Chris Watts Confessions of a Killer 2020

Genre: Crime
Download 20340


ဖြစ်ရပ်မှန်ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် သူ့နာမည်က ခရစ်တိုဖာဝက်စ် သူ့မှာ အိမ်ကောင်းကောင်း အလုပ်ကောင်းကောင်း ပျော်ရွင်စရာမိသားစုလေးရှိတယ် ချစ်စရာသမီးလေးနှစ်ယောက်အပါအဝင်ပေါ့ တစ်နေ့မှာ သူတို့လင်မယားနှစ်ယောက်ကလေးတစ်ယောက်ထပ်ရမှန်းသိကြတယ် ပျော်ကြတာပေါ့ ။ သမီးနှစ်ယောက်ဆိုတော့ ယောက်ျားလေးဖြစ်ပါစေဆိုတဲ့မျှော်လင့်ချက်နဲ့ပေါ့၊ ဒီလိုနဲ့ ခရစ်ရဲ့မိန်းမ ရှန်နန်ဟာမိဘတွေရှိရာ မြောက်ကယ်ရိုရိုင်းနားကိုသမီးနှစ်ယောက်နဲ့အတူ အပန်းဖြေဖို့ ခရီးထွက်ခဲ့တယ်။ ခရစ်ကိုတော့အလုပ်ကိစ္စတွေရှိလို့နောက်မှလိုက်ခိုင်းခဲ့တာပေါ့ ။ ဒီအထိက သာမန်ကိစ္စတစ်ခုပါပဲ။ မိန်းမမရှိတော့နဲ့အချိန်မှာ ခရစ်ဟာ အလုပ်က နစ်ကီဆိုသူနဲ့ ဇာတ်လမ်းတစ်ပုဒ်အစပြုတာကနေ နောက်ဆက်တွဲတွေဟာ အကုန်ရှုပ်ထွေး ကုန်ပါတော့တယ်။ အခုရေးထားတဲ့အညွှန်းထဲမှာ ဇာတ်လမ်းရဲ့ တကယ့်အနှစ်သာရတွေကို ချန်ပြီးရေး တာမို့ spoiler သဘောမဖြစ်စေပါဘူး။ တကယ်အရေးကြီးတဲ့ ကောင်းခန်းတွေ တစ်ချို့သောချစ်ကြိုက် ခန်းတွေလည်းအနည်းငယ်ပါဝင်ပါတယ်။ ဒီကားလေးကြည့်ပြီး မဖြစ်သင့်တာ မဖြစ်ဖို့နဲ့ ကိုယ့်ကိုယ်တောင်မထင်မှတ်လောက်တဲ့ ကိစ္စတွေလုပ်မိတတ်ပါလားဆိုတဲ့အတွေးမျိုးလည်း သင်ခန်းစာရယူနိုင်ပါလိမ့်မယ်

Credit -> Channel Myanmar

logo
Channel Mandalay APK ကို downloadရန်နှိပ် ပါ။