Dont Be Afraid of the Dark (2010)

Genre: Fantasy, Thriller
Download 22440


Weekend မှာ အေးဆေးဖီးလ်ဖို့ ဥစ္စာစောင့်တွေ ဒဏ္ဍာရီတွေ ပါတဲ့ ထူးဆန်းထွေလာ သည်းထိတ်ရင်ဖိုဇာတ်ကားလေးတစ်ကား တင်ဆက်လိုက်ပါတယ်။ နာနာဘာဝတွေဟာ သနားစရာလည်းကောင်းသလို ကြောက်စရာလည်းအင်မတန်ကောင်းလှပါတယ်။ သူတို့ဟာလူ့အသိုင်းဝိုင်းနဲ့ တစ်နည်းနည်းတဖုံဖုံနဲ့ ဆက်နွယ်နေရပါတယ်။ ကောင်းကျိုးပေးတဲ့ နာနာဘာဝတွေရှိသလို ဆိုးကျိုးတွေပေးတဲ့ နာနာဘာဝတွေလည်းရှိပါတယ်။ ဒီဇာတ်ကားလေးတဲ့ကျောရိုးကတော့ နာနာဘာ၀ တွေထဲကမှ ဆိုးကျိုးတွေပေးတဲ့ ဥစ္စာစောင့် လေးတွေနဲ့ဖွဲ့စည်းထားပါတယ်။ ———————————————————————————————- အဲလက်တစ်ယောက် ကလေးနဲ့မိန်းမကိုပစ်ပြီး ဒီဇိုင်နာအမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်ဖို့တာစူနေပါတယ်။ သမီးလေး(ဆယ်လီ)ကိုသံယောဇဉ်မကင်းတာကတစ်ကြောင်း တာဝန်မကင်းတာကတစ်ကြောင်းမို့ ဒီဇိုင်နာမလေး ခင်နဲ့နီးစပ်စေရန်ခေါ်ထားပါတယ်။ အဲလက် ဟာ ဒီဇိုင်နာခင်နဲ့ ပူးပေါင်းပြီးတော့ ရှေးဟောင်းအိမ်ကြီးတစ်လုံးကို လေလံဆွဲပြီး သမိုင်းပညာရှင်တွေရဲ့အကူညီနဲ့ ပြန်လည်မွမ်းမံပါတော့တယ်။ သူတို့လေလံဆွဲထားတဲ့ အိမ်ကြီးက နိုင်ငံကျော်အနုပညာရှင်ကြီးရဲ့အိမ်တစ်လုံးပါ။ သူတို့ရဲ့ ရည်ရွက်ချက်က သမိုင်းဝင်အိမ်ကြီးကို အနုစိတ်ပြန်မွမ်းမံပြီး လေလံပြန်တင်ဖို့ပါ..။ ဒါပေမဲ့ ဒီအိမ်ကြီးမှာ သူတို့မသိတဲ့ ကြောက်မက်ဖွယ် အဖြစ်ဆိုးအတိတ်ကြီးရှိနေတာကို သူတို့ မသိပါဘူး..။ အဲဒီအဖြစ်ဆိုးကြီးက အိမ်ကြီးပြန်လည်မွမ်းမံပြီးတဲ့နေ့မှာပဲ ပြန်လည်နိုးကြားလာပါတော့တယ်။ ဘယ်လိုအဖြစ်ဆိုးလဲ..ဘယ်လောက်ထိ ဆိုးသလဲဆိုတာကိုတော့ ပရိတ်သတ်ကြီးကပဲကြည့်ပြီး ဆုံးဖြတ်ပေးပါလို့ပဲပြောပါရစေ။

Credit -> Channel Myanmar

logo
Channel Mandalay APK ကို downloadရန်နှိပ် ပါ။