mmbusticket ဒီဇာတ်ကားလေးကတော့ အက်ရှင်ကားကောင်းလေးပါ နာမည်ကြီး London has fallen တို့လို ဇာတ်ကားလေးတွေကြည့်ဖူးရင်သိကြမှာပါအဲ့လိုအကြမ်းဖက်အက်ရှင်ဆန်ဆန်လေးပါပဲဗျ
ဒီထဲမှာတော့ အာရပ် အကြမ်းဖက်သမားတွေက ဗြိတိန်နိုင်ငံက အီရန်သံရုံးကို ဝင်စီးတာဗျ အာရပ်ကော ဗြိတိန်ကော အီရန်သံရုံးကောဆိုတော့ခေါင်းရှုပ်သွားလားတော့ မသိ?
အာရပ် တွေကတကယ်တော့အီရန်မှာ မတရားဖမ်းဆီးထားတဲ့အာရပ်တွေကိုပြန်လွှတ်ပေးရေး အာရပ်ဒေသမှာအီရန်ပါရှားတွေရဲ့မတရားဖိနှပ်မှုတွေကို လျော့ချပေးရေးစတဲ့တောင်းဆိုမှုတွေ အတွက် ဗြိတိန်အီရန်သံရုံးက အီရန်လူမျိုးဝန်ထမ်းတွေကိုဓားစာခံဖမ်းပြီး ဗြိတိန်အစိုးကနေတစ်ဆင့်အီရန်ကိုလှမ်းညှိခိုင်းတဲ့သဘောမျိုးပါ သူတို့ကိုယ်တိုင်ကအင်အားမကြီးတော့အင်အားကြီးနိုင်ငံဖြစ်တဲ့ဗြိတိန်ကိုကြားဝင်စေ့စပ်ပေးလိုတဲ့ပုံစံမျိုးပါ ဗြိတိန်ကိုနစ်နာစေလိုတဲ့ပုံစံမျိုးတော့မဟုတ်ဘူးပေါ့
ဗြိတိန်က အဲ့တော့ကိုယ့်နိုင်ငံထဲဖြစ်တာဆိုတော့လဲအရှုပ်တော်ပုံထဲဝင်ရှင်းပေးရတော့တာပေါ့ ဇာတ်ကားTITLE ပေးထားတဲ့အတိုင်း6ရက်အတွင်းဘယ်လို ဖြေရှင်းကြမလဲဆိုတာကတော့ …..ဘာသာပြန် အညွန်းကတော့ Pyae Xein Sett ပါ
A Melody to Remember ခေါ်တဲ့ကိုရီးယား ကားလေးပါ။ IMDb Rating ၇.၂ ၊ MyDrama List ၈.၆ ရရှိထားတယ့် Rating အမြင့်ပိုင်းတွေ ရရှိထားတယ့်ကာားလေးပါ။ Action/ Drama အမျိုးအစားဖြစ်ပြီး ၂၀၁၆ ခုနှစ် ကဖြန့်ချီထားခဲ့ပါတယ်။ တစ်ကားလုံး ကို ၁၂၄ မနစ်ကြာပါတယ်။ ဒီကားကို နာမည်အမျိုးမျိုးနဲ့လဲ ခေါ်ကြပါတယ်။ သူ့ရဲ ကိုးရီယား ပြည်တွင်းမှာ ( 임시완 )오빠생각 မြန်မာလို အဓိပ္ပယ်က အစ်ကိုကြီးရဲ့ ဆန္ဒ ဖြစ်ပြီး နိုင်ငံတကာ မှ A Melody to Remember လို့ခေါ်ကြပါတယ်။ ဒီကားလေးက Box Office ဝင်ငွေကိုကြည့်ရင် ပြည်တွင်းမှာအောင်မြင်မှုမရပေမယ့် နိုင်ငံတကာမှာအောင်မြင်မှုပိုရရှိခဲ့တယ်ကားပါ။ ရိုက်ကူးတယ့် စရိတ်ကိုမသိရပေမယ့် ဝင်ငွေ ကန်ဒေါ်လာ ၇ သန်းကျော်ရှိခဲ့ပါတယ်။ ရှာလို့ရသလောက်က Far East Flim Festival မှာ ပရိတ်သတ်အကြိုက်ဆုံး ဆုကို ရရှိထားပြီး ဇကာတင်စာရင်းဝင်ထားတာနည်းနည်းတော့ရှိပါတယ်။ ဒီကားရဲ့အဓီကမင်းသားအဖြစ်ပါဝင် ထားတယ့် Siwan အဓီကနေရာမှာ သရုပ်ဆောင် တယ့် သူရဲ့ပွဲဦးထွက် ဇာတ်ကားလဲဖြစ်ပါတယ်။ ကလေး သရုပ်ဆောင် နှစ်ယောက်က Jung Joon နဲ့Lee Re တို့ဖြစ်ပြီး တော်တော်လေးသရုပ် ဆောင်ကောင်းပါကြပါတယ် ။ Rating များပြီး ဇာတ်ကားနဲ့ပတ်သတ် တွေကရှာရတာ မလွယ်ပါဘူး။ဇာတ်လမ်းက ကောင်းပါတယ်။ ဒီဇာတ်ကားလေးရဲ့ Theme က မိဘမဲ့ ကလေး တွေ ရဲ စစ်အတွင်းက ဘ၀ နဲ့ဂီတပါရမီ ကိုပြချင်တာဖြစ်ပါတယ်။ ဝေဖန်ချက်ကောင်းကောင်းတွေ ရရှိထားပြီး ပရိတ်သတ် တွေ ကိုဆွဲဆောင်ထားနိုင်ပါတယ်။ ကလေးနှစ်ယောကို အဓီက ထားပြီး ဇာတ်အိမ် တည်ထားပါတယ်။ ဇာတ်ကားနာမည်အတိုင်း မောင်နှမ နှစ်ယောက် ရဲ့မေတ္တာကို ဖော်ကျူး ထားပါတယ်။ ကိုးရီယား ကားတွေ မှာ ချီးကျူးချင်တာက ကလေးသရုပ်ဆောင်တွေ ပါ။ တကယ်သူတို့ပေးချင်တယ့် ခံစားချက်ကို တစ်ဖက်သားဆီရောက်အောင်ပေးနိုင်ပါတယ်။ လွန်ခဲ့တယ့် နှစ်၅၀ ကျော်က ကိုးရီယားနိုင်ငံအခြေနေကိုလဲ အထင်သားတွေ မြင်ရပါတယ်။ စစ်ကြောင့်မိဘမဲ့ဖြစ်သွားတယ့် ကလေးတွေ ရဲ့ဘဝဖြတ်သန်းရှင်သန်ရပုံတွေ ၊ တောင်နဲ့ မြောက်ရဲ့အမုန်းတရားတွေ ကိုတွေ့ရမှာပါ။ နောက်ပြီးဒီ ဇာတ်ကားမှာပါတဲ့ သီချင်းဆိုရတဲ့ အခန်းတွေ ကို ကလေးတွေ တကယ်သီဆို ထားတာပါ။အဲ့ဒီမှာ သရုပ်ဆောင်နဲ့ဆွေးရုံတင် မဟုတ်ဘဲ အသံကိုနားထောင်ပြီးတော့ပါ ဆွေးနိုင် ပါတယ်။ အသံမှာကိုက သူတို့ခံစားနေတဲ့ ခံစားချက်ကို ပါ အောင်သီဆိုနိုင်တာ ပိုပြီးနားထောင်လို့ကောင်းပါတယ်။ အခု ဒီကားရဲ့ဇာတ်လမ်းပိုင်းကိုပြောပြမှာပါ။ ဇာတ်လမ်းအစမှာ တိုက်ပွဲတစ်ခုအတွင်း တပ်ရင်း တစ်ခုလုံး သေပြီး ဗိုလ်ကြီးတစ်ယောက်ဘဲအသက်ရှင်ကျန်ခဲ့ပါတယ်။ တောင်နဲ့မြောက် ကိုနှစ်ပိုင်းပိုင်းလိုက်ပြီးနောက်မှာ နှစ်ဖက်စစ်စဖြစ်ပါတယ်။ စစ်အတွင်းမှာ တောင်ဘက်ကလူဆို မြောက်ကလူကို သတ် မြောက်ကလူဆိုရင် တောင်ကလူကိုသက် ဖြစ်နေကြတဲ့ အချိန်မှာ အခြေနေကြောင့် မြောက်ပိုင်းအလိုတော်ရိ လုပ် နေတယ့် တောင်ပိုင်းသားတစ်ယောက်က လမ်း ခရီတစ်ခုမှာ တောင်ပိုင်း စစ်တပ် နဲ့တွေ့ပါတယ် အဲ့ဒီမှာ သူ့ရဲ့သမီးလေးက မြောက်ပိုင်းသီချင်း ဆိုပြလိုက်မီလို့သူ့အဖေဖမ်းခံရပြီး ရွှာက လူတွေ ဝိုင်းသတ်လို့သေသွားပါတယ်။ အဲ့ဒီနောက်မှာ မောင်နှစ်မ နှစ်ယောက် ကမိဘမဲ့ ဖြစ်သွားပြီး ရွှာကေနေထွက်လာခဲ့ကြပါတယ်။ အစ်ကို ကသူ့ညီမကိုအရမ်းချစ်ပြီး ဂရုစိုက်ပါတယ်။ အဲ့ဒီအချိန်တိုက်ပွဲတုန်းက အသက်ရှင် ခဲ့တယ့် ဗိုလ်ကြီးက ဘူဆန်ကိုဂီတဆရာ နေနဲ့ ပြောင်းလာရပါတယ်။ မိဘမဲ့ ကျောင်းအုပ်က အမေရိကပညာသင်လာ တယ့် စေတနာဝန်ထမ်း ကောင်မလေးပါ။ အဲ့ဒီအချိန် မိဘမဲ့ ကလေးတွေ ကို သီချင်းသင်ပေးပြီး အဖွဲ့တစ်ခုလုပ်လိုက်ပါတယ်။ သူတို့ပထမဆုံး အမေရိကန်က ဗိုလ်မှုးကြီးကို ဆိုပြတာကနေ လူတွေကြိုက်သွားပြီး သူတို့ကို ရှေ့တန်းက စစ်သားတွေ ကိုဖျော်ဖြေဖို့တာဝန်ပေးလိုက်ပါတယ်။ အဲဒီ မောင်နှစ်မ နှစ်ယောက်မှာ ညီမဖြစ် တယ့် သူက သီချင်းမဆိုဘဲ သူ့အကိုနဲ့မခွဲနိုင် လို့လိုက်လာခဲ့ပါတယ်။ တောတစ်နေရာမှာ နားနေကြရင်း မောင်နှစ်မနှစ်ယောက် အပေါ့သွားဖို့ထွက်လာခဲ့တာမှာ မြောက်ပိုင်း တပ်နဲ့တွေ့ ကြတုန်း သူတို့ကိုမတွေ့လို့လိုက် ရှာနေကြတယ့် တောင်ပိုင်းတပ်တိုက်ပွဲစဖြစ်ကြပါတယ်။ အဲ့တိုက်ပွဲနောက်ပိုင်းဘယ်သူကသေပြီး ဇာတ်လမ်းကို ဘယ်လို ဆက်ထားလဲ ၊ ကောင်မ လေးရရောဘာလို့သီချင်းမဆိုတာလဲ ၊ ဘယ်လို စိတ်ဝင်စားစရာ ဝမ်းနည်းစရာတွေ ရှိမလဲဆို တာဇာတ်ကားကြည့်ပြီးခံစားကြည့်လိုက်ပါ။ ဒီဇာတ်ကားကိုကြည့်မိပြီး တသသဆွဲနေမယ့် အထဲပါပါတယ်။အတက်နိုင်ဆုံး ဇာတ်လမ်းထဲမှာ ခံစားမှုပိုပြီး စီးမျောသွားနိုင်အောင် ဘာသာပြန် ပေးထားပါတယ်။ ဂီတ အကြောင်းကို ဒရာမာ နဲ ရိုက်ပြထားပြီး တစ်ရှုးဆောင်ထားရမယ့် ကားပါ။ ကလေးနှစ်ယောက်ရဲ့သရုပ်ဆောင်နဲ့အဆိုပိုင်း ကို ကောင်းကောင်းကြီး ခံစားရမှာပါ။ ကြိုက်တာ မကြိုက်တာက ကြည့်တယ့်သူပေါ်မှာဘဲမှုတည်မှာပါ။
ဒီဇာတ်လမ်းလေးဟာ ဒုတိယကမ္ဘာစစ်အတွင်း waterကို အသံမထွက်တတ်ဘဲ warလို့မှားထွက်မိလို့စစ်တပ်ထဲရောက်လာတဲ့အူကြောင်ကြောင်အီတလီစစ်သားလေးတစ်ယောက်အကြောင်းပါ …ဒါပေမယ့်လည်းဖြစ်ပုံက အဲ့ဒီနေ့က သူ့ကောင်မလေးကိုလက်ထပ်ခွင့်ရဖို့အတွက်
ပင်လယ်ခြားနေတဲ့စီစလီမြို့ကသူမရဲ့အဖေဆီ သွားပြီးခွင့်တောင်းရမှာပါ…ဒါပေမယ့် စားပွဲထိုးငမွဲလေးဖြစ်တဲ့အာတူရိုဟာ သွားဖို့ရာ ကားခသင်္ဘောခလေးတောင်မတတ်နိုင်တဲ့အတွက် စိတ်ညစ်ညစ်နဲ့ ဘားသွားပါလေရော…ဘားလည်းရောက်ရော ရေတောင်းတာ Waterကိုအသံမထွက်တတ်ဘဲ warလို့ထွက်မိတဲ့အတွက် စစ်တပ်ထဲအူကြောင်ကြောင်နဲ့ရောက်သွားပါတယ်…ဒါပေမယ့်လည်း စစ်တပ်က စီစလီမြို့ကိုတပ်ကူလွှတ်လိုက်တဲ့အတွက် ရေငတ်တုန်းရေတွင်းထဲကျပြီး စီစလီမြို့
ကိုဆိုက်ဆိုက်မြိုက်မြိုက်ကြီးကိုရောက်သွားပါတော့တယ်…စီစလီမြို့အရောက်မှာတော့ သူ့ချစ်သူရဲ့ဖခင်ကိုရှာဖွေရင်း ဘာတွေဆက်ဖြစ်ကြမလဲ……နိုင်ငံကိုပေးဆပ်ဖို့စစ်တပ်ထဲဝင်လာတဲ့သူရဲကောင်းအရာရှိကြီးဖီးလစ်…ဗုံးစောင့်ကြည့်ပေးရတဲ့ မျက်မမြင်နဲ့ ထော့ကျိုးအတွဲ…စစ်တိုက်ထွက်သွားတဲ့ခင်ပွန်းဖြစ်သူကိုစောင့်မျှော်နေတဲ့မိသားစုလေး…စတဲ့သူတို့ရဲ့စစ်အတွင်း ဘဝလေးတွေကိုဟာသနှောလိုက် ငိုချင်အောင်လုပ်လိုက်နဲ့ ပရိသတ်ကိုနည်းမျိုးစုံနဲ့စိတ်ကျေနပ်မှုပေးထားတဲ့ကားလေးပါ…သဘာဝကျကျ ခွီရတဲ့အခန်းတွေတော့ သိပ်ကိုသဘောကျရပါတယ်……အနှစ်ချုပ်ပြောရင်တော့ တကယ်ကြည့်လို့အရမ်းကောင်းတဲ့ကားလေးတစ်ကားပါ…
mmbusticket1080p BluRay 5.1 DTS Quality ဖြင့် Marvel Cinematic Universe (MCU) Collection ကိုစုပေါင်းတင်ဆက်ပါသည်။MCU ဇာတ်ကားအားလုံးကို https://channelmyanmar.org/category/marvel-universe/ မှာ Download နိုင်ပါသည်။++++++++++++++++++++++++++++
Marvel Cinematic Universe Intro=======================
Marvel ထုတ်လုပ်ရေးမှ Marvel Cinematic Universe(MCU) ကို လွန်ခဲ့တဲ့ ၁၀ နှစ်က စပြီးတည်ဆောက်ခဲ့ပါတယ်။
ပထမဆုံး ဇာတ်လမ်းဖြစ်တဲ့ Iron Man-1 နဲ့ဖြစ်ပါတယ်။ နောက်ဆုံးအပိတ်ကတော့ Endgame (2019) ဖြစ်ပါတယ်။Marvel Universe မှာ Infinity Stone လို့ ခေါ်တဲ့ စွမ်းအား အကြီးဆုံး ကျောက်တုံး(၆) လုံးရှိပါတယ်။
အဲဒီကျောက်တုံးတွေဟာ စကြဝဠာအနှံ့မှာ ပြန့်ကျဲနေတယ် ဆိုပါတော့။
ကျောက်တုံးတစ်တုံးချင်းစီမှာ သီးခြားအစွမ်းတွေ ရှိပြီး သာမာန်လူတွေ ကိုင်တွယ်သုံးစွဲဖို့ မဖြစ်နိုင်သလောက်ပါပဲ။
Infinity War ရဲ့ အဓိက ဗီလိန်ဖြစ်တဲ့ Mad titan လို့ခေါ်ကြတဲ့ Thanos က ဒီကျောက်တုံးတွေကို စုစည်းပြီး
စကြဝဠာကို သူ့သဘောအတိုင်းဖန်တီးဖို့ကြိုးစားပါလိမ့်မယ်။
ဒါကို Avengers( Captain America, Iron Man, Hulk, Thor, Black Widow, Hawkeye, Vision,Scarlet Witch,Antman,Falcon) တို့နဲ့
Spiderman, Doctor Strange, Black Panther, Guardians of the Galaxy အဖွဲ့တို့ ပူးပေါင်းတားဆီးကြရင်း ဖြစ်လာတဲ့ စစ်ပွဲပါ။Infinity Stones 6 လုံးရဲ့ တည်နေရာတွေကတော့၁. Space Stone aka Tesseract (Blue)
(Captain America: the first avenger ဇာတ်ကားမှာ နာဇီတွေဆီက လုယူရတဲ့ ကျောက်တုံးဖြစ်ပြီး
Avengers ဇာတ်ကားမှာ လိုကီက ဂြိုလ်သားတွေကို ကမ္ဘာကိုခေါ်ဖို့ ဝင်ပေါက်ဖွင့်တဲ့နေရာမှာ အသုံးပြုခဲ့ပါတယ်၊
လက်ရှိကတော့ Asgard ဂြိုလ်ပေါ်မှာ သိမ်းဆည်းခဲ့ရင်း Thor: Ragnarok ကားအဆုံးမှာ လိုကီ ခိုးယူခဲ့တာကို တွေ့ရမှာပါ)၂။ Reality Stone aka Aether (Red)
( စကြဝဠာကို Big Bang မတိုင်ခင်အထိတောင် ပြန်ပြောင်းပစ်နိုင်ပါတယ်။
Thor 2: The Dark World မှာ ပါလာခဲ့ပြီး နောက်ဆုံး credit scene မှာ Collector ဆိုသူဆီမှာ သိမ်းဆည်းထားပါတယ်)၃။ Power Stone (Purple Orb)
( ဂြိုလ်တစ်ခုလုံးကို အသာလေးဖျက်ပစ်လို့ရတဲ့ raw power တွေပါပါတယ်။
Guardian of the Galaxy 1 မှာ ပါဝင်ခဲ့ပြီး Xander က Nova Corps စစ်တပ်လက်ထဲမှာ သိမ်းဆည်းထားပါတယ်။)၄။ The Time Stone ( The Eye of Agomotto, Green)
( အချိန်ကို လိုသလိုအသုံးချနိုင်ပါတယ်။ Doctor Starnge ဇာတ်လမ်းမှာ ပါဝင်လာပြီး လက်ရှိ ဒေါက်တာ စထ်ရိန့်က စောင့်ရှောက်ထားပါတယ်)၅။ Mind Stone (Yellow)
( ဉာဏ်ရည်ကို မြှင့်တင်ခြင်းနဲ့ စိတ်ညို့ခြင်းတွေ ပြုလုပ်နိုင်ပါတယ်။ Avengers 1 မှာ ပါဝင်ခဲ့ပြီး လက်ရှိ Vision ရဲ့ နဖူးထဲမှာ မြှပ်ထားတာပါ)၆။ Soul Stone (Orange)
( သက်ရှိ သက်မဲ့ အခြေအနေတွေကို ထိန်းချုပ်နိုင်ပါတယ်။ Planet Vormir မှာရှိပါတယ်။ )အဆိုပါ ကျောက်တုံး ၆ တုံးကို သုံးနိုင်ဖို့ Infinity Gauntlet ဆိုတဲ့ လက်အိတ်ကို လိုပါတယ်။ အဲဒီလက်အိတ်ကိုတော့ Thanos ပိုင်ဆိုင်ထားပါတယ်။
ဒီလောက်ဆို Marvel Universe ကိုကြည့်ဖို့ အကြမ်းဖျဉ်းလုံလောက်ပြီ ထင်ပါတယ်။
ဒီကားလေးကတော့ ယူကရိန်းနိုင်ငံသားလေး ယူရီ ရဲ့ ဘဝဇာတ်ကြောင်းလေးဖြစ်ပါတယ် သူရဲ့ လက်အောက်ခံဖိနှိပ်ခံဘဝမှာ တွေ့ကြုံခဲ့ရတဲ့ အခက်အခဲအတွေ့အကြုံတွေကို တွေ့မြင်ရမှာဖြစ်ပါတယ် သူငယ်စဉ်ကတည်းက ချစ်ခဲ့ရတဲ့ နာတာလ်ကာလို့ခေါ်တဲ့ကောင်မလေး တစ်ယောက်ရှိတယ် လူတွေပြောပြောနေကြတဲ့ မြင်မြင်ချင်းအချစ်ပေါ့ ယူရီတို့နေတဲ့ရွာဟာ ယူရီ ငယ်စဉ်ကလေးကတည်းက ‘ဇာ’လို့ခေါ်တဲ့ ရုရှားလူမျိုးရဲ့ လက်အောက်ခံဘဝမှာနေခဲ့ရပါတယ် နောက် သူအရွယ်ရောက်လာတဲ့ အခါမှာတော့ ‘ဇာ’ဟာ ဘိုးလ်ရှစ်ဗစ်တွေ သတ်တာခံလိုက်ရပါတယ် လက်အောက်ခံဘဝကလွတ်မြောက်သွားတဲ့သဘောပေါ့ ဒါပေမယ့် မကြာခင်မှာပဲ ဆိုဗီယက်တွေ ယူကရိန်းနိုင်ငံကို တိုက်ခိုက်လာပါတော့တယ် ယူရီဟာ ပန်းချီအနုပညာပါရမီပါတဲ့သူတစ်ယောက် ဖြစ်ပါတယ် သူ့ရဲ့ပါရမီနဲ့နိုင်ငံ့အတွက် လွတ်လပ်မှုကိုရယူနိုင်ရန် ကီရပ်မှာရှိတဲ့ သူ့သူငယ်ချင်းတွေဆီ လွတ်လပ်ရေးအတွက် အတူတိုက်ခိုက်ဖို့ ရွာကနေထွက်သွားခဲ့ပါတယ် ယူရီဟာသူ့ရဲ့ပါရမီကိုအသုံးချပြီး သူလိုချင်တဲ့လွတ်လပ်မှုကို အရယူနိုင်မှာလား… သူဘာတွေကြုံတွေ့ရဦးမှာလဲ ရွာမှာကျန်ခဲ့တဲ့ နာတာလ်ကာနဲ့ရော ပြန်လည်ဆုံစည်းနိုင်ပါ့မလားဆိုတာတော့ ဒီကားလေးမှာ စိတ်ဝင်တစားနဲ့ကြည့်ရမှာပဲဖြစ်ပါတယ်…
တရုတ်နိုင်ငံရဲ့ အိမ်ခြံမြေ ဈေးကွက် ဟာ လုပ်တက် ကိုင်တက်တယ်ဆိုရင် တစ်ရက်ထဲနဲ့ သူဌေး ဖြစ်သွားနိုင်သလို အမှားအယွင်းဖြစ်ရင်လဲ တစ်ရက်ထဲနဲ့ ခွေးဖြစ်သွားနိုင်တာပါပဲ… အဲ့ဒီမှာ အိမ်ခြံမြေ ဈေးကွက်ထဲ နာမည်ကောင်းနဲ့ ရပ်တည်နေတဲ့ ရိုးသားတဲ့ လူငယ်လေး တစ်ယောက်ရှိတယ် စေတနာ သန့်တယ် ကတ်စတန်မာ ကို ကိုယ့်မိသားစုလို သဘောထားတက်တယ် ဘယ်တော့မှ ဂျင်း မထည့်တက်ဘူး ကိုယ့်လိပ်ပြာ ကိုယ်လုံတဲ့ အိမ်ခြံမြေ အကျိုးဆောင် ပွဲစားလူငယ်လေးပေါ့… ဒါပေမဲ့ တစ်ရက်မှာတော့ သူ့ အဖေ ရဲ့ ဆေးရုံ စရိတ်တွေ အကြွေးတွေ လည်ပင်းနစ်လာတာကြောင့် သူဟာ မူလ နာမည်ရှိပြီး တိုးတက်မှု နှေးတဲ့ လုပ်ငန်းက ထွက်လိုက်ပြီး Top 10 List ထဲ ဝင်နေတဲ့ အိမ်ခြံမြေ လုပ်ငန်းကြီး တစ်ခုမှာ အလုပ်သွားလျှောက်ခဲ့တယ် အဲ့ဒီ လုပ်ငန်းကတော့ အမြတ် မတရားများတယ် ရောင်းမထွက် ငှားမစွံတဲ့ အိမ်ခြံမြေတွေကို ရောင်းထွက်အောင် ငှားထွက်အောင် လုပ်ပေးနိုင်ရင် ခံစားခွင့်က ဘာနဲ့မှ မတူအောင် ချက်ချင်းကြီးပွားနိုင်တယ်… ဒီလိုနဲ့ အဖြူထည်လေးမှာ အရောင်တွေ စွန်းပြီး အိမ်ခြံမြေ ရှာနေတဲ့ မိသားစုတွေ ကို ဂျင်းလိုက် ပတ်ထည့်တော့တာပါပဲ…. သူဂျင်းထည့်လိုက်တာကတော့ ဘယ်သူမှ မနေရဲပဲ လူတွေ ခဏခဏ သေတဲ့ အပ မှီနေတဲ့ တိုက်ခန်း အိမ်ရာတွေ ဖြစ်နေခဲ့သော် အခါ….
သူတို့အားလုံးကို ကျွန်တော်အိမ်ပြန်ပို့နိုင်စေရမယ်လို့ ကတိပေးထားတယ်….ဆိုလိုတာက တစ်ဝက်လောက်ကို လိမ်လိုက်ရတဲ့ဆိုတဲ့သဘောပေါ့” ဒီစကားကိုတော့ တပ်ကြပ်ကြီးတစ်ဦးက ဂျပန်ကျွန်းဆွယ်ဖြစ်တဲ့ အီဝိုးဂျီဝါးကျွန်းကို မသိမ်းခင် တပ်ခွဲမှူးအရာရှိကို ပြောနေတဲ့စကားပဲဖြစ်ပါတယ်.။ပြောချင်တာက ဥပမာလူ(၃၀၀)တက်ရင် ၁၅၀သေမယ် ၁၅၀အသက်ရှင်မယ်ပေါ့လေ။ ..ဒီဂျပန်ကျွန်းတက်သိမ်းမယ့် စစ်ဆင်ရေးမှာ သူကိုယ်တိုင်လည်း အသက်ဆုံးရှုံးနိုင်ဖို့ ၇၀ရာနှုန်းလောက်သေချာနေပေမယ့် သူ့ကိုယ်သူထက် လက်အောက်ငယ်သားတွေ အတွက်စိတ်မကောင်းဖြစ်နေပုံပါပဲ…. Flags of Our Fathers ဆိုတာ ဒုတိယကမ္ဘာစစ်အတွင်း အီဝိုးဂျီဝါးကျွန်းကိုတက်သိမ်းစဉ်ဖြစ်ပျက်ခဲ့တဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်မှီငြိမ်းဇာတ်ကားဖြစ်ပါတယ်….. ဒီကျွန်းကိုတက်မသိမ်းခင် ရေတပ်ကအမြှောက်ကြီးတွေက ဗုံးမိုး ရက်(၂၀)လောက်ရွာခဲ့လို့ မြက်ပင်တောင်မရှိတော့ဘူး…. သို့ပေမယ့် ဂျပန်တို့ရဲ မြင့်မြတ်သောကျွန်းအဖြစ်ဦးထိပ်ထားတဲ့ ဒီကျွန်းကိုရဖို့ အမေရိကန်တို့ အရာအားလုံးနီးပါးစတေးခဲ့ရတယ်… ကျွန်တော်ဒါတွေပြောလို့ စပွိုင်လာဖြစ်သွားတယ်လို့မထင်လိုက်ပါနဲ့…တကယ့်ဒီဇာတ်ကားရဲ့ အဓိကအဖြစ်ဆုံးအကြောင်းအရာက အီဝိုးဂျီဝါးကျွန်းရဲ့တောင်ကုန်းပေါ်မှာ စိုက်ထူခဲ့တဲ့အလံဖြစ်ပါတယ်… ဒီအလံရဲ့နောက်ကွယ် ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ အကောင်းဆုံးအပိုင်းဖြစ်လို့ ထိန်ချိန်ထားပါရစေ…. ဒီကားက စစ်ကားထဲမှာဆို တကယ့် ဂန္တဝင်စားရင်းထဲကိုထည့်ရလိမ့်မယ်ထင်တယ်..ဒါရိုက်တာက Clint Eastwood ကြောင့် လို့လည်းမထင်လိုက်ပါနဲ့…ကျွန်းသိမ်းစဉ်မှာ ကြည်း၊ရေ၊လေ (၃)ခုပေါင်းပြီး ထိုးစစ်ဆင်ခဲ့ပုံတွေကို တကယ့်ထိတ်လန့်စရာ စစ်မြေပြင်အတိုင်းရိုက်ပြနိုင်သလို စစ်ရဲ့ဆိုးကျိုးတွေ တိုက်ပွဲဝင်စစ်သည်တွေရဲ့ ခံစားချက်အဖုံဖုံ ခံယူချက်အမျိုးမျိုးတွေကိုလည်း ရိုက်ပြနိုင်ခဲ့တယ်…ဒါ့အပြင် အစိုးရပိုင်း ပြည်သူနဲ့ စစ်သည်တွေကြားရဲ့ ဆက်နွယ်မှုတွေကိုလည်း ခင်ဗျားတို့မြင်ရလိမ့်မယ်… ဒီကားက အော်စကာ ဆန်ကာတင်(၂)ဆုစာရင်းဝင်ခဲ့သလို အခြားဆု(၁၅)ဆုလည်းရရှိခဲ့တယ်… ကျွန်တော်တို့ရဲ့ ဒါရိုက်တာကြီး Clint Eastwood ကတော့ AARPက ချီးမြင့်တဲ့အကောင်းဆုံးဒါရိုက်တာဆုရရှိခဲ့တယ်.. ကိုင်း စစ်ကားကြိုက်တဲ့ သူတွေအတွက် အကောင်းဆုံးစာရင်းဝင် တစ်ကားတင်ဆက်လိုက်ပါပြီ… ခံစားကြည့်လိုက်ပါဦး…..
အခုတင်ပေးမှာကတော့ လူနဲ့တိရစ္ဆာန်အကြား ချစ်ခြင်းမေတ္တာ၊ မိသားစုချစ်ခြင်းမေတ္တာ၊ စစ်၏သဘောတရား စတဲ့ ခံစားမှုရသမျိုးစုံပါဝင်တဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ ဇာတ်ကားနာမည်ကတော့ အပေါ်ကအတိုင်း War Horse ပါ...စစ်မြင်းတစ်ကောင်အကြောင်းပေါ့…
Jurassic Park, Jaws စတဲ့ တိရစ္ဆာန်ဦးစားပေးဇာတ်ကားတွေ၊ Saving Private Ryan၊ Schindler’s List၊ စတဲ့ စစ်ပွဲဦးစားပေးဇာတ်ကားတွေကို ရိုက်ကူးခဲ့တဲ့ နာမည်ကြီး ဒါရိုက်တာ Steven Spielberg က ရိုက်ကူးထားတာဖြစ်ပါတယ်…စာရေးဆရာကြီး Michael Morpurgo ရဲ့ နာမည်ကျော် War Horse စာအုပ်ကို မှီငြမ်းရိုက်ကူးထားတာဖြစ်ပြီး ပထမကမ္ဘာစစ်အတွင်း
နိုင်ငံအသီးသီးက အသုံးပြုခဲ့တဲ့ မြင်းပေါင်း ရှစ်သန်းကျော်ရဲ့ သနားစရာဘဝကို တစ်ကောင်တည်းနဲ့ ကိုယ်စားပြု ရိုက်ကူးထားတာဖြစ်ပါတယ်…ပြီးတော့ Loki မင်းသား Tom Hiddleston နဲ့ Sherlock Holmes မင်းသား Benedict Cumberbatch တို့ကလည်း အားဖြည့်ကူညီထားပါတယ်….ဇာတ်လမ်းအညွှန်းပထမကမ္ဘာစစ်မစမီ အင်္ဂလန်ပြည်မှာ လယ်ထွန်ဖို့အတွက် မြင်းတွေကို အသုံးပြုခဲ့တာပါ…ဈေးတွေမှာ မြင်းတွေကို လေလံဆွဲရောင်းချရာကနေ ဇာတ်လမ်းရဲ့
အဓိကဇာတ်ကောင်ဖြစ်တဲ့ Joey ဆိုတဲ့မြင်းလေးကို Ted Narracott ဆိုတဲ့လူက ဝယ်ယူခဲ့ရာက စတာပါ…လယ်ထွန်တတ်တဲ့ မြင်းဝယ်ရမယ့်အစား စစ်မြင်းလေးကို ဈေးကြီးပေး ဝယ်ချလာတဲ့ Ted တို့ မိသားစုမှာ ပြဿနာမျိုးစုံတက်တော့တာပါပဲ…ဒါပေမဲ့ Ted ရဲ့သားဖြစ်သူ Albert က မြင်းလေးကိုကောင်းကောင်းမွန်မွန်သင်ကြားပေးပြီး ပြဿနာအချို့ကို ကျော်လွှားနိုင်ခဲ့ပေမယ့် အခြေအနေအမျိုးမျိုးကြောင့် ဒီမြင်းလေးကို စစ်တပ်ကို ရောင်းချခဲ့ရပါတယ်…ဒီလိုနဲ့ ပထမကမ္ဘာစစ်မှာ
မြင်းလေးကို အသုံးပြုဖို့ဖြစ်လာခဲ့ပြီး သူ့ကိုအရမ်းချစ်တဲ့ Albert ကတော့ မြင်းလေးနဲ့ ဝေးဖို့ဖြစ်လာခဲ့ရာကနေ သူ့ရဲ့မြင်းလေးနဲ့ ပြန်တွေ့ဖို့ ကြိုးစားခဲ့ပုံတွေကို ရိုက်ကူးထားတာပါ…စစ်ပွဲအတွင်း မြင်းတွေကို အမျိုးမျိုးအသုံးချပုံတွေ၊ စစ်သားတွေရဲ့ ခက်ထန်မှုတွေ၊ တစ်ချိန်တည်းမှာပဲ စစ်သားတွေရဲ့ ချစ်စဖွယ်အပြုအမူတွေ၊ စစ်ပွဲတွင်းအဖြစ်အပျက်တွေကိုတခမ်းတနား ကြည့်ရမယ့် ဇာတ်ကားကောင်းလေးဖြစ်တာမို့Channel Myanmar ပရိသတ်ကြီးလည်း အကြိုက်တွေ့မယ်လို့ မျှော်လင့်
ပါတယ်…စစ်ကားလည်းဖြစ်တဲ့အပြင် ဒါရိုက်တာ Steven Spielberg ရဲ့ လက်ရာဆိုတော့ ထွေထွေထူးထူးညွှန်းစရာမလိုတဲ့အပြင်အမှတ်တရလေးသိမ်းထားစေဖို့အတွက် Blu-Ray 1080p 5.1 CH, Blu-Ray 720p တို့ဖြင့် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်….ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်….
