13-Beloved (2006)
IMDb Rating (6.8)
၂၀၀၆ ခုနှစ်က ရိုက်ကူးခဲ့တဲ့ ထိုင်း Horror ဇာတ်လမ်းတစ်ပုဒ်ပါ။ ထိုင်း Horror ကားတွေရဲ့ထုံးစံအတိုင်း ဟာသလေးနည်းနည်းနှောပြီး ရိုက်ထားပါတယ်။ တခြား ထိုင်း Horror တွေထက် ပိုထူးတာက သရဲကားမဟုတ်သလို လူသတ်ကားစစ်စစ်ကြီးလည်း မဟုတ်ဘဲ ထူးခြားဆန်းကြယ်တဲ့ လက်တွေ့ဂိမ်းကစားပွဲကြီးတစ်ခုကို အခြေခံထားပါတယ်။ ရက်စက်မှုတွေရော လျှို့ဝှက်နက်နဲမှုတွေပါ ပြည့်နေတဲ့ စိတ်ဝင်စားစရာ Reality Game Show တစ်ခုပါ။
ဇာတ်လမ်းမှာ အချစ်ရေးကံမကောင်းခဲ့သလို အကြွေးတွေလည်း ဝိုင်းနေတဲ့ ကုမ္ပဏီအရောင်းဝန်ထမ်း ပူးချစ်ဟာ အလုပ်ကထုတ်ခံလိုက်ရတဲ့အခါ စိတ်ဓာတ်ကျစရာ အဆိုးဆုံး အခြေအနေကို ရောက်ရှိသွားပါတယ်။ အဲဒီအချိန်က အမည်မသိဖုန်းတစ်ခုကို လက်ခံခဲ့ရရှိခဲ့ပြီး သူ့အတွက် ပိုက်ဆံရ အခွင့်အရေးတစ်ခု ရရှိခဲ့ပါတယ်။ အဲဒါကတော့ စိန်ခေါ်မှု ၁၃ ခု ရင်ဆိုင်ကျော်ဖြတ်ရမယ့် လျှို့ဝှက်တဲ့ လက်တွေ့ဘဝဂိမ်းကစားပွဲပါပဲ။
စိန်ခေါ်မှုတစ်ခုအောင်မြင်တိုင်း သူရဲ့ဘဏ်စာရင်းထဲ ငွေအမြောက်အများ ဝင်ဝင်လာတာကြောင့် ပူးချစ်တစ်ယောက် မရပ်တန့်နိုင်ဘဲ ရှေ့ဆက်တိုးခဲ့ပါတယ်။ နောက်ပိုင်းမှာ အကြမ်းဖက်မှုတွေဖြစ်လာပြီး ရက်စက်ကြမ်းကြုတ်တဲ့ လူလတ်မှုတွေအထိ ပါဝင်ပတ်သက်လာရပါတယ်။ ရဲက အလိုရှိတဲ့ တရားခံပြေးတစ်ယောက်ဖြစ်လာတဲ့ ပူးချစ်ကို ကူညီပေးဖို့ ကြိုးစားလာသူက သူ့အလုပ်က လုပ်ဖော်ကိုင်ဖက် တွန်ဆိုတဲ့ ကွန်ပျူ တာသမား ကောင်မလေးတစ်ယောက်။
ဒီလိုနဲ့ ဝဘ်ဆိုဒ်လိပ်စာကတဆင့် ပူးချစ်ကစားနေတဲ့ ဂိမ်းအကြောင်း တစ်စွန်းတစသိသွားရာကနေ ဂိမ်းရဲ့ တစ်စိတ်တစ်ပိုင် ဖြစ်မှန်းမသိဖြစ်လာတဲ့ တွန်ကရော ပူးချစ်ကို ကူညီနိုင်မှာလား၊ ပူးချစ်ကရော ငွေရဲ့လှည့်ဖြားမှု ဂိမ်းရဲ့ဖြားယောင်းမှုတွေနဲ့
ဘယ်လောက်ထိ ဆိုးရွားတဲ့အမှုတွေကို ဆက်လက်ကြူးလွန်ဦးမှာလဲ၊ ငယ်ဘဝက ပူးချစ်ကို စိတ်ဒဏ်ရာရအောင် အမြဲနှိပ်စက်ခဲ့တဲ့ ဖခင်ဖြစ်သူကရော ဂိမ်းမှာ ဘယ်လိုပါဝင်ပတ်သက်လာမှာလဲ၊ ဂိမ်းရဲ့နောက်ကွယ်မှာ ချုပ်ကိုင်နေတာက ဘယ်သူတွေလဲ၊ ပူးချစ်က ဂိမ်းကို အဆုံးသတ်နိုင်မှာလား ဆိုတာကို စိတ်ဝင်စားစရာ ကြည့်ရှုရမှာပါ။
တစ်ခုတော့ ကြိုသတိပေးပါရစေ။ ထမင်းစားရင်တော့ မကြည့်ပါနဲ့နော်။ ဇာတ်ဝင်ခန်းတချို့မှာ စားရင်းသောက်ရင်း မကြည့်သင့်တာတွေ ပါလို့ပါ ??
ဒီဇာတ်လမ်းက ထိုင်းမှာ ဆုတွေအများကြီး ရရှိခဲ့ပြီး
အမေရိကန်အခြေစိုက် ရုပ်ရှင်ကုမ္ပဏီတစ်ခုက ပြန်လည်ဝယ်ယူခဲ့ရလောက်အောင် ပေါက်ခဲ့ပါတယ်။
၂၀၀၆ ခုနှစ်က ဇာတ်လမ်းဆိုပေမဲ့ အခုအချိန်ကာလနဲ့လည်း အံဝင်ပြီး စိတ်ဝင်စားစရာကောင်းပါတယ်။ ဇာတ်လမ်းမှာ ထိုင်း-အမေရိကန်ကပြား အဆိုတော်မင်းသား Krissada Sukosol Clapp က အဓိကနေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။
(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Cherry Mon မှ တင်ဆက်ထားတာပါ။)
အဆင့် ၁၃ ခုပါတဲ့ ရက်ရက်စက်စက် ကစားပွဲတစ်ခု ..
တစ်ဆင့်နိုင်တိုင်း ငွေတွေ အများကြီးပေးတယ် ။ ၁၃ ဆင့်လုံးနိုင်ရင်တော့ သန်းကြွယ်သူဌေး ဖြစ်ပြီပဲ ။ ခိုင်းသူက ဖုန်းနဲ့ ကြံကြံဖန်ဖန် ခိုင်းတယ် ၊ လုပ်ရသူက ခက်ခက်ခဲခဲ အရူးတစ်ယောက်လို လုပ်ရတယ် ။
အဲလစ် ဘရန်ဒယ် …
အလုပ်ကပြုတ် ၊ ညီဖြစ်သူက ဉာဏ်ရည်မမှီ ၊ မိန်းမက တစ်ဘက်နဲ့ ငွေကြေးမပြေလည်ဘူး ။ ဘရန်ဒယ်က ငွေလိုတော့ ကစားပွဲကို ဝင်ကစားမိတယ် ။ ကစားပွဲကြောင့် တစ်ဆင့်အောင်တိုင်း ပြစ်မှုအကြီးစား ကျုးလွန်မိတာအကြိမ်ကြိမ် ။ ဘရန်ဒယ် ၁၃ ဆင့်လုံး အောင်ပါ့မလား ။ သူနဲ့ အတူ ဘယ်သူတွေ ကစားနေမလဲ ။
2018 ခုနှစ်ထွက်ရှိထားပြီး အခုလောလောလတ်လတ် ရုံတင်နေဆဲဖြစ်တဲ့၁၉၂၁ ဆိုတဲ့ အိန္ဒိယ အချစ်သရဲ သဲထိပ်ရင်ဖိုကားကြီးကိုတင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းလေးက အချစ်ကြီးရင် အမျက်ကြီးတယ်ဆိုတဲ့ အတိုင်းပဲ
အချစ်ကို ကိုးကွယ်မိရာမှ တဏှာ လွန်တော့ အရူးဖြစ်ပြီးသေပြီးတာတောင် စွဲလမ်းစိတ်ကြောင့် မကျွတ်လွတ်နိုင်ပဲသရဲဘ၀ နဲ့ ချစ်ရသူကို တပါးသူ မိန်းကလေးလက်ထဲ မပါသွားအောင်လိုက်လံ နှောင့်ယှက်ပုံ တွေကို ရိုက်ကူးပြထားတာပါဇာတ်လမ်း အကျဉ်းလေးကတော့ – အိန္ဒိယမှ ထူးချွန်တဲ့ ပီယာနိုပညာရှင်လေး အာရွတ်ရှ်ကိုသူ့ရဲ့သူဌေးက လန်ဒန်ကို ဂီတပညာသင်ဖို့စေလွှတ်ခံခဲ့ရတယ်။လန်ဒန်မှာရှိတဲ့သူ့အိမ်ကိုလည်း စောင့်ရှောက်စေရင်းနဲ့ပေါ့။ ဒါပေမယ့် တစ်နေ့မှ
ာ အာရွတ်ရှ်ကအမှားတစ်ခုလုပ်မိသွားပါတယ်။ အဲ့ဒီအမှားကြောင့် သူနေနေတဲ့အိမ်ကြီးမှာသရဲတစ္ဆေတွေရဲ့ခြောက်လှန့်ခြင်းကို ခံရပါတော့တယ်။ သူတစ်ယောက်တည်းဒီပြဿနာတွေကြုံနေရင်းမှတစ်နေ့သတင်းစာထဲမှာ ဝိဉာဉ်တွေနဲ့စကားပြောတတ်တဲ့ ရို့စ်ဆိုတဲ့ ကောင်မလေးတစ်ယောက်အကြောင်းဖတ်မိတဲ့အချိန်မှာ သူ့အတွက် မျှော်လင့်ချက်တွေရှိလာပါတယ်။ဘောလိဝုဒ်ရဲ့ နာမည်ကြီးသရဲကားရိုက်တဲ့ဒါရိုက်တာ Vikram Bhatt ရိုက်ကူးထားတာပါ။သရဲကားကြိုက်သူတွေ
အတွက် တကယ်ကိုထိန်လန့်မှုတွေပေးစွမ်းစေမယ့် ဇာတ်ကားကောင်းတစ်ကားပါ။အသံချဲ့ပြီး အိမ်ထဲမှာ တစ်ယောက်တည်းကြည့်မယ်ဆိုရင်ပိုပြီးကြောက်စရာကောင်းမယ်ဆိုတာကြေငြာလိုက်ပါတယ်။
Director: Rapeepimol Chaiyasena ရိုက်ကူးတင်ဆက်ထားပြီး
13 September 2012 (Thailand) မှာ ရုံတင်ခဲ့တဲ့ ထိုင်းသရဲကားဖြစ်ပါတယ်… ဇတ်လမ်း ပုံစံကတော့ လက်ထပ်မယ် ပြောထားတဲ့ ချစ်သူက ကားမှောက်သေပြီလို့ ကြားပြီး တိုက်ပေါ်က ခုန်ချသွားတဲ့ မိန်းမချောလေး…. မသေခင်က သူမ
ကို ကျိတ်ကြွေနေတဲ့ ထမင်းဆိုင်က ကောင်လေးကတော့ ကောင်မလေး တိုက်ပေါ်က ခုန်ချ သေသွားပြီးနောက်မှာ သူမ ရဲ့ အတွင်းခံ အဝတ်ကို ခိုးယူထားတာ စိတ်မသန့်လို့ ပြန်သွားအထား အခန်းရှေ့မှာပဲ ပျောက်ဆုံးသွားတယ်…. သေခါနီး
ကင်ဆာ ရောဂါသယ် တစ်ယောက်ကလဲ ထိုအခန်းကို လာအငှား မစားသင့်တဲ့ သေသူကို ပူဇော်တဲ့ အစား စားမိလို့ အသေဆိုးနဲ့ သေရပြန်… ချစ်သူ ဆိုတဲ့ လူရဲ့ အလိမ်စကား ကို ပြောပေးတဲ့ သူငယ်ချင်း ဆိုတဲ့ မိန်းမလဲ ကားမှောက်ပြီး သေပြန်တယ်…. နောက်ဆုံး သူ လိမ်ညာမိလို့ သေသွားတဲ့ ကောင်မလေး အသုဘ ကို ရောက်လာတွေ့တဲ့ ကောင်လေးလဲ နောက်နေ့ မနက် ကားပဲ မြင်ရပြီး လူကတော့ ထူးဆန်းစွာ ပျောက်ဆုံးသွားပြန်တယ်….
Horror ကားကြိုက်သူတွေအတွက် အိပ်မက်ထဲက
လူသတ်သမားကြီးဖရက်ဒီဆိုရင် လူသိများကြမယ်ထင်ပါတယ်
ဖရက်ဒီအကြောင်းပြောရမယ်ဆိုရင်တော့ သူဟာသူသတ်ချင်တဲ့သူကို
အိပ်မက်ထဲမှာသတ်လိုက်ဆိုရင်
အပြင်မှာ တကယ်သေသွားရတယ်….
သူသည်ဘာလို့ အဲ့ဒီလိုမျိုးဘာလို့လိုက်သတ်ရသလဲ….
အဲ့ဒီမြုပ်ကွက်ကိုက စိတ်ဝင်စားစရာကောင်းပါတယ်
သူသည် အလကားသက်သက် ဖရက်ဒီဆိုတဲ့ နာမည်ကြီး
လူသတ်သမားတယောက်ဖြစ်ခဲ့တာမဟုတ်ပါဘူးဇာတ်လမ်းအကျဉ်း :
ဇာတ်လမ်းအစကတည်းက အိမ်မက်တခုနဲ့အစပျိုးထားပြီး
ကော်ဖီဆိုင်တခုထဲမှာအိမ်မက်မက်နေတဲ့ ဒင်းန် တယောက်
လန့်နိုးသွားပါတယ်..သူ့သူငယ်ချင်းရောက်လာတော့
ဒီအိမ်မက်တွေအကြောင်းကိုပြောပြဖြစ်တယ်..
တကယ်လိုခံစားနေရတဲ့အကြောင်း
လုံးဝမအိပ်ရဲတော့တဲ့အကြောင်းကိုပြောပြပေမယ့်
သူ့သူငယ်ချင်းခရစ်က ဒါတွေဟာ
အိမ်မက်သက်သက်သာဖြစ်ပြီး စိတ်မပူဖို့ပြောပြီး
သန့်စင် ခန်းထသွားခဲ့တယ်
တချက်ပြန်ပြီးအိပ်ပျော်သွားတဲ့အခါမှာတော့
ဒင်းန်တစ်ယောက်အသက်ပါပေးလိုက်ရပါတော့တယ်
နောက်ပိုင်းမှာ ခရစ်ကလည်း ထိုအိမ်မက်တွေမြင်မက်..
တစ်ယောက်ပြီးတစ်ယောက်သေဆုံးပြီးတော့
ဘာကြောင့်ဒီလိုအိမ်မက်တွေသူတို့မှလာဖြစ်ရတာလဲ..
ဆိုပြီး ကြားထဲက ဆက်နွယ်မှုတစ်ခုကို
နောက်ဆုံးကျန်နေတဲ့ ကွမ်တင် နဲ့ နန်စီ တို့
စုံစမ်းရင်းနဲ့ကနေပြီးတော့ ရလာတဲ့ရလဒ်ကတော့
ဆက်လက်ကြည့်ရှုခံစားကြပါ
mmbusticket
Blu-Ray 1080p 5.1 CH x264
အသံကြားတာနဲ့ ရုတ် တရက် ပေါ်လာပြီး တိုက်ခိုက် သတ်ဖြတ်တဲ့ သတ္တဝါတွေရန်က နေ ကာကွယ်ဖို့ အသံမထွက် အောင် တိတ်တိတ်ဆိတ်ဆိတ် နေထိုင်နေရတဲ့ မိသားစုလေးရဲ့ ထိတ်လန့်စရာ အတွေ့အကြုံ တွေကို ဇာတ်အိမ်ဖွဲ့ထားတာ ဖြစ် ပါတယ်။လီနဲ့အီဗလင်းတို့ မိသားစု ဟာ မြို့စွန်က ယာတောအိမ် လေးမှာ နေထိုင်ပြီး တစ်ရက်မှာ တော့ ကမ္ဘာပေါ်ကို အမျိုးအမည် မသိတဲ့ သတ္တဝါတွေ ရောက်လာ ကာ လူတွေကို သတ်ဖြတ်ပစ်နေ တာကြောင့် ကမ္ဘာ့နေရာအနှံ့မှာ
အပျက်အစီးတွေ ဖြစ်ခဲ့ပါတယ်။ နောက်ပြီး စစ်တပ်ကတောင်ထိန်း ချုပ်နိုင်စွမ်း မရှိတော့သလို အ ဆက်အသွယ်ကွန်ရက်တွေ အ ကုန်လုံး ပြတ်တောက်ခဲ့ပါတယ်။အီဗလင်းတို့မှာ သမီးတစ် ယောက်၊ သားနှစ်ယောက်ရှိပြီး သမီးကြီးရီဂန်က နားမကြားသူ လေးမို့ တခြားအိမ်သားတွေ အ ကုန်လုံးက လက်ဟန်ခြေဟန် အချက်ပြစကားနဲ့ပဲ အချင်းချင်း ပြောရပါတယ်။ဘာမှန်းမသိတဲ့ သတ္တဝါတွေ ဟာ အသံကြားတာနဲ့ရောက်လာ ပြီး အန္တရာယ်ပြုတာမို့ ဘာသံမှ မထွက်အောင်
သတိထားပြီး နေရတာလည်း လွယ်ကူတဲ့ကိစ္စ တော့ မဟုတ်ပါဘူး။ အီဗလင်း တို့ဟာလည်း ဘာပဲလုပ်လုပ် အသံလုံးဝမထွက်အောင်လို့ နေ ကြရပြီး သူတို့ ယာတောနားက မြို့ဟာလည်း လူသူတစ်ယောက် မှမရှိ၊ အသံဗလံတွေ တိတ်ဆိတ် နေတဲ့ မြို့ပျက်တစ်ခုလိုဖြစ်နေပါ တယ်။
အဲဒါနဲ့ပဲ လမ်းလျှောက်ရင် တောင် ဖိနပ်သံထွက်မှာစိုးလို့ မြေကြီးပေါ်ကို ဘိလပ်မြေမှုန့်တွေ ခင်းထားပြီး ခြေဗလာနဲ့ သွားကြ ရတာပါ။တစ်ရက်မှာတော့ မြို့ပျက် ထဲကဆိုင်မှာ စားစရာတို့၊ အသုံး အဆောင်တို့ယူပြီး ပြန်လာတုန်း သားငယ်လေးက ဆိုင်ကယူလာ တဲ့ ကစားစရာအရုပ်ကို ကစား လိုက်တဲ့အခါမှာ အသံမြည်သွား တာကြောင့် လီကတားဆီးဖို့ ကြံခဲ့ပေမယ့် အချိန်နှောင်းသွားပြီး သတ္တဝါကြီးတွေ လက်ချက်နဲ့ မျက်စိရှေ့တင် သားဖြစ်သူကို ဆုံးရှုံးခဲ့ရပါတယ်။ဒီလိုနဲ့ ရက်တွေကြာ
လာပြီး တဲ့နောက် အီဗလင်းဟာ နောက် ထပ် ရင်သွေးလေးကို ကိုယ်ဝန် လွယ်ထားခဲ့ပါတယ်။ တစ်ရက် မှာတော့ အိမ်မှာခင်ပွန်းရောသား နဲ့သမီးရောမရှိချိန် အီဗလင်းဟာ ကိုယ်ဝန်အရင့်အမာနဲ့ အပြင်း အထန် ဗိုက်နာနေတဲ့အခါမှာ သတ္တဝါတွေကလည်း အသံ ကြားလို့ ရောက်လာတဲ့အခါ ဘာ တွေဆက်ဖြစ်မလဲဆိုတာကို ရင် တထိတ်ထိတ်နဲ့ ဆက်ကြည့်ဖို့ ဖော်ပြလိုက်ပါတယ်။ဒီဇာတ်ကားမှာ အီဗလင်း အဘော့အဖြစ် အမ်မလီဘလန့်၊ လီအဘော့အဖြစ် ဂျွန်ကရာဆင်
စကီ၊ ရီဂန်အဘော့အဖြစ် မီလီ ဆန့်ဆင်မွန်၊ မားကက်စ်အဘော့ အဖြစ် နိုအာဂျူတို့က သရုပ် ဆောင်ထားပါတယ်။ (ဇာတ်လမ်းအညွှန်းကို 7daily website မှကူးယူဖော်ပြထားတာဖြစ်ပြီး ဘာသာပြန်သူကတော့ ကိုသူရပါ)
ပထမဆုံးပြောရမယ်ဆိုရင် ကျွန်တော်ဂျပန်ကားတွေကိုမကြိုက်ပါဘူး..မကြိုက်ဘူးဆိုတာထက် အမြဲကြားနေကျဘာသာစကားမဟုတ်တဲ့အတွက်ကြောင့်စိမ်းနေတာလည်းပါတာပေါ့..ဒါပေမယ့် ဒီကားလေးကိုတော့ Encode လုပ်ဖို့အတွက်စစ်ရင်းအစမ်းကြည့်ပါတယ်…ကြည့်နေရင်းနဲ့ကောင်းတဲ့ကားလေးတစ်ကားဖြစ်တာကြောင့် အားလုံးလည်းခံစားလို့ရအောင်
တင်ဆက်ပေးလိုက်ပါတယ်…အညွှန်းလေးကိုဖတ်ကြည့်ရအောင်…ဒီကားမှာ အာဂျင်းဆိုတဲ့ ဇာတ်ကောင်အကြောင်းကိုပြောပြထားတာပဲဖြစ်ပါတယ်…အာဂျင်းကို ဂျပန်ရဲ့မန်ဂါစီးရီးကနေပြန်လည်အသက်သွင်ပြီးရိုက်ကူးခဲ့ပါတယ်…အာဂျင်းဆိုတာက မသေတဲ့လူမျိုးတွေပါ…ပြောရမယ်ဆိုရင်တော့ လူတပိုင်း မိစ္ဆာတစ်ပိုင်းအရာတွေပဲဖြစ်ပါတယ်….ဒီအာဂျင်းတွေဟာ လူတွေကိုဒုက္ခပေးတဲ့အရာတွေမဟုတ်ပါဘူး…ဒါပေမယ့်တိုးတက်ပြောင်းလဲလာတဲ့ နည်းပညာတွေအရ အာဂျင်းရဲ့မ
သေနိုင်တဲ့အစွမ်းတွေကို လူသားတွေဟာ စိတ်ဝင်စားလာကြပြီးအာဂျင်းတွေကို ဖမ်းဆီးကာ အမျိုးမျိုးနှိပ်စက်ပြီး သုတေသနတွေလုပ်ကြပါတော့တယ်….ဒါကြောင့်လည်းအာဂျင်းတွေကို ခြေထောက်ဖြတ်လိုက် ဓားနဲ့ဖြတ်လိုက်နဲ့နောက်ဆုံး မြင်မကောင်းတဲ့ ဒဏ်ရာတွေ ဖြစ်လာရင် reset လို့သူတို့ခေါ်ဝေါ်ကြတဲ့အာဂျင်းတွေကိုသတ်လိုက်ပါတော့တယ်…ခဏကြာရင် အသတ်ခံလိုက်ရတဲအာဂျင်းဟာ ပြန်လည်ရှင်သန်လာပါတယ်…အာဂျင်းရဲ့ အစွမ်းတွေကတော့ ဘယ်လောက်ပဲဒဏ်
တွေရရ လက်ပြတ် ခြေပြတ် သေနတ်မှန် ဘယ်လိုပဲဖြစ်ဖြစ်သူ့ကိုသတ်လိုက်တာနဲ့ခဏအတွင်းမှာ ပြန်လည်ရှင်သန်လာတာပဲဖြစ်ပါတယ်…နောက်ပြီးတော့ အာဂျင်းတွေမှာ ကိုယ်ပိုင် အရိပ်လို့ခေါ်တဲ့ မိစ္ဆာတွေတစ်ယောက်ချင်းစီမှာရှိပါတယ်…အဲဒီမိစ္ဆာတွေကို သူတို့ဟာ ထိန်းချုပ်နိုင်ကြပါတယ်…ဒီလိုမျိုးအနှိပ်စက်ခံရတဲ့အာဂျင်းတွေဟာ လူတွေကိုမုန်းတီးလာကြပါတယ်…သူတို့ဟာအစမ်းသပ်ခံမဟုတ်ဘူးဆိုတာလည်း လူတွေသိအောင်ပြချင်လာကြပါတယ်…ဒါကြောင့် သူတို့
ဟာ လူသားတွေကို ကိုယ်ပိုင်အုပ်ချုုပ်ခွင့်နယ်မြေတွေတောင်းပြီးတော့နောက်ဆုံးမှာ လူသားတွေကို မျိုးတုန်းသတ်ဖြတ်စတင်ပါတော့တယ်…အာဂျင်းတွေအားလုံးမဆိုးသွမ်းကြပါဘူး…ဒါပေမယ့် တစ်ယောက်တည်းသောအာဂျင်းကတော့စိတ်မနာနိုင်ပဲ လူသားတွေဘက်ကရပ်တည်ပြီးသူရဲ့မျိုးနွယ်တူ အာဂျင်းတွေကို ပြန်လည်ရင်ဆိုင်ဖို့ အခြေနေဖြစ်လာခဲ့ပါတော့တယ်…..အားလုံးပဲ ကျန်တဲအရာတွေကိုတော့ စိတ်လှုပ်ရှားဖွယ်ကြည့်လိုက်ရအောင်လား…
Rating 6.1 ရရှိထားတဲ့ Horror ကားတစ်ကားဖြစ်ပါတယ်…အညွှန်းကိုအနည်းငယ်ပြောပြရမယ်ဆိုရင်ငယ်ရွယ်ပြီးအောင်မြင်တဲ့ Horror ဝတ္တုတွေရေးသားလေ့ရှိတဲ့ ဆာဗန်းနားဟာ မကြာခနအိပ်မက်ဆိုးတွေမက်ပြီး စိတ်ခြောက်ခြားနေရတဲ့သူတစ်ယောက်ဖြစ်ပါတယ် တစ်နေ့မှာတော့ နယ်မြို့လေးမှာနေတဲ့ သူ့ဖခင်က သူ့ရဲ့မောင်လေးဖြစ်သူ
လီလန်းဘွဲ့ယူမှာမို့ ပြန်လာခဲ့ဖို့ခေါ်သည့်အတွက် ဆာဗန်းနားဟာ သူ့ချစ်သူဂျက်အပြင် ကျန်တဲ့သူငယ်ချင်းနှစ်ယောက်နဲ့အတူ အပန်းဖြေအနားပါယူမယ်ဆိုပြီး သူ့မွေးရပ်မြေလေးကိုပြန်လာခဲ့ပါတယ်… ဒါပေမယ့်လဲ သူတို့ရဲ့အပန်းဖြေအနားယူမည့် ခရီးစဉ်လေးဟာ ဆာဗန်းနားရဲ့ဆိုးရွာပြီးခြောက်ခြားဖို့ကောင်းတဲ့လျှို့ဝှက်ချက်တွေပေါ်ပေါက်လာသည်နှင့်အမျှ ဘယ်လိုတွေ ထိတ်လန့်ဖွယ်ရာဖြစ်သွားမယ်ဆိုတာကိုတော့စောင့်ကြည့်လိုက်ပါ…
အခု မိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ 2017 ခုနှစ်မှာ ထွက်ထားတဲ့ Anna and the Apocalypse ဆိုတဲ့ ဇွန်ဘီ comedy ဇာတ်ကားလေးပါ John Mcphail က ရိုက်ကူးထားပြီး IMDB 6.4 ထိ ရထားတဲ့ ဇာတ်ကားလေးပါ အန်နာဆိုတဲ့ ကောင်မလေးရယ် ဂျွန်ဆိုတဲ့ကောင်လေးရယ်က အချစ်ဆုံးသူငယ်ချင်းတွေပါ ကျောင်းပြီးရင် ဂျွန်က အနုပညာတက္ကသိုလ်တက်မယ် အန်နာကတော့ ခရီးထွက်မယ်ဆိုပြီး ကိုယ်စီ စိတ်ကူးယဉ်အိပ်မက်လေးတွေနဲ့ ပျော်ရွှင်စရာမြို့လေးမှာ နေထိုင်ကြပါတယ် တစ်နှစ်တော့ ခရစ်စမတ်ချိန်မှာတော့ ခါတိုင်းနှစ်နဲ့ မတူဘဲ ပြဿနာတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်
အဲဒါကတော့ ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် မြို့ထဲက လူတွေဟာ ဇွန်ဘီတွေ ဖြစ်ကုန်ပြီး သူတို့ကို ရင်ဆိုင်တိုက်ခိုက်ရတာပါ သူတို့သူငယ်ချင်းတွေဟာ မိသားစုတွေနဲ့ တကွဲတပြားဖြစ်နေကြပြီး သူတို့ချစ်ရတဲ့ မိဘတွေ မိသားစုတွေရှိတဲ့ဆီကို ရောက်ဖို့ မျှော်လင့်ချက်တွေကိုယ်စီနဲ့ ဇွန်ဘီတွေကို ရဲရဲဝံ့ဝံ့ရင်ဆိုင်တိုက်ခိုက်ကြတာလေးတွေကို ရိုက်ပြထားတာပါ ဒီဇာတ်ကားမှာ ထူးခြားတာကတော့ ဒိုင်ယာလော့တွေထဲမှာ သီချင်းလေးတွေ ညှပ်ပြီး သီဆိုပြထားတာပါ တစ်ကားလုံးလိုလိုမှာ ပျော်စရာ
ဇာတ်ဝင်သီချင်းလေးတွေနဲ့ လူငယ်ဆန်ဆန် ရိုက်ကူးထားတဲ့ ဇွန်ဘီကားကောင်းလေးပါ စိတ်လှုပ်ရှားရသလို မိသားစုစိတ်ဓာတ် သူငယ်ချင်းတွေကြားက မေတ္တာတရားတွေကို ပေါ်လွင်အောင် ရိုက်ကူးပြထားတာမို့ လက်မလွတ်တမ်း ကြည့်သင့်တဲ့ ပေါ့ပေါ့ပါးပါး ဇာတ်ကားလေးပါ နောက်ဆုံးမှာ အန်နာတို့ သူငယ်ချင်းတွေ သူတို့ချစ်ရတဲ့ မိသားစုတွေနဲ့ ပြန်ုဆုံကြရလား မတွေ့ခင်မှာရော ဘယ်လိုအခက်အခဲတွေကို ကြုံရလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားရင်း စောင့်ကြည့်ကြပါလို့
Antichrist ဆိုတာ၂၀၀၉ခုနှစ်မှာထွက်ရှိထားတဲ့ horror ဇာတ်ကားတစ်ကားဖြစ်ပါတယ်သားလေးတစ်ယောက်ကိုဆုံးရှုံးလိုက်ရတဲ့လင်မယားနှစ်ယောက်ရဲ့အကြောင်းလေးကိုရိုက်ကူးထားတာဖြစ်ပါတယ်သားလေးကိုဆုံးရှုံးလိုက်ရလို့ ကြေကွဲခံစားနေရတဲ့ဇနီးသည်ရဲ့ဝမ်းနည်းပူဆွေးသောကတွေကိုယောကျာ်းဖြစ်သူကကုစားပေးနိုင်ဖို့အတွက်ကုထုံးနည်းလမ်းနဲ့ပဲ ကုသပေးဖို့စီစဉ်လိုက်ပါတယ်မိန်းမဖြစ်သူရဲ့စိတ်အတွင်းကအကြောက်ရွံ့ဆုံးနေရာကိုသွားနေထိုင်ရင်းနဲ့
