mmbusticket IMDb Rating 7.9Rotten Tomattoes 94% အထိ ရထားတဲ့ တောင်ကိုရီးယားရဲ့သမိုင်းဝင် ဒီမိုကရေစီအသွင် ကူးပြောင်းရေးအတွက် အရမ်း အရေးပါတဲ့ ဖြစ်ရပ်မှန် ဇာတ်ကားကောင်းလေးပါ။သမိုင်းဝင်ဖြစ်ရပ်မှန် ဇာတ်လမ်းမို့ ကိုးရီးယားမှာ သမ္မတကိုယ်တိုင် လာရောက်ကြည့်ရှုအားပေးခဲ့သလို ကိုးရီးယားလူဦးရေရဲ့ ၅ပုံ၁ပုံလောက်ကို ရုပ်ရှင်ရုံမှာ လာရောက်အားပေးလို့ ရုံတင်ချိန် အကြာဆုံး ဇာတ်ကားလေးဖြစ်ခဲ့ပါတယ်။ဒီကားအကြောင်းမပြောခင် ကိုးရီးယားသမိုင်းကြောင်းလေး အနည်းငယ် ပြောပြချင်ပါတယ်။
ဂျပန်လက်အောက်က လွတ်လပ်ရေးရပြီး 16 နှစ်တိုင်တိုင် စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ခဲ့တယ်။ ၁၉၇၉ အောက်တိုဘာမှာ အရင်သမ္မတ လုပ်ကြံပြီးဒီဇင်ဘာမှာ စစ်တပ်ကပဲ စစ်အာဏာသိမ်းလိုက်ပါတယ်။ဒီနောက်ပိုင်း နိုင်ငံရေးသမားတွေ တက္ကသိုလ်ကျောင်းသားတွေနဲ့ နိုင်ငံသူနိုင်ငံသားတွေ တဖြည်းဖြည်းနဲ့ ဒီမိုကရေစီ အုပ်ချုပ်ရေးပေးဖို့ လှုပ်ရှားဆန္ဒပြလာကြလာကြလို့ အခြေအနေတင်းမာလာလို့ Martial law ပြဌာန်းပြီး အကြမ်းဖက်နှိမ်နှင်းခဲ့သလို တက္ကသိုလ်ကျောင်း
တွေ ယာယီပိတ်ထားလိုက်ပါတယ်။သတင်းတွေလည်း အမှောင်ချထားလိုက်ပါတယ်။ ကျန်တဲ့မြို့တွေ အလွယ်တကူ ထိန်းချုပ်နိုင်ပေမယ့် ဂွမ်ဂျူးမြို့က တစ်မြို့လုံး စည်းလုံးညီညွှတ်တာကြောင့် ထိန်းချုပ်ရခက်နေပါတယ်။ဒါကြောင့် မြို့ကို ဖုန်းလိုင်းတွေဖြတ် မြို့အဝင်အထွက်ကိုပိတ် သတင်းတွေအမှောင်ချထားခဲ့ပါတယ်။မြို့က ဆန္ဒပြသူတွေနဲ့ကျောင်းသားတွေကိုလည်း အကြမ်းဖက်စစ်အင်အားသုံးဖြေရှင်းပေးခဲ့ပါတယ်။ ဒါပေမယ့် ဂွမ်ဂျူးမြို့သူမြို့သားတွေကတော့ အရံှူးမပေး ရဲရဲတောက် မြို့
လုံးကျွတ်မျှ အသေခံ ဆန္ဒပြဆန့်ကျင်ခဲ့ပါတယ်။ ဒီမြို့က သတင်းကို ကမ္ဘာသိအောင် ဂျာမန်သတင်းထောက် သက်စွန့်ဆံဖျားလာပြီး တက္ကစီသမားတစ်ယောက် အကူအညီနဲ့ ရိုက်ကူးမှတ်တမ်းတင်ပြီး သတင်းထုတ်လွှင့်နိုင်ခဲ့ပါတယ်။ ဒီသတင်းကြောင့် ကျန်တဲ့ပြည်သူတစ်ရပ်လုံးလည်း ပါဝင်လာတာကြောင့်နောင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် တွန်းအားပေးခဲ့သည့်မြို့လေးဖြစ်ခဲ့သည်။အခု ဒီဇာတ်ကားလေးကတော့ တက္ကစီသမား မစ္စတာကင်က ဂျာမန်
သတင်းထောက်ကို ဂွမ်ဂျူးမြို့ဆီ လိုက်ပို့ပေးခဲ့တဲ့ဖြစ်ရပ်ကို ရိုက်ကူးထားတာပါ။နိုင်ငံရေးစိတ်မဝင်စားတဲ့ ကိုယ့်မိသားစု ကိုယ့်အလုပ်အကြောင်းသာ စိတ်ဝင်စားတဲ့ကားသမားတစ်ယောက်တက်တက်ကြွကြွနဲ့ သတင်းအမှန်တွေတင်ဆက်ပေးဖို့ စိတ်ထက်သန်တဲ့ ဂျာမန်သတင်းထောက်တစ်ယောက်ကို ပိုက်ဆံအများကြီးရမှာမို့ အော်ဒါမှာထားတဲ့ကားလိုလိုနဲ့ ဖြတ်ခုတ်ပြီးနိုင်ငံခြားသားကို အင်္ဂလိပ်စာ မတတ်တခေါက်နဲ့ ဂွမ်ဂျူးကို လိုက်ပို့ပေးရင်း…………………..ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ စောင့်ကြည့်လိုက်ပါသင်ခန်းစာယူတတ်ရင် အများကြီးကို ပေးသွားတဲ့ဇာတ်ကားကောင်းလေးပါ
ဒီဇာတ်လမ်းက တကယ့်ဖြစ်ရပ်မှန်အခြေခံပြီးရိုက်ထားတဲ့ကားဖြစ်ပါတယ်….ဘာလို့လဲလို့ပြောရရင်ကမ္ဘာကုလသမဂ္ဂအဖွဲ့ရဲ့ 1996 ခုနှစ်မှာစပြီးလုပ်ခဲ့တဲ့ အီရတ်နိုင်ငံမှာ ငတ်မွတ်နေတဲ့သူတွေကို အစားအစာနဲ့ ရေနံလဲလှယ်ရေး (Oil-for-Food Program) အစီအစဉ်ကြီးမှာ ကမ္ဘာ့နိုင်ငံပေါင်းများစွာက အစိုးရရာထူးကြီးတွေနဲ့
နာမည်ကျော်ကုမ္ပဏီကြီးပေါင်းများစွာရဲ့ ဒေါ်လာဘီလျံနဲ့ချီတဲ့ လာဘ်စားမှု၊ ချစားမှုတွေအပြည့်နဲ့ ပါဝင်ပတ်သက်မှုတွေကို ဖေါ်ထုတ်ခဲ့တဲ့ ကုလသမ္မဂ္ဂဝန်ထမ်းတစ်ယောက်အကြောင်းပါ။ဒီအမှုဟာ ကုလသမ္မဂ္ဂသက်တမ်းတစ်လျှောက် အပြောင်းအလဲအကြီးမားဆုံးဖြစ်စေခဲ့တဲ့ အမှုလဲဖြစ်တယ်။ဇာတ်လမ်းရိုက်ကူးထားပုံက ကြည့်ပျော်ရှုပျော်အဆင့်ပဲရှိပါတယ်၊ ဆွဲဆောင်မှုမကောင်းသလို အရမ်းစိတ်ဝင်စားဖို့ကောင်းလာတဲ့ အခြေအနေမျိုးလဲ တွေ့ရမှာမဟုတ်ပါဘူး။ဒါပေမယ့် ဘာလို့ ကြည့်သင့်တယ်လို့ ညွှန်းချင်တာလဲဆိုတော့ UN အပါအဝင် INGO အဖွဲ့အစည်းတွေရဲ့ အတွင်းရေးတွေနဲ့ လုပ်စားပုံတွေ၊ အလှူငွေတွေရအောင် ဘယ်လိုတွေ ဟန်ပြလုပ်ကြပြီး အိတ်ထဲဘယ်လိုထည့်တယ်ဆိုတာတွေကို ကွက်ကွက်ကွင်းကွင်းမြင်နိုင်တဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းဖြစ်နေလို့ပါ။ ၁၀၈ ခုနှစ်အတွင်း ထွက်ရှိထားတဲ့ နိုင်ငံရေးဆက်နွယ်မှုပါတဲ့ဇာတ်ကားကောင်းတစ်ကောင်းပဲဖြစ်ပါတယ် သံတမန်တစ်ဦးရဲ့သားဖြစ်သူ မိုက်ကယ်ဆာလဗန်ဟာ ကုလသမဂ္ဂမှာအလုပ်ဝင်ဖို့ ဘဝတစ်လျှောက်လုံး ကြိုးစားခဲ့ပါတယ်.. မမျှော်လင့်ထားပဲ ကုလသမဂ္ဂအတွင်းဝန်ရဲ့လက်ထောက်နေရာ ခန့်ထားခံလိုက်ရပါတယ်.. သူတာဝန်ယူရတဲ့ပရိုဂရမ်ဟာ လူသားချင်းစာနာထောက်ထားမှုအခြေခံတဲ့ ပရိုဂရမ်ပေမယ့် အကျင့်ပျက်ခြစားမှုကြီးကြီးမားမားဖြစ်နေပြီး အာဏာရှင်တစ်ယောက် အမြတ်ထုတ်စရာ ပရိုဂရမ်တစ်ခု သာဖြစ်နေခဲ့ပါတယ်.. ဖော်ထုတ်ဖို့ကြိုးစားတဲ့သူတွေအနေနဲ့လည်း လက်စဖျောက်သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်.. သူ့အရင်ဝန်ထမ်းဟောင်းသေဆုံးမှုဟာ မရိုးရှင်းမှန်းသူသွားပြီး.. ကုလသမဂ္ဂအတွင်းခြစားမှုကို လိုက်လံဖော်ထုတ်ရင်းနဲ့ သူ့ရဲ့ဆရာကိုယ်တိုင် ဒီအရှုပ်တော်ပုံထဲ ပါဝင်ပတ်သက်နေတာ သူသိသွားတဲ့အခါ သူဘယ်လိုဖြေရှင်းမလဲ ခက်ခက်ခဲခဲကြားထဲက ချစ်ခဲ့ရတဲ့ သူ့ချစ်သူကိုရော အန္တရာယ်ကြားထဲက သူကယ်တင်နိုင်ပါ့မလား ထိပ်တန်းခေါင်းဆောင်တွေပါ ပါဝင်ပတ်သက်နေတဲ့ ဒီခြစားမှုကြီးကို တစ်ကမ္ဘာလုံးသိအောင် သူချပြနိုင်ပါ့မလားဆိုတာကိုတော့ စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်…ကုလသမ္မဂ္ဂအဖွဲ့ဆိုတာနဲ့ အရမ်းကောင်းတဲ့အဖွဲ့ကြီးမဟုတ်ဘူးဆိုတာ သိသွားနိုင်စေတဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်…UN အပါအဝင် INGO တွေနဲ့ ပတ်သက်ပြီး ဒါမျိုးရိုက်ထားတဲ့ရုပ်ရှင် အရမ်းရှားပါတယ်။ ဒီကားကိုတော့ ရိုက်ထားတာရိုးရှင်းပြီး ဆွဲဆောင်မှုမရှိပေမယ့် သမိုင်းနဲ့ပတ်သက်တဲ့ တန်ဖိုးကြီးကြီးမားမားရှိတဲ့အတွက် ကြည့်ဖူးသင့်ကြောင်းညွှန်းလိုက်ပါတယ်။
ပရိတ်သတ်ကြီးအတွက် တရုတ်သမိုင်းကားတစ်ကား တင်ဆက်လိုက်ပါတယ်။ ဒီဇာတ်ကားက သာမညဇာတ်ကားတစ်ကား မဟုတ်ပါဘူး တရုတ်ပြည်ရဲ့ သမိုင်းကြောင်းကို ဒီမိုကရေစီလမ်းကြောင်းပေါ်တွန်းတင်ခဲ့တဲ့ စာရေးဆရာ, ဒေါက်တာအတွေးခေါ်ပညာရှင် ဒေါက်တာ ဆန်း(Dr.Sun Wen) ကိုအခြေပြု ရိုက်ကူးထားတာပါ။ ဒေါက်တာဆန်း တစ်ယောက် ဖရိုဖရဲဖြစ်နေတဲ့တရုတ်ပြည်ကြီးကို ကယ်တင်ဖို့ ဂျပန်ကနေ ဟောင်ကောင်ကို ခရီးထွက်ခဲ့ပါတယ်။ သူခရီးထွက်လာတဲ့ရည်ရွယ်ချက်ကတော့ ပြိုကွဲနေတဲ့ ဂိုဏ်းဃန တွေကို ပြည်လည်စည်းရုံးပြီး Qing မျိုးဆက်ကို အမျိုးဖြုတ်ဖို့ပါ။ ဒီထဲမှာ China Daily သတင်းစာတိုက်ကလည်း ကုလားကာနောက်ကွယ်ကနေပံ့ပိုးနေခဲ့တာပါ။ ဒေါက်တာဆန်း ရဲ့ဟောင်ကောင်ခရီးစဉ်ကရော ချောမွေ့ပါ့မလား သတင်းစာတိုတ်ကလည်း ဘယ်လိုမျိုး နောက်ကွယ်ကနေဘယ်လိုအထောက်ပံ့တွေပေးမှာလဲ လူတစ်ယောက်ကရော နိုင်ငံတစ်နိုင်ငံကောင်းစားရေးအတွက် ဘယ်လောက်ထိ စွန့်လွှတ်ရမှာလဲဆိုတာ ဆက်လက်အားပေးကြည့်ရှု့ကြပါရန်…။
IMDB Rating 6.8 ရရှိထားတဲ့ Colette ဆိုတဲ့ ၂၀၁၈ ထွက်ရုပ်ရှင်ကားလေးကတော့ ပြင်သစ် mime အနုပညာရှင်၊ ပြဇာတ်မင်းသမီး၊ ဂျာနယ်လစ်၊ နိုဘယ်ဆု ဆန်ကာတင်စာရင်းဝင် စာရေးဆရာမ Sidonie-Gabrielle Colette ရဲ့ အစောပိုင်းဘဝအကြောင်းကို ရိုက်ကူးထားတာပါ။ အဓိက ဇာတ်ဆောင်အနေနဲ့တော့ အထူးတလည်မိတ်ဆက်ပေးစရာမလိုတဲ့ Keira Knightley က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားမှာ ကျေးတောသူလေးတစ်ယောက် မြို့ကြီးပြကြီးမှာ မဝင်ဆန့်နိုင်တဲ့ ဒုက္ခတွေ၊ အနုပညာကိုအမြတ်ထုတ်ခံရတဲ့ အနုပညာသမားတွေ၊ အဲဒီနှစ်တွေက မိန်းမတစ်ယောက်ရဲ့ နိမ့်ကျမှုတွေ ကြားက Sidonie-Gabrielle Colette ရဲ့ ဘဝကိုကြံ့ကြံ့ခံရင်ဆိုင်ပြီး တိုက်ခိုက်ခဲ့တဲ့ လွတ်လပ်တဲ့စိတ်ထားရှိတဲ့ ပုံစံကိုမြင်တွေ့ရမှာပါ။ လိင်တူချင်း ချစ်ကြိုက်တာကို ရှုံချတဲ့ ခေတ်ကြီးထဲက လိင်တူချစ်သူတွေအတွက် တိုက်ခိုက်ခဲ့သူတစ်ဦးအနေနဲ့လည်း Colette သတ်မှတ်လို့ရပါတယ်။ R Rated ဇာတ်ကားဖြစ်တဲ့အတွက် မိသားစုနဲ့ကြည့်ဖို့မသင့်တော်ပါဘူး။ ဒီဇာတ်ကားနဲ့တော့မဆိုင်ပေမယ့် ဒီဇာတ်ကားထဲမှာပါတဲ့ ကျွန်တော်အကြိုက်ဆုံး Movie Quote လေးကတော့ “သမိုင်းဆိုတာ အဲဒီသမိုင်းကိုရေးတဲ့ ကလောင်ကိုင်သူလက်ထဲမှာပဲရှိတယ်” ဆိုတာပါပဲ။
1984ခုနှစ်ကျော်ကာလက ရောဂါဆန်းတွေ ကမ္ဘာကြီးထဲကို ထဲထဲဝင်ဝင် ရောက်ရှိလာသည့် နှစ်ကာလတွေဟု ပြောရမည်။အမေရိကလို အထူးလွတ်လပ်စွာနေထိုင်ခွင့်ရနိုင်သည့် လူတန်းစားတွေကြားမှာ လူတွေပဲ သတ်မှတ်ထားသည့် ကောင်းမှု ။မကောင်းမှု တွေအား အလွယ်တကူ ရရှိခံစားနိုင်သော အချိန်ကာလမှာ အေ့အိုင်ဒီအက်စ်ရောဂါကို ဖြစ်စေသည့် အိတ်ချ်အိုင်ဗွီ ဗိုင်းစ်ရပ်ပိုးကလေးတွေကလည်း လူသားတွေကြားကို တိုးဝင်ရောက်ရှိလာသည်။ ယခုနှစ်ကာလများသည် အေအိုင်ဒီအက်စ် ခေတ်ဦးလို့ ဆိုရမည်။လူတန်းစားအကြား ဖြစ်ပွားလာချိန်မှာ ဆေးသိပ္ပံအဖွဲ့အစည်းတွေအတွက် အထူးခေါင်းခဲရသော အချိန်ကာလများဖြစ်နိုင်သည်။လိင် အပျော်အပါး။မူးယစ်ဆေးဝါးစတဲ့ စိတ်လွတ်လပ်မှု ကို အထောက်အကူပြု သော ယင်းအချက်အလက်များနှင့် လွတ်ကင်းနိုင်ဖွယ်မရှိသည့် လူတန်းစားတွေကြားကို ချက်ချင်းပျံ့နှံ့လာသည်။ထဲထဲဝင်ဝင် ထိန်းချု ပ်တားဆီးလို့ရမည့် ဆေးတွေလည်း မရှိသေး။လူတွေလည်း တစ်ဖြု တ်ဖြုတ်သေကုန်သည်။ဆေးရုံအများစုတွင်လည်း အိတ်ချ်အိုင်ဗီကနေ အေ့စ်အဆင့်ဖြစ်နေသည့် လူနာတွေနှင့်ပြည့်လို့နေသည်။ သို့ဖြစ်စေကာမူ လူထုအကြားဝယ် ပညာပေးနှိုးဆော်မှု နှင့် ရောဂါကူးစက်နိုင်သော အကြောင်းရင်းတွေကို ရှောင်ကျဉ်ကာကွယ်ရမည့် အချက်တွေကို ထိထိရောက်ရောက် ပညာပေးချိန်မရှိသေးတဲ့အချိန်မျို းမှာ အပျော်အပါးခုံမင်သည့် ရွန်လို လူတစ်ယောက်မှာလည်း အိတ်ချ်ဗွီစက်ကွင်းက မလွတ်မြောက်ခဲ့။သူခန္ဓာကိုယ်ထဲမှာ အချိန်အတော်ကြာကတည်းက တိုးဝင်ရောက်ရှိနေပုံရသည့် ဗိုင်းရပ်စ်ပိုးသည် သူ၏ ခုခံအားကာကွယ်မှု နည်းစနစ်ကို ဘယ်အချိန်ကတည်းက တိုက်ဖျက်အောင်နိုင်ခဲ့ပြီလဲ မသိနိုင်။ကနဦးကမှ ကျန်းမာရေးစောင့်ရှောက်မှု နည်းပြီး ပေပေတေတေနေလေ့ရှိသူဖြစ်တော့ ခန္ဓာကိုယ်ဟာ ထောက်ကန်မပေးနိုင်ရှာတော့။ ရွန် တစ်ယောက် ဆေးရုံရောက်သွားသည်။ဆေးရုံရောက်တော့ ဆရာဝန်ပြောကြားချက်အရ သူမှာ အေအိုင်ဒီအက်စ်ရောဂါဖြစ်နေပြီတဲ့။သူမကြာခင်သေရတော့မှာလို့ ဆရာဝန်ကပြောသည်။အလွန်ဆုံးခံရင် ရက်သုံးဆယ်ပဲတဲ့။မိမိ၏ သေဆုံးရမည့် ရက်စွဲအတိအကျကို ပြောပြသတ်မှတ်တာမျို းကြုံ ရချိန်မှာ ဘယ်လိုလူသားမျိုးက ပြုံ းပြုံ းကလေးနှင့် ခေါင်းညိတ်လက်ခံနိုင်မှာလဲ။သူမယုံ။ဆရာဝန်တွေကို အော်ဆဲသည်။ သူ့မှာ ဒီရောဂါမရှိနိုင်ဟု အကြောက်အကန် ငြင်းဆန်ပေမယ့် သူ့ခန္ဓာရဲ့ထောက်ကူမှု ဟာ သိသိသာသာလျော့နည်းလာတာကိုတော့ သိရှိနေသည်။ဆရာဝန်ပြောကြားချက်အရ မူးယစ်ဆေးကို မသန့်ရှင်းသည့်ဆေးထိုးအပ်နဲ့ မျှဝေသုံးစွဲတာတို့နှင့် လိင်တူလိင်ကွဲဆက်ဆံမှု ကနေ ကူးစက်သည်ဟု ပြောပေမယ့် သူက လိင်တူဆက်ဆံရခြင်းအမှု ကို အထူးရွံရှာသူဖြစ်သည်။ဒါပေမယ့် ပြည့်တန်ဆာများနှင့် လွန်လွန်ကဲကဲ အပျော်အပါးလိုက်စားမှု ကိုတော့ မရှောင်ကျဉ်ခဲ့။ဒီရလဒ်ကြောင့် ကူးစက်ရသည်ကို သိသွားတဲ့အခါမှာ ကိုကင်းတွေကို ခါတိုင်းထက်ရှု ရှို က် သုံးစွဲပြန်သည်။အရက်တွေပိုသောက်သည်။ခန္ဓာကိုယ်က ခါးလယ်ကပိုင်းဖြတ်ခံရသော အပင်တစ်ပင်လို ခွေကျသွားပြန်သည်။ ရွန်တို့ အေအိုင်ဒီအက်စ် ရောဂါဖြစ်ရသော ကာလသည် အခြေအနေအဆိုးဝါးဆုံး အချိန်ကာလတစ်ခုပါပဲ။ယခုခေတ်လို အိတ်ချ်အိုင်ဗွီ ဗိုင်းရပ်စ် ပျံ့နှံ့မှု ကို ထိန်းချု ပ်ပေးသည့် ART လို ဆေးဝါးတွေလည်း မပေါ်ပေါက်သေး။ဟိုဆေးက တည့်နိုးနိုး ဒီဆေးက ကောင်းနိုးနိုး စမ်းသပ်ဆဲအဆင့်သာ ရှိသေးသည်။ထိုအခါဝယ် ရွန်တို့လို လူနာတွေသည် ဆေးကုမ္ပဏီတွေ၏ အစမ်းသပ်ခံလူနာမျိုးတွေ ဖြစ်ကုန်သည်။ဆေးရုံကို တစ်ဖန်ပြန်ရောက်သောအခါတွင် သူလို လူနာတွေအတော်များများ ရှိနေသည်ကို တွေ့ရသည်။သူ့ခုတင်ကပ်ရက်မှာ နောင်တွင် ဘဝရုန်းကန်ဖော် မိတ်ဆွေဖြစ်လာမည့် မိန်းမလျာ ရေရွန်နှင့် ဆုံရပြန်သည်။ဖြစ်တည်ခံစားနေရသည့် ဘဝမွန်းကြပ်မှု များကြောင့် အနာဂါတ်ပျောက်ဆုံးနေတဲ့ ရွန်ရဲ့စိတ်အစုံဟာ ကြည်လင်မှု အားနည်းနေချိန်မှာ ကနဦးကပင် မိန်းမလျာတွေဆိုရင် မြင်ပြင်းကတ်လေ့ရှိသည့်အတွက် အေ့စ်ဝေဒနာသည် ရေရွန်အနားကပ်လာချိန်တွင် နှင်ထုတ်ပစ်သေးသည်။ အေ့စ်ရောဂါသည်မှန်းသိရင် လူ့အဖွဲ့အစည်းအတွင်းထဲက စွန့်ပစ်ပစ်ပယ်သူသာ ပေါများသည့် လူလောကဝယ် ရွန်၏ မိတ်ဆွေတွေကလည်း ထိုနည်းနှင်နှင်ပါပင်။ရွန်ကို ရှောင်ဖယ်ကြသည်။အသားချင်းထိမှာပင် ကြောက်ရွံ့နေကြ၏။ထိုအခါမျို းမှာ သူအော်ညံဆဲဆိုထားသော မိန်းမလျာ ရေရွန်ကမူ စိတ်မဆိုးဘဲ သူ၏ခြေသလုံးပုလွေ ရိုးလေးကိုပင် ကြွက်တက်ဝေဒနာခံစားရချိန်၌ နှိပ်နယ်ပေးသေးသည်။ သူ့စိတ်ထဲတွင် အကောင်းမြင်စိတ်ကလေး ဝင်သွားသလိုပင်။ ရွန်အနေဖြင့် မပေတေရဲတော့။လူသားတစ်ဦးပီပီ သေဆုံးရမယ့်ကာလနောက်ဆုံးအထိ စိတ်အားတင်းရမည်ဆိုတာ နားလည်သဘောပေါက်ပုံရသည်။ဒီလိုမျို း ဘာဆေးဝါးမှ အတိအကျ မရှိသည့် စမ်းတစ်ဝါးဝါးကာလမျို းမှာ မိမိကိုယ်ကိုယ် မိမိဘာသာ ထိန်းကျောင်းခြင်းကသာ အကောင်းဆုံးပဲ မဟုတ်ပါလား။ဆေးရုံကဆရာဝန်တွေကနေတစ်ဆင့် AZT ဆေးဝါးကို သုံးစွဲလျှင် ဝေဒနာသက်သာသည်ဟု သိရသည်။သို့ပေမယ့် ယင်းဆေးဝါးတွေကလည်း အတိအကျအထောက်အကူပြု တယ်လို့ ခိုင်မာတဲ့ရလဒ်ကလည်း မရှိသေးပေ။ထို့ကြောင့် ဝယ်ယူလို့လည်းမရပေ။ သူခိုးဝယ်သည်။မှီဝဲကြည့်သည်။သက်သာမလာ ပိုဆိုးလာသည်။ထို့နောက်ပိုင်းကာလများသည် ရွန် တစ်ယောက် ယင်းဝေဒနာဆိုးကြီးကိုကြံ့ကြံ့ခံကာကွယ်သော အထူးသဖြင့် ဆရာဝန်တွေက သတ်မှတ်ပြောကြားထားသည့် ယင်းရောဂါဝေဒနာဖြစ်ပါက နှစ်ကာလအနည်းငယ်အတွင်းမှာ ဧကန်မုချ သေဆုံးရမည် ဆိုသည့် စကားရပ်ကြီးကို စိတ်ဓါတ်ခိုင်မာမှု ။အထောက်အကူပြု နိုင်သော နည်းလမ်းအသွယ်သွယ်ကို ကြို းစားရှာဖွေကာ ခိုင်ခိုင်မာမာ ရပ်တည်ပြသည့် အေ့စ်ဝေဒနာဆိုးကြီးအား ခုတင်ပေါ်ဝယ် တစ်ရှုံ့ရှံ့ထိုင်ငိုကာ အရှူံ းပေးမယ့်အစား လက်တွေ့ကျကျ တန်ပြန်တိုက်ခိုက်ပြသည့် အချိန်ကာလတွေကို ပြဆိုသွားခြင်းဖြစ်သည်။ရွန်သည် လက်တွေ့ဘဝဝယ် ရှိခဲ့သော အေ့စ်ဝေဒနာဖြစ်ရပ်များအတွက် အတုယူရှင်သန်တတ်စေဖို့ စံနမူနာပြ ကြို းစားပြခဲ့သော လူပုဂ္ဂို လ်တစ်ယောက်လို့လည်း သတ်မှတ်နိုင်ပါသည်။ ယခု ခေါင်းစဉ်ပါ Dallas Buyers Club ဆိုတာက အေ့စ်ဝေဒနာလျော့ပါးဖို့အတွက် အထူးသဖြင့် AZTဆေးဝါးက အလုပ်မဖြစ်မှန်း သိရှိသွားတဲ့အခါမှာ သူကိုယ်တိုင်ရှာဖွေထားသော ဆေးဝါးများဖြင့် ဘဝတူဝေဒနာရှင်များအား ဖြန့်ဝေကုသသော ဆေးဆိုင်တစ်ဆိုင်လို့ ပြောလို့ရပါမည်။ထို့နောက်တွင် မိန်းမလျာအေ့စ်ရောဂါဝေဒနာရှင်လေး ရေရွန်နှင့်အတူ FDA လို ဆေးဝါးထိန်းချု ပ်ရေး ကုမ္ပဏီတွေရဲ့ တိုက်ခိုက်မှု တွေကိုပါ ရင်ဆိုင်ကာ ဘဝခရီးကို ဖြတ်သန်းကြခြင်း ဖြစ်ပါသည်။ ယခုရုပ်ရှင်တွင် အေ့စ်ဝေဒနာသည်များအဖြစ် သရုပ်ဆောင်သွားသည့် မက်သရူး မက်က္ကနောဟေးနှင့် မိန်းမလျာဇာတ်ရုပ်အဖြစ် ပါဝင်ထားသော ဂျရတ် လက်တိုတို့နှစ်ဦးလုံး အနေဖြင့် အော်စကာဆုကို ဆွတ်ခူးရရှိခြင်းမှာ အထူးပင် အံ့သြဖွယ်ရာ မရှိချေ။မက်သရူး မက္ကနောဟေးဆိုလျှင် လူကောင်ထွားထွားကြီးနှင့် ကြမ်းကြမ်းဇာတ်ရုပ်မျို းတွေသာ လိုက်ဖက်သူဟု ရှူ မြင်ခဲ့ပေမယ့် ယခုရုပ်ရှင်မှာမူ စာတန်းသာထိုးမထားလျှင် သူဟုပင် သိနိုင်ကြမည် မထင်ပါ။ရောဂါဝေဒနာ နှိပ်စက်မှု ကြောင့် ပိန်ချုံ းကျုံ လှီနေသည့် ခန္ဓာကိုယ်ကလေးနှင့် အကောင်းဆုံး သရုပ်ဆောင်သွားနိုင်ခဲ့သလို ဂျရတ်လက်တိုမှာလည်း မိန်းမလျာဇာတ်ရုပ်ကို ကြည့်သူတွေ ရင့်နင့်အောင် သနားမိလာအောင် ပိုလိုသော အိုက်တင်မျက်နှာပေးတွေ အမူအယာတွေလည်း လုံးဝမပါဘဲ ဆေးစွဲနေသူ ။ဘဝတူ ကူညီအားပေးသည့် မိတ်ဆွေတွေကို ဖြူ ဖြူ စင်စင် ခင်တွယ်ရှာသူ။တတ်အားသမျှ ကူညီပေးတတ်သည့် မိန်းမလျာလေးတစ်ဦးအဖြစ် ဇာတ်ပို့နေရာကနေ ကြည့်ရှု သူစိတ်တွေဆီကို စွဲကျန်အောင် ထားရစ်ခဲ့ပါသည်။ထို့ကြောင့်ပင် နိုင်ငံတကာကချီး မြှင်သော အနုပညာပိုင်းဆိုင်ရာ ဆုတွေကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခြင်း ဖြစ်တန်ရာ၏။ ကျွန်တော်တို့လူသားအားလုံးမှာ နေ့စဉ်လိုလို မတော်တဆမှု ကြောင့် ဖြစ်စေ ။ရောဂါဝေဒနာများကြောင့် ဖြစ်စေ သေဆုံးနေကြရချည်းသာ ဖြစ်သည်။ထိုအခါဝယ် အေ့စ်လို ရောဂါမျို းကလည်း ရောဂါအထွေထွေထဲက ရောဂါတစ်မျို းမျို းသာ မဟုတ်ပါလား။ထိုရောဂါဆိုးကြီးကို မည်သူမျှတော့ လက်ခံချင်ကြမှာ မဟုတ်တာတော့ သေချာပါသည်။သို့ရာတွင်မူ အကြောင်းအမျို းမျို းကြောင့် မိမိတို့ထံကို ရောက်ရှိလာတာမျို းလည်း ကြုံနိုင်ပါသည်။သေခြင်းတရားကတော့ နည်းလမ်းအမျို းမျို းနှင့် ရောက်လာနိုင်တာပါပဲ။အေအိုင်ဒီအက်စ်ကရော တကယ်ပင် လူသားတစ်ယောက်ကို မည်သူကမျှ ဘာမှလုပ်မပေးနိုင်ဘဲ လက်မှို င်ချကြည့်ရှု့နေရသည့် ရောဂါဆိုးကြီးဆိုတာတကယ်ပဲလား။ရွန်လို လူသားတစ်ယောက်ကတော့ ကနဦးခေတ်ကာလမှာပင် အပြုံ းမပျက်ဘဲ တွန်းလှန်ပြသွားခဲ့ပါသည်။ဒါဟာ ကိုးဆယ့်ခြောက်ပါးသောဝေဒနာထဲက ထူးမခြားနားသည့် ဝေဒနာတစ်ရပ်လို သဘောမျို းသာဖြစ်ကြောင်း သူကိုယ်တိုင်က ကြံ့ကြံခံတိုက်ခိုက်၍ သက်သေပြသွားခဲ့ပါသည်။ ယခုခေတ်ကာလတွင် စောင့်ရှောက်ရေးဂေဟာတွေ။စနစ်တကျ စမ်းသပ်ထုတ်လုပ်ထားပြီဖြစ်သည့် ဆေးဝါးတွေကိုလည်း သုံးစွဲရရှိနိုင်ပြီ ဖြစ်ပါသည်။ရွန်လို ဟေ့ကောင်တွေ ငါမသေဘူးကွ။ငါရက်သုံးဆယ်အတွင်း သေမှာဆို ။ငါမသေဘူးကွ။ဘဝက ဒီလိုမျို းကြုံ မယ်လို့တော့ ဘယ်တွေးမိမလဲ။ဖြစ်ချင်တာက မိသားစုကလေးပိုင်ဆိုင်ချင်တယ်။မြင်းရိုင်းတစ်ကောင်ပေါ်မှာ စီးနင်းဖျော်ဖြေပြတဲ့ မြင်းစီးသမား ဖြစ်ချင်တာ ဆိုပဲ။သူကတော့ ပြောသည့် အတိုင်း ဝေဒနာကြီး ရှိနေလျက်နဲ့ လုပ်ပြခဲ့သည်။သေမင်းကို လှောင်ပြုံ း ပြုံးပြသွားခဲ့ပါသည်။ ကျွန်တော်တို့ရော အရာရာ ရှုံ းနိမ့် အဆိုးတွေလာရောက်နှိပ်စက်ကလူပြု နေတုန်းမှာ ရွန်လို အဲဒီအဆိုးတရားတွေကို ပြုံ းပြပြီး လက်လှဲအနိုင်မယူနိုင်ဘူးလားဟု မေးရင်းဖြင့်သာ။
Gary Oldman တစ်ယောက် Darkest Hour ရုပ်ရှင်နဲ့ Golden Globe Best Actor Award ရသွားပြီ၊ Academy Awards မှာလဲ Best Picture နဲ့ Best Actor Nomination ဝင်ထားပြန်ပြီ။ လူတိုင်းသိတဲ့ ဝင်စတန်ချာချီအကြောင်း ရိုက်ထားတဲ့ရုပ်ရှင်က ဘာလို့များ ဒီလောက်နာမည်ကြီးနေရတာလဲ? Darkest Hour ဟာ ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီအကြောင်းရိုက်ကူးထားတဲ့ရုပ်ရှင်ကားတစ်ကားဖြစ်ပေမယ့် ဝင်စတန်ချာချီရဲ့ ဘဝတစ်ခုလုံးကိုပြတာလဲမဟုတ်သလို ဒီကားထဲမှာ စစ်တိုက်တာတွေလဲ မပါပြန်ပါဘူး။ ဒီရုပ်ရှင်မှာ အဓိကပြသွားတာကတော့ ချာချီ ဝန်ကြီးချုပ်ဘယ်လိုဖြစ်လာတယ်၊ ဂျာမနီရဲ့ကျူးကျော်စစ်ကြီးကို ပြန်အံတုနိုင်ဖို့ သူ့ရဲ့ပါတီ၊ လွှတ်တော်ထဲမှာတင် ဘယ်လောက်တောင် လုံးလည်ချာလည်လိုက်ခဲ့ရလဲဆိုတာတွေပါ။ ဒီလောက်ရိုးရှင်းတဲ့ရုပ်ရှင်က ဘာလို့များ ဒီလိုဆုတွေအတွက် လျာထားခံရသလဲ? အဖြေကရှင်းပါတယ်။ ဒီရုပ်ရှင်ထဲမှာ Gary Oldman ဟာ တကယ့်ဝင်စတန်ချာချီ ဝင်သရုပ်ဆောင်နေသလား အောက်မေ့ရလောက်အောင် တူလွန်းလှပါတယ်။ တစ်နေ့ကို ၁၈ နာရီရိုက်ကူးရေးလုပ်ရပြီး ၆ နာရီသာအိပ်ခဲ့ရပါတယ်။ ဝင်စတန်ချာချီလို ဗိုက်ပူပူနဲ့ လူကောင်လုံးလုံးကြီးဖြစ်အောင် ပိန်ပိန်ပါးပါး Gary Oldman ဟာ လူခန္ဓာကိုယ်ပုံစံတူပြုလုပ်ထားတဲ့ဝတ်စုံအကြီးကြီးကိုဝတ်ဆင်ပြီး သရုပ်ဆောင်ခဲ့ရပါတယ်။ ဆေးလိပ်တွေသောက်ရလွန်းလို့ အဆိပ်သင့်တဲ့အထိလဲ ဖြစ်ခဲ့ပါသေးတယ်။ အဲ့လောက်အထိကို ကြိုးစားခဲ့ရတာပါ ဒီဇာတ်လမ်းရဲ့ထူးခြားချက်ကတော့ ဝင်စတန်ချာချီကို ဘယ်တုန်းကမှမမြင်ဖူးတဲ့ အမြင်နဲ့ တွေ့ရတာပါ။ ဇာတ်လမ်း အစအလယ်အဆုံး ဆူပုတ်ပုတ် ဂျစ်ကန်ကန်ပုံစံ ဝင်စတန်ချာချီကို မြင်တွေ့ရမှာဖြစ်ပြီး သူ့ရဲ့နာမည်ကျော် မိန့်ခွန်းတွေကိုလဲ နားထောင်ရမှာဖြစ်သလို ဘုကလန့်ဂွစာပုံစံတွေကိုလဲ ကြည့်ရှူရမှာပါ။ ဇာတ်လမ်းက တခြားအတ္ထုပတ္တိရုပ်ရှင်တွေလိုမျိုး ဇာတ်အိမ်အရမ်းနက်နဲမှုမရှိပဲ ပေါ့ပေါ့ပါးပါးနဲ့ သမိုင်းရုပ်ရှင်တစ်ကားကို စိတ်ဝင်စားအောင်တင်ဆက်ထားပါတယ်။ သမိုင်းအချက်အလက်တွေလဲ အများကြီးပါဝင်သလို ပါဝင်အားဖြည့်ပေးထားတဲ့ ဇာတ်ပို့သရုပ်ဆောင်တွေကလဲ Gary Oldman ရဲ့ ချာချီဇာတ်ကောင်ကို အများကြီးထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ ဒီဇာတ်လမ်းရဲ့ နောက်ခံသမိုင်းကြောင်းအနေနဲ့ ဒန်းကတ်ကမ်းခြေမှာသောင်တင်နေတဲ့ စစ်သား ၄သိန်းကို ကယ်ထုတ်ဖို့ကြိုးစားတဲ့ဖြစ်ရပ်ကို အခြေခံထားပြီး ဝင်စတန်ချာချီအနေနဲ့ ဒီလူ ၄ သိန်းကို ကယ်ထုတ်ဖို့၊ သူ့ကို ဗြိတိန်လွှတ်တော်၊ ဘုရင်၊ သူ့ရဲ့ပါတီဝင်တွေ ယုံကြည်လာအောင်၊ ပြည်သူတွေ သူ့ကိုထောက်ခံအားပေးလာအောင် ဘယ်လိုအားထုတ်ခဲ့ရတယ်ဆိုတာကို မြင်တွေ့ရမှာပါ။ ဒီရုပ်ရှင်ကိုကြည့်ပြီးရင် ချာချီရဲ့စိတ်နေစိတ်ထား၊ သူ့ရဲ့ခံယူချက်၊ သူ့ရဲ့သတ္တိကို ပိုပြီးနားလည်သဘောပေါက်လာမှာသေချာပါတယ်။ ဒီနှစ် Academy Awards မှာတော့ The Disaster Artist မင်းသား James Franco မရမှာသေချာနေပြီဆိုတော့ Gary Oldman ကိုတော့ တစ်ပေးထားလိုက်ပါပြီ။ ဆုတွေလဲအများကြီးဆွတ်ခူးထားတဲ့ရုပ်ရှင်ဖြစ်သလို Academy Award Best Picture Nominee ရုပ်ရှင်ကားတစ်ကားဖြစ်တဲ့အတွက် ကြည့်ဖြစ်အောင်ကြည့်သင့်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကြည့်ပြီးရင် Christopher Nolan ရဲ့ Dunkirk ရုပ်ရှင်ကိုလဲ ကြည့်ဖြစ်အောင်ကြည့်စေချင်ပါတယ်။ ဒီဇာတ်ကားနှစ်ကားက ဆက်စပ်မှုရှိနေသလို နှစ်ကားလုံးကလဲ အကောင်းဆုံးရုပ်ရှင်ဆု လျာထားခံထားရတဲ့အတွက်ကြောင့်ပါ။
mmbusticket ဖုန်းရွှေပညာရပ်အရ မင်္ဂလာမြေဟာ လူသားတွေရဲ့ကံဇာတာကို တိုးတက်စေဖို့ များစွာကူညီပေးတယ်ဆိုတာကိုတော့ တော်တော်များများကြားဖူးကြမှာပါ။ ဒီကားလေးထဲမှာတော့ အထက်တန်းစားမျိုးနွယ်ဖြစ်တဲ့ ကင်မျိုးနွယ်စုဟာ မိမိတို့ အလိုပြည့်ဖို့ ဖုန်းရွှေပညာနဲ့ မြေရဲ့စွမ်းအားတွေကို မသမာတဲ့နည်းလမ်းနဲ့အသုံးပြုကြသူတွေဖြစ်ပြီး သူတို့လမ်းမှာ ဝင်နှောင့်ယှက်သူတွေကိုလည်း ရှင်းပစ်ဖို့ဝန်မလေးတဲ့သူတွေပါ။ တိုင်းပြည်အပေါ်သစ္စာစောင့်သိတဲ့ သာမာန်ဖုန်းရွေပညာရှင်လေး ပတ်ဂျေဆန်း ကတော့ အမတ်ကြီးရဲ့မျက်မုန်းကျိုးခံရပြီး မိသားစုကို ဆုံးရှုံးခဲ့ရပြီးနောက် ကင်မိသားစုရဲ့ မသမာမှုတွေကို တားဆီးဖို့ကြိုးစားရင်း ဖုန်းရွှေပညာကို လူသားတွေအကျိုးအတွက်သာအသုံးပြုချင်သူပဲဖြစ်ပါတယ်။ မြေစွမ်းအားကို အသုံးပြုပြီး တော်ဝင်မိသားစုကို ကြိုက်သလို ခြယ်လှယ်နေတဲ့ ကင်အမတ်ကြီး အုပ်စိုးမှုအောက်မှာ ရူးချင်ယောင်ဆောင်ခဲ့ရတဲ့ ဟုန်ဆိုးမင်းသားတစ်ယောက် သူ့ရဲ့အပေါင်းအပါတွေနဲ့အတူ တူတော်မင်းကြီးကို ကူညီရင်း ဖုန်းရွှေပညာရှင်လေးနဲ့ ပူးပေါင်းမိကြပါတယ်။ သူကိုယ်တိုင် အနှိမ်ခံတော်ဝင်ခွေးအဖြစ်နဲ့ ကြီးပြင်းခဲ့ရတဲ့ ဟုန်ဆိုးမင်းသားတစ်ယောက် မျိုးဆက်နှစ်ဆက် မင်းဖြစ်စေနိုင်တယ်ဆိုတဲ့ မြေစွမ်းအားကို တပ်မက်မိတဲ့အခါမှာတော့…. ဂျိုဆွန်းပြည်ကြီး ဘယ်လို အဖြစ်အပျက်တွေနဲ့ ကြုံတွေ့ရမှာလဲ… ? ဆိုတဲ့ အဖြစ်အပျက်လေးတွေကို ဒီကားလေးထဲမှာ ပရိသတ်ကြီး စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်….. ဒီလို မင်းမျိုးနွယ်တွေရဲ့ အရှုပ်အထွေးတွေကြား နာမည်ကြီး မင်းသမီးတစ်လက်ဖြစ်တဲ့ Moon Chae-won ကလည်း ဒီကားလေးထဲမှာ ဖခင်အတွက် လက်စားချေဖို့ ကြိုးစားနေသူ ဂေဟာမယ်ခေါင်းဆောင် ချိုဆန်းအဖြစ် ပါဝင်သရုပ်ဆောင်ထားသေးပါတယ်နော်…. ပညာရှင် ပတ်ဂျေဆန်း အဖြစ် Cho Seung-woo ဟုန်ဆိုးမင်းသားအဖြစ် Ji Sung ချိုဆန်းအဖြစ် Moon Chae-won တို့က ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်
သူတို့အားလုံးကို ကျွန်တော်အိမ်ပြန်ပို့နိုင်စေရမယ်လို့ ကတိပေးထားတယ်….ဆိုလိုတာက တစ်ဝက်လောက်ကို လိမ်လိုက်ရတဲ့ဆိုတဲ့သဘောပေါ့” ဒီစကားကိုတော့ တပ်ကြပ်ကြီးတစ်ဦးက ဂျပန်ကျွန်းဆွယ်ဖြစ်တဲ့ အီဝိုးဂျီဝါးကျွန်းကို မသိမ်းခင် တပ်ခွဲမှူးအရာရှိကို ပြောနေတဲ့စကားပဲဖြစ်ပါတယ်.။ပြောချင်တာက ဥပမာလူ(၃၀၀)တက်ရင် ၁၅၀သေမယ် ၁၅၀အသက်ရှင်မယ်ပေါ့လေ။ ..ဒီဂျပန်ကျွန်းတက်သိမ်းမယ့် စစ်ဆင်ရေးမှာ သူကိုယ်တိုင်လည်း အသက်ဆုံးရှုံးနိုင်ဖို့ ၇၀ရာနှုန်းလောက်သေချာနေပေမယ့် သူ့ကိုယ်သူထက် လက်အောက်ငယ်သားတွေ အတွက်စိတ်မကောင်းဖြစ်နေပုံပါပဲ…. Flags of Our Fathers ဆိုတာ ဒုတိယကမ္ဘာစစ်အတွင်း အီဝိုးဂျီဝါးကျွန်းကိုတက်သိမ်းစဉ်ဖြစ်ပျက်ခဲ့တဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်မှီငြိမ်းဇာတ်ကားဖြစ်ပါတယ်….. ဒီကျွန်းကိုတက်မသိမ်းခင် ရေတပ်ကအမြှောက်ကြီးတွေက ဗုံးမိုး ရက်(၂၀)လောက်ရွာခဲ့လို့ မြက်ပင်တောင်မရှိတော့ဘူး…. သို့ပေမယ့် ဂျပန်တို့ရဲ မြင့်မြတ်သောကျွန်းအဖြစ်ဦးထိပ်ထားတဲ့ ဒီကျွန်းကိုရဖို့ အမေရိကန်တို့ အရာအားလုံးနီးပါးစတေးခဲ့ရတယ်… ကျွန်တော်ဒါတွေပြောလို့ စပွိုင်လာဖြစ်သွားတယ်လို့မထင်လိုက်ပါနဲ့…တကယ့်ဒီဇာတ်ကားရဲ့ အဓိကအဖြစ်ဆုံးအကြောင်းအရာက အီဝိုးဂျီဝါးကျွန်းရဲ့တောင်ကုန်းပေါ်မှာ စိုက်ထူခဲ့တဲ့အလံဖြစ်ပါတယ်… ဒီအလံရဲ့နောက်ကွယ် ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ အကောင်းဆုံးအပိုင်းဖြစ်လို့ ထိန်ချိန်ထားပါရစေ…. ဒီကားက စစ်ကားထဲမှာဆို တကယ့် ဂန္တဝင်စားရင်းထဲကိုထည့်ရလိမ့်မယ်ထင်တယ်..ဒါရိုက်တာက Clint Eastwood ကြောင့် လို့လည်းမထင်လိုက်ပါနဲ့…ကျွန်းသိမ်းစဉ်မှာ ကြည်း၊ရေ၊လေ (၃)ခုပေါင်းပြီး ထိုးစစ်ဆင်ခဲ့ပုံတွေကို တကယ့်ထိတ်လန့်စရာ စစ်မြေပြင်အတိုင်းရိုက်ပြနိုင်သလို စစ်ရဲ့ဆိုးကျိုးတွေ တိုက်ပွဲဝင်စစ်သည်တွေရဲ့ ခံစားချက်အဖုံဖုံ ခံယူချက်အမျိုးမျိုးတွေကိုလည်း ရိုက်ပြနိုင်ခဲ့တယ်…ဒါ့အပြင် အစိုးရပိုင်း ပြည်သူနဲ့ စစ်သည်တွေကြားရဲ့ ဆက်နွယ်မှုတွေကိုလည်း ခင်ဗျားတို့မြင်ရလိမ့်မယ်… ဒီကားက အော်စကာ ဆန်ကာတင်(၂)ဆုစာရင်းဝင်ခဲ့သလို အခြားဆု(၁၅)ဆုလည်းရရှိခဲ့တယ်… ကျွန်တော်တို့ရဲ့ ဒါရိုက်တာကြီး Clint Eastwood ကတော့ AARPက ချီးမြင့်တဲ့အကောင်းဆုံးဒါရိုက်တာဆုရရှိခဲ့တယ်.. ကိုင်း စစ်ကားကြိုက်တဲ့ သူတွေအတွက် အကောင်းဆုံးစာရင်းဝင် တစ်ကားတင်ဆက်လိုက်ပါပြီ… ခံစားကြည့်လိုက်ပါဦး…..
