အဆင့် ၁၃ ခုပါတဲ့ ရက်ရက်စက်စက် ကစားပွဲတစ်ခု ..
တစ်ဆင့်နိုင်တိုင်း ငွေတွေ အများကြီးပေးတယ် ။ ၁၃ ဆင့်လုံးနိုင်ရင်တော့ သန်းကြွယ်သူဌေး ဖြစ်ပြီပဲ ။ ခိုင်းသူက ဖုန်းနဲ့ ကြံကြံဖန်ဖန် ခိုင်းတယ် ၊ လုပ်ရသူက ခက်ခက်ခဲခဲ အရူးတစ်ယောက်လို လုပ်ရတယ် ။
အဲလစ် ဘရန်ဒယ် …
အလုပ်ကပြုတ် ၊ ညီဖြစ်သူက ဉာဏ်ရည်မမှီ ၊ မိန်းမက တစ်ဘက်နဲ့ ငွေကြေးမပြေလည်ဘူး ။ ဘရန်ဒယ်က ငွေလိုတော့ ကစားပွဲကို ဝင်ကစားမိတယ် ။ ကစားပွဲကြောင့် တစ်ဆင့်အောင်တိုင်း ပြစ်မှုအကြီးစား ကျုးလွန်မိတာအကြိမ်ကြိမ် ။ ဘရန်ဒယ် ၁၃ ဆင့်လုံး အောင်ပါ့မလား ။ သူနဲ့ အတူ ဘယ်သူတွေ ကစားနေမလဲ ။
မေးခွန်းလေးတစ်ခုလောက်မေးပါရစေဒီမေးခွန်းက သိပ်ကိုရိုးရှင်းပေမဲ့ တကယ်တမ်းပြန်ဖြေဖို့ရယ် လက်တွေ့လုပ်ဖို့ရယ်က မရိုးရှင်းတော့ဘူး မေးခွန်းလေးကတော့……သင့်ရဲ့ အသက်ရှင်သန်ခွင့်၂၄နာရီပဲ ရှိတော့မယ်ဆိုရင် ဘာလုပ်မလဲ….ရင်ဆိုင်ရမဲ့ အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်မလဲ
အဓိက နဲ့ သာမညဆိုတာ ဘယ်လိုခွဲမလဲဒီကားက ကြေးစားလူသတ်သမားတစ်ယောက်အကြောင်းကို ရိုက်ပြထားတယ် သူဟာ ကြေးစားပီပီ ထက်မြက်တယ် တိုက်ရည်ခိုက်ရည်ကျွမ်းကျင်တယ် တစ်နေ့တော့ ကြေးစားအလုပ်တစ်ခုကို လုပ်ဆောင်နေစဉ်မှာ တစ်ဘက်အဖွဲ့အစည်းရဲ့ တုန့်ပြန်မှုကြောင့် သူသေဆုံးသွားတယ် ဒါပေမဲ့ ဆန်းကြယ်တာကသူ့အလုပ်ရှင်က သူ့ကို အသက် ၂၄ နာရီပြန်ရှင်အောင်လုပ်ပေးလိုက်တယ်…. ကဲ သူဘာတွေဆက်လုပ်မလဲ… ဘယ်လိုတွေရင်ဆိုင်မလဲ …..
ကိုရီးယားကားတွေမှာ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းတွေကြည့်ဖူးကြတယ်ဟုတ်…ဒီကားမှာလည်း သုံးပွင့်ဆိုင်ဇာတ်လမ်းမျိုးကိုဘာဆက်ဖြစ်လာမလဲဆိုတဲ့ ဖီလင်မျိုးနဲ့ စိတ်ဝင်တစားကြည့်ရှုရမှာပါ…ကာရာ ဆိုတဲ့အမျိုးသမီးလေးဟာ
စိတ်ကျန်းမာရေးတိုင်ပင်ဆွေးနွေးပေးသူတစ်ယောက်ဖြစ်ပြီးလူတွေကိုကူညီတတ်တဲ့ စိတ်သဘောထားကောင်းတဲ့ကောင်မလေးတစ်ယောက်ပါ..သူ့ရဲ့ရည်းစားကတော့ တိုင်လာ ဆိုတဲ့အမျိုးသားဖြစ်ပြီး တိုင်လာ့ကိုလဲ မူးယစ်ဆေးစွဲနေတဲ့ဘဝက
နေ ကာရာ ကကယ်တင်ထားတာပါ…သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်အချစ်စစ်တွေနဲ့အရမ်းချစ်ကြပြီး လက်ထပ်ကြဖို့ဆုံးဖြတ်လိုက်တဲ့အချိန်မှာတိုင်လာ့ရဲ့အရင်ရည်းစားဖြစ်တဲ့ အစ္စဘယ်လာ ဟာသူတို့ရဲ့ဘဝထဲကိုဝင်
ရောက်လာပါတော့တယ်…ကဲသူတို့သုံးယောက်ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့..စိတ်ဝင်စားစရာပါပဲနော်..ဤဇာတ်ကားကို May Thu မှဘာသာပြန်ပေးပြီးအညွှန်းကိုလဲ ကိုယ်တိုင်ပဲရေးပေးထားပါတယ်
mmbusticketမိန်းမတိုင်းဟာ
တစ်သက်မှာ တစ်ခါတော့ သူတို့ ယောကျ်ားတွေကို သတ်ပစ်ဖို့ စဉ်းစားဖူးတယ် တဲ့ …..ခင်ဗျားဟာ အိမ်ထောင်သည်ဆိုရင် ခင်ဗျားရဲ့မိန်းမကို မေးကြည့်ပါ ။
အနည်းဆုံး တစ်ကြိမ်တော့ ခင်ဗျားကို သတ်ဖို့ နည်းလမ်းတစ်ခုတော့ သူစဉ်းစားဖူးလိမ့်မယ်တဲ့ …..ကဲ .. ဒါဆို ဘာလို့ ခင်ဗျား အခုထိ အသက်ရှင်နေလဲ သိလား?“ကလေး”ကလေးတစ်ယောက်လောက် ရလိုက်ရင်
မိန်းမတွေဟာ ယောကျ်ားကို ပိုပြီး သည်းခံလာနိုင်လာတယ်တဲ့ … ဒါကြောင့် ခင်ဗျား အခုချိန်အထိ အသက်ရှင်နေတာပေါ့ …..
ဆူဆန်နာ အန်နာမရင်း ဂျိုဟန်နာ ဆိုတဲ့
သူဌေးမ တစ်ယောက် ယောကျ်ား ၆ ယောက်ထိ ယူခဲ့တယ် အကုန်သေကုန်တယ် ။တကယ်တော့ ဆူဆန်နာဟာ
သူ့ဘဝသက်တမ်း တစ်လျှောက်လုံး ထာဝရအချစ်ကို ရှာဖွေခဲ့တာပါ ၊ အရမ်းအထီးကျန်ခဲ့ရပါတယ် ။ သူ မွေးကင်းစအရွယ်မှာပဲ သူအမေ ဆုံးပါးသွားခဲ့တယ် ။ ပြီးတော့ သူအရွယ်မရောက်ခင်မှာဘဲ သူ့အဖေ ထပ်ဆုံးသွားခဲ့ပါတယ် ။ သူ့အဖေက သူအတွက်တော့ အရာရာပါပဲ သူငယ်ချင်းလို.. အမေလို.. အဖေလို.. အစ်ကိုလို ဖြစ်နေခဲ့တယ် ။ သူအဖေဆုံးသွားတဲ့နောက်ပိုင်းမှာ သူ့အဖေလို ယောက်ျားမျိုးကိုတွေ့ဖို့ ကြိုးစားခဲ့ပါတယ် ။တကယ်တော့ ဆူဆန် ဘဝက
မကောင်းတဲ့ ယောကျ်ားတွေနဲ့ပဲ ဆုံဖို့ ကံပါလာတယ် ထင်ပါတယ် ။ဆူဆန်နာမှာ သိပ်ချစ်တတ်တဲ့ နှလုံးသားရှိတယ်
အဲဒိနှလုံးသားကြောင့်ပဲ လူ ၆ ယောက်ကို သေနေ့မစေ့ပဲ ကောင်းကင်ဘုံကို စောစောစီးစီး ပို့ပစ်လိုက်တယ်လေ ….ဆူဆန်ရဲ့ အလှက ကြောက်စရာကောင်းတယ်
ဒါပေမယ့် သူ့ကို အရှိအတိုင်း လက်ခံနိုင်မယ့်သူမျိုး …. သူ့ရဲ့ဒုစရိုက်တွေ သုစရိုက်တွေနဲ့ ဒီကြောက်စရာမျက်နှာကြီးကို လက်ခံနိုင်မယ် လူမျိုးကို သူရွေးချယ်တော့မယ် ။အဲဒါကတော့ သူ့ရဲ့ ၇ ယောက်မြောက် ယောကျ်ားပါပဲ ….. (ဇာတ်လမ်းအညွှန်းကို DMO Entertainment Page (https://www.facebook.com/DMO-Entertainment-171295570154166/) မှကူးယူဖော်ပြပါသည်)
’71(2014)IMDb….7.2,,,Rotten….95(((ဆုပေါင်း (၁၂)ဆု ရရှိခဲ့ပြီး အခြားဆုများအတွက် ဆန်ကာတင်(၂၅)ဆုစာရင်းဝင်ခဲ့….)))ကျွန်တော်တို့အားလုံးဟာ တိုက်လိုခိုက်လိုစိတ်ပျင်းပြပြီးရန်လိုတဲ့သူတွေမဟုတ်တဲ့အပြင် တခြားသူဒုက္ခရောက်နေမှပျော်နေတဲ့သူတွေမဟုတ်ကြဘူး…သို့ပေမယ့် ဒီလိုအရာတွေနဲ့မကင်းတဲ့ စစ်ကားတွေကို လူကြီးလူငယ်မရွေးဘာကြောင့်ကြိုက်ကြတာပါလိမ့်……
တခြားနိုင်ငံမှရိုက်သည့်စစ်ကားအများစုသည် အဆဲမျိုးစုံပါဝင်သလို အထက်အောက် ပုံစံပေးနည်းမျိုးစုံပါဝင်လေသည်…သို့ပေမယ့် စစ်မြေပြင်ရောက်လျှင်သော်လည်းကောင်း ဒုက္ခမျိုးစုံသော်လည်းကောင်းကြုံသည့်အချိန်မျိုးတွေ အတူပူပေါင်းဖြေရှင်းသည့်ပုံစံများမှာကျွန်တော်တို့ကို လွန်စွာမှဆွဲဆောင်နိုင်ပါသည်…ဥပမာ Jarhead (2005) တပ်သားသစ်ဘဝကိုစရိုက်ပြတာ ..ဆဲတာလည်းစုံ ပညာပေးနည်းလည်းစုံ မီးကြောင့်ရဲရဲနီသည့် သံကွင်းနဲ့တောင်ထိုးကြသေးတယ်..သို့ပေ
မယ့် နောက်ဆုံးခန်းရောက်တော့ ကျွန်တော်တို့မျက်ရည်စို့ရတယ်..နောက် Fury (2014) အချင်းချင်းမှဆဲချက်ပေါက်ကရပြောချက်..အသစ်ကောင်လေးကိုလည်းပုံစံပေးချက်က မညှာတာ….သို့ပေမယ့် ဒီလူ့အရိုင်းအစိုင်းလို စစ်သားကြီးတွေက ကျွန်တော်တို့ကိုမျက်ရည်စို့ခဲ့ရတယ်..အခြားစစ်ကားကောင်းများစွာရှိပါသေးသည်…မည်သို့ပင်ဆိုစေ ကျွန်တော်တို့ဆီက စစ်ကားရိုက်ပြီဟေ့ဆိုရင်လည်း တခြားမြန်မာကားများထက် စိတ်ဝင်တစ်စားစောင့်ကြည့်ရတာ
အမော….အားမလိုအားမရဖြစ်ခဲ့ကြတာကလည်းတစ်ပိုင်းပေါ့လေ..ခုလည်း စစ်ကိုမုန်း၍ တိုက်ခဲ့သည်နောက်ပိုင်း ရေတပ်နှင့်ဆိုင်သည့် စစ်ကားတစ်ကားရိုက်နေသည်ဟုကြားသိရသည်…ထားတော့….’71(2014)ဇာတ်လမ်းအညွှန်းကိုအတိုချုံးပြောရမယ်ဆိုရင် တပ်ရင်းတစ်ရင်းဟာ ကက်သလစ်ဂိုဏ်းအဖွဲ့အထိကရုဏ်းဖြစ်တဲ့ Belfast မြို့ကို အရေးပေါ်လုံခြုံရေးသွားယူရတယ်..အဲ့ဒီလုံခြုံရေးယူတဲ့ထဲမှာ သင်တန်းဆင်းခါစ ရဲဘော်သစ်တွေပါတယ်…တစ်နေ့လုံခြုံရေးယူပေးနေရင်း
စစ်သည်တစ်ယောက် အသတ်ခံလိုက်ရတယ်….တခြားသူတွေတော့ ထွက်ပြေးလွတ်မြောက်သွားတယ်..လွတ်မြောက်သွားတဲ့အထဲမှာ တပ်သားသစ် ဟွတ်ခ်ဆိုတဲ့သူလည်းပါတယ်..သူဟာ ထွက်ပြေးနေတုန်းမှာ သူလုံးဝမမျှော်လင့်ထားတဲ့ အဖွဲ့အစည်းတွေနဲ့တွေ့ခဲ့ရတယ်..ကိုင်း သူတွေ့ခဲ့တဲ့အဖွဲ့အစည်းတွေက ဘာတွေဖြစ်မလဲ…ဒီရဲဘော်သစ်လေး ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး…..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့Zwel Zan Aung ပဲဖြစ်ပါတယ်…
mmbusticket ဒီကားလေးဟာကိုရီးယားအက်ရှင်ကားတွေထဲမှာတည်တည်ငြိမ်ငြိမ်နဲ့သရုပ်ဆောင်တတ်တဲ့တောင်ကိုရီးယားဝါရင့်မင်းသားSo-Ji_Subပါဝင်သရုပ်ဆောင်ထားတဲ့၂၀၁၂ထွက်ကားလေးဖြစ်ပါတယ်။ဇာတ်ကားလေးကိုကြေးစားလူသတ်သမားအဖွဲ့အစည်းတစ်ခုနဲ့စတင်ထားပါတယ်။
Heyong-Doဟာအပြင်ပန်းကကြည့်ရင်တော့သတ္တုလုပ်ငန်းတစ်ခုရဲ့ဝန်ထမ်းတစ်ယောက်လို့ပဲမြင်ရမှာပါတယ်။တကယ်တော့အဲဒီသတ္တုလုပ်ငန်းဆိုတာကိုအယောင်ပြပြီးအဖွဲ့အစည်းအလိုက်အလုပ်လုပ်တဲ့ကြေးစားလူသတ်သမားအဖွဲ့တစ်ခုရဲ့အဖွဲ့ဝင်တစ်ပါပဲ။မိမိလုပ်ငန်းမှာကျွမ်းကျင်ပိုင်နိုင်စွာသွေးအေးစွာလုပ်ဆောင်နိုင်ပြီးအတော်ဆုံးကြေးစားလူသတ်သမားဖြစ်ပေမယ့်အချစ်ဆိုတဲ့အရာသူ့ဘဝထဲကိုဝင်လာချိန်မှာတော့အရာအားလုံးပြောင်းလဲကုန်ပါတော့တယ်။Single
motherတစ်ယောက်ဖြစ်သူMi-Yeonနဲ့တွေ့ကာချစ်မိပြီးတဲ့နောက်Heyongဟာသူ့ရဲ့အတိတ်ကမကောင်းမှုတွေကိုစက်ဆုပ်လာပါတော့တယ်။အဲဒါနဲ့အခိုင်အမာတည်ရှိနေတဲ့သူ့ရဲ့ကြေးစားလူသတ်ဂိုဏ်းကနေထွက်ဖို့ကြိုးစားတဲ့နောက်မှာတော့ အဖြစ်အပျက်တွေဟာမုဆိုးဘဝကနေသားကောင်ဘဝအဖြစ်သို့နေ့ချင်းညချင်းရောက်သွားသလိုပါပဲ။Heyongတစ်ယောက်နွံထဲကနေရုန်းထွက်နိုင်မလား။သူမျှော်လင့်တဲ့ငြိမ်းချမ်းတဲ့ဘဝလေးထူထောင်နိုင်မလား။အတိတ်အရိပ်ဆိုးကိုကျော်ဖြတ်
နိုင်မလားဆိုတာတော့ဇာတ်ကားလေးကိုဆက်ကြည့်ကြတာပေါ့ဗျာ။မင်းသားကောင်းတလက်ဖြစ်တဲ့အတွက်အက်ရှင်ကားကောင်းတစ်ကားကိုစိတ်ကျေနပ်မှုအပြည့်အဝနဲ့အားလပ်ချိန်စိတ်အပန်းပြေကြည့်နိုင်မှာဖြစ်ပါတယ်။Ratingအနေနဲ့လည်း6.7ထိရထားတဲ့ကားလေးဖြစ်ပါတယ်။
A Hard Day (ကိုရီးယားအမည်-Take it to the End) ဆိုတဲ့ရုပ်ရှင်လေးဟာ တောင်ကိုရီးယားနိုင်ငံ မှ ၂၀၁၄ခုနှစ်မှာရိုက်ကူးထားတဲ့ မှုခင်းဇာတ်ကြောင်းအခြေခံ ထိတ်လန့်ဖွယ်ရာ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ရုပ်ရှင်ရဲ့ဇာတ်ညွှန်းနဲ့ဒါရိုက်တာအဖြစ် Kim Seong-hun က ဖန်တီးရိုက်ကူးထားပြီးတော့ Lee Sun-kyun နဲ့Cho Jin-Woong တို့ကအဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ A Hard Day ရုပ်ရှင်ကားဟာ Cannes Film Festival ရဲ့ Directors’ Fortnight Sectionမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ရွေးချယ်ခဲ့ရပါတယ်။ Cannes ရုပ်ရှင်ပွဲတော်မှာ May 18,2014 မှာပြသခဲ့ပြီး တောင်ကိုရီးယားနိုင်ငံမှာတော့ May 29, 2014မှာပြသခဲ့ပါတယ်။ ဇာတ်လမ်းလေးကတော့ လာဘ်စားအကျင့်ပျက် စုံထောက်ရဲတစ်ဦးဟာ သူ့ရဲ့မိခင် မကြာသေးမီက ကွယ်လွန်သွားတဲ့အတွက် အရေးတကြီးနဲ့ လှိုဏ်ခေါင်းလမ်းတွေကနေ အမြန်ကားမောင်းလာပါတယ်။ သူ့ရဲ့အဖွဲ့ဟာလည်း လာဘ်စားခြင်းကိစ္စအတွက်နဲ့ စစ်ဆေးမှုတွေ ခံယူနေရပါတယ်။ ရဲဟာ လမ်းပေါ်မှာ သွားနေတဲ့လူတစ်ယောက်ကိုကားနဲ့တိုက်မိသွားပြီးတော့ လူသတ်မိသွားပါတယ် ။သူဟာကြောက်ရွံ့ပြီး အလောင်းကို တိတ်တဆိတ်သယ်ဆောင်လာခဲ့ပါတယ်။ ထို့နောက် ဘာတွေဆက်ဖြစ်ကြမလဲ? လူသတ်မှုကကောအမှုမှန်ပေါ်ပေါက်ပါမလား? ဘယ်လိုတွေဆက်ပြီးတော့ကြုံတွေ့လာရနိုင်မလဲ ဆိုတာတွေကို စိတ်ဝင်စားဖွယ် မှုခင်းတစ်ခုအနေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။ မင်းသား Lee Sun-kyun ကိုတော့ရဲအရာရှိ Ko Gun-su အနေနဲ့ မြင်တွေ့ရမှာဖြစ်ပြီးတော့ Cho Jin-woong ကိုတော့ Lieutenant Park Chang-minအဖြစ် ရှုစားကြရပါမယ်။ ဇာတိကားဟာ ၁၁၁ မိနစ်ခန့် ကြာမြင့်မှာဖြစ်ပြီးတော့ Crime Action Thriller ရုပ်ရှင်ကားကောင်းများကို နှစ်ခြိုက်ကြသူတို့သဘောတွေ့စေမယ့် ရုပ်ရှင်ကားကောင်းလေးပဲ ဖြစ်ပါတယ်။
mmbusticketCurse Accident ဇာတ်ကားဟာ 2017၊ ဒီဇင်ဘာလထဲမှာထွက်ရှိခဲ့တဲ့ သည်းထည်းရင်ဖိုစရာဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းကလေးကတော့ မိန်းမချောလေးနှစ်ယောက်ဖြစ်တဲ့ ဂျက်ဇ်နဲ့ကယ်လ်ရိုလင်းတို့ သူငယ်ချင်းနှစ်ယောက်ဟာ ဂီတပွဲတော်တစ်ခုကိုသွားဖို့အတူတူထွက်ခွာလာခဲ့ကြပါတယ်။ဂီတပွဲတော်ကိုသွားဖို့ ဘတ်စ်ကားနဲ့မသွားပဲ သူငယ်ဖြစ်သူတွေရဲ့ကားနဲ့လမ်းကြုံလိုက်ဖို့စီစဉ်ခဲ့ပေမယ့် တကယ်တမ်းသူငယ်ချစ်ဖြစ်သူတွေက မလာခဲ့တဲ့
အခါမှာတော့ ဂျက်ဇ်နဲ့ကယ်လ်ရိုလင်းတို့နှစ်ယောက် အခက်တွေ့ရပါတော့တယ်။ဒီလိုနဲ့ နှစ်ယောက်သား ကြုံရာကားနဲ့သာလမ်းကြုံလိုက်ဖို့စီစဉ်ရပါတော့တယ်။အဲ့မှာ မထင်မှတ် ကားအကောင်းစားကြီးစီးလာတဲ့ ကောင်လေးချောချောနှစ်ယောက်နဲ့တွေ့ပါတော့တယ်။
ဒီလိုနဲ့ မိချောတို့နဲ့ကိုယ်လူချောတို့တစ်သိုက် အဝေးပြေးလမ်းမကြီးအတိုင်းခရီးနှင်လာရာမှာတော့ လမ်းမှာမမျှော်လင့်ပဲယာဉ်မတော်တဆဖြစ်ပြီး ကယးဟာလမ်းဘေးက ချောက်ထဲထိုးကြသွားပါတော့တယ်။အဲ့မှာအကူအညီတောင်းစရာလူလည်းမရှိ၊ အကူအညီပေးနိုင်မယ့်သူတွေနဲ့လည်းအဆက်အသွယ်ပြတ်တောက်သွားကာ တောင်စောင်းအောက်ထဲမှာ ပိတ်မိနေပါတော့တယ်။အဲ့လို အကူအညီမယ့်ကယ်ရာမဲ့ဘဝက သူငယ်ချင်းတွေ ဘယ်လိုရုန်းထွက်ကြမယ်၊မိချောတို့တွေ့ခဲ့တဲ့
ကိုယ်လူချောတို့နှစ်ယောက်ကရော..လူကောင်းတွေမှဖြစ်နိုင်ပါ့မလား…..၊တစ်ခါသာဆုံဖူးသေးတဲ့ မိန်းကလေးနှစ်ယောက်ကို သဘောထားကြီးစွာနဲ့ကူညီနိုင်ပါ့မလား….၊ဒီလိုအခက်ခဲတွေထဲကဘယ်လိုရအောင် အသက်ဆက်မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းလေးထဲမှာ ရင်ဖိုစွာရှု့စားရမှာဖြစ်ပါတယ်
Rating 6.1 ရရှိထားတဲ့ Horror ကားတစ်ကားဖြစ်ပါတယ်…အညွှန်းကိုအနည်းငယ်ပြောပြရမယ်ဆိုရင်ငယ်ရွယ်ပြီးအောင်မြင်တဲ့ Horror ဝတ္တုတွေရေးသားလေ့ရှိတဲ့ ဆာဗန်းနားဟာ မကြာခနအိပ်မက်ဆိုးတွေမက်ပြီး စိတ်ခြောက်ခြားနေရတဲ့သူတစ်ယောက်ဖြစ်ပါတယ် တစ်နေ့မှာတော့ နယ်မြို့လေးမှာနေတဲ့ သူ့ဖခင်က သူ့ရဲ့မောင်လေးဖြစ်သူ
လီလန်းဘွဲ့ယူမှာမို့ ပြန်လာခဲ့ဖို့ခေါ်သည့်အတွက် ဆာဗန်းနားဟာ သူ့ချစ်သူဂျက်အပြင် ကျန်တဲ့သူငယ်ချင်းနှစ်ယောက်နဲ့အတူ အပန်းဖြေအနားပါယူမယ်ဆိုပြီး သူ့မွေးရပ်မြေလေးကိုပြန်လာခဲ့ပါတယ်… ဒါပေမယ့်လဲ သူတို့ရဲ့အပန်းဖြေအနားယူမည့် ခရီးစဉ်လေးဟာ ဆာဗန်းနားရဲ့ဆိုးရွာပြီးခြောက်ခြားဖို့ကောင်းတဲ့လျှို့ဝှက်ချက်တွေပေါ်ပေါက်လာသည်နှင့်အမျှ ဘယ်လိုတွေ ထိတ်လန့်ဖွယ်ရာဖြစ်သွားမယ်ဆိုတာကိုတော့စောင့်ကြည့်လိုက်ပါ…
အသက်အလတ်ပိုင်းအရွယ်ရှိတဲ့လူငယ်တစ်ယောက် အိမ်နဲ့အဆင်မပြောဖြစ်ပြီး အိမ်ကနေထွက်လာခဲ့ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ခဲ့တယ် ထိုလူအရွယ်ရောက် အိမ်ထောင်ရပ်သားကျပြီး မိသားစု ပျော်ပျော်ရွှင်ရွှင်နေထိုင်နေချိန်မှာ
ညီဖြစ်သူဆီက ဖုန်းလာပြီး အမေဖြစ်သူပျောက်နေတယ်ဆိုတဲ့သတင်းကို ကြားလိုက်ရတော့ အမေရှိတဲ့မြို့ဆီသွားပြီး အမေဖြစ်သူကို ရှာပါတော့တယ် အမေဖြစ်သူကိုရှာဖွေရင်း ထူးဆန်းတာတွေ တစ်ခုပြီးတစ်ခုဖြစ်လာပါတော့တယ် သူတို့ရဲ့အမေဖြစ်သူကို ရှာတွေနိုင်ပါ့မလား အဖြစ်ဆိုးတွေကနေ လွတ်မြောက်နိုင်ပါ့မလား ဆိုတာကတော့….
1975-1977 နှစ်တွေမှာ အိန္ဒိယနိုင်ငံဟာ အရေးခင်းကာလဖြစ်ပြီး အရေးပေါ်ထုတ်ပြန်ချက်တွေ ထုတ်ပြန်ထားပြီး တိုင်းပြည်ရဲ့ လူဦးရေ တစ်ဝက်လောက်က ဆန္ဒတွေပြ သပိတ်တွေ မှောက်ပြီး ထောင်ထဲတွေ ရောက်နေပါတယ်။အစိုးရဆိုတာ နာမည်သာ ရှိပြီး ပြည်သူလူထုကို ကြည့်ရှုစောင့်ရှောက်နိုင်တာကလည်း ဆိုင်ရာ ဆိုင်ရာ အကြီးအကဲတွေ ဘုရင်မျိုးရိုးဟောင်းတွေပဲ တာဝန်ယူစောင့်ရှောက်ပေးနေတာပါ။ရာဂျစ်တန် မြို့ကိုလည်း ဘုရင်ကြီး ဆုံးပါးသွားပေမယ့်
အသက်အရွယ်နဲ့ မလိုက်အောင် ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ မင်းသမီး ဂီတန်ဂျလီက ကူညီပေးနေပါတယ်။ဘုရင်စနစ်က ဖြတ်သိမ်းလိုက်ပြီ့ ဘုရင့်အခွန်ထမ်း စနစ်လည်း မရှိတောပေမယ့် မျိုးရိုးစဉ်ဆက် ပိုင်ဆိုင်လာတဲ့ ဘဏ္ဍာတွေနဲ့ပဲ ပြည်သူတွေကို ထောက်ပံ့နေပါတယ်
ပြသနာရဲ့ အစပဲ ပြောရမလား ပါတီတစ်ခုမှာ အစိုးရအာဏာကို လွဲအပ်ထားတဲ့ ဆန်ဂျီးဒ်ဆိုတဲ့ အာဏာပိုင်က အမျိုးသမီးတစ်ဦးတည်း ဖြစ်တဲ့ ဂီတန်ဂျလီကို ထိကပါးယိကပါးလုပ်မယ်ကြံပေမယ့် ဘုရင့်သွေးဖြစ်တဲ့ ဂီတန်ဂျလီကို ထိလို့တောင် မရခဲ့ပါဘူး့ပါတီပွဲက လူပုံအလယ်မှာ အရှက်ကွဲခဲ့ရတဲ့ ဆန်ဂျီးဒ်က ရှက်ရမ်းရမ်းပြီး ယုတ်မာဖို့ ကြံစည်ပါတော့တယ့်ဘုရင်စနစ်ဖြတ်သိမ်းပြီး ဘုရင့်အခွန်စနစ် ဖြတ်သိမ်းလိုက်ရင် ဘုရင်မျိုးရိုးတွေက ပိုင်ဆိုင်သမျှ ဘဏ္ဍာအားလုံးကို အစိုးရလက်
ထဲကို ပြန်အပ်ရပါတယ်။ဂီတန်ဂျလီကတော့ တိုင်းရေးပြည်ရေး အခက်အခဲတွေမှာ သူ့လက်အောက်က ပြည်သူတွေ အတွက် အသုံးချဖို့ ဘဏ္ဍာတွေကို မအပ်ခဲ့ပါဘူးဒီဘဏ္ဍာတွေရှိတာကို သိပြီး ဆန်ဂျီးဒ် ယုတ်မာပါတော့တယ့်အာဏာကို အလွဲသုံးစားလုပ်ပြီး ဘဏ္ဍာတွေကို အပိုင်သိမ်းပြီး ဂီတန်ဂျလီကို ဖမ်းချုပ်ခဲ့ပါတော့တယ့် ဘဏ္ဍာအားလုံးကို ဒေလီက ဆန်ဂျီးဒ်ဆီကို ပို့ပေးဖို့ တာဝန်ပေးခဲ့ပါတယ့်ဒီအချိန်မှာတော့ ဂီတန်ဂျလီရဲ့ အခက်အခဲဖြေရှင်းပေးဖို့ ဘဝါးနီးဆင့် တစ်
ယောက် ရောက်လာခဲ့ပါတော့တယ့်” လေးရက်တာ ဘဝပဲ့ ဒီနေ့က လေးရက်မြှောက်နေ့ ဒီလို တွေးခေါ်ပြီး နေထိုင်တာ “ဘဝါးနီးဆင့်ဆိုတာ ဂီတန်ဂျလီရဲ့ သက်တောင်စောင့်ဟောင်း တစ်ယောက်နုနယ်တဲ့ အတွေ့အကြုံနဲ့ သူ(မ)ကို အကောင်းဆုံး ကူညီပေးပြီး အဖက်ဖက်က ပံ့ပိုးပေးခဲ့သူ အကြောင်းအမျိုးအမျိုးကြောင့် ဂီတန်ဂျလီနားက ထွက်သွားခဲ့ရပေမယ့် သူ(မ) ဒုက္ခရောက်နေတော့ အပြေးရောက်လာတဲ့ လူမျိုးဂီတန်ဂျလီက သူ့လွတ်ဖို့ထက့် ဒေလီကို ပို့မယ့် ဘဏ္ဍာတွေကိုသာ
ပြန်အရယူခိုင်းခဲ့ပါတယ့်ဘဝါးနီးတစ်ယောက် ဘဏ္ဍာတွေကို လမ်းက ဖြတ်လုဖို့ အစီအစဉ်ဆွဲရပါတော့တယ့် ဒီအချိန်မှာတော့ သူ့ရဲ့ ဘော်ဒါတွေ ဖြစ်တဲ့ ဂူရုကြီးနဲ့ ဒလီယားတို့နဲ့ အတူ ဘဏ္ဍာတွေကို ပြန်လုပါတော့တယ်ဘဝါးနီး ဂူရုကြီးနဲ့ ဒလီးယားတို့ အပြင် ဂီတန်ဂျလီရဲ့ လူယုံတစ်ယောက်ဖြစ်တဲ့ ဆန်ဂျနာကပါ ဝင်ရောက်ကူညီပေးခဲ့ပြီး ဘဏ္ဍာတွေသယ်သွားတဲ့ကို လုဖို့ ဖြစ်လာပါတော့တယ့်သူတို့စီစဉ်ထားသလို အလွယ်တကူပဲ ဖြစ်မလားး့ဒါပေမဲ့ ဒီကားကို တာဝန်ယူ ပို့ဆောင်ပေး
မယ့်သူကတော့ မေဂျာ ဆဟဲရ် ဆင့်
့
ဘဝါနီး(အဂျေးဒီဗန်) , ဒလီယား (အင်မရန်းဟက်ရှ်မီး) မေဂျာဆဟဲရ်ဆင့် (ဗစ်ဒ်ရွှတ်ဂျမာဝဲလ်) တို့ရဲ့ ထိပ်တိုက်တွေ့မှုကြီးကို အက်ရှင်အလန်းစားတွေနောက်ခံအသံအမှန်အကန်ကြီးတွေနဲ့ ခံစားကြည့်လိုက်ပါဦး။
1975-1977 နှစ်တွေမှာ အိန္ဒိယနိုင်ငံဟာ အရေးခင်းကာလဖြစ်ပြီး အရေးပေါ်ထုတ်ပြန်ချက်တွေ ထုတ်ပြန်ထားပြီး တိုင်းပြည်ရဲ့ လူဦးရေ တစ်ဝက်လောက်က ဆန္ဒတွေပြ သပိတ်တွေ မှောက်ပြီး ထောင်ထဲတွေ ရောက်နေပါတယ်။အစိုးရဆိုတာ နာမည်သာ ရှိပြီး ပြည်သူလူထုကို ကြည့်ရှုစောင့်ရှောက်နိုင်တာကလည်း ဆိုင်ရာ ဆိုင်ရာ အကြီးအကဲတွေ ဘုရင်မျိုးရိုးဟောင်းတွေပဲ တာဝန်ယူစောင့်ရှောက်ပေးနေတာပါ။ရာဂျစ်တန် မြို့ကိုလည်း ဘုရင်ကြီး ဆုံးပါးသွားပေမယ့်
အသက်အရွယ်နဲ့ မလိုက်အောင် ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ မင်းသမီး ဂီတန်ဂျလီက ကူညီပေးနေပါတယ်။ဘုရင်စနစ်က ဖြတ်သိမ်းလိုက်ပြီ့ ဘုရင့်အခွန်ထမ်း စနစ်လည်း မရှိတောပေမယ့် မျိုးရိုးစဉ်ဆက် ပိုင်ဆိုင်လာတဲ့ ဘဏ္ဍာတွေနဲ့ပဲ ပြည်သူတွေကို ထောက်ပံ့နေပါတယ်
ပြသနာရဲ့ အစပဲ ပြောရမလား ပါတီတစ်ခုမှာ အစိုးရအာဏာကို လွဲအပ်ထားတဲ့ ဆန်ဂျီးဒ်ဆိုတဲ့ အာဏာပိုင်က အမျိုးသမီးတစ်ဦးတည်း ဖြစ်တဲ့ ဂီတန်ဂျလီကို ထိကပါးယိကပါးလုပ်မယ်ကြံပေမယ့် ဘုရင့်သွေးဖြစ်တဲ့ ဂီတန်ဂျလီကို ထိလို့တောင် မရခဲ့ပါဘူး့ပါတီပွဲက လူပုံအလယ်မှာ အရှက်ကွဲခဲ့ရတဲ့ ဆန်ဂျီးဒ်က ရှက်ရမ်းရမ်းပြီး ယုတ်မာဖို့ ကြံစည်ပါတော့တယ့်ဘုရင်စနစ်ဖြတ်သိမ်းပြီး ဘုရင့်အခွန်စနစ် ဖြတ်သိမ်းလိုက်ရင် ဘုရင်မျိုးရိုးတွေက ပိုင်ဆိုင်သမျှ ဘဏ္ဍာအားလုံးကို အစိုးရလက်
ထဲကို ပြန်အပ်ရပါတယ်။ဂီတန်ဂျလီကတော့ တိုင်းရေးပြည်ရေး အခက်အခဲတွေမှာ သူ့လက်အောက်က ပြည်သူတွေ အတွက် အသုံးချဖို့ ဘဏ္ဍာတွေကို မအပ်ခဲ့ပါဘူးဒီဘဏ္ဍာတွေရှိတာကို သိပြီး ဆန်ဂျီးဒ် ယုတ်မာပါတော့တယ့်အာဏာကို အလွဲသုံးစားလုပ်ပြီး ဘဏ္ဍာတွေကို အပိုင်သိမ်းပြီး ဂီတန်ဂျလီကို ဖမ်းချုပ်ခဲ့ပါတော့တယ့် ဘဏ္ဍာအားလုံးကို ဒေလီက ဆန်ဂျီးဒ်ဆီကို ပို့ပေးဖို့ တာဝန်ပေးခဲ့ပါတယ့်ဒီအချိန်မှာတော့ ဂီတန်ဂျလီရဲ့ အခက်အခဲဖြေရှင်းပေးဖို့ ဘဝါးနီးဆင့် တစ်
ယောက် ရောက်လာခဲ့ပါတော့တယ့်” လေးရက်တာ ဘဝပဲ့ ဒီနေ့က လေးရက်မြှောက်နေ့ ဒီလို တွေးခေါ်ပြီး နေထိုင်တာ “ဘဝါးနီးဆင့်ဆိုတာ ဂီတန်ဂျလီရဲ့ သက်တောင်စောင့်ဟောင်း တစ်ယောက်နုနယ်တဲ့ အတွေ့အကြုံနဲ့ သူ(မ)ကို အကောင်းဆုံး ကူညီပေးပြီး အဖက်ဖက်က ပံ့ပိုးပေးခဲ့သူ အကြောင်းအမျိုးအမျိုးကြောင့် ဂီတန်ဂျလီနားက ထွက်သွားခဲ့ရပေမယ့် သူ(မ) ဒုက္ခရောက်နေတော့ အပြေးရောက်လာတဲ့ လူမျိုးဂီတန်ဂျလီက သူ့လွတ်ဖို့ထက့် ဒေလီကို ပို့မယ့် ဘဏ္ဍာတွေကိုသာ
ပြန်အရယူခိုင်းခဲ့ပါတယ့်ဘဝါးနီးတစ်ယောက် ဘဏ္ဍာတွေကို လမ်းက ဖြတ်လုဖို့ အစီအစဉ်ဆွဲရပါတော့တယ့် ဒီအချိန်မှာတော့ သူ့ရဲ့ ဘော်ဒါတွေ ဖြစ်တဲ့ ဂူရုကြီးနဲ့ ဒလီယားတို့နဲ့ အတူ ဘဏ္ဍာတွေကို ပြန်လုပါတော့တယ်ဘဝါးနီး ဂူရုကြီးနဲ့ ဒလီးယားတို့ အပြင် ဂီတန်ဂျလီရဲ့ လူယုံတစ်ယောက်ဖြစ်တဲ့ ဆန်ဂျနာကပါ ဝင်ရောက်ကူညီပေးခဲ့ပြီး ဘဏ္ဍာတွေသယ်သွားတဲ့ကို လုဖို့ ဖြစ်လာပါတော့တယ့်သူတို့စီစဉ်ထားသလို အလွယ်တကူပဲ ဖြစ်မလားး့ဒါပေမဲ့ ဒီကားကို တာဝန်ယူ ပို့ဆောင်ပေး
မယ့်သူကတော့ မေဂျာ ဆဟဲရ် ဆင့်
့
ဘဝါနီး(အဂျေးဒီဗန်) , ဒလီယား (အင်မရန်းဟက်ရှ်မီး) မေဂျာဆဟဲရ်ဆင့် (ဗစ်ဒ်ရွှတ်ဂျမာဝဲလ်) တို့ရဲ့ ထိပ်တိုက်တွေ့မှုကြီးကို အက်ရှင်အလန်းစားတွေနောက်ခံအသံအမှန်အကန်ကြီးတွေနဲ့ ခံစားကြည့်လိုက်ပါဦး။
Baazaar ဆိုတာ အိန္ဒိယအခေါ်အရ ဈေး ၊ ဈေးကွက်ပေါ့…. ဟုတ်ပါတယ် ဈေးဆိုတဲ့အတိုင်း ရောင်းသူရှိမယ် ဝယ်သူရှိမယ် ဈေးအပြိုင်တင်တာ ချတာတွေ အပြင်ရောင်းသူ ဝယ်သူနှစ်ဦးကြားက ပင်မဦးတည်ရာ အရှုံးနဲ့အမြတ်ဆိုတာလည်း ရှိမှာပေါ့…. ဒီဇာတ်ကားကြည့်ပြီးတော့ တွေးစရာတွေက ခေါင်းထဲမှာ အစပေါင်းများစွာ ထွက်လာတယ်… ဘဝသရုပ်ဖော်လို့ပြောရမလား စီးပွားရေးလောက အကြောင်း ၊ စတော့ရှယ်ယာဈေးကွက်အကြောင်းလား ဒါမှမဟုတ် ကြီးပွားချမ်းသာချင်တဲ့ လူငယ်လေးတစ်ယောက်အကြောင်းပဲလား… ကိုယ်လိုချင်သလို ယူလို့ရပေမယ့်ကျွန်တော့်အတွက်က ရသစုံ ပါဝင်နေတဲ့ ဟင်းလေးအိုးကြီးတစ်ခုလိုပါပဲ…. ဟိုးငယ်စဉ်ကတည်းက ဘဝကို ချို့ချို့တဲ့တဲ့ နေလာခဲ့ရတဲ့ရှာကွန်းကိုသာရီ….. မိဘရဲ့လောင်းရိပ်အောက်ကနေ ထိုးထွက်ပြီးအလင်းရောင်ရှိမယ်ထင်တဲ့ မွန်ဘိုင်းမှာ အခြေချပြီးဘဝကို တက်လမ်းရှာချင်နေသူ လူငယ်လေး ရီဇ်ဝမ်အာမက်…. မြို့ပြရဲ့လူနေမှုစရိုက်တွေကြားမှာသိက္ခာနဲ့ငွေကို အလဲအထပ်လုပ်နေမိတဲ့ မိန်းကလေး ပရီယာရိုင်း… ဒီဇာတ်ကောင် သုံးခုက ဒီဇာတ်လမ်းရဲ့ပင်စည်ဆိုရင်ပြိုင်ဘက်ကုမဏီအုပ်စုတွေ ၊ သူတို့မိသားစုတွေအကြောင်းနဲ့စတော့ရှယ်ယာဈေးကွက်အကြောင်းတွေက ဒီဇာတ်လမ်းရဲ့အကိုင်းအခက်တွေလို့ပြောရမှာပါ…. ကျွန်တော်ဒီလောက်ပဲ ညွှန်းပါရစေ…. ၂၀၁၈ ခုနှစ်ထွက် ဘောလိဝုဒ်ကားတွေထဲမှာဒီကားဟာ မကြည့်မဖြစ် ကြည့်သင့်တဲ့ကားစာရင်းမှာပါတယ်လို့ပြောရင်တောင် လွန်မယ် မထင်ပါဘူး ခင်ဗျာ။
IMDb Rating -7/10 Google User – 86% Genre – Crime/Thriller Duration – 2hr2mins ဒီတစ်ခေါက် တင်ဆက်ပေးလိုက်တဲ့ ဇာတ်ကားက ချန်နယ်မြန်မာမှာ တောင်းဆိုမှုအများဆုံးဇာတ်ကား တစ်ကားဆိုရင် မမှားပါဘူး။ အချစ်အတွက်နဲ့ တောင်ဖြိုပြခဲ့တဲ့ မြန်မာပရိသတ်တွေရဲ့ အကြိုက်မင်းသားကြီး Nawazuddin Siddiqui ရဲ့ 2017 က ထွက်တဲ့ ဂန်းစတား ဘဝ သရုပ်ဖော် ဘောလိဝုဒ်ဇာတ်ကားဖြစ်ပါတယ်။ (2017 ကားက 2018နှစ်ကုန်ပိုင်းမှ ကြည်တောက်ရှင်းထွက်လာပြီး 2019နှစ်သစ်မှာ စာဖိုင် ထွက်လာလို့ပါ။) သဘာဝကျတဲ့ ဇာတ်ရုပ်တွေကိုအပိုအလိုမရှိ သရုပ်ဆောင်တတ်တဲ့မင်းသားကြီးရဲ့ ကားဆိုတော့မကောင်းမှာ မပူရသလို၊လူ့သဘာဝနဲ့ လူ့စိတ်ကို အကောင်းဆုံး ပြသပေးတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။ အပစ်အခတ် အသတ်အပုတ်တွေ ကြမ်းသလို၊ အချစ်ခန်းတွေကလည်း ကြမ်းပါတယ်။ ဒါ့အပြင် ဒီကားက မင်းသမီး Bidita Bag လက်စွမ်းပြလိုက်တဲ့ဇာတ်ကားဆိုရင်လည်း မမှားပါဘူး။ ပီပြင်လှတဲ့ သရုပ်ဆောင်ချက်တွေကို လက်ဖျားခါရပါတယ်။ ဇာတ်ကားအကြောင်းအရာကို မညွှန်းတော့ပါဘူး။ တစ်ခါတစ်လေဇာတ်လမ်းအကြောင်းအရာကို ဖတ်ကြည့်တာထက်ကိုယ်တိုင်ကြည့်လိုက်တာက ပိုကောင်းလို့ပါ။ ပြောလိုတာကတော့မြန်မာပြည်က ဂန်းစတားတွေလိုစကားတွေအများကြီး မပြောပါဘူး။ မျက်နှာတွေ ရှုံ့မပြပါဘူး။ မျက်နှာ အမူအရာတွေ ၊မျက်လုံးအကြည့်တွေ၊သီချင်းတွေနဲ့တင် မြိုင်ဆိုင်ပြည့်စုံနေတဲ့ကြေးစားလူသတ်သမား၂ယောက်ရဲ့ ကစားပွဲပါ။ ဒီကစားပွဲကို ပြည့်စုံစေဖို့ နိုင်ငံရေးလောကထဲဝင်မယ့် လူမိုက်ကြီးတွေကလည်း အားဖြည့်ထားပါတယ်။ “ရသမပါတဲ့ အနုပညာက ဆားမပါတဲ့ဟင်းနဲ့တူတယ်၊ဘဝအမောတွေ ပြေပျောက်စေသည်မှာ ရသပင်ဖြစ်သည်” တဲ့။ဆရာဇော်ဂျီရဲ့ အဆိုအမိန့်ကလည်း ရှိခဲ့တယ်။ ဒီတော့ ဘဝအမောတွေကို ပြေပျောက်စေဖို့သဘာဝစစ်စစ်ကို ရသလေး ဖြည့်ပြီးကျွန်တော်တို့ရဲ့ နှလုံးသားကို အဟာရလေး ရစေမှာပါ။ ရေခဲသေတ္တာထဲက အအေးဘူးထက်ကမ်းခြေက အုန်းသီးရေက ပိုပြီး အရသာရှိသလိုမျိုး။ အကောင်းစားအရက်ကို အကောင်းဆုံးအမြည်းနဲ့နာမည်ကြီး ဆိုင်မှာ သောက်ရတာထက်တခါတလေ နားအေးပါးအေးကွင်းလယ်က ဖျာစုတ်တစ်ချပ်ပေါ်ထိုင်ပြီး ထန်းရေကို ပဲလှော်နဲ့ မြည်းကြရအောင်လားဗျာ….။ ဒီဇာတ်ကားလေးကို ကြည့်ရှုပြီးကြရင် ခံစားမိသမျှကို ကျွန်တော်တို့ထက်ပိုကောင်းတဲ့Reviews လေးတွေ ရေးဖြစ်ကြမယ်လို့မျှော်လင့်ပါတယ်၊ စောင့်မျှော်လျက်ပါပဲဗျာ။ (အရွယ်မရောက်သေးသူတွေ၊မိသားစုနဲ့အတူကြည့်မယ့်သူတွေ အတွက်တော့ တချို့ဇာတ်ဝင်ခန်းတွေနဲ့ ပြောစကားတွေဟာ ကြမ်းတမ်းမယ် ထင်ပါတယ်)
Babysitter Wanted ရုပ်ရှင်ဇာတ်ကားလေးဟာ ၂၀၀၈ခုနှစ်ထွက် အမေရိကန် Horror ကားတစ်ကားဖြစ်ပါတယ် Imdb rating 5.5/10ရရှိထားပြီး ဇာတ်ကားကြာမြင့်ချိန်ကတော့ ၁နာရီခွဲပါ ပါဝင်သရုပ်ဆောင်ထားသူတွေက တော့ Sarah Thompson ,Bill Moseley, Kristen Dalton တို့ဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ကောလိပ်ကျောင်းသူလေးတစ်ဦးဖြစ်တဲ့ Angie ဟာ ကျောင်းစရိတ်ရရှိဖို့အတွက် ကလေးထိန်းအလုပ်လျှောက်ခဲ့ပါတယ် သူမထိန်းရမယ့်ကလေးလေးနာမည်က Sam ပါ Sam ရဲ့နေအိမ်ဖြစ်တဲ့လယ်တောအိမ်အကျယ်ကြီးမှာ ပထမဦးဆုံးအလုပ်ဆင်းတဲ့နေ့မှာတော့ Angie တစ်ယောက်ထူးဆန်းတာတွေနဲ့ကြုံတွေ့လာရပါတော့တယ် အမည်မသိဖုန်းခေါ်ဆိုမှုတွေ….. အိမ်တံခါးကိုဖျက်ပြီးဝင်ရောက်လာတဲ့လူတစ်ယောက်…… အလုပ်ရှင်မိသားစုရဲ့ ကြီးမားတဲ့လျှို့ဝှက်ချက်တစ်ခု…..စတဲ့သံသယဖြစ်ဖွယ်ခြောက်ခြားစရာတွေနဲ့အတူ Angie တစ်ယောက် ဘယ်လိုရှေ့ဆက်သွားမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်
