Genre: | Drama, Family |
---|---|
Downloads | 7814K Views |
Acquitted by Faith (2020)
ဇာတ်လမ်း အကျဉ်းကတော့ ဒီလိုပါ။
ရှေ့နေတစ်ဦးဖြစ်တဲ့ ဘန်ဂျမင် စတေးလ်ဟာ မတော်တဆ ယာဉ်တိုက်မှု တစ်ခု ဖြစ်ခဲ့ပါတယ်။
ဒါဟာလည်း ကားမောင်းရင်း ဖုန်းသုံးတာ၊ စာရိုက်တာကြောင့် ဖြစ်ခဲ့ရတာပါ။
အတိုက်ခံလိုက်ရတဲ့ ကလေးမလေးဟာ ကင်ဆာရောဂါသည် ဖြစ်နေခဲ့ပါတယ်။
ကလေးမလေးကတော့ အရေးပေါ်အခြေအနေနဲ့ ဆေးရုံတက်နေခဲ့ရပါတယ်။
ဒီကလေးမလေးသာ သေသွားခဲ့ရင်တော့ ဘန်ဂျမင် တစ်ယောက် ယာဉ်စည်းကမ်းချိုးဖောက်မှုနဲ့ လူသေမှုတို့နဲ့ အရေးယူခံရပြီး ထောင်ကျနိုင်ကိန်း ရှိပါတယ်။
ဒါ့အပြင် အများပြည်သူကလည်း သူတို့မိသားစုအပေါ် ခြိမ်းခြောက်မှုတွေ ရှိလာပါတယ်။
ဒီတော့ ကလေးမလေး အသက်ရှင်နိုင်ဖို့အရေး ဘန်ဂျမင်တစ်ယောက် ဘုရားမှတစ်ပါး ကိုးကွယ်ရာ မရှိတော့ပါဘူး။
ဘုရားမှာ ဆုတောင်းရုံကလွဲပြီး ဘာမှမတတ်နိုင်တော့ ဘန်ဂျမင် အတွက် ဘုရားသခင်က ခွင့်လွှတ်နိုင်ပါ့မလား ဆိုတာတော့ ……
မင်းသားကတော့ Starship Troopers ထဲက Casper Van Dien ပဲ ဖြစ်ပါတယ်။