အခုတင်ပေးမှာကတော့ လူနဲ့တိရစ္ဆာန်အကြား ချစ်ခြင်းမေတ္တာ၊ မိသားစုချစ်ခြင်းမေတ္တာ၊ စစ်၏သဘောတရား စတဲ့ ခံစားမှုရသမျိုးစုံပါဝင်တဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ ဇာတ်ကားနာမည်ကတော့ အပေါ်ကအတိုင်း War Horse ပါ...စစ်မြင်းတစ်ကောင်အကြောင်းပေါ့…
Jurassic Park, Jaws စတဲ့ တိရစ္ဆာန်ဦးစားပေးဇာတ်ကားတွေ၊ Saving Private Ryan၊ Schindler’s List၊ စတဲ့ စစ်ပွဲဦးစားပေးဇာတ်ကားတွေကို ရိုက်ကူးခဲ့တဲ့ နာမည်ကြီး ဒါရိုက်တာ Steven Spielberg က ရိုက်ကူးထားတာဖြစ်ပါတယ်…စာရေးဆရာကြီး Michael Morpurgo ရဲ့ နာမည်ကျော် War Horse စာအုပ်ကို မှီငြမ်းရိုက်ကူးထားတာဖြစ်ပြီး ပထမကမ္ဘာစစ်အတွင်း
နိုင်ငံအသီးသီးက အသုံးပြုခဲ့တဲ့ မြင်းပေါင်း ရှစ်သန်းကျော်ရဲ့ သနားစရာဘဝကို တစ်ကောင်တည်းနဲ့ ကိုယ်စားပြု ရိုက်ကူးထားတာဖြစ်ပါတယ်…ပြီးတော့ Loki မင်းသား Tom Hiddleston နဲ့ Sherlock Holmes မင်းသား Benedict Cumberbatch တို့ကလည်း အားဖြည့်ကူညီထားပါတယ်….ဇာတ်လမ်းအညွှန်းပထမကမ္ဘာစစ်မစမီ အင်္ဂလန်ပြည်မှာ လယ်ထွန်ဖို့အတွက် မြင်းတွေကို အသုံးပြုခဲ့တာပါ…ဈေးတွေမှာ မြင်းတွေကို လေလံဆွဲရောင်းချရာကနေ ဇာတ်လမ်းရဲ့
အဓိကဇာတ်ကောင်ဖြစ်တဲ့ Joey ဆိုတဲ့မြင်းလေးကို Ted Narracott ဆိုတဲ့လူက ဝယ်ယူခဲ့ရာက စတာပါ…လယ်ထွန်တတ်တဲ့ မြင်းဝယ်ရမယ့်အစား စစ်မြင်းလေးကို ဈေးကြီးပေး ဝယ်ချလာတဲ့ Ted တို့ မိသားစုမှာ ပြဿနာမျိုးစုံတက်တော့တာပါပဲ…ဒါပေမဲ့ Ted ရဲ့သားဖြစ်သူ Albert က မြင်းလေးကိုကောင်းကောင်းမွန်မွန်သင်ကြားပေးပြီး ပြဿနာအချို့ကို ကျော်လွှားနိုင်ခဲ့ပေမယ့် အခြေအနေအမျိုးမျိုးကြောင့် ဒီမြင်းလေးကို စစ်တပ်ကို ရောင်းချခဲ့ရပါတယ်…ဒီလိုနဲ့ ပထမကမ္ဘာစစ်မှာ
မြင်းလေးကို အသုံးပြုဖို့ဖြစ်လာခဲ့ပြီး သူ့ကိုအရမ်းချစ်တဲ့ Albert ကတော့ မြင်းလေးနဲ့ ဝေးဖို့ဖြစ်လာခဲ့ရာကနေ သူ့ရဲ့မြင်းလေးနဲ့ ပြန်တွေ့ဖို့ ကြိုးစားခဲ့ပုံတွေကို ရိုက်ကူးထားတာပါ…စစ်ပွဲအတွင်း မြင်းတွေကို အမျိုးမျိုးအသုံးချပုံတွေ၊ စစ်သားတွေရဲ့ ခက်ထန်မှုတွေ၊ တစ်ချိန်တည်းမှာပဲ စစ်သားတွေရဲ့ ချစ်စဖွယ်အပြုအမူတွေ၊ စစ်ပွဲတွင်းအဖြစ်အပျက်တွေကိုတခမ်းတနား ကြည့်ရမယ့် ဇာတ်ကားကောင်းလေးဖြစ်တာမို့Channel Myanmar ပရိသတ်ကြီးလည်း အကြိုက်တွေ့မယ်လို့ မျှော်လင့်
ပါတယ်…စစ်ကားလည်းဖြစ်တဲ့အပြင် ဒါရိုက်တာ Steven Spielberg ရဲ့ လက်ရာဆိုတော့ ထွေထွေထူးထူးညွှန်းစရာမလိုတဲ့အပြင်အမှတ်တရလေးသိမ်းထားစေဖို့အတွက် Blu-Ray 1080p 5.1 CH, Blu-Ray 720p တို့ဖြင့် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်….ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်….
ကမ္ဘာပေါ်တွင် ခေတ်အဆက်ဆက်စစ်ပွဲတွေဖြစ်လာခဲ့ကြသည်။ အတော်များများသည် သင်ရိုးညွှန်းတမ်းများတွင် ထည့်သွင်းသင်ကြားပေးပြီး စစ်ရဲ့ဆိုးကျိုးတွေနဲ့ စစ်ပွဲဖြစ်ရသည့်အကြောင်းများ ငြိမ်းချမ်းရေးစာချုပ်များသည် မည်မျှအရေးကြီးကြောင်းစတာတွေကိုသင်ကြားပါသည်…. ဒီကားလေးကတော့ ဒုတိယကမ္ဘာစစ်ကာလမှာ ဖရန်စစ်ဘော့ရှ် ဆိုတဲ့ စပိန်သား တစ်ယောက်ဟာ သြစတြီးယားနိုင်ငံထဲက အကျဉ်းစခန်းလေးတစ်ခုမှာ အကျဉ်းသားဖြစ်နေခဲ့တယ်…. ဒုတိယကမ္ဘာစစ်က နာဇိတွေဟာ အကျဉ်းသားတွေကို ရက်စက်ကြမ်းကြုတ်စွာ နှိပ်စက်မှုတွေကို အားလုံးလည်းကြားဖူးနေကြမှာပါ…. ဒီလို လူမဆန်စွာ ရက်စက်ကြမ်းကြုတ်မှုတွေကို ဖရန်စစ်ဘော့ရှ် ဟာ ကမ္ဘာတစ်ဝှမ်းသိစေဖို့ သက်သေပြချင်တယ်…ဒါ့ကြောင့် သက်သေတွေရှာဖွေပြီး ကမ္ဘာကိုသိအောင် ကြိုးစားပါတော့တယ်.. အကျဉ်းသားတစ်ယောက်အနေနဲ့ လုပ်ရတာ အချိန်မရွေးအသက်ပျောက်နိုင်တဲ့ အပြင် အန္တရယ်ပေါင်းများစွာ သူူ့ကိုဝန်းရံနေတော့ သူအောင်မြင်ပါ့လား… ခံစားကြည့်လိုက်ပါဦး…. ဖြစ်ရပ်မှန်အပေါ် အခြေပြုပြီး ရိုက်ထားတဲ့ ဇာတ်ကားကောင်းမို့ ခံစားကြည့်လိုက်ပါဦး…
၀၁၈ ထွက် ကိုရီးယားရာဇဝင်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးဦးမယ်နော ် ဇာတ်ကားနာမည်လေးက The Great Battle ပါ မင်းကြီးဂျူမုံတည်ထောင်ခဲ့တဲ့ ဂိုဂုလျောပြည်ကို တရုတ်ထန်ဘုရင် ကျူးကျော်ခဲ့တဲ့ အကြောင်းကို စစ်တိုက်ပုံမျိုးစုံ ဝေဝေဆာဆာနဲ့ ရိုက်ကူးထားတဲ့ ရာဇဝင်ကားကောင်းလေးပါ ဂိုဂုလျောက စစ်သူကြီးယွန်းဟာ အန်စီခံတပ်အုပ်ချုပ်ရေးမှူး ယန်မန်ချွန်ရဲ့ အမိန့်မနာခံမှုကို အပြစ်ပေးဖို့အတွက် သူ့ဆီကို သူလျှိုတွေ စေလွှတ်ပေါင်း မနည်းပါဘူး အန်စီမြို့သား ဆာမူကို စေလွှတ်လိုက်ချိန်မှာတော့ ဆာမူဟာ အုပ်ချုပ်ရေးမှူးယန်ရဲ့ ခေါင်းဆောင်ပီသမှုတွေကို မြင်တွေ့ရပြီး လုပ်ကြံမှု မအောင်မြင်ခဲ့ပါဘူး တိုက်ပွဲပေါင်းများစွာကို ရှုံးပွဲမရှိ တိုက်ခိုက်အောင်မြင်ခဲ့တဲ့ တရုတ်ထန်စစ်တပ်ဟာ အန်စီခံတပ်ကို တိုက်ဖို့ လာတဲ့အခါ ယန်မန်ချွန်ရဲ့ ပါးနပ်မှု လက်ရုံးရည် နှလုံးရည်ပြည့်ဝမှုတွေကြောင့် လွယ်လွယ်နဲ့ မအောင်မြင်ခဲ့ပါဘူး ၃ လလောက်တိုက်ပွဲဝင်ရတာကို တိုက်ခန်းခိုက်ခန်း မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ရိုက်ကူးထားလို့ ကြည့်ရတန်တဲ့ ရာဇဝင်ကားကောင်းတစ်ကားပါ ဒီ့အပြင် အချစ် အလွမ်း နဲ့ တိုင်းပြည်ချစ်စိတ်တွေကိုပါ ပေါ်လွင်အောင် ရိုက်ပြထားလို့ ရသမျိုးစုံကို ပေးစွမ်းနိုင်တဲ့ ဇာတ်ကားလေးပါလို့ ညွှန်းပေးပါရစေ
Director:Bille August ရိုက်ကူးထားပြီး Liu Yifei (ဂူဂူး)လေးပါဝင်ထားတဲ့ Chinese War Drama ဇာတ်ကားကောင်းတစ်ကားပါ။ In Harm’s Way / The Chinese Widow / The Hidden Soldier စသည်ဖြင့် Title မျိုးစုံ ပေးထားတာတွေ့ရပါတယ်။ ဇာတ်လမ်းကတော့ အမေရိကန်နဲ့ တရုတ်က ဂျပန်နဲ့စစ်ဖြစ်နေချိန် (1947)မှာ ဇာတ်အိမ်တည်ထားတယ် တရုတ်မုဆိုးမတယောက်က မိမိတို့နိုင်ငံနဲ့မဟာမိတ်ဖြစ်တဲ့ အမေရိကန်လူမျိုးစစ်သားတစ်ဦးကို အသက်ဘေးမှကာကွယ်စောင့်ရှောက်ရင်း မေတ္တာသက်ဝင်ခဲ့တဲ့ အချစ်ဇာတ်လမ်းကိုပါ ရိုက်ပြထားတယ် တရုတ်လူမျိုးတွေရဲ့ သစ္စာစောင့်သိမှုကိုလဲ အသားပေးရိုက်ကူးထားပါတယ် သရုပ်ဆောင်တွေအားလုံးကလည်း သရုပ်ဆောင်ပိုင်းမှာ အသီးသီးတာဝန်ကျေပါတယ် Soldier Jackနေရာက သရုပ်ဆောင်တဲ့ Emile ရော မုဆိုးမသမီးနေရာက NuNu ရောပီပြင်ကြတယ် အထူးပြောရရင် Liu yifei က မုဆိုးမYingရဲ့ roleကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်ပြသွားတာကို သဘောအကျဆုံးပါပဲ။ ခင်ပွန်းမရှိတော့တဲ့အချိန်မှာ သမီးနဲ့ယောက္ခမတွေကို ကျွေးမွေးထားရတဲ့ မုဆိုးမလေး… ဒီလောက်တာဝန်ကျေတာကိုတောင် ယောက္ခမဘက်က မိမိသိက္ခာကိုထိပါးလာတဲ့အခါမှာ ခံစားရတဲ့ mood.. နောက်ပြီးမုဆိုးမတစ်ယောက်ရဲ့ နိုင်ငံအပေါ်သစ္စာစောင့်သိမှုနဲ့ မိတ်ဆွေအစစ်ဆိုရင် အသက်ပေးပီးကာကွယ်သွားတယ်ဆိုတာကို ရင်ထဲနင့်နေအောင် သရုပ်ဆောင်ပြနိုင်တယ်။ ဒါကြောင့်လဲ Shanghai international film festival မှာ best actress nomination ဝင်ခဲ့တာဖြစ်ပါမယ်။ တခုသေချာတာကတော့ Liu Yifei ပရိတ်သတ် မှန်ရင် ဒီကားကိုမလွဲမသေကြည့်သင့်ပါတယ်လို့ ညွှန်းပါရစေဗျ။
The Captain (2017) ဒီဂျာမန်ကားလေးကတော့ 2017 ကထွက်ရှိလာတဲ့ ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ Rating တွေအနေနဲ့လဲ Imdb Rating 7.4/10 Rotten Tomatoes 86 တောင်ရရှိထားတာပါ။ ဂျာမနီရုပ်ရှင်လောကမှာ Best Feature Film, Best Supporting Actor, Best Score, Best Editing စတဲ့ဆုလေးဆုလောက် ဆန်ကာတင်ဝင်ထားတဲ့ကားလေးပါ။ အဖြူအမည်းနဲ့ရိုက်ထားတဲ့ ဒီကားလေးဟာ ဒုတိယကမ္ဘာစစ်က ပုံရိပ်တစ်ခုကိုပီပီပြင်ပြင်သရုပ်ဖော်ထားသလိုပါပဲ။ စစ်ကားကြိုက်တဲ့ ပရိသတ်ကြီးအဖို့တော့ တော်တော်လေးအကြိုက်တွေ့မှာပါလို့ပြောချင်ပါတယ်။ ဇာတ်လမ်းလေးရဲ့အကျဉ်းကိုလဲ တင်ပြပါဦးမယ်။ စစ်ပွဲကြီးပြီးကာနီး နှစ်ပတ်အလိုမှာစစ်ပွဲကနေ စစ်သားတွေအများအပြားထွက်ပြေးကြပါတယ်။ နောက်ကလိုက်ဖမ်းသူတွေ ထွက်ပြေးသူတွေ သုတ်သင်ပစ်သူတွေနဲ့ ငရဲပွက်နေချိန်မှာ တပ်သားလေးတစ်ဦးဟာ ဗိုလ်ကြီး ယူနီဖောင်းတစ်စုံကိုရှာဖွေတွေ့ရှိသွားပါတော့တယ်။ အဲဒီမှာ ဇာတ်လမ်းကစပါတော့တယ်။ဗိုလ်ကြီး ဟာရိုးဆိုတဲ့ နာမည်နဲ့ဗိုလ်ကြီးအယောင်ဆောင်ထားတဲ့ တပ်သားလေးဟာ ဘယ်လိုဆက်ရှင်သန်မလဲ? တပ်ပြေးမှန်းသိရင် ခြွင်းချက်မရှိ သတ်ပစ်မယ့်အခြေအနေတစ်ခုမှာ သူဘာဆက်လုပ်မလဲ? စတဲ့မေးခွန်းပေါင်းများစွာနဲ့ စိတ်ဝင်စားစွာကြည့်ရှူရမယ့်ကားကောင်းလေးပါ။ စိတ်လှုပ်ရှားစရာ ဖြစ်ရပ်မှန်ကားတွေကို ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်ကြီး အတွက် The Captain (2017)ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။
Gold (သို့မဟုတ် ) အိပ်မက်အဟောင်းအအို အား တူးဖော်ခြင်း ~~~~~~~~~~~~~~~~~~~~~~~~~~~~ ကျွန်တော် မှတ်မိပါသေးတယ်။ ကျွန်တော့်အိပ်မက်ကို စတင်ဖြစ်စေခဲ့တဲ့1936 ခုနှစ်တုန်းကပေါ့ ။ ” ဘာလင်မြေပေါ်မှာ ဂျာမဏီကိုအနိုင်ယူပြီးသကာလ အိုလံပစ်ရွှေတံဆိပ်တွေနဲ့ ကျွန်တော်တို့ အိန္ဒိယဟော်ကီအသင်းသားတွေ။ ဒီအချိန်မှာ ယူနီယံဂျက်အလံကြီးကဖျတ်ဖျတ်လွင့်ရင်း မလွတ်လပ်သေးတဲ့အိန္ဒိယနိုင်ငံကို လှောင်ရယ်နေခဲ့တယ်။ ဒီအခြေအနေဟာ ဗြိတိသျှအိန္ဒိယလို့ခေါ်ဝေါ်ခံရတဲ့ ကျွန်တော်တို့အတွက်တော့ ကြီးမြတ်တဲ့ အောင်မြင်မှုအပြည့်အ၀ မဟုတ်ခဲ့ရပါဘူး ” ဒီမှာတင် ဂျူနီယာမန်နေဂျာ ဖြစ်တဲ့ ကျွန်တော် Tupan Das နဲ့ ဟောကီအသင်းသားတွေဟာအိပ်မက်တစ်ခု ကို အတူတကွ မက်ခဲ့ကြတယ်။ ဒါဟာ လွတ်လပ်တဲ့ အိန္ဒိယနိုင်ငံအဖြစ်နဲ့ အိုလံပစ်ရွှေတံဆိပ်ကို ပြန်ယူပြမယ်။ ပြီးရင် ြင်မ်သက်အနေအထားနဲ့ ဇာတိမာန် သီချင်းကို ဆိုကြမယ်။ ရင်ဘတ်ထဲက သုံးရောင်ခြယ် နိုင်ငံတော်အလံကို လွှင့်ထူမယ်။ ဒါပေမယ့်ဗျာ။ ကမ္ဘာ့စစ်တွေကြောင့် အိုလံပစ် ကို နှစ်ကြိမ်တိုင်တိုင် ဖျက်သိမ်းလိုက်ကြတယ်။ ဒီတော့ ကျွန်တော်ဟာ စိတ်လေရတယ်။ ကျွန်တော် အရက်တွေချည်း ဖိသောက်တယ်။ မိန်းမရဲ့လက်ဝတ်လက်စား တွေပါမကျန် ခိုးရောင်းပြီး အရက်သောက်ပစ်တယ်။ ဒါက ကျွန်တော်ဆိုးသွမ်းခဲ့တဲ့ အမှန်တရားတွေ ။ တစ်ဖက်မှာလည်း အမှန်တရားရှိပါတယ်။ ဒါကတော့ ကျွန်တော်ဟာ ဟောကီကို မြတ်နိုးပြီး နိုင်ငံကို ချစ်တတ်တယ် ဆိုတာပါပဲ။ တစ်နေ့မှာတော့ သတင်းစာဖြတ်ပိုင်းလေးတစ်ခုက ကျွန်တော့်ရင်ကို လှုပ်နှိုးလိုက်ပါတော့တယ်။ “1948 ခုနှစ် အိုလံပစ်ပြိုင်ပွဲအား လန်ဒန်၌ ကျင်းပမည် ” ဟာ …… ကျွန်တော် ပြန်ရပ်တည်ရတော့မယ်။ ကျွန်တော် ကြိုးစားရတော့မယ်။ ဒီတော့ ကျွန်တော် ဟာ ဟောကီအဖွဲ့အစည်း အကြီးအကဲ ဆီ သွားတယ်။ အိန္ဒိယ အသင်းကို ကျွန်တော်ဦးစီးပါရစေ ဆိုပြီး တောင်းခံတယ်။ သူကလည်း အခွင့်အရေး ပေးလိုက်ပါတယ်။ ကျွန်တော့်အတွက် ပျော်စရာကောင်းတဲ့ အနေအထားတွေပဲဗျာ။ အဲ့ဒီနောက် ဟော်ကီကစားသမား ဟောင်းတွေကို ပြန်စုတယ်။ မျိုးဆက်သစ်တွေကိုလည်း လက်တွဲခေါ်ပြီးရွေးချယ်ခဲ့တယ်။ တစ်ယောက်ချင်းရဲ့ အလေးသာမှု တွေကို ကြည့်ပြီး လေ့ကျင့်ခဲ့တယ်။ ဒါ့ကြောင့်လန်ဒန်မြေက ရွှေကို အမိမြေဆီသယ်လာဖို့ ကျွန်တော်တို့ စိတ်ပြင်းပြနေခဲ့ကြတယ်။ ဒါပေမဲ့ လောက ဟာ အချိုးအကွေ့တွေသိပ်များတယ်။ ပြုံးခါနီးမှ ငိုရမယ့် မျက်လုံးတွေ ကို ပြန်ငှားရတယ်။ သိပ်ကို အထာကျတဲ့ ဒုက္ခပြက်လုံးတွေပေါ့ဗျာ။ အဲ့ဒီအချိန်မှာ ကျွန်တော်တို့နိုင်ငံကို အိန္ဒိယနဲ့ ပါကစ္စတန်ဆိုပြီး ခွဲကွာစေလိုက်ကြတဲ့အခါမှာတော့ ကျွန်တော်တို့လည်း ……………? ကဲ ………ဘယ်လိုဖြစ်သွားကြမှာလိမ့် ။ __________________________ ဇာတ်ကား သို့ချဉ်းကပ်ခြင်း •••••••••••••••••••••••••••••••••••• ကျွန်တော်အနေနဲ့ ဒီဇာတ်ကားကို ချဉ်းကပ်ကြည့်ရရင် အင်မတန်မှ ရည်ရွယ်ချက် ကောင်းမွန်လှတဲ့ ဇာတ်အိမ်ဟုသာ ဆိုလိုက်ချင်ပါတယ်။ လွတ်လပ်ရေးမရမီ နိုင်ငံသားတစ်ယောက်ရဲ့ ခံယူချက်တွေ / အချုပ်အနှောင်ကင်းတဲ့ သုံးရောင်ခြယ်အလံတလူလူနဲ့ အမျိုးသားရေးစိတ်ကို အနုပညာနဲ့ဖော်ကျူးသွားခဲ့ပါတယ်။ အားကစားဖက်ကို ရိုက်ကူးပြရာတွင်လည်း ဟန်ပြ ထက် သေချာလေ့ကျင့်စေပြီးမှ အသက်ဝင်စေခဲ့ပါတယ်။ ဟောကီ စစ်သည်တော်ကြီး Sandeep Sigh ကို ခေါ်ယူ သင်ကြားပေးစေပြီးမှ ပီပြင်စေခဲ့တာပါ။ Sandeep Sigh ဆိုတာကလည်း Soorma ဇာတ်ကားထဲက ဟောကီဂန္တဝင်။ အောက်ပိုင်းသေပြီးမှ ဟောကီကွင်းထဲ ပြန်ရောက်ခဲ့တဲ့ စစ်သည်တော်။ ဒါ့ကြောင့် ဒီဇာတ်ကားဟာ အားကစား အရည်အသွေးမနိမ့်ပါဘူး။ ဟော်ကီကစားသမား ချင်းကြားက စည်းလုံးမှုတည်ဆောက်ပုံတွေကလည်း အားကျဖို့ကောင်းလှပါတယ်။ ဒါ့ပြင် ဒီဇာတ်ကားရဲ့ နောက်တစ်ကွက်က #မတ်ခ်တွန်း ပြောခဲ့တဲ့ စကားလေးအတိုင်းပါပဲ ။ ( သေနတ် ဇာတ်ဝင်ခန်းကို အရှေ့မှာပြသခဲ့ရင် နောက်ဇာတ်ဝင်ခန်းတွေမှာ ပစ်ကို ပစ်ပြရပါမယ် ) -မတ်ခ်တွန်း ဒီ Gold ဇာတ်ကားမှာတော့ မထင်မှတ်ထားတဲ့ ဇာတ်ဝင်ခန်းက ဇာတ်သိမ်းခန်းအထိ အရေးသိပ်ကြီးခဲ့ပါတယ်။ သိပ်ကို ထောင့်စေ့မှုရှိတဲ့ ဇာတ်ညွှန်းတစ်ခုပါပဲ။ အချုပ်ဆိုရရင် ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန် အဖြစ်အပျက်များကို အခြေပြုရင်း စိတ်ကူးစိတ်သန်းစုံလင်စွာ ပေါင်းစည်းမှုတစ်ခု ဖြစ်ခဲ့တယ်။ ဖြစ်ရပ်မှန် အပြည့်အ၀ မဟုတ်သော်ငြားလည်း ၁၂ နှစ်ကြာမှရရှိခဲ့တဲ့ ရွှေတံဆိပ် ဟာ အခုထိ အရောင်တလက်လက် ဖြစ်နေခဲ့ပါတော့တယ်။ ဒါဟာ အိပ်မက်အဟောင်းအအို လေးမှဖြစ်တည်လာသော စည်းလုံးခြင်းမှသည် လုံးဝလွတ်လပ်သော အိန္ဒိယနိုင်ငံသားတိုင်းရဲ့ တူညီသော အိပ်မက်တစ်ခု ရှင်သန်ပေါက်ဖွားခဲ့ခြင်းသာ ဖြစ်ပါလိမ့်မယ် ဟု ထင်မြင်ရင်း ………။ #linnkhayan ရုပ်ရှင်အညွှန်းကို Linnkhäyañ မှတင်ဆက်ပေးထားပါတယ်
အားလပ်ချိန်မှာ ပေါ့ပေါ့ပါးပါးလေးနဲ့ Bollywood ဇာတ်ကားကောင်းကို ကြည့်ရှုခံစားချင်ရင်တော့ IMDB 8/10 အထိရရှိထားတဲ့ ဒီဇာတ်ကားလေးကို မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားမှာတော့ အဂျေး နဲ့ အပေါင်းအပါတွေရဲ့ လိမ်လည်မှုပညာ တွေကို အဓိက တင်ဆက်ထားပြီး လူလိမ်နဲ့ ရဲကြား အားပြိုင်မှုကို ဖော်ပြထားပါတယ်။ ဒီနေရာမှာ အဂျေးနဲ့ အပေါင်းအပါတွေဟာ ခေသူတွေမဟုတ်ပါဘူး။ ဝန်ကြီးချုပ်ကိုတောင် လိမ်လည်နိုင်စွမ်းရှိခဲ့သူတွေပါ။ သူတို့တွေ ဘယ်သူတွေကို ဘယ်လို လိမ်ခဲ့ကြမှာလဲ။ ရဲတွေလက်ကနေ ဘယ်လောက် ဖောက်ထွက်နိုင်မလဲ / အလွန်တော်တဲ့ စုံထောက်တွေကရော ဖမ်းဆီးနိုင်မလား ဆိုတာ ရင်ခုန်ခံစားရမှာပါ။ အဂျေး အဖြစ် မင်းသားကြီး အရှေးကူးမားက ပါဝင်သရုပ်ဆောင်ထားပြီး Bollywood ဇာတ်ကားကောင်းတို့၏ ထုံးစံအတိုင်း ပဉ္စလက်ဆန်ဆန် လှည့်ကွက်တွေနဲ့ ဆွဲဆောင်သွားစေမှာ ဖြစ်လို့ ကြည့်ရှုအားပေး ခံစားကြည့်ကြစို့လားခင်ဗျာ။
သမိုင်းရာဇဝင်အခြေခံ ဒရာမာကားအမျိူးအစား Padmaavat ရုပ်ရှင်ဟာ ဒါရိုက်တာ Sanjay,Ranveer နဲ့Depika တို့၃ ဦးအတူရိုက်ကူးတဲ့တတိယမြောက် ရုပ်ရှင်ကားဖြစ်ပါတယ်။ဒါရိုက်တာ Sanjay ဆိုတာဘောလီးဝုဒ်မှာ Classic ရုပ်ရှင်တွေကို ဦးစားပေးရိုက်ကူးအောင်မြင်သူတစ်ဦးဖြစ်ပါတယ်။လွန်ခဲ့တဲ့ နှစ် ၂၀ ကတည်းက စလ်မားန်ခါးန် နဲ့Aishwaray တို့ရဲ့ Hum Dil De Chup Ke Sanam၊ရှာရွခ်ခါးန် နဲ့Devdas စတဲ့ ရုပ်ရှင်ကားကောင်းတွေကို ရိုက်ကူးပြီး ဘောလီးဝုဒ်ပရိသတ်တွေကို ညို့ယူဖမ်းစားနိုင်စွမ်းရှိတဲ့ ဒါရိုက်တာတစ်ယောက်ပါ။ဒီဇာတ်ကား စရိုက်ကတည်းက ပြသနာပေါင်း သောင်းခြောက်ထောင်တက်ခဲ့ပြီး ရူတင်ဖျက်စီးခံခဲ့ရပါတယ်။ ဒါရိုက်တာ ပါးရိုက်ခံရပါတယ်။ဆက်တင်တစ်ခုလုံး မီးတင်ရှို့ခံခဲ့ရပါတယ်။မင်းသမီး ဒီပီကားနှာခေါင်းဖြတ်ပေး၊မုဒိမ်းကျင့်ပေး၊ခေါင်းဖြတ်ပေးရင် ရူပီ ကုဋေ ဘယ်လောက်ပေးမယ်၊ဒါရိုက်တာ ခေါင်းဖြတ်ပေးရင် ရူပီး ၅ ကုဋေပေးမယ် စသဖြင့်အကြီးအကျယ် ခြိမ်းခြောက်ခံခဲ့ရပြီး ကျော်လွှားခဲ့ရတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ဒီဇာတ်ကားဟာ မွတ်စလင်မ်ဘုရင်တစ်ဦး နဲ့ဟိန္ဒူဘုရင့်မိဖုရားတို့အကြား လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀ ကျော်က ဖြစ်ပျက်ခဲ့တဲ့ ရာဇဝင် တစ်ခုကို အခြေခံရိုက်ကူးထားပြီး ရာဇဝင်မှာ မွတ်စလင်မ်ဘုရင်ကဟိန္ဒူဘုရင်နဲ့မျိူုးနွယ်တွေအပေါ် မတရား၊အနိုင်ကျင့်၊စော်ကားခဲ့မူ တွေကြောင့် ရားဂျ်ပူးသ် ဟိန္ဒူမျိုးနွယ်ဝင်တွေဟာ နှစ်ပေါင်းရာနဲ့ချီမွတ်စလင်မ်ဘုရင်ကို မုန်းတီးခဲ့ကြတာပါ။ဇာတ်လမ်းကတော့ သမိုင်းဖြစ်ရပ်မှန်နဲ့ထပ်တူမဖြစ်ပါဘူး။ရုပ်ရှင်ဆိုတဲ့အတွက်ကြောင့် ပရိသတ်စိတ်ဝင်စားနိုင်မဲ့ ဇာတ်ညွှန်းကိုပြင်ဆင်ရေးသားပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းကို Ranveer Singh နဲ့စထားပါတယ်။Ranveer ဟာသူ့ဦးလေးဖြစ်သူ ဒေလီရဲ့ဘုရင် Sultan Jallaluddin Khilji နဲ့လာရောက်တွေ့ဆုံပြီး ဦးလေးရဲ့ သမီး Aditaya Rio ကို တောင်းပါတယ်။Aditya ကလည်း Ranveer ကို ကြိုက်နေတဲ့အတွက်သူတို့၂ ဦးကို ဘုရင်က လက်ထပ်ပေးလိုက်ပါတယ်။မင်္ဂလာဆောင်တဲ့ နေ့မှာတောင် ရန်ဘီးက တခြားမိန်းမတွေနဲ့ပျော်ပါးနေလို့မျိုးနွယ်ထဲက လူကြီးတစ်ဦးက တားတဲ့အခါ အဲ့လူကို သတ်ပစ်ပြီး မင်္ဂလာဆောင်ခန်းမကိုဝင်ရောက်လာခဲ့ပါတယ်။အဲ့နေ့ကစပြီး Adiya ဟာ Ranveer ပေးတဲ့ ဒုက္ခတွေကိုခါးဆီးခံရတော့တာပါပဲအဲ့အချိန် တဖက်မှာတော့ Depika (ဘုရင့်သမီးတော်)ဟာတောထဲ အမဲလိုက်နေရင်း သမင်တစ်ကောင်ကို မြှားနဲ့ပစ်ရာမှာ ရှာဟိဒ်ကပူးရ်(Rajput ဘုရင်)ကို မှားပြီးပစ်မိရာကနေ ၂ ယောက်ဆုံကြပါတယ်။သူ့ကြောင့် ဒါဏ်ရာ ရနေတဲ့ ရှာဟိဒ်ကို ကုသပေးရာကနေ သူတို့၂ ယောက် ချစ်ကြိုက်ပြီး လက်ထပ်လိုက်ကြတယ်။ရှာဟိဒ်မှာ မယားကြီးရှိပေမဲ့ ရှာဟိဒ် ဒီပီကားနဲ့လက်ထပ်တာကိုကြိုပြီး မသိခဲ့သလို နန်းတော်ကို ခေါ်လာတော့မှ မယားကြီးက သိရပါတယ်။ဒီလိုနဲ့Depika ရဲ့ အလှ နဲ့လိမ္မာရေးခြား ရှိမူကြောင့် Rajput တိုင်းပြည်မှာ Padmavati မင်းသမီးကို ဘုရင်နဲ့တန်းတု ချစ်ခင်လေးစားလာကြပါတယ်။(ဒီနေရာမှာ အိန္ဒိယမှာရှိတဲ့ မွတ်စလင်မ်/ဟိန္ဒူ ဘုရင်တွေ အကုန်မိန်းမတွေ လိုချင်သလောက်ယူပြီး မယားငယ်ယူပြီးရင် မယားကြီး ချောင်ထိုးခံရတာ၊မိန်းမတွေမှာ စောဒကတက်ခွင့်မရှိတာ၊သူတို့ကိုတလေးတစား အသိပေးတိုင်ပင်တာမျိုးမရှိ စတာတွေကတော့ တူညီတာ တွေ့ရပါတယ်။)အဲ့နောက်မှာတော့ Rajput နယ်ကြီးပျက်သုန်းဖို့အကြောင်းခံဖြစ်လာမဲ့ ဂုရုကြီးလို့ခေါ်တဲ့ ရှာဟိဒ်ကပူးရ် ကိုးကွယ်တဲ့ဘုန်းကြီးတပိုင်းလူတပိုင်းဆီ ဒီပီကားကို ခေါ်သွားပါတယ်။ဒီပီကားအလှကိုမြင်ပြီး ဂုရုကြီး နှာဗူးထကာ ညဘက်ရှာဟိဒ်နဲ့ဒီပီကား မင်္ဂလာဦးညကို သွားချောင်းတာ မိပြီးပြည်နှင်ဒါဏ်ပေးခံလိုက်ရပါတယ်။တဖက်မှာလည်း ရန်ဘီးကတိုင်းတွေပြည်နယ်တွေကို စစ်ခင်းပြီး အနိုင်တိုက်ရာမှ နံမည်ကြီးလာပြီး ဦးလေးလည်းတော်ပြီး ယောက္ခထီးလည်းတော်စပ်တဲ့ဒေလီဘုရင်ကို ဖြားယောင်းပြီး သတ်ပစ်ကာ ထီးနန်းကို သိမ်းပိုက်လိုက်ပါတယ်။Rajput ကနေ နှင်ထုတ်ခံရတဲ့ ဂုရူကြီး ဒေလီကိုရောက်လာပြီး နှာဗူးဘုရင် ရန်ဘီးကို ဒီပီကားရဲ့အလှအကြောင်း သွေးထိုးပါတော့တယ်။အဲ့မှာ ရန်ဘီး heat တက်ပြီး Rajputကို စစ်ချီပါတယ်။၆ လတိတိ ဝိုင်းထားတယ်။စစ်လည်းမတိုက်ရ၊ဘာကြောင့်မှန်းမသိ ကွင်းပြင်ထဲ ၆လကျော် ဒုက္ခခံနေရတဲ့အောက်ခြေစစ်သည်တွေ စိတ်ပျက်ပြီး ပြန်မယ်ဖြစ်နေတဲ့အချိန်စစ်သူကြီးက ရန်ဘီးကို လာပြောပြတယ်။အဲ့မှာ ဘုရင်တွေ၊စစ်ဗိုလ်ချုပ်ကြီးတွေ အောက်ခြေစစ်သားတွေကို ဂျင်းထည့်တဲ့အလုပ်ကို ရန်ဘီးက ထွက်လုပ်ပါတယ်။ဒီကိုရောက်နေတာ မိန်းမတစ်ယောက်ကို နှာဗူးကြဖို့ဆိုတာမသိတဲ့ အောက်ခြေစစ်သားတွေကို ခပ်တည်တည်နဲ့ရန်ဘီးက မိန့်ခွန်းပြောပါတယ်။ငါတို့ခိရ်ဂျီမျိုးနွယ်တွေမှာ အိပ်မက်တစ်ခုရှိတယ်။ငါတို့ရဲ့ ဘာသာရေးအမှတ်အသားပါတဲ့အလံကို တလောကလုံးမှာ စိုက်ထူနိုင်ဖို့ပဲ။အဲ့အတွက်ဘယ်လိုအခြေအနေပဲ ဖြစ်ဖြစ် ငါတို့တစ်ယောက်ကိုတစ်ယောက်လက်မလွှတ်ရဘူးလို့ကျိန်ဆိုထားကြတယ်။ဒါပေမဲ့ ဒီကနေ့တော့မင်းတို့က ငါ့ကိုထားပြီးထွက်သွားကြတော့မယ်။ကောင်းပြီ ငါတို့ရဲ့ အိပ်မက်ကို မေ့လိုက်ကြတာပေါ့ဆိုပြီး အလံကို မြေကြီးပေါ် ပစ်အချ စစ်သည်တွေက ရန်ဘီးရဲ့ အမျိုး၊ဘာသာ မျိုးချစ်စိတ်စတဲ့ ဂျင်းကို တကယ်ထင်ပြီး ဝေးဝါးအော်ပြီး မပြန်ကြတော့ဘူး။နောက်ဆုံး ဟိုလီပွဲတော်နေ့ရောက်တဲ့အချိန် ချစ်ကြည်ရေးလုပ်ကြရအောင်ဆိုပြီး ရန်ဘီးက အကြံနဲ့ကမ်းလှမ်းပြီးရှာဟိဒ်ကပူးရ်ရဲ့ နန်းတော်ကို ဧည့်သည်အဖြစ်သွားတယ်။အဲ့မှာ ဒီပီကားကို ပြပါလို့ပြောတော့ ရှာဟိဒ်က ဒေါသထွက်၊နောက်ဆုံး စစ်ပွဲက ရှောင်လွှဲဖို့ဒီပီကားကို ၅ စက္ကန့်မှန်ထဲကနေ အပြ နေထိုးတဲ့ လိုက်ကာကိုပါ ဖွင့်လိုက်တော့ ဒီပီကားမျက်နှာကိုသေချာတောင် မမြင်လိုက်ရဘူး။အဲ့လောက် အဖြစ်သည်းလားဆိုပြီး ရှာဟိဒ်ကို ဖျားယောင်းပြီး ရန်ဘီးဖမ်းခေါ်သွားတယ်။ရှာဟိဒ်ကို ပြန်လိုချင်ရင် ဒီပီကား ဒေလီကိုလာရမယ်ဆိုပြီးတောင်းဆိုတော့ ရှာဟိဒ်ကိုကယ်ဖို့ဒီပီၤကားဒေလီသွားတယ်။ဒီပီကား ဒေလီမရောက်ခင် ရန်ဘီးပျော်ပြီး သီချင်းတပုဒ်နဲ့အရူးလိုပဲ ကတယ်။အဲ့မှာ သူ့ရဲ့တူက သူ့ကို ပြန်လုပ်ကြံ ပေမဲ့ မအောင်မြင်ဘူး။ဒီပီကား ဒေလီရောက်တော့ ရန်ဘီးရဲ့ အနှိပ်စက်ခံဇနီး Adiyaအကူအညီနဲ့ရှာဟိဒ်ကိုဒီပီကား ကယ်ထုတ်လာနိုင်တယ်။ရန်ဘီးသိတော့ သူ့မိန်းမကို သတ်မိန့်ပေးတယ်။အဲ့မှာနောက်ဆုံးအနေနဲ့Adiya က ရန်ဘီးကို ဆုတခုပေးတယ်။နင့်ရဲ့ ဆန္ဒတွေ၊ဖြစ်ချင်တာတွေ အားလုံးပြည့်ဝပါစေ။ဒါပေမဲ့Padmavati ကို ရယူသိမ်းပိုက်ဖို့ဆန္ဒတော့ ဘယ်တော့မှ မပြည့်ပါစေနဲ့လို့ပြောပြီး သွားလိုက်တယ်။ရန်ဘီးဒေါသပုန်ထပြီး Rajput ကို စစ်ခင်းဖို့ထပ်အသွားးးဘာတွေဆက်ဖြစ်လဲ၊ဒီပီကားးကို နောက်ဆုံး ရန်ဘီးမြင်ခွင့်တွေ့ခွင့်၊သိမ်းပိုက်ခွင့်ရမလားးဆိုတာကတော့ဇာတ်လမ်း၊သရုပ်ဆောင်၊ဆက်တင်အပြင်အဆင် ဘာတစ်ခုမှပြောစရာမလိုလှအောင် လှပ၊သေသပ်၊အဆင့်မြင့်တဲ့ ရုပ်ရှင်တစ်ကားးဖြစ်တာမို့ပြသနာပေါင်းများစွာတက်ပြီး ရုပ်ရှင်ကြည့်တဲ့သူတွေနဲ့ရုပ်ရှင်ရုံတွေကို တိုက်ခိုက်မယ်လို့ခြိမ်းခြောက်ခံထားရတာတောင် ဖွင့်ရက် ရုံတင်တာ ကုဋေ ၂၀ နီးပါးရပါတယ်။ဒါတောင် ပြည်နယ်ကြီး ၆ ခုမှာ ရုံတင်ခွင့်မရပါဘူး။ဒီဇာတ်ကားနဲ့ပတ်သတ်ပြီး BBC ကနေတောင် ရီဗြူးသတင်း လွှင့်ပေးခံရပြီး အိန္ဒိယမှာတင်မက တကမ္ဘာလုံးမှာပါ လှုတ်ခတ် ခဲ့ပါတယ်။
Laugh or die ဆိုတဲ့ကားလေးကတော့Rating 7.2 ရရှိထားပြီးဖြစ်ရပ်မှန်အကြောင်းအရာလေးတစ်ခုအပေါ်မှာ ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဖင်လန်နိုင်ငံ ပြည်တွင်းစစ်ကာလမှာ အဖြူတွေအနိုင်ရရှိပြီး အနီတွေအားလုံးကတော့ အကျဉ်းစခန်းများမှာ နှိပ်စက်ညှဉ်းပန်းခံကြရပါတယ်။ ပါရီကာဟာ ဖင်လန်နိုင်ငံရဲ့ အတော်ဆုံး ပြဇာတ် ဟာသ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ သူဟာလည်း ဂျာမန်တွေကိုသတ်တဲ့အမှုနဲ့ သေဒဏ်ချမှတ်ခံရပြီး အကျဉ်းစခန်းမှာ အဖမ်းခံနေရသူတစ်ဦး ဖြစ်ပါတယ်။ တစ်နေ့မှာတော့ သေဒဏ်ပေးခံရနီးဆဲဆဲမှာ ပါရီကာတို့ အကျဉ်းစခန်းကို အကျဉ်းဦးစီးမှုးချုပ် လာရောက်လည်ပတ်မည်ဆိုသည့်သတင်းကြောင့် ပါရီကာဟာလည်း သေဒဏ်ကိုဆိုင်းငံ့ကာ လူကြီးများအား ပြဇာတ်ဖျော်ဖြေရန် တာဝန်ပေးခြင်း ခံခဲ့ရပါတယ်။ အကျဉ်းစခန်းတာဝန်ခံ ဗိုလ်မှူးက ပါရီကာအား ကောင်းကောင်းဖျော်ဖြေနိုင်လျှင်သူနှင့်သူ့အဖွဲ့အား သေဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဟု ကမ်းလှမ်းထားခဲ့ပေမယ့် ပါရီကာတို့ရဲ့ ပြဇာတ်က ဘယ်လိုဖြစ်သွားမလဲ၊ ဗိုလ်မှူးကရော ကတိတည်ပါ့မလား၊ ပါရီကာကရော သေဒဏ်က လွတ်မြောက်သွားမလားဆိုတာတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုအားပေးလိုက်ပြပါဦးနော်…
မိုင်းဆိုတာ စစ်မြေပြင်မှာ ဗျူဟာမြောက်အသုံးဝင်တဲ့ ပစ္စည်းဖြစ်ပါတယ်…သူ့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ စစ်ကြောင်းတစ်ခုကို ရပ်တန့်နှောင့်နှေးစေချင်လို့ပါ..ဥပမာ မိုင်းကွဲတယ် ခြေထောက်ပြတ်တယ် ဒီအခါမှာ သူ့ကို သယ်ဖို့ စစ်သည် (၂)ယောက် လိုမယ်… ဗျူဟာမြောက်သုံးကြတယ်…သေဆုံးနိုင်ခြေနည်းတယ်ဆိုပေမယ့် တစ်သက်လုံး လူဖြစ်ရှုံးသွား နိုင်ပါတယ်..မိုင်းဖော်တဲ့သူအတွက်လည်းအရမ်းကို အန္တရယ်များပါတယ်..ဒီတွေဘာကြောင့်ပြောပြနေလဲဆိုတော့ ဒီကားထဲမှာ ဂျာမန်တွေဟာဒိန်းမတ်ကိုသိမ်းထားတုန်းမှာ မိုင်းအလုံး (၂) သန်းကျော်ကိုထောင်ထားခဲ့တယ်…ဂျာမန်တွေစစ်ရှုံးသွားလို့ ဒိန်းမတ်မြေက ဆုတ်ခွာ သွားပေမယ့် မိုင်းအလုံးရေ (၂)သန်းကျော်ရှိတဲ့ကွင်းကြီးတော့ကျန်ခဲ့ပါတယ်…ဒီမိုင်းကွင်းကြီးကိုရှင်းဖို့တာဝန်ကြတဲ့သူက ဒိန်းမတ်စစ်တပ်မှ တပ်ကြပ်ကြီးတစ်ဦး…ဒီမိုင်းတွေကိုရှင်းဖို့ဆိုပြီ ဂျာမန်စစ်သုံပန်း(၁၄)ယောက်တိတိကို တပ်ကြပ်ကြီးဆီပို့ပေးကြတယ်…မိုင်းရှင်းတုန်း သေသွားလည်း နှမြောစရာမရှိတဲ့သူမျိုးတွေပေါ့..ဂျာမန်တွေသိမ်းပိုက်စဉ်တုန်းက ဒိန်းမိတ်တွေကို ရက်စက်စွာသတ်ဖြတ် မိန်းမတွေဆိုလည်းမုဒိန်းကျင့် ဆိုးယုတ်မှုမှန်သမျှ ဒိန်းမတ်တွေခံစားခဲ့ရတယ်…ခုမိုင်းဖော်ရမယ့်အချိန်မှာ ဂျာမန်ကလေးတွေနဲ့ဖော်ရမယ်ဆိုတော့ဒိန်းမတ်တပ်ကြပ်ကြီးအတွက် နာကျဉ်းသမျှတွေ ပုံချပါတော့တယ်..ကလေးတွေလို့မမြင်ဘူး ..ဒိန်းမတ်တွေအပေါ်ရက်စက် ခဲ့တဲ့ ဂျာမန်တွေလို့ပဲမြင်တယ်…အသက်ငယ်ရွယ်သေးတဲ့ လူငယ်လေးတွေကို ရက်ရက်စက်စက် ပြောဆိုဆက်ဆံတယ်အငတ်ထားတယ် ထမင်းမကျွေး ရေမတိုက် သောက်ချင် ပင်လယ်ကြီး တစ်ခုလုံးရှိတယ်ဆိုတာမျိုးဂျာမန်တွေ ရက်စက်ခဲ့သမျှ အတိုးချတော့တာပါပဲပြီးတော့ ဒီကလေးတွေကို အိပ်မက် ပေးထားတယ်မင်းတို့ ဒီမိုင်းတွေ ရှင်းလို့ ပြီးသွားရင် အိမ်ပြန်ပို့မယ်ဘာညာပေါ့လူငယ်လေးတွေကတော့ သူတို့ အိမ်ပြန်မယ့်နေ့ရက်တွေကို တွက်ရေရင်းနဲ့သူငယ်ချင်းတွေ ညီအကိုတွေ တစ်ယောက်ပြီး တစ်ယောက် မိုင်းပေါက်လို့ပျောက်သွားတာကိုပဲ မျက်ရည်တွေ သွင်သွင်ကျရင်း ကြည့်နေရတော့တာပါပဲမိုင်းတွေကလဲ ဒီတစ်သက်ရှင်းလို့ပြီးပါအုံးမလား ?ရုပ်ရှင် Review ကို Phyo Pyae မှ ရေးပေးထားပါတယ်။
” မဖြစ်နိုင်ဘူးဆိုတဲ့အဖြေတစ်ခုကိုကျွန်မဘယ်တော့မှလက်မခံနိုင်ဘူး…ဒါကျွန်မရဲ့အဖြေမဟုတ်ဘူး…ကျွန်မတို့အားလုံးကထွက်တဲ့သွေးရောင်တွေဟာအကုန်အတူတူပဲမဟုတ်လား…ဒီတော့ကျွန်မယုံကြည့်ချက်အတိုင်းဆက်လုပ်တယ်….”
