mmbusticket
Blu-Ray 1080p 5.1 CH x264
အသံကြားတာနဲ့ ရုတ် တရက် ပေါ်လာပြီး တိုက်ခိုက် သတ်ဖြတ်တဲ့ သတ္တဝါတွေရန်က နေ ကာကွယ်ဖို့ အသံမထွက် အောင် တိတ်တိတ်ဆိတ်ဆိတ် နေထိုင်နေရတဲ့ မိသားစုလေးရဲ့ ထိတ်လန့်စရာ အတွေ့အကြုံ တွေကို ဇာတ်အိမ်ဖွဲ့ထားတာ ဖြစ် ပါတယ်။လီနဲ့အီဗလင်းတို့ မိသားစု ဟာ မြို့စွန်က ယာတောအိမ် လေးမှာ နေထိုင်ပြီး တစ်ရက်မှာ တော့ ကမ္ဘာပေါ်ကို အမျိုးအမည် မသိတဲ့ သတ္တဝါတွေ ရောက်လာ ကာ လူတွေကို သတ်ဖြတ်ပစ်နေ တာကြောင့် ကမ္ဘာ့နေရာအနှံ့မှာ
အပျက်အစီးတွေ ဖြစ်ခဲ့ပါတယ်။ နောက်ပြီး စစ်တပ်ကတောင်ထိန်း ချုပ်နိုင်စွမ်း မရှိတော့သလို အ ဆက်အသွယ်ကွန်ရက်တွေ အ ကုန်လုံး ပြတ်တောက်ခဲ့ပါတယ်။အီဗလင်းတို့မှာ သမီးတစ် ယောက်၊ သားနှစ်ယောက်ရှိပြီး သမီးကြီးရီဂန်က နားမကြားသူ လေးမို့ တခြားအိမ်သားတွေ အ ကုန်လုံးက လက်ဟန်ခြေဟန် အချက်ပြစကားနဲ့ပဲ အချင်းချင်း ပြောရပါတယ်။ဘာမှန်းမသိတဲ့ သတ္တဝါတွေ ဟာ အသံကြားတာနဲ့ရောက်လာ ပြီး အန္တရာယ်ပြုတာမို့ ဘာသံမှ မထွက်အောင်
သတိထားပြီး နေရတာလည်း လွယ်ကူတဲ့ကိစ္စ တော့ မဟုတ်ပါဘူး။ အီဗလင်း တို့ဟာလည်း ဘာပဲလုပ်လုပ် အသံလုံးဝမထွက်အောင်လို့ နေ ကြရပြီး သူတို့ ယာတောနားက မြို့ဟာလည်း လူသူတစ်ယောက် မှမရှိ၊ အသံဗလံတွေ တိတ်ဆိတ် နေတဲ့ မြို့ပျက်တစ်ခုလိုဖြစ်နေပါ တယ်။
အဲဒါနဲ့ပဲ လမ်းလျှောက်ရင် တောင် ဖိနပ်သံထွက်မှာစိုးလို့ မြေကြီးပေါ်ကို ဘိလပ်မြေမှုန့်တွေ ခင်းထားပြီး ခြေဗလာနဲ့ သွားကြ ရတာပါ။တစ်ရက်မှာတော့ မြို့ပျက် ထဲကဆိုင်မှာ စားစရာတို့၊ အသုံး အဆောင်တို့ယူပြီး ပြန်လာတုန်း သားငယ်လေးက ဆိုင်ကယူလာ တဲ့ ကစားစရာအရုပ်ကို ကစား လိုက်တဲ့အခါမှာ အသံမြည်သွား တာကြောင့် လီကတားဆီးဖို့ ကြံခဲ့ပေမယ့် အချိန်နှောင်းသွားပြီး သတ္တဝါကြီးတွေ လက်ချက်နဲ့ မျက်စိရှေ့တင် သားဖြစ်သူကို ဆုံးရှုံးခဲ့ရပါတယ်။ဒီလိုနဲ့ ရက်တွေကြာ
လာပြီး တဲ့နောက် အီဗလင်းဟာ နောက် ထပ် ရင်သွေးလေးကို ကိုယ်ဝန် လွယ်ထားခဲ့ပါတယ်။ တစ်ရက် မှာတော့ အိမ်မှာခင်ပွန်းရောသား နဲ့သမီးရောမရှိချိန် အီဗလင်းဟာ ကိုယ်ဝန်အရင့်အမာနဲ့ အပြင်း အထန် ဗိုက်နာနေတဲ့အခါမှာ သတ္တဝါတွေကလည်း အသံ ကြားလို့ ရောက်လာတဲ့အခါ ဘာ တွေဆက်ဖြစ်မလဲဆိုတာကို ရင် တထိတ်ထိတ်နဲ့ ဆက်ကြည့်ဖို့ ဖော်ပြလိုက်ပါတယ်။ဒီဇာတ်ကားမှာ အီဗလင်း အဘော့အဖြစ် အမ်မလီဘလန့်၊ လီအဘော့အဖြစ် ဂျွန်ကရာဆင်
စကီ၊ ရီဂန်အဘော့အဖြစ် မီလီ ဆန့်ဆင်မွန်၊ မားကက်စ်အဘော့ အဖြစ် နိုအာဂျူတို့က သရုပ် ဆောင်ထားပါတယ်။ (ဇာတ်လမ်းအညွှန်းကို 7daily website မှကူးယူဖော်ပြထားတာဖြစ်ပြီး ဘာသာပြန်သူကတော့ ကိုသူရပါ)
ကျွန်တော်တို့တွေ လိပ်ပြာလွှင့်တယ်ဆိုတဲ့အရပ်သုံးစကားကို တော်တော်များများကြားဖူးကြမှာပါဒီဇတ်ကားလေးကတော့ ငယ်ငယ်လေးထဲကမိခင်ဟာကိုယ့်ကိုယ်ကိုသတ်သေသွားတာကိုအခုမှသိလိုက်ရတဲ့ တက္ကသိုလ်ကျောင်းသား
အဲလက်စ် တစ်ယောက် ကျောင်းလက်ချာချိန်မှာလိပ်ပြာလွှင့်တာနှင့်ပတ်သတ်ပြီး သင်ကြားမိတာကနေ စပြီးသူ့အမေရဲ့ ဝိညာဉ်နှင့် အဆက်အသွယ်ရဖ်ု့လိပ်ပြာလွှင့်တဲ့အတတ်ကို စမ်းကြည့်ရာကနေမမျှော်လင့်ထားတဲ့ ပရလောကကံကြမ္မာဆိုး
ကြီးနှင့်တွေ့ပြီးဘယ်လိုဖြေရှင်းသွားမလဲဆိုတာသည်းတထ်တ်ထိတ်ရင်တဖိုဖိုစောင်ကြည့်ရမယ့် horror ဇတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်ရုပ်ရှင်ကားကို ကောင်းမြတ်သူ က ဘာသာပြန်ပေးထားပြီးအညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်
ဒီတစ်ခါတော့ သိပ္ပံကားတွေ ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက် ဇာတ်အိမ်ကောင်းတဲ့ သိပ္ပံကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ကမ္ဘာကြီးမှာ ဘယ်အရာပဲဖြစ်ဖြစ် အမေရိကန်မှာပဲဖြစ်တယ်ဆိုပြီး အမြင်ကပ်နေတဲ့သူတွေ မပူပါနဲ့ ဒီတစ်ခါ ရုရှားမှာဖြစ်တဲ့အကြောင်း ဇာတ်အိမ်တည်ထားတာပါ။
ဇာတ်လမ်းလေးကတော့ လူသားတွေကို လေ့လာဖို့ ရောက်လာခဲ့တဲ့ ဂြိုလ်သားနဲ့ ဂြိုလ်သားတွေကို လေ့လာချင်နေတဲ့လူသားတို့ တွေ့ဆုံကြတဲ့အခါမှာ ဘာတွေဖြစ်လာမလဲဆိုတာကို ကြည့်ရှုကြရမှာဖြစ်ပါတယ်။ ဇာတ်လမ်းဇတ်အိမ်ကလည်း စိတ်ဝင်စားဖို့ကောင်းပြီး ချိမတို့အတွက် ဂြိုလ်သားလေးကလည်း ချောတော့ ဒေါင်းလုတ်ဆွဲပြီး ကြည့်ကြပါလို့ပဲ တိုက်တွန်းလိုက်ပါတယ်…
Await Further Instructions(2018)ခရစ်စမတ်ကာလမှာ နစ်နဲ့ သူ့ကောင်မလေးအတွက် အပျော်ဆုံး အချိန်တွေပါပဲ…နစ်က အိမ်မှာ သူ့ကောင်မလေးကို ညစာစားဖို့ခေါ်လိုက်တယ်…
ကံကြမ္မာဆိုးရောက်မယ်မှန်းမသိတော့ နစ်တို့မိသားစုလူစုံတက်စုံတက်စုံနဲ့ပျော်နေကြတယ်…သူတို့အပျော်က သိပ်ကြာကြာမခံပါဘူး…
နောက်နေ့မနက်မှာတော့ သူ့တိုရဲ့အိမ်အပြင်မှာဘက်မှာထူးဆန်တာဖြစ်ပြီး တစ်အိမ်လုံး အပြင်လောကနဲ့ အဆက်သွယ်ပြတ်သွားတယ်..ဘာလို့ဆို အိမ်တစ်ခုလုံးကို သတ္တုလို အရာမျိုးကြီးနဲ့ဖုံးအုပ်ထားလို့ပါပဲ..အပြင်ထွက်ဖို့နေနေသာသာ..ဖုန်းလိုင်းတောင်ဆက်သွယ်လို့မရတဲ့အခြေအနေပါပဲ…ကိုင်း နစ်တို့မိသားစုတွေ တစ်အိမ်လုံးလွှတ်မြောက်နိုင်ပါ့မလား ဘယ်လိုအခက်အခဲတွေနဲ့ကြုံမလဲ ဘာတွေမထင်မှတ်ထားတာတွေဆက်ဖြစ်မလဲဆိုတာတော့ Horror ကားကြိုက်သူတို့
ခံစားကြည့်လိုက်ပါဦး…
စစ်ကားတွေထဲမှာမှ အမေရိကန်နဲ့ ဂြိုလ်သားတွေရဲ့စစ်ပွဲတွေဟာမဆန်းတော့ပါဘူး..ဒါကြောင့် ဒီကားကလည်း Independence Day တို့လိုပဲ ကမ္ဘာမြေပေါ်ကိုကျူူးကျော်နယ်ချဲ့ထွင်လာတဲ့ ဂြိုလ်သားတွေနဲ့အမေရိကန်စစ်တပ်တို့ရဲ့အပြင်းအထန်တိုက်ခိုက်တာတွေကို ဖော်ပြထားပါတယ်…စစ်တစ်ခုဖြစ်လာတဲ့အခါအများဆုံးထိခိုက်ရတာကတော့ပြည်သူတွေပဲဖြစ်ပါတယ်…နောက်ပြီးတော့ ဒီလူတွေကိုကာကွယ်ဖို့အတွက်သစ္စာဆိုထားတဲ့ စစ်သားတွေရဲ့ရင်းနှီးမှု့တွေကလည်းမသေးပါဘူး…ဒါပေမယ့် သူတို့ရင်ဆိုင်နေတဲ့အရာတွေက သာမာန်ထက်လွန်ကဲနေတဲ့သတ္တဝါတွေဖြစ်နေတဲ့အတွက်ကြောင့် အမေရိကန်လိုစစ်အင်အားကြီးခေတ်မီလက်နက်တွေတပ်ဆင်သုံးစွဲနေတဲ့ နိုင်ငံတောင်ဆုံးရှုံးမှု့တွေကြီးလှပါတယ်…အမည်မသိ ဘာအမျိုးအစားမှန်းလည်းမသိတဲ့ သတ္တဝါတွေကြောင့်ပြည်သူတွေကို ကယ်ဆယ်ထုတ်ဖို့သွားရန်အတွက်အမိန့်ပေးခြင်းခံရတဲ့ တပ်စုတစ်စု ကယ်ဆယ်ဖို့သွားရင်းကနေသူတို့ပါ ရန်သူတွေရဲ့ သတ်ကွင်းမှာ ဓားစားခံတွေလိုပိတ်မိနေကြပါတယ်…အချက်ပေါင်းများစု ပစ်သတ်လည်း မသေတဲ့ ဒီသတ္တဝါတွေကြောင့်ဒီတပ်စုလေးတစ်စုဟာ ဒီအန္တရာယ်တွေကြားထဲကနေ ပြည်သူတွေကိုအသက်ရှင်လျက်နဲ့ဘယ်လိုကယ်ဆယ်ထုတ်မလဲဆိုတာ စိတ်ဝင်စားစရာပါပဲ…စတေးမှု့တွေမရှိပဲ စစ်ဆိုတာ ပြီးဆုံးသွားမှာမဟုတ်ပါဘူး…ဒီကားလေးထဲမှာလည်း စစ်တကယ်တမ်းဖြစ်လာရင် ဘယ်လိုဆုံးရှုံးမှု့တွေဖြစ်လာတယ်ဆိုတာကို ရိုက်ပြထားတာကြောင့်စစ်ကားကြိုက်သူများလက်လွတ်မခံသင့်တဲ့ ကားကောင်းလေးတစ်ကားလို့ပြောပါရစေ…
ဒီတစ်ခါမှာတော့ Rating 6.7 ရရှိထားတဲ့ ဂျပန် Sci-Fi ကားလေးတစ်ကား ကြည့်လိုက်ရအောင်လား… ကမ္ဘာကြီးရဲ့တခြားနေရာက ဂြိုလ်သားတွေကသူတို့တီထွင်ထားတဲ့ Back Baron စက်ရုပ်ကြီးတွေနဲ့ကျူးကျော်စစ်ပွဲတွေ ဖန်တီးပြီး လူသားတွေရဲ့ကမ္ဘာကြီးကို သိမ်းပိုက်ဖို့ကြံစည်ခဲ့ကြပါတယ်.. လူသားမျိုးနွယ်တွေရဲ့ ၉၆ ရာခိုင်နှုန်းဟာ သုတ်သင်ခြင်းခံလိုက်ရပါတယ်… ဒီအသက်ရှင်ကျန်ရစ်တဲ့အထဲမှာမှ မောင်နှမ၅ယောက်က ဒီဂြိုလ်သားတွေရဲ့ လက်ထဲကနေ ကမ္ဘာကိုပြန်လည်ရရှိအောင် တိုက်ခိုက်ဖို့အစီစဉ်တွေချခဲ့ကြပါတယ်… အဲဒါကတော့အတိတ်ကာလကိုပြန်လည်သွားဖို့ပဲဖြစ်ပါတယ်.. ဘာလို့လဲဆိုတော့ အနာဂါတ်မှာ သူတို့လူသားမျိုးနွယ်တွေ ပျက်သုဉ်းသွားပြီး ဂြိုလ်သားတွေရဲ့စစ်ပွဲဟာ အောင်နိုင်သွားလို့ဖြစ်ပါတယ်… ဒါကြောင့် သူတို့တွေဟာ အတိတ်ကိုပြန်လည်သွားရင်း အနာဂါတ်မှာဖြစ်လာမယ့် အရာတွေကို ပြန်လည်တားဆီးဖို့ ကြိုးစားကြတော့မှာဖြစ်ပါတယ်… Sci-Fi Movie တွေမှကြိုက်တဲ့လူတွေအတွက် ဒီကားလေးကိုကြည့်ဖို့ တိုက်တွန်းချင်ပါတယ်…
Call me Savior (2017) ဇာတ်ကားကတော့Director: LeeDul ရိုက်ကူးထားတဲ့Chinese ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ Mydramalist 6.3ရထားတဲ့ဇာတ်ကားဖြစ်ပြီးမင်းသား LiuShen နှင့် မင်းသမီး Wushao Jun တို့ပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားလည်းဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အလုပ်လက်မဲ့ဖြစ်နေတဲ့ကာတွန်းရေးဆရာတစ်ယောက်ကတစ်နေ့မှာ သူငယ်ငယ်က ချစ်ဖူးခဲ့တဲ့ ကောင်မလေးနဲ့တူသောဂြိုလ်သားမလေးကို မထင်မှတ်ဘဲတွေ့လိုက်ရပြီးနောက် အချိန်တွေနောက်ပြန်ရောက်ကာ ဘယ်လိုတွေဖြစ်သွားမလဲ…. Past and Future ကို ယှဉ်တွဲရိုက်ပြထားတဲ့Chinese Historical,Romance,Sci-Fiဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။
mmbusticketPredominantly set during World War II, Steve Rogers is a sickly man from Brooklyn who’s transformed into super-soldier Captain America to aid in the war effort. Rogers must stop the Red Skull – Adolf Hitler’s ruthless head of weaponry, and the leader of an organization that intends to use a mysterious device of untold powers for world domination. 1080p BluRay 5.1 DTS Quality ဖြင့် Marvel Cinematic Universe (MCU) Collection ကိုစုပေါင်းတင်ဆက်ပါသည်။MCU ဇာတ်ကားအားလုံးကို https://channelmyanmar.org/category/marvel-universe/ မှာ Download နိုင်ပါသည်။++++++++++++++++++++++++++++ Marvel Cinematic Universe Intro=======================Marvel ထုတ်လုပ်ရေးမှ Marvel Cinematic Universe(MCU) ကို လွန်ခဲ့တဲ့ ၁၀ နှစ်က စပြီးတည်ဆောက်ခဲ့ပါတယ်။ ပထမဆုံး ဇာတ်လမ်းဖြစ်တဲ့ Iron Man-1 နဲ့ဖြစ်ပါတယ်။ နောက်ဆုံးအပိတ်ကတော့ Endgame (2019) ဖြစ်ပါတယ်။Marvel Universe မှာ Infinity Stone လို့ ခေါ်တဲ့ စွမ်းအား အကြီးဆုံး ကျောက်တုံး(၆) လုံးရှိပါတယ်။ အဲဒီကျောက်တုံးတွေဟာ စကြဝဠာအနှံ့မှာ ပြန့်ကျဲနေတယ် ဆိုပါတော့။ ကျောက်တုံးတစ်တုံးချင်းစီမှာ သီးခြားအစွမ်းတွေ ရှိပြီး သာမာန်လူတွေ ကိုင်တွယ်သုံးစွဲဖို့ မဖြစ်နိုင်သလောက်ပါပဲ။ Infinity War ရဲ့ အဓိက ဗီလိန်ဖြစ်တဲ့ Mad titan လို့ခေါ်ကြတဲ့ Thanos က ဒီကျောက်တုံးတွေကို စုစည်းပြီး စကြဝဠာကို သူ့သဘောအတိုင်းဖန်တီးဖို့ကြိုးစားပါလိမ့်မယ်။ ဒါကို Avengers( Captain America, Iron Man, Hulk, Thor, Black Widow, Hawkeye, Vision,Scarlet Witch,Antman,Falcon) တို့နဲ့ Spiderman, Doctor Strange, Black Panther, Guardians of the Galaxy အဖွဲ့တို့ ပူးပေါင်းတားဆီးကြရင်း ဖြစ်လာတဲ့ စစ်ပွဲပါ။Infinity Stones 6 လုံးရဲ့ တည်နေရာတွေကတော့၁. Space Stone aka Tesseract (Blue) (Captain America: the first avenger ဇာတ်ကားမှာ နာဇီတွေဆီက လုယူရတဲ့ ကျောက်တုံးဖြစ်ပြီး Avengers ဇာတ်ကားမှာ လိုကီက ဂြိုလ်သားတွေကို ကမ္ဘာကိုခေါ်ဖို့ ဝင်ပေါက်ဖွင့်တဲ့နေရာမှာ အသုံးပြုခဲ့ပါတယ်၊ လက်ရှိကတော့ Asgard ဂြိုလ်ပေါ်မှာ သိမ်းဆည်းခဲ့ရင်း Thor: Ragnarok ကားအဆုံးမှာ လိုကီ ခိုးယူခဲ့တာကို တွေ့ရမှာပါ)၂။ Reality Stone aka Aether (Red) ( စကြဝဠာကို Big Bang မတိုင်ခင်အထိတောင် ပြန်ပြောင်းပစ်နိုင်ပါတယ်။ Thor 2: The Dark World မှာ ပါလာခဲ့ပြီး နောက်ဆုံး credit scene မှာ Collector ဆိုသူဆီမှာ သိမ်းဆည်းထားပါတယ်)၃။ Power Stone (Purple Orb) ( ဂြိုလ်တစ်ခုလုံးကို အသာလေးဖျက်ပစ်လို့ရတဲ့ raw power တွေပါပါတယ်။ Guardian of the Galaxy 1 မှာ ပါဝင်ခဲ့ပြီး Xander က Nova Corps စစ်တပ်လက်ထဲမှာ သိမ်းဆည်းထားပါတယ်။)၄။ The Time Stone ( The Eye of Agomotto, Green) ( အချိန်ကို လိုသလိုအသုံးချနိုင်ပါတယ်။ Doctor Starnge ဇာတ်လမ်းမှာ ပါဝင်လာပြီး လက်ရှိ ဒေါက်တာ စထ်ရိန့်က စောင့်ရှောက်ထားပါတယ်)၅။ Mind Stone (Yellow) ( ဉာဏ်ရည်ကို မြှင့်တင်ခြင်းနဲ့ စိတ်ညို့ခြင်းတွေ ပြုလုပ်နိုင်ပါတယ်။ Avengers 1 မှာ ပါဝင်ခဲ့ပြီး လက်ရှိ Vision ရဲ့ နဖူးထဲမှာ မြှပ်ထားတာပါ)၆။ Soul Stone (Orange) ( သက်ရှိ သက်မဲ့ အခြေအနေတွေကို ထိန်းချုပ်နိုင်ပါတယ်။ Planet Vormir မှာရှိပါတယ်။ )အဆိုပါ ကျောက်တုံး ၆ တုံးကို သုံးနိုင်ဖို့ Infinity Gauntlet ဆိုတဲ့ လက်အိတ်ကို လိုပါတယ်။ အဲဒီလက်အိတ်ကိုတော့ Thanos ပိုင်ဆိုင်ထားပါတယ်။ ဒီလောက်ဆို Marvel Universe ကိုကြည့်ဖို့ အကြမ်းဖျဉ်းလုံလောက်ပြီ ထင်ပါတယ်။
