာဘီချစ်ပရိသတ်တွေကြည့်ဖို့ ဘာသာပြန်ပေးလိုက်တာပါနော်ဇာတ်လမ်းလေးကတော့ တစ်ခါတုန်းက ဂလက်ဆီမှာ ကြယ်တွေဟန်ချက်ပျက်ပြီးပျောက်ကွယ်တော့မယ်ဆိုတဲ့ တဘောင်ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီ ပြဿနာကိုဖြေရှင်းဖို့ ဘုရင်ကြီးက အထူးအဖွဲ့တစ်ခုဖွဲ့စည်းခဲ့ပါတယ်။ အဲ့ဒီအဖွဲ့အတွက် ဂလက်ဆီရဲ့တစ်နေရာမှာနေထိုင်တဲ့ဟိုဗာဘုတ်စီးကျွမ်းတဲ့ ဘာဘီကို ဘုရင်ကြီးက ဖိတ်ခေါ်ခဲ့ပါတယ်။ ဘာဘီတစ်ယောက် ဘုရင့်နန်းတော်ကိုရောက်ရှိသွားတဲ့အခါမှာ ဘယ်လိုပြဿနာတွေဖြစ်ကြမလဲ။ ဘာဘီရဲ့ချစ်စရာ ကမောက်ကမနိုင်ပုံလေးတွေ…အဖွဲ့တစ်ခု ဖြစ်ဖို့ဘာဘီလုပ်ခဲ့တာလေးတွေနဲ့ စကြာဝဋ္ဌာကြီး အလင်းပြန်ရဖို့ သူတို့အဖွဲ့ ဘယ်လိုတွေကယ်တင်ကြမလဲ? ဘာတွေဖြစ်ကြမလဲဆိုတာကိုတော့ အောက်ကlinkမှာ ကိုယ့်ဘာသာကိုယ် down ကြည့်လိုက်ပါနော် ဒါနဲ့ ဘာဘီက အရမ်းချစ်စရာကောင်းသလို ဇာတ်ဝင်တေးသီချင်းဖြစ်တဲ့ “shooting star” သီချင်းကလည်းအရမ်းနားထောင်ကောင်းတာမို့ ကြည့်ဖြစ်အောင် ကြည့်ကြဖို့ ဘာဘီချစ်သူတွေကို လက်တို့ပြီးတော့ ပြောလိုက်ပါတယ်နော်
ဖိလစ်ပိုင်အချစ်ဇာတ်ကားကောင်းကောင်းလေးတစ်ကားကိုညွှန်းပါရစေ..ကိစ္စတစ်ခုကြောင့် မိသားစုကိုအရှက်ရစေပြီးနောက် မီယာဟာဖခင်ဆီကချီးမွှမ်းခြင်းခံရတဲ့ သမီးတစ်ယောက်ဖြစ်ဖို့ပြန်လည်ကြိုးစားချင်တဲ့အတွက်စပိန်နိုင်ငံဘာစီလိုနာမြို့ကိုအလုပ်ရှာဖွေဖို့စွန့်စွန့်စားစားထွက်လာခဲ့ပါတယ်…. တစ်ဖက်မှာ အယ်လီဟာလည်းသူ့ရဲ့ပယောဂကြောင့် ချစ်သူသေဆုံးခဲ့ရတယ်ဆိုတဲ့နောင်တကိုရင်မှာပိုက်ပြီး ချစ်သူရဲ့ဆန္ဒကိုဖြည့်ဆည်းဖို့အတွက် ကာတွန်းတွေရုပ်ရှင်တွေဖန်တီးချင်တဲ့ဝါသနာကိုစွန့်ပြီး ကမ္ဘာ့ဗိသုကာမြို့တော်ဘာစီလိုနာမှာဗိသုကာပညာလာရောက်သင်ကြားရင်းမီယာဆိုတဲ့ကောင်မလေးနဲ့နှစ်ဦးသားတွေ့ဆုံခဲ့ကြပါတယ်….မီယာဟာ တိုက်ဆိုင်စွာပဲ အယ်လီချစ်သူဟောင်းစီလင်းနဲ့ရုပ်ချင်းခွဲမရအောင်တူနေတဲ့အတွက်အယ်လီဟာမီယာကိုဘာစီလိုနာမှာကူညီစောင့်ရှောက်ပေးရင်းချစ်ကြိုးသွယ်သွားခဲ့တဲ့ လူငယ်သဘာချစ်ခြင်းမေတ္တာတရားတွေကိုဖော်ပြထားတဲ့ကားလေးတစ်ကားဖြစ်ပါတယ်….ဒီဇာတ်လမ်းလေးမှာလူတိုင်းဟာအချစ်ခံရဖို့ထိုက်တန်ပါသလား ????ကျူးလွန်ခဲ့အပြစ်တစ်ခုကြောင့်တစ်သက်လုံးပြန်လည်ပေးဆပ်စရာလိုပါသလား ???လဲကျနေရာကနေပြန်လည်ရှင်သန်ဖို့ ဘယ်လိုခွန်အားတွေပေးခဲ့သလဲဆိုတဲ့မေးခွန်းလေးတွေကို တပြိုင်နက် အဖြေထုတ်ပေးခဲ့ပါတယ်….တကယ်ဆိုရင်တော့ ပရိတ်သတ်ကြီးအနေနဲ့ ဇာတ်ညွှန်းတောင်ဖတ်စရာမလိုပဲနာမည်ကြီးဖိလစ်ပိုင်စုံတွဲ Cathniel ပါတယ်ဆိုရုံနဲ့တင် ကြည့်ကောင်းမယ့်ဇာတ်ကားကောင်းတစ်ကားဆိုတာ သိကြမှာပဲဖြစ်ပါတယ်…
Batman Vs Two Face (2017)IMDb….6.1,,,,,Rotten…100%Batman Vs Two Faceကတော့ 2017 မှာထွက်ခဲ့ပေမဲ့…1960 ပြည့်နှစ်များက Batman Theme ကိုပဲသုံးထားတာဖြစ်ပါတယ်။Batman ရဲ့ Detective Skill တွေကို တစ်ကားလုံးလိုလို တွေ့ရမှာပါ။ ဒီကားဟာ 2016မှာထွက်ခဲ့တဲ့The Return of the caped Crusaderရဲ့ Sequel ဖြစ်တဲ့အပြင်1966 တုန်းက Batman မင်းသား Adam Westကပဲ Batman အဖြစ်အသံ သရုပ်ဆောင်ပေးထားပါတယ်။Batman ဝါ The Caped Crusaderနဲ့Robin ဝါ The Boy Wonder တို့နဲTwo- Faceတို့ ညဏ်ကစားကြမဲ့Batman ကားကောင်း တစ်ခုဖြစ်ပြီး။ဝေဖန်ရေးဆရာတွေပေးပါတယ်ဆိုတဲ့Rotten Tomatoes ရဲ့ Rating မှာ 100 အတိရထားတဲ့Super Hero..ကားကောင်းပါ။Dark Knight ကြီးကို ခဏရပ်ပြီး Caped Crusaderကိုခံစားကြည့်ကြပါစို့…Detective Comic ဝါ Dc fan Guy တို့…..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aung ဖြစ်ပါတယ်….