ဒါကတော့လူမည်းအမျိုးသမီးဖြစ်သူမစ္စအေယုံကြည်ပြုမူပြောဆိုလှုပ်ရှားခဲ့တဲ့စကားပေါင်းများစွာထဲကအချို့ပါ….ဒီကားကအမေရိကားမှာလူဖြူလူမည်းကြောင့်ပြည်တွင်းစစ်ဖြစ်ပွားပြီးခဲ့သော်လည်းတောင်ပိုင်းသားတွေကလူမည်းတွေကိုမတူမတန်
သလိုနှိမ်ချချင်နေကြတုန်းကာလတစ်ခုကိုအခြေခံရိုက်ကူးထားခဲ့တာပါ။လူမည်းတွေကလည်းသူတို့ရဲ့လူ့အခွင့်အရေးအတွက်တိုက်ပွဲဝင်နေရချိန်လည်းဖြစ်ပြီးဒီတစ်ကြိမ်မှာတော့အစိုးရကျောင်းတွေကိုလူဖြူလူမည်းမခွဲခြားပဲနှစ်မျိုးလုံးတက်ရောက်နိုင်တဲ့ပူးတွဲကျောင်းတွေအဖြစ်ပြုလုပ်ပေးဖို့တောင်းဆိုရင်းဖြစ်ပေါ်လာတဲ့ဖြစ်ရပ်မှန်အဖြစ်တွေကိုသရုပ်ဖော်ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ်။ဒီကားကတကယ်စိတ်ခွန်အားတွေရရှိစေသလိုဇာတ်ကားကလည်းစိတ်ဝင်စားအောင်ရိုက်ကူးထားပါတယ်….ဒိုင်ယာလော့တွေကလည်းခမ်းနားသလိုသရုပ်ဆောင်တွေကလည်းဝါရင့်သရုပ်ဆောင်တွေမို့လို့အသက်ပါလွန်းပါတယ်….ခံစားကြည့်လိုက်ပါဦးဗျို့…ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့Ye Pye Sone ပဲဖြစ်ပါတယ်…
ခရစ်တော်မပေါ်ထွန်းမီ လူသားမျိုးနွယ်တို့သည် အယူအဆအမျိုးမျိုး
နတ်ဘုရားအမျိုးနဲ့ ယဉ်ကျေးမှု ဓလေ့ခပ်ဆန်းဆန်းတို့ဖြင့်ရပ်တည်လျှက်ရှိသည်…
ရိုမက်တို့ညီအကို (၂)ယောက်သည် သိပ်ချစ်ကြသည့် ညီအကို (၂)ယောက်ဖြစ်သည်….
တစ်နေ့ ရေဘေးဒုက္ခကြောင့် သူတို့ မသေရုံတစ်မယ် ထွက်ပြေးကြစဉ် အခြားမျိုးနွယ်တစ်စုရဲ့
ဖမ်းဆီးခေါ်ဆောင်ခြင်းကိုခံခဲ့ရသည်….
လူသားဆန်မှုကင်းသည့်ရှေးအယူအဆများကြောင့် သူတို့ဖမ်းဆီးခံရမှုသည် သေဘေးမှ တစ်ပါး
အခြားမရှိပေ…
အကြောင်းမှာ ဖမ်းဆီးသည့်အဖွဲ့သည် ရိုမက်တို့ညီအကိုနှင့်အခြားသူများကို
အချင်းချင်းတိုက်ခိုက် ခိုင်းပြီး ယစ်ပူဇော်ဟန်လုပ်ခိုင်းသောကြောင့်ဖြစ်သည်…
သူတို့ညီအကို(၂)ယောက် ဒီသတ်ဖြတ်ပွဲကြီးက လွတ်မြောက်နိုင်ပ့ါမလား….
ဘယ်လို သူတို့ရှေ့ဆက်ကြမလဲ……
တခြား အရိုင်းဆန်တဲ့အဖွဲ့တွေနဲ့ ထပ်တွေ့ကြဦးမလား…..
သဘာဝလွန်ဖြစ်ရပ်ဆန်းတွေကိုရောထပ်တွေ့ကြဦးမလား….
ဒီကားကတော့ ရောမမြို့ဖြစ်တည်ရခြင်းအကြောင်းကို အဓိက အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်….
ရိုက်ချက်တွေက တကယ့်ကိုကောင်းသလို သတ်ဖြတ်ခန်းတွေကလည်း ပီပြင်လွန်းလေတော့
ကလေးငယ်တွေနဲ့အတူမကြည့်သင့်ပါဘူး….
ပြီးတော့ ဒီကားဟာ အီတလီရဲ့အကောင်းဆုံးရုပ်ရှင်ဆုရရှိခဲ့သလို အခြားဆု (၅)ဆုနဲ့
ဆန်ကာတင်ဆု(၁၆)ဆုလည်းစာရင်းဝင်ခဲ့တယ်…
သင် အိပ်ယာကနိုးပြီး မျက်လုံးဖွင့်ကြည့်လိုက်တဲ့အချိန်မှာ ကမ္ဘာကြီးဟာ ပျက်စီးသွားပြီရင် သင်ရော ဘာလုပ်မှာလဲ။ဂျင်ဆိုတဲ့ကောင်လေးတစ်ယောက် ကားအက်စီးဒင့်တစ်ခုကြောင့် ဆေးရုံပေါ်မှာ နိုးထလာခဲ့ပါတယ်။ အရာအားလုံးဟာ တိတ်ဆိတ်နေပြီး မြို့ပြကြီးဟာလည်း သုဿန်တစပြင်ကြီးတစ်ခုဖြစ်နေတာကို သူ့အနေနဲ့ နားမလည်နိုင်အောင် ဖြစ်နေခဲ့ပါတယ်။ဗိုင်းရပ်တစ်ခုကြောင့် ကမ္ဘာကြီး ပျက်စီးသွားပြီဆိုတာ သူသိလိုက်ရတဲ့အခါ သူဘာဆက်လုပ်မှာလဲ ၊ချစ်ရတဲ့ မိသားစုမရှိတော့တဲ့ ဘဝမှာ သူ ဘယ်လိုဆက်ရှင်သန်မှာလဲ ၊ ဘယ်ကို သွားရမှာလဲ ၊ ဘယ်သူ့ကို အားကိုးရမှာလဲ။၂၀၀၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီဇွန်ဘီကားထဲမှာ ဇွန်ဘီဗိုင်းရပ်ထက်စာရင် ရန်သူငါးပါးထဲမှာ လူသားတွေကသာကြောက်စရာအကောင်းဆုံးဆိုတာ ကွက်ကွက်ကွင်းကွင်းပြသွားတဲ့ ရုပ်ရှင်ကားတစ်ကားပဲ ဖြစ်ပါတယ်။
သမိုင်းဖြစ်ရပ်မှန် စစ်ကားတစ်ကား တင်ပေးထားပါတယ်။ဒီရုပ်ရှင်ဟာ မစ်ဝေးတိုက်ပွဲအကြောင်း ပါပဲ။ဂျပန်တွေ ပုလဲဆိပ်ကမ်းကို ဗုံးကျဲပြီး ၆ လအကြာမှာ ဖြစ်ပွားခဲ့တာပါပဲ။ပစိဖိတ်စစ်မျက်နှာမှာ ကြီးစိုးထားတဲ့ ဂျပန်ရေတပ်ကြီးကို အရေးနိမ့်စေခဲ့ပြီး ချိန်ခွင်လျှာပြောင်းလဲ စေခဲ့တဲ့ တိုက်ပွဲတစ်ခုပါပဲ။ ဒီတိုက်ပွဲမှာသာ အမေရိကန်ရှုံးခဲ့ရင် အနောက်ကမ်းရိုးတန်းအသိမ်းခံရပြီး ဆီရာတယ်ဆန်ဖရန်စစ္စကို၊ လော့စ်အိန်ဂျလိလိုမြို့ကြီးတွေပါ ကျသွားနိုင်တဲ့အခြေအနေ ဖြစ်လာခဲ့မှာပါ။ဒါကို ထောက်လှမ်းရေးအဖွဲ့ နဲ့ အင်အားနည်းနေတဲ့ ရေတပ်လေတပ်ပူးပေါင်းပြီး ဂျပန်တွေကို ပြန်တိုက်နိုင်ခဲ့တာ ပါပဲ။စစ်ကားကြိုက်တတ်သူတွေ အကြိုက်တွေ့ကြမှာပါ။
လူသားတွေကိုဖန်ဆင်းခဲ့တဲ့ ဘုရားသခင်ဟာ အာဒမ်နဲ့အတူလီလီ ဆိုတဲ့အမျိုးသမီးကိုပါ ဖန်းတီးခဲ့တာဖြစ်ပါတယ်လီလီ ဟာ သန်မာတယ် စိတ်ဓာတ်ကြံ့ခိုင်တယ်ပြီးတော့ အကြောက်အရွံကင်းမဲ့ပါတယ်လီလီကို ဖောက်ပြန်တယ် မကောင်းတဲ့မိန်းမဆိုပြီး စွပ်စွဲချက်တွေနဲ့ ဘုရားသခင်ကငရဲကိုပို့ပါတယ်အဲ့နောက်မှာ နောက်ထပ်အမျိုးသမီးတစ်ဦးကိုဖန်ဆင်းရာမှာတော့ အာဒမ်ရဲ့ နံရိုးတစ်ချောင်းကို ယူပြီးဖန်ဆင်းခဲ့တာဖြစ်ပါတယ် ဟုတ်ပါတယ်သူကတော့ ဧဝ ပါ ဒါပေမဲ့ ဧဝက အားနည်းတယ်ကြောက်တတ်တယ် သူ့ဘဝ မှာ အမျိုးသားရဲ့အားပေးမှု လမ်းညွှန်မှုတွေတော့လိုအပ်နေပါတယ် ဒါကတော့ ဇာတ်လမ်းထဲမှာပါတဲ့ ဒဏ္ဍာရီလေးပေါ့ဇာတ်လမ်းအကျဉ်းကတော့ သူတို့နိုင်ငံမှာက အဖေနဲ့သမီးတွေအတွက်သမီးတွေလက်မထပ်မချင်း ကျင်းပပေးတဲ့ အပျိုစင်ကပွဲတစ်ခုရှိပါတယ်သမီးများနေ့မှာလုပ်တဲ့ အဲ့ကပွဲကို ပထမဆုံး တက်ရောက်လာသူကတော့ ရှေး ပါ။ရှေးက ကိုင်းလ် ရဲ့အရင်မိန်းမရဲ့သမီးဖြစ်ပြီးတော့မိန်းမဖြစ်သူသေဆုံးပြီးမှသမီးဖြစ်သူကိုခေါ် လိုက်တာပါအဲ့ကပွဲကိုလာကြတဲ့ သမီးတွေနဲ့ အဖေတွေက သမီးတွေရဲ့ထိန်းသိမ်းထားတဲ့အပျိုစင်ဖြစ်မှုကို လက်မှတ်ထိုး အသိအမှတ်ပြုကြပါတယ်ကပွဲမတိုင်ခင်မှာ ကောင်မလေးတစ်စုက လီလီ ကို တောထဲမှာဆင့်ခေါ်ပြီးသရဲခေါ်တမ်းကစားကြပါတယ်အဲ့လိုခေါ်တာက နှစ်တိုင်းလုပ်နေကြဖြစ်ပြီးတော့အဲ့နေ့မှာတော့ ထူးခြားမှုတွေဖြစ်ခဲ့ပါတယ်ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ဆက်လက်ကြည့်ရှုပြီးဇာတ်ကားကြည့်ရင်းကြောက်နိုင်ပါပြီ…
အနုပညာတကာတို့ထဲမှာ ဂီတအနုပညာဟာ လူ့ရဲ့ စိတ်နှလုံးကို သိမ်းကျုံးယူနိုင်စွမ်းအရှိဆုံးအရာပါပဲ ။
မိုးဇတ်ဆိုတာကတော့ ဂီတသမားတွေထဲ ပါရမီအထူးဆုံး အကျော်ကြားဆုံးတစ်ယောကပါ ၊ ဒီရုပ်ရှင်က မိုးဇတ်ရဲ့ ဘဝဇာတ်ကြောင်းပါပဲ။
တစ်ရံတရာအခါတုန်းက ဝို့လ်ဖန် အာမာဒပ်စ် မိုးဇတ်လို့အမည်တွင်တဲ့ လူငယ်ကလေးတစ်ယောက်ရှိခဲ့ပါတယ် ၊
မိုးဇတ်ဟာ ဂီတအနုပညာနဲ့ပက်သက်ရင် အတော် ပါရမီကောင်းတဲ့ သူပါ ၊
အသက်လေးနှစ်မှာ စန္ဒားရားကျွမ်းကျွမ်းကျင်ကျင် တီးတတ်ခဲ့တဲ့အပြင် လေးနှစ်အရွယ်မှာ သီချင်းတစ်ပုဒ်စရေးခဲ့ပါတယ် ။
သူ့ခေတ်သူ့အခါရဲ့ အနုပညာမြို့တော် ဗီယင်နာရဲ့ ဘုရင်ဟာ နာမည်ကျော် ဝို့လ်ဖန်း အမန်ဒပ်စ် မိုးဇတ်ကို သူ့ရဲ့ နန်းတော်ကို ဖိတ်ခေါ်ခဲ့ပါတယ် ၊
ပညာတော်သလောက် အနေမတော်တဲ့ မိုးဇတ်ဟာ စကားအပြောတတ်တဲ့ သူတစ်ယောက်လည်း မဟုတ်ခဲ့ပါဘူး ။
ဘုရင်နဲ့ သူ့ဂီတမှူးတွေက ဂီတကို ချစ်တတ်ပေမဲ့လည်း မိုးဇတ်ရဲ့ ဂီတတွေရဲ့ ပြည့်စုံမှုကို ခံစားနိုင်စွမ်းမရှိကြတာကလည်း မိုးဇတ်နေရာမရခဲ့တဲ့ အကြောင်းတစ်ကြောင်းဖြစ်ခဲ့ပါတယ်။
မိုးဇတ်ရဲ့ ဂီတတွေဟာ ပရိတ်သတ်လက်ခံအားပေးမှုနောက်ကို ဘယ်တော့မှ မလိုက်ခဲ့ပါဘူး ၊ သူအထင်ကြီးတဲ့ မြို့ကြီးမှာ သူ့ဂီတတွေရဲ့ အမြင့်ကို ခံစားနိုင်တဲ့ တစ်ဦးတည်းသောသူက သူ့ရဲ့ အတွင်းကျိတ်ရန်သူ မိုးဇတ်ကို အထင်ကြီး မနာလိုဖြစ်နေတဲ့ ဆယ်လိရိုင်ပါ။
ကိုယ့်အရည်အချင်းကိုသိတဲ့ တစ်ဦးတည်းသောသူဟာ ကိုယ့်ရန်သူဖြစ်နေတဲ့အပြင်
ဂီတနဲ့ပက်သက်တဲ့ သူ့မာနကို မချနိုင်တဲ့ မိုးဇတ်အတွက် အရာရာမှာ အဆင်မပြေမှုတွေသိပ်များပါတယ်။
35နှစ်အထိပဲ အသက်ရှည်သွားခဲ့တဲ့ မိုးဇတ်ဟာ သီချင်းအပုဒ် ၆ရာကျော်နဲ့ အော်ပရာနှစ်ပုဒ် စပ်ဆိုသီကုံးခဲ့ပါတယ်။
မိုးဇတ်ရဲ့ နာမည်ကျော် လက်ရာတွေ ဖြစ်တည်လာပုံနဲ့ သူ့ရဲ့ နာမည်ကျော်အော်ပရာ Don Giovanni ဖြစ်တည်လာပုံတွေလည်း ပြသထားပါတယ်။
ဒီသုံးနာရီ ရှစ်မိနစ်ကြာတဲ့ ဒီရုပ်ရှင်ဟာ စစချင်းမှာတော့ အတော်ပျင်းစရာကောင်းပါလိမ့်မယ်။
ပထမတစ်နာရီကို ကျော်ပြီးတဲ့အချိန် မိုးဇတ်နဲ့ ဆယ်လိရိုင်တို့ကြားက Character Chemistry ခိုင်မာလာတဲ့အချိန်မှာတော့ ဒီကားဟာ အတော်ကောင်းတဲ့ရုပ်ရှင်လို့ ခင်ဗျားခံစားမိလာပါမယ်။
ဒီဇာတ်လမ်းထဲက မိုးဇတ်နဲ့ ဆယ်လိရိုင်တို့ရဲ့ အဖြစ်တွေဟာ တကယ်ဖြစ်ချင်မှဖြစ်ပါမယ်။
အပြင်က ဆယ်လိရိုင်ဟာ ဒီဇာတ်လမ်းထဲမှာလို မိုးဇတ်အတွက် မနာလိုနေတဲ့ မိတ်ဆွေတစ်ယောက် ဖြစ်ချင်ဖြစ်ပါမယ်။
ဆယ်လိရိုင်ဟာ မိုးဇတ်အတွက် အသုဘငိုချင်းဆိုပေးခဲ့ပြီး မိုးဇတ်ရဲ့သားကို သင်ပေးခဲ့တဲ့အတွက် သူ့ရဲ့ တကယ့်မိတ်ဆွေဖြစ်ချင်ဖြစ်ပါမယ်။
ရာနှုန်းပြည့်မှန်ကန်တဲ့ Biographyဆိုတာ ဘယ်မှာမှ မရှိပါဘူး။
အနုပညာပစ္စည်းတွေနဲ့ ပက်သက်လာရင် နည်းလည်နိုင်ဖို့ထက် ခံစားတတ်ဖို့က ပိုအဓိကကျပါတယ်။
သမိုင်းဖြစ်ရပ်မှန် စစ်ကားတစ်ကား တင်ပေးထားပါတယ်။
ဒီရုပ်ရှင်ဟာ မစ်ဝေးတိုက်ပွဲအကြောင်း ပါပဲ။
ဂျပန်တွေ ပုလဲဆိပ်ကမ်းကို ဗုံးကျဲပြီး ၆ လအကြာမှာ ဖြစ်ပွားခဲ့တာပါပဲ။
ပစိဖိတ်စစ်မျက်နှာမှာ ကြီးစိုးထားတဲ့ ဂျပန်ရေတပ်ကြီးကို အရေးနိမ့်စေခဲ့ပြီး ချိန်ခွင်လျှာပြောင်းလဲ စေခဲ့တဲ့ တိုက်ပွဲတစ်ခုပါပဲ။
ဒီတိုက်ပွဲမှာသာ အမေရိကန်ရှုံးခဲ့ရင် အနောက်ကမ်းရိုးတန်းအသိမ်းခံရပြီး ဆီရာတယ်
ဆန်ဖရန်စစ္စကို၊ လော့စ်အိန်ဂျလိလိုမြို့ကြီးတွေပါ ကျသွားနိုင်တဲ့အခြေအနေ ဖြစ်လာခဲ့မှာပါ။
ဒါကို ထောက်လှမ်းရေးအဖွဲ့ နဲ့ အင်အားနည်းနေတဲ့ ရေတပ်လေတပ်ပူးပေါင်းပြီး ဂျပန်တွေကို ပြန်တိုက်နိုင်ခဲ့တာ ပါပဲ။
စစ်ကားကြိုက်တတ်သူတွေ အကြိုက်တွေ့ကြမှာပါ။
ဒီဇာတ်လမ်းဟာ စပိန်နိုင်ငံရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးထားတာပါ။
ဇူလိုင်လ ၁၈ ၁၉၃၆ Salamanca, Castilla and León စတဲ့ စပိန်နိုင်ငံရဲ့ စပိန်စစ်တပ် ဟာ စစ်ကြေညာခဲ့ပါတယ်။ နိုင်ငံတော်အခြေအနေ မတည်ငြိမ်လို့ တိုင်းပြည်တိုးတက်ဖို့ဆိုပြီး သိမ်းလိုက်တာပါ။ အနီရောင်တပ်ဖွဲ့ ပြည်သူ့တပ်ဖွဲ့တွေက လဲ စပိန်စစ်တပ်ကို တွန်းလှန်တိုက်ခိုက်ကြတယ်။ စပိန်နိုင်ငံရဲ့ အထင်ကရ စာရေးဆရာတစ်ယောက်လည်းဖြစ် တက္ကသိုလ်မှာလည်း ကျောင်းဆရာတစ်ယောက်ဖြစ်နေတဲ့ မီဂွယ်တအူနာမိုနို က သူ့ကိုယ်တိုင် ကူညီတည်ထောင်ပေးခဲ့တဲ့ ပြည်သူ့တပ်ဖွဲ့ဆိုတာ ကိုသူကိုယ်တိုင်မကြိုက်ဘူးဖြစ်နေပါတယ်။ အကြောင်းကတော့ ဇာတ်လမ်းထဲမှာကြည့်ပါ။ စပိန်စစ်တပ်ကလဲ လူတွေကိုအကြောင်းမရှိအကြောင်းရှာသတ်ပစ်ကြတယ်။ ဒီလိုစိတ်ဝင်စားစရာဇာတ်လမ်းကို spoiler သဘောသက်ရောက်မှာစိုးတာရယ်ကြောင့် အသေးစိတ်ကိုတော့ ဇာတ်လမ်းထဲမှာ ခံစားကြည့်ပါ။
Goyo: The Boy General(2018)
IMDb….7.0
စစ်ကားလည်းကြည့်ချင်တယ်…စစ်ပဲတိုက်နေရင်လည်း မကြိုက်ဘူးဆိုတဲ့ သူတွေအတွက် ဖိလစ်ပိုင်
အချစ်စစ်ကားလေး လာပါပြီ…မင်းသားချော Paulo Avelino နဲ့ Carlo Aquino တို့ ပါဝင်သလို
မင်းသမီးနေရာမှာလည်း Gwen Zamora နဲ့ Empress Schuck တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်.
..ဒီဇာတ်လမ်းဟာ သုံးနှစ်တာကြာမြင့်ခဲ့တဲ့ အမေရိကန်-ဖိလစ်ပိုင် စစ်ပွဲကြီးကို ကျောရိုးပြုထားပြီး အဲ့ဒီစစ်ပွဲမှ
ာ ပါဝင်ခဲ့တဲ့ အသက်အငယ်ဆုံးဗိုလ်ချုပ် Gregorio Del Pillar အကြောင်းကို ရိုက်ကူးထားတာပါ..
.ဇာတ်လမ်းနာမည်မှာပါတဲ့ Goyo ဆိုတာကတော့ မင်းသားနာမည်ဖြစ်ပြီး The Boy General
ဆိုတာကတော့ မင်းသားရဲ့ Nick Name ပါ…ကဲ အညွှန်းလေး ဆက်သွားကြဦးစို့… ဇာတ်လမ်းအညွှန်း
Gregorio Del Pillar ဆိုတဲ့ စစ်ဗိုလ်လေးဟာ အဲ့ဒီခေတ် အဲ့ဒီအခါက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်..
.ခုခေတ်အခေါ်ဆို စော်ကြည်ဘဲလေးပေါ့…The Boy General လို့ နာမည်တပ်ခံရတဲ့ ဒီစော်ကြည်ဘဲလေးဟာ
အသက်ငယ်ငယ်လေးဆိုတော့ မတ်မတ်တွေအကြိုက်ပေါ့…ဒီကောင်လေးကလည်း အချဉ်မဟုတ်..
.သူကလည်း အသည်းခွဲလူမိုက်လို့ ခေါ်ရလောက်အောင် ပွေတဲ့သူ…စစ်တိုက်ထွက်ရင်းနဲ့ ရောက်တဲ့မြို့တိုင်းမှာ စော်တဗွေထား…
ခဏတွဲပြီး အမြဲထားခဲ့တတ်သူ…ဒီကောင်လေးရဲ့ နှလုံးသားကို ကိုင်လှုပ်နိုင်ခဲ့တဲ့သူကတော့..
.ဟော လာပါပြီဗျာ…မတ်မတ်လာပါပြီ…မတ်မတ်ရဲ့ နူးညံ့တဲ့အနေအထိုင်
ရင့်ကျက်တဲ့အပြုအမူ ငြင်သာတဲ့အပြောအဆိုတွေအောက်မှာ ဒီစော်ကြည်ဘဲလေး ဘယ်ခံနိုင်ရိုးလား.
..အဲ့တာက ရို အပိုင်း… စစ်ကားအမည်တပ်ထားတယ်ဆိုတော့ စစ်လည်း တိုက်ရမယ်မဟုတ်လား..
.ဒီမောင်မောင်လေး စစ်ထွက်ရတော့မယ်ဆိုတော့ ရင့်ကျက်လှပါပြီဆိုတဲ့ မတ်မတ်လည်း ဘယ်နေနိုင်ပါ့မလဲ.
..စစ်ထွက်ခါနီးချစ်သူကို အမှာတွေခြွေနေတာတွေ ကြည့်လိုက်ရင် ခင်ဗျားတို့ စော်ရှိတဲ့သူတွေ
တတိယကမ႓ာစစ်တောင် ဖြစ်ချင်သွားမယ်…ကျန်တာကတော့ ဒီဇာတ်ကားလေးကိုပဲ ဒေါင်းပြီး ကြည့်လိုက်ကြပါတော့လို့…
Emperor 2020
*********************
GCပရိသတ်ကြီးကို ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ အက်ရှင်ဒရမ်မာ သမိုင်းကြောင်းနောက်ခံပြု ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ အမေရိကန်တွေရဲ့ သမိုင်းကြောင်းကို ပြောင်းလဲစေခဲ့တဲ့ဇာတ်ကားကောင်းလေးဆိုလည်းမမှားပါဘူး။ လူမျိုးရေးခွဲခြားဆက်ဆံမှုတွေ အသားအရောင်ခွဲခြားဆက်ဆံမှုတွေဟာ ဒီနေ့အထိမပျောက်ပျက်သွားတဲ့ သမိုင်းကြောင်းတွေအဖြစ်ကျန်ရှိနေဆဲပဲ ဖြစ်ပါတယ်။
ဒီဇာတ်ကားလေးကတော့ ရှီးလ်ဂရင်းဆိုတဲ့ လူမည်းအမျိုးသားတစ်ဦးရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို တင်ဆက်ထားတာပဲ ဖြစ်ပါတယ်။ လူဖြူတွေသာ အာဏာရှင်သခင်ဖြစ်ပြီး လူမည်းတွေဟာကျွန်စနစ်ကိုလက်ခံပြီး လယ်ယာစိုက်ပျိုးရေး၊ အခိုင်းအစေ စတဲ့ ကျွန်အလုပ်တွေပဲလုပ်ရတဲ့ လူတန်းစားတွေဖြစ်ပါတယ်။ ရှီးလ်ဂရင်းဆိုတဲ့ လူမည်းတစ်ယောက်ဟာ လူဖြူသခင့်အိမ်တော်မှာ စိုက်ခင်းတွေနဲ့ပတ်သက်ပြီး စီမံခန့်ခွဲရတဲ့ တော်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာ သူတို့ယာခင်းပိုင်ရှင်အဟောင်းဟာ လောင်းကစားအကြွေးတွေမဆပ်နိုင်ပဲ သူတို့ယာခင်းကိုတစ်ပါးသူလက်ထဲထည့်ပေးလိုက်ရတဲ့အခါ သူ့ဘဝမှာ ကြီးမားတဲ့ အပြောင်းအလဲကြီး ဖြစ်လာပါတော့တယ်။ ပိုင်ရှင်အသစ်ရဲ့ပြောင်းလဲမှုဒဏ်ကို ရှီးလ်တစ်ယောက် ခံစားရပြီး သူတင်မဟုတ်ပဲ သူ့သားကိုပါ ထိပါးလာတဲ့အခါ… လူဖြူတွေကိုစတင်ပုန်ကန်ပါတော့တယ်။ ပြီး ဝရမ်းပြေးအဖြစ်ထွက်ပြေးရင်း ဂျွန်ဘရောင်းဆိုတဲ့တော်လှန်ရေးသမားနဲ့ တွေ့တဲ့အခါ သူတို့ပုန်ကန်မှုကြီး အောင်မြင်ပါ့မလား…. ရှီးလ်ကော အဖမ်းခံရမှာလား…ဆိုတာတွေကို စိတ်လှုပ်ရှားဖွယ်တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။
လူဖြူနဲ့ လူမည်းကြား လူတန်းစားခွဲခြားဆက်ဆံပုံတွေကို မြင်တွေ့ရမယ့် ဖြစ်ရပ်မှန်ဇာတ်လမ်းကောင်းလေးမလို့ ဆက်ဆက်ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါတယ်။
2019 မှာထွက်ခဲ့တဲ့ Horror | Thriller အမျိုးအစားဇာတ်လမ်းလေးပဲဖြစ်ပါတယ်
ဇာတ်လမ်းလေးကတော့ စိတ်ဝင်စားစရာပဲ
ပရော်ဖက်ရှင်သရဲတစ္ဆေလိုက်သူအဖွဲ့ဟာ ညီအမ ၂ယောက်မှာဖြစ်ပျက်နေတဲ့
သဘာဝလွန်ကိစ္စတွေကိုသတိထားမိခဲ့ကြပါတယ်
ဒါကြောင့် သူတို့တွေဟာ ညီမ၂ယောက်ရဲ့ ဆန်းကြယ်မှုကို
အဖြေထုတ်ဖို့ကြိုးစားကြပါတယ်
ကြိုးစားနေတဲ့နေရာကတော့ စွန့်ပစ်ခံထားရတဲ့ အိမ်တလုံးမှာပေါ့
အဲ့အိမ်မှာပဲ သရဲလိုက်သူ အဖွဲ့ဟာ အေမီနဲ့ ဂျက်ဆီတို့၂ယောက်ကို
မှတ်တမ်းရုပ်ရှင်ရိုက်ရင်း ထူးဆန်းတဲ့အဖြစ်အပျက်တွေကို
ခြေရာခံတဲ့နောက်မှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာကို
ဆက်လက်ကြည့်ရှုလိုက်ရအောင်
The 24th(2020)
အမေရိကန်သမိုင်းမှာ အသားအရောင်ခွဲခြားမှုကြောင့်ဖြစ်ပေါ်လာတဲ့ လူမျိုးရေးအဓိကရုဏ်းတွေအများကြီးရှိပါတယ်။
ဒီထဲမှာမှ ပထမကမ္ဘာစစ်အတွင်း ၁၉၁၇ခုနှစ် အမေရိကန်နိုင်ငံ၊ဟူစတန်မြို့မှာဖြစ်ခဲ့တဲ့အဓိကရုဏ်းမှာတော့
အမေရိကန်လူမည်းစစ်သားတွေပါဝင်ခဲ့ပါတယ်။ ဒီဇာတ်ကားလေးကတော့
“၁၉၁၇ ဟူစတန်အဓိကရုဏ်း(သို့) လိုဂန်တပ်စခန်းပုန်ကန်မှု”ကိုအခြေတည်ပြီး
ရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ကားလေးပဲဖြစ်ပါတယ်။ အမေရိကန်စစ်တပ်ရဲ့
အမှတ်စဥ်(၂၄)ခြေလျင်တပ်ရင်းက လူမည်းစစ်သားတွေပါဝင်နေတဲ့အတွက်
စစ်ပွဲကာလမှာတောင်စစ်တိုက်ခွင့်မရဘဲ အလုပ်ကြမ်းတွေပဲလုပ်ရတဲ့အပြင်
နယ်ခံလူဖြူရဲတွေရဲ့ အနိုင်ကျင့်နှိပ်စက်မှုကိုလဲခံရပါတယ်။ လူမည်းတွေကိုဖိနှိပ်ထားတဲ့ဥပဒေကြောင့်
တပ်ရင်းတစ်ခုလုံးသည်းခံခဲ့ကြပေမယ့် မတရားတဲ့ကိစ္စတစ်ခုအတွက်
အသက်အန္တရာယ်ထိရန်ရှာလာခဲ့တဲ့အချိန်မှာတော့ အခြေအနေတွေကအဓိကရုဏ်းဖြစ်ဖို့ဦးတည်သွားပါတော့တယ်..
ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ခံစားကြည့်ကြပါဉီး.