ကဲ ဒီတစ်ခါတော့ Cell ဆိုတဲ့ Horror/Si-Fi တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ Horror တို့ရဲ့ ထုံးစံ အတိုင်းပဲ rating နည်းနေတာကတော့ ပြောစရာ မလိုလောက်ပါဘူး ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်တွေကလည်း ပရိတ်သတ်ကြီးနဲ့ မစိမ်းတဲ့ မင်းသား/မင်းသမီးတွေပါ ဇာတ်လမ်း ကလည်း ပုံမှန် Zombie ကားတွေလိုမဟုတ်ပဲ ဇာတ်လမ်းစပြီးကတည်းက ဇာတ်လမ်းရဲ့ Tempo ကိုမြင့်လိုက်တာက ကြည့်ရှူ သူတွေအတွက် တမူထူးခြားနေမှာပါ ဇာတ်လမ်းအကျဉ်းလေးကတော့ ပြပွဲအတွက် ခရီးထွက်နေရတဲ့ မင်းသားကြီး ဟာ လေဆိပ်မှာ ခနနားနေတုန်း အိမ်က သားဖြစ်သူကို ဖုန်းဆက်နေရာမှ ထူးဆန်းတဲ့ Signal ကြောင့် ဖုန်းပြောနေသူအားလုံး စိတ်ရိုင်းဝင် အသိစိတ်လွတ်ပြီး အချင်းချင်း သတ်ဖြတ်ကုန်တဲ့အခါမှာတော့ ဘယ်လိုများ ရင်ဆိုငိထွက်ပြေးမလဲ သားဖြစ်သူဆီကိုကောပြန်လည်ရောက်ရှိနိုင်ပါ့မလား ဆိုတာတွေကိုတော့ ဒေါင်းယူကြည့်ရှူလိုက်ပါအုံး
ဒီတစ်ခါတော့ အနာဂတ်ခေတ်လွန်အက်ရှင်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းလေးအကြောင်းကိုပြောပြရမယ်ဆိုရင်တော့ ဒီဇာတ်လမ်းလေးဟာ အနာဂတ်မှာ စတုတ္ထကမ္ဘာစစ်ဖြစ်ရခြင်းရဲ့ အကြောင်းရင်းကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ခေတ်လွန်နည်းပညာများ၊ ခေတ်လွန်လက်နက်များနဲ့ ဖန်တီးထားတဲ့ အက်ရှင်ကားကောင်းလေးမို့ Action နဲ့ Sci-Fi ကြိုက်တဲ့လူတွေအတွက် ကြိုက်နှစ်သက်မှာဖြစ်ပြီးတော့ မိသားစုနဲ့အတူကြည့်ဖို့ကောင်းသလို သူငယ်ချင်းတွေနဲ့လည်းအတူကြည့်ဖို့အဆင်ပြေတဲ့ ကားလေးတစ်ကားလည်းဖြစ်ပါတယ်…
နှစ်တွေက တဖြည်းဖြည်းနဲ့တိုက်စားပြီး ကမ္ဘာကြီးကို ပျက်စီးမှုတွေနဲ့လူသားတွေကို ဆာလောင်နေတဲ့ အရိုင်းအစိုင်း သားရဲများ အဖြစ်ပြောင်းလဲ သွားရာမှ ရည်ရွယ်ချက်မဲ့ လက်စားချေလိုတဲ့ လူတစ်စုက အသက်ရှင်ရပ်တည်နိုင်ဖို့ ဘယ်လိုတွေများ ကြိုးစားရှင်သန် ရမလဲ သွေးဆာနေတဲ့ အရိုင်းအစိုင်းကောင်တွေကို ဘယ်လိုများရင်ဆိုက်တိုက်ခိုက်ကြမလဲကို ပရိတ်သတ်ကြီးက ဆက်လက်ဒေါင်းယူ ရှူ စားကြရမှာဖြစ်ပါတယ်
ငါးမန်းတစ်ကောင်ကို လူအသိဉာဏ်လိုမျိုးအရာတွေ ထည့်သွင်းပေးလိုက်တဲ့အခါ ဘယ်လိုအကျိုးဆက်တွေရလာမလဲဆိုတာ ကြည့်လိုက်ရအောင်လား… ငါးမန်းဆိုတာမျိုးကရေဘုရင်လို့တင်စားလို့ရတဲ့ အသားစားသတ္တဝါတွေပါ…ဒီလိုအကောင်မျိုးတွေကို လူတွေရဲ့သုတေသနအဖြစ်ရွေးချယ်လိုက်တယ်ဆိုတာကတော့ တော်တော်ကိုအန္တရာယ်များတဲ့စွန့်စားမှု့တစ်ခုပါပဲ… ဒါပေမယ့် စူးစမ်းချင်တာကလည်းလူတွေရဲ့သဘာဝ မဟုတ်ပေဘူးလား…ဒါကြောင့် ငါးမန်းတွေကိုမွေးမြူပြီး အဖွဲ့လိုက်အမဲလိုက်တတ်အောင်သင်ပေးကြပါတယ်… ငါးမန်းဆိုတာမျိုးကတစ်ကောင်တည်း အစာရှာတတ်တဲ့အမျိုးတွေပါ… ဒီလို အရိုင်းစိုင်းကောင်တွေကို အဖွဲ့လိုက်အမဲလိုက်တတ်အောင် သင်ပေးတာကလည်းတော်တော်ကိုမလွယ်သလို အရမ်းလည်းအန္တရာယ်များတဲ့အလုပ်ပါ…. ဒီလိုတိုးတက်လာတဲ့ ငါးမန်းတွေကို လူသားတစ်ယောက်လိုတွေးခေါ်နိုင်အောင် လုပ်ပေးလိုက်တဲ့အချိန်မှာတော့ လူတွေက အမဲလိုက်လို့သင်ပေးလိုက်တဲ့ သူတို့ရဲ့ငါးမန်းတွေက သူတို့ကိုပြန်ပြီးတော့ အမဲလိုက်ကြပါတော့တယ်… အဲလိုအမဲလိုက်ကြတဲ့အခါမှာတော့ ပင်လယ်ပြင်ရေအောက်စခန်းမှာ ပိတ်မိနေကြမယ့် လူသားတစ်စုရဲ့ အသက်ရှင်လှုပ်ရှားမှု့တွေကို စိတ်လှုပ်ရှားကြောက်လန့်ဖွယ်မြင်ရမှာပဲဖြစ်ပါတယ်… ဒီကားက Rating နည်းပေမယ့် ကြည့်လို့ကောင်းမယ့် ကားမျိုးပါ…
ဒီဇာတ်ကားလေးကတော့ Rating 7အထိကိုရရှိထားတဲ့ ရှားရှားပါးပါး ဂျပန်ကားလေးဖြစ်ပြီး Crime, dramaကားအမျိုးအစားလေး ဖြစ်ပါတယ် ဒီကားလေးမှာဆိုရင်တော့အီရှီကီဆိုတဲ့သူနဲ့အာဆာကိုတို့လက်ထပ်ပြီးနောက်အီရှီကီရဲ့မွေးရပ်မြေကိုရောက်လာတယ် ထူးခြားတာကအဲ့မှာလူတွေတင်မကဘူး ဝိညာဉ်တွေပါနေထိုင်တယ် သူတို့လည်းဝိညာဉ်တွေနဲ့ ပြောဆိုဆက်ဆံရတာပေါ့ သေခြင်းရှင်ခြင်းကြားမှာထပ်ပြီးနေလို့ရသေးတာတွေတွေ့ရတယ် တမလွန်အကြောင်းတွေကိုလည်းရှင်းပြထားတယ် ကိုယ်ထဲကလိပ်ပြာထွက်တဲ့အကြောင်းတွေလည်းပြထားတယ် ဝိညာဉ်နဲ့ ပတ်သက်တာကြိုက်တဲ့သူတွေအတွက်တော့ကြည့်သင့်တဲ့ကားတစ်ကားပေါ့ သူတို့ရဲ့ ဝိညာဉ်တွေနဲ့အတူဘယ်လိုနေကြလဲ အီရှီကီကရဲစခန်းမှာအကြံပေးလည်းလုပ်တော့စုံထောက်ဆန်တဲ့ဇာတ်ဝင်ခန်းတွေလည်းပါတယ် တစ်နေ့ အာဆာကိုရဲ့ဝိညာဉ်က ကိုယ်ထဲကထွက်သွားပါလေရော အဲ့တော့ သေမင်းကလာခေါ်ရော အီရှီကီက အဲ့ဒါကိုတားဆီးနိုင်မလား မတားနိုင်ဘဲ တမလွန်ကိုပါသွားရင်ရောဘယ်လိုဖြစ်မလဲ ဘာတွေရောဆက်ဖြစ်ကြဦးမှာလဲ ဘယ်လိုတွေရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာကို Destiny.The Tale of Kamakura 2017ဆိုတဲ့ ဂျပန်ကားလေးမှာ စောင့်ကြည့်လိုက်ကြပါဦးရှင်
အမေရိကန် သိပ္ပံအဖွဲ့အစည်းတစ်ခုက လူသားတွေကို ကာကွယ်စောင့်ရှောက်ဖို့အတွက် ဖရက်ဒီဆိုတဲ့ စက်ရုပ်လေးကို ဖန်တီးတီထွင်ခဲ့ကြပါတယ်။ ဒါပေမယ့် အဖွဲ့အစည်းခေါင်းဆောင် အကြီးအကဲက ဖရက်ဒီကို စစ်ပွဲတွေမှာ တိုက်ခိုက်ရေးစက်ရုပ်အဖြစ် အသုံးချဖို့ ပြင်ဆင်နေတာကို တီထွင်သူ သိပ္ပံပညာရှင် ဒေါက်တာပါမာ သိသွားတဲ့အချိန်မှာတော့ ဖရက်ဒီ့ကို ယူပြီး အဝေးကိုထွက်ပြေးလာခဲ့ပါတယ်။ သူမကိုလိုက်ရှာနေတဲ့သူတွေ ရှိတာကြောင့် ဒေါက်တာပါမာဟာ ဖရက်ဒီကို တောတွင်းတစ်နေရာမှာ ဖွက်ထားခဲ့ရင်း အထက်တန်းကျောင်းသားလေးနှစ်ယောက်က တွေ့ရှိသွားတဲ့အခါမှာတော့ အိမ်ကို ယူသွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဖရက်ဒီနဲ့ ကောင်လေးတွေ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ။ လိုက်ရှာတဲ့အဖွဲ့အစည်းလက်ကရော ဖရက်ဒီတို့ ထွက်ပြေးလွတ်မြောက်နိုင်ကြမှာလားဆိုတာတော့ F.R.E.D.I ဆိုတဲ့ စက်ရုပ်ကားလေးကို ပိတ်ရက်မှာ အေးအေးဆေးဆေးဒေါင်းလုတ်ချယူရင်း ကြည့်ရှုလိုက်ကြပါဦးဗျာ….
ဒီရုပ်ရှင်ကတော့ HBO ရုပ်သံလိုင်းကနေ ထုတ်လွှင့်ခဲ့တဲ့ Fahrenheit 451 ဆိုတဲ့ရုပ်ရှင်ကားကောင်းတစ်ကောင်းဖြစ်ပါတယ်။ အနာဂတ်ကာလမှာ အာဏာပိုင်တွေဟာ လူတွေ ပညာဆည်းပူးနေတာတွေ၊ အသိပညာရှာဖွေတာတွေကို ပိတ်ပင်တားဆီးနိုင်ဖို့၊ သတင်းအမှောင်ချနိုင်ဖို့၊ စိတ်ကြိုက်ခြယ်လှယ်နိုင်ဖို့အတွက် စာအုပ်တွေအားလုံးကို မီးရှို့ဖျက်ဆီးဖို့ စေခိုင်းပါတော့တယ်။ စာအုပ်တွေကို မီးရှို့ဖျက်စီးတဲ့သူတွေထဲမှာ Guy Montag ဆိုတဲ့လူငယ်တစ်ယောက်လဲ ပါဝင်ပြီး အာဏာပိုင်တွေရဲ့ အမိန့်အတိုင်း ဘာအမေးအမြန်းမှမရှိပဲ ဖျက်စီးပေးနေခဲ့ပါတယ်။ ဒါပေမယ့် တစ်နေ့မှာတော့ သူ့ရဲ့လုပ်ရပ်တွေကို မေးခွန်းထုတ်လာတဲ့ ကောင်မလေး တစ်ယောက်နဲ့ဆုံတွေ့ခဲ့ပြီးနောက် စာအုပ်တွေကို ဖျက်စီးတဲ့လုပ်ရပ်ကို သူကိုယ်တိုင်ပြန်လည်တားဆီးဖို့ ကြိုးစားပါတော့တယ်။ ဒီဇာတ်ကားရဲ့အဓိကသရုပ်ဆောင်တွေကတော့ Black Panther ဇာတ်ကားထဲမှ Michael B. Jordan နဲ့ ဒိတ်ဒိတ်ကြဲမင်းသားကြီးဖြစ်တဲ့ Michael Shannon တို့ဖြစ်ပါတယ်။ Fahrenheit 451 ဆိုတဲ့ဝတ္ထုကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး မင်းသားကောင်း ၂ လက်နဲ့အတူ ဇာတ်လမ်း အစအဆုံးဆွဲခေါ်သွားမှာဖြစ်တဲ့အတွက် ကြည့်သင့်တဲ့ကားကောင်းတစ်ကားလို့ပဲ ညွန်းလိုက်ပါရစေ။
၂၀၁၈ထဲမှာထွက်တဲ့ကားတွေမှာ အနာဂတ်မှာဘာတွေဘယ်လိုဖြစ်နိုင်မလဲဆိုတာတွေးတောရိုက်ထားတဲ့ကားတွေအတော်များသားဗျအခု Future World ဆိုတဲ့ကားကလဲ နာမည်အတိုင်း အနာဂတ်ကမ္ဘာမှာ အခြေတည်ထားပါတယ်လူသားတွေအချင်းချင်းစစ်ပွဲတွေဖြစ်ခဲ့ကြတယ် သေကြေပျက်စီးကုန်ကြတယ်ဘယ်လောက်ထိအကြီးအကျယ်ဖြစ်ခဲ့သလဲဆိုရင် ပစ်စရာကျည်ဆံတောင်မရှိတဲ့ခေတ်ဖြစ်သွားတယ်အဲ့တော့ စစ်ပွဲကြီးအပြီးကျန်ခဲ့တဲ့လူတွေကရော ဘယ်လိုရှင်သန်နေထိုင်ကြလဲ
လောကကြီးရဲ့ထုံးစံအတိုင်း ကောင်းတာလုပ်တဲ့လူနဲ့ဆိုးတာလုပ်တဲ့လူပဲရှိတာဆိုတော့ သူ့ဘာသူအဖွဲ့လေးတွေနဲ့ဖွဲ့နေကြတယ်ပေါ့ဗျာဆိုးတဲ့လူတွေက အဖွဲ့လေးတွေနဲက သူ့တို့သူတို့ စစ်ခေါင်းဆောင်(warlord)လို့ခံယူပြီးသောင်းကျန်းနေကြတယ်ပေါ့ဒီဇာတ်ကားရဲ့ဇာတ်လိုက်ကတော့ အိုအေစစ်လို့ခေါ်တဲ့နေရာမှာနေကြတဲ့လူစုထဲက မင်းသားပေါ့သူ့အမေဖြစ်သူ စစ်ပွဲရဲ့အကျိုးဆက်ဖြစ်တဲ့ ရောဂါကိုခံစားနေရသူ သေလုမျောပါးဝေဒနာသည်အဖြစ် တရုတ်မင်းသမီး (Lucy Lui)က
သရုပ်ဆောင်ထားပါတယ်မင်းသားက အမေ့ကိုဆေးကုသဖို့အတွက် နတ်ပြည်ကမ်းခြေ(Paradise Beach)ကိုသွားချင်နေတယ် အဲ့နေရာမှာဆေးရတယ်ကြားထားတာကိုးအဲ့လိုနဲ့ မင်းသားရဲ့ဆေးရှာပုံတော်ခရီးစဉ်စရတော့တာပေါ့ဇာတ်လိုက်မင်းသမီးကတော့ အက်ရှ်လို့ခေါ်တဲ့ စက်ရုပ်မလေး သူကဟိုးစစ်ပွဲကြီးကတည်းက ရှိနေခဲ့တာ သူကသတ်ဖြတ်ရတာတွေကိုမုန်းတီးနေတယ် သူကိုယ်တိုင်ဘဝတစ်ခုပိုင်ဆိုင်ချင်နေတယ်မင်းသားတစ်ယောက် ဆေးကိုရှာတွေ့သွားမလားသူရှာနေ
တဲ့ဆေးကရောတကယ်ပဲရှိနေလို့လား စက်ရုပ်မလေးနဲ့ရောဘယ်လိုနှစ်ပါးသွားမလဲဆိုတာတွေကတော့ဇာတ်ကားဒေါင်းကြည့်ကြပါကုန်ဒီကားရဲ့ Cast List ကတော့ အလန်းဗျဗီလိန်အဖြစ် နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ James Franco, Resident Evil မင်းသမီး Milla Jovovich တို့ပါဝင်ထားတယ်ပြီးတော့ ထူးခြားချက်အနေနဲ့ Snoop Dogg တောင်ပါလိုက်သေးတယ်ဗျဒီဇာတ်ကားထဲမှာ အဖော်အချွတ်အခန်းအချို့နဲ့ စကားလုံးရိုင်းရိုင်းတချို့ပါဝင်နေတာကြောင့် ချင့်ချိန်ပြီးဒေါင်းနိုင်ပါတယ်ခင်ဗျ
G.I. Joe: The Rise of Cobra(2009)[1080p 5.1 CH] (((အမိုက်စားသိပ္ပံအက်ရှင်ကားကြီးကို ဝုန်းဂျိန်းအုံးဂွမ်း အသံမျိုးစုံဖြင့်ခံစားနိုင်စေရန်CM ပရိတ်သတ်များအတွက်1080P 5.1CH ဖြင့်ပြန်လည်တင်ဆက်ပေးထားသည်))) ကာဇတ်စတန်နိုင်ငံမှာ မားစ် ဆိုတဲ့ နာမည်နဲ့ လက်နက်ကုမ္ပဏီ တစ်ခုရှိတယ်…..ဒီ ကုမ္ပဏီဟာ NATO ရဲ့ အထောက်အပံ့နဲ့ လက်နက်သစ်တစ်မျိုး စမ်းသပ်အောင်မြင်သွားတယ် ။
ဒီလက်နက်က တကယ့်ကိုအဖျက်စွမ်းအားကြီးတဲ့လက်နက်ပါပဲ….
အဲဒိလက်နက်ကတော့ သတ္ထုတွေကို စားပစ်တဲ့ နာနိုမိုက်လို့ ခေါ်တဲ့ ဗိုင်းရပ်ပဲပေါ့ ။နာနိုမိုက် ဒုံးကျည်ကို ပစ်လိုက်တဲ့အခါ ပစ်မှတ်ကို ထိမှန်ရင် နာနိုမိုက်တွေဟာ အကန့်အသတ်မရှိ သတ္တုတွေစားပစ်တယ်…မလိုလားတဲ့ ဖျက်ဆီးမှုတွေ
မဖြစ်စေချင်ရင်တော့ ပိတ်တဲ့ခလုတ်ကို နှိပ်မှ ရပ်တန့်သွားတတ်တယ်…ဒီလောက်အန္တရယ်ကြီးတဲ့လက်နက်ကို မသမာသူတွေက အဖျက်လုပ်ရပ်တွေမှာ အသုံးပြုဖို့ လုယူသွားကြတယ်..ကိုင်း ….မသမာသူနဲ့ အတော်ဆုံးစစ်သားတွေကြား အကြမ်းစားရန်ပွဲတွေအကြီးစား လက်နက်မျိုးစုံတွေ အလန်းစား သရုပ်ဆောင်တွေနဲ့ အကောင်းစား ဇတ်ကားကြီးကိုခံစားလိုက်ကြပါကုန်….