အိန္ဒိယဇာတ်ကားတွေကြိုက်နှစ်သက်တဲ့ပရိတ်သတ်ကြီးအတွက် Urvi ဆိုတဲ့ဇာတ်ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ Ratingလည်း 7.1ထိရထားတော့ ဇာတ်ကားကောင်းတစ်ကားလို့ပြောလို့ရပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့…အိန္ဒိယဆင်းရဲသား တံငါသည်တစ်ယောက်ဖြစ်တဲ့ နာနီမှာ သမီးငယ်အချောလေးနှစ်ယောက်ပိုင်ဆိုင်ထားပါတယ်။ ဆင်းရဲပြီးဥစ္စာပစ္စည်းမရှိပေမယ့် သမီးငယ်လေးနှစ်ယောက်ရှိနေတဲ့အတွက် သူ့ဘဝဟာ ပြည့်စုံလွန်းနေပါတယ်။ ဒီလိုနဲ့တစ်နေ့မှာ ခေါင်းပုံဖြတ်တတ်တဲ့ သူဋ္ဌေးတစ်ယောက်ဆီကနေ ငွေချေးယူမိပြီး ပြန်မဆပ်နိုင်တဲ့အခါမှာ သူ့ရဲ့သမီးအကြီးဖြစ်သူကို အတင်းအဓမ္မသိမ်းယူပါတော့တယ်။ သူဋ္ဌေးဖြစ်သူရဲ့ အဓမ္မကျင့်ခြင်းကိုခံပြီးတဲ့နောက်မှာတော့ သမီးအကြီးဖြစ်သူက အရှက်အသက်ကိုလဲသွားခဲ့ပါတယ်။ အဲ့ဒီခါမှာတော့ အငယ်ဆုံးသမီးလေးဖြစ်သူက သူ့အဖေနဲ့အစ်မရဲ့ဖြစ်ရပ်ဆိုးတွေကို အသက်အရွယ်ကြီးပြင်းလာတဲ့တစ်နေ့မှာပဲ လက်စားချေခွင့်ရလာခဲ့ပါတယ်။ အဲ့လိုရရှိလာတဲ့အခွင့်အရေးကို အမိအရဆုပ်ကိုင်ပြီးဘယ်လိုလက်စားပြန်ချေသွားမလဲ၊ ဘယ်လိုလှည့်ကွက်တွေရှိလာဦးမလဲဆိုတာ ဒီဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှု့ရမှာပါ။ Rating လည်း 7.1 ထိရထားတဲ့ဇာတ်ကားလေးဆိုတော့ ဇာတ်လမ်းကောင်းလေးလို့ပြောပါရစေ။
ဒီကားက ဒုတိယ ကမ္ဘာစစ်တုန်းက မဟာမိတ် စစ်သင်္ဘောတွေကို တစ်ဒိန်းဒိန်းပစ်ခေတ်ပြီး ရောက်အောက်ကို နှစ်မြှုတ်ခဲ့တဲ့ ဂျမာန် u-571 စစ်သင်္ဘောအကြောင်းကို အဓိက ထားရိုက်ပြထားပါတယ်… ဂျာမန်စစ်သင်္ဘောတွေရဲ့ ပစ်ခတ်ဖျက်ဆီးခြင်းကို ဖွဲအိတ်ကြီးလို ခံနေရတဲ့ အဓိက အကြောင်းရင်းက Enigma ဆိုတဲ့ ဝှက်စာကြောင့်ပါ… ဒီကားအညွှန်းကို မပြောခင် အရေးကြီးဆုံးအကြောင်းအရာဖြစ်တဲ့ Enigma ဆိုတဲ့ ဝှက်စာ အကြောင်းကိုပြောပြပါ့မယ်… ဒါတွေမသိလည်း ကြည့်လို့ကောင်းတဲ့ စစ်ကားကြီးဖြစ်ပေမယ့် သိသွားတဲ့အခါမှာ ဗဟုသုတလည်းရတဲ့အပြင် ကြည့်ရတာ ဇာတ်ရှန်အမြင့်ဆုံးကိုရောက်သွားစေနိုင်တာကြောင့်ပါ.. Enigma ဆိုတာက ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်ကြားကာလမှာ ဂျာမန်တွေတီထွင်ခဲ့တဲ့ ဝှက်စာ စက်ဖြစ်ပါတယ်။ Mechanical နဲ့ electrical ကို ပေါင်းထားတဲ့ စက်ဖြစ်ပြီး U boat နဲ့ ၈ျာမန်စစ်သင်္ဘောတွေက ပင်နယံ ၄ ဆင့်နဲ့ အထက်ပါတဲ့ Enigma ကို သုံးခဲ့ပါတယ်။ ပင်နယံဝိုင်းတွေမျှားလေ ပိုလုံခြုံလေမို့ နောက်ပိုင်းမှာ ပင်နယံဝိုင်း ၈ ဆင့်အထိသုံးခဲ့ပါတယ်။ Enigma ဟာ လက်နှိပ်စက်လိုဖြစ်ပြီး ဝှက်စာစနစ်ထည့်သွင်းထားတဲ့အတွက် ခလုပ်တွေကို ရိုက်လိုက်ချိန်မှာ မူလ အက္ခရာမပေါ်ဘဲ ဝှက်စာသွင်းထားတဲ့ အက္ခရာသာ ပေါ်တာ ဖြစ်ပါတယ်။ ပင်နယံတွေကို စီစဉ်ထားသိုတာရယ်၊ ဝှက်စာထည့်သွင်းတာရယ်ပေါ်မူတည်ပြီး ဝှက်စာခက်ခဲမှုပြောင်းလဲပါတယ်။ ဝှက်စာဖော်တဲ့အခါမှာလည်း Enigma စက်ကထွက်လာတဲ့ code တွေကို ပြန်ရိုက်ပြီးဖော်ရတာ ဖြစ်ပါတယ်။ ယေဘူယျအားဖြင့် ပင်နယံဝိုင်း ၄ဝိုင်းပါတဲ့ Enigma စက်မှာဆိုရင် အက္ခရာတစ်လုံး မှန်ကန်စွာခန့်မှန်းနိုင်ဖို့ အကြိမ်ပါင်း ၄၅၆၉၇၆ ကြိမ် လိုပါတယ်။ ဒါဟာ “A” ဆိုတဲ့ အက္ခရာလိုမျိုး alphabet တစ်ခုအတွက်ဖြစ်ပါတယ်။ ဝါကျတစ်ကြောင်းအတွက်ခန့်မှန်းရပါက ဘယ်လောက်ခက်မည့်အကြောင်းပြောဖွယ်ရာမလိုတော့ပေ… ဒါကြောင့် codeဖော်တဲ့စက်ကို မရရင် ဖော်ဖို့ အရမ်းခကိပါတယ်။ ဒီ Enigma ကုတ်ကြောင့်ပဲ မဟာမိတ်တွေဟာ ဂျာမန်ကိုလုံးဝမယှဉ်နိုင်ခဲ့တာပါ… ဇာတ်ကားအကြောင်းကိုဆက်ပြောရမယ်ဆိုရင် ပစိဖိတ်ရေပြင်မှာ U-571 ဟာ ဗြိတိန်ရေတပ်ရဲ့ ရေမြှုပ်မိုင်းဒဏ်ထိပြီး အင်ဂျင်တွေသုံးမရ စက်ဆရာတွေကသေကုန်လို့ ရေထဲမျောနေရင်း တပ်ကူရေယာဉ်ကိုစောင့်နေရတဲ့အခြေအနေကို အမေရိကန်တွေသိသွားတယ်… ဒီတော့ အမေရိကန်ရဲ့ အစီအစဉ်က U-751 ကို နာဇီယူဘုတ်ပုံစံပြောင်းပြီး ဝင်စီးမယ် …Engima ကုတ်ဖော်စက်ကို ယူမယ် … U-751 ကို အစဖျောက်မယ်… ဒီစက်ရရင် ဂျာမန်ကို စစ်နိုင်ဖို့အဓိကအကြောင်းရင်းဖြစ်နေတာကိုးး…. သူတို့ရဲ့ အစီအစဉ်က တကယ့်ကိုခက်ခဲပါတယ်… အမေရိကန်တွေအောင်မြင်မလားဆိုတာကိုတော့ စစ်ကားကြိုက်တဲ့သူတွေအဖို့ နင်းကန်ကြည့်သင့်တယ်… ခင်ဗျားဟာ သမိုင်းနောက်ခံဇာတ်လမ်းမျိုးကိုကြိုက်တယ် ..အချက်အလက်တွေနဲ့ ရိုက်ကူးပုံတွေကလည်း Realism ဆန်တာမျိုးဖြစ်ရမယ် ..အပစ်အခတ်နဲ့ စစ်ကားမျိုးလည်းကြိုက်တယ်.. Rating တွေလည်း ကောင်းရမယ် ဆုတွေလည်းရတဲ့ကားမျိုးမှကြိုက်တော့ ဆိုရင်တော့ ခံစားကြည့်သင့်တယ်…
စစ်ကားတွေထဲမှာ အထူးသဖြင့် ကျွန်တော်သိသလောက် Saving Private Ryan (1998) နဲ့ Hacksaw Ridge (2016) စတဲ့နာမည်ကြီးစစ်ကားတွေဟာ ရန်သူရဲ့ အဓိက အခြေချတပ်စွဲထားတဲ့နေရာတွေကို အသက်စွန့်ပြီး ဝင်သိမ်းတာကို အခြေပြုရိုက်ကူးထားပါတယ်…ဒီလိုခြေကုတ်ယူထားတဲ့နေရာဆိုတာနဲ့ ရာနှုန်းပြည့် ပစ်ကွင်း မြင်ကွင်း အရာအားလုံးကို အသာစီးရနေပါတယ်…… ဒါ့ကြောင့် အပေါ်က ကျွန်တော်ပြောခဲ့တဲ့ စစ်ကားကြီး(၂)ကားမှာ တက်သိမ်းတဲ့သူတွေဟာ အဲ့ဒီနေရာလေး တစ်နေရာ ရဖို့အရေး အလောင်းတွေ တောင်လိုပုံခဲ့ရပါတယ်…. The Thin Red Line(1998) ဟာလည်း ဂျပန်တွေ သိမ်းထားတဲ့ ပစိဖိတ်စစ်မြေပြင်ရှိ Guadalcanal အရပ်က အော်စတန်တောင်ကုန်းကို အမေရိကန်တို့ ပြန်လည်သိမ်းယူတဲ့ တိုက်ပွဲကို အဓိကထား ရိုက်ကူးထားတာပါ….ဒီစစ်ကားရဲ့ကောင်းမွန်ခြင်းတွေက Saving Private Ryan (1998) နဲ့ Hacksaw Ridge (2016) တို့ နဲ့တောင် တန်းတူတောင်ထားလို့ရမယ်ထင်တယ်… အော်စတန်တောင်ကုန်းက ကျယ်တဲ့အပြင် ချိုင့်ဝှမ်းတွေ ချုံတွေ များပြားလွန်းပါတယ်…ဂျပန်တွေဆိုတာကလည်း လာရောက်သိမ်းမယ့် အမေရိကန်တို့ရန်ကို ကြိုသိနေလို့ အခိုင်အမာ ခံစစ်ပြင်ဆင်ထားပါတယ်… ဒီစစ်ကားကိုမကြည့်ခင် ခင်ဗျားဟာယောင်္ကျားလေးတစ်ယောက်ဆိုရင် ကော်ဖီ၊ ဆေးလိပ်၊ ပြာခွက် ၊တစ်ရှူးစတာတွေကိုယူထားပါ…မိန်းကလေးဆိုရင်တော့ ဝါးရင်အသံမမည်တဲ့ အစားအစာမျိုး နဲ့ တစ်ရှူးကိုကြိုယူထားပါ…ဘာလို့ဆို ဇာတ်လမ်းစပြီး ၁၅မိနစ်မှာလောက်ကထဲက ဂျပန်တွေ အခြေချထားတဲ့ တောင်ကုန်းကို သွားသိမ်းတဲ့ စစ်ကြောင်းနဲ့အတူ ခင်ဗျားဟာ မြောပါသွားလိမ့်မယ်…စစ်သားတွေရဲ့ပူပန်မှုတွေအခက်အခဲတွေကို သူတို့နည်းတူ ခင်ဗျားတို့ ထပ်တူထပ်မျှခံစားနေရလိမ့်မယ်… အမြှောက်ဆံတဝုန်းဝုန်း သေနတ်သံ တဒိုင်းဒိုင်းနဲ့ တကယ့်စစ်ပွဲထဲကို ကိုယ်တိုင်ရောက်နေသလိုမျိုးကြီးခံစားနေရလိမ့်မယ်.. ဘယ်အချိန်များ ကျည်ဆံဖျားမှာ အသက်ပါသွားမလဲ ရင်တထိတ်ထိတ်နဲ့….ဇာတ်လမ်းနဲ့ တင်ဆက်ပုံကလည်း အရမ်းကိုကောင်းလွန်းတဲ့အပြင် သရုပ်ဆောင်တွေကလည်း တကယ့်နာမည်ကြီးမင်းသားတွေကြီးပဲဆိုတော့ ဒီစစ်ကားဟာ အော်စကာဆု(၇)ဆုအတွက် ဆန်ကာတင်စာရင်းဝင်ခဲ့သလို အခြားဆု(၂၀)ဆုလည်းရရှိခဲ့ပါတယ်.. ကျွန်တော်ပြောတာ ဟုတ်မဟုတ်ခံစားကြည့်လိုက်ပါဦး…
Netflix က တင်ဆက်တဲ့ ရုပ်ရှင်တော်တော်များများဟာ ဖြစ်ရပ်မှန်တွေကို ရုပ်ရှင်အဖြစ် ပြန်လည် ရိုက်ကူးထားတာ များပါတယ် ဒီရုပ်ရှင်ဟာ ဂျာမန်တွေကို စစ်ရှုံးအောင် ဒက်ချ် တော်လှန်ရေး တပ်တွေ အရေးသာအောင် တရားမဝင်ဘဏ် ဖွင့်လှစ်ပြီး နိုင်ငံ နဲ့ လူမျိုး အတွက် ကယ်တင်ခဲ့တဲ့ ဗန်ဟော မိသားစု ရဲ့ ဖြစ်ရပ်မှန် ဇတ်လမ်းလေးပါ…. ဝယ်လီဗန်ဟော ဟာ ဘဏ်ဝန်ထမ်း တစ်ဦးဖြစ်ပြီး မျိုးချစ်စိတ် ရှိတဲ့ လူ တစ်ဦးဖြစ်ပါတယ် ဂျာမန်တွေ ဟာ ဘဏ်တွေထိပါ ဝင်ရောက်စီးနင်းပြီး စီးပွားရေး ဆိုင်ရာအရ တော်လှန်ရေး နဲ့ နိုင်ငံရေးတွေမှာ ဝင်ပါမှု မရှိအောင် ပြုလုပ်ကြပါတယ်… တစ်ချို့ လူတွေဆို စီးပွားရေးမကောင်းလို့ သတ်သေတဲ့သူတွေက သတ်သေကြပါတယ် တစ်ရက်မှာတော့ ဝယ်လီ ဆီသို့ လူတစ်ဦးရောက်လာပါတယ် တော်ဝင်ရေတပ်အရာရှိ ဗွန်ဒယ်ဘယ်ရီ ဖြစ်ပြီး ဗန်ဟော မိသားစု ဟာ ဘဏ်လုပ်ငန်းဆိုင်ရာဘက်မှာ အကျွမ်းတဝင် ရှိပြီး နာမည်ရထားသူများ ဖြစ်တဲ့အတွက် စီးပွားရေးသမားများကို ပေါင်းစုပြီး လျို့ဝှတ်ဘဏ်တစ်ခု ဖွင့်လှစ်ဖို့ တိုင်ပင်ခဲ့ပါတယ်… ထိုဘဏ် မှာ စီးပွားရေးသမားတွေ ရင်းနှီးမြုတ်နှံပြီး စစ်ပွဲ ကာလ အတွင်းတော်လှန်ရေး တပ်တွေအတွက် ပံ့ပိုးပေးရမှာ ဖြစ်ပြီး စစ်ကြီးပြီးတဲ့ အခါ အရင်း ရော အမြတ်ပါ အစိုးရ က ပြန်လည်ပေးအပ်ရမှာဖြစ်ပါတယ်… ဒီလုပ်ငန်းအတွက် နိုင်ငံ နဲ့ လူမျိုး အတွက် ဗန်ဟော မိသားစုထဲက ဝယ်လီ ဗန်ဟော တစ်ယောက်သာ စတင်ခဲ့ပါတယ်… အဓိက စိတ်ဝင်စားစရာကောင်းတာက ဗန်ဟောမိသားစု ဟာ ဂျာမန်တွေ မသိအောင် စီးပွားရေးသမားတွေကို တိတ်တစိတ် စုစည်းပြီး လျို့ဝှတ်ဘဏ် ဖွင့်ရမယ့် အရေးဟာ အသက်ဘေး နဲ့ နီးနီးလေးသာ ဖြစ်ပါတယ် ဂျာမန်တွေက အလွန်ရက်စက်ပြီး ညှာတာမှု ကင်းမဲ့ပါတယ်… ဒီလို ဘေးရန်တွေကြားကနေ ဗန်ဟော မိသားစု က စစ်ပွဲနိုင်အောင် ဘယ်လိုပံ့ပိုးပေးမလဲ ဘယ်လိုတွေ အနစ်နာခံရတယ် ဆိုတာ ဆက်လက်ကြည့်ရှုကြပါစို့….
စစ်ကားဟေ့ဆိုလျှင် BLACK HAWK DOWN ၊AMERICAN SNIPER၊LONE SURVIVOR၊ SAVING PRIVATE RYAN တို့လို ကျည်ဆံသံတဝီဝီ အမြောက်ဆံတဝုန်းဝုန်းတွေပါတဲ့ကားမျိုးမှ သဘောကျတဲ့ ကျွန်တော့်အဖို့ ယ္ခုThe Messenger(2009) ဇာတ်ကားကိုကြည့်ဖို့ အတော်ကြီးကို အားမွေးရပါတယ်….ဘာလို့လဲဆိုတော့ ဒီဇာတ်ကားက WAR အမျိုးအစားဖြစ်ပေမယ့် Drama ဘက်ကိုဦးစားပေးထားလို့ပါပဲ… WAR အမျိုးအစားဖြစ်လို့ ခဏတော့ကြည့်လိုက်မှဆိုပြီး မြည်းကြည့်လိုက်တာ ကျွန်တော်အထက်ကပြောခဲ့တဲ့စစ်ကားကောင်းတွေမှာ မပါခဲ့တဲ့ ရှုထောင့်ကိုရိုက်ပြထားတယ်….အစပိုင်း၁၅မိနစ်လောက်ပဲကြည့်ရသေးတယ် …အဆုံးထိ ကြည့်ဖြစ်သွားသလို အတွေးတွေလည်း တစ်ကိုယ်လုံးထုံလွှမ်းကျန်ခဲ့တယ်… အမေရိကန်စစ်တပ်မှ တပ်ကြပ်ကြီးတစ်ယောက်ဟာ ရှေ့တန်းမှာ လက်နက်ကြီးထိခဲ့လို့ မျက်လုံး ခြေထောက်တို့မှ ဒဏ်ရာရရှိသွားတယ်.. ဒါကြောင့်သူ့ကို စစ်တပ်ကနေ ပင်စင်ပေးဖို့ ပြုလုပ်ပေးတယ်..မပေးခင်ကာလ (၃)မှာ ပေါ့ပါးတဲ့တာဝန်တစ်ခုကိုခိုင်းလိုက်တယ်….သူလုပ်ရတဲ့အလုပ်မှာ အထက်အရာရှိတစ်ယောက်ရှိတယ်… သူ့အလုပ်က လွယ်ကူလွန်းတယ်လို့ ယူဆတယ်…တိုက်ခိုက်ရေးစစ်သားတစ်ယောက်အနေနဲ့ ဒီအလုပ်က သူ့အတွက်စိတ်ပျက်စရာဖြစ်နေတယ်… သို့ပေမယ့် သူထင်သလောက် မလွယ်ကူမှန်း (၃)ခါလောက်လုပ်ပြီးတဲ့အချိန်မှာသိလိုက်ရတယ်…ခင်ဗျားတို့လည်း ဇာတ်ကားကြည့်နေရင်း သူတို့လုပ်တဲ့အလုပ်နေရာကို ဝင်ရောက်ခံစားရင်း အဆိုးတကာ့အဆိုးဆုံးစစ်ပြေပြင်ကိုသွားနေသလိုခံစားရလိမ့်မယ်…ဘာအလုပ်ဆိုတာရယ် …ဘယ်လိုတွေ တွေ့ကြုံရမယ်ဆိုတာရယ်တော့ စပွိုင်လာမဖြစ်စေလို့တဲ့အတွက်ကြောင့်မပြောတော့ပါဘူး… သို့ပေမယ့် စစ်ကားကောင်းကြိုက်တဲ့သူတွေအဖို့ ဒီကားကိုကြည့်စေချင်တယ်….ခင်ဗျားတို့အတွက် ရုပ်ရှင်ကားကြည့်ရတာ အချဉ်းနှီးမဖြစ်စေပါ့လားဆိုတဲ့အတွေးမျိုးရစေတဲ့ ကားစာရင်းထဲမှာ ဒီကားလည်း စာရင်းဝင်သွားလိမ့်မယ်လို့အာမခံတယ်… ဒီကားက ဇာတ်ညွှန်းဆု၊ဇာတ်ပို့ဆုအတွက် အော်စကာဆန်ကာတင်စာရင်းဝင်ခဲ့သလို အခြားဆု(၁၇)ဆုလည်းရရှိခဲ့တယ်…
၀၁၈ ထွက် ကိုရီးယားရာဇဝင်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးဦးမယ်နော ် ဇာတ်ကားနာမည်လေးက The Great Battle ပါ မင်းကြီးဂျူမုံတည်ထောင်ခဲ့တဲ့ ဂိုဂုလျောပြည်ကို တရုတ်ထန်ဘုရင် ကျူးကျော်ခဲ့တဲ့ အကြောင်းကို စစ်တိုက်ပုံမျိုးစုံ ဝေဝေဆာဆာနဲ့ ရိုက်ကူးထားတဲ့ ရာဇဝင်ကားကောင်းလေးပါ ဂိုဂုလျောက စစ်သူကြီးယွန်းဟာ အန်စီခံတပ်အုပ်ချုပ်ရေးမှူး ယန်မန်ချွန်ရဲ့ အမိန့်မနာခံမှုကို အပြစ်ပေးဖို့အတွက် သူ့ဆီကို သူလျှိုတွေ စေလွှတ်ပေါင်း မနည်းပါဘူး အန်စီမြို့သား ဆာမူကို စေလွှတ်လိုက်ချိန်မှာတော့ ဆာမူဟာ အုပ်ချုပ်ရေးမှူးယန်ရဲ့ ခေါင်းဆောင်ပီသမှုတွေကို မြင်တွေ့ရပြီး လုပ်ကြံမှု မအောင်မြင်ခဲ့ပါဘူး တိုက်ပွဲပေါင်းများစွာကို ရှုံးပွဲမရှိ တိုက်ခိုက်အောင်မြင်ခဲ့တဲ့ တရုတ်ထန်စစ်တပ်ဟာ အန်စီခံတပ်ကို တိုက်ဖို့ လာတဲ့အခါ ယန်မန်ချွန်ရဲ့ ပါးနပ်မှု လက်ရုံးရည် နှလုံးရည်ပြည့်ဝမှုတွေကြောင့် လွယ်လွယ်နဲ့ မအောင်မြင်ခဲ့ပါဘူး ၃ လလောက်တိုက်ပွဲဝင်ရတာကို တိုက်ခန်းခိုက်ခန်း မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ရိုက်ကူးထားလို့ ကြည့်ရတန်တဲ့ ရာဇဝင်ကားကောင်းတစ်ကားပါ ဒီ့အပြင် အချစ် အလွမ်း နဲ့ တိုင်းပြည်ချစ်စိတ်တွေကိုပါ ပေါ်လွင်အောင် ရိုက်ပြထားလို့ ရသမျိုးစုံကို ပေးစွမ်းနိုင်တဲ့ ဇာတ်ကားလေးပါလို့ ညွှန်းပေးပါရစေ
Director:Bille August ရိုက်ကူးထားပြီး Liu Yifei (ဂူဂူး)လေးပါဝင်ထားတဲ့ Chinese War Drama ဇာတ်ကားကောင်းတစ်ကားပါ။ In Harm’s Way / The Chinese Widow / The Hidden Soldier စသည်ဖြင့် Title မျိုးစုံ ပေးထားတာတွေ့ရပါတယ်။ ဇာတ်လမ်းကတော့ အမေရိကန်နဲ့ တရုတ်က ဂျပန်နဲ့စစ်ဖြစ်နေချိန် (1947)မှာ ဇာတ်အိမ်တည်ထားတယ် တရုတ်မုဆိုးမတယောက်က မိမိတို့နိုင်ငံနဲ့မဟာမိတ်ဖြစ်တဲ့ အမေရိကန်လူမျိုးစစ်သားတစ်ဦးကို အသက်ဘေးမှကာကွယ်စောင့်ရှောက်ရင်း မေတ္တာသက်ဝင်ခဲ့တဲ့ အချစ်ဇာတ်လမ်းကိုပါ ရိုက်ပြထားတယ် တရုတ်လူမျိုးတွေရဲ့ သစ္စာစောင့်သိမှုကိုလဲ အသားပေးရိုက်ကူးထားပါတယ် သရုပ်ဆောင်တွေအားလုံးကလည်း သရုပ်ဆောင်ပိုင်းမှာ အသီးသီးတာဝန်ကျေပါတယ် Soldier Jackနေရာက သရုပ်ဆောင်တဲ့ Emile ရော မုဆိုးမသမီးနေရာက NuNu ရောပီပြင်ကြတယ် အထူးပြောရရင် Liu yifei က မုဆိုးမYingရဲ့ roleကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်ပြသွားတာကို သဘောအကျဆုံးပါပဲ။ ခင်ပွန်းမရှိတော့တဲ့အချိန်မှာ သမီးနဲ့ယောက္ခမတွေကို ကျွေးမွေးထားရတဲ့ မုဆိုးမလေး… ဒီလောက်တာဝန်ကျေတာကိုတောင် ယောက္ခမဘက်က မိမိသိက္ခာကိုထိပါးလာတဲ့အခါမှာ ခံစားရတဲ့ mood.. နောက်ပြီးမုဆိုးမတစ်ယောက်ရဲ့ နိုင်ငံအပေါ်သစ္စာစောင့်သိမှုနဲ့ မိတ်ဆွေအစစ်ဆိုရင် အသက်ပေးပီးကာကွယ်သွားတယ်ဆိုတာကို ရင်ထဲနင့်နေအောင် သရုပ်ဆောင်ပြနိုင်တယ်။ ဒါကြောင့်လဲ Shanghai international film festival မှာ best actress nomination ဝင်ခဲ့တာဖြစ်ပါမယ်။ တခုသေချာတာကတော့ Liu Yifei ပရိတ်သတ် မှန်ရင် ဒီကားကိုမလွဲမသေကြည့်သင့်ပါတယ်လို့ ညွှန်းပါရစေဗျ။
The Captain (2017) ဒီဂျာမန်ကားလေးကတော့ 2017 ကထွက်ရှိလာတဲ့ ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ Rating တွေအနေနဲ့လဲ Imdb Rating 7.4/10 Rotten Tomatoes 86 တောင်ရရှိထားတာပါ။ ဂျာမနီရုပ်ရှင်လောကမှာ Best Feature Film, Best Supporting Actor, Best Score, Best Editing စတဲ့ဆုလေးဆုလောက် ဆန်ကာတင်ဝင်ထားတဲ့ကားလေးပါ။ အဖြူအမည်းနဲ့ရိုက်ထားတဲ့ ဒီကားလေးဟာ ဒုတိယကမ္ဘာစစ်က ပုံရိပ်တစ်ခုကိုပီပီပြင်ပြင်သရုပ်ဖော်ထားသလိုပါပဲ။ စစ်ကားကြိုက်တဲ့ ပရိသတ်ကြီးအဖို့တော့ တော်တော်လေးအကြိုက်တွေ့မှာပါလို့ပြောချင်ပါတယ်။ ဇာတ်လမ်းလေးရဲ့အကျဉ်းကိုလဲ တင်ပြပါဦးမယ်။ စစ်ပွဲကြီးပြီးကာနီး နှစ်ပတ်အလိုမှာစစ်ပွဲကနေ စစ်သားတွေအများအပြားထွက်ပြေးကြပါတယ်။ နောက်ကလိုက်ဖမ်းသူတွေ ထွက်ပြေးသူတွေ သုတ်သင်ပစ်သူတွေနဲ့ ငရဲပွက်နေချိန်မှာ တပ်သားလေးတစ်ဦးဟာ ဗိုလ်ကြီး ယူနီဖောင်းတစ်စုံကိုရှာဖွေတွေ့ရှိသွားပါတော့တယ်။ အဲဒီမှာ ဇာတ်လမ်းကစပါတော့တယ်။ဗိုလ်ကြီး ဟာရိုးဆိုတဲ့ နာမည်နဲ့ဗိုလ်ကြီးအယောင်ဆောင်ထားတဲ့ တပ်သားလေးဟာ ဘယ်လိုဆက်ရှင်သန်မလဲ? တပ်ပြေးမှန်းသိရင် ခြွင်းချက်မရှိ သတ်ပစ်မယ့်အခြေအနေတစ်ခုမှာ သူဘာဆက်လုပ်မလဲ? စတဲ့မေးခွန်းပေါင်းများစွာနဲ့ စိတ်ဝင်စားစွာကြည့်ရှူရမယ့်ကားကောင်းလေးပါ။ စိတ်လှုပ်ရှားစရာ ဖြစ်ရပ်မှန်ကားတွေကို ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်ကြီး အတွက် The Captain (2017)ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။
The Boy in the Striped Pyjamas(2008)
(((ဒီကားကို ကျွန်တော်တို့ Channelmyanmar ကနေ ၂၀၁၅ ခုနှစ်လောက်က ဘာသာပြန်တင်ဆက်ပေးခဲ့ပြီးပါပြီ…
သို့ပေမယ့်လည်း မူရင်းဇာတ်ကားအနှစ်သာရကိုထိခိုက်သွားစေမဲ့
စာသားတွေပါသွားပါတယ်…ဒီအတွက် မဆီလျော်ကြောင်းလာရောက်အကြံပြုလာပါတယ်…
ကားကောင်းလေးလည်းဖြစ်တော့ ဘာသာပြန် Sherlock ကိုပြန်လည်ပြင်ဆင်ခိုင်းပြီး တင်ဆက်ပေးထားပါတယ်..နောက်ပိုင်းမှာလည်း ကျွန်တော်တို့ဆီမှ မူရင်းဇာတ်ကားကို သွေဖီစေတဲ့စာသားတွေ
မပါအောင်အတတ်နိုင်ဆုံး ဂရုစိုက်နေပါတယ်..လာရောက်အကြံပြုပြောဆိုတဲ့သူတွေကိုရော အားပေးတဲ့သူတွေကိုရော ကျေးဇူးတင်ပါတယ်….))))