နောက်ဆုံးထွက် netflix Horror ဇာတ်ကားလေးပါပဲ
စိတ်ခြောက်ခြားဖွယ်သရဲကားကောင်းကြိုက်သူတွေအတွက်
2020 augustလမှာထွက်ထားတဲ့ ထိုင်ဝမ်သရဲကားကောင်းလေးတစ်ကားဖြစ်ပါတယ်
စတင်ထုတ်လွှင့်ချိန်ကနေ ခုချိန်ထိ Box office worldwideမှာ $347513ဝင်ငွေရရှိထားပါတယ်
CGI effectတွေမပါပဲ ပြင်ပမှာတစ်ကယ်သရဲခြောက်ခံနေရသလိုရိုက်ကူးထားလို့
စိတ်ခြောက်ခြားဖွယ်ကောင်းလှပါတယ် ဇာတ်လမ်းအကျဉ်းကတော့
တက္ကသိုလ်ကျောင်းသားကျောင်းသူအုပ်စုတစ်ခုဟာ သတ္တိရှိမရှိစမ်းသပ်တဲ့ပွဲမှာ
ပါဝင်တဲ့အဖွဲ့ဝင်များအောင်ကြော်ငြာဖို့ ည၁၂နာရီထိုးရင်သရဲခြောက်တယ်လို့
နာမည်ကြီးလှတဲ့ သရဲမတံတားရဲ့လှေကားထစ်ကိုလျှောက်ပြရင်း
live လွှင့်ကြေငြာဖို့ ပြင်ဆင်ကြတဲ့အခါ…
ဘယ်လိုတုန်လှုပ်ခြောက်ခြားဖွယ်တွေကစောင့်ကြိုနေမှာလဲ…
သရဲမရဲ့ကျိန်စာကနေလွတ်မြောက်နိုင်ပါ့မလား…
ထင်မထားတဲ့လှည့်ကွက်တွေပါတဲ့ စိတ်ခြောက်ခြားဖွယ် Horror ကားကောင်းတကားပါ
Rising Free (2019)
ဒီတစ်ခေါက် ဇာတ်ကားလေးကတော့ ၁၉ရာစုနှောင်းပိုင်း အမေရိကန်မှာ နေထိုင်လျက်ရှိသော မိန်းမပျိုလေးအကြောင်းကို အဓိကထားပြီး ရိုက်ကူးထားပါတယ်။
အဲ့ဒီမိန်းမပျိုလေးရဲ့ နာမည်ကတော့ နက်ခိုမီ ပဲဖြစ်ပါတယ်။ သူမ၏ဖခင်မှာ လူဖြူလူမျိုးဖြစ်ပြီး မိခင်မှာ လူမဲလူမျိုးဖြစ်ပါတယ်။ သူမမှာ အကိုနဲ့ညီမလေးတစ်ယောက်ရှိပါတယ်။
သူမတို့မိသားစုလေး ပျော်ရွှင်ချိန်ဟာ အရမ်းမရှည်ကြာခဲ့ပါဘူး။ သူမ ၁၇ ၊၁၈ အရွယ်မှာပဲ အိမ်မီးလောင်ပြီး ပိုင်ဆိုင်မှုတွေကော မိဘနှစ်ပါးကိုပါ ဆုံးရှုံးခဲ့ရပါတယ်။
အဲ့ခေတ်အချိန်ခါတုန်းက လူမျိုးရေးဝါဒီဟာ ထွန်းကားနေဆဲဖြစ်တဲ့အတွက် သူတို့ကို ဘယ်သူမှ မကူညီ လက်မခံခဲ့ကြပါဘူး။
ဒီလိုနဲ့ သူတို့ဟာ ရှိရာနေရာလေးမှာ ခက်ခက်ခဲခဲ အသက်မွေးခဲ့ရပါတယ်။ တစ်နေ့မှာတော့ သူတို့ဆီ လူရမ်းကားတစ်စု ရောက်လာပြီး သူမ၏ ညီမလေးကော အကိုပါ ထွက်ပြေးရင်း အသက်ဆုံးခဲ့ရပါတယ်။
အသက်ရှင်ကျန်ခဲ့တဲ့ နက်ခိုမီလေး ဟာပြေးရင်းပြေးရင်း အက်တယ်လို့ခေါ်တဲ့ လူဖြူမိန်းကလေးတို့အိမ်ကို ရောက်သွားခဲ့ပါတယ်။
တခြားသော သူတွေနဲ့မတူညီစွာပဲ အက်တယ်တို့မိသားစုဟာ နက်ခိုမီလေးကို ဆေးကုပေးပြီး သူတို့အိမ်မှာပါ နေဖို့ခွင့်ပြုပေးကြပါတယ်။ ဒါပေမယ့် နက်ခိုမီတို့ကိုလိုက်ဖမ်းတဲ့လူတွေကတော့ နက်ခိုမီ ကိုဖမ်းချင်နေတုန်းပါပဲ။
ဒီလိုနဲ့ နက်ခိုမီလေးဟာ အက်တယ်တို့မိသားစုလေးနဲ့ရော ဘယ်လိုမျိုးနေထိုင်ကြသွားလဲ လူဆိုးတွေလက်ကရော လွတ်မလား… နောက်ထပ် ဘာတွေဆက်ဖြစ်လာမလဲဆိုတာ သိချင်ရင်တော့ ကိုယ်တိုင်သာ ကြည့်ရှုလိုက်ပါနော်။
Drama နဲ့ History အမျိုးစားလေးဖြစ်လို့ ဇာတ်လမ်းအတက်အကျ တွေကို ရင်သတ်ရှုမောဖွယ် ကြည့်ရှုရမှာပါ။
FA မမတွေအကြိုက် အသည်းတယားယားကြည့်ရမယ့် အချစ်သိုင်းကားလေး လာပါပြီနော်
ဂိုဏ်းထဲပညာသင်ဖို့ ဝင်ဝင်ချင်းမှာတင် ဂိုဏ်းတူအစ်ကိုကို
လူကြားထဲအရှက်ရအောင်လုပ်မိလို့ ပြန်တောင်းပန်ရတဲ့အနေနဲ့ သုံးလတိတိ
ခိုင်းသမျှမညည်းမညူလုပ်ပေးနေရတဲ့ လင်ယွဲ့ရှန်း (ရှန်းရှန်း) ဟာ တစ်ဖက်မှာ
စည်းကမ်းတင်းကျပ် ဒေါသကြီးတဲ့ လုံရှောက်ချန် (ချန်) ညှဉ်းဆဲသမျှခံနေရပေမယ့်
နာက်တစ်ဖက်မှာတော့ နူးညံ့နွေးထွေးပြီး သူ့ကိုအမြဲဖေးမပေးတတ်တဲ့
သွမ်းမုကျယ် (ကျယ်) ရဲ့အာရုံစိုက်မှုကိုလည်း ခံနေရပါတယ်။
အဖြူနဲ့အမည်း ဂျစ်ကန်ကန်နဲ့နူးနူးညံ့ညံ့ ပေပေတေတေနဲ့သပ်သပ်ရပ်ရပ်
ဇီဇာကြောင်တတ်သူနဲ့နားလည်ပေးတတ်သူ ဒီလိုဆန့်ကျင့်ဖက်နှစ်ယောက်ဟာ
ငယ်သူငယ်ချင်းတွေလည်းဖြစ်ကြတယ်။
သူတို့နှစ်ယောက်ကြားမှာ ရှန်းရှန်းတစ်ယောက်ဘယ်လိုတွေ နေရလည်းဆိုတာကို
အားပေးကြည့်ရှုရင်း စိတ်ပျိုကိုယ်နု ဖြစ်ကြည့်ကြပါဦးနော်
ဒီဇာတ်ကားလေးကို The Black Devil and The White Prince ဆိုတဲ့
၂၀၁၆ ထုတ်ဂျပန်ကားလေး ကြည့်ဖူးတဲ့သူတွေတော့ ဇာတ်လမ်းအကြမ်းလောက်ကို
သိကြမှာဖြစ်ပေမမယ့်လို့ လုံးဝမတူတဲ့ အသွင်အပြင်နဲ့
ဖီလင်နောက်တစ်မျိုးကို ရရှိမှာလည်း အသေအချာပဲဖြစ်ပါတယ်
Cold War (2018)
=============
IMDb Rating 7.6/10
#Unicode
Cold Warကိုကြည့်ပြီးနောက် တွေးမိတာက
ကျောင်းသင်ရိုးက မြန်မာကဗျာတွေရဲ့ အရေးပါပုံကိုပါပဲ။
Cold Warဟာ ဂီတသမားတစ်ယောက်က
ဂီတတင်ဆက်မှုတစ်ခုလုပ်ဖို့ လူစုတဲ့အကြောင်းကနေ
အစပြုထားတယ်။ သူ့တင်ဆက်ချင်တဲ့ဂီတက
နည်းနည်းတော့ထူးခြားတယ်။ ကျေးတောနေလူတန်စားတွေရဲ့
ဂီတ။ ကျွန်တော်တို့ မြန်မာကဗျာမှာသင်ရတဲ့
တောင်တွင်းရှင်ငြိမ်းမယ်ရဲ့ အိုင်ချင်းတွေလိုကဗျာတွေကို
ဆိုကြတဲ့ဂီတမျိုးပဲ။ ကောက်စိုက်သမဂီတပဲဆိုရမယ်။
ဒီဂီတလေးတွေက ဒီကားရဲ့အသက်ပဲထင်တယ်။
Cold Warဟာ ဒီတစ်မူထူးတဲ့ဂီတတွေကြောင့်ပဲ
တခြားMusical Dramaတွေထက်ထူးနေတယ်။
ဒီဂီတကဗျာတွေရဲ့ အရေးပါပုံကိုခံစားမိတော့
ကျွန်တော် ကျောင်းသင်ရိုးကကဗျာတွေ
အရေးပါတာတွေးမိတယ်။
ကိုယ့်ဘာသာဆို သိချင်မှသိမယ်ကိုး။
မူရင်းပိုလန်ဘာသာကနေ အင်္ဂလိပ်လိုပြန်ထားတာကိုမှ
ဗမာလိုပြန်ရေးတာမို့ Lost in Translation
အများကြီးရှိနိုင်ပေမယ့် ဒီထဲက သီချင်းတွေကို
ကျေးလက်ကဗျာ အငွေ့အသက်ရအောင်ပဲ
ပြန်ထားပေးပါတယ်။
Cold Warရဲ့တစ်ချို့ အခန်းတွေဟာ သိပ်လှတယ်။
ကျွန်တော်အကြိုက်ဆုံးအခန်းက ကျေးလက်ဂီတတွေကို
နိုင်ငံရေးစည်းရုံးရေးသီချင်းဖြစ်အောင် မလွဲရှောင်သာလို့
သုံးပေးလိုက်ရပေမယ့်
အဲ့ဒီဂီတတင်ဆက်မှုရဲ့ အောင်မြင်မှုအတွက်
အားလုံးလက်ခုပ်တီးနေချိန်မှာ လက်ခုပ်မတီးနိုင်တဲ့
ဂီတတင်ဆက်မှုရဲ့ ပဲ့ကိုင်ရှင် နှစ်ယောက်နဲ့
သူတို့ရဲ့ မသက်မသာမျက်နှာတွေပါပဲ။ရုပ်ရှင်နာမည်ကတော့ ဇာတ်အိမ်ကို
ပိုလန်ရဲ့စစ်အေးတိုက်ပွဲ ကာလအတွင်းတည်ထား
တာမို့ Cold Warလို့ပေးထားပေမယ့်။ စစ်နဲ့
ပက်သက်တာ ဘာမှမပါပါဘူး။
သမိုင်းအစစ်တွေတော့ ယူသုံးထားတယ်။
Cold Warဟာ 2018ထွက်ဆိုပေမယ့်
ဒါရိုက်တာက သူ့အနုပညာရည်ကို လက်စွမ်းပြချင်တော့
အဖြူအမဲနဲ့ရိုက်ထားတယ်။ အဲ့ဒီနှစ်က ရုပ်ရှင်ဓာတ်ပုံ
ပညာနဲ့ အော်စကာဆန်ခါတင်၀င်ခဲ့သေးပေမယ့်
Romaရသွားတယ်။ သူအသားပေးဖော်ပြသွားတဲ့
ကျေးလက်ဂီတတွေရဲ့ ခံစားမှုမျိုးကိုပဲ Cold War
က ကျွန်တော်တို့ကိုပြန်ပေးတယ်။
The Battleship Island (2017)
============================
2017 လောက်ကထွက်ရှိခဲ့တဲ့ The Battleship Island ဆိုတဲ့ ကိုရီးယားကားလေးကို မှတ်မိလိုက်ကြလား။ အဲ့ဒီအချိန်က ဒီဇာတ်ကားထဲက မင်းသား Song Joong Ki က သူနဲ့အတူတူ Dots လို့အများစုသိကြတဲ့ Descendants of the Sun ရဲ့ မင်းသမီးချော Song Hye Kyo နဲ့ ပူပူနွေးနွေးလက်ထပ်ပြီးကာစပေါ့။ အခုတော့လဲ အကြောင်းအမျိုးမျိုးကြောင့်နဲ့ ကွဲသွားပါပြီ။ ထားပါလေ ရုပ်ရှင်အကြောင်းလေးကိုသွားရအောင်။
ရုပ်ရှင်က ကြည့်လိုက်ရင်သိသွားမှာဆိုတော့ အများစုမသိတဲ့ မှတ်တမ်းမှတ်ရာလေးတွေကို အရင်ပြောပြမယ်။ ဒီကားက စစချင်းရုံတင်တဲ့ ညပွဲမှာပဲ ကြည့်ရှုသူ ၉၇၀၅၁၆ယောက်တောင် ရှိခဲ့ပြီး အရင်စံချိန်တင်ထားတဲ့ Train to Busan ကိုပါ ကျော်လွန်ပြီးတော့ ဝက်ဝက်ကွဲအောက်မြင်ခဲ့ပါတယ်။ 2017 July 26 ရက်နေ့မှာထွက်ခဲ့ပြီးတော့ ပထမဆုံးပိတ်ရက်(July 28 ကနေ 30) မှာ လက်မှတ်က 2.5 မီလီယံအထိရောင်းချခဲ့ရပါတယ်။ ပထမဆုံး ၅ ရက်မှာလည်း ၄ မီလီယံအထိကို ခုန်တက်သွားခဲ့ပါတယ်။ ဒီလောက်တောင် အောင်မြင်မှုရတယ်ဆိုတော့လဲ မကောင်းစရာကိုမရှိတာပါ။ တကယ်လဲကောင်းခဲ့ပါတယ်။
ဇာတ်လမ်းအကျဥ်းလေးကိုပြောရမယ်ဆိုရင်တော့ ဒုတိယကမ္ဘာစစ်အတွင်းမှာ ကိုရီးယားအလုပ်သမား ၄၀၀ က ဂျပန်နိုင်ငံ Hashima ကျွန်းပေါ်က ကျောက်မီးသွေးတွင်းမှာအတင်းအဓမ္မ အလုပ်ခိုင်းစေခြင်းကို ခံရပါတယ်။ ဒီချွေးတပ်စခန်းက အလုပ်သမား ၄၀၀ က တော်လှန်ရေးလုပ်ပြီးတော့ အသေခံတိုက်ပွဲဝင်ပြီးပြေးကြပါတယ်။
သူတို့ရဲ့တိုက်ပွဲမှာ ကျဆုံးမှုတွေရှိမလား အောင်မြင်မှာလားဆိုတာကတော့ ထွက်တာကြာနေပေမဲ့ မကြည့်ရသေးတဲ့သူတွေအတွက်တော့ ဇာတ်လမ်းတိုင်းကအသစ်ပဲဆိုတော့ စစ်ကားနဲ့ပတ်သက်တာတွေ သမိုင်းကြောင်းနဲ့ ပတ်သက်တာတွေကိုကြိုက်တဲ့ ကိုကိုမမတွေ ခံစားပေးကြပါဦး။ ဒါနဲ့ ကြည့်ပြီးသားသူတွေကလဲ မင်းသားလေးချောလို့ကြည့်တယ်ပဲဖြစ်ဖြစ် ရုပ်ရှင်လေးသဘောကျလို့ပဲဖြစ်ဖြစ် စောင်ကိုက်ရမဲ့ကားမျိုးမဟုတ်ပေမဲ့လဲ အားပေးကြပါဦးလို့ပဲ တိုက်တွန်းပါရစေ။
၁၉၃၂ခုနှစ်တုန်းက ဘာလင်မြို့မှာ အန်နာဆိုတဲ့
၉နှစ်အရွယ် ကလေးမလေးတစ်ယောက်ရှိခဲ့တယ်
သူမရဲ့ အဖေက နာမည်ကြီးဝေဖန်ရေးဆရာ
အာသာကမ်ပါဖြစ်ပြီးတော့ အမေနာမည်က ဒေါ်ရသီယာပါတဲ့
သူမမှာ မက်စ်လို့ခေါ်တဲ့ ၁၂နှစ်အရွယ် အစ်ကိုတစ်ယောက်ရှိပြီး
ဘာလင်မြို့မှာ မိသားစုအတူတကွပျော်ပျော်ရွှင်ရွှင်နေကြတယ်
တစ်ရက် ဟစ်တလာကရွေးကောက်ပွဲနိုင်လုဆဲဆဲအချိန်မှာ
ဂျူးလူမျိုးဖြစ်ကြတဲ့ သူမတို့မိသားစုတတွေ
နာဇီလက်ကလွတ်မြောက်ဖို့အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့
ဘာလင်ကနေပြေးကြရတော့တယ်
အန်နာတို့တတွေ ဘယ်လိုအခက်အခဲတွေ ဘယ်လိုအပြောင်းအလဲတွေ
ကြုံတွေ့ရမလဲ နေရာအသစ် ဘဝအသစ်ကို
ဘယ်လိုဖြတ်သန်းကြမလဲ ဆိုတာ ကြည့်ရမှာဖြစ်ပါတယ်
သမားရိုးကျနိုင်လွန်းတဲ့ သို့ ပုံစံခွက်ထဲအများစုဝင်တဲ့ ဇာတ်လမ်းအမျိုးအစားထဲမှာ
disaster/survival ရုပ်ရှင်များလည်း ပါပါတယ်။ Titanic,
The day after tomorrow တို့လိုကားတွေ လူကြိုက်များခဲ့၊
အောင်မြင်ခဲ့ကြပေမယ့် နောက်ပိုင်းမှာ ဒါမျိုးကားတွေ
သိပ်အလုပ်မဖြစ်ခဲ့ကြတာကိုတွေ့ရပါတယ်။ ဥပမာ World Trade Centre, Poseidon တို့လိုကားတွေ။
ဒီလိုဇာတ်ကားများမှာ ဖော်မျူလာကျ ဇာတ်ကြောင်းပြောတဲ့ပုံက
ကျွန်တော်တို့နဲ့အတော်ကျွမ်းဝင်နေခဲ့ပြီ။ အစပိုင်းမှာ Victims
ဖြစ်လာကြမယ့်သူတွေရဲ့ မိသားစုဘဝတွေကိုပြမယ်။
ဒါဟာ နောက်ပိုင်းမှာ ဇာတ်ကောင်ကိုပိုမိုကရုဏာသက်စေဖို့အထောက်အကူပြုတယ်။
ဇာတ်ကားအလယ်လောက်မှာ ဘေးဆိုးကြီးနဲ့မိတ်ဆက်ပေးမယ်။
သေကြ၊ ကြေကြ၊ ပျက်ဆီးကြမယ်။ ကိုယ်ကျိုးစွန့်အနစ်နာခံကြမယ့်
သူရဲကောင်းတွေပါမှာဖြစ်သလို တစ်ဘို့သမား ဗီလိန်များလည်းပါရလိမ့်မယ်။
ဒီလို ပုံစံကျရှိနေတဲ့ ဇာတ်လမ်းအမျိုးအစားမို့လို့ ပရိသတ်တွေရိုးအီလာတာရှိမှာဖြစ်သလို
ဒီပုံစံမှာ ဆက်လက် ရင်ခုန်ခံစားချင်၊ စီးမျောချင်တဲ့ပရိသတ်လည်းရှိဦးမှာပါပဲ။
အဲလိုဇာတ်ကားအများစုက ဖြစ်ရပ်မှန်တွေဖြစ်နေတတ်တာကတော့
ပရိသတ်ကိုစွဲငြိစေတဲ့အချက်တစ်ချက်လို့ထင်မိပါတယ်။
Deepwater Horizon ဟာလည်း 2010 ကဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်မှန်တစ်ခုဖြစ်ပါတယ်။
Deepwater Horizon ဆိုတဲ့ ပင်လယ်ရေနံတူး Rig ကြီးဟာ
မက္ကဆီကိုပင်လယ်ကွေ့မှာ မတော်တဆ မီးလောင်ပေါက်ကွဲခဲ့ပြီး အမေရိကန်ရဲ့
အဆိုးရွားဆုံး လောင်စာဆီဖိတ်စင်မှုကြီးဖြစ်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကြီးအပေါ်
သေချာလေ့လာရေးသားထားတဲ့ New York Times ကဆောင်းပါးကိုအခြေခံကာ
ဒီရုပ်ရှင်ကိုရိုက်ကူးခဲ့တာပါ။ ဒါကြောင့်မို့လို့လည်း အချက်အလက်ပိုင်းဆိုင်ရာ
တိကျတယ်လို့ ချီးကျူးခံရပါတယ်။
ရေနံတွင်းကြီးကိုပိုင်တဲ့ BP managers တွေဟာ သတ်မှတ်ထားတဲ့အချိန်ထက်
တစ်လနီးပါးလောက်နောက်ကျနေပြီဖြစ်တဲ့လုပ်ငန်းကို အချိန်မီပြီးစီးဖို့ရော၊
ငွေချွေတာတဲ့သဘောရောနဲ့ ပင်လယ်ရေအောက်ဖိအားတိုင်းတာတဲ့
test တစ်ခုကို (Cement test ဟုကြားသည်။ မသေချာပါ။) မလုပ်ဖို့ဆုံးဖြတ်လိုက်တယ်။
တကယ်ရေနံတူးကြသူတွေကတော့ Transocean ဆိုတဲ့
Drilling company ကသူများဖြစ်ပါတယ်။ Michael Williams (Mark Wahlberg) က
Transocean ရဲ့ Chief electric technician တစ်ယောက်ပါ။ ရေနံတွင်းတူးသမားတွေရဲ့
Captain (Kurt Russell) ကတော့ သင်္ဘောပေါ်ကလူအားလုံးရဲ့
ဘေးကင်းလုံခြုံရေးအတွက် သူတာဝန်ရှိတာမို့ BP managers များရဲ့
လက်လွတ်စပယ်ဆုံးဖြတ်ချက်အတွက်အခြေအတင်စကားများကြတယ်။
နောက်ဆုံးတော့ Cement test မလုပ်ရင်တောင် နောက်ထပ်စမ်းသပ်မှုတစ်ခုဖြစ်တဲ့
Negative pressure test ကိုပြုလုပ်ဖို့သဘောတူကြတယ်။
ဒီ test ကိုပြုလုပ်လိုက်တဲ့အခါ ပင်မရေနံပိုက်လိုင်းမှာ ဖိအားတွေဟာ
အန္တရာယ်ရှိအဆင့်ထိ မြင့်တက်နေခဲ့ပါတယ်။ ပုံမှန်ဆိုရင်
လုပ်ငန်းကိုရပ်ဆိုင်းလိုက်ရတော့မှာဖြစ်ပေမယ့် BP representative တစ်ဦး
(John Malkovich) က ဖိအားများရင် ရေနံတွေဘာလို့ပန်းထွက်မလာတာလဲလို့
အကြောင်းပြပြီး (သူ့ရဲ့ Bladder effect ဆိုတာတွေရှင်းပြပြီး) ပင်မရေနံလိုင်းရဲ့ဘေး၊
kill line မှာနောက်ထပ် Negative pressure test ထပ်လုပ်စေပါတယ်။
ဒီတစ်ခါမှာတော့ pressure က zero level ဖြစ်နေခဲ့ပါတယ်။
ဒီလိုနဲ့ပဲ ရေနံတူးခြင်းလုပ်ငန်းစတင်လိုက်တဲ့အခါ
ရေအောက်ဖိအားတွေတအားတက်လာခဲ့ပြီးနောက်……………….
Deepwater Horizon ကလည်း ပုံစံခွက်ထဲကနေဖောက်ထွက်ထားတဲ့ဇာတ်ကားမျိုးမဟုတ်ပါဘူး။
ဒါပေမယ့် ကြည့်ရတာ ကျေနပ်နှစ်သိမ့်မှုကိုတော့ပေးစွမ်းနိုင်ပါတယ်။
ဒီနှစ်အစောပိုင်းလောက်က ထွက်ရှိထားတဲ့ ပုံစံတူ The finest hours ထက်ပိုကြိုက်မိပါတယ်။
The lone survivor ရဲ့ဒါရိုက်တာ Peter Berg ကရိုက်ကူးထားတာပါ။ ဒါကြောင့်လည်း
တချို့နေရာတွေမှာ The lone survivor နဲ့ဆင်တူနေတာကို သတိမထားဘဲမနေနိုင်ဘူး။
အထူးသဖြင့် Lone survivor ထဲက တောင်ပေါ်ကခုန်ချကြတဲ့အခန်းတုန်းကလို ခံစားချက်မျိုး
ဒီကားမှာ ပြန်လည်ခံစားမိတယ်။ ဒါရိုက်တာဟာ ဇာတ်လမ်းကို
overdramatized ဖြစ်သွားမှာစိုးရိမ်ဟန်တူပါတယ်။ ဇာတ်ကောင်မိတ်ဆက်မှုတွေ
လိုတာထက်မပိုတာတွေ့ရပါတယ်။ ဇာတ်လမ်းကပိုကျစ်လစ်သွားပေမယ့်
ဇာတ်ကောင်များနဲ့သိပ်မရင်းနှီးလိုက်တာကတော့ အပြစ်ပေါ့လေ။
လူဆိုး၊ လူကောင်း၊ သူရဲကောင်းကွဲပြားပေမယ့်လို့ အသေးစိတ်လေးတွေထိ
မသွားတာကိုပြောချင်တာပါ။ ရေနံတွေပန်းထွက်လာတာကနေစပြီး အဆုံးထိရောက်တဲ့ဇာတ်ကားရဲ့
action အပိုင်းတွေကတော့ တကယ်ကို ရင်သပ်ရှုမောဖြစ်ဖွယ်ရာပါပဲ။ မီးတောက်ကြီးတွေ၊
ပေါက်ကွဲတာတွေက ပီပြင်လှပါတယ်။ ဒါမျိုးပီပြင်အောင်ရိုက်ခဲ့လို့လည်း
budget က သန်းတစ်ရာကျော်ခဲ့တာပေါ့။ လောလောဆယ်ထိတော့
သန်းသုံးဆယ်ကျော်ပဲပြန်ရသေးတယ်လို့ကြားပါတယ်။ ဇာတ်ကားအစမှာ
Mark Wahlberg ရဲ့ သမီးဖြစ်သူက ရေနံတူးတာအကြောင်း
ကိုကာကိုလာဘူးနဲ့ နိမိတ်ပြသွားတဲ့အခန်းလေးကို ပြီးသွား
မှပြန်တွေးရင်းသဘောကျမိတယ်။
သတိထားမိတဲ့ထူးခြားချက်လေးတွေပြောရရင်တော့ Mark Wahlberg ကို
A perfect storm ဆိုတဲ့ပုံစံတူဇာတ်ကားမှာ မြင်တွေ့ခဲ့ပြီးပြီးဖြစ်သလို
Kurt Russell ဟာလည်း Poseidon မှာပါဝင်ခဲ့ပါတယ်။ ပင်လယ်ပျော်တွေပေါ့။
နောက် Kate Hudson အတွက်လည်း ပထွေးဖြစ်သူ Kurt Russell နဲ့
ပထမဆုံးတွဲဖက်ပါဝင်တဲ့ဇာတ်ကားဖြစ်ခဲ့တာပါ။
ဇာတ်ကားအဆုံးမှာ တကယ့်အပြင်က heroes တွေရဲ့ပုံတွေ၊
news footage တွေကို စာတန်းထိုးရင်းပြသွားတယ်။ ကြည့်ရတာ အဖိုးတန်ပါတယ်။
ဒီဇာတ်လမ်းလေးကို ရုပ်ရှင်မကြည့်ခင်မှာပဲအားလုံးသိပြီးကြမှာပါ။
၂၀၁၃တုန်းကကျင်းပခဲ့တဲ့ Bostonမာရသွန်ပြေးပွဲမှာ ဗုံးဖောက်ခွဲမှုဖြစ်ပြီး လူတွေသေကြေ ထိခိုက်ဒဏ်ရာရခဲ့တာပါ။
ကျနော်ကိုယ်တိုင်လည်း ဒီဇာတ်လမ်းကို ၂၀၁၃တုန်းကပဲ DVBကလွှင့်ခဲ့တဲ့ Documentryအတိုလေးကြည့်လိုက်ရပါတယ်။
ဒီတော့ Spoilerတွေဘာတွေသိပ်စိတ်ပူနေစရာမလိုပါဘူး။
ဒီကားကိုအမှန်အတိုင်းပြောရရင် ကျနော်လည်းသိပ်ကြည့်ချင်ခဲ့တာမဟုတ်ပါဘူး။
ဇာတ်လမ်းကသိပြီးသားဆိုတော့ အခွေထွက်တာပဲစောင့်မယ်ကြံခဲ့တာပါ။
ဒါပေမယ့် ရုံသွားကြည့်သူတွေရဲ့Feedbackအရ
သိပြီးသားဇာတ်လမ်းကိုပဲ စိတ်ဝင်စားစရာကောင်းအောင်ရိုက်ပြသွားပြီး
ကြည့်လို့်ကောင်းတယ်လို့ ပြောကြပါတယ်။
ဒါနဲ့ပဲ ကျနော်လည်းရုံမှာအပြေးသွားကြည့်ခဲ့ပါတယ်။
အားလုံးပြောကြတဲ့အတိုင်း ဇာတ်လမ်းဟာသိပြီးသားဖြစ်ပေမယ့်
အလွန်ကိုစိတ်ဝင်စားစရာ ကောင်းလွန်းခဲ့ပြီး နောက်ဆုံးခန်းအထိကို
ကြည့်နေတဲ့ပရိသတ်တွေကို ဆွဲခေါ်သွားပါတယ်။
ာတ်လမ်းအကျဉ်းကတော့ ကျနော်မပြောလည်းအားလုံးသိပြီးကြမှာပါ။
2013,April 15ရက်နေ့မှာ Bostonမြို့မှာကျင်းပခဲ့တဲ့
မာရသွန်ပြေးပွဲမှာ ဗုံး၂လုံးပေါက်ခွဲမှုဖြစ်ပွားခဲ့ပါတယ်။
ဗုံးဟာ Home-Madeဗုံး လို့ယူဆရပြီးBostonမြို့ခံရဲသား
Tommy Saunders(Mark Wahlberg)ကဦးဆောင်ပြီး
Commissioner Ed Davis (John Goodman)နဲ့
FBI Special Agent Richard DesLauriers
(Kevin Bacon)အတူပူးပေါင်းကာ ဗုံးဖောက်ခွဲသူကိုဖေါ်ထုတ်ကြတာပါ။
ဇာတ်ကားစစချင်းမှာ ဒါရိုက်တာက
Characterတွေရဲ့အခန်းတွေကိုဟိုစပ်ဒီစပ်ပုံစံနဲ့ရိုက်ပြသွားပြီး
ဗုံးဖောက်ခွဲပြီးနောက်ပိုင်းမှာတော့
ဒီCharacterအားလုံးဟာ ဇာတ်လမ်းထဲတဖြည်းဖြည်းဝင်လာခဲ့ပါတယ်။
Mark Wahlbergရဲ့သရုပ်ဆောင်မှုကတော့ တချက်၂ချက်ထဖောက်တာကလွဲပြီး အတော်ပီပြင်ကောင်းမွန်တယ်လို့ချီးကျူးရမှာပါ။
J.K Simmonsကြီးလည်းအရံအဖြစ်ပါဝင်ခဲ့ပြီး
Screen Timeနည်းတယ် ဆိုပေမယ့် ပါရတယ့်အခန်းမှာရအောင်တော့ကြမ်းပြသွားပါသေးတယ်။
(Rogue Oneမှာ Darth Vaderပါလာသမျိုးပါပဲ။)
10 CloverField Laneဇာတ်ကားမှာပါဝင်ခဲ့တဲ့ John Goodmanနဲ့
Tremors နဲ့ Hollow Manဇာတ်ကားတွေထဲက Kevin Baconတို့ရဲ့ ဒီကားမှာသရုပ်ဆောင်မှုဟာလည်း
အရမ်းမကောင်းဘူးဆိုတောင် မဆိုးဘူးလို့တော့ပြောလို့ရပါတယ်။
Supergirl မင်းသမီး Melissa Benoistလည်းအရံအဖြစ်ပါဝင်အားဖြည့်ထားပါတယ်။
တခြားခြားသောသရုပ်ဆောင်တွေရဲ့သရုပ်ဆောင်မှုတွေဟာလည်း
အပြစ်ရှာရခက်တယ်ဆိုရလောက်အောင် ကောင်းမွန်လွန်းခဲ့ပါတယ်။
Real Life Eventကိုမှီးထားတဲ့ဒီကားကို
အပြင်ကအဖြစ်အပျက်နဲ့ ထပ်တူကျအနိုင်ဆုံးဖြစ်အောင် ကြိုးစားပြီးရိုက်ကူးခဲ့ပါတယ်။ဝတ်ခဲ့တဲ့အဝတ်အစားတွေ ဖြစ်ပျက်ခဲ့တဲ့ဖြစ်ရပ်မှန်တွေကိုအသေးစိပ်လေ့လာခဲ့ပြီးမှ
ဒီကားကို ရိုက်ကူးခဲ့တာဖြစ်ပါတယ်။
ဗုံးပေါက်သွားတဲ့အခါ လာရောက်အားပေးသူတွေအပေါ်
ဖြစ်ပျက်သွားတဲ့ဖြစ်ရပ်ဆိုးတွေ မနှစ်မျို့ဖွယ်မြင်ကွင်းတွေ
သွေးပျက်ဖွယ်ကောင်းတဲ့ထိခိုက်ဒဏ်ရာတွေ ဆိုးဆိုးဝါးဝါးခံစားခဲ့ရတာတွေကို
Tvကလာတဲ့Documentryမှာ မကြည့်ခဲ့ရပေမယ့်
ဒီကားမှာတော့ အသေးစိပ်ရိုက်ပြသွားလို့ ကြည့်ခဲ့ရပါတယ်။
ဖြစ်ရပ်ဆိုးနဲ့ရင်ဆိုင်ခဲ့ရသူ ဆုံးရှုံးသွားခဲ့သူတွေအတွက်လည်းဝမ်းနည်းခဲ့ရပါတယ်။ :'(
သူတို့နိုင်ငံကရဲတွေ တရားခံဖမ်းဖို့ကို ပညာသားပါပါနဲ့အဆင့်ဆင့်ထောက်လှမ်းပုံ သက်သေပစ္စည်းတွေခင်းကျင်းထားပုံတွေ ဖြစ်ရပ်ဆိုးနဲ့ကြုံလာတဲ့အခါ
မြို့ခံရဲတွေကနေ ကူညီကယ်ဆယ်ပုံ စတာတွေကိုလည်း
အသေးစိပ်သိရှိရမှာဖြစ်ပါတယ်။
နောက်ဆုံး တရားခံတွေနဲ့ အချင်းချင်းအပြန်အလှန်ပစ်ခတ်ခဲ့တဲ့
Gunfightဟာလည်း Actionကားတကားအတွက် အလွန်ကောင်းမွန်တယ်လို့ ပြောလို့ရပါတယ်။
ဗုံးဒဏ်ရာကြောင့်တယောက်တဖက်စီခြေထောက်ဖြတ်လိုက်ရတဲ့
Jessica Kensky နဲ့ Patrick Downesတို့
စုံတွဲအကြောင်းကိုအများကြီးထည့်မရိုက်သွားပါဘူး။
ဗုံးခွဲသူတွေကို လိုက်လံစုံစမ်းနေတယ့် ဇာတ်ကြောင်းနဲ့
သိပ်မဆိုင်လို့ အဲ့အတွဲအကြောင်း နည်းနည်းပဲထည့်ရိုက်သွားတာလို့ ထင်မိပါတယ်။အပြင်မှာတော့ သူတို့စုံတွဲဟာ
ဘဝကိုအရှုံးမပေးဘဲဆက်လက်လျှောက်လှမ်းနေကြသူတွေမို့ လူအများရဲ့လေးစားခြင်းခံရတာလည်းဖြစ်ပါတယ်။
နောက်ဆုံးပြောချင်တာကတော့ ဇာတ်ကားပြီးတယ်ဆိုပြီးထမပြန်ပါနဲ့ဦး။
MCU Credit Sceneလောက်တောင်မကြာပါဘူးစောင့်ရတာ။
အပြင်ကဖြစ်ရပ်မှန်ဓါတ်ပုံတွေကိုစာသားနဲ့အတူယှဉ်တွဲပြသွားပြီး
Interviewအတိုလေးတွေလည်းပါဝင်ခဲ့သေးတယ်။
မကြည့်လည်းရတယ်ဆိုပေမယ့် ကြည့်သင့်တယ်လို့ထင်ပါတယ်။
၅မိနစ်ကျော် ၁၀မိနစ်လောက်ပဲကြာတာမို့လည်း သိပ်အချိန်မပေးရပါဘူး
ကျနော့်အနေနဲ့ သုံးသပ်ရမယ်ဆို Patriots Dayဆိုတဲ့ဇာတ်ကားဟာ
မနှစ်ကထွက်ခဲ့တဲ့Real Life Eventကိုရိုက်ထားတဲ့ Sullyလိုပဲ
ကားကောင်းတကားလည်းဖြစ်ပြီး ဇာတ်လမ်းက Sullyထက်ကိုပိုပြီးစိတ်ဝင်စားစရာကောင်းလွန်းခဲ့ပါတယ်။
ရုပ်ရှင်ကားကောင်းကြိုက်တတ်သူတွေ အတွက်တော့
ရုံမှာသွားကြည့်သင့်တယ်လို့ အကြံပြုပရစေ။
________________________________________________
ဒီဇာတ်လမ်းလေးကို ရုပ်ရှင်မကြည့်ခင်မှာပဲအားလုံးသိပြီးကြမှာပါ။
၂၀၁၃တုန်းကကျင်းပခဲ့တဲ့ Bostonမာရသွန်ပြေးပွဲမှာ ဗုံးဖောက်ခွဲမှုဖြစ်ပြီး လူတွေသေကြေ ထိခိုက်ဒဏ်ရာရခဲ့တာပါ။
ကျနော်ကိုယ်တိုင်လည်း ဒီဇာတ်လမ်းကို ၂၀၁၃တုန်းကပဲ DVBကလွှင့်ခဲ့တဲ့ Documentryအတိုလေးကြည့်လိုက်ရပါတယ်။
ဒီတော့ Spoilerတွေဘာတွေသိပ်စိတ်ပူနေစရာမလိုပါဘူး။
ဒီကားကိုအမှန်အတိုင်းပြောရရင် ကျနော်လည်းသိပ်ကြည့်ချင်ခဲ့တာမဟုတ်ပါဘူး။
ဇာတ်လမ်းကသိပြီးသားဆိုတော့ အခွေထွက်တာပဲစောင့်မယ်ကြံခဲ့တာပါ။
ဒါပေမယ့် ရုံသွားကြည့်သူတွေရဲ့Feedbackအရ
သိပြီးသားဇာတ်လမ်းကိုပဲ စိတ်ဝင်စားစရာကောင်းအောင်ရိုက်ပြသွားပြီး
ကြည့်လို့ကောင်းတယ်လို့ ပြောကြပါတယ်။
ဒါနဲ့ပဲ ကျနော်လည်းရုံမှာအပြေးသွားကြည့်ခဲ့ပါတယ်။
အားလုံးပြောကြတဲ့အတိုင်း ဇာတ်လမ်းဟာသိပြီးသားဖြစ်ပေမယ့်
အလွန်ကိုစိတ်ဝင်စားစရာ ကောင်းလွန်းခဲ့ပြီး နောက်ဆုံးခန်းအထိကို
ကြည့်နေတဲ့ပရိသတ်တွေကို ဆွဲခေါ်သွားပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ ကျနော်မပြောလည်းအားလုံးသိပြီးကြမှာပါ။
2013,April 15ရက်နေ့မှာ Bostonမြို့မှာကျင်းပခဲ့တဲ့
မာရသွန်ပြေးပွဲမှာ ဗုံး၂လုံးပေါက်ခွဲမှုဖြစ်ပွားခဲ့ပါတယ်။
ဗုံးဟာ Home-Madeဗုံး လို့ယူဆရပြီးBostonမြို့ခံရဲသား
Tommy Saunders(Mark Wahlberg)ကဦးဆောင်ပြီး
Commissioner Ed Davis (John Goodman)နဲ့
FBI Special Agent Richard DesLauriers
(Kevin Bacon)အတူပူးပေါင်းကာ ဗုံးဖောက်ခွဲသူကိုဖေါ်ထုတ်ကြတာပါ။
ဇာတ်ကားစစချင်းမှာ ဒါရိုက်တာက
Characterတွေရဲ့အခန်းတွေကိုဟိုစပ်ဒီစပ်ပုံစံနဲ့ရိုက်ပြသွားပြီး
ဗုံးဖောက်ခွဲပြီးနောက်ပိုင်းမှာတော့
ဒီCharacterအားလုံးဟာ ဇာတ်လမ်းထဲတဖြည်းဖြည်းဝင်လာခဲ့ပါတယ်။
Mark Wahlbergရဲ့သရုပ်ဆောင်မှုကတော့ တချက်၂ချက်ထဖောက်တာကလွဲပြီး အတော်ပီပြင်ကောင်းမွန်တယ်လို့ချီးကျူးရမှာပါ။
J.K Simmonsကြီးလည်းအရံအဖြစ်ပါဝင်ခဲ့ပြီး
Screen Timeနည်းတယ် ဆိုပေမယ့် ပါရတယ့်အခန်းမှာရအောင်တော့ကြမ်းပြသွားပါသေးတယ်။
(Rogue Oneမှာ Darth Vaderပါလာသမျိုးပါပဲ။)
10 CloverField Laneဇာတ်ကားမှာပါဝင်ခဲ့တဲ့ John Goodmanနဲ့
Tremors နဲ့ Hollow Manဇာတ်ကားတွေထဲက Kevin Baconတို့ရဲ့ ဒီကားမှာသရုပ်ဆောင်မှုဟာလည်း
အရမ်းမကောင်းဘူးဆိုတောင် မဆိုးဘူးလို့တော့ပြောလို့ရပါတယ်။
Supergirl မင်းသမီး Melissa Benoistလည်းအရံအဖြစ်ပါဝင်အားဖြည့်ထားပါတယ်။
တခြားခြားသောသရုပ်ဆောင်တွေရဲ့သရုပ်ဆောင်မှုတွေဟာလည်း
အပြစ်ရှာရခက်တယ်ဆိုရလောက်အောင် ကောင်းမွန်လွန်းခဲ့ပါတယ်။
Real Life Eventကိုမှီးထားတဲ့ဒီကားကို
အပြင်ကအဖြစ်အပျက်နဲ့ ထပ်တူကျအနိုင်ဆုံးဖြစ်အောင် ကြိုးစားပြီးရိုက်ကူးခဲ့ပါတယ်။ဝတ်ခဲ့တဲ့အဝတ်အစားတွေ ဖြစ်ပျက်ခဲ့တဲ့ဖြစ်ရပ်မှန်တွေကိုအသေးစိပ်လေ့လာခဲ့ပြီးမှ
ဒီကားကို ရိုက်ကူးခဲ့တာဖြစ်ပါတယ်။
ဗုံးပေါက်သွားတဲ့အခါ လာရောက်အားပေးသူတွေအပေါ်
ဖြစ်ပျက်သွားတဲ့ဖြစ်ရပ်ဆိုးတွေ မနှစ်မျို့ဖွယ်မြင်ကွင်းတွေ
သွေးပျက်ဖွယ်ကောင်းတဲ့ထိခိုက်ဒဏ်ရာတွေ ဆိုးဆိုးဝါးဝါးခံစားခဲ့ရတာတွေကို
Tvကလာတဲ့Documentryမှာ မကြည့်ခဲ့ရပေမယ့်
ဒီကားမှာတော့ အသေးစိပ်ရိုက်ပြသွားလို့ ကြည့်ခဲ့ရပါတယ်။
ဖြစ်ရပ်ဆိုးနဲ့ရင်ဆိုင်ခဲ့ရသူ ဆုံးရှုံးသွားခဲ့သူတွေအတွက်လည်းဝမ်းနည်းခဲ့ရပါတယ်။ :'(
သူတို့နိုင်ငံကရဲတွေ တရားခံဖမ်းဖို့ကို ပညာသားပါပါနဲ့အဆင့်ဆင့်ထောက်လှမ်းပုံ သက်သေပစ္စည်းတွေခင်းကျင်းထားပုံတွေ ဖြစ်ရပ်ဆိုးနဲ့ကြုံလာတဲ့အခါ
မြို့ခံရဲတွေကနေ ကူညီကယ်ဆယ်ပုံ စတာတွေကိုလည်း
အသေးစိပ်သိရှိရမှာဖြစ်ပါတယ်။
နောက်ဆုံး တရားခံတွေနဲ့ အချင်းချင်းအပြန်အလှန်ပစ်ခတ်ခဲ့တဲ့
Gunfightဟာလည်း Actionကားတကားအတွက် အလွန်ကောင်းမွန်တယ်လို့ ပြောလို့ရပါတယ်။
ဗုံးဒဏ်ရာကြောင့်တယောက်တဖက်စီခြေထောက်ဖြတ်လိုက်ရတဲ့
Jessica Kensky နဲ့ Patrick Downesတို့
စုံတွဲအကြောင်းကိုအများကြီးထည့်မရိုက်သွားပါဘူး။
ဗုံးခွဲသူတွေကို လိုက်လံစုံစမ်းနေတယ့် ဇာတ်ကြောင်းနဲ့
သိပ်မဆိုင်လို့ အဲ့အတွဲအကြောင်း နည်းနည်းပဲထည့်ရိုက်သွားတာလို့ ထင်မိပါတယ်။အပြင်မှာတော့ သူတို့စုံတွဲဟာ
ဘဝကိုအရှုံးမပေးဘဲဆက်လက်လျှောက်လှမ်းနေကြသူတွေမို့ လူအများရဲ့လေးစားခြင်းခံရတာလည်းဖြစ်ပါတယ်။
နောက်ဆုံးပြောချင်တာကတော့ ဇာတ်ကားပြီးတယ်ဆိုပြီးထမပြန်ပါနဲ့ဦး။
MCU Credit Sceneလောက်တောင်မကြာပါဘူးစောင့်ရတာ။
အပြင်ကဖြစ်ရပ်မှန်ဓါတ်ပုံတွေကိုစာသားနဲ့အတူယှဉ်တွဲပြသွားပြီး
Interviewအတိုလေးတွေလည်းပါဝင်ခဲ့သေးတယ်။
မကြည့်လည်းရတယ်ဆိုပေမယ့် ကြည့်သင့်တယ်လို့ထင်ပါတယ်။
၅မိနစ်ကျော် ၁၀မိနစ်လောက်ပဲကြာတာမို့လည်း သိပ်အချိန်မပေးရပါဘူး
ကျနော့်အနေနဲ့ သုံးသပ်ရမယ်ဆို Patriots Dayဆိုတဲ့ဇာတ်ကားဟာ
မနွစ္ကထြက္ခဲ့တဲ့Real Life Eventကိုရိုက္ထားတဲ့ Sullyလိုပဲ
ကားကောင်းတကားလည်းဖြစ်ပြီး ဇာတ်လမ်းက Sullyထက်ကိုပိုပြီးစိတ်ဝင်စားစရာကောင်းလွန်းခဲ့ပါတယ်။
ရုပ်ရှင်ကားကောင်းကြိုက်တတ်သူတွေ အတွက်တော့
ရုံမှာသွားကြည့်သင့်တယ်လို့ အကြံပြုပရစေ။
Forbidden Dream(2019)
Historical ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေအတွက် ၂၀၁၉ က ထွက်ရှိထားတဲ့ ဇာတ်ကားတင်ဆက်ပေးလိုက်ပါတယ် …
ဒီဇာတ်ကားလေးမှာတော့ ဂျိုဆွန်းဟာ တရုတ် မင် အင်ပါယာရဲ့ လက်အောက်ခံ အဖြစ် ရှိနေတုန်းက အချိန်ကို ရိုက်ကူးပြသထားတာပါ..