“Batman ရဲ့ဇာတ်လမ်းအားလုံးကို သင်ကြားဖူးလား။အားလုံးကိုမကြားဖူးတာတော့သေချာပါတယ်။”တကယ်လည်းအကုန်မကြားဖူး မမြင်ဖူးဆိုတာကို သက်သေပြတဲ့အနေနဲ့ Warner Bros. ကနေပြီးတော့ ဂျပန်ဒါရိုက်တာ Junpei Mizusaki နဲ့အတူပေါင်းပြီး Batman ကို ဂျပန် Anime ပုံစံထုတ်လိုက်ပါပြီ။Trailer ထွက်တုန်းက Superhero fan တွေကြားမှာအရမ်းရေပန်းစားခဲ့ပြီးတော့ Series အဖြစ်ထွက်ရှိမယ်လို့ အများထင်ကြေးပေးခဲ့ပေမယ့် တကယ်ထွက်လာတဲ့အခါမှာ Movie အဖြစ်သာထွက်ရှိလာခဲ့ပါတယ်။Animation ဇာတ်ကောင်တွေကို Anime ဇာတ်ကောင်အဖြစ် ဖန်တီးထားတာကြောင့် အမြင်ဆန်းသစ်နေမှာဖြစ်ပြီးတော့ Anime တို့ရဲ့ထုံးစံအတိုင်း Fight Scene တွေဟာလည်း သာမန် Animation ကားတွေနဲ့မတူပဲ သာလွန်ပြီး ကွဲထွက်နေပါတယ်။ ဇာတ်လမ်းအကျဉ်း —————— Batman ဟာ Gotham မြို့မှာ Gorila Grodd ကိုတိုက်ခိုက်နေပါတယ်။ ထိုအချိန်မှာ Grodd ရဲ့ အချိန်ယန္တရားအသက်ဝင်သွားတာကြောင့် ထိုအနီးအနားတစ်ဝိုက်မှာရှိတဲ့လူတွေအားလုံး ဂျပန်ပဒေသရာဇ်ခေတ်ကိုရောက်သွားကြပါတယ်။Batman ဂျပန်ပဒေသရာဇ်ခေတ်ကို ရောက်ရောက်ချင်းမှာပဲ ဆာမူရိုင်းတွေလိုက်ဖမ်းခြင်းကိုခံရကြောင့် ထွက်ပြေးရင်း တောထဲအရောက်မှာ Selina Kyle aka Catwoman နဲ့တွေ့ပါတော့တယ်။Selina Kyle အကြောင်းစုံရှင်းပြတဲ့အခါမှာ Batman ဟာ ဂျပန်ပဒေသရာဇ်ခေတ်ကို သူများတွေထက် ၂နှစ်ကြာနောက်ကျပြီးမှ ရောက်ခဲ့တယ်ဆိုတာ သိခဲ့ရပါတယ်။သူရောက်သွားတဲ့အချိန်မှာပဲ Time Jump နဲ့အတူ ပါလာတဲ့ Gotham ရဲ့ Villain တွေဖြစ်တဲ့ Joker, Penguin, Two Faces, Deathstroke, Poison Ivy တို့ဟာ ပိုင်ဆိုင်ရာနယ်မြေအသီးသီးဆီမှာ အုပ်ချုပ်နေပြီးတော့ Grodd တစ်ကောင်ကတော့ အချိန်ယန္တရားနဲ့အတူပျောက်နေပါတယ်။ထိုခေတ်ကနေ ထွက်နိုင်မယ့်တစ်ခုတည်းသော သော့ချက်ဖြစ်တဲ့ အချိန်ယန္တရားကို Batman တစ်ယောက် ရှာဖွေရင်း ဘယ်လိုအခက်အခဲတွေတွေ့ရမလဲဆိုတာတော့ ကိုယ်တိုင်ပဲဆက်လက်ရှုစားလိုက်ကြပါ။
mmbusticket Bruce Wayne ရဲ့သား Damian Wayne က သူ့အဖေရဲ့လူမသတ်ရစည်းမျဉ်းကို သဘောမကျဖြစ်နေချိန်မှာ လျှို့ဝှက်အဖွဲ့အစည်းတစ်ခုက သူ့ကိုကမ်းလှမ်းခဲ့ပါတယ်။ သူ့ရဲ့အနာဂတ်ကို အဲ့ဒီလျှို့ဝှက်အဖွဲ့အစည်းထဲမှာ နှစ်မြုပ်လို့ရပြီလို့ထင်မိတဲ့အခါမှာ …… (အိမ်း ကွကိုကြိကြပါ)?Gotham မြို့မှာပျောက်ဆုံးနေတဲ့ကလေးတွေနဲ့ပတ်သက်ပြီး Damian က Doll Maker ကိုရှာခဲ့ပါတယ်။ Damian က သူ့ရဲ့ပင်ကိုဗီဇအတိုင်း Doll Maker ကိုသတ်ဖို့အထိစဉ်းစားခဲ့ပေမဲ့ သူ့အဖေ Batman ရဲ့ လူမသတ်ရတဲ့ စည်းမျဉ်းကိုတော့ မတွန်းလှန်နိုင်ခဲ့ပါဘူး။ အဲ့အချိန်မှာ Damian ကိုအမြဲစောင့်ကြည့်နေတဲ့ Talon က Damian ကို လူမသတ်ရစည်းမျဉ်းကိုကျော်လွန်နိုင်ဖို့နဲ့ ပင်ကိုဗီဇကိုသာ အလေးပေးဖို့ပြောကြားခဲ့တယ်။ ပြီးတော့ Talon က Damian ကို ကမ်းလှမ်းမှုတစ်ခုပြုလုပ်ခဲ့တယ် ……. ?Gotham မြို့ရဲ့ အခမ်းနားဆုံးမိသားစုနှစ်ခုဖြစ်တဲ့ Wayne family နဲ့ Vanaver family ရဲ့ မျိုးဆက်ဖြစ်တဲ့ Bruce Wayne နဲ့ Samantha Vanaver နှစ်ယောက်အကြား သံယောဇဉ်လေးကိုလည်း ရှုစားကြပါခင်ဗျ ငိငိ …..?? Teen Titans မှာရောက်နေပေမဲ့ အကူအညီလိုရင် လိုသလိုသိတတ်တဲ့ First Robin:Dick Grayson လဲပါပါတယ် ….?Bruce Wayne ငယ်ငယ်က အခန်းတွေလည်းပါတာမို့ ငယ်ငယ်က Bruce ဟာအခုလိုမာမာထန်ထန်မဟုတ်တာကိုလည်းကြည့်ခွင့်ရမှာပါ Bruce သိမ်ငယ်စိတ်တွေဖြစ်တဲ့အခါ ဖခင်တစ်ယောက်လိုအားကိုးလို့ရတဲ့ Alfred … အိမ်သန့်ရှင်းရေးကအစ Technology အဆုံးအားကိုးရတဲ့ Alfred … သူငယ်ချင်းတစ်ယောက်လိုနေပေးနိုင်တဲ့ Alfred …. ကျွန်တော်တို့အချစ်တော်Alfred ရဲ့ဇာတ်ကောင်ကလည်းပေါ်လွင်ပါတယ်။Damian က Bruce Wayne ရဲ့သွေးအရင်းပေမဲ့ Ra’s al ghul က လေ့ကျင့်ပေးထားတာကြောင့် သူ့ရဲ့စိတ်ပိုင်းက မာကျောတယ်၊ လက်စားချေချင်တယ်၊လူသတ်ချင်တယ်၊ သို့ပေမဲ့ Bruce အပေါ်မှာတော့ ဘယ်လောက်ထိသံယောဇဉ်ရှိတယ်ဆိုတာကိုတော့ …..ဒီ Animation ကို Scott Snyder ရေးသားခဲ့တဲ့ Batman:The Court of Owls story arc ပေါ်အခြေခံထားပြီး ဒီဇာတ်လမ်းရဲ့နောက်ဆက်တွဲအနေနဲ့ Batman:Bad Blood animation ကိုထုတ်ခဲ့ပါတယ်။ Batman vs Robin animation က ကျွန်တော်တို့ DC animated movie တွေရဲ့ထုံးစံမပြတ်အခန်းဆက်တွေထဲကတစ်ခုပါပဲ။Series ပုံစံနဲ့ပြောရမယ်ဆိုရင်တော့ Son of Batman(2014)—->Batman vs Robin(2015)—–>Batman:Bad Blood(2016) တွေပါ။
ဒီကားလေးကိုထွေလာကြည့်ပြီးထင်သလောက်မကောင်းဘူးလို့ထင်ထားခဲ့ပေမယ့်ပျင်းနေတာနဲ့ ဇာတ်ကားစစ်ရင်းကြည့်လိုက်မိတဲ့အခါသေချာကြည့်မိလာတဲ့အထိ အဆုံးထိဆွဲဆောင်မှု့ရှိသွားခဲ့တဲ့ကားကောင်းလေးတစ်ကားဖြစ်နေခဲ့ပါတယ်…Netflix ကနေပြသပြီးတော့ ဇာတ်လမ်းဇာတ်အိမ်ကတော့ ရိုးရိုးရှင်းရှင်းလေးပါပဲ..ချမ်းသာကြွယ်ဝတဲ့သူဌေးသမီးလေး အမာလျာတစ်ယောက်ကံအကောင်းမလှလို့ဆင်းရဲသွားတဲ့အခါမှာသူရဲ့ပတ်ဝန်းကျင်ပါ ပြောင်းလဲသွားခဲ့ရပါတယ်..သူမဟာ အကဝါသနာပါတဲ့ကောင်မလေးတစ်ယောက်ဖြစ်သလိုနာမည်ကြီးဖို့လည်း အရမ်းကိုစိတ်အားထက်သန်နေတဲ့ကောင်မလေးပေါ့….သူမဘဝပြောင်းလဲသွားတဲ့အခါမှာတော့ ရပ်ကွက်ထဲမှာအပျော်တမ်း Battle Dance ကတဲ့ မီကာအဲဆိုတဲ့ကောင်လေးတစ်ယောက်နဲ့တွေ့ဆုံမိပါသွားပါတယ်…ထူးခြားတာက သူမတို့နှစ်ယောက်ရဲ့အကတွေဟာမတူညီကြပါဘူး…သူမရဲ့အကပုံစံက နူးညံ့သိမ်မွေ့သလောက်အဲဒီကောင်လေးရဲ့အကကတော့ Battle ဆန်ဆန်ကရတဲ့မြူးကြွတဲ့ကကွက်တွေဖြစ်ပါတယ်….သူမတို့နှစ်ယောက်အတွက်ညှိယူဖို့ဖြစ်လာတဲ့အရာကတော့ကကွက်တွေပဲဖြစ်ပါတယ်…မီကာအဲရဲ့ကကွက်တွေ နဲ့လိုက်ညှိယူနေရာကနေပြီးတော့ Battle Dance ကိုစပြီးသူ့ဆီကနေသင်ယူခဲ့ပါတယ်..အနေနီးလာတဲ့ သူမတို့နှစ်ယောက်ကြားသံယောဇဉ်တွေများလာခဲ့ပြီးတော့နောက်ဆုံး သူမချမ်းသာစဉ်က ချစ်သူကောင်လေး အက်ဆဲလ်နဲ့ပြသနာဖြစ်ဖို့အကြောင်းဖန်လာပါတော့တယ်…ဒီကားလေးဟာ ချမ်းသာတဲ့ကောင်လေး နဲ့ ရိုးရိုးသာမာန်Underground Battle Dancer ကောင်လေး နှစ်ယောက်ကြားဗျာများနေရတဲ့ ကောင်မလေးတစ်ယောက်ရဲ့ဇာတ်လမ်းလေးကိုအလန်းစား Battle Dance ကကွက်တွေနဲ့ ဖော်ကြူးထားပါတယ်…ဒရမ်မာကြိုက်တဲ့လူတွေအတွက် အစပ်တည့်မှာဖြစ်သလို အရမ်းကိုရိုချင်ပါတယ်ဆိုတဲ့လူတွေအတွက် အကိုက်ပါပဲ….မြူးကြွတဲ့ Beat တွေနားထောင်ရင်းကကွက်တွေကိုကြည့်မယ်ဆိုရင်လည်းဒီကားလေးက သင်တို့အတွက် အံဝင်ခွင်ကျဖြစ်နေဦးမှာပါပဲ…ဒါကြောင့် အခုပဲကြည့်ဖို့ပြင်လိုက်ရအောင်လား…..
