Ben-Hur (1959)

Genre: Adventure, Drama, History
Download 14295

Ben Hur

 

Ben Hur ရုပ်ရှင်ကားနာမည်ကို ကြားလိုက်ရုံဖြင့် ရုပ်ရှင်ဝါသနာအိုးတိုင်း ယင်းခေါင်းစီး၏ အရှိန်သြဇာကို သိရှိပြီးဖြစ်ပါမည်။ဟောလိဝုဒ်ရုပ်ရှင်၏ ခမ်းနားထည်ဝါမှု ကို အရောင်မြှင့်တင်စေခဲ့သည့် ရုပ်ရှင်။1959ခုနှစ်ကစ၍ ဆယ်ငါးနှစ်နီးပါးမျှ နိုင်ငံအနှံ့အပြားက ရုပ်ရှင်ရုံတွေမှာ ပြန်လည်ပြသတိုင်း အမြဲအောင်ပွဲခံနိုင်ခဲ့သည့်ရုပ်ရှင်။Gone with the Windရုပ်ရှင်ပြီးသည်နောက်မှာ ဒုတိယအကြိမ် ရုပ်ရှင်လောကကြားတွင် ခမ်းခမ်းနားနားဖြင့် အောင်ပွဲခံနိုင်ခဲ့သော ရုပ်ရှင်ကားဖြစ်ခဲ့သလို အော်စကာဆုအများဆုံးရရှိခဲ့တဲ့ မှတ်တမ်းတွေမှာလည်း ယခုရုပ်ရှင်နှင့် Gone with the Wind|Titanicရုပ်ရှင်နှင့် The Lord Of The Ring ရုပ်ရှင်တို့သာ ယခုထက်တိုင် အော်စကာသမိုင်းမှာ စံချိန်တင် ရေးထိုးထားဆဲဖြစ်ပါသည်။

ယခုရုပ်ရှင်အတွက် သုံးစွဲထားသည့် အသုံးစရိတ်တွေကလည်း အဲဒီခေတ်ကာလတွင် အကုန်အကျ အများဆုံးဟု ပြောလို့ရနိုင်သည်။ဒေါ်လာ ဆယ့်ငါးသန်းကျော်ကုန်ကျသည်။ယခုခေတ်ကာလလို CGI နည်းပညာတွေမထွန်းကားသေးသော ခေတ်ကာလမို့ ဆက်တင်အစစ်တွေကို တည်ဆောက်ခဲ့ရသည်။ပညာရှင်ပေါင်းများစွာနှင့်အခြားသောဇာတ်ဝင်ခန်းများအတွက် ကုလားအုတ်တွေ။မြင်းတွေကိုလည်း ရာပေါင်းများစွာအသုံးပြု ခဲ့ရပြီး 1958ကနေ 1959ခုနှစ်အထိ မနားတမ်း ရိုက်ကူးခဲ့ပြီးမှ ထွက်ရှိလာခဲ့ခြင်းဖြစ်ပါသည်။ယခု ရုပ်ရှင်ကား၏ ပဲ့ကိုင် ဒါရိုက်တာကြီး ဝီလီယံ ဝိုင်လာဆိုတာကလည်း ကျွန်တော်တို့ ပရိသတ်တွေ ရင်းနှီးပြီးသားပင်။ဟောလိဝုဒ် ရုပ်ရှင်လောက၏ ခေတ်ဦးဒါရိုက်တာတွေထဲကနေ ယခုကာလတစ်လျှောက် ဒါရိုက်တာများအထိ ရေတွက်ကြည့်လျှင် အကောင်းဆုံးဒါရိုက်တာထဲက ဒါရိုက်တာတစ်ယောက်။အနုပညာပါရမီပြည့်ဝလွန်းသော ပုဂ္ဂို လ်တစ်ယောက်ဟုပြောလျှင် လွန်မည်မထင်ပါ။The Roman Holiday တို့လို Wuthering Heights တို့လို ဇာတ်ကားကောင်းတွေကိုလည်း ရိုက်ကူးဖန်တီးနိုင်ခဲ့သည့် ဒါရိုက်တာကြီး တစ်ယောက်ပင် ဖြစ်ပါသည်။

သူလိုပုဂ္ဂို လ်မျို းက Ben Hurလို သမိုင်းနောက်ခံအား အခြေခံပြီး ဖွဲ့သီထားသည့် ဇာတ်လမ်းကြီးကို နိုင်နိုင်းနင်းနင်း ရိုက်ကူးပြနိုင်ခဲ့တာ အံ့သြဖွယ်ရာ မဟုတ်တော့။1925ခုနှစ်က ထွက်ရှိဘူးသည့် Ben Hur အသံတိတ် ရုပ်ရှင်ကို သူကိုယ်တိုင် ပြန်လည်ရိုက်ကူးချိန်မှာ သမိုင်းသစ် စိုက်ထူခဲ့ပြီး ဟောလိဝုဒ်ရုပ်ရှင်နယ်မြေကလည်း ပြန်လည်၍ မီနီ စီးရီးအဖြစ်လည်းကောင်း အန်နီးမေးရှင်း ရုပ်ရှင်ဖြင့်တစ်သွယ်။ လက်ရှိ 2016မှာလည်း လက်တွေ့ခေတ်ကာလနည်းပညာများကို အသုံးပြု လျက် ခမ်းခမ်းနားနားဖြင့် ပြန်လည်တင်ဆက်လာတာကို ရှု စားခဲ့ရသော်လည်း မူရင်း ရုပ်ရှင်၏ အရှိန်အဝါ ဖန်တီးပုံကို မမှီတာတော့ လုံးဝသေချာလှပါသည်။