ဒီရုပ်ရှင်ကားကို စကြည့်မိတဲ့ အချိန်ဘာကို သတိရမိလဲ ဆိုတော့အရင်က သဘာဝဘေး အကြောင်း
ရုပ်ရှင်တွေ ရိုက်ပြီးရင် အပြင်မှာလဲဆူနာမီ လို မုန်တိုင်းတွေ တိုက်ခတ်ပြီးတကယ်ဖြစ်ဖြစ်သွားတာ လန့်လွန်းလို့ရှေ့ပြေးနိမိတ် ရုပ်ရှင်မဟုတ်ပါစေနဲ့ အရင်ဆုတောင်းရတယ်ကဲ ဇတ်လမ်းအကြောင်း နည်းနည်းပြောပြမယ်….ဒီရုပ်ရှင်ကားကို Director: Dean Devlin က ရိုက်ကူးခဲ့ပြီးOctober 11, 2017 မှာ ရုံတင်ပြသခဲ့တယ်…Budget ကို 120 million USD နဲ့ ရိုက်ကူးခဲ့ပေမယ့် Box office မှာ184.4 million USD အထိ ရရှိခဲ့တယ်IMDb 5.6 သာ ရရှိထားပေမယ့် ကျနော့်စိတ်နဲ့ ဆို 7.0 လောက်ထိပေးချင်ပါတယ်
ဒါဆို ဒီရုပ်ရှင်ဘယ်လောက်ကောင်းတယ်ဆိုတဲ့ အညွှန်းမလာသေးခင်ကြည့်ရတာ တန်တယ်ဆိုတဲ့ ခံစားချက် တစ်ခုပဲ ရှိသေးတယ်နော်
=====================
ဇတ်လမ်းပုံစံကတော့ ၂၀၁၉ ခုနှစ်မှာ ကမ္ဘာအဝှမ်း ရာသီဥတုဆိုးရွားပျက်ဆီးမှုတွေ နဲ့ ကြုံတွေ့လာခဲ့ရတာကို စတင်ပြသထားပြီးအဲ့ဒီ ရာသီဥတု ဆိုးဝါးတာတွေကို ကာကွယ်ဖို့ အတွက်ဂျိတ် နဲ့ မတ် ဆိုတဲ့ ညီအကို ၂ ယောက်က နိုင်ငံတကာကသိပ္ပံပညာရှင်တွေနဲ့ ပူးပေါင်းပြီး ဒက်ချ်ဘွိုင်း ဆိုတဲ့ စနစ်တစ်ခုကိုဖန်တီးခဲ့ပြီး အာကသ ထဲတွင် စခန်းတည်ဆောက်ကာသက်ဆိုင်ရာ နိုင်ငံတွေ ရဲ့ ရာသီဥတုတွေကို လိုက်လျောညီထွေစေရန်ဆောင်ရွက်အောင်မြင်ခဲ့ကြပါတော့တယ်….ဒီလိုနဲ့
တစ်ရက်မှာတော့ ဂျိတ် ဦးဆောင်ခဲ့တဲ့ ဒက်ချ်ဘွိုင်း စနစ်ကိုနာဆာ လက်အောက်ကို ရယူဖို့အတွက် ဂျိတ် ကို အလုပ်ဖြုတ်ပြီးစနစ် နဲ့ ဝေးရာကို တွန်းပို့ခဲ့ကြပါတော့တယ်ဂျိတ်မရှိတဲ့နောက်မှာဂျိတ် ရဲ့ ညီ ဖြစ်သူ မတ် က စနစ်ကို နာဆာ လက်အောက်မှ တဆင့်ဦးဆောင်ရင်း ၃ နှစ်ခန့် ကြာသော အခါမှာတော့….နာဆာ ရဲ့ ဒက်ချ်ဘွိုင်း ဂြိုလ်တု တစ်ခုဟာ အာဖဂန်နစ်စတန် ရဲ့သဲကန္တာရ တစ်ခုထဲက မြို့အပေါ်ကျခဲ့ပြီး တစ်မြို့လုံး ရေခဲပြီးအကုန်အေးခဲသေသွားကြတယ်…အဲ့ဒီလို ဖြစ်ပြီး ဟောင်ကောင် မှာလဲ အပူရှိန်လွန်ကဲကာဂစ်လိုင်းတွေ ပေါက်ကွဲတဲ့ သတင်း ဖြစ်ပွားခဲ့ပြန်တယ်အဲ့ဒီသတင်းကြောင့် ဒက်ချ်ဘွိုင်း ကို ဦးဆောင်နေတဲ့အဖွဲ့ဟာအလုပ်တွေရှုပ်ပြီး ဘာကြောင့်မှန်း အဖြေရှာမရ ဖြစ်ခဲ့တယ်ဒီလိုနဲ့ မတ် ဟာ ဒီ
စနစ်ကို စတင်ဦးဆောင်တည်ဆောက်ခဲ့သူသူ့အကို ဂျိတ် ကို နာဆာ ကို ပြန်လာပြီး ဒီ ပြသနာတွေကို အဖြေရှာဖို့ပြန်လိုက်ရှာခေါ်ရပါတော့တယ်ပထမတော့ ဂျိတ် ဟာ ဒီကိစ္စတွေနဲ့ဝေးဝေးနေချင်ပေမယ့် သူ့ဘ၀ တစ်ခုလုံးနီးပါး ရင်းပြီး အချိန်ပေးခဲ့တဲ့
ဒက်ချ်ဘွိုင်း ရဲ့ ပြသနာကို အဖြေရှာဖို့ ပြန်လက်ခံခဲ့ပါတယ်…ဂျိတ် တစ်ယောက် နာဆာ မှ တဆင့် အာကသ ထဲက ဒက်ချ်ဘွိုင်းစနစ်တည်ရှိရာ စခန်းသို့ ရောက်သွားချိန်မှာတော့ သူ့ညီ မတ်ထင်နေခဲ့သလို ဒက်ချ်ဘွိုင်း ရဲ့ စနစ်ချို့ယွင်းမှု မဟုတ်ပဲအမည်မသိ တစ်စုံတစ်ယောက်ရဲ့ မိုးလေဝသ ထိန်းချုပ်တဲ့ စက်အပေါ်လူသတ်လက်နက် အဖြစ် အသုံးချနေတဲ့ အဖြစ်မှန်း သိရှိသွားခဲ့သောအခါ…..
——————————————–
ရုပ်ရှင်ကား ကြာမြင့်ချိန် ၁ နာရီ ၄၀ မိနစ် ခန့် ရှိပြီးAction, Sci-Fi, Thriller အမျိုးအစား ဖြစ်လို့ ဇတ်လမ်းစတင်ချိန်မှဇတ်လမ်းအဆုံးသတ်ချိန်ထိ ရင်တမမ သည်းထိတ်ရင်ဖို ကြည့်ရှုရမယ့်ရုပ်ရှင်ကားကောင်း တစ်ခုပဲ ဖြစ်ပါတယ်ဒီဇာတ်ကားကို ဘာသာပြန်ပေးထားသူတွေကတော့CM Translator တွေ ဖြစ်တဲ့ စောဝဏ္ဏ နှင့် အိစံ တို့ပဲ
ဖြစ်ပါတယ် …
၂၀၁၂ တုန်းက Ek Tha Tiger ဆိုတဲ့ သူလျှိုအက်ရှင်ကားအပြီး ဒုတိယမြောက် Tiger ရုပ်ရှင်အဖြစ် ထွက်ရှိလာတာဖြစ် ပြီး စူပါစပိုင်နှစ်ယောက်ဖြစ်တဲ့ တိုက်ဂါးနဲ့ဇိုရာ သူလျှိုဇာတ် လမ်းကို ဆက်လက်ရှုစားရမှာပါ။ ဖြစ်ရပ်မှန်အကြောင်းအရာဖြစ်တဲ့ ၂၀၁၄ တုန်းက အိုင် အက်စ်အဖွဲ့က ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ သူနာပြု ၄၆ ယောက်ကို ကယ်ဆယ်တဲ့အကြောင်း အဓိက ဇာတ်အိမ်တည်ထားတာဖြစ်ပါတယ်။ ပထမဇာတ်လမ်းရဲ့ အဆက်အနေနဲ့ RAW အေးဂျင့်တိုက်ဂါးနဲ့ သူ့ချစ်သူ ISI အေးဂျင့်ဇိုရာတို့ဟာ လက်ထပ်ခဲ့ကြပြီး သားလေးနဲ့အ တူ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းခဲ့ကြပါတယ်။ ဒီလိုနဲ့ ရှစ်နှစ်လောက်ကြာခဲ့အပြီးမှာ တော့ အချစ်ကိုဦးစားပေးပြီး မိသားစုအရေးပဲ အာရုံစိုက်ခဲ့ကြ တဲ့ တိုက်ဂါးတို့စုံတွဲအတွက် မစ် ရှင်တစ်ခုပေါ်လာခဲ့ပါတယ်။ တိုက်ဂါးရဲ့ အလုပ်ရှင် ဟောင်းဖြစ်တဲ့ ရှီနွိုင်က အီရတ် မှာ အကြမ်းဖက်သမားတွေရဲ့ ပြန်ပေးဆွဲခြင်းခံရတဲ့ အိန္ဒိယသူနာပြု ၂၅ ယောက်ကို ပြန်ကယ်စေချင် ခဲ့ပါတယ်။ အကြမ်းဖက်သမား တွေလက်ထဲမှာ အိန္ဒိယသူနာပြု တွေအပြင် ပါကစ္စတန်သူနာပြု ၁၅ ယောက်လည်း ပါနေသေးတဲ့ အတွက် အိန္ဒိယသူလျှိုတိုက်ဂါးနဲ့ ပါကစ္စတန်သူလျှိုဇိုရာတို့စုံတွဲ စစ် ဆင်ရေးကို အတူလှုပ်ရှားခဲ့ကြပါ တယ်။ အတိုက်အခိုက်၊ အပစ်အ ခတ်တွေနဲ့မို့ အက်ရှင်ဇာတ်ကြမ်း ကြိုက်ပရိသတ်အကြိုက်တွေ့ မယ့် ဇာတ်ကွက်တွေ အများကြီး ပါသလို ဂီတ၊ အကနဲ့ ဒရာမာ တွေလည်း ပါတာမို့ ရသစုံပေး စွမ်းတဲ့ ဇာတ်ကားဆိုရင်လည်း မမှားပါဘူး။ အကြမ်းဖက်သမားတွေရဲ့ နယ်မြေထဲကို တိုက်ဂါးတို့စုံတွဲ ဘယ်လိုအစီအမံတွေနဲ့ ဝင်ကြမှာ လဲ။ ဓားစာခံသူနာပြုတွေကို ဘယ်လိုကယ်တင်ကြမှာလဲဆိုတာ ဆက်ကြည့်ဖို့ ဖော်ပြလိုက်ပါ တယ်။ ဒီဇာတ်ကားမှာ ဝါရင့်သရုပ်ဆောင်မင်းသား ဆယ်လ်မန်ခန်း နဲ့ မင်းသမီး ကက်ထရီနာကိတ်ဖ် တို့ကပဲ အဓိကဇာတ်ကောင်အ ဖြစ် သရုပ်ဆောင်ထားကာ ဆာဂျက်ဒယ်ဖရူဇ်၊ ဆူဒိ၊ အန်ဂက် ဘီဒီ၊ ကူမွတ်မစ်ရှ်ရာ စတဲ့သူတွေအားဖြည့်ထားပါတယ်။
mmbusticket ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ကတော့ John Oldmanလို့ခေါ်တဲ့ ပါမောက္ခတစ်ယောက်… ကျောက်ခေတ်ဦးကနေ ယနေ့ခေတ်ထိ နှစ်တွေသန်းနဲ့ချီရှင်သန်နေတဲ့ လူတစ်ယောက်အကြောင်းပါ။ သူက ကျောက်လက်နက်တွေနဲ့ အမဲလိုက်ဖူးတဲ့ လူ…. သူက ဗုဒ္ဓနဲ့ တွေ့ဖူးတဲ့လူ…. သူကိုယ်တိုင်ကို ယေရှု့လို့သတ်မှတ်ခံရဖူးခဲ့တဲ့လူ ဗင်းဆင့်ဗန်ဂိုးရဲ့ သူငယ်ချင်းဖြစ်ဖူးတဲ့လူ…. ပညာရပ်အဖုံဖုံရဲ့ ပါမောက္ခဖြစ်ဖူးတဲ့လူ… သူချစ်တဲ့လူတွေရဲ့ သေဆုံးခြင်းကို ရင်နင့်ကြေကွဲဖူးတဲ့လူ… သမိုင်းဖြတ်သန်းမှု အဆက်ဆက်ထဲမှာ စီးမျောဖူးတဲ့လူ..။ ဒီရုပ်ရှင်မှာ သူ့ရဲ့ အတွေးအခေါ်တွေကို မြင်ရမှာပါ။ မှန်သည်မှားသည်ကတော့ ကိုယ်တိုင်ပဲချင့်ချိန်ကြပါ။ ဒီဇာတ်လမ်းဟာ သူ အလုပ်ထွက်ပြီး ထွက်သွားမဲ့အချိန်မှာ သူငယ်ချင်း ပါမောက္ခတွေနဲ့ အနုပညာ ချစ်ခြင်းမေတ္တာ ရှင်သန်ရပ်တည်မှု ဘာသာရေးစသဖြင့် အကြောင်းအရာအစုံကို ဆွေးနွေးခဲ့ကြတဲ့ ညတစ်ညအကြောင်းပါပဲ….။ လူူသားတစ်ယောက်ဟာ သက်တမ်းအနေနဲ့ သက္ကရာဇ်တွေ ဘယ်ရွေ့ဘယ်မျှပဲရရ ဒီကမ္ဘာပေါ်က မြေမှုန်တစ်ပွင့်ထက် မပိုခဲ့ပါဘူး။သူ့ အသက် ၁၄၀၀၀ နဲ့တောင်မှပဲပေါ့… အသိတရားတွေလည်း အများကြီး မရခဲ့ပါဘူး။ ဒုက္ခနဲ့တစ်ခါ ရင်ဆိုင်တွေ့တိုင်း ချစ်သူ လက်ကလေး တစ်ခါကိုင်ချင်တယ်”ဆိုတဲ့ အိုမာခယမ် ကဗျာကလေးလို လူတွေမှာတွယ်တာရာ ရည်ရွယ်ရာတွေနဲ့ လောကဓံတွေကို ရင်ဆိုင်နေကြရတာ များပါတယ်။ အချိန်တွေ အကြာကြီး ရှင်သန်ရင်း… ဆုံးရှုံးခဲ့ရတာတွေသိပ်များလာတဲ့အခါမှာ “ဆုံးရှုုံးကြရမဲ့အတူတူတော့ ဘာတွေကိုများ အများကြီး ဆုပ်ကိုင်ထားကြဦးမလဲ” တွေးမိကြမှာပေမဲ့ တက်နိုင်သရွေ့တော့ တွယ်ညှိနေကြဦးမှာပါ လူတွေဟာ အမှန်တရားထက်ပိုပြီး ထိုက်တန်ကြပါတယ်တဲ့…. ဒီရုပ်ရှင်ဟာ ဘယ်လိုမှ ယုတ္တိမဆန်ပါဘူး။ ဒါပေမဲ့လည်း ကျွန်တော်တို့ နှစ်သက်တဲ့ ရုပ်ရှင်တစ်ကားရဲ့ ဇာတ်လမ်းဟာ အဖြစ်မှန် အကြောင်းအရာ ဘယ်ရွေ့ဘယ်မျှ ပါတယ်ဆိုတာနဲ့ အဲ့ဒီရုပ်ရှင်ကို တိုင်းတာလို့မရပါဘူး။တစ်ခါတလေမှာ အမှန်တရားဆိုတာ စနစ်တကျတည်ဆောက်ထားတဲ့ အလိမ်အညာတစ်ခု ဖြစ်နေတတ်ပါတယ်။ အမှန်တရားဆိုတာ တစ်ခါတလေမှာ ရသ ဆန်ဖို့လိုပါတယ် သမိုင်းသက္ကရာဇ်နဲ့ အမြင်တွေမှာ ဘာတွေရေးထိုးထားလဲ ဆိုတာတွေထက် ကိုယ့်နှလုံးသားနဲ့ အံဝင်ခွင်ကျမဲ့ အယူတစ်ခုကို တိုင်းတာ ခံယူတတ်ရပါတယ်။ ဒီရုပ်ရှင်က ဘာတွေပေးမလဲဆိုရင်တော့ အရာရာဟာ ယူသလိုပဲ ရပါတယ်။
ဒီတစ်ခါမှာတော့ မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ Sci-fi, Drama, Action ဇာတ်ကားတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ နှစ်ထောင်ပေါင်းများစွာ လူသားတွေကြောင့် အစဉ်အဆက်တိုးတက်လာခဲ့တဲ့ ကမ္ဘာကြီးဟာ လပိုင်းလေးအတွင်းမှာ လူသန်းပေါင်းများစွာ အသက်သေဆုံးရပြီးပျက်စီးအံ့ဆဲဆဲအခြေအနေကိုရောက်ရှိလာပါတော့တယ်။ ရာသီဥတုတွေအကြီးအကျယ်ဖောက်ပြန်လာပြီး ကမ္ဘာ့စီးပွားရေးကလည်း ကယ်လို့မရအောင်ကို စုန်းစုန်းမြုပ်နေတဲ့ အခြေအနေကို ရောက်ရှိနေပါပြီ။ ကမ္ဘာမီးလောင် သားကောင်ချနင်း ဆိုတဲ့အတိုင်း ဒီဖြစ်ရပ်ကြီးကို အခွင့်ကောင်းယူပြီး ခိုးဆိုးလုနှိုက်နေတဲ့လူတွေ၊ ဘာသာရေးဂိုဏ်းဆန်ဆန်စည်းရုံးရေးဆင်းကြတဲ့သူတွေ စသဖြင့် လူတန်းစားပေါင်းများစွာလည်း ပေါ်ပေါက်လာပါတယ်။ အဲဒီထဲမှာမှ အရာအားလုံးနဲ့ကင်းကင်းရှင်းရှင်းနေနေတဲ့ ဇာတ်လိုက်ကြီးကတော့Kurt ၊ စစ်မှုထမ်းဟောင်းဖြစ်ပြီး အတိတ်ပုံရိပ်တွေရဲ့ခြောက်လှန့်မှုကြောင့် ကမ္ဘာကြီးမပျက်ခင်ကတည်းက သူတစ်ယောက်တည်း ကမ္ဘာပျက်နေတဲ့သူ။ တစ်ရက်မှာတော့အကြားအမြင်ဆရာဆန်ဆန်လူတစ်ယောက်နဲ့ လမ်းမှာတွေ့တယ်။ အဲဒီအကြားအမြင်ဆရာလို့ ဆိုနိုင်တဲ့သူက လျှပ်စစ်မုန်တိုင်းတွေကြောင့် ကမ္ဘာကြီးပျက်တော့မှာဖြစ်တဲ့အတွက်သူနဲ့အတူ ဘေးကင်းတဲ့နေရာလိုက်ခဲ့ပြီး အားလုံးပြီးဆုံးသွားတဲ့အချိန်မှ ကမ္ဘာကြီးကို ပြန်လည်တည်ဆောက်ကြမယ်ဆိုပြီး လူကြားထဲမှာ အာပေါင်ရင်းသန်သန်နဲ့ မဲဆွယ်နေတဲ့သူပေါ့။ အဲဒီအကြားအမြင်ဆရာက Kurt ကိုတွေ့တဲ့အခါမှာတော့ သူနဲ့အတူလိုက်ခဲ့ဖို့ အမှန်တရားမြင်အောင်ကြည့်ဖို့ တိုက်တွန်းတယ်။ အဲဒီအခါမှာတော့ တစ်ကိုယ်ရည်ကမ္ဘာပျက်နေတဲ့Kurt တစ်ယောက် ဘဝအပြောင်းအလဲကို ဖြစ်စေမယ့် ဆုံးဖြတ်ချက်ကို ချဖို့အကြောင်းဖန်လာပါတော့တယ်။ ဘာဆက်ဖြစ်မလဲသိချင်ရင်တော့ The Last Man ဆိုတဲ့ ဒီဇာတ်ကားလေးကို အမြန်ဆုံးပဲဒေါင်းကြည့်လိုက်ကြပါလို့တိုက်တွန်းချင်ပါတယ်။
ရေ မြေ လေ မီး နဲ့ပတ်သတ်ပြီးဇာတ်လမ်းအမြောက်အများထွက်ထားဖူးပါတယ် ဒီနှစ်ရဲ့ပထမဆုံး ရေ မြေ လေ မီး ကားအဖြစ်ထွက်လာတဲ့ The last boyဟာလည်း ကြည့်လို့ကောင်းတဲ့ကမ္ဘာပျက်ကားထဲမှာပါနေပါတယ် မြေရေလေမီးနဲ့ဖွဲ့စည်းထားတဲ့ဒီကမ္ဘာကြီးမှာလေကဖောက်ပြီးလူသတ်လက်နက်ဖြစ်လာပါတယ် လေတိုက်ခံရရုံနဲ့ဇီဝိန်ကြွေတဲ့အထိဆိုးဝါးလွန်းတဲ့ခေတ်ပျက်ထဲရောက်နေတာဖြစ်ပြီး ဆီရာနဲ့အမေဖြစ်သူတို့ရဲ့သားအမိဟာလည်းရှင်ကျန်သူတွေထဲကနှစ်ယောက်ဖြစ်ကြပါတယ် နိယာမအတိုင်းလေရဲ့အားနည်းချက်ဟာရေဖြစ်တာနဲ့အညီရေရှိနေရင်တော့ အန္တရာယ်မရှိနိုင်မှန်းသိသွားတဲ့အခါမှာတော့ လွတ်မြောက်အောင်ဘယ်လိုလုပ်ကြမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်နိုင်ပါပြီ
