mmbusticket
Blu-Ray 1080p 5.1 CH x264
အသံကြားတာနဲ့ ရုတ် တရက် ပေါ်လာပြီး တိုက်ခိုက် သတ်ဖြတ်တဲ့ သတ္တဝါတွေရန်က နေ ကာကွယ်ဖို့ အသံမထွက် အောင် တိတ်တိတ်ဆိတ်ဆိတ် နေထိုင်နေရတဲ့ မိသားစုလေးရဲ့ ထိတ်လန့်စရာ အတွေ့အကြုံ တွေကို ဇာတ်အိမ်ဖွဲ့ထားတာ ဖြစ် ပါတယ်။လီနဲ့အီဗလင်းတို့ မိသားစု ဟာ မြို့စွန်က ယာတောအိမ် လေးမှာ နေထိုင်ပြီး တစ်ရက်မှာ တော့ ကမ္ဘာပေါ်ကို အမျိုးအမည် မသိတဲ့ သတ္တဝါတွေ ရောက်လာ ကာ လူတွေကို သတ်ဖြတ်ပစ်နေ တာကြောင့် ကမ္ဘာ့နေရာအနှံ့မှာ
အပျက်အစီးတွေ ဖြစ်ခဲ့ပါတယ်။ နောက်ပြီး စစ်တပ်ကတောင်ထိန်း ချုပ်နိုင်စွမ်း မရှိတော့သလို အ ဆက်အသွယ်ကွန်ရက်တွေ အ ကုန်လုံး ပြတ်တောက်ခဲ့ပါတယ်။အီဗလင်းတို့မှာ သမီးတစ် ယောက်၊ သားနှစ်ယောက်ရှိပြီး သမီးကြီးရီဂန်က နားမကြားသူ လေးမို့ တခြားအိမ်သားတွေ အ ကုန်လုံးက လက်ဟန်ခြေဟန် အချက်ပြစကားနဲ့ပဲ အချင်းချင်း ပြောရပါတယ်။ဘာမှန်းမသိတဲ့ သတ္တဝါတွေ ဟာ အသံကြားတာနဲ့ရောက်လာ ပြီး အန္တရာယ်ပြုတာမို့ ဘာသံမှ မထွက်အောင်
သတိထားပြီး နေရတာလည်း လွယ်ကူတဲ့ကိစ္စ တော့ မဟုတ်ပါဘူး။ အီဗလင်း တို့ဟာလည်း ဘာပဲလုပ်လုပ် အသံလုံးဝမထွက်အောင်လို့ နေ ကြရပြီး သူတို့ ယာတောနားက မြို့ဟာလည်း လူသူတစ်ယောက် မှမရှိ၊ အသံဗလံတွေ တိတ်ဆိတ် နေတဲ့ မြို့ပျက်တစ်ခုလိုဖြစ်နေပါ တယ်။
အဲဒါနဲ့ပဲ လမ်းလျှောက်ရင် တောင် ဖိနပ်သံထွက်မှာစိုးလို့ မြေကြီးပေါ်ကို ဘိလပ်မြေမှုန့်တွေ ခင်းထားပြီး ခြေဗလာနဲ့ သွားကြ ရတာပါ။တစ်ရက်မှာတော့ မြို့ပျက် ထဲကဆိုင်မှာ စားစရာတို့၊ အသုံး အဆောင်တို့ယူပြီး ပြန်လာတုန်း သားငယ်လေးက ဆိုင်ကယူလာ တဲ့ ကစားစရာအရုပ်ကို ကစား လိုက်တဲ့အခါမှာ အသံမြည်သွား တာကြောင့် လီကတားဆီးဖို့ ကြံခဲ့ပေမယ့် အချိန်နှောင်းသွားပြီး သတ္တဝါကြီးတွေ လက်ချက်နဲ့ မျက်စိရှေ့တင် သားဖြစ်သူကို ဆုံးရှုံးခဲ့ရပါတယ်။ဒီလိုနဲ့ ရက်တွေကြာ
လာပြီး တဲ့နောက် အီဗလင်းဟာ နောက် ထပ် ရင်သွေးလေးကို ကိုယ်ဝန် လွယ်ထားခဲ့ပါတယ်။ တစ်ရက် မှာတော့ အိမ်မှာခင်ပွန်းရောသား နဲ့သမီးရောမရှိချိန် အီဗလင်းဟာ ကိုယ်ဝန်အရင့်အမာနဲ့ အပြင်း အထန် ဗိုက်နာနေတဲ့အခါမှာ သတ္တဝါတွေကလည်း အသံ ကြားလို့ ရောက်လာတဲ့အခါ ဘာ တွေဆက်ဖြစ်မလဲဆိုတာကို ရင် တထိတ်ထိတ်နဲ့ ဆက်ကြည့်ဖို့ ဖော်ပြလိုက်ပါတယ်။ဒီဇာတ်ကားမှာ အီဗလင်း အဘော့အဖြစ် အမ်မလီဘလန့်၊ လီအဘော့အဖြစ် ဂျွန်ကရာဆင်
စကီ၊ ရီဂန်အဘော့အဖြစ် မီလီ ဆန့်ဆင်မွန်၊ မားကက်စ်အဘော့ အဖြစ် နိုအာဂျူတို့က သရုပ် ဆောင်ထားပါတယ်။ (ဇာတ်လမ်းအညွှန်းကို 7daily website မှကူးယူဖော်ပြထားတာဖြစ်ပြီး ဘာသာပြန်သူကတော့ ကိုသူရပါ)
ကျွန်တော်တို့တွေ လိပ်ပြာလွှင့်တယ်ဆိုတဲ့အရပ်သုံးစကားကို တော်တော်များများကြားဖူးကြမှာပါဒီဇတ်ကားလေးကတော့ ငယ်ငယ်လေးထဲကမိခင်ဟာကိုယ့်ကိုယ်ကိုသတ်သေသွားတာကိုအခုမှသိလိုက်ရတဲ့ တက္ကသိုလ်ကျောင်းသား
အဲလက်စ် တစ်ယောက် ကျောင်းလက်ချာချိန်မှာလိပ်ပြာလွှင့်တာနှင့်ပတ်သတ်ပြီး သင်ကြားမိတာကနေ စပြီးသူ့အမေရဲ့ ဝိညာဉ်နှင့် အဆက်အသွယ်ရဖ်ု့လိပ်ပြာလွှင့်တဲ့အတတ်ကို စမ်းကြည့်ရာကနေမမျှော်လင့်ထားတဲ့ ပရလောကကံကြမ္မာဆိုး
ကြီးနှင့်တွေ့ပြီးဘယ်လိုဖြေရှင်းသွားမလဲဆိုတာသည်းတထ်တ်ထိတ်ရင်တဖိုဖိုစောင်ကြည့်ရမယ့် horror ဇတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်ရုပ်ရှင်ကားကို ကောင်းမြတ်သူ က ဘာသာပြန်ပေးထားပြီးအညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်
ဒီတစ်ခါတော့ သိပ္ပံကားတွေ ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက် ဇာတ်အိမ်ကောင်းတဲ့ သိပ္ပံကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ကမ္ဘာကြီးမှာ ဘယ်အရာပဲဖြစ်ဖြစ် အမေရိကန်မှာပဲဖြစ်တယ်ဆိုပြီး အမြင်ကပ်နေတဲ့သူတွေ မပူပါနဲ့ ဒီတစ်ခါ ရုရှားမှာဖြစ်တဲ့အကြောင်း ဇာတ်အိမ်တည်ထားတာပါ။
ဇာတ်လမ်းလေးကတော့ လူသားတွေကို လေ့လာဖို့ ရောက်လာခဲ့တဲ့ ဂြိုလ်သားနဲ့ ဂြိုလ်သားတွေကို လေ့လာချင်နေတဲ့လူသားတို့ တွေ့ဆုံကြတဲ့အခါမှာ ဘာတွေဖြစ်လာမလဲဆိုတာကို ကြည့်ရှုကြရမှာဖြစ်ပါတယ်။ ဇာတ်လမ်းဇတ်အိမ်ကလည်း စိတ်ဝင်စားဖို့ကောင်းပြီး ချိမတို့အတွက် ဂြိုလ်သားလေးကလည်း ချောတော့ ဒေါင်းလုတ်ဆွဲပြီး ကြည့်ကြပါလို့ပဲ တိုက်တွန်းလိုက်ပါတယ်…
Await Further Instructions(2018)ခရစ်စမတ်ကာလမှာ နစ်နဲ့ သူ့ကောင်မလေးအတွက် အပျော်ဆုံး အချိန်တွေပါပဲ…နစ်က အိမ်မှာ သူ့ကောင်မလေးကို ညစာစားဖို့ခေါ်လိုက်တယ်…
ကံကြမ္မာဆိုးရောက်မယ်မှန်းမသိတော့ နစ်တို့မိသားစုလူစုံတက်စုံတက်စုံနဲ့ပျော်နေကြတယ်…သူတို့အပျော်က သိပ်ကြာကြာမခံပါဘူး…
နောက်နေ့မနက်မှာတော့ သူ့တိုရဲ့အိမ်အပြင်မှာဘက်မှာထူးဆန်တာဖြစ်ပြီး တစ်အိမ်လုံး အပြင်လောကနဲ့ အဆက်သွယ်ပြတ်သွားတယ်..ဘာလို့ဆို အိမ်တစ်ခုလုံးကို သတ္တုလို အရာမျိုးကြီးနဲ့ဖုံးအုပ်ထားလို့ပါပဲ..အပြင်ထွက်ဖို့နေနေသာသာ..ဖုန်းလိုင်းတောင်ဆက်သွယ်လို့မရတဲ့အခြေအနေပါပဲ…ကိုင်း နစ်တို့မိသားစုတွေ တစ်အိမ်လုံးလွှတ်မြောက်နိုင်ပါ့မလား ဘယ်လိုအခက်အခဲတွေနဲ့ကြုံမလဲ ဘာတွေမထင်မှတ်ထားတာတွေဆက်ဖြစ်မလဲဆိုတာတော့ Horror ကားကြိုက်သူတို့
ခံစားကြည့်လိုက်ပါဦး…
စစ်ကားတွေထဲမှာမှ အမေရိကန်နဲ့ ဂြိုလ်သားတွေရဲ့စစ်ပွဲတွေဟာမဆန်းတော့ပါဘူး..ဒါကြောင့် ဒီကားကလည်း Independence Day တို့လိုပဲ ကမ္ဘာမြေပေါ်ကိုကျူူးကျော်နယ်ချဲ့ထွင်လာတဲ့ ဂြိုလ်သားတွေနဲ့အမေရိကန်စစ်တပ်တို့ရဲ့အပြင်းအထန်တိုက်ခိုက်တာတွေကို ဖော်ပြထားပါတယ်…စစ်တစ်ခုဖြစ်လာတဲ့အခါအများဆုံးထိခိုက်ရတာကတော့ပြည်သူတွေပဲဖြစ်ပါတယ်…နောက်ပြီးတော့ ဒီလူတွေကိုကာကွယ်ဖို့အတွက်သစ္စာဆိုထားတဲ့ စစ်သားတွေရဲ့ရင်းနှီးမှု့တွေကလည်းမသေးပါဘူး…ဒါပေမယ့် သူတို့ရင်ဆိုင်နေတဲ့အရာတွေက သာမာန်ထက်လွန်ကဲနေတဲ့သတ္တဝါတွေဖြစ်နေတဲ့အတွက်ကြောင့် အမေရိကန်လိုစစ်အင်အားကြီးခေတ်မီလက်နက်တွေတပ်ဆင်သုံးစွဲနေတဲ့ နိုင်ငံတောင်ဆုံးရှုံးမှု့တွေကြီးလှပါတယ်…အမည်မသိ ဘာအမျိုးအစားမှန်းလည်းမသိတဲ့ သတ္တဝါတွေကြောင့်ပြည်သူတွေကို ကယ်ဆယ်ထုတ်ဖို့သွားရန်အတွက်အမိန့်ပေးခြင်းခံရတဲ့ တပ်စုတစ်စု ကယ်ဆယ်ဖို့သွားရင်းကနေသူတို့ပါ ရန်သူတွေရဲ့ သတ်ကွင်းမှာ ဓားစားခံတွေလိုပိတ်မိနေကြပါတယ်…အချက်ပေါင်းများစု ပစ်သတ်လည်း မသေတဲ့ ဒီသတ္တဝါတွေကြောင့်ဒီတပ်စုလေးတစ်စုဟာ ဒီအန္တရာယ်တွေကြားထဲကနေ ပြည်သူတွေကိုအသက်ရှင်လျက်နဲ့ဘယ်လိုကယ်ဆယ်ထုတ်မလဲဆိုတာ စိတ်ဝင်စားစရာပါပဲ…စတေးမှု့တွေမရှိပဲ စစ်ဆိုတာ ပြီးဆုံးသွားမှာမဟုတ်ပါဘူး…ဒီကားလေးထဲမှာလည်း စစ်တကယ်တမ်းဖြစ်လာရင် ဘယ်လိုဆုံးရှုံးမှု့တွေဖြစ်လာတယ်ဆိုတာကို ရိုက်ပြထားတာကြောင့်စစ်ကားကြိုက်သူများလက်လွတ်မခံသင့်တဲ့ ကားကောင်းလေးတစ်ကားလို့ပြောပါရစေ…
ဒီတစ်ခါမှာတော့ Rating 6.7 ရရှိထားတဲ့ ဂျပန် Sci-Fi ကားလေးတစ်ကား ကြည့်လိုက်ရအောင်လား… ကမ္ဘာကြီးရဲ့တခြားနေရာက ဂြိုလ်သားတွေကသူတို့တီထွင်ထားတဲ့ Back Baron စက်ရုပ်ကြီးတွေနဲ့ကျူးကျော်စစ်ပွဲတွေ ဖန်တီးပြီး လူသားတွေရဲ့ကမ္ဘာကြီးကို သိမ်းပိုက်ဖို့ကြံစည်ခဲ့ကြပါတယ်.. လူသားမျိုးနွယ်တွေရဲ့ ၉၆ ရာခိုင်နှုန်းဟာ သုတ်သင်ခြင်းခံလိုက်ရပါတယ်… ဒီအသက်ရှင်ကျန်ရစ်တဲ့အထဲမှာမှ မောင်နှမ၅ယောက်က ဒီဂြိုလ်သားတွေရဲ့ လက်ထဲကနေ ကမ္ဘာကိုပြန်လည်ရရှိအောင် တိုက်ခိုက်ဖို့အစီစဉ်တွေချခဲ့ကြပါတယ်… အဲဒါကတော့အတိတ်ကာလကိုပြန်လည်သွားဖို့ပဲဖြစ်ပါတယ်.. ဘာလို့လဲဆိုတော့ အနာဂါတ်မှာ သူတို့လူသားမျိုးနွယ်တွေ ပျက်သုဉ်းသွားပြီး ဂြိုလ်သားတွေရဲ့စစ်ပွဲဟာ အောင်နိုင်သွားလို့ဖြစ်ပါတယ်… ဒါကြောင့် သူတို့တွေဟာ အတိတ်ကိုပြန်လည်သွားရင်း အနာဂါတ်မှာဖြစ်လာမယ့် အရာတွေကို ပြန်လည်တားဆီးဖို့ ကြိုးစားကြတော့မှာဖြစ်ပါတယ်… Sci-Fi Movie တွေမှကြိုက်တဲ့လူတွေအတွက် ဒီကားလေးကိုကြည့်ဖို့ တိုက်တွန်းချင်ပါတယ်…
mmbusticketPredominantly set during World War II, Steve Rogers is a sickly man from Brooklyn who’s transformed into super-soldier Captain America to aid in the war effort. Rogers must stop the Red Skull – Adolf Hitler’s ruthless head of weaponry, and the leader of an organization that intends to use a mysterious device of untold powers for world domination. 1080p BluRay 5.1 DTS Quality ဖြင့် Marvel Cinematic Universe (MCU) Collection ကိုစုပေါင်းတင်ဆက်ပါသည်။MCU ဇာတ်ကားအားလုံးကို https://channelmyanmar.org/category/marvel-universe/ မှာ Download နိုင်ပါသည်။++++++++++++++++++++++++++++ Marvel Cinematic Universe Intro=======================Marvel ထုတ်လုပ်ရေးမှ Marvel Cinematic Universe(MCU) ကို လွန်ခဲ့တဲ့ ၁၀ နှစ်က စပြီးတည်ဆောက်ခဲ့ပါတယ်။ ပထမဆုံး ဇာတ်လမ်းဖြစ်တဲ့ Iron Man-1 နဲ့ဖြစ်ပါတယ်။ နောက်ဆုံးအပိတ်ကတော့ Endgame (2019) ဖြစ်ပါတယ်။Marvel Universe မှာ Infinity Stone လို့ ခေါ်တဲ့ စွမ်းအား အကြီးဆုံး ကျောက်တုံး(၆) လုံးရှိပါတယ်။ အဲဒီကျောက်တုံးတွေဟာ စကြဝဠာအနှံ့မှာ ပြန့်ကျဲနေတယ် ဆိုပါတော့။ ကျောက်တုံးတစ်တုံးချင်းစီမှာ သီးခြားအစွမ်းတွေ ရှိပြီး သာမာန်လူတွေ ကိုင်တွယ်သုံးစွဲဖို့ မဖြစ်နိုင်သလောက်ပါပဲ။ Infinity War ရဲ့ အဓိက ဗီလိန်ဖြစ်တဲ့ Mad titan လို့ခေါ်ကြတဲ့ Thanos က ဒီကျောက်တုံးတွေကို စုစည်းပြီး စကြဝဠာကို သူ့သဘောအတိုင်းဖန်တီးဖို့ကြိုးစားပါလိမ့်မယ်။ ဒါကို Avengers( Captain America, Iron Man, Hulk, Thor, Black Widow, Hawkeye, Vision,Scarlet Witch,Antman,Falcon) တို့နဲ့ Spiderman, Doctor Strange, Black Panther, Guardians of the Galaxy အဖွဲ့တို့ ပူးပေါင်းတားဆီးကြရင်း ဖြစ်လာတဲ့ စစ်ပွဲပါ။Infinity Stones 6 လုံးရဲ့ တည်နေရာတွေကတော့၁. Space Stone aka Tesseract (Blue) (Captain America: the first avenger ဇာတ်ကားမှာ နာဇီတွေဆီက လုယူရတဲ့ ကျောက်တုံးဖြစ်ပြီး Avengers ဇာတ်ကားမှာ လိုကီက ဂြိုလ်သားတွေကို ကမ္ဘာကိုခေါ်ဖို့ ဝင်ပေါက်ဖွင့်တဲ့နေရာမှာ အသုံးပြုခဲ့ပါတယ်၊ လက်ရှိကတော့ Asgard ဂြိုလ်ပေါ်မှာ သိမ်းဆည်းခဲ့ရင်း Thor: Ragnarok ကားအဆုံးမှာ လိုကီ ခိုးယူခဲ့တာကို တွေ့ရမှာပါ)၂။ Reality Stone aka Aether (Red) ( စကြဝဠာကို Big Bang မတိုင်ခင်အထိတောင် ပြန်ပြောင်းပစ်နိုင်ပါတယ်။ Thor 2: The Dark World မှာ ပါလာခဲ့ပြီး နောက်ဆုံး credit scene မှာ Collector ဆိုသူဆီမှာ သိမ်းဆည်းထားပါတယ်)၃။ Power Stone (Purple Orb) ( ဂြိုလ်တစ်ခုလုံးကို အသာလေးဖျက်ပစ်လို့ရတဲ့ raw power တွေပါပါတယ်။ Guardian of the Galaxy 1 မှာ ပါဝင်ခဲ့ပြီး Xander က Nova Corps စစ်တပ်လက်ထဲမှာ သိမ်းဆည်းထားပါတယ်။)၄။ The Time Stone ( The Eye of Agomotto, Green) ( အချိန်ကို လိုသလိုအသုံးချနိုင်ပါတယ်။ Doctor Starnge ဇာတ်လမ်းမှာ ပါဝင်လာပြီး လက်ရှိ ဒေါက်တာ စထ်ရိန့်က စောင့်ရှောက်ထားပါတယ်)၅။ Mind Stone (Yellow) ( ဉာဏ်ရည်ကို မြှင့်တင်ခြင်းနဲ့ စိတ်ညို့ခြင်းတွေ ပြုလုပ်နိုင်ပါတယ်။ Avengers 1 မှာ ပါဝင်ခဲ့ပြီး လက်ရှိ Vision ရဲ့ နဖူးထဲမှာ မြှပ်ထားတာပါ)၆။ Soul Stone (Orange) ( သက်ရှိ သက်မဲ့ အခြေအနေတွေကို ထိန်းချုပ်နိုင်ပါတယ်။ Planet Vormir မှာရှိပါတယ်။ )အဆိုပါ ကျောက်တုံး ၆ တုံးကို သုံးနိုင်ဖို့ Infinity Gauntlet ဆိုတဲ့ လက်အိတ်ကို လိုပါတယ်။ အဲဒီလက်အိတ်ကိုတော့ Thanos ပိုင်ဆိုင်ထားပါတယ်။ ဒီလောက်ဆို Marvel Universe ကိုကြည့်ဖို့ အကြမ်းဖျဉ်းလုံလောက်ပြီ ထင်ပါတယ်။
ဒီတစ်ခါတော့ အနာဂတ်ခေတ်လွန်အက်ရှင်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းလေးအကြောင်းကိုပြောပြရမယ်ဆိုရင်တော့ ဒီဇာတ်လမ်းလေးဟာ အနာဂတ်မှာ စတုတ္ထကမ္ဘာစစ်ဖြစ်ရခြင်းရဲ့ အကြောင်းရင်းကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ခေတ်လွန်နည်းပညာများ၊ ခေတ်လွန်လက်နက်များနဲ့ ဖန်တီးထားတဲ့ အက်ရှင်ကားကောင်းလေးမို့ Action နဲ့ Sci-Fi ကြိုက်တဲ့လူတွေအတွက် ကြိုက်နှစ်သက်မှာဖြစ်ပြီးတော့ မိသားစုနဲ့အတူကြည့်ဖို့ကောင်းသလို သူငယ်ချင်းတွေနဲ့လည်းအတူကြည့်ဖို့အဆင်ပြေတဲ့ ကားလေးတစ်ကားလည်းဖြစ်ပါတယ်…
အမေရိကန် သိပ္ပံအဖွဲ့အစည်းတစ်ခုက လူသားတွေကို ကာကွယ်စောင့်ရှောက်ဖို့အတွက် ဖရက်ဒီဆိုတဲ့ စက်ရုပ်လေးကို ဖန်တီးတီထွင်ခဲ့ကြပါတယ်။ ဒါပေမယ့် အဖွဲ့အစည်းခေါင်းဆောင် အကြီးအကဲက ဖရက်ဒီကို စစ်ပွဲတွေမှာ တိုက်ခိုက်ရေးစက်ရုပ်အဖြစ် အသုံးချဖို့ ပြင်ဆင်နေတာကို တီထွင်သူ သိပ္ပံပညာရှင် ဒေါက်တာပါမာ သိသွားတဲ့အချိန်မှာတော့ ဖရက်ဒီ့ကို ယူပြီး အဝေးကိုထွက်ပြေးလာခဲ့ပါတယ်။ သူမကိုလိုက်ရှာနေတဲ့သူတွေ ရှိတာကြောင့် ဒေါက်တာပါမာဟာ ဖရက်ဒီကို တောတွင်းတစ်နေရာမှာ ဖွက်ထားခဲ့ရင်း အထက်တန်းကျောင်းသားလေးနှစ်ယောက်က တွေ့ရှိသွားတဲ့အခါမှာတော့ အိမ်ကို ယူသွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဖရက်ဒီနဲ့ ကောင်လေးတွေ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ။ လိုက်ရှာတဲ့အဖွဲ့အစည်းလက်ကရော ဖရက်ဒီတို့ ထွက်ပြေးလွတ်မြောက်နိုင်ကြမှာလားဆိုတာတော့ F.R.E.D.I ဆိုတဲ့ စက်ရုပ်ကားလေးကို ပိတ်ရက်မှာ အေးအေးဆေးဆေးဒေါင်းလုတ်ချယူရင်း ကြည့်ရှုလိုက်ကြပါဦးဗျာ….