ဒီဇာတ်ကားလေးက IMDb rating 7.8 အထိရရှိထားပြီး
ဒုတိယကမ္ဘာစစ်ကိုအခြေခံကာရိုက်ကူးထားတဲ့
Drama ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။
Action အားပေးနေကြ ပရိတ်သတ်တွေအတွက်လည်း
အပြောင်းအလဲလေးဖြစ်အောင်ကြည့်သင့်ပါတယ်။
ဒီဇာတ်ကားလေးကိုကြည့်ပြီးတဲ့အခါ message တစ်ခုခုချန်ထားပေးခဲ့မယ့်
ဇာတ်ကားလေးဆိုတာကိုတော့ အာမခံပြောချင်ပါတယ်။
လူသားချင်း ထောက်ထားညှာတာမှုတွေကိုတွေ့မြင်နိုင်မယ့်ဒီဇာတ်ကားလေးဟာ
ဖြူစင်သန့်ရှင်းတဲ့ ကလေးငယ်တွေရဲ့စိတ်ကိုလည်းသိမြင်နိုင်မယ့် တကယ့်ဇာတ်ကားကောင်းလေးပါ။
ဇာတ်လမ်းကတော့ ဒုတိယကမ္ဘာစစ်အတွင်း ဂျူးလူမျိုးတွေထားတဲ့အကျဉ်းစခန်းကို
အုပ်ချုပ်ရတဲ့ဂျာမနီတပ်အရာရှိကြီးရဲ့ (၈)နှစ်အရွယ်သားလေးကို
ဇာတ်အိမ်တည်ထားပြီးရိုက်ကူးထားပါတယ်။ ဂျူးအကျဉ်းသားတစ်ဦးရဲ့
သားဖြစ်သူ ရွယ်တူကောင်လေးတစ်ယောက်နဲ့ အကျဉ်းစခန်းမှာ
မထင်မှတ်ပဲတွေ့ကြတဲ့နောက်မှာ
ရန်ဘက်မျိုးနွယ်စုကြီး(၂)စုက အပြစ်မဲ့ကလေး(၂)ယောက်ရဲ့ သံယောဇဉ်ကို ပီပြင်အောင်
ရိုက်ပြထားတာဖြစ်ပါတယ်။
ဒီဇာတ်ကားထဲမှာ ခိုးစားရတဲ့အသီးဟာ ချိုတယ်ဆိုတဲ့ စကားပုံလိုပဲ
သူငယ်ချင်းဖြစ်လို့မရတဲ့ရန်သူမျိုးနွယ်စု (၂)ဖက်က
ကလေး(၂)ယောက်ကြားထဲက Forbidden Friendship ကို
ကြည်နူးဖွယ်ရာနဲ့စတင်ထားပြီးတော့
ကြေကွဲဖွယ်ရာဇာတ်လမ်းဆင်ထားတာကို တွေ့ရမှာဖြစ်ပါတယ်။
Grave of the Fireflies (1988)ဟာဆိုရင်ဖြင့် best animation movie of all timeထဲက တစ်ကားအဖြစ်သတ်မှတ်ခြင်းခံထားရပြီး. IMDB.Rating အားဖြင့်လည်း အံသြစရာကောင်းလောက်အောင်8.5ထိရရှိထားတဲ့ animeဖြစ်လို့ကြည့်ဖစ်အောင်ကြည့်ကြပါလို့ တိုက်တွန်းပါရစေ… .အညွှန်းပေးရမယ်ဆိုရင်တော့…. ဒုတိယကမ္ဘာစစ်ကြီးဖြစ်နေတဲ့အချိန် ဂျပန်နိုင်ငံလည်းနေရာအနှံ့ဗုံးကျဲခံရလို့…ထွက်ပြေးကြရ-ဗုံးကျင်းတွေ ခိုကြရတဲ့အချိန်မှာ…..ဆဲတိုနဲ့ဆဲဆု တို့မောင်နှမ နဲ့ သူတို့အမေလည်း ဗုံးခိုကြရရင်း..သူတို့အမေသေဆုံးသွားခဲ့ပါတယ်… အဖေကလည်းတိုက်ပွဲမှာတိုက်ခိုက်နေရတဲ့အတွက်. .အဆက်အသွယ်ကလည်းမရဖြစ်နေပြန်တော့. .ခိုကိုးရာမဲ့ မောင်နှမနှစ်ယောက်လည်း အမေ့ညီမ တစ်ဝမ်းကွဲ အဒေါ်အိမ်ကိုမှီခိုဖို့ရောက်လာခဲ့ကြပါတယ်.. ရောက်ခါစကတော့ မောင်နှမနှစ်ယောက်ဆီကပါလာတဲ့ အစားအသောက်တွေမျက်နှာကြောင့်ကြည်ကြည်ဖြူဖြူဖြစ်ပေမယ့်.. အားလုံးကုန်သွားတဲ့အခါမှာတော့ ညိုငြင်စပြုလာပါတော့တယ်.. ကြံခိုင်တဲ့အကိုဖြစ်ဆဲတို က အပြောအဆိုမခံချင်တာနဲ့မောင်နှမလေးနှစ်ယောက် အမေချန်ထားခဲ့တဲ့ပိုက်ဆံလေးနဲ့လမ်းဘေးနေရာ တစ်ခုမှာ စားသောက်ခဲ့ကြတယ်.. ညမှောင်လာတဲ့အခါ ပိုးစုန်းကြူးလေးတွေဖမ်းပြီးအရင်က မိသားစု စုံစုံလင်လင်ရှိချိန်တွေပြန်စဉ်းစားကြတယ်.. တဖြည်းဖြည်းနဲ့စားစရာတွေမရှိတော့တဲ့အချိန်မှာ သူတို့မောင်နှမနှစ်ယောက်ဘာတွေဆက်ဖြစ်ကြမှာလဲ…. သူတို့ရဲ့အဖေနဲ့ရော ပြန်လည်ဆုံတွေ့နိုင်မှာလား.. ဒီကားလေးကိုဂျပန်လို အဓိပ္ပါယ်ဆိုရင်”ပိုးစုန်းကြူးတို့ရဲ့ ဝိဉာဉ်” လို့ခေါ်ဆိုပါတယ်.. ဒီရဲ့အဓိပ္ပါယ်ကရော ဘာကြောင့်ခေါ်တာလဲဆိုတာ အပြည့်အဝဆက်သိချင်ရင်တော့ ဒီကားလေးကို ဆက်လက်ကြည့်လိုက်ပါလို့ပြောချင်ပါတယ် ဂျပန်လူမျိုးတို့ရဲ့ကုန်းကောက်စရာမရှိအောင်ဆင်းရဲမွဲတေပုံကနေ ခေတ်မှီတဲ့နိုင်ငံတော်တစ်ခုဖြစ်ရောက်အောင် ဘယ်လိုစိတ်အင်အားတွေကတွန်းပို့ပေးခဲ့လည်းဆိုတာ ဒီဇာတ်ကားလေးက သရုပ်ဖေါ်ပြပေးနေသလို.. သနားစို့နင့်မှုတွေနဲ့တကွ..လောကဒဏ်ကို ကြံကြံခိုင်တွန်းလှန်စေရဲမဲ့သတ္တိတွေ..စစ်အတွင်းမှာ သားကောင်ဖြစ်ခဲ့ရတဲ့ပြည်သူတွေရဲ့ဘဝနဲ့အကိုတယောက်က သူ့ညီမလေးအပေါ်မှာထားရှိတဲ့မေတ္တာတွေကို ပြည့်ပြည့်၀၀ဖေါ်ကျူးထားတဲ့ Best Animation Movie Of All Time သတ်မှတ်ခံထားရတဲ့ဒီဇာတ်ကားလေးကိုကြည့်ရင်းနဲ့ ကိုယ်ပါခံစားမိလာပြီး.. မျက်ရည်ကျတဲ့အထိပါပဲ…CM Fan တွေလည်းခံစားကြည့်လိုက်ပါဦး
စစ်ကားတွေတောင်းဆိုထားတဲ့ သူတွေအတွက်ပါ။ ဒီကားလေးက ဒုတိယကမ္ဘာစစ်ကို အခြေပြုပြီးရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ရဲ့အလှည့်အပြောင်းဖြစ်တဲ့ Normandy ကမ်းခြေ တိုက်ပွဲကို အခြေပြုရိုက်ကူးထားပြီး Normandy ကမ်းခြေကို အမေရိကန်စစ်တပ်တွေ ဝင်သိမ်းတဲ့ ရိုက်ကွက်ကိုလည်း ပီပီပြင်ပြင် ရှုစားရမှာဖြစ်တယ်။ နာမည်ကြီးမင်းသားတွေဖြစ်တဲ့ Tom Hanks (Catch me if you can), Matt Damon (Bourne Trilogy), Vin Diesel (Fast & Furious Series) တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ သရုပ်ဆောင် ချက်၊ ဇာတ်လမ်း ကပြောစရာမရှိသလို ဒါရိုက်တာကလည်း နာမည်ကြီး Steven Spielberg (Jurassic Park, Catch me if you can) ဖြစ်လိ့ု ပြောစရာမလိုပါဘူး ။အော်စကာဆု ၅ခုကို ဆွတ်ခူးနိူင်ခဲ့သလို တစ်ခြားဆုပေါင်း ၇၀ကျော်ကိုလဲ ရယူနိူင်ခဲ့ပါတယ်။ IMDBမှာလဲ Rating 8.6အထိတောင် ရထားပါတယ် ဇာတ်ကားကောင်းတစ်ကားပါ။ စစ်ကားကြိုက်ပရိတ်သတ်တွေ စိတ်ကျေနပ်မယ်လို့ထင်ပါတယ်… ဒီကားအကြောင်းတော်တော်များများကြားဖူး သိဖူးနေလို့ထွေထွေထူးတော့မညွှန်းတော့ပါဘူး …တကယ့် ဂန္တဝင်ကားမို့ အရည်အသွေးကောင်းကောင်းလေးနဲ့ ခံစားစေချင်တဲ့အတွက် 1080p5.1chနဲ့ 720p တို့ဖြင့် ပြန်လည်တင်ဆက်ပေးထားပါသည်…
စစ်ကားကြိုက်တဲ့နှစ်သူတွေအတွက်တော်တော်လေးကောင်းတဲ့ ဇာတ်ကားတကားနဲ့တင်ဆက်လိုက်ပါတယ်ဒုတိယကမ္ဘာစစ် ဂျပန်ပိုင် ဆိုက်ပန်ကျွန်းပေါ်ကအဆုံးသတ် စစ်ပွဲဖြစ်ပါတယ်…အရှုံးဆိုတာ လွယ်လွယ်လက်မခံတတ်တဲ့ ဂျပန်တို့ရဲ့ ထုံးစံနဲ့ Emotion ပြင်းထန်တဲ့ Usa တပ်ရင်းမှူးတို့ကြားက အတ္တပြိုင်ပွဲမှာ..ဂျပန်ကပ္ပတိန် က လက်နက်အလွယ်လေး ချမလား.?မိမိနိုင်ငံပိုင်ကျွန်းပေါ်က ဂုဏ်သိက္ခာအရ၂ ဖက်တိုက်နေရတဲ့ စစ်ပွဲကြား အပြစ်မဲ့ဂျပန်ပြည်သူတွေ့ရဲ အသက်အိုးအိမ်စည်းစိမ်တွေ့ကိုဘယ်လို ကာကွယ်ကုသရမလဲ..??အနီးကပ် ကွပ်ကဲ့စောင့်ကြည့်ရတဲ့ Usa ကပ္ပတိန်အသစ်ရောက်လာတဲ့အခါမှကော့ ဘယ်လိုအဖြေ ထွက်လာမလဲ.?စစ်ရဲ့ အနိဌာအာရုံတွေ့ကို မျက်ဝါးထင်ထင်တွေ့မြင်ရမှာဖြစ်ပြီးလေယာဉ်ငယ်ဖြင့် ဗုံးချအနိုင်ယူ၍ ရပါသော်လည်းကျည်ဆံထက် နှစ်ဖက်ခေါင်းဆောင်များ စားပွဲဝိုင်းမှာအဖြေရှာပြီး လူပေါင်းမြောက်များစွာရဲ့ အသက်တွေ့ကိုမျိုးရိုးဂုဏ်နိမ့်ပြီး ဆာမူရိုင်းတို့ ဘယ်လိုတုံပြန်မလဲဆိုတာကြည့်ရူရမဲ့ ဇာတ်ကားဖြစ်ပါတယ်….ကျတော်တို့ သင်ယူရမဲ့ အခြေခံအချက်တွေ့ ပိုလျှံနေအောင်ညွှန်းပြနိုင်တဲ့ ဇာတ်ကားကောင်းတခုအဖြစ် ဖေါ်ညွှန်းလိုက်ပါတယ်
Laugh or die ဆိုတဲ့ကားလေးကတော့Rating 7.2 ရရှိထားပြီးဖြစ်ရပ်မှန်အကြောင်းအရာလေးတစ်ခုအပေါ်မှာ ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဖင်လန်နိုင်ငံ ပြည်တွင်းစစ်ကာလမှာ အဖြူတွေအနိုင်ရရှိပြီး အနီတွေအားလုံးကတော့ အကျဉ်းစခန်းများမှာ နှိပ်စက်ညှဉ်းပန်းခံကြရပါတယ်။ ပါရီကာဟာ ဖင်လန်နိုင်ငံရဲ့ အတော်ဆုံး ပြဇာတ် ဟာသ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ သူဟာလည်း ဂျာမန်တွေကိုသတ်တဲ့အမှုနဲ့ သေဒဏ်ချမှတ်ခံရပြီး အကျဉ်းစခန်းမှာ အဖမ်းခံနေရသူတစ်ဦး ဖြစ်ပါတယ်။ တစ်နေ့မှာတော့ သေဒဏ်ပေးခံရနီးဆဲဆဲမှာ ပါရီကာတို့ အကျဉ်းစခန်းကို အကျဉ်းဦးစီးမှုးချုပ် လာရောက်လည်ပတ်မည်ဆိုသည့်သတင်းကြောင့် ပါရီကာဟာလည်း သေဒဏ်ကိုဆိုင်းငံ့ကာ လူကြီးများအား ပြဇာတ်ဖျော်ဖြေရန် တာဝန်ပေးခြင်း ခံခဲ့ရပါတယ်။ အကျဉ်းစခန်းတာဝန်ခံ ဗိုလ်မှူးက ပါရီကာအား ကောင်းကောင်းဖျော်ဖြေနိုင်လျှင်သူနှင့်သူ့အဖွဲ့အား သေဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဟု ကမ်းလှမ်းထားခဲ့ပေမယ့် ပါရီကာတို့ရဲ့ ပြဇာတ်က ဘယ်လိုဖြစ်သွားမလဲ၊ ဗိုလ်မှူးကရော ကတိတည်ပါ့မလား၊ ပါရီကာကရော သေဒဏ်က လွတ်မြောက်သွားမလားဆိုတာတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုအားပေးလိုက်ပြပါဦးနော်…
မိုင်းဆိုတာ စစ်မြေပြင်မှာ ဗျူဟာမြောက်အသုံးဝင်တဲ့ ပစ္စည်းဖြစ်ပါတယ်…သူ့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ စစ်ကြောင်းတစ်ခုကို ရပ်တန့်နှောင့်နှေးစေချင်လို့ပါ..ဥပမာ မိုင်းကွဲတယ် ခြေထောက်ပြတ်တယ် ဒီအခါမှာ သူ့ကို သယ်ဖို့ စစ်သည် (၂)ယောက် လိုမယ်… ဗျူဟာမြောက်သုံးကြတယ်…သေဆုံးနိုင်ခြေနည်းတယ်ဆိုပေမယ့် တစ်သက်လုံး လူဖြစ်ရှုံးသွား နိုင်ပါတယ်..မိုင်းဖော်တဲ့သူအတွက်လည်းအရမ်းကို အန္တရယ်များပါတယ်..ဒီတွေဘာကြောင့်ပြောပြနေလဲဆိုတော့ ဒီကားထဲမှာ ဂျာမန်တွေဟာဒိန်းမတ်ကိုသိမ်းထားတုန်းမှာ မိုင်းအလုံး (၂) သန်းကျော်ကိုထောင်ထားခဲ့တယ်…ဂျာမန်တွေစစ်ရှုံးသွားလို့ ဒိန်းမတ်မြေက ဆုတ်ခွာ သွားပေမယ့် မိုင်းအလုံးရေ (၂)သန်းကျော်ရှိတဲ့ကွင်းကြီးတော့ကျန်ခဲ့ပါတယ်…ဒီမိုင်းကွင်းကြီးကိုရှင်းဖို့တာဝန်ကြတဲ့သူက ဒိန်းမတ်စစ်တပ်မှ တပ်ကြပ်ကြီးတစ်ဦး…ဒီမိုင်းတွေကိုရှင်းဖို့ဆိုပြီ ဂျာမန်စစ်သုံပန်း(၁၄)ယောက်တိတိကို တပ်ကြပ်ကြီးဆီပို့ပေးကြတယ်…မိုင်းရှင်းတုန်း သေသွားလည်း နှမြောစရာမရှိတဲ့သူမျိုးတွေပေါ့..ဂျာမန်တွေသိမ်းပိုက်စဉ်တုန်းက ဒိန်းမိတ်တွေကို ရက်စက်စွာသတ်ဖြတ် မိန်းမတွေဆိုလည်းမုဒိန်းကျင့် ဆိုးယုတ်မှုမှန်သမျှ ဒိန်းမတ်တွေခံစားခဲ့ရတယ်…ခုမိုင်းဖော်ရမယ့်အချိန်မှာ ဂျာမန်ကလေးတွေနဲ့ဖော်ရမယ်ဆိုတော့ဒိန်းမတ်တပ်ကြပ်ကြီးအတွက် နာကျဉ်းသမျှတွေ ပုံချပါတော့တယ်..ကလေးတွေလို့မမြင်ဘူး ..ဒိန်းမတ်တွေအပေါ်ရက်စက် ခဲ့တဲ့ ဂျာမန်တွေလို့ပဲမြင်တယ်…အသက်ငယ်ရွယ်သေးတဲ့ လူငယ်လေးတွေကို ရက်ရက်စက်စက် ပြောဆိုဆက်ဆံတယ်အငတ်ထားတယ် ထမင်းမကျွေး ရေမတိုက် သောက်ချင် ပင်လယ်ကြီး တစ်ခုလုံးရှိတယ်ဆိုတာမျိုးဂျာမန်တွေ ရက်စက်ခဲ့သမျှ အတိုးချတော့တာပါပဲပြီးတော့ ဒီကလေးတွေကို အိပ်မက် ပေးထားတယ်မင်းတို့ ဒီမိုင်းတွေ ရှင်းလို့ ပြီးသွားရင် အိမ်ပြန်ပို့မယ်ဘာညာပေါ့လူငယ်လေးတွေကတော့ သူတို့ အိမ်ပြန်မယ့်နေ့ရက်တွေကို တွက်ရေရင်းနဲ့သူငယ်ချင်းတွေ ညီအကိုတွေ တစ်ယောက်ပြီး တစ်ယောက် မိုင်းပေါက်လို့ပျောက်သွားတာကိုပဲ မျက်ရည်တွေ သွင်သွင်ကျရင်း ကြည့်နေရတော့တာပါပဲမိုင်းတွေကလဲ ဒီတစ်သက်ရှင်းလို့ပြီးပါအုံးမလား ?ရုပ်ရှင် Review ကို Phyo Pyae မှ ရေးပေးထားပါတယ်။
2017 မှာထွက်မယ့် Justice League ရုပ်ရှင်အတွက် မေးခွန်းတွေ စိတ်ထဲမှာ များနေတယ်ဆိုရင် ဒီဟာလေးကို ကြည့်ကြည့်လိုက်ပါ။ rating 7.3 ရထားပြီး အတော်လေးကောင်းတဲ့ animation ပါပဲ။ Batman နဲ့ GL တွေ့ဆုံခန်း၊ Cyborg ဖြစ်လာပုံ နဲ့ ရုပ်ရှင်ထဲမှာ မပါသေးမယ့် Shzam ကိုလည်း တွေ့ရပါလိမ့်မယ်။ ဗီလိန်ကလည်း Darkseid ဖြစ်ပြီး Parademon တွေပါတာမို့ အားလုံး ရင်းနှီးသွားပါလိမ့်မယ်။ ဒါ့အပြင် စူပါဟီးရိုးဖန်တွေတိုင်း အမှတ်တရဖြစ်ကျန်ခဲ့မယ် Darkseid ကို JL အကုန်ပေါင်းဆော်တဲ့ epic fighting scene လည်း ဒီကားထဲမှာ ပါဝင်နေပါတယ်။ ကြည့်ကြည့်လိုက်ပါ။
ဇာတ်လမ်းလေးကတော့ ၁၉၃၃ခုနှစ် မိုးသည်းညလေးတစ်ညမှာဂယ်ဒါတဲ့ပိုက်ဆံရှိအထက်တန်းလွှာကမိန်းမချောလေးတစ်ယောက်ကမ်းဘရေချ့်တက္ကသိုလ်ဝင်းထဲကိုပြေးဝင်လာရင်းနဲ့ ဂိုက်မယ်လွန်ဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့အခန်းမှာဝင်ပုန်းရင်းကနေဒီဇာတ်လမ်းလေးကိုစတင်ခဲ့တယ်ပဲဆိုရမှာပေါ့ဂယ်ဒါကလှသသလို ကောင်လေးတွေကြားမှာလဲ ရေပန်းစားတဲ့သူတစ်ယောက်ပါ။ သူ့ရဲ့ဇာတ်ကြောင်းကခပ်ရှုပ်ရှုပ်ရယ် ဒီလိုကောင်မလေးကိုမှ တစ်ညတာသူ့အခန်းထဲမှာပေးနေမိတဲ့ဂိုက်အတွက်ကတော့ကံကောင်းခြင်းတွေပဲသယ်ဆောင်လာလေသလား တခြားကောဘာတွေဖြစ်နိုင်မလဲဆိုတာကိုတော့အဲ့အချိန်တုန်းကတော့မသိနိုင်ခဲ့ဘူးပေါ့လေနောက်ဂယ်ဒါလန်ဒန်ကနေနှစ်အတော်ကြာအောင်ပျောက်သွားပြီးတဲ့နောက်သူရောက်နေတဲ့ပဲရစ်ကိုလာခဲ့ဖို့ဂိုက်ကိုစာပို့လိုက်တဲ့အခါဂိုက်တစ်ယောက်ဂယ်ဒါနောက်ကိုရရာရထားနဲ့ဆွဲပြီးတော့လိုက်သွားပါလေရောပေါ့အဲ့အချိန်မှာ ဂယ်ဒါကအနုပညာအလုပ်တစ်ခုကိုလုပ်နေပြီးတော့သူ့ကိုကူညီပေးနေတဲ့မီယာဆိုတဲ့ကောင်မလေးတစ်ယောက်လဲသူ့ဘေးနားမှာရှိနေခဲ့ပါတယ်ဂယ်ဒါ ဂိုက် မီယာတို့၃ယောက်ရဲ့ဆက်နွယ်မှုတွေကိုစစ်နောက်ခံထားပြီးတော့ရိုက်ကူးထားတဲ့ဇာတ်ကားလေးပါဇာတ်လမ်းလေးကတစ်မျိုးလေးစိတ်ဝင်စားစရာကောင်းပါတယ် အခုပြောပြထားတာက ဇာတ်လမ်းရဲ့တစ်ဝက်တောင်မရှိသေးပါဘူး Rating6.6 ရထားပီး ဇာတ်ကားနဲပတ်သက်ပီ ဆုတွေလဲရထားတဲ့ ကားလေးလဲဖြစ်ပါတယ်။ဆုရကားလေးမလို့ကြည့်ရှုသင့်ပါကြောင်းထပ်လောင်းပြောကြားပါရစေ။
နော်ဝယ်မာဝမ်ဆိုတဲ့အရှေ့အလယ်ပိုင်းသူ ကသူမသေဆုံးခင် သေတမ်းစာရေးခဲ့ပါတယ်သူ့သေတမ်းစာကိုသူ့အလုပ်ရှင်ရှေ့နေကြီးဆီမှာပဲယုံကြည်စွာအပ်နှံခဲ့ပါတယ် သူမသေဆုံးသွားပြီးတဲ့နောက်မှာတော့ ရှေ့နေကြီးကသူရဲ့ သားသမီးဖြစ်တဲ့ အမွှာမောင်နှမ၂ယောက်ရှေ့မှာပဲဖွင့်ဖတ်ပြခဲ့ပါတယ်သူရေးခဲ့တဲ့သေတမ်းစာကသူများတွေသေတမ်းစာနဲ့မတူ တမူထူးခြား နေပါတယ်ထူးခြားတဲ့တောင်းဆိုချက်တွေထဲမှာမှ သမီးဖြစ်သူဂျန်မာဝမ်အတွက်စာအိတ်တစ်အိတ်ပေးပြီး အဖေဖြစ်သူကိုရှာပြီးအဲ့စာအိတ်လေးပေးပေးဖို့တောင်းဆိုခဲ့သလို သားဖြစ်သူစီမွန်မာဝမ်ကိုတော့ သူ့ရဲ့နောက်ထပ်အစ်ကိုဖြစ်သူကိုရှာပြီး ပေးဖို့စာအိတ်တစ်အိတ်ပေးခဲ့ပါတယ် သားအမိ၃ယောက်ထဲနေခဲ့ပြီးမှအဖေနဲ့နောက်ထပ်အစ်ကိုလုပ်သူကိုရှာရတော့မယ်ဆိုတော့အကုန်လုံးကလက်မခံနိုင်စရာတွေဖြစ်ခဲ့ပါတယ်သို့သော်လဲ သင်္ချာပညာရှင် ဂျန်မာဝမ်ကပုစ္ဆာတစ်ခုကိုအရှင်းဆုံးပုံစံထိအဖြေရှာတတ်တဲ့သူဖြစ်တာကြောင့်မောင်လုပ်သူတားနေတဲ့ကြားက သူ့တာဝန်ဖြစ်တဲ့ အဖေဖြစ်သူကိုရှာပြီးစာအိတ်ပေးဖို့ခရီးစထွက်ပါတော့တယ် အဖေဖြစ်သူကိုရှာဖို့ကအမေရဲ့အတိတ်ကို မလွှဲအသေပြန် တူးဖော်ရတော့မှာဖြစ်ပြီးသူ့အမေရဲ့အတိတ်တွေကို သူတို့မောင်နှမတွေသိလာရတဲ့အခါမှာတော့..IMDb 8.2/10ရထားတဲ့ ဒီကားလေးကအေးအေးဆေးဆေးဇာတ်လမ်းကိုကြည့်ချင်တဲ့သူတွေအကြိုက်ဖြစ်မှာပါ ကျွန်တော်ကိုယ်တိုင်ကြည့်ပြီးတဲ့အခါရင်ထဲစို့နင့်သလိုလို ခံစားရပါတယ်အင်္ဂလိပ် ပြင်သစ်နဲ့ အာရေဗီဘာသာစကားသုံးထားတဲ့ဒီကားလေးကအကောင်းဆုံးနိုင်ငံခြားဘာသာစကားသုံးဇာတ်ကားအနေနဲ့ အကယ်ဒမီဆန်ကာတင် စာရင်းဝင်ခဲ့ပါတယ်…ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားတာကတော့
<p>Hacksaw Ridge နောက်ပိုင်း စစ်ကားကောင်းတွေ မထွက်တာတော့ စစ်ကားကြိုက်ပရိတ်သတ်တွေအတွက် ဝမ်းနည်းစရာပါပဲ..သို့ပေမယ့် ဝမ်းသာစရာကောင်းတာ က ဒီဇာတ်ကားဟာ စစ်ကားကောင်းစာရင်းထဲပါသလို အကောင်းဆုံးမင်းသားဆု၊တည်းဖြတ်ဆု၊အသံတည်းဖြတ်ဆုနဲ့ မိတ်ကပ်ဆုလည်းရခဲ့တဲ့အပြင် အခြားဆု(၆)ဆုလည်းဆန်ကာတင်စာရင်းထဲဝင်ခဲ့ပါတယ်…. ဖင်လန်နိုင်ငံရဲ့နာမည်ကြီးအရောင်းရဆုံးဝတ္တုကို အခြေခံပြီးရိုက်ကူးထားတဲ့ဇာတ်လမ်း
ကောင်းလေးဖြစ်ပါတယ်…..ဇာတ်လမ်းအကျဉ်းကတော့ ၁၉၄၁ ဂျွန်လလောက်တွင် ဖင်လန်နိုင်ငံဟာ နာဇီဂျာမန်နဲ့မဟာမိတ်ဖွဲ့ခဲ့ရတယ်..ဒုတိယ ကမ္ဘာစစ်အတွင်းမှာ ရုရှားဆိုဗီယက်တို့ရဲ့ နယ်မြေသိမ်းတိုက်ခိုက်မှုတွေနဲ့ အပြင်းအထန်ကြုံတွေ့ခဲ့ကြရတယ်..၁၉၃၉ခုနှစ်တုန်းက ဆောင်းတွင်းတိုက်ပွဲမှာဆုံးရှုံးသွားတဲ့ ကာရီးလီးယားနယ်မြေကို ရုရှားတို့ဟာ ပြန်လည်သိမ်းပိုက်ဖို့အတွက်ချီတက်ခဲ့ကြပြီးတိုက်ပွဲအကြီးအကျယ်ဖြစ်ခဲ့ပါတယ်…စစ်ပွဲကာလ
အတောအတွင်းမှာ ဖင်လန်ရဲဘော်တွေ စစ်ပွဲနဲ့ပတ်သက်ပြီး ဖြစ်ပျက်မှုတွေကိုအဓိကထားပြီးရိုက်ကူးထားတာပါ…ဒီကားက ပေးချင်တဲ့ Message လေးတွေအရမ်းကောင်းတယ်…ဇာတ်ကားက စဆုံးကို တိုက်ပွဲတွေပြည့်နှက်လို့နေပါတယ်…..စစ်ကားကြိုက်သူတွေအတွက် ကြည့်သင့်တဲ့ကားကောင်းတစ်ကားလို့ ညွှန်းဆိုပါရစေ….</p>
mmbusticket
ပိတ်ရက်မှာကိုယ်တွေလိုစကြဝဠာကြီးထဲကနေ တိရစ္ဆာန်ဝဠာကြီးထဲခဏသွားလိုက်ကြရအောင်
ဒီကားထဲမှာတော့ သူတို့အခေါ်တိရစ္ဆာန်ဝဠာကြီးပေါ့
အဲဒီထဲကကောင်းတဲ့အခြမ်းနဲ့မကောင်းတဲ့အခြမ်းတို့ရဲ့မပြီးဆုံးနိုင်တဲ့စစ်ပွဲကြီး
သူတို့နဂါးငွေ့တန်းမှာရှိတဲ့ အကုန်လုံးကိုအမှုန့်ဖြစ်သွားအောင်လုပ်ပစ်နိုင်တဲ့
ဆော့စ်ဆိုတဲ့စွမ်းအားကြီးကို မကောင်းတဲ့အခြမ်းကခေါင်းဆောင်ကထိန်းချုပ်ပြီး
ဒီစကြဝဠာတစ်ခုလုံးကိုဖျက်ဆီးပစ်ဖို့ကြိုးစားနေတဲ့အချိန်
အဲဒါကိုတားဆီးနိုင်မယ့် ကောင်းတဲ့အခြမ်းရဲ့တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်တဲ့
ရွေးချယ်ထားတဲ့သူဆိုတာကြီးကိုရှာပုံတော်ဖွင့်ရင်း ဘယ်လိုအတားအဆီးတွေကိုကျော်ဖြတ်ကြမလဲ
စစ်ပွဲကြီးကရောဘယ်ကဘယ်လိုအစပြုလာလဲ...