မြို့တစ်မြို့မှာ ကလေးတွေ အကြောင်းရင်းမရှိ အရုပ်ကြိုးပြတ်လဲကျသေဆုံးရာကနေ ဒီဇာတ်လမ်းဟာ စတင်ပါတယ်… ရောဂါရှာမရ ဘာကြောင့်ရယ်မှန်းမသိ သေဆုံးသွားတဲ့ ကလေးအရေအတွက်ဟာများသထက်များလာပေမယ့် တစ်ဖက်မှာတော့အသက်ရှင်ကျန်ခဲ့တဲ့ကလေးတွေလဲရှိနေပါသေးတယ်။ မိဘများရဲ့ပူဆွေးသောကတွေကိုလျစ်လျူရှုပြီး အစိုးရကအာရုံစိုက်တာကတော့ ရှင်ကျန်ခဲ့တဲ့ကလေးတွေရဲ့ခံနိုင်ရည်နဲ့ ထူးခြားတဲ့စွမ်းရည်တွေကိုပါပဲ။ ရှင်ကျန်ခဲ့တဲ့ကလေးတွေမှာ စွမ်းရည်တွေရှိတယ်လို့ အစိုးရကသိပြီးတဲ့နောက် ကလေးတွေကို ကုသကာကွယ်ဆေးပေးခန်း အမည်ခံ အကျဉ်းစခန်းတွေမှာဖမ်းဆီးချုပ်နှောင်ထားပါတော့တယ်။ ဒီအကျဉ်းစခန်းကို အသက်၁၀နှစ်ပြည့်မွေးနေ့ပြီးနောက်တစ်ရက်မှာပဲ အဖမ်းဆီးခံလိုက်ရတဲ့ ကလေးလေးနာမည်ကတော့ ရူဘီ ဒေလီပါပဲ။ သူမတူရှားပါးလှတဲ့ စွမ်းရည်ကိုပိုင်ဆိုင်ထားပြီး အစွမ်းကြီးမားသူဆိုရင် သတ်ပစ်တဲ့အကျဉ်းစခန်းမှာ သူဘယ်လိုရုန်းကန်အသက်ရှင်မလဲ? အဲ့ဒီစခန်းကနေထွက်ပြေးဖို့ကြိုးစားပေမယ့် အောင်မြင်ပါ့မလား? အကျဉ်းစခန်းမှာလဲ ကလေးတွေချုပ်နှောင်ခံထားရပေမယ့်အပြင်လောကမှာရော ဘာတွေဖြစ်ပျက်ကုန်ပြီလဲ? အသက်ငယ်ငယ်ရူဘီလေး ဒီအခက်အခဲတွေကို သူမရဲ့သူမတူတဲ့စွမ်းရည်တွေနဲ့ကျော်ဖြတ်လို့ရောအောင်မြင်နိုင်ပါ့မလား? ဆိုတာ စိတ်ဝင်တစားဇာတ်လမ်းရဲ့အဟုန်မှာလိုက်ပါစီးမျောအဖြေရှာကြည့်ပါ။ ဒီလို စွမ်းအားတွေပိုင်ဆိုင်ထားတဲ့လူငယ်လေးတွေတစ်ယောက်ဆီမှာ ကိုယ်ပိုင်အဆင့်သတ်မှတ်ချက်ဆိုတာရှိပါတယ်…. အဲဒါတွေကတော့ အပြာရောင် အစိမ်းရောင် အဝါရောင်ဟာ သာမာန်စွမ်းအားသာရှိကြပြီးတော့ အနီရောင်နဲ့လိမ္မော်ရောင်ကတော့ ရှားပါးလွန်းတဲ့ စွမ်းအားမျိုးဖြစ်ပြီးတော့ အန္တရာယ်အရှိဆုံး သတ်မှတ်ချက်တွေဖြစ်ပါတယ်.. ဒါပေမယ့် ရူဘီလေးကတော့ လိမ္မော်ရောင်အစွမ်းကို ပိုင်ဆိုင်ထားသူပဲဖြစ်ပါတယ်… ဒီကားဟာ X Men ကားနဲ့ဆင်တူပုံစံဖြစ်ပြီးတော့ စွမ်းအားရှင်ကလေးငယ်တွေရဲ့အစွမ်းတွေကိုလည်း စိတ်ဝင်စားဖွယ်မြင်ရမှာဖြစ်ပြီးတော့ ဇာတ်လမ်းပြီးတဲ့အထိ မငြီးမငွေ့ကြည့်ရှုရမှာတော့အာမခံပါတယ်။ သဲထိတ်ရင်ဖို ဇာတ်လမ်းဆန်းဆန်းလေးတွေကိုကြိုက်နှစ်သက်တတ်တဲ့ ပရိသတ်တွေအတွက်ကတော့ အကြိုက်ဖြစ်စေမှာပါ။ ဇာတ်လမ်းကိုပေါ့သွားမှာစိုးရိမ်ကာ အညွှန်းကိုတတ်နိုင်သမျှ အကျဉ်းချုံးထားတဲ့အတွက် အညွှန်းဖတ်ကြည့်ရုံနဲ့မသိနိုင်တဲ့ဇာတ်လမ်းဇာတ်ကွက်တွေကို ဒေါင်းလော့ဆွဲကြည့်ရှုနိုင်ဖို့အတွက် The Darkest Minds (2018)ဆိုတဲ့ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။
0ရာစုရဲ့ နေ့တစ်နေ့မှာ ဒီဇာတ်လမ်းစခဲ့တယ် အရာရာဟာ ဘုရားသခင် အလိုတော်အတိုင်းပါပဲ.. ကောင်းကင်မှာ မီးမိုးတွေ… ကမ္ဘာမြေကြီးဟာလည်း ပပ်ကြားတွေအက်လို့… လူတွေအားလုံးရဲ့ ဆောက်တည်ရာမဲ့ ကူကယ်ရာမရှိ ပြေးလွှားသံတွေ… ဒီအချိန်မှာ အပြာရောင်အလင်းတန်းကြီး တစ်ချက်ပေါ်လာ… အဲဒီအလင်းတန်းရဲ့ အစမှာ ဂေါ်ဇီလာဟာ အရာအားလုံးကို မိုးကြည့်လို့… Gozilla: Planet of Monsters (2017) လူသားတွေရဲ့ ကမ္ဘာကို သူယူဆောင်သွားခဲ့တယ် လာပြီး ကူညီတဲ့သူတွေကိုလည်း သူဖျက်ဆီးပစ်ခဲ့တယ်… အခုတော့ လူသားတွေဟာ ကမ္ဘာဂြိုလ်ကို စွန့်ခွာပြီး တော့အီဆိုတဲ့ ဂြိုလ်ဆီထွက်လာခဲ့တာ နှစ်ပေါင်း ၂၂နှစ်ကြာခဲ့ပြီ… ၂၂နှစ်တာ ကာလအတွင်း အေးခဲမှောင်မိုက်တဲ့ အာကာသထဲမှာ တဝဲလည်လည်ဖြစ်လို့… ဒါပေမယ့် ပြန်ပြီး အရောင်သန်းလာတဲ့ မျှော်လင့်ချက် ရောင်ခြည်လေးတစ်မျှင်ကြောင့် ကမ္ဘာဂြိုလ်ကို ပြန်လာခဲ့တယ်… ဒါပေမယ့်… အာကာသနဲ့ ကမ္ဘာရဲ့အချိန်ကွာဟချက်ကြောင့် လူတွေအနေနဲ့ ကမ္ဘာကိုစွန့်ခွာလာတာ ၂၂ပဲရှိသေးပေမယ့် ပြန်လာချိန်မှာ ကမ္ဘာကြီးဟာ နှစ်ပေါင်းနှစ်သောင်းကျော် ကြာနေခဲ့ပြီ… သူ ရှိနေတုန်းပဲ သူ ရှင်သန်နေတုန်းပဲ သူ အုပ်စိုးနေတုန်းပါပဲ ဒါဟာ လူသားတွေရဲ့ နောက်ဆုံးအန္တိမပန်းတိုင် မတိုက်မဖြစ်တိုက်ရတော့မယ့် တိုက်ပွဲဖြစ်ခဲ့ပြီ… အမိကမ္ဘာမြေကို ပြန်ယူဆောင်ရတော့မယ်လေ… နောက်ဆုံးတော့ ဘုရင်က ဘုရင်ပါပဲ… IMDB – 6.1/10. IGN – 7/10. ဒီ Animation ဟာ Polygon Pictures က ဖန်တီးပေးပြီး Studio Toho လို Your Name, Gozilla: Resurgence တို့နဲ့အတူ Anime နဲ့ CGI အပိုင်းမှာ နာမည်ကောင်းရှိထားတဲ့ Studio တစ်ခုက ထုတ်ပေးထားတာကြောင့် ဇာတ်လမ်း ဇာတ်အိမ် CGIတွေကို အကောင်းဆုံးအနေအထားမှာ ကြည့်ရှုရမှာပါ နောက်ပြီး ဒီကားဟာ New Gozilla Trilogy ရဲ့ ပထမဆုံးကားလည်း ဖြစ်ပါတယ် Studio Toho ရဲ့ သုံးဆယ်ခုမြောက် Gozilla ဇာတ်လမ်းတွဲဖြစ်ပြီး Gozilla Series ရဲ့ သုံးဆယ့်နှစ်ခုမြောက်လည်း ဖြစ်ပါတယ် ဇာတ်သိမ်းမှာတော့ ထင်မထားလောက်တဲ့ Plot Twist အကြီးစားကြီးတစ်ခုကို ခံစားလိုက်ရပြီး အသားတွေ တဆတ်ဆတ်တုန်သွားမှာပါလို့ ညွှန်းရင်းနဲ့… “အရာရာဟာ ဘုရားသခင် အလိုအတိုင်းပါပဲ…”
နည်းပညာတွေတိုးတက်လာတဲ့ ခေတ်မှာ လူနဲ့လုပ်ဆောင်သောအရာတွေကို စက်တွေအစားထိုးပြီးလုပ်ဆောင်လာကြပါပြီ…. အထူးသဖြင့် စစ်မြေပြင်တိုက်ပွဲတွေမှာ လူသားစစ်သားတွေ အသေကြေနည်းပါးအောင်လျော့ချဖို့အတွက် အသုံးပြုလာကြပါတယ်… ဒီထဲမှာမှ ရေတပ်စစ်သဘောၤၤအုပ်စုတစ်ခုမှာ အသံထက်မြန်အောင် မောင်းနှင်နိုင်တဲ့ ဂျက်လေယာဉ်အုပ်စုတစ်ခုရဲ့ ၄ ယောက်မြောက်အဖွဲ့ဝင်အဖြစ် လူသားကဲ့သို့အသိဉာဏ်ရှိတဲ့ မောင်းသူမဲ့တိုက်လေယာဉ်တစ်စင်းကို အသုံးပြုဖို့အတွက် အကြောင်းဖန်လာပါတော့တယ်…. EDI လို့အမည်ပေးထားတဲ့ စွမ်းအားမြင့်မောင်းသူမဲ့လေယာဉ်ဟာ အနာဂါတ်စစ်ပွဲတွေမှာ စိုးမိုးနိုင်ဖို့အတွက် ဖန်တီးထားတာဖြစ်ပြီးတော့ သူ့အတွက်လိုအပ်တဲ့တိုက်ခိုက်ရေးအချက်လက်တွေကို ထည့်ပေးလိုက်ရုံနဲ့ သူကိုယ်တိုင် ရှာဖွေဝင်ရောက်နိုင်စွမ်းလည်းရှိပါတယ်…. တခြားတိုက်လေယာဉ်တွေနဲ့မတူတာကတော့ သူဟာ လူသားတစ်ယောက်နီးပါး ခံစားတတ်ပါတယ်… သို့ပါသော်ငြားလည်း သူဟာ လူသားတွေဖန်တီးတီထွင်ထားတဲ့ စက်ပစ္စည်းတစ်ခုသာဖြစ်ပါတယ်… စက်ပစ္စည်းတစ်ခုဖြစ်တာကြောင့် နည်းပညာပိုင်းအခက်ခဲတွေရှိတယ်လို့ မထင်စေလိုပါဘူး…ဘာလို့လဲဆိုတော့ သူဟာ အမိန့်ကိုတိကျစွာလိုက်နာနိုင်ပါတယ်… ဒါကြောင့်လည်း စစ်ဆင်ရေးတစ်ခုမှာ ချပေးလိုက်တဲ့အမိန့်တစ်ခုကို တိကျစွာလိုက်နာဆောင်ရွက်နေရင်းကနေ သူ့ရဲ့တွဲဖက်လေယာဉ်မှုးသုံးယောက်လုံး ကံကြမ္ပာဆိုးကျရောက်ဖို့စတင်လာပါတော့တယ်…. အသေးစိတ်ကိုတော့ ကိုယ်တိုင်ကြည့်ရင်းခံစားကြပါ… ဒီကားရဲ့ထူးခြားချက်ကတော့ မြန်မာဆိုတဲ့ ကျွန်တော်တို့ရဲ့နိုင်ငံလည်းပါနေတာပါပဲ… ကားတိုင်းကားတိုင်းမှာ ကိုယ့်နိုင်ငံပါနေရင်ပဲလူတိုင်းကကြည့်ချင်နေကြပါပြီ… Rating 5 ၂၀၀၅ ခုနှစ်ကထွက်ထားတဲ့ကားမို့အထင်မသေးစေချင်ပါဘူး… ဇာတ်ကားတစ်ကားရဲ့ကောင်းကွက်ဆိုးကွက်တွေကို ကြည့်သူတွေကပဲ ဆုံးဖြတ်ပေးလိုက်ကြပါဦး…… ကားကောင်းလေးတစ်ကားလို့ထင်မြင်မိပါတယ်……
Rating မြင့် Comedy/Fantasy ဇာတ်ကားဖြစ်ပြီး အပြောင်အပျက်တွေနဲ့ ရယ်ရယ်မောမောကြည့်ရမယ့်ဇာတ်ကားပဲဖြစ်ပါတယ်။ ဖုန်းနဲ့ပစ္စည်းအရောင်းဝန်ထမ်းတစ်ယောက်ရဲ့ အလွဲအကွဲတွေကိုပေါ့ပေါ့ပါးပါးရိုက်ကူးထားတာပါ။ အလုပ်မှာသိပ်အဆင်မပြေရာမှာ အောင်မြင်နိုင်မယ့် Magic Key တစ်ခုတွေ့ရှိသွားပြီးနောက် ဘယ်လိုတွေထူးခြားလာမလဲ၊ ဘယ်လိုတွေအောင်မြင်ပြီး ဟာသတွေလုပ်မလဲဆိုတာတော့ ရုံးပိတ်ရက်တွင်းပေါ့ပေါ့ပါးပါးနားရင်းကြည့်လိုက်စေချင်ပါတယ်။
olis ဆိုတဲ့ဇာတ်ကားလေးကတော့ space science ကားတွေကြိုက်တဲ့ပရိသတ်တွေအတွက် ကြည့်လို့ကောင်းမဲ့ scifi ဇာတ်ကားလေးတစ်ခုပဲဖြစ်ပါတယ်. ဇာတ်လမ်းတစ်ခုလုံးမှာဇာတ်ဆောင်အနေနဲ့ မင်းသားကြီး steven ogg တစ်ယောက်တည်းအစအဆုံးသရုပ်ဆောင်ထားတဲ့ low cost scifiကားလေးလည်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ဂြိုလ်တွေပေါ်မှာ သတ္တုတွေကိုရှာဖွေဖို့ လွှတ်တင်ခဲ့တဲ့ အာကာသယာဉ်တစ်စင်းဟာ ဂြိုလ်သိမ်ဂြိုလ်မွှားတစ်ခုနဲ့တိုက်မိခဲ့ပြီးပျက်စီးသွားခဲ့ပါတယ်။ အဲ့ဒီမှာ ဟော်လိုဝေးဆိုတဲ့အင်ဂျင်နီယာတစ်ယောက်ပဲကျန်ရစ်ခဲ့ပြီး သူ့ရဲ့ရှင်သန်မှု အတွက်ကြိုးစားရုန်းကန်ရတဲ့ survival scenes တွေကိုတစ်ဝကြီးကြည့်ရှုရမဲ့ဇာတ်ကားလေးတစ်ကားပဲဖစ်ပါတယ်။ သရုပ်ဆောင်အနေနဲ့ မင်းသားကြီး steven oggနဲအသံသရုပ်ဆောင်အနေနဲ့ မင်သမီးAlice loweတို့၂ယောက်တည်းပါဝင်သရုပ်ဆောင်ထားပေမဲ့လုံးဝပျင်းစရာမကောင်းတဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။
DC fan တွေအတွက်တော့ Aquaman 1Billion ဂယက်အပြီးမှာနောက်ထပ်ဂယက်ထဖို့အကြောင်းဖန်လာပြန်ပါပြီ။အဲဒါကတော့ Death of Superman ရဲ့အဆက် Reign of Superman ပါပဲ။Doomsday နဲ့တိုက်ပွဲအပြီးမှာ Superman သေဆုံးသွားတဲ့အတွက်တစ်ကမ္ဘာလုံးဟာ နှမြောတသဝမ်းနည်းပူဆွေးနေတဲ့အချိန်မှာ သူ့ရဲ့ကွက်လပ်ကိုဖြည့်တင်းဖို့အတွက် Superman တွေများစွာပေါ်ပေါက်လာပါတယ်။အဲဒီ Superman တွေကဘယ်သူတွေလဲ၊ဘယ်ကလာတာလဲ၊ ဘာရည်ရွယ်ချက်ကြောင့်လာတာလဲ ဘယ်သူမှမသိကြပါဘူး။Superman ရဲ့နေရာကိုဆက်ခံဖို့ရော ထိုက်တန်ကြရဲ့လား။နောက်ပြီး Superman အစစ်ရဲ့ရုပ်ကြွင်းကလည်း ဘယ်ကိုရောက်သွားတာလဲ။ဒါကိုလည်းမသိကြပါဘူး။အရာအားလုံးဟာ ပဟေဠိဆန်ဆန်ဖြစ်နေပါတယ်။ဒီရုပ်ရှင်ရဲ့ Plot ကတော့ အများကြီးပြောပြလို့မရတဲ့အထဲမှာပါတယ်ဗျ။Superman မရှိတော့တဲ့နောက်ပိုင်းSuperman ကိုလိုက်တုတဲ့သူတွေ ပေါ်လာတယ်။လူတွေကိုကယ်တယ်။အဲဒီလိုဇာတ်ကောင်တွေကို တဖြည်းဖြည်းချင်းမိတ်ဆက်၊ နောက် သူတို့ရဲ့ Identity တွေဖော်သွားပြီးမှ ဇာတ်လမ်းကျောရိုးပေါ်လာတာကြောင့်ပါ။DC ဖန်တွေအတွက်လုံးဝကြည့်ရကျိုးနပ်စေမယ့် ကြက်သီးထစေမယ့် အခန်းတွေလည်း အများကြီးပါပါတယ်။နောက်ပြီးတော့ Credit Scene တစ်ခုလည်းပါပါသေးတယ်။ကဲ အများကြီးညွှန်းမနေချင်တော့ဘူးဗျာ။DCAMU က ကျွန်တော်တို့ကို ဘယ်တုန်းကစိတ်ပျက်အောင်လုပ်ခဲ့ဖူးလို့လဲ။မြန်မြန်သာကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
Pacific Rim ရဲ့ ဒုတိယမြောက်ကားလေး ၅နှစ်ကြာတဲ့အခါ ပရိသတ်ရှေ့ ရောက်လာပါပြီ။ IMDb Ratinf 6/10 ရထားပြီးတော့ ဘတ်ဂျပ် $ ၁၇၀millionကျော် အကုန်အကျခံပြီး ရိုက်ကူးတင်ဆက်ထားတာပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ Pacifim Rim တုန်းက ကိုင်ဂျူးလို့ခေါ်တဲ့ ဂြိုလ်သားတွေရဲ့ ကျူးကျော်မှုကိုတိုက်ခိုက်မှုကို ယေဂါလို့ခေါ်တဲ့ ဧရာမစက်ရုပ်ကြီးတွေနဲ့ တန်ပြန်တိုက်ခိုက် လို့အောင်မြင်ခဲ့ပြီး ကမ္ဘာနှစ်ခုဆက်သွယ်ထားတဲ့ တွင်းပေါက်ကြီးကို ဖျက်ဆီးပစ်နိုင်ခဲ့တာ ၁၀ နှစ်ကျော်ကာလကို ရောက်ရှိနေပါပြီ။ ဒါပေမယ့် ယေဂါတွေရဲ့ အားနည်းချက်ကတော့ စက်ရုပ်ရဲ့ တိုက်ခိုက်နိုင်စွမ်းဟာ သူ့ကိုမောင်းနှင်တဲ့ ပိုင်းလော့ဒ်နှစ်ယောက်ရဲ့ သဟဇာတဖြစ်မှု ပိုင်းလော့ဒ်တွေရဲ့ ကျွမ်းကျင်မှုအပေါ်မူတည်နေသလို ကျူးကျော်လာတဲ့ကိုင်ဂျူးဆီကို သွားတိုက်တဲ့အခါမှာ စက်ရုပ်အကြီးကြီးမို့ သယ်ယူပို့ဆောင်ရေးမှာ ကြံ့ကြာနေတဲ့အချက်ပါပဲ။ ဒါကြောင့် ပိုင်းလော့ဒ်ကောင်းတွေရအောင် ငယ်စဉ်ကတည်းက လေ့ကျင့်ပေးရပါတယ်။ ဒါကြောင့် လူသားတွေအနေနဲ့ ဒါတွေကို ဖြေရှင်းနိုင်ဖို့နည်းလမ်းတွေ ကြံစည်လာပါတယ်။ ဒီမှာ တရုတ်နိုင်ငံ “ရှောင်-စက်မှုလုပ်ငန်း” ကနေ နည်းပညာအသစ်တွေနဲ့ ရှာကြံပြီး လူတစ်ယောက်တည်းကသာ မောင်းနှင်နိုင်ပြီး အဝေးထိန်းနဲ့ ထိန်းချုပ်နိုင်တဲ့ ယေဂါဒရုန်းစက်ရုပ်ကြီးတွေကို ပိုင်းလော့ဒ်တွေရှာရတဲ့ဒုက္ခ ကိုင်ဂျူးတွေနဲ့ တိုက်ခိုက်ရင်း ပိုင်းလော့ဒ်တွေမသေအောင်ဆိုပြီး တီထွင်နိုင်လိုက်ပြီး တစ်ကမ္ဘာလုံးအနှံ့တပ်ဖြန့်ထားနိုင်အောင် လုပ်ဆောင်နေပါပြီ……. -ဒီလိုအဖက်ဖက် အဆင်သင့်ပြင်ထားပေမယ့် ကိုင်ဂျူးတွေဖက်ကရော ကျူးကျော်ဖို့ ဘာတွေဘယ်လိုပြင်ဆင်နေကြသလဲ -ကို င်ဂျူးတွေအရင်က အကောင်သေးတွေကနေ တဖြည်းဖြည်း ဆင့်ကဲတိုးတက်လာလို့ အရင်က အဆင့်-၄ အဆင့်-၅ လောက်ရှိတဲ့အကောင်ကြီးတွေက အခုရောဘယ်အဆင့်ထိ သတ်မှတ်နိုင်တဲ့ ကိုင်ဂျူးအကောင်ကြီးမျိုးတွေဖြစ်လာမှာလဲ -ဒီကားထဲမှာ ယေဂါတွေထဲက နာမည်ကျော်စက်ရုပ်တွေဖြစ်တဲ့ ဂျစ်ပစီအဗန်းဂျား…နိုဝင်ဘာအေဂျက်….ဆေဗာအသီနာ…..ဂါးဒီးယမ်းဘရာဗို….ဘရေဇာဖီးနစ် အစရှိတဲ့ဧရာမစက်ရုပ်ကြီးတွေက ဘယ်လိုအစွမ်းအစရှိသလဲတာကို ကြည့်လိုက်ကြရအောင်…..