ဒီကုထုံးကိုစတင်မှာဖြစ်တာကြောင့် သစ်တောထဲကသစ်လုံးအိမ်လေးကိုသွားရောက်ခဲ့ကြပါတယ်အဲ့ဒီသစ်လုံးအိမ်လေးမှာ သားလေးဖြစ်သူနစ်ခ်နဲ့ သူ့မိန်းမတို့သွားရောက်ဖူးခဲ့တဲ့နေရာလေးပါသူတို့သွားရောက်နေထိုင်တဲ့အချိန်ကနေစပြီးတော့ အဲ့ဒီပတ်ဝန်းကျင်ကတကယ့်ကိုငရဲတစ်ခုအလားမြင်ယောင်လာမိပါတော့တယ်ဆိုးရွားလွန်းတဲ့ပုံစံတွေ အနေအထားတွေကိုမြင်တွေ့ခံစားနေခဲ့ရပေမယ့်သူ့မိန်းမအတွက်ကြိုးစားပြီးတော့နေထိုင်ခဲ့ပါတယ်တကယ်တမ်း သူကိုယ်တိုင် သူ့မိန်းမရဲ့
စာတမ်းတွေကိုတွေ့ရှိပြီးတဲ့နောက်ပိုင်းမှာဘာတွေဖြစ်သွားတယ်ဆိုတာကိုတော့ဇာတ်လမ်းကိုကြည့်ရှုရင်းနဲ့ပဲရင်ခုန်လိုက်ရအောင်ပါတကယ်တော့ ဒီကားကတော်တော်လေးကိုအာရုံစားတဲ့ကားပါအတွေးပိုင်းကိုလုံးဝအကျယ်ချဲ့ပြီးတော့ စဉ်းစားစေတဲ့ဇာတ်ကားလိုပုံစံမျိုးမလို့ ကြည့်ရတာ စိတ်ဝင်စားစရာတော့ကောင်းလှပါတယ်
သရဲကား တွေ တော်တော်များများ ကြည့်ဖူးပါတယ် အကောင်လိုက်ပြတောင်ကြောက်ဖို့ မကောင်းတာတွေ ကြုံဖူးတယ် ဒါပေမယ့်ဒီ Apartment 1303 ဆိုတဲ့ Japan Horror Movie ကတော့သင့်စိတ်ကို အကောင်းဆုံး ချောက်လှန့်မှု အပေးနိုင်ဆုံး ရုပ်ရှင်ကားလို့ ညွှန်းဆိုချင်ပါတယ်တစ်ယောက်ထဲ တိုက်ခန်းတစ်ခုထဲ နေတက်တဲ့သူတွေ
တိုက်တွေရဲ့ အပေါ်ဆုံး ထပ်မှာ နေတဲ့ သူတွေ နဲ့ ကိုယ်နေတဲ့ တိုက်ခန်းမှာ ခြေရာလက်ရာ ပျက်ယွင်းနတာကြုံရတဲ့ သူတွေ အတွက် ဒီရုပ်ရှင်ကားက ထိတ်လန့်တုန်လှုပ်ဖွယ် အတိနဲ့ပါပဲ…ဒီဇတ်လမ်းထဲမှာတော့ ပင်လယ်နဲ့ နီးပြီး ဈေးအရမ်းတန်တဲ့ တိုက်ခန်း ကို ငှားနေကြသူတွေဝယ်ကြသူတွေဟာ အမြဲတမ်း အဲ့ဒီတိုက်ပေါ်ကနေ ခုန်ချပြီး သက်သေသွားတက်ကြပါတယ်ဘယ်လောက်ပဲ မယုံကြည်တဲ့သူဖြစ်ပါစေ ဘယ်လောက် သတ္တိကောင်းတဲ့သူဖြစ်ပါစေအဲ့ဒီ တိုက်ခန်းမှာ မနေ
ရဲလောက်အေအာင် ဆိုးဝါးလွန်းတဲ့ ဖြစ်ရပ်ဆန်းတွေ ကြုံတွေ့ရမှာဖြစ်ပြီးရုပ်ရှင်ကြည့်သူတွေလဲ ညဘက်မှာ စောင်လေးခြုံပြီး မီးတွေ အကုန်မှိတ် တိတ်တိတ်လေးဒီရုပ်ရှင်ကို ကြည့်ကြရအောင်…ကဲ.. သေချာပြီ ဆိုရင် အလွှာ ၁၃ ဓါတ်လှေကားနံပါတ် ၁၃ အခန်းနံပါတ် ၁၃၀၃ ကို ခဏလောက်အလည်သွားရအောင် သင် တစ်ယောက် ထဲ မသွားရဲဘူးဆိုရင် သင့် သူငယ်ချင်း တစ်ချို့ပါအခုပဲ Mention ခေါ်ပြီး အတူသွားဖို့ ပြင်လိုက်ကြရအောင်… 😀 ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေး
ထားသူကတော့ Thin Zar Htet ဖြစ်ပြီးThit San Khant မှ Encode ၍ တင်ဆက်ပေးထားပါတယ်… ဒီရုပ်ရှင်ကားဟာ အတော်ကြာပြီ ဖြစ်ပြီး၍ Quality မှာ အနည်းငယ်မှုန်ဝါးနေပါသဖြင့်သည်းခံကြည့်ရှုပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ကျွန်တော်တို့တွေ လိပ်ပြာလွှင့်တယ်ဆိုတဲ့အရပ်သုံးစကားကို တော်တော်များများကြားဖူးကြမှာပါဒီဇတ်ကားလေးကတော့ ငယ်ငယ်လေးထဲကမိခင်ဟာကိုယ့်ကိုယ်ကိုသတ်သေသွားတာကိုအခုမှသိလိုက်ရတဲ့ တက္ကသိုလ်ကျောင်းသား
အဲလက်စ် တစ်ယောက် ကျောင်းလက်ချာချိန်မှာလိပ်ပြာလွှင့်တာနှင့်ပတ်သတ်ပြီး သင်ကြားမိတာကနေ စပြီးသူ့အမေရဲ့ ဝိညာဉ်နှင့် အဆက်အသွယ်ရဖ်ု့လိပ်ပြာလွှင့်တဲ့အတတ်ကို စမ်းကြည့်ရာကနေမမျှော်လင့်ထားတဲ့ ပရလောကကံကြမ္မာဆိုး
ကြီးနှင့်တွေ့ပြီးဘယ်လိုဖြေရှင်းသွားမလဲဆိုတာသည်းတထ်တ်ထိတ်ရင်တဖိုဖိုစောင်ကြည့်ရမယ့် horror ဇတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်ရုပ်ရှင်ကားကို ကောင်းမြတ်သူ က ဘာသာပြန်ပေးထားပြီးအညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်
Await Further Instructions(2018)ခရစ်စမတ်ကာလမှာ နစ်နဲ့ သူ့ကောင်မလေးအတွက် အပျော်ဆုံး အချိန်တွေပါပဲ…နစ်က အိမ်မှာ သူ့ကောင်မလေးကို ညစာစားဖို့ခေါ်လိုက်တယ်…
ကံကြမ္မာဆိုးရောက်မယ်မှန်းမသိတော့ နစ်တို့မိသားစုလူစုံတက်စုံတက်စုံနဲ့ပျော်နေကြတယ်…သူတို့အပျော်က သိပ်ကြာကြာမခံပါဘူး…
နောက်နေ့မနက်မှာတော့ သူ့တိုရဲ့အိမ်အပြင်မှာဘက်မှာထူးဆန်တာဖြစ်ပြီး တစ်အိမ်လုံး အပြင်လောကနဲ့ အဆက်သွယ်ပြတ်သွားတယ်..ဘာလို့ဆို အိမ်တစ်ခုလုံးကို သတ္တုလို အရာမျိုးကြီးနဲ့ဖုံးအုပ်ထားလို့ပါပဲ..အပြင်ထွက်ဖို့နေနေသာသာ..ဖုန်းလိုင်းတောင်ဆက်သွယ်လို့မရတဲ့အခြေအနေပါပဲ…ကိုင်း နစ်တို့မိသားစုတွေ တစ်အိမ်လုံးလွှတ်မြောက်နိုင်ပါ့မလား ဘယ်လိုအခက်အခဲတွေနဲ့ကြုံမလဲ ဘာတွေမထင်မှတ်ထားတာတွေဆက်ဖြစ်မလဲဆိုတာတော့ Horror ကားကြိုက်သူတို့
ခံစားကြည့်လိုက်ပါဦး…
အသက်အလတ်ပိုင်းအရွယ်ရှိတဲ့လူငယ်တစ်ယောက် အိမ်နဲ့အဆင်မပြောဖြစ်ပြီး အိမ်ကနေထွက်လာခဲ့ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ခဲ့တယ် ထိုလူအရွယ်ရောက် အိမ်ထောင်ရပ်သားကျပြီး မိသားစု ပျော်ပျော်ရွှင်ရွှင်နေထိုင်နေချိန်မှာ
ညီဖြစ်သူဆီက ဖုန်းလာပြီး အမေဖြစ်သူပျောက်နေတယ်ဆိုတဲ့သတင်းကို ကြားလိုက်ရတော့ အမေရှိတဲ့မြို့ဆီသွားပြီး အမေဖြစ်သူကို ရှာပါတော့တယ် အမေဖြစ်သူကိုရှာဖွေရင်း ထူးဆန်းတာတွေ တစ်ခုပြီးတစ်ခုဖြစ်လာပါတော့တယ် သူတို့ရဲ့အမေဖြစ်သူကို ရှာတွေနိုင်ပါ့မလား အဖြစ်ဆိုးတွေကနေ လွတ်မြောက်နိုင်ပါ့မလား ဆိုတာကတော့….
Babysitter Wanted ရုပ်ရှင်ဇာတ်ကားလေးဟာ ၂၀၀၈ခုနှစ်ထွက် အမေရိကန် Horror ကားတစ်ကားဖြစ်ပါတယ် Imdb rating 5.5/10ရရှိထားပြီး ဇာတ်ကားကြာမြင့်ချိန်ကတော့ ၁နာရီခွဲပါ ပါဝင်သရုပ်ဆောင်ထားသူတွေက တော့ Sarah Thompson ,Bill Moseley, Kristen Dalton တို့ဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ကောလိပ်ကျောင်းသူလေးတစ်ဦးဖြစ်တဲ့ Angie ဟာ ကျောင်းစရိတ်ရရှိဖို့အတွက် ကလေးထိန်းအလုပ်လျှောက်ခဲ့ပါတယ် သူမထိန်းရမယ့်ကလေးလေးနာမည်က Sam ပါ Sam ရဲ့နေအိမ်ဖြစ်တဲ့လယ်တောအိမ်အကျယ်ကြီးမှာ ပထမဦးဆုံးအလုပ်ဆင်းတဲ့နေ့မှာတော့ Angie တစ်ယောက်ထူးဆန်းတာတွေနဲ့ကြုံတွေ့လာရပါတော့တယ် အမည်မသိဖုန်းခေါ်ဆိုမှုတွေ….. အိမ်တံခါးကိုဖျက်ပြီးဝင်ရောက်လာတဲ့လူတစ်ယောက်…… အလုပ်ရှင်မိသားစုရဲ့ ကြီးမားတဲ့လျှို့ဝှက်ချက်တစ်ခု…..စတဲ့သံသယဖြစ်ဖွယ်ခြောက်ခြားစရာတွေနဲ့အတူ Angie တစ်ယောက် ဘယ်လိုရှေ့ဆက်သွားမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်
Better Watch Out movie ဟာ ၂၀၁၇ခုနှစ်ထွက် စိတ္တဇ horror ကား အမျိုးအစားဖြစ်ပါတယ် Rotten Tomatoes 87% IMDb 6.6 ထိရရှိထားတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် ပါဝင်သရုပ်ဆောငိထားသူတွေကတော့ Levi Miller,Olivia Dejonge , Ed Oxenbould တို့အဓိကပါဝင်သရုပ်ဆောင်ထားပါတယ် အခုလိုခရစ္စမတ်ရာသီမှာကြည့်ကောင်းမယ် ခရစ္စမတ် horror ကားလေးပါ ဇာတ်လမ်းအကျဉ်းကတော့ Ashley တစ်ယောက် ခရစ္စမတ်အားလပ်ရက်မှာ ၁၂သား Luke Lerner ကိုကလေးထိန်းပေးရပါတယ် Luke ဟာ သူမကိုမြူဆွယ်တဲ့အမူအရာတွေလုပ်တက်တာလည်း သတိပြုမိနေခဲ့ပါတယ် ထို့နောက် Luke သူငယ်ချင်း Garret အိမ်အလည်လာချိန် သူတို့တစ်တွေ အိမ်အပေါ်ထပ်ကအုတ်ချပ်မှာ ထွက်သွားရင်သေရမယ် ဆိုတဲ့စာတန်းတွေ့တဲ့အခါ…… ထူးဆန်းတာတွေဖြစ်လာတဲ့အခါ…… Garrett တစ်ယောက်အမည်မသိ သေနတ်သမားပစ်သတ်ချင်းခံရတဲ့အခါ……. လူသတ်သမားအစစ်ကဘယ်သူလဲ…… နောက်ကွယ်ကကြံစည်နေသူက ဘယ်သူလဲ…… ဆိုတာ ကြည့်ရှုသူကိုယ်တိုင်ပဲ ခံစားကြည့်လိုက်နော်
၂၀၁၈ ခုနှစ်ထွက် အလန်းစား တမီလ်ကားလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် နိုင်ငံရေး ဇာတ်ရှုပ်တွေ အရမ်းခေတ်စားတဲ့ ဘောလီးဝု၊ သောလီးဝု ဇာတ်ကားတွေထဲမှာ ရှုပ်ထွေးလှတဲ့ နိုင်ငံရေး လုပ်စားကွက်တွေကို ဟော်ရာ(horror) ထည့်ရိုက်ထားတဲ့၊ နိုင်ငံရေးနဲ့ ဟော်ရာပေါင်းစပ်ရိုက်ကူးထားတဲ့၊ ဇာတ်ကားကောင်းတစ်ကားပါ… အခုခေတ် ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေ ကြားထဲမှာ အရင်ခေတ်က မိဘုရား တစ်ပါးက ဘယ်ကနေ ဘယ်လို ပါဝင်လာသလဲ? ဘုရင်တစ်ပါးရဲ့ အင်အားသုံးခုဖြစ်တဲ့ ငွေရယ်၊ လူထုထောက်ခံမှုရယ်၊ ဦးဏှောက်ရယ်ကို ဘယ်လိုမျိုး ကစားသွားသလဲ? စတာတွေကို ကြည့်ရှုရမဲ့ ဇာတ်ကားကောင်း တစ်ကားပါ ရိုက်ချက်ကောင်းကောင်း၊ ဇာတ်လမ်းကောင်းကောင်း ကြည့်ချင်တဲ့သူတွေအတွက် ရည်ရွယ်ထားတဲ့ ဇာတ်ကားတစ်ကားဆိုလည်း မမှားပါဘူး India တောင်ပိုင်းဇာတ်ကားတွေက ဇာတ်လမ်းပိုင်းနဲ့ ပတ်သတ်ရင်တော့ ဆရာကြီးတွေပါ သူတို့ရဲ့ကားတိုင်းလိုလို double twist တွေနဲ့လာပါတယ် ဒါပေမဲ့ မင်းသားတွေက over action တွေကြောင့် ကြည့်ရတာနည်နည်း ဖီလင်အောက်သွားတတ်တာပါ ဒါကြောင့် ဒီဇာတ်ကားကိုလည်း အဲ့လိုဖီလင်အောင်မလားလို့ စိုးတထင့်ထင့်နဲ့ ဘာဟူဘာလီမင်းသမီးခေါင်းဆောင်ပါဝင်လို့ သွားကြည့်မိတာပါ မန်မာပရိသတ်တွေအကြိုက် နှစ်ဘဝကလဲ့စားမင်းသမီးပေါ့၊ ဒါရိုက်တာက ဒီဇာတ်လမ်းကို ဒီမင်းသမီးနဲ့ရိုက်ချင်လို့ ၄နှစ်စောင့်လိုက်ရပါတယ်၊ မင်းသမီးကရိုက်ရက်မအားလို့ပါတဲ့၊ ထူးထူးခြားခြား တောင်ပိုင်းဇာတ်ကားတွေထဲမှာမှ သီချင်းက တစ်ပုဒ်ထဲပဲပါပါတယ်၊ ဇာတ်လမ်းကထွေလာကြည့်ပြီးတော့ သရဲကားလို့ထင်နေမိတာ၊ ဒါပေမဲ့ သရဲကားမဟုတ်ပါဘူး၊ ပြောချင်တာက သရဲတော့ခြောက်ပါတယ်၊ အကြမ်းကြီးမဟုတ်ပဲနဲ့ အနုခြောက်ခြောက်တာပါ၊ ဒါပေမဲ့ ဇာတ်လမ်းပိုင်းမှာအရမ်းမိုက်သွားပြီး Plot Twist တွေကအလန်းပြီး ခန့်မှန်းရခက်တာမို့ ရုပ်ရှင်ကြည့်ရင်းနဲ့ ကိုယ်ထင်ထားတာဖြစ်မလာတာက လဲ ရုပ်ရှင်ကြည့်တဲ့သူကို ဆွဲဆောင်တဲ့ စိတ်လှုပ်ရှားမှုတစ်ရပ်ပါပဲ ကဲဗျာ ဇာတ်လမ်းပိုင်းလေးကို သွားလိုက်ရအောင် ဇာတ်လမ်းအကျဉ်းလေးကတော့ တောထဲမှာရှိတဲ့ သရဲအရမ်းခြောက်တယ်လို့ နာမည်ကြီးတဲ့ ဘာဂါမသီ ဆိုတဲ့ အိမ်ကြီးရှိပါတယ်၊ ချန်ချလာ ဆိုတဲ့ကောင်မလေးက အာဏာရဝန်ကြီးရဲ့ ညာလက်ရုံး၊ ဒါပေမဲ့ သူ့ယောကျာ်းကိုသတ်တဲ့အမှုနဲ့ထောင်ထဲရောက်သွားပါတယ်၊ အဲ့အချိန်မှာပဲ အနီးအနားရွာတွေမှာရှိတဲ့ ရှေးဟောင်းစာရင်းဝင် တန်ဖိုးဖြတ်လို့မရတဲ့ ဘုရားဆင်းတုတော်တွေကခဏခဏပျာက်ဆုံးနေပါတယ် ထောက်လှမ်းရေးတွေ သံသယရှိတာက အာဏာရဝန်ကြီးက ဒီပျောက်ဆုံးမှုက ပါဝင်နေတယ်လို့ထင်နေတာပါ ဒီတော့ ထောက်လှမ်းရေးက ထောင်ထဲရောက်နေတဲ့ ဝန်ကြီးရဲ့ ညာလက်ရုံး ချန်ချလာကို ထောင်ထဲကထုတ်ပြီး ဝန်ကြီးမသိအောင် တောထဲက ဘာဂါမသီ အိမ်ကြီးမှာ စစ်ဆေးလုပ်ဖို့ ချန်ချလာကို အဲ့ဒီ့အိမ်ကြီးမှာထားလိုက်ပါတယ်၊ သရဲအလွန်ခြောက်တယ်လို့ အိမ်ကြီးထဲရောက်သွားတဲ့ ချန်ချလာတစ်ယောက် ဘယ်လို အခက်အခဲတွေကြုံရမလည်း…. ဝန်ကြီးကကော လက်ရှိအမှုမှာ တကယ်ပဲ ပါဝင်ပတ်သတ်နေလား….. ချန်ချလာကကော သူ့ယောကျာ်းကို ဘာကြောင့်သတ်ပစ်လိုက်ရတာလည်း…… တစ်ခြားနောက်ကွယ်မှာ ဘယ်လိုခြောက်လန့်မှုတွေက ရှိနေသေးလည်းဆိုတာ….. ကိုတော့ ပရိတ်သတ်ကြီးကဆက်လက်ကြည့်ကြရမှာပါ ဒီဇာတ်ကားမှာ အရေးကြီးဆုံးအချက်တစ်ခုက အသံပါပဲ၊ ဒီဇာတ်ကားမှာ အသံဖန်တီးမှုတွေက အရမ်းကောင်းပါတယ်၊နောက်ပြီး တော့ ဘာဂါမသီဆိုတဲ့အိမ်ကြီး၊ ဇာတ်ကားပြီးတော့ ရိုက်ကွင်းပြတော့ လုံးဝအံသြသွားမိပါတယ်၊ နောက်ကွယ်ကဘယ်လိုပြင်ဆင်ရလည်းဆိုတာကိုလည်း ပညာရခဲ့ပါတယ်၊ ဒါကြောင့်လည်း ဟောလိဝု သောလိဝုကားတွေက နော်ကပိုင်းမှာအောင်မြင်လာတာပါ မင်းသမီးကတော့ရင်းနှီးထားပြီးသားဆိုတော့ သရုပ်ဆောင်ကောင်းပြီးသားဆိုတာကိုပြောစရာမလိုပါဘူး၊ နည်းနည်းဝတယ်လို့ထင်ရပေမယ့် ချစ်စရာလေးပါ တစ်ခြား တောင်အိန္ဒိယကားတွေလို အိုဗာတွေမပါတော့ ကြည့်ရတာအဆင်ပြေပါတယ် ဖီလင် မအောက်ပါဘူး ကလေးဘဝတုန်းက ဒီဇာတ်လမ်းနဲ့ဆင်တဲ့ကာတွန်းတစ်ပုဒ်ဖတ်ဖူးတယ်၊ ဒိရဲဂျာကာတွန်းပါ၊ ဒါပေမဲ့ ဇာတ်သိမ်းမတူပါဘူး ၊ဒီကားထဲမှာကြိုက်တာက ဇာတ်သိမ်းခန်းပါပဲ ၊တကယ်ကြမ်းတာပါ၊ ရုံမှာကြည့်ရင်တော့ အသံစနစ်ကောင်းတော့ရှယ်ပါ ၊ အခွေမှာကြည့်ရင်လဲ အဆင်ပြေမှာပါ ပြီးတော့ ဒီကားက သရဲကားကြိုက်တဲ့သူတွေတော့ အကြိုက်တွေ့မှာလို့ပြောလိုက်ပါရစေဗျ
တရုတ် ပာာသ သရဲကားပါ ၂၀၁၅ လောက်ကထွက်ခဲ့တာပါ ဇာတ်ကားကပုံစံကတော့ မလေးရှားမှာ ကောင်လေးတယောက်လှည့်လည်ရင်းနဲ့ ဆီဒစ် ဆိုတဲ့သရဲမလေးနဲ့တွေ့ဆုံခဲ့ပါတယ် ဆီဒစ် ဆိုတဲ့သရဲမချောလေးပာာဆိုရင်ဖြင့် လွန်ခဲ့တဲ့နှစ် ၃၀ က အသတ်ခံခဲ့ရတာပါ လက်စားချေလိုသေးတာကြောင့် သရဲမဖြစ်နေသေးတာပါ ကောင်လေးနဲ့ သူ့သူငယ်ချင်းတွေအကူအညီနဲ့ ဆီဒစ်သူ့ကိုသတ်တဲ့တရားခံကိုရှာတွေ့သွားနိုင်မလား? မျက်စိရှေ့မှာမြင်တာအားလုံးကရော အမှန်ဖြစ်နိုင်ပါ့မလား? အမှုကိုဖော်သွားရင်း ဇာတ်ကားကို မပျင်းရအောင် ဟာသလေးတွေနဲ့တည်ဆောက်ထားတာပါ သရဲမလေးကလည်းအရမ်းချောတော့ ကြည့်ရတာပိုမိုက်တာပေါ့ဗျာ ပင်ပန်းနေတဲ့နေ့လေးမှာ ဟာသကားလေးကြည့်ပြီး အပန်းဖြေလိုက်ပါ
အံ့သြတုန်လှုပ်ဖွယ် ဖြစ်ရပ်ဆန်းကြယ်ဇာတ်ကားမျိုးကို ကြည့်ရှုချင်ကြတဲ့ ပရိတ်သတ်အတွက် ၂၀၁၉ထွက် ဇာတ်ကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ် နယ်မြို့လေးတစ်မြို့မှာနေထိုင်ကြတဲ့ ဆိုးသွမ်းတဲ့ လူငယ်တစ်စုဟာ မူးယစ်ဆေးတွေ သုံးစွဲရင်း အနားပတ်ဝန်းကျင်က အိမ်တွေကို အနုကြမ်းစီးဓားပြတိုက်လေ့ရှိပါတယ်… ဒီလူငယ်တစ်စုထဲမှာ မိန်းကလေးတစ်ယောက်ပါဝင်ပြီး သူ့ရဲ့အဖေက မြို့ကရဲဝန်ထမ်းတစ်ဦးဖြစ်ပေမယ့် သူ့သမီးဒီလိုတွေလုပ်နေတာ လုံးဝမရိပ်မိခဲ့ပါဘူး တစ်နေ့မှာ အဲ့ဒီနယ်မြို့လေးက အိမ်ကြီးတစ်လုံးကို ထူးဆန်းတဲ့မိသားစုတစ်စု ပြောင်းရွှေ့လာခဲ့ပါတယ်.။ ဒီမိသားစုနဲ့အတူ ဒေါ်လာတွေအပြည့်ထည့်ထားတဲ့ သေတ္တာတွေလည်းပါလာခဲ့တယ်ဆိုတာကို ဒီလူငယ်တစ်စု စုံစမ်းသိရှိပြီးနောက် တိတ်ဆိတ်တဲ့ညတစ်ခုမှာ လူငယ်တစ်စုဟာ အိမ်ကြီးကို ဖောက်ထွင်းပြီး အနုကြမ်းစီးပါတော့တယ်… အိမ်ကြီးထဲရောက်ချိန်မှာတော့ ထင်မှတ်ထားသလို ဖြစ်မလာခဲ့ဘဲ မုဆိုးကနေ သားကောင်အဖြစ်ရောက်ရှိသွားတဲ့အခြေအနေကို ကြုံတွေ့ရပါတော့တယ်..။
ဒီဇာတ်ကားလေးကတော့ Documentary လေးပါ ဇာတ်လမ်းလေးကတေ့ာ filmmaker တစ်ဦးဟာ သူ့ရဲ့ယောက္ခမအိမ်ကိုအလည်သွားခဲ့ပါတယ် အဲ့ အိမ်က 1970 ဝန်းကျင်က ဆောက်ထားတဲ့အိမ်ဆိုပါတော့ အဲ့အိမ်မှာ အထူအဆန်းလေးတွေဖြစ်တာကို video လေး ရိုက်ကူးထားတာပါ သူဟာအိမ်ထဲ မှာရှာတွေ့ခဲ့တာကတော့ video box လေးတစ်ခုပါ အဲ့ video flim လေးတွေကို video နေ့မအိပ်ညမအိပ်ပဲ ဆက်ဆက်ကြည့်တဲ့အခါမှာ လူတွေရဲ့ စူးစမ်းလေ့လာမှုအတော်များများကိုတွေ့ခဲ့ပါတယ် အကြောင်းကတော့ အချိန်အကြာကြာမျက်တောင်မခက်ပဲ နေကြတာကို ပဲ horror ဆန်ဆန် ဇာတ်လမ်းလေးလဲ ဖြစ်တာမို့ ရင်တမမ နဲ့ ကြည့်နေရမှာပါ … ကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းလေးလဲဖြစ်ပါတယ် Documentary လေးဆိုတော့ ရှည်ရှည်ဝေးဝေးပြောနေစရာမလိုပါဘူး ဇာတ်လမ်းလေးကိုပဲကြည့်လိုက်ရအောင်…
တရုတ်နိုင်ငံရဲ့ အိမ်ခြံမြေ ဈေးကွက် ဟာ လုပ်တက် ကိုင်တက်တယ်ဆိုရင် တစ်ရက်ထဲနဲ့ သူဌေး ဖြစ်သွားနိုင်သလို အမှားအယွင်းဖြစ်ရင်လဲ တစ်ရက်ထဲနဲ့ ခွေးဖြစ်သွားနိုင်တာပါပဲ… အဲ့ဒီမှာ အိမ်ခြံမြေ ဈေးကွက်ထဲ နာမည်ကောင်းနဲ့ ရပ်တည်နေတဲ့ ရိုးသားတဲ့ လူငယ်လေး တစ်ယောက်ရှိတယ် စေတနာ သန့်တယ် ကတ်စတန်မာ ကို ကိုယ့်မိသားစုလို သဘောထားတက်တယ် ဘယ်တော့မှ ဂျင်း မထည့်တက်ဘူး ကိုယ့်လိပ်ပြာ ကိုယ်လုံတဲ့ အိမ်ခြံမြေ အကျိုးဆောင် ပွဲစားလူငယ်လေးပေါ့… ဒါပေမဲ့ တစ်ရက်မှာတော့ သူ့ အဖေ ရဲ့ ဆေးရုံ စရိတ်တွေ အကြွေးတွေ လည်ပင်းနစ်လာတာကြောင့် သူဟာ မူလ နာမည်ရှိပြီး တိုးတက်မှု နှေးတဲ့ လုပ်ငန်းက ထွက်လိုက်ပြီး Top 10 List ထဲ ဝင်နေတဲ့ အိမ်ခြံမြေ လုပ်ငန်းကြီး တစ်ခုမှာ အလုပ်သွားလျှောက်ခဲ့တယ် အဲ့ဒီ လုပ်ငန်းကတော့ အမြတ် မတရားများတယ် ရောင်းမထွက် ငှားမစွံတဲ့ အိမ်ခြံမြေတွေကို ရောင်းထွက်အောင် ငှားထွက်အောင် လုပ်ပေးနိုင်ရင် ခံစားခွင့်က ဘာနဲ့မှ မတူအောင် ချက်ချင်းကြီးပွားနိုင်တယ်… ဒီလိုနဲ့ အဖြူထည်လေးမှာ အရောင်တွေ စွန်းပြီး အိမ်ခြံမြေ ရှာနေတဲ့ မိသားစုတွေ ကို ဂျင်းလိုက် ပတ်ထည့်တော့တာပါပဲ…. သူဂျင်းထည့်လိုက်တာကတော့ ဘယ်သူမှ မနေရဲပဲ လူတွေ ခဏခဏ သေတဲ့ အပ မှီနေတဲ့ တိုက်ခန်း အိမ်ရာတွေ ဖြစ်နေခဲ့သော် အခါ….
