Daaka (2019)

Genre: Action, Comedy, Thriller
Download 16057

Daaka (2019)
=====================
၂၀၁၉ထွက်အိန္ဒိယဟာ သကားလေးပဲဖြစ်ပါတယ်။

ဇာတ်လိုက်လေးဖြစ်တဲ့ဆင်းဒါး မွဲတာမှဆိုင်ကယ်ဆီဖိုးတောင်မရှိလို့သူများဆီကိုခိုးသုံးနေရတဲ့သူ နောက်ထပ်သူ့ရဲ့အပေါင်းပါ ဘာလီ သူကတော့သမီးလေးနေမကောင်းဖြစ်နေပြီးမွဲတာကတော့ ဆင်းဒါးနဲ့အတူတူလောက်ပါပဲ။

သူတို့ဆိုင်လေးကပ်ဖွင့်နေတဲ့ဆိုင်ပိုင်ရှင်ကဒီဆိုင်ကိုရောင်းတော့မှာမို့ သူတို့နှစ်ယောက်ကိုဖယ်ပေးဖို့ပြောတော့ မဖယ်ချင်ရင်ဆိုင်ကို၀ယ်လိုက်လို့အကြံပေးလိုက်ရာကနေ ဒီအရှုပ်တော်ပုံကြီးစတင်ပါတော့တယ်။

စားစရာတောင်အနိုင်နိုင်ဖြစ်နေတဲ့ သူတို့အဖို့ဆိုင်ကို၀ယ်ဖို့ဆိုတာ လုံး၀ကိုမဖြစ်နိုင်တာပေါ့။ တစ်ချိန်တည်းမှာပဲ ပိုက်ဆံသန်းငါးရာကိုလိမ်လည်မှုနဲ့ထွက်ပြေးနေတဲ့လူဆိုးကြီးဆူချန်ကိုလည်း သူတို့နေတဲ့ရွာကရဲစခန်းမှာဖမ်းထားကြပါတယ်။

ဒီမှာကတစ်ပိုင်း နောက်တစ်ခုကမင်းသားရဲ့ချစ်သူလေးကလည်း သူ့အဖေကယောက်ကျားပေးစားတော့မှာမို့ ဆင်းဒါးကိုလာတောင်းဖို့ပြောပါလေရော အဲ့မှာဆင်းဒါးတစ်ယောက် ဆိုင်ကို၀ယ်နိုင်ဖို့နဲ့ ကောင်မလေးကိုလက်ထပ်နိုင်ဖို့ ရွာကဘဏ်ကိုဓားပြတိုက်ပါတော့တယ်။

ကံကဆိုးချင်တော့ အဲ့အချိန်မှာပဲဆူချန်ကိုသူ့လူတွေကလာကယ်တော့ သေနတ်ပစ်သံတွေကြောင့်ဆင်းဒါးတို့ကလည်းရဲတွေလာပြီဆိုပြီး ကြောက် လန့်ပြေးတာဓားပြတိုက်ထားတဲ့ပိုက်ဆံတွေပါကျန်ခဲ့ရော။ အဲ့လိုနဲ့ပြန်ပြေးလာရင်း လူလိမ်ကြီးဆူချန်ကသူတို့အိမ်မှာရောက်နေလေရော။

ဆူချန်ကသူ့ကိုရွာပြင်ထုတ်ပေးနိုင်ရင်သန်းငါးဆယ်ပေးမယ်လို့ပြောတာကနေ အရှုပ်တော်ပုံကြီးစတော့တာပါပဲ။ ဆူချန်ကိုဆင်းဒါးတို့လွတ်အောင်လုပ်ပေးနိုင်ပါ့မလား ပိုက်ဆံတွေကရောရမှာလား ရဲတွေကရောဘယ်လိုတွေလိုက်စုံစမ်းကြမှာလဲ ဆင်းဒါးရောချစ်ရသူနဲ့ညားပါ့မလား စတာတွေကိုဒီဇာတ်ကားလေးပဲ စိတ်၀င်စားပျော်ရွှင်ဖွယ်တွေ့မြင်ရမှာပဲဖြစ်ပါတယ်…………….

Please, wait..
Channel Mandalay APK ကို downloadရန်နှိပ် ပါ။