IMDb 5.7 ……… ချာလေလိုင်နာဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ Alfred E.Groves အထက်တန်းကျောင်းမှာပညာသင်ကြားနေတဲ့ကျောင်းသူလေးတစ်ယောက်ပါ ကျောင်းတစ်ဘက်နဲ့အလုပ်တစ်ဘက်ပေါ့ တစ်နေ့တော့ ဘလ်ထရန်မိသားစုကနေ ကလေးထိန်းဖို့ သူမကိုငှားခဲ့တယ် ကလေးတွေထိန်းပေးတဲ့အလုပ် လုပ်ရင်းနဲ့ သူမအတွက် မမျှော်လင့်တဲ့အဖြစ်တစ်ခုကြုံရတယ် အဲ့ဒါကတော့ကလေးတွေရဲ့ဖခင် မစ္စတာ ဘယ်ထရန်နဲ့ သံယော်ဇဉ်တွယ်မိကြတယ် သူတို့က အပျော်ရှာကြရုံအဆင့်ဆိုပေမဲ့ တဖြည်းဖြည်းခံစား ချက်တွေကလေးနက်လာခဲ့တယ်…. 18+ခန်းတစ်ချို့အတော်လေးပါဝင်ပေမဲ့ သိပ်အဆိုးဝါးကြီးတော့ မဟုတ်ပါဘူး အိမ်ထောင်ရေးမှာ တစ်ချို့သောယောင်္ကျားတွေရဲ့အဖြစ်ကို ပုံဖော်ထားတဲ့ကားလေးပါ ဘဝရဲ့အနှစ်သာရဟာဘာလဲ ပျော်ရွှင်မှုဆိုတာဘာလဲ ေ၀ဝါးနေတဲ့အချိန် မိသားစုကိုရွေးမှာလား ငယ်ရွယ်လှပတဲ့မိန်းကလေးတစ်ယောက်ကိုရွေးချယ်ပြီး လက်ရှိပိုင်ဆိုင်တဲ့မိသားစုကိုစွန့်ပစ်မှာလားဆိုတာကို တော့ ခံစားကြည့်လိုက်ပါဦး အိမ်ထောင်ရေးပညာပေးကားလေးမို့ ခံစားကြည့်လိုက်ပါဦးခင်ဗျ…… ဇတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကို Pyae Xeinn Sett ပါ
ဒီဇာတ်လမ်းက တကယ့်ဖြစ်ရပ်မှန်အခြေခံပြီးရိုက်ထားတဲ့ကားဖြစ်ပါတယ်….ဘာလို့လဲလို့ပြောရရင်ကမ္ဘာကုလသမဂ္ဂအဖွဲ့ရဲ့ 1996 ခုနှစ်မှာစပြီးလုပ်ခဲ့တဲ့ အီရတ်နိုင်ငံမှာ ငတ်မွတ်နေတဲ့သူတွေကို အစားအစာနဲ့ ရေနံလဲလှယ်ရေး (Oil-for-Food Program) အစီအစဉ်ကြီးမှာ ကမ္ဘာ့နိုင်ငံပေါင်းများစွာက အစိုးရရာထူးကြီးတွေနဲ့
နာမည်ကျော်ကုမ္ပဏီကြီးပေါင်းများစွာရဲ့ ဒေါ်လာဘီလျံနဲ့ချီတဲ့ လာဘ်စားမှု၊ ချစားမှုတွေအပြည့်နဲ့ ပါဝင်ပတ်သက်မှုတွေကို ဖေါ်ထုတ်ခဲ့တဲ့ ကုလသမ္မဂ္ဂဝန်ထမ်းတစ်ယောက်အကြောင်းပါ။ဒီအမှုဟာ ကုလသမ္မဂ္ဂသက်တမ်းတစ်လျှောက် အပြောင်းအလဲအကြီးမားဆုံးဖြစ်စေခဲ့တဲ့ အမှုလဲဖြစ်တယ်။ဇာတ်လမ်းရိုက်ကူးထားပုံက ကြည့်ပျော်ရှုပျော်အဆင့်ပဲရှိပါတယ်၊ ဆွဲဆောင်မှုမကောင်းသလို အရမ်းစိတ်ဝင်စားဖို့ကောင်းလာတဲ့ အခြေအနေမျိုးလဲ တွေ့ရမှာမဟုတ်ပါဘူး။ဒါပေမယ့် ဘာလို့ ကြည့်သင့်တယ်လို့ ညွှန်းချင်တာလဲဆိုတော့ UN အပါအဝင် INGO အဖွဲ့အစည်းတွေရဲ့ အတွင်းရေးတွေနဲ့ လုပ်စားပုံတွေ၊ အလှူငွေတွေရအောင် ဘယ်လိုတွေ ဟန်ပြလုပ်ကြပြီး အိတ်ထဲဘယ်လိုထည့်တယ်ဆိုတာတွေကို ကွက်ကွက်ကွင်းကွင်းမြင်နိုင်တဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းဖြစ်နေလို့ပါ။ ၁၀၈ ခုနှစ်အတွင်း ထွက်ရှိထားတဲ့ နိုင်ငံရေးဆက်နွယ်မှုပါတဲ့ဇာတ်ကားကောင်းတစ်ကောင်းပဲဖြစ်ပါတယ် သံတမန်တစ်ဦးရဲ့သားဖြစ်သူ မိုက်ကယ်ဆာလဗန်ဟာ ကုလသမဂ္ဂမှာအလုပ်ဝင်ဖို့ ဘဝတစ်လျှောက်လုံး ကြိုးစားခဲ့ပါတယ်.. မမျှော်လင့်ထားပဲ ကုလသမဂ္ဂအတွင်းဝန်ရဲ့လက်ထောက်နေရာ ခန့်ထားခံလိုက်ရပါတယ်.. သူတာဝန်ယူရတဲ့ပရိုဂရမ်ဟာ လူသားချင်းစာနာထောက်ထားမှုအခြေခံတဲ့ ပရိုဂရမ်ပေမယ့် အကျင့်ပျက်ခြစားမှုကြီးကြီးမားမားဖြစ်နေပြီး အာဏာရှင်တစ်ယောက် အမြတ်ထုတ်စရာ ပရိုဂရမ်တစ်ခု သာဖြစ်နေခဲ့ပါတယ်.. ဖော်ထုတ်ဖို့ကြိုးစားတဲ့သူတွေအနေနဲ့လည်း လက်စဖျောက်သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်.. သူ့အရင်ဝန်ထမ်းဟောင်းသေဆုံးမှုဟာ မရိုးရှင်းမှန်းသူသွားပြီး.. ကုလသမဂ္ဂအတွင်းခြစားမှုကို လိုက်လံဖော်ထုတ်ရင်းနဲ့ သူ့ရဲ့ဆရာကိုယ်တိုင် ဒီအရှုပ်တော်ပုံထဲ ပါဝင်ပတ်သက်နေတာ သူသိသွားတဲ့အခါ သူဘယ်လိုဖြေရှင်းမလဲ ခက်ခက်ခဲခဲကြားထဲက ချစ်ခဲ့ရတဲ့ သူ့ချစ်သူကိုရော အန္တရာယ်ကြားထဲက သူကယ်တင်နိုင်ပါ့မလား ထိပ်တန်းခေါင်းဆောင်တွေပါ ပါဝင်ပတ်သက်နေတဲ့ ဒီခြစားမှုကြီးကို တစ်ကမ္ဘာလုံးသိအောင် သူချပြနိုင်ပါ့မလားဆိုတာကိုတော့ စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်…ကုလသမ္မဂ္ဂအဖွဲ့ဆိုတာနဲ့ အရမ်းကောင်းတဲ့အဖွဲ့ကြီးမဟုတ်ဘူးဆိုတာ သိသွားနိုင်စေတဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်…UN အပါအဝင် INGO တွေနဲ့ ပတ်သက်ပြီး ဒါမျိုးရိုက်ထားတဲ့ရုပ်ရှင် အရမ်းရှားပါတယ်။ ဒီကားကိုတော့ ရိုက်ထားတာရိုးရှင်းပြီး ဆွဲဆောင်မှုမရှိပေမယ့် သမိုင်းနဲ့ပတ်သက်တဲ့ တန်ဖိုးကြီးကြီးမားမားရှိတဲ့အတွက် ကြည့်ဖူးသင့်ကြောင်းညွှန်းလိုက်ပါတယ်။
၂၁ပက်လက်လိုချင်တဲ့ ဘရိုများ Beirut နဲ့မိတ်ဆက်ပေးပါမယ်။ အရှေ့အလည်ပိုင်းကအရှုပ်အထွေးတွေကြားထဲမှာ ဇာတ်အိမ်တည်ပြီးရိုက်ထားတဲ့ဇာတ်လမ်းအေးအေးလေးနဲ့စိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်ကားမို့ အဲဒီ၂၁ပက်လက် ကွီးတွေကြိုက်တတ်တဲ့ကားမျိုးပါလို့ 😛 ၂၀၁၈ ကမှထွက်ထားတဲ့ Espionge thriller ဇာတ်ကားလေးပါ။ Negotiator လို့ UK မှာတော့နာမည်ကြီးပါတယ်တဲ့။ IMDB Rating 6.5 နဲ့ Rotten Tomatoes 77% ပဲရရှိထားတာ ရသင့်တာထက်နည်းတယ်လို့ထင်မိပါတယ်။ ဒီဇာတ်ကားလေးက အရှေ့အလည်ပိုင်းဒေသ Lebanon က Beirut မြို့မှာ နေတဲ့သံတမာန်ရေးရာမှာဆရာတစ်ဆူဖြစ်တဲ့ Mason Skiles တစ်ယောက် နာမည်ကြီးရာဇဝတ်ကောင်တစ်ယောက်ရဲ့ ညီကိုမွေးစားထားမိပါတယ်။ အဲဒီကလေးကို သူ့အစ်ကိုပြန်လာခေါ်တဲ့အချိန်မှာတော့ သူ့ရဲ့ကမ္ဘာတစ်ခုဖြစ်တဲ့သူ့ချစ်ဇနီးကိုဆုံးရှုံးခဲ့ရပါတယ်။ ဘဝကိုအမိမြေပြန်ပြီး အဓိပ္ပါယ်မရှိဖြတ်သန်းနေရင်း Beirut မှာအရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ Cal Riley တစ်ယောက်ပြန်ပေးဆွဲခံရတာနဲ့ပတ်သက်ပြီးညှိုနှိုင်းပေးဖို့ ပြန်လာရတဲ့အချိန်မှာတော့… ဖြစ်နေတဲ့စစ်ပွဲတွေသူငယ်ချင်းကို အန္တရယ်ကင်းကင်းကယ်ထုတ်နိုင်မှာလား သူကိုယ်တိုင်ရောအန္တရယ်ကင်းမှာလား လုပ်ဖော်ကိုင်ဖက်တွေကရောယုံကြည်ရရဲ့လား အရှုပ်အထွေးတွေလှည့်ကွက်တွေနဲ့တင်ဆက်ထားတာကို ဇာတ်ကားမှာပဲကြည့်ရအောင်ဗျာ
ဂျာမနီတပ်ထွက်တစ်ယောက်ဟာ သူ့မိန်းမနဲ့ ကွာရှင်းတော့မှာဖြစ်တဲ့အတွက် သူနဲ့အတူမနေရတဲ့ သမီးလေးကို သွားတွေ့ဖို့ ဘာလင်မြို့ကို ကားမောင်းလို့ထွက်လာခဲ့ပါတယ် … လမ်းမှာ လူတစ်ယောက်က ဘာလင်မြို့ကို ကားကြုံလိုက်ချင်တဲ့အတွက် တင်ခေါ်လာရာကနေ လမ်းခရီးတစ်နေရာအရောက် မတော်တဆ အဲ့ဒီလူရဲ့ အိတ်ထဲကနေ ဗုံးတစ်လုံးထွက်ကျလာခဲ့ပါတယ်.. ဒီလူဟာဘယ်သူလဲ.. အဲ့ဒီနောက်မှာဒီလူဟာ သူ့ကိုဘာလင်လိုက်မပို့ရင် သူ့သမီးကိုသတ်ပစ်မယ်လို့ခြိမ်းခြောက်ပြီး သေနတ်နဲ့ချိန်ကာဘာလင်အထိလိုက်လာပါတယ်… ခရီးသည်ကနေ ပြန်ပေးသမား အကြမ်းဖက်သမားဖြစ်သွားတဲ့သူဆီကနေ သူပြေးလို့လွတ်နိုင်မလား ကြည့်ရှုတော်မူကြပါ။
Better Watch Out movie ဟာ ၂၀၁၇ခုနှစ်ထွက် စိတ္တဇ horror ကား အမျိုးအစားဖြစ်ပါတယ် Rotten Tomatoes 87% IMDb 6.6 ထိရရှိထားတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် ပါဝင်သရုပ်ဆောငိထားသူတွေကတော့ Levi Miller,Olivia Dejonge , Ed Oxenbould တို့အဓိကပါဝင်သရုပ်ဆောင်ထားပါတယ် အခုလိုခရစ္စမတ်ရာသီမှာကြည့်ကောင်းမယ် ခရစ္စမတ် horror ကားလေးပါ ဇာတ်လမ်းအကျဉ်းကတော့ Ashley တစ်ယောက် ခရစ္စမတ်အားလပ်ရက်မှာ ၁၂သား Luke Lerner ကိုကလေးထိန်းပေးရပါတယ် Luke ဟာ သူမကိုမြူဆွယ်တဲ့အမူအရာတွေလုပ်တက်တာလည်း သတိပြုမိနေခဲ့ပါတယ် ထို့နောက် Luke သူငယ်ချင်း Garret အိမ်အလည်လာချိန် သူတို့တစ်တွေ အိမ်အပေါ်ထပ်ကအုတ်ချပ်မှာ ထွက်သွားရင်သေရမယ် ဆိုတဲ့စာတန်းတွေ့တဲ့အခါ…… ထူးဆန်းတာတွေဖြစ်လာတဲ့အခါ…… Garrett တစ်ယောက်အမည်မသိ သေနတ်သမားပစ်သတ်ချင်းခံရတဲ့အခါ……. လူသတ်သမားအစစ်ကဘယ်သူလဲ…… နောက်ကွယ်ကကြံစည်နေသူက ဘယ်သူလဲ…… ဆိုတာ ကြည့်ရှုသူကိုယ်တိုင်ပဲ ခံစားကြည့်လိုက်နော်
မင်းသားကြီး Nicolas Cage ရဲ့ Action, Mystery, Thriller ဇာတ်ကားသစ်လေးပါ။ သေပြီးသူတွေကို ပြန်အသက်သွင်းနိုင်တဲ့ အစွမ်းဆိုတာမျိုးကို ရှိသင့်တယ်ထင်ပါသလား။ ရှိရင်လည်း အဲဒါက ကောင်းမလား ဆိုးမလား။ အလုပ်ရောဖြစ်ပါမလား။ ဒီဇာတ်ကားထဲမှာတော့ အဓိကဇာတ်ဆောင် Julie က သူကိုယ်တိုင် သေလုမြောပါးဖြစ်နေတဲ့အချိန်မှာ တခြားတစ်ဖက်ကိုကူးသွားပြီးတော့ ဝိညာဉ်တွေကို ပြန်ခေါ်နိုင်စွမ်းရှိပါတယ်။ သူ့ရဲ့သမီးဖြစ်သူ Billie တစ်ယောက် ဆိုင်ကယ်မတော်တဆမှုဖြစ်ပြီး ဝိညာဉ်ထွက်သွားတော့မယ့်အချိန်မှာ မိသားစုမရှိ ဦးတည်ချက်မရှိ ဘဝသေနေတဲ့ Truck ကားမောင်းသမား Joe ရဲ့အကူအညီကိုယူပြီးတော့ ပြန်ခေါ်လာနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့သမီးက သူ့နဲ့စိမ်းနေသလိုဖြစ်ပြီးတော့ အခုမှမြင်ဖူးတဲ့ Joe ကိုတော့ ရင်းနှီးနေသလိုဖြစ်နေတာကနေ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ကြည့်လိုက်ကြပါတော့။ ကြမ်းခန်းရမ်းခန်းတွေပါတဲ့အတွက် မိသားစုနဲ့ကြည့်ဖို့တော့ အဆင်မပြေနိုင်ပါဘူး။
၂၀၁၈ ခုနှစ်ထွက် အလန်းစား တမီလ်ကားလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် နိုင်ငံရေး ဇာတ်ရှုပ်တွေ အရမ်းခေတ်စားတဲ့ ဘောလီးဝု၊ သောလီးဝု ဇာတ်ကားတွေထဲမှာ ရှုပ်ထွေးလှတဲ့ နိုင်ငံရေး လုပ်စားကွက်တွေကို ဟော်ရာ(horror) ထည့်ရိုက်ထားတဲ့၊ နိုင်ငံရေးနဲ့ ဟော်ရာပေါင်းစပ်ရိုက်ကူးထားတဲ့၊ ဇာတ်ကားကောင်းတစ်ကားပါ… အခုခေတ် ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေ ကြားထဲမှာ အရင်ခေတ်က မိဘုရား တစ်ပါးက ဘယ်ကနေ ဘယ်လို ပါဝင်လာသလဲ? ဘုရင်တစ်ပါးရဲ့ အင်အားသုံးခုဖြစ်တဲ့ ငွေရယ်၊ လူထုထောက်ခံမှုရယ်၊ ဦးဏှောက်ရယ်ကို ဘယ်လိုမျိုး ကစားသွားသလဲ? စတာတွေကို ကြည့်ရှုရမဲ့ ဇာတ်ကားကောင်း တစ်ကားပါ ရိုက်ချက်ကောင်းကောင်း၊ ဇာတ်လမ်းကောင်းကောင်း ကြည့်ချင်တဲ့သူတွေအတွက် ရည်ရွယ်ထားတဲ့ ဇာတ်ကားတစ်ကားဆိုလည်း မမှားပါဘူး India တောင်ပိုင်းဇာတ်ကားတွေက ဇာတ်လမ်းပိုင်းနဲ့ ပတ်သတ်ရင်တော့ ဆရာကြီးတွေပါ သူတို့ရဲ့ကားတိုင်းလိုလို double twist တွေနဲ့လာပါတယ် ဒါပေမဲ့ မင်းသားတွေက over action တွေကြောင့် ကြည့်ရတာနည်နည်း ဖီလင်အောက်သွားတတ်တာပါ ဒါကြောင့် ဒီဇာတ်ကားကိုလည်း အဲ့လိုဖီလင်အောင်မလားလို့ စိုးတထင့်ထင့်နဲ့ ဘာဟူဘာလီမင်းသမီးခေါင်းဆောင်ပါဝင်လို့ သွားကြည့်မိတာပါ မန်မာပရိသတ်တွေအကြိုက် နှစ်ဘဝကလဲ့စားမင်းသမီးပေါ့၊ ဒါရိုက်တာက ဒီဇာတ်လမ်းကို ဒီမင်းသမီးနဲ့ရိုက်ချင်လို့ ၄နှစ်စောင့်လိုက်ရပါတယ်၊ မင်းသမီးကရိုက်ရက်မအားလို့ပါတဲ့၊ ထူးထူးခြားခြား တောင်ပိုင်းဇာတ်ကားတွေထဲမှာမှ သီချင်းက တစ်ပုဒ်ထဲပဲပါပါတယ်၊ ဇာတ်လမ်းကထွေလာကြည့်ပြီးတော့ သရဲကားလို့ထင်နေမိတာ၊ ဒါပေမဲ့ သရဲကားမဟုတ်ပါဘူး၊ ပြောချင်တာက သရဲတော့ခြောက်ပါတယ်၊ အကြမ်းကြီးမဟုတ်ပဲနဲ့ အနုခြောက်ခြောက်တာပါ၊ ဒါပေမဲ့ ဇာတ်လမ်းပိုင်းမှာအရမ်းမိုက်သွားပြီး Plot Twist တွေကအလန်းပြီး ခန့်မှန်းရခက်တာမို့ ရုပ်ရှင်ကြည့်ရင်းနဲ့ ကိုယ်ထင်ထားတာဖြစ်မလာတာက လဲ ရုပ်ရှင်ကြည့်တဲ့သူကို ဆွဲဆောင်တဲ့ စိတ်လှုပ်ရှားမှုတစ်ရပ်ပါပဲ ကဲဗျာ ဇာတ်လမ်းပိုင်းလေးကို သွားလိုက်ရအောင် ဇာတ်လမ်းအကျဉ်းလေးကတော့ တောထဲမှာရှိတဲ့ သရဲအရမ်းခြောက်တယ်လို့ နာမည်ကြီးတဲ့ ဘာဂါမသီ ဆိုတဲ့ အိမ်ကြီးရှိပါတယ်၊ ချန်ချလာ ဆိုတဲ့ကောင်မလေးက အာဏာရဝန်ကြီးရဲ့ ညာလက်ရုံး၊ ဒါပေမဲ့ သူ့ယောကျာ်းကိုသတ်တဲ့အမှုနဲ့ထောင်ထဲရောက်သွားပါတယ်၊ အဲ့အချိန်မှာပဲ အနီးအနားရွာတွေမှာရှိတဲ့ ရှေးဟောင်းစာရင်းဝင် တန်ဖိုးဖြတ်လို့မရတဲ့ ဘုရားဆင်းတုတော်တွေကခဏခဏပျာက်ဆုံးနေပါတယ် ထောက်လှမ်းရေးတွေ သံသယရှိတာက အာဏာရဝန်ကြီးက ဒီပျောက်ဆုံးမှုက ပါဝင်နေတယ်လို့ထင်နေတာပါ ဒီတော့ ထောက်လှမ်းရေးက ထောင်ထဲရောက်နေတဲ့ ဝန်ကြီးရဲ့ ညာလက်ရုံး ချန်ချလာကို ထောင်ထဲကထုတ်ပြီး ဝန်ကြီးမသိအောင် တောထဲက ဘာဂါမသီ အိမ်ကြီးမှာ စစ်ဆေးလုပ်ဖို့ ချန်ချလာကို အဲ့ဒီ့အိမ်ကြီးမှာထားလိုက်ပါတယ်၊ သရဲအလွန်ခြောက်တယ်လို့ အိမ်ကြီးထဲရောက်သွားတဲ့ ချန်ချလာတစ်ယောက် ဘယ်လို အခက်အခဲတွေကြုံရမလည်း…. ဝန်ကြီးကကော လက်ရှိအမှုမှာ တကယ်ပဲ ပါဝင်ပတ်သတ်နေလား….. ချန်ချလာကကော သူ့ယောကျာ်းကို ဘာကြောင့်သတ်ပစ်လိုက်ရတာလည်း…… တစ်ခြားနောက်ကွယ်မှာ ဘယ်လိုခြောက်လန့်မှုတွေက ရှိနေသေးလည်းဆိုတာ….. ကိုတော့ ပရိတ်သတ်ကြီးကဆက်လက်ကြည့်ကြရမှာပါ ဒီဇာတ်ကားမှာ အရေးကြီးဆုံးအချက်တစ်ခုက အသံပါပဲ၊ ဒီဇာတ်ကားမှာ အသံဖန်တီးမှုတွေက အရမ်းကောင်းပါတယ်၊နောက်ပြီး တော့ ဘာဂါမသီဆိုတဲ့အိမ်ကြီး၊ ဇာတ်ကားပြီးတော့ ရိုက်ကွင်းပြတော့ လုံးဝအံသြသွားမိပါတယ်၊ နောက်ကွယ်ကဘယ်လိုပြင်ဆင်ရလည်းဆိုတာကိုလည်း ပညာရခဲ့ပါတယ်၊ ဒါကြောင့်လည်း ဟောလိဝု သောလိဝုကားတွေက နော်ကပိုင်းမှာအောင်မြင်လာတာပါ မင်းသမီးကတော့ရင်းနှီးထားပြီးသားဆိုတော့ သရုပ်ဆောင်ကောင်းပြီးသားဆိုတာကိုပြောစရာမလိုပါဘူး၊ နည်းနည်းဝတယ်လို့ထင်ရပေမယ့် ချစ်စရာလေးပါ တစ်ခြား တောင်အိန္ဒိယကားတွေလို အိုဗာတွေမပါတော့ ကြည့်ရတာအဆင်ပြေပါတယ် ဖီလင် မအောက်ပါဘူး ကလေးဘဝတုန်းက ဒီဇာတ်လမ်းနဲ့ဆင်တဲ့ကာတွန်းတစ်ပုဒ်ဖတ်ဖူးတယ်၊ ဒိရဲဂျာကာတွန်းပါ၊ ဒါပေမဲ့ ဇာတ်သိမ်းမတူပါဘူး ၊ဒီကားထဲမှာကြိုက်တာက ဇာတ်သိမ်းခန်းပါပဲ ၊တကယ်ကြမ်းတာပါ၊ ရုံမှာကြည့်ရင်တော့ အသံစနစ်ကောင်းတော့ရှယ်ပါ ၊ အခွေမှာကြည့်ရင်လဲ အဆင်ပြေမှာပါ ပြီးတော့ ဒီကားက သရဲကားကြိုက်တဲ့သူတွေတော့ အကြိုက်တွေ့မှာလို့ပြောလိုက်ပါရစေဗျ
အံ့သြတုန်လှုပ်ဖွယ် ဖြစ်ရပ်ဆန်းကြယ်ဇာတ်ကားမျိုးကို ကြည့်ရှုချင်ကြတဲ့ ပရိတ်သတ်အတွက် ၂၀၁၉ထွက် ဇာတ်ကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ် နယ်မြို့လေးတစ်မြို့မှာနေထိုင်ကြတဲ့ ဆိုးသွမ်းတဲ့ လူငယ်တစ်စုဟာ မူးယစ်ဆေးတွေ သုံးစွဲရင်း အနားပတ်ဝန်းကျင်က အိမ်တွေကို အနုကြမ်းစီးဓားပြတိုက်လေ့ရှိပါတယ်… ဒီလူငယ်တစ်စုထဲမှာ မိန်းကလေးတစ်ယောက်ပါဝင်ပြီး သူ့ရဲ့အဖေက မြို့ကရဲဝန်ထမ်းတစ်ဦးဖြစ်ပေမယ့် သူ့သမီးဒီလိုတွေလုပ်နေတာ လုံးဝမရိပ်မိခဲ့ပါဘူး တစ်နေ့မှာ အဲ့ဒီနယ်မြို့လေးက အိမ်ကြီးတစ်လုံးကို ထူးဆန်းတဲ့မိသားစုတစ်စု ပြောင်းရွှေ့လာခဲ့ပါတယ်.။ ဒီမိသားစုနဲ့အတူ ဒေါ်လာတွေအပြည့်ထည့်ထားတဲ့ သေတ္တာတွေလည်းပါလာခဲ့တယ်ဆိုတာကို ဒီလူငယ်တစ်စု စုံစမ်းသိရှိပြီးနောက် တိတ်ဆိတ်တဲ့ညတစ်ခုမှာ လူငယ်တစ်စုဟာ အိမ်ကြီးကို ဖောက်ထွင်းပြီး အနုကြမ်းစီးပါတော့တယ်… အိမ်ကြီးထဲရောက်ချိန်မှာတော့ ထင်မှတ်ထားသလို ဖြစ်မလာခဲ့ဘဲ မုဆိုးကနေ သားကောင်အဖြစ်ရောက်ရှိသွားတဲ့အခြေအနေကို ကြုံတွေ့ရပါတော့တယ်..။
ဂန်းနမ်မှာ ကိုယ်ပိုင်ဆေးခန်းလေးဖွင့်ပြီး အသက်မွေးဝမ်းကျောင်းပြုနေတဲ့ဒေါက်တာဗြောင်းဆန်းဟွန်း တစ်ယောက် ငွေကြေးအခက်အခဲကြောင့်သူ့ဆေးခန်း ပိတ်သိမ်းလိုက်ရတဲ့အခါမှာတော့ အခြားပြည်နယ်တစ်ခုကဆေးရုံတစ်ခုမှာ ဆရာဝန်အနေနဲ့ သွားရောက် လုပ်ကိုင်ခဲ့ပါတယ် အဲ့ဒီဒေသမှာနေထိုင်ဖို့အတွက် သားသတ်ဆိုင်တစ်ဆိုင်ရဲ့အပေါ်ထပ်မှာငှားရမ်းနေထိုင်ရင်း အောက်ထပ်က သားသတ်ဆိုင်ကလူတွေနဲ့လည်းတဖြည်းဖြည်း ပိုပိုပြီး ရင်းနှီးလာခဲ့တယ် သူသွားနေထိုင်ရတဲ့ ဒေသက မဖော်ထုတ်နိုင်ခဲ့တဲ့ ကွင်းဆက်လူသတ်မှုတွေနဲ့နာမည်ကြီးတဲ့ ဒေသဖြစ်ပါတယ် တစ်နေ့မှာတော့ သူနေတဲ့နေရာနားတစ်ဝိုက်မှာ ဦးခေါင်းပြတ်အလောင်းတစ်လောင်း ရှာတွေ့ခဲ့ပါတယ် အမှတ်မထင်ပဲ ဒီအမှုက သူ့အောက်ထပ် သားသတ်ဆိုင်က သားအဖနှစ်ယောက်နဲ ံပတ်သက်မှုရှိတာကို သိလာတဲ့ အချိန်မှာတော့ သူကိုယ်တိုင်လည်းအဲ့ဒီပတ်သက်မှုတွေကနေရုန်းထွက်နိုင်ဖို့ကြိုးစားပြီး အမှုမှန်ဖော်ထုတ်နိုင်အောင် ကြိုးစားခဲ့ပါတယ် ဒါပေမဲ့ တစ်နေ့မှာတော့ ဒေါက်တာဆန်းဟွန်းရဲ့ဇနီးပါ ရုတ်တရက်ပျောက်ဆုံးသွားခဲ့ပါတယ် ဒီဇာတ်လမ်းလေးဟာ စိတ္တဇ ဆန်ဆန် ရိုက်ကူးထားတဲ့ ဇာတ်လမ်းဖြစ်တာကြောင့်စိတ္တဇ လူသတ်သမားက သားသတ်ဆိုင်က သားအဖ လား ဆရာဝန်ကိုယ်တိုင်ပဲလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ စောင့်ကြည့်ရင်း အဖြေရှာကြပါစို့
မင်းသား Tobey Maguire , Jake Gyllenhaal , မင်းသမီး နာတာလီပေါ့ထ်မန်းတို့ပါဝင်ထားတဲ့ စစ်ပွဲအခြေပြု Drama,Thriller,War အမျိုးအစား ဇာတ်ကားဖြစ်ပါတယ်။ IMDb Rating (7.1) ရရှိထားတဲ့ဇာတ်ကားပါ။ Tobey နဲ့ နာတာလီပေါ့ထ်မန်း က လင်မယား….ကလေးနှစ်ယောက်လဲရှိတယ်….Jake နဲ့ Tobey က ညီအစ်ကိုတွေ… Tobey ကတော့ အမေရိကန်မရိန်းတပ်ကဗိုလ်ကြီး… Jake ကတော့ ထောင်ထွက်အပေအတေ… အာဖဂန်နစ်စတန်ကစစ်ဆင်ရေးတစ်ခုမှာ Tobey တစ်ယောက် အဖမ်းခံလိုက်ရပြီး ပျောက်ဆုံးသွားတဲအခါမှာတော့……….။
Bullet Head ဇာတ်ကားဟာ ၂၀၁၇ခုနှစ်ကထွက်ရှိထားတဲ့ အမေရိကန် မှုခင်းအက်ရှင်ကားတစ်ကားဖြစ်ပါတယ် Imdb rating 5.2/10 နဲ့ rotten tomatoes 57% အသီးသီးရရှိထားပါတယ် ပါဝင်သရုပ်ဆောင်ထားသူတွေက တော့ Adrien Brody, John Malkovich နဲ့ Antonio Banderas တို့ဖြစ်ပါတယ် ကြာချိန် ၉၃မိနစ်ပဲရှိပေမယ့် ဇာတ်လမ်းအလှည့်အပြောင်းနဲ့ စိတ်ဝင်စားဖွယ်ရာဇာတ်ကွက်တွေ ပြည့်နေတဲ့ ဇာတ်ကားကောင်းလေးပါ ဇာတ်လမ်းအကျဉ်းကတော့ Career (ကယ်ရီ) သမား ၃ယောက်ဖြစ်တဲ့သူတို့ဟာ တစ်နေ့မှာ အလုပ်လုပ်ရင်းချွတ်ချော်မှုကြောင့် ဂိုထောင်တစ်ခုထဲမှာပိတ်မိသွားပါတော့တယ် ဂိုထောင်အပြင်မှာအသင့်စောင့်နေသူတွေလည်းရှိနေပါတယ် ဥပဒေဘက်တော်သားရဲတွေပါ….. ဒါပေမယ့်ဂိုထောင်ထဲမှာလည်း ကြောက်ရွံ့ဖွယ်ကောင်းတဲ့ အန္တရာယ်ကြီးကစောင့်ကြိုနေပါတယ်…. သူတို့ ၃ယောက် ကျဉ်းထဲကျပ်ထဲကနေ အလွတ်ရုန်းနိုင်မှာလား…. အသက်ရှင်လျက်ထွက်လာပြီး ရဲလက်ထဲကပါလွတ်အောင်ပြေးနိုင်မလားဆိုတာ….ပရိတ်သတ်ကြီးပဲကြည့်လိုက်တော့နော်
ဒီဇာတ်လမ်းကတော့ ပြီးခဲ့တဲ့ သြဂုတ်လကမှ ရုံတင်ခဲ့တဲ့ ဖိလစ်ပိုင်အက်ရှင်ဇာတ်ကြမ်း အသစ်စက်စက်ပါ။ ဇာတ်ကြမ်းလို့ဆိုနိုင်ပေမဲ့ မင်းသမီးကို အသားပေးထားတာမို့ မြင်နေကျ မင်းသားဟီးရိုးလုပ်တဲ့ အက်ရှင်ကားတွေနဲ့တော့ နည်းနည်းကွာမှာပါ။ ဇာတ်လမ်းကျောရိုးက လက်ရှိဖိလစ်ပိုင်ရဲ့ နာမည်ကျော် မူးယစ်ဆေးနှိမ်နင်းရေးတိုက်ပွဲကြီးကို အခြေခံထားတယ်ဆိုရင်လည်း မမှားပါဘူး။ ဇာတ်လမ်းမှာ ဖိလစ်ပိုင်မူးယစ်ဆေးဝါးနှိမ်နင်းရေး အထူးတပ်ဖွဲ့က အဖွဲ့တစ်ဖွဲ့ဟာ ဖမ်းဆီးရခက်တဲ့ နာမည်ကျော် မူးယစ်ရာဇာတစ်ယောက်ရဲ့ စခန်းကို ဝင်စီးပြီး မူးယစ်ရာဇာကိုပါ ဖမ်းဆီးမယ့် စစ်ဆင်ရေးတစ်ခု အစပြုခဲ့ကြပါတယ်။ စစ်ဆင်ရေးနာမည်က Buy-Bust… သူလျိုတစ်ယောက်ရဲ့ အကူအညီနဲ့ ဝင်စီးဖို့ ထွက်လာတဲ့ သူတို့အဖွဲ့ဟာ စစ်ဆင်ရေးအစမှာပဲ ထောင်ချောက်ဆင်ခံရပြီဆိုတာ သိလိုက်ရပါတယ်။ အချိန်ယူပြီးစနစ်တကျလေ့ကျင့်ထားခဲ့ကြတဲ့ သူတို့အဖွဲ့ဝင်တွေ ဘယ်လိုရင်ဆိုင်တိုက်ခိုက်ကြမလဲ၊ ကျွမ်းကျင်ထက်မြတ်တဲ့ မန်နင်းဆိုတဲ့ အဓိကဇာတ်ကောင် အမျိုးသမီးတပ်ဖွဲ့ဝင်ကရော ဘယ်လိုတွေ ရုန်းကန်ရှင်သန်သွားမလဲ၊ မူးယစ်ရာဇာရဲ့ အာဏာစက်ထဲရောက်နေတဲ့ ဒေသခံတွေနဲ့ရော ဘယ်လို ပဋိပက္ခဖြစ်ကြမလဲ၊ သူတို့ဘက်က အကျင့်ပျက်ခြစားနေတဲ့ သူလျိုကရော ဘယ်သူဖြစ်မလဲ၊ နောက်ဆုံး ဘယ်သူတွေ အသက်ရှင်ကျန်ရစ်ခဲ့မလဲ ဆိုတာကို ရင်တထိတ်ထိတ် ကြည့်ရူရမှာပါ။ ဇာတ်ကြမ်းဆိုတဲ့အတိုင်း အပစ်အခတ် အသတ်အဖြတ်တော့ နည်းနည်းတော့ ကြမ်းပါတယ်နော်။ ကြိုသတိပေးထားတာ ? ဇာတ်လမ်းမှာ ဖိလစ်ပိုင်က နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်တဲ့ Anne Curtis နဲ့ မင်းသား Branton Vera တို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။
၂၀၁၈ မတ်လကမှထွက်ရှိထားတဲ့ Cheese in the trap ဆိုတဲ့ movie လေးကတော့ k-drama ပရိသတ်နဲ့စိမ်းလှမယ်မထင်ပါဘူး။ ၂၀၁၆ တုန်းက rating အမြင့်ဆုံးရခဲ့တဲ့ series version ကိုပြန်လည်ရိုက်ကူးထားတာပါ။ main actor ကလွဲပြီး ကျန်တဲ့ ဇာတ်ဆောင်တွေအားလုံးကတော့ စီးရီးထဲကသရုပ်ဆောင်တွေမဟုတ်ပါဘူး။ main actor နဲ့ actress ကတော့ park hae jin (man to man ) နဲ့ oh yeon seo (ဆမ်ဂျန်း)တို့ပဲဖြစ်ပါတယ်။ ဟုန်းဆိုးဆိုတဲ့ သာမန်တက္ကသိုလ်ကျောင်းသူလေးက အချိန်ပိုင်းအလုပ်တွေ ကျူရှင်သင်တဲ့အလုပ်တွေနဲ့ ကျောင်းစရိတ်ရှာပြီး တတ်နေရသူပါ။ နှစ်စပိုင်းတုန်းက သူ့ကိုအေးစက်စက်နဲ့ လျစ်လျူရှုခဲ့တဲ့ စီနီယာ ယိုဂျောင်း သူ့အပေါ်ပြောင်းလဲလာခဲ့ပြီး နွေးထွေးဂရုစိုက်လာတဲ့အခါမှာ ဟုန်ဆိုးတစ်ယောက် စိတ်ကသိကအောင့်ဖြစ်လာခဲ့ပါတယ်။ အားလုံးနဲ့အဆင်ပြေပြီး အမြဲပြုံးနေတတ်တဲ့ သူဌေးသူးလေးယိုဂျောင်း ရဲ့အမူအကျင့်တွေကိုကြည့်ပြီး ယိုဂျောင်းရဲ့နောက်မှာကွယ်ဝှက်ထားတဲ့ တစ်စုံတစ်ရာ ရှိမယ်လို့ ဟုန်းဆိုးထင်ထားခဲ့တာပါ။ လွန်ခဲ့တဲ့တစ်နှစ်ကအဖြစ်အပျက်အပြီး ဟုန်းဆိုးအပေါ်ပြောင်းလဲလာတဲ့ ယိုဂျောင်းက ဟုန်းဆိုးကိုချစ်ခွင့်ပန်လာခဲ့ပါတယ်။ တက္ကသိုလ်ကျောင်းတွင်း ဖြစ်ပျက်နေကြ အဖြစ်အပျက်လေးတွေနဲ့ သူတို့နှစ်ယောက်ရဲ့ချစ်ဇာတ်လမ်းနောက်ကွယ်က ယိုဂျောင်းရဲ့လျှို ု့ ဝှက်ထားတဲ့အကြောင်းလေးတွေကို လှည့်ကွက်လေးတွေနဲ့ကြည့်ရမယ့် romance psycological ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ နှုတ်ခမ်းနီမလေးတွေအသဲစွဲ ယိုဂျောင်း အဖြစ် (park hae jin ) ဟုန်းဆိုး အဖြစ် (oh yeon seo ) နဲ့ ဒုတိယမင်းသား ဘဲ့အင်ဟိုအဖြစ် (park ki woon ) တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။
“ဇာတ်လမ်းအညွှန်း” ဆယ်နာပသီ ဆိုတဲ့ ဩဇာကြီးတဲ့ ဒုစရိုက်သမားကြီးဟာဘုရားက အပြန်မှာ လူမိုက်တချို့ရဲ့ လုပ်ကြံခြင်းကိုခံလိုက်ရပါတယ်။ ဒီသတင်းကို ကြားတော့…သားသုံးယောက်ဖြစ်တဲ့ချန်နိုင်းရာဇာ “ဗာရာဒန် “၊ဒူဘိုင်းမှာ အခြေချနေကြတဲ့ သားလတ် “သီယာဂူ”၊သားငယ် “အီသီ”တို့ ရောက်လာကြပါတယ်။ ဖခင်ကို လုပ်ကြံသူအား လက်စားချေဖို့ပါ။ ဖခင်ဆုံးသွားရင် နေရာဆက်ခံဖို့လည်း ပါတာပေါ့။ ဖခင်ကတော့ ဘယ်သူလက်ချက်လဲဆိုတာသိတယ်တဲ့။ ဒါပေမဲ့ မပြောပြခဲ့ပါဘူး။ တနေ့မှာတော့ ဖခင်ဟာ အကြောင်းမဲ့ သေဆုံးသွားခဲ့ပါတယ်။အဲ့ဒီနေ့မှာပဲ သားတွေရဲ့ ဇနီးမယားတွေလည်းလုပ်ကြံခံရတယ်။ တရားခံက ဘယ်သူလဲ? ဒုစရိုက်လောက တစ်ခုလုံး ကြောက်ရတဲ့သူတို့ကို ဘယ်အဖွဲ့က လုပ်ကြံသလဲ? ဘာကြောင့်လုပ်ကြံလဲ ဆိုတာကို ကြည့်ရှုခံစားကြပါဦးဗျာ….။ —————————————- လူတွေရဲ့ အတွင်းစိတ်ဟာ အင်မတန်ကြောက်ဖို့ ကောင်းတယ် . . . ပိုပြီးကြောက်ဖို့ကောင်းတာက အပေါ်ယံဟန်ဆောင်ပြုံးပြပြီး နောက်ကျောကို ဓားနဲ့ ထိုးတဲ့သူတွေ။. . . သူတစ်လူ ငါတစ်မင်းဆိုတဲ့စကားရယ်ငဖြူသေရင် ငမည်းပေါ်လိမ့်မယ်ဆိုတဲ့စကားရယ်. . . ဒီဇာတ်ကားထဲက အဖြစ်အပျက်တွေဟာ ကွက်တိတွေ။ ဇာတ်လမ်းက ရိုးမလိုနဲ့ ဆန်းပြားပြီးကြည့်ရင်းနဲ့ ကြက်သီးထလောက်အောင်ကို လူ့စရိုက်တွေကို အော်ဂလီဆန်လာစေတာမျိုးပါ။ ဒီကားထဲမှာတော့ဂန်းစတားလောကရဲ့ လည်သူစားစတမ်းလှည့်ကွက်တွေကြားက သွေးသားတော်စပ်မှုကို ဘေးချိတ်ပြီး ကိုယ့်အတွက်ဆို ဘယ်သူ့ကိုမှ အရှင်မထားတတ်တဲ့ ရွံရှာဖွယ်ရာ စိတ်ဓာတ်တွေ၊ကိုယ့်မှာ ဇနီးသည်နဲ့ ကလေးတွေ ရှိနေပါလျက် ဖောက်ပြားတတ်တဲ့ ယောက်ျား၊ကိုယ့်ခေတ် ဘယ်လောက်ပဲ ကောင်းခဲ့ကောင်းခဲ့ ခြသေ့ၤမင်းပဲ ဖြစ်ခဲ့စေဦးအသက်အရွယ်ရလာချိန် အားမတန်လို့ မာန်လျှော့ရတဲ့ ဂိုဏ်းဂုရုကြီး တစ်ယောက်၊ဂန်းစတားတွေရဲ့ အပူသည် ဇနီးသည်တွေအကြောင်း စသဖြင့် ဇာတ်ရုပ် ဇာတ်ကွက် စုံလင်လှပါတယ်။ တမီးလ်မင်းသား ဗီဂျေးစည်သူပသီ၊အာရ်ဗင်းဆွာမိတို့နဲ့ အတူမြောက်ပိုင်းက ဘောလိဝုဒ်မင်းသမီး အာဒီတီးရိုဟိုက်ဒါရီ(Bhoomi 2017 ထဲက မင်းသမီး)တို့ အဓိက ပါဝင်ထားပါတယ်။ အကြမ်းဖျင်းအားဖြင့် ပြောရရင်ဂန်းစတားလောက အကြောင်းကိုရိုက်ထားတယ်လို့ ပြောလို့ ရပေမယ့်. . . တကယ့်တကယ်တော့လူ့သဘာဝကို လှလှပပ သရုပ်ဖော်ပြသွားတဲ့ ပညာပေး ဇာတ်ကားတစ်ကားသာ ဖြစ်ပါကြောင်း. . .။ ။
with great power comes great responsibility’ဒီစကားစုနဲ့အားလုံးမစိမ်းပါဘူး ဒါပေမယ့်အဲ့လိုအစွမ်းတွေရလာတဲ့အခါလက်တွေ့ဆန်ဆန်စဉ်းစားလိုက်ရင် သင်ဟာဂေဟစနစ်ရဲ့အပေါ်ဆုံးနီးပါးကိုရောက်နေပါလိမ့်မယ် အဲ့လိုဆိုရင်တော့ဇာတ်လမ်းကမတူတော့ပါဘူး ဒီကားဟာပုံမှန်ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ရဲ့မတူတဲ့ဇာတ်လမ်းတစ်ခုပါပဲ အန်ဒရူးဟာကျောင်းမှာလုံးဝအရှုံးသမားဖြစ်သလို အိမ်မှာလည်းအဖေဖြစ်သူအရက်သမားအနိုင်ကျင့်ရသမျှခံနေရတဲ့ ဆယ်ကျော်သက်ကောင်လေးပါ သူ့မှာအသက်ရှင်နေရတဲ့အကြောင်းရင်းဆိုလို့အိပ်ယာထဲ ဗုန်းဗုန်းလဲနေတဲ့သူ့အမေသာရှိပါတယ် ဆေးဖိုးလည်းမတတ်နိုင်အတွက်ရောဂါကဆိုးသထက်သာဆိုးလာပါတော့တယ် အန်ဒရူးနဲ့သူ့ဝမ်းကွဲမတ်တ်နဲ့သူငယ်ချင်းစတိဗ်တို့ဟာ ရုတ်တရတ်မြေအောက်ကရေဒီယိုသတ္တိကြွအရာတစ်ခုကို ပါတီပွဲသွားရင်းတွေ့သွားတဲ့အခါမှာတော့… ကိုယ်ပိုင်အရှုံးသမားဘဝနဲ့စွမ်းအားတွေရောယှက်လာမိရင်း ဘယ်လောက်ထိပြသနာတွေတက်ကြမလဲဆိုတာ…
ဒီကားလေးကတော့ အီဂျစ်မှာ ဖြစ်ခဲ့တဲ့ဘာသာရေးဆူပူအုံကြွမှုအကြောင်းရိုက်ထားတဲ့ 2016 ထွက်ဇာတ်ကားလေးပါ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့.. 2011 ခုနှစ်မှာသမ္မတသက်တမ်းအနှစ်၃၀အထိရှိခဲ့တဲ့ အီဂျစ်တော်လှန်ပုံကန်မှုကြီးပြီးဆုံးခဲ့ပါတယ် အဲ့ဒါနဲ့2012 ခုနှစ်ထဲမှာပဲသမ္မတအသစ်တင်မြောက်ခဲ့ပါတယ် ဖြစ်ချင်တော့ သမ္မတက အစ္စလာမ်ဘာသာဝင်ပါတီကဖြစ်နေပါတယ် အဲ့ဒီတော့2013ခုနှစ်ထဲရောက်တော့အီဂျစ်မှာရှိတဲ့လူသန်းပေါင်းများစွာကဆန္ဒပြကြတော့တာပေါ့ သုံးရက်အကြာမှာပဲ စစ်တပ်ကသမ္မတကိုဖယ်ရှားနိုင်ခဲ့ပါတယ် အဲ့မှာစတွေ့တော့တာပဲ … အီဂျစ်ပြည်သူတွေကလဲဆန္ဒပြ စစ်တပ်ကလဲဖမ်းဆီးရေးလုပ် ရှိသမျှမွတ်စလင်မ်မှန်သမျှကလဲ စစ်တပ်ကိုတိုက်ခိုက်ပေါ့ ……. ဂျာနယ်လစ်၂ယောက်ကနေစလိုက်တဲ့ဇာတ်လမ်းကဘယ်လိုတွေဆက်ဖြစ်မယ် ဘယ်လိုရသတွေခံစားရမယ် ဘာသာရေးအစွန်းရောက်တဲ့သူတွေကြောင့်ကြားထဲကအပြစ်မဲ့လူသားတွေပါဘယ်လိုတောင်မြေစာပင်ဖြစ်ကြရမလဲဆိုတာကတော့…….
