Coolie No. 1(2020)

Genre: Comedy , Bollywood
Downloads 4986K Views

Coolie No. 1 (2020)အညွှန်း
*************************

ရာဂျုးကူလီက ငယ်ငယ်တုန်းက မမျှော်လင့်ပဲ သူ့အမေနဲ့ ရထားဘူတာတစ်ခုမှာ ရှင်ကွဲကွဲသွားခဲ့ပါတယ်။

ဘူတာက လူတစ်ယောက်က သူ့ကို ကူလီထမ်းပြီး ဘဝကို ပျော်ပျှော်ရွှင်ရွှင်နဲ့ ရှေ့ဆက်ဖို့ သင်ကြားပေးခဲ့သတဲ့။

ဒီလိုနဲ့ သူကြီးလာတော့ ဘူတာမှာ လူတကာရဲ့ အထုပ်တွေကိုသယ်ရင်း အလုပ်လည်းကြိုးစားသလို ဉီးဆောင်နိုင်စွမ်းလည်း

ရှိလေတော့

 

ရာဂျုးကူလီ နံပါတ် ၁ ဆိုပြီး နာမည်ကြီးနေပါတော့တယ်။
မစ္စတာရိုဇာရီယိုဆိုတဲ့ လောဘကြီးသူဋ္ဌေးရဲ့ အိမ်ကိုလည်း ပုဏ္ဏားတစ်ယောက်က

မင်္ဂလာကိစ္စကမ်းလှမ်းဖို့ သားရှင်မိသားစုနဲ့အတူ ရောက်လာတယ်။
ရိုဇာရီယိုက “အစားအသောက်ပစ္စည်းဝယ်ရင်တောင် လေယာဉ်နဲ့ထွက်ဝယ်တဲ့သူမျိုး၊

နိုင်ငံတစ်နိုင်ငံက ပိုက်ဆံလိုရင်တောင် သူ့အရှေ့လက်လာဖြန့်ရမယ့်သူမျိုးကိုပဲ သားမက်တော်နိုင်မယ်”လို့

လေလုံးထွားလိုက်ပါတယ်။ပုဏ္ဏားကြီးဟာ သူ့သက်တမ်းတစ်လျှောက် ဒီလိုမျိုးမကြုံဘူးတော့

အရမ်းရှက်သွားတယ်…ဒါ့ကြောင့် ဘဝင်လေဟပ်နေတဲ့မိသားစုကို လက်စားချေဖို့ လွန်စွာမှာ နိမ့်ကျတယ်လို့

ယူဆတဲ့ ရာဂျူးကူလီနံပါတ် ၁ ကို အကူအညီတောင်းပြီး ရွှေဇွန်းကိုက်တဲ့သမီးတော်ကို ရဖို့ကြိုးစားပါတော့တယ်…

ကူလီသမားကို သူဌေးကြီးပုံစံဖြစ်အောင် ပုဏ္ဏားကြီးဘယ်လိုကြိုးစားမလဲ…

သူတို့ဘယ်လိုအကွက်ချကြမလဲ..အောင်မြင်နိုင်ပါ့မလား….ဆိုတာကိုတော့…
တော်တော်လေး ရယ်ရတဲ့ ဇာတ်ကားဖြစ်လို့ Comedyကားကြိုက်သူများ လက်မလွှတ်သင့်ပါကြောင်း ….

Please, wait..
Channel Mandalay APK ကို downloadရန်နှိပ် ပါ။
Load Facebook SDK for JavaScript end -->