နောက်ဆုံးသူတို့ရှာနေတဲ့သူကိုဘယ်မှာရှာတွေ့မလဲ(ရှာတွေ့တဲ့နေရာကအဆန်းကြီး)
မကောင်းတဲ့အခြမ်းကခေါင်းဆောင်ကိုဘယ်လိုတွေတိုက်မလဲဆိုတာကို
တော်တော်ကိုမထင်ထားတဲ့လှည့်ကွက်လေးတွေနဲ့ရယ်နေရမယ့်ကာတွန်းကားကောင်းလေးတစ်ကားပါ
ဒီရုပ်ရှင်ကိုတော့ လူတိုင်းကြိုက်မယ်မထင်ပါဘူး။ အရမ်းကြိုက်မယ့်သူတွေလည်း ရှိပါလိမ့်မယ်။ ဒါက ကျွန်တော်တို့တွေ အရမ်းကြိုက်ရတဲ့ ရုပ်ရှင်တွေရဲ့ မူရင်းဝတ္ထုတွေကို ရေးသားခဲ့တဲ့ စာရေးဆရာကြီး တစ်ယောက်ရဲ့ အကြောင်းပါပဲ။ The lord of the rings နဲ့ Hobbit ရုပ်ရှင်တွေကို အများစု သိကြမှာပါ။ အော်စကာတွေ တစ်ပြုံကြီးနဲ့ ဂန္ဓဝင် ရုပ်ရှင်တွေကိုး။ ဒါပေမယ့် မူရင်းဝတ္ထုရဲ့ စာရေးသူကိုတော့ အမာခံဖန်တွေပဲ သိကြမယ်ထင်ပါတယ်။ J.R.R.Tolkien ခေါ် ဂျွန် ရော်နယ် ရူအယ် တိုကင်းန်ပါပဲ။ တိုကင်းန်ဟာ လူငယ်ဘဝမှာ သူငယ်ချင်း သုံးယောက်ရှိခဲ့ပါတယ်။ စာပေအနုပညာကို စိတ်တူကိုယ်တူလိုက်စားကြတဲ့ လေးယောက်အဖွဲ့ပေါ့။ ဒါကြောင့်လဲ သူ့ရဲ့ဝတ္ထုတွေမှာ လေးယောက်တွဲတွေ လွှမ်းမိုးမှုရှိခဲ့တာလားပါပဲ။ တိုကင်းန်ဟာ ဘာသာစကားတွေ ဒဏ္ဍာရီတွေဘက်မှာ အရမ်းထူးချွန်တဲ့သူပါ။ သူဟာ ပထမကမ္ဘာစစ်မှာ ပါဝင်တိုက်ခဲ့ဖူးခဲ့တယ်။ ဒုတိယ ကမ္ဘာစစ်မှာ ဝှက်စာဖြေသူအဖြစ် ပြောင်မြောက်စွာ လုပ်ကိုင်ပေးခဲ့ပါသေးတယ်။ ကျန်တဲ့အချိန်တွေမှာတော့ ဘာသာစကား ပါမောက္ခအဖြစ် တာဝန်ယူခဲ့တာပါ။ ဘာသာစကားနဲ့ပတ်သတ်ပြီး သူပြုစုခဲ့တဲ့ စာအုပ်တွေ ဘာသာပြန်တွေဟာ အခုထိ တက္ကသိုလ်တွေမှာ လေ့လာနေကြရဆဲပါပဲ။ Lotr နဲ့ Hobbit ရုပ်ရှင်တွေကို ကြည့်ရတာ ဇာတ်အိမ်ကျယ်ပြန့်လှပြီလို့ ထင်မိပါသလား။ ဒါဆိုရင်တော့ ဆရာ တိုကင်းန်က ပြုံးပါလိမ့်မယ်။ သူ့ရဲ့ ဝတ္ထုတွေထဲမှာ ဇာတ်ကောင်တွေသာမက ဆွေစဉ်မျိုးဆက် သမိုင်းတွေ၊ ပြက္ခဒိန်တွေ၊ သူကိုယ်တိုင်ဆွဲထားတဲ့ မြေပုံတွေ အပြင် ကိုယ်ပိုင်တီထွင်ထားတဲ့ ဘာသာစကားအသစ်တွေပါ ပါဝင်ခဲပါတယ်။ အဲဒီဘာသာစကားအတွက်လည်း အဘိဓာန်တွေ ပြန်ထုတ်ပေးခဲ့ပါသေးတယ်။ ရုပ်ရှင်ထဲက အကြောင်းအရာတွေဟာ တိုကင်းန်ရဲ့ လက်ရာတွေနဲ့စာရင် အကျဉ်းချုံးလေးသာသာပဲ ရှိပါသေးတယ်။ တိုကင်းန်အပြင် သူသေဆုံးပြီးနောက်မှာ သူ့ရဲ့သား ခရစ္စတိုဖာ တိုကင်းန်ကလည်း သူ့ရဲ့ လက်ရေးမှတ်စုတွေကို ပြန်စုစည်းတည်းဖြတ်ပြီး ထုတ်ဝေခဲ့တဲ့ ကမ္ဘာကျော်စာအုပ်တွေ ရှိခဲ့ပါသေးတယ်။ ဒါကြောင့် Lotr ဖန်တွေ ဂျေအာအာတိုကင်းန်ကို စိတ်ဝင်စားတဲ့သူတွေအတွက် ဒီရုပ်ရှင်က အရမ်းကို နှစ်သက်ဖို့ ကောင်းပါလိမ့်မယ်။ ဒါတွေနဲ့ မရင်းနှီးဘဲတော့ ဒီရုပ်ရှင်ကိုကြည့်ပြီး ပျင်းစရာလို့ ထင်ကောင်းထင်ပါလိမ့်မယ်လို့ ကြိုပြီး သတိပေးပါရစေ။
Main characterက ပတ်မီဂျောင်ဆိုတဲ့ဒါရိုက်တာပါ ၊
သူမကBestDirectorAwardတွေထားတဲ့ နာမည်ရှိဒါရိုက်တာတစ်ယောက်…
စာချုပ်ချုပ်မယ့်အေဂျင်စီဘက်ကနေသရဲကားရိုက်ဖို့ အဆောတလျှင် ဇာတ်လမ်းတောင်းလာရာကနေအစပြုလို့
လဝက်အတွင်း သူမရဲ့သရဲကားအတွက် ကုန်ကြမ်းရှာဖို့ဖြစ်လာတဲ့အခါ…
ဂျူနီယာတစ်ယောက်ဆီကနေ သရဲရိုက်တဲ့သရဲကားဆိုတဲ့ ထူးထူးခြားခြားရုပ်ရှင်အကြောင်း အဖြစ်အပျက်တစ်ခုကိုကြားခဲ့တယ် ၊
လူတွေသေခဲ့တယ်ဆိုတဲ့အကြောင်းတွေရောကြားပြီးတဲ့နောက်
အလုပ်အတွက်အရေးတကြီးလိုတာကြောင့်ရော သိချင်စိတ်ကြောင့်ရော အစဆွဲထုတ်မိတဲ့ ကြည့်ရှု့ခွင့်ပိတ်ထားတဲ့ အဲ့ရုပ်ရှင်ကနေ ဘယ်လိုထိတ်လန့်စရာတွေ တွေ့ကြုံလာရမလဲ…
ဒီနှစ် အကယ်ဒမီမှာ ဆုတွေ အများကြီး ဆန်ကာတင်ဝင်ပြီး ၃ ဆုရထားတဲ့ စစ်ကားပါ။စစ်ကားငတ်နေတဲ့သူတွေတော့ အကြိုက်တွေ့မှာပါ။ဒီဗွန် တပ်ရင်း-၂ ဟာ ၉မိုင်ကျော် ဆုတ်ခွာသွားတဲ့ ဂျာမန်တွေကိုအပြီးသတ်ချေမှုန်းဖို့ လိုက်တိုက်နေပါတယ်။ဒါပေမယ့် ဒါဟာ ထောင်ချောက်ဆိုတာကို သူတို့ မသိကြရှာပါဘူး။
ဒီနေ့ပြီးလို့ နောက်တစ်နေ့ မနက်မှာ ထိုးစစ်စတာနဲ့ လူပေါင်း ၁၆၀၀ လုံးသေကြရတော့မယ်။ သူတို့ တပ်ရင်းကို တားဖို့အတွက်တိုက်ရိုက်အမိန့်ကို ဌာနချုပ်ကနေ ပို့ဖို့ကြိုးစားတဲ့အခါလူနည်းလေ မြန်လေမို့ လူ ၂ ယောက်ထဲကိုပဲ လွှတ်လိုက်ရတယ်။ဒုတပ်ကြပ်ဘလိတ်ခ် နဲ့ စကိုးဖီးတို့ဟာ လူပေါင်း ၁၆၀၀အသက်ကို ကယ်နိုင်ဖို့ တစ်ရက်အတွင်းမှာ ဂျာမန်ရန်သူ့မြေထဲကို ဖြတ်ဝင်ပြီး
တပ်ရင်း-၂ ဆီကို အရောက်သွားဖို့ ကြိုးစားရပါတော့တယ်။အကောင်းဆုံး စီနီမက်တိုဂရက်ဖီဆု၊ အသံတည်းဖြတ်ဆု နဲ့အထူးပြုလုပ်ချက်ဆုကို ရထားတဲ့ ရုပ်ရှင်ကို ထိုက်ထိုက်တန်တန် ခံစားကြည့်လိုက်ကြပါဦး။
ဒီဇာတ်လမ်းဟာ စပိန်နိုင်ငံရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးထားတာပါ။
ဇူလိုင်လ ၁၈ ၁၉၃၆ Salamanca, Castilla and León စတဲ့ စပိန်နိုင်ငံရဲ့ စပိန်စစ်တပ် ဟာ စစ်ကြေညာခဲ့ပါတယ်။ နိုင်ငံတော်အခြေအနေ မတည်ငြိမ်လို့ တိုင်းပြည်တိုးတက်ဖို့ဆိုပြီး သိမ်းလိုက်တာပါ။ အနီရောင်တပ်ဖွဲ့ ပြည်သူ့တပ်ဖွဲ့တွေက လဲ စပိန်စစ်တပ်ကို တွန်းလှန်တိုက်ခိုက်ကြတယ်။ စပိန်နိုင်ငံရဲ့ အထင်ကရ စာရေးဆရာတစ်ယောက်လည်းဖြစ် တက္ကသိုလ်မှာလည်း ကျောင်းဆရာတစ်ယောက်ဖြစ်နေတဲ့ မီဂွယ်တအူနာမိုနို က သူ့ကိုယ်တိုင် ကူညီတည်ထောင်ပေးခဲ့တဲ့ ပြည်သူ့တပ်ဖွဲ့ဆိုတာ ကိုသူကိုယ်တိုင်မကြိုက်ဘူးဖြစ်နေပါတယ်။ အကြောင်းကတော့ ဇာတ်လမ်းထဲမှာကြည့်ပါ။ စပိန်စစ်တပ်ကလဲ လူတွေကိုအကြောင်းမရှိအကြောင်းရှာသတ်ပစ်ကြတယ်။ ဒီလိုစိတ်ဝင်စားစရာဇာတ်လမ်းကို spoiler သဘောသက်ရောက်မှာစိုးတာရယ်ကြောင့် အသေးစိတ်ကိုတော့ ဇာတ်လမ်းထဲမှာ ခံစားကြည့်ပါ။
Barefoot Gen (1983)
Old but Gold ကားကောင်းလေးနဲ့ မိတ်ဆက်ပေးမယ်နော်။ တကယ့်ကို ကြည့်လို့ကောင်းတဲ့ကားဆိုတာထက် ပိုပါတယ်။Imdb rating လည်း 8/10တောင် ရရှိထားတဲ့ ကားလးတစ်ကားပါ။
ဟီရိုရှီးမားဗုံးကြဲခံရတဲ့ကိစ္စလို့ပြောလိုက်ရင် မသိတဲ့သူ မရှိသလောက်ပါပဲ။
ဟုတ်ပါတယ် ဒီကားကတော့ 1945 ခုနှစ်က ဟီရိုရှီးမား ဗုံးကြဲခံရတဲ့ ဖြစ်ရပ်ကို အခြေခံရိုက်ထားတဲ့ ကားလေးပဲဖြစ်ပါတယ်။ ဒီကားမှာတော့ သနားစရာ မိသားစုအကြောင်းကို မြင်တွေ့ရမှာပါ။
အဲ့ဒီ ဗုံးပေါက်ကွဲမှုရဲ့ အကျိုးဆက်ကို ခံစားခဲ့ရတဲ့ ဂျပန်ပြည်သူပြည်သားတွေရဲ့ ဘဝကို ထင်ဟပ်ပြထားတာမို့ အရမ်းဝမ်းနည်းစရာ မြင်ကွင်းတွေကိုပါ တွေ့မြင်ခံစားရမှာပါ။
ဇာတ်လမ်းကတော့ ဆင်းရဲသား မိသားစု 5 ယောက်ရဲ့ ဘဝကို အဓိက ရိုက်ကူးထားတာပါ။ မိသားစု 5 ယောက်ဆိုပေမယ့် မိခင်ဖြစ်သူက ကိုယ်ဝန်မိခင်တစ်ယောက် ဖြစ်ပါတယ်။
ဟီရိုရှီးမား ဗုံးကြဲခံထိတော့ ဖခင်ရယ်၊ သားသမီး နှစ်ယောက်က သေဆုံးသွားကြတယ်။ မိခင်ဖြစ်သူနဲ့ ဂျန်ပဲ ကျန်ခဲ့ပါတယ်။
သားအမိနှစ်ယောက် ဗုံးကြဲခံထိထားတဲ့ မြို့မှာ ဘယ်လိုအခက်အခဲတွေကို ကြုံရမလဲ၊ သူတို့သားအမိ ရင်ဆိုင်နိုင်ပါ့မလားဆိုတာကို ဝမ်းနည်းဖွယ် မြင်တွေ့ရမှာပါ။
ထိုစစ်ကာလမှာ သူတို့မိသားစုလိုပဲ တခြားသော မိသားစုပေါင်းများစွာကလည်း စစ်ဒဏ်၊ဗုံးရဲ့ ဒဏ်ကို အလူးအလိမ့်ခံစားခဲ့ရမယ်ဆိုတာ မှန်းဆနိုင်ပါတယ်။
စိတ် မကောင်းဖြစ်မိတာ အမှန်ပါ။
မျက်ရည်မခိုင်ဘူးဆိုရင်တော့ တစ်ရှူးလေးဆောင်ထားနော်။ တကယ့်ကို ကားကောင်းလေးဖြစ်တာမို့ သူငယ်ချင်းတွေ များများမြင်အောင် Like and share လေး လုပ်ပေးပါနော်။
“လောကမှာ ဆင်းရဲမှု့ထက် ကြီးမားတယ့် ကျိန်စာ မရှိဘူး့့့ဆာလောင်မှု့ထက် ဆိုးရွားတယ့်ဝေဒနာ မရှိတော့ဘူး” ငယ်စဉ်က ငတ်ပြတ်ပြီး မိခင်ကြီးသေဆုံးမှု့ကို ခံစားလိုက်ရတယ့် ကောင်လေးတယောက့့် မိဘမဲ့ဘဝမှာ တွေ့ဆုံခဲ့ရတာ ဒုစရိုက်သမားတယောက့့် အသိပညာ အတတ်ပညာဆိုတာမသိ တရားမှု့ မတရားမှု့ဆိုတာ မသိပဲ လောဘရဲ့ လမ်းစဉ်ကိုလိုက်ပြီး ဒုဇရိုက်သမားတယောက် ဖြစ်ခဲ့ရတယ်။ တရားဥပဒေကို ရှောင်ပြေးရင်း သူ့ဘဝမှာ တွယ်တာစရာမိန်းကလေးတယောက်နဲ့ဆုံတွေခဲ့တယ်။ အတိတ်ကို ခဝါချပြီး ဘဝအသစ်ထူထောင်ဖို့ ကြိုးစားလာတယ့် အချိန်မှာတော့့ သူ့အတိတ်က သူ့ကို ခွင့်ပြုလေပါ့မလား့့ ဘော်လီဝုဒ်ရဲ့ နမည်ကြီးမင်းသား အက်ရှေးကူမားရဲ့ အကောင်းဆုံး ဇာတ်ကားတကားကိုပြပါဆိုရင် jaanwar ကိုလည်းပြရပါလိမ့်မယ်။ တကယ့်အနှစ်ကို မှကြည့်ချင်ပါတယ်ဆိုတယ့် ပရိတ်သတ်တွေအတွက် သိပ်မညွှန်းတော့ဘူး ဒေါင်းသာကြည့်လိုက်ပေတော့့
(#စာဖိုင် အခက်အခဲကြောင့် သီချင်းတွေနဲ့ တခန်းနှစ်ခန်းလောက် စာတန်းထိုးလိုအပ်သွားတာကို ကြိုတင်တောင်းပန်အပ်ပါသည်။)
Behind the Line: Escape to Dunkirk (2020)
ဒီတစ်ခါ တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ စစ်ကြီးအတွင်းမှာ ဂျာမနီတို့ရဲ့ စစ်သုံ့ပန်းများအဖြစ်အဖမ်းခံခဲ့ရတဲ့ လူတစ်စုရဲ့ လွှတ်မြောက်ဖို့ ကြိုးစားကြပုံကို ရိုက်ကူးထားတဲ့ ကားလေးပါ။
ဒန်နီတို့ လူတစ်စုဟာ စစ်ပွဲအတွင်း နာဇီတွေရဲ့ စစ်သုံ့ပန်းဖြစ်နေတဲ့ဗြိတိန်စစ်သည်တွေပါ။ သူတို့ကို ဂျာမနီကို မခေါ်သွားခင် ပြင်သစ်မှာပဲ စတည်းချနေကြတာပါ။
ဒန်နီဟာ လက်ဝှေ့သမားဟောင်းဖြစ်ပြီး ဂျာမာန်ဗိုလ်မှူးကြီးရဲ့ မျက်မုန်းကျိုးခြင်းကို ခံနေရသူပါ။အဖွဲ့သားတွေ သက်သာစွာနေနိုင်ဖို့ သူ့ကိုလက်ဝှေ့ထိုးသတ်ခိုင်းလေ့ရှိပါတယ်။ မလုပ်ချင်ပေမယ့် အားတင်းပြီး လုပ်နေရတာပါပဲ။
သူ့အကြံကတော့ ဂျာမနီကို ခေါ်သွားခြင်း မခံရခင် ပြင်သစ်တို့မြေမှာ ရှိတုန်း၊ အစောင့်အကြပ်နည်းပါးတုန်း အမိမြေဆီ ထွက်ပြေးဖို့ပါပဲ။ သူတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ အပေါင်းအပါတွေနဲ့ အတူပါ။
ဒီလိုနဲ့ စခန်းထဲက နှိမ့်ချဆက်ဆံမှုတွေကို သည်းခံပြီး ထွက်ပြေးဖို့ လမ်းစရှာနေတဲ့ သူတို့လူတစ်စုဟာ တကယ်ပဲ လွတ်လပ်မှုဆိုတဲ့ အရသာကို ပြန်ခံစားနိုင်ပါ့မလား။ အဆုံးထိ တစ်ယောက်မကျန် ခေါ်သွားချင်တဲ့ ဒန်နီရဲ့ဆန္ဒတွေ ပြည့်ဝပြီး အမိမြေရဲ့ လတ်ဆတ်တဲ့ လေကို ပြန်လည် ရှူရှိုက်ခွင့် ရပါဦးမလား ဆိုတာကိုတော့ ဒီကားလေးကို ဆက်လက်ကြည့်ရှူပေးကြပါဦး။
ကိုယ်နှစ်သက်တဲ့လူတစ်ယောက်ကိုပိုင်ဆိုင်ဖို့ဆိုရင်
အဲ့ဒီလူရဲ့ အဓိကနေရာဖြစ်တဲ့ နှလုံးသား အလယ်ဗဟိုတည့်တည့် ချိန်ရွယ်ပစ်ခပ်သိမ်းပိုက်ဖို့လိုပါတယ်…
ဒီလိုပဲ စစ်ပွဲတစ်ပွဲမှာဆိုလည်း အောင်မြင်ရေးသော့ချက်ဖြစ်တဲ့ အဓိက
အချက်အချာမြေကို သိမ်းပိုက်ဖို့ ကြိုးစားကြပါတယ်…
ယူကရိန်းနိုင်ငံကDonetskလေဆိပ်ကိုရုရှားတွေလာရောက်တိုက်ခိုက်နေကြတယ်….
အဲ့လေဆိပ်ကိုဘာလို့တိုက်ရလဲဆိုတော့ အထက်ကပြောခဲ့သလို အချက်အချာမြေနေရာဖြစ်နေလို့ပါပဲ…
ဒီလေဆိပ်ကျသွားရင် ယူကရိန်းကျသွားတာနဲ့တူတူပဲဖြစ်နေလို့ပါ…
ဒါ့ကြောင့် ယူကရိန်းတို့ ဒီလေဆိပ်မကျသွားဖို့အရေးကို
စစ်သည်အပေါင်းတို့ဟာ တတ်စွမ်းသမျှ အတတ်နိုင်ဆုံးခုခံဖို့ကြိုးစားကြပါတယ်…
ဒီစစ်သည်တွေ အောင်မြင်ပါ့မလား…
အသက်ပေါင်းများစွာ ဘယ်လောင်တောင်ပေးဆပ်လိုက်ကြရလဲ….
သူရဲကောင်းတွေဟာ ဘယ်သူများဖြစ်မလဲ….
စစ်ကားကောင်းကြိုက်သူတို့ လက်မလွှတ်သင့်ပါကြောင်း ညွှန်းဆိုပါရစေ…
ဒီကားကတော့ ယူကရိန်းစစ်ကားတစ်ကားဖြစ်ပြီးပြီးတော့ အောင်မြင်မှုတွေလည်းရသလို
IMDb မှာဆိုလည်း 8.3တောင်ရထားလေတော့ ထွေထွေထူးထူးတော့ပြောစရာလိုမယ်မထင်ပါဘူး…ခံစားကြည့်လိုက်ဦးဗျို့…
IMDb Rating (7.6/10) ရရွိထားတဲ့ ဇာတ္ကားပါ။
ကမ္ဘာပေါ်မှာ စစ်မဖြစ်တဲ့ နေ့ ရယ်လို့မရှိဘူးတဲ့။ အနည်း ဆုံးတော့ သေနတ် မှန်ပြီး ကျည်ဆန် ကြောင့် မသေတဲ့သူရယ်လို့ မရှိဘူး တဲ့။ နေ့စဉ်နေ့တိုင်း ကမ္ဘာကြီးရဲ့ တစ်နေရာရာ မှာ သေကြေနေကြ ရစမြဲပဲတဲ့။ လူတွေရဲ့ အတုံ့အလှည့် တွေ က မြန်ဆန် လွန်းတယ် ။ လောဘ ရမ္မက်တွေ၊ အတ္တ မာန်မာနတွေက ကြီးမားလွန်းတယ်။
အဲဒီလို အရာတွေကို စဉ်းစား ရင်း ဒါရိုက်တာ Andrew Nicol ရိုက်ကူးတဲ့ ရုပ်ရှင် ကားတစ်ကားကို ကြည့်လိုက် ရပြန်ပါတယ်။ မိမိချမ်း သာ ကြွယ်ဝဖို့အတွက် လက်နက် အရောင်းအဝယ် လုပ်မိရာက တရား မဝင် ဒုစရိုက် စီးပွားရေး အစွန်း ရောက်သူ အဖြစ်နဲ့ ရုန်း မထွက်နိုင် တော့ဘဲ မိသားစုတွေ ပြိုကွဲပျက်စီး ရတဲ့ လက်နက်ကုန်သည် “ယူရီ”ဆိုတဲ့ လူတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ကို ရိုက် ကူး တင်ပြ ထားပါတယ်။ ကိုယ်စား သရုပ်ဆောင်တဲ့ သူကတော့ ဟော လီးဝုဒ်ရဲ့ နာမည်ကြီးမင်းသား “နစ် ကို လာ့စ်ကေ့ချ်” Nicolas Cage ပါ။
မြေပေါ်မှာ ရွှေဝါရောင် ကော် ဇောကြီး ဖြန့်ခင်းထားသလား ထင်ရ လောက်အောင် ကျည်ဆန်ခွံတွေက ရှူမျှော် မဆုံး။ အဲဒီ အပေါ် မှာ ကျော ပေးပြီး ရပ်နေတဲ့သူက ဖြည်းဖြည်းချင်း လှည့်လာပြီး ဒီစကားကို ပြောပါတယ်။ ကမ္ဘာပေါ်မှာ သေနတ်ပေါင်း သန်း ၅၅ဝကျော် ရှိတယ်။ ကမ္ဘာအနှံ့ လက်နက်တွေ တင်ပို့တယ်။ ခန့်မှန်း ခြေပျမ်းမျှ အနေနဲ့ လူ ၁၂ယောက်မှာ သေနတ်(၁) လက်နှုန်း ဖြစ် တယ်။ ပြဿနာက ဘယ်လို လုပ်ပြီး ကျန်တဲ့ ၁၁ယောက်လုံး ကို သေနတ် တစ်လက် နှုန်းပြည့်စုံ သွားအောင် ဘယ်လို ရောင်းရမလဲ ဆိုပြီး ကျုပ် စဉ်းစားနေ တာဖြစ်တယ်”ဆိုတဲ့ စကား နဲ့ ရုပ်ရှင် ဇာတ်ကားကို စတင်ပါတယ်။
ပြီးတာ နဲ့ အဲဒီမှာ လက်နက် စက်ရုံကြီးက ကျည်ဆန်တွေ ထုတ်လုပ်နေတာ ကို ပြသပါတယ်။ သူ့နာမည် အပြည့်အစုံ က “ယူရီအောလောဗ်” တဲ့။ သူဟာ ရင်ထဲကနေ စကားတွေပြော နေပါတယ်။ ကြောင့်ကြမှု မရှိသလိုပါ ပဲ။ “လောကကြီးရယ် စိတ်မပူပါနဲ့။ ငါ အမှန် အတိုင်း ပြောပါမယ်။ လိမ် ညာမှုတွေ နဲ့ ကိုယ့် ကိုယ်ကိုယ် မတည် ဆောက်နိုင်ဘူး”တဲ့။
သူတို့ မိသားစု တစ်ခုလုံး ယူက ရိန်းကနေ အမေရိကန်ကို ပြောင်း ရွှေ့ လာခဲ့ကြတာပါ။ ရုရှားတွေ ရဲ့ ရန် ကနေ လွတ်ကင်း ဖို့ အတွက် ဂျူး လူမျိုး ဟန်ဆောင်ထားတဲ့ ဂျာမန် မိသားစု တစ်စုပါ။ အဖေ၊ အမေရယ်၊ ညီငယ် ဗိုက်တလီရယ် အပါအဝင် အားလုံး မိသား စုလေးယောက်ပေါ့။ ထမင်း ဆိုင်လေးဖွင့်ပြီး ရပ်တည်နေကြတယ်။
တစ်နေ့မှာ ယူရီဟာ ဖခင်နဲ့ အတူ ဘုရားကျောင်းကို လိုက်သွား တယ်။ ဘုရားသခင် နဲ့ နီးစပ်ချင်လို့ မဟုတ်ပါဘူး တဲ့။ သူ့အတွေးထဲက အစ တစ်ခု ကို ဆွဲထုတ်ချင်လို့ပါတဲ့။ ဖခင်က ဘုရားကျောင်းမှာ လူတစ် ယောက်နဲ့ မိတ်ဆက်ပေးတယ်။ အဲဒီကစပြီး ဘုရားကျောင်း မှာ ပထမ ဆုံး သိကျွမ်းရတဲ “အီလီ” ဆိုတဲ့ အဘိုး ကြီးနဲ့ အစ္စရေး လုပ်သေနတ်ကစပြီး အရောင်း အဝယ်ဖြစ်ခဲ့တယ်။
သူ့ရင်ထဲ မှာတွေးတယ်။ ခိုက် ရန်ဖြစ်ပွားမှုကို အတတ်နိုင်ဆုံး ရှောင် မှဖြစ်မယ်ပေါ့။ ဒါပေမဲ့လည်း အဲဒီလို ခိုက်ရန် ဖြစ်ရမယ့် လူတွေ နဲ့ပဲ အလုပ် လုပ်ရပြန်တယ်။ ဒါလည်း သူ့ရဲ့ ဗီဇကြောင့်ပါပဲတဲ့။ သူဟာမြို့ ပေါ်က ဂိုဏ်းတွေကို ရောင်းချပေး ရတာမျိုးနဲ့တင် မကျေနပ်နိုင် ဘူးဖြစ် တယ်။ လုပ်ငန်းကြီး တစ်ခုကို ဇောက် ချလုပ်ချင်လာတယ်။ လက်နက်တွေ တောင်လို ပုံနေတဲ့အချိန်မှာ ရုတ်တ ရက်တိုက်စရာ လူ မရှိတော့ဘူး။
အမေရိကန် တပ်တွေ ဆုတ်ခွာ သွားကြတော့ လက်နက်တွေ သယ် မသွားကြဘူး။ တောင်လို ပုံပြီး ကျန် နေခဲ့တယ်။ သယ်ယူခက အသစ် ဝယ်ယူတာထက် ပိုပြီး ကုန်ကျစရိတ် များလို့ ယူရီက အဲဒီတောင်လို ပုံနေ တဲ့ သေနတ်တွေကို ငွေဖော်ဖို့ ကြိုး စားတယ်။ ဘယ် တပ်ကိုမဆို သူလက် နက်ရောင်းတယ်။ အစ္စရေးလုပ် သေနတ်တွေကို မွတ်စလင်တွေဆီ ရောင်းတယ်။ ကွန်မြူနစ် လုပ်သေနတ် တွေကို ဖက်ဆစ်တွေ ဆီရောင်းတယ်။
အပြည်ပြည် ဆိုင်ရာ ရဲတပ်ဖွဲ့မှူး “ဂျက်” ဆိုတဲ့ ပုဂ္ဂိုလ်က သူ့ထက် လျင်ပြီး ဥပဒေကို လက်တစ်လုံးခြား လုပ်နိုင် တဲ့ ယူရီကို သိသိကြီး နဲ့ ဖမ်းလို့ မမိ နိုင်လို့ ကိုယ့်ကိုယ်ကိုယ် ဒေါသတွေ ထွက်နေတယ်။ အရေးကြုံ လာရင် ယူရီက သင်္ဘောကို နာမည်ပြောင်း လိုက်တာတွေ၊ အလံပြောင်းလိုက် တာတွေနဲ့ လှည့်စားပစ် လိုက်တယ်။
ဘယ်သူ့ကိုမဆို လက်နက် ရောင်းတယ် ဆိုပေမယ့် “ဘင်လာဒင်” ကိုတော့ မရောင်းဘူး။ ကိုယ်ကျင့် တရားကြောင့် မဟုတ်ဘဲ၊ ချေးများ လွန်းလို့ပါတဲ့။ တစ်နေ့မှာတော့ လစ်ဗျားနိုင်ငံ မှာ လက်နက်တွေ ရောင်းချရင်း၊ လက်နက် ဝယ်သူကပဲ ယူရီရောင်းတဲ့ လက်နက် နဲ့ ညီဖြစ် သူ ဗိုက်တလီ ကို သတ်လိုက်ပါတယ်။ ဒီအဖြစ်မှန်ကို သိတော့ အမေရိကန်မှာ ရှိတဲ့ မိန်းမ နဲ့ ကလေးက ဝေးရာကို စွန့်သွားကြ သလို၊ မိဘတွေ ကလည်း သူ နဲ့ဝေး ရာကို ထွက်သွား ကြပြီ။ ဗိုက်တလီရဲ့ အလောင်းကို ခွဲစိတ်တော့ ရရှိတဲ့ ကျည်ဆန်ခွံကြောင့် ယူရီ တစ်ယောက် အချုပ်ခန်း အတွင်းကို ရောက်လာခဲ့ ရပါတယ်။
ပြီးတော့ အပြည်ပြည် ဆိုင်ရာ ရဲမှူးဂျက်ကို သူက ဒီလိုပြောပါတယ်။ “ငါက မကောင်း ဆိုးဝါးတွေ နဲ့ ပေါင်းတဲ့ကောင်၊ ကမ္ဘာကြီး အတွက် ပျက်စီး သွားတဲ့အရာ အားလုံး အတွက် ငါ့မှာ တာဝန် ရှိတယ်။ ငါက လူသား ချင်းသတ်ဖြတ် စေတဲ့နှောင်ကြိုးကို ကိုင်တဲ့သူ။ ငါ ဘယ်လို အခြေအနေ ဆိုတာ ငါကောင်းကောင်း သိပါတယ်။ ဒါပေမဲ့ ငါတရားရုံးကို ရောက်မှာ မဟုတ်ဘူး။ ဒီမှာဂျက် ဒီအမှုကို ပေါ်အောင် လုပ်နိုင် လို့ မင်းထက် ရာထူးမြင့်တဲ့သူ က မင်းကို ချီးကျူး စကားပြော လိမ့်မယ်။ ကမ္ဘာကြီးဟာ မင်းရဲ့ စွမ်းဆောင်မှုကြောင့် ပိုပြီး အေးချမ်း သွားပြီ လို့ ပြောလိမ့်မယ်။ မင်းကို ဆုတံဆိပ် ချီးမြှင့်မယ်။ ရာထူး တိုးပေးမယ်။ ပြီးတော့ ငါ့ကို လွှတ်လိုက်ပြီ လို့ ပြောလိမ့်မယ်။ မင်းက ဒါက မဖြစ် သင့်ဘူးလို့ ငြင်းဆန်လိမ့် မယ်။ ဒါပေမဲ့ ငါကတော့ လွတ်သွား မှာပဲ။
“ငါ့ကို လွှတ်လိုက်ရတဲ့ အကြောင်းရင်းက မင်းငါ့ကို အပြစ် ရှိတယ်လို့ ယူဆတဲ့ အတိုင်းပဲ။ ငါဟာ ရက်စက်ကြမ်းကြုတ်တဲ့ အာဏာ ရှင် တွေနဲ့ ပခုံးဖက် ပေါင်းခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ အဲဒီ အထဲက ငါတို့ရဲ့ ရန်သူတွေရဲ့ ရန်သူဖြစ်တဲ့ မင်းတို့ရဲ့ သူဌေး ကမှ တကယ့် ကမ္ဘာ့ အကြီးဆုံး လက်နက်ကုန်ကူးတဲ့ သူပါ။ အမေရိ ကန်သမ္မတကြီးပေါ့ကွာ”
“သူ(၁)ရက်ကူးတဲ့ လက်နက် တွေက င့ါရဲ့ (၁)နှစ်စာ ထက်ပိုများတယ်။ တစ်ခါတလေ သေနတ်တွေ ပေါ်မှာ သူ့လက်ဗွေရာ ပါသွား ရင် ဖြေရှင်းရ ခက်မယ်လေ။ အဲဒီလိုဖြစ် မှာစိုးလို့ ငါ့လို ကုန်ကူးတဲ့ လူရဲ့ အကူအညီ ယူပြီး သူမပို့နိုင်တဲ့ နိုင်ငံ တွေကို ရောက်အောင် ငါက ပို့ပေးရ တယ်။ ဒါကြောင့် ငါက မရှိရင် မဖြစ် တဲ့ မကောင်းဆိုးဝါး တစ်ကောင်ပါ”
သူပြောတဲ့ အတိုင်း ယူရီဟာ တကယ်လည်း လွတ်လာခဲ့ပါတယ်။ လက်နက် ကုန်သည် အလုပ်ကိုပဲ ဆက်လုပ်နေပါတယ်။ ကျည်ဆန် ခွံတွေပေါ်မှာ ရပ်ပြီး သူက ပြောပါ တယ်။ “ဘယ်သူက ကမ္ဘာကို ချုပ် ကိုင်နေတာလဲ သိလား၊ လက်နက် ကုန်သည် တွေပေါ့။ လူတွေ အားလုံး စစ်ပွဲကြားမှာ သေသွားနိုင်တယ်။ အသက်ရှင်ဖို့ လျှို့ဝှက်ချက် ကို ပြော ပြပါ့မယ်။ စစ်နဲ့မပတ်သက်နဲ့”တဲ့။
Cold War (2018)
=============
IMDb Rating 7.6/10
#Unicode
Cold Warကိုကြည့်ပြီးနောက် တွေးမိတာက
ကျောင်းသင်ရိုးက မြန်မာကဗျာတွေရဲ့ အရေးပါပုံကိုပါပဲ။
Cold Warဟာ ဂီတသမားတစ်ယောက်က
ဂီတတင်ဆက်မှုတစ်ခုလုပ်ဖို့ လူစုတဲ့အကြောင်းကနေ
အစပြုထားတယ်။ သူ့တင်ဆက်ချင်တဲ့ဂီတက
နည်းနည်းတော့ထူးခြားတယ်။ ကျေးတောနေလူတန်စားတွေရဲ့
ဂီတ။ ကျွန်တော်တို့ မြန်မာကဗျာမှာသင်ရတဲ့
တောင်တွင်းရှင်ငြိမ်းမယ်ရဲ့ အိုင်ချင်းတွေလိုကဗျာတွေကို
ဆိုကြတဲ့ဂီတမျိုးပဲ။ ကောက်စိုက်သမဂီတပဲဆိုရမယ်။
ဒီဂီတလေးတွေက ဒီကားရဲ့အသက်ပဲထင်တယ်။
Cold Warဟာ ဒီတစ်မူထူးတဲ့ဂီတတွေကြောင့်ပဲ
တခြားMusical Dramaတွေထက်ထူးနေတယ်။
ဒီဂီတကဗျာတွေရဲ့ အရေးပါပုံကိုခံစားမိတော့
ကျွန်တော် ကျောင်းသင်ရိုးကကဗျာတွေ
အရေးပါတာတွေးမိတယ်။
ကိုယ့်ဘာသာဆို သိချင်မှသိမယ်ကိုး။
မူရင်းပိုလန်ဘာသာကနေ အင်္ဂလိပ်လိုပြန်ထားတာကိုမှ
ဗမာလိုပြန်ရေးတာမို့ Lost in Translation
အများကြီးရှိနိုင်ပေမယ့် ဒီထဲက သီချင်းတွေကို
ကျေးလက်ကဗျာ အငွေ့အသက်ရအောင်ပဲ
ပြန်ထားပေးပါတယ်။
Cold Warရဲ့တစ်ချို့ အခန်းတွေဟာ သိပ်လှတယ်။
ကျွန်တော်အကြိုက်ဆုံးအခန်းက ကျေးလက်ဂီတတွေကို
နိုင်ငံရေးစည်းရုံးရေးသီချင်းဖြစ်အောင် မလွဲရှောင်သာလို့
သုံးပေးလိုက်ရပေမယ့်
အဲ့ဒီဂီတတင်ဆက်မှုရဲ့ အောင်မြင်မှုအတွက်
အားလုံးလက်ခုပ်တီးနေချိန်မှာ လက်ခုပ်မတီးနိုင်တဲ့
ဂီတတင်ဆက်မှုရဲ့ ပဲ့ကိုင်ရှင် နှစ်ယောက်နဲ့
သူတို့ရဲ့ မသက်မသာမျက်နှာတွေပါပဲ။ရုပ်ရှင်နာမည်ကတော့ ဇာတ်အိမ်ကို
ပိုလန်ရဲ့စစ်အေးတိုက်ပွဲ ကာလအတွင်းတည်ထား
တာမို့ Cold Warလို့ပေးထားပေမယ့်။ စစ်နဲ့
ပက်သက်တာ ဘာမှမပါပါဘူး။
သမိုင်းအစစ်တွေတော့ ယူသုံးထားတယ်။
Cold Warဟာ 2018ထွက်ဆိုပေမယ့်
ဒါရိုက်တာက သူ့အနုပညာရည်ကို လက်စွမ်းပြချင်တော့
အဖြူအမဲနဲ့ရိုက်ထားတယ်။ အဲ့ဒီနှစ်က ရုပ်ရှင်ဓာတ်ပုံ
ပညာနဲ့ အော်စကာဆန်ခါတင်၀င်ခဲ့သေးပေမယ့်
Romaရသွားတယ်။ သူအသားပေးဖော်ပြသွားတဲ့
ကျေးလက်ဂီတတွေရဲ့ ခံစားမှုမျိုးကိုပဲ Cold War
က ကျွန်တော်တို့ကိုပြန်ပေးတယ်။
စစ်ကားကောင်းကြိုက်သူတို့ ရုရှားစစ်ကားသစ်တစ်ကားကို BLU-Ray1080p5.1chတို့ဖြင့်
တင်ဆက်ပေးလိုက်ပါသည်….