၂၀၁၂ တုန်းက Ek Tha Tiger ဆိုတဲ့ သူလျှိုအက်ရှင်ကားအပြီး ဒုတိယမြောက် Tiger ရုပ်ရှင်အဖြစ် ထွက်ရှိလာတာဖြစ် ပြီး စူပါစပိုင်နှစ်ယောက်ဖြစ်တဲ့ တိုက်ဂါးနဲ့ဇိုရာ သူလျှိုဇာတ် လမ်းကို ဆက်လက်ရှုစားရမှာပါ။ ဖြစ်ရပ်မှန်အကြောင်းအရာဖြစ်တဲ့ ၂၀၁၄ တုန်းက အိုင် အက်စ်အဖွဲ့က ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ သူနာပြု ၄၆ ယောက်ကို ကယ်ဆယ်တဲ့အကြောင်း အဓိက ဇာတ်အိမ်တည်ထားတာဖြစ်ပါတယ်။ ပထမဇာတ်လမ်းရဲ့ အဆက်အနေနဲ့ RAW အေးဂျင့်တိုက်ဂါးနဲ့ သူ့ချစ်သူ ISI အေးဂျင့်ဇိုရာတို့ဟာ လက်ထပ်ခဲ့ကြပြီး သားလေးနဲ့အ တူ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းခဲ့ကြပါတယ်။ ဒီလိုနဲ့ ရှစ်နှစ်လောက်ကြာခဲ့အပြီးမှာ တော့ အချစ်ကိုဦးစားပေးပြီး မိသားစုအရေးပဲ အာရုံစိုက်ခဲ့ကြ တဲ့ တိုက်ဂါးတို့စုံတွဲအတွက် မစ် ရှင်တစ်ခုပေါ်လာခဲ့ပါတယ်။ တိုက်ဂါးရဲ့ အလုပ်ရှင် ဟောင်းဖြစ်တဲ့ ရှီနွိုင်က အီရတ် မှာ အကြမ်းဖက်သမားတွေရဲ့ ပြန်ပေးဆွဲခြင်းခံရတဲ့ အိန္ဒိယသူနာပြု ၂၅ ယောက်ကို ပြန်ကယ်စေချင် ခဲ့ပါတယ်။ အကြမ်းဖက်သမား တွေလက်ထဲမှာ အိန္ဒိယသူနာပြု တွေအပြင် ပါကစ္စတန်သူနာပြု ၁၅ ယောက်လည်း ပါနေသေးတဲ့ အတွက် အိန္ဒိယသူလျှိုတိုက်ဂါးနဲ့ ပါကစ္စတန်သူလျှိုဇိုရာတို့စုံတွဲ စစ် ဆင်ရေးကို အတူလှုပ်ရှားခဲ့ကြပါ တယ်။ အတိုက်အခိုက်၊ အပစ်အ ခတ်တွေနဲ့မို့ အက်ရှင်ဇာတ်ကြမ်း ကြိုက်ပရိသတ်အကြိုက်တွေ့ မယ့် ဇာတ်ကွက်တွေ အများကြီး ပါသလို ဂီတ၊ အကနဲ့ ဒရာမာ တွေလည်း ပါတာမို့ ရသစုံပေး စွမ်းတဲ့ ဇာတ်ကားဆိုရင်လည်း မမှားပါဘူး။ အကြမ်းဖက်သမားတွေရဲ့ နယ်မြေထဲကို တိုက်ဂါးတို့စုံတွဲ ဘယ်လိုအစီအမံတွေနဲ့ ဝင်ကြမှာ လဲ။ ဓားစာခံသူနာပြုတွေကို ဘယ်လိုကယ်တင်ကြမှာလဲဆိုတာ ဆက်ကြည့်ဖို့ ဖော်ပြလိုက်ပါ တယ်။ ဒီဇာတ်ကားမှာ ဝါရင့်သရုပ်ဆောင်မင်းသား ဆယ်လ်မန်ခန်း နဲ့ မင်းသမီး ကက်ထရီနာကိတ်ဖ် တို့ကပဲ အဓိကဇာတ်ကောင်အ ဖြစ် သရုပ်ဆောင်ထားကာ ဆာဂျက်ဒယ်ဖရူဇ်၊ ဆူဒိ၊ အန်ဂက် ဘီဒီ၊ ကူမွတ်မစ်ရှ်ရာ စတဲ့သူတွေအားဖြည့်ထားပါတယ်။
mmbusticket ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ကတော့ John Oldmanလို့ခေါ်တဲ့ ပါမောက္ခတစ်ယောက်… ကျောက်ခေတ်ဦးကနေ ယနေ့ခေတ်ထိ နှစ်တွေသန်းနဲ့ချီရှင်သန်နေတဲ့ လူတစ်ယောက်အကြောင်းပါ။ သူက ကျောက်လက်နက်တွေနဲ့ အမဲလိုက်ဖူးတဲ့ လူ…. သူက ဗုဒ္ဓနဲ့ တွေ့ဖူးတဲ့လူ…. သူကိုယ်တိုင်ကို ယေရှု့လို့သတ်မှတ်ခံရဖူးခဲ့တဲ့လူ ဗင်းဆင့်ဗန်ဂိုးရဲ့ သူငယ်ချင်းဖြစ်ဖူးတဲ့လူ…. ပညာရပ်အဖုံဖုံရဲ့ ပါမောက္ခဖြစ်ဖူးတဲ့လူ… သူချစ်တဲ့လူတွေရဲ့ သေဆုံးခြင်းကို ရင်နင့်ကြေကွဲဖူးတဲ့လူ… သမိုင်းဖြတ်သန်းမှု အဆက်ဆက်ထဲမှာ စီးမျောဖူးတဲ့လူ..။ ဒီရုပ်ရှင်မှာ သူ့ရဲ့ အတွေးအခေါ်တွေကို မြင်ရမှာပါ။ မှန်သည်မှားသည်ကတော့ ကိုယ်တိုင်ပဲချင့်ချိန်ကြပါ။ ဒီဇာတ်လမ်းဟာ သူ အလုပ်ထွက်ပြီး ထွက်သွားမဲ့အချိန်မှာ သူငယ်ချင်း ပါမောက္ခတွေနဲ့ အနုပညာ ချစ်ခြင်းမေတ္တာ ရှင်သန်ရပ်တည်မှု ဘာသာရေးစသဖြင့် အကြောင်းအရာအစုံကို ဆွေးနွေးခဲ့ကြတဲ့ ညတစ်ညအကြောင်းပါပဲ….။ လူူသားတစ်ယောက်ဟာ သက်တမ်းအနေနဲ့ သက္ကရာဇ်တွေ ဘယ်ရွေ့ဘယ်မျှပဲရရ ဒီကမ္ဘာပေါ်က မြေမှုန်တစ်ပွင့်ထက် မပိုခဲ့ပါဘူး။သူ့ အသက် ၁၄၀၀၀ နဲ့တောင်မှပဲပေါ့… အသိတရားတွေလည်း အများကြီး မရခဲ့ပါဘူး။ ဒုက္ခနဲ့တစ်ခါ ရင်ဆိုင်တွေ့တိုင်း ချစ်သူ လက်ကလေး တစ်ခါကိုင်ချင်တယ်”ဆိုတဲ့ အိုမာခယမ် ကဗျာကလေးလို လူတွေမှာတွယ်တာရာ ရည်ရွယ်ရာတွေနဲ့ လောကဓံတွေကို ရင်ဆိုင်နေကြရတာ များပါတယ်။ အချိန်တွေ အကြာကြီး ရှင်သန်ရင်း… ဆုံးရှုံးခဲ့ရတာတွေသိပ်များလာတဲ့အခါမှာ “ဆုံးရှုုံးကြရမဲ့အတူတူတော့ ဘာတွေကိုများ အများကြီး ဆုပ်ကိုင်ထားကြဦးမလဲ” တွေးမိကြမှာပေမဲ့ တက်နိုင်သရွေ့တော့ တွယ်ညှိနေကြဦးမှာပါ လူတွေဟာ အမှန်တရားထက်ပိုပြီး ထိုက်တန်ကြပါတယ်တဲ့…. ဒီရုပ်ရှင်ဟာ ဘယ်လိုမှ ယုတ္တိမဆန်ပါဘူး။ ဒါပေမဲ့လည်း ကျွန်တော်တို့ နှစ်သက်တဲ့ ရုပ်ရှင်တစ်ကားရဲ့ ဇာတ်လမ်းဟာ အဖြစ်မှန် အကြောင်းအရာ ဘယ်ရွေ့ဘယ်မျှ ပါတယ်ဆိုတာနဲ့ အဲ့ဒီရုပ်ရှင်ကို တိုင်းတာလို့မရပါဘူး။တစ်ခါတလေမှာ အမှန်တရားဆိုတာ စနစ်တကျတည်ဆောက်ထားတဲ့ အလိမ်အညာတစ်ခု ဖြစ်နေတတ်ပါတယ်။ အမှန်တရားဆိုတာ တစ်ခါတလေမှာ ရသ ဆန်ဖို့လိုပါတယ် သမိုင်းသက္ကရာဇ်နဲ့ အမြင်တွေမှာ ဘာတွေရေးထိုးထားလဲ ဆိုတာတွေထက် ကိုယ့်နှလုံးသားနဲ့ အံဝင်ခွင်ကျမဲ့ အယူတစ်ခုကို တိုင်းတာ ခံယူတတ်ရပါတယ်။ ဒီရုပ်ရှင်က ဘာတွေပေးမလဲဆိုရင်တော့ အရာရာဟာ ယူသလိုပဲ ရပါတယ်။
ဒီတစ်ခါမှာတော့ မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ Sci-fi, Drama, Action ဇာတ်ကားတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ နှစ်ထောင်ပေါင်းများစွာ လူသားတွေကြောင့် အစဉ်အဆက်တိုးတက်လာခဲ့တဲ့ ကမ္ဘာကြီးဟာ လပိုင်းလေးအတွင်းမှာ လူသန်းပေါင်းများစွာ အသက်သေဆုံးရပြီးပျက်စီးအံ့ဆဲဆဲအခြေအနေကိုရောက်ရှိလာပါတော့တယ်။ ရာသီဥတုတွေအကြီးအကျယ်ဖောက်ပြန်လာပြီး ကမ္ဘာ့စီးပွားရေးကလည်း ကယ်လို့မရအောင်ကို စုန်းစုန်းမြုပ်နေတဲ့ အခြေအနေကို ရောက်ရှိနေပါပြီ။ ကမ္ဘာမီးလောင် သားကောင်ချနင်း ဆိုတဲ့အတိုင်း ဒီဖြစ်ရပ်ကြီးကို အခွင့်ကောင်းယူပြီး ခိုးဆိုးလုနှိုက်နေတဲ့လူတွေ၊ ဘာသာရေးဂိုဏ်းဆန်ဆန်စည်းရုံးရေးဆင်းကြတဲ့သူတွေ စသဖြင့် လူတန်းစားပေါင်းများစွာလည်း ပေါ်ပေါက်လာပါတယ်။ အဲဒီထဲမှာမှ အရာအားလုံးနဲ့ကင်းကင်းရှင်းရှင်းနေနေတဲ့ ဇာတ်လိုက်ကြီးကတော့Kurt ၊ စစ်မှုထမ်းဟောင်းဖြစ်ပြီး အတိတ်ပုံရိပ်တွေရဲ့ခြောက်လှန့်မှုကြောင့် ကမ္ဘာကြီးမပျက်ခင်ကတည်းက သူတစ်ယောက်တည်း ကမ္ဘာပျက်နေတဲ့သူ။ တစ်ရက်မှာတော့အကြားအမြင်ဆရာဆန်ဆန်လူတစ်ယောက်နဲ့ လမ်းမှာတွေ့တယ်။ အဲဒီအကြားအမြင်ဆရာလို့ ဆိုနိုင်တဲ့သူက လျှပ်စစ်မုန်တိုင်းတွေကြောင့် ကမ္ဘာကြီးပျက်တော့မှာဖြစ်တဲ့အတွက်သူနဲ့အတူ ဘေးကင်းတဲ့နေရာလိုက်ခဲ့ပြီး အားလုံးပြီးဆုံးသွားတဲ့အချိန်မှ ကမ္ဘာကြီးကို ပြန်လည်တည်ဆောက်ကြမယ်ဆိုပြီး လူကြားထဲမှာ အာပေါင်ရင်းသန်သန်နဲ့ မဲဆွယ်နေတဲ့သူပေါ့။ အဲဒီအကြားအမြင်ဆရာက Kurt ကိုတွေ့တဲ့အခါမှာတော့ သူနဲ့အတူလိုက်ခဲ့ဖို့ အမှန်တရားမြင်အောင်ကြည့်ဖို့ တိုက်တွန်းတယ်။ အဲဒီအခါမှာတော့ တစ်ကိုယ်ရည်ကမ္ဘာပျက်နေတဲ့Kurt တစ်ယောက် ဘဝအပြောင်းအလဲကို ဖြစ်စေမယ့် ဆုံးဖြတ်ချက်ကို ချဖို့အကြောင်းဖန်လာပါတော့တယ်။ ဘာဆက်ဖြစ်မလဲသိချင်ရင်တော့ The Last Man ဆိုတဲ့ ဒီဇာတ်ကားလေးကို အမြန်ဆုံးပဲဒေါင်းကြည့်လိုက်ကြပါလို့တိုက်တွန်းချင်ပါတယ်။
ရေ မြေ လေ မီး နဲ့ပတ်သတ်ပြီးဇာတ်လမ်းအမြောက်အများထွက်ထားဖူးပါတယ် ဒီနှစ်ရဲ့ပထမဆုံး ရေ မြေ လေ မီး ကားအဖြစ်ထွက်လာတဲ့ The last boyဟာလည်း ကြည့်လို့ကောင်းတဲ့ကမ္ဘာပျက်ကားထဲမှာပါနေပါတယ် မြေရေလေမီးနဲ့ဖွဲ့စည်းထားတဲ့ဒီကမ္ဘာကြီးမှာလေကဖောက်ပြီးလူသတ်လက်နက်ဖြစ်လာပါတယ် လေတိုက်ခံရရုံနဲ့ဇီဝိန်ကြွေတဲ့အထိဆိုးဝါးလွန်းတဲ့ခေတ်ပျက်ထဲရောက်နေတာဖြစ်ပြီး ဆီရာနဲ့အမေဖြစ်သူတို့ရဲ့သားအမိဟာလည်းရှင်ကျန်သူတွေထဲကနှစ်ယောက်ဖြစ်ကြပါတယ် နိယာမအတိုင်းလေရဲ့အားနည်းချက်ဟာရေဖြစ်တာနဲ့အညီရေရှိနေရင်တော့ အန္တရာယ်မရှိနိုင်မှန်းသိသွားတဲ့အခါမှာတော့ လွတ်မြောက်အောင်ဘယ်လိုလုပ်ကြမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်နိုင်ပါပြီ
မြို့တစ်မြို့မှာ ကလေးတွေ အကြောင်းရင်းမရှိ အရုပ်ကြိုးပြတ်လဲကျသေဆုံးရာကနေ ဒီဇာတ်လမ်းဟာ စတင်ပါတယ်… ရောဂါရှာမရ ဘာကြောင့်ရယ်မှန်းမသိ သေဆုံးသွားတဲ့ ကလေးအရေအတွက်ဟာများသထက်များလာပေမယ့် တစ်ဖက်မှာတော့အသက်ရှင်ကျန်ခဲ့တဲ့ကလေးတွေလဲရှိနေပါသေးတယ်။ မိဘများရဲ့ပူဆွေးသောကတွေကိုလျစ်လျူရှုပြီး အစိုးရကအာရုံစိုက်တာကတော့ ရှင်ကျန်ခဲ့တဲ့ကလေးတွေရဲ့ခံနိုင်ရည်နဲ့ ထူးခြားတဲ့စွမ်းရည်တွေကိုပါပဲ။ ရှင်ကျန်ခဲ့တဲ့ကလေးတွေမှာ စွမ်းရည်တွေရှိတယ်လို့ အစိုးရကသိပြီးတဲ့နောက် ကလေးတွေကို ကုသကာကွယ်ဆေးပေးခန်း အမည်ခံ အကျဉ်းစခန်းတွေမှာဖမ်းဆီးချုပ်နှောင်ထားပါတော့တယ်။ ဒီအကျဉ်းစခန်းကို အသက်၁၀နှစ်ပြည့်မွေးနေ့ပြီးနောက်တစ်ရက်မှာပဲ အဖမ်းဆီးခံလိုက်ရတဲ့ ကလေးလေးနာမည်ကတော့ ရူဘီ ဒေလီပါပဲ။ သူမတူရှားပါးလှတဲ့ စွမ်းရည်ကိုပိုင်ဆိုင်ထားပြီး အစွမ်းကြီးမားသူဆိုရင် သတ်ပစ်တဲ့အကျဉ်းစခန်းမှာ သူဘယ်လိုရုန်းကန်အသက်ရှင်မလဲ? အဲ့ဒီစခန်းကနေထွက်ပြေးဖို့ကြိုးစားပေမယ့် အောင်မြင်ပါ့မလား? အကျဉ်းစခန်းမှာလဲ ကလေးတွေချုပ်နှောင်ခံထားရပေမယ့်အပြင်လောကမှာရော ဘာတွေဖြစ်ပျက်ကုန်ပြီလဲ? အသက်ငယ်ငယ်ရူဘီလေး ဒီအခက်အခဲတွေကို သူမရဲ့သူမတူတဲ့စွမ်းရည်တွေနဲ့ကျော်ဖြတ်လို့ရောအောင်မြင်နိုင်ပါ့မလား? ဆိုတာ စိတ်ဝင်တစားဇာတ်လမ်းရဲ့အဟုန်မှာလိုက်ပါစီးမျောအဖြေရှာကြည့်ပါ။ ဒီလို စွမ်းအားတွေပိုင်ဆိုင်ထားတဲ့လူငယ်လေးတွေတစ်ယောက်ဆီမှာ ကိုယ်ပိုင်အဆင့်သတ်မှတ်ချက်ဆိုတာရှိပါတယ်…. အဲဒါတွေကတော့ အပြာရောင် အစိမ်းရောင် အဝါရောင်ဟာ သာမာန်စွမ်းအားသာရှိကြပြီးတော့ အနီရောင်နဲ့လိမ္မော်ရောင်ကတော့ ရှားပါးလွန်းတဲ့ စွမ်းအားမျိုးဖြစ်ပြီးတော့ အန္တရာယ်အရှိဆုံး သတ်မှတ်ချက်တွေဖြစ်ပါတယ်.. ဒါပေမယ့် ရူဘီလေးကတော့ လိမ္မော်ရောင်အစွမ်းကို ပိုင်ဆိုင်ထားသူပဲဖြစ်ပါတယ်… ဒီကားဟာ X Men ကားနဲ့ဆင်တူပုံစံဖြစ်ပြီးတော့ စွမ်းအားရှင်ကလေးငယ်တွေရဲ့အစွမ်းတွေကိုလည်း စိတ်ဝင်စားဖွယ်မြင်ရမှာဖြစ်ပြီးတော့ ဇာတ်လမ်းပြီးတဲ့အထိ မငြီးမငွေ့ကြည့်ရှုရမှာတော့အာမခံပါတယ်။ သဲထိတ်ရင်ဖို ဇာတ်လမ်းဆန်းဆန်းလေးတွေကိုကြိုက်နှစ်သက်တတ်တဲ့ ပရိသတ်တွေအတွက်ကတော့ အကြိုက်ဖြစ်စေမှာပါ။ ဇာတ်လမ်းကိုပေါ့သွားမှာစိုးရိမ်ကာ အညွှန်းကိုတတ်နိုင်သမျှ အကျဉ်းချုံးထားတဲ့အတွက် အညွှန်းဖတ်ကြည့်ရုံနဲ့မသိနိုင်တဲ့ဇာတ်လမ်းဇာတ်ကွက်တွေကို ဒေါင်းလော့ဆွဲကြည့်ရှုနိုင်ဖို့အတွက် The Darkest Minds (2018)ဆိုတဲ့ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။
နည်းပညာတွေတိုးတက်လာတဲ့ ခေတ်မှာ လူနဲ့လုပ်ဆောင်သောအရာတွေကို စက်တွေအစားထိုးပြီးလုပ်ဆောင်လာကြပါပြီ…. အထူးသဖြင့် စစ်မြေပြင်တိုက်ပွဲတွေမှာ လူသားစစ်သားတွေ အသေကြေနည်းပါးအောင်လျော့ချဖို့အတွက် အသုံးပြုလာကြပါတယ်… ဒီထဲမှာမှ ရေတပ်စစ်သဘောၤၤအုပ်စုတစ်ခုမှာ အသံထက်မြန်အောင် မောင်းနှင်နိုင်တဲ့ ဂျက်လေယာဉ်အုပ်စုတစ်ခုရဲ့ ၄ ယောက်မြောက်အဖွဲ့ဝင်အဖြစ် လူသားကဲ့သို့အသိဉာဏ်ရှိတဲ့ မောင်းသူမဲ့တိုက်လေယာဉ်တစ်စင်းကို အသုံးပြုဖို့အတွက် အကြောင်းဖန်လာပါတော့တယ်…. EDI လို့အမည်ပေးထားတဲ့ စွမ်းအားမြင့်မောင်းသူမဲ့လေယာဉ်ဟာ အနာဂါတ်စစ်ပွဲတွေမှာ စိုးမိုးနိုင်ဖို့အတွက် ဖန်တီးထားတာဖြစ်ပြီးတော့ သူ့အတွက်လိုအပ်တဲ့တိုက်ခိုက်ရေးအချက်လက်တွေကို ထည့်ပေးလိုက်ရုံနဲ့ သူကိုယ်တိုင် ရှာဖွေဝင်ရောက်နိုင်စွမ်းလည်းရှိပါတယ်…. တခြားတိုက်လေယာဉ်တွေနဲ့မတူတာကတော့ သူဟာ လူသားတစ်ယောက်နီးပါး ခံစားတတ်ပါတယ်… သို့ပါသော်ငြားလည်း သူဟာ လူသားတွေဖန်တီးတီထွင်ထားတဲ့ စက်ပစ္စည်းတစ်ခုသာဖြစ်ပါတယ်… စက်ပစ္စည်းတစ်ခုဖြစ်တာကြောင့် နည်းပညာပိုင်းအခက်ခဲတွေရှိတယ်လို့ မထင်စေလိုပါဘူး…ဘာလို့လဲဆိုတော့ သူဟာ အမိန့်ကိုတိကျစွာလိုက်နာနိုင်ပါတယ်… ဒါကြောင့်လည်း စစ်ဆင်ရေးတစ်ခုမှာ ချပေးလိုက်တဲ့အမိန့်တစ်ခုကို တိကျစွာလိုက်နာဆောင်ရွက်နေရင်းကနေ သူ့ရဲ့တွဲဖက်လေယာဉ်မှုးသုံးယောက်လုံး ကံကြမ္ပာဆိုးကျရောက်ဖို့စတင်လာပါတော့တယ်…. အသေးစိတ်ကိုတော့ ကိုယ်တိုင်ကြည့်ရင်းခံစားကြပါ… ဒီကားရဲ့ထူးခြားချက်ကတော့ မြန်မာဆိုတဲ့ ကျွန်တော်တို့ရဲ့နိုင်ငံလည်းပါနေတာပါပဲ… ကားတိုင်းကားတိုင်းမှာ ကိုယ့်နိုင်ငံပါနေရင်ပဲလူတိုင်းကကြည့်ချင်နေကြပါပြီ… Rating 5 ၂၀၀၅ ခုနှစ်ကထွက်ထားတဲ့ကားမို့အထင်မသေးစေချင်ပါဘူး… ဇာတ်ကားတစ်ကားရဲ့ကောင်းကွက်ဆိုးကွက်တွေကို ကြည့်သူတွေကပဲ ဆုံးဖြတ်ပေးလိုက်ကြပါဦး…… ကားကောင်းလေးတစ်ကားလို့ထင်မြင်မိပါတယ်……
Rating မြင့် Comedy/Fantasy ဇာတ်ကားဖြစ်ပြီး အပြောင်အပျက်တွေနဲ့ ရယ်ရယ်မောမောကြည့်ရမယ့်ဇာတ်ကားပဲဖြစ်ပါတယ်။ ဖုန်းနဲ့ပစ္စည်းအရောင်းဝန်ထမ်းတစ်ယောက်ရဲ့ အလွဲအကွဲတွေကိုပေါ့ပေါ့ပါးပါးရိုက်ကူးထားတာပါ။ အလုပ်မှာသိပ်အဆင်မပြေရာမှာ အောင်မြင်နိုင်မယ့် Magic Key တစ်ခုတွေ့ရှိသွားပြီးနောက် ဘယ်လိုတွေထူးခြားလာမလဲ၊ ဘယ်လိုတွေအောင်မြင်ပြီး ဟာသတွေလုပ်မလဲဆိုတာတော့ ရုံးပိတ်ရက်တွင်းပေါ့ပေါ့ပါးပါးနားရင်းကြည့်လိုက်စေချင်ပါတယ်။
olis ဆိုတဲ့ဇာတ်ကားလေးကတော့ space science ကားတွေကြိုက်တဲ့ပရိသတ်တွေအတွက် ကြည့်လို့ကောင်းမဲ့ scifi ဇာတ်ကားလေးတစ်ခုပဲဖြစ်ပါတယ်. ဇာတ်လမ်းတစ်ခုလုံးမှာဇာတ်ဆောင်အနေနဲ့ မင်းသားကြီး steven ogg တစ်ယောက်တည်းအစအဆုံးသရုပ်ဆောင်ထားတဲ့ low cost scifiကားလေးလည်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ဂြိုလ်တွေပေါ်မှာ သတ္တုတွေကိုရှာဖွေဖို့ လွှတ်တင်ခဲ့တဲ့ အာကာသယာဉ်တစ်စင်းဟာ ဂြိုလ်သိမ်ဂြိုလ်မွှားတစ်ခုနဲ့တိုက်မိခဲ့ပြီးပျက်စီးသွားခဲ့ပါတယ်။ အဲ့ဒီမှာ ဟော်လိုဝေးဆိုတဲ့အင်ဂျင်နီယာတစ်ယောက်ပဲကျန်ရစ်ခဲ့ပြီး သူ့ရဲ့ရှင်သန်မှု အတွက်ကြိုးစားရုန်းကန်ရတဲ့ survival scenes တွေကိုတစ်ဝကြီးကြည့်ရှုရမဲ့ဇာတ်ကားလေးတစ်ကားပဲဖစ်ပါတယ်။ သရုပ်ဆောင်အနေနဲ့ မင်းသားကြီး steven oggနဲအသံသရုပ်ဆောင်အနေနဲ့ မင်သမီးAlice loweတို့၂ယောက်တည်းပါဝင်သရုပ်ဆောင်ထားပေမဲ့လုံးဝပျင်းစရာမကောင်းတဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။
DC fan တွေအတွက်တော့ Aquaman 1Billion ဂယက်အပြီးမှာနောက်ထပ်ဂယက်ထဖို့အကြောင်းဖန်လာပြန်ပါပြီ။အဲဒါကတော့ Death of Superman ရဲ့အဆက် Reign of Superman ပါပဲ။Doomsday နဲ့တိုက်ပွဲအပြီးမှာ Superman သေဆုံးသွားတဲ့အတွက်တစ်ကမ္ဘာလုံးဟာ နှမြောတသဝမ်းနည်းပူဆွေးနေတဲ့အချိန်မှာ သူ့ရဲ့ကွက်လပ်ကိုဖြည့်တင်းဖို့အတွက် Superman တွေများစွာပေါ်ပေါက်လာပါတယ်။အဲဒီ Superman တွေကဘယ်သူတွေလဲ၊ဘယ်ကလာတာလဲ၊ ဘာရည်ရွယ်ချက်ကြောင့်လာတာလဲ ဘယ်သူမှမသိကြပါဘူး။Superman ရဲ့နေရာကိုဆက်ခံဖို့ရော ထိုက်တန်ကြရဲ့လား။နောက်ပြီး Superman အစစ်ရဲ့ရုပ်ကြွင်းကလည်း ဘယ်ကိုရောက်သွားတာလဲ။ဒါကိုလည်းမသိကြပါဘူး။အရာအားလုံးဟာ ပဟေဠိဆန်ဆန်ဖြစ်နေပါတယ်။ဒီရုပ်ရှင်ရဲ့ Plot ကတော့ အများကြီးပြောပြလို့မရတဲ့အထဲမှာပါတယ်ဗျ။Superman မရှိတော့တဲ့နောက်ပိုင်းSuperman ကိုလိုက်တုတဲ့သူတွေ ပေါ်လာတယ်။လူတွေကိုကယ်တယ်။အဲဒီလိုဇာတ်ကောင်တွေကို တဖြည်းဖြည်းချင်းမိတ်ဆက်၊ နောက် သူတို့ရဲ့ Identity တွေဖော်သွားပြီးမှ ဇာတ်လမ်းကျောရိုးပေါ်လာတာကြောင့်ပါ။DC ဖန်တွေအတွက်လုံးဝကြည့်ရကျိုးနပ်စေမယ့် ကြက်သီးထစေမယ့် အခန်းတွေလည်း အများကြီးပါပါတယ်။နောက်ပြီးတော့ Credit Scene တစ်ခုလည်းပါပါသေးတယ်။ကဲ အများကြီးညွှန်းမနေချင်တော့ဘူးဗျာ။DCAMU က ကျွန်တော်တို့ကို ဘယ်တုန်းကစိတ်ပျက်အောင်လုပ်ခဲ့ဖူးလို့လဲ။မြန်မြန်သာကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
Pacific Rim ရဲ့ ဒုတိယမြောက်ကားလေး ၅နှစ်ကြာတဲ့အခါ ပရိသတ်ရှေ့ ရောက်လာပါပြီ။ IMDb Ratinf 6/10 ရထားပြီးတော့ ဘတ်ဂျပ် $ ၁၇၀millionကျော် အကုန်အကျခံပြီး ရိုက်ကူးတင်ဆက်ထားတာပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ Pacifim Rim တုန်းက ကိုင်ဂျူးလို့ခေါ်တဲ့ ဂြိုလ်သားတွေရဲ့ ကျူးကျော်မှုကိုတိုက်ခိုက်မှုကို ယေဂါလို့ခေါ်တဲ့ ဧရာမစက်ရုပ်ကြီးတွေနဲ့ တန်ပြန်တိုက်ခိုက် လို့အောင်မြင်ခဲ့ပြီး ကမ္ဘာနှစ်ခုဆက်သွယ်ထားတဲ့ တွင်းပေါက်ကြီးကို ဖျက်ဆီးပစ်နိုင်ခဲ့တာ ၁၀ နှစ်ကျော်ကာလကို ရောက်ရှိနေပါပြီ။ ဒါပေမယ့် ယေဂါတွေရဲ့ အားနည်းချက်ကတော့ စက်ရုပ်ရဲ့ တိုက်ခိုက်နိုင်စွမ်းဟာ သူ့ကိုမောင်းနှင်တဲ့ ပိုင်းလော့ဒ်နှစ်ယောက်ရဲ့ သဟဇာတဖြစ်မှု ပိုင်းလော့ဒ်တွေရဲ့ ကျွမ်းကျင်မှုအပေါ်မူတည်နေသလို ကျူးကျော်လာတဲ့ကိုင်ဂျူးဆီကို သွားတိုက်တဲ့အခါမှာ စက်ရုပ်အကြီးကြီးမို့ သယ်ယူပို့ဆောင်ရေးမှာ ကြံ့ကြာနေတဲ့အချက်ပါပဲ။ ဒါကြောင့် ပိုင်းလော့ဒ်ကောင်းတွေရအောင် ငယ်စဉ်ကတည်းက လေ့ကျင့်ပေးရပါတယ်။ ဒါကြောင့် လူသားတွေအနေနဲ့ ဒါတွေကို ဖြေရှင်းနိုင်ဖို့နည်းလမ်းတွေ ကြံစည်လာပါတယ်။ ဒီမှာ တရုတ်နိုင်ငံ “ရှောင်-စက်မှုလုပ်ငန်း” ကနေ နည်းပညာအသစ်တွေနဲ့ ရှာကြံပြီး လူတစ်ယောက်တည်းကသာ မောင်းနှင်နိုင်ပြီး အဝေးထိန်းနဲ့ ထိန်းချုပ်နိုင်တဲ့ ယေဂါဒရုန်းစက်ရုပ်ကြီးတွေကို ပိုင်းလော့ဒ်တွေရှာရတဲ့ဒုက္ခ ကိုင်ဂျူးတွေနဲ့ တိုက်ခိုက်ရင်း ပိုင်းလော့ဒ်တွေမသေအောင်ဆိုပြီး တီထွင်နိုင်လိုက်ပြီး တစ်ကမ္ဘာလုံးအနှံ့တပ်ဖြန့်ထားနိုင်အောင် လုပ်ဆောင်နေပါပြီ……. -ဒီလိုအဖက်ဖက် အဆင်သင့်ပြင်ထားပေမယ့် ကိုင်ဂျူးတွေဖက်ကရော ကျူးကျော်ဖို့ ဘာတွေဘယ်လိုပြင်ဆင်နေကြသလဲ -ကို င်ဂျူးတွေအရင်က အကောင်သေးတွေကနေ တဖြည်းဖြည်း ဆင့်ကဲတိုးတက်လာလို့ အရင်က အဆင့်-၄ အဆင့်-၅ လောက်ရှိတဲ့အကောင်ကြီးတွေက အခုရောဘယ်အဆင့်ထိ သတ်မှတ်နိုင်တဲ့ ကိုင်ဂျူးအကောင်ကြီးမျိုးတွေဖြစ်လာမှာလဲ -ဒီကားထဲမှာ ယေဂါတွေထဲက နာမည်ကျော်စက်ရုပ်တွေဖြစ်တဲ့ ဂျစ်ပစီအဗန်းဂျား…နိုဝင်ဘာအေဂျက်….ဆေဗာအသီနာ…..ဂါးဒီးယမ်းဘရာဗို….ဘရေဇာဖီးနစ် အစရှိတဲ့ဧရာမစက်ရုပ်ကြီးတွေက ဘယ်လိုအစွမ်းအစရှိသလဲတာကို ကြည့်လိုက်ကြရအောင်…..
