13 (2010)

Genre: Drama, Thriller
Download 3182

13 (2010)
===================
ဘယ်လိုမျိုး ရုပ်ရှင်ကို ကြည့်ရတာ သဘောကျကြလဲ။ ဒီမေးခွန်းက ဘယ်လိုအမျိုးအစားလဲလို့ မေးတာမျိုးမဟုတ်ပါဘူး။ ဘယ်လိုအနေအထားရှိတဲ့ ရုပ်ရှင်လဲဆိုတာကိုပြောတာပါ။ စကားတွေအများကြီးပြောတာကိုကြိုက်လား စကားလည်းနည်းနည်းနဲ့ ထိထိမိမိရိုက်ထားတဲ့ကားတွေကို သဘောကျကြလား။ စကားတွေအများကြီးပြောမှကြိုက်တယ်ဆိုရင်တော့ ဒီကားကိုမကြည့်ဖို့အကြံပေးချင်ပါတယ်။

ဒီဇာတ်ကားမှာက လိုအပ်တဲ့စကားကိုပဲပြောပြီးတော့ အလာပသလာပတွေမပြောတဲ့ ဇာတ်လမ်းမျိုးပါ။ နောက်တစ်ခုက ရုပ်ရှင်မှာ Rating တွေ ဘာတွေကိုကြည့်ပြီး ကြည့်တဲ့လူတွေရှိကြလား။ အဲ့လိုဆိုရင်တော့ အဲ့ဒီစိတ်တွေကိုပြောင်းပစ်လိုက်စေချင်ပါတယ်။ ဘာလို့လဲဆိုတော့ လူတိုင်းက ကိုယ့်အကြိုက်နဲ့မတူကြပါဘူး။ သူတို့ကြိုက်တိုင်း ကိုယ်ကြိုက်ချင်မှ ကြိုက်မှာပါ။ အဲ့ဒီအအချက်ကြောင့်ပဲ ဒီဇာတ်ကားလေးကို တင်ဆက်ပေးတာပါ။

ဇာတ်လမ်းနာမည်လေးကတော့ ရှင်းပါတယ် ၁၃ ပါ။ ဟုတ်ပါတယ် နံပါတ် ၁၃ ကိုရည်ညွှန်းပါတယ်။ ၁၃က Psychological Crime Thriller အမျိုးအစားဖြစ်ပါတယ်။ Director ကတော့ ဂျော်ဂျီယန်-ပြင်သစ် ဒါရိုက်တာ Géla Babluani ပဲဖြစ်ပါတယ်။ နာမည်တော့လဲမကြီးပါဘူး။ ရုပ်ရှင်ဆိုမှ ၃ကားနဲ့ ဇာတ်လမ်းတိုလေးတစ်ပုဒ်ပဲရိုက်ဖူးတာပါ။ ၁၃ ဆိုတဲ့ ကားကလဲ အရင်သူရိုက်ခဲ့ပြီးသား အောင်မြင်ပြီးသား 13 Tzameti ဆိုတဲ့ ဇာတ်ကားကို အမေရိကန်ဗားရှင်းအနေနဲ့ ပြန်လည်ဆန်းသစ်ပြီးတော့ ရိုက်ကူထားတာဖြစ်ပါတယ်။ Rating တွေလိုက်ကြည့်ရင်တော့ မူရင်းကားကို မမှီပါဘူး။ IMDb မှာ 6.1 နဲ့ Rotten Tomatoes မှာ 8% ပဲရှိပါတယ်။

မင်းသားအနေနဲ့ကတော့ အဓိကသရုပ်ဆောင်က Sam Riley ပဲဖြစ်ပါတယ်။ Sam Riley ကို မြင်ဖူးသလိုရှိလို့ ရှာကြည့်လိုက်တော့ Maleficent ဇာတ်ကားမှာပါတယ်လို့တော့ သွားတွေ့ပါတယ်။ သေချာမကြည့်ဖူးတဲ့အတွက်ကြောင့် အဲ့ဒီအကြောင်းတော့ မပြောတော့ပါဘူး။ နောက်တစ်ယောက်ကတော့ ပိုစတာမှာ အလည်တည့်တည့်မှာ ထီးထီးကြီးရှိနေတဲ့ Jason Statham ပါ။ Jason ကိုတော့ တော်တော်များများသိကြမယ်ထင်ပါတယ်။ The Transporter ကနေစပြီးတော့ Fast & Furious ဇာတ်လမ်းတွေအထိ အောင်မြင်မှုတွေရထားတဲ့သူပါ။ နောက်တစ်ယောက်ကတော့ 50 Cent ပါ။ Rapper တွေတော်တော်များများတော့ 50 Cent ကို မသိမယ်မထင်ပါဘူး။ သီချင်းတွေလဲများစွာထုတ်ထားသလို ရုပ်ရှင်တွေကိုလဲ ရိုက်နေတဲ့ Rapper တစ်ယောက်ပါ။

ဇာတ်လမ်းအကျဥ်းလေးကို မပြောခင်မှာ အရင်ဆုံးပြောချင်တာကတော့ Russian Roulette ဆိုတာကိုသိကြလား။ သေနတ်တစ်လက် ကျည်တစ်တောင့်နဲ့ သေနတ်ကို လှည့်ပြီးဖြစ်ဖြစ် အလှည့်ကျစီပဲဖြစ်ဖြစ် ပစ်ကြတဲ့ ကစားနည်းပါ။ ကစားနည်းလို့ သုံးလို့သင့်တော်ပါ့မလားတော့မသိဘူး။ ကစားသမားတွေ သေဖို့ အခွင့်အရေးက ၅၀ ၅၀ ဖြစ်နေလို့ပါ။

ကဲဇာတ်လမ်းအကျဥ်းလေးကိုပြောရရင်တော့ Sam Riley တို့ရဲ့ မိသားစုက ဆင်းရဲတယ်။ Sam အဖေကလဲ ဆေးရုံတက်နေရတယ်။ အဲ့ဒီအတွက် ငွေလိုတယ်။ Sam က သာမန်မီးပြင်တဲ့လူ။ တစ်နေ့ကျတော့ သူမီးပြင်နေတဲ့လူရဲ့ အိမ်မှာပြောနေကြတာကို တစ်စွန်းတစ်စကြားလိုက်တယ်။ ပိုက်ဆံတွေအများကြီးရနိုင်တယ်ဆိုတာကိုပေါ့။ ငွေလိုတဲ့ Sam ကအကြောင်းကြောင်းကြောင့် ခုနက ငွေရနိုင်တယ်လို့ သူသိထားတဲ့ စာအိတ်ကို ခိုးလာပြီးတော့ ဖောက်ကြည့်ပါတော့တယ်။ အထဲမှာညွှန်ကြားချက်တွေနဲ့ ဖုန်းတစ်လုံးပဲပါတယ်။ ငွေလိုတဲ့ Sam တစ်ယောက်လဲ ပြောထားတဲ့အတိုင်း လုပ်တယ်ဆိုပါတော့။

Please, wait..
Channel Mandalay APK ကို downloadရန်နှိပ် ပါ။