Next (2007) =======ဒီတစ်ခါ တင်ဆက်မဲ့ကားကတော့ Nicolas Cageရဲ့ ရွှေခေတ်တုန်းက အက်ရှင်ကားတစ်ကားပါ။ဘဝမှာ နောက်ထပ်ပြီး နောက်ထပ် ဘာပြီးရင် ဘာတွေဖြစ်မလဲ ကြိုသိနေကြရင် ဘာတွေများဖြစ်လာပါမလဲ… အနာဂတ်နဲ့ ပက်သက်တဲ့ပြဿနာတစ်ခုက အနာဂတ်ကို ကြည့်လိုက်တဲ့အချိန်တိုင်းမှာ ကြည့်လိုက်တဲ့အတွက် အနာဂတ်က ပြောင်းလဲသွားတာပါပဲ….။ ဒီဇာတ်လမ်းကတော့ အနာဂတ်ကို မြင်နိုင်တဲ့လူတစ်ယောက်ရဲ့ စွန့်စားခန်းတစ်ခုကို ရိုက်ကူးပြသထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အနာဂတ်ကို အရှေ့၂မိနစ် ကြိုမြင်နိုင်တဲ့ မျက်လှည့်ဆရာတစ်ယောက်ရှိပါတယ်။ တစ်ဖက်မှာလည်း FBI ဟာ နျူကလိယား တိုက်ခိုက်မှုတစ်ခုကိုကို ဖြေရှင်းနေရပါတယ်။ ဒီလိုနဲ့ FBI က အရှေ့ကို ၂မိနစ်ကြိုမြင်နိုင်တဲ့ မျက်လှည့်ဆရာကို သတိထားမိပြီး သူ့ကို အသုံးချဖို့လုပ်ပေမဲ့.. မျက်လှည့်ဆရာဟာ သူမလုပ်နိုင်တာကြောင့် ထွက်ပြေးခဲ့ပါတယ်။ FBI နဲ့ အကြမ်းဖက်သမားတွေက သူ့ကို ထောင်ဖမ်းကြပေမဲ့ ရှေ့၂မိနစ်ကြိုမြင်နေရတဲ့အတွက် သူတို့ထက် နှာတစ်ဖျားသာနေတဲ့အခါမှာတော့ ဘယ်လိုတွေဆက်ဖြစ်သွားမလဲ….။ဒီဇာတ်ကားဟာ -Action, Sci-Fi, Thrillerအမျိုးအစား ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။
Monstrum ဟာ ဘုရင်ဂျောင်ဂျုံလက်ထပ် ၁၅၇၂ ခုနှစ်မှာ တော်ဝင်နန်းတော်ကိုခြိမ်းခြောက်ခဲ့တဲ့ ထူးဆန်းတဲ့သတ္တဝါဆိုးကြီးအကြောင်းကိုမှတ်တမ်းမှတ်ရာတွေကို ပြန်လည်ရိုက်ကူးတင်ပြထားတဲ့ ကိုရီးယားနန်းတွင်းရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်…ဘုရင်က အဲဒီသတ္တဝါကြီးကို အမဲလိုက်ဖို့သူ့လူယုံတွေကို စေခိုင်းခဲ့တဲ့အကြောင်း သမိုင်းမှတ်တမ်းထဲမှာ ဖော်ပြထားပါတယ်…ရုပ်ရှင်ဒါရိုက်တာ Heo Jang-ho က ”ဒီရုပ်ရှင်ဟာ စိတ်ကူးယဉ်သတ္တဝါအကြောင်းကို ပုံဖော်ထားပါတယ်….ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်စိတ်ကူးယဉ်ပုံစံကို အခြေခံထားတဲ့ သတ္တဝါတစ်ကောင်ကို ဖန်တီးခဲ့ပါတယ်…ဒါပေမယ့် ကွဲပြားချက်ရှိနေတာက ကျွန်တော်တို့က သမိုင်းမှတ်တမ်းတွေကနေအိုင်ဒီယာယူထားတာလည်း ဖြစ်ပါတယ် ” လို့ သြဂုတ်လ ၁၆ ရက်နေ့ကပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့ပါတယ်…ဝါရင့်သရုပ်ဆောင် ကင်မြောင်မင်းက ဘုရင်ကိုထီးနန်းကနေဖယ်ရှားဖို့နဲ့ အန္တရာယ်ပေးနေတဲ့ သတ္တဝါဆိုးကြီး နောက်ကိုထပ်ကြပ်မကွာလိုက်သွားခဲ့တဲ့ ဘုရင့်ရဲ့လူယုံတော် Yoon Gyeom အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်….မင်းသား Kim In-kwon ကတော့ရှာဖွေရေးအဖွဲ့ထဲကYoon ရဲ့ညာလက်ရုံး Seong-han အဖြစ်သရုပ်ဆောင်ထားပါတယ်…နာမည်ကျော် Kpop အဆိုတော်အဖွဲ့ Girl – Day မှအဆိုတော် သရုပ်ဆောင်Hyeri က Yoon ရဲ့သမီး Myeong အဖြစ်လည်းကောင်းမင်းသား Choi Woo-Sik ကဘုရင့်အမိန့်တော်ကို လာရောက်ပေးအပ်တဲ့တပ်မှူးအဖြစ်လည်းကောင်း ပါဝင်သရုပ်ဆောင်ထားကြပါတယ်… မင်းသား Kim Myung-min က ”ဇာတ်ညွှန်းကစိတ်ဝင်စားဖို့ကောင်းပြီးထူးခြားပါတယ်…မမြင်ရတဲ့ရန်သူကို တိုက်ခိုက်ရမယ်ဆိုတဲ့အချက်ကကျွန်တော့ကိုစိတ်ဝင်စားစေပါတယ်…ပြီးတော့ ရုပ်ရှင်ဟာ စိတ်ကူးယဉ်နဲ့စိတ်ကူးယဉ်နဲ့တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းကိုအခြေခံထားလို့လည်းစိတ်ဝင်စားဖို့ကောင်းပါတယ်..’Yoon အဖြစ်နဲ့သမိုင်းနောက်ခံဒရာမာတွေမှာ သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကောင်တွေအားလုံးကို မြင်တွေ့နိုင်မှာပါ…ကျွန်တော်အရင်တုန်းကသရုပ်ဆောင်ခဲ့တာတွေနဲ့လည်း ဆင်တူပါတယ်…ပြီးတော့ ဇာတ်ကောင်ကို ကျွန်တော်ပေါ့ပေါ့ပါးပါးရောလေးလေးပင်ပင်ရော မဖြစ်အောင်ဖန်တီးထားပါတယ်…” လို့ပြောကြားခဲ့ပါတယ်….အခုရုပ်ရှင်ဟာ မင်းသမီး Hyeri အတွက်တော့ ပထမဆုံး ရုပ်ရှင်လည်းဖြစ်ပါတယ်….သူက ဂျိုဆွန်းခေတ်မှာ ဇာတ်အိမ်တည်ထားတဲ့ သတ္တဝါအဆန်းကြီးအကြောင်းဖြစ်တဲ့အတွက် ရုပ်ရှင်ကပိုပြီးဆွဲဆောင်မှု့ရှိမယ်လို့ ကျွန်မခံစားရပါတယ်…ကျွန်မအတွက်စီနီယာကျတဲ့ သရုပ်ဆောင်ကောင်းတွေနဲ့ အလုပ်အတူလုပ်ရတာ ဂုဏ်ယူမိတယ် ” လို့ပြောဆိုခဲ့ပါတယ်…သူ့အတွက်ပထမဆုံး ရုပ်ရှင်ဖြစ်တဲ့အတွက် စိတ်လှုပ်ရှားမိပေမယ့်ရုပ်ရှင်ရိုက်ကူးနေစဉ်နဲ့ မြှားပစ်လေ့ကျင့်ရေးတို့မှာလည်းပျော်ရွှင်ခဲ့ရတဲ့အကြောင်းလည်းပြောဆိုခဲ့ပါတယ်…ဒီကားဟာ Rating 6 ရရှိထားပြီးတော့ Action ကားတွေကြိုက်တဲ့လူတွေအတွက် ဇာတ်ကားအစပိုင်းမှာ အရသာပေါ့သလိုခံစားနိုင်ပေမယ့်နောက်ပိုင်းတွေကစပြီးတော့ အပြီးထိကြည့်ချင်စိတ်ကိုဆွဲခေါ်သွားစေနိုင်မယ့် ကားဖြစ်ပါတယ်….(ဒီကားရဲ့ ရုပ်ရှင် အညွှန်းကိုတော့ Burma.Irrawaddy ကကူးယူဖော်ပြထားပြီးတော့
Director: Zack Snyder ရိုက်ကူးတင်ဆက်ထားပြီးJune 14, 2013 (USA) မှာ ရုံတင်ပြသခဲ့တဲ့ Super Man ဇာတ်ကားအသစ်ဖြစ်ပါတယ်…Super Man ဆိုတိုင်း ထူးမခြားနား ပုံစံအတိုင်းထူးဆန်းတဲ့ မိုးကောင်းကင်ကနေကျလာတဲ့ လူသားလေးကို ရိုးသားတဲ့ တောသူတောင်သူ လင်မယားကမွေးစားလိုက်တဲ့ ဇတ်လမ်းပါပဲဒါပေမယ့် ထူးခြားနေပါတယ်….Super Man ခေါ် ခါအလ် ရဲ့ မွေးဖွားခြင်းနဲ့ သူ နေထိုင်ရာ ဂြိုလ်ပျက်စီးခြင်းကိုတွဲမြင်ရမှာဖြစ်ပါတယ် ဂြိလ်ပြန်လည်တည်ထောက်ဖို့ ပင်မ သော့ကိုတော့Super Man ရဲ့ ဖခင် ဂျိုအယ် နဲ့ မိခင် လာရာ က သူ့သား ရဲ့ယဉ်ငယ်ကိုယ်ထဲကို ထည့်သွင်းပေးပြီးတော့ကမ္ဘာဂြိုလ်ဆီသို့ ယဉ်ငယ်လေးနဲ့ ပို့လွှတ်လိုက်ပါတယ်….အရင်လို မဟုတ်ပဲ ထူးခြားတာကတော့ Super Man ရဲ့ငယ်ဘ၀ မှာ လူတွေနဲ့ အဆင်မပြေနေထိုင်ခဲ့ရပါတယ်ကျနော်တို့ ထင်သလို ငယ်စဉ်ကတည်းက Hero လူစွမ်းကောင်းမဟုတ်ခဲ့ပါဘူးလူတိုင်းရဲ့ အထူးအဆန်းအဖြစ် ကြည့်ရှုမြင်နေမှုကိုရရှိခဲ့ရတာပါ…ဒီလိုနဲ့ တစ်ရက် ကျောင်းကား မတော်တဆ ဖြစ်ပြီး ရေနစ်တဲ့အချိန်မှာSuper Man က ရေထဲကနေ ကားကို ကုန်းပေါ်ပြန်တွန်းတင်ခဲ့ပါတယ်..ဒါကို မြင်လိုက်တဲ့ ကျောင်းသား အချို့က ပြန်ပြောပြတော့ မွေးစားဖခင်ကSuper Man ကို ခေါ်ပြီး ဘယ်သူ သေသေ ဒုက္ခရောက်ရောက်အစွမ်းကို ဘယ်တော့မှ ထုတ်မပြပါနဲ့လို့ ကတိတောင်းခဲ့တယ်…ဒီလိုနဲ့ Super Man လဲ တည်ငြိမ်စွာနဲ့ ဘ၀ ကို ဖြတ်သန်းလာပြီးနောက်လူပျိုပေါက်အရွယ်မှာပဲ မွေးစား အဖေ အမေ နဲ့ အတူ ခရီးထွက်လာရင်းလမ်းတဝက်မှာ လေမုန်တိုင်း ရုတ်တရက်ဝင်လာပါတော့တယ်…လူတွေကို သားအမိသားအဖ သုံးယောက်လိုက်ကူပြီး နေရာရွှေ့ပေးနေတဲ့အချိန်မှာပဲ ကားထဲမှာ ခွေးလေး ကျန်နေခဲ့လို့ ဖခင်ဖြစ်သူက သွားကယ်တဲ့အချိန်မှာပဲ ခွေးလေးကို ကယ်လို့ လွှတ်ပေးအပြီး လေမုန်တိုင်းက အဲ့ဒီနေရာကို ဝင်လာခဲ့ပါတော့တယ်အကာအကွယ်ရှိတဲ့နေရာကနေ ဖခင်ကိုကယ်ဖို့ ထွက်ဖို့လုပ်နေတဲ့ Super Man ကို ဖခင်က ခေါင်းတစ်ချက်ခါပြခဲ့တယ် မလာနဲ့ သား မင်းကတိကို မင်းတည်ပါ ဆိုတဲ့ အဓိပ္ပါယ်တစ်ခု သက်ရောက်နေခဲ့မှာပါ….ဒီလိုနဲ့ ဂြိုလ်ပျက်စီးခဲ့စဉ်က ထိန်းသိမ်းထားခဲ့တဲ့ သစ္စာဖောက်အကျဉ်းသားတွေလဲ Super Man ရဲ့ အနံ့ကို ခံပြီး ကမ္ဘာမြေပေါ် ရောက်လာတဲ့အချိန်မှာတော့…. ဇာတ်လမ်းက ပိုကြည့်လို့ကောင်းသွားပါပြီဆက်ပြောချင်ပေမယ့် အညွှန်းက ရှည်နေမှာဆိုးလို့ဘရိတ်ပါပြီ ကျနော် အကြိုက်ဆုံး Super Man ဇတ်ကားတစ်ခုပါလို့ညွှန်းဆိုပါရစေဗျာ…
လူစီဟာ ထိုင်ဝမ်နိုင်ငံ တိုင်ပေမြို့မှာ ကျောင်းတက်နေတဲ့ ကျောင်းသူတစ်ယောက်ပါ။သူ့ရဲ့ ရည်းစားက သူ့ကို လိမ်ခေါ်လာတာကြောင့် ကိုရီးယားကလူဆိုးအဖွဲ့တစ်ဖွဲ့ဆီမှာ အဖမ်းခံရပါတယ်။ သူ့ရည်းစားလည်းအသတ်ခံရပြီး သူကတော့ CPH4 လို့ခေါ်တဲ့ စိတ်ကြွဆေးတစ်မျိုးကိုသယ်ဆောင်ပေးဖို့ အကြပ်ကိုင်ခံရပါတယ်။ ဘယ်လို သယ်ဆောင်ပေးရမလဲဆိုတော့ သူ့ဗိုက်ကိုခွဲ၊CPH4 အိတ်ကို ဗိုက်ထဲ ထည့်ပေးလိုက်ပါတယ်။သူလိုမျိုး ထည့်ပေးခံလိုက်ရသူ ၄ ဦးရှိပြီး မတူညီတဲ့ နေရာတွေဆီ ပို့ပေးရမှာပါ။ဒါပေမယ့် သူ့ကို စောင့်ပေးရတဲ့ လူဆိုးတစ်ယောက်နဲ့ ပြဿနာတက်ပြီးဗိုက်ကို အကန်ခံရတာကြောင့် CPH4 အိတ်ပေါက်သွားပြီးခန္ဓာကိုယ်ထဲကို CPH4 တွေ တိုက်ရိုက်ဝင်ကုန်ပါတယ်။ပရော်ဖက်ဆာ ဆမ်မြူရယ် နော်မန်ဟာ သက်ရှိတွေရဲ့ ဦးနှောက်နဲ့အာရုံကြောတွေ တိုးတက်ပြောင်းလဲလာမှုကို သုတေသနပြုစာတမ်းရေးသားနေသူဖြစ်ပြီး သူ့ရဲ့ သီအိုရီအရ လူသားတွေဟာသူတို့ဦးနှောက်ရဲ့ ၁၀%ကိုသာ အသုံးပြုနေကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။၂၀%ကို အသုံးပြုနိုင်သူတွေဟာ လင်းပိုင်တွေဖြစ်ပြီး ဆိုနာလှိုင်းတွေကိုအသုံးပြုရင်း တစ်ကောင်နဲ့တစ်ကောင် ဆက်သွယ်ကြကြောင်းလည်း ရှင်းပြခဲ့ပါတယ်။မေးခွန်းက ဒီ့ထက်ပို အသုံးပြုခဲ့ရင်၊ အဆုံးစွန်ဆုံး ၁၀၀% အသုံးပြုခဲ့ရင် ဘာဖြစ်မလဲ ဆိုတာပါပဲ။လူစီရဲ့ ခန္ဓာကိုယ်ထဲက CPH4 တွေဟာ ဦးနှောက်နဲ့ အာရုံကြောတွေကိုအလွန်အကြူး လှုံ့ဆော်လာတဲ့အခါမှာ သာမန်ထက်ပိုထက် စွမ်းအားတွေရလာခဲ့ပါတယ်။ သူ့ကို ဖမ်းဆီးထားတဲ့ လူတွေလက်ထဲကနေ ထွက်ပြေးပြီးနောက်ဆေးရုံကိုသွားပြီး ဗိုက်ထဲက အိတ်ကို ပြန်လည်ထုတ်ယူလိုက်ပါတယ်။နောက်မှာတော့ Lucy ဟာ သူ့ရဲ့ အခြေအနေကို ရိပ်စားမိသွားပြီးအကယ်၍ ဆေးထုပ်တွေ အကုန်လုံးသား မရခဲ့ရင် ဆဲလ်ကွဲပွားမှုကြောင့်သူသေသွားနိုင်ကြောင်း သိသွားပါတယ်။ ဒါကြောင့်ကိုရီယားလူဆိုးဂိုဏ်းခေါင်းဆောင် ရှိတဲ့ ဟိုတယ်ကိုသွားပြီးဆေးထုပ်တွေကို ဘယ်လမ်းကြောင်းကနေ ဖြန့်သလဲဆိုတာ စုံစမ်းပါတယ်။ဆေးထုပ်တွေ ဘယ်ရောက်သွားလဲဆိုတာ သိသွားပြီးနောက်မှာတော့လူစီဟာ ပရော်ဖက်ဆာ နော်မန်ဆီ ဆက်သွယ်ပါတော့တယ်။သူမတူတဲ့ စွမ်းအားတွေကို အစမ်းသဘောပြပြီးနောက်မှာတော့ပရော်ဖက်ဆာက သူနဲ့တွေ့ဖို့ သဘောတူလိုက်ပါတယ်။အဲဒီနောက်မှာတော့ လူစီဟာ ထိုင်ဝမ်ကနေ ပြင်သစ်ကို ခရီးဆက်ပါတယ်။ပြင်သစ်က ရဲတစ်ယောက်ဖြစ်တဲ့ Pierre Del Rio ဟာCPH4 နဲ့ ပတ်သက်တဲ့ သတင်းကို လူစီထံကနေ လက်ခံရရှိပါတယ်။ထူးခြားတဲ့ လူစီရဲ့ ပြောကြားချက်တွေကြောင့် Del Rio ဟာလူစီပြောတဲ့အတိုင်း လူဆိုးတွေကို ဖမ်းဆီးနိုင်လိုက်ပါတယ်။ဒါပေမယ့် လေယာဉ်ပေါ်မှာ လူစီဟာ ဆဲလ်ကွဲပွားမှု အလွန်အကျူး ဖြစ်လာပြီးသတိလစ်သွားတာကြောင့် Del Rio က လာဖမ်းပါတယ်။ဒါပေမယ့် လာဖမ်းတဲ့ရဲတွေကို လူစီက အလွယ်တကူပဲနှိမ်နင်းလိုက်ပြီး သူ့ကို ကူညီဖို့ Del Rio ကို ပြောပါတယ်။မငြင်းနိုင်တဲ့ Del Rio ဟာ လူစီခေါ်ဆောင်ရာ ပါသွားပါတယ်။လူစီနဲ့ ကိုရီးယား ဂိုဏ်းတို့ ဘယ်လို အားပြိုင်ကြမလဲ။ ပရော်ဖက်ဆာကရောသူ့ကို ဘယ်လို ကူညီမလဲဆိုတာကိုတော့ ဆက်လက်ရှုစားကြပါကုန်။နာမည်ကျော် ညှို့အားပြင်း မင်းသမီးချော Scarlett Johanssonခေါင်းဆောင်ပါဝင်ပြီး ကိုရီးယား မင်းသားကြီး Choi Min Sik ကJohansson နဲ့ အပြိုင် လူဆိုးကြီးအဖြစ် သရုပ်ဆောင်ထားပါတယ်။ပရော်ဖက်ဆာ နော်မန်အဖြစ် Morgan Freeman က Logic