ဇာတ်လမ်းအကျဉ်း…….
ဂျန်ယောင်ရှီ ဟာ အရည်ချင်းရှိတဲ့ အမတ်တစ်ယောက်ဖြစ်ပြီး ဘုရင်နဲ့ နှစ် ၂၀ကြာ
သူငယ်ချင်း သံယောဇဥ် ရှိသူပါ…
လူတန်းစားမခွဲတတ်တဲ့ ဆယ်ဂျုံဘုရင်ကြီးက အစေခံတစ်ယောက်ဖြစ်တဲ့ ဂျန်ယောင်ရှီရဲ့ တီထွင်နိုင်စွမ်းကိုသဘောကျပြီး အမတ်နေရာ ပေးခဲ့ပါတယ်…
အဲ့နောက်မှာ ဂျန်ယောင်ရှီနဲ့ တူတူ တီထွင်မှုမျိုးစုံစတင်ပါတော့တယ်…သူတို့တီထွင်မှုကို မြောင်နိုင်ငံက သိသွားတဲ့အခါမှာတော့…
ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ပါ…ဒီကားက
ကိုးရီးယားရဲ့အထင်ကရမင်းသားကြီးဖြစ်တဲ့ Min Sik Choi ကအဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်…
ဇာတ်လမ်းဇာတ်ကွက်လည်းကောင်းတဲ့အပြင် ဒိတ်ဒိတ်ကျဲမင်းသားကြီးဖြစ်လို့ကြည့်သင့်ပါကြောင်း ညွှန်းဆိုပါရစေ…
City Of Life and Death (2009)
=================
IMDb – 7.7/10
Rotten Tomatoes – 92 %
Cast :
Ye Liu – Lu Jianxiong
Gao Yuanyuan – Miss Jiang
Hideo Nakaizumi – Kadokawa
Ryu Kohata – Ida
ဒီကားဟာဆိုရင် ဟိုးအရင်ခေတ် စစ်ပွဲအကြောင်းကို ဖြူမဲ ပုံစံနဲ့ရိုက်ပြထားတဲ့ ဇာတ်ကားပါ
Rating တွေလည်းအရမ်းကောင်းခဲ့ပြီး ကြည့်ရှူသူအရမ်းများခဲ့ပါတယ်
ဇာတ်လမ်းဟာဆိုရင် ဒုတိယတရုတ်-ဂျပန်စစ်ပွဲအတွင်း ၁၉၃၇ မှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲအကြောင်းကို အခြေခံရိုက်ကူးထားတာပါ
ဂျပန်အင်ပါယာဟာ တစ်ခေတ်တစ်ခါက တရုတ်မြို့တော်ဖြစ်ခဲ့တဲ့ နန့်ကျင်းမြို့ကို သိမ်းပိုက်ခဲ့ပါတယ်
အဲ့ဒါကို ” နန့်ကျင်း သတ်ဖြတ်မှု့ ” လို့ခေါ်ကြပြီး အကြောင်းအရင်းကတော့ တရုတ်စစ်သုံ့ပန်းတွေနဲ့ မြိုု့သူမြို့သားတွေကို ရက်ပေါင်းများစွာ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့ကြလို့ပါ
ဤရုပ်ရှင်သည်တရုတ်စစ်သား၊ ကျောင်းဆရာ၊ ဂျပန်စစ်သား၊ နိုင်ငံခြားသာသနာပြုနှင့်နာဇီစီးပွားရေးသမားဂျွန်ရာဘီ (တရုတ်မြို့သားတွေကိုကူညီသူ)အပါအဝင်
သမိုင်းကြောင်းများ အကြောင်းကို ရိုက်ပြထားသောဇာတ်ကားဖြစ်သည် ။
( Rated R ဖြစ်သည့် အတွက် ကလေးသူငယ်များ ကြည့်ရှူ့ရန်မသင့်တော်ပါ )
တရားမမှုအတွက် တရားခွင်နဲ့ ရာဇဝတ်မှုအတွက် တရားခွင် ဆိုတာပဲရှိတယ်။ နိုင်ငံရေး တရားခွင်ဆိုတာ မရှိဘူးဗျ။ ဟိ…ဟိ…
နိုင်ငံရေးလှည့်ကွက် အနေနဲ့ အသုံးချဖို့ တရားခွင်ကို အသုံးချတာလေ။ မကြားဖူးဘူးမလား။ ဘယ်ကြားဖူးမလဲ။ တကယ်မှမရှိတာကိုး။
ဟား…ဟား…. ဆောရီးဗျာ။ နည်းနည်းတော့ရယ်မိတယ်။ အဲဒါနဲ့ နိုင်ငံရေးတရားခွင်ဆိုတာ မရှိဘူးနော်။ ကျွန်တော်ပြောရင် ယုံလိုက်။ ငိငိ xD…
၁၉၆၈ ခုနှစ် အမေရိကန်နိုင်ငံ ချီကာဂိုမြို့မှာ အမျိုးသားဒီမိုကရက်တစ်ညီလာခံကို ကျင်းပခဲ့ပါတယ်။
၁၉၅၅ ခုနှစ်က အစပြုခဲ့တဲ့ ဗီယက်နမ် စစ်ပွဲက အားကောင်းနေဆဲကာလလည်းဖြစ်ပါတယ်။
ဒီလို အကျိုးမရှိဘဲ အပျက်ပျက်နဲ့နှာခေါင်းသွေးထွက်ရတဲ့ စစ်ပွဲကို တားစီးနိုင်ဖို့ရည်ရွယ်ချက်နဲ့ တစ်နိုင်ငံလုံးအာရုံစိုက်နေကြတဲ့ ညီလာခံရှိရာ
ချီကာဂိုမြို့ကို စစ်ပွဲကို ဆန့်ကျင်သူတွေကို ဦးဆောင်ပြီး စစ်ပွဲဆန့်ကျင်ရေးတက်ကြွ လှုပ်ရှားသူ ၇ ယောက် ချီကာဂိုမြို့ကို ငြိမ်းချမ်းစွာ ချီတက်လာခဲ့ပါတယ်။
ဒီလို ဆန့်ကျင်ဆန္ဒပြရာမှာ ဆန္ဒပြသူတွေနဲ့ ရဲတွေကြားမှာ ပဋိပက္ခတွေဖြစ်ပွားပြီး လူပေါင်းများစွာ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ဒီလို အဓိကရုဏ်းဖြစ်ပွားအောင် သွေးထိုးလှုံ့ဆော်ဖို့ ပူးပေါင်းကြံစည်မှုနဲ့ ၁၉၆၉ မတ်လ ၁၀ ရက်နေ့မှာ ခေါင်းဆောင် ၇ ယောက်ကို တရားစွဲဆိုခဲ့ပါတယ်။
နေဦး တရားစွဲတယ်လို့ ပြောမိတာလား။ မတရားအဆွဲခံရတယ်လို့ ပြောရင် ပိုမှန်မလား။ အဲဒါကို ဇာတ်ကားကို တစ်ချက်ကြည့်ပြီးမှ ဆုံးဖြတ်ကြတာပေါ့။
တကယ်ကို စိတ်ပျက်စရာကောင်းတဲ့ တရားခွင်အကြောင်းကို ရိုက်ကူးထားတာဖြစ်ပေမဲ့ အတော်ကို ဟာသမြောက်ပါတယ်။
Chicago 7 လို့ လူသိများတဲ့ ဒီ ၇ ယောက် စစ်ပွဲကို ငြိမ်းငြိမ်းချမ်းချမ်း ဆန့်ကျင်ဆန္ဒပြရင်း ထောင်ခြောက်ဆင်ခံရပြီး
နိုင်ငံရေးကစားပွဲထဲက ထိုးကျွေးခံနယ်ရုပ်လေးတွေ ဖြစ်လာတဲ့ပုံကို လှလှပပလေးပြထားပါတယ်။
ဒီ လူ ၇ ယောက်ထဲက နာမည်ကျော် နိုင်ငံတကာလူငယ်ပါတီ(YIP – Yippy လို့လည်းခေါ်ပါတယ်)
ခေါင်းဆောင် အက်ဘီ ဟော့ဖ်မန်း ရဲ့ပြက်လုံးတွေကတော့ အဓိကအားဖြည့်ထားတာပေါ့။
သောက်တလွဲတရားသူကြီး ဂျူလိယက် ဟော့ဖ်မန်း(တရားခံ အက်ဘီဟော့ဖ်မန်းနဲ့အမျိုးမတော်ပါ။
ဒီအကြောင်းကို ဇာတ်ကားထဲမှာ သေချာရှင်းရှင်းလင်းလင်းပြထားပါတယ်။) ရဲ့ ကြောင်တောင်တောင် ဂေါက်တောက်တောက် လုပ်တာတွေက တကယ်ကို မုန်းချင်စရာကောင်းသလို ရယ်လည်းရယ်ချင်စရာကောင်းပါတယ်။
သူတို့ ၇ ယောက် တရားရုံးမှာ မလှုပ်သာမလှည့်သာ အကြပ်ရိုက်နေကြတာကို ထေ့လုံးငေါ့လုံးတွေနဲ့ သရော်ပြထားပြီး အဓိကရုဏ်းဖြစ်တဲ့နေ့က အဖြစ်အပျက်ကို အပြည့်အစုံပြထားပါတယ်။
ဒီတရားခွင်ဖြစ်လာတဲ့ အကြောင်းကို သိရင် အပေါ်မှာ ပြောထားတဲ့အတိုင်း နိုင်ငံရေးတရားခွင်ဆိုတာ ရှိလား ဆိုတာ ပြန်ပြီးမေးခွန်းထုတ်ချင်စရာဖြစ်လာပါလိမ့်မယ်။
ပိုပြီး ထင်ရှားတာကတော့ သူတို့ ၇ ယောက်နဲ့ ဘာမှမဆိုင်တဲ့ လူမည်းအခွင့်အရေးတက်ကြွလှုပ်ရှားသူ Black Panther ပါတီ
ခေါင်းဆောင် ဘော်ဘီစီးလ် ကိုပါ သူတို့ ၇ ယောက်နဲ့ အတူတရားစွဲခံထားရတာကိုသာကြည့်ပါတော့။
သူတို့တွေက အတွေးအခေါ်တစ်ခုကို ပြည်နယ်တွေကို ဖြတ်ပြီးသယ်လာရင်း တစ်နိုင်ငံလုံးကို သိလာအောင် မြင်လာအောင် ကြားလာအောင် ပြောပြဖို့ ကြိုးစားရင်းက
ပါးစပ်တွေကို ပိတ်ထားလိုသူတချို့ရဲ့စနက်ကြောင့် ရာဇဝတ်သားတွေဖြစ်လာခဲ့ရတာပါ။
တရားခွင်ကျင်းပနေစဉ်မှာပါ တကယ်ကို ပါးစပ်ကို အဝတ်နဲ့ ဆို့ပြီး မပြောနိုင်အောင် ပါးစပ်ပိတ်ထားခဲ့တာကို တွေ့ရပါလိမ့်မယ်။
ဒီသောက်တလွဲ တရားခွင်က ဘယ်လိုသောက်တလွဲတွေဖြစ်မယ်ဆိုတာကို The Trial of Chicago 7(2020) ကြည့်ပြီး ခွီရင်း ဒီဇာတ်ကားရဲ့ မတ်စေ့(Message) ကြီးကို ယူလိုက်ကြပါကုန်။
“တစ်ကမ္ဘာလုံးက စောင့်ကြည့်နေကြတယ်”တဲ့ ဆန္ဒပြသူတွေရဲ့ ကြွေးကြော်သံပါ။
သူတို့ပြောတဲ့အတိုင်းပဲ တစ်ကမ္ဘာလုံးက စောင့်ကြည့်နေကြတယ်ဆိုပေမဲ့ စောင့်ကြည့်နေကြရုံပါပဲ။
မပြောဘဲ၊ မလုပ်ဘဲနေခဲ့ကြတာပါ။ ဒီနေရာမှာ အက်မွန် ဘရွတ်ရဲ့ စကားကို ကိုးကားချင်ပါတယ်။
“မကောင်းမှုအောင်မြင်ဖို့အတွက် ဘာမှမလိုပါဘူး။ လူကောင်းတွေ ဘာမှမလုပ်ဘဲ ရပ်ကြည့်နေဖို့ပဲလိုပါတယ်” ဆိုတဲ့စကားလေးပါပဲ။
လိုအပ်ရင် ကျွန်တော်တို့ ပြောဖို့လိုပါတယ်။ ပြဖို့လိုပါတယ်။ လုပ်ဖို့လိုပါတယ်။
ဒါပေမဲ့ ပြောတဲ့သူတွေ ဘာဖြစ်တတ်တယ်ဆိုတာ ဒီဇာတ်ကားမှာ မြင်မှာပါ။
ဘေးကနေ လက်ပိုက်ကြည့်နေရုံအတွက်တော့ သတ္တိမလိုဘူးပေါ့။
တစ်ယောက်ယောက်ကတော့ ပြောဖို့လိုနေပြီဆိုတာကို သိပြီး သိတဲ့အတိုင်းပြောခဲ့ကြတဲ့ သူရဲကောင်း ၇ ယောက်ကို ဒီအညွှန်းနဲ့ ဦးညွှတ်လိုက်ချင်ပါတယ်။
ဒီတစ်ခေါက် ဗုဒ္ဓလက်ဝါးသိုင်းဆိုတဲ့ သိုင်းကားကိုမှာ ခေတ်ပေါ်အနေအထားနဲ့
ရိုက်ထားတဲ့ တရုတ်အက်ရှင်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။
ဒီကားလေးမှာတော့ သိုင်းကားဆိုပေမယ့် ဒီဘက်ခေတ်မှာ ကျင်လည်နေတဲ့
အပူအအေးခံစားချက်မဲ့ နာမှာမကြောက် သေမှာမကြောက်တဲ့ ညီမအတွက်
အသက်ပေးပြီး ညီမအတွက် ရှင်သန်နေတဲ့ လုံကျန်းပေဆိုတဲ့ လူအကြောင်းကို အဓိက ရိုက်ကူးထားတာပါ။
ဒီလို အများနဲ့မတူ တစ်မူထူးနေတဲ့အတွက် နတ်မျက်နှာဖုံးစွမ်းအားကို
ထိန်းချုပ်နိုင်တဲ့လူအနေနဲ့ စမ်းသပ်အောင်မြင်ပြီး ဘုမသိဘမသိ
သိုင်းလောကထဲရောက်သွားခဲ့တယ်။ ညီမကို ကယ်ချင်တဲ့သူ့စိတ်ကို အသုံးချပြီး
တစ်ဆင့်ချင်း သိုင်းကျင့်ပေးသွားတာတွေက အတော်လေး စိတ်ဝင်စားဖို့ကောင်းပြီး
ဒီဘက်ခေတ်ကားဖြစ်လို့ သိုင်းချတာတွေ မမြင်ရတော့ဘူးလို့
တွေးမယ့်လူတွေကတော့ အတွေးမှားသွားပြီလို့ပြောချင်ပါတယ်။
ငွေဝယ်ကျွန်စနစ်တွေက အေဘရာဟမ်လင်ကွန်း
မတိုက်ဖျက်ခင်အထိ အမေရိကမှာရှိခဲ့ကြပါတယ်။
အဲ့ဒီခေတ် အဲ့ဒီအခါအကြောင်း စာကြီးပေကြီးတွေမှာလည်း
ငွေဝယ်ကျွန်တွေနဲ့ ကျွန်ပိုင်ရှင် ပဋိပက္ခတွေပါလေ့ရှိပြီး
ပြည်တွင်းစစ်ကာလဆိုလည်း မမှားပါဘူး။
ကျွန်ရှင်တွေဘက်ကအမြင်ကို ပြသွားတဲ့ထဲ
အကျော်ကြားဆုံးကတော့ “Gone With the Wind ”
လေရူးသုန်သုန်ပါ။ အဲ့ဒီစာအုပ်ရဲ့
တစ်ထောင့်တစ်နေရာမှာထည့်ဖော်ပြသွားတဲ့
၁၉ရာစုရဲ့အရောင်းရဆုံစာအုပ်
” Uncle Tom’s Cabeint” အန်ကယ်တွမ်ရဲ့တဲကလေး..နဲ့
ယခုကားရဲ့ မူလဘူတ ” 12yearsAslave”ဆိုတဲ့ စာအုပ်
စာအုပ်တွေကတော့ ကျွန်တွေဘက်က အမြင်ကို ပြထားပြီး
နှစ်အုပ်လုံးက ထွက်ချိန်မကွာသလို အကြောင်းအရာလည်း
မကွာခြားလှပါဘူး။ ထူးခြားချက်ကတော့12yearsASalve
ကတော့ Biography တစ်ပုဒ်ပါတဲ့။
ဒီစာအုပ်တွေမှာ နှစ်ဖက်လုံးမှာရှိတဲ့ အမှန်တရားတွေနဲ့
ထိုခေတ်အခါက ငွေဝယ်ကျွန်စနစ်ကို ကျွန်တော်တို့
ချိန်ထိုးနှိုင်းယှဉ်နိုင်ပါတယ်။
ဒီရုပ်ရှင်ကတော့ ကျွန်တော်သိသလောက်
မြန်မာဘာသာပြန်စာအုပ်မရှိသေးတဲ့
12 Years As A Slaveစာအုပ်ကို ရိုက်ထားတာပါ။
ဇာတ်ကြောင်းတစ်ပိုင်းတစ်စကိုပြောရမယ်ဆိုရင်တော့…
ဟိုအရင်များဆီတုန်းက….
အမေရိကန်ပြည်တွင်းစစ်ကာလလောက်မှာ
Solomon Northupဆိုတဲ့
လွတ်လပ်တဲ့ လူမည်းတစ်ယောက်ရှိခဲ့ပါတယ်။
ဂီတသမားသူ့ အရည်အချင်းကို ပြသရမယ်လို့
လှည့်ဖျားပြီး ဝါရှင်တန်ကို လူလိမ်နှစ်ယောက်က
သူ့ကို လိမ်ခေါ်သွားပြီး ကျွန်ဈေးမှာ ရောင်းစားခဲ့ပါတယ်။
မိသားစု ဝါသနာ လွတ်လပ်မှုတွေ ပိုင်ဆိုင်ထားတဲ့
အပျော်ဆုံးဘဝတစ်ခုကနေ နေ့ချင်းညချင်းပဲ
အောက်ဆုံးဘဝငရဲကို ထိုးဆင်းသွားရတဲ့
Solomonဟာ အသိညဏ်အရည်အချင်းတွေကို
အသုံးချပြီး လွတ်မြောက်အောင် အခါခါကြိုးစားခဲ့ပေမဲ့
လူဖြူတွေဘက်ကသက်သက်ရှိနေတဲ့
ဥပဒေမျဉ်းတွေအောက်မှာ ဘာမှကိုမတတ်နိုင်ခဲ့ပါဘူး။
မကွဲပြားကြတဲ့ အရေခွံဝတ်လူတွေကြားက ခွဲခြားမှု…
အရက်စက်ဆုံးလူသားတွေရဲ့ လူမဆန်မှုတွေဖြစ်ပေမဲ့
ဒီအဖြစ်အပျက်က ဒီကမ္ဘာမှာ တကယ်ဖြစ်ခဲ့ပါတယ်။
တကယ့်အဖြစ်အပျက်တွေဟာ
ပုံပြင်တွေထက် ရက်စက်ပေမဲ့လည်း
တစ်ခါတလေတော့လည်း မျှော်လင့်တတ်ကြရပါတယ်။
Dialougeတွေထဲ သူမပြောပြခဲ့ပေမဲ့
အရက်စက်ဆုံး လူလူချင်း ညှည်းပန်းမှုတွေအောက်မှာ
မရှင်သန်ရပေမဲ့ ရှင်ကျန်ဝံ့စေခဲ့တဲ့ အိမ်ကလေးဆီ
မျှော်လင့်ချက်ဝေဝါးဝါးလေးကို သူမစွန့်မလွှတ်
ရှိနေခဲ့တာပါပဲ။ ဒီမျှော်လင့်ချက်ကလေး
ဘယ်ရွေ့ဘယ်မျှအထိရှင်သန်နေမလဲဆိုတာကိုတော့
ကိုယ်တိုင်ပဲ ကရုဏာသက်ရင်း ခံစားသက်ဝင်ကြည့်ကြပါ။ဇာတ်ကြောင်းကပဲ ကောင်းတာလားဆိုတော့
မဟုတ်သေးပါဘူး။ သရုပ်ဆောင်တွေပဲကြည့်ပါ
Bard Pitt … Micheal Fasssbender
Beneditch Cumberbatchတို့လည်း
တစ်ထောင့်တစ်နေရာက ပါဝင်ထားပါတယ်။
Producerတွေထဲ Brad Pittလည်းပါပါတယ်တဲ့။
Best Motion Picture of Year
Best Performance By Actressနဲ့
Best Writing အစရှိတဲ့ Oscarဆု သုံးခုကို
ဆွတ်ခူးခဲ့တဲ့အပြင် တခြား ၂၃၈ဆုရထားပါတယ်။ ဒါ့အပြင်
Hans Zimmerရဲ့ Scoreတွေကိုလည်း နားထောင်ကြရဦးမှာပါ။
ပရိသတ်တွေ ဒီနာမည်ကြားဖူးကြလိမ့်မှာပါ
ခင်ဗျားတို့ အဖေအမေတွေ အဘိုးအဘွားတွေကတော့ ဒီနာမည်အစား
” လေရူးသုန်သုန် ” ဆိုတဲ့နာမည်ဆိုရင်ပိုပြီးသိကြလိမ့်မယ်ဗျ
ဆရာမြသန်းတင့်ဘာသာပြန်ခဲ့ပြီး
မြန်မာ့ဘာသာပြန်စာပေလောက တစ်ခေတ်ဆန်းစေခဲ့တဲ့
ကမ္ဘာကျော်စစ်နောက်ခံအချစ်ဝတ္ထုကြီး
အေဗရာဟင်လင်ကွန်းခေတ် ပြည်တွင်းစစ်အတွင်း ပေါက်ဖွားလာခဲ့တဲ့ အချစ်ဇာတ်လမ်း
နောက်ဆုံး ဒီဇာတ်လမ်းကို ပိတ်ကားပေါ်တင်လိုက်တဲ့အခါ
အော်စကာဆု ၁၅ဆု အတွက်လျာထားခံရပြီး
၈ဆု ရခဲ့တဲ့ဇာတ်ကား
ဒီခေတ်အနေနဲ့ ပြန်ကြည့်ရင်တောင် Rotten Tomato မှာ
94% နဲ့ imdb မှာ 8.2ရထားတဲ့ကား
မသေခင်ကြည့်သင့်တဲ့ ဇာတ်ကား ၁၀၀၁ကားထဲမှာ
ထိပ်ဆုံး list ကနေပါတဲ့ကား
စပြီးရုံတင်တဲ့အချိန်ကစပြီး ၂၅နှစ်ထိကြာအောင် ဇယားထိပ်မှာ ရပ်တည်ခဲ့တဲ့ သူ့ရဲ့စံချိန်ကိုခုထိဘယ်ဇာတ်ကားမှ မချိုးနိုင်ခဲ့တဲ့ကား
ဒီလိုမျိုး ပြည့်စုံနေတဲ့ကားက ထုံးစံအတိုင်း ကြာချိန်က
၃နာရီ နဲ့ မိနစ်၄၀ နီးပါးကြာတယ်
စကားလက်အိုဟာရာ ရဲ့ တစ်ဖက်သတ်အချစ်ဇာတ်လမ်း
စစ်ဖြစ်တဲ့ အချိန်မှာ ကြုံရတဲ့ လောကဓံအပြောင်းအလဲတွေ
ကိုယ့်ကို မချစ်တဲ့ယောက်ျားတစ်ယောက်အတွက်
အရွဲ့တိုက်ချင်တဲ့စိတ်
ဒီစိတ်ကြောင့် ကြုံခဲ့ရတဲ့ အခက်အခဲဒုက္ခတွေ
နောက်ဆုံး ကိုယ်အမုန်းဆုံးလူက ကိုယ်တစ်ကယ်ချစ်တဲ့လူမှန်း သိလာရချိန်မှာလဲ
လောကဓံတရားက ထပ်ပြီး နိုပ်စက်လိုက်ပြန်တဲ့အခါ . . .
အကောင်းဆုံး ဂန္ဓဝင်ဝတ္ထုကြီးကို ဇာတ်လမ်းအချိတ်အဆက်မိမိ နောက်ခံတီးလုံးအကောင်းစားတွေ သရုပ်ဆောင်တွေရဲ့အပိုအလိုမရှိ ကိုယ့်ဇာတ်ကောင်ကို
ပိုင်နိုင်မှုတွေနဲ့
ပေါင်းစပ်လိုက်တဲ့အခါ ဒီလိုမျိုး အော်စကာဆု ၈ဆုရတဲ့
အကြီးကျယ်ဆုံး ဂန္ဓဝင်ဇာတ်ကားကြီး ဖြစ်လာပါတော့တယ်
“After all, tommorrow is another day! ”
(ဒီဇာတ်ကားကို ဘာသာပြန်သူနဲ့ အညွှန်းရေးပေးသူကတော့ Ye Khant Min ပဲ ဖြစ်ပါတယ်)
—————————————————————–
ပရိသတ်တွေ ဒီနာမည်ကြားဖူးကြလိမ့်မှာပါ
ခင်ဗျားတို့ အဖေအမေတွေ အဘိုးအဘွားတွေကတော့ ဒီနာမည်အစား
” လေရူးသုန်သုန် ” ဆိုတဲ့နာမည်ဆိုရင်ပိုပြီးသိကြလိမ့်မယ်ဗျ
ဆရာမြသန်းတင့်ဘာသာပြန်ခဲ့ပြီး
မြန်မာ့ဘာသာပြန်စာပေလောက တစ်ခေတ်ဆန်းစေခဲ့တဲ့
ကမ္ဘာကျော်စစ်နောက်ခံအချစ်ဝတ္ထုကြီး
အေဗရာဟင်လင်ကွန်းခေတ် ပြည်တွင်းစစ်အတွင်း ပေါက်ဖွားလာခဲ့တဲ့ အချစ်ဇာတ်လမ်း
နောက်ဆုံး ဒီဇာတ်လမ်းကို ပိတ်ကားပေါ်တင်လိုက်တဲ့အခါ
အော်စကာဆု ၁၅ဆု အတွက်လျာထားခံရပြီး
၈ဆု ရခဲ့တဲ့ဇာတ္ကား
ဒီခေတ်အနေနဲ့ ပြန်ကြည့်ရင်တောင် Rotten Tomato မှာ
94% နဲ့ imdb မှာ 8.2ရထားတဲ့ကား
မသေခင်ကြည့်သင့်တဲ့ ဇာတ်ကား ၁၀၀၁ကားထဲမှာ
ထိပ္ဆံုး list ကေနပါတဲ့ကား
စပြီးရုံတင်တဲ့အချိန်ကစပြီး ၂၅နှစ်ထိကြာအောင် ဇယားထိပ်မှာ ရပ်တည်ခဲ့တဲ့ သူ့ရဲ့စံချိန်ကိုခုထိဘယ်ဇာတ်ကားမှ မချိုးနိုင်ခဲ့တဲ့ကား
ဒီလိုမျိုး ပြည့်စုံနေတဲ့ကားက ထုံးစံအတိုင်း ကြာချိန်က
၃နာရီ နဲ့ မိနစ်၄၀ နီးပါးကြာတယ်
စကားလက်အိုဟာရာ ရဲ့ တစ်ဖက်သတ်အချစ်ဇာတ်လမ်း
စစ်ဖြစ်တဲ့ အချိန်မှာ ကြုံရတဲ့ လောကဓံအပြောင်းအလဲတွေ
ကိုယ့်ကို မချစ်တဲ့ယောက်ျားတစ်ယောက်အတွက်
အရွဲ့တိုက်ချင်တဲ့စိတ်
ဒီစိတ်ကြောင့် ကြုံခဲ့ရတဲ့ အခက်အခဲဒုက္ခတွေ
နောက်ဆုံး ကိုယ်အမုန်းဆုံးလူက ကိုယ်တစ်ကယ်ချစ်တဲ့လူမှန်း သိလာရချိန်မှာလဲ
လောကဓံတရားက ထပ်ပြီး နိုပ်စက်လိုက်ပြန်တဲ့အခါ . . .
အကောင်းဆုံး ဂန္ဓဝင်ဝတ္ထုကြီးကို ဇာတ်လမ်းအချိတ်အဆက်မိမိ နောက်ခံတီးလုံးအကောင်းစားတွေ သရုပ်ဆောင်တွေရဲ့အပိုအလိုမရှိ ကိုယ့်ဇာတ်ကောင်ကို
ပိုင်နိုင်မှုတွေနဲ့
ပေါင်းစပ်လိုက်တဲ့အခါ ဒီလိုမျိုး အော်စကာဆု ၈ဆုရတဲ့
အကြီးကျယ်ဆုံး ဂန္ဓဝင်ဇာတ်ကားကြီး ဖြစ်လာပါတော့တယ်
“After all, tommorrow is another day!
Pearl Harbor 2001
====================
၁၉၄၁ ခုနှစ်က အမေရိကန်နိုင်ငံ၊ပုလဲဆိပ်ကမ်းကိုဂျပန်တွေလာရောက်တိုက်ခိုက်ခဲ့တဲ့ဖြစ်ရပ်မှန်အပေါ်မူတည်ပြီးရိုက်ကူးထားတဲ့
ဇာတ်လမ်းဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ဆိုပေမယ့်အဓိကဇာတ်ကောင်တွေကတော့စိတ်ကူးယဥ်သာဖြစ်ပြီးအချစ်ဇာတ်လမ်းအပိုင်းပါထည့်
သွင်းထားတာဖြစ်ပါတယ်။ ရေ့ဖ်နဲ့ဒန်နီဟာ ငယ်စဥ်ကတည်းကအချစ်ဆုံးသူငယ်ချင်းတွေဖြစ်ပြီး
အမေရိကန်လေတပ်ပိုင်းလော့တွေလည်းဖြစ်ကြပါတယ်။ ရေ့ဖ်ဟာ အက်ဗလင်း ဆိုတဲ့စစ်သူနာပြုနဲ့ချစ်ကြိုက်ပြီးနောက် ဥရောပမှာဖြစ်ပွားနေတဲ့ဒုတိယကမ္ဘာစစ်အတွက်
ဗြိတိန်ဘက်မှဝင်တိုက်ပေးဖို့အခွင့်အရေးကိုရရှိသောအခါလက်လွှတ်မခံနိုင်၍
ချစ်သူအက်ဗလင်းကိုနှုတ်ဆက်ကာ အင်္ဂလန်သို့ထွက်သွားပါတော့တယ်။ ရေ့ဖ်တစ်ယောက်
အင်္ဂလန်မှာဂျာမန်တွေကိုတိုက်ခိုက်နေချိန်မှာ အင်အားနည်းနေတဲ့ပုလဲဆိပ်ကမ်းကို
ထင်မှတ်မထားတဲ့အန္တရာယ်ကြီးကျရောက်လာပါတော့တယ်။
ဒီဇာတ်လမ်းကိုရိုက်ကူးခဲ့တဲ့ဒါရိုက်တာဟာ Transformers ဇာတ်လမ်းတွေနဲ့နာမည်ကြီးခဲ့တဲ့
Michael Bay ဖြစ်တာမို့သူ့ရဲ့အက်ရှင်ပေါက်ကွဲမှုလက်ရာတွေကိုဇာတ်လမ်းတစ်လျှောက်
အားရပါးရမြင်တွေ့ရမှာပါ။ အက်ရှင်ကားကြမ်းကြမ်းကြိုက်သူတွေ၊
စစ်ဇာတ်လမ်းကြိုက်သူတွေ၊ ဒါရိုက်တာ Michael Bay ရဲ့လက်ရာတွေကြိုက်သူတွေအဖို့တော့
ကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။
Part 2
===========
ဒီဇာတ်လမ်းကတော့ ထိုင်းဘုရင် နရဲစွမ်ရဲ့အကြောင်းကို
အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။
ဒီကားမှာတော့ ဟံသာဝတီပြည်ကို ဓားစာခံအနေနဲ့အခေါ်ခံခဲ့ရတဲ့ မင်းသားလေး နရဲစွမ် ရဲ့ အကြောင်းပါပဲ။
ဘုရင့်နောင်ဟာ နရဲစွမ်မင်းသားလေးကို
ဟံသာဝတီပြည့်ကို ခေါ်ပြီး မင်းသားတို့
တတ်သင့်တတ်အပ်တဲ့ အဋ္ဌာရဿ ပညာရပ်တွေကို
ဘုန်းကြီးကျောင်းမှာ သင်ယူစေခဲ့တဲ့
အကြောင်းပါ။
ဆုပန်ကလျာ နဲ့ ဘုရင့်နောင်တို့ရဲ့ အချစ်ဇာတ်လမ်းကိုလည်း
မြင်တွေ့ ခံစားရမှာဖြစ်ပါတယ်။
နရဲစွမ် နဲ့ မင်းရဲကျော်စွာတို့ရဲ့ ငယ်ဘဝအားပြိုင်မှုတွေကိုလည်း
မြင်တွေ့ရမှာဖြစ်ပါတယ်။
ထိုင်း-မြန်မာ သမိုင်းမှာ ရာဇဝင်တွင်ခဲ့တဲ့ ဖြစ်ရပ်ကို
အခြေခံပြီး ရိုက်ကူးထားတဲ့
ဇာတ်ကားကောင်းတစ်ကားပဲ ဖြစပ်ါတယ်။
Part 3
===========
ဒီဇာတ်လမ်းကတော့ ထိုင်းဘုရင် နရဲစွမ်ရဲ့အကြောင်းကို
အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။
ဒီကားမှာတော့ ဟံသာဝတီပြည်ကို ဓားစာခံအနေနဲ့အခေါ်ခံခဲ့ရတဲ့ မင်းသားလေး နရဲစွမ် ရဲ့ အကြောင်းပါပဲ။
ဘုရင့်နောင်ဟာ နရဲစွမ်မင်းသားလေးကို
ဟံသာဝတီပြည့်ကို ခေါ်ပြီး မင်းသားတို့
တတ်သင့်တတ်အပ်တဲ့ အဋ္ဌာရဿ ပညာရပ်တွေကို
ဘုန်းကြီးကျောင်းမှာ သင်ယူစေခဲ့တဲ့
အကြောင်းပါ။
ဆုပန်ကလျာ နဲ့ ဘုရင့်နောင်တို့ရဲ့ အချစ်ဇာတ်လမ်းကိုလည်း
မြင်တွေ့ ခံစားရမှာဖြစ်ပါတယ်။
နရဲစွမ် နဲ့ မင်းရဲကျော်စွာတို့ရဲ့ ငယ်ဘဝအားပြိုင်မှုတွေကိုလည်း
မြင်တွေ့ရမှာဖြစ်ပါတယ်။
ထိုင်း-မြန်မာ သမိုင်းမှာ ရာဇဝင်တွင်ခဲ့တဲ့ ဖြစ်ရပ်ကို
အခြေခံပြီး ရိုက်ကူးထားတဲ့
ဇာတ်ကားကောင်းတစ်ကားပဲ ဖြစပ်ါတယ်။
ကွန်ဖူးမင်းသားကြီး Donnie Yen အဓိကပါဝင်ထားပြီး မင်းသမီးကတော့ Shu Qi ပါ။ ဒီဇာတ်ကြောင်းကို ရှေးကလဲ ဘရုစ်စလီတို့ ဂျက်လီတို့ ရိုက်ကူးခဲ့ဖူးပါတယ်…။ တိုင်းတပါးရဲ့ နယ်ချဲ့ခြင်းကိုခံနေရတဲ့ တစ်ချိန်ကတရုတ်ပြည်မှာ Chen Zhen ဆိုတဲ့ မျိုးချစ်စိတ်ပြင်းထန်တဲ့ သူရဲကောင်းတစ်ဦးပေါ်ထွက်ခဲ့ပါတယ်။သူဟာ ကိုယ်တတ်နိုင်တဲ့နည်းပေါင်းစုံကနေ ကိုယ့်လူမျိုးတွေရဲ့ အကျိုးအတွက် တိုင်းတစ်ပါးနယ်ချဲ့တွေကို ကိုယ်ကျိုးစွန့် တိုက်ပွဲဝင်ခဲ့တဲ့လူတစ်ယောက်ပါ။ စိတ်ဝင်စားစရာ စစ်ပွဲနောက်ခံဇာတ်ကြောင်းဖြစ်သလို အချစ် အလွမ်း အကြမ်း အရမ်း..ရသစုံတဲ့ဇာတ်ကားပါ။ IMDb Rating(6.3/10) ရရှိထားပါတယ်။
(အချစ်အတွက် တောင်တစ်လုံးအား တစ်ယောက်ထဲဖြိုခဲ့သူ
သို့မဟုတ်/ ဂင်းနစ်စံချိန်ဝင် ကမ္ဘာ့အံ့ဖွယ်လူသား)
ကမ္ဘာပေါ်မှာ အချစ်ကိုနည်းအမျိူးမျိုးပုံဖော်ကြပါတယ်။
ကိုယ့်ချစ်သူ အတွက် ဘာမဆိုလုပ်ပေးမယ်.. စွန့်လွတ်အနစ်နာခံ
ရဲတယ်…
တစ်ချို့က ကိုယ့်ချစ်သူအတွက်အိမ်လေးတစ်လုံး ဆောက်ပေးတာ… တစ်ချို့က ကိုယ့်ချစ်သူအတွက်
ရွှေငွေရတနာတွေ အပြည့်နဲ့ ကိုယ့်ချစ်ရတဲ့သူ စိတ်ချမ်းသာအောင်ဖန်တီးပေးကြတာ ….. စတဲ့ စတဲ့ လက်တွေ့ဆန်တဲ့ အချစ်မျိုးနဲ့လည်း ပုံဖော်ကြတာပါပဲ။
ဆိုတော့ကာ…
အချစ်အတွက်နဲ့ တောင်တစ်လုံးအား တစ်ယောက်ထဲဖြိုခဲ့တဲ့သူရှိတယ်လို့ ကျွန်တော်ကပြောရင်…
ခင်ဗျားတို့ ယုံကြည်မှာလား လက်ခံမှာလားး???
လက်ခံလိုက်ပါ မိတ်ဆွေ.. ????
အဲ့လူဟာ တကယ်ကိုပဲ တောင်တစ်လုံးလုံးကို တစ်ယောက်ထဲ ဖြိုခဲ့လို့ လူ့အသိုင်းအဝိုင်းမှာရော …ကမ္ဘာ့အသိုင်းအဝိုင်းမှာပါ..သူ့ကိုအံသြစွာနဲ့လက်ခံခဲ့ကြရပါတယ်..
