Coma (2019)

Genre: Action, Fantasy, Science Fiction
Download 10771

Coma (2019)
========================
ကိုမာလို့ ပြောလိုက်တာနဲ့ ဦးနှောက်သေတဲ့ ရောဂါဆိုတာ ကျွန်တော်တို့ အားလုံးသိကြမှာပါ။ ဟုတ်ပါတယ် ဒီကားကလဲ အဲ့ ရောဂါကို အခြေခံထားတာပါ။

ဒါပေမယ့် မတူတာက ဒီကားမှာ ကိုမာ ဖြစ်တဲ့လူတွေဟာ Coma လို့ခေါ်တဲ့ စိတ်ကူးယဉ် ကမ္ဘာကို ရောက်သွားကြပါတယ်၊ အဲ့ကမ္ဘာက ကိုမာဖြစ်နေတဲ့ လူတွေရဲ့ မှတ်ဉာဏ် အပိုင်းအစတွေနဲ့ တည်ဆောက်ထားတာပါ။

အဲ့တော့ အဲ့ ကမ္ဘာမှာ မြေတွေက တစ်ဆက်တည်းမရှိပဲ သူ့နေရာနဲ့သူ လေထဲ လွင့်နေတာပါ၊ အဲ့လို အရာတွေပဲ ရှိတာမဟုတ်ပါဘူး၊ Coma မှာ Reaper လို့ ခေါ်တဲ့ ကိုမာ ဖြစ်နေတဲ့ လူတွေကို သတ်တဲ့ ကောင်တွေလဲ ရှိပါတယ်။ အဲ့တော့ အဲ့ ကမ္ဘာမှာ ရောက်နေတဲ့ လူတိုင်းက Reaper တွေနဲ့ ကင်းလွတ်တဲ့ နယ်မြေကို ရှာဖွေကြမှာပါ။

အဲ့မှာ ရှိတိုင်း လူတိုင်းက တစ်ယောက်ကို စွမ်းရည် တစ်မျိုးစီ ပိုင်ဆိုင်ထားကြတာပါ၊ ဥပမာ လက်တွေ့ကမ္ဘာမှာ နက္ခတ်ဗေဒပညာရှင်က အဲ့ ကမ္ဘာမှာဆို လမ်းတွေကို အာရုံ ခံစားလို့ ရတဲ့ အစွမ်းရှ်ိပါတယ်။ အဲ့လို အစွမ်းတွေနဲ့ သူတို့ Reaper တွေကို ဘယ်လိုတိုက်ထုတ်မလဲ၊ သူတို့ ရှာနေတဲ့ နေရာကိုရော တွေ့မှာလား၊ အဲ့ ကမ္ဘာကရော သူ့အလိုလိုတည်ရှိနေတာလား၊ ဘယ်သူတွေက ကြိုးကိုင်နေတာလဲဆိုတာ ဒီကားလေးကို ဆက်ကြည့်ပေးပါဦး …

Please, wait..
Channel Mandalay APK ကို downloadရန်နှိပ် ပါ။