Genre: | Comedy, Drama |
---|---|
Downloads | 10989K Views |
လူသူရှင်းတဲ့လမ်းမပေါ်မှာ Janeတစ်ယောက် ခပ်သုတ်သုတ်လျှောက်နေပါတယ် လမ်းပေါ်က အများသုံးဖုန်းတစ်လုံးအသံမြည်လာချိန်မှာတော့ သူမရဲ့အတွေးတွေ အတိတ်ကိုပြန်ရောက်သွားခဲ့တယ်
မင်္ဂလာဝတ်စုံအဖြူလေးနဲ့ အရမ်းငယ်ရွယ်လှပနေတဲ့သူမ ဘုရားကျောင်းရောက်တဲ့အခါ သတို့သားဖြစ်သူပေါ်မလာတဲ့အတွက်ပွဲပျက်ကာ ငိုယိုပြီး ချစ်သူဖြစ်သူကိုဖုန်းဆက်နေတဲ့သူမရဲ့ပုံရိပ်တွေပေါ်လာတယ်
ဒါတွေကိုအမြန်ဖျောက်ပြီး ဆရာဝန်ဆီသူမသွားတွေ့ပါတယ်
အကြောင်းရင်းကတော့ မင်္ဂလာပွဲမှာရခဲ့တဲ့ စိတ်ဒဏ်ရာတွေကြောင့် Schizophreniaလို့ခေါ်တဲ့ထင်ယောင်ထင်မှားဖြစ်တတ်တဲ့ စိတ်ရောဂါကိုဆိုးဆိုးဝါးဝါးခံစားနေရတာပါ
အစ်မဖြစ်တဲ့Nicolaနဲ့မိဘတွေကတော့ အရမ်းဂရုမစိုက်ပေမယ့် အမလတ်Aliceကတော့ မိခင်လိုတစ်မျိုးဂရုစိုက်ရှာပါတယ်
မူမမှန်တဲ့အပြုအမူတွေနဲ့ စိတ်ထဲထင်တာတွေလုပ်ရင်း တစ်နေ့မှာMikeလို့ခေါ်တဲ့အိမ်နီးချင်းတစ်ယောက်ကို ဆေးခန်းတွင် ပြန်တွေ့ကာသူမရဲ့ဘဝပြန်လည်လန်းဆန်းလာပေမယ့်
ဒါကကြာကြာခံပါ့မလားဆိုတာကိုကြည့်ရှုခံစားရမှာပါ ဒီဇာတ်လမ်းမှာတော့ ပရိသတ်တွေမြင်ဖူးနေကျ Sally Hawkinsက Janeအဖြစ် ပီပြင်စွာသရုပ်ဆောင်ထားပါတယ်