Bad Genius (2017)

Genre: Comedy, Crime, Drama
Download 13398

ဖြစ်ရပ်မှန်အပေါ်အခြေခံထားတဲ့ နာမည်ကြီးထိုင်းကားတစ်ကား တင်ပေးလိုက်ပါတယ်။

၂၀၁၇ မှာ ထိုင်းနိုင်ငံရဲ့ ဝင်ငွေအကောင်းဆုံး ဇာတ်ကားပါ။

စပြတဲ့အဖွင့် ၂ပါတ်မှာ ဘတ် သန်း ၁၀၀ ကျော်ရရှိခဲ့ပြီး တရုတ်နိုင်ငံမှာလည်း ဒေါ်လာ သန်း ၃၀ လောက် ရရှိသွားခဲ့ပါတယ်

မျက်နှာသစ်မင်းသားမင်းသမီးတွေကို သုံးပြီး နိုင်ငံတကာက ရုပ်ရှင်ဆုတွေ အမြောက်အများကို သိမ်းပိုက်သွားနိုင်ခဲ့တာပါ။

ဇာတ်လမ်း၊ တင်ဆက်ပုံ၊ သရုပ်ဆောင်ချက် အားလုံးက ပြည့်စုံလွန်းတယ်လို့ ပြောလို့ရပါတယ်။

 

ထိုင်းနဲ့မြန်မာ ရုပ်ရှင်အဆင့်အတန်း မိုးနဲ့မြေလို ကွာနေတာကို တွေ့နိုင်သလို၊ သရုပ်ဆောင်တယ်ဆိုတာ ဘယ်လိုလေးလဲ တွေ့နိုင်ပါလိမ့်မယ်။

CGI တွေ နည်းပညာတွေအကြောင်းပဲ ဆင်ခြေတက်နေတဲ့ အနုပညာရှင်ကြီးများကို ထိပ်ပုတ်သွားတဲ့ ကားမျိုးတွေထဲမှာ ပါပါလိမ့်မယ်။

ဇာတ်လမ်းအကျဉ်းကတော့ လင်းဆိုတဲ့ ဉာဏ်ကြီးရှင် ကျောင်းသူလေးတစ်ယောက်ဟာ ဆင်းရဲပေမယ့် စျေးကြီးတဲ့ ကျောင်းကောင်းကြီးတစ်ခုမှာ ပညာသင်ဆုနဲ့ တက်ရောက်နေပါတယ်။

သူနဲ့ခင်မင်မိတဲ့သူငယ်ချင်းတွေကတော့ ချမ်းသာပေမယ့် စာညံ့ကြပါတယ်။

အဲဒီတော့ သူတို့တွေဆီကနေ ပိုက်ဆံယူပြီး ဘယ်သူမှ မရိပ်မိနိုင်တဲ့ နည်းလမ်းတွေနဲ့ အဖြေတွေကို စာမေးပွဲမှာ ပြပေးပါတယ်။

ဒါပေမယ့် ကံဆိုးစွာပဲ သူ့ရဲ့ ပညာသင်ဆု ပယ်ချခံလိုက်ရတဲ့အခါ သူ့အလုပ်ကို ကမ္ဘာလုံးဆိုင်ရာ စာမေးပွဲကြီးတစ်ခုဆီ သယ်လာပါတော့တယ်။

အမေရိကန်တက္ကသိုလ်တွေ ဝင်ခွင့်အတွက်စစ်တဲ့ STIC စာမေးပွဲကြီးကို ထိုင်းဘတ် သန်းနဲ့ချီအမြတ်ရလောက်အောင်အထိ ကြံစည်ပြီး အင်မတန်လှပတဲ့နည်းလမ်းတွေနဲ့ စွန့်စားပြီး အဖြေတွေ ခိုးယူပေးဖို့ ကြံစည်တဲ့အခါ…

တစ်ကားလုံး မျက်တောင်မခတ်ဘဲ ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့်ကားအမျိုးအစားပါပဲ

Please, wait..
Channel Mandalay APK ကို downloadရန်နှိပ် ပါ။