Genre: | Comedy, Drama, Family |
---|---|
Downloads | 6180K Views |
A Boy Called Sailboat(2018)
IMDb….7.8….Rotten…85%
ဆေးလ်ဘုတ်တို့မိသားစုဟာ နေထိုင်မှုပုံစံအရ မပြည့်စုံဘူးလို့ပြောရမယ်…နေတာကလည်းမြို့ပြင်မှာဖြစ်ပြီး
အိမ်လေးလဲမပြိုအောင် ဒေါက်တိုင်တစ်တိုင်ကိုတစ်ဘက်ကထောက် တစ်ဘက်ကကြိုးနဲ့ ကျားကန်ထားရလေရဲ့….
ဆေးလ်ဘုတ်ဆိုတာ အသက်(၇)နှစ်ခန့်အရွယ် ကောင်ကလေးတစ်ယောက်ပါ…သူ့အဖေနဲ့ အမေဟာသူ့ကိုသိပ်ချစ်ကြတယ်….မိသားစုဝင်(၃)ဦးပေါ့…
ဒီကားက အဓိကဇာတ်ဆောင်ဟာ ဆေးလ်ဘုတ်ဆိုတဲ့ကောင်လေးပါ….သူရဲ့နောက်ခံစကားပြောသံနဲ့လေးနဲ့
တစ်ကားလုံးကိုပြီးဆုံးစေတယ်…သူ့ကြည့်ရတာ သူ့ရဲ့အဘွားကိုအတော်ချစ်တဲ့ပုံပဲ…
ဘာလို့လဲဆိုတော့ အကြောင်းအရာတိုင်းဟာ သူ့အဘွားရဲ့ သွန်သင်မှုတွေကနေမြစ်ဖျားခံလာလို့ပါပဲ…
ဥပမာ…”ကျွန်တော့်အဖွားကပြောတယ်…မြေးလေးရှာဖွေမှုမလုပ်တဲ့အချိန်မျိုးမှာမှ အရးအကြီးဆုံးအရာကိုတွေ့တတ်တယ်တဲ့…
တစ်ချို့အရာတွေဖြစ်လာတာက တခြားသောအရာတွေ ဆက်စပ်ဖြစ်လာနိုင်ဖို့ပါတဲ့…”
ဒီကောင်လေးဟာ အဖွားရဲ့ ပြောဆိုမှုတွေနဲ့ လောကကြီးကို သုံးသပ်နေဟန်ပါပဲ..
ကျွန်တော်တို့ဟာ ဆေးလ်ဘုတ်ရဲ့နောက်ခံစကားပြောသံနဲ့အတွေးတွေနောက်ကိုလိုက်ရင်း
တစ်ချို့သောအကြောင်းအရာလေးတွေကို ဖမ်းဆုပ်မိနေလိမ့်မယ်..
ဒီကားက တစ်ချို့သောသူတွေအတွက် ဘာကြီးမှန်းမသိဘူးဆိုပြီးဖြစ်သွားပါလိမ့်မယ်..
ဒါပေမယ့် တစ်ချို့သောသူတွေအတွက် ရိုးစင်းပြီးနက်နဲတဲ့ ကဗျာတစ်ပုဒ်နဲ့တူပါလိမ့်မယ်…
ခံစားကြည့်လိုက်ပါဦးလို့ပဲပြောပါရစေ…..