Con Air (1997)

Genre: Action, Crime, Thriller
Downloads 15031K Views

flower

Con Air (1997)
=========================
လျှို့ဝှက်သည်းဖို အက်ရှင်စွန့်စားခန်းကိုမှကြွေတဲ့ ပရိတ်သတ်တွေအတွက် 1997 ခုနစ်ကထွက်ခဲ့တဲ့အနယ်နယ်အရပ်ရပ်ကရာဇဝတ်သားတွေ လေယာဉ်တစ်စီးထဲမှာလာစုမိကြတဲ့ Con Air ဆိုတဲ့ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

စပယ်ရှယ်ဇာတ်လမ်းတွေပဲရွေးရိုက်တတ်တဲ့ နာမည်ကြီးမင်းသားကြီး Nicolas Cageရဲ့ ဇာတ်ကားဖြစ်တာကြောင့် အထူးတလည်တော့ ညွှန်းစရာလိုမယ်မထင်ပါဘူး။

ဇာတ်လမ်းအကျဉ်းလေးက …. အမေရိကန်ရိန်းဂျားတပ်ဖွဲ့ကနေ ဂုဏ်ထူးဆောင်ဆု တွေနဲ့အိမ်ပြန်လာခဲ့တဲ့စစ်သားတစ်ယောက်ဟာ သူ့မိန်းမနဲ့အိမ်အပြန်မှာ လူတစ်စုရဲ့နှောင့်ယှက်မှုကို ခုခံကာကွယ်ရင်းမတော်တဆ လူသတ်မိပြီး ထောင်ကျသွားခဲ့ပါတယ်။

နှစ်အနည်းငယ်အကြာမှာတော့ ခံဝန်ကတိနဲ့ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ရပြီး အိမ်အပြန်မှာ ထောင်သားတွေကို အရွေ့အပြောင်းလုပ်ပေးတဲ့ လေယာဉ်ကြီးနဲ့အတူ လမ်းကြုံလိုက်စီးခဲ့ရာမှာတော့ ရာဇဝတ်သားတွေ ပြည့်နှက်နေတဲ့ လေယာဉ်ကြီးပေါ်မှာ ဘယ်လိုဆက်ဖြစ်မလဲ အဆိုပါစစ်သားတစ်ယောက် အိမ်ကိုပြန်ရောက်ပါ့မလား ဆိုတာကတော့ ဇာတ်ကားထဲမှာပဲ ခံစားလိုက်တော့ဗျာ…..

Please, wait..
Channel Mandalay APK ကို downloadရန်နှိပ် ပါ။