Genre: | War |
---|---|
Downloads | 22011K Views |
Behind the Line: Escape to Dunkirk (2020)
ဒီတစ်ခါ တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ စစ်ကြီးအတွင်းမှာ ဂျာမနီတို့ရဲ့ စစ်သုံ့ပန်းများအဖြစ်အဖမ်းခံခဲ့ရတဲ့ လူတစ်စုရဲ့ လွှတ်မြောက်ဖို့ ကြိုးစားကြပုံကို ရိုက်ကူးထားတဲ့ ကားလေးပါ။
ဒန်နီတို့ လူတစ်စုဟာ စစ်ပွဲအတွင်း နာဇီတွေရဲ့ စစ်သုံ့ပန်းဖြစ်နေတဲ့ဗြိတိန်စစ်သည်တွေပါ။ သူတို့ကို ဂျာမနီကို မခေါ်သွားခင် ပြင်သစ်မှာပဲ စတည်းချနေကြတာပါ။
ဒန်နီဟာ လက်ဝှေ့သမားဟောင်းဖြစ်ပြီး ဂျာမာန်ဗိုလ်မှူးကြီးရဲ့ မျက်မုန်းကျိုးခြင်းကို ခံနေရသူပါ။အဖွဲ့သားတွေ သက်သာစွာနေနိုင်ဖို့ သူ့ကိုလက်ဝှေ့ထိုးသတ်ခိုင်းလေ့ရှိပါတယ်။ မလုပ်ချင်ပေမယ့် အားတင်းပြီး လုပ်နေရတာပါပဲ။
သူ့အကြံကတော့ ဂျာမနီကို ခေါ်သွားခြင်း မခံရခင် ပြင်သစ်တို့မြေမှာ ရှိတုန်း၊ အစောင့်အကြပ်နည်းပါးတုန်း အမိမြေဆီ ထွက်ပြေးဖို့ပါပဲ။ သူတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ အပေါင်းအပါတွေနဲ့ အတူပါ။
ဒီလိုနဲ့ စခန်းထဲက နှိမ့်ချဆက်ဆံမှုတွေကို သည်းခံပြီး ထွက်ပြေးဖို့ လမ်းစရှာနေတဲ့ သူတို့လူတစ်စုဟာ တကယ်ပဲ လွတ်လပ်မှုဆိုတဲ့ အရသာကို ပြန်ခံစားနိုင်ပါ့မလား။ အဆုံးထိ တစ်ယောက်မကျန် ခေါ်သွားချင်တဲ့ ဒန်နီရဲ့ဆန္ဒတွေ ပြည့်ဝပြီး အမိမြေရဲ့ လတ်ဆတ်တဲ့ လေကို ပြန်လည် ရှူရှိုက်ခွင့် ရပါဦးမလား ဆိုတာကိုတော့ ဒီကားလေးကို ဆက်လက်ကြည့်ရှူပေးကြပါဦး။