ဆိုဗီယက်ရုရှရဲ့ မြို့တော်မော်စကိုပြီးရင်
ဒုတိယအကြီးဆုံး မြို့ဖြစ်တဲ့ လီနင်ဂရက်
( ယနေ့ခေတ်ကာလအခေါ် စိန့်ပီတာဘတ်စ် )ကို
ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၁မှာ ဖင်လန်နဲ့
ဂျာမနီတို့က မြို့ကို ပြင်ပ အဆက်အသွယ်ပြတ်အောင်
ပိတ်ဆို့ပြီး စီးနင်းခဲ့ကြပါတယ်။
ဒီပိတ်ဆို့ စီးနင်းမှုဟာ နှစ်နှစ် လေးလ နှစ်ပတ်နှင့်
ငါးရက်ကြာ ရက်ပေါင်း ၈၇၂ရက်တာ ကြာမြင့်ပြီး
အသက်ပေါင်း ၅သိန်းအထိဆုံးရှုံးခဲ့ကာ
တစ်ချို့သောသမိုင်းပညာရှင်တွေက
လူမျိုးသုဉ်းသတ်ဖြတ်မှုတစ်မျိုးလို့ ဆိုကြပါတယ်။
ဟစ်တလာကြီးကတော့
ဒီဝန်းရံပိတ်ဆို့မှုမှာ သူအောင်မြင်မယ်လို့
တစ်ထစ်ချယုံကြည်နေပြီး
လီနင်ဂရင်က ကြယ်ငါးပွင့်ဟိုတယ်မှာတောင်
အောင်ပွဲခံဖို့ ဖိတ်စာတွေ ကြိုရိုက်ထားတယ်လို့ဆိုပါတယ်။
ဒီရုပ်ရှင်ဟာ ဒီပိတ်ဆို့စီးနင်းခံရတဲ့ လီနင်ဂရက်မြို့ကြီးကို
ကယ်တင်ခဲ့ကြတဲ့ လူတွေအကြောင်းပါ။ စစ်ပွဲတစ်ပွဲ
နိုင်ဖို့ဆိုတာ အာဇာနည်တွေ ဟောတစ်ယောက်
ဟောတစ်ယောက် ပေါ်လာရုံနဲ့ မလုံလောက်ပါဘူး။
ဟိုတစ်စု ဒီတစ်စု ဒြပ်မှုန်ကလေးတွေ ပေါင်းစည်းပြီး
အချိန်အခါသင့်တဲ့အခါ ရလာတဲ့ ပေါက်ကွဲမှုတစ်ခုပါပဲ။
ဒီရုပ်ရှင်မှာ ကြီးစဉ်ငယ်လိုက်စီပြီးပြောရရင်
ရေတပ်ဗိုလ်ချုပ်မှူးလုပ်ခဲ့တဲ့ စွန့်စားမှုတစ်ခု
ရေတပ်ဗိုလ်ချုပ်မှူသားဗိုလ်လောင်းရဲ့ အချစ်ကိုရူးသွပ်မှု
တပ်ကြပ်တစ်ယောက်ရဲ့ အရှုံးမပေးတတ်တဲ့စိတ်ဓာတ်
မာလိန်မှူးတစ်ယောက်ရဲ့ တာဝန်သိ တိုင်းပြည်ချစ်စိတ်
သူလျှိုသစ္စာဖောက်တစ်ယောက်ရဲ့စိတ်ကောင်းဝင်မှု
ဒီလိုအရာတွေအားလုံးပေါင်းစပ်ပြီး
အောင်မြင်ခြင်းဟာ ဖူးပွင့်လာပါတယ်
ဒါတွေဟာ ထင်သာတဲ့အရာတွေကို ရေးပြထားတာပါပဲ။
များပြားလွန်းတဲ့ သူ့နေရာနဲ့သူ အရေးပါနေတဲ့
ဇာတ်ကောင်တွေကို တစ်ယောက်မကျန် အသက်ဝင်အောင်
ပုံဖော်သွားနိုင်တဲ့ ဒါရိုက်တာရဲ့ တင်ဆက်ပြသမှုကလည်း အထင်ကရပါပဲ…
ထင်မှတ်မထားတဲ့ twistလေးတစ်ခုနဲ့လည်း ဇာတ်အိမ်ကို
ပိုအသက်ဝင်အောင် အသက်သွင်းထားပါသေးတယ်။
စစ်ကားကောင်းတွေသဘောကျတဲ့သူတွေအဖို့ လက်မလွှတ်သင့်ပါကြောင်း
ပြောကြားပါရစေ….
Apocalypse Now (1979)
=================
IMDb Rating – 8.4/10
#Unicode
ပြောကြတာတော့ Apocalypse Nowဟာ
အကောင်းဆုံးစစ်ကားတဲ့။ ကျွန်တော်တော့ စစ်ကား
တစ်ကားလို့ကိုမမြင်မိဘူး။သမိုင်းလည်းမှန်လှတယ်မဟုတ်ဘူး။
သမိုင်းဆိုတာ စစ်နိုင်တဲ့ဘက်က ရေးကြတာဆိုတော့
ရေးထားတဲ့သမိုင်းလည်း မှန်ချင်မှမှန်မှာဖြစ်တဲ့အတွက်
ဒါကလည်းအရေးမပါလှဘူး။
စစ်ပွဲတစ်ပွဲမှာ ဘာတွေမြင်ရမလဲ။
လက်နက်တွေ ပေါက်ကွဲမှုတွေ သေကြေမှုတွေ
အလောင်းတွေ သွေးတွေ။ ဒီအပေါ်ယံအမြင်တွေ
အကုန် ဖယ်ကြည့်လိုက်ရင် စစ်ပွဲမှာ ကျွန်တော်တို့
အထင်ရှားဆုံးမြင်ရမယ့် အရာက လူ့စိတ်ပါပဲ။ ဒါရိုက်တာ
ဖရန်စစ် ကော်ပိုလာက ဒီအချက်ကို အရဖမ်းသွားတယ်။
ဒါကြောင့်ပဲ ဒီရုပ်ရှင်ဟာ စစ်တိုက်ခန်းနည်းနည်း
စကားများနေတာများများနဲ့ အကောင်းဆုံးစစ်ကားဖြစ်သွားခဲ့
တယ်။ ဒီကားကြည့်ပြီး ခင်ဗျားရူးချင်သွားတယ်ဆိုရင်လည်း
မထူးဆန်းဘူး ဒါရိုက်တာရော မင်းသားရော ဒီရုပ်ရှင်ရိုက်နေတုန်း
ရူးချင်ချင် သေမလိုလိုဖြစ်သွားခဲ့ကြဖူးတယ်။
အဓိကပြချင်တာဘာလဲတော့ ကျွန်တော်လည်းမသိဘူး။
ယူသလိုပဲရလိမ့်မယ်။ အရူးတွေရိုက်ထားတဲ့ကားဆိုတော့
ကြည့်ပြီးရူးသွားလည်း သိပ်တော့အံ့ဩစရာမရှိဘူး။
ဒီရုပ်ရှင်ရဲ့ တစ်ချို့ဇာတ်ကွက်တွေအရတော့ ဒါရိုက်တာကို
အမေရိကန်မှဟုတ်ပါလေစလို့ ပြန်ရှာကြည့်လိုက်ရတယ်။ သူရဲဘောကြောင် အနိုင်ကျင့်တတ်တဲ့ တစ်စက်မှသုံးမရတဲ့
အမေရိကန်စစ်သားတွေအကြောင်းကို ဒါရိုက်တာက
ခဏခဏကို ပြသွားတယ်။ ဒီထဲကအမေရိကန်စစ်သားတွေက
ပုံမှန်မြင်နေကြတွေလို သနားစိတ်အပြည့်နဲ့ လူတော်Great
ကြီးတွေမဟုတ်ဘူး။ စစ်သားတွေရဲ့ ကြောက်စိတ်နဲ့
စစ်မှုထမ်းတွေရဲ့ တလွဲလုပ်ရပ်တွေ အတော်မြင်ရတယ်။
မတော်လို့ကျွန်တော်တို့စစ်ထဲ၀င်ကြရင် ဖြစ်နေမယ့်ပုံစံမျိုးပေါ့။
အမေရိကန်တွေနဲ့ သူတို့တိုက်နေတဲ့သူပုန်တွေကြားက
အမှန်အမှားဆိုတာ ဆပ်ပြာပူဖောင်းလွှာကလေးလို
ပါးလျနေတာကို ဒါရိုက်တာက ကောင်းကောင်းကြီး
ပြသွားတယ်။
လူသားဆန်မှု စစ်ပွဲမှာ လူသားဆန်မှုက အရေးကြီးသလား
ဒီအဖြေကို ရုပ်ရှင်ထဲ မာလွန်ဘရန်ဒိုကြီးဖြေသွားတဲ့
အဖြေက ကြက်သီးထစရာကောင်းတယ်။ ဒီစစ်ကားက
စစ်တွင်းတိုက်ခိုက်မှုပါရုံထည့်ပြီး စစ်သားတစ်ယောက်ရဲ့
စိတ် ဒါမှမဟုတ် စစ်သားတစ်ယောက်မှာရှိရမယ့်စိတ်ကို
သူ့အမြင်အရကောင်းကောင်းသုံးသပ်ပြသွားတယ်။
အဲ့ဒီအမြင်ကို လူတိုင်းတော့ လက်ခံနိုင်မယ်မထင်ဘူး။
ဘာလို့ဆို မာလွန်ဘရန်ဒိုရဲ့ဇာတ်ကောင်
ကာလ်နယ်ကတ်ဇ်ရဲ့ အမြင်ဟာ ဘယ်လိုမှ လူမဆန်ဘူး။
အမေရိကန်ဟာ ဗီယက်နမ်လိုနေရာမျိုးမှာ စစ်နိုင်ဖို့
ဘာမှမခက်ပါဘူး။ ခက်နေတာက လုပ်ချင်သလိုလုပ်ရင်
ဖြစ်လာမယ့် ကမ္ဘာ့နိုင်ငံတွေရဲ့ အမြင်ပါပဲ။ကမ္ဘာ့နိုင်ငံရေးမှာ
တစ်ခါတလေ စစ်ရေးတွေဟာ ထိုးကြွေးခံရတဲ့ နယ်ရုပ်တွေ
ပါပဲ။ကာလ်နယ်ကတ်ဇ်လို စစ်သားတစ်ယောက်ရဲ့
အမြင်မှာကျ ဒါတွေက မဖြစ်သင့်တဲ့အရာတွေပဲ။
သူ့အမြင်မှာ စစ်သားကောင်းဟာ လူကောင်းမဖြစ်နိုင်ဘူး
လို့ ယူဆတယ်။ စာနာမှုရှိတဲ့စစ်သားဟာ စစ်သားကောင်း
မဟုတ်ဘူးပေါ့။ဒီတော့ သူသူလျှိုလို့ယူဆတဲ့ လူလေးယောက်ကို
အထက်မိန့်မရဘဲ သတ်ပစ်လိုက်တယ်။ဒီ အမိန့်ဖီဆန်ပြီး
တောခိုသွားတဲ့ ကာလ်နယ်ကတ်ဇ်ကို လုပ်ကြံဖို့
အထူးတပ်သားတစ်ယောက်ကို ကမ္ဘောဒီးယား ဗီယက်နမ်
နယ်စပ်ကိုလွှတ်လိုက်တယ်။ သူ့ဇာတ်အိမ်က
ဒီလောက်ပါပဲ။တစ်ခုရှိတာက ခင်ဗျားသာ သေချာ
စီးမျောပြီးကြည့်မယ်ဆိုရင် အဲ့ဒီခရီးမှာ ခင်ဗျားလည်း
ပါသွားလိမ့်မယ်။ အပြန်လမ်းမှာတော့ ခင်ဗျားဟာ
အရင်က ခင်ဗျား ဟုတ်ချင်မှလည်းဟုတ်တော့မယ်။
ခင်ဗျားသာ ဒီရုပ်ရှင်အပြီး အမှန်နဲ့အမှားကြား
ဝေခွဲမရဖြစ်နေခဲ့ရင် ကိုယ့်ရွေးချယ်မှုကိုပဲ
ယုံလိုက်ဖို့ပြောချင်တယ်။ ဒီရုပ်ရှင်ထဲမှာမှမဟုတ်ဘူး။
တကယ့်ကမ္ဘာကြီးမှာလည်း အမှန်နဲ့အမှားကြားက
မျဉ်းကသိပ်ပါးတယ်။ အမှန်နဲ့အမှားထက် ပိုအရေးကြီးတာက
ကျွန်တော်တို့ရဲ့ ရွေးချယ်မှုပဲ။ ကာလ်နယ်ကတ်ဇ်က
ဒီအကြောင်းကို ကောင်းကောင်းကြီး သဘောပေါက်ခဲ့တယ်။
ဝီလ်လတ်ကလည်း သူသိတဲ့အမှန်ကို ကျောခိုင်းပြီး
သူလုပ်ရမယ့်အရာကိုလုပ်ခဲ့တယ်။
ဒိုင်ယာလော့ထဲမပါတဲ့ ဝီလ်လတ်ရဲ့စကားကိုတော့
ကျွန်တော်ကြားနေရတယ်။
အရူးတွေကြားမှာ သွားမှန်နေလို့မရဘူး။ သူတို့နဲ့မတူရင်
အရူးတွေအတွက် ခင်ဗျားက အရူးဖြစ်သွားလိမ့်မယ်တဲ့။
Apocalypse Nowကို God Fatherရုပ်ရှင်ရဲ့
ဒါရိုက်တာ ဖရန်စစ်ကော်ပိုလာကရိုက်ထားတဲ့အပြင်
God Fatherကြီး မာလွန်ဘရန်ဒိုက Second leadနေရာက
သရုပ်ဆောင်ထားတယ်။ ရုပ်ရှင်ဓာတ်ပုံပညာနဲ့
အသံပိုင်းဆိုင်ရာမှာ အော်စကာနှစ်ဆုရထားတဲ့အပြင်
Greatest War Film of All Timeလို့
သတ်မှတ်ခံထားရတဲ့ ရုပ်ရှင်ပါပဲ။
နေသန်အောလ်ဂရင်း ဟာအင်းဒီးယန်းစစ်ပွဲမှာ
ပါဝင်တိုက်ခိုက်ခဲ့တဲ့အမေရိကန်မြင်းတပ်ရဲ့ကပ္ပတိန်ဖြစ်ပါတယ်။
စစ်ပွဲမှာတုန်းကသူ့အထက်အရာရှိရဲ့အမိန့်ကြောင့်လုပ်ခဲ့မိတဲ့
အမှားတွေအတွက်စိတ်ဒဏ်ရာရပြီးအရက်သမားဖြစ်နေသူပါ။
အောလ်ဂရင်းဟာအထက်အရာရှိဟောင်းနဲ့ပြန်တွေ့ပြီး
ဂျပန်ပြည်ကိုသွားရမယ့်အလုပ်တစ်ခုကမ်းလှမ်းခြင်းခံရပါတယ်။
ဂျပန်ဘုရင်ဟာဂျပန်ပြည်ကိုခေတ်မီတိုးတက်အောင်ပြောင်းလဲနေပေမယ့်
ဆာမူရိုင်းလမ်းစဥ်ကိုလိုက်နာသူတွေဟာအတားဆီးဖြစ်နေတာမို့
သူတို့ကိုခြေမှုန်းမယ့်ဂျပန်အင်ပါယာတပ်ကို အောလ်ဂရင်းက လေ့ကျင့်ပေးရမှာဖြစ်ပါတယ်။
အောလ်ဂရင်းကပ္ပတိန်အဖြစ်ဦးဆောင်တဲ့စစ်တပ်ဟာ
ဆာမူရိုင်းတွေကိုသွားတိုက်ရာကနေအရေးနိမ့်သွားပြီးအောလ်ဂရင်းကို
ဆာမူရိုင်းတပ်က ဖမ်းသွားပါတယ်။
အောလ်ဂရင်းဟာ ဆာမူရိုင်းတွေရဲ့ရွာမှာလပေါင်းများစွာနေထိုင်ခဲ့ပြီးနောက်
သူတို့ဓလေ့ရဲ့စည်းစနစ်ကျပုံ၊ငြိမ်းချမ်းပုံတို့ကို နှစ်သက်မိသွားတဲ့အခါ
အောလ်ဂရင်းအနေနဲ့ ဘယ်သူတွေဘက်မှာရပ်တည်သင့်လဲ
ဆုံးဖြတ်ချိန်ကျရောက်လာပါတော့တယ်…
Mission impossible ဇာတ်ကားတွေနဲ့နာမည်ကြီးခဲ့တဲ့မင်းသား
တွမ်ခရုစ်က အဓိကဇာတ်ကောင်အနေနဲ့ပါဝင်ထားပြီး
ဆုတွေလည်းရထားတဲ့ကားမို့မကြည့်မဖြစ်
ဂန္ထဝင်ကားတစ်ကားဖြစ်ပါတယ်။
Warrior(2011) အညွှန်း
*******************
IMDb Rating ……… 8.2/10
Rotten Tomatoes ……… 83%
((အလန်းစားကားမို့ 1080P5.1CH ပါ လုပ်ပေးထားပါတယ်…))
အရက်စွဲရာမှ ပြန်လည်နာလန်ထူနိုင်ဖို့ ကြိုးစားနေတဲ့ ဖခင်ဖြစ်သူ “ပက်ဒီ” ဆီကို….. နှစ်ပေါင်းများစွာ ခွဲခွာသွားပြီး သူ့ကိုစိတ်နာနေခဲ့တဲ့ သားဖြစ်သူ မရိန်းတပ်သားဟောင်း တွန်မီ ရောက်လာပြီးတော့
ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲသမိုင်းမှာ ဆုကြေး အမြင့်ဆုံး ဖြစ်တဲ့ “စပါတာ”ဆိုတဲ့ပြိုင်ပွဲကို ဝင်ပြိုင်ဖို့အတွက် လေ့ကျင့်ပေးဖို့တောင်းဆိုလာပါတယ်…
ပက်ဒီ တစ်ယောက် သားဖြစ်သူကို ပြိုင်ပွဲဝင်ဖို့ လေ့ကျင့်ပေးရတဲ့ အခွင့်အရေးကို အသုံးချပြီး နွေးထွေးတဲ့ဆက်ဆံရေး ပြန်ရဖို့ကြိုးစားပါတော့တယ်…
ပက်ဒီ မှာ တွန်မီ လိုပဲ သူ့ကိုအသိအမှတ်မပြုဘဲ စိတ်နာနေတဲ့ ဘရန်ဒန် ဆိုတဲ့….(လက်ဝှေ့သမား ဘ၀မှ အနားယူပြီး ကျောင်းဆရာလုပ်နေတဲ့) အိမ်ထောင်သည် သားတစ်ယောက်လည်းရှိနေပါသေးတယ်…
ဘရန်ဒန် ကတော့ ရောဂါသည်သမီးငယ်ရဲ့ ဆေးကုသစရိတ်ကြောင့် သူတို့မိသားစုရဲ့ အိမ်ကို ဘဏ်ကအသိမ်းခံရမဲ့ အခြေအနေတစ်ခုကြုံနေရပြီး အဲဒီပြဿနာကို ဖြေရှင်းဖို့အတွက် “စပါတာ” လက်ဝှေ့ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ အကြောင်းတိုက်ဆိုင်လာပါတော့တယ်…
ဒီလိုဆက်ဆံရေးအဖုအထစ်တွေရှိနေတဲ့ သူတို့သားအဖ သုံးယောက်… “စပါတာ” လက်ဝှေ့ပြိုင်ပွဲမှာ ဘယ်လိုတွေဆက်ပြီး ဖြစ်ပျက်ကြမလဲ… ပြိုင်ပွဲမှာ ဘယ်သူက ဘယ်လိုအနိုင်ရသွားမလဲဆိုတာကတော့…
(MMA) ဇာတ်ကားတစ်ကား ဖြစ်တဲ့အတွက် ဇာတ်ကားတစ်လျှောက်လုံးမှာ အမိုက်စား တိုက်ခိုက်ထိုးသတ်မှုတွေကို အားပါးတရ ခံစားရမှာဖြစ်ပါတယ်
Plot Twist တွေ မြှုပ်ကွတ်တွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက် လာပါပြီ
ဂျပန်ဇာတ်ကားကောင်းလေးလွန်ခဲ့တဲ့သုံးလမှာ ချစ်သူနဲ့ချစ်သူဗိုက်ထဲက
ကလေးကို ဆုံးရှုံးထားရတဲ့ ဆရာဝန်ရှုဂို တစ်ယောက် နာလန်ထဆေးရုံမှာ
စီနီယာတစ်ယောက်ကိုယ်စား တာဝန်ချိန်ဆင်းပေးဖို့ ညနေပိုင်းလောက်မှာ ရောက်ရှိနေပါတယ်
ဆေးရုံကြီးဟာ ယခင်ကစိတ္တဇဆေးရုံဟောင်းကြီးဖြစ်လို့ လှေကားခြေရင်းမှာ
ပိတ်ဖွင့်လို့ရတဲ့ သံတံခါးရယ် အသုံးမပြုဘူးဆိုတဲ့ခွဲစိတ်ခန်းရယ်
စသဖြင့် ထူးထူးဆန်းဆန်းတွေရှိနေခဲ့ပါတယ်
ထိုညနေခင်းမှာ လူပြက်မျက်နှာဖုံးကိုဝတ်ဆင်ထားတဲ့ ဓားပြတစ်ယောက်ဟာ
စတိုးဆိုင်တစ်ဆိုင်ကို ဝင်ရောက်လုယက်ပြီး ကောင်မလေးတစ်ယောက်ကို
ဓားစာခံအနေနဲ့ ဆွဲခေါ်သွားခဲ့ပါတယ်
ထိုသတင်းကိုတီဗီသတင်းမှာကြည့်မိနေစဉ် တာဝန်ကျသူနာပြုက လှမ်းခေါ်၍
ဆင်းကြည့်လိုက်တဲ့အခါ ဒဏ်ရာရထားသောဓားစာခံနဲ့
တရားခံလူပြက်ကောင်ဟာ ဆေးရုံထဲရောက်နေကြပါတယ်
တရားခံမှ ဓားစားခံကို အတင်းဒဏ်ရာကြည့်ခိုင်းပြီး
အတင်းအကျပ် ခွဲစိတ်ခန်းကိုဖွင့်ခိုင်းရာမှ မကြာခဏအသုံးပြုထားပုံရပြီး
ကိရိယာအစုံအလင်ရှိတဲ့ ခွဲစိတ်ခန်းကြီးကို အံ့ဩဖွယ်တွေ့လိုက်ရလို့
ရှုဂိုတစ်ယောက် ကြုံတွေ့နေရတဲ့ အဖြစ်အပျက်တွေနဲ့ ဘယ်လိုသုံးသပ်မလဲ
လူပြက်မျက်နှာဖုံးနဲ့တရားခံရဲ့ တကယ့်ရည်ရွယ်ချက်ကဘာလဲ
နာလန်ထဆေးရုံကြီးရဲ့ ဖုံကွယ်ထားတဲ့အရာတွေက ဘာတွေဖြစ်မလဲဆိုတာကို
မ Spoil ချင်လို့ ကိုယ်တိုင်ကြည့်ပြီး အဖြေရှာကြည့်ကြပါနော်
Korean မင်းသား Jang Dong-gun (ဒါရိုက်တာရင်) နဲ့ မင်းသား Joe Odagiri ရယ်
မင်းသမီး Fan Bingbing တို့ပါဝင်ထားတဲ့ စစ်ကားလို့ဆိုရမယ့်ဇာတ်ကားပါ။
တကယ့်အဖြစ်အပျက်ကိုအခြေခံရိုက်ကူးထားတာဖြစ်ပြီးတော့ IMDb Rating(7.7/10)ရရှိထားပါတယ်။
အဟောင်းဖြစ်ပြီး အရင်က တင်ပေးခဲ့ဘူးပေမယ့် ကွာလတီ ကောင်းတာကို
ပြန်လည်ခံစားစေခြင်တာရယ် ဘယ်နှစ်ခါကြည့်ကြည့် မရိုးတဲ့ အတွက်
သိမ်းထားခြင်သူတွေသိမ်းထားဖို့အတွက်ပြန်လည်
တင်ဆက်ပေးလိုက်တာပါ
ဇာတ်လမ်း အကျဉ်းလေးကတော့
ငယ်စဉ်ကလေး ဘဝကတည်းက ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ကြတဲ့
သူငယ်ချင်းမဟုတ်တဲ့ သူငယ်ချင်း ၂ယောက်
လူမျိုးမတူတဲ့ လူငယ်လေး ၂ယောက်
တချိန်မှာ ဘဝ အလှည့်အပြောင်းတွေနဲ့ ကြုံတွေ့လာရတဲ့အခါ
လောကဓံ အလှည့်အပြောင်းကို တွေ့ကြုံမိလာတဲ့အခါမှာတော့
ဘယ်လောက်ပဲ မုန်းတီးနေပါစေ ပစ်မထားရက်တဲ့
နိုင်ငံနားနီးချင်း စစ်ရဲ့ စတေးခံလူငယ်လေး ၂ယောက်
နောက်ဆုံးမှာ ဘယ်လိုတွေဖြစ်ကြမလဲ ဆိုတာကို
ဆက်လက်ကြည့်လိုက်ကြပါတော့လား ဗျာ
City Of Life and Death (2009)
=================
IMDb – 7.7/10
Rotten Tomatoes – 92 %
Cast :
Ye Liu – Lu Jianxiong
Gao Yuanyuan – Miss Jiang
Hideo Nakaizumi – Kadokawa
Ryu Kohata – Ida
ဒီကားဟာဆိုရင် ဟိုးအရင်ခေတ် စစ်ပွဲအကြောင်းကို ဖြူမဲ ပုံစံနဲ့ရိုက်ပြထားတဲ့ ဇာတ်ကားပါ
Rating တွေလည်းအရမ်းကောင်းခဲ့ပြီး ကြည့်ရှူသူအရမ်းများခဲ့ပါတယ်
ဇာတ်လမ်းဟာဆိုရင် ဒုတိယတရုတ်-ဂျပန်စစ်ပွဲအတွင်း ၁၉၃၇ မှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲအကြောင်းကို အခြေခံရိုက်ကူးထားတာပါ
ဂျပန်အင်ပါယာဟာ တစ်ခေတ်တစ်ခါက တရုတ်မြို့တော်ဖြစ်ခဲ့တဲ့ နန့်ကျင်းမြို့ကို သိမ်းပိုက်ခဲ့ပါတယ်
အဲ့ဒါကို ” နန့်ကျင်း သတ်ဖြတ်မှု့ ” လို့ခေါ်ကြပြီး အကြောင်းအရင်းကတော့ တရုတ်စစ်သုံ့ပန်းတွေနဲ့ မြိုု့သူမြို့သားတွေကို ရက်ပေါင်းများစွာ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့ကြလို့ပါ
ဤရုပ်ရှင်သည်တရုတ်စစ်သား၊ ကျောင်းဆရာ၊ ဂျပန်စစ်သား၊ နိုင်ငံခြားသာသနာပြုနှင့်နာဇီစီးပွားရေးသမားဂျွန်ရာဘီ (တရုတ်မြို့သားတွေကိုကူညီသူ)အပါအဝင်
သမိုင်းကြောင်းများ အကြောင်းကို ရိုက်ပြထားသောဇာတ်ကားဖြစ်သည် ။
( Rated R ဖြစ်သည့် အတွက် ကလေးသူငယ်များ ကြည့်ရှူ့ရန်မသင့်တော်ပါ )
august 21 2020မှာထွက်လာပြီး Budget $80millionသုံးထားတဲ့
တရုတ်ဖြစ်ရပ်မှန် ဇာတ်ကားလေးပါ
Box office ဝင်ငွေ $451.5million စံချိန်တင်လည်းချိုးထားပါတယ်
တရုတ်ပြည်ရဲ့ရှန်ဟိုင်းမြို့ကိုဂျပန်တွေကျူးကျော်တိုက်ခိုက်ချိန်
ပင်မတပ်ကြီးပြန်ဆုတ်သွားပေမယ့် ကျန်ရှိနေတဲ့တပ်သား၈၀၀ ရဲ့
လက်နက်အင်အားမမျှတဲ့ကြားက အရှုံးမပေးပဲအသက်စွန့်ပြီး ၄ရက်ကြာ
တိုက်ခိုက်ခဲ့တာကိုဂုဏ်ပြုရိုက်ကူးထားတာပါရှန်ဟိုင်းကိုဂျပန်တွေကျူးကျော်တိုက်ခိုက်ချိန်
ဂက်စ်ပိုက်လိုင်းတွေရှိနေတဲ့ဂိုထောင်မှာ အမှတ်၈၈ခေါင်းဆောင်ဦးဆောင်တဲ့
တပ်သား၈၀၀အဖွဲ့ဟာတပ်မဆုတ်ပဲ စောင့်ကြပ်ကာကွယ်နေခဲ့ပါတယ်..
တိုင်းပြည်ဂျပန်တွေလက်ထဲမရောက်ရဖို့အရေး လက်နက်အင်အားမမျှပေမယ့်
အသက်စွန့်တိုက်ခိုက်မှုကြောင့် ဂျပန်တွေက အင်အားသုံးတိုက်ခိုက်ပေမယ့်
၄ရက်ကြာ မသိမ်းပိုက်နိုင်ဖြစ်ရပါတယ်…..
ဂိုထောင်ရဲ့မြစ်တစ်ဖက်ကမ်းမှာ အဂ်လိပ်တွေကာကွယ်ပေးထားတဲနယ်မြေသစ်မှာ
ပြည်သူတွေ ၄သိန်းကျော်ရှိနေတာပါ…..တရုတ်တပ်သားတွေ
အသေခံတိုက်ခိုက်နေတာကိုမြစ်တစ်ထက်ကမ်းကပြည်သူတွေရင်နင့်စွာမြင်နေရရင်း
ဂျပန်ကိုတော်လှန်လိုစိတ်တွေတက်ကြွလာခဲ့ပါတယ်…
ဒါပေမယ်လဲ နယ်မြေသစ်ရဲတံတားကိုဖြတ်တာနဲ့ ဂျပန်တွေပစ်သတ်တာခံရမှာပါ….
လိုနေတဲ့ရိက္ခာတွေကို အသက်စွန့်ပြီး ပို့ပေးမယ့်သူတွေပေါလာတဲ့အခါ….
တပ်သားတွေရဲ့အသက်စွန့်ပြီးရဲဝံ့စွာတိုက်ခိုက်မှုတွေကြောင့်သတင်းစာမှာဖော်ပြခံရပြီး
နိုင်ငံတစ်ကာက ချီးမွမ်းခဲ့ကြပေမယ့်
လက်နက်အင်အားကြီးနေတဲ့ဂျပန်နိုင်ငံနဲ့
ရန်ငြိုးမဖွဲ့လိုလို့ တရုတ်နိုင်ငံကို ဘယ်သူမှတပ်ကူမပေးလိုတဲ့အခါ…..
တပ်သား၈၀၀ ကျော်ရဲ့အရှုံးမ ပေးပဲ အသက်စွန့်တိုက်ခိုက်မှုဟာ
တရုတ်ပြည်သူတစ်ရပ်လုံးကိုနိုးထစေခဲ့ပြီး
နောင်တစ်ချိန်ကွန်မြူနစ်အစိုးရရဲ့ ဦးဆောင်မှုအောက်မှာ
ဂျပန်ကိုတစ်ကြိမ်ထဲနဲ့ အပြတ်တိုက်ထုတ်နိုင်ခဲ့ပါတယ်….
ဒီကားလေးဟာ 2019ထွက် Action,Drama,War အမျိုးအစားဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်
ဒီကားဟာ Orilandမှာကျင်းပတဲ့ Asian Summit အကြီးအကဲပေါင်းစုံ
ညှိနှိုင်းအစည်းအဝေးပွဲကြီးမှာ အကြမ်းဖက်သမားတစ်စုဟာ Dirty bombsနဲ့
Dirty bullets ကို Udriveနဲ့ထိန်းချုပ်ပြီး ဖောက်ခွဲတိုက်ခိုက်ဖို့ကြံစည်နေကြပါတယ်..
.ဒီကြံစည်မှုကြီးကိုတားမြစ်နိုင်ဖို့ ပိုင်ယန်ဆိုသူက
အကြမ်းဖက်အဖွဲ့အစည်းနဲ့ပတ်သက်ပြီး သတင်းပေးသူလျိုအဖြစ်
အစိုးရအတွက်ဆောင်ရွက်ရင်း Dirty bombsကိုထိန်းချုပ်နိုင်တဲ့ UDriveကို ယူဆောင်ထားတဲ့အခါ
အကြမ်းဖက်သမားတွေရဲ့လိုက်လံသတ်ဖြတ်ခြင်းကိုခံရပါတော့တယ်..
ပိုင်ယန်ကိုကာကွယ်နိုင်ဖို့ အထူးလျို့ဝှက်တပ်ဖွဲ့ဖြစ်တဲ့
ဟန်ဟောက်တို့အဖွဲ့တစ်စုက တာဝန်ယူဖို့ဖြစ်လာတဲ့အခါ…
ဇာတ်လမ်းတစ်ခုလုံးကိုစိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်..