ဇာတ်လမ်း အကျဉ်းလေးကတော့ ကယ်ဘင် ဆိုတဲ့ နေရာကို သူငယ်ချင်း ၅ယောက် သွားလည်ရာမှ မပြန်လမ်းကို မြန်းသွားပုံကို ရိုက်ကူးပြထားပြီး Horro တို့ရဲ့ ထုံးစံ အတိုင်း Rating တော့ အတော်နည်းတာကိုတွေ့ရတယ်ဗျ ပုရိသအကြိုက်ကား မျိုးမို့ ကြောက်တာရယ် ဟွာရယ် ဆိုတဲ့ ရသ ၂မျိုးကို တပြိုင်နက် ခံစားရမှမို့ သိပ်လန်းမယ်ဆိုတာ တော့ ပြောစရာမလိုတော့ဘူးထင်ပါတယ် သူတို့က ၅ယောက်စုသွားတယ် ကွီးတို့က ၁၈ယောက် စုကြည့်ကြပေါ့ 😛
ကျနော်တို့ ရဲ့ အသဲကျော်ကြီး DC ရဲ့ အကျော်ကြားဆုံး မှော်ဆရာ John Constantine ရဲ့ Solo Animation လေးပါ … သူ့အရင်ကတော့ မိနစ်ပိုင်းစာ TV Series အဖြစ် ထွက်ခဲ့ပြီး Movie အဖြစ် ပြန်ပေါင်းထုတ်လိုက်တာပါ…. အသံသရုပ်ဆောင်ပေးထားတာကလဲ မူလ TV Series မှာ Constantine အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသား Matt Ryan ကိုယ်တိုင်ပါပဲ ဒီရုပ်ရှင်မှာတော့ ဂျွန် ဟာ သူ့ထုံးစံအတိုင်းပဲ ပေမြဲ နေမြဲ ဆိုးဆဲ ဖြစ်ပါတယ် တစ်ရက်မှာတော့ သူ့အချစ်ဆုံး သူငယ်ချင်းဖြစ်သူ ချက်စ် တစ်ယောက် ဗြုန်းစားကြီး ရောက်လာခဲ့ပြီး သူ့သမီးလေး ကိုမာ ဝင်နေရာက ပြန်မနိုးလာတဲ့ အတွက် အားကိုးတကြီး လာအကူအညီတောင်းတာပါ ဂျွန် လိုက်သွားပြီး စစ်ကြည့်တဲ့ အခါမှာတော့ အဆိုးရွားဆုံး နတ်ဆိုး တစ်ကောင်က သူ့ဝမ်းဗိုက်ထဲမှာ ချုပ်နှောင်ထားတာပါ ဂျွန် နတ်ဆိုးဆီ လိုက်သွားတဲ့ အခါမှာတော့ ချက်စ် ရဲ့ သမီးက ငါးစာ သက်သက် ဖြစ်ပြီး ဂျွန် ရဲ့ မှော်အစွမ်းကို အသုံးချ သိမ်းသွင်းပြီး ခိုင်းချင်တဲ့ ကိစ္စ တစ်ခုအတွက် ဂွင်ဆင်ခဲ့ကြောင်း သိခဲ့ရတယ်… ကျန်တာတွေကတော့ ဇတ်ရှိန်မပျက်အောင် ကိုယ်တိုင်ပဲ ကြည့်လိုက်ကြပါ ဂျွန် ကို လွမ်းနေတဲ့ Fan တွေ အတွက် အလွမ်းပြေ Animation Movie လေးက နည်းနည်းတော့ အလွမ်းပြေစေမှာပါ…
ဒေ့ဗ် ဝင်္ကဘာတစ်ခုတည်ဆောက်နေသည် ၂၀၁၇ ခုနှစ်ထွက် ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းလေးက တော့ Adventure Comedy Horror အမျိုးအစားဖြစ်ပြီး ရသပေါင်းစုံကိုခံစားချင်ရင်တော့ ဒီကားလေးက ကြည့်သင့်တဲ့ကားလေးတစ်ကားပါ ပြီးတော့ ဒီကားလေးက Dave Made a Maze ဆိုတဲ့ ၁၉၈၀ လောက်က ဇာတ်ကားကို အခုခေတ် အမြင်တွေနဲ့ ပြန်လည်ဆန်းသစ်ရိုက်ကူးထားတာဖြစ်ပြီး အဲ့ဒီခေတ် အဲ့ဒီအခါတုန်းကလည်း ကျော်ကြားခဲ့တဲ့ကားလေးပါ ဇာတ်လမ်း အကျဉ်းလေးကတော့ ဒေ့ဗ်ဆိုတဲ့ အနုပညာရှင်တစ်ယောက် သူ့ အသက်မွေးတဲ့ ပညာရပ်နဲ့ တခုခု ကို အသိအမှတ်ပြုခံချင်နေတဲ့သူ တနေ့မှာ သူဟာသူတတ်တဲ့ ပညာရပ်နဲ့ ဝင်္ကဘာ တစ်ခုကိုတည်ဆောက်ဖို့ အကြံရခဲ့ပြီး သူ့စိတ်ထဲမှာ ရူးသွပ်နေတဲ့ လူတိုင်းက သူ့ကို အမြဲတမ်းစိတ်ထဲမှာ အမှတ်ထင်ကျန်နေခြင်တဲ့ စိတ်ရူးပေါက်မှုှုတွေနဲ့ ပေါင်းစပ်မိတဲ့ အခါမှာတော့ ဒေ့ဗ် တစ်ယောက် သူလိုချင်နေတဲ့ ပန်းတိုင်ကို ရောက်မလား သူတည်ဆောက်နေတဲ့ ဝင်္ကဘာကကော ဘာတွေ ဖြစ်လာမလဲ ဆိုတာကိုတော့
အိပ်နေရင်းနဲ့အိပ်မက်ထဲမှာ သွက်ချာပါဒဖြစ်ပြီး လှုပ်ရှားမရအသံထွက်မရဖြစ်ဖူးပါသလား လူတိုင်းဘဝမှာတစ်ကြိမ်တစ်ခါတော့ဖြစ်ဖူးကြမယ်ထင်ပါတယ် တစ်ချို့ဆို လှုပ်ရှားမရဖြစ်နေတုန်းမှာ တစ်စုံတစ်ခုကိုပါမြင်တွေ့ရတတ်ပါတယ်။ အဲ့ဒီအရာဟာစုန်းမတစ်ယောက်ဆိုရင်သင်ယုံပါသလား မယုံကြည်တဲ့လူတွေကတော့ဘာမှဆက်မဖြစ်တတ်ပေမယ့် ယုံကြည်သွားတဲ့လူတွေမှာဘာတွေဆက်ဖြစ်တတ်သလဲဆိုတာကိုရိုက် ကူးထားတဲ့horrorဇာတ်ကားတစ်ကားပါ။ ကျန်းမာရေးကောင်းနေတဲ့လူတော်တော်များများဟာအိပ်နေရင်းသေဆုံးသွားတတ်တာကိုကြားဖူးကြမှာပါ။ တကယ်ပဲဒီဇာတ်ကားထဲအတိုင်းလားဆိုတာကို CMပရိသတ်ကြီးဒီဇာတ်ကားလေးကိုကြည့်ရှုရင်း ဆုံးဖြတ်ကြည့်ကြပါ
ပထမတင်ပေးခဲ့တဲ့ Watch Tower ရဲ့အဆက် ဇွန်ဘီပုရိသတ်တွေအတွက် ရင်တဖိုဖိုနဲ့ကြည့်ရမဲ့ အက်ရှင်ကားကောင်းလေးပါ Horror,Thriller ကားတွေက Rating နည်းလေ့နည်းထ ရှိပေမဲ့ ဒီကားက ၄.၇ ရထားပါတယ် ဒီဇာတ်ကားက နဲနဲလေးနိုင်ငံရေးနဲ့လည်းဆက်နွယ်နေတယ်… သတင်းထောက်သမားနှစ်ဦး က အမေရိကန်မှာ ပြန်ဦးမော့လာတဲ့ဇွန်ဘီပိုး နဲ့ပက်သက်ပြီး ဇာတ်လမ်း(သတင်း)ယူဖို့ရောက်သွားရာကနေ ဒုက္ခစက်ကွင်းထဲရောက်ရှိသွားပါတယ် တစ်ယောက်ကတော့ဘေးကင်းရာရောက်ရှိသွားပေမဲ့ ကျန်တစ်ယောက်ကတော့….ဇွန်ဘီတောထဲမှာ တလည်လည်နဲ့ ဘယ်လိုရုန်းထွက်မလဲ…. ဘေးကင်းရာကို ရောက်ရှိသွားတဲ့သူကရော တကယ်ဘေးကင်းလား ဆိုတာ..ပရိတ်သတ်ကြီး ကပဲဆက်ကြည့်လိုက်ပါတော့လို့ ပြောပါရစေ….။
ငါးမန်းတစ်ကောင်ကို လူအသိဉာဏ်လိုမျိုးအရာတွေ ထည့်သွင်းပေးလိုက်တဲ့အခါ ဘယ်လိုအကျိုးဆက်တွေရလာမလဲဆိုတာ ကြည့်လိုက်ရအောင်လား… ငါးမန်းဆိုတာမျိုးကရေဘုရင်လို့တင်စားလို့ရတဲ့ အသားစားသတ္တဝါတွေပါ…ဒီလိုအကောင်မျိုးတွေကို လူတွေရဲ့သုတေသနအဖြစ်ရွေးချယ်လိုက်တယ်ဆိုတာကတော့ တော်တော်ကိုအန္တရာယ်များတဲ့စွန့်စားမှု့တစ်ခုပါပဲ… ဒါပေမယ့် စူးစမ်းချင်တာကလည်းလူတွေရဲ့သဘာဝ မဟုတ်ပေဘူးလား…ဒါကြောင့် ငါးမန်းတွေကိုမွေးမြူပြီး အဖွဲ့လိုက်အမဲလိုက်တတ်အောင်သင်ပေးကြပါတယ်… ငါးမန်းဆိုတာမျိုးကတစ်ကောင်တည်း အစာရှာတတ်တဲ့အမျိုးတွေပါ… ဒီလို အရိုင်းစိုင်းကောင်တွေကို အဖွဲ့လိုက်အမဲလိုက်တတ်အောင် သင်ပေးတာကလည်းတော်တော်ကိုမလွယ်သလို အရမ်းလည်းအန္တရာယ်များတဲ့အလုပ်ပါ…. ဒီလိုတိုးတက်လာတဲ့ ငါးမန်းတွေကို လူသားတစ်ယောက်လိုတွေးခေါ်နိုင်အောင် လုပ်ပေးလိုက်တဲ့အချိန်မှာတော့ လူတွေက အမဲလိုက်လို့သင်ပေးလိုက်တဲ့ သူတို့ရဲ့ငါးမန်းတွေက သူတို့ကိုပြန်ပြီးတော့ အမဲလိုက်ကြပါတော့တယ်… အဲလိုအမဲလိုက်ကြတဲ့အခါမှာတော့ ပင်လယ်ပြင်ရေအောက်စခန်းမှာ ပိတ်မိနေကြမယ့် လူသားတစ်စုရဲ့ အသက်ရှင်လှုပ်ရှားမှု့တွေကို စိတ်လှုပ်ရှားကြောက်လန့်ဖွယ်မြင်ရမှာပဲဖြစ်ပါတယ်… ဒီကားက Rating နည်းပေမယ့် ကြည့်လို့ကောင်းမယ့် ကားမျိုးပါ…
ဒီ Horror ကားရဲ့ အဓိက ဇာတ်ကောင်ကတော့ ကောလိပ်ကျောင်းသူချောလေး Alexပါ… ကျောင်းတွေအပြီးမှာ သူငယ်ချင်းတွေနဲ့အတူ Alex ဟာဆုံခဲ့ပါတယ်… တစ်ညတော့ သူငယ်ချင်းတွေနဲ့ ညဘက်အပြင်ထွက်ပြီး သောက်ကြပျော်ကြပေါ့… အိမ်အပြန်လမ်းမှာ သူမတို့ သူငယ်ချင်းတစ်စုဟာ စိတ္တဇပညာရှင်လိုလူဆီကိုရောက်သွားကြတယ်.. ထူးဆန်းတာက Alex ဟာ အဲ့ဒီပညာရှင်ကို အိပ်မက်ထဲမှာလို အပြင်မှာလိုလိုမြင်ဖူးနေတယ်… နောက်နေ့ကျတော့ အဲ့ဒီညကဖြစ်ခဲ့တာတွေကို Alex ဟာ ဘာကိုမှမမှတ်မိတော့ဘူး…သူငယ်ချင်းတွေလည်း စိုးရိမ်ထိတ်လန့်နေတယ်…ဘာလို့ဆို Alex ရဲ့ ကိုယ်မှာ ကုတ်ရာခြစ်ရာ ဗရာပွနဲ့ ..ဒါ့အပြင်ထူးဆန်းတဲ့အရာတွေလည်း ဆက်တိုက်ဖြစ်ခဲ့တယ်…Alex ကိုယ်တိုင်ပဲ သူ့ကိုယ်သူ ထိန်းချုပ်လို့မရဖြစ်နေတယ်…Alex ဘာတွေဖြစ်နေလဲ သူ့ရဲ့ သူငယ်ချင်းတွေကလည်း ဘယ်လိုရင်ဆိုင်ပြီးဖြေရှင်းမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး…
CMပရိတ်သတ်တွေထဲက Thriller ကားတွေကြိုက်တဲ့သူတွေအတွက် 2018 ထွက်ထားတဲ့ DownRange ဆိုတဲ့ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ဒီကားလေးကိုကြည့်မယ်ဆိုရင်တော့ အဟေဠိတွေနဲ့ ကြည့်ကြရမှာဖြစ်ပြီး အစကနေ ပြီးခါနီးထိ ဘာမှ နားလည်မှာမဟုတ်ပါဘူး အဆုံးသတ် ဇာတ်ပေါင်းခန်းရောက်မှသာ ကွင်းခနဲ ကွက်ခနဲ အော်ဒါကြောင့်ကိုးဆိုပြီး သဘောပေါက်သွားစေမဲံ ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ် ဒီကားလေးရဲ့ပုံစံက လူတွေကို အမဲလိုက်သလို လိုက်ရတယ် တပ်ထွက် sniper တစ်ယောက်နဲ့ ခရီးသွားရင်းကံဆိုးမိုးမှောင်ကျပြီး ဒီစစ်သားနဲ့မှတိုးမိတဲ့ ခရီးသွား လူငယ်တစ်ခုတို့ အကြောင်းကို ပြထားတာဖြစ်ပြီးတော့ လမ်းတစ်ဝက်မှာ သောင်တင်နေတဲ့ သူငယ်ချင်းတစ်စုရဲ့ လွှတ်ရာလွှတ်ကြောင်းနည်းလမ်းတွေရှာရင်း အဲ့သူငယ်ချင်းတစ်စုက လွတ်မြောက်နိုင်ပါ့မလား စနိုင်ပါသမားကကောဘာလို့ လိုက်ပစ်နေတာလဲဆိုတာတွေကိုကြည့်ကြရမှာဖြစ်ပြီး ပရိတ်သတ်ကြီးက ဘာတွေ ဆက်ဖြစ်သွားမလဲဆိုတာတော့ ရုပ်ရှင်လေးကို သည်းထိတ်ရင်ဖိုကြည့်လိုက်ကြနော်
Horror ကားကြိုက်နှစ်သက်သူတို့အဖို့ ကြည့်ဖူးသမျှထဲမယ် သူတို့ရဲ့ နှလုံးသည်းအူကို လှုပ်ရမ်းနိုင်တဲ့ ဇာတ်ကားများကို ပြောပါဆိုရင် Final Destination တွေကို ပြောကြမှာသေချာသလောက်ပါပဲ….ယ္ခုနောက်ပိုင်းထွက်တဲ့ horror ကားတော်တော်များများမှာ အထူးသဖြင့် Jump scare မျိုး ဝုန်းကနဲ ဒိုင်းခနဲ ခြောက်လှန့်တတ်တဲ့ ကားမျိုးတွေကို horror ကား ကြိုက်နှစ်သက်သူသူတို့ အဖို့ ကြာလာတော့ အနည်းငယ်ရိုးအီလာသလိုပါပဲ…….Final Destination လို horror မျိုးကျတော့လည်း တကယ့်ကို သွေးပျက်ထိတ်လန့်စရာဖြစ်တဲ့အပြင် ကျောထဲစိမ့်နေအောင် ကြောက်နေရတာမျိုး… .မင်း horror ဘယ်လောက် crazy ဖြစ်လဲဆိုတာကို Final Destination (1 to 5) ကို စဆုံးကြည့်ဖြစ်လားဆိုတာမျိုးနဲ့ ဆုံးဖြတ်ရလောက်အောင် သွေးပျက်ထိတ်လန့်စရာပါပဲ… ယ္ခုလည်း New Line Cinema က Final Destination Reboot ကိုစတင်လုပ်ဆောင်နေပြီလို့သိရပါတယ်။ ဒီတော့ စဆုံးလေးကို ပြန်လည် ခံစားချင်သူများအတွက် အရည်အသွေးစုံလင်စွာဖြင့် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်…..
Horror ကားကြိုက်နှစ်သက်သူတို့အဖို့ ကြည့်ဖူးသမျှထဲမယ် သူတို့ရဲ့ နှလုံးသည်းအူကို လှုပ်ရမ်းနိုင်တဲ့ ဇာတ်ကားများကို ပြောပါဆိုရင်
Final Destination တွေကို
ပြောကြမှာသေချာသလောက်ပါပဲ….ယ္ခုနောက်ပိုင်းထွက်တဲ့ horror ကားတော်တော်များများမှာ အထူးသဖြင့် Jump scare မျိုး ဝုန်းကနဲ
ဒိုင်းခနဲ ခြောက်လှန့်တတ်တဲ့ ကားမျိုးတွေကို horror ကား ကြိုက်နှစ်သက်သူသူတို့
အဖို့ ကြာလာတော့ အနည်းငယ်ရိုးအီလာသလိုပါပဲ…….Final Destination လို horror မျိုးကျတော့လည်း တကယ့်ကို သွေးပျက်ထိတ်လန့်စရာဖြစ်တဲ့အပြင်
ကျောထဲစိမ့်နေအောင် ကြောက်နေရတာမျိုး…
.မင်း horror ဘယ်လောက် crazy ဖြစ်လဲဆိုတာကို Final Destination (1 to 5)
ကို စဆုံးကြည့်ဖြစ်လားဆိုတာမျိုးနဲ့ ဆုံးဖြတ်ရလောက်အောင် သွေးပျက်ထိတ်လန့်စရာပါပဲ… ယ္ခုလည်း New Line Cinema က
Final Destination Reboot ကိုစတင်လုပ်ဆောင်နေပြီလို့သိရပါတယ်။
ဒီတော့ စဆုံးလေးကို ပြန်လည် ခံစားချင်သူများအတွက် အရည်အသွေးစုံလင်စွာဖြင့် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်….
1980 ပြည့်နှစ်များကထွက်ရှိခဲ့တဲ့ Friday the 13th ဆိုတဲ့ horror flim series လေးကိုပြန်လည် အသက်သွင်း reboot လုပ်ထားတဲ့ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ 2009 ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး ရိုက်ကူးသူကတော့ horror ကားတွေကိုပြန်လည်အသက်သွင်းလေ့ ရှိတဲ့ Director Macus Nispel ပဲဖြစ်ပါတယ်။ ပျောက်ဆုံးသွားတဲ့ ညီမလေးကို လိုက်ရှာနေတဲ့ Clay နဲ့ တောတွင်းစခန်းချ အပန်းဖြေခရီးထွက်လာတဲ့ သူငယ်ချင်းတစ်သိုက်တို့ ဘယ်လို
ထိတ်လန့်ဖွယ်ရာတွေကြုံတွေ့ရမလဲဆိုတာကတော့… Clay အဖြစ်နဲ့ ကတော့ နာမည်ကြီးဇာတ်လမ်းတွဲ SUPERNATURAL မင်းသား Jared Padalecki( ဆမ်) ပါဝင်သရုပ်ဆောင်ထားပြီး Flash Series ထဲမှ ဆရာဝန်မလေးဖြစ်တဲ့ Caitlin Snow လည်းပါဝင်ထားတဲ့ကားလည်းဖြစ်ပါတယ်….
IMDb rating 5.6 ရရှိကာ Box Office ဝင်ငွေ $91.4 million ရရှိထားတဲ့ Horror ကားကောင်းလေးပါ…ဒီကားကိုအညွှန်းနဲ့ခံစားဘာသာပြန်ထားပေးသူကတော့ Ko Jae ပဲဖြစ်ပါတယ်….
သရဲပုံပြင်လေးတွေနားထောင်လိုက်ရအောင်ဗျာ။Andy Nyman အဓိကပါဝင်သရုပ်ဆောင်ထားပြီး Martin Freeman လည်းအားဖြည့်ထားပါတယ်။IMDB Rating 6.7 နဲ့ Rotten tomatoes 82% ရရှိထားတဲ့ Horror,Drama ကားလေးပါ။ကြောက်စရာလည်းကောင်းသလို စိတ်ဝင်စားဖို့လည်းကောင်းပါတယ်။ကိုယ့်ဘဝအတွက်ကိုယ် အပြန်အပြန်အလှန်လှန် မေးခွန်းထုတ်စရာ မေးခွန်းတွေလည်းအများကြီးပါပါတယ်။
ကိုယ်ဘာတွေလိုချင်တာလဲ။ဘာတွေဖြစ်ချင်တာလဲ။ဘာတွေလုပ်နေတာလဲ။ထိုက်တန်ရဲ့လား။ဘယ်နေရာတွေကပုန်းကွယ် ထွက်ပြေးနေမိလည်း ကိုယ့်ကိုကိုယ် ပြန်ပြီးမေးခွန်းတွေထုတ်ချင်လာမှာသေချာပါတယ်။အဓိပါ္ပယ်ရှိသလို Horror ကားပီပီသသကြောက်ရလန့်ရအောင် တင်ဆက်ပြထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ သဘာဝလွန်ဖြစ်ရပ်အတုတွေကိုဖော်ထုတ်နေတဲ့ Professor Goodman တစ်ယောက်သူရဲ့ Idol တစ်ယောက်ဖြစ်ပြီး နှစ်ပေါင်းများစွာထူးဆန်းစွာ
ပျောက်သွားတဲ့ Professor Cameron ဆီက အဆက်အသွယ်ရပြီး သဘာဝလွန်ဖြစ်ရပ် ၃ခုကို အတုလားအစစ်လားဆိုတာ ဖော်ထုတ်ရင်း နောက်ဆုံးမှာ သဘာဝလွန်ဖြစ်ရပ်တွေက အစစ်အမှန်တွေလား အတုတွေလားဆိုတာ ကြည့်ရမှာပါ။နောက်ဆုံးပိုင်းမှာ မမျှော်လင့်ထားတဲ့ပုံစံနဲ့ ထူးထူးဆန်းဆန်းဇာတ်သိမ်းထားတာကိုလည်းတွေ့ရမှာပါ။ဒီကားမှာ ကြောက်ရမှာတွေ တွေးရမှာတွေအများကြီးပါပဲ။
Velvet Buzzsaw(2019)IMDb….6.0,,Rotten….66%ဒီသရဲကားကတော့ ထူးထူးခြားခြား ပန်းချီကားနဲ့ ဇာတ်အိမ်တည်ထားတယ်….တခြား horror တွေလို Jump Scare တွေနဲ့ ထိတ်လန့်အောင်လုပ်တဲ့ကားမျိုးတော့မဟုတ်ဘူး…သို့ပေမယ့်ပန်းချီကားတစ်ချပ်ရဲ့ ဖြစ်တည်ပုံကို ပရိတ်သတ်ကို အသေအချာလေးချပြပြီးမှ
ထူးဆန်းတဲ့ဖြစ်ရပ်တွေကိုပါ တစ်ဆက်ထဲပြသွားတာမို့ ကြည့်ရှုတဲ့သူက တစ်စိမ်စိမ့် စိတ်လှုပ်ရှားပြီး ထိပ်လန့်မိတာမျိုး …..ကြောက်ကလည်းကြောက် ဘာဆက်ဖြစ်ဦးမလဲဆိုတဲ့ စူးစမ်းချင်စိတ်ကလည်းထိန်းမရဆိုတဲ့ ဇတ်ကားမျိုးလို့ဆိုရင်လည်းမမှားပါဘူး..ဒီကားထဲက အဓိကမင်းသားဖြစ်တဲ့ Jake Gyllenhaal ကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်…သူကတော့ ပန်းချီလောကမှာဆို သိပ်ကိုအောင်မြင်တဲ့ Reviewer တစ်ယောက်ပါ..သူညွှန်းဆိုတဲ့ပန်းချီကားဟေ့ဆိုရင်
အရမ်းကိုအောင်မြင်ဖို့ရာနှုန်းပြည့်ပါပဲ…ဒါပေမယ့် သူ့ရဲ့ ရိုးရှင်းတဲ့ဘဝကို ဆန်းပြားလွန်းတဲ့ ပန်းချီကားတစ်ချပ်ရောက်လာချိန်မှာတော့…ကိုင်း horror ကားကြိုက်တဲ့ပရိတ်သတ်တို့ရေ…ပန်းချီကားက ဘယ်လိုပန်းချီကားမို့လဲ…ဘယ်လိုကံကြမ္မာဆိုးတွေနဲ့အတူ ပန်းချီကားနဲ့ ပါလာမလဲ…ဘယ်လောက် လူတွေအသက်ဆုံးရှုံးကြရလဲ…ကိုင်းခံစားကြည့်လိုက်ဦးဗျို့……တစ်ခုပြောချင်တာက ကားသစ်ထဲက horror ကားကောင်းတစ်ကားပေါ်ထွက်လာတယ်လို့ပြောရင်လည်း မမှားဘူးထင်တယ်….