Next (2007) =======ဒီတစ်ခါ တင်ဆက်မဲ့ကားကတော့ Nicolas Cageရဲ့ ရွှေခေတ်တုန်းက အက်ရှင်ကားတစ်ကားပါ။ဘဝမှာ နောက်ထပ်ပြီး နောက်ထပ် ဘာပြီးရင် ဘာတွေဖြစ်မလဲ ကြိုသိနေကြရင် ဘာတွေများဖြစ်လာပါမလဲ… အနာဂတ်နဲ့ ပက်သက်တဲ့ပြဿနာတစ်ခုက အနာဂတ်ကို ကြည့်လိုက်တဲ့အချိန်တိုင်းမှာ ကြည့်လိုက်တဲ့အတွက် အနာဂတ်က ပြောင်းလဲသွားတာပါပဲ….။ ဒီဇာတ်လမ်းကတော့ အနာဂတ်ကို မြင်နိုင်တဲ့လူတစ်ယောက်ရဲ့ စွန့်စားခန်းတစ်ခုကို ရိုက်ကူးပြသထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အနာဂတ်ကို အရှေ့၂မိနစ် ကြိုမြင်နိုင်တဲ့ မျက်လှည့်ဆရာတစ်ယောက်ရှိပါတယ်။ တစ်ဖက်မှာလည်း FBI ဟာ နျူကလိယား တိုက်ခိုက်မှုတစ်ခုကိုကို ဖြေရှင်းနေရပါတယ်။ ဒီလိုနဲ့ FBI က အရှေ့ကို ၂မိနစ်ကြိုမြင်နိုင်တဲ့ မျက်လှည့်ဆရာကို သတိထားမိပြီး သူ့ကို အသုံးချဖို့လုပ်ပေမဲ့.. မျက်လှည့်ဆရာဟာ သူမလုပ်နိုင်တာကြောင့် ထွက်ပြေးခဲ့ပါတယ်။ FBI နဲ့ အကြမ်းဖက်သမားတွေက သူ့ကို ထောင်ဖမ်းကြပေမဲ့ ရှေ့၂မိနစ်ကြိုမြင်နေရတဲ့အတွက် သူတို့ထက် နှာတစ်ဖျားသာနေတဲ့အခါမှာတော့ ဘယ်လိုတွေဆက်ဖြစ်သွားမလဲ….။ဒီဇာတ်ကားဟာ -Action, Sci-Fi, Thrillerအမျိုးအစား ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။
Monstrum ဟာ ဘုရင်ဂျောင်ဂျုံလက်ထပ် ၁၅၇၂ ခုနှစ်မှာ တော်ဝင်နန်းတော်ကိုခြိမ်းခြောက်ခဲ့တဲ့ ထူးဆန်းတဲ့သတ္တဝါဆိုးကြီးအကြောင်းကိုမှတ်တမ်းမှတ်ရာတွေကို ပြန်လည်ရိုက်ကူးတင်ပြထားတဲ့ ကိုရီးယားနန်းတွင်းရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်…ဘုရင်က အဲဒီသတ္တဝါကြီးကို အမဲလိုက်ဖို့သူ့လူယုံတွေကို စေခိုင်းခဲ့တဲ့အကြောင်း သမိုင်းမှတ်တမ်းထဲမှာ ဖော်ပြထားပါတယ်…ရုပ်ရှင်ဒါရိုက်တာ Heo Jang-ho က ”ဒီရုပ်ရှင်ဟာ စိတ်ကူးယဉ်သတ္တဝါအကြောင်းကို ပုံဖော်ထားပါတယ်….ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်စိတ်ကူးယဉ်ပုံစံကို အခြေခံထားတဲ့ သတ္တဝါတစ်ကောင်ကို ဖန်တီးခဲ့ပါတယ်…ဒါပေမယ့် ကွဲပြားချက်ရှိနေတာက ကျွန်တော်တို့က သမိုင်းမှတ်တမ်းတွေကနေအိုင်ဒီယာယူထားတာလည်း ဖြစ်ပါတယ် ” လို့ သြဂုတ်လ ၁၆ ရက်နေ့ကပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့ပါတယ်…ဝါရင့်သရုပ်ဆောင် ကင်မြောင်မင်းက ဘုရင်ကိုထီးနန်းကနေဖယ်ရှားဖို့နဲ့ အန္တရာယ်ပေးနေတဲ့ သတ္တဝါဆိုးကြီး နောက်ကိုထပ်ကြပ်မကွာလိုက်သွားခဲ့တဲ့ ဘုရင့်ရဲ့လူယုံတော် Yoon Gyeom အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်….မင်းသား Kim In-kwon ကတော့ရှာဖွေရေးအဖွဲ့ထဲကYoon ရဲ့ညာလက်ရုံး Seong-han အဖြစ်သရုပ်ဆောင်ထားပါတယ်…နာမည်ကျော် Kpop အဆိုတော်အဖွဲ့ Girl – Day မှအဆိုတော် သရုပ်ဆောင်Hyeri က Yoon ရဲ့သမီး Myeong အဖြစ်လည်းကောင်းမင်းသား Choi Woo-Sik ကဘုရင့်အမိန့်တော်ကို လာရောက်ပေးအပ်တဲ့တပ်မှူးအဖြစ်လည်းကောင်း ပါဝင်သရုပ်ဆောင်ထားကြပါတယ်… မင်းသား Kim Myung-min က ”ဇာတ်ညွှန်းကစိတ်ဝင်စားဖို့ကောင်းပြီးထူးခြားပါတယ်…မမြင်ရတဲ့ရန်သူကို တိုက်ခိုက်ရမယ်ဆိုတဲ့အချက်ကကျွန်တော့ကိုစိတ်ဝင်စားစေပါတယ်…ပြီးတော့ ရုပ်ရှင်ဟာ စိတ်ကူးယဉ်နဲ့စိတ်ကူးယဉ်နဲ့တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းကိုအခြေခံထားလို့လည်းစိတ်ဝင်စားဖို့ကောင်းပါတယ်..’Yoon အဖြစ်နဲ့သမိုင်းနောက်ခံဒရာမာတွေမှာ သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကောင်တွေအားလုံးကို မြင်တွေ့နိုင်မှာပါ…ကျွန်တော်အရင်တုန်းကသရုပ်ဆောင်ခဲ့တာတွေနဲ့လည်း ဆင်တူပါတယ်…ပြီးတော့ ဇာတ်ကောင်ကို ကျွန်တော်ပေါ့ပေါ့ပါးပါးရောလေးလေးပင်ပင်ရော မဖြစ်အောင်ဖန်တီးထားပါတယ်…” လို့ပြောကြားခဲ့ပါတယ်….အခုရုပ်ရှင်ဟာ မင်းသမီး Hyeri အတွက်တော့ ပထမဆုံး ရုပ်ရှင်လည်းဖြစ်ပါတယ်….သူက ဂျိုဆွန်းခေတ်မှာ ဇာတ်အိမ်တည်ထားတဲ့ သတ္တဝါအဆန်းကြီးအကြောင်းဖြစ်တဲ့အတွက် ရုပ်ရှင်ကပိုပြီးဆွဲဆောင်မှု့ရှိမယ်လို့ ကျွန်မခံစားရပါတယ်…ကျွန်မအတွက်စီနီယာကျတဲ့ သရုပ်ဆောင်ကောင်းတွေနဲ့ အလုပ်အတူလုပ်ရတာ ဂုဏ်ယူမိတယ် ” လို့ပြောဆိုခဲ့ပါတယ်…သူ့အတွက်ပထမဆုံး ရုပ်ရှင်ဖြစ်တဲ့အတွက် စိတ်လှုပ်ရှားမိပေမယ့်ရုပ်ရှင်ရိုက်ကူးနေစဉ်နဲ့ မြှားပစ်လေ့ကျင့်ရေးတို့မှာလည်းပျော်ရွှင်ခဲ့ရတဲ့အကြောင်းလည်းပြောဆိုခဲ့ပါတယ်…ဒီကားဟာ Rating 6 ရရှိထားပြီးတော့ Action ကားတွေကြိုက်တဲ့လူတွေအတွက် ဇာတ်ကားအစပိုင်းမှာ အရသာပေါ့သလိုခံစားနိုင်ပေမယ့်နောက်ပိုင်းတွေကစပြီးတော့ အပြီးထိကြည့်ချင်စိတ်ကိုဆွဲခေါ်သွားစေနိုင်မယ့် ကားဖြစ်ပါတယ်….(ဒီကားရဲ့ ရုပ်ရှင် အညွှန်းကိုတော့ Burma.Irrawaddy ကကူးယူဖော်ပြထားပြီးတော့
လူစီဟာ ထိုင်ဝမ်နိုင်ငံ တိုင်ပေမြို့မှာ ကျောင်းတက်နေတဲ့ ကျောင်းသူတစ်ယောက်ပါ။သူ့ရဲ့ ရည်းစားက သူ့ကို လိမ်ခေါ်လာတာကြောင့် ကိုရီးယားကလူဆိုးအဖွဲ့တစ်ဖွဲ့ဆီမှာ အဖမ်းခံရပါတယ်။ သူ့ရည်းစားလည်းအသတ်ခံရပြီး သူကတော့ CPH4 လို့ခေါ်တဲ့ စိတ်ကြွဆေးတစ်မျိုးကိုသယ်ဆောင်ပေးဖို့ အကြပ်ကိုင်ခံရပါတယ်။ ဘယ်လို သယ်ဆောင်ပေးရမလဲဆိုတော့ သူ့ဗိုက်ကိုခွဲ၊CPH4 အိတ်ကို ဗိုက်ထဲ ထည့်ပေးလိုက်ပါတယ်။သူလိုမျိုး ထည့်ပေးခံလိုက်ရသူ ၄ ဦးရှိပြီး မတူညီတဲ့ နေရာတွေဆီ ပို့ပေးရမှာပါ။ဒါပေမယ့် သူ့ကို စောင့်ပေးရတဲ့ လူဆိုးတစ်ယောက်နဲ့ ပြဿနာတက်ပြီးဗိုက်ကို အကန်ခံရတာကြောင့် CPH4 အိတ်ပေါက်သွားပြီးခန္ဓာကိုယ်ထဲကို CPH4 တွေ တိုက်ရိုက်ဝင်ကုန်ပါတယ်။ပရော်ဖက်ဆာ ဆမ်မြူရယ် နော်မန်ဟာ သက်ရှိတွေရဲ့ ဦးနှောက်နဲ့အာရုံကြောတွေ တိုးတက်ပြောင်းလဲလာမှုကို သုတေသနပြုစာတမ်းရေးသားနေသူဖြစ်ပြီး သူ့ရဲ့ သီအိုရီအရ လူသားတွေဟာသူတို့ဦးနှောက်ရဲ့ ၁၀%ကိုသာ အသုံးပြုနေကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။၂၀%ကို အသုံးပြုနိုင်သူတွေဟာ လင်းပိုင်တွေဖြစ်ပြီး ဆိုနာလှိုင်းတွေကိုအသုံးပြုရင်း တစ်ကောင်နဲ့တစ်ကောင် ဆက်သွယ်ကြကြောင်းလည်း ရှင်းပြခဲ့ပါတယ်။မေးခွန်းက ဒီ့ထက်ပို အသုံးပြုခဲ့ရင်၊ အဆုံးစွန်ဆုံး ၁၀၀% အသုံးပြုခဲ့ရင် ဘာဖြစ်မလဲ ဆိုတာပါပဲ။လူစီရဲ့ ခန္ဓာကိုယ်ထဲက CPH4 တွေဟာ ဦးနှောက်နဲ့ အာရုံကြောတွေကိုအလွန်အကြူး လှုံ့ဆော်လာတဲ့အခါမှာ သာမန်ထက်ပိုထက် စွမ်းအားတွေရလာခဲ့ပါတယ်။ သူ့ကို ဖမ်းဆီးထားတဲ့ လူတွေလက်ထဲကနေ ထွက်ပြေးပြီးနောက်ဆေးရုံကိုသွားပြီး ဗိုက်ထဲက အိတ်ကို ပြန်လည်ထုတ်ယူလိုက်ပါတယ်။နောက်မှာတော့ Lucy ဟာ သူ့ရဲ့ အခြေအနေကို ရိပ်စားမိသွားပြီးအကယ်၍ ဆေးထုပ်တွေ အကုန်လုံးသား မရခဲ့ရင် ဆဲလ်ကွဲပွားမှုကြောင့်သူသေသွားနိုင်ကြောင်း သိသွားပါတယ်။ ဒါကြောင့်ကိုရီယားလူဆိုးဂိုဏ်းခေါင်းဆောင် ရှိတဲ့ ဟိုတယ်ကိုသွားပြီးဆေးထုပ်တွေကို ဘယ်လမ်းကြောင်းကနေ ဖြန့်သလဲဆိုတာ စုံစမ်းပါတယ်။ဆေးထုပ်တွေ ဘယ်ရောက်သွားလဲဆိုတာ သိသွားပြီးနောက်မှာတော့လူစီဟာ ပရော်ဖက်ဆာ နော်မန်ဆီ ဆက်သွယ်ပါတော့တယ်။သူမတူတဲ့ စွမ်းအားတွေကို အစမ်းသဘောပြပြီးနောက်မှာတော့ပရော်ဖက်ဆာက သူနဲ့တွေ့ဖို့ သဘောတူလိုက်ပါတယ်။အဲဒီနောက်မှာတော့ လူစီဟာ ထိုင်ဝမ်ကနေ ပြင်သစ်ကို ခရီးဆက်ပါတယ်။ပြင်သစ်က ရဲတစ်ယောက်ဖြစ်တဲ့ Pierre Del Rio ဟာCPH4 နဲ့ ပတ်သက်တဲ့ သတင်းကို လူစီထံကနေ လက်ခံရရှိပါတယ်။ထူးခြားတဲ့ လူစီရဲ့ ပြောကြားချက်တွေကြောင့် Del Rio ဟာလူစီပြောတဲ့အတိုင်း လူဆိုးတွေကို ဖမ်းဆီးနိုင်လိုက်ပါတယ်။ဒါပေမယ့် လေယာဉ်ပေါ်မှာ လူစီဟာ ဆဲလ်ကွဲပွားမှု အလွန်အကျူး ဖြစ်လာပြီးသတိလစ်သွားတာကြောင့် Del Rio က လာဖမ်းပါတယ်။ဒါပေမယ့် လာဖမ်းတဲ့ရဲတွေကို လူစီက အလွယ်တကူပဲနှိမ်နင်းလိုက်ပြီး သူ့ကို ကူညီဖို့ Del Rio ကို ပြောပါတယ်။မငြင်းနိုင်တဲ့ Del Rio ဟာ လူစီခေါ်ဆောင်ရာ ပါသွားပါတယ်။လူစီနဲ့ ကိုရီးယား ဂိုဏ်းတို့ ဘယ်လို အားပြိုင်ကြမလဲ။ ပရော်ဖက်ဆာကရောသူ့ကို ဘယ်လို ကူညီမလဲဆိုတာကိုတော့ ဆက်လက်ရှုစားကြပါကုန်။နာမည်ကျော် ညှို့အားပြင်း မင်းသမီးချော Scarlett Johanssonခေါင်းဆောင်ပါဝင်ပြီး ကိုရီးယား မင်းသားကြီး Choi Min Sik ကJohansson နဲ့ အပြိုင် လူဆိုးကြီးအဖြစ် သရုပ်ဆောင်ထားပါတယ်။ပရော်ဖက်ဆာ နော်မန်အဖြစ် Morgan Freeman က Logic တွေတော်ကီပွားရုံ သရုပ်ဆောင်ထားပြီး Amr Waked က Del Rio အဖြစ်သရုပ်ဆောင်ထားပါတယ်။ The Fifth Element နဲ့ The Lady ဇာတ်ကားတွေကိုရိုက်ကူးခဲ့တဲ့ ပြင်သစ်ဒါရိုက်တာ Luc Besson က ရိုက်ကူးထားပြီးကုန်ကျစရိတ် ဒေါ်လာ သန်း ၄၀ပဲ ရှိခဲ့ပေမယ့် ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ IMDb မှာ Rating 6.6 ရရှိထားပြီးRotten Tomatoes မှာလည်း Tomatometer 62% ရရှိထားတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ဇာတ်လမ်းရဲ့ ကျောရိုးယူဆချက် ကောင်းမွန်သလောက် အဲဒီယူဆချက်ကိုမှီအောင် ဇာတ်အိမ်ကို ဇွတ်အတင်းဆွဲသွင်း တည်ဆောက်ထားရတဲ့ဇာတ်ကားလို့ပဲ ဝေဖန်ချင်ပါတယ်။ ရုပ်ထွက် အထူးပြုလုပ်ချက်များစွာနဲ့စွဲဆောင်မှုရှိအောင် ဖန်တီးထားသလို မင်းသမီး Scarlett Johansson ရဲ့ညှို့ငင်နိုင်စွမ်းအားကို အဓိကအသုံးချပြီး ဇာတ်ကို သယ်ဆောင်သွားပေမယ့်ဇာတ်လမ်းအဆုံးသတ်ကတော့ အတော်ကို စိတ်ပျက်ဖို့ ကောင်းပါတယ်။Logic တွေကို အရမ်းဦးစားပေးပြီး တကယ့်ဇာတ်အိမ်သယ်ရမယ့်အခန်းတွေမှာ ဖြစ်သလို ဇာတ်ကွက်တွေ ထည့်သွင်းထားတာကလည်း စိတ်ပျက်စရာပါ။ရန်သူကို လွယ်လွယ်ကူကူ ရင်ဆိုင်နိုင်ပေမယ့်လည်း စွတ်ရွတ်အစွမ်းတွေထုတ်ပြနေပြီး တကယ်တမ်းကျတော့ လှည့်ကွက်တွေ သိပ်မပါပဲနောက်ဆုံးခန်းကျမှ သူပြချင်တဲ့ Logic ကို ထုတ်ပြရင်း မျက်လှည့်ပြထားပါတယ်။ဒီဇာတ်ကားထဲက Logic နဲ့ ပတ်သက်လို့ကတော့ ဟောလိဝုဒ်မှာအတော်လေး ရိုက်ခတ်သွားပြီး ငြင်းခုန်နေကြဆဲ ဖြစ်ပါတယ်။ဇာတ်လမ်းထဲက ရိုက်ချက်တွေနဲ့ မင်းသမီးရဲ့ သရုပ်ဆောင်ချက်တွေကတော့ထိပ်တန်းအဆင့် ရှိပါတယ်။ ခေါင်းစားခံနိုင်မယ့်သူမျိုးသာ ကြည့်သင့်တဲ့ဇာတ်ကားမျိုးပါပဲ။ သွေးအေးအေးနဲ့ ပစ်သတ်တဲ့ အခန်းတွေ၊သွေးထွက်သံယို အခန်းတွေကြောင့် Rating R အဆင့်သတ်မှတ်ထားတာကြောင့် ကလေးတွေ ကြည့်ဖို့ မသင့်တော်ပါဘူး။
ဘုရားသခင်ဟာ လူသားမျိုးနွယ်ကို လူစီဖာနှောက်ယှက်တဲ့ရန်ကနေ ကာကွယ်ဖို့အတွက် အိန်ဂျယ်အယောက်နှစ်ရာကို စောင့်ကြပ်သူများအဖြစ် ကမ္ဘာမြေပေါ်စေလွှတ်ခဲ့ပါတယ်။ ဒါပေမယ့် စောင့်ကြပ်သူတွေဟာ လူသားတွေကို သွေးထိုးပြီး စစ်ပွဲတွေ မငြိမ်းချမ်းမှုကိုဖြစ်စေတဲ့အတွက် ဘုရားသခင်က ကမ္ဘာကြီးကို ရေနှစ်မြှုပ်သန့်စင်ခဲ့ပြီး စောင့်ကြပ်သူတွေကိုလည်း ကျောက်ရုပ်တွေအဖြစ် ပြောင်းလဲခဲ့ပါတယ်။ ဒါပေမယ့် လူစီဖာဟာ စောင့်ကြပ်သူအစ်ဇီရယ်ကို ကယ်တင်ခဲ့နိုင်ခဲ့ပြီး နတ်ဆိုးဆင်မြူဇာကိုလွတ်မြောက်အောင်လုပ်ဖို့ တာဝန်ပေးခဲ့ပါတယ်။ ဆင်မြူဇာကိုလွတ်မြောက်စေနိုင်တာက ဘုရားသခင်ကို ပုန်ကန်ခဲ့သူ ဂျုဒပ်စ်နောက်ဆုံးမျိုးဆက်ရဲ့ သွေးပဲဖြစ်ပါတယ်။ မိဘမဲ့အဖြစ် ကြီးပြင်းလာခဲ့ရတဲ့ အထက်တန်းကျောင်းသူလေးဖြစ်တဲ့ လစ်ဇီတစ်ယောက် ကမ္ဘာကြီးရဲ့အဆုံးသတ်က သူ့လက်ထဲမှာရှိနေတယ်ဆိုတာကို သိလိုက်ရတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဒီဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုအားပေးကြပါဦးနော်…
အခုမိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ IMDB Rating 5.6 အထိရရှိထားတဲ့ Fantasy,Sci-fi ဇာတ်ကားဖြစ်တဲ့ Kin (2018) ပါ။ဇာတ်လမ်းရဲ့အဓိကဇာတ်ကောင် အီလိုင်ဂျာက မွေးစားခံထားရတဲ့ သူ့ရဲ့အသိုင်းအဝိုင်းမှာ လူဝင်မဆံ့တဲ့ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။သူက ပစ်ထားတဲ့နေရာကနေ ဝါယာကြိုးတွေ ခိုးရင်းနဲ့ ထူးဆန်းတဲ့ပစ္စည်းတစ်ခုကို ရှာတွေ့ခဲ့ပါတယ်။အိမ်ကိုပြန်လာတဲ့ ထောင်ထွက်တစ်ယောက်ဖြစ်တဲ့ မွေးစားအစ်ကို ဂျင်မီက လူဆိုးဂိုဏ်းခေါင်းဆောင် တိုင်လာ အပေါ်မှာ အကြွေးတင်နေခဲ့တဲ့ အတွက် သူ့အဖေကိုပေးဖို့တောင်းပါတယ်။သူ့အဖေကငြင်းတဲ့အခါ တိုင်လာနဲ့အတူ သူ့အဖေရဲ့ မီးခံသေတ္တာကိုဖောက်ထွင်းဖို့ကြိုးစားချိန်မှာ သူ့အဖေကတွေ့သွားပြီး အပစ်ခံလိုက်ပါတယ်။ အဲဒီအချိန်မှာ ဂျင်မီက အီလိုင်ဂျာလေးကို ခရီးသွားမယ်လို့လိမ်ပြီး ပိုက်ဆံတွေယူပြေးလာခဲ့ပါတယ်။သူတို့နောက်ကို ညီဆုံးရှုံးခဲ့ရတဲ့ တိုင်လာကလည်း လိုက်ဖို့ကြိုးစားပါတယ်။သူတို့သွားရင်း ကလပ်တစ်ခုရောက်တဲ့အခါ သူရှာတွေ့ထားတဲ့ ပစ္စည်းက စွမ်းအားပြင်းတဲ့ သေနတ်တစ်လက်ဖြစ်နေတာကို တွေ့ရတဲ့အခါမှာတော့…
Justice Leauge: Crisis On Two Earthsကြည့်သင့်တဲ့အကြောင်းပြချက်တွေအများကြီးထဲကတစ်ခုပြပါဆိုဒီကားကparallel earthကိုအခြေခံထားတာပါပဲလူဆိုးတွေကလူကောင်းဖြစ်နေမယ် လူဆိုးတွေကလူကောင်းဖြစ်နေမယ်အထာကျမှုတွေများစွာနဲ့characters developmentတွေကိုမြိုင်မြိုင်ဆိုင်ဆိုင်တွေ့နိုင်ပါတယ် ဒီကားကကျွန်တော်တို့သိထားတဲ့Lex Luthorနဲ့Jokerရဲ့အကြောင်းတော့မဟုတ်ဘူးဗျအနည်းဆုံးတော့သူတို့တွေသာလူကောင်းတွေဖြစ်ခဲ့ရင်…ကျွန်တော်တို့သိနေခဲ့တဲ့လူကောင်းတွေကသာလူဆိုးတွေဖြစ်နေခဲ့ရင်…Crime Syndicate HqကနေLexနဲ့Jokerတို့ဟာdimensional travel deviceကိုဝင်ခိုးတဲ့ဇာတ်ဝင်ခန်းနဲ့စထားပြီးမထင်ထားတဲ့စတေးခံမှုတွေနဲ့ပါးစပ်အဟောင်းသားဖြစ်သွားစေနိုင်plotနဲ့စထားတာမို့လုံးဝမပျင်းစေရဘူးဆိုတာတော့အာမခံပါရစေLex ဟာသူ့အဖွဲ့တိုင်ပင်ပြီးနောက်ဆုံးမှာတော့ကျွန်တော်တို့ရဲ့ကမ္ဘာကိုရောက်လာပြီးJLကိုအကူအညီလာတောင်းပါတော့တယ်Supermanရဲ့x rayနဲ့Lexဟာအခြားparallel earthကဖြစ်ကြောင်းအတည်ပြုပြီးတဲ့အခါမှာတော့Lexကိုကူညီပေးကြဖို့ဆုံးဖြတ်လိုက်ကြပါတော့တယ်ဘယ်လိုတွေကူညီကြမယ်ဆိုတာတော့…
With the world now aware of his dual life as the armored superhero Iron Man, billionaire inventor Tony Stark faces pressure from the government, the press and the public to share his technology with the military. Unwilling to let go of his invention, Stark, with Pepper Potts and James ‘Rhodey’ Rhodes at his side, must forge new alliances – and confront powerful enemies. 1080p BluRay 5.1 DTS Quality ဖြင့် Marvel Cinematic Universe (MCU) Collection ကိုစုပေါင်းတင်ဆက်ပါသည်။MCU ဇာတ်ကားအားလုံးကို https://channelmyanmar.org/category/marvel-universe/ မှာ Download နိုင်ပါသည်။++++++++++++++++++++++++++++ Marvel Cinematic Universe Intro=======================Marvel ထုတ်လုပ်ရေးမှ Marvel Cinematic Universe(MCU) ကို လွန်ခဲ့တဲ့ ၁၀ နှစ်က စပြီးတည်ဆောက်ခဲ့ပါတယ်။ ပထမဆုံး ဇာတ်လမ်းဖြစ်တဲ့ Iron Man-1 နဲ့ဖြစ်ပါတယ်။ နောက်ဆုံးအပိတ်ကတော့ Endgame (2019) ဖြစ်ပါတယ်။Marvel Universe မှာ Infinity Stone လို့ ခေါ်တဲ့ စွမ်းအား အကြီးဆုံး ကျောက်တုံး(၆) လုံးရှိပါတယ်။ အဲဒီကျောက်တုံးတွေဟာ စကြဝဠာအနှံ့မှာ ပြန့်ကျဲနေတယ် ဆိုပါတော့။ ကျောက်တုံးတစ်တုံးချင်းစီမှာ သီးခြားအစွမ်းတွေ ရှိပြီး သာမာန်လူတွေ ကိုင်တွယ်သုံးစွဲဖို့ မဖြစ်နိုင်သလောက်ပါပဲ။ Infinity War ရဲ့ အဓိက ဗီလိန်ဖြစ်တဲ့ Mad titan လို့ခေါ်ကြတဲ့ Thanos က ဒီကျောက်တုံးတွေကို စုစည်းပြီး စကြဝဠာကို သူ့သဘောအတိုင်းဖန်တီးဖို့ကြိုးစားပါလိမ့်မယ်။ ဒါကို Avengers( Captain America, Iron Man, Hulk, Thor, Black Widow, Hawkeye, Vision,Scarlet Witch,Antman,Falcon) တို့နဲ့ Spiderman, Doctor Strange, Black Panther, Guardians of the Galaxy အဖွဲ့တို့ ပူးပေါင်းတားဆီးကြရင်း ဖြစ်လာတဲ့ စစ်ပွဲပါ။Infinity Stones 6 လုံးရဲ့ တည်နေရာတွေကတော့၁. Space Stone aka Tesseract (Blue) (Captain America: the first avenger ဇာတ်ကားမှာ နာဇီတွေဆီက လုယူရတဲ့ ကျောက်တုံးဖြစ်ပြီး Avengers ဇာတ်ကားမှာ လိုကီက ဂြိုလ်သားတွေကို ကမ္ဘာကိုခေါ်ဖို့ ဝင်ပေါက်ဖွင့်တဲ့နေရာမှာ အသုံးပြုခဲ့ပါတယ်၊ လက်ရှိကတော့ Asgard ဂြိုလ်ပေါ်မှာ သိမ်းဆည်းခဲ့ရင်း Thor: Ragnarok ကားအဆုံးမှာ လိုကီ ခိုးယူခဲ့တာကို တွေ့ရမှာပါ)၂။ Reality Stone aka Aether (Red) ( စကြဝဠာကို Big Bang မတိုင်ခင်အထိတောင် ပြန်ပြောင်းပစ်နိုင်ပါတယ်။ Thor 2: The Dark World မှာ ပါလာခဲ့ပြီး နောက်ဆုံး credit scene မှာ Collector ဆိုသူဆီမှာ သိမ်းဆည်းထားပါတယ်)၃။ Power Stone (Purple Orb) ( ဂြိုလ်တစ်ခုလုံးကို အသာလေးဖျက်ပစ်လို့ရတဲ့ raw power တွေပါပါတယ်။ Guardian of the Galaxy 1 မှာ ပါဝင်ခဲ့ပြီး Xander က Nova Corps စစ်တပ်လက်ထဲမှာ သိမ်းဆည်းထားပါတယ်။)၄။ The Time Stone ( The Eye of Agomotto, Green) ( အချိန်ကို လိုသလိုအသုံးချနိုင်ပါတယ်။ Doctor Starnge ဇာတ်လမ်းမှာ ပါဝင်လာပြီး လက်ရှိ ဒေါက်တာ စထ်ရိန့်က စောင့်ရှောက်ထားပါတယ်)၅။ Mind Stone (Yellow) ( ဉာဏ်ရည်ကို မြှင့်တင်ခြင်းနဲ့ စိတ်ညို့ခြင်းတွေ ပြုလုပ်နိုင်ပါတယ်။ Avengers 1 မှာ ပါဝင်ခဲ့ပြီး လက်ရှိ Vision ရဲ့ နဖူးထဲမှာ မြှပ်ထားတာပါ)၆။ Soul Stone (Orange) ( သက်ရှိ သက်မဲ့ အခြေအနေတွေကို ထိန်းချုပ်နိုင်ပါတယ်။ Planet Vormir မှာရှိပါတယ်။ )အဆိုပါ ကျောက်တုံး ၆ တုံးကို သုံးနိုင်ဖို့ Infinity Gauntlet ဆိုတဲ့ လက်အိတ်ကို လိုပါတယ်။ အဲဒီလက်အိတ်ကိုတော့ Thanos ပိုင်ဆိုင်ထားပါတယ်။ ဒီလောက်ဆို Marvel Universe ကိုကြည့်ဖို့ အကြမ်းဖျဉ်းလုံလောက်ပြီ ထင်ပါတယ်။
ဒီဇာတ်ကားဟာ ကိုရီးယားတွေက Japanese animated film Jin-Roh: The Wolf Brigade ကို live action ပြန်ရိုက်ထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ဒီကားနဲ့ပတ်သက်ပြီး review မျိုးစုံပေးထားပေမယ့် ကြည့်ရကောင်းတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဒါရိုက်တာ Kin Jee Woo ရိုက်ကူးထားပြီး Cast တွေကတော့ Cold eyes ဇာတ်ကားထဲက မင်းသမီးချောလေး Hyo Joo Han, အဲ့ကားထဲမှာပဲပါဝင်ခဲ့တဲ့မင်းသားကြီး Woo Sung Jung တို့အပြင် မင်းသား Dong Won Gang တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်အိမ်ကို အနာဂတ် ၂၀၂၉ခုနှစ်မှာတည်ထားပြီး မြောက်ကိုရီးယားနဲ့တောင်ကိုရီးယားတို့ပြန်လည်ပေါင်းစည်းရန် ဆွေးနွေးနေသည့်ကာလတွင်အခြေတည်ထားပြီး အဲ့ဖြစ်စဉ်ရဲ့နောက်ဆက်တွဲ ကိစ္စရပ်များကိုရိုက်ကူးထားတာပါ။ပေါင်းစည်းရေးကိစ္စကြောင့် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ ရုရှား၊ တရုတ်၊ ဂျပန်တို့ရဲ့ စီးပွားရေးပိတ်ဆို့မှုတွေကြောင့် ကိုရီးယားနိုင်ငံစီးပွားရေးထိုးကျပြီး လူထုကြားမတည်ငြိမ်မှုတွေဖြစ်ပေါ်လာကာ အစိုးရကိုဆန့်ကျင်သည့် အကြမ်းဖက်အဖွဲ့တစ်ဖွဲ့ ပေါ်ပေါက်လာပါတယ်။ အဆိုပါအဖွဲ့ကိုနှိမ်နင်းဖို့ရာအတွက် အထူးလေ့ကျင့်ပြီး အဆင့်မြင့် Equipment တွေတပ်ဆင်ထားတဲ့ အထူးတပ်ဖွဲ့ကိုဖွဲ့စည်းလိုက်ပါတယ်။သို့သော် အဆိုပါအဖွဲ့နှစ်ဖွဲ့တင်မဟုတ်ပဲ ကြားထဲမှ ရှုပ်ထွေးမှုတွေဖြစ်လာပြီး အစိုးရပိုင်းအတွင် အာဏာလွန်ဆွဲမှုတွေဖြစ်လာကာ ဇာတ်ကားကမြုပ်ကွက်တွေရှိလာပါတယ်။ကိုရီးယားဇာတ်ကားထုံးစံအတိုင်း drama အတည်းငယ်ပါဝင်ထားတာကိုလည်းတွေ့ရမှာပါ။ဘယ်လိုပဲဖြစ်ဖြစ်ကြည့်ရမဆိုးသလို မင်းသမီးဟာလည်းချောသည်ဖြစ်သောကြောင့် ကြည့်ဖြစ်အောင်ကြည့်စေချင်ပါတယ် XD
Men In Black ရဲ့ပထမ အစ ကားကို ပြန်တင်ပေးလိုက်ပါတယ်ဒီရုပ်ရှင်ကားမှာဆိုရင် လူသားတွေ နဲ့အတူမသိမသာ နေထိုင်နေတဲ့ ဂြိုလ်သားတွေကိုစည်းကမ်းထိန်းသိမ်းပြီး စောင့်ကြည့်နေတဲ့ MIB အဖွဲ့ အကြောင်း ပါ
ဂျေ ဟာ နယူးရော့ခ် ရဲဌာနက သာမန် အရာရှိ တစ်ယောက်ပါတစ်ရက်မှာတော့ ရာဇဝတ်သား တစ်ဦးကို မရမက လိုက်ဖမ်းရင်းရာဇဝတ်သားက သတ်သေသွားပါတယ် ဂျေ လဲ ဒီကိစ္စကို လိုက်လံစုံစမ်းရင်းMIB က အေးဂျင့် ကေ နဲ့ စသိပါတယ်…ပုံမှန်အနေနဲ့ကတော့ ကေ ဟာ အမှုကိစ္စတွေ လက်စသတ်ပြီးရင်လူတွေရဲ့ မှတ်ဉာဏ်ကို ဖျောက်ပြီး ဘာမှမဖြစ်ခဲ့သလို ပုံစံဖန်တီးတက်ပေမဲ့ဂျေ ကိုတော့ MIB ကို လာပြီး အလုပ်လုပ်ဖို့ စည်းရုံးခဲ့ပါတယ်…အဲဒီအချိန်မှာပဲ ကမ္ဘာကို ဖျက်ဆီးချင်တဲ့ ပိုးဟပ်ဂြိုလ်သား တစ်ကောင်ကလဲကမ္ဘာပေါ်ကို ရောက်လာခဲ့သော အခါမှာတော့…အေးဂျင့် ကေ နဲ့ အေးဂျင့် ဂျေ တို့ ရဲ့ တွဲဖက်ညီညီ အက်ရှင်ဇတ်ကြမ်းဟာသ ဇတ်လမ်းလေးမို့ အတောမသတ်နိုင် တခွီခွီ ရယ်နိုင်ကြမှာပါရုပ်ရှင်ကားကိုတော့ Archi Thang Gyi မှ ဘာသာပြန်ပေးထားပြီးThit San Khant မှ Encode ၍ တင်ဆက်ပေးထားပါတယ်