The Lego Star Wars Holiday Special (2020)
=========================================
The Last Order ရှုံးနိမ့်သွားပီးနောက်ပိုင်း မလီနီယမ်ဖယ်ကွန်အဖွဲ့တွေဟာ
ခါရှိမှာ ဝူကီတွေအတွက် လိုက်ဖ်ဒေးကျင်းပဖို့ပြင်ဆင်ခဲ့ကြပါတယ်။
သူ့တပည့် ဖင်းတစ်ယောက် ဂျက်ဒိုင်းမာစတာကောင်းတစ်ယောက် ဖြစ်လာဖို့
ရေးဟာ လိုက်ဖ်ဒေးမှာပဲ မိသားစုကို ခွဲခွာပီး ထူးဆန်းတဲ့ကျောင်းတော်ကြီးမှာ သော့ယူဖို့လာခဲ့ပါတော့တယ်။
ဒါပေမယ့် ဒီသော့ဟာစကိုင်းဝေါ်ကာတို့ရဲ့ Timeline ကြီးတစ်ခုလုံးကို
သွားလို့ရတဲ့ သော့ဖြစ်နေပါတယ်။
(သော့ကိုယူရင်း အတိတ်က ဂျက်ဒိုင်းတွေ ဘယ်လိုသင်ကြားပို့ချကြလဲ လေ့လာရာမှ ဂလက်ဆီကြီးကို
အုပ်စိုးချင်တဲ့ Emperor Palapatine နဲ့ ဆုံမိတဲ့အခါ)
ဘာတွေဆက်ဖြစ်မလဲ ရေးတစ်ယောက်ကော လိုက်ဖ်ဒေးအမှီ အိမ်ပြန်ရောက်ပါ့မလားဆိုတာ
စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။
Part 4
===========
ဒီဇာတ်လမ်းကတော့ ထိုင်းဘုရင် နရဲစွမ်ရဲ့အကြောင်းကို
အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။
ဒီကားမှာတော့ ဟံသာဝတီပြည်ကို ဓားစာခံအနေနဲ့
အခေါ်ခံခဲ့ရတဲ့ မင်းသားလေး နရဲစွမ် ရဲ့ အကြောင်းပါပဲ။
ဘုရင့်နောင်ဟာ နရဲစွမ်မင်းသားလေးကို
ဟံသာဝတီပြည့်ကို ခေါ်ပြီး မင်းသားတို့
တတ်သင့်တတ်အပ်တဲ့ အဋ္ဌာရဿ ပညာရပ်တွေကို
ဘုန်းကြီးကျောင်းမှာ သင်ယူစေခဲ့တဲ့
အကြောင်းပါ။
ဆုပန်ကလျာ နဲ့ ဘုရင့်နောင်တို့ရဲ့ အချစ်ဇာတ်လမ်းကိုလည်း
မြင်တွေ့ ခံစားရမှာဖြစ်ပါတယ်။
နရဲစွမ် နဲ့ မင်းရဲကျော်စွာတို့ရဲ့ ငယ်ဘဝအားပြိုင်မှုတွေကိုလည်း
မြင်တွေ့ရမှာဖြစ်ပါတယ်။
ထိုင်း-မြန်မာ သမိုင်းမှာ ရာဇဝင်တွင်ခဲ့တဲ့ ဖြစ်ရပ်ကို
အခြေခံပြီး ရိုက်ကူးထားတဲ့
ဇာတ်ကားကောင်းတစ်ကားပဲ ဖြစပ်ါတယ်။
ဆိုမာလီနိုင်ငံဟာ ၁၉၉၀ဝန်းကျင်က ငတ်မွတ်မှုကြောင့်
ပြည်သူသုံးသိန်းကျော်သေဆုံးခဲ့ပါတယ်
အကြောင်းရင်းကတော့ ယခုထိတိုင်မပြီးဆုံးနိုင်သေးတဲ့
တစ်နိုင်ငံထဲနေမျိုးနွယ်စုတွေ
အချင်းချင်းဖြစ်ပွားတဲ့ ကာလရှည်ပြည်တွင်းစစ်ကြောင့်ဖြစ်ပါတယ်
ဆိုမာလီယာအစိုးရဟာ မထိန်းချုပ်နိုင်ပဲ
ငါတလူမင်းမူနေတဲ့ ခေါင်းဆောင်တွေကြားမှာ
Mohamed Farrah Aididဟာ အာဏာအရှိဆုံးဖြစ်ခဲ့ပြီး
ထိုအချိန်က မြို့တော်မိုဂါဒစ်ရှူ းကို အုပ်စိုးခဲ့ပါတယ်
နိုင်ငံတကာကထောက်ပံတဲ့ရိက္ခာ အထောက်အပံတွေကို
ငတ်မွတ်နေတဲ့ပြည်သူတွေဆီမဝေငပဲ အရက်စက်ဆုံးထင်ရာဆိုင်းမင်းမူနေတဲ့
Aididကိုဖယ်ရှားပစ်မယ် အစီအစဉ်တွေထဲကတစ်ခုကို
၁၉၉၃ခုနှစ်အတွင်း မြို့တော်မိုဂါဒစ်ရှူ းမှာ ထုံးစံအတိုင်းအမေရိကန်တို့ လုပ်ခဲ့ပါတယ်
Aididအစိုးရအဖွဲ့ရဲ့အစည်းအဝေးတစ်ခုကိုဝင်စီးကာ ဝန်ကြီးတွေကိုဖမ်းဖို့ဖြစ်ပြီး
တစ်နာရီအတွင်းအပြီးသတ်ဖို့စနစ်တကျ စီစဉ်ထားတဲ့စစ်ဆင်ရေးဟာ
Aididစစ်တပ်ရဲ့ မထင်မှတ်တဲ့ အပြင်းအထန်ခုခံမှုတွေကြောင့်
ဘလက်ဟော့ဟယ်ရီကော်ပတာ တွေပျက်ကျမှုမှစတင်ကာ အလွဲလွဲချော်ချာ်ဖြစ်ပြီး
အမေရိကန်စစ်တပ်ဟာ အချိန်မှီမြို့ထဲကပြန်မထွက်နိုင်ပဲ ပိတ်မိကာ
တစ်ရက်နီးပါးကြာမြင့်သွားပါတယ်
ဒီဇာတ်ကားဟာထိုအခါက အမေရိကန်နဲ့ဆိုမာလီတွေရဲ့ အပြင်းအထန်တိုက်ခဲ့ကြပုံတွေ
စစ်ရဲ့မာန် စစ်ရဲ့ဓလေ့နဲ့ စစ်ရဲ့ကြေကွဲဖွယ်ရာတွေကို အပီပြင်ဆုံးရိုက်ကူးပြထားပြီး
အကယ်ဒမီဆုတွေကို သိမ်းပိုက်သွားခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်
Imdb 7.7နဲ့ RT 76%ထိရရှိထားပြီး စစ်ကားဆိုမှစစ်ကားကိုကြိုက်တဲ့သူတွေအနေနဲ့
ကြည့်ဖူးတဲ့စစ်ကားတွေထဲမှာ ဒီကားမပါသေးရင်
အမြန်ဆုံးသာ download လုပ်လိုက်ပါလို့တိုက်တွန်းချင်ပါတယ်
ဆိုမာလီနိုင်ငံဟာ ၁၉၉၀ဝန်းကျင်က ငတ်မွတ်မှုကြောင့်
ပြည်သူသုံးသိန်းကျော်သေဆုံးခဲ့ပါတယ်
အကြောင်းရင်းကတော့ ယခုထိတိုင်မပြီးဆုံးနိုင်သေးတဲ့
တစ်နိုင်ငံထဲနေမျိုးနွယ်စုတွေ
အချင်းချင်းဖြစ်ပွားတဲ့ ကာလရှည်ပြည်တွင်းစစ်ကြောင့်ဖြစ်ပါတယ်
ဆိုမာလီယာအစိုးရဟာ မထိန်းချုပ်နိုင်ပဲ
ငါတလူမင်းမူနေတဲ့ ခေါင်းဆောင်တွေကြားမှာ
Mohamed Farrah Aididဟာ အာဏာအရှိဆုံးဖြစ်ခဲ့ပြီး
ထိုအချိန်က မြို့တော်မိုဂါဒစ်ရှူ းကို အုပ်စိုးခဲ့ပါတယ်
နိုင်ငံတကာကထောက်ပံတဲ့ရိက္ခာ အထောက်အပံတွေကို
ငတ်မွတ်နေတဲ့ပြည်သူတွေဆီမဝေငပဲ အရက်စက်ဆုံးထင်ရာဆိုင်းမင်းမူနေတဲ့
Aididကိုဖယ်ရှားပစ်မယ် အစီအစဉ်တွေထဲကတစ်ခုကို
၁၉၉၃ခုနှစ်အတွင်း မြို့တော်မိုဂါဒစ်ရှူ းမှာ ထုံးစံအတိုင်းအမေရိကန်တို့ လုပ်ခဲ့ပါတယ်
Aididအစိုးရအဖွဲ့ရဲ့အစည်းအဝေးတစ်ခုကိုဝင်စီးကာ ဝန်ကြီးတွေကိုဖမ်းဖို့ဖြစ်ပြီး
တစ်နာရီအတွင်းအပြီးသတ်ဖို့စနစ်တကျ စီစဉ်ထားတဲ့စစ်ဆင်ရေးဟာ
Aididစစ်တပ်ရဲ့ မထင်မှတ်တဲ့ အပြင်းအထန်ခုခံမှုတွေကြောင့်
ဘလက်ဟော့ဟယ်ရီကော်ပတာ တွေပျက်ကျမှုမှစတင်ကာ အလွဲလွဲချော်ချာ်ဖြစ်ပြီး
အမေရိကန်စစ်တပ်ဟာ အချိန်မှီမြို့ထဲကပြန်မထွက်နိုင်ပဲ ပိတ်မိကာ
တစ်ရက်နီးပါးကြာမြင့်သွားပါတယ်
ဒီဇာတ်ကားဟာထိုအခါက အမေရိကန်နဲ့ဆိုမာလီတွေရဲ့ အပြင်းအထန်တိုက်ခဲ့ကြပုံတွေ
စစ်ရဲ့မာန် စစ်ရဲ့ဓလေ့နဲ့ စစ်ရဲ့ကြေကွဲဖွယ်ရာတွေကို အပီပြင်ဆုံးရိုက်ကူးပြထားပြီး
အကယ်ဒမီဆုတွေကို သိမ်းပိုက်သွားခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်
Imdb 7.7နဲ့ RT 76%ထိရရှိထားပြီး စစ်ကားဆိုမှစစ်ကားကိုကြိုက်တဲ့သူတွေအနေနဲ့
ကြည့်ဖူးတဲ့စစ်ကားတွေထဲမှာ ဒီကားမပါသေးရင်
အမြန်ဆုံးသာ download လုပ်လိုက်ပါလို့တိုက်တွန်းချင်ပါတယ်
Part 6
===========
ဒီဇာတ်လမ်းကတော့ ထိုင်းဘုရင် နရဲစွမ်ရဲ့အကြောင်းကို
အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။
ဒီကားမှာတော့ ဟံသာဝတီပြည်ကို ဓားစာခံအနေနဲ့
အခေါ်ခံခဲ့ရတဲ့ မင်းသားလေး နရဲစွမ် ရဲ့ အကြောင်းပါပဲ။
ဘုရင့်နောင်ဟာ နရဲစွမ်မင်းသားလေးကို
ဟံသာဝတီပြည့်ကို ခေါ်ပြီး မင်းသားတို့
တတ်သင့်တတ်အပ်တဲ့ အဋ္ဌာရဿ ပညာရပ်တွေကို
ဘုန်းကြီးကျောင်းမှာ သင်ယူစေခဲ့တဲ့
အကြောင်းပါ။
ဆုပန်ကလျာ နဲ့ ဘုရင့်နောင်တို့ရဲ့ အချစ်ဇာတ်လမ်းကိုလည်း
မြင်တွေ့ ခံစားရမှာဖြစ်ပါတယ်။
နရဲစွမ် နဲ့ မင်းရဲကျော်စွာတို့ရဲ့ ငယ်ဘဝအားပြိုင်မှုတွေကိုလည်း
မြင်တွေ့ရမှာဖြစ်ပါတယ်။
ထိုင်း-မြန်မာ သမိုင်းမှာ ရာဇဝင်တွင်ခဲ့တဲ့ ဖြစ်ရပ်ကို
အခြေခံပြီး ရိုက်ကူးထားတဲ့
ဇာတ်ကားကောင်းတစ်ကားပဲ ဖြစပ်ါတယ်။
တရုတ်တန်းက စစ်ပွဲလေးအကြောင်း ပုံဖော်ထားတဲ့ ဇာတ်ကားကောင်းလေးကို
ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။
ဒီကားလေးက အမေရိကားရောက်နေတဲ့ တရုတ်တန်းက တရုတ်တွေ
အမေရိကန်ရဲအဖွဲ့ရဲ့ လျစ်လျူရှုခံရတာတွေ ဂျပန်ရဲ့ အမှောင်ထဲက
အသုံးချခံရတာတွေကို ပုံဖော်ပြထားခဲ့တာပါ။
ဇာတ်လမ်းလေးကိုအကျဉ်းပြောရမယ်ဆိုရင်တော့ အမေရိကားရောက်
တရုတ်လူမျိုးတွေ တစ်နေ့ကိုတစ်ယောက်နှုန်းနဲ့ နှလုံးဖောက်ခံရပြီး
အမည်မဲ့အလောင်းတွေအနေနဲ့ ပေါ်ပေါ်လာတယ်။
ဒါကို ဉာဏ်ကြီးရှင် မျက်နှာဖြူပလိပ်တွေက နှလုံးစားတဲ့မိစ္ဆာကြီးပေါ်လာတယ်ဆိုပြီး
အမှုမလိုက်ဘူးတဲ့။ ဒီတော့ ကိုယ်ထူကိုယ်ထစနစ်နဲ့ တရုတ်တန်းက
တရုတ်တွေ ဒီကိစ္စနောက်ကွယ်ကို စုံစမ်းရင်း ဒီဇာတ်လမ်းလေးပေါ်လာတာပါပဲ
Sacrifice ( 2020 )အညွှန်း
**********************
2020 october 23မှာထွက်လာတဲ့ Action Drama War ဖြစ်ရပ်မှန်စစ်ကားကောင်းပါ
Box officeမှာ $161,047608ဝင်ငွေစံချိန်တင်ရရှိထားလို့ စိတ်ကျေနပ်မှုရစေမှာသေချာပါတယ်
1953Korea Warရဲ့နောက်ဆုံးပိုင်းကာလ အမေရိကန်နဲ့ ကျင်းကန်းချွမ်းမှာတိုက်ပွဲဖြစ်နေစဉ် တရုတ်ဘက်က တပ်ကူပေါင်းသောင်းချီကို မနက် 6 နာရီမတိုင်ခင်ပို့ပေးရမှာပါ…
ဲတိုက်ပွဲနယ်မြေကိုရောက်ဖို့ ရေစီးသန်လှတဲ့မြစ်ကြောင့် တံတားကနေကျော်ဖြတ်မှရနိုင်ပါမယ်
အမေရိကန် လေတပ်ကယာဉ်ပျံတွေဟာ တရုတ်ဘက်က
တပ်ကူတွေကျင်းကန်းချွမ်းဆီရောက်မလာနိုင်ဖို့ တံတားကိုအကြိမ်ကြိမ်ဖျက်ဆီးပေမယ့်
ဘယ်လိုတွေအသက်စွန့် ပြီးပို့ဆောင်ပေးမလဲဆိုတာကို ရင်နင့်ဖွယ်တွေ့မြင်ရမှာပါ…..
ဒီဇာတ်ကားမှာတခြားဇာတ်ကားတွေနဲ့မတူညီတဲ့ဖော်ပြမှုတွေရှိနေပါတယ်….
အပိုင်းလေးပိုင်းခွဲပြီးရှုထောင့်အမျိုးမျိုးကို မြင်နိုင်အောင်
ရိုက်ကူးပြသထားလို့ စစ်ပွဲတွေရဲ့ သဘောသဘာဝကိုပိုနားလည်လာမိပါတယ်
၁..တပ်သားတွေအပိုင်း
၂..ရန်သူ့တပ်သားတွေဘက်ကခံစားမှု
၃..အမြှောက်တပ်သားတွေအပိုင်း
၄.နောက်ဆုံးတံတားကိုကျော်ဖြတ်တဲ့အပိုင်း..
အပိုင်းတစ်ပိုင်းစီအလိုက် သူတို့ရဲ့အခြေအနေဖြစ်ပျက်မှုတွေ ခံစားမှုတွေကိုရိုက်ပြတာဖြစ်လို့
တစ်ချို့မြင်ကွင်းတွေကို အကြိမ်ကြိမ်ပြသမှာပါ..
စစ်ပွဲကိုရှုထောင့်အမျိုးမျိုးက ရိုက်ကူးပြလို့ စစ်ပွဲတစ်ပွဲရဲ့ခက်ခဲမှုတွေကို တွေ့မြင်ခံစားမိပါတယ်
အခုတင်ဆက်ပေးမဲ့ကားလေးကတော့ဟန်မင်းဆက်နောက်ပိုင်းမှာ
ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအရှုပ်အထွေးတွေအကြောင်းကို ပုံဖော်ရိုက်ကူးထားခြင်းဖြစ်ပါတယ်
Mobile Legend ထဲက Hero တစ်ယောက်ဖြစ်တဲ့ Zhao Zilong ရဲ့အကြောင်းကို
ရိုက်ကူးတင်ဆက်ထားခြင်းပဲဖြစ်ပါတယ်
ကျစ်လုံဟာဆိုရင် ရှုံးပွဲမရှိဖူးတဲ့ အဖြူရောင်မြင်းစီးသူရဲကောင်းအဖွဲ့ရဲ့
စစ်သူကြီးတစ်ယောက်ပါ ဒါပေမဲ့ ကျစ်လုံဟာ ချင်ကျုံစစ်ပွဲမှာ ညီနောင်အများစု
တိုက်ပွဲကျခဲ့ပြီး သူ့ရဲ့ အစ်ကိုဖြစ်သူ တိုက်ပွဲကျသွားတဲ့ အဖြစ်ကြောင့်
နိုင်ငံရေးအရှုပ်အထွေးတွေကနေ အနားယူခဲ့ပါတယ် သို့ပေမဲ့ ခုနှစ်နှစ်ကြာပြီးတဲ့အခါမှာ
ကျစ်လုံအနေနဲ့ ပရမ်းပတာဖြစ်နေတဲ့ နိုင်ငံတော်ကြီးကို ပြန်လည်မွန်းမံ့ဖို့
နိုင်ငံအရှုပ်အထွေးတွေနဲ့ ပြန်လည် ပတ်သတ်ရတဲ့အခါမှာတော့ ကျစ်လုံအနေနဲ့
ရှုပ်ထွေးပွေလီလှတဲ့ နိုင်ငံ့အရေးတွေကြားမှာ ဘယ်လိုနောက်တစ်ဖန်
ပြန်ရပ်တည်မလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုခံစားလိုက်ကြပါဦးနော်
The Eight Hundred (2020)
============================
ဖြစ်ရပ်မှန်ကို ပြန်လည်ပြီး ပုံဖော်ရိုက်ကူးထားတဲ့ တရုတ်ကားကောင်းလေး တစ်ကားနဲ့ ပရိတ်သတ်တို့ကို မိတ်ဆက်ပေးချင်ပါတယ်။ ၁၉၃၂ ခုနှစ် တရုတ်ပြည်ရဲ့ရှန်ဟိုင်းမြို့ကို ဂျပန်တွေကျူးကျော်တိုက်ခိုက်ချိန် ပင်မတပ်ကြီးပြန်ဆုတ်သွားပေမယ့် ကျန်ရှိနေတဲ့တပ်သား ၈၀၀ရဲ့ လက်နက်အင်အားမမျှတဲ့ကြားက အရှုံးမပေးပဲအသက်စွန့်ပြီး ၄ရက်ကြာတိုက်ခိုက်ခဲ့တာကိုဂုဏ်ပြုရိုက်ကူးထားတာပါ။
ရှန်ဟိုင်းကိုဂျပန်တွေကျူးကျော်တိုက်ခိုက်ချိန် ဂက်စ်ပိုက်လိုင်းတွေရှိနေတဲ့ဂိုထောင်မှာ အမှတ်၈၈ခေါင်းဆောင်ဦးဆောင်တဲ့ တပ်သား၈၀၀အဖွဲ့ဟာ တပ်မဆုတ်ပဲ စောင့်ကြပ်ကာကွယ်နေခဲ့ပါတယ်။ တိုင်းပြည်ဂျပန်တွေလက်ထဲမရောက်ရဖို့အရေး လက်နက်အင်အားမမျှပေမယ့် အသက်စွန့်တိုက်ခိုက်မှုကြောင့် ဂျပန်တွေက အင်အားသုံးတိုက်ခိုက်ပေမယ့် ၄ရက်ကြာ မသိမ်းပိုက်နိုင်ဖြစ်ရပါတယ်။ ဂိုထောင်ရဲ့မြစ်တစ်ဖက်ကမ်းမှာ အဂ်လိပ်တွေကာကွယ်ပေးထားတဲ့ နယ်မြေသစ်မှာပြည်သူတွေ ၄သိန်းကျော်ရှိနေတာပါ။
တရုတ်တပ်သားတွေအသေခံတိုက်ခိုက်နေတာကိုမြစ်တစ်ဖက်ကမ်းကပြည်သူတွေရင်နင့်စွာမြင်နေရရင်း ဂျပန်ကိုတော်လှန်လိုစိတ်တွေတက်ကြွလာခဲ့ပါတယ်။ ဒါပေမယ့်လည်း နယ်မြေသစ်ရဲ့တံတားကိုဖြတ်တာနဲ့ ဂျပန်တွေပစ်သတ်တာခံရမယ့်အတွက် ထိုင်ကြည့်နေရုံက လွဲပြီးဘာမှမတက်နိုင်ခဲ့ပါဘူး။ တကယ်ကောင်းတဲ့ ဇာတ်ကားမလို့ ပရိတ်သတ်တို့လက်လွတ်မခံဖို့ အကြံပေးလိုက်ပါတယ်။
ဒုတိယ ကမ္ဘာစစ်အတွင်း မုန်တိုင်းထန်တဲ့ ညတစ်ည၊
ပျံတက်လုဆဲဆဲ ဗုံးကြဲလေယာဉ်တစ်စင်းပေါ်ကို ထိပ်တန်းလျှို့ဝှက်ကုန်စည်တစ်မျိုးသယ်ဆောင်လာတဲ့
အမျိုးသမီးလေယာဉ်မှူးတစ်ယောက် တက်လာခဲ့တယ်။
လေယာဉ်ပေါ်က အမျိုးသားတပ်ဖွဲ့ဝင်တွေဟာ အထောက်အထားတွေရော သူတို့ကြောက်ရတဲ့
နာမည်ဆိုးနဲ့အထက်လူကြီးကြောင့်သာ လက်ခံလိုက်ရပေမယ့် အင်တင်တင်ဖြစ်ရုံမက သူ့အပေါ် ရိုင်းရိုင်းပျပျဆက်ဆံတယ်။
ဒါပေမယ့် သူနဲ့ စကားတွေပြောရင်း ဖလှယ်ရင်း ဒီအမျိုးသမီးနဲ့ ဒီကုန်စည်အပေါ်ကိုသံသယတွေကြီးထွားလာပြီး အမှောင်ထဲက
တိမ်တွေကြားထဲ အရိပ်တစ်ခုကိုမြင်လိုက်ကြရတဲ့အခါမှာတော့? အဲ့ဒါ ရန်သူ ဂျပန်လေယာဉ်တွေဖြစ်မလား? ဒါမှမဟုတ်
လေယာဉ်ကြုံလိုက်တဲ့ မိန်းမကြောင့်ဖြစ်မလား? စစ်အတွင်းကာလ အက်ရှင် နဲ့ အရင်တုန်းက နာမည်ကျော် gremlins မှင်စာတွေနဲ့
Horror ကိုရောမွှေထားတဲ့ကားပါပဲ။ ဇာတ်အစကနေ ပျိုးလာတဲ့ သိချင်စိတ်ကိုအဆုံးထိဆွဲခေါ်နိုင်သလို အထူးပြုလုပ်ချက်တွေလဲ
သပ်ရပ်လှပပါတယ်။
မတွေ့ရတာကြာပြီဖြစ်တဲ့ အားလုံးရဲ့ အသည်းကျော်လေး Chloë Grace Moretz ကိုဇာတ်အစကနေအဆုံးထိ
တောက်လျှောက်မြင်တွေ့ရမှာဖြစ်ပါတယ်။
SBS Drama Awards(2020)PART 2
SBSရုပ်သံကလွှင့်တဲ့ စီးရီးတွေကနေ အကောင်းဆုံးသောဆုအသီးသီးပေးတဲ့ပွဲကြီးပြီးသွားပါပြီ….
တကယ်တော့ SBSရုပ်သံစီးရီးတွေဟာ ကျွန်တော်တို့ မြန်မာပရိတ်သတ်တွေနဲ့ အတော်ရင်းနှီးပါတယ်…
ဟိုးစလွှင့်တဲ့အချိန်ကစလို့ ယခုအချိန်ထိစီးရီးတွေဟာ ကိုယ်နိုင်ငံကလွှင့်တဲ့ဇာတ်ကားတွေနီးပါး
မှတ်မှတ်ရရရှိနေတတ်ပါတယ်…နောက်တစ်ခုက ဆုပေးပွဲကြီးစဖွင့်တာကစလို့ ကိုရိုနာကြောင့် ဆုတက်ရောက်ယူတဲ့အစီအစဉ်တစ်ချို့မှာ
ကန့်သတ်ခဲ့ရတွေရှိခဲ့ပေမဲ့ တင်ဆက်ပေးသွားတဲ့ပုံတွေက တကယ့်ကိုအမိုက်စားတွေပါပဲ…
SBSကို ဘယ်လိုစတင်ဖြစ်တယ်….SBSကလွှင့်တဲ့စီးရီးတွေကြောင့် ပရိတ်သတ်တွေ ဘယ်လောက်ကျေနပ်ပျှော်ရွှင်ခဲ့ရတယ်…
SBS ဘယ်လိုအောင်မြင်လာတယ်…ဘယ်လောက်အထိ နိုင်ငံတကာအပေါ်လွှမ်းမိုးလာနိုင်ခဲ့တယ်ဆိုတာတွေအစတင်ဆက်ခဲ့ပြီး
တစ်ချိန်တုန်းက ပရိတ်သတ်တွေအနှစ်ခြိုက်ဆုံး စီးရီးတွေကိုလည်း အလွမ်းပြေပြသသွားပါတယ်…
တစ်ချို့လည်း LIVEကြည့်ပြီးကြပေမဲ့ Kdrama ပရိတ်သတ်တွေအတွက် သူတို့အားပေးတဲ့ သူတွေ
ဆုရတာတွေကိုအမှတ်တရသိမ်းထားချင်လို့ပဲဖြစ်ဖြစ် တခြားနိုင်ငံရဲ့ဆုပေးပွဲတွေကျင်းပပုံတွေဘယ်လိုဆုအမျိုးအစားတွေပေးတယ်ဆိုတာတွေ
ကို ဗဟုသုတရစေခြင်းအလို့ငှါတင်ဆက်ပေးလိုက်ရပါတယ်…Part 1,2,3ရှိတာမို့ ကျန်အပိုင်းများကို မကြာမီ
ဆက်လက်တင်ဆက်ပေးသွားမှာပါ….
SBS Drama Awards(2020)PART 3
SBSရုပ်သံကလွှင့်တဲ့ စီးရီးတွေကနေ အကောင်းဆုံးသောဆုအသီးသီးပေးတဲ့ပွဲကြီးပြီးသွားပါပြီ….
တကယ်တော့ SBSရုပ်သံစီးရီးတွေဟာ ကျွန်တော်တို့ မြန်မာပရိတ်သတ်တွေနဲ့ အတော်ရင်းနှီးပါတယ်…
ဟိုးစလွှင့်တဲ့အချိန်ကစလို့ ယခုအချိန်ထိစီးရီးတွေဟာ ကိုယ်နိုင်ငံကလွှင့်တဲ့ဇာတ်ကားတွေနီးပါး
မှတ်မှတ်ရရရှိနေတတ်ပါတယ်…နောက်တစ်ခုက ဆုပေးပွဲကြီးစဖွင့်တာကစလို့ ကိုရိုနာကြောင့် ဆုတက်ရောက်ယူတဲ့အစီအစဉ်တစ်ချို့မှာ
ကန့်သတ်ခဲ့ရတွေရှိခဲ့ပေမဲ့ တင်ဆက်ပေးသွားတဲ့ပုံတွေက တကယ့်ကိုအမိုက်စားတွေပါပဲ…
SBSကို ဘယ်လိုစတင်ဖြစ်တယ်….SBSကလွှင့်တဲ့စီးရီးတွေကြောင့် ပရိတ်သတ်တွေ ဘယ်လောက်ကျေနပ်ပျှော်ရွှင်ခဲ့ရတယ်…
SBS ဘယ်လိုအောင်မြင်လာတယ်…ဘယ်လောက်အထိ နိုင်ငံတကာအပေါ်လွှမ်းမိုးလာနိုင်ခဲ့တယ်ဆိုတာတွေအစတင်ဆက်ခဲ့ပြီး
တစ်ချိန်တုန်းက ပရိတ်သတ်တွေအနှစ်ခြိုက်ဆုံး စီးရီးတွေကိုလည်း အလွမ်းပြေပြသသွားပါတယ်…
တစ်ချို့လည်း LIVEကြည့်ပြီးကြပေမဲ့ Kdrama ပရိတ်သတ်တွေအတွက် သူတို့အားပေးတဲ့ သူတွေ
ဆုရတာတွေကိုအမှတ်တရသိမ်းထားချင်လို့ပဲဖြစ်ဖြစ် တခြားနိုင်ငံရဲ့ဆုပေးပွဲတွေကျင်းပပုံတွေဘယ်လိုဆုအမျိုးအစားတွေပေးတယ်ဆိုတာတွေ
ကို ဗဟုသုတရစေခြင်းအလို့ငှါတင်ဆက်ပေးလိုက်ရပါတယ်…
Athena: Goddess of War is a South Korean espionage television drama series broadcast by SBS in 2010 and a spin-off of 2009's Iris. Budgeted at ₩20 billion like its predecessor, the two series are among the most expensive Korean dramas ever produced. Starring Jung Woo-sung, Cha Seung-won, Soo Ae, and Lee Ji-ah, the series premiered in December 2010 after filming in a number of overseas locations, including Italy, New Zealand, Japan, and the United States. The series is set in the same universe as its predecessor, allowing for select characters from Iris to reprise their roles throughout the story.