Action Thriller ပရိတ်သတ်တွေအတွက် Jacquie Davis ဆိုတဲ့သက်တော်စောင့်အမျိုးသမီးကိုအခြေခံပြီးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ကိုတင်ဆက်ပေးလိုက်ပါတယ် အတိတ်တွေကနေ ရှောင်ပုန်းနေတဲ့ အမျိုးသမီးသက်တော်စောင့်ဆမ် ဖခင်ဖြစ်သူသေဆုံးသွားပြီးနောက် အမွေတွေအားလုံးကိုပိုင်ဆိုင်ရမယ့် ခပ်ဆိုးဆိုးသူဌေးသမီးလေးဇိုဝီကို ပြန်ပေးဆွဲဖို့ကြိုးစားကြတဲ့အခါ ဇိုဝီအမွေအားလုံးရသွားတာကြောင့် မကျေမနပ်ဖြစ်နေတဲ့ မိထွေးရီမာရဲ့လက်ချက်လား ပြိုင်ဘက်လုပ်ငန်းရှင်တွေကြားက အရှုပ်တော်ပုံတွေနဲ့အတူ ကြမ်းကြမ်းရမ်းရမ်း Action Scenes တွေကို ဝေဝေဆာဆာကြည့်ရှုရမှာမို့ အကြိုက်တွေ့စေမှာအမှန်ပါပဲ IMDB ၅.၆ ရရှိထားပါတယ်
ဇာတ်ကားအစကနေအဆုံးအထိဇာတ်ရှိန်ကောင်းကောင်းနဲ့ခေါ်သွားမယ့့်ကားကိုကြည့်ချင်ပါသလား ဒီကားကိုကြည့်လိုက်ပါ လုံးဝအာမခံပါတယ် IMDB rating 7.2ရထားတဲ့ကားလေးပါ အဓိကပါဝင်သရုပ်ထားတဲ့လူတွေကတော့ ကိုရီးယားနိုင်ငံရဲ့နာမည်ကြီးသရုပ်ဆောင် woo sung jung ဒီကားမှာတော့ဗီလိန်နေရာကပေါ့ နောက်ထပ်သရုပ်ဆောင်မင်းသမီးချောလေးကတော့ Hyo Joo Han နောက်ထပ်တစ်ယောက်ကတော့ဝါရင့့်သရုပ်ဆောင်Kyung gu Sol တို့ပါဝင်သရုပ်ဆောင်ထားပါ ဇာတ်လမ်းအစမှာဘဏ်ကိုဓားပြတိုက်တဲ့အခန်းကတဖြည်းဖြည်းဇာတ်ရှိန်မြှင့်အောင်ခေါ်သွားမှာပါ ဘဏ်ကိုဓားပြတိုက်ထဲမှာပါတဲ့သူတစ်ယောက်ကိုကင်မရာကတွေ့လိုက်ပြီးမှုခင်းစုံစမ်းစစ်ဆေးရေးခေါင်းးဆောင်ဝမ်နဲ့သူ့လူတွေကမြို့ထဲမှာရက်တော်တော်ကြာအောင်လိုက်ရှာပြီးတရားခံတွေ့သွားတယ် တွေ့သွားတော့တရားခံရဲ့တိုက်ခန်းမှာကင်မရာတွေတပ်ပြီးစောင့်ကြည့်ပြီးတရားခံအားလုံးရဲ့ခေါင်းဆောင်ကိုအမိဖမ်းဖို့လိုက်စုံးစမ်းပါတော့တယ် ခေါင်းဆောင်ဝမ်တို့ကထောက်လှမ်းရေးသာလုပ်ရတဲ့အတွက်ရန်သူခေါင်းဆောင်ကိုတွေ့ပေမယ်ဖမ်းလို့မရဘူးပေါ့ ရန်သူဘက်ကလဲတိကျစေ့စပ်တာလဲပါတာပေါ့ တစ်ဖက်ကဦးဆောင်တဲ့လူကလဲနောက်ဆုံးအလုပ်ကိုလက်ခံပြီးကိုရီးယားကနေထွက်ပြေးတော့မယ်အချိန်မှာကံမကောင်းအကြောင်းမလှဘဲသူ့အလုပ်လာပေါက်ကြားပြီးနောက်ဆုံးမှာဖမ်းမိသွားပါတော့တယ် ရန်သူဘက်ကဗျူဟာတွေနဲ့ရဲဘက်ထောက်လှမ်းရေးဗျူဟာတွေကိုကြည့်ရှုခံရမယ့်ကားကောင်းလေးတစ်ကားမို့လို့တင်ပေးလိုက်ပါတယ်
သည်းထိတ်ရင်ဖို လျှို့ဝှက်ဆန်းကြယ် ကာတွန်းကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ… လူကြီးမင်းတို့ရဲ့ မျက်လုံးကိုဖယ်ထုတ်ပြီး ကြယ်သီးတွေအစားထိုးတပ်ခံထားရတဲ့ ခံစားချက်မျိုး ခံစားဖူးပါသလား ? မခံစားဖူးရင် ဇာတ်လမ်းအကျဉ်းချုပ်လေးဆီသွားရအောင် တကယ်တော့ ဒီဇာတ်ကားလေးဟာ ကျွန်တော်တို့ရဲ့ ငယ်ဘဝမှာ ရင်ထဲထိအမြဲတမ်းစွဲကျန်စေခဲ့တဲ့ ကာတွန်းရုပ်ရှင်ကားလေးတစ်ကားလည်းဖြစ်ပါတယ်… ဒီဇာတ်ကားလေးမှာ ကိုရာလိုင်း (Coraline) ဆိုတဲ့ကလေးမလေးက အဓိကသရုပ်ဆောင်ထားပါတယ်… စူးစမ်းလိုစိတ်အပြည့်နဲ့ သတ္တိရှိတဲ့ ကောင်မလေးတစ်ယောက်အဖြစ်နဲ့ပေါ့… သူမရဲ့မိဘတွေနဲ့ကတော့ အဆင်မပြေပါဘူး အလုပ်ကိုသာလုပ်နေကြတဲ့ ကိုရာလိုင်းရဲ့မိဘတွေဟာ သားသမီးကို ဂရုမစိုက်နိုင်တဲ့အတွက် သူတို့ကြားမှာ အဆင်မပြေမှုလေးတွေရှိနေခဲ့ပါတယ်… တစ်နေ့သူတို့မိသားစုဟာ အိမ်အသစ်ဆီကိုပြောင်းရွှေ့လာခဲ့ရပါတယ်… ထုံးစံအတိုင်း ကိုရာလိုင်း ကတော့ တစ်ယောက်တည်းပဲပေါ့… ဒီလိုနဲ့ တစ်နေ့မှာ အိမ်ရဲ့တစ်နေရာက မှော်ဝင်တံခါးပေါက်တစ်ခုကို တွေ့သွားခဲ့တဲ့အချိန်ကစပြီး ဇာတ်လမ်းစပါပြီ… ဒီမှော်ဝင်တံခါးပေါက်ရဲ့တစ်ဖက်မှာ ဘာတွေရှိနေမလဲ ?? စူးစမ်းတတ်ပြီး သတ္တိရှိတဲ့ ကိုရာလိုင်းတစ်ယောက် ဘာတွေဖြစ်လာမှာလဲ ?? ဆိုတာတွေကိုတော့ စိတ်ဝင်တစားနဲ့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်… IMDb rating 7.7/10 ထိ ရရှိထားတဲ့ ဒီကာတွန်းရုပ်ရှင်လေးဟာ ဘယ်လောက်ထိကောင်းတယ်ဆိုတာကိုတော့ အထူးတလည်ညွှန်းစရာ မလိုတော့ဘူး ထင်ပါတယ်.. အော်စကာဆုအတွက် ဆန်ခါတင်စာရင်းမှာပါခဲ့တဲ့အပြင် ဆုတော်တော်များများကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်… မိဘနဲ့သားသမီးတွေရဲ့ကြားက လိုအပ်ချက်လေးတွေကို ဘယ်လိုဖြည့်ဆည်းရမယ်ဆိုတာကိုလည်း ဒီဇာတ်ကားလေးက ညွှန်ပြပေးသွားပါတယ်… လက်မလွတ်တမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး လေကြောရှည်နေပြီ ဖြစ်တဲ့အတွက် အားပေးခံစားကြည့်ရှုပေးကြပါဦး…
Vampire အကြမ်းစားတွေ၊ Demon Hunter တွေတိုက်ခိုက်တဲ့ Action ဇာတ်ကားသစ်လေးပဲဖြစ်ပါတယ်။ တခြား Vampire တွေနဲ့မတူဘဲ တော်တော်ထူးခြားပြီး ရက်စက်တဲ့ Vampire တွေကိုတွေ့ရမှာပဲဖြစ်ပါတယ်။ အက်ရှင်ကားကြည့်ချင်သူတွေအတွက် ၂၀၁၈ထွက်ဇာတ်ကားသစ်လေးပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ Cobin Nash ဆိုတဲ့သူဟာ ရဲဝန်ထမ်းအဖြစ် ခက်ခဲတဲ့အမှုတွေကိုလိုက်တဲ့သူပဲဖြစ်ပါတယ်။ ပုံမှန်သူ့ဘဝလုပ်ဆောင်ချက်တွေနဲ့ လည်ပတ်နေစဉ်မှာပဲ တစ်နေ့မှာသူဟာ Demon Hunter တွေရဲ့မျိုးဆက်ဖြစ်တယ်ဆိုတာကို သိလိုက်ရပြီး သူတို့မိသားစုရဲ့ ဘဝအမှန်ကိုသိသွားရုံသာမက သူ့မိဘတွေဘယ်လိုသေရတယ်ဆိုတာကိုပါ သိခဲ့ရပါတယ်။ ဒါပေမယ့် ယုတ္တိရှိတာကိုပဲ ယုံကြည်တတ်တဲ့ Cobin တစ်ယောက် ဒါတွေကိုလျစ်လျုရှုပြီး ထူးဆန်းတဲ့အမှုတစ်ခုကိုလိုက်နေခဲ့ပါတယ်။ အဲဒီမှာပဲ သူ့ရဲ့ ကံကြမ္မာပြောင်းလဲလာတော့တာပါပဲ။ သူမယုံကြည်ပါဘူးဆိုတဲ့ မကောင်းဆိုးဝါးတွေကို ထိပ်တိုက်တွေ့ခဲ့ရပြီး ပိတ်လှောင်ခံခဲ့ရပါတယ်။ Demon Hunter မျိုးဆက်သစ်တစ်ယောက် ဒီလိုပဲအဆုံးသတ်သွားမှာလား။ ဘယ်လိုလက်စားပြန်ချေမလဲ။ Demon Hunter အနေနဲ့ပဲလား ဘယ်လိုပုံစံမျိုးနဲ့ ကံကြမ္မာတစ်ဆစ်ချိုးသွားမလဲဆိုတာကို အကြမ်းပတမ်း တိုက်ခိုက်ဟန်တွေ၊ သွေးထွက်သံယိုရိုက်ချက်တွေနဲ့တွေ့ရမှာပါ။ Sexual နဲ့ပတ်သက်ပြီး အခန်းတွေ စကားပြောကြမ်းတာတွေ၊ သွေးထွက်သံယိုမြင်ကွင်းတွေများစွာပါဝင်တဲ့အတွက် မိသားစုနဲ့တော့ မကြည့်ရှုသင့်ပါဘူး။
မင်းသားကြီး Jason Statham ရဲ့အမိုက်စား ခပ်ကြမ်းကြမ်းဇာတ်ကားပါ။ ကြေးစားလူသတ်သမားအချင်းချင်း အောက်လမ်းနည်းပေါင်းစုံနဲ့လုပ်ကြံကြတဲ့ ကစားပွဲမှာ အသက်ရှင်ဖို့ အရာအားလုံးကို ဖြတ်ကျော်မယ့် Chev Chelios အဖြစ် Jason Statham ကို အမိုက်စားမြင်တွေ့ရမှာပါ။ IMDb (7) ထိရရှိထားတဲ့ Action , Crime , Thriller အမျိုးအစားဇာတ်ကားဖြစ်ပြီး မင်းသမီး Amy Smart မှလဲ ဇာတ်လမ်းနဲ့အပြိုင် ခပ်ကြမ်းကြမ်း ပါဝင်အားဖြည့်ထားပါတယ်။
Crank (2006) ဇာတ်ကားရဲ့နောက်ဆက်တွဲဇာတ်ကားဖြစ်ပြီး မင်းသားကြီး Jason Statham ရဲ့အမိုက်စား ခပ်ကြမ်းကြမ်းဇာတ်ကားပါ။ ကြေးစားလူသတ်သမားအချင်းချင်း အောက်လမ်းနည်းပေါင်းစုံနဲ့လုပ်ကြံကြတဲ့ ကစားပွဲမှာ အသက်ရှင်ဖို့ အရာအားလုံးကို ဖြတ်ကျော်မယ့် Chev Chelios အဖြစ် Jason Statham ကို အမိုက်စားမြင်တွေ့ရမှာပါ။ IMDb (6.2) ထိရရှိထားတဲ့ Action , Crime , Thriller အမျိုးအစားဇာတ်ကားဖြစ်ပြီး မင်းသမီး Amy Smart မှလဲ ဇာတ်လမ်းနဲ့အပြိုင် ခပ်ကြမ်းကြမ်း ပါဝင်အားဖြည့်ထားပါတယ်။
ဒီတစ်ခါတော့ အနာဂတ်ခေတ်လွန်အက်ရှင်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းလေးအကြောင်းကိုပြောပြရမယ်ဆိုရင်တော့ ဒီဇာတ်လမ်းလေးဟာ အနာဂတ်မှာ စတုတ္ထကမ္ဘာစစ်ဖြစ်ရခြင်းရဲ့ အကြောင်းရင်းကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ခေတ်လွန်နည်းပညာများ၊ ခေတ်လွန်လက်နက်များနဲ့ ဖန်တီးထားတဲ့ အက်ရှင်ကားကောင်းလေးမို့ Action နဲ့ Sci-Fi ကြိုက်တဲ့လူတွေအတွက် ကြိုက်နှစ်သက်မှာဖြစ်ပြီးတော့ မိသားစုနဲ့အတူကြည့်ဖို့ကောင်းသလို သူငယ်ချင်းတွေနဲ့လည်းအတူကြည့်ဖို့အဆင်ပြေတဲ့ ကားလေးတစ်ကားလည်းဖြစ်ပါတယ်…
ဒရက်ဂူလာ ဟာသကားလေးပါ… မင်းသား Johnny Depp ပါဝင်သရုပ်ဆောင်ထားပါတယ်။ ၁၉၆၆ ခုနှစ်က တင်ဆက်ပြသသော opera ကို ဇတ်လမ်းအဖြစ် ပြန်လည်ကာ ဖန်တီးထားခြင်းဖြစ်ပါတယ်။ ၁၇၆၀ ခုနှစ်မှာ Collins Family ဟာ လီဗာပူးကနေ အမေရိကန်ကိုပြောင်းရွေ့လာရာက ဇတ်လမ်းစထားတာပါ။ ၁၄ နှစ်လောက်ကြာတဲ့အခါ မင်းသား Barnabas ဟာ အိမ်ဖော်အမျိုုးသမီးဖြစ်သူ Angelique နဲ့အချစ်ဇတ်လမ်းဖြစ်ပွားခဲ့ပါတယ်။ ငယ်စဉ်တည်းက မင်းသားကိုပြုစားထားတဲ့ စုန်းမဖြစ်ပါတယ်။ အဲ Angelique ဟာ မင်းသားရဲ့ မိဘတွေကိုလဲခတ်ပစ်ပီး မင်းသားကိုလဲ မသေနိုင်တဲ့ သွေးစုပ်ဖုတ်ကောင်ဘဝကို ပြောင်းခဲ့ပါတယ်….အခေါင်း တစ်ခုတွင်းမှာထည့်သွင်းကာ စီရင်ခဲ့ပါတယ်။ နောက် ၁၉၆ နှစ်အကြာ ၁၉၇၂ ခုနှစ်မှာတော့.. အလုပ်သမားတစ်ယောက်က မမျှော်လင့်ပဲ Barnabas ရဲ့ အခေါင်းကိုဖွင့်ပီး လွတ်စေခဲ့သောအခါ……. နောက် Victoria ဆိုတဲ့ကောင်မလေး…. မင်းသားနဲ့ဘယ်လိုပက်သက်မှာလဲ နောက်ဆုံး ကျိန်စာတွေပြယ်တဲ့အခါ ….. ဗစ်တိုးရီးယားကတော့ ပြတင်းပေါက်ကနေ ခုန်ချလိုက်ပီးသားဖြစ်နေခဲ့တယ်… သူ့အသက်ကိုမင်းသားက ဘယ်လိုကယ်မလဲ။ ဇတ်လမ်းနားထောင်ရတာ ..စိတ်ဝင်စားစရာကောင်းသလို ကြောက်စရာထင်ရပေမဲ့ တကယ်လဲကြည့်ရော ရယ်နေရပါတယ် … ရယ်စရာ သရဲ (သွေးစုပ်ဖုတ်ကောင် ) ဇတ်ကားလေးဆိုတော့ အပျင်းပြေစေမှာပါ။ ကြည့်လိုက်ရအောင်….။
မင်းသား Ethan Hwake,ဝါရင့်မင်းသားကြီးWillam defoe,မင်းသမီး Claudia Karvanတို့ ပါဝင်တဲ့ science fiction horrorဇတ်ကားတစ်ကားဖြစ်ပါသည် ကမ္ဘာပေါ်မှာရှိတဲ့လူတွေအကုန်နီးပါး vampireတွေဖြစ်သွားပြီး ဆယ်နှစ်အကြာကာလမှာဇတ်အိမ်တည်ထားပါတယ် Edward Daltonအဖြစ်သရုပ်ဆောင်ထားတဲ့Ethan Hawkeဟာ vampireတယောက်ဖြစ်သလို ဓာတုဗေဒဓာတ်ခွဲဆရာဝန်တယောက်လဲဖြစ်ပါသည် တနေ့မှာvampireတွေအတွက်အစာရေစာဖြစ်တဲ့လူ့ သွေးတွေကုန်သလောက်ဖြစ် သွားတဲ့အခါမှာEdwardကိုအဲဒီကိစ္စကိုဖြေရှင်းဖို့တာဝန်ပေးခြင်းခံရပါတယ် အဖြေရှာရင်းနဲ့ တရက်အိမ်အပြနိမှာAudreyဆိုတဲ့လူသားကောင်မလေးတို့ အဖွဲ့ ကိုကယ်တင်ရင်းAudreyကနေတဆင့် အရင်ကvampireတစ်ယောက်ဖြစ်ခဲ့ဖူးတဲ့Elvisအကြောငိးကိုသိလိုက်ရတဲ့အခါမှာ Edwardတစ်ယောက်ကမ္ဘာကြီးကိုပြန်လည်ပြောင်းလဲနိုင်မလားဆိုတာပရိတ်သတ်ကြီးရူစားရမှာဖြစ်ပါသည် ဒီဇတ်ကားကိုMicheal Spierigနဲ့Peter Spierigတို့မှရိုက်ကူးထားပြီး Budget $20millions မှာBox officeဝင်ငွေ $51.4millions ပြန်လည်ရရှိထားတဲ့ဇတ်ကားကောင်းတစ်ကောင်းဖြစ်ပါသည်
အိပ်နေရင်းနဲ့အိပ်မက်ထဲမှာ သွက်ချာပါဒဖြစ်ပြီး လှုပ်ရှားမရအသံထွက်မရဖြစ်ဖူးပါသလား လူတိုင်းဘဝမှာတစ်ကြိမ်တစ်ခါတော့ဖြစ်ဖူးကြမယ်ထင်ပါတယ် တစ်ချို့ဆို လှုပ်ရှားမရဖြစ်နေတုန်းမှာ တစ်စုံတစ်ခုကိုပါမြင်တွေ့ရတတ်ပါတယ်။ အဲ့ဒီအရာဟာစုန်းမတစ်ယောက်ဆိုရင်သင်ယုံပါသလား မယုံကြည်တဲ့လူတွေကတော့ဘာမှဆက်မဖြစ်တတ်ပေမယ့် ယုံကြည်သွားတဲ့လူတွေမှာဘာတွေဆက်ဖြစ်တတ်သလဲဆိုတာကိုရိုက် ကူးထားတဲ့horrorဇာတ်ကားတစ်ကားပါ။ ကျန်းမာရေးကောင်းနေတဲ့လူတော်တော်များများဟာအိပ်နေရင်းသေဆုံးသွားတတ်တာကိုကြားဖူးကြမှာပါ။ တကယ်ပဲဒီဇာတ်ကားထဲအတိုင်းလားဆိုတာကို CMပရိသတ်ကြီးဒီဇာတ်ကားလေးကိုကြည့်ရှုရင်း ဆုံးဖြတ်ကြည့်ကြပါ
ဒီဇာတ်ကားကတော့ So-yeon နဲ့ Joon-sik ဆိုတဲ့ ညားခါစလင်မယားနှစ်ယောက် အကြောင်းကနေစပြီး ဇာတ်လမ်းဖော်ရိုက်ကူးထားသောဇာတ်ကားဖြစ်ပါတယ်။ So-yeonဆိုတဲ့ကောင်မလေးက သားလျောပြဿနာကြောင့် ကိုယ်ဝန်မရနိုင်ဖူးလို့ထင်တာကြောင့် ဆရာဝန်ဆီသွားပြခဲ့ပါတယ်။ ဆရာဝန်က စိတ်ရှင်းအောင်နေပြီး သေချာကြိုးစားရင်ရနိုင်ပါတယ် ဆိုသောကြောင့် သူတို့လင်မယားနှစ်ယောက် အင်တာနက်မှရှာတွေ့သော ကျွန်းတစ်ကျွန်းပေါ်က စားသောက်ဆိုင်ကို စိတ်အပန်းဖြေရန်သွားခဲ့ပါတယ်။ သူတို့သွားတည်းခိုမယ့် စားသောက်ဆိုင်ကလင်မယားနှစ်ယောက်က သဘောကောင်းပေမယ့် အနည်းငယ်ထူးဆန်းနေကြပါတယ်။ ထိုညမှာ အရက်အရမ်းမူးနေတာကြောင့် ပြန်မရဘဲ ထိုနေရာတွင်သာအိပ်ခဲ့ရပါတယ်။ ထိုစားသောက်ဆိုင်ပိုင်ရှင်ကြီးက Joon-sik ကို သူ့မိန်းမအလှပဂေးနဲ့ အိပ်ချင်အိပ်ဆိုပြိး သဘောကောင်းနေတာကြောင့် Joon-sik မထိန်းနိုင်ဘဲ အိပ်မိသွားခဲ့ပြီးနောက် ဘာတွေဆက်ဖြစ်သွားမလဲ….. စားသောက်ဆိုင်ပိုင်ရှင်ကြီးရဲ့တစ်ကယ့်ပုံစံအမှန်ကဘာလဲ… . နောက်နေ့ညတွင် စားသောက်ဆိုင်ရှင်ကြီးက လူသတ်ကောင်ဆိုတာ မထင်မှတ်ဘဲ သိလိုက်ရပြီးနောက် သူတို့လင်မယား ထိုကျွန်းပေါ်မှ ဘယ်လို လွတ်မြောက်အောင်လုပ်လဲဆိုတာကတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ရှု့စားကြပါတော့…။ ဒီဇာတ်ကားဟာဆိုရင် 18+ဆန်ဆန် အခန်းတွေလည်းပါပြီး စိတ်လှုပ်ရှားရင်သက်ရှု့မောဖွယ် ကြည့်ရှု့ရမယ့် ကိုရီးယားဇာတ်ကားတစ်ကားဖြစ်ပါတယ်။
ဒီကားက တခြားဂြိုလ်သားကားတွေနဲ့ လုံးဝကို ကွဲထွက်သွားတဲ့ကားဖြစ်ပါတယ်… အစပိုင်းပဲကြည့်ရင်တော့ ပျင်းမှာမှန်ပေမယ့် ၁၅ မိနစ်လောက်ပဲစိတ်ရှည်ရှည်ကြည့်လိုက်ပါ… ဒီဇာတ်ကားရဲ့အရှိန်က ဇာတ်လမ်းပြီးတဲ့အထိကို ရိုးရိုးလေးနဲ့ တီဗွီရှေ့ကနေထမရအောင်ကို ဆွဲဆောင်သွားမယ်ဆိုတာ အသေချာပြောရဲပါတယ်.. ဒီကားကို ဂြိုလ်သားပါတဲ့ ဇာတ်လမ်းလို့သာ သိထားပြီး trailer တွေ၊ rating တွေ မသိဘဲနဲ့ ကြည့်ဖြစ်ခဲ့တာပါ။ နောက်မှ Imdb 8 နဲ့ RT 90% တောင် ရထားတဲ့ ဇာတ်ကားမှန်းသိပါတယ်။ တကယ်လည်း ထိုက်တန်ပါတယ်။ ဇာတ်လမ်းအကျဉ်း …………………… ဂြိုဟ်သားတွေ ကမ္ဘာကို သူတို့ရဲ့ အာကာသယာဉ် တစ်ခုခုချို့ယွင်းပြီး ရောက်ရှိလာတာပါ။ တောင်အာဖရိက ရဲ့ Johannesburg မြို့ ကောင်းကင်ပေါ်မှာ အချိန်အတော်အကြာ လှုပ်ရှားမှု မရှိဘဲ ရပ်တန့်နေခဲ့တယ်။ ဒါကြောင့် လူသားတွေကို ယာဉ်ထဲကို ဖောက်ထွင်း စစ်ဆေးဖို့ သွားကြတယ်။ အဲဒီမှာတော့ အစာရေစာ ငတ်မွတ်နေတဲ့ ဂြိုဟ်သား အများကြီးကို တွေ့ရပါတော့တယ်။ သုံးသပ်ချက်အရ အခုတွေ့ရတဲ့ ဂြိုဟ်သားတွေဟာ လုပ်သားအမျိုးအစားတွေပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ ခေါင်းဆောင် ဂြိုဟ်သားတွေကတော့ ထူးဆန်းစွာ ပျောက်ဆုံးနေပါတယ်။ အဲဒီလိုနဲ့ သူတို့ကို ခိုလှုံခွင့် ပြုခဲ့တာ နှစ် ၂၀ ကျော်တောင် ကြာသွားခဲ့တယ်။ သူတို့ရဲ့ အရေအတွက်ကလည်း သန်းကျော်ရှိနေပြီ။ ဒေသခံလူတွေနဲ့လည်း ပရိပက္ခတွေ ဖြစ်တာပေါ့။ ဂြိုလ်သားတွေ ပုံစံကလည်း လူတွေနဲ့ တည့်အောင် မပေါင်းတတ်ကြဘူး။ သူတို့ဖာသာ စားစရာမရှိရင် အမှိုက်ပုံက ရှာစားတယ်။ ကြောင်စာ အရမ်းကြိုက်တယ်။ လူတွေနဲ့ နားလည်အောင်တော့ စကားပြောတတ်တယ်။ ဒါပေမဲ့ သူတို့ကြည့်ရတာ လူ့သဘာဝကို လုံးဝနားမလည်ဘူး။ နောက်ဆုံး လူတွေနားမှာ ထားလို့ မဖြစ်တဲ့အတွက် သူတို့ကို လူတွေနဲ့ ဝေးရာပို့ဖို့ လုပ်ကြရတာပေါ့။ အဲဒါကို MNU ဆိုတဲ့ အဖွဲ့အစည်းက တာဝန်ယူထားတယ်။ ဒီဇာတ်ကားရဲ့ အဓိက ဇာတ်ကောင်က Wikus van de Merwe၊ သူက MNU က အရာရှိတစ်ယောက်။ သူက ဂြိုဟ်သားတွေကို တစ်အိမ်ဝင် တစ်အိမ်ထွက် ပြောင်းရွေ့ကြောင်း သဘောတူလက်မှတ်ထိုးဖို့ တာဝန်ယူရတယ်။ လူကလည်း နည်းနည်း အူကြောင်ကြောင် ပုံစံမျိုး။ အဲလိုနဲ့ စာရင်းလိုက်ကောက်ရင်း ဂြိုဟ်သားမိသားစု တစ်ခုဆီရောက်လာတယ်။ အဲဒီ မိသားစုက ကမ္ဘာက ထွက်သွားနိုင်အောင် ကြံနေတယ်။ အခြား ကောင်တွေထက် ဉာဏ်ရည်မြင့်တယ်လို ပြောရမယ်။ သူတို့က အာကာသယာဉ်ကို အသက်သွင်းဖို့ လောင်စာအရည်တွေကို နှစ်၂၀လောက် ကြိတ်ပြီးရှာထားတာ။ ဖြစ်ချင်တော့ Wikus အဲဒီ လောင်စာဘူးကို တွေသွားတယ်။ သူရဲ့ နမော်နမဲ့နိုင်မှုကြောင့် အဲဒီ အရည်နည်းနည်း မျက်နှာကို ပက်မိသွားတယ်။ အဲမှာဇာတ်လမ်းကစတော့တာပါပဲ… ဒီဇာတ်ကားကိုဘာကြောင့် ကြည့်သင့်သလဲ လူ့စိတ် သဘာဝကို ပါးပါးလေး ထင်ဟပ်တယ်။ အဲဒါက ပရိတ်သက်ကို တိုက်ရိုက်ထိစေတာ။ ကျွန်တော်ကိုယ်တိုင် အစက ဂြိုဟ်သားတွေကို ကြည့်မရဘူး။ သူတို့ကြည့်ရတာ အသိဉာဏ်နိမ့်၊ အလကား ဂြိုဟ်သားတွေလို့ မြင်တယ်။ Inter-galactic travel ကို ဘယ်လိုထွင်လာလဲ ဆိုတာ ယုံတောင် ယုံစရာ မရှိဘူး။ လူဆိုတာ ကိုယ်နဲ့မတူရင် မုန်းတယ်။ မကြိုက်ဘူး။ ကန့်ကွက်တယ်။ ဒါပေမဲ့ နောက်ပိုင်း ဂြိုဟ်သားတွေ အကြောင်း Wikus နဲ့အတူသိလာတဲ့ အခါ သူတို့ကို နားလည်လာတယ်။ သူတို့က ရိုးသားတယ်။ ရိုးတယ်ဆိုတာက သူတို့က လူတွေလို့ မကောက်ကျစ်ဘူး။ ရန်တော့လိုတယ်။ တစ်ခါတစ်လေ လူတွေကို ကုတ်ဖဲ့ ပစ်လိုက်တာပဲ။ အဲဒါကောင်းတယ်။ စိတ်ထဲမှာ ရှိတာကို ရှိတဲ့အတိုင်း လုပ်ပြတာ။ အဲဒီမှာ ခုနက ကိုယ့်ရဲ့ မေးခွန်းတွေကို ပြန်ဖြေတတ်လာတယ်။ သူတို့မှာ လူတွေနဲ့ မတူတာက စည်းလုံးတယ်။ အဲဒီအချက်ကပဲ သူတို့ကို လူသားတွေထက် သာတဲ့ နည်းပညာကို တီထွင်နိုင်စေတယ်။ လူအားလုံး အဆိုးမဟုတ်သလို ဂြိုဟ်သားအားလုံးကလည်း ကောင်းချင်မှ ကောင်းမယ်။ သေချာတာကတော့ ဒီဇာတ်ကားမှာ အခု ကျွန်တော်ပြောသွားထက် တွေးစရာ အများကြီးပါပါသေးတယ်။ သေချာတာတစ်ခုကတော့ ဂြိုဟ်သားကား ကောင်းကောင်းဘာရှိလဲ မေးလာရင် District 9 ကို ထိပ်ဆုံးက ပြောမိမှာပါ။
ဒီတစ်ခါတော့ နာမည်ကျော် ဘောလိဝုဒ် မင်းသားကြီး ရှာရွတ်ခန်းရဲ့ ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းအကျဉ်းကတော့ ဘိန်းမှောင်ခို ဂိုဏ်းခေါင်းဆောင် Don ကိုဖမ်းဆီးဖို့ အိန္ဒိယ ရဲဌာနမှ ရဲအုပ် De Silva ကိုတာဝန်ပေးအပ်ထားတာပါ။တစ်ဖက်မှာလဲ Don ဟာ ဂိုဏ်းကနေ ထွက်ဖို့ကြိုးစားတဲ့ လူယုံ Ramesh ကို သတ်လိုက်ပါတယ်။အဲ့တော့ Ramash ရဲ့ ဇနီးလောင်းနဲ့ ညီမဖြစ်သူကလဲ Don ကိုလက်စားခြေဖို့ကြိုးစားကြပါတော့တယ်။တစ်နေ့တော့ Don နဲ့ရုပ်ချင်းချွတ်စွပ်တူတဲ့ Vijay ဆိုတဲ့မွမ်ဘိုင်းက ကောင်လေးတစ်ယောက်ကိုရှာဖွေတွေ့ရှိသွားချိန်မှာ Don အစစ်နဲ့အတု ဘယ်လိုဆက်စခန်းသွားသလဲဆိုတာ ဇာတ်လမ်းရဲ့အနှစ်ပါ။စရိုက်နှစ်ခုကို နှစ်ကိုယ်ခွဲပြီးသရုပ်ဆောင်ထားတဲ့ ရှာရွတ်ခန်းရဲ့ စကေးကတော့ အထွေအထူးထောက်ခံနေစရာလိုမယ်မထင်ပါဘူး။
CMပရိတ်သတ်တွေထဲက Thriller ကားတွေကြိုက်တဲ့သူတွေအတွက် 2018 ထွက်ထားတဲ့ DownRange ဆိုတဲ့ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ဒီကားလေးကိုကြည့်မယ်ဆိုရင်တော့ အဟေဠိတွေနဲ့ ကြည့်ကြရမှာဖြစ်ပြီး အစကနေ ပြီးခါနီးထိ ဘာမှ နားလည်မှာမဟုတ်ပါဘူး အဆုံးသတ် ဇာတ်ပေါင်းခန်းရောက်မှသာ ကွင်းခနဲ ကွက်ခနဲ အော်ဒါကြောင့်ကိုးဆိုပြီး သဘောပေါက်သွားစေမဲံ ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ် ဒီကားလေးရဲ့ပုံစံက လူတွေကို အမဲလိုက်သလို လိုက်ရတယ် တပ်ထွက် sniper တစ်ယောက်နဲ့ ခရီးသွားရင်းကံဆိုးမိုးမှောင်ကျပြီး ဒီစစ်သားနဲ့မှတိုးမိတဲ့ ခရီးသွား လူငယ်တစ်ခုတို့ အကြောင်းကို ပြထားတာဖြစ်ပြီးတော့ လမ်းတစ်ဝက်မှာ သောင်တင်နေတဲ့ သူငယ်ချင်းတစ်စုရဲ့ လွှတ်ရာလွှတ်ကြောင်းနည်းလမ်းတွေရှာရင်း အဲ့သူငယ်ချင်းတစ်စုက လွတ်မြောက်နိုင်ပါ့မလား စနိုင်ပါသမားကကောဘာလို့ လိုက်ပစ်နေတာလဲဆိုတာတွေကိုကြည့်ကြရမှာဖြစ်ပြီး ပရိတ်သတ်ကြီးက ဘာတွေ ဆက်ဖြစ်သွားမလဲဆိုတာတော့ ရုပ်ရှင်လေးကို သည်းထိတ်ရင်ဖိုကြည့်လိုက်ကြနော်