တွေတော်ကီပွားရုံ သရုပ်ဆောင်ထားပြီး Amr Waked က Del Rio အဖြစ်သရုပ်ဆောင်ထားပါတယ်။ The Fifth Element နဲ့ The Lady ဇာတ်ကားတွေကိုရိုက်ကူးခဲ့တဲ့ ပြင်သစ်ဒါရိုက်တာ Luc Besson က ရိုက်ကူးထားပြီးကုန်ကျစရိတ် ဒေါ်လာ သန်း ၄၀ပဲ ရှိခဲ့ပေမယ့် ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ IMDb မှာ Rating 6.6 ရရှိထားပြီးRotten Tomatoes မှာလည်း Tomatometer 62% ရရှိထားတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ဇာတ်လမ်းရဲ့ ကျောရိုးယူဆချက် ကောင်းမွန်သလောက် အဲဒီယူဆချက်ကိုမှီအောင် ဇာတ်အိမ်ကို ဇွတ်အတင်းဆွဲသွင်း တည်ဆောက်ထားရတဲ့ဇာတ်ကားလို့ပဲ ဝေဖန်ချင်ပါတယ်။ ရုပ်ထွက် အထူးပြုလုပ်ချက်များစွာနဲ့စွဲဆောင်မှုရှိအောင် ဖန်တီးထားသလို မင်းသမီး Scarlett Johansson ရဲ့ညှို့ငင်နိုင်စွမ်းအားကို အဓိကအသုံးချပြီး ဇာတ်ကို သယ်ဆောင်သွားပေမယ့်ဇာတ်လမ်းအဆုံးသတ်ကတော့ အတော်ကို စိတ်ပျက်ဖို့ ကောင်းပါတယ်။Logic တွေကို အရမ်းဦးစားပေးပြီး တကယ့်ဇာတ်အိမ်သယ်ရမယ့်အခန်းတွေမှာ ဖြစ်သလို ဇာတ်ကွက်တွေ ထည့်သွင်းထားတာကလည်း စိတ်ပျက်စရာပါ။ရန်သူကို လွယ်လွယ်ကူကူ ရင်ဆိုင်နိုင်ပေမယ့်လည်း စွတ်ရွတ်အစွမ်းတွေထုတ်ပြနေပြီး တကယ်တမ်းကျတော့ လှည့်ကွက်တွေ သိပ်မပါပဲနောက်ဆုံးခန်းကျမှ သူပြချင်တဲ့ Logic ကို ထုတ်ပြရင်း မျက်လှည့်ပြထားပါတယ်။ဒီဇာတ်ကားထဲက Logic နဲ့ ပတ်သက်လို့ကတော့ ဟောလိဝုဒ်မှာအတော်လေး ရိုက်ခတ်သွားပြီး ငြင်းခုန်နေကြဆဲ ဖြစ်ပါတယ်။ဇာတ်လမ်းထဲက ရိုက်ချက်တွေနဲ့ မင်းသမီးရဲ့ သရုပ်ဆောင်ချက်တွေကတော့ထိပ်တန်းအဆင့် ရှိပါတယ်။ ခေါင်းစားခံနိုင်မယ့်သူမျိုးသာ ကြည့်သင့်တဲ့ဇာတ်ကားမျိုးပါပဲ။ သွေးအေးအေးနဲ့ ပစ်သတ်တဲ့ အခန်းတွေ၊သွေးထွက်သံယို အခန်းတွေကြောင့် Rating R အဆင့်သတ်မှတ်ထားတာကြောင့် ကလေးတွေ ကြည့်ဖို့ မသင့်တော်ပါဘူး။
ဘုရားသခင်ဟာ လူသားမျိုးနွယ်ကို လူစီဖာနှောက်ယှက်တဲ့ရန်ကနေ ကာကွယ်ဖို့အတွက် အိန်ဂျယ်အယောက်နှစ်ရာကို စောင့်ကြပ်သူများအဖြစ် ကမ္ဘာမြေပေါ်စေလွှတ်ခဲ့ပါတယ်။ ဒါပေမယ့် စောင့်ကြပ်သူတွေဟာ လူသားတွေကို သွေးထိုးပြီး စစ်ပွဲတွေ မငြိမ်းချမ်းမှုကိုဖြစ်စေတဲ့အတွက် ဘုရားသခင်က ကမ္ဘာကြီးကို ရေနှစ်မြှုပ်သန့်စင်ခဲ့ပြီး စောင့်ကြပ်သူတွေကိုလည်း ကျောက်ရုပ်တွေအဖြစ် ပြောင်းလဲခဲ့ပါတယ်။ ဒါပေမယ့် လူစီဖာဟာ စောင့်ကြပ်သူအစ်ဇီရယ်ကို ကယ်တင်ခဲ့နိုင်ခဲ့ပြီး နတ်ဆိုးဆင်မြူဇာကိုလွတ်မြောက်အောင်လုပ်ဖို့ တာဝန်ပေးခဲ့ပါတယ်။ ဆင်မြူဇာကိုလွတ်မြောက်စေနိုင်တာက ဘုရားသခင်ကို ပုန်ကန်ခဲ့သူ ဂျုဒပ်စ်နောက်ဆုံးမျိုးဆက်ရဲ့ သွေးပဲဖြစ်ပါတယ်။ မိဘမဲ့အဖြစ် ကြီးပြင်းလာခဲ့ရတဲ့ အထက်တန်းကျောင်းသူလေးဖြစ်တဲ့ လစ်ဇီတစ်ယောက် ကမ္ဘာကြီးရဲ့အဆုံးသတ်က သူ့လက်ထဲမှာရှိနေတယ်ဆိုတာကို သိလိုက်ရတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဒီဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုအားပေးကြပါဦးနော်…
အခုမိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ IMDB Rating 5.6 အထိရရှိထားတဲ့ Fantasy,Sci-fi ဇာတ်ကားဖြစ်တဲ့ Kin (2018) ပါ။ဇာတ်လမ်းရဲ့အဓိကဇာတ်ကောင် အီလိုင်ဂျာက မွေးစားခံထားရတဲ့ သူ့ရဲ့အသိုင်းအဝိုင်းမှာ လူဝင်မဆံ့တဲ့ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။သူက ပစ်ထားတဲ့နေရာကနေ ဝါယာကြိုးတွေ ခိုးရင်းနဲ့ ထူးဆန်းတဲ့ပစ္စည်းတစ်ခုကို ရှာတွေ့ခဲ့ပါတယ်။အိမ်ကိုပြန်လာတဲ့ ထောင်ထွက်တစ်ယောက်ဖြစ်တဲ့ မွေးစားအစ်ကို ဂျင်မီက လူဆိုးဂိုဏ်းခေါင်းဆောင် တိုင်လာ အပေါ်မှာ အကြွေးတင်နေခဲ့တဲ့ အတွက် သူ့အဖေကိုပေးဖို့တောင်းပါတယ်။သူ့အဖေကငြင်းတဲ့အခါ တိုင်လာနဲ့အတူ သူ့အဖေရဲ့ မီးခံသေတ္တာကိုဖောက်ထွင်းဖို့ကြိုးစားချိန်မှာ သူ့အဖေကတွေ့သွားပြီး အပစ်ခံလိုက်ပါတယ်။ အဲဒီအချိန်မှာ ဂျင်မီက အီလိုင်ဂျာလေးကို ခရီးသွားမယ်လို့လိမ်ပြီး ပိုက်ဆံတွေယူပြေးလာခဲ့ပါတယ်။သူတို့နောက်ကို ညီဆုံးရှုံးခဲ့ရတဲ့ တိုင်လာကလည်း လိုက်ဖို့ကြိုးစားပါတယ်။သူတို့သွားရင်း ကလပ်တစ်ခုရောက်တဲ့အခါ သူရှာတွေ့ထားတဲ့ ပစ္စည်းက စွမ်းအားပြင်းတဲ့ သေနတ်တစ်လက်ဖြစ်နေတာကို တွေ့ရတဲ့အခါမှာတော့…
Justice Leauge: Crisis On Two Earthsကြည့်သင့်တဲ့အကြောင်းပြချက်တွေအများကြီးထဲကတစ်ခုပြပါဆိုဒီကားကparallel earthကိုအခြေခံထားတာပါပဲလူဆိုးတွေကလူကောင်းဖြစ်နေမယ် လူဆိုးတွေကလူကောင်းဖြစ်နေမယ်အထာကျမှုတွေများစွာနဲ့characters developmentတွေကိုမြိုင်မြိုင်ဆိုင်ဆိုင်တွေ့နိုင်ပါတယ် ဒီကားကကျွန်တော်တို့သိထားတဲ့Lex Luthorနဲ့Jokerရဲ့အကြောင်းတော့မဟုတ်ဘူးဗျအနည်းဆုံးတော့သူတို့တွေသာလူကောင်းတွေဖြစ်ခဲ့ရင်…ကျွန်တော်တို့သိနေခဲ့တဲ့လူကောင်းတွေကသာလူဆိုးတွေဖြစ်နေခဲ့ရင်…Crime Syndicate HqကနေLexနဲ့Jokerတို့ဟာdimensional travel deviceကိုဝင်ခိုးတဲ့ဇာတ်ဝင်ခန်းနဲ့စထားပြီးမထင်ထားတဲ့စတေးခံမှုတွေနဲ့ပါးစပ်အဟောင်းသားဖြစ်သွားစေနိုင်plotနဲ့စထားတာမို့လုံးဝမပျင်းစေရဘူးဆိုတာတော့အာမခံပါရစေLex ဟာသူ့အဖွဲ့တိုင်ပင်ပြီးနောက်ဆုံးမှာတော့ကျွန်တော်တို့ရဲ့ကမ္ဘာကိုရောက်လာပြီးJLကိုအကူအညီလာတောင်းပါတော့တယ်Supermanရဲ့x rayနဲ့Lexဟာအခြားparallel earthကဖြစ်ကြောင်းအတည်ပြုပြီးတဲ့အခါမှာတော့Lexကိုကူညီပေးကြဖို့ဆုံးဖြတ်လိုက်ကြပါတော့တယ်ဘယ်လိုတွေကူညီကြမယ်ဆိုတာတော့…
With the world now aware of his dual life as the armored superhero Iron Man, billionaire inventor Tony Stark faces pressure from the government, the press and the public to share his technology with the military. Unwilling to let go of his invention, Stark, with Pepper Potts and James ‘Rhodey’ Rhodes at his side, must forge new alliances – and confront powerful enemies. 1080p BluRay 5.1 DTS Quality ဖြင့် Marvel Cinematic Universe (MCU) Collection ကိုစုပေါင်းတင်ဆက်ပါသည်။MCU ဇာတ်ကားအားလုံးကို https://channelmyanmar.org/category/marvel-universe/ မှာ Download နိုင်ပါသည်။++++++++++++++++++++++++++++ Marvel Cinematic Universe Intro=======================Marvel ထုတ်လုပ်ရေးမှ Marvel Cinematic Universe(MCU) ကို လွန်ခဲ့တဲ့ ၁၀ နှစ်က စပြီးတည်ဆောက်ခဲ့ပါတယ်။ ပထမဆုံး ဇာတ်လမ်းဖြစ်တဲ့ Iron Man-1 နဲ့ဖြစ်ပါတယ်။ နောက်ဆုံးအပိတ်ကတော့ Endgame (2019) ဖြစ်ပါတယ်။Marvel Universe မှာ Infinity Stone လို့ ခေါ်တဲ့ စွမ်းအား အကြီးဆုံး ကျောက်တုံး(၆) လုံးရှိပါတယ်။ အဲဒီကျောက်တုံးတွေဟာ စကြဝဠာအနှံ့မှာ ပြန့်ကျဲနေတယ် ဆိုပါတော့။ ကျောက်တုံးတစ်တုံးချင်းစီမှာ သီးခြားအစွမ်းတွေ ရှိပြီး သာမာန်လူတွေ ကိုင်တွယ်သုံးစွဲဖို့ မဖြစ်နိုင်သလောက်ပါပဲ။ Infinity War ရဲ့ အဓိက ဗီလိန်ဖြစ်တဲ့ Mad titan လို့ခေါ်ကြတဲ့ Thanos က ဒီကျောက်တုံးတွေကို စုစည်းပြီး စကြဝဠာကို သူ့သဘောအတိုင်းဖန်တီးဖို့ကြိုးစားပါလိမ့်မယ်။ ဒါကို Avengers( Captain America, Iron Man, Hulk, Thor, Black Widow, Hawkeye, Vision,Scarlet Witch,Antman,Falcon) တို့နဲ့ Spiderman, Doctor Strange, Black Panther, Guardians of the Galaxy အဖွဲ့တို့ ပူးပေါင်းတားဆီးကြရင်း ဖြစ်လာတဲ့ စစ်ပွဲပါ။Infinity Stones 6 လုံးရဲ့ တည်နေရာတွေကတော့၁. Space Stone aka Tesseract (Blue) (Captain America: the first avenger ဇာတ်ကားမှာ နာဇီတွေဆီက လုယူရတဲ့ ကျောက်တုံးဖြစ်ပြီး Avengers ဇာတ်ကားမှာ လိုကီက ဂြိုလ်သားတွေကို ကမ္ဘာကိုခေါ်ဖို့ ဝင်ပေါက်ဖွင့်တဲ့နေရာမှာ အသုံးပြုခဲ့ပါတယ်၊ လက်ရှိကတော့ Asgard ဂြိုလ်ပေါ်မှာ သိမ်းဆည်းခဲ့ရင်း Thor: Ragnarok ကားအဆုံးမှာ လိုကီ ခိုးယူခဲ့တာကို တွေ့ရမှာပါ)၂။ Reality Stone aka Aether (Red) ( စကြဝဠာကို Big Bang မတိုင်ခင်အထိတောင် ပြန်ပြောင်းပစ်နိုင်ပါတယ်။ Thor 2: The Dark World မှာ ပါလာခဲ့ပြီး နောက်ဆုံး credit scene မှာ Collector ဆိုသူဆီမှာ သိမ်းဆည်းထားပါတယ်)၃။ Power Stone (Purple Orb) ( ဂြိုလ်တစ်ခုလုံးကို အသာလေးဖျက်ပစ်လို့ရတဲ့ raw power တွေပါပါတယ်။ Guardian of the Galaxy 1 မှာ ပါဝင်ခဲ့ပြီး Xander က Nova Corps စစ်တပ်လက်ထဲမှာ သိမ်းဆည်းထားပါတယ်။)၄။ The Time Stone ( The Eye of Agomotto, Green) ( အချိန်ကို လိုသလိုအသုံးချနိုင်ပါတယ်။ Doctor Starnge ဇာတ်လမ်းမှာ ပါဝင်လာပြီး လက်ရှိ ဒေါက်တာ စထ်ရိန့်က စောင့်ရှောက်ထားပါတယ်)၅။ Mind Stone (Yellow) ( ဉာဏ်ရည်ကို မြှင့်တင်ခြင်းနဲ့ စိတ်ညို့ခြင်းတွေ ပြုလုပ်နိုင်ပါတယ်။ Avengers 1 မှာ ပါဝင်ခဲ့ပြီး လက်ရှိ Vision ရဲ့ နဖူးထဲမှာ မြှပ်ထားတာပါ)၆။ Soul Stone (Orange) ( သက်ရှိ သက်မဲ့ အခြေအနေတွေကို ထိန်းချုပ်နိုင်ပါတယ်။ Planet Vormir မှာရှိပါတယ်။ )အဆိုပါ ကျောက်တုံး ၆ တုံးကို သုံးနိုင်ဖို့ Infinity Gauntlet ဆိုတဲ့ လက်အိတ်ကို လိုပါတယ်။ အဲဒီလက်အိတ်ကိုတော့ Thanos ပိုင်ဆိုင်ထားပါတယ်။ ဒီလောက်ဆို Marvel Universe ကိုကြည့်ဖို့ အကြမ်းဖျဉ်းလုံလောက်ပြီ ထင်ပါတယ်။
ဒီဇာတ်ကားဟာ ကိုရီးယားတွေက Japanese animated film Jin-Roh: The Wolf Brigade ကို live action ပြန်ရိုက်ထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ဒီကားနဲ့ပတ်သက်ပြီး review မျိုးစုံပေးထားပေမယ့် ကြည့်ရကောင်းတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဒါရိုက်တာ Kin Jee Woo ရိုက်ကူးထားပြီး Cast တွေကတော့ Cold eyes ဇာတ်ကားထဲက မင်းသမီးချောလေး Hyo Joo Han, အဲ့ကားထဲမှာပဲပါဝင်ခဲ့တဲ့မင်းသားကြီး Woo Sung Jung တို့အပြင် မင်းသား Dong Won Gang တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်အိမ်ကို အနာဂတ် ၂၀၂၉ခုနှစ်မှာတည်ထားပြီး မြောက်ကိုရီးယားနဲ့တောင်ကိုရီးယားတို့ပြန်လည်ပေါင်းစည်းရန် ဆွေးနွေးနေသည့်ကာလတွင်အခြေတည်ထားပြီး အဲ့ဖြစ်စဉ်ရဲ့နောက်ဆက်တွဲ ကိစ္စရပ်များကိုရိုက်ကူးထားတာပါ။ပေါင်းစည်းရေးကိစ္စကြောင့် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ ရုရှား၊ တရုတ်၊ ဂျပန်တို့ရဲ့ စီးပွားရေးပိတ်ဆို့မှုတွေကြောင့် ကိုရီးယားနိုင်ငံစီးပွားရေးထိုးကျပြီး လူထုကြားမတည်ငြိမ်မှုတွေဖြစ်ပေါ်လာကာ အစိုးရကိုဆန့်ကျင်သည့် အကြမ်းဖက်အဖွဲ့တစ်ဖွဲ့ ပေါ်ပေါက်လာပါတယ်။ အဆိုပါအဖွဲ့ကိုနှိမ်နင်းဖို့ရာအတွက် အထူးလေ့ကျင့်ပြီး အဆင့်မြင့် Equipment တွေတပ်ဆင်ထားတဲ့ အထူးတပ်ဖွဲ့ကိုဖွဲ့စည်းလိုက်ပါတယ်။သို့သော် အဆိုပါအဖွဲ့နှစ်ဖွဲ့တင်မဟုတ်ပဲ ကြားထဲမှ ရှုပ်ထွေးမှုတွေဖြစ်လာပြီး အစိုးရပိုင်းအတွင် အာဏာလွန်ဆွဲမှုတွေဖြစ်လာကာ ဇာတ်ကားကမြုပ်ကွက်တွေရှိလာပါတယ်။ကိုရီးယားဇာတ်ကားထုံးစံအတိုင်း drama အတည်းငယ်ပါဝင်ထားတာကိုလည်းတွေ့ရမှာပါ။ဘယ်လိုပဲဖြစ်ဖြစ်ကြည့်ရမဆိုးသလို မင်းသမီးဟာလည်းချောသည်ဖြစ်သောကြောင့် ကြည့်ဖြစ်အောင်ကြည့်စေချင်ပါတယ် XD