ဒီဇာတ်ကားလေးကတော့ IMDb rating 8/10 နဲ့ Rotten Tomatoes 90 % တောင်ရရှိထားတဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက ဖြစ်ရပ်မှန်အဖြစ်အပျက်တစ်ခုကို အခြေခံရိုက်ကူးထားပြီး ၂၀၁၄ ခုနှစ်က
ထွက်ရှိခဲ့တာဖြစ်ပါတယ်။ အဓိကဇာတ်ဆောင်ကလည်း အားလုံးသိကြတဲ့ Sherlock Holmes , Doctor Strange မင်းသားကြီး Benedict Cumberbatch ပဲဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်း
ဒုတိယကမ္ဘာစစ်ကြီးတုန်းက နာဇီဂျာမနီတို့ဟာ သူတို့ရဲ့ စစ်တပ်ကို အဆုံးစွန်ထိဖြန့်ကျက်ပြီး ဥရောပတစ်ခွင်လုံးကို ဝါးမြိုဖို့ ကြိုးစားနေပါတယ်။ နာဇီတို့ အဲ့လိုဖြန့်ကျက်နိုင်ရတဲ့ အကြောင်းရင်းကတော့ သူတို့မှာ
“အင်နစ်ဂမာ” လို့ခေါ်တဲ့ ကုဒ်ဝှက်တဲ့စက်ကြီးရှိနေလို့ပါပဲ။ အဲ့ဒီ စက်ကြီးကို သုံးပြီး ဥရောပတစ်ခွင်မှာရှိတဲ့ သူတို့ရဲ့စစ်တပ်တွေကို ညွှန်ကြားချက်တွေပေးပို့ပါတယ်။ဂျာမန်တွေဟာ “အင်နစ်ဂမာ” စက်ကြီးကို နေ့တိုင်း setting တွေပြောင်းပစ်နေပါတယ်။ အဲ့ဒါကြောင့် ဗြိတိသျှစစ်တပ်ဟာ အဲ့ဒီကုဒ်တွေကို ဖမ်းမိပေမယ့် အဓိပ္ပာယ်ကို မဖော်နိုင်ပဲဖြစ်နေပါတယ်။ အဲ့ဒီမှာ “အင်နစ်ဂမာ” စက်ကြီးကို ချိုးဖောက်ဖို့ အကြောင်းဖန်လာပါတော့တယ်။
ဗြိတိသျှစစ်တပ်ဟာ ပညာရှင်တွေကို စုစည်းပြီး အဲ့ဒီကုဒ်တွေကို ဖော်ဖို့ ကြိုးစားပါတော့တယ်။ အဲဒီပညာရှင်တွေထဲမှာ ကင်းကောလိပ်က ပရော်ဖက်ဆာ “အလန်ကျူရင်း”လည်းအပါအဝင်ဖြစ်ပါတယ်။ အလန်ကျူရင်းဟာ သင်္ချာပညာရှင်တစ်ယောက်ဖြစ်ပြီး စကားလုံးပဟေဠိတွေမှာ အရမ်းတော်ပါတယ်။ ဒါပေမယ့် သူဟာ ဂျာမန်စကား လုံးဝနားမလည်ပါဘူး။
ဒီတော့ တစ်ရက်ကို ဖြစ်နိုင်ခြေ setting ပေါင်း ၁၅၉ မီလီယံ မီလီယံ မီလီယံ ရှိတဲ့ “အင်နစ်ဂမာ” စက်ကြီးကို ဂျာမန်စကားလုံးဝနားမလည်တဲ့ အလန်ကျူရင်းနဲ့ သူ့ရဲ့အဖွဲ့ဟာ ဘယ်လိုများ ချိုးဖောက်ပြီး ကုဒ်တွေကို ဖော်နိုင်မလဲဆိုတာ စိတ်ဝင်စားစွာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။
“မင်း အာရုံစိုက်နေသလား” ဆိုတဲ့ စကားနဲ့ အစပြုထားတဲ့ ဒီဇာတ်လမ်းလေးဟာ နောက်ဆုံးဇာတ်လမ်းပြီးဆုံးသွားတဲ့ အချိန်အထိ အာရုံမစိုက်ပဲ မနေနိုင်အောင် ဆွဲဆောင်သွားနိုင်တဲ့ ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်ခင်ဗျာ။
၁၄ရာစု အင်္ဂလန်နဲ့ စကော့တလန်ကြား ပဋိပခဖြစ်ခဲ့တဲ့ သမိုင်းကြောင်းကို အခြေခံထားတာပါ။
William Wallace ရဲ့ အဖေရော အစ်ကိုရော အခြားချစ်ရတဲ့သူ တော်တော်များများပါ သူငယ်စဉ်ဘဝမှာပင် စကော့ပြည်ကို အင်္ဂလန်လက်အောက်က လွတ်မြောက်ဖို့ကြိုးစားရင်း အသက်ပေးသွားခဲ့ကြရတာပါ။
ဒီအတိုင်းဘဲနေလာရင်းက သူအရွယ်ရောက်လာတဲ့တစ်နေ့၊ သန်မာလာတဲ့တစ်နေ့၊ သူ့ရဲ့ချစ်သူကို အင်္ဂလန်စစ်သား တစ်ယောက်က အဓ္ဓမပြုဖို့်ကြိုးစားရင်း ကောင်မလေးက ကိုယ်ထိလက်ရောက်ပြန်တုံ့ပြန်လို့ဆိုပြီး ကွပ်မျက်ခံလိုက်ရတဲ့တစ်နေ့၊ အဲဒီနေ့မှာ Wallace ဟာသူ့ရွာကိုဦးစီးပြီး ရက်စက်ယုတ်မာတဲ့ အင်္ဂလန် မင်းဆိုးမင်းညစ်ကို ပြန်ပုန်ကန်ပြီး စကော့တလန်ပြည်ကြီး လွတ်လပ်ရေးမရမချင်း တိုက်သွားပုံကို ပြထားတာပါ။ လွတ်လပ်ရေးမရခင် သူကွပ်မျက်ခံလိုက်ရပေမယ့် သူအစပြုပေးခဲ့တဲ့အတွက် ရဲရင့်တဲ့ စကော့တွေနောက်ဆုံး လွတ်လပ်ရေးရအောင် တိုက်နိုင်တဲ့အထိ ဒီဇာတ်ကားက ပြောပေးသွားမှာပါ။
William Wallace အဖြစ်သရုပ်ဆောင်သွားတဲ့ Mel Gibson ရော Robert the Bruce အဖြစ်သရုပ်ဆောင်သွားတဲ့ Angus McFadyen ရောကို တကယ်ကို သဘောကျမိတယ်ဗျ။ ဒီဇာတ်ကားက သမိုင်းကြောင်းကိုပုံဖော်ထားပေမယ့် သမိုင်းမှာမပါခဲ့တဲ့ အမှားတွေကို ရိုက်ထားတာကများနေတယ်ဆိုတာ တော်တော်များများလဲ သိကြပါတယ်။ ဒါပေမယ့် ဘယ်သူကမှ ဂရုမစိုက်ပါဘူး။ ဘာလို့လဲဆိုရင် ဒီဇာတ်ကားကြည့်ပြီး တစ်ခုခုမခံစားရဘူး မကောင်းဘူးလို့ ပြောတာဘယ်နယောက်ရှိလို့လဲ။ Wallace ဟာ Princess Isbelle နဲ့ ဒီဇာတ်ကားထဲမှာလို သမိုင်းမှာ ဘယ်တုန်းကမှ မကြိုက်ခဲ့ပါဘူး ဒါပေမယ့် အဲဒါကိုယ်တိုင်က ဒီဇာတ်ကားရဲ့ဆွဲဆောင်မှုတွေထဲက တစ်ခုမဟုတ်လား။
ဒီဇာတ်ကားကြည့်လို့
– Sir Wallace ကို Robert the Bruce က လူမဆန်တဲ့ ဲ့နည်းတွေနဲ့ နှိပ်စက်နေတဲ့အခန်းတွေကသာ တစ်ခုခုမပေးနိုင်ဘူးဆိုရင်
– အဲလိုနှိပ်စက်နေတဲ့ အသံတွေကို ရဲတိုက်ထဲက Princess Isbelle ကြားပြီး ရင်ကွဲမတတ်ခံစားနေရတဲ့ အခန်းက တစ်ခုခုမပေးနိုင်ဘူးဆိုရင်
– William Wallace ရဲ့လည်ပင်းပေါ်ကို ပုဆိန်နဲ့ခုတ်ခါနီးလေး သူ့မျက်လုံးထဲ တမလွန်ကချစ်သူကို မြင်ယောင်နေတဲ့အခန်းကသာ တစ်ခုခုမပေးနိုင်ဘူးဆိုရင်
– ခေါင်းပြတ်ပြီး လက်ထဲက ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့ ပဝါလေး slow motion နဲ့မြေကြီးပေါ်ကျသွားတဲ့ အခန်းကသာ တစ်ခုခုမပေးနိုင်ဘူးဆိုရင်
နောက်ဆုံး သူသေပြီး ကျန်ခဲ့တဲ့ စကော့တွေအားလုံး အင်္ဂလန်ကို ပြန်တိုက်ခါနီးလေး စစ်မြေပြင်မှာ Hamish သူ့ရဲ့ဓား လေပေါ်ပစ်တင်လိုက်တဲ့အခန်းကတော့ တစ်ခုခုပေးနိုင်မှာ သေချာပါတယ်။
James Horner ရဲ့ စကော့ နောက်ခံဇာတ်ဝင်တီးလုံးကလဲ ပရိတ်သတ်တွေကို ဝမ်းနည်းတစ်လှည့် အားတက်တစ်လှည့် ဖြစ်စေမှာသေချာပါတယ်။
ဒီဇာတ်ကားကြည့်ပြီး တော်တော်ကြာတဲ့အထိ Wallace ရဲ့ “Freeeeedom” ဆိုတဲ့အသံကြီးကို ပရိတ်သတ်တွေရဲ့ နားထဲက လွယ်လွယ်နဲ့ ဖျောက်ပစ်လို့ရမယ်လို့တော့ တကယ်မထင်ဘူးဗျာ။
ဒီဇာတ်ကားကဘဲ producer director actor “Mel Gibson” ကို Brilliant Director အဖြစ် သက်သေပြလိုက်တာပါ။ ဒရာမာနည်းနည်းရောထားတဲ့ ဒီဇာတ်ကားမှာ အချစ်ရော အက်ရှင်ရော စစ်ပွဲရောကို တစ်ပြိုင်နက်တည်းခံစားရမှာပါ။
OSCAR ၁၀ဆုဆန်ကာတင်ပြီး ဇာတ်ကားဆု ဒါရိုက်တာဆု အပါအဝင် စုစုပေါင်းငါးဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။ မကြည့်သေးဘူးဆိုရင်တော့ ကြည့်ဖို့တိုက်တွန်းလိုက်ပါရစေ။
မဲခေါင်မြစ်ဝှမ်းနိုင်ငံများဖြစ်သည့် မြန်မာ၊ ထိုင်းနှင့် လာအိုတို့ ပူးပေါင်းကာ မူးယစ်ရာဇဝတ်မှုကြီးတစ်ခုကိုဖော်ထုတ်ပုံကို ရိုက်ကူးထားသည့် Operation Mekong တရုတ်-ဟောင်ကောင် မှုခင်းအက်ရှင် ဇာတ်ကားတစ်ကားဖြစ်ပါတယ် …
မဲခေါင်မြစ်ဝှမ်းနိုင်ငံများဖြစ်သည့် မြန်မာ၊ ထိုင်းနှင့် လာအိုတို့ ပူးပေါင်းကာ မူးယစ်ရာဇဝတ်မှု ကြီးတစ်ခုကို ကြိုးစားဖော်ထုတ်ကြပုံကို ရိုက်ကူး တင်ဆက်ထားသည့် ယင်းဇာတ်ကားကို ဟောင်ကောင် ရုပ်ရှင်ဒါရိုက်တာ Dante Lam က ပုံဖော်ရိုက်ကူးထား ခြင်းဖြစ်ပြီး အဓိကသရုပ်ဆောင် များအဖြစ် ထိုင်ဝမ်တေးသံရှင်နှင့် ရုပ်ရှင်သရုပ် ဆောင် Eddie Peng နှင့် တရုတ်ရုပ်ရှင်မင်းသား Zhang Hanyu တို့ ပါဝင်ထားပါတယ် … ၂ဝ၁၁ ခုနှစ်က အဖြစ်အပျက်တစ်ခုကို ရုပ်ရှင်ဇာတ်ကားတစ်ကားအဖြစ် ပိတ်ကားပေါ်မှာ ပုံဖော်ထားခဲ့ပါတယ် …
ဇာတ်လမ်းအကြောင်း ပြောပြပေးရမယ်ဆိုရင် ….
၂ဝ၁၁ ခုနှစ် အောက်တိုဘာ ၅ ရက်နေ့ မဲခေါင် မြစ်ဝှမ်းမှာ ကုန်စည်များသယ်ဆောင်လတဲ့ ကုန်တင်သင်္ဘောတစ်စင်းကို လူဆိုးဓားပြအုပ်စု တစ်စုက ဓားပြတိုက် တိုက်ခိုက်ခဲ့ပြီး သင်္ဘော ပေါ်ပါ တရုတ်သင်္ဘောသား ၁၃ ယောက် ရက်ရက် စက်စက် အသတ်ခံခဲ့ရတယ် …
အသတ်ခံရသည့် အဆိုပါတရုတ်သင်္ဘောသား အလောင်းများနှင့်အတူ စိတ်ကြွမူးယစ်ဆေးပြား ကိုးသိန်းကိုလည်း တွေ့ရှိသိမ်းဆည်းရမိခဲ့တယ် …
ထိုကုန်သင်္ဘောကို တိုက်ခိုက်သူများမှာ မဲခေါင် မြစ်ဝှမ်းတစ်လျှောက် မူးယစ်ဆေးဝါးလက်ကားရောင်း ဝယ်ဖောက်ကားနေသည့် မူးယစ်ဆေးဝါးဂိုဏ်းဖြစ်ပြီး မဲခေါင်မြစ်ဝှမ်းနိုင်ငံများဖြစ်သည့် ထိုင်း၊ လာအိုနှင့် မြန်မာ နိုင်ငံတို့တွက် ကျက်စားနေသည့် ကြီးမားသည့် မူးယစ်ဆေးဝါးကွန်ရက်ကြီးရှိနေသည်ကို သိလာရပါတယ် …
ဒါ့ကြောင့်မို့ တရုတ်နိုင်ငံမှ အထူးမူးယစ်နှိမ်နင်းရေး အရာရှိဖြစ်သည့် (မင်းသား Zhang Hanyu) ခေါင်းဆောင်သည့် အဖွဲ့ဝင်များနှင့်အတူ မြန်မာ၊ ထိုင်း၊ လာအိုနိုင်ငံမှ ရဲတပ်ဖွဲ့ဝင်များ အတူပူးပေါင်း ပါဝင်ပြီး … အဆိုပါမူးယစ်ရာဇဝတ်မှုအား ကြိုးစားဖော် ထုတ်ကြပုံကို ၂ဝ၁၁ ခုနှစ်က အမှန်တကယ် ဖြစ်ပျက်ခဲ့သည့် ဖြစ်ရပ်မှန်တစ်ခုအပေါ် အခြေခံရိုက်ကူးထား သည့် မှုခင်းအက်ရှင်ဇာတ်ကားတစ်ကားပါ …
ကြာမြင့်ချိန် နှစ်နာရီနီးပါးခန့် ကြာမြင့်သည့် အဆိုပါဇာတ်ကားကို ၂ဝ၁၅ ခုနှစ်က တရုတ်နိုင်ငံ ပေဂျင်း၊ ယူနန်နှင့် ထိုင်းနိုင်ငံတို့တွင် ရိုက်ကူးခဲ့တာဖြစ်ပြီး Box Office မှာ အမြတ်ငွေ အမေရိကန်ဒေါ်လာ 173 million ကျော် ရရှိခဲ့ပါတယ် …
Rating အရ ကြည့်မယ်ဆိုလဲ IMDb မှာ 6.6/10 နှင့် Rotten Tomatoes မှာ 86% ရရှိထားခဲ့တဲ့ ဇာတ်ကားကောင်းတစ်ခုလဲ ဖြစ်ပါတယ် …
The Legend Makers ဇာတ်ကားကတော့ ဗီယက်နမ်စစ်ကားတစ်ကားပါ။ဒီဇာတ်ကားက 1960တုန်းက အမေရိကန်နဲ့ဗီယက်နမ်စစ်ပွဒအကြောင်းရိုက်ပြထားတဲ့ကားဖြစ်ပါတယ်။
အမေရိကန်တွေရဲ့စစ်လက်နက်အသစ်တွေ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဗီယက်နမ်တွေအထိနာနေချိန်မှာ
အမျိုးသား အမျိုးသမီးမကျန် စစ်ထဲသို့ဝင်ကာ နိုင်ငံအတွက် အသက်စွန့်တိုက်ခိုက်ခဲ့ရတယ်။
ဆယ်ကျော်သက်အမျိုးသမီးလေးတွေကလဲ လူငယ်စေတနာဝန်ထမ်းအဖြစ်ဆောင်ရွက်ကာ
ကိုယ့်ရွာကိုယ်ကာကွယ်ခဲ့ရတယ်။တောင်ပိုင်း တိုက်ပွဲက ပြင်းထန်လာတာနဲ့အမျှ ဗီယက်နမ်စစ်တပ်တွေမှာ
ထောက်ပံ့ရေးပစ္စည်းတွေပြတ်လပ်လာခဲ့ပါတယ်။
အဓိကအရေးတကြီးလိုအပ်နေတာကတော့ လောင်စာဆီတွေဘဲဖြစ်ပြီး
ဗိုလ်ကြီး Dinhရဲ့ အမိန့်အရ 1968ကနေ 1975အထိ ၇နှစ်တိုင်တိုင် တပ်သားတွေက အခက်တွေကိုဖြတ်ကျော်ကာ
အန္တရာယ်တွေကြားကနေ ၅၀၀၀ကီလိုမီတာရှည်လျားတဲ့ လောင်စာဆီသယ်ယူတဲ့ပိုက်လိုင်းတွေကို
မြောက်ပိုင်းကနေ တောင်ပိုင်းအထိ တည်ဆောက်ခဲ့ကြတယ်။
ဒီဇာတ်ကားမှာတော့ စစ်ပွဲအတွင်းက ပြည်သူတွေနဲ့ စစ်သားတွေဘယ်လိုရုန်းကန်ခဲ့ရလဲဆိုတဲ့အကြောင်းကို ကြည့်ရှုကြပါအုံး။
ဒီတစ်ခါတော့ ဆုပေါင် း၁၉ ဆုရရှိခဲ့တဲ့ 2006 ခုနှစ်ကထွက်ရှိထားတဲ့ 300 ဆိုတဲ့ရုပ်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားလေးကိုတော့ လူတိုင်းသိကြမှာပါ။ ရာဇဝင်ထဲက ဖြစ်ရပ်မှန်ကို ကိုးကားပြီးရိုက်ကူးထားတာဖြစ်ပါတယ်။
ဂရိပြည်က စပါတန်မျိုးနွယ်စုတွေဟာ သဘာဝတရားထဲမှာရှင်သန်နိုင်တဲ့ အကောင်းဆုံးလူတွေကိုဘဲမွေးထုတ်တဲ့ မျိုးနွယ်စုဖြစ်ပါတယ်။ ကလေးမွေးလာရင် မွေးလာတဲ့ကလေးကို ရောဂါရှိမရှိ ကိုယ်အင်္ဂါချို့ယွင်းမှုရှိမရှိ စစ်ဆေးကြပြီး ရှိခဲ့ရင်လည်း စွန့်ပစ်ကြပါတယ်။ ဒီစစ်ဆေးမှုမှာအောင်မြင်တဲ့ကလေးတွေဟာ အရွယ်ရောက်ရင် တိုက်ခိုက်ရေးပညာ သင်ကြားရပြီးတော့ စစ်ဆေးမှုတွေခံယူရပါတယ်။ အဲဒါတွေအကုန်ကျော်ဖြတ်ပြီးမှ အရွယ်ရောက်တဲ့စပါတန်တစ်ယောက် ဖြစ်လာတာပါ။ အဲဒီစပါတန်မျိုးနွယ်မှာ လီယိုနာဒ်ဘုရင်အုပ်ချုပ်နေချိန် ပါရှန်းတွေက ကမ္ဘာကြီးမှာအင်အားကောင်းလာပြီး နိုင်ငံအများစုကလည်း တော်လှန်နိုင်စွမ်းမရှိတာကြောင့် လက်အောက်ခံအဖြစ်ခိုလှုံကုန်ကြပါတယ်။
ဒီလိုနဲ့ပါရှန်းတွေရဲ့စစ်မီးက ဂရိပြည်ဆီလည်းရောက်လာခဲ့ပါတယ်။ အဲဒီစစ်ဘေးကနေ ကာကွယ်ဖို့အတွက် လူအင်အားကြီးမားလှတဲ့ ပါရှန်းကျွန်စစ်တပ်ကြီးကို ရဲစွမ်းသတ္တိရှိတဲ့ စပါတန်အယောက် ၃၀၀ နဲ့ ခုခံတိုက်ခိုက်ကြပုံကို ရိုက်ကူးဖော်ပြထားတာပါ။ ဒီစစ်သည် ၃၀၀ ရဲ့ စိတ်ဓာတ်လှုံ့ဆော်မှုကြောင့် ပါရှန်းတွေကိုတော်လှန်ဖို့ ဂရိပြည်အနှံ့က တိုင်းပြည်တွေပူးပေါင်းခဲ့ပါတယ်။ ဘယ်သူမှအာမခံရဲတဲ့စစ်တပ်ကြီးကို ဘာမထီစိတ်ဓာတ်နဲ့အာခံပြီး သူများလက်အောက်မှာနေမယ့်အစား အသေခံရဲတဲ့သတ္တိနဲ့ လွတ်လပ်မှုကို တန်ဖိုးထားတတ်တဲ့စိတ်ဓာတ်တွေကို ရှုစားရမှာပါ။
ဒီကားမှာ စပါတန်မိခင်တွေရဲ့ စစ်ထွက်ရင်အနိုင်နဲ့ပြန်လာပါ မဟုတ်ရင် အလောင်းအနေနဲ့ဘဲပြန်လာပါလို့မှာတဲ့ စိတ်ဓာတ်တွေ၊ တိုက်ပွဲမှာဘယ်တော့မှနောက်မဆုတ်ဘူး၊ အညံ့မခံဘူး၊ အသေဘဲခံမယ်ဆိုတဲ့စိတ်ဓာတ်တွေကို ထင်ထင်ရှားရှားမြင်ရမှာပါ။ Quantity Vs Quality ထိပ်တိုက်တွေ့တဲ့ပွဲမှာ သမိုင်းတစ်ကွေ့ပြောင်းခဲ့တာကို လှလှပပရှုစားရမှာဖြစ်လို့ လက်မလွှတ်သင့်တဲ့ကားလေးပါပဲ။
Valley of Tears 2020
Wu Assassins
War & Peace
Watchmen
Warrior Nun
When They See Us
Freakish
Treadstone
Truth Be Told
Unbelievable
Victoria
Watership Down
Drama, Horror, Mystery
ဒီဇာတ်ကားကတော့ crime ဆန်ဆန်အက်ရှင်ကားမှ ကြိုက်သူများအတွက်အကြိုက်တွေ့မယ့်ဇာတ်ကားဖြစ်ပါတယ်
မိုက်ဟာ အမည်ခံကုမ္ပဏီတည်ထောင်ပြီး စတော့ရှယ်ယာကစားတဲ့တရားမဝင်အလုပ်ကိုလုပ်ကိုင်တဲ့သူဖြစ်ပါတယ်
မိုက်ရဲ့လုပ်ကိုင်ပုံကျွမ်းကျင်မှုကြောင့် သူ့ရဲ့အလုပ်သူဌေးတွေသဘောကျခြင်းခံတဲ့သူပေါ့
တစ်နေ့မှာတော့ မိုက်ဟာအလုပ်ကိစ္စသွားရင်းလူသတ်မှုနဲ့ထောင်ချောက်ဆင်ခံလိုက်ရကာ ထောင်ကျခဲ့ရပါတယ်
မိုက်ရဲ့ဘဝဟာလုပ်ငန်းရှင်ထောင်ထွက်တစ်ယောက်ဘဝရာက်သွားရပါတော့တယ်
မိုက်တစ်ယောက်ဘာကြောင့်သူ့ကိုထောင်ချောက်ဆင်တယ်
ဘယ်သူကသူ့ကို ဒုက္ခပေးနေတယ်ဆိုတာကို လက်စားချေဖို့ လိုက်လံစုံစမ်းပါတော့တယ်
မိုက်တစ်ယောက်နောက်ဆုံးမှာသူ့ရဲ့ရန်သူတွေကိုအောင်အောင်မြင်မြင် လက်စားချေသွားနိုင်ပါ့မလားဆိုတာကို
ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုလိုက်ကြပါဦး
Thriller
Below Zero (2021)
===============
IMDb Rating – 6.3/10
CM ပရိသတ်ကြီး အကြိုက်တွေ့မယ့် Action, Crime ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။
မာတင်ဟာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာတတ်တဲ့ ရဲတစ်ဦးပါ။ တစ်နေ့ သူပြောင်းတဲ့ ရဲဌာနမှ
ပထမဆုံးတာ တာ၀န်အနေနဲ့ အကျဉ်းသားတွေကို နေရာပြောင်းရွှေ့တဲ့ တာ၀န်ကို ထမ်းဆောင်ရပါတော့
တယ်။ ဒီလိုနဲ့ပဲ မာတင်ဟာ သူအပါအ၀င် နောက်ထပ် ရဲ ၃ ယောက်နဲ့အတူ အကျဉ်းသား ၆ ယောက်ပါတဲ့
အချုပ်ကားကို မောင်းပြီး မြူဆိုင်းတဲ့ ညဘက်မှာ တာ၀န်ထမ်းဆောင်ရပါတော့တယ်။
ဒီလိုနဲ့ မောင်းလာရင်း လမ်းခုလတ်မှာ ကားဘီးကလည်းပေါက် အရံလိုက်လာတဲ့ ရဲနှစ်ယောက်ရဲ့ကားနဲ့လည်း
အဆက်ပြတ်သွားတဲ့အတွက် သူကိုယ်တိုင် မောင်းလာတဲ့ ကားပေါ်က ဆင်းကြည့်တဲ့အခါ ခြုံခိုတိုက်ခိုက်ခံ
နေရပြီဆိုတာ သိလိုက်ရပါတော့တယ်။ အရံပါလာတဲ့ ရဲ ၃ ယောက်ကလည်း ကျ အချုပ်ကားထဲက အကျဉ်း
သား ၆ ယောက်ကလည်း စပြီး ပုန်ကန် အပြင်ကရန်သူတွေက တစ်ဖက်နဲ့ မှောင်မဲပြီး လူသူကင်းတဲ့ လမ်းမပေါ်မှာ
မာတင်တစ်ယောက် ဘယ်လို နှစ်ပါးသွားမလဲဆိုတာကို စိတ်၀င်စားဖွယ် မြင်တွေ့ရမှာဖြစ်ပါတယ်။
မနေ့ကမှ ထွက်ရှိလာတဲ့ Action ကားသစ်ဖြစ်ပြီး IMDb Rating 6.3/10 ရရှိထားတဲ့ ကားကောင်း ကားသစ်
လေးဖြစ်ပါတယ်။
Action, Adventure, Crime
Krack(2021) အညွှန်း
******************
တီလူဂူးဇာတ်ကားလေးတွေကို မျှော်နေကြတဲ့ အိန္ဒိယတောင်ပိုင်းရုပ်ရှင် ပရိတ်သတ်တွေအတွက် မနေ့ကထွက်တဲ့
Ravi Teja နဲ့ Shruti Haasan တို့ရဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။
Krack ဆိုတဲ့အဓိပ္ပါယ်ကိုက သူတို့ဘာသာစကားမှာ “ခေါင်းမာတဲ့သူ”ပါ။
ဒီတော့ ဒီရုပ်ရှင်ထဲက အဓိကဇာတ်ကောင်ဖြစ်တဲ့ ဗီရားရှန်ကာဆိုတဲ့ ရဲအရာရှိဟာ မတရားမှုတွေကို
ကိုင်တွယ်ရာမှာ ကြမ်းတမ်းတယ် ၊ သက်ညှာမှုကင်းမဲ့တယ်။
ဘယ်အရာကိုမှ မကြောက်တတ်ဘဲ လုပ်စရာရှိတာကို ခေါင်းကြောမာမာနဲ့ တဇွတ်ထိုးလုပ်တတ်သူပေါ့။
ဇာတ်လမ်းအစအစမှာ ပြသွားတဲ့ သံတစ်ချောင်း ၊ ၅၀တန် အကြွေတစ်ရွက်နဲ့ သရက်သီးတစ်လုံးဟာ ဗီရားရှန်ကာကိုင်တွယ်ခဲ့တဲ့
ဒိတ်ဒိတ်ကြဲလူဆိုး လူရမ်းကားသုံးယောက်ကို ကိုယ်စားပြုတယ်ဆိုတာ ဇာတ်လမ်းအလယ်လောက်ရောက်မှ နားလည်မယ်။
တစ်ယောက်ချင်းစီကို ကိုယ်တွယ်ပုံဟာ ဒီဇာတ်လမ်းရဲ့ frame ဖြစ်ပြီး ၊
တောင်ပိုင်းရုပ်ရှင်အထွက်နည်းလှတဲ့ အခုလိုအချိန်မျိုးမှာ ရဲကားကောင်းကောင်းကြည့်လိုသူတွေအဖို့
ကျေနပ်ကြလိမ့်မယ်ထင်ပါတယ်။
Action, Thriller
Pirates of the Caribbean: On Stranger Tides(2011)[1080P5.1CH]
((((ဒီဇာတ်ကားတွေက ဘယ်အချိန်ပြန်ကြည့်ကြည့် မရိုးနိုင်တဲ့ စာရင်းထဲပါလေတော့ Pirates of the Caribbean ပရိတ်သတ်တွေအတွက် HEVC,1080P5.1CH,720Pြ ဖင့် ရသမြောက်စွာ
ခံစားနိုင်စေရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်))))
ဂျက်နဲ့ လူမှားပြီး ဂစ်ဘ်ကို ကြိုးပေးမယ့်အရေးမှာ ဝင်ကယ်ပေးလိုက်ရပြီးတဲ့နောက် တစ်ကိုယ်တည်းကောင်းစားနေတဲ့ ဘာဘိုဆာဆီ
ရောက်သွားကြပြန်တယ်။ ဒါပေမယ့် ဂစ်ဘ်ပဲကျန်ခဲ့ပြီး ဂျက်ကတော့ သူ အချစ်ဟောင်း အန်ဂျလီကာကောင်းမှုနဲ့
မုတ်ဆိတ်နက်ဆီရောက်သွားတဲ့နောက် စပိန်တွေက တပန်းသာနေတဲ့ ထာဝရသက်ရှည်ရေပန်းကို ရှာနိုင်ဖို့ စိုင်းပြင်းရပြန်တယ်…
Pirates of the Caribbean On Stranger Tides(2011)
Action, Adventure, Fantasy
Pirates of the Caribbean: At World’s End(2007)[1080p5.1ch]
IMDb…7.1
((((ဒီဇာတ်ကားတွေက ဘယ်အချိန်ပြန်ကြည့်ကြည့် မရိုးနိုင်တဲ့ စာရင်းထဲပါလေတော့ Pirates of the Caribbean ပရိတ်သတ်တွေအတွက် HEVC,1080P5.1CH,720Pြ ဖင့် ရသမြောက်စွာ
ခံစားနိုင်စေရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်))))
သူရဲကောင်းဆန်ဆန်နဲ့ ကရာကန်ကြီး ပါးစပ်ထဲ ဓားတစ်ချောင်းနဲ့ ဝင်ပြီး အားလုံးကို ပေးဆပ်သွားတဲ့နောက်တော့ ဝီလ်တန်နာနဲ့
အဲလိဇဘက်တို့နှစ်ယောက်သား ကပ္ပတိန် ဘာဘိုဆာနဲ့ ပူးပေါင်းပြီး ဂျက်ကို ဒေဗီဂျုန်းဆီကနေ လွတ်အောင် ကယ်ဖို့ ကြိုးစားရတော့တယ်။
ဒါပေမယ့် နှစ်ယောက်မရှိတဲ့ ဂျက်စပဲရိုးက သူ ဘာကောင်လဲဆိုတာကို ဂဏန်းတွေနဲ့ ပုလဲနက်နဲ့ ပြလိုက်တယ်
ဒေဗီဂျုန်းကိုလည်း လော့ဒ် ဘက်ကပ်တ်က ထိန်းချုပ်ထားပြီး ပင်လယ်ပြင်တခွင်တစ်ခုလုံးရဲ့ သင်္ဘောတွေအကုန်ကို
ဖျက်ဆီးခိုင်းတဲ့နောက်တော့ ဝီလ်၊ အဲလိဇဘက်နဲ့ ဘာဘိုဆာတို့နဲ့ အတူ ကပ္ပတိန် ဂျက်စပဲရိုးပါ တိုက်ပွဲထဲ ဝင်ပါလာရတော့တယ်…
Pirates of the Caribbean At World’s End(2007)
Action, Adventure, Fantasy
Space Jam (1996)
===============
မိုက်ကယ်ဂျော်ဒန်ဆိုတဲ့ ဘတ်စ်ကတ်ဘောဘုရင်ဟာ ငယ်စဉ်ကတည်းက ဖခင်ဖြစ်သူလိုမျိုး ဘေ့စ်ဘောကစားသမား ဖြစ်ချင်ခဲ့တာပါ။ သူအရွယ်ရောက်ပြီ ဘတ်စ်ကတ်ဘောအားကစားလောကမှာ အထွဋ်ထိပ်ထိ တက်လှမ်းပြီးသွားတဲ့နောက် ဘတ်စ်ကတ်ဘောလောကကနေ ရုတ်တရက်ရပ်နားပြီး ကလေးဘဝကဆန္ဒကို အကောင်အထည်ဖော်ဖို့ ဘေ့စ်ဘောလောကထဲကို ခြေစုံပစ်ဝင်လိုက်ပါတယ်။
ဘေ့စ်ဘောမှာအဆင်မပြေပေမယ့် ဘတ်စ်ကတ်ဘောဘုရင်ဖြစ်တဲ့သူ့ကို အဖွဲ့သားတွေကအပြစ်မမြင်ပေမယ့် ပရိတ်သတ်တွေနဲ့မီဒီယာကတော့ ကြိတ်မနိုင်ခံမရဖြစ်နေကြတာပေါ့။ ဒီအချိန်မှာ မိုရွန်တောင်ကဂြိုလ်သားတွေက ဝယ်သူတွေကိုဆွဲဆောင်ဖို့ Looney Tunesတစ်ဖွဲ့လုံးကို ဖမ်းဆီးဖို့လွှတ်လိုက်ပါတယ်။ သေးကွေးနှေးကွေးတဲ့ဒီဂြိုလ်သားတွေနဲ့ ဘတ်စ်ကတ်ဘောပြိုင်ဆော့ဖို့စိန်ခေါ်လိုက်ပြီးမှ ဂြိုလ်သားတွေဘာလို့ကြီးထွားကုန်တာလဲ။ သူတို့တွေကမိုက်ကယ်ကိုအကူအညီတောင်းတဲ့အခါ ဘေ့စ်ဘောကစားသမားဖြစ်နေတဲ့သူကရော ကူညီပါ့မလား။ Looney Tunesတစ်ဖွဲ့လုံးနဲ့အတူတူ မိုက်ကယ်ပါ ဂြိုလ်သားတွေရဲ့ အကျဉ်းသားဘဝရောက်သွားမလားဆိုတာကိုတော့… နာမည်ကျော်မိုက်ကယ်ဂျော်ဒန်ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားပြီး IMDb 6.4 ရထားတဲ့ ဒီကာတွန်းလေးက ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရွှင်မြူးစေမှာဖြစ်လို့ ကြည့်ရှုဖို့လက်တို့လိုက်ရပါတယ်။
Adventure, Animation, Comedy, Family, Science Fiction
Experimenter (2015)
ဒီကားက
ကျွန်တော်တို့ဟာ တစ်ခါတစ်ရံမှာ ကြိုးတွေကို တွေ့ကောင်းတွေ့နိုင်ပေမယ့်
သတိပြုမိတဲ့စိတ် ကသာလျှင် ကျွန်တော်တို့အတွက် လွတ်မြောက်ခြင်းရဲ့ ဦးဆုံးခြေလှမ်း ဖြစ်ရမှာပါ။”
IMDb – 6.6/10 ရရှိထားတဲ့ ကားကောင်းတစ်ကား ဖြစ်တာမို့ ကြည့်ရှုစေချင်ပါတယ်။
ဆု ၂ ဆု နဲ့ တစ်ကြို ၅ ကြိမ် ဝင်ခဲ့တဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။
Los Angeles Film Festival 2015 နဲ့ Political Film Society, USA 2015
တို့မှာ ဆု ရရှိခဲ့ပြီးတော့