Battle Drone ရုပ်ရှင်ဇာတ်ကားဟာ ၂၀၁၈ခုနှစ်ထွက် အမေရိကန်အက်ရှင်ကားတစ်ကားဖြစ်ပါတယ်အခုလက်ရှိမှာ Imdb rating 4.6/10 ရရှိထားပြီး ဇာတ်လမ်းကြာမြင့်ချိန်ကတော့ ၁နာရီခွဲပါပါဝင်သရုပ်ဆောင်ထားသူတွေကတော့ မင်းသမီးချော Dominique Swain…..Natashia Malthe…..မင်းသား Michael Pare….Louis Mandylor စတဲ့သူတွေဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့အမေရိကန်ထိပ်တန်းလျှို့ဝှက်အဖွဲ့ စီအိုင်အေနှင့်အလုပ်လုပ်နေတဲ့ ကြေးစားလူသတ်သမားတစ်ဖွဲ့ဟာ ယူကရိန်းနိုင်ငံ ချာနိုဘီမှာ တာဝန်ထမ်းဆောင်ဖို့ကမ်းလှမ်းချက်ကိုလက်ခံလိုက်ပါတယ်….. သို့ရာတွင် အမေရိကန်အစိုးရဘက်မှသစ္စာဖောက်ခြင်းကိုခံရပြီး သူတို့ကိုချောင်းမြောင်းတိုက်ခိုက်မယ့် ကြောက်မယ်ဖွယ်ရာ အရာတွေက စောင့်ကြိုနေပါတော့တယ်…..သူတို့တစ်တွေ လွတ်အောင်ပြေးနိုင်ပါ့မလား…..ဘယ်လိုမျိုးစိတ်ဝင်စားဖွယ်ရာ အက်ရှင်ခန်းတွေမြင်တွေ့ရမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါဦး
စစ်ကားတွေထဲမှာမှ အမေရိကန်နဲ့ ဂြိုလ်သားတွေရဲ့စစ်ပွဲတွေဟာမဆန်းတော့ပါဘူး..ဒါကြောင့် ဒီကားကလည်း Independence Day တို့လိုပဲ ကမ္ဘာမြေပေါ်ကိုကျူူးကျော်နယ်ချဲ့ထွင်လာတဲ့ ဂြိုလ်သားတွေနဲ့အမေရိကန်စစ်တပ်တို့ရဲ့အပြင်းအထန်တိုက်ခိုက်တာတွေကို ဖော်ပြထားပါတယ်…စစ်တစ်ခုဖြစ်လာတဲ့အခါအများဆုံးထိခိုက်ရတာကတော့ပြည်သူတွေပဲဖြစ်ပါတယ်…နောက်ပြီးတော့ ဒီလူတွေကိုကာကွယ်ဖို့အတွက်သစ္စာဆိုထားတဲ့ စစ်သားတွေရဲ့ရင်းနှီးမှု့တွေကလည်းမသေးပါဘူး…ဒါပေမယ့် သူတို့ရင်ဆိုင်နေတဲ့အရာတွေက သာမာန်ထက်လွန်ကဲနေတဲ့သတ္တဝါတွေဖြစ်နေတဲ့အတွက်ကြောင့် အမေရိကန်လိုစစ်အင်အားကြီးခေတ်မီလက်နက်တွေတပ်ဆင်သုံးစွဲနေတဲ့ နိုင်ငံတောင်ဆုံးရှုံးမှု့တွေကြီးလှပါတယ်…အမည်မသိ ဘာအမျိုးအစားမှန်းလည်းမသိတဲ့ သတ္တဝါတွေကြောင့်ပြည်သူတွေကို ကယ်ဆယ်ထုတ်ဖို့သွားရန်အတွက်အမိန့်ပေးခြင်းခံရတဲ့ တပ်စုတစ်စု ကယ်ဆယ်ဖို့သွားရင်းကနေသူတို့ပါ ရန်သူတွေရဲ့ သတ်ကွင်းမှာ ဓားစားခံတွေလိုပိတ်မိနေကြပါတယ်…အချက်ပေါင်းများစု ပစ်သတ်လည်း မသေတဲ့ ဒီသတ္တဝါတွေကြောင့်ဒီတပ်စုလေးတစ်စုဟာ ဒီအန္တရာယ်တွေကြားထဲကနေ ပြည်သူတွေကိုအသက်ရှင်လျက်နဲ့ဘယ်လိုကယ်ဆယ်ထုတ်မလဲဆိုတာ စိတ်ဝင်စားစရာပါပဲ…စတေးမှု့တွေမရှိပဲ စစ်ဆိုတာ ပြီးဆုံးသွားမှာမဟုတ်ပါဘူး…ဒီကားလေးထဲမှာလည်း စစ်တကယ်တမ်းဖြစ်လာရင် ဘယ်လိုဆုံးရှုံးမှု့တွေဖြစ်လာတယ်ဆိုတာကို ရိုက်ပြထားတာကြောင့်စစ်ကားကြိုက်သူများလက်လွတ်မခံသင့်တဲ့ ကားကောင်းလေးတစ်ကားလို့ပြောပါရစေ…
Bayou Caviar(2018)ဒီကားဟာ Rotten Tomatoesက ဆရာကြီးတွေ Rate လုံးဝမပေးထားပဲ Audience Score 100% အတိရထားတဲ့ကားပါ။ Tom Cruise ရဲ့ Jerry Maguireကားမှာ Supporting Role အော်စကာရထားတဲ့ မင်းသား Cuba Gooding Jr. ကိုယ်တိုင်ဇာတ်ညွှန်းရေး ကိုယ်တိုင်ရိုက် ကိုယ်တိုင် သရုပ်ဆောင်ထားပါတယ်။ Old X men timeline က Attractive အပြည့်နဲ့ မမ ဂျင်း Famke Janssenကို တစ်ဖန်မြင်ရဦးမဲ့ ကားလည်း ဟုတ်ပါတယ်။ ှဇာတ်လမ်းသွားမှာတော့ ဘောက်ဆင် ချန်ပီယံဟောင်း တစ်ယောက်နဲ့ ရုရှ လူဆိုးဂိုဏ်းတစ်ခုရဲ့ အဖြစ်အပျက်တွေကို ကို ပြထားပြီး လိင်ကိစ္စ အာဏာ ငွေ အကြမ်းဖက်မှုတွေကြားမှာ မိသားစုအတွက် တိုက်ခိုက်နေတဲ့ လူတစ်ယောက်အကြောင်း ဒရာမာ အပြည့်ခင်းပြသွားမှာပါ.. ဘယ်လိုခင်းမလဲတော့ ကိုယ်တိုင်ပဲ ခံစားကြည့်ပါ။ဒီကားမှာ မတ်မတ် Famke Janssenကြီးရဲ့ ခပ်မိုက်မိုက်စတိုင်လေးတွေကို အတော်ကြွေချင်စရာကောင်းအောင် မြင်ကြရမှာပါ။ ဒီတော့ကာ Old X men fan တွေ ကြည့်ကို ကြည့်သင့်တယ်လို့ Recommand ပေးပါတယ်။ထပ်ဆောင်းပြောရရင် Richard Dreyfuss ကြီးဟာလည်း Leading Role Oscar ပိုင်ရှင်ကြီးပါ။ ကဲ..Oscar Winner နှစ်ယောက်နဲ့ ဒီကားက ကြည့်ဖို့တန်လား မတန်လားတော့ ကိုယ့်ဘာသာ ကိုယ်ပဲ ဆုံးဖြတ်ကြပါတော…ဇာတ်လမ်းအညွှန်းကို Wira Aung မှရေးသားပေးပြီး ဘာသာပြန်သူကတော့ Nay Chi ပဲဖြစ်ပါတယ်…
mmbusticketBe with you ဆိုတဲ့ကိုရီးယားကားလေးကတော့ စာရေးဆရာ Takuji Ichikawa ရေးသားထားတဲ့ ဝတ္ထုကိုရိုက်ကူးထားတဲ့ 2004 ခုနှစ်က ထွက်ရှိထားတဲ့ ဂျပန်ကားလေးကို ပြန်လည်ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ်ဒီဇာတ်ကားမှာတော့ မိဘမေတ္တာ၊မိသားစုမေတ္တာ၊ ချစ်သူနှစ်ဦးရဲ့သံယောဇဉ်နဲ့ အမေ မရှိတော့တဲ့ကလေးတစ်ယောက်ရဲ့ခံစားချက်တွေ…..ရသပေါင်းစုံကိုပေးတဲ့ဇာတ်ကားကောင်းလေးပါအသက် ၇ နှစ်အရွယ်မှာ အမေဆုံးရှုံးလိုက်ရလို့ အမေဟာ မိုးရာသီရောက်တဲ့အခါ မိုးစက်ရထားကိုစီးပြီး တိမ်လွှာတိုင်းပြည်ကနေ သူ့ဆီကိုပြန်လာမယ်ဆိုတဲ့ ပုံပြင်စာအုပ်ထဲကအတွေးတွေ အမြဲတမ်းရှိနေတဲ့ ဂျီဟို၊ဒီလိုနဲ့ မိုးရာသီရောက်တဲ့အခါ ပုံပြင်ထဲကအတိုင်း တကယ် သူ့အမေပြန်လာတာကို တွေ့လိုက်ရတဲ့အခါ ဝမ်းသာမဆုံး၊မယုံနိုင်ဖြစ်ခဲ့ရတဲ့ သားအဖနှစ်ယောက်သို့သော်လည်း အမေဖြစ်သူကတော့ ဘာမှမမှတ်မိနိုင်ပဲ မှတ်ဉာဏ်တွေပျောက်ဆုံးနေခဲ့တယ် သူ့အမေနဲ့တစ်ပုံစံတည်းတူတဲ့သူဟာ တကယ်ပဲ တိမ်လွှာတိုင်းပြည်ကနေ ပြန်လာခဲ့တာလား……….ဒါမှမဟုတ် ရုပ်တူတဲ့ တခြားတစ်ယောက်လားဆိုတာ