ပြီးခဲ့တဲ့ MIB ပထမ ရုပ်ရှင်ကားမှာတုန်းကအေးဂျင့် ကေ ဟာ အေးဂျင့် ဂျေ ကို သူသိသမျှ တက်သမျှ တွေအကုန်သင်ပေးခဲ့ပြီး Men In Black အဖွဲ့အစည်းကနေအနားယူခဲ့ပါတယ် ပိုပြီး ထူးခြားတာက သူအနားယူတဲ့အခါဘာမှ မမှတ်မိချင်လို့ ဒီအလုပ်လုပ်ခဲ့သမျှ ကာလပတ်လုံး
မေ့သွားအောင် အေးဂျင့် ဂျေ ကို မှတ်ဉာဏ်ဖျက်ပေးဖို့တောင်းဆိုခဲ့ပြီး ထွက်ခွာသွားခဲ့တာပါ…MIB 2 မှာတော့ ကေ မရှိတဲ့တဲ့ အေးဂျင့် ဂျေ တစ်ယောက်အလုပ်မှာ တလွဲတွေ လုပ်တဲ့ ပါတနာ အသစ်နဲ့ အတော်လေးအဆင်မပြေ ကို ဖြစ်နေပါတယ်…အဲ့ဒီလို အချိန်ကိုက်မှာပဲ ကမ္ဘာပေါ်ကို ပထမတစ်ခါလာဖူးပြီးMIB အဖွဲ့ကို ရင်ဆိုင်ရှုံးနိမ့်သွားတဲ့ ဆယ်လီနာ ဆိုတဲ့ဂြိုလ်သားမ ဟာ နောက်တစ်ခါ ထပ်မံ ရောက်ရှိလာပါတော့တယ်သူလာရှာတာကတော့ ဇာသန် တွေ ရဲ့ အလင်းရောင် စွမ်းအားပါလွန်ခဲ့တဲ့ နှစ်တွေတုန်းက အေးဂျင့် ကေ ငယ်ရွယ်တဲ့ အချိန်ဇာသန် တွေဟာ သူတို့ ဂြိုလ်ရဲ့ တန်ဖိုးရှိ အရာကို စောင့်ရှောက်ပေးဖို့အေးဂျင့် ကေ နဲ့ MIB ကို အပ်ထားခဲ့တာ ဖြစ်ပြီးထိုအရာကို လုယူဖို့ ဆယ်လီနာ ပြန်လာခဲ့တာပါ…ဒီသမိုင်းတွေကို သိတဲ့ အေးဂျင့် ကေ ကို ပြန်ခေါ်ဖို့အေးဂျင့် ဂျေ မှာ တာဝန်ရှိလာတဲ့ အခါမှာတော့…ဒီရုပ်ရှင်ကားကို Archi Thang Gyi မှ ဘာသာပြန်ပေးထားပြီးThit San Khant မှ Encode ၍ တင်ဆက်ပေးထားပါတယ်
အရှေ့တောင်အာရှရုပ်ရှင်ဈေးကွက်မှာ ထိုင်း၊အင်ဒိုနီးရှား နိုင်ငံများရဲ့ရုပ်တွေက တော်တော်လေးလေးပေါက်ပေါက်ရောက်ရောက်ရှိပါတယ်။ သရဲကားဆိုရင်လည်း ထိုင်း၊ အင်ဒို၊ မလေးရှား အစရှိတဲ့ဇာတ်ကားတွေသာ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။ ဒီတစ်ခါမှာတော့ မကြာခင်ကမှထွက်ရှိထားတဲ့ အင်ဒိုနီးရှားသရဲကား DreadOut ကိုတင်ဆက်ပေးချင်ပါတယ်။ Jump scare တွေများများစားစားမပါဘဲ အဆုံးထိ စိတ်ဝင်တစားကြည့်ရှုရမယ့် Horror ကားမျိုး ကြည့်ချင်သူတွေဆို
ရင် ဒီကားကိုကြည့်ဖို့ လက်တို့ပါရစေ။ ဇာတ်လမ်းအကျဉ်းကတော့… Jessica, Beni, Dian တို့သုံးယောက်က အထက်တန်းကျောင်းသူ/သား တွေပါ။
မျက်မှောက်ခေတ်ဆယ်ကျော်သက်တွေရဲ့ထုံးစံအတိုင်း Social Network တွေရဲ့လွှမ်းမိုးမှုကို အကြီးအကျယ်ခံထားရတဲ့သူတွေပေါ့။ သူတို့သုံးယောက်က Social Network ပေါ်မှာ ပေါ်ပြူလာဖြစ်ချင်တာကြောင့် နှစ်အတော်ကြာစွန့်ပစ်ထားတဲ့ တိုက်အိုကြီးပေါ်သွားပြီး Live လွှင့်ကာ Follower ရှာဖို့ကြံကြပါတယ်။ အဲဒီမှာ Alex ဆိုတဲ့ခပ်ရမ်းရမ်းကျောင်းသားတစ်ယောက်ရယ်၊ Erik ဆိုတဲ့စော်ကြည်ဘဲတစ်ယောက်ကိုပါ ချောဆွဲကြပါတယ်။ နောက်ထပ်ချောဆွဲခံလိုက်ရတာက Linda၊
Linda က သူတို့တွေရဲ့ ဂျူနီယာတစ်ယောက်၊ မိသားစုအဆင်မပြေလို့ စတိုးဆိုင်မှာ ကျောင်းတစ်ဖက်နဲ့အလုပ်လုပ်နေရတဲ့သူ။ သူ့ကိုခေါ်ရတဲ့အကြောင်းအရင်းက တိုက်အိုကြီးရဲ့အစောင့်နဲ့ ရင်းနှီးတာကြောင့် သူတို့အသာတကြည်ဝင်ခွင့်ရအောင် ခေါ်ချင်တာ။ Linda က အစကတော့ ငြင်းပေမယ့် နောက်ပိုင်း လိုက်လာခများများစားစားရမယ်လည်းဆိုရော ခေါင်းညှိတ်ပြီးလက်ခံလိုက်တယ်။ ဒီလိုနဲ့တိုက်အိုကြီးဆီရောက်ပြီး အစပိုင်းကတော့ အေးအေးဆေးဆေးပဲ၊ မျက်နှာပြောင်လိုက်၊
သရဲအခြောက်ခံရချင်ယောင်ဆောင်လိုက်နဲ့ပေါ့။ ဖြစ်ချင်တော့ သူတို့လွှင့်နေတဲ့ Live က လိုင်းကျပြီး ပျောက်သွားတယ်။ Viewer လေးကလည်း နည်းနည်းများလာပြီဆိုတော့ စိတ်ကလည်းခပ်ပါပါနဲ့ တိုက်စောင့်ရော ရဲတွေကကြိုးတားပြီး တားမြစ်ထားတဲ့ဘက်ကို လိုင်းမိလိုမိငြားနဲ့ အဖွဲ့လိုက်သွားကြတဲ့အချိန်မှာ စတော့တာပါပဲ။အဲဒီဘက်အခြမ်းမှာ ချိတ်ပိတ်ထားတဲ့အခန်းတစ်ခန်းရှိတယ်။ သူတို့ထဲမှာ ကြောက်တဲ့သူကကြောက်နေပေမယ့် အဖွဲ့လိုက်ဆိုတော့ စိတ်ကြွပြီးအခန်းထဲဝင်
သွားတဲ့အခါမှာတော့ သူတို့ဘဝရဲ့မမေ့နိုင်စရာ ညတစ်ညနဲ့ကြုံတွေ့ဖို့ အကြောင်းဖန်လာခဲ့တော့တယ်။ ဒီဇာတ်ကားက ထွက်တာလည်းတစ်ရက်တောင်မပြည်သေးဘူးဆိုပေမယ့် IMDB မှာတော့ 5.6 Rating ကိုရထားပါတယ်။ Horror တွေဆို Rating စုတ်တာထုံးစံလိုဖြစ်နေကြောင့် 5.6 လောက်ဟာ Entertain ဖြစ်ပြီး ကြည့်လို့ကောင်းတဲ့အနေအထားမှာရှိတယ်လို့ ပြောလို့ရပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားမှာ သိပ်ထင်မထားကြတဲ့ Plot Twist တချို့လည်းပါတာကြောင့် စိတ်ဝင်တ
စားကြည့်ရှုရမယ့် ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ Myo Thant Kyaw ပါ)
ဒီကားလေးကတော့သဘာဝလွန်စွမ်းရည်တွေရှိနေတဲ့မိန်းကလေးတစ်ယောက်ဟာသူမစွမ်းအားတွေကြောင့်ပဲမိသားစုနဲ့အိမ်ကို စွန့်ခွာခဲ့ရတယ် နှစ်ပေါင်းများစွာ တစ်ယောက်တည်း ထွက်ပြေးတိမ်းရှောင်ရင်းနောက်ဆုံးမှာတော့ သမီးလေးနဲ့ အမေဖြစ်သူရှိတဲ့ နေအိမ်ကိုပဲ ပြန်ရောက်လာတယ်။သမီးလေးမှာပါ စွမ်းအားတွေရှိနေမှန်း ရှာတွေ့ခဲ့ရာကဘာတွေဆက်ဖြစ်လာမလဲ။ဒရမ်မာဆန်ဆန် သဘာဝလွန်ဇာတ်ကားလေးပါ
mmbusticket Before Charles Xavier and Erik Lensherr took the names Professor X and Magneto, they were two young men discovering their powers for the first time. Before they were arch-enemies, they were closest of friends, working together with other mutants (some familiar, some new), to stop the greatest threat the world has ever known. Xmen Universe ကို Extended Version 1080p BluRay 5.1 Audio နဲ့ တင်ဆက်လိုက်ပါတယ်….ယခင်တင်ဆက်ခဲ့တုန်းက လိုအပ်ချက်တချို့ရှိခဲ့တဲ့ စာတန်းထိုးတွေကိုလဲ ပြန်လည်ဖြည့်စွက်ပြင်ဆင်ထားပါတယ်။X-men ဇာတ်ကားအားလုံးကို https://channelmyanmar.org/category/x-men/ မှာဒေါင်းလို့ရပါတယ်။
အန့်ဒ်ဂိမ်းအပြီးမှာ ထွက်လာတဲ့ကားတွေကို ကြည့်ရတာ သိပ်အားရပါတော့မလားလို့
တွေးမိပေမယ့် မာဗယ်ကတော့ ပိုပိုကောင်းအောင် လုပ်ပြနိုင်တုန်းပါပဲ။
ဒီစပိုက်ဒါမန်းကားကို အကြိုက်တွေ့ကြမှာပါ။
ဇာတ်လမ်းအကျဉ်း…
သားနို့စ်နဲ့တိုက်ပွဲအပြီးမှာ ကမ္ဘာကြီးဟာ အပြိုင်စကြဝဠာတွေနဲ့ ချိတ်ဆက်တဲ့ ဝင်ပေါက်တွေ ပေါ်လာခဲ့ပါတယ်။
ကမ္ဘာတစ်ခုက သူရဲကောင်း မစ်စ်တီးရီယိုဟာ သူ့ရဲ့ကမ္ဘာကို ဖျက်ဆီးသွားတဲ့ သတ္တဝါဆိုးတွေ လက်ရှိ စပိုက်ဒါမန်းတို့ ကမ္ဘာကို ရောက်လာတာကြောင့်
လိုက်လံတိုက်ခိုက်ရင်း နစ်ခ်ဖြူရီ၊ စပိုက်ဒါမန်းတို့နဲ့ မိတ်ဆွေဖြစ်လာပါတယ်။
စပိုက်ဒီနဲ့ မစ်စ်တီးရီယိုတို့ ပေါင်းပြီး ဒီအန္တရာယ်တွေကို ရင်ဆိုင်ရပါလိမ့်မယ်…
ဒီကားလေးကတော့rating 6.9တောင်ရထားတဲ့စွန့်စားခန်းတွေနဲ့ကားကောင်းလေးတစ်ကားပါ ကမ္ဘာကြီးပေါ်မှာ ရူပဗေဒဓါတ်ပြုပြောင်းလဲစဉ်တစ်ခုကြောင့် လေလုံးကြီးတွေကလူတွေကိုဝါးမြိုတဲ့ဖြစ်ရပ်တစ်ခုပေါ်ပေါက်လာပါတယ် အဲဒီလေလုံးကြီးတွေကိုရေထုကြီးကြီးမားမားကသာကာကွယ်ပေးနိုင်ပါတယ် ဆိုင်ရာဆိုတဲ့ကောင်လေးဟာမိခင်ဆီကနေ အဲဒီလေလုံးကြီးတွေကိုတားဆီးနိုင်တဲ့စက်လေးတစ်ခုရခဲ့ပြီး သူ့အမေမှာခဲ့တဲ့အတိုင်းဆုတောင်းတွေဖြည့်ပေးတဲ့နေရာကိုရောက်အောင်သွားဖို့ တစ်ယောက်တည်းခရီးဆက်လာခဲ့ပါတယ် ဒါပေမယ့်လမ်းမှာသူ့ကိုဒုက္ခပေးမယ့်လူတွေ သူ့ရဲ့စက်ကိုလိုချင်တဲ့သူတွေနဲ့တွေ့တဲ့အခါမှာသူဘယ်လိုကျော်ဖြတ်မလဲ လေလုံးကြီးတွေရဲ့အန္တရာယ်ကနေလွတ်မြောက်ပြီးတော့ရော သူ့အမေမှာတဲ့နေရာကိုရောက်အောင်သွားနိုင်ပါ့မလား အဲဒီနေရာမှာရောတကယ်ဆုတောင်းတွေပြည့်မလား သူဘာဆုကိုတောင်းမလဲဆိုတာ စွန့်စားခန်းတွေနဲ့အတူကြည့်ရမှာဖြစ်ပါတယ်
ဒီကားလေးကတော့ စွန့်စားခန်းတွေပါဝင်တဲ့လူငယ်ဆန်ဆန်ဇာတ်ကားလေးတစ်ကားပါ ပေါတာလို့ခေါ်တဲ့မြို့လေးမှာ ထူးဆန်းတဲ့ရောဂါဆိုးကြီးတစ်ခုဖြစ်ပြီးတော့ လူကြီးတွေအကုန်ပျောက်ဆုံးသွားပါတယ် အဲဒီအချိန်ကနေစပြီးတော့မြို့ကအရှေ့ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်းဆိုပြီးကွဲသွားပါတယ် အရှေ့ဘက်ခြမ်းမှာတော့ဆင်းရဲတဲ့လူငယ်တွေနေပြီး အနောက်ဘက်ခြမ်းမှာတော့ချမ်းသာတဲ့လူငယ်တွေနေပါတယ် တစ်ရပ်ဆင်းရဲတဲ့ဘက်ကလူငယ်ခေါင်းဆောင်က အနောက်ဘက်ခြမ်းရဲ့ကားကိုလုပြီးပါလာတဲ့လူတွေကို သတ်ပြီးရေသန့်ဘူးတွေခိုးရာကနေ ဇာတ်လမ်းကစတော့တာပါပဲ အဲဒီလူငယ်ခေါင်းဆောင်ကိုဖမ်းခေါ်သွားတော့ သူ့ညီမဖြစ်သူကသူ့အကိုကိုကယ်တင်ဖို့ကြိုးစားရင်းနဲ့ ဘာတွေဖြစ်ကြမလဲ အနောက်ဘက်ခြမ်းရဲ့စည်းကမ်းတင်းကျပ်မှုတွေနဲ့အတူ အဲဒီထဲကိုဘယ်လိုဝင်ကျမလဲဆိုတာတွေကို ကြည့်လိုက်ပါဦးနော်
ဖဲလ်လာဒဲဖီးယား မြို့က ရဲအရာရှိတစ်ယောက်ဟာ ၁၉၈၈ ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ကွင်းဆက်လူသတ်မှုတစ်ခုကို ဖော်ထုတ်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်…. ပြောရရင်ဒီလူသတ်မှုဟာဆန်းကြယ်မှုတွေပြည့်နေပါတယ်… ဒီကွင်းဆက်လူသတ်သမားကို ဖမ်းဆီးနိုင်ဖို့ အရမ်းခက်ခဲပါတယ်…ဘာကြောင့်လဲဆို သူသတ်ပြီးတိုင်းသဲလွန်စတွေ မချန်ခဲ့သလို အချိန်အကြာကြီးပျောက်ကွယ်နေတတ်လို့ပါ… ရဲအရာရှိဟာ ဒီလူသတ်သမားပေါ်တဲ့အချိန်တွေဟာ အချိန်ကိုက်ဖြစ်နေတတ်သလို တခြားသူတွေနဲ့မတူတဲ့သဘာဝလွန် စွမ်းအားတစ်ခုပိုင်ဆိုင်ထားတာကိုသိခဲ့ရပြီးတဲ့နောက်… ဒီလူသတ်သမားကို ဖမ်းဆီးနိုင်ပါ့မလား…. ဒီလူသတ်သမားကရော ဘယ်လိုစွမ်းအင်တွေပိုင်ဆိုင်ထားသလဲ… ခံစားကြည့်လိုက်ပါဦး….
ဖီးလစ် ဆိုတဲ့ ဗိသုကာပညာရှင်တစ်ဦးဟာ အသက်အရွယ်ရလာတာကြောင့် ကုမ္ပဏီကနေ အနားယူလိုက်ပါတယ်။ ကုမ္ပဏီက နှုတ်ဆက်ပွဲမှာ ဝန်ထမ်းတွေက ဖီးလစ် ကို မျက်မှန်လေးတစ်လက် လက်ဆောင်ပေးခဲ့ပါတယ်. အဲ့ဒီမျက်မှန်ဟာ သာမန် မျက်မှန်မျိုးမဟုတ်ပါဘူး အော်ဂီ လို့ အမည်ရတဲ့ ကိုယ့်အတွင်းစိတ်က လိုချင်တပ်မက်တဲ့ တစ်စုံတစ်ယောက်ကို ကိုယ့်ရှေ့ကို ပရိုဂျက်တာကဲ့သို့ ပုံရိပ်ထင်လာစေတဲ့ အဆင့်မြင့် နည်းပညာသုံး AR assistant မျက်မှန် ပါ။ ဖီးလစ် ဟာ အလုပ်က အနားယူထားလို့ လုပ်စရာမရှိတာကြောင့် အော်ဂီ မျက်မှန် ကို စမ်းတပ်ကြည့်ရာ သူ့ရှေ့ကို အင်မတန်ချောမောလှပတဲ့ မိန်းမငယ်လေးတစ်ယောက် ပေါ်လာပါတော့တယ်။ ဖီးလစ်ဟာ ထိုကောင်မလေးကို တဖြည်းဖြည်းစွဲလမ်းလာပါတယ်။ ဒါပေမယ့် မျက်မှန်တပ်မှ မြင်ရတဲ့ ပုံရိပ်ယောင်ဆိုတော့ ဘာမှ လုပ်မရဘူးပေါ့။ အဲ့ဒီလိုနဲ့ ဖီးလစ် ဟာ မျက်မှန်ထဲမှ ထိုကောင်မလေးကို ထိတွေ့လို့ ရအောင် ကြိုးစားရာကနေ ဘာတွေ ဆက်ဖြစ်မလဲဆိုတာ ဒီကားလေးမှာ ကြည့်လိုက်ပါ။
အာကာသစကြဝဠာအကြောင်းလေ့လာတာကို စိတ်ဝင်စားတဲ့ ပရိတ်သတ်တွေအတွက် ကားကောင်းလေးနဲ့မိတ်ဆက်ပေးပါ့မယ်။ ဒီကားလေးမှာတော့ မိုက်ခ်၊ ရွိုင်းနဲ့ ဟယ်ရီဆိုတဲ့ လူသုံးယောက်က ဟိုးကောင်းကင်ကြီးပေါ် က အရာတွေကိုလေ့လာဖို့ ပစ္စည်းကိရိယာတွေယူပြီး ညဘက်ကြီးကွင်ပြင်တစ်ခုကို ထွက်လာခဲ့ကြတယ်။ အဲမှာ ထူးဆန်းတဲ့အရာတစ်ခုကို သူတို့ခြေရာခံမိသွားတဲ့အခါ… ဒီလူသုံးယောက်က အတိတ်မှာ ဘယ်လိုအဆက်အစပ်တွေရှိကြလဲ၊ သူတို့ရှာတွေ့သွားတဲ့အရာကရော ဘာဖြစ်မလဲ၊ အဲအရာကိုကာကွယ်ဖို့ သူတို့ ဘယ်လိုကြိုးစားရမလဲ ဒါတွေကို ရင်တထိတ်ထိတ်နဲ့ကြည့်ရမှာပါ။ သူငယ်ချင်းမိတ်ဆွေအစစ်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာကိုလည်း ပါးပါးလေးချပြသွားပါသေးတယ်။ ဇာတ်လမ်းက အလယ်လောက်အထိတော့ နည်းနည်းလေးပျင်းဖို့ကောင်းတယ်လို့ ထင်ရပါလိမ့်မယ်။ ဒါပေမဲ့ နောက်ပိုင်းရောက်လာလေ စိတ်ဝင်စားဖို့ကောင်းလေပါပဲ
ဒီကားလေးကတော့စိတ်ကူးယဥ်ဆန်ဆန်အာကာသသိပ္ပံဇာတ်လမ်းတွေကြိုက်နှစ်သက်တဲ့သူတွေအကြိုက်တွေ့မယ့်ဇာတ်ကားကောင်းလေးတစ်ကားပါအာကာသစခန်းဖြစ်တဲ့ပန်ဂျေမှာ၁၀နှစ်တာဝန်ထမ်းဆောင်ဖို့ USကနေဂျွန်ရေမွန်လိမ်ရယ်ဂျက်ကီမီလာရယ် ရစ်ချက်ဗယ်လင်ရယ်လီဆာဘရောင်းရယ်သူတို့လေးယောက်ကိုစေလွှတ်ခဲ့ကြတယ်ပန်ဂျေစခန်းဟာ ကမ္ဘာကနေ ယူရိုပါ ကိုသွားတဲ့အင်ဂျင်နီယာတွေအတွက်လောင်စာဆီဖြည့်ပေးရတဲ့စခန်းတစ်ခုဖြစ်တယ်တာဝန်ထမ်းဆောင်ရင်းနှစ်တွေကြာလာတဲ့အခါမှာကပ္ပတိန်ဂျွန်က ညဘက်အိပ်ရင်းယောင်တတ်တဲ့ဝေဒနာကိုခံစားခဲ့တယ် ဒေါက်တာရစ်ချက်က သူ့ကိုကုသပေးခဲ့တယ်၅နှစ်လောက်ကြာတဲ့အခါမှာတော့ဂျက်ကီဟာကမ္ဘာမြေမှာကျန်ခဲ့သူ့မသမီးလေးနဲ့ဆက်သွယ်မှုပြတ်တောက်သွားခဲ့တယ်ကမ္ဘာမြေကြီးဟာ လူသားတွေမျိုးသုဥ်းပျောက်ကွယ်မယ့်အခြေအနေတစ်ခုကို ကြုံခဲ့ရပြီးတော့နောက်ဆုံးကျန်ရစ်ခဲ့တဲ့သူတွေဟာ သူတို့လေးယောက်ပဲလားသူတို့လေးယောက်ဒီအဖြစ်အပျက်ကြီးကိုကြုံတွေ့လိုက်ရတဲ့အတွက်နောက်ပိုင်းမှာဘယ်လိုတွေpsychoတွေဖောက်သွားမလဲနောက်ထပ်အသက်ရှင်ကျန်ခဲ့တဲ့သူတွေရှိဦးမလားနောက်ပိုင်းမှာဘယ်လိုတွေဆက်ဖြစ်သွားမလဲဆိုတာ စိတ်ဝင်စားစရာကြည့်ရှု့ရမှာပါ
ဒီကားလေးကတော့ လျှို့ဝှက်ဆန်းကျယ်ဆန်ဆန်ကြိုက်တတ်တဲ့ပရိသတ်တွေသဘောကျနှစ်သက်ကြမယ့်ကားပါ… မတ်တ်နဲ့ကိတ်တို့ဟာကိုယ့်ဝါသနာပါရာကိုလုပ်ပြီးရုန်းကန်ကြိုးစားနေကြတဲ့စုံတွဲနှစ်ယောက်ပါ တစ်နေ့မှာတော့လူမနီးသူမနီးတဲ့မြို့ပြင်နားလေးကအိမ်တစ်လုံးကိုဝယ်လိုက်ကြပါတယ် အဲ့ဒီအိမ်ကပုံမှန်မဟုတ်တဲ့အရာတွေဖြစ်တတ်တဲ့အိမ်ဆိုတာကိုဝယ်ပြီးမှသိလိုက်ကြတယ် အိမ်ကတော်တ်ောလေးပြင်ဆင်ဖို့လိုနေတဲ့အိမ်ဖြစ်နေတော့ ပြင်ဖို့ရှင်းလင်းရင်းနဲ့ထူးထူးဆန်းဆန်းအခန်းတစ်ခုကိုသွားတွေ့ပါတယ်… လိုချင်တဲ့ပစ္စည်းတွေပြောလိုက်တာနဲ့မျက်စိတစ်မှိတ်အတွင်းအခန်းထဲမှာပေါ်လာပါတယ် ပြောလိုက်ရုံနဲ့ သူတို့ဆန္ဒတွေပြည့်မြောက်တယ်လို့ဆိုရပါ့မယ်… မတ်တ်နဲ့ကိတ်တို့နှစ်ယောက်လိုတရအခန်းကြီးရှိနေတဲ့နောက် ဘယ်လိုနှစ်ပါးသွားကြမလဲ လူတွေရဲ့လိုအင်ဆန္ဒလောဘတွေဟာရှိသင့်တာထက်ကျော်လာတဲ့အခါ ဘယ်လိုတွေဖြစ်သွားမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ကြပါ….
ဒီတစ်ခေါက်တော့ Cast လန်းလန်း၊Rating မြင့်မြင့်Scifi/Fantasy ကားလေးကိုCM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။Green Arrow လို့လူသိများကျော်ကြားတဲ့ Stephen Amell ရယ်၊Robbie Amell ၊Sung Kang ရယ် အတူတူသရုပ်ဆောင်ထားတာပါ။Rating တွေအနေနဲ့ကတော့ Rotten Tomatoes 78%တောင်ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကိုတင်ဆက်ပေးလိုပါသေးတယ်။လင်ကွန်းစီးတီးဆိုတာ အစွမ်းရှိတဲ့သူတွေနဲ့ သာမန်သူတွေနဲ့အတူတကွငြိမ်းအေးစွာယှဉ်တွဲနေထိုင်ကြတဲ့ မြို့တစ်မြို့ပါ။သာမန်ထက်ထူးခြားတဲ့လူတွေရဲ့အစွမ်းတွေကို ကုန်ထုတ်လုပ်ရေးဆောက်လုပ်ရေးတွေများ ကောင်းကောင်းအသုံးချကြပါတယ်။တဖြည်းဖြည်းနဲ့ စက်ယန္တရားတွေ အစားထိုးဝင်ရောက်လာတဲ့အခါအစွမ်းရှိတဲ့သူတွေအလုပ်အကိုင်တွေရှားပါးလာပါတော့တယ်။အလုပ်အကိုင်တွေရှားပါးလာတာနဲ့အမျှဒုစရိုက်သမားတွေက အစွမ်းရှိတဲ့လူတွေကို ဆိုက်ခ်ဆိုတဲ့မူးယစ်ဆေးဝါးတစ်မျိုးထုတ်လုပ်တဲ့နေရာမှာ အသုံးချပါတော့တယ်။ဒီမူးယစ်ဆေးနဲ့ ပါဝင်ပါတ်သတ်နေတာကြောင့် သာမန်လူတွေကလဲအစွမ်းရှိလူသားတွေကို အမုန်းပွားကာ ခွဲခြားဆက်ဆံပါတော့တယ်။အဲတော့ အစွမ်းရှိသူတွေအနေနဲ့ အစွမ်းရှိတယ်ဆိုတာအားနည်းချက်တစ်ခုလိုပါပဲ။ကော်နာဆိုတော့ကောင်လေးကတော့အလုပ်မရှိတဲ့ စွမ်းအားရှိလူသားတစ်ယောက်ပါ။တစ်နေ့မှာတော့ သူ့အမေကိုဆေးကုဖို့အတွက် အလုပ်လိုလာတဲ့အခါမှာသူဘာဆက်လုပ်မလဲ?ဘယ်လိုတွေဆက်ဖြစ်မယ်ဆိုတာ အရမ်းကိုစိတ်ဝင်စားဖို့ကောင်းပါတယ်။
အရေပျော်စက်ရုပ်ကားဆိုပြီး ငယ်ငယ်ကတည်းက စွဲလမ်းခဲ့ကြတဲ့တာမီနေတာ ရုပ်ရှင်တွေရဲ့ နောက်ဆုံးထွက် ရုပ်ရှင်ပါ။တာမီနေတာ တွေအထဲမှာကျွန်တော်တို့ အကြိုက်ဆုံးက နံပါတ် ၂ ရုပ်ရှင်ပဲ ဖြစ်မယ်ထင်ပါတယ်။အခုထွက်တဲ့ရုပ်ရှင်ကတော့ အားလုံး ဒုတိယအကြိုက်ဆုံး တာမီနေတာရုပ်ရှင် ဖြစ်လာမယ်ထင်ပါတယ်။ဇာတ်လမ်း နဲ့ အက်ရှင်တွေက အတော်ကို ကောင်းပါတယ်။အားရစရာပါပဲ။ဇာတ်လမ်းအကျဉ်း ဆာရာကော်နာ နဲ့ ဂျွန်ကော်နာတို့ဟာစကိုင်းနက်ကို ဖျက်ဆီးနိုင်ခဲ့ပြီး အနာဂတ်ကို ပြောင်းလဲနိုင်ခဲ့ပြီးချိန်မှာတာမီနေတာ တစ်ကောင်က ဂျွန်ကော်နာကို သတ်သွားခဲ့ပါတယ်။ဒါတွေဖြစ်ပြီးလို့ နှစ် ၂၀ အကြာလောက်မှာ ဒန်နီဆိုတဲ့မိန်းကလေးကို သတ်ဖို့ အနာဂတ်က ပိုအဆင့်မြင့်တဲ့ရက်ဗ်နိုင်းမော်ဒယ် တာမီနေတာ ရောက်လာပြီး၊ဒန်နီကို ကာကွယ်ဖို့လည်း ဂရေ့စ် ဆိုတဲ့စက်ရုပ်တစ်ပိုင်းလူသား ရောက်လာပါတယ်။ဒန်နီနဲ့ ဂရော့စ်တို့ကို ဆာရာ ကော်နာက ကယ်တင်သွားပြီးရက်ဗ်နိုင်းကို ရင်ဆိုင်ဖို့ ရန်သူဟောင်းကြီးတစ်ယောက်နဲ့ပူးပေါင်းပြီး ကြိုးစားရပါတော့တယ်။
ဖရန်ကီ . . . သူက အိမ်ယာတွေ၊ စာချုပ်စာတန်းတွေ စတာတွေကို ကိုယ်တိုင်ပေးတဲ့ ရှေ့နေတစ်ယောက်သူလုပ်ထားတဲ့ စာတမ်းတစ်ခုက အသုံးဝင်ပြီး ငွေကြေးလည်ပတ်မှုကိုပြောင်းလဲစေနိုင်တဲ့ အထိဖြစ်လာနိုင်တယ်။ အဲ့ကိစ္စအတွက် မနက်ဖြန် Wed မှာ Meeting လုပ်ရမယ် ဒါဟာသူ့ဘဝအတွက်အခွင့်အလမ်းတစ်ခုပါပဲ၊အဲ့အကြောင်းကိုသိတဲ့ သူ့သူငယ်ချင်းက ဒီနေ့တော့ မင်းအောင်ပွဲခံသင့်တယ်၊ အောင်ပွဲခံရမယ်ဆိုပြီး အတင်းခေါ်ပါတယ်၊သူက ဒီနေ့က Tue မို့လို့ရယ်၊ မနက်ဖြန်မှာ အရေးကြီးလို့ မလုပ်ဘူးဆိုပြီး အတန်တန်ငြင်းခဲ့ပေမယ်၊ အိမ်အပြန်ညဘက်စိတ်ရှုပ်ထွေးမှုနဲ့ သူ့ရဲ့ Tuesday ဟာ Party ပွဲတစ်ခုကိုဖြတ်သန်းလိုက်ရတာကနေ . စတော့တာပါပဲ၊ ဟိုသီချင်းကိုသိတယ်မှတ်လား“လူတွေအကုန် လေပေါ်မှာပျံနေပြီ ဆိုတာ ” . . . အသစ်အဆန်းနဲ့ ခေတ်စမ်းတာတွေအများကြီး ကြုံတွေ့ရမယ့် ကိစ္စတွေပါတာမို့
Abnormal သို့မဟုတ် Freak လို့ သတ်မှတ်ခံထားရတဲ့ ညာဖက်မျက်လုံးမှ သွေးများကျတတ်တဲ့ လူတစ်စုရှိတယ်…..ဒီလိုသာမန်မဟုတ်တဲ့ ပတ်ဝန်းကျင်မှာ ကလိုဝီ လို့ခေါ်တဲ့ ခုနှစ်နှစ်အရွယ်သမီးလေးကို သာမာန်ကလေးတွေကဲ့သို့ နေထိုင်တတ်အောင် သင်ကြားပေးနေသော ဟင်နရီကိုတွေ့ရမှာဖြစ်ပါတယ်… သူ့ဇနီး မယ်ရီကို သေဆုံးသွားလို့ သမီးလေးဘေးကင်းအောင် စောင့်ရှောက်ပေးရင်း ကလေးကို အိမ်ထဲမှာပဲ လုံခြုံအောင်ထားခဲ့ပါတယ်…သူဘယ်လိုပဲသင်သင် နေထိုင်အောင်ကြိုးစား ကြိုးစား သမီးလေး ကလိုဝီ
မှာ ထူးခြားတဲ့စွမ်းအင်တစ်ခုပိုင်ဆိုင်ထားတယ်…ဒါကို ဖခင်ဖြစ်သူလည်းမသိရှာဘူး…
ဒီအစွမ်းကြောင့်ပဲ သူ့အမေရဲ့ တကယ့်ဖြစ်ရပ်မှန်ကိုသိခဲ့ရတယ်..တခြားတစ်ဘက်မှာလည်း သူတို့မျိုးနွယ်စုတွေကို ADF အဖွဲ့ကမုဆိုးက သားကောင်လိုက်သလို လိုက်လံဖယ်ရှားနေခြင်းကိုခံနေရတယ်…..ကလိုဝီရဲ့ ထူးခြားတဲ့စွမ်းအင်တွေက ဘာတွေလဲ…
သူ့အမေရဲ့အဖြစ်ကိုသိပြီးတဲ့နောက် ဘယ်လိုဆက်ဖြစ်ကြမလဲ…သုတ်သင်ရှင်းလင်းရေး
အဖွဲ့တွေရန်ကရော လွတ်မြောက်ပါ့မလား
The Lost World သည် Jurassic Park ၏အဆက် ဖြစ်ပြီး
ပထမကားထွက်ပြီးလေးနှစ် အကြာ (၁၉၉၇) တွင်ရုံတင်ခဲ့သည်။
ထိုခေတ်အခါက ရုံတင်ဝင်ငွေအကြမ်းဆုံးဇာတ်ကားလည်းဖြစ်ခဲ့သည်။
ဒါရိုက်တာ Steven Spielberg ကိုယ်တိုင်ပင် ဆက်လက်ရိုက်ကူးခဲ့ပြီး IMDb 6.5 ရရှိခဲ့သည်။
လူဆိုသည်မှာ လက်လျှော့တတ်သောသတ္တဝါမဟုတ်ဟုဆိုသည့်အတိုင်း
ဒိုင်နိုဆောများကိုဖန်တီးခဲ့သည့် အင်ကြင်းကုမ္ပဏီ(InGen)သည်
ကုန်ကျစားရိတ်များကာမိစေရန်အတွက် ထပ်မံကြိုးစားလိုကြသည်။
အရှုံးသမားဘုတ်အဖွဲ့ဒါရိုက်တာ ဂျွန်ဟမ်မွန်က တားမြစ်ခဲ့သော်လည်း လက်မခံခဲ့ဘဲ
ပီတာလုဒ်လော ဦးဆောင်ပြီးဆိုနာကျွန်း(အလုပ်ရုံB)သို့သွားရောက်ခဲ့ကြသည်။
လုဒ်လော၏ရည်ရွယ်ချက်မှာ ထိုကျွန်းကို တိရိစ္ဆာန်ရုံပြုလုပ်ရန်မဟုတ်။
ဆန်ဒီရေဂိုမြို့ထဲတွင်တိရိစ္ဆာန်ရုံ တည်ဆောက်ပြီး ဒိုင်နိုဆောများကို ထည့်သွင်းပြသရန်ဖြစ်သည်။
လုဒ်လောသည်ကြေးစားမုဆိုးအဖွဲ့တစ်ဖွဲ့ကိုငှားပြီး ဒိုင်နိုဆောများကိုဖမ်းဆီးရန်ကြိုးစားစဉ်တွင်
ဂျွန်ဟမ်မွန်လွှတ်လိုက်သည့် စောင့်ကြည့်မှတ်တမ်းယူအဖွဲ့(ပညာ ရှင်များအဖွဲ့)နှင့်ထိပ်တိုက်တိုးခဲ့ကြသည်။
ထူးခြားသည်က ဤရုပ်ရှင်တွင် ဒိုင်နိုဆောများသည်
မိမိအသိုက်အမြုံကိုကာကွယ်လိုသည့်သဘောဖြင့်သာကြမ်းကြုတ်လာခဲ့ကြပုံ၊
အုပ်စုဖွဲ့မုဆိုးများဖြစ်ကြသော လူသားများနှင့်ရက်ပ်တာများ ထိပ်တိုက်တွေ့ကြပုံ၊
ဒိုင်နိုဆောများကို သက်ရှိများအဖြစ်မြင်ပြီး ကာကွယ်လိုသောပညာရှင် အဖွဲ့နှင့်
ဒိုင်နိုဆောများကို ပိုက်ဆံများအဖြစ်မြင်ပြီးဖမ်းဆီးလိုသောအဖွဲ့ထိပ်တိုက်တိုးကြပုံ
စသည်ဖြင့်အလွန်စိတ်ဝင်စားဖွယ်ဖြစ်အောင် ရိုက်ကူးတင်ဆက်ထားပါသည်။
ဒီကားကို Master Pieceကားတစ်ကားလို့ဆိုကြပါတယ်။
Personalအရပြောရမယ်ဆိုရင် Predestination.. Memento
..Prestige..InceptionShutter Island အစရှိသဖြင့်
ကားတွေကတောင် ဒီကားရဲ့ လေးပုံတစ်ပုံလောက် ကျွန်တော့်ကို
ခေါင်းမစားစေပါဘူး။ကျွန်တော်တို့ရဲ့ Legend Actorကြီး
Jake Gyllanhaalနဲ့သူ့အမ Maggie Gyllanhaalတို့ကိုလည်း
ဒီရုပ်ရှင်မှာ မောင်နှမတွေအဖြစ်တွေ့ရမှာပါ။
ဒီရုပ်ရှင်မှာ …4th Dimension ဝါ အပြိုင်စကြဝဋ္ဌာ
အချိန်ခရီးသွားခြင်းသီအိုရီတွေ…ကမ္ဘာပျက်ကိန်းတစ်ခု.