mmbusticket IMDb Rating – 8.8/10 Google user – 97% Rotten Tomatoes – 89% 19ရာစုခေတ် သိုက်တူးသမား သားအဖနဲ့ ဒဏ္ဍာရီလာ ဥစ္စာစောင့်ဘီလူးတို့ ရင်ဆိုင်တိုက်ပွဲ ” ဇာတ်လမ်းအကျဉ်း ” ————————– “တွန်ဘာ့ဒ်”ဆိုတာ ရွာလေးတစ်ရွာရဲ့ နာမည်ပါ။ ဒီဒဏ္ဍာရီ ပုံပြင်ဟာ တွန်ဘာ့ဒ်ရွာမှာ အခြေပြုထားပါတယ်။ ခုနှစ်ကတော့ အစပိုင်းမှာ ၁၉၂၀ ဝန်းကျင်ပေါ့။ ဇတ်လမ်းမှာ စစချင်း ရုပ်ပျက်ဆင်းပျက်နဲ့ကျိန်စာသင့် အဖွားကြီးကို မြင်ရမှာပါ။ သူဟာ တချိန်က ဥစ္စာစောင့်မယ်တော်ရဲ့ဝမ်းဗိုက်အတွင်းက ရတနာတွေကို သွားယူခဲ့ရမှာ”ဟာစတာ”ဆိုတဲ့ ဥစ္စာစောင့်နတ်ဖုရားတစ်ပါးရဲ့ ကျိန်စာသင့်ခဲ့ပါတယ်။ ဟာစတာ ဆိုတာက မိခင်ဥစ္စစောင့် မယ်တော်ကြီးရဲ့ အချစ်ဆုံးသားဦးပါ။ ဟာစတာဟာ လောဘကြီးလွန်းတော့ရွှေငွှေအပြင် စားနပ်ရိက္ခာတွေပါ ပိုင်ဆိုင်လက်ဝားကြီးအုပ်ချင်တဲ့ ဥစ္စာစောင့်နတ်ဖုရားပါ။ တခြားနတ်ဖုရားတွေရဲ့ အမျက်ဒေါသတွေကြောင့်ဟာစတာဟာ ရွှေဒင်္ဂါးပြားတွေကိုသာ လက်ဝါးကြီးအုပ်ခွင့်ရခဲ့ပြီး မိခင်ဥစ္စာစောင့်မယ်တော်ကြီးရဲ့ ဝမ်းတွင်းမှာပဲ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရပါတယ်။ ဒါတွေကို သိတဲ့ သူကတော့ ဆာကာဆိုတဲ့ ရွာသားကြီးပါပဲ။ ဆာကာဟာ ဖွားအေကြီးဆီက တဆင့်သိခဲ့ရပြီးဖွားအေကြီးကတော့ ကျိန်စာသင့်ကာ ဆာကာရဲ့ အပျော်မယား စောင့်ရှောက်မှုနဲ့ နေခဲ့ရပါတယ်။ ဟာစတာရဲ့ ကျိန်စာသင့်သူတွေဟာနှစ်ပေါင်းများစွာ အသက်ရှင်ပြီး ဝဋ်ဒုက္ခကို ခံကြရပါတယ်။ ဆာကာရဲ့ အပျော်မယား သားနှစ်ယောက်မှာ လောဘကြီးတဲ့ ဗီနာယက်ခ်ရာအိုဆိုတဲ့ သားကြီးဟာ ဒီရတနာတွေကို စိတ်ဝင်စားခဲ့ပါတယ်။ ဒါကြောင့် ၁၅နှစ်ကြာ မိခင်သေဆုံးပြီးချိန်သူကိုယ်တိုင် စံအိမ်ကြီးထဲကို ပြန်လာခဲ့ပြီးသေလုမျောမျော ခံစားနေရတဲ့ အဖွားအိုကြီးဆီက ရတနာတွေ ရှိတဲ့ နေရာကို သိခဲ့ရပါတယ်။ ဒီတော့… သူဟာ ရတနာတွေကို စတင်ရှာဖွေခဲ့ပါတယ်။ ရတနာတွေကို လွယ်လွယ်နဲ့ ရမလား? ကျိန်စာတွေကို ဘယ်လိုရှောင်တိမ်းမလဲ? သူတို့တွေ ဘယ်လို ကံဆိုးမိုးမှောင်ကျရောက်မလဲ?စသဖြင့် … ရတနာသိုက် ရှာပုံတော်ကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။ —————————————————- ဇာတ်လမ်းလေးဟာ လူသားတွေရဲ့ လောဘဇောကို ထင်ထင်ရှားရှား တွေ့မြင်ရစေပါတယ်။ အသက်အန္တရာယ် စွန့်ပြီး ယူထားတဲ့ ရွှေပြားတွေတောင်သုံးမကုန်ဖြစ်နေတာကိုဘယ်တော့မှ မကုန်ခမ်းတဲ့ ရတနာအိတ်ကိုအတင်း လုယူဖို့ ကြိုးစားလာကြတဲ့ သားအဖနှစ်ယောက်၊ ဒါပေမဲ့… သူတို့ မသိတဲ့ တစ်ချက် ရှိနေတာကိုတော့… ၊ကံဆိုးမိုးမှောင်ကျမှုတွေလာတော့မယ်ဆိုတာတော့ဘယ်သူ သိနိုင်မလဲ? ဖခင်ရဲ့ စရိုက်တွေ သားဆီကူးစက်ပြီးသားရဲ့ လောဘကြောင့် ဝမ်းနည်းဖွယ် ဖြစ်ခဲ့ရတဲ့ သိုက်တူးသမားဇာတ်လမ်းဒဏ္ဍာရီ တစ်ပုဒ်ပါပဲလို့ ညွှန်းပါရစေ။
ဒီတစ်ခါတော့ horror ကားတွေသဘောကျတဲ့ ပရိတ်သတ်တွေ အတွက် 2019 ထွက် ကားသစ်တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်.. ဆရာဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ ခင်ပွန်းသည်ရဲ့နှိပ်စက်မှုကြောင့် လူမမယ်သားငယ်ခရစ်ကို လက်ဆွဲပြီး တစ်နယ်တစ်ကျေးကိုထွက်ပြေးလာခဲ့တဲ့တယ်… ပြောင်းလာပြီးသိပ်မကြာခင်မှာပဲ သူမအတွက် အရမ်းထိတ်လန့်စရာ တစ်ခုထပ်ကြုံရပြန်တယ်… အဲ့ဒါကတော့ အိမ်နီးချင်း စိတ်မနှံ့သူအဖွားကြီးရဲ့ ကြောက်ရွံဖွယ်နောက်ခံဇတ်လမ်းတစ်ပုဒ်ကို သူမသိလိုက်ရတယ်… သူမ အဲ့ဒီအဖွားကြီးနဲ့ ထိတ်တိုက်မတွေ့ချင်ပေမယ့်လည်း တွေ့ခဲ့ရသလို သားငယ်ကလည်း တနေ့တစ်ခြားအမူအကျင့်တွေထူးခြားလာတယ်… . ..အဖွားကြီးက ဘာကြောင့် အရမ်းကြောက်စရာကောင်းတာလဲ…. သူ့သားလေးကလည်း ဘယ်လိုတွေပြောင်းလဲလာတာလဲ…. horror ကားကြိုက်သူတွေ ခံစားကြည့်လိုက်ပါဦးဗျို့
မိုးတွေ သဲကြီးမဲကြီးရွာတဲ့ တစ်နေ့မှာ အာနက်ဘ်နဲ့ သူ့မိဘတွေဟာ အာနက်ဘ်အတွက် သတို့သမီးလောင်းလေးနဲ့ တွေ့ဆုံ မင်္ဂလာစကားပြောဆိုပြီး မြို့ပြင် တောတစ်နေရာကို ဖြတ်သွား တုန်း တစ်စုံတစ်ခုကို ကားနဲ့တိုက် မိခဲ့ပါတယ်။ အိမ်ခြေရာမဲ့ လျှောက်သွားနေပုံရတဲ့ အဘွား အိုတစ်ဦးကို တိုက်မိတာဖြစ်ပြီး နေရာမှာတင် ပွဲချင်းပြီး သေဆုံး သွားခဲ့ပါတယ်။အဲဒါနဲ့ပဲ အာနက်ဘ်ဟာ ရဲတွေကို အကြောင်းကြားပြီး အနီးအနားမှာ အဘွားအိုရဲ့ အိမ်ကို လိုက်ရှာတဲ့အခါမှာ အိမ်ထဲမှာ ထူးဆန်းတာတစ်ခုနဲ့ တွေ့ခဲ့ပါ တယ်။ အဘွားအိုရဲ့ သမီးဖြစ်တဲ့ ရက်ခ်ဆာဟာနာဆိုတဲ့ မိန်း ကလေးကို လက်ထိတ်ခြေထိတ် တွေခတ်လျက်သားနဲ့ တွေ့ခဲ့တာဖြစ်ပြီး မိန်းကလေးကြည့်ရတာ မူမမှန်ဖြစ်နေကာ အပြင်လောကနဲ့ လုံးဝအဆက်အဆံမရှိတဲ့ ပုံစံ မျိုးဖြစ်နေတာပါ။သ ေသွားတဲ့ အဘွားအိုအ တွက် ဓလေ့ထုံးတမ်းအတိုင်း သဂြုႋဟ်ပေးပြီးနောက်မှာတော့ အာနက်ဘ်ဟာ ရက်ခ်ဆာဟာနာ ကို သူ့အိမ်ကို ပြန်ပို့ပေးခဲ့ပါတယ်။ နောက်တော့ ပါမောက္ခကာဆင် အလီဆိုသူဟာ မိန်းကလေးရဲ့ သရုပ်မှန်ကိုသိတဲ့လူတွေနဲ့အတူ မိန်းကလေးကို ဖမ်းဆီးဖို့အတွက် ရောက်လာခဲ့ပါတယ်။ အဲဒီအခါမှာ ရက်ခ်ဆာဟာ နာဟာ ထွက်ပြေးခဲ့ပြီး အာနက်ဘ် ဆီကို ရောက်လာခဲ့ပါတယ်။ အာနက်ဘ်အိမ်မှာနေရင်း ရက်ခ် ဆာဟာအနားမှာ တစ်စုံတစ် ယောက်ရှိနေတဲ့ ပုံစံမျိုးနဲ့ အ ခြောက်အလှန့်တွေ စတင်ကြုံ တွေ့ရပါတော့တယ်။ သေသွားတဲ့ အဘွားအိုနဲ့ ရက်ခ်ဆာဟာတို့က ဘယ်လို ဆက်စပ်မှုတွေရှိနေတာလဲ၊ အာ နက်ဘ်အိမ်မှာ တွေ့နေရတဲ့ ဒဏ်ရာတွေနဲ့ မိန်းကလေးက ဘယ်သူဖြစ်မလဲ၊ ရက်ခ်ဆာဟာ နာရဲ့ သရုပ်မှန်က ဘာဖြစ်မလဲဆို တာကိုတော့ ရင်ဖိုစိတ်လှုပ်ရှား ရင်း ဆက်ကြည့်လိုက်ဦးနော်။ပါဝင်ထားတဲ့ သရုပ်ဆောင် တွေကတော့ Anushka Sharma, Parambrata Chatterjee, Rajat Kapoor, Ritabhari Chakraborty တို့ပဲ ဖြစ်ပါတယ်။
ဇွန်လ ၁၁ ရက် ဒုတိယကမ္ဘာစစ်အတွင်းမှာ စေလွှတ်ခြင်းခံရတဲ့အမေရိကန်စစ်သားတပ်စုတစ်စုရင်ဆိုင်တွေ့ရတဲ့ ကြောက်စရာအဖြစ်ဆိုးကြီးအကြောင်းရိုက်ပြထားတဲ့ ၂၀၁၈ ထွက်ရုံတင်ကားသစ်တစ်ကားဖြစ်ပါတယ်…Rating 7.1 ရရှိထားတဲ့ဒီကားဟာ Action , Adventure , Horror ပုံစံဖြစ်ပါတယ်… ဒုတိယကမ္ဘာစစ်ကာလမှာ ဟစ်တလာရဲ့ဂျာမနီအင်ပါယာကိုဖျက်စီးဖို့အတွက် ပြင်သစ်နဲ့ဗြိတိသျှတို့ပူးပေါင်းခဲ့ပါတယ် ဂျာမန်တို့ခြေကုန်ယူထားတဲ့ ကမ်းခြေဆီကို ရှေ့ပြေးစစ်ဆင်ရေးလုပ်ဖို့ မဟာမိတ်တပ်တစ်ခုစေလွှတ်ခဲ့ပြီး သူတို့အနေနဲ့ ခက်ခက်ခဲခဲ ထိုးဖောက်ဝင်ရောက်ခဲ့ပင်မယ့်လည်း မိမိတို့ကြုံရတဲ့အရာမှာ ဂျာမန်စစ်သားတွေသာမဟုတ်မှန်းသိခဲ့လိုက်ရတဲ့အခါ မထင်မှတ်ပဲစခန်းတွင်းဝင်မိပြီး ဂျာမန်တို့စမ်းသပ်နေတဲ့အရာတွေကို တွေ့လိုက်ရတဲ့အခါ.. ဘာတွေဖြစ်ကုန်မလဲ သူတို့ရဲ့တာဝန်ကိုကျေပြွန်နိုင်ပါ့မလား လူသားမဟုတ်တဲ့အရာတွေကို ကျော်ဖြတ်နိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမယ့်ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်
2014 မှာ ထွက်ရှိထားတဲ့ ထိုင်းသရဲကားတစ်ကားဖြစ်ပါတယ်..3AM ထဲမှာပါတဲ့ ဇာတ်ကားအပိုင်း 3ခုထဲကတစ်ခုရဲ့ အဆက်အဖြစ် ဆက်လက်ရိုက်ကူးထားခြင်းဖြစ်ပါတယ်..3AM ထဲမှာ အချိန်ပိုဆင်းတဲ့ ရည်းစား၂ယောက်ကို သရဲအဖြစ်ခြောက်လှန့်ပြီးတော့ စနောက်တဲ့ သူ2ယောက်အကြောင့် ထွက်ပြေးသွားကြရတဲ့ရည်းစား၂ဦးလုံး လှေကားပေါ်ကနေ ပြုတ်ကျသွားပြီးသေဆုံးသွားပါတယ်..အဲ့ဇာတ်ကားကိုမှတ်မိကြမယ်ထင်ပါတယ်..အခုဒီဇာတ်ကားရဲ့အစမှာလည်း ထိုဇာတ်ကားကအပိုင်းအစ လေးတွေကိုပြန်ပြီးတော့ပြထားပေးပါတယ်..Ghost Over Time ဇာတ်ကားမှာတော့အစအနောက်သန်တဲ့ လူတစ်စုနဲ့အတူသရဲအယောင်ဆောင်တာတွေမှာ..တကယ့်သရဲအစစ်ပါလာတဲ့အခါဘယ်လိုတွေကြုံတွေ့ကြရမလဲဆိုတာကိုဆက်လက်စောင့်ကြည့်ကြပါ
Moon lover ထဲက နံပါတ် ၈ မင်းသားလေး Kang Ha Neul ရဲ့ သူရဲကားလေးပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ ကန်အင်ဆိုး ဆိုတဲ့ကောင်လေးက ငယ်ငယ်လေးကတည်းက တစ္ဆေသူရဲတွေကို မြင်နိုင်တဲ့သူပါ။ သူက သတ္တိမရှိကြောက်တတ်တဲ့သူငယ်လေး ဆိုတော့ အမြဲကြောက်ရွံထိတ်လန့်နေရတဲ့သူတစ်ယောက်ပါ။ တစ္ဆေသူရဲတွေကတော့ သူတို့ မကျွတ်မလွတ်တာကို အကူအညီတောင်းဖို့လာကြပေမယ့် သူကကြောက်တတ်တော့ မမြင်ချင်ယောင်ဆောင်တတ်ပါတယ် ။တစ်နေ့မှာတော့ သူမြို့မှာ တစ်ယောက်တည်း အထီးကျန်တဲ့အတွက် ငယ်ငယ်က သူနေခဲ့ဖူးတဲ့မြို့ကလေးမှာဦးလေးဖြစ်တဲ့သူနဲ့အတူ နေထိုင်ရအောင် ပြန်လာခဲ့ရင်း သူရဲမချောချောလေးတစ်ယောက်ကိုတွေ့ခဲ့ပါတယ်။ ဒီသူရဲမလေးကတော့ သူခါတိုင်းမြင်နေကျ သူရဲတွေနဲ့ မတူဘဲသူ့ကို ခင်ခင်မင်မင် မိတ်ဖွဲ့လာလို့ မမြင်ချင်ယောင်ဆောင်ရင်းကနေပဲ ခင်မင်သွားခဲ့ပါတယ်။ ဒီလို သူတို့ကျောင်းလေးမှာ သူငယ်ချင်းတွေ တစ်ယောက်ပြီးတစ်ယောက်ပျောက်သွားကြပါတယ်။ ကျောင်းထဲမှာ သွေးအလိမ်းလိမ်းနဲ့ ဆေးဟီးဆိုတဲ့ သူရဲတစ်ယောက်ရယ် CM ကမိုးမြင့်လွင်လို ဆံပင်အလွာလိုက်မျက်နှာဖုံးနေတဲ့ သူရဲမတစ်ကောင်ရယ်လည်း ရှိပါသေးတယ်။ “ ဆေးဟီး” ကတော့ ဒီကျောင်းမှာပဲ ကျောင်းသူကျောင်းသားအချင်းချင်း မတရားအနိုင်ကျင့်လို့ ကိုယ့်ကိုယ်ကို သတ်သေသွားတဲ့ သူရဲတစ်ယောက်ပါ။ ဒီမျက်နှာဖုံး နဲ့ သူရဲဟာ တဖြည်းဖြည်း စွမ်းအားထက်လာပြီး သူ့ကို အနိုင်ကျင့်ခဲ့သူတွေကို တခြားလူတစ်ယောက်ကို ဝင်ပူးရင်းနဲ့ လိုက်ပြီးလက်စားချေနေပါတယ်။ တစ်နေ့မှာတော့ ကန်အင်ဆိုး တစ်ယောက် မျက်နှာဖုံးနဲ့ သူရဲက သူခင်မင်နေတဲ့ သူရဲမချောချောလေး မှန်း သိလိုက်ရတဲ့အခါမှာတော့ဘာလို့ ဆေးဟီးက ဒီလိုတွေ လုပ်နေရတာလဲ။ဘာလို့ သူရဲမလေးက စိတ်နှစ်ခွ ဖြစ်နေတာလဲသူ ခင်မင်နေရတဲ့ ဆေးဟီးလေး လွတ်ကျွတ်သွားအောင် ဘယ်လိုလုပ်ပေးမှာလဲ ဆိုတာကို ရင်ခုန်လှုပ်ရှား စွာနဲ့ ခံစားကြည့်ရှုလိုက်ပါနော်ဒီကားလေးကြည့်ရင်း သူငယ်ချင်းတွေရဲ့ ခင်မင်မှုနဲ အားပေးမှုက ဘယ်လောက် အရေးပါတယ်ဆိုတာ သိမြင်နိုင်ပါတယ်..သူငယ်ချင်းတွေရဲ့ အားပေးကူညီမှုဟာ လူတစ်ယောက်အတွက်ရော တစ္ဆေသူရဲတွေအတွက်ပါ အရေးပါသလို သူငယ်ချင်းတွေရဲ့လျစ်လျူရှုမှုဟာလည်း လူတစ်ယောက်ကို လမ်းဆုံးတွန်းပို့ပေးနိုင်ပါတယ်။ အကြောက်တရားကြောင့် သူငယ်ချင်းကို မပစ်ပယ်သင့်သလို အကြောက်တရားကို သူငယ်ချင်းတွေရဲ့ အားပေးကူညီမှုကသာကျော်လွားနိုင်တာကိုသိမြင်နိုင်မှာပါ။
Monstrum ဟာ ဘုရင်ဂျောင်ဂျုံလက်ထပ် ၁၅၇၂ ခုနှစ်မှာ တော်ဝင်နန်းတော်ကိုခြိမ်းခြောက်ခဲ့တဲ့ ထူးဆန်းတဲ့သတ္တဝါဆိုးကြီးအကြောင်းကိုမှတ်တမ်းမှတ်ရာတွေကို ပြန်လည်ရိုက်ကူးတင်ပြထားတဲ့ ကိုရီးယားနန်းတွင်းရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်…ဘုရင်က အဲဒီသတ္တဝါကြီးကို အမဲလိုက်ဖို့သူ့လူယုံတွေကို စေခိုင်းခဲ့တဲ့အကြောင်း သမိုင်းမှတ်တမ်းထဲမှာ ဖော်ပြထားပါတယ်…ရုပ်ရှင်ဒါရိုက်တာ Heo Jang-ho က ”ဒီရုပ်ရှင်ဟာ စိတ်ကူးယဉ်သတ္တဝါအကြောင်းကို ပုံဖော်ထားပါတယ်….ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်စိတ်ကူးယဉ်ပုံစံကို အခြေခံထားတဲ့ သတ္တဝါတစ်ကောင်ကို ဖန်တီးခဲ့ပါတယ်…ဒါပေမယ့် ကွဲပြားချက်ရှိနေတာက ကျွန်တော်တို့က သမိုင်းမှတ်တမ်းတွေကနေအိုင်ဒီယာယူထားတာလည်း ဖြစ်ပါတယ် ” လို့ သြဂုတ်လ ၁၆ ရက်နေ့ကပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့ပါတယ်…ဝါရင့်သရုပ်ဆောင် ကင်မြောင်မင်းက ဘုရင်ကိုထီးနန်းကနေဖယ်ရှားဖို့နဲ့ အန္တရာယ်ပေးနေတဲ့ သတ္တဝါဆိုးကြီး နောက်ကိုထပ်ကြပ်မကွာလိုက်သွားခဲ့တဲ့ ဘုရင့်ရဲ့လူယုံတော် Yoon Gyeom အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်….မင်းသား Kim In-kwon ကတော့ရှာဖွေရေးအဖွဲ့ထဲကYoon ရဲ့ညာလက်ရုံး Seong-han အဖြစ်သရုပ်ဆောင်ထားပါတယ်…နာမည်ကျော် Kpop အဆိုတော်အဖွဲ့ Girl – Day မှအဆိုတော် သရုပ်ဆောင်Hyeri က Yoon ရဲ့သမီး Myeong အဖြစ်လည်းကောင်းမင်းသား Choi Woo-Sik ကဘုရင့်အမိန့်တော်ကို လာရောက်ပေးအပ်တဲ့တပ်မှူးအဖြစ်လည်းကောင်း ပါဝင်သရုပ်ဆောင်ထားကြပါတယ်… မင်းသား Kim Myung-min က ”ဇာတ်ညွှန်းကစိတ်ဝင်စားဖို့ကောင်းပြီးထူးခြားပါတယ်…မမြင်ရတဲ့ရန်သူကို တိုက်ခိုက်ရမယ်ဆိုတဲ့အချက်ကကျွန်တော့ကိုစိတ်ဝင်စားစေပါတယ်…ပြီးတော့ ရုပ်ရှင်ဟာ စိတ်ကူးယဉ်နဲ့စိတ်ကူးယဉ်နဲ့တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းကိုအခြေခံထားလို့လည်းစိတ်ဝင်စားဖို့ကောင်းပါတယ်..’Yoon အဖြစ်နဲ့သမိုင်းနောက်ခံဒရာမာတွေမှာ သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကောင်တွေအားလုံးကို မြင်တွေ့နိုင်မှာပါ…ကျွန်တော်အရင်တုန်းကသရုပ်ဆောင်ခဲ့တာတွေနဲ့လည်း ဆင်တူပါတယ်…ပြီးတော့ ဇာတ်ကောင်ကို ကျွန်တော်ပေါ့ပေါ့ပါးပါးရောလေးလေးပင်ပင်ရော မဖြစ်အောင်ဖန်တီးထားပါတယ်…” လို့ပြောကြားခဲ့ပါတယ်….အခုရုပ်ရှင်ဟာ မင်းသမီး Hyeri အတွက်တော့ ပထမဆုံး ရုပ်ရှင်လည်းဖြစ်ပါတယ်….သူက ဂျိုဆွန်းခေတ်မှာ ဇာတ်အိမ်တည်ထားတဲ့ သတ္တဝါအဆန်းကြီးအကြောင်းဖြစ်တဲ့အတွက် ရုပ်ရှင်ကပိုပြီးဆွဲဆောင်မှု့ရှိမယ်လို့ ကျွန်မခံစားရပါတယ်…ကျွန်မအတွက်စီနီယာကျတဲ့ သရုပ်ဆောင်ကောင်းတွေနဲ့ အလုပ်အတူလုပ်ရတာ ဂုဏ်ယူမိတယ် ” လို့ပြောဆိုခဲ့ပါတယ်…သူ့အတွက်ပထမဆုံး ရုပ်ရှင်ဖြစ်တဲ့အတွက် စိတ်လှုပ်ရှားမိပေမယ့်ရုပ်ရှင်ရိုက်ကူးနေစဉ်နဲ့ မြှားပစ်လေ့ကျင့်ရေးတို့မှာလည်းပျော်ရွှင်ခဲ့ရတဲ့အကြောင်းလည်းပြောဆိုခဲ့ပါတယ်…ဒီကားဟာ Rating 6 ရရှိထားပြီးတော့ Action ကားတွေကြိုက်တဲ့လူတွေအတွက် ဇာတ်ကားအစပိုင်းမှာ အရသာပေါ့သလိုခံစားနိုင်ပေမယ့်နောက်ပိုင်းတွေကစပြီးတော့ အပြီးထိကြည့်ချင်စိတ်ကိုဆွဲခေါ်သွားစေနိုင်မယ့် ကားဖြစ်ပါတယ်….(ဒီကားရဲ့ ရုပ်ရှင် အညွှန်းကိုတော့ Burma.Irrawaddy ကကူးယူဖော်ပြထားပြီးတော့
မိုလီနဲ့ နစ် သဲကန္တာရထဲက လေယာဉ်ကွင်းကို လာခဲ့ကြရင်း ကားက သဲထဲနစ်သွားတယ်။အဲ့အချိန် Zombieတစ်ယောက်ယောက်ရောက်လာတယ်။သေနတ်နဲ့ ပစ်သတ်ပေမဲ့ ဘယ်လိုမှ မသေဘူး။ နစ် သေသွားခဲ့တယ်။ လေယာဉ်ကွင်းရောက်ဖို့က မိုင်၃၀လောက်လိုသေးတယ်။ မိုလီတစ်ယောက်တည်း လေယာဉ်ကွင်းကို ဘယ်လိုရောက်အောင် သွားမလဲ။Zombieကရော မိုလီကို သတ်စားမှာလား။ ဘာတွေဆက်ဖြစ်မလဲဆိုတာကို It stains the sands redမှာ ဆက်လက်ကြည့်ရှုကြပါ
အေးချမ်းသာယာနေတဲ့ မိသားစုလေးဟာ အိမ်အသစ်တစ်ခုကို ပြောင်းလာခဲ့တယ်အရမ်းချစ်ကြတဲ့ ဂျော့ချ် တို့ လင်မယား ရယ် ကလေး ၃ ယောက်ရယ်ပေါ့တစ်နေ့မှာတော့ အကြီးဆုံးသားဖြစ်သူ ဒေါလ်တွန် တစ်ယောက်အိပ်နေစဉ် အချိန်တွေမှာ မကောင်းဆိုးဝါးတွေကို မြင်နိုင်ခဲ့ပြီးထို မကောင်းဆိုးဝါးတွေကလဲ လူ့လောက ကို ကူးလာဖို့အတွက် ဒေါလ်တွန် ရဲ့ ခန္ဓာကိုယ် ကို လိုချင်တဲ့အတွက် မိသားစု ကို အမျိုးမျိုး ဒုက္ခပေးပါတော့တယ်တစ်နေ့မှာတော့ သူတို့ ရလုဆဲဆဲ အခြေအနေကို ရောက်ရှိလာပါတော့တယ်ပရလောက ကို မယုံတဲ့ ဂျော့ချ် ဟာ ပရလောက နှင့် အဆက်အသွယ်လုပ်နိုင်သောအဲလိစ် ကို ခေါ်ဆောင်ပြီး သားဖြစ်သူ ဒေါလ်တွန် ရဲ့ ဖြစ်ပျက်နေတဲ့ ကိစ္စကို ကူညီခိုင်းခဲ့သော အခါ
In Fear ဇာတ်ကားကတော့ Director: Jeremy Lovering ရဲ့ ရိုက်ကွက်တွေကို သဲထိပ်ရင်ဖိုခံစားရမယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။>IMDb Rating 5.5/10 >Rotten Tomatoes Rating 83%ဒီထဲမှာဆိုရင် Iain De Casestecker , Alice Englert နဲ့ Alien Leechတို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ဇာတ်လမ်းကတော့ Tomနဲ့ Lucy ဆိုတဲ့ ချစ်သူစုံတွဲတစ်တွဲကနေ ဇာတ်လမ်းစထားတာဖြစ်ပါတယ်။ သူတို့ချစ်သူစုံတွဲဟာဆိုရင် ချစ်သူသက်တမ်း ၂ပတ်ပြည့်တဲ့နေ့မှာ Tom က Lucyကို သူ့သူငယ်ချင်းတွေနဲ့ ညဘက်ပျော်ပွဲရွှင်ပွဲသွားဖို့ခေါ်ခဲ့ပါတယ်။ ဒါအပြင် Tom ဟာ Kilairneyဆိုတဲ့ Hotel မှာလည်း နှစ်ယောက်သားအတူတူအိပ်ဖို့ Online ကနေ ဘိုကင်လုပ်ထားလိုက်ပါတယ်။ အဲ့ဒီ့ Hotel ဟာဆိုရင်တော့ လူနေအိမ်တွေနဲ့တော်တော်ဝေးတဲ့ တောလမ်းတောက်လျောက်ရဲ့အစွန်တစ်နေရာမှာရှိနေတာဖြစ်ပါတယ်။ Tom နဲ့ Lucyတို့အတွဲ ထို Hotel ကို ကားဖြင့်သွားကြစဉ် လမ်းခရီးက တော်တော်ဝေးပြီးရှုပ်ထွေးလှပါတယ်။ သူတို့နှစ်ယောက် Hotel သို့ရောက်ရာတွင် Tom က အခန့်မသင့်ပဲ ထိုမှ ဒေသခံများနှင့်ရန်ဖြစ်သဖြင့် ထို Hotel တွင် အိပ်မရဘဲ လမ်းခရီးတောက်လျောက်ပြန်လာခဲ့ရပါတယ်။ သို့သော် ပြန်လာသည့်အချိန်မှာ ညဉ့်နက်သန်းခေါင်ရောက်နေပြီဖြစ်တာကြောင့် လမ်းများကို သေချာမသိတော့ဘဲ လမ်းပျောက်နေခဲ့ပါတယ်။ တကယ့်တော့ လမ်းပျောက်နေတာ သူတို့အတွက် ကြောက်စရာမဟုတ်ခဲ့ပါ. တကယ့်ကြောက်စရာကတော့…. ဘာလဲဆိုတာသိချင်ရင် ဒီဇာတ်ကားထဲမှာဆက်လက်ရှု့စားကြပါတော့…။ ဒီဇာတ်ကားဟာဆိုရင်တော့ ဇာတ်ကားနာမည် In Fearဆိုတဲ့အတိုင်း ကြောက်မက်ဖွယ်အရသာကို ပေးစွမ်းမယ့် Horror,Mystery,Thrillerဇာတ်ကားအမျိုးအစားဖြစ်တာကြောင့် ကြည့်ရှု့သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။
ere Comes The Devil ဇာတ်ကားကတော့
Director : Adrian Garcia Bogliano ကိုယ်တိုင်ရေးသား
ရိုက်ကူးထားတဲ့ Mexican Horror , Thriller
ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ IMDb Rating – 5.6/10
Rotten Tomatoes – 72%
***ဇာတ်လမ်းအညွှန်း***ဒီဇာတ်ကားလေးကတော့ ဇာတ်လမ်းအစမှာဆိုရင်
Lesbianနှစ်ယောက် ချစ်ရည်လူးနေတာကနေ
ဇာတ်လမ်းစထားပါတယ်။
သူတို့နှစ်ယောက်ချစ်ရည်လူးပြီးလို့ဆင်းလာတဲ့အခါမှာဆိုရင်တော့
အောက်ထပ်မှာ သူ့သူငယ်ချင်းကို လူတစ်ယောက်ကသတ်နေတာကို
မထင်မှတ်ဘဲတွေ့လိုက်ရပါတယ်။
ထိုလူသတ်သမားကို အနောက်မှ တုတ်ဖြင့်
ရိုက်လိုက်သောကြောင့် ထိုလူသတ်သမားက
သေနိုင်လောက်သော ဒဏ်ရာဖြင့်
တောင်ကုန်းတစ်ခုပေါ်သို့ပြေးသွားခဲ့ပါတယ်။
ဒါပေမယ့်လည်း ထိုလူသတ်သမားရဲ့အလောင်းကိုတော့
ထိုတောင်ကုန်းပေါ်မှာ မတွေ့ရတော့ပါဘူး။နှစ်တွေကြာပြီးနောက် မိသားစုတစ်စုက
ထိုတောင်ကုန်းပေါ်မှာ လာရောက်အပန်းဖြေကြပါတယ်။
ထိုမိသားစုမှ ကလေးနှစ်ယောက်က
ဟိုးနှစ်တွေကြာခဲ့တုန်းက လူသတ်သမားပျောက်သွားခဲ့သော
တောင်ကုန်းပေါ်ရှိ ဂူတစ်ဂူထဲကို ဝင်မိပြီး
ကလေးနှစ်ယောက်လုံး
ထူးဆန်းစွာ ပျောက်သွားခဲ့ပါတယ်။ထိုဒေသခံတွေက ထိုဂူကို ကျိန်စာသင့်နေတာလို့ပြောကြတယ်။