2017 ခုနှစ်ထွက် Imdb 6.9 ရထားတဲ့ အချစ်ဟာသဇာတ် မြူးကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်ကားလေးကတော့ ထက်မြက်တဲ့ မိန်းမတစ်ယောက် ကသူ့အချစ်ရေးမှာတွေ့ကြုံရတဲ့အလွဲလေးတွေကို ရိုက်ကူးပြထားတာဖြစ်ပြီး ပေါ့ပေါ့ပါးပါးလေးနဲ့ ပိတ်ရက်မှာ အပန်းဖြေကြည့်ဖို့အတွက်တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်း အကျဉ်းလေးကတော့ အောင်မြင်မူ့တွေရနေတဲ့ ရှေ့နေမတစ်ယောက် တစ်နေ့မှာ အဝေးပြေးလမ်းမှာ ကားမတေည်တဆမူဖြစ်ခဲ့ပါတယ်မတော်တဆမူ့ကြောင့် ဖြစ်လာတဲ့ အကျိုးဆက်ကို သူကိုယ်တိုင် တာဝန်ယူလာဖို့ ဖြစ်လာတော့ သူ့ရဲ့ ဆိုးသွမ်းတဲ့ သားသမီး၂ယောက်နဲ့ ယောကျာ်းကြားထဲမှာ ဘယ်လိုတွေဗျာများရမလဲ သူတာဝန်ယူရတဲ့ ပြသနာကကောဘာလဲ သူကိုယ်တိုင်ကကော ဘယ်လို အလွဲတွေနဲ့ကြုံခဲ့ရတာလဲ အစရှိတာတွေကိုတော့ပရိတ်သတ်ကြီးက ဆက်လက်ကြည့်ကြရမှာပါ
ကျွန်မတို့က အက်မွန့်ဟေးက အမှတ် ၃၁၁ လီနော့ခြံမှာ Video ရိုက်ခွင့်လာယူတာပါ …” – ” မင်းတို့အဲအိမ်ကိုမသွားသင့်ဘူးနော်….ကြောက်ဖို့ကောင်းတယ်..” ”မီးတွေ ပိတ်သွားတာတောင် သီချင်းပွင့်နေသလိုမျိုး ကြောက်ဖို့ကောင်းတာလား ” ” မီးတွေမှောင်လိုက် လင်းလိုက် ပုံစံမျိုးလား” -” လူတွေအပိုင်းပိုင်းခုတ်ခံရပြီး နံရံပေါ်မှာ လက်ဝါးကပ်ပုံစံမျိုးထားခံရတာ အဲလိုကြောက်စရာကောင်းတာမျိုး” ”မင်းတစ်ယောက်တည်းနေတုန်းက ဘာမြင်ခဲ့တာလဲ” – ”ငါပြောတာကိုယုံလိုက် မင်းမသိချင်ပါဘူး….” ”ဘေလီလုပ်ပါကွာ…” – ”ငါ အလောင်းတွေအများကြီးတွေ့ခဲ့တယ်ကွာ… ” ” တကယ်လား…” ” ဘယ်သူတွေလဲကွ ” – ” မင်းလည်းပါတယ်…..” Horror ပရိတ်သတ်တွေအတွက် “Before someone gets hurt”ဆိုတဲ့ဇာတ်လမ်းနဲ့ မိတ်ဆက်ပေးချင်ပါတယ်… သရဲရှာဖွေရေးခေါင်းစဉ်နဲ့ အင်တာနက်ပေါ် အထိုက်အလျောက် နာမည်ရထားတဲ့ သူငယ်ချင်းအဖွဲ့တစ်ဖွဲ့… စနောက်တာ ဝါသနာပါတဲ့ သူငယ်ချင်းတွေ.. တစ်နေ့ သူတို့သရဲရှာဖွေရေးအဖွဲ့ ရိုက်ကူးရေးလုပ်မဲ့ နေရာက အရင်နေရာတွေနဲ့ မတူတဲ့ အိမ်တစ်အိမ်ဖြစ်ခဲ့ပါတယ်…. ဒီအိမ်မှာပဲ လူသတ်မှုပေါင်း အများအပြားဖြစ်ခဲ့ပါတယ်… သေဆုံးတဲ့လူတွေကလဲ ထူးဆန်းတဲ့ပုံသဏ္ဍာန်တွေနဲ့ သေဆုံးခဲ့ကြတာပါ… သူတို့အဖွဲ့ဟာ အရင်ကထက် နာမည်ပိုရချင်တာနဲ့ ဒီအိမ်ကို စွန့်စားရွေးချယ်ခဲ့ကြပါတယ်… သူတို့ အဲ့အိမ်ကို ရောက်သွားတဲ့အချိန်မှာတော့…. သူတို့အတွက် နောက်ကျသွားခဲ့ပါပြီ…. ကံဆိုးစွာနဲ့ ဒီအဖွဲ့ဟာ အဲ့အိမ်မှာ ပိတ်မိခဲ့ကြပါတယ်… သူတို့ဘယ်လို ကြောက်စရာတွေနဲ့ တွေ့ပြီး ဘယ်သူတွေ လွတ်မြောက်နိုင်မလဲဆိုတာ ပရိတ်သတ်ကပဲ စိတ်လှုပ်ရှားစွာ ကြည့်ရှုပါဦးနော်…
Valley of Tears 2020
Wu Assassins
War & Peace
Watchmen
Warrior Nun
When They See Us
Freakish
Treadstone
Truth Be Told
Unbelievable
Victoria
Watership Down
Drama, Horror, Mystery
ဒီဇာတ်ကားကတော့ crime ဆန်ဆန်အက်ရှင်ကားမှ ကြိုက်သူများအတွက်အကြိုက်တွေ့မယ့်ဇာတ်ကားဖြစ်ပါတယ်
မိုက်ဟာ အမည်ခံကုမ္ပဏီတည်ထောင်ပြီး စတော့ရှယ်ယာကစားတဲ့တရားမဝင်အလုပ်ကိုလုပ်ကိုင်တဲ့သူဖြစ်ပါတယ်
မိုက်ရဲ့လုပ်ကိုင်ပုံကျွမ်းကျင်မှုကြောင့် သူ့ရဲ့အလုပ်သူဌေးတွေသဘောကျခြင်းခံတဲ့သူပေါ့
တစ်နေ့မှာတော့ မိုက်ဟာအလုပ်ကိစ္စသွားရင်းလူသတ်မှုနဲ့ထောင်ချောက်ဆင်ခံလိုက်ရကာ ထောင်ကျခဲ့ရပါတယ်
မိုက်ရဲ့ဘဝဟာလုပ်ငန်းရှင်ထောင်ထွက်တစ်ယောက်ဘဝရာက်သွားရပါတော့တယ်
မိုက်တစ်ယောက်ဘာကြောင့်သူ့ကိုထောင်ချောက်ဆင်တယ်
ဘယ်သူကသူ့ကို ဒုက္ခပေးနေတယ်ဆိုတာကို လက်စားချေဖို့ လိုက်လံစုံစမ်းပါတော့တယ်
မိုက်တစ်ယောက်နောက်ဆုံးမှာသူ့ရဲ့ရန်သူတွေကိုအောင်အောင်မြင်မြင် လက်စားချေသွားနိုင်ပါ့မလားဆိုတာကို
ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုလိုက်ကြပါဦး
Thriller
Below Zero (2021)
===============
IMDb Rating – 6.3/10
CM ပရိသတ်ကြီး အကြိုက်တွေ့မယ့် Action, Crime ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။
မာတင်ဟာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာတတ်တဲ့ ရဲတစ်ဦးပါ။ တစ်နေ့ သူပြောင်းတဲ့ ရဲဌာနမှ
ပထမဆုံးတာ တာ၀န်အနေနဲ့ အကျဉ်းသားတွေကို နေရာပြောင်းရွှေ့တဲ့ တာ၀န်ကို ထမ်းဆောင်ရပါတော့
တယ်။ ဒီလိုနဲ့ပဲ မာတင်ဟာ သူအပါအ၀င် နောက်ထပ် ရဲ ၃ ယောက်နဲ့အတူ အကျဉ်းသား ၆ ယောက်ပါတဲ့
အချုပ်ကားကို မောင်းပြီး မြူဆိုင်းတဲ့ ညဘက်မှာ တာ၀န်ထမ်းဆောင်ရပါတော့တယ်။
ဒီလိုနဲ့ မောင်းလာရင်း လမ်းခုလတ်မှာ ကားဘီးကလည်းပေါက် အရံလိုက်လာတဲ့ ရဲနှစ်ယောက်ရဲ့ကားနဲ့လည်း
အဆက်ပြတ်သွားတဲ့အတွက် သူကိုယ်တိုင် မောင်းလာတဲ့ ကားပေါ်က ဆင်းကြည့်တဲ့အခါ ခြုံခိုတိုက်ခိုက်ခံ
နေရပြီဆိုတာ သိလိုက်ရပါတော့တယ်။ အရံပါလာတဲ့ ရဲ ၃ ယောက်ကလည်း ကျ အချုပ်ကားထဲက အကျဉ်း
သား ၆ ယောက်ကလည်း စပြီး ပုန်ကန် အပြင်ကရန်သူတွေက တစ်ဖက်နဲ့ မှောင်မဲပြီး လူသူကင်းတဲ့ လမ်းမပေါ်မှာ