၂၀၁၇ ထွက် ထိုင်း BL ကား အလန်းလေးကိုတင်ဆက်ပေးလိုက်ပါတယ် BL ဆိုတာ ကို မထိတွေ့ဖူးသေးတဲ့ ပရိတ်သတ်ကြီးရော ထိတွေ့ဖူးတဲ့ ပရိတ်သတ်ကြီးပါ BL ကားတွေရဲ့ အရသာကို ထိထိ မိမိ ခံစားစေနိုင်ဖို့ အတွက် အဆင်လေးတွေပါတဲ့ BL ကားကြီးကို တင်ဆက်ပေးလိုက်ရတာပါ ဒီကားကိုကြည့်ပြီးရင်တော့ ကိုယ့်ဖာသာစိတ်ထိန်းကြဖို့တော့လိုတယ်နော့် စိတ်မထိန်းနိုင်ပဲ သူငယ် ပတ်ထောင်ရင်တော့ ကိုယ့် ကိစ္စနဲ့ ကိုပါပဲ ဒီကားကြည့်ပြီးရင် မိန်းမတွေအချစ်ကပဲ ကြောက်စရာကောင်းတာလား ယောကျာ်းတွေကပဲချစ်တတ်တာလား အတွေးပွားစရာပါ။ တကယ်တော့ ယောကျာ်းဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် ချစ်တတ်ကြတာပါပဲ ဒါပေမဲ့ သဘာ၀ ကိုလွန်ဆန်လာတဲ့ အခါမှာတော့ မဖြစ်သင့်တာတွေဖြစ် မလုပ်သင့်တာတွေလုပ်ကြပါတော့တယ် ဒီကားထဲမှာတော့ ခပ်ကြမ်းကြမ်း နမ်းခန်းတွေ ချစ်ခန်းတွေ တထောကြီးပါနေတာမို့ အေးအေးဆေးဆေး တယောက်ထဲ ကြည့်ပြီး ဖီးလ်ကြဖို့ ပြောချင်ပါတယ် ကဲ ဇာတ်လမ်း အကျဉ်းလေးကို သွားလိုက်ကြရအောင် ကိတ်ဆိုတဲ့ အမျိုးသမီးဟာ နာမည်နဲ့လိုက်အောင် ကိတ်လဲကိတ် လှလဲလှ ချမ်းလဲချမ်းသာထက်လည်းထက်မြက်တဲ့ မိန်းမတယောက်ပါ။ သူ့ယောက်ျားဖြစ်သူ တေး ကိုရီးယားကို အလုပ်ကိစ္စနဲ့ခရီးသွားရာကနေ (ကိုရီးယားဆိုကထဲကသိတယ်မလား ) အချိန်တန်လို့ပြန်ရောက်မလာတာနဲ့ စိတ်ပူနေပါတယ်။ သူ့အမျိုးသားဟာ ပွေရှုပ်တဲ့သူဖြစ်လို့ နောက်တယောက်နဲ့များ ဖောက်ပြန်နေမလားဆိုပြီး စုံစမ်းရာက သူ့ယောက်ျားဟာ မိန်းမရော ယောက်ျားကိုပါ သဘောကျတဲ့နှစ်ဖက်ချွန်ဖြစ်မှန်း သိလာပြီး သူ့အိမ်က ဒရိုင်ဘာနဲ့ ဖောက်ပြန်နေတာကို သိလိုက် ရတဲ့ အခါမှာတော့ ကိတ်တယောက် သူ့ယောက်ကျာ်းအတွက် စိတ်ပူပြီး သူ့ယောကျာ်းက Up လား Bottom လားကို စုံစမ်းရာမှ ကိတ်က သူ့ယောက်ျားကို ဘယ်လိုဖျောင်းဖျမလဲ … နောက်ကွယ်က အဆင်လေးတွေနဲ့ရှုပ်ထားတာတွေကို လက်ခံခွင့်လွှတ်ပေးမလား.. .ဒါမှမဟုတ် လက်လွှတ်ပေးလိုက်မလားဆိုတာကိုတော့… ပရိတ်သတ်ကြီးက ဆက်လက်ကြည့်ကြရမှာပါ
အေးအေးနေတတ်တဲ့ ကော်ပီ ကူးတဲ့ အလုပ်သမား ဂျယ်ရီရှော တယောက် က အမေရိကန် လေ တပ်ကနေ ထွက်ခဲ့သူဖြစ်ပါတယ်၊ သူနဲ့ အရမ်းတူတဲ့ သူ့အကို အီသန်ရှော ဟာ ရုတ်တရက် ဆုံးပါးသွားတဲ့နောက် မှာ သူ့အရမ်း ပြောင်းလဲသွားပါတယ်။ အိမ်လခတောင် မှန်မှန်မပေးနိုင်တဲ့ ဂျယ်ရီရှော ရဲ့ ဘဏ်အကောင့်ထဲမှာ ဒေါ်လာ ၇ သိန်း ကျော်ရောက်ရှိလာပါတယ်။ အိမ်ပြန်ရောက်တဲ့အခါမှာတော့ သူ့အခန်းထဲမှာ လက်နှက်တွေ ၊ ခဲယမ်းမီးခြောက်တွေနဲ့ ပစ္စည်း ပစယတွေ မဖိတ်ခေါ်ဘဲ ရောက်ရှိလာပါတယ်။ သူသိပ်အံ့အားသင့်သွားတဲ့အချိန်မှာဘဲ သူ့လက်ကိုင်ဖုံးကို တဦးတယောက် က လှမ်းခေါ်ပါတယ်။ ကိုင်လိုက်တဲ့အခါမှာတော့ ဂျယ်ရီ့ အိမ့်ကို နောက် ၄ မိနစ်အတွင်း မှာဘဲ FBI က ဝင်ရောက်စီးနင်းတော့ မှာ ဖြစ်တယ်ဆိုတဲ့အကြောင်း ၊ ဒါကြောင့် အခုဘဲ လွတ်အောင်ပြေးဖို့နဲ့ ပြေးဖို့နေရာကို ညွှန်ကြားပါတော့တယ်။ ဂျယ်ရီတယောက် မယုံမရဲဖြစ်နေစဉ်မှာဘဲ ၄ မိနစ်ပြည့်သွားတဲ့အတွက် FBI ကနေ တရားမဝင်လက်နှက်တွေ သိုလှောင် ထားတဲ့ ဂျယ်ရီ့ကို ဝင်ရောက်ဖမ်းစီးပါတော့တယ်။ သူနဲ့တချိန်ထဲမှာဘဲ ရစ်ချယ် ဟောလိုမန်ဆို သူမိခင်တယောက် ကို သူ့ရဲ့ သားကလေး စီးနင်းလာတဲ့ ရထားကိုဖောက်ခွဲ ပြစ်တာမခံချင်ဘူးဆိုရင် ရှေ့နားက ဗန်ကားကို ဝင်ရောက်မောင်းနှင်ဖို့ ဖုန်းထဲ ကနေ အမိန့်ပေးခံရပါတော့တယ်။ ဘယ်သူကနေ ဒီလိုတွေ စီမံနေတယ်ဆိုတာကိုမသိရသေးပေမယ့် အခြေအနေအတွေကတော့ ဖြင့် ကမောက်ကမ ဖြစ်လို့နေ ပါတယ်။ ဒီအစီအစဉ်တွေကို ညွှန်ကြားသူနဲ့ လုပ်ကြံခံရမယ့်သူဟာ ဘယ်သူတွေဖြစ်လာမလဲဆိုတာကိုတော့ ရင်သပ်ရှုမော ဖွယ် တွေ့ရမှာဖြစ်ပါတယ်
ဒီကားလေးက IMDB 5.3 ရထားတဲ့ကားလေးပါမြန်မာလိုကတော့တစ်ခါတုန်းက ကျားတစ်ကောင် ရှိခဲ့သည်တဲ့ အိန္ဒိယ နဲ့ ပါကစ္စတန် သူလိျှုတွေကြားရိုက်ကူးပြထားတဲ့ဇာတ်ကားလေးပါ Tiger (ဆလက်မန်ခမ်း) ဟာအိန္ဒိယ အထူးစပိုင်တစ်ဦးဖြစ်ပြီးRAW အဖွဲ့အစည်းရဲ့ လက်အောက်မှာ လုပ်ကိုင်ရသူဖြစ်ပါတယ်။ သူရဲ့လုပ်ငန်းမှာ ပါကစ္စတန် သူလျို ISIS များအားနှိမ်နင်းရမည်ဖြစ်ပါတယ် တစ်နေ့မှာတော့ သူ့ဆရာ goyi ရဲ့Mission အရ ပါကစ္စတန် ရဲ့အကြောင်းအစကို လိုက်ပြီး ရှာဖွေရတော့တယ် ဒီတစ်ခါမှာတော့ Tiger ဟာ ပရော်ဖက်ဆာ တစ်ဦးဆီ သွားပြီးပါကစ္စတန် သမိုင်းကြောင်းကိုစတင်စုံးစမ်းခဲ့ပါတယ် ထိုပရော်ဖက်ဆာမှာ မည်သူ့မှ တပည့်အဖြစ် လက်မခံခဲ့သလိုTiger ဟာလည်း ငြင်းပယ်ခံခဲ့ပါတယ် Tiger ဟာ တပည့်အဖြစ် လက်ခံပေးရန်အကြိမ်ကြိမ်ကြိုးစားခဲ့ပြီးZoya ဆိုတဲ့မိန်းကလေးတစ်ဦးနှင့်လည်းတွေ့ဆုံခဲ့ပါသေးတယ် ဒီနေရာမှာတော့ zoya (ကတ်ထရီနာ ကေ့ဖ်)အကြောင်းလည်း ပြောပြချင်ပါတယ် Zoya ဟာ ပရော်ဖက်ဆာကို ပြုစုစောင့်ရှောက်နေသူတစ်ဦးဖြစ်ပြီးအက သင်တန်းတစ်ခုမှာ တက်ရောက်နေသူပါ ဒီဇာတ်လမ်းမှာတော့Tiger. တစ်ယောက် ပရော်ဖက်ဆာ တပည့်အဖြစ်တွေ့ရဦးမည်လောပါကစ္စတန် သမိုင်းကြောင်းကို စုံစမ်းနိုင်မည်လောTiger နှင့် zoya တို့၏ ဘဝတို့ရှေ့ဆက် မည်သို့ဖြစ်နေမည်နည်း ဟုလျှို့ဝှက်ဆန်ဆန် မေးထုတ်ရမှာပါ Imdb 5.3 ရထားသည့်အတွက်အတော်အသင့် ကောင်းမွန်တဲ့ ဇာတ်ကားကောင်းလို့ ပြောရမှာပါဒါကြောင့် channel. Myanmar ပရိသတ်ကြီးလည်းကြည့်ရှုုခံစားကြည့်ပါဦးလို့
တရုတ်အက်ရှင်ကားအသစ်လေးပါ။ မင်းသားချောလေး Kris Wu လည်းပါဝင်ထားပါတယ်… ဒီကားဟာ Tokyo Raiders (2000) နဲ့ Seoul Raiders (2005) တို့ပြီး ထွက်လာတဲ့ တတိယမြောက်ကားပါ… Fast and Furious ဇာတ်ကားထဲက God’s Eye ဆိုတဲ့ ကမ္ဘာပေါ်က လူတိုင်းကိုခြေရာခံလို့ရတဲ့ Program လေးကိုမှတ်မိကြမှာပါ။ ဒီထဲမှာကတော့ Hand of God ဆိုတဲ့ Program ကလည်းအဲလိုပါပဲ နောက်ထပ်ထူးခြားတာကတော့ ငွေအပြောင်းအလွှဲတွေကိုပါလုပ်နိုင်တာပါ။ အဲဒါကို CIA အကူအညီနဲ့ မာကျူရီဆိုတဲ့ Hacker တစ်ယောက်ဖန်တီးထားတာပါ။ တစ်နေ့မှာတော့ CIA ကနေ အဲဒီ Hand of God ကိုအခိုးခံလိုက်ရပါတယ်။ အဲဒီမှာ မာကျူရီကိုဖမ်းခဲ့တဲ့ အတော်ဆုံး ကြေးစား အဖမ်းသမားတစ်ယောက်ဖြစ်တဲ့ လင်ဇိုင်ဖန် ကိုအကူအညီတောင်းပြီး Hand of God ကို ပြန်ရအောင်ကြိုးစားကြပါတယ်။ လင်ဇိုင်ဖန်ကငြင်းလိုက်ပေမယ့် သူ့နဲ့ပြိုင်ဖက်လည်းဖြစ် တွဲခဲ့ဖူးသူလည်းဖြစ်တဲ့ ဝမ်ချောင်ယင်းက လက်ခံလိုက်တဲ့အတွက် သူတို့နှစ်ယောက် ပူးပေါင်းပြီး Hand of God ကိုရအောင်ကြိုးစားကြပါတယ်။ Hand of God ကိုခိုးယူသွားသူကတော့ မာကျူရီရဲ့ သမီးလို့ထင်ရပြီး သူက သူ့မောင်လေးလို့ထင်ရတဲ့ Rocky ကို ထောင်ကလွှတ်ပေးဖို့တောင်းဆိုလိုက်ပါတယ်။ မာကျူရီနဲ့ ပုဂ္ဂိုလ်ရေးအရခင်မင်ခဲ့တဲ့ လင်ဇိုင်ဖန်တစ်ယောက် သူတို့မောင်နှမနှစ်ယောက်နဲ့ ဘယ်လိုရင်ဆိုင်ပြီးဘာတွေဖြစ်ကြလဲဆိုတာ အက်ရှင် များများနဲ့ကြည့်ရမှာပါ။
Rating 7.1 ရရှိထားတဲ့ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်… Everybody know ဆိုတဲ့ဇာတ်ကားဟာ စိတ်ဝင်စားစရာ ပဟေဋ္ဌိများနဲ့ ပြည့်နှက်နေတဲ့ ဇာတ်ကားတစ်ကားတစ်ကားဆိုလည်း မမှားပါဘူး။ ဇာတ်လမ်းအညွှန်းကတော့ ခင်ပွန်းဖြစ်သူအလုပ်မအားလပ်တာကြောင့် ရွာငယ်လေးမှာပြုလုပ်တဲ့ ညီမဖြစ်သူရဲ့ လက်ထပ်ပွဲကို လော်ရင်းနဲ့ ခလေးနှစ်ယောက်ဟာ တက်ရောက်ဖို့ ထွက်လာခဲ့ကြပါတယ်။ မင်္ဂလာပွဲကျင်းပတဲ့ညမှာတော့ မိဘဆွေမျိုးများ ပာတီပွဲပြုလုပ်ရင်း အားလုံးပျော်ရွှင်ကခုန်နေရင်းနဲ့ မီးပျက်သွားတဲ့အခါမှာတော့ လော်ရင်းရဲ့သမီးဖြစ်သူ အိုင်ရင်းဟာ ရုတ်တရက်ပျောက်ဆုံးသွားခဲ့ပါတယ်။ သမီးဖြစ်သူရဲ့ အိပ်ယာပေါ်မှာတော့ ပြန်ပေးဆွဲခံရတဲ့ သတင်းစာဖြတ်ပိုင်းအဟောင်းများကို တွေ့ရှိခဲ့ရပြီး အိုင်ရင်းကိုတော့ ဘယ်မှာမှ လိုက်ရှာလို့ မတွေ့ခဲ့ပါဘူး။ မင်္ဂလာပွဲမှာ ရှိနေတဲ့လူစာရင်းကတော့ လော်ရင်းရဲ့မိဘ မောင်နှမ ဆွေမျိုးများ၊ လော်ရင်းရဲ့အိမ်နီးချင်း ရည်စားဟောင်းဖြစ်ခဲ့ဖူးသူ ပါကိုတို့လင်မယားနဲ့ ပြုပြင်ရေးစင်တာက လူငယ်လေးများပဲ ဖြစ်ပါတယ်။ အိုင်ရင်းကို ပြန်ပေးဆွဲသွားတာ ဘယ်သူဖြစ်မလဲ၊ ဘာ့ကြောင့်ပြန်ပေးဆွဲသွားရတာလဲ၊ ပြန်ကောတွေ့နိုင်ပါ့မလား၊ ဒီဇာတ်ကားလေးရဲ့ နာမည်နဲ့ကော ဘယ်လိုဆက်စပ်ထားလဲဆိုတာတော့ မြုပ်ကွက်၊ လှည့်ကွက်များစွာနဲ့ ဇာတ်ကားလေးထဲမှာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာ ဖြစ်ပါတယ်..
ငယ်ငယ်က ကြည့်ဖူးတဲ့ လက်တစ်ဖက်ပြတ် လွှစက်မင်းသား သရဲကား ကို မှတ်မိကြသေးလား The Evil Dead ပေါ့…ဒီ ကားဟာလဲ ထို Evil Dead ထဲက သစ်တော အိမ်လေး ထဲမှာပဲ ပြန်ရိုက်ထားတာပါ… ဇတ်လမ်း ပုံစံကတော့ ဒေးဗစ် ဟာ ညီမ ဖြစ်သူ မီယာ ဆေးဆွဲနေတာကို ကူဖြတ်ပေးကြဖို့ သူငယ်ချင်းတွေနဲ့အတူမိဘပိုင် သစ်တောထဲက အိမ်တွင် ပျော်ပွဲစား ပုံစံ လာရောက်ကြပြီး ကူကြတာဖြစ်ပါတယ်…မီယာ ဆေးဖြတ်ဖို့ အကြိမ်ကြိမ်ကြိုးစားရာကနေ အသတ်သေတော့မလိုထိ ဖြစ်ခဲ့လို့ မီယာ အား အထူး ဂရုစိုက်ဖို့ စုစည်းခဲ့ကြတာပါ…တစ်နေကုန် အဆင်ပြေနေခဲ့သော်လဲ မီယာ တစ်ယောက် ဆေးလိုအပ်သည့်အချိန် အရူးတစ်ယောက်လိုအော်ဟစ်ရင်း သောင်းကျန်းရာအပုတ်နံ့ရသည် ဆိုသဖြင့် ဒေးဗစ် က လိုက်လံရှာဖွေရင်း ဖုံးကွယ်ထားသော မြေအောက်ထပ်ကို စတင်တွေ့ရှိလိုက်ကြပါသည်…ထိုမြေအောက်ခန်းတွင်တော့ ဆေးစီရင်ထားသော ကြောင်သေများအပြင် သံဆူးကြိုးများ ခတ်နှိပ်ထားသော စာအုပ်တစ်အုပ်ကိုရရှိခဲ့ပါတယ်ဒေးဗစ် နှင့် မီယာ တို့သည် ထိုစာအုပ်အား မေ့မေ့ပျောက်ပျောက်နေခဲ့သော်လဲ သူတို့၏ သူငယ်ချင်း ဖြစ်သူမှာစပ်စုပြီး စာအုပ်ပါ စာတစ်ချို့ကိုအသံထွက်ရေရွတ်မိလိုက်ရာ မခေါ်သင့် မနှိုးသင့်သော ပရလောက သားများအား နှိုးထစေသကဲ့သို့ ဖြစ်ပြီး ကံဆိုးမိုးမှောင်ကျတော့မည်ကိုသူတို့ အဖွဲ့ မသိရှိခဲ့ရာ….
ဒီကားလေးကတော့မင်းသား Christian Baleခေါင်းဆောင်ပါဝင်ထားတဲ့ကားလေးပါ ဒီကားလေးက ကျွန်တော်တို့ငယ်ငယ်တုန်းက animationဇတ်ကားတစ်ကားထွက်ခဲ့ဖူးပါသေးတယ် တော်တော်များများလဲ ကြိုက်ကြတဲ့ကားလေးတစ်ကားပါ အီဂျစ် အကြောင်းစိတ်ဝင်စားတဲ့လူတွေဆိုပိုသိမှာပါ အရမ်းကြည့်လို့ကောင်းတဲ့ကားလေးတစ်ကားလို့ပြောလဲမမှားပါဘူး ဇတ်လမ်းအကျဉ်းချုံးကိုပြောရမယ်ဆိုရင်တော့ ဟောစာတမ်းတစ်ခုကနေစရတော့မှာပါ အဲတုန်းကဟီဘရူးလူမျိူးတွေကို အီဂျစ်ဘုရင်က ကျွန်အဖြစ်သိမ်းသွင်းထားတဲ့အချိန်ဖြစ်ပါတယ် ဟောစာတမ်းအရ နန်းလုခံရမှာစ်ုးလို့အီဂျစ်ဘုရင်က ဟီဘရူးကလေးငယ်တွေအကုန်လုံးကို သတ်ခိုင်းခဲ့ပါတယ် ဒါပေမယ့် ကလေးငယ်တစ်ယောက်တော့လွတ်မြောက်သွားခဲ့ပြီး ဟီဘရူးလူမျိုးတွေကို ဘယ်လိုကျွန်အဖြစ်ကနေလွတ်မြောက်အောင် လုပ်ဆောင်သွားပေးမလဲဆိုတာကြည့်ရမယ့်ကားဖြစ်ပါတယ်။ ဒါမပြင် နိုင်ငံတစ်ခုလုံး ကပ်ဘေးကြရောက်တဲ့ကခြေအနေတွေကိုလဲ မြင်တွေ့ရမှာပါ ဘုရင်တစ်ယောက်ရဲ့တိုင်းပြည်အပေါ် အာဏာရှိမှုနဲ့ အီဂျစ် အလေ့အထ သဘောသဘာဝကိုပါ စိတ်ဝင်တစားမြင်တွေ့ရမှာပါ …
Horror ကားကြိုက်နှစ်သက်သူတို့အဖို့ ကြည့်ဖူးသမျှထဲမယ် သူတို့ရဲ့ နှလုံးသည်းအူကို လှုပ်ရမ်းနိုင်တဲ့ ဇာတ်ကားများကို ပြောပါဆိုရင်
Final Destination တွေကို
ပြောကြမှာသေချာသလောက်ပါပဲ….ယ္ခုနောက်ပိုင်းထွက်တဲ့ horror ကားတော်တော်များများမှာ အထူးသဖြင့် Jump scare မျိုး ဝုန်းကနဲ
ဒိုင်းခနဲ ခြောက်လှန့်တတ်တဲ့ ကားမျိုးတွေကို horror ကား ကြိုက်နှစ်သက်သူသူတို့
အဖို့ ကြာလာတော့ အနည်းငယ်ရိုးအီလာသလိုပါပဲ…….Final Destination လို horror မျိုးကျတော့လည်း တကယ့်ကို သွေးပျက်ထိတ်လန့်စရာဖြစ်တဲ့အပြင်
ကျောထဲစိမ့်နေအောင် ကြောက်နေရတာမျိုး…
.မင်း horror ဘယ်လောက် crazy ဖြစ်လဲဆိုတာကို Final Destination (1 to 5)
ကို စဆုံးကြည့်ဖြစ်လားဆိုတာမျိုးနဲ့ ဆုံးဖြတ်ရလောက်အောင် သွေးပျက်ထိတ်လန့်စရာပါပဲ… ယ္ခုလည်း New Line Cinema က
Final Destination Reboot ကိုစတင်လုပ်ဆောင်နေပြီလို့သိရပါတယ်။
ဒီတော့ စဆုံးလေးကို ပြန်လည် ခံစားချင်သူများအတွက် အရည်အသွေးစုံလင်စွာဖြင့် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်….
Final Score(2018) ကတော့ Action ဇာတ်ကားတစ်ကားပါပဲ။ အရမ်းကြီးထူးခြားကောင်းမွန်နေတာမျိုးမဟုတ်ပေမယ့် အက်ရှင်ပရိသတ်တွေကတော့ ကြိုက်ကြမှာပါ။ IMDB Rating 5.5 သာရရှိထားပေမယ့် Rotten tomato 77% ရရှိထားပါတယ်။ WWE ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ Dave Bautista က အဓိကဇာတ်ဆောင်အဖြစ်ပါဝင်ထားပြီး နာမည်ကြီး Bond မင်းသား Pierce Brosnan ကလည်းပါဝင်အားဖြည့်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ညီအစ်ကိုလိုချစ်ခင်ရတဲ့ ရဲဖော်ရဲဖက်တစ်ယောက် ဆုံးရှုံးသွားရတဲ့ Michael Knox တစ်ယောက် သူ့သူငယ်ချင်းရဲ့ မိသားစုဆီ သွားလည်ရာကနေ သူ့သူငယ်ချင်း သမီးဖြစ်တဲ့ Danni ကိုဘောလုံးပွဲသွားကြည့်ဖို့ခေါ်သွားပါတယ်။ ဘောလုံးကွင်းမှာ တူမပျောက်ရှာရာကနေ ဘောလုံးကွင်းကိုဖောက်ခွဲဖို့ကြိုးစားတဲ့ အကြမ်းဖက်အဖွဲ့တစ်ဖွဲ့နဲ့ တွေ့မိသွားပါတယ်။ Konx ရဲ့ အကြမ်းဖက်သမားတွေ ကိုဘယ်လိုအကူအညီတွေယူပီး ဘယ်လိုမျိုးတားဆီးမလည်း ဆိုတာကြည့်လိုက်ကြပါဦးဗျာ။
လောလောလတ်လတ် 2017 မှာ ထွက်ရှိလာတဲ့ ကားလေး First They Killed My Father ကတော့ အတ္ထုပ္ပတိ ကားကောင်းတွေကိုကြိုက်နှစ်သက်သူပရိတ်သတ်ကြီးအဖို့ တင်ဆက်ပေးလိုက်ပါတယ်။ ဒီကားလေးကို နာမည်ကျော်မင်းသမီး Angelina Jolie က ဒေါ်လာ 24 million အကုန်အကျခံကာ ကိုယ်တိုင်ဒါရိုက်တာလုပ်ပြီး ရိုက်ကူးထားတဲ့ ကားပါ။Jolie ရဲ့ အရင် အတ္ထုပ္ပတိကား Unbroken ကားမှာကတည်းက ခေသူမဟုတ်ဆိုတာ လက်ခံလိုက်ရတာပါ။ အခုဇာတ်လမ်းလေးကတော့ ၁၉၇၅ခုနှစ်ကိုဇာတ်အိမ်ထားပြီး ၇နှစ်သမီးကတည်းက ကလေးစစ်သားအဖြစ် လေ့ကျင့်ခံခဲ့ရတဲ့ Loung Ung တိုတဲ့အမျိုးသမီးလေးအကြောင်းပါ။ jolie ရဲ့ အများနဲ့မတူတဲ့ ရှုထောင့်ကနေ ဘယ်လိုရိုက်ကူးပြီး ခေါက်ရိုးကျိုး Drama ကားတွေထဲကနေ ဘယ်လိုဖောက်ထွက်သွားလဲဆိုတာ ကိုယ်တိုင်ခံစားကြည့်ပါ လို့ပဲ တိုက်တွန်းလိုက်ပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့ ၁၉၇၅ခုနှစ် ကမ္ဘောဒီးယားမှာဖြစ်ခဲ့တဲ့ ခမာနီအာဏာသိမ်းစဉ်က ငါးနှစ်အရွယ်ကောင်မလေးလောင်ကို အကြောင်းပြုပြီး ရိုက်ထားတာပါ အမေရိကန်ဗုံးကြဲတာ သမ္မတက အမေရိကန်ကျောထောက်နောက်ခံပြုတာတဲ့သူဖြစ်တာတွေကြောင့် လူအများဟာ နိုင်ငံကိုပြန်လည်ရယူပေးမယ်ဆိုပြီး ကတိပေး ကြွေးကြော်ထားတဲ့ ခမာနီတပ်ထဲ ဝင်ကြ ထောက်ခံကြပါတော့တယ် ဒါပေမယ့် ခမာနီတပ်ရဲ့ တစ်ကယ့်ရည်ရွယ်ချက်ကို လူအနည်းကသာ သိကြပါတယ် ခမာနီတပ်အာဏာသိမ်းပြီးနောက် ကောင်မလေး လောင်ဟာ ကလေးစစ်သားဖြစ်လာရပါတော့တယ် ကောင်မလေး လောင်ရဲ့ မိသားစုကရော ဘယ်လိုများ ဒုက္ခကြုံတွေ့လာရမလဲ သူတို့အားလုံး ပြန်လည်လွတ်မြောက်နိုင်ပါ့မလား ခမာနီတပ်တွေကရော ဘယ်လိုများရက်စက်ကြမလဲဆိုတာ……………
Oscarဆုရ မင်းသား Denezl Washingtonပါဝင်ပြီး ဒီကားရဲ့ဒါရိုက်တာကတော့ Forrest Gump, Cast Awayတို့လိုကားမျိုးတွေရိုက်ကူးတဲ့ Director Robert Zemeckisပါ ။ Denzel Washingtonက လေယာဉ်ပိုင်းလော့ တစ်ယောက်အဖြစ် သရုပ်ဆောင်ထားတာပါ။ တစ်ရက်ကျတော့ ခရီးသွားရင်း လေယာဉ်စက်ချို့ယွင်းမှုဖြစ်ပြီး လေယာဉ်ပျက်ကျပါတော့တယ်ဒါပေမယ့်ပိုင်းလော့ရဲ့ကျွမ်းကျင်မှူကြောင့် လူအနည်းသာ သေဆုံးခဲ့ရပြီး သူလဲ ပြည်သူတွေအတွက် Heroတစ်ယောက်ဖြစ်လာခဲ့ပါတယ်….လေယာဉ်ပျက်ကျစဉ်ကဒဏ်ရာကြောင့်သူဆေးရုံတက်ခဲ့ရတယ် ဒါပေမဲ့ သူ ဆေးရုံက ဆင်းပြီးမကြာခင်မှာ လေယာဉ်မောင်းနေချိန်စဉ် တားမြစ် ဆေးသုံးစွဲခဲ့တဲ့ဆိုတဲ့ စွတ်စွဲမှုတွေ ဆေးသုံးတဲ့စွပ်စွဲမှုရဲ့နောက်ဆက်တွဲ အကျိုးဆက်အနေနဲ့ လေယာဉ် ဆင်းသက်မှူတွေကြောင့် ပျက်စီးခဲ့ရတာအတွက် တရားရင်ဆိုင်ရပါတော့တယ်…..
mmbusticketဒီဇာတ်ကားလေးဟာတော့ 2017 ခုမှထွက်ရှိခဲ့တဲ့ mystery triller film အမျိုးအစားဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ဒါရိုက်တာကတော့ Jang Hang-jun ဖြစ်ပြီး အဓိကသရုပ်ဆောင်တွေအနေနဲ့ကတော့ Kang Ha-neul, Kim Mu-yeol, Moon Sung-keun နဲ့ Na Young-hee တို့က ပါဝင် သရုပ်ဆောင်ထားကြပါတယ်။rating အနေနဲ့ကတော့ IMDb rating 6.7/10 အထိ ရထားတဲ့ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းအိမ်မက်ဆိုးတစ်ခုကနေလန့်နိုးလာတဲ့ လူတစ်ယောက် (ဂျင်ဆော့) ။
သူဘေးနားမှာ သူ့အကိုရယ် ၊ သူ့အမေရယ် ၊ သူ့အဖေရယ် နဲ့ အိမ်အသစ်ကိုပျော်ပျော်ရွှင်ရွှင် ပြောင်းလာခဲ့ကြတယ်။ဂျင်ဆော့အတွက် အိမ်အသစ်ကို ပထမဆုံးရောက်ဖူးခြင်းဖြစ်ပေမယ့်လို့ သူ့စိတ်ထဲမှာ ထူးဆန်းစွာပဲ ဒီအိမ်ကို အရင်ကပဲ ရောက်ဖူးသလိုလို ခံစားနေရတယ်။ပြီးတော့ သူတို့ပြောင်းလာတဲ့အိမ်ရဲ့ အခန်းတစ်ခန်းထဲက အသံတွေကိုလည်း ဂျင်ဆော့တစ်ယောက်ပဲ ထူးဆန်းစွာ ကြားနေရတယ်။တစ်ညမှာတော့ သူ့အကိုနဲ့သူ လေညှင်းခံထွက်ရင်း သူ့အကိုပြန်ပေးဆွဲခံခဲ့ရ
တယ်။အဲ့ဒီနောက် ၁၉ ရက်မြောက်အကြာမှာ သူ့အကိုပြန်ရောက်လာခဲ့ပြီး ထူးဆန်းတဲ့အမူအကျင့်တွေ ပြောင်းလဲလာခဲ့တယ်။ဒါကို ဂျင်ဆော့တစ်ယောက် သဲလွန်စကနေတဆင့် လိုက်လံအဖြေရှာရင်း လုံးဝမထင်မှတ်ထားတဲ့ အဖြစ်အပျက်တွေကြုံတွေ့ခဲ့ရတယ်။ဇာတ်လမ်းအကျဉ်းကိုတော့ ဒီလောက်ပဲပြောပြတော့မယ် ။ဘယ်လို အလှည့်အပြောင်းတွေနဲ့ ဇာတ်လမ်းတစ်ခုလုံးကို ပြီးဆုံးသည်ထိကြည့်ချင်အောင် ဆွဲဆောင်သွားမလဲဆိုတာတော့ ဒီဇာတ်ကားထဲမှာပဲ ကြည့်ကြည့်လိုက်ပါနော်။ထိပ်လန့်ခြောက်ခြားစရာ၊ ကြိုတင်ခန့်မှန်းလို့မရတဲ့ ဇာတ်လမ်းဇာတ်ကွက်ကြိုက်တဲ့သူများအတွက် အရမ်းကြည့်ရတန်မယ့်ကားလေးပါ။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ပေးထားသူကတော့ Atn Htet ပါ)
G.I. Joe: The Rise of Cobra(2009)[1080p 5.1 CH] (((အမိုက်စားသိပ္ပံအက်ရှင်ကားကြီးကို ဝုန်းဂျိန်းအုံးဂွမ်း အသံမျိုးစုံဖြင့်ခံစားနိုင်စေရန်CM ပရိတ်သတ်များအတွက်1080P 5.1CH ဖြင့်ပြန်လည်တင်ဆက်ပေးထားသည်))) ကာဇတ်စတန်နိုင်ငံမှာ မားစ် ဆိုတဲ့ နာမည်နဲ့ လက်နက်ကုမ္ပဏီ တစ်ခုရှိတယ်…..ဒီ ကုမ္ပဏီဟာ NATO ရဲ့ အထောက်အပံ့နဲ့ လက်နက်သစ်တစ်မျိုး စမ်းသပ်အောင်မြင်သွားတယ် ။
ဒီလက်နက်က တကယ့်ကိုအဖျက်စွမ်းအားကြီးတဲ့လက်နက်ပါပဲ….
အဲဒိလက်နက်ကတော့ သတ္ထုတွေကို စားပစ်တဲ့ နာနိုမိုက်လို့ ခေါ်တဲ့ ဗိုင်းရပ်ပဲပေါ့ ။နာနိုမိုက် ဒုံးကျည်ကို ပစ်လိုက်တဲ့အခါ ပစ်မှတ်ကို ထိမှန်ရင် နာနိုမိုက်တွေဟာ အကန့်အသတ်မရှိ သတ္တုတွေစားပစ်တယ်…မလိုလားတဲ့ ဖျက်ဆီးမှုတွေ
မဖြစ်စေချင်ရင်တော့ ပိတ်တဲ့ခလုတ်ကို နှိပ်မှ ရပ်တန့်သွားတတ်တယ်…ဒီလောက်အန္တရယ်ကြီးတဲ့လက်နက်ကို မသမာသူတွေက အဖျက်လုပ်ရပ်တွေမှာ အသုံးပြုဖို့ လုယူသွားကြတယ်..ကိုင်း ….မသမာသူနဲ့ အတော်ဆုံးစစ်သားတွေကြား အကြမ်းစားရန်ပွဲတွေအကြီးစား လက်နက်မျိုးစုံတွေ အလန်းစား သရုပ်ဆောင်တွေနဲ့ အကောင်းစား ဇတ်ကားကြီးကိုခံစားလိုက်ကြပါကုန်….
Velvet Buzzsaw(2019)IMDb….6.0,,Rotten….66%ဒီသရဲကားကတော့ ထူးထူးခြားခြား ပန်းချီကားနဲ့ ဇာတ်အိမ်တည်ထားတယ်….တခြား horror တွေလို Jump Scare တွေနဲ့ ထိတ်လန့်အောင်လုပ်တဲ့ကားမျိုးတော့မဟုတ်ဘူး…သို့ပေမယ့်ပန်းချီကားတစ်ချပ်ရဲ့ ဖြစ်တည်ပုံကို ပရိတ်သတ်ကို အသေအချာလေးချပြပြီးမှ
ထူးဆန်းတဲ့ဖြစ်ရပ်တွေကိုပါ တစ်ဆက်ထဲပြသွားတာမို့ ကြည့်ရှုတဲ့သူက တစ်စိမ်စိမ့် စိတ်လှုပ်ရှားပြီး ထိပ်လန့်မိတာမျိုး …..ကြောက်ကလည်းကြောက် ဘာဆက်ဖြစ်ဦးမလဲဆိုတဲ့ စူးစမ်းချင်စိတ်ကလည်းထိန်းမရဆိုတဲ့ ဇတ်ကားမျိုးလို့ဆိုရင်လည်းမမှားပါဘူး..ဒီကားထဲက အဓိကမင်းသားဖြစ်တဲ့ Jake Gyllenhaal ကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်…သူကတော့ ပန်းချီလောကမှာဆို သိပ်ကိုအောင်မြင်တဲ့ Reviewer တစ်ယောက်ပါ..သူညွှန်းဆိုတဲ့ပန်းချီကားဟေ့ဆိုရင်
အရမ်းကိုအောင်မြင်ဖို့ရာနှုန်းပြည့်ပါပဲ…ဒါပေမယ့် သူ့ရဲ့ ရိုးရှင်းတဲ့ဘဝကို ဆန်းပြားလွန်းတဲ့ ပန်းချီကားတစ်ချပ်ရောက်လာချိန်မှာတော့…ကိုင်း horror ကားကြိုက်တဲ့ပရိတ်သတ်တို့ရေ…ပန်းချီကားက ဘယ်လိုပန်းချီကားမို့လဲ…ဘယ်လိုကံကြမ္မာဆိုးတွေနဲ့အတူ ပန်းချီကားနဲ့ ပါလာမလဲ…ဘယ်လောက် လူတွေအသက်ဆုံးရှုံးကြရလဲ…ကိုင်းခံစားကြည့်လိုက်ဦးဗျို့……တစ်ခုပြောချင်တာက ကားသစ်ထဲက horror ကားကောင်းတစ်ကားပေါ်ထွက်လာတယ်လို့ပြောရင်လည်း မမှားဘူးထင်တယ်….
