• action
  • vp_img
  • vp_img
  • vp_img
  • vp_img
  • vp_img
  • vp_img
  • vp_img
  • vp_img
  • vp_img
  • vp_img
  • vp_img
  • vp_img

Dorian Gray


ကြည့်ရှုလိုပါက နှိပ်ပါ

Dorian Gray(2009)

ဒီကားလေးကတော့ 1890 တုန်းကထွက်ခဲ့တဲ့ “The Picture of Dorian Gray”ဆိုတဲ့ ဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်ဖန်တီးခဲ့တဲ့ ကားလေးပဲ ဖြစ်ပါတယ်

ဇာတ်လမ်းကတော့ အဖိုးအမွေတွေကို ဆက်ခံဖို့ အဂ်လန်ကိုတက်လာခဲ့တဲ့ ဒိုရစ်ယန် တစ်ယောက် လူပေါင်းမှားတာကစတာပါပဲ

မူလစိတ်အရင်းခံကရိုးသားပေမယ့် စကားတတ်လှတဲ့ ဟယ်ရီ နဲ့တွေ့ပြီးနောက်ပိုင်း မကောင်းတဲ့အပျော်အပါးအကုန်လုပ်တတ်ပြီး ပျက်ဆီးသွားခဲ့တဲ့ အကြောင်းပါ

သူအဂ်လန်ကိုရောက်ပြီး နှစ်ပတ်အကြာမှာ သူ့မိတ်ဆွေ ဘဆလ်(ပန်းချီဆရာ)ကသူ့ပုံတူကိုဆွဲပေးခဲ့ပါတယ် ပုံတူကတူလွန်းအားကြီးတော့ အရမ်းအသက်ဝင်လွန်းပါတယ်

ပြီးတော့ အဲ့ပုံတူကိုဆွဲပြီးကတည်းက ဒိုရစ်ယန်မှာရှိတတဲ့ ဒါမှမဟုတ် သူခံစားရတဲ့ဘယ်လို အနာမျိုးမဆို အဲ့ပုံတူဆီကိုပဲ ရောက်သွားတော့ပါပဲ
အရက်သောက်ပြီးတော့ နိုးလာရင်တောင် အရက်နာမကျတဲ့အထိပါ

နောက်ပိုင်း အဲ့လျှိုဝှက်ချက်ကိုသိပြီး ဒိုရစ်ယန်တစ်ယောက် ဘာတွေဆက်လုပ်လဲ………..
အဲ့ပုံတူကို ကာကွယ်ဖို့ရော ဘာတွေလုပ်ခဲ့ရလဲ……

နောက်ဆုံး သူဘယ်လိုအဆုံးသတ်သွားလဲဆိုတာကို စိတ်ဝင်တစားကြည့်ရမယ့် ဇာတ်ကားကောင်းတစ်ကားပါ

အဲ့တာအပြင်ကို ဒီကားက ဇာတ်အိမ်အပြင်ကို ပြောသွားတဲ့ စကားအသုံးအနှုန်းလေးတွေကလည်း ကောင်းလွန်းပါတယ် အရမ်းလှတယ်

ဘယ်ဘက်ကပဲကြည့်ကြည့် အချိန်ပေးရတာ လုံးဝတန်တဲ့ ဇာတ်ကားတစ်ကားဖြစ်တဲ့အကြောင်းပဲ ညွန်းချင်ပါတော့တယ်

ကြည့်ရှုလိုပါက နှိပ်ပါ