Amélie (2001)


ကြည့်ရှုလိုပါက နှိပ်ပါ

Amélie(2001)

========================

IMDb Rating- 8.3/10
Rotten Tomatoes- 89%

 

“အဲ့ကောင်မလေးက သူများရဲ့ ကမောက်ကမ ဘ၀တွေကို ကူပြင်ပေးဖို့ ကြိုးစားတာလည်း ဖြစ်နိုင်တယ်လေ”

“ကိုယ့်ဘ၀ကိုယ်ကျတော့ရော မပြင်ဘူးလား? ကိုယ်ရဲ့ ကမောက်ကမဖြစ်နေတဲ့ ဘ၀ကို မပြင်ဘူးလား? ကိုယ်မှ မပြင်ရင် ဘယ်သူက လာပြီး ကူပြင်ပေးမှာလဲ? “

 

-Amélie(2001)

 

ကျောင်းတက်ဖို့အရွယ်ရောက်လာတဲ့Amélie Poulainကို သူ့အဖေက နှလုံးရောဂါရှိတယ်လို့ အမှတ်မှားပြီး ကျောင်းမထားပါဘူး

ဒီတော့ သူ့အမေက သူ့ကို အိမ်မှာပဲ ထားပြီး ကိုယ်တိုင် စာသင်ပေးပါတယ်

အဲ့အချိန်ကစပြီး Amélieက အထီးကျန်တဲ့လူတစ်‌ယောက်ဖြစ်လာပြီး သူ့အထီးကျန်မှု‌တွေကို စိတ်ကူးယဉ်မှု‌တွေနဲ့ပဲ အဖော်ပြုခဲ့ပါတယ်

ဒါကြောင့် အရွယ်ရောက် အလုပ်လုပ်နေတဲ့အချိန်မှာ ကိစ္စတိုင်းကို သူမတူတဲ့အမြင်နဲ့ ရှုမြင်တတ်တဲ့လူတစ်ယောက်ဖြစ်လာပါတယ်

မင်းသမီး ဒိုင်ယာနာဆုံးတဲ့ ၁၉၉၇ခုနှစ် ဩဂုတ်လ ၃၁ရက်မှာ သူ့ကံကြမ္မာပြောင်းဖို့ ဖြစ်လာပါတယ်

အဲ့နေမှာ Amélieက သူ့တိုက်ခန်းထဲကနေ ဘူးတစ်ဘူးရှာတွေ့ပါတယ်

အဲ့ဘူးက တခြားတော့ မဟုတ်ပါဘူး

လွန်ခဲ့တဲ့ နှစ်လေးဆယ်က သူ့တိုက်ခန်းမှာနေခဲ့တဲ့ ကောင်လေးတစ်ယောက်ရဲ့ ပစ္စည်းပါ

အဲ့ဘူးလည်း တွေ့တော့ Amélieက ဘယ်လိုပဲဖြစ်ဖြစ် ဘူးပိုင်ရှင်ကို ရအောင် ပြန်ပေးမယ်လို့ စီစဉ်လိုက်တယ်

အကယ်လို့ ဘူးပိုင်ရှင်က ဘူးပြန်ရလို့ ပျော်သွားရင် လူတိုင်းကို အမြဲ ကူညီတော့မယ်လို့ သူဆုံးဖြတ်လိုက်တယ်

ဘူးပိုင်ရှင်လည်း ဘူးပြန်ရတော့ အရမ်းပျော်သွားတယ်

အဲ့အချိန်ကစပြီး Amélieလည်း လူတိုင်းကို တတ်နိုင်သလောက် လိုက်ကူညီနေတယ်

ကူညီပြီးတိုင်းလည်း ပျော်နေတာပေါ့

ဒါပေမယ့် တစ်ရက်မှာတော့ ဟိုဘက်တိုက်ခန်းက အဖိုးကြီး Dufayelရဲ့စကားကြောင့် သူတွေးမိတယ်

သူက သူများကို လိုက်ကူနေပေမယ့် ဘယ်သူကတော့ သူ့ကို ပြန်ကူမှာလဲ

Amélieကို ပြန်ကူညီမယ့်လူ ရှာတွေ့နိုင်မလား…….

ကြည့်ရှုလိုပါက နှိပ်ပါ