Ben Hur ရုပ်ရှင်သည် ခရစ်တော် ပေါ်ထွန်းခဲ့သည့် ကာလကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ဟု ကနဦးသတ်မှတ်လို့ရသည်။AD 26ကာလ ။ရောမအင်ပါယာသည် ယင်းခေတ်ကာလတွင် ဥရောပတစ်လွှား၌ ဘုန်းမီးနေလအတောက်ပဆုံး အချိန်အခါဖြစ်သည်။ဘုရင် ဂျူ့လိယက်ဆီးဆာ၏ အောက်ဝယ် စစ်မက်စစ်သွေးတွေပြည့်လျှံနေချိန်ဖြစ်သည်။ထိုအချိန်မျို းမှာ ဂျေရူ့ ဆလင်လို ဆိပ်ကမ်းမြို့တော်လေးအနေဖြင့် ရောမလက်အောက်တွင် သူတို့လိုချင်တာပေး၍ ငြိမ်းချမ်းစွာခိုလှုံ ခြင်းမှတစ်ပါး အခြားမရှိသောကာလဖြစ်ပေသည်။

ဂျူ့ဒက် ဘန်ဟာမှာ ဂျေရုဆလင်က မင်းသားတစ်ပါးဖြစ်သလို ရောမသား မဆန်လာနှင့် သွေးသားရင်းမတော်စပ်သော်ငြား သူ၏အိမ်တော်တွင် မွေးစားညီအစ်ကိုများအဖြစ် ကြီးပြင်းလာခဲ့ကြသည်။တစ်ဦးအပေါ်တစ်ဦး ချစ်ခင်ကြင်နာကြ၏။

အရွယ်ရောက်လာသောအခါဝယ် မြင်းစီး မြင်းကိုင် ပညာကို တစ်ဖက်ကမ်းခတ် တတ်မြောက်ခဲ့ကြသည်။ထိုအခါတွင် ရောမသားမဆန်လာက သူ၏နေထိုင်ရမှု နှင့်ပတ်သက်၍ စိတ်အခန့်မသင့်ဖြစ်ရာကနေ ရောမကို ထွက်ခွာသွားတော့သည်။

ဘန်ဟာသာ ဂျေရုဆလင်မှာ ကျန်ရစ်ခဲ့ရသည်။ဘန်ဟာသည် မင်းသားတစ်ပါးဖြစ်သော်လည်း မာန်မာနမရှိသူ။စစ်မက်မလိုလားသူ။ငြိမ်းချမ်းမှု တရားကိုသာ လိုလားသူဖြစ်သည်။ထို့ကြောင့်ပင် အင်အားကြီးသော ရောမတိုင်းနှင့် အဆင်ပြေပြေသာ ဖြစ်လိုသည်။သူလက်အောက်က ပြည်သူပြည်သားတွေကို အေးဆေးငြိမ်းချမ်းစွာဖြင့်သာ နေထိုင်စေလိုသည်။လက်ထပ်သောအခါတွင် အိမ်ထိန်းကြီး၏ သမီးဖြစ်သူ အက်စ်သာနှင့်သာ လက်ထပ်ခဲ့သည်။

ဘာသာတရားအမျို းမျို း ထွန်းကားနေသောကာလဖြစ်၍ ဂျေရုဆလင်မှာလည်း မေတ္တာတရားကို အခြေခံ၍ ဟောကြားဆုံးမသည့် ဂျီးဆပ် ခရစ်တော်လည်း ပေါ်ထွန်းခဲ့ပြီ ဖြစ်ပါသည်။ဘန်ဟာတစ်ယောက် ဇနီးကလေးဖြင့် မိသားစုဘဝကို ပျော်ရွှင်စွာဖြတ်သန်းနေစဉ်မှာ ငယ်သူငယ်ချင်း မဆန်လာဖြစ်သူ ပြန်ရောက်လာခဲ့တော့သည်။

မဆန်လာဖြစ်သူကမူ ဘန်ဟာနှင့် အကျင့်စရိုက်ကွဲပြားသူ တစ်ဦးဖြစ်၏။သူ၏မွေးရပ်မြေ ရောမ၏ဂုဏ်အင်ကို အထင်ကြီး၏။ယင်းဂုဏ်အင်၏ တောက်ပြောင်မှု အပေါ် ဝံ့ကြွားလိုသူဖြစ်သလို စစ်မက်ဖြစ်ပွားရာက အောင်မြင်မှု ရလဒ်အပေါ် နှစ်ခြို က်သူ တစ်ဦးဖြစ်၏ ။သူ၏ ဝါသနာအတိုင်းပင် ရောမတွင် အကြီးအကဲများ၏ မြှောက်စားခံရသော စစ်ဗိုလ်တစ်ယောက်ဖြစ်လာခဲ့တော့၏ ။