Men In Black ရဲ့ပထမ အစ ကားကို ပြန်တင်ပေးလိုက်ပါတယ်ဒီရုပ်ရှင်ကားမှာဆိုရင် လူသားတွေ နဲ့အတူမသိမသာ နေထိုင်နေတဲ့ ဂြိုလ်သားတွေကိုစည်းကမ်းထိန်းသိမ်းပြီး စောင့်ကြည့်နေတဲ့ MIB အဖွဲ့ အကြောင်း ပါ
ဂျေ ဟာ နယူးရော့ခ် ရဲဌာနက သာမန် အရာရှိ တစ်ယောက်ပါတစ်ရက်မှာတော့ ရာဇဝတ်သား တစ်ဦးကို မရမက လိုက်ဖမ်းရင်းရာဇဝတ်သားက သတ်သေသွားပါတယ် ဂျေ လဲ ဒီကိစ္စကို လိုက်လံစုံစမ်းရင်းMIB က အေးဂျင့် ကေ နဲ့ စသိပါတယ်…ပုံမှန်အနေနဲ့ကတော့ ကေ ဟာ အမှုကိစ္စတွေ လက်စသတ်ပြီးရင်လူတွေရဲ့ မှတ်ဉာဏ်ကို ဖျောက်ပြီး ဘာမှမဖြစ်ခဲ့သလို ပုံစံဖန်တီးတက်ပေမဲ့ဂျေ ကိုတော့ MIB ကို လာပြီး အလုပ်လုပ်ဖို့ စည်းရုံးခဲ့ပါတယ်…အဲဒီအချိန်မှာပဲ ကမ္ဘာကို ဖျက်ဆီးချင်တဲ့ ပိုးဟပ်ဂြိုလ်သား တစ်ကောင်ကလဲကမ္ဘာပေါ်ကို ရောက်လာခဲ့သော အခါမှာတော့…အေးဂျင့် ကေ နဲ့ အေးဂျင့် ဂျေ တို့ ရဲ့ တွဲဖက်ညီညီ အက်ရှင်ဇတ်ကြမ်းဟာသ ဇတ်လမ်းလေးမို့ အတောမသတ်နိုင် တခွီခွီ ရယ်နိုင်ကြမှာပါရုပ်ရှင်ကားကိုတော့ Archi Thang Gyi မှ ဘာသာပြန်ပေးထားပြီးThit San Khant မှ Encode ၍ တင်ဆက်ပေးထားပါတယ်
ပြီးခဲ့တဲ့ MIB ပထမ ရုပ်ရှင်ကားမှာတုန်းကအေးဂျင့် ကေ ဟာ အေးဂျင့် ဂျေ ကို သူသိသမျှ တက်သမျှ တွေအကုန်သင်ပေးခဲ့ပြီး Men In Black အဖွဲ့အစည်းကနေအနားယူခဲ့ပါတယ် ပိုပြီး ထူးခြားတာက သူအနားယူတဲ့အခါဘာမှ မမှတ်မိချင်လို့ ဒီအလုပ်လုပ်ခဲ့သမျှ ကာလပတ်လုံး
မေ့သွားအောင် အေးဂျင့် ဂျေ ကို မှတ်ဉာဏ်ဖျက်ပေးဖို့တောင်းဆိုခဲ့ပြီး ထွက်ခွာသွားခဲ့တာပါ…MIB 2 မှာတော့ ကေ မရှိတဲ့တဲ့ အေးဂျင့် ဂျေ တစ်ယောက်အလုပ်မှာ တလွဲတွေ လုပ်တဲ့ ပါတနာ အသစ်နဲ့ အတော်လေးအဆင်မပြေ ကို ဖြစ်နေပါတယ်…အဲ့ဒီလို အချိန်ကိုက်မှာပဲ ကမ္ဘာပေါ်ကို ပထမတစ်ခါလာဖူးပြီးMIB အဖွဲ့ကို ရင်ဆိုင်ရှုံးနိမ့်သွားတဲ့ ဆယ်လီနာ ဆိုတဲ့ဂြိုလ်သားမ ဟာ နောက်တစ်ခါ ထပ်မံ ရောက်ရှိလာပါတော့တယ်သူလာရှာတာကတော့ ဇာသန် တွေ ရဲ့ အလင်းရောင် စွမ်းအားပါလွန်ခဲ့တဲ့ နှစ်တွေတုန်းက အေးဂျင့် ကေ ငယ်ရွယ်တဲ့ အချိန်ဇာသန် တွေဟာ သူတို့ ဂြိုလ်ရဲ့ တန်ဖိုးရှိ အရာကို စောင့်ရှောက်ပေးဖို့အေးဂျင့် ကေ နဲ့ MIB ကို အပ်ထားခဲ့တာ ဖြစ်ပြီးထိုအရာကို လုယူဖို့ ဆယ်လီနာ ပြန်လာခဲ့တာပါ…ဒီသမိုင်းတွေကို သိတဲ့ အေးဂျင့် ကေ ကို ပြန်ခေါ်ဖို့အေးဂျင့် ဂျေ မှာ တာဝန်ရှိလာတဲ့ အခါမှာတော့…ဒီရုပ်ရှင်ကားကို Archi Thang Gyi မှ ဘာသာပြန်ပေးထားပြီးThit San Khant မှ Encode ၍ တင်ဆက်ပေးထားပါတယ်
အရှေ့တောင်အာရှရုပ်ရှင်ဈေးကွက်မှာ ထိုင်း၊အင်ဒိုနီးရှား နိုင်ငံများရဲ့ရုပ်တွေက တော်တော်လေးလေးပေါက်ပေါက်ရောက်ရောက်ရှိပါတယ်။ သရဲကားဆိုရင်လည်း ထိုင်း၊ အင်ဒို၊ မလေးရှား အစရှိတဲ့ဇာတ်ကားတွေသာ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။ ဒီတစ်ခါမှာတော့ မကြာခင်ကမှထွက်ရှိထားတဲ့ အင်ဒိုနီးရှားသရဲကား DreadOut ကိုတင်ဆက်ပေးချင်ပါတယ်။ Jump scare တွေများများစားစားမပါဘဲ အဆုံးထိ စိတ်ဝင်တစားကြည့်ရှုရမယ့် Horror ကားမျိုး ကြည့်ချင်သူတွေဆို
ရင် ဒီကားကိုကြည့်ဖို့ လက်တို့ပါရစေ။ ဇာတ်လမ်းအကျဉ်းကတော့… Jessica, Beni, Dian တို့သုံးယောက်က အထက်တန်းကျောင်းသူ/သား တွေပါ။
မျက်မှောက်ခေတ်ဆယ်ကျော်သက်တွေရဲ့ထုံးစံအတိုင်း Social Network တွေရဲ့လွှမ်းမိုးမှုကို အကြီးအကျယ်ခံထားရတဲ့သူတွေပေါ့။ သူတို့သုံးယောက်က Social Network ပေါ်မှာ ပေါ်ပြူလာဖြစ်ချင်တာကြောင့် နှစ်အတော်ကြာစွန့်ပစ်ထားတဲ့ တိုက်အိုကြီးပေါ်သွားပြီး Live လွှင့်ကာ Follower ရှာဖို့ကြံကြပါတယ်။ အဲဒီမှာ Alex ဆိုတဲ့ခပ်ရမ်းရမ်းကျောင်းသားတစ်ယောက်ရယ်၊ Erik ဆိုတဲ့စော်ကြည်ဘဲတစ်ယောက်ကိုပါ ချောဆွဲကြပါတယ်။ နောက်ထပ်ချောဆွဲခံလိုက်ရတာက Linda၊
Linda က သူတို့တွေရဲ့ ဂျူနီယာတစ်ယောက်၊ မိသားစုအဆင်မပြေလို့ စတိုးဆိုင်မှာ ကျောင်းတစ်ဖက်နဲ့အလုပ်လုပ်နေရတဲ့သူ။ သူ့ကိုခေါ်ရတဲ့အကြောင်းအရင်းက တိုက်အိုကြီးရဲ့အစောင့်နဲ့ ရင်းနှီးတာကြောင့် သူတို့အသာတကြည်ဝင်ခွင့်ရအောင် ခေါ်ချင်တာ။ Linda က အစကတော့ ငြင်းပေမယ့် နောက်ပိုင်း လိုက်လာခများများစားစားရမယ်လည်းဆိုရော ခေါင်းညှိတ်ပြီးလက်ခံလိုက်တယ်။ ဒီလိုနဲ့တိုက်အိုကြီးဆီရောက်ပြီး အစပိုင်းကတော့ အေးအေးဆေးဆေးပဲ၊ မျက်နှာပြောင်လိုက်၊
သရဲအခြောက်ခံရချင်ယောင်ဆောင်လိုက်နဲ့ပေါ့။ ဖြစ်ချင်တော့ သူတို့လွှင့်နေတဲ့ Live က လိုင်းကျပြီး ပျောက်သွားတယ်။ Viewer လေးကလည်း နည်းနည်းများလာပြီဆိုတော့ စိတ်ကလည်းခပ်ပါပါနဲ့ တိုက်စောင့်ရော ရဲတွေကကြိုးတားပြီး တားမြစ်ထားတဲ့ဘက်ကို လိုင်းမိလိုမိငြားနဲ့ အဖွဲ့လိုက်သွားကြတဲ့အချိန်မှာ စတော့တာပါပဲ။အဲဒီဘက်အခြမ်းမှာ ချိတ်ပိတ်ထားတဲ့အခန်းတစ်ခန်းရှိတယ်။ သူတို့ထဲမှာ ကြောက်တဲ့သူကကြောက်နေပေမယ့် အဖွဲ့လိုက်ဆိုတော့ စိတ်ကြွပြီးအခန်းထဲဝင်
သွားတဲ့အခါမှာတော့ သူတို့ဘဝရဲ့မမေ့နိုင်စရာ ညတစ်ညနဲ့ကြုံတွေ့ဖို့ အကြောင်းဖန်လာခဲ့တော့တယ်။ ဒီဇာတ်ကားက ထွက်တာလည်းတစ်ရက်တောင်မပြည်သေးဘူးဆိုပေမယ့် IMDB မှာတော့ 5.6 Rating ကိုရထားပါတယ်။ Horror တွေဆို Rating စုတ်တာထုံးစံလိုဖြစ်နေကြောင့် 5.6 လောက်ဟာ Entertain ဖြစ်ပြီး ကြည့်လို့ကောင်းတဲ့အနေအထားမှာရှိတယ်လို့ ပြောလို့ရပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားမှာ သိပ်ထင်မထားကြတဲ့ Plot Twist တချို့လည်းပါတာကြောင့် စိတ်ဝင်တ
စားကြည့်ရှုရမယ့် ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ Myo Thant Kyaw ပါ)
ဒီကားလေးကတော့သဘာဝလွန်စွမ်းရည်တွေရှိနေတဲ့မိန်းကလေးတစ်ယောက်ဟာသူမစွမ်းအားတွေကြောင့်ပဲမိသားစုနဲ့အိမ်ကို စွန့်ခွာခဲ့ရတယ် နှစ်ပေါင်းများစွာ တစ်ယောက်တည်း ထွက်ပြေးတိမ်းရှောင်ရင်းနောက်ဆုံးမှာတော့ သမီးလေးနဲ့ အမေဖြစ်သူရှိတဲ့ နေအိမ်ကိုပဲ ပြန်ရောက်လာတယ်။သမီးလေးမှာပါ စွမ်းအားတွေရှိနေမှန်း ရှာတွေ့ခဲ့ရာကဘာတွေဆက်ဖြစ်လာမလဲ။ဒရမ်မာဆန်ဆန် သဘာဝလွန်ဇာတ်ကားလေးပါ
mmbusticket Before Charles Xavier and Erik Lensherr took the names Professor X and Magneto, they were two young men discovering their powers for the first time. Before they were arch-enemies, they were closest of friends, working together with other mutants (some familiar, some new), to stop the greatest threat the world has ever known. Xmen Universe ကို Extended Version 1080p BluRay 5.1 Audio နဲ့ တင်ဆက်လိုက်ပါတယ်….ယခင်တင်ဆက်ခဲ့တုန်းက လိုအပ်ချက်တချို့ရှိခဲ့တဲ့ စာတန်းထိုးတွေကိုလဲ ပြန်လည်ဖြည့်စွက်ပြင်ဆင်ထားပါတယ်။X-men ဇာတ်ကားအားလုံးကို https://channelmyanmar.org/category/x-men/ မှာဒေါင်းလို့ရပါတယ်။
အန့်ဒ်ဂိမ်းအပြီးမှာ ထွက်လာတဲ့ကားတွေကို ကြည့်ရတာ သိပ်အားရပါတော့မလားလို့
တွေးမိပေမယ့် မာဗယ်ကတော့ ပိုပိုကောင်းအောင် လုပ်ပြနိုင်တုန်းပါပဲ။
ဒီစပိုက်ဒါမန်းကားကို အကြိုက်တွေ့ကြမှာပါ။
ဇာတ်လမ်းအကျဉ်း…
သားနို့စ်နဲ့တိုက်ပွဲအပြီးမှာ ကမ္ဘာကြီးဟာ အပြိုင်စကြဝဠာတွေနဲ့ ချိတ်ဆက်တဲ့ ဝင်ပေါက်တွေ ပေါ်လာခဲ့ပါတယ်။
ကမ္ဘာတစ်ခုက သူရဲကောင်း မစ်စ်တီးရီယိုဟာ သူ့ရဲ့ကမ္ဘာကို ဖျက်ဆီးသွားတဲ့ သတ္တဝါဆိုးတွေ လက်ရှိ စပိုက်ဒါမန်းတို့ ကမ္ဘာကို ရောက်လာတာကြောင့်
လိုက်လံတိုက်ခိုက်ရင်း နစ်ခ်ဖြူရီ၊ စပိုက်ဒါမန်းတို့နဲ့ မိတ်ဆွေဖြစ်လာပါတယ်။
စပိုက်ဒီနဲ့ မစ်စ်တီးရီယိုတို့ ပေါင်းပြီး ဒီအန္တရာယ်တွေကို ရင်ဆိုင်ရပါလိမ့်မယ်…
ဒီကားလေးကတော့rating 6.9တောင်ရထားတဲ့စွန့်စားခန်းတွေနဲ့ကားကောင်းလေးတစ်ကားပါ ကမ္ဘာကြီးပေါ်မှာ ရူပဗေဒဓါတ်ပြုပြောင်းလဲစဉ်တစ်ခုကြောင့် လေလုံးကြီးတွေကလူတွေကိုဝါးမြိုတဲ့ဖြစ်ရပ်တစ်ခုပေါ်ပေါက်လာပါတယ် အဲဒီလေလုံးကြီးတွေကိုရေထုကြီးကြီးမားမားကသာကာကွယ်ပေးနိုင်ပါတယ် ဆိုင်ရာဆိုတဲ့ကောင်လေးဟာမိခင်ဆီကနေ အဲဒီလေလုံးကြီးတွေကိုတားဆီးနိုင်တဲ့စက်လေးတစ်ခုရခဲ့ပြီး သူ့အမေမှာခဲ့တဲ့အတိုင်းဆုတောင်းတွေဖြည့်ပေးတဲ့နေရာကိုရောက်အောင်သွားဖို့ တစ်ယောက်တည်းခရီးဆက်လာခဲ့ပါတယ် ဒါပေမယ့်လမ်းမှာသူ့ကိုဒုက္ခပေးမယ့်လူတွေ သူ့ရဲ့စက်ကိုလိုချင်တဲ့သူတွေနဲ့တွေ့တဲ့အခါမှာသူဘယ်လိုကျော်ဖြတ်မလဲ လေလုံးကြီးတွေရဲ့အန္တရာယ်ကနေလွတ်မြောက်ပြီးတော့ရော သူ့အမေမှာတဲ့နေရာကိုရောက်အောင်သွားနိုင်ပါ့မလား အဲဒီနေရာမှာရောတကယ်ဆုတောင်းတွေပြည့်မလား သူဘာဆုကိုတောင်းမလဲဆိုတာ စွန့်စားခန်းတွေနဲ့အတူကြည့်ရမှာဖြစ်ပါတယ်
ဒီကားလေးကတော့ စွန့်စားခန်းတွေပါဝင်တဲ့လူငယ်ဆန်ဆန်ဇာတ်ကားလေးတစ်ကားပါ ပေါတာလို့ခေါ်တဲ့မြို့လေးမှာ ထူးဆန်းတဲ့ရောဂါဆိုးကြီးတစ်ခုဖြစ်ပြီးတော့ လူကြီးတွေအကုန်ပျောက်ဆုံးသွားပါတယ် အဲဒီအချိန်ကနေစပြီးတော့မြို့ကအရှေ့ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်းဆိုပြီးကွဲသွားပါတယ် အရှေ့ဘက်ခြမ်းမှာတော့ဆင်းရဲတဲ့လူငယ်တွေနေပြီး အနောက်ဘက်ခြမ်းမှာတော့ချမ်းသာတဲ့လူငယ်တွေနေပါတယ် တစ်ရပ်ဆင်းရဲတဲ့ဘက်ကလူငယ်ခေါင်းဆောင်က အနောက်ဘက်ခြမ်းရဲ့ကားကိုလုပြီးပါလာတဲ့လူတွေကို သတ်ပြီးရေသန့်ဘူးတွေခိုးရာကနေ ဇာတ်လမ်းကစတော့တာပါပဲ အဲဒီလူငယ်ခေါင်းဆောင်ကိုဖမ်းခေါ်သွားတော့ သူ့ညီမဖြစ်သူကသူ့အကိုကိုကယ်တင်ဖို့ကြိုးစားရင်းနဲ့ ဘာတွေဖြစ်ကြမလဲ အနောက်ဘက်ခြမ်းရဲ့စည်းကမ်းတင်းကျပ်မှုတွေနဲ့အတူ အဲဒီထဲကိုဘယ်လိုဝင်ကျမလဲဆိုတာတွေကို ကြည့်လိုက်ပါဦးနော်
ဖဲလ်လာဒဲဖီးယား မြို့က ရဲအရာရှိတစ်ယောက်ဟာ ၁၉၈၈ ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ကွင်းဆက်လူသတ်မှုတစ်ခုကို ဖော်ထုတ်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်…. ပြောရရင်ဒီလူသတ်မှုဟာဆန်းကြယ်မှုတွေပြည့်နေပါတယ်… ဒီကွင်းဆက်လူသတ်သမားကို ဖမ်းဆီးနိုင်ဖို့ အရမ်းခက်ခဲပါတယ်…ဘာကြောင့်လဲဆို သူသတ်ပြီးတိုင်းသဲလွန်စတွေ မချန်ခဲ့သလို အချိန်အကြာကြီးပျောက်ကွယ်နေတတ်လို့ပါ… ရဲအရာရှိဟာ ဒီလူသတ်သမားပေါ်တဲ့အချိန်တွေဟာ အချိန်ကိုက်ဖြစ်နေတတ်သလို တခြားသူတွေနဲ့မတူတဲ့သဘာဝလွန် စွမ်းအားတစ်ခုပိုင်ဆိုင်ထားတာကိုသိခဲ့ရပြီးတဲ့နောက်… ဒီလူသတ်သမားကို ဖမ်းဆီးနိုင်ပါ့မလား…. ဒီလူသတ်သမားကရော ဘယ်လိုစွမ်းအင်တွေပိုင်ဆိုင်ထားသလဲ… ခံစားကြည့်လိုက်ပါဦး….
