6 Years (2015)

Genre: Drama, Romance
Downloads 7742K Views

flower

6 Years (2015)
================

ဒီတစ်ခါ ပရိတ်သတ်ကြီးကို Romance ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားလေးကတော့ ၆ နှစ်ကြာလက်တွဲလာတဲ့ ချစ်သူနှစ်ယောက်အကြောင်းကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။

အချစ်ဆိုတာကလည်း ထူးဆန်းတယ်မဟုတ်လား ပရိတ်သတ်ကြီးရေ၊ နှစ်တွေအကြာကြီး တွဲလာပြီးတော့ ခိုင်မြဲသွားတဲ့အတွဲတွေ ရှိသလို အကြောင်းတစ်ခုခုကြောင့် လမ်းခွဲလိုက်ကြတဲ့အတွဲတွေလဲ ရှိတယ်မဟုတ်လား

ဒီဇာတ်ကားလေးထဲမှာတော့ ဒန်နီရယ်နဲ့မဲလ်တို့ဟာ အရမ်းချစ်ကြတဲ့ချစ်သူတွေပါ၊ ချစ်သူဖြစ်တာလည်း ကြာပြီဆိုတော့ ပါတီတွေအတူတူသွားကြတယ် ပျော်ကြတယ် မိဘတွေကလည်း သဘောတူထားတော့ သူတို့နှစ်ယောက်ဟာ လွတ်လွတ်လပ်လပ်ဘဲသွားကြ စားကြ ပျော်ကြတာပေါ့၊ ရန်ဖြစ်လဲခဏဘဲ ပြီးရင်ပြန်အဆင်ပြေသွားကြတယ်…

ဒီလိုနဲ့သူတို့နှစ်ယောက်ကြားကို ဒန်နီရယ့်သူငယ်ချင်းဖြစ်တဲ့ အမန်ဒါဆိုတဲ့ကောင်မလေး ဝင်ရောက်လာတဲ့အခါမှာတော့ သူတို့တွေဟာ မကြာခဏ စကားများရန်ဖြစ်ကြတယ်၊ တစ်နေ့မှာတော့ ဒန်နီရယ်ဟာ နယူးရော့ခ်မှာအလုပ်လုပ်ဖို့ အခွင့်အရေးရလာခဲ့တယ်၊ နယူးရော့ခ်အထိ အလုပ်သွားလုပ်ဖို့ကို သူ့ရဲ့ကောင်မလေးမဲလ်က သဘောမတူတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ….

Please, wait..
Channel Mandalay APK ကို downloadရန်နှိပ် ပါ။