Battle: Los Angeles

Genre: Action, Science Fiction
Download 19738

Battle Los Angeles (2011)
*************************

အခုတစ်ခါ ပရိသတ်ကြီးကိုတင်ဆက်ပေးချင်တာကတော့ ၂၀၁၁ခုနှစ်မှာထွက်ရှိခဲ့ပြီး Battle LAလို့ လူသိများတဲ့ IMdb rating 5.7ကျော်ရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားနဲ့ပဲ ဖြစ်ပါတယ်။

ဒီဇာတ်ကားလေးဟာဆိုရင်တော့ action/sci-fiအမျိုးအစားလေးတွေကိုမှ ကြိုက်နှစ်သက်သူတွေအဖို့တော့ ပြောစရာမလိုလောက်အောင်ကြည့်ကောင်းမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။

ဇာတ်လမ်းလေးကတော့ ဥက္ကာပျံခဲတွေလို့ ယူဆရတဲ့အရာတွေ ကမ္ဘာပေါ်ကို ပြုတ်ကျလာတဲ့အခါ စပ်စုတတ်တဲ့ လူသားတွေအတွက် အရမ်းကိုထူးဆန်းပြီး အုတ်အော်သောင်းနင်းဖြစ်ကုန်ပါတော့တယ်။ ဒါပေမဲ့ ထိုဥက္ကာပျံခဲတွေဟာ မရိုးရှင်းပဲ တခြားဂြိုလ်မှ ကမ္ဘာဂြိုလ်ကို အပိုင်သိမ်းဖို့ ကျူးကျော်ဝင်ရောက်လာတဲ့ ဥက္ကာပျံခဲ တွေဖြစ်ပြီး ထိုထဲမှ ဂြိုလ်သားတွေပါထွက်လာပါတော့တယ်။

စစ်ရေးဗျူဟာကျွမ်းကျင်ပြီး လက်နက်ကြီးလက်နက်ငယ်နဲ့ ကမ္ဘာကထက်တောင် သိပ္ပံနည်းပညာမြင့်တဲ့ တခြားဂြိုလ်က ရန်သူတွေကို ထိန်းချုပ်ဖို့ ပြန်လည်တိုက်ခိုက်ဖို့ ဖြစ်လာပါတော့တယ်။ တဖြည်းဖြည်းနဲ့ အမေရိကန် လော့အိန်ဂျလိစ့်ဘက်ရောက်လာတဲ့အခါ နိုင်ငံကြီးကို ရန်သူ့လက်အောက် မကျဆုံးဖို့အရေး အမေရိကန်စစ်သားများက ကြိုးပမ်းရပါတော့တယ်။

ထိုထဲမှာမှ နောက်ဆုံးရှင်ကျန်သူများဖြစ်ကြတဲ့အမေရိကန်ကမ်းတက်တပ်သားများ(မရိန်းများ) က ရန်သူဂြိုလ်သားတွေနဲ့နဖူးတွေ့ဒူးတွေ့ရင်ဆိုင်ရတဲ့အခါ… အသက်ရှင်ကျန်ရစ်နေတဲ့ ပြည်သူတွေကို ဘယ်လိုတွေ ကယ်ထုတ်ကြမလဲ။

ထိုသို့ကယ်ထုတ်ဖို့ကြိုးစားရာမှာ အမေရိကန်ကမ်းတက်တပ်သားတွေရဲ့ ရွပ်ရွပ်ချွံတဲ့စစ်ရေးဗျူဟာကျွမ်းကျင်ပုံတွေနဲ့ ရန်သူဂြိုလ်သားတွေရဲ့ တိုက်ခိုက်ပုံတွေကို ရှုမြင်ရမှာဖြစ်ပြီး… ‘အသေအကြေပျက်ဆီးမှုမရှိရင် စစ်ပွဲလို့မည်သလိုပဲ’

စစ်သားများ၊ ပြည်သူများ ဘယ်လိုတွေအသက်ပေးသွားရသလဲ… လူသားတွေလိုက်မပြိုင်နိုင်နဲ့သဘာဝလွန်ဂြိုလ်သားတွေရဲ့လက်ကနေကော ကမ္ဘာကြီးကိုဘယ်လို ပြန်လည်ကယ်တင်မလဲ… ဆိုတာတွေကို စိတ်လှုပ်ရှားဖွယ် ခံစားကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ အရမ်းကောင်းတဲ့sci-fiဇာတ်ကားလေးဖြစ်လို့ ဇာတ်ကားကြိုက်ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်ရှင်။

Please, wait..
Channel Mandalay APK ကို downloadရန်နှိပ် ပါ။