• action
  • vp_img
  • vp_img
  • vp_img
  • vp_img
  • vp_img
  • vp_img
  • vp_img
  • vp_img
  • vp_img
  • vp_img
  • vp_img
  • vp_img

Dr No (1962)


ကြည့်ရှုလိုပါက နှိပ်ပါ

Doctor.No (1962)

=====================

Doctor No ဇာတ်ကားလေးကတော့ ဂျိမ်းစ်ဘွန်းဇာတ်လမ်းတွဲတွေထဲမှာ လူကြိုက်အများဆုံးနဲ့ အအောင်မြင်ဆုံး ဇာတ်ကားတစ်ကားဖြစ်ပါတယ်

အရာရှိ စတန်းဝေးစ်ဟာ ဂျမေကာနိုင်ငံ ကင်စာတန်မြို့မှာ တာဝန်ထမ်းဆောင်နေတဲ့ လျှို့ဝှက်အေးဂျင့်တစ်ယောက်ဖြစ်ပါတယ်

ညနေခင်တိုင်း လန်ဒန်ရုံးချုပ်ကို အစီရင်ခံစာတင်ပို့ရတယ် တစ်ညနေမှာတော့ ကွင်းကလပ်ကနေ သတင်းပို့ဖို့ရုံးခန်းကိုအပြန်မှာ မျက်မမြင်သူတောင်းစား ၃ယောက်ရဲ့ လုပ်ကြံသတ်ဖြတ်တာ ခံခဲ့ရတယ်

သူ တာဝန်ထမ်းဆောင်နေစဉ်မှာ ဒေါက်တာနိုးပိုင်တဲ့ ခရပ်ကီးကျွန်းရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်ဖို့ လျှို့ဝှက်စုံစမ်းမှုတွေလုပ်ခဲ့တယ် လန်ဒန်ရုံးချုပ်က စတန်းဝေးစ်သေးဆုံးမှုကို ဖော်ထုတ်ဖို့အတွက် ဂျိမ်းစ်ဘွန်းကို တာဝန်လွှဲပေးလိုက်ပါတယ်

စုံသမ်းစစ်ဆေးမှုတွေလုပ်ပြီးတဲ့အခါမှာတော့ စတန်းဝေးစ်သေဆုံးမှုဟာ ခရပ်ကီးကျွန်းနဲ့ ပတ်သက်နေတယ်ဆိုတာကို သိလိုက်ရတဲ့အချိန်မှာတော့ ဘယ်လိုလျှိုု့ဝှက်စုံစမ်းမှုတွေလုပ်မလဲ ဒေါက်တာနိုးကရော ဘယ်လိုတုန့်ပြန်မလဲဆိုတာ ဆက်လက်ကြည့်ရှုပေးပါဦး ပရိသတ်ကြီးရေ

ကြည့်ရှုလိုပါက နှိပ်ပါ