U-Turn ဆိုတာ မြန်မာလိုပြောရင် “ဂငယ်ကွေ့” ပါ့။ ယာဉ်စည်းကမ်း လမ်းစည်းကမ်းထဲမှာ ဂငယ်ကွေ့မကွေ့ရတဲ့ ဆိုင်းဘုတ်အဖြစ် U(ယူပုံစံ)ကို ကြက်ခြေခတ်ထားတဲ့အမှတ်အသားကို အသုံးပြုကြတယ်။ ဒီကားလေးကတော့ ကုန်းကျော်တံတား(မိုးပျံတံတား)တစ်ခုပေါ်မှာ ဖြစ်ပျက်တဲ့ အက်ဆီးဒင့်တစ်ခုအပြီး အဲ့ဒီတံတားပေါ်မှာ ဂငယ်ကွေ့ေကွေ့မိသူတိုင်း သေဆုံးကြလို့ အဲ့ဒီအကြောင်းအရင်းကို ရဲအရာရှိတစ်ယောက်နဲ့ သတင်းထောက်တစ်ယောက်တို့က လိုက်လံစုံစမ်း ဖော်ထုတ်တဲ့အကြောင်းဖြစ်ပါတယ်။ ရဲ အရာရှိ နာမည်က နာယာ့ခ်၊ သတင်းထောက်မလေး နာမည်က ရာချားနားတဲ့။ ရာချာနားက သူ့ရုံးနားက ကုန်းကျော်တံတားပေါ်က ယာဉ်စည်းကမ်းဖောက်ပြီး ဂငယ်ကွေ့ ကွေ့သူတွေကို လမ်းဘေးအဘိုးကြီးတစ်ယောက်ရဲ့ အကူအညီနဲ့ လိုက်လံ စောင့်ကြည့်မှတ်သားနေသူပါ။ mmbusticket U-Turn ဆိုတာ မြန်မာလိုပြောရင် “ဂငယ်ကွေ့” ပါ့။ ယာဉ်စည်းကမ်း လမ်းစည်းကမ်းထဲမှာ ဂငယ်ကွေ့မကွေ့ရတဲ့ ဆိုင်းဘုတ်အဖြစ် U(ယူပုံစံ)ကို ကြက်ခြေခတ်ထားတဲ့အမှတ်အသားကို အသုံးပြုကြတယ်။ ဒီကားလေးကတော့ ကုန်းကျော်တံတား(မိုးပျံတံတား)တစ်ခုပေါ်မှာ ဖြစ်ပျက်တဲ့ အက်ဆီးဒင့်တစ်ခုအပြီး အဲ့ဒီတံတားပေါ်မှာ ဂငယ်ကွေ့ေကွေ့မိသူတိုင်း သေဆုံးကြလို့ အဲ့ဒီအကြောင်းအရင်းကို ရဲအရာရှိတစ်ယောက်နဲ့ သတင်းထောက်တစ်ယောက်တို့က လိုက်လံစုံစမ်း ဖော်ထုတ်တဲ့အကြောင်းဖြစ်ပါတယ်။ ရဲ အရာရှိ နာမည်က နာယာ့ခ်၊ သတင်းထောက်မလေး နာမည်က ရာချားနားတဲ့။ ရာချာနားက သူ့ရုံးနားက ကုန်းကျော်တံတားပေါ်က ယာဉ်စည်းကမ်းဖောက်ပြီး ဂငယ်ကွေ့ ကွေ့သူတွေကို လမ်းဘေးအဘိုးကြီးတစ်ယောက်ရဲ့ အကူအညီနဲ့ လိုက်လံ စောင့်ကြည့်မှတ်သားနေသူပါ။ စည်းကမ်းဖောက်သူတွေထဲကဆွန်ဒါးဆိုသူ သေကြောင်း ကြံစည်သွားချိန်မှာ ရာချာနားလည်း စိတ်ဝင်စားပြီးစည်းကမ်းဖောက်သူ စာရင်းနဲ့ တိုက်ကြည့်တော့မှ ဂငယ်ကွေ့ ကွေ့သူ မှန်သမျှ သေဆုံးကုန်ပြီဆိုတာ သိလိုက်ရပါတယ်။ ရဲစခန်းက ရာချားနားကို မသင်္ကာပါဘူး. . .။ သူ့အနားမှာ ရဲအရာရှိ နာယာ့ခ်ကို စောင့်ကြပ်စေပြီး စစ်လားမေးလားတွေ လုပ်လာပါတယ်။. . . ဇာတ်လမ်းအညွှန်းကိုတော့ဒီလောက်နဲ့ပဲ ရပ်ပါမယ်။ သေသွားကြတဲ့ သူတွေဟာကိုယ်တိုင် သတ်သေကြတာလား? တစုံတယောက် လက်ချက်လား? ရာချားနားဆိုတဲ့ သတင်းထောက်မလေးက သတ်လိုက်တာလား? ဒီလို အစဉ်လိုက် လူတွေ သေဆုံးနေရတာဟာနာယာ့ခ်ယူဆသလို သွေးရိုးသားရိုးအတိုင်းသေကြောင်းကြံစည်မှု သက်သက်ပဲလား. . . အဆုံးအထိ အားပေးလိုက်ကြပါဦး. . . ဝန်ခံချက်။ ။ဒီကားက Kannada စကားပြော ရုပ်ရှင်U TURN 2016 ရဲ့ Remake Version ဖြစ်တယ်လို့ သိရပါတယ်။ ။ ဒါကြောင့် 2016 ခုနှစ်က ထွက်ရှိခဲ့တဲ့U TURN ဇာတ်ကားကို ကြည့်ဖူးရင်ဒီကားနဲ့ အတူတူပါပဲ ခင်ဗျာ။ ။
mmbusticket IMDb Rating – 8.8/10 Google user – 97% Rotten Tomatoes – 89% 19ရာစုခေတ် သိုက်တူးသမား သားအဖနဲ့ ဒဏ္ဍာရီလာ ဥစ္စာစောင့်ဘီလူးတို့ ရင်ဆိုင်တိုက်ပွဲ ” ဇာတ်လမ်းအကျဉ်း ” ————————– “တွန်ဘာ့ဒ်”ဆိုတာ ရွာလေးတစ်ရွာရဲ့ နာမည်ပါ။ ဒီဒဏ္ဍာရီ ပုံပြင်ဟာ တွန်ဘာ့ဒ်ရွာမှာ အခြေပြုထားပါတယ်။ ခုနှစ်ကတော့ အစပိုင်းမှာ ၁၉၂၀ ဝန်းကျင်ပေါ့။ ဇတ်လမ်းမှာ စစချင်း ရုပ်ပျက်ဆင်းပျက်နဲ့ကျိန်စာသင့် အဖွားကြီးကို မြင်ရမှာပါ။ သူဟာ တချိန်က ဥစ္စာစောင့်မယ်တော်ရဲ့ဝမ်းဗိုက်အတွင်းက ရတနာတွေကို သွားယူခဲ့ရမှာ”ဟာစတာ”ဆိုတဲ့ ဥစ္စာစောင့်နတ်ဖုရားတစ်ပါးရဲ့ ကျိန်စာသင့်ခဲ့ပါတယ်။ ဟာစတာ ဆိုတာက မိခင်ဥစ္စစောင့် မယ်တော်ကြီးရဲ့ အချစ်ဆုံးသားဦးပါ။ ဟာစတာဟာ လောဘကြီးလွန်းတော့ရွှေငွှေအပြင် စားနပ်ရိက္ခာတွေပါ ပိုင်ဆိုင်လက်ဝားကြီးအုပ်ချင်တဲ့ ဥစ္စာစောင့်နတ်ဖုရားပါ။ တခြားနတ်ဖုရားတွေရဲ့ အမျက်ဒေါသတွေကြောင့်ဟာစတာဟာ ရွှေဒင်္ဂါးပြားတွေကိုသာ လက်ဝါးကြီးအုပ်ခွင့်ရခဲ့ပြီး မိခင်ဥစ္စာစောင့်မယ်တော်ကြီးရဲ့ ဝမ်းတွင်းမှာပဲ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရပါတယ်။ ဒါတွေကို သိတဲ့ သူကတော့ ဆာကာဆိုတဲ့ ရွာသားကြီးပါပဲ။ ဆာကာဟာ ဖွားအေကြီးဆီက တဆင့်သိခဲ့ရပြီးဖွားအေကြီးကတော့ ကျိန်စာသင့်ကာ ဆာကာရဲ့ အပျော်မယား စောင့်ရှောက်မှုနဲ့ နေခဲ့ရပါတယ်။ ဟာစတာရဲ့ ကျိန်စာသင့်သူတွေဟာနှစ်ပေါင်းများစွာ အသက်ရှင်ပြီး ဝဋ်ဒုက္ခကို ခံကြရပါတယ်။ ဆာကာရဲ့ အပျော်မယား သားနှစ်ယောက်မှာ လောဘကြီးတဲ့ ဗီနာယက်ခ်ရာအိုဆိုတဲ့ သားကြီးဟာ ဒီရတနာတွေကို စိတ်ဝင်စားခဲ့ပါတယ်။ ဒါကြောင့် ၁၅နှစ်ကြာ မိခင်သေဆုံးပြီးချိန်သူကိုယ်တိုင် စံအိမ်ကြီးထဲကို ပြန်လာခဲ့ပြီးသေလုမျောမျော ခံစားနေရတဲ့ အဖွားအိုကြီးဆီက ရတနာတွေ ရှိတဲ့ နေရာကို သိခဲ့ရပါတယ်။ ဒီတော့… သူဟာ ရတနာတွေကို စတင်ရှာဖွေခဲ့ပါတယ်။ ရတနာတွေကို လွယ်လွယ်နဲ့ ရမလား? ကျိန်စာတွေကို ဘယ်လိုရှောင်တိမ်းမလဲ? သူတို့တွေ ဘယ်လို ကံဆိုးမိုးမှောင်ကျရောက်မလဲ?စသဖြင့် … ရတနာသိုက် ရှာပုံတော်ကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။ —————————————————- ဇာတ်လမ်းလေးဟာ လူသားတွေရဲ့ လောဘဇောကို ထင်ထင်ရှားရှား တွေ့မြင်ရစေပါတယ်။ အသက်အန္တရာယ် စွန့်ပြီး ယူထားတဲ့ ရွှေပြားတွေတောင်သုံးမကုန်ဖြစ်နေတာကိုဘယ်တော့မှ မကုန်ခမ်းတဲ့ ရတနာအိတ်ကိုအတင်း လုယူဖို့ ကြိုးစားလာကြတဲ့ သားအဖနှစ်ယောက်၊ ဒါပေမဲ့… သူတို့ မသိတဲ့ တစ်ချက် ရှိနေတာကိုတော့… ၊ကံဆိုးမိုးမှောင်ကျမှုတွေလာတော့မယ်ဆိုတာတော့ဘယ်သူ သိနိုင်မလဲ? ဖခင်ရဲ့ စရိုက်တွေ သားဆီကူးစက်ပြီးသားရဲ့ လောဘကြောင့် ဝမ်းနည်းဖွယ် ဖြစ်ခဲ့ရတဲ့ သိုက်တူးသမားဇာတ်လမ်းဒဏ္ဍာရီ တစ်ပုဒ်ပါပဲလို့ ညွှန်းပါရစေ။
၂၀၁၂ တုန်းက Ek Tha Tiger ဆိုတဲ့ သူလျှိုအက်ရှင်ကားအပြီး ဒုတိယမြောက် Tiger ရုပ်ရှင်အဖြစ် ထွက်ရှိလာတာဖြစ် ပြီး စူပါစပိုင်နှစ်ယောက်ဖြစ်တဲ့ တိုက်ဂါးနဲ့ဇိုရာ သူလျှိုဇာတ် လမ်းကို ဆက်လက်ရှုစားရမှာပါ။ ဖြစ်ရပ်မှန်အကြောင်းအရာဖြစ်တဲ့ ၂၀၁၄ တုန်းက အိုင် အက်စ်အဖွဲ့က ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ သူနာပြု ၄၆ ယောက်ကို ကယ်ဆယ်တဲ့အကြောင်း အဓိက ဇာတ်အိမ်တည်ထားတာဖြစ်ပါတယ်။ ပထမဇာတ်လမ်းရဲ့ အဆက်အနေနဲ့ RAW အေးဂျင့်တိုက်ဂါးနဲ့ သူ့ချစ်သူ ISI အေးဂျင့်ဇိုရာတို့ဟာ လက်ထပ်ခဲ့ကြပြီး သားလေးနဲ့အ တူ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းခဲ့ကြပါတယ်။ ဒီလိုနဲ့ ရှစ်နှစ်လောက်ကြာခဲ့အပြီးမှာ တော့ အချစ်ကိုဦးစားပေးပြီး မိသားစုအရေးပဲ အာရုံစိုက်ခဲ့ကြ တဲ့ တိုက်ဂါးတို့စုံတွဲအတွက် မစ် ရှင်တစ်ခုပေါ်လာခဲ့ပါတယ်။ တိုက်ဂါးရဲ့ အလုပ်ရှင် ဟောင်းဖြစ်တဲ့ ရှီနွိုင်က အီရတ် မှာ အကြမ်းဖက်သမားတွေရဲ့ ပြန်ပေးဆွဲခြင်းခံရတဲ့ အိန္ဒိယသူနာပြု ၂၅ ယောက်ကို ပြန်ကယ်စေချင် ခဲ့ပါတယ်။ အကြမ်းဖက်သမား တွေလက်ထဲမှာ အိန္ဒိယသူနာပြု တွေအပြင် ပါကစ္စတန်သူနာပြု ၁၅ ယောက်လည်း ပါနေသေးတဲ့ အတွက် အိန္ဒိယသူလျှိုတိုက်ဂါးနဲ့ ပါကစ္စတန်သူလျှိုဇိုရာတို့စုံတွဲ စစ် ဆင်ရေးကို အတူလှုပ်ရှားခဲ့ကြပါ တယ်။ အတိုက်အခိုက်၊ အပစ်အ ခတ်တွေနဲ့မို့ အက်ရှင်ဇာတ်ကြမ်း ကြိုက်ပရိသတ်အကြိုက်တွေ့ မယ့် ဇာတ်ကွက်တွေ အများကြီး ပါသလို ဂီတ၊ အကနဲ့ ဒရာမာ တွေလည်း ပါတာမို့ ရသစုံပေး စွမ်းတဲ့ ဇာတ်ကားဆိုရင်လည်း မမှားပါဘူး။ အကြမ်းဖက်သမားတွေရဲ့ နယ်မြေထဲကို တိုက်ဂါးတို့စုံတွဲ ဘယ်လိုအစီအမံတွေနဲ့ ဝင်ကြမှာ လဲ။ ဓားစာခံသူနာပြုတွေကို ဘယ်လိုကယ်တင်ကြမှာလဲဆိုတာ ဆက်ကြည့်ဖို့ ဖော်ပြလိုက်ပါ တယ်။ ဒီဇာတ်ကားမှာ ဝါရင့်သရုပ်ဆောင်မင်းသား ဆယ်လ်မန်ခန်း နဲ့ မင်းသမီး ကက်ထရီနာကိတ်ဖ် တို့ကပဲ အဓိကဇာတ်ကောင်အ ဖြစ် သရုပ်ဆောင်ထားကာ ဆာဂျက်ဒယ်ဖရူဇ်၊ ဆူဒိ၊ အန်ဂက် ဘီဒီ၊ ကူမွတ်မစ်ရှ်ရာ စတဲ့သူတွေအားဖြည့်ထားပါတယ်။
မြို့တစ်မြို့မှာ ကလေးတွေ အကြောင်းရင်းမရှိ အရုပ်ကြိုးပြတ်လဲကျသေဆုံးရာကနေ ဒီဇာတ်လမ်းဟာ စတင်ပါတယ်… ရောဂါရှာမရ ဘာကြောင့်ရယ်မှန်းမသိ သေဆုံးသွားတဲ့ ကလေးအရေအတွက်ဟာများသထက်များလာပေမယ့် တစ်ဖက်မှာတော့အသက်ရှင်ကျန်ခဲ့တဲ့ကလေးတွေလဲရှိနေပါသေးတယ်။ မိဘများရဲ့ပူဆွေးသောကတွေကိုလျစ်လျူရှုပြီး အစိုးရကအာရုံစိုက်တာကတော့ ရှင်ကျန်ခဲ့တဲ့ကလေးတွေရဲ့ခံနိုင်ရည်နဲ့ ထူးခြားတဲ့စွမ်းရည်တွေကိုပါပဲ။ ရှင်ကျန်ခဲ့တဲ့ကလေးတွေမှာ စွမ်းရည်တွေရှိတယ်လို့ အစိုးရကသိပြီးတဲ့နောက် ကလေးတွေကို ကုသကာကွယ်ဆေးပေးခန်း အမည်ခံ အကျဉ်းစခန်းတွေမှာဖမ်းဆီးချုပ်နှောင်ထားပါတော့တယ်။ ဒီအကျဉ်းစခန်းကို အသက်၁၀နှစ်ပြည့်မွေးနေ့ပြီးနောက်တစ်ရက်မှာပဲ အဖမ်းဆီးခံလိုက်ရတဲ့ ကလေးလေးနာမည်ကတော့ ရူဘီ ဒေလီပါပဲ။ သူမတူရှားပါးလှတဲ့ စွမ်းရည်ကိုပိုင်ဆိုင်ထားပြီး အစွမ်းကြီးမားသူဆိုရင် သတ်ပစ်တဲ့အကျဉ်းစခန်းမှာ သူဘယ်လိုရုန်းကန်အသက်ရှင်မလဲ? အဲ့ဒီစခန်းကနေထွက်ပြေးဖို့ကြိုးစားပေမယ့် အောင်မြင်ပါ့မလား? အကျဉ်းစခန်းမှာလဲ ကလေးတွေချုပ်နှောင်ခံထားရပေမယ့်အပြင်လောကမှာရော ဘာတွေဖြစ်ပျက်ကုန်ပြီလဲ? အသက်ငယ်ငယ်ရူဘီလေး ဒီအခက်အခဲတွေကို သူမရဲ့သူမတူတဲ့စွမ်းရည်တွေနဲ့ကျော်ဖြတ်လို့ရောအောင်မြင်နိုင်ပါ့မလား? ဆိုတာ စိတ်ဝင်တစားဇာတ်လမ်းရဲ့အဟုန်မှာလိုက်ပါစီးမျောအဖြေရှာကြည့်ပါ။ ဒီလို စွမ်းအားတွေပိုင်ဆိုင်ထားတဲ့လူငယ်လေးတွေတစ်ယောက်ဆီမှာ ကိုယ်ပိုင်အဆင့်သတ်မှတ်ချက်ဆိုတာရှိပါတယ်…. အဲဒါတွေကတော့ အပြာရောင် အစိမ်းရောင် အဝါရောင်ဟာ သာမာန်စွမ်းအားသာရှိကြပြီးတော့ အနီရောင်နဲ့လိမ္မော်ရောင်ကတော့ ရှားပါးလွန်းတဲ့ စွမ်းအားမျိုးဖြစ်ပြီးတော့ အန္တရာယ်အရှိဆုံး သတ်မှတ်ချက်တွေဖြစ်ပါတယ်.. ဒါပေမယ့် ရူဘီလေးကတော့ လိမ္မော်ရောင်အစွမ်းကို ပိုင်ဆိုင်ထားသူပဲဖြစ်ပါတယ်… ဒီကားဟာ X Men ကားနဲ့ဆင်တူပုံစံဖြစ်ပြီးတော့ စွမ်းအားရှင်ကလေးငယ်တွေရဲ့အစွမ်းတွေကိုလည်း စိတ်ဝင်စားဖွယ်မြင်ရမှာဖြစ်ပြီးတော့ ဇာတ်လမ်းပြီးတဲ့အထိ မငြီးမငွေ့ကြည့်ရှုရမှာတော့အာမခံပါတယ်။ သဲထိတ်ရင်ဖို ဇာတ်လမ်းဆန်းဆန်းလေးတွေကိုကြိုက်နှစ်သက်တတ်တဲ့ ပရိသတ်တွေအတွက်ကတော့ အကြိုက်ဖြစ်စေမှာပါ။ ဇာတ်လမ်းကိုပေါ့သွားမှာစိုးရိမ်ကာ အညွှန်းကိုတတ်နိုင်သမျှ အကျဉ်းချုံးထားတဲ့အတွက် အညွှန်းဖတ်ကြည့်ရုံနဲ့မသိနိုင်တဲ့ဇာတ်လမ်းဇာတ်ကွက်တွေကို ဒေါင်းလော့ဆွဲကြည့်ရှုနိုင်ဖို့အတွက် The Darkest Minds (2018)ဆိုတဲ့ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။
ဒီကားလေးကတော့2008 ခုနှစ်မှာထွက်ရှိခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ Action Crime ဇာတ်ကားမျိုးဖြစ်ပါတယ်။ The Chaser ဆိုတဲ့ဇာတ်ကားလေးမှာတော့ သရုပ်ဆောင်မင်းသားကောင်းတွေဖြစ်တဲ့ Kim Yoon Seok နဲ့ Ha Jung Woo တို့ပါဝင်ထားပြီး ဒါရိုက်တာ Na Hong Jin ရိုက်ကူးထားတဲ့ Serial Killer Yoo Young Chul ရဲ့ ဖြစ်ရပ်မှန်ကို ရိုက်ကူးပုံဖော်ထားတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ကြည့်ရှူသူတွေမပျင်းရဘဲ ရဲဝန်ထမ်းဟောင်းတစ်ဖြစ်လဲ ပြည့်တန်ဆာခေါင်းအဖြစ်လုပ်နေတဲ့ ဂျွန်ဟိုရဲ့ သူ့ဆီမှာအလုပ်လုပ်တဲ့ ပြည့်တန်ဆာမလေးတွေပျောက်ပျောက်နေတာကို ထွက်ပြေးတာအမှတ်နဲ့ လိုက်စုံစမ်းရင်း နောက်ဆုံးပို့လိုက်တဲ့မီဂျင်းကို စုံစမ်းခိုင်းရာမှ ထပ်မံပျောက်ဆုံးသွားလို့ လိုက်လံစုံစမ်းရာမှ ဘယ်လိုတွေထွက်ပေါ်လာမလဲ။ ပြည်တန်စာတွေကရော ဘာကြောင့် ပျောက်သွားရတာလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာပါ သွေးသန်ရဲရဲတွေပါတာမို့ ရင်တထိပ်ထိပ်နဲ့ ကြည့်ရှုရမှာပါ။
Golden Slumber ဆိုတဲ့ဇာတ်ကားလေးကတော့2018 မှာထွက်ရှိတာတဲ့ Thriller/Action ဇာတ်ကားကောင်းလေးတစ်ခုဖြစ်ပါတယ်။ Rating တွေအနေနဲ့ကတော့ IMDb 5.8/10 Rotten tomatoes 71% ရရှိထားပြီး castတွေအနေနဲ့ Gang Dong Won နဲ့ Han Hyo Joo တို့အဓိကပါဝင်ထားကြတာပဲ ဖြစ်ပါတယ်။ နိုင်ငံရေးလောကအကြောင်းတွေ နိုင်ငံရေးလှည့်ကွက်တွေအကြောင်း ကိုတွေ့ရမှာဖြစ်ပြီး စွပ်စွဲခံရတဲ့ လူငယ်လေးတစ်ယောက်ရဲ့ မိမိရဲ့ ရိုးသားမှုကိုသက်သေပြဖို့ကြိုးစားပုံကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ကိုယ်ကလွဲရင် ဘယ်သူ့ကိုမှယုံကြည်လို့မရဘူးဆိုတာကိုဒီကားလေးကပြောပြပေးသွားမှာပါ။ ကင်ဂွမ်ဝူးဟာ သာမန်ပစ္စည်းပို့သမားလေးဖြစ်ပြီး ရိုးသားကြိုးစားပြီး သူတစ်ပါးကိုလည်းတတ်နိုင်သမျှကူညီတတ်သူတစ်ယောက်ဖြစ်ပါတယ်။ ကင်နာတတ်ပြီး သူငယ်ချင်းတွေကိုလည်း အလွန်သံယောဇဉ်ရှိသူဖြစ်ပါတယ်။ အဆိုတော်မလေးတစ်ယောက်ကို အကြမ်းဖက်မှုမှကယ်တင်ခဲ့ချိန်မှစလို့ သူဟာ စံပြနိုင်ငံသားဆုကို ရပြီးလူအများရဲ့စိတ်ဝင်စားမှုကိုရရှိခဲ့ပါတယ်။ ဒါပေမယ့်သူဟာ နိုင်ငံရေးသမားတွေရဲ့ သားကောင်ဖြစ်နေမှန်း သူ့ကိုယ်သူမသိခဲ့ရှာပါဘူး။ တစ်နေ့ သမ္မတလောင်းကိုယ်စားလှယ် အသတ်ခံရမှုမှာ မတရားစွပ်စွဲခံရကာ ထွက်ပြေးတိမ်းရှောင်နေခဲ့ရပါတယ်။ ရိုးအတဲ့ ကင်ဂွမ်ဝူး တစ်ယောက် သူ့ရိုးသားမှုကို ပြန်လည်ဖော်ထုတ်နိုင်မလား၊ နောက်ဆုံးမှာ အာဏာရှိသူကပဲ အနိုင်ရသွားမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
Gone Baby Gone (2007)
IMDB- 7.7/10 ….Rotten…94%ရရှိထားတဲ့
Crime/Drama ဇာတ်ကားတစ်ကားပါ
ဒါရိုက်တာကတော့ Good Will Hunting နဲ့
လက်စွမ်းပြထားတဲ့ Ben Affleck ဖြစ်ပါတယ်
(Morgan Freeman ကြီးကိုလည်း သူနဲ့
အလိုက်ဖက်ဆုံးဖြစ်တဲ့ ခပ်လေးလေးစကားလုံးတွေကို
ပြောရင်း တွေ့ရဦးမှာပါ)
ဇာတ်ကားကြည့်ပြီးတဲ့အချိန်ကျရင်
ဒီမေးခွန်း(၂)ခုကို ဖြေကြည့်ကြပါဦး
(၁) ဘယ်သူက မှန်လဲ?
(၂) မှန်ကန်တဲ့အဖြေဆိုတာရော ရှိခဲ့လား?
ဒီတစ်ခါ Review ကို မရေးဘဲ
နိုင်ငံတကာ ရုပ်ရှင်ပရိသတ်အချိ့ ခံစားရှုမြင်ခဲ့တဲ့အပေါ်
Spoil မဖြစ်စေအောင် ရှောင်ရင်း
ဘာသာပြန်ဖော်ပြပေးလိုက်ပါတယ်…
(A)
Gone Baby Gone ဟာ ကလေးသူငယ်ပြန်ပေးမှုအကြောင်းနဲ့
အဲဒါတွေက ဖျက်ဆီးလိုက်တဲ့ ဘဝတွေ အကြောင်းကို
ခပ်ကြမ်းကြမ်း ဖော်ပြထားတဲ့ ဇာတ်ကားပါ။
ဇာလမ်းက ရှည်လျားဟန်ရှိပေမယ့်
အစကနေအဆုံးထိ ပျင်းစရာ ကောင်းတာမျိုး မရှိပါဘူး။
ဇာတ်ကားရဲ့အဆုံးသတ်ဟာ ခင်ဗျားတို့အတွက် အချိန်အတိုင်းအတာတစ်ခုထိ
ပြောဆိုငြင်းခုန်စရာအကြောင်းအရာတစ်ခုအဖြစ် ကျန်နေခဲ့မှာပါ။
(B)
ဒီဇာတ်ကားက တကယ့်စစ်မှန်တဲ့ခံစားမှုတစ်ခုကို ပေးနိုင်စွမ်းရှိပါတယ်။
ဒါရိုက်တာ Ben Affleck ဟာ ဘော်စတွန်မြို့ရဲ့လမ်းမပေါ်က ဘဝတွေကို
တင်ဆက်ပြသတတ်သူပါ။
ဇာတ်ကားက မကောင်းပါဘူးလို့ ပြောမိမယ့်
အချိန်တွေမှာ သူပေးချင်တဲ့ Message တွေကို တစ်ခုချင်းစီ ထုတ်ပြသွားပါတယ်။
Ben ဟာ ခင်ဗျားတို့ရဲ့ အာရုံကို ဘယ်အချိန်မှာ ဖမ်းစားရမလဲဆိုတာ
ကောင်းကောင်းသိပုံပေါ်တဲ့ ဒါရိုက်တာတစ်ဦးပါပဲ။
ဒီဇာတ်ကားဟာ ကျွန်တော့်ကို မေးခွန်းနှစ်ခုမေးပါတယ်
“ဆုံးဖြတ်ချက်မှန်တယ်ဆိုတာ၊ အဲဒီဆုံးဖြတ်ချက်အတိုင်း
လိုက်လုပ်ရမယ်လို့ ပြောတာလား”
“မှန်မယ်၊ မမှန်ဘူးဆိုတာ နောက်ဆုံးမှာ
ရသွားတဲ့အကျိုးကျေးဇူးကိုကြည့်ပြီးပြောမှာလား”
(C)
ဒီရုပ်ရှင်ဟာ ရိုးသားခြင်းရဲ့အရေးပါမှုကိုလှလှပပဖော်ကျူးပြီး တစ်ဆက်ထဲမှာပင် ဘဝရဲ့အလှတရားတွေကို
ဂရုမစိုက်တော့ကြတဲ့ လူ့အသိုင်းအဝိုင်းအကြောင်းကို ရိုက်ပြထားတာပါ။
ဒီဇာတ်ကားကို ကြည့်ပြီးသွားတဲ့အချိန်မှာ
ကလေးသူငယ်တွေကို ဒီထက်ပိုပြီး ကြင်နာမယ်၊ စာနာမယ်၊
မေတ္တာထားမယ်ဆိုတဲ့ စိတ်ဖြစ်မလာဘူးဆိုရင်
ခင်ဗျားတို့ဟာ ရင်ဘတ်ဗလာနဲ့ လူသားတွေပါပဲ။
ကြည်လင်တောက်ပပြီး စာအမှန်နဲ့ ခုမှ ထွက်လာလို့ဘာသာပြန်ပြီး တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားကို “ဝန်ကြီးချုပ်မင်းသား”လို့ အများခေါ်တဲ့မင်းသားကြီး Mahesh Babu အဓိက ပါဝင်သရုပ်ဆောင်ထားပြီးခေတ်အခြေအနေ တစ်ခုကို အခြေခံ၊လူတွေရဲ့ အယူမှားတဲ့ စိတ်ကို ကွက်ကွက်ကွင်းကွင်းရိုက်ပြထားတဲ့ ရုပ်ရှင်ဇာတ်ကားပါ။ <ဇာတ်လမ်းအညွှန်း> ရှီဗာဟာ NGO ထောက်လှမ်းရေးအရာရှိတစ်ယောက်ပါ။ သူအလုပ်က အွန်လိုင်းပေါ်မှာ ပြောဆိုနေကြတဲ့Conversationတွေကို ကင်းထောက်ပြီး၊ဖုန်းခေါ်ဆိုမှုတွေမှာ အကူအညီလိုအပ်ကြောင်းသတိပေးချက်မြည်ရင် ဝင်နားထောင်ပြီး လိုအပ်သလို ကူညီဖို့ပါ။ တနေ့မှာ သူဟာ ဖုန်းခေါ်ဆိုမှု တစ်ခု နားထောင်ခဲ့ရပါတယ်။ မိန်းကလေးတစ်ယောက် အိမ်မှာ တစ်ယောက်တည်းဖြစ်နေချိန်သူ့သူငယ်ချင်းမလေးကို အတူလာအိပ်ပေးဖို့ ခေါ်တဲ့ဖုန်းခေါ်ဆိုမှု တစ်ခုပါ။ ရှီဗာဟာ အကူအညီလိုအပ်နေတဲ့ မိန်းကလေးဆီသူငယ်ချင်းဖြစ်သူ ရဲမေကို သွားစောင့်ရှောက်ပေးဖို့ အကူအညီတောင်းခံလိုက်ပါတယ်။ မနက်မိုးလင်းတော့ ထင်မှတ်မထားတဲ့ လူသတ်မှုကြီး တစ်ခုကိုကြားခဲ့ရပါတော့တယ်။ ရက်စက်စွာ သတ်ဖြတ်သူ တရားခံကို စုံစမ်းရှာဖွေရင်းအန္တရာယ်အမျိုးမျိုး ရင်ဆိုင်ပြီး မိသားစုအတိုင်းအတာထိအန္တရာယ်ကို ကြုံတွေခဲ့ရပါတယ်။ လူသတ်သမားနဲ့ NGO အေးဂျင့် ရှီဗာတို့အပြိုင်အဆိုင် အားပြိုင်ရာမှာကြောက်မက်ဖွယ် ရာဇဝတ်မှုတွေကို ဖန်တီးသူ ဘိုင်ရာ့ဗ်ဟာ သူ့ရာဇဝတ်မှုတိုင်းမှာ ရက်စက်သလောက် သေသပ်ပိရိလွန်းသူပါ။ အဲ့ဒီလို ရာဇဝတ်သမားကို အစိုးရတရားဝင်မဟုတ်တဲ့ထောက်လှမ်းရေးအရာရှိ ရှီဗာက ဘယ်လို အနိုင်ယူမလဲဆိုတာကို ကြည့်ရှုပေးကြပါဦးဗျာ။ ________________________________ လူသတ်သမားရဲ့ စရိုက်ကို ပုံဖော်ရာမှာတော့လူတွေမှာ ၄ရာခိုင်နှုန်းသာ ရှိတတ်တဲ့ မကောင်းစိတ်လေးကိုအခြေခံထားပါတယ်။ ဥပမာ.. ကျွန်တော်တို့ မျက်စိရှေ့မှာ ယာဉ်မတော်တဆမှုတစ်ခုမြင်တွေ့ရတဲ့အခါ ဘယ်သူမှ မနာသွားရင် စိတ်ထဲ အားမရဘူး။ အနည်းဆုံး ခေါင်းလေးကွဲ၊လက်လေးကျိုးသွားမှ စိတ်မှာကျေနပ်မိတယ်။ ဒါပေမဲ့ တစ်ယောက်ယောက် သေသွားရင်တော့ စိတ်မကောင်းဖြစ်ကြပါတယ်။ ဒီလို မကောင်းစိတ်(မသိစိတ်ထဲ အယူလွဲမှု)ကအနိုင်ယူလွှမ်းမိုးခြင်းကို ခံလိုက်ရတဲ့ လူတစ်ယောက်ပေါ့ဗျာ။ ထို့ပြင် ယနေ့ခေတ် လူတွေရဲ့ အပြုအမူတွေကိုကွက်ကွက်ကွင်းကွင်း မြင်သာအောင် ပုံဖော်ထားပါသေးတယ်။ ဥပမာ- ဒုက္ခဘေးဆိုးတွေ မဖြစ်ခင် တားဆီးကယ်တင်ခြင်းမျိုးမဟုတ်ဘဲ၊ဖြစ်ပြီးမှ သွားရောက်လှူဒါန်းမယ်ဆိုတဲ့ စိတ်တွေပေါ့ဗျာ။ (ဖြစ်အောင် စောင့်နေကြသလို:3) ဖြစ်တော့မှ ချစ်ခြင်းမေတ္တာတွေကို ထုတ်ဖော်ပြကြပြီးတခြားအချိန်မှာ ဘေးအိမ်နီးချင်းတွေကိုတောင်မမြင်ဖူးကြတာမျိုးတွေလေ။ ကဲ ဒီလောက်ပါဗျာ။ ကွီးတို့တွေအတွက် Hacking၊ ရှီဗာချစ်သူ ချောချောလေးရဲ့ လိင်အသားပေး ဇာတ်ကားတွေကြည့်ရင်း လိင်ဆက်ဆံဖူးချင်တယ်ဆိုတဲ့ စော်လေးကို ရှုမြင်ခံစားရမယ်။ မမလေးတွေအတွက် ဝန်ကြီးချုပ်မင်းသားဆိုပြီးသဲသဲလှုပ်နေကြတဲ့ မင်းသားချော Mahesh Babuရဲ့ အကတွေ၊ခန့်ညားမှုတွေနဲ့ ဖိုက်တင်အက်ရှင်တွေကို ခံစားရစေမယ်လို့ ပြောရင်းဒီလောက်နဲ့ အဆုံးသတ်ကြရအောင်ဗျာ။
တောင်ပိုင်းကားတွေဟာအိန္ဒိယကား ပရိတ်သတ်တွေကြားမှာမျက်နှာအတော်ငယ်ရတဲ့ ကားတွေပါ။ အက်ရှင်အသားပေးတွေ များတယ်၊ဝန်ကြီးတွေ ရဲတွေ နဲ့တင် တိုင်ပတ်နေတယ်၊အက်ရှင်ကို အလွန်ကြီးတွေ လုပ်တယ်၊ဇာတ်လမ်းတွေ ထပ်တယ်စတဲ့ စတဲ့ အကြောင်းပြချက်တွေကြောင့်တောကြိုက်ရယ်လို့တောင် တစ်ချို့က ပြောကြမှာပါ။ ဒီဇာတ်ကားလေးကတော့မင်းသား Adivi Sesh ရဲ့တစ်ခြားတောင်ပိုင်းကားတွေနဲ့ မတူပဲ ထူးထူးခြားခြား ရိုက်ထားတဲ့ စပိုင် ကားလေးပါ။ သူ့ရဲ့ သရုပ်ဆောင်ပုံနဲ့သူရိုက်တဲ့ ဇာတ်လမ်းတွေဟာ ထူးခြားသလို သူကိုယ်တိုင်က ဒါရိုက်တာ,မင်းသား,စာရေးဆရာ ဖြစ်ပါတယ်။ သူ့ကားတွေကို သိပ်မတွေ့ရပေမယ့်ဒီနှစ်ပိုင်း ထွက်တဲ့ Tiger Sheroff ရဲ့.Baaghi 2 ဟာဒီမင်းသားရဲ့ Kshanam 2016 ဇာတ်ကားကိုပြန်ရိုက်ထားတဲ့ Remake ကားဖြစ်နေပါတယ်။ ဇာတ်လမ်းအကျဉ်းကို မပြောခင်ထူးခြားချက်ကလေးတွေကိုထုတ်နှုတ်ပြရမယ်ဆိုရင်ဒီကားရဲ့ ဝတ္ထုအကြမ်းကို မင်းသားဖြစ်သူ Adivi Sesh ကိုယ်တိုင် အမေရိကားမှာ အထက်တန်းတက်နေတဲ့ 2004 ခုနှစ်တုန်းကတည်းကရေးထားခဲ့တာပါတဲ့။ တကယ့်တကယ် ပိတ်ကားပေါ်မှာဒီဇာတ်လမ်းကို ပြသဖို့ ရိုက်ကူးမယ်ဆိုတော့ ဇာတ်ညွှန်းစီစဉ်တည်းဖြတ်ရတာတင် အချိန် ကိုးလ ယူခဲ့ရပါတယ်။ နောက်ပြီးနိုင်ငံသုံးနိုင်ငံရဲ့ Location 167 ခုမှာသွားရိုက်ခဲ့တဲ့ ဒီကားဟာ Top Rated Telugu Movies List မှာ နံပါတ် 40 မှာ ရှိတဲ့ Telugu စကားပြော ဇာတ်ကားတစ်ကား ဖြစ်ပါတယ်တဲ့။ ကဲ ဇာတ်လမ်းအကြောင်းကိုဆက်ပြောရအောင်. . . . ဇာတ်လမ်းရဲ့အစမှာ နောက်ကြောင်းပြန်တာနဲ့ စ,ထားပါတယ်။ ၁၉၉၅ ခုနှစ်မှာ အိန္ဒိယအစိုးရဟာ လျှို့ဝှက်အဖွဲ့တစ်ခုဖြစ်တဲ့ ထရီနက်ထရီအဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ ဒီအဖွဲ့ဟာ စုံစမ်းထောက်လှမ်းမှုတွေအပြင် ထိပ်တန်းသတင်းတွေကိုပါထိန်းသိမ်းရတဲ့အဖွဲ့ပါ… ဒါပေမယ့် ကံဆိုးစွာနဲ့ပဲအယ်မူဂျာဟီဒင်အကြမ်းဖက် အဖွဲ့ဆီကိုအိန္ဒိယနိုင်ငံရဲ့လျှို့ဝှက်သတင်းတွေပေါက်ကြားသွားခဲ့ပါတယ်။ ပေါက်ကြားသွားတဲ့ သတင်းတွေကအစိုးရနဲ့ ပက်သက်တဲ့ ထိပ်တန်းသတင်းတွေတင် မကပဲ ထရီနက်ထရာအဖွဲ့ကအေးဂျင့်အားလုံးရဲ့ အသေးစိတ်အချက်အလက်တွေ၊သူတို့မိသားစုနဲ့ ဆိုင်တဲ့ သတင်းတွေ၊အဖွဲ့အစည်းတည်နေရာ စတာတွေပါ ပါပါတယ်။ ဒါတင်လားဆိုတော့သတင်းပေါက်ကြားမှုကြီးနောက်ကို လိုက်လံစုံစမ်းရင်း အေးဂျင့်တစ်ချို့ပာအသတ်ခံလိုက်ရပါသေးတယ်။ ဘယ်လိုမှ ရပ်တည်လို့မရတဲ့ အဆုံးကျန်ရှိနေတဲ့ အစိုးရ အရာရှိတွေ၊အေးဂျင့်တွေရဲ့ လုံခြုံရေးအတွက်အစိုးရက ထရီနက်ထရာအဖွဲ့ကိုဖျက်သိမ်းပစ်လိုက်ပါတယ်။ အာဂျွန်း?? အာဂျွန်းဆိုတာ သေဆုံးသွားတဲ့ ထရီနက်ထရီအေးဂျင့် ရာဂူးဗီးရ်ရဲ့သားဖြစ်ပြီး ဖခင်ရဲ့သူငယ်ချင်းဖြစ်တဲ့ ဆတ္တယာရဲ့ပြုစုပျိုးထောင်မှုနဲ့အတူ အရွယ်ရောက်လာသူပါ . . . မျက်မှောက်ခေတ်မှာပြန်ပေါ်လာတဲ့ အယ်မူဂျာဟီဒင်အဖွဲ့ရဲ့အကြမ်းဖက်မှုတွေကြောင့် မွန်ဘိုင်းမြို့မှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်လာပြန်တော့အစိုးရဟာ ထရီနက်ထရာ အဖွဲ့ကိုပြန်လည်ဖွဲ့စည်းခဲ့ရပြန်ပါတယ်။ အသစ်ပြန်လည်ဖွဲ့စည်းတဲ့ ထရီနက်ထရီအဖွဲ့မှာ ဝင်ခွင့် ဝင်ဖြေပြီး အဖွဲ့ဝင်ဖြစ်ဖို့ပြင်းပြင်းထန်ထန် လေ့ကျင့်မှုတွေအပြီး အာဂျွန်းလည်း အတော်ဆုံး အေးဂျင့်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ထရီနက်ထရီအဖွဲ့ရဲ့အစည်းအဝေးအပြီးမှာ ထရီနက်ထရာခေါင်းဆောင်တွေဟာ လူတစ်စုရဲ့ရုတ်တရတ်တိုက်ခိုက်ခြင်းကို ခံလိုက်ရပါတယ်။ အဖွဲ့ခေါင်းဆောင် သေသွားတဲ့အပြင်အာရ်ဂျွန်းရဲ့ဆရာဖြစ်တဲ့ ဒါမိုဒါပါ သေဆုံးသွားပြီး သက်သေအထောက်အထားတွေအရအခင်းဖြစ်ရာနေရာမှာ အာဂျွန်းရဲ့ဆိုင်ကယ် အာဂျွန်းရဲ့လက်ဗွေရာတွေတွေ့ရတော့အာဂျွန်းတစ်ယောက် ဘုမသိဘမသိ ဝရမ်းပြေးဖြစ်ခဲ့ရပါတယ်. . . သဘာဝကျကျနဲ့မှုခင်းစုံထောက်ကားတွေစပိုင်ကားတွေအကြမ်းဖက်သမား နှိမ်နင်းရေးကားတွေကို ကြိုက်တယ်ဆိုရင်ဖြင့်ဟောလိဝုဒ်ဆန်ဆန်နဲ့ ဖိုက်တင်တွေ အပစ်အခတ်တွေပာတဲ့ ဒီကားလေးက လက်လွတ်မခံသင့်တဲ့ကားလေးပါလို့ ပြောရင်း.
Soul hunters တစ်နည်းအားဖြင့် soul collectors တွေဟာ မိမိတို့အသက်တွေ ရောင်းစားပြီး demon တွေနဲ့ အပေးအယူ လုပ်ထားတဲ့သူတွေကိုလိုက်ဖမ်းရတာပေါ့ ဒါပေမယ့်သူတို့ဖမ်းတာလူကိုမဟုတ်ပါဘူူး အဲ့လူရဲ့တမလွန်မှာအဖိုးတန်ဆုံးအပိုင်း ဖြစ်တဲ့ ဝိညာဉ်တွေကိုပါ special force agent တစ်ယောက်ဖြစ်တဲ့ မားကတ်စ် ဟာ သူဦးဆောင်ရတဲ့ စစ်ဆင်ရေးတစ်ခုမှာ ဆုံးရှုံးမှုတွေနောင်တတရားတွေ တဗွေ့တဗိုက်ကြီးရလာခဲ့ပါတယ် လောကကြီးမှာ ဆုံးရှုံးစရာဘာမှ မကျန်တော့တဲ့ မားကတ်စ်တစ်ယောက် demon တစ်ကောင်ဖြစ်တဲ့ ရေကယ် နဲ့ အပေးအယူတစ်ခုလုပ်ပြီး soul hunter တစ်ယောက်ဖြစ်လာတဲ့အခါ …… ဒီကားဟာ ကြည့်လိုက်တာနဲ့ low budget ကားမှန်းတန်းသိပါတယ် dialogueလေးတွေကားအစပိုင်းမှာပေါ့ တယ်နောက်ပိုင်း scene တွေမှာ အရသာပိုပေါ်လာတယ် setting နဲ့ visual effect ပိုင်းတွေမှာ low budget ဖြစ်လို့ သိပ်အားရစရာမရှိဘူး သရုပ်ဆောင်မှုအပိုင်းမှာ အပြစ်ပြောစရာဘာမှမရှိဘူး plot ကတော်တော်လေးကို မိုက်တယ် low budget သာ မဟုတ်ခဲ့ရင် အတော်ပေါက်လောက်မယ့် ကားမျိုး တစ်ကားလုံး dark ဖြစ်နေတာက ကြည့်ရတာ ဝိုးတဝါးဖြစ်စေတယ် action sceneတွေ သမားရိုးကျဆန်လွန်း တယ်… အားရတဲ့အပိုင်းကတော့ plot နဲ့ dialogue လေးတွေပါပဲ demon ဆင့်ခေါ်တာတွေ အိန်ဂျယ်တွေ အပြင် underworld စတားကြီးပါတွေ့မြင်ရမှာ ဆိုတော့ ဘာသာရေးဖက်က သက်ဆိုင်ရာပုဂ္ဂိုလ်တွေတော်တော်များများပါတဲ့ အတွက် plot ပိုင်းဘယ်လောက်ထိကောင်းလဲ ရိပ်မိနိုင်ပါတယ် rating ကတော့ IMDb မှာ 6.2 အထိရထားပါတယ်
“အမှန်တရားသည်သာ အောင်နိုင်ရာ၏” တဲ့။ အမှန်တရားဟာ အမြဲအနိုင်ရတယ်။ အမှန်တရားအတွက် တိုက်ပွဲဝင်နေသူတွေ ရှိသလိုအမှန်တရားကို ထိန်ချန်ထားကြတာလည်း ရှိတယ်။ တခါတလေ ကြင်နာသနားတတ်တဲ့ ခေါင်းဆေင်ကောင်းလိုအပ်တယ်။ တခါတလေ ရက်စက်ကြမ်းတမ်းတဲ့ အပြစ်ပေးသူ လိုအပ်တယ်။ အညွှန်း ” ဒီဇာတ်ကားထဲမှာ ရဲအရာရှိတွေကိုမှ မီးရှို့သတ်တတ်တဲ့ လူသတ်သမားတစ်ဦးနဲ့ရဲအရာရှိတစ်ဦးတို့ကို တွေ့မြင်ရမှာပါ။ ရဲအရာရှိ တော်တော်များများကို သဲလွန်စပေးပြီးသတ်တဲ့ လူသတ်သမားဟာဘာကြောင့်များ ခုလို သတ်ရတာလဲ? ဒီအမှုကို ကိုင်တွယ်မယ့် ရဲအရာရှိဟာလူသတ်သမားဆီက ဖုန်းခေါ်ဆိုမှု တစ်ခု ရရှိခဲ့ပါတယ်။ ရဲအရာရှိကို ယခုအမှုမှာ ဝင်မပါဖို့ တားမြစ်ခဲ့ပါတယ်။ တနေ့မှာတော့… လူသတ်သမားနဲ့ ရဲအရာရှိတို့ မျက်နှာချင်းဆိုင် တွေ့ခဲ့ကြပါတယ်။ လူသတ်သမားဘက်က သိနေပေမဲ့ရဲအရာရှိကရော လူသတ်သမားဟာ ဘယ်သူဘယ်ဝါဆိုတာကို သိနေမလား? ဘယ်သူက သားကောင်? ဘယ်သူက မုဆိုးဖြစ်မလဲ? ဘယ်သူက ခြေးတစ်လှမ်းသာမလဲ? ဘယ်သူက ခြေတစ်လှမ်း နောက်ကျမလဲ? စသဖြင့် အပြိုင်အဆိုင် ယှဉ်ပြိုင်ရင်း…. လူသတ်မှုတွေ အများကြီး ဖြစ်ပြီးချိန်မှာတော့…. လူသတ်သမားဟာဘယ်လို အရာရှိမျိုးကိုမှ ရွေးချယ်သတ်တာလဲ? သူ သတ်ကွင်းထဲက ဘာဖြစ်လို့ဒီစီပီကို ပ,ထုတ်ခဲ့တာလဲ? ဘယ်လို အကြောင်းမျိုးတွေကြောင့်ခုလို ဆက်တိုက် သတ်နေရလဲဆိုတာကိုတော့ ခံစားလိုက်ပါဦးဗျာ။ ………………………………………… (အညွှန်းအပြည့်အစုံကို ရေးပြဖို့ မဖြစ်နိုင်လို့ ဒီမှာတင် ရပ်ကြရအောင်ဗျာ) လူသတ်သမားကြီး ဗီးရ်အဖြစ် John Abraham ဒီစီပီ ရှီဗန်ရှ် အဖြစ် Manoj Bajpayee တို့အပြင် … ရှီခါ အဖြစ် မင်းသမီးချောလေး Aisha Shama တို့ကအထူးပါဝင် သရုပ်ဆောင်ထားပါတယ်။
IMDb Rating (6.5) ရရှိထားတဲ့ တမီးလ်ဇာတ်ကားလေးပါ။ ဆတ္တယာ(Sathya) ဟာ သြစတေးလျက အဆင့်မြင့်ကုမ္ပဏီတစ်ခုမှာ အဆင့်မြင့်အရာရှိတစ်ယောက်အနေနဲ့ လုပ်ကိုင်နေတဲ့ သူတစ်ယောက်ဖြစ်ပြီးတော့ အချစ်ရေးရာကိစ္စဆိုလို့ ဘာမှကိုစိတ်မဝင်စားတတ်တဲ့သူပါ။ တစ်နေ့မှာတော့ အိန္ဒိယနိုင်ငံချင်နိုင်းမှာရှိနေတဲ့ သူ့ရည်းစားဟောင်းဖြစ်တဲ့ (Swetha) ဆွီသာ့ဆီကနေ အကူအညီတောင်းတဲ့ ဖုန်းအသံမက်ဆေ့တစ်ခုရပါတယ်။ လွန်ခဲ့နှစ်လလောက်က ဆွီသာရဲ့ ငါးနှစ်အရွယ်သမီးလေးကို လူစိမ်းနှစ်ယောက်က ဖမ်းဆီးခေါ်သွားခဲ့တယ်လို့ ဆွီသာကပြောဆိုပြီး သူ့သမီးလေးကို ပြန်ပြီးရှာပေးဖို့အတွက် အကူအညီတောင်းတာပါပဲ။ ချန်နိုင်းမှာရှိနေတဲ့ ရဲတွေက ဒီအမှုကို ရေရေရာရာစုံစမ်းစစ်ဆေးတာမလုပ်ခဲ့ကြပဲ အမှုကိုပိတ်ပစ်လိုက်ကြပြီးတဲ့နောက် ငါးနှစ်အရွယ်ကလေးမလေးတစ်ယောက်ဆိုတာ တကယ်မရှိတဲ့အကြောင်းနဲ့ ဆွီသာ့အနေနဲ့ ထင်ယောင်ထင်မှာဖြစ်နေတာသာဖြစ်ပြီး စိတ်ရောဂါကုဆရာဝန်ဆီကို သွားတွေ့သင့်ကြောင်းကိုပဲ ရဲတွေက တုန့်ပြန်ကြပါတယ်။ ဆွီသာရဲ့ အမျိုးသားဖြစ်သူနဲ့ အိမ်နီးချင်းတွေကိုယ်တိုင်ကလည်း ဆွီသာဟာ ကလေးမရနိုင်တဲ့သူဖြစ်တဲ့အကြောင်းနဲ့ ဒီလိုဖြစ်ပျက်နေတာဟာ ဆွီသာရဲ့စိတ်ကူးယဉ်မှုတစ်ခုသာဖြစ်တဲ့အကြောင်း ဆတ္တယာကို ရှင်းပြကြပါတယ်။ နောက်ပိုင်းမှာတော့ ဆတ္တယာ ကိုယ်တိုင်ကလည်း ဆွီသာ့ စကားတွေကို မယုံမကြည်ဖြစ်လာပြီးတဲ့နောက် ဆွီသာဟာ အထပ်မြင့်တိုက်တစ်ခုနေခုန်ချပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့ပါတော့တယ်။ ဒါပေမယ့်… အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ ချန်နိုင်းမြို့ရဲတပ်ဖွဲ့မှူး နဲ့ ရဲတပ်ဖွဲ့ဝင်တွေ…. ဆွီသာ့ရဲ့ အမျိုးသား နဲ့ ဆေးစွဲနေတဲ့ ညီဖြစ်သူ…. ဆတ္တယာကို အနီးကပ်အကူအညီပေးနေတဲ့ ဘာဘူခန်…. သူတို့တွေ အားလုံးက ဒီဖြစ်ရပ်တစ်ခုလုံးရဲ့နောက်ကွယ်မှာရှိနေတာကို ဆတ္တယာ သိလိုက်ရတဲ့အခါ……..
