Genre: |
Crime, Drama, Thriller |
Downloads |
12986K Views |
၁၉၈၀ ၀န်းကျင်လောက်တုန်းက အခြေအနေကို နောက်ခံထား ရိုက်ကူးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ The Lord of the Rings နဲ့ The Hobbit ဇာတ်လမ်းတွေမှာ Gandalf အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Ian McKellen ကို အမေရိကန်မှာ ဇာတ်မြှုပ်ပုန်းရှောင်နေတဲ့ နာဇီ ရာဇ၀တ်သားကြီးတစ်ယောက်အဖြစ် မြင်တွေ့ရမှာဖြစ်ပါတယ်။ တော့ဒ်ဘိုဒင်ဆိုတဲ့ ကောင်လေးဟာ သမိုင်းဘာသာရပ်ကို အလွန်စိတ်၀င်စားသူဖြစ်ပါတယ်။ တစ်နေ့ ဘတ်စ်ကားပေါ်မှာ တွေ့ခဲ့တဲ့လူတစ်ယောက်ကို သံသယရှိလို့ စုံစမ်းမှုတွေလုပ်လိုက်တဲ့အချိန်မှာ ကမ္ဘာကအလိုရှိနေတဲ့ နာဇီ ရာဇ၀တ်သားကြီး ဒူဆန်ဒါဖြစ်နေတာကို သိလိုက်ရပါတော့တယ်။ တော့ဒ်တစ်ယောက် ကျောင်းမှာ မသင်ရတဲ့ နာဇီနဲ့ဆိုင်တဲ့ သမိုင်းကြောင်းတွေကို တရားခံပြေးကြီးဆီကို သွားပြီး သူ့မှာ သက်သေတွေ ရှိတယ်လို့ ခြိမ်းခြောက်ကာ ဖြစ်ကြောင်းစုံကို ပြောပြခိုင်းပါတော့တယ်။ အဖိုးကြီးတစ်ယောက်နဲ့ လူငယ်တစ်ယောက် အပြန်အလှန် အကြပ်ကိုင်ကြပုံတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်
Please, wait..