တော့ နိုင်ငံရေးနဲ့ နှီးနွယ်တဲ့ စိတ်ပညာကို လေ့လာချင်တဲ့လူတွေ စိတ်ဝင်စားမယ့် ဇာတ်ကားကောင်းတစ်ကားပါပဲ။
တကယ့်အဖြစ်အပျက်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။
လူမှု စိတ်ပညာရှင် စတန်လေ မီလ်ဂရမ် ရဲ့ ၁၉၆၁ မီလ်ဂရမ် စမ်းသပ်ချက်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။
ဒီစမ်းသပ်ချက်ကတော့ လူတွေရဲ့နာခံမှု(Obedience) ကို စမ်းသပ်ချက်ပဲ ဖြစ်ပါတယ်။
လူစိမ်းနှစ်ယောက်ကို ခေါ်ပြီး တစ်ဘက်က သင်ယူသူ တစ်ဘက်က သင်ကြားသူအနေနဲ့ ထားပြီးတော့
မှားရင် လျှပ်စစ်ရှော့တိုက်တဲ့နည်းနဲ့ နာခံမှု ဘယ်လောက်ရှိတယ်ဆိုတာကို စမ်းသပ်တာပဲ ဖြစ်ပါတယ်။
ဒီတော့ ကျွန်တော်တို့ Obedience ကို သိပ္ပံနည်းကျကျ အချက်အလက်တွေနဲ့ လေ့လာကြည့်ရအောင်။
ကောင်းတာတစ်ခုကတော့ ဒါက ဇာတ်လမ်းသဘောဖြစ်နေတဲ့အတွက် လုံးဝ ပျင်းအိုင်သွားခြင်း မရှိတာပါပဲ။
မီလ်ဂရမ် ဟာ အခြားစမ်းသပ်ချက်တွေဖြစ်တဲ့ Small World Experiment နဲ့ Lost letter experiment တို့ကိုလည်း လုပ်ခဲ့ပါသေးတယ်။
“ကျွန်တော်တို့က ရုပ်သေးရုပ်တွေလို့ ခင်ဗျား ဆိုလို့ ရပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ဟာ အသိဉာဏ် နဲ့ သိတတ်နားလည်မှုတွေပါ ပါဝင်တဲ့ ရုပ်သေးရုပ်တွေပါလို့ ကျွန်တော်ကတော့ လက်ခံယုံကြည်ထားပါတယ်။
Biography, Drama, History
ဇာတ်လမ်းအကျဉ်း
ဒီဇာတ်ကားလေးကတော Song Joong Ki ရဲ့ ၂၀၂၁ ကမှအသစ်စက်စက်ထွက်ရှိထားတဲ့ Sci-Fic ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်
အနာဂတ်ကမ္ဘာကိုစိတ်ကူးယဉ်ပုံဖော်ထားတာဖြစ်လို့စိတ်ဝင်စားဖို့ကောင်းပြီး Setting ချပုံကအစထူးခြားတဲ့ကားလေးဖြစ်ပါတယ်
ကင်ထယ်ဟို (Song Join Ki) ဟာတစ်ချိန်တုန်းကအာကာသစောင့်ကြပ်သူတွေရဲ့ ကွန်မန်ဒါခေါင်းဆောင်ဖြစ်ခဲ့ပေမယ့်
အကြောင်းအမျိုးမျိုးကြောင့် လက်ရှိမှာတော့ရာထူးကချခံလိုက်ရပြီးအာကာသထဲလွင့်စင်သွားတဲ့
မွေးစားသမီးလေးကိုလိုက်ရှာနေတဲ့ဆင်းရဲသားတစ်ယောက်ဖြစ်နေပါတယ်
တစ်နေ့မှာတော့ ပေါက်ကွဲနိုင်တယ်လို့ကြေငြာထားတဲ့ နာနိုဘော့နည်းပညာသုံးကလေးပုံစံစက်ရုပ်လေးဟာ
ထယ်ဟိုဆီကိုရောက်လာပါတယ်ပိုက်ဆံလိုနေတဲ့ထယ်ဟိုကတော့ စက်ရုပ်ကိုအသုံးချပြီးငွေရအောင်
်ကြိုးစားပါတော့တယ် ဒါပေမယ့်စက်ရုပ်လို့ထင်ထားခဲ့တဲ့ကလေးလေးဟာလူသားတစ်ယောက်ဖြစ်နေတဲ့အခါမှာတော့
ထယ်ဟိုတစ်ယောက်ဘယ်လိုဆက်လုပ်သွားမလဲ
ကလေးမလေးနောက်ကွယ်မှာရောဘယ်လိုလျှို့ ဝှက်ချက်တွေရှိနေတာလဲဆိုတာကို
ဇာတ်လမ်းထဲမှာဆက်လက်ရှုစားလိုက်ကြပါဦး
Action, Adventure, Drama
ဒီတစ်ခေါက် Netflix မှာအသစ်ထွက်ရှိလာတဲ့ တရုတ်သိုင်းကားဆန်ဆန်ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးချင်ပါတယ်
ဒီဇာတ်ကားက တရုတ်ပြည်ကမိုဘိုင်းဂိမ်းတစ်ခုကိုအခြေခံပြီးရိုက်ကူးထားတာလို့လည်းသိရှိရပါတယ်
effectတွေလည်းကောင်းကောင်းသုံးထားပြီးတော့ ကြည့်ရတာ တကယ်မိုက်မယ့်ဇာတ်ကားကောင်းတစ်ကားပါ
ဇာတ်လမ်းအကျဉ်းချုပ်ကတော့ မကောင်းဆိုးဝါးမြွေဆိုးကိုနှိမ်နင်းဖို့အတွက် ကျင်မင်ဆိုတဲ့ဘုန်းတော်ကြီးက မြို့တော်ကိုလာခဲ့ပါတယ်
မြွေဆိုးရဲ့အရိပ်တွေက ခဏခဏ လူတွေကြားထဲကိုထွက်လာလေ့ရှိပါတယ်
တကယ့်ခန္ဓာကိုယ်အစစ်ကတော့ ဘုရင်မကြီးရဲ့ခန္ဓာကိုယ်ထဲမှာ ထိန်းသိမ်းထားတာပါ
ဒီလိုအန္တရာယ်ကျရောက်လာပြီဆိုရင် ဂိုဏ်းကြီးလေးဂိုဏ်းကဆရာလေးဆူ စုပြီးတော့ မြွေဆိုးကိုနှိမ်နင်းရပါတယ်
ဒါပေမယ့် ဒီတစ်ခေါက်မှာတော့ မြွေဆိုးရဲ့ခန္ဓာကိုယ်အစစ်ထွက်လာတော့မှာပါ
ဒါကို ဆရာတွေဘယ်လိုကာကွယ်ကြမလဲဆိုတာ ရင်ခုန်ဖွယ်ကြည့်ရူရမယ့် ဇာတ်ကားကောင်းတစ်ကားပါ
တရုတ်သိုင်းကားတွေနှစ်သက်သူအတွက်တော့ ကြည့်သင့်တဲ့ကားကောင်းတစ်ကားဖြစ်လို့ ညွှန်းပေးလိုက်ရပါတယ်
The Yin Yang Master Dream of Eternity (2021)
Action, Drama, Fantasy
Agent Revelation 2021 ကတော့ Action/Sci-fic/Thriller ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ IMDb rating ကတော့ 6.2/10 ရထားပါတယ် ။
ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် ကင်နီယန်းလို့ခေါ်တဲ့ ဂြိုဟ်သားမျိုးနွယ်ဟာလူသားတွေကို အက်ရှ်(Ash) ဆိုတဲ့စွမ်းအင်တစ်မျိုးကိုအသုံးချပြီးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကထိန်းချုပ်လာခဲ့တာပါ၊၊ ဒါပေမဲ့ လူသားတွေရဲ့ လောဘကို သဘောပေါက်သွားတဲ့ ဂြိုလ်သားတွေဟာ အက်ရှ်စွမ်းအင်ကို မသုံးပဲ လောဘတရားတွေနဲ့သာ လူသားတွေကို ထိန်းချုပ်ခဲ့ပါတယ်။ ကမ္ဘာပေါ်က အက်ရှ်စွမ်းအင်သွေးနှောသူတွေကိုအကုန်ရှင်းခဲ့ကြပါတယ်။ မတော်တဆဖြစ်ရပ်တစ်ခုကြောင့် ကမ္ဘာပေါ်မှာဖွက်ထားတဲ့ အက်ရှ် စွမ်းအင်တွေထွက်လာပြီးတော့
ဂျင်မ်တို့သူငယ်ချင်းတွေကိုထိန်းချုပ်ခံလိုက်ရတယ်၊၊ အက်ရှ်ကြောင့် သူ့ငယ်ချင်းတွေကို ဆုံးရှံးခဲ့ရတဲ့ ဂျင်မ် ဟာ သူကိုယ်တိုင်တော့ အက်ရှ်ကြောင့် ဘာမှမဖြစ်ခဲ့ပါဘူး ။ အက်ရှ်ရဲ့စွမ်းအင်တွေဟာ သူ့ကိုယ်ထဲစီးဝင်ပြီး သူ့အသွေးအသားနဲ့ တစ်သားထဲ ဖြစ်ပြီး ဂျင်မ်ဟာစွမ်းအားတွေပိုင်ဆိုင်လာခဲ့ပါတယ်။
ကမ္ဘာပေါ်ကိုဂြိုဟ်သားတွေ ကြီးစိုးထိန်းချုပ်လာမှာကိုကာကွယ်နေတဲ့လျို့ဝှက်အဖွဲ့အစည်းကတော့ ဂျင်မ် ကဘာကြောင့် အက်ရှ်ရဲ့ ထိန်းချုပ်ခြင်းမခံရတာလဲဆိုတာကိုစမ်းသပ်ရှာဖွေရင်းနဲ့ ဘာတွေ ဘယ်လိုတွေဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။
Action, Science Fiction, Thriller
ဒီတစ်ခေါက်တင်ဆက်ပေးချင်တဲ့ဇာတ်ကားကတော့ အင်ဒိုနီးရှားဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်နော်
အင်ဒိုနီးရှားနိုင်ငံမှာ သိုင်းအားကစားတစ်ခုရှိပါတယ် လုံချည်တစ်ကွင်းထဲမှာလူနှစ်ယောက်ဝင်ပြီး
သိုင်းချတဲ့ ဆာရွန်သိုင်းချနည်းလို့ခေါ်တဲ့အားကစားတစ်ခုပါ ဒီကားမှာတော့ သိုင်းအားကစားနည်းကိုအခြေခံပြီး
ရိုက်ကူးထားတဲ့ဇာတ်ကားကောင်းပါ
ဇာတ်လမ်းကတော့ ဒန်နီက ဂျာကာတာက ဆိုးသွမ်းတဲ့သူဌေးသားတစ်ယောက်ပါ
သူ့အမေက သူ့ကိုလိမ္မာလာအောင် မာကာစတာမြို့ကိုပို့လိုက်ပါတယ်
ဆာရွန်သိုင်းအားကစားက အဲဒီမြို့မှာပိုပြီးတော့ထင်ရှားနေတဲ့အချိန်ပေါ့ ဒန်နီက တန်ရီဆိုတဲ့ကောင်မလေးနဲ့တွေ့ခဲ့ပြီး
တန်ရီကိုတော့ ဆာရွန်သိုင်းချန်ပီယံတစ်ယောက်က အတင်းလိုက်ကြိုက်နေတာပါ
ဒီလိုနဲ့ ဒန်နီနဲ့ ဆာရွန်သိုင်းချန်ပီယံတို့ ပြဿနာတတ်ကြပါတော့တယ် ဒါကြောင့် ဒန်နီက ဆာရွန်သိုင်းသင်ပါတော့တယ်
ဘယ်လိုတွေဆက်ဖြစ်ကြမလဲကတော့ ဆက်ကြည့်လိုက်ကြပါတော့…………………
အရင်တုန်းက ကရာတေးဇာတ်ကားကောင်းတွေကြိုက်နှစ်ခြိုက်သူတွေ
ဒီဇာတ်ကားလေးကိုလည်း ကြိုက်မယ်လို့မျှော်လင့်တာမို့ ကြည့်သင့်တဲ့ကားလေးအဖြစ် ညွှန်းပေးလိုက်ရပါတယ်
Action, Adventure, Drama
ဒီဇာတ်ကားကတော့ လူငယ်တွေ ငယ်တုန်းမှာ လမ်းမှားရောက်တတ်ကြောင်းကို
ပညာပေးရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်
၂၀၁၂ကထွက်ခဲ့တာဖြစ်ပြီး ဟောင်းပေမယ့်ကောင်းသေးတဲ့ဇာတ်ကားတစ်ကားလို့ပြောလို့ရပါတယ်
ဇာတ်လမ်းအကျဉ်းချုပ်ကတော့ ကျင်ဟွာဆိုတဲ့ ၁၇နှစ်အရွယ်ကောင်လေးက မဟုတ်မခံစိတ်ဓာတ်ရှိပြီး
ရန်ပွဲတွေမှာလည်းဝင်ပါလေ့ရှိပါတယ် တစ်နေ့ လူရိုက်မိပြီး လူငယ်ထိန်းသိမ်းရေးကျောင်းကို ၆လသွားနေခဲ့ရပါသေးတယ်
ပြန်ထွက်လာတော့ သူ့အမေက သူ့ကိုဘဝသစ်စစေချင်ပါတယ် ဒီလိုဘဝသစ်စဖို့ကြိုးစားမယ်ဆိုပြီး
သူက စာမေးပွဲပြန်ဖြေဖို့လုပ်ပါတော့တယ် ဒါပေမယ့် အပေါင်းအသင်းကြောင့်မို့လို့ ဂိုဏ်းတစ်ခုထဲကို ဝင်မိသွားပါတယ်
ထို့နောက် သူ့ရဲ့ဘဝသစ်စမယ့်အစီအစဉ်က မအောင်မြင်ခဲ့ဘူးဆိုပါတော့
သူဘယ်လိုပြဿနာတွေကြားထဲကိုရောက်သွားမယ်ဆိုတာ
ပညာပေးရိုက်ကူးထားတဲ့ကားကောင်းလေးဖြစ်လို့ ညွှန်ပေးလိုက်ရပါတယ်
drama အမျိုးအစားဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်
Action, Crime
ဒီတစ်ခါတော့ IMDb rating 7.1/10အထိရရှိထားတဲ့ Crime, Dramaအမျိုးအစား ရုပ်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဇာတ်လမ်းအကျဥ်းကတော့ ဂျိုဝီဆိုတဲ့ ကြေးစားလူသတ်သမားတစ်ယောက်ဟာ လူသတ်တဲ့နေရာမှာ လက်ယဥ်ပြီးကျွမ်းကျင်ပါတယ်။ တစ်နေ့မှာတော့ သူ့ကိုအပ်ထားတဲ့ အလုပ်တစ်ခုကိုကိုင်တွယ်နေတုန်း သူလူသတ်လိုက်တာကို သေဆုံးသူရဲ့လက်ထောက်ဖြစ်သူကောင်မလေး မြင်သွားပါတယ်။ သူကလည်း မလှုပ်ရှားခင်ကတည်းက ပစ်မှတ်အခြေအနေကိုလေ့လာရင်း အဲဒီကောင်မလေးကိုမြင်မြင်ချင်း ကြွေမိနေတာပါ။ ပုံမှန်ဆိုရင် မျက်မြင်သက်သေကိုပါ လက်စဖျောက်ရမှာဆိုပေမဲ့ သူ့ခံစားချက်ကိုမထိန်းချုပ်နိုင်တဲ့ ဂျိုဝီတစ်ယောက် ကောင်မလေးကိုဖမ်းပြီး သူ့အိမ်ခေါ်လာပါတယ်။ ပြီးတော့ သူ့အိမ်မှာဘဲမသတ်ရက်လို့ ဆက်ဖမ်းထားပါတယ်။
လူသတ်သမားနဲ့ မျက်မြင်သက်သေကြားက ထူးခြားတဲ့အချစ်ပုံစံကရော ဘယ်လိုဖြစ်မလဲ။ သာမန်အချစ်ဇာတ်လမ်းနဲ့ ထူးထူးခြားခြားကွဲပြားနေပြီးတော့ သူတို့ကြားကဆက်ဆံရေးက ညင်သာမှုတွေ၊ မယုံကြည်မှုတွေနဲ့ပြည့်နှက်နေပြီး သူတို့ဘဝတွေကို ဘယ်လိုပုံစံရိုက်ခတ်သွားမလဲ။ ဇာတ်လမ်းလေးက အလောတကြီးမဟုတ်ဘဲ ပုံမှန်လေးဇာတ်ရှိန်တက်သွားပြီး အဝေးကြီးထိကြိုမမြင်နိုင်တဲ့ လှည့်ကွက်လေးတွေနဲ့ရိုက်ကူးထားတာကြောင့် ကြည့်လို့ကောင်းတဲ့ကားလေးပါပဲ။
Crime
ဒီဇာတ်ကားကတော့ ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ အိန္ဒိယအက်ရှင်ကားတစ်ကားဖြစ်ပါတယ်။
မင်းသား အာဂျေးလ်ဒေ့ဂမ်၊ အနီးလ်ကပူးရ်၊ မင်းသမီးကန်ဂနာရာနွတ်တို့ ပါဝင်သရုပ်ဆောင်ထားပါတဲ့
ရထား ဗုံးထောင်ပြီး ခြိမ်းခြောက်ငွေတောင်းတဲ့ ကားလေးပါ။
မင်းသားအာဂျေးလ်က အိန္ဒိယကနေ လန်ဒန်ကို အလုပ်လာလုပ်တဲ့အင်ဂျင်နီယာတစ်ယောက်ပါ..
ဘဝတူရွေ့ပြောင်းလုပ်သားတွေရဲ့ဘဝကို ကူညီကယ်ဆယ်ဖို့ ကြိုးစားရင်း.. သူကိုယ်တိုင်လည်း အဖမ်းခံ.. နှင်ထုတ်ခံခဲ့ရပါတယ်။
ချစ်ရတဲ့ မိသားစုကို လန်ဒန်မှာထားရစ်ခဲ့ရပြီး တစ်ကွဲတစ်ပြားဖြစ်ခဲ့ရတဲ့အတွက် လက်စားချေဖို့
လန်ဒန်ကိုရအောင် ပြန်လာခဲ့ပါတယ်။ ပြီးတော့ ရထားပေါ်မှာ ဗုံးထောင်ပြီး ခြိမ်းခြောက်ငွေတောင်းခံမှုတွေ
လုပ်ခဲ့ရာက ဒီဇာတ်လမ်း ဖြစ်ပေါ်လာခဲ့တာပါ။
တောင်းတဲ့ငွေတွေ ရမှာလား.. ခရီးသည်တွေရဲ့ အသက်အန္တရာယ်က
ဘယ်လို ကယ်ထုတ်မှာလဲ စိတ်ဝင်စားဖွယ်၊ ကြည့်ရှုအားပေးလိုက်ပါဦး
Action, bollywood, Crime, Drama
Palmer (2021)
============
IMDb Rating – 7.3/10
ဇာတ်ကားအကျဉ်းပြောရမယ်ဆိုရင်တော့ ထောင်ထွက်တစ်ဦးနဲ့ အိမ်တွင်းရေးအဆင်မပြေတဲ့ ကလေးတစ်ယောက်
ရဲ့အကြောင်းပေါ့။ ပါးလ်မာ က ထောင်ထဲ (၁၂)ကျော်နေခဲ့ပြီးမှ ခံဝန်နဲ့လွတ်လာသူဖြစ်ပြီး သူ့အဖွားအိမ်၊ သူ့ဇာတိမြို့မှာပဲ
ပြန်လာနေခဲ့တယ်။ ဆမ် ဆိုတာကတော့ ပါးလ်မာရဲ့အိမ်ဘေးမှာနေတဲ့ ကလေး။ ဆမ့်အမေက ဆေးသမား၊ ပထွေးဖြစ်သူ
ကလဲ အချိုးမပြေ။ မိသားစုအခြေအနေလုံးဝမကောင်းတဲ့ ကလေးတစ်ယောက်။ ထောင်ထွက် ပါးလ်မာနဲ့ အိမ်တွင်းရေး
အဆင်မပြေတဲ့ ဆမ် တို့နှစ်ယောက်ရဲ့အကြောင်းကို ခပ်ငြိမ့်ငြိမ့်လေးနဲ့ တင်ဆက်သွားတဲ့ Drama ဇာတ်ကားကောင်းလေး
တစ်ကားဖြစ်ပါတယ်။ ဒီလို Drama ကားမျိုးကြည့်ရတာ စိတ်ထဲအတော်လေး ကျေနပ်သွားမိတယ်။ IMDB rating (7.3/10)
၊ Rotten Tomato ကလည်း (74 %) ဆိုတဲ့အတွက်ကြောင့် ဇာတ်ကားကောင်းဖြစ်မယ်ဆိုတာတော့ ပြောစရာလိုမယ်မထင်ပါဘူး။
ပါးလ်မာ အဖြစ် သရုပ်ဆောင်ထားသူကတော့ အဆိုတော်/သရုပ်ဆောင် Justin Timberlake ပဲဖြစ်ပါတယ်။
Drama
ဒီတစ်ခါ comedy-drama ဇာတ်ကားအမျိုးအစားလေးကိုတင်ဆက်ပေးချင်ပါတယ် တကယ်ရယ်ရမဲ့ဇာတ်ကားကောင်းလေးပါနော်
ရုံကြီးကားတစ်ကားဖြစ်ပြီး ဟောင်ကောင်ရုပ်ရှင်ဆုပေးပွဲမှာလည်း ဇကာတင်ဝင်ခဲ့တဲ့ ဇာတ်ကားကောင်းလေးပါ
လတ်တလောမှာလဲ ထိုင်းကနေပြန် remark ရိုက်ထားတဲ့ My God! Father (2020)ရဲ့မူရင်းဇာတ်ကားလေးပါ
နောက်ခံတီးလုံးကလည်းကောင်း သရုပ်ဆောင်တွေကလည်း Eddie Peng (Operation Mekong) , Deng Chao (The Mermaid 2016),
Zanilia Zhao (လတ်တလောပြိးထားတဲ့ ဇာတ်လမ်းတွဲ Legend of fei) တို့တွေဆိုတော့ ထွေထွေထူးထူးပြောစရာလိုမယ်မထင်ပါဘူး
ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် လန်က ကားမောင်းချန်ပီယံတစ်ယောက်ပါ
တစ်နေ့သူ့အဖေနဲ့ ကားအတူတူမောင်းနေရင်း မတော်တဆမှုဖြစ်ခဲ့ပါတယ်
အဲဒီအချိန်မှာ သူက အချိန်နောက်ပြန် ခရီးသွားပြီး သူ့အဖေရဲ့ငယ်ဘဝကိုရောက်သွားပါတော့တယ်
လန်က အစက သူအဖေနဲ့အဆင်မပြေပါဘူး ဒါပေမယ့် သူ့အဖေငယ်ဘဝကိုပြန်ရောက်တဲ့အခါ
သားအဖ နှစ်ယောက်က သူငယ်ချင်းဖြစ်လာပါတော့တယ်
သားအဖနှစ်ယောက်ကြားကသံယောဇဉ်တွေအကြောင်းကို
ကြည့်ရမယ့် dramaကားကောင်းကောင်းလေးပဲဖြစ်လို့ ညွှန်းပေးလိုက်ရပါတယ်
Comedy, Drama, Fantasy
My Missing Valentine (2020)
****************************
ဒိတ်ပျောက်တယ် ဆိုတဲ့ စကားကို လူငယ်တွေ အရမ်းပြောလေ့ရှိပါတယ်
ဒါပေမယ့် တကယ် ဒိတ်ပျောက်သွားတဲ့လူတွေရှိပါ့မလား
ဒီဇာတ်လမ်းထဲက ကောင်မလေးကတော့ တကယ်ဒိတ်ပျောက်သွားခဲ့ပါတယ်
အရာရာကို မြန်မြန်ဆန်ဆန်လုပ်တတ်တဲ့ကောင်မလေးတစ်ယောက်
ခရာမတွတ်ခင် ပြေးတတ်တဲ့ သူများတွေထက် ရှေ့ကိုတစ်လှမ်းကြိုပြင်ဆင်တတ်သူလေးတစ်ယောက်ရှိသတဲ့။
ကမ္ဘာလောကကြီးနဲ့အဆက်သွယ်ပြတ်နေတဲ့သူတစ်ယောက်
အသက်ကလဲ ၃၀ နားကပ်နေပြီး အချစ်ရေးနဲ့ပါတ်သက်လို့ မူးလို့တောင်မရှုဖူးတဲ့သူမအနားကို
ခပ်ချောချောကောင်လေးတစ်ယောက်က ရောက်လာခဲ့ပါတယ်။
အဲ့ကောင်လေးနဲ့ ချစ်သူများနေ့မှာ အတူဖြတ်သန်းဖို့ စိတ်ကူးယဉ်
အပျော်တွေလွန်ပြီး အိပ်သွားခဲ့ပေမဲ့ နောက်တစ်နေ့ သူအိပ်ရာနိုးလာချိန်မှာတော့
သူ့ရဲ့ချစ်သူများနေ့ဟာ သူ့မှတ်ဉာဏ်ထဲကနေ ထူးဆန်းအံ့သြဖွယ်ရာ
ပျောက်ဆုံးနေခဲ့တာသိလိုက်ရပါတယ်။
သူ့ရဲ့ဘဝမှာ အပြောင်းလဲကြီးတစ်ခုလို့ဆိုရလောက်တဲ့နေ့တစ်နေ့ဟာ
ဘာလို့ပျောက်ဆုံးသွားရတာလဲ အဖြေရှာပါတော့တယ်။
ဘာကြောင့် နေ့ရက်တစ်ရက် ပျောက်ဆုံးသွားရတာလဲ
ပျောက်ဆုံးသွားတဲ့နေ့ရက်ကို ဘယ်လိုပြန်ရှာမလဲ
“ကိုယ့်ကိုယ်ချစ်ပါ တစ်နေရာမှာတော့
သင့်ကိုချစ်တဲ့သူတစ်ယောက်ရှိနေပါတယ်”
IMDb rating 7.4 ရရှိထားပြီး Golden Horse Film Festival တစ်ခုတည်းမှာတင်
Winner 5 ဆုရရှိပြီး Nomi 6 ဆု ၀င်ခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားလဲဖြစ်ပါတယ်။
Comedy, Drama, Mystery
ကျွန်တော်တို့ငယ်ငယ်တုန်းက လမ်းတစ်လမ်းဖောက်ဖို့ အဆောက်အဦပြောင်းဖို့
သင်္ချိုင်းရွေ့တယ်တို့ သင်္ချိုင်းပြောင်းတယ်တို့
ခဏခဏကြားဖူးကြတယ်မလား
ခွင့်တောင်းပြီးရွေ့ရတဲ့အခါ ကားထဲခေါ်တင်ပြီး
ပြောင်းရွေ့ပေးရတာတွေလေ
အခုလည်း ရှိချင်ရှိမှာပါ ဒါပေမယ့်ငယ်ငယ်တုန်းကတော့
ဒီလိုပြောင်းရွေ့မှုရဲ့ နောက်ဆက်တွဲဇာတ်လမ်းတွေကြားရတာနဲ့တင်
ကြက်သီးမွှေးညှင်းတွေ ထခဲ့ကြရတာပေါ့ဗျာ
ခေတ်ကာလတွေကူးပြောင်းလာတော့ ဒီခေတ်ကြီးထဲမယ်
သရဲတစ္ဆေတွေနဲ့ ပက်သက်ပြီး ကျွန်တော်တို့ငယ်ငယ်တုန်းကလောက်
အစွဲအလမ်းမရှိကြတော့တာကတော့ သေချာတယ်ဗျ
ဒါပေမယ့် သုသာန်မြေကိုတစ်ခုခုလုပ်ဖို့ဖယ်ရှားရတဲ့အချိန်မှာတော့
ရှေးဟောင်းအယူအဆတွေက မပစ်ပယ်ကောင်းပါဘူး
ရှေးထုံးလည်းမပယ်နဲ့ ဈေးသုံးလည်း မကြွယ်နဲ့ဆိုတဲ့ စကားတောင်ရှိသေးတယ်မို့လား
ဒီဇာတ်ကားက ကျွန်တော်အပေါ်ကပြောထားသလိုပဲ
သုသာန်မြေကိုမှ ခွင့်မတောင်းဘဲ
ပိုင်နက်ကျူးလွန်မိတဲ့အခါ ဖြစ်လာတဲ့နောက်ဆက်တွဲပြသနာပေါ့ဗျာ
ဇာတ်လမ်းက နည်းနည်းတော့ drama,thriller အမျိုးအစားဆိုပေမယ့် ဟာသဘက်လည်းနည်းနည်းရောက်တယ်ဗျ
ချစ်သူနှစ်ဦးအပြင် အကြောင်းကြောင်းကြောင့်
တစ်နေရာထဲလာဆုံကြရမယ့်လူတွေရဲ့
ကံကြမ္မာအလှည့်အပြောင်းကို ကြည့်ရမှာ
Tamil thriller ငတ်နေတဲ့သူတွေအဖို့တော့
သိပ်မဆိုးလှတဲ့ ဇာတ်ကားလို့ပြောပါရစေ
Horror, Thriller
Haymaker (2021)
=============
IMDb Rating – 4.0/10
ပြိုင်ပွဲတစ်ပွဲမှာရှုံးနိမ့်ပြီးတဲ့နောက်ပိုင်း အနားယူသွားခဲ့တဲ့မွေထိုင်းဖိုက်တာနစ်တစ်ယောက်
transgenderမလေး နော်မီကို စော်ကားဖို့လုပ်တဲ့လူကို ထိုးကြိတ်ဆုံးမခဲ့ရာကနေဇာတ်လမ်း
စတာပဲ။ အဲ့ဒီမှာပဲ နော်မီက နစ်ခ်ကိုကိုယ်ရံတော်အနေ နဲ့အလုပ်ခန့်လိုက်ပြီး သူ့ဖျော်ဖြေပွဲတွေ
နောက်ကိုခေါ်သွားတာပေါ့။ နော်မီကလည်းအဆိုတော်ဆိုပေမဲ့ စပွန်ဆာတွေနဲ့ အရက်သောက်လိုက်
စကားပြောလိုက်လုပ်ပြီး အဆိုတော်အဖြစ်နဲ့ရပ်တည်နေရတဲ့လူ…………နစ်ခ်ကျတော့ ပြိုင်ပွဲမှာ
ရှုံးပြီး နောက်ပိုင်း ကြိုးဝိုင်းထဲကိုပြန်ဝင်ဖို့မဝံ့ရဲတော့တဲ့လူ…………ဒီလိုလူနှစ်ယောက်ဆုံစည်းပြီးတဲ့
နောက်ပိုင်းမှာ ဘာတွေ ဖြစ်လာမှာလဲဆိုတော့ကိုတော့ စိတ်ဝင်တစားကြည့်ရှုရမှာပါ။
Action, Drama
Killer Shark (2021)
“ကိုယ်…မင်းကိုအရမ်းချစ်တယ်
ဒီလိုပြောပြီး ကျွန်မကို ကျောခိုင်းသွားခဲ့တဲ့ရှင့်ကို ကျွန်မမုန်းတယ်…..
ပင်လယ်ကြီးရေ..ရှင်ဟာ စိတ်ပျက်စရာကောင်းလွန်းလှသလို နှစ်သက်စရာလည်းကောင်းပါတယ်
လူကို အံ့ဩစေနိုင်တဲ့ အစွမ်းတွေရှိတဲ့ သဘာဝကြီးတစ်ခုပေါ့…
ဒါပေမဲ့…. ကျွန်မတော့ ရှင့်ကိုမုန်းပါတယ်”
ပရိသတ်ကြီးအတွက် ဒီတစ်ခါတော့ အချိန်တစ်နာရီလောက် မထတမ်းကြည့်လို့ကောင်းမယ့် ကားလေးနဲ့ မိတ်ဆက်ပေးပါမယ် ။ ပိုစတာကိုကြည့်တာနဲ့ သောင်းကျန်းတော့မယ့် ငါးမန်းမှန်း သိပြီးသားဖြစ်မှာပါ ။ ဒါပေမဲ့ ပရိသတ်ကြီးမသိသေးတာက ဒီကားလေးထဲမှာ သံယောဇဉ်တွေ ၊ လူတွေရဲ့စိတ်နေသဘောထားတွေ ပြီးတော့ အရမ်းမိုက်တဲ့ ကွန်ပျူတာအဖက် တွေပါဝင်နေတယ်ဆိုတာပါပဲ ။
လူငယ်လေးတစ်စု အားလပ်ရက်မှာ ပင်လယ်ဘက်ကို အပန်းဖြေခရီးထွက်လာကြပါတယ် ။ ဘာပြသာနာမှမရှိပေမယ့် အုပ်စုထဲက စုံတွဲတစ်တွဲရဲ့ အချစ်စမ်းမှုတွေကြောင့် စီးလာတဲ့ သင်္ဘောက ကျောက်ဆောင်နဲ့ တိုက်မိသွားပါတယ် ။ ဇာတ်လမ်းက အဲ့ကစတာပေါ့နော် ။
ပင်လယ်ပြင်ကြီးထဲမှာ ကယ်မယ့်သူမရှိတုန်း တစ်ခုတည်းသော လုပ်စရာရှိတာက ကျွန်းငယ်လေးတစ်ခုဆီ လက်ပစ်ကူးသွားဖို့ပါ ။ အဲ့တော့ ဒီသူငယ်ချင်းတစ်သိုက် ကျွန်းငယ်လေးဆီရောက်အောင်ကူးနိုင်ပြီး ဘယ်နှစ်ယောက်များ ဇာတ်လမ်းအဆုံးမှာ အသက်ရှင်ကျန်မလဲ ကြည့်လိုက်ရအောင်နော်။
Asian, Thriller
Baby Done (2020)
==============
IMDb Rating – 6.2/10
ဘဝမှာ မိဘတစ်ယောက်ဖြစ်ဖို့ စိတ်ရောကိုယ်ပါ အစအစအရာရာ ပြင်ဆင်ကြရပါတယ်။
ဒီကားမှာတော့ ဇိုဝီဆိုတဲ့ကောင်မလေးက သူ့ကောင်လေး တင်မ်နဲ့ မထင်မှတ်ဘဲ ကိုယ်ဝန်
ရသွားပါတော့တယ်။ လွတ်လွတ်လပ်လပ်နဲ့ ဘဝကို စွန့်စွန့်စားစား ဖြတ်သန်းရတာကိ ကြိုက်တဲ့
သစ်ပင်တက်သမား ဇိုဝီတစ်ယောက်အဖို့ မထင်မှတ်ဘဲ ကိုယ်ဝန်ရသွားတာသိလိုက်ရတဲ့အချိန်
အကြီးအကျယ်ကို ရှော့ခ်ရသွားပါတော့တယ်။ ဇိုဝီကောင်လေး တင်မ်ကတော့ ကိုယ်ဝန်ရှိတာ
သိသွားတဲ့ အချိန်ကစပြီး ဖခင်ကောင်းတစ်ယောက်ဖြစ်ဖို့နဲ့ ဇိုဝီကို ဂရုစိုက်ဖို့အတွက် အစွန်းကုန်
ကြိုးစားပါတော့တယ်။ ဇိုဝီရဲ့ ဆန္ဒအရ သူတို့နှစ်ယောက်က ကလေးမမွေးခင်မှာ လုပ်ချင်တဲ့အရာ
တွေကို စပြီးချရေးပါတော့တယ်……သူတို့ကလေးမမွေးခင် သူတို့ဆန္ဒတွေ ပြီးမြောက်သွားမလား၊
မထင်မှတ်ဘဲ ကိုယ်ဝန်ရသွားတဲ့ ဇိုဝီတစ်ယောက် ဘယ်လိုကလေးမွေးဖို့ ရင်ဆိုင်မလဲဆိုတာကို
comedy ဆန်ဆန် ကြည့်ရှူရမှာဖြစ်ပါတယ်။
Comedy
ဒီဇာတ်ကားကတော့ Netflixကအသစ်ထွက်ရှိလာတဲ့ ဇာတ်ကားကောင်းလေးပါ
ပီလီနဲ့လိုအန်နီဆိုတဲ့ မောင်နှမနှစ်ယောက်က ဟာဝိုင်ရီမှာမွေးပေးမယ့်လည်း
နယူးယော့ခ်ကိုငယ်ငယ်ကတည်းက ပြောင်းခဲ့ရပြီး
သူတို့အဘိုးနေမကောင်းလို့ ဟာဝိုင်ရီကိုပြန်လာခဲ့ရပါတယ်
ပီလီကတော့ ရတနာသိုက်ရှာဖွေရေးဂိမ်းတွေကိုအရမ်းကြိုက်တာပါ
တစ်နေ့ သူ့အဘိုးရဲ့စာအုပ်တစ်အုပ်တွေ့ခဲ့ပြီး ဟာဝိုင်ရီကိုရောက်လာခဲ့တဲ့ ပင်လယ်ဓားပြတွေ
ရတနာတွေဝှက်ထားခဲ့ကြကြောင်းသိခဲ့ပါတယ် သူ့အဘိုးကလည်း ငွေရေးကြေးရေးပြဿနာတွေကြုံနေရလို့
သူတို့အမေက နယူးယော့ခ်ကအိမ်ကိုရောင်းပြီး ဟာဝိုင်ရီကိုပြောင်းလာမယ်လုပ်ပါတော့တယ်
အဲဒီအချိန်မှာ ပီလီက ပြဿနာတွေပြေလည်အောင်လုပ်ဖို့အတွက် ရတနာသိုက်ရှာမယ်လုပ်ပါတော့တယ်
အဲ့ဒီမှာ ရတနာသိုက်ရှာဖွေရေးထဲကို သူ့အစ်ကိုပါ ပါလာပါတော့တယ်
ရတနာသိုက်ကိုသူတို့ဘယ်လိုရှာဖွေကြမလဲဆိုတာကတာ့ ကြည့်ရူလိုက်ကြပါတော့နော်
Action, Adventure, Comedy