မာတင်တစ်ယောက် ဘယ်လို နှစ်ပါးသွားမလဲဆိုတာကို စိတ်၀င်စားဖွယ် မြင်တွေ့ရမှာဖြစ်ပါတယ်။
မနေ့ကမှ ထွက်ရှိလာတဲ့ Action ကားသစ်ဖြစ်ပြီး IMDb Rating 6.3/10 ရရှိထားတဲ့ ကားကောင်း ကားသစ်
လေးဖြစ်ပါတယ်။
Action, Adventure, Crime
Krack(2021) အညွှန်း
******************
တီလူဂူးဇာတ်ကားလေးတွေကို မျှော်နေကြတဲ့ အိန္ဒိယတောင်ပိုင်းရုပ်ရှင် ပရိတ်သတ်တွေအတွက် မနေ့ကထွက်တဲ့
Ravi Teja နဲ့ Shruti Haasan တို့ရဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။
Krack ဆိုတဲ့အဓိပ္ပါယ်ကိုက သူတို့ဘာသာစကားမှာ “ခေါင်းမာတဲ့သူ”ပါ။
ဒီတော့ ဒီရုပ်ရှင်ထဲက အဓိကဇာတ်ကောင်ဖြစ်တဲ့ ဗီရားရှန်ကာဆိုတဲ့ ရဲအရာရှိဟာ မတရားမှုတွေကို
ကိုင်တွယ်ရာမှာ ကြမ်းတမ်းတယ် ၊ သက်ညှာမှုကင်းမဲ့တယ်။
ဘယ်အရာကိုမှ မကြောက်တတ်ဘဲ လုပ်စရာရှိတာကို ခေါင်းကြောမာမာနဲ့ တဇွတ်ထိုးလုပ်တတ်သူပေါ့။
ဇာတ်လမ်းအစအစမှာ ပြသွားတဲ့ သံတစ်ချောင်း ၊ ၅၀တန် အကြွေတစ်ရွက်နဲ့ သရက်သီးတစ်လုံးဟာ ဗီရားရှန်ကာကိုင်တွယ်ခဲ့တဲ့
ဒိတ်ဒိတ်ကြဲလူဆိုး လူရမ်းကားသုံးယောက်ကို ကိုယ်စားပြုတယ်ဆိုတာ ဇာတ်လမ်းအလယ်လောက်ရောက်မှ နားလည်မယ်။
တစ်ယောက်ချင်းစီကို ကိုယ်တွယ်ပုံဟာ ဒီဇာတ်လမ်းရဲ့ frame ဖြစ်ပြီး ၊
တောင်ပိုင်းရုပ်ရှင်အထွက်နည်းလှတဲ့ အခုလိုအချိန်မျိုးမှာ ရဲကားကောင်းကောင်းကြည့်လိုသူတွေအဖို့
ကျေနပ်ကြလိမ့်မယ်ထင်ပါတယ်။
Action, Thriller
Pirates of the Caribbean: On Stranger Tides(2011)[1080P5.1CH]
((((ဒီဇာတ်ကားတွေက ဘယ်အချိန်ပြန်ကြည့်ကြည့် မရိုးနိုင်တဲ့ စာရင်းထဲပါလေတော့ Pirates of the Caribbean ပရိတ်သတ်တွေအတွက် HEVC,1080P5.1CH,720Pြ ဖင့် ရသမြောက်စွာ
ခံစားနိုင်စေရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်))))
ဂျက်နဲ့ လူမှားပြီး ဂစ်ဘ်ကို ကြိုးပေးမယ့်အရေးမှာ ဝင်ကယ်ပေးလိုက်ရပြီးတဲ့နောက် တစ်ကိုယ်တည်းကောင်းစားနေတဲ့ ဘာဘိုဆာဆီ
ရောက်သွားကြပြန်တယ်။ ဒါပေမယ့် ဂစ်ဘ်ပဲကျန်ခဲ့ပြီး ဂျက်ကတော့ သူ အချစ်ဟောင်း အန်ဂျလီကာကောင်းမှုနဲ့
မုတ်ဆိတ်နက်ဆီရောက်သွားတဲ့နောက် စပိန်တွေက တပန်းသာနေတဲ့ ထာဝရသက်ရှည်ရေပန်းကို ရှာနိုင်ဖို့ စိုင်းပြင်းရပြန်တယ်…
Pirates of the Caribbean On Stranger Tides(2011)
Action, Adventure, Fantasy
Pirates of the Caribbean: At World’s End(2007)[1080p5.1ch]
IMDb…7.1
((((ဒီဇာတ်ကားတွေက ဘယ်အချိန်ပြန်ကြည့်ကြည့် မရိုးနိုင်တဲ့ စာရင်းထဲပါလေတော့ Pirates of the Caribbean ပရိတ်သတ်တွေအတွက် HEVC,1080P5.1CH,720Pြ ဖင့် ရသမြောက်စွာ
ခံစားနိုင်စေရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်))))
သူရဲကောင်းဆန်ဆန်နဲ့ ကရာကန်ကြီး ပါးစပ်ထဲ ဓားတစ်ချောင်းနဲ့ ဝင်ပြီး အားလုံးကို ပေးဆပ်သွားတဲ့နောက်တော့ ဝီလ်တန်နာနဲ့
အဲလိဇဘက်တို့နှစ်ယောက်သား ကပ္ပတိန် ဘာဘိုဆာနဲ့ ပူးပေါင်းပြီး ဂျက်ကို ဒေဗီဂျုန်းဆီကနေ လွတ်အောင် ကယ်ဖို့ ကြိုးစားရတော့တယ်။
ဒါပေမယ့် နှစ်ယောက်မရှိတဲ့ ဂျက်စပဲရိုးက သူ ဘာကောင်လဲဆိုတာကို ဂဏန်းတွေနဲ့ ပုလဲနက်နဲ့ ပြလိုက်တယ်
ဒေဗီဂျုန်းကိုလည်း လော့ဒ် ဘက်ကပ်တ်က ထိန်းချုပ်ထားပြီး ပင်လယ်ပြင်တခွင်တစ်ခုလုံးရဲ့ သင်္ဘောတွေအကုန်ကို
ဖျက်ဆီးခိုင်းတဲ့နောက်တော့ ဝီလ်၊ အဲလိဇဘက်နဲ့ ဘာဘိုဆာတို့နဲ့ အတူ ကပ္ပတိန် ဂျက်စပဲရိုးပါ တိုက်ပွဲထဲ ဝင်ပါလာရတော့တယ်…
Pirates of the Caribbean At World’s End(2007)
Action, Adventure, Fantasy
Space Jam (1996)
===============
မိုက်ကယ်ဂျော်ဒန်ဆိုတဲ့ ဘတ်စ်ကတ်ဘောဘုရင်ဟာ ငယ်စဉ်ကတည်းက ဖခင်ဖြစ်သူလိုမျိုး ဘေ့စ်ဘောကစားသမား ဖြစ်ချင်ခဲ့တာပါ။ သူအရွယ်ရောက်ပြီ ဘတ်စ်ကတ်ဘောအားကစားလောကမှာ အထွဋ်ထိပ်ထိ တက်လှမ်းပြီးသွားတဲ့နောက် ဘတ်စ်ကတ်ဘောလောကကနေ ရုတ်တရက်ရပ်နားပြီး ကလေးဘဝကဆန္ဒကို အကောင်အထည်ဖော်ဖို့ ဘေ့စ်ဘောလောကထဲကို ခြေစုံပစ်ဝင်လိုက်ပါတယ်။
ဘေ့စ်ဘောမှာအဆင်မပြေပေမယ့် ဘတ်စ်ကတ်ဘောဘုရင်ဖြစ်တဲ့သူ့ကို အဖွဲ့သားတွေကအပြစ်မမြင်ပေမယ့် ပရိတ်သတ်တွေနဲ့မီဒီယာကတော့ ကြိတ်မနိုင်ခံမရဖြစ်နေကြတာပေါ့။ ဒီအချိန်မှာ မိုရွန်တောင်ကဂြိုလ်သားတွေက ဝယ်သူတွေကိုဆွဲဆောင်ဖို့ Looney Tunesတစ်ဖွဲ့လုံးကို ဖမ်းဆီးဖို့လွှတ်လိုက်ပါတယ်။ သေးကွေးနှေးကွေးတဲ့ဒီဂြိုလ်သားတွေနဲ့ ဘတ်စ်ကတ်ဘောပြိုင်ဆော့ဖို့စိန်ခေါ်လိုက်ပြီးမှ ဂြိုလ်သားတွေဘာလို့ကြီးထွားကုန်တာလဲ။ သူတို့တွေကမိုက်ကယ်ကိုအကူအညီတောင်းတဲ့အခါ ဘေ့စ်ဘောကစားသမားဖြစ်နေတဲ့သူကရော ကူညီပါ့မလား။ Looney Tunesတစ်ဖွဲ့လုံးနဲ့အတူတူ မိုက်ကယ်ပါ ဂြိုလ်သားတွေရဲ့ အကျဉ်းသားဘဝရောက်သွားမလားဆိုတာကိုတော့… နာမည်ကျော်မိုက်ကယ်ဂျော်ဒန်ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားပြီး IMDb 6.4 ရထားတဲ့ ဒီကာတွန်းလေးက ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရွှင်မြူးစေမှာဖြစ်လို့ ကြည့်ရှုဖို့လက်တို့လိုက်ရပါတယ်။
Adventure, Animation, Comedy, Family, Science Fiction
Experimenter (2015)
