Genre: | Documentary |
---|---|
Downloads | 3445K Views |
Diego Maradona (2019)
===================================
ဒီရေဂို မာရာဒိုနာဆိုတာ.. ၁၉၈၆ ခုနစ် ကမ္ဘာ့ဖလားမှာ အင်္ဂလန်အသဲကိုခွဲခဲ့သူ ဘုရားပေးတဲ့ ရွှေလက်ပိုင်ရှင် ပီလီနဲ့အပြိုင် သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားလို့ သတ်မှတ်ခြင်းခံခဲ့ရတဲ့သူ အာဂျင်တီးနားရဲ့ တိုက်စစ်မှူးလည်းဖြစ် ဘောလုံးနည်းပြလည်းဖြစ်ခဲ့ဖူးသူ နောက်ပြီး အောင်မြင်မှုဒဏ်မခံနိုင်ဘဲ မူးယစ်ဆေးရဲ့သားကောင်ဖြစ်ခဲ့ရသူ…
Rest In Peace Diego Maradona (1960-2020)
ဒီတစ်ခေါက် မိတ်ဆက်ပေးမှာကတော့ ဘောလုံးလောကရဲ့ ဂန္ဓဝင်ကစားသမား မာရာဒိုနာအကြောင်းပဲ ဖြစ်ပါတယ်
ဒီဇာတ်ကားလေးကတော့ မာရာဒိုနာတစ်ယောက် ဘာစီလိုနာကထွက်ပြီး နာပိုလီအသင်းအတွက် ကစားဖို့ပြန်လာတာကစပြီး သူနာပိုလီအသင်းအတွက် ရယူပေးနိုင်ခဲ့တာတွေ နောက်ကမ္ဘာ့ဖလားမှာလည်း အာဂျင်တီးနားအတွက် စွမ်းဆောင်ပေးခဲ့တာတွေ သူ့လူမှုရေးအရှုပ်အထွေးတွေနဲ့ သူ့ဘဝအကြောင်းကို ရိုက်ကူးထားတဲ့ Documentary လေးပဲဖြစ်ပါတယ်
ဘောလုံးလောကရဲ့ ဂန္တဝင်တစ်ဦး ဆုံးရှုံးသွားရခြင်းနဲ့အတူ သူ့ရဲ့ နိမ့်မြင့်တက်ကျဇာတ်ကြောင်းလေးတွေကိုလည်း ဘောလုံး ပရိသတ်ကြီးရော Gold Channel ပရိသတ်ကြီးပါ ခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။