ရှမ်ရှာဆင်းန်ဟာ အရှေ့အလယ်ပိုင်းဒေသမှာ အင်ပါယာ ကြီးတစ်ခုတည်ထောင်ပြီး လက်နက်နဲ့ မူးယစ်ဆေးဝါးတွေ အ ရောင်းအဝယ်ပြုလုပ်နေတာပါ။ရှမ်ရှာမှာ ဆန်ဂျာနာနဲ့ ဆူရက်ဂျ် ဆိုတဲ့ အမြွှာသားနှစ်ယောက်ရှိပြီး ဆီကန်ဒါဆင်းန်ကတော့ မွေးစား သားပါ။ရက်ရှ်က ဆီကန်ဒါရဲ့ လူယုံတစ်ယောက်ဖြစ်ပြီး ရှမ်ရှာအင်ပါ ယာနဲ့ နီးစပ်သူလည်းဖြစ်ပါတယ်။ ရာနာဗီဂျေးဟာ ရှမ်ရှာရဲ့ စီးပွားပြိုင်ဘက်ဖြစ်ပြီး ရှမ်ရှာမိသားစု ရဲ့ စီးပွားရေးကို တစ်ချိန်လုံး ဒုက္ခ ပေးနေသူလည်းဖြစ်ပါတယ်။တစ်ရက်မှာတော့ မိသားစု ရှေ့နေဟာ အိမ်ကိုရောက်လာပြီး ဆန်ဂျာနာနဲ့ ဆူရက်ဂျ်တို့လည်း အသက် (၂၅)နှစ်ပြည့်ပြီမို့ ရှမ်ရှာက ဆီကန်ဒါကို သူပိုင်ဆိုင်သမျှ ၅၀ ရာခိုင်နှုန်း၊ ဆန်ဂျာနာနဲ့ ဆူ ရက်ဂျ်တို့ကို တစ်ယောက် ၂၅ ရာခိုင်နှုန်းစီ ခွဲဝေပေးခဲ့ပါတယ်။အဲဒီအခါမှာ မိသားစုထဲမှာ ပြဿနာလေးတွေရှိလာပြီး အမြွှာညီ အစ်ကိုနှစ်ယောက်က ဆီကန်ဒါ ကို မကျေနပ်လို့ တိုက်ခိုက်လာ တဲ့အတွက် ဆီကန်ဒါနဲ့ ပြဿနာ စပါတော့တယ်။ တကယ်တော့ ရက်ရှ်ဟာ ရှမ်ရှာရဲ့သားအရင်းဖြစ်ပြီး အကျင့်ပျက်နိုင်ငံရေးသမားတွေနဲ့ ပေါင်းနေကာ တစ်ရက်မှာတော့ ဆီကန်ဒါကို ရှင်းပစ်ခဲ့ပါတယ်။ ရှမ်ရှာဟာလည်း ဆီကန်ဒါရဲ့ မိဘတွေကို သတ်ပစ်ခဲ့သူဖြစ်ပြီး အမြွှာညီအစ်ကိုက ဆီကန်ဒါရဲ့ ညီအ ရင်းတွေလည်း ဖြစ်ပါတယ်။ရှမ်ရှာနဲ့ရက်ရှ်ရဲ့ အကြံအ စည်က ညီအစ်ကိုအရင်းတွေ ကတောက်ကဆဖြစ်ပြီး အချင်းချင်းသတ်မိအောင် လုပ်တာဖြစ်ပါတယ်။ သေပြီထင်ထားတဲ့ ဆီကန်ဒါက တစ်ရက်မှာတော့ ဗြုန်းဆို ပြန်ပေါ်လာပြီး ရက်ရှ်၊ ရှမ်ရှာတို့ သားအဖနဲ့ ထိပ်တိုက်တွေ့ခဲ့ပါ တော့တယ်။ဆီကန်ဒါတို့ ညီအစ်ကိုတွေ နဲ့ ရှမ်ရှာတို့ရဲ့ ပြိုင်ပွဲက ဘယ်လိုရလဒ်ထွက်မလဲ။ ဒုစရိုက်လောက ထဲက ရှမ်ရှာတို့တစ်တွေ ဘယ်လို ဇာတ်သိမ်းရမလဲဆိုတာ အမိုက် စားအက်ရှင်ဇာတ်ကွက်တွေနဲ့ ဆက်ကြည့်လိုက်ဦးနော်။ပါဝင်ထားသူတွေက Salman Khan၊ Anil Kapoor၊Bobby Deol၊ Daisy Shah၊Saqib Saleem၊ JacquelineFernandez စသူတွေပဲဖြစ်ပါ တယ်။
mmbusticketRace Film Seriesက အခုဆို Race 3 အထိရောက်ရှိလို့လာခဲ့ပါပြီ(2008)မှာ Race 1 ထွက်ခဲ့ပြီး (2013)မှာ Race 2 ထွက်ခဲ့၍ ယခု (2018)မှာတော့ Race 3 ထပ်မံထွက်ရှိခဲ့ပါတယ်ဇာတ်ကားတွေကတော့ Crime, Action, Drama ကားကောင်းတွေဖြစ်ပြီး အထူးသဖြင့် 1, 2က Ratingsပိုင်းလည်းကောင်းသလို ဇာတ်လမ်းလည်းဆွဲဆောင်မှုရှိလှပါတယ်။Race 3ကတော့ မကြည့်ရသေးလို့ ဘာမှမပြောလိုပါ။1,2 မှာတော့ ဆေ့ဖ်အလီခန်း၊ အနီလ်ကပူးရ်
တို့က အဓိကပါဝင်ခဲ့ပြီး ဇာတ်လမ်းကလည်း အလှည့်အပြောင်းများနဲ့ ဂျင်ပေါ်ကထုံးဆိုသလို
တယောက်နဲ့တယောက် ကျော်ခွရင်းအပြိုင်ဆိုင်ချဲကြတဲ့ ဇာတ်ကားကောင်းတွေပါ။
ဇာတ်ဝင်သီချင်းခပ်မြူးမြူးတွေ၊ အက်ရှင်ခပ်လန်းလန်းတွေစတန့်အကွတ်တွေကိုမှ ကြိုက်နှစ်သက်တဲ့ပရိတ်သတ်ကြီးအတွက်Race 1, 2ကို တင်ဆက်ပေးလိုက်ပါတယ်။Race 3ကတော့ ရုံတင်ထားတာသိပ်မကြာသေးတဲ့အတွက် အကြည်ထွက်ဖို့ကြာဦးမှာမို့လို့ အကြည်၊ စာအမှန်ထွက်လာတာနဲ့ တင်ဆက်ပေးမှာပါ။အခုတော့ Race 1, 2ကိုပဲ ပြန်လည်ခံစားကြည့်လိုက်ကြပါဦး။
MDB 7.5/ 10 &&& Rotten Tomatoes 100%2018 ထဲမှာ RT 100 အပြည့်ထိရထားတဲ့ ဘောလီဝုဒ်ကားဆိုလို့ Padman(2018)တကားပဲလားမသိဘူး ရှိသေးတယ်ဒီအချိန်မှာ ဒုတိယမြောက် RT 100% အပြည့်ရတဲ့ နောက်တစ်ကားနဲ့ ပရိတ်သတ်ကြီးကို မိတ်ဆက်ပေးပါရစေRaazi ဒီကားမထွက်ခင်ကတည်းက ဒါရိုက်တာက Talvar(2015)ကိုရိုက်ထားတဲ့ Meghna Gulzar ဆို တော့ အရမ်းကိုစိတ်ဝင်စားခဲ့တာအလီယာကိုကြိုက်တာကလည်း တကြောင်းကြောင့်ဒီကားလေးကို ဒီမှာရုံတင်မလားလို့ မျှော်လင့်ခဲ့ရပေမယ့်လည်း===========================================
ဇာတ်လမ်းလေးကတော့ 1971 ခုနှစ် အန္ဒိယ-ပါကစ္စတန်စစ်ပွဲကာလမှာ အိန္ဒိယကို အဖက်ဖက်ကကူညီပေးခဲ့တဲ့ သူလျို၊ စုံထောက်များစွာရှိခဲ့ပါတယ်
အဲဒီထဲမှာ ပါကစ္စတန်ကို သတင်းပေးတဲ့ပုံစံံနဲ့ အိန္ဒိယရဲ့သူလျို ဟေဒါယက်ခန်းလည်း အပါအဝင်ပါ ဟေဒါယသ်ကဘယ်လောက်ထိ အရည်ချင်းရှိလဲဆိုရင် ပါကစ္စတန်တပ်မတော်ကဗိုလ်ကြီး ဆိုင်ယစ်(ဒ်)နဲ့ပါ မိတ်ဆွေတွေဖြစ်နေတဲ့အထိပါသူ့ကျန်းမာရေးကြောင့် နောက်ဆုံးသူမစွမ်းဆောင်နိုင်တော့တဲ့တာဝန်တစ်ခုကို သူ့သမီးဖြစ်သူ ဆဲ(ဟ်)မသ်ကို ပေးအပ်ခဲ့ပါတယ်။ဒါပေမဲ့ ဖခင်တစ် ယောက်အနေနဲ့ သမီးကိုဒီအလုပ်ခိုင်းလို့ဖြစ်ပါ့မလားဆိုပြီး ဒွိဟဖြစ်နေပြန်ပါတယ်“တိုင်းပြည်
ထက်အရေးကြီးတာ ဘာမှမရှိဘူး ကိုယ်ကိုယ်တိုင်လည်း မပါဘူး ”အသက် ၂၀ ကျော်အရွယ်မိန်းကလေးတစ်ယောက်က ဒီလိုပြန်ဖြေပြီး အိန္ဒိယအတွက် ပါကစ္စန်မှာသွားနေကာ သူလျိုလုပ်ပေးခဲ့ပါတယ်ဗိုလ်ကြီး ဆိုင်ယစ်(ဒ်)ရဲ့သားအငယ် အစ်ဗလ်နဲ့ လက်ထပ်ပြီး အိန္ဒယသူအဖြစ်ကန ေ ပါကစ္စတန်သူအဖြစ် ပြောင်းလဲကာ တိုင်းပြည်အတွက် သူလျိုလုပ်ပေးခဲ့ပါတယ်သူလျိုတစ်ယောက်ဖြစ်ဖို့ ခက်ခဲတဲ့လေ့ကျင့်ခန်းတွေဆင်းရကိုယ့်မိဘ၊ အမိမြေနဲ့ခွဲကာ ပါကစ္စတန်မှာနေရ
တစ်ခါမှမဖြင်ဖူးမတွေ့ဖူးတဲ့လူနဲ့ လက်ထပ်လိုက်ရတဲ့ ဆဲဟ်မသ်ရဲ့ ဖြစ်ရပ်မှန်ဘဝဇာတ်ကြောင်းကို အမှန်အကန်တင်ဆက်ပေးထားလို့ကြည့်ဖြစ်အောင်ကြည့်လိုက်ဖို့ တိုက်တွန်းပါရစေတကယ့်ကို Biography, Thriller တစ်ကားပြီပြီ ရင်တမမနဲ့ ဘောလီဝုဒ်ရဲ့ ထိပ်တန်း စုံထောက်ကားတစ်ကားလည်း ဖြစ်ပါတယ်။ (ဇာတ်လမ်းအညွန်းနဲ့ဘာသာပြန်သူကတော့ ကိုဇော်ထူးပါ)
mmbusticketIMDb (8.2)..Rotten Tomatoes (100%)အမျိုးသမီးတွေရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်..အခွင့်အရေးတွေကို ပညာသားပါပါထည့်သွင်းရိုက်ကူးထားလို့ နာမည်ကြီးတဲ့Bollywood ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီး Rating တွေလဲကောင်းမွန်လှပါတယ်။ဇာတ်လမ်းကတော့…… မီနယ်အရိုရာ၊ ဖယ်လက်အ လီနဲ့ အန်ဒရီယာတို့ သုံးယောက် ဟာ ဒေလီတောင်ပိုင်းက လူကုံ ထံရပ်ကွက်တစ်ခုမှာ အိမ်ငှားနေ ကြပြီး လုပ်ငန်းခွင်တွေမှာ အလုပ်ဝင်နေကြသူတွေပါ။တစ်ညမှာ တော့ ရော့ခ်ဂီတပွဲကြည့်အပြီးမှာ ရာ့ဂျ်ဗီးရားဆိုသူက ညစာစားပွဲ ဖိတ်ကြားတဲ့အတွက် သွားခဲ့ကြပါ တယ်။ ရာ့ဂျ်ဗီးရားက ဒေလီတောင်ပိုင်းက အာဏာရှိနိုင်ငံရေး သမားရဲ့တူပါ။ ဒီလိုနဲ့ အပန်းဖြေအိမ်တစ်ခု မှာ မင်နယ်တို့ သုံးယောက်ရယ်၊ ရာ့ဂျ်ဗီးရားနဲ့ သူ့အပေါင်းအသင်း နှစ်ယောက်ရယ် စားကြသောက် ကြပြီး အခွင့်အရေးကို စောင့်နေ တဲ့ အမျိုးသားသုံးယောက်ဟာ ကောင်မလေးသုံးယောက်နဲ့ တစ် တွဲစီဖြစ်အောင် ကြံဖန်ခဲ့ကြပါ တယ်။ တကယ်တော့ မင်နယ်နဲ့ ရာ့ဂျ်ဗီးရားတို့ဟာ သာမန်မိတ် ဆွေအဆင့်သာ ခင်မင်ကြတာဖြစ် ပြီး ရာ့ဂျ်ဗီးရားက မင်နယ်ကို ဗလက္ကာရလုပ်ဖို့ ကြိုးစားခဲ့တာ ကြောင့် မင်နယ်က အနားက ပုလင်းကို ရိုက်ခွဲပြီး ရာ့ဂျ်ဗီးရားရဲ့ မျက်လုံးကို ထိုးခဲ့ပါတယ်။ မင်နယ်ရဲ့ သူငယ်ချင်းနှစ်ယောက်ကလည်း ကိုယ်ထိလက်ရောက်စော်ကားတာကို လက်မခံခဲ့ကြပါဘူး။ရာ့ဂျ်ဗီးရားနဲ့ သူ့သူငယ်ချင်း တွေဟာ ဖြစ်ခဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကောင်မလေးသုံးယောက်ဆီကို ဖုန်းဆက်ပြီး ခြိမ်းခြောက်တာတွေ လုပ်ခဲ့ပါတယ်။ အဲဒါနဲ့ မင်နယ်ဟာ ရဲဌာနကိုသွားပြီး ရာ့ဂျ်ဗီးရား နဲ့ သူ့သူငယ်ချင်းတွေရဲ့ လုပ်ရပ်ကို အမှုဖွင့်တိုင်ကြားခဲ့ပါတယ်။ ရာ့ဂျ်ဗီးရားရဲ့ မိသားစု နောက်ခံအနေအထားကိုသိတဲ့ အမျိုးသမီးရဲအရာရှိဟာ မင်နယ်အမှုဖွင့်တာကို လက်မခံခဲ့ပါဘူး။ ရာ့ဂျ်ဗီးရားကလည်း ဦးလေးရဲ့ အာဏာပါဝါကိုသုံးပြီး အမှန်ကို အမှားဖြစ်အောင် ဖန်တီးကာ မင်နယ်တို့သုံးယောက်ကို မိန်းမပျက်တွေလို့ စွပ်စွဲပြီး မင်နယ်ကို အသက်ကိုရန်ရှာမှုနဲ့ တရားစွဲခဲ့ပါ တယ်။ အကယ်၍သာ အမှုရှုံးသွားခဲ့ရင် မင်နယ်ဟာ ထောင် ၁၀ နှစ်လောက် ကျခံရဖို့ရှိနေပါတယ်။စိတ်ကျရောဂါခံစားနေရတဲ့ အငြိမ်းစားရှေ့နေကြီး ဒီပက်ဆာဂေါလ်ဟာ မင်နယ်တို့သုံးယောက်ရဲ့ အိမ်နီးချင်းဖြစ်ပြီး သူတို့ရဲ့ ပြဿနာအစအဆုံးကို သိရှိသူလည်းဖြစ်ပါတယ်။ ဒါကြောင့်မို့ ရှေ့နေကြီးက သူ့ဇနီးနဲ့တိုင်ပင်ပြီး ဒုက္ခတွေ့နေတဲ့ မိန်းကလေး သုံးယောက်ရဲ့အမှုကို လိုက်ဖို့ဆုံး ဖြတ်ခဲ့ပါတယ်။မိသားစုနောက်ခံအင်အားသုံးပြီး မတရားမှုလုပ်နေတဲ့ ရာ့ဂျ်ဗီးရားတို့အမှုပေါ်အောင် မစ္စတာ ဒီပက်က ဘယ်လိုလုပ်မှာလဲ။ မင်နယ်တို့သုံးယောက်အတွက် အမှန်တရားကို ဖော်ထုတ်ခွင့်ရမှလားဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါဦးနော်။ တရားခွင်မှာ အမှန်တရားထွက်လာအောင် စစ်ဆေးဖော်ထုတ်တာတွေကို ရှုစား ရမှာဖြစ်လို့ ပရိသတ်တွေအတွက် စိတ်ဝင်စားဖို့ကောင်းမယ့် ဇာတ်ကားလေးလို့ ထင်ပါတယ်။ ဒီဇာတ်ကားမှာ အဓိကသရုပ်ဆောင်ထားသူတွေက အမီတာဘက်ချန်း၊ တာ့ပ်ဆီပန်နူး၊ ကာတီကာလ်ဟာရီ၊ အန်ဒရီရာတာရီအန်း၊ အန်ဂတ်ဘီဒီ စသူတွေပဲ ဖြစ်ပါတယ်။
ဒီတခါမှာတော့ ဘောလီဝုဒ်ဖန်တွေအတွက် IMDB 8.4/10နဲ့ RT 50% အထိရရှိထားတဲ့ ကားကောင်းတကားကို တင်ဆက်ပေးလိုက်ပါတယ်ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရိုက်ကူးထားတာဖြစ်ပြီး အတော်လေးကို ကြည့်ကောင်းတဲ့ကားတစ်ကားပါပဲနိုင်ငံရေးအရှုပ်အထွေး၊ နိုင်ငံတကာဖိအားတွေကြားက နျူကလီးယားစမ်းသပ်မှု အောင်မြင်စွာပြုလုပ်နိုင်ခဲ့တာကို တင်ဆက်ပြသထားတဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်၁၉၉၅ ခုနှစ်ဟာ အိန္ဒိယနိုင်ငံအတွက် အခက်ခဲဆုံံးကာလတစ်ခုဖြစ်ခဲ့ပါတယ်ဆိုဗီယက်ပြည်ထောင်စုတွေ ကွဲပြိုခဲ့ပြီး အိန္ဒိယဘက်မှာမဟာမိတ်အနေနဲ့ မည်သည့်အင်အားကြီးနိုင်ငံမှ ရှိမနေခဲ့ပါဘူး ဒါပေမဲ့ ပါကစ္စတန်ကတော့ အမေရိကန်နဲ့ တရုတ်နိုင်ငံတွေရဲ့ အကူညီရကာ စစ်ရေးအတောင့်တင်းဆုံး အနေအထားမှာ ရှိနေခဲ့ပါတယ်အိန္ဒိယကို နိုင်ငံတကာသဘောတူညီစာချုပ်တွေမှာ လက်မှတ်ထိုးစေချင်ပြီး မည်သည့်အင်အားမှ မတိုးတက်လာအောင် အမေရိကန်၊ ပါကစ္စတန်နဲ့ နိုင်ငံအများစုက ဖိအားပေးနေပါတယ်အိမ်နီးချင်း ပါကစ္စတန်နိုင်ငံက နျူကလီးယားစမ်းသပ်မှုတွေ ဒုံးကျည်စမ်းသပ်မှုတွေ အကြိမ်ကြိမ်လုပ်နိုင်ခဲ့ပေမယ့် အိန္ဒိယကတော့ ဘာမှမလုပ်နိုင်ခဲ့ပါဘူးဒါကြောင့် ၁၉၉၅ မှာ အိန္ဒိယအနေနဲ့ ဖိုကာရန်ကွင်းမှာ နျူကလီးယားစမ်းသပ်မှုလုပ်ဖို့ ကြိုးစားခဲ့ပေမယ့် အမေရိကန်၏ စောင့်ကြည့်နေမှုကြောင့် မအောင်မြင်ခဲ့ပါဘူး၁၉၉၈ မှာတော့ အိန္ဒိအနေနဲ့ ဘယ်လိုဘယ်ပုံများ အောင်မြင်အောင် ကြိုးစားခဲ့သလဲဆိုတာကို …….
2014 မှာ ထွက်ရှိထားတဲ့ ထိုင်းသရဲကားတစ်ကားဖြစ်ပါတယ်..3AM ထဲမှာပါတဲ့ ဇာတ်ကားအပိုင်း 3ခုထဲကတစ်ခုရဲ့ အဆက်အဖြစ် ဆက်လက်ရိုက်ကူးထားခြင်းဖြစ်ပါတယ်..3AM ထဲမှာ အချိန်ပိုဆင်းတဲ့ ရည်းစား၂ယောက်ကို သရဲအဖြစ်ခြောက်လှန့်ပြီးတော့ စနောက်တဲ့ သူ2ယောက်အကြောင့် ထွက်ပြေးသွားကြရတဲ့ရည်းစား၂ဦးလုံး လှေကားပေါ်ကနေ ပြုတ်ကျသွားပြီးသေဆုံးသွားပါတယ်..အဲ့ဇာတ်ကားကိုမှတ်မိကြမယ်ထင်ပါတယ်..အခုဒီဇာတ်ကားရဲ့အစမှာလည်း ထိုဇာတ်ကားကအပိုင်းအစ လေးတွေကိုပြန်ပြီးတော့ပြထားပေးပါတယ်..Ghost Over Time ဇာတ်ကားမှာတော့အစအနောက်သန်တဲ့ လူတစ်စုနဲ့အတူသရဲအယောင်ဆောင်တာတွေမှာ..တကယ့်သရဲအစစ်ပါလာတဲ့အခါဘယ်လိုတွေကြုံတွေ့ကြရမလဲဆိုတာကိုဆက်လက်စောင့်ကြည့်ကြပါ
Next (2007) =======ဒီတစ်ခါ တင်ဆက်မဲ့ကားကတော့ Nicolas Cageရဲ့ ရွှေခေတ်တုန်းက အက်ရှင်ကားတစ်ကားပါ။ဘဝမှာ နောက်ထပ်ပြီး နောက်ထပ် ဘာပြီးရင် ဘာတွေဖြစ်မလဲ ကြိုသိနေကြရင် ဘာတွေများဖြစ်လာပါမလဲ… အနာဂတ်နဲ့ ပက်သက်တဲ့ပြဿနာတစ်ခုက အနာဂတ်ကို ကြည့်လိုက်တဲ့အချိန်တိုင်းမှာ ကြည့်လိုက်တဲ့အတွက် အနာဂတ်က ပြောင်းလဲသွားတာပါပဲ….။ ဒီဇာတ်လမ်းကတော့ အနာဂတ်ကို မြင်နိုင်တဲ့လူတစ်ယောက်ရဲ့ စွန့်စားခန်းတစ်ခုကို ရိုက်ကူးပြသထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အနာဂတ်ကို အရှေ့၂မိနစ် ကြိုမြင်နိုင်တဲ့ မျက်လှည့်ဆရာတစ်ယောက်ရှိပါတယ်။ တစ်ဖက်မှာလည်း FBI ဟာ နျူကလိယား တိုက်ခိုက်မှုတစ်ခုကိုကို ဖြေရှင်းနေရပါတယ်။ ဒီလိုနဲ့ FBI က အရှေ့ကို ၂မိနစ်ကြိုမြင်နိုင်တဲ့ မျက်လှည့်ဆရာကို သတိထားမိပြီး သူ့ကို အသုံးချဖို့လုပ်ပေမဲ့.. မျက်လှည့်ဆရာဟာ သူမလုပ်နိုင်တာကြောင့် ထွက်ပြေးခဲ့ပါတယ်။ FBI နဲ့ အကြမ်းဖက်သမားတွေက သူ့ကို ထောင်ဖမ်းကြပေမဲ့ ရှေ့၂မိနစ်ကြိုမြင်နေရတဲ့အတွက် သူတို့ထက် နှာတစ်ဖျားသာနေတဲ့အခါမှာတော့ ဘယ်လိုတွေဆက်ဖြစ်သွားမလဲ….။ဒီဇာတ်ကားဟာ -Action, Sci-Fi, Thrillerအမျိုးအစား ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။
2017 မှာထွက်ခဲ့သမျှ Bollywood ကားတွေမှာ အားရစရာ သိပ်မတွေ့ခဲ့ဘူး အထူးသဖြင့် တကယ့် ဂရိတ်ကြီးတွေရဲ့ ကားတွေ တော် မျှော်လင့်သလို ဖြစ်မလာခဲ့ဘူး (Akshay ရဲ့ Toilet တော့မကြည့်ရသေး)Badrinath Ki Dulhania လေးတော့ မဆိုးပါဘူး====================================================ဒီတစ်ခါ Bollywood ပရိတ်သတ်ကြီးကို တင်ဆက်ပေးမှာကတော့ မင်းသမီးကြီး Sridevi ရဲ့ Mom ဆိုတဲ့ ဇာတ်ကားပါပဲ့ English Vinglish မှာ ထူးထူးခြားခြား သတိထားမိတာပါ ( တခြားကားတွေ မကြည့်ဖူး )ဒီကားထဲမှာလည်း သရုပ်ဆောင်သွားတာ သိပ်ကောင်းလွန်းလို့ မျက်ရည်ဝဲမိတဲ့ အထိပါပဲ့ အမေတစ်ယောက်ရဲ့ မေတ္တာ ဂရုဏာ ဒေါသ အားလုံးကို ကျွန်တော့်တို့ကို ချပြသွားနိုင်ပါတယ် မိခင် ဖြစ်ထားတဲ့ သူတွေ မိခင်ဖြစ်လာမည့် သူတွေ တွေ သမီးမိန်းကလေးတွေ သမီးရှင်တွေ လက်လွတ်မခံပဲ ကြည့်ထားသင့်တဲ့ ပညာပေး ဇာတ်ကား တစ်ကားပါ။IMDB 7.4/10 ထိ ရရှိထားတာဆိုတော့ ကောင်းမကောင်း ပြောမနေတော့ပါဘူးဒါ့အပြင် သဘာဝမင်းသားကြီး Nawazuddin Siddiqui ကလည်း အထူးသရုပ်ဆောင် အဖြစ်ပါဝင်ထားပါတယ်။ဇာတ်လမ်းလေးကို ပြောရမယ်ဆိုရင့်ဒေ့ဗ်ကီဆိုတဲ့ ကျောင်းဆရာမ တစ်ယောက်ဟာ ခင်ပွန်းနဲ့ သမီးလေး နှစ်ယောက်နဲ့ ပျော်ရွှင်ဖွယ်ဘဝလေးကို ဖြတ်သန်းနေတာပါ။ ပြသနာ ရှိတာဆိုလို့ သမီးနှစ်ယောက်ဆိုတဲ့ အထဲမှာ သမီးအကြီးက လင်ပါသမီးပါ့ လင်ပါသမီး ဖြစ်ပေမယ့် ကိုယ့်သမီးအရင်းလို သဘောထားပြီး မေတ္တာတွေ ပေးခဲ့တယ့် ဘယ်တော့မှ ခွဲခြားခွဲခြား မဆက်ဆံခဲ့ပါဘူးဒါပေမဲ့ အာယာ့ အာယာကတော့ အဖေဖြစ်သူ နောက်မိန်းမယူလိုက်ပေမယ့် မိမိ အမေဖြစ်သူ့ကို အခုချိန်ထိ မမေ့နိုင်သေးပဲ အမေ့နေရာကို တခြား တစ်ယောက်ကို အစားထိုးလို့ မရနိုင်သေးဘူး” အမေတစ်ယောက်ရဲ့ ဘဝမှာ သမီးတစ်ယောက်ဆိုတာ ရှိစမြဲပဲ့ ဒါပေမဲ့ သမီးတစ်ယောက်အတွက်တော့ အမေဆိုတာ အစားထိုးလို့ မရဘူး “====================================================အဆင်မပြေလှတဲ့ အာယာကို ကလေးမို့ အတတ်နိုင်ဆုံး လိုက်လျောပြီး တနေ့ အဆင်ပြေသွားမှာပါဆိုတဲ့ စိတ်နဲ့ ရှေ့ဆက်နေ့တဲ့ ဒေ့ဗ်ကီ တို့ ဘဝထဲကို မထင်မှတ်ထားတဲ့ ကံကြမ္မာဆိုးကြီး ကျရောက်လာပါတော့တယ့်အာယာ တစ်ယောက် ချစ်သူများနေ့ ပါတီပွဲကအပြန် အဓမ္မကျင့်ခံလိုက်ရပါတယ့်တရားခံတွေကို ဖမ်းမိပေမယ့် လူယုတ်မာတွေဟာ ခြေရာလက်ရာ ဖျောက်ကာ သက်သေတွေကို ဖျက်စီးခဲ့တဲ့အတွက် တရားဥပဒေအရ အပြစ်ပေးလို့ မရပါဘူး တရားသေ ပြန်လွှတ်ပေးခဲ့ရပါတယ့်ဒီအခါမှာတော့ အမေတစ်ယောက်က သမီးတစ်ယောက်အတွက် အကြွေးကို ကိုယ်တိုင် သိမ်းယူဖို့ ဖြစ်လာခဲ့ပါတော့တယ်” ဘုရားကို ယုံကြည်ပါ အစစအရာရာ အဆင်ပြေသွားလိမ့်မယ် ဘုရားက နေရာတကာမှာ ရှိမနေနိုင်ပါဘူးရှင် သိတယ်လေ ဒါကြောင့်ပဲ အမေတွေကို ဖန်ဆင်းထားတာပေါ့ “=====================================================
mmbusticketဒီတစ်ခါတော့ Channel Myanmarပရိသတ်ကြီးအတွက်ဘောလိဝုကားကောင်းကောင်းလေးတစ်ကားတင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းလေးနာမည်ကတော့ Missing (2018) ပါ။အချစ် ဟာသ ကားတွေနဲ့ငြီးငွေ့နေတဲ့ ပရိသတ်ကြီးအတွက် ဒီ Drama Thriller အမျိုးအစား ကားလေးကအကြိုက်တွေ့စေမှာပါ။Ratingအနေနဲ့ကလဲ Imdb Rating 6.2/10 လောက်ရထားတာဆိုတော့ ကုလားကားတစ်ကားအနေနဲ့မဆိုးဘူးလို့ပဲ ဆိုရမှာပါ။ဇာတ်လမ်းအကျဉ်းလေးကိုလဲ အားလုံးမြည်းစမ်းကြည့်ရအောင်တင်ဆက်ပေးချင်ပါသေးတယ်။ အေးအေးလူလူ အပန်းဖြေခရီးထွက်လာတဲ့မိသားစုတစ်စု…ဖခင်ဖြစ်သူ Sushantရယ် မိခင်ဖြစ်သူ Aparnaရယ် သုံးနှစ်အရွယ်သမီးလေး Titli တို့ကပင်လယ်ကမ်းခြေတစ်ခုကိုအလည်အပါတ်ရောက်ရှိနေတာပါ။အဲ့ဒီခရီးစဉ်မှာပဲ သမီးလေး Titli ကအပြင်းဖျားပါတော့တယ်။ဒီလိုနဲ့ နောက်တစ်နေ့မနက်မှာ အပြင်းဖျားနေတဲ့ကလေးလေး ပျောက်ချင်းမလှပျောက်ဆုံးသွားပါတော့တယ်။နယ်မြေရဲတွေကိုသတင်းပို့တိုင်ချက်ဖွင့်သော်ငြား အခြေအနေထူးမလာခဲ့ပါဘူူး။အဲ့အချိန်မှာပဲ တစ်ယောက်နဲ့တစ်ယောက်သံသယတွေဝင်ကာအခြေအနေတွေက တစ်စတစ်စတင်းမာလာခဲ့ပါတယ်။ဒီကလေးပျောက်ဆုံးသွားမှုအပေါ်ဘေးလူတွေဝိုင်းသုံးသပ်မှုတွေနဲ့ ဒီပျောက်ဆုံးမှုဟာသွေးရိုးသားရိုးရောဟုတ်ပါသလား?ဘယ်သူ့ပယောဂကြောင့်များပျောက်ဆုံးသွားခဲ့တာလဲ?ပြန်ရောတွေ့ပါ့မလား?စတဲ့သို့လောသို့လောမေးခွန်းတွေနဲ့ အဆုံးအထိ စိတ်ဝင်တစားကြည့်ရှူသွားရမယ့်ကားလေးတစ်ကားပါ။ဒီကားလေးရဲ့နာမည်ကတော့ Missing (2018)ဖြစ်ပြီး CMပရိသတ်ကြီးအတွကိတင်ဆက်ပေးလိုက်ရပါတယ်။
Miami Vice(2006)IMDb…6.0စုံထောက် ဆိုနီနဲ့ ရီကာဒိုတို့ဟာ ဖလော်ရီဒါက မူးယစ်ဆေးမှောင်ခိုအဖွဲ့ကို ဖမ်းဆီးနိုင်ရေးအတွပ် သူလျှိုလုပ်ခဲ့ကြပါတယ်..မူးယစ်လောကဟာ သူတို့ထင်ထားတာထက်ရှုတ်ထွေးနေသလို လျှို့ဝှက်မှုတွေလည်းရှိနေခဲ့တယ်…ဒီကြားထဲ မှောင်ခိုမူးယစ်ခေါင်းဆောင်အမျိုးသမီးကလည်း လှသလောက် အလုပ်လုပ်တဲ့နေရာမှာတော်တယ်…. စုံထောက် ဆိုနီဟာ မှောင်ခိုဂိုဏ်းခေါင်းဆောင်ရဲ့ အမျိုုးသမီးရဲ့အလှမှာ ယစ်မူးသွားခဲ့တယ်….မူးယစ်ဆေးဝါးလောကရဲ့ အရှုပ်အထွေးတွေကြားမှာ စုံထောက်ဆိုနီနဲ့ ရီကာဒိုတို့ မူးယစ်အဖွဲ့ကို ဖမ်းဆီးနိုင်မလား….အချစ်နွံထဲနစ်ပြီး ဆိုနီတစ်ယောက် ဗျာများနေမလား…. Action နဲ့ Crime ကြိုက်သူတွေအတွက်တော့ခံစားကြည့်လိုက်ပါဦး…Miami Vice(2006)ဇာတ်ကားမှာ မင်းသားCollin Farrellနဲ့ Jamie Foxxတို့အဓိကသရုပ်ဆောင်ထားပြီးတရုတ်မင်းသမီး ချောGaung Liလည်း ပါဝင်ထားပါတယ်…
Metro Manila ရုပ်ရှင်ဇာတ်ကားဟာ 2013 ခုနှစ်ကထွက်ရှိထားတဲ့ British ရုပ်ရှင်ဇာတ်ကားကောင်းတစ်ခုဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံမှာ ဇာတ်အိမ်တည်ထားပါတယ် IMDb 7.6 , Rotten tomatoes 94%ထိရရှိထားတဲ့ဇာတ်ကားကောင်းလေးပါ ပါဝင်သရုပ်ဆောင်ထားသူတွေကတော့ Jake Macapagal,John Arcilla,Althea Vega တို့အဓေိကပါဝင်ထားပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့ Banaue မှာနေထိုင်တဲ့လယ်သမားလေး Oscar တစ်ယောက် စီးပွားရေးမကောင်းတာကြောင့် ဇနီးနဲ့သားသမီး ၂ယောက်ကိုခေါ်ကာ Manila မြို့ကြီးဆီပြောင်းရွှေ့လာပါတယ် သို့သော်အလိမ်ခံရတာကြောင့် တိုက်ခန်းပြောင်းပေးရပြီး ဆင်ခြေဖုံးရပ်ကွက် လေးဆီပြောင်းရွှေ့နေထိုင်ရပါတော့တယ် ကံကောင်းထောက်မပြီး Oscar တစ်ယောက် ကုမ္ပဏီတစ်ခုမှာ လုံခြုံရေးအရာရှိအနေနဲ့အလုပ်ရခဲ့ပါတယ် လုပ်ဖော်ကိုင်ဖက် Ong ကလည်း မိသားစုပြောင်းရွှေ့နေထိုင်ဖို့ တိုက်ခန်းတစ်ခန်းစီစဉ်ပေးခဲ့ပါတယ် သို့သော် ဒါတွေက တစ်ကယ်ပဲကံကောင်းခြင်းတွေလား……Ong ကရောလုပ်ဖော်ကိုင်ဖက်ကောင်းလား…..သူတို့မိသားစုမြို့ကြီးမှာဘယ်လိုတွေကြုံတွေ့ရမလဲဆိုတာ ကြည့်ရှုသူတို့ခံစားကြည့်လိုက်ပါဦး
Message Man(2018)IMDb….7.6အက်ရှင်ကား ကြမ်းကြမ်းကြီးတွေမှ ကြည့်ချင်သူတွေအတွက်…မင်းသားဆို နုံနုံအအ ကြီးတွေမကြိုက်ဘူး…မင်းသားဆို ကြမ်းနေမှဆိုတဲ့သူတွေအတွက် ဒီဇာတ်ကားလေးကို တင်ပေးလိုက်ပါပြီ…ကြေးစားလူသတ်သမားတစ်ယောက်ဖြစ်တဲ့ Ryan(Paul O’Brien) ဟာ လူသတ်ကျွမ်းကျင်တဲ့သူတစ်ယောက်ပါ...သို့ပေမယ့် နောက်ပိုင်းမှာတော့ လူသတ်ခြင်းအလုပ်က အနားယူကာ တစ်ယောက်တည်း အေးအေးဆေးဆေးဇာတ်မြှုပ်သွားဖို့အတွက် အင်ဒိုနီးရှားနိုင်ငံက ကျွန်းတစ်ကျွန်းကို ထွက်ခွာလာခဲ့ပါတယ်...အဲ့ဒီမှာ သားအမိနှစ်ယောက်နဲ့ ရင်းနှီးမိရာကနေ ကျွန်းပေါ်မှာ အဖော်ရလာခဲ့ပါတယ်...ဒါပေမဲ့ သူ့ရဲ့အတိတ်ကအရိပ်ဆိုးတွေက သူနဲ့ သူ့မိတ်ဆွေသားအမိကိုပါသက်ရောက်လာခဲ့တဲ့အခါမှာတော့ Ryan တစ်ယောက် သူနှစ်သက်တဲ့လူသတ်ခြင်းအလုပ်ကို ပြန်စလာခဲ့တဲ့အခါမှာတော့……
လူစီဟာ ထိုင်ဝမ်နိုင်ငံ တိုင်ပေမြို့မှာ ကျောင်းတက်နေတဲ့ ကျောင်းသူတစ်ယောက်ပါ။သူ့ရဲ့ ရည်းစားက သူ့ကို လိမ်ခေါ်လာတာကြောင့် ကိုရီးယားကလူဆိုးအဖွဲ့တစ်ဖွဲ့ဆီမှာ အဖမ်းခံရပါတယ်။ သူ့ရည်းစားလည်းအသတ်ခံရပြီး သူကတော့ CPH4 လို့ခေါ်တဲ့ စိတ်ကြွဆေးတစ်မျိုးကိုသယ်ဆောင်ပေးဖို့ အကြပ်ကိုင်ခံရပါတယ်။ ဘယ်လို သယ်ဆောင်ပေးရမလဲဆိုတော့ သူ့ဗိုက်ကိုခွဲ၊CPH4 အိတ်ကို ဗိုက်ထဲ ထည့်ပေးလိုက်ပါတယ်။သူလိုမျိုး ထည့်ပေးခံလိုက်ရသူ ၄ ဦးရှိပြီး မတူညီတဲ့ နေရာတွေဆီ ပို့ပေးရမှာပါ။ဒါပေမယ့် သူ့ကို စောင့်ပေးရတဲ့ လူဆိုးတစ်ယောက်နဲ့ ပြဿနာတက်ပြီးဗိုက်ကို အကန်ခံရတာကြောင့် CPH4 အိတ်ပေါက်သွားပြီးခန္ဓာကိုယ်ထဲကို CPH4 တွေ တိုက်ရိုက်ဝင်ကုန်ပါတယ်။ပရော်ဖက်ဆာ ဆမ်မြူရယ် နော်မန်ဟာ သက်ရှိတွေရဲ့ ဦးနှောက်နဲ့အာရုံကြောတွေ တိုးတက်ပြောင်းလဲလာမှုကို သုတေသနပြုစာတမ်းရေးသားနေသူဖြစ်ပြီး သူ့ရဲ့ သီအိုရီအရ လူသားတွေဟာသူတို့ဦးနှောက်ရဲ့ ၁၀%ကိုသာ အသုံးပြုနေကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။၂၀%ကို အသုံးပြုနိုင်သူတွေဟာ လင်းပိုင်တွေဖြစ်ပြီး ဆိုနာလှိုင်းတွေကိုအသုံးပြုရင်း တစ်ကောင်နဲ့တစ်ကောင် ဆက်သွယ်ကြကြောင်းလည်း ရှင်းပြခဲ့ပါတယ်။မေးခွန်းက ဒီ့ထက်ပို အသုံးပြုခဲ့ရင်၊ အဆုံးစွန်ဆုံး ၁၀၀% အသုံးပြုခဲ့ရင် ဘာဖြစ်မလဲ ဆိုတာပါပဲ။လူစီရဲ့ ခန္ဓာကိုယ်ထဲက CPH4 တွေဟာ ဦးနှောက်နဲ့ အာရုံကြောတွေကိုအလွန်အကြူး လှုံ့ဆော်လာတဲ့အခါမှာ သာမန်ထက်ပိုထက် စွမ်းအားတွေရလာခဲ့ပါတယ်။ သူ့ကို ဖမ်းဆီးထားတဲ့ လူတွေလက်ထဲကနေ ထွက်ပြေးပြီးနောက်ဆေးရုံကိုသွားပြီး ဗိုက်ထဲက အိတ်ကို ပြန်လည်ထုတ်ယူလိုက်ပါတယ်။နောက်မှာတော့ Lucy ဟာ သူ့ရဲ့ အခြေအနေကို ရိပ်စားမိသွားပြီးအကယ်၍ ဆေးထုပ်တွေ အကုန်လုံးသား မရခဲ့ရင် ဆဲလ်ကွဲပွားမှုကြောင့်သူသေသွားနိုင်ကြောင်း သိသွားပါတယ်။ ဒါကြောင့်ကိုရီယားလူဆိုးဂိုဏ်းခေါင်းဆောင် ရှိတဲ့ ဟိုတယ်ကိုသွားပြီးဆေးထုပ်တွေကို ဘယ်လမ်းကြောင်းကနေ ဖြန့်သလဲဆိုတာ စုံစမ်းပါတယ်။ဆေးထုပ်တွေ ဘယ်ရောက်သွားလဲဆိုတာ သိသွားပြီးနောက်မှာတော့လူစီဟာ ပရော်ဖက်ဆာ နော်မန်ဆီ ဆက်သွယ်ပါတော့တယ်။သူမတူတဲ့ စွမ်းအားတွေကို အစမ်းသဘောပြပြီးနောက်မှာတော့ပရော်ဖက်ဆာက သူနဲ့တွေ့ဖို့ သဘောတူလိုက်ပါတယ်။အဲဒီနောက်မှာတော့ လူစီဟာ ထိုင်ဝမ်ကနေ ပြင်သစ်ကို ခရီးဆက်ပါတယ်။ပြင်သစ်က ရဲတစ်ယောက်ဖြစ်တဲ့ Pierre Del Rio ဟာCPH4 နဲ့ ပတ်သက်တဲ့ သတင်းကို လူစီထံကနေ လက်ခံရရှိပါတယ်။ထူးခြားတဲ့ လူစီရဲ့ ပြောကြားချက်တွေကြောင့် Del Rio ဟာလူစီပြောတဲ့အတိုင်း လူဆိုးတွေကို ဖမ်းဆီးနိုင်လိုက်ပါတယ်။ဒါပေမယ့် လေယာဉ်ပေါ်မှာ လူစီဟာ ဆဲလ်ကွဲပွားမှု အလွန်အကျူး ဖြစ်လာပြီးသတိလစ်သွားတာကြောင့် Del Rio က လာဖမ်းပါတယ်။ဒါပေမယ့် လာဖမ်းတဲ့ရဲတွေကို လူစီက အလွယ်တကူပဲနှိမ်နင်းလိုက်ပြီး သူ့ကို ကူညီဖို့ Del Rio ကို ပြောပါတယ်။မငြင်းနိုင်တဲ့ Del Rio ဟာ လူစီခေါ်ဆောင်ရာ ပါသွားပါတယ်။လူစီနဲ့ ကိုရီးယား ဂိုဏ်းတို့ ဘယ်လို အားပြိုင်ကြမလဲ။ ပရော်ဖက်ဆာကရောသူ့ကို ဘယ်လို ကူညီမလဲဆိုတာကိုတော့ ဆက်လက်ရှုစားကြပါကုန်။နာမည်ကျော် ညှို့အားပြင်း မင်းသမီးချော Scarlett Johanssonခေါင်းဆောင်ပါဝင်ပြီး ကိုရီးယား မင်းသားကြီး Choi Min Sik ကJohansson နဲ့ အပြိုင် လူဆိုးကြီးအဖြစ် သရုပ်ဆောင်ထားပါတယ်။ပရော်ဖက်ဆာ နော်မန်အဖြစ် Morgan Freeman က Logic တွေတော်ကီပွားရုံ သရုပ်ဆောင်ထားပြီး Amr Waked က Del Rio အဖြစ်သရုပ်ဆောင်ထားပါတယ်။ The Fifth Element နဲ့ The Lady ဇာတ်ကားတွေကိုရိုက်ကူးခဲ့တဲ့ ပြင်သစ်ဒါရိုက်တာ Luc Besson က ရိုက်ကူးထားပြီးကုန်ကျစရိတ် ဒေါ်လာ သန်း ၄၀ပဲ ရှိခဲ့ပေမယ့် ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ IMDb မှာ Rating 6.6 ရရှိထားပြီးRotten Tomatoes မှာလည်း Tomatometer 62% ရရှိထားတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ဇာတ်လမ်းရဲ့ ကျောရိုးယူဆချက် ကောင်းမွန်သလောက် အဲဒီယူဆချက်ကိုမှီအောင် ဇာတ်အိမ်ကို ဇွတ်အတင်းဆွဲသွင်း တည်ဆောက်ထားရတဲ့ဇာတ်ကားလို့ပဲ ဝေဖန်ချင်ပါတယ်။ ရုပ်ထွက် အထူးပြုလုပ်ချက်များစွာနဲ့စွဲဆောင်မှုရှိအောင် ဖန်တီးထားသလို မင်းသမီး Scarlett Johansson ရဲ့ညှို့ငင်နိုင်စွမ်းအားကို အဓိကအသုံးချပြီး ဇာတ်ကို သယ်ဆောင်သွားပေမယ့်ဇာတ်လမ်းအဆုံးသတ်ကတော့ အတော်ကို စိတ်ပျက်ဖို့ ကောင်းပါတယ်။Logic တွေကို အရမ်းဦးစားပေးပြီး တကယ့်ဇာတ်အိမ်သယ်ရမယ့်အခန်းတွေမှာ ဖြစ်သလို ဇာတ်ကွက်တွေ ထည့်သွင်းထားတာကလည်း စိတ်ပျက်စရာပါ။ရန်သူကို လွယ်လွယ်ကူကူ ရင်ဆိုင်နိုင်ပေမယ့်လည်း စွတ်ရွတ်အစွမ်းတွေထုတ်ပြနေပြီး တကယ်တမ်းကျတော့ လှည့်ကွက်တွေ သိပ်မပါပဲနောက်ဆုံးခန်းကျမှ သူပြချင်တဲ့ Logic ကို ထုတ်ပြရင်း မျက်လှည့်ပြထားပါတယ်။ဒီဇာတ်ကားထဲက Logic နဲ့ ပတ်သက်လို့ကတော့ ဟောလိဝုဒ်မှာအတော်လေး ရိုက်ခတ်သွားပြီး ငြင်းခုန်နေကြဆဲ ဖြစ်ပါတယ်။ဇာတ်လမ်းထဲက ရိုက်ချက်တွေနဲ့ မင်းသမီးရဲ့ သရုပ်ဆောင်ချက်တွေကတော့ထိပ်တန်းအဆင့် ရှိပါတယ်။ ခေါင်းစားခံနိုင်မယ့်သူမျိုးသာ ကြည့်သင့်တဲ့ဇာတ်ကားမျိုးပါပဲ။ သွေးအေးအေးနဲ့ ပစ်သတ်တဲ့ အခန်းတွေ၊သွေးထွက်သံယို အခန်းတွေကြောင့် Rating R အဆင့်သတ်မှတ်ထားတာကြောင့် ကလေးတွေ ကြည့်ဖို့ မသင့်တော်ပါဘူး။