ဒီကားက
ကျွန်တော်တို့ဟာ တစ်ခါတစ်ရံမှာ ကြိုးတွေကို တွေ့ကောင်းတွေ့နိုင်ပေမယ့်
သတိပြုမိတဲ့စိတ် ကသာလျှင် ကျွန်တော်တို့အတွက် လွတ်မြောက်ခြင်းရဲ့ ဦးဆုံးခြေလှမ်း ဖြစ်ရမှာပါ။”
IMDb – 6.6/10 ရရှိထားတဲ့ ကားကောင်းတစ်ကား ဖြစ်တာမို့ ကြည့်ရှုစေချင်ပါတယ်။
ဆု ၂ ဆု နဲ့ တစ်ကြို ၅ ကြိမ် ဝင်ခဲ့တဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။
Los Angeles Film Festival 2015 နဲ့ Political Film Society, USA 2015
တို့မှာ ဆု ရရှိခဲ့ပြီးတော့
တော့ နိုင်ငံရေးနဲ့ နှီးနွယ်တဲ့ စိတ်ပညာကို လေ့လာချင်တဲ့လူတွေ စိတ်ဝင်စားမယ့် ဇာတ်ကားကောင်းတစ်ကားပါပဲ။
တကယ့်အဖြစ်အပျက်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။
လူမှု စိတ်ပညာရှင် စတန်လေ မီလ်ဂရမ် ရဲ့ ၁၉၆၁ မီလ်ဂရမ် စမ်းသပ်ချက်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။
ဒီစမ်းသပ်ချက်ကတော့ လူတွေရဲ့နာခံမှု(Obedience) ကို စမ်းသပ်ချက်ပဲ ဖြစ်ပါတယ်။
လူစိမ်းနှစ်ယောက်ကို ခေါ်ပြီး တစ်ဘက်က သင်ယူသူ တစ်ဘက်က သင်ကြားသူအနေနဲ့ ထားပြီးတော့
မှားရင် လျှပ်စစ်ရှော့တိုက်တဲ့နည်းနဲ့ နာခံမှု ဘယ်လောက်ရှိတယ်ဆိုတာကို စမ်းသပ်တာပဲ ဖြစ်ပါတယ်။
ဒီတော့ ကျွန်တော်တို့ Obedience ကို သိပ္ပံနည်းကျကျ အချက်အလက်တွေနဲ့ လေ့လာကြည့်ရအောင်။
ကောင်းတာတစ်ခုကတော့ ဒါက ဇာတ်လမ်းသဘောဖြစ်နေတဲ့အတွက် လုံးဝ ပျင်းအိုင်သွားခြင်း မရှိတာပါပဲ။
မီလ်ဂရမ် ဟာ အခြားစမ်းသပ်ချက်တွေဖြစ်တဲ့ Small World Experiment နဲ့ Lost letter experiment တို့ကိုလည်း လုပ်ခဲ့ပါသေးတယ်။
“ကျွန်တော်တို့က ရုပ်သေးရုပ်တွေလို့ ခင်ဗျား ဆိုလို့ ရပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ဟာ အသိဉာဏ် နဲ့ သိတတ်နားလည်မှုတွေပါ ပါဝင်တဲ့ ရုပ်သေးရုပ်တွေပါလို့ ကျွန်တော်ကတော့ လက်ခံယုံကြည်ထားပါတယ်။
Biography, Drama, History
ဇာတ်လမ်းအကျဉ်း
ဒီဇာတ်ကားလေးကတော Song Joong Ki ရဲ့ ၂၀၂၁ ကမှအသစ်စက်စက်ထွက်ရှိထားတဲ့ Sci-Fic ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်
အနာဂတ်ကမ္ဘာကိုစိတ်ကူးယဉ်ပုံဖော်ထားတာဖြစ်လို့စိတ်ဝင်စားဖို့ကောင်းပြီး Setting ချပုံကအစထူးခြားတဲ့ကားလေးဖြစ်ပါတယ်
ကင်ထယ်ဟို (Song Join Ki) ဟာတစ်ချိန်တုန်းကအာကာသစောင့်ကြပ်သူတွေရဲ့ ကွန်မန်ဒါခေါင်းဆောင်ဖြစ်ခဲ့ပေမယ့်
အကြောင်းအမျိုးမျိုးကြောင့် လက်ရှိမှာတော့ရာထူးကချခံလိုက်ရပြီးအာကာသထဲလွင့်စင်သွားတဲ့
မွေးစားသမီးလေးကိုလိုက်ရှာနေတဲ့ဆင်းရဲသားတစ်ယောက်ဖြစ်နေပါတယ်
တစ်နေ့မှာတော့ ပေါက်ကွဲနိုင်တယ်လို့ကြေငြာထားတဲ့ နာနိုဘော့နည်းပညာသုံးကလေးပုံစံစက်ရုပ်လေးဟာ
ထယ်ဟိုဆီကိုရောက်လာပါတယ်ပိုက်ဆံလိုနေတဲ့ထယ်ဟိုကတော့ စက်ရုပ်ကိုအသုံးချပြီးငွေရအောင်
်ကြိုးစားပါတော့တယ် ဒါပေမယ့်စက်ရုပ်လို့ထင်ထားခဲ့တဲ့ကလေးလေးဟာလူသားတစ်ယောက်ဖြစ်နေတဲ့အခါမှာတော့
ထယ်ဟိုတစ်ယောက်ဘယ်လိုဆက်လုပ်သွားမလဲ
ကလေးမလေးနောက်ကွယ်မှာရောဘယ်လိုလျှို့ ဝှက်ချက်တွေရှိနေတာလဲဆိုတာကို
ဇာတ်လမ်းထဲမှာဆက်လက်ရှုစားလိုက်ကြပါဦး
Action, Adventure, Drama
ဒီတစ်ခေါက် Netflix မှာအသစ်ထွက်ရှိလာတဲ့ တရုတ်သိုင်းကားဆန်ဆန်ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးချင်ပါတယ်
ဒီဇာတ်ကားက တရုတ်ပြည်ကမိုဘိုင်းဂိမ်းတစ်ခုကိုအခြေခံပြီးရိုက်ကူးထားတာလို့လည်းသိရှိရပါတယ်
effectတွေလည်းကောင်းကောင်းသုံးထားပြီးတော့ ကြည့်ရတာ တကယ်မိုက်မယ့်ဇာတ်ကားကောင်းတစ်ကားပါ
ဇာတ်လမ်းအကျဉ်းချုပ်ကတော့ မကောင်းဆိုးဝါးမြွေဆိုးကိုနှိမ်နင်းဖို့အတွက် ကျင်မင်ဆိုတဲ့ဘုန်းတော်ကြီးက မြို့တော်ကိုလာခဲ့ပါတယ်
မြွေဆိုးရဲ့အရိပ်တွေက ခဏခဏ လူတွေကြားထဲကိုထွက်လာလေ့ရှိပါတယ်
တကယ့်ခန္ဓာကိုယ်အစစ်ကတော့ ဘုရင်မကြီးရဲ့ခန္ဓာကိုယ်ထဲမှာ ထိန်းသိမ်းထားတာပါ
ဒီလိုအန္တရာယ်ကျရောက်လာပြီဆိုရင် ဂိုဏ်းကြီးလေးဂိုဏ်းကဆရာလေးဆူ စုပြီးတော့ မြွေဆိုးကိုနှိမ်နင်းရပါတယ်
ဒါပေမယ့် ဒီတစ်ခေါက်မှာတော့ မြွေဆိုးရဲ့ခန္ဓာကိုယ်အစစ်ထွက်လာတော့မှာပါ
ဒါကို ဆရာတွေဘယ်လိုကာကွယ်ကြမလဲဆိုတာ ရင်ခုန်ဖွယ်ကြည့်ရူရမယ့် ဇာတ်ကားကောင်းတစ်ကားပါ
တရုတ်သိုင်းကားတွေနှစ်သက်သူအတွက်တော့ ကြည့်သင့်တဲ့ကားကောင်းတစ်ကားဖြစ်လို့ ညွှန်းပေးလိုက်ရပါတယ်
The Yin Yang Master Dream of Eternity (2021)
Action, Drama, Fantasy
Agent Revelation 2021 ကတော့ Action/Sci-fic/Thriller ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ IMDb rating ကတော့ 6.2/10 ရထားပါတယ် ။
ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် ကင်နီယန်းလို့ခေါ်တဲ့ ဂြိုဟ်သားမျိုးနွယ်ဟာလူသားတွေကို အက်ရှ်(Ash) ဆိုတဲ့စွမ်းအင်တစ်မျိုးကိုအသုံးချပြီးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကထိန်းချုပ်လာခဲ့တာပါ၊၊ ဒါပေမဲ့ လူသားတွေရဲ့ လောဘကို သဘောပေါက်သွားတဲ့ ဂြိုလ်သားတွေဟာ အက်ရှ်စွမ်းအင်ကို မသုံးပဲ လောဘတရားတွေနဲ့သာ လူသားတွေကို ထိန်းချုပ်ခဲ့ပါတယ်။ ကမ္ဘာပေါ်က အက်ရှ်စွမ်းအင်သွေးနှောသူတွေကိုအကုန်ရှင်းခဲ့ကြပါတယ်။ မတော်တဆဖြစ်ရပ်တစ်ခုကြောင့် ကမ္ဘာပေါ်မှာဖွက်ထားတဲ့ အက်ရှ် စွမ်းအင်တွေထွက်လာပြီးတော့