နောက်ဆုံး သူဟာ ကမ္ဘာ့ဂင်းနစ်စံချိန်မှာ အံ့ဖွယ်လူသားအဖြစ် မှတ်တမ်းတင်ခြင်းကိုလည်း ခံခဲ့ရပါတယ်။ အဲ့လူကတော့ တခြားသူ မဟုတ်ပါဘူး။
အိန္ဒိယနိုင်ငံ ဘီယာပြည်နယ်ထဲက ရွာလေးတစ်ရွာမှာ နေထိုင်တဲ့ Dasharth Manjhi ဆိုတဲ့ သူပါပဲ။
အခု ကျွန်တော်ညွှန်းချင်တဲ့ ဇာတ်ကားကတော့ Manjhi အကြောင်းကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ပါ။
ဒီရုပ်ရှင်ကို ရိုက်ကူးဖို့ ပထမဆုံးအစပျိုးစီစဉ်ခဲ့တဲ့သူကတော့ တခြားသူမဟုတ်ပါဘူး။
PK, 3Idiots, Doom 3, စတဲ့ ရုပ်ရှင်တွေနဲ့ ကမ္ဘာကျော်ခဲ့တဲ့ အိန္ဒိယမင်းသားကြီး Aamir Khan(အမေးရ်ခမ်း) ပါပဲ..။ စီစဉ်ဖြစ်ပုံကလည်း ဒီလိုဗျ…
မင်းသားကြီးက တကယ့်အပြင်က Manjhi ရဲ့ ဘဝအကြောင်းကို သိရှိသွားပြီးနောက်မှာ Manjhiတို့မိသားစု နေထိုင်ဖို့ အိမ်တစ်လုံးဝယ်ပေးခဲ့ပါတယ်။ Manjhi ကလည်း မင်းသား Aamir Khan ဝယ်ပေးတဲ့ အိမ်လေးမှာပဲ နေထိုင်ရင်း ခေါင်းချကွယ်လွန်ခဲ့တာပါ။
>> ရုပ်ရှင်အညွှန်း <<
၁၉၃၄ခုနှစ် အိန္ဒိယနိုင်ငံ ဘီယာပြည်နယ်လေးထဲက ဂေလာ (Gehlaur ) ဆိုတဲ့ရွာငယ်လေးမှာ ကျောက်မီးသွေး တူးဖော်လုပ်ကိုင်ကြတဲ့ ဆင်းရဲချို့တဲ့နွမ်းပါတဲ့ မိသားစုလေးထဲမှာ Manjhiဆိုတဲ့ လူငယ်လေးတစ်ဦးကို မွေးဖွားခဲ့ပါတယ်။
ရိုးရာဓလေ့ထုံးစံအရ Manjhiကို (၁၂)နှစ်သားကတည်းက အိမ်ထောင်ပြု (စေ့စပ်) ရမှာဖြစ်လို့ အဲ့ရွာလေးထဲက Faliguni Devi ဆိုတဲ့ မိန်းကလေးနဲ့ စေ့စပ်ခဲ့ကြပါတယ်။ (ဒီနေရာမှာ အသက်အရွယ်အရ စေ့စပ်တယ်ဆိုပေမယ့် တကယ်တမ်းကတော့ လက်ထပ်ထားပြီးဖြစ်ပါတယ်)
အဲ့စေ့စပ်တဲ့နေ့မှာပဲ ရွာလူကြီးက Minjhi အဖေဆီကို အကြွေးလာတောင်းပါတယ်, အကြွေးမပေးနိုင်လို့ ရွာလူကြီးထံမှာ Manjhi ကို အဖေဖြစ်သူကရောင်းစားခဲ့ပါတယ်။ ရွာလူကြီးအိမ်မှာ အနိုင်ကျင့်ခံပီး ဆင်းရဲစွာ ပင်ပန်းစွာနဲ့လုပ်ကိုင်နေရတဲ့ Manjhi လေးဟာ သည်းမခံနိုင်တဲ့အဆုံးး တစ်နေ့မှာ ရွာလူကြီးအိမ်ကနေ ထွက်ပြေးပြီး ကျောက်မီးသွေးတင်တဲ့ ရထားနဲ့ခိုးလိုက်ကာ ဘုံဘေမြို့ပေါ်ကိုတစ်ယောက်တည်း ခြေဆန့်ခဲ့ပါတော့တယ်။
ဒီလိုနဲ့..နောင်အနှစ်၂၀ခန့်ကြာတဲ့အခါ…
Manjhi ဟာ ဘုံဘေကိုစွန့်ခွာပီး သူ့ရဲ့မွေးရပ်မြေဖြစ်တဲ့ ရွာလေးကို အပြီးအပိုင်ပြန်လာခဲ့ပါတယ်။ သူ့ရဲ့ ရွာလေး ကတော့ နှစ်တွေကြာသွားလည်း ဘာမှတိုးတက်ပြောင်းလဲသွားခြင်းမရှိပါဘူး။ ပိုပြီးတော့တောင် ဆင်းရဲချို့တဲ့လာခဲ့ပါတယ်။
အကြောင်းက ရွာလူကြီးသားရဲ့ နှိပ်စက်မှုကိုအလူးအလဲကို ရွာသူရွာသားတွေဟာ ခံနေရပါတယ်။
ရွာသူမိန်းကလေးတွေကိုလည်း အတင်းအဓမ္မစော်ကားနိုင်ကျင့် ၊ ရွာသားတွေကိုလည်း ကြီးငယ်ရွယ်မရွေး ခေါင်းပုံဖြတ်ပီး အနိုင်ကျင့်နေပါတော့တယ်။
ရဲတိုင်လို့ လည်းမရပါဘူး။ ရွာမှာ ရဲစခန်းလည်းမရှိပါဘူးဗျ။
ဒါဆို တခြားရွာမှာသွားတိုင်လေ.. ဒါမှမဟုတ် မြို့ပေါ်တက်တိုင်ပါလားလို့ တွေးမိကောင်းတွေးမိပါလိမ့်မယ်။
ဒါပေမယ့်လည်း.. အဓိက အခက်အခဲကတော့ လမ်းပန်းဆက်သွယ်ရေးပါပဲ။
ဒီရွာလေးရဲ့ ပတ်ပတ်လည်မှာ မြင့်မားလှတဲ့ တောင်ကြီးတွေက ဝန်းရံထားပါတယ်..
ရွာသူရွာသားတွေထဲမှာလည်း အဲ့ဒီတောင်ကြီးတွေကိုဖြတ်ပြီး မြို့ကို ရောက်ဖူးတဲ့သူမရှိသလောက်ရှားပြီး၊ မြို့ပေါ်ကလူတွေကလည်း ဒီတောင်တွေရဲ့နောက်မှာ ရွာသေးသေးလေးတစ်ရွာရှိတယ်လို့ သိတဲ့သူရှားပါးပါတယ်။
ရွာကနေ မြို့ကိုသွားရမယ်ဆိုရင်လည်း ဒီတောင်တွေကိုပတ်ပီးမှ သွားရတဲ့ အတွက်ကြောင့် မြို့ပေါ်ရောက်ဖို့အတွက် ၅ရက် ၆ရက်ထိ သွားရပါတယ်။ ဒါကြောင့် ရွာသူရွာသားတွေဟာ.ဆင်းရဲချို့တဲ့စွာ ဗဟုသုတကင်းမဲ့စွာနဲ့ ရွာလူကြီးသားရဲ့ နှိပ်စက်မှုတွေကို ခံနေကြရပါတယ်.။
ကဲ..
Manjhi ရဲ့အကြောင်းလေးဆက်ပြောပြကြည့်မယ်…
အချစ်ကဆန်းကျယ်လွန်းလှပါတယ်။ Manjhi သူ့ရွာလေးကို ပြန်ရောက်တဲ့နေ့မှာပဲ သူငယ်ငယ်က စေ့စပ်ဖူးသူ မိန်းကလေးDevi နဲ့ ပြန်တွေ့ရပါတယ်။ Devi ဟာ အခုဆိုအပျိုကြီးဖားဖားဖြစ်ပီး တောသဘာဝနဲ့အညီ လှနေပါတယ်..
Manjhi ဟာ Devi ကို မြင်မြင်ချင်း ချစ်မိသွားပြီး သူသိလိုက်ရတာက Devi ဟာ သူငယ်ငယ်က လက်ထပ်ထားတဲ့ မိန်းကလေးဖြစ်နေတာပါပဲ..
Manjhi ဟာ အရမ်းကိုပျော်သွားးပီ Deviရဲ့ အဖေဆီကိုသွားကာ ” ဒါကျုပ်မိန်းမ ကျုပ်ငယ်ငယ်ကတည်းက လက်ထပ်ထားတာ ကျုပ်သူ့ကို လိုချင်တယ်လို့ ” သွားပြောရာမှာတော့ Deviရဲ့ အဖေက Manjhi ကို မောင်းထုတ်ပါတော့တယ်။ Deviရဲ့ အဖေမသိသေးတာက …သူ့သမီး Devi ဟာလည်း Manjhiကို ချစ်မိနေတယ် ဆိုတာပါပဲ..ဒီတော့ ဘာတွေဆက်ဖြစ်မလဲ.. ဘာကြောင့် တောင်တစ်လုံးကို တစ်ယောက်တည်းဖြိုခဲ့တယ်ဆိုတာကိုတော့..ဇာတ်ကားကိုဆက်ကြည့်စေချင်ပါတယ်ဗျ..
ဒီ ၃နာရီကျော်ကြာတဲ့ ရုပ်ရှင်ကို ဒါရိုက်တာကြီး Mohit Moond ကရိုက်ကူးပုံဖော်ထားပီး ဆုတွေလည်းတသီကြီး ရရှိထားကာ တကယ့်ကို အနှစ်သာရ ပြည့်ဝစွာနဲ့ ရိုက်ကူးထုတ်လုပ်ထားတဲ့ ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။
Manjhi နေရာမှာ အိန္ဒိယမင်းသားကြီး Nawazuddin Siddiqui က Manjhi ဇာတ်ရုပ်ကိုသဘာဝကျကျ နဲ့ ပီပြင်စွာသရုပ်ဆောင်ထားပါတယ်။ Deviအဖြစ် မင်းသမီး Radhika Apte ကလည်း တကယ့်ကို ပီပြင်စွာနဲ့ လိုက်ဖက်ညီစွာ သရုပ်ဆောင်ထားပါတယ်။ ဒီ အိန္ဒိယရုပ်ရှင်မှာ ထူးခြားတာက ဒီကားမှာ သီချင်းတွေ က တာတွေ တစ်ခန်းမှမပါပါဘူး။ နောက်ခံတီးလုံးတောင် များများစားစားမပါပါဘူးး။ ရုပ်ရှင်ကြည့် လိုက်တာနဲ့ သင့်ရှေ့မှာ တကယ်ဖြစ်နေတယ်ထင်ရအောင်ကို သဘာဝကျကျနဲ့ပီပြင်စွာ ရိုက်ကူးထားပါတယ်..။
ဒီနေရာမှာတော့ Full Spoiler Alert ပါ ..
X x x x x x x x x x x X
ဒီလိုနဲ့ လူကြီးတွေ သဘောမတူတဲ့အဆုံး Manjhi နဲ့ Deviတို့ဟာ ခိုးပြေးကြပါတယ်…။
အချစ်စစ်တို့ လမ်းဟာမဖြောင့်ဖြူးဘူး ဆိုတဲ့ စကားအတိုင်း သူတို့ ရဲ့ အချစ်ခရီးလမ်းဟာ ကြမ်းတမ်းခဲ့ပါတယ်။ ခိုးပြေးတဲ့ ညမှာပဲ ရွာလူကြီးသားနဲ့ သူ့တပည့်တွေက နောက်ကနေလိုက်လာလို့ ခွေးပြေးဝက်ပြေးပြေးခဲ့ရပါတယ်။
( ရွာသူကြီးသားနဲ့တပည့်တွေလိုက်လာလို့ ထွက်ပြေးတဲ့အခန်း ဗွက်အိုင်ထဲမှာ တစ်ကိုယ်လုံးနစ်နေရတဲ့အခန်း ) တကယ်ကို ပီပြင်လွန်းလှပီး ချစ်သူ၂ယောက်ရဲ့အတူတူလက်တွဲ ရင်ဆိုင်ရဲတဲ့ အချစ်စိတ်ကို ပီပြင်စွာရိုက်ပြထားပါတယ်။ သရုပ်ဆောင်တွေဟာလည်း တကယ့်ကို သဘာဝအတိုင်းပီပြင်စွာ သရုပ်ဆောင်ထားတာကို တွေ့ရမှာပါ…။
ဒီလိုနဲ့….အခက်အခဲတွေကို အတူရင်ဆိုင်ပြီး ကိုယ်ပိုင်ဘဝတစ်ခုဖန်တီးနေလာကြတဲ့ Manjhiတို့ ဇနီးမောင်နှံဟာ သားတစ်ယောက်မွေးပြီး.. Deviက ဒုတိယမြောက်ရင်သွေးလေးကို ကိုယ်ဝန်လွယ်ထားရတဲ့အချိန်……
Manjhi ကလည်း သူ့ရဲ တိုးပွားလာတဲ့မိသားစုဝင်လေးတွေအတွက် တစ်နေကုန်တစ်နေခမ်း မနားမနေ အလုပ်ကြိုးစားရုန်းကန်နေရတာပေါ့….
ဇနီး ဖြစ်သူက ထမင်းခွက်ကိုခေါင်းပေါ်တင်ပြီး ကိုယ်ဝန်မပေါ့မပါးကြီးနဲ့ ထမင်းပို့ပေးရပါတယ်.။
Manjhi လုပ်တဲ့ လယ်ကွက်ကိုရောက်ဖို့အတွက်လမ်းမှာ တောင်ကြောတစ်ခုကိုတက်ပြီး ကျော်လွန်ကာမှ Manjhiလုပ်တဲ့ လယ်ကွက်ကိုရောက်တာပါ.. ဒါကြောင့် ကိုယ်ဝန်မပေါ့မပါးကြီးနဲ့ Deviအဖို့ ဒီခရီးဟာ ခက်ခဲကြမ်းတမ်းလှပါတယ်.။ သို့ပေမယ့် သူ့ယောကျားဆီကို နေ့တိုင်း ထမင်းထုပ်ရောက်အောင် ပို့ပေးရှာပါတယ်..။
တစ်နေ့..Manjhiရဲ့ နားထဲကို အကုသိုလ်သတင်းဆိုးကြီးဝင်လာပါတော့တယ်..,
ဟုတ်ပါတယ်…….. သူ့မိန်းမ သူ့ကိုထမင်းထုတ်လာပို့ရင် တောင်ပေါ်ကနေခြေလျော်ပီး ပြုတ်ကျလို့ ဆိုတာပါပဲ..။ သူ့မိန်းမဆီ အပြေးအလွှားသွားတဲ့အခါ သွေးအိုင်ထဲမှာ အသက်ငင်နေတဲ့ မိန်းမဖြစ်သူကို Manjhi တွေ့လိုက်ရပါတယ်။ ကိုယ်ဝန်ကလည်း ပြုတ်ကျထားတဲ့ အရှိန်ကြောင့်ပျက်ကျသွားပြီးသွေးအိုင်ထဲက ဇနီးသည်ရဲ့အဖြစ်နဲ့ ဗိုက်ထဲက သေလားရှင်လားမသိရသေးတဲ့ကလေးငယ်နဲ့.. မြင်ကွင်းက သူ့အတွက်တော့ အရူးမီးဝိုင်းဖြစ်နေရပါတယ်။ သွေးအိုင်ထဲမှာလဲနေတဲ့ သူ့မိန်းမကို ထမ်းပြီး မြို့ဆေးရုံကိုပို့ခဲ့ပါတယ်..။
ဟုတ်ပါတယ်..Manjhiဟာ သူ့မိန်းမကို ထမ်းပီးတောင်ပေါ်ကနေတက်ပြီး တောင်ကိုဖြတ်ပို့ခဲ့ရတာပါ ????
တောင်ကို ပတ်ပီး သွားရင် ၅ရက်၆ရက်ကြာမှာမို့တောင်ပေါ်လမ်းကနေ သွားခဲ့ရတာပါ.
ဒါပေမယ့်….
သူအရမ်းချစ်ရတဲ့ မိန်းမရဲ့ အသက်ကို သူမကယ်နိုင်လိုက်ပါဘူးး ????
ကလေးရဲ့ အသက်ကိုပဲကယ်လိုက်နိုင်ပါတယ်။
ရွာပြန်ရောက်တော့ Manjhi အကြီးအကျယ်ကိုဒေါသမီးတွေ ရင်ထဲမှာတောက်လောင်နေပါတယ်..။
အကြောင်းကား… သူ့မိန်းမသေရတာ ဒီတောင်ကြောင့်လို့ Manjhi စိတ်ထဲမှာ စွဲနေပါတယ်၊
ဒီတောင်သာမရှိခဲ့ရင်…
ဒီတောင်မှာသာ လမ်းရှိခဲ့ရင်….
သူ့မိန်းမမသေဘူးလို့ တွေးမိလို့ပါပဲ..။
ဒီလိုနဲ့ သူ့စိတ်ထဲမှာပေါ်လာတဲ့အရာကတော့ ဒီတောင်ကို ဖြိုပြီး လမ်းဖောက်ဖို့ပါပဲ..။ သူ့လို အဖြစ်ဆိုးမျိုးနောက်လူတွေ မကြုံအောင် ဖောက်မယ်ဆိုပြီး ပေါက်တူးတစ်လက် ပေါက်ဆိန်တစ်လက်နဲ့ နေ့တိုင်း တောင်ကိုသွားပီး ဖြိုပါတယ်။
ဒီသတင်းကို ရွာသားတွေကြားတော့ Manjhiကို မိန်းမသေသွားလို့ဒီကောင်ရူးသွားပြီလို့ ပြောပီး ဝိုင်းဝန်းလှောင်ပြောင်ကြပါတယ် ။ ကြာရင် ဒီကောင်မောပြီး ရပ်သွားလိမ့်မယ်လို့ ထင်နေကြပါတယ်။
ဒါပေမယ့် Manjhi ဟာ မရပ်တန့်ခဲ့ပါဘူး။ နေ့တိုင်း မနက်မိုးလင်းတာနဲ့ ပေါက်ဆိန်ထမ်းပီး တောင်ကိုတစ်ယောက်ထဲ ဖြိုနေတော့တာပါပဲ……။
နောက်ဆုံးတော့ Manjhi ဟာ (၂၁)နှစ်ကြာတဲ့အထိ တောင်ကို တစ်ယောက်ထဲနဲ့ ဖြိုခဲ့ပီး လမ်းဖောက်နိုင်ခဲ့ပါတယ်။
ဟုတ်ပါတယ်… သူတောင်ကိုဖြိုခဲ့တဲ့ အချိန်ဟာ(၂၁)နှစ်တောင် ကြာခဲ့ပါတယ်..။
(၂၁)နှစ်လုံးလုံး သူတစ်ယောက်ထဲ တောင်ကို ဖြိုခဲ့တာပါ။ ဘယ်သူ့ကိုမှ သူအကူအညီ မတောင်းခဲ့ပါဘူး။
ကဲ… Manjhi တစ်ယောက် ကလေး၂ယောက်နဲ့ ဘယ်လိုတွေ ဒုက္ခခံပြီး ဒီတောင်ကိုဖြိုခဲ့တာလဲဆိုတာကိုတော့ ဒီရုပ်ရှင်ကို ကိုယ်တိုင်ကြည့်ပြီး ခံစားကြည့်ရှုကြပါတော့..မိတ်ဆွေ။
Part 4
===========
ဒီဇာတ်လမ်းကတော့ ထိုင်းဘုရင် နရဲစွမ်ရဲ့အကြောင်းကို
အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။
ဒီကားမှာတော့ ဟံသာဝတီပြည်ကို ဓားစာခံအနေနဲ့
အခေါ်ခံခဲ့ရတဲ့ မင်းသားလေး နရဲစွမ် ရဲ့ အကြောင်းပါပဲ။
ဘုရင့်နောင်ဟာ နရဲစွမ်မင်းသားလေးကို
ဟံသာဝတီပြည့်ကို ခေါ်ပြီး မင်းသားတို့
တတ်သင့်တတ်အပ်တဲ့ အဋ္ဌာရဿ ပညာရပ်တွေကို
ဘုန်းကြီးကျောင်းမှာ သင်ယူစေခဲ့တဲ့
အကြောင်းပါ။
ဆုပန်ကလျာ နဲ့ ဘုရင့်နောင်တို့ရဲ့ အချစ်ဇာတ်လမ်းကိုလည်း
မြင်တွေ့ ခံစားရမှာဖြစ်ပါတယ်။
နရဲစွမ် နဲ့ မင်းရဲကျော်စွာတို့ရဲ့ ငယ်ဘဝအားပြိုင်မှုတွေကိုလည်း
မြင်တွေ့ရမှာဖြစ်ပါတယ်။
ထိုင်း-မြန်မာ သမိုင်းမှာ ရာဇဝင်တွင်ခဲ့တဲ့ ဖြစ်ရပ်ကို
အခြေခံပြီး ရိုက်ကူးထားတဲ့
ဇာတ်ကားကောင်းတစ်ကားပဲ ဖြစပ်ါတယ်။
Part 5
===========
ဒီဇာတ်လမ်းကတော့ ထိုင်းဘုရင် နရဲစွမ်ရဲ့အကြောင်းကို
အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။
ဒီကားမှာတော့ ဟံသာဝတီပြည်ကို ဓားစာခံအနေနဲ့
အခေါ်ခံခဲ့ရတဲ့ မင်းသားလေး နရဲစွမ် ရဲ့ အကြောင်းပါပဲ။
ဘုရင့်နောင်ဟာ နရဲစွမ်မင်းသားလေးကို
ဟံသာဝတီပြည့်ကို ခေါ်ပြီး မင်းသားတို့
တတ်သင့်တတ်အပ်တဲ့ အဋ္ဌာရဿ ပညာရပ်တွေကို
ဘုန်းကြီးကျောင်းမှာ သင်ယူစေခဲ့တဲ့
အကြောင်းပါ။
ဆုပန်ကလျာ နဲ့ ဘုရင့်နောင်တို့ရဲ့ အချစ်ဇာတ်လမ်းကိုလည်း
မြင်တွေ့ ခံစားရမှာဖြစ်ပါတယ်။
နရဲစွမ် နဲ့ မင်းရဲကျော်စွာတို့ရဲ့ ငယ်ဘဝအားပြိုင်မှုတွေကိုလည်း
မြင်တွေ့ရမှာဖြစ်ပါတယ်။
ထိုင်း-မြန်မာ သမိုင်းမှာ ရာဇဝင်တွင်ခဲ့တဲ့ ဖြစ်ရပ်ကို
အခြေခံပြီး ရိုက်ကူးထားတဲ့
ဇာတ်ကားကောင်းတစ်ကားပဲ ဖြစပ်ါတယ်။
American History X (1998)
IMDb 8.5/10
Rotten Tomatoes 83%
လူငယ်ဆိုတဲ့အရွယ်က ဂျူ ံမှု န့်ဖြူ ကလေးတွေနဲ့ နှယ်ထားပြီး ပုံသွင်းတဲ့ အရုပ်လုပ်သမားလက်ထဲက ပုံစံတုလေးတစ်ခုလိုပါပဲ။ဝယ်ယူမယ့်သူရဲ့ခိုင်းစေမှု အလိုက် ကျေးရုပ်ကလေးလည်း ဖြစ်ချင်ဖြစ်မယ်။မျောက်ရုပ်ကလေးလည်း ဖြစ်ချင်ဖြစ်မယ်။ဆိုလိုချင်တာက အရာရာကိုဖြေးညင်းစွာနဲ့ လိုက်ပါပုံသွင်းရင်း မိမိစိတ်သဏ္ဍာန်နဲ့ ရုပ်ပိုင်းဆိုင်ရာတွေက ဖြစ်တည်လာတဲ့ အခြေအနေတွေရဲ့ ရိုက်ခတ်မှု အလိုက် ဘဝအရုပ်ပုံဖော်ဖန်တီးထုဆစ်သူရဲ့ လက်ဖဝါးထဲက အရုပ်ကလေးလိုမျို း ပြောင်းလဲသွားကြတာမဟုတ်ပါလား။
ရော့ခ်အပြင်းစား သီဆိုသူတွေရဲ့ ဖက်ရှင်တွေခေတ်ထလာချိန်မှာ လူငယ်တွေကလည်း ဂျင်းဘောင်းဘီတွေအကောင်းတွေကို တမင်ဖြဲပြီး ဝတ်ခဲ့ကြတယ်။ဆံပင်ရှည်ထားပြီး ဂစ်တာကိုကျောမှာလွယ်ခဲ့ကြတယ်။ပစ္စည်းမဲ့လူတန်းစားအသားပေးဝတ္ထု တွေ ဇာတ်လမ်းတွေခေတ်စားတုန်းကဆိုရင် အဲဒီခေတ်ကလူငယ်တွေက ပုဆိုးအပြဲ ။ဖိနပ်မြီးတိုနဲ့ ရုပ်ဝါဒရဲ့အလေးပေးမှု တွေကို တွန်းလှန်ပြသလိုမျို းပေါ့။ထိုနည်းနှင်နှင်နဲ့ နေထိုင်ခြင်းကသာ မှန်ကန်တဲ့ လူဘဝနေနည်းစစ်စစ်။စလို့ ဟစ်ကြွေးခဲ့ကြသလိုမျိုူ းပါပဲ။
လူငယ်ဆိုတာ ခေတ်စနစ်ရဲ့ ရိုက်ခတ်မှု အလိုက် မျောပါကြသူတွေကများပါတယ်။မှားတယ်မှန်တယ်ဆိုတာထက် ။အနိုင်ယူလိုစိတ်။တွန်းကန်လိုစိတ်နဲ့။ထင်ပေါ်ကိုးကွယ်လိုမှု ကို အလွန်အမင်းလိုချင်ကြတဲ့ အရွယ်အခါမျို းမှာ သွေးဆူမှု ကို တွန်းအားပေးစေတဲ့ ဝိဝါဒအမျို းမျို းကို လက်သင့်ခံ လိုက်ပါလုပ်ဆောင်ကြတာ အဆန်းမဟုတ်ပါဘူး။
ယခုရုပ်ရှင်မှာလည်း Derek ဆိုတဲ့ အမေရိကန်လူဖြူ လူငယ်ကလေးဟာ neo-Nazi လို့ အမည်ပေးထားတဲ့ ဟစ်တလာရဲ့ဝိဝါဒ အမွှန်းတင်စကားတွေကို အထူးသက်ဝင်ယုံကြည်နေတဲ့ လူငယ်တစ်ဦး ဖြစ်ပါတယ်။ဆံပင်ကို ကတုံးပေါက်ပုံစံပဲ ထားတယ်။တကိုယ်လုံးမှာ နာဇီအမှတ်တံဆိပ်ကို တက်တူးထိုးပြီး ယုံကြည်ကိုးကွယ်ကြောင်း ပြဆိုထားတယ်။သူ့ရဲ့မျက်လုံးတွေ။ နှု တ်ခမ်းတွေက ယင်းအကြောင်းအရာတွေရဲ့ လှုံ့ဆော်နေမှု ကြောင့် ထင်ပါတယ်။အမြဲတစ်စေပဲ ဖိတ်ဖိတ်တောက် တင်းမာစေ့ကပ်လို့နေတယ်။သူ့ရဲ့အနားမှာ Neo-Nazi ဝါဒတွေကို လက်ဆင့်ကမ်းသွန်သင်ပေးနေတဲ့ ပုဂ္ဂို လ်တစ်ဦးလည်း ရှိနေတယ်။သူကိုယ်တိုင်ကလည်း သူလိုသက်တူရွယ်တူအပေါ် အမျို းသားရေး ဝါဒတွေ ပြည့်နှက်နေတဲ့ စကားလုံးတွေကို ရွှန်းရွှန်းဝေအောင် သြဘာပေးလို့နေပါတယ်။အထူးသဖြင့် သူတို့အမေရိကမှာ တိုင်းတစ်ပါးသားတွေ အခွင့်ကောင်းယူ နေထိုင်နေတာကို တွန်းလှန်ပစ်ဖို့လိုကြောင်း။သူတို့ကသာ အရာရာအသာစီးနေရာကောင်းယူထားပေမယ့် ဇာတိချက်ကြွေ လူမျို းစစ်စစ်တွေမှာတော့ အောက်ကျစွာနေထိုင်နေရကြောင်း စလို့ အမျိုးသားရေးပါတဲ့ စကားလုံးတွေအများကြီးနဲ့ လှုံ့ဆော်တယ်။အထူးသဖြင့် လူမည်းတွေရဲ့ ကြီးစိုးလာမှု တွေအကြောင်းလည်း ပါတယ်။ဆဲ့ဆိုတဲ့ စကားလုံးတွေနဲ့ တစ်ပြည့်တစ်သိပ်ပြောတယ်။
ပြီးနောက်မှာတော့ သူလို စိတ်ဓါတ်တက်ကြွနေကြတဲ့ လူငယ်တွေဟာ တိုင်းတစ်ပါးသားတွေဖွင့်ထားတဲ့ ဆိုင်တွေကို ဝင်ရောက်ဖျက်ဆီးကြတယ်။လူမည်းအမျို းသမီးတွေကို အနိုင်ကျင့်ကြတယ်။လူငယ်လေး Derek ဟာ သူတို့တွေအကြားမှာ သူရဲကောင်းတစ်ယောက်အဖြစ် ထင်ပေါ်နေတော့တယ်။
Derek ရဲ့ အစွန်းရောက်ခါးသီးတဲ့အမုန်းတရားတွေက သူ့ကိုယ်ထဲမှာ အဆိပ်လို စိမ့်ဝင်နေပြီဆိုတာ သူကိုယ်တိုင်တောင်မသိတော့ဘူး။ဒီလို အမျိူ းသားရေးဝါဒ နှီးနှောယှက်နွယ်တဲ့ အကြောင်းတရားတွေကို အကြွင်းမဲ့ လိုက်နာယုံကြည်နေတာကလည်း ရဲတစ်ယောက်ဖြစ်တဲ့ ဖခင်ကြီးကို လူမည်းဆေးသမားတွေက သတ်ဖြတ်မှု ကြောင့်လည်းပါသလို ဖခင်ကြီးပြောခဲ့တဲ့ လူမည်းမုန်းတီးရေးစကားတွေကနေ သူ့ရဲ့သင်ယူနေဆဲ စိတ်သဏ္ဍာန်မှာ ကပ်ငြိကြီးထွားနေတာကြောင့်လည်း ဖြစ်ပါမယ်။
တစ်ညမှာတော့ ဘတ်စ်ကတ်ဘောဆော့ကစားရာကနေ အငြို းအတေးဖြစ်သွားခဲ့တဲ့ လူမည်းအုပ်စုက သူအိမ်ရှေ့ကို ရောက်လာပြီးတော့ မကောင်းမှု တစ်ခုခုကို ကျူ းလွန်ဖို့ အားထုတ်နေကြချိန်မှာ သူ့ညီကလေးရဲ့ ပြောကြားမှု ကနေ လူမည်းတွေကို သေနတ်နဲ့ ရက်ရက်စက်စက် ပစ်သတ်ပစ်မိတော့တယ်။မသေဆုံးဘဲ ကျန်နေသေးတဲ့ လူမည်းလေးတစ်ယောက်ကိုလည်း ပါ့စပ်ကို ပလက်ဖောင်းဘောင်အေစောင်းပေါ်ကို အကိုက်ခိုင်းပြီး အပေါ်ကနေ ဆောင့်နင်းပစ်လိုက်တော့တယ်။အဲဒီအချိန်မှာ သူခန္ဓာဟာ အပေါ်ပိုင်း ဗလာထီးထီးနဲ့ နာဇီ စင်္ကြာတံဆိပ်ကြီးက မီးရောင်အောက်မှာ ထင်းနေတယ်။သူ့မျက်နှာဟာ တိုက်ပွဲတစ်ခုကို အနိုင်ပိုင်းနိုင်သွားလို့ အောင်ပွဲခံနေတဲ့ လူတစ်ယောက်အသွင်မျို း။
အထူးသဖြင့် Neo-Nazi ဝါဒအပေါ် အထူးလိုက်နာကျင့်သုံးလိုက်နိုင်လို့ ဂုဏ်ယူနေတဲ့ အသင်းသားတစ်ယောက်အသွင်မျို းပေါ့။
ဒါပေမယ့် သူက ထောင်သုံးနှစ်ပဲ ကျတယ်။ထောင်ထဲကို တကယ်ရောက်ရှိသွားတဲ့ အချိန်မှာတော့ သူယုံကြည်ခဲ့တဲ့ သဘောတရားတွေဟာ ဘာအဓိပ္ပါ
ယ်မှ ရှိမလာဘူးဆိုတာ သိလာတယ်။သူ့အနေနဲ့ ရန်သူကြီးတွေသဖွယ် အမုန်းကြီးမုန်းမိခဲ့တဲ့ လူမည်းတွေဟာလည်း သူထင်သလို အခွင့်အရေးတွေ ရနေတာလည်း မဟုတ်ဘဲ ဖိနှိပ်ခံလူသားတွေသာ ဖြစ်ကြောင်း သိရှိလာချိန်မှာတော့ သူ့ဆီက Neo-Nazi ဗိုင်းရပ်စ်တွေဟာ သူ့ညီငယ်ဆီကို ကူးစက်နေပါပြီ။ခေတ်သစ်နာဇီဝါဒကို သိပ်ပြီး အကြို က်တွေ့နေပါပြီ။
သူ့ညီငယ်ကလေးက အကိုဖြစ်သူကို သူရဲကောင်းအရာထားပြီး ခေါင်းစဉ်တစ်ခုပေးပြီး စာတောင်ရေးနေပါရဲ့။
ခေါင်းစဉ်က “American History X “တဲ့။
ယခု ရုပ်ရှင်မှာ Neo-Nazi ဝါဒ သက်ဝင်လူငယ်တစ်ယောက်အဖြစ် Edward Norton ဟာ အကောင်းဆုံး သရုပ်ဆောင်ပြခဲ့တာကို တွေ့ရပါတယ်။အော်စကာဆန်ကာတင်ခြင်း ခံရတဲ့အထိ ထိုက်တန်ပါတယ်။
သူဟာ အရာရာအပေါ် စူးစမ်းချင်ကြ စမ်းသပ်ကိုးကွယ်တတ်ကြတဲ့လူငယ်တွေရဲ့ အနေအထားကို ကိုယ်စားပြု တင်ပြသွားတယ်။လက်တွေ့ဘဝရဲ့ လွှမ်းမိုးခံရမှု အတိုင်း လူငယ်တွေအများစုက ပါဝင်နစ်မြု ပ်သွားနိုင်မှု အပေါ် သတိချပ်မိနိုင်အောင် ယခုရုပ်ရှင်ဟာ မီးမောင်းထိုးပြနိုင်ခဲ့တယ်။သူရဲကောင်းဝါဒ။အထူးသဖြင့် မိမိတို့လူမျို းကြီးကသာ သာလွန်မြင့်မြတ်တယ်ဆိုသော ပိုမိုလွန်ကဲတဲ့ အမျို းသားရေး ဝါဒ သဘောတရားတွေဟာ အဆုံးသတ်မှာတော့ သွေးပျက်စက်ဆုပ်ဖွယ်ရာ။ကြေကွဲနာကျင်ဖွယ်ရာတွေကိုသာ ဆောင်ကျဉ်းပေးနိုင်ကြောင်းကို ပြဆိုထားခဲ့ပါတယ်။
ဒီရုပ်ရှင်ထဲကအတိုင်းပါပဲ။ကျွန်တော်တ်ု့လက်တွေ့ဘဝထဲမှာလည်း ထိုနည်းနှင်နှင်ပင်။အစွန်းရောက် ဝိဝါဒတွေ အမျို းမျို းတွေနဲ့ လူသားတွေအကြားမှာ လုံးထွေးရစ်ပတ်လျက်ပဲ ရှိနေဆဲမဟုတ်ပါလား။မိမိရဲ့တကိုယ်ရည်ဝေဖန်ခွဲခြားနိုင်စွမ်းအပေါ် ယင်းအစွန်းရောက်ဝါဒတွေ လွှမ်းမိုးသွားတဲ့အခါမှ အမှားတွေကိုသာ ဂိုဏ်းဂန ကွဲပြားနေသူတွေအားလုံး လုပ်ဆောင်တိုက်ခိုက်နေကြတာ ဒုနဲ့ဒေးပါပဲ။ခုထက်ထိ သွေးချောင်းစီးနေကြတာကို မြင်တွေ့နေကြရမှာပါ။
ထိုအထဲမှာ ဂျူ ံ မှု န့်ဖြူ ဖြူ ကလေးတွေနဲ့ ပုံသွင်းစပြု မယ့် အရုပ်ကလေးတွေနဲ့ အလားသဏ္ဍာန်တူတဲ့ မျို းဆက်သစ်လူငယ်ကလေးတွေရော ဘယ်လောက်အထိ အရောင်ဆိုးဆေးချယ် လိုရာပုံသွင်းခဲ့ခြင်းကို မည်မျှခံခဲ့ရပြီးပြီလဲ ဆိုတာကတော့ ယခုထက်တိုင် မီးဟုန်းဟုန်းတောက်နေတဲ့ ဝိဝါဒစစ်သလင်းပြင်တွေက သက်သေခံလျက်ပါပဲ။
ဆိုမာလီနိုင်ငံဟာ ၁၉၉၀ဝန်းကျင်က ငတ်မွတ်မှုကြောင့်
ပြည်သူသုံးသိန်းကျော်သေဆုံးခဲ့ပါတယ်
အကြောင်းရင်းကတော့ ယခုထိတိုင်မပြီးဆုံးနိုင်သေးတဲ့
တစ်နိုင်ငံထဲနေမျိုးနွယ်စုတွေ
အချင်းချင်းဖြစ်ပွားတဲ့ ကာလရှည်ပြည်တွင်းစစ်ကြောင့်ဖြစ်ပါတယ်
ဆိုမာလီယာအစိုးရဟာ မထိန်းချုပ်နိုင်ပဲ
ငါတလူမင်းမူနေတဲ့ ခေါင်းဆောင်တွေကြားမှာ
Mohamed Farrah Aididဟာ အာဏာအရှိဆုံးဖြစ်ခဲ့ပြီး
ထိုအချိန်က မြို့တော်မိုဂါဒစ်ရှူ းကို အုပ်စိုးခဲ့ပါတယ်
နိုင်ငံတကာကထောက်ပံတဲ့ရိက္ခာ အထောက်အပံတွေကို
ငတ်မွတ်နေတဲ့ပြည်သူတွေဆီမဝေငပဲ အရက်စက်ဆုံးထင်ရာဆိုင်းမင်းမူနေတဲ့
Aididကိုဖယ်ရှားပစ်မယ် အစီအစဉ်တွေထဲကတစ်ခုကို
၁၉၉၃ခုနှစ်အတွင်း မြို့တော်မိုဂါဒစ်ရှူ းမှာ ထုံးစံအတိုင်းအမေရိကန်တို့ လုပ်ခဲ့ပါတယ်
Aididအစိုးရအဖွဲ့ရဲ့အစည်းအဝေးတစ်ခုကိုဝင်စီးကာ ဝန်ကြီးတွေကိုဖမ်းဖို့ဖြစ်ပြီး
တစ်နာရီအတွင်းအပြီးသတ်ဖို့စနစ်တကျ စီစဉ်ထားတဲ့စစ်ဆင်ရေးဟာ
Aididစစ်တပ်ရဲ့ မထင်မှတ်တဲ့ အပြင်းအထန်ခုခံမှုတွေကြောင့်
ဘလက်ဟော့ဟယ်ရီကော်ပတာ တွေပျက်ကျမှုမှစတင်ကာ အလွဲလွဲချော်ချာ်ဖြစ်ပြီး
အမေရိကန်စစ်တပ်ဟာ အချိန်မှီမြို့ထဲကပြန်မထွက်နိုင်ပဲ ပိတ်မိကာ
တစ်ရက်နီးပါးကြာမြင့်သွားပါတယ်
ဒီဇာတ်ကားဟာထိုအခါက အမေရိကန်နဲ့ဆိုမာလီတွေရဲ့ အပြင်းအထန်တိုက်ခဲ့ကြပုံတွေ
စစ်ရဲ့မာန် စစ်ရဲ့ဓလေ့နဲ့ စစ်ရဲ့ကြေကွဲဖွယ်ရာတွေကို အပီပြင်ဆုံးရိုက်ကူးပြထားပြီး
အကယ်ဒမီဆုတွေကို သိမ်းပိုက်သွားခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်
Imdb 7.7နဲ့ RT 76%ထိရရှိထားပြီး စစ်ကားဆိုမှစစ်ကားကိုကြိုက်တဲ့သူတွေအနေနဲ့
ကြည့်ဖူးတဲ့စစ်ကားတွေထဲမှာ ဒီကားမပါသေးရင်
အမြန်ဆုံးသာ download လုပ်လိုက်ပါလို့တိုက်တွန်းချင်ပါတယ်
ဆိုမာလီနိုင်ငံဟာ ၁၉၉၀ဝန်းကျင်က ငတ်မွတ်မှုကြောင့်
ပြည်သူသုံးသိန်းကျော်သေဆုံးခဲ့ပါတယ်
အကြောင်းရင်းကတော့ ယခုထိတိုင်မပြီးဆုံးနိုင်သေးတဲ့
တစ်နိုင်ငံထဲနေမျိုးနွယ်စုတွေ
အချင်းချင်းဖြစ်ပွားတဲ့ ကာလရှည်ပြည်တွင်းစစ်ကြောင့်ဖြစ်ပါတယ်
ဆိုမာလီယာအစိုးရဟာ မထိန်းချုပ်နိုင်ပဲ
ငါတလူမင်းမူနေတဲ့ ခေါင်းဆောင်တွေကြားမှာ
Mohamed Farrah Aididဟာ အာဏာအရှိဆုံးဖြစ်ခဲ့ပြီး
ထိုအချိန်က မြို့တော်မိုဂါဒစ်ရှူ းကို အုပ်စိုးခဲ့ပါတယ်
နိုင်ငံတကာကထောက်ပံတဲ့ရိက္ခာ အထောက်အပံတွေကို
ငတ်မွတ်နေတဲ့ပြည်သူတွေဆီမဝေငပဲ အရက်စက်ဆုံးထင်ရာဆိုင်းမင်းမူနေတဲ့
Aididကိုဖယ်ရှားပစ်မယ် အစီအစဉ်တွေထဲကတစ်ခုကို
၁၉၉၃ခုနှစ်အတွင်း မြို့တော်မိုဂါဒစ်ရှူ းမှာ ထုံးစံအတိုင်းအမေရိကန်တို့ လုပ်ခဲ့ပါတယ်
Aididအစိုးရအဖွဲ့ရဲ့အစည်းအဝေးတစ်ခုကိုဝင်စီးကာ ဝန်ကြီးတွေကိုဖမ်းဖို့ဖြစ်ပြီး
တစ်နာရီအတွင်းအပြီးသတ်ဖို့စနစ်တကျ စီစဉ်ထားတဲ့စစ်ဆင်ရေးဟာ
Aididစစ်တပ်ရဲ့ မထင်မှတ်တဲ့ အပြင်းအထန်ခုခံမှုတွေကြောင့်
ဘလက်ဟော့ဟယ်ရီကော်ပတာ တွေပျက်ကျမှုမှစတင်ကာ အလွဲလွဲချော်ချာ်ဖြစ်ပြီး
အမေရိကန်စစ်တပ်ဟာ အချိန်မှီမြို့ထဲကပြန်မထွက်နိုင်ပဲ ပိတ်မိကာ
တစ်ရက်နီးပါးကြာမြင့်သွားပါတယ်
ဒီဇာတ်ကားဟာထိုအခါက အမေရိကန်နဲ့ဆိုမာလီတွေရဲ့ အပြင်းအထန်တိုက်ခဲ့ကြပုံတွေ
စစ်ရဲ့မာန် စစ်ရဲ့ဓလေ့နဲ့ စစ်ရဲ့ကြေကွဲဖွယ်ရာတွေကို အပီပြင်ဆုံးရိုက်ကူးပြထားပြီး
အကယ်ဒမီဆုတွေကို သိမ်းပိုက်သွားခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်
Imdb 7.7နဲ့ RT 76%ထိရရှိထားပြီး စစ်ကားဆိုမှစစ်ကားကိုကြိုက်တဲ့သူတွေအနေနဲ့
ကြည့်ဖူးတဲ့စစ်ကားတွေထဲမှာ ဒီကားမပါသေးရင်
အမြန်ဆုံးသာ download လုပ်လိုက်ပါလို့တိုက်တွန်းချင်ပါတယ်
ဂျာယောင်းဆိုတဲ့ အမျိုးသမီးဟာ ဂျိုဆွန်းရဲ့ မိဖုရားခေါင်ကြီး အဖြစ်ရွေးကောက်ခံရပါတယ်
သူမ မိဖုရားဖြစ်လာမှာ မလိုလားသူတွေဟာ လုပ်ကြံသူ မူမြောင်းကို ငှားရမ်းပြီး သူမကို လုပ်ကြံခဲ့တယ်
ဒါပေမယ့် မူမြောင်းဟာ အရင်တည်းက ဂျာယောင်းနဲ့ သိကျွမ်းခဲ့ပြီး ဂျာယောင်းကို တဖတ်သတ်ချစ်နေတဲ့သူဖြစ်လို့ လုပ်ကြံရမယ့်အစား ကယ်တင်ပေးခဲ့ပါတယ်
ဂျာယောင်းမိဖုရားကြီး ဖြစ်သွားတဲ့ အခါမှာလည်း နန်းစောင့်တပ်သားဝင်လုပ်ပြီး ဆက်တိုက်ကာကွယ်ပေးခဲ့တဲ့နောက်…
ထီးနန်းရဲ့ ရှုပ်ထွေးမှုတွေ နိုင်ငံရေး ပဋိပက္ခတွေကြားမှာ
သူချစ်တဲ့ မိဖုရားကြီးကို ဆက်လက်ကာကွယ်နိုင်မလားဆိုတာ ဒီဇာတ်ကားလေးမှာ ဆ်လက်ကြည့်ရှုကြပါနော်…။
*** 18+ ဇာတ်ဝင်ခန်းများပါဝင်တဲ့အတွက် မိသားစုနဲ့ တူတူကြည့်ရှုဖို့ မသင့်တော်ပါဘူး **
Mank (2020)
==========
ဇာတ်လမ်းတစ်ပုဒ်ဆိုတာ ဇာတ်ညွှန်းရေးဆရာရဲ့ ကြိုးဆွဲရာကရတာပါပဲ။ ဇာတ်လမ်းတစ်ပုဒ်ရဲ့ အနှစ်သာရဟာ ဇာတ်ညွှန်းဆရာတစ်ယောက်ရဲ့ သွေးချွေးတွေရင်းနှီးပြီး ဖြစ်တည်လာရတာပါ။ ဒီဇာတ်ကားမှာတော့ အပြင်မှာလည်း တကယ်ရှိခဲ့တဲ့ Herman J Mankiewicz ဆိုတဲ့ ဇာတ်ညွှန်းဆရာတစ်ယောက်က သူ့ရဲ့အကျော်ကြားဆုံး ဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့ ဂန္တဝင်မြောက်လက်ရာဖြစ်တဲ့ Citizen Kane ကိုရေးသားတဲ့အကြောင်း ရိုက်ကူးတင်ဆက်ထားတာပါ။
ဒီ Citizen Kane ဟာဆိုရင် သူ့ခေတ်သူ့အခါမှာ နာမည်ကြီးဇာတ်လမ်းဖြစ်ခဲ့တဲ့အပြင် ကျောင်းသုံးစာအုပ်အနေနဲ့တောင် ပြန်သင်ရတဲ့အထိ ဂန္တဝင်တွင်ခဲ့တာပါ မတော်တဆမှုဖြစ်ပြီး ခြေထောက်ကျိုးသွားတဲ့ မန့်ခ်ကို အော်ဆန်ကမြို့တစ်မြို့မှာ လျှို့ဝှက်ထားပြီး ဇာတ်လမ်းတစ်ပုဒ်ကို ဖန်တီးရေးသားစေပါတယ်။ ဇာတ်လမ်းဖန်တီးဖို့ ရက် ၉၀ ပေးထားပေမယ့် အလောကြီးတဲ့အော်ဆန်ကတော့ ရက် ၆၀ အတွင်း အပြီးသတ်ဖို့ပြောပါတယ်။
တစ်ချိန်က ထုတ်လုပ်သူတိုင်းရဲ့အပယ်ခံမန့်ခ်ဟာ ယခုအချိန်မှာတော့ ဇာတ်ညွှန်းရေးတဲ့နေရာမှာ သူမတူတဲ့ပါရမီရှင်တစ်ယောက်ဖြစ်တာမို့ ရှိတ်စပီးယားလို့တောင် တင်စားခံနေရတာပေါ့။ ဒါပေမဲ့ရှိတ်စပီးယားလိုပဲ ဉာဏ်ကွန့်ရတာကိုသဘောကျတဲ့ စာရေးဆရာမန့်ခ်တစ်ယောက် အချိန် သုံးပုံတစ်ပုံတစ်ပုံလျော့သွားတဲ့ ရက် ၆၀ အတွင်း ပြီးစီးအောင် ရေးနိုင်ပါ့မလား။ သူ့ရဲ့ခက်ခဲတဲ့အပယ်ခံဘဝအချိန်တွေကိုရော ဘယ်လိုဖြတ်သန်းခဲ့ရလဲ။
နာမည်ကျော်ဇာတ်ညွှန်းဆရာဟဲရက်စ်နဲ့ဆုံတွေ့ပြီးနောက် သူ့ဘဝမှာ ဘယ်လိုအပြောင်းအလဲတွေဖြစ်သွားမလဲဆိုတာကိုတော့ Imdb 7.9 အထိရရှိထားတဲ့ ဒီရုပ်ရှင်ကားလေးမှာ ၁၉၃၀ ခုနှစ်က ဟောလိဝုဒ်အကြောင်းကို တစေ့တစောင်းရိုက်ပြထားတဲ့အတွက် ရုပ်ရှင်ရဲ့သမိုင်းကြောင်းကို သိချင်သူတွေအတွက် ကြည့်သင့်တဲ့ရုပ်ရှင်ဖြစ်ကြောင်း လက်တို့လိုက်ရပါတယ်။
Sacrifice ( 2020 )အညွှန်း
**********************
2020 october 23မှာထွက်လာတဲ့ Action Drama War ဖြစ်ရပ်မှန်စစ်ကားကောင်းပါ
Box officeမှာ $161,047608ဝင်ငွေစံချိန်တင်ရရှိထားလို့ စိတ်ကျေနပ်မှုရစေမှာသေချာပါတယ်
1953Korea Warရဲ့နောက်ဆုံးပိုင်းကာလ အမေရိကန်နဲ့ ကျင်းကန်းချွမ်းမှာတိုက်ပွဲဖြစ်နေစဉ် တရုတ်ဘက်က တပ်ကူပေါင်းသောင်းချီကို မနက် 6 နာရီမတိုင်ခင်ပို့ပေးရမှာပါ…
ဲတိုက်ပွဲနယ်မြေကိုရောက်ဖို့ ရေစီးသန်လှတဲ့မြစ်ကြောင့် တံတားကနေကျော်ဖြတ်မှရနိုင်ပါမယ်
အမေရိကန် လေတပ်ကယာဉ်ပျံတွေဟာ တရုတ်ဘက်က
တပ်ကူတွေကျင်းကန်းချွမ်းဆီရောက်မလာနိုင်ဖို့ တံတားကိုအကြိမ်ကြိမ်ဖျက်ဆီးပေမယ့်
ဘယ်လိုတွေအသက်စွန့် ပြီးပို့ဆောင်ပေးမလဲဆိုတာကို ရင်နင့်ဖွယ်တွေ့မြင်ရမှာပါ…..
