Genre: | Action, Science Fiction, Thriller |
---|---|
Downloads | 15269K Views |
Boss Level(2020)
================
ဒီတစ်ခါတော့ 2020 ထွက် ဇာတ်ကားကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။
ရိုင်ပါဗာဟာ ဒီတစ်ရက်ထဲမှာပဲ ပိတ်မိနေတဲ့လူတစ်ယောက်ပါ။ မိုးလင်းတာနဲ့ ဘယ်ကမှန်းမသိတဲ့ လူတွေလိုက်သတ်ခြင်းကို ခံရမယ်။
နောက်သူသေသွားရင် ဒီတစ်ရက်ပဲ အစကပြန်စမယ်။ ဒီလိုနဲ့ ဖြတ်သန်းလာရင်း သူ့ကိုလိုက်သတ်နေသူတွေက ဘယ်သူတွေလဲ။
ဘာကြောင့် လိုက်သတ်နေရသလဲဆိုတာကို လိုက်လံရှာဖွေရင်း ဒီ endless time loop ကို တီထွင်ခဲ့တဲ့ သူ့အရင်အမျိုးသမီးနဲ့ ဆက်စပ်မှုရှိနေတယ်ဆိုတာ သိရှိသွားပါတော့တယ်။
သူမက မသမာသူတွေလက်ကနေ ဒီပစ္စည်းကို ကာကွယ်နိုင်ဖို့ သူ့ကိုဒီ loop ထဲထည့်ခဲ့တာပဲ ဖြစ်ပါတယ်။
ရိုင်ပါဗာတစ်ယောက် ဒီစက်ပစ္စည်းနဲ့ ကမ္ဘာကြီးကိုအုပ်စိုးချင်နေတဲ့ မသမာသူတွေကို တားဆီးနိုင်ပါ့မလား။
နောက်ဆုံး သူကိုယ်တိုင်ကော ဒီ loop ထဲကနေ လွတ်မြောက်သွားနိုင်ပါ့မလားဆိုတာ ရှုစားရမှာပဲ ဖြစ်ပါတယ်။