သင် လူတွေကို အလွယ်တကူယုံကြည်တတ်ပါသလား… ရိုးသားလွန်းတဲ့…ယုံကြည်လွယ်လွန်းတဲ့ လူတစ်ယောက်အဖို့ ယနေ့ခေတ်ကြီးမှာ ရှင်သန်နေထိုင်ရတာ အန္တရာယ်များလွန်းလှပါတယ်။ တစ်ယောက်နဲ့တစ်ယောက် လိမ်ရတဲ့ကစားပွဲတစ်ခုမှာဆိုရင်တော့ ပိုဆိုးပြီပေါ့။ ဒီ Liar Game ဆိုတဲ့ဇာတ်ကားလေးက ဂျပန်ကားကြိုက်နှစ်သက်တဲ့လူတွေအတွက်တော့ ကြည့်ပျော်စေမယ့် ဇာတ်ကားလေးပါ။ လှည့်ကွက်များစွာနဲ့ တဖြေးဖြေးဆွဲဆောင်သွားတဲ့ ဒီဇာတ်ကားလေးဟာ IMDb Rating (7.3) ထိရရှိထားပါတယ်။Liar Game ဆိုတဲ့ ဂျပန်စီးရီးကို အခြေပြုဖန်တီးတင်ဆက်ထားပြီး ကိုရီးယားစီးရီး Liar Game အဖြစ်လဲ ထွက်ရှိခဲ့တဲ့ ဇာတ်လမ်းပါ။ Liar Game ဇာတ်ကားအဆက် Liar Game 2:Reborn ဇာတ်ကားလဲ ၂၀၁၂ မှာထပ်မံထွက်ရှိခဲ့ပါတယ်…https://channelmyanmar.org/?s=liar+game မှာရှာပါ။
ဒီတခါတော့ Bollywood ပရိတ်သတ်ကြီးအတွက် Hangover Trilogy, Superbad အစရှိတဲ့ကားတွေလိုပဲ Black Comedy ကားကောင်းတကားကို တင်ဆက်ပေးလိုက်ပါတယ်Saif Ali Khan နဲ့အတူ တခြားသရုပ်ဆောင်ပေါင်းများစွာ ပါဝင်သရုပ်ဆောင်ထားတဲ့ ကားကောင်းတကားပါဇာတ်လမ်းလေးကတော့အစာအိမ်ကင်ဆာရောဂါကျွမ်းနေလို့ သုံးလလောက်သာ နေရတော့မယ်လို့သိလိုက်ရတဲ့ ရီလန်ဒါပေမဲ့ တအိမ်လုံးကတော့ ညီဖြစ်သူမင်္ဂလာဆောင်ကြောင့် သူ့ဝမ်းနည်းမှုကိုမသိနိုင်ဘဲ ပျော်ပွဲရွှင်ပွဲတွေလုပ်နေတဲ့အချိန်မှာသူကိုယ်တိုင်လည်း မပြောပြတော့ဘဲ တသက်နဲ့တခါ လုံးဝမသုံးဖူးတဲ့ မူးယစ်ဆေးသုံးပြီး စိတ်ထွက်ပေါက်ရှာပါတော့တယ် မင်္ဂလာဆောင်ခါနီးနီး ရည်စားဟောင်းက ပြန်ဆက်သွယ်လာလို့ ခိုးတွေ့ဖို့ကြံနေတဲ့ အန်ဂတ်အမေရိကန်ကို ပညာတော်သင်သွားဖို့ပြင်ဆင်ပြီးနေမှ သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့ပွဲကိုသွားရင်း မူးယစ်ဆေးဝါးဝင်စစ်တဲ့ရဲတွေကြောင့် ကလပ်ထဲပိတ်မိနေတဲ့ တရာ၁၅ နှစ်တာ ရာဇာဘိုင်ဆိုတဲ့ဂိုဏ်းစတားခိုင်းသမျှလုပ်ခဲ့ကြပြီးဒီတကြိမ်မှာတော့ ကွက်ကျော်ရိုက်ဖို့ကြံနေတဲ့ လူဆိုးနှစ်ကောင်ဒီလိုမတူညီတဲ့ အခြေအနေတွေဟာ ဘယ်ကိစ္စကြောင့် ထိပ်တိုက်တွေ့ဖို့ ကံဖန်လာခဲ့ပါသလဲဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကိုတော့ …..( ရုပ်ရှင်ကားက Adults Rated ဖြစ်တဲ့အတွက် စကားလုံးအသုံးနှုန်းတွေ ကြမ်းတမ်းသည်ကို သတိပြုပါခင်ဗျာ )
အားလုံးစောင့်မျော်နေကြတဲ့ Hate Story-4လာပါပြီခင်ဗျ။Hate Storyရဲ့ထုံးစံအတိုင်းဇာတ်လမ်းရဲ့မြုပ်ကွက်တွေလှည့်ကွက်တွေနဲ့ ရင်မောစွာကြည့်ရှု့ရဦးမှာပါ။Hate Story ပရိတ်သတ်ကြီးအတွက်တော့ အကြိုက်တွေ့ဦးမယ့်ဇာတ်ကားပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ အိန္ဒိယမှာသြဇာကြီးမားပြီး မြို့တော်ဝန်ရာထူးအတွက်ပါရွေးကောက်ပွဲဝင်ရောက်ပြိုင်နေတဲ့ ‘ကူးယားနား’မှာ သားယောကျာ်းလေးနှစ်ယောက်ပိုင်ဆိုင်ခဲ့ပါတယ်။သူ့ရဲ့သားနှစ်ယောက်ဟာ အပျော်ရှာရင်းတစ်နေ့မှာတော့ ကောင်လေးတစ်ယောက်ကို လူသတ်မှုကျူးလွန်မိခဲ့ပါတော့တယ်။ လူသတ်မှုကျူးလွန်ခဲ့ပေမယ့် တရားဥပဒေကိုငွေနဲ့ကိုင်ပေါက်နိုင်ခဲ့အတွက် သူ့ရဲ့သားနှစ်ယောက်ဟာ ရာဇဝတ်မှုမသင့်ခဲ့ပါဘူး။ဒါပေမယ့် အသတ်ခဲ့ရတဲ့ကောင်လေးရဲ့ညီမ ဖြစ်သူက အငြိုးထားကာ လက်စားချေဖို့ကြိုးစားပါတော့တယ်။သေဆုံးသွားခဲ့တဲ့သူ့ရဲ့အကိုအတွက် ဘယ်လိုအကွက်တွေချပြီးလက်စားချေမလဲ၊ဘယ်လိုလှည့်ကွက်တွေအသုံးချမလဲ၊အငြိုးဇာတ်လမ်းတွေဖွဲ့ပြီး လက်စားချေမှုမှာ အောင်မြင်မှုရသွားမလားဒါမှမဟုတ် သြဇာကြီးမားတဲ့ ကူယားနားမိသားစုကပဲ ငွေနဲ့ကိုင်ပေါက်ပြီးကိုင်တွယ်ဖြေရှင်းသွားမလား…….တစ်ယောက်နဲ့တစ်ယောက်အငြိုးတွေဖွဲ့တဲ့ Hate Storyထဲမှာ ဘယ်သူကအနိုင်ရရှိသွားမလဲဆိုတာကိုတော့…..Hate Story-4ထဲမှာပဲ ရင်သပ်ရှုမောစွာ ခံစားလိုက်ပါဦး။18+ အခန်းတစ်ချို.နဲ့ မလုံ့တလုံ အဝတ်အစားတွေနဲ့ လန်ထွက်နေတဲ့ဘာလိဝုမင်းသမီးအလန်းလေးတွေပါတာကြောင့် မိသားစုနဲ့ကြည့်ဖို့မသင့်တော်ပါဘူး
သဲထိတ်ရင်ဖိုကားလေးတစ်ကားကို ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းလေးနာမည်ကတော့Heavenhurst (2016)ပါ။Heavenhurst ဆိုတဲ့ နေရာကိုပြောင်းရွေ့လာခဲ့တဲ့ အရက်စွဲနေတဲ့အမျိုးသမီးလေး Jackie…အဲ့ဒီတိုက်ခန်းမှာပဲ ထူးဆန်းစွာပျောက်ဆုံးသွားခဲ့တဲ့ သူမရဲ့သူငယ်ချင်းနှစ်ယောက်…ထူးဆန်းစွာနားလည်ရခက်တဲ့ အိမ်ရှင်အဖွားကြီး… အဲ့ဒီအိမ်ကိုပြောင်းရွေ့လာပြီးနောက်ပိုင်း အရမ်းထူးဆန်းတာတွေနဲ့တွေ့ကြုံလာရပြီး အိမ်ကြီးကနေ ထွက်ပြေးဖို့ကြိုးစားတဲ့အခါ သူမလွတ်မြောက်နိုင်ပါ့မလား။ပျောက်ဆုံးသွားတဲ့လူတွေအကြောင်းကိုရောသူမ အချိန်မှီသိရှိနိုင်ပါ့မလား။ဒီလိုသဲထိတ်ရင်ဖိုကားတွေကိုမှ နှစ်သက်တဲ့ CMပရိသတ်ကြီး ရင်တစ်ဖိုဖိုခံစားကြည့်ရှုနိုင်ဖို့တင်ဆက်ပေးလိုက်ပါတယ်။
မိုလီနဲ့ နစ် သဲကန္တာရထဲက လေယာဉ်ကွင်းကို လာခဲ့ကြရင်း ကားက သဲထဲနစ်သွားတယ်။အဲ့အချိန် Zombieတစ်ယောက်ယောက်ရောက်လာတယ်။သေနတ်နဲ့ ပစ်သတ်ပေမဲ့ ဘယ်လိုမှ မသေဘူး။ နစ် သေသွားခဲ့တယ်။ လေယာဉ်ကွင်းရောက်ဖို့က မိုင်၃၀လောက်လိုသေးတယ်။ မိုလီတစ်ယောက်တည်း လေယာဉ်ကွင်းကို ဘယ်လိုရောက်အောင် သွားမလဲ။Zombieကရော မိုလီကို သတ်စားမှာလား။ ဘာတွေဆက်ဖြစ်မလဲဆိုတာကို It stains the sands redမှာ ဆက်လက်ကြည့်ရှုကြပါ
အေးချမ်းသာယာနေတဲ့ မိသားစုလေးဟာ အိမ်အသစ်တစ်ခုကို ပြောင်းလာခဲ့တယ်အရမ်းချစ်ကြတဲ့ ဂျော့ချ် တို့ လင်မယား ရယ် ကလေး ၃ ယောက်ရယ်ပေါ့တစ်နေ့မှာတော့ အကြီးဆုံးသားဖြစ်သူ ဒေါလ်တွန် တစ်ယောက်အိပ်နေစဉ် အချိန်တွေမှာ မကောင်းဆိုးဝါးတွေကို မြင်နိုင်ခဲ့ပြီးထို မကောင်းဆိုးဝါးတွေကလဲ လူ့လောက ကို ကူးလာဖို့အတွက် ဒေါလ်တွန် ရဲ့ ခန္ဓာကိုယ် ကို လိုချင်တဲ့အတွက် မိသားစု ကို အမျိုးမျိုး ဒုက္ခပေးပါတော့တယ်တစ်နေ့မှာတော့ သူတို့ ရလုဆဲဆဲ အခြေအနေကို ရောက်ရှိလာပါတော့တယ်ပရလောက ကို မယုံတဲ့ ဂျော့ချ် ဟာ ပရလောက နှင့် အဆက်အသွယ်လုပ်နိုင်သောအဲလိစ် ကို ခေါ်ဆောင်ပြီး သားဖြစ်သူ ဒေါလ်တွန် ရဲ့ ဖြစ်ပျက်နေတဲ့ ကိစ္စကို ကူညီခိုင်းခဲ့သော အခါ
In Fear ဇာတ်ကားကတော့ Director: Jeremy Lovering ရဲ့ ရိုက်ကွက်တွေကို သဲထိပ်ရင်ဖိုခံစားရမယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။>IMDb Rating 5.5/10 >Rotten Tomatoes Rating 83%ဒီထဲမှာဆိုရင် Iain De Casestecker , Alice Englert နဲ့ Alien Leechတို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ဇာတ်လမ်းကတော့ Tomနဲ့ Lucy ဆိုတဲ့ ချစ်သူစုံတွဲတစ်တွဲကနေ ဇာတ်လမ်းစထားတာဖြစ်ပါတယ်။ သူတို့ချစ်သူစုံတွဲဟာဆိုရင် ချစ်သူသက်တမ်း ၂ပတ်ပြည့်တဲ့နေ့မှာ Tom က Lucyကို သူ့သူငယ်ချင်းတွေနဲ့ ညဘက်ပျော်ပွဲရွှင်ပွဲသွားဖို့ခေါ်ခဲ့ပါတယ်။ ဒါအပြင် Tom ဟာ Kilairneyဆိုတဲ့ Hotel မှာလည်း နှစ်ယောက်သားအတူတူအိပ်ဖို့ Online ကနေ ဘိုကင်လုပ်ထားလိုက်ပါတယ်။ အဲ့ဒီ့ Hotel ဟာဆိုရင်တော့ လူနေအိမ်တွေနဲ့တော်တော်ဝေးတဲ့ တောလမ်းတောက်လျောက်ရဲ့အစွန်တစ်နေရာမှာရှိနေတာဖြစ်ပါတယ်။ Tom နဲ့ Lucyတို့အတွဲ ထို Hotel ကို ကားဖြင့်သွားကြစဉ် လမ်းခရီးက တော်တော်ဝေးပြီးရှုပ်ထွေးလှပါတယ်။ သူတို့နှစ်ယောက် Hotel သို့ရောက်ရာတွင် Tom က အခန့်မသင့်ပဲ ထိုမှ ဒေသခံများနှင့်ရန်ဖြစ်သဖြင့် ထို Hotel တွင် အိပ်မရဘဲ လမ်းခရီးတောက်လျောက်ပြန်လာခဲ့ရပါတယ်။ သို့သော် ပြန်လာသည့်အချိန်မှာ ညဉ့်နက်သန်းခေါင်ရောက်နေပြီဖြစ်တာကြောင့် လမ်းများကို သေချာမသိတော့ဘဲ လမ်းပျောက်နေခဲ့ပါတယ်။ တကယ့်တော့ လမ်းပျောက်နေတာ သူတို့အတွက် ကြောက်စရာမဟုတ်ခဲ့ပါ. တကယ့်ကြောက်စရာကတော့…. ဘာလဲဆိုတာသိချင်ရင် ဒီဇာတ်ကားထဲမှာဆက်လက်ရှု့စားကြပါတော့…။ ဒီဇာတ်ကားဟာဆိုရင်တော့ ဇာတ်ကားနာမည် In Fearဆိုတဲ့အတိုင်း ကြောက်မက်ဖွယ်အရသာကို ပေးစွမ်းမယ့် Horror,Mystery,Thrillerဇာတ်ကားအမျိုးအစားဖြစ်တာကြောင့် ကြည့်ရှု့သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။
ere Comes The Devil ဇာတ်ကားကတော့
Director : Adrian Garcia Bogliano ကိုယ်တိုင်ရေးသား
ရိုက်ကူးထားတဲ့ Mexican Horror , Thriller
ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ IMDb Rating – 5.6/10
Rotten Tomatoes – 72%
***ဇာတ်လမ်းအညွှန်း***ဒီဇာတ်ကားလေးကတော့ ဇာတ်လမ်းအစမှာဆိုရင်
Lesbianနှစ်ယောက် ချစ်ရည်လူးနေတာကနေ
ဇာတ်လမ်းစထားပါတယ်။
သူတို့နှစ်ယောက်ချစ်ရည်လူးပြီးလို့ဆင်းလာတဲ့အခါမှာဆိုရင်တော့
အောက်ထပ်မှာ သူ့သူငယ်ချင်းကို လူတစ်ယောက်ကသတ်နေတာကို
မထင်မှတ်ဘဲတွေ့လိုက်ရပါတယ်။
ထိုလူသတ်သမားကို အနောက်မှ တုတ်ဖြင့်
ရိုက်လိုက်သောကြောင့် ထိုလူသတ်သမားက
သေနိုင်လောက်သော ဒဏ်ရာဖြင့်
တောင်ကုန်းတစ်ခုပေါ်သို့ပြေးသွားခဲ့ပါတယ်။
ဒါပေမယ့်လည်း ထိုလူသတ်သမားရဲ့အလောင်းကိုတော့
ထိုတောင်ကုန်းပေါ်မှာ မတွေ့ရတော့ပါဘူး။နှစ်တွေကြာပြီးနောက် မိသားစုတစ်စုက
ထိုတောင်ကုန်းပေါ်မှာ လာရောက်အပန်းဖြေကြပါတယ်။
ထိုမိသားစုမှ ကလေးနှစ်ယောက်က
ဟိုးနှစ်တွေကြာခဲ့တုန်းက လူသတ်သမားပျောက်သွားခဲ့သော
တောင်ကုန်းပေါ်ရှိ ဂူတစ်ဂူထဲကို ဝင်မိပြီး
ကလေးနှစ်ယောက်လုံး
ထူးဆန်းစွာ ပျောက်သွားခဲ့ပါတယ်။ထိုဒေသခံတွေက ထိုဂူကို ကျိန်စာသင့်နေတာလို့ပြောကြတယ်။
တစ်ချို့ကတော့ မကောင်းဆိုးရွားဂူလိုပြောကြတယ်။
အဲ့ဒီနောက် ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့
ဇာတ်လမ်းထဲမှာ ရှု့စားကြပါတော့…။
Here Comes The Devil ဇာတ်ကားကတော့ Director : Adrian Garcia Bogliano ကိုယ်တိုင်ရေးသား ရိုက်ကူးထားတဲ့ Mexican Horror , Thriller ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ IMDb Rating – 5.6/10 Rotten Tomatoes – 72% ***ဇာတ်လမ်းအညွှန်း***ဒီဇာတ်ကားလေးကတော့ ဇာတ်လမ်းအစမှာဆိုရင် Lesbianနှစ်ယောက် ချစ်ရည်လူးနေတာကနေ ဇာတ်လမ်းစထားပါတယ်။ သူတို့နှစ်ယောက်ချစ်ရည်လူးပြီးလို့ဆင်းလာတဲ့အခါမှာဆိုရင်တော့ အောက်ထပ်မှာ သူ့သူငယ်ချင်းကို လူတစ်ယောက်ကသတ်နေတာကို မထင်မှတ်ဘဲတွေ့လိုက်ရပါတယ်။ ထိုလူသတ်သမားကို အနောက်မှ တုတ်ဖြင့် ရိုက်လိုက်သောကြောင့် ထိုလူသတ်သမားက သေနိုင်လောက်သော ဒဏ်ရာဖြင့် တောင်ကုန်းတစ်ခုပေါ်သို့ပြေးသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ထိုလူသတ်သမားရဲ့အလောင်းကိုတော့ ထိုတောင်ကုန်းပေါ်မှာ မတွေ့ရတော့ပါဘူး။နှစ်တွေကြာပြီးနောက် မိသားစုတစ်စုက ထိုတောင်ကုန်းပေါ်မှာ လာရောက်အပန်းဖြေကြပါတယ်။ ထိုမိသားစုမှ ကလေးနှစ်ယောက်က ဟိုးနှစ်တွေကြာခဲ့တုန်းက လူသတ်သမားပျောက်သွားခဲ့သော တောင်ကုန်းပေါ်ရှိ ဂူတစ်ဂူထဲကို ဝင်မိပြီး ကလေးနှစ်ယောက်လုံး ထူးဆန်းစွာ ပျောက်သွားခဲ့ပါတယ်။ထိုဒေသခံတွေက ထိုဂူကို ကျိန်စာသင့်နေတာလို့ပြောကြတယ်။ တစ်ချို့ကတော့ မကောင်းဆိုးရွားဂူလိုပြောကြတယ်။ အဲ့ဒီနောက် ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ ဇာတ်လမ်းထဲမှာ ရှု့စားကြပါတော့…။
<p>Triple Threat(2019)IMDb….7.5Ong Bak မင်းသား တိုနီဂျား၊ The Raid ရဲ့ မင်းသား Iko Uwais နဲ့ ထိုက်ချိမင်းသား တိုက်ဂါးချန်း တို့ ပူးပေါင်းပါဝင်ထားတဲ့ အက်ရှင်ဇာတ်ကားကို တင်ပေးထားပါတယ်။ဗီလိန်နေရာမှာတော့ ဘွိုင်ကာ မင်းသားကြီး စကော့ အက်ဒ်ကင်း ပါဝင်ထားတာမို့ ဘယ်လောက်ကြမ်းကြမလဲ ပြောဖို့မလိုလောက်တော့ပါဘူး။ဇာတ်လမ်းအကျဉ်းကတော့ ရာဇဝတ်မှုတွေ မြင့်တတ်နေတဲ့မဟာဂျာယာမှာ လူဆိုးဂိုဏ်းတွေနှိမ်နင်းရေးအတွက်
အကြီးအကျယ်လာလှူဒါန်းတဲ့ တရုတ်မလေးထန်းရှောင်ရှန်းကို ကော်လင်တို့ ကြေးစားအဖွဲ့က လုပ်ကြံဖို့ကြိုးစားတာမှာ ဟို ဂျပုသုံးကောင်နဲ့ တွေ့တာပါပဲ။ သူတို့ သုံးယောက်နဲ့ ကော်လင်တို့က အရင်ကတည်းက ရန်ငြိုးရှိသူတွေပီပီ အတိုးရော အရင်းရော ပေါင်းပြီးဆပ်ကြပါတယ်။အကျဉ်းပြောရရင်တော့ ချတဲ့ကားပါ။ ချပါတယ် အားတိုင်း။ သေနတ်ရှိရင်တောင် ဘေးချပြီး ချပါတယ်။ တွေ့ရာနေရာမှာ အားတိုင်းချပါတယ်။ ကြည့်ရင်းနဲ့ ကြည့်တဲ့သူပါ ချချင်နေလိမ့်
မယ်…ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Little Neo ပဲဖြစ်ပါတယ်…</p>
Valley of Tears 2020
Wu Assassins
War & Peace
Watchmen
Warrior Nun
When They See Us
Freakish
Treadstone
Truth Be Told
Unbelievable
Victoria
Watership Down
Drama, Horror, Mystery
ဒီဇာတ်ကားကတော့ crime ဆန်ဆန်အက်ရှင်ကားမှ ကြိုက်သူများအတွက်အကြိုက်တွေ့မယ့်ဇာတ်ကားဖြစ်ပါတယ်
မိုက်ဟာ အမည်ခံကုမ္ပဏီတည်ထောင်ပြီး စတော့ရှယ်ယာကစားတဲ့တရားမဝင်အလုပ်ကိုလုပ်ကိုင်တဲ့သူဖြစ်ပါတယ်
မိုက်ရဲ့လုပ်ကိုင်ပုံကျွမ်းကျင်မှုကြောင့် သူ့ရဲ့အလုပ်သူဌေးတွေသဘောကျခြင်းခံတဲ့သူပေါ့
တစ်နေ့မှာတော့ မိုက်ဟာအလုပ်ကိစ္စသွားရင်းလူသတ်မှုနဲ့ထောင်ချောက်ဆင်ခံလိုက်ရကာ ထောင်ကျခဲ့ရပါတယ်
မိုက်ရဲ့ဘဝဟာလုပ်ငန်းရှင်ထောင်ထွက်တစ်ယောက်ဘဝရာက်သွားရပါတော့တယ်
မိုက်တစ်ယောက်ဘာကြောင့်သူ့ကိုထောင်ချောက်ဆင်တယ်
ဘယ်သူကသူ့ကို ဒုက္ခပေးနေတယ်ဆိုတာကို လက်စားချေဖို့ လိုက်လံစုံစမ်းပါတော့တယ်
မိုက်တစ်ယောက်နောက်ဆုံးမှာသူ့ရဲ့ရန်သူတွေကိုအောင်အောင်မြင်မြင် လက်စားချေသွားနိုင်ပါ့မလားဆိုတာကို
ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုလိုက်ကြပါဦး
Thriller
Below Zero (2021)
===============
IMDb Rating – 6.3/10
CM ပရိသတ်ကြီး အကြိုက်တွေ့မယ့် Action, Crime ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။
မာတင်ဟာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာတတ်တဲ့ ရဲတစ်ဦးပါ။ တစ်နေ့ သူပြောင်းတဲ့ ရဲဌာနမှ
ပထမဆုံးတာ တာ၀န်အနေနဲ့ အကျဉ်းသားတွေကို နေရာပြောင်းရွှေ့တဲ့ တာ၀န်ကို ထမ်းဆောင်ရပါတော့
တယ်။ ဒီလိုနဲ့ပဲ မာတင်ဟာ သူအပါအ၀င် နောက်ထပ် ရဲ ၃ ယောက်နဲ့အတူ အကျဉ်းသား ၆ ယောက်ပါတဲ့
အချုပ်ကားကို မောင်းပြီး မြူဆိုင်းတဲ့ ညဘက်မှာ တာ၀န်ထမ်းဆောင်ရပါတော့တယ်။
ဒီလိုနဲ့ မောင်းလာရင်း လမ်းခုလတ်မှာ ကားဘီးကလည်းပေါက် အရံလိုက်လာတဲ့ ရဲနှစ်ယောက်ရဲ့ကားနဲ့လည်း
အဆက်ပြတ်သွားတဲ့အတွက် သူကိုယ်တိုင် မောင်းလာတဲ့ ကားပေါ်က ဆင်းကြည့်တဲ့အခါ ခြုံခိုတိုက်ခိုက်ခံ
နေရပြီဆိုတာ သိလိုက်ရပါတော့တယ်။ အရံပါလာတဲ့ ရဲ ၃ ယောက်ကလည်း ကျ အချုပ်ကားထဲက အကျဉ်း
သား ၆ ယောက်ကလည်း စပြီး ပုန်ကန် အပြင်ကရန်သူတွေက တစ်ဖက်နဲ့ မှောင်မဲပြီး လူသူကင်းတဲ့ လမ်းမပေါ်မှာ
မာတင်တစ်ယောက် ဘယ်လို နှစ်ပါးသွားမလဲဆိုတာကို စိတ်၀င်စားဖွယ် မြင်တွေ့ရမှာဖြစ်ပါတယ်။
မနေ့ကမှ ထွက်ရှိလာတဲ့ Action ကားသစ်ဖြစ်ပြီး IMDb Rating 6.3/10 ရရှိထားတဲ့ ကားကောင်း ကားသစ်
လေးဖြစ်ပါတယ်။
Action, Adventure, Crime
Krack(2021) အညွှန်း
******************
တီလူဂူးဇာတ်ကားလေးတွေကို မျှော်နေကြတဲ့ အိန္ဒိယတောင်ပိုင်းရုပ်ရှင် ပရိတ်သတ်တွေအတွက် မနေ့ကထွက်တဲ့
Ravi Teja နဲ့ Shruti Haasan တို့ရဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။
Krack ဆိုတဲ့အဓိပ္ပါယ်ကိုက သူတို့ဘာသာစကားမှာ “ခေါင်းမာတဲ့သူ”ပါ။
ဒီတော့ ဒီရုပ်ရှင်ထဲက အဓိကဇာတ်ကောင်ဖြစ်တဲ့ ဗီရားရှန်ကာဆိုတဲ့ ရဲအရာရှိဟာ မတရားမှုတွေကို
ကိုင်တွယ်ရာမှာ ကြမ်းတမ်းတယ် ၊ သက်ညှာမှုကင်းမဲ့တယ်။
ဘယ်အရာကိုမှ မကြောက်တတ်ဘဲ လုပ်စရာရှိတာကို ခေါင်းကြောမာမာနဲ့ တဇွတ်ထိုးလုပ်တတ်သူပေါ့။
ဇာတ်လမ်းအစအစမှာ ပြသွားတဲ့ သံတစ်ချောင်း ၊ ၅၀တန် အကြွေတစ်ရွက်နဲ့ သရက်သီးတစ်လုံးဟာ ဗီရားရှန်ကာကိုင်တွယ်ခဲ့တဲ့
ဒိတ်ဒိတ်ကြဲလူဆိုး လူရမ်းကားသုံးယောက်ကို ကိုယ်စားပြုတယ်ဆိုတာ ဇာတ်လမ်းအလယ်လောက်ရောက်မှ နားလည်မယ်။
တစ်ယောက်ချင်းစီကို ကိုယ်တွယ်ပုံဟာ ဒီဇာတ်လမ်းရဲ့ frame ဖြစ်ပြီး ၊
တောင်ပိုင်းရုပ်ရှင်အထွက်နည်းလှတဲ့ အခုလိုအချိန်မျိုးမှာ ရဲကားကောင်းကောင်းကြည့်လိုသူတွေအဖို့
ကျေနပ်ကြလိမ့်မယ်ထင်ပါတယ်။
Action, Thriller
Pirates of the Caribbean: On Stranger Tides(2011)[1080P5.1CH]
((((ဒီဇာတ်ကားတွေက ဘယ်အချိန်ပြန်ကြည့်ကြည့် မရိုးနိုင်တဲ့ စာရင်းထဲပါလေတော့ Pirates of the Caribbean ပရိတ်သတ်တွေအတွက် HEVC,1080P5.1CH,720Pြ ဖင့် ရသမြောက်စွာ
ခံစားနိုင်စေရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်))))
ဂျက်နဲ့ လူမှားပြီး ဂစ်ဘ်ကို ကြိုးပေးမယ့်အရေးမှာ ဝင်ကယ်ပေးလိုက်ရပြီးတဲ့နောက် တစ်ကိုယ်တည်းကောင်းစားနေတဲ့ ဘာဘိုဆာဆီ
ရောက်သွားကြပြန်တယ်။ ဒါပေမယ့် ဂစ်ဘ်ပဲကျန်ခဲ့ပြီး ဂျက်ကတော့ သူ အချစ်ဟောင်း အန်ဂျလီကာကောင်းမှုနဲ့
မုတ်ဆိတ်နက်ဆီရောက်သွားတဲ့နောက် စပိန်တွေက တပန်းသာနေတဲ့ ထာဝရသက်ရှည်ရေပန်းကို ရှာနိုင်ဖို့ စိုင်းပြင်းရပြန်တယ်…
Pirates of the Caribbean On Stranger Tides(2011)
Action, Adventure, Fantasy
Pirates of the Caribbean: At World’s End(2007)[1080p5.1ch]
IMDb…7.1
((((ဒီဇာတ်ကားတွေက ဘယ်အချိန်ပြန်ကြည့်ကြည့် မရိုးနိုင်တဲ့ စာရင်းထဲပါလေတော့ Pirates of the Caribbean ပရိတ်သတ်တွေအတွက် HEVC,1080P5.1CH,720Pြ ဖင့် ရသမြောက်စွာ
ခံစားနိုင်စေရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်))))
သူရဲကောင်းဆန်ဆန်နဲ့ ကရာကန်ကြီး ပါးစပ်ထဲ ဓားတစ်ချောင်းနဲ့ ဝင်ပြီး အားလုံးကို ပေးဆပ်သွားတဲ့နောက်တော့ ဝီလ်တန်နာနဲ့
အဲလိဇဘက်တို့နှစ်ယောက်သား ကပ္ပတိန် ဘာဘိုဆာနဲ့ ပူးပေါင်းပြီး ဂျက်ကို ဒေဗီဂျုန်းဆီကနေ လွတ်အောင် ကယ်ဖို့ ကြိုးစားရတော့တယ်။
ဒါပေမယ့် နှစ်ယောက်မရှိတဲ့ ဂျက်စပဲရိုးက သူ ဘာကောင်လဲဆိုတာကို ဂဏန်းတွေနဲ့ ပုလဲနက်နဲ့ ပြလိုက်တယ်
ဒေဗီဂျုန်းကိုလည်း လော့ဒ် ဘက်ကပ်တ်က ထိန်းချုပ်ထားပြီး ပင်လယ်ပြင်တခွင်တစ်ခုလုံးရဲ့ သင်္ဘောတွေအကုန်ကို
ဖျက်ဆီးခိုင်းတဲ့နောက်တော့ ဝီလ်၊ အဲလိဇဘက်နဲ့ ဘာဘိုဆာတို့နဲ့ အတူ ကပ္ပတိန် ဂျက်စပဲရိုးပါ တိုက်ပွဲထဲ ဝင်ပါလာရတော့တယ်…
Pirates of the Caribbean At World’s End(2007)
Action, Adventure, Fantasy
Space Jam (1996)
===============
မိုက်ကယ်ဂျော်ဒန်ဆိုတဲ့ ဘတ်စ်ကတ်ဘောဘုရင်ဟာ ငယ်စဉ်ကတည်းက ဖခင်ဖြစ်သူလိုမျိုး ဘေ့စ်ဘောကစားသမား ဖြစ်ချင်ခဲ့တာပါ။ သူအရွယ်ရောက်ပြီ ဘတ်စ်ကတ်ဘောအားကစားလောကမှာ အထွဋ်ထိပ်ထိ တက်လှမ်းပြီးသွားတဲ့နောက် ဘတ်စ်ကတ်ဘောလောကကနေ ရုတ်တရက်ရပ်နားပြီး ကလေးဘဝကဆန္ဒကို အကောင်အထည်ဖော်ဖို့ ဘေ့စ်ဘောလောကထဲကို ခြေစုံပစ်ဝင်လိုက်ပါတယ်။
ဘေ့စ်ဘောမှာအဆင်မပြေပေမယ့် ဘတ်စ်ကတ်ဘောဘုရင်ဖြစ်တဲ့သူ့ကို အဖွဲ့သားတွေကအပြစ်မမြင်ပေမယ့် ပရိတ်သတ်တွေနဲ့မီဒီယာကတော့ ကြိတ်မနိုင်ခံမရဖြစ်နေကြတာပေါ့။ ဒီအချိန်မှာ မိုရွန်တောင်ကဂြိုလ်သားတွေက ဝယ်သူတွေကိုဆွဲဆောင်ဖို့ Looney Tunesတစ်ဖွဲ့လုံးကို ဖမ်းဆီးဖို့လွှတ်လိုက်ပါတယ်။ သေးကွေးနှေးကွေးတဲ့ဒီဂြိုလ်သားတွေနဲ့ ဘတ်စ်ကတ်ဘောပြိုင်ဆော့ဖို့စိန်ခေါ်လိုက်ပြီးမှ ဂြိုလ်သားတွေဘာလို့ကြီးထွားကုန်တာလဲ။ သူတို့တွေကမိုက်ကယ်ကိုအကူအညီတောင်းတဲ့အခါ ဘေ့စ်ဘောကစားသမားဖြစ်နေတဲ့သူကရော ကူညီပါ့မလား။ Looney Tunesတစ်ဖွဲ့လုံးနဲ့အတူတူ မိုက်ကယ်ပါ ဂြိုလ်သားတွေရဲ့ အကျဉ်းသားဘဝရောက်သွားမလားဆိုတာကိုတော့… နာမည်ကျော်မိုက်ကယ်ဂျော်ဒန်ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားပြီး IMDb 6.4 ရထားတဲ့ ဒီကာတွန်းလေးက ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရွှင်မြူးစေမှာဖြစ်လို့ ကြည့်ရှုဖို့လက်တို့လိုက်ရပါတယ်။
Adventure, Animation, Comedy, Family, Science Fiction
Experimenter (2015)
ဒီကားက
ကျွန်တော်တို့ဟာ တစ်ခါတစ်ရံမှာ ကြိုးတွေကို တွေ့ကောင်းတွေ့နိုင်ပေမယ့်
သတိပြုမိတဲ့စိတ် ကသာလျှင် ကျွန်တော်တို့အတွက် လွတ်မြောက်ခြင်းရဲ့ ဦးဆုံးခြေလှမ်း ဖြစ်ရမှာပါ။”
IMDb – 6.6/10 ရရှိထားတဲ့ ကားကောင်းတစ်ကား ဖြစ်တာမို့ ကြည့်ရှုစေချင်ပါတယ်။
ဆု ၂ ဆု နဲ့ တစ်ကြို ၅ ကြိမ် ဝင်ခဲ့တဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။
Los Angeles Film Festival 2015 နဲ့ Political Film Society, USA 2015
တို့မှာ ဆု ရရှိခဲ့ပြီးတော့
တော့ နိုင်ငံရေးနဲ့ နှီးနွယ်တဲ့ စိတ်ပညာကို လေ့လာချင်တဲ့လူတွေ စိတ်ဝင်စားမယ့် ဇာတ်ကားကောင်းတစ်ကားပါပဲ။
တကယ့်အဖြစ်အပျက်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။
လူမှု စိတ်ပညာရှင် စတန်လေ မီလ်ဂရမ် ရဲ့ ၁၉၆၁ မီလ်ဂရမ် စမ်းသပ်ချက်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။