ဒီဇာတ်ကားမှာတခြားဇာတ်ကားတွေနဲ့မတူညီတဲ့ဖော်ပြမှုတွေရှိနေပါတယ်….
အပိုင်းလေးပိုင်းခွဲပြီးရှုထောင့်အမျိုးမျိုးကို မြင်နိုင်အောင်
ရိုက်ကူးပြသထားလို့ စစ်ပွဲတွေရဲ့ သဘောသဘာဝကိုပိုနားလည်လာမိပါတယ်
၁..တပ်သားတွေအပိုင်း
၂..ရန်သူ့တပ်သားတွေဘက်ကခံစားမှု
၃..အမြှောက်တပ်သားတွေအပိုင်း
၄.နောက်ဆုံးတံတားကိုကျော်ဖြတ်တဲ့အပိုင်း..
အပိုင်းတစ်ပိုင်းစီအလိုက် သူတို့ရဲ့အခြေအနေဖြစ်ပျက်မှုတွေ ခံစားမှုတွေကိုရိုက်ပြတာဖြစ်လို့
တစ်ချို့မြင်ကွင်းတွေကို အကြိမ်ကြိမ်ပြသမှာပါ..
စစ်ပွဲကိုရှုထောင့်အမျိုးမျိုးက ရိုက်ကူးပြလို့ စစ်ပွဲတစ်ပွဲရဲ့ခက်ခဲမှုတွေကို တွေ့မြင်ခံစားမိပါတယ်
အခုတင်ဆက်ပေးမဲ့ကားလေးကတော့ဟန်မင်းဆက်နောက်ပိုင်းမှာ
ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအရှုပ်အထွေးတွေအကြောင်းကို ပုံဖော်ရိုက်ကူးထားခြင်းဖြစ်ပါတယ်
Mobile Legend ထဲက Hero တစ်ယောက်ဖြစ်တဲ့ Zhao Zilong ရဲ့အကြောင်းကို
ရိုက်ကူးတင်ဆက်ထားခြင်းပဲဖြစ်ပါတယ်
ကျစ်လုံဟာဆိုရင် ရှုံးပွဲမရှိဖူးတဲ့ အဖြူရောင်မြင်းစီးသူရဲကောင်းအဖွဲ့ရဲ့
စစ်သူကြီးတစ်ယောက်ပါ ဒါပေမဲ့ ကျစ်လုံဟာ ချင်ကျုံစစ်ပွဲမှာ ညီနောင်အများစု
တိုက်ပွဲကျခဲ့ပြီး သူ့ရဲ့ အစ်ကိုဖြစ်သူ တိုက်ပွဲကျသွားတဲ့ အဖြစ်ကြောင့်
နိုင်ငံရေးအရှုပ်အထွေးတွေကနေ အနားယူခဲ့ပါတယ် သို့ပေမဲ့ ခုနှစ်နှစ်ကြာပြီးတဲ့အခါမှာ
ကျစ်လုံအနေနဲ့ ပရမ်းပတာဖြစ်နေတဲ့ နိုင်ငံတော်ကြီးကို ပြန်လည်မွန်းမံ့ဖို့
နိုင်ငံအရှုပ်အထွေးတွေနဲ့ ပြန်လည် ပတ်သတ်ရတဲ့အခါမှာတော့ ကျစ်လုံအနေနဲ့
ရှုပ်ထွေးပွေလီလှတဲ့ နိုင်ငံ့အရေးတွေကြားမှာ ဘယ်လိုနောက်တစ်ဖန်
ပြန်ရပ်တည်မလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုခံစားလိုက်ကြပါဦးနော်
Homme Fatale 2019
ဒီဇာတ်လမ်းမှာတော့ 2PM က Lee Joon-Ho ကို playboy အဖြစ်နဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်
ပျောက်ချက်သားကောင်းနေတဲ့ Mischievous Kiss က
မမ Jung So-Min ကလည်း အဓိက ပါဝင် သရုပ်ဆောင်ထားပါတယ်
ဇာတ်လမ်းအကျဉ်း
ဟောဆဲ့က ကချေသည်မိခင်က မွေးဖွားလာတဲ့ မျိုးရိုးနိမ့်တစ်ယောက်ပါ
မိခင်ဆုံးပါးပြီးနောက် ကချေသည်အိမ်မှာပဲ ကချေသည်တွေကြားမှာ ကြီးပြင်းလာခဲ့တယ်
ကချေသည်တွေကသာ သူ့ရဲ့ မိသားစုဖြစ်လာခဲ့တယ်
တစ်ရက်မှာ ကချေသည်အိမ် အကြွေးနဲ့ သိမ်းခံရမယ့် အခြေအနေကိုရောက်လာတယ်
ဟောဆဲ့လည်း မနေသာတော့ပဲ တစ်ဖက်တစ်လမ်းကနေ ဝင်ငွေကူရှာတဲ့အခါမှာတော့
ယောက်ျား ကချေသည်အဖြစ်နဲ့ မိန်းမတွေကို ဖျော်ဖြေရသူဖြစ်လာတယ်
တကယ်က သူ့မှာ အရမ်းချစ်တဲ့ မိန်းကလေးရှိတယ်
သူ့ရဲ့ ဒီလိုအခြေအနေမှာ သူချစ်တဲ့ကောင်မလေးနဲ့ နီးစပ်နိုင်ပါ့မလား
သူတို့ရဲ့ အချစ်ကို ဘယ်လို ပုံဖော်ပြမလဲဆိုတာ ဒီဇတ်ကားလေးမှာ ဆက်လက်ကြည့်ရှုကြပါနော်
The Eight Hundred (2020)
============================
ဖြစ်ရပ်မှန်ကို ပြန်လည်ပြီး ပုံဖော်ရိုက်ကူးထားတဲ့ တရုတ်ကားကောင်းလေး တစ်ကားနဲ့ ပရိတ်သတ်တို့ကို မိတ်ဆက်ပေးချင်ပါတယ်။ ၁၉၃၂ ခုနှစ် တရုတ်ပြည်ရဲ့ရှန်ဟိုင်းမြို့ကို ဂျပန်တွေကျူးကျော်တိုက်ခိုက်ချိန် ပင်မတပ်ကြီးပြန်ဆုတ်သွားပေမယ့် ကျန်ရှိနေတဲ့တပ်သား ၈၀၀ရဲ့ လက်နက်အင်အားမမျှတဲ့ကြားက အရှုံးမပေးပဲအသက်စွန့်ပြီး ၄ရက်ကြာတိုက်ခိုက်ခဲ့တာကိုဂုဏ်ပြုရိုက်ကူးထားတာပါ။
ရှန်ဟိုင်းကိုဂျပန်တွေကျူးကျော်တိုက်ခိုက်ချိန် ဂက်စ်ပိုက်လိုင်းတွေရှိနေတဲ့ဂိုထောင်မှာ အမှတ်၈၈ခေါင်းဆောင်ဦးဆောင်တဲ့ တပ်သား၈၀၀အဖွဲ့ဟာ တပ်မဆုတ်ပဲ စောင့်ကြပ်ကာကွယ်နေခဲ့ပါတယ်။ တိုင်းပြည်ဂျပန်တွေလက်ထဲမရောက်ရဖို့အရေး လက်နက်အင်အားမမျှပေမယ့် အသက်စွန့်တိုက်ခိုက်မှုကြောင့် ဂျပန်တွေက အင်အားသုံးတိုက်ခိုက်ပေမယ့် ၄ရက်ကြာ မသိမ်းပိုက်နိုင်ဖြစ်ရပါတယ်။ ဂိုထောင်ရဲ့မြစ်တစ်ဖက်ကမ်းမှာ အဂ်လိပ်တွေကာကွယ်ပေးထားတဲ့ နယ်မြေသစ်မှာပြည်သူတွေ ၄သိန်းကျော်ရှိနေတာပါ။
တရုတ်တပ်သားတွေအသေခံတိုက်ခိုက်နေတာကိုမြစ်တစ်ဖက်ကမ်းကပြည်သူတွေရင်နင့်စွာမြင်နေရရင်း ဂျပန်ကိုတော်လှန်လိုစိတ်တွေတက်ကြွလာခဲ့ပါတယ်။ ဒါပေမယ့်လည်း နယ်မြေသစ်ရဲ့တံတားကိုဖြတ်တာနဲ့ ဂျပန်တွေပစ်သတ်တာခံရမယ့်အတွက် ထိုင်ကြည့်နေရုံက လွဲပြီးဘာမှမတက်နိုင်ခဲ့ပါဘူး။ တကယ်ကောင်းတဲ့ ဇာတ်ကားမလို့ ပရိတ်သတ်တို့လက်လွတ်မခံဖို့ အကြံပေးလိုက်ပါတယ်။
The Legions (2019)
================
IMDb Rating – 5.3/10
ရုရှားဇာဘုရင်ရဲ့အုပ်ချုပ်မှုအောက်နေ ပိုလန်နိုင်ငံကြီးကိုလွတ်မြောက်ဖို့အတွက် ပိုလန်စစ်သည်တွေရဲ့
ကြိုးပမ်းအားထုတ်ခဲ့တဲ့ တစ်ကယ့်သမိုင်းကြောင်းကိုအခြေခံပြီးရိုက်ကူးထားပါတယ်။ အင်အားသုံးဆ
လောက်ကွာတဲ့ မားသားရုရှားစစ်တပ်ကြီးကို ပိုလန်စစ်သည်တော်တွေရဲ့ရွပ်ရွပ်ချွံချွံရင်ဆိုင်တိုက်ခိုက်ခဲ့ပုံတွေ၊
စစ်ပွဲအတွင်းကချစ်သူနှစ်ဦးရဲ့ အချစ်ဇာတ်လမ်းလေးတွေ၊ အသုံးချခံ FAလေးတစ်ယောက်ရဲ့ရင်နာစရာ
အဖြစ်အပျက်လေးတွေကို တွေ့မြင်ရပါလိမ့်မယ်။ ပိုလန်ရုပ်ရှင်ပွဲတော်မှာဆုနှစ်ဆုရခဲ့တဲ့ ဒီသမိုင်းကြောင်း
နောက်ခံဇာတ်လမ်းလေးကို ခံစားကြည့်ရှု အကဲဖြတ်လိုက်ကြရအောင်လား…….
ဇာတ်ကားကြာချိန် ၂ နာရီ ၂၀ မိနစ်ထိရှိတာကြောင့် တဝကြီးလည်း ကြည့်ရှုခံစားရစေမှာပါ။
The Rising Hawk (2019)
===================
IMDb Rating 5.8/10
ဒီနေ့အတွက် အမိုက်စား Action , Drama, History ကားလေးကိုတင်ပေးချင်ပါတယ်။
မွန်ဂိုတွေ အင်အားကောင်းချိန် ၁၂၀၀ ကျော်ခုနှစ်ကာလကို ဇာတ်အိမ်တည်ထားပါတယ်။
ဉရောပ – အာရှနယ်စပ် ယူကရိန်း အမေရိကန်နယ်မြေ၊ ကပ်သရီသန်တောင်းတန်းဒေသမှာ
အေးအေးချမ်းချမ်းနေထိုင်တဲ့ ယူကရေးနီးယမ်းလူမျိုးတွေဟာ တောင်ယာလုပ် အမဲလိုက်တဲ့
လူမျိုးတွေဖြစ်ပါတယ်။ ဒီလူမျိုးတွေရဲ့နယ်မြေကို ဂျင်ဂျစ်ခန်ရဲ့ မွန်ဂိုတပ်တွေ ကျူးကျော်တိုက်
ခိုက်လာတဲ့အခါ…. မိမိနယ်မြေကို ဘယ်လိုခုခံကာကွယ်သွားမလဲဆိုတာ ကြည့်ရမှာပါ။ သမိုင်း
စိတ်ကူးယဉ်၀တ္ထုကို ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ပေမယ့် သမိုင်းကြောင်းတစ်ခု
ကိုပြန်လည် မြင်ယောင်ထင်မှတ်စေလောက်အောင်ကောင်းမွန်တာမို့ တင်ဆက်ပေးလိုက်ပါတယ်။
ဒီဇာတ်ကားလေးကတော့ IMDb rating 8/10 နဲ့ Rotten Tomatoes 90 % တောင်ရရှိထားတဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက ဖြစ်ရပ်မှန်အဖြစ်အပျက်တစ်ခုကို အခြေခံရိုက်ကူးထားပြီး ၂၀၁၄ ခုနှစ်က
ထွက်ရှိခဲ့တာဖြစ်ပါတယ်။ အဓိကဇာတ်ဆောင်ကလည်း အားလုံးသိကြတဲ့ Sherlock Holmes , Doctor Strange မင်းသားကြီး Benedict Cumberbatch ပဲဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်း
ဒုတိယကမ္ဘာစစ်ကြီးတုန်းက နာဇီဂျာမနီတို့ဟာ သူတို့ရဲ့ စစ်တပ်ကို အဆုံးစွန်ထိဖြန့်ကျက်ပြီး ဥရောပတစ်ခွင်လုံးကို ဝါးမြိုဖို့ ကြိုးစားနေပါတယ်။ နာဇီတို့ အဲ့လိုဖြန့်ကျက်နိုင်ရတဲ့ အကြောင်းရင်းကတော့ သူတို့မှာ
“အင်နစ်ဂမာ” လို့ခေါ်တဲ့ ကုဒ်ဝှက်တဲ့စက်ကြီးရှိနေလို့ပါပဲ။ အဲ့ဒီ စက်ကြီးကို သုံးပြီး ဥရောပတစ်ခွင်မှာရှိတဲ့ သူတို့ရဲ့စစ်တပ်တွေကို ညွှန်ကြားချက်တွေပေးပို့ပါတယ်။ဂျာမန်တွေဟာ “အင်နစ်ဂမာ” စက်ကြီးကို နေ့တိုင်း setting တွေပြောင်းပစ်နေပါတယ်။ အဲ့ဒါကြောင့် ဗြိတိသျှစစ်တပ်ဟာ အဲ့ဒီကုဒ်တွေကို ဖမ်းမိပေမယ့် အဓိပ္ပာယ်ကို မဖော်နိုင်ပဲဖြစ်နေပါတယ်။ အဲ့ဒီမှာ “အင်နစ်ဂမာ” စက်ကြီးကို ချိုးဖောက်ဖို့ အကြောင်းဖန်လာပါတော့တယ်။
ဗြိတိသျှစစ်တပ်ဟာ ပညာရှင်တွေကို စုစည်းပြီး အဲ့ဒီကုဒ်တွေကို ဖော်ဖို့ ကြိုးစားပါတော့တယ်။ အဲဒီပညာရှင်တွေထဲမှာ ကင်းကောလိပ်က ပရော်ဖက်ဆာ “အလန်ကျူရင်း”လည်းအပါအဝင်ဖြစ်ပါတယ်။ အလန်ကျူရင်းဟာ သင်္ချာပညာရှင်တစ်ယောက်ဖြစ်ပြီး စကားလုံးပဟေဠိတွေမှာ အရမ်းတော်ပါတယ်။ ဒါပေမယ့် သူဟာ ဂျာမန်စကား လုံးဝနားမလည်ပါဘူး။
ဒီတော့ တစ်ရက်ကို ဖြစ်နိုင်ခြေ setting ပေါင်း ၁၅၉ မီလီယံ မီလီယံ မီလီယံ ရှိတဲ့ “အင်နစ်ဂမာ” စက်ကြီးကို ဂျာမန်စကားလုံးဝနားမလည်တဲ့ အလန်ကျူရင်းနဲ့ သူ့ရဲ့အဖွဲ့ဟာ ဘယ်လိုများ ချိုးဖောက်ပြီး ကုဒ်တွေကို ဖော်နိုင်မလဲဆိုတာ စိတ်ဝင်စားစွာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။
“မင်း အာရုံစိုက်နေသလား” ဆိုတဲ့ စကားနဲ့ အစပြုထားတဲ့ ဒီဇာတ်လမ်းလေးဟာ နောက်ဆုံးဇာတ်လမ်းပြီးဆုံးသွားတဲ့ အချိန်အထိ အာရုံမစိုက်ပဲ မနေနိုင်အောင် ဆွဲဆောင်သွားနိုင်တဲ့ ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်ခင်ဗျာ။
၁၄ရာစု အင်္ဂလန်နဲ့ စကော့တလန်ကြား ပဋိပခဖြစ်ခဲ့တဲ့ သမိုင်းကြောင်းကို အခြေခံထားတာပါ။
William Wallace ရဲ့ အဖေရော အစ်ကိုရော အခြားချစ်ရတဲ့သူ တော်တော်များများပါ သူငယ်စဉ်ဘဝမှာပင် စကော့ပြည်ကို အင်္ဂလန်လက်အောက်က လွတ်မြောက်ဖို့ကြိုးစားရင်း အသက်ပေးသွားခဲ့ကြရတာပါ။
ဒီအတိုင်းဘဲနေလာရင်းက သူအရွယ်ရောက်လာတဲ့တစ်နေ့၊ သန်မာလာတဲ့တစ်နေ့၊ သူ့ရဲ့ချစ်သူကို အင်္ဂလန်စစ်သား တစ်ယောက်က အဓ္ဓမပြုဖို့်ကြိုးစားရင်း ကောင်မလေးက ကိုယ်ထိလက်ရောက်ပြန်တုံ့ပြန်လို့ဆိုပြီး ကွပ်မျက်ခံလိုက်ရတဲ့တစ်နေ့၊ အဲဒီနေ့မှာ Wallace ဟာသူ့ရွာကိုဦးစီးပြီး ရက်စက်ယုတ်မာတဲ့ အင်္ဂလန် မင်းဆိုးမင်းညစ်ကို ပြန်ပုန်ကန်ပြီး စကော့တလန်ပြည်ကြီး လွတ်လပ်ရေးမရမချင်း တိုက်သွားပုံကို ပြထားတာပါ။ လွတ်လပ်ရေးမရခင် သူကွပ်မျက်ခံလိုက်ရပေမယ့် သူအစပြုပေးခဲ့တဲ့အတွက် ရဲရင့်တဲ့ စကော့တွေနောက်ဆုံး လွတ်လပ်ရေးရအောင် တိုက်နိုင်တဲ့အထိ ဒီဇာတ်ကားက ပြောပေးသွားမှာပါ။
William Wallace အဖြစ်သရုပ်ဆောင်သွားတဲ့ Mel Gibson ရော Robert the Bruce အဖြစ်သရုပ်ဆောင်သွားတဲ့ Angus McFadyen ရောကို တကယ်ကို သဘောကျမိတယ်ဗျ။ ဒီဇာတ်ကားက သမိုင်းကြောင်းကိုပုံဖော်ထားပေမယ့် သမိုင်းမှာမပါခဲ့တဲ့ အမှားတွေကို ရိုက်ထားတာကများနေတယ်ဆိုတာ တော်တော်များများလဲ သိကြပါတယ်။ ဒါပေမယ့် ဘယ်သူကမှ ဂရုမစိုက်ပါဘူး။ ဘာလို့လဲဆိုရင် ဒီဇာတ်ကားကြည့်ပြီး တစ်ခုခုမခံစားရဘူး မကောင်းဘူးလို့ ပြောတာဘယ်နယောက်ရှိလို့လဲ။ Wallace ဟာ Princess Isbelle နဲ့ ဒီဇာတ်ကားထဲမှာလို သမိုင်းမှာ ဘယ်တုန်းကမှ မကြိုက်ခဲ့ပါဘူး ဒါပေမယ့် အဲဒါကိုယ်တိုင်က ဒီဇာတ်ကားရဲ့ဆွဲဆောင်မှုတွေထဲက တစ်ခုမဟုတ်လား။
ဒီဇာတ်ကားကြည့်လို့
– Sir Wallace ကို Robert the Bruce က လူမဆန်တဲ့ ဲ့နည်းတွေနဲ့ နှိပ်စက်နေတဲ့အခန်းတွေကသာ တစ်ခုခုမပေးနိုင်ဘူးဆိုရင်
– အဲလိုနှိပ်စက်နေတဲ့ အသံတွေကို ရဲတိုက်ထဲက Princess Isbelle ကြားပြီး ရင်ကွဲမတတ်ခံစားနေရတဲ့ အခန်းက တစ်ခုခုမပေးနိုင်ဘူးဆိုရင်
– William Wallace ရဲ့လည်ပင်းပေါ်ကို ပုဆိန်နဲ့ခုတ်ခါနီးလေး သူ့မျက်လုံးထဲ တမလွန်ကချစ်သူကို မြင်ယောင်နေတဲ့အခန်းကသာ တစ်ခုခုမပေးနိုင်ဘူးဆိုရင်
– ခေါင်းပြတ်ပြီး လက်ထဲက ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့ ပဝါလေး slow motion နဲ့မြေကြီးပေါ်ကျသွားတဲ့ အခန်းကသာ တစ်ခုခုမပေးနိုင်ဘူးဆိုရင်
နောက်ဆုံး သူသေပြီး ကျန်ခဲ့တဲ့ စကော့တွေအားလုံး အင်္ဂလန်ကို ပြန်တိုက်ခါနီးလေး စစ်မြေပြင်မှာ Hamish သူ့ရဲ့ဓား လေပေါ်ပစ်တင်လိုက်တဲ့အခန်းကတော့ တစ်ခုခုပေးနိုင်မှာ သေချာပါတယ်။
James Horner ရဲ့ စကော့ နောက်ခံဇာတ်ဝင်တီးလုံးကလဲ ပရိတ်သတ်တွေကို ဝမ်းနည်းတစ်လှည့် အားတက်တစ်လှည့် ဖြစ်စေမှာသေချာပါတယ်။
ဒီဇာတ်ကားကြည့်ပြီး တော်တော်ကြာတဲ့အထိ Wallace ရဲ့ “Freeeeedom” ဆိုတဲ့အသံကြီးကို ပရိတ်သတ်တွေရဲ့ နားထဲက လွယ်လွယ်နဲ့ ဖျောက်ပစ်လို့ရမယ်လို့တော့ တကယ်မထင်ဘူးဗျာ။
ဒီဇာတ်ကားကဘဲ producer director actor “Mel Gibson” ကို Brilliant Director အဖြစ် သက်သေပြလိုက်တာပါ။ ဒရာမာနည်းနည်းရောထားတဲ့ ဒီဇာတ်ကားမှာ အချစ်ရော အက်ရှင်ရော စစ်ပွဲရောကို တစ်ပြိုင်နက်တည်းခံစားရမှာပါ။
OSCAR ၁၀ဆုဆန်ကာတင်ပြီး ဇာတ်ကားဆု ဒါရိုက်တာဆု အပါအဝင် စုစုပေါင်းငါးဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။ မကြည့်သေးဘူးဆိုရင်တော့ ကြည့်ဖို့တိုက်တွန်းလိုက်ပါရစေ။
အခုတစ်ခေါက်တော့ ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်
ကာမီလော့ရဲတိုက်ရဲ့ ပိုင်ရှင် ဘုရင်အာသာဟာ မိုဒတ်ဆိုတဲ့သားတော်ကိုဖွားမြင်ပြီး မိဖုရားကိုဆုံးရှုံးလိုက်ပါတယ်
ဒါနဲ့ တောနက်ထဲမှာတွေ့ခဲ့တဲ့ ဂွန်နဗီးဆိုတဲ့မိန်းမပျိုလေးနဲ့ လက်ဆက်ပြီး ဂွန်နဗီး ဘုရင်မဖြစ်လာခဲ့တယ်
ဘုရင်အာသာဟာ စစ်ပွဲမှာပျော်ရွှင်တဲ့အတွက် ရောမမှာနှစ်ပေါင်းအတော်ကြာ စစ်တိုက်ပြီး
တွေ့ရာအမျိုးသမီးနဲ့ပျော်ပါး ကိုယ့်ရဲ့တိုင်းပြည်ကာမီလော့ ရဲတိုက်ကိုမေ့နေခဲ့တယ်
ဒီအချိန်မိုဒတ်အရွယ်ရောက်လာတော့ ဖခင်ရဲ့ရာဇပုလ္လင်ကိုလုယူဖို့ အကြံအစည်တွေထုတ်ပြီး မိထွေးဖြစ်တဲ့ ဂွန်နဗီးကို မိဖုရားထပ်မြောက်ပြီး ကာမီလော့ရဲ့အရှင်သခင်လုပ်ဖို့ စွမ်းဆောင်တော့တယ်
ဒီတော့မှ အာသာလဲ မာလင်ရဲ့လမ်းပြမှုနဲ့ ကာမီလော့ဆီအပြေးပြန်ပြီး
သူ့ရဲ့သားတော်လက်ထဲက ကာမီလော့ရဲတိုက်နဲ့ ဂွန်နဗီးကို ပြန်လည်ရယူပုံကို
စိတ်ဝင်စားမှုများစွာကြည့်ရမယ့်ကားလေးဖြစ်ပါတယ်
The Gandhi Murder (2019)
====================
IMDb Rating – 5.4/10
၂၀၁၉ ခုနစ်ထွက် Historical/ Political ဇာတ်ကာဒချစ်သူတွေအတွက် A Must Watch ဇာတ်ကားတစ်ကားဖြစ်ပါတယ်….
ကိုယ်နှုတ်နှလုံးသုံးပါးစလုံး ထပ်တူကျနေရင် ဒါဟာပျော်ရွှင်မှုပဲ အားနည်းတဲ့သူတွေဟာ ခွင့်မလွှတ်နိုင်ကြဘူး ခွင့်လွှတ်ခြင်းဆိုတာ
သန်မာတဲ့လူတွေပဲ ပိုင်ဆိုင်တဲ့အရည်အချင်းတစ်ခုဖြစ်တယ်လို့ မဟတ္တမဂန်ဒီက မိန့်ဆိုခဲ့ဖူးပါတယ်။
အကြမ်းမဖက်ရေးလမ်းစဉ်သမား မေတ္တာရှင်ကြီး မဟတ္တမဟာ ၁၉၄၈ ခုနစ် ဇန်နဝါရီလ ၃၀ ရက်နေ့ နယူးဒေလီမှာ လုပ်ကြံ
သတ်ဖြတ်ခံခဲ့ရပါတယ်။ ဒီဇာတ်ကားဟာ ဂန္ဒီရဲ့အမြင်ကိုရိုက်ကူးထားတာမဟုတ်ပဲ လက်တွေ့ဘဝမှာရှိခဲ့တဲ့ ရဲအရာရှိသုံးယောက်ရဲ့
အမြင်ကို ဝိရောဓိဆန်ဆန် မှီငြမ်းရိုက်ကူးထားတာဖြစ်ကြောင်း သတိချပ်စေချင်ပါတယ်။
အခြေတည်ထားတာက ဂန္ဒီလုပ်ကြံမခံရမီ အိန္ဒိနိုင်ငံ ပူပူနွေးနွေး လွတ်လပ်ရေးရပြီးကာစ ကာလမှာဖြစ်ပါတယ်…
ပြည်တွင်းစစ်ဖြစ်လာတော့မှာ ကျိန်းသေသလောက်ဖြစ်နေပြီး အမျိုးဘာသာဂိုဏ်းကွဲ အစွန်းရောက်တွေကြောင့် နိုင်ငံဟာ
ချောက်ထဲကျလုကျခင်အခြေအနေဖြစ်နေပါတယ်….
ပါကစ္စတန်က ငွေကြေးထောက်ပံ့ဖို့ ကို ပယ်ချခံရတဲ့ကိစ္စအတွက် ဂန္ဒီဟာ အစာငတ်ခံဆန္ဒပြခဲ့တာကြောင့် ဟိန္ဒူပါတီဝင်တွေက
မကျေမနပ်ဖြစ်ပြီး လုပ်ကြံဖို့ကြံစည်နေကြပါတယ်….
အဲဒါကို ဘုံဘေရဲတပ်ဖွဲ့ဝင် ဒီစီပီဂျင်မီနဲ့ ဒီအိုင်ဂျီရေနာတို့က ကြိုတင်သတင်းရထားခဲ့ပေမယ့် သူတို့ရဲ့ ရွေးချယ်မှုက ဘာဖြစ်မလဲ
ဆိုတာကို… ဘာသာရေးမှိုင်းတိုက်လွှမ်းမိုးမှုတွေ ကင်းစင်တဲ့အိန္ဒိယနိုင်ငံ ရုပ်လုံးပေါ်လာအောင် ဘယ်လိုစတေးမှုတွေ အနစ်နာခံမှုတွေ
လုပ်ခဲ့ကြရသလဲဆိုတာကို ကိုယ်တိုင်ကြည့်ရှုခံစားစေချင်ပါတယ်…
ဒီကားကတော့ အိန္ဒိယရှေ့နေတစ်ဦးဖြစ်ပြီးကိုလိုနီဆန့်ကျင်ရေးနိုင်ငံသမားတစ်ဦးဖြစ်တဲ့Mohandas Karamchand Gandhi
အကြောင်းရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ်။South Africaကနေ
လွတ်လပ်ရေးလှုပ်ရှားမှုတွေစတင်ပြုလုပ်ခဲ့ပြီးအိန္ဒိယလွတ်လပ်ရေးကိုပါရအောင်ယူနိုင်ခဲ့သူတစ်ဦးလဲဖြစ်ပါတယ်။
သူ့ကျွန်ဘဝကျရောက်နေတဲ့
မိမိနိုင်ငံကိုအကြမ်းဖက်မှုမရှိဘဲလွတ်လပ်တဲ့နိုင်ငံတစ်ခုဖြစ်အောင်ကြိုးစားအကောင်အထည်ဖော်ခဲ့တဲ့လူတစ်ယောက်အကြောင်းကို
ထဲထဲဝင်ဝင်ရိုက်ပြထားတဲ့ဇာတ်ကားဘဲဖြစ်ပါတယ်။လူမျိုးရေးခွဲခြားမှုမရှိဘဲနဲ့ငြိမ်းချမ်းတဲ့အိန္ဒိယနိုင်ငံကိုတည်ဆောက်ဖို့
ကြိုးစားခဲ့တဲ့Gandhiရဲ့အနစ်နာခံမှုတွေကိုလဲတွေ့မြင်ရမှာဖြစ်ပါတယ်။
ဒီဇာတ်ကားမှာ British တွေအုပ်ချုပ်မှုအောက်ကျရောက်နေတဲ့အိန္ဒိယနိုင်ငံရဲ့အခြေအနေကိုလဲတွေ့မြင်ရမှာဖြစ်ပြီး
ပြည်သူတွေရဲ့လွတ်လပ်ရေးကြိုးပမ်းမှုတွေကိုလဲတွေ့မြင်ရမှာဖြစ်လို့ကြည့်ရှုသင့်တဲ့ကားကောင်းတစ်ကားဖြစ်တာကြောင့်
အများကြီးမညွန်းတော့ပါဘူး။ဒီကားနဲ့ရထားတဲ့ဆုတွေကလဲအများကြီးမို့ကြည့်ရှုဖို့တန်တဲ့ကားတစ်ကားဖြစ်မှာသေချာပါတယ်။
ဒီကားလေးကတော့ Box office worldwideမှာ $10600000အထိဝင်ငွေစံချိန်တင်ရရှိထားတဲ့
Nov27 2020မှာထွက်လာတဲ့ Drama History အမျိုးအစားဖြစ်ပါတယ်
1975ခုနစ် တီဗီတွေမရှိသေးချိန်ဖလင်နဲ့ ပိတ်ကားပေါဇာတ်ကားပြလေ့ရှိပါတယ်..
ွဒီအချိန်မှာ ဇာတ်ကားမပြသခင်လာတဲ့ သတင်းအတိုအထွာမှာ၂၂ရက်နေ့ ပါလာတဲ့
သမီးလေးပါတဲ့ one secondစာမြင်ကွင်းကိုကြည့်ရဖို့
အလုပ် ကြမ်းထောင်ကနေထွက်ပြေးလာတဲ့ကျန်းကျုံစိမ်း..
ဖလင်လိပ်တွေကိုမီးပုံးလုပ်ပေးဖို့လိုက်ခိုးယူနေတဲ့လျိုကွေးနွီ…
ဖလင်လိပ်တွေလမ်းမှာပျက်ဆီးသွားလို့ အလုပ်မပြုတ်ဖို့ အရေး ကြိုးစားရတဲ့
ဖန့်တျန့်ရင်တို့သုံးယောက်သားဆုံကြတဲ့အခါ….
ဖလင်လိပ်တစ်လိပ်ပဲရှိချိန် ဖလင်ဆေးရည်လဲမရှိတဲ့အချိန်မှာ ဘယ်လိုတွေကြိုးစားပြီးပြန်ရယူမလဲ…
ကျန်းကျုံစိမ်းက ၂၂ရက်နေ့သတင်းအတိုအထွာမှာပါတဲ့
သူ့သမီးလေးကို မြင်တွေ့ခွင့်ရနိုင်ပါ့မလား..