အိပ်မက်ယောင်လမ်းလျှောက်တတ်တဲ့ရောဂါ ဖောက်ထွက်တတ်တဲ့
အတွေးအခေါ်ရှိတဲ့လူငယ်လေးတစ်ယောက်နဲ့ ဆရာမတစ်ယောက်
အဓိပ္ပါယ်မရှိတဲ့တက်ကျမ်းတွေနဲ့အောင်မြင်နေတဲ့လူတစ်ယောက်
ဘဝအပေါ်မတူညီတဲ့အမြင်တွေ ကံတရားရဲ့ မယုံနိုင်လောက်စရာတွေ
စိတ်ကုထုံးဆွေးနွေးမှုတွေတွေအပြင် တခြားအကြောင်းအရာပေါင်းစုံကို ၂နာရီမခွဲတဲ့
အချိန်ကလေးမှာ အကုန်လုံးထည့်သွားပါတယ်။
တစ်ကားလုံးအပြီးမှာ ခင်ဗျားမှာ မေးခွန်းတွေ သိပ်များသွားမှာ
သေချာပါတယ်။ အဖြေရှိမရှိကတော့ ကိုယ့်အပေါ်ပဲ မူတည်ပါတယ်။
ဒီကားထဲက အချိန်ခရီးသွားခြင်းနဲ့ပက်သက်တာတွေဟာ
စိတ်ကူးယဉ်တာတွေမဟုတ်ပဲ တကယ့် သီအိုရီတွေဖြစ်ပါတယ်။
အကျယ်သိလိုက Stephan Hawkingရဲ့ A Brief History of Time
မြန်မာပြန်PDFမှာ ဖတ်ရှုလို့ရပါတယ်။
4th Dimension ဝါ..အပြိုင်စကြဝဋ္ဌာအကြောင်းတော့
ကျွန်တော်ဖတ်မှတ် နားလည်ထားသလောက်ရှင်းပြချင်ပါတယ်။
Donnie Darko ( Spoiler Alert)
အရင်ဆုံးအနေနဲ့ ကျွန်တော်ရှင်းပြချင်တာက
Tangent Universe(Parallel Universe)နဲ့
Primary Universe ပါ။
Tangent Universeကို ကျွန်တော်တို့ Fourth Dimensionလို့
ခေါ်ပါသေးတယ်။ Primary Universeကိုတော့
Third Dimensionsလို့ သိကြပါတယ်။
4D ကို ဥပမာတစ်ခုပေးရရင်
ရေခဲတုံးတစ်တုံးကို ကျွန်တော်တို့ မြင်နိုင်ပါတယ်။
ဒါ လက်ရှိလောကရဲ့ 3D အမြင်ပါ။သို့ပေမဲ့
ရေခဲတုံးရဲ့ အချိန်ကာလတစ်ခုအလွန်မှာ
အရည်ပျော်သွားမဲ့ ပုံစံကို ကျွန်တော်တို့ စိတ်က
သိပြီးသားပါ။ ဒါကို ရေခဲတုံးရဲ့ 4D လို့ခေါ်ပါမယ်။
ရှင်းလင်းသိသာသွားအောင်ဆို ဥပမာတစ်ခုထပ်ပေးချင်ပါတယ်။
ယေဘုယျဥပမာပါပဲ။ သဘောတရားနားလည်ရုံပါ။
ကျွန်တော်တို့ မျက်စိနဲ့ မြင်မြင်နေသမျှ 3 Dimensionsက
မလွတ်မြောက်သွားပါဘူး။ ဥပမာဆို..စားပွဲပေါ်တင်ထားတဲ့
ရေဘူးတစ်ဘူးကို ကြည့်လိုက်ပါ။ အရှေ့ဘက်နဲ့ ဘေးနှစ်ဖက်ကို
ကောင်းကောင်းမြင်ရမှာပေမဲ့ နောက်ကျောဘက်ရှိနေပေမဲ့
ကျွန်တော်တို့ မမြင်နိုင်ပါဘူး။ မြင်ချင်တယ်ဆိုရင်တော့
အခုကြည့်နေတဲ့နေရာကနေ အချိန်နဲ့နေရာတစ်ချို့ကိုဖြတ်ပြီး
ကျောဘက်ခြမ်းက ပြန်ကြည့်တဲ့အခါ မြင်နိုင်ပါမယ်။
ဒီဥပမာက 4Dဟာ အချိန်နဲ့နေရာရဲ့ သက်ရောက်မှု
ဝါ အချိန်နဲ့နေရာကြောင့်ဖြစ်လာတာကို ရှင်းပြရုံသက်သက်ပါပဲ။.
ပြောရရင် အချိန်ဆိုတာ 4th Dimensionပါပဲ
ဒီတော့ ဆိုလိုတာက ကျွန်တော်တို့် လက်ရှိအဖြစ်အပျက်တွေ
တည်ရှိမှုတွေရဲ့ Parallelမှာ 4D ကမ္ဘာတစ်ခုရှိနေပါတယ်။
parallel universe or Tangent Universr or
4D ကမ္ဘာတစ်ခုဟာ ကျွန်တော်တို့နဲ့ ဖြစ်ပျက်ချိန်
အရင်နဲ့နောက်ပြီး အချိန်ဘယ်ရွေ့ဘယ်မျှ
ကွာမယ်တိတိပပ ပြောမရပေမဲ့ ရှိနေပါတယ်။
ဒီလောက်ဆို 4th Dimensionကို ရှင်းလောက်ပါပြီ။
ကျန်တာတွေကို ဆက်ရှင်းပြချင်ပေမဲ့ Spoilerဖြစ်မှာ
စိုးတာမို့ မရှင်းတော့ပါဘူး။
ဇာတ်ကြောင်းအကျဉ်းကတော့
အထက်တန်းကျောင်းသားကောင်လေးတစ်ယောက်ဟာ
အိပ်မက်ယောင်ရင်းလမ်းလျှောက်ရာကပြန်လာတဲ့အခါ
သူ့အခန်း သူ့ကုတင်တည့်တည့်ကို ပြုတ်ကျလာတဲ့
ဂျက်အင်ဂျင်ကြီးအတွက် လူတွေစုဝေးနေတာကိုတွေ့ရပါတယ်။
သူသာ အိပ်မက်ယောင်ပြီးလမ်းလျှောက်မနေရင် သူသေမှာပါ။
သူ့ကို ဒီအဖြစ်ကကယ်တင်ပေးလိုက်တယ်လို့ ယူဆရတာကတော့
၆ပေရှိတဲ့ ယုန်ဝတ်စုံ ယုန်ခေါင်းစွပ်ကြီးနဲ့ တစ်စုံတစ်ရာပါ
အဲ့ဒီဝတ်စုံထဲက တစ်စုံတစ်ရာက သူ့ကို
ကမ္ဘာကြီးအဆုံးသတ်တော့မဲ့ အချိန်ကို ပြောပြသွားပါတယ်။
ယုန်ခေါင်းစွပ်ထဲကရော ဘယ်သူလဲ
ကမ္ဘာကြီးကရော တကယ်အဆုံးသတ်မှာလား.
အချိန်ခရီးသွားတာကရော ဖြစ်နိုင်မှာလား အစရှိသဖြင့်..
လားပေါင်းများစွာကို တွေ့ရမှာပါ။
ဘဝဆိုတာ အိပ်မက်တစ်ခုပါပဲတဲ့.
ဒါဆို အိပ်မက်ကရော ဘဝတစ်ခု ဖြစ်ခဲ့မလား…
အကြောင်းတရားတွေဟာ နဂါးခေါင်းဘယ်ဘက်လှည့်မလဲ
မသိရသလို အဆိုးအကောင်းတွေ မရေမရာဒွန်တွဲနေပါတယ်။
လူတိုင်းဘဝမှာ ထင်မှတ်မထားတဲ့ အံ့သြဆန်းကြယ် ဖြစ်ရပ်
တစ်ခုကို တစ်ကြိမ်တစ်ခါတော့ ကြုံကြိုက်ရမှာပါ။
ဒီအဖြစ်အပျက်ကတော့ မြောက်များလှစွာသော ဘဝတွေထဲက
ဘဝတစ်ခုပေါ်ပြုတ်ကျခဲ့တဲ့ အံ့သြစရာဖြစ်ရပ်တစ်ခုပါပဲ။
ကိုဗစ် ၁၉ ကာလ ဖြစ်တာနဲ့အညီ ဇာတ်ကားတွေဟာလည်း ကပ်ရောဂါဆန်ဆန်
ဇာတ်ကားများနှင့် ပညာပေးပြီး
စိတ်ဝင်စားဖွယ်ဇာတ်ကားများအဖြစ် ထုတ်လုပ်ကာ ဖြန်ချီနေပါတယ်။
အမျိုးသမီး ဒါရိုက်တာ ဖြစ်တဲ့ ချာလီ ဘူလာ နဲ့ နက်ဖလစ် မှာ
နာမည်ကြီးထားတဲ့ဇာတ်ကားများမှာပါဝင်သရုပ်ဆောင်ထားတဲ့
ဂျန်နာ လင်း တို့ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။
ကပ်ရောဂါ ကျရောက်တဲ့အချိန်မှာ ကမ္ဘာတစ်ဝှမ်းမှာ
စီပွားရေး ပိုင်းဆိုင်ရာ လျော့ရဲ လာနေပါပြီ။
အဲဒီအချိန်မှာ အဓိကကတော့ အမေရိကန်ပဲဖြစ်ပါတယ်။
အေဗာ ဘွန်းရဲ့ ခင်ပွန်းဖြစ်တဲ့ ကယ်လီ ရိုဒီ ဟာ
ဒီလိုမျိုးကပ်ရောဂါကြီးဖြစ်လာခဲ့ရင် ဘာတွေပြောင်းလဲနိုင်မယ်ဆိုတာကို
ကြိုတင်သိနေတာကြောင့် သူ့ရဲ့ဇနီး ကို လော့အိန်ဂျလိ ရဲ့
ဝေးလှမ်ခေါင်ပါးတဲ့နေရာတစ်ခုကို ပို့ပေးထားခဲ့ပါတယ်။
အေဗာ ဟာ ဆိုးရွားလွန်းတဲ့မိသားစုကနေ လွတ်မြောက်ကာ
သရုပ်ဆောင်မင်းသမီး အဖြစ် ဟောလိဝုဒ်တွင်
တတ်ရောက်လုပ်နေခြင်းဖြစ်ပြီး သူ့ရဲ့ မွေးရပ်ဇာတိကိုပြန်ရောက်တဲ့အချိန်မှာ …..
အေဗာ အတွက်ဆိုးရွားလွန်းတဲ့ မိသားစု ဘဝဆိုတာရဲ့
နောက်ကွယ်ဇာတ်လမ်းလေးက….
တကယ်တော့ ဒီဇာတ်ကားလေးက ကိုဗစ် ၁၉ မတိုင်ခင်က
ရိုက်ကူးထားတာဖြစ်ပြီး ယခုမှာတော့ကြည့်ရှုမှု
လူအာရုံစိုက်မှု များတဲ့ဇာတ်ကားလေးဖြစ်နေခဲ့ပါပြီလို့ ညွန်းရင်း…
ဂါဂါရင်က အာကာသထဲကို ရောက်ခဲ့ဖူးတဲ့ ပထမဆုံး လူသားတစ်ဦး ဖြစ်ပါတယ်။ သူ့နောက်မှာ နောက်ထပ် အာကာသသူရဲကောင်းတွေ ပေါ်လာခဲ့ပေမဲ့ အားလုံးက သိပ္ပံစမ်းသပ်ချက်အတွက် အာကာသထဲကို ထွက်ခဲ့ကြတာပါ။ ဒါပေမဲ့ လူတွေ လုံးဝမသိခဲ့တဲ့ အာကာသခရီးစဉ်တစ်ခု ရှိခဲ့ပါတယ်။ ဒီခရီးစဉ်ရဲ့မစ်ရှင်ဟာ ဘုရားသခင် ဒါမှမဟုတ် သဘာဝလွန်သက်ရှိတစ်မျိုးမျိုးကို ရှာဖို့အတွက် ရည်းစူးခဲ့တာ ဖြစ်တယ်။ အာကာသယာဉ်မှူးဖြစ်တဲ့ ဝီလီယံကိုယ်တိုင်လည်း ဒီမစ်ရှင်အတွက် ရင်ခုန်နေသူပါပဲ။ တစ်ခုခုမတွေ့ရဘဲ ပြန်ဆင်းလာရမှာကိုလည်း မလိုလားပြန်ပါဘူး။ ခရီးစဉ်က မျှော်လင့်ထားသလို ဖြစ်မလာတဲ့အခါ ဝီလီယံတစ်ယောက် ဘုရားသခင်နဲ့ တွေ့ပါ့မလားဆိုတာကို ကြည့်ရှူလိုက်ကြပါဦး။
အားလံုးသိၾကတဲ့ Jurassic World:Fallen Kingdom ဟာ စပိန်ဒါရိုက်တာ J.A Bayona က ရိုက်ကူးထားတာဖြစ်ပြီး စိတ်ကူးယာဉ်သိပ္ပံဇာတ်လမ်းတစ်ခုလည်းဖြစ်ပါတယ်….
ဒီကားဟာ ဒိုင်နိုဆောတွေရဲ့အကြောင်းကို ရိုက်ကူးထားတဲ့Jurassic Park ဇာတ်လမ်းတွေရဲ့ ၅ ကားမြောက်ဖြစ်ပြီးတော့Jurassic World (2015) ရဲ့ နောက်ဆက်တွဲကားလည်းဖြစ်ပါတယ်…
Rating 7.8 ရရှိထားတဲ့ကားတစ်ကားဖြစ်ပါတယ်…
Jurassic World ပ်က္စီးသြားၿပီးသံုးႏွစ္အၾကာမွာထိုအပန်းဖြေစခန်းဆောက်လုပ်ထားတဲ့ ကျွန်းမှာမီးတောင်ပေါက်ကွဲမှု့ကြောင့်ဒိုင်နိုဆောများမျိုးတုန်းရတော့မယ့် အခြေနေကိုရောက်လာပါတယ်..
ဒါကေတာ့ Jurassic World (2015) မွာစတင္ပါလာတဲ့Owen Grady နဲ့ Claire Dearing တို့ရဲ့ကယ်ဆယ်ရေးအစီစဉ်ပဲဖြစ်ပါတယ်..
သူတို့ဖန်တီးထားခဲ့တဲ့ ဒိုင်နိုဆောများကို သူတို့ကိုယ်တိုင်ကယ်ဆယ်ရမှာဖြစ်ပြီးတော့ဒီဒိုင်နိုဆောတွေထဲမှာလည်း များပြားလှတဲ့ အရိုင်းကောင်တွေရှိနေတဲ့အတွက်သူတို့ဘယ်လိုကယ်ထုတ်ကြမလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်….
နောက်ပြီးတော့ Jurassic World (2015) မှာ T-Rex ရဲ့ Raptor DNA တွေစုပြီးပေါင်းစည်းထားတဲ့ မျိုးစပ်အကောင်တစ်ကောင်ပါဝင်ခဲ့သလို ဒီကားမှာလည်း မျိုးစပ်အကောင်တစ်ကောင်ပါဝင်လာမှာဖြစ်ပါတယ်…
အဲဒီအကောင်ကိုတိုက်ခိုက်ဖို့အတွက်လေ့ကျင့်ပေးထားတာဖြစ်ပြီးတော့Raptor ရဲ့ DNA ကိုအခြေခံပြီး ဖန်တီးထားတဲ့အတွက်အသိဉာဏ်ကြွယ်ဝမှု့အပိုင်းမှာ လူနဲ့တန်းတူညီမျှပါတယ်…
Jurassic World (2015) မှာ Raptor လေးကောင်ထဲက တစ်ကောင်တည်းသာကျန်ရစ်ခဲ့တဲ့ ဘလူး ဟာလည်း ဒီဇာတ်ကားမှာ အဓိကဇာတ်ကောင်အဖြစ်ပြန်လည်ပါဝင်လာမှာပါ…
ဒီကားရဲ့ထူးခြားချက်ကတော့ အရင်Jurassic Park ကားတွေလိုမျိုးဒိုင်နိုဆောတွေရဲ့ရန်ကို ကာကွယ်ရတော့မှာမဟုတ်ပဲနဲ့တိရိစ္ဆာန်တွေမျိုးတုန်းပျောက်ကွယ်သွားမှာကြောက်တဲ့ လူတစ်စုရဲ့တတ်နိုင်သမျှကယ်ဆယ်ရေးဆောင်ရွက်တာတွေကိုခပ်မိုက်မိုက် ဖန်တီးမှု့အဆန်းများနဲ့ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်…
ဒီဇာတ်ကားကို ရုံမှာသွားကြည့်တဲ့အခါ တချို့လူတွေအဖို့ဇဝေဇဝါတွေဖြစ်နေကြမှာဖြစ်ပြီးတော့ နားလည်ကြမှာလည်းမဟုတ်ပါဘူး…
ဒါကြောင့် မြန်မာစာတန်းထိုးနဲ့ ကြည့်ပြီးဇာတ်ကားရဲ့သဘောသဘာဝကိုနားလည်အောင် အကောင်းဆုံးဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…
တကယ်ကောင်းတဲ့ ဇာတ်ကားတစ်ခုဖြစ်ပါတယ်….
Straight from the creators of the groundbreaking Matrix trilogy, this collection of short animated films from the world’s leading anime directors fuses computer graphics and Japanese anime to provide the background of the Matrix universe and the conflict between man and machines. The shorts include Final Flight of the Osiris, The Second Renaissance, Kid’s Story, Program, World Record, Beyond, A Detective Story and Matriculated.
လူငယ်ဇာတ်ကားကောင်းဟောင်းလေးတစ်ကားတင်ပေးချင်ပါတယ်။
၂၀၁၁ခုနှစ်ထွက် Science Fiction/Thriller ကားကောင်းလေးဖြစ်ပြီး ငွေကြေးပိုင်းဆိုင်ရာတွင်အောင်မြင်မှုများစွာရရှိခဲ့ပြီး ဒေါ်လာသန်း၂၆၀အထိ ရုံဝင်ငွေရရှိ ခဲ့ပါတယ်။
ထို့အပြင် များစွာသောဆုတွေရရှိခဲ့ပြီး အထူးသဖြင့် နည်းပညာပိုင်းဆိုင်ရာနှင့် ကွန်ပျူတာအထူးပြုလုပ်ချက်၊ ဂီတပိုင်းဆိုင်ရာနှင့် သရုပ်ဆောင်မှုများတွင် ဝေဖန်မှုကောင်းကောင်းရခဲ့တဲ့ကားလေး ဖြစ်ပါတယ်။
ဇာတ်အိမ်ကိုတော့ ၁၉၇၉ခုနှစ် နယ်မြို့လေးတစ်မြို့ကိုအခြေတည်ထားပါတယ်။ နယ်ထိန်းရဲတစ်ယောက် ဖြစ်တဲ့ဂျက်နှင့် သူ့သားဖြစ်သူ ဂျိုးတို့ဟာ စတီးမိုင်းတစ်ခုမှ မတော်တဆမှုကြောင့် မိခင်ဖြစ်သူ အယ်လီဇဘယ် သေဆုံးသွားတဲ့အတွက် ပူဆွေးဝမ်းနည်းနေခဲ့ ရပါတယ်။
ဒါတွေအားလုံးဟာ သူမရဲ့လုပ်ဖော်ကိုင်ဖက်ကြောင့်ဆိုပြီး အပြစ်တင်နေခဲ့ပါတယ်။
ဒီလိုနဲ့လေးလလောက်ကြာတဲ့အခါမှာဂျိုးရဲ့သူငယ်ချင်းဖြစ်သူချားစ်က နိုင်ငံတကာရုပ်ရှင်ပွဲတော်ပြိုင်ပွဲအတွက် ရုပ်ရှင်အတိုလေးတစ်ခုရိုက်ကူးရန် စတင်လုပ်ဆောင်ပါတော့တယ်။
ဇာတ်လမ်းကအဲဒီမှာစတာပါပဲ။
အခြားသောသူငယ်ချင်းများရဲ့အကူအညီနဲ့အတူ ချားစ်တစ်ယောက်ဇာတ်လမ်းတိုလည်းစရိုက်ပါတယ်။
တစ်နေ့ ညအချိန်ကြီး မီးရထားဘူတာအနီးတွင် ရိုက်ကွင်းတစ်ခုရိုက်ရန်လုပ်နေကြပါတယ်။
အစမ်းလေ့ကျင့်နေကြစဉ်မှာပဲ အနီးနားက ဖြတ်သွားတဲ့ရထားေ့ရှကို ပစ်ကပ်ကားအဖြူတစ်စီး ပြေးဝင်သွားရကစပြီး ရထားတွဲလည်းပြိုလဲသွားကာ ဂျိုးစ်တို့သူငယ်ချင်းတစ်စုလည်း ပေါက်ကွဲမှုအရှိန်ကြောင့်တကွဲတပြားစီဖြစ်ကုန်ပါတယ်။
အဲဒီနောက် လူတွေပြန်စုမိပြီး လူငယ်တွေသဘာဝအတိုင်းဖြစ်ပျက်ရသည့်အကြောင်းအရာကိုသွားစပ်စုကြည့်တဲ့အခါမှာတော့ ကားမောင်းသူမှ သူတို့ရဲ့ဇီဝဗေဒဆရာ ဒေါက်တာဝုဒ်ဝေါ့ဒ်ပဲဖြစ်နေပါတယ်။
အသက်မနည်းရှုနေရတဲ့ ဒေါက်တာဝုဒ်တစ်ယောက် လူငယ်တွေကိုသေနတ်တလက်နဲ့ချိန်ရင်း သူတို့မြင်ခဲ့သမျှတွေကိုဘယ်သူ့ကိုမှပြောဖို့ ပြောရင်တမိသာစုလုံး ဒုက္ခရောက်မယ်ဆိုပြီးခြိမ်းခြောက်ပါတော့တယ်။
ကံကောင်းတာကတော့ အဲဒီလိုဖြစ်သွားချိန်ကို ရုပ်ရှင်ရိုက်နေသည့် ကင်မရာမှအမှတ်မထင်မှတ်တမ်းတင်ထားပြီးဖြစ်နေပါတယ်။
ထို့နောက်အမေရိကန်စစ်တပ်ကပါဝင်ရောက်စွက်ဖက် လာပြီး အဲဒီနယ်မြေကိုအတင်းအကျပ် ချုပ်ကိုင်ဖို့ကြိုးစားပါတော့တယ်။
ရထားထဲမှာဘာတွေပါလို့လဲ။ ေ
ဒါက်တာဝုဒ်ရဲ့ရောဘယ်လိုဆက်စပ်နေလဲ။
အစိုးရစစ်တပ်ကပါ ဖုံးဖုံးဖိဖိ ကြိတ်ဖြေရှင်းဖို့ကြိုးစားရလောက်အောင် နောက်ကွယ်ကဘယ်လိုကိစ္စရပ်တွေရှိနေလဲဆိုတာကတော့ စိတ်ဝင်စားစရာပါ။
Rating အနေနဲ့လည်း 7အထိရရှိ ထားတဲ့အတွက် လူငယ်ကားလေးတွေ၊ လျို့ဝှက်ဆန်းကြယ်ဇာတ်ကားတွေကိုကြိုက်နှစ်သက်သူများအတွက် ဇာတ်ကားကောင်းလေးပါပဲ။
ဒီလို မိုးအေးတဲ့ ညမျိုးမှာ အကြောင်းတိုက်ဆိုင်စွာဖြင့်
တင်ပေးချင်တဲ့ ရုပ်ရှင်တစ်ကားတော့ ရှိပါတယ်
နာမည်ကျော် စာရေးဆရာကြီး Stephen King ရဲ့ ၀တ္တုကို ရုပ်ရှင်ပြန်ရိုက်ထားတဲ့
The Mist ဆိုတဲ့ ရုပ်ရှင်ကားပါ
ဒီဇတ်လမ်းကို ကြည့်မယ်ဆို အရင်ဆုံး မီးတွေ မှိတ်လိုက်ပါ
ပြီးရင် လဖ္ဘက်သုပ် ဖြစ်ဖြစ် စားစရာ တစ်ခုခု အနားယူပါ စောင်ကို ကွေးနေအောင် ခြုံပါ
(FA ဆိုရင်ပေါ့) 😛
ကိုယ့်အနားမှာ ဖက်စရာခွေးလေး ကြောင်လေးတွေ ရှိရင် ဖက်ထားပါ
ဒါမှမဟုတ် ချစ်သူ ရှိရင် လက်မောင်းကို ကျစ်ကျစ်ပါအောင် ဖက်ထားပါ
ပြီးရင် ဒီရုပ်ရှင်ကို စ ကြည့်လို့ရပါပြီ…
တစ်နေ့သော ညမှာ မြို့ငယ်လေး တစ်ခုရဲ့ ဆိုးရွားလှတဲ့ မုန်တိုင်း
၀င်ရောက် တိုက်ခက်တဲ့ အချိန်
ရေကန်ငယ်လေး ရဲ့ နံဘေးက
ပန်းချီဆရာ ဒေးဗစ် ရဲ့ အိမ်ကို
သစ်ပင်ပိကာ Studio ခန်း ပြိုကျသွားခဲ့ပါတယ်
မနက်ခင်း မှာတော့ ဒေးဗစ် တို့ မိသားစု
နိုးလာတဲ့ အခါမှာတော့ အရာအားလုံးဟာ
မြူခိုးစတွေ ဖုံးလွှမ်းနေတာကို တွေ့ရပြီး
အပျက်အစီးတွေကို ရှင်းလင်းကြရပါတယ်
သဘာဝ ဘေးကို ရင်ဆိုင်ဖို့ အတွက်
အစားအသောက်က အရေးကြီးတာကြောင့်
အိမ်နီးချင်း တစ်ဦး ရယ် ဒေးဗစ် နဲ့ သူ့ရဲ့ သားငယ်တို့
မြို့ထဲက တစ်ခုထဲသော စူပါမားကတ် ကို ထွက်လာခဲ့ပါတယ်
လူတိုင်းဟာ အလကား ရသကဲ့သို့ တိုးဝှေ့
အလုအယက်ဝယ်နေကြပါတယ်
ဒါ့အပြင် မြူခိုးတွေ အကြောင်းနဲ့
မြို့လေးရဲ့ တောင်ထိပ်မှာ စစ်တပ်မှ စမ်းသပ်နေတဲ့
အနုမြူဓါတ်ပေါင်းဖို ပေါက်ကွဲတာ ဖြစ်နိုင်ကြောင်း
အထင်အမြင်များ ဖလှယ်ကြ ပြောကြ နဲ့
စကားများ ဖောင်းပွလျက် ရှိပါတယ်
ဒီလို နဲ့ သိပ်မကြာခင်ပဲ မြူခိုးများ
တစ်ဖြေးဖြေး များလာတော့
တစ်ချို့က အိမ်မပြန်ရဲတော့ပဲ
စူပါမားကတ် အတွင်းကသာ
မြူခိုးများ ပျောက်မလားဆိုပြီး စောင့်နေကြပါတယ်
ဒါပေမယ့် သူတို့ ထင်သလို မြူခိုးများ မပျောက်ပဲ
ကြောက်မက်ဖွယ်ကောင်းသော အကောင်များ
သူတို့ဆီ ရောက်ရှိလာမယ်ဆိုတာကို
မသိခဲ့သော အခါ….
ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့
ရဲမာန်အောင် ဖြစ်ပြီး သစ်ဆန်းခန့် မှ တင်ဆက်ပေးထားပါတယ်
Cargo(2020)
India ကားကောင်းမျှော်လင့်နေတဲ့သူတွေလာပါပြီဗျား….
လူသားတွေနဲ့နတ်ဆိုးတွေဟာ အရင်တုန်းက စစ်ပွဲပေါင်းများစွာဆင်နွှဲခဲ့တယ်…
အသက်ပေါင်းများစွာဆုံးရှုံးမှုသာ ဖြစ်ခဲ့လေတော့ နောက်ပိုင်းမှာ ငြိမ်းချမ်းရေးသဘောတူစာချုပ်ပြုလုပ်ခဲ့ကြတယ်….
