Genre: | Comedy, Drama, Western |
---|---|
Downloads | 13689K Views |
ပန်နယ်လိုပီဆိုတဲ့ လှပတဲ့မိန်းမငယ်လေး တစ်ယောက်ကြောင့် ဖြစ်ပေါ်လာတဲ့
အရှုပ်အထွေးတွေ အကြောင်းကို ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ်
သူမပြန်ပေးဆွဲခံရတဲ့အခါမှာ သူမရဲ့သတို့သားလောင်းဖြစ်သူ
ဆင်မြူရယ်အနေနဲ့ မနည်းခြေရာကောက်ပြီး လိုက်ရှာရဖို့ဖြစ်လာပါတယ်
ဆင်မြူရယ်ရဲ့အချစ်ကတော့ ပြန်ပေးဆွဲခံရတဲ့သတို့သမီးကို
လိုက်ရှာနေတဲ့အချိန်မှာတောင်မှ ပြန်တွေ့တဲ့အခါ မင်္ဂလာတန်းဆောင်ပစ်ဖို့
ရည်ရွယ်ချက်နဲ့ တရားဟောဆရာ ပါဆင်ဟန်နရီကိုပါ တပါတည်းခေါ်သွားတာပါ
ပါဆင်ဟန်နရီအနေနဲ့ကလည်း မင်္ဂလာပွဲကျင်းပပေးဖို့လို့သာ သိထားပြီးတော့
ဒီလိုရှုပ်ရှုပ်ထွေးထွေး အမှုအခင်းကြီးထဲမှာ သူပါဝင်ရလိမ့်မယ်ဆိုတာ
သိကိုမသိထားပါခဲ့ပါဘူး သူတို့နှစ်ယောက်သား
ပန်နယ်လိုပီကို လိုက်လံရှာဖွေရင်းနဲ့ ပြန်ပေးဆွဲသွားတဲ့လူကို
မတော်တဆ ပစ်သတ်လိုက်မိတဲ့အခါမှာတော့
ဇာတ်လမ်းကတစ်မျိုးတစ်ဖုံပြောင်းလဲသွားပါတော့တယ်
ဆုလာဘ်တစ်ပါးလို့တောင် တင်စားပြောဆိုရလောက်တဲ့
မိန်းမလှတစ်ဦးအတွက် လူသတ်မှုတွေ ရယူပိုင်ဆိုင်လိုမှုတွေ ဖြစ်ပေါ်ခဲ့တာကို
ရိုက်ကူးတင်ဆက်ထားခြင်းပဲဖြစ်ပါတယ်
Twilight မင်းသား ရောဘတ်ပတ်တင်ဆန်က အားဖြည့်ပါဝင်ထားပါတယ်