တစ်ချို့ကတော့ မကောင်းဆိုးရွားဂူလိုပြောကြတယ်။
အဲ့ဒီနောက် ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့
ဇာတ်လမ်းထဲမှာ ရှု့စားကြပါတော့…။
Here Comes The Devil ဇာတ်ကားကတော့ Director : Adrian Garcia Bogliano ကိုယ်တိုင်ရေးသား ရိုက်ကူးထားတဲ့ Mexican Horror , Thriller ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ IMDb Rating – 5.6/10 Rotten Tomatoes – 72% ***ဇာတ်လမ်းအညွှန်း***ဒီဇာတ်ကားလေးကတော့ ဇာတ်လမ်းအစမှာဆိုရင် Lesbianနှစ်ယောက် ချစ်ရည်လူးနေတာကနေ ဇာတ်လမ်းစထားပါတယ်။ သူတို့နှစ်ယောက်ချစ်ရည်လူးပြီးလို့ဆင်းလာတဲ့အခါမှာဆိုရင်တော့ အောက်ထပ်မှာ သူ့သူငယ်ချင်းကို လူတစ်ယောက်ကသတ်နေတာကို မထင်မှတ်ဘဲတွေ့လိုက်ရပါတယ်။ ထိုလူသတ်သမားကို အနောက်မှ တုတ်ဖြင့် ရိုက်လိုက်သောကြောင့် ထိုလူသတ်သမားက သေနိုင်လောက်သော ဒဏ်ရာဖြင့် တောင်ကုန်းတစ်ခုပေါ်သို့ပြေးသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ထိုလူသတ်သမားရဲ့အလောင်းကိုတော့ ထိုတောင်ကုန်းပေါ်မှာ မတွေ့ရတော့ပါဘူး။နှစ်တွေကြာပြီးနောက် မိသားစုတစ်စုက ထိုတောင်ကုန်းပေါ်မှာ လာရောက်အပန်းဖြေကြပါတယ်။ ထိုမိသားစုမှ ကလေးနှစ်ယောက်က ဟိုးနှစ်တွေကြာခဲ့တုန်းက လူသတ်သမားပျောက်သွားခဲ့သော တောင်ကုန်းပေါ်ရှိ ဂူတစ်ဂူထဲကို ဝင်မိပြီး ကလေးနှစ်ယောက်လုံး ထူးဆန်းစွာ ပျောက်သွားခဲ့ပါတယ်။ထိုဒေသခံတွေက ထိုဂူကို ကျိန်စာသင့်နေတာလို့ပြောကြတယ်။ တစ်ချို့ကတော့ မကောင်းဆိုးရွားဂူလိုပြောကြတယ်။ အဲ့ဒီနောက် ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ ဇာတ်လမ်းထဲမှာ ရှု့စားကြပါတော့…။
<p>Us ဇာတ်လမ်းAdelaide ဆိုတဲ့ မိန်းကလေးတစ်ယောက်နဲ့ ဇာတ်လမ်းစပါတယ်။သူငယ်ငယ်က မိဘတွေနဲ့ Santa Cruz ကမ်းခြေမှာ အပန်းဖြေထွက်ရင်တစ်ယောက်ထဲ လျှောက်သွားရာက လမ်းပျောက်သွားတယ်။Hall of Mirrors ထဲရောက်သွားပြီး အထဲမှာ သူနဲ့ တစ်ထေရာထဲတူတဲ့ ကလေးမလေးတစ်ယောက်နဲ့ တွေ့ခဲ့ရတယ်။အဲအတွက် Adelaide ဟာ စိတ်ဒဏ်ရာတွေရပြီး တော်တော်ကြာစကားမပြောတတ်တော့ပါဘူး။မိဘတွေက ဆရာဝန်တွေနဲ့ပြပြီး သူ့စိတ်ပုံမှန်ပြန်
ဖြစ်အောင် ဝိုင်းကြိုးစားခဲ့ရတယ်။ အခုလက်ရှိအချိန်ရောက်လာတော့ လင်နဲ့ သားနဲ့ဖြစ်နေပါပြီ။ ကလေး ၂ ယောက်ရနေတဲ့အထိ Adelaide က traumatic ဖြစ်နေတုန်းပါ။ သားဖြစ်သူ Jason က ကမ်းခြေသွားချင်တယ်ဆိုလို့ မသွားချင်သွားချင်နဲ့ လိုက်သွားခဲ့တယ်။ ဒါပေမဲ့ သူ့စိတ်ထဲမှာကြောက်နေတုန်း။ ညကျတော့ သူ့ယောင်္ကျားကို သူငယ်ငယ်ကအကြောင်း ပြောပြတယ်။ အဲဒီ သူနဲ့တစ်ပုံတည်းဖြစ်နေတဲ့ ကောင်မလေးက သူ့ကိုဒုက္ခပေးဖို့ ရောက်လာတော့မယ်လို့ ခံစားနေရ
တယ်ဆိုပြီး။ မကြာပါဘူး သူတို့မိသားစုနဲ့ တစ်ပုံထဲတူတဲ့ လူတစ်အုပ်ရောက်လာ ခဲ့သောအခါမှာတော့….(ရုပ်ရှင်အညွှန်းအား DatShin Page မှ ကူးယူဖော်ပြပါသည်။ )(စပွိုင်လာဖြစ်မှာစိုး၍ ပိုစ်အား အနည်းငယ်ဖြတ်တောက်ထားပါသည်)</p>
မာ့ခ်, အီနာ နဲ့ ဟယ်လင်တို့ဟာ ခရီးသွားဗီဒီယို ဘလော့ဂါ အုပ်စုဖြစ်ပါတယ်။
တကယ့်အောက်ခြေလူတန်းစားရပ်ကွက်တွေထဲကို အရောက်သွားပြီး
တစ်ခါတစ်လေ အန္တရာယ်တွေကြုံရပေမယ့် သူတို့တင်ပေးတဲ့ ဗီဒီယိုတွေမှာ ကြည့်ရှုသူများရင် ပျော်နေတတ်ကြတာပါ။
ဒဏ္ဍာရီတွေထဲက မြို့ ယုံတမ်းစကားတွေ အများကြီးနဲ့မြို့ ရှေးရိုးစွဲအယူအဆနဲ့မြို့ဖြစ်တဲ့ ကာဆာ ဘလန်ကာကို ရောက်လာတဲ့အခါမှာ…
သူတို့ကြုံရတဲ့ ထူးခြားဆန်းကြယ်မှုတွေဟာ သူတို့ရဲ့ ဗီဒီယိုကို ကြည့်ရှုသူတွေ အများကြီးနဲ့ အောင်မြင်ဖို့တွန်းပို့ပေးတော့မှာပါ။
တကယ်တမ်း
သူတို့ပေးဆပ်ရခဲ့တာတွေနဲ့ကော တန်ရဲ့လား?blair witch project ကစခဲ့တယ်လို့ပြောရမယ့် Found footage ပုံစံ နောက်တစ်ကားပါပဲ။
နာမည်ကြီးခဲ့တဲ့ As above, so below တို့ V/H/S တို့လိုကားတွေကို သိရင် ဒီကားကလဲ သဘောကျဖို့ကောင်းတယ်။
ဒီအမျိုးအစားထဲကပဲလာပြီး အဲ့ဒီလိုကားမျိုးတွေကို ပြန်လှောင်နေတာတွေ
သူငယ်ချင်း အချင်းချင်းအတည်ပေါက်နဲ့ပြောနေတာလေးတွေ ရယ်ရတယ်။
ဘတ်ဂျက်အများကြီးသုံးမထားပေမယ့် ပေါ့ပေါ့ပါးပါးကြည့်လို့ကောင်းတဲ့ကားလေးပါပဲ။
mmbusticketတက္ကသိုလ်က ပါမောက္ခရဒ်နဲ့ သူ့ရဲ့တပည့် ဘွဲ့လွန်ကျောင်းသား ဆန်ဂျေးတို့ဟာ ရှေးဟောင်းဘာသာစကားနဲ့ ရေးထားတဲ့ စာမူတစ်ခုကို ကြိုးစားပြီးဘာသာပြန်နေကြပါတယ်။ တစ်ညတော့ ဆန်ဂျေးက ဘာသာပြန်လို့ရသွားပြီးတော့ သူ့ရဲ့ဆရာမကို သူ့အိမ်လာခဲ့ဖို့ လှမ်းခေါ်လိုက်ပါတယ်။ ဒါပေမဲ့ ရဒ်ရောက်မလာခင်မှာပဲ ဆန်ဂျေးဟာ ပဟေဠိဆန်စွာ ပျောက်ဆုံးသွားပါတယ်။
ဒီလိုနဲ့နှစ်အနည်းငယ်ကြာတဲ့အခါ ရဒ်ဆီကို ပါဆယ်တစ်ပုံးရာက်လာခဲ့ပါတယ်။ ပို့တဲ့သူက ဆန်ဂျေးဖြစ်နေတဲ့အခါ ရဒ်က ပါဆယ်ပုံးထဲက သဲလွန်စတွေနဲ့ ဆန်ဂျေးကို ပြန်ရှာတွေ့နိုင်မလားဆိုတာကတော့ ဇာတ်လမ်းလေးထဲမှာ ဆက်လက်ရှုစားကြပါ
သရဲကား တောင့်တနေကြတဲ့ CM Fan တွေအတွက်သရဲကား တစ်ကား တင်ပေးလိုက်ပါတယ်….နယ်မြို့လေးထဲက အိမ်ကြီး တစ်အိမ်အဲ့ဒီ အိမ်ထဲက အပေါ်ဆုံး ထပ်မှာသော့ခတ်ထားတဲ့ အခန်းတစ်ခုလဲ ရှိနေလေရဲ့
တစ်ခါ တစ်ခါ အသံတွေ ကြားပြီး အိမ်ထဲ လျှောက်သွားနေတဲ့အရိပ်တစ်ခုလဲ ရှိနေပြန်တယ်….အဲ့ဒီအိမ်ကြီးကို မျက်စိမမြင်တဲ့ အဖွားကြီး နဲ့နားမကြားတဲ့ အစေခံ တစ်ယောက်က စောင့်ရှောက်ပြီးနေထိုင်ကြတယ်….တစ်ရက်မှာတော့ မြို့ကြီးက
မိန်းကလေးတစ်ယောက်ဟာအိမ်က သဘောတူထားတဲ့ ယောင်္ကျားကို မယူချင်တာနဲ့အဖွားဖြစ်သူ ရှိတဲ့ နယ်မြို့လေးကို ပြေးလာခဲ့တယ်…သူရောက်လာခဲ့တာကတော့သော့ခတ်ထားတဲ့ အခန်းရှိနေတဲ့အိမ်ကိုပဲ ဖြစ်ပါတယ်….ဒီရုပ်ရှင်ကားကို Dolly Dolly က ဘာသာပြန်ပေးထားပါတယ်
အမေရိကန်မြို့တစ်မြို့ရဲ့ အလှမ်းဝေးတဲ့နေရာတစ်ခုမှာ ခရစ်ယာန်သီလရှင်ကျောင်းတစ်ကျောင်းရှိပါတယ်။ ထူးဆန်းတာတစ်ခုကတော့ အဲဒီ့ကျောင်းကို ပြင်ပလောကက ရောက်လာတဲ့မိန်းခလေးတိုင်းကတော့ အားလုံးကိုယ်ဝန်လေးတွေ လွယ်ထားကြရတာပါပဲ။ ဘာလို့ကိုယ်ဝန်သည်မိန်းခလေးတွေ ဘာကြောင့်ရောက်လာကြတယ်၊ သီလရှင်ကျောင်းကကော ဘာတွေလဲဆိုတာကိုတော့ သည်းထိတ်ရင်ဖိုဇာတ်လမ်းတစ်ပုဒ်ကို ကော်ဖီမွှေးမွှေးလေးတစ်ခွက်နဲ့ မိုးအေးအေးမှာ ကြည့်လိုက်ကြရအောင်လားဗျာ
လာယိုရို့နာရဲ့ကျိန်စာ ဆိုတဲ့ သရဲကားကို တင်ပေးထားပါတယ် ဒီကားလည်း Conjuring, Anabelle universe မှာ ပါဝင်ပါတယ်။ လာယိုရို့နာဆိုတာ မက္ကဆီကိုက သိပ်ကိုချောမောတဲ့ မိန်းမလှလေးပါ။ သူ့ခင်ပွန်းရဲ့ဖောက်ပြန်မှုကြောင့် ကလေးနှစ်ယောက်ကို ရေနှစ်သတ်ခဲ့ပြီး ကိုယ်တိုင်လည်း ရေထဲခုန်ဆင်းသွားခဲ့ရတယ်။ အဲဒီ အစွဲနဲ့အကုသိုလ်ကြောင့် မိစ္ဆာဝိညာဉ်ဖြစ်လာပြီး သူ့ကလေးတွေအဖြစ်အစားထိုးဖို့ ကလေးတွေရဲ့ အသက်ကို လိုက်နှုတ်ယူနေတာပါ။
အမေကွယ်လွန်သွားလို့ ခံစားနေရတဲ့ ဆေးကျောင်းသူ နန်စီ အဒမ် (Nancy Adams) ဟာ သူ့ရဲ့ ရင်တွင်းဝေဒနာတွေ ဖြေဖျောက်ဖို့အတွက် လူသူ အရောက်အပေါက်နည်းတဲ့ ကမ်းခြေတစ်ခုဆီကို ထွက်လာခဲ့ပါတယ် … အစကတော့ သူငယ်ချင်းတွေနဲ့ လာတာဆိုပေမယ့် အကြောင်းအမျိုးမျိုးကြောင့် သူတစ်ယောက်တည်း ရေလွှာလျှောစီးဖို့ ဖြစ်လာခဲ့ပါတယ် … အဲ့အချိန်မှာပဲ သူတစ်ယောက်တည်း ရေလွှာလျှောစီးနေတုန်းမှာ ငါးမန်းကြီးတစ်ကောင်ရဲ့ ရုတ်တရက်တိုက်ခိုက်ခံလိုက်ရတဲ့ နန်စီဟာ သူရောက်နေတဲ့ နေရာနဲ့ မလှမ်းမကမ်းမှာ ရှိတဲ့ ကျောက်ဆောင်တစ်ခုဆီကို ကူးသွားဖို့ ဖြစ်လာပါတော့တယ် … ကျောက်ဆောင်ပေါ်ရောက်သွားတဲ့ အချိန်မှာ ငါမန်းကလည်း အဲ့ပတ်ဝန်းကျင် တဝိုက်မှာပဲ လှည့်လည်နေပါတယ် … ဒဏ်ရာကလည်း ရထား ဒီရေကလည်း တဖြည်းဖြည်းတက်လာရာက မကြာခင် သူနေနေတဲ့ ကျောက်ဆောင်ကို ဖုံးလွှမ်းခါနီး အချိန်မှာတော့ … နန်စီ တစ်ယောက် ဘာလုပ်မလည်းဆိုတာ မြင်တွေ့ရမှာ ဖြစ်ပါတယ် … June လမှ ထွက်ရှိတဲ့ထားတဲ့ ရုပ်ရှင်ကားဖြစ်ပြီး မင်းသမီး Blake Lively က ရင်သပ်ရှုမောဖွယ်ဖြစ်အောင် သရုပ်ဆောင်သွားထားပါတယ် … အသုံးစရိတ် 17 million USD ကိုသာ အသုံးပြုထားပြီး Box Office မှာ ဝင်ငွေ 118.3 million USD ပြန်လည်ရရှိထားတဲ့ ရုပ်ရှင်ကားလည်း ဖြစ်ပါတယ် … Rating တွေကတော့ IMDb မှာ 6.4 နဲ့ Rotten Tomatoes မှာ 77% ရရှိထားတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်
သားသမီးကိုချစ်တဲ့ မိဘတွေရှိကြလား။ မိဘကိုချစ်တဲ့ သားသမီးတွေရောရှိကြလား။ အချစ်လွန်ရင် နှစ်ရာရောက်တယ်တဲ့။ ဒီကားလေးက
အဲ့စကားပုံကို မီးမောင်းထိုးပြနေသလိုပါပဲ။ အမျိုးအစားခွဲရင်တော့ ဆိုင်ကို ဆန်ဆန်လူသတ်ကားပေါ့။ ဒါပေမဲ့ ဘယ်လိုကြောင့်သတ်ဖြစ်သွားလည်း
ဆိုတာကို စိတ်ဝင်တစားနဲ့ကြည့်ရမှာပါ။
အဖေဆိုတာ ဘယ်လိုတာဝန်ယူရလဲ။ အမေနဲ့ကိုယ့်သားကိုယ်ကို ဘာလို့နှိပ်စက်ရတာလဲ။ ဘာကြောင့်နှိပ်စက်ချင်ရတာလဲ အဲ့ခံစားချက်တွေကို
သိချင်နေတဲ့သူက Evens ။ သူငယ်ငယ်ကလည်း အနှိပ်စက်ခံရလို့ သူ့လို အနှိပ်စက်ခံရတဲ့သူဆို စာနာအားပေးတာပေါ့။ ဒါပေမဲ့ စေတနာက
aဝဒနာဖြစ်သွားတော့လည်း ..
Blood line ဆိုတဲ့နာမည်လေးအတိုင်းပဲ မျိုးရိုးလိုက်တယ်ဆိုတော့ Even ရဲ့အမေကရော ဘယ်လိုအမေမျိုးဖြစ်မလဲ ။ သေချာတာကတော့
သူ့သားကိုအရမ်းချစ်တဲ့ အမေတစ်ယောက်ဖြစ်မှာတော့အမှန်ပါပဲ။ ခံစားချက်တွေရောထွေးလွန်းတဲ့ကားလေးမို့ မပျင်းရတဲ့ကားလေးဖြစ်မှာအမှန်ပါ။
ခံစားကြည့်ပါဦးနော် ။ ။
Horrorဇာတ်လမ်းတွေကိုမှကြိုက်တတ်တဲ့ သူတွေအတွက်ဇာတ်ကားကောင်းလေးတစ်ကားပါ ဖရီဒရီကိုအသတ်ခဲ့ရမှုနဲ့ ဖရန်ချက်စ်ကာနဲ့မက်စီတို့နှစ်ယောက်ကို ရဲအရာရှိတွေကစစ်မေးခဲ့ကြတယ် ဖရီဒရီကိုက ဖရန်ချက်စ်ကာပတ်သတ်ဖူးခဲ့တဲ့ ယောကျ်ားလေးတွေထဲတစ်ယောက်ပေါ့ ဖရန်ချက်စ်ကာဆီကိုထူးဆန်းတဲ့ ဆိုဖာရောက်လာခဲ့တယ်အဲ့ဆိုဖာကဘာတွေထူးဆန်းလဲ နောက်ပိုင်းမှာဘယ်လိုတွေဖြစ်လာမလဲဆိုတာကို စိတ်လှုပ်ရှားစရာကြည့်ရှု့ရမှာပါ Horrorကားကြည့်တဲ့သူတွေအကြိုက်တွေ့စေမယ့်ဇာတ်ကားကောင်းလေးပါ
သင်္ချ ိုင်းထဲက သရဲ (Ghost in the Graveyard) ဆိုတဲ့ Horror ဇာတ်ကားသစ်လေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ် ၂၀၁၉ ထွက်ဖြစ်ပြီးတော့ IMDb – 6.1/10 ရရှိထားပါတယ် မှောင်ရီပျိုးစ တစ်ညနေမှာ ကလေးတစ်အုပ်စုဟာ သုဿန်တစ်စပြင်ထဲမှာ တူတူပုန်းတမ်း သွားဆော့ရင်း ပြေးကြလွှားကြနဲ့ မာသာ ဆိုတဲ့ ကလေးမလေးတစ်ဦးဟာ လူသေမြှုုပ်တဲ့ ကျင်းဟောင်းတစ်ခုထဲကို မတော်တဆ ပြုတ်ကျပြီး သေဆုံးသွားခဲ့ပါတယ် …. မာသာဟာ ဆယ်လီဆိုတဲ့ကောင်မလေးရဲ့ သူငယ်ချင်းဖြစ်ပြီးတော့ ဆယ်လီရဲ့ ညတိုင်းအိပ်မက်တွေထဲမှာ မာသာဟာ အုတ်ဂူတွေကြားထဲမှာ ရုန်းရင်းဆန်ခတ် ပြေးလွှားနေတာကို မြင်တွေ့နေရပါသတဲ့ နှစ်တွေကြာလာခဲ့ပေမယ့် သင်္ချ ိုင်းမှာ မာသာဆိုတဲ့ကောင်မလေး ခြောက်လှန့်နေတယ်ဆိုတဲ့ သတင်းကတော့ ပျောက်ပျက်မသွားခဲ့ပါဘူး…မာသာသေဆုံးမှုနဲ့ ဆယ်လီနဲ့ ဘယ်လိုများ ပတ်သက်မှုှရှိလဲ…စိတ်ဝင်စားစရာလည်းကောင်းသလို တစ်စိမ့်စိမ့်ကြောက်နေရတဲ့ ကားမို့ Horror ကြိုက်ပြိတ်သတ်တို့အဖို့ ခံစားကြည့်ကြပါဦး…
သင် အိပ်ယာကနိုးပြီး မျက်လုံးဖွင့်ကြည့်လိုက်တဲ့အချိန်မှာ ကမ္ဘာကြီးဟာ ပျက်စီးသွားပြီရင် သင်ရော ဘာလုပ်မှာလဲ။ဂျင်ဆိုတဲ့ကောင်လေးတစ်ယောက် ကားအက်စီးဒင့်တစ်ခုကြောင့် ဆေးရုံပေါ်မှာ နိုးထလာခဲ့ပါတယ်။ အရာအားလုံးဟာ တိတ်ဆိတ်နေပြီး မြို့ပြကြီးဟာလည်း သုဿန်တစပြင်ကြီးတစ်ခုဖြစ်နေတာကို သူ့အနေနဲ့ နားမလည်နိုင်အောင် ဖြစ်နေခဲ့ပါတယ်။ဗိုင်းရပ်တစ်ခုကြောင့် ကမ္ဘာကြီး ပျက်စီးသွားပြီဆိုတာ သူသိလိုက်ရတဲ့အခါ သူဘာဆက်လုပ်မှာလဲ ၊ချစ်ရတဲ့ မိသားစုမရှိတော့တဲ့ ဘဝမှာ သူ ဘယ်လိုဆက်ရှင်သန်မှာလဲ ၊ ဘယ်ကို သွားရမှာလဲ ၊ ဘယ်သူ့ကို အားကိုးရမှာလဲ။၂၀၀၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီဇွန်ဘီကားထဲမှာ ဇွန်ဘီဗိုင်းရပ်ထက်စာရင် ရန်သူငါးပါးထဲမှာ လူသားတွေကသာကြောက်စရာအကောင်းဆုံးဆိုတာ ကွက်ကွက်ကွင်းကွင်းပြသွားတဲ့ ရုပ်ရှင်ကားတစ်ကားပဲ ဖြစ်ပါတယ်။
မူးယစ်ဆေးတွေသုံးပြီး ဘဝကိုလွယ်လွယ်နဲ့ဖြတ်သန်းနေကြတဲ့ဆယ်ကျော်သက်သုံးယောက် သူတို့မြို့ကိုအသစ်ပြောင်းလာကြသည့်မိသားစုတစ်စုရဲ့အိမ်ကိုဖောက်ထွင်းဝင်ရောက်ရာမှကံဆိုးစွာနဲ့ ထိုမိသားစုမှာသာမန်မိသားစုမဟုတ်ပဲစုန်းမိသားစုတစ်စုဖြစ်နေသည်… ထိုစုန်းမိသားစုနဲ့ထိတ်လန့်ဖွယ်ရာတွေ့ဆုံအပြီး မကြာမီမှာထိုဆယ်ကျော်သက်အဖွဲ့ထဲမှ တစ်ဦးတည်းသောကောင်မလေးဖြစ်သည့်ကယ်ရီမှာကိုယ်ဝန်ရှိလာပြီး သူ့ရဲ့ကလေးကို စုန်းမိသားစုတို့ယဇ်ပူဇော်မည့်အစီအစဉ်တွေကိုသိသွားသောအခါ…ဒါ့အပြင် ထိုယဇ်ပူဇော်မည့်အစီအစဉ်ကို အဓိကတာဝန်ယူထားရတဲ့စုန်းမိသားစုမှာကြီးပြင်းလာခဲ့တဲ့ စုန်းအတတ်ပညာတွေတတ်မြောက်ထားသည့်ဒေးဗစ်ဆိုတဲ့ကောင်လေးမှာလဲထိုကယ်ရီဆိုတဲ့ကောင်မလေးကို မေတ္တာသက်ဝင်သွားသည့်အခါ…သူချစ်တဲ့ကောင်မလေးကိုပဲကာကွယ်ပေးမလား၊ဒါမှမဟုတ် သူ့ကိုပြုစုကျွေးမွေးစောင့်ရှောက်လာခဲ့တဲ့စုန်းမိသားစုအသိုင်းအဝိုင်းရဲ့ဆန္ဒအတိုင်းပဲဆက်နေမလား…ထိုစုန်းမိသားစုကရော ဘာကြောင့် ထိုယဇ်ပူဇော်မှုတွေကိုလုပ်နေရတာလဲ…ဘယ်သူ့ကိုပူဇော်ပသနေရတာလဲ…ထိုယဇ်ပူဇော်မှုတွေကိုမလုပ်ရင် သူတို့ဘာတွေဖြစ်သွားမှာလဲ…ဒါ့အပြင် ဒီ “Blood Bound” ကားမှာ တခြားကားတွေလိုJump Scares တွေအများကြီးမသုံးထားပဲနဲ့ကိုထိတ်လန့်ဖွယ်ဖြစ်အောင်ရိုက်ပြထားပါသေးတယ်…ဒါကြောင့်မို့ ဒီကားလေးကိုအခုပဲကြည့်ရှုခံစားကြည့်ပါဦး
ဒီတစ်ခါဇာတ်ကားလေးကတော့ သည်းထိတ်ရင်ဖိုလူသတ်ကားပုံစံလေးပါဆပ်ကပ်တစ်ခုရဲ့ခေါင်းဆောင်ရိုနီကသူ့ရဲ့မိန်းမဆာဗန်နာကို ယောကျ်ားတစ်ယောက်နဲ့ဖောက်ပြန်နေတာတွေ့သွားခဲ့တယ်ရိုနီကအဲ့ကောင်ကိုသတ်ပစ်လိုက်တယ် ဒါကိုမကျေနပ်တဲ့ဆာဗန်နာကအောက်လမ်းအစီအမံတွေနဲ့ ရိုနီတို့အုပ်စုကိုလုပ်လိုက်တဲ့အခါသူမမထင်မှတ်ထားတဲ့အရာတွေဖြစ်လာရောလေရိုနီတို့အဖွဲ့ဟာမုန်တိုင်းတွေထန်လေဆင်နှာမောင်းတွေတိုက်ပြီးသူတို့သွားလိုရာနေရာကို လေဆင်နှာမောင်းပုံစုံလုပ်ပြီးမြေပြင်ပေါ်ရောက်လာကြတာပေါ့သူတို့က စိတ္တဇလူသတ်သမားဆန်ဆန်လူတွေကိုလိုက်သတ်ကြတာပေါ့ရိုနီက သူ့ကိုသစ္စာဖောက်ခဲ့တဲ့ဆာဗန်နာကိုလိုက်ရှာပြီးသတ်တော့တာပေါ့အဲ့အဖြစ်အပျက်ထဲမှာ ဒုက္ခတွေ့နေရတဲ့လူတစ်စုလည်းပါတာပေါ့သူတို့အဲ့ဒီထူးထူးဆန်းဆန်းလေဆင်နှာမောင်းကိုရပ်သွားအောင်ဘယ်လိုတွေလုပ်မလဲသူတို့ဒီလိုစိတ်ပျက်စရာအခြေအနေကနေဘယ်လိုရုန်းထွက်ကြမလဲသွေးတန်းရဲရဲသတ်ဖြတ်တဲ့အခန်းတွေကိုအားပါးတရကြည့်ရှု့ရမှာပါ
၂၀၁၉နှစ်ကုန်ပိုင်းလောက်ကထွက်ထားတဲ့ Psychological Horror film လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ် ၊
ဇာတ်လမ်းလေးက၁၉၆၂ခုနှစ်အတွင်း ထိုင်ဝမ်စစ်အစိုးရလက်အောက်ကျရောက်တဲ့အချိန်…
အစိုးရကိုပုန်ကန်ဖို့မပြောနဲ့ စကားတောင်လွတ်လွတ်လပ်လပ်မပြောရဲလောက်အောင် အုပ်စုဖွဲ့တာတွေတားမြစ် ၊
စစ်အုပ်ချုပ်ရေးကိုဖီဆန်မယ့် သဘောသဘာဝတွေပါတဲ့စာအုပ်စာပေတွေ ၊ လူငယ်တွေကိုဆွဲဆောင်တဲ့စာအုပ်စာပေတွေ ဖတ်ခြင်းရေးခြင်းကိုလဲ သေဒဏ်ပေးတဲ့အထိကို တင်းတင်းကြပ်ကြပ်တားမြစ်ထားတဲ့အချိန်….
လွတ်လပ်ရေးမြတ်နိုးတဲ့ကျောင်းဆရာလေး ကျန်းမင်ဟွေက တိတ်တဆိတ်စာအုပ်အသင်းတစ်ခုဖွဲ့စည်းထားခဲ့တယ်…
တစ်နေ့မှာ စာအုပ်အသင်းထဲကကျောင်းသားဝေကျုံးထင်နဲ့ စီနီယာအတန်းကကျောင်းသူဖန်ရေ့ရှင်းတို့ သူတို့ကျောင်းကြီးထဲပိတ်မိရာက
သူတို့တွေ့ခဲ့ရတဲ့ထိတ်လန့်မှုတွေနဲ့ ပြောင်းလဲသွားတဲ့သူတို့ရဲ့ကံတရား….
သူတို့တင်မဟုတ်ပဲစာအုပ်အသင်းတစ်ခုလုံးရဲ့ကံတရား…
ဘယ်သူ့ကြောင့်စတင်ခဲ့ပြီး …ဘယ်မှာအဆုံးသတ်မှာလဲ…
Psychological Horrorဆိုတဲ့အတိုင်း သရဲတွေချည်းပြူးပြူးပြဲပြဲခြောက်တာမဟုတ်ပဲ ၊
ဘာတွေလဲ ဘာတွေလဲဆိုတဲ့ ? မေးခွန်းပေါင်းများစွာနဲ့ ဇဝေဇဝါ အလန့်တကြားလေးကြည့်ရမယ့်ကားလေးမို့လို့
ရသအသစ်တစ်ခုခံစားရစေဖို့မျှော်လင့်ရင်း တင်ဆက်ပေးလိုက်ပါတယ် ။
(အညွှန်းနဲ့ဘာသာပြန်သူကတော့ Myint Myat Thinn ဖြစ်ပါတယ်)
Main characterက ပတ်မီဂျောင်ဆိုတဲ့ဒါရိုက်တာပါ ၊
သူမကBestDirectorAwardတွေထားတဲ့ နာမည်ရှိဒါရိုက်တာတစ်ယောက်…
စာချုပ်ချုပ်မယ့်အေဂျင်စီဘက်ကနေသရဲကားရိုက်ဖို့ အဆောတလျှင် ဇာတ်လမ်းတောင်းလာရာကနေအစပြုလို့
လဝက်အတွင်း သူမရဲ့သရဲကားအတွက် ကုန်ကြမ်းရှာဖို့ဖြစ်လာတဲ့အခါ…
ဂျူနီယာတစ်ယောက်ဆီကနေ သရဲရိုက်တဲ့သရဲကားဆိုတဲ့ ထူးထူးခြားခြားရုပ်ရှင်အကြောင်း အဖြစ်အပျက်တစ်ခုကိုကြားခဲ့တယ် ၊
လူတွေသေခဲ့တယ်ဆိုတဲ့အကြောင်းတွေရောကြားပြီးတဲ့နောက်
အလုပ်အတွက်အရေးတကြီးလိုတာကြောင့်ရော သိချင်စိတ်ကြောင့်ရော အစဆွဲထုတ်မိတဲ့ ကြည့်ရှု့ခွင့်ပိတ်ထားတဲ့ အဲ့ရုပ်ရှင်ကနေ ဘယ်လိုထိတ်လန့်စရာတွေ တွေ့ကြုံလာရမလဲ…
သမ္မာကျမ်းစာအရ ကမ္ဘာပေါ်မှာ နတ်ဆိုးတွေရှိပါတယ်… ဂတ်ဘရီရယ် မိုက်ကယ် တိုင်နဲ့ ဟန်နာတို့ဟာ နတ်ဆိုးတွေကိုနှင်တဲ့ မုဆိုးတွေပါ ဒါပေမယ့် အခုချိန်မှာတော့ အဲ့မုဆိုးအလုပ်ကို စွန့်လွှတ်ပြီး အသီးသီး သူ့အလုပ်နဲ့သူ ဖြစ်နေကြပါပြီ….တစ်နေ့မှာတော့ သမ္မာကျမ်းစာထဲကအတိုင်း ကမ္ဘာပျက်ကပ်ကိုသယ်ဆောင်လာမယ့် နတ်ဆိုးတမာန်တော်လေးယောက် ရောက်နေပြီမှန်း သိလိုက်ရတဲ့အခါ…သူတို့တွေပြန်ပေါင်းစည်းပြီး ကမ္ဘာကိုကယ်တင်နိုင်မှာလားဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်…
ခရစ္စမတ်ပိတ်ရက်မှာ ကျောင်းသားတွေကိုယ်စီကမိသားစုတွေနဲ့
အချိန်ကုန်ဆုံးဖို့ပြန်သွားကြတာကြောင့်
ဟာသော်ကောလိပ်ကြီးက တိတ်ဆိတ်ငြိမ်သက်နေခဲ့တယ်
ဒါပေမယ့် ရိုင်လေနဲ့ သူမရဲ့ကောလိပ်ကညီအစ်မတွေ
အိမ်မပြန်ကြပဲအဆောင်မှာ ခရစ္စမတ်ပိတ်ရက်ကိုကုန်ဆုံးခဲ့ကြတယ်
ရိုင်လေတို့အဖွဲ့က ခရစ္စမတ်ညမှာ တစ်ယောက်နဲ့တစ်ယောက်
အဆင်မပြေဖြစ်ခဲ့ပြီး ရန်ဖြစ်ကြရင်း
မျက်နှာဖုံးစွပ်ထားတဲ့လူစိမ်းတွေရဲ့တိုက်ခိုက်ခြင်းကိုခံခဲ့ရတယ်
သူမတို့အဖွဲ့က ဘာအတွက်ကြောင့်တိုက်ခိုက်ခံရတာလဲ…..
တခြားအဆောင်မှာရှိနေကြတဲ့ကောင်မလေးတွေကရော
သူတို့လိုပဲတိုက်ခိုက်ခံရတာလား…..
ရိုင်လေတို့အဖွဲ့မှာ ဘယ်သူတွေကအသက်ရှင်ပြီး လွတ်မြောက်ခဲ့မလဲ…..
အဲ့တိုက်ခိုက်မှုတွေက ဘာအတွက်ကြောင့်ဖြစ်လာရတာလဲဆိုတော့…..