ဂျင်မ်တို့သူငယ်ချင်းတွေကိုထိန်းချုပ်ခံလိုက်ရတယ်၊၊ အက်ရှ်ကြောင့် သူ့ငယ်ချင်းတွေကို ဆုံးရှံးခဲ့ရတဲ့ ဂျင်မ် ဟာ သူကိုယ်တိုင်တော့ အက်ရှ်ကြောင့် ဘာမှမဖြစ်ခဲ့ပါဘူး ။ အက်ရှ်ရဲ့စွမ်းအင်တွေဟာ သူ့ကိုယ်ထဲစီးဝင်ပြီး သူ့အသွေးအသားနဲ့ တစ်သားထဲ ဖြစ်ပြီး ဂျင်မ်ဟာစွမ်းအားတွေပိုင်ဆိုင်လာခဲ့ပါတယ်။
ကမ္ဘာပေါ်ကိုဂြိုဟ်သားတွေ ကြီးစိုးထိန်းချုပ်လာမှာကိုကာကွယ်နေတဲ့လျို့ဝှက်အဖွဲ့အစည်းကတော့ ဂျင်မ် ကဘာကြောင့် အက်ရှ်ရဲ့ ထိန်းချုပ်ခြင်းမခံရတာလဲဆိုတာကိုစမ်းသပ်ရှာဖွေရင်းနဲ့ ဘာတွေ ဘယ်လိုတွေဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။
Action, Science Fiction, Thriller
ဒီတစ်ခေါက်တင်ဆက်ပေးချင်တဲ့ဇာတ်ကားကတော့ အင်ဒိုနီးရှားဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်နော်
အင်ဒိုနီးရှားနိုင်ငံမှာ သိုင်းအားကစားတစ်ခုရှိပါတယ် လုံချည်တစ်ကွင်းထဲမှာလူနှစ်ယောက်ဝင်ပြီး
သိုင်းချတဲ့ ဆာရွန်သိုင်းချနည်းလို့ခေါ်တဲ့အားကစားတစ်ခုပါ ဒီကားမှာတော့ သိုင်းအားကစားနည်းကိုအခြေခံပြီး
ရိုက်ကူးထားတဲ့ဇာတ်ကားကောင်းပါ
ဇာတ်လမ်းကတော့ ဒန်နီက ဂျာကာတာက ဆိုးသွမ်းတဲ့သူဌေးသားတစ်ယောက်ပါ
သူ့အမေက သူ့ကိုလိမ္မာလာအောင် မာကာစတာမြို့ကိုပို့လိုက်ပါတယ်
ဆာရွန်သိုင်းအားကစားက အဲဒီမြို့မှာပိုပြီးတော့ထင်ရှားနေတဲ့အချိန်ပေါ့ ဒန်နီက တန်ရီဆိုတဲ့ကောင်မလေးနဲ့တွေ့ခဲ့ပြီး
တန်ရီကိုတော့ ဆာရွန်သိုင်းချန်ပီယံတစ်ယောက်က အတင်းလိုက်ကြိုက်နေတာပါ
ဒီလိုနဲ့ ဒန်နီနဲ့ ဆာရွန်သိုင်းချန်ပီယံတို့ ပြဿနာတတ်ကြပါတော့တယ် ဒါကြောင့် ဒန်နီက ဆာရွန်သိုင်းသင်ပါတော့တယ်
ဘယ်လိုတွေဆက်ဖြစ်ကြမလဲကတော့ ဆက်ကြည့်လိုက်ကြပါတော့…………………
အရင်တုန်းက ကရာတေးဇာတ်ကားကောင်းတွေကြိုက်နှစ်ခြိုက်သူတွေ
ဒီဇာတ်ကားလေးကိုလည်း ကြိုက်မယ်လို့မျှော်လင့်တာမို့ ကြည့်သင့်တဲ့ကားလေးအဖြစ် ညွှန်းပေးလိုက်ရပါတယ်
Action, Adventure, Drama
ဒီဇာတ်ကားကတော့ လူငယ်တွေ ငယ်တုန်းမှာ လမ်းမှားရောက်တတ်ကြောင်းကို
ပညာပေးရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်
၂၀၁၂ကထွက်ခဲ့တာဖြစ်ပြီး ဟောင်းပေမယ့်ကောင်းသေးတဲ့ဇာတ်ကားတစ်ကားလို့ပြောလို့ရပါတယ်
ဇာတ်လမ်းအကျဉ်းချုပ်ကတော့ ကျင်ဟွာဆိုတဲ့ ၁၇နှစ်အရွယ်ကောင်လေးက မဟုတ်မခံစိတ်ဓာတ်ရှိပြီး
ရန်ပွဲတွေမှာလည်းဝင်ပါလေ့ရှိပါတယ် တစ်နေ့ လူရိုက်မိပြီး လူငယ်ထိန်းသိမ်းရေးကျောင်းကို ၆လသွားနေခဲ့ရပါသေးတယ်
ပြန်ထွက်လာတော့ သူ့အမေက သူ့ကိုဘဝသစ်စစေချင်ပါတယ် ဒီလိုဘဝသစ်စဖို့ကြိုးစားမယ်ဆိုပြီး
သူက စာမေးပွဲပြန်ဖြေဖို့လုပ်ပါတော့တယ် ဒါပေမယ့် အပေါင်းအသင်းကြောင့်မို့လို့ ဂိုဏ်းတစ်ခုထဲကို ဝင်မိသွားပါတယ်
ထို့နောက် သူ့ရဲ့ဘဝသစ်စမယ့်အစီအစဉ်က မအောင်မြင်ခဲ့ဘူးဆိုပါတော့
သူဘယ်လိုပြဿနာတွေကြားထဲကိုရောက်သွားမယ်ဆိုတာ
ပညာပေးရိုက်ကူးထားတဲ့ကားကောင်းလေးဖြစ်လို့ ညွှန်ပေးလိုက်ရပါတယ်
drama အမျိုးအစားဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်
Action, Crime
ဒီတစ်ခါတော့ IMDb rating 7.1/10အထိရရှိထားတဲ့ Crime, Dramaအမျိုးအစား ရုပ်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဇာတ်လမ်းအကျဥ်းကတော့ ဂျိုဝီဆိုတဲ့ ကြေးစားလူသတ်သမားတစ်ယောက်ဟာ လူသတ်တဲ့နေရာမှာ လက်ယဥ်ပြီးကျွမ်းကျင်ပါတယ်။ တစ်နေ့မှာတော့ သူ့ကိုအပ်ထားတဲ့ အလုပ်တစ်ခုကိုကိုင်တွယ်နေတုန်း သူလူသတ်လိုက်တာကို သေဆုံးသူရဲ့လက်ထောက်ဖြစ်သူကောင်မလေး မြင်သွားပါတယ်။ သူကလည်း မလှုပ်ရှားခင်ကတည်းက ပစ်မှတ်အခြေအနေကိုလေ့လာရင်း အဲဒီကောင်မလေးကိုမြင်မြင်ချင်း ကြွေမိနေတာပါ။ ပုံမှန်ဆိုရင် မျက်မြင်သက်သေကိုပါ လက်စဖျောက်ရမှာဆိုပေမဲ့ သူ့ခံစားချက်ကိုမထိန်းချုပ်နိုင်တဲ့ ဂျိုဝီတစ်ယောက် ကောင်မလေးကိုဖမ်းပြီး သူ့အိမ်ခေါ်လာပါတယ်။ ပြီးတော့ သူ့အိမ်မှာဘဲမသတ်ရက်လို့ ဆက်ဖမ်းထားပါတယ်။
လူသတ်သမားနဲ့ မျက်မြင်သက်သေကြားက ထူးခြားတဲ့အချစ်ပုံစံကရော ဘယ်လိုဖြစ်မလဲ။ သာမန်အချစ်ဇာတ်လမ်းနဲ့ ထူးထူးခြားခြားကွဲပြားနေပြီးတော့ သူတို့ကြားကဆက်ဆံရေးက ညင်သာမှုတွေ၊ မယုံကြည်မှုတွေနဲ့ပြည့်နှက်နေပြီး သူတို့ဘဝတွေကို ဘယ်လိုပုံစံရိုက်ခတ်သွားမလဲ။ ဇာတ်လမ်းလေးက အလောတကြီးမဟုတ်ဘဲ ပုံမှန်လေးဇာတ်ရှိန်တက်သွားပြီး အဝေးကြီးထိကြိုမမြင်နိုင်တဲ့ လှည့်ကွက်လေးတွေနဲ့ရိုက်ကူးထားတာကြောင့် ကြည့်လို့ကောင်းတဲ့ကားလေးပါပဲ။
Crime
ဒီဇာတ်ကားကတော့ ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ အိန္ဒိယအက်ရှင်ကားတစ်ကားဖြစ်ပါတယ်။
မင်းသား အာဂျေးလ်ဒေ့ဂမ်၊ အနီးလ်ကပူးရ်၊ မင်းသမီးကန်ဂနာရာနွတ်တို့ ပါဝင်သရုပ်ဆောင်ထားပါတဲ့
ရထား ဗုံးထောင်ပြီး ခြိမ်းခြောက်ငွေတောင်းတဲ့ ကားလေးပါ။
မင်းသားအာဂျေးလ်က အိန္ဒိယကနေ လန်ဒန်ကို အလုပ်လာလုပ်တဲ့အင်ဂျင်နီယာတစ်ယောက်ပါ..
