Genre: | Comedy, Drama, Sport |
---|---|
Downloads | 15388K Views |
ဒီဇာတ်လမ်းလေးကတော့ Drama/ Sport အမျိုးအစားလေးဖြစ်ပြီး
IMDb 5.1ရထားပါတယ်. အားကစားကိုကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးတွေ
ကြိုက်မယ့် ဇာတ်လမ်းတစ်ပုဒ်ဆိုလဲ မမှားပါဘူး.
ဇာတ်လမ်းအကျဉ်းကတော့ အသက် ၆၃နှစ်အရွယ်
ဘရစ်မယ်ရီဟာ အိမ်မှုကိစ္စဆို သိပ်ကိုနိုင်နင်းပြီး
ယောကျာ်းကို မှီခိုနေထိုင်ရတဲ့ မိန်းမတစ်ဦးပါ.
နှစ်လေးဆယ်ကျော် ငြိမ်းချမ်းနေခဲ့တဲ့ သူမဘဝဟာ
တနေ့မှာတော့ ကံကြမ္မာအပြောင်းအလဲဖြစ်ခဲ့ရပါတယ်.
အဲ့ဒါကတော့ သူမရဲ့ ခင်ပွန်းဖြစ်သူ ကန့်ဟာ နောက်အိမ်ထောင်ရှိနေလို့ပါပဲ.
သူမရဲ့ ခင်ပွန်းဖြစ်သူရဲ့ သစ္စာမဲ့မှုကို စိတ်နာပြီး ကွာရှင်းဖို့ ဆုံးဖြတ်ကာ
အလုပ်တစ်ခု ရှာခဲ့ပါတယ်.ဒီဇာတ်လမ်းရဲ့ အဓိကသော့ချက်ကလဲ ဒီအလုပ်ပါပဲ.
လူမှုဖူလုံရေးမှာ အလုပ်သွားရှာရင်းနဲ့ သူမရဲ့ အသက်အရွယ်ကြောင့်
အလုပ်က ရှာရခက်နေပေမယ့် သူမနဲ့ ကိုက်ညီမယ့် အလုပ်လေးတစ်ခုကို ရရှိခဲ့ပါတယ်.
အဲ့ဒါကတော့ လူငယ်အကြံပေးအဖြစ် ဘော့ဂျ်မြို့ရဲ့ ကလေး
ဘောလုံးအသင်းကို နည်းပြလုပ်ရမယ့် အလုပ်ပါပဲ.
သူမကလဲ အလုပ်လိုနေတာကြောင့် ရရင်ပြီးရော
လုပ်ခဲ့ပေမယ့် ဘောလုံးအကြောင်း နကန်းတစ်လုံးမှ
နားမလည်ပါဘူး.
ဒါပေမယ့် သူနည်းပြရမယ့် ကလေးတွေရဲ့
ဘဝကို တဖြည်းဖြည်း နားလည်လာပြီး
သံယောဇဉ်ဖြစ်ကာ အကောင်းဆုံးကြိုးစားရင်း
ဘဝကို ရုန်းကန်သွားတာတွေ စိတ်ဓာတ်ခွန်အားတွေကို
ချပြထားတယ့် ဇာတ်လမ်းလေးတစ်ပုဒ်ပါ.positive thinkingတွေ
အများကြီးနဲ့ရိုက်ကူးတင်ဆက်ထားတဲ့
Sport typeဇာတ်လမ်းဖြစ်တာကြောင့် စိတ်ညစ်နေတဲ့လူ
တွေ၊ ဘဝကို စိတ်ကုန်နေတဲ့လူတွေ ကြည့်သင့်ပါတယ်.
ဇာတ်လမ်းလေးကို ကြည့်ရှုခံစားရင်း
ဘဝအမောတွေကို ဖြေဖျောက်လိုက်ကြရအောင်လားဗျာ