Genre: | Drama, Family |
---|---|
Downloads | 3095K Views |
Black Beauty (2020)
================
IMDb Rating – 6.3/10
ဒီတစ်ခေါက် ဇာတ်ကားလေးကတော့ Disney+ movie တစ်ခုဖြစ်တဲ့ Black Beauty ဆိုတဲ့ ဇာတ်ကားလေးပါ။
ဒီဇာတ်ကားက ၂၀၂၀ နိုဝင်ဘာလမှာ ထွက်ရှိလာခဲ့တာပါ။ ဒီကားလေးမှာတော့ အင်မတန်ရဲရင့်ပြီး သတ္တိကဲလှပါတယ်
ဆိုတဲ့ မက်စတန်းမျိုးနွယ်စု မြင်းမလေးနဲ့ ကားအက်စီးဒင့်ဖြစ်ပြီး မိဘ၂ယောက်လုံး ဆုံးရှုံးသွားတဲ့ Jo ဆိုတဲ့ ကောင်မလေး
ကြားက ကြီးမားတဲ့မေတ္တာကို အခြေခံပြီးရိုက်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာဆိုရင်တော့ မြင်းမလေးအဖြစ်
အသံသရုပ်ဆောင်ထားတဲ့သူကတော့ ကိတ်ဝင်းစလတ်ဖြစ်ပါတယ်။ Black Beauty ဆိုတဲ့ မြင်းမလေးနဲ့ Jo ဆိုတဲ့
ကောင်မလေးကြားထဲကို ဘယ်လိုအခက်အခဲတွေရောက်လာမလဲ၊ လူနဲ့ တိရစ္ဆာန်ကြားက သံယောဇဉ်ကို အခြေတည်ပြီး
ရိုက်ထားတဲ့ ဒီဇာတ်ကားမှာ ဆက်လက်ကြည့်ရှုပေးပါဦး။ နောက်ပြီးတော့ မြင်းတွေရဲ့ ဘာသာစကားလို့ဆိုလို့ရမယ့်
အနေအထားတွေ ၊ မြင်းတွေရဲ့သဘာဝတွေကို ဒီကားထဲမှာ ရှင်းပြသွားတာကလည်း သေသပ်လှပလွန်းပါတယ်။