ဖာသာလမ်ဘတ်ဟာရှစ်နှယ်အရွယ်ကောင်လေးကိုပယောဂနှင်ပေးခဲ့ရာမှာကျရှုံးခဲ့လို့ထောင်သုံးနှစ်ကျခဲ့တယ်။
သူပြန်လွတ်လာတဲ့အခါမှာ ဂျိုးကလက်လို့ခေါ်တဲ့ကလေးတစ်ယောက်မုဆိုးဖိုအိမ်မှာသဘာဝလွန်ဖြစ်ရပ်တွေဖြစ်နေတယ်လို့သိလိုက်ရတယ်။
ဂျိုးဟာသူ့သားလေးမေဆန်တစ်ယောက်မကောင်းဆိုးရွားဝင်ပူးခံနေရတယ်လို့သံသယရှိလာတဲ့အခါမှာဖာသာရဲ့ဖြောင်းဖြမှုနဲ့ပယောဂနှင်ဖို့လက်ခံလိုက်တယ်။ဖာသာလမ်ဘတ်ဟာသူ မအောင်မြင်ခဲ့တဲ့ကိစ္စကိုပြန်ကြိုးစားရင်းဂျိုးတို့သားအဖကိုကူညီပေးခဲ့ရာမှဘာတွေဆက်ဖြစ်မလဲဆိုတာစိတ်လှုပ်ရှားဖွယ်ကြည့်ရမယ့်ကားလေးတစ်ကားပဲဖြစ်ပါတယ်
၂၀၁၉ ခုနစ်မှာထွက်ရှိခဲ့တဲ့ Horror/ Drama / Mystery အမျိုးအစားဖြစ်ပါတယ်…
ဇာတ်လမ်းအကျဉ်းကတော့ နိုဗက်ဟာ ကယ်လီဖိုနီးယားပြည်နယ်
ဘာဘလီဟေးမှာ မိခင်ဖြစ်သူနဲ့ နှစ်ယောက်တည်းနေထိုင်ပါတယ်…
တစ်ရက်မှာတော့ သူငါးနှစ်သားကတည်းက ထွက်သွားတဲ့
ဖခင်ဖြစ်သူဆီက သူ့အမှားကိုခွင့်လွှတ်ပေးဖို့
သားအဖေပြန်လည်ဆုံစည်းချင်တာကြောင့်
သူ့ကိုလာတွေ့ဖို့ ရေးထားတဲ့ စာတစ်စောင်ရောက်လာပါတယ်…
နိုဗယ်လည်း သူ့အဖေကိုတွေ့ဖို့ရာ ခရီးထွက်လာခဲ့ပါတယ်
ဒါပေမယ့် တကယ်တမ်းဆုံကြတဲ့အခါ
ဖခင်ဖြစ်သူဟာ သူထင်ထားသလိုလူတစ်ယောက်ဘဖြစ်မနေခဲ့ပါဘူး…
တစတစနဲ့ သူသိလာရတဲ့ အတိတ်အပိုင်းအစတွေက
ဘာတွေလဲဆိုတာကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်…
IMDB 6.1 /10 ရရှိထားပြီး Lords Of the Rings ရဲ့ မင်းသားချော Eijan Woods ကပါဝင်ထားပါတယ်.
ဗန်ပိုင်ယားဇာတ်လမ်းကြိုက်တဲ့သူတွေအတွက်
rating ကောင်းကောင်း Imbd-7.0 ရရရှိထားတဲ့ လက်မလွတ်သင့်တဲ့ကားလေးပါ……………..
အရက်မူးနေလို့ အူဘာတက္ကဆီနဲ့သူငယ်ချင်းတွေက
တင်ပေးလိုက်ပြီးတဲ့နောက်မှာ သရီဆာတစ်ယောက် ဗန်ပိုင်းယားနဲ့တည့်တည့်တိုးပြီး
နောက်နေ့မနက်မှာ သူကိုယ်တိုင် ဗန်ပိုင်းယားဖြစ်သွားပါတယ်…
ဗန်ပိုင်းယားလောကသားဖြစ်လာတဲ့နေ့မှာပဲ
ဗန်ပိုင်းယားတွေရဲ့ အစိုးရရုံးကိုရောက်သွားပါတယ်
အဲ့မှာ အလီဆန်နဲ့သူ့ချစ်သူဟောင်း တိုနီတို့က
ဗန်ပိုင်းယားဥပဒေဖောက်မိလို့ ရုံးမှာရှိနေကြပါတယ်
အလီဆန်က သူမကို မျက်စိကျပြီး နောက်ယောင်ခံ လိုက်ရာကနေ ခင်သွားကြပါတယ်……….
ဗန်ပိုင်းယားလောကကြီး အကြောင်းကို သရီဆာ တစ်ယောက် ပိုသိလာခဲ့ပါတယ်
ဒီကားကို ၂၀၁၆ ခုနှစ်မှာ ရိုက်ကူးထားပြီးတော့ ဇာတ်လမ်းဟာဆိုရင်
အပေါစားဆန်မနေပဲနဲ့တကယ့် ဗန်ပိုင်းယားတွေရဲ့ အနှစ်အရသာကိုခံစားနိုင်မဲ့ကားလေးပါ
Valley of Tears 2020
Wu Assassins
War & Peace
Watchmen
Warrior Nun
When They See Us
Freakish
Treadstone
Truth Be Told
Unbelievable
Victoria
Watership Down
Drama, Horror, Mystery
ဒီဇာတ်ကားကတော့ crime ဆန်ဆန်အက်ရှင်ကားမှ ကြိုက်သူများအတွက်အကြိုက်တွေ့မယ့်ဇာတ်ကားဖြစ်ပါတယ်
မိုက်ဟာ အမည်ခံကုမ္ပဏီတည်ထောင်ပြီး စတော့ရှယ်ယာကစားတဲ့တရားမဝင်အလုပ်ကိုလုပ်ကိုင်တဲ့သူဖြစ်ပါတယ်
မိုက်ရဲ့လုပ်ကိုင်ပုံကျွမ်းကျင်မှုကြောင့် သူ့ရဲ့အလုပ်သူဌေးတွေသဘောကျခြင်းခံတဲ့သူပေါ့
တစ်နေ့မှာတော့ မိုက်ဟာအလုပ်ကိစ္စသွားရင်းလူသတ်မှုနဲ့ထောင်ချောက်ဆင်ခံလိုက်ရကာ ထောင်ကျခဲ့ရပါတယ်
မိုက်ရဲ့ဘဝဟာလုပ်ငန်းရှင်ထောင်ထွက်တစ်ယောက်ဘဝရာက်သွားရပါတော့တယ်
မိုက်တစ်ယောက်ဘာကြောင့်သူ့ကိုထောင်ချောက်ဆင်တယ်
ဘယ်သူကသူ့ကို ဒုက္ခပေးနေတယ်ဆိုတာကို လက်စားချေဖို့ လိုက်လံစုံစမ်းပါတော့တယ်
မိုက်တစ်ယောက်နောက်ဆုံးမှာသူ့ရဲ့ရန်သူတွေကိုအောင်အောင်မြင်မြင် လက်စားချေသွားနိုင်ပါ့မလားဆိုတာကို
ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုလိုက်ကြပါဦး
Thriller
Below Zero (2021)
===============
IMDb Rating – 6.3/10
CM ပရိသတ်ကြီး အကြိုက်တွေ့မယ့် Action, Crime ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။
မာတင်ဟာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာတတ်တဲ့ ရဲတစ်ဦးပါ။ တစ်နေ့ သူပြောင်းတဲ့ ရဲဌာနမှ
ပထမဆုံးတာ တာ၀န်အနေနဲ့ အကျဉ်းသားတွေကို နေရာပြောင်းရွှေ့တဲ့ တာ၀န်ကို ထမ်းဆောင်ရပါတော့
တယ်။ ဒီလိုနဲ့ပဲ မာတင်ဟာ သူအပါအ၀င် နောက်ထပ် ရဲ ၃ ယောက်နဲ့အတူ အကျဉ်းသား ၆ ယောက်ပါတဲ့
အချုပ်ကားကို မောင်းပြီး မြူဆိုင်းတဲ့ ညဘက်မှာ တာ၀န်ထမ်းဆောင်ရပါတော့တယ်။
ဒီလိုနဲ့ မောင်းလာရင်း လမ်းခုလတ်မှာ ကားဘီးကလည်းပေါက် အရံလိုက်လာတဲ့ ရဲနှစ်ယောက်ရဲ့ကားနဲ့လည်း
အဆက်ပြတ်သွားတဲ့အတွက် သူကိုယ်တိုင် မောင်းလာတဲ့ ကားပေါ်က ဆင်းကြည့်တဲ့အခါ ခြုံခိုတိုက်ခိုက်ခံ
နေရပြီဆိုတာ သိလိုက်ရပါတော့တယ်။ အရံပါလာတဲ့ ရဲ ၃ ယောက်ကလည်း ကျ အချုပ်ကားထဲက အကျဉ်း
သား ၆ ယောက်ကလည်း စပြီး ပုန်ကန် အပြင်ကရန်သူတွေက တစ်ဖက်နဲ့ မှောင်မဲပြီး လူသူကင်းတဲ့ လမ်းမပေါ်မှာ
မာတင်တစ်ယောက် ဘယ်လို နှစ်ပါးသွားမလဲဆိုတာကို စိတ်၀င်စားဖွယ် မြင်တွေ့ရမှာဖြစ်ပါတယ်။
မနေ့ကမှ ထွက်ရှိလာတဲ့ Action ကားသစ်ဖြစ်ပြီး IMDb Rating 6.3/10 ရရှိထားတဲ့ ကားကောင်း ကားသစ်
လေးဖြစ်ပါတယ်။
Action, Adventure, Crime
Krack(2021) အညွှန်း
******************
တီလူဂူးဇာတ်ကားလေးတွေကို မျှော်နေကြတဲ့ အိန္ဒိယတောင်ပိုင်းရုပ်ရှင် ပရိတ်သတ်တွေအတွက် မနေ့ကထွက်တဲ့
Ravi Teja နဲ့ Shruti Haasan တို့ရဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။
Krack ဆိုတဲ့အဓိပ္ပါယ်ကိုက သူတို့ဘာသာစကားမှာ “ခေါင်းမာတဲ့သူ”ပါ။
ဒီတော့ ဒီရုပ်ရှင်ထဲက အဓိကဇာတ်ကောင်ဖြစ်တဲ့ ဗီရားရှန်ကာဆိုတဲ့ ရဲအရာရှိဟာ မတရားမှုတွေကို
ကိုင်တွယ်ရာမှာ ကြမ်းတမ်းတယ် ၊ သက်ညှာမှုကင်းမဲ့တယ်။
ဘယ်အရာကိုမှ မကြောက်တတ်ဘဲ လုပ်စရာရှိတာကို ခေါင်းကြောမာမာနဲ့ တဇွတ်ထိုးလုပ်တတ်သူပေါ့။
ဇာတ်လမ်းအစအစမှာ ပြသွားတဲ့ သံတစ်ချောင်း ၊ ၅၀တန် အကြွေတစ်ရွက်နဲ့ သရက်သီးတစ်လုံးဟာ ဗီရားရှန်ကာကိုင်တွယ်ခဲ့တဲ့
ဒိတ်ဒိတ်ကြဲလူဆိုး လူရမ်းကားသုံးယောက်ကို ကိုယ်စားပြုတယ်ဆိုတာ ဇာတ်လမ်းအလယ်လောက်ရောက်မှ နားလည်မယ်။
တစ်ယောက်ချင်းစီကို ကိုယ်တွယ်ပုံဟာ ဒီဇာတ်လမ်းရဲ့ frame ဖြစ်ပြီး ၊
တောင်ပိုင်းရုပ်ရှင်အထွက်နည်းလှတဲ့ အခုလိုအချိန်မျိုးမှာ ရဲကားကောင်းကောင်းကြည့်လိုသူတွေအဖို့
ကျေနပ်ကြလိမ့်မယ်ထင်ပါတယ်။
Action, Thriller
Pirates of the Caribbean: On Stranger Tides(2011)[1080P5.1CH]
((((ဒီဇာတ်ကားတွေက ဘယ်အချိန်ပြန်ကြည့်ကြည့် မရိုးနိုင်တဲ့ စာရင်းထဲပါလေတော့ Pirates of the Caribbean ပရိတ်သတ်တွေအတွက် HEVC,1080P5.1CH,720Pြ ဖင့် ရသမြောက်စွာ
ခံစားနိုင်စေရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်))))
ဂျက်နဲ့ လူမှားပြီး ဂစ်ဘ်ကို ကြိုးပေးမယ့်အရေးမှာ ဝင်ကယ်ပေးလိုက်ရပြီးတဲ့နောက် တစ်ကိုယ်တည်းကောင်းစားနေတဲ့ ဘာဘိုဆာဆီ
ရောက်သွားကြပြန်တယ်။ ဒါပေမယ့် ဂစ်ဘ်ပဲကျန်ခဲ့ပြီး ဂျက်ကတော့ သူ အချစ်ဟောင်း အန်ဂျလီကာကောင်းမှုနဲ့
မုတ်ဆိတ်နက်ဆီရောက်သွားတဲ့နောက် စပိန်တွေက တပန်းသာနေတဲ့ ထာဝရသက်ရှည်ရေပန်းကို ရှာနိုင်ဖို့ စိုင်းပြင်းရပြန်တယ်…
Pirates of the Caribbean On Stranger Tides(2011)
Action, Adventure, Fantasy
Pirates of the Caribbean: At World’s End(2007)[1080p5.1ch]
IMDb…7.1
((((ဒီဇာတ်ကားတွေက ဘယ်အချိန်ပြန်ကြည့်ကြည့် မရိုးနိုင်တဲ့ စာရင်းထဲပါလေတော့ Pirates of the Caribbean ပရိတ်သတ်တွေအတွက် HEVC,1080P5.1CH,720Pြ ဖင့် ရသမြောက်စွာ
ခံစားနိုင်စေရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်))))
သူရဲကောင်းဆန်ဆန်နဲ့ ကရာကန်ကြီး ပါးစပ်ထဲ ဓားတစ်ချောင်းနဲ့ ဝင်ပြီး အားလုံးကို ပေးဆပ်သွားတဲ့နောက်တော့ ဝီလ်တန်နာနဲ့
အဲလိဇဘက်တို့နှစ်ယောက်သား ကပ္ပတိန် ဘာဘိုဆာနဲ့ ပူးပေါင်းပြီး ဂျက်ကို ဒေဗီဂျုန်းဆီကနေ လွတ်အောင် ကယ်ဖို့ ကြိုးစားရတော့တယ်။
ဒါပေမယ့် နှစ်ယောက်မရှိတဲ့ ဂျက်စပဲရိုးက သူ ဘာကောင်လဲဆိုတာကို ဂဏန်းတွေနဲ့ ပုလဲနက်နဲ့ ပြလိုက်တယ်
ဒေဗီဂျုန်းကိုလည်း လော့ဒ် ဘက်ကပ်တ်က ထိန်းချုပ်ထားပြီး ပင်လယ်ပြင်တခွင်တစ်ခုလုံးရဲ့ သင်္ဘောတွေအကုန်ကို
ဖျက်ဆီးခိုင်းတဲ့နောက်တော့ ဝီလ်၊ အဲလိဇဘက်နဲ့ ဘာဘိုဆာတို့နဲ့ အတူ ကပ္ပတိန် ဂျက်စပဲရိုးပါ တိုက်ပွဲထဲ ဝင်ပါလာရတော့တယ်…
Pirates of the Caribbean At World’s End(2007)
Action, Adventure, Fantasy
Space Jam (1996)
===============
မိုက်ကယ်ဂျော်ဒန်ဆိုတဲ့ ဘတ်စ်ကတ်ဘောဘုရင်ဟာ ငယ်စဉ်ကတည်းက ဖခင်ဖြစ်သူလိုမျိုး ဘေ့စ်ဘောကစားသမား ဖြစ်ချင်ခဲ့တာပါ။ သူအရွယ်ရောက်ပြီ ဘတ်စ်ကတ်ဘောအားကစားလောကမှာ အထွဋ်ထိပ်ထိ တက်လှမ်းပြီးသွားတဲ့နောက် ဘတ်စ်ကတ်ဘောလောကကနေ ရုတ်တရက်ရပ်နားပြီး ကလေးဘဝကဆန္ဒကို အကောင်အထည်ဖော်ဖို့ ဘေ့စ်ဘောလောကထဲကို ခြေစုံပစ်ဝင်လိုက်ပါတယ်။
ဘေ့စ်ဘောမှာအဆင်မပြေပေမယ့် ဘတ်စ်ကတ်ဘောဘုရင်ဖြစ်တဲ့သူ့ကို အဖွဲ့သားတွေကအပြစ်မမြင်ပေမယ့် ပရိတ်သတ်တွေနဲ့မီဒီယာကတော့ ကြိတ်မနိုင်ခံမရဖြစ်နေကြတာပေါ့။ ဒီအချိန်မှာ မိုရွန်တောင်ကဂြိုလ်သားတွေက ဝယ်သူတွေကိုဆွဲဆောင်ဖို့ Looney Tunesတစ်ဖွဲ့လုံးကို ဖမ်းဆီးဖို့လွှတ်လိုက်ပါတယ်။ သေးကွေးနှေးကွေးတဲ့ဒီဂြိုလ်သားတွေနဲ့ ဘတ်စ်ကတ်ဘောပြိုင်ဆော့ဖို့စိန်ခေါ်လိုက်ပြီးမှ ဂြိုလ်သားတွေဘာလို့ကြီးထွားကုန်တာလဲ။ သူတို့တွေကမိုက်ကယ်ကိုအကူအညီတောင်းတဲ့အခါ ဘေ့စ်ဘောကစားသမားဖြစ်နေတဲ့သူကရော ကူညီပါ့မလား။ Looney Tunesတစ်ဖွဲ့လုံးနဲ့အတူတူ မိုက်ကယ်ပါ ဂြိုလ်သားတွေရဲ့ အကျဉ်းသားဘဝရောက်သွားမလားဆိုတာကိုတော့… နာမည်ကျော်မိုက်ကယ်ဂျော်ဒန်ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားပြီး IMDb 6.4 ရထားတဲ့ ဒီကာတွန်းလေးက ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရွှင်မြူးစေမှာဖြစ်လို့ ကြည့်ရှုဖို့လက်တို့လိုက်ရပါတယ်။
Adventure, Animation, Comedy, Family, Science Fiction
Experimenter (2015)
ဒီကားက
ကျွန်တော်တို့ဟာ တစ်ခါတစ်ရံမှာ ကြိုးတွေကို တွေ့ကောင်းတွေ့နိုင်ပေမယ့်
သတိပြုမိတဲ့စိတ် ကသာလျှင် ကျွန်တော်တို့အတွက် လွတ်မြောက်ခြင်းရဲ့ ဦးဆုံးခြေလှမ်း ဖြစ်ရမှာပါ။”
IMDb – 6.6/10 ရရှိထားတဲ့ ကားကောင်းတစ်ကား ဖြစ်တာမို့ ကြည့်ရှုစေချင်ပါတယ်။
ဆု ၂ ဆု နဲ့ တစ်ကြို ၅ ကြိမ် ဝင်ခဲ့တဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။
Los Angeles Film Festival 2015 နဲ့ Political Film Society, USA 2015
တို့မှာ ဆု ရရှိခဲ့ပြီးတော့
တော့ နိုင်ငံရေးနဲ့ နှီးနွယ်တဲ့ စိတ်ပညာကို လေ့လာချင်တဲ့လူတွေ စိတ်ဝင်စားမယ့် ဇာတ်ကားကောင်းတစ်ကားပါပဲ။
တကယ့်အဖြစ်အပျက်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။
လူမှု စိတ်ပညာရှင် စတန်လေ မီလ်ဂရမ် ရဲ့ ၁၉၆၁ မီလ်ဂရမ် စမ်းသပ်ချက်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။
ဒီစမ်းသပ်ချက်ကတော့ လူတွေရဲ့နာခံမှု(Obedience) ကို စမ်းသပ်ချက်ပဲ ဖြစ်ပါတယ်။
လူစိမ်းနှစ်ယောက်ကို ခေါ်ပြီး တစ်ဘက်က သင်ယူသူ တစ်ဘက်က သင်ကြားသူအနေနဲ့ ထားပြီးတော့
မှားရင် လျှပ်စစ်ရှော့တိုက်တဲ့နည်းနဲ့ နာခံမှု ဘယ်လောက်ရှိတယ်ဆိုတာကို စမ်းသပ်တာပဲ ဖြစ်ပါတယ်။
ဒီတော့ ကျွန်တော်တို့ Obedience ကို သိပ္ပံနည်းကျကျ အချက်အလက်တွေနဲ့ လေ့လာကြည့်ရအောင်။
ကောင်းတာတစ်ခုကတော့ ဒါက ဇာတ်လမ်းသဘောဖြစ်နေတဲ့အတွက် လုံးဝ ပျင်းအိုင်သွားခြင်း မရှိတာပါပဲ။
မီလ်ဂရမ် ဟာ အခြားစမ်းသပ်ချက်တွေဖြစ်တဲ့ Small World Experiment နဲ့ Lost letter experiment တို့ကိုလည်း လုပ်ခဲ့ပါသေးတယ်။
“ကျွန်တော်တို့က ရုပ်သေးရုပ်တွေလို့ ခင်ဗျား ဆိုလို့ ရပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ဟာ အသိဉာဏ် နဲ့ သိတတ်နားလည်မှုတွေပါ ပါဝင်တဲ့ ရုပ်သေးရုပ်တွေပါလို့ ကျွန်တော်ကတော့ လက်ခံယုံကြည်ထားပါတယ်။
Biography, Drama, History
ဇာတ်လမ်းအကျဉ်း
ဒီဇာတ်ကားလေးကတော Song Joong Ki ရဲ့ ၂၀၂၁ ကမှအသစ်စက်စက်ထွက်ရှိထားတဲ့ Sci-Fic ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်
အနာဂတ်ကမ္ဘာကိုစိတ်ကူးယဉ်ပုံဖော်ထားတာဖြစ်လို့စိတ်ဝင်စားဖို့ကောင်းပြီး Setting ချပုံကအစထူးခြားတဲ့ကားလေးဖြစ်ပါတယ်
ကင်ထယ်ဟို (Song Join Ki) ဟာတစ်ချိန်တုန်းကအာကာသစောင့်ကြပ်သူတွေရဲ့ ကွန်မန်ဒါခေါင်းဆောင်ဖြစ်ခဲ့ပေမယ့်
အကြောင်းအမျိုးမျိုးကြောင့် လက်ရှိမှာတော့ရာထူးကချခံလိုက်ရပြီးအာကာသထဲလွင့်စင်သွားတဲ့
မွေးစားသမီးလေးကိုလိုက်ရှာနေတဲ့ဆင်းရဲသားတစ်ယောက်ဖြစ်နေပါတယ်
တစ်နေ့မှာတော့ ပေါက်ကွဲနိုင်တယ်လို့ကြေငြာထားတဲ့ နာနိုဘော့နည်းပညာသုံးကလေးပုံစံစက်ရုပ်လေးဟာ
ထယ်ဟိုဆီကိုရောက်လာပါတယ်ပိုက်ဆံလိုနေတဲ့ထယ်ဟိုကတော့ စက်ရုပ်ကိုအသုံးချပြီးငွေရအောင်
်ကြိုးစားပါတော့တယ် ဒါပေမယ့်စက်ရုပ်လို့ထင်ထားခဲ့တဲ့ကလေးလေးဟာလူသားတစ်ယောက်ဖြစ်နေတဲ့အခါမှာတော့
ထယ်ဟိုတစ်ယောက်ဘယ်လိုဆက်လုပ်သွားမလဲ
ကလေးမလေးနောက်ကွယ်မှာရောဘယ်လိုလျှို့ ဝှက်ချက်တွေရှိနေတာလဲဆိုတာကို
ဇာတ်လမ်းထဲမှာဆက်လက်ရှုစားလိုက်ကြပါဦး
Action, Adventure, Drama
ဒီတစ်ခေါက် Netflix မှာအသစ်ထွက်ရှိလာတဲ့ တရုတ်သိုင်းကားဆန်ဆန်ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးချင်ပါတယ်
ဒီဇာတ်ကားက တရုတ်ပြည်ကမိုဘိုင်းဂိမ်းတစ်ခုကိုအခြေခံပြီးရိုက်ကူးထားတာလို့လည်းသိရှိရပါတယ်
effectတွေလည်းကောင်းကောင်းသုံးထားပြီးတော့ ကြည့်ရတာ တကယ်မိုက်မယ့်ဇာတ်ကားကောင်းတစ်ကားပါ
ဇာတ်လမ်းအကျဉ်းချုပ်ကတော့ မကောင်းဆိုးဝါးမြွေဆိုးကိုနှိမ်နင်းဖို့အတွက် ကျင်မင်ဆိုတဲ့ဘုန်းတော်ကြီးက မြို့တော်ကိုလာခဲ့ပါတယ်
မြွေဆိုးရဲ့အရိပ်တွေက ခဏခဏ လူတွေကြားထဲကိုထွက်လာလေ့ရှိပါတယ်
တကယ့်ခန္ဓာကိုယ်အစစ်ကတော့ ဘုရင်မကြီးရဲ့ခန္ဓာကိုယ်ထဲမှာ ထိန်းသိမ်းထားတာပါ
ဒီလိုအန္တရာယ်ကျရောက်လာပြီဆိုရင် ဂိုဏ်းကြီးလေးဂိုဏ်းကဆရာလေးဆူ စုပြီးတော့ မြွေဆိုးကိုနှိမ်နင်းရပါတယ်
ဒါပေမယ့် ဒီတစ်ခေါက်မှာတော့ မြွေဆိုးရဲ့ခန္ဓာကိုယ်အစစ်ထွက်လာတော့မှာပါ
ဒါကို ဆရာတွေဘယ်လိုကာကွယ်ကြမလဲဆိုတာ ရင်ခုန်ဖွယ်ကြည့်ရူရမယ့် ဇာတ်ကားကောင်းတစ်ကားပါ
တရုတ်သိုင်းကားတွေနှစ်သက်သူအတွက်တော့ ကြည့်သင့်တဲ့ကားကောင်းတစ်ကားဖြစ်လို့ ညွှန်းပေးလိုက်ရပါတယ်
The Yin Yang Master Dream of Eternity (2021)
Action, Drama, Fantasy
Agent Revelation 2021 ကတော့ Action/Sci-fic/Thriller ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ IMDb rating ကတော့ 6.2/10 ရထားပါတယ် ။
ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် ကင်နီယန်းလို့ခေါ်တဲ့ ဂြိုဟ်သားမျိုးနွယ်ဟာလူသားတွေကို အက်ရှ်(Ash) ဆိုတဲ့စွမ်းအင်တစ်မျိုးကိုအသုံးချပြီးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကထိန်းချုပ်လာခဲ့တာပါ၊၊ ဒါပေမဲ့ လူသားတွေရဲ့ လောဘကို သဘောပေါက်သွားတဲ့ ဂြိုလ်သားတွေဟာ အက်ရှ်စွမ်းအင်ကို မသုံးပဲ လောဘတရားတွေနဲ့သာ လူသားတွေကို ထိန်းချုပ်ခဲ့ပါတယ်။ ကမ္ဘာပေါ်က အက်ရှ်စွမ်းအင်သွေးနှောသူတွေကိုအကုန်ရှင်းခဲ့ကြပါတယ်။ မတော်တဆဖြစ်ရပ်တစ်ခုကြောင့် ကမ္ဘာပေါ်မှာဖွက်ထားတဲ့ အက်ရှ် စွမ်းအင်တွေထွက်လာပြီးတော့
ဂျင်မ်တို့သူငယ်ချင်းတွေကိုထိန်းချုပ်ခံလိုက်ရတယ်၊၊ အက်ရှ်ကြောင့် သူ့ငယ်ချင်းတွေကို ဆုံးရှံးခဲ့ရတဲ့ ဂျင်မ် ဟာ သူကိုယ်တိုင်တော့ အက်ရှ်ကြောင့် ဘာမှမဖြစ်ခဲ့ပါဘူး ။ အက်ရှ်ရဲ့စွမ်းအင်တွေဟာ သူ့ကိုယ်ထဲစီးဝင်ပြီး သူ့အသွေးအသားနဲ့ တစ်သားထဲ ဖြစ်ပြီး ဂျင်မ်ဟာစွမ်းအားတွေပိုင်ဆိုင်လာခဲ့ပါတယ်။
ကမ္ဘာပေါ်ကိုဂြိုဟ်သားတွေ ကြီးစိုးထိန်းချုပ်လာမှာကိုကာကွယ်နေတဲ့လျို့ဝှက်အဖွဲ့အစည်းကတော့ ဂျင်မ် ကဘာကြောင့် အက်ရှ်ရဲ့ ထိန်းချုပ်ခြင်းမခံရတာလဲဆိုတာကိုစမ်းသပ်ရှာဖွေရင်းနဲ့ ဘာတွေ ဘယ်လိုတွေဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။
Action, Science Fiction, Thriller
ဒီတစ်ခေါက်တင်ဆက်ပေးချင်တဲ့ဇာတ်ကားကတော့ အင်ဒိုနီးရှားဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်နော်
အင်ဒိုနီးရှားနိုင်ငံမှာ သိုင်းအားကစားတစ်ခုရှိပါတယ် လုံချည်တစ်ကွင်းထဲမှာလူနှစ်ယောက်ဝင်ပြီး
သိုင်းချတဲ့ ဆာရွန်သိုင်းချနည်းလို့ခေါ်တဲ့အားကစားတစ်ခုပါ ဒီကားမှာတော့ သိုင်းအားကစားနည်းကိုအခြေခံပြီး
ရိုက်ကူးထားတဲ့ဇာတ်ကားကောင်းပါ
ဇာတ်လမ်းကတော့ ဒန်နီက ဂျာကာတာက ဆိုးသွမ်းတဲ့သူဌေးသားတစ်ယောက်ပါ
သူ့အမေက သူ့ကိုလိမ္မာလာအောင် မာကာစတာမြို့ကိုပို့လိုက်ပါတယ်
ဆာရွန်သိုင်းအားကစားက အဲဒီမြို့မှာပိုပြီးတော့ထင်ရှားနေတဲ့အချိန်ပေါ့ ဒန်နီက တန်ရီဆိုတဲ့ကောင်မလေးနဲ့တွေ့ခဲ့ပြီး
တန်ရီကိုတော့ ဆာရွန်သိုင်းချန်ပီယံတစ်ယောက်က အတင်းလိုက်ကြိုက်နေတာပါ
ဒီလိုနဲ့ ဒန်နီနဲ့ ဆာရွန်သိုင်းချန်ပီယံတို့ ပြဿနာတတ်ကြပါတော့တယ် ဒါကြောင့် ဒန်နီက ဆာရွန်သိုင်းသင်ပါတော့တယ်
ဘယ်လိုတွေဆက်ဖြစ်ကြမလဲကတော့ ဆက်ကြည့်လိုက်ကြပါတော့…………………
အရင်တုန်းက ကရာတေးဇာတ်ကားကောင်းတွေကြိုက်နှစ်ခြိုက်သူတွေ
ဒီဇာတ်ကားလေးကိုလည်း ကြိုက်မယ်လို့မျှော်လင့်တာမို့ ကြည့်သင့်တဲ့ကားလေးအဖြစ် ညွှန်းပေးလိုက်ရပါတယ်
Action, Adventure, Drama
ဒီဇာတ်ကားကတော့ လူငယ်တွေ ငယ်တုန်းမှာ လမ်းမှားရောက်တတ်ကြောင်းကို
ပညာပေးရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်
၂၀၁၂ကထွက်ခဲ့တာဖြစ်ပြီး ဟောင်းပေမယ့်ကောင်းသေးတဲ့ဇာတ်ကားတစ်ကားလို့ပြောလို့ရပါတယ်
ဇာတ်လမ်းအကျဉ်းချုပ်ကတော့ ကျင်ဟွာဆိုတဲ့ ၁၇နှစ်အရွယ်ကောင်လေးက မဟုတ်မခံစိတ်ဓာတ်ရှိပြီး
ရန်ပွဲတွေမှာလည်းဝင်ပါလေ့ရှိပါတယ် တစ်နေ့ လူရိုက်မိပြီး လူငယ်ထိန်းသိမ်းရေးကျောင်းကို ၆လသွားနေခဲ့ရပါသေးတယ်
ပြန်ထွက်လာတော့ သူ့အမေက သူ့ကိုဘဝသစ်စစေချင်ပါတယ် ဒီလိုဘဝသစ်စဖို့ကြိုးစားမယ်ဆိုပြီး
သူက စာမေးပွဲပြန်ဖြေဖို့လုပ်ပါတော့တယ် ဒါပေမယ့် အပေါင်းအသင်းကြောင့်မို့လို့ ဂိုဏ်းတစ်ခုထဲကို ဝင်မိသွားပါတယ်
ထို့နောက် သူ့ရဲ့ဘဝသစ်စမယ့်အစီအစဉ်က မအောင်မြင်ခဲ့ဘူးဆိုပါတော့
သူဘယ်လိုပြဿနာတွေကြားထဲကိုရောက်သွားမယ်ဆိုတာ
ပညာပေးရိုက်ကူးထားတဲ့ကားကောင်းလေးဖြစ်လို့ ညွှန်ပေးလိုက်ရပါတယ်
drama အမျိုးအစားဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်
Action, Crime
ဒီတစ်ခါတော့ IMDb rating 7.1/10အထိရရှိထားတဲ့ Crime, Dramaအမျိုးအစား ရုပ်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဇာတ်လမ်းအကျဥ်းကတော့ ဂျိုဝီဆိုတဲ့ ကြေးစားလူသတ်သမားတစ်ယောက်ဟာ လူသတ်တဲ့နေရာမှာ လက်ယဥ်ပြီးကျွမ်းကျင်ပါတယ်။ တစ်နေ့မှာတော့ သူ့ကိုအပ်ထားတဲ့ အလုပ်တစ်ခုကိုကိုင်တွယ်နေတုန်း သူလူသတ်လိုက်တာကို သေဆုံးသူရဲ့လက်ထောက်ဖြစ်သူကောင်မလေး မြင်သွားပါတယ်။ သူကလည်း မလှုပ်ရှားခင်ကတည်းက ပစ်မှတ်အခြေအနေကိုလေ့လာရင်း အဲဒီကောင်မလေးကိုမြင်မြင်ချင်း ကြွေမိနေတာပါ။ ပုံမှန်ဆိုရင် မျက်မြင်သက်သေကိုပါ လက်စဖျောက်ရမှာဆိုပေမဲ့ သူ့ခံစားချက်ကိုမထိန်းချုပ်နိုင်တဲ့ ဂျိုဝီတစ်ယောက် ကောင်မလေးကိုဖမ်းပြီး သူ့အိမ်ခေါ်လာပါတယ်။ ပြီးတော့ သူ့အိမ်မှာဘဲမသတ်ရက်လို့ ဆက်ဖမ်းထားပါတယ်။
လူသတ်သမားနဲ့ မျက်မြင်သက်သေကြားက ထူးခြားတဲ့အချစ်ပုံစံကရော ဘယ်လိုဖြစ်မလဲ။ သာမန်အချစ်ဇာတ်လမ်းနဲ့ ထူးထူးခြားခြားကွဲပြားနေပြီးတော့ သူတို့ကြားကဆက်ဆံရေးက ညင်သာမှုတွေ၊ မယုံကြည်မှုတွေနဲ့ပြည့်နှက်နေပြီး သူတို့ဘဝတွေကို ဘယ်လိုပုံစံရိုက်ခတ်သွားမလဲ။ ဇာတ်လမ်းလေးက အလောတကြီးမဟုတ်ဘဲ ပုံမှန်လေးဇာတ်ရှိန်တက်သွားပြီး အဝေးကြီးထိကြိုမမြင်နိုင်တဲ့ လှည့်ကွက်လေးတွေနဲ့ရိုက်ကူးထားတာကြောင့် ကြည့်လို့ကောင်းတဲ့ကားလေးပါပဲ။
Crime
ဒီဇာတ်ကားကတော့ ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ အိန္ဒိယအက်ရှင်ကားတစ်ကားဖြစ်ပါတယ်။
မင်းသား အာဂျေးလ်ဒေ့ဂမ်၊ အနီးလ်ကပူးရ်၊ မင်းသမီးကန်ဂနာရာနွတ်တို့ ပါဝင်သရုပ်ဆောင်ထားပါတဲ့
ရထား ဗုံးထောင်ပြီး ခြိမ်းခြောက်ငွေတောင်းတဲ့ ကားလေးပါ။
မင်းသားအာဂျေးလ်က အိန္ဒိယကနေ လန်ဒန်ကို အလုပ်လာလုပ်တဲ့အင်ဂျင်နီယာတစ်ယောက်ပါ..