ဘဝတူရွေ့ပြောင်းလုပ်သားတွေရဲ့ဘဝကို ကူညီကယ်ဆယ်ဖို့ ကြိုးစားရင်း.. သူကိုယ်တိုင်လည်း အဖမ်းခံ.. နှင်ထုတ်ခံခဲ့ရပါတယ်။
ချစ်ရတဲ့ မိသားစုကို လန်ဒန်မှာထားရစ်ခဲ့ရပြီး တစ်ကွဲတစ်ပြားဖြစ်ခဲ့ရတဲ့အတွက် လက်စားချေဖို့
လန်ဒန်ကိုရအောင် ပြန်လာခဲ့ပါတယ်။ ပြီးတော့ ရထားပေါ်မှာ ဗုံးထောင်ပြီး ခြိမ်းခြောက်ငွေတောင်းခံမှုတွေ
လုပ်ခဲ့ရာက ဒီဇာတ်လမ်း ဖြစ်ပေါ်လာခဲ့တာပါ။
တောင်းတဲ့ငွေတွေ ရမှာလား.. ခရီးသည်တွေရဲ့ အသက်အန္တရာယ်က
ဘယ်လို ကယ်ထုတ်မှာလဲ စိတ်ဝင်စားဖွယ်၊ ကြည့်ရှုအားပေးလိုက်ပါဦး
Action, bollywood, Crime, Drama
Palmer (2021)
============
IMDb Rating – 7.3/10
ဇာတ်ကားအကျဉ်းပြောရမယ်ဆိုရင်တော့ ထောင်ထွက်တစ်ဦးနဲ့ အိမ်တွင်းရေးအဆင်မပြေတဲ့ ကလေးတစ်ယောက်
ရဲ့အကြောင်းပေါ့။ ပါးလ်မာ က ထောင်ထဲ (၁၂)ကျော်နေခဲ့ပြီးမှ ခံဝန်နဲ့လွတ်လာသူဖြစ်ပြီး သူ့အဖွားအိမ်၊ သူ့ဇာတိမြို့မှာပဲ
ပြန်လာနေခဲ့တယ်။ ဆမ် ဆိုတာကတော့ ပါးလ်မာရဲ့အိမ်ဘေးမှာနေတဲ့ ကလေး။ ဆမ့်အမေက ဆေးသမား၊ ပထွေးဖြစ်သူ
ကလဲ အချိုးမပြေ။ မိသားစုအခြေအနေလုံးဝမကောင်းတဲ့ ကလေးတစ်ယောက်။ ထောင်ထွက် ပါးလ်မာနဲ့ အိမ်တွင်းရေး
အဆင်မပြေတဲ့ ဆမ် တို့နှစ်ယောက်ရဲ့အကြောင်းကို ခပ်ငြိမ့်ငြိမ့်လေးနဲ့ တင်ဆက်သွားတဲ့ Drama ဇာတ်ကားကောင်းလေး
တစ်ကားဖြစ်ပါတယ်။ ဒီလို Drama ကားမျိုးကြည့်ရတာ စိတ်ထဲအတော်လေး ကျေနပ်သွားမိတယ်။ IMDB rating (7.3/10)
၊ Rotten Tomato ကလည်း (74 %) ဆိုတဲ့အတွက်ကြောင့် ဇာတ်ကားကောင်းဖြစ်မယ်ဆိုတာတော့ ပြောစရာလိုမယ်မထင်ပါဘူး။
ပါးလ်မာ အဖြစ် သရုပ်ဆောင်ထားသူကတော့ အဆိုတော်/သရုပ်ဆောင် Justin Timberlake ပဲဖြစ်ပါတယ်။
Drama
ဒီတစ်ခါ comedy-drama ဇာတ်ကားအမျိုးအစားလေးကိုတင်ဆက်ပေးချင်ပါတယ် တကယ်ရယ်ရမဲ့ဇာတ်ကားကောင်းလေးပါနော်
ရုံကြီးကားတစ်ကားဖြစ်ပြီး ဟောင်ကောင်ရုပ်ရှင်ဆုပေးပွဲမှာလည်း ဇကာတင်ဝင်ခဲ့တဲ့ ဇာတ်ကားကောင်းလေးပါ
လတ်တလောမှာလဲ ထိုင်းကနေပြန် remark ရိုက်ထားတဲ့ My God! Father (2020)ရဲ့မူရင်းဇာတ်ကားလေးပါ
နောက်ခံတီးလုံးကလည်းကောင်း သရုပ်ဆောင်တွေကလည်း Eddie Peng (Operation Mekong) , Deng Chao (The Mermaid 2016),
Zanilia Zhao (လတ်တလောပြိးထားတဲ့ ဇာတ်လမ်းတွဲ Legend of fei) တို့တွေဆိုတော့ ထွေထွေထူးထူးပြောစရာလိုမယ်မထင်ပါဘူး
ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် လန်က ကားမောင်းချန်ပီယံတစ်ယောက်ပါ
တစ်နေ့သူ့အဖေနဲ့ ကားအတူတူမောင်းနေရင်း မတော်တဆမှုဖြစ်ခဲ့ပါတယ်
အဲဒီအချိန်မှာ သူက အချိန်နောက်ပြန် ခရီးသွားပြီး သူ့အဖေရဲ့ငယ်ဘဝကိုရောက်သွားပါတော့တယ်
လန်က အစက သူအဖေနဲ့အဆင်မပြေပါဘူး ဒါပေမယ့် သူ့အဖေငယ်ဘဝကိုပြန်ရောက်တဲ့အခါ
သားအဖ နှစ်ယောက်က သူငယ်ချင်းဖြစ်လာပါတော့တယ်
သားအဖနှစ်ယောက်ကြားကသံယောဇဉ်တွေအကြောင်းကို
ကြည့်ရမယ့် dramaကားကောင်းကောင်းလေးပဲဖြစ်လို့ ညွှန်းပေးလိုက်ရပါတယ်
Comedy, Drama, Fantasy
My Missing Valentine (2020)
****************************
ဒိတ်ပျောက်တယ် ဆိုတဲ့ စကားကို လူငယ်တွေ အရမ်းပြောလေ့ရှိပါတယ်
ဒါပေမယ့် တကယ် ဒိတ်ပျောက်သွားတဲ့လူတွေရှိပါ့မလား
ဒီဇာတ်လမ်းထဲက ကောင်မလေးကတော့ တကယ်ဒိတ်ပျောက်သွားခဲ့ပါတယ်
အရာရာကို မြန်မြန်ဆန်ဆန်လုပ်တတ်တဲ့ကောင်မလေးတစ်ယောက်
ခရာမတွတ်ခင် ပြေးတတ်တဲ့ သူများတွေထက် ရှေ့ကိုတစ်လှမ်းကြိုပြင်ဆင်တတ်သူလေးတစ်ယောက်ရှိသတဲ့။
ကမ္ဘာလောကကြီးနဲ့အဆက်သွယ်ပြတ်နေတဲ့သူတစ်ယောက်
အသက်ကလဲ ၃၀ နားကပ်နေပြီး အချစ်ရေးနဲ့ပါတ်သက်လို့ မူးလို့တောင်မရှုဖူးတဲ့သူမအနားကို
ခပ်ချောချောကောင်လေးတစ်ယောက်က ရောက်လာခဲ့ပါတယ်။
အဲ့ကောင်လေးနဲ့ ချစ်သူများနေ့မှာ အတူဖြတ်သန်းဖို့ စိတ်ကူးယဉ်
အပျော်တွေလွန်ပြီး အိပ်သွားခဲ့ပေမဲ့ နောက်တစ်နေ့ သူအိပ်ရာနိုးလာချိန်မှာတော့
သူ့ရဲ့ချစ်သူများနေ့ဟာ သူ့မှတ်ဉာဏ်ထဲကနေ ထူးဆန်းအံ့သြဖွယ်ရာ
ပျောက်ဆုံးနေခဲ့တာသိလိုက်ရပါတယ်။
သူ့ရဲ့ဘဝမှာ အပြောင်းလဲကြီးတစ်ခုလို့ဆိုရလောက်တဲ့နေ့တစ်နေ့ဟာ
ဘာလို့ပျောက်ဆုံးသွားရတာလဲ အဖြေရှာပါတော့တယ်။
ဘာကြောင့် နေ့ရက်တစ်ရက် ပျောက်ဆုံးသွားရတာလဲ
ပျောက်ဆုံးသွားတဲ့နေ့ရက်ကို ဘယ်လိုပြန်ရှာမလဲ
“ကိုယ့်ကိုယ်ချစ်ပါ တစ်နေရာမှာတော့
သင့်ကိုချစ်တဲ့သူတစ်ယောက်ရှိနေပါတယ်”
IMDb rating 7.4 ရရှိထားပြီး Golden Horse Film Festival တစ်ခုတည်းမှာတင်
Winner 5 ဆုရရှိပြီး Nomi 6 ဆု ၀င်ခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားလဲဖြစ်ပါတယ်။
Comedy, Drama, Mystery