ဟုတ်ပါတယ် ဒီဇာတ်ကားလေးဟာ ကျွန်တော်တို့ရုပ်ရှင်ချစ်သူတွေအားလုံးနှစ်သက်ကြရတဲ့
နာမည်ကျော်မင်းသားကြီး Stephen Chow က Journey to the west ဆိုတဲ့ တရုတ်ရိုးရာဇာတ်တော်ကြီးကို
ပြန်လည်ဆန်းသစ်ရိုက်ကူးတင်ပြထားတာဖြစ်ပါတယ်။မတူတာကတော့ ဇာတ်လမ်းကျောရိုးက အနောက်အရပ်သို့ ကျမ်းဂန်တွေသွားရောက်ပင့်ဆောင်ခြင်းမပြုမှီ
စွန်းဝူခုန်းရဲ့ အရိုင်းစိုင်းမျောက်ဘ၀ ထိုမှတစ်ဖန် လူဘဝပြန်ဝင်စားပြီး လူဘဝနဲ့ကျင်လည်ကျက်စားပုံတွေ
မိစ္ဆာမလေးတစ်ယောက် နဲ့ ဘုံကြိုးပြတ်နတ်သမီးတစ်ယောက်ရဲ့ကြားမှာယောက်ယပ်ခက်အောင် ဗျာများနေရတဲ့
ရသစုံအချစ်ဇာတ်လမ်းလေးတွေ ပေါက်ဖွားလာပုံကို တွေ့ရမှာပါ..
ါ့အပြင် ဆရာတော်ဟာလည်း ပါရမီမရင့်သန်မီမှာ
စကားအလွန်များ ပစိပစပ်နိုင်လွန်းတဲ့ ဘုန်းကြီးတစ်ပါးအဖြစ်ကျင်လည်ခဲ့ရပုံ တွေကို
မင်းသားကြီး Stephen Chow ရဲ့ထုံးစံအတိုင်း ခပ်တည်တည်နဲ့
ဟာသလေးတွေနှောကာရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။
စွန်းဝူခုန်း တစ်ဖြစ်လဲ ကျင်းရှောင်လင် တစ်ယောက်
သူရဲ့အချစ်ရဆုံးမိန်းကလေးဟာဘယ်သူဆိုတာနဲ့
လောကကြီးရဲ့အကျိုးသယ်ပိုးဖို့အတွက် စွန်းဝူခုန်း ဘဝကိုပြန်လည် ရွေးချယ်ရင်
သူနဲ့ပတ်သက်တဲ့မိန်းကလေးနဲ့လည်းကွဲရမှာဖြစ်တာကြောင့်
သူဘာကိုရွေးချယ်မှာလဲ ဆိုတာကိုလည်း ရင်တမမနဲ့ကြည့်ရမယ့် ဇာတ်ကားပါ။
ဇာတ်လမ်းအကျဉ်းကိုတော့မပြောတော့ပါဘူး။
Stephen Chow ကိုကျွန်တော် ယုံကြည်သလို
ဒီဇာတ်ကားဟာလည်း အားလုံးငြင်းစရာမလိုအောင်ကြိုက်ကြမယ့်
ဇာတ်ကားကောင်းတစ်ကားဖြစ်တာကြောင့်
အထူးအထွေညွှန်းမနေတော့ပါဘူး။
(ဒီဇာတ်ကားတွေကို Moe Oo Mann မှ ဘာသာပြန်တင်ဆက်ထားတာဖြစ်ပြီး
သူ့ကောင်မလေး တရုတ်မလေးရဲ့ မွေးနေ့အတွက် အမှတ်တရ ဘာသာပြန်ခဲ့တာဖြစ်ပါတယ်။)
+++++++++++++++++
ကျွန်တော့် Idol ကြီး စတီဖင်ချောင်ရဲ့ ဇာတ်ကားအကုန်လုံးကို 1080p BluRay Quality နဲ့
တတ်နိုင်သမျှ ပြန်လည်စုစည်းတင်ဆက်မှာ ဖြစ်ပါတယ်။
ကြည့်ရှုလိုပါက နှိပ်ပါ