အဲ့ဒီနောက် နတ်ဆိုးတွေဟာ သေဆုံးသွားတဲ့လူသားတွေရဲ့ဝိညာဉ်တွေကို
အစီအစဉ်တကျထုတ်ယူ ကူးပြောင်းပေးပြီးကူညီခဲ့ကြပါတယ်..
သူတို့ဟာအာကာသထဲကို လွန်းပျံယာဉ်တွေလွှတ်တင်ပြီးတော့ သေဆုံးမှုနေရာချကူးပြောင်းပေးရေးဌာနဖွင့်ပြီး..
ကမ္ဘာပေါ်ကသေသွားတဲ့လူမှန်သမျှကို တစ်ခြားတစ်ဘဝစီကို ကူးပြောင်းပေးပါတယ်.
.အာကာသယာဉ်တစ်စီးမှာ
ကူးပြောင်းဖယ်ရှားပေးခြင်းလုပ်ကိုင်နေတဲ့ နတ်ဆိုးတစ်ယောက်ဖြစ်သူပရတ်ဟတ်စသာ ဟာဒီအလုပ်ကိုလုပ်ဆောင်နေတာ
နှစ်ပေါင်းအတော်ကြာပြီဖြစ်တဲ့အတွက် အနားယူဖို့လိုလာပါတယ်….
အဲ့အချိန်မှာသူ့ကိုကူညီပေးဖို့ လက်ထောက်တစ်ယောက်ပို့ပေးလိုက်တဲ့အချိန်မှာတော့
ပြဿနာမျိုးစုံစတက်ပါတော့တယ်…ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ခံစားကြည့်ကြပါဉီး…
Sci-Fi/Thriller ဇာတ်ကားသစ်တစ်ကားပဲဖြစ်ပါတယ်။
Rating လည်း 6.2 လောက်ရရှိထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းလေးကတော့ ဖအေနဲ့သမီးဖြစ်သူ
နှစ်ယောက်သား ဂြိုလ်တစ်လုံးအပေါ် ချမ်းသာဖို့အတွက် ရတနာရှာလာခဲ့ကြတာပါပဲ။
အကြီးမားဆုံးရတနာသိုက်ကြီးကိုတူးဖော်ဖို့ သူတို့အလုပ်လက်ခံထားပြီး
အန္တရာယ်များတဲ့ ဂြိုလ်ရဲ့တောနက်ထဲရောက်လာပါတယ်။
ဒါပေမဲ့ တောထဲမှာကိုယ်တွေပဲရှိတာမဟုတ်ဘဲ ပြင်ပမဖိတ်ခေါ်တဲ့ဧည့်သည်တွေပါရောက်လာတဲ့အခါ
အခြေအနေတွေက ရှုပ်ထွေးကုန်ပြီး ကိုယ်ရှင်သန်ဖို့ရုန်းကန်ရပါတော့တယ်။
Dramaအပြင် Survival ဇာတ်ကွက်တွေလည်းပါဝင်တာကိုတွေ့ရပါတယ်။
ဂြိုလ်ပေါ်ကနေ ဘယ်သူထွက်လာနိုင်မလဲဆိုတာတော့ ဆက်ကြည့်ရမှာပါပဲ။
Surrogates (2009)
===============
IMDb Rating – 6.3/10
#Unicode
အနာဂါတ် ကာလတစ်ခုမှာပါ။ စက်ရုပ်နည်းပညာတွေက အရမ်းကို အဆင့်မြင့်လာကြပါပြီ။
လူခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကို အစားထိုးနိုင်တာက စပြီးတော့ လူတစ်ကိုယ်လုံးကိုပါ
အစားထိုးပြီး နေနိုင်အောင်နည်းပညာတွေက အဆင့်မြင့်နေပါပြီ။ ဒီနည်းပညာကတော့
Surrogate လို့ ခေါ်တဲ့ လူနေရာမှာ စက်ရုပ်တွေ အစားထိုးတဲ့နည်းပညာပါ။ လူတွေက ထိန်း
ချုပ်တဲ့ ခလုပ်ခုံမှာသက်တောင့်သက်သာနဲ့ ထိုင်နေပြီး လုပ်စရာရှိတဲ့ အလုပ်တွေကို စက်ရုပ်တွေနဲ့
အစားထိုးပြီး အလုပ်လုပ်ကြပါတယ်။ စက်ရုပ်တွေက ထိတွေ့မှု၊ အနံ့၊ အရသာတွေကိုပါ အာရုံ
ခံစားနိုင်တဲ့အတွက် လူတွေက အိမ်ထဲကနေ အိမ်ပြင်မထွက်ဘဲ ကိုယ်တိုင် အပြင်မှာ ရောက်နေသလို
ပြုမူလုပ်ဆောင်နိုင်ကြပါတယ်။ စက်ရုပ်တစ်ရုပ်ရဲ့ အကြမ်းပတမ်းခံနိုင်မှု၊ လုပ်နိုင်စွမ်းအားတွေကို
လူသားဦးနှောက်နဲ့ အသုံးချနိုင်တဲ့အတွက် အရာရာကအဆင်ပြေနေပါတယ်။ ကံမကောင်းအကြောင်း
မလှလို့ မတော်တဆမှုတစ်ခုခုနဲ့ ကြုံမယ်ဆိုရင်လည်း ထိခိုက်မိတာက စက်ရုပ်ဖြစ်တဲ့အတွက် ထိန်းချုပ်
သူ စက်ရုပ်ပိုင်ရှင်ကတော့ အိမ်ထဲမှာ ဘေးရန်မသီမခရှိနေမှာပါ။ ဒါပေမဲ့ ဒီစက်ရုပ်တွေကို ဆန့်ကျင်နေ
ကြတဲ့ လူတွေလည်းရှိလာပါတယ်။ စက်တွေက လူသားတွေရဲ့ ဖြစ်တည်မှုကို တန်ဖိုးလျော့သွားစေတယ်
လို့မြင်တဲ့ လူတစ်စုက စက်ရုပ်သုံးစွဲတာကို ပြင်းပြင်းထန်ထန် ဆန့်ကျင် ကန့်ကွက်ကြပေမဲ့ သဘောတူညီ
မှုထားပြီး သီးခြားစီနေကြပါတယ်။
ဒါက ပေါက်ကွဲခါနီး ဗုံးတစ်လုံးလိုပါပဲ။ ဆန့်ကျင်သူတွေနဲ့ စက်ရုပ်အသုံးပြုသူတွေ ကြားမှာ အခြေအနေတွေ
တစ်စထက်တစ်စတင်းမာလာတဲ့အချိန်မှာပဲ လူအစားထိုးစက်ရုပ်တွေဖျက်စီးခံရ ပြီး အသုံးပြုတဲ့သူကိုပါ သေ
စေနိုင်လောက်တဲ့ မှုခင်းတစ်ခုဖြစ်သွားခဲ့ပါတယ်။ ဒီအမှုမှာ နစ်နာသူကတော့ လူအစားထိုးစက်ရုပ်တွေရဲ့
ဖခင်လို့ပြောလို့ရလောက်တဲ့ လီယိုနယ် ကန်တာ ရဲ့ တစ်ဦးတည်းသောသားပဲဖြစ်ပါတယ်။တစ်ဦးတည်းသောသား
ဆုံးရှုံးထားရတဲ့သူချင်း စာနာမိတဲ့ FBI Agent Greer(Bruce Willis) က တရားခံကိုရှာရင်း စက်ရုပ်သုံးစွဲမှုကို
ကန့်ကွက်သူတွေ နေတဲ့ နေရာထဲကို ဝင်သွားမိပြီး ပေါက်လုစဲစဲဗုံးကို ကွဲအောင်လုပ်မိသလိုဖြစ်သွားပါတယ်။
ဒီလို တစ်ဖက်နဲ့တစ်ဖက် အခြေအနေတင်းမာနေတဲ့ကြားက Agent Greer တစ်ယောက် တရားခံကို ရှာရင်း
စက်ရုပ်ကိုတင်မဟုတ်ဘဲ အသုံးပြုသူကိုပါ သတ်နိုင်တဲ့ လက်နက်ကိုရှာရင်း ဘာတွေဖြစ်လာမလဲဆိုတာကို
ဇာတ်ကားမှာပဲ ဆက်ကြည့်လိုက်ကြပါတော့။
၂၀၀၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ မင်းသားကြီး Bruce Willis သရုပ်ဆောင်ထားတဲ့ ဇာတ်ကားဖြစ်ပြီး IMDb Rating
6.3/10 နဲ့ Voting ပေါင်းများစွာရရှိထားပါတယ်။
Review ကိုတော့ အရင် FF ကားတွေကိုကြည့်ပီးတဲ့သူတိုင်းသိမှာဖြစ်တဲ့အတွက်မပေးလိုတော့ပါ
သူတို့ရဲ့အကြောင်းပဲ အနည်းအကျဉ်းမိတ်ဆက်ချင်ပါတယ်။
Fantastic Four ဇာတ်လမ်းကို Stan Lee က ဖန်တီးရေးသားခဲ့ပြီး ရေးခဲ့ရတဲ့အကြောင်းအရင်းကတော့ အဲ့ဒီအချိန်မှာ DC က Justice League of America ဆိုပြီး Superhero အဖွဲ့ ကိုစတင်မိတ်ဆက် နေပြီ ဖြစ်ပါတယ်။ ဒါကြောင့် Stan Lee က Marvel ရဲ့ ပထမဆုံး စူပါဟီးရိုး အသင်းကို ဖန်တီးဖို့ အတွက် စီစဉ်ပါတော့တယ်။ ဒါပေမယ့် သူက DC လို လိုက်ပြီး မလုပ်ချင်တာရယ်၊ သူ့ရဲ့ Superhero အဖွဲ့ကို တမူထူးခြားအောင် လုပ်ဖို့စီစဉ်ပါတယ်။ ဒါ့အပြင် Stan က သူ့ရဲ့ အဖွဲ့ကို Secret Identity လည်း မရှိစေချင်သလို ကာတွန်းထဲမှာပါမယ့် Superhero ရဲ့ ချစ်သူ ကို အားနွဲ့တဲ့ မိန်းကလေး မဖြစ်စေချင်ပါဘူး။ Superman နဲ့ Lois Lane လို မဖြစ်စေချင်တာပါ။ Lois က Superman က Clark Kent ဆိုတာမသိသလို သူမကို တစ်ချိန်လုံး ကယ်တင်နေရပါတယ်။
ဒါကြောင့် Stan က သူ့ရဲ့ အဖွဲ့ကို လုံး၀ Secret ID မရှိစေပဲ လူသိရှင်ကြား ကြေငြာထားသလို၊ Reed နဲ့ Sue ကလည်း အဖွဲ့သားတွေလည်းဖြစ် ချစ်သူတွေလည်း ဖြစ်ကြပါတယ်။ သူတို့အချင်းချင်း ဘာလုပ်လည်းဆိုတာလည်း သိသလို Sue Storm (Invisible Woman) က သူတို့အဖွဲ့မှာ အရေးပါတဲ့ member တစ်ယောက် ဖြစ်လာပါတယ်။ ဒါ့အပြင် သာမန် sidekick မထည့်တော့ပဲ လူငယ် အဖွဲ့ဝင်အဖြစ် Johnny Storm (Human Torch) ကို ထည့်ပေးလိုက်ပြီး Sue ရဲ့ မောင်အဖြစ်ထည့်ပေးလိုက်ပါတယ်။ နောက်ဆုံးတစ်ယောက်ကိုတော့ ကျန်တဲ့ အဖွဲ့ဝင်တွေထက် ပိုထူးခြားအောင် လုပ်ချင်တာကြောင့် Ben Grimm ကို Rock Monster အဖြစ် လုပ်ဖန်တီးလိုက်ပြီး The Thing လို့အမည်ပေးလိုက်ပါတယ်။
ဒီကနေ Fantastic Four ဖြစ်လာပြီး သူတို့အဖွဲ့ကို ပထမဆုံး အကြိမ်အဖြစ် Nov 1961 မှာ Fantastic Four issue #1 မှာ စတင်မိတ်ဆက်ခဲ့ပြီး သူတို့ရဲ့ ကိုယ်ပိုင် ကာတွန်းစာအုပ် တွေစတင်ထွက်လာပါတယ်။ ကာတွန်းထဲမှာတော့ သူတို့ Reed Richards က လူငယ်သိပ္ပံပညာရှင်တစ်ဦးဖြစ်ပြီး နောင်တစ်ချိန်မှာ Marvel Universe ရဲ့ ဉာဏ်အကောင်း သုံးယောက်ထဲမှာ တစ်ယောက် အပါဝင်ဖြစ်လာပါတယ်။ Comic ထဲမှာ Reed Richard အစိုးရ ရဲ့ လကမ္ဘာထက် ပိုဝေးတဲ့ ဂြိုလ်တွေစီသွားမယ့် အစီအစဉ်မှာ အလုပ် လုပ်နေရင်းပြီး Rocket လည်း ဆောက်ပြီးသွားတဲ့အချိန်မှာ အစိုးရက ငွေထောက်ပံ့နေတာ ရပ်တော့မှာဖြစ်လို့ သူကိုယ်တိုင် Rocket နဲ့ သွားမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။
ဒီအခါမှာ Reed က သူ့ချစ်သူ Sue Storm ကို လိုက်ပါဖို့ခေါ်ခဲ့ပြီး Sue ရဲ့ မောင်လေး Johnny ကလည်း သူ့အမကို စိတ်မချလို့ မရမက လိုက်လာပါတယ်။ ဒါ့အပြင် Rocket ကို Pilot လုပ်ဖို့ အတွက် သူ့ရဲ့ မိတ်ဆွေ ဖြစ်သူ တစ်ချိန်က လေတပ်ရဲ့ Test Pilot ဖြစ်တဲ့ Ben Grimm ကို အကူအညီတောင်းခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့လေးယောက် Rocket ကို အစောင့်တွေအလစ်မှာ ခိုးဝင်ပြီး အာကာသထဲကို အောင်မြင်စွာ ထွက်လာ နိုင်ခဲ့ပေမယ့် လမ်းမှာ အမှတ်မထင် ပဲ Space Storm တိုက်ခတ်ခြင်းခံရပြီး ဒီ ကနေသူတို့ တွေ ရှေ့မဆက်နိုင်တော့ပဲ ကမ္ဘာပေါ်ကို ပြန်ဆင်းခဲ့ရပါတယ်။ ဒီမှာ ကျွန်းတစ်ကျွန်းပေါ်ကို လေယာဉ်ပျက်ကျပြီး သူတို့ ရဲ့ ကိုယ်ခန္ဓာတွေ ပြောင်းလဲလာကို တွေ့ရပြီး သူတို့ ရဲ့ ပါဝါတွေကို ထိမ်းချုပ်နိုင်လာပြီးတဲ့နောက်မှာ သူတို့ စွမ်းအားကိုသုံးပြီး အဖွဲ့ အနေနဲ့ လူတွေကို ကယ်တင်မယ်လို့ သဘောတူခဲ့ကြပါတယ်။သူတို့ရဲ့ စွမ်းအားတွေက အားလုံးသိပြီးတဲ့အတိုင်း Reed Richards က ရာဘာလိုပဲ ကိုယ်ခန္ဓာကို လိုသလို ဆန့်ထွက်လို့ရသလို၊ Ben Grimm က Rock Monster ဖြစ်သွားပါတယ်။ Johnny ရဲ့ ကိုယ်က မီးတောက် တွေထုတ်လို့ရသလို၊ Sue က ကိုယ်ဖျောက်စွမ်းအားရှိပါတယ်။ Johnny က Human Torch, Sue က Invisible Girl (နောက်ပိုင်းမှာ Invisible Woman), Ben Grimm က The Thing လို့ စူပါဟီးရိုးနာမည် ယူကြပြီး Reed Richard က Mr.Fantastic လို့ အမည်တွင်ခဲ့ပါတယ်။ ဒီလို နာမည်တွင်ရတာ သူရဲ့ ပါဝါကြောင့် မဟုတ်ပဲ သူက အရမ်းတော်တဲ့ သိပ္ပံပညာရှင်တစ်ဦးဖြစ်လို့ဖြစ်ပါတယ်။ ၂၀၀၅ တုန်း ထွက်ခဲ့တဲ့ ရုပ်ရှင်မှာပါတဲ့ Baxter Building လို့ခေါ်တဲ့အထပ်မြင့် တိုက်က သူတို့အဖွဲ့ရဲ့ ဌာနချုပ်ဖြစ်ပါတယ်။
သူတို့အဖွဲ့ရဲ့ Fantastic Four Car ကိုတော့ 2007 ဒုတိယမြောက်ကားမှာ တွေ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် Reed Richard က Unstable Molecules ကိုတီထွင်ခဲ့ပြီး ဒီ Molecules တွေနဲ့ သူတို့ဝတ်စုံတွေကို ဖန်တီးထားတာဖြစ်ပါတယ်။ ဒါကြောင့် Reed Richards ရဲ့ ဝတ်စုံက သူနဲ့လိုက်ပြီး ဆန့်ထွက်နိုင်တာဖြစ်သလို Sue ရဲ့ ဝတ်စုံကလည်း သူမကိုယ်ဖျောက်ရင် လိုက်ပျောက်တာဖြစ်ပါတယ်။ အလားတူ Johnny ရဲ့ ဝတ်စုံကလည်း မီးမလောင်တာဖြစ်ပါတယ်။
ဒီနေရာမှာ Fantastic Four အကြောင်းပြောရင် ချန်ထားလို့မရတဲ့ အချက်တွေရှိပါတယ်။ ပထမတစ်ခုက သူတို့ရဲ့ အဓိက ဗိလိန် Dr. Doom (Victor Von Doom), ဗီလိန်ကနေ မိတ်ဆွေဖြစ်သွားတဲ့ Silver Surfer နဲ့ Negative Zone တို့ဖြစ်ပါတယ်။ ပထမဆုံး Dr.Doom အကြောင်းအရင်ပြောရရင် သူက Marvel Universe ထဲက စိတ်ကူးယဉ် တိုင်းပြည် Latveria ရဲ့ Dictator တစ်ဦးဖြစ်ပါတယ်။ သူက အရမ်းတော်တဲ့ သိပ္ပံပညာရှင်တစ်ဦးဖြစ်သလို၊ မှော်ဆရာတစ်ဦးလည်းဖြစ်ပါတယ်။ ဒါ့အပြင် သူ့တိုင်းပြည်ကိုလည်း အရမ်းချစ်ပါတယ်။ သူက Fantastic Four သာမက Avengers နဲ့လည်း မကြာခဏ ထိပ်တိုက်တွေ့လေ့ရှိပါတယ်။
Negative Zone ဆိုတာကတော့ လက်ရှိ Fantastic Four (2015) ရုပ်ရှင်ထဲမှာ Planet Zero အဖြစ် ဖော်ပြခဲ့တဲ့နေရာဖြစ်ပြီး၊ ကာတွန်းထဲမှာ Reed Richards က ရှာတွေ့ခဲ့တာဖြစ်ပါတယ်။ Negative Zone က Marvel Civil War ဇာတ်လမ်းတွဲမှာ အရေးပါတဲ့ အရာတစ်ခုဖြစ်ပြီး Reed Richards နဲ့ Iron-Man တို့ နှစ်ယောက်က Negative Zone ထဲမှာ အကျဉ်းထောင် ဆောက်ထားပြီး သူတို့ကို ပုန်ကန်တဲ့ သူမှန်သမျှ ကို အဲ့ဒီမှာ ချုပ်ထားပါတယ်။
Silver Surfer ကတော့ ရုပ်ရှင်ထဲမှာပါသလိုပဲ Galactus ရဲ့ ကင်းထောက်ဖြစ်ပြီး Galactus အတွက် ဂြိုလ်တွေကို လိုက်ရှာပေးရတာဖြစ်ပါတယ်။ Galactus က Fantastic Four ရဲ့ အဓိက ဗီလိန် နောက်တစ်ယောက်ဖြစ်ပြီး God-Like creature တစ်ကောင်ဖြစ်ကာ ဂြိုလ်တွေကို စားသုံးပြီး စွမ်းအားရယူတာဖြစ်ပါတယ်။ Silver Surfer က ကမ္ဘာကိုရောက်ပြီး Fantastic Four အဖွဲ့နဲ့ တွေ့တဲ့နောက်မှာ ပေါင်းမိသွားပြီး Galactus ကို တွန်းလှန်ရင်ဆိုင်ခဲ့ပါတယ်။
လက်ရှိရုပ်ရှင်ကို Fantastic Four စာအုပ်နဲ့မတူဖူးလို့ ပြောနေကြတာ တကယ်တော့ မဟုတ်ပါဘူး။ သူတို့ က Alternate version ဖြစ်တဲ့ Fantastic Four (Ultimate) ဇာတ်လမ်းကို အသုံးပြုထားတာဖြစ်ပါတယ်။ အဲ့ ဒီဇာတ်လမ်းတွေမှာ အသက်ပိုငယ်တဲ့ Fantastic Four အဖွဲ့ကို သုံးထားပါတယ်။ Ultimate Story မှာ Reed ကို လူငယ်ဘဝထဲက အရမ်းတော်လို့ အစိုးရသ သူတို့ဆီမှာ အလုပ်လုပ်ဖို့ ခေါ်ခဲ့ပြီး အဲ့ဒီမှာ Sue နဲ့ Johnny Storm တို့နဲ့စတွေ့ခဲ့ပါတယ်။ သူက ကလေးဘဝထဲက အရာဝတ္ထုလေးတွေကို Teleport လို့ဖို့ ကြိုးစားနေပြီး အောင်မြင်အောင်လည်း ပို့နိုင်ပါတယ်။ သူက တစ်ဖက်ကိုရောက်အောင် ပို့နိုင်ပြီး ပြန်မခေါ်တတ်တာပဲ ရှိပါတယ်။ သူပို့လိုက်တဲ့ ပစ္စည်းတွေက Negative Zone ကိုရောက်သွားကြတာဖြစ်ပါတယ်။
ဒီ Version မှာ Victor Von Doom က သူတော်တာ တတ်တာကို ကမ္ဘာက သိစေချင်တာဖြစ်သလို၊ Reed Richards နဲ့ပေါင်းပြီး Teleportation Technology ကို အောင်မြင်စွာ တီထွင်နိုင်ခဲ့ပါတယ်။ ဒီကနေ Teleportation Device ပေါ်ပေါက်လာပြီး Negative Zone ကို သွားကြတာဖြစ်ပါတယ်။ ဒါက Ultimate FF ရဲ့ Origin ပါ။ ဇာတ်လမ်းမှာက Teleportation Device ကို Quantum Gate လို့ခေါ်ခဲ့ပြီး Negative Zone ကို Planet Zero လို့ပြောင်းခေါ်ထားပါတယ်။ဒါကတော့ FF ရဲ့ Origin ဖြစ်ပြီး ဒီလောက်ဆို သူတို့အကြောင်းကို အနည်းငယ်သိလောက်ပြီထင်ပါတယ်။
ဇာတ်လမ်းကတော့ အရင်တုန်းက ဇာတ်လမ်းလောက်မကောင်းသလို IMDb Rating 4.3 ရရှိထားတာကို
သတိပြုရမှာဖြစ်ပါတယ်…
စက်ရုပ်မလေးကို ချစ်မိသွားတဲ့ ကောင်လေးအကြောင်းကို ရိုက်ထားတဲ့ ဇာတ်ကားကောင်းလေးပါ။
ဒီဇာတ်လမ်းလေးကတော့ ဂျပန်ကားတစ်ကားရှိပြီးသားမို့ကြည့်ဖူးတဲ့လူတွေ သိမယ်ထင်ပါတယ်။
version ပြောင်းသလို တချို့အခန်းလေးတွေပြောင်းကောင်းပြောင်းသွားနိုင်ပေမယ့်
လူသားကောင်လေးတစ်ယောက်က ခံစားချက်မဲ့တဲ့ ကောင်မလေးကို ခံစားချက်တွေ
မွေးဖွားလာစေပြီး ချစ်တတ်လာအောင် သင်ပေးတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကတော့
မပြောင်းလဲဘဲ တူနေဆဲမို့ ဇာတ်လမ်းလေးကြည့်ပြီး အားလုံးလည်း အချစ်တစ်ခု ခံစားမိမယ်မျှော်လင့်ပါတယ်။
ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင်တော့ ကောင်လေးဟာ မတော်တဆကြောင့်
တစ်သက်လုံး မသေရုံတမယ် ဒုက္ခိတဘဝနဲ့ နေသွားရတဲ့အတွက် အနာဂတ်ကနေ
သူတီထွင်ထားတဲ့စက်ရုပ်ကောင်မလေးကို စေလွှတ်ပြီး အတိတ်က အက်စီးဒင့်ကို တားစေခဲ့ပါတယ်။
ဒါပေမယ့် အတိတ်က ကောင်လေးက သူမနှစ်က မထင်မှတ်တဲ့ပုံစံနဲ့ မြင်ထားတဲ့ကောင်မလေးနဲ့
တူနေတဲ့ စက်ရုပ်မလေးကို စက်ရုပ်ဆိုတာ ယုံကြည်ဖို့ခက်ခဲသလို ရင်မခုန်ဖို့လည်း မလွယ်ကူခဲ့ပါဘူး။
စက်ရုပ်နဲ့လူကြားက အချစ်ဇာတ်လမ်းလေးရယ် အနာဂတ်က စက်ရုပ်မလေးကို
အတိတ်ကသူ ဘာလို့ကြိုမြင်ဖူးခဲ့တယ်ဆိုတာရယ်ကတော့ ဇာတ်လမ်းလေးကြည့်မှ
သိနိုင်ခံစားနိုင်မှာ
Night of the Undead (2019)
ဒီကားကတော့ ၂၀၁၉ ကထွက်ထားတဲ့ Sci-fi Thriller အမျိုးအစားကားကောင်းတစ်ကားဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ ဆိုအီဆို
တဲ့ မိန်းကလေးဟာ မန်းဂီးဆိုတဲ့ လက်ထပ်ပြီးအိမ်ထောင်သည်ဘဝကိုပျော်မွေ့နေသူတစ်ယောက်ပါ ဒါပေမယ့် သူမအမျိုးသားမှာ
ထူးဆန်းတဲ့အကျင့်တစ်ခုရှိပါတယ် အမြဲအလုပ်များနေတတ်ပြီး ဘယ်လောက်အလုပ်များများ အနားမယူတတ်တာပါ တစ်ခါတစ်လေ ဒီ
အပြုအမူတွေကြောင့်ဆိုအီကသူယောကျ်ားကို လူသားတစ်ယောက်လို့ မခံစားမိတော့အောင်ဖြစ်လာပါတယ် ဒါကြောင့်သူမအမျိုးသား
ဘာတွေလုပ်နေတယ်ဆိုတာကို အလွတ်စုံထောက်တစ်ယောက်ကိုငှားပြီး နောက်ယောင်ခံစေခဲ့ပါတယ် အဲ့ဒီအခါမှာ သူမအမျိုးသားဟာ
သူမအရင်ကလက်ထပ်ထားသူတွေ ရှိနေခဲ့ပြီး အဲ့ဒီမိန်းမတွေကလည်း ပုံစံတူသေဆုံးခဲ့တယ်ဆိုတာကိုသိလိုက်ရပါတယ် သူမယောက်ျား
က ဘယ်လိုလူမျိုးလဲ အစပိုင်းမှာတော့မိန်းမကိုအရမ်းချစ်တတ်ပြီး ကြင်နာတတ်တဲ့ယောက်ျားရဲ့နောက်ကွယ်ကအဖြစ်မှန်ကဘာလဲဆို
တာကို စိတ်ဝင်စားဖွယ်တွေ့ရမှာပါ Sci fi ကားကြိုက်တတ်သူတွေအတွက် ပျင်းစရာ မကောင်းပဲ စိတ်ဝင်စားစရာကြည့်ရမယ့်ကားလေး
ဆိုလည်းမမှားပါဘူး
Keanu Reeves ပါဝင်သရုပ်ဆောင်ထားတဲ့ သိပ္ပံအက်ရှင် ရုပ်ရှင်ဇတ်ကားကောင်း တစ်ကားဖြစ်ပါတယ်
ဇတ်လမ်း ပုံစံကတော့ နောဧ ရဲ့ လှေကြီးနဲ့ ခပ်ဆင်ဆင်တူမလား ပဲ ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းပေးတယ်
ဒါပေမယ့် တစ်ချိန်ချိန်မှာ လူသားတွေ အတ္တကြီးလာမယ် အချင်းချင်းတိုက်ခိုက်ကြမယ်ဆိုရင်တော့
ရေကြီးမှု တွေ မုန်တိုင်းတွေ မီးလောင်တိုက်တွင်းမှုတွေ ငလျင်တွေ ရောဂါ တွေ ပို့လွှတ်ပြီး ပြန်ဖျက်စီးမှာ ဖြစ်ပြီး
တာဝန်ပေးအပ်ချက်အရ အသက်ရှင်မယ့် လူသား ၂ ဦး နဲ့ သတ္တဝါအစုံ ဖိုမ ၂ ကောင်ဆီ ပြန်လည်ယူဆောင်သွားပြီး
ကမ္ဘာအသစ် ပြန်လည်ဖန်ဆင်းပေးမှာ ဖြစ်ပါတယ်…
ဒီရုပ်ရှင်ကားမှာတော့ ကမ္ဘာကို သိမ်းယူဖို့ ဖျက်စီးမရနိုင်တဲ့ အကောင်ကြီး တစ်ကောင် အရင်ပို့လိုက်ပါတယ်
ပြီးနောက် သတ္တဝါပေါင်းစုံကို သိမ်းယူမယ့် အလင်းရောင် အလုံးကြီးတွေ ကမ္ဘာအနှံ့က နေရာအစုံကို ပစ်ချလိုက်ပါတယ်
ပင်လယ်ထဲကိုလဲ ပစ်ချပါတယ် ဘယ် သတ္တဝါ တစ်မျိုးစီမှ မကျန်ရအောင် အကုန်ယူဆောင်သွားပါတယ်
ဒီလို ယူဆောင်လို့ ပြီးသွားရင်တော့ ဖျက်ဆီးရေး လုပ်ငန်းစတင်မှာ ဖြစ်ပြီး ဘယ်သက်ရှိမှ ကမ္ဘာပေါ်မှာ ကျန်မနေခဲ့ရတော့ပါဘူး…
ဒီလို ဖျက်စီးဖို့ အတွက်ကို ကမ္ဘာဖျက်ဖို့ ရောက်ရှိလာတဲ့သူက Klaatu လို့ နာမည်တွင်တဲ့ လူသားအသွင်ယူထားတဲ့ သူတစ်ဦးဖြစ်ပြီး
သူ့ကိုပေးထားတဲ့ အမိန့်အတိုင်း အကုန်ဖျက်စီးရမှာပါ ဒါပေမယ့် သူ လူသားတွေရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး သူ့အပေါ် ဂရုစိုက်တဲ့
သိပ္ပံပညာရှင် Helen Benson ရဲ့ အကူအညီ နဲ့ ထွက်ပြေးနိုင်ခဲ့ပြီး သူလာခဲ့တဲ့ မူရင်း ကမ္ဘာဖျက်မယ့် ကိစ္စ ကို Helen Benson ကို
ပြောပြခဲ့ပါတယ် Helen Benson ကလဲ Klaatu ထင်သလို လူသားအားလုံး အတ္တကြီးတာ မဟုတ်ကြောင်း စာနာထောက်သားသင့်တဲ့
အပြစ်မရှိတဲ့သူတွေ ရှိတဲ့အကြောင်း ရှင်းပြခဲ့ပါတယ် လူသားစိတ်မဟုတ်တဲ့ Klaatu က Helen Benson ရှင်းပြတာကို နားထောင်ပြီး
ကမ္ဘာဖျက်မယ့် အစီအစဉ်ကို ရပ်တန့်သွားမလား ဒါမှမဟုတ် မူလပထမ အစီအစဉ်တိုင်း ကမ္ဘာဖျက်ပြီး အားလုံးကို သတ်မလားဆိုတာတော့
ဆက်လက်ကြည့်ရှုလိုက်ကြပါအုံး……………
အမေရိကန် သိပ္ပံအဖွဲ့အစည်းတစ်ခုက လူသားတွေကို ကာကွယ်စောင့်ရှောက်ဖို့အတွက်
ဖရက်ဒီဆိုတဲ့ စက်ရုပ်လေးကို ဖန်တီးတီထွင်ခဲ့ကြပါတယ်။
ဒါပေမယ့် အဖွဲ့အစည်းခေါင်းဆောင် အကြီးအကဲက ဖရက်ဒီကို စစ်ပွဲတွေမှာ
တိုက်ခိုက်ရေးစက်ရုပ်အဖြစ် အသုံးချဖို့ ပြင်ဆင်နေတာကို
တီထွင်သူ သိပ္ပံပညာရှင် ဒေါက်တာပါမာ သိသွားတဲ့အချိန်မှာတော့ ဖရက်ဒီ့ကို ယူပြီး
အဝေးကိုထွက်ပြေးလာခဲ့ပါတယ်။
သူမကိုလိုက်ရှာနေတဲ့သူတွေ ရှိတာကြောင့် ဒေါက်တာပါမာဟာ ဖရက်ဒီကို
တောတွင်းတစ်နေရာမှာ ဖွက်ထားခဲ့ရင်း အထက်တန်းကျောင်းသားလေးနှစ်ယောက်က
တွေ့ရှိသွားတဲ့အခါမှာတော့ အိမ်ကို ယူသွားခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ ဖရက်ဒီနဲ့ ကောင်လေးတွေ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ။
လိုက်ရှာတဲ့အဖွဲ့အစည်းလက်ကရော ဖရက်ဒီတို့
ထွက်ပြေးလွတ်မြောက်နိုင်ကြမှာလားဆိုတာတော့ F.R.E.D.I ဆိုတဲ့ စက်ရုပ်ကားလေးကို
ပိတ်ရက်မှာ အေးအေးဆေးဆေးဒေါင်းလုတ်ချယူရင်း ကြည့်ရှုလိုက်ကြပါဦးဗျာ….
