After Earth 2013

Genre: Action, Adventure
Download 59684


ဝီလ် စမစ်တို့သားအဖ နှစ်ယောက်ပါဝင်ထားတဲ့ သိပ္ပံစိတ်ကူးယဉ် အက်ရှင် ကားလေးကို ပြန်တင်ဆက် ပေးလိုက်ပါတယ်။ဇာတ်လမ်းကို နောက်လာမဲ့ အနာဂတ် နှစ်ပေါင်း တစ်ထောင်မှာ ဇာတ်အိမ် တည်ထားပါတယ်။လူသားတွေဟာဆိုရင် ဂေဟစနစ် ပျက်စီး မှု့တွေကြောင့် အမိကမ္ဘာမြေ ကနေ ထွက်ခွာခဲ့ရပြီး Nova Prime လို့ခေါ်တဲ့ ဂြိုလ် တစ်ခုမှာ အခြေချနေထိုင်နေကျတဲ့ အချိန်ပေါ့ဗျာ။ အဲ့အချိန်မှာ လူသားတွေထပ်မံ သိခဲ့ ရတာက ဒီ စကြာဝဠာကြီးမှာ ကျွန်တော် တို့ချည်းမဟုတ်ပါဘူးဆိုတာပါပဲ Nova Prime ကို ပြောင်းရွှေ့လာတဲ့ လူသားတွေကို ဂြိုလ် သားတွေက တိုက်ခိုက် ပါတာတော့တယ်။အဲ့လို လူသားတွေ လည်းအသေအပျောက်များပြီး တစ်ဖြည်းဖြည်းနဲ့ မျိုးတုန်းမဲ့ အန္တရာယ် ကို ရင်ဆိုင်လာရပါပြီ။ အဲ့လို အခါမှာဆိုရင် လူသားတွေ ရဲ့ အားကိုးရာက ရိန်းဂျားလို့ခေါ်တဲ့ စစ်သားတွေအပေါ်မူတည်လာပါတယ်။ အဲ့ရိန်းဂျားတွေကြားထဲမှာမှ လက်မရွံ တက်တဲ့ ဆိုင်ဖာ(ဝီလ်စမစ်)က ထိပ်တန်းပေါ့။ဒီလိုနဲ့ လူသားတွေ ပြန်လည်ရပ် တည်နိုင်ခဲ့ပြန်ပါပြီ။ဆိုင်ဖာ တို့တွေလည်း ဂြိုလ်တကာ သွားပြီး ဂြိုလ်သားတွေကို နှိမ်နင်းရတာပေါ့။ဆိုင်ဖာ့ ဆီမှာ ရိန်းဂျားတစ်ယောက်ဖြစ်ချင်တဲ့ ကီတိုင်းလို့ခေါ်တဲ့ သားတစ်ယောက်ရှိပါတယ်။သူကတော့ ထုံးစံအတိုင်း ဖခင် ရဲ့မေတ္တာ ကိုငတ်မွတ်နေလို့ ရိန်းဂျားတစ်ယောက် ဖြစ်လာအောင် သက်သေပြချင်နေတာပါ။ဒီလိုနဲ့ ဆိုင်ဖာ ရဲ့ နောက်ဆုံးခရီးစဉ်မှာ ဆိုင်ဖာ တစ်ယောက် ကီတိုင်း ကို သူတို့ နဲ့ အတူ ခေါ်သွားခဲ့ပါတယ်။ကံဆိုးစွာနဲ့ ပဲ လမ်းမှာ ဂြိုလ် တစ်ခုပေါ်ပျက်ကျ ပါတယ်။အဲ့ဆန်းကျယ်လှတဲ့ ဂြိုလ်က ကမ္ဘာမြေပါ။ ဆိုင်ဖာက လည်း ဒဏ်ရာရ အကူအညီရဖို့ ဆက်သွယ်ရေးကလည်းပြတ်တောက်ပါတော့တယ်။လုပ်စရာ တစ်ခုပဲ ကျန်တာကတော့ အချက်ပြကရိယာကို သွားရောက်ရှာဖွေဖို့ပါပဲ။တစ်ဘ၀ လုံးမှာ ရိန်းဂျားတစ်ယောက် ဖြစ်ချင်တဲ့ ၁၃ နှစ်သားလေး ဟာ အခုတော့ သူဖြစ်ချင်တာ ဖြစ်လာပါတော့မယ်။ဒါပေမဲ့….မရင်းနှီးတဲ့ ဂြိုလ်တစ်ခု…..ဂြိုလ်သားတွေက လူတွေကို ကင်းထောက်ဖို့ လွှတ်ထားတဲ့ သတ္တဝါဆိုးတွေ ရှိတဲ့နေရာတစ်ခုမှာ …. ဒဏ်ရာရနေတဲ့ အဖေ အသက်မှီဖို့ ဝေးလံလှတဲ့ နေရာတစ်ခုကို အရောက် သွားနိုင်မလားဆိုတာကတော့ စိတ်ဝင်စားဖွယ် ဆက်ကြည့်ရှု့ရမှာပါ။

Credit -> Channel Myanmar

logo
Channel Mandalay APK ကို downloadရန်နှိပ် ပါ။