Chinatown 1974

Genre: Drama, Mystery, Thriller
Downloads 5481K Views

၁၉၃၇ ရဲ့ နေ့တစ်နေ့မှာ LAမြို့က Jake Gittes ဆိုတဲ့ အလွတ်တန်းစုံထောက်တစ်ယောက်ဆီကို

 Evelynဆိုတဲ့ အမျိုးသမီးတစ်ယောက်က အမှုအပ်ဖို့ရောက်လာပါတယ်
 

ရောက်လာတဲ့ အကြောင်းရင်းက သူ့ယောက်ျားဖောက်ပြန်နေတာကို စုံစမ်းပေးဖို့ပါ

 သူယောက်ျားကလည်း သာမန်လူတော့ မဟုတ်ဘူး

LA Department of Water and Powerရဲ့ အကြီးတန်းအင်ဂျင်နီယာ တစ်ယောက်

Jakeလည်း သူ‌့ကို‌ေနာက်‌ေယာင်ခံလိုက်တယ်

ပြီးရင် အမျိုးသမီးတစ်ယောက်နဲ့ အတူတွဲမြင်နေရတဲ့ဓာတ်ပုံကိုရိုက်ပြီး နောက်နေ့သတင်းစာ ရှေ့ဖုံးမှာ ထည့်လိုက်တယ်

အဲ့နေ့မှာဘဲ Evelyn အစစ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်က မကျေမနပ်ဖြစ်ပြီး တရားစွဲမယ်လုပ်တယ်

Jakeလည်း ဒီကိစ္စကို တည့်‌ေဖြရှင်းချင်လို့ Mr.Mulwray နဲ့တွေ့ဖို့လုပ်ပေမယ့်

မတွေ့ဖြစ်လိုက်ဘူး ဒါပေမယ့် နောက်နေ့ရောက်တော့ ရေနစ်သေနေတဲ့ Mr.Mulwrayကို တွေ့လိုက်ရတယ်

ဒီလူသေမှုက ထင်ထားသလောက်မရိုးရှင်းဘူး

Jakeတစ်ယောက် ဒီအမှုရဲ့ တရားခံ၊

နောက်ကွယ်က အမှန်တရားတွေကို ဖော်ထုတ်နိုင်ပါ့မလားဆိုတာ ကြည့်ကြလိုက်ရအောင်

Chinatownဟာ Neo-Noir အမျိုးအစားဇာတ်ကားဖြစ်ပြီး California Water Warsကို

အခြေခံကာ ရိုက်ကူးထားတာဖြစ်ပါတယ်

နာမည်ကျော်ဒါရိုက်တာကြီး Roman Polanski ရဲ့ လက်ရာကောင်းတစ်ခုဖြစ်ပြီး

Best Original Screenplayဆုကို ရထားတဲ့ အော်စကာဆုရ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်

Please, wait..
Channel Mandalay APK ကို downloadရန်နှိပ် ပါ။
Load Facebook SDK for JavaScript end -->