Valley of Tears 2020
Wu Assassins
War & Peace
Watchmen
Warrior Nun
When They See Us
Freakish
Treadstone
Truth Be Told
Unbelievable
Victoria
Watership Down
Drama, Horror, Mystery
ဒီဇာတ်ကားကတော့ crime ဆန်ဆန်အက်ရှင်ကားမှ ကြိုက်သူများအတွက်အကြိုက်တွေ့မယ့်ဇာတ်ကားဖြစ်ပါတယ်
မိုက်ဟာ အမည်ခံကုမ္ပဏီတည်ထောင်ပြီး စတော့ရှယ်ယာကစားတဲ့တရားမဝင်အလုပ်ကိုလုပ်ကိုင်တဲ့သူဖြစ်ပါတယ်
မိုက်ရဲ့လုပ်ကိုင်ပုံကျွမ်းကျင်မှုကြောင့် သူ့ရဲ့အလုပ်သူဌေးတွေသဘောကျခြင်းခံတဲ့သူပေါ့
တစ်နေ့မှာတော့ မိုက်ဟာအလုပ်ကိစ္စသွားရင်းလူသတ်မှုနဲ့ထောင်ချောက်ဆင်ခံလိုက်ရကာ ထောင်ကျခဲ့ရပါတယ်
မိုက်ရဲ့ဘဝဟာလုပ်ငန်းရှင်ထောင်ထွက်တစ်ယောက်ဘဝရာက်သွားရပါတော့တယ်
မိုက်တစ်ယောက်ဘာကြောင့်သူ့ကိုထောင်ချောက်ဆင်တယ်
ဘယ်သူကသူ့ကို ဒုက္ခပေးနေတယ်ဆိုတာကို လက်စားချေဖို့ လိုက်လံစုံစမ်းပါတော့တယ်
မိုက်တစ်ယောက်နောက်ဆုံးမှာသူ့ရဲ့ရန်သူတွေကိုအောင်အောင်မြင်မြင် လက်စားချေသွားနိုင်ပါ့မလားဆိုတာကို
ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုလိုက်ကြပါဦး
Thriller
Below Zero (2021)
===============
IMDb Rating – 6.3/10
CM ပရိသတ်ကြီး အကြိုက်တွေ့မယ့် Action, Crime ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။
မာတင်ဟာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာတတ်တဲ့ ရဲတစ်ဦးပါ။ တစ်နေ့ သူပြောင်းတဲ့ ရဲဌာနမှ
ပထမဆုံးတာ တာ၀န်အနေနဲ့ အကျဉ်းသားတွေကို နေရာပြောင်းရွှေ့တဲ့ တာ၀န်ကို ထမ်းဆောင်ရပါတော့
တယ်။ ဒီလိုနဲ့ပဲ မာတင်ဟာ သူအပါအ၀င် နောက်ထပ် ရဲ ၃ ယောက်နဲ့အတူ အကျဉ်းသား ၆ ယောက်ပါတဲ့
အချုပ်ကားကို မောင်းပြီး မြူဆိုင်းတဲ့ ညဘက်မှာ တာ၀န်ထမ်းဆောင်ရပါတော့တယ်။
ဒီလိုနဲ့ မောင်းလာရင်း လမ်းခုလတ်မှာ ကားဘီးကလည်းပေါက် အရံလိုက်လာတဲ့ ရဲနှစ်ယောက်ရဲ့ကားနဲ့လည်း
အဆက်ပြတ်သွားတဲ့အတွက် သူကိုယ်တိုင် မောင်းလာတဲ့ ကားပေါ်က ဆင်းကြည့်တဲ့အခါ ခြုံခိုတိုက်ခိုက်ခံ
နေရပြီဆိုတာ သိလိုက်ရပါတော့တယ်။ အရံပါလာတဲ့ ရဲ ၃ ယောက်ကလည်း ကျ အချုပ်ကားထဲက အကျဉ်း
သား ၆ ယောက်ကလည်း စပြီး ပုန်ကန် အပြင်ကရန်သူတွေက တစ်ဖက်နဲ့ မှောင်မဲပြီး လူသူကင်းတဲ့ လမ်းမပေါ်မှာ
မာတင်တစ်ယောက် ဘယ်လို နှစ်ပါးသွားမလဲဆိုတာကို စိတ်၀င်စားဖွယ် မြင်တွေ့ရမှာဖြစ်ပါတယ်။
မနေ့ကမှ ထွက်ရှိလာတဲ့ Action ကားသစ်ဖြစ်ပြီး IMDb Rating 6.3/10 ရရှိထားတဲ့ ကားကောင်း ကားသစ်
လေးဖြစ်ပါတယ်။
Action, Adventure, Crime
Krack(2021) အညွှန်း
******************
တီလူဂူးဇာတ်ကားလေးတွေကို မျှော်နေကြတဲ့ အိန္ဒိယတောင်ပိုင်းရုပ်ရှင် ပရိတ်သတ်တွေအတွက် မနေ့ကထွက်တဲ့
Ravi Teja နဲ့ Shruti Haasan တို့ရဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။
Krack ဆိုတဲ့အဓိပ္ပါယ်ကိုက သူတို့ဘာသာစကားမှာ “ခေါင်းမာတဲ့သူ”ပါ။
ဒီတော့ ဒီရုပ်ရှင်ထဲက အဓိကဇာတ်ကောင်ဖြစ်တဲ့ ဗီရားရှန်ကာဆိုတဲ့ ရဲအရာရှိဟာ မတရားမှုတွေကို
ကိုင်တွယ်ရာမှာ ကြမ်းတမ်းတယ် ၊ သက်ညှာမှုကင်းမဲ့တယ်။
ဘယ်အရာကိုမှ မကြောက်တတ်ဘဲ လုပ်စရာရှိတာကို ခေါင်းကြောမာမာနဲ့ တဇွတ်ထိုးလုပ်တတ်သူပေါ့။
ဇာတ်လမ်းအစအစမှာ ပြသွားတဲ့ သံတစ်ချောင်း ၊ ၅၀တန် အကြွေတစ်ရွက်နဲ့ သရက်သီးတစ်လုံးဟာ ဗီရားရှန်ကာကိုင်တွယ်ခဲ့တဲ့
ဒိတ်ဒိတ်ကြဲလူဆိုး လူရမ်းကားသုံးယောက်ကို ကိုယ်စားပြုတယ်ဆိုတာ ဇာတ်လမ်းအလယ်လောက်ရောက်မှ နားလည်မယ်။
တစ်ယောက်ချင်းစီကို ကိုယ်တွယ်ပုံဟာ ဒီဇာတ်လမ်းရဲ့ frame ဖြစ်ပြီး ၊
တောင်ပိုင်းရုပ်ရှင်အထွက်နည်းလှတဲ့ အခုလိုအချိန်မျိုးမှာ ရဲကားကောင်းကောင်းကြည့်လိုသူတွေအဖို့
ကျေနပ်ကြလိမ့်မယ်ထင်ပါတယ်။
Action, Thriller
Pirates of the Caribbean: On Stranger Tides(2011)[1080P5.1CH]
((((ဒီဇာတ်ကားတွေက ဘယ်အချိန်ပြန်ကြည့်ကြည့် မရိုးနိုင်တဲ့ စာရင်းထဲပါလေတော့ Pirates of the Caribbean ပရိတ်သတ်တွေအတွက် HEVC,1080P5.1CH,720Pြ ဖင့် ရသမြောက်စွာ
ခံစားနိုင်စေရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်))))
ဂျက်နဲ့ လူမှားပြီး ဂစ်ဘ်ကို ကြိုးပေးမယ့်အရေးမှာ ဝင်ကယ်ပေးလိုက်ရပြီးတဲ့နောက် တစ်ကိုယ်တည်းကောင်းစားနေတဲ့ ဘာဘိုဆာဆီ
ရောက်သွားကြပြန်တယ်။ ဒါပေမယ့် ဂစ်ဘ်ပဲကျန်ခဲ့ပြီး ဂျက်ကတော့ သူ အချစ်ဟောင်း အန်ဂျလီကာကောင်းမှုနဲ့
မုတ်ဆိတ်နက်ဆီရောက်သွားတဲ့နောက် စပိန်တွေက တပန်းသာနေတဲ့ ထာဝရသက်ရှည်ရေပန်းကို ရှာနိုင်ဖို့ စိုင်းပြင်းရပြန်တယ်…
Pirates of the Caribbean On Stranger Tides(2011)
Action, Adventure, Fantasy
Pirates of the Caribbean: At World’s End(2007)[1080p5.1ch]
IMDb…7.1
((((ဒီဇာတ်ကားတွေက ဘယ်အချိန်ပြန်ကြည့်ကြည့် မရိုးနိုင်တဲ့ စာရင်းထဲပါလေတော့ Pirates of the Caribbean ပရိတ်သတ်တွေအတွက် HEVC,1080P5.1CH,720Pြ ဖင့် ရသမြောက်စွာ
ခံစားနိုင်စေရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်))))
သူရဲကောင်းဆန်ဆန်နဲ့ ကရာကန်ကြီး ပါးစပ်ထဲ ဓားတစ်ချောင်းနဲ့ ဝင်ပြီး အားလုံးကို ပေးဆပ်သွားတဲ့နောက်တော့ ဝီလ်တန်နာနဲ့
အဲလိဇဘက်တို့နှစ်ယောက်သား ကပ္ပတိန် ဘာဘိုဆာနဲ့ ပူးပေါင်းပြီး ဂျက်ကို ဒေဗီဂျုန်းဆီကနေ လွတ်အောင် ကယ်ဖို့ ကြိုးစားရတော့တယ်။
ဒါပေမယ့် နှစ်ယောက်မရှိတဲ့ ဂျက်စပဲရိုးက သူ ဘာကောင်လဲဆိုတာကို ဂဏန်းတွေနဲ့ ပုလဲနက်နဲ့ ပြလိုက်တယ်
ဒေဗီဂျုန်းကိုလည်း လော့ဒ် ဘက်ကပ်တ်က ထိန်းချုပ်ထားပြီး ပင်လယ်ပြင်တခွင်တစ်ခုလုံးရဲ့ သင်္ဘောတွေအကုန်ကို
ဖျက်ဆီးခိုင်းတဲ့နောက်တော့ ဝီလ်၊ အဲလိဇဘက်နဲ့ ဘာဘိုဆာတို့နဲ့ အတူ ကပ္ပတိန် ဂျက်စပဲရိုးပါ တိုက်ပွဲထဲ ဝင်ပါလာရတော့တယ်…
Pirates of the Caribbean At World’s End(2007)
Action, Adventure, Fantasy
Space Jam (1996)
===============
မိုက်ကယ်ဂျော်ဒန်ဆိုတဲ့ ဘတ်စ်ကတ်ဘောဘုရင်ဟာ ငယ်စဉ်ကတည်းက ဖခင်ဖြစ်သူလိုမျိုး ဘေ့စ်ဘောကစားသမား ဖြစ်ချင်ခဲ့တာပါ။ သူအရွယ်ရောက်ပြီ ဘတ်စ်ကတ်ဘောအားကစားလောကမှာ အထွဋ်ထိပ်ထိ တက်လှမ်းပြီးသွားတဲ့နောက် ဘတ်စ်ကတ်ဘောလောကကနေ ရုတ်တရက်ရပ်နားပြီး ကလေးဘဝကဆန္ဒကို အကောင်အထည်ဖော်ဖို့ ဘေ့စ်ဘောလောကထဲကို ခြေစုံပစ်ဝင်လိုက်ပါတယ်။
ဘေ့စ်ဘောမှာအဆင်မပြေပေမယ့် ဘတ်စ်ကတ်ဘောဘုရင်ဖြစ်တဲ့သူ့ကို အဖွဲ့သားတွေကအပြစ်မမြင်ပေမယ့် ပရိတ်သတ်တွေနဲ့မီဒီယာကတော့ ကြိတ်မနိုင်ခံမရဖြစ်နေကြတာပေါ့။ ဒီအချိန်မှာ မိုရွန်တောင်ကဂြိုလ်သားတွေက ဝယ်သူတွေကိုဆွဲဆောင်ဖို့ Looney Tunesတစ်ဖွဲ့လုံးကို ဖမ်းဆီးဖို့လွှတ်လိုက်ပါတယ်။ သေးကွေးနှေးကွေးတဲ့ဒီဂြိုလ်သားတွေနဲ့ ဘတ်စ်ကတ်ဘောပြိုင်ဆော့ဖို့စိန်ခေါ်လိုက်ပြီးမှ ဂြိုလ်သားတွေဘာလို့ကြီးထွားကုန်တာလဲ။ သူတို့တွေကမိုက်ကယ်ကိုအကူအညီတောင်းတဲ့အခါ ဘေ့စ်ဘောကစားသမားဖြစ်နေတဲ့သူကရော ကူညီပါ့မလား။ Looney Tunesတစ်ဖွဲ့လုံးနဲ့အတူတူ မိုက်ကယ်ပါ ဂြိုလ်သားတွေရဲ့ အကျဉ်းသားဘဝရောက်သွားမလားဆိုတာကိုတော့… နာမည်ကျော်မိုက်ကယ်ဂျော်ဒန်ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားပြီး IMDb 6.4 ရထားတဲ့ ဒီကာတွန်းလေးက ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရွှင်မြူးစေမှာဖြစ်လို့ ကြည့်ရှုဖို့လက်တို့လိုက်ရပါတယ်။
Adventure, Animation, Comedy, Family, Science Fiction
Experimenter (2015)
ဒီကားက
ကျွန်တော်တို့ဟာ တစ်ခါတစ်ရံမှာ ကြိုးတွေကို တွေ့ကောင်းတွေ့နိုင်ပေမယ့်
သတိပြုမိတဲ့စိတ် ကသာလျှင် ကျွန်တော်တို့အတွက် လွတ်မြောက်ခြင်းရဲ့ ဦးဆုံးခြေလှမ်း ဖြစ်ရမှာပါ။”
IMDb – 6.6/10 ရရှိထားတဲ့ ကားကောင်းတစ်ကား ဖြစ်တာမို့ ကြည့်ရှုစေချင်ပါတယ်။
ဆု ၂ ဆု နဲ့ တစ်ကြို ၅ ကြိမ် ဝင်ခဲ့တဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။
Los Angeles Film Festival 2015 နဲ့ Political Film Society, USA 2015
တို့မှာ ဆု ရရှိခဲ့ပြီးတော့
တော့ နိုင်ငံရေးနဲ့ နှီးနွယ်တဲ့ စိတ်ပညာကို လေ့လာချင်တဲ့လူတွေ စိတ်ဝင်စားမယ့် ဇာတ်ကားကောင်းတစ်ကားပါပဲ။
တကယ့်အဖြစ်အပျက်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။
လူမှု စိတ်ပညာရှင် စတန်လေ မီလ်ဂရမ် ရဲ့ ၁၉၆၁ မီလ်ဂရမ် စမ်းသပ်ချက်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။
ဒီစမ်းသပ်ချက်ကတော့ လူတွေရဲ့နာခံမှု(Obedience) ကို စမ်းသပ်ချက်ပဲ ဖြစ်ပါတယ်။
လူစိမ်းနှစ်ယောက်ကို ခေါ်ပြီး တစ်ဘက်က သင်ယူသူ တစ်ဘက်က သင်ကြားသူအနေနဲ့ ထားပြီးတော့
မှားရင် လျှပ်စစ်ရှော့တိုက်တဲ့နည်းနဲ့ နာခံမှု ဘယ်လောက်ရှိတယ်ဆိုတာကို စမ်းသပ်တာပဲ ဖြစ်ပါတယ်။
ဒီတော့ ကျွန်တော်တို့ Obedience ကို သိပ္ပံနည်းကျကျ အချက်အလက်တွေနဲ့ လေ့လာကြည့်ရအောင်။
ကောင်းတာတစ်ခုကတော့ ဒါက ဇာတ်လမ်းသဘောဖြစ်နေတဲ့အတွက် လုံးဝ ပျင်းအိုင်သွားခြင်း မရှိတာပါပဲ။
မီလ်ဂရမ် ဟာ အခြားစမ်းသပ်ချက်တွေဖြစ်တဲ့ Small World Experiment နဲ့ Lost letter experiment တို့ကိုလည်း လုပ်ခဲ့ပါသေးတယ်။
“ကျွန်တော်တို့က ရုပ်သေးရုပ်တွေလို့ ခင်ဗျား ဆိုလို့ ရပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ဟာ အသိဉာဏ် နဲ့ သိတတ်နားလည်မှုတွေပါ ပါဝင်တဲ့ ရုပ်သေးရုပ်တွေပါလို့ ကျွန်တော်ကတော့ လက်ခံယုံကြည်ထားပါတယ်။
Biography, Drama, History
ဇာတ်လမ်းအကျဉ်း
ဒီဇာတ်ကားလေးကတော Song Joong Ki ရဲ့ ၂၀၂၁ ကမှအသစ်စက်စက်ထွက်ရှိထားတဲ့ Sci-Fic ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်
အနာဂတ်ကမ္ဘာကိုစိတ်ကူးယဉ်ပုံဖော်ထားတာဖြစ်လို့စိတ်ဝင်စားဖို့ကောင်းပြီး Setting ချပုံကအစထူးခြားတဲ့ကားလေးဖြစ်ပါတယ်
ကင်ထယ်ဟို (Song Join Ki) ဟာတစ်ချိန်တုန်းကအာကာသစောင့်ကြပ်သူတွေရဲ့ ကွန်မန်ဒါခေါင်းဆောင်ဖြစ်ခဲ့ပေမယ့်
အကြောင်းအမျိုးမျိုးကြောင့် လက်ရှိမှာတော့ရာထူးကချခံလိုက်ရပြီးအာကာသထဲလွင့်စင်သွားတဲ့
မွေးစားသမီးလေးကိုလိုက်ရှာနေတဲ့ဆင်းရဲသားတစ်ယောက်ဖြစ်နေပါတယ်
တစ်နေ့မှာတော့ ပေါက်ကွဲနိုင်တယ်လို့ကြေငြာထားတဲ့ နာနိုဘော့နည်းပညာသုံးကလေးပုံစံစက်ရုပ်လေးဟာ
ထယ်ဟိုဆီကိုရောက်လာပါတယ်ပိုက်ဆံလိုနေတဲ့ထယ်ဟိုကတော့ စက်ရုပ်ကိုအသုံးချပြီးငွေရအောင်
်ကြိုးစားပါတော့တယ် ဒါပေမယ့်စက်ရုပ်လို့ထင်ထားခဲ့တဲ့ကလေးလေးဟာလူသားတစ်ယောက်ဖြစ်နေတဲ့အခါမှာတော့
ထယ်ဟိုတစ်ယောက်ဘယ်လိုဆက်လုပ်သွားမလဲ
ကလေးမလေးနောက်ကွယ်မှာရောဘယ်လိုလျှို့ ဝှက်ချက်တွေရှိနေတာလဲဆိုတာကို
ဇာတ်လမ်းထဲမှာဆက်လက်ရှုစားလိုက်ကြပါဦး
Action, Adventure, Drama
ဒီတစ်ခေါက် Netflix မှာအသစ်ထွက်ရှိလာတဲ့ တရုတ်သိုင်းကားဆန်ဆန်ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးချင်ပါတယ်
ဒီဇာတ်ကားက တရုတ်ပြည်ကမိုဘိုင်းဂိမ်းတစ်ခုကိုအခြေခံပြီးရိုက်ကူးထားတာလို့လည်းသိရှိရပါတယ်
effectတွေလည်းကောင်းကောင်းသုံးထားပြီးတော့ ကြည့်ရတာ တကယ်မိုက်မယ့်ဇာတ်ကားကောင်းတစ်ကားပါ
ဇာတ်လမ်းအကျဉ်းချုပ်ကတော့ မကောင်းဆိုးဝါးမြွေဆိုးကိုနှိမ်နင်းဖို့အတွက် ကျင်မင်ဆိုတဲ့ဘုန်းတော်ကြီးက မြို့တော်ကိုလာခဲ့ပါတယ်
မြွေဆိုးရဲ့အရိပ်တွေက ခဏခဏ လူတွေကြားထဲကိုထွက်လာလေ့ရှိပါတယ်
တကယ့်ခန္ဓာကိုယ်အစစ်ကတော့ ဘုရင်မကြီးရဲ့ခန္ဓာကိုယ်ထဲမှာ ထိန်းသိမ်းထားတာပါ
ဒီလိုအန္တရာယ်ကျရောက်လာပြီဆိုရင် ဂိုဏ်းကြီးလေးဂိုဏ်းကဆရာလေးဆူ စုပြီးတော့ မြွေဆိုးကိုနှိမ်နင်းရပါတယ်
ဒါပေမယ့် ဒီတစ်ခေါက်မှာတော့ မြွေဆိုးရဲ့ခန္ဓာကိုယ်အစစ်ထွက်လာတော့မှာပါ
ဒါကို ဆရာတွေဘယ်လိုကာကွယ်ကြမလဲဆိုတာ ရင်ခုန်ဖွယ်ကြည့်ရူရမယ့် ဇာတ်ကားကောင်းတစ်ကားပါ
တရုတ်သိုင်းကားတွေနှစ်သက်သူအတွက်တော့ ကြည့်သင့်တဲ့ကားကောင်းတစ်ကားဖြစ်လို့ ညွှန်းပေးလိုက်ရပါတယ်
The Yin Yang Master Dream of Eternity (2021)
Action, Drama, Fantasy
Agent Revelation 2021 ကတော့ Action/Sci-fic/Thriller ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ IMDb rating ကတော့ 6.2/10 ရထားပါတယ် ။
ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် ကင်နီယန်းလို့ခေါ်တဲ့ ဂြိုဟ်သားမျိုးနွယ်ဟာလူသားတွေကို အက်ရှ်(Ash) ဆိုတဲ့စွမ်းအင်တစ်မျိုးကိုအသုံးချပြီးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကထိန်းချုပ်လာခဲ့တာပါ၊၊ ဒါပေမဲ့ လူသားတွေရဲ့ လောဘကို သဘောပေါက်သွားတဲ့ ဂြိုလ်သားတွေဟာ အက်ရှ်စွမ်းအင်ကို မသုံးပဲ လောဘတရားတွေနဲ့သာ လူသားတွေကို ထိန်းချုပ်ခဲ့ပါတယ်။ ကမ္ဘာပေါ်က အက်ရှ်စွမ်းအင်သွေးနှောသူတွေကိုအကုန်ရှင်းခဲ့ကြပါတယ်။ မတော်တဆဖြစ်ရပ်တစ်ခုကြောင့် ကမ္ဘာပေါ်မှာဖွက်ထားတဲ့ အက်ရှ် စွမ်းအင်တွေထွက်လာပြီးတော့
ဂျင်မ်တို့သူငယ်ချင်းတွေကိုထိန်းချုပ်ခံလိုက်ရတယ်၊၊ အက်ရှ်ကြောင့် သူ့ငယ်ချင်းတွေကို ဆုံးရှံးခဲ့ရတဲ့ ဂျင်မ် ဟာ သူကိုယ်တိုင်တော့ အက်ရှ်ကြောင့် ဘာမှမဖြစ်ခဲ့ပါဘူး ။ အက်ရှ်ရဲ့စွမ်းအင်တွေဟာ သူ့ကိုယ်ထဲစီးဝင်ပြီး သူ့အသွေးအသားနဲ့ တစ်သားထဲ ဖြစ်ပြီး ဂျင်မ်ဟာစွမ်းအားတွေပိုင်ဆိုင်လာခဲ့ပါတယ်။
ကမ္ဘာပေါ်ကိုဂြိုဟ်သားတွေ ကြီးစိုးထိန်းချုပ်လာမှာကိုကာကွယ်နေတဲ့လျို့ဝှက်အဖွဲ့အစည်းကတော့ ဂျင်မ် ကဘာကြောင့် အက်ရှ်ရဲ့ ထိန်းချုပ်ခြင်းမခံရတာလဲဆိုတာကိုစမ်းသပ်ရှာဖွေရင်းနဲ့ ဘာတွေ ဘယ်လိုတွေဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။
Action, Science Fiction, Thriller
ဒီတစ်ခေါက်တင်ဆက်ပေးချင်တဲ့ဇာတ်ကားကတော့ အင်ဒိုနီးရှားဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်နော်
အင်ဒိုနီးရှားနိုင်ငံမှာ သိုင်းအားကစားတစ်ခုရှိပါတယ် လုံချည်တစ်ကွင်းထဲမှာလူနှစ်ယောက်ဝင်ပြီး
သိုင်းချတဲ့ ဆာရွန်သိုင်းချနည်းလို့ခေါ်တဲ့အားကစားတစ်ခုပါ ဒီကားမှာတော့ သိုင်းအားကစားနည်းကိုအခြေခံပြီး
ရိုက်ကူးထားတဲ့ဇာတ်ကားကောင်းပါ
ဇာတ်လမ်းကတော့ ဒန်နီက ဂျာကာတာက ဆိုးသွမ်းတဲ့သူဌေးသားတစ်ယောက်ပါ
သူ့အမေက သူ့ကိုလိမ္မာလာအောင် မာကာစတာမြို့ကိုပို့လိုက်ပါတယ်
ဆာရွန်သိုင်းအားကစားက အဲဒီမြို့မှာပိုပြီးတော့ထင်ရှားနေတဲ့အချိန်ပေါ့ ဒန်နီက တန်ရီဆိုတဲ့ကောင်မလေးနဲ့တွေ့ခဲ့ပြီး
တန်ရီကိုတော့ ဆာရွန်သိုင်းချန်ပီယံတစ်ယောက်က အတင်းလိုက်ကြိုက်နေတာပါ
ဒီလိုနဲ့ ဒန်နီနဲ့ ဆာရွန်သိုင်းချန်ပီယံတို့ ပြဿနာတတ်ကြပါတော့တယ် ဒါကြောင့် ဒန်နီက ဆာရွန်သိုင်းသင်ပါတော့တယ်
ဘယ်လိုတွေဆက်ဖြစ်ကြမလဲကတော့ ဆက်ကြည့်လိုက်ကြပါတော့…………………
အရင်တုန်းက ကရာတေးဇာတ်ကားကောင်းတွေကြိုက်နှစ်ခြိုက်သူတွေ
ဒီဇာတ်ကားလေးကိုလည်း ကြိုက်မယ်လို့မျှော်လင့်တာမို့ ကြည့်သင့်တဲ့ကားလေးအဖြစ် ညွှန်းပေးလိုက်ရပါတယ်
Action, Adventure, Drama
ဒီဇာတ်ကားကတော့ လူငယ်တွေ ငယ်တုန်းမှာ လမ်းမှားရောက်တတ်ကြောင်းကို
ပညာပေးရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်
၂၀၁၂ကထွက်ခဲ့တာဖြစ်ပြီး ဟောင်းပေမယ့်ကောင်းသေးတဲ့ဇာတ်ကားတစ်ကားလို့ပြောလို့ရပါတယ်
ဇာတ်လမ်းအကျဉ်းချုပ်ကတော့ ကျင်ဟွာဆိုတဲ့ ၁၇နှစ်အရွယ်ကောင်လေးက မဟုတ်မခံစိတ်ဓာတ်ရှိပြီး
ရန်ပွဲတွေမှာလည်းဝင်ပါလေ့ရှိပါတယ် တစ်နေ့ လူရိုက်မိပြီး လူငယ်ထိန်းသိမ်းရေးကျောင်းကို ၆လသွားနေခဲ့ရပါသေးတယ်
ပြန်ထွက်လာတော့ သူ့အမေက သူ့ကိုဘဝသစ်စစေချင်ပါတယ် ဒီလိုဘဝသစ်စဖို့ကြိုးစားမယ်ဆိုပြီး
သူက စာမေးပွဲပြန်ဖြေဖို့လုပ်ပါတော့တယ် ဒါပေမယ့် အပေါင်းအသင်းကြောင့်မို့လို့ ဂိုဏ်းတစ်ခုထဲကို ဝင်မိသွားပါတယ်
ထို့နောက် သူ့ရဲ့ဘဝသစ်စမယ့်အစီအစဉ်က မအောင်မြင်ခဲ့ဘူးဆိုပါတော့
သူဘယ်လိုပြဿနာတွေကြားထဲကိုရောက်သွားမယ်ဆိုတာ
ပညာပေးရိုက်ကူးထားတဲ့ကားကောင်းလေးဖြစ်လို့ ညွှန်ပေးလိုက်ရပါတယ်
drama အမျိုးအစားဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်
Action, Crime
ဒီတစ်ခါတော့ IMDb rating 7.1/10အထိရရှိထားတဲ့ Crime, Dramaအမျိုးအစား ရုပ်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဇာတ်လမ်းအကျဥ်းကတော့ ဂျိုဝီဆိုတဲ့ ကြေးစားလူသတ်သမားတစ်ယောက်ဟာ လူသတ်တဲ့နေရာမှာ လက်ယဥ်ပြီးကျွမ်းကျင်ပါတယ်။ တစ်နေ့မှာတော့ သူ့ကိုအပ်ထားတဲ့ အလုပ်တစ်ခုကိုကိုင်တွယ်နေတုန်း သူလူသတ်လိုက်တာကို သေဆုံးသူရဲ့လက်ထောက်ဖြစ်သူကောင်မလေး မြင်သွားပါတယ်။ သူကလည်း မလှုပ်ရှားခင်ကတည်းက ပစ်မှတ်အခြေအနေကိုလေ့လာရင်း အဲဒီကောင်မလေးကိုမြင်မြင်ချင်း ကြွေမိနေတာပါ။ ပုံမှန်ဆိုရင် မျက်မြင်သက်သေကိုပါ လက်စဖျောက်ရမှာဆိုပေမဲ့ သူ့ခံစားချက်ကိုမထိန်းချုပ်နိုင်တဲ့ ဂျိုဝီတစ်ယောက် ကောင်မလေးကိုဖမ်းပြီး သူ့အိမ်ခေါ်လာပါတယ်။ ပြီးတော့ သူ့အိမ်မှာဘဲမသတ်ရက်လို့ ဆက်ဖမ်းထားပါတယ်။
လူသတ်သမားနဲ့ မျက်မြင်သက်သေကြားက ထူးခြားတဲ့အချစ်ပုံစံကရော ဘယ်လိုဖြစ်မလဲ။ သာမန်အချစ်ဇာတ်လမ်းနဲ့ ထူးထူးခြားခြားကွဲပြားနေပြီးတော့ သူတို့ကြားကဆက်ဆံရေးက ညင်သာမှုတွေ၊ မယုံကြည်မှုတွေနဲ့ပြည့်နှက်နေပြီး သူတို့ဘဝတွေကို ဘယ်လိုပုံစံရိုက်ခတ်သွားမလဲ။ ဇာတ်လမ်းလေးက အလောတကြီးမဟုတ်ဘဲ ပုံမှန်လေးဇာတ်ရှိန်တက်သွားပြီး အဝေးကြီးထိကြိုမမြင်နိုင်တဲ့ လှည့်ကွက်လေးတွေနဲ့ရိုက်ကူးထားတာကြောင့် ကြည့်လို့ကောင်းတဲ့ကားလေးပါပဲ။
Crime
ဒီဇာတ်ကားကတော့ ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ အိန္ဒိယအက်ရှင်ကားတစ်ကားဖြစ်ပါတယ်။
မင်းသား အာဂျေးလ်ဒေ့ဂမ်၊ အနီးလ်ကပူးရ်၊ မင်းသမီးကန်ဂနာရာနွတ်တို့ ပါဝင်သရုပ်ဆောင်ထားပါတဲ့
ရထား ဗုံးထောင်ပြီး ခြိမ်းခြောက်ငွေတောင်းတဲ့ ကားလေးပါ။
မင်းသားအာဂျေးလ်က အိန္ဒိယကနေ လန်ဒန်ကို အလုပ်လာလုပ်တဲ့အင်ဂျင်နီယာတစ်ယောက်ပါ..
