Addams Family Values (1993)

Genre: Comedy, Family, Fantasy
Downloads 2057K Views

Addams Family Values (1993)
=========================

1993 မှာထွက်ရှိထားတဲ့ အဒမ်စ်မိသားစုရဲ့တန်ဖိုးကို တွေ့မြင်ရမဲ့ဇာတ်လမ်းလေးပါ။ အဲ့ကားထဲမှာ အဓိကပြောချင်တဲ့အရာက ကိုယ့်မိသားစုကသာ အကောင်းဆုံးဖြစ်တယ်ဆိုတာကို သိမြင်ရမှာပါ။

အဒမ်စ်တို့တစ်မိသားစုလုံးဟာ ထူးဆန်းတဲ့လူသေကောင်တွေပေါ့။ ဂိုးမေ့ဇ် နဲ့ မော်တစ်ရှားတို့ဟာ ကလေးတစ်ယောက်ရလာခဲ့တယ်။ နောက်တော့ သူတို့ဟာကလေးထိန်းဖို့ နာနီတစ်ယောက်ကို ခေါ်ရင်း နောက်ဆုံးတော့ ဒက်ဘီ ဆိုတဲ့ကွင်းဆက်လူသတ်သမားနဲ့မှ အဆင်ပြေသွားတာပေါ့။ ‌ဝန္ဒစတေး နဲ့ ပက်စလေဟာ ကလေးအသစ်လေးကို မနာလိုဖြစ်ပြီး သတ်ဖို့ကြိုးစားပေမဲ့ အဆင်မပြေခဲ့ကြဘူး ။

ဒီလိုနဲ့ ဒက်ဘီအကြံကြောင့် ကလေး ၂ ယောက်ဟာ နွေရာသီစခန်း ချစ်ပါဝါကိုရောက်သွားကြတယ်။ ဒက်ဘီဟာ ဖက်စတာကိုအပိုင်ယူဖို့ကြိုးစားရင်း နောက်ဆက်တွဲ ဘယ်လိုဖြစ်လာမလဲဆိုတာကိုတော့ …. စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပါ။ သုသာန်မြေပေါ်မှာနေတဲ့ အဒမ်စ်မိသားစုဟာ ရင်ဆိုင်ရသမျှအခက်အခဲ‌တွေကို ပျော်ရွှင်စွာဖြတ်သန်းခဲ့ကြတာကို တွေ့ရှိရမှာပါ။

Please, wait..
Channel Mandalay APK ကို downloadရန်နှိပ် ပါ။
Load Facebook SDK for JavaScript end -->