Frankenweenie (2012)

Genre: Animation, Comedy, Family
Downloads 16981K Views

Frankeweenie (2012)
=========================

နှလုံးသားရှိသူတိုင်းနှစ်သက်ပြီး အရမ်းကိုကြည့်ဖို့တန်တဲ့ Animation ကားကောင်းလေးတစ်ကားပါ။

ဇာတ်လမ်းကိုညွှန်းရမယ်ဆိုရင် သိပ္ပံပညာကိုအရမ်းစိတ်၀င်စားပြီး အဖော်ဆိုလို့ သူ့ရဲ့ခွေးလေးတစ်ကောင်ကလွဲရင် ဘယ်သူငယ်ချင်းနဲ့မပေါင်းဘဲ တစ်ယောက်တည်းနေလေ့ရှိတဲ့ ဗစ်တာ တစ်နေ့မှာကျောင်းကသိပ္ပံဆရာက ပြိုင်ပွဲတစ်ခုကျင်းပဖို့ ကျောင်းသားတွေကို ပြင်ဆင်ခိုင်းရာကစပါတယ်။

အဲ့ပြိုင်ပွဲ၀င်ဖို့ မိဘတွေဆီက ခွင့်ပြုချက်တောင်းရတဲ့အခါ ဗစ်တာရဲ့ဖခင်ဖြစ်သူက ခွင့်ပြုချက်ပေးဖို့အလဲအလှယ်တစ်ခုလုပ်လာပါတယ်။ အဲ့တာကတော့ လက်မှတ်ထိုးပေးစေချင်ရင် ဗစ်တာက ဘေ့စ်ဘောကစားရပါမယ်တဲ့။

ဒီလိုနဲ့ကစားဖို့သွားရင်း ဗစ်တာရဲ့အချစ်ဆုံးလေး တစ်ဦးတည်းသော သူငယ်ချင်းဖြစ်တဲ့ ခွေးလေးစပါကီကားတိုက်လို့ သေဆုံးသွားပါတယ်။ ဗစ်တာလေး စိတ်သောကအကြီးကျယ်ရောက်ကာ ၀မ်းနည်းနေချိန် သူ့ရဲ့ခွေးလေးကိုအသက်ပြန်သွင်းဖို့ နည်းလမ်းတစ်ခုကိုသိရှိသွားပါတော့တယ်။

အဲ့တာကဘယ်လိုနည်းလမ်းဖြစ်မလဲ သူ့နည်းလမ်းကအလုပ်ဖြစ်ပါ့မလား အလုပ်ဖြစ်ရင်ရော ဆိုးကျိုးကောင်းကျိုးတွေကဘယ်လိုဖြစ်မှာလဲ ဒီအကြောင်းကိုလူတွေသိရင်ရော လက်ခံနိုင်ပါ့မလား စတာတွေကို တထိတ်တလန့်နဲ့ ကြည့်ရှုရမဲ့အပြင် ‌ဗစ်တာနဲ့ခွေးလေးစပါကီရဲ့ အပြန်အလှန်မေတ္တာတရားကို ခမ်းနားဖွယ်တွေ့မြင်ရမှာပဲဖြစ်ပါတယ်။

Please, wait..
Channel Mandalay APK ကို downloadရန်နှိပ် ပါ။