ဘဝတူရွေ့ပြောင်းလုပ်သားတွေရဲ့ဘဝကို ကူညီကယ်ဆယ်ဖို့ ကြိုးစားရင်း.. သူကိုယ်တိုင်လည်း အဖမ်းခံ.. နှင်ထုတ်ခံခဲ့ရပါတယ်။
ချစ်ရတဲ့ မိသားစုကို လန်ဒန်မှာထားရစ်ခဲ့ရပြီး တစ်ကွဲတစ်ပြားဖြစ်ခဲ့ရတဲ့အတွက် လက်စားချေဖို့
လန်ဒန်ကိုရအောင် ပြန်လာခဲ့ပါတယ်။ ပြီးတော့ ရထားပေါ်မှာ ဗုံးထောင်ပြီး ခြိမ်းခြောက်ငွေတောင်းခံမှုတွေ
လုပ်ခဲ့ရာက ဒီဇာတ်လမ်း ဖြစ်ပေါ်လာခဲ့တာပါ။
တောင်းတဲ့ငွေတွေ ရမှာလား.. ခရီးသည်တွေရဲ့ အသက်အန္တရာယ်က
ဘယ်လို ကယ်ထုတ်မှာလဲ စိတ်ဝင်စားဖွယ်၊ ကြည့်ရှုအားပေးလိုက်ပါဦး
Action, bollywood, Crime, Drama
Palmer (2021)
============
IMDb Rating – 7.3/10
ဇာတ်ကားအကျဉ်းပြောရမယ်ဆိုရင်တော့ ထောင်ထွက်တစ်ဦးနဲ့ အိမ်တွင်းရေးအဆင်မပြေတဲ့ ကလေးတစ်ယောက်
ရဲ့အကြောင်းပေါ့။ ပါးလ်မာ က ထောင်ထဲ (၁၂)ကျော်နေခဲ့ပြီးမှ ခံဝန်နဲ့လွတ်လာသူဖြစ်ပြီး သူ့အဖွားအိမ်၊ သူ့ဇာတိမြို့မှာပဲ
ပြန်လာနေခဲ့တယ်။ ဆမ် ဆိုတာကတော့ ပါးလ်မာရဲ့အိမ်ဘေးမှာနေတဲ့ ကလေး။ ဆမ့်အမေက ဆေးသမား၊ ပထွေးဖြစ်သူ
ကလဲ အချိုးမပြေ။ မိသားစုအခြေအနေလုံးဝမကောင်းတဲ့ ကလေးတစ်ယောက်။ ထောင်ထွက် ပါးလ်မာနဲ့ အိမ်တွင်းရေး
အဆင်မပြေတဲ့ ဆမ် တို့နှစ်ယောက်ရဲ့အကြောင်းကို ခပ်ငြိမ့်ငြိမ့်လေးနဲ့ တင်ဆက်သွားတဲ့ Drama ဇာတ်ကားကောင်းလေး
တစ်ကားဖြစ်ပါတယ်။ ဒီလို Drama ကားမျိုးကြည့်ရတာ စိတ်ထဲအတော်လေး ကျေနပ်သွားမိတယ်။ IMDB rating (7.3/10)
၊ Rotten Tomato ကလည်း (74 %) ဆိုတဲ့အတွက်ကြောင့် ဇာတ်ကားကောင်းဖြစ်မယ်ဆိုတာတော့ ပြောစရာလိုမယ်မထင်ပါဘူး။
ပါးလ်မာ အဖြစ် သရုပ်ဆောင်ထားသူကတော့ အဆိုတော်/သရုပ်ဆောင် Justin Timberlake ပဲဖြစ်ပါတယ်။
Drama
ဒီတစ်ခါ comedy-drama ဇာတ်ကားအမျိုးအစားလေးကိုတင်ဆက်ပေးချင်ပါတယ် တကယ်ရယ်ရမဲ့ဇာတ်ကားကောင်းလေးပါနော်
ရုံကြီးကားတစ်ကားဖြစ်ပြီး ဟောင်ကောင်ရုပ်ရှင်ဆုပေးပွဲမှာလည်း ဇကာတင်ဝင်ခဲ့တဲ့ ဇာတ်ကားကောင်းလေးပါ
လတ်တလောမှာလဲ ထိုင်းကနေပြန် remark ရိုက်ထားတဲ့ My God! Father (2020)ရဲ့မူရင်းဇာတ်ကားလေးပါ
နောက်ခံတီးလုံးကလည်းကောင်း သရုပ်ဆောင်တွေကလည်း Eddie Peng (Operation Mekong) , Deng Chao (The Mermaid 2016),
Zanilia Zhao (လတ်တလောပြိးထားတဲ့ ဇာတ်လမ်းတွဲ Legend of fei) တို့တွေဆိုတော့ ထွေထွေထူးထူးပြောစရာလိုမယ်မထင်ပါဘူး
ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် လန်က ကားမောင်းချန်ပီယံတစ်ယောက်ပါ
တစ်နေ့သူ့အဖေနဲ့ ကားအတူတူမောင်းနေရင်း မတော်တဆမှုဖြစ်ခဲ့ပါတယ်
အဲဒီအချိန်မှာ သူက အချိန်နောက်ပြန် ခရီးသွားပြီး သူ့အဖေရဲ့ငယ်ဘဝကိုရောက်သွားပါတော့တယ်
လန်က အစက သူအဖေနဲ့အဆင်မပြေပါဘူး ဒါပေမယ့် သူ့အဖေငယ်ဘဝကိုပြန်ရောက်တဲ့အခါ
သားအဖ နှစ်ယောက်က သူငယ်ချင်းဖြစ်လာပါတော့တယ်
သားအဖနှစ်ယောက်ကြားကသံယောဇဉ်တွေအကြောင်းကို
ကြည့်ရမယ့် dramaကားကောင်းကောင်းလေးပဲဖြစ်လို့ ညွှန်းပေးလိုက်ရပါတယ်
Comedy, Drama, Fantasy
My Missing Valentine (2020)
****************************
ဒိတ်ပျောက်တယ် ဆိုတဲ့ စကားကို လူငယ်တွေ အရမ်းပြောလေ့ရှိပါတယ်
ဒါပေမယ့် တကယ် ဒိတ်ပျောက်သွားတဲ့လူတွေရှိပါ့မလား
ဒီဇာတ်လမ်းထဲက ကောင်မလေးကတော့ တကယ်ဒိတ်ပျောက်သွားခဲ့ပါတယ်
အရာရာကို မြန်မြန်ဆန်ဆန်လုပ်တတ်တဲ့ကောင်မလေးတစ်ယောက်
ခရာမတွတ်ခင် ပြေးတတ်တဲ့ သူများတွေထက် ရှေ့ကိုတစ်လှမ်းကြိုပြင်ဆင်တတ်သူလေးတစ်ယောက်ရှိသတဲ့။
ကမ္ဘာလောကကြီးနဲ့အဆက်သွယ်ပြတ်နေတဲ့သူတစ်ယောက်
အသက်ကလဲ ၃၀ နားကပ်နေပြီး အချစ်ရေးနဲ့ပါတ်သက်လို့ မူးလို့တောင်မရှုဖူးတဲ့သူမအနားကို
ခပ်ချောချောကောင်လေးတစ်ယောက်က ရောက်လာခဲ့ပါတယ်။
အဲ့ကောင်လေးနဲ့ ချစ်သူများနေ့မှာ အတူဖြတ်သန်းဖို့ စိတ်ကူးယဉ်
အပျော်တွေလွန်ပြီး အိပ်သွားခဲ့ပေမဲ့ နောက်တစ်နေ့ သူအိပ်ရာနိုးလာချိန်မှာတော့
သူ့ရဲ့ချစ်သူများနေ့ဟာ သူ့မှတ်ဉာဏ်ထဲကနေ ထူးဆန်းအံ့သြဖွယ်ရာ
ပျောက်ဆုံးနေခဲ့တာသိလိုက်ရပါတယ်။
သူ့ရဲ့ဘဝမှာ အပြောင်းလဲကြီးတစ်ခုလို့ဆိုရလောက်တဲ့နေ့တစ်နေ့ဟာ
ဘာလို့ပျောက်ဆုံးသွားရတာလဲ အဖြေရှာပါတော့တယ်။
ဘာကြောင့် နေ့ရက်တစ်ရက် ပျောက်ဆုံးသွားရတာလဲ
ပျောက်ဆုံးသွားတဲ့နေ့ရက်ကို ဘယ်လိုပြန်ရှာမလဲ
“ကိုယ့်ကိုယ်ချစ်ပါ တစ်နေရာမှာတော့
သင့်ကိုချစ်တဲ့သူတစ်ယောက်ရှိနေပါတယ်”
IMDb rating 7.4 ရရှိထားပြီး Golden Horse Film Festival တစ်ခုတည်းမှာတင်
Winner 5 ဆုရရှိပြီး Nomi 6 ဆု ၀င်ခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားလဲဖြစ်ပါတယ်။
Comedy, Drama, Mystery
ကျွန်တော်တို့ငယ်ငယ်တုန်းက လမ်းတစ်လမ်းဖောက်ဖို့ အဆောက်အဦပြောင်းဖို့
သင်္ချိုင်းရွေ့တယ်တို့ သင်္ချိုင်းပြောင်းတယ်တို့
ခဏခဏကြားဖူးကြတယ်မလား
ခွင့်တောင်းပြီးရွေ့ရတဲ့အခါ ကားထဲခေါ်တင်ပြီး
ပြောင်းရွေ့ပေးရတာတွေလေ
အခုလည်း ရှိချင်ရှိမှာပါ ဒါပေမယ့်ငယ်ငယ်တုန်းကတော့
ဒီလိုပြောင်းရွေ့မှုရဲ့ နောက်ဆက်တွဲဇာတ်လမ်းတွေကြားရတာနဲ့တင်
ကြက်သီးမွှေးညှင်းတွေ ထခဲ့ကြရတာပေါ့ဗျာ
ခေတ်ကာလတွေကူးပြောင်းလာတော့ ဒီခေတ်ကြီးထဲမယ်
သရဲတစ္ဆေတွေနဲ့ ပက်သက်ပြီး ကျွန်တော်တို့ငယ်ငယ်တုန်းကလောက်
အစွဲအလမ်းမရှိကြတော့တာကတော့ သေချာတယ်ဗျ
ဒါပေမယ့် သုသာန်မြေကိုတစ်ခုခုလုပ်ဖို့ဖယ်ရှားရတဲ့အချိန်မှာတော့
ရှေးဟောင်းအယူအဆတွေက မပစ်ပယ်ကောင်းပါဘူး
ရှေးထုံးလည်းမပယ်နဲ့ ဈေးသုံးလည်း မကြွယ်နဲ့ဆိုတဲ့ စကားတောင်ရှိသေးတယ်မို့လား
ဒီဇာတ်ကားက ကျွန်တော်အပေါ်ကပြောထားသလိုပဲ
သုသာန်မြေကိုမှ ခွင့်မတောင်းဘဲ
ပိုင်နက်ကျူးလွန်မိတဲ့အခါ ဖြစ်လာတဲ့နောက်ဆက်တွဲပြသနာပေါ့ဗျာ
ဇာတ်လမ်းက နည်းနည်းတော့ drama,thriller အမျိုးအစားဆိုပေမယ့် ဟာသဘက်လည်းနည်းနည်းရောက်တယ်ဗျ
ချစ်သူနှစ်ဦးအပြင် အကြောင်းကြောင်းကြောင့်
တစ်နေရာထဲလာဆုံကြရမယ့်လူတွေရဲ့
ကံကြမ္မာအလှည့်အပြောင်းကို ကြည့်ရမှာ
Tamil thriller ငတ်နေတဲ့သူတွေအဖို့တော့
သိပ်မဆိုးလှတဲ့ ဇာတ်ကားလို့ပြောပါရစေ
Horror, Thriller
Haymaker (2021)
=============
IMDb Rating – 4.0/10
ပြိုင်ပွဲတစ်ပွဲမှာရှုံးနိမ့်ပြီးတဲ့နောက်ပိုင်း အနားယူသွားခဲ့တဲ့မွေထိုင်းဖိုက်တာနစ်တစ်ယောက်
transgenderမလေး နော်မီကို စော်ကားဖို့လုပ်တဲ့လူကို ထိုးကြိတ်ဆုံးမခဲ့ရာကနေဇာတ်လမ်း
စတာပဲ။ အဲ့ဒီမှာပဲ နော်မီက နစ်ခ်ကိုကိုယ်ရံတော်အနေ နဲ့အလုပ်ခန့်လိုက်ပြီး သူ့ဖျော်ဖြေပွဲတွေ
နောက်ကိုခေါ်သွားတာပေါ့။ နော်မီကလည်းအဆိုတော်ဆိုပေမဲ့ စပွန်ဆာတွေနဲ့ အရက်သောက်လိုက်
စကားပြောလိုက်လုပ်ပြီး အဆိုတော်အဖြစ်နဲ့ရပ်တည်နေရတဲ့လူ…………နစ်ခ်ကျတော့ ပြိုင်ပွဲမှာ
ရှုံးပြီး နောက်ပိုင်း ကြိုးဝိုင်းထဲကိုပြန်ဝင်ဖို့မဝံ့ရဲတော့တဲ့လူ…………ဒီလိုလူနှစ်ယောက်ဆုံစည်းပြီးတဲ့
နောက်ပိုင်းမှာ ဘာတွေ ဖြစ်လာမှာလဲဆိုတော့ကိုတော့ စိတ်ဝင်တစားကြည့်ရှုရမှာပါ။
Action, Drama
Killer Shark (2021)
“ကိုယ်…မင်းကိုအရမ်းချစ်တယ်
ဒီလိုပြောပြီး ကျွန်မကို ကျောခိုင်းသွားခဲ့တဲ့ရှင့်ကို ကျွန်မမုန်းတယ်…..
ပင်လယ်ကြီးရေ..ရှင်ဟာ စိတ်ပျက်စရာကောင်းလွန်းလှသလို နှစ်သက်စရာလည်းကောင်းပါတယ်
လူကို အံ့ဩစေနိုင်တဲ့ အစွမ်းတွေရှိတဲ့ သဘာဝကြီးတစ်ခုပေါ့…
ဒါပေမဲ့…. ကျွန်မတော့ ရှင့်ကိုမုန်းပါတယ်”
ပရိသတ်ကြီးအတွက် ဒီတစ်ခါတော့ အချိန်တစ်နာရီလောက် မထတမ်းကြည့်လို့ကောင်းမယ့် ကားလေးနဲ့ မိတ်ဆက်ပေးပါမယ် ။ ပိုစတာကိုကြည့်တာနဲ့ သောင်းကျန်းတော့မယ့် ငါးမန်းမှန်း သိပြီးသားဖြစ်မှာပါ ။ ဒါပေမဲ့ ပရိသတ်ကြီးမသိသေးတာက ဒီကားလေးထဲမှာ သံယောဇဉ်တွေ ၊ လူတွေရဲ့စိတ်နေသဘောထားတွေ ပြီးတော့ အရမ်းမိုက်တဲ့ ကွန်ပျူတာအဖက် တွေပါဝင်နေတယ်ဆိုတာပါပဲ ။
လူငယ်လေးတစ်စု အားလပ်ရက်မှာ ပင်လယ်ဘက်ကို အပန်းဖြေခရီးထွက်လာကြပါတယ် ။ ဘာပြသာနာမှမရှိပေမယ့် အုပ်စုထဲက စုံတွဲတစ်တွဲရဲ့ အချစ်စမ်းမှုတွေကြောင့် စီးလာတဲ့ သင်္ဘောက ကျောက်ဆောင်နဲ့ တိုက်မိသွားပါတယ် ။ ဇာတ်လမ်းက အဲ့ကစတာပေါ့နော် ။
ပင်လယ်ပြင်ကြီးထဲမှာ ကယ်မယ့်သူမရှိတုန်း တစ်ခုတည်းသော လုပ်စရာရှိတာက ကျွန်းငယ်လေးတစ်ခုဆီ လက်ပစ်ကူးသွားဖို့ပါ ။ အဲ့တော့ ဒီသူငယ်ချင်းတစ်သိုက် ကျွန်းငယ်လေးဆီရောက်အောင်ကူးနိုင်ပြီး ဘယ်နှစ်ယောက်များ ဇာတ်လမ်းအဆုံးမှာ အသက်ရှင်ကျန်မလဲ ကြည့်လိုက်ရအောင်နော်။
Asian, Thriller
Baby Done (2020)
==============
IMDb Rating – 6.2/10
ဘဝမှာ မိဘတစ်ယောက်ဖြစ်ဖို့ စိတ်ရောကိုယ်ပါ အစအစအရာရာ ပြင်ဆင်ကြရပါတယ်။
ဒီကားမှာတော့ ဇိုဝီဆိုတဲ့ကောင်မလေးက သူ့ကောင်လေး တင်မ်နဲ့ မထင်မှတ်ဘဲ ကိုယ်ဝန်
ရသွားပါတော့တယ်။ လွတ်လွတ်လပ်လပ်နဲ့ ဘဝကို စွန့်စွန့်စားစား ဖြတ်သန်းရတာကိ ကြိုက်တဲ့
သစ်ပင်တက်သမား ဇိုဝီတစ်ယောက်အဖို့ မထင်မှတ်ဘဲ ကိုယ်ဝန်ရသွားတာသိလိုက်ရတဲ့အချိန်
အကြီးအကျယ်ကို ရှော့ခ်ရသွားပါတော့တယ်။ ဇိုဝီကောင်လေး တင်မ်ကတော့ ကိုယ်ဝန်ရှိတာ
သိသွားတဲ့ အချိန်ကစပြီး ဖခင်ကောင်းတစ်ယောက်ဖြစ်ဖို့နဲ့ ဇိုဝီကို ဂရုစိုက်ဖို့အတွက် အစွန်းကုန်
ကြိုးစားပါတော့တယ်။ ဇိုဝီရဲ့ ဆန္ဒအရ သူတို့နှစ်ယောက်က ကလေးမမွေးခင်မှာ လုပ်ချင်တဲ့အရာ
တွေကို စပြီးချရေးပါတော့တယ်……သူတို့ကလေးမမွေးခင် သူတို့ဆန္ဒတွေ ပြီးမြောက်သွားမလား၊
မထင်မှတ်ဘဲ ကိုယ်ဝန်ရသွားတဲ့ ဇိုဝီတစ်ယောက် ဘယ်လိုကလေးမွေးဖို့ ရင်ဆိုင်မလဲဆိုတာကို
comedy ဆန်ဆန် ကြည့်ရှူရမှာဖြစ်ပါတယ်။
Comedy
ဒီဇာတ်ကားကတော့ Netflixကအသစ်ထွက်ရှိလာတဲ့ ဇာတ်ကားကောင်းလေးပါ
ပီလီနဲ့လိုအန်နီဆိုတဲ့ မောင်နှမနှစ်ယောက်က ဟာဝိုင်ရီမှာမွေးပေးမယ့်လည်း
နယူးယော့ခ်ကိုငယ်ငယ်ကတည်းက ပြောင်းခဲ့ရပြီး
သူတို့အဘိုးနေမကောင်းလို့ ဟာဝိုင်ရီကိုပြန်လာခဲ့ရပါတယ်
ပီလီကတော့ ရတနာသိုက်ရှာဖွေရေးဂိမ်းတွေကိုအရမ်းကြိုက်တာပါ
တစ်နေ့ သူ့အဘိုးရဲ့စာအုပ်တစ်အုပ်တွေ့ခဲ့ပြီး ဟာဝိုင်ရီကိုရောက်လာခဲ့တဲ့ ပင်လယ်ဓားပြတွေ
ရတနာတွေဝှက်ထားခဲ့ကြကြောင်းသိခဲ့ပါတယ် သူ့အဘိုးကလည်း ငွေရေးကြေးရေးပြဿနာတွေကြုံနေရလို့
သူတို့အမေက နယူးယော့ခ်ကအိမ်ကိုရောင်းပြီး ဟာဝိုင်ရီကိုပြောင်းလာမယ်လုပ်ပါတော့တယ်
အဲဒီအချိန်မှာ ပီလီက ပြဿနာတွေပြေလည်အောင်လုပ်ဖို့အတွက် ရတနာသိုက်ရှာမယ်လုပ်ပါတော့တယ်
အဲ့ဒီမှာ ရတနာသိုက်ရှာဖွေရေးထဲကို သူ့အစ်ကိုပါ ပါလာပါတော့တယ်
ရတနာသိုက်ကိုသူတို့ဘယ်လိုရှာဖွေကြမလဲဆိုတာကတာ့ ကြည့်ရူလိုက်ကြပါတော့နော်
Action, Adventure, Comedy
နာမည်ကြီးမင်းသား Denzel Washington , Rami Malek , jared letoတို့ရဲ့ကားသစ်လေးတင်ဆက်ပေးလိုက်ပါတယ်
လောကမှာ အိန်ဂျယ်လို့ခေါ်လို့ရတဲ့ အပြစ်ကင်းတဲ့လူတွေရော ရှိသေးရဲ့လား။
အမှန်တရားအတွက် ရာဇဝတ်သားတွေကို ဖမ်းဆီးမယ်လို့ကြွေးကြော်ထားတဲ့ ရဲတွေကရော
တကယ်ဘဲ အပြစ်ကင်းတဲ့လူတွေဟုတ်ကြရဲ့လား။
The Little Thingsဇာတ်ကားမှာတော့ ရဲအရာရှိ Joe Deaconက သူတို့မြို့က မိန်းကလေးတွေကို
သတ်တဲ့ ကွင်းဆက်လူသတ်မှုကို ဖော်ထုတ်ဖို့ ကြိုးပမ်းခဲ့သူပါ။
လက်ရှိမှာတော့ဒီအမှုကို တာဝန်ယူထားသူကတော့ စုံထောက် Jim Baxterဖြစ်တယ်။
အစပိုင်းမှာ သူတို့နှစ်ယောက်ကြား အဆင်မပြေမှုတွေရှိခဲ့ပေမဲ့ Joeနဲ့ Jimmyတို့နှစ်ယောက် ဒီကွင်းဆက်လူသတ်မှုကို
ရှာဖွေဖို့အတွက် အတူပူးပေါင်းခဲ့ကြတယ်။Jimmyအတွက်ကတော့ ဒီအမှုကသူတာဝန်ယူထားရတဲ့ အမှုအဖြစ်ပေမဲ့ Joeတစ်ယောက်
ဒီအမှုကိုလိုက်နေတဲ့အကြောင်းအရင်းကတော့ လွန်ခဲ့တဲ့၅နှစ်က သူဖုံးကွယ်ထားတဲ့ ရွံ့စရာအတိတ်နဲ့ပတ်သတ်နေလို့ဘဲဖြစ်ပါတယ်။
သက်သေလဲမရှိ သဲလွန်စလဲမရှိတဲ့ ဒီကွင်းဆက်လူသတ်မှုကို Joeနဲ့Jimတို့ဘယ်လိုဖော်ထုတ်ကြမလဲ။
Joeဖုံးကွယ်ထားချင်တဲ့ အတိတ်ကရောဘာလဲဆိုတာ ကြည့်ရှုကြပါအုံး။
ဒီဇာတ်ကားမှာ မင်းသား Denzel Washingtonက Joeအဖြစ်သရုပ်ဆောင်ထားပြီး မင်းသား Rami Malekကတော့ စုံထောက် Jimအဖြစ်သရုပ်ဆောင်ထားပါတယ်။
Crime, Drama, Thriller
Echo Boomers (2020)
=================
IMDb Rating – 6.1/10
ဒီဇာတ်လမ်းလေးက လူငယ်လေးတွေအကြောင်း အထူးသဖြင့်(၁၉၈၁)ကနေ(၁၉၉၆)ကြားမွေးဖွားခဲ့တဲ့
Generation Y ဒါမှမဟုတ် Millennials တွေအကြောင်းကို ဦးတည်ရိုက်ထားတဲ့ကားလေးပဲဖြစ်ပါတယ်။
ကြိုးစားရိုးသားပြီး ကိုယ်ပိုင်အရည်အချင်းနဲ့တရားဝင်အလုပ်ကိုလုပ်ချင်ခဲ့ပေမဲ့ စီးပွားရေးစနစ်ဆိုးကြောင့်
အလုပ်လက်မဲ့ဖြစ် နေခဲ့ရတဲ့ ကောလိပ်ကျောင်းသားတစ်စု၊ ချမ်းသာတဲ့လူလက်တစ်ဆုပ်ကပဲထပ်ပြီးချမ်းသာ
နေတဲ့စနစ်ဆိုးကြောင့် သူတို့နေချင်ခဲ့တဲ့ဘဝကိုနေချင်ခဲ့တဲ့ပုံစံအတိုင်းမနေခဲ့ရတဲ့လူငယ်တစ်စု၊ ချီကာဂိုက
အချမ်းသာဆုံးဆိုတဲ့လူတွေရဲ့အိမ်ကိုဝင် ပြီးပစ္စည်းတွေကိုခိုးယူပြီးတော့ နေချင်ခဲ့တဲ့ဘဝကိုဖန်တီးလာခဲ့တဲ့
အခါမှာတော့……..
ဒီဇာတ်ကားလေးထဲကအကြောင်းအရာ တွေက လူငယ်တွေရဲ့ခံစားချက် လူငယ်တွေရဲ့ဘဝကိုဖွင့်ဟပြနေတဲ့
ဇာတ်ကားတစ်ကားဖြစ်လို့ ထုံးစံအတိုင်းလေးပဲကိုယ်တိုင် ကြည့်ရှုခံစားဝေဖန်ကြည့်ကြပါအုံးလို့……….
