Collectors (2020)

Genre: Action, Adventure, Asian
Downloads 6421K Views

ဇာတ်ကားအကြောင်းမပြောခင် ပါဝင်ထားတဲ့သရုပ်ဆောင်တွေက

မိတ်ဆက်ပေးစရာမလိုလောက်အောင် ကိုရီးယားပရိသတ်အတော်များများ

သေချာပေါက်သိကြမယ့် နာမည်ကြီးမင်းသားမင်းသမီး ဇာတ်ပို့ဇာတ်ရန်တွေချည်းပါပဲ

ပြောရရင်တော့ မင်းသမီးနေရာမှာ လက်ရှိ

အားလုံးသဘောကျနေကြတဲ့

 

ဂျိုဆွန်းခေတ်မိဖုရားကြီးနေရာသရုပ်ဆောင်ထားတဲ့

ရှင်းဟယ်ဆောင်း ပါဝင်အားဖြည့်ပေးထားပါတယ် ( အဓိကအချက် )

ဖောက်ထွင်းလူလိမ်လို့ခေါ်ရလောက်အောင် ရှေးဟောင်းပစ္စည်းတွေကို ဖောက်ထွင်းပြီး

ဈေးကောင်းပေးတဲ့နေရာမှာ ပြန်ရောင်းစားတဲ့ ဂန်ဒုန်ဂူဆိုတဲ့လူတစ်ယောက်ဟာ

အပေါ်ယံမှာတော့ ရှေးဟောင်းယဉ်ကျေးမှုအဖွဲ့အစည်းရဲ့အကြီးအကဲဖြစ်ပြီး နောက်ကွယ်မှာ

ရှေးဟောင်းပစ္စည်းတွေကို ရောင်းစားနေတဲ့ ဥက္ကဋ္ဌဂျင်ဆန်းဂူဆိုတဲ့လူနဲ့ပတ်သတ်ဖို့ဖြစ်လာခဲ့တဲ့အခါ…

ဘိုးတော်တပ်မက်လောက်မယ့်ပစ္စည်းကို ဖောက်ထွင်းပေးဖို့ကြိုးစားရင်း

ဂန်ဒုန်ဂူတို့အဖွဲ့ ဘယ်လိုတွေ ကတုံးပေါ်ထိပ်ကွက်မလဲဆိုတာကို ဆက်ကြည့်ပေးစေချင်ပါတယ်

ဇာတ်လမ်းက ( ကိုရီးယားဇာတ်ကားအနေနဲ့ ) အတော်လေးစိတ်ဝင်စားစရာကောင်းပြီး

ဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့ကိုယ်ပိုင်ဟန်က မပျင်းမရိရဘဲ အဆုံးထိဆွဲခေါ်ပေးသွားပါလိမ့်မယ်

အချိန်ပေးရတာ သေချာပေါက်တန်စေမှာဖြစ်ပြီး မင်းသားရော မင်းသမီးပါ ကြည့်ရင်း

ပြီးလို့ပြီးသွားမှန်းမသိမှာမလို့ ကြည့်စေချင်တာနဲ့ညွှန်းပေးလိုက်ပါတယ်

Please, wait..
Channel Mandalay APK ကို downloadရန်နှိပ် ပါ။
Load Facebook SDK for JavaScript end -->