Battlefield 2025

Genre: Action, Horror, Science Fiction
Downloads 17363K Views

flower

Battlefield 2025 (2020)

Science-Fiction အမျိုးစားကို သဘောကျတဲ့သူတွေအတွက်တော့ ဒီဇာတ်ကားက ကွက်တိပါပဲ။

ဇာတ်လမ်းကတော့ ထောင်ဖောက်သွားတဲ့ ထောင်သားနှစ်ယောက်ရယ်၊ ပိတ်ရက်မှာ ခရီးတိုလေးထွက်ကြတဲ့ မိသားစုလေးရယ် ရဲအရာရှိတစ်ဦးရယ်ဟာ မထင်မှတ်ဘဲ မြို့အစွန်က တစ်နေရာကို ရောက်ရှိလာခဲ့ကြပါတယ်။

ပထမဆုံး မိသားစုလေးမှ ညီအမနှစ်ယောက်ဟာ တော်ကုန်းလေးရဲ့ အမြင့်ဆုံးနေရာကို သွားအကြည့်မှာ ကောင်းကင်မှ တစ်စုံတစ်ခု ပြုတ်ကျလာတာကို တွေ့ခဲ့ရပါတယ်။

အမှုမဲ့အမှတ်မဲ့ဆိုတော့ အဲ့အရာကဘာလဲဆိုတာ သေချာသတိမထားမိခဲ့ကြပါဘူး။ သို့သော် အဲ့အရာကြီး ရောက်လာသည်နှင့် လျှပ်စစ် လှိုင်းများလုံးဝပြတ်တောက်သွားခဲ့ပါတယ်။

အဲ့ဒီအနီးနားမှာ ပတ်ဝန်းကျင်အခြေအနေကို လေ့လာတဲ့ ရုံးတစ်ခုရှိပါတယ်။ အဲ့ဒီက ဝန်ထမ်းတွေက တစ်ခုခုမူမမှန်တဲ့ အသံလှိုင်းကို ဖမ်းဖိခဲ့လို့ ရှာတဲ့အခါ ပျက်ကျထားသောအာကာသယာဉ်ပုံစံတစ်စီးနှင့် လဲကျနေသော အကောင်တစ်ကောင်ကိုတွေ့ခဲ့ရပါတယ်။

ဝန်ထမ်းတွေထဲက တစ်ယောက်ဟာ မကြောက်ရွံ့ပဲ အနားသွားရာ အဲ့အရာကြီး နိုးလာပြီး သူအပါဝင် ကျန်တဲ့ဝန်ထမ်းကိုပါ သတ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ အဲ့အကောင်ကြီးဟာ အဲ့ဒီတောခြုံမှာရှိနေသေးတဲ့ ကျန်တဲ့သူတွေကိုကော လိုက်သတ်မလား။

အဲ့လူတွေကကော အဲ့အကောင်ကြီးနဲ့ ရင်ဆိုင်ရတဲ့အခါ ဘယ်လိုတုံ့ပြန်ကြမလဲ။ သူတို့မြို့ကရော ဘယ်လိုဆက်ဖြစ်သွားမလဲ ဆိုတာ သိချင်ရင် ကိုယ်တိုင်သာ ကြည့်ရှုလိုက်ပါ။

ရင်ဖိုဖွယ် စိတ်လှုပ်ရှားဖွယ် သိပ္ပံဇာတ်လမ်းအပြင် romance နဲ့ drama အနည်းငယ်ပါဝင်တာမို့ ကြည့်ရှုရတာ တန်စေမှာပါ။

Please, wait..
Channel Mandalay APK ကို downloadရန်နှိပ် ပါ။