Genre: | Drama, Romance |
---|---|
Downloads | 7017K Views |
Chemical hearts2020
ဒီကားလေးကတော့ပီးခဲ့တဲ့ 21ရက်နေ့မှamazon studioက ပူပူနွေးနွေးလေးထွက်ထားတဲ့ teen romanceကားလေးပါ ဆယ်ကျော်သက်လူငယ်တွေရဲ့ ပြသနာလေးတွေ အခက်အခဲလေးတွေကိုမြင်တွေ့ရမှာပါ အဓိက ကတော့ အချစ်ပြသနာလေးပါ ဆယ်ကျော်သက်တွေအများဆုံးမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ပြသနာလေးပေါ့
ဟန်နရီဆိုတဲ့ကောင်လေးဟာ အသက်17နှစ်အရွယ်ဆယ်ကျော်သက်လေးပါ ရည်းစားလည်းတစ်ခါမှမထားဘူးပဲ စာရေးရတာ သတင်းစာရေးရတာပဲ ကြိုက်တဲ့ကောင်လေးပါ တစ်နေ့တော့ ဟန်နရီကျောင်းကို ဂရေ့စ်ဆိုတဲ့ ထူးခြားတဲ့ကောင်မလေးရောက်လာပါတယ် ဟန်နရီက ဂရေစ့်ကိုမြင်မြင်ချင်းချစ်မိခဲ့တာပါ အချစ်ဦးလည်းသွားတဲ့ဂရေစ့်အကြောင်းကို ဟန်နရီ လိုက်စုံစမ်းပါတော့တယ် ဂရေစ့်က ခြေထောက်တစ်ဖက်မသန်ပဲ တုတ်ကောက်နဲ့လမ်းလျှောက်ရသူပါ အဲ့လို့ဖြစ်သွားတဲ့အကြောင်းကတော့ ကားမှောက်ထားလို့ပါ စစချင်းမှာ ဂရေစ့်ဟာ ဟန်နရီကိုလက်ခံခဲ့ပေမဲ့ နောက်ပိုင်းမှာ ဂရေစ့်ပုံစံတွေပြောင်းပီး စိတ်မတည်မငြိမ်ဖြစ်လာပါတယ်
ဘယ်အရာကများ ဂရေစ့်ကို ပြောင်းလဲသွားစေခဲ့တာလဲ ဟန်နရီကိုရော ဂရေစ့်ကပြန်ကြိုက်နိုင်ပါ့မလား ဂရေစ့်ကဘယ်လိုကြောင့်ကားမှောက်ခဲ့တာလဲဆိုတာတော့ ကားလေးကိုပဲဆက်ကြည့်ပီးအဖြေရှာလိုက်ပါ
ဒီကားလေးကကျွန်တော် ကြိုက်တဲ့အထဲပါပါတယ် တကယ်ရိုးရိုးလေးနဲ့ဆွေးဆွေးလေးfeelရမဲ့ ကားလေးပါ အကြိုက်ဆုံးကတော့ ဇာတ်ညွှန်းစာသားလေးလေးတွေပါ စကားလုံးလေးတွေကရင်ထိပါတယ် ကြည့်ရှု့သင့်တဲ့ဇာတ်ကားကောင်းလေးတစ်ခုပါ