Genre: | Drama |
---|---|
Downloads | 5536K Views |
Baseball Girl(2020)
Itaewon Class ထဲက Chef မမလေးရဲ့ movieလေးကို GC ပရိတ်သတ်တွေအတွက် တင်ဆင်ပေးလိုက်ပါတယ်။
ကိုရီးယားမှာ ဘေ့စ်ဘောကစားနည်းကို အမျိုးသားတွေကသာ လွှမ်းမိုးထားကြတာပါ..အားအင်နဲ့ အပြေးနှုန်းစတာတွေကို သုံးရတဲ့ ဒီကစားနည်းမှာ သာမာန်မိန်းကလေးတွေက ယောက်ျားသားတွေနဲ့ တန်တူလိုက်ကစားဖို့က တော်ရုံမဖြစ်နိုင်ပါဘူး။
ဂျူဆူအင်းဟာ အထက်တန်းကျောင်း ဘေ့စ်ဘောအသင်းက ကစားသမားတစ်ယောက်ပါ။ ထူးထူးခြားခြား မိန်းကလေးဖြစ်နေတာကြောင့် အားလုံးက ပါရမီရှင်အနေနဲ့တောင် သတ်မှတ်ပြီး ကျော်ကြားခဲ့ပါတယ်။ ဒါပေမယ့် အထက်တန်းဘွဲ့ရခါနီး ကြေးစားအသင်းတွေက လူလာရွေးချိန်တွေမှာတော့ ဆူအင်းဟာ ယောက်ျားလေး ကစားသမားတွေကို မကျော်နိုင်ဖြစ်ခဲ့ရပါတယ်။
အကုန်လုံးကလည်း ကြေးစားအသင်းတစ်ခုမှာ ပရော်ဖက်ရှင်နယ်ကစားချင်တဲ့ သူမရဲ့ အိမ်မက်တွေကို လက်လျော့ဖို့ စကားရိပ်သမ်းပြီးပြောဆိုလာကြပါတော့တယ်။ အဲ့အချိန်မှာပဲ သူမတို့ကျောင်းကို ချွဲဂျင်ထယ်ဆိုတဲ့ နည်းပြရောက်လာပါတော့တယ်။ ပရိုကစားသမားဘဝကို လက်လျော့ခဲ့ရတဲ့ နည်းပြရဲ့ အကူအညီနဲ့ သူမမျှော်မှန်းတဲ့ကစားသမားဘဝကို ရောက်သွားနိုင်မလား…ပင်ပန်းလွန်းတာကြောင့်၊ ခက်ခဲလွန်းတာကြောင့် လက်လျော့လိုက်ရမလားဆိုတာ ဒီကားလေးကို ဆက်လက်ကြည့်ရှုပေးကြပါဦး။