ဒီစမ်းသပ်ချက်ကတော့ လူတွေရဲ့နာခံမှု(Obedience) ကို စမ်းသပ်ချက်ပဲ ဖြစ်ပါတယ်။
လူစိမ်းနှစ်ယောက်ကို ခေါ်ပြီး တစ်ဘက်က သင်ယူသူ တစ်ဘက်က သင်ကြားသူအနေနဲ့ ထားပြီးတော့
မှားရင် လျှပ်စစ်ရှော့တိုက်တဲ့နည်းနဲ့ နာခံမှု ဘယ်လောက်ရှိတယ်ဆိုတာကို စမ်းသပ်တာပဲ ဖြစ်ပါတယ်။
ဒီတော့ ကျွန်တော်တို့ Obedience ကို သိပ္ပံနည်းကျကျ အချက်အလက်တွေနဲ့ လေ့လာကြည့်ရအောင်။
ကောင်းတာတစ်ခုကတော့ ဒါက ဇာတ်လမ်းသဘောဖြစ်နေတဲ့အတွက် လုံးဝ ပျင်းအိုင်သွားခြင်း မရှိတာပါပဲ။
မီလ်ဂရမ် ဟာ အခြားစမ်းသပ်ချက်တွေဖြစ်တဲ့ Small World Experiment နဲ့ Lost letter experiment တို့ကိုလည်း လုပ်ခဲ့ပါသေးတယ်။
“ကျွန်တော်တို့က ရုပ်သေးရုပ်တွေလို့ ခင်ဗျား ဆိုလို့ ရပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ဟာ အသိဉာဏ် နဲ့ သိတတ်နားလည်မှုတွေပါ ပါဝင်တဲ့ ရုပ်သေးရုပ်တွေပါလို့ ကျွန်တော်ကတော့ လက်ခံယုံကြည်ထားပါတယ်။
Biography, Drama, History
ဇာတ်လမ်းအကျဉ်း
ဒီဇာတ်ကားလေးကတော Song Joong Ki ရဲ့ ၂၀၂၁ ကမှအသစ်စက်စက်ထွက်ရှိထားတဲ့ Sci-Fic ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်
အနာဂတ်ကမ္ဘာကိုစိတ်ကူးယဉ်ပုံဖော်ထားတာဖြစ်လို့စိတ်ဝင်စားဖို့ကောင်းပြီး Setting ချပုံကအစထူးခြားတဲ့ကားလေးဖြစ်ပါတယ်
ကင်ထယ်ဟို (Song Join Ki) ဟာတစ်ချိန်တုန်းကအာကာသစောင့်ကြပ်သူတွေရဲ့ ကွန်မန်ဒါခေါင်းဆောင်ဖြစ်ခဲ့ပေမယ့်
အကြောင်းအမျိုးမျိုးကြောင့် လက်ရှိမှာတော့ရာထူးကချခံလိုက်ရပြီးအာကာသထဲလွင့်စင်သွားတဲ့
မွေးစားသမီးလေးကိုလိုက်ရှာနေတဲ့ဆင်းရဲသားတစ်ယောက်ဖြစ်နေပါတယ်
တစ်နေ့မှာတော့ ပေါက်ကွဲနိုင်တယ်လို့ကြေငြာထားတဲ့ နာနိုဘော့နည်းပညာသုံးကလေးပုံစံစက်ရုပ်လေးဟာ
ထယ်ဟိုဆီကိုရောက်လာပါတယ်ပိုက်ဆံလိုနေတဲ့ထယ်ဟိုကတော့ စက်ရုပ်ကိုအသုံးချပြီးငွေရအောင်
်ကြိုးစားပါတော့တယ် ဒါပေမယ့်စက်ရုပ်လို့ထင်ထားခဲ့တဲ့ကလေးလေးဟာလူသားတစ်ယောက်ဖြစ်နေတဲ့အခါမှာတော့
ထယ်ဟိုတစ်ယောက်ဘယ်လိုဆက်လုပ်သွားမလဲ
ကလေးမလေးနောက်ကွယ်မှာရောဘယ်လိုလျှို့ ဝှက်ချက်တွေရှိနေတာလဲဆိုတာကို
ဇာတ်လမ်းထဲမှာဆက်လက်ရှုစားလိုက်ကြပါဦး
Action, Adventure, Drama
ဒီတစ်ခေါက် Netflix မှာအသစ်ထွက်ရှိလာတဲ့ တရုတ်သိုင်းကားဆန်ဆန်ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးချင်ပါတယ်
ဒီဇာတ်ကားက တရုတ်ပြည်ကမိုဘိုင်းဂိမ်းတစ်ခုကိုအခြေခံပြီးရိုက်ကူးထားတာလို့လည်းသိရှိရပါတယ်
effectတွေလည်းကောင်းကောင်းသုံးထားပြီးတော့ ကြည့်ရတာ တကယ်မိုက်မယ့်ဇာတ်ကားကောင်းတစ်ကားပါ
ဇာတ်လမ်းအကျဉ်းချုပ်ကတော့ မကောင်းဆိုးဝါးမြွေဆိုးကိုနှိမ်နင်းဖို့အတွက် ကျင်မင်ဆိုတဲ့ဘုန်းတော်ကြီးက မြို့တော်ကိုလာခဲ့ပါတယ်
မြွေဆိုးရဲ့အရိပ်တွေက ခဏခဏ လူတွေကြားထဲကိုထွက်လာလေ့ရှိပါတယ်
တကယ့်ခန္ဓာကိုယ်အစစ်ကတော့ ဘုရင်မကြီးရဲ့ခန္ဓာကိုယ်ထဲမှာ ထိန်းသိမ်းထားတာပါ
ဒီလိုအန္တရာယ်ကျရောက်လာပြီဆိုရင် ဂိုဏ်းကြီးလေးဂိုဏ်းကဆရာလေးဆူ စုပြီးတော့ မြွေဆိုးကိုနှိမ်နင်းရပါတယ်
ဒါပေမယ့် ဒီတစ်ခေါက်မှာတော့ မြွေဆိုးရဲ့ခန္ဓာကိုယ်အစစ်ထွက်လာတော့မှာပါ
ဒါကို ဆရာတွေဘယ်လိုကာကွယ်ကြမလဲဆိုတာ ရင်ခုန်ဖွယ်ကြည့်ရူရမယ့် ဇာတ်ကားကောင်းတစ်ကားပါ
တရုတ်သိုင်းကားတွေနှစ်သက်သူအတွက်တော့ ကြည့်သင့်တဲ့ကားကောင်းတစ်ကားဖြစ်လို့ ညွှန်းပေးလိုက်ရပါတယ်
The Yin Yang Master Dream of Eternity (2021)
Action, Drama, Fantasy
Agent Revelation 2021 ကတော့ Action/Sci-fic/Thriller ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ IMDb rating ကတော့ 6.2/10 ရထားပါတယ် ။
ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် ကင်နီယန်းလို့ခေါ်တဲ့ ဂြိုဟ်သားမျိုးနွယ်ဟာလူသားတွေကို အက်ရှ်(Ash) ဆိုတဲ့စွမ်းအင်တစ်မျိုးကိုအသုံးချပြီးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကထိန်းချုပ်လာခဲ့တာပါ၊၊ ဒါပေမဲ့ လူသားတွေရဲ့ လောဘကို သဘောပေါက်သွားတဲ့ ဂြိုလ်သားတွေဟာ အက်ရှ်စွမ်းအင်ကို မသုံးပဲ လောဘတရားတွေနဲ့သာ လူသားတွေကို ထိန်းချုပ်ခဲ့ပါတယ်။ ကမ္ဘာပေါ်က အက်ရှ်စွမ်းအင်သွေးနှောသူတွေကိုအကုန်ရှင်းခဲ့ကြပါတယ်။ မတော်တဆဖြစ်ရပ်တစ်ခုကြောင့် ကမ္ဘာပေါ်မှာဖွက်ထားတဲ့ အက်ရှ် စွမ်းအင်တွေထွက်လာပြီးတော့
ဂျင်မ်တို့သူငယ်ချင်းတွေကိုထိန်းချုပ်ခံလိုက်ရတယ်၊၊ အက်ရှ်ကြောင့် သူ့ငယ်ချင်းတွေကို ဆုံးရှံးခဲ့ရတဲ့ ဂျင်မ် ဟာ သူကိုယ်တိုင်တော့ အက်ရှ်ကြောင့် ဘာမှမဖြစ်ခဲ့ပါဘူး ။ အက်ရှ်ရဲ့စွမ်းအင်တွေဟာ သူ့ကိုယ်ထဲစီးဝင်ပြီး သူ့အသွေးအသားနဲ့ တစ်သားထဲ ဖြစ်ပြီး ဂျင်မ်ဟာစွမ်းအားတွေပိုင်ဆိုင်လာခဲ့ပါတယ်။
ကမ္ဘာပေါ်ကိုဂြိုဟ်သားတွေ ကြီးစိုးထိန်းချုပ်လာမှာကိုကာကွယ်နေတဲ့လျို့ဝှက်အဖွဲ့အစည်းကတော့ ဂျင်မ် ကဘာကြောင့် အက်ရှ်ရဲ့ ထိန်းချုပ်ခြင်းမခံရတာလဲဆိုတာကိုစမ်းသပ်ရှာဖွေရင်းနဲ့ ဘာတွေ ဘယ်လိုတွေဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။
Action, Science Fiction, Thriller
ဒီတစ်ခေါက်တင်ဆက်ပေးချင်တဲ့ဇာတ်ကားကတော့ အင်ဒိုနီးရှားဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်နော်
အင်ဒိုနီးရှားနိုင်ငံမှာ သိုင်းအားကစားတစ်ခုရှိပါတယ် လုံချည်တစ်ကွင်းထဲမှာလူနှစ်ယောက်ဝင်ပြီး
သိုင်းချတဲ့ ဆာရွန်သိုင်းချနည်းလို့ခေါ်တဲ့အားကစားတစ်ခုပါ ဒီကားမှာတော့ သိုင်းအားကစားနည်းကိုအခြေခံပြီး
ရိုက်ကူးထားတဲ့ဇာတ်ကားကောင်းပါ
ဇာတ်လမ်းကတော့ ဒန်နီက ဂျာကာတာက ဆိုးသွမ်းတဲ့သူဌေးသားတစ်ယောက်ပါ
သူ့အမေက သူ့ကိုလိမ္မာလာအောင် မာကာစတာမြို့ကိုပို့လိုက်ပါတယ်
ဆာရွန်သိုင်းအားကစားက အဲဒီမြို့မှာပိုပြီးတော့ထင်ရှားနေတဲ့အချိန်ပေါ့ ဒန်နီက တန်ရီဆိုတဲ့ကောင်မလေးနဲ့တွေ့ခဲ့ပြီး
တန်ရီကိုတော့ ဆာရွန်သိုင်းချန်ပီယံတစ်ယောက်က အတင်းလိုက်ကြိုက်နေတာပါ
ဒီလိုနဲ့ ဒန်နီနဲ့ ဆာရွန်သိုင်းချန်ပီယံတို့ ပြဿနာတတ်ကြပါတော့တယ် ဒါကြောင့် ဒန်နီက ဆာရွန်သိုင်းသင်ပါတော့တယ်
ဘယ်လိုတွေဆက်ဖြစ်ကြမလဲကတော့ ဆက်ကြည့်လိုက်ကြပါတော့…………………
အရင်တုန်းက ကရာတေးဇာတ်ကားကောင်းတွေကြိုက်နှစ်ခြိုက်သူတွေ
ဒီဇာတ်ကားလေးကိုလည်း ကြိုက်မယ်လို့မျှော်လင့်တာမို့ ကြည့်သင့်တဲ့ကားလေးအဖြစ် ညွှန်းပေးလိုက်ရပါတယ်
Action, Adventure, Drama
ဒီဇာတ်ကားကတော့ လူငယ်တွေ ငယ်တုန်းမှာ လမ်းမှားရောက်တတ်ကြောင်းကို
ပညာပေးရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်
၂၀၁၂ကထွက်ခဲ့တာဖြစ်ပြီး ဟောင်းပေမယ့်ကောင်းသေးတဲ့ဇာတ်ကားတစ်ကားလို့ပြောလို့ရပါတယ်
ဇာတ်လမ်းအကျဉ်းချုပ်ကတော့ ကျင်ဟွာဆိုတဲ့ ၁၇နှစ်အရွယ်ကောင်လေးက မဟုတ်မခံစိတ်ဓာတ်ရှိပြီး
ရန်ပွဲတွေမှာလည်းဝင်ပါလေ့ရှိပါတယ် တစ်နေ့ လူရိုက်မိပြီး လူငယ်ထိန်းသိမ်းရေးကျောင်းကို ၆လသွားနေခဲ့ရပါသေးတယ်
ပြန်ထွက်လာတော့ သူ့အမေက သူ့ကိုဘဝသစ်စစေချင်ပါတယ် ဒီလိုဘဝသစ်စဖို့ကြိုးစားမယ်ဆိုပြီး
သူက စာမေးပွဲပြန်ဖြေဖို့လုပ်ပါတော့တယ် ဒါပေမယ့် အပေါင်းအသင်းကြောင့်မို့လို့ ဂိုဏ်းတစ်ခုထဲကို ဝင်မိသွားပါတယ်
ထို့နောက် သူ့ရဲ့ဘဝသစ်စမယ့်အစီအစဉ်က မအောင်မြင်ခဲ့ဘူးဆိုပါတော့
သူဘယ်လိုပြဿနာတွေကြားထဲကိုရောက်သွားမယ်ဆိုတာ
ပညာပေးရိုက်ကူးထားတဲ့ကားကောင်းလေးဖြစ်လို့ ညွှန်ပေးလိုက်ရပါတယ်
drama အမျိုးအစားဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်
Action, Crime
ဒီတစ်ခါတော့ IMDb rating 7.1/10အထိရရှိထားတဲ့ Crime, Dramaအမျိုးအစား ရုပ်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဇာတ်လမ်းအကျဥ်းကတော့ ဂျိုဝီဆိုတဲ့ ကြေးစားလူသတ်သမားတစ်ယောက်ဟာ လူသတ်တဲ့နေရာမှာ လက်ယဥ်ပြီးကျွမ်းကျင်ပါတယ်။ တစ်နေ့မှာတော့ သူ့ကိုအပ်ထားတဲ့ အလုပ်တစ်ခုကိုကိုင်တွယ်နေတုန်း သူလူသတ်လိုက်တာကို သေဆုံးသူရဲ့လက်ထောက်ဖြစ်သူကောင်မလေး မြင်သွားပါတယ်။ သူကလည်း မလှုပ်ရှားခင်ကတည်းက ပစ်မှတ်အခြေအနေကိုလေ့လာရင်း အဲဒီကောင်မလေးကိုမြင်မြင်ချင်း ကြွေမိနေတာပါ။ ပုံမှန်ဆိုရင် မျက်မြင်သက်သေကိုပါ လက်စဖျောက်ရမှာဆိုပေမဲ့ သူ့ခံစားချက်ကိုမထိန်းချုပ်နိုင်တဲ့ ဂျိုဝီတစ်ယောက် ကောင်မလေးကိုဖမ်းပြီး သူ့အိမ်ခေါ်လာပါတယ်။ ပြီးတော့ သူ့အိမ်မှာဘဲမသတ်ရက်လို့ ဆက်ဖမ်းထားပါတယ်။
လူသတ်သမားနဲ့ မျက်မြင်သက်သေကြားက ထူးခြားတဲ့အချစ်ပုံစံကရော ဘယ်လိုဖြစ်မလဲ။ သာမန်အချစ်ဇာတ်လမ်းနဲ့ ထူးထူးခြားခြားကွဲပြားနေပြီးတော့ သူတို့ကြားကဆက်ဆံရေးက ညင်သာမှုတွေ၊ မယုံကြည်မှုတွေနဲ့ပြည့်နှက်နေပြီး သူတို့ဘဝတွေကို ဘယ်လိုပုံစံရိုက်ခတ်သွားမလဲ။ ဇာတ်လမ်းလေးက အလောတကြီးမဟုတ်ဘဲ ပုံမှန်လေးဇာတ်ရှိန်တက်သွားပြီး အဝေးကြီးထိကြိုမမြင်နိုင်တဲ့ လှည့်ကွက်လေးတွေနဲ့ရိုက်ကူးထားတာကြောင့် ကြည့်လို့ကောင်းတဲ့ကားလေးပါပဲ။
Crime
ဒီဇာတ်ကားကတော့ ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ အိန္ဒိယအက်ရှင်ကားတစ်ကားဖြစ်ပါတယ်။
မင်းသား အာဂျေးလ်ဒေ့ဂမ်၊ အနီးလ်ကပူးရ်၊ မင်းသမီးကန်ဂနာရာနွတ်တို့ ပါဝင်သရုပ်ဆောင်ထားပါတဲ့
ရထား ဗုံးထောင်ပြီး ခြိမ်းခြောက်ငွေတောင်းတဲ့ ကားလေးပါ။
မင်းသားအာဂျေးလ်က အိန္ဒိယကနေ လန်ဒန်ကို အလုပ်လာလုပ်တဲ့အင်ဂျင်နီယာတစ်ယောက်ပါ..
ဘဝတူရွေ့ပြောင်းလုပ်သားတွေရဲ့ဘဝကို ကူညီကယ်ဆယ်ဖို့ ကြိုးစားရင်း.. သူကိုယ်တိုင်လည်း အဖမ်းခံ.. နှင်ထုတ်ခံခဲ့ရပါတယ်။
ချစ်ရတဲ့ မိသားစုကို လန်ဒန်မှာထားရစ်ခဲ့ရပြီး တစ်ကွဲတစ်ပြားဖြစ်ခဲ့ရတဲ့အတွက် လက်စားချေဖို့
လန်ဒန်ကိုရအောင် ပြန်လာခဲ့ပါတယ်။ ပြီးတော့ ရထားပေါ်မှာ ဗုံးထောင်ပြီး ခြိမ်းခြောက်ငွေတောင်းခံမှုတွေ
လုပ်ခဲ့ရာက ဒီဇာတ်လမ်း ဖြစ်ပေါ်လာခဲ့တာပါ။
တောင်းတဲ့ငွေတွေ ရမှာလား.. ခရီးသည်တွေရဲ့ အသက်အန္တရာယ်က
ဘယ်လို ကယ်ထုတ်မှာလဲ စိတ်ဝင်စားဖွယ်၊ ကြည့်ရှုအားပေးလိုက်ပါဦး
Action, bollywood, Crime, Drama
Palmer (2021)
============
IMDb Rating – 7.3/10
ဇာတ်ကားအကျဉ်းပြောရမယ်ဆိုရင်တော့ ထောင်ထွက်တစ်ဦးနဲ့ အိမ်တွင်းရေးအဆင်မပြေတဲ့ ကလေးတစ်ယောက်
ရဲ့အကြောင်းပေါ့။ ပါးလ်မာ က ထောင်ထဲ (၁၂)ကျော်နေခဲ့ပြီးမှ ခံဝန်နဲ့လွတ်လာသူဖြစ်ပြီး သူ့အဖွားအိမ်၊ သူ့ဇာတိမြို့မှာပဲ
ပြန်လာနေခဲ့တယ်။ ဆမ် ဆိုတာကတော့ ပါးလ်မာရဲ့အိမ်ဘေးမှာနေတဲ့ ကလေး။ ဆမ့်အမေက ဆေးသမား၊ ပထွေးဖြစ်သူ
ကလဲ အချိုးမပြေ။ မိသားစုအခြေအနေလုံးဝမကောင်းတဲ့ ကလေးတစ်ယောက်။ ထောင်ထွက် ပါးလ်မာနဲ့ အိမ်တွင်းရေး
အဆင်မပြေတဲ့ ဆမ် တို့နှစ်ယောက်ရဲ့အကြောင်းကို ခပ်ငြိမ့်ငြိမ့်လေးနဲ့ တင်ဆက်သွားတဲ့ Drama ဇာတ်ကားကောင်းလေး
တစ်ကားဖြစ်ပါတယ်။ ဒီလို Drama ကားမျိုးကြည့်ရတာ စိတ်ထဲအတော်လေး ကျေနပ်သွားမိတယ်။ IMDB rating (7.3/10)
၊ Rotten Tomato ကလည်း (74 %) ဆိုတဲ့အတွက်ကြောင့် ဇာတ်ကားကောင်းဖြစ်မယ်ဆိုတာတော့ ပြောစရာလိုမယ်မထင်ပါဘူး။
ပါးလ်မာ အဖြစ် သရုပ်ဆောင်ထားသူကတော့ အဆိုတော်/သရုပ်ဆောင် Justin Timberlake ပဲဖြစ်ပါတယ်။
Drama
ဒီတစ်ခါ comedy-drama ဇာတ်ကားအမျိုးအစားလေးကိုတင်ဆက်ပေးချင်ပါတယ် တကယ်ရယ်ရမဲ့ဇာတ်ကားကောင်းလေးပါနော်
ရုံကြီးကားတစ်ကားဖြစ်ပြီး ဟောင်ကောင်ရုပ်ရှင်ဆုပေးပွဲမှာလည်း ဇကာတင်ဝင်ခဲ့တဲ့ ဇာတ်ကားကောင်းလေးပါ
လတ်တလောမှာလဲ ထိုင်းကနေပြန် remark ရိုက်ထားတဲ့ My God! Father (2020)ရဲ့မူရင်းဇာတ်ကားလေးပါ
နောက်ခံတီးလုံးကလည်းကောင်း သရုပ်ဆောင်တွေကလည်း Eddie Peng (Operation Mekong) , Deng Chao (The Mermaid 2016),
Zanilia Zhao (လတ်တလောပြိးထားတဲ့ ဇာတ်လမ်းတွဲ Legend of fei) တို့တွေဆိုတော့ ထွေထွေထူးထူးပြောစရာလိုမယ်မထင်ပါဘူး
ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် လန်က ကားမောင်းချန်ပီယံတစ်ယောက်ပါ
တစ်နေ့သူ့အဖေနဲ့ ကားအတူတူမောင်းနေရင်း မတော်တဆမှုဖြစ်ခဲ့ပါတယ်
အဲဒီအချိန်မှာ သူက အချိန်နောက်ပြန် ခရီးသွားပြီး သူ့အဖေရဲ့ငယ်ဘဝကိုရောက်သွားပါတော့တယ်
လန်က အစက သူအဖေနဲ့အဆင်မပြေပါဘူး ဒါပေမယ့် သူ့အဖေငယ်ဘဝကိုပြန်ရောက်တဲ့အခါ
သားအဖ နှစ်ယောက်က သူငယ်ချင်းဖြစ်လာပါတော့တယ်
သားအဖနှစ်ယောက်ကြားကသံယောဇဉ်တွေအကြောင်းကို
ကြည့်ရမယ့် dramaကားကောင်းကောင်းလေးပဲဖြစ်လို့ ညွှန်းပေးလိုက်ရပါတယ်
Comedy, Drama, Fantasy
My Missing Valentine (2020)
****************************
ဒိတ်ပျောက်တယ် ဆိုတဲ့ စကားကို လူငယ်တွေ အရမ်းပြောလေ့ရှိပါတယ်
ဒါပေမယ့် တကယ် ဒိတ်ပျောက်သွားတဲ့လူတွေရှိပါ့မလား
ဒီဇာတ်လမ်းထဲက ကောင်မလေးကတော့ တကယ်ဒိတ်ပျောက်သွားခဲ့ပါတယ်
အရာရာကို မြန်မြန်ဆန်ဆန်လုပ်တတ်တဲ့ကောင်မလေးတစ်ယောက်
ခရာမတွတ်ခင် ပြေးတတ်တဲ့ သူများတွေထက် ရှေ့ကိုတစ်လှမ်းကြိုပြင်ဆင်တတ်သူလေးတစ်ယောက်ရှိသတဲ့။
ကမ္ဘာလောကကြီးနဲ့အဆက်သွယ်ပြတ်နေတဲ့သူတစ်ယောက်
အသက်ကလဲ ၃၀ နားကပ်နေပြီး အချစ်ရေးနဲ့ပါတ်သက်လို့ မူးလို့တောင်မရှုဖူးတဲ့သူမအနားကို
ခပ်ချောချောကောင်လေးတစ်ယောက်က ရောက်လာခဲ့ပါတယ်။
အဲ့ကောင်လေးနဲ့ ချစ်သူများနေ့မှာ အတူဖြတ်သန်းဖို့ စိတ်ကူးယဉ်
အပျော်တွေလွန်ပြီး အိပ်သွားခဲ့ပေမဲ့ နောက်တစ်နေ့ သူအိပ်ရာနိုးလာချိန်မှာတော့
သူ့ရဲ့ချစ်သူများနေ့ဟာ သူ့မှတ်ဉာဏ်ထဲကနေ ထူးဆန်းအံ့သြဖွယ်ရာ
ပျောက်ဆုံးနေခဲ့တာသိလိုက်ရပါတယ်။
သူ့ရဲ့ဘဝမှာ အပြောင်းလဲကြီးတစ်ခုလို့ဆိုရလောက်တဲ့နေ့တစ်နေ့ဟာ
ဘာလို့ပျောက်ဆုံးသွားရတာလဲ အဖြေရှာပါတော့တယ်။
ဘာကြောင့် နေ့ရက်တစ်ရက် ပျောက်ဆုံးသွားရတာလဲ
ပျောက်ဆုံးသွားတဲ့နေ့ရက်ကို ဘယ်လိုပြန်ရှာမလဲ
“ကိုယ့်ကိုယ်ချစ်ပါ တစ်နေရာမှာတော့
သင့်ကိုချစ်တဲ့သူတစ်ယောက်ရှိနေပါတယ်”
IMDb rating 7.4 ရရှိထားပြီး Golden Horse Film Festival တစ်ခုတည်းမှာတင်
Winner 5 ဆုရရှိပြီး Nomi 6 ဆု ၀င်ခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားလဲဖြစ်ပါတယ်။
Comedy, Drama, Mystery
ကျွန်တော်တို့ငယ်ငယ်တုန်းက လမ်းတစ်လမ်းဖောက်ဖို့ အဆောက်အဦပြောင်းဖို့
သင်္ချိုင်းရွေ့တယ်တို့ သင်္ချိုင်းပြောင်းတယ်တို့
ခဏခဏကြားဖူးကြတယ်မလား
ခွင့်တောင်းပြီးရွေ့ရတဲ့အခါ ကားထဲခေါ်တင်ပြီး
ပြောင်းရွေ့ပေးရတာတွေလေ
အခုလည်း ရှိချင်ရှိမှာပါ ဒါပေမယ့်ငယ်ငယ်တုန်းကတော့
ဒီလိုပြောင်းရွေ့မှုရဲ့ နောက်ဆက်တွဲဇာတ်လမ်းတွေကြားရတာနဲ့တင်
ကြက်သီးမွှေးညှင်းတွေ ထခဲ့ကြရတာပေါ့ဗျာ
ခေတ်ကာလတွေကူးပြောင်းလာတော့ ဒီခေတ်ကြီးထဲမယ်
သရဲတစ္ဆေတွေနဲ့ ပက်သက်ပြီး ကျွန်တော်တို့ငယ်ငယ်တုန်းကလောက်
အစွဲအလမ်းမရှိကြတော့တာကတော့ သေချာတယ်ဗျ
ဒါပေမယ့် သုသာန်မြေကိုတစ်ခုခုလုပ်ဖို့ဖယ်ရှားရတဲ့အချိန်မှာတော့
ရှေးဟောင်းအယူအဆတွေက မပစ်ပယ်ကောင်းပါဘူး
ရှေးထုံးလည်းမပယ်နဲ့ ဈေးသုံးလည်း မကြွယ်နဲ့ဆိုတဲ့ စကားတောင်ရှိသေးတယ်မို့လား
ဒီဇာတ်ကားက ကျွန်တော်အပေါ်ကပြောထားသလိုပဲ
သုသာန်မြေကိုမှ ခွင့်မတောင်းဘဲ
ပိုင်နက်ကျူးလွန်မိတဲ့အခါ ဖြစ်လာတဲ့နောက်ဆက်တွဲပြသနာပေါ့ဗျာ
ဇာတ်လမ်းက နည်းနည်းတော့ drama,thriller အမျိုးအစားဆိုပေမယ့် ဟာသဘက်လည်းနည်းနည်းရောက်တယ်ဗျ
ချစ်သူနှစ်ဦးအပြင် အကြောင်းကြောင်းကြောင့်
တစ်နေရာထဲလာဆုံကြရမယ့်လူတွေရဲ့
ကံကြမ္မာအလှည့်အပြောင်းကို ကြည့်ရမှာ
Tamil thriller ငတ်နေတဲ့သူတွေအဖို့တော့
သိပ်မဆိုးလှတဲ့ ဇာတ်ကားလို့ပြောပါရစေ
Horror, Thriller
Haymaker (2021)
=============
IMDb Rating – 4.0/10
ပြိုင်ပွဲတစ်ပွဲမှာရှုံးနိမ့်ပြီးတဲ့နောက်ပိုင်း အနားယူသွားခဲ့တဲ့မွေထိုင်းဖိုက်တာနစ်တစ်ယောက်
transgenderမလေး နော်မီကို စော်ကားဖို့လုပ်တဲ့လူကို ထိုးကြိတ်ဆုံးမခဲ့ရာကနေဇာတ်လမ်း
စတာပဲ။ အဲ့ဒီမှာပဲ နော်မီက နစ်ခ်ကိုကိုယ်ရံတော်အနေ နဲ့အလုပ်ခန့်လိုက်ပြီး သူ့ဖျော်ဖြေပွဲတွေ
နောက်ကိုခေါ်သွားတာပေါ့။ နော်မီကလည်းအဆိုတော်ဆိုပေမဲ့ စပွန်ဆာတွေနဲ့ အရက်သောက်လိုက်
စကားပြောလိုက်လုပ်ပြီး အဆိုတော်အဖြစ်နဲ့ရပ်တည်နေရတဲ့လူ…………နစ်ခ်ကျတော့ ပြိုင်ပွဲမှာ
ရှုံးပြီး နောက်ပိုင်း ကြိုးဝိုင်းထဲကိုပြန်ဝင်ဖို့မဝံ့ရဲတော့တဲ့လူ…………ဒီလိုလူနှစ်ယောက်ဆုံစည်းပြီးတဲ့
နောက်ပိုင်းမှာ ဘာတွေ ဖြစ်လာမှာလဲဆိုတော့ကိုတော့ စိတ်ဝင်တစားကြည့်ရှုရမှာပါ။
Action, Drama
Killer Shark (2021)
“ကိုယ်…မင်းကိုအရမ်းချစ်တယ်
ဒီလိုပြောပြီး ကျွန်မကို ကျောခိုင်းသွားခဲ့တဲ့ရှင့်ကို ကျွန်မမုန်းတယ်…..
ပင်လယ်ကြီးရေ..ရှင်ဟာ စိတ်ပျက်စရာကောင်းလွန်းလှသလို နှစ်သက်စရာလည်းကောင်းပါတယ်
လူကို အံ့ဩစေနိုင်တဲ့ အစွမ်းတွေရှိတဲ့ သဘာဝကြီးတစ်ခုပေါ့…
ဒါပေမဲ့…. ကျွန်မတော့ ရှင့်ကိုမုန်းပါတယ်”
ပရိသတ်ကြီးအတွက် ဒီတစ်ခါတော့ အချိန်တစ်နာရီလောက် မထတမ်းကြည့်လို့ကောင်းမယ့် ကားလေးနဲ့ မိတ်ဆက်ပေးပါမယ် ။ ပိုစတာကိုကြည့်တာနဲ့ သောင်းကျန်းတော့မယ့် ငါးမန်းမှန်း သိပြီးသားဖြစ်မှာပါ ။ ဒါပေမဲ့ ပရိသတ်ကြီးမသိသေးတာက ဒီကားလေးထဲမှာ သံယောဇဉ်တွေ ၊ လူတွေရဲ့စိတ်နေသဘောထားတွေ ပြီးတော့ အရမ်းမိုက်တဲ့ ကွန်ပျူတာအဖက် တွေပါဝင်နေတယ်ဆိုတာပါပဲ ။
လူငယ်လေးတစ်စု အားလပ်ရက်မှာ ပင်လယ်ဘက်ကို အပန်းဖြေခရီးထွက်လာကြပါတယ် ။ ဘာပြသာနာမှမရှိပေမယ့် အုပ်စုထဲက စုံတွဲတစ်တွဲရဲ့ အချစ်စမ်းမှုတွေကြောင့် စီးလာတဲ့ သင်္ဘောက ကျောက်ဆောင်နဲ့ တိုက်မိသွားပါတယ် ။ ဇာတ်လမ်းက အဲ့ကစတာပေါ့နော် ။
ပင်လယ်ပြင်ကြီးထဲမှာ ကယ်မယ့်သူမရှိတုန်း တစ်ခုတည်းသော လုပ်စရာရှိတာက ကျွန်းငယ်လေးတစ်ခုဆီ လက်ပစ်ကူးသွားဖို့ပါ ။ အဲ့တော့ ဒီသူငယ်ချင်းတစ်သိုက် ကျွန်းငယ်လေးဆီရောက်အောင်ကူးနိုင်ပြီး ဘယ်နှစ်ယောက်များ ဇာတ်လမ်းအဆုံးမှာ အသက်ရှင်ကျန်မလဲ ကြည့်လိုက်ရအောင်နော်။
Asian, Thriller
Baby Done (2020)
==============
IMDb Rating – 6.2/10
ဘဝမှာ မိဘတစ်ယောက်ဖြစ်ဖို့ စိတ်ရောကိုယ်ပါ အစအစအရာရာ ပြင်ဆင်ကြရပါတယ်။
ဒီကားမှာတော့ ဇိုဝီဆိုတဲ့ကောင်မလေးက သူ့ကောင်လေး တင်မ်နဲ့ မထင်မှတ်ဘဲ ကိုယ်ဝန်
ရသွားပါတော့တယ်။ လွတ်လွတ်လပ်လပ်နဲ့ ဘဝကို စွန့်စွန့်စားစား ဖြတ်သန်းရတာကိ ကြိုက်တဲ့
သစ်ပင်တက်သမား ဇိုဝီတစ်ယောက်အဖို့ မထင်မှတ်ဘဲ ကိုယ်ဝန်ရသွားတာသိလိုက်ရတဲ့အချိန်
အကြီးအကျယ်ကို ရှော့ခ်ရသွားပါတော့တယ်။ ဇိုဝီကောင်လေး တင်မ်ကတော့ ကိုယ်ဝန်ရှိတာ
သိသွားတဲ့ အချိန်ကစပြီး ဖခင်ကောင်းတစ်ယောက်ဖြစ်ဖို့နဲ့ ဇိုဝီကို ဂရုစိုက်ဖို့အတွက် အစွန်းကုန်
ကြိုးစားပါတော့တယ်။ ဇိုဝီရဲ့ ဆန္ဒအရ သူတို့နှစ်ယောက်က ကလေးမမွေးခင်မှာ လုပ်ချင်တဲ့အရာ
တွေကို စပြီးချရေးပါတော့တယ်……သူတို့ကလေးမမွေးခင် သူတို့ဆန္ဒတွေ ပြီးမြောက်သွားမလား၊
မထင်မှတ်ဘဲ ကိုယ်ဝန်ရသွားတဲ့ ဇိုဝီတစ်ယောက် ဘယ်လိုကလေးမွေးဖို့ ရင်ဆိုင်မလဲဆိုတာကို
comedy ဆန်ဆန် ကြည့်ရှူရမှာဖြစ်ပါတယ်။
Comedy
ဒီဇာတ်ကားကတော့ Netflixကအသစ်ထွက်ရှိလာတဲ့ ဇာတ်ကားကောင်းလေးပါ
ပီလီနဲ့လိုအန်နီဆိုတဲ့ မောင်နှမနှစ်ယောက်က ဟာဝိုင်ရီမှာမွေးပေးမယ့်လည်း
နယူးယော့ခ်ကိုငယ်ငယ်ကတည်းက ပြောင်းခဲ့ရပြီး
သူတို့အဘိုးနေမကောင်းလို့ ဟာဝိုင်ရီကိုပြန်လာခဲ့ရပါတယ်
ပီလီကတော့ ရတနာသိုက်ရှာဖွေရေးဂိမ်းတွေကိုအရမ်းကြိုက်တာပါ
တစ်နေ့ သူ့အဘိုးရဲ့စာအုပ်တစ်အုပ်တွေ့ခဲ့ပြီး ဟာဝိုင်ရီကိုရောက်လာခဲ့တဲ့ ပင်လယ်ဓားပြတွေ
ရတနာတွေဝှက်ထားခဲ့ကြကြောင်းသိခဲ့ပါတယ် သူ့အဘိုးကလည်း ငွေရေးကြေးရေးပြဿနာတွေကြုံနေရလို့
သူတို့အမေက နယူးယော့ခ်ကအိမ်ကိုရောင်းပြီး ဟာဝိုင်ရီကိုပြောင်းလာမယ်လုပ်ပါတော့တယ်
အဲဒီအချိန်မှာ ပီလီက ပြဿနာတွေပြေလည်အောင်လုပ်ဖို့အတွက် ရတနာသိုက်ရှာမယ်လုပ်ပါတော့တယ်
အဲ့ဒီမှာ ရတနာသိုက်ရှာဖွေရေးထဲကို သူ့အစ်ကိုပါ ပါလာပါတော့တယ်
ရတနာသိုက်ကိုသူတို့ဘယ်လိုရှာဖွေကြမလဲဆိုတာကတာ့ ကြည့်ရူလိုက်ကြပါတော့နော်
Action, Adventure, Comedy
နာမည်ကြီးမင်းသား Denzel Washington , Rami Malek , jared letoတို့ရဲ့ကားသစ်လေးတင်ဆက်ပေးလိုက်ပါတယ်
လောကမှာ အိန်ဂျယ်လို့ခေါ်လို့ရတဲ့ အပြစ်ကင်းတဲ့လူတွေရော ရှိသေးရဲ့လား။
အမှန်တရားအတွက် ရာဇဝတ်သားတွေကို ဖမ်းဆီးမယ်လို့ကြွေးကြော်ထားတဲ့ ရဲတွေကရော
တကယ်ဘဲ အပြစ်ကင်းတဲ့လူတွေဟုတ်ကြရဲ့လား။
The Little Thingsဇာတ်ကားမှာတော့ ရဲအရာရှိ Joe Deaconက သူတို့မြို့က မိန်းကလေးတွေကို
သတ်တဲ့ ကွင်းဆက်လူသတ်မှုကို ဖော်ထုတ်ဖို့ ကြိုးပမ်းခဲ့သူပါ။
လက်ရှိမှာတော့ဒီအမှုကို တာဝန်ယူထားသူကတော့ စုံထောက် Jim Baxterဖြစ်တယ်။
အစပိုင်းမှာ သူတို့နှစ်ယောက်ကြား အဆင်မပြေမှုတွေရှိခဲ့ပေမဲ့ Joeနဲ့ Jimmyတို့နှစ်ယောက် ဒီကွင်းဆက်လူသတ်မှုကို
ရှာဖွေဖို့အတွက် အတူပူးပေါင်းခဲ့ကြတယ်။Jimmyအတွက်ကတော့ ဒီအမှုကသူတာဝန်ယူထားရတဲ့ အမှုအဖြစ်ပေမဲ့ Joeတစ်ယောက်
ဒီအမှုကိုလိုက်နေတဲ့အကြောင်းအရင်းကတော့ လွန်ခဲ့တဲ့၅နှစ်က သူဖုံးကွယ်ထားတဲ့ ရွံ့စရာအတိတ်နဲ့ပတ်သတ်နေလို့ဘဲဖြစ်ပါတယ်။
သက်သေလဲမရှိ သဲလွန်စလဲမရှိတဲ့ ဒီကွင်းဆက်လူသတ်မှုကို Joeနဲ့Jimတို့ဘယ်လိုဖော်ထုတ်ကြမလဲ။
Joeဖုံးကွယ်ထားချင်တဲ့ အတိတ်ကရောဘာလဲဆိုတာ ကြည့်ရှုကြပါအုံး။
ဒီဇာတ်ကားမှာ မင်းသား Denzel Washingtonက Joeအဖြစ်သရုပ်ဆောင်ထားပြီး မင်းသား Rami Malekကတော့ စုံထောက် Jimအဖြစ်သရုပ်ဆောင်ထားပါတယ်။
Crime, Drama, Thriller
Echo Boomers (2020)
=================
IMDb Rating – 6.1/10
ဒီဇာတ်လမ်းလေးက လူငယ်လေးတွေအကြောင်း အထူးသဖြင့်(၁၉၈၁)ကနေ(၁၉၉၆)ကြားမွေးဖွားခဲ့တဲ့
Generation Y ဒါမှမဟုတ် Millennials တွေအကြောင်းကို ဦးတည်ရိုက်ထားတဲ့ကားလေးပဲဖြစ်ပါတယ်။
ကြိုးစားရိုးသားပြီး ကိုယ်ပိုင်အရည်အချင်းနဲ့တရားဝင်အလုပ်ကိုလုပ်ချင်ခဲ့ပေမဲ့ စီးပွားရေးစနစ်ဆိုးကြောင့်
အလုပ်လက်မဲ့ဖြစ် နေခဲ့ရတဲ့ ကောလိပ်ကျောင်းသားတစ်စု၊ ချမ်းသာတဲ့လူလက်တစ်ဆုပ်ကပဲထပ်ပြီးချမ်းသာ
နေတဲ့စနစ်ဆိုးကြောင့် သူတို့နေချင်ခဲ့တဲ့ဘဝကိုနေချင်ခဲ့တဲ့ပုံစံအတိုင်းမနေခဲ့ရတဲ့လူငယ်တစ်စု၊ ချီကာဂိုက
အချမ်းသာဆုံးဆိုတဲ့လူတွေရဲ့အိမ်ကိုဝင် ပြီးပစ္စည်းတွေကိုခိုးယူပြီးတော့ နေချင်ခဲ့တဲ့ဘဝကိုဖန်တီးလာခဲ့တဲ့
အခါမှာတော့……..
ဒီဇာတ်ကားလေးထဲကအကြောင်းအရာ တွေက လူငယ်တွေရဲ့ခံစားချက် လူငယ်တွေရဲ့ဘဝကိုဖွင့်ဟပြနေတဲ့
ဇာတ်ကားတစ်ကားဖြစ်လို့ ထုံးစံအတိုင်းလေးပဲကိုယ်တိုင် ကြည့်ရှုခံစားဝေဖန်ကြည့်ကြပါအုံးလို့……….
Action, Crime, Drama
The Elfkins Baking a Difference (2019)
**************************************
=IMDB 6.0 =
ဂျာမန်ကာတွန်းကားလေးပါ
မြေအောက်မှာပဲ နှစ်ပေါင်းများစွာနေလာတဲ့ မှင်စာလေး အဲလ်ဖီဟာ
လူသားတွေနေတဲ့အပေါ်ကိုတက်လာပြီး ပညာရပ်တစ်ခုခုကိုသင်ချင်နေပါတယ်။
တက်လာပြီးနောက် မုန့်ဖုတ်ဆရာ သီအိုနဲ့တွေ့ခဲ့ပါတယ်
သူ့ရဲ့မုန့်တိုက်ကိုလိုချင်နေတဲ့ ညီဆီကနေကယ်တင်ဖို့လိုနေတဲ့သူပေါ့။မှင်စာလေးဟာ သူတက်ချင်တဲ့ပညာကိုတက်သွားနိုင်မလား
လူသား သီအိုကရော သူ့မုန့်တိုက်ကို ကယ်တင်နိုင်မလား
ဘာအပြောင်းအလဲတွေ လုပ်နိုင်သွားမလဲ
The Elfkins Baking a Difference (2019)
Action, Animation, Comedy