Fishbowl (2018)

Genre: Drama, Thriller
Downloads 4K Views

Fishbowl (2018)

=============

IMDb Rating – 5.4/10

#Unicode

ဒီကားလေးက 2018 လို့ နာမည်တပ်ထားပေမယ့် 27 October 2020 မှာထွက်ခဲ့တဲ့ကားလေးပါ။ကမ္ဘာပျက်မယ့်အချိန်ဘယ်အချိန်ဖြစ်မယ်ကို ဘာသာရေးအရဟောပြောချက်တွေအမျိုးမျိုးရှိပါတယ်။

ဘစ်ရှော့ပ်လို့ခေါ်တဲ့ဘာသာရေးကိုင်းရှိုင်းပြီးရှေးရိုးစွဲတဲ့ခရစ်ယာန်မြို့ငယ်လေးမှာတော့နီးကပ်လာတဲ့

ကမ္ဘာပျက်ကိန်းအကြောင်းဟောပြောလျက်ရှိပါတယ်။ ခရစ်ယာန်ဘာသာဝင်များအနေနဲ့ဘုရားသခင်ကို

ယုံကြည်သက်ဝင်ပြီးလမ်းစဉ်များကိုလိုက်နာသူများသာကောင်းကင်ဘုံသို့ခေါ်ဆောင်ကယ်တင်ခြင်းခံရမှာ

ဖြစ်တယ် ဆိုတဲ့ စကားဝိုင်းတွေဟာလည်းတီဗွီအစီအစဉ်တွေကြားနာမည်ကြီးလျက်ပေါ့။ ရေချယ်၊ ဂျက်ဆာနဲ့

ဘဲလ်ဆိုတဲ့ ညီအစ်မသုံးယောက်ဟာအမေဆုံးသွားပြီးတဲ့နောက် ဘုရားသခင်ကိုအလွန်ကြောက်ရွံ့ယုံကြည်

နေတဲ့ အဖေဖြစ်သူနဲ့ခက်ခက်ခဲခဲနေထိုင်နေရပါတယ် အဖေဖြစ်သူရစ်ခ်ဟာကောင်းကင်ဘုံမှာဇနီးနဲ့ပြန်တွေ့နိုင်

ရန်အတွက်ကြားရသမျှလမ်းစဉ်တွေလိုက်ကာ သားသမီးများကိုနှိပ်စက်မိလုနီးပါးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်

အားလုံးပြောနေကြတဲ့ ကမ္ဘာပျက်မယ့်စက်တင်ဘာ၂၉ရက်နေ့မှာတော့ အမှန်တကယ်ပဲ ကမ္ဘာပျက်ချိန်

ညသန်းခေါင်မှာကပ်ဆိုးများဖြစ်ပွားပြီးဘုရားသခင်ရဲ့သန့်စင်ခြင်းအစီအရင်ဖြစ်ပွားမှာလားဆိုတာ ဒီကားလေးထဲမှာ

ဆက်လက်ကြည့်ရှုအားပေးပါဦး။

Please, wait..
Channel Mandalay APK ကို downloadရန်နှိပ် ပါ။