ဇာတ်ကား ကြည့်ဖို့အရေးခက်ခဲမှုများစွာနဲ
ရင်ဆိုင်ရတဲ့ ခေတ်ကာလကိုဖော်ပြသွားပြီး
ဖခင်တစ်ယောက်ရဲ့သမီးအပေါထားတဲ့သံယောဇဉ်ကိုမြင်ရမှာပါ
Experimenter (2015)
ဒီကားက
ကျွန်တော်တို့ဟာ တစ်ခါတစ်ရံမှာ ကြိုးတွေကို တွေ့ကောင်းတွေ့နိုင်ပေမယ့်
သတိပြုမိတဲ့စိတ် ကသာလျှင် ကျွန်တော်တို့အတွက် လွတ်မြောက်ခြင်းရဲ့ ဦးဆုံးခြေလှမ်း ဖြစ်ရမှာပါ။”
IMDb – 6.6/10 ရရှိထားတဲ့ ကားကောင်းတစ်ကား ဖြစ်တာမို့ ကြည့်ရှုစေချင်ပါတယ်။
ဆု ၂ ဆု နဲ့ တစ်ကြို ၅ ကြိမ် ဝင်ခဲ့တဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။
Los Angeles Film Festival 2015 နဲ့ Political Film Society, USA 2015
တို့မှာ ဆု ရရှိခဲ့ပြီးတော့
တော့ နိုင်ငံရေးနဲ့ နှီးနွယ်တဲ့ စိတ်ပညာကို လေ့လာချင်တဲ့လူတွေ စိတ်ဝင်စားမယ့် ဇာတ်ကားကောင်းတစ်ကားပါပဲ။
တကယ့်အဖြစ်အပျက်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။
လူမှု စိတ်ပညာရှင် စတန်လေ မီလ်ဂရမ် ရဲ့ ၁၉၆၁ မီလ်ဂရမ် စမ်းသပ်ချက်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။
ဒီစမ်းသပ်ချက်ကတော့ လူတွေရဲ့နာခံမှု(Obedience) ကို စမ်းသပ်ချက်ပဲ ဖြစ်ပါတယ်။
လူစိမ်းနှစ်ယောက်ကို ခေါ်ပြီး တစ်ဘက်က သင်ယူသူ တစ်ဘက်က သင်ကြားသူအနေနဲ့ ထားပြီးတော့
မှားရင် လျှပ်စစ်ရှော့တိုက်တဲ့နည်းနဲ့ နာခံမှု ဘယ်လောက်ရှိတယ်ဆိုတာကို စမ်းသပ်တာပဲ ဖြစ်ပါတယ်။
ဒီတော့ ကျွန်တော်တို့ Obedience ကို သိပ္ပံနည်းကျကျ အချက်အလက်တွေနဲ့ လေ့လာကြည့်ရအောင်။
ကောင်းတာတစ်ခုကတော့ ဒါက ဇာတ်လမ်းသဘောဖြစ်နေတဲ့အတွက် လုံးဝ ပျင်းအိုင်သွားခြင်း မရှိတာပါပဲ။
မီလ်ဂရမ် ဟာ အခြားစမ်းသပ်ချက်တွေဖြစ်တဲ့ Small World Experiment နဲ့ Lost letter experiment တို့ကိုလည်း လုပ်ခဲ့ပါသေးတယ်။
“ကျွန်တော်တို့က ရုပ်သေးရုပ်တွေလို့ ခင်ဗျား ဆိုလို့ ရပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ဟာ အသိဉာဏ် နဲ့ သိတတ်နားလည်မှုတွေပါ ပါဝင်တဲ့ ရုပ်သေးရုပ်တွေပါလို့ ကျွန်တော်ကတော့ လက်ခံယုံကြည်ထားပါတယ်။
Valley of Tears 2020
Wu Assassins
War & Peace
Watchmen
Warrior Nun
When They See Us
Freakish
Treadstone
Truth Be Told
Unbelievable
Victoria
Watership Down
Drama, Horror, Mystery
ဒီဇာတ်ကားကတော့ crime ဆန်ဆန်အက်ရှင်ကားမှ ကြိုက်သူများအတွက်အကြိုက်တွေ့မယ့်ဇာတ်ကားဖြစ်ပါတယ်
မိုက်ဟာ အမည်ခံကုမ္ပဏီတည်ထောင်ပြီး စတော့ရှယ်ယာကစားတဲ့တရားမဝင်အလုပ်ကိုလုပ်ကိုင်တဲ့သူဖြစ်ပါတယ်
မိုက်ရဲ့လုပ်ကိုင်ပုံကျွမ်းကျင်မှုကြောင့် သူ့ရဲ့အလုပ်သူဌေးတွေသဘောကျခြင်းခံတဲ့သူပေါ့
တစ်နေ့မှာတော့ မိုက်ဟာအလုပ်ကိစ္စသွားရင်းလူသတ်မှုနဲ့ထောင်ချောက်ဆင်ခံလိုက်ရကာ ထောင်ကျခဲ့ရပါတယ်
မိုက်ရဲ့ဘဝဟာလုပ်ငန်းရှင်ထောင်ထွက်တစ်ယောက်ဘဝရာက်သွားရပါတော့တယ်
မိုက်တစ်ယောက်ဘာကြောင့်သူ့ကိုထောင်ချောက်ဆင်တယ်
ဘယ်သူကသူ့ကို ဒုက္ခပေးနေတယ်ဆိုတာကို လက်စားချေဖို့ လိုက်လံစုံစမ်းပါတော့တယ်
မိုက်တစ်ယောက်နောက်ဆုံးမှာသူ့ရဲ့ရန်သူတွေကိုအောင်အောင်မြင်မြင် လက်စားချေသွားနိုင်ပါ့မလားဆိုတာကို
ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုလိုက်ကြပါဦး
Thriller
Below Zero (2021)
===============
IMDb Rating – 6.3/10
CM ပရိသတ်ကြီး အကြိုက်တွေ့မယ့် Action, Crime ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။
မာတင်ဟာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာတတ်တဲ့ ရဲတစ်ဦးပါ။ တစ်နေ့ သူပြောင်းတဲ့ ရဲဌာနမှ
ပထမဆုံးတာ တာ၀န်အနေနဲ့ အကျဉ်းသားတွေကို နေရာပြောင်းရွှေ့တဲ့ တာ၀န်ကို ထမ်းဆောင်ရပါတော့
တယ်။ ဒီလိုနဲ့ပဲ မာတင်ဟာ သူအပါအ၀င် နောက်ထပ် ရဲ ၃ ယောက်နဲ့အတူ အကျဉ်းသား ၆ ယောက်ပါတဲ့
အချုပ်ကားကို မောင်းပြီး မြူဆိုင်းတဲ့ ညဘက်မှာ တာ၀န်ထမ်းဆောင်ရပါတော့တယ်။
ဒီလိုနဲ့ မောင်းလာရင်း လမ်းခုလတ်မှာ ကားဘီးကလည်းပေါက် အရံလိုက်လာတဲ့ ရဲနှစ်ယောက်ရဲ့ကားနဲ့လည်း
အဆက်ပြတ်သွားတဲ့အတွက် သူကိုယ်တိုင် မောင်းလာတဲ့ ကားပေါ်က ဆင်းကြည့်တဲ့အခါ ခြုံခိုတိုက်ခိုက်ခံ
နေရပြီဆိုတာ သိလိုက်ရပါတော့တယ်။ အရံပါလာတဲ့ ရဲ ၃ ယောက်ကလည်း ကျ အချုပ်ကားထဲက အကျဉ်း
သား ၆ ယောက်ကလည်း စပြီး ပုန်ကန် အပြင်ကရန်သူတွေက တစ်ဖက်နဲ့ မှောင်မဲပြီး လူသူကင်းတဲ့ လမ်းမပေါ်မှာ
မာတင်တစ်ယောက် ဘယ်လို နှစ်ပါးသွားမလဲဆိုတာကို စိတ်၀င်စားဖွယ် မြင်တွေ့ရမှာဖြစ်ပါတယ်။
မနေ့ကမှ ထွက်ရှိလာတဲ့ Action ကားသစ်ဖြစ်ပြီး IMDb Rating 6.3/10 ရရှိထားတဲ့ ကားကောင်း ကားသစ်
လေးဖြစ်ပါတယ်။
Action, Adventure, Crime
Krack(2021) အညွှန်း
******************
တီလူဂူးဇာတ်ကားလေးတွေကို မျှော်နေကြတဲ့ အိန္ဒိယတောင်ပိုင်းရုပ်ရှင် ပရိတ်သတ်တွေအတွက် မနေ့ကထွက်တဲ့
Ravi Teja နဲ့ Shruti Haasan တို့ရဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။
Krack ဆိုတဲ့အဓိပ္ပါယ်ကိုက သူတို့ဘာသာစကားမှာ “ခေါင်းမာတဲ့သူ”ပါ။
ဒီတော့ ဒီရုပ်ရှင်ထဲက အဓိကဇာတ်ကောင်ဖြစ်တဲ့ ဗီရားရှန်ကာဆိုတဲ့ ရဲအရာရှိဟာ မတရားမှုတွေကို
ကိုင်တွယ်ရာမှာ ကြမ်းတမ်းတယ် ၊ သက်ညှာမှုကင်းမဲ့တယ်။
ဘယ်အရာကိုမှ မကြောက်တတ်ဘဲ လုပ်စရာရှိတာကို ခေါင်းကြောမာမာနဲ့ တဇွတ်ထိုးလုပ်တတ်သူပေါ့။
ဇာတ်လမ်းအစအစမှာ ပြသွားတဲ့ သံတစ်ချောင်း ၊ ၅၀တန် အကြွေတစ်ရွက်နဲ့ သရက်သီးတစ်လုံးဟာ ဗီရားရှန်ကာကိုင်တွယ်ခဲ့တဲ့
ဒိတ်ဒိတ်ကြဲလူဆိုး လူရမ်းကားသုံးယောက်ကို ကိုယ်စားပြုတယ်ဆိုတာ ဇာတ်လမ်းအလယ်လောက်ရောက်မှ နားလည်မယ်။
တစ်ယောက်ချင်းစီကို ကိုယ်တွယ်ပုံဟာ ဒီဇာတ်လမ်းရဲ့ frame ဖြစ်ပြီး ၊
တောင်ပိုင်းရုပ်ရှင်အထွက်နည်းလှတဲ့ အခုလိုအချိန်မျိုးမှာ ရဲကားကောင်းကောင်းကြည့်လိုသူတွေအဖို့
ကျေနပ်ကြလိမ့်မယ်ထင်ပါတယ်။
Action, Thriller
Pirates of the Caribbean: On Stranger Tides(2011)[1080P5.1CH]
((((ဒီဇာတ်ကားတွေက ဘယ်အချိန်ပြန်ကြည့်ကြည့် မရိုးနိုင်တဲ့ စာရင်းထဲပါလေတော့ Pirates of the Caribbean ပရိတ်သတ်တွေအတွက် HEVC,1080P5.1CH,720Pြ ဖင့် ရသမြောက်စွာ
ခံစားနိုင်စေရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်))))
ဂျက်နဲ့ လူမှားပြီး ဂစ်ဘ်ကို ကြိုးပေးမယ့်အရေးမှာ ဝင်ကယ်ပေးလိုက်ရပြီးတဲ့နောက် တစ်ကိုယ်တည်းကောင်းစားနေတဲ့ ဘာဘိုဆာဆီ
ရောက်သွားကြပြန်တယ်။ ဒါပေမယ့် ဂစ်ဘ်ပဲကျန်ခဲ့ပြီး ဂျက်ကတော့ သူ အချစ်ဟောင်း အန်ဂျလီကာကောင်းမှုနဲ့
မုတ်ဆိတ်နက်ဆီရောက်သွားတဲ့နောက် စပိန်တွေက တပန်းသာနေတဲ့ ထာဝရသက်ရှည်ရေပန်းကို ရှာနိုင်ဖို့ စိုင်းပြင်းရပြန်တယ်…
Pirates of the Caribbean On Stranger Tides(2011)
Action, Adventure, Fantasy
Pirates of the Caribbean: At World’s End(2007)[1080p5.1ch]
IMDb…7.1
((((ဒီဇာတ်ကားတွေက ဘယ်အချိန်ပြန်ကြည့်ကြည့် မရိုးနိုင်တဲ့ စာရင်းထဲပါလေတော့ Pirates of the Caribbean ပရိတ်သတ်တွေအတွက် HEVC,1080P5.1CH,720Pြ ဖင့် ရသမြောက်စွာ
ခံစားနိုင်စေရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်))))
သူရဲကောင်းဆန်ဆန်နဲ့ ကရာကန်ကြီး ပါးစပ်ထဲ ဓားတစ်ချောင်းနဲ့ ဝင်ပြီး အားလုံးကို ပေးဆပ်သွားတဲ့နောက်တော့ ဝီလ်တန်နာနဲ့
အဲလိဇဘက်တို့နှစ်ယောက်သား ကပ္ပတိန် ဘာဘိုဆာနဲ့ ပူးပေါင်းပြီး ဂျက်ကို ဒေဗီဂျုန်းဆီကနေ လွတ်အောင် ကယ်ဖို့ ကြိုးစားရတော့တယ်။
ဒါပေမယ့် နှစ်ယောက်မရှိတဲ့ ဂျက်စပဲရိုးက သူ ဘာကောင်လဲဆိုတာကို ဂဏန်းတွေနဲ့ ပုလဲနက်နဲ့ ပြလိုက်တယ်
ဒေဗီဂျုန်းကိုလည်း လော့ဒ် ဘက်ကပ်တ်က ထိန်းချုပ်ထားပြီး ပင်လယ်ပြင်တခွင်တစ်ခုလုံးရဲ့ သင်္ဘောတွေအကုန်ကို
ဖျက်ဆီးခိုင်းတဲ့နောက်တော့ ဝီလ်၊ အဲလိဇဘက်နဲ့ ဘာဘိုဆာတို့နဲ့ အတူ ကပ္ပတိန် ဂျက်စပဲရိုးပါ တိုက်ပွဲထဲ ဝင်ပါလာရတော့တယ်…
Pirates of the Caribbean At World’s End(2007)
Action, Adventure, Fantasy
Space Jam (1996)
===============
မိုက်ကယ်ဂျော်ဒန်ဆိုတဲ့ ဘတ်စ်ကတ်ဘောဘုရင်ဟာ ငယ်စဉ်ကတည်းက ဖခင်ဖြစ်သူလိုမျိုး ဘေ့စ်ဘောကစားသမား ဖြစ်ချင်ခဲ့တာပါ။ သူအရွယ်ရောက်ပြီ ဘတ်စ်ကတ်ဘောအားကစားလောကမှာ အထွဋ်ထိပ်ထိ တက်လှမ်းပြီးသွားတဲ့နောက် ဘတ်စ်ကတ်ဘောလောကကနေ ရုတ်တရက်ရပ်နားပြီး ကလေးဘဝကဆန္ဒကို အကောင်အထည်ဖော်ဖို့ ဘေ့စ်ဘောလောကထဲကို ခြေစုံပစ်ဝင်လိုက်ပါတယ်။
ဘေ့စ်ဘောမှာအဆင်မပြေပေမယ့် ဘတ်စ်ကတ်ဘောဘုရင်ဖြစ်တဲ့သူ့ကို အဖွဲ့သားတွေကအပြစ်မမြင်ပေမယ့် ပရိတ်သတ်တွေနဲ့မီဒီယာကတော့ ကြိတ်မနိုင်ခံမရဖြစ်နေကြတာပေါ့။ ဒီအချိန်မှာ မိုရွန်တောင်ကဂြိုလ်သားတွေက ဝယ်သူတွေကိုဆွဲဆောင်ဖို့ Looney Tunesတစ်ဖွဲ့လုံးကို ဖမ်းဆီးဖို့လွှတ်လိုက်ပါတယ်။ သေးကွေးနှေးကွေးတဲ့ဒီဂြိုလ်သားတွေနဲ့ ဘတ်စ်ကတ်ဘောပြိုင်ဆော့ဖို့စိန်ခေါ်လိုက်ပြီးမှ ဂြိုလ်သားတွေဘာလို့ကြီးထွားကုန်တာလဲ။ သူတို့တွေကမိုက်ကယ်ကိုအကူအညီတောင်းတဲ့အခါ ဘေ့စ်ဘောကစားသမားဖြစ်နေတဲ့သူကရော ကူညီပါ့မလား။ Looney Tunesတစ်ဖွဲ့လုံးနဲ့အတူတူ မိုက်ကယ်ပါ ဂြိုလ်သားတွေရဲ့ အကျဉ်းသားဘဝရောက်သွားမလားဆိုတာကိုတော့… နာမည်ကျော်မိုက်ကယ်ဂျော်ဒန်ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားပြီး IMDb 6.4 ရထားတဲ့ ဒီကာတွန်းလေးက ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရွှင်မြူးစေမှာဖြစ်လို့ ကြည့်ရှုဖို့လက်တို့လိုက်ရပါတယ်။
Adventure, Animation, Comedy, Family, Science Fiction
Experimenter (2015)
ဒီကားက
ကျွန်တော်တို့ဟာ တစ်ခါတစ်ရံမှာ ကြိုးတွေကို တွေ့ကောင်းတွေ့နိုင်ပေမယ့်
သတိပြုမိတဲ့စိတ် ကသာလျှင် ကျွန်တော်တို့အတွက် လွတ်မြောက်ခြင်းရဲ့ ဦးဆုံးခြေလှမ်း ဖြစ်ရမှာပါ။”
IMDb – 6.6/10 ရရှိထားတဲ့ ကားကောင်းတစ်ကား ဖြစ်တာမို့ ကြည့်ရှုစေချင်ပါတယ်။
ဆု ၂ ဆု နဲ့ တစ်ကြို ၅ ကြိမ် ဝင်ခဲ့တဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။
Los Angeles Film Festival 2015 နဲ့ Political Film Society, USA 2015
တို့မှာ ဆု ရရှိခဲ့ပြီးတော့
တော့ နိုင်ငံရေးနဲ့ နှီးနွယ်တဲ့ စိတ်ပညာကို လေ့လာချင်တဲ့လူတွေ စိတ်ဝင်စားမယ့် ဇာတ်ကားကောင်းတစ်ကားပါပဲ။
တကယ့်အဖြစ်အပျက်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။
လူမှု စိတ်ပညာရှင် စတန်လေ မီလ်ဂရမ် ရဲ့ ၁၉၆၁ မီလ်ဂရမ် စမ်းသပ်ချက်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။
ဒီစမ်းသပ်ချက်ကတော့ လူတွေရဲ့နာခံမှု(Obedience) ကို စမ်းသပ်ချက်ပဲ ဖြစ်ပါတယ်။
လူစိမ်းနှစ်ယောက်ကို ခေါ်ပြီး တစ်ဘက်က သင်ယူသူ တစ်ဘက်က သင်ကြားသူအနေနဲ့ ထားပြီးတော့
မှားရင် လျှပ်စစ်ရှော့တိုက်တဲ့နည်းနဲ့ နာခံမှု ဘယ်လောက်ရှိတယ်ဆိုတာကို စမ်းသပ်တာပဲ ဖြစ်ပါတယ်။
ဒီတော့ ကျွန်တော်တို့ Obedience ကို သိပ္ပံနည်းကျကျ အချက်အလက်တွေနဲ့ လေ့လာကြည့်ရအောင်။
ကောင်းတာတစ်ခုကတော့ ဒါက ဇာတ်လမ်းသဘောဖြစ်နေတဲ့အတွက် လုံးဝ ပျင်းအိုင်သွားခြင်း မရှိတာပါပဲ။
မီလ်ဂရမ် ဟာ အခြားစမ်းသပ်ချက်တွေဖြစ်တဲ့ Small World Experiment နဲ့ Lost letter experiment တို့ကိုလည်း လုပ်ခဲ့ပါသေးတယ်။
“ကျွန်တော်တို့က ရုပ်သေးရုပ်တွေလို့ ခင်ဗျား ဆိုလို့ ရပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ဟာ အသိဉာဏ် နဲ့ သိတတ်နားလည်မှုတွေပါ ပါဝင်တဲ့ ရုပ်သေးရုပ်တွေပါလို့ ကျွန်တော်ကတော့ လက်ခံယုံကြည်ထားပါတယ်။
Biography, Drama, History
ဇာတ်လမ်းအကျဉ်း
ဒီဇာတ်ကားလေးကတော Song Joong Ki ရဲ့ ၂၀၂၁ ကမှအသစ်စက်စက်ထွက်ရှိထားတဲ့ Sci-Fic ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်
အနာဂတ်ကမ္ဘာကိုစိတ်ကူးယဉ်ပုံဖော်ထားတာဖြစ်လို့စိတ်ဝင်စားဖို့ကောင်းပြီး Setting ချပုံကအစထူးခြားတဲ့ကားလေးဖြစ်ပါတယ်
ကင်ထယ်ဟို (Song Join Ki) ဟာတစ်ချိန်တုန်းကအာကာသစောင့်ကြပ်သူတွေရဲ့ ကွန်မန်ဒါခေါင်းဆောင်ဖြစ်ခဲ့ပေမယ့်
အကြောင်းအမျိုးမျိုးကြောင့် လက်ရှိမှာတော့ရာထူးကချခံလိုက်ရပြီးအာကာသထဲလွင့်စင်သွားတဲ့
မွေးစားသမီးလေးကိုလိုက်ရှာနေတဲ့ဆင်းရဲသားတစ်ယောက်ဖြစ်နေပါတယ်
တစ်နေ့မှာတော့ ပေါက်ကွဲနိုင်တယ်လို့ကြေငြာထားတဲ့ နာနိုဘော့နည်းပညာသုံးကလေးပုံစံစက်ရုပ်လေးဟာ
ထယ်ဟိုဆီကိုရောက်လာပါတယ်ပိုက်ဆံလိုနေတဲ့ထယ်ဟိုကတော့ စက်ရုပ်ကိုအသုံးချပြီးငွေရအောင်
်ကြိုးစားပါတော့တယ် ဒါပေမယ့်စက်ရုပ်လို့ထင်ထားခဲ့တဲ့ကလေးလေးဟာလူသားတစ်ယောက်ဖြစ်နေတဲ့အခါမှာတော့
ထယ်ဟိုတစ်ယောက်ဘယ်လိုဆက်လုပ်သွားမလဲ
ကလေးမလေးနောက်ကွယ်မှာရောဘယ်လိုလျှို့ ဝှက်ချက်တွေရှိနေတာလဲဆိုတာကို
ဇာတ်လမ်းထဲမှာဆက်လက်ရှုစားလိုက်ကြပါဦး
Action, Adventure, Drama
ဒီတစ်ခေါက် Netflix မှာအသစ်ထွက်ရှိလာတဲ့ တရုတ်သိုင်းကားဆန်ဆန်ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးချင်ပါတယ်
ဒီဇာတ်ကားက တရုတ်ပြည်ကမိုဘိုင်းဂိမ်းတစ်ခုကိုအခြေခံပြီးရိုက်ကူးထားတာလို့လည်းသိရှိရပါတယ်
effectတွေလည်းကောင်းကောင်းသုံးထားပြီးတော့ ကြည့်ရတာ တကယ်မိုက်မယ့်ဇာတ်ကားကောင်းတစ်ကားပါ
ဇာတ်လမ်းအကျဉ်းချုပ်ကတော့ မကောင်းဆိုးဝါးမြွေဆိုးကိုနှိမ်နင်းဖို့အတွက် ကျင်မင်ဆိုတဲ့ဘုန်းတော်ကြီးက မြို့တော်ကိုလာခဲ့ပါတယ်
မြွေဆိုးရဲ့အရိပ်တွေက ခဏခဏ လူတွေကြားထဲကိုထွက်လာလေ့ရှိပါတယ်
တကယ့်ခန္ဓာကိုယ်အစစ်ကတော့ ဘုရင်မကြီးရဲ့ခန္ဓာကိုယ်ထဲမှာ ထိန်းသိမ်းထားတာပါ
ဒီလိုအန္တရာယ်ကျရောက်လာပြီဆိုရင် ဂိုဏ်းကြီးလေးဂိုဏ်းကဆရာလေးဆူ စုပြီးတော့ မြွေဆိုးကိုနှိမ်နင်းရပါတယ်
ဒါပေမယ့် ဒီတစ်ခေါက်မှာတော့ မြွေဆိုးရဲ့ခန္ဓာကိုယ်အစစ်ထွက်လာတော့မှာပါ
ဒါကို ဆရာတွေဘယ်လိုကာကွယ်ကြမလဲဆိုတာ ရင်ခုန်ဖွယ်ကြည့်ရူရမယ့် ဇာတ်ကားကောင်းတစ်ကားပါ
တရုတ်သိုင်းကားတွေနှစ်သက်သူအတွက်တော့ ကြည့်သင့်တဲ့ကားကောင်းတစ်ကားဖြစ်လို့ ညွှန်းပေးလိုက်ရပါတယ်
The Yin Yang Master Dream of Eternity (2021)
Action, Drama, Fantasy
Agent Revelation 2021 ကတော့ Action/Sci-fic/Thriller ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ IMDb rating ကတော့ 6.2/10 ရထားပါတယ် ။
ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် ကင်နီယန်းလို့ခေါ်တဲ့ ဂြိုဟ်သားမျိုးနွယ်ဟာလူသားတွေကို အက်ရှ်(Ash) ဆိုတဲ့စွမ်းအင်တစ်မျိုးကိုအသုံးချပြီးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကထိန်းချုပ်လာခဲ့တာပါ၊၊ ဒါပေမဲ့ လူသားတွေရဲ့ လောဘကို သဘောပေါက်သွားတဲ့ ဂြိုလ်သားတွေဟာ အက်ရှ်စွမ်းအင်ကို မသုံးပဲ လောဘတရားတွေနဲ့သာ လူသားတွေကို ထိန်းချုပ်ခဲ့ပါတယ်။ ကမ္ဘာပေါ်က အက်ရှ်စွမ်းအင်သွေးနှောသူတွေကိုအကုန်ရှင်းခဲ့ကြပါတယ်။ မတော်တဆဖြစ်ရပ်တစ်ခုကြောင့် ကမ္ဘာပေါ်မှာဖွက်ထားတဲ့ အက်ရှ် စွမ်းအင်တွေထွက်လာပြီးတော့
ဂျင်မ်တို့သူငယ်ချင်းတွေကိုထိန်းချုပ်ခံလိုက်ရတယ်၊၊ အက်ရှ်ကြောင့် သူ့ငယ်ချင်းတွေကို ဆုံးရှံးခဲ့ရတဲ့ ဂျင်မ် ဟာ သူကိုယ်တိုင်တော့ အက်ရှ်ကြောင့် ဘာမှမဖြစ်ခဲ့ပါဘူး ။ အက်ရှ်ရဲ့စွမ်းအင်တွေဟာ သူ့ကိုယ်ထဲစီးဝင်ပြီး သူ့အသွေးအသားနဲ့ တစ်သားထဲ ဖြစ်ပြီး ဂျင်မ်ဟာစွမ်းအားတွေပိုင်ဆိုင်လာခဲ့ပါတယ်။
ကမ္ဘာပေါ်ကိုဂြိုဟ်သားတွေ ကြီးစိုးထိန်းချုပ်လာမှာကိုကာကွယ်နေတဲ့လျို့ဝှက်အဖွဲ့အစည်းကတော့ ဂျင်မ် ကဘာကြောင့် အက်ရှ်ရဲ့ ထိန်းချုပ်ခြင်းမခံရတာလဲဆိုတာကိုစမ်းသပ်ရှာဖွေရင်းနဲ့ ဘာတွေ ဘယ်လိုတွေဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။
Action, Science Fiction, Thriller
ဒီတစ်ခေါက်တင်ဆက်ပေးချင်တဲ့ဇာတ်ကားကတော့ အင်ဒိုနီးရှားဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်နော်
အင်ဒိုနီးရှားနိုင်ငံမှာ သိုင်းအားကစားတစ်ခုရှိပါတယ် လုံချည်တစ်ကွင်းထဲမှာလူနှစ်ယောက်ဝင်ပြီး
သိုင်းချတဲ့ ဆာရွန်သိုင်းချနည်းလို့ခေါ်တဲ့အားကစားတစ်ခုပါ ဒီကားမှာတော့ သိုင်းအားကစားနည်းကိုအခြေခံပြီး
ရိုက်ကူးထားတဲ့ဇာတ်ကားကောင်းပါ
ဇာတ်လမ်းကတော့ ဒန်နီက ဂျာကာတာက ဆိုးသွမ်းတဲ့သူဌေးသားတစ်ယောက်ပါ
သူ့အမေက သူ့ကိုလိမ္မာလာအောင် မာကာစတာမြို့ကိုပို့လိုက်ပါတယ်
ဆာရွန်သိုင်းအားကစားက အဲဒီမြို့မှာပိုပြီးတော့ထင်ရှားနေတဲ့အချိန်ပေါ့ ဒန်နီက တန်ရီဆိုတဲ့ကောင်မလေးနဲ့တွေ့ခဲ့ပြီး
တန်ရီကိုတော့ ဆာရွန်သိုင်းချန်ပီယံတစ်ယောက်က အတင်းလိုက်ကြိုက်နေတာပါ
ဒီလိုနဲ့ ဒန်နီနဲ့ ဆာရွန်သိုင်းချန်ပီယံတို့ ပြဿနာတတ်ကြပါတော့တယ် ဒါကြောင့် ဒန်နီက ဆာရွန်သိုင်းသင်ပါတော့တယ်
ဘယ်လိုတွေဆက်ဖြစ်ကြမလဲကတော့ ဆက်ကြည့်လိုက်ကြပါတော့…………………
အရင်တုန်းက ကရာတေးဇာတ်ကားကောင်းတွေကြိုက်နှစ်ခြိုက်သူတွေ
ဒီဇာတ်ကားလေးကိုလည်း ကြိုက်မယ်လို့မျှော်လင့်တာမို့ ကြည့်သင့်တဲ့ကားလေးအဖြစ် ညွှန်းပေးလိုက်ရပါတယ်
Action, Adventure, Drama
ဒီဇာတ်ကားကတော့ လူငယ်တွေ ငယ်တုန်းမှာ လမ်းမှားရောက်တတ်ကြောင်းကို
ပညာပေးရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်
၂၀၁၂ကထွက်ခဲ့တာဖြစ်ပြီး ဟောင်းပေမယ့်ကောင်းသေးတဲ့ဇာတ်ကားတစ်ကားလို့ပြောလို့ရပါတယ်
ဇာတ်လမ်းအကျဉ်းချုပ်ကတော့ ကျင်ဟွာဆိုတဲ့ ၁၇နှစ်အရွယ်ကောင်လေးက မဟုတ်မခံစိတ်ဓာတ်ရှိပြီး
ရန်ပွဲတွေမှာလည်းဝင်ပါလေ့ရှိပါတယ် တစ်နေ့ လူရိုက်မိပြီး လူငယ်ထိန်းသိမ်းရေးကျောင်းကို ၆လသွားနေခဲ့ရပါသေးတယ်
ပြန်ထွက်လာတော့ သူ့အမေက သူ့ကိုဘဝသစ်စစေချင်ပါတယ် ဒီလိုဘဝသစ်စဖို့ကြိုးစားမယ်ဆိုပြီး
သူက စာမေးပွဲပြန်ဖြေဖို့လုပ်ပါတော့တယ် ဒါပေမယ့် အပေါင်းအသင်းကြောင့်မို့လို့ ဂိုဏ်းတစ်ခုထဲကို ဝင်မိသွားပါတယ်
ထို့နောက် သူ့ရဲ့ဘဝသစ်စမယ့်အစီအစဉ်က မအောင်မြင်ခဲ့ဘူးဆိုပါတော့
သူဘယ်လိုပြဿနာတွေကြားထဲကိုရောက်သွားမယ်ဆိုတာ
ပညာပေးရိုက်ကူးထားတဲ့ကားကောင်းလေးဖြစ်လို့ ညွှန်ပေးလိုက်ရပါတယ်
drama အမျိုးအစားဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်
Action, Crime
ဒီတစ်ခါတော့ IMDb rating 7.1/10အထိရရှိထားတဲ့ Crime, Dramaအမျိုးအစား ရုပ်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဇာတ်လမ်းအကျဥ်းကတော့ ဂျိုဝီဆိုတဲ့ ကြေးစားလူသတ်သမားတစ်ယောက်ဟာ လူသတ်တဲ့နေရာမှာ လက်ယဥ်ပြီးကျွမ်းကျင်ပါတယ်။ တစ်နေ့မှာတော့ သူ့ကိုအပ်ထားတဲ့ အလုပ်တစ်ခုကိုကိုင်တွယ်နေတုန်း သူလူသတ်လိုက်တာကို သေဆုံးသူရဲ့လက်ထောက်ဖြစ်သူကောင်မလေး မြင်သွားပါတယ်။ သူကလည်း မလှုပ်ရှားခင်ကတည်းက ပစ်မှတ်အခြေအနေကိုလေ့လာရင်း အဲဒီကောင်မလေးကိုမြင်မြင်ချင်း ကြွေမိနေတာပါ။ ပုံမှန်ဆိုရင် မျက်မြင်သက်သေကိုပါ လက်စဖျောက်ရမှာဆိုပေမဲ့ သူ့ခံစားချက်ကိုမထိန်းချုပ်နိုင်တဲ့ ဂျိုဝီတစ်ယောက် ကောင်မလေးကိုဖမ်းပြီး သူ့အိမ်ခေါ်လာပါတယ်။ ပြီးတော့ သူ့အိမ်မှာဘဲမသတ်ရက်လို့ ဆက်ဖမ်းထားပါတယ်။
လူသတ်သမားနဲ့ မျက်မြင်သက်သေကြားက ထူးခြားတဲ့အချစ်ပုံစံကရော ဘယ်လိုဖြစ်မလဲ။ သာမန်အချစ်ဇာတ်လမ်းနဲ့ ထူးထူးခြားခြားကွဲပြားနေပြီးတော့ သူတို့ကြားကဆက်ဆံရေးက ညင်သာမှုတွေ၊ မယုံကြည်မှုတွေနဲ့ပြည့်နှက်နေပြီး သူတို့ဘဝတွေကို ဘယ်လိုပုံစံရိုက်ခတ်သွားမလဲ။ ဇာတ်လမ်းလေးက အလောတကြီးမဟုတ်ဘဲ ပုံမှန်လေးဇာတ်ရှိန်တက်သွားပြီး အဝေးကြီးထိကြိုမမြင်နိုင်တဲ့ လှည့်ကွက်လေးတွေနဲ့ရိုက်ကူးထားတာကြောင့် ကြည့်လို့ကောင်းတဲ့ကားလေးပါပဲ။
Crime
ဒီဇာတ်ကားကတော့ ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ အိန္ဒိယအက်ရှင်ကားတစ်ကားဖြစ်ပါတယ်။
မင်းသား အာဂျေးလ်ဒေ့ဂမ်၊ အနီးလ်ကပူးရ်၊ မင်းသမီးကန်ဂနာရာနွတ်တို့ ပါဝင်သရုပ်ဆောင်ထားပါတဲ့
ရထား ဗုံးထောင်ပြီး ခြိမ်းခြောက်ငွေတောင်းတဲ့ ကားလေးပါ။
မင်းသားအာဂျေးလ်က အိန္ဒိယကနေ လန်ဒန်ကို အလုပ်လာလုပ်တဲ့အင်ဂျင်နီယာတစ်ယောက်ပါ..
ဘဝတူရွေ့ပြောင်းလုပ်သားတွေရဲ့ဘဝကို ကူညီကယ်ဆယ်ဖို့ ကြိုးစားရင်း.. သူကိုယ်တိုင်လည်း အဖမ်းခံ.. နှင်ထုတ်ခံခဲ့ရပါတယ်။
ချစ်ရတဲ့ မိသားစုကို လန်ဒန်မှာထားရစ်ခဲ့ရပြီး တစ်ကွဲတစ်ပြားဖြစ်ခဲ့ရတဲ့အတွက် လက်စားချေဖို့
လန်ဒန်ကိုရအောင် ပြန်လာခဲ့ပါတယ်။ ပြီးတော့ ရထားပေါ်မှာ ဗုံးထောင်ပြီး ခြိမ်းခြောက်ငွေတောင်းခံမှုတွေ
လုပ်ခဲ့ရာက ဒီဇာတ်လမ်း ဖြစ်ပေါ်လာခဲ့တာပါ။
တောင်းတဲ့ငွေတွေ ရမှာလား.. ခရီးသည်တွေရဲ့ အသက်အန္တရာယ်က
ဘယ်လို ကယ်ထုတ်မှာလဲ စိတ်ဝင်စားဖွယ်၊ ကြည့်ရှုအားပေးလိုက်ပါဦး
Action, bollywood, Crime, Drama
Palmer (2021)
============
IMDb Rating – 7.3/10
ဇာတ်ကားအကျဉ်းပြောရမယ်ဆိုရင်တော့ ထောင်ထွက်တစ်ဦးနဲ့ အိမ်တွင်းရေးအဆင်မပြေတဲ့ ကလေးတစ်ယောက်
ရဲ့အကြောင်းပေါ့။ ပါးလ်မာ က ထောင်ထဲ (၁၂)ကျော်နေခဲ့ပြီးမှ ခံဝန်နဲ့လွတ်လာသူဖြစ်ပြီး သူ့အဖွားအိမ်၊ သူ့ဇာတိမြို့မှာပဲ
ပြန်လာနေခဲ့တယ်။ ဆမ် ဆိုတာကတော့ ပါးလ်မာရဲ့အိမ်ဘေးမှာနေတဲ့ ကလေး။ ဆမ့်အမေက ဆေးသမား၊ ပထွေးဖြစ်သူ
ကလဲ အချိုးမပြေ။ မိသားစုအခြေအနေလုံးဝမကောင်းတဲ့ ကလေးတစ်ယောက်။ ထောင်ထွက် ပါးလ်မာနဲ့ အိမ်တွင်းရေး
အဆင်မပြေတဲ့ ဆမ် တို့နှစ်ယောက်ရဲ့အကြောင်းကို ခပ်ငြိမ့်ငြိမ့်လေးနဲ့ တင်ဆက်သွားတဲ့ Drama ဇာတ်ကားကောင်းလေး
တစ်ကားဖြစ်ပါတယ်။ ဒီလို Drama ကားမျိုးကြည့်ရတာ စိတ်ထဲအတော်လေး ကျေနပ်သွားမိတယ်။ IMDB rating (7.3/10)
၊ Rotten Tomato ကလည်း (74 %) ဆိုတဲ့အတွက်ကြောင့် ဇာတ်ကားကောင်းဖြစ်မယ်ဆိုတာတော့ ပြောစရာလိုမယ်မထင်ပါဘူး။
ပါးလ်မာ အဖြစ် သရုပ်ဆောင်ထားသူကတော့ အဆိုတော်/သရုပ်ဆောင် Justin Timberlake ပဲဖြစ်ပါတယ်။
Drama
ဒီတစ်ခါ comedy-drama ဇာတ်ကားအမျိုးအစားလေးကိုတင်ဆက်ပေးချင်ပါတယ် တကယ်ရယ်ရမဲ့ဇာတ်ကားကောင်းလေးပါနော်
ရုံကြီးကားတစ်ကားဖြစ်ပြီး ဟောင်ကောင်ရုပ်ရှင်ဆုပေးပွဲမှာလည်း ဇကာတင်ဝင်ခဲ့တဲ့ ဇာတ်ကားကောင်းလေးပါ
လတ်တလောမှာလဲ ထိုင်းကနေပြန် remark ရိုက်ထားတဲ့ My God! Father (2020)ရဲ့မူရင်းဇာတ်ကားလေးပါ
နောက်ခံတီးလုံးကလည်းကောင်း သရုပ်ဆောင်တွေကလည်း Eddie Peng (Operation Mekong) , Deng Chao (The Mermaid 2016),
Zanilia Zhao (လတ်တလောပြိးထားတဲ့ ဇာတ်လမ်းတွဲ Legend of fei) တို့တွေဆိုတော့ ထွေထွေထူးထူးပြောစရာလိုမယ်မထင်ပါဘူး
ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် လန်က ကားမောင်းချန်ပီယံတစ်ယောက်ပါ
တစ်နေ့သူ့အဖေနဲ့ ကားအတူတူမောင်းနေရင်း မတော်တဆမှုဖြစ်ခဲ့ပါတယ်
အဲဒီအချိန်မှာ သူက အချိန်နောက်ပြန် ခရီးသွားပြီး သူ့အဖေရဲ့ငယ်ဘဝကိုရောက်သွားပါတော့တယ်
လန်က အစက သူအဖေနဲ့အဆင်မပြေပါဘူး ဒါပေမယ့် သူ့အဖေငယ်ဘဝကိုပြန်ရောက်တဲ့အခါ
သားအဖ နှစ်ယောက်က သူငယ်ချင်းဖြစ်လာပါတော့တယ်
သားအဖနှစ်ယောက်ကြားကသံယောဇဉ်တွေအကြောင်းကို
ကြည့်ရမယ့် dramaကားကောင်းကောင်းလေးပဲဖြစ်လို့ ညွှန်းပေးလိုက်ရပါတယ်
Comedy, Drama, Fantasy
My Missing Valentine (2020)
****************************
ဒိတ်ပျောက်တယ် ဆိုတဲ့ စကားကို လူငယ်တွေ အရမ်းပြောလေ့ရှိပါတယ်
ဒါပေမယ့် တကယ် ဒိတ်ပျောက်သွားတဲ့လူတွေရှိပါ့မလား
ဒီဇာတ်လမ်းထဲက ကောင်မလေးကတော့ တကယ်ဒိတ်ပျောက်သွားခဲ့ပါတယ်
အရာရာကို မြန်မြန်ဆန်ဆန်လုပ်တတ်တဲ့ကောင်မလေးတစ်ယောက်
ခရာမတွတ်ခင် ပြေးတတ်တဲ့ သူများတွေထက် ရှေ့ကိုတစ်လှမ်းကြိုပြင်ဆင်တတ်သူလေးတစ်ယောက်ရှိသတဲ့။
ကမ္ဘာလောကကြီးနဲ့အဆက်သွယ်ပြတ်နေတဲ့သူတစ်ယောက်
အသက်ကလဲ ၃၀ နားကပ်နေပြီး အချစ်ရေးနဲ့ပါတ်သက်လို့ မူးလို့တောင်မရှုဖူးတဲ့သူမအနားကို
ခပ်ချောချောကောင်လေးတစ်ယောက်က ရောက်လာခဲ့ပါတယ်။
အဲ့ကောင်လေးနဲ့ ချစ်သူများနေ့မှာ အတူဖြတ်သန်းဖို့ စိတ်ကူးယဉ်
အပျော်တွေလွန်ပြီး အိပ်သွားခဲ့ပေမဲ့ နောက်တစ်နေ့ သူအိပ်ရာနိုးလာချိန်မှာတော့
သူ့ရဲ့ချစ်သူများနေ့ဟာ သူ့မှတ်ဉာဏ်ထဲကနေ ထူးဆန်းအံ့သြဖွယ်ရာ
ပျောက်ဆုံးနေခဲ့တာသိလိုက်ရပါတယ်။
သူ့ရဲ့ဘဝမှာ အပြောင်းလဲကြီးတစ်ခုလို့ဆိုရလောက်တဲ့နေ့တစ်နေ့ဟာ
ဘာလို့ပျောက်ဆုံးသွားရတာလဲ အဖြေရှာပါတော့တယ်။
ဘာကြောင့် နေ့ရက်တစ်ရက် ပျောက်ဆုံးသွားရတာလဲ
ပျောက်ဆုံးသွားတဲ့နေ့ရက်ကို ဘယ်လိုပြန်ရှာမလဲ
“ကိုယ့်ကိုယ်ချစ်ပါ တစ်နေရာမှာတော့
သင့်ကိုချစ်တဲ့သူတစ်ယောက်ရှိနေပါတယ်”
IMDb rating 7.4 ရရှိထားပြီး Golden Horse Film Festival တစ်ခုတည်းမှာတင်
Winner 5 ဆုရရှိပြီး Nomi 6 ဆု ၀င်ခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားလဲဖြစ်ပါတယ်။
Comedy, Drama, Mystery
ကျွန်တော်တို့ငယ်ငယ်တုန်းက လမ်းတစ်လမ်းဖောက်ဖို့ အဆောက်အဦပြောင်းဖို့
သင်္ချိုင်းရွေ့တယ်တို့ သင်္ချိုင်းပြောင်းတယ်တို့
ခဏခဏကြားဖူးကြတယ်မလား
ခွင့်တောင်းပြီးရွေ့ရတဲ့အခါ ကားထဲခေါ်တင်ပြီး
ပြောင်းရွေ့ပေးရတာတွေလေ
အခုလည်း ရှိချင်ရှိမှာပါ ဒါပေမယ့်ငယ်ငယ်တုန်းကတော့
ဒီလိုပြောင်းရွေ့မှုရဲ့ နောက်ဆက်တွဲဇာတ်လမ်းတွေကြားရတာနဲ့တင်
ကြက်သီးမွှေးညှင်းတွေ ထခဲ့ကြရတာပေါ့ဗျာ
ခေတ်ကာလတွေကူးပြောင်းလာတော့ ဒီခေတ်ကြီးထဲမယ်
သရဲတစ္ဆေတွေနဲ့ ပက်သက်ပြီး ကျွန်တော်တို့ငယ်ငယ်တုန်းကလောက်
အစွဲအလမ်းမရှိကြတော့တာကတော့ သေချာတယ်ဗျ
ဒါပေမယ့် သုသာန်မြေကိုတစ်ခုခုလုပ်ဖို့ဖယ်ရှားရတဲ့အချိန်မှာတော့
ရှေးဟောင်းအယူအဆတွေက မပစ်ပယ်ကောင်းပါဘူး
ရှေးထုံးလည်းမပယ်နဲ့ ဈေးသုံးလည်း မကြွယ်နဲ့ဆိုတဲ့ စကားတောင်ရှိသေးတယ်မို့လား
ဒီဇာတ်ကားက ကျွန်တော်အပေါ်ကပြောထားသလိုပဲ
သုသာန်မြေကိုမှ ခွင့်မတောင်းဘဲ
ပိုင်နက်ကျူးလွန်မိတဲ့အခါ ဖြစ်လာတဲ့နောက်ဆက်တွဲပြသနာပေါ့ဗျာ
ဇာတ်လမ်းက နည်းနည်းတော့ drama,thriller အမျိုးအစားဆိုပေမယ့် ဟာသဘက်လည်းနည်းနည်းရောက်တယ်ဗျ
ချစ်သူနှစ်ဦးအပြင် အကြောင်းကြောင်းကြောင့်
တစ်နေရာထဲလာဆုံကြရမယ့်လူတွေရဲ့
ကံကြမ္မာအလှည့်အပြောင်းကို ကြည့်ရမှာ
Tamil thriller ငတ်နေတဲ့သူတွေအဖို့တော့
သိပ်မဆိုးလှတဲ့ ဇာတ်ကားလို့ပြောပါရစေ
Horror, Thriller
Haymaker (2021)
=============
IMDb Rating – 4.0/10
ပြိုင်ပွဲတစ်ပွဲမှာရှုံးနိမ့်ပြီးတဲ့နောက်ပိုင်း အနားယူသွားခဲ့တဲ့မွေထိုင်းဖိုက်တာနစ်တစ်ယောက်
transgenderမလေး နော်မီကို စော်ကားဖို့လုပ်တဲ့လူကို ထိုးကြိတ်ဆုံးမခဲ့ရာကနေဇာတ်လမ်း
စတာပဲ။ အဲ့ဒီမှာပဲ နော်မီက နစ်ခ်ကိုကိုယ်ရံတော်အနေ နဲ့အလုပ်ခန့်လိုက်ပြီး သူ့ဖျော်ဖြေပွဲတွေ
နောက်ကိုခေါ်သွားတာပေါ့။ နော်မီကလည်းအဆိုတော်ဆိုပေမဲ့ စပွန်ဆာတွေနဲ့ အရက်သောက်လိုက်
စကားပြောလိုက်လုပ်ပြီး အဆိုတော်အဖြစ်နဲ့ရပ်တည်နေရတဲ့လူ…………နစ်ခ်ကျတော့ ပြိုင်ပွဲမှာ
ရှုံးပြီး နောက်ပိုင်း ကြိုးဝိုင်းထဲကိုပြန်ဝင်ဖို့မဝံ့ရဲတော့တဲ့လူ…………ဒီလိုလူနှစ်ယောက်ဆုံစည်းပြီးတဲ့
နောက်ပိုင်းမှာ ဘာတွေ ဖြစ်လာမှာလဲဆိုတော့ကိုတော့ စိတ်ဝင်တစားကြည့်ရှုရမှာပါ။
Action, Drama
Killer Shark (2021)
“ကိုယ်…မင်းကိုအရမ်းချစ်တယ်
ဒီလိုပြောပြီး ကျွန်မကို ကျောခိုင်းသွားခဲ့တဲ့ရှင့်ကို ကျွန်မမုန်းတယ်…..
ပင်လယ်ကြီးရေ..ရှင်ဟာ စိတ်ပျက်စရာကောင်းလွန်းလှသလို နှစ်သက်စရာလည်းကောင်းပါတယ်
လူကို အံ့ဩစေနိုင်တဲ့ အစွမ်းတွေရှိတဲ့ သဘာဝကြီးတစ်ခုပေါ့…
ဒါပေမဲ့…. ကျွန်မတော့ ရှင့်ကိုမုန်းပါတယ်”
ပရိသတ်ကြီးအတွက် ဒီတစ်ခါတော့ အချိန်တစ်နာရီလောက် မထတမ်းကြည့်လို့ကောင်းမယ့် ကားလေးနဲ့ မိတ်ဆက်ပေးပါမယ် ။ ပိုစတာကိုကြည့်တာနဲ့ သောင်းကျန်းတော့မယ့် ငါးမန်းမှန်း သိပြီးသားဖြစ်မှာပါ ။ ဒါပေမဲ့ ပရိသတ်ကြီးမသိသေးတာက ဒီကားလေးထဲမှာ သံယောဇဉ်တွေ ၊ လူတွေရဲ့စိတ်နေသဘောထားတွေ ပြီးတော့ အရမ်းမိုက်တဲ့ ကွန်ပျူတာအဖက် တွေပါဝင်နေတယ်ဆိုတာပါပဲ ။
လူငယ်လေးတစ်စု အားလပ်ရက်မှာ ပင်လယ်ဘက်ကို အပန်းဖြေခရီးထွက်လာကြပါတယ် ။ ဘာပြသာနာမှမရှိပေမယ့် အုပ်စုထဲက စုံတွဲတစ်တွဲရဲ့ အချစ်စမ်းမှုတွေကြောင့် စီးလာတဲ့ သင်္ဘောက ကျောက်ဆောင်နဲ့ တိုက်မိသွားပါတယ် ။ ဇာတ်လမ်းက အဲ့ကစတာပေါ့နော် ။
ပင်လယ်ပြင်ကြီးထဲမှာ ကယ်မယ့်သူမရှိတုန်း တစ်ခုတည်းသော လုပ်စရာရှိတာက ကျွန်းငယ်လေးတစ်ခုဆီ လက်ပစ်ကူးသွားဖို့ပါ ။ အဲ့တော့ ဒီသူငယ်ချင်းတစ်သိုက် ကျွန်းငယ်လေးဆီရောက်အောင်ကူးနိုင်ပြီး ဘယ်နှစ်ယောက်များ ဇာတ်လမ်းအဆုံးမှာ အသက်ရှင်ကျန်မလဲ ကြည့်လိုက်ရအောင်နော်။
Asian, Thriller