Genre: | Animation, Comedy |
---|---|
Downloads | 20328K Views |
Fearless 2020
ဒီကားလေးကတော့ ဒီလထဲမှာပဲnetflixကထွက်ထားတဲ့ အသစ်စက်စက် ကာတွန်းကားလေးဖြစ်ပါတယ် ပေါ့ပေါ့ပါးပါးကားလေးဖြစ်ပါတယ်
ကားထဲမှာ အဓိကဇာတ်ဆောင်’ရီးစ်’ဟာ ဆယ်ကျော်သက် ဂိမ်းမာ ကောင်လေးပါ စာလည်းညံ့ပီးအပေါင်းအသင်လည်းမရှိပါဘူး ဂိမ်းမှာတော့ အရမ်းကျွမ်းကျင်ပီး နောက်ဆုံးအဆင့်ကိုရောက်နေပါပီ
ဂိမ်းထဲမှာက ဂိမ်းဇာတ်ဆောင်ကပ္ပတိန် လိုက်စပိစ်နဲ့ ဗီလိန် ဒေါက်တာအာကန်နီးစ်တို့ပါပါတယ် အာကန်နီးစ်ကအစွမ်းတစ်စက်မှမရှိတဲ့သူပါ အစွမ်းတွေရအောင် ကပ္ပတိန်ရဲ့ကလေးတွေကို တစ်နေ့မှာခိုးသွားခဲ့ပါတယ် ကလေးတွေကလည်းလက်ဆော့ရင်း အာကန်နီးစ်ဆီကလွတ်လာတဲ့အချိန်
ဂိမ်းဆော့နေတဲ့ ရီးစ်က နောက်ဆုံးအဆင့်ရောက်ဖို့ ဂိမ်းထဲကသတိပေးထားတာကိုလျစ်လျူရှုပီး တံခါးပေါက်ကိုဖွင့်မိပါတယ်
သူဖွင့်မိတဲ့အပေါက်ကနေ ကလေးတွေရောက်လာခဲ့ပါတယ် တစ်ဖက်ကလည်းဒေါက်တာအာကန်နီးစ်က ကလေးတွေကိုအသည်းအသန်လိုက်ရှာပါတော့တယ်
အဖေဖြစ်တဲ့ ကပ္ပတိန် လိုက်စပိစ် ကလည်း သူ့ကလေးတွေအာကန်နီးစ်လက်ဆီမရောက်အောင် ကာကွယ်ဆိုပီး လိုက်ရှာနေပါတယ်
အာကန်နီးစ် လက်ထဲပဲကလေးတွေ ရောက်မလား အဖေကပဲပြန်ရှာတွေ့မလား ကလေးတွေရောက်လာတဲ့ ရီးစ်ကရော ဘာဆက်လုပ်မလဲ အကုန်လုံးထိပ်တိုက်တွေ့တဲ့အခါဘာတွေဖြစ်ကြမလဲ ဆိုတာ ဒီကားလေးပဲ ဆက်ကြည့်လိုက်ကြပါလို့
ကာတွန်းကားကြိုက်တဲ့ပရိသတ်အတွက်တော့ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်….