ဘဝတူရွေ့ပြောင်းလုပ်သားတွေရဲ့ဘဝကို ကူညီကယ်ဆယ်ဖို့ ကြိုးစားရင်း.. သူကိုယ်တိုင်လည်း အဖမ်းခံ.. နှင်ထုတ်ခံခဲ့ရပါတယ်။
ချစ်ရတဲ့ မိသားစုကို လန်ဒန်မှာထားရစ်ခဲ့ရပြီး တစ်ကွဲတစ်ပြားဖြစ်ခဲ့ရတဲ့အတွက် လက်စားချေဖို့
လန်ဒန်ကိုရအောင် ပြန်လာခဲ့ပါတယ်။ ပြီးတော့ ရထားပေါ်မှာ ဗုံးထောင်ပြီး ခြိမ်းခြောက်ငွေတောင်းခံမှုတွေ
လုပ်ခဲ့ရာက ဒီဇာတ်လမ်း ဖြစ်ပေါ်လာခဲ့တာပါ။
တောင်းတဲ့ငွေတွေ ရမှာလား.. ခရီးသည်တွေရဲ့ အသက်အန္တရာယ်က
ဘယ်လို ကယ်ထုတ်မှာလဲ စိတ်ဝင်စားဖွယ်၊ ကြည့်ရှုအားပေးလိုက်ပါဦး
Action, bollywood, Crime, Drama
Palmer (2021)
============
IMDb Rating – 7.3/10
ဇာတ်ကားအကျဉ်းပြောရမယ်ဆိုရင်တော့ ထောင်ထွက်တစ်ဦးနဲ့ အိမ်တွင်းရေးအဆင်မပြေတဲ့ ကလေးတစ်ယောက်
ရဲ့အကြောင်းပေါ့။ ပါးလ်မာ က ထောင်ထဲ (၁၂)ကျော်နေခဲ့ပြီးမှ ခံဝန်နဲ့လွတ်လာသူဖြစ်ပြီး သူ့အဖွားအိမ်၊ သူ့ဇာတိမြို့မှာပဲ
ပြန်လာနေခဲ့တယ်။ ဆမ် ဆိုတာကတော့ ပါးလ်မာရဲ့အိမ်ဘေးမှာနေတဲ့ ကလေး။ ဆမ့်အမေက ဆေးသမား၊ ပထွေးဖြစ်သူ
ကလဲ အချိုးမပြေ။ မိသားစုအခြေအနေလုံးဝမကောင်းတဲ့ ကလေးတစ်ယောက်။ ထောင်ထွက် ပါးလ်မာနဲ့ အိမ်တွင်းရေး
အဆင်မပြေတဲ့ ဆမ် တို့နှစ်ယောက်ရဲ့အကြောင်းကို ခပ်ငြိမ့်ငြိမ့်လေးနဲ့ တင်ဆက်သွားတဲ့ Drama ဇာတ်ကားကောင်းလေး
တစ်ကားဖြစ်ပါတယ်။ ဒီလို Drama ကားမျိုးကြည့်ရတာ စိတ်ထဲအတော်လေး ကျေနပ်သွားမိတယ်။ IMDB rating (7.3/10)
၊ Rotten Tomato ကလည်း (74 %) ဆိုတဲ့အတွက်ကြောင့် ဇာတ်ကားကောင်းဖြစ်မယ်ဆိုတာတော့ ပြောစရာလိုမယ်မထင်ပါဘူး။
ပါးလ်မာ အဖြစ် သရုပ်ဆောင်ထားသူကတော့ အဆိုတော်/သရုပ်ဆောင် Justin Timberlake ပဲဖြစ်ပါတယ်။
Drama
ဒီတစ်ခါ comedy-drama ဇာတ်ကားအမျိုးအစားလေးကိုတင်ဆက်ပေးချင်ပါတယ် တကယ်ရယ်ရမဲ့ဇာတ်ကားကောင်းလေးပါနော်
ရုံကြီးကားတစ်ကားဖြစ်ပြီး ဟောင်ကောင်ရုပ်ရှင်ဆုပေးပွဲမှာလည်း ဇကာတင်ဝင်ခဲ့တဲ့ ဇာတ်ကားကောင်းလေးပါ
လတ်တလောမှာလဲ ထိုင်းကနေပြန် remark ရိုက်ထားတဲ့ My God! Father (2020)ရဲ့မူရင်းဇာတ်ကားလေးပါ
နောက်ခံတီးလုံးကလည်းကောင်း သရုပ်ဆောင်တွေကလည်း Eddie Peng (Operation Mekong) , Deng Chao (The Mermaid 2016),
Zanilia Zhao (လတ်တလောပြိးထားတဲ့ ဇာတ်လမ်းတွဲ Legend of fei) တို့တွေဆိုတော့ ထွေထွေထူးထူးပြောစရာလိုမယ်မထင်ပါဘူး
ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် လန်က ကားမောင်းချန်ပီယံတစ်ယောက်ပါ
တစ်နေ့သူ့အဖေနဲ့ ကားအတူတူမောင်းနေရင်း မတော်တဆမှုဖြစ်ခဲ့ပါတယ်
အဲဒီအချိန်မှာ သူက အချိန်နောက်ပြန် ခရီးသွားပြီး သူ့အဖေရဲ့ငယ်ဘဝကိုရောက်သွားပါတော့တယ်
လန်က အစက သူအဖေနဲ့အဆင်မပြေပါဘူး ဒါပေမယ့် သူ့အဖေငယ်ဘဝကိုပြန်ရောက်တဲ့အခါ
သားအဖ နှစ်ယောက်က သူငယ်ချင်းဖြစ်လာပါတော့တယ်
သားအဖနှစ်ယောက်ကြားကသံယောဇဉ်တွေအကြောင်းကို
ကြည့်ရမယ့် dramaကားကောင်းကောင်းလေးပဲဖြစ်လို့ ညွှန်းပေးလိုက်ရပါတယ်
Comedy, Drama, Fantasy
My Missing Valentine (2020)
****************************
ဒိတ်ပျောက်တယ် ဆိုတဲ့ စကားကို လူငယ်တွေ အရမ်းပြောလေ့ရှိပါတယ်
ဒါပေမယ့် တကယ် ဒိတ်ပျောက်သွားတဲ့လူတွေရှိပါ့မလား
ဒီဇာတ်လမ်းထဲက ကောင်မလေးကတော့ တကယ်ဒိတ်ပျောက်သွားခဲ့ပါတယ်
အရာရာကို မြန်မြန်ဆန်ဆန်လုပ်တတ်တဲ့ကောင်မလေးတစ်ယောက်
ခရာမတွတ်ခင် ပြေးတတ်တဲ့ သူများတွေထက် ရှေ့ကိုတစ်လှမ်းကြိုပြင်ဆင်တတ်သူလေးတစ်ယောက်ရှိသတဲ့။
ကမ္ဘာလောကကြီးနဲ့အဆက်သွယ်ပြတ်နေတဲ့သူတစ်ယောက်
အသက်ကလဲ ၃၀ နားကပ်နေပြီး အချစ်ရေးနဲ့ပါတ်သက်လို့ မူးလို့တောင်မရှုဖူးတဲ့သူမအနားကို
ခပ်ချောချောကောင်လေးတစ်ယောက်က ရောက်လာခဲ့ပါတယ်။
အဲ့ကောင်လေးနဲ့ ချစ်သူများနေ့မှာ အတူဖြတ်သန်းဖို့ စိတ်ကူးယဉ်
အပျော်တွေလွန်ပြီး အိပ်သွားခဲ့ပေမဲ့ နောက်တစ်နေ့ သူအိပ်ရာနိုးလာချိန်မှာတော့
သူ့ရဲ့ချစ်သူများနေ့ဟာ သူ့မှတ်ဉာဏ်ထဲကနေ ထူးဆန်းအံ့သြဖွယ်ရာ
ပျောက်ဆုံးနေခဲ့တာသိလိုက်ရပါတယ်။
သူ့ရဲ့ဘဝမှာ အပြောင်းလဲကြီးတစ်ခုလို့ဆိုရလောက်တဲ့နေ့တစ်နေ့ဟာ
ဘာလို့ပျောက်ဆုံးသွားရတာလဲ အဖြေရှာပါတော့တယ်။
ဘာကြောင့် နေ့ရက်တစ်ရက် ပျောက်ဆုံးသွားရတာလဲ
ပျောက်ဆုံးသွားတဲ့နေ့ရက်ကို ဘယ်လိုပြန်ရှာမလဲ
“ကိုယ့်ကိုယ်ချစ်ပါ တစ်နေရာမှာတော့
သင့်ကိုချစ်တဲ့သူတစ်ယောက်ရှိနေပါတယ်”
IMDb rating 7.4 ရရှိထားပြီး Golden Horse Film Festival တစ်ခုတည်းမှာတင်
Winner 5 ဆုရရှိပြီး Nomi 6 ဆု ၀င်ခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားလဲဖြစ်ပါတယ်။
Comedy, Drama, Mystery
ကျွန်တော်တို့ငယ်ငယ်တုန်းက လမ်းတစ်လမ်းဖောက်ဖို့ အဆောက်အဦပြောင်းဖို့
သင်္ချိုင်းရွေ့တယ်တို့ သင်္ချိုင်းပြောင်းတယ်တို့
ခဏခဏကြားဖူးကြတယ်မလား
ခွင့်တောင်းပြီးရွေ့ရတဲ့အခါ ကားထဲခေါ်တင်ပြီး
ပြောင်းရွေ့ပေးရတာတွေလေ
အခုလည်း ရှိချင်ရှိမှာပါ ဒါပေမယ့်ငယ်ငယ်တုန်းကတော့
ဒီလိုပြောင်းရွေ့မှုရဲ့ နောက်ဆက်တွဲဇာတ်လမ်းတွေကြားရတာနဲ့တင်
ကြက်သီးမွှေးညှင်းတွေ ထခဲ့ကြရတာပေါ့ဗျာ
ခေတ်ကာလတွေကူးပြောင်းလာတော့ ဒီခေတ်ကြီးထဲမယ်
သရဲတစ္ဆေတွေနဲ့ ပက်သက်ပြီး ကျွန်တော်တို့ငယ်ငယ်တုန်းကလောက်
အစွဲအလမ်းမရှိကြတော့တာကတော့ သေချာတယ်ဗျ
ဒါပေမယ့် သုသာန်မြေကိုတစ်ခုခုလုပ်ဖို့ဖယ်ရှားရတဲ့အချိန်မှာတော့
ရှေးဟောင်းအယူအဆတွေက မပစ်ပယ်ကောင်းပါဘူး
ရှေးထုံးလည်းမပယ်နဲ့ ဈေးသုံးလည်း မကြွယ်နဲ့ဆိုတဲ့ စကားတောင်ရှိသေးတယ်မို့လား
ဒီဇာတ်ကားက ကျွန်တော်အပေါ်ကပြောထားသလိုပဲ
သုသာန်မြေကိုမှ ခွင့်မတောင်းဘဲ
ပိုင်နက်ကျူးလွန်မိတဲ့အခါ ဖြစ်လာတဲ့နောက်ဆက်တွဲပြသနာပေါ့ဗျာ
ဇာတ်လမ်းက နည်းနည်းတော့ drama,thriller အမျိုးအစားဆိုပေမယ့် ဟာသဘက်လည်းနည်းနည်းရောက်တယ်ဗျ
ချစ်သူနှစ်ဦးအပြင် အကြောင်းကြောင်းကြောင့်
တစ်နေရာထဲလာဆုံကြရမယ့်လူတွေရဲ့
ကံကြမ္မာအလှည့်အပြောင်းကို ကြည့်ရမှာ
Tamil thriller ငတ်နေတဲ့သူတွေအဖို့တော့
သိပ်မဆိုးလှတဲ့ ဇာတ်ကားလို့ပြောပါရစေ
Horror, Thriller
Haymaker (2021)
=============
IMDb Rating – 4.0/10
ပြိုင်ပွဲတစ်ပွဲမှာရှုံးနိမ့်ပြီးတဲ့နောက်ပိုင်း အနားယူသွားခဲ့တဲ့မွေထိုင်းဖိုက်တာနစ်တစ်ယောက်
transgenderမလေး နော်မီကို စော်ကားဖို့လုပ်တဲ့လူကို ထိုးကြိတ်ဆုံးမခဲ့ရာကနေဇာတ်လမ်း
စတာပဲ။ အဲ့ဒီမှာပဲ နော်မီက နစ်ခ်ကိုကိုယ်ရံတော်အနေ နဲ့အလုပ်ခန့်လိုက်ပြီး သူ့ဖျော်ဖြေပွဲတွေ
နောက်ကိုခေါ်သွားတာပေါ့။ နော်မီကလည်းအဆိုတော်ဆိုပေမဲ့ စပွန်ဆာတွေနဲ့ အရက်သောက်လိုက်
စကားပြောလိုက်လုပ်ပြီး အဆိုတော်အဖြစ်နဲ့ရပ်တည်နေရတဲ့လူ…………နစ်ခ်ကျတော့ ပြိုင်ပွဲမှာ
ရှုံးပြီး နောက်ပိုင်း ကြိုးဝိုင်းထဲကိုပြန်ဝင်ဖို့မဝံ့ရဲတော့တဲ့လူ…………ဒီလိုလူနှစ်ယောက်ဆုံစည်းပြီးတဲ့
နောက်ပိုင်းမှာ ဘာတွေ ဖြစ်လာမှာလဲဆိုတော့ကိုတော့ စိတ်ဝင်တစားကြည့်ရှုရမှာပါ။
Action, Drama
Killer Shark (2021)
“ကိုယ်…မင်းကိုအရမ်းချစ်တယ်
ဒီလိုပြောပြီး ကျွန်မကို ကျောခိုင်းသွားခဲ့တဲ့ရှင့်ကို ကျွန်မမုန်းတယ်…..
ပင်လယ်ကြီးရေ..ရှင်ဟာ စိတ်ပျက်စရာကောင်းလွန်းလှသလို နှစ်သက်စရာလည်းကောင်းပါတယ်
လူကို အံ့ဩစေနိုင်တဲ့ အစွမ်းတွေရှိတဲ့ သဘာဝကြီးတစ်ခုပေါ့…
ဒါပေမဲ့…. ကျွန်မတော့ ရှင့်ကိုမုန်းပါတယ်”
ပရိသတ်ကြီးအတွက် ဒီတစ်ခါတော့ အချိန်တစ်နာရီလောက် မထတမ်းကြည့်လို့ကောင်းမယ့် ကားလေးနဲ့ မိတ်ဆက်ပေးပါမယ် ။ ပိုစတာကိုကြည့်တာနဲ့ သောင်းကျန်းတော့မယ့် ငါးမန်းမှန်း သိပြီးသားဖြစ်မှာပါ ။ ဒါပေမဲ့ ပရိသတ်ကြီးမသိသေးတာက ဒီကားလေးထဲမှာ သံယောဇဉ်တွေ ၊ လူတွေရဲ့စိတ်နေသဘောထားတွေ ပြီးတော့ အရမ်းမိုက်တဲ့ ကွန်ပျူတာအဖက် တွေပါဝင်နေတယ်ဆိုတာပါပဲ ။
လူငယ်လေးတစ်စု အားလပ်ရက်မှာ ပင်လယ်ဘက်ကို အပန်းဖြေခရီးထွက်လာကြပါတယ် ။ ဘာပြသာနာမှမရှိပေမယ့် အုပ်စုထဲက စုံတွဲတစ်တွဲရဲ့ အချစ်စမ်းမှုတွေကြောင့် စီးလာတဲ့ သင်္ဘောက ကျောက်ဆောင်နဲ့ တိုက်မိသွားပါတယ် ။ ဇာတ်လမ်းက အဲ့ကစတာပေါ့နော် ။
ပင်လယ်ပြင်ကြီးထဲမှာ ကယ်မယ့်သူမရှိတုန်း တစ်ခုတည်းသော လုပ်စရာရှိတာက ကျွန်းငယ်လေးတစ်ခုဆီ လက်ပစ်ကူးသွားဖို့ပါ ။ အဲ့တော့ ဒီသူငယ်ချင်းတစ်သိုက် ကျွန်းငယ်လေးဆီရောက်အောင်ကူးနိုင်ပြီး ဘယ်နှစ်ယောက်များ ဇာတ်လမ်းအဆုံးမှာ အသက်ရှင်ကျန်မလဲ ကြည့်လိုက်ရအောင်နော်။
Asian, Thriller
Baby Done (2020)
==============
IMDb Rating – 6.2/10
ဘဝမှာ မိဘတစ်ယောက်ဖြစ်ဖို့ စိတ်ရောကိုယ်ပါ အစအစအရာရာ ပြင်ဆင်ကြရပါတယ်။
ဒီကားမှာတော့ ဇိုဝီဆိုတဲ့ကောင်မလေးက သူ့ကောင်လေး တင်မ်နဲ့ မထင်မှတ်ဘဲ ကိုယ်ဝန်
ရသွားပါတော့တယ်။ လွတ်လွတ်လပ်လပ်နဲ့ ဘဝကို စွန့်စွန့်စားစား ဖြတ်သန်းရတာကိ ကြိုက်တဲ့
သစ်ပင်တက်သမား ဇိုဝီတစ်ယောက်အဖို့ မထင်မှတ်ဘဲ ကိုယ်ဝန်ရသွားတာသိလိုက်ရတဲ့အချိန်
အကြီးအကျယ်ကို ရှော့ခ်ရသွားပါတော့တယ်။ ဇိုဝီကောင်လေး တင်မ်ကတော့ ကိုယ်ဝန်ရှိတာ
သိသွားတဲ့ အချိန်ကစပြီး ဖခင်ကောင်းတစ်ယောက်ဖြစ်ဖို့နဲ့ ဇိုဝီကို ဂရုစိုက်ဖို့အတွက် အစွန်းကုန်
ကြိုးစားပါတော့တယ်။ ဇိုဝီရဲ့ ဆန္ဒအရ သူတို့နှစ်ယောက်က ကလေးမမွေးခင်မှာ လုပ်ချင်တဲ့အရာ
တွေကို စပြီးချရေးပါတော့တယ်……သူတို့ကလေးမမွေးခင် သူတို့ဆန္ဒတွေ ပြီးမြောက်သွားမလား၊
မထင်မှတ်ဘဲ ကိုယ်ဝန်ရသွားတဲ့ ဇိုဝီတစ်ယောက် ဘယ်လိုကလေးမွေးဖို့ ရင်ဆိုင်မလဲဆိုတာကို
comedy ဆန်ဆန် ကြည့်ရှူရမှာဖြစ်ပါတယ်။
Comedy
ဒီဇာတ်ကားကတော့ Netflixကအသစ်ထွက်ရှိလာတဲ့ ဇာတ်ကားကောင်းလေးပါ
ပီလီနဲ့လိုအန်နီဆိုတဲ့ မောင်နှမနှစ်ယောက်က ဟာဝိုင်ရီမှာမွေးပေးမယ့်လည်း
နယူးယော့ခ်ကိုငယ်ငယ်ကတည်းက ပြောင်းခဲ့ရပြီး
သူတို့အဘိုးနေမကောင်းလို့ ဟာဝိုင်ရီကိုပြန်လာခဲ့ရပါတယ်
ပီလီကတော့ ရတနာသိုက်ရှာဖွေရေးဂိမ်းတွေကိုအရမ်းကြိုက်တာပါ
တစ်နေ့ သူ့အဘိုးရဲ့စာအုပ်တစ်အုပ်တွေ့ခဲ့ပြီး ဟာဝိုင်ရီကိုရောက်လာခဲ့တဲ့ ပင်လယ်ဓားပြတွေ
ရတနာတွေဝှက်ထားခဲ့ကြကြောင်းသိခဲ့ပါတယ် သူ့အဘိုးကလည်း ငွေရေးကြေးရေးပြဿနာတွေကြုံနေရလို့
သူတို့အမေက နယူးယော့ခ်ကအိမ်ကိုရောင်းပြီး ဟာဝိုင်ရီကိုပြောင်းလာမယ်လုပ်ပါတော့တယ်
အဲဒီအချိန်မှာ ပီလီက ပြဿနာတွေပြေလည်အောင်လုပ်ဖို့အတွက် ရတနာသိုက်ရှာမယ်လုပ်ပါတော့တယ်
အဲ့ဒီမှာ ရတနာသိုက်ရှာဖွေရေးထဲကို သူ့အစ်ကိုပါ ပါလာပါတော့တယ်
ရတနာသိုက်ကိုသူတို့ဘယ်လိုရှာဖွေကြမလဲဆိုတာကတာ့ ကြည့်ရူလိုက်ကြပါတော့နော်
Action, Adventure, Comedy
နာမည်ကြီးမင်းသား Denzel Washington , Rami Malek , jared letoတို့ရဲ့ကားသစ်လေးတင်ဆက်ပေးလိုက်ပါတယ်
လောကမှာ အိန်ဂျယ်လို့ခေါ်လို့ရတဲ့ အပြစ်ကင်းတဲ့လူတွေရော ရှိသေးရဲ့လား။
အမှန်တရားအတွက် ရာဇဝတ်သားတွေကို ဖမ်းဆီးမယ်လို့ကြွေးကြော်ထားတဲ့ ရဲတွေကရော
တကယ်ဘဲ အပြစ်ကင်းတဲ့လူတွေဟုတ်ကြရဲ့လား။
The Little Thingsဇာတ်ကားမှာတော့ ရဲအရာရှိ Joe Deaconက သူတို့မြို့က မိန်းကလေးတွေကို
သတ်တဲ့ ကွင်းဆက်လူသတ်မှုကို ဖော်ထုတ်ဖို့ ကြိုးပမ်းခဲ့သူပါ။
လက်ရှိမှာတော့ဒီအမှုကို တာဝန်ယူထားသူကတော့ စုံထောက် Jim Baxterဖြစ်တယ်။
အစပိုင်းမှာ သူတို့နှစ်ယောက်ကြား အဆင်မပြေမှုတွေရှိခဲ့ပေမဲ့ Joeနဲ့ Jimmyတို့နှစ်ယောက် ဒီကွင်းဆက်လူသတ်မှုကို
ရှာဖွေဖို့အတွက် အတူပူးပေါင်းခဲ့ကြတယ်။Jimmyအတွက်ကတော့ ဒီအမှုကသူတာဝန်ယူထားရတဲ့ အမှုအဖြစ်ပေမဲ့ Joeတစ်ယောက်
ဒီအမှုကိုလိုက်နေတဲ့အကြောင်းအရင်းကတော့ လွန်ခဲ့တဲ့၅နှစ်က သူဖုံးကွယ်ထားတဲ့ ရွံ့စရာအတိတ်နဲ့ပတ်သတ်နေလို့ဘဲဖြစ်ပါတယ်။
သက်သေလဲမရှိ သဲလွန်စလဲမရှိတဲ့ ဒီကွင်းဆက်လူသတ်မှုကို Joeနဲ့Jimတို့ဘယ်လိုဖော်ထုတ်ကြမလဲ။
Joeဖုံးကွယ်ထားချင်တဲ့ အတိတ်ကရောဘာလဲဆိုတာ ကြည့်ရှုကြပါအုံး။
ဒီဇာတ်ကားမှာ မင်းသား Denzel Washingtonက Joeအဖြစ်သရုပ်ဆောင်ထားပြီး မင်းသား Rami Malekကတော့ စုံထောက် Jimအဖြစ်သရုပ်ဆောင်ထားပါတယ်။
Crime, Drama, Thriller
Echo Boomers (2020)
=================
IMDb Rating – 6.1/10
ဒီဇာတ်လမ်းလေးက လူငယ်လေးတွေအကြောင်း အထူးသဖြင့်(၁၉၈၁)ကနေ(၁၉၉၆)ကြားမွေးဖွားခဲ့တဲ့
Generation Y ဒါမှမဟုတ် Millennials တွေအကြောင်းကို ဦးတည်ရိုက်ထားတဲ့ကားလေးပဲဖြစ်ပါတယ်။
ကြိုးစားရိုးသားပြီး ကိုယ်ပိုင်အရည်အချင်းနဲ့တရားဝင်အလုပ်ကိုလုပ်ချင်ခဲ့ပေမဲ့ စီးပွားရေးစနစ်ဆိုးကြောင့်
အလုပ်လက်မဲ့ဖြစ် နေခဲ့ရတဲ့ ကောလိပ်ကျောင်းသားတစ်စု၊ ချမ်းသာတဲ့လူလက်တစ်ဆုပ်ကပဲထပ်ပြီးချမ်းသာ
နေတဲ့စနစ်ဆိုးကြောင့် သူတို့နေချင်ခဲ့တဲ့ဘဝကိုနေချင်ခဲ့တဲ့ပုံစံအတိုင်းမနေခဲ့ရတဲ့လူငယ်တစ်စု၊ ချီကာဂိုက
အချမ်းသာဆုံးဆိုတဲ့လူတွေရဲ့အိမ်ကိုဝင် ပြီးပစ္စည်းတွေကိုခိုးယူပြီးတော့ နေချင်ခဲ့တဲ့ဘဝကိုဖန်တီးလာခဲ့တဲ့
အခါမှာတော့……..
ဒီဇာတ်ကားလေးထဲကအကြောင်းအရာ တွေက လူငယ်တွေရဲ့ခံစားချက် လူငယ်တွေရဲ့ဘဝကိုဖွင့်ဟပြနေတဲ့
ဇာတ်ကားတစ်ကားဖြစ်လို့ ထုံးစံအတိုင်းလေးပဲကိုယ်တိုင် ကြည့်ရှုခံစားဝေဖန်ကြည့်ကြပါအုံးလို့……….
Action, Crime, Drama
The Elfkins Baking a Difference (2019)
**************************************
=IMDB 6.0 =
ဂျာမန်ကာတွန်းကားလေးပါ
မြေအောက်မှာပဲ နှစ်ပေါင်းများစွာနေလာတဲ့ မှင်စာလေး အဲလ်ဖီဟာ
လူသားတွေနေတဲ့အပေါ်ကိုတက်လာပြီး ပညာရပ်တစ်ခုခုကိုသင်ချင်နေပါတယ်။
တက်လာပြီးနောက် မုန့်ဖုတ်ဆရာ သီအိုနဲ့တွေ့ခဲ့ပါတယ်
သူ့ရဲ့မုန့်တိုက်ကိုလိုချင်နေတဲ့ ညီဆီကနေကယ်တင်ဖို့လိုနေတဲ့သူပေါ့။မှင်စာလေးဟာ သူတက်ချင်တဲ့ပညာကိုတက်သွားနိုင်မလား
လူသား သီအိုကရော သူ့မုန့်တိုက်ကို ကယ်တင်နိုင်မလား
ဘာအပြောင်းအလဲတွေ လုပ်နိုင်သွားမလဲ
The Elfkins Baking a Difference (2019)
Action, Animation, Comedy
Transformers သိပ္ပံအက်ရှင်ဇာတ်လမ်းတွဲ၏ ဇာတ်လမ်းသစ်အဖြစ်
Transformers: The Last Knight ကို ကျူးဘားနိုင်ငံ မြို့တော် ဟာဗန်နာတွင်
စတင်ရိုက်ကူး ခဲ့သည်။
ယင်းဇာတ်ကားသည် Transformers ဇာတ် လမ်းတွဲ၏ ပ ဉ္စမမြောက် live-action
ဇာတ်ကား တစ်ကားဖြစ်ပြီး ၂ဝ၁၄ ခုနှစ်က ထွက်ရှိခဲ့သည့် Transformers:
Age of Extinction ဇာတ်ကား၏ နောက်ဆက်တွဲဇာတ်ကားလည်းဖြစ်သည်။
ယင်းဇာတ်ကားသစ်သည် Transformers ဇာတ်လမ်းတွဲများ၏ ပင်တိုင် ဖန်တီးရှင်
ဒါရိုက်တာမိုက်ကယ်ဘေးရဲ့ လက်ရာ ဇာတ်ကားတစ်ကားဖြစ်သည်။
Transformers: The Last Knight ဇာတ်ကား သစ်တွင် ပင်တိုင်မင်းသား
မာ့ခ်ဝဲလ်ဘတ်ခ်နှင့် သရုပ်ဆောင်အချို့လည်း ပြန်လည်ပါဝင်လာကြပါတယ် …
Transformers သိပ္ပံဇာတ်ကား၏ ဒုတိယ မြောက်ဇာတ်ကားဖြစ်သည့်
Revenge of the Fallen ကို ၂ဝဝ၉ ခုနှစ်ကလည်းကောင်း၊
တတိယ မြောက်ဇာတ်ကား Dark of the Moon ကို ၂ဝ၁၁ ခုနှစ်ကလည်းကောင်း၊
စတုတ္ထမြောက်ဇာတ်ကား Age of Extinction ကို ၂ဝ၁၄ ခုနှစ်က လည်းကောင်း
ဖြန့်ချိပြသခဲ့ပြီး ယခုအခါ ပ ဉ္စမမြောက်ဇာတ်ကားကို ယခုပြသ လျက်ရှိကာ
Transformers 6 ကို ၂ဝ၁၈ ခုနှစ်တွင် ပြသသွား မည်ဖြစ်ကြောင်း သိရသည်။
Transformers ဇာတ်ကားများအားလုံးသည် ဝေဖန်သူများ၏ အပြုသဘောမဆောင်သည့်
တုံ့ပြန်ချက်များကိုသာ လက်ခံရရှိခဲ့သော်လည်း ယနေ့ထက်တိုင် ရုံဝင်ငွေအားကောင်းလျက်ရှိပြီး
ဟောလိဝုဒ်ရုပ်ရှင်လောကတွင် အောင်မြင်နေဆဲ ဇာတ်ကားများဖြစ်ကြောင်း သိရသည်။
~Review Credit
Transformers The Last Knight (2017)
Action, Adventure, Sci-Fi, Transformers
Transformers တွေကြောင့် Chiacago မြို့ ပျက်ဆီးခဲ့ရတယ်လို့ အစိုးက အပြစ်တင်ပြီး၊
Autobots တွေရော Decepticons တွေကိုပါလိုက်ဖမ်းဆီးနေပါတယ်။
အဲ့ဒီအချိန်မှာ Mark Wahlberg က Optimus Prime ကိုအမှတ်မထင် ရှာတွေ့သွားရာက
သူ့ကို လိုက်ရှာနေတဲ့ အစိုးရအဖွဲအစည်းတွေနဲ့ အခြားဂြိုလ်သားတွေရဲ့ ပစ်မှတ်ဖြစ်လာပါတယ်။
အဲ့ဒီမှာ Mark Wahlberg တို့မိသားစုနဲ့ Autobots တွေပေါင်းပြီး အဖြစ်မှန်ကို စုံစမ်းရာမှာ၊
US အစိုးရက Transformer တွေကို ကိုယ်တိုင် တီထွင်နေပြီးတော့၊
Control လုပ်နိုင်ဖို့ ကြိုးစားနေသလို၊ Transformers Army လုပ်နေပါတယ်။
ဒါပေမယ့် သူတို့ယူသုံးနေတဲ့ Sample တွေက Megatron ရဲ့အစိတ်အပိုင်းနဲ့ ဦးနောက်တွေဖြစ်
နေပြီးတော့၊အမှတ်မထင်ပဲ Megatron ကို အသက်ပြန်သွင်း နေသလို ဖြစ်နေတဲ့အတွက် ဘယ်လို
တွေစခန်းသွားကြမယ်ဆိုတာ…….။
~ Review Credit
Transformers Age of Extinction (2014)
Action, Adventure, Sci-Fi, Transformers