Attraction-2-Invasion

Genre: Action , Science Fiction
Downloads 10156K Views

flower

Attraction 2: Invasion (2020)

2017 က ထွက်ရှိထားတဲ့ ရုရှား movie Attraction ရဲ့ season 2 ဖြစ်တဲ့ Invasion နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ Si-fi ကားကောင်းလေးဖြစ်တာမို့ အကြိုက်တွေ့ကြမှာ သေချာပါတယ်။ Computer effect တွေလည်း တော်တော်လေး ကောင်းပါတယ်။

အရှေ့ကားမှာ သေဆုံးသွားခဲ့ပြီလို့ ထင်ခဲ့ရတဲ့ ဂျူလီယာဟာ သိပ္ပံနည်းပညာတွေရဲ့ အစွမ်းနဲ့ ပြန်လည် ရှင်သန်လာခဲ့ပါတယ်။ ဟတ်ကွန် (ခ) ခရစ်တန် ရဲ့ ပေးဆပ်မှုကြောင့် အသက်ရှင်လာတဲ့ သူမဟာ လူသားတွေထက် သာလွန်တဲ့ စွမ်းအင်တွေ ရှိနေခဲ့ပါပြီ။

သူမရဲ့ အစွမ်းတွေကို ရုရှားတွေက နည်းပညာတွေ ရှာဖွေရာနဲ့ ဂြိုဟ်သားတွေကို ရှာဖွေရာမှာ အသုံးချဖို့ အာကာသနှင့် သိပ္ပံဌာနက ဆုံးဖြတ်ထားပါတယ်။ အဲ့တာကြောင့် သူမရဲ့ အဖြစ်ဟာ စမ်းသပ်ခန်းထဲက ကြွက်တစ်ကောင်ကဲ့သို့ ဖြစ်လာပါတော့တယ်။

သူမကို လိုချင်နေတာ လူသားတွေပဲတော့ မဟုတ်ပါဘူး။ ဟတ်ကွန်တို့ ဂြိုဟ်သားတွေဖက်ကလည်း သူမရဲ့ အစွမ်းတွေဟာ ဂြိုဟ်သားတွေကို တိုက်ခိုက်ရာမှာ အားကြီးမယ်ဆိုတာ သိလို့ လာရောက်ရှာဖွေပြီး နည်းပညာအဆန်းတွေနဲ့ တိုက်ခိုက်ဖို့ ကြိုးစားလာပါတော့တယ်။

ဒီတစ်ခေါက်မှာတော့ ဖခင်ဖြစ်သူ ကာကွယ်ရေးဝန်ကြီးနဲ့ ဘယ်သူတွေက ပူးပေါင်းပြီး ဂျူလီယာနဲ့ ရုရှားပြည်သူတွေကို ဘေးဒုက္ခမရောက်အောင့ ကူညီကြမလဲဆိုတာ ကြည့်ရှုပေးကြပါဦး။

Please, wait..
Channel Mandalay APK ကို downloadရန်နှိပ် ပါ။