ဖီးလစ် ဆိုတဲ့ ဗိသုကာပညာရှင်တစ်ဦးဟာ အသက်အရွယ်ရလာတာကြောင့် ကုမ္ပဏီကနေ အနားယူလိုက်ပါတယ်။ ကုမ္ပဏီက နှုတ်ဆက်ပွဲမှာ ဝန်ထမ်းတွေက ဖီးလစ် ကို မျက်မှန်လေးတစ်လက် လက်ဆောင်ပေးခဲ့ပါတယ်. အဲ့ဒီမျက်မှန်ဟာ သာမန် မျက်မှန်မျိုးမဟုတ်ပါဘူး အော်ဂီ လို့ အမည်ရတဲ့ ကိုယ့်အတွင်းစိတ်က လိုချင်တပ်မက်တဲ့ တစ်စုံတစ်ယောက်ကို ကိုယ့်ရှေ့ကို ပရိုဂျက်တာကဲ့သို့ ပုံရိပ်ထင်လာစေတဲ့ အဆင့်မြင့် နည်းပညာသုံး AR assistant မျက်မှန် ပါ။ ဖီးလစ် ဟာ အလုပ်က အနားယူထားလို့ လုပ်စရာမရှိတာကြောင့် အော်ဂီ မျက်မှန် ကို စမ်းတပ်ကြည့်ရာ သူ့ရှေ့ကို အင်မတန်ချောမောလှပတဲ့ မိန်းမငယ်လေးတစ်ယောက် ပေါ်လာပါတော့တယ်။ ဖီးလစ်ဟာ ထိုကောင်မလေးကို တဖြည်းဖြည်းစွဲလမ်းလာပါတယ်။ ဒါပေမယ့် မျက်မှန်တပ်မှ မြင်ရတဲ့ ပုံရိပ်ယောင်ဆိုတော့ ဘာမှ လုပ်မရဘူးပေါ့။ အဲ့ဒီလိုနဲ့ ဖီးလစ် ဟာ မျက်မှန်ထဲမှ ထိုကောင်မလေးကို ထိတွေ့လို့ ရအောင် ကြိုးစားရာကနေ ဘာတွေ ဆက်ဖြစ်မလဲဆိုတာ ဒီကားလေးမှာ ကြည့်လိုက်ပါ။
အာကာသစကြဝဠာအကြောင်းလေ့လာတာကို စိတ်ဝင်စားတဲ့ ပရိတ်သတ်တွေအတွက် ကားကောင်းလေးနဲ့မိတ်ဆက်ပေးပါ့မယ်။ ဒီကားလေးမှာတော့ မိုက်ခ်၊ ရွိုင်းနဲ့ ဟယ်ရီဆိုတဲ့ လူသုံးယောက်က ဟိုးကောင်းကင်ကြီးပေါ် က အရာတွေကိုလေ့လာဖို့ ပစ္စည်းကိရိယာတွေယူပြီး ညဘက်ကြီးကွင်ပြင်တစ်ခုကို ထွက်လာခဲ့ကြတယ်။ အဲမှာ ထူးဆန်းတဲ့အရာတစ်ခုကို သူတို့ခြေရာခံမိသွားတဲ့အခါ… ဒီလူသုံးယောက်က အတိတ်မှာ ဘယ်လိုအဆက်အစပ်တွေရှိကြလဲ၊ သူတို့ရှာတွေ့သွားတဲ့အရာကရော ဘာဖြစ်မလဲ၊ အဲအရာကိုကာကွယ်ဖို့ သူတို့ ဘယ်လိုကြိုးစားရမလဲ ဒါတွေကို ရင်တထိတ်ထိတ်နဲ့ကြည့်ရမှာပါ။ သူငယ်ချင်းမိတ်ဆွေအစစ်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာကိုလည်း ပါးပါးလေးချပြသွားပါသေးတယ်။ ဇာတ်လမ်းက အလယ်လောက်အထိတော့ နည်းနည်းလေးပျင်းဖို့ကောင်းတယ်လို့ ထင်ရပါလိမ့်မယ်။ ဒါပေမဲ့ နောက်ပိုင်းရောက်လာလေ စိတ်ဝင်စားဖို့ကောင်းလေပါပဲ
ဒီကားလေးကတော့စိတ်ကူးယဥ်ဆန်ဆန်အာကာသသိပ္ပံဇာတ်လမ်းတွေကြိုက်နှစ်သက်တဲ့သူတွေအကြိုက်တွေ့မယ့်ဇာတ်ကားကောင်းလေးတစ်ကားပါအာကာသစခန်းဖြစ်တဲ့ပန်ဂျေမှာ၁၀နှစ်တာဝန်ထမ်းဆောင်ဖို့ USကနေဂျွန်ရေမွန်လိမ်ရယ်ဂျက်ကီမီလာရယ် ရစ်ချက်ဗယ်လင်ရယ်လီဆာဘရောင်းရယ်သူတို့လေးယောက်ကိုစေလွှတ်ခဲ့ကြတယ်ပန်ဂျေစခန်းဟာ ကမ္ဘာကနေ ယူရိုပါ ကိုသွားတဲ့အင်ဂျင်နီယာတွေအတွက်လောင်စာဆီဖြည့်ပေးရတဲ့စခန်းတစ်ခုဖြစ်တယ်တာဝန်ထမ်းဆောင်ရင်းနှစ်တွေကြာလာတဲ့အခါမှာကပ္ပတိန်ဂျွန်က ညဘက်အိပ်ရင်းယောင်တတ်တဲ့ဝေဒနာကိုခံစားခဲ့တယ် ဒေါက်တာရစ်ချက်က သူ့ကိုကုသပေးခဲ့တယ်၅နှစ်လောက်ကြာတဲ့အခါမှာတော့ဂျက်ကီဟာကမ္ဘာမြေမှာကျန်ခဲ့သူ့မသမီးလေးနဲ့ဆက်သွယ်မှုပြတ်တောက်သွားခဲ့တယ်ကမ္ဘာမြေကြီးဟာ လူသားတွေမျိုးသုဥ်းပျောက်ကွယ်မယ့်အခြေအနေတစ်ခုကို ကြုံခဲ့ရပြီးတော့နောက်ဆုံးကျန်ရစ်ခဲ့တဲ့သူတွေဟာ သူတို့လေးယောက်ပဲလားသူတို့လေးယောက်ဒီအဖြစ်အပျက်ကြီးကိုကြုံတွေ့လိုက်ရတဲ့အတွက်နောက်ပိုင်းမှာဘယ်လိုတွေpsychoတွေဖောက်သွားမလဲနောက်ထပ်အသက်ရှင်ကျန်ခဲ့တဲ့သူတွေရှိဦးမလားနောက်ပိုင်းမှာဘယ်လိုတွေဆက်ဖြစ်သွားမလဲဆိုတာ စိတ်ဝင်စားစရာကြည့်ရှု့ရမှာပါ
ဒီကားလေးကတော့ လျှို့ဝှက်ဆန်းကျယ်ဆန်ဆန်ကြိုက်တတ်တဲ့ပရိသတ်တွေသဘောကျနှစ်သက်ကြမယ့်ကားပါ… မတ်တ်နဲ့ကိတ်တို့ဟာကိုယ့်ဝါသနာပါရာကိုလုပ်ပြီးရုန်းကန်ကြိုးစားနေကြတဲ့စုံတွဲနှစ်ယောက်ပါ တစ်နေ့မှာတော့လူမနီးသူမနီးတဲ့မြို့ပြင်နားလေးကအိမ်တစ်လုံးကိုဝယ်လိုက်ကြပါတယ် အဲ့ဒီအိမ်ကပုံမှန်မဟုတ်တဲ့အရာတွေဖြစ်တတ်တဲ့အိမ်ဆိုတာကိုဝယ်ပြီးမှသိလိုက်ကြတယ် အိမ်ကတော်တ်ောလေးပြင်ဆင်ဖို့လိုနေတဲ့အိမ်ဖြစ်နေတော့ ပြင်ဖို့ရှင်းလင်းရင်းနဲ့ထူးထူးဆန်းဆန်းအခန်းတစ်ခုကိုသွားတွေ့ပါတယ်… လိုချင်တဲ့ပစ္စည်းတွေပြောလိုက်တာနဲ့မျက်စိတစ်မှိတ်အတွင်းအခန်းထဲမှာပေါ်လာပါတယ် ပြောလိုက်ရုံနဲ့ သူတို့ဆန္ဒတွေပြည့်မြောက်တယ်လို့ဆိုရပါ့မယ်… မတ်တ်နဲ့ကိတ်တို့နှစ်ယောက်လိုတရအခန်းကြီးရှိနေတဲ့နောက် ဘယ်လိုနှစ်ပါးသွားကြမလဲ လူတွေရဲ့လိုအင်ဆန္ဒလောဘတွေဟာရှိသင့်တာထက်ကျော်လာတဲ့အခါ ဘယ်လိုတွေဖြစ်သွားမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ကြပါ….
ဒီတစ်ခေါက်တော့ Cast လန်းလန်း၊Rating မြင့်မြင့်Scifi/Fantasy ကားလေးကိုCM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။Green Arrow လို့လူသိများကျော်ကြားတဲ့ Stephen Amell ရယ်၊Robbie Amell ၊Sung Kang ရယ် အတူတူသရုပ်ဆောင်ထားတာပါ။Rating တွေအနေနဲ့ကတော့ Rotten Tomatoes 78%တောင်ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကိုတင်ဆက်ပေးလိုပါသေးတယ်။လင်ကွန်းစီးတီးဆိုတာ အစွမ်းရှိတဲ့သူတွေနဲ့ သာမန်သူတွေနဲ့အတူတကွငြိမ်းအေးစွာယှဉ်တွဲနေထိုင်ကြတဲ့ မြို့တစ်မြို့ပါ။သာမန်ထက်ထူးခြားတဲ့လူတွေရဲ့အစွမ်းတွေကို ကုန်ထုတ်လုပ်ရေးဆောက်လုပ်ရေးတွေများ ကောင်းကောင်းအသုံးချကြပါတယ်။တဖြည်းဖြည်းနဲ့ စက်ယန္တရားတွေ အစားထိုးဝင်ရောက်လာတဲ့အခါအစွမ်းရှိတဲ့သူတွေအလုပ်အကိုင်တွေရှားပါးလာပါတော့တယ်။အလုပ်အကိုင်တွေရှားပါးလာတာနဲ့အမျှဒုစရိုက်သမားတွေက အစွမ်းရှိတဲ့လူတွေကို ဆိုက်ခ်ဆိုတဲ့မူးယစ်ဆေးဝါးတစ်မျိုးထုတ်လုပ်တဲ့နေရာမှာ အသုံးချပါတော့တယ်။ဒီမူးယစ်ဆေးနဲ့ ပါဝင်ပါတ်သတ်နေတာကြောင့် သာမန်လူတွေကလဲအစွမ်းရှိလူသားတွေကို အမုန်းပွားကာ ခွဲခြားဆက်ဆံပါတော့တယ်။အဲတော့ အစွမ်းရှိသူတွေအနေနဲ့ အစွမ်းရှိတယ်ဆိုတာအားနည်းချက်တစ်ခုလိုပါပဲ။ကော်နာဆိုတော့ကောင်လေးကတော့အလုပ်မရှိတဲ့ စွမ်းအားရှိလူသားတစ်ယောက်ပါ။တစ်နေ့မှာတော့ သူ့အမေကိုဆေးကုဖို့အတွက် အလုပ်လိုလာတဲ့အခါမှာသူဘာဆက်လုပ်မလဲ?ဘယ်လိုတွေဆက်ဖြစ်မယ်ဆိုတာ အရမ်းကိုစိတ်ဝင်စားဖို့ကောင်းပါတယ်။
အရေပျော်စက်ရုပ်ကားဆိုပြီး ငယ်ငယ်ကတည်းက စွဲလမ်းခဲ့ကြတဲ့တာမီနေတာ ရုပ်ရှင်တွေရဲ့ နောက်ဆုံးထွက် ရုပ်ရှင်ပါ။တာမီနေတာ တွေအထဲမှာကျွန်တော်တို့ အကြိုက်ဆုံးက နံပါတ် ၂ ရုပ်ရှင်ပဲ ဖြစ်မယ်ထင်ပါတယ်။အခုထွက်တဲ့ရုပ်ရှင်ကတော့ အားလုံး ဒုတိယအကြိုက်ဆုံး တာမီနေတာရုပ်ရှင် ဖြစ်လာမယ်ထင်ပါတယ်။ဇာတ်လမ်း နဲ့ အက်ရှင်တွေက အတော်ကို ကောင်းပါတယ်။အားရစရာပါပဲ။ဇာတ်လမ်းအကျဉ်း ဆာရာကော်နာ နဲ့ ဂျွန်ကော်နာတို့ဟာစကိုင်းနက်ကို ဖျက်ဆီးနိုင်ခဲ့ပြီး အနာဂတ်ကို ပြောင်းလဲနိုင်ခဲ့ပြီးချိန်မှာတာမီနေတာ တစ်ကောင်က ဂျွန်ကော်နာကို သတ်သွားခဲ့ပါတယ်။ဒါတွေဖြစ်ပြီးလို့ နှစ် ၂၀ အကြာလောက်မှာ ဒန်နီဆိုတဲ့မိန်းကလေးကို သတ်ဖို့ အနာဂတ်က ပိုအဆင့်မြင့်တဲ့ရက်ဗ်နိုင်းမော်ဒယ် တာမီနေတာ ရောက်လာပြီး၊ဒန်နီကို ကာကွယ်ဖို့လည်း ဂရေ့စ် ဆိုတဲ့စက်ရုပ်တစ်ပိုင်းလူသား ရောက်လာပါတယ်။ဒန်နီနဲ့ ဂရော့စ်တို့ကို ဆာရာ ကော်နာက ကယ်တင်သွားပြီးရက်ဗ်နိုင်းကို ရင်ဆိုင်ဖို့ ရန်သူဟောင်းကြီးတစ်ယောက်နဲ့ပူးပေါင်းပြီး ကြိုးစားရပါတော့တယ်။
ဖရန်ကီ . . . သူက အိမ်ယာတွေ၊ စာချုပ်စာတန်းတွေ စတာတွေကို ကိုယ်တိုင်ပေးတဲ့ ရှေ့နေတစ်ယောက်သူလုပ်ထားတဲ့ စာတမ်းတစ်ခုက အသုံးဝင်ပြီး ငွေကြေးလည်ပတ်မှုကိုပြောင်းလဲစေနိုင်တဲ့ အထိဖြစ်လာနိုင်တယ်။ အဲ့ကိစ္စအတွက် မနက်ဖြန် Wed မှာ Meeting လုပ်ရမယ် ဒါဟာသူ့ဘဝအတွက်အခွင့်အလမ်းတစ်ခုပါပဲ၊အဲ့အကြောင်းကိုသိတဲ့ သူ့သူငယ်ချင်းက ဒီနေ့တော့ မင်းအောင်ပွဲခံသင့်တယ်၊ အောင်ပွဲခံရမယ်ဆိုပြီး အတင်းခေါ်ပါတယ်၊သူက ဒီနေ့က Tue မို့လို့ရယ်၊ မနက်ဖြန်မှာ အရေးကြီးလို့ မလုပ်ဘူးဆိုပြီး အတန်တန်ငြင်းခဲ့ပေမယ်၊ အိမ်အပြန်ညဘက်စိတ်ရှုပ်ထွေးမှုနဲ့ သူ့ရဲ့ Tuesday ဟာ Party ပွဲတစ်ခုကိုဖြတ်သန်းလိုက်ရတာကနေ . စတော့တာပါပဲ၊ ဟိုသီချင်းကိုသိတယ်မှတ်လား“လူတွေအကုန် လေပေါ်မှာပျံနေပြီ ဆိုတာ ” . . . အသစ်အဆန်းနဲ့ ခေတ်စမ်းတာတွေအများကြီး ကြုံတွေ့ရမယ့် ကိစ္စတွေပါတာမို့
Abnormal သို့မဟုတ် Freak လို့ သတ်မှတ်ခံထားရတဲ့ ညာဖက်မျက်လုံးမှ သွေးများကျတတ်တဲ့ လူတစ်စုရှိတယ်…..ဒီလိုသာမန်မဟုတ်တဲ့ ပတ်ဝန်းကျင်မှာ ကလိုဝီ လို့ခေါ်တဲ့ ခုနှစ်နှစ်အရွယ်သမီးလေးကို သာမာန်ကလေးတွေကဲ့သို့ နေထိုင်တတ်အောင် သင်ကြားပေးနေသော ဟင်နရီကိုတွေ့ရမှာဖြစ်ပါတယ်… သူ့ဇနီး မယ်ရီကို သေဆုံးသွားလို့ သမီးလေးဘေးကင်းအောင် စောင့်ရှောက်ပေးရင်း ကလေးကို အိမ်ထဲမှာပဲ လုံခြုံအောင်ထားခဲ့ပါတယ်…သူဘယ်လိုပဲသင်သင် နေထိုင်အောင်ကြိုးစား ကြိုးစား သမီးလေး ကလိုဝီ
မှာ ထူးခြားတဲ့စွမ်းအင်တစ်ခုပိုင်ဆိုင်ထားတယ်…ဒါကို ဖခင်ဖြစ်သူလည်းမသိရှာဘူး…
ဒီအစွမ်းကြောင့်ပဲ သူ့အမေရဲ့ တကယ့်ဖြစ်ရပ်မှန်ကိုသိခဲ့ရတယ်..တခြားတစ်ဘက်မှာလည်း သူတို့မျိုးနွယ်စုတွေကို ADF အဖွဲ့ကမုဆိုးက သားကောင်လိုက်သလို လိုက်လံဖယ်ရှားနေခြင်းကိုခံနေရတယ်…..ကလိုဝီရဲ့ ထူးခြားတဲ့စွမ်းအင်တွေက ဘာတွေလဲ…
သူ့အမေရဲ့အဖြစ်ကိုသိပြီးတဲ့နောက် ဘယ်လိုဆက်ဖြစ်ကြမလဲ…သုတ်သင်ရှင်းလင်းရေး
အဖွဲ့တွေရန်ကရော လွတ်မြောက်ပါ့မလား

၀၁၉ ထွက် comedy ဇာတ်ကားဖြစ်ပါတယ်။ Comedy ဆိုပေမယ့် ပေါကားမဟုတ်ပဲ ကြည့်ရှုသူကို
တွေးစရာတွေအများကြီးပေးမယ့်ကားလေးပဲဖြစ်ပါတယ်…
ဇာတ်လမ်းအကျဉ်းကတော့ အလုပ်ကနေ ၂ ပတ်တာ ဆိုင်းငံ့ထားရတဲ့ ကလီယိုတစ်ယောက် ခေါင်းဆေးဖို့ရာ
စက်ဘီးတစ်စီးနဲ့ တစ်ကိုယ်တော်ခရီးထွက်လာခဲ့ပါတယ် …. အဲ့လိုနဲ့ ရပ်ထားတဲ့ သူ့စက်ဘီးကိုဝင်တိုက်တဲ့
အူကြောင်ကြောင် ပေါတောတော လယ်ရီနဲ့ဆုံပါတော့တယ် … ဒီလိုနဲ့ လယ်ရီဖိတ်ခေါ်မှုကြောင့် ကားကြုံ
လိုက်စီးဖြစ်ရာမှ လယ်ရီရဲ့ အတွေးအခေါ်တွေ ဘဝဇာတ်ကြောင်းတွေကို ကလီယိုသိလိုက်ရတဲ့အခါ…
ဘာသာရေးအယူအဆတွေဖောဖောသီသီ သုံးထားပြီးရယ်ရတာမို့ ကြည့်လိုက်ပါဦး။