ဂျေရုဆလင်တွင် ဂျေရုဆလင်သားများ အမြတ်တနိုး တည်ဆောက်ထားသော သင်းချို င်းမြေတွေက ကျောက်တွေကိုယူငင်၍ ရောမသားများက အဆောက်အဦတွေဆောက်လုပ်သောကြောင့် မုန်းတီးတွန်းလှန်သူတွေလည်း ရှိနေကြသည်။ရောမသားများ၏ ဖိနှိပ်မှု အပေါ် တိုက်ခိုက်တွန်းလှန်နေသော တော်လှန်ရေးသမားများလည်း ရှိနေသည်ကို စစ်ဗိုလ် မဆန်လာဖြစ်သူက သိနေသော်လည်း မွေးရပ်မြေဖြစ်သော်ကြောင့် ငဲ့ညှာမှု ပေးထားသည်။

ဘန်ဟာနှင့်တွေ့ဆုံသောအခါဝယ် ဘန်ဟာက ငယ်စဉ်ကအတိုင်းပင် ပြောင်းလဲ၍ မသွားသေး။သူ့အပေါ် ခင်ဆဲ။ချစ်ဆဲ။ချစ်လျက်ဝေးခဲ့ရသော ညီမဖြစ်သူနှင့်သူ့ကို လက်ဆက်ပေးလိုဆဲ။သို့ဖြစ်စေကာမူ ရောမက ပါလာသော ရာထူးဂုဏ်သိမ်ကိုသာ ကြည့်လိုသော စရိုက်။ရောမဗိုလ်ချု ပ်ကြီးများ၏ အမျက်တော်ရှမှု ကို စိုးရွံသော အတ္တရှေ့ရှု စရိုက်လက္ခဏာတို့သည် သူနှင့်ဘန်ဟားတို့အကြား စည်းခြားခဲ့လေပြီ။

စစ်မက်ဖြစ်ပွားမှု ကို မုန်းတီးသော်လည်း ဒဏ်ရာရထားတဲ့ တော်လှန်ရေးသမားတစ်ယောက်ကို ဘန်ဟာဖြစ်သူက သနားသဖြင့် ဆေးကုစောင့်ရှောက်ပေးရာကနေ အကြီးမားဆုံး ပြသာနာတစ်ခု ဖြစ်ခဲ့ရလေပြီ။

ယင်းအခြေအနေမှသည် အဆုံးသတ်ကာလအထိ Ben Hur၏ အဓိက ဇာတ်ကြောကြီးတစ်ခု အရှင်သန်ဆုံး အပြင်းထန်ဆုံး ကာလဟု ပြောလို့ရသည်။

2016ရုပ်ရှင်မှာတော့ ဝါရင့်သရုပ်ဆောင်ကြီး မော်ဂန်ဖရီးမန်းက အာရပ်မြင်းကုန်သည်ကြီးအဖြစ် ပံ့ပိုးပေးထားသည်။ဘန်ဟာ၏ အခက်အခဲတွေအပေါ် ဝေမျှပေးသူ ။တည့်မတ်ပေးသူအဖြစ် ဇာတ်ကို ကြည့်ချင်အောင် ထိန်းသွားပေးတာကို တွေ့ခဲ့ရသည်။ဝတ္ထု အမြင်နှင့် ကြည့်လျှင် သူသည် ဆရာကြီးမင်းသိင်္ခဝတ္ထု ထဲက ဦးဂွမ်တီဖြစ်သည်။ဘန်ဟာ၏ စိတ်အနာအဆာများအပေါ် ပြန်လည်ကုစားပေးသော ပညာရှင်တစ်ယောက်အဖြစ် မြင်ကြရမည် ဖြစ်ပါသည်။

ထိုသို့သော အာဏာနှင့်ဖိနှိပ်မှု များ။မောက်မာလိုမှု နှင့် ကျေနပ်ရောင့်ရဲမှု များအကြား တည်ဆောက်ထားသော ယခုရုပ်ရှင်ဝယ် ခရစ်တော်၏ မေတ္တာတရားသည် အဓိက ချိတ်ဆက်မှု တစ်ခု သို့မဟုတ် ရလဒ်ပိုင်း၏ အမှန်/အမှားကို ပြဆိုမှု တစ်ခုအဖြစ် တွေ့ကြရပါမည်။ခရစ်ယာန်ဘာသာဝင်များအတွက် စိတ်နှလုံးကြေကွဲဖွယ် အခိုက်အတန့်တစ်ခုဖြစ်စေမည့် လက်ဝါးကပ်တိုင်ထက်မှာ စီရင်သည့် အခန်းတွေကိုလည်း ကြေကွဲဖွယ်ရာ ဇာတ်ဝင်ခန်းတစ်ခုအဖြစ် ရှု စားရမည်ဟု ပြောရင်း ။

Please, wait..
Channel Mandalay APK ကို downloadရန်နှိပ် ပါ။