Action, Crime, Drama
The Elfkins Baking a Difference (2019)
**************************************
=IMDB 6.0 =
ဂျာမန်ကာတွန်းကားလေးပါ
မြေအောက်မှာပဲ နှစ်ပေါင်းများစွာနေလာတဲ့ မှင်စာလေး အဲလ်ဖီဟာ
လူသားတွေနေတဲ့အပေါ်ကိုတက်လာပြီး ပညာရပ်တစ်ခုခုကိုသင်ချင်နေပါတယ်။
တက်လာပြီးနောက် မုန့်ဖုတ်ဆရာ သီအိုနဲ့တွေ့ခဲ့ပါတယ်
သူ့ရဲ့မုန့်တိုက်ကိုလိုချင်နေတဲ့ ညီဆီကနေကယ်တင်ဖို့လိုနေတဲ့သူပေါ့။မှင်စာလေးဟာ သူတက်ချင်တဲ့ပညာကိုတက်သွားနိုင်မလား
လူသား သီအိုကရော သူ့မုန့်တိုက်ကို ကယ်တင်နိုင်မလား
ဘာအပြောင်းအလဲတွေ လုပ်နိုင်သွားမလဲ
The Elfkins Baking a Difference (2019)
Action, Animation, Comedy
Transformers သိပ္ပံအက်ရှင်ဇာတ်လမ်းတွဲ၏ ဇာတ်လမ်းသစ်အဖြစ်
Transformers: The Last Knight ကို ကျူးဘားနိုင်ငံ မြို့တော် ဟာဗန်နာတွင်
စတင်ရိုက်ကူး ခဲ့သည်။
ယင်းဇာတ်ကားသည် Transformers ဇာတ် လမ်းတွဲ၏ ပ ဉ္စမမြောက် live-action
ဇာတ်ကား တစ်ကားဖြစ်ပြီး ၂ဝ၁၄ ခုနှစ်က ထွက်ရှိခဲ့သည့် Transformers:
Age of Extinction ဇာတ်ကား၏ နောက်ဆက်တွဲဇာတ်ကားလည်းဖြစ်သည်။
ယင်းဇာတ်ကားသစ်သည် Transformers ဇာတ်လမ်းတွဲများ၏ ပင်တိုင် ဖန်တီးရှင်
ဒါရိုက်တာမိုက်ကယ်ဘေးရဲ့ လက်ရာ ဇာတ်ကားတစ်ကားဖြစ်သည်။
Transformers: The Last Knight ဇာတ်ကား သစ်တွင် ပင်တိုင်မင်းသား
မာ့ခ်ဝဲလ်ဘတ်ခ်နှင့် သရုပ်ဆောင်အချို့လည်း ပြန်လည်ပါဝင်လာကြပါတယ် …
Transformers သိပ္ပံဇာတ်ကား၏ ဒုတိယ မြောက်ဇာတ်ကားဖြစ်သည့်
Revenge of the Fallen ကို ၂ဝဝ၉ ခုနှစ်ကလည်းကောင်း၊
တတိယ မြောက်ဇာတ်ကား Dark of the Moon ကို ၂ဝ၁၁ ခုနှစ်ကလည်းကောင်း၊
စတုတ္ထမြောက်ဇာတ်ကား Age of Extinction ကို ၂ဝ၁၄ ခုနှစ်က လည်းကောင်း
ဖြန့်ချိပြသခဲ့ပြီး ယခုအခါ ပ ဉ္စမမြောက်ဇာတ်ကားကို ယခုပြသ လျက်ရှိကာ
Transformers 6 ကို ၂ဝ၁၈ ခုနှစ်တွင် ပြသသွား မည်ဖြစ်ကြောင်း သိရသည်။
Transformers ဇာတ်ကားများအားလုံးသည် ဝေဖန်သူများ၏ အပြုသဘောမဆောင်သည့်
တုံ့ပြန်ချက်များကိုသာ လက်ခံရရှိခဲ့သော်လည်း ယနေ့ထက်တိုင် ရုံဝင်ငွေအားကောင်းလျက်ရှိပြီး
ဟောလိဝုဒ်ရုပ်ရှင်လောကတွင် အောင်မြင်နေဆဲ ဇာတ်ကားများဖြစ်ကြောင်း သိရသည်။
~Review Credit
Transformers The Last Knight (2017)
Action, Adventure, Sci-Fi, Transformers
Transformers တွေကြောင့် Chiacago မြို့ ပျက်ဆီးခဲ့ရတယ်လို့ အစိုးက အပြစ်တင်ပြီး၊
Autobots တွေရော Decepticons တွေကိုပါလိုက်ဖမ်းဆီးနေပါတယ်။
အဲ့ဒီအချိန်မှာ Mark Wahlberg က Optimus Prime ကိုအမှတ်မထင် ရှာတွေ့သွားရာက
သူ့ကို လိုက်ရှာနေတဲ့ အစိုးရအဖွဲအစည်းတွေနဲ့ အခြားဂြိုလ်သားတွေရဲ့ ပစ်မှတ်ဖြစ်လာပါတယ်။
အဲ့ဒီမှာ Mark Wahlberg တို့မိသားစုနဲ့ Autobots တွေပေါင်းပြီး အဖြစ်မှန်ကို စုံစမ်းရာမှာ၊
US အစိုးရက Transformer တွေကို ကိုယ်တိုင် တီထွင်နေပြီးတော့၊
Control လုပ်နိုင်ဖို့ ကြိုးစားနေသလို၊ Transformers Army လုပ်နေပါတယ်။
ဒါပေမယ့် သူတို့ယူသုံးနေတဲ့ Sample တွေက Megatron ရဲ့အစိတ်အပိုင်းနဲ့ ဦးနောက်တွေဖြစ်
နေပြီးတော့၊အမှတ်မထင်ပဲ Megatron ကို အသက်ပြန်သွင်း နေသလို ဖြစ်နေတဲ့အတွက် ဘယ်လို
တွေစခန်းသွားကြမယ်ဆိုတာ…….။
~ Review Credit
Transformers Age of Extinction (2014)
Action, Adventure, Sci-Fi, Transformers
ဇာတ်လမ်းအကျဉ်းကတော့…….. စိုင်ဘာထရွန် စစ်ပွဲများကြားကနေ ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ စိုင်ဘာထရွန်ဂြိုလ်က အာကာသယာဉ်ကြီးက လရဲ့အမှောင်ဘက်ခြမ်းကို ပျက်ကျသွားခဲ့တယ်။ ၁၉၆၉ ခုနှစ်မှာ အမေရိကန် အာကာသယာဉ် ‘အပိုလို ၁၁’က လကမ္ဘာပေါ်ကို ဆင်းသက်ပြီး The Ark ရဲ့နမူနာတွေကို ကောက်ယူခဲ့တယ်။ အော့(ပ်)တီးမတ် (စ်)ပရိုင်းက တိုင်လုံးတွေကို ရှာဖွေပြီး စင်တီနယ်ပရိုင်းကို အသက်ပြန်သွင်းဖို့ လပေါ်ကို သယ်ဆောင်သွားခဲ့တယ်။အခုလို သယ်ဆောင်ခြင်းက ကမ္ဘာမြေကို ကျူးကျော်တိုက်ခိုက် မယ့် ဂြိုလ်သားစစ်တပ်အတွက် ဆောင်ရွက်နေတယ် ဆိုတာကို အမေရိကန် ကာကွယ်ရေးဝန်ကြီး ရှားလော့(တ်)မီးရင်းသိရှိသွားတယ်။ ဒီဆက်(ပ်)တီကွန်က The Ark ယာဉ်ကိုပိုင်ဆိုင်ခွင့်ရဖို့ ဆယ်စုနှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့တယ်။ အော်တိုဘော့တွေက ကမ္ဘာမြေကနေ ပြည်နှင်ဒဏ် ပေးခံရတယ်။ အဲဒီအဖြစ်အပျက်တွေကို အခြေတည်ပြီး အက်ရှင်ဇာတ်ကား အဖြစ်ပုံဖော်ထားခြင်းဖြစ်ပါတယ်……..။~ Review Credit
Transformers Dark of the Moon (2011)
Action, Adventure, Sci-Fi, Transformers
Transformers ရဲ့ဒုတိယမြောက်ဇာတ်ကားလေးဖြစ်ပါတယ်။
ဆမ် ဝစ်ဝစ်ကီ က အော်တိုဘော့တွေနဲ့ကျောခိုင်းပြီးတော့ သာမန်လူတစ်ယောက်အနေနဲ့
နေထိုင်ဖို့ဆုံးဖြတ်ပြီးတော့ ကောလိပ် တက်ဖို့သွားခါနီးမှာဘဲ ပထမ Transformers
တုန်းကကျန်ရှိနေသေးတဲ့ ကုဗတုံး ရဲ့စွမ်းအင်အပိုင်းအစလေးကိုထိမိတဲ့အခါမှာတော့
မထင်မှတ်ထားတဲ့ သင်္ကေတတွေကို မြင်မိပြီးတော့ ဒီဆပ်တင်ကွန် တွေရဲ့ ပစ်မှတ်က
သူ့စီကိုရောက်လာတဲ့အခါမှာတော့…
Transformers Revenge of the Fallen (2009)
Action, Adventure, Sci-Fi, Transformers
စွန်းဝူခုံးကားလို့ပြောလိုက်ရင် မသိတဲ့သူရှားလောက်အောင် လူသိများပြီ
း ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ ဇာတ်ကားလေးပါနော် ဇာတ်လမ်းရှည်ရိုက်ကူးခဲ့တဲ့
စွန်ဝူခုံးကားဟာဆိုရင် အနောက်ဖက်ကို ပိဋကတ်ကျမ်းသွားယူရာမှာ
ကြုံခဲ့တဲ့အခက်ခဲပေါင်းများစွာကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်
အဲ့ပြဿနာတွေထဲကမှ စွန်းဝူခုံးနောက်တစ်ယောက်ပေါ်လာတဲ့ အပိုင်းကို
အားလုံးနီးပါး မှတ်မိလောက်ပါတယ် ဒီ movieလေးမှာတော အနှောင့်အယှက်တွေထဲကမှ
စွန်ဝူခုံးအတုတစ်ယောက်ပေါ်လာတဲ့ အခက်အခဲကို အကျယ်ချဲ့ရိုက်ပြထားတာပါ
ဒီကားလေးမှာ ထူးခြားတာကတော့ စွန်းဝူခုံးအတုဖက်ကို အသားပေးရိုက်ကူးထားတာပဲ ဖြစ်ပါတယ်
ဇာတ်လမ်းလေးကတော့…လျှို့အာဆိုတဲ့ ကျောက်တုံးကနေပေါက်ဖွားလာတဲ့မျောက်တစ်ကောင်ဟာ
သူချစ်ရသူအသက်ကို ကယ်ဖို့အတွက် စွန်းဝူခုံးအဖြစ်ဟန်ဆောင်ရာကနေစတာပါ
ဒီဇာတ်လမ်းလေးကို စွန်းဝူခုန်းအတု လျှို့အာဖက်ကနေ ဘယ်လိုမျိုး
တစ်သွင်ဆန်းအောင် ရိုက်ကူးပုံဖော်ထားလဲဆိုတာကိုတော့
ဒီmovieလေးကနေတဆင့် ဆက်လက် ကြည့်ရှုလိုက်ကြရအောင်နော်
True and False Monkey King ( 2020 )
Action, Fantasy, Romance
IMDb (7.0) / Rotten Tomatoes (81%)
ဘောလိဝုဒ်ရဲ့ဘုရင်လို့ တင်စားခေါ်ဝေါ်ကြတဲ့ ကမ္ဘာကျော်မင်းသား ရှာရွတ်ခန်းရဲ့အချစ်အလွမ်းအကြမ်းရသစုံတဲ့ရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။
ရှာရွှတ်ခန်းရဲ့ လူသိများတဲ့ရုပ်ရှင်တွေဖြစ်တဲ့ Om Shanti Om တို့ Happy New Year တို့ကို ရိုက်ကူးပေးခဲ့တဲ့
ဒါရိုက်တာ Farah Khan ရဲ့ ပထမဆုံးရိုက်ကူးတဲ့ ရုပ်ရှင်ဖြစ်ပြီး မင်းသားကြီး Sunil Shetty ၊လူငယ်မင်းသားချော Zayed Khan
မင်းသမီး Sushmita Sen နဲ့ Amrita Rao တို့ပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ်။
Imdb rating 7.0 ရရှိထားတဲ့ ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းကတော့
အိန္ဒိယတပ်မတော်မှ ဗိုလ်ချုပ်ဘတ်က်ရှီးဟာ ပါကစ္စတန်နိုင်ငံနဲ့ ငြိမ်းချမ်းရေးယူဖို့ ပထမခြေလှမ်းအဖြစ်
မီလတ်စီမံကိန်းကို လုပ်ဆောင်ဖို့ စီစဉ်နေပါတယ်။ မီလတ်စီမံကိန်းကတော့ အိန္ဒိယနယ်စပ်မှာ ဖမ်းမိထားတဲ့
မသိနားမလည်တဲ့အပြစ်မဲ့ ပါကစ္စတန်နိုင်ငံသားတွေကို ပြန်လွှတ်ပေးမယ့် အစီအစဉ်ဖြစ်ပါတယ်။ ထိုစီမံကိန်းကို
သတင်းဌာနတစ်ခုမှ ဗိုလ်ချုပ်ဘတ်က်ရှီးကို အင်တာဗျူးဖို့ ဖိတ်ကြားထားလို့ ဗိုလ်ချုပ်ဘတ်က်ရှီးဟာ အင်တာဗျူးလာရောက်ဖြေခဲ့ပါတယ်။
အင်တာဗျူးဖြေနေစဉ်မှာ ပါကစ္စတန်နဲ့ငြိမ်းချမ်းရေးရသွားမှာကို မလိုလားတဲ့ အကြမ်းဖက်သမား ရာ့ဂ်ဗန်တို့အဖွဲ့ဟာ သတင်းဌာနကို
ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ဗိုလ်ချုပ်ဘတ်က်ရှီးကို ကာကွယ်ရင်းနဲ့ မေဂျာရမ်(ရှာရွတ်ခန်း)ရဲ့အဖေ
ဗိုလ်မှူးကြီးရှိတ်ကာဟာ ကျဆုံးသွားခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးရှိတ်ကာဟာ သူ့မှာ မေဂျာရမ်အပြင် လက်ရှ်မန်းဆိုတဲ့ သားတစ်ယောက်နဲ့
မာဒူဆိုတဲ့ ဇနီးတစ်ယောက်ရှိကြောင်း သားဖြစ်သူ မေဂျာရမ်ကို သူကွယ်လွန်ခါနီးအချိန်တွင်ပြောခဲ့ပြီး သူ့အရိုးပြာကို သားနှစ်ယောက်အတူမျှောပေးဖို့
မေဂျာရမ်အား ကတိတောင်းခဲ့ပါတယ်။ မေဂျာရမ်ဟာ သူ့အဖေရဲ့နောက်ဆုံးဆန္ဒကို အကောင်အထည်ဖော်ဖို့လုပ်နေချိန် ဗိုလ်ချုပ်ဘတ်က်ရှီးမှ သူ့အား
တာဝန်တစ်ခုပေးခဲ့ပါတယ်။ ထိုတာဝန်ကတော့ ဒါဂျီလင်မြို့မှာနေထိုင်တဲ့ ဗိုလ်ချုပ်ဘတ်က်ရှီးရဲ့ သမီး ဆန်ဂျနာကို ကာကွယ်ဖို့တာဝန်ပါ။ တိုက်ဆိုင်စွာနဲ့ပဲ
ဆန်ဂျနာနဲ့ မေဂျာရမ်ရဲ့အဖေတူအမေကွဲညီ လက်ရှ်မန်းတို့သားအမိဟာ ဒါဂျီလင်မြို့မှာ ရှိနေပါတယ်။
ဆန်ဂျာနာက စစ်သားတွေကို မုန်းတဲ့သူဖြစ်တာမို့ မေဂျာရမ်ဟာ ကျောင်းသားတစ်ယောက်အဖြစ် အသွင်ယူပြီး ကာကွယ်ပေးဖို့လုပ်ရင်း တစ်ဖက်မှာ
သူ့အဖေရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းဖို့ သူ့ညီနဲ့ သူ့မိထွေးကို ရှာပုံတော်ဖွင့်ပါတော့တယ်။ ထို့နောက် ဘာဆက်ဖြစ်မလဲဆိုတာကိုတော့
၃ နာရီကျော်ကြာမြင့်တဲ့ ဒီရုပ်ရှင်မှာ ဆက်လက်ကြည့်ရှုခံစားလိုက်ပါ။
Action, Bollywood, Comedy, Drama
Entrepreneur ကိုမစိမ်းကြပေမယ့် social entrepreneur ကို စိမ်းနေကြတဲ့သူတွေ
လေ့လာလချင်သူတွေ မဖြစ်မနေကြည့်သင့်တဲ့ကားလေးနော်
ဇာတ်ကားလေးက ကောင်လေး၃ ယောက်ကို အခြေခံရိုက်ကူးထားတာပါ
တစ်ယောက်က ငယ်စဉ်တည်းက ငွေမက်ပြီး ရောင်းလို့ရသမျှအကုန်ရောင်းပြီ
း စီးပွါးရေးတွေလုပ်လာခဲ့သူပေါ့… ဒါပေမယ့် သူလုပ်ငန်းတိုင်းကြာရှည်မမြဲခဲ့ပါဘူး
ဒီလိုမမြဲလို့လည်း သူအိပ်မပျော်တဲ့ရောဂါဖြစ်ပြီး နောက်ဆုံး စိတ်ရောဂါဆရာဝန်နဲ့ ဆွေးနွေးမှု ခံယူနေရတယ်…
နောက်တစ်ယောက်က ရွာကနေ မြို့တက်ပြီး ပါဆယ်လိုက်ပို့သူ delivery man
အလုပ်ကို ဂုဏ်ယူစွာ လုပ်နေသူတစ်ယောက်။ သူက တစ်နေ့မှာ ရုတ်တရက်ကြီး
အလုပ်ကထွက်လိုက်တယ်။ အကြောင်းကတော့ သူ့ရွာလေးကို
ပြောင်းလဲပေးချင်လို့ သူရွာပြန်ပြီး ပါဆယ်ပို့လုပ်ငန်းလုပ်မယ်လို့ ရည်ရွယ်ပြီး ရွာပြန်လာသူပေါ့…
ဒီလိုပဲ မြို့ကနေ ရွာပြန်လာသူတစ်ယောက်ရှိသေးတယ်။
သူကကြတော့မိရိုးဖလာလက်ဖက်လုပ်ငန်းကို ဆန့်ကျင်ပြီး
ကော်ဖီလုပ်ငန်းလုပ်ချင်စိတ်ပြင်းပြနေသူပေါ့… ဒါပေမယ့် ကော်ဖီစိုက် ကော်ဖီကျိတ်
ကော်ဖီနှပ်ချင်ပေမယ့် စီးပွါးဖြစ်လုပ်ဖို့ စိတ်ကူးမရှိသူတစ်ယောက်ပါ။
ဒီလို ၃ ယောက် ပေါင်းစည်းပြီး ဘယ်လိုတွေ society ကိုအကျိုးပြုအောင်
စွန့်ဦးတီထွင်လမ်းဖောက်တယ်ဆိုတာ သေချာလေ့လာရင် လေ့လာသလို ပညာရတဲ့ဇာတ်ကားလေးပါ…
အားလုံး အိပ်ပျော်သောညများပိုင်ဆိုင်နိုင်ကြပါစေ
Drama
The Night 2021
အိမ်တစ်အိမ်ထဲမှာ မိသားစု၃စု မာဖီးယားဂိမ်းကစားနေကြပါတယ်။
ကစားပွဲမှာရှုံးတဲ့အတွက် စည်းမျဉ်းအရအသတ်ခံလိုက်ရသူကတော့ နမ်ဒါပါ။
နမ်ဒါက ခင်ပွန်းသည်ဖြစ်တဲ့ ဘာဘတ်ကို
နောက်ဆုံးစကားအနေနဲ့ သူသေရင် သမီးဖြစ်သူကိုစောင့်ရှောက်ဖို့ပြောခဲ့ပါတယ်။ ကစားပွဲဖြစ်တဲ့အတွက် အားလုံးက စစနောက်နောက်ပါပဲ။
ဘာအဓိပ္ပာယ်မှန်းမသိဘဲ ဆင်တူတက်တူးထိုးထားမိတဲ့ ဘာဘတ်နဲ့ နမ်ဒါတို့လင်မယားနှစ်ယောက်
သူငယ်ချင်းတွေကို နှုတ်ဆက်ပြီး
လသားအရွယ် သမီးလေးနဲ့ အိမ်ကိုပြန်လာတဲ့လမ်းမှာ
ထူးဆန်းတဲ့အဖြစ်အပျက်တွေကြုံရပြီးနောက်
နီးစပ်ရာဟော်တယ်တစ်ခုမှာ တစ်ညတာတည်းခိုမိတဲ့အခါ……
သူတို့ ၂ယောက်ရဲ့ တက်တူးတွေကပဲ ကျိန်စာမိနေတာလား…?
၂ယောက်သား ကိုယ်စီဖုံးကွယ်ထားတဲ့ အတိတ်တွေကပဲ သူတို့ကိုခြောက်လှန့်နေစေတာလား…?
ဒါမှမဟုတ် တည်းခိုမိတဲ့ဟော်တယ်ကပဲ သူတို့ကိုခြောက်ခြားစေဖို့ ဖန်တီးထားတာပဲလား…?
ဆိုတာကို ဒီကားလေးထဲမှာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။
Molins Film Festival မှာ အကောင်းဆုံး ဒါရိုက်တာဆု၊ အကောင်ဆုံး အမျိုးသားဇာတ်ဆောင်ဆု၊ အကောင်းဆုံး ဇာတ်ညွှန်းဆု ၃ ဆု ရထားတဲ့ ဇာတ်ကားဖြစ်တာကြောင့် လက်မလွှတ်သင့်ပါကြောင်း။
Horror, Mystery, Thriller
အခုတင်ဆက်ပေးမှာကတော့ 2021ထွက်ဗီဂျေးနှစ်ယောက်ရဲ့ကားသစ်ပါ
ဇာတ်ကားမှာတော့ ဘာဗာနီဆိုတဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက် သူ့မိဘ၂ပါးလုံးအသတ်ခံလိုက်ရပေမယ့်
ဂတ်စ်ဆိုင်ပေါက်ကွဲမှုကြောင့်လို့ သူကိုယ်တိုင်ထွက်ဆိုလိုက်ရပါတယ်
အကြောင်းကတော့ သူ့မိဘကိုသတ်တဲ့သူတွေကိုယ်တိုင် ခြိမ်းခြောက်ထားလို့ပါ
ဒီလိုနဲ့ လူငယ်ပြုပြင်ရေးစခန်းရောက်ပြီး ညှင်းပန်းနှိပ်စက်ခံနေရပေမယ့် အကြံကြီးတဲ့လူငယ်လေးကတော့
လွတ်မြောက်ကြီးပွားရေးကို တောက်လျောက်တွေးနေပါတယ်
ဒီလိုနဲ့ လမ်းစတစ်ခုရပြီးအဆင်ပြေပြေ လွတ်မြောက်ခဲ့ပါတယ်
နောက်တစ်ဘက်မှာလဲ ကောလိပ်ကျောင်းက ကျောင်းအုပ်တွေ ကျောင်းကောင်စီဝင်တွေ ကြည့်မရပေမယ့်
ကျောင်းသားတွေတုန်နေအောင်ချစ်တဲ့ ပရော်ဖက်ဆာ JD ဆိုတာရှိပါတယ်
သူကတော့မှန်လွန်းနေတဲ့ လူမှန်တစ်ယောက်ဖြစ်တာကြောင့် ကျောင်းကောင်စီဝင်တွေက သူတို့လမ်းမှာ
ဆူးခလုတ်လိုဖြစ်နေတာကြောင့် ကျောင်းကနေထွက်သွားဖို့မျှော်လင့်နေကြတာပါ
ဒီလိုနဲ့ JDနဲ့ ဘာဗာနီ ကြားဘာတွေဆက်စပ်မှုရှိလာမှာလဲ
အိန္ဒိယကားတို့ရဲ့ ထုံးစံအတိုင်း နိုင်ငံရေးလှည့်ကွက်တွေလဲပါဝင်တဲ့ကားလေးမို့ ကြည့်ဖြစ်အောင် ကြည့်လိုက်ကြပါဦးနော်
Action, bollywood, Crime, Thriller
IMDb Rating (7/10) ထိရရှိထားတဲ့ Action, Crime, Drama အမျိုးအစား Bollywood ဇာတ်ကားဖြစ်ပါတယ်။
ထူးဆန်းတာက Rotten Tomatoes မှာ (100%) Rating ပေးထားတာတွေ့ရပါတယ်။
Hrithik Roshan (လက်ပွားမင်းသား) နဲ့ မင်းသားကြီး Sanjay Dutt တို့အဓိကအားပြိုင်ထားပါတယ်။
မင်းသမီးတွေကလဲ တကယ့်ဒိတ်ဒိတ်ကြဲ မင်းသမီးတွေဖြစ်တဲ့
Priyanka Chopra နဲ့ Katrina Kaif တို့ တပြိုင်တည်းပါဝင်ထားပါတယ်။
မင်းသား ၊ မင်းသမီး ၊ Rating တွေမြင်တာနဲ့တင် ဒီဇာတ်ကားကိုကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။
Uncategorized
ဒီဇာတ်ကားကတော့ ထူးထူးခြားခြား အိန္ဒိယသားကောင်လေးနဲ့ အမေရိကန်သူကောင်မလေးရဲ့
အချစ်ဇာတ်လမ်းကိုရိုက်ကူးထားတဲ့ comedy drama အမျိုးအစားဇာတ်ကားကောင်းလေးပါ။
ဂျို့စ်မွန်မှာ အဖေမရှိတော့ပါဘူး သူ့အမေနဲ့ညီမကိုစောင့်ရှောက်ဖို့အတွက် အလုပ်တွေမျိုးစုံလုပ်ပေမယ့်
တစ်နေ့ကျ ညီမရဲ့ကျောင်းစရိတ်နဲ့ အိမ်ချေးငွေတွေကို ဆပ်ဖို့လိုလာပါတယ်။ သူ့မှာပိုင်ဆိုင်တာဆိုလို့ ဆိုင်ကယ်ပဲရှိတာပါ။
အဲဒီဆိုင်ကယ်ကို သူကအရမ်းတွယ်တာပါတယ်။ သူ့အဖေဆိုင်ကယ်လည်းဖြစ်လို့ ဘယ်လိုမှမရောင်းရက်ဖြစ်နေပေမယ့် မတတ်သာလို့
ရောင်းရတော့မယ့်အခြေအနေနဲ့ကြုံလာပါတယ်။
ကံကောင်းချင်တော့ အဲဒီအချိန်မှာ အမေရိကန်သူလေးကတ်သီက
ကာစီနိုကနေပိုက်ဆံတွေအများကြီးရခဲ့လို့ အိန္ဒိယကိုလာလည်ပါတယ်။ သူကဆိုင်ကယ်တစ်စီးနဲ့အိန္ဒိယကိုပတ်သွားချင်တယ်ဆိုပြီး
ဂျို့စ်မွန်ကို ပိုက်ဆံတွေအများကြီးပေးပြီး ဒရိုင်ဘာအဖြစ်ငှားလိုက်ပါတယ် ဂျို့စ်မွန်လည်းဆိုင်ကယ်မရောင်းရတော့ဘူးပေါ့။
တစ်နေ့ သူတို့ခရီးသွားနေတုန်း ပစ္စည်းတွေအကုန်လုံးအခိုးခံရပြီးတော့ ဒုက္ခရောက်ကြပါတော့တယ်။
ဘယ်လိုတွေဆက်ဖြစ်ကြမှာလဲဆိုတာကတော့ ဆက်ကြည့်လိုက်ပါတော့နော် ဒီကားလေးကတော့ တကယ်ကောင်းတဲ့
dramaကားလေးလို့ပြောလို့ရပါတယ် ခရီးသွားပုံစံတွေကိုလည်း မြင်ရတာဖြစ်လို့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းမယ့်
အချစ်ကားလေးတစ်ကားလည်း ဖြစ်လို့ ညွှန်းပေးလိုက်ရပါတယ်
Kilometers and Kilometers (2021)
Action, Adventure, bollywood, Drama
Escape Room ဆိုတဲ့ ဇာတ်ကားကောင်းလေးကတော့ 2019 ကထွက်ရှိခဲ့တဲ့ ကားလေးဖြစ်ပြီး IMDb rating အနေနဲ့လည်း 6.4/10 ရထားတာဖြစ်ပါတယ် ။
ဇာတ်ကား အကျဉ်းချုံးကို ပြောရမယ်ဆိုရင် အမည်မသိ အဖွဲ့အစည်းတစ်ခုဟာ လူအချို့ကို သူတို့ရဲ့အကြောင်းတွေ အကြောင်းစုံ စုံစမ်းထားပြီး ပဟေဠိသေတ္တာတုံးလေးတွေ ပေးပို့ကာ သူတို့ရဲ့ ပြိုင်ပွဲကို ဒေါ်လာ 10000 အတွက် လာရောက်ယှဥ်ပြိုင်စေခဲ့ပါတယ် ။ အကြောင်းအမျိုးမျိုးကြောင့် ရောက်လာပြီး လာပြိုင်တဲ့ သူတွေဟာ အလုံပိတ် အခန်းတစ်ခန်းအတွင်းကနေ လွတ်အောင် သဲလွန်စတွေ ရှာကာ နောက်ဆုံးအခန်းရောက်ပြီး လွတ်သည်အထိ ဆော့ကစားရမှာဖြစ်ပါတယ် ။
ဒါပေမဲ့ ကစားခန်း တွေဟာ သူတို့ထင်ထားသလို အပျော်သဘောမျိုး ဆိုတာထက် တကယ့်အစစ်အမှန် အသက်သေဆုံးခြင်းတွေ ဖြစ်လာတဲ့အခါ ဘယ်သူတွေ ဘယ်လိုနောက်ဆုံးအထိ အသက်ရှင်ကျန်ပြီး နောက်ကွယ်က ကြိုးကိုင်သူတွေဟာဘယ်သူလဲ ဆိုတာကို စိတ်လှုပ်ရှားဖွယ်ကြည့်ရမှာပါ ။ လူတွေဟာ ဘယ်လောက်ထိ တစ်ကိုယ်ကောင်းဆန် သလဲ မိုက်ရူးရဲဆန်သလဲ အတ္တကြီးသလဲ ဆိုတာကိုပါ ကြည့်ရှုခံစားရမှာဖြစ်ပါတယ် ။
Action, Adventure, Horror, Mystery, Thriller
Nerkonda Paarvai(2019)အညွှန်း
***************************
IMDb…8.1
အမျိုးသမီးငယ်(၃)ယောက်ဟာ စိတ်လှုပ်ရှားလွန်းလို့စကားတောင်မပြောနိုင်ကြဘူး…
သူတို့(၃)ယောက်ထဲက တစ်ယောက်ဟာ ယောင်္ကျားတစ်ယောက်ရဲ့ခေါင်းကိုရိုက်လိုက်မိလို့
ပြင်းထန်စွာဒဏ်ရာရသွားခဲ့တယ်…ဆေးရုံရဲ့အရေးပေါ်ခန်းထဲရောက်သွားသလို ရိုက်ခဲ့တဲ့လက်နက်တစ်ခုကြောင့်
မျက်လုံးထဲလည်းအစတွေဝင်သွားခဲ့တယ်…ကြည့်ရတာအမျိုးသားတစ်စုနဲ့ အမျိုးသမီး(၃)ယောက်တို့ပြဿနာတက်ခဲ့ပုံပါပဲ…
နောက်တစ်ခုက ဒဏ်ရာရတဲ့လူနာနဲ့ လူနာရှင်တွေဟာ ရဲစခန်းမှာအမှုဖွင့်ခဲ့ခြင်းမရှိခဲ့ပါဘူး..
နောက်ရက်အတန်ကြာတဲ့အခါမှာ ဒဏ်ရာရရှိခဲ့တဲ့အမျိုးသားရဲ့သူငယ်ချင်းအပေါင်းအပါတွေဟာ
သူတို့ကိုလုပ်ခဲ့တဲ့အမျိုးသမီးတစ်ဉီးကိုပြန်ပေးဆွဲပြီး မုဒိမ်းကျင့်ခဲ့ပါတယ်…နစ်နာသူအမျိုးသမီးဟာ ရဲစခန်းကိုအမှုဖွင့်
တိုင်ကြားခဲ့ပါတယ်…အတိုင်ခံရတဲ့ မုဒိမ်းမှုကျူးလွန်သူတွေထဲမှာ မြို့ရဲ့အာဏာရှိလူကြီးတစ်ယောက်ရဲ့တူတစ်ယောက်ပါဝင်နေတာကြောင့်
မုဒိမ်းမှုကျူးလွန်ခံရတဲ့မိန်းကလေးကိုတောင် အသားရေဖျက်မှုနဲ့တရားပြန်စွဲလိုက်ပါသေးတယ်…
အင်အားကြီးသူနဲ့ ခိုကိုးရာမဲ့နေတဲ့နစ်နာသူမိန်းကလေးတို့ ယှဉ်နိုင်စွမ်းမရှိပါဘူး…
ဒါပဲမဲ့ အကြောင်းတစ်ခုကြောင့် ကင်းကွာနေတဲ့ နာမည်ကြီးရှေနေတစ်ဦးဟာ မိန်းမငယ်သုံးယောက်ရဲ့ ဒုက္ခကိုသိရှိသွားတဲ့အချိန်မှာတော့…
ဘာတွေဆက်ြဖစ်မလဲဆိုတာကိုတော့ခံစားကြည့်ကြပါဗျို့…အိန္ဒိယကားကောင်းတွေနင်းကန်ကြိုက်သူတို့
ကြည့်သင့်ပါကြောင်း…
Action, Drama, Thriller